{
  "language": "mya",
  "source": "BurmeseMSBUBible.xml",
  "verses": [
    {
      "book": 1,
      "chapter": 1,
      "verse": 1,
      "text": "အစအဦး​၌ ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 2,
      "text": "မြေကြီး​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ နက်ရှိုင်း​ရာ​အရပ်​၏​မျက်နှာပြင်​ကို မှောင်မိုက်​ဖုံးလွှမ်း​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရေ​မျက်နှာပြင်​ပေါ်တွင် ရစ်ဝဲ​လျက်​နေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 3,
      "text": "ဘုရားသခင်​က “​အလင်း​ဖြစ်စေ​” ​ဟု မိန့်​တော်မူ​ရာ အလင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 4,
      "text": "ထို​အလင်း​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ဘုရားသခင်​သည် အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 5,
      "text": "ဘုရားသခင်​သည် အလင်း​ကို နေ့ ဟု​ခေါ်ဝေါ်​၍ အမှောင်​ကို ည ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပထမ​နေ့ရက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 6,
      "text": "တစ်ဖန် ဘုရားသခင်​က “​ရေ​အလယ်​၌ မိုးမျက်နှာကြက်​ဖြစ်စေ​။ မိုးမျက်နှာကြက်​သည် ရေ​နှင့်​ရေ​ကို​ပိုင်းခြား​စေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 7,
      "text": "ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို ဖန်ဆင်း​တော်မူ​၍ မိုးမျက်နှာကြက်​အောက်​၌​ရှိ​သော​ရေ​နှင့် မိုးမျက်နှာကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်းခြား​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 8,
      "text": "ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို မိုးကောင်းကင် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဒုတိယ​နေ့ရက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 9,
      "text": "တစ်ဖန် ဘုရားသခင်​က “​မိုးကောင်းကင်​အောက်​၌​ရှိ​သော​ရေ​သည် တစ်နေရာတည်း​၌​စုဝေး​စေ​။ ကုန်းမြေ​ပေါ်လာ​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 10,
      "text": "ဘုရားသခင်​သည် ကုန်းမြေ​ကို မြေကြီး ဟု​ခေါ်ဝေါ်​၍ ရေ​စုဝေးရာ​ကို ပင်လယ် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 11,
      "text": "တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သီးစားပင်​ကို​လည်းကောင်း မြေ​ပေါ်၌ ပေါက်​စေ​လော့​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 12,
      "text": "မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော အပင်​ကို​လည်းကောင်း ပေါက်​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 13,
      "text": "ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ တတိယ​နေ့ရက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 14,
      "text": "တစ်ဖန် ဘုရားသခင်​က “​နေ့​နှင့်​ည​ကို​ပိုင်းခြား​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ​ဖြစ်တည်​စေ​။ ထို​အလင်းအိမ်​တို့​သည် ရာသီ​၊ နေ့ရက်​၊ နှစ်ကာလ​များ​အတွက် အမှတ်လက္ခဏာ​ဖြစ်​စေ​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 15,
      "text": "မြေကြီး​ကို​အလင်းပေး​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ ဖြစ်တည်​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 16,
      "text": "ဘုရားသခင်​သည် နေ့​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အကြီး​၊ ည​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အငယ်​ဟူသော အလင်းအိမ်​ကြီး​နှစ်​လုံး​နှင့်တကွ ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 17,
      "text": "ဘုရားသခင်​သည် ထို​အလင်းအိမ်​များ​ကို မိုးကောင်းကင်​မျက်နှာကြက်​၌ ထား​တော်မူ​၍ မြေကြီး​ကို​အလင်းပေး​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 18,
      "text": "နေ့​နှင့်​ည​ကို အုပ်စိုး​စေ​၍ အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 19,
      "text": "ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ စတုတ္ထ​နေ့ရက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 20,
      "text": "တစ်ဖန် ဘုရားသခင်​က “​ရေ​သည် အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သက်ရှိသတ္တဝါ​များ​နှင့်​ပြည့်နှက်​စေ​။ ငှက်​တို့​သည် မြေကြီး​အထက် မိုးကောင်းကင်​မျက်နှာကြက်​အနှံ့ ပျံသန်း​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 21,
      "text": "ဘုရားသခင်​သည် ကြီးမား​သော​ပင်လယ်သတ္တဝါ​များ​နှင့် ရေ​၌​ပြည့်နှက်​နေ​သည့် လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက်​၊ တောင်ပံ​ရှိ​သော​ငှက်​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 22,
      "text": "ဘုရားသခင်​သည် ထို​သတ္တဝါ​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ ပင်လယ်​ရေ​များ​၌ ပြည့်​ကြ​လော့​။ ငှက်​တို့​လည်း မြေကြီး​ပေါ်၌ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 23,
      "text": "ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပဉ္စမ​နေ့ရက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 24,
      "text": "တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် သက်ရှိသတ္တဝါ​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​။ ယဉ်ပါးသောတိရစ္ဆာန်​၊ တွားသွားသောတိရစ္ဆာန်​နှင့် တောရိုင်းတိရစ္ဆာန်​တို့​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 25,
      "text": "ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ​တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 26,
      "text": "တစ်ဖန် ဘုရားသခင်​က “​ငါ​တို့​၏​ပုံသဏ္ဌာန်​အတိုင်း ငါ​တို့​နှင့်​တစ်ပုံစံတည်း​တူ​သော​လူ​ကို ဖန်ဆင်း​ကြ​စို့​။ သူ​တို့​သည် ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​တို့​ကို​လည်းကောင်း​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​လည်းကောင်း​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 27,
      "text": "ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​ရာ​တွင် ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 28,
      "text": "ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 29,
      "text": "တစ်ဖန် ဘုရားသခင်​က “​ကြည့်ရှု​လော့​။ မြေ​တစ်ပြင်လုံး​ရှိ အစေ့အနှံ​ထွက်​သော​အပင်​ရှိသမျှ​နှင့် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သစ်ပင်​ရှိသမျှ​တို့​ကို သင်​တို့​အား​ငါ​ပေး​၏​။ ၎င်း​တို့​သည် သင်​တို့​အတွက် စားစရာ​ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 30,
      "text": "တောရိုင်းတိရစ္ဆာန်​အားလုံး​၊ မိုးကောင်းကင်​ငှက်​အားလုံး​၊ မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အားလုံး စသည့် သက်ရှိ​သတ္တဝါ​တို့​စားစရာ​အတွက်​မူကား စိမ်းလန်း​သော​မြက်ပင်​အမျိုးမျိုး​တို့​ကို ငါ​ပေး​၏​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 31,
      "text": "ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​သော​အရာ​အားလုံး အလွန်​ကောင်း​သည်​ကို မြင်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဆဋ္ဌမ​နေ့ရက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 1,
      "text": "ဤသို့ဖြင့် ကောင်းကင်​၊ မြေကြီး​နှင့်တကွ ၎င်း​တို့​၌​ရှိ​သော​တန်ဆာ​အားလုံး​ပြီးစီး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 2,
      "text": "သတ္တမ​နေ့​၌ ဘုရားသခင်​လုပ်ဆောင်​သော​အမှု ပြီးဆုံး​လေ​၏​။ ထိုသို့ မိမိ​လုပ်ဆောင်​သော​အမှု​အလုံးစုံ​ပြီးဆုံး​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 3,
      "text": "ထို​သတ္တမ​နေ့​ကို ဘုရားသခင်​သည် ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။ အကြောင်းမူကား ထို​နေ့​၌ ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​ဖန်ဆင်း​ခြင်း​အမှု အလုံးစုံ​ပြီးဆုံး​၍ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 4,
      "text": "ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​စဉ်​အခါက ၎င်း​တို့​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ရာ​ကာလ​တွင်"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 5,
      "text": "မြေကြီး​ပေါ်၌ မည်သည့်​တော​ချုံ​မျှ​မ​ရှိ​သေး​၊ မည်သည့်​တော​မြက်ပင်​မျှ​လည်း​မ​ပေါက်​သေး​။ အကြောင်းမူကား ထာဝရအရှင်​ဘုရားသခင်​သည် မြေကြီး​ပေါ်၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​။ မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​လူ​လည်း မ​ရှိ​သေး​ချေ​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 6,
      "text": "သို့သော် မြေကြီး​မှ​ရေခိုးရေငွေ့ ​ထွက်​၍ မြေ​တစ်ပြင်လုံး​ကို စိုစွတ်​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 7,
      "text": "ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 8,
      "text": "ထာဝရအရှင်​ဘုရားသခင်​သည် အရှေ့ဘက်​ရှိ​ဧဒင်​အရပ်​၌ ဥယျာဉ်​ကို​စိုက်ပျိုး​ပြီးလျှင် မိမိ​ပုံဖော်ဖန်ဆင်း​ထား​သော​လူ​ကို ထို​ဥယျာဉ်​၌ နေရာ​ချထား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 9,
      "text": "ထာဝရအရှင်​ဘုရားသခင်​သည် ရှုချင်စဖွယ်​ကောင်း​သော​၊ စားဖွယ်​ကောင်း​သော​အပင်​အမျိုးမျိုး​ကို မြေ​မှ​ပေါက်​စေ​တော်မူ​၏​။ ဥယျာဉ်​အလယ်​၌ အသက်​ပင်​နှင့် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 10,
      "text": "ဥယျာဉ်​ကို​စိုစွတ်​စေရန် မြစ်​တစ်​မြစ်​သည် ဧဒင်​အရပ်​မှ​စီးထွက်​၍ ထို​နေရာ​မှ​လေး​ဖြာ​ကွဲ​ပြီး မြစ်​လေး​သွယ်​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 11,
      "text": "ပထမ​မြစ်​၏​အမည်​ကား ဖိရှုန်​ဖြစ်​၏​။ ထို​မြစ်​သည် ရွှေ​ထွက်​သော ဟဝိလ​ပြည်​တစ်လျှောက်​ကို ကွေ့ပတ်​စီးဆင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 12,
      "text": "ထို​ပြည်​မှ​ထွက်​သော​ရွှေ​သည် ကောင်း​လှ​၏​။ ပယင်း​နှင့်​မဟူရာကြောင်ဝင်​ကျောက်​တို့​လည်း ထွက်​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 13,
      "text": "ဒုတိယ​မြစ်​၏​အမည်​ကား ဂိဟုန်​ဖြစ်​၏​။ ထို​မြစ်​သည် ကုရှ​ပြည်​တစ်လျှောက် ကွေ့ပတ်​စီးဆင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 14,
      "text": "တတိယ​မြစ်​၏​အမည်​ကား တိုက်ဂရစ်​ဖြစ်​၏​။ ထို​မြစ်​သည် အဆီးရီးယား​ပြည်​၏​အရှေ့ဘက်​သို့ စီးဆင်း​လေ​၏​။ စတုတ္ထ​မြစ်​ကား ယူဖရေးတီး​မြစ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 15,
      "text": "ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို​ခေါ်ဆောင်​၍ ဧဒင်​ဥယျာဉ်​ကို​ပြုစု​စောင့်ရှောက်​စေရန် ထို​ဥယျာဉ်​၌​ထား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 16,
      "text": "ထာဝရအရှင်​ဘုရားသခင်​က လူ​အား “​သင်​သည် ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​၏​အသီး​ကို လွတ်လပ်​စွာ​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 17,
      "text": "သို့သော် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​၏​အသီး​ကို မ​စား​ရ​။ အကြောင်းမူကား ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​သည် မုချ​သေ​ရ​မည်​”​ဟု ပညတ်​ထား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 18,
      "text": "ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​လူ​သည် တစ်ယောက်တည်း​မ​နေ​ကောင်း​။ သူ​နှင့်​သင့်တော်​သည့် ကူညီမစသူ​ကို သူ့​အတွက် ငါ​ဖန်ဆင်း​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 19,
      "text": "ထာဝရအရှင်​ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​နှင့် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​တို့​ကို မြေကြီး​ဖြင့်​ပုံဖော်ဖန်ဆင်း​ပြီးလျှင် ၎င်း​တို့​ကို လူ​က​မည်သို့​မှည့်ခေါ်​မည်​ကို သိရှိ​ရန် လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ သက်ရှိသတ္တဝါ​တို့​သည် လူ​မှည့်ခေါ်​သည့်​အတိုင်း နာမည်​အသီးသီး​ရ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 20,
      "text": "ထိုသို့ လူ​သည် ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​နှင့် မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အမည်​မှည့်ခေါ်​လေ​၏​။ သို့သော် အာဒံ ​နှင့်​သင့်တော်​သည့် အထောက်အမ မ​ရှိ​သေး​ချေ​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 21,
      "text": "ထို့ကြောင့် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို အိပ်မောကျ​စေ​တော်မူ​၍ သူ​အိပ်ပျော်​စဉ် သူ​၏​နံရိုး​တစ်​ချောင်း​ကို ထုတ်ယူ​ပြီးလျှင် ထို​နေရာ​ကို အသား​ဖြင့်​ပြန်ပိတ်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 22,
      "text": "ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ထဲမှ​ထုတ်ယူ​သော​နံရိုး​ဖြင့် မိန်းမ​ကို​ဖန်ဆင်း​၍ လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 23,
      "text": "ထိုအခါ လူ​က “​ယခု ဤ​သူ​သည် ငါ့​အရိုး​ထဲက​အရိုး​၊ ငါ့​အသား​ထဲက​အသား​ဖြစ်​၏​။ သူ့​ကို ယောက်ျား​ထဲမှ​ထုတ်ယူ​သောကြောင့် မိန်းမ ဟူ၍​မှည့်ခေါ်​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 24,
      "text": "ထိုအကြောင်းကြောင့် ယောက်ျား​သည် မိဘ​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​တို့​သည် တစ်သားတစ်ကိုယ်တည်း ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 25,
      "text": "ထို​လူ​လင်မယား​နှစ်ဦးစလုံး​တို့​သည် အဝတ်မပါ​အချည်းစည်း​နေ​ကြ​သော်လည်း ရှက်ကြောက်​ခြင်း​မ​ရှိ​ကြ​ပေ​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 1,
      "text": "မြွေ​သည် ထာဝရအရှင်​ဘုရားသခင် ဖန်ဆင်း​တော်မူ​သော တောရိုင်းတိရစ္ဆာန်​အားလုံး​တို့​ထက် လိမ္မာပါးနပ်​၏​။ မြွေ​က မိန်းမ​အား “​ဥယျာဉ်​ထဲ​ရှိ မည်သည့်​အပင်​၏​အသီး​ကို​မျှ မ​စား​ရ​ဟူ၍ ဘုရားသခင်​သည် အမှန်ပင်​မိန့်​တော်မူ​သလော​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 2,
      "text": "မိန်းမ​က​လည်း “​ဥယျာဉ်​ထဲ​ရှိ​အပင်​တို့​၏​အသီး​ကို ငါ​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 3,
      "text": "သို့သော် ဥယျာဉ်​အလယ်​ရှိ​အပင်​၏​အသီး​ကို​မူ ဘုရားသခင်​က ‘​သင်​တို့​သည် ထို​အသီး​ကို​မ​စား​ရ​၊ မ​ထိ​ရ​။ ထိမိ​၊ စား​မိ​လျှင် သေ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မြွေ​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 4,
      "text": "မြွေ​က​လည်း “​သင်​တို့​သည် မုချ​သေ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 5,
      "text": "ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​တို့​သည် မျက်စိ​ပွင့်လင်း​၍ အကောင်း​အဆိုး​ကို​သိ​ကာ ဘုရားသခင်​ကဲ့သို့​ဖြစ်​မည်​ကို ဘုရားသခင်​သိ​တော်မူ​သောကြောင့်​ဖြစ်​၏​”​ဟု မိန်းမ​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 6,
      "text": "ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 7,
      "text": "ထိုအခါ ထို​သူ​နှစ်ဦးစလုံး​သည် မျက်စိ​ပွင့်လင်း​၍ မိမိ​တို့​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ကို သိသွား​သဖြင့် သူ​တို့​သည် သဖန်း​ရွက်​များ​ကို​သီချုပ်​လျက် မိမိ​တို့​အတွက် ခါးဝတ်တန်ဆာ​ကို ပြုလုပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 8,
      "text": "နေအေး​သော​အချိန်​တွင် ဥယျာဉ်​၌ ထာဝရအရှင်​ဘုရားသခင် ကြွ​တော်မူ​သော​အသံ​ကို လူ​လင်မယား​သည် ကြား​လျှင် ထာဝရအရှင်​ဘုရားသခင် ရှေ့​တော်​မှ​လွတ်​ရန် ဥယျာဉ်​ရှိ​သစ်ပင်​များ​ကြားတွင် ပုန်းကွယ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 9,
      "text": "ထာဝရအရှင်​ဘုရားသခင်​က လူ​ကို​ခေါ်​၍ “​သင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 10,
      "text": "လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 11,
      "text": "ဘုရားသခင်​က​လည်း “​သင့်​မှာ​အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ဟု မည်သူ​ပြော​သနည်း​။ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​မှ​အသီး​ကို သင်​စား​ပြီ​လော​”​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 12,
      "text": "လူ​က​လည်း “​အကျွန်ုပ်​နှင့်အတူ​နေ​စေရန် ကိုယ်တော်​ပေး​ထား​သော​မိန်းမ​သည် ထို​အပင်​မှ​အသီး​ကို အကျွန်ုပ်​အား​ပေး​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 13,
      "text": "ထာဝရအရှင်​ဘုရားသခင်​က​လည်း မိန်းမ​အား “​သင်​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု မိန့်​တော်မူ​လျှင် မိန်းမ​က “​မြွေ​သည် အကျွန်ုပ်​ကို​လှည့်စား​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​” ​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 14,
      "text": "ထိုအခါ ထာဝရအရှင်​ဘုရားသခင်​က မြွေ​အား “​သင် ဤသို့​ပြု​သောကြောင့် တိရစ္ဆာန်အယဉ်​နှင့် တိရစ္ဆာန်အရိုင်း​အပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် ဝမ်းဗိုက်​ဖြင့်​တွားသွား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေမှုန့်​ကို​စား​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 15,
      "text": "ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 16,
      "text": "မိန်းမ​အား​လည်း “​သင်​သန္ဓေတည်​သောအခါ ငါ​သည် သင့်​ကို ပင်ပန်းခက်ခဲမှု အများအပြား​ကြုံတွေ့​စေ​မည်​။ သင်​သည် နာကျင်ခက်ခဲ​စွာ​သားဖွား​ရ​မည်​။ သင်​၏​အလိုဆန္ဒ​သည် သင်​၏​ခင်ပွန်း​အတွက်​ဖြစ်​လိမ့်မည်​။ သူ​သည် သင့်​ကို​အုပ်စိုး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 17,
      "text": "ထို့နောက် အာဒံ​အား “​သင်​သည် မိမိ​မယား​၏​စကား​ကို​နားထောင်​၍ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​၏​အသီး​ကို​စား​သောကြောင့် မြေ​သည် သင့်​အတွက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေ​၏​အသီး​ကို ပင်ပန်းခက်ခဲ​စွာ​လုပ်ကိုင်​စားသောက်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 18,
      "text": "မြေ​သည် သင့်​အဖို့ ဆူးပင်​နှင့် ဆူးလေပင်​တို့​ကို​ပေါက်​စေ​မည်​။ သင်​သည် လယ်ယာ​မှ​ထွက်​သော​အပင်​ကို စား​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 19,
      "text": "သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 20,
      "text": "လူ​သည် မိမိ​မယား​၏​အမည်​ကို ဧဝ ဟု​မှည့်ခေါ်​လေ​၏​။ အကြောင်းမူကား သူ​သည် အသက်ရှင်​သော​သူ​အပေါင်း​တို့​၏​မိခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 21,
      "text": "ထာဝရအရှင်​ဘုရားသခင်​သည် အာဒံ​နှင့် သူ​၏​မယား​အတွက် သားရေ​ဝတ်ရုံ​ကို​လုပ်​၍ သူ​တို့​အား​ဝတ်ဆင်​ပေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 22,
      "text": "ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​ကြည့်ရှု​လော့​။ လူ​သည် အကောင်း​အဆိုး​ကို​သိ​ခြင်း​အရာ​၌ ငါ​တို့​ထဲမှ​တစ်ပါးပါး​ကဲ့သို့​ဖြစ်လာ​ပြီ​။ ယခုမှာ သူ​သည် လက်​ကို​ဆန့်​ပြီး အသက်​ပင်​၏​အသီး​ကို​ယူ​စား​၍ ထာဝရ​အသက်ရှင်​ခွင့် မ​ရ​သင့်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 23,
      "text": "ထို့ကြောင့် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို ဧဒင်​ဥယျာဉ်​ထဲမှ​နှင်ထုတ်​၍ မြေ​မှ​ဖြစ်လာ​သော​လူ​ကို ထို​မြေ​ကို​ပင် ထွန်ယက်​လုပ်ကိုင်​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 24,
      "text": "ထိုသို့ လူ​ကို​နှင်ထုတ်​ပြီးလျှင် အသက်​ပင်​သို့​သွား​ရာ​လမ်း​ကို​စောင့်ရှောက်​စေရန် ခေရုဗိမ် ​နှင့်တကွ အဘက်ဘက်​လည်​နေ​သော​မီးလျှံ​ဓား​ကို ဧဒင်​ဥယျာဉ်​အရှေ့ဘက်​၌ ထား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 1,
      "text": "ထို့နောက် လူ​သည် မိမိ​မယား​ဧဝ​နှင့်​ဆက်ဆံ​သဖြင့် ဧဝ​သည် ကိုယ်ဝန်ဆောင်​၍ ကာဣန​ကို​မွေးဖွား​ပြီးလျှင် “​ငါ​သည် ထာဝရဘုရား​ထံ​တော်​မှ သား​တစ်ဦး​ကို​ရရှိ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 2,
      "text": "တစ်ဖန် သူ့​ညီ​အာဗေလ​ကို​မွေးဖွား​လေ​၏​။ အာဗေလ​သည် သိုးထိန်း​ဖြစ်​၏​။ ကာဣန​မူကား မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 3,
      "text": "အချိန်စေ့​သောအခါ​၊ ကာဣန​သည် မြေ​မှ​ရ​သော​အသီးအနှံ​ကို ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 4,
      "text": "အာဗေလ​သည်​လည်း မိမိ​သိုးအုပ်​ထဲမှ သိုး​သားဦး​များ​နှင့် သိုး​တို့​၏​အဆီ​များ​ကို​ယူဆောင်​လာ​၏​။ ထာဝရဘုရား​သည် အာဗေလ​နှင့် သူ​၏​ပူဇော်သက္ကာ​ကို ပမာဏပြု​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 5,
      "text": "ကာဣန​နှင့် သူ​၏​ပူဇော်သက္ကာ​ကို​မူကား ပမာဏပြု​တော်​မ​မူ​။ ထို့ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​လျက် မျက်နှာသုန်မှုန်​နေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​က ကာဣန​အား “​သင်​သည် အဘယ်ကြောင့်​စိတ်ဆိုး​သနည်း​။ အဘယ်ကြောင့်​မျက်နှာသုန်မှုန်​နေ​သနည်း​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 7,
      "text": "သင်​သည် ကောင်းမွန်​စွာ​ပြု​လျှင် လက်​မ​ခံ​ဘဲ​နေ​မည်လော​။ ကောင်းမွန်​စွာ​မ​ပြု​လျှင် အပြစ်​သည် တံခါး​နား​မှာ​ဝပ်ချောင်း​လျက်​နေ​၍ သင့်​ကို လွှမ်းမိုး​လို​၏​။ သို့သော် သင်​သည် သူ့​ကို​အနိုင်ယူ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 8,
      "text": "ကာဣန​က မိမိ​ညီ​အာဗေလ​အား “​လယ်​ထဲ​သွား​ကြ​စို့ ​”​ဟု ဆို​လေ​၏​။ လယ်​၌ သူ​တို့​ရှိ​ကြ​စဉ် ကာဣန​သည် မိမိ​ညီ​အာဗေလ​ကို​ရန်ပြု​၍ သူ့​ကို​သတ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 9,
      "text": "ထို့နောက် ထာဝရဘုရား​က ကာဣန​အား “​သင့်​ညီ​အာဗေလ​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​လျှင် ကာဣန​က “​အကျွန်ုပ်​မ​သိ​ပါ​။ အကျွန်ုပ်​သည် ညီ​ကို​စောင့်ရှောက်​သူ​ဖြစ်​ပါ​သလော​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 10,
      "text": "ထာဝရဘုရား​က​လည်း “​သင်​သည် မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ညီ​အသွေး​၏​အသံ​သည် မြေကြီး​ထဲမှ ငါ့​ထံသို့ အော်ဟစ်​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 11,
      "text": "မြေကြီး​သည် မိမိ​နှုတ်​ကို​ဟ​၍ သင်​၏​လက်​မှ သင့်​ညီ​၏​အသွေး​ကို​ခံယူ​ပြီ​ဖြစ်​သောကြောင့် သင်​သည် မြေကြီး​၏​ကျိန်​ခြင်း​ကို ယခု​ခံရ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 12,
      "text": "သင်​သည် မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော်လည်း မြေ​သည် မိမိ​၏​အသီးအနှံ ​ကို သင့်​အား ပေး​တော့​မည်​မ​ဟုတ်​။ သင်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 13,
      "text": "ကာဣန​က​လည်း “​အကျွန်ုပ်​၏​အပြစ်ဒဏ်​သည် အကျွန်ုပ်​ခံနိုင်​သည်​ထက်​ကြီးလေး​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 14,
      "text": "ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 15,
      "text": "ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 16,
      "text": "ကာဣန​သည် ထာဝရဘုရား​၏​ရှေ့​တော်​မှ​ထွက်သွား​၍ ဧဒင်​အရပ်​၏​အရှေ့ဘက်​၊ နောဒ​ပြည်​တွင်​နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 17,
      "text": "ထို့နောက် ကာဣန​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် ကိုယ်ဝန်ဆောင်​၍ ဧနောက်​ကို​မွေးဖွား​လေ​၏​။ ကာဣန​သည် မြို့​ကို တည်​သောအခါ မိမိ​သား​၏​အမည်​ကို​အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ဧနောက်​မြို့ ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 18,
      "text": "ဧနောက်​သည် သား​ဣရဒ်​ကို​ရ​၏​။ ဣရဒ်​သည် သား​မဟုယေလ​ကို​ရ​၏​။ မဟုယေလ​သည် သား​မသုရှလ​ကို​ရ​၏​။ မသုရှလ​သည် သား​လာမက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 19,
      "text": "လာမက်​သည် မိန်းမ​နှစ်​ယောက်​ကို မိမိ​မယား​အဖြစ်​ယူ​လေ​၏​။ တစ်​ယောက်​၏​အမည်​မှာ အာဒ ဖြစ်​ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ဇိလ ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 20,
      "text": "အာဒ​သည် ယာဗလ​ကို​မွေးဖွား​၏​။ ယာဗလ​သည် တဲ​၌​နေ​သော​သူ​၊ တိရစ္ဆာန်​တို့​ကို​လှည့်လည်​ထိန်းကျောင်း​သော​သူ​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 21,
      "text": "သူ့​ညီ​၏​အမည်​မှာ ယုဗလ ဖြစ်​၏​။ ယုဗလ​သည် စောင်း​နှင့်​ပလွေ​တို့​ကို တီးမှုတ်​တတ်​သော​သူ​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 22,
      "text": "ဇိလ​သည်​လည်း တုဗလကာဣန​ကို​မွေးဖွား​၏​။ တုဗလကာဣန​သည် ကြေးထည်​၊ သံထည် ပစ္စည်း​အမျိုးမျိုး​ကို​ထုတ်လုပ်​သူ​ဖြစ်​၏​။ တုဗလကာဣန​၏​ညီမ​ကား နေမ ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 23,
      "text": "လာမက်​သည် မိမိ​မယား​တို့​အား “​အာဒ​နှင့်​ဇိလ​တို့​၊ ငါ့​အသံ​ကို​နားထောင်​ကြ​လော့​။ လာမက်​၏​မယား​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ငါ့​ကို​အနာတရ​ဖြစ်စေ​သော​လူ​၊ ငါ့​ကို​ဒဏ်ရာ​ရ​စေ​သော​လူငယ်​ကို ငါ​သတ်​ခဲ့​ပြီ​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 24,
      "text": "ကာဣန​အတွက် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ရှိ​လျှင် လာမက်​အတွက် ခုနစ်ဆယ့်​ခုနစ်​ဆ​ရှိ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 25,
      "text": "တစ်ဖန် အာဒံ​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် သား​ကို​မွေးဖွား​၍ “​ကာဣန​သည် အာဗေလ​ကို​သတ်​သောကြောင့် ဘုရားသခင်​သည် အာဗေလ​ကိုယ်စား အခြား​သော​မျိုးဆက်​ကို အကျွန်ုပ်​အတွက်​ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​ပြီး သား​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 26,
      "text": "ရှေသ​သည်​လည်း သား​ကို​ရ​၍ သူ​၏​အမည်​ကို ဧနုတ် ဟု​မှည့်ခေါ်​လေ​၏​။ ထို​ကာလ​၌ လူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို စတင်​၍​ခေါ်ဆို​ပတ္ထနာပြု​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 1,
      "text": "အာဒံ​၏​သားစဉ်မြေးဆက်​စာရင်း​မှာ ဤသို့​ဖြစ်​၏​။ ဘုရားသခင်​သည် လူ​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ သူ့​ကို ဘုရားသခင်​နှင့်​တစ်ပုံစံတည်း​ပြုလုပ်​၍"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 2,
      "text": "ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။ ထိုသို့ သူ​တို့​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကောင်းချီးပေး​၍ သူ​တို့​၏​အမည်​ကို လူ ဟု​မှည့်ခေါ်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 3,
      "text": "အာဒံ​သည် အသက်​တစ်ရာ့​သုံးဆယ်​ရှိ​သောအခါ သူ​နှင့်​တစ်ပုံစံတည်း​၊ သူ​၏​ပုံသဏ္ဌာန်​အတိုင်း​ဖြစ်​သော​သား​ကို​ရ​၍ သူ​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 4,
      "text": "ရှေသ​ကို​ရ​ပြီးနောက် အာဒံ​သည် အနှစ်​ရှစ်​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 5,
      "text": "အာဒံ​သည် နှစ်​ပေါင်း​ကိုး​ရာ့​သုံးဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 6,
      "text": "ရှေသ​သည် အသက်​တစ်ရာ့​ငါး​နှစ်​ရှိ​သောအခါ သား​ဧနုတ်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 7,
      "text": "ဧနုတ်​ကို​ရ​ပြီးနောက် ရှေသ​သည် ရှစ်​ရာ့​ခုနစ်​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 8,
      "text": "ရှေသ​သည် နှစ်​ပေါင်း​ကိုး​ရာ​တစ်ဆယ့်​နှစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 9,
      "text": "ဧနုတ်​သည် အသက်​ကိုးဆယ်​ရှိ​သောအခါ သား​ကာဣနန်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 10,
      "text": "ကာဣနန်​ကို​ရ​ပြီးနောက် ဧနုတ်​သည် ရှစ်​ရာ​တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 11,
      "text": "ဧနုတ်​သည် နှစ်​ပေါင်း​ကိုး​ရာ့​ငါး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 12,
      "text": "ကာဣနန်​သည် အသက်​ခုနစ်ဆယ်​ရှိ​သောအခါ သား​မဟာလေလ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 13,
      "text": "မဟာလေလ​ကို​ရ​ပြီးနောက် ကာဣနန်​သည် အနှစ်​ရှစ်​ရာ့​လေးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 14,
      "text": "ကာဣနန်​သည် နှစ်​ပေါင်း​ကိုး​ရာ့​တစ်ဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 15,
      "text": "မဟာလေလ​သည် အသက်​ခြောက်ဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​ယာရက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 16,
      "text": "ယာရက်​ကို​ရ​ပြီးနောက် မဟာလေလ​သည် အနှစ်​ရှစ်​ရာ့​သုံးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 17,
      "text": "မဟာလေလ​သည် နှစ်​ပေါင်း​ရှစ်​ရာ​ကိုးဆယ့်​ငါး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 18,
      "text": "ယာရက်​သည် အသက်​တစ်ရာ​ခြောက်ဆယ့်​နှစ်​နှစ်​ရှိ​သောအခါ သား​ဧနောက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 19,
      "text": "ဧနောက်​ကို​ရ​ပြီးနောက် ယာရက်​သည် အနှစ်​ရှစ်​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 20,
      "text": "ယာရက်​သည် နှစ်​ပေါင်း​ကိုး​ရာ​ခြောက်ဆယ့်​နှစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 21,
      "text": "ဧနောက်​သည် အသက်​ခြောက်ဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​မသုရှလ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 22,
      "text": "မသုရှလ​ကို​ရ​ပြီးနောက် ဧနောက်​သည် အနှစ်​သုံး​ရာ​ပတ်လုံး ဘုရားသခင်​နှင့်အတူ​သွားလာ​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 23,
      "text": "ဧနောက်​သည် နှစ်​ပေါင်း​သုံး​ရာ​ခြောက်ဆယ့်​ငါး​နှစ်​အသက်ရှင်​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 24,
      "text": "ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ ဘုရားသခင်​သည် သူ့​ကို​ဆောင်ယူ​တော်မူ​သောကြောင့် သူ​သည်​မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 25,
      "text": "မသုရှလ​သည် အသက်​တစ်ရာ​ရှစ်ဆယ့်​ခုနစ်​နှစ်​ရှိ​သောအခါ သား​လာမက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 26,
      "text": "လာမက်​ကို​ရ​ပြီးနောက် မသုရှလ​သည် ခုနစ်​ရာ​ရှစ်ဆယ့်​နှစ်​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 27,
      "text": "မသုရှလ​သည် နှစ်​ပေါင်း​ကိုး​ရာ​ခြောက်ဆယ့်​ကိုး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 28,
      "text": "လာမက်​သည် အသက်​တစ်ရာ​ရှစ်ဆယ့်​နှစ်​နှစ်​ရှိ​သောအခါ သား​ကို​ရ​၍"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 29,
      "text": "“​ဤ​သား​သည် ထာဝရဘုရား​ကျိန်​တော်မူ​သော​မြေကြီး​ပေါ်၌ ငါ​တို့​လုပ်​ရ​သော​အလုပ်​နှင့် ငါ​တို့​လက်​ဖြင့်​လုပ်​ရ​သော​ပင်ပန်းခက်ခဲမှု​မှ ငါ​တို့​ကို​သက်သာ​ရာ​ရ​စေ​သော​သား​ဖြစ်​လိမ့်မည်​”​ဟု ဆို​လျက် သူ​၏​အမည်​ကို နောဧ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 30,
      "text": "နောဧ​ကို​ရ​ပြီးနောက် လာမက်​သည် ငါး​ရာ​ကိုးဆယ့်​ငါး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 31,
      "text": "လာမက်​သည် နှစ်​ပေါင်း​ခုနစ်​ရာ​ခုနစ်ဆယ့်​ခုနစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 32,
      "text": "နောဧ​သည် အသက်​ငါး​ရာ​ရှိ​၏​။ နောဧ​သည် သား ရှေမ​၊ ဟာမ​၊ ယာဖက် တို့​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 1,
      "text": "မြေပြင်​ပေါ်တွင် လူ​တို့​များပြား​စပြု​လာ​၍ သူ​တို့​၌ သမီး​များ​မွေးဖွား​လာ​ကြ​သောအခါ"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 2,
      "text": "ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​အဆင်းလှ​သည်​ကို​မြင်​၍ မိမိ​တို့​ကြိုက်နှစ်သက်​သော​သူ မည်သူ့ကိုမဆို မိမိ​တို့​မယား​အဖြစ်​ယူ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​က “​ငါ​၏​ဝိညာဉ်​သည် လူ​တွင်​ထာဝရ​တည် ​မည်​မ​ဟုတ်​။ အကြောင်းမူကား လူ​သည် အသွေးအသား​ခန္ဓာ​သာ​ဖြစ်​သောကြောင့် လူ​၏​သက်တမ်း​သည် အနှစ်​တစ်ရာ့​နှစ်ဆယ်​ဖြစ်စေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 4,
      "text": "ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ ​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 5,
      "text": "မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် လူ​ကို​ဖန်ဆင်း​ခဲ့​သည်​ကို ဝမ်းနည်း​၍ စိတ်နှလုံး​ထိခိုက်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 7,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​သော​လူ​ကို​လည်းကောင်း​၊ လူ​မှစ၍ တိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​ကို​လည်းကောင်း မြေပြင်​ပေါ်​မှ ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အကြောင်းမူကား သူ​တို့​ကို ဖန်ဆင်း​ခဲ့​သည်​ကို ငါ​ဝမ်းနည်း​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 8,
      "text": "သို့သော် နောဧ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မျက်နှာရ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 9,
      "text": "နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 10,
      "text": "နောဧ​သည် ရှေမ​၊ ဟာမ​၊ ယာဖက် ဟူသော​သား​သုံး​ယောက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 11,
      "text": "ထို​အချိန်​၌ မြေကြီး​သည် ဘုရားသခင်​ရှေ့​တော်​၌ ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ မြေကြီး​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 12,
      "text": "ဘုရားသခင်​သည် မြေကြီး​ကို​ကြည့်ရှု​သောအခါ ယိုယွင်းပျက်စီး​လျက်​ရှိ​သည်​ကို မြင်​တော်မူ​၏​။ အကြောင်းမူကား မြေကြီး​ပေါ်တွင် လူ​အပေါင်း​တို့​သည် အကျင့်စရိုက်​ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 13,
      "text": "ဘုရားသခင်​က နောဧ​အား “​လူ​အပေါင်း​တို့​၏​အဆုံး​သည် ငါ့​ရှေ့မှောက်​သို့​ရောက်လာ​ပြီ​။ အကြောင်းမူကား မြေကြီး​သည် သူ​တို့​ကြောင့် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို မြေကြီး​နှင့်အတူ​ဖျက်ဆီး​မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 14,
      "text": "ဂေါဖရ​သစ်သား​ဖြင့် သင်္ဘော​တစ်​စင်း​ကို သင့်​အဖို့​တည်ဆောက်​လော့​။ သင်္ဘော​အတွင်း​၌​အခန်း​များ​ဖွဲ့​၍ အတွင်း​၊ အပြင်​ကို သစ်စေး​နှင့်​သုတ်​လော့​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 15,
      "text": "သင်္ဘော​တည်ဆောက်​ရ​မည့်​ပုံစံ​မှာ ဤသို့​ဖြစ်​၏​။ သင်္ဘော​အလျား​သည် အတောင်​သုံး​ရာ ​၊ အနံ​သည် အတောင်​ငါးဆယ် ​၊ အမြင့်​သည် အတောင်​သုံးဆယ် ​ရှိ​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 16,
      "text": "သင်္ဘော​အတွက် အမိုး ​လုပ်​၍ ၎င်း​ကို ကိုယ်ထည်​အထက် တစ်တောင် ​အမြင့်​တွင်​ရှိ​စေ​ရ​မည်​။ သင်္ဘော​၏​နံဘေး​တွင် တံခါးပေါက်​ကို လုပ်​ရ​မည်​။ သင်္ဘော​ကို ပထမ​ထပ်​၊ ဒုတိယ​ထပ်​နှင့်​တတိယ​ထပ်​ဟူ၍ သုံး​ထပ်​တည်ဆောက်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 17,
      "text": "ကြည့်ရှု​လော့​။ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​ကို ကောင်းကင်​အောက်​မှ ဖျက်ဆီး​ရန် ငါ​ကိုယ်တိုင် မြေကြီး​ပေါ်တွင် ရေ​လွှမ်းမိုးမှု​ဖြစ်​စေ​မည်​။ မြေကြီး​ပေါ်မှာ​ရှိသမျှ​တို့​သည် သေ​ကြ​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 18,
      "text": "သို့သော် ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​၌​တည်​စေ​မည်​။ သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 19,
      "text": "သက်ရှိ​အပေါင်း​၊ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​အမ​တစ်စုံစီ​ကို​ယူ​၍ သင်​နှင့်အတူ​အသက်ချမ်းသာ​ရ​ရန် သင်္ဘော​ထဲသို့​သွင်း​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 20,
      "text": "ငှက်​များ​ထဲမှ အမျိုး​အလိုက်​၊ တိရစ္ဆာန်​များ​ထဲမှ အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ထဲမှ အမျိုး​အလိုက် အထီး​အမ​တစ်စုံစီ​တို့​သည် အသက်ချမ်းသာ​ရ​ရန် သင့်​ထံသို့​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 21,
      "text": "သင်​သည် စားသုံး​နိုင်​သော​အစားအစာ​အမျိုးမျိုး​ကို​ယူ​၍ သင့်​ထံ၌​သို​ထား​ပြီး သင်​နှင့်​တိရစ္ဆာန်​တို့​၏​စားစရာ​ဖြစ်​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 22,
      "text": "နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က နောဧ​အား “​ဤ​မျိုးဆက်​တွင် သင်​သည် ငါ့​ရှေ့​၌​ဖြောင့်မတ်​ကြောင်း ငါ​တွေ့မြင်​ရ​သည်​ဖြစ်၍ သင်​နှင့်တကွ သင့်​မိသားစု​တစ်စုလုံး သင်္ဘော​ထဲသို့​ဝင်​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 2,
      "text": "မြေ​တစ်ပြင်လုံး​တွင် မျိုးဆက်​မ​ပြတ်​စေရန် စင်ကြယ်​သော​တိရစ္ဆာန်​ရှိသမျှ​ထဲမှ အထီး​အမ ခုနစ်စုံစီ​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​ထဲမှ အထီး​အမ တစ်စုံစီ​၊ မိုးကောင်းကင်​ငှက်​များ​ထဲမှ​လည်း အထီး​အမ ခုနစ်စုံစီ​တို့​ကို သင်​နှင့်အတူ သိမ်းယူ​ထား​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 4,
      "text": "အကြောင်းမူကား နောက်​ခုနစ်​ရက်​ပြည့်​လျှင် ငါ​သည် အရက်​လေးဆယ်​ပတ်လုံး မြေကြီး​ပေါ်တွင်​မိုးရွာ​စေ​၍ ငါ​ဖန်ဆင်း​သော​သတ္တဝါ​အပေါင်း​တို့​ကို မြေပြင်​ပေါ်​မှ ငါ​သုတ်သင်ပယ်ရှင်း​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 5,
      "text": "နောဧ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 6,
      "text": "မြေကြီး​ပေါ်မှာ ရေ​လွှမ်းမိုးမှု​ဖြစ်​သောအခါ နောဧ​သည် အသက်​ခြောက်​ရာ​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 7,
      "text": "ရေ​လွှမ်းမိုးမှု​ကြောင့် နောဧ​သည် သူ​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 8,
      "text": "နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း စင်ကြယ်​သော​တိရစ္ဆာန်​၊ မ​စင်ကြယ်​သော​တိရစ္ဆာန်​၊ ငှက်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အပေါင်း​တို့​ထဲမှ"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 9,
      "text": "အထီး​၊ အမ​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 10,
      "text": "ခုနစ်​ရက်​ပြည့်​သောအခါ မြေကြီး​ပေါ်မှာ ရေ​လွှမ်းမိုးမှု​ဖြစ်ပေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 11,
      "text": "နောဧ​အသက်​ခြောက်​ရာ​ပြည့်​သော​နှစ်​၊ ဒုတိယ​လ​၊ တစ်ဆယ့်​ခုနစ်​ရက်​နေ့​၊ ထို​နေ့​၌ ကြီးမား​နက်ရှိုင်း​ရာ​အရပ်​မှ ရေထွက်ပေါက်​ရှိသမျှ​တို့​ကို ဖွင့်ချ​၍ မိုးကောင်းကင်​ရေတံခါး​များ​ကို ဖွင့်​တော်မူ​သဖြင့်"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 12,
      "text": "အရက်​လေးဆယ်​ပတ်လုံး မြေကြီး​ပေါ်မှာ မိုး​ရွာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 13,
      "text": "ထို​နေ့​၌​ပင် နောဧ​နှင့် နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​မှစ၍ နောဧ​၏​မယား​နှင့် ချွေးမ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 14,
      "text": "တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ ကြက်ငှက်​အမျိုးမျိုး​၊ တောင်ပံ​ရှိ​သော​သတ္တဝါ​အမျိုးမျိုး​နှင့် ငှက်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက် သူ​တို့​နှင့်အတူ​ဝင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 15,
      "text": "ဤသို့ဖြင့် သက်ရှိ​သတ္တဝါ​အပေါင်း​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ​သင်္ဘော​ထဲသို့ ဝင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 16,
      "text": "ထိုသို့ ဝင်​ကြ​သော​သတ္တဝါ​တို့​မှာ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​၊ အမ​ဖြစ်​ကြ​ပြီး နောဧ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ဝင်​ကြ​၏​။ ထို့နောက် ထာဝရဘုရား​သည် နောဧ​ကို အထဲ​မှာ​ပိတ်​ထား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 17,
      "text": "ရေလွှမ်းမိုးမှု​သည် မြေကြီး​ပေါ်မှာ အရက်​လေးဆယ်​ပတ်လုံး​ဖြစ်ပွား​၏​။ ရေ​သည် တိုးလာ​၍ သင်္ဘော​ကို​ပင့်မ​သဖြင့် သင်္ဘော​သည် မြေကြီး​ပေါ်​မှ​ကွာမြောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 18,
      "text": "ရေ​သည်​မြင့်တက်​လာ​၍ မြေကြီး​ပေါ်မှာ အလွန်​တိုးလာ​သဖြင့် သင်္ဘော​သည် ရေ​မျက်နှာပြင်​ပေါ်၌ မျော​လျက်​နေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 19,
      "text": "ရေ​သည် မြေကြီး​ပေါ်မှာ အလွန်တရာ​မြင့်တက်​လာ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ မြင့်မား​သည့်​တောင်​ရှိသမျှ​တို့​ကို ဖုံးလွှမ်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 20,
      "text": "ရေ​သည် ထို​တောင်​များ​အထက် တစ်ဆယ့်​ငါး​တောင် ​မြင့်တက်​၍ ၎င်း​တို့​ကို​ဖုံးလွှမ်း​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 21,
      "text": "မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​တည်းဟူသော ငှက်​၊ ယဉ်ပါးသောတိရစ္ဆာန်​၊ တောရိုင်းတိရစ္ဆာန်​၊ မြေကြီး​ပေါ်မှာ အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သတ္တဝါ​ရှိသမျှ​တို့​နှင့် လူ​အပေါင်း​တို့​သည် သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 22,
      "text": "နှာခေါင်း​ဖြင့်​အသက်ရှူ​တတ်​သည့်​သက်ရှိသတ္တဝါ​တည်းဟူသော ကုန်း​ပေါ်မှာ​ရှိလေသမျှ​သတ္တဝါ​တို့​သည် သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 23,
      "text": "ဘုရားသခင်​သည် လူ​မှစ၍ ယဉ်ပါးသောတိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​အပါအဝင် မြေပြင်​ပေါ်​ရှိ​သတ္တဝါ​အပေါင်း​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် ၎င်း​တို့​သည် မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​လေ​၏​။ နောဧ​မှစ၍ သူ​နှင့်အတူ သင်္ဘော​ထဲ၌​ရှိ​သော​သူ​တို့​သာ ကြွင်းကျန်​ကြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 24,
      "text": "ရေ​သည် မြေကြီး​ပေါ်မှာ ရက်​ပေါင်း​တစ်ရာ့​ငါးဆယ်​ပတ်လုံး လွှမ်းမိုး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 1,
      "text": "ဘုရားသခင်​သည် နောဧ​မှစ၍ သူ​နှင့်အတူ​သင်္ဘော​ထဲ၌​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် မြေကြီး​ပေါ်မှာ​လေ​တိုက်​စေ​တော်မူ​သဖြင့် ရေ​သည် လျော့ကျ​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 2,
      "text": "နက်ရှိုင်း​ရာ​အရပ်​မှ​ရေထွက်ပေါက်​များ​နှင့် မိုးကောင်းကင်​ရေတံခါး​များ​ကို​ပိတ်​၍ ကောင်းကင်​မှ​မိုး​ကို​လည်း စဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 3,
      "text": "ရေ​သည် မြေကြီး​ပေါ်မှာ ဆက်တိုက်​လျော့သွား​၍ ရက်​ပေါင်း​တစ်ရာ့​ငါးဆယ်​ပြည့်​သောအခါ ရေ​ယုတ်လျော့​သွား​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 4,
      "text": "သတ္တမ​လ​၊ တစ်ဆယ့်​ခုနစ်​ရက်​နေ့​တွင် သင်္ဘော​သည် အာရရတ်​တောင်ရိုး​ပေါ်မှာ တင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 5,
      "text": "ရေ​သည် ဒသမ​လ​တိုင်အောင် ဆက်တိုက်​ယုတ်လျော့​သွား​၍ ဒသမ​လ​၊ တစ်ရက်နေ့​တွင် တောင်​ထိပ်​များ​ပေါ်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 6,
      "text": "ရက်​ပေါင်း​လေးဆယ်​ပြည့်​သောအခါ နောဧ​သည် မိမိ​တည်ဆောက်​ခဲ့​သော​သင်္ဘော​၏​ပြတင်းပေါက်​ကို​ဖွင့်​၍"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 7,
      "text": "ကျီးကန်း​တစ်​ကောင်​ကို လွှတ်​လေ​၏​။ ထို​ကျီးကန်း​သည် မြေ​ပေါ်မှာ ရေ​မ​ခန်းခြောက်​မ​ချင်း လူးလာပျံသန်း​လျက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 8,
      "text": "တစ်ဖန် မြေပြင်​ပေါ်မှာ ရေ​လျော့ကျ​သည်​၊ မကျ​သည်​ကို​သိမြင်​ရန် ချိုးငှက်​တစ်​ကောင်​ကို​လွှတ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 9,
      "text": "သို့သော် မြေ​တစ်ပြင်လုံး​၌ ရေ​ရှိ​သေး​သောကြောင့် ချိုးငှက်​သည် ခြေချ​နားနေစရာ​မ​တွေ့​သဖြင့် နောဧ​ရှိ​ရာ​သင်္ဘော​သို့ ပြန်လာ​လေ​၏​။ နောဧ​သည်​လည်း လက်​ကို​ဆန့်​၍ ချိုးငှက်​ကို​ဖမ်းယူ​ပြီးလျှင် မိမိ​ရှိ​ရာ​သင်္ဘော​ထဲသို့​သွင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 10,
      "text": "တစ်ဖန် နောက်ထပ်​ခုနစ်​ရက်​စောင့်​ပြီးမှ ထို​ချိုးငှက်​ကို သင်္ဘော​မှ​လွှတ်​ပြန်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 11,
      "text": "နေဝင်​ချိန်​၌ ချိုးငှက်​သည် နောဧ​ထံသို့​ပြန်လာ​၏​။ သူ​၏​နှုတ်သီး​၌ လောလောလတ်လတ်​ဆိတ်​ယူလာ​သော သံလွင်​ရွက်​ပါလာ​၏​။ ထိုအခါ နောဧ​သည် မြေကြီး​ပေါ်မှာ ရေ​လျော့ကျ​သွား​ပြီ​ဖြစ်ကြောင်း​သိ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 12,
      "text": "တစ်ဖန် နောက်ထပ်​ခုနစ်​ရက်​စောင့်​ပြီးမှ ထို​ချိုးငှက်​ကို​လွှတ်​ပြန်​ရာ သူ့​ထံသို့​ပြန်​မ​လာ​တော့​ပေ​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 13,
      "text": "နောဧ​အသက်​ခြောက်​ရာ့​တစ်​နှစ်​ပြည့်​သော​နှစ်​၊ ပထမ​လ​၊ တစ်ရက်နေ့​တွင် မြေကြီး​ပေါ်မှာ ရေ​ခန်းခြောက်​လေ​၏​။ နောဧ​သည် သင်္ဘော​အမိုး​ကို​ဖယ်ရှား​၍ ကြည့်ရှု​သောအခါ မြေပြင်​သည် ခြောက်​လျက်​ရှိ​သည်​ကို မြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 14,
      "text": "ဒုတိယ​လ​၊ နှစ်ဆယ့်​ခုနစ်​ရက်​နေ့​တွင် မြေကြီး​သည် ခြောက်သွေ့​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 15,
      "text": "ထိုအခါ ဘုရားသခင်​က နောဧ​အား"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 16,
      "text": "“​သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲမှ ထွက်လာ​လော့​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 17,
      "text": "သင့်​ထံ၌​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​၊ သားယဉ်​သားရဲ​အပေါင်း​တည်းဟူသော ငှက်​၊ တိရစ္ဆာန်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည် မြေကြီး​ပေါ်မှာ များပြား​ကြ​စေရန်​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ​မွေးဖွား​တိုးပွား​ကြ​စေရန်​လည်းကောင်း သူ​တို့​ကို သင်​နှင့်အတူ​ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 18,
      "text": "သို့ဖြစ်၍ နောဧ​သည် သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ ထွက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 19,
      "text": "တောရိုင်းတိရစ္ဆာန်​ရှိသမျှ​၊ တွားသွားသောတိရစ္ဆာန်​ရှိသမျှ​၊ ငှက်​ရှိသမျှ​နှင့် မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သတ္တဝါ​ရှိသမျှ​တို့​သည်​လည်း အမျိုး​အလိုက် သင်္ဘော​ထဲမှ​ထွက်လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 20,
      "text": "နောဧ​သည် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​ပြီးလျှင် စင်ကြယ်​သော​တိရစ္ဆာန်​အပေါင်း​တို့​နှင့် စင်ကြယ်​သော​ငှက်​အပေါင်း​တို့​ထဲက​ယူ​၍ ထို​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​ကို​ပူဇော်​ရာ"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 21,
      "text": "ထာဝရဘုရား​သည် မွှေးကြိုင်​သော​ရနံ့​ကို​ခံယူ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က “​လူ​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​သည် ငယ်ရွယ်စဉ်​ကတည်းက ဆိုးညစ်​သော်လည်း ငါ​သည် လူ​တို့​ကြောင့် မြေကြီး​ကို နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ကျိန်​တော့​မည်​မ​ဟုတ်​။ ငါ​သည် သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို ယခု​ပြု​သကဲ့သို့ နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 22,
      "text": "မြေကြီး​တည်နေသရွေ့ မျိုးကြဲ​ချိန်​နှင့်​ရိတ်သိမ်း​ချိန်​၊ ပူ​သော​အချိန်​နှင့်​အေး​သော​အချိန်​၊ နွေရာသီ​နှင့်​ဆောင်းရာသီ​၊ နေ့အချိန်​နှင့်​ညအချိန်​တို့​သည် မပြတ်မစဲ​ရှိ​နေ​မည်​”​ဟု စိတ်​တော်​ထဲ၌ မြွက်ဆို​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 1,
      "text": "ဘုရားသခင်​သည် နောဧ​နှင့် သူ​၏​သား​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 2,
      "text": "တောရိုင်းတိရစ္ဆာန်​ရှိသမျှ​၊ မိုးကောင်းကင်​ငှက်​ရှိသမျှ​၊ မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​ရှိသမျှ​နှင့် ပင်လယ်​ငါး​ရှိသမျှ​တို့​သည် သင်​တို့​ကို ကြောက်ရွံ့​ထိတ်လန့်​ကြ​လိမ့်မည်​။ ထို​တိရစ္ဆာန်​တို့​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 3,
      "text": "အသက်ရှင်​၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါ​ရှိသမျှ​သည် သင်​တို့​၏​စားစရာ​ဖြစ်​လိမ့်မည်​။ စိမ်းလန်း​သော​အပင်​တို့​ကို သင်​တို့​အား ငါ​ပေး​သကဲ့သို့ ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​အား ငါ​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 4,
      "text": "သို့သော် အသက်​တည်းဟူသော အသွေး​ပါရှိ​သည့်​အသား​ကို မ​စား​ရ​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 5,
      "text": "အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 6,
      "text": "လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 7,
      "text": "သင်​တို့​သည် များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ပေါ်မှာ ပြည့်နှက်​ကြ​လော့​။ မြေကြီး​ပေါ်မှာ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 8,
      "text": "တစ်ဖန် ဘုရားသခင်​က နောဧ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သား​တို့​အား"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 9,
      "text": "“​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၌​လည်းကောင်း​၊ နောင်လာမည့် သင်​တို့​၏​သားစဉ်မြေးဆက်​တို့​၌​လည်းကောင်း​၊"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 10,
      "text": "သင်​တို့​နှင့်အတူ​ရှိ​သည့် သက်ရှိသတ္တဝါ​အပေါင်း​တည်းဟူသော ငှက်​များ​၊ ယဉ်ပါးသောတိရစ္ဆာန်​များ​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၌​လည်းကောင်း​၊ သင်္ဘော​ထဲမှ​ထွက်လာ​သော​သူ​ရှိသမျှ​နှင့် တောရိုင်းတိရစ္ဆာန်​ရှိသမျှ​တို့​၌​လည်းကောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 11,
      "text": "သင်​တို့​၌​တည်​စေ​သော ငါ​၏​ပဋိညာဉ်​မှာ ‘​သတ္တဝါ​အပေါင်း​တို့​သည် ရေလွှမ်းမိုးမှု​အားဖြင့် မည်သည့်​အခါ​မျှ ဖယ်ရှား​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်​။ မြေကြီး​ကို​ဖျက်ဆီး​မည့်​ရေလွှမ်းမိုး​ခြင်း​သည် မည်သည့်​အခါ​မျှ ဖြစ်ပေါ်​တော့​မည်​မ​ဟုတ်​’​ဟူ၍ ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 12,
      "text": "တစ်ဖန် ဘုရားသခင်​က “​ငါ​နှင့် သင်​တို့​ကြား​၌​လည်းကောင်း​၊ သင်​တို့​နှင့်အတူ​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း ခေတ်ကာလ​အစဉ်အဆက် ငါ​ပြု​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 13,
      "text": "ငါ​၏​သက်တံ​ကို မိုးတိမ်​၌ ငါ​ထား​၏​။ ထို​သက်တံ​သည် ငါ​နှင့်​မြေကြီး​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 14,
      "text": "ငါ​သည် မြေကြီး​အထက်​မိုးကောင်းကင်​၌ မိုးတိမ်​တက်လာ​စေ​၍ ထို​မိုးတိမ်​၌ သက်တံ​ထင်ရှား​သောအခါ"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 15,
      "text": "ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌​လည်းကောင်း​၊ ငါ​ပြု​သော​ပဋိညာဉ်​ကို​အောက်မေ့​သဖြင့် သတ္တဝါ​အပေါင်း​တို့​ကို​ဖျက်ဆီး​မည့် ရေလွှမ်းမိုး​ခြင်း ဖြစ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 16,
      "text": "မိုးတိမ်​၌ သက်တံ​ပေါ်လာ​သောအခါ ထို​သက်တံ​ကို​ငါ​ကြည့်​၍ ဘုရားသခင်​နှင့် မြေကြီး​ပေါ်​ရှိ သတ္တဝါ​အမျိုးမျိုး​တည်းဟူသော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကြား​၌ ငါ​ပြု​သော ထာဝရ​ပဋိညာဉ်​ကို ငါ​အောက်မေ့​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 17,
      "text": "ထို့နောက် ဘုရားသခင်​က “​ဤသည်ကား ငါ​နှင့် မြေကြီး​ပေါ်​ရှိ​သတ္တဝါ​အပေါင်း​တို့​ကြား​၌ ငါ​တည်​စေ​သော​ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​၏​”​ဟု နောဧ​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 18,
      "text": "သင်္ဘော​ထဲမှ​ထွက်လာ​သော နောဧ​၏​သား​များ​မှာ ရှေမ​၊ ဟာမ​၊ ယာဖက် တို့​ဖြစ်​ကြ​၏​။ ဟာမ​သည် ခါနာန်​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 19,
      "text": "ဤ​သူ​သုံး​ယောက်​တို့​သည် နောဧ​၏​သား​များ​ဖြစ်​ကြ​ပြီး သူ​တို့​မှတစ်ဆင့် ကမ္ဘာမြေ​တစ်ခွင်လုံး​သို့ လူ​တို့ ပြန့်ပွား​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 20,
      "text": "နောဧ​သည် စိုက်ပျိုးရေးသမား​ဖြစ်လာ​၍ စပျစ်ခြံ​ကို စိုက်ပျိုး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 21,
      "text": "သူ​သည် စပျစ်ဝိုင်​ကို​သောက်​၍​ယစ်မူး​သဖြင့် မိမိ​တဲ​ထဲ၌ ဝတ်လစ်စားလစ်​နေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 22,
      "text": "ခါနာန်​၏​ဖခင် ဟာမ​သည် မိမိ​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​၍ အပြင်​မှာ​ရှိ​သော​အစ်ကို​နှစ်​ယောက်​တို့​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 23,
      "text": "ရှေမ​နှင့်​ယာဖက်​တို့​သည် အဝတ်​ကို​ယူ​၍ မိမိ​တို့​ပခုံး​ပေါ်မှာ​တင်​ပြီးလျှင် ကျောခိုင်း​ဝင်လာ​ကြ​ပြီး မိမိ​တို့​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ဖုံး​ပေး​ကြ​၏​။ သူ​တို့​သည် မျက်နှာ​ကို​လွှဲ​ထား​သည်​ဖြစ်၍ မိမိ​တို့​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို မ​မြင်​ရ​ပေ​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 24,
      "text": "နောဧ​သည် အမူးပြေ​၍ မိမိ​အား အငယ်ဆုံး​သား​ပြု​သော​အမှု​ကို​သိ​သောအခါ"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 25,
      "text": "“​ခါနာန်​သည် ကျိန်​ခြင်း​ကို​ခံရ​ပါစေ​။ အစ်ကို​တို့​၏​ကျွန်​တို့​၌ ကျွန်​ဖြစ်​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 26,
      "text": "တစ်ဖန် နောဧ​က “​ရှေမ​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ ခါနာန်​သည် ရှေမ​၏​ကျွန်​ဖြစ်​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 27,
      "text": "ဘုရားသခင်​သည် ယာဖက်​ကို ကြီးပွား​စေ​တော်မူ​ပါစေသော​။ သူ​သည် ရှေမ​၏​တဲ​တို့​၌ နေ​ရ​ပါစေ​။ ခါနာန်​မူကား သူ​၏​ကျွန်​ဖြစ်​ပါစေ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 28,
      "text": "ရေလွှမ်းမိုး​ပြီးသည့်နောက် နောဧ​သည် အနှစ်​သုံး​ရာ့​ငါးဆယ်​အသက်ရှင်​၏​။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 29,
      "text": "နောဧ​သည် နှစ်ပေါင်း​ကိုး​ရာ့​ငါးဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 1,
      "text": "နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ ရေလွှမ်းမိုး​ပြီးသည့်နောက် သူ​တို့​တွင် သားသမီး​များ​မွေးဖွား​လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 2,
      "text": "ယာဖက်​၏​သား​များ​မှာ ဂေါမာ​၊ မာဂေါဂ​၊ မာဒဲ​၊ ယာဝန်​၊ တုဗလ​၊ မေရှက်​၊ တိရတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 3,
      "text": "ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ်​၊ တောဂါမ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 4,
      "text": "ယာဝန်​၏​သား​များ​မှာ ဧလိရှာ​၊ တာရှု​၊ ခိတ္တိမ်​၊ ဒေါဒနိမ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 5,
      "text": "ဤ​သူ​တို့​မှတစ်ဆင့် ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​လူမျိုး​များ ပြန့်ပွား​လာ​ကြ​၏​။ သူ​တို့​အသီးသီး​သည် အတိုင်းတိုင်း​အပြည်ပြည်​၌ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 6,
      "text": "ဟာမ​၏​သား​များ​မှာ ကုရှ​၊ မိဇရိမ် ​၊ ဖုတ​၊ ခါနာန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 7,
      "text": "ကုရှ​၏​သား​များ​မှာ သေဘ​၊ ဟဝိလ​၊ သာဘတ​၊ ရာဂမ​၊ သတ္တေခါ တို့​ဖြစ်​ကြ​၏​။ ရာဂမ​၏​သား​များ​မှာ ရှေဘ​၊ ဒေဒန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 8,
      "text": "ကုရှ​သည် သား​နိမ်ရောဒ​ကို​လည်း​ရ​၏​။ နိမ်ရောဒ​သည် ကမ္ဘာမြေကြီး​ပေါ်မှာ အဦးဆုံး​လူစွမ်းကောင်း​ဖြစ်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 9,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစွမ်းထက်​သော​မုဆိုး​ဖြစ်​၏​။ ထို့ကြောင့် “​ထာဝရဘုရား​၊ ထံတော်ပါးဝယ်​၊ စွမ်းအား​ပြည့်ဖြိုး​၊ မုဆိုးမည်ရ​၊ နိမ်ရောဒ​အလား​”​ဟု ဆို​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 10,
      "text": "သူ့​နိုင်ငံ​၏​အစအဦး​မှာ ရှိနာ​ပြည်​ရှိ ဘေဘီလုံ​မြို့​၊ ဧရက်​မြို့​၊ အက္က​မြို့​၊ ကာလနေ​မြို့ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 11,
      "text": "သူ​သည် ထို​ပြည်​မှ အဆီးရီးယား​ပြည်​သို့​သွား​၍ နိနေဝေ​မြို့​၊ ရဟောဘုတ်​မြို့​၊ ကာလ​မြို့​ကို​လည်းကောင်း​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 12,
      "text": "နိနေဝေ​မြို့​နှင့် ကာလ​မြို့​ကြား​၌ ကြီးမား​သော​မြို့​ဖြစ်​သည့် ရေသင်​မြို့​ကို​လည်းကောင်း တည်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 13,
      "text": "မိဇရိမ်​သည် လုဒိမ်​လူမျိုး​၊ အာနမိမ်​လူမျိုး​၊ လဟာဗိမ်​လူမျိုး​၊ နတ္တုဟိမ်​လူမျိုး​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 14,
      "text": "ပါသရုသိမ်​လူမျိုး​နှင့် ဖိလိတ္တိ​လူမျိုး​ဆင်းသက်​လာ​ရာ ကာသလုဟိမ်​လူမျိုး​၊ ကတ္တောရိမ်​လူမျိုး​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 15,
      "text": "ခါနာန်​မှ မွေးဖွား​လာ​သူ​များ​မှာ သားဦး ဆီဒုန်​၊ ထို့နောက် ဟေသ​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 16,
      "text": "ထို့ပြင် ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 17,
      "text": "ဟိဝိ​လူမျိုး​၊ အာကိ​လူမျိုး​၊ သိနိ​လူမျိုး​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 18,
      "text": "အာဝဒိ​လူမျိုး​၊ ဇေမရိ​လူမျိုး​နှင့် ဟာမသိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ထို့နောက် ခါနာန်​လူမျိုး​၏​မျိုးနွယ်စု​များ ကွဲထွက်​ပြန့်ပွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 19,
      "text": "ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​အပိုင်းအခြား​မှာ ဆီဒုန်​မြို့​မှသည် ဂေရာ​မြို့​ကို​ဖြတ်သွား​၍ ဂါဇ​မြို့​တိုင်အောင်​ရောက်​၏​။ တစ်ဖန် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​ကို​ဖြတ်သွား​၍ လာရှ​မြို့​တိုင်အောင်​ရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 20,
      "text": "ဤ​သူ​တို့​သည် မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​နယ်မြေ​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​သော ဟာမ​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 21,
      "text": "ရှေမ​သည်​လည်း သား​များ​ကို​ရ​၏​။ သူ​သည် ယာဖက်​၏​အစ်ကို​ဖြစ်​ပြီး ဧဗာ​အမျိုးသား​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 22,
      "text": "ရှေမ​၏​သား​များ​မှာ ဧလံ​၊ အာရှုရ​၊ အာဖာဇဒ်​၊ လုဒ​၊ အာရံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 23,
      "text": "အာရံ​၏​သား​များ​မှာ ဥဇ​၊ ဟုလ​၊ ဂေသာ​၊ မာရှ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 24,
      "text": "အာဖာဇဒ်​သည် သား​ရှာလ​ကို​ရ​၏​။ ရှာလ​သည် သား​ဧဗာ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 25,
      "text": "ဧဗာ​သည် သား​နှစ်​ယောက်​ရ​၏​။ သား​တစ်​ယောက်​၏​အမည်​မှာ ဖာလက် ဖြစ်​၏​။ အကြောင်းမူကား သူ့​ခေတ်ကာလ​၌ မြေကြီး​သည် ပိုင်းခြား​ခြင်း​ခံရ​၏​။ သူ့​ညီ​၏​အမည်​မှာ ယုတ္တန် ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 26,
      "text": "ယုတ္တန်​သည် သား အာလမောဒဒ်​၊ ရှေလပ်​၊ ဟာဇာမာဝက်​၊ ယေရ​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 27,
      "text": "ဟဒေါရံ​၊ ဥဇလ​၊ ဒိကလ​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 28,
      "text": "ဩဗလ​၊ အဘိမေလ​၊ ရှေဘ​၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 29,
      "text": "ဩဖိရ​၊ ဟဝိလ​၊ ယောဗပ် တို့​ကို​ရ​၏​။ ဤ​သူ​အပေါင်း​တို့​သည် ယုတ္တန်​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 30,
      "text": "သူ​တို့​နေထိုင်​ရာ​အရပ်​မှာ မေရှ​မြို့​မှသည် သေဖာ​မြို့​တစ်လျှောက်​၊ အရှေ့ဘက်​တောင်ပေါ်ဒေသ​အထိ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 31,
      "text": "ဤ​သူ​တို့​သည် မိမိ​တို့​မျိုးနွယ်စု​အလိုက်​၊ မိမိ​တို့​ဘာသာစကား​အလိုက်​၊ မိမိ​တို့​နယ်မြေ​၊ မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​သော ရှေမ​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 32,
      "text": "ဤသည်ကား မိမိ​တို့​ဆွေစဉ်မျိုးဆက်​အလိုက် မိမိ​တို့​တိုင်းပြည်​၌​နေထိုင်​ကြ​သော နောဧ​သား​တို့​၏​မျိုးနွယ်စု​များ​ဖြစ်​ကြ​၏​။ ရေလွှမ်းမိုး​ပြီးသည့်နောက် ကမ္ဘာမြေကြီး​ပေါ်ရှိ​လူမျိုး​တို့​သည် ဤ​သူ​တို့​မှ ပြန့်ပွား​လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 1,
      "text": "ထိုစဉ်က ကမ္ဘာမြေ​တစ်ခွင်လုံး​တွင် ဘာသာစကား​တစ်မျိုးတည်း​၊ အသုံးအနှုန်း​တစ်မျိုးတည်း​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 2,
      "text": "လူ​တို့​သည် အရှေ့​အရပ်​မှ​ရွှေ့ပြောင်း​၍ ရှိနာ​ပြည်​၌ လွင်ပြင်​ကို​တွေ့​သဖြင့် ထို​နေရာ​၌ အခြေချ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 3,
      "text": "သူ​တို့​က “​လာ​ကြ​။ အုတ်​လုပ်​၍ ကောင်း​စွာ​မီးဖုတ်​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။ ထိုသို့ သူ​တို့​သည် ကျောက်​အစား အုတ်​ကို​ရ​၍ သရွတ်​အစား ကတ္တရာစေး​ကို​ရ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 4,
      "text": "ထိုအခါ သူ​တို့​က “​လာ​ကြ​၊ မြေ​တစ်ပြင်လုံး​သို့​ကွဲလွင့်​မ​သွား​စေရန် ငါ​တို့​အတွက်​မြို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​အထိ ထိပ်ဖျား​ရောက်​သော​ရဲတိုက်​ကို​လည်းကောင်း တည်ဆောက်​၍ ငါ​တို့​နာမည်​ကျော်စော​အောင်​ပြု​ကြ​စို့​”​ဟု ပြောဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 5,
      "text": "ထာဝရဘုရား​သည် လူသား​တို့​တည်ဆောက်​သော မြို့​နှင့်​ရဲတိုက်​ကို​ကြည့်ရှု​ရန် ဆင်းသက်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 6,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သူ​တို့​အားလုံး​သည် လူမျိုး​တစ်မျိုးတည်း​၊ ဘာသာစကား​တစ်မျိုးတည်း​ဖြစ်​သဖြင့် ဤ​အမှု​ကို​စတင်​ပြု​ကြ​ပြီ​။ ယခု သူ​တို့​ပြုလုပ်​ရန်​ကြံစည်​သမျှ​တို့​တွင် သူ​တို့​အတွက် မဖြစ်နိုင်​သော​အရာ တစ်စုံတစ်ခု​မျှ​ရှိ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 7,
      "text": "လာ​ကြ​၊ ငါ​တို့​သည်​ဆင်းသွား​၍ သူ​တို့​အချင်းချင်း​ပြောဆို​သော​စကား​ကို သူ​တို့​နား​မ​လည်​ကြ​စေရန် ထို​အရပ်​တွင် သူ​တို့​၏​ဘာသာစကား​ကို ရှုပ်ထွေး​စေ​ကြ​စို့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 8,
      "text": "ထိုသို့ ထာဝရဘုရား​သည် သူ​တို့​ကို ထို​အရပ်​မှ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​စေ​တော်မူ​သဖြင့် သူ​တို့​သည် မြို့​တည်ဆောက်​ခြင်း​ကို ရပ်တန့်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 9,
      "text": "ထာဝရဘုရား​သည် ထို​နေရာ​တွင် မြေကြီးသား​အပေါင်း​တို့​၏​ဘာသာစကား​ကို ရှုပ်ထွေး​စေ​တော်မူ​၏​။ ထို့ကြောင့် ထို​မြို့​၏​အမည်​ကို ဘေဘီလုံ ဟု​ခေါ်​ကြ​၏​။ ထို့ပြင် ထာဝရဘုရား​သည် သူ​တို့​ကို ထို​အရပ်​မှ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​စေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 10,
      "text": "ရှေမ​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ ရှေမ​သည် ရေလွှမ်းမိုး​ပြီးသည့်နောက် နှစ်​နှစ်​အကြာ အသက်​တစ်ရာ​ရှိ​သောအခါ သား​အာဖာဇဒ်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 11,
      "text": "အာဖာဇဒ်​ကို​ရ​ပြီးနောက် ရှေမ​သည် အနှစ်​ငါး​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 12,
      "text": "အာဖာဇဒ်​သည် အသက်​သုံးဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​ရှာလ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 13,
      "text": "ရှာလ​ကို​ရ​ပြီးနောက် အာဖာဇဒ်​သည် လေး​ရာ့​သုံး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 14,
      "text": "ရှာလ​သည် အသက်​သုံးဆယ်​ရှိ​သောအခါ သား​ဧဗာ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 15,
      "text": "ဧဗာ​ကို​ရ​ပြီးနောက် ရှာလ​သည် လေး​ရာ့​သုံး​နှစ် အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 16,
      "text": "ဧဗာ​သည် အသက်​သုံးဆယ့်​လေး​နှစ်​ရှိ​သောအခါ သား​ဖာလက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 17,
      "text": "ဖာလက်​ကို​ရ​ပြီးနောက် ဧဗာ​သည် အနှစ်​လေး​ရာ့​သုံးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 18,
      "text": "ဖာလက်​သည် အသက်​သုံးဆယ်​ရှိ​သောအခါ သား​ရီဦး​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 19,
      "text": "ရီဦး​ကို​ရ​ပြီးနောက် ဖာလက်​သည် နှစ်ရာ့​ကိုး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 20,
      "text": "ရီဦး​သည် အသက်​သုံးဆယ့်​နှစ်​နှစ်​ရှိ​သောအခါ သား​စေရောက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 21,
      "text": "စေရောက်​ကို​ရ​ပြီးနောက် ရီဦး​သည် နှစ်ရာ့​ခုနစ်​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 22,
      "text": "စေရောက်​သည် အသက်​သုံးဆယ်​ရှိ​သောအခါ သား​နာခေါ်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 23,
      "text": "နာခေါ်​ကို​ရ​ပြီးနောက် စေရောက်​သည် အနှစ်​နှစ်ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 24,
      "text": "နာခေါ်​သည် အသက်​နှစ်ဆယ့်​ကိုး​နှစ်​ရှိ​သောအခါ သား​တေရ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 25,
      "text": "တေရ​ကို​ရ​ပြီးနောက် နာခေါ်​သည် တစ်ရာ​တစ်ဆယ့်​ကိုး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 26,
      "text": "တေရ​သည် အသက်​ခုနစ်ဆယ်​ရှိ​သောအခါ သား​အာဗြံ​၊ နာခေါ်​နှင့်​ဟာရန်​တို့​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 27,
      "text": "တေရ​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ တေရ​သည် သား​အာဗြံ​၊ နာခေါ်​၊ ဟာရန်​တို့​ကို​ရ​၏​။ ဟာရန်​သည် သား​လောတ​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 28,
      "text": "ဟာရန်​သည် မိမိ​မွေးရပ်​မြေ​ဖြစ်​သည့် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​၌ မိမိ​ဖခင်​တေရ​ထက်​စော​၍ သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 29,
      "text": "အာဗြံ​နှင့်​နာခေါ်​တို့​သည် မိန်းမ​ယူ​ကြ​၏​။ အာဗြံ​၏​မယား​အမည်​မှာ စာရဲ ဖြစ်​၏​။ နာခေါ်​၏​မယား​အမည်​မှာ မိလခါ ဖြစ်​ပြီး သူ​သည် ဟာရန်​၏​သမီး​ဖြစ်​၏​။ ဟာရန်​သည် မိလခါ​နှင့်​ဣသခါ​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 30,
      "text": "စာရဲ​မူကား မြုံ​သော​မိန်းမ​ဖြစ်၍ သားသမီး​မ​ရှိ​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 31,
      "text": "တေရ​သည် သား​အာဗြံ​၊ ဟာရန်​၏​သား​ဖြစ်​သော မိမိ​၏​မြေး​လောတ​နှင့် သား​အာဗြံ​၏​မယား​ဖြစ်​သော မိမိ​၏​ချွေးမ စာရဲ​တို့​ကို​ခေါ်​၍ ခါနာန်​ပြည်​သို့​သွား​ရန် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​မှ​ထွက်ခွာ​လေ​၏​။ သို့သော် ဟာရန်​မြို့​သို့​ရောက်​သောအခါ ထို​မြို့​၌​အခြေချ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 32,
      "text": "တေရ​အသက်ရှင်​ခဲ့​သော​နှစ်​ပေါင်း​မှာ နှစ်ရာ့​ငါး​နှစ်​ဖြစ်​၏​။ ထို့နောက် တေရ​သည် ဟာရန်​မြို့​၌ သေဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 1,
      "text": "ထာဝရဘုရား​က အာဗြံ​အား “​သင်​သည် သင့်​ပြည်​မှ​လည်းကောင်း​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထဲမှ​လည်းကောင်း​၊ သင့်​ဖခင်​၏​အိမ်​မှ​လည်းကောင်း ထွက်ခွာ​၍ သင့်​ကို​ငါ​ပြ​မည့်​ပြည်​သို့​သွား​လော့​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 2,
      "text": "ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 3,
      "text": "သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​ကို ငါ​ကောင်းချီးပေး​၍ သင့်​ကို​ကျိန်ဆဲ​သော​သူ​ကို ငါ​ကျိန်ဆဲ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ မျိုးနွယ်စု​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 4,
      "text": "ထိုအခါ အာဗြံ​သည် မိမိ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထွက်ခွာ​လေ​၏​။ လောတ​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​၏​။ အာဗြံ​သည် ဟာရန်​မြို့​မှ​ထွက်လာ​သောအခါ အသက်​ခုနစ်ဆယ့်​ငါး​နှစ်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 5,
      "text": "အာဗြံ​သည် မိမိ​မယား​စာရဲ​နှင့် မိမိ​တူ​လောတ​ကို​လည်းကောင်း​၊ သူ​တို့​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ဟာရန်​မြို့​၌ ရရှိ​သော​လူ​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ခါနာန်​ပြည်​သို့​သွား​ရန်​ထွက်ခွာ​လေ​၏​။ ထို့နောက် သူ​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 6,
      "text": "အာဗြံ​သည် ထို​ပြည်​ကို​ဖြတ်သွား​၍ ရှေခင်​အရပ်​၊ မောရေ​တောင်ကုန်း​ရှိ ဝက်သစ်ချပင်​တိုင်အောင် ရောက်​လေ​၏​။ ထို​ကာလ​တွင် ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌​ရှိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 7,
      "text": "ထာဝရဘုရား​သည် အာဗြံ​အား ကိုယ်ထင်ရှားပြ​၍ “​ဤ​ပြည်​ကို သင်​၏​အမျိုးအနွယ်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ အာဗြံ​သည်​လည်း မိမိ​အား ကိုယ်ထင်ရှားပြ​တော်မူ​သော​ထာဝရဘုရား​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို တည်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 8,
      "text": "ထို့နောက် သူ​သည် ထို​အရပ်​မှ ဗေသလ​မြို့​အရှေ့ဘက်​ရှိ တောင်ပေါ်ဒေသ​သို့​ရွှေ့ပြောင်း​၍ တဲ​ကို​ဆောက်​လေ​၏​။ ထို​အရပ်​၏​အနောက်ဘက်​တွင် ဗေသလ​မြို့​၊ အရှေ့ဘက်​တွင်​အာဣ​မြို့​ရှိ​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 9,
      "text": "တစ်ဖန် အာဗြံ​သည် ထိုမှ​ထွက်ခွာ​လာ​၍ နေဂေ့​အရပ်​သို့ ဆက်၍​ခရီးပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 10,
      "text": "ထို့နောက် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​၏​။ ထို​ပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခိုနေထိုင်​ရန် ဆင်းသွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 11,
      "text": "အီဂျစ်​ပြည်​သို့ ရောက်​လု​နီး​သောအခါ သူ​သည် မိမိ​မယား​စာရဲ​အား “​ကြည့်ရှု​လော့​။ သင်​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 12,
      "text": "အီဂျစ်​ပြည်သား​တို့​သည် သင့်​ကို​တွေ့မြင်​သောအခါ ‘​ဤ​အမျိုးသမီး​သည် သူ​၏​မယား​ဖြစ်​၏​’​ဟု ဆို​လျက် ငါ့​ကို​သတ်​၍ သင့်​ကို​အသက်ချမ်းသာ​ပေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 13,
      "text": "သို့ဖြစ်၍ သင်​သည် ငါ့​နှမ​ဖြစ်​သည်​ဟု ပြော​ပါ​။ ထိုသို့​ပြော​လျှင် သင့်​အတွက်ကြောင့် ငါ​သည်​ကောင်းစား​၍ ငါ့​အသက်​သည်​လည်း သင့်​ကြောင့် ချမ်းသာ​ရာ​ရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 14,
      "text": "အီဂျစ်​ပြည်​သို့ အာဗြံ​ရောက်​သောအခါ စာရဲ​သည် အလွန်​လှပ​သော​အမျိုးသမီး​ဖြစ်​သည်​ကို အီဂျစ်​ပြည်သား​တို့​တွေ့မြင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 15,
      "text": "ဖာရော​မင်းကြီး​၏​မှူးမတ်​တို့​သည်​လည်း ထို​အမျိုးသမီး​ကို​တွေ့မြင်​၍ ဖာရော​မင်းကြီး​ရှေ့​၌ သူ့​အကြောင်း​ကို​ချီးကျူးပြောဆို​သဖြင့် သူ​သည် ဖာရော​မင်းကြီး​၏​နန်းတော်​သို့ သိမ်းယူ​ခြင်း​ခံရ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 16,
      "text": "ဖာရော​မင်းကြီး​သည် စာရဲ​ကြောင့် အာဗြံ​ကို​ကောင်းစား​စေ​သဖြင့် အာဗြံ​သည် သိုးအုပ်​၊ နွားအုပ်​၊ မြည်းထီး​၊ မြည်းမ​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 17,
      "text": "သို့သော် ထာဝရဘုရား​သည် အာဗြံ​၏​မယား​စာရဲ​အတွက်ကြောင့် ဖာရော​မင်းကြီး​နှင့် သူ​၏​နန်းတော်သူ​နန်းတော်သား​တို့​အပေါ် ကြီးစွာ​သော​ဘေးဒဏ်​ကို​ကျရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 18,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် အာဗြံ​ကို​ဆင့်ခေါ်​၍ “​ငါ​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ သူ​သည် သင်​၏​မယား​ဖြစ်ကြောင်း ငါ့​ကို အဘယ်ကြောင့်​မ​ပြော​သနည်း​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 19,
      "text": "သူ့​ကို​ငါ​၏​မယား​အဖြစ်​ယူ​မိ​စေရန် ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ငါ့​ကို အဘယ်ကြောင့် ပြော​ရ​သနည်း​။ သင်​၏​မယား​ကို ယခု​ခေါ်​၍ ထွက်သွား​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 20,
      "text": "ထို့နောက် ဖာရော​မင်းကြီး​သည် သူ့​လူ​တို့​ကို အာဗြံ​နှင့်​ပတ်သက်၍​မှာကြား​လိုက်​သဖြင့် သူ​တို့​သည် အာဗြံ​ကို သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ ထွက်ခွာ​စေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 1,
      "text": "အာဗြံ​သည် သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ လောတ​ပါ​လျက် အီဂျစ်​ပြည်​မှ​ထွက်​၍ နေဂေ့​အရပ်​သို့ သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 2,
      "text": "အာဗြံ​သည် တိရစ္ဆာန်​မှစ၍ ရွှေ​၊ ငွေ​တို့​ဖြင့် အလွန်​ကြွယ်ဝ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 3,
      "text": "သူ​သည် နေဂေ့​အရပ်​မှ ဗေသလ​မြို့​သို့ ခရီး​ဆက်သွား​၍ ဗေသလ​မြို့​နှင့်​အာဣ​မြို့​ကြား​၊ ယခင်​က သူ​တဲ​ဆောက်​ခဲ့​ရာ​အရပ်​၊"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 4,
      "text": "ယခင်​က ယဇ်ပလ္လင်​တည်​ခဲ့​ရာ​အရပ်​သို့ ရောက်​လေ​၏​။ ထို​အရပ်​တွင် အာဗြံ​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 5,
      "text": "အာဗြံ​နှင့်အတူ​လိုက်လာ​သော​လောတ​တွင်​လည်း သိုးအုပ်​၊ နွားအုပ်​နှင့် တဲ​များ​ရှိ​သဖြင့်"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 6,
      "text": "ထို​သူ​နှစ်​ဦး​တို့​သည် အတူတကွ​နေထိုင်​ရန် မြေ​မ​လုံလောက်​ပေ​။ အကြောင်းမူကား သူ​တို့​၏​ဥစ္စာ​အလွန်​များပြား​သဖြင့် သူ​တို့​သည် အတူတကွ​နေထိုင်​ရန် မ​ဖြစ်နိုင်​တော့​ချေ​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 7,
      "text": "အာဗြံ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် လောတ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌ ခိုက်ရန်ဖြစ်ပွား​ခြင်း​ရှိ​ကြ​၏​။ (​ထို​ကာလ​တွင် ခါနာန်​လူမျိုး​နှင့်​ဖေရဇိ​လူမျိုး​တို့​သည် ထို​ပြည်​၌​နေထိုင်​လျက်​ရှိ​ကြ​၏​။​)"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 8,
      "text": "ထို့ကြောင့် အာဗြံ​က လောတ​အား “​ငါ​တို့​သည် ဆွေမျိုးသားချင်း ​ဖြစ်​ကြ​သောကြောင့် ငါ​နှင့်​သင့်​ကြား​၌​လည်းကောင်း​၊ ငါ​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​နှင့် သင်​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကြား​၌​လည်းကောင်း ခိုက်ရန်​ဖြစ်ပွား​ခြင်း​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 9,
      "text": "မြေ​တစ်ပြင်လုံး​သည် သင့်​ရှေ့​၌​ရှိ​သည်​မ​ဟုတ်​လော​။ ယခု ငါ​နှင့်​ခွဲ​၍​နေ​ပါ​။ သင်​သည် လက်ဝဲ​ဘက်​သို့​သွား​လျှင် ငါ​သည် လက်ယာ​ဘက်​သို့​သွား​မည်​။ သင်​သည် လက်ယာ​ဘက်​သို့​သွား​လျှင် ငါ​သည် လက်ဝဲ​ဘက်​သို့​သွား​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 10,
      "text": "လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 11,
      "text": "ထို့ကြောင့် လောတ​သည် ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို မိမိ​အတွက် ရွေးချယ်​လေ​၏​။ ထို့နောက် လောတ​သည် အရှေ့ဘက်​သို့​ရွှေ့ပြောင်း​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး ခွဲခွာ​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 12,
      "text": "အာဗြံ​သည် ခါနာန်​ပြည်​၌​နေ​လေ​၏​။ လောတ​မူကား သောဒုံ​မြို့​တိုင်အောင် တဲ​ကို​ရွှေ့​၍ မြစ်ဝှမ်း​ရှိ​မြို့​တို့​တွင်​နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 13,
      "text": "သောဒုံ​မြို့သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အလွန်​ဆိုးညစ်​၍ အပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 14,
      "text": "လောတ​သည် အာဗြံ​နှင့်​ခွဲခွာ​သွား​ပြီးနောက် ထာဝရဘုရား​က အာဗြံ​အား “​ယခု​မျှော်ကြည့်​လော့​။ သင်​ရှိ​ရာ​အရပ်​မှ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့​ကြည့်​လော့​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 15,
      "text": "အကြောင်းမူကား သင်​မြင်​ရ​သော​မြေ​အားလုံး​ကို ငါ​သည် သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ကာလ​အစဉ်အဆက် ပိုင်ဆိုင်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 16,
      "text": "ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို မြေမှုန့်​ကဲ့သို့​များပြား​စေ​မည်​။ သို့ဖြစ်၍ တစ်စုံတစ်ယောက်​သည် မြေမှုန့်​ကို​ရေတွက်​နိုင်​လျှင် သင်​၏​သားစဉ်မြေးဆက်​ကို​လည်း ရေတွက်​နိုင်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 17,
      "text": "ထ​လော့​၊ ဤ​မြေ​ကို အလျား​တစ်လျှောက်​၊ အနံ​တစ်လျှောက် လျှောက်သွား​လော့​။ ထို​မြေ​ကို သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 18,
      "text": "ထို့ကြောင့် အာဗြံ​သည် သူ​၏​တဲ​ကို​ရွှေ့​၍ ဟေဗြုန်​မြို့​ရှိ မံရေ​ဝက်သစ်ချပင်​များ​အနီး​၌ သွားရောက်​နေထိုင်​၏​။ သူ​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 1,
      "text": "ရှိနာ​ဘုရင်​အံရဖေလ​မင်းကြီး​၊ ဧလာသာ​ဘုရင်​အာရုတ်​မင်းကြီး​၊ ဧလံ​ဘုရင်​ခေဒေါရလောမာ​မင်းကြီး​နှင့် ဂေါအိမ်​ဘုရင်​တိဒလ​မင်းကြီး​တို့​အုပ်စိုး​သော​ကာလ​၌"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 2,
      "text": "သူ​တို့​သည် သောဒုံ​ဘုရင်​ဗေရ​မင်းကြီး​၊ ဂေါမောရ​ဘုရင်​ဗိရရှ​မင်းကြီး​၊ အာဒမာ​ဘုရင်​ရှိနပ်​မင်းကြီး​၊ ဇေဘိုင်​ဘုရင်​ရှေမဘာ​မင်းကြီး​၊ ဗေလ​(​ဇောရ)​ဘုရင်​တို့​နှင့် စစ်တိုက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 3,
      "text": "ဤ​ဘုရင်​ငါး​ပါး​စလုံး​သည် ဆား​ပင်လယ်​တည်းဟူသော စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ မဟာမိတ်ဖွဲ့​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 4,
      "text": "ဤ​ဘုရင်​တို့​သည် ခေဒေါရလောမာ​မင်းကြီး​ထံ တစ်ဆယ့်​နှစ်​နှစ်​ကျွန်ခံ​ပြီး တစ်ဆယ့်​သုံး​နှစ်​မြောက်​တွင် ပုန်ကန်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 5,
      "text": "တစ်ဆယ့်​လေး​နှစ်​မြောက်​တွင် ခေဒေါရလောမာ​မင်းကြီး​သည် မဟာမိတ်​ဘုရင်​တို့​နှင့်တကွ​ချီတက်​လာ​၍ အာရှတရုတ်ကာနိမ်​မြို့​၌ ရေဖိမ်​လူမျိုး​ကို​လည်းကောင်း​၊ ဟာမ​မြို့​၌ ဇူဇိမ်​လူမျိုး​ကို​လည်းကောင်း​၊ ရှာဗက်​ကိရယသိမ်​မြို့​၌ ဧမိမ်​လူမျိုး​ကို​လည်းကောင်း​၊"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 6,
      "text": "စိရ​တောင်​ပေါ်၌ ဟောရိ​လူမျိုး​တို့​ကို​လည်းကောင်း တိုက်ခိုက်​ရာ တောကန္တာရ​အနီး​ရှိ ဧလပါရန်​အရပ်​တိုင်အောင်​ရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 7,
      "text": "ထို့နောက် သူ​တို့​သည် ပြန်လှည့်​လာ​၍ ကာဒေရှ​တည်းဟူသော အင်မိရှပတ်​အရပ်​သို့​ရောက်လာ​ကြ​ပြီးလျှင် အာမလက်​လူမျိုး​၏​နယ်မြေ​တစ်ခုလုံး​နှင့် ဟာဇဇုန္တာမာ​မြို့​၌​နေထိုင်​သော​အာမောရိ​လူမျိုး​ကို တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 8,
      "text": "ထိုအခါ သောဒုံ​ဘုရင်​၊ ဂေါမောရ​ဘုရင်​၊ အာဒမာ​ဘုရင်​၊ ဇေဘိုင်​ဘုရင်​နှင့် ဗေလ​(​ဇောရ)​ဘုရင်​တို့​သည် ချီတက်​၍ သူ​တို့​နှင့် စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌​စစ်ခင်း​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 9,
      "text": "ထိုသို့ ဧလံ​ဘုရင်​ခေဒေါရလောမာ​မင်းကြီး​၊ ဂေါအိမ်​ဘုရင်​တိဒလ​မင်းကြီး​၊ ရှိနာ​ဘုရင်​အံရဖေလ​မင်းကြီး​၊ ဧလာသာ​ဘုရင်​အာရုတ်​မင်းကြီး​ဟူသော ဘုရင်​လေး​ပါး​တို့​နှင့် ထို​ဘုရင်​ငါး​ပါး​တို့​သည် စစ်ခင်း​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 10,
      "text": "စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ ကတ္တရာစေး​တွင်း​ပေါများ​သဖြင့် သောဒုံ​ဘုရင်​နှင့်​ဂေါမောရ​ဘုရင်​တို့​သည်​ထွက်ပြေး​ကြ​သောအခါ ထို​တွင်း​များ​ထဲသို့​ကျ​လေ​၏​။ ကျန်​သော​သူ​တို့​သည် တောင်​ပေါ်သို့​ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 11,
      "text": "ထိုအခါ အောင်ပွဲရ​ဘုရင်​တို့​သည် သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​မှ​ဥစ္စာ​ရှိသမျှ​၊ အစားအစာ​ရှိသမျှ​တို့​ကို​သိမ်းယူ​၍ ထွက်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 12,
      "text": "သောဒုံ​မြို့​၌​နေထိုင်​သော အာဗြံ​၏​တူ​လောတ​နှင့် သူ​၏​ဥစ္စာ​တို့​ကို​လည်း​သိမ်းယူ​၍ ထွက်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 13,
      "text": "လွတ်မြောက်​လာ​သူ​တစ်​ယောက်​သည် အာမောရိ​လူမျိုး​မံရေ​ပိုင်​သည့်​ဝက်သစ်ချတော​အနီး​၌​နေထိုင်​သော ဟေဗြဲ​လူမျိုး အာဗြံ​ထံသို့​လာ​၍ သတင်းပို့​လေ​၏​။ မံရေ​သည် ဧရှကောလ​နှင့် အာနေရ​တို့​၏​အစ်ကို​ဖြစ်​ပြီး သူ​တို့​သည် အာဗြံ​နှင့်​မဟာမိတ်​ဖွဲ့​ထား​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 14,
      "text": "အာဗြံ​သည် မိမိ​ဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြောင်း ကြား​သောအခါ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်​ကြ​သည့် မိမိ​လေ့ကျင့်​ထား​သော​လူ သုံး​ရာ​တစ်ဆယ့်​ရှစ်​ယောက်​ကို​ခေါ်​၍ ဒန်​မြို့​တိုင်အောင် လိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 15,
      "text": "သူ​သည် ညအချိန်​တွင် သူ​၏​အစေအပါး​တို့​ကို​လူစု​ခွဲ​၍ ရန်သူ​တို့​ကို​တိုက်ခိုက်​ကာ ဒမတ်စကပ်​မြို့​မြောက်ဘက်​ရှိ ဟောဘ​မြို့​တိုင်အောင် သူ​တို့​ကို​လိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 16,
      "text": "ဤသို့ဖြင့် သူ​သည် ဥစ္စာ​ရှိသမျှ​ကို​ပြန်ရ​၍ မိမိ​ဆွေမျိုးသားချင်း​လောတ​နှင့် သူ​၏​ဥစ္စာ​ကို​လည်းကောင်း​၊ မိန်းမ​များ​နှင့် လူ​များ​ကို​လည်းကောင်း ပြန်ရ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 17,
      "text": "ခေဒေါရလောမာ​မင်းကြီး​မှစ၍ သူ​၏​မဟာမိတ်​ဘုရင်​တို့​ကို လုပ်ကြံ​ရာ​မှ အာဗြံ​ပြန်လာ​သောအခါ သောဒုံ​ဘုရင်​သည် သူ့​ကို​ကြိုဆို​ရန် ဘုရင့်​ချိုင့်ဝှမ်း​တည်းဟူသော ရှာဗက်​ချိုင့်ဝှမ်း​သို့ ထွက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 18,
      "text": "ဆလင်​ဘုရင်​မေလခိဇေဒက်​မင်းကြီး​သည်​လည်း မုန့်​နှင့်​စပျစ်ဝိုင်​ကို​ယူဆောင်​ခဲ့​၏​။ သူ​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 19,
      "text": "သူ​သည် အာဗြံ​ကို​ကောင်းချီးပေး​လျက် “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း ​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အာဗြံ​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 20,
      "text": "သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့ အပ်နှံ​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု မြွက်ဆို​လေ​၏​။ အာဗြံ​သည်​လည်း ရှိသမျှ​သော​အရာ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ပေးလှူ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 21,
      "text": "သောဒုံ​ဘုရင်​က “​လူ​တို့​ကို ငါ့​အား​ပြန်ပေး​ပါ​။ ဥစ္စာ​တို့​ကို​ကား သင့်​အဖို့​ယူ​ပါ​လော့​”​ဟု အာဗြံ​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 22,
      "text": "သို့သော် အာဗြံ​က “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​ထာဝရဘုရား​ထံသို့ အကျွန်ုပ်​လက်​ကို​မြှောက်​၍ တိုင်တည်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 23,
      "text": "‘​ငါ​သည် အာဗြံ​ကို​ချမ်းသာကြွယ်ဝ​စေ​ပြီ​’​ဟု မင်းကြီး​ဆိုစရာ​မ​ရှိ​စေရန် မင်းကြီး​ပိုင်ဆိုင်​သော​အရာ​အားလုံး​ထဲမှ အပ်ချည်​တစ်​မျှင်​၊ သည်းကြိုး​တစ်​ချောင်း​ကို​မျှ အကျွန်ုပ်​မ​ယူ​ပါ​။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 24,
      "text": "ငယ်သား​တို့​စား​သော​အရာ​နှင့် အကျွန်ုပ်​နှင့်အတူ​လိုက်​ခဲ့​သော အာနေရ​၊ ဧရှကောလ​နှင့် မံရေ​တို့​၏​ဝေစု​ကို​သာ ယူ​ပါ​မည်​။ သူ​တို့​ဝေစု​ကို​သူ​တို့​ယူ​ကြ​ပါစေ​”​ဟု သောဒုံ​ဘုရင်​အား ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 1,
      "text": "ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် စိတ်အာရုံ​အားဖြင့် အာဗြံ​ထံသို့​ရောက်လာ​၍ “​အာဗြံ​၊ မ​ကြောက်​နှင့်​။ ငါ​သည် သင်​၏​ဒိုင်းလွှား​ဖြစ်​၏​။ သင်​ရရှိ​မည့်​ဆုလာဘ်​သည် အလွန်​ကြီးမား​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 2,
      "text": "အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် သားသမီး​မ​ထွန်းကား​ဘဲ​နေ​ရ​သဖြင့် ဒမတ်စကပ်​မြို့သား​ဧလျေဇာ​သည် အကျွန်ုပ်​၏​အိမ်​ကို​အမွေဆက်ခံသူ​ဖြစ်​ရ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​အား မည်သည့်​အရာ​ကို​ပေး​တော်မူ​မည်နည်း​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 3,
      "text": "တစ်ဖန် အာဗြံ​က “​ကိုယ်တော်​သည် အကျွန်ုပ်​အား မျိုးဆက်​ကို​ပေး​တော်​မ​မူ​သဖြင့် အကျွန်ုပ်​၏​ကျွန်သပေါက်​သည် အကျွန်ုပ်​၏​အမွေခံ​ဖြစ်​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 4,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အာဗြံ​ထံသို့​ရောက်လာ​၍ “​ထို​သူ​သည် သင်​၏​အမွေခံ​မ​ဖြစ်​ရ​။ သင့်​ကိုယ်​မှ​ပေါက်ဖွား​သော​သူ ​သာလျှင် သင်​၏​အမွေခံ​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 5,
      "text": "ထို့နောက် ကိုယ်တော်​သည် သူ့​ကို အပြင်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “​မိုးကောင်းကင်​ကို​မော့ကြည့်​လော့​။ ကြယ်​များ​ကို ရေတွက်​နိုင်​လျှင် ရေတွက်​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ကိုယ်တော်​က “​သင်​၏​သားစဉ်မြေးဆက်​သည် ထိုသို့​ဖြစ်​လိမ့်မည်​” ​ဟု သူ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 6,
      "text": "အာဗြံ​သည် ထာဝရဘုရား​ကို ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 7,
      "text": "တစ်ဖန် ကိုယ်တော်​က “​ငါ​သည် သင့်​အား ဤ​ပြည်​ကို​ပေး​၍​ပိုင်ဆိုင်​စေရန် ခါလဒဲ​လူမျိုး​တို့​ပိုင်​သော​ဥရ​မြို့​မှ သင့်​ကို​ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု အာဗြံ​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 8,
      "text": "အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ ဤ​ပြည်​ကို အကျွန်ုပ်​ပိုင်ဆိုင်​ရ​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း​”​ဟု မေးလျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 9,
      "text": "ကိုယ်တော်​က​လည်း “​သုံးနှစ်သား​နွားမတမ်း​တစ်​ကောင်​၊ သုံးနှစ်သား​ဆိတ်မ​တစ်​ကောင်​၊ သုံးနှစ်သား​သိုးထီး​တစ်​ကောင်​၊ ချိုးငှက်​တစ်​ကောင်​နှင့် ခိုငယ်​တစ်​ကောင်​တို့​ကို ငါ့​ထံသို့ ယူ​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 10,
      "text": "ထိုအခါ အာဗြံ​သည် ထာဝရဘုရား​ထံ​တော်​သို့ ထို​တိရစ္ဆာန်​အပေါင်း​တို့​ကို​ယူ​ခဲ့​၍ ၎င်း​တို့​ကို ထက်ဝက်​စီ​ခြမ်း​ပြီးလျှင် တစ်ဖက်တစ်ချက်​၌ ယှဉ်​ထား​လေ​၏​။ ငှက်​တို့​ကို​မူကား မ​ခြမ်း​ဘဲ​ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 11,
      "text": "အသားစားငှက်​တို့​သည် ထို​အသေကောင်​တို့​အပေါ်​သို့ ဆင်းလာ​သောအခါ အာဗြံ​သည် ၎င်း​တို့​ကို မောင်းထုတ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 12,
      "text": "နေဝင်​သောအခါ အာဗြံ​သည် အိပ်မောကျ​၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်​သော​အမှောင်ထု​ကြီး​သည် သူ့​အပေါ်​သို့​ကျရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 13,
      "text": "ထိုအခါ ထာဝရဘုရား​က အာဗြံ​အား “​သင်​၏​သားမြေးစဉ်ဆက်​တို့​သည် မိမိ​တို့​မ​ပိုင်​သော​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​၍ ထို​ပြည်​၌ ကျွန်ခံ​ရ​ကြ​မည်​ဖြစ်ကြောင်း​နှင့် ထို​ပြည်သား​တို့​သည် သူ​တို့​ကို အနှစ်​လေး​ရာ​ပတ်လုံး နှိပ်စက်​ကြ​မည်​ဖြစ်ကြောင်း အမှန်​သိမှတ်​လော့​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 14,
      "text": "သို့သော် သူ​တို့​ကို ကျွန်ပြု​မည့်​လူမျိုး​ကို ငါ​စစ်ကြောစီရင်​မည်​။ ထို့နောက်မှ သူ​တို့​သည် များစွာ​သော​ဥစ္စာ​နှင့်တကွ ထွက်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 15,
      "text": "သင်​မူကား သင်​၏​ဘိုးဘေး​တို့​ထံသို့ ငြိမ်ဝပ်​စွာ​သွား​ရ​မည်​။ အိုမင်းရင့်ရော်​ပြီးမှ သေဆုံး​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 16,
      "text": "သူ​တို့​သည် မျိုးဆက်​လေးဆက်မြောက်​မှ ဤ​အရပ်​သို့​ပြန်လာ​ကြ​လိမ့်မည်​။ အကြောင်းမူကား အာမောရိ​လူမျိုး​တို့​၏​ဒုစရိုက်​သည် မ​ပြည့်စုံ​သေး​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 17,
      "text": "နေဝင်​၍ မှောင်​လာ​သောအခါ မီးခိုး​ထွက်​နေ​သော​မီးဖို​နှင့် မီးတောက်​နေ​သော​မီးတိုင်​သည် ထို​ပိုင်း​ထား​သော​အသေကောင်​တို့​အလယ်​၌ ဖြတ်သွား​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 18,
      "text": "ထို​နေ့​၌ ထာဝရဘုရား​က အာဗြံ​အား “​အီဂျစ်​မြစ်​မှစ၍ ယူဖရေးတီး​မြစ် ​ကြီး​တိုင်အောင် ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 19,
      "text": "ထို​ပြည်​မှာ ကေနိ​လူမျိုး​၊ ကေနဇိ​လူမျိုး​၊ ကာဒမောနိ​လူမျိုး​၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 20,
      "text": "ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ရေဖိမ်​လူမျိုး​၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 21,
      "text": "အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​၏​”​ဟု မိန့်ဆို​၍ ပဋိညာဉ်​ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 1,
      "text": "အာဗြံ​၏​မယား​စာရဲ​သည် အာဗြံ​အတွက် သားသမီး​မ​မွေးဖွား​ပေး​နိုင်​ချေ​။ စာရဲ​တွင် ဟာဂရ​အမည်​ရှိ​သော အီဂျစ်​လူမျိုး​ကျွန်မ​တစ်​ယောက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 2,
      "text": "ထို့ကြောင့် စာရဲ​က အာဗြံ​အား “​ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် အကျွန်ုပ်​အား သားသမီး​မွေးဖွား​ခွင့်​ပေး​တော်​မ​မူ​။ အကျွန်ုပ်​၏​ကျွန်မ​ထံသို့ ဝင်​ပါ​လော့​။ အကျွန်ုပ်​သည် သူ့​အားဖြင့် မိသားစု​တစ်ခု​တည်ဆောက်​နိုင်​ကောင်း​တည်ဆောက်​နိုင် ​လိမ့်မည်​”​ဟု ဆို​လျှင် အာဗြံ​သည်​လည်း စာရဲ​၏​စကား​ကို​နားထောင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 3,
      "text": "ဤသို့ဖြင့် အာဗြံ​သည် ခါနာန်​ပြည်​၌ ဆယ်​နှစ်​ကြာ​နေထိုင်​ပြီးနောက်​တွင် အာဗြံ​၏​မယား​စာရဲ​သည် မိမိ​ကျွန်မ အီဂျစ်​လူမျိုး​ဟာဂရ​ကို​ခေါ်​၍ မိမိ​ခင်ပွန်း​အာဗြံ​အား မယား​အဖြစ်​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 4,
      "text": "အာဗြံ​သည်​လည်း ဟာဂရ​ထံသို့​ဝင်​သဖြင့် ဟာဂရ​သည် ကိုယ်ဝန်ဆောင်​လေ​၏​။ ဟာဂရ​သည် မိမိ​ကိုယ်ဝန်​ရှိ​နေ​ကြောင်း​သိ​သောအခါ မိမိ​သခင်မ​ကို မထီလေးစားပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 5,
      "text": "သို့ဖြစ်၍ စာရဲ​က အာဗြံ​အား “​အကျွန်ုပ်​ခံရ​သော​မထီလေးစားပြု​ခြင်း​အမှု​သည် သခင့်​အပေါ်​ကျရောက်​ပါစေ​။ အကျွန်ုပ်​၏​ကျွန်မ​ကို သခင့်​ရင်ခွင်​၌ အကျွန်ုပ်​ပေးအပ်​ခဲ့​ပါ​သည်​။ သို့သော် သူ​သည် မိမိ​ကိုယ်ဝန်​ရှိ​နေ​ကြောင်း​သိ​သောအခါ အကျွန်ုပ်​ကို​မထီလေးစားပြု​ပါ​သည်​။ ထာဝရဘုရား​သည် အကျွန်ုပ်​နှင့်​သခင့်​ကြား​တွင် တရားသဖြင့်စီရင်​ပေး​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 6,
      "text": "အာဗြံ​က​လည်း “​ကြည့်ရှု​လော့​။ သင်​၏​ကျွန်မ​သည် သင့်​လက်​ထဲ၌​ရှိ​၏​။ သင်​အလိုရှိ​သည့်​အတိုင်း သူ့​ကို​ပြု​ပါ​”​ဟု စာရဲ​အား ဆို​၏​။ ထိုအခါ စာရဲ​သည် ဟာဂရ​ကို​နှိပ်စက်​သဖြင့် သူ​သည် စာရဲ​ထံမှ​ထွက်ပြေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 7,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် တောကန္တာရ​၌​ရှိ​သည့် စမ်းရေတွင်း​တည်းဟူသော ရှုရ​အရပ်​သို့​သွား​သော​လမ်း​၌​ရှိ​သည့် စမ်းရေတွင်း​နားမှာ ဟာဂရ​ကို​တွေ့​၍"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 8,
      "text": "“​စာရဲ​၏​ကျွန်မ ဟာဂရ​၊ သင်​သည် မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်နည်း​”​ဟု မေး​လေ​၏​။ သူ​က​လည်း “​ကျွန်မ​သည် ကျွန်မ​၏​သခင်မ စာရဲ​ထံမှ​ထွက်ပြေး​လာ​ပါ​သည်​”​ဟု ဖြေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 9,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း “​သင်​၏​သခင်မ​ထံသို့​ပြန်သွား​၍ သူ​၏​လက်​အောက်​၌​နှိမ့်ချရိုကျိုး​စွာ​နေ​လော့​”​ဟု သူ့​အား မြွက်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 10,
      "text": "တစ်ဖန် ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​ငါ​သည် သင်​၏​သားစဉ်မြေးဆက်​တို့​ကို အလွန်​များပြား​စေ​မည်​။ သူ​တို့​သည် များပြား​လှ​သဖြင့် မ​ရေ​မ​တွက်​နိုင်​အောင်​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 11,
      "text": "ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​ကြည့်ရှု​လော့​။ သင်​သည် ကိုယ်ဝန်ဆောင်​လျက်​ရှိ​၍ သား​ကို​မွေးဖွား​လိမ့်မည်​။ သူ​၏​အမည်​ကို ဣရှမေလ​ဟု​မှည့်ခေါ်​ရ​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြားသိ​တော်မူ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 12,
      "text": "သူ​သည် မြည်းရိုင်း​ကဲ့သို့သော​သူ​ဖြစ်​ပြီး သူ​သည် လူ​တိုင်း​ကို​ဆန့်ကျင်​လိမ့်မည်​။ လူ​တိုင်း​သည်​လည်း သူ့​ကို​ဆန့်ကျင်​လိမ့်မည်​။ သူ​သည် မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ရန်ဘက်ပြု​လျက် ​နေထိုင်​လိမ့်မည်​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 13,
      "text": "သို့ဖြစ်၍ ဟာဂရ​က “​ငါ့​ကို မြင်​တော်မူ​သော​အရှင်​ကို ဤ​အရပ်​၌​ပင် ငါ​ဖူးမြင်​ရ​သည်​တကား​”​ဟု ဆို​လျက် မိမိ​အား​မိန့်မြွက်​တော်မူ​သော ထာဝရဘုရား​၏​နာမ​တော်​ကို “​ကိုယ်တော်​သည် အကျွန်ုပ်​ကို​မြင်​တော်မူ​သော​ဘုရား​ပေတည်း​”​ဟု ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 14,
      "text": "ထို့ကြောင့် ထို​ရေတွင်း​ကို ဗေရလဟဲရော ဟု​ခေါ်​၏​။ ၎င်း​သည် ကာဒေရှ​အရပ်​နှင့် ဗေရက်​အရပ်​ကြား​၌​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 15,
      "text": "ထို့နောက် ဟာဂရ​သည် အာဗြံ​အတွက် သားယောက်ျား​ကို​မွေးဖွား​၏​။ အာဗြံ​သည်​လည်း ဟာဂရ​မွေးဖွား​သော မိမိ​သား​၏​အမည်​ကို ဣရှမေလ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 16,
      "text": "ဟာဂရ​သည် အာဗြံ​အတွက် ဣရှမေလ​ကို​မွေးဖွား​သောအခါ အာဗြံ​သည် အသက်​ရှစ်ဆယ့်​ခြောက်​နှစ်​ရှိ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 1,
      "text": "အာဗြံ​သည် အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​သောအခါ ထာဝရဘုရား​သည် အာဗြံ​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ ငါ့​ရှေ့မှောက်​၌ အသက်ရှင်​လျှောက်လှမ်း​လော့​။ အပြစ်တင်စရာမရှိ​အောင်​နေ​လော့​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 2,
      "text": "ငါ​နှင့်​သင်​ကြား​၌ ပဋိညာဉ်​ကို​ပြု​၍ သင့်​ကို​အလွန်တရာ​တိုးပွား​စေ​မည်​”​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 3,
      "text": "အာဗြံ​သည် ပျပ်ဝပ်​လျက်​နေ​၏​။ ဘုရားသခင်​က"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 4,
      "text": "“​ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​နှင့်အတူ​ရှိ​စေ​မည်​။ သင်​သည် များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 5,
      "text": "သင်​၏​အမည်​ကို နောက်တစ်ဖန် အာဗြံ ​ဟု​မ​ခေါ်​ရ​။ သင်​၏​အမည်​သည် အာဗြဟံ ​ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 6,
      "text": "ငါ​သည် သင့်​ကို အလွန့်အလွန်​ပွားများ​စေ​မည်​။ သင့်​ကို လူမျိုး​အများ​ဖြစ်​စေ​မည်​။ သင့်​ထဲမှ ရှင်ဘုရင်​များ​ပေါ်ပေါက်​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 7,
      "text": "ငါ​သည် သင်​မှစ၍ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​၏​ဘုရားသခင်​ဖြစ်​မည့်​အကြောင်း ငါ​၏​ပဋိညာဉ်​ကို ငါ​နှင့်​သင်​ကြား​၌​လည်းကောင်း​၊ နောင်လာမည့် သင့်​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း တည်​စေ​၍ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​၌ ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 8,
      "text": "သင်​တည်းခိုနေထိုင်​သော​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​တစ်ပြည်လုံး​ကို သင်​နှင့်​နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 9,
      "text": "တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​မူကား သင်​မှစ၍ နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​တို့​သည် မျိုးဆက်​အစဉ်အဆက် ငါ​၏​ပဋိညာဉ်​ကို စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 10,
      "text": "ငါ​နှင့်​သင်​တို့​ကြား​၌​လည်းကောင်း​၊ နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​ကြား​၌​လည်းကောင်း သင်​တို့​စောင့်ထိန်း​ရ​မည့် ငါ​၏​ပဋိညာဉ်​ကား ဤသို့​တည်း​။ သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 11,
      "text": "သင်​တို့​သည် သင်​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ ၎င်း​သည် ငါ​နှင့်​သင်​တို့​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 12,
      "text": "သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် သင်​တို့​တွင်​ရှိ​သော​ယောက်ျား​တိုင်း​သည် အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​တစ်စုံတစ်ဦး​ထံမှ ငွေ​ဖြင့်​ဝယ်​ထား​သည့် သင်​၏​အမျိုးအနွယ်​မ​ဟုတ်​သော​သူ​ဖြစ်စေ ရှစ်​ရက်​သား​အရွယ်​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 13,
      "text": "သင်​၏​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်စေ​၊ သင်​၏​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​ဖြစ်စေ အရေဖျားလှီး​ခြင်း​ကို မုချ​ခံရ​မည်​။ ဤသို့အားဖြင့် ငါ​၏​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​အဖြစ် သင်​တို့​၏​အသား​တွင်​တည်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 14,
      "text": "အရေဖျားမလှီး​ထား​သော​ယောက်ျား​တည်းဟူသော မိမိ​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ထား​သော​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ထို​သူ​သည် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 15,
      "text": "တစ်ဖန် ဘုရားသခင်​က အာဗြဟံ​အား “​သင်​၏​မယား စာရဲ ကို​ကား သူ​၏​အမည်​ကို စာရဲ ဟု​မ​ခေါ်​ရ​။ သူ​၏​အမည်​မှာ စာရာ ဖြစ်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 16,
      "text": "ငါ​သည် သူ့​ကို​ကောင်းချီးပေး​မည်​။ ထိုမျှမက သူ့​အားဖြင့် သင့်​အား သား​ကို​ပေး​မည်​။ ငါ​သည် သူ့​ကို​ကောင်းချီးပေး​သဖြင့် သူ​သည် လူမျိုး​များ​၏​မိခင်​ဖြစ်လာ​မည်​။ သူ့​အားဖြင့် လူမျိုး​တကာ​တို့​၏​ရှင်ဘုရင်​များ​ပေါ်ထွန်း​လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 17,
      "text": "ထိုအခါ အာဗြဟံ​သည် ပျပ်ဝပ်​လျက် “​အသက်​တစ်ရာ​ရှိ​သော​သူ​သည် သား​ကို​ရ​နိုင်​ပါ​မည်လော​။ အသက်​ကိုးဆယ်​ရှိ​သော​စာရာ​သည်​လည်း သားဖွား​နိုင်​ပါ​မည်လော​”​ဟု စိတ်​ထဲ၌​တွေး​လျက် ရယ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 18,
      "text": "ထို့နောက် အာဗြဟံ​က “​ဣရှမေလ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အသက်ရှင်​ပါစေသော​”​ဟု ဘုရားသခင်​အား လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 19,
      "text": "ဘုရားသခင်​က​လည်း “​မှန်​ပေ​၏​။ သို့သော် သင်​၏​မယား​စာရာ​သည် သင့်​အတွက် သား​ကို​မွေးဖွား​လိမ့်မည်​။ သင်​သည် သူ​၏​အမည်​ကို ဣဇက် ​ဟု မှည့်ခေါ်​ရ​မည်​။ ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သူ​၌​တည်​စေ​၍ နောင်လာမည့် သူ​၏​သားစဉ်မြေးဆက်​တို့​အတွက် ထာဝရ​ပဋိညာဉ်​ဖြစ်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 20,
      "text": "ဣရှမေလ​အတွက် သင်​လျှောက်​သော​အရာ​ကို​လည်း ငါ​ကြား​ရ​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သူ့​ကို​ကောင်းချီးပေး​မည်​။ သူ့​ကို​ပွားများ​စေ​၍ အလွန့်အလွန်​တိုးပွား​စေ​မည်​။ သူ​သည် ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ပါး​တို့​၏​ဖခင် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သူ့​ကို​ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 21,
      "text": "သို့သော် ငါ​သည် နောင်​နှစ် သတ်မှတ်​ထား​သော​ဤ​အချိန်​တွင် သင့်​အတွက် စာရာ​မွေးဖွား​မည့်​ဣဇက်​၌ ငါ​၏​ပဋိညာဉ်​ကို​တည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 22,
      "text": "ဘုရားသခင်​သည် အာဗြဟံ​နှင့်​စကားပြော​တော်မူ​ပြီးနောက် သူ့​ထံမှ အထက်​သို့​တက်သွား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 23,
      "text": "ထိုအခါ အာဗြဟံ​သည် မိမိ​သား​ဣရှမေလ​မှစ၍ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ မိမိ​ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် အာဗြဟံ​၏​အိမ်သူအိမ်သား​များ​ထဲမှ ယောက်ျား​အားလုံး​ကို​ခေါ်​၍ မိမိ​အား ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ထို​နေ့​၌​ပင် သူ​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​မင်္ဂလာ​ကို ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 24,
      "text": "အာဗြဟံ​သည် မိမိ​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံ​သောအခါ အသက်​ကိုးဆယ့်​ကိုး​နှစ်​ရှိ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 25,
      "text": "သူ​၏​သား​ဣရှမေလ​ကား မိမိ​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံ​သောအခါ အသက်​တစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 26,
      "text": "အာဗြဟံ​နှင့် သူ​၏​သား​ဣရှမေလ​သည် ထို​နေ့​၌​ပင် အရေဖျားလှီး​ခြင်း​ကို​ခံ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 27,
      "text": "သူ​၏​အိမ်​၌​မွေးဖွား​သော​သူ​များ​၊ တိုင်းတစ်ပါးသား​ထံမှ ငွေ​ဖြင့်​ဝယ်ထား​သော​သူ​များ​စသည့် သူ​၏​အိမ်သူအိမ်သား​ယောက်ျား​အားလုံး​သည် သူ​နှင့်အတူ အရေဖျားလှီး​ခြင်း​ကို​ခံ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​သည် မံရေ​ဝက်သစ်ချပင်​များ​အနီး​၌ အာဗြဟံ​အား ကိုယ်ထင်ရှားပြ​တော်မူ​၏​။ နေရှိန်ပြင်း​သော​အချိန်​တွင် အာဗြဟံ​သည် တဲ​အဝင်ဝ​၌ ထိုင်​လျက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 2,
      "text": "သူ​သည် မျှော်ကြည့်​လိုက်​ရာ လူ​သုံး​ယောက်​သည် သူ​နှင့်​မလှမ်းမကမ်း​တွင်​ရပ်​နေ​ကြ​သည်​ကို မြင်​လေ​၏​။ အာဗြဟံ​သည် သူ​တို့​ကို​မြင်​သောအခါ ကြိုဆို​ရန် တဲ​အဝင်ဝ​မှ​ပြေးထွက်​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 3,
      "text": "“​အကျွန်ုပ်​၏​အရှင်​တို့​၊ အကျွန်ုပ်​သည် အရှင်​၏​ရှေ့​၌ မျက်နှာရ​သည်​ဆို​လျှင် အရှင်​၏​အစေအပါး​ကို​ကျော်​မ​သွား​ပါ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 4,
      "text": "ရေ​အနည်းငယ်​ယူ​ခဲ့​ပါရစေ​။ အရှင်​တို့​၏​ခြေ​ကို​ဆေး​ပြီး ဤ​သစ်ပင်​အောက်​၌​နား​ကြ​ပါ​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 5,
      "text": "စားစရာ​အနည်းငယ်​ကို​လည်း ယူလာ​ပါ​မည်​။ အရှင်​တို့​၏​အစေအပါး​ထံသို့​ရောက်လာ​ပြီ​ဖြစ်၍ အားဖြည့်​ပြီးမှ ခရီးဆက်​ကြ​ပါ​”​ဟု ဆို​လေ​၏​။ သူ​တို့​က​လည်း “​သင်​ပြော​သည့်​အတိုင်း​ပြု​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 6,
      "text": "ထိုအခါ အာဗြဟံ​သည် တဲ​ထဲ၌​ရှိ​သော​စာရာ​ထံသို့ အလျင်အမြန်​ဝင်သွား​ပြီး “​အကောင်းဆုံး​ဂျုံမှုန့် သုံး​စေအာ ​ကို​နယ်​၍ မုန့်ပြား​များ အမြန်​လုပ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 7,
      "text": "ထို့နောက် အာဗြဟံ​သည် နွားအုပ်​ရှိ​ရာ​သို့​ပြေး​၍ နုနယ်​ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို​ရွေးယူ​ပြီးလျှင် ငယ်သား​ထံ​အပ်​လိုက်​ရာ ထို​ငယ်သား​သည် အလျင်အမြန်​ချက်ပြုတ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 8,
      "text": "ထို့နောက်တွင် အာဗြဟံ​သည် ထောပတ်​နှင့်​နို့​ကို​လည်းကောင်း​၊ ချက်ပြုတ်​ထား​သော​အမဲဟင်း​ကို​လည်းကောင်း ယူ​၍ သူ​တို့​ရှေ့​၌​ချပေး​လေ​၏​။ သူ​တို့​စား​နေ​ကြ​စဉ် အာဗြဟံ​သည် သူ​တို့​အနား သစ်ပင်​အောက်​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 9,
      "text": "ထို​သူ​တို့​က “​သင်​၏​မယား​စာရာ​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု အာဗြဟံ​အား မေး​ကြ​လျှင် “​တဲ​ထဲ၌​ရှိ​ပါ​သည်​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 10,
      "text": "သူ​တို့​ထဲမှ တစ်​ယောက်​က “​နောင်နှစ် ဤသို့သော​အချိန်အခါ​၌ ငါ​သည် သင့်​ထံသို့ မုချ​ပြန်လာ​မည်​။ သင်​၏​မယား​စာရာ​သည်​လည်း သား​တစ်​ဦး​ကို​ရရှိ​လိမ့်မည်​” ​ဟု ဆို​လေ​၏​။ စာရာ​သည် ထို​သူ​၏​နောက်ဘက်​ရှိ တဲ​အဝင်ဝ​၌ နားထောင်​လျက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 11,
      "text": "အာဗြဟံ​နှင့်​စာရာ​သည် အသက်အရွယ်​ကြီးရင့်​လေ​ပြီ​။ စာရာ​သည် အမျိုးသမီး​ဓမ္မတာ​ကုန်ဆုံး​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 12,
      "text": "ထို့ကြောင့် စာရာ​က “​အိုမင်း​ပြီးမှ ငါ​၌ သာယာပျော်ရွှင်မှု​ရှိ​လိမ့်​မည်လော​။ ငါ့​သခင်​သည်​လည်း အသက်ကြီး​ပြီ​”​ဟု မိမိ​စိတ်​ထဲ၌ ရယ်​လျက်​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 13,
      "text": "ထိုအခါ ထာဝရဘုရား​က အာဗြဟံ​အား “​စာရာ​က ‘​အသက်ကြီး​သော​ငါ​သည် အမှန်ပင် သားဖွား​နိုင်​မည်လော​’​ဟု အဘယ်ကြောင့် ရယ်​လျက်​ဆို​ရ​သနည်း​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 14,
      "text": "ထာဝရဘုရား​အတွက် ခက်ခဲလွန်း ​သော​အမှု​တစ်စုံတစ်ခု​ရှိ​သလော​။ သတ်မှတ်​ထား​သော​အချိန်​တည်းဟူသော နောင်နှစ် ဤသို့သော​အချိန်အခါ​၌ ငါ​သည် သင့်​ထံသို့ ပြန်လာ​မည်​။ စာရာ​သည်​လည်း သား​တစ်​ဦး​ကို ရရှိ​လိမ့်မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 15,
      "text": "စာရာ​သည် ကြောက်​သဖြင့် “​ကျွန်မ မ​ရယ်​ပါ​”​ဟု ငြင်းဆို ​လေ​၏​။ ကိုယ်တော်​က​လည်း “​မ​ဟုတ်​ပါ​။ သင်​အမှန်ပင် ရယ်​သည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 16,
      "text": "ထို့နောက် ထို​လူ​တို့​သည် ထို​အရပ်​မှ​ထသွား​ပြီး သောဒုံ​မြို့​ကို​အပေါ်​စီး​မှ​ကြည့်​ကြ​၏​။ အာဗြဟံ​သည်​လည်း သူ​တို့​ကို​လိုက်ပို့​ရန် သူ​တို့​နှင့်အတူ​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 17,
      "text": "ထိုအခါ ထာဝရဘုရား​က “​ငါ​ပြု​မည့်​အရာ​ကို အာဗြဟံ​အား ငါ​ဖုံးကွယ်​ထား​ရ​မည်လော​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 18,
      "text": "အာဗြဟံ​သည် အမှန်ပင် ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​ဖြစ်လာ​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ လူမျိုး​အပေါင်း​တို့​သည်​လည်း သူ့​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 19,
      "text": "အကြောင်းမူကား အာဗြဟံ​သည် သူ​၏​သားသမီး​တို့​နှင့် နောင်လာမည့်​သူ​၏​အမျိုးအနွယ်​တို့​အား ဖြောင့်မတ်​သော​အမှု​၊ တရားမျှတ​သော​အမှု​ကို​ပြုကျင့်​၍ ထာဝရဘုရား​၏​လမ်း​တော်​ကို​စောင့်ထိန်း​ကြ​စေရန် မှာကြား​ခြင်း​အားဖြင့် သူ့​အား​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရာ​ကို သူ​၌​ပြည့်စုံ​စေ​မည့်​အကြောင်း သူ့​ကို ငါ​ရွေးကောက်​ထား​ပြီ ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 20,
      "text": "တစ်ဖန် ထာဝရဘုရား​က “​သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​၏​အော်ဟစ်သံ​သည် ပြင်းထန်​၍ သူ​တို့​၏​အပြစ်​သည် အလွန်​ကြီးလေး​သောကြောင့်"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 21,
      "text": "ငါ​ဆင်းသွား​၍ ငါ့​ထံသို့​ရောက်လာ​သည့် အော်ဟစ်ငိုကြွေးသံ​အတိုင်း သူ​တို့​အမှန်တကယ်​ပြု​သည်​၊ မ​ပြု​သည်​ကို ငါ​ကြည့်​မည်​။ ပြု​သည်​၊ မ​ပြု​သည်​ကို ငါ​သိ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 22,
      "text": "ထို​လူ​တို့​သည် ထို​အရပ်​မှ​လှည့်​၍ သောဒုံ​မြို့​သို့​သွား​ကြ​၏​။ အာဗြဟံ​မူကား ထာဝရဘုရား​၏​ရှေ့​တော်​၌ ဆက်၍​ရပ်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 23,
      "text": "အာဗြဟံ​သည် ချဉ်းကပ်​လာ​၍ “​ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ အမှန်ပင်​ဖျက်ဆီးသုတ်သင်​တော်မူ​မည်လော​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 24,
      "text": "ထို​မြို့​ထဲ​တွင် ဖြောင့်မတ်​သော​သူ အယောက်​ငါးဆယ်​ရှိ​လျှင် ကိုယ်တော်​သည် မြို့​ထဲ​ရှိ​ဖြောင့်မတ်​သော​သူ​အယောက်​ငါးဆယ်​အတွက် ထို​အရပ်​ကို ချမ်းသာ​မ​ပေး​ဘဲ အမှန်ပင်​ဖျက်ဆီးသုတ်သင်​တော်မူ​မည်လော​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 25,
      "text": "ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​နှင့်အတူ ကွပ်မျက်​သော​အမှု​မျိုး​ပြု​ခြင်း​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ဖြောင့်မတ်​သော​သူ​ကို ဆိုးယုတ်​သော​သူ​ကဲ့သို့ ခံစား​စေ​သော​အမှု​သည် ကိုယ်တော်​နှင့်​ဝေး​ပါစေ​။ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​တရားစီရင်​တော်မူ​သော​အရှင်​သည် တရားမျှတ​စွာ​ပြု​တော်မူ​မည်​မ​ဟုတ်​လော​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 26,
      "text": "ထာဝရဘုရား​က​လည်း “​သောဒုံ​မြို့​ထဲ၌ ဖြောင့်မတ်​သော​သူ​အယောက်​ငါးဆယ်​ကို ငါ​တွေ့​လျှင် သူ​တို့​အတွက်ကြောင့် ထို​အရပ်​တစ်ခုလုံး​ကို ငါ​ချမ်းသာ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 27,
      "text": "ထိုအခါ အာဗြဟံ​က “​အကျွန်ုပ်​သည် မြေမှုန့်​နှင့်​ပြာ​သက်သက်​ဖြစ်​သော်လည်း အရဲစွန့်​၍ ဘုရားရှင်​အား​လျှောက်ထား​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 28,
      "text": "ဖြောင့်မတ်​သော​သူ အယောက်​ငါးဆယ်​တွင် ငါး​ယောက်​လျော့​လျှင် ငါး​ယောက်​လျော့​သည့်​အတွက်​ကြောင့် ထို​မြို့​တစ်မြို့လုံး​ကို ဖျက်ဆီး​တော်မူ​မည်လော​”​ဟု မေးလျှောက်​လျှင် ကိုယ်တော်​က “​ထို​အရပ်​တွင် လေးဆယ့်​ငါး​ယောက်​တွေ့​လျှင် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 29,
      "text": "အာဗြဟံ​က​လည်း “​ထို​အရပ်​တွင် အယောက်​လေးဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု တစ်ဖန် လျှောက်​ပြန်​လျှင် ကိုယ်တော်​က “​ထို​အယောက်​လေးဆယ်​အတွက်ကြောင့် ထို​အမှု​ကို ငါ​မ​ပြု​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 30,
      "text": "တစ်ဖန် အာဗြဟံ​က “​အို ဘုရားရှင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ် ထပ်၍​လျှောက်ထား​ပါရစေ​။ ထို​အရပ်​တွင် အယောက်​သုံးဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​အရပ်​တွင် အယောက်​သုံးဆယ်​တွေ့​လျှင် ထို​အမှု​ကို​ငါ​မ​ပြု​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 31,
      "text": "ထိုအခါ အာဗြဟံ​က “​အကျွန်ုပ်​သည် အရဲစွန့်​၍ ဘုရားရှင်​အား ထပ်မံ​လျှောက်ထား​ပါ​မည်​။ ထို​အရပ်​တွင် အယောက်​နှစ်ဆယ် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​အယောက်​နှစ်ဆယ်​အတွက်ကြောင့် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 32,
      "text": "တစ်ဖန် အာဗြဟံ​က “​အို ဘုရားရှင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ နောက်တစ်ကြိမ်​သာ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ ထို​အရပ်​တွင် ဆယ်​ယောက် တွေ့​ကောင်း​တွေ့​တော်မူ​လိမ့်မည်​”​ဟု လျှောက်​လျှင် ကိုယ်တော်​က “​ထို​ဆယ်​ယောက်​အတွက်ကြောင့် ငါ​မ​ဖျက်ဆီး​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 33,
      "text": "ထာဝရဘုရား​သည် အာဗြဟံ​နှင့်​စကားပြော​တော်မူ​ပြီး​သောအခါ ကြွသွား​တော်မူ​၏​။ အာဗြဟံ​သည်​လည်း မိမိ​နေရပ်​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 1,
      "text": "ကောင်းကင်တမန်​နှစ်​ပါး​တို့​သည် နေဝင်ချိန်​၌ သောဒုံ​မြို့​သို့​ရောက်လာ​ကြ​၏​။ ထိုအခါ လောတ​သည် သောဒုံ​မြို့​တံခါးဝ​၌ ထိုင်​လျက်​နေ​၏​။ လောတ​သည် သူ​တို့​ကို​မြင်​သော် ကြိုဆို​ရန်​ထသွား​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 2,
      "text": "“​အကျွန်ုပ်​၏​သခင်​တို့​၊ သခင်​တို့​၏​အစေအပါး​အိမ်​သို့​လိုက်​ခဲ့​၍ ညအိပ်နား​ကြ​ပါ​။ သခင်​တို့​၏​ခြေ​ကို​လည်း​ဆေး​နိုင်​ပါ​သည်​။ စောစောထ​ပြီးမှ​လည်း ခရီးဆက်​နိုင်​ပါ​သည်​”​ဟု ဆို​လေ​၏​။ သူ​တို့​က​လည်း “​မလိုက်​တော့​ပါ​။ ငါ​တို့​သည် ဤ​ကွင်းပြင်​၌ ညအိပ်နား​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 3,
      "text": "သို့သော် လောတ​သည် သူ​တို့​ကို မရမက​ဖိတ်ခေါ်​သောကြောင့် သူ​တို့​သည် သူ​နှင့်အတူ​လိုက်လာ​၍ သူ​၏​အိမ်​သို့​ဝင်​ကြ​၏​။ လောတ​သည် သူ​တို့​အတွက် စားသောက်ပွဲ​ပြင်ဆင်​၍ တဆေးမဲ့မုန့်​ကို​ဖုတ်​လေ​၏​။ သူ​တို့​သည်​လည်း စား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 4,
      "text": "သူ​တို့​မ​အိပ်​မီ​တွင် သောဒုံ​မြို့သား​ယောက်ျား​များ​သည် လူကြီး​လူငယ်​တစ်ယောက်မကျန် မြို့​အနှံ့​မှ​လာ​၍ အိမ်​ကို​ဝိုင်း​ထား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 5,
      "text": "ထို​သူ​တို့​သည် လောတ​ကို​ဟစ်ခေါ်​လျက် “​ယနေ့ည​တွင် သင့်​ထံသို့​ရောက်လာ​သော​ယောက်ျား​တို့​သည် အဘယ်မှာ​ရှိ​သနည်း​။ ငါ​တို့​သည် သူ​တို့​နှင့်​ဆက်ဆံ​လို​သည်​ဖြစ်၍ သူ​တို့​ကို ငါ​တို့​ထံ​ထုတ်​ခဲ့​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 6,
      "text": "ထိုအခါ လောတ​သည် ထို​သူ​တို့​ရှိ​ရာ​တံခါးဝ​သို့​ထွက်လာ​၍ မိမိ​နောက်မှ တံခါး​ကို​ပိတ်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 7,
      "text": "“​ငါ့​ညီအစ်ကို​တို့​၊ ဤ​ဆိုးညစ်​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 8,
      "text": "ငါ့​ထံ၌ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော သမီး​နှစ်​ယောက်​ရှိ​၏​။ သူ​တို့​ကို သင်​တို့​ထံသို့ ထုတ်ပေး​မည်​။ သင်​တို့​အလိုရှိ​သည့်​အတိုင်း သူ​တို့​ကို​ပြု​ကြ​ပါ​။ သို့သော် ထို​ယောက်ျား​တို့​သည် ငါ့​အိမ်မိုး​အရိပ်​အောက်​တွင် ရောက်​နေ​ကြ​ပြီ​ဖြစ်၍ သူ​တို့​ကို မည်သည့်​အရာ​မျှ​မ​ပြု​ကြ​ပါ​နှင့်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 9,
      "text": "ထို​သူ​တို့​က​လည်း “​ဘေးဖယ်​လော့​”​ဟု ဆို​ကြ​ပြီးလျှင် “​ဤ​သူ​သည် ဧည့်သည်​အဖြစ်​လာရောက်​နေထိုင်​သူ​ဖြစ်​လျက်​နှင့် တရားသူကြီး​အလွန်​လုပ်​သည်​တကား​။ ယခု သင့်​ကို ထို​သူ​တို့​ထက် ဆိုးရွား​စွာ​ပြု​မည်​”​ဟု ပြောဆို​ကြ​၏​။ ထို့နောက် သူ​တို့​သည် လောတ​ကို ကြမ်းတမ်း​စွာ​တွန်း​၍ တံခါး​ကို​ချိုးဖျက်​ရန် ချဉ်းကပ်​လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 10,
      "text": "ထိုအခါ ကောင်းကင်တမန်​တို့​သည် လက်​ကို​ဆန့်​၍ လောတ​ကို မိမိ​တို့​ရှိ​ရာ​အိမ်​ထဲသို့ ဆွဲသွင်း​ပြီးလျှင် တံခါး​ကို​ပိတ်​လိုက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 11,
      "text": "ထို့နောက် အိမ်​တံခါးဝ​ရှိ လူ​ကြီး​လူငယ်​တို့​ကို မျက်စိကွယ်​စေရန် ဒဏ်ခတ်​သဖြင့် သူ​တို့​သည် တံခါး​ကို​ရှာ​ရ​၍ မောပန်း​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 12,
      "text": "ကောင်းကင်တမန်​တို့​က လောတ​အား “​ဤ​အရပ်​တွင် သင်​နှင့်​သက်ဆိုင်​သူ အခြား​မည်သူ​ရှိ​သေး​သနည်း​။ သင်​၏​သမက်​၊ သင်​၏​သား​သမီး​များ​မှစ၍ မြို့​ထဲ၌​ရှိ​သော သင်​နှင့်​သက်ဆိုင်​သူ​ရှိသမျှ​တို့​ကို ဤ​အရပ်​မှ​ခေါ်ထုတ်​လော့​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 13,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဤ​အရပ်​ကို ဖျက်ဆီး​တော့​မည်​။ အကြောင်းမူကား သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ကျယ်လောင်​လှ​သဖြင့် ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​ရန် ငါ​တို့​ကို​စေလွှတ်​တော်မူ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 14,
      "text": "လောတ​သည်​လည်း သွား​၍ သမီး​တို့​နှင့်​စုံဖက်​မည့် မိမိ​သမက်​တို့​အား “​ထ​ကြ​၊ ဤ​အရပ်​မှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​တော့​မည်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​၏​သမက်​တို့​က ရယ်စရာပြော​သည်​ဟူ၍​သာ ထင်မှတ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 15,
      "text": "အရုဏ်ဦး​အချိန်​ရောက်​သည်​နှင့် ကောင်းကင်တမန်​တို့​သည် လောတ​ကို​ဆော်ဩ​လျက် “​ထ​လော့​၊ ဤ​နေရာ​၌​ရှိ​သော သင်​၏​မယား​နှင့် သင်​၏​သမီး​နှစ်​ယောက်​ကို ခေါ်ဆောင်​သွား​လော့​။ သို့မဟုတ်လျှင် သင်​သည် ဤ​မြို့​အပေါ်​ကျရောက်​မည့်​အပြစ်ဒဏ်​နှင့်အတူ ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 16,
      "text": "သို့သော် လောတ​သည် တုံ့ဆိုင်း​နေ​၏​။ ထာဝရဘုရား​သည် သူ့​ကို​သနား​တော်မူ​သဖြင့် ကောင်းကင်တမန်​တို့​သည် သူ​နှင့် သူ့​မယား​၊ သူ့​သမီး​နှစ်​ယောက်​တို့​၏​လက်​ကို​ဆွဲ​၍ သူ​တို့​ကို မြို့​အပြင်ဘက်​သို့ ခေါ်ထုတ်​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 17,
      "text": "ထိုသို့ သူ​တို့​ကို မြို့​အပြင်ဘက်​သို့ ခေါ်ထုတ်​ပြီးနောက် ကောင်းကင်တမန်​တစ်​ပါး​က “​အသက်လွတ်​အောင်​ပြေး​လော့​။ နောက်လှည့်​မ​ကြည့်​နှင့်​။ ဤ​မြစ်ဝှမ်း​ရှိ မည်သည့်​အရပ်​၌​မျှ​မ​ရပ်​နှင့်​။ တောင်​ပေါ်သို့​ပြေး​လော့​။ သို့မဟုတ်လျှင် သင်​သည် ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 18,
      "text": "လောတ​က​လည်း “​အကျွန်ုပ်​၏​အရှင်​တို့​၊ ထိုသို့​မ​ဖြစ်​ပါစေ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 19,
      "text": "အရှင်​၏​အစေအပါး​သည် အရှင်​၏​ရှေ့​၌ မျက်နှာရ​ပါ​ပြီ​။ အကျွန်ုပ်​၏​အသက်​ကို​ချမ်းသာပေး​ခြင်း​အားဖြင့် အကျွန်ုပ်​အား​ပြ​သော အရှင်​၏​မေတ္တာ​သည် ကြီးမား​လှ​ပါ​၏​။ သို့ရာတွင် အကျွန်ုပ်​သည် တောင်​ပေါ်သို့​မ​ပြေး​နိုင်​ပါ​။ ဘေးအန္တရာယ်​သည် အကျွန်ုပ်​ကို​လိုက်မီ​၍ သေ​ရ​မည်​ကို​စိုးရိမ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 20,
      "text": "ကြည့်​ပါ​။ ထို​မြို့​သည် နီး​ပါ​၏​။ ပြေး​သာ​ပါ​၏​။ မြို့​ငယ်လေး​လည်း ဖြစ်​ပါ​၏​။ ထို​အရပ်​သို့​ပြေး​ပါရစေ​။ မြို့​ငယ်လေး​သာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်​ချမ်းသာ​ရာ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 21,
      "text": "ကောင်းကင်တမန်​က​လည်း “​သင်​တောင်းဆို​သော ဤ​အချက်​ကို​လည်း ငါ​လိုက်လျော​၍ သင်​ပြော​သော​မြို့​ကို မ​ဖြိုလှဲ​ဘဲ​နေ​မည်​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 22,
      "text": "ထို​အရပ်​သို့ အလျင်အမြန်​ပြေး​လော့​။ အကြောင်းမူကား ထို​အရပ်​သို့ သင်​မ​ရောက်​မ​ချင်း ငါ​သည် မည်သည့်​အမှု​ကို​မျှ​ပြု​၍​မ​ရ​”​ဟု ဆို​၏​။ ဤ​အကြောင်း​ကြောင့် ထို​မြို့​၏​အမည်​ကို ဇောရ ဟု​ခေါ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 23,
      "text": "လောတ​သည် ဇောရ​မြို့​သို့​ရောက်​သောအခါ မြေကြီး​ပေါ်မှာ နေ​ထွက်​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 24,
      "text": "ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 25,
      "text": "ဤသို့ဖြင့် ထို​မြို့​များ​မှစ၍ မြစ်ဝှမ်း​တစ်ဝှမ်းလုံး​၊ မြို့​၌​နေထိုင်​သူ​အားလုံး​နှင့် မြေ​ပေါ်ရှိ​အပင်​တို့​ကို ဖြိုလှဲ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 26,
      "text": "နောက်မှ​လိုက်လာ​သော လောတ​၏​မယား​မူကား နောက်​လှည့်ကြည့်​သဖြင့် ဆား​တိုင်​ဖြစ်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 27,
      "text": "အာဗြဟံ​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​၏​ရှေ့​တော်​၌ ရပ်​ခဲ့​သော​အရပ်​သို့ သွား​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 28,
      "text": "သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​မှစ၍ မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို အပေါ်စီး​မှ​ကြည့်​လေ​ရာ ထို​အရပ်​မှ​မီးခိုး​သည် မီးပြင်းဖို​မှ​မီးခိုး​ကဲ့သို့ တက်​နေ​သည်​ကို​မြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 29,
      "text": "ထိုသို့ မြစ်ဝှမ်း​ရှိ​မြို့​များ​ကို ဘုရားသခင်​ဖျက်ဆီး​သောအခါ ဘုရားသခင်​သည် အာဗြဟံ​ကို​အောက်မေ့​တော်မူ​၏​။ သို့ဖြစ်၍ လောတ​နေ​သော​မြို့​များ​ကို ဖြိုလှဲ​သောအခါ လောတ​ကို​ထို​ဖြိုလှဲ​ခြင်း​ထဲ​မှ လွှတ်ပေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 30,
      "text": "လောတ​သည် ဇောရ​မြို့​၌​နေထိုင်​ရန်​ကြောက်ရွံ့​သဖြင့် ဇောရ​မြို့​မှ​ထွက်​၍ မိမိ​သမီး​နှစ်​ယောက်​တို့​နှင့်အတူ တောင်​ပေါ်မှာ​နေထိုင်​လေ​၏​။ သူ​နှင့် သူ​၏​သမီး​နှစ်​ယောက်​တို့​သည် လိုဏ်ဂူ​ထဲတွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 31,
      "text": "သမီးအကြီး​က သမီးအငယ်​အား “​ငါ​တို့​၏​ဖခင်​သည် အသက်ကြီး​ပြီ​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူ​အပေါင်း​တို့​၏​ထုံးစံ​အတိုင်း ငါ​တို့​ထံသို့​ဝင်ရောက်​မည့်​ယောက်ျား​လည်း ဤ​ကမ္ဘာမြေကြီး​ပေါ်တွင်​မ​ရှိ​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 32,
      "text": "လာ​လော့​။ ငါ​တို့​ဖခင်​ကို​စပျစ်ဝိုင်​တိုက်​၍ သူ​နှင့်​အိပ်​ပြီး ငါ​တို့​ဖခင်​အားဖြင့် မျိုးဆက်​ကို​ထိန်းသိမ်း​ကြ​စို့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 33,
      "text": "ထို​ည​၌ သူ​တို့​သည် မိမိ​တို့​ဖခင်​ကို စပျစ်ဝိုင်​တိုက်​ပြီးလျှင် သမီးအကြီး​သည်​ဝင်​၍ မိမိ​ဖခင်​နှင့်​အိပ်​လေ​၏​။ လောတ​သည် သမီး​အိပ်​ကြောင်း​ကို​လည်းကောင်း​၊ ထ​ကြောင်း​ကို​လည်းကောင်း မ​သိ​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 34,
      "text": "နောက်တစ်နေ့​တွင် သမီးအကြီး​က သမီးအငယ်​အား “​မနေ့ည​က ငါ​သည် ဖခင်​နှင့်​အိပ်​ပြီး​ပြီ​။ ယနေ့ည​လည်း သူ့​ကို​စပျစ်ဝိုင်​တိုက်​ကြ​စို့​။ သင်​သည်​ဝင်​၍ သူ​နှင့်​အိပ်​ပါ​။ ငါ​တို့​ဖခင်​အားဖြင့် မျိုးဆက်​ကို​ထိန်းသိမ်း​ကြ​စို့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 35,
      "text": "ထို​ည​၌​လည်း သူ​တို့​သည် မိမိ​တို့​ဖခင်​ကို​စပျစ်ဝိုင်​တိုက်​ပြီးလျှင် သမီးအငယ်​သည်​ဝင်​၍ မိမိ​ဖခင်​နှင့်​အိပ်​လေ​၏​။ လောတ​သည် သမီး​အိပ်​ကြောင်း​ကို​လည်းကောင်း​၊ ထ​ကြောင်း​ကို​လည်းကောင်း မ​သိ​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 36,
      "text": "ထိုသို့ဖြင့် လောတ​၏​သမီး​နှစ်​ယောက်​တို့​သည် မိမိ​တို့​ဖခင်​အားဖြင့် ကိုယ်ဝန်ဆောင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 37,
      "text": "သမီးအကြီး​သည် သား​ကို​မွေးဖွား​၍ သူ​၏​အမည်​ကို မောဘ ဟု​မှည့်ခေါ်​လေ​၏​။ သူ​သည် ယနေ့​တိုင်အောင် မောဘ​လူမျိုး​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 38,
      "text": "သမီးငယ်​သည်​လည်း သား​ကို​မွေးဖွား​၍ သူ​၏​အမည်​ကို ဗင်အမ္မိ ဟု​မှည့်ခေါ်​လေ​၏​။ သူ​သည် ယနေ့​တိုင်အောင် အမ္မုန်​အမျိုးသား​တို့​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 1,
      "text": "အာဗြဟံ​သည် ထို​အရပ်​မှ နေဂေ့​အရပ်​သို့​ရွှေ့ပြောင်း​၍ ကာဒေရှ​အရပ်​နှင့်​ရှုရ​အရပ်​ကြား​၌ နေထိုင်​လေ​၏​။ ဂေရာ​မြို့​၌​တည်းခိုနေထိုင်​စဉ်"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 2,
      "text": "အာဗြဟံ​က မိမိ​မယား​စာရာ​နှင့်​ပတ်သက်၍ “​သူ​သည် ငါ​၏​နှမ​ဖြစ်​သည်​”​ဟု ဆို​သဖြင့် ဂေရာ​ဘုရင်​အဘိမလက်​မင်းကြီး​သည် လူ​လွှတ်​၍ စာရာ​ကို​သိမ်းယူ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 3,
      "text": "သို့သော် ဘုရားသခင်​သည် အဘိမလက်​မင်းကြီး​ထံသို့ ည​အိပ်မက်​ထဲတွင်​ကြွလာ​၍ “​သင်​သိမ်းယူ​သော​မိန်းမ​ကြောင့် သင်​သေ​ရ​မည်​။ အကြောင်းမှာ သူ​သည် ယောက်ျားရှိ​သော​မိန်းမ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 4,
      "text": "အဘိမလက်​မင်းကြီး​သည် ထို​မိန်းမ​ထံ​မ​ချဉ်းကပ်​ရ​သေး​သည်​ဖြစ်၍ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​လူမျိုး​ကို​ပင် ကွပ်မျက်​တော်မူ​မည်လော​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 5,
      "text": "ထို​သူ​က ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု ဆို​သည်​မ​ဟုတ်​လော​။ ထို​မိန်းမ​က​လည်း ‘​သူ​သည် ငါ့​အစ်ကို​ဖြစ်​သည်​’​ဟု ဆို​ခဲ့​ပါ​၏​။ အကျွန်ုပ်​သည် ရိုးဖြောင့်​သော​စိတ်​နှင့် အပြစ်ကင်း​သော​လက်​ဖြင့် ဤ​အမှု​ကို ပြု​ပါ​၏​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 6,
      "text": "ထိုအခါ ဘုရားသခင်​က “​မှန်​ပေ​၏​။ သင်​သည် ရိုးဖြောင့်​သော​စိတ်​ဖြင့် ဤ​အမှု​ကို​ပြု​ကြောင်း ငါ​သိ​၍ သင်​သည် ငါ့​ကို​မ​ပြစ်မှား​မိ​စေရန် ငါ​ဟန့်တား​၏​။ ထို့ကြောင့် ငါ​သည် သင့်​အား ထို​မိန်းမ​ကို​ထိ​ခွင့်​မ​ပေး​ခဲ့​ချေ​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 7,
      "text": "ယခု ထို​သူ​၏​မယား​ကို ပြန်ပေး​လော့​။ သူ​သည် ပရောဖက်​ဖြစ်​သောကြောင့် သင့်​အတွက်​ဆုတောင်း​ပေး​လိမ့်မည်​။ ထိုအခါ သင်​သည် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။ သို့သော် သင်​ပြန်​မ​ပေး​လျှင် သင်​နှင့်တကွ သင်​နှင့်သက်ဆိုင်​သူ​အားလုံး​သည် မုချ​သေ​ရ​မည်​ကို သိမှတ်​လော့​”​ဟု အဘိမလက်​မင်းကြီး​အား အိပ်မက်​ထဲတွင် မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 8,
      "text": "အဘိမလက်​မင်းကြီး​သည်​လည်း နံနက်​စောစောထ​၍ မိမိ​အမှုထမ်း​အပေါင်း​တို့​ကို​ဆင့်ခေါ်​ပြီးလျှင် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို သူ​တို့​အား​ပြောကြား​လေ​၏​။ ထိုအခါ လူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 9,
      "text": "ထို့နောက် အဘိမလက်​မင်းကြီး​သည် အာဗြဟံ​ကို​ဆင့်ခေါ်​၍ “​သင်​သည် ငါ​တို့​အား မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ကို ငါ​မည်သို့​ပြစ်မှား​မိ​သဖြင့် သင်​သည် ငါ့​အပေါ်​၌​လည်းကောင်း​၊ ငါ့​နိုင်ငံ​အပေါ်​၌​လည်းကောင်း ကြီးလေး​သော​အပြစ်​ကို ကျရောက်​စေ​သနည်း​။ သင်​သည် မ​ပြု​သင့်​သော​အမှု​တို့​ကို ငါ​၌​ပြု​လေ​ပြီ​တကား​”​ဟု သူ့​အား မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 10,
      "text": "တစ်ဖန် အဘိမလက်​မင်းကြီး​က “​သင်​သည် မည်သို့​တွေးထင်​၍ ဤ​အမှု​ကို​ပြု​သနည်း​”​ဟု အာဗြဟံ​အား မေး​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 11,
      "text": "အာဗြဟံ​က​လည်း “​ဤ​အရပ်​ရှိ​လူ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​လုံးဝ​မ​ရှိ​ကြ​ပါ​။ သို့ဖြစ်၍ သူ​တို့​သည် အကျွန်ုပ်​၏​မယား​အတွက်ကြောင့် အကျွန်ုပ်​ကို​သတ်​ကြ​လိမ့်မည်​ဟု အကျွန်ုပ်​ထင်​၍ ထိုသို့​ပြု​မိ​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 12,
      "text": "ထို့ပြင် သူ​သည် အမှန်ပင် အကျွန်ုပ်​၏​နှမ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ဖခင်​၏​သမီး​ဖြစ်​သော်လည်း အကျွန်ုပ်​မိခင်​၏​သမီး​မ​ဟုတ်​ပါ​။ နောက်တွင် အကျွန်ုပ်​၏​မယား ဖြစ်လာ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 13,
      "text": "ဘုရားသခင်​သည် အကျွန်ုပ်​ကို အကျွန်ုပ်​ဖခင်​၏​အိမ်​မှ​ထွက်ခွာ​၍ လှည့်လည်သွားလာ​စေ​တော်မူ​သောအခါ အကျွန်ုပ်​က ‘​သင်​သည် ငါ့​ကို မေတ္တာ​ထား​သည့်​အနေဖြင့် ငါ​တို့​သွား​လေရာရာ​၌ ငါ​နှင့်​ပတ်သက်၍ သူ​သည် ကျွန်မ​၏​အစ်ကို​ဖြစ်​သည်​ဟု ပြော​ပါ​’ ဟူ၍ သူ့​အား မှာထား​ပါ​သည်​”​ဟု ဖြေကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 14,
      "text": "ထိုအခါ အဘိမလက်​မင်းကြီး​သည် သိုးအုပ်​၊ နွားအုပ်​၊ ကျွန်ယောက်ျား​နှင့်​ကျွန်မိန်းမ​တို့​ကို​ယူ​၍ အာဗြဟံ​အား​ပေး​လေ​၏​။ သူ​၏​မယား​စာရာ​ကို​လည်း သူ့​အား​ပြန်ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 15,
      "text": "ထို့နောက် အဘိမလက်​မင်းကြီး​က “​ကြည့်​လော့​။ ငါ​၏​နယ်မြေ​သည် သင့်​ရှေ့​၌​ရှိ​၏​။ သင်​အလိုရှိ​သည့်​နေရာ​၌ နေထိုင်​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 16,
      "text": "စာရာ​ကို​လည်း “​ကြည့်​လော့​။ သင်​၏​အစ်ကို​အား ငွေစ​တစ်ထောင်​ကို ငါ​ပေး​ပြီ​။ ဤ​ငွေ​သည် သင်​နှင့်အတူ​ရှိ​သော​သူ​အားလုံး​ရှေ့​တွင် သင်​၏​ဂုဏ်သိက္ခာ​ထိန်းသိမ်း​ခြင်း ​အတွက်​ဖြစ်​လိမ့်မည်​။ သင်​သည်​လည်း အားလုံး​ရှေ့​၌ အပြစ်ကင်း​ကြောင်း​ထင်ရှား​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 17,
      "text": "ထိုအခါ အာဗြဟံ​သည် ဘုရားသခင်​ထံသို့​ဆုတောင်း​လေ​၏​။ ဘုရားသခင်​သည်​လည်း အဘိမလက်​မင်းကြီး​မှစ၍ သူ​၏​မိဖုရား​၊ သူ​၏​ကျွန်မ​တို့​ကို ကျန်းမာ​စေ​တော်မူ​သဖြင့် သူ​တို့​သည် သားသမီး​ကို​မွေးဖွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 18,
      "text": "အကြောင်းမှာ အာဗြဟံ​၏​မယား​စာရာ​ကြောင့် ထာဝရဘုရား​သည် အဘိမလက်​မင်းကြီး​၏​နန်းတွင်းသူ​အားလုံး​တို့​အား သန္ဓေတည်​ခွင့်​ကို အလျှင်း​ပေး​တော်​မ​မူ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 1,
      "text": "ထာဝရဘုရား​သည် မိမိ​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း စာရာ​ကို​အကြည့်အရှု​ကြွလာ​တော်မူ​၏​။ ထာဝရဘုရား​သည် ကတိပေး​တော်မူ​ခဲ့​သည့်​အတိုင်း စာရာ​၌​ပြု​တော်မူ​သဖြင့်"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 2,
      "text": "စာရာ​သည် ကိုယ်ဝန်ဆောင်​၍ အာဗြဟံ​အား​ဘုရားသခင်​ကတိပေး​တော်မူ​သော​အချိန်​၌ အသက်ကြီး​သော​အာဗြဟံ​အတွက် သား​တစ်​ယောက်​ကို မွေးဖွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 3,
      "text": "အာဗြဟံ​သည်​လည်း မွေးဖွား​လာ​သော​သား​ဖြစ်​သည့် မိမိ​အတွက်​စာရာ​မွေးဖွား​ပေး​သော​သား​၏​အမည်​ကို ဣဇက် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 4,
      "text": "အာဗြဟံ​သည် မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သည့်​အတိုင်း သား​ဣဇက်​ကို ရှစ်​ရက်​သား​အရွယ်​၌ အရေဖျားလှီး​ခြင်း​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 5,
      "text": "သား​ဣဇက်​ကို သူ့​အတွက်​မွေးဖွား​သောအခါ အာဗြဟံ​သည် အသက်​တစ်ရာ​ရှိ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 6,
      "text": "စာရာ​က​လည်း “​ငါ​ရယ်​ရ​သော​အခွင့်​ကို ဘုရားသခင်​ပေး​တော်မူ​ပြီ​။ ဤ​အကြောင်း​ကို​ကြား​သော​သူ​အားလုံး​တို့​သည်​လည်း ငါ​နှင့်အတူ​ရယ်​ကြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 7,
      "text": "တစ်ဖန် သူ​က “​စာရာ​သည် သားသမီး​ကို​နို့တိုက်​လိမ့်မည်​ဟု အာဗြဟံ​ကို မည်သူ​ပြော​ခဲ့​ဖူး​မည်နည်း​။ ယခု​မူကား သူ​အသက်ကြီး​သောအခါ သူ့​အဖို့ သား​တစ်​ယောက်​ကို​ငါ​မွေးဖွား​ပေး​ခဲ့​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 8,
      "text": "ကလေး​သည် ကြီး​လာ​၍ နို့ပြတ်​လေ​၏​။ ဣဇက်​နို့ပြတ်​သော​နေ့​၌ အာဗြဟံ​သည် ကြီးကျယ်ခမ်းနား​သော​စားသောက်ပွဲ​ကျင်းပ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 9,
      "text": "အီဂျစ်​အမျိုးသမီး​ဟာဂရ​နှင့် အာဗြဟံ​ရ​သော​သား​သည် ဣဇက်​အား​ပြောင်လှောင်​သည်​ကို စာရာ​မြင်​သောအခါ"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 10,
      "text": "အာဗြဟံ​အား “​ဤ​ကျွန်မ​နှင့် သူ​၏​သား​ကို နှင်ထုတ်​ပါ​လော့​။ အကြောင်းမူကား ဤ​ကျွန်မ​၏​သား​သည် အကျွန်ုပ်​၏​သား​ဣဇက်​နှင့်အတူ အမွေခံ​မ​ဖြစ်​ရ​” ​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 11,
      "text": "ထို​အမှု​သည် မိမိ​သား​နှင့်​ပတ်သက်​သောကြောင့် အာဗြဟံ​သည် အလွန်​စိတ်ဒုက္ခရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 12,
      "text": "သို့ရာတွင် ဘုရားသခင်​က အာဗြဟံ​အား “​ထို​သူငယ်​နှင့်​ပတ်သက်၍​လည်းကောင်း​၊ သင်​၏​ကျွန်မ​နှင့်​ပတ်သက်၍​လည်းကောင်း စိတ်ဒုက္ခ​မ​ဖြစ်​နှင့်​။ သင့်​အား စာရာ​ပြော​သမျှ​သော​စကား​ကို နားထောင်​လော့​။ အကြောင်းမူကား ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 13,
      "text": "ကျွန်မ​၏​သား​သည်​လည်း သင်​၏​အမျိုးအနွယ်​ဖြစ်​သောကြောင့် ငါ​သည် သူ့​ကို​လူမျိုး​တစ်​မျိုး​ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 14,
      "text": "အာဗြဟံ​သည် နံနက်​စောစောထ​ပြီး မုန့်​နှင့်​သားရေဘူး​ကို​ယူ​၍ ဟာဂရ​၏​ပခုံး​ပေါ်​တင်ပေး​၏​။ သူငယ်​ကို​လည်း​အပ်​ပြီး လွှတ်လိုက်​လေ​၏​။ ဟာဂရ​သည် ထွက်သွား​၍ ဗေရရှေဘ​တောကန္တာရ​ထဲ၌ လှည့်လည်သွားလာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 15,
      "text": "သားရေဘူး​ထဲမှ ရေ​ကုန်​သောအခါ သူ​သည် ချုံ​တစ်​ချုံ​အောက်​၌ သူငယ်​ကို​ထား​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 16,
      "text": "“​သူငယ်​သေ​သည်​ကို ငါ​မ​မြင်​လို​”​ဟု ဆို​လျက် သူငယ်​၏​နောက်​ဘက်​၊ လေး​တစ်ပစ်​ခန့်​အကွာ​သို့​သွား​၍ ထိုင်​လေ​၏​။ သူ​သည် သူငယ်​၏​နောက်​ဘက်​တွင်​ထိုင်​လျက် အော်ဟစ်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 17,
      "text": "ဘုရားသခင်​သည် သူငယ်​၏​အသံ​ကို ကြား​တော်မူ​၏​။ ထိုအခါ ဘုရားသခင်​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ ဟာဂရ​ကို​ခေါ်​ပြီးလျှင် “​ဟာဂရ​၊ သင်​ဘာဖြစ်​သနည်း​။ မ​ကြောက်​နှင့်​။ အကြောင်းမူကား သူငယ်​ရှိ​သည့်​နေရာ​မှ သူငယ်​၏​အသံ​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 18,
      "text": "ထ​လော့​။ သူငယ်​ကို​ထူမ​၍ သူ့​ကို သင်​၏​လက်​ဖြင့်​ကိုင်​ထား​လော့​။ အကြောင်းမူကား ငါ​သည် သူ့​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 19,
      "text": "ဘုရားသခင်​သည် ဟာဂရ​၏​မျက်စိ​ကို​ပွင့်​စေ​တော်မူ​သဖြင့် သူ​သည် ရေတွင်း​ကို​မြင်​လေ​၏​။ ထိုအခါ သူ​သည် သွား​၍ သားရေဘူး​ကို​ရေ​ဖြည့်​ပြီးလျှင် သူငယ်​ကို​တိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 20,
      "text": "ဘုရားသခင်​သည် သူငယ်​နှင့်အတူ​ရှိ​တော်မူ​၏​။ သူ​သည် ကြီးပြင်း​လာ​၍ တောကန္တာရ​၌​နေထိုင်​ပြီး လေးသမား​ဖြစ်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 21,
      "text": "ဤသို့ဖြင့် သူ​သည် ပါရန်​တောကန္တာရ​၌​နေထိုင်​လေ​၏​။ သူ​၏​မိခင်​သည် အီဂျစ်​ပြည်​မှ မိန်းမ​တစ်​ယောက်​နှင့် သူ့​ကို​စုံဖက်​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 22,
      "text": "ထို​အခါ​၌ အဘိမလက်​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖိကောလ​သည် အာဗြဟံ​အား “​သင်​ပြု​လေသမျှ​တို့​၌ သင်​နှင့်အတူ ဘုရားသခင်​ရှိ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 23,
      "text": "သို့ဖြစ်၍ သင်​သည် ငါ​မှစ၍ ငါ့​သား​၊ ငါ့​သားမြေးအစဉ်အဆက်​တို့​ကို​မ​လှည့်စား​၊ သင့်​အား ငါ​မေတ္တာ​ထား​သကဲ့သို့ သင်​သည်​လည်း ငါ့​အား​လည်းကောင်း​၊ သင်​တည်းခိုနေထိုင်​သော​ပြည်​အား​လည်းကောင်း မေတ္တာထား​မည်​ဟု ယခု ဤ​နေရာ​တွင် ဘုရားသခင်​ကို​တိုင်တည်​၍ ကျိန်ဆို​ပါ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 24,
      "text": "အာဗြဟံ​က​လည်း “​အကျွန်ုပ်​ကျိန်ဆို​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 25,
      "text": "ထို့နောက် အာဗြဟံ​သည် အဘိမလက်​မင်းကြီး​၏​အစေအပါး​များ​လုယူ​သော​ရေတွင်း​နှင့်​ပတ်သက်၍ အဘိမလက်​မင်းကြီး​ကို တိုင်ကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 26,
      "text": "အဘိမလက်​မင်းကြီး​က​လည်း “​ဤ​အမှု​ကို မည်သူ​ပြု​သည်​ကို ငါ​မ​သိ​။ သင်​သည်​လည်း ငါ့​ကို​မ​ပြော​။ ငါ​သည်​လည်း ယနေ့​တိုင်အောင် မ​ကြား​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 27,
      "text": "အာဗြဟံ​သည် သိုးအုပ်​၊ နွားအုပ်​ကို​ယူ​၍ အဘိမလက်​မင်းကြီး​အား​ပေး​ပြီးလျှင် သူ​တို့​နှစ်​ဦး​သည် ပဋိညာဉ်​ဖွဲ့​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 28,
      "text": "ထို့နောက် အာဗြဟံ​သည် သိုးအုပ်​ထဲမှ သိုးသငယ်အမ​ခုနစ်​ကောင်​ကို သီးသန့်​ဖယ်ထား​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 29,
      "text": "အဘိမလက်​မင်းကြီး​က​လည်း “​သင်​သီးသန့်​ဖယ်ထား​သော ဤ​သိုးသငယ်အမ​ခုနစ်​ကောင်​ကား အဘယ်အတွက်​နည်း​”​ဟု အာဗြဟံ​အား​မေး​လျှင်"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 30,
      "text": "အာဗြဟံ​က “​ဤ​ရေတွင်း​ကို အကျွန်ုပ်​တူး​ထား​ကြောင်း အကျွန်ုပ်​၏​သက်သေ​ဖြစ်​စေရန်​အတွက် ဤ​သိုးသငယ်အမ​ခုနစ်​ကောင်​ကို အကျွန်ုပ်​၏​လက်​မှ ခံယူ​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 31,
      "text": "သူ​သည် ထို​အရပ်​ကို ဗေရရှေဘ ဟု​ခေါ်​၏​။ အကြောင်းမူကား သူ​တို့​နှစ်​ဦး​သည် ထို​အရပ်​၌ ကျိန်ဆို​ကြ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 32,
      "text": "သူ​တို့​သည် ဗေရရှေဘ​အရပ်​၌ ပဋိညာဉ်​ဖွဲ့​ကြ​ပြီးနောက် အဘိမလက်​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖိကောလ​သည် ထ​၍ ဖိလိတ္တိ​ပြည်​သို့ ပြန်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 33,
      "text": "ထိုအခါ အာဗြဟံ​သည် ဗေရရှေဘ​အရပ်​၌ ဧရှာလပင်​ကို​စိုက်​၍ အစဉ်အမြဲ​တည်​တော်မူ​သော ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို ထို​အရပ်​၌ ခေါ်ဆို​ပတ္ထနာပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 34,
      "text": "အာဗြဟံ​သည် ဖိလိတ္တိ​ပြည်​၌ အချိန်​ကြာမြင့်​စွာ တည်းခိုနေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 1,
      "text": "ထို့နောက်တွင် ဘုရားသခင်​သည် အာဗြဟံ​ကို​စမ်းသပ်​တော်မူ​၏​။ ကိုယ်တော်​က “​အာဗြဟံ​”​ဟု ခေါ်​တော်မူ​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 2,
      "text": "ကိုယ်တော်​က​လည်း “​သင်​၏​သား​၊ သင်​ချစ်​သော သင်​၏​တစ်ဦးတည်း​သော​သား ဣဇက်​ကို​ခေါ်​၍ မောရိ​ပြည်​သို့​သွား​လော့​။ ထို​အရပ်​၌ သင့်​အား​ငါ​ပြ​မည့်​တောင်​တစ်​လုံး​ပေါ်တွင် သူ့​ကို​မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 3,
      "text": "အာဗြဟံ​သည် နံနက်​စောစောထ​၍ မြည်း​ပေါ်​ကုန်းနှီးတင်​ပြီးလျှင် သူ​၏​ငယ်သား​နှစ်​ယောက်​နှင့်​သူ​၏​သား​ဣဇက်​ကို မိမိ​နှင့်အတူ​ခေါ်​၍ မီးရှို့ရာယဇ်​အတွက်​ထင်း​ကို​ခွဲ​ပြီးမှ ထ​၍ မိမိ​အား​ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့ သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 4,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ အာဗြဟံ​သည် မျှော်ကြည့်​ရာ ထို​အရပ်​ကို အဝေး​မှ​မြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 5,
      "text": "ထိုအခါ အာဗြဟံ​က မိမိ​ငယ်သား​တို့​အား “​သင်​တို့​သည် ဤ​အရပ်​တွင် မြည်း​နှင့်အတူ​နေ​ခဲ့​ကြ​လော့​။ ငါ​နှင့်​သူငယ်​သည် ထို​အရပ်​သို့​သွား​၍ ရှိခိုးကိုးကွယ်​ခြင်း​ကို​ပြု​ပြီးမှ သင်​တို့​ထံသို့​ပြန်လာ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 6,
      "text": "အာဗြဟံ​သည် မီးရှို့ရာယဇ်​အတွက် ထင်း​ကို​ယူ​၍ မိမိ​သား​ဣဇက်​အား​ထမ်း​စေ​ပြီးလျှင် မိမိ​လက်​၌ မီး​နှင့်​ဓား​ကို​ကိုင်ဆောင်​လျက် သူ​တို့​နှစ်​ယောက် အတူတူ​ဆက်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 7,
      "text": "ထိုအခါ ဣဇက်​က “​အဖေ​”​ဟု မိမိ​ဖခင်​အာဗြဟံ​ကို​ခေါ်​လျှင် အာဗြဟံ​က “​ပြော​ပါ ငါ့​သား​”​ဟု ပြန်ပြော​လေ​၏​။ ဣဇက်​က​လည်း “​ကြည့်​ပါ​။ မီး​ရှိ​၏​။ ထင်း​လည်း​ရှိ​၏​။ မီးရှို့ရာယဇ်​အတွက် သိုးသငယ်​ကား အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 8,
      "text": "အာဗြဟံ​က​လည်း “​ငါ့​သား​၊ ဘုရားသခင်​ကိုယ်တော်တိုင် မီးရှို့ရာယဇ်​အတွက် သိုးသငယ်​ကို​အသင့်ပြင်ဆင်​တော်မူ​လိမ့်မည်​”​ဟု ဆို​ပြီးမှ သူ​တို့​နှစ်​ယောက်​သည် အတူတူ​ဆက်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 9,
      "text": "ဘုရားသခင်​မိန့်​တော်မူ​သော​အရပ်​သို့​ရောက်​သောအခါ အာဗြဟံ​သည် ထို​အရပ်​တွင် ယဇ်ပလ္လင်​ကို​တည်​၍ ထင်း​များ​ကို​စီ​ပြီးလျှင် မိမိ​သား​ဣဇက်​ကို​ချည်နှောင်​လျက် ယဇ်ပလ္လင်​အပေါ်​ရှိ ထင်း​များ​ပေါ်တွင် သူ့​ကို​တင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 10,
      "text": "ထို့နောက် အာဗြဟံ​သည် မိမိ​သား​ကို​သတ်​ရန် လက်​ကို​ဆန့်​၍ ဓား​ကို​ယူ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 11,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​အာဗြဟံ​၊ အာဗြဟံ​”​ဟု ကောင်းကင်​မှ​ခေါ်​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 12,
      "text": "ကောင်းကင်တမန်​က​လည်း “​သူငယ်​အပေါ် လက်​မ​ရောက်​စေ​နှင့်​။ သူ့​ကို ဘာမျှ​မ​ပြု​နှင့်​။ အကြောင်းမူကား သင်​သည် သင်​၏​သား​၊ သင်​၏​တစ်ဦးတည်း​သော​သား​ကို​ပင် ငါ့​အား​ပူဇော်​ရန်​မ​ငြင်းဆို​ခဲ့​သဖြင့် သင်​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​ကြောင်း ယခု ငါ​သိ​ပြီ​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 13,
      "text": "အာဗြဟံ​သည် မျှော်ကြည့်​လိုက်​ရာ ချုံတော​၌​ဦးချို​ငြိ​နေ​သော သိုးထီး​တစ်​ကောင်​ကို​မြင်​လေ​၏​။ ထိုအခါ အာဗြဟံ​သည် သွား​၍ ထို​သိုးထီး​ကို​ဖမ်းယူ​ပြီးလျှင် မိမိ​သား​အစား ၎င်း​ကို​မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 14,
      "text": "ထို​အရပ်​ကို “​ထာဝရဘုရား ပြင်ဆင်​တော်မူ​မည် ​”​ဟူသော​အမည်​ဖြင့် အာဗြဟံ​ခေါ်​သည့်​အတိုင်း ယနေ့​တိုင်အောင် “​ထာဝရဘုရား​၏​တောင်​ပေါ်၌ ပြင်ဆင်​ထား​ပေ​လိမ့်မည်​”​ဟု ဆို​လေ့​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 15,
      "text": "တစ်ဖန် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ အာဗြဟံ​ကို ဒုတိယအကြိမ် ခေါ်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 16,
      "text": "“​ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​မှာ ဤသို့​တည်း​။ သင်​သည် သင်​၏​သား​၊ သင်​၏​တစ်ဦးတည်း​သော​သား​ကို​ပင် ပူဇော်​ရန်​မ​ငြင်းဆို​ဘဲ ဤ​အမှု​ကို​ပြု​ခဲ့​သဖြင့် ငါ​သည် ကိုယ့်ကိုယ်ကို​တိုင်တည်​၍ ကျိန်ဆို​သည်​ကား"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 17,
      "text": "ငါ​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​၍ သင်​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲပွင့်​နှင့်အမျှ အလွန်​များပြား​စေ​မည်​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 18,
      "text": "ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​သည် ငါ့​စကား​ကို​နားထောင်​သောကြောင့်​ဖြစ်​၏​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 19,
      "text": "ထို့နောက် အာဗြဟံ​သည် မိမိ​၏​ငယ်သား​တို့​ထံသို့​ပြန်လာ​၏​။ ထိုအခါ သူ​တို့​သည်​ထ​၍ ဗေရရှေဘ​အရပ်​သို့ အတူတကွ​ပြန်လာ​ကြ​၏​။ အာဗြဟံ​သည် ဗေရရှေဘ​အရပ်​၌ နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 20,
      "text": "ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် တစ်စုံတစ်ဦး​က အာဗြဟံ​အား “​ကြည့်​ပါ​။ မိလခါ​သည်​လည်း သင်​၏​ညီ​နာခေါ်​အတွက် သား​များ​ကို​မွေးဖွား​ပေး​လေ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 21,
      "text": "သူ​၏​သားဦး​မှာ ဥဇ​၊ ဥဇ​၏​ညီ​များ​မှာ​ဗုဇ​၊ အာရံ​၏​ဖခင်​ကေမွေလ​၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 22,
      "text": "ခေသက်​၊ ဟာဇော​၊ ပိလဒါရှ​၊ ယိဒလပ်​နှင့် ဗေသွေလ တို့​ဖြစ်​ကြ​၏​”​ဟု ကြားပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 23,
      "text": "(​ဗေသွေလ​သည် ရေဗက္ကာ​၏​ဖခင်​ဖြစ်​၏​။​) မိလခါ​သည် အာဗြဟံ​၏​ညီ​နာခေါ်​အတွက် ထို​သား​ရှစ်​ယောက်​ကို​မွေးဖွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 24,
      "text": "ရုမာ​အမည်​ရှိ​သော နာခေါ်​၏​မယားငယ်​သည်​လည်း တေဘ​၊ ဂါဟံ​၊ သဟာရှ​နှင့် မာခါ တို့​ကို​မွေးဖွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 1,
      "text": "စာရာ​အသက်ရှင်​ခဲ့​သော​နှစ်ကာလ​မှာ တစ်ရာ​နှစ်ဆယ့်​ခုနစ်​နှစ် ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 2,
      "text": "စာရာ​သည် ခါနာန်​ပြည်​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၌ သေဆုံး​၏​။ အာဗြဟံ​သည် စာရာ​အတွက် ငိုကြွေး​မြည်တမ်း​ရန် လာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 3,
      "text": "ထို့နောက် အာဗြဟံ​သည် မိမိ​မယား​၏​အလောင်း​နား​မှ​ထ​၍ ဟေသ​အမျိုးသား​တို့​အား"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 4,
      "text": "“​အကျွန်ုပ်​သည် သင်​တို့​တွင် တိုင်းတစ်ပါးသား​ဧည့်သည်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​မယား​၏​အလောင်း​ကို ထုတ်သွား​၍​သင်္ဂြိုဟ်​ရန် သင်​တို့​ပိုင်​သော​သင်္ချိုင်းမြေ​ကို အကျွန်ုပ်​အား ရောင်း​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 5,
      "text": "ဟေသ​အမျိုးသား​တို့​က​လည်း အာဗြဟံ​အား"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 6,
      "text": "“အကျွန်ုပ်​တို့​သခင်​၊ အကျွန်ုပ်​တို့​စကား​ကို​နားထောင်​ပါ​။ သခင်​သည် အကျွန်ုပ်​တို့​တွင် ဘုရားသခင်​နှင့်ဆိုင်သော​မင်း​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​အကောင်းဆုံး​သင်္ချိုင်းမြေ​တွင် သခင့်​မယား​၏​အလောင်း​ကို​သင်္ဂြိုဟ်​ပါ​။ အကျွန်ုပ်​တို့​၏​သင်္ချိုင်းမြေ​တွင် သခင့်​မယား​၏​အလောင်း​သင်္ဂြိုဟ်​မည်​ကို တားမြစ်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​ပါ​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 7,
      "text": "ထိုအခါ အာဗြဟံ​သည်​ထ​၍ ထို​ပြည်သား​များ​ဖြစ်​ကြ​သည့် ဟေသ​အမျိုးသား​တို့​ရှေ့​တွင် ပျပ်ဝပ်​ကာ"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 8,
      "text": "“​အကျွန်ုပ်​မယား​၏​အလောင်း​ကို အကျွန်ုပ်​ထံ​မှ​ထုတ်သွား​၍ သင်္ဂြိုဟ်​မည်​ကို သင်​တို့​စိတ်စေတနာ​ရှိ​လျှင် အကျွန်ုပ်​စကား​ကို​နားထောင်​ကြ​ပါ​။ ဇောဟာ​၏​သား ဧဖရုန်​နှင့်​တွေ့ဆုံ​၍"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 9,
      "text": "သူ​၏​လယ်​အစွန်​ရှိ သူ​ပိုင်ဆိုင်​သည့်​မပ္ပေလ​လိုဏ်ဂူ​ကို အကျွန်ုပ်​အား​ရောင်း​ပေး​ရန် အကျွန်ုပ်​အတွက် ပြောပေး​ကြ​ပါ​။ ၎င်း​ကို ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် သင်​တို့​ရှေ့​တွင် တန်ရာတန်ကြေး​အပြည့်​ဖြင့် အကျွန်ုပ်​အား​ရောင်း​ပေး​စေ​ပါ​”​ဟု သူ​တို့​အား ပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 10,
      "text": "ဧဖရုန်​သည် ဟေသ​အမျိုးသား​တို့​အလယ်​တွင် ထိုင်​လျက်​ရှိ​၏​။ သို့ဖြစ်၍ ဟိတ္တိ​လူမျိုး​ဧဖရုန်​သည် မြို့​တံခါး​သို့ ရောက်လာ​သော ဟေသ​အမျိုးသား​အပေါင်း​တို့​ရှေ့​၌ အာဗြဟံ​အား"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 11,
      "text": "“​ထိုသို့​မ​ဟုတ်​ပါ​။ သခင်​၊ အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ ထို​လယ်​နှင့် ထို​လယ်​ထဲ​ရှိ​လိုဏ်ဂူ​ကို သခင့်​အား​အကျွန်ုပ်​ပေး​ပါ​၏​။ အကျွန်ုပ်​အမျိုးသားချင်း​တို့​ရှေ့​၌ပင် သခင့်​အား အကျွန်ုပ်​ပေး​ပါ​၏​။ သခင့်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 12,
      "text": "အာဗြဟံ​သည်​လည်း ထို​ပြည်သား​တို့​ရှေ့​တွင် ပျပ်ဝပ်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 13,
      "text": "ထို​ပြည်သား​တို့​ရှေ့မှောက်​၌ ဧဖရုန်​အား “​ထိုသို့ဆိုလျှင် အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ လယ်​၏​တန်ဖိုးငွေ​ကို အကျွန်ုပ်​ပေး​ပါ​မည်​။ အကျွန်ုပ်​ထံမှ​လက်ခံ​ပါ​။ သို့မှသာ ထို​အရပ်​၌ အကျွန်ုပ်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 14,
      "text": "ဧဖရုန်​က​လည်း အာဗြဟံ​အား"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 15,
      "text": "“​အကျွန်ုပ်​သခင်​၊ အကျွန်ုပ်​စကား​ကို​နားထောင်​ပါ​။ ငွေ​လေး​ရာ​ရှယ်ကယ် ​တန်ဖိုးရှိ​သော​မြေ​သည် သခင်​နှင့်​အကျွန်ုပ်​ကြား​၌ အဘယ်ဆိုဖွယ်​ရှိ​သနည်း​။ သခင့်​မယား​၏​အလောင်း​ကို သင်္ဂြိုဟ်​ပါ​လော့​”​ဟု ပြန်ပြော​လျှင်"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 16,
      "text": "အာဗြဟံ​သည် ဧဖရုန်​၏​စကား​ကို​နားထောင်​လေ​၏​။ ထိုသို့ ဟေသ​အမျိုးသား​တို့​ရှေ့မှောက်​၌ ဧဖရုန်​တန်ဖိုးဖြတ်​သည့် ငွေ​အချိန်​လေး​ရာ​ရှယ်ကယ်​ကို အာဗြဟံ​သည် ကုန်သည်​တို့​၏​စံနှုန်း​အတိုင်း​ချိန်တွယ်​၍ သူ့​အား​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 17,
      "text": "ဤသို့ဖြင့် မံရေ​မြို့​အရှေ့​၊ မပ္ပေလ​အရပ်​၌​ရှိ​သော ဧဖရုန်​၏​လယ်​၊ ထို​လယ်​နှင့်တကွ လယ်​ထဲရှိ​လိုဏ်ဂူ​နှင့် လယ်​၏​လယ်စပ်​ပတ်လည်​ရှိ သစ်ပင်​အားလုံး​တို့​ကို"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 18,
      "text": "မြို့​တံခါး​သို့ ရောက်လာ​သော ဟေသ​အမျိုးသား​အပေါင်း​တို့​ရှေ့​တွင် အာဗြဟံ​ပိုင်​သော​ဥစ္စာ​အဖြစ် အတည်ပြု​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 19,
      "text": "ထို့နောက်တွင် အာဗြဟံ​သည် ခါနာန်​ပြည်​၊ ဟေဗြုန် ခေါ် မံရေ​မြို့​အရှေ့​၊ မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​ထဲ၌ မိမိ​မယား​စာရာ​ကို သင်္ဂြိုဟ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 20,
      "text": "ဤသို့ဖြင့် ဟေသ​အမျိုးသား​တို့​သည် ထို​လယ်​နှင့်တကွ လယ်​ထဲရှိ​လိုဏ်ဂူ​ကို အာဗြဟံ​၏​ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် အတည်ပြု​ကြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 1,
      "text": "အာဗြဟံ​သည် အသက်အရွယ်​ကြီးရင့်​လေ​ပြီ​။ ထာဝရဘုရား​သည် အာဗြဟံ​ကို အရာရာ​၌​ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 2,
      "text": "အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​အုပ်ထိန်း​ရ​သော​၊ မိမိ​အိမ်​တွင်​အသက်အကြီးဆုံး​ဖြစ်​သော​အစေအပါး​အား “​သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​လော့​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 3,
      "text": "ကောင်းကင်​နှင့်​မြေကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​အရပ်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 4,
      "text": "ငါ့​ပြည်​၊ ငါ့​ဆွေမျိုးသားချင်း​ထံသို့​သွား​၍ ငါ့​သား​ဣဇက်​အတွက် မိန်းမ​ကို​ရှာ​ပါ​မည်​ဟု သင့်​အား ငါ​ကျိန်ဆို​စေ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 5,
      "text": "အစေအပါး​က​လည်း “​အကယ်၍ မိန်းမ​သည် ဤ​ပြည်​သို့ အကျွန်ုပ်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် သခင်​၏​သား​ကို သခင်​ထွက်လာ​ခဲ့​သော​ပြည်​သို့ အကျွန်ုပ်​ခေါ်သွား​ရ​ပါ​မည်လော​”​ဟု မေးလျှောက်​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 6,
      "text": "အာဗြဟံ​က​လည်း “​ငါ့​သား​ကို ထို​အရပ်​သို့ မ​ခေါ်သွား​မိ​စေရန် သင်​သတိပြု​လော့​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 7,
      "text": "ငါ့​ဖခင်​၏​အိမ်​၊ ငါ့​မွေးရပ်​မြေ​မှ ငါ့​ကို​ခေါ်ယူ​၍ ‘​ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​’​ဟု ကျိန်ဆို​ကတိ​ပေး​တော်မူ​သော ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို သင့်​ရှေ့​၌ စေလွှတ်​တော်မူ​မည်​ဖြစ်၍ သင်​သည် ငါ့​သား​အတွက် ထို​အရပ်​မှ မိန်းမ​ကို​ရှာ​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 8,
      "text": "အကယ်၍ မိန်းမ​သည် သင်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် သင်​သည် ငါ​နှင့်​ပြု​သော​ဤ​ကျိန်ဆို​ခြင်း​မှ​ကင်းလွတ်​စေ​။ ငါ့​သား​ကို​ကား ထို​အရပ်​သို့ မ​ခေါ်သွား​ရ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 9,
      "text": "ထိုအခါ အစေအပါး​သည် မိမိ​သခင်​အာဗြဟံ​၏​ပေါင်​အောက်​၌ လက်​ကို​ထား​ပြီး ဤ​အမှုအရာ​နှင့်​ပတ်သက်၍ ကျိန်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 10,
      "text": "ထို့နောက် အစေအပါး​သည် မိမိ​သခင်​၏​ကုလားအုတ်​များ​ထဲမှ ကုလားအုတ်​ဆယ်​စီး​ကို​ရွေးယူ​ပြီးလျှင် မိမိ​သခင်​ပိုင်ဆိုင်​သည့်​အဖိုးတန်​ပစ္စည်း​အမျိုးမျိုး​တို့​ကို​ယူဆောင်​လျက် ထ​၍ ထွက်ခွာ​သွား​ရာ မက်ဆိုပိုတေးမီးယား​ပြည်​ရှိ နာခေါ်​နေ​သော​မြို့​သို့​ရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 11,
      "text": "အမျိုးသမီး​များ​ရေခပ်​ဆင်း​ချိန်​ဖြစ်​သည့် နေဝင်​ချိန်​၌ သူ​သည် မြို့​ပြင်​ရှိ​ရေတွင်း​နား​မှာ ကုလားအုတ်​တို့​ကို ဝပ်​စေ​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 12,
      "text": "“​အို အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​၊ ယနေ့ အကျွန်ုပ်​၏​အမှု​ကို အထမြောက်​အောင်မြင်​စေ​၍ အကျွန်ုပ်​၏​သခင်​အာဗြဟံ​အား မေတ္တာကရုဏာ​ကို​ပြ​တော်မူ​ပါ​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် စမ်းရေတွင်း​နားမှာ​ရပ်​လျက်​နေ​ပါ​၏​။ ဤ​မြို့​သမီးပျို​တို့​သည် ရေ​ခပ်​ရန် ထွက်လာ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 14,
      "text": "အကျွန်ုပ်​သည် မိန်းကလေး​တစ်​ဦး​အား ‘​သင်​၏​ရေအိုး​ကို​ချ​၍ အကျွန်ုပ်​အား​ရေသောက်​ခွင့်​ပေး​ပါ​’​ဟု ဆို​သောအခါ သူ​က ‘​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​ကို​လည်း ကျွန်မ​ရေတိုက်​ပေး​ပါ​မည်​’​ဟု ဆို​လျှင် ထို​သူ​သည် ကိုယ်တော်​၏​အစေအပါး​ဣဇက်​အတွက် ကိုယ်တော်​ရွေးချယ်​ထား​သော​သူ​ဖြစ်​ပါစေသော​။ ဤသို့​အားဖြင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင်​အား မေတ္တာကရုဏာ​ပြ​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 15,
      "text": "ထိုသို့ ဆုတောင်း​၍​မ​ပြီး​မီ ရေဗက္ကာ​သည် မိမိ​ပခုံး​ပေါ်တွင် ရေအိုး​တင်​လျက်​ထွက်လာ​၏​။ သူ​သည် အာဗြဟံ​၏​ညီ​နာခေါ်​နှင့် သူ​၏​မယား​မိလခါ​၏​သား​ဖြစ်​သူ ဗေသွေလ​၏​သမီး​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 16,
      "text": "ထို​မိန်းကလေး​သည် ရုပ်ဆင်းသွင်ပြင်​အလွန်​လှပ​၍ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော အပျိုကညာ​ဖြစ်​၏​။ သူ​သည် စမ်းရေတွင်း​သို့​ဆင်းသွား​၍ ရေဘူး​ကို​ရေ​ဖြည့်​ပြီး ပြန်တက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 17,
      "text": "ထို​အစေအပါး​သည် မိန်းကလေး​နှင့်​တွေ့ဆုံ​ရန်​ပြေးသွား​၍ “​သင်​၏​ရေအိုး​မှ ရေ​အနည်းငယ်​သောက်​ပါရစေ​”​ဟု ဆို​လျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 18,
      "text": "မိန်းကလေး​က “​ကျွန်မ​၏​သခင်​၊ သောက်​ပါ​”​ဟု ဆို​ပြီးလျှင် ရေအိုး​ကို မိမိ​လက်​ပေါ်သို့ အလျင်အမြန်​ချ​၍ သူ့​ကို​ရေတိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 19,
      "text": "သူ့​ကို​ရေတိုက်​ပြီး​သောအခါ “​သင်​၏​ကုလားအုတ်​တို့​လည်း ရေ​အဝသောက်​ပြီး​သည်​အထိ ကျွန်မ​ရေခပ်​ပေး​ပါ​မည်​”​ဟု ဆို​လျက်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 20,
      "text": "မိမိ​ရေအိုး​ထဲမှ​ရေ​ကို ရေစားခွက်​ထဲသို့ အလျင်အမြန်​လောင်းထည့်​ပြီးလျှင် တစ်ဖန်​ရေခပ်​ရန် ရေတွင်း​သို့​ပြေးသွား​၍ ကုလားအုတ်​အားလုံး​အတွက် ရေခပ်​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 21,
      "text": "ထို​သူ​သည် မိမိ​ခရီးစဉ်​ကို ထာဝရဘုရား​အောင်မြင်​ခွင့်​ပေး​မည်​၊ မ​ပေး​မည်​ကို​သိရှိ​ရန် မိန်းကလေး​ကို တိတ်ဆိတ်​စွာ​စောင့်ကြည့်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 22,
      "text": "ကုလားအုတ်​တို့​ရေသောက်​ပြီး​သောအခါ သူ​သည် အလေးချိန်​တစ်​ဗေကာ ​ရှိ​သော​ရွှေ​နှာဆွဲ​နှင့် မိန်းကလေး​လက်​၌​ဝတ်ဆင်​ရန် အလေးချိန်​ရှယ်ကယ်​တစ်ဆယ် ​ရှိ​သော ရွှေ​လက်ကောက်​တစ်စုံ​ကို ထုတ်ပေး​၍"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 23,
      "text": "“​သင်​သည် မည်သူ​၏​သမီး​ဖြစ်​သနည်း​။ အကျွန်ုပ်​ကို​ပြော​ပါ​။ သင့်​ဖခင်​၏​အိမ်​၌ ညအိပ်နား​ရန် အကျွန်ုပ်​တို့​အတွက်​နေရာ​ရှိ​သလော​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 24,
      "text": "မိန်းကလေး​က​လည်း “​ကျွန်မ​သည် နာခေါ်​အတွက် မိလခါ​မွေးဖွား​သော​သား​ဗေသွေလ​၏​သမီး​ဖြစ်​ပါ​သည်​”​ဟု ဖြေ​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 25,
      "text": "“​ကျွန်မ​တို့​၌ ကောက်ရိုး​နှင့် အစာ​လည်း များစွာ​ရှိ​ပါ​၏​။ ညအိပ်နား​ရန် နေရာ​လည်း​ရှိ​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 26,
      "text": "ထိုအခါ ထို​သူ​သည် ဦးညွှတ်​၍ ထာဝရဘုရား​ကို​ပျပ်ဝပ်ရှိခိုး​ကာ"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 27,
      "text": "“​အကျွန်ုပ်​သခင်​အာဗြဟံ​ထံမှ မေတ္တာကရုဏာ​တော်​နှင့်​သစ္စာ​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​သော အကျွန်ုပ်​သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကျွန်ုပ်​သခင်​၏​ဆွေမျိုးသားချင်း​အိမ်​သို့ သွား​သော​လမ်းခရီး​၌ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 28,
      "text": "မိန်းကလေး​သည်​လည်း ပြေးသွား​၍ ဤ​အကြောင်းအရာ​တို့​ကို မိခင်​၏​အိမ်သူအိမ်သား​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 29,
      "text": "ရေဗက္ကာ​တွင် လာဗန်​အမည်​ရှိ​သော​အစ်ကို​တစ်​ယောက်​ရှိ​၏​။ လာဗန်​သည် ထို​သူ​ရှိ​ရာ​စမ်းရေတွင်း​သို့ ပြေးလာ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 30,
      "text": "သူ​သည် သူ့​ညီမ​ထံမှ နှာဆွဲ​ကို​လည်းကောင်း​၊ လက်​မှ​လက်ကောက်​တို့​ကို​လည်းကောင်း မြင်​၍ “ထို​သူ​သည် ကျွန်မ​ကို ဤသို့​ပြော​ပါ​သည်​”​ဟု ဆို​သော​မိမိ​ညီမ​ရေဗက္ကာ​၏​စကား​ကို​ကြား​သည်​နှင့် ထို​သူ​ရှိ​ရာ​သို့​သွား​လေ​၏​။ ထို​သူ​သည် စမ်းရေတွင်း​နား​ရှိ ကုလားအုတ်​တို့​အနီး​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 31,
      "text": "လာဗန်​က “​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သော​သူ​၊ ဝင်လာ​ပါ​။ အဘယ်ကြောင့် အပြင်​၌​ရပ်​နေ​သနည်း​။ အကျွန်ုပ်​သည် အိမ်​ကို​လည်းကောင်း​၊ ကုလားအုတ်​တို့​အတွက် နေရာ​ကို​လည်းကောင်း ပြင်ဆင်​ထား​ပါ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 32,
      "text": "သို့ဖြစ်၍ ထို​သူ​သည် အိမ်​သို့​လိုက်လာ​၏​။ လာဗန်​သည် ကုလားအုတ်​များ​ပေါ်မှ ဝန်​ကို​ချ​၍ ကုလားအုတ်​တို့​အတွက် ကောက်ရိုး​နှင့်​အစာ​ကို​ပေး​၏​။ ထို​သူ​နှင့် သူ့​အဖော်​တို့​၏​ခြေ​ကို​ဆေး​ရန် ရေ​ကို​လည်း​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 33,
      "text": "ထို့နောက် သူ့​ရှေ့​၌ အစားအစာ​ကို တည်ခင်း​လေ​၏​။ သို့သော် ထို​သူ​က “​အကျွန်ုပ်​ကိစ္စ​ကို မ​ပြော​ရ​မ​ချင်း အကျွန်ုပ်​မ​စား​နိုင်​ပါ​”​ဟု ဆို​လျှင် လာဗန်​က “​ပြော​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 34,
      "text": "ထို​သူ​က​လည်း “​အကျွန်ုပ်​သည် အာဗြဟံ​၏​အစေအပါး​ဖြစ်​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 35,
      "text": "ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင်​ကို အလွန်​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​သည် ချမ်းသာ​သော​သူ​ဖြစ်လာ​ပါ​သည်​။ ကိုယ်တော်​သည် သူ့​အား သိုးအုပ်​၊ နွားအုပ်​၊ ရွှေ​၊ ငွေ​၊ ကျွန်ယောက်ျား​များ​၊ ကျွန်မိန်းမ​များ​၊ ကုလားအုတ်​များ​နှင့် မြည်း​များ​ကို ပေး​တော်မူ​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 36,
      "text": "အကျွန်ုပ်​သခင်​၏​မယား​စာရာ​သည် အသက်ကြီး​မှ အကျွန်ုပ်​သခင်​အတွက် သား​တစ်​ယောက်​ကို​မွေးဖွား​ခဲ့​ပါ​သည်​။ အကျွန်ုပ်​၏​သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ထို​သား​အား ပေး​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 37,
      "text": "အကျွန်ုပ်​သခင်​က ‘​သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​ပြည်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 38,
      "text": "ငါ့​မျိုးနွယ်စု​၊ ငါ့​ဖခင်​၏​အိမ်​သို့​သွား​၍ ငါ့​သား​အတွက် မိန်းမ​ကို​ရှာ​ရ​မည်​’​ဟု အကျွန်ုပ်​အား​မှာကြား​၍ ကျိန်ဆို​စေ​ခဲ့​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 39,
      "text": "အကျွန်ုပ်​က​လည်း ‘​အကယ်၍​မိန်းမ​သည် အကျွန်ုပ်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် မည်သို့​နည်း​’​ဟု အကျွန်ုပ်​သခင်​အား မေး​လျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 40,
      "text": "သခင်​က ‘​ငါ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ခဲ့​၏​။ ထို​ဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို သင့်​ရှေ့​၌ စေလွှတ်​၍ သင်​၏​ခရီးစဉ်​ကို အောင်မြင်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။ သို့ဖြစ်၍ သင်​သည် ငါ့​မျိုးနွယ်စု​၊ ငါ့​ဖခင်​၏​အိမ်​တွင် ငါ့​သား​အတွက် မိန်းမ​ကို​ရှာ​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 41,
      "text": "သူ​တို့​သည် သူ​တို့​၏​သမီး​ကို သင့်​အား မ​ပေး​လျှင်​လည်း သင်​သည် ငါ့​မျိုးနွယ်စု​ထံသို့​ရောက်​သည်​နှင့်​ပင် ငါ​၏​ကျိန်​ခြင်း​မှ ကင်းလွတ်​ရ​လိမ့်မည်​’​ဟု အကျွန်ုပ်​အား​ဆို​ခဲ့​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 42,
      "text": "အကျွန်ုပ်​သည် ယနေ့ စမ်းရေတွင်း​သို့​ရောက်​သောအခါ ‘​အို အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​လာ​သော​ခရီးစဉ်​အောင်မြင်​စေရန် ကိုယ်တော်​အလိုရှိ​လျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 43,
      "text": "အကျွန်ုပ်​သည် စမ်းရေတွင်း​နားမှာ ရပ်​နေ​၍ ရေခပ်​ရန်​ထွက်လာ​သည့် မိန်းမပျို​တစ်​ယောက်​အား “​သင်​၏​ရေအိုး​မှ ရေ​အနည်းငယ်​သောက်​ပါရစေ​”​ဟု ဆို​သောအခါ"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 44,
      "text": "သူ​က “​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​အတွက်​လည်း ကျွန်မ​ရေခပ်​ပေး​ပါ​မည်​”​ဟု ဆို​လျှင် ထို​သူ​သည် အကျွန်ုပ်​သခင်​၏​သား​အတွက် ထာဝရဘုရား​ရွေးချယ်​ထား​သော​မိန်းမ​ဖြစ်​ပါစေသော​’​ဟု ဆုတောင်း​ခဲ့​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 45,
      "text": "ထိုသို့ အကျွန်ုပ်​သည် စိတ်နှလုံး​ထဲ၌ မြွက်ဆို​၍ မ​ပြီး​မီ ရေဗက္ကာ​သည် မိမိ​ပခုံး​ပေါ်တွင် ရေအိုး​တင်​လျက်​ထွက်လာ​ပြီး စမ်းရေတွင်း​သို့​ဆင်းသွား​၍​ရေခပ်​ပါ​သည်​။ အကျွန်ုပ်​က သူ့​အား ‘​ရေသောက်​ပါရစေ​’​ဟု ဆို​လျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 46,
      "text": "သူ​သည် ရေအိုး​ကို မိမိ​ပခုံး​ပေါ်​မှ​အလျင်အမြန်​ချ​၍ ‘​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​ကို​လည်း ကျွန်မ​ရေတိုက်​ပါ​မည်​’​ဟု ဆို​ပါ​သည်​။ ထို့ကြောင့် အကျွန်ုပ်​သည် ရေသောက်​ရ​ပါ​သည်​။ သူ​သည် ကုလားအုတ်​တို့​ကို​လည်း ရေတိုက်​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 47,
      "text": "အကျွန်ုပ်​က​လည်း ‘​သင်​သည် မည်သူ​၏​သမီး​ဖြစ်​သနည်း​’​ဟု သူ့​အား​မေး​လျှင် သူ​က ‘​ကျွန်မ​သည် နာခေါ်​အတွက် မိလခါ​မွေးဖွား​ပေး​သော​သား​ဗေသွေလ​၏​သမီး​ဖြစ်​ပါ​သည်​’​ဟု ဆို​ပါ​သည်​။ ထိုအခါ အကျွန်ုပ်​သည် သူ​၏​နှာခေါင်း​၌ နှာဆွဲ​ကို​လည်းကောင်း​၊ သူ​၏​လက်​၌ လက်ကောက်​တို့​ကို​လည်းကောင်း ဆင်ယင်​ပေး​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 48,
      "text": "ထို့နောက် အကျွန်ုပ်​သည်​ဦးညွှတ်​၍ ထာဝရဘုရား​ကို​ရှိခိုးကိုးကွယ်​ကာ အကျွန်ုပ်​သခင့်​ညီ​၏​မြေး​ကို သခင့်​သား​အတွက်​ရွေးယူ​ရန် အကျွန်ုပ်​ကို မှန်​သော​လမ်း​ဖြင့်​ပို့ဆောင်​တော်မူ​သော အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 49,
      "text": "ယခု သင်​တို့​သည် အကျွန်ုပ်​သခင်​အား မေတ္တာ​သစ္စာ​ကို​ပြ​လို​လျှင်​ဖြစ်စေ​၊ မ​ပြ​လို​လျှင်​ဖြစ်စေ​အကျွန်ုပ်​ကို​ပြော​ပါ​။ သို့မှသာ အကျွန်ုပ်​သည် လက်ယာ​ဘက်​ဖြစ်စေ​၊ လက်ဝဲ​ဘက်​ဖြစ်စေ တစ်လမ်းလမ်း​သွား​နိုင်​ပါ​မည်​”​ဟု ပြောဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 50,
      "text": "လာဗန်​နှင့်​ဗေသွေလ​တို့​က​လည်း “​ဤ​အမှု​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ အကျွန်ုပ်​တို့​သည် ကောင်း​သည်​၊ မကောင်း​သည် ဟူ၍ သင့်​ကို​မ​ပြော​နိုင်​ပါ​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 51,
      "text": "ရေဗက္ကာ​သည် သင့်​ရှေ့​၌​ရှိ​၏​။ သူ့​ကို​ခေါ်​သွား​ပါ​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သင့်​သခင်​၏​သား​အတွက် မယား​ဖြစ်​စေ​ပါ​”​ဟု ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 52,
      "text": "အာဗြဟံ​၏​အစေအပါး​သည် သူ​တို့​၏​စကား​ကို​ကြား​လျှင် မြေ​မှာ​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို​ရှိခိုး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 53,
      "text": "ထို့နောက် ထို​အစေအပါး​သည် ရွှေ​တန်ဆာ​၊ ငွေ​တန်ဆာ​နှင့် အဝတ်တန်ဆာ​တို့​ကို​ထုတ်​၍ ရေဗက္ကာ​အား ပေး​၏​။ သူ့​အစ်ကို​နှင့် သူ့​မိခင်​အား​လည်း အဖိုးတန်​သော​လက်ဆောင်​များ​ကို ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 54,
      "text": "ထို့နောက် ထို​အစေအပါး​နှင့်​သူ့​အဖော်​တို့​သည် စား​သောက်​၍ ညအိပ်နား​ကြ​၏​။ နံနက်အချိန်​တွင် သူ​တို့​ထ​ကြ​သောအခါ ထို​အစေအပါး​က “​အကျွန်ုပ်​ကို အကျွန်ုပ်​သခင်​ထံသို့ ပြန်ခွင့်ပြု​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 55,
      "text": "ရေဗက္ကာ​၏​မိခင်​နှင့်​အစ်ကို​က “​မိန်းကလေး​သည် အကျွန်ုပ်​တို့​နှင့်အတူ ဆယ်​ရက်​ခန့် နေ​ပါစေဦး​။ ထို့နောက်မှ သူ့​ကို​သွား​စေ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 56,
      "text": "အစေအပါး​က​လည်း “​ထာဝရဘုရား​သည် အကျွန်ုပ်​၏​ခရီးစဉ်​ကို အောင်မြင်​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​မ​နှောင့်နှေး​ပါရစေ​နှင့်​။ အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။ အကျွန်ုပ်​သခင်​ထံသို့ ပြန်သွား​ပါရစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 57,
      "text": "သူ​တို့​က​လည်း “​မိန်းကလေး​ကို​ခေါ်​၍ သူ့​ဆန္ဒ​ကို မေးကြည့်​ကြ​စို့​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 58,
      "text": "ရေဗက္ကာ​ကို​ခေါ်​၍ “​သင်​သည် ဤ​သူ​နှင့်​လိုက်သွား​မည်လော​”​ဟု မေး​ကြ​ရာ သူ​က “​ကျွန်မ​လိုက်သွား​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 59,
      "text": "ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ညီမ​ရေဗက္ကာ​နှင့် သူ​၏​အထိန်း​ကို အာဗြဟံ​၏​အစေအပါး​၊ သူ​၏​လူ​တို့​နှင့်အတူ လွှတ်လိုက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 60,
      "text": "သူ​တို့​သည် ရေဗက္ကာ​ကို​ကောင်းချီးပေး​လျက် “​ငါ​တို့​နှမ​၊ သင်​သည် လူ​အထောင်​အသောင်း​တို့​၏​အမိ​ဖြစ်လာ​ပါစေ​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​နိုင်​ပါစေ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 61,
      "text": "ထို့နောက် ရေဗက္ကာ​နှင့် သူ​၏​အစေခံ​မိန်းကလေး​တို့​သည်​ထ​၍ ကုလားအုတ်​တို့​ကို​စီး​လျက် ထို​သူ​၏​နောက်သို့​လိုက်သွား​ကြ​၏​။ ဤသို့ဖြင့် ထို​အစေအပါး​သည် ရေဗက္ကာ​ကို​ခေါ်ဆောင်​၍ ထွက်ခွာ​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 62,
      "text": "ထို​အချိန်​တွင် ဣဇက်​သည် ဗေရလဟဲရော​အရပ်​မှ​လာ​၍ နေဂေ့​အရပ်​၌​နေထိုင်​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 63,
      "text": "ဣဇက်​သည် ညချမ်းအချိန်​၌ ကွင်းပြင်​သို့ လမ်းလျှောက်​ထွက်သွား​၍ မျှော်ကြည့်​လိုက်​ရာ ကုလားအုတ်​များ​လာ​နေ​သည်​ကို​မြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 64,
      "text": "ရေဗက္ကာ​သည်​လည်း မျှော်ကြည့်​၍ ဣဇက်​ကို​မြင်​လျှင် ကုလားအုတ်​အပေါ်​မှ​ဆင်း​ပြီး"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 65,
      "text": "“​ကျွန်မ​တို့​ကို​ကြိုဆို​ရန် ကွင်းပြင်​၌​လျှောက်လာ​သော ထို​သူ​သည် မည်သူ​နည်း​”​ဟု အစေအပါး​အား​မေး​လေ​၏​။ အစေအပါး​က​လည်း “​သူ​သည် အကျွန်ုပ်​၏​သခင်​ဖြစ်​ပါ​သည်​”​ဟု ပြန်ပြော​လျှင် ရေဗက္ကာ​သည် ခြုံပဝါ​ကို​ယူ​၍ မျက်နှာ​ကို​ဖုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 66,
      "text": "အစေအပါး​သည် မိမိ​ပြု​ခဲ့​သော​အရာ​အားလုံး​ကို ဣဇက်​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 67,
      "text": "ထိုအခါ ဣဇက်​သည် ရေဗက္ကာ​ကို မိခင်​စာရာ​၏​တဲ​ထဲသို့​ခေါ်ဆောင်​သွား​၍ သူ​နှင့်​စုံဖက်​သဖြင့် ရေဗက္ကာ​သည် သူ​၏​မယား​ဖြစ်လာ​၏​။ ဣဇက်​သည် ရေဗက္ကာ​ကို​ချစ်​သဖြင့် မိခင်​မ​ရှိ​တော့​သည့်​နောက်တွင် နှစ်သိမ့်မှု​ကို​ရရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 1,
      "text": "အာဗြဟံ​သည် မိန်းမ​နောက်ထပ်​တစ်​ယောက်​ယူ​၏​။ သူ​၏​အမည်​မှာ ကေတုရ ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 2,
      "text": "ထို​မိန်းမ​သည် အာဗြဟံ​အတွက် သား​ဇိမရံ​၊ ယုတ်ရှန်​၊ မေဒန်​၊ မိဒျန်​၊ ဣရှဗက်​နှင့် ရှုအာ တို့​ကို​မွေးဖွား​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 3,
      "text": "ယုတ်ရှန်​သည် သား​ရှေဘ​နှင့်​ဒေဒန်​ကို​ရ​၏​။ ဒေဒန်​မှ​ဆင်းသက်​လာ​သော​သူ​များ​မှာ အာရှုရိမ်​လူမျိုး​၊ လေတုရှိမ်​လူမျိုး​နှင့် လုမ်မိမ်​လူမျိုး တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 4,
      "text": "မိဒျန်​၏​သား​များ​မှာ ဧဖာ​၊ ဧဖေရ​၊ ဟာနုတ်​၊ အဘိဒ​နှင့် ဧလဒါ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​အပေါင်း​တို့​သည် ကေတုရ​၏​သားမြေး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 5,
      "text": "အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ဣဇက်​အား ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 6,
      "text": "မိမိ​မယားငယ်​တို့​၏​သား​တို့​ကို​ကား အာဗြဟံ​သည် လက်ဆောင်ပစ္စည်း​များ​ပေး​၍ မိမိ​အသက်ရှင်​စဉ်တွင် သူ​တို့​ကို မိမိ​သား​ဣဇက်​နှင့်​ဝေးရာ အရှေ့​ပြည်​သို့ လွှတ်လိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 7,
      "text": "အာဗြဟံ​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ​မှာ တစ်ရာ​ခုနစ်ဆယ့်​ငါး​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 8,
      "text": "အာဗြဟံ​သည် အိုမင်းရင့်ရော်​၍ သက်တမ်းစေ့​သောအခါ နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 9,
      "text": "သူ​၏​သား ဣဇက်​နှင့်​ဣရှမေလ​တို့​သည် မံရေ​မြို့​အရှေ့ဘက်​၊ ဟိတ္တိ​လူမျိုး​ဇောဟာ​၏​သား ဧဖရုန်​၏​လယ်​၌​ရှိ​သော မပ္ပေလ​လိုဏ်ဂူ​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 10,
      "text": "ထို​လယ်​သည် ဟေသ​အမျိုးသား​တို့​ထံမှ အာဗြဟံ​ဝယ်ယူ​ထား​သော​လယ်​ဖြစ်​၏​။ အာဗြဟံ​ကို သူ​၏​မယား​စာရာ​နှင့်အတူ ထို​အရပ်​တွင် သင်္ဂြိုဟ်​ကြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 11,
      "text": "အာဗြဟံ​ကွယ်လွန်​ပြီးနောက် သူ​၏​သား​ဣဇက်​ကို ဘုရားသခင်​ကောင်းချီးပေး​တော်မူ​၏​။ ဣဇက်​သည် ဗေရလဟဲရော​အရပ်​၌ နေထိုင်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 12,
      "text": "စာရာ​၏​ကျွန်မ​၊ အီဂျစ်​အမျိုးသမီး ဟာဂရ​က မွေးဖွား​ပေး​သော အာဗြဟံ​၏​သား ဣရှမေလ​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 13,
      "text": "ဣရှမေလ​၏​သား​တို့​အမည်​ကား ဤသို့​တည်း​။ သူ​တို့​၏​အမည်​များ​ကို ကြီးစဉ်ငယ်လိုက်​စဉ်​သော် ဣရှမေလ​၏​သားဦး​မှာ နဗာယုတ်​၊ ထို့နောက် ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 14,
      "text": "ထို့နောက် မိရှမ​၊ ဒုမာ​၊ မာစ​၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 15,
      "text": "ဟာဒဒ်​၊ တေမ​၊ ယေတုရ​၊ နာဖိရှ​နှင့် ကေဒမာ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 16,
      "text": "ဤ​သူ​တို့​ကား ဣရှမေလ​၏​သား​များ​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​၏​အမည်​များ​ကို သူ​တို့​၏​ရွာ​များ​၊ သူ​တို့​စခန်းချ​ရာ​အရပ်​များ​အလိုက်​ခေါ်တွင်​ကြ​၏​။ သူ​တို့​သည် မိမိ​တို့​မျိုးနွယ်စု​များ​အလိုက် ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ပါး​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 17,
      "text": "(​ဣရှမေလ​အသက်ရှင်​ခဲ့​သော​နှစ်ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။ သူ​သည် နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။​)"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 18,
      "text": "သူ​တို့​သည် ဟဝိလ​အရပ်​မှ အီဂျစ်​ပြည်​၏​အရှေ့​ဘက်​၊ အဆီးရီယား​ပြည်​သို့​သွား​သော​လမ်း​၌​ရှိ​သည့် ရှုရ​အရပ်​တိုင်အောင် နေထိုင်​ကြ​၏​။ သူ​တို့​သည် မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ရန်ဘက်ပြု​လျက် နေထိုင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 19,
      "text": "အာဗြဟံ​သား​ဣဇက်​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 20,
      "text": "ဣဇက်​သည် ပါဒန်အာရံ​ပြည်​မှ အာရံ​လူမျိုး​ဗေသွေလ​၏​သမီး​၊ လာဗန်​၏​ညီမ ရေဗက္ကာ​ကို မိမိ​မယား​အဖြစ်​ယူ​သောအခါ အသက်​လေးဆယ်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 21,
      "text": "ဣဇက်​သည် မိမိ​မယား​မြုံ​သောကြောင့် သူ့​အတွက် ထာဝရဘုရား​ထံ​ဆုတောင်း​၏​။ ထာဝရဘုရား​သည် သူ​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၍ သူ​၏​မယား​ရေဗက္ကာ​သည် ကိုယ်ဝန်ဆောင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 22,
      "text": "သို့သော် ကလေး​တို့​သည် ဝမ်း​ထဲ၌​အချင်းချင်း​တိုးဝှေ့​ကြ​သဖြင့် ရေဗက္ကာ​က “​ကျွန်မ​၌ အဘယ်ကြောင့် ဤသို့​ဖြစ်​ရ​သနည်း​”​ဟု ဆို​လျက် ထာဝရဘုရား​အား မေးမြန်း​ရန် သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 23,
      "text": "ထာဝရဘုရား​က “​သင်​၏​ဝမ်း​ထဲ၌ လူမျိုး​နှစ်​မျိုး​ရှိ​၏​။ သင့်​အထဲ​မှ လူမျိုး​နှစ်​မျိုး​ခွဲထွက်​လာ​လိမ့်မည်​။ လူမျိုး​တစ်​မျိုး​သည် အခြား​တစ်​မျိုး​ထက်​အင်အားကြီးမား​လိမ့်မည်​။ အကြီး​သည် အငယ်​ကို​အစေခံ​ရ​လိမ့်မည်​” ​ဟု သူ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 24,
      "text": "ထို့နောက် ရေဗက္ကာ​သည် သားဖွား​ရန်​နေ့​လ​စေ့​လေ​၏​။ သူ​၏​ဝမ်း​ထဲ၌ သား​အမြွှာ​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 25,
      "text": "အဦးဆုံး​မွေး​လာ​သော​သား​သည် အသားအရေ​နီ​၍ သူ​၏​တစ်ကိုယ်လုံး​သည် သားမွေးခြုံထည်​ကဲ့သို့​ဖြစ်​၏​။ သူ​၏​အမည်​ကို ဧသော ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 26,
      "text": "ထို့နောက်မှ သူ​၏​ညီ​သည် ဧသော​၏​ဖနောင့်​ကို မိမိ​လက်​ဖြင့်​ဆုပ်ကိုင်​လျက်​မွေး​လာ​၏​။ သို့ဖြစ်၍ သူ​၏​အမည်​ကို ယာကုပ် ဟု​မှည့်ခေါ်​လေ​၏​။ ထို​သား​တို့​မွေးဖွား​ကြ​သောအခါ ဣဇက်​သည် အသက်​ခြောက်ဆယ်​ရှိ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 27,
      "text": "သူငယ်​တို့​သည် ကြီးပြင်း​လာ​သောအခါ ဧသော​သည် တော​၌​ကျင်လည်​သော​မုဆိုးကောင်း​ဖြစ်​၏​။ ယာကုပ်​မူကား လူရိုးလူအေး​တစ်​ယောက်​ဖြစ်၍ တဲ​၌​နေ​လေ့​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 28,
      "text": "ဣဇက်​သည် တောကောင်သား​ကို​ခံတွင်းတွေ့​သောကြောင့် ဧသော​ကို​ချစ်​၏​။ ရေဗက္ကာ​မူကား ယာကုပ်​ကို​ချစ်​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 29,
      "text": "တစ်နေ့တွင် ယာကုပ်​သည် ဟင်း​ချက်ပြုတ်​နေစဉ် ဧသော​သည် တော​မှ မောပန်း​လျက်​ပြန်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 30,
      "text": "ဧသော​က ယာကုပ်​အား “​ငါ​သည် မောပန်း​နေ​သဖြင့် ငါ့​ကို ထို​ဟင်းနီနီ​လေး​ကျွေး​ပါ​”​ဟု ဆို​၏​။ (​ထို့ကြောင့် သူ​၏​အမည်​ကို ဧဒုံ ဟု​ခေါ်​ကြ​၏​။​)"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 31,
      "text": "ယာကုပ်​က​လည်း “​သင်​၏​သားဦးအရိုက်အရာ​ကို ငါ့​အား ယခု​ရောင်း​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 32,
      "text": "ဧသော​က​လည်း “​ငါ​သေ​လု​ပြီ​ဖြစ်၍ ဤ​သားဦးအရိုက်အရာ​သည် ငါ့​အတွက် မည်သည့်​အကျိုးရှိ​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 33,
      "text": "ယာကုပ်​က​လည်း “​ယခု​ကျိန်ဆို​ပါ​”​ဟု ဆို​သဖြင့် ဧသော​သည် ကျိန်ဆို​၏​။ ဤသို့ဖြင့် ဧသော​သည် မိမိ​၏​သားဦးအရိုက်အရာ​ကို ယာကုပ်​အား​ရောင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 34,
      "text": "ထိုအခါ ယာကုပ်​သည် မုန့်​နှင့်​ပဲနီ​ဟင်း​ကို ဧသော​အား​ပေး​သဖြင့် သူ​သည် စား​သောက်​ပြီးမှ ထ​၍ ထွက်သွား​လေ​၏​။ ထိုသို့ ဧသော​သည် သားဦးအရိုက်အရာ​ကို မထီမဲ့မြင်ပြု​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 1,
      "text": "အာဗြဟံ​လက်ထက်​၌​ကျရောက်​ခဲ့​ဖူး​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ဟုတ်​ဘဲ ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ထပ်မံ​ကျရောက်​သည်​ဖြစ်၍ ဣဇက်​သည် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​ရှိ​ရာ​ဂေရာ​မြို့​သို့ သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 2,
      "text": "ထိုအခါ ထာဝရဘုရား​သည် သူ့​အား​ကိုယ်ထင်ရှားပြ​၍ “​သင်​သည် အီဂျစ်​ပြည်​သို့​မ​ဆင်းသွား​နှင့်​။ သင့်​အား ငါ​ပြ​သည့်​ပြည်​၌ နေထိုင်​လော့​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 3,
      "text": "ဤ​ပြည်​၌ တည်းခိုနေထိုင်​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၍ သင့်​ကို​ကောင်းချီးပေး​မည်​။ အကယ်စင်စစ် ဤ​မြေ​ရှိသမျှ​တို့​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​၍ သင်​၏​ဖခင်​အာဗြဟံ​အား ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို ငါ​တည်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 4,
      "text": "ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​များပြား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​အား ဤ​မြေ​ရှိသမျှ​တို့​ကို ပေး​မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 5,
      "text": "အကြောင်းမူကား အာဗြဟံ​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ​၏​ညွှန်ကြားချက်​မှစ၍ ငါ​၏​ပညတ်ချက်​များ​၊ ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် ငါ​၏​တရား​များ​ကို စောင့်ထိန်း​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 6,
      "text": "ထို့ကြောင့် ဣဇက်​သည် ဂေရာ​မြို့​၌​နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 7,
      "text": "ထို​အရပ်​၌​ရှိ​သော​ယောက်ျား​တို့​သည် သူ့​မယား​အကြောင်း​ကို​မေး​ကြ​သောအခါ ဣဇက်​က “​ငါ့​မယား​ဖြစ်​သည်​”​ဟု ပြော​ရ​မည်​ကို ကြောက်​၍ “​ငါ့​နှမ​ဖြစ်​သည်​”​ဟု ဆို​၏​။ အကြောင်းမှာ ရေဗက္ကာ​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သဖြင့် ထို​အရပ်​၌​ရှိ​သော​ယောက်ျား​တို့​သည် ရေဗက္ကာ​အတွက်ကြောင့် မိမိ​အား​သတ်​မည်​ကို စိုးရိမ်​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 8,
      "text": "သူ​သည် ထို​အရပ်​၌​ရက်​အတန်ကြာ​နေ​လေ​၏​။ တစ်နေ့တွင် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​လိုက်​ရာ ဣဇက်​သည် မိမိ​မယား​ရေဗက္ကာ​နှင့် ဆော့မြှူကျီစယ်​နေ​သည်​ကို​မြင်​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 9,
      "text": "အဘိမလက်​မင်းကြီး​သည် ဣဇက်​ကို​ဆင့်ခေါ်​၍ “​စင်စစ် ထို​မိန်းမ​သည် သင်​၏​မယား​ဖြစ်​၏​။ သို့ဖြစ်လျက်နှင့်​သင်​က ‘​သူ​သည် ငါ့​နှမ​ဖြစ်​သည်​’​ဟု အဘယ်ကြောင့်​ဆို​ရ​သနည်း​”​ဟု မေး​လေ​၏​။ ဣဇက်​က​လည်း “​သူ့​အတွက်ကြောင့် အကျွန်ုပ်​သေ​ရ​ကောင်း​သေ​ရ​လိမ့်မည်​ဟု အကျွန်ုပ်​ထင်​သောကြောင့်​ဖြစ်​ပါ​သည်​”​ဟု ဖြေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 10,
      "text": "အဘိမလက်​မင်းကြီး​က​လည်း “​ငါ​တို့​၌ သင်​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ တစ်စုံတစ်ဦး​သော​သူ​သည် သင်​၏​မယား​နှင့် အခန့်မသင့်​အိပ်​မိ​လျှင် သင်​သည် ငါ​တို့​အပေါ်​သို့ အပြစ်​ရောက်​စေ​ခဲ့​ပေ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 11,
      "text": "ထို့နောက် အဘိမလက်​မင်းကြီး​သည် လူ​အပေါင်း​တို့​အား “​ဤ​သူ​နှင့် သူ​၏​မယား​ကို​ထိ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​”​ဟု အမိန့်ပေး​မှာကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 12,
      "text": "ဣဇက်​သည် ထို​ပြည်​၌ မျိုးစေ့ကြဲ​၍ ထို​နှစ်​တွင် အဆ​တစ်ရာ​သော​အသီးအနှံ​ကို​ရ​လေ​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကောင်းချီးပေး​တော်မူ​သောကြောင့်"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 13,
      "text": "သူ​သည် ကြွယ်ဝ​လာ​၍ အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သည့်​တိုင်အောင် ပို၍ပို၍​ကြီးပွား​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 14,
      "text": "သူ​၌ သိုးအုပ်​၊ နွားအုပ် စသည့် တိရစ္ဆာန်​များ​နှင့် အခြွေအရံ​အမြောက်အမြား​ရှိ​သည်​ဖြစ်၍ ဖိလိတ္တိ​အမျိုးသား​တို့​သည် သူ့​ကို​ငြူစူ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 15,
      "text": "ထို့ကြောင့် ဖိလိတ္တိ​အမျိုးသား​တို့​သည် သူ့​ဖခင် အာဗြဟံ​လက်ထက်​၌ သူ့​ဖခင်​၏​အစေအပါး​တို့ တူး​ခဲ့​သော​ရေတွင်း​အားလုံး​ကို မြေ​ဖို့​ပိတ်ဆို့​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 16,
      "text": "အဘိမလက်​မင်းကြီး​က​လည်း “​သင်​သည် ငါ​တို့​ထက်​အလွန်​အားကြီး​လာ​သောကြောင့် ငါ​တို့​ထံ​မှ ထွက်သွား​ပါ​”​ဟု ဣဇက်​အား ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 17,
      "text": "ထို့ကြောင့် ဣဇက်​သည် ထို​အရပ်​မှ​ထွက်သွား​ပြီး ဂေရာ​ချိုင့်ဝှမ်း​၌​စခန်းချ​၍ နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 18,
      "text": "ဣဇက်​၏​ဖခင်​အာဗြဟံ​လက်ထက်​၌ တူး​ခဲ့​၍ အာဗြဟံ​ကွယ်လွန်​ပြီးနောက် ဖိလိတ္တိ​အမျိုးသား​တို့ ပိတ်ဆို့​ခဲ့​သော​ရေတွင်း​ကို ဣဇက်​သည် ပြန်​ဖော်​လေ​၏​။ သူ​သည် ထို​ရေတွင်း​များ​၏​အမည်​ကို မိမိ​ဖခင်​ခေါ်​ခဲ့​သည့်​အမည်​အတိုင်း ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 19,
      "text": "ဣဇက်​၏​အစေအပါး​တို့​သည် ချိုင့်ဝှမ်း​၌​ရေတွင်း​တူး​ကြ​သောအခါ စမ်းရေထွက်​သော​တွင်း​ကို​တွေ့ရှိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 20,
      "text": "သို့သော် ဂေရာ​မြို့​မှ​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​သည် “​ဤ​ရေ​ကို ငါ​တို့​ပိုင်​၏​”​ဟု ဆို​လျက် ဣဇက်​၏​တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​ကို ရန်တွေ့​ကြ​၏​။ ထိုသို့ သူ​တို့​သည် ဣဇက်​နှင့်​ဖက်ပြိုင်ရန်တွေ့​ကြ​သဖြင့် ဣဇက်​သည် ထို​ရေတွင်း​၏​အမည်​ကို ဧသက် ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 21,
      "text": "ထို့နောက်တွင် ဣဇက်​၏​အစေအပါး​တို့​သည် အခြား​သော​ရေတွင်း​ကို​တူး​ကြ​၏​။ ထို​ရေတွင်း​အတွက်ကြောင့်​လည်း ရန်တွေ့​ကြ​ပြန်​သဖြင့် ဣဇက်​သည် ထို​ရေတွင်း​၏​အမည်​ကို သိတန ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 22,
      "text": "ထို့ကြောင့် သူ​သည် ထို​အရပ်​မှ​ရွှေ့ပြောင်း​၍ အခြား​သော​ရေတွင်း​ကို​တူး​၏​။ ထို​ရေတွင်း​အတွက်ကြောင့် ရန်​မ​တွေ့​ကြ​တော့​သဖြင့် သူ​က “​အကယ်စင်စစ် ထာဝရဘုရား​သည် ငါ​တို့​နေရာ​ကို ယခု​ကျယ်ဝန်း​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ဤ​ပြည်​၌​ပွားများ​ကြ​လိမ့်မည်​”​ဟု ဆို​လျက် ထို​ရေတွင်း​၏​အမည်​ကို ရဟောဘုတ် ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 23,
      "text": "ထို့နောက် သူ​သည် ထို​အရပ်​မှ​ထွက်​၍ ဗေရရှေဘ​အရပ်​သို့ သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 24,
      "text": "ထို​ည​၌ ထာဝရဘုရား​သည် သူ့​အား​ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​ဖြစ်​၏​။ မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ ငါ​သည် သင့်​ကို​ကောင်းချီးပေး​၍ ငါ​၏​အစေအပါး​အာဗြဟံ​အတွက်ကြောင့် သင်​၏​သားစဉ်မြေးဆက်​ကို​များပြား​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 25,
      "text": "ဣဇက်​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို​ခေါ်ဆို​ပတ္ထနာပြု​ပြီးလျှင် ထို​အရပ်​တွင် တဲ​ကို​ဆောက်​လေ​၏​။ သူ​၏​အစေအပါး​တို့​သည်​လည်း ထို​အရပ်​တွင် ရေတွင်း​ကို​တူး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 26,
      "text": "အဘိမလက်​မင်းကြီး​သည် သူ​၏​မိတ်ဆွေ​အဟုဇာတ်​၊ သူ​၏​စစ်သူကြီး​ဖိကောလ​တို့​နှင့်အတူ ဂေရာ​မြို့​မှ ဣဇက်​ရှိ​ရာ​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 27,
      "text": "ဣဇက်​က “​သင်​တို့​သည် အကျွန်ုပ်​ကို​မုန်း​၍ သင်​တို့​ထံ​မှ​နှင်ထုတ်​ခဲ့​လျက်​နှင့်​ပင် အဘယ်ကြောင့် အကျွန်ုပ်​ထံသို့ လာ​ကြ​သနည်း​”​ဟု သူ​တို့​အား​ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 28,
      "text": "သူ​တို့​က​လည်း “​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို ငါ​တို့​အမှန်​သိမြင်​သည်​ဖြစ်၍ ငါ​တို့​တစ်ဖွဲ့​နှင့်​တစ်ဖွဲ့ ကျိန်ဆို​ခြင်း​ပြု​ကြ​စို့​၊ ပဋိညာဉ်​ဖွဲ့​ကြ​စို့​ဟု ငါ​တို့​တောင်းဆို​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 29,
      "text": "ထို့ကြောင့် ငါ​တို့​သည် သင့်​ကို​မ​ထိ​၊ သင့်​အပေါ်​ကောင်းမြတ်​သော​အရာ​ကို​သာ​ပြု​ပြီး သင့်​ကို​ငြိမ်းချမ်း​စွာ​လွှတ်လိုက်​သကဲ့သို့ သင်​သည်​လည်း ငါ​တို့​ကို​ဘေးအန္တရာယ်​မ​ပြု​နှင့်​။ အကယ်စင်စစ် သင်​သည် ထာဝရဘုရား​၏​ကောင်းချီး​ကို​ခံရ​သော​သူ​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 30,
      "text": "ထိုအခါ ဣဇက်​သည် သူ​တို့​အတွက် စားသောက်ပွဲ​တည်ခင်း​၍ သူ​တို့​သည် စား​သောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 31,
      "text": "သူ​တို့​သည် နံနက်​စောစောထ​၍ တစ်ဦး​နှင့်​တစ်ဦး​ကျိန်ဆို​ခြင်း​ကို​ပြု​ကြ​၏​။ ထို့နောက် ဣဇက်​သည် သူ​တို့​ကို​လွှတ်လိုက်​သဖြင့် သူ​တို့​သည် ငြိမ်းချမ်း​စွာ​ပြန်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 32,
      "text": "ထို​နေ့​၌ပင် ဣဇက်​၏​အစေအပါး​တို့​သည် လာ​၍ “​အကျွန်ုပ်​တို့​သည် ရေ​ကို​ရှာတွေ့​ကြ​ပါ​ပြီ​”​ဟု ဆို​လျက် သူ​တို့​တူး​သော​ရေတွင်း​အကြောင်း​ကို ဣဇက်​အား​ပြောကြား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 33,
      "text": "ဣဇက်​သည် ထို​ရေတွင်း​၏​အမည်​ကို ရှေဘ ဟု​ခေါ်​၏​။ ထို့ကြောင့် ထို​မြို့​၏​အမည်​ကို ဗေရရှေဘ ဟု​ယနေ့​တိုင်အောင်​ခေါ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 34,
      "text": "ဧသော​သည် အသက်​လေးဆယ်​ရှိ​သောအခါ ဟိတ္တိ​လူမျိုး​ဗေရိ​၏​သမီး​ယုဒိတ်​၊ ဟိတ္တိ​လူမျိုး​ဧလုန်​၏​သမီး​ဗာရှမတ်​တို့​နှင့် အိမ်ထောင်ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 35,
      "text": "ထို​မိန်းမ​တို့​သည် ဣဇက်​နှင့်​ရေဗက္ကာ​အတွက် စိတ်သောကရောက်စရာ​အကြောင်း​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 1,
      "text": "ဣဇက်​သည် အသက်ကြီး​၍ မျက်စိ​မှုန်​သဖြင့် မ​မြင်​နိုင်​သောအခါ သား​ကြီး​ဧသော​အား “​ငါ့​သား​”​ဟု ခေါ်​လျှင် ဧသော​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 2,
      "text": "ဣဇက်​က​လည်း “​ယခု ငါ​အသက်ကြီး​ပြီ​။ မည်သည့်​နေ့ရက်​၌ သေ​ရ​မည်​ကို ငါ​မ​သိ​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 3,
      "text": "ငါ​မ​သေ​မီ သင့်​ကို ငါ​ကောင်းချီးပေး​ဖို့ သင်​၏​လက်စွဲ​တော် လေး​နှင့်​မြားအိမ်​ကို​ယူ​၍ တော​သို့​သွား​ပြီး ငါ့​အဖို့ တောကောင်​ကို​လိုက်​လော့​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 4,
      "text": "ငါ​ကြိုက်နှစ်သက်​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​ပြီး ငါ​စား​ဖို့ ငါ့​ထံ ယူလာ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 5,
      "text": "ဣဇက်​က သူ​၏​သား​ဧသော​အား ပြောဆို​သော​စကား​ကို ရေဗက္ကာ​သည် ကြား​၏​။ သို့ဖြစ်၍ တောကောင်​လိုက်ဖမ်း​ပြီး​ယူလာ​ရန် တော​သို့​ဧသော​ထွက်သွား​သောအခါ"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 6,
      "text": "ရေဗက္ကာ​သည် သူ​၏​သား​ယာကုပ်​ကို​ခေါ်​၍ “​သင့်​ဖခင်​က သင်​၏​အစ်ကို​ဧသော​အား"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 7,
      "text": "‘​ငါ​မ​သေ​မီ ထာဝရဘုရား​ရှေ့​တော်​၌ သင့်​ကို​ကောင်းချီးပေး​ဖို့ တောကောင်​ကို ယူလာ​ပြီး ငါ​စား​ဖို့ အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​လော့​’​ဟု ဆို​သည်​ကို ငါ​ကြား​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 8,
      "text": "ထို့ကြောင့် ငါ့​သား​၊ ယခု ငါ့​စကား​ကို​နားထောင်​၍ သင့်​အား​ငါ​ပြော​သည့်​အတိုင်း​ပြု​လော့​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 9,
      "text": "သိုးအုပ်ဆိတ်အုပ်​ရှိ​ရာ​သို့​သွား​၍ ဆူဖြိုး​သော ​ဆိတ်သငယ်​နှစ်​ကောင်​ကို ငါ့​ထံသို့​ယူ​ခဲ့​လော့​။ ငါ​သည် သင်​၏​ဖခင်​ကြိုက်နှစ်သက်​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​မည်​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 10,
      "text": "သင်​၏​ဖခင်​မ​ကွယ်လွန်​မီ သင့်​ကို​ကောင်းချီးပေး​မည့်​အကြောင်း ထို​ဟင်း​ကို သူ​စား​ရန် သူ့​ထံသို့ သင်​ယူသွား​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 11,
      "text": "သို့သော် ယာကုပ်​က “​အကျွန်ုပ်​၏​အစ်ကို​ဧသော​ကား အမွေးထူ​သော​သူ​၊ အကျွန်ုပ်​ကား ချောမွတ်​သော​သူ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 12,
      "text": "အကျွန်ုပ်​၏​ဖခင်​သည် အကျွန်ုပ်​ကို​စမ်းကြည့်​ကောင်း​စမ်းကြည့်​လိမ့်မည်​။ ထိုအခါ အကျွန်ုပ်​ကို လိမ်လည်လှည့်ဖြား​သော​သူ​ဟု မှတ်​၍ အကျွန်ုပ်​သည် ကောင်းချီးမင်္ဂလာ​ကို​မ​ဟုတ်​ဘဲ ကျိန်ဆဲ​ခြင်း​ကို​သာ​ခံရ​ပါ​လိမ့်မည်​”​ဟု သူ့​မိခင်​ရေဗက္ကာ​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 13,
      "text": "မိခင်​က​လည်း “​ငါ့​သား သင်​ခံရ​မည့်​ကျိန်ဆဲ​ခြင်း​သည် ငါ့​အပေါ်​သို့​သက်ရောက်​ပါစေ​။ ငါ့​စကား​ကို​သာ​နားထောင်​လော့​။ သွား​၍​ဆိတ်သငယ်​တို့​ကို ငါ့​ထံသို့ ယူ​ခဲ့​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 14,
      "text": "ထို့ကြောင့် သူ​သည် ဆိတ်သငယ်​တို့​ကို သွားယူ​၍ မိခင်​ထံသို့ ယူ​လာ​၏​။ မိခင်​သည်​လည်း ဖခင်​ကြိုက်နှစ်သက်​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 15,
      "text": "ထို့နောက် ရေဗက္ကာ​သည် အိမ်​တွင် သူ​၌​ရှိ​သော သား​ကြီး​ဧသော​၏​အကောင်းဆုံး​အဝတ်​ကို​ယူ​၍ သား​ငယ်​ယာကုပ်​အား ဝတ်ဆင်​ပေး​လျက်"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 16,
      "text": "ဆိတ်သငယ်​၏​သားရေ​တို့​ဖြင့် သူ​၏​လက်​နှင့် ပြောင်ချော​နေ​သော သူ​၏​လည်ပင်း​ကို ဖုံးအုပ်​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 17,
      "text": "မိမိ​ချက်​ထား​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​နှင့်​မုန့်​ကို​လည်း သား​ယာကုပ်​၏​လက်​၌ ထည့်ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 18,
      "text": "ထိုအခါ ယာကုပ်​သည် မိမိ​ဖခင်​ထံသို့​သွား​၍ “​အဖေ​”​ဟု ခေါ်​လျှင် ဖခင်​က “​ပြော​ပါ ငါ့​သား​၊ သင်​သည် မည်သူ​နည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 19,
      "text": "ယာကုပ်​က​လည်း “​အကျွန်ုပ်​သည် အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​။ အဖေ​ပြော​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ အဖေ​သည် အကျွန်ုပ်​ကို ကောင်းချီးပေး​မည့်​အကြောင်း ယခု ထ​၍​ထိုင်​ပါ​။ အကျွန်ုပ်​၏​တောကောင်သား​ကို စား​ပါ​”​ဟု မိမိ​ဖခင်​အား ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 20,
      "text": "ဣဇက်​က​လည်း “​ငါ့​သား​၊ အဘယ်ကြောင့် ဤမျှလောက်​လျင်မြန်​စွာ​တွေ့​ရ​သနည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အဖေ​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​အား တွေ့ခွင့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​ပါ​သည်​”​ဟု ပြန်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 21,
      "text": "ဣဇက်​က​လည်း “​ငါ့​သား​၊ သင်​သည် အမှန်ပင် ငါ့​သား​ဧသော​ဟုတ်​၊ မ​ဟုတ် သင့်​ကို ငါ​စမ်းကြည့်​နိုင်​ရန် ငါ့​နား​သို့​လာ​ပါ​လော့​”​ဟု ယာကုပ်​အား​ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 22,
      "text": "ထို့ကြောင့် ယာကုပ်​သည် သူ​၏​ဖခင်​ဣဇက်​ထံ​ချဉ်းကပ်​လေ​၏​။ ဖခင်​သည်​လည်း သူ့​ကို​စမ်းကြည့်​ပြီးလျှင် “​အသံ​ကား ယာကုပ်​၏​အသံ​၊ လက်​ကား ဧသော​၏​လက်​ပါတကား​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 23,
      "text": "ယာကုပ်​၏​လက်​သည် အစ်ကို​ဧသော​၏​လက်​ကဲ့သို့ အမွေးထူ​သောကြောင့် ယာကုပ်​ဖြစ်ကြောင်း​မ​သိ​နိုင်​သဖြင့် ဣဇက်​သည် သူ့​ကို​ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 24,
      "text": "သို့ရာတွင် “​သင်​သည် အမှန်ပင် ငါ့​သား​ဧသော​ဖြစ်​သလော​”​ဟု မေးပြန်​၏​။ ယာကုပ်​က​လည်း “​မှန်​ပါ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 25,
      "text": "ဣဇက်​က​လည်း “​ငါ့​သား​၊ ငါ​စား​ဖို့ တောကောင်သား​ကို ငါ့​ထံသို့ ယူလာ​လော့​။ ငါ​စား​ပြီးလျှင် သင့်​ကို ကောင်းချီးပေး​မည်​”​ဟု ဆို​လျှင် ယာကုပ်​သည် သူ့​ထံသို့​ယူလာ​၍ သူ​သည်​စား​လေ​၏​။ စပျစ်ဝိုင်​ကို​လည်း ယူလာ​ပေး​ရာ သူ​သည်​သောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 26,
      "text": "ထို့နောက် ယာကုပ်​၏​ဖခင်​ဣဇက်​က “​ငါ့​သား​၊ ငါ့​ထံသို့​ချဉ်းကပ်​၍ ငါ့​ကို​နမ်း​လော့​”​ဟု ဆို​သဖြင့်"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 27,
      "text": "ယာကုပ်​သည် သူ့​ထံသို့​ချဉ်းကပ်​၍ နမ်း​လေ​၏​။ ထိုအခါ ဣဇက်​သည် ယာကုပ်​အဝတ်​၏​အနံ့​ကို​ခံ​၍ “​ကြည့်ရှု​လော့​။ ငါ့​သား​၏​အနံ့​သည် ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သော​လယ်​၏​ရနံ့​နှင့်​တူ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 28,
      "text": "ဘုရားသခင်​သည် မိုးကောင်းကင်​၏​နှင်း​ကို​လည်းကောင်း​၊ မြေကြီး​၏​အဆီအနှစ်​ကို​လည်းကောင်း​၊ များစွာ​သော​ကောက်ပဲသီးနှံ​နှင့်​စပျစ်ဝိုင်​အသစ်​ကို​လည်းကောင်း သင့်​အား​ပေး​တော်မူ​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 29,
      "text": "လူမျိုးတကာ​တို့​သည် သင့်​ထံ၌​အစေခံ​ကြ​၍ တိုင်းသူပြည်သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင်​သည် သင့်​ညီအစ်ကို​တို့​၏​အရှင်သခင်​ဖြစ်​လျက် သင့်​မိခင်​၏​သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင့်​ကို​ကျိန်ဆဲ​သော​သူ​တို့​သည် ကျိန်ဆဲ​ခြင်း​ခံရ​၍ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​ကြ​ပါစေ​”​ဟု သူ့​ကို​ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 30,
      "text": "ဣဇက်​သည် ယာကုပ်​ကို​ကောင်းချီးပေး​ပြီးမှ ယာကုပ်​လည်း ဖခင်​ဣဇက်​ထံ​မှ​ထွက်သွား​လျှင်​ထွက်သွား​ချင်း သူ့​အစ်ကို​ဧသော​သည် တောကောင်လိုက်​ရာ​မှ​ပြန်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 31,
      "text": "ဧသော​သည်​လည်း အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​၍ ဖခင်​ထံသို့​ယူလာ​ပြီးလျှင် “​အဖေ​၊ အဖေ့​သား​ယူလာ​သော​တောကောင်သားဟင်း​ကို ထ​၍ စား​ပြီး သား​ကို​ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 32,
      "text": "ဖခင်​ဣဇက်​က​လည်း “​သင်​သည် မည်သူ​နည်း​”​ဟု မေး​လျှင် ဧသော​က “​အကျွန်ုပ်​သည် အဖေ့​သား​၊ အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 33,
      "text": "ထိုအခါ ဣဇက်​သည် အလွန်​ထိတ်လန့်​တုန်လှုပ်​လျက် “​သို့ဖြစ်လျှင် တောကောင်​လိုက်ဖမ်း​၍ ငါ့​ထံသို့​ယူလာ​ခဲ့​သော​သူ​သည် မည်သူ​နည်း​။ သင်​ရောက်​မ​လာ​မီ ငါ​သည် အကုန်​စား​ပြီး သူ့​ကို​ကောင်းချီးပေး​လေ​ပြီ​။ အကယ်စင်စစ် သူ​သည် ကောင်းချီးမင်္ဂလာ​ကို​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 34,
      "text": "ဧသော​သည် ဖခင်​၏​စကား​ကို​ကြား​သောအခါ အလွန်​ခါးသီး​စွာ​ခံစား​ရ​လျက် ကျယ်လောင်​စွာ​အော်ဟစ်ငိုကြွေး​ကာ “​အဖေ​၊ အကျွန်ုပ်​ကို​၊ အကျွန်ုပ်​ကို​လည်း ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 35,
      "text": "ဖခင်​က​လည်း “​သင့်​ညီ​သည် လာ​၍ လိမ်လည်လှည့်ဖြား​ပြီး သင်​၏​ကောင်းချီးမင်္ဂလာ​ကို ယူသွား​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 36,
      "text": "ဧသော​က​လည်း “​သူ့​အမည်​ကို ယာကုပ် ဟု​မှည့်ခေါ်​ထား​သည်​မှာ မှန်​နေ​သည်​မ​ဟုတ်​လော​။ သူ​သည် အကျွန်ုပ်​ကို နှစ်ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ ယခင်က အကျွန်ုပ်​၏​သားဦးအရိုက်အရာ​ကို​ယူသွား​၏​။ ယခု​လည်း အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို​ယူသွား​၏​”​ဟု ဆို​ပြီးလျှင် “​အဖေ အကျွန်ုပ်​အတွက် ကောင်းချီးမင်္ဂလာ​တစ်ပါးမျှ မ​ချန်ထား​ပေး​သလော​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 37,
      "text": "ဣဇက်​က​လည်း “​ကြည့်ရှု​လော့​။ ငါ​သည် သူ့​ကို သင်​၏​အရှင်သခင်​ဖြစ်​စေ​ပြီ​။ သူ​၏​ညီအစ်ကို​အပေါင်း​တို့​ကို​လည်း သူ​၏​အစေအပါး​ဖြစ်​စေ​ပြီ​။ ကောက်ပဲသီးနှံ​နှင့်​စပျစ်ဝိုင်​အသစ်​တို့​ဖြင့်​လည်း သူ့​ကို​ထောက်မ​ပြီ​။ သို့ဖြစ်၍ ငါ့​သား​၊ သင့်​အတွက် ငါ​ဘာ​လုပ်ပေး​နိုင်​ဦး​မည်နည်း​”​ဟု ဧသော​အား​ပြန်ပြော​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 38,
      "text": "ဧသော​က​လည်း “​အဖေ​၊ အဖေ့​တွင် ကောင်းချီးမင်္ဂလာ​တစ်ပါးတည်းသာ​ရှိ​သလော​။ အဖေ​၊ အကျွန်ုပ်​ကို​၊ အကျွန်ုပ်​ကို​လည်း ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​၏​။ ထို့နောက် ဧသော​သည် အော်ဟစ်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 39,
      "text": "သူ​၏​ဖခင်​ဣဇက်​က​လည်း “​ကြည့်ရှု​လော့​။ သင်​နေထိုင်​ရာ​အရပ်​သည် မြေကြီး​အဆီအနှစ်​နှင့်​လည်းကောင်း​၊ အထက်​မိုးကောင်းကင်​နှင်း​နှင့်​လည်းကောင်း ဝေးကွာ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 40,
      "text": "သင်​သည် ဓား​ဖြင့်​အသက်မွေး​၍ သင့်​ညီ​ထံ၌​အစေခံ​ရ​လိမ့်မည်​။ သို့သော် သင်​ရုန်းကန်​သော​အားဖြင့် သူ​၏​ထမ်းပိုး​ကို သင်​၏​လည်ပင်း​မှ​ချွတ်​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 41,
      "text": "ဖခင်​က ယာကုပ်​အား ပေး​သော​ကောင်းချီးမင်္ဂလာ​ကြောင့် ဧသော​သည် ယာကုပ်​ကို​အငြိုးထား​၏​။ ဧသော​က “​ငါ့​ဖခင်​သေဆုံး​မည့်​နေ့ရက် ​နီး​ပြီ​။ ထိုအခါ ငါ​သည် ငါ့​ညီ​ယာကုပ်​ကို​သတ်​မည်​”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 42,
      "text": "ရေဗက္ကာ​သည် သား​ကြီး​ဧသော​၏​စကား​ကို ကြားသိ​ရ​သောအခါ သား​ငယ်​ယာကုပ်​ကို လူ​လွှတ်​ခေါ်​၍ “​သင်​၏​အစ်ကို​ဧသော​သည် သင့်​ကို​သတ်​ရ​မှ​ကျေနပ်​မည်​ဟု ကြံစည်​ပြီ​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 43,
      "text": "ထို့ကြောင့် ငါ့​သား​၊ ယခု ငါ့​စကား​ကို​နားထောင်​လော့​။ ထ​၍ ဟာရန်​မြို့​၌​ရှိ​သော ငါ့​အစ်ကို​လာဗန်​ထံသို့ ထွက်ပြေး​လော့​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 44,
      "text": "သင့်​အစ်ကို​၏​အမျက်ဒေါသ​ပြေ​သည်​အထိ ဦးရီး​နှင့်အတူ ခေတ္တ​နေထိုင်​လော့​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 45,
      "text": "သင့်​အစ်ကို​သည် သင့်​ကို​အမျက်ပြေ​၍ သူ​၌​သင်​ပြု​ခဲ့​သော​အမှု​ကို​မေ့လျော့​သောအခါ ငါ​သည်​လူ​လွှတ်​၍ သင့်​ကို​ထို​အရပ်​မှ​ပြန်ခေါ်​မည်​။ သင်​တို့​နှစ်ဦးစလုံး​ကို တစ်နေ့ချင်း​တွင် အဘယ်ကြောင့် ငါ​အဆုံးရှုံး​ခံရ​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 46,
      "text": "ထို့နောက် ရေဗက္ကာ​က ဣဇက်​အား “​အကျွန်ုပ်​သည် ဟေသ​အမျိုးသမီး​တို့​ကြောင့် အသက်ရှင်​ရ​သည်​ကို​ပင် ငြီးငွေ့​ပါ​ပြီ​။ ဤ​ပြည်​ရှိ​အမျိုးသမီး​ကဲ့သို့သော ဟေသ​အမျိုးသမီး​တို့​နှင့် ယာကုပ်​အိမ်ထောင်ပြု​မည်​ဆို​လျှင် အကျွန်ုပ်​အသက်ရှင်​ရ​သည်​မှာ မည်သည့်​အကျိုးရှိ​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 1,
      "text": "ထိုအခါ ဣဇက်​သည် ယာကုပ်​ကို​ခေါ်​၍ “​သင်​သည် ခါနာန်​အမျိုးသမီး​နှင့် အိမ်ထောင်​မ​ပြု​ရ​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 2,
      "text": "ထ​၍ ပါဒန်အာရံ​ပြည်​ရှိ သင့်​မိခင်​၏​အဖေ ဗေသွေလ​၏​အိမ်​သို့ သွား​လော့​။ ထို​အရပ်​ရှိ သင့်​ဦးရီး​လာဗန်​၏​သမီး​တစ်ယောက်ယောက်​နှင့်​အိမ်ထောင်ပြု​လော့​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 3,
      "text": "သင်​သည် လူမျိုးကြီး​ဖြစ်လာ​သည့်​တိုင်အောင် အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင့်​ကို​ကောင်းချီးပေး​၍ သင့်​ကို တိုးပွား​များပြား​စေ​တော်မူ​ပါစေသော​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 4,
      "text": "သင်​တည်းခိုနေထိုင်​သော​ပြည်​ဖြစ်​သည့် အာဗြဟံ​အား ဘုရားသခင်​ပေး​တော်မူ​သော​ပြည်​ကို သင်​ပိုင်ဆိုင်​ရ​မည့်​အကြောင်း အာဗြဟံ​အား ပေး​တော်မူ​သော​ကောင်းချီးမင်္ဂလာ​ကို ကိုယ်တော်​သည် သင်​နှင့်တကွ သင်​နှင့်အတူ​ရှိ​သော သင်​၏​သားမြေး​တို့​အား ပေး​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေး​လျက် မှာကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 5,
      "text": "ထိုသို့ ဣဇက်​သည် ယာကုပ်​ကို​လွှတ်လိုက်​သဖြင့် သူ​သည် ပါဒန်အာရံ​ပြည်​ရှိ အာရံ​လူမျိုး​ဗေသွေလ​၏​သား လာဗန်​ထံသို့​ထွက်ခွာ​သွား​လေ​၏​။ လာဗန်​သည် ယာကုပ်​နှင့်​ဧသော​တို့​၏​မိခင်​ရေဗက္ကာ​၏​အစ်ကို​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 6,
      "text": "ဣဇက်​သည် ယာကုပ်​ကို​ကောင်းချီးပေး​၍ ပါဒန်အာရံ​ပြည်​မှ​အမျိုးသမီး​နှင့်​အိမ်ထောင်ပြု​ရန် ထို​ပြည်​သို့​လွှတ်လိုက်​သည်​ကို​လည်းကောင်း​၊ သူ့​ကို​ကောင်းချီးပေး​သောအခါ ခါနာန်​အမျိုးသမီး​နှင့်​အိမ်ထောင်​မ​ပြု​ရ​ဟု မှာကြား​သည်​ကို​လည်းကောင်း​၊"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 7,
      "text": "ယာကုပ်​သည် မိခင်​နှင့်​ဖခင်​၏​စကား​ကို​နားထောင်​၍ ပါဒန်အာရံ​ပြည်​သို့​ထွက်ခွာ​သွား​သည်​ကို​လည်းကောင်း ဧသော​သိမြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 8,
      "text": "ဖခင်​ဣဇက်​သည် ခါနာန်​အမျိုးသမီး​တို့​အား မနှစ်မြို့​သည်​ကို​လည်း ဧသော​သိမြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 9,
      "text": "ထို့ကြောင့် ဧသော​သည် ဣရှမေလ​ထံသို့​သွား​၍ မိမိ​၌​ရှိ​သော​မယား​တို့​အပြင် အာဗြဟံ​သား​ဣရှမေလ​၏​သမီး​၊ နဗာယုတ်​၏​နှမ မဟာလတ်​နှင့် အိမ်ထောင်ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 10,
      "text": "ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထွက်ခွာ​၍ ဟာရန်​ပြည်​သို့​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 11,
      "text": "တစ်နေရာ​သို့​ရောက်​သောအခါ နေဝင်​သွား​သောကြောင့် ထို​နေရာ​တွင် ညအိပ်နား​လေ​၏​။ သူ​သည် ထို​နေရာ​မှ​ကျောက်​ကို​ယူ​ပြီးလျှင် ခေါင်းအုံး​လုပ်​၍ ထို​အရပ်​၌ပင်​အိပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 12,
      "text": "ထိုအခါ သူ​အိပ်မက်မက်​သည်​မှာ မြေကြီး​ပေါ်တွင်​လှေကား​တစ်​စင်း​ထောင်​ထား​လျက်​ရှိ​၍ ၎င်း​၏​ထိပ်​သည် မိုးကောင်းကင်​အထိ​ရောက်​၏​။ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် ထို​လှေကား​ပေါ်တွင် တက်​လျက်​၊ ဆင်း​လျက်​ရှိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 13,
      "text": "ထာဝရဘုရား​သည် သူ့​အနား​တွင် ​ရပ်​နေ​၍ “​ငါ​သည် သင့်​ဖခင်​အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​ဖြစ်​၏​။ သင်​အိပ်​နေ​သော​မြေ​ကို သင်​နှင့်​သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 14,
      "text": "သင်​၏​သားစဉ်မြေးဆက်​သည် မြေမှုန့်​ကဲ့သို့​များပြား​၍ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် အရပ်ရပ်​သို့​ပျံ့နှံ့​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့်​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​အားဖြင့်​လည်းကောင်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 15,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 16,
      "text": "ယာကုပ်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သောအခါ “​အကယ်စင်စစ် ထာဝရဘုရား​သည် ဤ​အရပ်​၌ ရှိ​တော်မူ​၏​။ သို့ပါလျက် ငါ​မ​သိ​ခဲ့​ပါ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 17,
      "text": "သူ​သည် ကြောက်ရွံ့​၍ “​ဤ​အရပ်​သည် အံ့ဩဖွယ်​ကောင်း​လှ​ပါ​သည်​တကား​။ ဤ​အရပ်​ကား အခြား​မ​ဟုတ်​၊ ဘုရားသခင်​၏​အိမ်​တော်​ပေတည်း​။ ဤ​အရပ်​ကား ကောင်းကင်​တံခါးဝ​ပေတည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 18,
      "text": "ယာကုပ်​သည် နံနက်​စောစောထ​၍ သူ​ခေါင်းအုံး​ခဲ့​သော​ကျောက်​ကို​ယူ​ကာ မှတ်တိုင်​အဖြစ်​စိုက်ထူ​ပြီးလျှင် ထိပ်ဖျား​၌ ဆီ​ကို​လောင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 19,
      "text": "သူ​သည် ထို​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။ ယခင်က ထို​မြို့​၏​အမည်​မှာ လုဇ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 20,
      "text": "ထို့နောက် ယာကုပ်​က “​ဘုရားသခင်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​၍ အကျွန်ုပ်​သွား​သော​ဤ​ခရီး​တွင် အကျွန်ုပ်​ကို​စောင့်ရှောက်​လျက် စားစရာ​အစာ​နှင့် ဝတ်​စရာ​အဝတ်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​သဖြင့်"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 21,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​ဖခင်​၏​အိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်လာ​ရ​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​မည်​။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 22,
      "text": "မှတ်တိုင်​အဖြစ် အကျွန်ုပ်​စိုက်ထူ​သော ဤ​ကျောက်​သည်​လည်း ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​မည်​။ အကျွန်ုပ်​အား​ပေးသနား​တော်မူ​သော​အရာ​ရှိသမျှ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​အား မုချ​ပူဇော်​ပါ​မည်​”​ဟု ဆို​လျက် ကတိသစ္စာ​ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 1,
      "text": "ထို့နောက် ယာကုပ်​သည် ခရီးဆက်​၍ အရှေ့​ပြည်သား​တို့​နေ​ရာ​အရပ်​သို့ ရောက်​သောအခါ"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 2,
      "text": "ကွင်းပြင်​၌ ရေတွင်း​တစ်​တွင်း​ကို​မြင်​လေ​၏​။ ရေတွင်း​အနီး​တွင် သိုးအုပ်​သုံး​အုပ်​လဲလျောင်း​နေ​၏​။ အကြောင်းမှာ သိုးအုပ်​တို့​ကို ထို​ရေတွင်း​၌ ရေတိုက်​လေ့​ရှိ​ကြ​သောကြောင့်​ဖြစ်​၏​။ ထို​ရေတွင်းဝ​ကို ကျောက်တုံး​ကြီး​ဖြင့် ပိတ်​ထား​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 3,
      "text": "သိုးအုပ်​အားလုံး​ကို ထို​ရေတွင်း​၌​စုဝေး​စေ​ပြီးမှ သိုးထိန်း​တို့​သည် တွင်း​ဝ​မှ​ကျောက်တုံး​ကို​လှိမ့်ဖယ်​၍ သိုး​တို့​ကို​ရေတိုက်​ပြီးလျှင် ကျောက်တုံး​ကို သူ့​နေရာ တွင်း​ဝ​၌​ပြန်ထား​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 4,
      "text": "ယာကုပ်​က သိုးထိန်း​တို့​အား “​ငါ့​ညီအစ်ကို​တို့​၊ သင်​တို့ အဘယ်​အရပ်​က​လာ​ကြ​သနည်း​”​ဟု မေး​ရာ သူ​တို့​က “​ငါ​တို့​သည် ဟာရန်​မြို့​မှ​လာ​ကြ​သည်​”​ဟု ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 5,
      "text": "တစ်ဖန် ယာကုပ်​က “​နာခေါ်​၏​သား​လာဗန်​ကို သင်​တို့​သိ​ကြ​သလော​”​ဟု မေး​ရာ သူ​တို့​က “​ငါ​တို့​သိ​သည်​”​ဟု ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 6,
      "text": "“​သူ​ကျန်းမာ​ပါ​သလော​”​ဟု မေးပြန်​ရာ သူ​တို့​က “​ကျန်းမာ​ပါ​သည်​။ ကြည့်​ပါ​။ သူ​၏​သမီး​ရာခေလ​သည် သိုး​များ​နှင့်​လာ​နေ​ပြီ​”​ဟု ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 7,
      "text": "ယာကုပ်​က​လည်း “​အချိန်စော​ပါ​သေး​၏​။ တိရစ္ဆာန်​တို့​ကို​စုဝေး​ရ​မည့်​အချိန်​လည်း မ​ဟုတ်​ပါ​။ သိုး​တို့​ကို​ရေတိုက်​ပြီးလျှင် သွား​၍ ထိန်းကျောင်း​ကြ​ဦး​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 8,
      "text": "သို့သော် သူ​တို့​က “​သိုးအုပ်​အားလုံး​ကို စုဝေး​စေ​၍ ကျောက်တုံး​ကို တွင်း​ဝ​မှ​လှိမ့်ဖယ်​ပြီးမှသာ​ငါ​တို့​သည် သိုး​တို့​ကို ရေတိုက်​ရ​သည်​။ သို့မဟုတ်လျှင် မ​တိုက်​ရ​ပါ​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 9,
      "text": "ယာကုပ်​သည် သူ​တို့​နှင့်​စကားပြော​လျက်​နေစဉ် ဖခင်​၏​သိုး​တို့​ကို ထိန်းကျောင်း​သော​ရာခေလ​သည် သိုး​များ​နှင့်အတူ ရောက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 10,
      "text": "ယာကုပ်​သည် မိမိ​ဦးရီး​လာဗန်​၏​သမီး​ရာခေလ​နှင့် ဦးရီး​လာဗန်​၏​သိုး​များ​ကို​မြင်​သောအခါ ရေတွင်း​အနီး​သို့​သွား​၍ တွင်း​ဝ​မှ​ကျောက်တုံး​ကို​လှိမ့်ဖယ်​ပြီးလျှင် ဦးရီး​လာဗန်​၏​သိုး​များ​ကို ရေတိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 11,
      "text": "ထို့နောက် ယာကုပ်​သည် ရာခေလ​ကို​နမ်း​၍ အော်ဟစ်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 12,
      "text": "ယာကုပ်​က မိမိ​သည် ရာခေလ​ဖခင်​၏​ဆွေမျိုးသားချင်း​ဖြစ်​ပြီး ရေဗက္ကာ​၏​သား​ဖြစ်ကြောင်း ရာခေလ​ကို​ပြောပြ​လေ​၏​။ ထိုအခါ ရာခေလ​သည် ပြေးသွား​၍ မိမိ​ဖခင်​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 13,
      "text": "လာဗန်​သည် မိမိ​တူ ယာကုပ်​အကြောင်း​ကို​ကြား​ရ​သောအခါ သူ​နှင့်​တွေ့ဆုံ​ရန် ပြေးလာ​ကာ သူ့​ကို​ပွေ့ဖက်​၍​နမ်း​ပြီးလျှင် မိမိ​အိမ်​သို့​ခေါ်သွား​၏​။ ယာကုပ်​သည်​လည်း အကြောင်းအရာ​အားလုံး​ကို လာဗန်​အား​ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 14,
      "text": "လာဗန်​က​လည်း “​သင်​သည် အမှန်ပင် ငါ​၏​သွေးရင်းသားရင်း ​ဖြစ်​၏​”​ဟု ဆို​၏​။ ယာကုပ်​သည် လာဗန်​နှင့်အတူ တစ်​လ​နေထိုင်​ပြီးနောက်"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 15,
      "text": "လာဗန်​က “​သင်​သည် ငါ​၏​ဆွေမျိုးသားချင်း​ဖြစ်​သောကြောင့် အဖိုးအခမယူ​ဘဲ ငါ့​ကို​အစေခံ​ရ​မည်လော​။ သင်​၏​လုပ်အားခ​အတွက် မည်သည့်​အရာ​ပေး​ရ​မည်​ကို ငါ့​အား​ပြော​လော့​”​ဟု ယာကုပ်​အား ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 16,
      "text": "လာဗန်​၌ သမီး​နှစ်​ယောက်​ရှိ​၏​။ အကြီး​၏​အမည်​မှာ လေအာ​၊ အငယ်​၏​အမည်​မှာ ရာခေလ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 17,
      "text": "လေအာ​သည် မျက်လုံး​မှေး ​၏​။ ရာခေလ​မူကား အဆင်းသဏ္ဌာန်​လှပ​၍ ချစ်စရာ​ကောင်း​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 18,
      "text": "ယာကုပ်​သည် ရာခေလ​ကို​ချစ်​သောကြောင့် “​ဦးရီး​၏​သမီး​အငယ်​ရာခေလ​ကို​ရ​ဖို့ ဦးရီး​ကို ခုနစ်​နှစ်​အစေခံ​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 19,
      "text": "လာဗန်​က​လည်း “​သူ့​ကို အခြား​သူ​နှင့်​ထိမ်းမြားပေး​သည်​ထက် သင်​နှင့်​ထိမ်းမြားပေး​သည်​က ငါ့​အတွက်​ပို၍​ကောင်း​၏​။ ငါ​နှင့်အတူ​နေထိုင်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 20,
      "text": "ထို့ကြောင့် ယာကုပ်​သည် ရာခေလ​ကို​ရ​ရန်​အတွက် ခုနစ်​နှစ်​အစေခံ​လေ​၏​။ သူ​သည် ရာခေလ​ကို​ချစ်​သောကြောင့် ထို​ခုနစ်​နှစ်​သည် သူ့​အတွက် ရက်​အနည်းငယ်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 21,
      "text": "ထို့နောက်မှ ယာကုပ်​သည် လာဗန်​အား “​အကျွန်ုပ်​၏​အချိန်​ပြည့်​ပြီ​ဖြစ်၍ အကျွန်ုပ်​သည် မယား​ထံသို့​ဝင်​နိုင်​ရန် သူ့​ကို​အကျွန်ုပ်​နှင့်​ထိမ်းမြား​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 22,
      "text": "ထို့ကြောင့် လာဗန်​သည် ထို​အရပ်​၌​ရှိ​သော​လူ​အပေါင်း​တို့​ကို​ဖိတ်ခေါ်​လျက် စားသောက်ပွဲ​ကျင်းပ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 23,
      "text": "နေဝင်ချိန်​၌ လာဗန်​သည် မိမိ​သမီး​လေအာ​ကို​ခေါ်​၍ ယာကုပ်​ထံ​ပို့ဆောင်​၏​။ ယာကုပ်​သည်​လည်း သူ့​ထံသို့​ဝင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 24,
      "text": "(​လာဗန်​သည် မိမိ​ကျွန်မ​ဇိလပ​ကို သမီး​လေအာ​၏​ကျွန်မ​အဖြစ် လက်ဖွဲ့​၏​။​)"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 25,
      "text": "နံနက်အချိန်​ရောက်​သောအခါ ယာကုပ်​သည် လေအာ​ဖြစ်ကြောင်း​မြင်​လျှင် လာဗန်​အား “​အကျွန်ုပ်​၌ ဦးရီး​ပြု​သော​ဤ​အမှု​ကား မည်သို့နည်း​။ အကျွန်ုပ်​သည် ရာခေလ​ကို​ရ​ဖို့ ဦးရီး​ကို​အစေခံ​ခဲ့​သည်​မ​ဟုတ်​လော​။ အကျွန်ုပ်​ကို အဘယ်ကြောင့်​လှည့်စား​ရ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 26,
      "text": "လာဗန်​က​လည်း “​ငါ​တို့​အရပ်​၌ သမီးအငယ်​ကို သမီးအကြီး​ထက်​အလျင် ထိမ်းမြားပေး​လေ့​မ​ရှိ​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 27,
      "text": "ဤ​ရက်သတ္တပတ်​ကို လွန်​စေ​လော့​။ သို့ပြုလျှင် သမီး​နောက်​တစ်​ယောက်​နှင့်​လည်း သင့်​ကို​ထိမ်းမြားပေး​ဦး​မည်​။ ထို့အတွက် သင်​သည် နောက်ထပ်​ခုနစ်​နှစ် ငါ့​ကို​အစေခံ​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 28,
      "text": "ယာကုပ်​သည်​လည်း ထိုအတိုင်း​ပြု​၏​။ ထို​ရက်သတ္တပတ်​လွန်​သောအခါ လာဗန်​သည် မိမိ​သမီး​ရာခေလ​ကို ယာကုပ်​နှင့်​ထိမ်းမြားပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 29,
      "text": "(​လာဗန်​သည် မိမိ​ကျွန်မ​ဗိလဟာ​ကို သမီး​ရာခေလ​၏​ကျွန်မ​အဖြစ် လက်ဖွဲ့​၏​။​)"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 30,
      "text": "ထိုအခါ ယာကုပ်​သည် ရာခေလ​ထံသို့​လည်း ဝင်​လေ​၏​။ သူ​သည် ရာခေလ​ကို လေအာ​ထက်​ပို၍​ချစ်​၏​။ ယာကုပ်​သည် လာဗန်​ကို နောက်ထပ် ခုနစ်​နှစ်​အစေခံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 31,
      "text": "လေအာ​အမုန်းခံရ​သည်​ကို ထာဝရဘုရား​သိမြင်​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။ ရာခေလ​မူကား မြုံ​သော​မိန်းမ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 32,
      "text": "လေအာ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ထာဝရဘုရား​သည် ငါ​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ယောက်ျား​သည် ယခု​ငါ့​ကို​ချစ်​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ရုဗင် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 33,
      "text": "သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ငါ​အမုန်းခံရ​သည်​ကို ထာဝရဘုရား​ကြား​သောကြောင့် ဤ​သား​ကို​လည်း ငါ့​အား​ပေးသနား​တော်မူ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ရှိမောင် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 34,
      "text": "သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ငါ့​ယောက်ျား​အတွက် သား​သုံး​ယောက်​ကို ငါ​ဖွားမြင်​ပြီ​ဖြစ်၍ ယခု​တစ်ခါ သူ​သည် ငါ့​ကို​တွယ်တာ​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို လေဝိ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 35,
      "text": "သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ဤ​တစ်ကြိမ်​တွင် ငါ​သည် ထာဝရဘုရား​ကို ချီးမွမ်း​မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ယုဒ ဟု​မှည့်ခေါ်​လေ​၏​။ ထို့နောက် သူ​သည် သားဖွား​ခြင်း​ရပ်တန့်​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 1,
      "text": "ရာခေလ​သည် ယာကုပ်​အတွက် သား​မ​ဖွား​နိုင်​ကြောင်း​သိမြင်​လျှင် မိမိ​အစ်မ​ကို မနာလို​ဖြစ်​လေ​၏​။ ရာခေလ​က “​အကျွန်ုပ်​အား သားသမီး​ပေး​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သေ​မည်​”​ဟု ယာကုပ်​အား​ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 2,
      "text": "ယာကုပ်​သည် ရာခေလ​ကို​အမျက်ထွက်​၍ “​သင်​၏​ဝမ်း​ထဲ၌ သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သော​ဘုရားသခင်​ကို ငါ​ကိုယ်စားပြု​နိုင်​သလော​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 3,
      "text": "ရာခေလ​က​လည်း “​အကျွန်ုပ်​၏​ကျွန်မ​ဗိလဟာ​ရှိ​ပါ​သည်​။ သူ​သည် အကျွန်ုပ်​၏​ဒူး​ပေါ်မှာ သားဖွား​၍ သူ့​အားဖြင့် အကျွန်ုပ်​သည် မိသားစု​တည်ထောင် ​နိုင်​မည့်​အကြောင်း သူ့​ထံသို့​ဝင်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 4,
      "text": "ထိုသို့ ရာခေလ​သည် မိမိ​၏​ကျွန်မ​ဗိလဟာ​ကို ယာကုပ်​အား မယား​အဖြစ်​ပေး​သဖြင့် ယာကုပ်​သည် သူ့​ထံသို့​ဝင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 5,
      "text": "ဗိလဟာ​သည် ကိုယ်ဝန်ဆောင်​၍ ယာကုပ်​အတွက် သား​ကို မွေးဖွား​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 6,
      "text": "ရာခေလ​က “​ဘုရားသခင်​သည် ငါ့​ကို​တရားသဖြင့်စီရင်​ပေး​တော်မူ​ပြီ​။ ငါ​၏​တောင်းလျှောက်သံ​ကို​နားညောင်း​၍ ငါ့​အား သား​ကို​ပေးသနား​တော်မူ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဒန် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 7,
      "text": "ရာခေလ​၏​ကျွန်မ​ဗိလဟာ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ ယာကုပ်​အတွက် ဒုတိယ​သား​ကို မွေးဖွား​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 8,
      "text": "ထိုအခါ ရာခေလ​က “​ငါ​သည် ငါ့​အစ်မ​နှင့် အကြိတ်အနယ်​နပန်းလုံး​၍ နိုင်​ခဲ့​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို နဿလိ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 9,
      "text": "လေအာ​သည် မိမိ​သားဖွား​ခြင်း​ရပ်တန့်​သွား​ကြောင်း သိမြင်​သောအခါ မိမိ​၏​ကျွန်မ​ဇိလပ​ကို​ယူ​၍ ယာကုပ်​အား မယား​အဖြစ်​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 10,
      "text": "ထိုအခါ လေအာ​၏​ကျွန်မ​ဇိလပ​သည် ယာကုပ်​အတွက် သား​ကို​မွေးဖွား​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 11,
      "text": "လေအာ​က​လည်း “​အခွင့်ကောင်း​ရောက်​လေ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဂဒ် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 12,
      "text": "ထို့နောက် လေအာ​၏​ကျွန်မ​ဇိလပ​သည် ဒုတိယ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 13,
      "text": "ထိုအခါ လေအာ​က “​ငါ​၌ မင်္ဂလာ​ရှိ​၏​။ အကယ်စင်စစ် အမျိုးသမီး​တို့​သည် ငါ့​ကို မင်္ဂလာ​ရှိ​သူ ဟု​ခေါ်​ကြ​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို အာရှာ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 14,
      "text": "ဂျုံ​ရိတ်သိမ်း​ရာ​ကာလ​၌ ရုဗင်​သည် လယ်​သို့​သွား​ရာ ဒူးဒဲပင် ​များ​ကို​တွေ့​သဖြင့် ၎င်း​တို့​ကို သူ​၏​မိခင်​လေအာ​ထံသို့ ယူဆောင်​လာ​ခဲ့​၏​။ ထိုအခါ ရာခေလ​က လေအာ​အား “​သင့်​သား​ရ​ခဲ့​သော​ဒူးဒဲပင်​အချို့​ကို ငါ့​အား​ပေး​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 15,
      "text": "လေအာ​က “​သင်​သည် ငါ့​ယောက်ျား​ကို ယူ​သည်​နှင့်ပင် မလုံလောက်​ဘဲ ငါ့​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​ကို​လည်း ယူ​လို​သေး​သလော​”​ဟု ဆို​၏​။ ရာခေလ​က​လည်း “​သို့ဖြစ်လျှင် သင့်​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​နှင့်​လဲလှယ်​သည့်​အနေဖြင့် ယနေ့ည​တွင် သင်​သည် ယာကုပ်​နှင့်အတူ​အိပ်​နိုင်​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 16,
      "text": "ယာကုပ်​သည် နေဝင်ချိန်​၌ လယ်​မှ​ပြန်လာ​သောအခါ လေအာ​သည် သူ့​ကို​ကြိုဆို​ရန်​ထွက်သွား​၍ “​အကျွန်ုပ်​သည် အကျွန်ုပ်​၏​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​နှင့် သင့်​ကို​အမှန်ပင်​ငှား​ထား​ပြီ​ဖြစ်၍ သင်​သည် အကျွန်ုပ်​ထံသို့​ဝင်​ရ​မည်​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​ည​၌ ယာကုပ်​သည် လေအာ​နှင့်အတူ​အိပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 17,
      "text": "လေအာ​တောင်းလျှောက်​သည်​ကို ဘုရားသခင်​နားညောင်း​တော်မူ​သဖြင့် သူ​သည်​ကိုယ်ဝန်ဆောင်​၍ ပဉ္စမ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 18,
      "text": "လေအာ​က “​ငါ​သည် ငါ​၏​ကျွန်မ​ကို ငါ့​ယောက်ျား​အား​ပေး​သောကြောင့် ဘုရားသခင်​သည် ငါ့​အား​အဖိုးအခ​ကို​ပေး​တော်မူ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဣသခါ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 19,
      "text": "လေအာ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ ဆဋ္ဌမ​သား​ကို ယာကုပ်​အတွက် မွေးဖွား​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 20,
      "text": "ထိုအခါ လေအာ​က “​ဘုရားသခင်​သည် ကောင်း​သော​လက်ဆောင်​ကို ငါ့​အား​ပေး​တော်မူ​ပြီ​။ ငါ​သည် ငါ့​ယောက်ျား​အတွက် သား​ခြောက်​ယောက်​ကို​မွေးဖွား​ပြီ​ဖြစ်၍ ဤ​တစ်ကြိမ်​တွင် သူ​သည် ငါ့​ကို​တန်ဖိုး​ထား ​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဇာဗုလုန် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 21,
      "text": "ထို့နောက်မှ လေအာ​သည် သမီး​ကို​မွေးဖွား​၍ ထို​သမီး​၏​အမည်​ကို ဒိန ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 22,
      "text": "ထိုအခါ ဘုရားသခင်​သည် ရာခေလ​ကို​အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် ရာခေလ​၏​တောင်းလျှောက်သံ​ကို​နားညောင်း​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 23,
      "text": "သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို မွေးဖွား​သော် “​ဘုရားသခင်​သည် ငါ​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ဖယ်ရှား​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 24,
      "text": "တစ်ဖန် “​ထာဝရဘုရား​သည် သား​နောက်တစ်ယောက်​ကို အကျွန်ုပ်​အား​ထပ်၍​ပေး​တော်မူ​ပါစေသော​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ယောသပ် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 25,
      "text": "ရာခေလ​သည် ယောသပ်​ကို​မွေးဖွား​ပြီးနောက် ယာကုပ်​က လာဗန်​အား “​အကျွန်ုပ်​၏​နေရပ်​၊ အကျွန်ုပ်​၏​ပြည်​သို့​ပြန်သွား​နိုင်​ရန် အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 26,
      "text": "အကျွန်ုပ်​၏​မယား​နှင့် အကျွန်ုပ်​၏​သားသမီး​တို့​ကို အကျွန်ုပ်​အား​ပေး​၍ ပြန်သွားခွင့်​ပေး​ပါ​။ သူ​တို့​အတွက် ဦးရီး​ကို အကျွန်ုပ်​အစေခံ​ခဲ့​ပြီ​။ ဦးရီး​အတွက် အကျွန်ုပ်​ဆောင်ရွက်​ခဲ့​သော​အမှု​ကို ဦးရီး​ကိုယ်တိုင်​သိ​ပါ​သည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 27,
      "text": "သို့သော် လာဗန်​က “​သင့်​ရှေ့​၌ ငါ​မျက်နှာရ​သည်​ဆို​လျှင် ဆက်နေ​ပါ​ဦး​။ ထာဝရဘုရား​သည် သင့်​ကြောင့် ငါ့​ကို​ကောင်းချီးပေး​တော်မူ​ကြောင်း ဟူးရားအတတ်​အားဖြင့် ငါ​သိမြင်​ပြီ​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 28,
      "text": "“​သင်​ရ​လို​သော​လုပ်အားခ​ကို ငါ့​အား​ပြော​ပါ​။ ငါ​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 29,
      "text": "ယာကုပ်​က​လည်း “​အကျွန်ုပ်​သည် ဦးရီး​ကို မည်သို့​အစေခံ​ခဲ့​သည်​ကို​လည်းကောင်း​၊ အကျွန်ုပ်​ထိန်းကျောင်း​ခဲ့​သော ဦးရီး​၏​တိရစ္ဆာန်​တို့​သည် မည်သို့​ဖြစ်လာ​သည်​ကို​လည်းကောင်း ဦးရီး​ကိုယ်တိုင်​သိ​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 30,
      "text": "အကျွန်ုပ်​မ​ရောက်​မီ ဦးရီး​၌ တိရစ္ဆာန်​အနည်းငယ်​သာ​ရှိ​သော်လည်း ယခု များစွာ​တိုးပွား​ပါ​ပြီ​။ အကျွန်ုပ်​ပြု​သော​အရာ​အားဖြင့် ထာဝရဘုရား​သည် ဦးရီး​ကို​ကောင်းချီးပေး​တော်မူ​ပြီ​။ သို့သော် အကျွန်ုပ်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​၏​အိမ်သူအိမ်သား​များ​အတွက် လုပ်ဆောင်​နိုင်​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 31,
      "text": "လာဗန်​က​လည်း “​ငါ​သည် သင့်​အား မည်သည့်​အရာ​ကို​ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အကျွန်ုပ်​အား မည်သည့်​အရာ​ကို​မျှ မ​ပေး​ပါ​နှင့်​။ အကျွန်ုပ်​ပြော​မည့်​အရာ​ကို အကျွန်ုပ်​အတွက်​ဦးရီး​ပြု​မည်​ဆို​လျှင် အကျွန်ုပ်​သည် ဦးရီး​၏​သိုးအုပ်​၊ ဆိတ်အုပ်​ကို ဆက်၍​ထိန်းကျောင်း​စောင့်ရှောက်​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 32,
      "text": "ယနေ့ အကျွန်ုပ်​သည် ဦးရီး​၏​သိုးဆိတ်​အားလုံး​ကို လှည့်ပတ်​ကြည့်ရှု​၍ အစက်​အပြောက်​ပါ​သော​သိုး​နှင့် ညို​သော​သိုးသငယ်​အားလုံး​၊ အစက်​အပြောက်ပါ​သော​ဆိတ်​တို့​ကို အကျွန်ုပ်​ခွဲထုတ်​ပါ​မည်​။ ထို​သိုးဆိတ်​တို့​သည် အကျွန်ုပ်​၏​လုပ်အားခ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 33,
      "text": "ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို​လာရောက်​စစ်ဆေး​သောအခါ နောင်တစ်နေ့​တွင် အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​သည် အကျွန်ုပ်​အတွက်​သက်သေထူ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တွင် အစက်​အပြောက်​မ​ပါ​သော​ဆိတ်​များ​နှင့် မ​ညို​သော​သိုးသငယ်​များ​ရှိ​ခဲ့​လျှင် ၎င်း​တို့​အားလုံး​ကို အကျွန်ုပ်​ခိုး​သည်​ဟူ၍ မှတ်ယူ​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 34,
      "text": "လာဗန်​က​လည်း “​ကောင်း​ပြီ​။ သင်​ပြော​သည့်​အတိုင်း​ဖြစ်​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 35,
      "text": "ထို​နေ့​၌ပင် လာဗန်​သည် အစင်းကျား​နှင့်​အပြောက်ပါ​သော​ဆိတ်ထီး​များ​၊ အစက်​အပြောက်ပါ​သော​ဆိတ်မ​အားလုံး​၊ အဖြူပြောက်​ပါ​သော​အကောင်​အားလုံး​နှင့် ညို​သော​သိုးသငယ်​အားလုံး​ကို​ခွဲထုတ်​၍ မိမိ​သား​များ​၏​လက်​သို့ အပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 36,
      "text": "ထို့နောက် သူ​သည် မိမိ​နေရာ​ကို​ယာကုပ်​နေရာ​နှင့် သုံး​ရက်​ခရီး​အကွာ​တွင်​ထား​လေ​၏​။ ယာကုပ်​သည် လာဗန်​၏​ကျန်ရှိ​သော​သိုး​၊ ဆိတ်​တို့​ကို ထိန်းကျောင်း​လျက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 37,
      "text": "ယာကုပ်​သည် စိမ်း​သော​ပေါ့ပလာပင်​၊ ဗာဒံပင်​နှင့် ပလိန်းပင်​တို့​၏​အရိုးတံ​များ​ကို​ယူ​ပြီးလျှင် ထို​အရိုးတံ​တို့​၌​အဖြူရောင်​အတွင်းသား​ပေါ်​ပြီး အဖြူရောင်​အစင်း​များ​ဖြစ်​အောင်​ခွာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 38,
      "text": "ထို့နောက် သူ​သည် ခွာ​ထား​သော​အရိုးတံ​များ​ကို သိုးဆိတ်​တို့​ရေ​လာ​သောက်​ရာ ရေစားကျင်း​၊ ရေစားခွက်​တို့​၌ ထို​သိုးဆိတ်​တို့​ရှေ့​တွင်​ထား​လေ​၏​။ သိုးဆိတ်​တို့​သည် ရေသောက်​ရန်​လာ​သောအခါ မိတ်လိုက်​တတ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 39,
      "text": "ထိုသို့ သိုးဆိတ်​တို့​သည် ထို​အရိုးတံ​များ​ရှေ့​၌​မိတ်လိုက်​ကြ​ရာ အစင်းကျား​နှင့် အစက်​အပြောက်ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 40,
      "text": "ယာကုပ်​သည် မွေးလာ​သည့်​သိုးသငယ်​၊ ဆိတ်သငယ်​တို့​ကို​သီးသန့်​ခွဲထား​၍ သိုးဆိတ်​တို့​ကို လာဗန်​၏​သိုးဆိတ်​တို့​ထဲမှ အစင်းကျား​ပါ​သော​အကောင်​နှင့် ညို​သော​အကောင်​အားလုံး​၏​ရှေ့​၌​ထား​လေ​၏​။ ဤသို့ဖြင့် သူ​သည် မိမိ​ကိုယ်ပိုင်​တိရစ္ဆာန်အုပ်​ဖြစ်လာ​အောင်​ပြု​ပြီး လာဗန်​၏​သိုးဆိတ်​တို့​နှင့်​မ​ရော​ဘဲ​ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 41,
      "text": "ထို့ပြင် သန်မာ​သော​သိုးဆိတ်​တို့​မိတ်လိုက်​ကြ​သောအခါ​တိုင်း အရိုးတံ​များ​အနား​၌ မိတ်လိုက်​ကြ​စေရန် ယာကုပ်​သည် ထို​အရိုးတံ​များ​ကို ရေစားကျင်း​၌ သိုးဆိတ်​တို့​ရှေ့​တွင်​ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 42,
      "text": "ချည့်နဲ့​သော​သိုးဆိတ်​တို့​ရှေ့​၌​မူကား မ​ထား​ပေ​။ ထို့ကြောင့် ချည့်နဲ့​သော​အကောင်​တို့​သည် လာဗန်​၏​ဥစ္စာ​ဖြစ်လာ​ပြီး သန်မာ​သော​အကောင်​တို့​သည် ယာကုပ်​၏​ဥစ္စာ​ဖြစ်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 43,
      "text": "ဤသို့ဖြင့် ယာကုပ်​သည် စည်းစိမ်​အလွန့်အလွန်​တိုးပွား​၍ များစွာ​သော​သိုးဆိတ်​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​နှင့် မြည်း​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 1,
      "text": "လာဗန်​၏​သား​တို့​က “​ယာကုပ်​သည် ငါ​တို့​ဖခင်​ပိုင်ဆိုင်​သမျှ​တို့​ကို ယူသွား​ပြီ​တကား​။ သူ​သည် ငါ​တို့​ဖခင်​ပိုင်ဆိုင်​သော​အရာ​များ​အားဖြင့် ဤ​စည်းစိမ်​အားလုံး​ကို​ရရှိ​လေ​ပြီ​”​ဟု ပြောဆို​သော​စကား​တို့​ကို ယာကုပ်​ကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 2,
      "text": "လာဗန်​၏​မျက်နှာထား​သည်​လည်း ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ယာကုပ်​သိမြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​က “​သင့်​ဘိုးဘေး​တို့​၏​ပြည်​၊ သင်​၏​ဆွေမျိုးသားချင်း​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​မည်​”​ဟု ယာကုပ်​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 4,
      "text": "ထို့ကြောင့် ယာကုပ်​သည် လူ​လွှတ်​၍ ရာခေလ​နှင့်​လေအာ​ကို မိမိ​၏​သိုးဆိတ်​တို့​ရှိ​ရာ​ကွင်းပြင်​သို့ ခေါ်လာ​စေ​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 5,
      "text": "သူ​တို့​အား “​သင်​တို့​ဖခင်​၏​မျက်နှာထား​သည် ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ငါ​သိမြင်​၏​။ သို့သော် ငါ့​ဖခင်​၏​ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 6,
      "text": "ငါ​သည် သင်​တို့​၏​ဖခင်​ကို အစွမ်း​ရှိသမျှ​ဖြင့်​အစေခံ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 7,
      "text": "သို့သော် သင်​တို့​၏​ဖခင်​သည် ငါ့​ကို​လှည့်စား​၍ ငါ​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​တိုင်တိုင်​ပြောင်းလဲ​ခဲ့​ပြီ​။ သို့ရာတွင် ငါ့​ကို​ထိခိုက်နစ်နာ​စေရန် ဘုရားသခင်​သည် သူ့​ကို​ခွင့်​ပေး​တော်​မ​မူ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 8,
      "text": "သူ​က ‘​အစက်​ပါ​သော​အကောင်​တို့​သည် သင်​၏​လုပ်အားခ​ဖြစ်​မည်​’​ဟု ဆို​သောအခါ သိုးဆိတ်​အားလုံး​တို့​သည် အစက်​ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။ သူ​က ‘​အစင်းကျား​ပါ​သော​အကောင်​တို့​သည် သင်​၏​လုပ်အားခ​ဖြစ်​မည်​’​ဟု ဆို​သောအခါ သိုးဆိတ်​အားလုံး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​ကို မွေး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 9,
      "text": "ထိုသို့ဖြင့် ဘုရားသခင်​သည် သင်​တို့​ဖခင်​၏​တိရစ္ဆာန်​တို့​ကို​နုတ်ယူ​၍ ငါ့​အား​ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 10,
      "text": "သိုးဆိတ်​တို့​မိတ်လိုက်​ရာသီ​၌ ငါ​မျှော်ကြည့်​လိုက်​ရာ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်ကြောင်း အိပ်မက်​ထဲတွင် ငါ​တွေ့မြင်​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 11,
      "text": "ဘုရားသခင်​၏​ကောင်းကင်တမန်​က ‘​ယာကုပ်​’​ဟု အိပ်မက်​ထဲတွင် ငါ့​ကို​ခေါ်​သဖြင့် ‘​အကျွန်ုပ်​ရှိ​ပါ​၏​’​ဟု ငါ​ပြန်လျှောက်​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 12,
      "text": "ထိုအခါ ကောင်းကင်တမန်​က ‘​မျှော်ကြည့်​လော့​။ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​အားလုံး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သင့်​အား လာဗန်​ပြု​ခဲ့​သမျှ​ကို ငါ​မြင်​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 13,
      "text": "ငါ​သည် ဗေသလ​အရပ်​၏​ဘုရား​ဖြစ်​၏​။ ထို​အရပ်​၌ သင်​သည် ကျောက်တိုင်​ကို​ဘိသိက်သွန်း​၍ ငါ့​အား​ကတိသစ္စာ​ပြု​ခဲ့​၏​။ ယခု​ထ​၍ ဤ​ပြည်​မှ​ထွက်ခွာ​ပြီး သင့်​မွေးရပ်​မြေ​သို့ ပြန်သွား​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု သူ​တို့​အား ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 14,
      "text": "ရာခေလ​နှင့်​လေအာ​က​လည်း “​အကျွန်ုပ်​တို့​ဖခင်​၏​အိမ်​၌ အကျွန်ုပ်​တို့​ရရှိ​မည့် အမွေ​ဝေစု​ရှိ​သေး​သလော​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 15,
      "text": "သူ​သည် အကျွန်ုပ်​တို့​ကို တစ်ပါးအမျိုးသား​ကဲ့သို့ မှတ်ယူ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့်​ဆိုသော် အကျွန်ုပ်​တို့​ကို​ရောင်းစား​ပြီး ရ​သော​ငွေ​ကို သူ​အကုန်အစင်​သုံးစွဲ​လိုက်​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 16,
      "text": "အကယ်စင်စစ် အကျွန်ုပ်​တို့​ဖခင်​ထံမှ ဘုရားသခင်​နုတ်ယူ​တော်မူ​သော​ဓနဥစ္စာ​အားလုံး​သည် အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​သားသမီး​များ​ပိုင်ဆိုင်​သော​ဓနဥစ္စာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ယခု သင့်​အား ဘုရားသခင်​မိန့်​တော်မူ​သမျှ​ကို ပြု​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 17,
      "text": "ထိုအခါ ယာကုပ်​သည်​ထ​၍ မိမိ​၏​သားသမီး​များ​နှင့်​မယား​တို့​ကို ကုလားအုတ်​ပေါ်​တင်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 18,
      "text": "မိမိ​တိရစ္ဆာန်​ရှိသမျှ​၊ မိမိ​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ပါဒန်အာရံ​ပြည်​၌ မိမိ​စုဆောင်း​ပိုင်ဆိုင်​သော​တိရစ္ဆာန်​တို့​ကို ယူဆောင်​လျက် ခါနာန်​ပြည်​ရှိ ဖခင်​ဣဇက်​ထံသို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 19,
      "text": "လာဗန်​သည် မိမိ​သိုး​တို့​ကို​အမွေးညှပ်​ရန်​သွား​နေ​ချိန်​တွင် ရာခေလ​သည် ဖခင်​ပိုင်ဆိုင်​သည့် တေရပ်ရုပ်တု​တို့​ကို​ခိုးယူ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 20,
      "text": "ယာကုပ်​သည် မိမိ​ထွက်ပြေး​မည့်​အကြောင်း အာရံ​လူမျိုး​လာဗန်​ကို​မ​ပြော​ဘဲ သူ့​အား​မလိမ့်တပတ်လုပ် ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 21,
      "text": "ဤသို့ဖြင့် ယာကုပ်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​ယူ​၍ ထွက်ပြေး​လေ​၏​။ သူ​သည်​ထ​၍ ယူဖရေးတီး​မြစ် ​ကို​ကူး​ပြီးလျှင် ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​သို့​ဦးတည်​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 22,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ လာဗန်​သည် ယာကုပ်​ထွက်ပြေး​ကြောင်း​ကြားသိ​သဖြင့်"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 23,
      "text": "မိမိ​ဆွေမျိုးသားချင်း​တို့​ကို​ခေါ်​၍ ယာကုပ်​နောက်သို့ ခုနစ်​ရက်​ခရီး​လိုက်​ပြီးမှ ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​၌ သူ့​ကို​မီ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 24,
      "text": "သို့သော် ဘုရားသခင်​သည် အာရံ​လူမျိုး​လာဗန်​ထံသို့ ည​အိပ်မက်​ထဲတွင်​ကြွလာ​၍ “​သင်​သည် ယာကုပ်​အား ကောင်း​သည်​၊ ဆိုး​သည်​ဟူ၍ မ​ပြော​မိ​စေရန် သင့်ကိုယ်သင် သတိပြု​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 25,
      "text": "လာဗန်​သည် ယာကုပ်​ကို​လိုက်မီ​သော​အချိန်​တွင် ယာကုပ်​သည် တောင်ပေါ်ဒေသ​၌ တဲထိုး​ထား​နှင့်​ပြီ​ဖြစ်​၏​။ လာဗန်​သည်​လည်း သူ​၏​ဆွေမျိုးသားချင်း​များ​နှင့်အတူ ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​၌​တဲထိုး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 26,
      "text": "လာဗန်​က ယာကုပ်​အား “​သင်​မည်သို့​ပြု​သနည်း​။ သင်​သည် ငါ့​ကို​မလိမ့်တပတ်လုပ် ​၍ ငါ့​သမီး​တို့​ကို စစ်သုံ့ပန်း​ကဲ့သို့ ခေါ်ဆောင်​သွား​ပြီ​တကား​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 27,
      "text": "ငါ​သည် ပတ်သာ​နှင့်​စောင်း​တီး​လျက်​၊ ဝမ်းမြောက်​စွာ​သီချင်းဆို​လျက် သင့်​ကို​လွှတ်လိုက်​လို​သည်​ကို သင်​သည် ငါ့​ကို​ဘာမျှ​မ​ပြော​၊ မလိမ့်တပတ်လုပ် ​၍ အဘယ်ကြောင့်​တိတ်တဆိတ်​ထွက်ပြေး​ရ​သနည်း​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 28,
      "text": "ငါ့​မြေး​၊ ငါ့​သမီး​တို့​ကို ငါ​နမ်း​ရန်​ပင် သင်​သည်​အခွင့်​မ​ပေး​။ ယခု သင်​သည် မိုက်မဲ​စွာ​ပြု​လေ​ပြီ​တကား​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 29,
      "text": "ငါ​သည် သင့်​ကို​ဒုက္ခ​ရောက်​စေ​နိုင်​၏​။ သို့သော် မနေ့ည​တွင် သင့်​ဖခင်​၏​ဘုရားသခင်​က ‘​သင်​သည် ယာကုပ်​အား ကောင်း​သည်​၊ ဆိုး​သည်​ဟူ၍ မ​ပြော​မိ​စေရန် သင့်ကိုယ်သင်​သတိပြု​လော့​’​ဟု ငါ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 30,
      "text": "ယခု သင်​သည် သင့်​ဖခင်​၏​အိမ်​ကို အလွန်​လွမ်းဆွတ်​သဖြင့် အကယ်ပင်​ပြန်သွား​လို​သည်​မှန်စေတော့ အဘယ်ကြောင့် ငါ​၏​ဘုရား​တို့​ကို​ခိုးယူ​ရ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 31,
      "text": "ယာကုပ်​က​လည်း “​ဦးရီး​သည် ဦးရီး​၏​သမီး​တို့​ကို အကျွန်ုပ်​ထံ​မှ လုယူ​ကောင်း​လုယူ​လိမ့်မည်​ဟု ထင်မှတ်​၍ ကြောက်​သောကြောင့်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 32,
      "text": "ဦးရီး​၏​ဘုရား​တို့​ကို တစ်စုံတစ်ဦး​ထံ၌​ရှာတွေ့​လျှင် ထို​သူ​ကို​အသက်ချမ်းသာ​မ​ပေး​ပါ​နှင့်​။ အကျွန်ုပ်​တို့​ဆွေမျိုးသားချင်း​များ​ရှေ့​တွင် ဦးရီး​ကိုယ်တိုင်​ရှာကြည့်​၍ အကျွန်ုပ်​ထံ၌ ဦးရီး​ဥစ္စာ​ရှိ​လျှင် ပြန်ယူ​ပါ​”​ဟု လာဗန်​အား​ဆို​လေ​၏​။ ထို​ရုပ်တု​တို့​ကို ရာခေလ​ခိုး​ကြောင်း ယာကုပ်​မ​သိ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 33,
      "text": "ထိုအခါ လာဗန်​သည် ယာကုပ်​၏​တဲ​၊ လေအာ​၏​တဲ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​၏​တဲ​ထဲသို့​ဝင်​၍​ရှာ​သော်လည်း မ​တွေ့​ချေ​။ လေအာ​၏​တဲ​ထဲမှ​ထွက်လာ​ပြီးနောက် သူ​သည် ရာခေလ​၏​တဲ​ထဲသို့​ဝင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 34,
      "text": "ရာခေလ​သည် တေရပ်ရုပ်တု​တို့​ကို​ယူ​၍ ကုလားအုတ်​ကုန်းနှီး​ထဲ​ထည့်​ပြီးလျှင် ၎င်း​တို့​အပေါ်​၌​ထိုင်​နေ​၏​။ ထို့ကြောင့် လာဗန်​သည် တဲ​တစ်တဲလုံး​မွှေနှောက်​သော်လည်း မ​တွေ့​ချေ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 35,
      "text": "ရာခေလ​သည် မိမိ​ဖခင်​အား “​ကျွန်မ​၏​သခင်​၊ စိတ်​မ​ဆိုး​ပါ​နှင့်​။ ကျွန်မ​သည် မိန်းမ​တို့​၏​ဓမ္မတာလာ​နေ​ပါ​သဖြင့် သခင့်​ရှေ့​၌ မတ်တတ်​မ​ရပ်​နိုင်​ပါ​”​ဟု ဆို​၏​။ ဤသို့ဖြင့် လာဗန်​သည် ရှာဖွေ​သော်လည်း တေရပ်ရုပ်တု​တို့​ကို မ​တွေ့​ချေ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 36,
      "text": "ထိုအခါ ယာကုပ်​သည်​အမျက်ထွက်​၍ လာဗန်​ကို​အပြစ်တင်​လေ​၏​။ ယာကုပ်​သည် လာဗန်​အား “​ဦးရီး​သည် အကျွန်ုပ်​နောက်သို့​အပြင်းအထန်​လိုက်​ရ​လေ​အောင် အကျွန်ုပ်​သည် မည်သည့်​အမှု​ကို​ကျူးလွန်​မိ​သနည်း​။ မည်သည့်​အပြစ်​ကို​ပြု​မိ​သနည်း​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 37,
      "text": "အကျွန်ုပ်​၏​ပစ္စည်း​အားလုံး​ကို​မွှေနှောက်​ပြီး​ပြီ​။ ဦးရီး​အိမ်​မှ​ပစ္စည်း​တစ်စုံတစ်ခု​တွေ့ရှိ​သလော​။ တွေ့​လျှင် ၎င်း​ကို အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​နှင့် ဦးရီး​၏​ဆွေမျိုးသားချင်း​တို့​ရှေ့ ဤ​နေရာ​၌​ထား​ပါ​။ အကျွန်ုပ်​တို့​နှစ်​ယောက်​ကြား​တွင် သူ​တို့​စီရင်ဆုံးဖြတ်​ကြ​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 38,
      "text": "အကျွန်ုပ်​သည် ဦးရီး​နှင့်အတူ အနှစ်​နှစ်ဆယ်​နေ​ခဲ့​ပါ​သည်​။ ဦးရီး​၏​သိုးမ​၊ ဆိတ်မ​တို့​သည် သား​မ​လျှော​။ ဦးရီး​၏​သိုးဆိတ်​တို့​ထဲမှ သိုးထီး​၊ ဆိတ်ထီး​တို့​ကို အကျွန်ုပ်​မ​စား​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 39,
      "text": "သားရဲ​ကိုက်သတ်​သော​အကောင်​ကို​လည်း ဦးရီး​ထံသို့​မ​ယူဆောင်​လာ​ဘဲ ၎င်း​အတွက် အကျွန်ုပ်​ကသာ အနစ်နာခံ​ခဲ့​ပါ​သည်​။ နေ့အချိန်​အခိုး​ခံရ​သည်​ဖြစ်စေ​၊ ညအချိန်​အခိုး​ခံရ​သည်​ဖြစ်စေ ဦးရီး​သည် အကျွန်ုပ်​ထံတွင် အစား​တောင်း​ခဲ့​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 40,
      "text": "အကျွန်ုပ်​သည် နေ့​မှာ အပူဒဏ်​၊ ည​မှာ အအေးဒဏ်​ကို​ခံရ​ပြီး အိပ်ရေး​လည်း ပျက်​ခဲ့​ရ​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 41,
      "text": "အကျွန်ုပ်​သည် ဦးရီး​၏​အိမ်​၌ အနှစ်​နှစ်ဆယ်​နေ​၍ ဦးရီး​၏​သမီး​နှစ်​ယောက်​အတွက် တစ်ဆယ့်​လေး​နှစ်​၊ ဦးရီး​၏​သိုးဆိတ်​တို့​အတွက် ခြောက်​နှစ် အစေခံ​ခဲ့​ပါ​သည်​။ ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​ပြောင်းလဲ​ခဲ့​ပါ​သည်​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 42,
      "text": "အကျွန်ုပ်​ဖခင်​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​ကြောက်ရွံ့​သော​ဘုရား​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်​မ​မူ​ခဲ့​လျှင် ဦးရီး​သည် ယခု အမှန်ပင် အကျွန်ုပ်​ကို လက်ချည်းသက်သက် ပြန်လွှတ်​ခဲ့​ပေ​လိမ့်မည်​။ ဘုရားသခင်​သည် အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်​ခြင်း​နှင့် ပင်ပန်းခက်ခဲ​စွာ​လုပ်ဆောင်​ရ​ခြင်း​ကို​မြင်​၍ မနေ့ည​က ဦးရီး​ကို​ဆုံးမ​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 43,
      "text": "လာဗန်​က​လည်း “​ဤ​သမီး​တို့​သည် ငါ့​သမီး​၊ ဤ​ကလေး​တို့​သည် ငါ့​ကလေး​၊ ဤ​သိုးဆိတ်​တို့​သည်​လည်း ငါ့​သိုးဆိတ် ဖြစ်​ကြ​၏​။ သင်​မြင်​နေ​သမျှ​တို့​သည် ငါ့​ဥစ္စာ​ဖြစ်​ကြ​၏​။ ဤ​ငါ့​သမီး​တို့​အတွက်​လည်းကောင်း​၊ သူ​တို့​မွေးဖွား​သော သားသမီး​များ​အတွက်​လည်းကောင်း ယနေ့ ငါ​မည်သည့်​အရာ​ကို​ပြု​ပေး​နိုင်​သနည်း​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 44,
      "text": "ယခု လာ​လော့​။ သင်​နှင့်​ငါ​ပဋိညာဉ်​ဖွဲ့​ကြ​စို့​။ ၎င်း​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​ပါစေ​”​ဟု ယာကုပ်​အား ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 45,
      "text": "ထို့ကြောင့် ယာကုပ်​သည် ကျောက်​ကို​ယူ​၍ မှတ်တိုင်​အဖြစ်​စိုက်ထူ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 46,
      "text": "ထို့ပြင် ယာကုပ်​သည် မိမိ​ဆွေမျိုးသားချင်း​တို့​အား “​ကျောက်​များ​ကို​စု​ကြ​ပါ​”​ဟု ဆို​လျှင် သူ​တို့​သည် ကျောက်​များ​ကို​ယူ​၍ စုပုံ​ကြ​၏​။ ထို့နောက် သူ​တို့​သည် ထို​ကျောက်ပုံ​အနား​တွင် စားသောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 47,
      "text": "ထို​ကျောက်ပုံ​ကို လာဗန်​က ယေဂါသဟာဒုသ ဟု​ခေါ်​၏​။ ယာကုပ်​မူကား ဂိလဒ် ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 48,
      "text": "ထို့နောက် လာဗန်​က “​ယနေ့​တွင် ဤ​ကျောက်ပုံ​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​၏​”​ဟု ဆို​၏​။ ထို့ကြောင့် ၎င်း​၏​အမည်​ကို ဂိလဒ် ဟူ၍​လည်းကောင်း​၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 49,
      "text": "မိဇပါ ဟူ၍​လည်းကောင်း ခေါ်​၏​။ အကြောင်းမူကား လာဗန်​က “​ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​မတွေ့မမြင်​နိုင်​ကြ​သောအခါ သင်​နှင့်​ငါ​ကြား​၌ ထာဝရဘုရား​စောင့်ကြည့်​တော်မူ​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 50,
      "text": "သင်​သည် ငါ့​သမီး​တို့​ကို​နှိပ်စက်​မည်​၊ ငါ့​သမီး​တို့​အပြင် အခြား​သော​မိန်းမ​တို့​ကို​ယူ​မည် ဆိုလျှင် ငါ​တို့​ကြား​၌​လူ​မ​ရှိ​သော်လည်း ဘုရားသခင်​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​တော်မူ​ကြောင်း​သိမှတ်​လော့​”​ဟု ဆို​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 51,
      "text": "တစ်ဖန် လာဗန်​က ယာကုပ်​အား “​ဤ​ကျောက်ပုံ​ကို​ကြည့်​လော့​။ သင်​နှင့်​ငါ​ကြား​၌ ငါ​စိုက်ထူ​ထား​သော​မှတ်တိုင်​ကို​ကြည့်​လော့​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 52,
      "text": "ငါ​သည် သင့်​ကို​အန္တရာယ်ပြု​ရန် ဤ​ကျောက်ပုံ​ကို​မ​ကျော်​မည့်​အကြောင်း​၊ သင်​သည်​လည်း ငါ့​ကို​အန္တရာယ်​ပြု​ရန် ဤ​ကျောက်ပုံ​နှင့် ဤ​မှတ်တိုင်​ကို​မ​ကျော်​မည့်​အကြောင်း ဤ​ကျောက်ပုံ​သည် သက်သေ​ဖြစ်​၏​။ ဤ​မှတ်တိုင်​သည်​လည်း သက်သေ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 53,
      "text": "အာဗြဟံ​၏​ဘုရား​၊ နာခေါ်​၏​ဘုရား​၊ သူ​တို့​ဖခင်​၏​ဘုရား​သည် ငါ​တို့​ကြား​၌ တရားစီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ယာကုပ်​သည်​လည်း မိမိ​ဖခင်​ဣဇက်​ကြောက်ရွံ့​သော​ဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 54,
      "text": "ထို့နောက် ယာကုပ်​သည် တောင်​ပေါ်၌​ယဇ်ကောင်​ကို​ပူဇော်​၍ အစားအစာ​စားသောက်​ရန် မိမိ​၏​ဆွေမျိုးသားချင်း​တို့​ကို​ဖိတ်ခေါ်​လေ​၏​။ သူ​တို့​သည်​လည်း အစားအစာ​စားသောက်​ပြီးလျှင် တောင်​ပေါ်၌ ညအိပ်နား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 55,
      "text": "လာဗန်​သည် နံနက်​စောစောထ​၍ မိမိ​မြေး​၊ မိမိ​သမီး​တို့​ကို​နမ်း​ပြီးလျှင် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။ ထို့နောက် လာဗန်​သည် ထွက်ခွာ​၍ မိမိ​နေရပ်​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 1,
      "text": "ယာကုပ်​သည် ခရီး​ဆက်သွား​ရာ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် သူ​နှင့်​လာတွေ့​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 2,
      "text": "ယာကုပ်​သည် သူ​တို့​ကို​မြင်​သောအခါ “​ဤ​နေရာ​သည် ဘုရားသခင်​၏​တပ်စခန်း​ဖြစ်​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို မဟာနိမ် ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 3,
      "text": "ထို့နောက် ယာကုပ်​သည် စိရ​ပြည်​၊ ဧဒုံ​အရပ်​ရှိ မိမိ​အစ်ကို​ဧသော​ထံသို့ စေတမန်​တို့​ကို ရှေ့ပြေး​အဖြစ်​စေလွှတ်​၍"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 4,
      "text": "“​သင်​တို့​သည် ငါ​၏​သခင်​ဧသော​အား သခင်​၏​အစေအပါး​ယာကုပ်​က ‘​အကျွန်ုပ်​သည် လာဗန်​ထံ၌ ယခု​ထိတိုင် တည်းခို​နေထိုင်​ခဲ့​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 5,
      "text": "အကျွန်ုပ်​တွင် နွား​များ​၊ မြည်း​များ​၊ သိုးဆိတ်​များ​နှင့် ကျွန်ယောက်ျား​များ​၊ ကျွန်မိန်းမ​များ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​မည့်​အကြောင်း လူ​လွှတ်​၍ အကျွန်ုပ်​၏​သခင်​အား ကြိုတင်​ကြားလျှောက်​ပါ​၏​’​ဟူ၍ ပြော​ရ​မည်​”​ဟု မှာကြား​လိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 6,
      "text": "စေတမန်​တို့​သည် ယာကုပ်​ထံသို့​ပြန်ရောက်​လာ​၍ “​အကျွန်ုပ်​တို့​သည် သခင်​၏​အစ်ကို​ဧသော​ထံသို့​ရောက်​ခဲ့​ပါ​ပြီ​။ သူ​သည်​လည်း သခင်​နှင့်​တွေ့ဆုံ​ရန် လူ​လေး​ရာ​နှင့်အတူ လာ​နေ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 7,
      "text": "ထိုအခါ ယာကုပ်​သည် အလွန်​ကြောက်​၍ စိတ်ပူပန်​သဖြင့် မိမိ​နှင့်အတူ​ရှိ​သော​လူ​တို့​ကို​လည်းကောင်း​၊ သိုးဆိတ်​၊ နွား​နှင့် ကုလားအုတ်​တို့​ကို​လည်းကောင်း အုပ်စု​နှစ်​စု​ခွဲ​ထား​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 8,
      "text": "ယာကုပ်​က “​အကယ်၍ ဧသော​သည် တစ်​စု​ကို​လာ​၍​တိုက်ခိုက်​လျှင် ကျန်​တစ်​စု​သည် လွတ်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 9,
      "text": "ထို့နောက် ယာကုပ်​က “​အကျွန်ုပ်​အဖ​အာဗြဟံ​၏​ဘုရား​၊ အကျွန်ုပ်​အဖ​ဣဇက်​၏​ဘုရား​၊ အကျွန်ုပ်​အား ‘​သင့်​ပြည်​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင့်​ကို​ကောင်းစား​စေ​မည်​’​ဟု မိန့်​တော်မူ​သော​ထာဝရဘုရား​၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 10,
      "text": "ကိုယ်တော်​၏​အစေအပါး​အပေါ်​ထား​တော်မူ​သော မေတ္တာကရုဏာ​တော်​အလုံးစုံ​၊ သစ္စာ​တော်​အလုံးစုံ​ကို အကျွန်ုပ်​မခံထိုက်​ပါ​။ အကျွန်ုပ်​သည် ဤ​ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ခဲ့​စဉ်က တောင်ဝှေး​တစ်​ချောင်း​သာ​ပါ​ပါ​၏​။ ယခု​မူကား အုပ်စု​နှစ်​စု​ဖြစ်လာ​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 11,
      "text": "အကျွန်ုပ်​အစ်ကို​ဧသော​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကြောင်းမူကား သူ​သည်​လာ​၍ အကျွန်ုပ်​ကို​လည်းကောင်း​၊ ကလေး​နှင့်​မိခင်​တို့​ကို​လည်းကောင်း တိုက်ခိုက်​မည်​ကို​အကျွန်ုပ်​ကြောက်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 12,
      "text": "သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို​အမှန်ပင်​ကောင်းစား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​တို့​ကို မ​ရေတွက်​နိုင်​အောင် များပြား​သော​ပင်လယ်​သဲပွင့်​ကဲ့သို့​ဖြစ်​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 13,
      "text": "ယာကုပ်​သည် ထို​ည​တွင် ထို​အရပ်​၌​ညအိပ်နား​ပြီးလျှင် အစ်ကို​ဧသော​အား လက်ဆောင်​ပေး​ရန် မိမိ​၏​လက်​ရှိ​ဥစ္စာ​ထဲမှ"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 14,
      "text": "ဆိတ်မ​အကောင်​နှစ်ရာ​၊ ဆိတ်ထီး​အကောင်​နှစ်ဆယ်​၊ သိုးမ​အကောင်​နှစ်ရာ​၊ သိုးထီး​အကောင်​နှစ်ဆယ်​၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 15,
      "text": "နို့တိုက်​ကုလားအုတ်​အကောင်​သုံးဆယ်​နှင့် ၎င်း​တို့​၏​သားပေါက်​များ​၊ နွားမ​အကောင်​လေးဆယ်​၊ နွားထီး​ဆယ်​ကောင်​၊ မြည်းမ​အကောင်​နှစ်ဆယ်​နှင့် မြည်းထီး​ဆယ်​ကောင်​တို့​ကို​ယူ​၍"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 16,
      "text": "၎င်း​တို့​ကို သူ့​အမျိုး​နှင့်​သူ အုပ်လိုက် အုပ်လိုက် မိမိ​ကျွန်​တို့​လက်​သို့​အပ်​လေ​၏​။ ထို့နောက် ထို​ကျွန်​တို့​အား “​ငါ့​ရှေ့​မှ ကူးသွား​နှင့်​ကြ​လော့​။ တိရစ္ဆာန်​တစ်​အုပ်​နှင့်​တစ်အုပ်​ကို ခပ်လှမ်းလှမ်းခွာ​ထား​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 17,
      "text": "ထို့ပြင် ရှေ့ဆုံး​မှ​သွား​သော​သူ​အား “​ငါ့​အစ်ကို​ဧသော​သည် သင့်​ကို​တွေ့​၍ ‘​သင်​သည် မည်သူ​၏​လူ​ဖြစ်​သနည်း​။ မည်သည့်​အရပ်​သို့​သွား​မည်နည်း​။ သင့်​ရှေ့​၌​ရှိ​သော​ဤ​အရာ​တို့​ကား မည်သူ​၏​ဥစ္စာ​ဖြစ်​သနည်း​’​ဟု သင့်​ကို​မေး​လျှင်"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 18,
      "text": "‘​သခင့်​အစေအပါး ယာကုပ်​၏​ဥစ္စာ​ဖြစ်​ပါ​၏​။ ဤ​အရာ​တို့​သည် သခင်​ဧသော​အား ဆက်သ​လိုက်​သော​လက်ဆောင်​ဖြစ်​ပါ​၏​။ သူ​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 19,
      "text": "ဒုတိယ​လူ​၊ တတိယ​လူ​နှင့် တိရစ္ဆာန်အုပ်​နောက်မှ​လိုက်​သော​သူ​အပေါင်း​တို့​ကို​လည်း “​သင်​တို့​သည် ဧသော​ကို​တွေ့​သောအခါ ထို​အတိုင်း​လျှောက်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 20,
      "text": "ထို့ပြင် ‘​အရှင့်​အစေအပါး ယာကုပ်​သည်​လည်း အကျွန်ုပ်​တို့​နောက်မှ လိုက်လာ​ပါ​၏​’​ဟူ၍ လျှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ယာကုပ်​က “​ငါ့​အလျင်​ရောက်​နှင့်​သော​လက်ဆောင်​ဖြင့် သူ့​ကို​စိတ်ပြေ​စေ​ပြီးမှ သူ​နှင့်​ငါ​တွေ့ဆုံ​မည်​။ သို့ပြုလျှင် သူ​သည် ငါ့​ကို​လက်ခံ​ကောင်း​လက်ခံ​လိမ့်မည်​”​ဟု တွေးထင်​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 21,
      "text": "ထိုသို့ ယာကုပ်​သည် မိမိ​ထက်​အလျင် လက်ဆောင်​ကို တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။ သူ​ကိုယ်တိုင်​မူကား ထို​ည​တွင် စခန်း​ထဲ၌ ညအိပ်နား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 22,
      "text": "သို့သော် ထို​ည​တွင် သူ​သည် ထ​၍ မိမိ​၏​မယား​နှစ်​ယောက်​၊ မိမိ​၏​ကျွန်မ​နှစ်​ယောက်​နှင့် မိမိ​၏​သား​တစ်ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်ဆောင်​၍ ယဗ္ဗုတ်​ရေဆိပ်​မှ ဖြတ်ကူး​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 23,
      "text": "ထိုသို့ သားမယား​တို့​ကို ချောင်း​တစ်ဖက်ကမ်း​သို့​ဖြတ်ကူး​စေ​ပြီးလျှင် မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​တို့​ကို​လည်း တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 24,
      "text": "ယာကုပ်​သည် တစ်ယောက်တည်း​ကျန်​ခဲ့​၏​။ ထိုအခါ လူ​တစ်​ယောက်​သည် အရုဏ်တက်​ချိန်​အထိ ယာကုပ်​နှင့်​နပန်းလုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 25,
      "text": "ထို​သူ​သည် ယာကုပ်​ကို မ​နိုင်​မှန်း​သိမြင်​သောအခါ ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​ကို​ထိုး​၏​။ ထို့ကြောင့် ထို​သူ​နှင့်​နပန်းလုံး​စဉ်တွင် ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​သည် လွဲ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 26,
      "text": "ထို​သူ​က “​အရုဏ်တက်​ပြီ​ဖြစ်၍ ငါ့​ကို​လွှတ်​ပါ​”​ဟု ဆို​၏​။ သို့သော် ယာကုပ်​က “​အကျွန်ုပ်​ကို​ကောင်းချီး​မ​ပေး​လျှင် အရှင့်​ကို အကျွန်ုပ်​မ​လွှတ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 27,
      "text": "ထို​သူ​က​လည်း “​သင့်​နာမည်​ကား အဘယ်နည်း​”​ဟု မေး​လျှင် “​ယာကုပ် ဖြစ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 28,
      "text": "ထိုအခါ ထို​သူ​က “​သင်​၏​အမည်​ကို ယာကုပ် ဟု​မ​ခေါ်​တော့​ဘဲ အစ္စရေး ​ဟု​ခေါ်​ရ​မည်​။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်​လည်းကောင်း​၊ လူ​နှင့်​လည်းကောင်း ပြိုင်​၍​နိုင်​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 29,
      "text": "ယာကုပ်​က​လည်း “​အရှင်​၏​အမည်​ကို သိ​ပါရစေ​”​ဟု ဆို​လျှင် ထို​သူ​က “​အဘယ်ကြောင့် ငါ​၏​အမည်​ကို​မေး​သနည်း​”​ဟု ဆို​ပြီး ထို​အရပ်​၌ ယာကုပ်​ကို ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 30,
      "text": "ထို့ကြောင့် ယာကုပ်​က “​ငါ​သည် ဘုရားသခင်​ကို မျက်နှာချင်းဆိုင်​မြင်​ရ​လျက်​နှင့် အသက်​ချမ်းသာ​ရာ​ရ​သေး​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို ပေနွေလ ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 31,
      "text": "ပေနွေလ​အရပ်​ကို ယာကုပ်​လွန်သွား​သောအခါ နေ​ထွက်​ပြီ​ဖြစ်​၏​။ သူ​သည် သူ​၏​တင်ပါးဆုံ​အဆစ်လွဲ​သွား​သောကြောင့် ထော့နဲ့​ထော့နဲ့​ဖြင့်​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 32,
      "text": "ထိုသို့ ယာကုပ်​၏​တင်ပါးဆုံ​အဆစ်​၌​ရှိ​သော​အကြော​ကို ထိုး​သောကြောင့် ယနေ့​တိုင်အောင် အစ္စရေး​အမျိုးသား​တို့​သည် တင်ပါးဆုံ​အဆစ်​၌​ရှိ​သော​အကြော​ကို မ​စား​ကြ​ချေ​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 1,
      "text": "ယာကုပ်​သည်​မျှော်ကြည့်​ရာ ဧသော​သည် လူ​လေး​ရာ​နှင့်အတူ​လာ​နေ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် သူ​သည် ကလေး​တို့​ကို လေအာ​၊ ရာခေလ​နှင့် ကျွန်မ​နှစ်​ယောက်​တို့​အား အသီးသီး​ခွဲပေး​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 2,
      "text": "ကျွန်မ​နှစ်​ယောက်​နှင့်​သူ​တို့​၏​ကလေး​များ​ကို ရှေ့ဆုံး​၌​လည်းကောင်း​၊ လေအာ​နှင့်​သူ​၏​ကလေး​များ​ကို အလယ်​၌​လည်းကောင်း​၊ ရာခေလ​နှင့်​ယောသပ်​ကို နောက်ဆုံး​၌​လည်းကောင်း ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 3,
      "text": "ထို့နောက် သူ​ကိုယ်တိုင် သူ​တို့​ရှေ့​မှ​သွား​၍ ခုနစ်​ကြိမ်​တိုင်တိုင် မြေ​မှာ​ပျပ်ဝပ်​ရင်း အစ်ကို​ထံသို့​ချဉ်းကပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 4,
      "text": "ဧသော​သည် ပြေးလာ​၍​သူ​နှင့်​တွေ့ဆုံ​ပြီး သူ့​ကို​ပွေ့ဖက်​လျက်​၊ လည်ချင်းယှက်​လျက် နမ်း​လေ​၏​။ ထို့နောက် သူ​တို့​သည် ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 5,
      "text": "ဧသော​သည် မျှော်ကြည့်​၍ မိန်းမ​များ​၊ ကလေး​များ​ကို​မြင်​သောအခါ “​သင်​နှင့်အတူ​ပါလာ​သော ဤ​သူ​တို့​ကား မည်သူ​တို့​နည်း​”​ဟု မေး​သော် ယာကုပ်​က “​သခင်​၏​အစေအပါး​အား ဘုရားသခင်​ပေးသနား​တော်မူ​သော​ကလေး​များ ဖြစ်​ကြ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 6,
      "text": "ထိုအခါ ကျွန်မ​တို့​နှင့်​သူ​တို့​၏​ကလေး​များ​သည် ချဉ်းကပ်​၍​ပျပ်ဝပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 7,
      "text": "ထို့နောက် လေအာ​နှင့်​သူ​၏​ကလေး​များ​သည်​လည်း ချဉ်းကပ်​၍ ပျပ်ဝပ်​ကြ​၏​။ ထို့နောက်မှ ယောသပ်​နှင့်​ရာခေလ​သည် ချဉ်းကပ်​၍ ပျပ်ဝပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 8,
      "text": "ဧသော​က “​ငါ​တွေ့​ခဲ့​သော ဤ​တိရစ္ဆာန်​အစုစု ​တို့​ကား အဘယ်နည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အကျွန်ုပ်​သခင်​၏​ရှေ့​၌ မျက်နှာရ​ရန်​အတွက်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 9,
      "text": "သို့သော် ဧသော​က “​ငါ့​ညီ​၊ ငါ​၌​အလုံအလောက်​ရှိ​၏​။ သင်​ပိုင်ဆိုင်​သော​အရာ သင့်​ထံ၌​ရှိ​ပါစေ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 10,
      "text": "ယာကုပ်​က​လည်း “​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါ​လျှင် အကျွန်ုပ်​ပေး​သော​လက်ဆောင်​ကို လက်ခံ​ပါ​လော့​။ အကယ်စင်စစ် သခင်​၏​မျက်နှာ​ကို အကျွန်ုပ်​ဖူးမြင်​ရ​သည်​မှာ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​သကဲ့သို့​ဖြစ်​ပါ​၏​။ သခင်​သည်​လည်း အကျွန်ုပ်​ကို ကြည်ဖြူ​စွာ​လက်ခံ​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 11,
      "text": "သခင့်​ထံ အကျွန်ုပ်​ယူဆောင်​လာ​သော အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို လက်ခံ​ပါ​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​အား​ပေးသနား​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၌ အလုံးစုံ​ရှိ​ပါ​၏​”​ဟု ဆို​လျက် သူ့​ကို​တိုက်တွန်း​သဖြင့် သူ​သည်​လက်ခံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 12,
      "text": "ထို့နောက် ဧသော​က “​ငါ​တို့​ဆက်၍​ခရီးပြု​ကြ​စို့​။ သင့်​ရှေ့​မှ ငါ​သွား​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 13,
      "text": "သို့သော် ယာကုပ်​က “​ကလေး​များ​သည်​နုနယ်​ပါ​၏​။ နို့စို့သားငယ်​ရှိ​သော သိုးဆိတ်​တို့​နှင့်​နွား​တို့​သည်​လည်း အကျွန်ုပ်​၌​ရှိ​ကြောင်း သခင်​သိ​ပါ​၏​။ ထို​တိရစ္ဆာန်​တို့​ကို တစ်ရက်မျှ​အပြင်းနှင်​လျှင် ၎င်း​တို့​အားလုံး​သည် သေ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 14,
      "text": "သခင်​သည် သခင့်​အစေအပါး​ရှေ့​မှ သွား​နှင့်​ပါ​။ အကျွန်ုပ်​မူကား စိရ​ပြည်​ရှိ သခင့်​ထံသို့ ရောက်​သည်​အထိ ကလေးသူငယ်​တို့​နှင့် အကျွန်ုပ်​ရှေ့​၌​သွား​သော​တိရစ္ဆာန်​တို့ သွား​နိုင်​သမျှ​အတိုင်း တဖြည်းဖြည်း​လိုက်လာ​ပါ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 15,
      "text": "ဧသော​က​လည်း “​ငါ​၌​ရှိ​သော​လူ​အချို့​ကို သင်​နှင့်​ထားခဲ့​ပါရစေ​”​ဟု ဆို​လျှင် ယာကုပ်​က “​အဘယ်​အတွက်​နည်း​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ ဤမျှ​မျက်နှာရ​ပါ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 16,
      "text": "ထို့ကြောင့် ဧသော​သည် ထို​နေ့​၌ပင် စိရ​ပြည်​လမ်း​အတိုင်း​ပြန်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 17,
      "text": "ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ် ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 18,
      "text": "ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ ထွက်ခွာ​ပြီးနောက် ခါနာန်​ပြည်​ရှိ ရှေခင်​မြို့​သို့ ကောင်းမွန်​စွာ​ရောက်ရှိ​လာ​ပြီး ထို​မြို့​၏​အရှေ့ဘက်​၌ စခန်းချ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 19,
      "text": "သူ​သည် ရှေခင်​၏​ဖခင်​ဖြစ်​သော ဟာမော်​၏​သား​တို့​ထံမှ ငွေ​တစ်ရာ​ဖြင့်​မြေ​ကွက်​ကို​ဝယ်ယူ​ပြီး ထို​အရပ်​၌​တဲထိုး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 20,
      "text": "ထို့နောက် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ဧလ​ဧလော​အစ္စရေး ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 1,
      "text": "ယာကုပ်​အတွက် လေအာ​မွေးဖွား​ပေး​သော​သမီး​ဒိန​သည် ခါနာန်​ပြည်​ရှိ​အမျိုးသမီး​တို့​ထံ အလည်အပတ်​သွား​ရာ"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 2,
      "text": "ထို​ပြည်​၏​မင်း​ဖြစ်​သော​ဟိဝိ​လူမျိုး​ဟာမော်​၏​သား ရှေခင်​သည် သူ့​ကို​မြင်​လျှင် ခေါ်ဆောင်​သွား​၍ သူ​နှင့်​အိပ်​ခြင်း​ဖြင့် သူ့​အသရေ​ကို​ရှုတ်ချ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 3,
      "text": "ရှေခင်​၏​စိတ်နှလုံး​သည် ယာကုပ်​၏​သမီး​ဒိန​ကို​စွဲလမ်း​၏​။ သူ​သည် ထို​မိန်းကလေး​ကို​ချစ်​၏​။ ကြင်နာ​စွာ​စကားပြော​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 4,
      "text": "ရှေခင်​သည် မိမိ​ဖခင်​ဟာမော်​အား “​ဤ​မိန်းကလေး​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 5,
      "text": "ယာကုပ်​သည် သူ​၏​သမီး​ဒိန​ကို ရှေခင်​က​ညစ်ညူး​အောင်​ပြု​ခဲ့​ကြောင်း ကြားသိ​သော်လည်း သူ​၏​သား​တို့​သည် တိရစ္ဆာန်​တို့​နှင့်အတူ တော​ထဲ၌​ရှိ​နေ​ကြ​သောကြောင့် သူ​တို့​ပြန်​မ​ရောက်​မ​ချင်း တိတ်ဆိတ်​စွာ​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 6,
      "text": "ရှေခင်​၏​ဖခင်​ဟာမော်​သည် ယာကုပ်​နှင့်​ပြောဆို​ဆွေးနွေး​ရန် ယာကုပ်​ထံသို့​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 7,
      "text": "ယာကုပ်​၏​သား​တို့​သည် ထို​သတင်း​ကို​ကြားလျှင်ကြားချင်း တော​မှ​ပြန်လာ​ကြ​၏​။ သူ​တို့​သည် စိတ်ထိခိုက်​၍ အလွန်​အမျက်ထွက်​ကြ​၏​။ အကြောင်းမူကား ရှေခင်​သည် ယာကုပ်​၏​သမီး​နှင့်​အိပ်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​၌ ယုတ်ညံ့​သော​အမှု​ကို​ပြု​၏​။ ဤ​အမှု​သည် မ​ပြုအပ်​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 8,
      "text": "ဟာမော်​က သူ​တို့​အား “​ငါ့​သား​ရှေခင်​၏​စိတ်နှလုံး​သည် သင်​တို့​၏​သမီး​ကို​စွဲလမ်း​နေ​ပါ​၏​။ သူ့​ကို ငါ့​သား​၏​မယား​အဖြစ်​ပေး​ပါ​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 9,
      "text": "ငါ​တို့​ဆွေမျိုး​တော်​ကြ​စို့​။ သင်​တို့​၏​သမီး​တို့​ကို ငါ​တို့​အား​ပေးစား​၍ ငါ​တို့​၏​သမီး​တို့​ကို​လည်း သင်​တို့​ယူ​ကြ​ပါ​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 10,
      "text": "သို့ပြုလျှင် သင်​တို့​သည် ငါ​တို့​နှင့်အတူ​နေထိုင်​နိုင်​ပါ​သည်​။ ဤ​ပြည်​သည်​လည်း သင်​တို့​အတွက်​ဖြစ်​မည်​။ ဤ​ပြည်​၌ နေထိုင်​လျက် ရောင်းဝယ်ဖောက်ကား​ပြီး ဥစ္စာဆည်းပူး​ကြ​ပါ​”​ဟု ပြောဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 11,
      "text": "ရှေခင်​က​လည်း မိန်းကလေး​၏​ဖခင်​နှင့်​အစ်ကို​တို့​အား “​အကျွန်ုပ်​သည် သင်​တို့​ရှေ့​၌ မျက်နှာရ​ပါစေ​။ သင်​တို့​တောင်း​သမျှ​ကို အကျွန်ုပ်​ပေး​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 12,
      "text": "မင်္ဂလာကြေး​နှင့်​လက်ဆောင်​ကို သင်​တို့​အလို​ရှိသမျှ အကျွန်ုပ်​ထံမှ​တောင်း​ပါ​။ သင်​တို့​တောင်း​သည့်​အတိုင်း အကျွန်ုပ်​ပေး​ပါ​မည်​။ ဤ​မိန်းကလေး​ကို​သာ အကျွန်ုပ်​၏​မယား​အဖြစ်​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 13,
      "text": "သို့သော် ယာကုပ်​၏​သား​တို့​သည် သူ​တို့​၏​နှမ​ဒိန​ကို ညစ်ညူး​အောင် ရှေခင်​ပြု​ခဲ့​သောကြောင့် ရှေခင်​နှင့်​သူ​၏​ဖခင်​ဟာမော်​အား တစ်ဖက်လှည့်​ဖြင့် ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 14,
      "text": "သူ​တို့​က “​ငါ​တို့​၏​နှမ​ကို အရေဖျားမလှီး​သော​သူ​နှင့်​ပေးစား​ခြင်း​အမှု​ကို ငါ​တို့​မ​ပြု​နိုင်​ပါ​။ အကြောင်းမူကား ထိုသို့​ပြု​လျှင် ငါ​တို့​သည် ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 15,
      "text": "သင်​တို့​၌​ရှိ​သော​ယောက်ျား​တိုင်း​သည် ငါ​တို့​ကဲ့သို့​အရေဖျားလှီး​ခြင်း​ကို​ခံ​သော​သူ ဖြစ်​မှသာ​လျှင် ငါ​တို့​သည် သင်​တို့​နှင့်​လိုက်လျော​သဘောတူ​နိုင်​မည်​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 16,
      "text": "ထိုအခါ ငါ​တို့​သည် ငါ​တို့​သမီး​တို့​ကို သင်​တို့​အား​ပေးစား​၍ သင်​တို့​၏​သမီး​တို့​ကို​လည်း ငါ​တို့​ယူ​မည်​။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​နေထိုင်​၍ လူမျိုး​တစ်မျိုးတည်း​ဖြစ်လာ​မည်​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 17,
      "text": "သို့သော် သင်​တို့​သည် အရေဖျားလှီး​ခြင်း​ကို​ခံ​ရန် သဘော​မ​တူ​လျှင် ငါ​တို့​သည် ငါ​တို့​သမီး​ကို​ခေါ်​၍ ထွက်သွား​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 18,
      "text": "သူ​တို့​၏​စကား​ကို ဟာမော်​နှင့်​သူ​၏​သား​ရှေခင်​သည် နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 19,
      "text": "ထို​လူငယ်​သည် ယာကုပ်​၏​သမီး​ကို​နှစ်သက်​သဖြင့် နှောင့်နှေး​ခြင်း​မ​ရှိ​ဘဲ ထို​အမှု​ကို​ပြု​၏​။ သူ​သည် မိမိ​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​တွင် ဂုဏ်သရေ​အရှိဆုံး​သူ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 20,
      "text": "ဟာမော်​နှင့်​သူ​၏​သား​ရှေခင်​သည် မြို့​တံခါး​သို့​သွား​၍ မြို့သား​တို့​အား"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 21,
      "text": "“​ဤ​သူ​တို့​သည် ငါ​တို့​နှင့်​ခင်မင်ရင်းနှီး​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဤ​ပြည်​၌​နေထိုင်​၍ ရောင်းဝယ်ဖောက်ကား​ကြ​ပါစေ​။ ဤ​ပြည်​သည် သူ​တို့​နေသာအောင် ကျယ်ဝန်း​၏​။ သူ​တို့​၏​သမီး​တို့​ကို ငါ​တို့​၏​မယား​အဖြစ်​ယူ​၍ ငါ​တို့​၏​သမီး​တို့​ကို​လည်း သူ​တို့​အား ပေးစား​ကြ​စို့​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 22,
      "text": "သူ​တို့​အရေဖျားလှီး​ခြင်း​ကို​ခံ​သကဲ့သို့ ငါ​တို့​ထဲ၌​ရှိ​သော​ယောက်ျား​တိုင်း​သည် အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​ဟူသော​အချက်​ဖြင့်​သာ သူ​တို့​သည် ငါ​တို့​နှင့်​လိုက်လျော​သဘောတူ​၍ ငါ​တို့​နှင့်အတူ​နေထိုင်​ပြီး လူမျိုး​တစ်မျိုးတည်း​ဖြစ်​ကြ​မည်​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 23,
      "text": "ထိုအခါ သူ​တို့​၏​သိုးနွား​များ​မှစ၍ သူ​တို့​၏​ဥစ္စာ​နှင့်​တိရစ္ဆာန်​ရှိသမျှ​တို့​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​မည်​မ​ဟုတ်​လော​။ သူ​တို့​နှင့်​လိုက်လျော​သဘောတူ​ကြ​စို့​။ သို့ပြုလျှင် သူ​တို့​သည် ငါ​တို့​နှင့်အတူ​နေထိုင်​ကြ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 24,
      "text": "မြို့​တံခါး​မှ​ဝင်ထွက်​သွားလာ​သော​သူ​အပေါင်း​တို့​သည် ဟာမော်​နှင့်​သူ့​သား​ရှေခင်​၏​စကား​ကို နားထောင်​ကြ​၏​။ မြို့​တံခါး​မှ​ဝင်ထွက်​သွားလာ​သော​ယောက်ျား​အပေါင်း​တို့​သည်​လည်း အရေဖျားလှီး​ခြင်း​ကို​ခံ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 25,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ သူ​တို့​နာကျင်​လျက်​နေ​ကြ​သောအခါ ယာကုပ်​၏​သား​နှစ်​ယောက်​ဖြစ်​သော ဒိန​၏​အစ်ကို​ရှိမောင်​နှင့်​လေဝိ​တို့​သည် ဓား​ကိုယ်စီ​ကိုင်ဆောင်​လျက် ထို​မြို့​ထဲသို့ ရဲရင့်​စွာ​ဝင်ရောက်​၍ ယောက်ျား​အပေါင်း​တို့​ကို​သတ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 26,
      "text": "ဟာမော်​နှင့်​သူ​၏​သား​ရှေခင်​ကို​လည်း သူ​တို့​၏​ဓား​ဖြင့်​သတ်​ပြီးလျှင် ဒိန​ကို ရှေခင်​၏​အိမ်​မှ​ခေါ်​လျက် ထွက်သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 27,
      "text": "ယာကုပ်​၏​သား​တို့​သည် မိမိ​တို့​နှမ​ကို မြို့သား​တို့​ညစ်ညူး​စေ​သောကြောင့် အသတ်ခံရ​သော​သူ​တို့​ထံသို့​လာ​၍ သူ​တို့​၏​မြို့​ကို သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 28,
      "text": "သူ​တို့​သည် မြို့သား​တို့​၏​သိုးဆိတ်​၊ နွား​၊ မြည်း​များ​မှစ၍ မြို့​တွင်း​၊ မြို့ပြင်​ရှိ​ပစ္စည်း​တို့​ကို ယူ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 29,
      "text": "အိမ်​ထဲ၌​ရှိ​သော​ဥစ္စာပစ္စည်း​အားလုံး​ကို သိမ်းယူ​သွား​၏​။ ကလေး​နှင့်​မိန်းမ​တို့​ကို​လည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 30,
      "text": "ထိုအခါ ယာကုပ်​က ရှိမောင်​နှင့်​လေဝိ​အား “​ဤ​ပြည်​၌​နေထိုင်​ကြ​သော ခါနာန်​လူမျိုး​နှင့်​ဖေရဇိ​လူမျိုး​တို့ ငါ့​ကို​စက်ဆုပ်ရွံရှာ​အောင် သင်​တို့​ပြု​ခြင်း​အားဖြင့် ငါ့​ကို ဒုက္ခပေး​ကြ​ပြီ​တကား​။ ငါ​၌ လူ​အင်အား​အနည်းငယ်​သာ​ရှိ​၏​။ သူ​တို့​သည် စုဝေး​၍ ငါ့​ကို​တိုက်ခိုက်​လျှင် ငါ​နှင့်​ငါ​၏​အိမ်သူအိမ်သား​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 31,
      "text": "သို့သော် သူ​တို့​က “​အကျွန်ုပ်​တို့​၏​နှမ​ကို ပြည့်တန်ဆာ​ကဲ့သို့ ပြု​ရ​သလော​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 1,
      "text": "ထို့နောက် ဘုရားသခင်​က ယာကုပ်​အား “​ထ​လော့​။ ဗေသလ​အရပ်​သို့​သွား​၍ ထို​အရပ်​၌ နေထိုင်​လော့​။ သင်​၏​အစ်ကို​ဧသော​ထံ​မှ သင်​ထွက်ပြေး​စဉ်က သင့်​အား ကိုယ်ထင်ရှားပြ​သော​ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 2,
      "text": "ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 3,
      "text": "ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 4,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​လက်​ထဲ၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ရှိသမျှ​ကို​လည်းကောင်း​၊ မိမိ​တို့​နား​၌​ပန်​ထား​သော နားကွင်း​များ​ကို​လည်းကောင်း ယာကုပ်​အား​ပေး​ကြ​၏​။ ယာကုပ်​သည်​လည်း ၎င်း​တို့​ကို ရှေခင်​မြို့​အနီး​ရှိ သပိတ်ပင်​အောက်​၌​မြှုပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 5,
      "text": "ထို့နောက် သူ​တို့​သည် ခရီးပြု​ကြ​၏​။ ဘုရားသခင်​ကို​ကြောက်ရွံ့ထိတ်လန့်​ခြင်း​သည် သူ​တို့​ပတ်လည်​၌​ရှိ​သော​မြို့​များ​အပေါ်​သို့ ကျရောက်​သဖြင့် ထို​မြို့သား​တို့​သည် ယာကုပ်​၏​သား​တို့​ကို မ​လိုက်​ဝံ့​ကြ​ချေ​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 6,
      "text": "ယာကုပ်​သည် သူ​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​နှင့်တကွ ခါနာန်​ပြည်​ရှိ လုဇ​မြို့​တည်းဟူသော ဗေသလ​အရပ်​သို့​ရောက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 7,
      "text": "သူ​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထို​အရပ်​ကို ဧလ​ဗေသလ ဟု​ခေါ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​အစ်ကို​ထံ​မှ​ထွက်ပြေး​စဉ်က ထို​အရပ်​၌ ဘုရားသခင်​ထင်ရှား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 8,
      "text": "ထို့နောက် ရေဗက္ကာ​၏​အထိန်း ဒေဗောရ​သည် သေဆုံး​၍ ဗေသလ​အရပ်​အနိမ့်ပိုင်း​၊ ဝက်သစ်ချပင်​အောက်​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ထို့ကြောင့် ထို​အပင်​၏​အမည်​ကို အာလုမ္ဘာကုတ် ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 9,
      "text": "ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​ပြီးနောက် ဘုရားသခင်​သည် သူ့​အား တစ်ဖန်​ကိုယ်ထင်ရှားပြ​၍ ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 10,
      "text": "ဘုရားသခင်​က “​သင်​၏​အမည်​သည် ယာကုပ် ဖြစ်​၏​။ သို့သော် သင့်​ကို ယာကုပ် ဟု​ခေါ်​တော့​မည်​မ​ဟုတ်​။ ယခု​မှစ၍ သင်​၏​အမည်​သည် အစ္စရေး ဖြစ်​ရ​မည်​”​ဟု သူ့​အား​မိန့်​တော်မူ​လျက် သူ​၏​အမည်​ကို အစ္စရေး ဟု​မှည့်ခေါ်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 11,
      "text": "တစ်ဖန် ဘုရားသခင်​က “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ တိုးပွား​များပြား​လော့​။ သင့်​ထံမှ လူမျိုး​တစ်​မျိုး​သာမက လူမျိုးပေါင်း​များစွာ ဆင်းသက်​လာ​ကြ​လိမ့်မည်​။ သင်​၏​အမျိုးအနွယ် ​ထဲမှ ရှင်ဘုရင်​များ​လည်း ပေါ်ထွန်း​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 12,
      "text": "အာဗြဟံ​နှင့်​ဣဇက်​အား ငါ​ပေး​သော​ပြည်​ကို သင့်​အား ငါ​ပေး​မည်​။ ထို​ပြည်​ကို နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား​လည်း ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 13,
      "text": "ထို့နောက် ဘုရားသခင်​သည် သူ​နှင့်​မိန့်မြွက်​တော်မူ​သော​ထို​အရပ်​မှ ကြွသွား​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 14,
      "text": "ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၌ ကျောက်တိုင်​တစ်​တိုင်​ကို စိုက်ထူ​လေ​၏​။ သူ​သည် ၎င်း​အပေါ်​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၍ ဆီ​ကို​လည်း​လောင်း​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 15,
      "text": "ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 16,
      "text": "ထို့နောက် သူ​တို့​သည် ဗေသလ​အရပ်​မှ​ခရီးပြု​၏​။ ဧဖရတ်​မြို့​သို့​ရောက်​ရန် အတန်ငယ်​ဝေး​သေး​သော​နေရာ​တွင် ရာခေလ​သည် သားဖွား​မည့်​အချိန်​ရောက်​၍ သားဖွားရ​ခက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 17,
      "text": "ထိုသို့ သူ​သည် သားဖွားရ​ခက်​နေစဉ် ဝမ်းဆွဲ​က “​မ​စိုးရိမ်​နှင့်​။ သင်​သည် သား​နောက်တစ်ယောက်​ရ​ပြီ​”​ဟု သူ့​အား​ဆို​လျှင်"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 18,
      "text": "ရာခေလ သေဆုံး​လေ​၏​။ သို့သော် အသက်ထွက်​အံ့ဆဲဆဲ​တွင် သား​၏​အမည်​ကို ဗေနောနိ ဟု​မှည့်ခေါ်​၏​။ ဖခင်​မူကား ထို​သား​ကို ဗင်္ယာမိန် ဟု​မှည့်ခေါ်​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 19,
      "text": "ရာခေလ​သည် သေဆုံး​၍ ဗက်လင် ခေါ် ဧဖရတ်​မြို့​သို့​သွား​ရာ​လမ်း​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 20,
      "text": "ယာကုပ်​သည် ရာခေလ​၏​သင်္ချိုင်း​၌ မှတ်တိုင်​ကို​စိုက်ထူ​လေ​၏​။ ၎င်း​သည် ယနေ့​တိုင်အောင် ရာခေလ​၏​သင်္ချိုင်း​မှတ်တိုင်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 21,
      "text": "ထို့နောက် အစ္စရေး​သည် ခရီးပြု​၍ ဧဒါ​မျှော်စင်​အလွန်​တွင် တဲ​ကို​ဆောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 22,
      "text": "အစ္စရေး​သည် ထို​ပြည်​၌​နေထိုင်​စဉ် ရုဗင်​သည်​သွား​၍ မိမိ​ဖခင်​၏​မယားငယ်​ဗိလဟာ​နှင့်​အိပ်​လေ​၏​။ အစ္စရေး​သည် ထို​အကြောင်း​ကို ကြား​၏​။ ယာကုပ်​၌ သား​တစ်ဆယ့်​နှစ်​ယောက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 23,
      "text": "လေအာ​၏​သား​များ​မှာ ရုဗင်​(​ယာကုပ်​၏​သားဦး​)​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 24,
      "text": "ရာခေလ​၏​သား​များ​မှာ ယောသပ်​၊ ဗင်္ယာမိန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 25,
      "text": "ရာခေလ​၏​ကျွန်မ​ဗိလဟာ​၏​သား​များ​မှာ ဒန်​၊ နဿလိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 26,
      "text": "လေအာ​၏​ကျွန်မ​ဇိလပ​၏​သား​များ​မှာ ဂဒ်​၊ အာရှာ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ပါဒန်အာရံ​ပြည်​၌​မွေးဖွား​သော ယာကုပ်​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 27,
      "text": "ထို့နောက် ယာကုပ်​သည် မံရေ​မြို့​တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​ရှိ မိမိ​ဖခင်​ဣဇက်​ထံသို့​သွား​၏​။ ထို​မြို့​သည် အာဗြဟံ​နှင့်​ဣဇက်​တို့​တည်းခိုနေထိုင်​သော​မြို့​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 28,
      "text": "ဣဇက်​သည်​နှစ်​ပေါင်း တစ်ရာ့​ရှစ်ဆယ်​အသက်ရှင်​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 29,
      "text": "ဣဇက်​သည် အသက်ကြီး​၍​သက်တမ်းစေ့​သဖြင့် နောက်ဆုံး​ထွက်သက်ထွက်​၍​သေဆုံး​ပြီး မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ သူ​၏​သား​ဧသော​နှင့်​ယာကုပ်​တို့​သည် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 1,
      "text": "ဧဒုံ ခေါ် ဧသော​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 2,
      "text": "ဧသော​သည် ခါနာန်​အမျိုးသမီး​တို့​နှင့်​အိမ်ထောင်ပြု​၏​။ ထို​သူ​တို့​မှာ ဟိတ္တိ​လူမျိုး​ဧလုန်​၏​သမီး​အာဒ​နှင့် ဟိဝိ​လူမျိုး​ဇိဘောင်​၏​မြေး​၊ အာန​၏​သမီး​အဟောလိဗာမ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 3,
      "text": "ထို့ပြင် နဗာယုတ်​၏​နှမ ဣရှမေလ​၏​သမီး​ဗာရှမတ်​နှင့် အိမ်ထောင်ပြု​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 4,
      "text": "အာဒ​သည် ဧသော​အတွက် ဧလိဖတ်​ကို​မွေးဖွား​၍ ဗာရှမတ်​သည် ရွေလ​ကို​မွေးဖွား​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 5,
      "text": "အဟောလိဗာမ​သည် ယုရှ​၊ ယာလံ​နှင့်​ကောရ တို့​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​ကား ခါနာန်​ပြည်​၌​မွေးဖွား​သော ဧသော​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 6,
      "text": "ဧသော​သည် သူ​၏​မယား​များ​၊ သား​သမီး​များ​နှင့် အိမ်သူအိမ်သား​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​သိုးနွား​မှစ၍ တိရစ္ဆာန်​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ ခါနာန်​ပြည်​၌ သူ​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​တို့​ကို​လည်းကောင်း ယူ​၍ သူ​၏​ညီ​ယာကုပ်​နှင့်​ဝေးရာ​ပြည်​သို့ ထွက်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 7,
      "text": "အကြောင်းမူကား သူ​တို့​၏​ဥစ္စာ​များလွန်း​၍ သူ​တို့​သည် အတူ​မ​နေထိုင်​နိုင်​ပေ​။ သူ​တို့​၏​တိရစ္ဆာန်​များ​အတွက်​လည်း သူ​တို့​တည်းခိုနေထိုင်​သော​ပြည်​၌ စားကျက်မြေ​မ​လုံလောက်​ပေ​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 8,
      "text": "သို့ဖြစ်၍ ဧသော​သည် စိရ​ပြည်​တောင်ပေါ်ဒေသ​၌ နေထိုင်​လေ​၏​။ ဧသော​သည် ဧဒုံ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 9,
      "text": "စိရ​ပြည်​တောင်ပေါ်ဒေသ​၌​နေထိုင်​သော​ဧဒုံ​လူမျိုး​၏​ဘိုးဘေး​ဖြစ်​သည့် ဧသော​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 10,
      "text": "ဧသော​၏​မယား​အာဒ​မွေး​သော​သား​မှာ ဧလိဖတ်​၊ ဧသော​၏​မယား​ဗာရှမတ်​မွေး​သော​သား​မှာ ရွေလ ဖြစ်​၏​။ ဤသည်ကား ဧသော​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 11,
      "text": "ဧလိဖတ်​၏​သား​များ​မှာ တေမန်​၊ ဩမရ​၊ ဇေဖော​၊ ဂါတံ​၊ ကေနတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 12,
      "text": "ဧသော​၏​သား ဧလိဖတ်​၏​မယားငယ်​တိမန​သည်​လည်း ဧလိဖတ်​အတွက် အာမလက်​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​ကား ဧသော​၏​မယား အာဒ​၏​သားမြေး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 13,
      "text": "ရွေလ​၏​သား​များ​မှာ နာဟတ်​၊ ဇေရ​၊ ရှမ္မ​၊ မိဇ္ဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧသော​၏​မယား ဗာရှမတ်​၏​သားမြေး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 14,
      "text": "ဇိဘောင်​၏​မြေး အာန​သမီး ဧသော​၏​မယား​အဟောလိဗာမ​သည် ဧသော​အတွက် ယုရှ​၊ ယာလံ​၊ ကောရ တို့​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​သည် အဟောလိဗာမ​၏​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 15,
      "text": "ဧသော​၏​သားမြေး​တို့​တွင် အမျိုးအနွယ်​သူကြီး​များ​မှာ ဧသော​၏​သားဦး ဧလိဖတ်​၏​သား သူကြီး​တေမန်​၊ သူကြီး​ဩမရ​၊ သူကြီး​ဇေဖော​၊ သူကြီး​ကေနတ်​၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 16,
      "text": "သူကြီး​ကောရ​၊ သူကြီး​ဂါတံ​၊ သူကြီး​အာမလက်​တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧဒုံ​ပြည်​၌ ဧလိဖတ်​မှ​ဆင်းသက်​လာ​သော အမျိုးအနွယ်​သူကြီး​များ​၊ အာဒ​၏​သားမြေး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 17,
      "text": "ဧသော​၏​သား​ဖြစ်​သော​ရွေလ​၏​သား​များ​မှာ သူကြီး​နာဟတ်​၊ သူကြီး​ဇေရ​၊ သူကြီး​ရှမ္မ​၊ သူကြီး​မိဇ္ဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧဒုံ​ပြည်​၌ ရွေလ​မှ​ဆင်းသက်​သော​အမျိုးအနွယ်​သူကြီး​များ​၊ ဧသော​၏​မယား​ဗာရှမတ်​၏​သားမြေး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 18,
      "text": "ဧသော​၏​မယား​အဟောလိဗာမ​၏​သား​များ​မှာ သူကြီး​ယုရှ​၊ သူကြီး​ယာလံ​၊ သူကြီး​ကောရ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ဧသော​၏​မယား အာန​၏​သမီး​အဟောလိဗာမ​မှ​ဆင်းသက်​သော​အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 19,
      "text": "ဤ​သူ​တို့​ကား ဧဒုံ ခေါ် ဧသော​၏​သားမြေး​များ​၊ အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 20,
      "text": "ဧဒုံ​ပြည်​၌ မူလ​နေထိုင်​သူ​ဟောရိ​လူမျိုး​စိရ​၏​သား​တို့​မှာ လောတန်​၊ ရှောဗလ​၊ ဇိဘောင်​၊ အာန​၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 21,
      "text": "ဒိရှုန်​၊ ဧဇာ​၊ ဒိရှန် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ဧဒုံ​ပြည်​ရှိ စိရ​၏​သား​များ​တည်းဟူသော ဟောရိ​လူမျိုး​၏​အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 22,
      "text": "လောတန်​၏​သား​များ​မှာ ဟောရိ​၊ ဟေမံ​တို့​ဖြစ်​ကြ​၏​။ လောတန်​၏​နှမ​မှာ တိမန​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 23,
      "text": "ရှောဗလ​၏​သား​များ​မှာ အာလဝန်​၊ မနာဟတ်​၊ ဧဗလ​၊ ရှေဖော​၊ ဩနံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 24,
      "text": "ဇိဘောင်​၏​သား​များ​မှာ အာယ​၊ အာန တို့​ဖြစ်​ကြ​၏​။ အာန​သည် မိမိ​ဖခင်​ဇိဘောင်​၏​မြည်း​များ​ကို ထိန်းကျောင်း​စဉ် တောကန္တာရ​၌ ရေပူစမ်း​တို့​ကို​တွေ့ရှိ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 25,
      "text": "အာန​၏​သား​မှာ ဒိရှုန် ဖြစ်​၏​။ အာန​၏​သမီး​မှာ အဟောလိဗာမ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 26,
      "text": "ဒိရှုန်​၏​သား​များ​မှာ ဟင်္ဒန်​၊ ဧရှဗန်​၊ ဣသရန်​၊ ခေရန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 27,
      "text": "ဧဇာ​၏​သား​များ​မှာ ဗိလဟန်​၊ ဇာဝန်​၊ အာကန်​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 28,
      "text": "ဒိရှန်​၏​သား​များ​မှာ ဥဇ​၊ အာရန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 29,
      "text": "ဟောရိ​လူမျိုး​၏​အမျိုးအနွယ်​သူကြီး​များ​မှာ သူကြီး​လောတန်​၊ သူကြီး​ရှောဗလ​၊ သူကြီး​ဇိဘောင်​၊ သူကြီး​အာန​၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 30,
      "text": "သူကြီး​ဒိရှုန်​၊ သူကြီး​ဧဇာ​၊ သူကြီး​ဒိရှန် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား စိရ​ပြည်​၌ အမျိုးအနွယ်​အလိုက်​သူကြီး​ဖြစ်​ကြ​သော ဟောရိ​လူမျိုး​တို့​၏​အမျိုးအနွယ်​သူကြီး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 31,
      "text": "အစ္စရေး​အမျိုးသား​တို့​ကို​စိုးစံ​သော​ဘုရင်​မ​ရှိ​မီ ဧဒုံ​ပြည်​ကို​စိုးစံ​သော​ဘုရင်​များ​မှာ ဤ​သူ​တို့​တည်း​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 32,
      "text": "ဗောရ​သား​ဗေလ​သည် ဧဒုံ​ပြည်​ကို​စိုးစံ​၏​။ သူ​၏​မြို့​တော်​အမည်​မှာ ဒိန္နာဗာ ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 33,
      "text": "ဗေလ​မင်းကြီး​အနိစ္စရောက်​သောအခါ ဗောဇရ​မြို့​မှ ဇေရ​၏​သား ယောဗပ်​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 34,
      "text": "ယောဗပ်​မင်းကြီး​အနိစ္စရောက်​သောအခါ တေမန်​အမျိုးသား​တို့​၏​ပြည်​မှ ဟုရှံ​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 35,
      "text": "ဟုရှံ​မင်းကြီး​အနိစ္စရောက်​သောအခါ မောဘ​လွင်ပြင်​၌ မိဒျန်​လူမျိုး​တို့​ကို​နှိမ်နင်း​နိုင်​ခဲ့​သော ဗေဒဒ်​၏​သား​ဟာဒဒ်​သည် သူ့​နေရာ​၌​စိုးစံ​၍ မြို့​တော်​မှာ အာဝိတ် ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 36,
      "text": "ဟာဒဒ်​မင်းကြီး​အနိစ္စရောက်​သောအခါ မာသရက်​အရပ်သား​စာမလ​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 37,
      "text": "စာမလ​မင်းကြီး​အနိစ္စရောက်​သောအခါ ယူဖရေးတီး​မြစ် ​နား​၌​ရှိ​သော ရဟောဘုတ်​အရပ်သား​ရှောလ​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 38,
      "text": "ရှောလ​မင်းကြီး​အနိစ္စရောက်​သောအခါ အာခဗော်​၏​သား ဗာလဟာနန်​သည် သူ့​နေရာ​၌​စိုးစံ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 39,
      "text": "အာခဗော်​၏​သား ဗာလဟာနန်​မင်းကြီး​အနိစ္စရောက်​သောအခါ ဟာဒါ​သည် သူ့​နေရာ​၌​စိုးစံ​၍ မြို့​တော်​မှာ ပေါ​မြို့ ဖြစ်​၏​။ သူ​၏​မိဖုရား​အမည်​မှာ မဟေတဗေလ​ဖြစ်​ပြီး သူ​သည် မေဇဟပ်​၏​မြေး မာတရက်​၏​သမီး​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 40,
      "text": "ဧသော​အမျိုးအနွယ်​သူကြီး​တို့​၏​အမည်​များ​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ သူ​တို့​နေရပ်​အလိုက်​၊ သူ​တို့​အမည်​အလိုက် ဖော်ပြ​သော် သူကြီး​တိမန​၊ သူကြီး​အာလဝ​၊ သူကြီး​ယေသက်​၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 41,
      "text": "သူကြီး​အဟောလိဗာမ​၊ သူကြီး​ဧလာ​၊ သူကြီး​ပိနုန်​၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 42,
      "text": "သူကြီး​ကေနတ်​၊ သူကြီး​တေမန်​၊ သူကြီး​မိဗဇာ​၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 43,
      "text": "သူကြီး​မာဂဒေလ​၊ သူကြီး​ဣရံ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် မိမိ​တို့​ပိုင်ဆိုင်​ရာ​ပြည်​၊ မိမိ​တို့​နေရပ်​အလိုက် ဧဒုံ​သူကြီး​များ​ဖြစ်​ကြ​၏​။ ဧသော​သည် ဧဒုံ​လူမျိုး​တို့​၏​ဘိုးဘေး​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 1,
      "text": "ယာကုပ်​သည် မိမိ​ဖခင်​တည်းခိုနေထိုင်​ရာ​ပြည်​ဖြစ်​သည့် ခါနာန်​ပြည်​၌ နေထိုင်​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 2,
      "text": "ယာကုပ်​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ယောသပ်​သည် အသက်​တစ်ဆယ့်​ခုနစ်​နှစ်​ရှိ​သောအခါ မိမိ​အစ်ကို​တို့​နှင့်အတူ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​၏​။ ယောသပ်​သည် အသက်ငယ်​သေး​သဖြင့် ဖခင်​၏​မယား​ဖြစ်​သော ဗိလဟာ​နှင့်​ဇိလပ​တို့​၏​သား​တို့​နှင့်အတူ​နေ​၍ သူ​တို့​၏​မကောင်းသတင်း​ကို ဖခင်​အား​ပြော​လေ့​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 3,
      "text": "အစ္စရေး​သည် ယောသပ်​ကို အသက်ကြီး​မှ​ရ​သောကြောင့် သား​အားလုံး​ထက် သူ့​ကို​ပို၍​ချစ်​သဖြင့် ရောင်စုံ​သင်တိုင်း​ကို သူ့​အတွက်​ချုပ်ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 4,
      "text": "ဖခင်​က သူ့​ကို ညီအစ်ကို​အားလုံး​ထက်​ပို၍​ချစ်​ကြောင်း သူ့​အစ်ကို​တို့​သိမြင်​သောအခါ သူ့​ကို​မုန်း​၍ သူ့​အား​ချိုသာ​စွာ​မ​ပြောဆို​နိုင်​ကြ​ချေ​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 5,
      "text": "ယောသပ်​သည် အိပ်မက်​မက်​၍ သူ့​အစ်ကို​တို့​အား​ပြောပြ​သောအခါ သူ​တို့​သည် သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 6,
      "text": "ယောသပ်​က သူ​တို့​အား “​အကျွန်ုပ်​မက်​သော အိပ်မက်​ကို ပြောပြ​မည်​။ နားထောင်​ကြ​ပါ​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​သည် လယ်​၌ ကောက်လှိုင်း​များ​စည်း​နေ​ကြ​ရာ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​သည် ထ​၍ မတ်တတ်ရပ်​လေ​၏​။ ထိုအခါ အစ်ကို​တို့​၏​ကောက်လှိုင်းစည်း​များ​သည် ဝိုင်း​လာ​၍ အကျွန်ုပ်​၏​ကောက်လှိုင်းစည်း​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 8,
      "text": "သူ့​အစ်ကို​တို့​က​လည်း “​သင်​သည် ငါ​တို့​ကို အမှန်ပင်​စိုးစံ​မည်လော​။ ငါ​တို့​ကို အမှန်ပင်​အုပ်စိုး​မည်လော​”​ဟု ဆို​၍ သူ​၏​အိပ်မက်​ကြောင့်​လည်းကောင်း​၊ သူ​၏​စကား​တို့​ကြောင့်​လည်းကောင်း သူ့​ကို​ပို၍ပင်​မုန်း​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 9,
      "text": "တစ်ဖန် ယောသပ်​သည် ထပ်၍​အိပ်မက်​မက်​ပြန်​သဖြင့် မိမိ​အစ်ကို​တို့​အား “​အကျွန်ုပ်​သည် ထပ်၍​အိပ်မက်​မက်​ပြန်​၏​။ နေ​၊ လ​နှင့် ကြယ်​တစ်ဆယ့်​တစ်​လုံး​တို့​သည် အကျွန်ုပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​”​ဟု ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 10,
      "text": "ထိုသို့ သူ​သည် မိမိ​ဖခင်​နှင့်​အစ်ကို​တို့​အား​ပြောပြ​သောအခါ ဖခင်​က “​သင်​မက်​သော​အိပ်မက်​ကား မည်သို့​နည်း​။ စင်စစ် ငါ​နှင့် သင့်​မိခင်​၊ သင့်​အစ်ကို​တို့​သည် သင့်​ရှေ့​သို့​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ရ​မည်လော​”​ဟု ဆို​လျက် သူ့​ကို​ဆုံးမ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 11,
      "text": "အစ်ကို​တို့​သည် သူ့​ကို​မနာလို​ဖြစ်​ကြ​၏​။ ဖခင်​မူကား ထို​အကြောင်းအရာ​ကို စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 12,
      "text": "ထို့နောက် ယောသပ်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​တွင် ဖခင်​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​ရန်​ထွက်ခွာ​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 13,
      "text": "အစ္စရေး​က ယောသပ်​အား “​သင်​၏​အစ်ကို​တို့​သည် ရှေခင်​မြို့​အနီး​၌ သိုးဆိတ်​တို့​ကို​ထိန်းကျောင်း​နေ​သည်​မ​ဟုတ်​လော​။ လာ​ပါ​။ သင့်​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်​”​ဟု ဆို​လျှင် သူ​က “​ဟုတ်ကဲ့​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 14,
      "text": "ဖခင်​က​လည်း “​ယခု သွား​၍ သင့်​အစ်ကို​တို့​၏​အခြေအနေ​၊ သိုးဆိတ်​တို့​၏​အခြေအနေ​ကို ကြည့်ရှု​ပြီးလျှင် ငါ့​ကို​ပြန်လာ​ပြောပြ​လော့​”​ဟု ဆို​ပြီး သူ့​ကို​ဟေဗြုန်​ချိုင့်ဝှမ်း​မှ​စေလွှတ်​လိုက်​၏​။ ယောသပ်​သည် ရှေခင်​မြို့​သို့​ရောက်​ပြီး"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 15,
      "text": "ကွင်းပြင်​၌ လှည့်လည်​နေ​စဉ် လူ​တစ်​ယောက်​က သူ့​ကို​တွေ့​၍ “​ဘာ​ကို​ရှာ​နေ​သနည်း​”​ဟု သူ့​အား​မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 16,
      "text": "သူ​က​လည်း “​အကျွန်ုပ်​၏​အစ်ကို​တို့​ကို ရှာ​နေ​ပါ​သည်​။ သူ​တို့​သည် သိုးဆိတ်​တို့​ကို အဘယ်မှာ​ထိန်းကျောင်း​နေ​သည်​ကို အကျွန်ုပ်​အား​ပြောပြ​ပါ​”​ဟု ဆို​လျှင်"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 17,
      "text": "ထို​လူ​က “​သူ​တို့​သည် ဤ​နေရာ​မှ​ထွက်သွား​ကြ​ပြီ​။ ‘​ဒေါသန်​အရပ်​သို့ ငါ​တို့​သွား​ကြ​စို့​’​ဟု သူ​တို့​ပြောဆို​နေ​ကြ​သည်​ကို ငါ​ကြား​သည်​”​ဟု ဆို​၏​။ ထို့ကြောင့် ယောသပ်​သည် မိမိ​အစ်ကို​တို့​နောက်သို့​လိုက်သွား​ရာ ဒေါသန်​အရပ်​၌ သူ​တို့​ကို​တွေ့​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 18,
      "text": "ယောသပ်​သည် အစ်ကို​တို့​ထံသို့​မ​ရောက်​မီ အစ်ကို​တို့​သည် သူ့​ကို အဝေး​မှ​လှမ်းမြင်​၍ သူ့​ကို​သတ်​ရန်​တိုင်ပင်​လျက်"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 19,
      "text": "“​ကြည့်​ပါ​။ အိပ်မက်​ဆရာ​လာ​နေ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 20,
      "text": "လာ​ကြ​။ သူ့​ကို​သတ်​ပြီး တွင်း​တစ်ခုခု​ထဲသို့​ပစ်ချ​လိုက်​ကြ​စို့​။ ‘​သားရဲတိရစ္ဆာန်​သည် သူ့​ကို​ကိုက်စား​ပြီ​’​ဟု ငါ​တို့​ပြော​ကြ​မည်​။ ထိုအခါ သူ​၏​အိပ်မက်​မည်သို့​ဖြစ်လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 21,
      "text": "ရုဗင်​သည်​ကြား​လျှင် “​သူ့​ကို​မ​သတ်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​လျက် ယောသပ်​ကို သူ​တို့​လက်​ထဲမှ​ကယ်နုတ်​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 22,
      "text": "တစ်ဖန် ရုဗင်​က “​သွေး​မ​သွန်း​ကြ​နှင့်​။ တောကန္တာရ​ရှိ ဤ​တွင်း​ထဲသို့ သူ့​ကို​ပစ်ချ​ကြ​စို့​။ သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ဤသို့​ဆို​ခြင်း​မှာ ယောသပ်​ကို သူ​တို့​လက်​မှ​ကယ်နုတ်​၍ ဖခင်​ထံသို့​ပြန်ပို့​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 23,
      "text": "ယောသပ်​သည် အစ်ကို​တို့​ထံသို့​ရောက်လာ​သောအခါ သူ​တို့​သည် ယောသပ်​ဝတ်ဆင်​ထား​သော​ရောင်စုံ​သင်တိုင်း​ကို ချွတ်​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 24,
      "text": "သူ့​ကို​ခေါ်သွား​၍ တွင်း​ထဲသို့​ပစ်ချ​လိုက်​ကြ​၏​။ ထို​တွင်း​သည် ရေ​မ​ရှိ​သော​တွင်းလွတ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 25,
      "text": "ထို့နောက် သူ​တို့​သည် အစားအစာ​စားသောက်​ရန် ထိုင်​လိုက်​ကြ​စဉ် ဣရှမေလ​လူမျိုး ခရီးသွား​လူတစ်စု​သည် နံ့သာမျိုး​များ​၊ လိမ်းဆေး​များ​နှင့် မုရန်စေး​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် ဂိလဒ်​ပြည်​ဘက်​မှ အီဂျစ်​ပြည်​သို့​ဆင်း​သွား​နေ​သည်​ကို လှမ်းမြင်​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 26,
      "text": "ယုဒ​က မိမိ​ညီအစ်ကို​တို့​အား “​ငါ​တို့​သည် ညီ​ကို​သတ်​ပြီး သတ်​ကြောင်း​ကို​ဖုံးကွယ်​ထား​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 27,
      "text": "လာ​ကြ​။ သူ့​ကို ဣရှမေလ​လူမျိုး​တို့​ထံ ရောင်းလိုက်​ကြ​စို့​။ သူ​သည် ငါ​တို့​၏​ညီ​၊ ငါ​တို့​၏​သွေးသား​ဖြစ်​သောကြောင့် သူ့​ကို ကိုယ်ထိလက်ရောက်​မ​ပြု​မိ​စေ​နှင့်​”​ဟု ဆို​၏​။ ညီအစ်ကို​တို့​သည်​လည်း သူ့​ကို​နာခံ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 28,
      "text": "မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ် ​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 29,
      "text": "ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 30,
      "text": "ညီ​တို့​ထံသို့​ပြန်လာ​၍ “​သူငယ်​မ​ရှိ​တော့​ပါ​တကား​။ ငါ​မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 31,
      "text": "သူ​တို့​သည် ယောသပ်​၏​သင်တိုင်း​ကို​ယူ​၍ ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို​သတ်​ပြီးလျှင် ဆိတ်​သွေး​ထဲ၌ ထို​သင်တိုင်း​ကို​နှစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 32,
      "text": "ထို့နောက် ထို​ရောင်စုံ​သင်တိုင်း​ကို ယူ​၍ ဖခင်​ထံသို့​ယူဆောင်​လာ​ကြ​ကာ “​အကျွန်ုပ်​တို့​သည် ဤ​သင်တိုင်း​ကို​တွေ့ရှိ​ပါ​သည်​။ အဖေ့​သား​၏​သင်တိုင်း​ဟုတ်​၊ မ​ဟုတ်​ကြည့်​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 33,
      "text": "ဖခင်​သည် ထို​သင်တိုင်း​ကို​မှတ်မိ​သဖြင့် “​ငါ့​သား​၏​သင်တိုင်း​ဖြစ်​၏​။ သူ့​ကို သားရဲတိရစ္ဆာန်​ကိုက်စား​လေ​ပြီ​။ ယောသပ်​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ခံရ​ပြီ​တကား​”​ဟု ပြောဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 34,
      "text": "ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 35,
      "text": "သူ​၏​သား​သမီး​အပေါင်း​တို့​သည် သူ့​ကို ကြိုးစား​၍​နှစ်သိမ့်​ကြ​၏​။ သို့သော် သူ​သည် နှစ်သိမ့်​ခြင်း​ကို​ငြင်းဆန်​လျက် “​အကယ်စင်စစ် ငါ​သည် ငါ့​သား​ရှိ​ရာ​မရဏာနိုင်ငံ​သို့ ငိုကြွေးမြည်တမ်း​လျက် ဆင်းသွား​တော့​မည်​”​ဟု ဆို​၏​။ ထိုသို့ ယောသပ်​၏​ဖခင်​သည် သား​ကြောင့်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 36,
      "text": "အီဂျစ်​ပြည်​သို့​ရောက်​လျှင် မိဒျန်​လူမျိုး​တို့​က ယောသပ်​ကို ဖာရော​မင်းကြီး​၏​မှူးမတ်​ဖြစ်​သည့် ကိုယ်ရံတော်မှူး​ပေါတိဖာ​ထံ ရောင်းလိုက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 1,
      "text": "ထို​ကာလ​တွင် ယုဒ​သည် မိမိ​ညီအစ်ကို​တို့​ထံမှ​ထွက်သွား​၍ ဟိရ​အမည်​ရှိ​သော အဒုလံ​မြို့သား​တစ်​ယောက်​နှင့်အတူ​နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 2,
      "text": "ထို​အရပ်​၌ ယုဒ​သည် ရှုအာ​အမည်​ရှိ​သော ခါနာန်​လူမျိုး​တစ်​ယောက်​၏​သမီး​ကို​တွေ့မြင်​ပြီးလျှင် သူ​နှင့်​စုံဖက်​၍ သူ့​ထံသို့​ဝင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 3,
      "text": "ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ယုဒ​သည် ထို​သား​၏​အမည်​ကို ဧရ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 4,
      "text": "ထို​မိန်းမ​သည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ဩနန် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 5,
      "text": "နောက်တစ်ဖန်​ထပ်၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ရှေလ ဟု​မှည့်ခေါ်​လေ​၏​။ ရှေလ​ကို​မွေးဖွား​သောအခါ ယုဒ​သည် ခေဇိပ်​မြို့​တွင် ရောက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 6,
      "text": "ထို့နောက်တွင် ယုဒ​သည် မိမိ​၏​သားဦး​ဧရ​ကို တာမာ​အမည်​ရှိ​သော​အမျိုးသမီး​နှင့် စုံဖက်​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 7,
      "text": "ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌​ဆိုး​သော​သူ​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 8,
      "text": "ထို့နောက် ယုဒ​က ဩနန်​အား “​သင့်​အစ်ကို​၏​မယား​ထံသို့​ဝင်​လော့​။ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ဖြည့်ဆည်း​၍ သင့်​အစ်ကို​၏​မျိုးဆက်​ကို​ဖြစ်ထွန်း​စေ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 9,
      "text": "သို့သော် ဩနန်​က ဤ​မျိုးဆက်​သည် မိမိ​၏​မျိုးဆက်​ဖြစ်​မည်​မ​ဟုတ်​ကြောင်း သိ​၏​။ ထို့ကြောင့် သူ​သည် မိမိ​အစ်ကို​၏​မယား​ထံသို့​ဝင်​သောအခါ မိမိ​အစ်ကို​အတွက် မျိုးဆက်​မ​ဖြစ်ထွန်း​စေရန် သုက်ရည်​ကို အပြင်​သို့​စွန့်ထုတ်​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 10,
      "text": "သူ​ပြု​သော​အမှု​သည် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဆိုး​သော​အမှု​ဖြစ်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ့​ကို​လည်း ကွပ်မျက်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 11,
      "text": "ယုဒ​က မိမိ​၏​သား​ရှေလ​သည်​လည်း သူ​၏​အစ်ကို​များ​ကဲ့သို့ သေ​မည်​ကို​စိုးရိမ်​သဖြင့် မိမိ​၏​ချွေးမ​တာမာ​အား “​ရှေလ​ကြီးပြင်း​သည်​အထိ သင့်​ဖခင်​၏​အိမ်​၌ မုဆိုးမ​အဖြစ်​နှင့်​နေ​လော့​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် တာမာ​သည်​သွား​၍ မိမိ​ဖခင်​၏​အိမ်​၌​နေထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 12,
      "text": "ကာလ​အတန်ကြာ​သော် ရှုအာ​၏​သမီး​ဖြစ်​သော ယုဒ​၏​မယား​သည် သေဆုံး​လေ​၏​။ ယုဒ​သည် စိတ်သက်သာ​ရာ​ရ​ပြီးမှ မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​ဟိရ​နှင့်အတူ မိမိ​၏​သိုးမွေးညှပ်သမား​တို့​ရှိ​ရာ တိမနတ်​မြို့​သို့​တက်သွား​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 13,
      "text": "ထိုအခါ တစ်စုံတစ်ဦး​က တာမာ​အား “​သင်​၏​ယောက္ခမ​သည် သိုး​မွေး​ညှပ်​ရန် တိမနတ်​မြို့​သို့​သွား​နေ​သည်​”​ဟု ကြားပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 14,
      "text": "ရှေလ​ကြီးပြင်း​လာ​ပြီ​ဖြစ်​သော်လည်း တာမာ​က မိမိ​ကို ရှေလ​နှင့်​မ​ပေးစား​ကြောင်း သိမြင်​သဖြင့် မိမိ​ကိုယ်​ပေါ်​မှ မုဆိုးမ​အဝတ်​ကို​ချွတ်​၍ မိမိကိုယ်ကို​ခြုံပဝါ​ဖြင့် ဖုံးအုပ်​ခြုံရုံ​ပြီးလျှင် တိမနတ်​မြို့​သို့​သွား​ရာ​လမ်း​ရှိ ဧနိမ်​မြို့​အဝင်ဝ​၌ ထိုင်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 15,
      "text": "ယုဒ​သည် သူ့​ကို​မြင်​သောအခါ သူ​သည် မိမိ​၏​မျက်နှာ​ကို​ဖုံး​ထား​သောကြောင့် ပြည့်တန်ဆာ​ဟု ထင်မှတ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 16,
      "text": "ယုဒ​သည် သူ့​ကို မိမိ​၏​ချွေးမ​ဖြစ်ကြောင်း​မ​သိ​သောကြောင့် လမ်းဘေး​ရှိ​တာမာ​ထံသို့​လှည့်လာ​ပြီး “​လာ​ပါ​။ သင့်​ထံသို့ ငါ​ဝင်​လို​၏​”​ဟု ဆို​လေ​၏​။ ထိုအခါ တာမာ​က “​သင်​သည် ကျွန်မ​ထံသို့​ဝင်​လျှင် ကျွန်မ​အား မည်သည့်​အရာ​ကို​ပေး​မည်နည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 17,
      "text": "ယုဒ​က​လည်း “​သိုးဆိတ်​တို့​ထဲမှ ဆိတ်သငယ်​တစ်​ကောင်​ကို​ပို့ပေး​မည်​”​ဟု ဆို​သော် သူ​က “​သင်​မ​ပို့ပေး​မီ အာမခံပစ္စည်း​ကို​သာ ပေး​ထား​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 18,
      "text": "ယုဒ​က “​သင့်​အား မည်သည့်​အာမခံပစ္စည်း​ကို ငါ​ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​က “​သင်​၏​တံဆိပ်​၊ သင်​၏​ကြိုး​၊ သင်​ကိုင်ဆောင်​သော​တောင်ဝှေး​”​ဟု ဆို​၏​။ ယုဒ​သည်​လည်း ထို​ပစ္စည်း​တို့​ကို သူ့​အား​ပေး​ပြီး သူ့​ထံသို့​ဝင်​သဖြင့် သူ​သည် ယုဒ​နှင့်​ကိုယ်ဝန်ရ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 19,
      "text": "တာမာ​သည် ထ​သွား​၍ မိမိ​ကိုယ်​ပေါ်​မှ ခြုံပဝါ​ကို​ချွတ်​ပြီးလျှင် မုဆိုးမ​အဝတ်​ကို​ပြန်ဝတ်​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 20,
      "text": "ထို့နောက် ယုဒ​သည် ထို​မိန်းမ​လက်​မှ အာမခံပစ္စည်း​ကို​ပြန်ယူ​ရန် ဆိတ်သငယ်​တစ်​ကောင်​ကို မိမိ​၏​မိတ်ဆွေ​အဒုလံ​မြို့သား​နှင့်​ပို့လိုက်​၏​။ သို့ရာတွင် သူ​သည် ထို​မိန်းမ​ကို​ရှာ​မ​တွေ့​သဖြင့်"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 21,
      "text": "သူ​က ထို​အရပ်​၌​ရှိ​သော​လူ​တို့​အား “​ဧနိမ်​မြို့​လမ်း​ဘေး​၌​ထိုင်​လေ့​ရှိ​သော ဗိမာန်ပြည့်တန်ဆာ ​သည် အဘယ်မှာ​နည်း​”​ဟု မေး​၏​။ သူ​တို့​က​လည်း “​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 22,
      "text": "ထိုအခါ သူ​သည် ယုဒ​ထံသို့​ပြန်လာ​၍ “​ထို​မိန်းမ​ကို ရှာ​မ​တွေ့​ပါ​။ ထို​အရပ်​၌​ရှိ​သော​လူ​တို့​က​လည်း ‘​ဤ​အရပ်​၌ ဗိမာန်ပြည့်တန်ဆာ​မ​ရှိ​’​ဟူ၍ ဆို​ကြ​ပါ​သည်​”​ဟု ပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 23,
      "text": "ထိုအခါ ယုဒ​က “​ထို​ပစ္စည်း​တို့​ကို သူ​ယူထား​ပါလေစေ​။ ထိုသို့​မ​ဟုတ်​လျှင် ငါ​တို့​သည် မထီမဲ့မြင်ပြုစရာ​ဖြစ်​လိမ့်မည်​။ ကြည့်​ပါ​။ ငါ​သည် ဤ​ဆိတ်သငယ်​ကို​ပို့လိုက်​သော်လည်း သင်​သည် သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ချေ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 24,
      "text": "သုံး​လ​ခန့်​ကြာ​ပြီးနောက် တစ်စုံတစ်ဦး​က ယုဒ​အား “​သင်​၏​ချွေးမ​တာမာ​သည် ပြည့်တန်ဆာအလုပ်လုပ်​၏​။ ကြည့်​လော့​။ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့်​လည်း ကိုယ်ဝန်ရ​နေ​ပြီ​”​ဟု ကြားပြော​၏​။ ထို့ကြောင့် ယုဒ​က “​သူ့​ကို​အပြင်ထုတ်​၍ မီးရှို့​သတ်​စေ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 25,
      "text": "တာမာ​ကို အပြင်​သို့​ထုတ်လာ​ကြ​သောအခါ သူ​က “​ကျွန်မ​သည် ဤ​ပစ္စည်း​တို့​ကို​ပိုင်​သော​သူ​နှင့်​ကိုယ်ဝန်ရ​ပါ​၏​။ ဤ​တံဆိပ်​၊ ဤ​ကြိုး​၊ ဤ​တောင်ဝှေး​တို့​သည် မည်သူ​၏​ပစ္စည်း​ဖြစ်​သည်​ကို​စစ်ကြည့်​ပါ​”​ဟု သူ့​ယောက္ခမ​ထံ​စကားပါးလိုက်​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 26,
      "text": "ထို​ပစ္စည်း​တို့​ကို​မှတ်မိ​သဖြင့် ယုဒ​က “​သူ​သည် ငါ့​ထက်​ဖြောင့်မတ်မှန်ကန်​၏​။ ငါ​မူကား ငါ့​သား​ရှေလ​ကို သူ​နှင့်​မ​ပေးစား​ဘဲ​နေ​မိ​ပြီ​”​ဟု ဆို​လေ​၏​။ ယုဒ​သည် သူ​နှင့် နောက်တစ်ဖန်​မ​ဆက်ဆံ​တော့​ပေ​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 27,
      "text": "ထို့နောက် တာမာ​သည် သားဖွား​ချိန်​ရောက်​လေ​၏​။ သူ​၏​ဝမ်း​ထဲ၌ သား​အမြွှာ​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 28,
      "text": "သားဖွား​စဉ်တွင် ကလေး​တစ်​ယောက်​သည် လက်​ကို​ထုတ်​သဖြင့် ဝမ်းဆွဲ​က ကလေး​၏​လက်​ကို​ကိုင်​၍ ကြိုး​အနီ​ဖြင့်​ချည်​လျက် “​ဤ​ကလေး​သည် အလျင်​မွေးလာ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 29,
      "text": "သို့သော် ထို​ကလေး​သည် လက်​ကို​ပြန်ရုပ်​လိုက်​ရာ ကျန်တစ်ယောက်​သည် သူ့​ထက်​အလျင်​မွေးလာ​၏​။ ထိုအခါ ဝမ်းဆွဲ​က “​သင်​သည် မရမက​ထိုးဖောက်​ထွက်လာ​ပါ​သည်​တကား​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဖာရက် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 30,
      "text": "ထို့နောက်မှ လက်​၌​ကြိုး​အနီ​ချည်​ထား​သော​ကလေး​သည် မွေးလာ​၏​။ ထို​သား​၏​အမည်​ကို ဇေရ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 1,
      "text": "ယောသပ်​သည် အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ ထို​ပြည်​သို့​ရောက်​သောအခါ အီဂျစ်​အမျိုးသား​၊ ဖာရော​မင်းကြီး​၏​မှူးမတ်​၊ ကိုယ်ရံတော်မှူး ပေါတိဖာ​သည် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​လက်​မှ ဝယ်ယူ​လိုက်​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​သည် အောင်မြင်​သော​သူ​ဖြစ်လာ​၍ မိမိ​သခင်​အီဂျစ်​အမျိုးသား​၏​အိမ်​၌​နေထိုင်​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 3,
      "text": "ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ သူ​ပြု​လေရာရာ​၌ ထာဝရဘုရား​အောင်မြင်​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း သူ​၏​သခင်​သည် သိမြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 4,
      "text": "ထို့ကြောင့် ယောသပ်​သည် သခင့်​ရှေ့​၌​မျက်နှာရ​၍ သခင့်​အား​ခစား​လျက်​နေ​ရ​၏​။ သခင်​သည် မိမိ​အိမ်​ကို​ကြီးကြပ်သူ​အဖြစ် သူ့​အား​ခန့်ထား​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​လက်​၌​အပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 5,
      "text": "ထိုသို့ သခင်​သည် မိမိ​အိမ်​နှင့်​မိမိ​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို သူ့​အား​အပ်နှံ​သော​အချိန်​မှစ၍ ထာဝရဘုရား​သည် ယောသပ်​အားဖြင့် ထို​အီဂျစ်​အမျိုးသား​၏​အိမ်​ကို​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၏​အိမ်​၊ သူ​၏​လယ်ယာ​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​အပေါ် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သက်ရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 6,
      "text": "ထို့ကြောင့် သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ မိမိ​စား​သော​အစားအစာ​မှတစ်ပါး မိမိ​ပိုင်​သော​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ​၏​။ ယောသပ်​သည် အဆင်းသဏ္ဌာန်​လှ​၍ ရုပ်ရည်​ချောမော​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 7,
      "text": "နောက်ပိုင်းတွင် သခင်​၏​မယား​သည် ယောသပ်​ကို​နှစ်သက်တပ်မက်​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လျှင်"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 8,
      "text": "ယောသပ်​သည် ငြင်းဆန်​၍ သူ့​သခင်​၏​မယား​အား “​အကျွန်ုပ်​၏​သခင်​သည် အိမ်​၌​ရှိ​သော​အရာ​တို့​ကို​မ​သိ​မ​မှတ်​ပါ​။ သူ​၌​ရှိသမျှ​သော​အရာ​တို့​ကို အကျွန်ုပ်​လက်​သို့​အပ်​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 9,
      "text": "ဤ​အိမ်​၌ အကျွန်ုပ်​ထက်​ကြီးမြတ်​သော​သူ​မ​ရှိ​ပါ​။ သခင်မ​သည် အကျွန်ုပ်​သခင်​၏​မယား​ဖြစ်​သောကြောင့် အကျွန်ုပ်​၏​သခင်​သည် သခင်မ​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​အကျွန်ုပ်​အား မ​ဟန့်တား​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 10,
      "text": "ထို​သခင်မ​သည် ယောသပ်​အား သူ​နှင့်အတူ​အိပ်​ရန်​၊ သူ​နှင့်အတူ​နေ​ရန် နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း ယောသပ်​သည် သူ့​ကို​နား​မ​ထောင်​ပေ​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 11,
      "text": "တစ်နေ့တွင် ယောသပ်​သည် အလုပ်​လုပ်​ရန်​အိမ်​ထဲသို့​ဝင်သွား​ရာ အိမ်​ထဲ၌ အိမ်သား​ယောက်ျား​တစ်ယောက်မျှ​မ​ရှိ​ချေ​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 12,
      "text": "ထိုအခါ သခင်မ​သည် ယောသပ်​၏​အဝတ်​ကို​ဖမ်းဆွဲ​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လေ​၏​။ သို့သော် ယောသပ်​သည် မိမိ​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ပြေး​ထွက်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 13,
      "text": "ထိုသို့ ယောသပ်​သည် သူ့​အဝတ်​ကို သခင်မ​လက်​ထဲ၌​စွန့်ထား​ခဲ့​၍ အပြင်ဘက်​သို့​ထွက်ပြေး​သွား​သည်​ကို သခင်မ​ကြည့်​ပြီး"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 14,
      "text": "မိမိ​၏​အိမ်သား​ယောက်ျား​တို့​ကို​ခေါ်​၍ သူ​တို့​အား “​ကြည့်​ကြ​ပါ​။ သခင်​ခေါ်လာ​သော ဟေဗြဲ​အမျိုးသား​သည် ငါ​တို့​ကို စော်ကား​ပါ​ပြီ​တကား​။ ငါ​နှင့်​အိပ်​ဖို့ ငါ့​ထံသို့​ဝင်လာ​သဖြင့် ငါ​သည် အသံကုန်​အော်ဟစ်​ရ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 15,
      "text": "ထိုသို့ ငါ​အသံကုန်​အော်ဟစ်​သည်​ကို သူ​ကြား​သောအခါ သူ့​အဝတ်​ကို ငါ့​လက်​၌​စွန့်ထား​ခဲ့​၍ အပြင်​သို့​ပြေး​ထွက်သွား​လေ​၏​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 16,
      "text": "သခင်​အိမ်​သို့​ပြန်ရောက်​သည့်​တိုင်အောင် ယောသပ်​၏​အဝတ်​ကို မိမိ​အနား​တွင် သိမ်းထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 17,
      "text": "ထို​စကား​အတိုင်း​ပင် သခင်​အား “​အကျွန်ုပ်​တို့​ထံသို့ သခင်​ခေါ်လာ​ခဲ့​သော ဤ​ဟေဗြဲ​ကျွန်​သည် ကျွန်မ​ထံသို့​ဝင်လာ​၍ ကျွန်မ​ကို စော်ကား​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 18,
      "text": "ကျွန်မ​သည် အသံကုန်​အော်ဟစ်​သောကြောင့် သူ​သည် ကျွန်မ​အနား​တွင် သူ့​အဝတ်​ကို​စွန့်ထား​ခဲ့​၍ အပြင်​သို့​ထွက်ပြေး​သွား​၏​”​ဟု ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 19,
      "text": "“​သခင်​၏​ကျွန်​သည် ကျွန်မ​၌ ဤသို့သော​အမှု​ကို​ပြု​ခဲ့​ပါ​၏​”​ဟု မိမိ​မယား​ပြော​သော​စကား​ကို သခင်​ကြား​သောအခါ အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 20,
      "text": "ထိုအခါ ယောသပ်​၏​သခင်​သည် ယောသပ်​ကို​ခေါ်ဆောင်​သွား​၍ ရှင်ဘုရင်​အကျဉ်းချ​ထား​သော​သူ​များ​ကို ချုပ်နှောင်​ထား​သည့်​နေရာ​ဖြစ်​သော အကျဉ်းထောင်​ထဲ၌ ထည့်​ထား​လေ​၏​။ သို့ဖြစ်၍ ယောသပ်​သည် အကျဉ်းထောင်​ထဲ၌​နေ​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 21,
      "text": "သို့သော်လည်း ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​၍ သူ့​ကို မေတ္တာကရုဏာ​ပြ​လျက် ထောင်မှူး​ရှေ့​၌ မျက်နှာရ​စေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 22,
      "text": "ထောင်မှူး​သည် အကျဉ်းထောင်​ထဲ၌​ရှိ​သော​အကျဉ်းသား​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ ထောင်​ထဲ၌​ဆောင်ရွက်စရာ​ရှိသမျှ​တို့​ကို ယောသပ်​ဆောင်ရွက်​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 23,
      "text": "ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ယောသပ်​ဆောင်ရွက်​သမျှ​သော​အမှု​တို့​ကို ထောင်မှူး​သည် ကြည့်ရှုစရာ​မ​လို​ပေ​။ ထာဝရဘုရား​သည် ယောသပ်​ပြု​လေရာရာ​၌ အောင်မြင်​စေ​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 1,
      "text": "ထို့နောက်တွင် အီဂျစ်​ဘုရင်​၏​ဖလားတော်ဝန်​နှင့်​စားတော်ဝန်​တို့​သည် မိမိ​တို့​၏​သခင် အီဂျစ်​ဘုရင်​ကို​ပြစ်မှား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 2,
      "text": "ဖာရော​မင်းကြီး​သည် မိမိ​၏​မင်းမှုထမ်း​နှစ်​ယောက်​ဖြစ်​သော ဖလားတော်ဝန်​နှင့်​စားတော်ဝန်​ကို အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 3,
      "text": "ထို့ကြောင့် ထို​မင်းမှုထမ်း​တို့​ကို ယောသပ်​အချုပ်အနှောင်​ခံ​ရာ​အကျဉ်းထောင်​ဖြစ်​သည့် ကိုယ်ရံတော်မှူး​အိမ်​၌ အကျဉ်း​ချထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 4,
      "text": "ကိုယ်ရံတော်မှူး​သည် သူ​တို့​ကို ယောသပ်​လက်​သို့​အပ်​သဖြင့် ယောသပ်​သည် သူ​တို့​ကို​ကြည့်ရှုစောင့်ရှောက်​ရ​၏​။ ထို​သူ​တို့​သည် ရက်​အတန်ကြာ အကျဉ်း​ချ​ခံရ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 5,
      "text": "အကျဉ်းထောင်​ထဲ၌ အကျဉ်းချ​ထား​ခြင်း​ခံရ​သော အီဂျစ်​ဘုရင်​၏​ဖလားတော်ဝန်​နှင့်​စားတော်ဝန်​နှစ်​ယောက်​တို့​သည် အနက်​ကိုယ်စီ​ရှိ​သော​အိပ်မက်​ကို တစ်ညတည်း​၌ အိပ်မက်​မက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 6,
      "text": "နံနက်အချိန်​၌ ယောသပ်​သည် သူ​တို့​ထံသို့​လာ​၍​ကြည့်ရှု​ရာ သူ​တို့​မျက်နှာမသာမယာ​ဖြစ်​နေ​သည်​ကို မြင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 7,
      "text": "ထို့ကြောင့် ယောသပ်​သည် မိမိ​သခင့်​အိမ်​၌ မိမိ​နှင့်အတူ​အကျဉ်း​ချ​ခံ​နေ​ရ​သော ဖာရော​မင်းကြီး​၏​မင်းမှုထမ်း​တို့​အား “​ယနေ့ အဘယ်ကြောင့်​မျက်နှာ​ညှိုးငယ်​နေ​ကြ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 8,
      "text": "သူ​တို့​က​လည်း “​ငါ​တို့​သည် အိပ်မက်​မက်​ကြ​၏​။ သို့သော် အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​”​ဟု ပြန်ပြော​ကြ​၏​။ ယောသပ်​က​လည်း “​အနက်​ဖွင့်ဆို​ခြင်း​သည် ဘုရားသခင်​နှင့်​ဆိုင်​တော်မူ​သည်​မ​ဟုတ်​လော​။ သို့ဖြစ်၍ အကျွန်ုပ်​အား​ပြောပြ​ကြ​ပါ​လော့​”​ဟု သူ​တို့​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 9,
      "text": "ထိုအခါ ဖလားတော်ဝန်​သည် မိမိ​၏​အိပ်မက်​ကို ယောသပ်​အား​ပြောပြ​လေ​၏​။ သူ​က “​ငါ့​ရှေ့​တွင် စပျစ်ပင်​တစ်​ပင်​ရှိ​၏​ဟု အိပ်မက်​မက်​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 10,
      "text": "ထို​စပျစ်ပင်​၌ အခက်​သုံး​ခက်​ရှိ​၏​။ ၎င်း​သည် အဖူး​ထွက်​၍ အပွင့်​ပွင့်လာ​ပြီး စပျစ်ခိုင်​မှ​စပျစ်သီး​တို့​သည်​လည်း မှည့်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 11,
      "text": "ငါ​သည် ဖာရော​မင်းကြီး​၏​ခွက်ဖလား​ကို​ကိုင်​ထား​လျက် ထို​စပျစ်သီး​တို့​ကို​ယူ​၍ ဖာရော​မင်းကြီး​၏​ခွက်ဖလား​ထဲသို့​ညှစ်ထည့်​ပြီးလျှင် ထို​ခွက်ဖလား​ကို ဖာရော​မင်းကြီး​၏​လက်​သို့​ဆက်သ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 12,
      "text": "ထိုအခါ ယောသပ်​က သူ့​အား “​အိပ်မက်​၏​အနက်​ကား ဤသို့​ဖြစ်​၏​။ အခက်​သုံး​ခက်​သည် သုံး​ရက်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 13,
      "text": "သုံး​ရက်​အတွင်း​တွင် ဖာရော​မင်းကြီး​သည် သင့်​ကို​ချီးမြှောက်​၍ သင်​၏​ရာထူး​ကို သင့်​အား​ပြန်ပေး​လိမ့်မည်​။ သင်​သည် ယခင်​က ဖာရော​မင်းကြီး​၏​ဖလားတော်ဝန်​ဖြစ်​ခဲ့​စဉ်​ပြု​လေ့​ရှိ​သည့်​အတိုင်း သူ​၏​ခွက်ဖလား​ကို သူ့​လက်​သို့​ဆက်သ​ရ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 14,
      "text": "သင်​ကောင်းစား​သောအခါ အကျွန်ုပ်​ကို​အောက်မေ့​၍ အကျွန်ုပ်​အား မေတ္တာ​ပြ​ပါ​လော့​။ ဤ​အိမ်​ထဲမှ ထွက်လာ​နိုင်​ရန် အကျွန်ုပ်​အတွက် ဖာရော​မင်းကြီး​ထံ​လျှောက်တင်​ပေး​ပါ​လော့​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 15,
      "text": "အကယ်စင်စစ် အကျွန်ုပ်​သည် ဟေဗြဲ​ပြည်​မှ အတင်းအကျပ်​ခေါ်ဆောင်​လာ​ခြင်း​ခံ​ခဲ့​ရ​ပါ​၏​။ ဤ​အရပ်​၌​လည်း အကျွန်ုပ်​သည် အမှား​တစ်စုံတစ်ရာ​မ​ပြု​ခဲ့​ဘဲ အကျွန်ုပ်​ကို ဤ​မြေအောက်​အကျဉ်းခန်း​ထဲ၌​ထည့်​ထား​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 16,
      "text": "စားတော်ဝန်​သည် ယောသပ်​ဖွင့်ပြ​သော​အနက်​ကောင်း​သည်​ကို​သိမြင်​သောအခါ ယောသပ်​အား “​ငါ​သည်​လည်း အိပ်မက်​မက်​၏​။ ငါ့​အိပ်မက်​ထဲ၌ ငါ့​ခေါင်း​ပေါ်တွင် အဖြူရောင်​တောင်း​သုံး​လုံး​ရွက်​ထား​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 17,
      "text": "အပေါ်ဆုံး​တောင်း​ထဲတွင် ဖာရော​မင်းကြီး​အတွက်​ဖုတ်​ထား​သော​စားစရာ​အမျိုးမျိုး​ရှိ​၏​။ သို့သော် ငှက်​တို့​သည် ငါ့​ခေါင်း​ပေါ်တွင်​ရွက်​ထား​သော​တောင်း​ထဲမှ ထို​စားစရာ​တို့​ကို​စား​ကြ​၏​”​ဟု ပြောပြ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 18,
      "text": "ထိုအခါ ယောသပ်​က “​အိပ်မက်​၏​အနက်​ကား ဤသို့​ဖြစ်​၏​။ တောင်း​သုံး​လုံး​သည် သုံး​ရက်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 19,
      "text": "သုံး​ရက်​အတွင်း​တွင် ဖာရော​မင်းကြီး​သည် သင့်​ကို​ခေါင်း​နှင့်​ကိုယ်​တခြားစီ​ဖြစ်စေ ​ပြီး သင့်​ကိုယ်​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ထား​လိမ့်မည်​။ ငှက်​တို့​သည် သင့်​အသား​ကို​စား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 20,
      "text": "ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​တွင် ဖာရော​မင်းကြီး​၏​မွေး​နေ့​ကျရောက် သဖြင့် မိမိ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ပြုလုပ်​လေ​၏​။ မိမိ​၏​အမှုထမ်း​တို့​ရှေ့​၌ ဖလားတော်ဝန်​ကို​ချီးမြှင့် ​၍ စားတော်ဝန်​ကို​ကား ခေါင်း​နှင့်​ကိုယ်​တခြားစီ​ဖြစ်စေ ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 21,
      "text": "ဖလားတော်ဝန်​အား ဖလားတော်ဝန်​ရာထူး​ကို​ပြန်ပေး​၍ သူ​သည် ဖာရော​မင်းကြီး​၏​လက်​သို့ ခွက်ဖလား​ကို ပြန်လည်​ဆက်သ​ခွင့်​ရ​ရှိ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 22,
      "text": "စားတော်ဝန်​ကို​မူကား သစ်တိုင်​၌​ချိတ်ဆွဲ​ထား​လေ​၏​။ သူ​တို့​အား ယောသပ်​အနက်​ဖွင့်ပြ​ပေး​ခဲ့​သည့်​အတိုင်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 23,
      "text": "သို့သော်လည်း ဖလားတော်ဝန်​သည် ယောသပ်​ကို​မ​အောက်မေ့​ဘဲ မေ့လျော့​လျက်​နေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 1,
      "text": "နှစ်​နှစ်​ကြာ​သောအခါ ဖာရော​မင်းကြီး​အိပ်မက်မက်​သည်​မှာ သူ​သည် နိုင်း​မြစ်​နားတွင်​ရပ်​လျက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 2,
      "text": "အဆင်း​လှ​၍​ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ ကျူတော​၌​ကျက်စား​နေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 3,
      "text": "ထို​နွား​များ​နောက်မှ အဆင်း​မလှ​၊ ပိန်ချုံး​သော အခြား​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ နိုင်း​မြစ်​ကမ်းစပ်​ရှိ ဆူဖြိုး​သော​နွားမ​များ​ဘေး​တွင် ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 4,
      "text": "ထို့နောက် အဆင်း​မလှ​၊ ကိုယ်ခန္ဓာ​ပိန်ချုံး​သော​နွားမ​တို့​သည် အဆင်း​လှ​၍​ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​ကို ကိုက်စား​လိုက်​ကြ​၏​။ ထိုအခါ ဖာရော​မင်းကြီး​နိုး​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 5,
      "text": "တစ်ဖန် သူ​သည်​အိပ်ပျော်​၍ ဒုတိယအကြိမ်​အိပ်မက်မက်​၏​။ အိပ်မက်​ထဲ၌ အလုံးကြီး​၍​ကောင်း​သော စပါးနှံ​ခုနစ်​နှံ​သည် ရိုးတံ​တစ်ခုတည်း​မှ​ထွက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 6,
      "text": "ထို​စပါးနှံ​တို့​နောက်မှ သုန်ဖျင်း​၍​အရှေ့​လေ​ကြောင့်​ညှိုးရော်​နေ​သော စပါးနှံ​ခုနစ်​နှံ​သည်​လည်း ပေါက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 7,
      "text": "သုန်ဖျင်း​သော​စပါးနှံ​တို့​သည် အလုံးကြီး​၍​အဆန်အောင်​သော​စပါးနှံ​ခုနစ်​နှံ​ကို​မျို​လေ​၏​။ ထို့နောက် ဖာရော​မင်းကြီး​သည် နိုး​လာ​၍ အိပ်မက်​ဖြစ်ကြောင်း​သိ​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 8,
      "text": "နံနက်​ရောက်​သောအခါ ဖာရော​မင်းကြီး​သည် စိတ်​မငြိမ်မသက်​ဖြစ်​လေ​၏​။ ထို့ကြောင့် လူ​လွှတ်​၍ အီဂျစ်​ပြည်​ရှိ နတ်ဝိဇ္ဇာဆရာ​အပေါင်း​တို့​နှင့် ပညာရှိ​အပေါင်း​တို့​ကို​ခေါ်​ပြီးလျှင် မိမိ​၏​အိပ်မက်​ကို သူ​တို့​အား ပြောပြ​လေ​၏​။ သို့သော် ဖာရော​မင်းကြီး​အတွက် ထို​အိပ်မက်​တို့​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 9,
      "text": "ထိုအခါ ဖလားတော်ဝန်​က ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ယနေ့ ကိုယ့်​အပြစ်​ကို ကိုယ်​အောက်မေ့​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 10,
      "text": "အရှင်​ဖာရော​မင်းကြီး​၊ အရှင်​သည် အစေအပါး​တို့​ကို​အမျက်ထွက်​၍ အကျွန်ုပ်​နှင့်​စားတော်ဝန်​ကို ကိုယ်ရံတော်မှူး​၏​အိမ်​၌ အကျဉ်း​ချ​ထား​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 11,
      "text": "အကျွန်ုပ်​တို့​သည် တစ်ညတည်း​၌ အနက်​ကိုယ်စီ​ရှိ​သော​အိပ်မက်​ကို အသီးသီး​မက်​ကြ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 12,
      "text": "ထို​နေရာ​၌ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်ရံတော်မှူး​၏​အစေအပါး ဟေဗြဲ​လူငယ်​တစ်​ယောက်​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် သူ့​အား​ပြောပြ​၍ သူ​သည် အကျွန်ုပ်​တို့​၏​အိပ်မက်​အနက်​ကို​ဖွင့်ပြ​ပေး​ပါ​၏​။ အကျွန်ုပ်​တို့​ကိုယ်စီ​မက်​သော​အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​ပေး​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 13,
      "text": "အကျွန်ုပ်​တို့​အတွက် သူ​အနက်​ဖွင့်ပြ​ပေး​သည့်​အတိုင်း ဖြစ်လာ​ခဲ့​ပါ​၏​။ အရှင်​သည် အကျွန်ုပ်​အား အကျွန်ုပ်​၏​ရာထူး​ကို​ပြန်ပေး​၍ စားတော်ဝန်​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ခဲ့​ပါ​၏​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 14,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် လူ​လွှတ်​၍ ယောသပ်​ကို​ခေါ်​စေ​သဖြင့် ယောသပ်​ကို မြေအောက်​အကျဉ်းခန်း​ထဲမှ အလျင်အမြန်​ထုတ်ဆောင်​ကြ​၏​။ ယောသပ်​သည် မုတ်ဆိတ်ရိတ်​၍ အဝတ်အစား​လဲ​ပြီးလျှင် ဖာရော​မင်းကြီး​ထံသို့​အခစားဝင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 15,
      "text": "ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ​သည် အိပ်မက်​တစ်​ခု​မြင်မက်​၏​။ ထို​အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သို့ရာတွင် သင်​သည် အိပ်မက်​ကို​ကြား​သောအခါ အိပ်မက်​၏​အနက်​ကို​ဖွင့်ပြ​နိုင်​သည်​ဟု သင့်​အကြောင်း​ငါ​ကြား​၏​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 16,
      "text": "ယောသပ်​က​လည်း “​အကျွန်ုပ်​မ​တတ်နိုင်​ပါ​။ ဘုရားသခင်​သာလျှင် အရှင်​ဖာရော​မင်းကြီး​အတွက် သင့်မြတ်​ကောင်းမွန်​သော​အဖြေ​ကို ပေး​တော်မူ​ပါ​လိမ့်မည်​”​ဟု ဖာရော​မင်းကြီး​အား​ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 17,
      "text": "ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ့​အိပ်မက်​ထဲ၌ ငါ​သည် နိုင်း​မြစ်​ကမ်းစပ်​တွင် ရပ်​လျက်​နေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 18,
      "text": "ဆူဖြိုး​၍ ပုံပန်း​လှ​သော​နွားမ​ခုနစ်​ကောင်​သည် နိုင်း​မြစ်​မှ​တက်လာ​၍ ကျူတော​၌​ကျက်စား​နေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 19,
      "text": "ထို​နွား​များ​နောက်မှ ချည့်နဲ့​၍ ပုံပန်း​အလွန်​ဆိုး​ပြီး ကိုယ်ခန္ဓာ​ပိန်လှီ​သော အခြား​နွားမ​ခုနစ်​ကောင်​တက်လာ​၏​။ ဤမျှလောက် ကြည့်ရဆိုး​သော​နွား​တို့​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ ငါ​မ​တွေ့ဖူး​ပေ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 20,
      "text": "ပိန်လှီ​၍​ကြည့်ရဆိုး​သော​နွားမ​တို့​သည် ဆူဖြိုး​သော​နွားမ​ခုနစ်​ကောင်​ကို စား​လိုက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 21,
      "text": "ထို​နွားမ​တို့​၏​ဝမ်း​ထဲသို့ ရောက်သွား​သော်လည်း ဝမ်း​ထဲသို့​ရောက်သွား​ကြောင်း​ကို မ​သိသာ​ဘဲ​နေ​၏​။ အကြောင်းမူကား ထို​နွားမ​တို့​၏​အဆင်းသဏ္ဌာန်​သည် ယခင်​ကဲ့သို့ပင်​ကြည့်ရဆိုး​လျက်​ရှိ​သေး​၏​။ ထို့နောက် ငါ​နိုး​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 22,
      "text": "တစ်ဖန် ငါ့​အိပ်မက်​ထဲ၌ မြင်​ရ​သည်​မှာ အဆန်အောင်​၍​ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည် ရိုးတံ​တစ်ခုတည်း​မှ​ထွက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 23,
      "text": "ထို​စပါးနှံ​တို့​နောက်မှ ခြောက်သွေ့​သုန်ဖျင်း​၍ အရှေ့​လေ​ကြောင့် ညှိုးရော်​နေ​သော​စပါးနှံ​ခုနစ်​နှံ​ထွက်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 24,
      "text": "သုန်ဖျင်း​သော​စပါးနှံ​တို့​သည် ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​ကို​မျို​ကြ​၏​။ ငါ​သည် ထို​အိပ်မက်​ကို နတ်ဝိဇ္ဇာဆရာ​တို့​အား​ပြောပြ​သော်လည်း ငါ့​အား​ဖော်ပြ​ပေး​နိုင်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 25,
      "text": "ထိုအခါ ယောသပ်​က ဖာရော​မင်းကြီး​အား “​အရှင်​ဖာရော​မင်းကြီး​၏​အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။ ဘုရားသခင်​သည် မိမိ​ပြု​မည့်​အမှု​ကို အရှင်​ဖာရော​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 26,
      "text": "ကောင်း​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည်​လည်း ခုနစ်​နှစ်​ဖြစ်​၏​။ အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 27,
      "text": "ဆူဖြိုး​သော​နွားမ​များ​နောက်မှ တက်လာ​သည့် ပိန်လှီ​၍​အရုပ်ဆိုး​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ အရှေ့​လေ​ကြောင့်​ညှိုးရော်​၍ သုန်ဖျင်း​သော​စပါးနှံ​ခုနစ်​နှံ​သည် ငတ်မွတ်ခေါင်းပါး​သော​ခုနစ်​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 28,
      "text": "အရှင်​ဖာရော​မင်းကြီး​အား အကျွန်ုပ်​လျှောက်ထား​ခဲ့​သည့်​စကား​အတိုင်း ဘုရားသခင်​သည် မိမိ​ပြု​မည့်​အမှု​ကို အရှင်​ဖာရော​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 29,
      "text": "အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် အလွန်​ဝပြော​သော​နှစ် ခုနစ်​နှစ်​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 30,
      "text": "ထို့နောက်မှ ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​ဖြစ်လာ​လိမ့်မည်​။ ထိုအခါ အီဂျစ်​ပြည်​၌​ဝပြော​ခဲ့​သမျှ​ကို​မေ့လျော့​ကြ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် တစ်ပြည်လုံး​ကို​ဖျက်ဆီး​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 31,
      "text": "ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် အလွန်​ဆိုးရွား​မည်​ဖြစ်​၏​။ ဝပြော​ခြင်း​နောက်တွင် ဖြစ်လာ​မည့် ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် ထို​ပြည်​၌​ဝပြော​ခြင်း​ရှိ​ခဲ့​သည်​ကို​ပင် သိမှတ်​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 32,
      "text": "အရှင်​ဖာရော​မင်းကြီး​သည် အိပ်မက်​ကို နောက်တစ်ကြိမ်​ထပ်၍​မက်​သည်​မှာ ထို​အမှု​ကို ဘုရားသခင်​အတည်ပြု​တော်မူ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် ထို​အမှု​ကို​အလျင်အမြန်​ပြု​တော်မူ​မည်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 33,
      "text": "ထို့ကြောင့် အရှင်​ဖာရော​မင်းကြီး​၊ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​ကို​ရှာ​ပြီးလျှင် အီဂျစ်​ပြည်​ကို​အုပ်စိုး​ရန် ထို​သူ​ကို​ခန့်ထား​ပါ​လော့​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 34,
      "text": "အရှင်​ဖာရော​မင်းကြီး ခန့်ထား​သော​သူ​သည်​လည်း တိုင်းပြည် ကြီးကြပ်သူ​များ​ကို ထပ်မံ​ခန့်အပ်​ထား​ပါစေ​။ သူ​သည် အီဂျစ်​ပြည်​၌​ဝပြော​သော​နှစ် ခုနစ်​နှစ်​တွင် ဂျုံစပါး​ငါးပုံတစ်ပုံ​ကို ကောက်ယူ​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 35,
      "text": "ထို​သူ​တို့​သည် လာ​မည့်​ကြွယ်ဝ​သော​နှစ်​များ​မှ အစားအစာ​ရှိသမျှ​တို့​ကို စုသိမ်း​ကြ​ပါစေ​။ ဖာရော​မင်းကြီး​၏​အာဏာ​ဖြင့် အစားအစာ​ဂျုံစပါး​ကို မြို့​များ​၌​စုဆောင်း​ထိန်းသိမ်း​ကြ​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 36,
      "text": "ထို​အစားအစာ​တို့​သည် အီဂျစ်​ပြည်​၌​ဖြစ်လာ​မည့်​ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​တွင် တိုင်းပြည်​အတွက် အရန်​သိုမှီး​ထား​သော​အစားအစာ​ဖြစ်​ရ​မည်​။ သို့မှ တိုင်းပြည်​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် ပျက်စီး​ခြင်း​သို့​မ​ရောက်​ဘဲ​နေ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 37,
      "text": "ထို​အကြံဉာဏ်​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 38,
      "text": "ဖာရော​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “​ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​ရ​သည့် ဤသို့သော​သူ​ကို ငါ​တို့​ရှာတွေ့​နိုင်​မည်လော​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 39,
      "text": "ထို့နောက် ဖာရော​မင်းကြီး​က ယောသပ်​အား “​ဘုရားသခင်​သည် ဤ​အမှု​အလုံးစုံ​ကို သင့်​အား​ဖော်ပြ​တော်မူ​ပြီ​ဖြစ်၍ သင်​ကဲ့သို့ အသိဉာဏ်​ရှိ​သော​သူ​၊ ပညာရှိ​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 40,
      "text": "သင်​သည် ငါ​၏​နန်းတော်အုပ်​ဖြစ်​ရ​မည်​။ ငါ​၏​လူ​အပေါင်း​တို့​သည် သင်​၏​အမိန့်​ကို​နာခံ​ကြ​ရ​မည်​။ ငါ​သည် ရာဇပလ္လင်​အားဖြင့်​သာ သင့်​ထက်​ကြီးမြတ်​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 41,
      "text": "တစ်ဖန် ဖာရော​မင်းကြီး​က ယောသပ်​အား “​အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် သင့်​ကို​ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 42,
      "text": "ဖာရော​မင်းကြီး​သည် မိမိ​၏​လက်​မှ တံဆိပ်တုံးလက်စွပ်​ကို​ချွတ်​၍ ယောသပ်​၏​လက်​၌​စွပ်​ပေး​၏​။ ပိတ်ချောထည်​အဝတ်​တို့​ကို​လည်း​ဝတ်​ပေး​၍ သူ​၏​လည်ပင်း​၌ ရွှေ​ဆွဲကြိုး​ကို​ဆွဲ​ပေး​ပြီး"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 43,
      "text": "မိမိ​၏​ဒုတိယ​ရထား​ကို စီး​စေ​၏​။ ရှေ့​တော်​ပြေး​တို့​ကို​လည်း “​ဒူးထောက်​ကြ​လော့​”​ဟု ဟစ်အော်​စေ​၏​။ ဤသို့ဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​ရန် ယောသပ်​အား​ခန့်ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 44,
      "text": "ထို့ပြင် ဖာရော​မင်းကြီး​က ယောသပ်​အား “​ငါ​သည် ဖာရော​မင်းကြီး​ဖြစ်​၏​။ သို့သော်လည်း သင်​ခွင့်မပြု​လျှင် အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ လူ​တစ်စုံတစ်ယောက်​မျှ မိမိ​လက်​၊ မိမိ​ခြေ​ကို​မ​ကြွ​ရ​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 45,
      "text": "ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 46,
      "text": "ယောသပ်​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ၌ အမှုထမ်း​သောအခါ အသက်​သုံးဆယ်​ရှိ​ပြီ​ဖြစ်​၏​။ ယောသပ်​သည် ဖာရော​မင်းကြီး​ထံ​မှ​ထွက်လာ​၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​လှည့်လည်​ကြည့်ရှု​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 47,
      "text": "ဝပြော​သော​နှစ် ခုနစ်​နှစ်​အတွင်း တိုင်းပြည်​၌ သီးနှံ​အလျှံအပယ်​ထွက်​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 48,
      "text": "ယောသပ်​သည် ခုနစ်​နှစ်​ပတ်လုံး အီဂျစ်​ပြည်​၌​ထွက်​သည့် အစားအစာ​ရှိသမျှ​တို့​ကို​စုသိမ်း​၍ ထို​အစားအစာ​ကို မြို့​များ​၌​သိုလှောင်​ထား​၏​။ မြို့​အသီးသီး​၏​ပတ်ပတ်လည်​ရှိ လယ်ယာ​မှ​ထွက်​သည့် အစားအစာ​ကို ထို​မြို့​အသီးသီး​၌ပင်​သိုလှောင်​ထား​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 49,
      "text": "ယောသပ်​သည် ဂျုံစပါး​ကို ပင်လယ်​သဲပွင့်​နှင့်အမျှ မြောက်မြား​စွာ​စုဆောင်း​ထား​၏​။ မ​ခြင်တွယ်​နိုင်​အောင်​များပြား​လှ​သဖြင့် စာရင်း​မ​မှတ်​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 50,
      "text": "ငတ်မွတ်ခေါင်းပါး​သော​နှစ်​မ​ရောက်​မီ ယောသပ်​သည် ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး​အာသနတ်​နှင့် သား​နှစ်​ယောက်​ရ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 51,
      "text": "ယောသပ်​က “​ဘုရားသခင်​သည် ငါ​၏​အခက်အခဲ​ပြဿနာ​အပေါင်း​နှင့် ငါ့​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ကို ငါ​မေ့လျော့​စေရန်​ပြု​တော်မူ​ပြီ​”​ဟု ဆို​လျက် သားဦး​၏​အမည်​ကို မနာရှေ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 52,
      "text": "တစ်ဖန် ယောသပ်​က “​ဘုရားသခင်​သည် ငါ​ဖိစီးနှိပ်စက်​ခံရ​သည့်​ပြည်​၌ ငါ့​ကို​ပွားများ​စေ​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒုတိယ​သား​၏​အမည်​ကို ဧဖရိမ် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 53,
      "text": "ထို့နောက် အီဂျစ်​ပြည်​တွင် ဝပြော​သော​နှစ် ခုနစ်​နှစ်​ကုန်ဆုံး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 54,
      "text": "ယောသပ်​ပြော​ခဲ့​သည့်​အတိုင်း ငတ်မွတ်ခေါင်းပါး​သော​နှစ် ခုနစ်​နှစ်​စတင်​ဖြစ်လာ​၏​။ အပြည်ပြည်​တို့​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြစ်​သော်လည်း အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင်​မူ အစားအစာ​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 55,
      "text": "အီဂျစ်​ပြည်​တစ်ပြည်လုံး​ဆာလောင်မွတ်သိပ်​သောအခါ လူ​တို့​သည် အစားအစာ​အတွက် ဖာရော​မင်းကြီး​ထံ အော်ဟစ်​ကြ​၏​။ ထိုအခါ ဖာရော​မင်းကြီး​သည် အီဂျစ်​ပြည်သား​အပေါင်း​တို့​အား “​ယောသပ်​ထံသို့ သွား​ကြ​လော့​။ သင်​တို့​အား သူ​ပြော​သည့်​အတိုင်း​ပြု​ကြ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 56,
      "text": "မြေ​တစ်ပြင်လုံး​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြစ်​သောအခါ ယောသပ်​သည် သိုလှောင်ရုံ​ရှိသမျှ​တို့​ကို​ဖွင့်​၍ အီဂျစ်​ပြည်သား​တို့​အား အစားအစာ​ကို​ရောင်းချ​ပေး​၏​။ အီဂျစ်​ပြည်​၌ ကျရောက်​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် ဆိုးရွား​လှ​၏​။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 57,
      "text": "အပြည်ပြည်​မှ​လူ​တို့​သည်​လည်း အစားအစာ​ဝယ်ယူ​ရန် အီဂျစ်​ပြည်​ရှိ ယောသပ်​ထံသို့​လာ​ကြ​၏​။ အကြောင်းမူကား မြေ​တစ်ပြင်လုံး​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် ဆိုးရွား​လှ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 1,
      "text": "အီဂျစ်​ပြည်​တွင် စားနပ်ရိက္ခာ​ရှိ​ကြောင်း ယာကုပ်​ကြားသိ​ရ​၏​။ ထိုအခါ ယာကုပ်​က သူ​၏​သား​တို့​အား “​သင်​တို့​သည် တစ်ဦး​ကို​တစ်ဦး အဘယ်ကြောင့်​ကြည့်​၍​သာ​နေ​ကြ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 2,
      "text": "တစ်ဖန် ယာကုပ်​က “​အီဂျစ်​ပြည်​၌​စားနပ်ရိက္ခာ​ရှိ​ကြောင်း ငါ​ကြား​ရ​ပြီ​။ ငါ​တို့​သည်​မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း ထို​ပြည်​သို့​ဆင်းသွား​၍ အစားအစာ​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 3,
      "text": "ထိုအခါ ယောသပ်​၏​အစ်ကို​ဆယ်​ယောက်​တို့​သည် ဂျုံစပါး​ဝယ်ယူ​ရန် အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 4,
      "text": "ယောသပ်​၏​ညီ​ဗင်္ယာမိန်​ကို​ကား “​ဗင်္ယာမိန်​အပေါ် အန္တရာယ်​ကျရောက်​ကောင်း​ကျရောက်​လိမ့်မည်​”​ဟု စိုးရိမ်​သဖြင့် ယာကုပ်​သည် သူ့​ကို အစ်ကို​တို့​နှင့်အတူ​မ​လွှတ်​ပေ​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 5,
      "text": "ခါနာန်​ပြည်​၌​လည်း ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် အစ္စရေး​၏​သား​တို့​သည် အခြားသူ​များ​နှင့်အတူ အစားအစာ​ဝယ်ယူ​ရန် သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 6,
      "text": "ထို​အချိန်​၌ ယောသပ်​သည် တိုင်းပြည်​ကို​အုပ်စိုး​သော​ဘုရင်ခံ​ဖြစ်​ပြီး ပြည်သူပြည်သား​အပေါင်း​တို့​အား အစားအစာ​ရောင်းချ​ပေး​သော​သူ​ဖြစ်​၏​။ ယောသပ်​၏​အစ်ကို​တို့​သည်​ရောက်လာ​၍ သူ့​ရှေ့​၌ မြေ​မှာ​ပျပ်ဝပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 7,
      "text": "ယောသပ်​သည် မိမိ​၏​အစ်ကို​တို့​ကို​မြင်​သောအခါ သူ​တို့​ကို မှတ်မိ​သော်လည်း မသိဟန်ဆောင်​လျက် ကြမ်းတမ်း​စွာ​ပြောဆို​၏​။ ယောသပ်​က သူ​တို့​အား “​သင်​တို့ အဘယ်​က​လာ​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အစားအစာ​ဝယ်ယူ​ရန် ခါနာန်​ပြည်​မှ​လာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 8,
      "text": "ယောသပ်​သည် အစ်ကို​တို့​ကို​မှတ်မိ​သော်လည်း သူ​တို့​က ယောသပ်​ကို​မ​မှတ်မိ​ကြ​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 9,
      "text": "ယောသပ်​သည် သူ​တို့​နှင့်​ပတ်သက်၍ မြင်မက်​ခဲ့​သော​အိပ်မက်​ကို သတိရ​သဖြင့် သူ​တို့​အား “​သင်​တို့​သည် ဤ​ပြည်​၏​အားနည်းချက်​ကို စူးစမ်း​ရန်​လာ​သော​သူလျှို​များ ဖြစ်​ကြ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 10,
      "text": "သူ​တို့​က​လည်း “​ထိုသို့​မ​ဟုတ်​ပါ​၊ သခင်​၊ သခင့်​အစေအပါး​တို့​သည် အစားအစာ​ဝယ်ယူ​ရန်​သာ ရောက်လာ​ကြ​ခြင်း​ဖြစ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 11,
      "text": "အကျွန်ုပ်​တို့​အားလုံး​သည် ဖခင်​တစ်ဦးတည်း​၏​သား​များ​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။ သခင့်​အစေအပါး​အကျွန်ုပ်​တို့​သည် သူလျှို​မ​ဟုတ်​ပါ​”​ဟု ယောသပ်​အား​လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 12,
      "text": "သို့သော် ယောသပ်​က သူ​တို့​အား “​မ​ဟုတ်​ပါ​။ သင်​တို့​သည် ဤ​ပြည်​၏​အားနည်းချက်​ကို​စူးစမ်း​ရန် ရောက်လာ​ကြ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 13,
      "text": "ထိုအခါ သူ​တို့​က “​သခင့်​အစေအပါး​ဖြစ်​သော​အကျွန်ုပ်​တို့​သည် ခါနာန်​ပြည်​က ဖခင်​တစ်ဦးတည်း​၏​သား​များ​ဖြစ်​ကြ​၍ ညီအစ်ကို​တစ်ဆယ့်​နှစ်​ယောက်​ရှိ​ပါ​၏​။ အငယ်ဆုံး​သည် ယခု အကျွန်ုပ်​တို့​ဖခင်​နှင့်အတူ​နေ​ခဲ့​ပါ​၏​။ ကျန်​တစ်​ယောက်​ကား မ​ရှိ​တော့​ပါ​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 14,
      "text": "သို့သော် ယောသပ်​က “​သင်​တို့​ကို​ငါ​ပြော​ခဲ့​သည့်​အတိုင်း သင်​တို့​သည် သူလျှို​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 15,
      "text": "သင်​တို့​သည် ဤသို့​စစ်ဆေး​ခြင်း​ခံရ​မည်​။ ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​၏​အငယ်ဆုံး​ညီ​သည် ဤ​အရပ်​သို့​မ​ရောက်လာ​လျှင် သင်​တို့​သည် ဤ​အရပ်​မှ​မ​ထွက်သွား​ရ​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 16,
      "text": "သင်​တို့​၏​စကား​မှန်​သည်​၊ မမှန်​သည်​ကို​စစ်ဆေး​ရန် သင်​တို့​သည် အကျဉ်းချ​ခံရ​မည်​။ သို့သော် သင်​တို့​ထဲမှ တစ်​ယောက်​ကို​စေလွှတ်​၍ သူ​သည် သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​လာ​ပါစေ​။ သို့မဟုတ်လျှင် သင်​တို့​သည် သူလျှို​များ​ဖြစ်​ကြ​သည်​ဟု ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ ငါ​ပြော​သည်​”​ဟု သူ​တို့​အား ဆို​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 17,
      "text": "ယောသပ်​သည် သူ​တို့​ကို​သုံး​ရက် အကျဉ်း​ချ​ထား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 18,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ ယောသပ်​က သူ​တို့​အား “​ငါ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ဤသို့​ပြု​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 19,
      "text": "သင်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်လျှင် သင်​တို့​ထဲမှ​ညီအစ်ကို​တစ်​ယောက်​ကို အကျဉ်းထောင်​ထဲ၌ အကျဉ်းချ​ခံ​စေ​။ ကျန်သောသူ​တို့​မူကား ပြန်သွား​ကြ​လော့​။ အစာခေါင်းပါး​သောကြောင့် သင်​တို့​၏​အိမ်သူအိမ်သား​တို့​အတွက် စားနပ်ရိက္ခာ​ကို​ယူသွား​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 20,
      "text": "သင်​တို့​၏​အငယ်ဆုံး​ညီ​ကို ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​ရ​မည်​။ သို့ပြုလျှင် သင်​တို့​၏​စကား​မှန်ကန်​ကြောင်း​အတည်ပြု​မည်​။ သင်​တို့ သေ​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 21,
      "text": "ထိုအခါ သူ​တို့​က “​အကယ်စင်စစ် ငါ​တို့​သည် ငါ​တို့​ညီ​အပေါ်​ပြု​ခဲ့​သော​အမှု​အတွက် အပြစ်ရှိ​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​သည် ငါ​တို့​ကို​အသနားခံ​သောအခါ သူ​စိတ်ဒုက္ခရောက်​နေ​သည်​ကို​ငါ​တို့​မြင်​ရ​သော်လည်း ငါ​တို့​နား​မ​ထောင်​ခဲ့​ကြ​ချေ​။ ထို့ကြောင့် ထို​ဒုက္ခ​သည် ငါ​တို့​အပေါ်​သို့​ရောက်​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 22,
      "text": "ရုဗင်​က သူ​တို့​အား “ ‘​သူငယ်​ကို မ​ပြစ်မှား​ပါ​နှင့်​’​ဟု သင်​တို့​ကို​ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ​။ ငါ​တို့​သည် ယခု သူ​၏​သွေးကြွေး​အတောင်း​ခံရ​လေ​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 23,
      "text": "ယောသပ်​သည် သူ​တို့​ကို စကားပြန်​နှင့်​ပြော​သောကြောင့် သူ​တို့​စကား​ကို ယောသပ်​နားလည်​ကြောင်း သူ​တို့​မ​သိ​ကြ​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 24,
      "text": "ယောသပ်​သည် သူ​တို့​ထံမှ​လှည့်ထွက်​သွား​၍ ငိုကြွေး​၏​။ တစ်ဖန် သူ​တို့​ထံသို့​ပြန်လာ​၍ သူ​တို့​နှင့်​စကားပြော​ပြီးလျှင် သူ​တို့​ထဲမှ ရှိမောင်​ကို​ခေါ်ထုတ်​၍ သူ​တို့​ရှေ့​၌ ချည်နှောင်​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 25,
      "text": "ထို့နောက် သူ​တို့​၏​အိတ်​များ​ထဲ၌ ဂျုံစပါး​အပြည့်ဖြည့်​၍ သူ​တို့​၏​ငွေ​များ​ကို​လည်း သူ​တို့​၏​အိတ်​အသီးသီး​၌ ပြန်ထည့်ပေး​ရန်​နှင့် သူ​တို့​အား လမ်းခရီး​အတွက်​စားနပ်ရိက္ခာ​ထည့်ပေး​ရန် ယောသပ်​အမိန့်ပေး​သည့်​အတိုင်း သူ​တို့​အတွက် ပြု​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 26,
      "text": "သူ​တို့​သည် စားနပ်ရိက္ခာ​များ​ကို မိမိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး ထို​အရပ်​မှ​ထွက်ခွာ​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 27,
      "text": "စခန်းချ​ရာ​နေရာ​၌ တစ်​ယောက်​သည် မိမိ​၏​မြည်း​ကို​အစာ​ကျွေး​ရန် မိမိ​၏​အိတ်​ကို​ဖွင့်​သောအခါ အိတ်​ဝ​၌ မိမိ​၏​ငွေ​ကို​တွေ့​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 28,
      "text": "ထိုအခါ သူ​က မိမိ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​၏​ငွေ​ကို ပြန်ထည့်​ထား​ပါ​ပြီ​။ ကြည့်​ပါ​။ အကျွန်ုပ်​၏​အိတ်​ထဲ၌​ရှိ​ပါ​၏​”​ဟု ဆို​၏​။ သူ​တို့​သည် စိတ်​အားလျော့​လျက် ကြောက်ရွံ့တုန်လှုပ်​ကာ “​ငါ​တို့​၌ ဘုရားသခင်​ပြု​တော်မူ​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု ညီအစ်ကို​အချင်းချင်း​ပြောဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 29,
      "text": "သူ​တို့​သည် ခါနာန်​ပြည်​ရှိ မိမိ​တို့​ဖခင်​ယာကုပ်​ထံသို့​ရောက်​သောအခါ မိမိ​တို့​၌​ဖြစ်ပျက်​ခဲ့​သမျှ​တို့​ကို ဖခင်​အား​ပြောပြ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 30,
      "text": "သူ​တို့​က “​ထို​ပြည်​၏​အရှင်သခင်​သည် အကျွန်ုပ်​တို့​အား ကြမ်းတမ်း​စွာ​ပြောဆို​လျက် ထို​ပြည်​ကို စူးစမ်း​ရန်​လာ​သော​သူလျှို​များ​ဟု ထင်မှတ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 31,
      "text": "သို့သော်လည်း အကျွန်ုပ်​တို့​က သူ့​အား ‘​အကျွန်ုပ်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။ သူလျှို​မ​ဟုတ်​ပါ​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 32,
      "text": "အကျွန်ုပ်​တို့​သည် ဖခင်​တစ်ဦးတည်း​မှ​ပေါက်ဖွား​သော​သား​များ​ဖြစ်​ကြ​၍ ညီအစ်ကို​တစ်ဆယ့်​နှစ်​ယောက်​ရှိ​ပါ​၏​။ တစ်​ယောက်​ကား မ​ရှိ​တော့​ပါ​။ အငယ်ဆုံး​ကား ယခု အကျွန်ုပ်​တို့​ဖခင်​နှင့်အတူ ခါနာန်​ပြည်​၌ နေ​ခဲ့​ပါ​သည်​’​ဟု လျှောက်​ကြ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 33,
      "text": "ထို​ပြည်​၏​အရှင်သခင်​က​လည်း အကျွန်ုပ်​တို့​အား ‘​သင်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်ကြောင်း​ကို ဤသို့ဖြင့် ငါ​သိ​ရ​လိမ့်မည်​။ သင်​တို့​ထဲမှ​ညီအစ်ကို​တစ်​ယောက်​ကို ငါ့​ထံ၌​ထားခဲ့​လော့​။ အစာခေါင်းပါး​သောကြောင့် သင်​တို့​၏​အိမ်သူအိမ်သား​တို့​အတွက် စားနပ်ရိက္ခာ​ကို​ယူ​၍ ပြန်သွား​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 34,
      "text": "သို့သော် သင်​တို့​၏​အငယ်ဆုံး​ညီ​ကို ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​ကြ​လော့​။ ဤသို့ဖြင့် သင်​တို့​သည် သူလျှို​များ​မ​ဟုတ်​ဘဲ ရိုးသား​သော​သူ​များ​ဖြစ်ကြောင်း ငါ​သိ​ရ​လိမ့်မည်​။ ထိုအခါ သင်​တို့​၏​ညီအစ်ကို​ကို သင်​တို့​ထံ ငါ​ပြန်အပ်​၍ သင်​တို့​သည် ဤ​ပြည်​၌ ရောင်းဝယ်ဖောက်ကား​ခွင့်​ရ​လိမ့်မည်​’​ဟူ၍ မိန့်ဆို​ပါ​သည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 35,
      "text": "ထို့နောက် သူ​တို့​သည် မိမိ​တို့​အိတ်​များ​ကို​သွန်ချ​သောအခါ မိမိ​နှင့်ဆိုင်သော​ငွေ​ထုပ်​အသီးသီး​သည် မိမိ​၏​အိတ်​ထဲ၌​ရှိ​၏​။ သူ​တို့​နှင့်​သူ​တို့​၏​ဖခင်​သည် ထို​ငွေ​ထုပ်​များ​ကို​မြင်​သောအခါ ကြောက်လန့်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 36,
      "text": "သူ​တို့​၏​ဖခင်​ယာကုပ်​က သူ​တို့​အား “​သင်​တို့​သည် ငါ့​ကို သားဆုံးရှုံး​အောင်​ပြု​ကြ​ပြီ​။ ယောသပ်​လည်း​မ​ရှိ​တော့​ပြီ​။ ရှိမောင်​လည်း​မ​ရှိ​တော့​ပြီ​။ ဗင်္ယာမိန်​ကို​လည်း သင်​တို့​ယူသွား​လို​ကြ​၏​။ ဤ​အမှု​အားလုံး​သည် ငါ​၌ ဖြစ်လာ​ကြ​ပါ​ပြီ​တကား​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 37,
      "text": "ထိုအခါ ရုဗင်​က ဖခင်​အား “​အကျွန်ုပ်​သည် ဗင်္ယာမိန်​ကို အဖေ့​ထံသို့​ပြန်​မ​ခေါ်လာ​ခဲ့​လျှင် အကျွန်ုပ်​၏​သား​နှစ်​ယောက်​ကို​သတ်​ပါ​လော့​။ ဗင်္ယာမိန်​ကို အကျွန်ုပ်​လက်​၌​အပ်​ပါ​။ အကျွန်ုပ်​သည် သူ့​ကို အဖေ့​ထံသို့ ပြန်ခေါ်ဆောင်​လာ​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 38,
      "text": "သို့သော် ယာကုပ်​က “​ငါ့​သား​သည် သင်​တို့​နှင့်အတူ​မ​သွား​ရ​။ အကြောင်းမူကား သူ​၏​အစ်ကို​သေ​ပြီ​။ သူ​တစ်ယောက်တည်း​ကျန်​၏​။ အကယ်၍ သင်​တို့​သွား​မည့်​လမ်းခရီး​၌ သူ့​အပေါ်​အန္တရာယ်​ကျရောက်​မည်​ဆို​လျှင် သင်​တို့​သည် ဆံပင်ဖြူသူ​ငါ့​ကို ဝမ်းနည်း​စွာ​ဖြင့်​မရဏာနိုင်ငံ​သို့ ဆင်းသွား​စေ​ရာ​ရောက်​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 1,
      "text": "ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ပို၍​ဆိုးရွား​လာ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 2,
      "text": "အီဂျစ်​ပြည်​မှ သူ​တို့​ယူဆောင်​လာ​သော​စားနပ်ရိက္ခာ​ကို​စား​၍​ကုန်​သောအခါ ဖခင်​က​သူ​တို့​အား “​တစ်ဖန်​သွား​၍ ငါ​တို့​အတွက် အစားအစာ​အနည်းငယ်​ကို ဝယ်ယူ​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 3,
      "text": "ယုဒ​က​လည်း “​ထို​သူ​က ‘​သင်​တို့​နှင့်အတူ သင်​တို့​ညီ မပါ​လာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​ကို အသေအချာ​သတိပေး​ထား​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​၏​ညီ​ကို အကျွန်ုပ်​တို့​နှင့်အတူ​လွှတ်​လျှင် အဖေ့​အတွက် အစားအစာ​ကို အကျွန်ုပ်​တို့​သွား​၍​ဝယ်ယူ​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 5,
      "text": "မ​လွှတ်​လျှင် အကျွန်ုပ်​တို့​မ​သွား​ပါ​။ အကြောင်းမူကား ထို​သူ​က ‘​သင်​တို့​၏​ညီ​သည် သင်​တို့​နှင့်အတူ​မ​ပါလာ​လျှင် ငါ့​မျက်နှာ​ကို သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု အကျွန်ုပ်​တို့​အား​ပြော​ပါ​၏​”​ဟု ဖခင်​အား​ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 6,
      "text": "အစ္စရေး​က​လည်း “​သင်​တို့​သည် သင်​တို့​၌​ညီ​နောက်တစ်ယောက်​ရှိ​သေး​ကြောင်း ထို​သူ​အား​ပြော​ပြီး အဘယ်ကြောင့် ငါ့​ကို​ဒုက္ခရောက်​စေ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 7,
      "text": "သူ​တို့​က​လည်း “​ထို​သူ​က ‘​သင်​တို့​၏​ဖခင်​အသက်ရှင်​သေး​သလော​။ သင်​တို့​၌​ညီ​ရှိ​သလော​’​ဟု ဆို​လျက် အကျွန်ုပ်​တို့​အကြောင်း​၊ အကျွန်ုပ်​တို့​၏​ဆွေမျိုးသားချင်း​အကြောင်း​ကို စေ့စေ့စပ်စပ်​မေးမြန်း​သောကြောင့် အကျွန်ုပ်​တို့​သည် ထို​စကား​များ​အလိုက် သူ့​ကို​ပြန်ဖြေ​ရ​ပါ​၏​။ ‘​သင်​တို့​ညီ​ကို​ခေါ်ဆောင်​ခဲ့​လော့​’​ဟု သူ​ပြော​လိမ့်မည်​ကို အကျွန်ုပ်​တို့​အမှန် သိ ​နိုင်​ပါ​မည်လော​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 8,
      "text": "ယုဒ​က​လည်း မိမိ​၏​ဖခင်​အစ္စရေး​အား “​အဖေ​မှစ၍ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​ကလေး​တို့​သည် မ​သေ​ဘဲ အသက်ရှင်​မည့်​အကြောင်း သူငယ်​ကို အကျွန်ုပ်​နှင့်အတူ​လွှတ်​ပါ​လော့​။ အကျွန်ုပ်​တို့​သည်​ထ​၍ သွား​ကြ​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 9,
      "text": "သူ့​အတွက် အကျွန်ုပ်​အာမခံ​ပါ​၏​။ သူ့​ကို အကျွန်ုပ်​တာဝန်ယူ​ပါ​မည် ​။ အကယ်၍ အကျွန်ုပ်​သည် သူ့​ကို​အဖေ့​ထံသို့ ပြန်​မ​ခေါ်လာ​၊ အဖေ့​ထံ​ပြန်​မ​အပ်​လျှင် အကျွန်ုပ်​သည် အဖေ့​၏​အပြစ်တင်​ခြင်း​ကို တစ်သက်လုံး​ခံယူ​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 10,
      "text": "အကျွန်ုပ်​တို့​သည် ဤမျှလောက်​တုံ့ဆိုင်း​မ​နေ​ခဲ့​လျှင် နှစ်ကြိမ်​ပြန်ရောက်​နိုင်​လောက်​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 11,
      "text": "ထိုအခါ သူ​တို့​၏​ဖခင်​အစ္စရေး​က သူ​တို့​အား “​သို့ဖြစ်လျှင် ဤသို့​ပြု​ကြ​လော့​။ လိမ်းဆေး​အနည်းငယ်​၊ ပျားရည်​အနည်းငယ်​၊ နံ့သာမျိုး​၊ မုရန်စေး​၊ အခွံမာသီး​၊ ဗာဒံသီး စသည့် ဤ​ပြည်​မှ​ထွက်​သော အကောင်းဆုံးအရာ​တို့​ကို သင်​တို့​အိတ်​များ​၌​ထည့်​၍ ထို​သူ​အဖို့​လက်ဆောင်​အဖြစ်​ယူသွား​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 12,
      "text": "သင်​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​ယူသွား​ကြ​လော့​။ သင်​တို့​၏​အိတ်​ဝ​တွင် ပြန်ထည့်​ပေး​လိုက်​သော​ငွေ​ကို​လည်း ပြန်​ယူသွား​ကြ​လော့​။ မှား​၍​ထည့်ပေး​လိုက်​ခြင်း​ဖြစ်​ကောင်း​ဖြစ်​မည်​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 13,
      "text": "သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​ပြီး တစ်ဖန် ထို​သူ​ထံသို့ ထ​သွား​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 14,
      "text": "အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် သင်​တို့​ကို သနားစုံမက်​တော်မူ​၍ ထို​သူ​သည် သင်​တို့​၏​ညီအစ်ကို​ရှိမောင်​နှင့်​ဗင်္ယာမိန်​ကို သင်​တို့​နှင့်အတူ​ပြန်လွှတ်​ပေး​ပါစေသော​။ ငါ​သည် သား​များ​ကို​ဆုံးရှုံး​လျှင်​လည်း ဆုံးရှုံး​ရ​ပါ​တော့​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 15,
      "text": "ထို့ကြောင့် သူ​တို့​သည် လက်ဆောင်​တို့​ကို​ယူဆောင်​သွား​၍ သူ​တို့​လက်​ထဲ၌ ငွေ​နှစ်ဆ​နှင့်တကွ ဗင်္ယာမိန်​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​သည် ထ​၍​အီဂျစ်​ပြည်​သို့​ဆင်းသွား​ကာ ယောသပ်​ရှေ့​၌ အခစားဝင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 16,
      "text": "ယောသပ်​သည် သူ​တို့​နှင့်အတူ ဗင်္ယာမိန်​ကို​မြင်​သောအခါ မိမိ​အိမ်ထိန်း​အား “​ဤ​သူ​တို့​ကို အိမ်​သို့​ခေါ်သွား​လော့​။ တိရစ္ဆာန်​ကို​သတ်​၍​ပြင်ဆင်​ချက်ပြုတ်​ထား​လော့​။ ဤ​သူ​တို့​သည် ငါ​နှင့်အတူ နေ့လယ်​စာ စားသောက်​ကြ​လိမ့်မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 17,
      "text": "သို့ဖြစ်၍ အိမ်ထိန်း​သည် ယောသပ်​မှာကြား​သည့်​အတိုင်း ပြု​၏​။ သူ​တို့​ကို​လည်း ယောသပ်​၏​အိမ်​သို့​ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 18,
      "text": "သူ​တို့​ကို ယောသပ်​အိမ်​သို့​ခေါ်ဆောင်​သွား​သောကြောင့် သူ​တို့​သည် ကြောက်ရွံ့​လျက် “​ယခင်တစ်ကြိမ်​တွင် ငါ​တို့​အိတ်​ထဲ၌​ပြန်ထည့်​ပေး​လိုက်​သည့်​ငွေ​နှင့်​ပတ်သက်၍ သူ​သည် ငါ​တို့​ကို​ရန်ရှာ​ပြီး ငါ​တို့​ကို​နှိပ်စက်​တော့​မည်​။ ငါ​တို့​နှင့် ငါ​တို့​၏​မြည်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး​ကျွန်​ပြု​တော့​မည်”​ဟု ပြောဆို​ကြ​ပြီးလျှင်"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 19,
      "text": "ယောသပ်​၏​အိမ်ထိန်း​အနား​သို့​သွား​၍ အိမ်​တံခါးဝ​တွင် သူ​နှင့်​စကားပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 20,
      "text": "သူ​တို့​က “​အို အကျွန်ုပ်​တို့​၏​သခင်​၊ စင်စစ် အကျွန်ုပ်​တို့​သည် အစားအစာ​ဝယ်​ရန် ယခင်တစ်ခါ ရောက်လာ​ခဲ့​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 21,
      "text": "အပြန်​တွင် အကျွန်ုပ်​တို့​သည် စခန်းချ​ရာ​နေရာ​သို့​ရောက်​၍ အကျွန်ုပ်​တို့​၏​အိတ်​များ​ကို​ဖွင့်​သောအခါ အသီးသီး​၏​ငွေ​သည် မိမိ​တို့​အိတ်​ဝ​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​၏​ငွေ​သည် အလျှင်းမလျော့​ပါ​။ ထို​ငွေ​ကို အကျွန်ုပ်​တို့ ပြန်ယူဆောင်​လာ​ခဲ့​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 22,
      "text": "အစားအစာ​ဝယ်ယူ​ရန် နောက်ထပ်​ငွေ​ကို​လည်း အကျွန်ုပ်​တို့​ယူဆောင်​လာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​၏​အိတ်​များ​ထဲ၌ အကျွန်ုပ်​တို့​၏​ငွေ​ကို မည်သူ​ပြန်ထည့်​ထား​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ပါ​”​ဟု သူ့​အား ပြောဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 23,
      "text": "ထိုအခါ အိမ်ထိန်း​က “​စိတ်အေးအေးထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​တို့​၏​ဘုရားသခင်​၊ သင်​တို့​အဖ​၏​ဘုရားသခင်​သည် သင်​တို့​၏​အိတ်​များ​ထဲ၌ သင်​တို့​အတွက်​ဘဏ္ဍာ​ကို ထည့်ပေး​တော်မူ​ပြီ​။ သင်​တို့​၏​ငွေ​ကို​ကား ငါ​ရရှိ​ပြီ​”​ဟု ဆို​ပြီးလျှင် ရှိမောင်​ကို သူ​တို့​ထံသို့​ခေါ်ဆောင်​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 24,
      "text": "အိမ်ထိန်း​သည် သူ​တို့​ကို​ယောသပ်​အိမ်​ထဲသို့​ခေါ်ဆောင်​သွား​ပြီးမှ ရေ​ပေး​၍ သူ​တို့​သည် ခြေ​ဆေး​ကြ​၏​။ သူ​တို့​၏​မြည်း​များ​ကို​လည်း အစာ​ကျွေး​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 25,
      "text": "သူ​တို့​သည် ယောသပ်​အိမ်​၌ နေ့လယ်စာ​စား​ရ​မည်​ကို ကြားသိ​ထား​သဖြင့် ယောသပ်​ရောက်​မ​လာ​မီ လက်ဆောင်​ကို​ပြင်ဆင်​ထား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 26,
      "text": "ယောသပ်​အိမ်​သို့​ပြန်ရောက်​သောအခါ သူ​တို့​သည် မိမိ​တို့​၏​လက်ဆောင်​ကို အိမ်​ထဲသို့​ယူဆောင်​လာ​၍ ယောသပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 27,
      "text": "ထိုအခါ ယောသပ်​သည် သူ​တို့​အား သာကြောင်းမာကြောင်း​နှုတ်ခွန်းဆက်​ပြီးလျှင် “​အသက်ကြီး​ပြီ​ဟု သင်​တို့​ပြော​သည့် သင်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​လော​။ အသက်ရှင်​သေး​၏​လော​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 28,
      "text": "သူ​တို့​က​လည်း “​သခင့်​အစေအပါး​အကျွန်ုပ်​တို့​၏​ဖခင်​သည် ကျန်းမာ​ပါ​၏​။ အသက်ရှင်​ပါ​သေး​၏​”​ဟု ပြန်လျှောက်​ပြီးလျှင် ဦးညွှတ်​ပျပ်ဝပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 29,
      "text": "ယောသပ်​သည် လှမ်းကြည့်​၍ မိမိ​မိခင်​၏​သား​၊ မိမိ​၏​ညီ ဗင်္ယာမိန်​ကို​မြင်​သောအခါ “​ဤ​သူ​သည် သင်​တို့​ပြော​သည့် သင်​တို့​၏​ညီ​အငယ်ဆုံး​လော​”​ဟု ဆို​ပြီး “​ငါ့​သား​၊ ဘုရားသခင် သင့်​ကို​သနား​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 30,
      "text": "ယောသပ်​သည် မိမိ​ညီ​ကို အလွန်​ကရုဏာသက်​သောကြောင့် အလျင်အမြန်​ထွက်သွား​၍ ငိုကြွေး​ရန်​နေရာ​ရှာ​ပြီး အတွင်းခန်း​ထဲသို့​ဝင်​၍ ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 31,
      "text": "ထို့နောက် သူ​သည် မျက်နှာ​သစ်​၍ အပြင်​သို့​ထွက်လာ​ပြီးလျှင် စိတ်​ကို​ထိန်း​လျက် “​အစားအစာ​ပြင်ဆင်​လော့​”​ဟု အမိန့်ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 32,
      "text": "ထိုအခါ ယောသပ်​အတွက်​တစ်​ပွဲ​၊ ယောသပ်​၏​ညီအစ်ကို​တို့​အတွက်​တစ်​ပွဲ​၊ ယောသပ်​နှင့်အတူ​စား​သော​အီဂျစ်​လူမျိုး​တို့​အတွက်​တစ်​ပွဲ သီးသန့်စီ​ပြင်ဆင်​ကြ​၏​။ အကြောင်းမှာ အီဂျစ်​လူမျိုး​တို့​သည် ဟေဗြဲ​လူမျိုး​တို့​နှင့်အတူ အစားအစာ​မ​စား​ရ​။ အတူတူ​စား​ခြင်း​သည် အီဂျစ်​လူမျိုး​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 33,
      "text": "ယောသပ်​ရှေ့​၌ ယောသပ်​၏​ညီအစ်ကို​တို့​ကို အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် အသက်အရွယ်​အလိုက် နေရာချ​ထား​၏​။ သူ​တို့​သည် အချင်းချင်း​တစ်ယောက်​ကို​တစ်ယောက်​ကြည့်​လျက် အံ့အားသင့်​နေ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 34,
      "text": "ယောသပ်​သည် မိမိ​စားပွဲ​မှ​အစားအစာ​များ​ကို ညီအစ်ကို​တို့​ထံသို့​ပေးလိုက်​၏​။ ဗင်္ယာမိန်​ရ​သော​အစားအစာ​သည် အစ်ကို​အသီးသီး​တို့​ထက် ငါး​ဆ​များ​၏​။ သူ​တို့​သည် ယောသပ်​နှင့်အတူ စားသောက်​ပျော်ပါး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 1,
      "text": "ထို့နောက် ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​သူ​တို့​အိတ်​များ​ထဲ၌ သူ​တို့​သယ်​နိုင်​သမျှ​အစားအစာ​ကို အပြည့်​ဖြည့်​လော့​။ သူ​တို့​အသီးသီး​၏​ငွေ​ကို​လည်း သူ​တို့​အိတ်​ဝ​၌​ပြန်ထည့်​ပေး​လော့​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 2,
      "text": "အငယ်ဆုံး​၏​အိတ်​ဝ​၌ စားနပ်ရိက္ခာ​ဝယ်ယူ​သည့်​ငွေ​နှင့်တကွ ငါ့​ငွေ​ခွက်​ကို ထည့်​လိုက်​လော့​”​ဟု မိန့်မှာ​၏​။ အိမ်ထိန်း​သည် ယောသပ်​မိန့်ဆို​သည့်​စကား​အတိုင်း​ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 3,
      "text": "နံနက်​မိုးလင်း​သောအခါ သူ​တို့​ကို သူ​တို့​၏​မြည်း​များ​နှင့်တကွ ပြန်လွှတ်​လိုက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 4,
      "text": "သူ​တို့​သည် မြို့​မှ​ထွက်​၍ အဝေး​သို့​မ​ရောက်​သေး​မီ ယောသပ်​သည် မိမိ​၏​အိမ်ထိန်း​အား “​ထ​လော့​။ သူ​တို့​နောက်သို့​လိုက်​လော့​။ သူ​တို့​ကို​မီ​သောအခါ ‘​သင်​တို့​သည် အဘယ်ကြောင့် အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​ရ​သနည်း​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 5,
      "text": "ဤ​ခွက်​သည် ငါ့​သခင်​သောက်​သော​ခွက်​ဖြစ်​သည်​သာမက နိမိတ်ဖတ်​သော​ခွက်​လည်း ဖြစ်​သည်​မ​ဟုတ်​လော​။ သင်​တို့​ပြု​သော​အမှု​သည် ဆိုးညစ်​လှ​ပါ​တကား​’​ဟူ၍ သူ​တို့​အား ပြော​ရ​မည်​”​ဟု မိန့်မှာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 6,
      "text": "အိမ်ထိန်း​သည် သူ​တို့​ကို​မီ​သောအခါ သူ​တို့​အား ထို​စကား​ကို​ပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 7,
      "text": "သူ​တို့​က​လည်း “​အကျွန်ုပ်​သခင် အဘယ်ကြောင့် ဤ​စကား​ကို​ပြော​ရ​ပါ​သနည်း​။ ထိုသို့​ပြု​ခြင်း​အမှု​သည် သခင့်​အစေအပါး​တို့​နှင့်​ဝေး​ပါစေ​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 8,
      "text": "အကျွန်ုပ်​တို့​၏​အိတ်​ဝ​၌​တွေ့ရှိ​ခဲ့​သော​ငွေ​ကို ခါနာန်​ပြည်​မှ သခင့်​ထံသို့​ပြန်ယူလာ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​သည် အဘယ်ကြောင့် သခင်​၏​အရှင်သခင်​အိမ်​မှ ရွှေ​၊ ငွေ​ကို​ခိုးယူ​ရ​မည်နည်း​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 9,
      "text": "သခင့်​အစေအပါး​တို့​ထဲမှ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို​တွေ့​လျှင် သူ​သည် သေဒဏ်​သင့်​ပါစေ​။ အကျွန်ုပ်​တို့​သည်​လည်း သခင့်​ထံ၌ ကျွန်ခံ​ပါ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 10,
      "text": "အိမ်ထိန်း​က “​ကောင်း​ပြီ​။ သင်​တို့​၏​စကား​အတိုင်း​ဖြစ်​စေ​။ တစ်ယောက်ယောက်​ထံ၌ ထို​ခွက်​ကို တွေ့​လျှင် ထို​သူ​သည် ငါ့​ထံ၌​ကျွန်ခံ​ရ​မည်​။ ကျန်သောသူ​တို့​မူကား ကင်းလွတ်​စေ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 11,
      "text": "ထိုအခါ သူ​တို့​အသီးသီး​သည် မိမိ​တို့​အိတ်​ကို မြေ​ပေါ်သို့​အလျင်အမြန်​ချ​ပြီး မိမိ​တို့​အိတ်​ကို​ဖွင့်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 12,
      "text": "အိမ်ထိန်း​သည်​လည်း အကြီးဆုံး​မှ​စ​၍ အငယ်ဆုံး​တိုင်အောင်​ရှာဖွေ​ရာ ဗင်္ယာမိန်​၏​အိတ်​ထဲ၌ ခွက်​ကို​တွေ့​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 13,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို​ဆုတ်ဖြဲ​၍ အသီးသီး မိမိ​တို့​၏​မြည်း​များ​ပေါ်သို့ ဝန်​ကို​ပြန်တင်​ပြီးလျှင် မြို့​သို့​ပြန်လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 14,
      "text": "ယုဒ​နှင့်​သူ​၏​ညီအစ်ကို​တို့​သည် ယောသပ်​၏​အိမ်​သို့​ပြန်ရောက်​သောအခါ ယောသပ်​သည် အိမ်​၌​ပင်​ရှိ​နေ​သေး​၍ သူ​တို့​သည် ယောသပ်​ရှေ့​၌ ညွတ်တွား​ပျပ်ဝပ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 15,
      "text": "ယောသပ်​က သူ​တို့​အား “​သင်​တို့​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​။ ငါ​ကဲ့သို့သော​လူ​သည် နိမိတ်ဖတ်​တတ်​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 16,
      "text": "ယုဒ​က “​အကျွန်ုပ်​တို့​သည် သခင့်​အား မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ မည်သို့​ဆို​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​ဖြောင့်မတ်​ကြောင်း မည်သို့​သက်သေပြ​နိုင်​ပါ​မည်နည်း​။ ဘုရားသခင်​သည် သခင့်​အစေအပါး​တို့​၏​ဒုစရိုက်​ကို​တွေ့မြင်​တော်မူ​ပြီ​။ လက်ဝယ်​၌​ခွက်​ရှိ​သော​သူ​မှစ၍ အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 17,
      "text": "သို့သော် ယောသပ်​က “​ထိုသို့​ပြု​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ လက်ဝယ်​၌ ခွက်​ရှိ​သော​သူ​သည် ငါ့​ထံ၌ ကျွန်ခံ​ရ​မည်​။ သင်​တို့​မူကား သင်​တို့​ဖခင်​ထံသို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 18,
      "text": "ထိုအခါ ယုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​အို​၊ အကျွန်ုပ်​သခင်​၊ သခင်​သည် ဖာရော​မင်းကြီး​ကဲ့သို့​ဖြစ်​ပါ​၏​။ သခင့်​အစေအပါး​သည် သခင့်​အား စကား​တစ်ခွန်း​လျှောက်​ပါရစေ​။ သခင့်​အစေအပါး​အပေါ် အမျက်​မ​ထွက်​ပါ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 19,
      "text": "သခင်​က သခင့်​အစေအပါး​တို့​အား ‘​သင်​တို့​၌ ဖခင်​ရှိ​သလော​၊ ညီ​ရှိ​သလော​’​ဟု မေး​သဖြင့်"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 20,
      "text": "အကျွန်ုပ်​တို့​က​လည်း သခင့်​အား ‘​အကျွန်ုပ်​တို့​၌ အသက်ကြီး​ပြီ​ဖြစ်​သော​ဖခင်​နှင့် ဖခင်​အသက်ကြီး​မှ​ရ​သော​သား​အငယ်ဆုံး​တစ်​ယောက်​ရှိ​ပါ​၏​။ သူ​၏​အစ်ကို​ကား သေဆုံး​သွား​ပါ​ပြီ​။ သူ့​မိခင်​ဖွား​သော​သား​တွင် သူ​တစ်ယောက်တည်း​ကျန်​ပါ​၏​။ သူ့​ဖခင်​သည် သူ့​ကို​ချစ်​ပါ​၏​’​ဟု ဖြေကြား​ခဲ့​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 21,
      "text": "ထိုအခါ သခင်​က သခင့်​အစေအပါး​တို့​အား ‘​သူ့​ကို တွေ့မြင်​ရ​ဖို့ ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​လော့​’​ဟု ဆို​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 22,
      "text": "အကျွန်ုပ်​တို့​က​လည်း သခင့်​အား ‘​သူငယ်​သည် အဖေ့​ကို​ထားခဲ့​၍​မ​ရ​ပါ​။ အဖေ့​ကို ထားခဲ့​လျှင် အဖေ​သေ​ပါ​လိမ့်မည်​’​ဟု လျှောက်​ကြ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 23,
      "text": "သို့သော် သခင်​က သခင့်​အစေအပါး​တို့​အား ‘​သင်​တို့​၏​အငယ်ဆုံး​ညီ​ကို သင်​တို့​နှင့်အတူ​မ​ခေါ်ဆောင်​လာ​ခဲ့​ပါက ငါ့​မျက်နှာ​ကို နောက်တစ်ဖန်​သင်​တို့​မြင်​ရ​မည်​မ​ဟုတ်​’​ဟု ဆို​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 24,
      "text": "အကျွန်ုပ်​တို့​သည် သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့​၏​ဖခင်​ထံသို့ ပြန်ရောက်​သောအခါ သခင့်​စကား​ကို ဖခင်​အား​ပြောပြ​ကြ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 25,
      "text": "ထို့နောက် အကျွန်ုပ်​တို့​၏​ဖခင်​က ‘​တစ်ဖန်​သွား​၍ ငါ​တို့​အတွက် အစားအစာ​အနည်းငယ်​ကို ဝယ်ယူ​ကြ​လော့​’​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 26,
      "text": "သို့သော် အကျွန်ုပ်​တို့​က ‘​အကျွန်ုပ်​တို့​မ​သွား​နိုင်​ပါ​။ အငယ်ဆုံး​ညီ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​ပါ​လျှင် ထို​သူ​၏​မျက်နှာ​ကို မြင်​ရ​မည်​မ​ဟုတ်​။ ထို့ကြောင့် အငယ်ဆုံး​ညီ​သည် အကျွန်ုပ်​တို့​နှင့်အတူ​ပါ​လျှင် အကျွန်ုပ်​တို့​သွား​ပါ​မည်​’​ဟု ပြန်ပြော​ကြ​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 27,
      "text": "ထိုအခါ သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့​ဖခင်​က ‘​ငါ့​မယား​သည် ငါ့​အတွက် သား​နှစ်​ယောက်​မွေးဖွား​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 28,
      "text": "တစ်​ယောက်​သည် ငါ့​ထံမှ ထွက်သွား​လေ​ပြီ​။ “သူ​သည် အမှန်ပင် အပိုင်းပိုင်း​ကိုက်ဖြတ်​ခြင်း​ကို​ခံရ​လေ​ပြီ​”​ဟု ငါ​ညည်းတွား​ပြောဆို​ခဲ့​ရ​၏​။ ထို​အချိန်​မှစ၍ သူ့​ကို​ငါ​မ​တွေ့​ရ​တော့​ပေ​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 29,
      "text": "ဤ​တစ်​ယောက်​ကို​လည်း သင်​တို့​သည် ငါ့​ထံမှ​ယူသွား​၍ သူ့​အပေါ်​အန္တရာယ်​ကျရောက်​မည်​ဆို​လျှင် သင်​တို့​သည် ဆံပင်ဖြူ​သူ​ငါ့​ကို ဝမ်းနည်း​စွာ​ဖြင့် မရဏာနိုင်ငံ​သို့ ဆင်းသွား​စေ​ရာ​ရောက်​လိမ့်မည်​’​ဟု အကျွန်ုပ်​တို့​အား ဆို​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 30,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​သည် သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​ဖခင်​ထံသို့​ပြန်ရောက်​သောအခါ အကျွန်ုပ်​တို့​နှင့်အတူ သူငယ်​မ​ပါ​လျှင် အဖေ​၏​အသက်​သည် သူငယ်​၏​အသက်​နှင့်​နှောင်ဖွဲ့ရစ်ပတ်​လျက်​ရှိ​သောကြောင့်"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 31,
      "text": "သူငယ်​မ​ပါ​သည်​ကို​သိမြင်​သောအခါ အဖေ​သည် သေ​ပါ​လိမ့်မည်​။ ကျွန်တော်မျိုး​တို့​သည် သခင့်​အစေအပါး​ဖြစ်​သော ဆံပင်ဖြူသူ​အကျွန်ုပ်​တို့​ဖခင်​ကို ဝမ်းနည်း​စွာ​ဖြင့်​မရဏာနိုင်ငံ​သို့ ဆင်းသွား​စေ​ရာ​ရောက်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 32,
      "text": "သခင့်​အစေအပါး​အကျွန်ုပ်​က ‘​သူငယ်​ကို အဖေ့​ထံသို့​ပြန်​မ​ခေါ်လာ​ခဲ့​လျှင် အကျွန်ုပ်​သည် အဖေ​၏​အပြစ်တင်​ခြင်း​ကို အစဉ်အမြဲ​ခံယူ​ပါ​မည်​’​ဟု ဆို​လျက် အဖေ့​ထံ​သူငယ်​အတွက်​အာမခံ​ခဲ့​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 33,
      "text": "ထို့ကြောင့် သခင့်​အစေအပါး​သည် သူငယ်​အစား သခင့်​ထံ၌ ကျွန်​အဖြစ်​နေရစ်​ခဲ့​ပါရစေ​။ သူငယ်​ကို သူ​၏​အစ်ကို​တို့​နှင့်အတူ ပြန်သွား​ခွင့်​ပြု​ပါ​။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 34,
      "text": "အကျွန်ုပ်​နှင့်အတူ သူငယ်​မ​ပါ​လျှင် အကျွန်ုပ်​သည် ဖခင်​ထံသို့ မည်သို့​ပြန်သွား​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​ဖခင်​ကြုံတွေ့​ရ​မည့်​စိတ်ဒုက္ခ​ကို အကျွန်ုပ်​မ​မြင်​လို​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 1,
      "text": "ထိုအခါ ယောသပ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​သူ​အပေါင်း​တို့​ရှေ့​တွင် မိမိ​စိတ်​ကို မ​ထိန်း​နိုင်​သဖြင့် “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဟစ်အော်​လေ​၏​။ ဤသို့ဖြင့် ယောသပ်​သည် သူ့​အနား​၌ အခြား​မည်သူ​တစ်ယောက်မျှ​မ​ရှိ​သောအခါ မိမိ​ညီအစ်ကို​တို့​အား မိမိ​မည်သူ​ဖြစ်ကြောင်း ပြောပြ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 2,
      "text": "သူ​သည် အသံ​ကို​လွှင့်​၍​ငိုကြွေး​သဖြင့် အီဂျစ်​ပြည်သား​တို့​သည်​ကြား​ကြ​၏​။ ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​သည်​လည်း ကြား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 3,
      "text": "ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သည် ယောသပ်​ဖြစ်​၏​။ အကျွန်ုပ်​၏​ဖခင် အသက်ရှင်​သေး​သလော​”​ဟု မေး​၏​။ သို့သော် ညီအစ်ကို​တို့​သည် ယောသပ်​ရှေ့​၌ ထိတ်လန့်​နေ​ကြ​သဖြင့် သူ့​ကို​ပြန်​မ​ဖြေ​နိုင်​ကြ​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 4,
      "text": "ထိုအခါ ယောသပ်​က ညီအစ်ကို​တို့​အား “​အကျွန်ုပ်​အနား​သို့​လာ​ကြ​ပါ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် အနား​သို့​လာ​ကြ​၏​။ ယောသပ်​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​သို့ သင်​တို့​ရောင်း​လိုက်​သော သင်​တို့​၏​ညီ​ယောသပ်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 5,
      "text": "သို့ရာတွင် အကျွန်ုပ်​ကို ဤ​အရပ်​သို့​ရောင်း​လိုက်​သည့်​အတွက် ဝမ်း​မ​နည်း​ကြ​ပါ​နှင့်​။ ကိုယ့်ကိုယ်ကိုယ်​အမျက်​မ​ထွက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​တို့​အသက်​ကို​စောင်မ​ရန်​အတွက် သင်​တို့​ထက်​အလျင် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 6,
      "text": "မြေကြီး​ပေါ်၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး နှစ်​နှစ်​ဖြစ်​ခဲ့​ပြီ​။ ထွန်ယက်​ခြင်း​၊ ရိတ်သိမ်း​ခြင်း​မ​ပြု​နိုင်​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 7,
      "text": "မြေကြီး​ပေါ်၌ သင်​တို့​အသက်ရှင်​ကျန်ရစ်​စေရန် သင်​တို့​ကို​ထိန်းသိမ်းစောင့်ရှောက်​မည့်​အကြောင်း​၊ ကြီးစွာ​သော​ကယ်တင်​ခြင်း​ဖြင့် သင်​တို့​အသက်ချမ်းသာ​ရာ​ရ​စေ​မည့်​အကြောင်း ဘုရားသခင်​သည် အကျွန်ုပ်​ကို သင်​တို့​ထက်​အလျင် စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 8,
      "text": "သို့ဖြစ်၍ သင်​တို့​သည် အကျွန်ုပ်​ကို ဤ​အရပ်​သို့​စေလွှတ်​သည်​မ​ဟုတ်​။ ဘုရားသခင်​စေလွှတ်​တော်မူ​သည်​ဖြစ်​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဖာရော​မင်းကြီး​၏​အဖ​အရာ​၌​လည်းကောင်း​၊ နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​၏​သခင်​အရာ​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 9,
      "text": "အကျွန်ုပ်​၏​ဖခင်​ထံသို့​အလျင်အမြန်​ပြန်သွား​ကြ​၍ ဖခင်​အား အဖေ့​သား​ယောသပ်​က ‘​ဘုရားသခင်​သည် အကျွန်ုပ်​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၏​သခင်​အရာ​၌ ခန့်ထား​တော်မူ​ပြီ​။ အကျွန်ုပ်​ထံသို့​လာ​ပါ​လော့​။ အချိန်​မ​ဆွဲ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 10,
      "text": "အဖေ​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ရ​မည်​။ အဖေ​နှင့်တကွ အဖေ​၏​သားသမီး​များ​၊ မြေး​များ​၊ သိုးဆိတ်​များ​၊ နွားအုပ်​များ​၊ အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် အကျွန်ုပ်​အနား​တွင်​ရှိ​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 11,
      "text": "ထို​အရပ်​၌ အဖေ့​ကို အကျွန်ုပ်​ကျွေးမွေးပြုစု​ပါ​မည်​။ သို့မဟုတ်လျှင် အဖေ​မှစ၍ အဖေ​၏​အိမ်သူအိမ်သား​များ​နှင့်​အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီးဆုံးရှုံး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​’​ဟူ၍ မှာလိုက်​ကြောင်း ပြော​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 12,
      "text": "သင်​တို့​အား အကျွန်ုပ်ကိုယ်တိုင်​ပြော​သည်​ကို သင်​တို့​မျက်မြင်​၊ အကျွန်ုပ်​ညီ​ဗင်္ယာမိန်​မျက်မြင် ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 13,
      "text": "အီဂျစ်​ပြည်​၌ အကျွန်ုပ်​ရ​သော​ဂုဏ်သရေ​ရှိသမျှ​နှင့် သင်​တို့​တွေ့မြင်​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​၏​ဖခင်​အား​ပြောပြ​ရ​မည်​။ သင်​တို့​သည် အလျင်အမြန်​သွား​၍ အကျွန်ုပ်​၏​ဖခင်​ကို ဤ​အရပ်​သို့​ခေါ်ဆောင်​ခဲ့​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 14,
      "text": "ထို့နောက် ယောသပ်​သည် မိမိ​ညီ​ဗင်္ယာမိန်​၏​လည်ပင်း​ကို​ဖက်​၍ ငိုကြွေး​လေ​၏​။ ဗင်္ယာမိန်​သည်​လည်း ယောသပ်​၏​လည်ပင်း​ကို​ဖက်​၍ ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 15,
      "text": "ယောသပ်​သည် မိမိ​၏​အစ်ကို​အပေါင်း​တို့​ကို​လည်း​နမ်း​၍ ငိုကြွေး​လေ​၏​။ ထို့နောက်မှ သူ​၏​ညီအစ်ကို​တို့​သည် သူ​နှင့်​စကားပြော​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 16,
      "text": "“​ယောသပ်​၏​ညီအစ်ကို​တို့​ရောက်​နေ​ကြ​၏​”​ဟု ပြောဆို​သော​သတင်း​ကို နန်းတော်​မှ​ဖာရော​မင်းကြီး ကြား​သောအခါ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 17,
      "text": "ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​သင်​၏​ညီအစ်ကို​တို့​အား ‘​ဤသို့​ပြု​ကြ​လော့​။ သင်​တို့​၏​တိရစ္ဆာန်​တို့​ကို​ဝန်တင်​၍ ခါနာန်​ပြည်​သို့​ပြန်​သွား​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 18,
      "text": "သင်​တို့​၏​ဖခင်​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​ကို​ခေါ်​၍ ငါ့​ထံသို့​လာ​ကြ​လော့​။ အီဂျစ်​ပြည်​ရှိ​အကောင်းဆုံး​သော​အရာ​ကို သင်​တို့​အား​ငါ​ပေး​မည်​။ ဤ​ပြည်​၏​အဆီအနှစ်​ကို​စား​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 19,
      "text": "ငါ​မိန့်ဆို​သည့်​အတိုင်း ပြု​ကြ​လော့​။ အီဂျစ်​ပြည်​မှ​လှည်း​တို့​ကို ယူသွား​၍ သင်​တို့​၏​ကလေး​များ​၊ မိန်းမ​များ​နှင့် သင်​တို့​၏​ဖခင်​ကို ခေါ်ဆောင်​လာ​ခဲ့​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 20,
      "text": "သင်​တို့​ပစ္စည်း​များ​ကို မ​နှမြော​နှင့်​။ အကြောင်းမူကား အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ​အကောင်းဆုံး​သော​အရာ​သည် သင်​တို့​ဥစ္စာ​ဖြစ်​၏​’​ဟူ၍ မှာကြား​လော့​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 21,
      "text": "အစ္စရေး​၏​သား​တို့​သည် ထိုအတိုင်း​ပြု​ကြ​၏​။ ယောသပ်​သည် ဖာရော​မင်းကြီး​၏​အမိန့်​အတိုင်း သူ​တို့​အား လှည်း​များ​ကို ပေး​၍ လမ်းခရီး​အတွက် စားနပ်ရိက္ခာ​ကို ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 22,
      "text": "သူ​တို့​အားလုံး​ကို လဲစရာ​အဝတ်​တစ်စုံစီ​ပေး​၏​။ ဗင်္ယာမိန်​ကို​မူကား ငွေစ​သုံး​ရာ​နှင့် လဲစရာ​အဝတ်​ငါး​စုံ​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 23,
      "text": "ထို့ပြင် မိမိ​ဖခင်​ထံသို့ အီဂျစ်​ပြည်​ရှိ​အကောင်းဆုံး​သော​အရာ​များ​ကို တင်ဆောင်​သော​မြည်း​ဆယ်​ကောင်​ကို​လည်းကောင်း​၊ လမ်းခရီး​တွင် ဖခင်​စား​ရန် ဂျုံစပါး​၊ မုန့်​၊ စားနပ်ရိက္ခာ​ကို​တင်ဆောင်​သော မြည်းမ​ဆယ်​ကောင်​ကို​လည်းကောင်း ပို့ပေး​လိုက်​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 24,
      "text": "ထို့နောက် ယောသပ်​သည် သူ​၏​ညီအစ်ကို​တို့​ကို​လွှတ်လိုက်​၍ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​အား “​လမ်းခရီး​၌ ခိုက်ရန်​မ​ဖြစ်​ကြ​နှင့်​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 25,
      "text": "သူ​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်ခွာ​၍ ခါနာန်​ပြည်​ရှိ မိမိ​တို့​ဖခင်​ယာကုပ်​ထံသို့​ပြန်ရောက်​ကြ​သောအခါ"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 26,
      "text": "သူ​တို့​က ဖခင်​အား “​ယောသပ်​သည် အသက်ရှင်​လျက်​ရှိ​သေး​၏​။ သူ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​ဖြစ်​နေ​၏​”​ဟု ပြောပြ​ကြ​၏​။ သို့သော် ယာကုပ်​သည် အံ့ဩမှင်တက်​လျက် သူ​တို့​ကို​မ​ယုံ​နိုင်​ဘဲ​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 27,
      "text": "သူ​တို့​သည် ယောသပ်​ပြော​သော​စကား​အလုံးစုံ​ကို ယာကုပ်​အား​ပြောပြ​ပြီး သူ့​ကို​ခေါ်ဆောင်​ရန်​အတွက် ယောသပ်​ပေးလိုက်​သော​လှည်း​များ​ကို​မြင်​သောအခါ​မှ သူ​တို့​၏​ဖခင်​ယာကုပ်​သည် သတိ​ပြန်ဝင်​လာ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 28,
      "text": "ထိုအခါ အစ္စရေး​က “​လုံလောက်​ပြီ​။ ငါ့​သား​ယောသပ် အသက်ရှင်​သေး​၏​။ ငါ​မ​သေ​မီ သူ့​ကို​သွား​တွေ့​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 1,
      "text": "ထို့နောက် အစ္စရေး​သည် မိမိ​ပိုင်ဆိုင်​သမျှ​ကို​ယူဆောင်​လျက် ခရီးပြု​လေ​၏​။ ဗေရရှေဘ​အရပ်​သို့​ရောက်​သော် မိမိ​ဖခင်​ဣဇက်​၏​ဘုရားသခင်​အား ယဇ်​ပူဇော်​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 2,
      "text": "ဘုရားသခင်​သည် ညအချိန်​၌ စိတ်အာရုံ​ဖြင့် အစ္စရေး​အား “​ယာကုပ်​၊ ယာကုပ်​”​ဟု ခေါ်​လျှင် ယာကုပ်​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 3,
      "text": "ဘုရားသခင်​က “​ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ သင့်​ဖခင်​၏​ဘုရား​ဖြစ်​၏​။ အီဂျစ်​ပြည်​သို့ သင်​ဆင်းသွား​ရ​မည်​ကို မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် ထို​အရပ်​၌ သင့်​ကို လူမျိုး​ကြီး​ဖြစ်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 4,
      "text": "ငါ​သည် သင်​နှင့်အတူ အီဂျစ်​ပြည်​သို့​ဆင်းသွား​မည်​။ ငါ​သည် သင့်​ကို ဧကန်​ပြန်ခေါ်ဆောင်​ခဲ့​ဦး​မည်​။ ယောသပ်​သည် မိမိ​လက်​ဖြင့် သင်​၏​မျက်စိ​ကို​ပိတ်ပေး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 5,
      "text": "ထို့နောက် ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထသွား​လေ​၏​။ ယာကုပ်​ကို​ခေါ်ဆောင်​ရန်​အတွက် ဖာရော​မင်းကြီး​ပေးလိုက်​သော​လှည်း​များ​ဖြင့် အစ္စရေး​၏​သား​တို့​သည် မိမိ​တို့​ဖခင်​ယာကုပ်​နှင့်တကွ ကလေး​များ​၊ မိန်းမ​များ​ကို​ခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 6,
      "text": "သူ​တို့​သည် မိမိ​တို့​၏​တိရစ္ဆာန်​များ​နှင့် ခါနာန်​ပြည်​၌​မိမိ​တို့​စုဆောင်း​ရရှိ​သည့်​ဥစ္စာ​များ​ကို​လည်း ယူသွား​ကြ​၏​။ ဤသို့ဖြင့် ယာကုပ်​နှင့်တကွ သူ​နှင့်အတူ​နေ​သော​သူ​၏​သားမြေး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​သို့​သွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 7,
      "text": "ယာကုပ်​သည် သူ​၏​သားသမီး​များ​၊ သား​သမီး​တို့​၏​သား​သမီး​များ​စသော မိမိ​သားမြေး​အပေါင်း​တို့​ကို အီဂျစ်​ပြည်​သို့ မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 8,
      "text": "အီဂျစ်​ပြည်​သို့​ရောက်လာ​သော အစ္စရေး​၏​သားမြေး​များ​တည်းဟူသော ယာကုပ်​နှင့်​သူ​၏​သားမြေး​များ​၏​အမည်​ကား ဤသို့​တည်း​။ ယာကုပ်​၏​သားဦး​မှာ ရုဗင် ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 9,
      "text": "ရုဗင်​၏​သား​များ​မှာ ဟာနုတ်​၊ ဖာလု​၊ ဟေဇရုန်​၊ ကာမိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 10,
      "text": "ရှိမောင်​၏​သား​များ​မှာ ယေမွေလ​၊ ယာမိန်​၊ ဩဟဒ်​၊ ယာခိန်​၊ ဇောဟာ​နှင့် ခါနာန်​အမျိုးသမီး​၏​သား​ရှောလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 11,
      "text": "လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 12,
      "text": "ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 13,
      "text": "ဣသခါ​၏​သား​များ​မှာ တောလ​၊ ဖုဝါ​၊ ယောဘ​၊ ရှိမရုန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 14,
      "text": "ဇာဗုလုန်​၏​သား​များ​မှာ သရက်​၊ ဧလုန်​၊ ယာလေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 15,
      "text": "ဤ​သူ​တို့​ကား ပါဒန်အာရံ​ပြည်​၌ ယာကုပ်​အတွက် လေအာ​မွေးဖွား​ပေး​သော လေအာ​၏​သား​များ​ဖြစ်​ကြ​၏​။ သမီး​ဒိန​အပါအဝင် ယာကုပ်​၏​သား​သမီး​စုစုပေါင်း​မှာ သုံးဆယ့်​သုံး​ယောက်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 16,
      "text": "ဂဒ်​၏​သား​များ​မှာ ဇိဖျုန်​၊ ဟဂ္ဂိ​၊ ရှုနိ​၊ ဧဇဗုန်​၊ ဧရိ​၊ အရောဒိ​၊ အရေလိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 17,
      "text": "အာရှာ​၏​သား​များ​မှာ ဣမန​၊ ဣရွာ​၊ ဣရွှိ​၊ ဗေရိယ​နှင့် သူ​တို့​၏​နှမ​စေရ တို့​ဖြစ်​ကြ​၏​။ ဗေရိယ​၏​သား​များ​မှာ ဟေဗာ​၊ မာလချေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 18,
      "text": "ဤ​သူ​တို့​ကား လာဗန်​က မိမိ​သမီး​လေအာ​အား​လက်ဖွဲ့​အဖြစ်​ပေး​သော ဇိလပ​၏​သား​များ​ဖြစ်​ကြ​၏​။ ဇိလပ​သည် ယာကုပ်​အတွက် ဤ​သား​တစ်ဆယ့်​ခြောက်​ယောက်​ကို မွေးဖွား​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 19,
      "text": "ယာကုပ်​မယား ရာခေလ​၏​သား​များ​မှာ ယောသပ်​၊ ဗင်္ယာမိန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 20,
      "text": "ယောသပ်​သည် အီဂျစ်​ပြည်​၌ သား​မနာရှေ​နှင့်​ဧဖရိမ်​ကို​ရ​၏​။ ထို​သား​တို့​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး​အာသနတ်​က ယောသပ်​အတွက်​မွေးဖွား​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 21,
      "text": "ဗင်္ယာမိန်​၏​သား​များ​မှာ ဗေလ​၊ ဗေခါ​၊ အာရှဗေလ​၊ ဂေရ​၊ နေမန်​၊ ဧဟိ​၊ ရောရှ​၊ မုပိမ်​၊ ဟုပိမ်​၊ အာရဒ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 22,
      "text": "ဤ​သူ​တို့​ကား ယာကုပ်​အတွက် ရာခေလ​မွေးဖွား​ပေး​သော ရာခေလ​၏​သား​များ​ဖြစ်၍ စုစုပေါင်း တစ်ဆယ့်​လေး​ယောက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 23,
      "text": "ဒန်​၏​သား​မှာ ဟုရှိမ် ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 24,
      "text": "နဿလိ​၏​သား​များ​မှာ ယာဇေလ​၊ ဂုနိ​၊ ယေဇာ​၊ ရှိလင် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 25,
      "text": "ဤ​သူ​တို့​ကား လာဗန်​က မိမိ​သမီး​ရာခေလ​အား​လက်ဖွဲ့​အဖြစ်​ပေး​သော ဗိလဟာ​၏​သား​များ​ဖြစ်​ကြ​၏​။ ဗိလဟာ​သည် ယာကုပ်​အတွက် ဤ​သား​တို့​ကို​မွေးဖွား​ပေး​၍ စုစုပေါင်း​ခုနစ်​ယောက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 26,
      "text": "ယာကုပ်​ချွေးမ​များ​ကို​ထည့်မတွက်​ဘဲ ယာကုပ်​နှင့်အတူ အီဂျစ်​ပြည်​သို့​ရောက်လာ​သည့် ယာကုပ်​မှ​ဆင်းသက်​လာ​သူ​အားလုံး စုစုပေါင်း​ခြောက်ဆယ့်​ခြောက်​ယောက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 27,
      "text": "အီဂျစ်​ပြည်​၌ ယောသပ်​ရ​နှင့်​သော သား​နှစ်​ယောက်​ရှိ​၏​။ သို့ဖြစ်၍ အီဂျစ်​ပြည်​သို့​ရောက်​သော ယာကုပ်​၏​အိမ်သူအိမ်သား​စုစုပေါင်း​မှာ အယောက်​ခုနစ်ဆယ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 28,
      "text": "ဂေါရှင်​အရပ်​သို့ ရောက်လာ​ကြ​သောအခါ ယာကုပ်​သည် ဂေါရှင်​အရပ်​၌ မိမိ​အား လာရောက်​တွေ့ဆုံ​ရန် ယောသပ်​ထံသို့​ယုဒ​ကို အလျင်​စေလွှတ်​လိုက်​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 29,
      "text": "ယောသပ်​သည် မိမိ​ရထား​ကို​အသင့်ပြင်ဆင်​စေ​ပြီးလျှင် မိမိ​ဖခင်​အစ္စရေး​နှင့်​တွေ့ဆုံ​ရန် ဂေါရှင်​အရပ်​သို့​သွား​လေ​၏​။ ဖခင်​ကို​တွေ့​သောအခါ ဖခင်​၏​လည်ပင်း​ကို​ဖက်​၍ အတန်ကြာ​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 30,
      "text": "ထိုအခါ အစ္စရေး​က ယောသပ်​အား “​သင်​အသက်ရှင်​နေ​သေး​သည်​ကို ငါ​တွေ့မြင်​ရ​ပြီ​ဖြစ်၍ ယခု ငါ​သေ​ပျော်​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 31,
      "text": "ယောသပ်​သည် မိမိ​၏​ညီအစ်ကို​တို့​နှင့်​မိမိ​ဖခင်​၏​အိမ်သူအိမ်သား​တို့​အား “​အကျွန်ုပ်​သွား​၍ ဖာရော​မင်းကြီး​နှင့်​စကားပြော​မည်​။ သူ့​အား ‘​ခါနာန်​ပြည်​၌​နေ​သော အကျွန်ုပ်​၏​ညီအစ်ကို​များ​နှင့်​အကျွန်ုပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည် အကျွန်ုပ်​ထံသို့​ရောက်လာ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 32,
      "text": "သူ​တို့​သည် သိုးဆိတ်​ကို​ထိန်းကျောင်း​သော​သူ​များ​၊ တိရစ္ဆာန်​မွေးမြူ​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။ သူ​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​နှင့် သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​ကို ယူဆောင်​လာ​ကြ​ပါ​ပြီ​’​ဟု အကျွန်ုပ်​လျှောက်ထား​ပါ​မည်​။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 33,
      "text": "ဖာရော​မင်းကြီး​က သင်​တို့​ကို​ခေါ်​၍ ‘​သင်​တို့​သည် မည်သည့်​အလုပ်​ကို​လုပ်ကိုင်​ကြ​သနည်း​’​ဟု မေး​ခဲ့​လျှင်"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 34,
      "text": "သင်​တို့​က ‘​အကျွန်ုပ်​တို့​၏​ဘိုးဘေး​မှစ၍ အရှင့်​အစေအပါး​ဖြစ်​သော​အကျွန်ုပ်​တို့​သည် ငယ်ရွယ်စဉ်​မှ ယခု​တိုင်အောင် တိရစ္ဆာန်​မွေးမြူ​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​’​ဟု လျှောက်​ရ​မည်​။ သို့မှသာ သင်​တို့​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ခွင့်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သိုးထိန်း​ဟူသမျှ​ကို အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​ကြ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 1,
      "text": "ထို့နောက် ယောသပ်​သည် ဖာရော​မင်းကြီး​ထံသို့​သွား​၍ “​အကျွန်ုပ်​၏​ဖခင်​နှင့်​ညီအစ်ကို​တို့​သည် မိမိ​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​မှစ၍ သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​နှင့်တကွ ခါနာန်​ပြည်​မှ​ဂေါရှင်​အရပ်​သို့ ယခု​ရောက်လာ​ကြ​ပါ​ပြီ​”​ဟု လျှောက်​ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 2,
      "text": "ယောသပ်​သည် မိမိ​ညီအစ်ကို​များ​ထဲ​မှ ငါး​ယောက်​ကို​ရွေး​ပြီး ဖာရော​မင်းကြီး​ရှေ့​သို့​သွင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 3,
      "text": "ဖာရော​မင်းကြီး​က ယောသပ်​၏​ညီအစ်ကို​တို့​အား “​သင်​တို့​သည် မည်သည့်​အလုပ်​ကို​လုပ်ကိုင်​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​က “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​မှစ၍ သခင့်​အစေအပါး​အကျွန်ုပ်​တို့​သည် သိုးထိန်း​များ​ဖြစ်​ကြ​ပါ​၏​”​ဟု ဖာရော​မင်းကြီး​အား လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 4,
      "text": "တစ်ဖန် သူ​တို့​က “​ခါနာန်​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သဖြင့် သခင့်​အစေအပါး​တို့​၌​ရှိ​သော​သိုးဆိတ်​များ​အတွက် စားကျက်​မ​ရှိ​သောကြောင့် အကျွန်ုပ်​တို့​သည် ဤ​ပြည်​၌​တည်းခိုနေထိုင်​ရန်​ရောက်လာ​ကြ​ပါ​၏​။ သို့ဖြစ်၍ သခင့်​အစေအပါး​တို့​ကို ဂေါရှင်​အရပ်​၌ နေထိုင်​ခွင့်​ပြု​ပါ​”​ဟု ဖာရော​မင်းကြီး​အား​လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 5,
      "text": "ထိုအခါ ဖာရော​မင်းကြီး​က ယောသပ်​အား “​သင့်​ဖခင်​နှင့်​သင့်​ညီအစ်ကို​တို့​သည် သင့်​ထံသို့​ရောက်လာ​ကြ​ပြီ​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 6,
      "text": "အီဂျစ်​ပြည်​သည် သင့်​မျက်စိ​ရှေ့​၌​ရှိ​၏​။ သင့်​ဖခင်​နှင့်​သင့်​ညီအစ်ကို​တို့​ကို ဤ​ပြည်​၏​အကောင်းဆုံး​နေရာ​၌ နေရာချ​ပေး​လော့​။ ဂေါရှင်​အရပ်​၌ နေထိုင်​စေ​လော့​။ သူ​တို့​ထဲ၌ အရည်အချင်း​ရှိ​သူ​ပါ​ကြောင်း သင်​သိ​လျှင် သူ​တို့​အား ငါ​၏​တိရစ္ဆာန်​တို့​ကို​ကြီးကြပ်ကွပ်ကဲ​သူ​အဖြစ် ခန့်ထား​လော့​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 7,
      "text": "ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​ယာကုပ်​ကို​ခေါ်ဆောင်​လာ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​စေ​၏​။ ယာကုပ်​သည်​လည်း ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 8,
      "text": "ဖာရော​မင်းကြီး​က “​သင်​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ မည်မျှ​ရှိ​ပြီ​နည်း​”​ဟု ယာကုပ်​အား​မေး​လျှင်"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 9,
      "text": "ယာကုပ်​က “​အကျွန်ုပ်​သွားလာနေထိုင်​ခဲ့​သော နေ့ရက်​နှစ်ကာလ​မှာ တစ်ရာ့​သုံးဆယ်​ရှိ​ပါ​ပြီ​။ အကျွန်ုပ်​အသက်ရှင်​သော နေ့ရက်​နှစ်ကာလ​သည် တိုတောင်း​၍​ဆိုးရွား​ပါ​၏​။ အကျွန်ုပ်​ဘိုးဘေး​တို့ အသက်ရှင်​သွားလာ​နေထိုင်​ခဲ့​သော နေ့ရက်​နှစ်ကာလ​ကို မ​မီ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 10,
      "text": "ထို့နောက် ယာကုပ်​သည် ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​ပြီးလျှင် ဖာရော​မင်းကြီး​၏​ရှေ့​မှ​ထွက်သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 11,
      "text": "ယောသပ်​သည် ဖာရော​မင်းကြီး​မိန့်မှာ​သည့်​အတိုင်း မိမိ​ဖခင်​နှင့်​မိမိ​ညီအစ်ကို​တို့​ကို​နေရာချ​ပေး​၏​။ အီဂျစ်​ပြည်​ရှိ အကောင်းဆုံး​နေရာ​ဖြစ်​သော ရာမသက်​အရပ်​ကို သူ​တို့​ပိုင်ဆိုင်​ရာ​အဖြစ်​ပေး​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 12,
      "text": "ထို့ပြင် ယောသပ်​သည် မိမိ​ဖခင်​၊ မိမိ​ညီအစ်ကို​တို့​မှစ၍ ဖခင်​၏​အိမ်သူအိမ်သား​အားလုံး​တို့​၌​ရှိ​သော ကလေး​အရေအတွက်​အလိုက် အစားအစာ​ထောက်ပံ့​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 13,
      "text": "ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် ပို၍​ဆိုးရွား​လာ​သောကြောင့် အပြည်ပြည်​၌ စားစရာ​မ​ရှိ​တော့​ပေ​။ ထို​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြောင့် အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​သည် ဆင်းရဲဒုက္ခ​ခံရ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 14,
      "text": "အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​မှ​လူ​တို့​စားနပ်ရိက္ခာ​ဝယ်ယူ​ကြ​သဖြင့် ရရှိ​သော​ငွေ​အားလုံး​ကို ယောသပ်​သည် စုသိမ်း​၍ ထို​ငွေ​ကို ဖာရော​မင်းကြီး​၏​နန်းတော်​သို့​သွင်း​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 15,
      "text": "အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​၌ ငွေ​ကုန်​သောအခါ အီဂျစ်​ပြည်သား​အပေါင်း​တို့​သည် ယောသပ်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​ငွေ​ကုန်​ပါ​ပြီ​။ သခင့်​ရှေ့​၌ အဘယ်ကြောင့် အကျွန်ုပ်​တို့​သေ​ရ​မည်နည်း​။ အကျွန်ုပ်​တို့​ကို စားစရာ​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 16,
      "text": "ထိုအခါ ယောသပ်​က “​ငွေ​ကုန်​လျှင် သင်​တို့​၏​တိရစ္ဆာန်​တို့​ကို​ယူ​ခဲ့​ကြ​လော့​။ သင်​တို့​၏​တိရစ္ဆာန်​အစား စားစရာ​ကို သင်​တို့​အား​ငါ​ပေး​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 17,
      "text": "သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​တိရစ္ဆာန်​တို့​ကို ယောသပ်​ထံသို့​ယူဆောင်​လာ​ကြ​၏​။ ထိုအခါ ယောသပ်​သည် မြင်း​များ​၊ သိုးဆိတ်​နွား စသည့်​တိရစ္ဆာန်​များ​၊ မြည်း​များ​အစား စားစရာ​ကို သူ​တို့​အား​ပေး​လေ​၏​။ ထို​နှစ်​၌ ယောသပ်​သည် သူ​တို့​ယူဆောင်​လာ​သော​တိရစ္ဆာန်​အားလုံး​ကို အစားအစာ​နှင့်​လဲလှယ်​ပေး​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 18,
      "text": "ထို​နှစ်​ကုန်​ပြီး ဒုတိယ​နှစ်​၌ သူ​တို့​သည် ယောသပ်​ထံသို့​ရောက်လာ​၍ “​အကျွန်ုပ်​တို့​သည် သခင့်​အား မည်သည့်​အရာ​ကို​မျှ​မ​ထိမ်ဝှက်​ထား​ပါ​။ အကျွန်ုပ်​တို့​ငွေ​ကုန်​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​သည်​လည်း သခင့်​ဥစ္စာ​ဖြစ်​ပါ​ပြီ​။ သခင့်​ရှေ့​၌ အကျွန်ုပ်​တို့​၏​ကိုယ်ခန္ဓာ​နှင့်​မြေ​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ကျန်​တော့​ပါ​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 19,
      "text": "အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​၏​မြေ​သည် သခင့်​ရှေ့​၌ အဘယ်ကြောင့်​ပျက်စီး​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​၏​မြေ​ကို​ဝယ်​၍ ထို​အစား စားစရာ​ပေး​ပါ​လော့​။ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​မြေ​နှင့်တကွ ဖာရော​မင်းကြီး​ထံ၌ ကျွန်ခံ​ပါ​မည်​။ အကျွန်ုပ်​တို့ မ​သေ​ဘဲ အသက်ရှင်​ကြ​ရ​မည့်​အကြောင်း​၊ မြေ​သည်​လည်း မ​ပျက်စီး​မည့်​အကြောင်း မျိုးစေ့​ကို​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 20,
      "text": "ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် အီဂျစ်​လူမျိုး​တို့​အပေါ် ဆိုးရွား​စွာ​ကျရောက်​သဖြင့် ကိုယ်​ပိုင်သောမြေ​အသီးသီး​ကို​ရောင်း​ကြ​၏​။ ထို့ကြောင့် ယောသပ်​သည် ဖာရော​မင်းကြီး​အဖို့ အီဂျစ်​ပြည်​ရှိ​မြေ​အားလုံး​ကို ဝယ်ယူ​လေ​၏​။ ဤသို့ဖြင့် ထို​မြေ​တို့​သည် ဖာရော​မင်းကြီး​၏​အပိုင်​ဖြစ်လာ​၍"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 21,
      "text": "အီဂျစ်​ပြည်​၏​နယ်နိမိတ်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင်​ရှိ​သော လူ​တို့​ကို မြို့​များ​သို့​ပြောင်းရွှေ့ ​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 22,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ဖာရော​မင်းကြီး​ထံမှ​အစားအစာ​ရရှိ​သည်​ဖြစ်၍ သူ​တို့​သည် ဖာရော​မင်းကြီး​ပေး​သော အစားအစာ​ကို​စား​ရ​ကြ​သောကြောင့် မိမိ​တို့​၏​မြေ​ကို​မ​ရောင်း​ကြ​ပေ​။ ထို့ကြောင့် သူ​တို့​၏​လယ်​ကို​ကား ယောသပ် မ​ဝယ်​ပေ​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 23,
      "text": "ယောသပ်​က လူ​တို့​အား “​ယနေ့ ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​မြေ​ကို ဖာရော​မင်းကြီး​အဖို့ ဝယ်ယူ​ပြီ​။ သင်​တို့​သည် မျိုးစေ့​ကို​ယူ​၍ မြေ​၌ စိုက်ပျိုး​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 24,
      "text": "အသီးအနှံ​၏​ငါးပုံတစ်ပုံ​ကို ဖာရော​မင်းကြီး​အား​ဆက်သ​ရ​မည်​။ လေး​ပုံ​သည် လယ်ယာ​အတွက်​မျိုးစေ့​၊ သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​များ​မှစ၍ သင်​တို့​၏​ကလေး​များ​စားသုံး​ရန်​အတွက်​အစားအစာ ဖြစ်​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 25,
      "text": "သူ​တို့​က​လည်း “​သခင်​သည် အကျွန်ုပ်​တို့​၏​အသက်​ကို​ကယ်တင်​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါစေသော​။ အကျွန်ုပ်​တို့​သည် ဖာရော​မင်းကြီး​ထံ​ကျွန်ခံ​ကြ​ပါ​မည်​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 26,
      "text": "ဤသို့ဖြင့် ငါးပုံတစ်ပုံ​သည် ဖာရော​မင်းကြီး​အပိုင်​ဖြစ်​၏​ဟု ယောသပ်​စီရင်​ခဲ့​သော​စည်းမျဉ်းဥပဒေ​သည် အီဂျစ်​ပြည်​၌ ယနေ့​တိုင်အောင်​တည်​၏​။ ယဇ်ပုရောဟိတ်​တို့​၏​မြေ​ကို​ကား ဖာရော​မင်းကြီး​မ​ပိုင်​ပေ​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 27,
      "text": "အစ္စရေး​လူမျိုး​တို့​သည် အီဂျစ်​ပြည်​၊ ဂေါရှင်​အရပ်​၌ နေထိုင်​လေ​၏​။ ထို​ပြည်​၌ သူ​တို့​သည် ကြီးပွားချမ်းသာ​၍ အလွန်​တိုးပွား​များပြား​လာ​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 28,
      "text": "ယာကုပ်​သည် အီဂျစ်​ပြည်​၌ တစ်ဆယ့်​ခုနစ်​နှစ်​အသက်ရှင်​နေထိုင်​ခဲ့​၏​။ ယာကုပ်​အသက်ရှင်​ခဲ့​သော​နေ့ရက်​နှစ်ကာလ​များ​မှာ တစ်ရာ​လေးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 29,
      "text": "အစ္စရေး​သည် သေ​ရ​မည့်​နေ့ရက်​နီး​သောအခါ မိမိ​သား​ယောသပ်​အား​ခေါ်​၍ “​ယခု ငါ​သည် သင့်​ရှေ့​၌​မျက်နှာရ​လျှင် သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​ပြီး ငါ့​အား​မေတ္တာကရုဏာ​ပြ​၍ သစ္စာ​ပြု​ပါ​။ အီဂျစ်​ပြည်​၌ ငါ့​ကို​မ​သင်္ဂြိုဟ်​ပါ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 30,
      "text": "ငါ​သည် ငါ​၏​ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သောအခါ သင်​သည် ငါ့​ကို​အီဂျစ်​ပြည်​မှ​ဆောင်သွား​၍ ငါ့​ဘိုးဘေး​တို့​၏​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​”​ဟု ဆို​၏​။ ယောသပ်​က​လည်း “​အဖေ့​စကား​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 31,
      "text": "အစ္စရေး​က “​ငါ့​အား ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင် ယောသပ်​သည် သူ့​အား​ကျိန်ဆို​လေ​၏​။ ထို့နောက် အစ္စရေး​သည် ခုတင်​ခေါင်းရင်း​၌ ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 1,
      "text": "ထို့နောက်တွင် “​သခင်​၏​ဖခင် နာမကျန်း​ဖြစ်​နေ​၏​”​ဟု ယောသပ်​ကြား​ရ​လျှင် သား​နှစ်​ယောက်​ဖြစ်​သော မနာရှေ​နှင့်​ဧဖရိမ်​ကို မိမိ​နှင့်အတူ ဖခင်​ထံသို့ ခေါ်ဆောင်​သွား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 2,
      "text": "“​သင့်​သား​ယောသပ်​သည် သင့်​ထံသို့​ရောက်လာ​ပါ​ပြီ​”​ဟု ယာကုပ်​ကြား​သောအခါ အစ္စရေး​သည် အားတင်း​၍ ခုတင်​ပေါ်တွင်​ထထိုင်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 3,
      "text": "ထို့နောက် ယာကုပ်​က ယောသပ်​အား “​အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် ခါနာန်​ပြည်​၊ လုဇ​မြို့​၌ ငါ့​အား ကိုယ်ထင်ရှားပြ​တော်မူ​၍ ငါ့​ကို​ကောင်းချီးပေး​လျက်"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 4,
      "text": "‘​ငါ​သည် သင့်​ကို တိုးပွား​များပြား​စေ​၍ လူမျိုးကြီး​ဖြစ်​စေ​မည်​။ ဤ​ပြည်​ကို နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 5,
      "text": "အီဂျစ်​ပြည်​သို့​ငါ​မ​ရောက်လာ​မီ အီဂျစ်​ပြည်​၌ သင်​ရ​နှင့်​သော သား​နှစ်​ယောက်​သည် ငါ့​သား​များ​ဖြစ်​၏​။ ဧဖရိမ်​နှင့်​မနာရှေ​သည် ရုဗင်​နှင့်​ရှိမောင်​ကဲ့သို့ ငါ့​သား​များ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 6,
      "text": "သူ​တို့​နောက်မှ သင်​ရ​သော​သားသမီး​များ​ကား သင်​၏​သားသမီး​များ​ဖြစ်​၏​။ ထို​သားသမီး​တို့​သည် မိမိ​တို့​အမွေ​ကို မိမိ​အစ်ကို​တို့​အမည်​ဖြင့် မှတ်​ရ​မည်​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 7,
      "text": "ငါ​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​သောအခါ ခါနာန်​ပြည်​သို့​အပြန်လမ်း​၌ ဧဖရတ်​အရပ်​သို့​ရောက်​ရန်​အလှမ်းဝေး​သေး​သော​နေရာ​တွင် ရာခေလ​သည် ငါ့​မျက်စိ​ရှေ့​မှာ​ပင် သေဆုံး​၍ သူ့​ကို ဗက်လင် ခေါ် ဧဖရတ်​မြို့​သို့​သွား​ရာ​လမ်း​၌ သင်္ဂြိုဟ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 8,
      "text": "အစ္စရေး​သည် ယောသပ်​၏​သား​တို့​ကို​မြင်​သောအခါ “​ဤ​သူ​တို့​ကား မည်သူ​နည်း​”​ဟု မေး​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 9,
      "text": "ယောသပ်​က “​သူ​တို့​သည် ဤ​ပြည်​၌ အကျွန်ုပ်​အား​ဘုရားသခင်​ပေး​တော်မူ​သော အကျွန်ုပ်​၏​သား​များ​ဖြစ်​ပါ​၏​”​ဟု ဖခင်​အား​ပြန်ဖြေ​၏​။ အစ္စရေး​က “​သူ​တို့​ကို ငါ့​နား​သို့ ခေါ်လာ​လော့​။ သူ​တို့​ကို ငါ​ကောင်းချီးပေး​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 10,
      "text": "အစ္စရေး​သည် အသက်ကြီး​သောကြောင့် မျက်စိ​မှုန်​၍​မ​မြင်​နိုင်​ပေ​။ ထို့ကြောင့် ယောသပ်​သည် သူ​၏​သား​တို့​ကို အစ္စရေး​အနီး​သို့​ခေါ်လာ​၏​။ ထိုအခါ အစ္စရေး​သည် ယောသပ်​၏​သား​တို့​ကို​နမ်း​ပြီး ပွေ့ဖက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 11,
      "text": "အစ္စရေး​က ယောသပ်​အား “​သင်​၏​မျက်နှာ​ကို​တွေ့မြင်​ရ​လိမ့်မည်​ဟု ငါ​မ​ထင်​ခဲ့​ပေ​။ သို့သော် ဘုရားသခင်​သည် သင်​၏​သားသမီး​တို့​ကို​ပင် ငါ့​ကို​တွေ့မြင်​ခွင့်​ပေး​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 12,
      "text": "ယောသပ်​သည် မိမိ​၏​သား​တို့​ကို ဖခင်​၏​ဒူး​ကြား​မှ​ထုတ်​ပြီးလျှင် မြေ​မှာ​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 13,
      "text": "ထို့နောက် ယောသပ်​သည် မိမိ​၏​သား​နှစ်​ယောက်​ကို​ယူ​၍ မိမိ​လက်ယာ​ဘက်​၌​ရှိ​သော​ဧဖရိမ်​ကို အစ္စရေး​၏​လက်ဝဲ​ဘက်​သို့​လည်းကောင်း​၊ မိမိ​လက်ဝဲ​ဘက်​၌​ရှိ​သော​မနာရှေ​ကို အစ္စရေး​၏​လက်ယာ​ဘက်​သို့​လည်းကောင်း ချဉ်းကပ်​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 14,
      "text": "ဧဖရိမ်​သည် သား​အငယ်​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်ယာ​လက်​ကို​ဆန့်​၍ ဧဖရိမ်​၏​ခေါင်း​ပေါ်သို့​တင်​၏​။ မနာရှေ​သည် သားဦး​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်​ကို ကြက်ခြေခတ်​၍ မိမိ​၏​လက်ဝဲ​လက်​ကို မနာရှေ​ခေါင်း​ပေါ်သို့​တင်​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 15,
      "text": "အစ္စရေး​သည် ယောသပ်​အား​ကောင်းချီးပေး​လျက် “​ငါ့​ဘိုးဘေး​အာဗြဟံ​နှင့်​ဣဇက်​တို့​ကိုးကွယ် ​သော ဘုရားသခင်​၊ ငါ့​အသက်တာ​တစ်လျှောက်လုံး​တွင် ယနေ့​တိုင်အောင် ငါ့​ကို​ထိန်းကျောင်း​တော်မူ​သော​ဘုရားသခင်​၊"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 16,
      "text": "ဘေးအန္တရာယ်​အပေါင်း​မှ ငါ့​ကို​ရွေးနုတ်​တော်မူ​သော ကောင်းကင်တမန်​သည် ဤ​သူငယ်​တို့​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ သူ​တို့​ကို ငါ​၏​အမည်​ဖြင့်​လည်းကောင်း​၊ ငါ့​ဘိုးဘ​အာဗြဟံ​နှင့်​ဣဇက်​တို့​၏​အမည်​ဖြင့်​လည်းကောင်း မှည့်ခေါ်​ပါစေသော​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အလွန်​ပွားများ​ကြ​ပါစေသော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 17,
      "text": "ဖခင်​သည် ဧဖရိမ်​၏​ခေါင်း​ပေါ်၌ လက်ယာ​လက်​တင်​ထား​သည်​ကို ယောသပ်​မြင်​သောအခါ ဘဝင်မကျ​သဖြင့် ဧဖရိမ်​၏​ခေါင်း​ပေါ်​မှ မနာရှေ​၏​ခေါင်း​ပေါ်သို့​ရွှေ့​ရန် ဖခင်​၏​လက်​ကို ကိုင်​၍"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 18,
      "text": "ယောသပ်​က ဖခင်​အား “​ထိုသို့​မ​ဟုတ်​ပါ​၊ အဖေ​။ ဤ​တစ်​ယောက်​သည် သားဦး​ဖြစ်​ပါ​၏​။ အဖေ​၏​လက်ယာ​လက်​ကို သူ့​ခေါင်း​ပေါ်၌​တင်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 19,
      "text": "သို့သော် ဖခင်​သည်​ငြင်းဆန်​လျက် “​ငါ​သိ​၏ ငါ့​သား​။ ငါ​သိ​၏​။ သူ​သည် လူမျိုး​တစ်​မျိုး​ဖြစ်လာ​မည်​။ ကြီးမြတ်​သော​သူ​လည်း​ဖြစ်လာ​မည်​။ သို့သော် ညီ​သည် အစ်ကို​ထက်​ကြီးမြတ်​၍ ညီ​၏​သားစဉ်မြေးဆက်​သည် လူမျိုး​များစွာ​ဖြစ်လာ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 20,
      "text": "တစ်ဖန် ထို​နေ့​၌ အစ္စရေး​သည် သူ​တို့​အား “​အစ္စရေး​အမျိုးသား​တို့​သည် သင်​တို့​ကို​အစွဲပြု​၍ ‘​ဘုရားသခင်​သည် သင့်​ကို ဧဖရိမ်​နှင့် မနာရှေ​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပါစေသော​’​ဟူ၍ အချင်းချင်း ကောင်းချီးပေး​ကြ​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။ ထိုသို့ အစ္စရေး​သည် ဧဖရိမ်​ကို မနာရှေ​၏​ရှေ့​၌ နေရာချ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 21,
      "text": "ထို့နောက် အစ္စရေး​က ယောသပ်​အား “​ငါ​သေ​ရ​တော့​မည်​။ သို့သော်လည်း ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​၍ သင်​တို့​ဘိုးဘေး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပြန်လည်​ပို့ဆောင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 22,
      "text": "ငါ့​ဓား​၊ ငါ့​လေး​ဖြင့် အာမောရိ​လူမျိုး​တို့​လက်​ထဲမှ ငါ​သိမ်းယူ​ခဲ့​သော​မြေ​ကို ငါ​သည် သင်​၏​ညီအစ်ကို​တို့​ထက် သင့်​ကို ဝေစု​တစ်စု ​ပို​ပေး​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 1,
      "text": "ထို့နောက် ယာကုပ်​သည် မိမိ​၏​သား​တို့​ကို​ခေါ်​၍ “​စုဝေး​ကြ​လော့​။ နောင်ကာလ​တွင် သင်​တို့​၌​ဖြစ်ပျက်​မည့်​အရာ​ကို သင်​တို့​အား ငါ​ပြောပြ​မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 2,
      "text": "စုရုံး​ကြ​လော့​။ နားထောင်​ကြ​လော့​။ အို ယာကုပ်​သား​တို့​၊ သင်​တို့​၏​ဖခင် အစ္စရေး​၏​စကား​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 3,
      "text": "ရုဗင်​၊ သင်​သည် ငါ​၏​သားဦး​၊ ငါ​၏​အစွမ်း​၊ ငါ့​အဦးဆုံး​အားမာန်​၊ ဘုန်း​အထွတ်​၊ ခွန်အား​အထွတ်​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 4,
      "text": "သို့သော် သင်​သည် ရေ​ကဲ့သို့​ဘောင်ဘင်ခတ်​တတ်​သည်​ဖြစ်၍ အထွတ်​သို့​မ​ရောက်​။ အကြောင်းမူကား သင်​သည် သင့်​ဖခင်​၏​အိပ်ရာ​ပေါ်​တက်​၍​ညစ်ညူး​စေ​၏​။ သူ​သည် ငါ့​ခုတင်​ပေါ်​တက်​ဝံ့​လေ​ပြီ​တကား​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 5,
      "text": "ရှိမောင်​နှင့်​လေဝိ​သည် ညီအစ်ကို​ဖြစ်​၏​။ သူ​တို့​၏​ဓား​များ​သည် ရက်စက်ကြမ်းကြုတ်​သော​လက်နက်​များ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 6,
      "text": "သူ​တို့​သည် မိမိ​တို့​အမျက်​ဖြင့် လူ​ကို​သတ်​ကြ​၏​။ မိမိ​တို့​အလို​အတိုင်း နွား​တံကောက်ကြော​ကို​ဖြတ်​ကြ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် သူ​တို့​၏​အစည်းအဝေး​သို့ မ​ဝင်ရောက်​ပါစေ​နှင့်​။ ငါ့​ဘုန်းအသရေ​သည် သူ​တို့​၏​အစုအဝေး​နှင့် မ​ပေါင်း​ပါစေ​နှင့်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 7,
      "text": "သူ​တို့​၏​အမျက်​သည် ခက်ထန်​၍ သူ​တို့​၏​ဒေါသ​သည် ကြမ်းတမ်း​သောကြောင့် ကျိန်ဆဲ​ခြင်း​ခံရ​ပါစေ​။ ငါ​သည် သူ​တို့​ကို ယာကုပ်​အမျိုး​ထဲတွင် ကွဲပြား​စေ​မည်​။ အစ္စရေး​လူမျိုး​ထဲတွင် ကွဲလွင့်​စေ​မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 8,
      "text": "ယုဒ​၊ သင့်​ညီအစ်ကို​တို့​သည် သင့်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ သင်​၏​လက်​သည် သင့်​ရန်သူ​တို့​လည်ပင်း​ပေါ်၌​ရှိ​လိမ့်မည်​။ သင့်​ဖခင်​၏​သား​တို့​သည် သင့်​ရှေ့​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 9,
      "text": "ယုဒ​သည် ခြင်္သေ့​သားပေါက်​ဖြစ်​၏​။ ငါ့​သား​၊ သင်​သည် သားကောင်​သတ်စား​ပြီး​တက်လာ​၏​။ သူ​သည် ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ ခြင်္သေ့မ​ကဲ့သို့​လည်းကောင်း ဝပ်​လျက်​၊ လဲလျောင်း​လျက်​နေ​တတ်​၏​။ သူ့​ကို မည်သူ​ဆွ​ဝံ့​သနည်း​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 10,
      "text": "လူမျိုး​တို့​သည် ရှိလော ​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 11,
      "text": "သူ​၏​မြည်း​ကို စပျစ်ပင်​၌​ချည်​ထား​၏​။ သူ့​မြည်းမ​၏​သား​ကို အကောင်းဆုံးစပျစ်ပင်​၌​ချည်​ထား​၏​။ သူ​၏​အဝတ်တန်ဆာ​ကို စပျစ်ဝိုင်​ဖြင့် လျှော်​၏​။ သူ​၏​ဝတ်ရုံ​ကို စပျစ်​သွေး​ဖြင့် လျှော်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 12,
      "text": "သူ​၏​မျက်စိ​သည် စပျစ်ဝိုင်​ထက်​နီ​၍ သူ​၏​သွား​သည် နို့​ထက်​ဖြူ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 13,
      "text": "ဇာဗုလုန်​သည် ပင်လယ်​ကမ်းခြေ​၌​နေထိုင်​၍ သူ​သည် သင်္ဘောဆိပ်​ဖြစ်​လိမ့်မည်​။ သူ​၏​နယ်​သည် ဆီဒုန်​မြို့​တိုင်အောင်​ရောက်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 14,
      "text": "ဣသခါ​သည် သိုးခြံ​များ​ကြား ​၌​ဝပ်​နေ​သော သန်မာ​သည့်​မြည်း​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 15,
      "text": "နားနေ​ရာ​အရပ်​သည် အလွန်​ကောင်း​ပြီး ပြည်​သည် အလွန်​သာယာ​သည်​ကို သူ​မြင်​၏​။ ထို့ကြောင့် ဝန်​ကို​ထမ်း​ရန်​မိမိ​ပခုံး​ကို​ညွှတ်​၍ သူ​သည် အခွန်​ဆက်​သော​ကျွန်​ဖြစ်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 16,
      "text": "ဒန်​သည် အစ္စရေး​မျိုးနွယ်​တစ်​နွယ်​အဖြစ် မိမိ​လူမျိုး​ကို​စစ်ကြောစီရင်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 17,
      "text": "ဒန်​သည် လမ်း​ပေါ်​က​မြွေ​၊ လမ်း​ဘေးက​မြွေပွေး​ဖြစ်​လိမ့်မည်​။ သူ​သည် မြင်း​၏​ဖနောင့်​ကို​ပေါက်​သဖြင့် မြင်း​စီး​သော​သူ​သည် နောက်ပြန်​ပြုတ်ကျ​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 18,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​ပါ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 19,
      "text": "ဂဒ် ​မူကား စစ်သူရဲ​တို့​သည် သူ့​ကို​ဖိနှိပ်တိုက်ခိုက်​လာ​သော်လည်း သူ​သည် သူ​တို့​၏​ဖနောင့်​ကို ပြန်​၍​ဖိနှိပ်တိုက်ခိုက်​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 20,
      "text": "အာရှာ​၏​အစားအစာ​သည် အဆီအဆိမ့်​နှင့်​ပြည့်ဝ​၍ ရှင်ဘုရင်​အတွက်​စားကောင်းသောက်ဖွယ်​တို့​ကို ထုတ်လုပ်​ပေး​လိမ့်မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 21,
      "text": "နဿလိ​သည် ချစ်ဖွယ်​သော​သမင်ပေါက်​များ​ကို​ပေါက်ဖွား​သည့် အချုပ်အနှောင်ကင်း​သော​သမင်မ​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 22,
      "text": "ယောသပ်​သည် အသီး​ဖြစ်ထွန်း​သော​စပျစ်ပင်​၊ စမ်းရေ​နား​ရှိ အသီး​ဖြစ်ထွန်း​သော​စပျစ်ပင်​ဖြစ်​၏​။ သူ​၏​အကိုင်း​တို့​သည် တံတိုင်း​ကို​ကျော်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 23,
      "text": "လေးသမား​တို့​သည် သူ့​ကို​အငြိုးထား​၍ ပြင်းပြင်းထန်ထန်​တိုက်ခိုက်​ပစ်ခတ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 24,
      "text": "သို့သော် ယာကုပ်​၏​တန်ခိုးကြီး​သော​အရှင်​၏​လက်​တော်​အားဖြင့်​၊ အစ္စရေး​၏​ကျောက်​တည်းဟူသော​သိုးထိန်း​အားဖြင့် သူ​၏​လေး​သည် တည်ငြိမ်​၍ သူ​၏​လက်မောင်း​တို့​သည် သန်မာ​လျက်​ရှိ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 25,
      "text": "သင့်​ဖခင်​၏​ဘုရားသခင်​သည် သင့်​ကို ကူညီမစ​တော်မူ​မည်​။ အနန္တတန်ခိုးရှင်​သည် သင့်​အား အထက်​မိုးကောင်းကင်​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ အောက်​အရပ်​၌​ဝပ်​နေ​သည့်​နက်ရှိုင်း​သော​ရေထု​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ သားမြတ်​နှင့်​သားအိမ်​တို့​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 26,
      "text": "သင့်​ဖခင်​ပေး​သော​ကောင်းချီးမင်္ဂလာ​တို့​သည် ငါ့​ဘိုးဘေး​တို့​ပေး​သော​ကောင်းချီးမင်္ဂလာ​ထက်​၊ ရှေး​တောင်ကုန်း​တို့​၌​ရှိ​သော​ကောင်းချီး​အဖြာဖြာ​ထက် သာလွန်​၏​။ ထို​ကောင်းချီးမင်္ဂလာ​တို့​သည် ယောသပ်​၏​ခေါင်း​ပေါ်၌​လည်းကောင်း​၊ သူ့​ညီအစ်ကို​တို့​ထဲမှ​အကြီးအကဲ​တို့​၏​ဦးထိပ်​ပေါ်၌​လည်းကောင်း သက်ရောက်​ပါစေသော​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 27,
      "text": "ဗင်္ယာမိန်​သည် ကိုက်ဖြတ်​စားသောက်​တတ်​သည့်​ဝံပုလွေ​ဖြစ်​၏​။ သူ​သည် နံနက်အချိန်​၌ သားကောင်​ကို​စား​၍ နေဝင်ချိန်​၌ လုယက်​သော​အရာ​ကို ခွဲဝေ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 28,
      "text": "ဤ​သူ​အပေါင်း​တို့​သည် အစ္စရေး​မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​ဖြစ်​၏​။ ဤသည်ကား သူ​တို့​၏​ဖခင်​သည် သူ​တို့​အသီးသီး​ရထိုက်​သော​ကောင်းချီးမင်္ဂလာ​အတိုင်း သူ​တို့​အား​ကောင်းချီးပေး​သောအခါ မြွက်ဆို​သော​စကား​ဖြစ်​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 29,
      "text": "တစ်ဖန် ယာကုပ်​က သူ​တို့​အား “​ငါ​သည် ငါ့​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​တော့​မည်​။ ဟိတ္တိ​လူမျိုး​၊ ဧဖရုန်​၏​လယ်​၌​ရှိ​သော​လိုဏ်ဂူ​ထဲ၌ ငါ့​ကို ဘိုးဘေး​တို့​နှင့်အတူ​သင်္ဂြိုဟ်​ကြ​လော့​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 30,
      "text": "ထို​လိုဏ်ဂူ​သည် ခါနာန်​ပြည်​၊ မံရေ​မြို့​အရှေ့​၊ မပ္ပေလ​လယ်​၌​ရှိ​၏​။ အာဗြဟံ​သည် ထို​လယ်​ကို ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် ဟိတ္တိ​လူမျိုး​ဧဖရုန်​ထံ​မှ ဝယ်ယူ​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 31,
      "text": "ထို​အရပ်​၌ အာဗြဟံ​နှင့်​သူ​၏​မယား​စာရာ​ကို သင်္ဂြိုဟ်​ကြ​၏​။ ထို​အရပ်​၌ ဣဇက်​နှင့်​သူ​၏​မယား​ရေဗက္ကာ​ကို သင်္ဂြိုဟ်​ကြ​၏​။ လေအာ​ကို​လည်း ထို​အရပ်​၌ ငါ​သင်္ဂြိုဟ်​ခဲ့​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 32,
      "text": "ထို​လယ်​နှင့်​လယ်​ထဲ​ရှိ​လိုဏ်ဂူ​ကို ဟေသ​အမျိုးသား​တို့​ထံ​မှ ဝယ်ယူ​ခဲ့​၏​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 33,
      "text": "ယာကုပ်​သည် သူ​၏​သား​တို့​ကို​မှာကြား​ပြီး​သောအခါ ခုတင်​ပေါ်သို့​သူ​၏​ခြေ​ကို​ရုပ်​ပြီး နောက်ဆုံး​ထွက်သက်ထွက်​၍ သူ​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 1,
      "text": "ထိုအခါ ယောသပ်​သည် မိမိ​ဖခင်​၏​မျက်နှာ​ကို ငုံ့​၍​နမ်း​ပြီး ငိုကြွေး​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 2,
      "text": "ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​၏​အလောင်း​ကို​ဆေးစီရင်​ရန် မိမိ​အစေအပါး​ဆေးဆရာ​တို့​အား​အမိန့်ပေး​လေ​၏​။ ထို့ကြောင့် ဆေးဆရာ​တို့​သည် အစ္စရေး​၏​အလောင်း​ကို​ဆေးစီရင်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 3,
      "text": "အလောင်း​ကို​ဆေးစီရင်​ရာ​တွင် ရက်​ပေါင်း​လေးဆယ်​ကြာကြာ အချိန်ပေး​ရ​၏​။ အီဂျစ်​လူမျိုး​တို့​သည် ယာကုပ်​အတွက် ရက်​ပေါင်း​ခုနစ်ဆယ်​ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 4,
      "text": "ငိုကြွေးမြည်တမ်း​သော​နေ့ရက်​များ​လွန်​ပြီးနောက် ယောသပ်​က ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​အား “​ငါ​သည် သင်​တို့​ရှေ့​၌​မျက်နှာရ​သည်​ဆိုလျှင် ဖာရော​မင်းကြီး​၏​နား​တော်​သို့​လျှောက်​ရ​မည်​မှာ"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 5,
      "text": "‘​အကျွန်ုပ်​၏​ဖခင်​က “​ငါ​သေ​တော့​မည်​။ ခါနာန်​ပြည်​၌ ငါ့​အတွက် ငါ​တူး​ထား​သော သင်္ချိုင်းတွင်း​တွင် ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​”​ဟု အကျွန်ုပ်​ကို ကျိန်ဆို​စေ​ခဲ့​ပါ​၏​။ ထို့အတွက်ကြောင့် အကျွန်ုပ်​သွား​၍ ဖခင်​ကို​သင်္ဂြိုဟ်​ပါရစေ​။ ပြီးလျှင် အကျွန်ုပ်​ပြန်လာ​ပါ​မည်​’​ဟူ၍ လျှောက်​ကြ​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 6,
      "text": "ဖာရော​မင်းကြီး​က “​သင့်​အား သင့်​ဖခင်​ကျိန်ဆို​စေ​ခဲ့​သည့်​အတိုင်း သွား​၍​သူ့​ကို​သင်္ဂြိုဟ်​လော့​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 7,
      "text": "ထို့ကြောင့် ယောသပ်​သည် မိမိ​ဖခင်​ကို​သင်္ဂြိုဟ်​ရန်​ထွက်သွား​လေ​၏​။ သူ​နှင့်အတူ ဖာရော​မင်းကြီး​၏​အမှုထမ်း​များ​ဖြစ်​သော ဖာရော​မင်းကြီး​နန်းတော်​ရှိ​သက်ကြီးဝါကြီး​အားလုံး​၊ အီဂျစ်​ပြည်​၏​သက်ကြီးဝါကြီး​အားလုံး​၊"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 8,
      "text": "ယောသပ်​၏​အိမ်သူအိမ်သား​အားလုံး​၊ ယောသပ်​၏​အစ်ကို​များ​မှစသော ယောသပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​၏​။ သူ​တို့​၏​ကလေး​များ​နှင့် သိုးဆိတ်​များ​၊ နွား​များ​ကို​မူ ဂေါရှင်​အရပ်​၌ ထားခဲ့​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 9,
      "text": "စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​သဖြင့် အလွန်​ကြီးမား​သော​လူအုပ်ကြီး​ဖြစ်​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 10,
      "text": "သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာတဒ်​ကောက်နယ်တလင်း​သို့​ရောက်​သောအခါ ထို​အရပ်​၌ သူ​တို့​သည် ခါးသီးစွာ​အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​၏​။ ယောသပ်​သည် မိမိ​ဖခင်​အတွက် ခုနစ်​ရက်​ပတ်လုံး​ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 11,
      "text": "ထိုသို့ အာတဒ်​ကောက်နယ်တလင်း​၌ ငိုကြွေးမြည်တမ်း​နေ​ကြ​သည်​ကို ထို​ပြည်​၌​နေထိုင်​သော​ခါနာန်​လူမျိုး​တို့​မြင်​ကြ​သောအခါ သူ​တို့​က “​အီဂျစ်​လူမျိုး​တို့ အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် ဂျော်ဒန်​မြစ်​တစ်ဖက်​၌​ရှိ​သော​ထို​အရပ်​ကို အဗေလမိဇရိမ် ဟု​အမည်​မှည့်ခေါ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 12,
      "text": "ယာကုပ်​၏​သား​တို့​သည် မိမိ​တို့​အား ဖခင်​မှာကြား​ထား​သည့်​အတိုင်း မိမိ​တို့​ဖခင်​အတွက်​ပြု​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 13,
      "text": "ယာကုပ်​အလောင်း​ကို ခါနာန်​ပြည်​သို့​သယ်ဆောင်​သွား​၍ အာဗြဟံ​က ဟိတ္တိ​လူမျိုး​ဧဖရုန်​ထံ​မှ ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် ဝယ်ယူ​ထား​သော​လယ်​ဖြစ်​သည့် မံရေ​မြို့​အရှေ့ဘက် မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​၌ သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 14,
      "text": "ဖခင်​ကို သင်္ဂြိုဟ်​ပြီးနောက် ယောသပ်​သည် မိမိ​ညီအစ်ကို​တို့​မှစ၍ ဖခင်​ကို​သင်္ဂြိုဟ်​ရန်​လိုက်ပါ​သွား​သော​သူ​အပေါင်း​တို့​နှင့်အတူ အီဂျစ်​ပြည်​သို့ ပြန်လာ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 15,
      "text": "ယောသပ်​၏​အစ်ကို​တို့​သည် မိမိ​တို့​ဖခင်​သေဆုံး​ပြီ​ဖြစ်ကြောင်း​သိမြင်​လျှင် သူ​တို့​က “​ယောသပ်​သည် သူ့​အပေါ်​ငါ​တို့​ပြု​ခဲ့​သည့်​မကောင်းမှု​ရှိသမျှ​အတွက် အငြိုးထား​လျှင် ငါ​တို့​ကို ပြန်​၍​လက်စားချေ​လိမ့်မည်​”​ဟု ဆို​ပြီး"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 16,
      "text": "သူ​တို့​သည် ယောသပ်​ထံသို့ လူ​လွှတ်​၍ “​သခင့်​ဖခင်​မ​ကွယ်လွန်​မီ​က"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 17,
      "text": "‘​သခင့်​အပေါ်​မကောင်းမှု​ပြု​ခဲ့​သည့် သခင့်​ညီအစ်ကို​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​’​ဟူ၍ သခင့်​အား​ပြောကြား​ရန် မှာကြား​ခဲ့​ပါ​၏​။ သို့ဖြစ်၍ သခင့်​ဖခင်​ကိုးကွယ်​သည့်​ဘုရားသခင်​၏​အစေအပါး​ဖြစ်​သော အကျွန်ုပ်​တို့ ကျူးလွန်​မိ​သော​အပြစ်​များ​ကို ခွင့်လွှတ်​ပါ​လော့​”​ဟု လျှောက်​စေ​၏​။ ထိုသို့​လျှောက်ထား​သောအခါ ယောသပ်​သည် မျက်ရည်ကျ​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 18,
      "text": "ထို့နောက် ယောသပ်​၏​ညီအစ်ကို​တို့​သည်​လည်း ရောက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 19,
      "text": "ယောသပ်​က​လည်း “​မ​ကြောက်​ကြ​နှင့်​။ အကျွန်ုပ်​သည် ဘုရားသခင်​ကို ကိုယ်စားပြု​နိုင်​သလော​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 20,
      "text": "သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 21,
      "text": "သို့ဖြစ်၍ မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်​သင်​တို့​၏​ကလေး​များ​ကို အကျွန်ုပ်​ကျွေးမွေး​မည်​”​ဟု ဆို​လျက် သူ​တို့​အား​နှစ်သိမ့်​၍ ကြင်နာ​စွာ​စကားပြော​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 22,
      "text": "ယောသပ်​သည် မိမိ​ဖခင်​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အီဂျစ်​ပြည်​၌​နေထိုင်​လေ​၏​။ ယောသပ်​သည် အနှစ်​တစ်ရာ့​တစ်ဆယ်​အသက်ရှင်​၍"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 23,
      "text": "ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 24,
      "text": "ယောသပ်​က သူ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​သေ​ရ​တော့​မည်​။ သို့သော် ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​၍ သင်​တို့​ကို ဤ​ပြည်​မှ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​ခဲ့​သည့်​ပြည်​သို့ ပို့ဆောင်​တော်မူ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 25,
      "text": "တစ်ဖန် ယောသပ်​က “​ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ သင်​တို့​သည် ငါ့​အရိုး​တို့​ကို ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် အစ္စရေး​အမျိုးသား​တို့​အား ကျိန်ဆို​စေ​၏​။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 26,
      "text": "ယောသပ်​သည် အသက်​တစ်ရာ့​တစ်ဆယ်​ရှိ​သော် သေဆုံး​လေ​၏​။ ယောသပ်​၏​အလောင်း​ကို​ဆေးစီရင်​၍ အီဂျစ်​ပြည်​၌ အခေါင်း​ဖြင့်​ထား​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 1,
      "text": "အီဂျစ်​ပြည်​သို့​ရောက်လာ​ကြ​သော အစ္စရေး​၏​သား​တို့​အမည်​များ​ကား ဤသို့တည်း​။ ယာကုပ်​နှင့်အတူ မိသားစု​အလိုက် ရောက်လာ​သော​သူ​များ​မှာ"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 2,
      "text": "ရုဗင်​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 3,
      "text": "ဣသခါ​၊ ဇာဗုလုန်​၊ ဗင်္ယာမိန်​၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 4,
      "text": "ဒန်​၊ နဿလိ​၊ ဂဒ်​၊ အာရှာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 5,
      "text": "ယာကုပ်​မှ ဆင်းသက်​လာ​သော​သူ စုစုပေါင်း အယောက်​ခုနစ်ဆယ်​ရှိ​၏​။ ယောသပ်​ကား အီဂျစ်​ပြည်​၌​ရှိ​နှင့်​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 6,
      "text": "ယောသပ်​မှစ၍ သူ​၏​ညီအစ်ကို​ရှိသမျှ​နှင့် ထို​မျိုးဆက်​အားလုံး သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 7,
      "text": "သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​သည် တိုးပွားသည်ထက်တိုးပွား​လာ​ကြ​၏​။ ထိုသို့ တိုးပွား​လာ​ကြ​သဖြင့် လူဦးရေ​များသည်ထက်များ​လာ​၍ တစ်ပြည်လုံး သူ​တို့​နှင့် ပြည့်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 8,
      "text": "နောက်ပိုင်း​တွင် အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော ရှင်ဘုရင်​အသစ်​တစ်​ပါး ပေါ်လာ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 9,
      "text": "ထို​ရှင်ဘုရင်​က မိမိ​လူ​တို့​အား “​ကြည့်​ကြ​လော့​။ အစ္စရေး​အမျိုးသား​တို့​သည် ငါ​တို့​ထက်​များပြား​၍ အင်အားကြီး​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 10,
      "text": "လာ​ကြ​။ သူ​တို့​ကို လိမ္မာပါးနပ်​စွာ​ပြု​ကြ​စို့​။ သို့မဟုတ်လျှင် သူ​တို့​သည် များပြား​လာ​ကြ​လိမ့်မည်​။ စစ်​ဖြစ်​လျှင် သူ​တို့​သည် ငါ​တို့​၏​ရန်သူ​တို့​နှင့်​ပေါင်း​၍ ငါ​တို့​ကို​တိုက်ခိုက်​ပြီး ဤ​ပြည်​မှ ထွက်သွား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 11,
      "text": "သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 12,
      "text": "သို့သော် သူ​တို့​ကို နှိပ်စက်​လေ ပို၍​တိုးပွား​ပျံ့နှံ့​လာ​လေ​ဖြစ်​သောကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 13,
      "text": "ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရက်စက်ကြမ်းတမ်း​စွာ စေခိုင်း​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 14,
      "text": "သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 15,
      "text": "ထို့ပြင် အီဂျစ်​ဘုရင်​က ရှိဖရ​နှင့်​ပုအာ​အမည်​ရှိ​သော ဟေဗြဲ​ဝမ်းဆွဲ​နှစ်​ယောက်​အား"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 16,
      "text": "“​သင်​တို့​သည် ဟေဗြဲ​အမျိုးသမီး​တို့​အား သားဖွား​ပေး​သောအခါ ကြည့်​၍ သားဖွားခုံ​ပေါ်၌ ယောက်ျားလေး​ဖြစ်လျှင်​သတ်​စေ​။ မိန်းကလေး​ဖြစ်လျှင်​အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 17,
      "text": "သို့သော် ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သဖြင့် သူ​တို့​အား အီဂျစ်​ဘုရင်​အမိန့်ပေး​သည့်​အတိုင်း​မ​ပြု​ဘဲ ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 18,
      "text": "ထို့ကြောင့် အီဂျစ်​ဘုရင်​သည် ဝမ်းဆွဲ​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် အဘယ်ကြောင့် ဤ​အမှု​ကို​ပြု​ကြ​သနည်း​။ အဘယ်ကြောင့် ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​သနည်း​”​ဟု သူ​တို့​အား မေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 19,
      "text": "ဝမ်းဆွဲ​တို့​က​လည်း ဖာရော​မင်းကြီး​အား “​ဟေဗြဲ​အမျိုးသမီး​တို့​သည် အီဂျစ်​အမျိုးသမီး​တို့​နှင့်​မ​တူ​ပါ​။ သူ​တို့​သည် သန်စွမ်း​သောကြောင့် ဝမ်းဆွဲ​မ​ရောက်​မီ သားဖွား​တတ်​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 20,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် ထို​ဝမ်းဆွဲ​တို့​အား ကျေးဇူးပြု​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း တိုးပွား​ကာ အလွန်​အားကြီး​လာ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 21,
      "text": "ထို​ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် သူ​တို့​အား မိသားစု​ဘဝ​ကို​ပေးသနား​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 22,
      "text": "ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 1,
      "text": "လေဝိ​အမျိုးသား​ထဲမှ ယောက်ျား​တစ်​ဦး​သည် လေဝိ​အမျိုးသမီး​နှင့် စုံဖက်​ရာ"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 2,
      "text": "ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ထို​သား​သည် အဆင်းလှ​ကြောင်း​ကို မိခင်​သိမြင်​လျှင် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 3,
      "text": "ထို့နောက်တွင် မိခင်​သည် သူ့​ကို​ဝှက်​မ​ထား​နိုင်​တော့​သဖြင့် ကျူရိုး​ဖြင့်​ရက်လုပ်​ထား​သော​ဖာတောင်း​ကို​ယူ​၍ ကတ္တရာစေး​နှင့်​သစ်စေး​တို့​ဖြင့် သုတ်လိမ်း​ပြီးလျှင် သူငယ်​ကို ထို​ဖာတောင်း​ထဲ၌​ထည့်​ပြီး နိုင်း​မြစ်​ကမ်းစပ်​တွင်​ရှိ​သော ကျူတော​ထဲ၌​ထား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 4,
      "text": "သူငယ်​၏​အစ်မ​သည်​လည်း သူငယ်​၌ မည်သို့​ဖြစ်​မည်​ကို​သိမြင်​နိုင်​ရန် အဝေး​မှ​ရပ်ကြည့်​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 5,
      "text": "ထိုစဉ် ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ရေချိုး​ရန် နိုင်း​မြစ်​ထဲသို့​ဆင်းလာ​၏​။ သူ​၏​အပျိုတော်​များ​ကား မြစ်​ကမ်းနား​၌ လမ်းလျှောက်​နေ​ကြ​၏​။ ထိုအခါ သူ​သည် ကျူတော​ထဲမှ ဖာတောင်း​ကို​တွေ့​လျှင် ကျွန်မ​တစ်​ယောက်​ကို လွှတ်​၍​ယူ​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 6,
      "text": "ဖာတောင်း​ကို​ဖွင့်​သောအခါ ငို​နေ​သော​ကလေး​သူငယ်​ကို​မြင်​လျှင် သူ့​ကို​သနား​လျက် “​ဤ​သူငယ်​သည် ဟေဗြဲ​ကလေး​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 7,
      "text": "ထိုအခါ သူငယ်​၏​အစ်မ​က ဖာရော​မင်းကြီး​၏​သမီး​တော်​အား “​သူငယ်​ကို ကြည့်ရှု​စောင့်ရှောက်​ရန် ဟေဗြဲ​အမျိုးသမီး​ထဲမှ နို့ထိန်း​တစ်​ဦး​ကို သခင်မ​အတွက် သွား​ခေါ်ပေး​ရ​မည်လော​”​ဟု မေးလျှောက်​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 8,
      "text": "ဖာရော​မင်းကြီး​၏​သမီး​တော်​က​လည်း “​သွားခေါ်​လော့​”​ဟု ဆို​သဖြင့် မိန်းမငယ်​သည် သွား​၍ သူငယ်​၏​မိခင်​ကို ခေါ်လာ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 9,
      "text": "ဖာရော​မင်းကြီး​၏​သမီး​တော်​က “​ဤ​သူငယ်​ကို​ခေါ်သွား​၍ ငါ့​အတွက် ကြည့်ရှု​စောင့်ရှောက်​ပေး​လော့​။ သင့်​ကို ငါ​လုပ်အားခ​ပေး​မည်​”​ဟု ဆို​သဖြင့် ထို​မိန်းမ​သည် သူငယ်​ကို ခေါ်သွား​၍ ကြည့်ရှု​စောင့်ရှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 10,
      "text": "သူငယ်​ကြီးပြင်း​လာ​သောအခါ မိခင်​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​ထံသို့ သူငယ်​ကို ခေါ်ဆောင်​လာ​၍ သူ​သည် မင်းသမီး​၏​သား​ဖြစ်လာ​၏​။ မင်းသမီး​က “​သူ့​ကို​ရေ​ထဲမှ​ငါ​ဆယ်ယူ​ခဲ့​၏​”​ဟု ဆို​ပြီး သူ​၏​အမည်​ကို မောရှေ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 11,
      "text": "မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိ အမျိုးသားချင်း​များ ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင်"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 12,
      "text": "သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 13,
      "text": "နောက်တစ်နေ့​တွင်​လည်း သူ​သည်​ထပ်၍​သွား​ပြန်​ရာ ဟေဗြဲ​အမျိုးသား​နှစ်​ဦး ရန်ဖြစ်​နေ​ကြ​သည်​ကို​မြင်​လျှင် မတရား​သော​သူ​အား “​သင်​သည် သင်​၏​အပေါင်းအဖော်​ကို အဘယ်ကြောင့် ရိုက်နှက်​ရ​သနည်း​”​ဟု ဆို​သော်"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 14,
      "text": "ထို​သူ​က “​မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​၊ ငါ​တို့​ကို​တရားစီရင်​သူ​အဖြစ် ခန့်ထား​သနည်း​။ သင်​သည် အီဂျစ်​အမျိုးသား​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​ရန်​ကြံရွယ်​သလော​”​ဟု ပြန်ပြော​၏​။ ထိုအခါ မောရှေ​သည် ကြောက်ရွံ့​လျက် “​အကယ်စင်စစ် ဤ​အမှု​ကို သိ​ကြ​ကုန်​ပြီ​တကား​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 15,
      "text": "ထို​အမှု​ကို ဖာရော​မင်းကြီး​ကြားသိ​သောအခါ မောရှေ​ကို​သတ်​ရန်​ရှာကြံ​သဖြင့် မောရှေ​သည် ဖာရော​မင်းကြီး​ထံမှ ထွက်ပြေး​၍ မိဒျန်​ပြည်​၌​နေထိုင်​လေ​၏​။ သူ​သည် ရေတွင်း​နား​မှာ ထိုင်​နေ​စဉ်"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 16,
      "text": "မိဒျန်​ယဇ်ပုရောဟိတ်​၏​သမီး​ခုနစ်​ယောက်​သည် ရောက်လာ​၍ မိမိ​တို့​ဖခင်​၏​သိုးဆိတ်​တို့​ကို ရေတိုက်​ရန် ရေခပ်​ကြ​ပြီး ရေစားကျင်း​များ​ကို​ဖြည့်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 17,
      "text": "ထိုအခါ သိုးထိန်း​တို့​သည်​ရောက်လာ​၍ သူ​တို့​ကို​နှင်ထုတ်​ကြ​သဖြင့် မောရှေ​သည် ထ​၍ ထို​မိန်းမ​တို့​ကို​ကာကွယ်​ပေး​ပြီး သူ​တို့​၏​သိုးဆိတ်​တို့​ကို ရေတိုက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 18,
      "text": "သူ​တို့​သည် ဖခင်​ရွေလ​ထံသို့ ပြန်ရောက်​သော် ဖခင်​က “​ယနေ့ သင်​တို့ အဘယ်ကြောင့် စောစော​ပြန်ရောက်​ကြ​သနည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 19,
      "text": "သူ​တို့​က​လည်း “​အီဂျစ်​အမျိုးသား​တစ်​ဦး​သည် ကျွန်မ​တို့​ကို သိုးထိန်း​တို့​လက်​မှ ကယ်နုတ်​၍ ရေ​လိုသမျှ​ခပ်​ပေး​ပါ​၏​။ သိုးဆိတ်​တို့​ကို​လည်း ရေတိုက်​ပေး​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 20,
      "text": "ထိုအခါ ဖခင်​က မိမိ​သမီး​တို့​အား “​ထို​သူ အဘယ်မှာ​ရှိ​သနည်း​။ သူ့​ကို အဘယ်ကြောင့် ထားခဲ့​သနည်း​။ အစားအစာ​စားသောက်​ရန် သူ့​ကို​သွားခေါ်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 21,
      "text": "မောရှေ​သည် ရွေလ​နှင့်အတူ​နေထိုင်​ရန် သဘောတူ​၍ ရွေလ​သည် သူ​၏​သမီး​ဇိပေါရ​ကို မောရှေ​နှင့်​ပေးစား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 22,
      "text": "ဇိပေါရ​သည် သား​ကို​မွေးဖွား​လျှင် မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဂေရရှုံ ဟု​မှည့်ခေါ်​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 23,
      "text": "ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 24,
      "text": "ဘုရားသခင်​သည် သူ​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​ကြား​တော်မူ​လျှင် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့် ပြု​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 25,
      "text": "ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 1,
      "text": "မောရှေ​သည် မိမိ​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​နေ​စဉ် သူ​သည် သိုးဆိတ်​တို့​ကို တောကန္တာရ​အနောက်ဘက်​သို့​နှင်​သွား​ရာ ဟောရပ် ဟု​ခေါ်​သော​ဘုရားသခင်​၏​တောင်​သို့ ရောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 2,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် မောရှေ​အား ချုံပုတ်​အလယ် မီး​လျှံ​ထဲမှ ကိုယ်​ထင်ရှားပြ​လေ​၏​။ မောရှေ​ကြည့်​လိုက်​သောအခါ ချုံပုတ်​သည် မီး​တောက်လောင်​နေ​သော်လည်း ကျွမ်းသွား​ခြင်း​မ​ရှိ​သည်​ကို မြင်​လျှင်"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 3,
      "text": "မောရှေ​က “​အဘယ်ကြောင့် ချုံပုတ်​ကျွမ်းသွား​ခြင်း​မ​ရှိ​သနည်း​။ ဤ​ထူးဆန်း​သော​အရာ​ကို ငါ​သွား​ကြည့်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 4,
      "text": "ချုံပုတ်​ကို​ကြည့်​ရန် မောရှေ​သွား​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ဘုရားသခင်​က “​မောရှေ​၊ မောရှေ​”​ဟု ချုံပုတ်​ထဲ​မှ​ခေါ်​လျှင် မောရှေ​က “​အကျွန်ုပ်​ရှိ​ပါ​သည်​”​ဟု ထူး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 5,
      "text": "ဘုရားသခင်​က “​ဤ​နေရာ​သို့​မ​ချဉ်းကပ်​နှင့်​။ သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 6,
      "text": "တစ်ဖန် ဘုရားသခင်​က “​ငါ​သည် သင့်​ဖခင်​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏​” ​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ဘုရားသခင်​ကို​မကြည့်ဝံ့​သဖြင့် မိမိ​မျက်နှာ​ကို ဖုံးကွယ်​ထား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 7,
      "text": "ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 8,
      "text": "ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 9,
      "text": "ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 10,
      "text": "ထို့ကြောင့် သင့်​ကို ဖာရော​မင်းကြီး​ထံသို့ ငါ​စေလွှတ်​၏​။ သင်​သွား​၍ ငါ​၏​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 11,
      "text": "သို့သော် မောရှေ​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် မည်သို့​သော​သူ​ဖြစ်၍ ဖာရော​မင်းကြီး​ထံ​သွား​ပြီး အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ရ​မည်နည်း​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 12,
      "text": "ဘုရားသခင်​က “​အကယ်စင်စစ် သင်​နှင့်အတူ​ငါ​ရှိ​မည်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ပြီးလျှင် ဤ​တောင်​ပေါ်၌ သင်​တို့​သည် ဘုရားသခင်​ကို ဝတ်ပြု​ရ​ကြ​လိမ့်မည်​။ ဤသည်ကား သင့်​ကို ငါ​စေလွှတ်​ကြောင်း လက္ခဏာသက်သေ​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 13,
      "text": "ထိုအခါ မောရှေ​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့​သွား​၍ ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​သည် ငါ့​ကို သင်​တို့​ထံသို့​စေလွှတ်​တော်မူ​၏​’​ဟု ဆို​၍ သူ​တို့​က​လည်း ‘​ထို​ဘုရား​၏​နာမ​တော်​ကား မည်သို့​နည်း​’​ဟု ပြန်မေး​လျှင် အကျွန်ုပ်​သည် သူ​တို့​ကို မည်သို့​ပြန်ဖြေ​ရ​မည်နည်း​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 14,
      "text": "ဘုရားသခင်​က မောရှေ​အား “​ငါ​သည် ငါ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ကိုယ်တော်​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ဖြစ်​၏​ဟု​ဆို​သော​သူ​က သင်​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​သည်​’​ဟူ၍ ပြော​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 15,
      "text": "တစ်ဖန် ဘုရားသခင်​က မောရှေ​အား “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ပြီ​။ ဤ​နာမ​သည် ငါ​၏​ထာဝရ​နာမ​ဖြစ်​၏​။ မျိုးဆက်​အစဉ်အဆက် သိမှတ်​ရ​မည့် ငါ​၏​နာမ​ဖြစ်​၏ ’ ​ဟု ပြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 16,
      "text": "သင်​သည် သွား​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို​စုဝေး​စေ​ပြီးလျှင် သူ​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​၏​ဘုရား ​တည်းဟူသော ထာဝရဘုရား​သည် ငါ့​အား ကိုယ်​ထင်ရှားပြ​တော်မူ​လျက် “​ငါ​သည် သင်​တို့​ကို​လည်းကောင်း​၊ အီဂျစ်​ပြည်​တွင် သင်​တို့​၌​ဖြစ်ပျက်​သော​အရာ​ကို​လည်းကောင်း အမှန်ပင် အကြည့်အရှု​ကြွလာ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 17,
      "text": "ငါ​သည် သင်​တို့​ကို သင်​တို့​ဖိစီးနှိပ်စက်​ခံရ​သော​အီဂျစ်​ပြည်​ထဲမှ ထုတ်ဆောင်​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​မည်​”​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ပြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 18,
      "text": "ထိုအခါ သူ​တို့​သည် သင်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။ သင်​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည်​လည်း အီဂျစ်​ဘုရင်​ထံသို့​ဝင်​၍ သူ့​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​’​ဟု လျှောက်ထား​လော့​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 19,
      "text": "သို့သော် အီဂျစ်​ဘုရင်​သည် အားကြီး​သော​လက်​တော်​ကြောင့်​မ​ဟုတ်​လျှင် သင်​တို့​အား သွား​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 20,
      "text": "ထို့ကြောင့် ငါ​၏​လက်​ကို​ဆန့်​၍ အီဂျစ်​ပြည်​ထဲ​၌ ငါ​ပြု​မည့် အံ့ဖွယ်​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် ထို​ပြည်​ကို​ဒဏ်ခတ်​မည်​။ ထို့နောက်မှ သူ​သည် သင်​တို့​ကို​လွှတ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 21,
      "text": "ငါ​သည် ဤ​လူမျိုး​ကို အီဂျစ်​လူမျိုး​တို့​၏​ရှေ့​တွင် မျက်နှာရ​စေ​သဖြင့် သင်​တို့​ထွက်သွား​သောအခါ လက်ချည်းသက်သက်​မ​ထွက်သွား​ရ​။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 22,
      "text": "မိန်းမ​တို့​သည် မိမိ​၏​အိမ်နီးချင်း​ထံမှ​လည်းကောင်း​၊ မိမိ​အိမ်​၌​တည်းခိုနေထိုင်​သော​သူ​ထံမှ​လည်းကောင်း ငွေ​ထည်​များ​၊ ရွှေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​၍ သင်​တို့​သည် သင်​တို့​၏​သား​သမီး​များ​ကို ဝတ်ဆင်​စေ​ရ​မည်​။ ဤသို့ဖြင့် သင်​တို့​သည် အီဂျစ်​လူမျိုး​တို့​၏​ဥစ္စာပစ္စည်း​များ​ကို သိမ်းယူ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 1,
      "text": "မောရှေ​က​လည်း “​သူ​တို့​သည် အကျွန်ုပ်​ကို​မ​ယုံ​၊ အကျွန်ုပ်​၏​စကား​ကို​လည်း​နား​မ​ထောင်​ဘဲ ‘​ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်​မ​မူ​’​ဟူ၍ ပြောဆို​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 2,
      "text": "ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 3,
      "text": "ကိုယ်တော်​က​လည်း “​တောင်ဝှေး​ကို မြေ​ပေါ်သို့ ပစ်ချ​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မြေ​ပေါ်သို့ ပစ်ချ​၏​။ ထိုအခါ တောင်ဝှေး​သည် မြွေ​ဖြစ်​သွား​သဖြင့် မောရှေ​သည် ထို​မြွေ​ရှေ့​မှ ထွက်ပြေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 4,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​၏​လက်​ကို​ဆန့်​၍ မြွေ​၏​အမြီး​ကို ဖမ်းကိုင်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် သူ​သည် မိမိ​၏​လက်​ကို​ဆန့်​၍ ဖမ်းဆွဲ​လိုက်​ရာ ထို​မြွေ​သည် သူ​၏​လက်​ထဲ၌ တောင်ဝှေး​ပြန်ဖြစ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 5,
      "text": "ထာဝရဘုရား​က “ဤ​အမှု​ကို​ထောက်​၍ သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်မူ​ကြောင်း သူ​တို့​ယုံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခု သင်​၏​လက်​ကို သင့်​ရင်ခွင် ​ထဲသို့​သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​၏​လက်​ကို ရင်ခွင် ​ထဲသို့​သွင်း​ပြီး ပြန်ထုတ်​သောအခါ သူ​၏​လက်​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြစ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 7,
      "text": "ထိုအခါ ကိုယ်တော်​က “​သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့ ပြန်သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​လက်​ကို ရင်ခွင်​ထဲသို့ ပြန်သွင်း​ပြီး ပြန်ထုတ်​သောအခါ ပကတိ​အသားအရေ​အတိုင်း ပြန်ဖြစ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 8,
      "text": "ထာဝရဘုရား​က “​အကယ်၍ သူ​တို့​သည် သင့်​ကို​မ​ယုံ​၊ ပထမ​နိမိတ်လက္ခဏာ​ကို​လည်း မ​ယုံ​လျှင် နောက်​နိမိတ်လက္ခဏာ​ကို​ကား ယုံ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 9,
      "text": "သူ​တို့​သည် ဤ​နိမိတ်လက္ခဏာ​နှစ်ခုစလုံး​ကို​လည်း​မ​ယုံ​၊ သင်​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် နိုင်း​မြစ်​မှ​ရေ​ကို​ယူ​၍ ကုန်းမြေ​ပေါ်တွင် လောင်းချ​လော့​။ ထိုအခါ နိုင်း​မြစ်​မှ​ယူလာ​သော​ရေ​သည် ကုန်းမြေ​ပေါ်တွင် သွေး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 10,
      "text": "မောရှေ​က ထာဝရဘုရား​အား “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အကျွန်ုပ်​သည် ယခင်က​ဖြစ်စေ​၊ မနေ့က​ဖြစ်စေ​၊ ကိုယ်တော်​၏​အစေအပါး​အား ကိုယ်တော်​မိန့်ဆို​တော်မူ​သော​အချိန်​၌ပင်​ဖြစ်စေ စကားပြော​ကောင်း​သူ​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် နှုတ်​လေး​လျှာ​လေး​သော​သူ​လည်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 11,
      "text": "ထာဝရဘုရား​က မောရှေ​အား “​လူ​၏​နှုတ်​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ဆွံ့အ​သော​သူ​၊ နားမကြား​သော​သူ​၊ မျက်စိမြင်​သော​သူ​၊ မျက်စိမမြင်​သော​သူ​တို့​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 12,
      "text": "ယခု သွား​လော့​။ ငါ​သည် သင့်​နှုတ်​နှင့်အတူ​ရှိ​မည်​။ သင်​ပြောဆို​ရ​မည့်​အရာ​ကို သင့်​အား ငါ​သွန်သင်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 13,
      "text": "မောရှေ​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အခြား​တစ်ယောက်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 14,
      "text": "ထိုအခါ ထာဝရဘုရား​သည် မောရှေ​ကို အမျက်ထွက်​၍ “​လေဝိ​အမျိုး​အာရုန်​သည် သင်​၏​အစ်ကို​မ​ဟုတ်​လော​။ သူ​သည် နှုတ်ရေး​ကျွမ်းကျင်​သည်​ကို ငါ​သိ​၏​။ သူ​သည် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​ပြီ​။ သင်​နှင့်​တွေ့​သောအခါ သူ​သည် စိတ်​ထဲ၌ ဝမ်းမြောက်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 15,
      "text": "သင်​သည် သူ​နှင့်​စကားပြော​၍ သူ့​နှုတ်​ထဲသို့ စကား​များ​ကို​ထည့်​ရ​မည်​။ သင်​၏​နှုတ်​နှင့်​လည်းကောင်း​၊ သူ​၏​နှုတ်​နှင့်​လည်းကောင်း ငါ​အတူ​ရှိ​မည်​။ သင်​တို့​ပြု​ရ​မည့်​အရာ​ကို သင်​တို့​အား ငါ​သွန်သင်​မည်​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 16,
      "text": "သူ​သည် သင့်​ကိုယ်စား လူ​တို့​အား စကားပြော​မည်​။ သူ​သည် သင်​၏​နှုတ်​ကဲ့သို့​ဖြစ်​၍ သင်​သည် သူ​၏​ဘုရား​ကဲ့သို့​ဖြစ်​မည်​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 17,
      "text": "သင်​သည် နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန် ဤ​တောင်ဝှေး​ကို သင့်​လက်​၌​ယူဆောင်​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 18,
      "text": "ထို့နောက် မောရှေ​သည် မိမိ​ယောက္ခမ​ယေသရော​ထံသို့​ပြန်လာ​ပြီး “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​၌​ရှိ​သော အကျွန်ုပ်​၏​အမျိုးသားချင်း​တို့ အသက်ရှင်​သေး​သလော​ဟု ကြည့်ရှု​ရန် သူ​တို့​ထံ ပြန်​သွား​ခွင့်​ပြု​ပါ​”​ဟု ဆို​၏​။ ယေသရော​က​လည်း မောရှေ​အား “​ငြိမ်းချမ်း​စွာ​သွား​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 19,
      "text": "ထာဝရဘုရား​က “​အီဂျစ်​ပြည်​သို့​ပြန်သွား​လော့​။ အကြောင်းမူကား သင်​၏​အသက်​ကို​ရန်ရှာ​သော​သူ​အပေါင်း​တို့​သည် သေလွန်​ကြ​ပြီ​”​ဟု မောရှေ​အား မိဒျန်​ပြည်​၌ မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 20,
      "text": "ထို့ကြောင့် မောရှေ​သည် မိမိ​မယား​နှင့်​သား​တို့​ကို​ခေါ်​၍ မြည်း​ပေါ်​တင်​ပြီးလျှင် အီဂျစ်​ပြည်​သို့​ပြန်သွား​လေ​၏​။ မောရှေ​သည် မိမိ​၏​လက်​ထဲ၌ ဘုရားသခင်​၏​တောင်ဝှေး​တော်​ကို ကိုင်ဆောင်​သွား​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 21,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 22,
      "text": "ထိုအခါ သင်​သည် ဖာရော​မင်းကြီး​အား ‘​ထာဝရဘုရား​က အစ္စရေး​လူမျိုး​သည် ငါ့​သား​၊ ငါ​၏​သားဦး​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 23,
      "text": "ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 24,
      "text": "မောရှေ​သည် ခရီး​သွား​စဉ်တွင် စခန်းချ​ရာ​နေရာ​၌ ထာဝရဘုရား​သည် သူ​နှင့်​တွေ့​၍ သူ့​ကို ကွပ်မျက်​ရန်​ရှာကြံ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 25,
      "text": "ထိုအခါ ဇိပေါရ​သည် ချွန်ထက်​သော​ကျောက်​ကို​ယူ​၍ မိမိ​သား​၏​ထိပ်ဖုံးအရေပြား​ကို​လှီး​ပြီး ၎င်း​ကို မောရှေ​၏​ခြေ​နှင့်​ထိ​စေ​လျက် “​အကယ်စင်စစ် သင်​သည် သွေး​နှင့်ဆိုင်သော ကျွန်မ​၏​လင်ယောက်ျား​ဖြစ်​ပါ​၏​”​ဟု ဆို​လျှင်"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 26,
      "text": "ကိုယ်တော်​သည် မောရှေ​ထံမှ​ထွက်သွား​လေ​၏​။ ထိုအခါ ဇိပေါရ​က “​သင်​သည် အရေဖျားလှီး​ခြင်း​ကြောင့် သွေး​နှင့်ဆိုင်သော​လင်ယောက်ျား​ဖြစ်​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 27,
      "text": "ထာဝရဘုရား​က အာရုန်​အား “​မောရှေ​ကို​ကြိုဆို​ရန် တောကန္တာရ​သို့​သွား​လော့​”​ဟု မိန့်​တော်မူ​သဖြင့် အာရုန်​သည် သွား​၍ ဘုရားသခင်​၏​တောင်​တော်​၌ မောရှေ​နှင့်​တွေ့ဆုံ​လျှင် သူ့​ကို​နမ်း​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 28,
      "text": "မောရှေ​သည် မိမိ​ကို​စေလွှတ်​တော်မူ​သော ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​နှင့် မိမိ​ပြု​ရန် မိန့်မှာ​တော်မူ​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို အာရုန်​အား​ပြောကြား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 29,
      "text": "ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် သွား​၍ အစ္စရေး​အမျိုးသား​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို စုဝေး​စေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 30,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အားလုံး​ကို အာရုန်​သည် ထို​သူ​တို့​အား ပြောကြား​၍ အစ္စရေး​လူမျိုး​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​တို့​ကို​ပြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 31,
      "text": "ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​ကြောင်း​၊ သူ​တို့​ခံရ​သည့်​ဖိစီးနှိပ်စက်မှု​ကို သိမြင်​တော်မူ​ကြောင်း အစ္စရေး​လူမျိုး​တို့ ကြားသိ​ရ​သောအခါ ယုံကြည်​၍ ဦးညွှတ်​လျက် ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 1,
      "text": "ထို့နောက်တွင် မောရှေ​နှင့်​အာရုန်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​တောကန္တာရ​၌ ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရန် ငါ​၏​လူမျိုး​တော်​ကို လွှတ်​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 2,
      "text": "သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 3,
      "text": "ထိုအခါ သူ​တို့​က “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကပ်ရောဂါ​ဘေး​၊ သို့မဟုတ် ဓားဘေး​ဖြင့် ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 4,
      "text": "သို့သော် အီဂျစ်​ဘုရင်​က သူ​တို့​အား “​မောရှေ​နှင့်​အာရုန်​၊ သင်​တို့​သည် ဤ​လူ​တို့​ကို အလုပ်​ပျက်​အောင် အဘယ်ကြောင့် ပြု​ကြ​သနည်း​။ သင်​တို့​၏​အလုပ်​ထဲသို့ ပြန်သွား​ကြ​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 5,
      "text": "တစ်ဖန် ဖာရော​မင်းကြီး​က “​ကြည့်​လော့​။ ယခု ဤ​ပြည်​၌ ဤ​လူမျိုး​အများအပြား​ရှိ​၏​။ သူ​တို့​အလုပ်​ရပ်သွား​အောင် သင်​တို့​ပြု​ကြ​ပြီ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 6,
      "text": "ထို​နေ့ချင်း​တွင် ဖာရော​မင်းကြီး​သည် လူ​တို့​ကို​အဓမ္မ​စေခိုင်း​သူ​များ​နှင့် အလုပ်ကြီးကြပ်သူ​တို့​အား"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 7,
      "text": "“​ထို​လူ​တို့ အုတ်​လုပ်​ဖို့​ကောက်ရိုး​ကို​ယခင်က​ကဲ့သို့ ဆက်၍​မ​ပေး​ကြ​နှင့်​။ သူ​တို့​ကိုယ်တိုင် ကောက်ရိုး​ကို သွား​ရှာ​ကြ​ပါစေ​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 8,
      "text": "သို့ရာတွင် ယခင် သူ​တို့​ပြုလုပ်​သော​အုတ်​အရေအတွက်​အတိုင်း သူ​တို့​ကို​လုပ်​စေ​ရ​မည်​။ အရေအတွက်​ကို မ​လျော့​စေ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ပျင်းရိ​ကြ​၏​။ ထို့ကြောင့် သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​အား သွား​၍​ယဇ်ပူဇော်​ကြ​စို့​’​ဟု အော်ဟစ်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 9,
      "text": "သူ​တို့​အား ပို၍​ပင်ပန်း​သော​အလုပ်​ကို​လုပ်​စေ​ပါ​။ အလုပ်​ကို​သာ​လုပ်​စေ​ပြီး လှည့်ဖြား​သော​စကား​တို့​ကို နား​မ​ယောင်​စေ​နှင့်​”​ဟု အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 10,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​ကို အဓမ္မ​စေခိုင်း​သူ​များ​နှင့် အလုပ်ကြီးကြပ်သူ​များ​သည် ထွက်သွား​၍ သူ​တို့​အား “​ဖာရော​မင်းကြီး​က ‘​ငါ​သည် သင်​တို့​ကို ကောက်ရိုး​မ​ပေး​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 11,
      "text": "သင်​တို့​ကိုယ်တိုင် ကောက်ရိုး​ကို​တွေ့​နိုင်​သည့်​နေရာ​မှ သွား​ယူ​ကြ​လော့​။ သို့သော် သင်​တို့​၏​အလုပ်​အနည်းငယ်​မျှ မ​လျော့​ရ​’​ဟူ၍ မိန့်ဆို​၏​”​ဟု ပြော​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 12,
      "text": "သို့ဖြစ်၍ ထို​သူ​တို့​သည် ကောက်ရိုး​အစား ရိုးပြတ်​ကို​ရှာယူ​ရန် အီဂျစ်​ပြည်​တစ်ပြည်လုံး​သို့ ကွဲလွင့်​သွား​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 13,
      "text": "အဓမ္မ​စေခိုင်း​သူ​များ​က​လည်း “​သင်​တို့​၏​အလုပ်​ကို ကောက်ရိုး​ရရှိ​စဉ်က​အတိုင်း တစ်နေ့​အလုပ်​ကို တစ်နေ့​အတွင်း ပြီးစီး​စေ​ကြ​လော့​”​ဟု ဖိအား​ပေး​ပြောဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 14,
      "text": "ဖာရော​မင်းကြီး​၏​အဓမ္မ​စေခိုင်း​သူ​များ​သည် မိမိ​တို့​ခန့်ထား​သော​အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​များ​ကို​လည်း ရိုက်နှက်​ကာ “​သင်​တို့​သည် ယခင်​က​ကဲ့သို့ သင်​တို့​လုပ်​ရ​မည့်​အုတ်​ကို သတ်မှတ်ချက်​အတိုင်း မနေ့​ရော​ယနေ့​ပါ အဘယ်ကြောင့် မ​ပြီးစီး​ကြ​သနည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 15,
      "text": "ထိုအခါ အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​များ​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အရှင်မင်းကြီး​၏​အစေအပါး​တို့​အား အဘယ်ကြောင့် ဤသို့​ပြု​ပါ​သနည်း​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 16,
      "text": "အရှင်မင်းကြီး​၏​အစေအပါး​တို့​အား ကောက်ရိုး​ကို​မ​ပေး​ကြ​ပါ​။ သို့သော် ‘​အုတ်​များ​ကို​လုပ်​ကြ​လော့​’​ဟု အကျွန်ုပ်​တို့​အား​ဆို​ကြ​ပါ​၏​။ ကြည့်​ပါ​လော့​။ အရှင်မင်းကြီး​၏​အစေအပါး​တို့​သည် ရိုက်နှက်​ခံရ​ပါ​၏​။ အရှင်မင်းကြီး​၏​လူ​တို့​၌​သာ အပြစ်ရှိ​ပါ​၏​”​ဟု အော်ဟစ်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 17,
      "text": "ဖာရော​မင်းကြီး​က​လည်း “​သင်​တို့​သည် ပျင်းရိ​သော​သူ​များ​ဖြစ်​ကြ​၏​။ ပျင်းရိ​သောကြောင့် သင်​တို့​က ‘​ထာဝရဘုရား​အား သွား​၍​ယဇ်ပူဇော်​ကြ​စို့​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 18,
      "text": "ယခု​သွား​၍ အလုပ်​လုပ်​ကြ​လော့​။ သင်​တို့​အား ကောက်ရိုး​ကို​ပေး​မည်​မ​ဟုတ်​။ သို့သော် သတ်မှတ်​ထား​သော​အုတ်​ပမာဏ​အတိုင်း သင်​တို့​လုပ်ပေး​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 19,
      "text": "ထိုသို့ “​နေ့စဉ်​လုပ်​ရ​မည့်​အုတ် မ​လျော့​ရ​”​ဟု မိန့်ဆို​သဖြင့် အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​တို့​သည် မိမိ​တို့​ဒုက္ခ​ရောက်​နေ​ပြီ​ဖြစ်ကြောင်း သိမြင်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 20,
      "text": "ဖာရော​မင်းကြီး​ထံမှ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​နှင့်​တွေ့ဆုံ​ရန် စောင့်​နေ​ကြ​သော အာရုန်​နှင့်​မောရှေ​ကို တွေ့​လျှင်"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 21,
      "text": "“​သင်​တို့​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​တွင် ငါ​တို့​ကို စက်ဆုပ်ရွံရှာဖွယ်​အပုပ်ကောင် ​ဖြစ်​စေ​ပြီး ငါ​တို့​ကို​သတ်​ရန် သူ​တို့​လက်​ထဲသို့ ဓား​ထည့်ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​ကြည့်​၍ တရားစီရင်​တော်မူ​ပါစေသော​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 22,
      "text": "မောရှေ​သည် ထာဝရဘုရား​ထံသို့​ပြန်လာ​၍ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဤ​လူမျိုး​ကို အဘယ်ကြောင့် ဒုက္ခရောက်​စေ​တော်မူ​သနည်း​။ အကျွန်ုပ်​ကို အဘယ်ကြောင့် စေလွှတ်​တော်မူ​သနည်း​။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 23,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို​အမှီပြု​ပြီး​ပြောဆို​ရန် ဖာရော​မင်းကြီး​ထံ​ဝင်​သည့်​အချိန်​မှစ၍ သူ​သည် ဤ​လူမျိုး​ကို​ဒုက္ခရောက်​စေ​ပါ​ပြီ​။ ကိုယ်တော်​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို အလျှင်း​ကယ်နုတ်​တော်​မ​မူ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 1,
      "text": "ထာဝရဘုရား​က မောရှေ​အား “​ယခု ငါ​သည် ဖာရော​မင်းကြီး​အား မည်သို့​ပြု​မည်​ကို သင်​တွေ့မြင်​ရ​မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို လွှတ်​လိမ့်မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို သူ​၏​တိုင်းပြည်​မှ နှင်ထုတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 2,
      "text": "တစ်ဖန် ဘုရားသခင်​က မောရှေ​အား “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 3,
      "text": "ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား အနန္တတန်ခိုးရှင်​ဘုရားသခင်​အဖြစ် ထင်ရှားပြ​ခဲ့​သော်လည်း ထာဝရဘုရား​ဟူသော​ငါ​၏​နာမ​ကို သူ​တို့​မ​သိ​ခဲ့​ကြ​ပေ​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 4,
      "text": "ဧည့်သည်​အဖြစ် သူ​တို့​တည်းခိုနေထိုင်​ခဲ့​သည့်​ပြည်​တည်းဟူသော ခါနာန်​ပြည်​ကို သူ​တို့​အား​ပေး​ရန် ငါ​၏​ပဋိညာဉ်​ကို သူ​တို့​၌ ငါ​တည်​စေ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 5,
      "text": "ထို့ပြင် အီဂျစ်​လူမျိုး​တို့​၏​ကျွန်ပြု​ခြင်း​ကို​ခံ​နေ​ရ​သော အစ္စရေး​အမျိုးသား​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​လည်း ငါ​ကြား​၍ ငါ​၏​ပဋိညာဉ်​ကို ငါ​အောက်မေ့​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 6,
      "text": "သို့ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို ဆွဲထုတ်​၍ သူ​တို့​၏​ကျွန်ပြု​ခြင်း​မှ​လည်း သင်​တို့​ကို ငါ​ကယ်နုတ်​မည်​။ လက်ရုံး​ကို​ဆန့်​လျက် သူ​တို့​ကို​ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ရွေးနုတ်​မည်​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 7,
      "text": "ငါ​သည် သင်​တို့​ကို ငါ​၏​လူမျိုး​တော်​အဖြစ်​သိမ်းယူ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို​ဆွဲထုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 8,
      "text": "ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ကျိန်ဆို ​ခဲ့​သည့်​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​မည်​။ ထို​ပြည်​ကို​လည်း သင်​တို့​အား ငါ​အပိုင်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 9,
      "text": "မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ထိုအတိုင်း​ဆင့်ဆို​သော်လည်း သူ​တို့​သည် စိတ်နာကြည်း​သောကြောင့်​လည်းကောင်း​၊ ကြမ်းတမ်း​စွာ​ကျွန်ပြု​ခံရ​သောကြောင့်​လည်းကောင်း မောရှေ​၏​စကား​ကို နား​မ​ထောင်​ကြ​ပေ​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 10,
      "text": "ထို့ကြောင့် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 11,
      "text": "“​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် သူ​၏​ပြည်​ထဲမှ အစ္စရေး​အမျိုးသား​တို့​ကို​လွှတ်ပေး​ရန် သွား​၍​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 12,
      "text": "မောရှေ​က “​အစ္စရေး​အမျိုးသား​များ​ပင် အကျွန်ုပ်​စကား​ကို​နား​မ​ထောင်​လျှင် ဖာရော​မင်းကြီး​သည် နှုတ်​လေး​သော​သူ အကျွန်ုပ်​၏​စကား​ကို မည်သို့​နားထောင်​ပါ​မည်နည်း​”​ဟု ထာဝရဘုရား​၏​ရှေ့​တော်​၌ ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 13,
      "text": "ထိုသို့ မောရှေ​နှင့်​အာရုန်​အား အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည်​ကို အစ္စရေး​အမျိုးသား​တို့​နှင့် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​တို့​အား ပြောကြား​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ကား ဤ​သူ​တို့​တည်း​။ အစ္စရေး​၏​သားဦး​ဖြစ်​သူ​ရုဗင်​၏​သား​များ​မှာ ဟာနုတ်​၊ ဖာလု​၊ ဟေဇရုန်​၊ ကာမိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရုဗင်​၏​မျိုးနွယ်စု​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 15,
      "text": "ရှိမောင်​၏​သား​များ​မှာ ယေမွေလ​၊ ယာမိန်​၊ ဩဟဒ်​၊ ယာခိန်​၊ ဇောဟာ​နှင့် ခါနာန်​အမျိုးသမီး​၏​သား ရှောလ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှိမောင်​၏​မျိုးနွယ်စု​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 16,
      "text": "လေဝိ​သားမြေး​တို့​၏​ဆွေစဉ်မျိုးဆက်​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ လေဝိ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 17,
      "text": "မျိုးနွယ်စု​အလိုက် ဂေရရှုန်​၏​သား​များ​မှာ လိဗနိ​နှင့်​ရှိမိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 18,
      "text": "ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ ကောဟတ်​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​သုံး​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 19,
      "text": "မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့်​မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား လေဝိ​မျိုးနွယ်စု​၏​ဆွေစဉ်မျိုးဆက်​များ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 20,
      "text": "အာမရံ​သည် မိမိ​၏​အရီး​ယောခေဗက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် အာရုန်​နှင့်​မောရှေ တို့​ကို​မွေးဖွား​ပေး​၏​။ အာမရံ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 21,
      "text": "ဣဇဟာ​၏​သား​များ​မှာ ကောရ​၊ နေဖက်​၊ ဇိခရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 22,
      "text": "ဩဇေလ​၏​သား​များ​မှာ မိရှေလ​၊ ဧလဇာဖန်​၊ သိသရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 23,
      "text": "အာရုန်​သည် အမိနဒပ်​၏​သမီး​ဖြစ်​သော နာရှုန်​၏​နှမ ဧလိရှဘ​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ကို​မွေးဖွား​ပေး​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 24,
      "text": "ကောရ​၏​သား​များ​မှာ အဿိရ​၊ ဧလကာန​နှင့် အဗျာသပ် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ကောရ​အမျိုး​၏​မျိုးနွယ်စု​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 25,
      "text": "အာရုန်​၏​သား ဧလာဇာ​သည် ပုတျေလ​၏​သမီး​တစ်​ယောက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် ဖိနဟတ်​ကို မွေးဖွား​ပေး​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် လေဝိ​ဘိုးဘေး​တို့​၏​အကြီးအမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 26,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို အဖွဲ့​အလိုက် အီဂျစ်​ပြည်​ထဲမှ ထုတ်ဆောင်​လော့​”​ဟု ထာဝရဘုရား​အမိန့်ပေး​ခြင်း​ခံရ​သော​သူ​များ​ကား အာရုန်​နှင့်​မောရှေ​ပေတည်း​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 27,
      "text": "အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​ထဲမှ ထွက်သွား​ခွင့်​ပေး​ရန် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အား ပြောဆို​ခဲ့​သော​သူ​များ​ကား အာရုန်​နှင့်​မောရှေ​ပင်တည်း​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 28,
      "text": "အီဂျစ်​ပြည်​၌ မောရှေ​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​နေ့​တွင်"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 29,
      "text": "ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သင့်​အား​ငါ​မိန့်ဆို​သော​အရာ​အားလုံး​ကို အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 30,
      "text": "မောရှေ​က “​အကျွန်ုပ်​သည် နှုတ်​လေး​သော​သူ ​ဖြစ်၍ ဖာရော​မင်းကြီး​သည် အကျွန်ုပ်​၏​စကား​ကို မည်သို့​နားထောင်​ပါ​မည်နည်း​”​ဟု ထာဝရဘုရား​၏​ရှေ့​တော်​၌​ပြန်လျှောက်​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 1,
      "text": "ထာဝရဘုရား​က​လည်း မောရှေ​အား “​ကြည့်ရှု​လော့​။ သင့်​ကို ဖာရော​မင်းကြီး​၏​ဘုရား​ကဲ့သို့ ငါ​ဖြစ်​စေ​ပြီ​။ သင်​၏​အစ်ကို​အာရုန်​သည် သင်​၏​ပရောဖက်​ဖြစ်​မည်​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 2,
      "text": "သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို သင်​ပြော​ရ​မည်​။ ဖာရော​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​၏​ပြည်​မှ​လွှတ်​မည့်​အကြောင်း သင်​၏​အစ်ကို​အာရုန်​သည် သူ့​အား​လျှောက်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 3,
      "text": "ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 4,
      "text": "သို့သော် ဖာရော​မင်းကြီး​သည် သင်​တို့​စကား​ကို နားထောင်​လိမ့်မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​အပေါ် ငါ့​လက်​ကို​တင်​၍ ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် ငါ့​လူစု​ဖြစ်​သော ငါ့​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​မည်​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 5,
      "text": "အီဂျစ်​ပြည်​အပေါ် ငါ​၏​လက်​ကို​ဆန့်​၍ အစ္စရေး​အမျိုးသား​တို့​ကို ထို​ပြည်​ထဲ​မှ ထုတ်ဆောင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို အီဂျစ်​လူမျိုး​တို့​သည် သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 6,
      "text": "မောရှေ​နှင့်​အာရုန်​သည် သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 7,
      "text": "ဖာရော​မင်းကြီး​ထံ​သွား​၍ လျှောက်တင်​ကြ​စဉ်က မောရှေ​သည် အသက်​ရှစ်ဆယ်​၊ အာရုန်​သည် အသက်​ရှစ်ဆယ့်​သုံး​နှစ် ရှိ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 9,
      "text": "“​သင်​တို့​အား ဖာရော​မင်းကြီး​က ‘​သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှု​များ​ကို​ပြု​လော့​’​ဟု ဆို​လျှင် မောရှေ​က အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ပစ်ချ​လော့​’​ဟု ပြော​ရ​မည်​။ တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 10,
      "text": "မောရှေ​နှင့်​အာရုန်​သည်​လည်း ဖာရော​မင်းကြီး​ထံ​ဝင်​၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် သူ​၏​တောင်ဝှေး​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​၌ ပစ်ချ​သော် တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 11,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် ပညာရှိ​များ​နှင့်​မှော်ဆရာ​များ​ကို​ခေါ်​၍ ထို​အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​နတ်ဝိဇ္ဇာအတတ်​များ​ဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 12,
      "text": "သူ​တို့​သည် အသီးသီး​မိမိ​တို့​၏​တောင်ဝှေး​ကို ပစ်ချ​ကြ​သောအခါ မြွေနဂါး​များ​ဖြစ်သွား​၏​။ သို့ရာတွင် အာရုန်​၏​တောင်ဝှေး​သည် သူ​တို့​၏​တောင်ဝှေး​များ​ကို​မျို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 13,
      "text": "သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​၍ မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 14,
      "text": "ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် ခိုင်မာ​၍ အစ္စရေး​လူမျိုး​တို့​ကို လွှတ်​ရန်​ငြင်းဆန်​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 15,
      "text": "နံနက်အချိန်​၌ ဖာရော​မင်းကြီး​သည် ရေဆိပ်​သို့​သွား​မည်​ဖြစ်၍ သူ​နှင့်​တွေ့ဆုံ​ရန် နိုင်း​မြစ်​ကမ်းနား​၌ သွား​စောင့်​နေ​လော့​။ မြွေ​အဖြစ်​သို့​ပြောင်းလဲ​ခဲ့​သော​တောင်ဝှေး​ကို​လည်း သင့်​လက်​ထဲ၌ ယူဆောင်​သွား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 16,
      "text": "သင်​သည် ဖာရော​မင်းကြီး​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​၏​လူမျိုး​တော်​သည် တောကန္တာရ​၌ ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့’​ဟု ဆင့်ဆို​ရန် အကျွန်ုပ်​ကို အရှင့်​ထံသို့​စေလွှတ်​တော်မူ​၏​။ သို့သော် အရှင်မင်းကြီး​သည် ယခု​တိုင်အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 17,
      "text": "ထို့ကြောင့် ‘ထာဝရဘုရား​က ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို ဤ​အမှု​အားဖြင့် သင်​သိ​ရ​လိမ့်မည် ဟု​မိန့်​တော်မူ​ပြီ​။ ဤ​အမှု​ဟူမူကား အကျွန်ုပ်​သည် နိုင်း​မြစ်​ရေ​ကို အကျွန်ုပ်​လက်​၌​ရှိ​သော​တောင်ဝှေး​ဖြင့် ရိုက်​သောအခါ သွေး​အဖြစ်​သို့​ပြောင်းသွား​မည်​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 18,
      "text": "နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​လိမ့်မည်​။ နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​သဖြင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ရေ​ကို သောက်သုံး​နိုင်​မည်​မ​ဟုတ်​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 19,
      "text": "တစ်ဖန် ထာဝရဘုရား​က “​သင်​သည် အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​၊ ရေလှောင်ကန်​များ​စသည့် အီဂျစ်​ပြည်​ရှိ​ရေ​ရှိသမျှ​အပေါ်​သို့ သင်​၏​လက်​ကို​ဆန့်​လော့​။ ထိုအခါ ရေ​သည် သွေး​ဖြစ်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် သစ်သားခွက်​များ​နှင့်​ကျောက်ခွက်​များ​ထဲ၌​ပါမကျန် သွေး​ဖြစ်​လိမ့်မည်​’​ဟူ၍ ပြော​လော့​”​ဟု မောရှေ​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 20,
      "text": "မောရှေ​နှင့်​အာရုန်​သည်​လည်း ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့မှောက်​၌ တောင်ဝှေး​ကို​မြှောက်​၍ နိုင်း​မြစ်​ရေ​ကို ရိုက်​လေ​သော် နိုင်း​မြစ်​ရေ​အားလုံး သွေး​အဖြစ်​သို့​ပြောင်းသွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 21,
      "text": "နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​သဖြင့် နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​လေ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ထဲမှ​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​။ အီဂျစ်​ပြည်​တစ်ပြည်လုံး သွေး​နှင့်​ပြည့်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 22,
      "text": "အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​အားဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 23,
      "text": "ဖာရော​မင်းကြီး​သည် မိမိ​နန်းတော်​သို့​လှည့်​ပြန်သွား​ကာ ဤ​အမှု​ကို​လည်း နှလုံး​မ​သွင်း​ဘဲ​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 24,
      "text": "အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် နိုင်း​မြစ်​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​သဖြင့် သောက်သုံး​ရေ​ရရှိ​ရန် နိုင်း​မြစ်​တစ်လျှောက် တွင်း​တူး​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 25,
      "text": "ထာဝရဘုရား​သည် နိုင်း​မြစ်​ကို​ဒဏ်ခတ်​သည်​မှာ ခုနစ်​ရက်​ကြာ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 1,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 2,
      "text": "သူ​တို့​ကို မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် ငါ​သည် သင့်​ပြည်​တစ်ပြည်လုံး​ကို ဖား​များ​ဖြင့်​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 3,
      "text": "နိုင်း​မြစ်​သည် ဖား​များ​နှင့်​ပြည့်နှက်​လိမ့်မည်​။ ထို​ဖား​များ​သည်​တက်လာ​၍ သင်​၏​နန်းတော်​၊ သင်​အိပ်​သော​အခန်း​နှင့်​အိပ်ရာ​ထဲသို့​လည်းကောင်း​၊ သင့်​အမှုထမ်း​များ​နှင့်​ပြည်သူပြည်သား​တို့​၏​အိမ်​ထဲသို့​လည်းကောင်း​၊ သင်​၏​မီးဖို​များ​နှင့်​မုန့်နယ်ခွက်​များ​ထဲသို့​လည်းကောင်း ဝင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 4,
      "text": "ထို့ပြင် ဖား​များ​သည် သင်​မှစ၍ သင့်​ပြည်သူပြည်သား​များ​နှင့် သင့်​အမှုထမ်း​အားလုံး​တို့​အပေါ်​သို့​တက်​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 5,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “ ‘​သင်​ကိုင်​ထား​သော​တောင်ဝှေး​ကို မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​ပေါ်သို့ ဆန့်​လော့​။ ဖား​များ​ကို အီဂျစ်​ပြည်​တစ်လျှောက် တက်လာ​စေ​လော့​’​ဟူ၍ အာရုန်​အား ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 6,
      "text": "ထို့ကြောင့် အာရုန်​သည် မိမိ​လက်​ကို အီဂျစ်​ပြည်​၏​ရေ​များ​ပေါ်သို့​ဆန့်​သဖြင့် ဖား​များ​တက်လာ​၍ အီဂျစ်​ပြည်​ကို ဖုံးလွှမ်း​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 7,
      "text": "နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​ဖြင့် ထိုနည်းတူ​ပြု​၍ ဖား​များ​ကို အီဂျစ်​ပြည်​တစ်လျှောက်​သို့ တက်လာ​စေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 8,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ခေါ်​၍ “​ငါ​နှင့်​ငါ​၏​လူ​တို့​ထံမှ ဖား​များ​ကို​ဖယ်ရှား​ပေး​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​လော့​။ သို့ပြုလျှင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အစ္စရေး​လူ​တို့​ကို​ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 9,
      "text": "မောရှေ​က​လည်း ဖာရော​မင်းကြီး​အား “​ဖား​များ​ကို အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း သုတ်သင်ဖယ်ရှား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​စေရန် အရှင်​နှင့် အရှင့်​အမှုထမ်း​များ​၊ အရှင့်​ပြည်သူပြည်သား​များ​အတွက် အကျွန်ုပ်​ဆုတောင်း​ရ​မည့်​အချိန်​ကို သတ်မှတ်​ပေး​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 10,
      "text": "ဖာရော​မင်းကြီး​က “​မနက်ဖြန်​”​ဟု ဆို​လျှင် မောရှေ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​ကြောင်း အရှင်​သိမြင်​စေရန် အရှင်​၏​စကား​အတိုင်း ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 11,
      "text": "ဖား​များ​သည် အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း​၊ အရှင့်​အမှုထမ်း​များ​နှင့် အရှင့်​လူ​များ​ထဲမှ​လည်းကောင်း ထွက်သွား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​ကြ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 12,
      "text": "ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​ထံမှ​ထွက်သွား​ကြ​၏​။ ဖာရော​မင်းကြီး​အပေါ်​၌ ဖား​များ​ကျရောက်​စေ​တော်မူ​သော​အမှု​ကြောင့် မောရှေ​သည် ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 13,
      "text": "ထိုအခါ ထာဝရဘုရား​သည် မောရှေ​တောင်းလျှောက်​သည့်​အတိုင်း​ပြု​သဖြင့် ဖား​များ​သည် အိမ်​များ​၊ ခြံဝင်း​များ​၊ လယ်​များ​ထဲ၌ သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 14,
      "text": "ဖားသေကောင်​တို့​ကို အပုံလိုက် အပုံလိုက်​စုပုံ​ထား​ကြ​သဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 15,
      "text": "ဖာရော​မင်းကြီး​သည် သက်သာ​ရာ​ရ​ကြောင်း​ကို သိမြင်​သောအခါ ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သူ​၏​စိတ်နှလုံး​သည်​ခိုင်မာ​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “ ‘​တောင်ဝှေး​ကို​ဆန့်​၍ မြေမှုန့်​ကို​ရိုက်​လော့​။ ထိုအခါ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မြေမှုန့်​တို့​သည် မှက်ကောင်​များ​ဖြစ်သွား​လိမ့်မည်​’​ဟူ၍ အာရုန်​အား​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 17,
      "text": "သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် မိမိ​လက်​ကို​ဆန့်​၍ တောင်ဝှေး​ဖြင့် မြေမှုန့်​ကို ရိုက်​လျှင် အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မြေမှုန့်​ရှိသမျှ​သည် မှက်ကောင်​များ​ဖြစ်​လေ​၏​။ ထို​မှက်ကောင်​များ​သည် လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ် တွယ်ကပ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 18,
      "text": "နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​အားဖြင့် မှက်ကောင်​များ​ဖြစ်လာ​အောင် ပြု​ကြ​သော်လည်း သူ​တို့​မ​တတ်နိုင်​ကြ​။ ထို့ကြောင့် မှက်ကောင်​များ​သည် လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ်​၌ တွယ်ကပ်​လျက်​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 19,
      "text": "ထိုအခါ နတ်ဝိဇ္ဇာဆရာ​တို့​က ဖာရော​မင်းကြီး​အား “​ဤ​အမှု​သည် ဘုရားသခင်​ပြု​တော်မူ​သော​အမှု ​ဖြစ်​၏​”​ဟု လျှောက်​ကြ​၏​။ သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 20,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​သည် နံနက်​စောစောထ​၍ ရေဆိပ်​သို့​သွား​မည့်​ဖာရော​မင်းကြီး​၏​ရှေ့​တွင်​ရပ်​လျက် ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 21,
      "text": "အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​လျှင် ငါ​သည် သင်​မှစ၍ သင်​၏​အမှုထမ်း​များ​နှင့် သင်​၏​လူ​များ​ပေါ်သို့​လည်းကောင်း​၊ သင်​၏​နန်းဆောင်​များ​ထဲသို့​လည်းကောင်း ယင်ရဲ​တို့​ကို စေလွှတ်​မည်​။ အီဂျစ်​လူမျိုး​တို့​၏​အိမ်​များ​နှင့် သူ​တို့​နေထိုင်​သော​မြေ​သည်​လည်း ယင်ရဲ​တို့​နှင့် ပြည့်နှက်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 22,
      "text": "ငါ​သည် ထို​နေ့​၌ ငါ​၏​လူမျိုး​တော်​နေထိုင်​ရာ​ဂေါရှင်​အရပ်​ကို သီးသန့်ခွဲ​ထား​မည်​။ ဤ​ပြည်​တွင် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​စေရန် ထို​အရပ်​၌ ယင်ရဲ​တို့​မ​ရှိ​စေ​ရ​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 23,
      "text": "ငါ​သည် ငါ​၏​လူမျိုး​တော်​နှင့်​သင်​၏​လူမျိုး​ကြား​တွင် ခြားနားမှု​ရှိ​စေ​မည်​။ ဤ​နိမိတ်လက္ခဏာ​သည် မနက်ဖြန်​၌ ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ကြောင်း ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 24,
      "text": "ထာဝရဘုရား​သည် ထိုအတိုင်း​ပြု​တော်မူ​သဖြင့် မြောက်မြား​စွာ​သော​ယင်ရဲ​တို့​သည် ဖာရော​မင်းကြီး​၏​နန်းတော်​မှစ၍ သူ့​အမှုထမ်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​ပြည်​အနှံ့ ဝင်ရောက်​ကြ​၏​။ ယင်ရဲ​များ​ကြောင့် တစ်ပြည်လုံး​သည် ပျက်စီး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 25,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို​ခေါ်​၍ “​သွား​ကြ​လော့​။ ဤ​ပြည်​၌​သာ သင်​တို့​၏​ဘုရားသခင်​အား ယဇ်ပူဇော်​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 26,
      "text": "သို့သော် မောရှေ​က “​ဤသို့​မ​ပြု​သင့်​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​သည်​ကို အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​ကြ​၏​။ အကျွန်ုပ်​တို့​သည် အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​သော​အရာ​ကို သူ​တို့​မျက်မှောက်​၌ ပူဇော်​လျှင် အကျွန်ုပ်​တို့​ကို ခဲ​နှင့်​ပေါက်​ကြ​လိမ့်မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 27,
      "text": "အကျွန်ုပ်​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော တောကန္တာရ​သို့​သွား​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​ပါ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 28,
      "text": "ဖာရော​မင်းကြီး​က​လည်း “​တောကန္တာရ​ထဲ၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် သင်​တို့​ကို ငါ​လွှတ်ပေး​မည်​။ သို့ရာတွင် ဝေးဝေး​မ​သွား​ရ​။ ငါ့​အတွက်​လည်း​ဆုတောင်း​ပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 29,
      "text": "ထိုအခါ မောရှေ​က “​အကျွန်ုပ်​သည် အရှင်မင်းကြီး​ထံ​မှ ထွက်သွား​၍ မနက်ဖြန်နေ့​၌ ယင်ရဲ​တို့​သည် အရှင်​ဖာရော​မင်းကြီး​မှစ၍ အမှုထမ်း​များ​၊ ပြည်သူပြည်သား​များ​ထံမှ ထွက်သွား​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​ပါ​မည်​။ သို့ရာတွင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အရှင်မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​လွှတ်​ဘဲ​နေ​ခြင်း​ဖြင့် ထပ်၍​မ​လှည့်စား​ပါ​နှင့်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 30,
      "text": "မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ ထွက်သွား​၍ ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 31,
      "text": "ထိုအခါ ထာဝရဘုရား​သည် မောရှေ​တောင်းလျှောက်​သည့်​အတိုင်း​ပြု​သဖြင့် ယင်ရဲ​များ​သည် ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​များ​၊ သူ​၏​လူ​များ​ထံမှ တစ်​ကောင်​မျှ​မ​ကျန်​ထွက်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 32,
      "text": "သို့ရာတွင် ဖာရော​မင်းကြီး​သည် ဤ​တစ်ကြိမ်​၌​လည်း စိတ်နှလုံး​ခိုင်မာ​ပြန်​၍ အစ္စရေး​လူမျိုး​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 1,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ ဟေဗြဲ​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 2,
      "text": "သူ​တို့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​၊ ဆက်၍​ချုပ်ကိုင်​ထား​မည်​ဆိုလျှင်"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 3,
      "text": "ထာဝရဘုရား​လက်​တော်​သည် လယ်​၌​ရှိ​သည့် မြင်း​များ​၊ မြည်း​များ​၊ ကုလားအုတ်​များ​၊ နွား​များ​၊ သိုးဆိတ်​များ စသည့် သင်​တို့​၏​တိရစ္ဆာန်​များ​အပေါ် အလွန်​ဆိုးရွား​သော​ကပ်ရောဂါ​ဘေး ကျရောက်​စေ​မည်​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 4,
      "text": "သို့သော် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​တိရစ္ဆာန်​များ​နှင့် အီဂျစ်​လူမျိုး​တို့​၏​တိရစ္ဆာန်​များ​ကို သီးသန့်ခွဲ​ထား​သဖြင့် အစ္စရေး​အမျိုးသား​တို့​ပိုင်​သော​တိရစ္ဆာန်​တစ်ကောင်မျှ​မ​သေ​ရ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု သူ့​အား ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 5,
      "text": "ထာဝရဘုရား​သည် အချိန်​ကို​သတ်မှတ်​တော်မူ​၍ “ငါ​ထာဝရဘုရား​သည် ထို​အမှု​ကို မနက်ဖြန် ဤ​ပြည်​ထဲ၌ ပြု​တော်မူ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 6,
      "text": "နောက်တစ်နေ့​၌ ထာဝရဘုရား​သည် ထို​အမှု​ကို​ပြု​တော်မူ​သဖြင့် အီဂျစ်​လူမျိုး​တို့​၏​တိရစ္ဆာန်​ရှိသမျှ​တို့​သည် သေ​ကြ​ကုန်​၏​။ သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​၏​တိရစ္ဆာန် တစ်​ကောင်​မျှ​မ​သေ​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 7,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် လူ​ကို​စေလွှတ်​ရာ အစ္စရေး​လူမျိုး​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ​ကြောင်း သိရှိ​၏​။ သို့သော်လည်း ဖာရော​မင်းကြီး​သည် စိတ်နှလုံး​ခိုင်မာ​လျက် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် မီးပြင်းဖို​မှ​ကျပ်ခိုး​ကို သင်​တို့​၏​လက်ခုပ်​နှင့်​အပြည့်​ယူ​လော့​။ ထို့နောက် မောရှေ​သည် ဖာရော​မင်းကြီး​၏​မျက်မှောက်​၌ ၎င်း​ကို မိုးကောင်းကင်​သို့​ကြဲဖြန့်​လော့​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 9,
      "text": "ထို​ကျပ်ခိုး​သည် အမှုန့်​ဖြစ်သွား​၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​လွှမ်းသွား​ပြီး အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​၌ ပြည်​တည်​သော​အနာစိမ်း​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 10,
      "text": "ထို့ကြောင့် သူ​တို့​သည် မီးပြင်းဖို​မှ​ကျပ်ခိုး​ကို​ယူ​ပြီး ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​လေ​၏​။ မောရှေ​သည်​လည်း ၎င်း​ကို မိုးကောင်းကင်​သို့​ကြဲဖြန့်​လေ​ရာ လူ​နှင့်​တိရစ္ဆာန်​တို့​၌ ပြည်​တည်​သော​အနာစိမ်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 11,
      "text": "နတ်ဝိဇ္ဇာဆရာ​များ​နှင့် အီဂျစ်​လူမျိုး​အားလုံး​တို့​၌ အနာစိမ်း​ပေါက်​သဖြင့် နတ်ဝိဇ္ဇာဆရာ​တို့​သည် အနာစိမ်း​ကြောင့် မောရှေ​၏​ရှေ့​၌ မ​ရပ်​နိုင်​ကြ​ပေ​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 13,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​နံနက်​စောစောထ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​လော့​။ သင်​သည် ဖာရော​မင်းကြီး​အား ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 14,
      "text": "သို့မဟုတ်လျှင် ဤ​တစ်ကြိမ်​တွင် ငါ​သည် ဘေးဒဏ်​အမျိုးမျိုး​ကို သင်​မှစ၍ သင်​၏​အမှုထမ်း​များ​၊ သင်​၏​ပြည်သူပြည်သား​များ​အပေါ်​သို့ ကျရောက်​စေ​မည်​။ ဤသို့ဖြင့် မြေ​တစ်ပြင်လုံး​၌ ငါ​ကဲ့သို့သော​ဘုရား​မ​ရှိ​ကြောင်း သင်​သိမြင်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 15,
      "text": "ယခု ငါ​၏​လက်​ကို​ဆန့်​လျက် သင်​နှင့်​သင်​၏​လူ​တို့​အား ကပ်ရောဂါ​ဘေး​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ သင်​သည် မြေကြီး​ပေါ်မှ ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 16,
      "text": "အကယ်စင်စစ် သင့်​အား ငါ​၏​တန်ခိုး​ကို​ပြသ​ရန်​နှင့် မြေ​တစ်ပြင်လုံး​၌ ငါ​၏​နာမ​ကို ကြေညာ​ရန် ငါ​သည် သင့်​ကို တည်​နေ​စေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 17,
      "text": "သင်​သည် ငါ​၏​လူမျိုး​တော်​ကို​မ​လွှတ်​ဘဲ သူ​တို့​အပေါ် ထောင်လွှား​စော်ကား​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 18,
      "text": "အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​ခဲ့​ဖူး​သော မိုးသီး​သည်းထန်​စွာ​ရွာကျ​ခြင်း​ကို မနက်ဖြန် ဤ​အချိန်​တွင် ငါ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 19,
      "text": "ထို့ကြောင့် သင်​၏​တိရစ္ဆာန်​များ​နှင့် လယ်​ထဲ​ရှိ​သင်​ပိုင်​သော​အရာ​အားလုံး​တို့​ကို လုံခြုံ​ရာ​သို့​သိမ်းဆည်း​ရန် ယခုပင်​အမိန့်ပေး​လော့​။ အိမ်​သို့​မ​ခေါ်ဆောင်​လာ​သည့် လယ်​၌​ရှိသမျှ​သော​လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ်​သို့ မိုးသီး​ကျ​၍ သေ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 20,
      "text": "ဖာရော​မင်းကြီး​၏​အမှုထမ်း​များ​ထဲမှ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် မိမိ​တို့​၏​ကျွန်​များ​နှင့် မိမိ​တို့​၏​တိရစ္ဆာန်​များ​ကို အိမ်​ထဲသို့ အမြန်​ဝင်​စေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 21,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို ဂရုမစိုက်​သော​သူ​တို့​မူကား မိမိ​တို့​၏​ကျွန်​များ​နှင့်​တိရစ္ဆာန်​များ​ကို လယ်​ထဲ၌​ပင် ထား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 22,
      "text": "ထာဝရဘုရား​က မောရှေ​အား “​အီဂျစ်​ပြည်​၌​ရှိ​သော လူ​၊ တိရစ္ဆာန်​နှင့် လယ်​ထဲမှ​အပင်​ရှိသမျှ​တို့​မှစ၍ အီဂျစ်​ပြည်​တစ်ပြည်လုံး​အပေါ် မိုးသီး​ကျ​စေရန် သင်​၏​လက်​ကို မိုးကောင်းကင်​သို့​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 23,
      "text": "ထိုအခါ မောရှေ​သည် မိမိ​၏​တောင်ဝှေး​ကို မိုးကောင်းကင်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကို လွှတ်​တော်မူ​၏​။ မီး​သည်​လည်း မြေ​ပေါ်သို့​ကျလာ​၏​။ ထာဝရဘုရား​သည် အီဂျစ်​ပြည်​အပေါ်​သို့ မိုးသီး​ကို ရွာကျ​စေ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 24,
      "text": "အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မိုးသီး​သည်းထန်​စွာ​ရွာကျ​၍ မိုးသီး​ကြားမှ​မီးလျှံ​များ​ထွက်​နေ​သည့်​အဖြစ်​မျိုး အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ တစ်ခါ​မျှ မ​ဖြစ်​ဖူး​ချေ​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 25,
      "text": "အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် လယ်ပြင်​၌​ရှိသမျှ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် မိုးသီး​ထိ​လေ​၏​။ လယ်​ထဲ၌​ရှိသမျှ​အပင်​တို့​ကို​လည်း မိုးသီး​ထိ​၍ လယ်​ထဲ၌​ရှိ​သော​အပင်​အားလုံး ပျက်စီး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 26,
      "text": "သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​နေထိုင်​ရာ ဂေါရှင်​အရပ်​၌ မိုးသီး​မ​ကျ​ပေ​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 27,
      "text": "ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ဆင့်ခေါ်​ပြီးလျှင် “​ဤ​တစ်ကြိမ်​ကား ငါ​ပြစ်မှား​မိ​ပြီ​။ ထာဝရဘုရား​သာလျှင် ဖြောင့်မတ်​တော်မူ​၏​။ ငါ​နှင့်​ငါ့​လူ​တို့​မူကား ဆိုးယုတ်​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 28,
      "text": "ဘုရားသခင်​ထံမှ မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​မှာ တော်လောက်​ပါ​ပြီ​။ ထာဝရဘုရား​ထံ​ဆုတောင်း​ပေး​ပါ​လော့​။ သင်​တို့​ကို ဆက်၍​မ​နေ​စေ​ဘဲ သင်​တို့​ကို ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 29,
      "text": "မောရှေ​က​လည်း “​အကျွန်ုပ်​သည် မြို့​ထဲမှ​ထွက်​သည်​နှင့် ထာဝရဘုရား​ထံသို့ အကျွန်ုပ်​၏​လက်​ကို​ဖြန့်​ပါ​မည်​။ ထာဝရဘုရား​သည် မြေကြီး​ကို​ပိုင်​တော်မူ​ကြောင်း အရှင်​သိ​စေရန် မိုးချုန်းသံ​များ​ရပ်​၍ မိုးသီး​လည်း ကျ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 30,
      "text": "သို့သော် အရှင်​နှင့်​အရှင့်​အမှုထမ်း​တို့​သည် ထာဝရအရှင်​ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​မ​ရှိ​သေး​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 31,
      "text": "(​မုယောပင်​သည် အနှံ​ထွက်​လျက်​၊ ဗီသွာပင်​များ​သည်​လည်း ဖူးပွင့်​လျက်​ရှိ​၏​။ မုယောပင်​နှင့်​ဗီသွာပင်​များ​ကို မိုးသီး​ထိ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 32,
      "text": "ဂျုံ​နှင့်​ပန်းဂျုံ​တို့​မူကား ကောက်နှောင်း​ဖြစ်၍ ၎င်း​တို့​ကို မိုးသီး​မ​ထိ​။​)"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 33,
      "text": "မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ မြို့ပြင်​သို့​ထွက်သွား​၍ သူ​၏​လက်​ကို ထာဝရဘုရား​ထံသို့​ဖြန့်​လျှင် မိုးချုန်းသံ​များ​နှင့်​မိုးသီး​ကျ​ခြင်း​ရပ်​သွား​၍ မြေ​ပေါ်သို့ မိုး​မ​ရွာ​တော့​ပေ​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 34,
      "text": "ဖာရော​မင်းကြီး​သည် ထိုသို့​မိုး​မ​ရွာ​၊ မိုးသီး​နှင့် မိုးချုန်းသံ​များ​လည်း​ရပ်စဲ​သွား​သည်​ကို သိမြင်​လျှင် တစ်ဖန်​ပြစ်မှား​၍ သူ​နှင့်​သူ​၏​အမှုထမ်း​တို့​သည် စိတ်နှလုံး​ခိုင်မာ​လျက်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 35,
      "text": "ထိုသို့ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် အစ္စရေး​အမျိုးသား​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​ထံသို့​ဝင်​လော့​။ ငါ​သည် ဖာရော​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​တို့​ရှေ့​၌ ဤ​နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန်​နှင့်"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 2,
      "text": "အီဂျစ်​လူမျိုး​တို့​ကို ငါ​အပြင်းအထန်​ဒဏ်ခတ်​ခဲ့​သော​အမှု​များ​၊ သူ​တို့​အား ငါ​ပြ​ခဲ့​သော နိမိတ်လက္ခဏာ​များ​ကို သင်​တို့​သည် သင်​တို့​၏​သား​မြေး​များ​အား ပြောကြား​၍ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိရှိ​စေရန် သူ​တို့​၏​စိတ်နှလုံး​ကို ငါ​ခိုင်မာ​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 3,
      "text": "မောရှေ​နှင့်​အာရုန်​တို့​သည်​လည်း ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ရှေ့​၌ ကိုယ့်ကိုယ်ကိုယ် မ​နှိမ့်ချ​ဘဲ မည်မျှ​ကြာ​အောင်​တင်းခံ​နေ​မည်နည်း​။ ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 4,
      "text": "အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​ဘဲ ငြင်းဆန်​နေ​မည်​ဆိုလျှင် မနက်ဖြန် သင့်​နယ်မြေ​ထဲသို့ ကျိုင်းကောင်​များ​ကို ငါ​ရောက်လာ​စေ​မည်​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 5,
      "text": "ကျိုင်းကောင်​များ​သည် မြေ​မျက်နှာပြင်​ကို​ဖုံးလွှမ်း​သဖြင့် မြေကြီး​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ထို​ကျိုင်းကောင်​တို့​သည် မိုးသီးဘေး​ဖြစ်​ပြီးနောက် သင်​တို့​၌​ကြွင်းကျန်​သော​အကြွင်းအကျန်​တို့​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​လယ်​၌​ပေါက်​သော​အပင်​ရှိသမျှ​တို့​ကို စား​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 6,
      "text": "သင်​၏​နန်းဆောင်​များ​၊ သင့်​အမှုထမ်း​အပေါင်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​၏​အိမ်​များ​၌ ပြည့်နှက်​ကြ​လိမ့်မည်​။ မြေ​ပေါ်မှာ သင်​၏​ဘိုးဘေး​ဘီဘင်​များ​နေထိုင်​ခဲ့​သော​အချိန်​မှစ၍ ယနေ့​အချိန်​အထိ ဤသို့သော​အမှု​ကို သူ​တို့​မြင်တွေ့​ဖူး​ကြ​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု ဆို​ပြီးလျှင် ဖာရော​မင်းကြီး​ထံမှ လှည့်​ထွက်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 7,
      "text": "ဖာရော​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ဤ​သူ​သည် အကျွန်ုပ်​တို့​ကို မည်မျှ​ကြာ​အောင် စိတ်အနှောင့်အယှက်​ပေး​နေ​ဦး​မည်နည်း​။ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ဝတ်ပြု​ရန် ယောက်ျားသား​များ​ကို​လွှတ်ပေး​လိုက်​ပါ​။ အီဂျစ်​ပြည်​ပျက်စီး​နေ​သည်​ကို အရှင်​မ​သိ​သလော​”​ဟု ဖာရော​မင်းကြီး​အား လျှောက်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 8,
      "text": "ထို့ကြောင့် မောရှေ​နှင့်​အာရုန်​ကို ဖာရော​မင်းကြီး​ထံသို့ ပြန်​ခေါ်သွင်း​၍ ဖာရော​မင်းကြီး​က “​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။ မည်သူ​တို့ သွား​ကြ​မည်နည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 9,
      "text": "မောရှေ​က “​အကျွန်ုပ်​တို့​သည် လူကြီး​ရော လူငယ်​ပါ သွား​ကြ​ပါ​မည်​။ အကျွန်ုပ်​တို့​၏​သား​သမီး​များ​နှင့်တကွ အကျွန်ုပ်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို​လည်း ခေါ်ဆောင်​သွား​ပါ​မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ပွဲတော်​ကို ကျင်းပ​ရ​မည်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 10,
      "text": "ထိုအခါ ဖာရော​မင်းကြီး​က “​ငါ​သည် သင်​တို့​နှင့်တကွ သင်​တို့​၏​ကလေး​များ​ကို​လွှတ်ပေး​မည်​ဆိုလျှင် သင်​တို့​နှင့်အတူ ထာဝရဘုရား​ရှိ​နေ​၍​သာ​ဖြစ်​မည်​။ ကြည့်​လော့​။ သင်​တို့​၏​မကောင်းမှု​သည် သင်​တို့​မျက်နှာ​တွင် ပေါ်လွင် ​လျက်​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 11,
      "text": "ထိုသို့​မ​ဖြစ်​ရ​။ သင်​တို့​တောင်းဆို​ခဲ့​ကြ​သည့်​အတိုင်း ယောက်ျားသား​များ​သာ ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​စေ​”​ဟု ဆို​ပြီးလျှင် ဖာရော​မင်းကြီး​သည် သူ​တို့​ကို မိမိ​ရှေ့မှောက်​မှ နှင်ထုတ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 12,
      "text": "ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကျိုင်းကောင်​များ အီဂျစ်​ပြည်​ပေါ်သို့ တက်လာ​၍ မိုးသီးဘေး​ဖြစ်​ပြီးနောက်​ကြွင်းကျန်​သမျှ​သော ထို​ပြည်​ရှိ​အပင်​အားလုံး​တို့​ကို စား​မည့်​အကြောင်း သင်​၏​လက်​ကို အီဂျစ်​ပြည်​ပေါ်သို့ ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 13,
      "text": "သို့ဖြစ်၍ မောရှေ​သည် မိမိ​တောင်ဝှေး​ကို အီဂျစ်​ပြည်​ပေါ်သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် ထို​ပြည်​ပေါ်သို့ ထို​နေ့​တစ်နေ့လုံး ထို​ည​တစ်ညလုံး အရှေ့​လေ​ကို တိုက်ခတ်​စေ​တော်မူ​၏​။ နံနက်အချိန်​ရောက်​သောအခါ ထို​အရှေ့​လေ​သည် ကျိုင်းကောင်​များ​ကို သယ်ဆောင်​လာ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 14,
      "text": "အလွန်​များပြား​သော​ကျိုင်းကောင်​များ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ တက်လာ​၍ အီဂျစ်​ပြည်​တစ်လျှောက်လုံး​တွင် နား​နေ​ကြ​၏​။ ထိုကဲ့သို့သော​ကျိုင်းကောင်​များ​သည် ယခင်​က​လည်း​မ​ရှိ​စဖူး​၊ နောင်တွင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 15,
      "text": "ကျိုင်းကောင်​တို့​သည် မြေ​မျက်နှာ​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​သဖြင့် မြေပြင်​သည်​မည်းနက်​လေ​၏​။ မိုးသီးဘေး​ပြီးနောက် ကျန်ရစ်​သော​ကောက်ပင်​အားလုံး​နှင့် ထို​ပြည်​ရှိ​သစ်သီးဝလံ​အားလုံး​တို့​ကို​စား​ကြ​သဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် အပင်​မှ​အရွက်​စိမ်း​တစ်​ရွက်​မျှ​၊ လယ်​ထဲ​ရှိ​ကောက်ပင်​တစ်​ပင်​မျှ မ​ကြွင်းကျန်​ပေ​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 16,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို အလျင်အမြန်​ဆင့်ခေါ်​၍ “​ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် သင်​တို့​ကို ပြစ်မှား​ပါ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 17,
      "text": "ယခု​တစ်ကြိမ်​သာလျှင် ငါ့​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​။ ဤ​သေဘေး​ကို​လည်း ငါ့​ထံ​မှ​ဖယ်ရှား​ပေး​မည့်​အကြောင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 18,
      "text": "မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ​ထွက်သွား​၍ ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 19,
      "text": "ထာဝရဘုရား​သည် အနောက်​လေ​ကို အပြင်းအထန်​တိုက်ခတ်​စေ​၍ ထို​လေ​သည် ကျိုင်းကောင်​များ​ကို​ဆောင်ယူ​သွား​ပြီး ပင်လယ်နီ​ထဲသို့​ချလိုက်​သဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် ကျိုင်းကောင်​တစ်​ကောင်​မျှ​မ​ကြွင်းကျန်​တော့​ပေ​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 20,
      "text": "သို့သော် ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 21,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​စမ်းတဝါးဝါးသွားလာ​ရ​သည့် အမှောင်ထု​ကြီး​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ ကျရောက်​စေရန် သင်​၏​လက်​ကို ကောင်းကင်​သို့​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 22,
      "text": "သို့ဖြစ်၍ မောရှေ​သည် မိမိ​လက်​ကို ကောင်းကင်​သို့​ဆန့်​လိုက်​ရာ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ သုံး​ရက်​ပတ်လုံး​အမှောင်ထုကြီး​ကျရောက်​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 23,
      "text": "လူ​တို့​သည် တစ်ယောက်​ကို​တစ်ယောက်​မ​မြင်​နိုင်​ကြ​သဖြင့် သုံး​ရက်​ပတ်လုံး မည်သူမျှ မိမိ​နေရာ​မှ​မ​ထ​ကြ​ချေ​။ သို့သော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​နေထိုင်​ရာ​အရပ်​၌ အလင်းရောင်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 24,
      "text": "ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​ကို​ဆင့်ခေါ်​၍ “​ထာဝရဘုရား​အား ဝတ်ပြု​ရန်​သွား​ကြ​လော့​။ သို့သော် သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ထားခဲ့​ရ​မည်​။ သင်​တို့​၏​ကလေး​များ​မူကား သင်​တို့​နှင့်အတူ​သွား​နိုင်​သည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 25,
      "text": "မောရှေ​က​လည်း “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပူဇော်​ရန် ယဇ်ကောင်​များ​နှင့် မီးရှို့ရာယဇ်​များ​ကို အရှင်​သည် အကျွန်ုပ်​တို့​အား ယူသွား​ခွင့်​ပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 26,
      "text": "အကျွန်ုပ်​တို့​သည် ထာဝရဘုရား​အား မည်သည့်​အကောင်​ဖြင့်​ပူဇော်​ရ​မည်​ကို ထို​အရပ်​သို့​မ​ရောက်​မီ မ​သိ​နိုင်​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပူဇော်​ရန် ထို​အကောင်​တို့​ထဲမှ ရွေးယူ​ရ​မည်​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ တစ်​ကောင်​မျှ​မ​ကျန် အကျွန်ုပ်​တို့​နှင့်အတူ​ပါသွား​ရ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 27,
      "text": "ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို လွှတ်ပေး​လို​သော​ဆန္ဒ​မ​ရှိ​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 28,
      "text": "သို့ဖြစ်၍ ဖာရော​မင်းကြီး​က မောရှေ​အား “​ငါ့​ထံမှ​ထွက်သွား​လော့​။ ငါ့​ရှေ့​သို့ နောက်ထပ်​မ​ဝင်​မိ​စေရန် သတိပြု​လော့​။ အကယ်စင်စစ် ငါ့​မျက်နှာ​ကို​သင်​မြင်​သော​နေ့​၌ သင်​သေ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 29,
      "text": "မောရှေ​က​လည်း “​အရှင်​မိန့်ဆို​သည့်​အတိုင်း​ပေတည်း​။ အကျွန်ုပ်​သည် အရှင့်​ရှေ့​သို့ နောက်ထပ်​မ​ဝင်​တော့​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် နောက်​ဘေးဒဏ်​တစ်​ပါး​ကို ဖာရော​မင်းကြီး​နှင့် အီဂျစ်​ပြည်​ပေါ်သို့ ကျရောက်​စေ​ဦး​မည်​။ ထို့နောက်မှ သင်​တို့​ကို ဤ​ပြည်​မှ လွှတ်ပေး​လိမ့်မည်​။ လွှတ်ပေး​သောအခါ​တွင်​လည်း သင်​တို့​ကို ဤ​ပြည်​မှ တစ်ယောက်မကျန်​နှင်ထုတ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 2,
      "text": "ယောက်ျား​သည် မိမိ​အိမ်နီးချင်း​ယောက်ျား​ထံမှ​လည်းကောင်း​၊ မိန်းမ​သည် မိမိ​အိမ်နီးချင်း​မိန်းမ​ထံမှ​လည်းကောင်း ရွှေ​ထည်​၊ ငွေ​ထည်​တို့​ကို တောင်းယူ​ရန် အစ္စရေး​လူမျိုး​တို့​အား ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 3,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​မျက်မှောက်​တွင် မျက်နှာရ​စေ​တော်မူ​၏​။ မောရှေ​သည်​လည်း အီဂျစ်​ပြည်​တွင် ဖာရော​မင်းကြီး​၏​အမှုထမ်း​တို့​နှင့် အီဂျစ်​လူမျိုး​တို့​မျက်မှောက်​၌ ကြီးမြတ်​သော​ပုဂ္ဂိုလ်​ဖြစ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 4,
      "text": "မောရှေ​က ဖာရော​မင်းကြီး​အား “​ထာဝရဘုရား​က ‘​ငါ​သည် ညသန်းခေါင်​တွင် အီဂျစ်​ပြည်​အလယ်​သို့ ကြွသွား​မည်​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 5,
      "text": "ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ ကြိတ်ဆုံ​နောက်​ရှိ ကျွန်မ​၏​သားဦး​၊ တိရစ္ဆာန်​တို့​၏​သားဦး​ရှိသမျှ​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​သည် သေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 6,
      "text": "အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ ထိုကဲ့သို့​မ​ဖြစ်​စဖူး​၊ နောက်တစ်ဖန်​လည်း ထိုကဲ့သို့​ဖြစ်​မည်​မ​ဟုတ်​သည့် ပြင်းစွာ​အော်ဟစ်ငိုကြွေး​ခြင်း​ဖြစ်​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 7,
      "text": "သို့သော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​တွင် လူ​ကို​ဖြစ်စေ​၊ တိရစ္ဆာန်​ကို​ဖြစ်စေ ခွေး​တစ်​ကောင်​မျှ​ဟောင်​လိမ့်မည်​မ​ဟုတ်​။ ဤနည်းဖြင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​နှင့်​အီဂျစ်​လူမျိုး​တို့​ကို ခြားနား​စေ​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 8,
      "text": "အရှင်​၏​အမှုထမ်း​အပေါင်း​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ အကျွန်ုပ်​ရှေ့​၌ ပျပ်ဝပ်​လျက် ‘​သင်​နှင့် သင်​၏​နောက်လိုက်နောက်ပါ​အပေါင်း​တို့ ထွက်သွား​ကြ​ပါ​လော့​’​ဟု ပြောဆို​မှ အကျွန်ုပ်​ထွက်သွား​မည်​”​ဟု ဆို​ပြီးနောက် အမျက်​ပြင်းစွာ​ထွက်​လျက် ဖာရော​မင်းကြီး​ထံ​မှ ထွက်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 9,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​စကား​ကို ဖာရော​မင်းကြီး​နား​မ​ထောင်​ခြင်း​သည် အီဂျစ်​ပြည်​၌ အံ့ဩဖွယ်အမှု​တော် အများအပြား​မြင်​ရ​မည့်​အကြောင်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 10,
      "text": "မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​၏​ရှေ့​၌ ဤ​အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို မိမိ​ပြည်​မှ မ​လွှတ်ပေး​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 1,
      "text": "အီဂျစ်​ပြည်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 2,
      "text": "“​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 3,
      "text": "အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 4,
      "text": "အကယ်၍ မိသားစု​နည်း​သဖြင့် သိုးသငယ်​တစ်​ကောင်​ကို စားမကုန်​လျှင် သူ​သည် အနီးဆုံး​အိမ်နီးချင်း​နှင့်​ပေါင်း​၍ လူ​ဦးရေ​အလိုက် မိမိ​တို့​အသီးသီး​စား​နိုင်​သည့်​ပမာဏ​နှင့်အညီ သိုးသငယ်​တစ်​ကောင်​ကို ချိန်ဆ​ပြီး​ယူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 5,
      "text": "သင်​တို့​ယူ​သော​အကောင်​သည် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​အထီး​ဖြစ်​ရ​မည်​။ သိုး​၊ သို့မဟုတ် ဆိတ်​တို့​ထဲမှ ယူ​နိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 6,
      "text": "ထို​သိုးသငယ်​ကို ဤ​လ​တစ်ဆယ့်​လေး​ရက်​တိုင်အောင် သင်​တို့​ထံ၌ ထိန်းသိမ်းစောင့်ရှောက်​ထား​ပြီး အစ္စရေး​လူထု​အစုအဝေး​အပေါင်း​တို့​သည် နေဝင်ချိန်​၌​သတ်​၍"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 7,
      "text": "သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 8,
      "text": "ဤ​ည​၌ပင် အသား​ကို​မီး​ကင်​၍ တဆေးမဲ့မုန့်​နှင့်​ခါး​သော​ဟင်းရွက်​တို့​ဖြင့် စား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 9,
      "text": "အစိမ်းလိုက်​ဖြစ်စေ​၊ ရေ​ဖြင့်​ပြုတ်​၍​ဖြစ်စေ မ​စား​ရ​။ ဦးခေါင်း​နှင့်တကွ ခြေထောက်​နှင့် အူ​တို့​ကို မီး​ကင်​ပြီးမှ​စား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 10,
      "text": "နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ နံနက်​တိုင်အောင်​ကြွင်းကျန်​လျှင် မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 11,
      "text": "သင်​တို့ အဘယ်သို့​စား​ရ​မည်နည်း​ဟူမူကား သင်​တို့​၏​ခါး​ကို​စည်း​လျက်​၊ ခြေ​၌​ဖိနပ်​ကို​စီး​လျက်​၊ လက်​ထဲ၌​တောင်ဝှေး​ကို​ကိုင်​လျက် အလျင်အမြန်​စား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 12,
      "text": "ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 13,
      "text": "သွေး​သည် သင်​တို့​နေ​သော​အိမ်​များ​၌ သင်​တို့​အတွက် အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​။ ငါ​သည် ထို​သွေး​ကို​မြင်​သောအခါ သင်​တို့​ကို​ကျော်သွား​မည်​။ အီဂျစ်​ပြည်​ကို ငါ​ဒဏ်ခတ်​သောအခါ ဖျက်ဆီး​ခြင်း​ဘေးဒဏ်​သည် သင်​တို့​အပေါ်​သို့ သက်ရောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 14,
      "text": "ဤ​နေ့​သည် သင်​တို့​အတွက် အောက်မေ့ဖွယ်​နေ့​ဖြစ်​၏​။ ဤ​နေ့​တွင် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ ထို​ပွဲတော်​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 15,
      "text": "ခုနစ်​ရက်​ပတ်လုံး​တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ပထမ​နေ့​၌​ပင် တဆေး​ကို သင်​တို့​၏​အိမ်​များ​မှ ဖယ်ရှား​ရ​မည်​။ အကြောင်းမူကား ပထမ​နေ့​မှစ၍ သတ္တမ​နေ့​တိုင်အောင် တဆေးပါသောမုန့်​ကို​စား​သော​သူ​တိုင်း အစ္စရေး​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 16,
      "text": "သင်​တို့​သည် ပထမ​နေ့​နှင့်​သတ္တမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြုလုပ်​ရ​မည်​။ ထို​နေ့​တို့​၌ လူ​တိုင်း စားစရာ​များ​ကို​ချက်ပြုတ်​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 17,
      "text": "ဤ​နေ့​၌ သင်​တို့​လူစု​ကို အီဂျစ်​ပြည်​ထဲမှ ငါ​ထုတ်ဆောင်​လာ​ခဲ့​သည်​ဖြစ်၍ ဤ​နေ့​၌ တဆေးမဲ့မုန့်ပွဲတော်​ကို သင်​တို့​ကျင်းပ​ရ​မည်​။ ဤ​နေ့​ကို အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 18,
      "text": "ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​မှစ၍ နှစ်ဆယ့်​တစ်​ရက်​နေ့ နေဝင်ချိန်​တိုင်အောင် တဆေးမဲ့မုန့်​ကို သင်​တို့​စား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 19,
      "text": "ခုနစ်​ရက်​ပတ်လုံး သင်​တို့​၏​အိမ်​များ​၌ တဆေး​မ​ရှိ​စေ​ရ​။ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ အမျိုးသားချင်း​ဖြစ်စေ တဆေးပါသောမုန့်​ကို​စား​သော​မည်သူမဆို အစ္စရေး​လူထု​ထဲမှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 20,
      "text": "သင်​တို့​သည် တဆေးပါသောအရာ​တစ်စုံတစ်ခု​ကို​မျှ မ​စား​ရ​။ မည်သည့်​အရပ်​၌​နေထိုင်​သည်​ဖြစ်စေ တဆေးမဲ့မုန့်​ကို စား​ရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 21,
      "text": "ထိုအခါ မောရှေ​သည် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို​ခေါ်​၍ “​သင်​တို့​မျိုးနွယ်စု​အလိုက် သင်​တို့​အတွက် သိုး​များ​ကို ရွေး​ယူ​ပြီးလျှင် ပသခါသိုးသငယ်​ကို​သတ်​ကြ​လော့​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 22,
      "text": "ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 23,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ဒဏ်ခတ်​ရန် ဖြတ်သွား​သောအခါ တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​၌ သွေး​ကို​မြင်​လျှင် ထာဝရဘုရား​သည် ထို​တံခါး​ကို​ကျော်သွား​မည်​။ ဖျက်ဆီး​သော​သူ​ကို​လည်း သင်​တို့​၏​အိမ်​ထဲသို့​ဝင်​၍ သင်​တို့​ကို​ဒဏ်ခတ်​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 24,
      "text": "သို့ဖြစ်၍ ဤ​အစဉ်အလာ​ကို ပြဋ္ဌာန်းချက်​အဖြစ် သင်​နှင့်​သင့်​သားမြေး​များ​သည် အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 25,
      "text": "သင်​တို့​အား​ပေး​မည်​ဟု ထာဝရဘုရား​ကတိထား​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​ကြ​သောအခါ သင်​တို့​သည် ဤ​အစဉ်အလာ​ကို စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 26,
      "text": "သင်​တို့​၏​သားမြေး​များ​က ‘​ဤ​အစဉ်အလာ​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 27,
      "text": "သင်​တို့​က​လည်း ‘​ဤ​အစဉ်အလာ​ကား အီဂျစ်​လူမျိုး​တို့​ကို​ဒဏ်ခတ်​သောအခါ အီဂျစ်​ပြည်​၌​ရှိ​သော အစ္စရေး​အမျိုးသား​တို့​၏​အိမ်​များ​ကို​ကျော်သွား​၍ ငါ​တို့​၏​အိမ်သူအိမ်သား​များ​ကို​ကယ်နုတ်​တော်မူ​သော​ထာဝရဘုရား​အား ယဇ်ပူဇော်​သည့်​ပသခါပွဲ​ဖြစ်​၏​’​ဟူ၍ ပြန်ပြော​ရ​မည်​”​ဟု ဆင့်ဆို​သောအခါ လူ​တို့​သည် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 28,
      "text": "ထို့နောက် မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည်​သွား​၍ တစ်သဝေမတိမ်း​ပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 29,
      "text": "ညသန်းခေါင်​အချိန်​တွင် ထာဝရဘုရား​သည် ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ မြေအောက်​အကျဉ်းခန်း​၌​ရှိ​သော အကျဉ်းသား​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​နှင့် တိရစ္ဆာန်​၏​သားဦး​အားလုံး​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 30,
      "text": "အီဂျစ်​ပြည်​၌ လူ​မ​သေ​သော​အိမ်​ဟူ၍​မ​ရှိ​သောကြောင့် ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် ညအချိန်​၌ ထ​၍ ပြင်းစွာ​အော်ဟစ်ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 31,
      "text": "ထို့ကြောင့် ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို ညတွင်းချင်း​ဆင့်ခေါ်​၍ “​သင်​တို့​မှစ၍ အစ္စရေး​အမျိုးသား​တို့​ပါ ထ​၍ ငါ​၏​လူမျိုး​ထဲ​မှ ထွက်သွား​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 32,
      "text": "သင်​တို့​လျှောက်ထား​သည့်​အတိုင်း သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ယူ​၍​သွား​ကြ​လော့​။ ငါ့​ကို​လည်း ကောင်းချီးပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 33,
      "text": "အီဂျစ်​လူမျိုး​တို့​က “​ငါ​တို့​အားလုံး​သေ​ကုန်​လိမ့်မည်​”​ဟု ဆို​လျက် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​ထဲမှ အလျင်အမြန်​ထွက်သွား​ကြ​စေရန် နှိုးဆော်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 34,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် တဆေး​မ​ဖောက်​ရ​သေး​သော​မုန့်နှစ်​ကို​ယူ​၍ မုန့်နယ်ခွက်​နှင့်အတူ အဝတ်​ဖြင့်​ထုပ်​၍ မိမိ​တို့​၏​ပခုံး​ပေါ်​ထမ်းသွား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 35,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​၏​စကား​အတိုင်း​ပြု​ကြ​၏​။ အီဂျစ်​လူမျိုး​တို့​ထံမှ ရွှေ​ထည်​ငွေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 36,
      "text": "ထာဝရဘုရား​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​ရှေ့မှောက်​၌ မျက်နှာရ​စေ​တော်မူ​သဖြင့် သူ​တို့​တောင်း​သော​အရာ​များ​ကို​ပေး​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် အီဂျစ်​လူမျိုး​တို့​ထံမှ သိမ်းယူ​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 37,
      "text": "ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 38,
      "text": "အခြား​လူမျိုး​များစွာ​တို့​နှင့် သိုးဆိတ်​များ​၊ နွား​များ စသည့် အလွန်​များ​သော​တိရစ္ဆာန်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ထွက်သွား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 39,
      "text": "အီဂျစ်​ပြည်​မှ​နှင်ထုတ်​ခံရ​စဉ်က သူ​တို့​သည်​အချိန်​မ​ရ​သဖြင့် မိမိ​တို့​အတွက်​စားနပ်ရိက္ခာ​ကို​ပင် မ​ပြင်ဆင်​နိုင်​ကြ​။ ထို့ကြောင့် အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​သည့် တဆေး​မ​ဖောက်​ထား​သော မုန့်နှစ်​ဖြင့် တဆေးမဲ့​မုန့်ပြား​ကို​သာ ဖုတ်စား​ကြ​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 40,
      "text": "အီဂျစ်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့ နေထိုင်​ခဲ့​ကြ​သော​အချိန်​ကာလ​မှာ နှစ်ပေါင်း လေး​ရာ့​သုံးဆယ်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 41,
      "text": "နှစ်ပေါင်း​လေး​ရာ့​သုံးဆယ်​ပြည့်​သော​နေ့​၌​ပင် ထာဝရဘုရား​၏​လူစု​အပေါင်း​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 42,
      "text": "ထို​ည​သည် အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​ရန် ထာဝရဘုရား​စောင့်စား​ခဲ့​သော​ည​ဖြစ်​၏​။ ထို​ည​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့ မျိုးဆက်​အစဉ်အဆက်​ထာဝရဘုရား​အဖို့ စောင့်ထိန်း​ရ​သော​ည​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 43,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​ပသခါပွဲ​ဆိုင်ရာ​ပြဋ္ဌာန်းချက်​ဟူမူကား မည်သည့်​တိုင်းတစ်ပါးသား​မျှ ပသခါသိုး​ကို​မ​စား​ရ​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 44,
      "text": "သို့သော် ငွေ​ဖြင့်​ဝယ်​ထား​သော​မည်သည့်​ကျွန်​ယောက်ျား​မ​ဆို အရေဖျားလှီး​ခြင်း​ကို​ခံ​ပြီးလျှင် စား​နိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 45,
      "text": "မည်သည့်​ဧည့်သည်​၊ မည်သည့်​သူရင်းငှား​မျှ မ​စား​ရ​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 46,
      "text": "ပသခါသိုး​ကို အိမ်​တစ်​အိမ်​ထဲ၌ စား​ရ​မည်​။ အသား​ကို အိမ်​ထဲမှ အပြင်​သို့ ယူ​မ​သွား​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 47,
      "text": "အစ္စရေး​လူထု​အပေါင်း​တို့​သည် ထို​ပွဲ​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 48,
      "text": "သင်​တို့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို​ကျင်းပ​လို​လျှင် သူ​နှင့်အတူ​ရှိ​သော​ယောက်ျား​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ သို့ပြီးမှ သူ​သည် ပသခါပွဲ​ကို​ပါဝင်​ကျင်းပ​နိုင်​မည်​။ အမျိုးသားချင်း​ကဲ့သို့​လည်း​ဖြစ်​မည်​။ သို့သော် အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​မည်သူမျှ ပသခါသိုး​ကို​မ​စား​ရ​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 49,
      "text": "အမျိုးသားချင်း​အတွက်​ဖြစ်စေ​၊ သင်​တို့​ထဲ​တွင်​တည်းခိုနေထိုင်​သော တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ ပညတ်တရား​တစ်ပါးတည်း​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 50,
      "text": "မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် တစ်သဝေမတိမ်း​ပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 51,
      "text": "ဤ​နေ့​၌​ပင် ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​ထဲမှ အဖွဲ့​လိုက် ထုတ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​တိုင်း​ကို ငါ​ပိုင်​၏​။ ငါ့​အတွက် သန့်ရှင်း​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 3,
      "text": "ထို့နောက် မောရှေ​က အစ္စရေး​လူမျိုး​တို့​အား “​ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သော ဤ​နေ့ရက်​ကို အောက်မေ့​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ဤ​အရပ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ တဆေးပါသောမုန့်​ကို​မ​စား​ရ​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 4,
      "text": "အဗိဗ​လ​၊ ဤ​နေ့ရက်​၌ သင်​တို့​ထွက်လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 5,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကို​ပေး​မည်​ဟု သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​တော်မူ​သောအခါ သင်​တို့​သည် ဤ​လ​၌ ဤ​ပွဲ​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 6,
      "text": "ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​၍ သတ္တမ​နေ့​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 7,
      "text": "ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​သာ​စား​ရ​မည်​။ သင်​တို့​၌ တဆေးပါသောမုန့်​ကို​မ​တွေ့​ရ​စေ​နှင့်​။ သင်​တို့​၏​နယ်မြေ​တစ်ခွင်လုံး​တွင် တဆေး​ကို​လည်း မ​တွေ့​ရ​စေ​နှင့်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 8,
      "text": "သင်​တို့​သည် ထို​နေ့​၌ သင်​တို့​၏​သားမြေး​များ​အား ‘​အီဂျစ်​ပြည်​မှ ငါ​တို့​ထွက်လာ​သောအခါ ငါ​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သော​အမှု​ကြောင့် ဤသို့​ပြု​ခြင်း​ဖြစ်​၏​’​ဟူ၍ ကြားပြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 9,
      "text": "ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သောကြောင့် ထာဝရဘုရား​၏​တရားတော်​သည် သင်​တို့​၏​နှုတ်​၌​တည်​မည့်​အကြောင်း သင်​တို့​အတွက် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌ အမှတ်ရစရာ​အဖြစ် ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 10,
      "text": "သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဤ​ပြဋ္ဌာန်းချက်​ကို သတ်မှတ်​ထား​သော​အချိန်​၌ သင်​တို့​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 11,
      "text": "ထာဝရဘုရား​သည် သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​ကို ခါနာန်​လူမျိုး​တို့​၏​ပြည်​သို့ ပို့ဆောင်​၍ ထို​ပြည်​ကို သင်​တို့​အား​ပေး​တော်မူ​သောအခါ"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 12,
      "text": "သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သူ​ရှိသမျှ​နှင့် သင်​တို့​၏​တိရစ္ဆာန်​များ​မှ အဦးဆုံး​ပေါက်​သော​သားပေါက်​ရှိသမျှ​တို့​ကို ထာဝရဘုရား​အား ဆက်ကပ်​ရ​မည်​။ အထီး​ဟူသမျှ ထာဝရဘုရား​ပိုင်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 13,
      "text": "မြည်း​မှ​အဦးဆုံး​ပေါက်​သော​အကောင်​ရှိသမျှ​ကို သိုးသငယ်​ဖြင့်​ရွေး​ရ​မည်​။ အကယ်၍ မ​ရွေး​လို​လျှင် မြည်းသားပေါက်​၏​လည်ပင်း​ကို​ချိုး​ရ​မည်​။ သင်​တို့​၏​သား​များ​ထဲမှ သားဦး​တိုင်း​ကို​ပြန်ရွေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 14,
      "text": "နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 15,
      "text": "ဖာရော​မင်းကြီး​သည် ငါ​တို့​ကို လွှတ်ပေး​ရန် ငြင်းဆန်​သောအခါ ထာဝရဘုရား​သည် လူ​တို့​၏​သားဦး​မှစ၍ တိရစ္ဆာန်​တို့​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​၌​ရှိ​သော​သားဦး​အားလုံး​ကို ကွပ်မျက်​တော်မူ​၏​။ ထို့ကြောင့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​အထီး​ရှိသမျှ​တို့​ကို ငါ​တို့​သည် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရ​၏​။ ငါ​တို့​၏​သားယောက်ျား​များ​ထဲမှ သားဦး​ရှိသမျှ​တို့​ကို ပြန်ရွေး​ရ​၏​’ ​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 16,
      "text": "ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​သောကြောင့် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌ အမှတ်သင်္ကေတ​အဖြစ် ရှိ​ရ​မည်​”​ဟု ပြောကြား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​တို့​ကို ဖာရော​မင်းကြီး​လွှတ်ပေး​သောအခါ ဘုရားသခင်​က “ဤ​လူမျိုး​သည် စစ်မှု​နှင့်​တွေ့​လျှင် စိတ်ပြောင်းသွား​၍ အီဂျစ်​ပြည်​သို့ ပြန်သွား​လိမ့်မည်”​ဟု ဆို​ပြီး ဖိလိတ္တိ​ပြည်​ဘက်​သွား​သော​လမ်း​သည် နီး​သော်လည်း သူ​တို့​အား ထို​လမ်း​ဖြင့်​ပို့ဆောင်​တော်​မ​မူ​ပေ​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 18,
      "text": "ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 19,
      "text": "မောရှေ​သည် ယောသပ်​၏​အရိုး​များ​ကို မိမိ​နှင့်အတူ ယူဆောင်​သွား​၏​။ အကြောင်းမူကား ယောသပ်​က အစ္စရေး​အမျိုးသား​တို့​အား “​ဘုရားသခင်​သည် သင်​တို့​ကို အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ ငါ​၏​အရိုး​တို့​ကို သင်​တို့​နှင့်အတူ ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် ကြပ်ကြပ်​ကျိန်ဆို​စေ​ခဲ့​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 20,
      "text": "သူ​တို့​သည် သုကုတ်​အရပ်​မှ ထွက်လာ​၍ တောကန္တာရ​အစွန်း​ရှိ ဧသံ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 21,
      "text": "နေ့အချိန်​၌​ဖြစ်စေ​၊ ညအချိန်​၌​ဖြစ်စေ ခရီးသွား​နိုင်​မည့်​အကြောင်း ထာဝရဘုရား​သည် လမ်းခရီး​တွင် သူ​တို့​ကို​ပို့ဆောင်​ရန် နေ့အချိန်​၌ မိုးတိမ်​တိုင်​အဖြစ်​လည်းကောင်း​၊ ညအချိန်​၌ သူ​တို့​ကို​အလင်းပေး​ရန် မီး​တိုင်​အဖြစ်​လည်းကောင်း သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 22,
      "text": "နေ့အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​ကို လူ​တို့​၏​ရှေ့​မှ ရုပ်သိမ်း​တော်​မ​မူ​ပေ​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​သည်​ပြန်လှည့်​၍ မိဂဒေါလ​မြို့​နှင့်​ပင်လယ်​အကြား​ရှိ ပိဟဟိရုတ်​မြို့​အရှေ့​၊ ဗာလဇေဖုန်​မြို့​အရှေ့​၌ စခန်းချ​ရ​မည်​။ ဗာလဇေဖုန်​မြို့​နှင့်​မျက်နှာချင်းဆိုင် ပင်လယ်​အနီး​၌ စခန်းချ​ရ​မည်​ဟု သူ​တို့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 3,
      "text": "ဖာရော​မင်းကြီး​က အစ္စရေး​အမျိုးသား​တို့​နှင့်​ပတ်သက်၍ ‘​သူ​တို့​သည် မြေပြင်​ပေါ်တွင် တဝဲလည်လည်​ဖြစ်​နေ​ကြ​ပြီ​။ တောကန္တာရ​၌ သူ​တို့​ပိတ်​မိ​နေ​ကြ​ပြီ​’​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 4,
      "text": "ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လိမ့်မည်​။ ဖာရော​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​အားဖြင့် ငါ​၏​ဘုန်းထင်ရှား​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း အီဂျစ်​လူမျိုး​တို့​သည် သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်ဆို​တော်မူ​၏​။ သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 5,
      "text": "အစ္စရေး​လူမျိုး​တို့​ထွက်ပြေး​ကြောင်း​ကို အီဂျစ်​ဘုရင်​အား ကြားလျှောက်​သောအခါ ထို​လူမျိုး​တို့​နှင့်ပတ်သက်ပြီး ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​သည် စိတ်​ပြောင်း​၍ “​ငါ​တို့​သည် အဘယ်ကြောင့် ဤသို့​ပြု​မိ​သနည်း​။ အကယ်စင်စစ် အစ္စရေး​လူမျိုး​တို့​ကို ငါ​တို့​၏​အစေခံ​အဖြစ်​မှ လွှတ်ပေး​မိ​ပါ​ပြီ​တကား​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 6,
      "text": "ထို့ကြောင့် ဖာရော​မင်းကြီး​သည် မိမိ​စစ်ရထား​ကို​အသင့်ပြင်​စေ​ပြီးလျှင် မိမိ​နှင့်အတူ မိမိ​လူ​တို့​ကို ခေါ်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 7,
      "text": "တပ်မှူး​အသီးသီး​ပါ​သော လက်ရွေးစင်​စစ်ရထား​ခြောက်​ရာ​နှင့်တကွ အီဂျစ်​ပြည်​ရှိ​စစ်ရထား​အားလုံး​ကို​လည်း ခေါ်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 8,
      "text": "ထာဝရဘုရား​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို​မာကျော​စေ​သဖြင့် သူ​သည် ဝင့်ကြွား​စွာ​ဖြင့်​ထွက်သွား​ကြ​သော အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 9,
      "text": "ထိုသို့ အီဂျစ်​လူမျိုး​တို့​သည် သူ​တို့​နောက်သို့​လိုက်​ကြ​ရာ ဖာရော​မင်းကြီး​၏​မြင်း​ရထား​အပေါင်း​တို့​နှင့်တကွ မြင်းစီးသူရဲ​များ​၊ စစ်သည်​များ​သည် ပိဟဟိရုတ်​မြို့​အနီး​၊ ဗာလဇေဖုန်​မြို့​အရှေ့​၊ ပင်လယ်​အနီး​၌​စခန်းချ​နေ​သော အစ္စရေး​လူမျိုး​တို့​ကို​မီ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 10,
      "text": "ဖာရော​မင်းကြီး​နီးကပ်​လာ​သောအခါ အစ္စရေး​အမျိုးသား​တို့​သည် မျှော်ကြည့်​၍ သူ​တို့​နောက်မှ​အီဂျစ်​လူမျိုး​တို့ ချီတက်​လာ​သည်​ကို​မြင်​လျှင် အလွန်​ကြောက်ရွံ့​ကြ​၏​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 11,
      "text": "မောရှေ​ကို​လည်း “​အီဂျစ်​ပြည်​၌ သင်္ချိုင်း​မ​ရှိ​သောကြောင့် တောကန္တာရ​ထဲ၌​သေ​စေရန် ငါ​တို့​ကို​ခေါ်ဆောင်​လာ​ခဲ့​သလော​။ ငါ​တို့​အား အဘယ်ကြောင့် ဤသို့​ပြု​သနည်း​။ ငါ​တို့​ကို အီဂျစ်​ပြည်​ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်​ခဲ့​သနည်း​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 12,
      "text": "‘​အီဂျစ်​လူမျိုး​တို့​ထံ အစေခံ​ပါရစေ​။ ငါ​တို့​ကို ဤအတိုင်း​ရှိ​စေ​တော့​’​ဟူ၍ သင့်​ကို အီဂျစ်​ပြည်​၌ ငါ​တို့​ပြော​ခဲ့​သည် မ​ဟုတ်​လော​။ တောကန္တာရ​တွင် သေ​ရ​သည်​ထက် အီဂျစ်​လူမျိုး​တို့​ကို​အစေခံ​ရ​ခြင်း​က ငါ​တို့​အတွက်​သာ၍​ကောင်း​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 13,
      "text": "မောရှေ​က​လည်း “​မ​ကြောက်​ကြ​နှင့်​။ ယနေ့ သင်​တို့​အတွက် ပြု​တော်မူ​မည့် ထာဝရဘုရား​၏​ကယ်တင်​ခြင်း​ကို ရပ်​၍​ကြည့်​ကြ​လော့​။ ယနေ့ သင်​တို့​မြင်​နေ​ရ​သော​အီဂျစ်​လူမျိုး​တို့​ကို မည်သည့်​အခါ​မျှ မြင်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 14,
      "text": "ထာဝရဘုရား​သည် သင်​တို့​အတွက် စစ်တိုက်​တော်မူ​မည်​ဖြစ်၍ သင်​တို့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 15,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အဘယ်ကြောင့် ငါ့​ထံ​အော်ဟစ်​နေ​သနည်း​။ အစ္စရေး​အမျိုးသား​တို့​အား ဆက်၍​ခရီးပြု​ကြ​ရန် ဆင့်ဆို​လော့​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 16,
      "text": "သင်​မူကား တောင်ဝှေး​ကို​မြှောက်​ပြီးလျှင် ပင်လယ်​အပေါ်​သို့ သင့်​လက်​ကို​ဆန့်​၍ ပင်လယ်​ကို​ခွဲ​လော့​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 17,
      "text": "ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ဖာရော​မင်းကြီး​မှစ၍ သူ​၏​စစ်သည်​ရှိသမျှ​၊ သူ​၏​စစ်ရထား​များ​၊ သူ​၏​မြင်းစီးသူရဲ​များ​အားဖြင့် ဘုန်းထင်ရှား​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 18,
      "text": "ထိုသို့ ငါ​သည် ဖာရော​မင်းကြီး​နှင့် သူ​၏​စစ်ရထား​၊ သူ​၏​မြင်းစီးသူရဲ​တို့​အားဖြင့် ဘုန်းထင်ရှား​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း အီဂျစ်​လူမျိုး​တို့​သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 19,
      "text": "အစ္စရေး​တပ်​ရှေ့​မှ​သွား​သော​ဘုရားသခင်​၏​ကောင်းကင်တမန်​သည် သူ​တို့​နောက်​သို့​ပြောင်း​၍​လိုက်​လေ​၏​။ မိုးတိမ်​တိုင်​သည်​လည်း သူ​တို့​၏​ရှေ့​မှ နောက်​သို့​ပြောင်း​၍ ရပ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 20,
      "text": "ထိုသို့ မိုးတိမ်​သည် အီဂျစ်​တပ်​နှင့် အစ္စရေး​တပ်​ကြား​သို့​ရောက်​၍ တစ်ဖက်​၌​အမှောင်​ကို​ဖြစ်​စေ​ပြီး တစ်ဖက်​၌​ညအချိန်​တွင် အလင်း​ကို​ပေး​၏​။ ထို့ကြောင့် တစ်ညလုံး တစ်ဖက်​နှင့်​တစ်ဖက်​မ​ချဉ်းကပ်​နိုင်​ကြ​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 21,
      "text": "မောရှေ​သည် မိမိ​၏​လက်​ကို ပင်လယ်​အပေါ်​သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် အားကြီး​သော​အရှေ့​လေ​ဖြင့် ပင်လယ်​ကို တစ်ညလုံး တိုက်ထုတ်​တော်မူ​၏​။ ထိုအခါ ပင်လယ်​သည် ခြောက်သွေ့​သော​မြေ​ဖြစ်သွား​၍ ရေ​သည်​ကွဲပြတ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 22,
      "text": "အစ္စရေး​အမျိုးသား​တို့​သည်​လည်း ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင်​သွား​ရ​၏​။ ရေ​သည် သူ​တို့​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​၌ တံတိုင်း​သဖွယ်​ဖြစ်​လျက်​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 23,
      "text": "အီဂျစ်​လူမျိုး​တို့​နှင့်တကွ ဖာရော​မင်းကြီး​၌​ရှိသမျှ​သော​မြင်း​၊ စစ်ရထား​နှင့် မြင်းစီးသူရဲ​တို့​သည်​လည်း သူ​တို့​၏​နောက်မှ​လိုက်​၍ ပင်လယ်​ထဲ​သို့​ဝင်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 24,
      "text": "မိုးသောက်ချိန်​ရောက်​သောအခါ ထာဝရဘုရား​သည် အီဂျစ်​တပ်​ကို မီး​တိုင်​၊ မိုးတိမ်​တိုင်​ထဲမှ ငုံ့ကြည့်​တော်မူ​၍ အီဂျစ်​တပ်​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 25,
      "text": "သူ​တို့​၏​ရထား​များ​ကို​လည်း မောင်း​ရ​ခက်ခဲ​စေရန် ဘီး​များ​ကို ကျွတ်ထွက်​စေ ​တော်မူ​၏​။ သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​က “​အစ္စရေး​လူမျိုး​တို့​ထံ​မှ ငါ​တို့​ထွက်ပြေး​ကြ​စို့​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​ဘက်​မှ​နေ​၍ အီဂျစ်​လူမျိုး​တို့​ကို စစ်တိုက်​တော်မူ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 26,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အီဂျစ်​လူမျိုး​တို့​နှင့် သူ​တို့​၏​စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​အပေါ်​သို့ ရေ​ပြန်စီးလာ​စေရန် ပင်လယ်​အပေါ်​သို့ သင်​၏​လက်​ကို​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 27,
      "text": "ထို့ကြောင့် မောရှေ​သည် မိမိ​၏​လက်​ကို ပင်လယ်​အပေါ်​သို့​ဆန့်​လိုက်​၏​။ မိုးလင်းချိန်​၌ ပင်လယ်​သည် ပုံမှန်​အတိုင်း ပြန်​၍​စီးဆင်း​၏​။ အီဂျစ်​လူမျိုး​တို့​သည် စီးလာ​သော​ရေ​မှ ထွက်ပြေး​ကြ​စဉ်​တွင်ပင် ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်​ထဲ၌ လှဲချ ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 28,
      "text": "အစ္စရေး​အမျိုးသား​တို့​နောက်မှ ပင်လယ်​ထဲသို့​လိုက်ဝင်​ကြ​သော စစ်ရထား​များ​နှင့်​မြင်းစီးသူရဲ​များ စသည့် ဖာရော​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အပေါ်​သို့ ရေ​ပြန်စီး​လာ​ပြီး သူ​တို့​ကို ဖုံးလွှမ်း​သဖြင့် တစ်စုံတစ်ယောက်​မျှ မ​ကျန်ရစ်​ပေ​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 29,
      "text": "အစ္စရေး​အမျိုးသား​တို့​မူကား ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် လျှောက်သွား​ရ​၏​။ ရေ​သည် သူ​တို့​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​၌ တံတိုင်း​သဖွယ်​ဖြစ်​လျက်​နေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 30,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​သည် ထို​နေ့​၌ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ ကယ်တင်​တော်မူ​၏​။ အီဂျစ်​လူမျိုး​တို့​မူကား ပင်လယ်​ကမ်းစပ်​၌ အတုံးအရုံး​လဲသေ​နေ​သည်​ကို အစ္စရေး​လူမျိုး​တို့ တွေ့မြင်​ရ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 31,
      "text": "ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ကြီးမား​သော​တန်ခိုး​တော်​ဖြင့် စီရင်​တော်မူ​သည်​ကို အစ္စရေး​လူမျိုး​တို့ တွေ့မြင်​ကြ​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​၏​။ ထာဝရဘုရား​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အစေအပါး​မောရှေ​ကို​လည်းကောင်း ယုံကြည်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 1,
      "text": "ထို့နောက် ထာဝရဘုရား​ထံ​တော်​သို့ မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့ သီကျူး​သော​သီချင်း​ကား “​ထာဝရဘုရား​ထံသို့ ငါ​သီချင်းဆို​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် ဘုန်းထင်ရှား​လျက်​အောင်ပွဲခံ​တော်မူ​ပြီ​။ မြင်း​နှင့်​မြင်းစီး​သော​သူ​တို့​အား ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​ကျူးဧရာ​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​၏​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​အား ငါ​ချီးမွမ်း​မည်​။ ငါ့​အဖ​၏​ဘုရား​ဖြစ်​တော်မူ​သော​ကိုယ်တော်​အား ငါ​ချီးမြှောက်​မည်​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 3,
      "text": "ထာဝရဘုရား​သည် စစ်သူရဲ​ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ထာဝရဘုရား​ပေတည်း​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 4,
      "text": "ဖာရော​မင်းကြီး​၏​စစ်ရထား​များ​နှင့်​စစ်သည်​တို့​ကို ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။ လက်ရွေးစင်​တပ်မှူး​တို့​သည်​လည်း ပင်လယ်နီ​ထဲ၌ နစ်မြုပ်​ကြ​လေ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 5,
      "text": "နက်ရှိုင်း​သော​ရေထု​သည် သူ​တို့​ကို​ဖုံးလွှမ်း​လေ​ပြီ​။ သူ​တို့​သည် ကျောက်တုံး​သဖွယ် ရေနက်​ရာ​ထဲသို့ နစ်မြုပ်​သွား​ရ​လေ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 6,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 7,
      "text": "ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို ကြီးမား​သော​ဘုန်းတန်ခိုး​တော်​ဖြင့် မှောက်လှန်​တော်မူ​၏​။ ပြင်းထန်​သော​အမျက်​တော်​ကို​လွှတ်​တော်မူ​၍ ရိုးပြတ်​ကဲ့သို့​လောင်ကျွမ်း​စေ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 8,
      "text": "ကိုယ်တော်​၏​နှာခေါင်း​တော်​မှ​လေ​ကို မှုတ်ထုတ်​လိုက်​သောအခါ ရေ​သည် မို့မောက်​လာ​၏​။ စီး​သော​ရေ​သည်​လည်း စုပုံ​၍ တန့်သွား​၏​။ ပင်လယ်​ထဲမှ ရေထု​သည်​လည်း ခဲ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 9,
      "text": "ရန်သူ​က ‘​ငါ​လိုက်​မည်​။ သူ​တို့​ကို ငါ​မီ​မည်​။ တိုက်ယူ​သော​ပစ္စည်း​ကို​ခွဲဝေ​၍ ငါ့​စိတ်​အလို​ပြည့်​မည်​။ ငါ့​ဓား​ကို​ထုတ်​၍ သူ​တို့​ကို ငါ့​လက်​ဖြင့် ဖျက်ဆီး​မည်​’​ဟု ဆို​သောအခါ"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 10,
      "text": "ကိုယ်တော်​သည် လေ​ကို​ရှူထုတ်​လိုက်​ရာ ပင်လယ်​ရေ​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ ရေထု​အောက်​သို့ ခဲသတ္တု​သဖွယ်​နစ်မြုပ်​သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ ဘုရား​တို့​တွင် အဘယ်မည်သော​ဘုရား​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ သန့်ရှင်း​ခြင်း​ကြောင့် ဘုန်းကြီး​တော်မူ​သော​၊ ဘုန်းအသရေ​ကြောင့် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​သော​၊ အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​သော ကိုယ်တော်​နှင့် အဘယ်သူ​တူ​ပါ​သနည်း​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 12,
      "text": "ကိုယ်တော်​၏​လက်ယာ​လက်​တော်​ကို​ဆန့်​တော်မူ​သဖြင့် မြေကြီး​သည် သူ​တို့​ကို​မျို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 13,
      "text": "ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​လူမျိုး​ကို မေတ္တာကရုဏာ​တော်​ဖြင့် ပို့ဆောင်​တော်မူ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​စံမြန်း​ရာ​အရပ်​သို့ အစွမ်းတန်ခိုး​တော်​ဖြင့် လမ်းပြ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 14,
      "text": "လူမျိုးတကာ​တို့​သည်​ကြား​၍ ထိတ်လန့်တုန်လှုပ်​ကြ​လိမ့်မည်​။ ဖိလိတ္တိ​ပြည်သား​တို့​သည် ဝေဒနာ​ကို​မချိမဆံ့ ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 15,
      "text": "ဧဒုံ​အမျိုးအနွယ်​သူကြီး​တို့​သည်​လည်း ထိတ်လန့်​ကြ​လိမ့်မည်​။ မောဘ​လူမျိုး​အကြီးအကဲ​တို့​သည် ထိတ်လန့်တုန်လှုပ်​ခြင်း​နှင့် ကြုံတွေ့​ရ​လိမ့်မည်​။ ခါနာန်​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့ ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 16,
      "text": "ကြောက်ရွံ့​ထိတ်လန့်ဖွယ်ဘေး​တို့​သည် သူ​တို့​အပေါ်​သို့​ကျရောက်​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​တို့​ကျော်လွန်​သွား​သည်​အထိ​၊ ကိုယ်တော်​ဝယ်ယူ​တော်မူ​သော​လူမျိုး​တော်​တို့ ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​ကြီးမား​သော​လက်ရုံး​တော်​ကြောင့် သူ​တို့​သည် ကျောက်တုံး​ကဲ့သို့ တိတ်ဆိတ်​နေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 17,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရန် ဖန်ဆင်း​တော်မူ​သည့်​အရပ်​၊ အို အကျွန်ုပ်​၏​ဘုရားရှင်​၊ ကိုယ်တော်​၏​လက်​တော်​ဖြင့်​တည်​တော်မူ​သည့် သန့်ရှင်းရာဌာန​တည်းဟူသော ကိုယ်တော်​၏​အမွေ​တော်​တောင်​သို့ ကိုယ်တော်​၏​လူမျိုး​တော်​ကို ယူဆောင်​လာ​၍ နေရာချ ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 18,
      "text": "ထာဝရဘုရား​သည် ကာလ​အစဉ်အဆက်​စိုးစံ​တော်မူ​လိမ့်မည်​”​ဟု သီဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 19,
      "text": "ဖာရော​မင်းကြီး​၏​မြင်း​များ​နှင့်အတူ စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​သည် ပင်လယ်​ထဲသို့​ဝင်​ကြ​သောအခါ ထာဝရဘုရား​သည် ပင်လယ်​ရေ​ကို သူ​တို့​အပေါ်​သို့ ပြန်စီးလာ​စေ​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ပင်လယ်​ထဲ​၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် လျှောက်သွား​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 20,
      "text": "အာရုန်​၏​အစ်မ​ဖြစ်​သော ပရောဖက်မ မိရိအံ​သည် ပတ်သာ​ကို​ကိုင်​လျက် မိန်းမ​အပေါင်း​တို့​သည်​လည်း ပတ်သာ​တီး​လျက်​၊ ကခုန်​လျက် သူ့​နောက်သို့​လိုက်သွား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 21,
      "text": "ထိုအခါ မိရိအံ​က “​ထာဝရဘုရား​သည် ဘုန်းထင်ရှား​လျက်​အောင်ပွဲခံ​တော်မူ​သည်​ဖြစ်၍ ကိုယ်တော့်​ထံသို့ သီချင်းဆို​ကြ​လော့​။ မြင်း​နှင့်​မြင်းစီး​သူ​တို့​အား ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​”​ဟု သူ​တို့​နှင့်​အပြန်အလှန်​သီဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 22,
      "text": "ထို့နောက် မောရှေ​သည် အစ္စရေး​လူမျိုး​တို့​ကို ပင်လယ်နီ​မှ ဆောင်သွား​သဖြင့် ရှုရ​တောကန္တာရ​သို့​ရောက်​ကြ​၏​။ သူ​တို့​သည် တောကန္တာရ​ထဲ၌ သုံး​ရက်​ပတ်လုံး​လျှောက်သွား​၍ ရေ​ကို​မ​တွေ့​ရ​ကြ​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 23,
      "text": "မာရ​အရပ်​သို့​ရောက်​သောအခါ မာရ​အရပ်​မှ​ရေ​သည် ခါး​သောကြောင့် မ​သောက်​နိုင်​ကြ​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို မာရ ဟု​ခေါ်​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 24,
      "text": "ထိုအခါ အစ္စရေး​လူမျိုး​တို့​က မောရှေ​အား “​အကျွန်ုပ်​တို့ ဘာ​သောက်​ရ​မည်နည်း​”​ဟု ဆို​လျက် ညည်းညူ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 25,
      "text": "မောရှေ​သည်​လည်း ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ရာ ထာဝရဘုရား​သည် သူ့​အား သစ်တုံး​တစ်​တုံး​ကို ညွှန်ပြ​၏​။ သူ​သည် ထို​သစ်တုံး​ကို​ရေ​ထဲသို့ ပစ်ချ​လိုက်​သော် ရေ​သည်​ချို​လေ​၏​။ ထာဝရဘုရား​သည် ထို​အရပ်​၌ သူ​တို့​အတွက် ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စီရင်​တော်မူ​၏​။ ထို​အရပ်​၌ သူ​တို့​ကို စမ်းသပ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 26,
      "text": "ထာဝရဘုရား​က “​သင်​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ မျက်မှောက်​တော်​၌ ဖြောင့်မှန်​စွာ​ပြုမူ​လျှင်​လည်းကောင်း​၊ ပညတ်တော်​တို့​ကို​စူးစိုက်​နားထောင်​၍ ပြဋ္ဌာန်း​တော်မူ​ချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​လည်းကောင်း ငါ​သည် အီဂျစ်​လူမျိုး​တို့​အပေါ်​သို့​ကျရောက်​စေ​ခဲ့​သော​အနာရောဂါ​တစ်စုံတစ်ခု​မျှ သင့်​အပေါ်​သို့ ကျရောက်​စေ​မည်​မ​ဟုတ်​။ အကြောင်းမှာ ငါ​ထာဝရဘုရား​သည် သင်​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​သော​အရှင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 27,
      "text": "ထို့နောက် သူ​တို့​သည် ဧလိမ်​အရပ်​သို့​ရောက်လာ​ကြ​၏​။ ထို​အရပ်​၌ စမ်းရေတွင်း​တစ်ဆယ့်​နှစ်​တွင်း​နှင့်တကွ စွန်ပလွံပင်​ခုနစ်ဆယ်​ရှိ​၏​။ သူ​တို့​သည် ထို​အရပ်​တွင် ရေ​နှင့်​နီး​သော​နေရာ​၌ စခန်းချ​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 1,
      "text": "တစ်ဖန် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ဧလိမ်​အရပ်​မှ​ခရီးပြု​ကြ​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​၌ ဧလိမ်​အရပ်​နှင့်​သိနာ​တောင်​ကြား​ရှိ သိန်​တောကန္တာရ​သို့ ရောက်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 2,
      "text": "ထို​တောကန္တာရ​ထဲ၌ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​တို့​ထံသို့​လာ​၍"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 3,
      "text": "အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 4,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် သင်​တို့​အတွက် မုန့်​ကို မိုးကောင်းကင်​မှ​ရွာကျ​စေ​မည်​။ လူ​တို့​သည် ထွက်​၍ တစ်နေ့​စာ​တစ်နေ့​ကောက်ယူ​ကြ​ရ​မည်​။ ဤသို့သော​အားဖြင့် ငါ​၏​တရားတော်​အတိုင်း သူ​တို့​လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို ငါ​စမ်းသပ်​မည်​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 5,
      "text": "ဆဋ္ဌမ​နေ့​၌ နေ့စဉ်​ထက် နှစ်ဆ​ကောက်​၍ ယူဆောင်​လာ​ပြီး ပြင်ဆင်​ထား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 6,
      "text": "ထို့ကြောင့် မောရှေ​နှင့်​အာရုန်​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ကြောင်း​ကို နေဝင်ချိန်​၌ သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 7,
      "text": "နံနက်အချိန်​၌​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို သင်​တို့​တွေ့မြင်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​အား သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​။ ငါ​တို့​ကား မည်သူ​ဖြစ်၍ ငါ​တို့​ကို ညည်းညူ​ပြ​ရ​သနည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 8,
      "text": "တစ်ဖန် မောရှေ​က “​ထာဝရဘုရား​သည် နေဝင်ချိန်​၌ သင်​တို့​စားစရာ​အသား​ကို​လည်းကောင်း​၊ နံနက်အချိန်​၌ လုံလောက်​သော​မုန့်​ကို​လည်းကောင်း ပေး​တော်မူ​မည်​။ အကြောင်းမူကား ထာဝရဘုရား​ထံ သင်​တို့​ညည်းညူ​၍ မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား ကြား​တော်မူ​ပြီ​။ ငါ​တို့​သည် မည်သူ​ဖြစ်၍​နည်း​။ သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​သည် ငါ​တို့​ကို​ဆန့်ကျင်​သည်​မ​ဟုတ်​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​နေ​ခြင်း​ပင်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 9,
      "text": "ထို့နောက် မောရှေ​က အာရုန်​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ‘​သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​ဖြစ်၍ ရှေ့​တော်​သို့ ချဉ်းကပ်​ကြ​လော့​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 10,
      "text": "အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​စဉ် သူ​တို့​သည် တောကန္တာရ​ဘက်​သို့​လှည့်ကြည့်​သောအခါ မိုးတိမ်​ထဲ၌ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ထင်ရှား​နေ​သည်​ကို​မြင်​ရ​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 11,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 12,
      "text": "“​အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ပြီ​။ သူ​တို့​အား ‘​သင်​တို့​သည် နေဝင်ချိန်​၌ အသား​ကို​စား​ရ​၍ နံနက်အချိန်​၌ မုန့်​ဖြင့်​ဝလင်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 13,
      "text": "နေဝင်ချိန်​၌ ငုံး​တို့​သည် တက်လာ​၍ တပ်စခန်း​ကို​ဖုံးလွှမ်း​ကြ​၏​။ နံနက်အချိန်​၌​လည်း တပ်စခန်း​ပတ်ပတ်လည်​တွင် နှင်းကျ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 14,
      "text": "နှင်း​ကွဲ​ပြီးမှ တောကန္တာရ​၏​မြေမျက်နှာပြင်​ပေါ်တွင် မြေ​ပေါ်မှ​သေးငယ်​သော​နှင်းခဲ​သဖွယ် အချပ်အလွှာကလေး​များ​ကို​တွေ့​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 15,
      "text": "ထို​အရာ​ကို အစ္စရေး​အမျိုးသား​တို့​တွေ့မြင်​သောအခါ မည်သည့်​အရာ​ဖြစ်​သည်​ကို​မ​သိ​သောကြောင့် “​မည်သည့်​အရာ​နည်း​”​ဟု အချင်းချင်း​မေးမြန်း​ကြ​၏​။ ထိုအခါ မောရှေ​က “​ဤ​အရာ​သည် သင်​တို့ စား​ဖို့ ထာဝရဘုရား​ပေး​တော်မူ​သော​မုန့်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 16,
      "text": "ထာဝရဘုရား​က ‘​တစ်ဦးစီ​စား​နိုင်​သလောက် ကောက်ယူ​ကြ​လော့​။ သင်​တို့​၏​လူ​အရေအတွက်​အလိုက် မိမိ​တဲ​၌​ရှိ​သော​သူ​တစ်ဦးစီ​အတွက် တစ်ယောက်​တစ်​ဩမဲ ​စီ ယူ​ကြ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 17,
      "text": "အစ္စရေး​အမျိုးသား​တို့​သည်​လည်း ထိုသို့​ပြု​၍ အနည်း​အများ​အလိုက် ကောက်ယူ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 18,
      "text": "သူ​တို့​သည် ဩမဲ​ဖြင့် ခြင်တွယ်​သောအခါ များများ​ရ​သော​သူ​မ​ပို​၊ နည်းနည်း​ရ​သော​သူ​မ​လို​ချေ​။ တစ်ဦးစီ​စား​နိုင်​သလောက် ကောက်ယူ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 19,
      "text": "မောရှေ​က သူ​တို့​အား “​မည်သူမျှ ထို​မုန့်​ကို နံနက်​တိုင်အောင်​မ​ကြွင်းကျန်​စေ​ရ​”​ဟု ဆို​သော်လည်း"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 20,
      "text": "သူ​တို့​သည် မောရှေ​၏​စကား​ကို​နား​မ​ထောင်​ကြ​။ လူ​အချို့​တို့​သည် နံနက်​တိုင်အောင် ချန်ထား​သဖြင့် ပိုး​ထိုး​၍ အပုပ်နံ့ထွက်​လေ​၏​။ မောရှေ​သည်​လည်း သူ​တို့​ကို အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 21,
      "text": "သူ​တို့​သည် တစ်ဦးစီ​စား​နိုင်​သလောက် မုန့်​ကို​နံနက်တိုင်း​ကောက်ယူ​ကြ​၏​။ နေ​ပူ​လာ​သောအခါ ထို​မုန့်​သည် အရည်ပျော်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 22,
      "text": "ဆဋ္ဌမ​နေ့​ရောက်​သောအခါ မုန့်​ကို တစ်​ယောက်​နှစ်​ဩမဲ ​စီ နှစ်ဆ​ကောက်ယူ​ကြ​၏​။ ထို​အကြောင်း​ကို လူထု​ခေါင်းဆောင်​အပေါင်း​တို့​သည်​လာ​၍ မောရှေ​အား​ပြောကြား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 23,
      "text": "မောရှေ​က​လည်း “​ဤ​အရာ​ကား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​အရာ​ဖြစ်​၏​။ မနက်ဖြန်​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​ဥပုသ်နေ့​ဖြစ်​၏​။ ထို​မုန့်​ကို သင်​တို့​ဖုတ်​လို​လျှင် ဖုတ်​လော့​။ ပြုတ်​လို​လျှင် ပြုတ်​လော့​။ ပို​သမျှ​ကို သင်​တို့​အတွက် ချန်ထား​ပြီး နံနက်​တိုင်အောင်​သိမ်း​ထား​လော့​”​ဟု သူ​တို့​အား​ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 24,
      "text": "သူ​တို့​သည်​လည်း မောရှေ​မိန့်မှာ​သည့်​အတိုင်း နံနက်​တိုင်အောင်​ချန်ထား​ကြ​ရာ အပုပ်နံ့ထွက်​ခြင်း​လည်း​မ​ရှိ​၊ လောက်တက်​ခြင်း​လည်း​မ​ရှိ​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 25,
      "text": "မောရှေ​က “ချန်ထား​သော​မုန့်​ကို ယနေ့​စား​ကြ​လော့​။ ယနေ့​သည် ထာဝရဘုရား​၏​ဥပုသ်နေ့​ဖြစ်၍ ထို​မုန့်​ကို ယနေ့ မြေ​ပေါ်၌​တွေ့​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 26,
      "text": "သင်​တို့​သည် ခြောက်​ရက်​ပတ်လုံး မုန့်​ကို ကောက်ယူ​ကြ​ရ​မည်​။ ဥပုသ်နေ့​ဖြစ်​သော​သတ္တမ​နေ့​၌​မူကား ရှိ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 27,
      "text": "သတ္တမ​နေ့​၌ လူ​အချို့​တို့​သည် ကောက်ယူ​ရန်​ထွက်သွား​ကြ​သော်လည်း ရှာ​မ​တွေ့​ကြ​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 28,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​သည် ငါ​၏​ပညတ်တော်​နှင့် ဥပဒေသ​များ​ကို မည်သည့်​အချိန်​ထိ မ​စောင့်ထိန်း​ဘဲ နေ​ကြ​မည်နည်း​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 29,
      "text": "ငါ​ထာဝရဘုရား​သည် သင်​တို့​အား ဥပုသ်နေ့​ကို သတ်မှတ်​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် ဆဋ္ဌမ​နေ့​၌ သင်​တို့​အား မုန့်​ကို နှစ်​ရက်​စာ​ပေး​တော်မူ​၏​။ လူ​တိုင်း​မိမိ​နေရာ​၌​နေ​ကြ​လော့​။ သတ္တမ​နေ့​၌ မည်သူမျှ မိမိ​နေရာ​မှ​မ​ထွက်သွား​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 30,
      "text": "သို့ဖြစ်၍ လူ​တို့​သည် သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 31,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထို​မုန့်​၏​အမည်​ကို မန္န​ဟု​ခေါ်​ကြ​၏​။ နံနံ​စေ့​နှင့်​တူ​ပြီး အဖြူရောင်​ဖြစ်​၏​။ အရသာ​ကား ပျားရည်​ပါ​သော​မုန့်ကြွပ်ပြား​နှင့်​တူ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 32,
      "text": "မောရှေ​က “​ထာဝရဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​သောအခါ တောကန္တာရ​ထဲ၌ သင်​တို့​အား ကျွေးမွေး​ခဲ့​သော​မုန့်​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​သိမြင်​နိုင်​ရန် သူ​တို့​အတွက် ထို​မုန့်​ကို တစ်​ဩမဲ​အပြည့် သိမ်းထား​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​ဖြစ်​သည်​”​ဟု ဆို​ပြီး"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 33,
      "text": "အာရုန်​အား “​အိုး​တစ်​လုံး​ကို​ယူ​လော့​။ ထို​အထဲ​၌ မန္နမုန့်​တစ်​ဩမဲ​အပြည့်​ထည့်​ပြီးလျှင် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​အတွက် ထိန်းသိမ်း​ရန် ထာဝရဘုရား​ရှေ့​တော်​၌ ထား​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 34,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​သည် မန္နမုန့်​ကို​ထိန်းသိမ်း​ရန် သက်သေခံချက်​ရှေ့​တွင် ထား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 35,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အခြေချ​နေထိုင်​မည့်​ပြည်​သို့​မ​ရောက်​မ​ချင်း အနှစ်​လေးဆယ်​ပတ်လုံး မန္နမုန့်​ကို​စား​ကြ​၏​။ သူ​တို့​သည် ခါနာန်​ပြည်​နယ်နိမိတ်​သို့​မ​ရောက်​မ​ချင်း မန္နမုန့်​ကို​စား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 36,
      "text": "(​တစ်​ဩမဲ​ကား တစ်​ဧဖာ ​၏​ဆယ်ပုံတစ်ပုံ​ဖြစ်​၏​။​)"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သိန်​တောကန္တာရ​မှ​ထွက်ခွာ​၍ ခရီးဆက်​ကာ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ရန် ရေ​မ​ရှိ​ပေ​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 2,
      "text": "ထိုအခါ လူ​တို့​က မောရှေ​အား “​ငါ​တို့​သောက်​ဖို့​ရေ​ပေး​ပါ​လော့​”​ဟု ဆို​၍​ရန်တွေ့​ကြ​၏​။ မောရှေ​က​လည်း “​ငါ့​ကို အဘယ်ကြောင့်​ရန်တွေ့​ကြ​သနည်း​။ ထာဝရဘုရား​ကို အဘယ်ကြောင့်​အကဲစမ်း​ကြ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 3,
      "text": "ထို​အရပ်​၌ လူ​တို့​သည် ရေ​ငတ်​ကြ​သဖြင့် မောရှေ​အား “​ငါ​တို့​နှင့်တကွ ငါ​တို့​၏​သားသမီး​များ​၊ တိရစ္ဆာန်​များ​ကို ရေငတ်​၍​သေ​စေရန် ငါ​တို့​ကို အဘယ်ကြောင့် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သနည်း​”​ဟု ညည်းညူ​ပြ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 4,
      "text": "ထိုအခါ မောရှေ​က ထာဝရဘုရား​အား “​ဤ​လူ​တို့​ကို အကျွန်ုပ်​မည်သို့​ပြု​ရ​ပါ​မည်နည်း​။ သူ​တို့​သည် အကျွန်ုပ်​ကို ခဲ​နှင့်​ပေါက်​လုနီး​ပါ​ပြီ​”​ဟု ဆို​လျက် အော်ဟစ်​တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 5,
      "text": "ထာဝရဘုရား​က​လည်း မောရှေ​အား “​ထို​လူ​တို့​၏​ရှေ့​မှ​သွား​လော့​။ သင်​နှင့်အတူ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို ခေါ်သွား​လော့​။ နိုင်း​မြစ်​ကို​ရိုက်​ခဲ့​သော သင်​၏​တောင်ဝှေး​ကို ကိုင်ဆောင်​၍ သွား​လော့​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 6,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် ဟောရပ်​တောင်​ရှိ​ကျောက်ဆောင်​ပေါ်တွင် သင့်​ရှေ့​၌ ရပ်​နေ​မည်​။ သင်​သည် ထို​ကျောက်ဆောင်​ကို​ရိုက်​လော့​။ ထို​ကျောက်ဆောင်​မှ ရေ​ထွက်လာ​သဖြင့် လူ​တို့​သည် ရေသောက်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း အစ္စရေး​သက်ကြီးဝါကြီး​တို့​၏​မျက်မှောက်​၌ ထိုအတိုင်း​ပြု​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ရန်တွေ့​ကြ​သောကြောင့်​လည်းကောင်း​၊ “​ထာဝရဘုရား​သည် ငါ​တို့​၌​ရှိ​သလော​၊ မ​ရှိ​သလော​”​ဟု ဆို​လျက် ထာဝရဘုရား​အား အကဲစမ်း​ကြ​သောကြောင့်​လည်းကောင်း ထို​အရပ်​၏​အမည်​ကို မဿာ ဟူ၍​လည်းကောင်း​၊ မေရိဘ ဟူ၍​လည်းကောင်း ခေါ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 8,
      "text": "ထို့နောက် အာမလက်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရေဖိဒိမ်​အရပ်​၌ လာ​၍​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 9,
      "text": "ထို့ကြောင့် မောရှေ​က ယောရှု​အား “​ငါ​တို့​အတွက် လူ​တို့​ကို​ရွေးချယ်​ပြီးလျှင် အာမလက်​လူမျိုး​တို့​ကို ထွက်​၍​တိုက်​လော့​။ မနက်ဖြန်​၌ ငါ​သည် ဘုရားသခင်​၏​တောင်ဝှေး​ကို ကိုင်​လျက် တောင်ကုန်း​ထိပ်​တွင်​ရပ်​နေ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 10,
      "text": "ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 11,
      "text": "မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 12,
      "text": "မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 13,
      "text": "ထို့ကြောင့် ယောရှု​သည် အာမလက်​နှင့်​သူ​၏​လူ​တို့​ကို ဓား​ဖြင့်​အနိုင်ရ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 14,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​အာမလက်​လူမျိုး​တို့​ကို ကောင်းကင်​အောက်​တွင် အမှတ်ရစရာ​မျှ​မ​ကျန်​အောင် ငါ​ဖျောက်ဖျက်​ပစ်​မည်​ဖြစ်၍ ဤ​အမှု​ကို အောက်မေ့ဖွယ်​အဖြစ် ကျမ်းစာလိပ်​၌ ရေးမှတ်​ထား​ပြီး ယောရှု​ရှေ့​၌ ဖတ်ပြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 15,
      "text": "မောရှေ​သည်​လည်း ယဇ်ပလ္လင်​ကို​တည်​၍ ၎င်း​၏​အမည်​ကို “​ထာဝရဘုရား​သည် ငါ​၏​အောင်လံ​ဖြစ်​တော်မူ​၏​”​ဟု ခေါ်​၏​။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 16,
      "text": "မောရှေ​က “​လက်​တစ်ဖက်​သည် ထာဝရဘုရား​၏​ပလ္လင်​တော်​အပေါ် ဆန့်ထား​လျက်​ရှိ​သည်​ဖြစ်၍ ထာဝရဘုရား​သည် အာမလက်​လူ​တို့​ကို မျိုးဆက်အဆက်ဆက် စစ်တိုက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 1,
      "text": "ဘုရားသခင်​က မောရှေ​နှင့် မိမိ​၏​လူမျိုး​တော်​အစ္စရေး​တို့​အား ပြု​ပေး​ခဲ့​သော​အရာ​အားလုံး​နှင့် ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား အီဂျစ်​ပြည်​မှ မည်သို့​ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မောရှေ​၏​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော ကြားသိ​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 2,
      "text": "မောရှေ​သည် မိမိ​မယား​ဇိပေါရ​ကို ပြန်လွှတ်​လိုက်​သည်​ဖြစ်၍ မောရှေ​၏​ယောက္ခမ​ယေသရော​သည် ဇိပေါရ​နှင့်"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 3,
      "text": "သူ​၏​သား​နှစ်​ယောက်​ကို ခေါ်ထား​၏​။ မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် သား​တစ်​ယောက်​၏​အမည်​ကို ဂေရရှုံ ဟု မှည့်ခေါ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 4,
      "text": "နောက်သား​တစ်​ယောက်​၏​အမည်​မှာ “​ငါ့​အဖ​၏​ဘုရားသခင်​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​ဖြစ်၍ ငါ့​ကို ဖာရော​မင်းကြီး​၏​ဓားဘေး​မှ ကယ်နုတ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဧလျေဇာ ဟု​မှည့်ခေါ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 5,
      "text": "မောရှေ​၏​ယောက္ခမ​ယေသရော​သည် မောရှေ​၏​မယား​နှင့်​သား​တို့​ကို ဘုရားသခင်​၏​တောင်​တော်​ရှိ မောရှေ​စခန်းချ​ရာ တောကန္တာရ​သို့ ခေါ်ဆောင်​လာ​ပြီး"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 6,
      "text": "ယေသရော​က “​သင်​၏​ယောက္ခမ ငါ​ယေသရော​သည် သင့်​မယား​၊ သင့်​သား​နှစ်​ယောက်​တို့​နှင့်အတူ သင့်​ထံသို့​လာ​နေ​ပြီ​”​ဟု မောရှေ​ထံ ပြောကြား​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 7,
      "text": "ထို့ကြောင့် မောရှေ​သည် မိမိ​ယောက္ခမ​ကို​ကြိုဆို​ရန်​ထွက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​ပြီး သူ့​အား​နမ်း​လေ​၏​။ သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး သာကြောင်းမာကြောင်း​မေးမြန်း​ပြီးလျှင် တဲ​ထဲသို့​ဝင်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 8,
      "text": "ထို့နောက် မောရှေ​က ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အတွက် ဖာရော​မင်းကြီး​နှင့်​အီဂျစ်​လူမျိုး​တို့​အပေါ် ပြု​တော်မူ​ခဲ့​သမျှ​ကို​လည်းကောင်း​၊ လမ်းခရီး​၌ သူ​တို့​ကြုံတွေ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို​လည်းကောင်း​၊ သူ​တို့​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​ခဲ့​ကြောင်း​ကို​လည်းကောင်း မိမိ​ယောက္ခမ​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 9,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​၍ သူ​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​ကြောင့် ယေသရော​သည် ဝမ်းသာအားရ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 10,
      "text": "ထို့ကြောင့် ယေသရော​က “​သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ ဖာရော​မင်းကြီး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​သော​အရှင်​၊ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​အောက်​မှ ကယ်နုတ်​တော်မူ​သော​အရှင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 11,
      "text": "သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိနှိပ်ညှဉ်းဆဲ​သော​အမှုအရာ​ကြောင့် ထာဝရဘုရား​သည် ဘုရား​ရှိသမျှ​တို့​ထက် ကြီးမြတ်​တော်မူ​ကြောင်း​ကို ယခု​ငါ​သိ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 12,
      "text": "ထို့နောက် မောရှေ​၏​ယောက္ခမ​ယေသရော​သည် ဘုရားသခင်​ထံ မီးရှို့ရာယဇ်​နှင့် ယဇ်ကောင်​များ​ကို ယူဆောင်​လာ​၏​။ အာရုန်​နှင့်​အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ မောရှေ​၏​ယောက္ခမ​နှင့်အတူ အစားအစာ​စားသောက်​ရန် လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 13,
      "text": "နောက်တစ်နေ့​၌ မောရှေ​သည် လူ​တို့​ကို​တရားစီရင်​ရန် ထိုင်​၍ လူ​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် မောရှေ​ရှေ့​၌ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 14,
      "text": "လူ​တို့​အတွက် မောရှေ​ဆောင်ရွက်​ပေး​သမျှ​တို့​ကို သူ​၏​ယောက္ခမ​ယေသရော​တွေ့မြင်​လျှင် “​လူ​တို့​အတွက် သင်​မည်သို့ ဆောင်ရွက်​ပေး​နေ​သနည်း​။ အဘယ်ကြောင့် သင်​တစ်ယောက်တည်း​ထိုင်​၍ လူ​အပေါင်း​တို့​သည် နံနက်အချိန်​မှ နေဝင်ချိန်​တိုင်အောင် သင့်​ရှေ့​၌​ရပ်​နေ​ကြ​ရ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 15,
      "text": "မောရှေ​က​လည်း သူ​၏​ယောက္ခမ​အား “​လူ​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ ဘုရားသခင်​အား မေးလျှောက်​လို​ကြ​သောကြောင့်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 16,
      "text": "သူ​တို့​၌ အမှုအခင်း​ရှိ​သောအခါ အကျွန်ုပ်​ထံသို့​လာ​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း သူ​တို့​တစ်ဦး​နှင့်​တစ်ဦး​ကြား တရားစီရင်​ပေး​၍ ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​တရား​များ​ကို​လည်း သူ​တို့​အား သွန်သင်​ပေး​ရ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 17,
      "text": "ထိုအခါ မောရှေ​၏​ယောက္ခမ​က “​သင် ဤသို့​ပြု​ခြင်း​သည် အဆင်​မ​ပြေ​ပေ​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 18,
      "text": "သင်​နှင့်တကွ ဤ​လူ​တို့​သည် အမှန်တကယ်​ပင်ပန်း​ကြ​လိမ့်မည်​။ သင့်​အတွက် ဤ​အမှု​သည် ကြီးလေး​သောကြောင့် သင်​တစ်ယောက်တည်း မ​ဆောင်ရွက်​နိုင်​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 19,
      "text": "ယခု ငါ့​စကား​ကို နားထောင်​လော့​။ သင့်​ကို ငါ​အကြံပေး​မည်​။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​တို့​၏​ကိုယ်စား​ဖြစ်​၍ ဘုရားသခင်​ထံသို့​အမှုအခင်း​များ​ကို တင်သွင်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 20,
      "text": "ပြဋ္ဌာန်းချက်​များ​၊ ဥပဒေသ​များ​နှင့်​ပတ်သက်၍ သူ​တို့​အား သတိပေး​ရ​မည်​။ သူ​တို့​သွား​ရ​မည့်​လမ်း​၊ လုပ်ဆောင်​ရ​မည့်​အလုပ်​ကို သူ​တို့​အား​သိ​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 21,
      "text": "လူ​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​၊ သစ္စာရှိ​သော​သူ​၊ မတရား​သော​အကျိုးစီးပွား​ကို​မုန်း​သော​သူ​တို့​ကို ရွေးချယ်​၍ သူ​တို့​ကို လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ်​အဖြစ် ခန့်ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 22,
      "text": "သူ​တို့​သည် လူ​တို့​ကို အချိန်မရွေး စီရင်​ပေး​ကြ​စေ​။ ကြီး​သော​အမှု​ရှိသမျှ​ကို သင့်​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင်​စီရင်​ပေး​ကြ​စေ​။ ဤသို့ သူ​တို့​သည် သင့်​ဝန်​ကို ကူထမ်း​ပေး​သဖြင့် သင့်​အတွက် ဝန်ပေါ့​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 23,
      "text": "သင်​သည် ဤသို့​ပြု​မည်​၊ ဘုရားသခင်​သည်​လည်း ဤသို့ ခွင့်ပြု​မည်​ဆိုလျှင် သင်​သက်သာ​လိမ့်မည်​။ ဤ​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​နေအိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 24,
      "text": "မောရှေ​သည်​လည်း မိမိ​ယောက္ခမ​၏​စကား​ကို​နားထောင်​၍ ပြော​သမျှ​အတိုင်း​ပြု​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အရည်အချင်း​ရှိ​သော​သူ​များ​ကို​ရွေးချယ်​၍ သူ​တို့​ကို လူ​တို့​၏​အကြီးအမှူး​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်ဖြင့် ခန့်အပ်​ထား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 26,
      "text": "ထို​သူ​တို့​သည်​လည်း လူ​တို့​အား အချိန်မရွေး စီရင်​ပေး​ကြ​၏​။ ခက်ခဲ​သော​အမှု​ကို မောရှေ​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင် စီရင်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 27,
      "text": "ထို့နောက် မောရှေ​သည် သူ​၏​ယောက္ခမ​အား ပြန်ခွင့်ပြု​၍ သူ​သည် နေရင်းပြည်​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သုံး​လ​မြောက်​သော​နေ့​၌ သိနာ​တောကန္တာရ​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 2,
      "text": "ထိုသို့ ရေဖိဒိမ်​အရပ်​မှ ထွက်ခွာ​လာ​၍ သိနာ​တောကန္တာရ​သို့​ရောက်လာ​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တောကန္တာရ​ရှိ သိနာ​တောင်​ရှေ့​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 3,
      "text": "မောရှေ​သည် ဘုရားသခင်​ထံသို့​တက်သွား​ရာ ထာဝရဘုရား​သည် သူ့​အား တောင်​ပေါ်မှ ခေါ်​တော်မူ​လျက် “​သင်​သည် ယာကုပ်​အမျိုးအနွယ်​၊ အစ္စရေး​အမျိုးသား​တို့​အား"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 4,
      "text": "‘​ငါ​သည် အီဂျစ်​လူမျိုး​တို့​ကို စီရင်​ခဲ့​ပုံ​၊ သင်​တို့​ကို လင်းယုန်​၏​တောင်ပံ​များ​ပေါ်​တင်​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​ပုံ​တို့​ကို သင်​တို့​ကိုယ်တိုင်​သိမြင်​ခဲ့​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 5,
      "text": "ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 6,
      "text": "သင်​တို့​သည် ငါ့​အဖို့ နိုင်ငံ​တော်​၏​ယဇ်ပုရောဟိတ်​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​ဖြစ်​ကြ​မည်​’​ဟု ဆင့်ဆို​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အား သင်​ပြောဆို​ရ​မည့်​စကား​များ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 7,
      "text": "မောရှေ​သည် ပြန်လာ​၍ လူ​တို့​ထဲမှ သက်ကြီးဝါကြီး​တို့​ကို ခေါ်​ပြီးလျှင် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ထို​စကား​အလုံးစုံ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြန်ပြော​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 8,
      "text": "လူ​အပေါင်း​တို့​က “​ထာဝရဘုရား​မိန့်ဆို​တော်မူ​သမျှ​တို့​ကို အကျွန်ုပ်​တို့​ပြု​ပါ​မည်​”​ဟု တညီတညွတ်တည်း​ပြန်ဖြေ​ကြ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 9,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့်​ငါ​ပြော​သော​စကား​ကို လူ​တို့​ကြား​၍ သင့်​ကို အစဉ်အမြဲ​ယုံ​ကြ​စေရန် ငါ​သည် သင့်​ထံသို့​မိုးတိမ်​တိုက်​ဖြင့်​ကြွလာ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ကြားလျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 10,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထံသို့​သွား​၍ ယနေ့​နှင့်​မနက်ဖြန်​တွင် သူ​တို့​ကို သန့်ရှင်း​စေ​လော့​။ သူ​တို့​၏​အဝတ်အစား​များ​ကို​လည်း လျှော်​စေ​လော့​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 11,
      "text": "သူ​တို့​သည် တတိယ​နေ့​၌ အဆင်သင့်​ရှိ​နေ​ရ​မည်​။ အကြောင်းမူကား တတိယ​နေ့​၌ ထာဝရဘုရား​သည် လူ​အပေါင်း​တို့​၏​မျက်မှောက်​၊ သိနာ​တောင်​ပေါ်သို့ ကြွဆင်း​တော်မူ​မည်​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 12,
      "text": "သင်​သည် လူ​တို့​အတွက် တောင်​ပတ်ပတ်လည် နယ်နိမိတ်စည်း​သတ်မှတ်​ပေး​၍ ‘​တောင်​ပေါ်သို့​မ​တက်​၊ တောင်​၏​နယ်နိမိတ်​ကို မ​ထိ​ရန် သတိပြု​လော့​’​ဟု မှာကြား​ရ​မည်​။ ဤ​တောင်​ကို​ထိ​သော​သူ​တိုင်း မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 13,
      "text": "ထို​သူ​ကို လက်​ဖြင့်​မ​ထိ​ဘဲ စင်စစ်​ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ သို့မဟုတ် မြား​နှင့်​ပစ်သတ်​ရ​မည်​။ လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ အသက်​မ​ရှင်​ရ​။ သိုးချို​ကို သံရှည်ဆွဲ​၍​မှုတ်​မှသာ လူ​တို့​သည် ဤ​တောင်​သို့​လာ​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 14,
      "text": "ထို့နောက် မောရှေ​သည် တောင်​ပေါ်မှ လူ​တို့​ထံသို့ ဆင်းလာ​၍ လူ​တို့​ကို​သန့်ရှင်း​စေ​၏​။ သူ​တို့​သည်​လည်း မိမိ​တို့​၏​အဝတ်အစား​များ​ကို​လျှော်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 15,
      "text": "မောရှေ​က လူ​တို့​အား “​တတိယ​နေ့​၌ အသင့်ပြင်ဆင်​ထား​ကြ​လော့​။ မိန်းမ​ကို​မ​ချဉ်းကပ်​ကြ​နှင့်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 16,
      "text": "တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 17,
      "text": "မောရှေ​သည်​လည်း လူ​တို့​ကို ဘုရားသခင်​နှင့်​တွေ့ဆုံ​စေရန် စခန်း​ထဲမှ ခေါ်ထုတ်​လာ​သဖြင့် သူ​တို့​သည် တောင်​ခြေ​၌​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 18,
      "text": "ထာဝရဘုရား​သည် သိနာ​တောင်​ပေါ်သို့ မီး​ဖြင့်​ကြွဆင်း​တော်မူ​သောကြောင့် တစ်တောင်လုံး​မီးခိုး​ထွက်​လေ​၏​။ မီးခိုး​သည် မီးပြင်းဖို​၏​မီးခိုး​ကဲ့သို့​တက်​၏​။ တောင်​တစ်တောင်လုံး​သည်​လည်း ပြင်းထန်​စွာ​တုန်လှုပ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 19,
      "text": "တံပိုးမှုတ်သံ​သည် ပို၍​ပို၍​ကျယ်လာ​သောအခါ မောရှေ​မေးလျှောက်​၍ ဘုရားသခင်​သည် အသံ​ဖြင့် ဖြေကြား​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 20,
      "text": "ထာဝရဘုရား​သည် သိနာ​တောင်​ထိပ်​သို့ ကြွဆင်း​တော်မူ​ပြီး မောရှေ​အား တောင်​ထိပ်​သို့​တက်​ရန် ခေါ်​တော်မူ​သဖြင့် မောရှေ​သည် တက်သွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 21,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဆင်းသွား​၍ လူ​တို့​ကို​သတိပေး​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရန် စည်း​ကို​ကျော်ဝင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် သေကျေပျက်စီး​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 22,
      "text": "ထာဝရဘုရား​ထံသို့ ချဉ်းကပ်​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်မိမိ သန့်ရှင်း​စေ​ရ​မည်​။ သို့မဟုတ်လျှင် ထာဝရဘုရား​သည် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 23,
      "text": "ထိုအခါ မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က အကျွန်ုပ်​တို့​အား ‘​တောင်​ကို​နယ်နိမိတ်စည်း​သတ်မှတ်​၍ သန့်ရှင်း​စေ​လော့​’​ဟူ၍ သတိပေး​မိန့်မှာ​ခဲ့​သောကြောင့် လူ​တို့​သည် သိနာ​တောင်​ပေါ်သို့​မ​တက်​နိုင်​ကြ​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 24,
      "text": "ထာဝရဘုရား​က​လည်း “​သွား​လော့​။ ဆင်းသွား​လော့​။ သင်​သည် အာရုန်​ကို သင်​နှင့်အတူ​တက်လာ​စေ​ရ​မည်​။ သို့သော် ယဇ်ပုရောဟိတ်​များ​နှင့်​လူ​တို့​ကို စည်းကျော်ဝင်​၍ ငါ​ထာဝရဘုရား​ထံသို့​မ​တက်လာ​စေ​နှင့်​။ တက်လာ​လျှင် သူ​တို့​ကို ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 25,
      "text": "ထို့ကြောင့် မောရှေ​သည် လူ​တို့​ထံသို့​ဆင်းသွား​၍ သူ​တို့​အား​ပြောကြား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 1,
      "text": "ဘုရားသခင်​မိန့်​တော်မူ​သော​စကား​အလုံးစုံ​ကား ဤသို့​တည်း​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 2,
      "text": "“​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 3,
      "text": "သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 4,
      "text": "အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 5,
      "text": "ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 6,
      "text": "ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်​အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 7,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 8,
      "text": "ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရန် အောက်မေ့​လော့​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 9,
      "text": "သင်​၏​အလုပ်​ရှိသမျှ​ကို ခြောက်​ရက်​ပတ်လုံး အားထုတ်​လုပ်ဆောင်​လော့​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 10,
      "text": "သတ္တမ​နေ့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဥပုသ်နေ့ ဖြစ်​၏​။ ထို​နေ့​၌ သင်​မှစ၍ သင်​၏​သား​သမီး​၊ သင်​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ သင်​၏​တိရစ္ဆာန်​နှင့် သင့်​မြို့​အတွင်း​ရှိ​တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 11,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ခြောက်​ရက်​ပတ်လုံး​ဖန်ဆင်း​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ဥပုသ်နေ့​ကို ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 12,
      "text": "သင်​၏​မိဘ​ကို​ရိုသေ​လော့​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေးသနား​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 13,
      "text": "လူ​မ​သတ်​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 14,
      "text": "အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​မ​ကျူးလွန်​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 15,
      "text": "မ​ခိုး​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 16,
      "text": "သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 17,
      "text": "သင့်​အိမ်နီးချင်း​၏​အိမ်​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​မယား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တပ်မက်​ရ​။​”"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 18,
      "text": "လူ​အပေါင်း​တို့​သည် မိုးချုန်းသံ​များ​နှင့်​တံပိုးမှုတ်သံ​ကို​ကြား​၍ လျှပ်စီး​များ​နှင့်​မီးခိုး​ထွက်​နေ​သော​တောင်​ကို တွေ့မြင်​ကြ​သောအခါ လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​၍ အဝေး​၌​ရပ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 19,
      "text": "ထို့နောက် သူ​တို့​က မောရှေ​အား “​သင်​သာလျှင် အကျွန်ုပ်​တို့​ကို​ဆင့်ဆို​ပါ​လော့​။ အကျွန်ုပ်​တို့​နားထောင်​ပါ​မည်​။ အကျွန်ုပ်​တို့​အား ဘုရားသခင် မိန့်ဆို​တော်​မ​မူ​ပါစေ​နှင့်​။ မိန့်ဆို​တော်မူ​လျှင် အကျွန်ုပ်​တို့​သေ​ကြ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 20,
      "text": "မောရှေ​က​လည်း လူ​တို့​အား “​မ​ကြောက်​ကြ​နှင့်​။ သင်​တို့​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ အပြစ်​မ​ပြု​မည့်​အကြောင်း ဘုရားသခင်​သည် သင်​တို့​ကို စမ်းသပ်​ရန် ကြွလာ​တော်မူ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 21,
      "text": "မောရှေ​သည် ဘုရားသခင်​ရှိ​ရာ​အမှောင်ထု​သို့ ချဉ်းကပ်​သောအခါ လူ​တို့​သည် အဝေး​၌​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 22,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​အား ကောင်းကင်​မှ စကားပြော​သည်​ကို သင်​တို့​ကိုယ်တိုင် ကြုံတွေ့​ရ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 23,
      "text": "သင်​တို့​သည် ငါ​နှင့်​ယှဉ်​၍ သင်​တို့​အဖို့ ရွှေ​ဘုရား​ငွေ​ဘုရား​များ​ကို​လည်း မ​ပြုလုပ်​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 24,
      "text": "သင်​တို့​သည် ငါ့​အတွက် မြေ​ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​အဖြစ် သင်​တို့​၏​သိုး​များ​၊ နွား​များ​ကို ယဇ်ပူဇော်​ရ​မည်​။ ထိုသို့ ငါ​၏​နာမ​တော်​ကို​အောက်မေ့​ရာ​အရပ်ရပ်​ရှိ သင်​တို့​ထံသို့ ငါ​ကြွလာ​၍ သင်​တို့​ကို​ကောင်းချီးပေး​မည်​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 25,
      "text": "ကျောက်​ကို ကျောက်ထွင်း​ကိရိယာ​ဖြင့်​ထုဆစ်​လျှင် ထို​ကျောက်​ကို ညစ်ညူး​စေ​ရာ​ရောက်​သည်​ဖြစ်​၍ ငါ့​အတွက် ကျောက်​ယဇ်ပလ္လင်​ကို​တည်​လျှင် ထုဆစ်​ထား​သော​ကျောက်​ဖြင့် မ​တည်​ရ​။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 26,
      "text": "သင်​တို့​၏​အရှက် ​မ​ပေါ်​မည့်​အကြောင်း ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့ လှေကား​ဖြင့်​မ​တက်​ရ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​၌ ပြဋ္ဌာန်း​ရ​မည့်​စီရင်ထုံးဖွဲ့ချက်​များ​ကား ဤသို့​တည်း​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 2,
      "text": "ဟေဗြဲ​လူမျိုး​ကျွန်​တစ်​ယောက်​ကို​ဝယ်​လျှင် သူ​သည် ခြောက်​နှစ်​အစေခံ​၍ ခုနစ်​နှစ်​မြောက်​၌ အဖိုးအခမပေး​ဘဲ လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 3,
      "text": "တစ်ယောက်တည်း​ရောက်လာ​လျှင် တစ်ယောက်တည်း​ထွက်သွား​ရ​မည်​။ သူ​သည် မယား​ရှိ​သော​သူ​ဖြစ်လျှင် သူ​၏​မယား​သည် သူ​နှင့်အတူ​ထွက်သွား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 4,
      "text": "ထို​သူ​၌ သခင်​ပေးစား​သော​မယား​ရှိ​၍ သူ့​အတွက် သား​သမီး​များ​ကို​မွေးဖွား​ပေး​လျှင် ထို​မယား​နှင့်​သားသမီး​များ​ကို သခင်​ပိုင်​သည်​ဖြစ်၍ ထို​သူ​သည် တစ်ယောက်တည်း​ထွက်သွား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 5,
      "text": "အကယ်၍ ထို​ကျွန်​က ‘​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​၏​မယား​နှင့်​သားသမီး​များ​ကို အကျွန်ုပ်​ချစ်​ပါ​၏​။ လွတ်လပ်​သော​သူ​အဖြစ် အကျွန်ုပ်​မ​ထွက်သွား​လို​ပါ​’​ဟု ပြတ်ပြတ်သားသား​ပြောဆို​လျှင်"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 6,
      "text": "သခင်​သည် သူ့​အား ဘုရားသခင်​၏​ရှေ့​တော်​သို့​ခေါ်ဆောင်​လာ​ရ​မည်​။ သူ့​အား တံခါး​၊ သို့မဟုတ် တံခါးတိုင်​သို့​ခေါ်ဆောင်​လာ​၍ သခင်​သည် သူ​၏​နားရွက်​ကို စူး​ဖြင့်​ဖောက်​ရ​မည်​။ သူ​သည် အစဉ်အမြဲ​အစေခံ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 7,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​၏​သမီး​ကို ကျွန်​အဖြစ်​ရောင်း​လျှင် ထို​ကျွန်မ​သည် ကျွန်ယောက်ျား​ထွက်သွား​သကဲ့သို့ မ​ထွက်သွား​ရ​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 8,
      "text": "သခင်​သည် ထို​ကျွန်မ​ကို မိမိ​အတွက်​ရွေးချယ်​ပြီးမှ မနှစ်မြို့​လျှင် ကျွန်မ​အား သူ့​ကိုယ်​သူ ပြန်ရွေး​ခွင့်​ပေး​ရ​မည်​။ သခင်​သည် သူ့​အပေါ် သစ္စာမဲ့​သည်​ဖြစ်၍ တစ်ပါးအမျိုးသား​အား ရောင်း​ခွင့်​မ​ရှိ​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 9,
      "text": "ထိုသို့​မ​ဟုတ်​ဘဲ ထို​ကျွန်မ​ကို မိမိ​သား​အတွက် ရွေးချယ်​လျှင် သမီး​နှင့်ဆိုင်သော​စီရင်ထုံးဖွဲ့ချက်​အတိုင်း သူ​၌ ပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 10,
      "text": "ထို​သူ​သည် နောက်ထပ်​မိန်းမ​ယူ​လျှင် ယခင်မိန်းမ​အား အစားအစာ​၊ အဝတ်အထည်​နှင့် မယားရပိုင်ခွင့်​တို့​ကို မ​လျှော့​ရ​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 11,
      "text": "အကယ်၍ ဤ​သုံး​ချက်​ကို​မ​ပြု​ပေး​လျှင် ထို​မိန်းမ​သည် အဖိုးအခ​ငွေ​မ​ပေး​ဘဲ​ထွက်သွား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 12,
      "text": "လူ​ကို​သေ​အောင်​ရိုက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 13,
      "text": "သို့ရာတွင် သူ​သည် မ​ရည်ရွယ်​ဘဲ သူ့​လက်​၌​ဘုရားသခင်​အပ်​သဖြင့် လူ​ကို​သတ်​မိ​လျှင် ထို​သူ​ထွက်ပြေး​ရ​မည့်​နေရာ​ကို ငါ​သတ်မှတ်​ပေး​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 14,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​၏​အိမ်နီးချင်း​ကို တမင်သက်သက်​ကြံစည်​သတ်ဖြတ်​လျှင် ထို​သူ​သည် သေဒဏ်​ခံ​ရန် ငါ​၏​ယဇ်ပလ္လင်​တော်​မှ​ပင်​ဖြစ်စေကာမူ သူ့​ကို​ဆွဲထုတ်​သွား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 15,
      "text": "မိမိ​၏​မိခင်​ကို​ဖြစ်စေ​၊ ဖခင်​ကို​ဖြစ်စေ ရိုက်နှက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 16,
      "text": "မည်သူမဆို လူ​ကို​ခိုးယူ​ပြီး ရောင်းစား​လိုက်​သည်​ဖြစ်စေ​၊ လက်ဝယ်​တွေ့ရှိ​သည်​ဖြစ်စေ မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 17,
      "text": "ကိုယ့်​မိဘ​ကို ကျိန်ဆဲ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 18,
      "text": "အချင်းချင်း​ရန်ဖြစ်​ကြ​၍ တစ်​ဦး​က အခြား​တစ်​ဦး​အား ကျောက်တုံး​နှင့်​ထု​သည်​ဖြစ်စေ​၊ လက်သီး​နှင့်​ထိုး​သည်​ဖြစ်စေ ခံရ​သူ​သည်​မ​သေ​သော်လည်း အိပ်ရာ​ထဲ၌​လဲ​နေ​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 19,
      "text": "အပြင်​၌​တောင်ဝှေး​ဖြင့် လမ်း​ထ​လျှောက်​နိုင်​လျှင်​လည်းကောင်း ပြု​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​ရ​မည်​။ သို့သော် ခံရ​သူ အလုပ်ပျက်​သွား​သည့်​အချိန်​အတွက် သူ့​အား နစ်နာကြေး​ပေး​၍ လုံးလုံး​ပျောက်ကင်း​သည့်​တိုင်အောင်​ကုသ​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 20,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို တုတ်​ဖြင့်​ရိုက်နှက်​စဉ်တွင် ထို​ကျွန်​သေ​လျှင် ထို​သူ​သည် မုချ​အပြစ်ဒဏ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 21,
      "text": "တစ်ရက်​၊ သို့မဟုတ် နှစ်​ရက်​အသက်ရှင်​လျှင် ထို​ကျွန်​ကို သူ​ပိုင်​သောကြောင့် အပြစ်ဒဏ်​မ​ခံရ​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 22,
      "text": "အချင်းချင်း​ရန်ဖြစ်​၍ ကိုယ်ဝန်ဆောင်​မိန်းမ​ကို​ရိုက်​မိ​သဖြင့် ကိုယ်ဝန်ပျက်ကျ​သော်လည်း အန္တရာယ်​မ​ဖြစ်​လျှင် သူ​၏​ယောက်ျား​တောင်းဆို​သည့်​အတိုင်း မုချ​ဒဏ်ဆောင်​ရ​မည်​။ တရားစီရင်ချက်​များ​အတိုင်း ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 23,
      "text": "အကယ်၍ အန္တရာယ်​ဖြစ်​လျှင် အသက်​အတွက် အသက်​၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 24,
      "text": "မျက်စိ​အတွက် မျက်စိ​၊ သွား​အတွက် သွား​၊ လက်​အတွက် လက်​၊ ခြေ​အတွက် ခြေ​၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 25,
      "text": "မီးလောင်​ခြင်း​အတွက် မီးလောင်​ခြင်း​၊ ထိခိုက်ဒဏ်ရာ​အတွက် ထိခိုက်ဒဏ်ရာ​၊ ပွန်းပဲ့ဒဏ်ရာ​အတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 26,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​၏​မျက်စိ​ကို​ထိုး​၍ သူ​၏​မျက်စိ​ပျက်စီး​သွား​လျှင် သူ​၏​မျက်စိ​အတွက် သူ့​ကို​လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 27,
      "text": "ထိုနည်းတူ မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​၏​သွား​ကို​ကျိုး​စေ​လျှင် သူ​၏​သွား​အတွက် သူ့​ကို​လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 28,
      "text": "နွား​သည် ယောက်ျား​၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်​ကို​ဝှေ့​သဖြင့် ထို​သူ​သေ​လျှင် နွား​ကို ခဲ​နှင့်​မုချ​ပေါက်သတ်​ရ​မည်​။ ထို​နွား​၏​အသား​ကို​မ​စား​ရ​။ ပိုင်ရှင်​မူကား အပြစ်​ကင်းလွတ်​၏​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 29,
      "text": "ထို​နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း ပိုင်ရှင်​ကို​သတိပေး​သော်လည်း ထို​နွား​ကို​မ​ထိန်းသိမ်း​သဖြင့် လူ​ယောက်ျား​၊ သို့မဟုတ် လူ​မိန်းမ​ကို​ဝှေ့သတ်​လျှင် ထို​နွား​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ ပိုင်ရှင်​သည်​လည်း သေဒဏ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 30,
      "text": "အကယ်၍ သူ့​အား​လျော်ကြေး​တောင်း​မည်​ဆို​လျှင် တောင်း​သမျှ​ကို သူ​သည် မိမိ​အသက်​ကို​ရွေးနုတ်​သော​အဖိုးအခ​အဖြစ် ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 31,
      "text": "အကယ်၍ သား​၊ သို့မဟုတ် သမီး တစ်ယောက်ယောက်​ကို​ဝှေ့​လျှင်​လည်း ဤ​စီရင်ထုံးဖွဲ့ချက်​အတိုင်း ပိုင်ရှင်​ကို စီရင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 32,
      "text": "နွား​သည် ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို​ဝှေ့​လျှင် ထို​ကျွန်​၏​သခင်​အား ငွေ​ရှယ်ကယ်​သုံးဆယ် ​ပေး​ရ​မည်​။ နွား​ကို​လည်း ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 33,
      "text": "တစ်စုံတစ်ဦး​သည် ဖုံးထား​သော​တွင်း​ကို​ဖွင့်​ထား​လျှင်​ဖြစ်စေ​၊ တွင်း​ကို​တူး​၍ မ​ဖုံး​ဘဲ​ထား​လျှင်​ဖြစ်စေ ထို​တွင်း​ထဲသို့ နွား​၊ သို့မဟုတ် မြည်း​တစ်ကောင်ကောင်​ကျ​လျှင်"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 34,
      "text": "တွင်း​ပိုင်ရှင်​သည် တိရစ္ဆာန်​ပိုင်ရှင်​အား ငွေ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 35,
      "text": "တစ်စုံတစ်ဦး​၏​နွား​သည် မိမိ​အိမ်နီးချင်း​၏​နွား​ကို ဝှေ့​သတ်​လျှင် ရှင်​သော​နွား​ကို​ရောင်း​၍ ငွေ​ကို​ခွဲယူ​ကြ​ရ​မည်​။ သေ​သော​အကောင်​ကို​လည်း ခွဲယူ​ကြ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 36,
      "text": "သို့ရာတွင် နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း​သိ​သော်လည်း ပိုင်ရှင်​သည် ထို​နွား​ကို မ​ထိန်းသိမ်း​လျှင် နွား​တစ်​ကောင်​အတွက် နွား​တစ်​ကောင်​ကို မုချ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 1,
      "text": "တစ်စုံတစ်ဦး​သည် နွား​၊ သို့မဟုတ် သိုး​ကို ခိုးယူ​၍ သတ်​သည်​ဖြစ်စေ​၊ ရောင်း​သည်​ဖြစ်စေ နွား​တစ်​ကောင်​အတွက် နွား​ငါး​ကောင်​၊ သိုး​တစ်​ကောင်​အတွက် သိုး​လေး​ကောင်​ကို အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 2,
      "text": "သူခိုး​သည် ဖောက်ထွင်း​စဉ် အဖမ်း​ခံရ​၍ သူ့​ကို​ရိုက်နှက်​သဖြင့် သူ​သေ​သွား​လျှင် ရိုက်သောသူ​၌ လူသတ်​သော​အပြစ်​မ​ရှိ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 3,
      "text": "နေ့​အချိန်​ဖြစ်လျှင် ရိုက်သောသူ​၌ လူသတ်​သော​အပြစ်​ရှိ​၏​။ သူခိုး​သည် မုချ​အလျော်ပေး​ရ​မည်​။ သူ​၌​မည်သည့်​အရာ​မျှ​မ​ရှိ​လျှင် ခိုးယူ​ထား​သော​အရာ​အတွက် သူ​သည်​အရောင်း​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 4,
      "text": "ခိုးယူ​ထား​သော​နွား​ဖြစ်စေ​၊ မြည်း​ဖြစ်စေ​၊ သိုး​ဖြစ်စေ သူ့​လက်​ထဲ၌ အသက်ရှင်​လျက် အမှန်တကယ်​ပြန်တွေ့​လျှင် နှစ်ဆ​အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 5,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​၏​တိရစ္ဆာန်​များ​ကို လယ်ကွင်း​၊ သို့မဟုတ် စပျစ်ခြံ​ထဲ၌​ကျက်စား​ရန် လွှတ်​ထား​သဖြင့် သူတစ်ပါး​၏​လယ်​ထဲ၌​ကျက်စား​လျှင် မိမိ​လယ်​၊ မိမိ​စပျစ်ခြံ​ထဲမှ​အကောင်းဆုံး​ကို အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 6,
      "text": "တစ်စုံတစ်ဦး​သည် မီးရှို့​ရာ ဆူးပင်​များ​သို့​ကူး​ပြီး ကောက်လှိုင်း​ကို​ဖြစ်စေ​၊ ကောက်ပဲသီးနှံ​ကို​ဖြစ်စေ​၊ လယ်​ကို​ဖြစ်စေ လောင်ကျွမ်း​လျှင် သူ​သည် မုချ​အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 7,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ၌ ငွေ​၊ သို့မဟုတ် ပစ္စည်း​ကို ထိန်းသိမ်း​ပေး​ရန်​အပ်ထား​ရာ သူခိုး​သည် ၎င်း​တို့​ကို အပ်ထား​သော​အိမ်​မှ​ခိုးယူ​၍ သူ့​ကို​ဖမ်းမိ​လျှင် သူ​သည် နှစ်ဆ​အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 8,
      "text": "သူခိုး​ကို​မ​မိ​လျှင် အိမ်​ပိုင်ရှင်​သည် သူ့​အိမ်နီးချင်း​၏​ဥစ္စာ​ကို ယူ​သည်​၊ မ​ယူ​သည် သိ​နိုင်​ရန် သူ့​ကို ဘုရားသခင်​ထံ​ခေါ်ဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 9,
      "text": "နွား​၊ မြည်း​၊ သိုး​၊ အဝတ်အထည်​အစရှိ​သည့် ပျောက်သွား​သော​အရာ​တစ်စုံတစ်ခု​နှင့်ပတ်သက်​သည့် ပြစ်မှု​အမျိုးမျိုး​တို့​၌ ‘​ဤ​အရာ​ကား မိမိ​ဥစ္စာ​ဖြစ်​၏​’​ဟူ၍ အငြင်းပွား​သော​သူ​နှစ်​ဦး​၏​အမှု​ကို ဘုရားသခင်​ထံ လျှောက်တင်​ရ​မည်​။ အပြစ်ရှိ​သည်​ဟု ဘုရားသခင်​က ဖော်ပြ​သော​သူ​သည် မိမိ​အိမ်နီးချင်း​အား နှစ်ဆ​အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 10,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ၌ မြည်း​၊ နွား​၊ သိုး​စသော တိရစ္ဆာန်​တစ်ကောင်ကောင်​ကို ထိန်းသိမ်း​ပေး​ရန်​အပ်ထား​ရာ မည်သူ​မျှ​မ​တွေ့မြင်​ဘဲ သေ​သွား​လျှင်​ဖြစ်စေ​၊ ဒဏ်ရာ​ရ​လျှင်​ဖြစ်စေ​၊ ဖမ်းသွား​ခြင်း​ခံရ​လျှင်​ဖြစ်စေ"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 11,
      "text": "သူ​တို့​နှစ်​ဦး​ကြား​၌ မိမိ​အိမ်နီးချင်း​၏​ဥစ္စာ​ကို​မ​ယူ​ကြောင်း ထာဝရဘုရား​ရှေ့​တော်​တွင် ကျိန်ဆို​သည့်​အတိုင်း ပိုင်ရှင်​သည်​လက်ခံ​ရ​မည်​။ ထိန်းသိမ်း​ထား​သော​သူ​သည်​လည်း အလျော်​မ​ပေး​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 12,
      "text": "အကယ်၍ သူ့​ထံ​မှ အမှန်တကယ်​ခိုးယူ​သွား​သည်​ဆို​လျှင် ပိုင်ရှင်​အား အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 13,
      "text": "အမှန်တကယ်​ကိုက်ဖြတ်​ခြင်း​ခံရ​လျှင် သက်သေ​အဖြစ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို ယူလာ​ရ​မည်​။ အလျော်​မ​ပေး​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 14,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ​မှ တိရစ္ဆာန်​ကို​ငှားယူ​၍ ပိုင်ရှင်​အတူ​မ​ရှိ​စဉ် ဒဏ်ရာ​ရ​လျှင်​ဖြစ်စေ​၊ သေ​လျှင်​ဖြစ်စေ မုချ​အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 15,
      "text": "ပိုင်ရှင်​အတူ​ရှိ​နေ​လျှင် အလျော်​မ​ပေး​ရ​။ အခပေး​ငှား​ထား​သည်​ဆို​လျှင် ပိုင်ရှင်​အား ငှားခ​ကို​သာ​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 16,
      "text": "တစ်စုံတစ်ဦး​သည် စေ့စပ်​ထား​သူ​မ​ရှိ​သော​အပျိုကညာ​ကို​သွေးဆောင်​၍ သူ​နှင့်​အိပ်​လျှင် မင်္ဂလာကြေး​မဖြစ်မနေ​ပေး​ရ​မည်​။ မိမိ​၏​မယား​အဖြစ် ယူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 17,
      "text": "အကယ်၍ မိန်းမ​၏​ဖခင်​က မ​ပေးစား​လို​လျှင် ထို​ယောက်ျား​သည် အပျိုကညာ​ကို​တင်တောင်း​ရ​သော​မင်္ဂလာကြေး​နှင့်အညီ ငွေ​ပေးလျော်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 18,
      "text": "စုန်းမ​ကို အသက်ရှင်​ခွင့်​မ​ပေး​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 19,
      "text": "တိရစ္ဆာန်​နှင့်​မေထုန်ပြု​သော​သူ​တိုင်း မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 20,
      "text": "ထာဝရဘုရား​မှတစ်ပါး အခြား​သော​ဘုရား​များ​ကို ယဇ်ပူဇော်​သော​သူ​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 21,
      "text": "သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​အား နိုင်ထက်စီးနင်း​မ​ပြု​ရ​၊ မ​ညှဉ်းဆဲ​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 22,
      "text": "မည်သည့်​မုဆိုးမ​၊ မည်သည့်​မိဘမဲ့သူ​ကို​မျှ မ​နှိပ်စက်​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 23,
      "text": "အကယ်၍ သင်​နှိပ်စက်​၍ သူ​တို့​သည် ငါ့​ထံ အော်ဟစ်​မည်​ဆိုလျှင် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို ငါ​အသေအချာ​နားထောင်​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 24,
      "text": "ငါ​အမျက်ထွက်​ပြီး သင်​တို့​ကို ဓား​ဖြင့်​ကွပ်မျက်​မည်​။ ထိုအခါ သင်​တို့​၏​မယား​တို့​သည် မုဆိုးမ​များ​၊ သင်​တို့​၏​သားသမီး​တို့​သည် ဖတဆိုး​များ​ဖြစ်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 25,
      "text": "သင်​တို့​နှင့်အတူ​ရှိ​သော ငါ​၏​လူမျိုး​ထဲမှ​ဆင်းရဲသား​ကို ငွေ​ချေး​ပေး​လျှင် အတိုးစား​သော​သူ​ကဲ့သို့ မ​ပြု​ရ​။ သူ့​ထံမှ အတိုး​မ​ယူ​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 26,
      "text": "သင်​သည် သင့်​အိမ်နီးချင်း​၏​ခြုံထည်​ကို အမှန်​အပေါင်ခံ​လျှင် သူ့​အား နေ​မ​ဝင်​မီ​ပြန်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 27,
      "text": "အကြောင်းမူကား ၎င်း​သည် သူ​၏​တစ်ခုတည်း​သော​ခြုံစရာ​၊ သူ​၏​ကိုယ်ခန္ဓာ ​အတွက် ခြုံထည်​ဖြစ်​သဖြင့် သူ​သည် မည်သည့်​အရာ​ကို​ခြုံ​၍ အိပ်​မည်နည်း​။ ငါ​သည် သနားကြင်နာ​တတ်​သည်​ဖြစ်၍ သူ​သည် ငါ့​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ငါ​နားထောင်​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 28,
      "text": "ဘုရားသခင်​အား ပြစ်မှား​ပြောဆို​ခြင်း​မ​ပြု​ရ​။ သင့်​လူမျိုး​၏​ခေါင်းဆောင်​ကို မ​ကျိန်ဆဲ​ရ​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 29,
      "text": "အသီးဦး​၊ စပျစ်ရည်ဦး​တို့​ကို မ​ယူ​ထား​ဘဲ ငါ့​အား ဆက်ကပ်​ရ​မည်​။ သင်​တို့​၏​သားဦး​များ​ကို​လည်း ဆက်ကပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 30,
      "text": "နွားသားပေါက်​၊ သိုးသားပေါက်​တို့​ကို​လည်း မိခင်​နှင့်အတူ ခုနစ်​ရက်​ပတ်လုံး​နေ​စေ​၍ ရှစ်ရက်မြောက်​သော​နေ့​၌ ငါ့​အား​ဆက်ကပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 31,
      "text": "သင်​တို့​သည် ငါ့​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ ကွင်းပြင်​၌ သားရဲ​ကိုက်သတ်​သော​အကောင်​၏​အသား​ကို သင်​တို့ မ​စား​ရ​။ ခွေး​ကို ပစ်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 1,
      "text": "မဟုတ်မမှန်​သော​သတင်း​ကို​မ​ဖြန့်​ရ​။ ဆိုးယုတ်​သော​သူ​နှင့်​ပေါင်း​၍ မတရား​သော​သက်သေ မ​ထွက်ဆို​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 2,
      "text": "လူ​အများ​နောက်သို့​လိုက်​၍ မကောင်းမှု​မ​ပြု​ရ​။ တရားတွေ့​ရာ​၌ လူ​အများ​ဘက်​သို့​လိုက်​၍ မတရားသဖြင့် မ​ထွက်ဆို​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 3,
      "text": "ဆင်းရဲ​သော​သူ တရားတွေ့​ရာ​၌​လည်း သူ့​အား​မ​ငဲ့ကွက်​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 4,
      "text": "သင့်​ရန်သူ​၏​နွား​ဖြစ်စေ​၊ မြည်း​ဖြစ်စေ မျက်စိလည်​လမ်းမှား​နေ​သည်​ကို​တွေ့​လျှင် သူ့​ထံသို့ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 5,
      "text": "သင့်​ကို​မုန်း​သော​သူ​၏​မြည်း​သည် လဲကျ​၍ ဝန်​အောက်​၌​ပိနေ​သည်​ကို သင်​တွေ့မြင်​လျှင် ရှောင်မသွား​ဘဲ အမှန်​ကူညီ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 6,
      "text": "နွမ်းပါး​သော​သူ​၏​အမှု​ကို မတရားသဖြင့် မ​စီရင်​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 7,
      "text": "ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု ငါ​စီရင်​မည်​မ​ဟုတ်​။ သို့ဖြစ်၍ မဟုတ်မမှန်​သော​အမှုအရာ​ကို ဝေးဝေးရှောင်​ရ​မည်​။ အပြစ်မဲ့​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို မ​သတ်​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 8,
      "text": "တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ရ​။ အကြောင်းမူကား တံစိုးလက်ဆောင်​သည် ပညာရှိ​၏​မျက်စိ​ကို ကန်း​စေ​၍ ဖြောင့်မတ်​သော​သူ​၏​စကား​ကို မှားယွင်းချွတ်ချော်​စေ​တတ်​၏​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 9,
      "text": "သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​တို့​၏​ခံစားချက်​ကို သင်​တို့​သိ​ကြ​၏​။ သို့ဖြစ်၍ တိုင်းတစ်ပါးသား​တို့​အား မ​ညှဉ်းဆဲ​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 10,
      "text": "ခြောက်​နှစ်​ပတ်လုံး သင်​၏​မြေ​၌ မျိုးကြဲ​၍ အသီးအနှံ​ကို စုသိမ်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 11,
      "text": "သတ္တမ​နှစ်​၌​ကား ထို​မြေ​ကို မထွန်ယက်​ဘဲ အလွတ်​ထား​ရ​မည်​။ သို့ပြုလျှင် သင့်​အမျိုးသား​ထဲမှ နွမ်းပါး​သူ​တို့ စား​ရ​ကြ​လိမ့်မည်​။ အကြွင်းအကျန်​တို့​ကို​လည်း တောရိုင်းတိရစ္ဆာန်​တို့ စား​ရ​ကြ​လိမ့်မည်​။ သင်​၏​စပျစ်ခြံ​၊ သံလွင်ခြံ​တို့​ကို​လည်း ထို့အတူ​ပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 12,
      "text": "ခြောက်​ရက်​ပတ်လုံး သင်​၏​အလုပ်​တို့​ကို​လုပ်​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ သို့ပြုလျှင် သင်​၏​နွား​၊ မြည်း​တို့​သည် နား​ရ​၍ သင့်​ကျွန်မ​၏​သား​နှင့်​တိုင်းတစ်ပါးသား​တို့​သည်​လည်း အနားယူခွင့်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 13,
      "text": "သင်​တို့​အား ငါ​မိန့်ဆို​ထား​သော​အရာ​ရှိသမျှ​တို့​ကို အလေးထား​ရ​မည်​။ အခြား​ဘုရား​များ​၏​နာမ​ကို မ​မြွက်ဆို​ရ​။ သင့်​နှုတ်​မှ​မြွက်ဆို​သည်​ကို မ​ကြား​ရ​စေ​နှင့်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 14,
      "text": "သင်​သည် တစ်​နှစ်​လျှင်​သုံး​ကြိမ် ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 15,
      "text": "တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 16,
      "text": "လယ်ယာ​၌ သင်​မျိုးကြဲ​၍ ထွက်ရှိ​သော​အဦးဆုံးသီးနှံ​ရိတ်သိမ်း​ရာ​ပွဲ​ကို​လည်းကောင်း​၊ နှစ်​ကုန်​ချိန်​၌ လယ်ယာ​မှ​သီးနှံ​စုသိမ်း​သောအခါ စုသိမ်း​ရာ​ပွဲ​ကို​လည်းကောင်း ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 17,
      "text": "ယောက်ျား​အပေါင်း​တို့​သည် ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 18,
      "text": "သင်​သည် ယဇ်ကောင်​၏​သွေး​ကို တဆေးပါသောမုန့်​နှင့်အတူ ငါ့​အား မ​ပူဇော်​ရ​။ ငါ့​အား​ပူဇော်​သော​အဆီ​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 19,
      "text": "သင့်​မြေ​မှ​ထွက်​သော​အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့ရည်​ဖြင့် မ​ပြုတ်​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 20,
      "text": "ကြည့်ရှု​လော့​။ လမ်းခရီး​၌ သင့်​ကို​စောင့်ရှောက်​ရန်​လည်းကောင်း​၊ ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ သင့်​ကို​ပို့ဆောင်​ရန်​လည်းကောင်း သင်​၏​ရှေ့​၌ ကောင်းကင်တမန်​ကို ငါ​စေလွှတ်​၏​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 21,
      "text": "သူ့​ကို​အလေးထား​လော့​။ သူ​၏​စကား​ကို နားထောင်​လော့​။ သူ​သည် သင်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​မည်​မ​ဟုတ်​သောကြောင့် သူ့​ကို​မ​ဆန့်ကျင်​နှင့်​။ အကြောင်းမူကား ငါ့​နာမ​သည် သူ​၌​တည်​၏​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 22,
      "text": "သင်​သည် သူ​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ ငါ​မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို​ပြုကျင့်​လျှင် သင့်​ရန်သူ​တို့​သည် ငါ့​ရန်သူ​ဖြစ်​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​ကို ငါ​ရန်ပြု​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 23,
      "text": "ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​၌​သွား​၍ သင့်​ကို အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထံသို့ ပို့ဆောင်​မည်​။ ငါ​သည် ထို​လူမျိုး​တို့​ကို​ပယ်ဖျက်​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 24,
      "text": "သူ​တို့​၏​ဘုရား​များ​ကို မ​ပျပ်ဝပ်​ရ​။ မ​ကိုးကွယ်​ရ​။ သူ​တို့​၏​ဓလေ့ထုံးစံ​များ​အတိုင်း မ​ပြုကျင့်​ရ​။ ထို​ဘုရား​များ​ကို ရှင်းရှင်း​ဖြိုဖျက်​ရ​မည်​။ သူ​တို့​အထွတ်အမြတ်​ထား​သော​ကျောက်တိုင်​များ​ကို အကုန်အစင်​ဖြိုလှဲ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 25,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဝတ်ပြု​ရ​မည်​။ ကိုယ်တော်​သည်​လည်း သင်​၏​မုန့်​နှင့်​ရေ​ကို ကောင်းချီးပေး​တော်မူ​၍ သင့်​အထဲ​မှ အနာရောဂါ​ကို ဖယ်ရှား​တော်မူ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 26,
      "text": "သင်​၏​ပြည်​၌ မည်သူ​မျှ သားပျက်​ခြင်း​၊ မြုံ​ခြင်း ရှိ​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို သက်တမ်း​စေ့​နေ​စေ ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 27,
      "text": "ငါ့​ကို​ကြောက်ရွံ့ထိတ်လန့်​သော​သဘော​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​၍ သင်​ရောက်​မည့်​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​ကာ သင်​၏​ရန်သူ​အပေါင်း​တို့​ကို နောက်သို့​ပြန်လှည့်​စေ​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 28,
      "text": "ငါ​သည် ပျားတူ​များ​ကို သင့်​ရှေ့​မှ စေလွှတ်​သဖြင့် ၎င်း​တို့​သည် ဟိဝိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 29,
      "text": "ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ​တစ်​နှစ်​ချင်း​တွင် နှင်ထုတ်​မည်​မ​ဟုတ်​။ နှင်ထုတ်​လျှင် ထို​ပြည်​သည် လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​များပြား​သော​ပြည်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 30,
      "text": "သင်​သည်​ပွားများ​၍ ထို​ပြည်​ကို သင်​ပိုင်ဆိုင်​သည်​အထိ ငါ​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ တဖြည်းဖြည်း​နှင်ထုတ်​မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 31,
      "text": "သင်​၏​နယ်နိမိတ်​ကို ပင်လယ်နီ​မှ ဖိလိတ္တိ​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ တောကန္တာရ​မှ ယူဖရေးတီး​မြစ် ​တိုင်အောင်​လည်းကောင်း ငါ​သတ်မှတ်​မည်​။ အကြောင်းမူကား ငါ​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​သည် သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 32,
      "text": "သင်​သည် ထို​သူ​တို့​နှင့်​လည်းကောင်း​၊ ထို​သူ​တို့​၏​ဘုရား​များ​နှင့်​လည်းကောင်း ပဋိညာဉ်​မ​ဖွဲ့​ရ​။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 33,
      "text": "သူ​တို့​ကို သင်​၏​ပြည်​၌ နေထိုင်​ခွင့်​မ​ပြု​ရ​။ နေထိုင်​ခွင့်​ပြု​လျှင် သင်​သည် ငါ့​ကို​ပြစ်မှား​မည့်​အကြောင်း သူ​တို့​ပြု​လိမ့်မည်​။ သူ​တို့​၏​ဘုရား​များ​ကို​ဝတ်ပြု​လျှင် သူ​တို့​သည် သင်​တို့​၌ ထောင်ချောက်​အမှန်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့်အတူ အာရုန်​၊ နာဒပ်​၊ အဘိဟု​နှင့် အစ္စရေး​သက်ကြီးဝါကြီး​တို့​ထဲမှ အယောက်​ခုနစ်ဆယ်​တို့​သည် ထာဝရဘုရား​ထံ​တော်​သို့ တက်လာ​၍ အဝေး​မှ ရှိခိုးကိုးကွယ်​ကြ​စေ​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 2,
      "text": "မောရှေ​တစ်ဦးတည်း​သာ ထာဝရဘုရား​ထံ​တော်​သို့ ချဉ်းကပ်​ရ​မည်​။ အခြား​သူ​တို့​မူကား မ​ချဉ်းကပ်​ရ​။ လူထု​တို့​သည် မောရှေ​နှင့်အတူ မ​တက်လာ​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 3,
      "text": "ထို့နောက် မောရှေ​သည် ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို​လည်းကောင်း​၊ ပညတ်​တော်မူ​ချက်​အလုံးစုံ​တို့​ကို​လည်းကောင်း လူ​တို့​အား လာ​၍​ပြောကြား​၏​။ လူ​အပေါင်း​တို့​က​လည်း “​ထာဝရဘုရား​မိန့်​တော်မူ​သမျှ​စကား​အတိုင်း အကျွန်ုပ်​တို့​ပြု​ပါ​မည်​”​ဟု တစ်သံတည်း​ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 4,
      "text": "မောရှေ​သည် ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို ရေးသား​ထား​ပြီးလျှင် နံနက်​စောစောထ​၍ တောင်​ခြေရင်း​၌ ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ အစ္စရေး​မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​အတွက် ကျောက်တိုင်​တစ်ဆယ့်​နှစ်​တိုင်​ကို​လည်းကောင်း တည်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 5,
      "text": "ထို့နောက် အစ္စရေး​အမျိုးသား​လူငယ်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ထာဝရဘုရား​အား မီးရှို့ရာယဇ်​တို့​ကို​ပူဇော်​၍ နွားထီး​များ​ကို မိတ်သဟာယယဇ်​အဖြစ် ယဇ်ပူဇော်​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 6,
      "text": "မောရှေ​သည် သွေး​တစ်ဝက်​ကို​ယူ​၍ အင်တုံ​များ​ထဲသို့​ထည့်​ပြီး သွေး​တစ်ဝက်​ကို​ကား ယဇ်ပလ္လင်​ပေါ်သို့ ဖျန်း​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 7,
      "text": "ထို့နောက် ပဋိညာဉ်​ကျမ်း​ကို​ယူ​၍ လူ​တို့​ရှေ့​၌​ဖတ်ကြား​လေ​၏​။ လူ​တို့​က​လည်း “​ထာဝရဘုရား​မိန့်​တော်မူ​သမျှ​တို့​ကို အကျွန်ုပ်​တို့​ပြု​ပါ​မည်​။ နားထောင်​ပါ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 8,
      "text": "မောရှေ​သည် သွေး​ကို​ယူ​၍ လူ​တို့​အပေါ်​သို့​ဖျန်း​လျက် “​ကြည့်​လော့​။ ဤ​သွေး​ကား ဤ​စကား​တော်​အလုံးစုံ​တို့​နှင့်အညီ သင်​တို့​နှင့်​ထာဝရဘုရား​ဖွဲ့​တော်မူ​သော ပဋိညာဉ်​သွေး​ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 9,
      "text": "ထို့နောက် မောရှေ​နှင့်အတူ အာရုန်​၊ နာဒပ်​၊ အဘိဟု​နှင့် အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​တို့​ထဲမှ အယောက်​ခုနစ်ဆယ်​တို့​သည် တက်သွား​၍"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 10,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ဖူးမြင်​ကြ​၏​။ ခြေ​တော်​အောက်​၌ ကောင်းကင်​ကဲ့သို့​ကြည်လင်​သော နီလာ​ကျောက် ခင်း​ထား​သကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 11,
      "text": "ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​ခေါင်းဆောင်​တို့​ကို ဒဏ်ခတ် ​တော်​မ​မူ​။ ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​ဖူးမြင်​ကြ​၏​။ စား​လျက်​၊ သောက်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 12,
      "text": "ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်လာ​၍ ထို​နေရာ​၌​နေ​လော့​။ လူ​တို့​ကို သွန်သင်​ရန် ငါ​အက္ခရာတင်​ထား​သည့် တရားတော်​၊ ပညတ်တော်​ပါရှိ​သော​ကျောက်ပြား​တို့​ကို သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 13,
      "text": "ထိုအခါ မောရှေ​သည် မိမိ​လက်ထောက်​ယောရှု​နှင့်အတူ​ထ​သွား​၏​။ မောရှေ​သည် ဘုရားသခင်​၏​တောင်​တော်​ပေါ်သို့​တက်သွား​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 14,
      "text": "မောရှေ​က သက်ကြီးဝါကြီး​တို့​အား “​သင်​တို့​ထံသို့ ငါ​တို့​ပြန်လာ​သည့်​တိုင်အောင် ဤ​နေရာ​၌ ငါ​တို့​ကို​စောင့်​နေ​ကြ​လော့​။ ကြည့်​လော့​။ အာရုန်​နှင့်​ဟုရ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​သည်​ဖြစ်၍ မည်သူမဆို အမှုအခင်း​ရှိ​လျှင် သူ​တို့​ထံသို့​သွား​စေ​”​ဟု မှာကြား​ခဲ့​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 15,
      "text": "မောရှေ​သည် တောင်​ပေါ်သို့​တက်သွား​သောအခါ တိမ်တိုက်​သည် တောင်​ကို​ဖုံးလွှမ်း​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 16,
      "text": "ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သိနာ​တောင်​ပေါ်၌​တည်​၍ တိမ်တိုက်​သည် ခြောက်​ရက်​ပတ်လုံး တောင်​ကို​ဖုံးလွှမ်း​လေ​၏​။ သတ္တမ​နေ့​၌ ထာဝရဘုရား​သည် မောရှေ​အား တိမ်တိုက်​ထဲ​မှ ခေါ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 17,
      "text": "ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အစ္စရေး​အမျိုးသား​တို့​မျက်မှောက်​တွင် တောင်​ထိပ်​ပေါ်၌​လောင်ကျွမ်း​နေ​သော​မီး​ကဲ့သို့ ထင်ရှား​၏​။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 18,
      "text": "မောရှေ​သည် တိမ်တိုက်​ထဲသို့​ဝင်​၍ တောင်​ပေါ်သို့​တက်သွား​ပြီးလျှင် ထို​တောင်​ပေါ်၌ ရက်​ပေါင်း​လေးဆယ်​နေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 1,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 2,
      "text": "“​ငါ့​ထံသို့ အလှူပစ္စည်း​ကို​ယူဆောင်​လာ​ကြ​မည့်​အကြောင်း အစ္စရေး​အမျိုးသား​တို့​အား​ဆင့်ဆို​လော့​။ ငါ့​အား စေတနာ​စိတ်​ဖြင့်​ပေးလှူ​သူ​အပေါင်း​တို့​ထံမှ အလှူပစ္စည်း​ကို သင်​တို့​ခံယူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 3,
      "text": "သူ​တို့​ထံမှ သင်​ခံယူ​ရ​မည့် အလှူပစ္စည်း​ဟူမူကား ရွှေ​၊ ငွေ​၊ ကြေးနီ​၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 4,
      "text": "အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 5,
      "text": "အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​၊ တဟာရှ ​သားရေ​၊ အကေရှား ​သစ်သား​၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 6,
      "text": "မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 7,
      "text": "ဧဖုဒ် ​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့်​စီခြယ်စရာ​ကျောက်​များ စသည်​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 8,
      "text": "သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 9,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပုံစံ​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​၏​ပုံစံ​ကို သင့်​အား​ငါ​ပြ​သမျှ​အတိုင်း သင်​တို့​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 10,
      "text": "သူ​တို့​သည် အလျား​နှစ်တောင့်ထွာ ​၊ အနံ​တစ်တောင့်ထွာ ​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော သေတ္တာ​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 11,
      "text": "သင်​သည် ၎င်း​ကို ရွှေ​စင်​ဖြင့်​မွမ်းမံ​ရ​မည်​။ အတွင်း​ရော​အပြင်​ပါ​မွမ်းမံ​၍ ထို​သေတ္တာ​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 12,
      "text": "ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ သေတ္တာ​၏​ခြေ​လေး​ချောင်း​ဘေး​တစ်​ဖက်​၌​နှစ်​ကွင်း​၊ အခြား​ဘေး​တစ်ဖက်​၌​နှစ်​ကွင်း တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 13,
      "text": "သင်​သည် အကေရှား ​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 14,
      "text": "သေတ္တာ​ကို​ထမ်း​ရန် ထမ်းပိုး​တို့​ကို သေတ္တာ​၏​ဘေး​တစ်ဖက်တစ်ချက်​ရှိ​ကွင်း​များ​ထဲသို့ လျှို​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 15,
      "text": "ထမ်းပိုး​တို့​ကို သေတ္တာ​မှ​မ​ဖယ်ရှား​ဘဲ သေတ္တာ​၏​ကွင်း​များ​ထဲ၌ ရှိ​နေ​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 16,
      "text": "သင့်​အား ငါ​ပေးအပ်​မည့်​သက်သေခံချက်​ကို သေတ္တာ​ထဲတွင်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 17,
      "text": "သင်​သည် အလျား နှစ်တောင့်ထွာ​၊ အနံ တစ်တောင့်ထွာ​ရှိ​သော ကရုဏာ​တော်​ပလ္လင် ​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 18,
      "text": "ကရုဏာ​တော်​ပလ္လင် ​၏​အစွန်း​နှစ်​ဖက်​၌ ခေရုဗိမ် ​နှစ်​ပါး​ကို ရွှေ​ဖြင့်​ထုလုပ်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 19,
      "text": "ခေရုဗိမ် ​တစ်​ပါး​ကို အစွန်း​တစ်ဖက်​၌​လည်းကောင်း​၊ ကျန်​ခေရုဗိမ်​တစ်​ပါး​ကို အခြား​အစွန်း​တစ်ဖက်​၌​လည်းကောင်း ခေရုဗိမ်​တို့​ကို ကရုဏာ​တော်​ပလ္လင် ​နှင့်တစ်သားတည်း​ဖြစ်​အောင် ပလ္လင်​၏​အစွန်း​နှစ်​ဖက်​တွင် ထုလုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 20,
      "text": "ခေရုဗိမ် ​တို့​သည် အတောင်​များ​ကို အထက်​သို့​ဖြန့်​လျက်​၊ သူ​တို့​၏​အတောင်​များ​ဖြင့် ကရုဏာ​တော်​ပလ္လင် ​ကို​အုပ်မိုး​လျက်​၊ တစ်ပါး​နှင့်​တစ်ပါး​မျက်နှာချင်းဆိုင်​လျက် ရှိ​ရ​မည်​။ ခေရုဗိမ်​တို့​သည် ကရုဏာ​တော်​ပလ္လင် ​ဘက်​သို့ မျက်နှာမူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 21,
      "text": "ကရုဏာ​တော်​ပလ္လင် ​ကို သေတ္တာ​ပေါ်တွင်​တင်​ရ​မည်​။ သင့်​အား​ငါ​ပေးအပ်​မည့်​သက်သေခံချက်​ကို သေတ္တာ​ထဲတွင်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 22,
      "text": "ငါ​သည် ထို​နေရာ​၌ သင်​နှင့်​တွေ့ဆုံ​မည်​။ သက်သေခံချက်​သေတ္တာ​တော်​ပေါ်​ရှိ ခေရုဗိမ် ​နှစ်​ပါး​အကြား ကရုဏာ​တော်​ပလ္လင် ​အထက်​မှ​နေ​၍ အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​ရ​မည့်​စကား​အလုံးစုံ​ကို ငါ​မှာကြား​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 23,
      "text": "သင်​သည် အလျား​နှစ်တောင် ​၊ အနံ​တစ်တောင် ​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော​စားပွဲ​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 24,
      "text": "ရွှေ​စင်​ဖြင့်​မွမ်းမံ​ရ​မည်​။ အနား​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 25,
      "text": "အနား​ပတ်ပတ်လည်​၌ လက်တစ်ဝါး ​အကျယ်​ရှိ​သော​ဘောင်​ကို​လုပ်​၍ ထို​ဘောင်​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 26,
      "text": "ထို​စားပွဲ​အတွက် ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ ထို​ကွင်း​များ​ကို စားပွဲ​၏​ခြေ​လေး​ချောင်း​ရှိ ထောင့်​လေး​ထောင့်​၌ တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 27,
      "text": "ထို​ကွင်း​များ​သည် စားပွဲ​ကို​ထမ်း​ရန်​ထမ်းပိုး​များ​လျှိုစရာ​အဖြစ် ဘောင်​နှင့်​ကပ်​လျက်​ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 28,
      "text": "အကေရှား​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ ထို​ထမ်းပိုး​များ​ဖြင့် စားပွဲ​ကို ထမ်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 29,
      "text": "ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် စားပွဲ​အတွက် လင်ပန်း​များ​၊ ခွက်​များ​၊ ကရား​များ​၊ ပန်းကန်လုံး​များ​ကို ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 30,
      "text": "ငါ့​ရှေ့မှောက်​၊ စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို အစဉ်မပြတ်​တင်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 31,
      "text": "သင်​သည် ရွှေ​စင်​ဖြင့်​ဆီမီးခုံ​ကို လုပ်​ရ​မည်​။ ဆီမီးခုံ​တိုင်​၊ ဆီမီးခုံ​၏​အလက်​၊ ခွက်​များ​၊ ပွင့်ဖတ်အုံ​များ​၊ ပွင့်ဖတ်​များ​ကို တစ်သားတည်း​ဖြစ်​အောင် ထုလုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 32,
      "text": "ဆီမီးခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​မှ တစ်ဖက်​တွင် ဆီမီးခုံ​အလက်​သုံး​လက်​၊ အခြား​တစ်ဖက်​တွင် ဆီမီးခုံ​အလက်​သုံး​လက် အားလုံးပေါင်း အလက်​ခြောက်​လက်​ထွက်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 33,
      "text": "အလက်​တစ်​ခု​၌ ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​သုံး​ခွက်​ရှိ​ရ​မည်​။ အခြား​အလက်​တစ်​ခု​၌​လည်း ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​သုံး​ခွက်​ရှိ​ရ​မည်​။ ဆီမီးခုံ​မှ​ထွက်​သော​အလက်​ခြောက်​လက်​သည် တူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 34,
      "text": "ဆီမီးခုံ​၌​လည်း ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​လေး​ခွက်​ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 35,
      "text": "ဆီမီးခုံ​မှ​ထွက်​သော​အလက်​ခြောက်​လက်​တွင် အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု​၊ နောက်​အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု​၊ နောက်​အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 36,
      "text": "အလက်​နှင့် အလက်​တို့​၏​ပွင့်ဖတ်အုံ​များ​သည် ဆီမီးခုံ​နှင့်တစ်သားတည်း​ဖြစ်​ရ​မည်​။ ဆီမီးခုံ​တစ်ခုလုံး​ကို ရွှေ​စင်​တစ်တုံးတည်း​ဖြင့် ထုလုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 37,
      "text": "ဆီမီးခုံ​တွင် မီးခွက်​ခုနစ်​လုံး လုပ်​ရ​မည်​။ ဆီမီးခုံ​၏​ရှေ့​ဘက်​၌​လင်း​စေရန် ထို​မီးခွက်​များ​ကို ထွန်းညှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 38,
      "text": "ဆီမီးခုံ​၏​မီးညှပ်​နှင့်​မီးကျီးခံဗန်း​တို့​ကို​လည်း ရွှေ​စင်​ဖြင့်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 39,
      "text": "ဆီမီးခုံ​မှစ၍ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ရွှေ​စင်​တစ်​တာလန် ​နှင့် ထုလုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 40,
      "text": "တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့် ထို​အရာ​တို့​၏​ပုံစံ​အတိုင်း လုပ်​ရန်​သတိပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 1,
      "text": "ထို့ပြင် သင်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ရွက်ထည်​ဆယ်​ထည်​ဖြင့် လုပ်​ရ​မည်​။ ထို​ရွက်ထည်​တို့​သည် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြစ်​ရ​မည်​။ ထို​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ် ​ရုပ်​များ​ကို လက်ရာမြောက်​စွာ ပုံဖော်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 2,
      "text": "ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် နှစ်ဆယ့်​ရှစ်​တောင် ​၊ အနံ​သည် လေး​တောင် ​ရှိ​ရ​မည်​။ ထို​ရွက်ထည်​အားလုံး​သည် အရွယ်အစား​တူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 3,
      "text": "ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ​၊ အခြား​ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ တစ်ထည်​နှင့်​တစ်ထည် ဆက်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 4,
      "text": "အပြာရောင်​ချည်​ဖြင့်​ကွင်း​များ​ကို​လုပ်​၍ ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင် တပ်​ရ​မည်​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင်​လည်း ထို့အတူ​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 5,
      "text": "ရွက်ထည်​တစ်​တွဲ​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​ရ​မည်​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အစွန်း​၌​တပ်​ရန်​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​ရ​မည်​။ ထို​ကွင်း​များ​သည် တစ်ကွင်း​နှင့်​တစ်ကွင်း​ဆိုင်​နေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 6,
      "text": "ရွှေ​ချိတ်​အခု​ငါးဆယ်​ကို​လည်း​လုပ်​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တစ်ဆောင်တည်း​ဖြစ်​စေရန် ထို​ချိတ်​များ​ဖြင့် ရွက်ထည်​တစ်တွဲ​နှင့်​တစ်တွဲ တွဲ​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 7,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​ဖုံးအုပ်​ရန် ဆိတ်မွေး​ရွက်ထည်​တဲ​အတွက် ရွက်ထည် တစ်ဆယ့်တစ်​ထည်​ကို လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 8,
      "text": "ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် အတောင်​သုံးဆယ် ​၊ အနံ​သည် လေး​တောင်​ရှိ​ရ​မည်​။ ထို​ရွက်ထည်​တစ်ဆယ့်တစ်​ထည်​သည် အရွယ်အစား​တူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 9,
      "text": "ရွက်ထည်​ငါး​ထည်​ကို​တစ်​တွဲ​၊ ရွက်ထည်​ခြောက်​ထည်​ကို​တစ်​တွဲ ဆက်၍ ဆဋ္ဌမ​ရွက်ထည်​ကို တဲ​တော်​၏​ရှေ့​ပိုင်း​၌ ခေါက်တင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 10,
      "text": "ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ်​၊ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ် တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 11,
      "text": "ကြေးနီ​ချိတ်​အခု​ငါးဆယ်​ကို​လည်း​လုပ်​ပြီး တဲ​တော်​တစ်ဆောင်တည်း​ဖြစ်​စေရန် ကွင်း​များ​ကို ထို​ချိတ်​များ​နှင့် ချိတ်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 12,
      "text": "တဲ​တော်​၏​ရွက်ထည်​များ​မှ ပို​နေ​သည့် ရွက်ထည်​တစ်ဝက်​ကို ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​နောက်ပိုင်း​၌ တွဲလျား​ချထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 13,
      "text": "တဲ​တော်​ရွက်ထည်​များ​၏​အလျား​ဘက်​မှ ပို​နေ​သော​အပိုင်း​ကို ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အား​ဖုံးအုပ်​ရန် တစ်ဖက်​၌​တစ်တောင်​၊ အခြား​တစ်ဖက်​၌​တစ်တောင် ဘေး​တစ်ဖက်တစ်ချက်​စီ​တွင် တွဲလျား​ချထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 14,
      "text": "တဲ​တော်​၏​အမိုး​ကို အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​ဖြင့် လုပ်​ရ​မည်​။ ထို​အပေါ်​ထပ်မိုး​ရန်​အမိုး​ကို တဟာရှ ​သားရေ​ဖြင့် လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 15,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက်​ဘောင်​များ​ကို အကေရှား ​သစ်သား​များ​ဖြင့် လုပ်​၍ ထောင်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 16,
      "text": "ဘောင်​တစ်ခုစီ​၏​အလျား​သည် အတောင်​တစ်ဆယ် ​၊ အနံ​သည် တစ်တောင့် ​တစ်ထွာ​ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 17,
      "text": "ဘောင်​တစ်ခု​နှင့်​တစ်ခု​ဆက်​ရန် ဘောင်​တစ်ခုစီ​၌​စရွေးတံ​နှစ်​ခု​ရှိ​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​ရှိသမျှ​တို့​ကို ထို့အတူ​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 18,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တောင်ဘက်​ခြမ်း​အတွက် ဘောင်​အခု​နှစ်ဆယ်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 19,
      "text": "ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ဘောင်​အခု​နှစ်ဆယ်​အတွက် အောက်ခံ​ငွေ​အစွပ် အခု​လေးဆယ်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 20,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အခြား​တစ်ဖက်​ဖြစ်​သည့် မြောက်ဘက်ခြမ်း​အတွက်​လည်း ဘောင်​အခု​နှစ်ဆယ်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 21,
      "text": "ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် အောက်ခံ​ငွေ​အစွပ်​လေးဆယ်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 22,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဆုံး အနောက်ဘက်ခြမ်း​အတွက် ဘောင်​ခြောက်​ခု​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 23,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဆုံး​ရှိ ထောင့်​နှစ်​ထောင့်​အတွက် ဘောင်​နှစ်​ခု​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 24,
      "text": "ထို​ဘောင်​တို့​သည် အောက်ပိုင်း​၌ နှစ်​ခွ​ဖြစ်​နေ​ရ​မည်​။ ထိပ်ပိုင်း​တွင် ဘောင်​နှစ်ခုစလုံး​ကို ကွင်း​တစ်ခုတည်း​၌ အတူတူ​ချိတ်​ထား​ရ​မည်​။ ထောင့်​များ​အတွက် ဘောင်​နှစ်ခုစလုံး ထိုနည်းတူ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 25,
      "text": "ထို့ကြောင့် ဘောင်​ရှစ်​ခု​ရှိ​မည်​။ ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ထို​ဘောင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ် တစ်ဆယ့်​ခြောက်​ခု​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 26,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်​ဖက်​ရှိ​ဘောင်​များ​အတွက် အကေရှား ​သစ်သား ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 27,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နောက်​တစ်ဖက်​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အနောက်ဘက်ခြမ်း​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 28,
      "text": "ဘောင်​များ​၏​အလယ်​တစ်ဝက်​ရှိ အလယ်​ကန့်လန့်ကျင်​သည် တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် ထုတ်ချင်းပေါက်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 29,
      "text": "ဘောင်​များ​ကို ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ ကန့်လန့်ကျင်​လျှို​ရန်​ကွင်း​များ​ကို ရွှေ​ဖြင့်​လုပ်​ရ​မည်​။ ကန့်လန့်ကျင်​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 30,
      "text": "တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့်​ပုံစံ​အတိုင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 31,
      "text": "အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ် ​ရုပ်​ကို လက်ရာမြောက်​စွာ​ပုံဖော်​ထား​သော ကန့်လန့်ကာ​ကို လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 32,
      "text": "အောက်ခံ​ငွေ​အစွပ်​လေး​ခု​စွပ်​ထား​၍ ရွှေ​ချိတ်​များ​ပါရှိ​သည့် ရွှေ​ဖြင့်​မွမ်းမံ​ထား​သော အကေရှား ​သစ်သား​တိုင်​လေး​တိုင်​တွင် ထို​ကန့်လန့်ကာ​ကို ချိတ်ဆွဲ​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 33,
      "text": "ကန့်လန့်ကာ​ကို ချိတ်​များ​၌​ချိတ်ဆွဲ​ထား​၍ သက်သေခံချက်​သေတ္တာ​တော်​ကို ကန့်လန့်ကာ​၏​အတွင်း​ဘက်​နေရာ​၌ သွင်း​ထား​ရ​မည်​။ ကန့်လန့်ကာ​သည် သန့်ရှင်းရာဌာန​နှင့်​အသန့်ရှင်းဆုံးဌာန​ကို ပိုင်းခြား​ပေး​ထား​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 34,
      "text": "ကရုဏာ​တော်​ပလ္လင် ​ကို အသန့်ရှင်းဆုံးဌာန​ရှိ သက်သေခံချက်​သေတ္တာ​တော်​အပေါ်​၌ ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 35,
      "text": "စားပွဲ​ကို ကန့်လန့်ကာ​၏​အပြင်ဘက် မြောက်ဘက်ခြမ်း​၌​ထား​ရ​မည်​။ ဆီမီးခုံ​ကို စားပွဲ​နှင့်​မျက်နှာချင်းဆိုင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​တောင်ဘက်​၌ ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 36,
      "text": "တဲ​တော်​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 37,
      "text": "လိုက်ကာ​အတွက် ရွှေ​ချိတ်​များ​ပါရှိ​သည့် အကေရှား ​သစ်သား​တိုင်​ငါး​တိုင်​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ တိုင်​များ​အတွက် အောက်ခံ​ကြေးနီ​အစွပ်​ငါး​ခု​ကို​လည်း သွန်းလုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 1,
      "text": "ယဇ်ပလ္လင်​ကို အကေရှား ​သစ်သား​ဖြင့် လုပ်​ရ​မည်​။ ထို​ယဇ်ပလ္လင်​သည် အလျား​ငါး​တောင် ​၊ အနံ​ငါး​တောင် စတုရန်း​ပုံ​ဖြစ်​၍ အမြင့်​သုံး​တောင် ​ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 2,
      "text": "ယဇ်ပလ္လင်​၏​ထောင့်​လေး​ထောင့်​၌ ချို​များ​ကို​လုပ်​၍ ထို​ချို​များ​သည် ယဇ်ပလ္လင်​နှင့်​တစ်ဆက်တည်း​ဖြစ်​ရ​မည်​။ ယဇ်ပလ္လင်​ကို ကြေးနီ​ဖြင့်​မွမ်းမံ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 3,
      "text": "ယဇ်ပလ္လင်​မှ​ပြာ​ကို​ဖယ်ရှား​ရန်​အတွက် အိုး​၊ ဂေါ်ပြား​၊ ဇလုံ​၊ ခက်ရင်းခွ​၊ မီးကျီးခံဗန်း​တို့​ကို​လည်း လုပ်​ရ​မည်​။ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 4,
      "text": "ယဇ်ပလ္လင်​အတွက် ကြေးနီ​စကာ​မီးကျီးခံပြား​ကို​လုပ်​၍ မီးကျီးခံပြား​ထောင့်​လေး​ထောင့်​စကာ​ပေါ်တွင် ကြေးနီ​ကွင်း​လေး​ကွင်း​ကို​တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 5,
      "text": "စကာ​ကို ယဇ်ပလ္လင်​၏​အလယ်​အထိ​ရောက်​အောင် ယဇ်ပလ္လင်​၏​အစွန်းထွက်​နေ​သော​နေရာ​မှ အောက်​သို့​ချ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 6,
      "text": "ယဇ်ပလ္လင်​အတွက် ထမ်းပိုး​တို့​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍ ကြေးနီ​ဖြင့်​မွမ်းမံ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 7,
      "text": "ယဇ်ပလ္လင်​ကို​ထမ်း​သောအခါ ထမ်းပိုး​တို့​သည် ယဇ်ပလ္လင်​၏​ဘေး​နှစ်​ဖက်​၌​ရှိ​နေ​စေရန် ထို​ထမ်းပိုး​တို့​ကို ကွင်း​များ​ထဲသို့​လျှိုသွင်း​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 8,
      "text": "ယဇ်ပလ္လင်​ကို ပျဉ်ပြား​များ​ဖြင့် လုပ်​ရ​မည်​။ အတွင်း​၌ အခေါင်းပေါက်​ဖြစ်​ရ​မည်​။ တောင်​ပေါ်၌ သင့်​အား ငါ​ပြ​ခဲ့​သည့်​အတိုင်း လုပ်​ကြ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 9,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဝင်း​ကို​လည်း လုပ်​ရ​မည်​။ ထို​ဝင်း​၏​တောင်​ဘက်ခြမ်း​တစ်​ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ ​ရှိ​သော​အကာ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 10,
      "text": "ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 11,
      "text": "ထိုနည်းတူ မြောက်​ဘက်ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ​ရှည်​သော​အကာ​ကို​လုပ်​ရ​မည်​။ ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 12,
      "text": "ဝင်း​အနောက်ဘက်​အကျယ်​အတိုင်း အတောင်​ငါးဆယ် ​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​ဆယ်​တိုင်​၊ တိုင်​အောက်ခံအစွပ်​ဆယ်​ခု လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 13,
      "text": "နေထွက်​ရာ​အရပ် ဝင်း​အရှေ့​ဘက်ခြမ်း​အကျယ်​သည် အတောင်​ငါးဆယ်​ရှိ​၍"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 14,
      "text": "ဝင်း​အဝင်ဝ​တစ်ဘက်​၌ တစ်ဆယ့်​ငါး​တောင် ​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု​၊"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 15,
      "text": "ကျန်​တစ်ဘက်​၌​လည်း တစ်ဆယ့်​ငါး​တောင်​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 16,
      "text": "ဝင်း​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော အတောင်​နှစ်ဆယ် ​ရှိ​သည့်​လိုက်ကာ​နှင့်တကွ လိုက်ကာ​အတွက် တိုင်​လေး​တိုင်​၊ တိုင်​အောက်ခံအစွပ်​လေး​ခု လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 17,
      "text": "ဝင်း​ပတ်ပတ်လည်​ရှိ​တိုင်​အားလုံး​တို့​၏​ထိပ်​ကို ငွေ​အစွပ်​ဖြင့်​စွပ်​ရ​မည်​။ တိုင်​ချိတ်​များ​ကို ငွေ​ဖြင့်​လည်းကောင်း​၊ တိုင်​အောက်ခံအစွပ်​များ​ကို ကြေးနီ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 18,
      "text": "ဝင်း​သည် အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​ငါးဆယ်​၊ အမြင့်​ငါး​တောင်​ရှိ​၍ ရက်လုပ်​ထား​သော​ပိတ်ချောထည်​အကာ​နှင့် အောက်ခံ​ကြေးနီ​အစွပ် တို့​ပါ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 19,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှုကိစ္စ​အဝဝ​အတွက် တန်ဆာပလာ​၊ တဲငုတ်တိုင်​၊ ဝင်း​ငုတ်တိုင် အားလုံး​တို့​ကို ကြေးနီ​ဖြင့်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 20,
      "text": "မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေ​ဖို့ မီးထွန်း​ရန်​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား သင်​ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 21,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း သက်သေခံချက်​ရှေ့​ရှိ ကန့်လန့်ကာ​အပြင်ဘက်​တွင် အာရုန်​နှင့်​သူ​၏​သား​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ နေဝင်ချိန်​မှ နံနက်​တိုင်အောင် မီးထွန်း​ခြင်း​အမှု​ကို စီစဉ်​ပြင်ဆင်​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 1,
      "text": "ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် အစ္စရေး​အမျိုးသား​တို့​ထဲ​မှ သင့်​အစ်ကို​အာရုန်​နှင့်​သူ့​သား​များ​ဖြစ်​သော နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ကို သင့်​ထံသို့​လာ​စေ​လော့​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 2,
      "text": "သင့်​အစ်ကို​အာရုန်​ဂုဏ်သရေ​ရှိ​၍ တင့်တယ်ခန့်ညား​ဖို့ သူ့​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို သင်​ချုပ်လုပ်​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 3,
      "text": "အာရုန်​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​သောအခါ သန့်ရှင်း​ခြင်း​ရှိ​စေရန် သူ​ဝတ်​ရ​မည့်​အဝတ်တန်ဆာ​ကို ငါ​ပေး​သော​ဉာဏ်ပညာ​ဖြင့် လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့ ချုပ်လုပ်​ပေး​ကြ​မည့်​အကြောင်း သင်​ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 4,
      "text": "သူ​တို့​ပြုလုပ်​ရ​မည့်​အဝတ်တန်ဆာ​များ​ကား ရင်ခံပြား​၊ ဧဖုဒ် ​၊ ဝတ်လုံ​၊ ရက်လုပ်​ထား​သော​အတွင်းသင်တိုင်း​၊ ခေါင်းပေါင်း​နှင့် ခါးစည်း တို့​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် သင့်​အစ်ကို​အာရုန်​နှင့် သူ့​သား​များ​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​ချုပ်လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 5,
      "text": "သူ​တို့​သည် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​နှင့် ပိတ်ချောထည် တို့​ကို​အသုံးပြု​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 6,
      "text": "ဧဖုဒ် ​ကို ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​သော​ပိတ်ချောထည်​ဖြင့် လက်ရာမြောက်​စွာ ချုပ်လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 7,
      "text": "ပခုံး​အစွန်း​နှစ်​ခု​ကို​ဆက်​ရန် ပခုံးသိုင်းကြိုး​နှစ်​ခု​ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 8,
      "text": "ဧဖုဒ် ​ပေါ်ရှိ ခါးပတ်ပြား​ကို​လည်း ဧဖုဒ်​လုပ်​သကဲ့သို့ပင် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် ချုပ်လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 9,
      "text": "သင်​သည် မဟူရာကြောင်ဝင်​ကျောက်​နှစ်​လုံး​ကို​လည်း​ယူ​၍ ထို​ကျောက်​နှစ်​လုံး​ပေါ်၌ အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်းထိုး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 10,
      "text": "ခြောက်​ယောက်​၏​အမည်​ကို ပထမ​ကျောက်​တစ်​လုံး​အပေါ်​တွင်​လည်းကောင်း​၊ ကျန်​ခြောက်​ယောက်​၏​အမည်​ကို ဒုတိယ​ကျောက်​တစ်​လုံး​အပေါ်​တွင်​လည်းကောင်း ကြီးစဉ်ငယ်လိုက်​ကမ္ပည်းထိုး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 11,
      "text": "အစ္စရေး​၏​သား​တို့​အမည်​များ​ကို ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ကျောက်​နှစ်​လုံး​အပေါ်​၌ ကျောက်ဆစ်​အတတ်ပညာ​ဖြင့် ကမ္ပည်းထိုး​၍ ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 12,
      "text": "ထို​ကျောက်​နှစ်​လုံး​ကို အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​ကျောက်​အဖြစ် ဧဖုဒ် ​၏​ပခုံးသိုင်းကြိုး​အပေါ်​၌ တပ်​ရ​မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့ဖွယ်​အဖြစ် သူ​တို့​၏​အမည်​ကို အာရုန်​သည် သူ​၏​ပခုံး​နှစ်​ဖက်​၌ ဆောင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 13,
      "text": "ရွှေ​ကျောက်မျက်အိုး​များ​ကို​လည်း လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 14,
      "text": "ကြိုးကျစ်​သကဲ့သို့ ကျစ်​ထား​သော​ရွှေ​စင်​ကြိုး​နှစ်​ချောင်း​ကို လုပ်​၍ ထို​ရွှေစင်​ကြိုး​တို့​ကို ကျောက်မျက်အိုး​ဖြင့် ဆက်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 15,
      "text": "တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ကို ဧဖုဒ် ​လုပ်​သကဲ့သို့ ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် လက်ရာမြောက်​စွာ ချုပ်လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 16,
      "text": "ထို​ရင်ခံပြား​သည် နှစ်လွှာ​ရှိ​၍ အလျား​တစ်ထွာ ​၊ အနံ​တစ်ထွာ စတုရန်း​ပုံ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 17,
      "text": "ရင်ခံပြား​ပေါ်၌ ကျောက်​ကို လေး​တန်း​စီ​၍ တပ်​ရ​မည်​။ ပထမ​အတန်း​ကား ပတ္တမြား​၊ ဥဿဖရား​၊ ဂေါ်မုတ်နီ ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 18,
      "text": "ဒုတိယ​အတန်း​ကား မြ​၊ နီလာ​၊ စိန် ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 19,
      "text": "တတိယ​အတန်း​ကား ဂေါ်မိတ်နီ​၊ မဟူရာ​၊ ခရမ်းစွဲ ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 20,
      "text": "စတုတ္ထ​အတန်း​ကား ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့ ဖြစ်​ရ​မည်​။ ၎င်း​တို့​ကို ခြယ်လှယ်​ထား​သော​ရွှေ​ကျောက်မျက်အိုး​ထဲ၌ ထားရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 21,
      "text": "ထို​ကျောက်​တစ်ဆယ့်​နှစ်​လုံး​သည် အစ္စရေး​၏​သား​တို့​၏​အမည်​များ​အလိုက် စီထား​ရ​မည်​။ ကမ္ပည်း​တံဆိပ်​အဖြစ် မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​၏​နာမည်​ကို ကျောက်​တစ်လုံးစီ​၌ ရေးထိုး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 22,
      "text": "ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံ​ကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 23,
      "text": "ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လည်း လုပ်​၍ ထို​ကွင်း​နှစ်​ကွင်း​ကို ရင်ခံပြား​အစွန်း​နှစ်​ဖက်​၌ တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 24,
      "text": "ရွှေ​ကြိုး​နှစ်​ချောင်း​ကို ရင်ခံပြား​အစွန်း​တို့​၌​ရှိ​သော​ကွင်း​နှစ်​ကွင်း​တွင်​တပ်​ပြီး"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 25,
      "text": "ကြိုး​နှစ်​ချောင်း​၏​ကျန်​အစွန်း​နှစ်​ဖက်​ကို ဧဖုဒ် ​၏​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​ပေါ်​ရှိ ကျောက်မျက်အိုး​နှစ်​ခု​၌ တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 26,
      "text": "နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ် ​နှင့်​ဆက်​လျက်​ရှိ​သော ရင်ခံပြား​အတွင်း​လွှာ​၏​အနား​စွန်း​နှစ်​ဖက်​၌ တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 27,
      "text": "နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ် ​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​နှစ်​ချောင်း​၏​အောက်​ဘက်​၊ ဧဖုဒ်​၏​ခါးပတ်ပြား​ဆက်​ရာ​ပေါ်၌ တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 28,
      "text": "ရင်ခံပြား​ကို ဧဖုဒ် ​မှ​မ​ကွာ​စေ​ဘဲ ဧဖုဒ် ​၏​ခါးပတ်ပြား အထက်​၌​ရှိ​နေ​စေရန် ထို​ရင်ခံပြား​၏​ကွင်း​များ​နှင့် ဧဖုဒ် ​၏​ကွင်း​များ​ကို အပြာရောင်​ကြိုး​ဖြင့်​တွဲချည်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 29,
      "text": "အာရုန်​သည် သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​သောအခါ အစ္စရေး​၏​သား​တို့​၏​အမည်​များ​ပါ​သည့် တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ကို ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​အောက်မေ့ဖွယ်​အဖြစ် မိမိ​၏​နှလုံး​ပေါ်တွင် ဆောင်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 30,
      "text": "တရားစီရင်​ခြင်း​ဆိုင်ရာ​ရင်ခံပြား​ထဲ၌ ဥရိမ်​၊ သုမိမ်​ကို​ထည့်​ထား​ရ​မည်​။ အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​သို့​ဝင်​သောအခါ ဥရိမ်​၊ သုမိမ်​သည် သူ​၏​နှလုံး​ပေါ်တွင်​ရှိ​နေ​ရ​မည်​။ ဤသို့ဖြင့် ထာဝရဘုရား​ရှေ့​တော်​၌ အာရုန်​သည် အစ္စရေး​အမျိုးသား​တို့​နှင့်ဆိုင်သော​တရားစီရင်ချက်​ကို မိမိ​၏​နှလုံး​ပေါ်တွင် အစဉ်​ဆောင်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 31,
      "text": "ဧဖုဒ် ​အောက်​ရှိ​ဝတ်လုံ​ကို အပြာရောင်​ချည်​သက်သက်​ဖြင့် ရက်လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 32,
      "text": "ဝတ်လုံ​၌ ခေါင်း​စွပ်​ရန် လည်ပင်းပေါက်​ရှိ​ရ​မည်​။ ထို​လည်ပင်းပေါက်​ပတ်ပတ်လည်​၌ အနားပတ်​ရှိ​ရ​မည်​။ လည်ပင်းပေါက်​မ​စုတ်​မ​ပြဲ​စေရန် သံချပ်အင်္ကျီ​လည်ပင်းပေါက်​ကဲ့သို့ ထို​အနားပတ်​ကို ရက်လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 33,
      "text": "ဝတ်လုံ​၏​အောက်နား​အတွက် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် သလဲသီး​ပုံ​များ​ကို လုပ်​ရ​မည်​။ အောက်နား​ပတ်ပတ်လည်​ရှိ သလဲသီး​ပုံ​များ​အကြား​တွင် ရွှေ​ဆည်းလည်း​များ​ကို​လည်း ပတ်ပတ်လည်​တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 34,
      "text": "ဝတ်လုံ​၏​အောက်နား​ပတ်ပတ်လည်​တွင် ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး​၊ ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး တစ်လုံးခြားစီ တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 35,
      "text": "အာရုန်​သည် အမှု​တော်​ဆောင်ရွက်​သောအခါ ထို​ဝတ်လုံ​ကို​ဝတ်​ရ​မည်​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​ရှိ သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​ထွက်​သောအခါ​တိုင်း ဆည်းလည်းသံ​မြည်​နေ​ရ​မည်​။ သို့မှ သေဘေးနှင့်ကင်း​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 36,
      "text": "သင်​သည် ရွှေ​စင်​ပြား​ကို​လုပ်​၍ ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ရွှေစင်ပြား​ပေါ်၌ ‘ထာဝရဘုရား​၌​သန့်ရှင်း​ခြင်း’​ဟု ကမ္ပည်းထိုး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 37,
      "text": "ထို​ရွှေစင်ပြား​ကို ခေါင်းပေါင်း​ပေါ်၌ အပြာရောင်​ကြိုး​ဖြင့်​ချည်​ပြီး ခေါင်းပေါင်း​ရှေ့ဘက်ခြမ်း​၌​ရှိ​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 38,
      "text": "၎င်း​ကို အာရုန်​၏​နဖူး​ပေါ်၌​ဆင်​ခြင်း​ဖြင့် သန့်ရှင်း​သော​ပူဇော်သက္ကာ​အဝဝ​တို့​ကို အစ္စရေး​အမျိုးသား​တို့​ဆက်ကပ်​ပူဇော်​ရာ​မှ ဖြစ်လာ​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ဆိုင်ရာ​အပြစ်​ကို အာရုန်​ဆောင်ယူ​ရ​မည်​။ အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ၎င်း​သည် သူ​၏​နဖူး​ပေါ်၌ အစဉ်​ရှိ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 39,
      "text": "ပိတ်ချောထည်​အတွင်းသင်တိုင်း​ကို ရက်လုပ်​ရ​မည်​။ ပိတ်ချောထည်​ခေါင်းပေါင်း​ကို​လည်း လုပ်​ရ​မည်​။ ပန်းထိုး​ခါးစည်း​ကို​လည်း လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 40,
      "text": "အာရုန်​၏​သား​များ ဂုဏ်သရေ​ရှိ​၍ တင့်တယ်​ခန့်ညား​ဖို့ သူ​တို့​အတွက် အတွင်းသင်တိုင်း​များ​၊ ခါးစည်း​များ​၊ ခေါင်းပေါင်း​များ​ကို ချုပ်လုပ်​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 41,
      "text": "၎င်း​တို့​ကို သင်​၏​အစ်ကို​အာရုန်​နှင့် သူ​၏​သား​များ​အား ဝတ်ဆင်​စေ​ရ​မည်​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် သူ​တို့​ကို ဘိသိက်ပေး​ရ​မည်​။ သူ​တို့​ကို​ခန့်အပ်​ရ​မည်​။ သူ​တို့​ကို​သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 42,
      "text": "ကိုယ်ခန္ဓာ​၏​အရှက်​ကို​ဖုံး​ရန် သူ​တို့​အတွက် ခါး​မှ​ပေါင်​အထိ​ရှည်​သော ပိတ်ချော​ဘောင်းဘီ​ကို​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 43,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ဝင်​သောအခါ​ဖြစ်စေ​၊ သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရန် ယဇ်ပလ္လင်​တော်​သို့ ချဉ်းကပ်​သောအခါ​ဖြစ်စေ အပြစ်​သင့်​၍​မ​သေ​စေရန် ထို​ဘောင်းဘီ​ကို​ဝတ်​ရ​မည်​။ ဤသည်ကား အာရုန်​နှင့် နောင်လာမည့်​သူ​၏​သားစဉ်မြေးဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 1,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရာ​တွင် သူ​တို့​သန့်ရှင်း​ရန် သင်​ပြု​ရ​မည့်​အရာ​ကား ဤသို့​တည်း​။ နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​နှင့် အပြစ်အနာအဆာကင်း​သော​သိုးထီး​နှစ်​ကောင်​ကို ယူ​လော့​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 2,
      "text": "တဆေးမဲ့​မုန့်​၊ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​တို့​ကို အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​လုပ်​ပြီးလျှင်"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 3,
      "text": "တောင်း​တစ်​လုံး​ထဲ၌​ထည့်​၍ ထို​တောင်း​ထဲ​ရှိ​မုန့်​များ​နှင့်အတူ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​နှစ်​ကောင်​ကို ယူဆောင်​ခဲ့​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 4,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​ကို​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ ခေါ်လာ​၍ သူ​တို့​ကို ရေ​ဖြင့် ဆေးကြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 5,
      "text": "အဝတ်တန်ဆာ​ကို​ယူ​၍ အာရုန်​အား အတွင်းသင်တိုင်း​၊ ဧဖုဒ် ​အောက်​ရှိ​ဝတ်လုံ​၊ ဧဖုဒ် ​နှင့် ရင်ခံပြား​တို့​ကို ဝတ်ဆင်​ပေး​ပြီး ရင်ခံပြား​ကို ဧဖုဒ် ​၏​ခါးပတ်ပြား​ဖြင့် တွဲချည်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 6,
      "text": "သူ​၏​ခေါင်း​ပေါ်၌ ခေါင်းပေါင်း​ကို​ဆောင်း​ပေး​၍ သန့်ရှင်း​သော​သရဖူ​ကို ခေါင်းပေါင်း​ပေါ်၌​တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 7,
      "text": "ဘိသိက်​ဆီ​ကို​ယူ​၍ သူ​၏​ခေါင်း​ပေါ်၌​လောင်း​လျက် သူ့​ကို​ဘိသိက်ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 8,
      "text": "သူ​၏​သား​တို့​ကို​လည်း ခေါ်လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ဆင်​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 9,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​အား ခါးစည်း​ကို​စည်း​ပေး​ပြီးလျှင် ခေါင်းပေါင်း​ပေါင်း​ပေး​ရ​မည်​။ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​နှင့်အညီ ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို သူ​တို့​ရရှိ​မည်​။ ဤသို့ဖြင့် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 10,
      "text": "နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အရှေ့​သို့ ဆွဲခေါ်​လာ​၍ အာရုန်​နှင့်​သူ​၏​သား​တို့​သည် နွားထီး​၏​ခေါင်း​ပေါ်၌ သူ​တို့​၏​လက်​ကို​တင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 11,
      "text": "နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 12,
      "text": "နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ သင့်​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​၏​ချို​များ​ကို​သုတ်လိမ်း​ပြီးလျှင် ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 13,
      "text": "အူ​ကို​ဖုံး​နေ​သည့်​အဆီ​ရှိသမျှ​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ထို​ကျောက်ကပ်​နှစ်​ခု​အပေါ်​ရှိ​အဆီ​ကို​လည်းကောင်း ယူ​၍ ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 14,
      "text": "နွားထီး​၏​အသား​၊ အရေခွံ​၊ မစင်​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​ပစ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 15,
      "text": "သိုးထီး​တစ်​ကောင်​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သိုးထီး​၏​ခေါင်း​ပေါ်၌ သူ​တို့​၏​လက်​ကို​တင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 16,
      "text": "ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​ကို​ယူ​၍ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 17,
      "text": "ထို​သိုးထီး​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။ အူ​နှင့်​ခြေထောက်​ကို ဆေးကြော​ပြီးလျှင် ၎င်း​တို့​ကို ဦးခေါင်း​နှင့် ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​ပေါ်တွင် ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 18,
      "text": "ထို​သိုးထီး​တစ်ကောင်လုံး​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​၊ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 19,
      "text": "နောက်​သိုးထီး​တစ်​ကောင်​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သိုးထီး​၏​ခေါင်း​ပေါ်၌ သူ​တို့​၏​လက်​ကို​တင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 20,
      "text": "ထို​သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​နှင့် သူ့​သား​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ သူ​တို့​၏​ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​ပေး​ရ​မည်​။ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 21,
      "text": "ယဇ်ပလ္လင်​ပေါ်​ရှိ​သွေး​အချို့​နှင့် ဘိသိက်​ဆီ​အချို့​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​ပေါ်၌​လည်းကောင်း​၊ သူ့​သား​တို့​နှင့် သူ့​သား​တို့​၏​အဝတ်တန်ဆာ​ပေါ်၌​လည်းကောင်း ဖျန်း​ရ​မည်​။ သို့ပြုလျှင် အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​သည်​လည်းကောင်း​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ​သည်​လည်းကောင်း သန့်ရှင်း​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 22,
      "text": "ထို​သိုးထီး​သည် အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ဖြစ်​သောကြောင့် ထို​သိုးထီး​၏​အဆီ​နှင့်​အမြီးပိုင်း​အဆီ​ကို​လည်းကောင်း​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​နှင့် အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​ကို​လည်းကောင်း​၊ ယာဘက်​ပေါင်​ကို​လည်းကောင်း ယူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 23,
      "text": "ထာဝရဘုရား​ရှေ့​တော်​ရှိ တဆေးမဲ့မုန့်​တောင်း​ထဲမှ မုန့်​တစ်​လုံး​၊ ဆီ​ရော​သော​မုန့်ဝိုင်း​တစ်​ခု​နှင့် မုန့်ကြွပ်​တစ်​ခု​ကို​ယူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 24,
      "text": "ထို​အရာ​အားလုံး​ကို အာရုန်​၏​လက်​ထဲ၌​လည်းကောင်း​၊ သူ့​သား​တို့​၏​လက်​ထဲ၌​လည်းကောင်း ထည့်​၍ ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 25,
      "text": "ထို​အရာ​တို့​ကို သူ​တို့​၏​လက်​ထဲမှ​ခံယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်​ရှိ မီးရှို့ရာယဇ်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 26,
      "text": "အာရုန်​အား အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​၏​ရင်ပုံ​ကို​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ထို​ရင်ပုံ​ကို​ချီလွှဲ​ရ​မည်​။ ၎င်း​သည် သင်​၏​ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 27,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​အား အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​အတွက်​ပေးလှူပူဇော်​သော​သိုးထီး​မှ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော ရင်ပုံ​၊ ချီလွှဲ​ရာ​အလှူပစ္စည်း​ဖြစ်​သော ပေါင်​ကို သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 28,
      "text": "ထို​အရာ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထံ​မှ အာရုန်​နှင့်​သူ​၏​သား​တို့ အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​ဖြစ်​၏​။ အကြောင်းမူကား ထို​အရာ​တို့​သည် အလှူပစ္စည်း​ဖြစ်​၏​။ ထို​အလှူပစ္စည်း​သည် အစ္စရေး​အမျိုးသား​တို့​၏​မိတ်သဟာယယဇ်​များ​မှ ထာဝရဘုရား​အား ပေးလှူ​သော​အလှူပစ္စည်း​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 29,
      "text": "အာရုန်​၏​သန့်ရှင်း​သော​အဝတ်တန်ဆာ​သည် နောင်လာမည့်​သူ​၏​သားမြေး​များ ဘိသိက်ပေး​ခြင်း​၊ ခန့်အပ်​ခြင်း​ခံ​ရာ​တွင် ဝတ်ဆင်​ရန်​အတွက် ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 30,
      "text": "အာရုန်​၏​သား​များ​ထဲမှ သူ​၏​အရိုက်အရာ​ဆက်ခံ​သော​ယဇ်ပုရောဟိတ်​သည် သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ ထို​အဝတ်တန်ဆာ​ကို ခုနစ်​ရက်​ပတ်လုံး​ဝတ်ဆင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 31,
      "text": "အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ကို​ယူ​၍ သန့်ရှင်း​သော​နေရာ​၌ အသား​ကို​ပြုတ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 32,
      "text": "သိုးထီး​အသား​နှင့်​တောင်း​ထဲ၌​ရှိ​သော​မုန့်​ကို အာရုန်​နှင့်​သူ​၏​သား​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 33,
      "text": "သူ​တို့​ကို ခန့်အပ်​ရန်​နှင့်​သန့်ရှင်း​စေရန် သူ​တို့​သည် အပြစ်ဖြေလွှတ်​ခြင်း​အတွက်​ပူဇော်​သော​အရာ​တို့​ကို စား​ကြ​ရ​မည်​။ ထို​အရာ​တို့​သည် သန့်ရှင်းသောအရာ​ဖြစ်၍ မဆိုင်​သော​သူ​မ​စား​ရ​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 34,
      "text": "အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​အသား​ဖြစ်စေ​၊ မုန့်​ဖြစ်စေ နံနက်​တိုင်အောင်​ကြွင်းကျန်​လျှင် ထို​အကျန်​ကို မီး​ရှို့​ပစ်​ရ​မည်​။ သန့်ရှင်းသောအရာ​ဖြစ်၍ မည်သူ​မျှ​မ​စား​ရ​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 35,
      "text": "ငါ​မိန့်မှာ​လေသမျှ​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​အတွက် ခန့်အပ်​ခြင်း​မင်္ဂလာ​ကို ခုနစ်​ရက်​ပတ်လုံး ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 36,
      "text": "အပြစ်ဖြေလွှတ်​ခြင်း​အတွက် နွားထီး​တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အဖြစ် နေ့စဉ်​ပူဇော်​ရ​မည်​။ ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ခြင်း​ဖြင့် ယဇ်ပလ္လင်​ကို​သန့်စင်​စေ​ရ​မည်​။ ယဇ်ပလ္လင်​ကို​ဘိသိက်သွန်း​ခြင်း​ဖြင့် ၎င်း​ကို​သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 37,
      "text": "ခုနစ်​ရက်​ပတ်လုံး ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​၍ ၎င်း​ကို​သန့်ရှင်း​စေ​ရ​မည်​။ ထိုအခါ ယဇ်ပလ္လင်​သည် အထူး​သန့်ရှင်း​ခြင်း​သို့​ရောက်​လိမ့်မည်​။ ထို​ယဇ်ပလ္လင်​ကို​ထိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 38,
      "text": "ယဇ်ပလ္လင်​ပေါ်၌ တစ်​နေ့​လျှင် တစ်နှစ်သားအရွယ်​သိုးသငယ်​နှစ်​ကောင်​ကို နေ့စဉ်​ပူဇော်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 39,
      "text": "သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​၌ ပူဇော်​၍ နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 40,
      "text": "သိုးသငယ်​တစ်​ကောင်​ကို ညှစ်ယူ​သော​သံလွင်ဆီ​တစ်​ဟိန် ​၏​လေးပုံတစ်ပုံ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​နှင့်​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ ​နှင့်​လည်းကောင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 41,
      "text": "နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။ ၎င်း​ကို နံနက်အချိန်​ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ထာဝရဘုရား​အား ပူဇော်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 42,
      "text": "ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ငါ​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ သင်​နှင့်​စကားပြော​မည်​။ ထို​နေရာ​၌ ဤ​မီးရှို့ရာယဇ်​ကို သင်​တို့​မျိုးဆက်​အစဉ်အဆက် အစဉ်မပြတ်​ပူဇော်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 43,
      "text": "ငါ​သည် ထို​နေရာ​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​တွေ့ဆုံ​မည်​။ ထို​နေရာ​သည် ငါ​၏​ဘုန်းအသရေ​အားဖြင့် သန့်ရှင်း​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 44,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကို ငါ​သန့်ရှင်း​စေ​မည်​။ ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် အာရုန်​နှင့်​သူ့​သား​တို့​ကို​လည်း ငါ​သန့်ရှင်း​စေ​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 45,
      "text": "အစ္စရေး​အမျိုးသား​တို့​အလယ်​၌ ငါ​ကိန်းဝပ်​မည်​၊ သူ​တို့​၏​ဘုရား​ဖြစ်​မည်​။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 46,
      "text": "ငါ​သည် သူ​တို့​အလယ်​၌​ကိန်းဝပ်​ဖို့​ရန် သူ​တို့​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 1,
      "text": "နံ့သာပေါင်း​ရှို့​ရာ​ယဇ်ပလ္လင်​ကို အကေရှား ​သစ်သား​ဖြင့် သင်​လုပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 2,
      "text": "ထို​ယဇ်ပလ္လင်​သည် အလျား​တစ်တောင် ​၊ အနံ​တစ်တောင် စတုရန်း​ပုံ​ဖြစ်​၍ အမြင့်​နှစ်တောင် ​ရှိ​ရ​မည်​။ ယဇ်ပလ္လင်​၏​ချို​များ​သည် ယဇ်ပလ္လင်​နှင့်​တစ်ဆက်တည်း​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 3,
      "text": "ယဇ်ပလ္လင်​၏​အပေါ်ပိုင်း​ကို​လည်းကောင်း​၊ ဘေး​ပတ်ပတ်လည်​ကို​လည်းကောင်း​၊ ချို​များ​ကို​လည်းကောင်း ရွှေ​စင်​ဖြင့်​မွမ်းမံ​ရ​မည်​။ ယဇ်ပလ္လင်​အပေါ်ပိုင်း​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 4,
      "text": "ရွှေ​ဖြင့်​ခြယ်လှယ်​ထား​သော​အပိုင်း​၏​အောက်နား​၊ ယဇ်ပလ္လင်​ဘေး​နှစ်​ဖက် တစ်ဖက်တစ်ချက်​တွင် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​တပ်​ရ​မည်​။ ထို​ကွင်း​တို့​သည် ယဇ်ပလ္လင်​ထမ်း​ရန် ထမ်းပိုး​များ​လျှိုစရာ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 5,
      "text": "ထမ်းပိုး​တို့​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 6,
      "text": "ထို​ယဇ်ပလ္လင်​ကို သင်​နှင့်​ငါ​တွေ့ဆုံ​မည့်​နေရာ​၊ သက်သေခံချက်​ပေါ်​ရှိ​ကရုဏာ​တော်​ပလ္လင် ​ရှေ့​၊ သက်သေခံချက်​သေတ္တာ​တော်​ကို​ကာ​သော​ကန့်လန့်ကာ​ရှေ့​၌ ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 7,
      "text": "အာရုန်​သည် နံနက်တိုင်း​မီးခွက်​များ​ကို​ပြင်ဆင်​သောအခါ ထို​ယဇ်ပလ္လင်​ပေါ်၌ အမွှေးနံ့သာပေါင်း​ကို ရှို့​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 8,
      "text": "နေဝင်ချိန်​၌​မီးခွက်​များ​ကို ပြင်ဆင်​သောအခါ​တွင်​လည်း ထို​ယဇ်ပလ္လင်​ပေါ်၌ နံ့သာပေါင်း​ကို​ရှို့​ရ​မည်​။ ထိုသို့ သင်​တို့​မျိုးဆက်​အစဉ်အဆက် ထာဝရဘုရား​ရှေ့​တော်​၌ နံ့သာပေါင်း​ကို အစဉ်မပြတ်​ရှို့​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 9,
      "text": "ထို​ယဇ်ပလ္လင်​ပေါ်၌ အခြား​သော​နံ့သာပေါင်း​ကို မ​ပူဇော်​ရ​။ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို​လည်း မ​ပူဇော်​ရ​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်း မ​သွန်းလောင်း​ရ​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 10,
      "text": "အာရုန်​သည် အပြစ်ဖြေလွှတ်​ခြင်း​နှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​ဖြင့် ယဇ်ပလ္လင်​၏​ချို​ပေါ်၌ အပြစ်ဖြေလွှတ်​ခြင်း​ကို တစ်​နှစ်​တစ်ကြိမ်​ပြု​ရ​မည်​။ ထိုသို့​ယဇ်ပလ္လင်​ပေါ်၌ အပြစ်ဖြေလွှတ်​ခြင်း​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် တစ်​နှစ်​တစ်ကြိမ်​ပြု​ရ​မည်​။ ယဇ်ပလ္လင်​သည် ထာဝရဘုရား​အဖို့ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 12,
      "text": "“​သင်​သည် အစ္စရေး​အမျိုးသား​တို့​ကို​ရေတွက်​၍ လူဦးရေစာရင်း​ကောက်​ရာ​၌ သူ​တို့​ကို​ရေတွက်​စဉ် သူ​တို့​အပေါ်​ဘေးဒဏ်​မ​ကျရောက်​မည့်​အကြောင်း သူ​တို့​၏​အသက်​ရွေးနုတ်စရာ​အဖိုးအခ​ကို ထာဝရဘုရား​အား အသီးသီး​ပေးဆောင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 13,
      "text": "ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​တိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​အလေးစံနှုန်း​နှင့်အညီ ရှယ်ကယ်​တစ်ဝက် ​ပေးဆောင်​ရ​မည်​။ (​တစ်​ရှယ်ကယ် ​လျှင် ဂေရ​နှစ်ဆယ် ​နှင့်​ညီမျှ​၏​။​) ထို​ရှယ်ကယ်​တစ်ဝက်​သည် ထာဝရဘုရား​အဖို့ အလှူပစ္စည်း​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 14,
      "text": "အသက်​နှစ်ဆယ်​နှင့်​အထက်​ရှိ​၍ ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​သည် ထာဝရဘုရား​အား အလှူပစ္စည်း​ပေးလှူ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 15,
      "text": "သင်​တို့​၏​အသက်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ပြု​ရန် ထာဝရဘုရား​အား အလှူပစ္စည်း​ကို​ဆက်ကပ်​သောအခါ ချမ်းသာ​သော​သူ​သည် ရှယ်ကယ်​တစ်ဝက်​ထက် ပို၍​မ​ဆက်ကပ်​ရ​။ ဆင်းရဲ​သော​သူ​သည်​လည်း ရှယ်ကယ်​တစ်ဝက်​ထက် လျှော့​၍​မ​ဆက်ကပ်​ရ​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 16,
      "text": "အစ္စရေး​အမျိုးသား​တို့​ထံ​မှ အပြစ်ဖြေလွှတ်​ခြင်း​အတွက် ငွေ​ကို​ယူ​၍ ၎င်း​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​တော်​အတွက် အသုံးပြု​ရ​မည်​။ ထို​ငွေ​သည် သင်​တို့​၏​အသက်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ဖြစ်ကြောင်း ထာဝရဘုရား​၏​ရှေ့​တော်​၌ အစ္စရေး​အမျိုးသား​တို့ အောက်မေ့​ဖို့​ရန်​အတွက် ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 18,
      "text": "“​ခြေလက်​ဆေးကြော​ရန် ကြေးနီ​ခြေတိုင်​ပါ​သော ကြေးနီ​အင်တုံ​ကို​လုပ်​ရ​မည်​။ ထို​အင်တုံ​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကြား​၌​ထား​၍ ရေ​ထည့်​ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 19,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​အင်တုံ​၌ မိမိ​တို့​၏​ခြေ​လက်​ကို ဆေးကြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 20,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ​၌​ဖြစ်စေ​၊ ထာဝရဘုရား​ထံ၌ အမှု​တော်​ဆောင်ရွက်​ရန်​နှင့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို​ပူဇော်​ရန် ယဇ်ပလ္လင်​တော်​သို့ ချဉ်းကပ်​သောအခါ​၌​ဖြစ်စေ သေဘေး​နှင့်​ကင်းလွတ်​မည့်​အကြောင်း ခြေ​လက်​ကို​ရေ​ဖြင့်​ဆေးကြော​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 21,
      "text": "ဤသို့ သေဘေး​နှင့်​ကင်းလွတ်​မည့်​အကြောင်း ခြေ​လက်​ကို ဆေးကြော​ခြင်း​သည် အာရုန်​မှစ၍ သူ​၏​သားမြေး​၊ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 22,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 23,
      "text": "“​သင်​သည် အကောင်းစား​အမွှေးနံ့သာ​များ​ကို သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ မုရန်​အရည် ငါး​ရာ​ရှယ်ကယ် ​၊ မွှေးကြိုင်​သော​သစ်ကြံပိုး နှစ်ရာ့​ငါးဆယ်​ရှယ်ကယ် ​၊ မွှေးကြိုင်​သော​ခါနဲ နှစ်ရာ့​ငါးဆယ်​ရှယ်ကယ်​၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 24,
      "text": "ကရဝေး​ငါး​ရာ​ရှယ်ကယ်​နှင့် သံလွင်​ဆီ​တစ်​ဟိန် ​ကို​ယူ​၍"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 25,
      "text": "သန့်ရှင်း​သော​ဘိသိက်​ဆီ​အဖြစ် အမွှေးနံ့သာ​ဖော်စပ်နည်း​အတိုင်း နံ့သာဆီ​ကို​ဖော်စပ်​လော့​။ ၎င်း​သည် သန့်ရှင်း​သော​ဘိသိက်​ဆီ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 26,
      "text": "ထို​ဆီ​ဖြင့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် သက်သေခံချက်​သေတ္တာ​တော်​ကို​လည်းကောင်း"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 27,
      "text": "စားပွဲ​နှင့်​ထို​စားပွဲ​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ဆီမီးခုံ​နှင့်​ထို​ဆီမီးခုံ​၏​တန်ဆာပလာ​များ​ကို​လည်းကောင်း​၊ နံ့သာပေါင်း​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 28,
      "text": "မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့်​ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့်​ထို​အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း ဘိသိက်သွန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 29,
      "text": "သင်​သည် ထို​အရာ​တို့​ကို သန့်ရှင်း​စေ​သဖြင့် ၎င်း​တို့​သည် အထူး​သန့်ရှင်းသောအရာ​ဖြစ်​လိမ့်မည်​။ ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 30,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရန် သင်​သည် သူ​တို့​ကို ဘိသိက်ပေး​၍ သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 31,
      "text": "သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ဤ​ဆီ​သည် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ငါ့​အဖို့​သန့်ရှင်း​သော​ဘိသိက်​ဆီ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 32,
      "text": "ထို​ဆီ​ကို လူ​၏​ကိုယ်ခန္ဓာ​၌ မ​လိမ်း​ရ​။ ထို​ဆီ​ဖော်စပ်နည်း​အတိုင်း အခြား​ဆီ​ကို မ​ဖော်စပ်​ရ​။ ဤ​ဆီ​သည် သန့်ရှင်း​၏​။ သင်​တို့​အဖို့​လည်း သန့်ရှင်း​သော​ဆီ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 33,
      "text": "ထို​ဆီ​မျိုး​ဖော်စပ်​သော​သူ​၊ မဆိုင်​သော​သူ​အား ထို​ဆီ​ကို​လိမ်းပေး​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 34,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သစ်စေး​၊ ရှက်ဟေလစ် ​နှင့် ဂါလဗန်စေး​စသော အမွှေးအကြိုင်​များ​နှင့်အတူ သန့်စင်​သော​လော်ဗန်​ကို ယူ​လော့​။ ထို​အမွှေးအကြိုင်​များ​နှင့် သန့်စင်​သော​လော်ဗန်​သည် ဆတူ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 35,
      "text": "၎င်း​တို့​ကို အမွှေးနံ့သာ​ဖော်စပ်နည်း​အတိုင်း နံ့သာပေါင်း​ဖော်စပ်​၍ သန့်ရှင်း​စင်ကြယ်​အောင် ဆားခတ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 36,
      "text": "အချို့​ကို​အမှုန့်​ထောင်း​၍ သင်​နှင့်​ငါ​တွေ့ဆုံ​မည့်​နေရာ​ဖြစ်​သော တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အထဲ​ရှိ သက်သေခံချက်​ရှေ့​၌​ထား​ရ​မည်​။ ထို​နံ့သာပေါင်း​သည် သင်​တို့​အဖို့ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 37,
      "text": "ထို​နံ့သာပေါင်း​ဖော်စပ်နည်း​အတိုင်း သင်​တို့​သုံး​ဖို့ မ​ဖော်စပ်​ရ​။ ၎င်း​သည် ထာဝရဘုရား​အဖို့ သန့်ရှင်းသောအရာ​ဖြစ်​သည်​ဟု သင်​တို့​မှတ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 38,
      "text": "ထို​နံ့သာပေါင်း​မျိုး​ကို မိမိ​ရှူ​ရန်​အတွက် ဖော်စပ်​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 2,
      "text": "“​ကြည့်​လော့​။ ငါ​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​လေ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 3,
      "text": "သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 4,
      "text": "ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 5,
      "text": "ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 6,
      "text": "သူ​နှင့်အတူ ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား အဟောလျဘ​ကို​လည်း ခန့်ထား​ပြီ​။ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ထဲတွင် သူ​တို့​အား ဉာဏ်ပညာ​ကို​သွင်းပေး​ပြီ​ဖြစ်၍ သူ​တို့​သည် သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို ပြုလုပ်​ပေး​နိုင်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 7,
      "text": "ထို​သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​လည်းကောင်း​၊ သက်သေခံချက်​သေတ္တာ​တော်​နှင့် ထို​သေတ္တာ​တော်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင် ​ကို​လည်းကောင်း​၊ တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 8,
      "text": "စားပွဲ​နှင့် ထို​စားပွဲ​၏​တန်ဆာပလာ​များ​ကို​လည်းကောင်း​၊ ရွှေ​စင်​ဆီမီးခုံ​နှင့် ထို​ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နံ့သာပေါင်း​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 9,
      "text": "မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ အင်တုံ​နှင့် ထို​အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​အတွက်​ရက်ထည်​အဝတ်တန်ဆာ​၊ သန့်ရှင်း​သော​အဝတ်တန်ဆာ​နှင့် ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 11,
      "text": "ဘိသိက်​ဆီ​ကို​လည်းကောင်း​၊ သန့်ရှင်းရာဌာန​တော်​အတွက် အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း သင့်​အား​ငါ​မိန့်မှာ​သမျှ​အတိုင်း ပြုလုပ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 12,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 13,
      "text": "“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ထာဝရဘုရား​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​အရှင်​ဖြစ်ကြောင်း​သိမြင်​စေရန် ငါ​၏​ဥပုသ်နေ့​ကို သင်​တို့ ဧကန်အမှန် စောင့်ထိန်း​ရ​မည်​။ ဤ​အမှု​သည် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​တိုင်အောင် ငါ​နှင့်​သင်​တို့​ကြားတွင် အမှတ်လက္ခဏာ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 14,
      "text": "ဥပုသ်နေ့​သည် သင်​တို့​အတွက် သန့်ရှင်း​သောကြောင့် သင်​တို့​သည် ထို​နေ့​ကို​စောင့်ထိန်း​ရ​မည်​။ ဥပုသ်နေ့​ကို​ညစ်ညူး​စေ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ တစ်စုံတစ်ယောက်​သည် ဥပုသ်နေ့​၌​အလုပ်​လုပ်​လျှင် ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 15,
      "text": "ခြောက်​ရက်​ပတ်လုံး​အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ ထာဝရဘုရား​အတွက် သန့်ရှင်း​သော​နေ့​ဖြစ်​၏​။ ဥပုသ်နေ့​၌​အလုပ်​လုပ်​သော​သူ​မည်သူမဆို မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 16,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဥပုသ်နေ့​ကို​အလေးထား​ရ​မည်​။ ထာဝရ​ပဋိညာဉ်​အဖြစ် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် ဥပုသ်နေ့​ကို​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 17,
      "text": "ဤ​အမှု​သည် ငါ​နှင့်​အစ္စရေး​အမျိုးသား​တို့​ကြား ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ခြောက်​ရက်​ပတ်လုံး ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီး သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​၍ အနားယူ​တော်မူ​သောကြောင့်​ဖြစ်​သည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 18,
      "text": "ဤသို့ သိနာ​တောင်​ပေါ်၌ ဘုရားသခင်​သည် မောရှေ​အား မိန့်ဆို​တော်မူ​ပြီးနောက် လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို သူ့​အား ပေးအပ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 1,
      "text": "မောရှေ​သည် တောင်​ပေါ်မှ​မ​ဆင်းလာ​သေး​ဘဲ ကြန့်ကြာ​နေ​သည်​ကို လူ​တို့​သိ​သောအခါ အာရုန်​ထံသို့​စုရုံး​လာ​၍ “​ထ​ပါ​။ ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့ လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​” ​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 2,
      "text": "အာရုန်​က​လည်း “​သင်​တို့​၏​မယား​နှင့် သား​သမီး​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ ငါ့​ထံသို့​ယူဆောင်​ခဲ့​လော့​”​ဟု သူ​တို့​အား​ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 3,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ အာရုန်​ထံသို့​ယူလာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 4,
      "text": "အာရုန်​သည်​လည်း ထို​ရွှေ​တို့​ကို​ယူ​ပြီး နွားသငယ်​ရုပ်တု​ကို ကညစ်​ဖြင့်​ပုံဖော်​၍ သွန်းလုပ်​လေ​၏​။ ထို့နောက် သူ​တို့​က “​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 5,
      "text": "ထို​အမှု​ကို အာရုန်​တွေ့မြင်​သောအခါ နွားသငယ်ရုပ်တု​ရှေ့​၌ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။ ထို့နောက် အာရုန်​က “​မနက်ဖြန်​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ရှိ​၏​”​ဟု ကြေညာ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 6,
      "text": "နောက်တစ်နေ့​၌ လူ​တို့​သည် စောစောထ​၍ မီးရှို့ရာယဇ်​ကို​ပူဇော်​၏​။ မိတ်သဟာယယဇ်​ကို​ဆက်ကပ်​ကြ​၏​။ ထို့နောက် ထိုင်​၍​စား​သောက်​ကြ​၏​။ ထ​၍​လည်း​ကခုန်ပျော်ပါး​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 7,
      "text": "ထာဝရဘုရား​က မောရှေ​အား “​ဆင်း​သွား​လော့​။ အီဂျစ်​ပြည်​မှ သင်​ထုတ်ဆောင်​ခဲ့​သော သင်​၏​လူ​တို့​သည် ဖောက်ပြန်​ကြ​လေ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 8,
      "text": "သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ အလျင်အမြန်​လွဲသွား​ကြ​ပြီ​။ သူ​တို့​သည် မိမိ​တို့​အဖို့ နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ရှိခိုးကိုးကွယ်​ကြ​ပြီ​။ ထို​ရုပ်တု​အား ယဇ်ပူဇော်​၍ ‘​အို အစ္စရေး​လူမျိုး​၊ ဤသည်ကား သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟူ၍ ပြောဆို​ကြ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ခေါင်းမာ ​သော​လူမျိုး​ဖြစ်​သည်​ကို ငါ​မြင်​ပြီ​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 10,
      "text": "သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို အမျက်ထွက်​၍ ဖျက်ဆီး​ပစ်​မည်​။ သင့်​ကို​ကား လူမျိုး​ကြီး​ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 11,
      "text": "ထိုအခါ မောရှေ​က မိမိ​၏​ဘုရားသခင် ထာဝရဘုရား​အား “​အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​သော ကိုယ်တော်​၏​လူမျိုး​တော်​ကို အဘယ်ကြောင့် အမျက်ထွက်​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 12,
      "text": "အီဂျစ်​လူမျိုး​တို့​က ‘​ကိုယ်တော်​သည် တော​တောင်​များ​ထဲ၌ အစ္စရေး​လူမျိုး​တို့​ကို​ကွပ်မျက်​၍ မြေကြီး​ပေါ်​မှ​သုတ်သင်​ရန်​အတွက် မကောင်း​သော​ရည်ရွယ်ချက်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​ရ​မည်နည်း​။ ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​ပြေ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အပေါ်​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ စိတ်ပြောင်းလဲ​တော်မူ​ပါ​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 13,
      "text": "ကိုယ်တော်​က ကိုယ်တော်​၏​ကျွန် အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​အား ‘​ငါ​သည် သင်​တို့​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​လျက် သင်​တို့​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​ဟု ကတိပြု​ခဲ့​သော ဤ​မြေ​ရှိသမျှ​ကို သူ​တို့​သည် ထာဝရ​ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်​’​ဟူ၍ ကိုယ့်ကိုယ်ကိုယ်​တိုင်တည်ကျိန်ဆို​တော်မူ​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ”​ဟု အသနားခံ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 14,
      "text": "ထိုအခါ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 15,
      "text": "မောရှေ​သည် သူ​၏​လက်​ထဲ၌ ဟိုဘက်​၊ သည်ဘက် မျက်နှာပြင်​နှစ်ဖက်စလုံး အက္ခရာတင်​ထား​သည့်​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို​ကိုင်​လျက် လှည့်​၍ တောင်​ပေါ်မှ​ဆင်းသွား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 16,
      "text": "ထို​ကျောက်ပြား​တို့​သည် ဘုရားသခင်​၏​လက်ရာ​တော်​ကျောက်ပြား​များ​ဖြစ်​၏​။ ကျောက်ပြား​တို့​အပေါ်​၌ ကမ္ပည်းထိုး​ထား​သော​စာ​သည်​လည်း ဘုရားသခင်​၏​စာ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 17,
      "text": "ယောရှု​သည် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သော​လူ​တို့​၏​အသံ​ကို​ကြား​သောအခါ မောရှေ​အား “​တပ်စခန်း​ထဲ၌ စစ်တိုက်သံ​ပါတကား​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 18,
      "text": "မောရှေ​က “​အောင်မြင်မှု​ရ​၍​ကြွေးကြော်​သော​အသံ မ​ဟုတ်​၊ ရှုံးနိမ့်​၍​အော်ဟစ်​သော​အသံ​လည်း မ​ဟုတ်​။ ငါ​ကြား​သော​အသံ​ကား သီချင်းဆိုသံ​ဖြစ်​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 19,
      "text": "မောရှေ​သည် တပ်စခန်း​အနီး​သို့​ရောက်​သည်​နှင့် နွားသငယ်ရုပ်တု​ကို​လည်းကောင်း​၊ ကခုန်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​သောအခါ အမျက်ထွက်​၍ တောင်​ခြေရင်း​၌ မိမိ​လက်​ထဲမှ​ကျောက်ပြား​များ​ကို ပစ်ချ​ကာ ချိုးဖျက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 20,
      "text": "ထို​သူ​တို့​ပြုလုပ်​ထား​သော နွားသငယ်ရုပ်တု​ကို​လည်း ယူ​၍ မီး​ရှို့​အမှုန့်​ကြိတ်​ပြီးလျှင် ရေ​ပေါ်သို့​ကြဲ​၍ အစ္စရေး​အမျိုးသား​တို့​ကို သောက်​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 21,
      "text": "ထို့နောက် မောရှေ​က အာရုန်​အား “​ဤ​လူ​တို့​သည် သင့်​အား မည်သို့​ပြု​မိ​သဖြင့် ဤမျှ​ကြီးလေး​သော​အပြစ်​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 22,
      "text": "အာရုန်​က “​အကျွန်ုပ်​၏​သခင်​၊ အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ ဤ​လူ​တို့​သည် မကောင်းမှု​ကို​ပြု​တတ်​ကြောင်း သခင်​သိ​ပါ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​က အကျွန်ုပ်​အား ‘​ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့​လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​’ ​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 24,
      "text": "အကျွန်ုပ်​က သူ​တို့​အား ‘​ရွှေ​ရှိ​သော​သူ ချွတ်​လော့​’​ဟု ဆို​သော် သူ​တို့​သည် အကျွန်ုပ်​အား ရွှေ​ကို​ပေး​ကြ​ပါ​၏​။ အကျွန်ုပ်​သည်​လည်း ၎င်း​ကို မီး​ထဲသို့​ပစ်ချ​လိုက်​ရာ ဤ​နွားသငယ်ရုပ်တု ထွက်လာ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 25,
      "text": "အာရုန်​ကြောင့် ထို​သူ​တို့​သည် ရန်သူ​တို့​ကဲ့ရဲ့စရာ​ဖြစ်​အောင် အထိန်းအကွပ်​မ​ရှိ​ပြုမူ​ကြ​၏​။ ထိုသို့​အထိန်းအကွပ်​မ​ရှိ​ပြုမူ​နေ​ကြ​သော​လူ​တို့​ကို မောရှေ​တွေ့မြင်​သောအခါ"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 26,
      "text": "မောရှေ​သည် တပ်စခန်း​အဝင်ဝ​တွင် ရပ်​လျက် “​ထာဝရဘုရား​ဘက်​၌ မည်သူ​နေ​မည်နည်း​။ ငါ့​ထံသို့​လာ​ကြ​”​ဟု ဆို​သော် လေဝိ​၏​သားမြေး​အပေါင်း​တို့​သည် သူ့​ထံသို့​စုဝေး​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 27,
      "text": "မောရှေ​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​လူ​အသီးသီး မိမိ​နံဘေး​၌ ဓား​ကို​ဆောင်​လျက် တပ်စခန်း​အဝင်ဝ​မှ တပ်စခန်း​တစ်လျှောက် အဆုံး​တိုင်အောင် ခေါက်တုံ့ခေါက်ပြန်​သွား​လော့​။ လူ​အသီးသီး မိမိ​ညီအစ်ကို​၊ မိမိ​အပေါင်းအဖော်​၊ မိမိ​အိမ်နီးချင်း​တို့​ကို သတ်​လော့​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 28,
      "text": "မောရှေ​၏​စကား​အတိုင်း လေဝိ​၏​သားမြေး​တို့​ပြု​ကြ​ရာ ထို​နေ့​၌ ထို​လူ​တို့​ထဲမှ​ယောက်ျား​သုံး​ထောင်​ခန့် သေ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 29,
      "text": "ထိုအခါ မောရှေ​က “​သင်​တို့​သည် ကိုယ့်​သားရင်း​၊ ကိုယ့်​ညီအစ်ကိုရင်း​ကို တိုက်ခိုက်​ကြ​ပြီ​။ ထို့ကြောင့် ယနေ့ သင်​တို့​အား ကောင်းချီး​ပေး​တော်မူ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကိုယ့်ကိုယ်ကိုယ်​ဆက်ကပ်​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 30,
      "text": "နောက်တစ်နေ့​၌ မောရှေ​က လူ​တို့​အား “​သင်​တို့​သည် ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​မိ​ပြီ​ဖြစ်​၍ ထာဝရဘုရား​ထံသို့ ယခု ငါ​တက်သွား​၍ သင်​တို့​အပြစ်​ကို ဖြေလွှတ်​ကောင်း​ဖြေလွှတ်​တော်မူ​ရန် ငါ​လျှောက်ဆို​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 31,
      "text": "မောရှေ​သည် ထာဝရဘုရား​ထံသို့ ပြန်သွား​၍ “​ဤ​လူ​တို့​သည် ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​မိ​ပါ​ပြီ​။ မိမိ​တို့​အဖို့ ရွှေ​ဘုရား​ကို ပြုလုပ်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 32,
      "text": "သို့သော် သူ​တို့​၏​အပြစ်​ကို​ခွင့်လွှတ်​လျှင်​လည်း ခွင့်လွှတ်​တော်မူ​ပါ​။ ထိုသို့​မ​ဟုတ်​လျှင် ကိုယ်တော်​ရေးမှတ်​ထား​သော​စာရင်း​မှ အကျွန်ုပ်​ကို​ပယ်ဖျက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 33,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ့​ကို​ပြစ်မှား​သော​သူ​တိုင်း​ကို ငါ့​စာရင်း​မှ ပယ်ဖျက်​မည်​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 34,
      "text": "ယခု သွား​၍ သင့်​အား ငါ​မိန့်ဆို​သော​နေရာ​သို့ ထို​လူ​တို့​ကို ပို့ဆောင်​လော့​။ ကြည့်ရှု​လော့​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​မှ သွား​လိမ့်မည်​။ သို့သော် ငါ​အပြစ်ဒဏ်​ပေး​မည့်​နေ့ရက်​၌ သူ​တို့​၏​အပြစ်​အတွက် သူ​တို့​ကို​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 35,
      "text": "အာရုန်​လုပ်​သော​နွားသငယ်ရုပ်တု​အားဖြင့် သူ​တို့​ပြု​ခဲ့​သော​အမှု​ကြောင့် ထာဝရဘုရား​သည် လူ​တို့​ကို​ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့် အီဂျစ်​ပြည်​မှ​သင်​ထုတ်ဆောင်​ခဲ့​သော​လူ​တို့ ဤ​နေရာ​မှ​ထွက်​၍ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​အား ‘​ထို​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​’​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထို​ပြည်​သို့ သွား​ကြ​လော့​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 2,
      "text": "ကောင်းကင်တမန်​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​မည်​။ ခါနာန်​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို ငါ​နှင်ထုတ်​မည်​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 3,
      "text": "နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ သွား​လော့​။ သို့သော် သင်​နှင့်အတူ ငါ​မ​သွား​။ အကြောင်းမူကား သင်​သည် ခေါင်းမာ ​သော​လူမျိုး​ဖြစ်​၏​။ လမ်းခရီး​၌ သင့်​ကို ငါ​ဖျက်ဆီး​မိ​မည်​စိုး​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 4,
      "text": "လူ​တို့​သည် ထို​မကောင်း​သော​သတင်း​ကို​ကြား​ကြ​သောအခါ ငိုကြွေးမြည်တမ်း​လျက် မည်သူ​မျှ မိမိ​၏​အဆင်တန်ဆာ​ကို မ​ဆင်​ဘဲ​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 5,
      "text": "အကြောင်းမူကား ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​ကို ဤသို့​ဆင့်ဆို​လော့​။ ‘​သင်​တို့​သည် ခေါင်းမာ ​သော​လူမျိုး​ဖြစ်​၏​။ ငါ​သည် သင်​တို့​နှင့်အတူ တစ်ခဏ​မျှ​သွား​လျှင်ပင် သင်​တို့​ကို ငါ​ဖျက်ဆီး​မိ​မည်​။ ယခု သင်​တို့​၏​ကိုယ်​ပေါ်​မှ အဆင်တန်ဆာ​ကို​ချွတ်​လော့​။ သို့မှ သင်​တို့​၌​ငါ​မည်သို့​ပြု​ရ​မည်​ကို ငါ​သိ​မည်​’ ”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 6,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဟောရပ်​တောင်​၌ မိမိ​တို့​၏​အဆင်တန်ဆာ​များ​ကို​ချွတ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 7,
      "text": "မောရှေ​သည် တဲ​တော်​ကို ယူ​ပြီးလျှင် တပ်စခန်း​အပြင်ဘက်​၊ တပ်စခန်း​နှင့်​ခပ်ဝေးဝေး​၌ တဲ​တော်​ကို​ထိုး​၍ ၎င်း​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော် ဟု​ခေါ်ဝေါ်​၏​။ ထာဝရဘုရား​ကို ရှာ​သော​သူ​အပေါင်း​တို့​သည် တပ်စခန်း​အပြင်ဘက်​ရှိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ သွား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 8,
      "text": "မောရှေ​သည် တဲ​တော်​သို့ သွား​သောအခါ လူ​အပေါင်း​တို့​သည်​ထ​၍ မိမိ​တို့​၏​တဲ​အဝင်ဝ​တွင် အသီးသီး​ရပ်​လျက် တဲ​တော်​ထဲသို့ မောရှေ​ဝင်သွား​သည့်​တိုင်အောင် သူ​၏​နောက်မှ ကြည့်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 9,
      "text": "မောရှေ​သည် တဲ​တော်​ထဲသို့​ဝင်သွား​သောအခါ မိုးတိမ်​တိုင်​သည်​ဆင်းလာ​၍ တဲ​တော်​အဝင်ဝ​၌ တည်​နေ​၏​။ ထို့နောက် ထာဝရဘုရား​သည် မောရှေ​နှင့်​စကားပြော​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 10,
      "text": "တဲ​တော်​အဝင်ဝ​၌​တည်​နေ​သော မိုးတိမ်​တိုင်​ကို မြင်​သည်​နှင့် လူ​အပေါင်း​တို့​သည် မိမိ​တဲ​အဝင်ဝ​၌ ရှိခိုးကိုးကွယ်​ကြ​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 11,
      "text": "ထာဝရဘုရား​သည် မိတ်ဆွေချင်း​စကားပြော​သကဲ့သို့ မောရှေ​နှင့် မျက်နှာချင်းဆိုင်​စကားပြော​တော်မူ​၏​။ ထို့နောက် မောရှေ​သည် တပ်စခန်း​သို့ ပြန်လာ​၏​။ သူ​၏​လက်ထောက်​လူငယ်​တစ်​ဦး​ဖြစ်​သည့် နုန်​၏​သား​ယောရှု​မူကား တဲ​တော်​ထဲမှ မ​ထွက်​ဘဲ​နေရစ်​ခဲ့​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 12,
      "text": "တစ်ဖန် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က ‘​ဤ​လူ​တို့​ကို ထုတ်ဆောင်​လော့​’​ဟု အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ခဲ့​သော်လည်း အကျွန်ုပ်​နှင့်အတူ​စေလွှတ်​တော်မူ​မည့်​သူ​ကို အကျွန်ုပ်​အား သိ​စေ​တော်​မ​မူ​ပါ​။ သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို အမည်​နှင့်တကွ​သိ​၏​။ ငါ​သည် သင့်​ကို မျက်နှာသာ​ပေး​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​ပါ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 13,
      "text": "ယခု အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါလျှင် အကျွန်ုပ်​အား ကိုယ်တော်​၏​လမ်းခရီး​ကို သိ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​မည်​ဖြစ်၍ ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါ​လိမ့်မည်​။ ဤ​လူမျိုး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သည်​ကို ဆင်ခြင်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 14,
      "text": "ထိုအခါ ကိုယ်တော်​က “​ငါ​ကိုယ်တိုင် ​ကြွ​မည်​။ သင့်​ကို သက်သာ​ခွင့်​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 15,
      "text": "မောရှေ​က​လည်း “​ကိုယ်တော်တိုင် ကြွ​တော်​မ​မူ​လျှင် အကျွန်ုပ်​တို့​ကို ဤ​နေရာ​မှ သွား​စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 16,
      "text": "အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ကြောင်း​ကို မည်သို့​သိ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်တော်​ကြွ​တော်မူ​သော​အားဖြင့်​သာ မ​ဟုတ်​လော​။ ဤသို့ဖြင့် အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အပေါင်း​တို့​နှင့် ကွဲပြားခြားနား​ပါ​မည်​”​ဟု ကိုယ်တော်​အား​လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 17,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သင်​လျှောက်​သော ဤ​စကား​အတိုင်း ငါ​ပြု​မည်​။ အကြောင်းမူကား သင်​သည် ငါ့​ရှေ့​၌​မျက်နှာရ​၍ ငါ​သည် သင့်​ကို​အမည်​နှင့်တကွ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 18,
      "text": "ထိုအခါ မောရှေ​က “​ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို အကျွန်ုပ်​အား ပြ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 19,
      "text": "ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည် ​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 20,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 21,
      "text": "ထို့ပြင် ထာဝရဘုရား​က “​ငါ့​အနီး​၌​ရှိ​သော​နေရာ​၊ ကျောက်ဆောင်​ပေါ်တွင် သင်​ရပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 22,
      "text": "ငါ​၏​ဘုန်းအသရေ​ဖြတ်သွား​စဉ် သင့်​ကို ထို​ကျောက်ဆောင်​၏​အက်ကွဲကြောင်း​၌ ထား​၍ ငါ​ကျော်လွန်​သွား​သည်​အထိ သင့်​ကို ငါ့​လက်​ဖြင့် အုပ်မိုး​ထား​မည်​။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 23,
      "text": "ငါ့​လက်​ကို​ရုပ်သိမ်း​သောအခါ သင်​သည် ငါ့​ကျော​ကို​သာ မြင်​ရ​လိမ့်မည်​။ ငါ့​မျက်နှာ​ကို​ကား မြင်​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခင်​ကျောက်ပြား​တို့​နှင့်တူသော​ကျောက်ပြား​နှစ်​ချပ်​ကို သင်​ထုဆစ်​လော့​။ သင်​ချိုးဖျက်​လိုက်​သော ယခင်​ကျောက်ပြား​တို့​၌​ပါ​သည့် နှုတ်ကပတ်တော်​အတိုင်း ထို​ကျောက်ပြား​တို့​ပေါ်၌ ငါ​အက္ခရာတင်​ထား​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 2,
      "text": "နံနက်စောစော အဆင်သင့်​ပြင်​၍ သိနာ​တောင်​ပေါ်သို့ တက်လာ​လော့​။ ထို​တောင်​ထိပ်​တွင် ငါ့​ကို​လာ​ဖူးမြင်​လော့​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 3,
      "text": "သင်​နှင့်အတူ မည်သူ​တစ်ဦးတစ်ယောက်​မျှ တက်​မ​လာ​ရ​။ တောင်​တစ်တောင်လုံး​၌ မည်သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​တွေ့​ရ​စေ​နှင့်​။ သိုးအုပ်​၊ နွားအုပ်​တို့​ကို​လည်း ဤ​တောင်​အရှေ့ဘက်​၌ မ​ထိန်းကျောင်း​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 4,
      "text": "သို့ဖြစ်၍ မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ယခင်​ကျောက်ပြား​တို့​နှင့်တူသော ကျောက်ပြား​နှစ်​ချပ်​ကို​ထုဆစ်​ပြီး နံနက်​စောစောထ​၍ သိနာ​တောင်​ပေါ်သို့​တက်သွား​၏​။ သူ​၏​လက်​ထဲ၌​လည်း ကျောက်ပြား​နှစ်​ချပ်​ကို ယူဆောင်​သွား​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 5,
      "text": "ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ ထို​အရပ်​၌ သူ​နှင့်အတူ​ရပ်​လျက် ထာဝရဘုရား​ဟူသော​နာမ​တော်​ကို ထုတ်ဖော်​ပြသ​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 6,
      "text": "ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 7,
      "text": "မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 8,
      "text": "ထိုအခါ မောရှေ​သည် မြေ​ပေါ်သို့ အလျင်အမြန်​ဦးညွှတ်​၍ ရှိခိုးကိုးကွယ်​လျက်"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 9,
      "text": "“​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​လျှင် အကျွန်ုပ်​တို့​နှင့်အတူ ဘုရားရှင်​ကြွ​တော်မူ​ပါ​။ အကယ်စင်စစ် ဤ​သူ​တို့​သည် ခေါင်းမာ ​သော​လူမျိုး​ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​တို့​ကို ဖြေလွှတ်​လျက် အကျွန်ုပ်​တို့​ကို အမွေ​တော်​အဖြစ်​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 10,
      "text": "ထာဝရဘုရား​က​လည်း “​ငါ​ပဋိညာဉ်​ပြု​မည်​။ ကမ္ဘာမြေ​တစ်ခွင်လုံး​၌​လည်းကောင်း​၊ လူမျိုး​ရှိသမျှ​တို့​၌​လည်းကောင်း မ​ပြု​ခဲ့​ဖူး​သော​အံ့ဖွယ်အမှု​တို့​ကို သင်​၏​လူ​အပေါင်း​တို့​ရှေ့​၌ ငါ​ပြု​မည်​။ သင်​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​သည် ငါ​ထာဝရဘုရား​၏​အမှု​ကို တွေ့မြင်​ကြ​လိမ့်မည်​။ ထို​အမှု​သည် သင်​နှင့်အတူ​ငါ​ပြု​မည့် ကြောက်မက်ဖွယ်​အမှု​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 11,
      "text": "ယနေ့ သင့်​အား ငါ​မိန့်မှာ​သော​အရာ​ကို သင်​စောင့်ထိန်း​လော့​။ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ ငါ​နှင်ထုတ်​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 12,
      "text": "သင်​တို့​ဝင်ရောက်​မည့်​ပြည်​ရှိ​ပြည်သား​တို့​နှင့် မိတ်​မ​ဖွဲ့​မိ​ရန် သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် သင်​တို့​အဖို့ ထောင်ချောက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 13,
      "text": "သင်​သည် သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို ဖြိုဖျက်​ပစ်​၍ သူ​တို့​၏​ကျောက်တိုင်​များ​ကို ဖြိုလှဲ​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 14,
      "text": "သင်​သည် အခြား​သော​ဘုရား​ကို မ​ရှိခိုး​မ​ကိုးကွယ်​ရ​။ အဘယ်ကြောင့်​ဆိုသော် ထာဝရဘုရား​သည် သဝန်တို​တတ်​၏​။ နာမ​တော်​ကား သဝန်တို​သော​ဘုရား​ပေတည်း​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 15,
      "text": "သင်​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​လျှင် သူ​တို့​သည် မိမိ​တို့​၏​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သောအခါ​၌​လည်းကောင်း​၊ မိမိ​တို့​၏​ဘုရား​များ​အား ယဇ်ပူဇော်​သောအခါ​၌​လည်းကောင်း သင့်​ကို​ဖိတ်ခေါ်​၍ သင်​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​စား​မိ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 16,
      "text": "သင်​သည် သူ​တို့​၏​သမီး​များ​ကို သင့်​သား​တို့​နှင့်​စုံဖက်​စေ​သဖြင့် သူ​တို့​၏​သမီး​များ​သည် မိမိ​တို့​၏​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သောအခါ သင့်​သား​တို့​ကို​လည်း ထို​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​စေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 17,
      "text": "သင်​သည် ကိုယ့်​အဖို့ ဘုရား​ရုပ်တု​များ​ကို မ​သွန်းလုပ်​ရ​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 18,
      "text": "တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 19,
      "text": "သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သူ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ အဦးဆုံး​ပေါက်​သော တိရစ္ဆာန်​အထီး​ရှိသမျှ​တို့​ကို​လည်းကောင်း ငါ​ပိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 20,
      "text": "မြည်း​မှ အဦးဆုံး​ပေါက်​သော​အကောင်​ကို သိုးသငယ်​ဖြင့် ရွေး​ရ​မည်​။ အကယ်၍ မ​ရွေး​လို​လျှင် မြည်းသားပေါက်​၏​လည်ပင်း​ကို ချိုး​ရ​မည်​။ သင်​၏​သား​များ​ထဲမှ သားဦး​ရှိသမျှ​ကို ရွေး​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 21,
      "text": "ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ ထွန်ယက်​ချိန်​ဖြစ်စေ​၊ ရိတ်သိမ်း​ချိန်​ဖြစ်စေ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 22,
      "text": "ဂျုံ​ရိတ်သိမ်း​ရာ​ကာလ​၏​အဦးဆုံးသီးနှံ​ဖြင့် ခုနစ်သီတင်း​မြောက်​ပွဲတော်​ကို​လည်းကောင်း​၊ နှစ်ဆန်း​၌ စုသိမ်း​ရာ​ပွဲတော်​ကို​လည်းကောင်း သင်​ကျင်းပ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 23,
      "text": "ယောက်ျား​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရား​ဖြစ်​သော ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 24,
      "text": "လူမျိုးခြား​တို့​ကို သင့်​ရှေ့​မှ ငါ​နှင်ထုတ်​ပြီး သင်​၏​နယ်ပယ်​ကို ငါ​ကျယ်ဝန်း​စေ​မည်​ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ်​မျက်နှာ​လာ​ပြ​စဉ်​အတွင်း မည်သူ​မျှ သင်​၏​မြေ​ကို လိုချင်​တပ်မက်​စိတ် မ​ရှိ​စေ​ရ​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 25,
      "text": "သင်​သည် ယဇ်ကောင်​၏​သွေး​ကို တဆေးပါသောမုန့်​နှင့်အတူ ငါ့​အား မ​ပူဇော်​ရ​။ ပသခါပွဲ​၌​ပူဇော်​သော​ယဇ်ကောင်​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 26,
      "text": "သင့်​မြေ​မှ​ထွက်​သော အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့​ဖြင့် မ​ပြုတ်​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 27,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​စကား​တို့​ကို သင်​ရေးမှတ်​ထား​လော့​။ အကြောင်းမူကား ဤ​နှုတ်ထွက်စကား​တို့​အတိုင်း ငါ​သည် သင်​နှင့်​လည်းကောင်း​၊ အစ္စရေး​လူမျိုး​တို့​နှင့်​လည်းကောင်း ပဋိညာဉ်​ဖွဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 28,
      "text": "မောရှေ​သည် အစာ​ကို​မ​စား​၊ ရေ​ကို​လည်း​မ​သောက်​ဘဲ ထို​အရပ်​၌ ထာဝရဘုရား​နှင့်အတူ နေ့​ပေါင်း​လေးဆယ်​၊ ည​ပေါင်း​လေးဆယ်​နေ​လျက် ကျောက်ပြား​များ​အပေါ်​၌ ပညတ်တော် ​ဆယ်​ပါး​တည်းဟူသော ပဋိညာဉ်​ပါ​အချက်​များ​ကို ရေးသား​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 29,
      "text": "ထို့နောက် မောရှေ​သည် သိနာ​တောင်​ပေါ်မှ ဆင်းလာ​၏​။ တောင်​ပေါ်မှ ဆင်းလာ​သောအခါ မောရှေ​၏​လက်​ထဲ၌ သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ပါ​၏​။ မောရှေ​သည် ထာဝရဘုရား​နှင့်​စကားပြော​ခဲ့​ရ​သဖြင့် သူ​၏​မျက်နှာ​ထွန်းပ​သည်​ကို သူ​မ​သိ​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 30,
      "text": "အာရုန်​နှင့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် မောရှေ​ကို​မြင်​သောအခါ သူ​၏​မျက်နှာ​သည် ထွန်းပ​နေ​သဖြင့် သူ့​ထံသို့ မ​ချဉ်းကပ်​ဝံ့​ကြ​ချေ​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 31,
      "text": "သို့ရာတွင် မောရှေ​သည် သူ​တို့​ကို​ခေါ်​သဖြင့် အာရုန်​နှင့်​လူထု​ခေါင်းဆောင်​အားလုံး​တို့​သည် သူ့​ထံသို့​ပြန်လာ​ကြ​၍ မောရှေ​သည် သူ​တို့​နှင့်​စကားပြော​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 32,
      "text": "ထို့နောက်မှ အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ချဉ်းကပ်​လာ​ကြ​၍ မောရှေ​သည် သိနာ​တောင်​ပေါ်၌ မိမိ​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​အရာ​ရှိသမျှ​တို့​ကို သူ​တို့​အား ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 33,
      "text": "မောရှေ​သည် သူ​တို့​နှင့်​စကားပြော​ပြီး​သောအခါ မိမိ​မျက်နှာ​ကို မျက်နှာဖုံး​ဖြင့်​ဖုံးအုပ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 34,
      "text": "မောရှေ​သည် ထာဝရဘုရား​၏​ရှေ့​တော်​သို့​ဝင်ရောက်​၍ စကားပြော​သောအခါ သူ​ပြန်ထွက်​မ​လာ​မီ​အချိန်​အထိ မျက်နှာဖုံး​ကို မဖုံးအုပ်​ဘဲ​နေ​၏​။ သူ​ပြန်ထွက်​လာ​၍ အစ္စရေး​အမျိုးသား​တို့​အား ကိုယ်တော်​မိန့်ဆို​သော​အရာ​ကို ဆင့်ဆို​သောအခါ"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 35,
      "text": "မောရှေ​၏​မျက်နှာ​ထွန်းပ​နေ​သည်​ကို အစ္စရေး​အမျိုးသား​တို့​မြင်​ရ​၏​။ ထို့ကြောင့် မောရှေ​သည် ကိုယ်တော့်​ထံ​ဝင်​၍ ကိုယ်တော်​နှင့်​စကား​မ​ပြော​မီ​အချိန်​အထိ မိမိ​မျက်နှာ​ကို မျက်နှာဖုံး​ဖြင့် ပြန်၍​ဖုံးအုပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 1,
      "text": "မောရှေ​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ကို​စုရုံး​စေ​၍ သူ​တို့​အား “ထာဝရဘုရား​က"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 2,
      "text": "‘ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် သင်​တို့​အဖို့ သန့်ရှင်း​သော​နေ့​၊ ထာဝရဘုရား​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့ ဖြစ်​ရ​မည်​။ ထို​နေ့​၌ အလုပ်​လုပ်​သော​သူ​မည်သူမဆို အသတ်​ခံရ​မည်​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 3,
      "text": "မည်သည့်​အရပ်​၌ သင်​တို့​နေထိုင်​သည်​ဖြစ်စေ ဥပုသ်နေ့​တွင် မီး​မ​မွှေး​ရ​’​ဟူသော သင်​တို့​လိုက်နာ​ရ​မည့် ပညတ်​တို့​ကို မိန့်မှာ​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 4,
      "text": "တစ်ဖန် မောရှေ​က အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား “​ထာဝရဘုရား​က"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 5,
      "text": "‘​ထာဝရဘုရား​ထံ​တော်​သို့ အလှူပစ္စည်း​များ​ကို သင်​တို့​ယူဆောင်​ခဲ့​ကြ​လော့​။ စေတနာ​စိတ်​ရှိ​သော​သူ​တိုင်း ထာဝရဘုရား​ထံ​တော်​သို့ အလှူပစ္စည်း​အဖြစ် ရွှေ​၊ ငွေ​၊ ကြေးနီ​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 6,
      "text": "အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 7,
      "text": "အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​၊ တဟာရှ ​သားရေ​၊ အကေရှား ​သစ်သား​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 8,
      "text": "မီးထွန်း​ရန်​အတွက် ဆီ​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​အတွက် အမွှေးနံ့သာ​များ​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 9,
      "text": "ဧဖုဒ် ​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့် စီခြယ်စရာ​ကျောက်​များ​ကို ယူဆောင်​လာ​ကြ​စေ​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 10,
      "text": "သင်​တို့​ထဲမှ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည်​လည်း လာ​၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 11,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​တဲ​၊ အမိုး​၊ ချိတ်​များ​၊ ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 12,
      "text": "သေတ္တာ​နှင့် သေတ္တာ​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင် ​နှင့် ၎င်း​ကို​ကာ​ရန် ကန့်လန့်ကာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 13,
      "text": "စားပွဲ​၊ စားပွဲ​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ရှေ့​တော်​မုန့်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 14,
      "text": "မီးထွန်း​ရန်​အတွက် ဆီမီးခုံ​၊ ဆီမီးခုံ​၏​တန်ဆာပလာ​များ​၊ မီးခွက်​များ​နှင့် မီးထွန်း​ရန်​အတွက် ဆီ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 15,
      "text": "နံ့သာပေါင်း​ရှို့​ရာ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ဘိသိက်​ဆီ​နှင့် အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဝင်ဝ​၌ အဝင်ဝ​လိုက်ကာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 16,
      "text": "မီးရှို့​ရာ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 17,
      "text": "တဲတော်ဝင်း​၏​အကာ​များ​၊ ထို​အကာ​များ​၏​တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ ဝင်း​အဝင်ဝ​၏​လိုက်ကာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 18,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ငုတ်တိုင်​များ​နှင့် တဲတော်ဝင်း​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ ငုတ်တိုင်​များ​အတွက် ကြိုး​များ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 19,
      "text": "သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း​လုပ်​ကြ​စေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 20,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည်​လည်း မောရှေ​၏​ရှေ့မှောက်​မှ​ထွက်သွား​ကြ​၍"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 21,
      "text": "စိတ်အားထက်သန်​သော​သူ​၊ စိတ်စေတနာ​ရှိ​သော​သူ​အပေါင်း​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏​အမှု​ရှိသမျှ​၌​အသုံးပြု​ရန်​အတွက်​၊ သန့်ရှင်း​သော​အဝတ်တန်ဆာ​အတွက် ထာဝရဘုရား​ထံ​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 22,
      "text": "စေတနာစိတ်​ရှိ​သော ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ရင်ထိုး​၊ နားကွင်း​၊ လက်စွပ်​၊ ဆွဲကြိုး စသည့်​ရွှေ​တန်ဆာ​အမျိုးမျိုး​တို့​ကို​ယူဆောင်​လာ​ကြ​၏​။ လူ​တိုင်း ထာဝရဘုရား​ထံ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ရွှေ​ကို ချီလွှဲ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 23,
      "text": "အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​၊ ပိတ်ချောထည်​၊ ဆိတ်မွေး​၊ အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​နှင့် တဟာရှ ​သားရေ​တို့​ရှိ​သော​သူ​တိုင်း ၎င်း​တို့​ကို​ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 24,
      "text": "ငွေ​နှင့်​ကြေးနီ​ဟူသော​အလှူပစ္စည်း​တို့​ကို ပေးလှူပူဇော်​နိုင်​သော​သူ​အပေါင်း​တို့​သည် ထို​အလှူပစ္စည်း​တို့​ကို ထာဝရဘုရား​ထံ ယူဆောင်​လာ​ကြ​၏​။ အကေရှား ​သစ်သား​ရှိ​သော​သူ​အပေါင်း​တို့​သည်​လည်း ဆောင်ရွက်စရာ​အလုပ်​အမျိုးမျိုး​တို့​အတွက် ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 25,
      "text": "လက်မှုအတတ်​ကျွမ်းကျင်​သော​မိန်းမ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​လက်​ဖြင့်​ဗိုင်းငင်​ပြီးလျှင် အပြာရောင်​၊ ခရမ်းရောင်​၊ အနီရောင်​ချည်ခင်​တို့​ကို​လည်းကောင်း​၊ ပိတ်ချောထည်​ကို​လည်းကောင်း ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 26,
      "text": "စိတ်အားထက်သန်​သော​မိန်းမ​အပေါင်း​တို့​သည် ဆိတ်မွေး​ကို​ကျွမ်းကျင်​စွာ​ငင်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 27,
      "text": "ခေါင်းဆောင်​ဖြစ်​သော​သူ​တို့​သည်​လည်း ဧဖုဒ် ​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့်​စီခြယ်စရာ​ကျောက်​များ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 28,
      "text": "မီးထွန်း​ရန်​အတွက်​၊ ဘိသိက်​ဆီ​နှင့် အမွှေးနံ့သာပေါင်း​ဖော်စပ်​ရန်​အတွက် အမွှေးနံ့သာ​နှင့်​ဆီ​ကို​လည်းကောင်း ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 29,
      "text": "မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော လုပ်ဆောင်​ရ​မည့်​အလုပ်​အမျိုးမျိုး​အတွက် စိတ်စေတနာ​ရှိ​သော အစ္စရေး​အမျိုးသား​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 30,
      "text": "တစ်ဖန် မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား “​ကြည့်​လော့​။ ထာဝရဘုရား​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 31,
      "text": "သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 32,
      "text": "ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 33,
      "text": "ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 34,
      "text": "ဗေဇလေလ​နှင့် ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​တို့​အား သင်ကြား​ပေး​နိုင်​သည့်​စွမ်းရည်​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 35,
      "text": "သူ​တို့​အား ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​တော်မူ​သဖြင့် သူ​တို့​သည် လက်မှုအတတ်ပညာ​၊ ပုံဖော်ဖန်တီး​ခြင်း​အတတ်ပညာ​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည် တို့​ဖြင့် ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ခြင်း​အတတ်ပညာ​၊ အထည်​ရက်လုပ်​ခြင်း​အတတ်ပညာ​စသော အတတ်ပညာ​အမျိုးမျိုး​ကို တတ်ကျွမ်း​၏​။ သူ​တို့​သည် လက်မှုအတတ်ပညာ​အမျိုးမျိုး​လုပ်​တတ်​သော​သူ​၊ ပုံဖော်ဖန်တီး​တတ်​သော​သူ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 1,
      "text": "ဗေဇလေလ​၊ အဟောလျဘ​နှင့်တကွ ထာဝရဘုရား​ထံ​တော်​မှ ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​ရရှိ​၍ သန့်ရှင်းရာဌာန​ဆောက်လုပ်​ခြင်း​နှင့်ဆိုင်သော​အတတ်​အမျိုးမျိုး​တို့​ကို သိမြင်​လုပ်ဆောင်​နိုင်​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​သမျှ​အတိုင်း လုပ်ဆောင်​ကြ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 2,
      "text": "မောရှေ​သည် ဗေဇလေလ​နှင့် အဟောလျဘ​ကို​လည်းကောင်း​၊ ထာဝရဘုရား​ထံမှ ဉာဏ်ပညာ​ရရှိ​သော လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ အလုပ်​လာ​လုပ်​ရန်​စိတ်အားထက်သန်​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း ခေါ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 3,
      "text": "သူ​တို့​သည် သန့်ရှင်းရာဌာန​ကို​တည်ဆောက်​ခြင်း​လုပ်ငန်း​အတွက် အစ္စရေး​အမျိုးသား​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​အားလုံး​ကို မောရှေ​ထံ​မှ လက်ခံယူ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မောရှေ​ထံသို့ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​တို့​ကို ဆက်လက်​၍ နံနက်တိုင်း​ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 4,
      "text": "သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အလုပ်​အမျိုးမျိုး​ကို လုပ်ဆောင်​နေ​သော​လက်မှုပညာသည်​အပေါင်း​တို့​သည် ကိုယ်​အလုပ်လုပ်​နေ​သည့်​လုပ်ငန်းခွင်​အသီးသီး​မှ မောရှေ​ထံသို့​လာ​၍"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 5,
      "text": "“​လူ​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အလုပ်​ကို​လုပ်ဆောင်​ရန်​အတွက် လိုအပ်​သည်​ထက် ပို​နေ​ပါ​သည်​”​ဟု ပြောကြား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 6,
      "text": "မောရှေ​က​လည်း “​သန့်ရှင်းရာဌာန​တော်​အဖို့​အလှူပစ္စည်း​များ​ကို မည်သည့်​ယောက်ျား​မိန်းမ​မျှ ထပ်​မ​လုပ်​ရ​”​ဟု အမိန့်ထုတ်​၍ တပ်စခန်း​တစ်ခုလုံး​သို့ ကြေညာ​စေ​၏​။ လူ​တို့​ကို​လည်း အလှူပစ္စည်း​များ​ထပ်၍​မ​ယူဆောင်​လာ​ရန် တားမြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 7,
      "text": "အလှူပစ္စည်း​တို့​သည် လုပ်ဆောင်​ရ​မည့်​အလုပ်​ရှိသမျှ​အတွက် လုံလောက်​သည်​သာမက ပိုလျှံ​လျက်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 8,
      "text": "အလုပ်​လုပ်​သော​သူ​တို့​ထဲမှ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ရွက်ထည်​ဆယ်​ထည်​ဖြင့် လုပ်​ကြ​၏​။ ထို​ရွက်ထည်​တို့​သည် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​ထား​သော ပိတ်ချောထည်​ဖြစ်​ကြ​၏​။ ထို​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ် ​ရုပ်​များ​ကို လက်ရာမြောက်​စွာ ပုံဖော်​ထား​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 9,
      "text": "ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် နှစ်ဆယ့်​ရှစ်​တောင် ​၊ အနံ​သည် လေး​တောင် ​ရှိ​၏​။ ထို​ရွက်ထည်​အားလုံး​သည် အရွယ်အစား​တူ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 10,
      "text": "ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ​၊ အခြား​ရွက်ထည်​ငါး​ထည်​ကို တစ်တွဲ တစ်​ထည်​နှင့်​တစ်​ထည် ဆက်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 11,
      "text": "အပြာရောင်​ချည်​ဖြင့် ကွင်း​များ​ကို​လုပ်​၍ ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင်​တပ်​၏​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင်​လည်း ထို့အတူ​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 12,
      "text": "ရွက်ထည်​တစ်​တွဲ​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​၏​။ နောက်​ရွက်ထည်​တစ်​တွဲ​၏​အစွန်း​၌​တပ်​ရန်​အတွက် ကွင်း​အကွင်း​ငါးဆယ်​လုပ်​၏​။ ထို​ကွင်း​များ​သည် တစ်​ကွင်း​နှင့်​တစ်​ကွင်း​ဆိုင်​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 13,
      "text": "ရွှေ​ချိတ်​အခု​ငါးဆယ်​ကို​လည်း​လုပ်​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တစ်ဆောင်တည်း​ဖြစ်​စေရန် ထို​ချိတ်​များ​ဖြင့် ရွက်ထည်​တစ်​တွဲ​နှင့်​တစ်​တွဲ တွဲ​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 14,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​ဖုံးအုပ်​ရန် ဆိတ်မွေး​ရွက်ထည်​တဲ​အတွက် ရွက်ထည် တစ်ဆယ့်တစ်​ထည်​ကို လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 15,
      "text": "ရွက်ထည်​တစ်ထည်စီ​၏​အလျား​သည် အတောင်​သုံးဆယ် ​၊ အနံ​သည် လေး​တောင်​ရှိ​၏​။ ထို​ရွက်ထည်​တစ်ဆယ့်တစ်​ထည်​သည် အရွယ်အစား​တူ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 16,
      "text": "ရွက်ထည်​ငါး​ထည်​ကို​တစ်တွဲ​၊ ရွက်ထည်​ခြောက်​ထည်​ကို​တစ်တွဲ ဆက်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 17,
      "text": "ရွက်ထည်​တစ်တွဲ​၏​အနား​စွန်း​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ်​၊ နောက်​ရွက်ထည်​တစ်​တွဲ​၏​အနား​တစ်လျှောက်​တွင် ကွင်း​အကွင်း​ငါးဆယ် တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 18,
      "text": "တဲ​တော်​တစ်ဆောင်တည်း​ဖြစ်​စေရန် ချိတ်​ပေး​မည့် ကြေးနီ​ချိတ်​အခု​ငါးဆယ်​ကို​လည်း လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 19,
      "text": "တဲ​တော်​၏​အမိုး​ကို အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​ဖြင့်​လုပ်​၏​။ ထို​အပေါ်​၌​ထပ်မိုး​ရန်​အမိုး​ကို တဟာရှ ​သားရေ​ဖြင့် လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 20,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက်​ဘောင်​များ​ကို အကေရှား ​သစ်သား​များ​ဖြင့် လုပ်​၍ ထောင်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 21,
      "text": "ဘောင်​တစ်ခုစီ​၏​အလျား​သည် အတောင်​တစ်ဆယ် ​၊ အနံ​သည် တစ်တောင့် ​တစ်ထွာ​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 22,
      "text": "ဘောင်​တစ်​ခု​နှင့်​တစ်​ခု​ဆက်​ရန် ဘောင်​တစ်ခုစီ​၌​စရွေးတံ​နှစ်​ခု​ရှိ​၏​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​ရှိသမျှ​တို့​ကို ထို့အတူ​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 23,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တောင်ဘက်​ခြမ်း​အတွက် ဘောင်​အခု​နှစ်ဆယ်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 24,
      "text": "ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​ရှိ စရွေးတံ​နှစ်​ခု​အတွက် အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် ဘောင်​အခု​နှစ်ဆယ်​အတွက် အောက်ခံ​ငွေ​အစွပ်​အခု​လေးဆယ်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 25,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အခြား​တစ်ဖက်​ဖြစ်​သည့် မြောက်ဘက်ခြမ်း​အတွက်​လည်း ဘောင်​အခု​နှစ်ဆယ်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 26,
      "text": "ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု​၊ နောက်​ဘောင်​တစ်​ခု​အောက်​၌ အောက်ခံအစွပ်​နှစ်​ခု စသည်ဖြင့် အောက်ခံ​ငွေ​အစွပ်​လေးဆယ်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 27,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဆုံး အနောက်ဘက်​ခြမ်း​အတွက် ဘောင်​ခြောက်​ခု​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 28,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဆုံး​ရှိ ထောင့်​နှစ်ထောင့်​အတွက် ဘောင်​နှစ်​ခု​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 29,
      "text": "ထို​ဘောင်​တို့​သည် အောက်ပိုင်း​၌ နှစ်​ခွ​ဖြစ်​နေ​၏​။ ထိပ်ပိုင်း​တွင် ဘောင်​နှစ်ခုစလုံး ကွင်း​တစ်ခုတည်း​၌ အတူတူ​ချိတ်​ထား​၏​။ ထောင့်​များ​အတွက် ဘောင်​နှစ်ခုစလုံး ထိုနည်းတူ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 30,
      "text": "ထို့ကြောင့် ဘောင်​ရှစ်​ခု​ရှိ​၏​။ ဘောင်​တစ်ခုစီ​အောက်​၌ အောက်ခံအစွပ်​နှစ်ခုစီ​ရှိ​၏​။ ထို​ဘောင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ်​တစ်ဆယ့်​ခြောက်​ခု​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 31,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်​ဖက်​ရှိ​ဘောင်​များ​အတွက် အကေရှား ​သစ်သား ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 32,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နောက်​တစ်ဖက်​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အနောက်ဘက်ခြမ်း​ရှိ​ဘောင်​များ​အတွက် ကန့်လန့်ကျင်​ငါး​ချောင်း​ကို​လည်းကောင်း လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 33,
      "text": "ဘောင်​များ​၏​အလယ်​တစ်ဝက်​ရှိ အလယ်​ကန့်လန့်ကျင်​ကို တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် ထုတ်ချင်းပေါက်​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 34,
      "text": "ဘောင်​များ​ကို ရွှေ​ဖြင့်​မွမ်းမံ​၏​။ ကန့်လန့်ကျင်​လျှို​ရန်​ကွင်း​များ​ကို ရွှေ​ဖြင့်​လုပ်​၏​။ ကန့်လန့်ကျင်​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 35,
      "text": "အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ခေရုဗိမ် ​ရုပ်​ကို လက်ရာမြောက်​စွာ​ပုံဖော်​ထား​သော ကန့်လန့်ကာ​ကို​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 36,
      "text": "ကန့်လန့်ကာ​အတွက် အကေရှား ​သစ်သား​တိုင်​လေး​တိုင်​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​၏​။ ထို​တိုင်​တို့​၌ ရွှေ​ချိတ်​များ​ပါရှိ​၏​။ ထို​တိုင်​တို့​အတွက် အောက်ခံ​ငွေ​အစွပ်​လေး​ခု​ကို သွန်းလုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 37,
      "text": "တဲ​တော်​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 38,
      "text": "လိုက်ကာ​အတွက် ချိတ်​များ​ပါရှိ​သည့် တိုင်​ငါး​တိုင်​ကို​လုပ်​၍ တိုင်​ထိပ်​နှင့်​တိုင်ထိပ်အစွပ်​ကို ရွှေ​ဖြင့်​မွမ်းမံ​၏​။ တိုင်​များ​၏​အောက်ခံအစွပ်​ငါး​ခု​ကို ကြေးနီ​ဖြင့် သွန်းလုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 1,
      "text": "ဗေဇလေလ​သည် အလျား​နှစ်တောင့်ထွာ ​၊ အနံ​တစ်တောင့်ထွာ ​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော​သေတ္တာ​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 2,
      "text": "သေတ္တာ​၏​အတွင်း​အပြင်​ကို ရွှေ​စင်​ဖြင့်​မွမ်းမံ​ပြီး ထို​သေတ္တာ​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 3,
      "text": "ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ သေတ္တာ​၏​ခြေ​လေး​ချောင်း​ဘေး​တစ်ဖက်​၌​နှစ်​ကွင်း​၊ အခြား​ဘေး​တစ်ဖက်​၌​နှစ်​ကွင်း တပ်ဆင်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 4,
      "text": "အကေရှား ​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 5,
      "text": "သေတ္တာ​ကို​ထမ်း​ရန် ထမ်းပိုး​တို့​ကို သေတ္တာ​၏​ဘေး​တစ်ဖက်တစ်ချက်​ရှိ ကွင်း​များ​ထဲသို့ လျှို​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 6,
      "text": "အလျား​နှစ်တောင့်ထွာ​၊ အနံ​တစ်တောင့်ထွာ​ရှိ​သော ကရုဏာ​တော်​ပလ္လင် ​ကို​လည်း ရွှေ​စင်​ဖြင့်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 7,
      "text": "ကရုဏာ​တော်​ပလ္လင်​၏​အစွန်း​နှစ်​ဖက်​၌ ခေရုဗိမ် ​နှစ်​ပါး​ကို ရွှေ​ဖြင့်​ထုလုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 8,
      "text": "ခေရုဗိမ် ​တစ်​ပါး​ကို အစွန်း​တစ်ဖက်​၌​လည်းကောင်း​၊ ကျန်​ခေရုဗိမ်​တစ်​ပါး​ကို အခြား​အစွန်း​တစ်ဖက်​၌​လည်းကောင်း ခေရုဗိမ်​တို့​ကို ကရုဏာ​တော်​ပလ္လင် ​နှင့်တစ်သားတည်း​ဖြစ်​အောင် ပလ္လင်​၏​အစွန်း​နှစ်​ဖက်​တွင် ထုလုပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 9,
      "text": "ခေရုဗိမ် ​တို့​သည် အတောင်​များ​ကို အထက်​သို့​ဖြန့်​လျက်​၊ သူ​တို့​၏​အတောင်​များ​ဖြင့် ကရုဏာ​တော်​ပလ္လင် ​ကို​အုပ်မိုး​လျက်​၊ တစ်ပါး​နှင့်​တစ်ပါး​မျက်နှာချင်းဆိုင်​လျက် ရှိ​၏​။ ခေရုဗိမ်​တို့​သည် ကရုဏာ​တော်​ပလ္လင် ​ဘက်​သို့ မျက်နှာမူ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 10,
      "text": "အလျား​နှစ်တောင် ​၊ အနံ​တစ်တောင် ​၊ အမြင့်​တစ်တောင့်ထွာ​ရှိ​သော​စားပွဲ​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 11,
      "text": "ရွှေ​စင်​ဖြင့်​မွမ်းမံ​၏​။ အနား​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 12,
      "text": "အနား​ပတ်ပတ်လည်​၌ လက်တစ်ဝါး ​အကျယ်​ရှိ​သော​ဘောင်​ကို​လုပ်​၍ ထို​ဘောင်​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 13,
      "text": "ထို​စားပွဲ​အတွက် ရွှေ​ကွင်း​လေး​ကွင်း​ကို​သွန်းလုပ်​၍ ထို​ကွင်း​များ​ကို စားပွဲ​၏​ခြေ​လေး​ချောင်း​ရှိ ထောင့်​လေး​ထောင့်​၌ တပ်ဆင်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 14,
      "text": "ထို​ကွင်း​များ​သည် စားပွဲ​ကို​ထမ်း​ရန်​ထမ်းပိုး​များ​လျှိုစရာ​အဖြစ် ဘောင်​နှင့်​ကပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 15,
      "text": "အကေရှား ​သစ်သား​ဖြင့် ထမ်းပိုး​များ​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​၏​။ ထို​ထမ်းပိုး​များ​ဖြင့် စားပွဲ​ကို​ထမ်း​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 16,
      "text": "ပူဇော်သက္ကာ​သွန်းလောင်း​ရာ​တွင်​အသုံးပြု​ရန် လင်ပန်း​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​၊ ကရား​များ စသည့်​စားပွဲ​ပေါ်​တင်ထား​ရ​မည့်​အသုံးအဆောင်​များ​ကို ရွှေ​စင်​ဖြင့် လုပ်ထား​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 17,
      "text": "ရွှေ​စင်​ဖြင့်​ဆီမီးခုံ​ကို လုပ်​၏​။ ဆီမီးခုံတိုင်​၊ ဆီမီးခုံ​၏​အလက်​၊ ခွက်​များ​၊ ပွင့်ဖတ်အုံ​များ​၊ ပွင့်ဖတ်​များ​ကို တစ်သားတည်း​ဖြစ်​အောင် ထုလုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 18,
      "text": "ဆီမီးခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​မှ တစ်ဖက်​တွင် ဆီမီးခုံ​အလက်​သုံး​လက်​၊ အခြား​တစ်ဖက်​တွင် ဆီမီးခုံ​အလက်​သုံး​လက် အားလုံးပေါင်း အလက်​ခြောက်​လက်​ထွက်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 19,
      "text": "အလက်​တစ်​ခု​၌ ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​သုံး​ခွက်​ရှိ​၏​။ အခြား​အလက်​တစ်​ခု​၌​လည်း ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​သုံး​ခွက်​ရှိ​၏​။ ဆီမီးခုံ​မှ​ထွက်​သော​အလက်​ခြောက်​လက်​သည် တူ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 20,
      "text": "ဆီမီးခုံ​၌​လည်း ပွင့်ဖတ်အုံ​နှင့်​ပွင့်ဖတ်​ပါ​သော မက်မွန်ပွင့်သဏ္ဌာန်​ခွက်​လေး​ခွက်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 21,
      "text": "ဆီမီးခုံ​မှ​ထွက်​သော​အလက်​ခြောက်​လက်​တွင် အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု​၊ နောက်​အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု​၊ နောက်​အလက်​တစ်စုံ​၏​အရင်း​၌ ပွင့်ဖတ်အုံ​တစ်​ခု ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 22,
      "text": "အလက်​နှင့် အလက်​တို့​၏​ပွင့်ဖတ်အုံ​များ​သည် ဆီမီးခုံ​နှင့်​တစ်သားတည်း​ဖြစ်​၏​။ ဆီမီးခုံ​တစ်ခုလုံး​ကို ရွှေ​စင်​တစ်တုံးတည်း​နှင့် ထုလုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 23,
      "text": "ဆီမီးခုံ​ရှိ မီးခွက်​ခုနစ်လုံး​၊ မီးညှပ်​နှင့် မီးကျီးခံဗန်း​တို့​ကို ရွှေ​စင်​ဖြင့် ထုလုပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 24,
      "text": "ဆီမီးခုံ​မှစ၍ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ရွှေ​စင်​တစ်​တာလန် ​နှင့် ထုလုပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 25,
      "text": "နံ့သာပေါင်း​ရှို့​ရာ​ယဇ်ပလ္လင်​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်ထား​၏​။ ထို​ယဇ်ပလ္လင်​သည် အလျား​တစ်တောင်​၊ အနံ​တစ်တောင် စတုရန်း​ပုံ​ဖြစ်၍ အမြင့်​နှစ်တောင်​ရှိ​၏​။ ယဇ်ပလ္လင်​၏​ချို​များ​သည် ယဇ်ပလ္လင်​နှင့်​တစ်ဆက်တည်း​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 26,
      "text": "ယဇ်ပလ္လင်​၏​အပေါ်ပိုင်း​ကို​လည်းကောင်း​၊ ဘေး​ပတ်ပတ်လည်​ကို​လည်းကောင်း​၊ ချို​များ​ကို​လည်းကောင်း ရွှေ​စင်​ဖြင့်​မွမ်းမံ​၏​။ ယဇ်ပလ္လင်​အပေါ်ပိုင်း​ပတ်ပတ်လည်​ကို ရွှေ​ဖြင့်​ခြယ်လှယ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 27,
      "text": "ရွှေ​ဖြင့်​ခြယ်လှယ်​ထား​သော​အပိုင်း​၏​အောက်နား​၊ ယဇ်ပလ္လင်​ဘေး​နှစ်​ဖက် တစ်ဖက်တစ်ချက်​တွင် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​တပ်​ထား​၏​။ ထို​ကွင်း​တို့​သည် ယဇ်ပလ္လင်​ကို​ထမ်း​ရန် ထမ်းပိုး​များ​လျှိုစရာ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 28,
      "text": "ထမ်းပိုး​တို့​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 29,
      "text": "အမွှေးနံ့သာ​ဖော်စပ်နည်း​အတိုင်း သန့်ရှင်း​သော​ဘိသိက်​ဆီ​၊ စင်ကြယ်​သော​အမွှေးနံ့သာပေါင်း​တို့​ကို ဖော်စပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 1,
      "text": "မီးရှို့​ရာ​ယဇ်ပလ္လင်​ကို​အကေရှား ​သစ်သား​ဖြင့် လုပ်​ထား​၏​။ ထို​ယဇ်ပလ္လင်​သည် အလျား​ငါး​တောင် ​၊ အနံ​ငါး​တောင် စတုရန်း​ပုံ​ဖြစ်၍ အမြင့်​သုံး​တောင် ​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 2,
      "text": "ယဇ်ပလ္လင်​၏​ထောင့်​လေး​ထောင့်​၌ ချို​များ​ကို​လုပ်​၍ ထို​ချို​များ​သည် ယဇ်ပလ္လင်​နှင့်တစ်ဆက်တည်း​ဖြစ်​၏​။ ယဇ်ပလ္လင်​ကို ကြေးနီ​ဖြင့်​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 3,
      "text": "အိုး​၊ ဂေါ်ပြား​၊ ဇလုံ​၊ ခက်ရင်းခွ​၊ မီးကျီးခံဗန်း စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြေးနီ​ဖြင့်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 4,
      "text": "ယဇ်ပလ္လင်​၏​အောက်​ဘက်​အလယ်​နား​တွင် အစွန်းထွက်​နေ​သော​နေရာ​၏​အောက်​၌​ထား​ရ​မည့် ကြေးနီ​စကာ​မီးကျီးခံပြား​ကို​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 5,
      "text": "ထမ်းပိုး​များ​လျှိုစရာ​ကွင်း​လေး​ကွင်း​ကို ကြေးနီ​မီးကျီးခံပြား​ထောင့်​လေး​ထောင့်​တွင် သွန်းလုပ်တပ်ဆင်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 6,
      "text": "ထမ်းပိုး​များ​ကို အကေရှား ​သစ်သား​ဖြင့်​လုပ်​၍ ကြေးနီ​ဖြင့်​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 7,
      "text": "ယဇ်ပလ္လင်​ကို​ထမ်း​ရန် ယဇ်ပလ္လင်​၏​ဘေး​တစ်ဖက်တစ်ချက်​၌​ရှိ​သော​ကွင်း​များ​ထဲသို့ ထမ်းပိုး​တို့​ကို​လျှိုသွင်း​ထား​၏​။ ယဇ်ပလ္လင်​ကို ပျဉ်ပြား​များ​ဖြင့် အခေါင်းပေါက်​ဖြစ်​အောင်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 8,
      "text": "ကြေးနီ​အင်တုံ​နှင့်​ကြေးနီ​ခြေတိုင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အဝင်ဝ​၌​အစေခံ​သော အမျိုးသမီး​တို့​၏​ကြေးမုံ​ဖြင့် လုပ်ထား​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 9,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဝင်း​ကို​လည်း လုပ်​၏​။ ထို​ဝင်း​၏​တောင်ဘက်ခြမ်း​တစ်ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ ​ရှိ​သော​အကာ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 10,
      "text": "ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 11,
      "text": "မြောက်ဘက်ခြမ်း​အတွက် အလျား​အတောင်​တစ်ရာ​ရှည်​သော​အကာ​ကို​လုပ်​၏​။ ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 12,
      "text": "အနောက်​ဘက်ခြမ်း​အတွက် အတောင်​ငါးဆယ် ​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​ဆယ်​တိုင်​၊ တိုင်​အောက်ခံအစွပ်​ဆယ်​ခု​လုပ်​၏​။ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လုပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 13,
      "text": "နေထွက်​ရာ​အရပ် ဝင်း​အရှေ့​ဘက်ခြမ်း​သည် အတောင်​ငါးဆယ်​ရှိ​၍"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 14,
      "text": "ဝင်း​အဝင်ဝ​တစ်ဘက်​၌ တစ်ဆယ့်​ငါး​တောင် ​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု​၊"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 15,
      "text": "ကျန်​တစ်ဘက်​၌​လည်း တစ်ဆယ့်​ငါး​တောင်​ရှိ​သော​အကာ​နှင့်တကွ အကာ​အတွက် တိုင်​သုံး​တိုင်​၊ တိုင်​အောက်ခံအစွပ်​သုံး​ခု​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 16,
      "text": "ဝင်း​ပတ်ပတ်လည်​၏​အကာ​ရှိသမျှ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 17,
      "text": "တိုင်​အောက်ခံအစွပ်​များ​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​၏​။ တိုင်​ထိပ်​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။ ဝင်း​တိုင်​အားလုံး​၏​ထိပ်​ကို ငွေ​အစွပ်​ဖြင့်​စွပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 18,
      "text": "ဝင်း​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို​လုပ်​၏​။ ထို​လိုက်ကာ​၏​အလျား​သည် အတောင်​နှစ်ဆယ် ​၊ အနံ​သည် ဝင်း​အကာ​၏​အမြင့်​အတိုင်း ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 19,
      "text": "ဝင်းတံခါး​အတွက် တိုင်​လေး​တိုင်​၊ တိုင်​အောက်ခံ​ကြေးနီ​အစွပ်​လေး​ခု​နှင့် ငွေ​ချိတ်​ကို​လုပ်​၏​။ တိုင်​ထိပ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 20,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ဝင်း​ပတ်ပတ်လည်​အတွက် ငုတ်တိုင်​အားလုံး​ကို ကြေးနီ​ဖြင့်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 21,
      "text": "မောရှေ​ပြော​သည့်​အတိုင်း သက်သေခံ​တော်မူ​ချက်​ထားရှိ​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အတွက် ပြုစု​ထား​သော​ပစ္စည်း​စာရင်း​ကား ဤသို့တည်း​။ ထို​စာရင်း​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သား​ဣသမာ​ဦးဆောင်​၍ လေဝိ​အမျိုး​တို့​က ပြုစု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 22,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​အားလုံး​ကို ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​သည် လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 23,
      "text": "ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား​အဟောလျဘ​သည်​လည်း သူ​နှင့်အတူ လုပ်​၏​။ အဟောလျဘ​သည် လက်မှုအတတ်​၊ ပုံဖော်​သော​အတတ်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည် တို့​ဖြင့် ပိတ်ချောထည်​ပေါ်တွင် ပန်းထိုးသောအတတ်​တို့​ကို ကျွမ်းကျင်သူ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 24,
      "text": "သန့်ရှင်းရာဌာန​တော်​တည်ဆောက်​ခြင်း​အမှု​ရှိသမျှ​တို့​တွင် အသုံးပြု​သော​ရွှေ​ချိန်​စုစုပေါင်း​မှာ သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ချီလွှဲရာပူဇော်သက္ကာ​ရွှေ နှစ်ဆယ့်​ကိုး​တာလန် ခုနစ်​ရာ့​သုံးဆယ်​ရှယ်ကယ် ရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 25,
      "text": "စာရင်းဝင်​သော​လူထု​တို့ ပေးလှူ​သော​ငွေ​သည် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ တစ်ရာ​တာလန် တစ်ထောင့်​ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ရှယ်ကယ် ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 26,
      "text": "အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက် ​ဖြစ်​သော တစ်​ဗေကာ ​ကို ပေးဆောင်​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 27,
      "text": "ငွေ​တာလန်​တစ်ရာ​ဖြင့် သန့်ရှင်းရာဌာန​အတွက် အောက်ခံအစွပ်​များ​နှင့် ကန့်လန့်ကာ​အတွက် အောက်ခံအစွပ်​များ​ကို သွန်းလုပ်​၏​။ အောက်ခံအစွပ်​တစ်​ခု​လျှင် တစ်​တာလန် ​၊ အောက်ခံအစွပ်​တစ်ရာ​အတွက် တာလန်​တစ်ရာ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 28,
      "text": "ကျန်​ငွေ​တစ်ထောင့်​ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ရှယ်ကယ် ​ဖြင့် တိုင်​၏​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို​လုပ်​၍ တိုင်​ထိပ်​ကို​မွမ်းမံ​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 29,
      "text": "ချီလွှဲရာပူဇော်သက္ကာ​ကြေးနီ​သည်​လည်း ခုနစ်ဆယ်​တာလန် နှစ်ထောင့်​လေး​ရာ​ရှယ်ကယ် ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 30,
      "text": "ထို​ကြေးနီ​ဖြင့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကြေးနီ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​ကို​လည်းကောင်း​၊ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 31,
      "text": "ဝင်း​ပတ်ပတ်လည်​အတွက် အောက်ခံအစွပ်​နှင့် ဝင်း​တံခါး​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ငုတ်တိုင်​ရှိသမျှ​နှင့် ဝင်း​ပတ်ပတ်လည်​၏​ငုတ်တိုင်​ရှိသမျှ​ကို​လည်းကောင်း လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 1,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သန့်ရှင်းရာတဲ​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​ဖို့ ရက်ထည်​ဝတ်ရုံ​ကို အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ရက်လုပ်​၏​။ အာရုန်​အတွက် သန့်ရှင်း​သော​အဝတ်တန်ဆာ​ကို​လည်း ရက်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 2,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဧဖုဒ် ​ကို ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​သော​ပိတ်ချောထည်​ဖြင့် ချုပ်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 3,
      "text": "ရွှေ​ကို အပြား​ခတ်​၍ ရွှေ​ချည်မျှင်​တို့​ကို​လုပ်​၏​။ ထို​ရွှေ​ချည်မျှင်​နှင့် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်ချည်​ဖြင့် ပိတ်ချောထည်​ကို လက်ရာမြောက်​စွာ​ရက်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 4,
      "text": "ဧဖုဒ်​၏​ပခုံးအစွန်း​နှစ်​ခု​ကို​ဆက်​ရန် ပခုံးသိုင်းကြိုး​ကို​လည်း လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 5,
      "text": "ဧဖုဒ် ​ပေါ်ရှိ ခါးပတ်ပြား​ကို​လည်း ဧဖုဒ်​လုပ်​သကဲ့သို့ပင် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် ချုပ်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 6,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း မဟူရာကြောင်ဝင်​ကျောက်​ကို​သွေး​၍ ကမ္ပည်း​တံဆိပ်​အဖြစ် အစ္စရေး​၏​သား​တို့​အမည်​ကို ကမ္ပည်းထိုး​ပြီး ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 7,
      "text": "ထို​ကျောက်​တို့​ကို အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​ကျောက်​အဖြစ် ဧဖုဒ် ​၏​ပခုံးသိုင်းကြိုး​အပေါ်​၌ တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 8,
      "text": "ရင်ခံပြား​ကို ဧဖုဒ် ​လုပ်​သကဲ့သို့ ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် လက်ရာမြောက်​စွာ ချုပ်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 9,
      "text": "ထို​ရင်ခံပြား​ကို နှစ်လွှာ​လုပ်​၏​။ ထို​နှစ်လွှာ​သည် အလျား​တစ်ထွာ ​၊ အနံ​တစ်ထွာ စတုရန်း​ပုံ​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 10,
      "text": "ရင်ခံပြား​ပေါ်၌ ကျောက်​ကို လေး​တန်း​စီ​၍ တပ်​ထား​၏​။ ပထမ​အတန်း​ကား ပတ္တမြား​၊ ဥဿဖရား​၊ ဂေါ်မုတ်နီ ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 11,
      "text": "ဒုတိယ​အတန်း​ကား မြ​၊ နီလာ​၊ စိန်​ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 12,
      "text": "တတိယ​အတန်း​ကား ဂေါ်မိတ်နီ​၊ မဟူရာ​၊ ခရမ်းစွဲ ဖြစ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 13,
      "text": "စတုတ္ထ​အတန်း​ကား ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့ ဖြစ်​၏​။ ၎င်း​တို့​ကို ရွှေ​ကျောက်မျက်အိုး​ထဲ၌ ထားရှိ​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 14,
      "text": "ထို​ကျောက်​တစ်ဆယ့်​နှစ်​လုံး​သည် အစ္စရေး​၏​သား​တစ်ဆယ့်နှစ်​ယောက်​တို့​၏​အမည်​များ​အလိုက် စီထား​၏​။ ကမ္ပည်း​တံဆိပ်​အဖြစ် မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​၏​နာမည်​ကို ကျောက်​တစ်လုံးစီ​၌ ရေးထိုး​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 15,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 16,
      "text": "ရွှေ​ကျောက်မျက်အိုး​နှစ်​ခု​နှင့် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လည်း​လုပ်​၍ ထို​ကွင်း​နှစ်​ကွင်း​ကို ရင်ခံပြား​အစွန်း​နှစ်​ဖက်​၌ တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 17,
      "text": "ရွှေ​ကြိုး​နှစ်​ချောင်း​ကို ရင်ခံပြား​အစွန်း​တို့​၌​ရှိ​သော ကွင်း​နှစ်​ကွင်း​တွင်​တပ်​ပြီး"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 18,
      "text": "ကြိုး​နှစ်​ချောင်း​၏​ကျန်​အစွန်း​နှစ်​ဖက်​ကို ဧဖုဒ် ​၏​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​ပေါ်ရှိ ကျောက်မျက်အိုး​နှစ်​ခု​၌ တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 19,
      "text": "နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ် ​နှင့်​ဆက်​လျက်​ရှိ​သော ရင်ခံပြား​အတွင်းလွှာ​၏​အနားစွန်း​နှစ်​ဖက်​၌ တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 20,
      "text": "နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ် ​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​နှစ်​ချောင်း​၏​အောက်​ဘက်​၊ ဧဖုဒ် ​၏​ခါးပတ်ပြား​ဆက်​ရာ​ပေါ်၌ တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 21,
      "text": "ရင်ခံပြား​ကို ဧဖုဒ် ​မှ​မ​ကွာ​စေ​ဘဲ ဧဖုဒ် ​၏​ခါးပတ်ပြား အထက်​၌​ရှိ​နေ​စေရန် ထို​ရင်ခံပြား​၏​ကွင်း​များ​နှင့် ဧဖုဒ် ​၏​ကွင်း​များ​ကို အပြာရောင်​ကြိုး​ဖြင့်​တွဲချည်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 22,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဧဖုဒ် ​အောက်​ရှိ​ဝတ်လုံ​ကို အပြာရောင်​ချည်​သက်သက်​ဖြင့် ရက်​လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 23,
      "text": "ဝတ်လုံ​၏​လည်ပင်းပေါက်​သည် သံချပ်အင်္ကျီ​လည်ပင်းပေါက်​ကဲ့သို့ ဖြစ်​၏​။ ထို​လည်ပင်းပေါက်​မ​စုတ်​မ​ပြဲ​စေရန် ပတ်ပတ်လည်​၌ အနားပတ်​ကို ရက်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 24,
      "text": "ဝတ်လုံ​၏​အောက်နား​အတွက် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် သလဲသီး​ပုံ​များ​ကို ချုပ်လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 25,
      "text": "ရွှေ​စင်​ဆည်းလည်း​များ​ကို​လည်း​လုပ်​၍ ထို​ဆည်းလည်း​များ​ကို ဝတ်လုံ​၏​အောက်နား​ပတ်ပတ်လည်​ရှိ သလဲသီး​ပုံ​များ​အကြား​တွင် တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 26,
      "text": "အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော ဝတ်လုံ​၏​အောက်နား​ပတ်ပတ်လည်​တွင် ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး​၊ ရွှေ​ဆည်းလည်း​တစ်​လုံး သလဲသီး​တစ်​လုံး တစ်လုံးခြားစီ တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 27,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​အတွက် ရက်လုပ်​ထား​သော​ပိတ်ချောထည် အတွင်းသင်တိုင်း​များ​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 28,
      "text": "ပိတ်ချောထည်​ခေါင်းပေါင်း​၊ ပိတ်ချောထည်​ဦးထုပ်​များ​၊ ပိတ်ချောထည်​ဘောင်းဘီ​များ​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 29,
      "text": "အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည်​တို့​ဖြင့် ပန်းထိုး​ထား​သော​ပိတ်ချောထည်​ခါးစည်း​များ​ကို​လည်း လုပ်​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 30,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သန့်ရှင်း​သော​ရွှေ​စင်​ပြား​သရဖူ​ကို​လုပ်​၍ ကမ္ပည်း​တံဆိပ်​အဖြစ် ထို​ရွှေစင်​ပြား​ပေါ်၌ “​ထာဝရဘုရား​၌​သန့်ရှင်း​ခြင်း​”​ဟု ရေးထိုး​ပြီးလျှင်"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 31,
      "text": "ထို​သရဖူ​ကို ခေါင်းပေါင်း​ပေါ်​၌ အပြာရောင်​ကြိုး​ဖြင့်​ချည်​ပြီး တပ်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 32,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​လုပ်ငန်း​ရှိသမျှ​ကို တစ်သဝေမတိမ်း လုပ်ဆောင်​ပြီးစီး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 33,
      "text": "ထို့နောက် သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်းဟူသော တဲ​တော်​မှစ၍ ချိတ်​များ​၊ ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ စသည့်​တဲ​တော်​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 34,
      "text": "အနီရောင်ဆိုး​ထား​သော​သိုးထီး​သားရေ​အမိုး​၊ တဟာရှ ​သားရေ​အမိုး​နှင့် ကာ​ရန်​ကန့်လန့်ကာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 35,
      "text": "သက်သေခံချက်​သေတ္တာ​တော်​နှင့် သေတ္တာ​တော်​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင် ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 36,
      "text": "စားပွဲ​နှင့် စားပွဲ​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ ရှေ့​တော်​မုန့်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 37,
      "text": "ရွှေ​စင်​ဆီမီးခုံ​၊ ဆီမီးခုံ​ပေါ် တစ်တန်းတည်း​ရှိ​နေ​သော​မီးခွက်​များ​၊ ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​နှင့် မီးထွန်း​ရန်​အတွက် ဆီ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 38,
      "text": "ရွှေ​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း​၊ တဲ​တော်​အဝင်ဝ​လိုက်ကာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 39,
      "text": "ကြေးနီ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက်​ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 40,
      "text": "တဲတော်ဝင်း​၏​အကာ​များ​၊ ထို​အကာ​များ​၏​တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ ဝင်း​တံခါး​၏​လိုက်ကာ​ကို​လည်းကောင်း​၊ ဝင်း​အတွက်​ကြိုး​များ​နှင့်​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​တော်​နှင့်ဆိုင်သည့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 41,
      "text": "သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း မောရှေ​ထံသို့ ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 42,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် အလုပ်​ရှိသမျှ​တို့​ကို လုပ်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 43,
      "text": "မောရှေ​သည် အစ္စရေး​အမျိုးသား​တို့ လုပ်ဆောင်​သော​အလုပ်​အားလုံး​ကို စစ်ဆေးကြည့်​သောအခါ သူ​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လုပ်ဆောင်​ကြ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် မောရှေ​သည် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 2,
      "text": "“​ပထမ​လ​၏​ပထမ​နေ့​၌ သင်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​၍"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 3,
      "text": "ကိန်းဝပ်​တော်မူ​ရာ​ဌာန​ထဲ၌ သက်သေခံချက်​သေတ္တာ​တော်​ကို ထား​ပြီးလျှင် ထို​သေတ္တာ​တော်​ကို ကန့်လန့်ကာ​ဖြင့် ကာ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 4,
      "text": "စားပွဲ​ကို​လည်း​သွင်း​၍ နေရာတကျ ခင်းကျင်း​ရ​မည်​။ ဆီမီးခုံ​ကို​လည်း​သွင်း​၍ မီးခွက်​များ​ကို ပြင်ဆင်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 5,
      "text": "နံ့သာပေါင်း​ရွှေ​ယဇ်ပလ္လင်​ကို သက်သေခံချက်​သေတ္တာ​တော်​၏​ရှေ့​၌​ထား​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဝင်ဝ​၌ လိုက်ကာ​တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 6,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဝင်ဝ​၏​ရှေ့တည့်တည့်​၌ မီးရှို့​ရာ​ယဇ်ပလ္လင်​ကို ထား​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 7,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​အကြား​၌ အင်တုံ​ကို​ထား​၍ ရေ​ကို​ထည့်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 8,
      "text": "တဲ​တော်​ပတ်ပတ်လည်​ကို ဝင်း​ကာ​၍ ဝင်း​အဝင်ဝ​ကို လိုက်ကာ​တပ်​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 9,
      "text": "ဘိသိက်​ဆီ​ကို​ယူ​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဘိသိက်သွန်း​၍ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို သန့်ရှင်း​စေ​ရ​မည်​။ ထိုအခါ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် သန့်ရှင်း​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 10,
      "text": "မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်း ဘိသိက်သွန်း​၍ ယဇ်ပလ္လင်​ကို​သန့်ရှင်း​စေ​ရ​မည်​။ ထိုအခါ အထူး​သန့်ရှင်း​သော​ယဇ်ပလ္လင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 11,
      "text": "အင်တုံ​နှင့်​အင်တုံ​၏​ခြေတိုင်​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 12,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ ခေါ်လာ​၍ သူ​တို့​ကို ရေ​ဖြင့်​ဆေးကြော​ပြီးလျှင်"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 13,
      "text": "အာရုန်​ကို သန့်ရှင်း​သော​အဝတ်တန်ဆာ ဝတ်ဆင်​ပေး​ရ​မည်​။ သူ​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌ အမှု​တော်​ကို​ဆောင်ရွက်​ရန် သူ့​ကို​ဘိသိက်ပေး​၍ သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 14,
      "text": "သူ​၏​သား​တို့​ကို​လည်း ခေါ်လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ကို ဝတ်ဆင်​ပေး​ရ​မည်​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 15,
      "text": "သူ​တို့​သည် ငါ့​ထံ၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရန် သူ​တို့​၏​ဖခင်​ကို ဘိသိက်ပေး​သကဲ့သို့ သူ​တို့​ကို ဘိသိက်ပေး​ရ​မည်​။ ထိုသို့ ဘိသိက်ပေး​ခြင်း​သည် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို အစဉ်အမြဲ​ဆက်ခံ​စေရန်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 16,
      "text": "မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း ပြု​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 17,
      "text": "ဒုတိယ​နှစ်​၊ ပထမ​လ​၏​ပထမ​နေ့​၌ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 18,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​ရာ​တွင် အောက်ခံအစွပ်​များ​ကို​နေရာချ​၏​။ ဘောင်​များ​ကို​ထောင်​၏​။ ကန့်လန့်ကျင်​များ​ကို​လျှို​၏​။ တိုင်​များ​ကို​ထူ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 19,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​တွင် တဲ​တော်​ကို​ဖြန့်မိုး​၍ ထို​အပေါ်​တွင် တဲ​တော်​အမိုး​ကို ထပ်မိုး​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 20,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်သေခံချက်​ကို​ယူ​၍ သေတ္တာ​ထဲ​ထည့်​၏​။ သေတ္တာ​ကွင်း​၌ ထမ်းပိုး​များ​ကို​လျှို​၍ သေတ္တာ​ပေါ်၌ ကရုဏာ​တော်​ပလ္လင် ​ကို​တင်​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 21,
      "text": "သေတ္တာ​ကို ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ထဲသို့ ယူဆောင်​လာ​ပြီး သက်သေခံချက်​သေတ္တာ​တော်​ကို​ကာ​ရန် ကန့်လန့်ကာ​တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 22,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း စားပွဲ​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​မြောက်ဘက်ခြမ်း ကန့်လန့်ကာ​အပြင်ဘက်​တွင် ထား​၍"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 23,
      "text": "ထာဝရဘုရား​ရှေ့​တော်​၊ စားပွဲ​ပေါ်၌ မုန့်​ကို နေရာတကျ​ခင်းကျင်း​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 24,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆီမီးခုံ​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​တောင်​ဘက်ခြမ်း စားပွဲ​နှင့်​မျက်နှာချင်းဆိုင်​ထား​၍"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 25,
      "text": "ထာဝရဘုရား​ရှေ့​တော်​၌ မီးခွက်​များ​ကို ထွန်း​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 26,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ရွှေ​ယဇ်ပလ္လင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း ကန့်လန့်ကာ​ရှေ့​၌​ထား​၍"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 27,
      "text": "ယဇ်ပလ္လင်​ပေါ်၌ အမွှေးနံ့သာပေါင်း​ကို​ရှို့​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 28,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အဝင်ဝ​၌ လိုက်ကာ​ကို​တပ်​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 29,
      "text": "မီးရှို့​ရာ​ယဇ်ပလ္လင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အဝင်ဝ​၏​ရှေ့​တည့်တည့်​၌​ထား​၍ ယဇ်ပလ္လင်​ပေါ်၌ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ပူဇော်​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 30,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အင်တုံ​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် ယဇ်ပလ္လင်​ကြား​၌​ထား​၍ ဆေးကြော​ရန်​ရေ​ကို အင်တုံ​ထဲ၌ ထည့်​ထား​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 31,
      "text": "မောရှေ​နှင့်တကွ အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​အင်တုံ​၌ မိမိ​တို့​၏​ခြေ​လက်​ကို ဆေးကြော​ရ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 32,
      "text": "သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ​၌​ဖြစ်စေ​၊ ယဇ်ပလ္လင်​သို့​ချဉ်းကပ်​သောအခါ​၌​ဖြစ်စေ ထို​အင်တုံ​၌ မိမိ​တို့​ခြေ​လက်​ကို​ဆေးကြော​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 33,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ပတ်ပတ်လည်​ကို ဝင်း​ကာ​၍ ဝင်း​အဝင်ဝ​ကို လိုက်ကာ​တပ်​၏​။ ဤသို့ဖြင့် မောရှေ​သည် အလုပ်​ကို ပြီးစီး​စေ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 34,
      "text": "ထိုအခါ မိုးတိမ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​ဖုံးလွှမ်း​၍ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ဖြင့်​ပြည့်​လေ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 35,
      "text": "မိုးတိမ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ပေါ်၌​တည်​နေ​၍ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​သောကြောင့် မောရှေ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ မ​ဝင်​နိုင်​ပေ​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 36,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ခရီးလမ်း​တစ်လျှောက်လုံး​တွင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​မှ မိုးတိမ်​ကွာ​သောအခါ ခရီးပြု​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 37,
      "text": "မိုးတိမ်​မ​ကွာ​လျှင် ကွာ​သော​နေ့​အထိ သူ​တို့​သည် ခရီး​မ​ပြု​ဘဲ​နေ​ကြ​၏​။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 38,
      "text": "ခရီးလမ်း​တစ်လျှောက်လုံး​တွင် ထာဝရဘုရား​၏​မိုးတိမ်​သည် နေ့အချိန်​တွင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌​ရှိ​၍ ညအချိန်​တွင် မိုးတိမ်​ထဲ၌ မီး​လင်း​နေ​သည်​ကို အစ္စရေး​အမျိုးသား​အပေါင်း​တို့​မြင်​ရ​၏​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 1,
      "text": "ထာဝရဘုရား​သည် မောရှေ​အား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​မှ ခေါ်​၍"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 2,
      "text": "“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​သင်​တို့​တွင် တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​ထံ ပူဇော်သက္ကာ​ကို တိရစ္ဆာန်​ထဲမှ​ပူဇော်​လို​လျှင် နွား​ကို​ဖြစ်စေ​၊ သိုးဆိတ်​ကို​ဖြစ်စေ ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 3,
      "text": "သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 4,
      "text": "သူ့​လက်​ကို မီးရှို့ရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​သောအခါ ထို​ယဇ်​ကို သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ယဇ်​အဖြစ် လက်ခံ​တော်မူ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 5,
      "text": "သူ​သည် နွားထီးပျို​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူဆောင်​လာ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ထို​သွေး​ကို ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 6,
      "text": "သူ​သည် မီးရှို့ရာယဇ်ကောင်​ကို အရေဆုတ်​ပြီး ထို​ယဇ်ကောင်​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​၏​သား​တို့​သည် ယဇ်ပလ္လင်​ပေါ်၌​မီး​ထည့်​၍ မီး​ပေါ်တွင် ထင်း​များ​ကို စီ​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 8,
      "text": "အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့်​ထင်း​များ​ပေါ်၌ ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို စီ​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 9,
      "text": "သူ​သည် အူ​နှင့်​ခြေထောက်​ကို ရေ​ဖြင့်​ဆေးကြော​ရ​မည်​။ ထို့နောက် ယဇ်ပုရောဟိတ်​သည် ထို​အရာ​အားလုံး​ကို မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 10,
      "text": "သူ​သည် သိုးဆိတ်​များ​ထဲမှ သိုး​ကို​ဖြစ်စေ​၊ ဆိတ်​ကို​ဖြစ်စေ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 11,
      "text": "ယဇ်ကောင်​ကို ယဇ်ပလ္လင်​၏​မြောက်ဘက်ခြမ်း ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ကောင်​၏​သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 12,
      "text": "သူ​သည် ယဇ်ကောင်​ကို​အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ထို​ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့် ထင်း​များ​ပေါ်၌ စီထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 13,
      "text": "သူ​သည် အူ​နှင့်​ခြေထောက်​ကို ရေ​ဖြင့်​ဆေးကြော​ရ​မည်​။ ထို့နောက် ယဇ်ပုရောဟိတ်​သည် ထို​အရာ​အားလုံး​ကို ယူဆောင်​လာ​၍ မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 14,
      "text": "သူ​သည် ထာဝရဘုရား​အား ငှက်​ကို​မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် ချိုးငှက်​ကို​ဖြစ်စေ​၊ ခိုငယ်​ကို​ဖြစ်စေ ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 15,
      "text": "ယဇ်ပုရောဟိတ်​သည် ငှက်​ကို ယဇ်ပလ္လင်​သို့​ယူဆောင်​လာ​၍ ခေါင်း​ကို​လိမ်ချိုး​ပြီးလျှင် ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ငှက်​၏​သွေး​ကို ယဇ်ပလ္လင်​၏​နံရံ​ပေါ် ညှစ်ချ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 16,
      "text": "သူ​သည် စလုတ်​နှင့်​အမွေး​ကို ဖယ်ရှား​၍ ၎င်း​တို့​ကို ယဇ်ပလ္လင်​၏​အရှေ့ဘက်​နား​ရှိ ပြာပုံ​၌ ပစ်လိုက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 17,
      "text": "ငှက်​ကို အတောင်ပံ​မှ ဆွဲဖြဲ​ရ​မည်​။ နှစ်ပိုင်း​မ​ပြတ်​စေ​ရ​။ ယဇ်ပုရောဟိတ်​သည် ၎င်း​ကို မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့် ထင်း​များ​ပေါ်၌​ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 1,
      "text": "တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​အား ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လို​လျှင် အကောင်းဆုံး​ဂျုံမှုန့်​ကို ပူဇော်​ရ​မည်​။ ဂျုံမှုန့်​ပေါ်တွင် ဆီ​ကို​လောင်း​၍ လော်ဗန်​ကို တင်​ထား​ပြီးလျှင်"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 2,
      "text": "အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​ထံသို့ ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ထို​ပူဇော်သက္ကာ​ထဲမှ လော်ဗန်​ရှိသမျှ​နှင့်တကွ အကောင်းဆုံး​ဂျုံမှုန့်​နှင့်​ဆီ​ကို လက်တစ်ဆုပ်စာ​ယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 3,
      "text": "ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​သည် အာရုန်​နှင့်​သူ​၏​သား​တို့​အဖို့ ဖြစ်​ရ​မည်​။ ထာဝရဘုရား​အား မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ထဲမှ အထူး​သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 4,
      "text": "သင်​သည် မီးဖို​နှင့်​ဖုတ်သောမုန့်​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​လို​လျှင် အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​ပြုလုပ်​သည့် ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 5,
      "text": "ဒယ်ပြား​ပေါ်တွင်​လုပ်​သော​မုန့်​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​လို​လျှင် အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​ပြုလုပ်​သည့် ဆီ​နှင့်​ရော​သော​တဆေးမဲ့မုန့်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 6,
      "text": "ထို​မုန့်​ကို တစ်စစီ​ချိုးဖဲ့​၍ ထို​မုန့်​ပေါ်၌ ဆီ​လောင်း​ရ​မည်​။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 7,
      "text": "သင်​သည် အိုးကင်း​ဖြင့် ကြော်​သော​မုန့်​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​လို​လျှင် အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​လုပ်​၍ ဆီ​ဖြင့်​ကြော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 8,
      "text": "အကောင်းဆုံး​ဂျုံမှုန့်​တို့​ဖြင့် ပြုလုပ်​ထား​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ​ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​ထံ​အပ်​၍ သူ​သည် ယဇ်ပလ္လင်​သို့​ယူသွား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​ကို ဘောဇဉ်ပူဇော်သက္ကာ​ထဲမှ​ယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 10,
      "text": "ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​သည် အာရုန်​နှင့်​သူ​၏​သား​တို့​အဖို့ ဖြစ်​ရ​မည်​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ထဲမှ အထူး​သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 11,
      "text": "ထာဝရဘုရား​အား သင်​တို့​ပူဇော်​သည့်​ဘောဇဉ်ပူဇော်သက္ကာ​တိုင်း​သည် တဆေးပါသောမုန့်​မ​ဖြစ်​ရ​။ တဆေး​ဖြစ်စေ​၊ ပျားရည်​ဖြစ်စေ မည်သည်​ကို​မျှ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မ​ရှို့​ရ​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 12,
      "text": "သို့သော် ၎င်း​တို့​ကို အသီးဦး​ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အား ပူဇော်​နိုင်​၏​။ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ မ​ရှို့​ရ​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 13,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​ပြုလေတိုင်း ဆား​ခတ်​ရ​မည်​။ ထို​ဘောဇဉ်ပူဇော်သက္ကာ​ထဲ​၌ ဘုရားသခင်​၏​ပဋိညာဉ်​ဆား​ကို ခတ်​ရန်​မ​မေ့​နှင့်​။ သင်​ပူဇော်သက္ကာ​ပြုလေတိုင်း ဆား​ခတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 14,
      "text": "သင်​သည် အဦးဆုံးသီးနှံ​၏​ဘောဇဉ်ပူဇော်သက္ကာ​ကို ထာဝရဘုရား​အား ပူဇော်​လို​လျှင် အဦးဆုံးသီးနှံ​ကို အနှံ​လိုက်​မီး​ကင်​၍ အစေ့​ကို​ကြိတ်​ပြီး ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 15,
      "text": "၎င်း​ပေါ်တွင် ဆီ​ထည့်​၍ လော်ဗန်​ကို တင်​ထား​ရ​မည်​။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​သည် လော်ဗန်​ရှိသမျှ​နှင့်တကွ ကြိတ်​ထား​သော​အစေ့​နှင့်​ဆီ​ထဲမှ ပူဇော်သက္ကာ​အမှတ်သညာ​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 1,
      "text": "သူ​သည် နွား​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော အထီး​ကို​ဖြစ်စေ​၊ အမ​ကို​ဖြစ်စေ ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 2,
      "text": "သူ​သည် မိမိ​ပူဇော်​သော​နွား​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 3,
      "text": "သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိတ်သဟာယယဇ်ကောင်​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 4,
      "text": "ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​ကို ယူဆောင်​လာ​၍"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 5,
      "text": "၎င်း​ကို အာရုန်​၏​သား​တို့​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့် ထင်း​များ​ပေါ်၌​တင်​ထား​သော မီးရှို့ရာယဇ်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 6,
      "text": "သူ​သည် ထာဝရဘုရား​အား သိုးဆိတ်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​၊ သို့မဟုတ် အမ​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 7,
      "text": "သိုးသငယ်​ကို ပူဇော်​လို​လျှင် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 8,
      "text": "သူ​သည် မိမိ​ပူဇော်​သော​သိုးသငယ်​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​သိုးသငယ်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 9,
      "text": "သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိတ်သဟာယယဇ်ကောင်​၏​ကျောရိုး​နှင့်​ဆက်​နေ​သော အမြီးပိုင်း​တစ်ခုလုံး​မှ ခွာယူ​သည့်​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 10,
      "text": "ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့်​အသည်း​ပေါ်မှ​အဆီပျဉ် တို့​ကို ယူဆောင်​လာ​၍"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 11,
      "text": "ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ပူဇော်သက္ကာ​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 12,
      "text": "သူ​သည် ဆိတ်​ကို​ပူဇော်​လို​လျှင် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 13,
      "text": "သူ​သည် ဆိတ်​၏​ခေါင်း​ပေါ်၌ မိမိ​လက်​ကို​တင်​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​တို့​သည် သွေး​ကို​ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 14,
      "text": "သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိမိ​ပူဇော်​သော​ယဇ်ကောင်​၏​အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့် အဆီ​အားလုံး​၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 15,
      "text": "ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​တို့​နှင့်အတူ အသည်း​ပေါ်မှ​ခွာယူ​သည့်​အဆီပျဉ်​ကို ယူဆောင်​လာ​၍"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​သည် မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ပူဇော်သက္ကာ​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ အဆီ​ရှိသမျှ​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 17,
      "text": "သင်​တို့​သည် မည်သည့်​အဆီ​၊ မည်သည့်​သွေး​ကို​မျှ မ​စား​ရ​။ ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော​ပညတ်တော်​ထဲမှ ပညတ်ချက်​တစ်ခုခု​ကို တစ်စုံတစ်ယောက်​သည် မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 3,
      "text": "ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် အပြစ်ပြု​သဖြင့် လူ​တို့​အပေါ် အပြစ်​သက်ရောက်​စေ​လျှင်​လည်းကောင်း သူ​ကျူးလွန်​သော​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သည့် နွားထီးပျို​တစ်​ကောင်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 4,
      "text": "သူ​သည် နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ ဆွဲခေါ်​လာ​၍ မိမိ​လက်​ကို နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ နွားထီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 5,
      "text": "ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​သည် မိမိ​၏​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​ရ​မည်​။ သွေး​အချို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ သန့်ရှင်းရာဌာန​၏​ကန့်လန့်ကာ​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 7,
      "text": "သွေး​အချို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် အမွှေးနံ့သာပေါင်း​ယဇ်ပလ္လင်​၏​ချို​များ​၌ သုတ်လိမ်း​ရ​မည်​။ နွားထီး​၏​ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 8,
      "text": "အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 9,
      "text": "ခါး​အောက်ပိုင်း​ရှိ​ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော နွားထီး​၏​အဆီ​အားလုံး​ကို"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 10,
      "text": "မိတ်သဟာယယဇ်​ဖြစ်​သော​နွား​မှ​ထုတ်ယူ​သည့်​အတိုင်း ထုတ်ယူ​ရ​မည်​။ ထို​အဆီ​တို့​ကို ယဇ်ပုရောဟိတ်​သည် မီးရှို့​ရာ​ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 11,
      "text": "သို့သော် နွားထီး​၏​အရေခွံ​၊ အသား​အားလုံး​နှင့်တကွ ဦးခေါင်း​နှင့် ခြေထောက်​၊ အူ​နှင့် မစင်​မှစ၍"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 12,
      "text": "နွားထီး​ကိုယ်ထည်​တစ်ကိုယ်လုံး​ကို ပြာ​ပုံထားရာ​တပ်စခန်း​အပြင်ဘက်​၊ သန့်ရှင်း​သော​နေရာ​သို့​ယူသွား​၍ ထင်း​မီး​ပေါ်၌ ရှို့​ရ​မည်​။ ပြာ​ပုံထားရာ နေရာ​တွင် ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 13,
      "text": "အစ္စရေး​လူထု​အပေါင်း​တို့​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​မိ​ပြီး လူအစုအဝေး​တို့​သည် ထို​အမှု​ကို အပြစ်​ဖြစ်​မှန်း​မသိမမြင်​သော်လည်း သူ​တို့​အပေါ်​အပြစ်​သက်ရောက်​၍"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 14,
      "text": "သူ​တို့​ကျူးလွန်​သော​အပြစ်​ထင်ရှား​လျှင် ထို​လူအစုအဝေး​သည် နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ ထို​နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ ဆွဲခေါ်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 15,
      "text": "လူထု​ထဲမှ​သက်ကြီးဝါကြီး​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​လက်​ကို နွားထီး​၏​ခေါင်း​ပေါ်တွင် တင်​ရ​မည်​။ နွားထီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 16,
      "text": "ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် နွားထီး​၏​သွေး​အချို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ယူသွား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 17,
      "text": "ယဇ်ပုရောဟိတ်​သည် မိမိ​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​၍ ထာဝရဘုရား​ရှေ့​တော်​၊ ကန့်လန့်ကာ​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 18,
      "text": "ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် ယဇ်ပလ္လင်​ချို​များ​ကို​လည်း ထို​သွေး​ဖြင့်​သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 19,
      "text": "နွားထီး​၏​အဆီ​ရှိသမျှ​ကို ထုတ်ယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 20,
      "text": "အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို ပူဇော်​သည့်​အတိုင်း ဤ​နွားထီး​ကို ပူဇော်​ရ​မည်​။ ထိုသို့​ပူဇော်​ခြင်း​အားဖြင့် ယဇ်ပုရောဟိတ်​သည် သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​တို့​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 21,
      "text": "ထို​နွားထီး​ကို တပ်စခန်း​၏​အပြင်ဘက်​သို့ ယူသွား​၍ ပထမ​နွားထီး​ကို​ရှို့​သည့်​အတိုင်း ရှို့​ရ​မည်​။ ဤသည်ကား လူအစုအဝေး​အတွက်​အပြစ်ဖြေရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 22,
      "text": "ခေါင်းဆောင်​ဖြစ်​သူ​သည် ‘​မ​လုပ်​ရ​’​ဟု မိမိ​၏​ဘုရားသခင် ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 23,
      "text": "သူ​ကျူးလွန်​မိ​သော​အပြစ်​ကို တစ်စုံတစ်ယောက်​က သူ့​အား ဖော်ပြ​လျှင် အပြစ်အနာအဆာကင်း​သော ဆိတ်သငယ်​အထီး​တစ်​ကောင်​ကို ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 24,
      "text": "သူ​သည် မိမိ​လက်​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ၎င်း​ကို​သတ်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 25,
      "text": "ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ပြီးလျှင် ကျန်​သော​သွေး​ကို မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 26,
      "text": "အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်ကောင်​၏​အဆီ​ကို​ရှို့​သကဲ့သို့ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ယဇ်ပုရောဟိတ်​သည် ခေါင်းဆောင်​၏​အပြစ်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 27,
      "text": "သာမန်လူ​ထဲမှ​တစ်စုံတစ်ယောက်​သည် ‘မ​လုပ်​ရ’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​၍"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 28,
      "text": "သူ​ကျူးလွန်​မိ​သော​အပြစ်​ကို တစ်စုံတစ်ယောက်​က သူ့​အား ဖော်ပြ​လျှင် သူ​ကျူးလွန်​မိ​သော​အပြစ်​အတွက် အပြစ်အနာအဆာကင်း​သည့် ဆိတ်သငယ်​အမ​တစ်​ကောင်​ကို ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 29,
      "text": "သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်ကောင်​ကို သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​သည် ဆိတ်သငယ်​အမ​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 31,
      "text": "အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်ကောင်​မှ​အဆီ​ကို​ခွာယူ​သကဲ့သို့ ခွာယူ​ရ​မည်​။ ထို​အဆီ​တို့​ကို ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ယဇ်ပုရောဟိတ်​သည် သူ့​အတွက်​အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 32,
      "text": "သူ​သည် အပြစ်ဖြေရာယဇ်​အတွက် သိုးသငယ်​ကို ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​လျှင် အပြစ်အနာအဆာကင်း​သော​အမ​ကို​ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 33,
      "text": "သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ ၎င်း​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်​အဖြစ် သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 34,
      "text": "ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ မီးရှို့​ရာ​ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 35,
      "text": "အဆီ​ရှိသမျှ​ကို​လည်း မိတ်သဟာယယဇ်​ဖြစ်​သော​သိုး​မှ အဆီ​ကို​ခွာယူ​သကဲ့သို့ ခွာယူ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ထို​အဆီ​တို့​ကို ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်ကောင်​ပေါ်​တင်​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထိုသို့ ထို​သူ​ကျူးလွန်​သော​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 1,
      "text": "တစ်စုံတစ်ယောက်​သည် ကျိန်ဆို​သံ​ကို​ကြား​သော်လည်း မိမိ​မြင်​သော​အရာ​၊ သိ​သော​အရာ​ကို သက်သေ​အဖြစ် ထုတ်ဖော်​ပြောဆို​ခြင်း​မ​ပြု​လျှင် အပြစ်​ပြု​ရာ​ရောက်​၍ သူ​သည် အပြစ်ဒဏ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 2,
      "text": "တစ်စုံတစ်ယောက်​သည် မစင်ကြယ်​သော​တောရိုင်းတိရစ္ဆာန်​အသေကောင်​၊ ယဉ်ပါးသောတိရစ္ဆာန်​အသေကောင်​၊ တွားသွားသောတိရစ္ဆာန်​အသေကောင်​စသည့် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​အား ထိမိ​သည်​ကို သတိမမူ​မိ​လျှင်​လည်း သူ​သည် မစင်ကြယ်​ရာ​သို့​ရောက်​၍ သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 3,
      "text": "သူ​သည် လူ​၏​အညစ်အကြေး​ဖြစ်​သည့် လူ​ကို​မစင်ကြယ်​စေ​သော အညစ်အကြေး​တစ်စုံတစ်ရာ​အား ထိမိ​သည်​ကို သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ​ထိမိ​သည်​ကို သိလာ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 4,
      "text": "တစ်စုံတစ်ယောက်​သည် ဆိုးညစ်​သော​အမှု​ကို​ပြု​မည်​၊ ကောင်း​သော​အမှု​ကို​ပြု​မည်​ဟူ၍ နှုတ်​ဖြင့်​မဆင်မခြင်​ကျိန်ဆို​ပြီး ထို​မဆင်မခြင်​ကျိန်ဆို​သော​အရာ​ကို သူ​သည် သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ ထို​အရာ​ကို သိလာ​လျှင်​လည်း ထို​ကျိန်ဆို​သော​အရာ​တစ်စုံတစ်ခု​ကြောင့် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 5,
      "text": "ထို​သူ​အပေါ် ထိုသို့သော​အပြစ်​တစ်စုံတစ်ရာ​သက်ရောက်​လျှင် သူ​ကျူးလွန်​မိ​သော​အပြစ်​ကို ဖော်ပြဝန်ခံ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 6,
      "text": "သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​ရန် သိုးဆိတ်​တို့​ထဲမှ သိုးသငယ်အမ​ကို​ဖြစ်စေ​၊ ဆိတ်သငယ်​အမ​ကို​ဖြစ်စေ အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံသို့​ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သူ့​အတွက် အပြစ်​ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 7,
      "text": "သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 8,
      "text": "၎င်း​တို့​ကို ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ပြီး အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​သော​အကောင်​ကို ဦးစွာ​ပူဇော်​ရ​မည်​။ ၎င်း​၏​ခေါင်း​ကို လည်ပင်း​မှ​ချိုး​ရ​မည်​။ သို့သော် မ​ပြတ်​စေ​ရ​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 9,
      "text": "အပြစ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို ယဇ်ပလ္လင်​၏​နံရံ​၌ ဖျန်း​၍ ကျန်​သော​သွေး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ ညှစ်ချ​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 10,
      "text": "ကျန်​တစ်​ကောင်​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ ထိုသို့ ထို​သူ​ကျူးလွန်​သော​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 11,
      "text": "သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သည့်​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို ယူဆောင်​လာ​၍ ပူဇော်​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်၍ ၎င်း​အပေါ်​၌ ဆီ​မ​ထည့်​ရ​။ လော်ဗန်​ကို​လည်း မ​တင်​ရ​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 12,
      "text": "၎င်း​ကို ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ပြီး ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ၎င်း​ထဲမှ လက်တစ်ဆုပ်စာ​ယူ​၍ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်ကောင်​ပေါ်​တင်​၍ ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ဤသည်ကား အပြစ်ဖြေရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 13,
      "text": "ထိုသို့သော​အပြစ်​တစ်စုံတစ်ရာ​ကို ကျူးလွန်​မိ​ခဲ့​သော​သူ​၏​အပြစ်​အတွက် ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။ ကျန်ရှိ​သော​အရာ​သည် ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့ပင် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 14,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 15,
      "text": "“​တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​၏​သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အပေါ် မရည်ရွယ်​ဘဲ​ပြစ်မှား​ခြင်း​ဖြင့် မှားယွင်းမှု​ကို​ပြု​မိ​လျှင် သူ​သည် အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​သော​ငွေ​ရှယ်ကယ်​အတိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 16,
      "text": "သူ​ပြစ်မှား​မိ​ခဲ့​သည့် သန့်ရှင်းသောအရာ​တစ်စုံတစ်ခု​အတွက် အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သိုးထီး​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ခြင်း​ဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 17,
      "text": "တစ်စုံတစ်ယောက်​သည် ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော ပညတ်ချက်​တစ်ခုခု​ကို လုပ်​မိ​၍ အပြစ်ပြု​မိ​မှန်း​ကို မ​သိ​လျှင်​လည်း သူ့​အပေါ် အပြစ်​သက်ရောက်​၍ သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 18,
      "text": "သူ​သည် သင်​တန်ဖိုး​ဖြတ်​သည့်​အတိုင်း သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။ ထို​သူ မရည်ရွယ်​ဘဲ​မှား​ခဲ့​သည့်​အမှား​ကို သူ​မ​သိ​သော်လည်း ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 19,
      "text": "ဤသည်ကား တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​သည့်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 2,
      "text": "“​တစ်စုံတစ်ယောက်​သည် အပ်နှံပစ္စည်း​၊ အာမခံပစ္စည်း​၊ လုယက်ယူ​သော​ပစ္စည်း​တို့​နှင့်​ပတ်သက်၍ မိမိ​၏​အိမ်နီးချင်း​ကို​လှည့်စား​ခြင်း​ဖြင့်​လည်းကောင်း​၊ မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်ပြု​ခြင်း​ဖြင့်​လည်းကောင်း အပြစ်ပြု​၍ ထာဝရဘုရား​ရှေ့​တော်​၌ မှားယွင်းမှု​ကို​ပြု​လျှင်​၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 3,
      "text": "ပျောက်​သော​ပစ္စည်း​ကို တွေ့​ထား​သော်လည်း ၎င်း​နှင့်​ပတ်သက်၍ လိမ်ညာ​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​ပြု​သော​အမှု​တစ်စုံတစ်ခု​နှင့်​ပတ်သက်၍ မဟုတ်မမှန်​ကျိန်ဆို​ခြင်း​ဖြင့်​လည်းကောင်း ထိုသို့သော​အမှု​တို့​ဖြင့်​အပြစ်ပြု​လျှင်"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 4,
      "text": "သူ​သည် အပြစ်ပြု​၍ အပြစ်​သက်ရောက်​သောကြောင့် လုယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ အနိုင်အထက်ပြု​ခြင်း​ဖြင့်​ရယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ ယုံကြည်​၍​အပ်နှံ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ တွေ့​ထား​သည့်​ပစ္စည်း​ကို​ဖြစ်စေ ပြန်ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 5,
      "text": "မဟုတ်မမှန်​ကျိန်ဆို​ထား​သော​အရာ​အားလုံး​နှင့်​ပတ်သက်၍ တန်ရာတန်ကြေး​အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​သော​နေ့​၌ပင် သက်ဆိုင်သူ​ကို အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 6,
      "text": "သူ​သည် မိမိ​၏​အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​ထား​သည့်​အတိုင်း သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ရှေ့​တော် ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​စေ​သော သူ​ကျူးလွန်​ခဲ့​သည့်​အပြစ်​အတွက် အပြစ်လွှတ်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 9,
      "text": "“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ မီးရှို့ရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ မီးရှို့ရာယဇ်ကောင်​ကို ယဇ်ပလ္လင်​ပေါ်​ရှိ မီးတောက်​ပေါ်တွင် နံနက်​တိုင်အောင် တစ်ညလုံး​ရှိ​စေ​၍ ယဇ်ပလ္လင်​၏​မီး​သည် တောက်လောင်​လျက်​နေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​သည် ကိုယ်​ပေါ်၌ ပိတ်ချော​အင်္ကျီ​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီး​လောင်ကျွမ်း​ထား​သည့်​မီးရှို့ရာယဇ်​၏​ပြာပုံ​ကို ထုတ်ယူ​ပြီး ယဇ်ပလ္လင်​၏​ဘေး​၌ ပုံထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 11,
      "text": "ထို့နောက် သူ​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို​ချွတ်​၍ အခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် ပြာပုံ​ကို တပ်စခန်း​အပြင်ဘက်​၊ သန့်ရှင်း​သော​နေရာ​သို့ ယူဆောင်​သွား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 12,
      "text": "ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ တောက်လောင်​လျက်​နေ​စေ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် နံနက်တိုင်း ယဇ်ပလ္လင်​ပေါ်၌ ထင်း​မီးထိုး​၍ မီးရှို့ရာယဇ်​ကို​ခင်းကျင်း​ပြီး ၎င်း​ပေါ်တွင် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​အဆီ​ကို ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 13,
      "text": "ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ အစဉ်မပြတ် တောက်လောင်​လျက်​နေ​စေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 14,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အာရုန်​၏​သား​တို့​သည် ဘောဇဉ်ပူဇော်သက္ကာ​ကို ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 15,
      "text": "ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ဘောဇဉ်ပူဇော်သက္ကာ​ပေါ်​ရှိ လော်ဗန်​ရှိသမျှ​နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ​မှ အကောင်းဆုံး​ဂျုံမှုန့်​နှင့်​ဆီ​ကို လက်တစ်ဆုပ်စာ​ယူ​ရ​မည်​။ ၎င်း​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 16,
      "text": "ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို အာရုန်​နှင့်​သူ​၏​သား​တို့ စား​ရ​မည်​။ ၎င်း​ကို တဆေးမဲ့မုန့်​ဖုတ်​၍ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​ဝင်း​ထဲ၌​ပင် စား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 17,
      "text": "တဆေး​ထည့်​၍ မ​ဖုတ်​ရ​။ ငါ့​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ထဲမှ ၎င်း​ကို သူ​တို့​၏​ဝေစု​အဖြစ် ငါ​ပေး​၏​။ ၎င်း​သည် အပြစ်ဖြေရာယဇ်​နှင့် အပြစ်ဒဏ်ဖြေရာယဇ်​ကဲ့သို့ပင် အလွန်​သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 18,
      "text": "၎င်း​ကို အာရုန်​၏​သားမြေး​တို့​တွင် ယောက်ျား​တိုင်း စား​ခွင့်​ရှိ​၏​။ ဤသည်ကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​နှင့်​ပတ်သက်၍ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ၎င်း​တို့​ကို​ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 19,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 20,
      "text": "“​အာရုန်​နှင့်​သူ​၏​သား​တို့​သည် ဘိသိက်ခံ​သော​နေ့​၌ ထာဝရဘုရား​အား​ပူဇော်​ရ​မည့် ပူဇော်သက္ကာ​မှာ ဤသို့​ဖြစ်​၏​။ အကောင်းဆုံး​ဂျုံမှုန့် တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို နေ့စဉ်​ပူဇော်​ရ​သော​ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နံနက်အချိန်​၌​တစ်ဝက်​၊ နေဝင်ချိန်​၌​တစ်ဝက် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 21,
      "text": "၎င်း​ကို ဒယ်ပြား​တွင် ဆီ​ဖြင့်​နယ်​ပြီး ယူလာ​ရ​မည်​။ ၎င်း​ကို တစ်စစီ​ဖဲ့​၍ ထို​ဘောဇဉ်ပူဇော်သက္ကာ​အစအန​များ​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​အား​ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 22,
      "text": "အာရုန်​၏​သားမြေး​များ​ထဲမှ သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​သော ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် ထို​ပူဇော်သက္ကာ​ကို​ပူဇော်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်ပြီး ထာဝရဘုရား​အား​ပူဇော်​သော ထို​ပူဇော်သက္ကာ​ကို အကုန်အစင်​လောင်ကျွမ်း​အောင် ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 23,
      "text": "ယဇ်ပုရောဟိတ်​ပူဇော်​သမျှ​သော ဘောဇဉ်ပူဇော်သက္ကာ​သည် အကုန်အစင်​လောင်ကျွမ်း​ရ​မည်​။ ၎င်း​ကို​မ​စား​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 24,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 25,
      "text": "“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ အပြစ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ ဤ​ယဇ်​သည် အလွန်​သန့်ရှင်းသောယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 26,
      "text": "အပြစ်ဖြေရာယဇ်​ကို​ပူဇော်​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်​ကို စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်း​အတွင်း သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 27,
      "text": "ထို​ယဇ်​၏​အသား​ကို​ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။ ယဇ်ကောင်​၏​သွေး​သည် အဝတ်​ကို​စဉ်​လျှင် သွေး​စဉ်​ထား​သော​အဝတ်​ကို သန့်ရှင်း​သော​နေရာ​၌ လျှော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 28,
      "text": "ထို​အသား​ပြုတ်​သော​မြေ​အိုး​ကို ခွဲပစ်​ရ​မည်​။ ကြေးနီ​အိုး​ဖြင့်​ပြုတ်​လျှင် အိုး​ကို​တိုက်ချွတ်​၍ ရေ​ဖြင့်​ဆေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 29,
      "text": "ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ထို​အသား​ကို​စား​ခွင့်​ရှိ​၏​။ ဤ​အပြစ်ဖြေရာယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 30,
      "text": "မည်သည့်​အပြစ်ဖြေရာယဇ်ကောင်​မဆို ၎င်း​၏​သွေး​ကို သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ပြု​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင်း​သို့ ယူဆောင်​လာ​လျှင် ထို​ယဇ်ကောင်​၏​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 1,
      "text": "အပြစ်ဒဏ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဒဏ်​ဖြေ​ရာ​ယဇ်​သည် အလွန်​သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 2,
      "text": "အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 3,
      "text": "အမြီးပိုင်း​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​နှင့်တကွ"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 4,
      "text": "ခါး​အောက်ပိုင်း​ရှိ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော ယဇ်ကောင်​၏​အဆီ​အားလုံး​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 5,
      "text": "၎င်း​တို့​ကို ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပုရောဟိတ်​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ယဇ်ကောင်​အသား​ကို​စား​ခွင့်​ရှိ​၏​။ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ဤ​ယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 7,
      "text": "အပြစ်ဒဏ်ဖြေရာယဇ်​သည် အပြစ်ဖြေရာယဇ်​ကဲ့သို့ပင်​ဖြစ်ပြီး ၎င်း​တို့​နှင့်ဆိုင်သော​တရား​သည် တစ်ပါးတည်း​ဖြစ်​၏​။ ယဇ်ကောင်​ဖြင့် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်ကောင်​ကို ပိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 8,
      "text": "ယဇ်ပုရောဟိတ်​သည် တစ်စုံတစ်ဦး​အတွက် မီးရှို့ရာယဇ်​ကို ပူဇော်​ပေး​လျှင် ထို​ယဇ်ပုရောဟိတ်​သည် သူ​ပူဇော်​ပေး​သော​မီးရှို့ရာယဇ်ကောင်​၏​သားရေ​ကို ပိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 9,
      "text": "မီးဖို​ထဲ၌​ဖုတ်​သော​ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​နှင့် အိုးကင်း​၊ ဒယ်ပြား​ဖြင့်​လုပ်​သော​မုန့်​အားလုံး​ကို ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ပေး​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 10,
      "text": "ဆီ​ဖြင့်​ရော​သည်​ဖြစ်စေ​၊ မရော​သည်​ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​ကို အာရုန်​၏​သား​အပေါင်း​တို့ ညီတူညီမျှ ပိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 11,
      "text": "ထာဝရဘုရား​အား ပူဇော်​သည့် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 12,
      "text": "မိတ်သဟာယယဇ်​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် ပူဇော်​လို​လျှင် ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​နှင့်အတူ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​၊ အကောင်းဆုံး​ဂျုံမှုန့်​ကို​ဆီ​နှင့်​နယ်​၍ လုပ်​ထား​သော​မုန့်ဝိုင်း​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 13,
      "text": "ထို့ပြင် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် မိတ်သဟာယယဇ်​နှင့်အတူ တဆေးပါ​သော​မုန့်ဝိုင်း​ကို​လည်း ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 14,
      "text": "ထို​ပူဇော်သက္ကာ​မုန့်​တစ်မျိုးစီ​ထဲမှ တစ်ခုစီ​ကို ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​အလှူပစ္စည်း​အဖြစ် ပူဇော်​ရ​မည်​။ ထို​မုန့်​တို့​ကို မိတ်သဟာယယဇ်ကောင်​၏​သွေး​ကို​ဖျန်း​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 15,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက်​ပူဇော်​သော မိတ်သဟာယယဇ်​အသား​ကို ပူဇော်​သော​နေ့​၌ပင် စား​ရ​မည်​။ ထို​အသား​ကို နံနက်​တိုင်အောင် မ​ချန်ထား​ရ​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 16,
      "text": "ကတိသစ္စာ​ပြု​ခြင်း​အတွက်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​ခြင်း​အတွက် ပူဇော်​သော​ယဇ်​ဖြစ်လျှင် ထို​ယဇ်ကောင်​ကို ပူဇော်​သော​နေ့​၌ စား​ရ​မည်​။ အကျန်​ကို နောက်တစ်နေ့​၌​လည်း စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 17,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ ထို​ယဇ်ကောင်​၏​ကျန်​သော​အသား​ကို မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 18,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ မိတ်သဟာယယဇ်​အသား​ကို အနည်းငယ်​မျှပင်​စား​မိ​လျှင် ထို​ယဇ်​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ပူဇော်​သော​သူ​ကို​လည်း အသိအမှတ်​ပြု​မည်​မ​ဟုတ်​။ ထို​ယဇ်​သည် ရွံရှာဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စား​မိ​သော​သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 19,
      "text": "မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​နှင့်​ထိမိ​သော​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။ သန့်ရှင်း​သော​အသား​ကို စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 20,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​ကိုယ်​ပေါ်၌ အညစ်အကြေး​ရှိ​လျက်​နှင့် ထာဝရဘုရား​အား ပူဇော်​သော​မိတ်သဟာယယဇ်ကောင်​၏​အသား​ကို​စား​လျှင် ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 21,
      "text": "တစ်စုံတစ်ဦး​သည် လူ​၏​အညစ်အကြေး​ကို​ဖြစ်စေ​၊ မစင်ကြယ်​သော​တိရစ္ဆာန်​ကို​ဖြစ်စေ​၊ မစင်ကြယ်​သော​ရွံရှာဖွယ်​ရာ တစ်စုံတစ်ခု​ကို​ဖြစ်စေ မစင်ကြယ်​သော​မည်သည့်​အရာ​ကို​မ​ဆို ထိမိ​ပြီး ထာဝရဘုရား​အဖို့ ပူဇော်​သော​မိတ်သဟာယယဇ်ကောင်​၏​အသား​ကို​စား​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 22,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 23,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် နွား​၊ သိုး​၊ ဆိတ်​တို့​၏​အဆီ​မှန်သမျှ မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 24,
      "text": "အလိုလို​သေ​သော​အကောင်​၏​အဆီ​၊ သားရဲ​ကိုက်သတ်​သော​အကောင်​၏​အဆီ​ကို တစ်စုံတစ်ရာ​အတွက်​အသုံး​ပြု​နိုင်​သော်လည်း လုံးဝ​မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 25,
      "text": "တစ်စုံတစ်ဦး​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​တိရစ္ဆာန်​၏​အဆီ​ကို​စား​လျှင် စား​သော​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 26,
      "text": "သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ငှက်​သွေး​ဖြစ်စေ​၊ တိရစ္ဆာန်​သွေး​ဖြစ်စေ မည်သည့်​သွေး​ကို​မျှ မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 27,
      "text": "သွေး​တစ်မျိုးမျိုး​ကို​စား​သော​သူ​မှန်သမျှ မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 28,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 29,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​သော​သူ​သည် မိမိ​၏​မိတ်သဟာယယဇ်​ထဲမှ ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 30,
      "text": "ထို​သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို မိမိ​လက်​ဖြင့်​ယူဆောင်​လာ​ရ​မည်​။ အဆီ​နှင့်တကွ​ရင်ပုံ​ကို ယူဆောင်​လာ​၍ ရင်ပုံ​ကို ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 31,
      "text": "ယဇ်ပုရောဟိတ်​သည် အဆီ​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ရင်ပုံ​သည် အာရုန်​နှင့်​သူ​၏​သား​တို့​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 32,
      "text": "မိတ်သဟာယယဇ်ကောင်​၏​ယာဘက်​ပေါင်​ကို အလှူပစ္စည်း​အဖြစ် ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 33,
      "text": "ထို​ယာဘက်​ပေါင်​သည် မိတ်သဟာယယဇ်ကောင်​၏​သွေး​နှင့်​အဆီ​ကို​ပူဇော်​ပေး​သော အာရုန်​၏​သား​အတွက် ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 34,
      "text": "အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် ငါ​သည် မိတ်သဟာယယဇ်​များ​ထဲမှ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​နှင့် အလှူပစ္စည်း​ဖြစ်​သော​ယာဘက်​ပေါင်​ကို အစ္စရေး​အမျိုးသား​တို့​ထံမှ​ယူ​၍ ယဇ်ပုရောဟိတ်​အာရုန်​နှင့်​သူ​၏​သား​တို့​အား ပေး​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 35,
      "text": "ဤ​ဝေစု​သည် ယဇ်ပုရောဟိတ်​အဖြစ် ထာဝရဘုရား​ထံ၌ အမှု​တော်​ကို​ဆောင်ရွက်​ရန် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​သော​နေ့​မှစ၍ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ထဲမှ အာရုန်​၏​ဝေစု​နှင့် သူ့​သား​တို့​၏​ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 36,
      "text": "သူ​တို့​ကို ဘိသိက်ပေး​သော​နေ့​၌ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ထို​ဝေစု​ကို​ပေး​ရန် ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။ ၎င်း​သည် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 37,
      "text": "ဤသည်ကား မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​၊ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​နှင့် မိတ်သဟာယယဇ်​တို့​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 38,
      "text": "ထာဝရဘုရား​သည် သိနာ​တောကန္တာရ​၌ အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို ပူဇော်​ရ​မည်​ဟု မိန့်မှာ​တော်မူ​သော​နေ့​၌ပင် ထို​တရား​တို့​ကို မောရှေ​အား သိနာ​တောင်​ပေါ်၌ မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 2,
      "text": "“​အာရုန်​နှင့်​သူ​၏​သား​များ​၊ အဝတ်တန်ဆာ​များ​၊ ဘိသိက်​ဆီ​၊ အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တဆေးမဲ့မုန့်​တောင်း​ကို ယူဆောင်​လာ​ပြီး"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 3,
      "text": "လူထု​အပေါင်း​တို့​ကို​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​စေ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 4,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​၏​။ လူထု​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​လာ​စေ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 5,
      "text": "ထိုအခါ မောရှေ​က လူထု​တို့​အား “​ဤ​အမှု​ကို လုပ်ဆောင်​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 6,
      "text": "ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​နှင့်​သူ​၏​သား​တို့​ကို​ခေါ်ဆောင်​လာ​၍ သူ​တို့​ကို ရေ​ဖြင့် ဆေးကြော​ပေး​ပြီးလျှင်"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 7,
      "text": "အာရုန်​အား အတွင်းသင်တိုင်း​ဝတ်ပေး​ပြီး ခါးစည်း​စည်း​ပေး​၏​။ ဝတ်လုံ​ဝတ်ပေး​ပြီး ဧဖုဒ် ​ဆင်ပေး​၏​။ ဧဖုဒ် ​၏​ခါးပတ်ပြား​ကို​စည်းပေး​၍ ခါးပတ်ပြား​ကို ဧဖုဒ်​နှင့် တွဲချည်​ပေး​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 8,
      "text": "ရင်ခံပြား​ကို​ဝတ်ဆင်​ပေး​၍ ရင်ခံပြား​ထဲ၌ ဥရိမ်​နှင့်​သုမိမ်​ကို​ထည့်​ထား​ပေး​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 9,
      "text": "ခေါင်း​ပေါ်၌ ခေါင်းပေါင်း​ကို​ဆောင်းပေး​၍ သန့်ရှင်း​သော​ရွှေစင်​ပြား​သရဖူ​ကို ခေါင်းပေါင်း​ရှေ့ဘက်ခြမ်း​၌ တပ်​ပေး​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 10,
      "text": "ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဘိသိက်​ဆီ​ကို​ယူ​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် အထဲ​ရှိ​အရာ​အားလုံး​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 11,
      "text": "ဘိသိက်​ဆီ​အချို့​ကို ယဇ်ပလ္လင်​ပေါ်၌ ခုနစ်​ကြိမ်​ဖျန်း​ပြီးလျှင် ယဇ်ပလ္လင်​နှင့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​၊ အင်တုံ​နှင့်​အင်တုံ​၏​ခြေတိုင်​တို့​ကို သန့်ရှင်း​စေရန် ဘိသိက်သွန်း​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 12,
      "text": "ဘိသိက်​ဆီ​အချို့​ကို အာရုန်​၏​ခေါင်း​ပေါ်၌ လောင်း​၍ သူ့​ကို​သန့်ရှင်း​စေရန် ဘိသိက်ပေး​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 13,
      "text": "မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း ခေါ်ဆောင်​လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ပေး​ပြီး ခါးစည်း​စည်းပေး​၏​။ ခေါင်းပေါင်း​ကို​လည်း ပေါင်းပေး​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 14,
      "text": "ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 15,
      "text": "မောရှေ​သည် နွား​ကို​သတ်​ပြီးသည့်နောက် သွေး​ကို​ယူ​ပြီး သူ​၏​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​၍ ယဇ်ပလ္လင်​ကို​သန့်စင်​စေ​ပြီးလျှင် ကျန်​သွေး​ကို ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ခြင်း​ဖြင့် ယဇ်ပလ္လင်​ပေါ်၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​နိုင်​ရန် ယဇ်ပလ္လင်​ကို​သန့်ရှင်း​စေ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 16,
      "text": "အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊ အသည်း​အဆီပျဉ်​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ကျောက်ကပ်​တို့​၏​အဆီ​ကို ယူ​၍ မောရှေ​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 17,
      "text": "ထို​နွား​နှင့်အတူ အရေခွံ​၊ အသား​၊ မစင်​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​ပစ်​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 18,
      "text": "ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မီးရှို့ရာယဇ်​ဖြစ်​သော​သိုးထီး​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို သိုးထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 19,
      "text": "မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 20,
      "text": "မောရှေ​သည် သိုးထီး​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​၍ ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 21,
      "text": "မောရှေ​သည် အူ​နှင့်​ခြေထောက်​ကို​လည်း ရေ​ဖြင့်​ဆေးကြော​၍ သိုးထီး​တစ်ကောင်လုံး​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။ ဤသည်ကား ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့်​မီးရှို့ရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 22,
      "text": "ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း နောက်​သိုးထီး​တစ်​ကောင်​ဖြစ်​သည့် အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​ကို ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို သိုးထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 23,
      "text": "မောရှေ​သည် သိုးထီး​ကို​သတ်​ပြီးလျှင် သွေး​အချို့​ကို​ယူ​၍ အာရုန်​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 24,
      "text": "မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း​ခေါ်ဆောင်​လာ​၍ သွေး​အချို့​ဖြင့် သူ​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။ ထို့နောက် မောရှေ​သည် ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 25,
      "text": "အဆီ​နှင့်​အမြီးပိုင်း​အဆီ​ကို​လည်းကောင်း​၊ အူ​၌​ရှိ​သော​အဆီ​အားလုံး​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​၏​အဆီ​ကို​လည်းကောင်း​၊ ယာဘက်​ပေါင်​ကို​လည်းကောင်း​၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 26,
      "text": "ထာဝရဘုရား​ရှေ့​တော်​ရှိ တဆေးမဲ့မုန့်​တောင်း​ထဲမှ တဆေးမဲ့​မုန့်ဝိုင်း​တစ်​ခု​၊ ဆီ​ရော​သော​မုန့်ကွင်း​တစ်​ခု​နှင့် မုန့်ကြွပ်​တစ်​ခု စသည်​တို့​ကို​ယူ​၍ အဆီ​နှင့်​ယာဘက်​ပေါင်​ပေါ်၌ တင်​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 27,
      "text": "ထို့နောက် ထို​အရာ​အားလုံး​ကို အာရုန်​နှင့် သူ့​သား​တို့​၏​လက်​ထဲသို့ ထည့်ပေး​၍ ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 28,
      "text": "ထို့နောက် မောရှေ​သည် ထို​အရာ​တို့​ကို သူ​တို့​၏​လက်​ထဲ​မှ​ယူ​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီးရှို့ရာယဇ်​ပေါ်၌ ရှို့​၏​။ ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 29,
      "text": "မောရှေ​သည် ရင်ပုံ​ကို​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​၏​။ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​သိုးထီး​၏​ရင်ပုံ​သည် မောရှေ​အတွက် ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 30,
      "text": "မောရှေ​သည် ဘိသိက်​ဆီ​အချို့​နှင့် ယဇ်ပလ္လင်​ပေါ်​ရှိ​သွေး​အချို့​ကို​ယူ​၍ အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ တို့​အပေါ်​၌ ဖျန်း​၏​။ ဤသို့ဖြင့် အာရုန်​နှင့်​သူ​၏​အဝတ်တန်ဆာ​၊ သူ့​သား​တို့​နှင့်​သူ့​သား​တို့​၏​အဝတ်တန်ဆာ တို့​ကို​သန့်ရှင်း​စေ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 31,
      "text": "ထို့နောက် မောရှေ​က အာရုန်​နှင့်​သူ​၏​သား​တို့​အား “​အသား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပြုတ်​ကြ​လော့​။ ‘​အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​အသား​ကို​စား​ရ​မည်​’​ဟု မိန့်မှာ​ထား​တော်မူ​သည်​နှင့်အညီ သင်​တို့​သည် ထို​အသား​ကို အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​တောင်း​ထဲ​ရှိ​မုန့်​နှင့်အတူ ထို​နေရာ​၌ စား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 32,
      "text": "ကြွင်းကျန်​သော​အသား​နှင့်​မုန့်​ကို မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 33,
      "text": "သင်​တို့​၏​အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ပွဲ​သည် ခုနစ်​ရက်​ဖြစ်၍ သင်​တို့​၏​အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​နေ့ရက်​မ​ပြည့်​မ​ချင်း ခုနစ်​ရက်​ပတ်လုံး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​မှ မ​ထွက်​ရ​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 34,
      "text": "ဤ​နေ့ရက်​၌​ပြု​သည့်​နည်းတူ သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 35,
      "text": "သင်​တို့ မ​သေ​ရ​မည့်​အကြောင်း ခုနစ်​ရက်​ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​နေ​၍ ထာဝရဘုရား​ညွှန်ကြား​သည့်​အတိုင်း​ဆောင်ရွက်​ရ​မည်​ဟု ငါ့​အား ထိုသို့​မိန့်မှာ​တော်မူ​ခဲ့​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 36,
      "text": "အာရုန်​နှင့်​သူ​၏​သား​တို့​သည် မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သော​အရာ​ရှိသမျှ​တို့​ကို လုပ်ဆောင်​ကြ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 1,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ မောရှေ​သည် အာရုန်​နှင့် သူ​၏​သား​များ​၊ အစ္စရေး​သက်ကြီးဝါကြီး​များ​ကို ခေါ်​ပြီးလျှင်"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 2,
      "text": "အာရုန်​အား “​အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားသငယ်​တစ်​ကောင်​နှင့် မီးရှို့ရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို သင့်​အဖို့​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​လော့​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 3,
      "text": "အစ္စရေး​အမျိုးသား​တို့​ကို​လည်း ‘​အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​တစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော​တစ်နှစ်သားအရွယ် နွားသငယ်​တစ်​ကောင်​နှင့်​သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 4,
      "text": "ထာဝရဘုရား​ရှေ့​တော်​၌ မိတ်သဟာယယဇ်​ကို ပူဇော်​ရန်​အတွက် နွား​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​၊ ဆီ​နှင့်​ရော​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို ယူဆောင်​လာ​လော့​’​ဟု ဆင့်ဆို​လော့​။ ထာဝရဘုရား​သည် ယနေ့ သင်​တို့​အား ကိုယ်ထင်ရှားပြ​တော်မူ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 5,
      "text": "ထို့ကြောင့် သူ​တို့​သည် မောရှေ​မှာကြား​သော​အရာ​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့​ယူဆောင်​လာ​ကြ​၏​။ လူထု​အပေါင်း​တို့​သည် ချဉ်းကပ်​လာ​ကြ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 6,
      "text": "ထိုအခါ မောရှေ​က “​ဤသည်ကား သင်​တို့​ထံ ထာဝရဘုရား​၏​ဘုန်းအသရေ​ထင်ရှား​တော်မူ​မည့်​အကြောင်း ထာဝရဘုရား​မိန့်မှာ​တော်မူ​သော သင်​တို့​ဆောင်ရွက်​ရ​မည့်​အရာ​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 7,
      "text": "တစ်ဖန် မောရှေ​က အာရုန်​အား “​ယဇ်ပလ္လင်​သို့​ချဉ်းကပ်​လော့​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း သင်​၏​အပြစ်ဖြေရာယဇ်​နှင့်​မီးရှို့ရာယဇ်​ကို​ပူဇော်​၍ သင့်​အတွက်​၊ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​လော့​။ လူ​တို့​၏​ပူဇော်သက္ကာ​ကို​လည်း ပူဇော်​၍ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​လော့​” ​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 8,
      "text": "ထို့ကြောင့် အာရုန်​သည် ယဇ်ပလ္လင်​သို့​ချဉ်းကပ်​၍ မိမိ​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော နွားသငယ်​ကို​သတ်​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 9,
      "text": "အာရုန်​၏​သား​တို့​သည် သွေး​ကို သူ့​ထံသို့​ယူဆောင်​လာ​ကြ​ရာ သူ​သည် မိမိ​၏​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​၍ ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ပြီးလျှင် ကျန်​သွေး​ကို ယဇ်ပလ္လင်​အောက်ခြေ​၌ သွန်း​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 10,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အာရုန်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​အဆီ​၊ ကျောက်ကပ်​နှင့် အသည်း​ပေါ်မှ​အဆီပျဉ်​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 11,
      "text": "အသား​နှင့်​အရေခွံ​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 12,
      "text": "ထို့နောက် အာရုန်​သည် မီးရှို့ရာယဇ်ကောင်​ကို​သတ်​၍ သူ့​သား​တို့​သည် သူ့​ထံ သွေး​ကို​ယူလာ​ရာ သူ​သည် ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ထို​သွေး​ကို​ဖျန်း​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 13,
      "text": "သူ​တို့​သည် မီးရှို့ရာယဇ်ကောင်​၏​ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်တကွ ဦးခေါင်း​ကို​လည်း ယူလာ​ရာ အာရုန်​သည် ၎င်း​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 14,
      "text": "အူ​နှင့်​ခြေထောက်​ကို ဆေးကြော​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီးရှို့ရာယဇ်​ပေါ်၌ ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 15,
      "text": "ထို့နောက် သူ​သည် လူ​တို့​၏​ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​၏​။ လူ​တို့​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​ကို​ယူ​၍ သတ်​ပြီးလျှင် ယခင်က​ကဲ့သို့ အပြစ်ဖြေရာယဇ်​ကို ပူဇော်​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 16,
      "text": "မီးရှို့ရာယဇ်​ကို​လည်း ယူဆောင်​လာ​၍ စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 17,
      "text": "ထို့နောက် သူ​သည် ဘောဇဉ်ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​၍ နံနက်​မီးရှို့ရာယဇ်​အပြင် လက်တစ်ဆုပ်စာ​ဘောဇဉ်ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 18,
      "text": "အာရုန်​သည် လူ​တို့​အတွက် မိတ်သဟာယယဇ်​ဖြစ်​သော နွား​နှင့်​သိုးထီး​ကို​သတ်​၍ သူ့​သား​တို့​သည် သူ့​ထံ သွေး​ကို ယူလာ​ရာ သူ​သည် ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ သွေး​ကို​ဖျန်း​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 19,
      "text": "နွား​နှင့်​သိုးထီး​၏​အမြီးပိုင်း​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ ကျောက်ကပ်​နှင့် အသည်း​ပေါ်မှ​အဆီပျဉ် စသည့်​အဆီ​တို့​ကို"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 20,
      "text": "ရင်ပုံ​ပေါ် တင်​၍ ထို​အဆီ​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 21,
      "text": "မောရှေ​မှာကြား​သည့်​အတိုင်း အာရုန်​သည် ရင်ပုံ​နှင့်​ယာဘက်​ပေါင်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 22,
      "text": "ထို့နောက် အာရုန်​သည် လူ​တို့​ဘက်​သို့ လက်​မြှောက်​လျက် သူ​တို့​ကို ကောင်းချီးပေး​၍ အပြစ်ဖြေရာယဇ်​၊ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို​ပူဇော်​ရာ​မှ ဆင်းလာ​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 23,
      "text": "မောရှေ​နှင့်​အာရုန်​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​ကြ​၏​။ သူ​တို့ ပြန်​ထွက်လာ​၍ လူ​တို့​ကို​ကောင်းချီးပေး​သောအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​သည် လူ​အပေါင်း​တို့​အား ထင်ရှားပြ​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 24,
      "text": "ထိုအခါ ထာဝရဘုရား​ထံ​တော်​မှ​မီး​ဆင်းသက်​၍ ယဇ်ပလ္လင်​ပေါ်​ရှိ​မီးရှို့ရာယဇ်​နှင့်​အဆီ​တို့​ကို​လောင်ကျွမ်း​လေ​၏​။ လူ​အပေါင်း​တို့​သည် တွေ့မြင်​သောအခါ ရွှင်လန်း​စွာ​ကြွေးကြော်​လျက် ပျပ်ဝပ်​ရှိခိုး​ကြ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 1,
      "text": "အာရုန်​၏​သား​နာဒပ်​နှင့်​အဘိဟု​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ကိုယ်စီ​ယူ​၍ မီး​ထည့်​ကာ ထို​မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​ပြီးလျှင် သူ​တို့​အား မိန့်မှာ​ထား​တော်မူ​သော​မီး​မ​ဟုတ်​သည့် အခြား​သော​မီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 2,
      "text": "ထို့ကြောင့် ထာဝရဘုရား​ထံ​တော်​မှ မီး​ထွက်လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ သေ​ကြ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 3,
      "text": "ထိုအခါ မောရှေ​က အာရုန်​အား “​ထာဝရဘုရား​က ‘​ငါ့​ထံသို့​ချဉ်းကပ်​သော​သူ​တို့​အား ငါ​သန့်ရှင်း​ကြောင်း ငါ​ထင်ရှား​ပြ​မည်​။ လူ​အပေါင်း​တို့​ရှေ့​၌ ငါ​သည် ဘုန်းအသရေ​ရှိ​မည်​’​ဟူ၍ မိန့်ဆို​ခဲ့​သည်​မှာ ဤ​အမှု​ကို​ဆိုလို​၏​”​ဟု ဆို​သော် အာရုန်​သည် တိတ်ဆိတ်​နေ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 4,
      "text": "မောရှေ​သည် အာရုန်​၏​ဘထွေး​ဖြစ်​သော ဩဇေလ​၏​သား မိရှေလ​နှင့်​ဧလဇာဖန်​တို့​ကို ခေါ်​၍ သူ​တို့​အား “​လာ​ကြ​။ သင်​တို့​ညီအစ်ကို​တို့​၏​အလောင်း​ကို သန့်ရှင်းရာဌာန​တော်​၏​ရှေ့​မှ တပ်စခန်း​အပြင်ဘက်​သို့ သယ်ဆောင်​သွား​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 5,
      "text": "ထို့ကြောင့် သူ​တို့​သည် လာ​၍ မောရှေ​ပြော​သည့်​အတိုင်း အလောင်း​တို့​ကို သင်တိုင်း​နှင့်တကွ တပ်စခန်း​အပြင်ဘက်​သို့ သယ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 6,
      "text": "ထို့နောက် မောရှေ​သည် အာရုန်​နှင့် သူ​၏​သား​ဧလာဇာ​၊ ဣသမာ​တို့​အား “​သင်​တို့ မ​သေ​ကြ​ရ​မည့်​အကြောင်း​၊ ကိုယ်တော်​သည် လူထု​အပေါင်း​တို့​ကို​အမျက်ထွက်​တော်​မ​မူ​မည့်​အကြောင်း သင်​တို့​၏​ဆံပင်​ကို ဖားလျား​မ​ချ​နှင့်​၊ သင်​တို့​၏​အဝတ်​ကို မ​ဆုတ်​နှင့်​။ သင်​တို့​၏​အမျိုးသားချင်း​များ​ဖြစ်​သော အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထာဝရဘုရား​ရှို့​တော်မူ​သော​မီး​အတွက် ငိုကြွေး​ရ​ကြ​မည်​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 7,
      "text": "သင်​တို့​အပေါ် ထာဝရဘုရား​၏​ဘိသိက်​ဆီ သွန်းလောင်း​ထား​သည်​ဖြစ်၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​မှ သင်​တို့ မ​ထွက်သွား​ရ​။ ထွက်သွား​လျှင် သင်​တို့ သေ​ကြ​ရ​လိမ့်မည်​”​ဟု ဆို​၏​။ သို့ဖြစ်၍ မောရှေ​၏​စကား​အတိုင်း သူ​တို့​ပြု​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​က အာရုန်​အား"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 9,
      "text": "“​သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ကား သင်​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ မ​သေ​ကြ​ရ​မည့်​အကြောင်း သင်​နှင့်​သင်​၏​သား​တို့​သည် စပျစ်ဝိုင်​၊ သေရည်သေရက်​တို့​ကို​မ​သောက်​ရ​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 10,
      "text": "သို့ဖြစ်လျှင် သန့်ရှင်းသောအရာ​နှင့်​မသန့်ရှင်း​သော​အရာ​၊ စင်ကြယ်​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ​ကို ခွဲခြား​နိုင်​မည်​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 11,
      "text": "မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား သွန်သင်​နိုင်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 12,
      "text": "ထို့နောက် မောရှေ​က အာရုန်​နှင့် အသက်ရှင်​ကျန်ရစ်​ခဲ့​သော​သား​ဧလာဇာ​၊ ဣသမာ​တို့​အား “​ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ထဲမှ ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို​ယူ​လော့​။ ဤ​ပူဇော်သက္ကာ​သည် အထူး​သန့်ရှင်း​သည်​ဖြစ်၍ တဆေးမပါ​ဘဲ ယဇ်ပလ္လင်​ဘေး​၌​စား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 13,
      "text": "ဤကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ထဲမှ သင်​ရရှိ​ရ​မည့်​ဝေစု​၊ သင့်​သား​တို့​ရရှိ​ရ​မည့်​ဝေစု​ဖြစ်၍ ဤ​ပူဇော်သက္ကာ​ကို သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ငါ့​အား ဤသို့ မိန့်မှာ​တော်မူ​ပြီ​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 14,
      "text": "ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​၊ အလှူပစ္စည်း​ဖြစ်​သော​ပေါင်​တို့​ကို သင်​နှင့် သင့်​သား​သမီး​တို့​သည် သန့်ရှင်း​သော​နေရာ​၌ စား​ကြ​ရ​မည်​။ အကြောင်းမူကား ၎င်း​တို့​ကို အစ္စရေး​အမျိုးသား​၏​မိတ်သဟာယယဇ်​ထဲမှ သင်​ရရှိ​ရ​မည့်​ဝေစု​၊ သင့်​သားသမီး​တို့​ရရှိ​ရ​မည့်​ဝေစု​အဖြစ် ပေး​ထား​တော်မူ​ပြီ​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 15,
      "text": "ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ်​ချီလွှဲ​ရန် အလှူပစ္စည်း​ဖြစ်​သော​ပေါင်​၊ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​တို့​ကို မီး​ဖြင့်​ပူဇော်​မည့်​အဆီ​များ​နှင့်အတူ ယူဆောင်​လာ​ရ​မည်​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဤ​အမှု​သည် သင်​နှင့် သင့်​သားသမီး​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 16,
      "text": "ထို့နောက် မောရှေ​သည် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​အကြောင်း စုံစမ်းမေးမြန်း​သောအခါ ၎င်း​ကို​မီးရှို့​ပြီး​နှင့်​ပြီ​ကို သိမြင်​လေ​၏​။ ထို့ကြောင့် သူ​သည် အာရုန်​၏​အသက်ရှင်​ကျန်ရစ်​ခဲ့​သော​သား ဧလာဇာ​၊ ဣသမာ​တို့​အား အမျက်ထွက်​၍"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 17,
      "text": "“​အပြစ်ဖြေရာယဇ်​၏​အသား​သည် အထူး​သန့်ရှင်း​၏​။ လူထု​တို့​၏​ဒုစရိုက်​ကို​ယူဆောင်​သွား​ရန်​နှင့် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ထို​အသား​ကို သင်​တို့​အား​ပေး​ထား​တော်မူ​ပြီ​။ သို့ဖြစ်၍ သင်​တို့​သည် အဘယ်ကြောင့် သန့်ရှင်းရာဌာန​တော်​၌ မ​စား​ကြ​သနည်း​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 18,
      "text": "ယဇ်ကောင်​၏​သွေး​ကို​လည်း သန့်ရှင်းရာဌာန​တော်​အတွင်း​သို့ မ​ယူဆောင်​ခဲ့​ကြ​ပါ​တကား​။ အကယ်စင်စစ် သင်​တို့​သည် ငါ​မှာကြား​ထား​သည့်​အတိုင်း ယဇ်ကောင်​၏​အသား​ကို သန့်ရှင်းရာဌာန​တော်​၌ စား​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 19,
      "text": "ထိုအခါ အာရုန်​က မောရှေ​အား “​ကြည့်​ပါ​လော့​။ ယနေ့ လူ​တို့​သည် မိမိ​တို့​၏​အပြစ်ဖြေရာယဇ်​နှင့်​မီးရှို့ရာယဇ်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​၌ ဤ​ကဲ့သို့သော​အရာ​များ​ဖြစ်ပျက်​ခဲ့​သည်​ဖြစ်၍ ယနေ့ အပြစ်ဖြေရာယဇ်​၏​အသား​ကို​အကျွန်ုပ်​စား​လျှင် ထာဝရဘုရား​သည် နှစ်သက်​သဘောကျ​ပါ​မည်လော​”​ဟု ဆို​၏​။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 20,
      "text": "မောရှေ​သည် ထို​စကား​ကို​ကြား​သောအခါ နှစ်သက်​သဘောကျ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ မြေကြီး​ပေါ်​ရှိ တိရစ္ဆာန်​အပေါင်း​တို့​ထဲမှ သင်​တို့​စား​၍​ရ​သော​တိရစ္ဆာန်​ဟူမူကား"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 3,
      "text": "တိရစ္ဆာန်​တို့​ထဲမှ ခွာ​နှစ်ခြမ်းကွဲ​၍ စားမြုံ့ပြန်​သော​တိရစ္ဆာန်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 4,
      "text": "သို့သော်လည်း စားမြုံ့ပြန်​သော​အကောင်​၊ ခွာ​ကွဲ​သော​အကောင်​တို့​ထဲမှ သင်​တို့​စား​ခွင့်​မ​ရှိ​သော​အကောင်​ဟူမူကား ကုလားအုတ်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 5,
      "text": "ရှာဖန်ယုန်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 6,
      "text": "တောယုန်​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 7,
      "text": "ဝက်​သည် ခွာ​နှစ်ခြမ်းကွဲ​သော်လည်း စားမြုံ့​မ​ပြန်​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 8,
      "text": "ထို့ကြောင့် ထို​အကောင်​တို့​၏​အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း မ​ထိ​ရ​။ ထို​အကောင်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 9,
      "text": "ပင်လယ်​ထဲမှ​ဖြစ်စေ​၊ ချောင်း​များ​ထဲမှ​ဖြစ်စေ ရေ​နေ​သတ္တဝါ​အားလုံး​ထဲမှ ဆူးတောင်​နှင့်​အကြေး​ရှိ​သော​အကောင်​အားလုံး​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 10,
      "text": "သို့သော် ပင်လယ်​ထဲမှ​ဖြစ်စေ​၊ ချောင်း​များ​ထဲမှ​ဖြစ်စေ ရေ​ထဲ၌​အုပ်စုလိုက်​နေထိုင်​သွားလာ​သည့် ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော​သတ္တဝါ​အားလုံး​နှင့် ရေ​ထဲ၌​အသက်ရှင်​နေထိုင်​သည့် ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော​သတ္တဝါ​အားလုံး​တို့​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 11,
      "text": "ထို​သတ္တဝါ​တို့​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​သောကြောင့် ၎င်း​တို့​၏​အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း ရွံရှာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 12,
      "text": "ရေ​ထဲမှ ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော​သတ္တဝါ​အားလုံး​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 13,
      "text": "ရွံရှာဖွယ်​ဖြစ်​သည်​ဟု မှတ်​၍ မ​စား​ရ​မည့်​ရွံရှာဖွယ်​ငှက်​များ​မှာ လင်းယုန်​၊ လင်းတ​၊ ဝန်ပို​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 14,
      "text": "စွန်ခေါင်းဖြူ​၊ စွန်နက်​နှင့်တကွ စွန်​အမျိုးမျိုး​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 15,
      "text": "ကျီးကန်း​မျိုး​ရှိသမျှ​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 16,
      "text": "ငှက်ကုလားအုတ်​၊ မြေဝပ်ငှက်​၊ စင်ရော်ငှက်​၊ သိမ်းငှက်​အမျိုးမျိုး​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 17,
      "text": "ဇီးကွက်​၊ တင်ကျီးငှက်​၊ ဒီးဒုတ်​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 18,
      "text": "လင်ကောင်ပိုး​၊ ငှက်ကြီးဝန်ပို​၊ ဝန်လက်​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 19,
      "text": "ငှက်ကျား​၊ ငဟစ်ငှက်​အမျိုးမျိုး​၊ တောင်ဘီစူးငှက်​၊ လင်းနို့ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 20,
      "text": "ခြေ​လေး​ချောင်း​ဖြင့်​သွား​၍ အတောင်ပံ​ပါ​သော​ပိုးမွှားသတ္တဝါ​အားလုံး​တို့​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 21,
      "text": "သို့ရာတွင် ခြေ​လေး​ချောင်း​ဖြင့်​သွား​၍ အတောင်ပံ​ပါ​သော​ပိုးမွှားသတ္တဝါ​အားလုံး​တို့​ထဲမှ မြေကြီး​ပေါ်၌​ခုန်ပျံ​ရန် ခြေ​နှစ်ချောင်း​ထပ်​ပါ​သည့်​အကောင်​များ​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 22,
      "text": "ထိုသို့သော​အကောင်​များ​ဖြစ်​သည့် အညိုရောင်​ကျိုင်းကောင်​အမျိုးမျိုး​၊ အစိမ်းရောင်​ကျိုင်းကောင်​အမျိုးမျိုး​၊ ပုရစ်​အမျိုးမျိုး​နှင့် နှံကောင်​အမျိုးမျိုး​တို့​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 23,
      "text": "ခြေ​လေး​ချောင်း​ရှိ​၍ ပျံ​တတ်​သော ပိုးမွှားသတ္တဝါ​အားလုံး​သည် သင်​တို့​အဖို့ ရွံရှာဖွယ်​ရာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 24,
      "text": "ထို​အကောင်​များ​အားဖြင့် သင်​တို့​သည် မစင်မကြယ်​ဖြစ်​မည်​။ ၎င်း​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 25,
      "text": "၎င်း​တို့​၏​အသေကောင်​ကို ကိုင်​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 26,
      "text": "ခွာ​နှစ်ခြမ်း​မ​ကွဲ​သော​တိရစ္ဆာန်​၊ စားမြုံ့​မ​ပြန်​သော​တိရစ္ဆာန်​အားလုံး​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။ ၎င်း​တို့​ကို​ထိ​သော​သူ​အားလုံး​တို့​သည်​လည်း မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 27,
      "text": "ခြေ​လေး​ချောင်း​ဖြင့်​သွား​သော​တိရစ္ဆာန်​အားလုံး​တို့​ထဲမှ ဖဝါး​ဖြင့်​သွား​သော​အကောင်​ရှိသမျှ​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။ ထို​အကောင်​တို့​၏​အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 28,
      "text": "ထို​အသေကောင်​ကို ကိုင်​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​တိရစ္ဆာန်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 29,
      "text": "မြေကြီး​ပေါ်၌ တွားသွား​သော​သတ္တဝါ​တို့​တွင် သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​များ​ဟူမူကား မြွေပါ​၊ ကြွက်​၊ ပုတတ်​အမျိုးမျိုး​၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 30,
      "text": "တောက်တဲ့​၊ ဖွတ်​၊ အိမ်မြှောင်​၊ ကင်းလိပ်ချော​နှင့်​ပုတ်သင်ညို တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 31,
      "text": "တွားသွားသတ္တဝါ​ရှိသမျှ​တို့​တွင် ထို​အကောင်​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​များ​ဖြစ်​၏​။ ထို​အကောင်​များ​သေ​သောအခါ အသေကောင်​ကို​ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 32,
      "text": "ထို​အကောင်​များ​ထဲမှ တစ်ကောင်ကောင်​သေ​၍ အသေကောင်​သည် အလုပ်​လုပ်​ရာ​တွင် အသုံးပြု​သော​ပစ္စည်း​ဖြစ်​သည့် သစ်သား​၊ ပိတ်စ​၊ သားရေ​၊ လျှော်တေ​ဖြင့် ပြုလုပ်​ထား​သော​အသုံးအဆောင်​တစ်စုံတစ်ခု​ပေါ်သို့​ကျ​လျှင် ထို​အရာ​သည် မစင်ကြယ်​။ ထို​အရာ​ကို ရေ​ထဲ၌ နှစ်​ရ​မည်​။ ထို​အရာ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို့နောက်မှ စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 33,
      "text": "ထို​အသေကောင်​သည် မြေ​ဖြင့်​ပြုလုပ်​ထား​သော​အိုးခွက်​တစ်စုံတစ်ခု​ထဲသို့​ကျ​လျှင် ထို​အိုးခွက်​ထဲ​ရှိသမျှ​သည် မစင်ကြယ်​။ ထို​အိုးခွက်​ကို ခွဲပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 34,
      "text": "ထို​အိုးခွက်​မှ​ရေ​သည် စား​မည့်​အစားအစာ​တစ်စုံတစ်ရာ​ပေါ်သို့​ကျ​လျှင် ထို​စားစရာ​သည်​မစင်ကြယ်​။ ထို​အိုးခွက်​ထဲရှိ သောက်​မည့်​အရည်​တစ်စုံတစ်ရာ​သည်​လည်း မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 35,
      "text": "ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် တစ်စုံတစ်ရာ​ပေါ်သို့​ကျ​လျှင် ထို​အရာ​သည် မစင်ကြယ်​။ ထို​အရာ​သည် မီးဖို​ဖြစ်စေ​၊ ဖိုခနောက်​ဖြစ်စေ ဖျက်ပစ်​ရ​မည်​။ ထို​အရာ​တို့​သည် မစင်ကြယ်​။ သင်​တို့​အတွက် မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 36,
      "text": "စမ်းရေ​၊ သို့မဟုတ် ရေ​လှောင်တွင်း​ထဲသို့ ကျ​လျှင်​မူကား ၎င်း​တို့​သည် စင်ကြယ်​၏​။ အသေကောင်​ကို ထိမိ​သော​သူ​သည်​သာ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 37,
      "text": "ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် မျိုးကြဲ​ရန် မျိုးစေ့​တစ်စုံတစ်ရာ​ပေါ်သို့ ကျ​လျှင် ထို​မျိုးစေ့​သည် စင်ကြယ်​၏​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 38,
      "text": "သို့ရာတွင် ထို​အသေကောင်​၏​အစိတ်အပိုင်း​တစ်ခုခု​သည် ရေ​စိမ်​ထား​သော​မျိုးစေ့​ပေါ်သို့​ကျ​လျှင် ထို​မျိုးစေ့​သည် သင်​တို့​အတွက် မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 39,
      "text": "သင်​တို့​စား​ခွင့်​ရှိ​သော​တိရစ္ဆာန်​များ​ထဲမှ တစ်ကောင်ကောင်​သေ​လျှင် ထို​အသေကောင်​ကို​ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 40,
      "text": "ထို​အသေကောင်​ကို​စား​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​အသေကောင်​ကို ကိုင်​သော​သူ​သည်​လည်း မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 41,
      "text": "မြေကြီး​ပေါ်၌​တွားသွား​သော​သတ္တဝါ​တိုင်း​သည် ရွံရှာဖွယ်​ရာ​ဖြစ်၍ မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 42,
      "text": "ဝမ်းဗိုက်​ဖြင့်​တွားသွား​သော​အကောင်​၊ ခြေ​လေး​ချောင်း​ဖြင့်​တွားသွား​သော​အကောင်​၊ ခြေ​များစွာ​ဖြင့်​တွားသွား​သော​အကောင်​စသည့် မြေကြီး​ပေါ်၌​တွားသွား​သော​သတ္တဝါ​ရှိသမျှ​တို့​သည် ရွံရှာဖွယ်​ရာ​ဖြစ်၍ မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 43,
      "text": "မည်သည့်​တွားသွားသတ္တဝါ​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​နှင့်​။ ထို​သတ္တဝါ​တို့​အားဖြင့် သင်တို့ကိုယ်သင်တို့ မစင်မကြယ်​ဖြစ်​အောင်​၊ ညစ်ညူး​အောင်​မ​ပြု​နှင့်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 44,
      "text": "ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည်​လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ မြေ​ပေါ်မှာ​တွားသွား​သော မည်သည့်​သတ္တဝါ​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​နှင့်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 45,
      "text": "ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည့်​အကြောင်း သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည်​လည်း သန့်ရှင်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 46,
      "text": "ဤသည်ကား သားယဉ်​သားရဲ​တိရစ္ဆာန်​၊ ငှက်​၊ ရေ​ထဲ၌​လှုပ်ရှားသွားလာ​သော​သက်ရှိသတ္တဝါ​အားလုံး​၊ မြေကြီး​ပေါ်၌ တွားသွား​သော​သတ္တဝါ​အားလုံး​တို့​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်၍"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 47,
      "text": "စင်ကြယ်​သော​အရာ​နှင့် မစင်ကြယ်​သော​အရာ​၊ စား​ခွင့်​ရှိ​သော​တိရစ္ဆာန်​နှင့် စား​ခွင့်​မ​ရှိ​သော​တိရစ္ဆာန်​တို့​ကို ခွဲခြား​နိုင်​ရန်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​လျှင် သူ​သည် ဓမ္မတာလာ​သောအခါ မစင်ကြယ်​သကဲ့သို့ ခုနစ်​ရက်​ပတ်လုံး မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 3,
      "text": "ရှစ်​ရက်​မြောက်​နေ့​တွင် သူငယ်​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 4,
      "text": "မိန်းမ​သည် သွေး​သန့်စင်​ဖို့ ရက်​ပေါင်း​သုံးဆယ့်​သုံး​ရက်​စောင့်​ရ​မည်​။ မိမိ​သန့်စင်​ရာ​နေ့ရက်​မ​ပြည့်​မ​ချင်း မည်သည့်​သန့်ရှင်းသောအရာ​ကို​မျှ​မ​ထိ​ရ​၊ သန့်ရှင်းရာဌာန​သို့ မ​လာ​ရ​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 5,
      "text": "သမီး​မိန်းကလေး​ကို​မွေးဖွား​လျှင် သူ​သည် ဓမ္မတာလာ​သကဲ့သို့ တစ်ဆယ့်လေး​ရက်​ပတ်လုံး မစင်ကြယ်​။ သွေး​သန့်စင်​ဖို့ ရက်​ပေါင်း​ခြောက်ဆယ့်​ခြောက်​ရက် စောင့်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 6,
      "text": "သားယောက်ျား​အတွက်​ဖြစ်စေ​၊ သမီး​မိန်းကလေး​အတွက်​ဖြစ်စေ သန့်စင်​ရာ​နေ့ရက်​ပြည့်​သောအခါ သူ​သည် မီးရှို့ရာယဇ်​အတွက် တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်​ကောင်​နှင့် အပြစ်ဖြေရာယဇ်​အတွက် ခိုငယ်​တစ်​ကောင်​၊ သို့မဟုတ် ချိုးငှက်​တစ်​ကောင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​သည် ၎င်း​ကို ထာဝရဘုရား​၏​ရှေ့​တော်​၌ ပူဇော်​၍ ထို​မိန်းမ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် သွေး​ဆင်း​ခြင်း​မှ စင်ကြယ်​လိမ့်မည်​။ ဤသည်ကား သားယောက်ျား​ကို​ဖြစ်စေ​၊ သမီး​မိန်းကလေး​ကို​ဖြစ်စေ မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 8,
      "text": "အကယ်၍ သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် ထို​မိန်းမ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် စင်ကြယ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 2,
      "text": "“​တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ အဖုအပိမ့်​၊ အယားအနာ​၊ အစက်အပြောက်​ဖြစ်လာ​၍ သူ​၏​ကိုယ်ခန္ဓာ​အရေပြား​၌ အနာကြီးရောဂါ​လက္ခဏာ​ပေါ်​လျှင် ထို​သူ​ကို ယဇ်ပုရောဟိတ်​အာရုန်​၊ သို့မဟုတ် သူ​၏​သား​ယဇ်ပုရောဟိတ်​တို့​ထဲမှ​တစ်စုံတစ်ဦး​ထံသို့ ခေါ်ဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 3,
      "text": "ယဇ်ပုရောဟိတ်​သည် ကိုယ်ခန္ဓာ​အရေပြား​ပေါ်​ရှိ​အနာ​ကို ကြည့်ရှု​စစ်ဆေး​သောအခါ အနာ​ထဲ​ရှိ​အမွေး​သည် ဖြူ​သွား​၍ ထို​အနာ​သည် ကိုယ်ခန္ဓာ​အရေပြား​အောက်​ကို​ရောက်​နေ​ဟန်​ရှိ​လျှင် အနာကြီးရောဂါ​လက္ခဏာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် ထို​အနာ​ကို ကြည့်ရှု​ပြီးနောက် အနာရှိသောသူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 4,
      "text": "အကယ်၍ ကိုယ်ခန္ဓာ​အရေပြား​ပေါ်မှ အစက်အပြောက်​သည် ဖြူ​နေ​၍ အရေပြား​အောက်​သို့​ရောက်​နေ​ဟန်​မ​ရှိ​၊ အမွေး​သည်​လည်း မ​ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 5,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​တွင် ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ထို​သူ​၏​အနာ​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​၊ အနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 6,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ထို​သူ​ကို နောက်တစ်ဖန်​ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် ပါးသွား​၍ အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် ပွေးဝဲယားနာ​ဖြစ်​၏​။ ထို​သူ​သည် မိမိ​၏​အဝတ်​ကို လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 7,
      "text": "ထို​သူ​သည် သန့်စင်​ကြောင်း ယဇ်ပုရောဟိတ်​ကြည့်ရှု​စစ်ဆေး​ပြီးမှ သူ​၏​ပွေးဝဲယားနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​ထံ နောက်တစ်ဖန် ပြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 8,
      "text": "ယဇ်ပုရောဟိတ်​သည်​လည်း ကြည့်ရှု​စစ်ဆေး​၍ ထို​သူ​၏​ပွေးဝဲယားနာ​သည် အရေပြား​ပေါ်၌ ပျံ့​နေ​လျှင် ယဇ်ပုရောဟိတ်​သည် ထို​သူ​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 9,
      "text": "တစ်စုံတစ်ယောက်​သည် အနာကြီးရောဂါ​အနာ​ရှိ​နေ​လျှင် သူ့​ကို ယဇ်ပုရောဟိတ်​ထံသို့ ခေါ်ဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​သည်​လည်း ကြည့်ရှု​စစ်ဆေး​၍ အရေပြား​ပေါ်၌ ဖြူ​သော​အဖုအပိမ့်​ရှိ​နေ​လျှင်​လည်းကောင်း​၊ အမွေး​သည် ဖြူ​သွား​လျှင်​လည်းကောင်း​၊ အဖုအပိမ့်​ထဲတွင် အသား​စို​နေ​လျှင်​လည်းကောင်း"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 11,
      "text": "ထို​သူ​၏​ကိုယ်ခန္ဓာ​အရေပြား​ပေါ်၌ ကြာမြင့်​စွာ​စွဲ​နေ​ပြီ​ဖြစ်​သော​အနာကြီးရောဂါ​ဖြစ်​၏​။ သူ​သည် မစင်ကြယ်​။ ထို့ကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​ကို သီးခြားထားစရာ​မ​လို​ဘဲ မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 12,
      "text": "အနာကြီးရောဂါ​သည် အရေပြား​ပေါ်၌ ပြန့်ပွား​၍ အနာ​ဖြစ်​နေ​သော​သူ​၏​ဦးခေါင်း​မှ​ခြေ​တိုင်အောင် ယဇ်ပုရောဟိတ်​တွေ့မြင်​နိုင်​သော​နေရာ​ရှိသမျှ​၏​အရေပြား​အားလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 13,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ထို​သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​ကြောင်း တွေ့ရှိ​လျှင် အနာ​ဖြစ်​နေ​သော​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ့​တစ်ကိုယ်လုံး​ဖြူ​သွား​ပြီ​ဖြစ်၍ သူ​သည် စင်ကြယ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 14,
      "text": "သို့သော် ထို​သူ​၏​ကိုယ်ခန္ဓာ​တွင် အသား​စို​ပေါ်လာ​သော​နေ့​၌ သူ​သည် မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 15,
      "text": "ယဇ်ပုရောဟိတ်​သည် အသား​စို​ကို​ကြည့်ရှု​စစ်ဆေး​၍ သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အသား​စို​သည် မစင်ကြယ်​။ အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 16,
      "text": "အသား​စို​သည် ပြန်​ဖြူ​သွား​လျှင် သူ​သည် ယဇ်ပုရောဟိတ်​ထံသို့ သွား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 17,
      "text": "ယဇ်ပုရောဟိတ်​သည်​လည်း သူ့​ကို ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် အနာ​ဖြစ်​နေ​သော​သူ​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​သူ​သည် စင်ကြယ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 18,
      "text": "တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ အနာစိမ်း​ပေါက်​၍ ပျောက်ကင်း​ပြီးမှ"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 19,
      "text": "အနာစိမ်း​၏​နေရာ​၌ အဖြူရောင်​အဖုအပိမ့်​၊ သို့မဟုတ် နီကြင်ကြင်​အစက်အပြောက် ပေါ်လာ​သောအခါ သူ​သည် ယဇ်ပုရောဟိတ်​ထံ ပြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အမွေး​သည်​လည်း ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် အနာစိမ်း​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 21,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​ပေါ်ရှိ အမွေး​သည် မ​ဖြူ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​လည်း​မ​ပေါ်​ဘဲ ပါးသွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 22,
      "text": "အနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 23,
      "text": "အစက်အပြောက်​သည် ပျံ့သွား​ခြင်း​မ​ရှိ​ဘဲ နဂိုနေရာ​၌​ရှိ​နေ​လျှင် ၎င်း​သည် အနာစိမ်း​၏​အမာရွတ်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 24,
      "text": "တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ မီး​ပူလောင်နာ​ရှိ​၍ အပူလောင်နာ​အစို​၌ နီကြင်ကြင်​အစက်အပြောက်​၊ သို့မဟုတ် အဖြူရောင်​အစက်အပြောက် ပေါ်လာ​သောအခါ"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 25,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အစက်အပြောက်​ထဲ​ရှိ​အမွေး​သည်​ဖြူ​သွား​၍ ထို​အစက်အပြောက်​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျှင် ၎င်း​သည် အပူလောင်နာ​ရှိ​သော​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 26,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​သောအခါ အစက်အပြောက်​ထဲ၌ အမွေး​သည် မ​ဖြူ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​ဘဲ ပါးသွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 27,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် သူ့​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အရေပြား​၌ ပို၍​ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 28,
      "text": "အစက်အပြောက်​သည် အရေပြား​ပေါ်၌​ပျံ့သွား​ခြင်း​မ​ရှိ​ဘဲ နဂိုနေရာ​၌​ရှိ​၍ ပါးသွား​လျှင် ၎င်း​သည် အပူလောင်နာ​အဖုအပိမ့်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် အပူလောင်နာ​အမာရွတ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 29,
      "text": "ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ခေါင်း​၊ သို့မဟုတ် မေး​၌ အနာ​ဖြစ်​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​သည် အနာ​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အနာ​ပေါ်တွင် အမွေး​ဝါ​ပါးပါး​ရှိ​နေ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ထို​အနာ​သည် ယားနာ​ဖြစ်​၏​။ ခေါင်း​၊ သို့မဟုတ် မေး​တို့​၌​ဖြစ်​သော အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 31,
      "text": "ယဇ်ပုရောဟိတ်​သည် ယားနာ​ကို​ကြည့်ရှု​စစ်ဆေး​၍ ထို​အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​၊ အနာ​ပေါ်ရှိ​အမွေး​လည်း မ​မည်း​လျှင် ယဇ်ပုရောဟိတ်​သည် ယားနာ​ဖြစ်​နေ​သော​သူ​အား ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 32,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် အနာ​ကို ကြည့်ရှု​စစ်ဆေး​၍ ယားနာ​သည် ပျံ့သွား​ခြင်း​မ​ရှိ​၊ အနာ​ပေါ်ရှိ​အမွေး​သည်​လည်း မ​ဝါ​၊ ယားနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​မ​ရှိ​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 33,
      "text": "ထို​သူ​သည် အမွေး​ကို ရိတ်​ပစ်​ရ​မည်​။ သို့သော် ယားနာ​ဖြစ်​သော​နေရာ​ကို မ​ရိတ်​ရ​။ ယဇ်ပုရောဟိတ်​သည် ယားနာ​ဖြစ်​သော​သူ​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 34,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် ယားနာ​ကို ကြည့်ရှု​စစ်ဆေး​၍ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​ခြင်း​မ​ရှိ​၊ အရေပြား​အောက်​ရောက်​နေ​ဟန်​လည်း မ​ရှိ​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 35,
      "text": "သူ​သည် သန့်စင်​ပြီးမှ ယားနာ​သည် အရေပြား​ပေါ်၌ ပို၍​ပျံ့သွား​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 36,
      "text": "ယဇ်ပုရောဟိတ်​သည် သူ့​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ယားနာ​သည် အရေပြား​ပေါ်၌ ပျံ့သွား​လျှင် ယဇ်ပုရောဟိတ်​သည် အမွေး​ဝါ​ရှိ​၊ မ​ရှိ စစ်ဆေး​ရန်​မ​လို​။ သူ​သည် မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 37,
      "text": "ယားနာ​သည် တန့်​နေ​၍ ယားနာ​ပေါ်၌ အမွေး​မည်း​ပေါက်​နေ​သည်​ဟု ယဇ်ပုရောဟိတ်​မြင်​လျှင် ထို​သူ​သည် ယားနာ​ပျောက်ကင်း​၍ စင်ကြယ်​ပြီ​ဖြစ်​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 38,
      "text": "ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ကိုယ်ခန္ဓာ​အရေပြား​၌ အဖြူရောင်​အစက်အပြောက်​များ ပေါ်လာ​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 39,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ ကိုယ်ခန္ဓာ​အရေပြား​ပေါ်မှ အစက်အပြောက်​သည် ဖြူ​ဖျော့ဖျော့​ဖြစ်လျှင် ၎င်း​သည် အရေပြား​ပေါ်၌ ပေါက်​သော​ညှင်း​ဖြစ်​၏​။ သူ​သည် စင်ကြယ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 40,
      "text": "ယောက်ျား​တစ်​ဦး​သည် ဆံပင်​ကျွတ်​၍ ခေါင်းပြောင်​သော်လည်း သူ​သည် စင်ကြယ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 41,
      "text": "ခေါင်း​အရှေ့ဘက်​မှ ဆံပင်​ကျွတ်​၍ နဖူးပြောင်​သော်လည်း သူ​သည် စင်ကြယ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 42,
      "text": "ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ နီကြင်ကြင်​အနာ​ပေါက်​လျှင် ၎င်း​သည် ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ ပေါက်​သော အနာကြီးရောဂါ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 43,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ အနာ​၏​အဖုအပိမ့်​သည် ကိုယ်ခန္ဓာ​အရေပြား​၌​ဖြစ်​သော​အနာကြီးရောဂါ​၏​လက္ခဏာ​ကဲ့သို့ နီကြင်ကြင်​ဖြစ်​နေ​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 44,
      "text": "သူ​သည် အနာကြီးရောဂါစွဲ​နေ​ပြီ​ဖြစ်၍ မစင်ကြယ်​။ သူ​၏​ခေါင်း​ပေါ်၌ အနာ​ပေါက်​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု အတိအလင်း​ကြေညာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 45,
      "text": "အနာကြီးရောဂါစွဲ​နေ​သော​သူ​သည် အဝတ်​စုတ်​ကို​သာ ဝတ်​ရ​မည်​။ ဆံပင်​ကို ဖားလျားချ​ထား​ရ​မည်​။ နှုတ်ခမ်း​ကို ဖုံး​၍ ‘မစင်ကြယ် မစင်ကြယ်’​ဟု အော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 46,
      "text": "သူ​၌ အနာစွဲ​နေ​သည့်​ကာလ​ပတ်လုံး သူ​သည် မစင်ကြယ်​။ မစင်ကြယ်​သဖြင့် သူ​တစ်ယောက်တည်း​နေ​ရ​မည်​။ သူ​၏​နေရာ​သည် တပ်စခန်း​အပြင်ဘက် ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 47,
      "text": "သိုးမွေး​အဝတ်အထည်​၊ ချည်ချော​အဝတ်အထည်​၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 48,
      "text": "ချည်ချော​၊ သို့မဟုတ် သိုးမွေး​တို့​၏​တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​၊ သို့မဟုတ် သားရေ​ဖြင့်​လုပ်သောပစ္စည်း​တစ်ခုခု စသည်​တို့​၌ မှိုစွဲနာ​ရှိ​၍"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 49,
      "text": "ထို​အနာ​သည် အဝတ်​၊ သားရေ​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌ စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင် ဖြစ်​နေ​လျှင် မှိုစွဲနာ​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​အား ပြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 50,
      "text": "ယဇ်ပုရောဟိတ်​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ပြီးလျှင် အနာစွဲ​နေ​သော​ပစ္စည်း​ကို ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 51,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ အနာ​ကို​ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​၊ သို့မဟုတ် သားရေ​ဖြင့်​ပြုလုပ်​ထား​သော​ပစ္စည်း​တစ်ခုခု စသည်​တို့​၌ ပျံ့သွား​လျှင် ထို​အနာ​သည် ဆိုးရွား​သော မှိုစွဲနာ​ဖြစ်​၏​။ ထို​ပစ္စည်း​သည် မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 52,
      "text": "ယဇ်ပုရောဟိတ်​သည် အဝတ်​၊ ချည်ချော​၊ သို့မဟုတ် သိုးမွေး​၏​တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည့် အနာစွဲ​သော​ပစ္စည်း​တို့​ကို ရှို့​ပစ်​ရ​မည်​။ ဆိုးရွား​သော မှိုစွဲနာ​ဖြစ်​သောကြောင့် မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 53,
      "text": "ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု စသည်​တို့​၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင်"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 54,
      "text": "အနာစွဲ​သော​ပစ္စည်း​ကို လျှော်​ရန် မိန့်မှာ​ရ​မည်​။ ထို့နောက် ထို​ပစ္စည်း​ကို နောက်ထပ်​ခုနစ်​ရက် သီးခြား​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 55,
      "text": "အနာစွဲ​သော​ပစ္စည်း​ကို လျှော်​ပြီးသည့်နောက် ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​၏​လက္ခဏာ​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​။ အနာ​သည်​ပျံ့သွား​ခြင်း​မ​ရှိ​လျှင်​လည်း ထို​ပစ္စည်း​သည် မစင်ကြယ်​။ မီး​ရှို့​ပစ်​ရ​မည်​။ ထို​ပစ္စည်း​၏​အတွင်း​၊ သို့မဟုတ် အပြင်​၌ မှိုတက်​နေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 56,
      "text": "ထို​ပစ္စည်း​ကို ဆေးကြော​ပြီးသည့်နောက် ယဇ်ပုရောဟိတ်​ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် ပါးသွား​လျှင် အနာ​ကို အဝတ်​၊ သားရေ​၊ တိုင်ချည်​၊ ဖောက်ချည်​တို့​မှ ဖယ်ထုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 57,
      "text": "အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု စသည်​တို့​၌ အနာ​ထပ်​ပေါ်လာ​လျှင် ထို​အနာ​သည် ပြန့်ပွား​တတ်​သော​အနာ​ဖြစ်၍ သင်​သည် ထို​အနာစွဲ​သော​ပစ္စည်း​ကို မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 58,
      "text": "လျှော်​ပြီး​သော အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌ အနာ​ပျောက်သွား​လျှင် နောက်တစ်ခါ လျှော်​ရ​မည်​။ ထို့နောက်မှ စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 59,
      "text": "ဤသည်ကား စင်ကြယ်​သည်​၊ မစင်ကြယ်​သည်​ကို​ကြေညာ​နိုင်​ရန် သိုးမွေး​အဝတ်​၊ ချည်ချော​အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌​စွဲ​သည့် မှိုစွဲနာ​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 2,
      "text": "“​အနာကြီးရောဂါစွဲ​ခဲ့​သော​သူ​အား သန့်စင်​စေ​ခြင်း​နေ့​နှင့်ဆိုင်သော​ပညတ်တရား​ကား ဤသို့​ဖြစ်​၏​။ သူ့​ကို ယဇ်ပုရောဟိတ်​ထံ ခေါ်လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 3,
      "text": "ယဇ်ပုရောဟိတ်​သည် တပ်စခန်း​၏​အပြင်ဘက်​သို့​ထွက်လာ​၍ သူ့​ကို ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာကြီးရောဂါစွဲ​ခဲ့​သော​သူ​၌ အနာကြီးရောဂါ​၏​အနာ​သည် ပျောက်ကင်း​လျှင်"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​မည့်​သူ​အတွက် စင်ကြယ်​သော​ငှက်​အရှင်​နှစ်​ကောင်​၊ သစ်ကတိုးသား​၊ အနီရောင်​ချည်​နှင့် ဟုဿုပ်ညွန့်​တို့​ကို ယူဆောင်​လာ​ရ​မည်​ဟု မိန့်မှာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 5,
      "text": "ငှက်​တစ်​ကောင်​ကို မြေ​အိုး​ထဲ​ရှိ စမ်းရေ ​ပေါ်၌​သတ်​ရန် ယဇ်ပုရောဟိတ်​မိန့်မှာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​သည် ကျန်​ငှက်​အရှင်​ကို​ယူ​၍ သစ်ကတိုးသား​၊ အနီရောင်​ချည်​၊ ဟုဿုပ်ညွန့်​တို့​နှင့်အတူ ထို​ငှက်​အရှင်​ကို စမ်းရေ​ပေါ်တွင်​သတ်​ခဲ့​သော​ငှက်​သွေး​ထဲသို့ နှစ်​၍"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 7,
      "text": "အနာကြီးရောဂါ​မှ​စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​အား ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။ ထို့နောက်မှ သူ့​အား စင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ငှက်​အရှင်​ကို​ကား ကွင်းပြင်​သို့ လွှတ်လိုက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 8,
      "text": "စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ မိမိ​အမွေး​ရှိသမျှ​ကို​ရိတ်​ပြီး ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​၍ တပ်စခန်း​ထဲသို့​ဝင်​ခွင့်​ရှိ​မည်​။ သို့သော် သူ​သည် မိမိ​တဲ​၏​အပြင်ဘက်​၌ ခုနစ်​ရက်​နေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 9,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် မိမိ​အမွေး​ရှိသမျှ​ကို​ရိတ်​ရ​မည်​။ မိမိ​၏​ဆံပင်​၊ မုတ်ဆိတ်မွေး​နှင့် မျက်ခုံးမွေး​တို့​မှစ၍ အမွေး​ရှိသမျှ​တို့​ကို ရိတ်​ရ​မည်​။ မိမိ​အဝတ်​ကို​လျှော်​ပြီး ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 10,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ အပြစ်အနာအဆာကင်း​သော​သိုးသငယ်​အထီး​နှစ်​ကောင်​၊ အပြစ်အနာအဆာကင်း​သော​တစ်နှစ်သားအရွယ်​သိုးသငယ်အမ​တစ်​ကောင်​၊ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ ​နှင့် ဆီ​တစ်​လောဃ ​ကို ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 11,
      "text": "စင်ကြယ်​သည်​ဟု​ကြေညာ​ပေး​မည့်​ယဇ်ပုရောဟိတ်​သည် ထို​အရာ​တို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​နှင့်အတူ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 12,
      "text": "ယဇ်ပုရောဟိတ်​သည် သိုးသငယ်​အထီး​တစ်​ကောင်​ကို​ယူ​၍ အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ဆီ​တစ်​လောဃ​နှင့်အတူ ပူဇော်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 13,
      "text": "ထို​သိုးသငယ်​အထီး​ကို အပြစ်ဖြေရာယဇ်ကောင်​နှင့်​မီးရှို့ရာယဇ်ကောင်​တို့​ကို​သတ်​သော​နေရာ​ဖြစ်​သည့် သန့်ရှင်း​သော​နေရာ​၌ သတ်​ရ​မည်​။ အကြောင်းမူကား အပြစ်ဖြေရာယဇ်​ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်​ကို ယဇ်ပုရောဟိတ်​ပိုင်​၍ အထူး​သန့်ရှင်းသောအရာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 14,
      "text": "ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့် ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 15,
      "text": "ယဇ်ပုရောဟိတ်​သည် ဆီ​တစ်​လောဃ​ထဲမှ အချို့​ကို​ယူ​၍ မိမိ​၏​ဘယ်​ဘက်​လက်ဖဝါး​ထဲသို့ လောင်းထည့်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 16,
      "text": "မိမိ​၏​ယာဘက်​လက်ချောင်း​ကို ဘယ်​ဘက်​လက်ဖဝါး​ထဲ​ရှိ​ဆီ​ထဲသို့​နှစ်​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထို​ဆီ​ကို မိမိ​လက်ချောင်း​ဖြင့် ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 17,
      "text": "မိမိ​၏​လက်ဖဝါး​ထဲမှ ကျန်​သော​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​၊ ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 18,
      "text": "မိမိ​လက်ဖဝါး​ထဲမှ ကျန်​သော​ဆီ​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ခေါင်း​ပေါ်၌ လိမ်းပေး​ရ​မည်​။ ဤသို့ ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 19,
      "text": "တစ်ဖန် ယဇ်ပုရောဟိတ်​သည် မစင်ကြယ်​ခြင်း​မှ​စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရန် အပြစ်ဖြေရာယဇ်​ကို​ပူဇော်​ရ​မည်​။ ထို့နောက်မှ မီးရှို့ရာယဇ်ကောင်​ကို သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​သည် မီးရှို့ရာယဇ်​နှင့်​ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​ရ​မည်​။ ဤသို့ ယဇ်ပုရောဟိတ်​သည် ထို​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 21,
      "text": "သူ​သည် ဆင်းရဲ​သော​သူ​ဖြစ်၍ မ​တတ်နိုင်​လျှင် မိမိ​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် ချီလွှဲ​ရ​မည့်​အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် သိုးသငယ်​အထီး​တစ်​ကောင်​ကို​လည်းကောင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို​လည်းကောင်း​၊ ဆီ​တစ်​လောဃ​ကို​လည်းကောင်း​၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 22,
      "text": "ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို​လည်းကောင်း မိမိ​တတ်နိုင်​သည့်​အတိုင်း ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်​၍ ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 23,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် ၎င်း​တို့​ကို မိမိ​၏​သန့်စင်​ခြင်း​အတွက် ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 24,
      "text": "ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​နှင့် ဆီ​တစ်​လောဃ​ကို ယူ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 25,
      "text": "ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​ကို​သတ်​ပြီးလျှင် အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​အချို့​ကို​ယူ​၍ စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​ပေါ်၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌​လည်းကောင်း သုတ်လိမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 26,
      "text": "ယဇ်ပုရောဟိတ်​သည် ဆီ​အချို့​ကို မိမိ​၏​ဘယ်​ဘက်​လက်ဖဝါး​ထဲသို့ လောင်းထည့်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 27,
      "text": "ယဇ်ပုရောဟိတ်​သည် ဘယ်​ဘက်​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို မိမိ​၏​ယာဘက်​လက်ချောင်း​ဖြင့် ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 28,
      "text": "ယဇ်ပုရောဟိတ်​သည် မိမိ​လက်ဖဝါး​ထဲ​ရှိ​ဆီ​အချို့​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​၏​ယာဘက်​နားပျဉ်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​ပေါ်၌ သုတ်လိမ်း​ထား​သော အပြစ်ဒဏ်ဖြေရာယဇ်ကောင်​၏​သွေး​ပေါ်၌ ထပ်၍​သုတ်လိမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 29,
      "text": "ယဇ်ပုရောဟိတ်​သည် မိမိ​လက်ဖဝါး​ထဲမှ ကျန်​သော​ဆီ​ကို စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် သူ့​ခေါင်း​ပေါ်၌ လိမ်းပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​တတ်နိုင်​သည့်​ထဲမှ ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင် တစ်မျိုးမျိုး​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 31,
      "text": "ထို​သူ​တတ်နိုင်​သည့်​ထဲမှ တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်အတူ ပူဇော်​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်​သည် စင်ကြယ်​စေ​ခြင်း​ခံ​သော​သူ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 32,
      "text": "ဤသည်ကား အနာကြီးရောဂါ​အနာ​စွဲ​၍ မိမိ​၏​သန့်စင်​ခြင်း​အတွက် မ​တတ်နိုင်​သော​သူ​နှင့်ဆိုင်သည့်​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 33,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 34,
      "text": "“​သင်​တို့​အား ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​သော​ခါနာန်​ပြည်​ထဲသို့ သင်​တို့​ဝင်ရောက်​၍ သင်​တို့​ပိုင်ဆိုင်​ရာ​ပြည်​ရှိ​အိမ်​၌ မှိုစွဲနာ ​ကို ငါ​ဖြစ်ပွား​စေ​သောအခါ"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 35,
      "text": "အိမ်​ရှင်​သည် ယဇ်ပုရောဟိတ်​ထံသို့​လာ​၍ ‘​အကျွန်ုပ်​၏​အိမ်​၌ အနာ​စွဲ​သကဲ့သို့​ဖြစ်​နေ​သည်​ကို တွေ့မြင်​ရ​ပါ​သည်​’​ဟု ပြောပြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 36,
      "text": "ယဇ်ပုရောဟိတ်​သည် အိမ်​ထဲ​ရှိ​ပစ္စည်း​အားလုံး​မစင်ကြယ်​ဟု မ​ကြေညာ​မိ​စေရန် သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​ရန် အိမ်​ထဲသို့​မ​ဝင်​မီ အိမ်​ကို​အလွတ်​ထား​ရ​မည့်​အကြောင်း မိန့်မှာ​ရ​မည်​။ ထို့နောက်မှ ယဇ်ပုရောဟိတ်​သည် အိမ်​ကို​ကြည့်ရှု​စစ်ဆေး​ရန် ဝင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 37,
      "text": "သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​သောအခါ အိမ်​နံရံ​ရှိ​အနာ​သည် စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင်​ဖြစ်၍ နံရံ​ထဲ​ထိ​စွဲ​နေ​ဟန်​ရှိ​လျှင်"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 38,
      "text": "ယဇ်ပုရောဟိတ်​သည် အိမ်​ထဲမှ အိမ်​တံခါးပေါက်​သို့​ထွက်လာ​၍ အိမ်​ကို ခုနစ်​ရက်​ပိတ်​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 39,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ ယဇ်ပုရောဟိတ်​သည် တစ်ဖန်​လာ​၍ ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အိမ်​နံရံ​ပေါ်၌ ပျံ့သွား​လျှင်"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 40,
      "text": "အနာ​စွဲ​နေ​သော​ကျောက်တုံး​များ​ကို ထုတ်ပစ်​၍ မြို့​ပြင်​ရှိ မစင်ကြယ်​သော​နေရာ​သို့ လွှင့်ပစ်​ရ​မည်​ဟု ယဇ်ပုရောဟိတ်​မိန့်မှာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 41,
      "text": "အိမ်​အတွင်း​ပတ်ပတ်လည်​ကို ခြစ်ထုတ်​၍ ထို​ခြစ်ထုတ်​သော​အမှုန့်​ကို မြို့​ပြင်​ရှိ မစင်ကြယ်​သော​နေရာ​၌ သွန်ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 42,
      "text": "ယခင်​ကျောက်တုံး​များ​နေရာ​၌ အခြား​ကျောက်တုံး​များ​ကို​ယူ​၍ အစားထိုး​ရ​မည်​။ ရွှံ့စေးသရွတ်​အသစ်​ကို​ယူ​၍ အိမ်​ကို သရွတ်ကိုင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 43,
      "text": "ကျောက်တုံး​များ​ကို​ထုတ်ပစ်​ပြီး​၊ အိမ်​ကို​ခြစ်ထုတ်​ပြီး​၊ သရွတ်ကိုင်​ပြီး​ဖြစ်​သော်လည်း အိမ်​ထဲ၌ အနာ​ပြန်၍​ပြန့်ပွား​လျှင်"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 44,
      "text": "ယဇ်ပုရောဟိတ်​သည်​လာ​၍ ကြည့်ရှု​စစ်ဆေး​ရ​မည်​။ အနာ​သည် အိမ်​ထဲ၌​ပျံ့သွား​လျှင် ထို​အနာ​သည် အိမ်​ထဲ၌​ဖြစ်​သည့် ဆိုးရွား​သော မှိုစွဲနာ​ဖြစ်​၏​။ ထို​အိမ်​သည် မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 45,
      "text": "ထို​အိမ်​ကို ဖြိုချ​၍ အိမ်​၏​ကျောက်တုံး​၊ သစ်သား​၊ အိမ်​ကို​ကိုင်​ထား​သော​သရွတ်​ရှိသမျှ​တို့​ကို မြို့​ပြင်​ရှိ မစင်ကြယ်​သော​နေရာ​သို့ ယူသွား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 46,
      "text": "ထို​အိမ်​ကို​ပိတ်​ထား​သော​ကာလ​အတွင်း အိမ်​ထဲသို့​ဝင်​သော​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 47,
      "text": "ထို​အိမ်​ထဲ၌ အိပ်​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​ရ​မည်​။ ထို​အိမ်​ထဲ၌​စားသောက်​သော​သူ​သည်​လည်း မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 48,
      "text": "အိမ်​ကို​သရွတ်ကိုင်​ပြီးနောက် ယဇ်ပုရောဟိတ်​သည် လာ​၍​ကြည့်ရှု​စစ်ဆေး​သောအခါ အနာ​သည် အိမ်​ထဲ၌ ပျံ့သွား​ခြင်း​မ​ရှိ​လျှင် အနာ​ပျောက်ကင်း​ပြီ​ဖြစ်​သောကြောင့် ယဇ်ပုရောဟိတ်​သည် ထို​အိမ်​အား စင်ကြယ်​သည်​ဟု ကြေညာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 49,
      "text": "အိမ်​ကို​သန့်စင်​စေရန်​အတွက် ငှက်​နှစ်​ကောင်​၊ သစ်ကတိုးသား​၊ အနီရောင်​ချည်​၊ ဟုဿုပ်ညွန့်​တို့​ကို ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 50,
      "text": "ငှက်​တစ်​ကောင်​ကို မြေ​အိုး​ထဲ​ရှိ စမ်းရေ​ပေါ်၌ သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 51,
      "text": "ထို့နောက် သစ်ကတိုးသား​၊ ဟုဿုပ်ညွန့်​၊ အနီရောင်​ချည်​၊ ငှက်​အရှင်​တို့​ကို​ယူ​၍ သတ်​ခဲ့​သော​ငှက်​၏​သွေး​နှင့် စမ်းရေ​ရှိ​ရာ​အိုး​ထဲသို့ ၎င်း​တို့​ကို နှစ်​၍ ထို​အိမ်​ကို ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 52,
      "text": "ထို​အိမ်​ကို ငှက်​သွေး​၊ စမ်းရေ​၊ ငှက်​အရှင်​၊ သစ်ကတိုးသား​၊ ဟုဿုပ်ညွန့်​၊ အနီရောင်​ချည်​တို့​ဖြင့် သန့်စင်​စေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 53,
      "text": "ငှက်​အရှင်​ကို မြို့​ပြင်​ရှိ ကွင်းပြင်​သို့ လွှတ်လိုက်​ရ​မည်​။ ဤသို့ဖြင့် ထို​အိမ်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​၍ ထို​အိမ်​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 54,
      "text": "ဤသည်ကား အနာကြီးရောဂါ​အမျိုးမျိုး​နှင့်ဆိုင်သော ပညတ်တရား​ဖြစ်​၏​။ ယားနာ​၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 55,
      "text": "အဝတ်​နှင့်​အိမ်​တို့​၌​ဖြစ်​တတ်​သော မှိုစွဲနာ​နှင့်​ပတ်သက်၍"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 56,
      "text": "အဖုအပိမ့်​၊ အယားအနာ​၊ အစက်အပြောက် တို့​နှင့်​ပတ်သက်၍"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 57,
      "text": "မစင်ကြယ်​ချိန်​၊ စင်ကြယ်​ချိန်​ကို ညွှန်ကြား​ပေး​သော အနာကြီးရောဂါ​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​တစ်ယောက်ယောက်​သည် မိမိ​၏​ကိုယ်ခန္ဓာ​မှ အရိအရွဲထွက်​သောအခါ ထို​သူ​သည် ရိနာ​ကြောင့် မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 3,
      "text": "ထို​သူ​၏​ရိနာ​နှင့်ဆိုင်သော မစင်ကြယ်​ခြင်း​ကား ဤသို့​ဖြစ်​၏​။ သူ​၏​ကိုယ်ခန္ဓာ​မှ အရိအရွဲထွက်​သည်​ဖြစ်စေ​၊ အရိအရွဲ​မ​ထွက်​ဘဲ ပိတ်​နေ​သည်​ဖြစ်စေ သူ​သည် မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 4,
      "text": "အရိအရွဲထွက်​သူ အိပ်​သည့်​အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​သည့်​နေရာတိုင်း မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 5,
      "text": "ထို​သူ​၏​အိပ်ရာ​ကို ထိမိ​သော​သူ​တိုင်း မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 6,
      "text": "အရိအရွဲထွက်​သူ​ထိုင်​ခဲ့​သော​ဝတ္ထုပစ္စည်း​ပေါ်၌ ထိုင်​မိ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 7,
      "text": "အရိအရွဲထွက်​သူ​၏​ကိုယ်ခန္ဓာ​ကို​ထိမိ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 8,
      "text": "အရိအရွဲထွက်​သူ​သည် စင်ကြယ်​သော​သူ​ကို တံတွေးထွေး​မိ​လျှင် တံတွေးထွေး​ခံရ​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 9,
      "text": "အရိအရွဲထွက်​သူ​ထိုင်စီး​သည့် ကုန်းနှီး​တိုင်း မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 10,
      "text": "ထို​သူ​ထိုင်​ခဲ့​သည့်​ဝတ္ထုပစ္စည်း​တစ်ခုခု​ကို ထိမိ​သော​သူ​တိုင်း နေဝင်ချိန်​ထိ မစင်မကြယ်​ဖြစ်​၏​။ ထို​ဝတ္ထုပစ္စည်း​များ​ကို သယ်ဆောင်​သွား​သော​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 11,
      "text": "အရိအရွဲထွက်​သူ​သည် မိမိ​လက်​ကို​ရေ​မ​ဆေး​ဘဲ တစ်စုံတစ်ယောက်​ကို​ထိမိ​လျှင် အထိ​ခံရ​သူ​သည် မိမိ​၏​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 12,
      "text": "အရိအရွဲထွက်​သူ ထိမိ​သော​မြေ​အိုး​ကို ခွဲပစ်​ရ​မည်​။ သူ​ထိမိ​သော သစ်သား​အသုံးအဆောင်​တိုင်း​ကို ရေ​ဆေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 13,
      "text": "အရိအရွဲထွက်​သူ​သည် ရိနာ​မှ စင်ကြယ်​သောအခါ သူ​သည် မိမိ​၏​သန့်စင်​ခြင်း​အတွက် မိမိဘာသာမိမိ​နေ့ရက်​ခုနစ်​ရက်​ရေတွက်​ရ​မည်​။ ခုနစ်​ရက်​စေ့လျှင် မိမိ​အဝတ်​ကို​လျှော်​၍ စမ်းရေ​ဖြင့် ရေချိုး​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 14,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူ​ပြီး ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့​လာ​၍ ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 15,
      "text": "ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်​သည် အရိအရွဲ​ထွက်​သူ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 16,
      "text": "ယောက်ျား​သည် သုက်ရည်​ထွက်​လျှင် တစ်ကိုယ်လုံး ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 17,
      "text": "သုက်ရည်​ပေ​သွား​သော အဝတ်​နှင့်​သားရေ​ရှိသမျှ​တို့​ကို လျှော်​ရ​မည်​။ ၎င်း​တို့​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 18,
      "text": "ယောက်ျား​သည် မိန်းမ​နှင့်​အိပ်​၍ သုက်ရည်​ထွက်​လျှင် နှစ်​ယောက်​စလုံး ရေချိုး​ရ​မည်​။ သူ​တို့​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 19,
      "text": "မိန်းမ​သည် ဓမ္မတာသွေး​ဆင်း​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။ သူ့​ကို​ထိ​သော​သူ​တိုင်း နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 20,
      "text": "ဓမ္မတာလာ​သော​ကာလ​အတွင်း သူ​အိပ်​သည့်​အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​သည့်​နေရာတိုင်း မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 21,
      "text": "သူ​၏​အိပ်ရာ​ကို​ထိ​သော​သူ​တိုင်း မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 22,
      "text": "သူ​ထိုင်​ခဲ့​သည့်​ဝတ္ထုပစ္စည်း​တစ်ခုခု​ကို​ထိမိ​သော​သူ​တိုင်း မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 23,
      "text": "အိပ်ရာ​ပေါ်၌​ဖြစ်စေ​၊ သူ​ထိုင်​ခဲ့​သည့်​ဝတ္ထုပစ္စည်း​ပေါ်၌​ဖြစ်စေ စွန်း​နေ​သော​အရာ​ကို ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 24,
      "text": "ယောက်ျား​သည် သူ​နှင့်​အိပ်​၍ ထို​ယောက်ျား​သည် ဓမ္မတာသွေး​စွန်း​သွား​လျှင် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။ ထို​ယောက်ျား​အိပ်​သည့် အိပ်ရာ​တိုင်း မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 25,
      "text": "မိန်းမ​သည် ဓမ္မတာလာ​ချိန်​မ​ဟုတ်​ဘဲ ရက်​ပေါင်း​များစွာ​သွေး​ဆင်း​နေ​လျှင်​ဖြစ်စေ​၊ ဓမ္မတာလာ​ချိန်​၌ ရက်​ပို၍​ဆက်လာ​နေ​လျှင်​ဖြစ်စေ မစင်ကြယ်​သော​အရာ​ဆင်း​နေ​ချိန်​တစ်လျှောက်လုံး ဓမ္မတာလာ​ချိန်​ကဲ့သို့ပင် သူ​သည် မစင်ကြယ်​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 26,
      "text": "သွေးဆင်း​ချိန်​တစ်လျှောက်လုံး​၌ သူ​အိပ်​သည့်​အိပ်ရာ​တိုင်း​သည် ဓမ္မတာလာ​ချိန်​မှ​အိပ်ရာ​ကဲ့သို့​မစင်မကြယ်​ဖြစ်​၏​။ သူ​ထိုင်​ခဲ့​သော​ဝတ္ထုပစ္စည်း​တိုင်း​သည် ဓမ္မတာလာ​ချိန်​၌​မစင်ကြယ်​သကဲ့သို့ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 27,
      "text": "၎င်း​တို့​ကို ထိမိ​သော​သူ​တိုင်း မစင်မကြယ်​ဖြစ်​၏​။ မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 28,
      "text": "ထို​မိန်းမ​သည် သွေးဆင်းခြင်း​မှ စင်ကြယ်​သွား​သောအခါ မိမိဘာသာမိမိ​နေ့ရက်​ခုနစ်​ရက်​ရေတွက်​ရ​မည်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 29,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​သည် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်​သည် မစင်ကြယ်​သော​အရာ​ဆင်း​သော​မိန်းမ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 31,
      "text": "ထိုသို့ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အလယ်​ရှိ ငါ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သူ​တို့​၏​မစင်ကြယ်​ခြင်း​ဖြင့် ညစ်ညူး​စေ​၍ သေ​ရ​မည့်​အဖြစ်​သို့ မ​ရောက်​ကြ​စေရန် သူ​တို့​၏​မစင်ကြယ်​ခြင်း​မှ သူ​တို့​ကို​ကင်းစင်​စေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 32,
      "text": "ဤသည်ကား အရိအရွဲထွက်​သော​သူ​၊ သုက်ရည်​ထွက်​ခြင်း​ကြောင့် ညစ်ညူး​သော​သူ​၊"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 33,
      "text": "ဓမ္မတာလာ​သော​မိန်းမ​၊ မစင်ကြယ်​သော​အရည်​ထွက်​သော​ယောက်ျား​မိန်းမ​၊ မစင်ကြယ်​သော​မိန်းမ​နှင့်​အိပ်​သော​ယောက်ျား တို့​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 1,
      "text": "အာရုန်​၏​သား​နှစ်​ယောက်​သည် ထာဝရဘုရား​ရှေ့​တော်​သို့​ချဉ်းကပ်​၍ သေ​သွား​ကြ​ပြီးနောက် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 2,
      "text": "“​ငါ​သည် ကရုဏာ​တော်​ပလ္လင် ​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင် ​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 3,
      "text": "အာရုန်​သည် သန့်ရှင်းရာဌာန​သို့ လာ​သောအခါ သူ​သည် အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားထီးပျို​တစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ယူလာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 4,
      "text": "သူ​သည် ကိုယ်​ပေါ်၌ သန့်ရှင်း​သော​ပိတ်ချော​အတွင်းသင်တိုင်း​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​ရ​မည်​။ ပိတ်ချော​ခါးစည်း​ကို​စည်း​၍ ပိတ်ချော​ခေါင်းပေါင်း​ကို ဆောင်း​ရ​မည်​။ ဤ​အဝတ်တန်ဆာ​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ ရေချိုး​ပြီးမှ ဝတ်ဆင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 5,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​နှစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ကို အစ္စရေး​အမျိုးသား​လူထု​ထံမှ ယူ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 6,
      "text": "အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 7,
      "text": "ဆိတ်သငယ်​နှစ်​ကောင်​ကို​လည်း​ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 8,
      "text": "အာရုန်​သည် ထို​ဆိတ်သငယ်​နှစ်​ကောင်​ကို မဲချ​ရ​မည်​။ မဲ​တစ်​ခု​သည် ထာဝရဘုရား​အဖို့​ဖြစ်၍ ကျန်​မဲ​တစ်​ခု​သည် အဇာဇယ် ​အဖို့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 9,
      "text": "အာရုန်​သည် ထာဝရဘုရား​အဖို့ မဲ​ကျ​သော​ဆိတ်သငယ်​ကို ယူဆောင်​လာ​၍ အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 10,
      "text": "အဇာဇယ်​အဖို့ မဲ​ကျ​သော​ဆိတ်သငယ်​ကို​ကား အပြစ်ဖြေလွှတ်​ခြင်း​အတွက်​အသုံးပြု​၍ အဇာဇယ်​အဖို့ တောကန္တာရ​ထဲသို့ လွှတ်​ရန် ထာဝရဘုရား​ထံ အသက်ရှင်​လျက် ဆက်သ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 11,
      "text": "အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ မိမိ​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 12,
      "text": "ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​ပေါ်​မှ မီးခဲ​များ​ကို မီးကျီးခံဗန်း​နှင့်​အပြည့်​၊ အမွှေးနံ့သာပေါင်း​အမှုန့်​ကို လက်ခုပ်​နှင့်​အပြည့်​ယူ​၍ ကန့်လန့်ကာ​၏​အတွင်း​ဘက်​သို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 13,
      "text": "သူ​မ​သေ​ရ​မည့်​အကြောင်း သက်သေခံချက်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင် ​ကို နံ့သာပေါင်း​၏​မီးခိုးငွေ့​ဖြင့် ဖုံးလွှမ်း​စေရန် နံ့သာပေါင်း​ကို ထာဝရဘုရား​ရှေ့​တော်​ရှိ မီး​ပေါ်၌ တင်ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 14,
      "text": "သူ​သည် နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ ၎င်း​ကို မိမိ​လက်ချောင်း​ဖြင့် ကရုဏာ​တော်​ပလ္လင် ​၏​မျက်နှာစာ​ပေါ်၌ ဖျန်း​ရ​မည်​။ သွေး​အချို့​ကို မိမိ​၏​လက်ချောင်း​ဖြင့် ကရုဏာ​တော်​ပလ္လင် ​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 15,
      "text": "ထို့နောက် လူ​တို့​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​ကို​သတ်​၍ ၎င်း​၏​သွေး​ကို ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ယူဆောင်​လာ​ရ​မည်​။ နွားထီး​၏​သွေး​ကို​ဖျန်း​သကဲ့သို့ ဆိတ်ထီးကလေး​၏​သွေး​ကို​လည်း ကရုဏာ​တော်​ပလ္လင် ​ပေါ်၌​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင် ​ရှေ့​၌​လည်းကောင်း ဖျန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 16,
      "text": "ဤသို့ဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​၏​မစင်ကြယ်​ခြင်း​ကြောင့်​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကြောင့် သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ထိုနည်းတူ သူ​တို့​နှင့်အတူ သူ​တို့​၏​မစင်ကြယ်​ခြင်း​အလယ်​၌ တည်​နေ​သော တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွက်​လည်း ပြု​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 17,
      "text": "သူ​သည် မိမိ​အတွက်​၊ မိမိ​၏​အိမ်သူအိမ်သား​အတွက်​၊ အစ္စရေး​လူအစုအဝေး​အပေါင်း​တို့​အတွက် သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဝင်​သော​အချိန်​မှစ၍ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး ပြန်ထွက်လာ​သည့်​အချိန်​ထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌ မည်သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ရ​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 18,
      "text": "ထို့နောက် ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​သို့ ထွက်လာ​၍ ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ နွားထီး​၏​သွေး​အချို့​နှင့် ဆိတ်သငယ်​၏​သွေး​အချို့​ကို​ယူ​၍ ယဇ်ပလ္လင်​ပတ်လည်​ရှိ​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 19,
      "text": "သွေး​အချို့​ကို မိမိ​၏​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​ပေါ်၌ ခုနစ်​ကြိမ်​ဖျန်း​ပြီး စင်ကြယ်​စေ​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပလ္လင်​ကို အစ္စရေး​အမျိုးသား​တို့​၏​မစင်ကြယ်​ခြင်း​မှ စင်ကြယ်​အောင် ပြု​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 20,
      "text": "ထိုသို့ သန့်ရှင်းရာဌာန​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် ယဇ်ပလ္လင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး​သောအခါ အသက်ရှင်​သော​ဆိတ်သငယ်​ကို ယူလာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 21,
      "text": "အာရုန်​သည် မိမိ​လက်​နှစ်​ဖက်​ကို အသက်ရှင်​သော​ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​၍ အစ္စရေး​အမျိုးသား​တို့​၏​ဒုစရိုက်​ရှိသမျှ​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​တို့​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌​တင်ထား​ပြီး ထို​ဆိတ်သငယ်​ကို တာဝန်​ရှိ​သူ​မှတစ်ဆင့် တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 22,
      "text": "ဆိတ်သငယ်​သည် သူ​တို့​၏​အပြစ်​ရှိသမျှ​ကို လူသူကင်းဝေး​ရာ​အရပ်​သို့ ယူဆောင်​သွား​မည်​။ တာဝန်​ရှိ​သူ​သည် ဆိတ်သငယ်​ကို တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 23,
      "text": "ထို့နောက် အာရုန်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ဝင်​ပြီးလျှင် သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​စဉ်က ဝတ်​ခဲ့​သည့်​ပိတ်ချော​အဝတ်တန်ဆာ​ကို​ချွတ်​၍ ထို​နေရာ​၌ ထားခဲ့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 24,
      "text": "သူ​သည် သန့်ရှင်း​သော​နေရာ​၌ ရေချိုး​ပြီးလျှင် မိမိ​အဝတ်​ကို​ဝတ်​ရ​မည်​။ ထို့နောက် ထွက်လာ​၍ မိမိ​၏​မီးရှို့ရာယဇ်​၊ လူ​တို့​၏​မီးရှို့ရာယဇ်​တို့​ကို ပူဇော်​ခြင်း​ဖြင့် မိမိ​အတွက်​၊ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 25,
      "text": "အပြစ်ဖြေရာယဇ်ကောင်​၏​အဆီ​ကို​လည်း ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 26,
      "text": "အဇာဇယ်​အဖို့ ဆိတ်သငယ်​ကို လွှတ်​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 27,
      "text": "သန့်ရှင်းရာဌာန​ထဲ၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် အသွေး​ယူဆောင်​သွား​ခြင်း​ခံရ​သည့် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​နှင့် အပြစ်ဖြေရာယဇ်​ဖြစ်​သော​ဆိတ်သငယ်​ကို တပ်စခန်း​၏​အပြင်ဘက်​သို့ ယူဆောင်​သွား​၍ ၎င်း​တို့​၏​အရေခွံ​၊ အသား​၊ မစင်​တို့​ကို မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 28,
      "text": "ထို​အရာ​တို့​ကို​ရှို့​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 29,
      "text": "သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏​။ သင်​တို့​၏​အမျိုးသားချင်း​ဖြစ်စေ​၊ သင်​တို့​ထဲတွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ် ​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 30,
      "text": "အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​၏​အပြစ်​ရှိသမျှ​မှ စင်ကြယ်​ကြ​မည့်​အကြောင်း ထို​နေ့​၌ ယဇ်ပုရောဟိတ်​သည် သင်​တို့​စင်ကြယ်​စေရန် သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 31,
      "text": "ထို​နေ့​သည် သင်​တို့​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 32,
      "text": "မိမိ​ဖခင်​အရိုက်အရာ​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရန် ဘိသိက်ပေး​၍ ခန့်အပ်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ သူ​သည် သန့်ရှင်း​သော​အဝတ်တန်ဆာ​ဖြစ်​သည့် ပိတ်ချော​အဝတ်တန်ဆာ​ကို ဝတ်ဆင်​၍"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 33,
      "text": "အသန့်ရှင်းဆုံး သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ယဇ်ပုရောဟိတ်​များ​နှင့်​လူ​အစုအဝေး​အပေါင်း​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 34,
      "text": "ဤသည်ကား တစ်​နှစ်​လျှင်​တစ်ကြိမ် အစ္စရေး​အမျိုးသား​တို့​၏​အပြစ်​ရှိသမျှ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ အာရုန်​သည်​လည်း မောရှေ​အား​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 2,
      "text": "“​အာရုန်​နှင့်​သူ​၏​သား​တို့​မှစ၍ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို ဆင့်ဆို​လော့​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 3,
      "text": "အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်စုံတစ်ယောက်​သည် နွား​၊ သိုး​၊ ဆိတ်​တစ်ကောင်ကောင်​ကို တပ်စခန်း​ထဲ၌​ဖြစ်စေ​၊ တပ်စခန်း​အပြင်​၌​ဖြစ်စေ သတ်​ပြီး"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 4,
      "text": "ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အရှေ့​တွင် ထာဝရဘုရား​ထံ ပူဇော်​ရန် ပူဇော်သက္ကာ​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​၌ အသက်သတ်​သော​အပြစ်​ရှိ​သည်​ဟု မှတ်ယူ​ရ​မည်​။ ထို​သူ​သည် အသက်သတ်​သည်​ဖြစ်၍ သူ​သည် မိမိ​လူမျိုး​ထဲ​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 5,
      "text": "ဤသည်ကား အစ္စရေး​အမျိုးသား​တို့​သည် ကွင်းပြင်​၌ သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​ခဲ့​၍ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ပူဇော်​ကြ​ရန်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အနီး ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ သွေး​ကို ဖျန်း​၍ အဆီ​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 7,
      "text": "ယခင်က သူ​တို့​သည် ဖောက်ပြန်မှားယွင်း​ပြီး မိမိ​တို့​၏​ယဇ်​များ​ကို ဆိတ်နတ်ဘုရား​များ​အား ပူဇော်​ခဲ့​ကြ​သကဲ့သို့ နောက်တစ်ဖန် မ​ပူဇော်​ရ​။ ဤသည်ကား သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 8,
      "text": "“​အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို​ပူဇော်​မည့်​သူ​သည်"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 9,
      "text": "ထာဝရဘုရား​ထံ​ပူဇော်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 10,
      "text": "အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် သွေး​တစ်မျိုးမျိုး​ကို​စား​လျှင် ထို​သွေး​စား​သော​သူ​ကို ငါ​မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 11,
      "text": "အကြောင်းမူကား သတ္တဝါ​၏​အသက်​သည် သွေး​၌​တည်​၏​။ ယဇ်ပလ္လင်​ပေါ်၌ ထို​သွေး​ဖြင့် သင်​တို့​၏​အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန်​အတွက် ငါ​သတ်မှတ်​ပေး​ပြီ​။ အကယ်စင်စစ် သွေး​သည် လူ​တို့​၏​အပြစ်​ကို​ဖြေလွှတ်​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 12,
      "text": "ထို့ကြောင့် ‘​သင်​တို့​တွင် မည်သူ​မျှ သွေး​ကို​မ​စား​ရ​။ သင်​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည်​လည်း သွေး​ကို​မ​စား​ရ​’​ဟု အစ္စရေး​အမျိုးသား​တို့​ကို ငါ​မိန့်ဆို​ပြီ​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 13,
      "text": "အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် အမဲလိုက်​၍ စား​ခွင့်​ရှိ​သည့် တောရိုင်းတိရစ္ဆာန်​၊ သို့မဟုတ် ကျေးငှက်​ကို​မိ​လျှင် ထို​သားကောင်​၏​သွေး​ကို​သွန်​၍ မြေ​နှင့်​ဖုံး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 14,
      "text": "အကြောင်းမူကား သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​၏​။ ထိုသို့ အသက်​သည် သွေး​၌​တည်​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ‘မည်သည့်​သတ္တဝါ​၏​သွေး​ကို​မျှ မ​စား​ရ​။ သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​သောကြောင့် သွေး​ကို​စား​သော​သူ​မည်သူမဆို သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်’​ဟု ငါ​မိန့်ဆို​ပြီ​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 15,
      "text": "အမျိုးသားချင်း​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ တစ်စုံတစ်ယောက်​သည် အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို​စား​မိ​လျှင် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို့နောက်မှ သူ​သည် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 16,
      "text": "သူ​သည် အဝတ်​မ​လျှော်​၊ ရေ​မ​ချိုး​လျှင် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​”​ဟု သူ​တို့​အား ပြောကြား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 3,
      "text": "သင်​တို့​နေထိုင်​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဓလေ့ထုံးစံ​အတိုင်း မ​ပြုကျင့်​ရ​။ သင်​တို့​ကို ငါ​ပို့ဆောင်​မည့် ခါနာန်​ပြည်​၏​ဓလေ့ထုံးစံ​အတိုင်း မ​ပြုကျင့်​ရ​။ သူ​တို့​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 4,
      "text": "သင်​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ရ​မည်​။ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ ထို​စီရင်ထုံးဖွဲ့ချက်​၊ ထို​ပြဋ္ဌာန်းချက်​အတိုင်း​လိုက်လျှောက်​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 5,
      "text": "သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ ထို​အရာ​တို့​ကို​ပြုကျင့်​လျှင် ထို​အရာ​တို့​အားဖြင့် အသက်ရှင်​လိမ့်မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 6,
      "text": "သင်​တို့​သည် မိမိ​နှင့်​ဆွေမျိုးနီးစပ်သူ​မည်သူ့​ကို​မျှ ဆက်ဆံ ​ရန် မ​ချဉ်းကပ်​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 7,
      "text": "သင့်​ဖခင်​အား ရှုတ်ချ​ခြင်း​အမှု​ကို​မ​ပြု​ရ​။ သင့်​မိခင်​အား ရှုတ်ချ​ခြင်း​အမှု​ကို​မ​ပြု​ရ​။ သင့်​မိခင်​ဖြစ်​သူ​နှင့်​ဆက်ဆံ​ခြင်း​ကို မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 8,
      "text": "သင့်​ဖခင်​၏​မယား​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ ထို​အမှု​သည် သင်​၏​ဖခင်​ကို​ရှုတ်ချ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 9,
      "text": "သင်​နှင့်​တစ်အိမ်တည်း​၌​မွေး​သော​၊ သို့မဟုတ် အခြား​တစ်နေရာရာ​၌​မွေး​သော သင့်​ဖခင်​၏​သမီး​၊ သို့မဟုတ် သင့်​မိခင်​၏​သမီး​ဖြစ်​သည့် သင်​၏​နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 10,
      "text": "သင့်​သား​၏​သမီး​၊ သို့မဟုတ် သင့်​သမီး​၏​သမီး​ကို ရှုတ်ချ​ခြင်း​အမှု​ဖြစ်​သည့် သူ​တို့​နှင့်​ဆက်ဆံ​ခြင်း​အမှု​ကို​မ​ပြု​ရ​။ အကြောင်းမူကား ထို​အမှု​တို့​သည် သင့်ကိုယ်သင်​ရှုတ်ချ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 11,
      "text": "သင်​၏​အဖေတူအမေကွဲ အစ်မ​၊ သို့မဟုတ် နှမ​ကို​ရှုတ်ချ​ခြင်း​အမှု​ဖြစ်​သည့် သူ​နှင့်​ဆက်ဆံ​ခြင်း​အမှု​ကို မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 12,
      "text": "သင့်​ဖခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ သူ​သည် သင့်​ဖခင်​နှင့်​ဆွေမျိုးနီးစပ်သူ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 13,
      "text": "သင့်​မိခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ အကြောင်းမူကား သူ​သည် သင့်​မိခင်​နှင့်​ဆွေမျိုးနီးစပ်သူ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 14,
      "text": "သင့်​ဖခင်​၏​အစ်ကို​၊ သို့မဟုတ် ညီ​ကို ရှုတ်ချ​ခြင်း​အမှု​ဖြစ်​သည့် သူ​၏​မယား​နှင့်​ဆက်ဆံ​ခြင်း​အမှု​ကို မ​ပြု​ရ​။ သူ​သည် သင်​၏​အဒေါ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 15,
      "text": "သင့်​ချွေးမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ သူ​သည် သင့်​သား​၏​မယား​ဖြစ်​၏​။ သူ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 16,
      "text": "သင်​၏​အစ်ကို​၊ သို့မဟုတ် ညီ​၏​မယား​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ ထို​အမှု​သည် သင်​၏​အစ်ကို​၊ သို့မဟုတ် ညီ​ကို ရှုတ်ချ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 17,
      "text": "မယား​ပါ​သမီး​နှင့် ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ သူ​၏​မြေး​ကို ဆက်ဆံ​ခြင်း​ပြု​ရန် မ​ယူ​ရ​။ သူ​တို့​သည် ထို​မိန်းမနှင့်ဆွေမျိုးတော်စပ်သူ​ဖြစ်​၏​။ ထို​အမှု​သည် ညစ်ညမ်း​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 18,
      "text": "မယား​အသက်ရှင်​စဉ် သူ​၏​အစ်မ​၊ သို့မဟုတ် နှမ​ကို မယားပြိုင်​အဖြစ်​ယူ​၍ ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 19,
      "text": "ဓမ္မတာလာ​ချိန် မစင်ကြယ်​သော​မိန်းမ​အား ဆက်ဆံ​ခြင်း​ကို​ပြု​ရန် မ​ချဉ်းကပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 20,
      "text": "သင့်​အိမ်နီးချင်း​၏​မယား​နှင့်​မေထုန်ပြု​၍ သူ​နှင့်အတူ ညစ်ညူးမှု​ကို​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 21,
      "text": "သင်​၏​သားမြေး​တို့​ကို မောလုတ်​ဘုရား​အား​ပူဇော်​ရန် မ​ပေး​ရ​။ သင့်​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 22,
      "text": "မိန်းမ​နှင့် သင်​အိပ်​သကဲ့သို့ ယောက်ျား​နှင့် မ​အိပ်​ရ​။ ထို​အမှု​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 23,
      "text": "တိရစ္ဆာန်​တစ်ကောင်ကောင်​နှင့်​မေထုန်ပြု​ခြင်း​ဖြင့် ထို​တိရစ္ဆာန်​နှင့် ညစ်ညူးမှု​ကို မ​ပြု​ရ​။ မိန်းမ​သည်​လည်း တိရစ္ဆာန်​နှင့် ဆက်ဆံ​ခြင်း​ကို မ​ပြု​ရ​။ ထို​အမှု​သည် ညစ်ညမ်းသောအမှု​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 24,
      "text": "ထိုသို့သော​အမှု​တစ်စုံတစ်ခု​နှင့်​မျှ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​ရ​။ အကြောင်းမူကား သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​သည့်​လူမျိုး​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​ကြ​၏​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 25,
      "text": "ထို့ကြောင့် သူ​တို့​၏​ပြည်​သည်​လည်း ညစ်ညူး​၏​။ သို့ဖြစ်၍ ပြည်​၏​ဒုစရိုက်​ကြောင့် ငါ​ဒဏ်ခတ်​သဖြင့် ပြည်​သည် ပြည်သူပြည်သား​တို့​ကို အန်ထုတ်​လေ​ပြီ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 26,
      "text": "သင်​တို့​မူကား ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​အမျိုးသားချင်း​ဖြစ်စေ​၊ သင်​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ ထို​စက်ဆုပ်ရွံရှာဖွယ်​တစ်စုံတစ်ခု​ကို​မျှ မ​ပြုကျင့်​ရ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 27,
      "text": "အကယ်စင်စစ် သင်​တို့​မတိုင်မီ ထို​ပြည်​၌​နေထိုင်​သော​လူ​တို့​သည် ထို​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို​ပြုကျင့်​ကြ​သဖြင့် ပြည်​သည် ညစ်ညူး​လေ​ပြီ​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 28,
      "text": "သင်​တို့​သည် ထို​ပြည်​ကို​ညစ်ညူး​စေ​လျှင် ပြည်​သည် သင်​တို့​ရှေ့​၌​ရှိ​သော​လူမျိုး​ကို​အန်ထုတ်​သကဲ့သို့ သင်​တို့​ကို​လည်း အန်ထုတ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 29,
      "text": "အကယ်စင်စစ် ထို​စက်ဆုပ်ရွံရှာဖွယ်​များ​ထဲမှ​တစ်စုံတစ်ရာ​ကို ပြုကျင့်​သော​သူ​မည်သူမဆို မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 30,
      "text": "ထို့ကြောင့် သင်​တို့​ရှေ့​၌​ရှိ​သော​သူ​တို့​ပြုကျင့်​ကြ​သည့် စက်ဆုပ်ရွံရှာဖွယ်​ဓလေ့စရိုက်​တို့​ကို​မ​ပြုကျင့်​မိ​ရန် သင်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို​စောင့်ထိန်း​ရ​မည်​။ ထို​ဓလေ့စရိုက်​တို့​အားဖြင့် သင်​တို့​ကိုယ်​သင်​တို့ မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​သောကြောင့် သင်​တို့​သည်​လည်း သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 3,
      "text": "လူ​တိုင်း ကိုယ့်​မိဘ​ကို ရိုသေ​ရ​မည်​။ ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 4,
      "text": "သင်​တို့​သည် ရုပ်တု​များ​ဘက်​သို့ မ​လှည့်​ရ​။ ဘုရား​အများ​တို့​၏​ရုပ်တု​ကို သင်​တို့​အဖို့ မ​သွန်းလုပ်​ရ​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 5,
      "text": "သင်​တို့​သည် ထာဝရဘုရား​အား မိတ်သဟာယယဇ်​ပူဇော်​သောအခါ ထာဝရဘုရား​လက်ခံ​အောင် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 6,
      "text": "ထို​ယဇ်​ကို ပူဇော်​သော​နေ့​နှင့်​နောက်တစ်နေ့​၌​စား​ရ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​အထိ ကျန်​နေ​သေး​လျှင် မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 7,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ အနည်းငယ်​မျှ​စား​မိ​လျှင်ပင် ရွံရှာဖွယ်​ရာ​ဖြစ်၍ လက်ခံ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 8,
      "text": "စား​မိ​သော​သူ​သည် ထာဝရဘုရား​၏​သန့်ရှင်းသောယဇ်​ကို ညစ်ညူး​စေ​သည်​ဖြစ်၍ ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 9,
      "text": "သင်​တို့​ပြည်​တွင် ရိတ်သိမ်း​ချိန်​၌ သီးနှံ​ရိတ်သိမ်း​သောအခါ သင့်​လယ်​၏​အစွန်အဖျား​ကို အကုန်အစင်​မ​ရိတ်​ရ​။ ရိတ်သိမ်း​ပြီး​သောအခါ​တွင်​လည်း ကောက်သင်း​မ​ကောက်​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 10,
      "text": "သင်​၏​စပျစ်ခြံ​တွင် ကောက်သင်း​မ​ကောက်​ရ​။ သင့်​စပျစ်ခြံ​မှ ကြွေကျ​သော​စပျစ်သီး​ကို​လည်း မ​ကောက်​ရ​။ ဆင်းရဲသား​နှင့်​တိုင်းတစ်ပါးသား​တို့​အတွက် ချန်ထား​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 11,
      "text": "မ​ခိုး​ရ​။ မ​လိမ်ညာ​ရ​။ သူတစ်ပါး​ကို မ​လှည့်စား​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 12,
      "text": "ငါ့​နာမ​တော်​ကို​တိုင်တည်​၍ မဟုတ်မမှန်​ကျိန်ဆို​ခြင်း​မ​ပြု​ရ​။ သင့်​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 13,
      "text": "မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်​မ​ပြု​ရ​။ သူ့​ဥစ္စာ​ကို မ​လုယူ​ရ​။ သူရင်းငှား​၏​လုပ်အားခ​ကို တစ်ညလုံး​နံနက်​တိုင်အောင် မ​ဆိုင်းထား​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 14,
      "text": "နားမကြား​သော​သူ​ကို မ​ကျိန်ဆဲ​ရ​။ မျက်စိမမြင်​သော​သူ​၏​ရှေ့​၌ ခလုတ်တံသင်း​ကို​မ​ထား​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 15,
      "text": "တရားစီရင်​ရာ​တွင် မတရားသဖြင့် မ​စီရင်​ရ​။ ဆင်းရဲ​သော​သူ​ကို ဘက်​မ​လိုက်​ရ​။ ချမ်းသာ​သော​သူ​ကို​လည်း မ​လိုက်လျော​ရ​။ သင်​၏​အိမ်နီးချင်း​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 16,
      "text": "သင်​၏​လူမျိုး​တို့​တွင် လှည့်လည်​၍ သူတစ်ပါး​အသရေပျက်​အောင် မ​ပြော​ရ​။ သင်​၏​အိမ်နီးချင်း​ကို အသက်အန္တရာယ်​ဖြစ်​အောင် မ​ပြု​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 17,
      "text": "သင်​၏​ညီအစ်ကို​ကို စိတ်​ထဲ၌ အမုန်း​မ​ထား​ရ​။ သင့်​အိမ်နီးချင်း​ကြောင့် သင်​အပြစ်​မ​သင့်​မည့်​အကြောင်း သူ့​ကို မ​ဆုံးမ​ဘဲ​မ​နေ​နှင့်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 18,
      "text": "သင်​၏​အမျိုးသားချင်း​ကို လက်တုံ့​မ​ပြန်​ရ​။ အငြိုး​မ​ထား​ရ​။ ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 19,
      "text": "သင်​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ အမျိုးမတူ​သော​တိရစ္ဆာန်​ကို မိတ်​မ​လိုက်​စေ​ရ​။ သင်​၏​လယ်​ထဲ၌ အမျိုးမတူ​သော​မျိုးစေ့​ကို ရော​မ​ကြဲ​ရ​။ အမျိုးမတူ​သော​ချည်​ဖြင့် ရက်​ထား​သော​အဝတ်​ကို မ​ဝတ်​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 20,
      "text": "ယောက်ျား​တစ်​ယောက်​သည် မိမိ​ကျွန်မ​အား အခြား​ယောက်ျား​တစ်​ယောက်​ကို​ပေး​ရန် သဘောတူ​ထား​သော်လည်း ထို​ကျွန်မ​သည် ရွေးယူ​ခြင်း​မ​ခံရ​သေး​၊ လွတ်လပ်ခွင့်​လည်း​မ​ရ​သေးခင် ထို​ကျွန်မ​နှင့်​မေထုန်ပြု​လျှင် ထိုက်သင့်​သော​အပြစ်ဒဏ်​ကို​ခံရ​မည်​။ သို့သော် ထို​ကျွန်မ​သည် လွတ်လပ်​သော​သူ​မ​ဟုတ်​သေး​သောကြောင့် သူ​တို့​သည် သေဒဏ်​မ​ခံရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 21,
      "text": "ထို​ယောက်ျား​သည် မိမိ​၏​အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးထီး​တစ်​ကောင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 22,
      "text": "ယဇ်ပုရောဟိတ်​သည် ထို​သူ​ကျူးလွန်​ခဲ့​သော​အပြစ်​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးထီး​ဖြင့် ထို​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။ ထိုအခါ သူ​သည် မိမိ​ကျူးလွန်​ခဲ့​သည့်​အပြစ်​မှ အပြစ်လွတ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 23,
      "text": "သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သောအခါ မည်သည့်​သီးစားပင်​ကို​မဆို သင်​တို့​စိုက်ပျိုး​၍ အသီးသီး​လျှင် ထို​အသီး​ကို အရေဖျားလှီး​ခြင်း​မ​ခံ​ထား ​သော​အသီး​အဖြစ် သတ်မှတ်​ရ​မည်​။ သုံး​နှစ်​အတွင်း သင်​တို့​အတွက် အရေဖျားလှီး​ခြင်း​မ​ခံ​ထား​သော​အသီး ​ဖြစ်​၏​။ ထို​အသီး​ကို မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 24,
      "text": "လေး​နှစ်​မြောက်​၌ သီး​သော​အသီး​ရှိသမျှ​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 25,
      "text": "ငါး​နှစ်​မြောက်​၌ သီး​သော​အသီး​ကို သင်​တို့​စားသုံး​နိုင်​၏​။ သို့ပြုလျှင် သင်​တို့​၏​သီးနှံ​တိုးပွား​လိမ့်မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 26,
      "text": "သွေး​ပါ​သော​အသား​ကို မ​စား​ရ​။ ဟူးရားအတတ်​၊ ဗေဒင်အတတ်​ကို မ​ကျင့်သုံး​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 27,
      "text": "သင်​တို့​၏​နားသယ်မွေး​ကို မ​ရိတ်​ရ​။ သင်​တို့​၏​မုတ်ဆိတ်မွေး​အဖျား​ကို မ​ညှပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 28,
      "text": "သေ​သော​သူ​အတွက် သင်​တို့​အသား​ကို မ​ခုတ်​မ​ရှ​ရ​။ သင်​တို့​ကိုယ်​ပေါ်၌ ဆေးမင်ကြောင် မ​ထိုး​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 29,
      "text": "သင်​၏​သမီး​ကို ပြည့်တန်ဆာ​လုပ်ခိုင်း​ခြင်း​ဖြင့် အသရေပျက်​အောင်​မ​လုပ်​ရ​။ လုပ်ခိုင်း​လျှင် ပြည်​သည် ပြည့်တန်ဆာ​ပြည်​ဖြစ်လာ​၍ ညစ်ညမ်းသောအမှု​နှင့်​ပြည့်နှက်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 30,
      "text": "ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​၍ ငါ​၏​သန့်ရှင်းရာဌာန​ကို ရိုသေ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 31,
      "text": "သင်​တို့​သည်​နတ်ဝင်သည်​များ​နှင့် နတ်ထိန်း​များ​အားဖြင့် ညစ်ညူး​ခြင်း​သို့​မ​ရောက်​အောင် သူ​တို့​ထံသို့ မ​သွား​နှင့်​။ သူ​တို့​ကို မ​မေးမြန်း​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 32,
      "text": "ဆံပင်ဖြူသူ ​ကို အရိုအသေပေး ​ရ​မည်​။ အသက်ကြီး​သူ​ကို လေးစား​ရ​မည်​။ သင်​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 33,
      "text": "သင်​တို့​ပြည်​တွင် တိုင်းတစ်ပါးသား​သည် သင်​နှင့်အတူ တည်းခိုနေထိုင်​သောအခါ သူ့​ကို နိုင်ထက်စီးနင်း​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 34,
      "text": "သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ သင်​တို့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ကို ကိုယ့်​အမျိုးသားချင်း​ကဲ့သို့ မှတ်​ရ​မည်​။ သူ့​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 35,
      "text": "တရားစီရင်​ရာ​တွင်​ဖြစ်စေ​၊ တိုင်းထွာ​ရာ​တွင်​ဖြစ်စေ​၊ ချိန်တွယ်​ရာ​တွင်​ဖြစ်စေ​၊ ရေတွက်​ရာ​တွင်​ဖြစ်စေ မတရားသဖြင့်​မ​ပြုလုပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 36,
      "text": "မှန်​သော​ချိန်ခွင်​၊ မှန်​သော​အလေး​၊ မှန်​သော​ဧဖာ​၊ မှန်​သော​ဟိန်​ကို သုံး​ရ​မည်​။ ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 37,
      "text": "ငါ​၏​ပြဋ္ဌာန်းချက်​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​ရ​မည်​။ လိုက်နာ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 2,
      "text": "“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​အစ္စရေး​အမျိုးသား​ထဲမှ​ဖြစ်စေ​၊ အစ္စရေး​လူမျိုး​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား​ပေးလှူ​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။ ပြည်သူပြည်သား​တို့​သည် သူ့​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 3,
      "text": "ထို​သူ​သည် မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား​ပေးလှူ​ခြင်း​ဖြင့် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​၍ ငါ​၏​သန့်ရှင်း​သော​နာမ​တော်​ကို​ရှုတ်ချ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာလွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 4,
      "text": "မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား ပေးလှူ​သော​သူ​ကို ပြည်သူပြည်သား​တို့​သည် မျက်ကွယ်ပြု​၍ သူ့​ကို မ​သတ်​ဘဲ​နေ​လျှင်"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 5,
      "text": "ငါ​သည် ထို​သူ​နှင့် သူ​၏​မျိုးနွယ်စု​ကို မျက်နှာ​လွှဲ​ပြီး ထို​သူ​နှင့်တကွ သူ​၏​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သော​သူ​များ​ဖြစ်​သည့် မောလုတ်​ဘုရား​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 6,
      "text": "တစ်စုံတစ်ယောက်​သည် နတ်ဝင်သည်​များ​နှင့်​နတ်ထိန်း​များ​ထံသို့​လှည့်​၍ သူ​တို့​နောက်သို့​လိုက်​ပြီး ဖောက်ပြန်မှားယွင်း​လျှင် ငါ​သည် သူ့​ကို မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 7,
      "text": "ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သောကြောင့် သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သန့်ရှင်း​စေ​၍ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 8,
      "text": "သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ လိုက်နာ​ရ​မည်​။ ငါ​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 9,
      "text": "တစ်စုံတစ်ယောက်​သည် ကိုယ့်​မိဘ​ကို ကျိန်ဆဲ​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။ သူ​သည် မိဘ​ကို ကျိန်ဆဲ​သောကြောင့် သူ​၏​သွေး​သည် သူ့​အပေါ်​၌ ကျရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 10,
      "text": "တစ်စုံတစ်ယောက်​သည် သူတစ်ပါး​၏​မယား​နှင့်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​၏​မယား​နှင့်​ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​လျှင် အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​သော​ထို​ယောက်ျား​နှင့် ထို​မိန်းမ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 11,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​မယား​နှင့်​အိပ်​လျှင် သူ​သည် မိမိ​ဖခင်​ကို​ရှုတ်ချ ​သည်​ဖြစ်၍ သူ​တို့​နှစ်ဦးစလုံး မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 12,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​၏​ချွေးမ​နှင့်​အိပ်​လျှင် သူ​တို့​နှစ်ဦးစလုံး မုချ​အသတ်​ခံရ​မည်​။ သူ​တို့​သည် ညစ်ညမ်းသောအမှု​ကို ပြု​ခြင်း​ဖြစ်​၏​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 13,
      "text": "တစ်စုံတစ်ယောက်​သည် မိန်းမ​နှင့် အိပ်​သကဲ့သို့ ယောက်ျားချင်း​နှင့်​အိပ်​လျှင် သူ​တို့​နှစ်ဦးစလုံး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​သောကြောင့် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 14,
      "text": "တစ်စုံတစ်ယောက်​သည် သမီး​ကို​ရော​အမေ​ကို​ပါ မယား​အဖြစ်​ယူ​လျှင် ထို​အမှု​သည် ညစ်ညမ်းသောအမှု​ဖြစ်​၏​။ သင်​တို့​ထဲ​၌ ညစ်ညမ်းသောအမှု​မ​ရှိ​စေရန် ထို​သူ​နှင့်တကွ မိန်းမ​နှစ်ဦးစလုံး​ကို မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 15,
      "text": "တစ်စုံတစ်ယောက်​သည် တိရစ္ဆာန်​နှင့်​မေထုန်ပြု​လျှင် သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​တိရစ္ဆာန်​ကို​လည်း သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 16,
      "text": "မိန်းမ​သည် တိရစ္ဆာန်​တစ်ကောင်ကောင်​ထံသို့​ချဉ်းကပ်​၍ မိတ်လိုက်​ခြင်း​ကို​ပြု​လျှင် ထို​မိန်းမ​နှင့်တကွ တိရစ္ဆာန်​ကို​ပါ သတ်​ရ​မည်​။ သူ​တို့​သည် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 17,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​ကို​ယူ​၍ ဆက်ဆံ ​ခြင်း​ကို​ပြု​လျှင် ထို​အမှု​သည် ရှက်ဖွယ်​သော​အမှု​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​သည် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​ပြု​သောကြောင့် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 18,
      "text": "ယောက်ျား​သည် ဓမ္မတာလာ​နေ​သော​မိန်းမ​နှင့်​အိပ်​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​သူ​သည် မိန်းမ​၏​သွေးသွန်​ခြင်း​ကို​ဖော်​၍ မိန်းမ​သည်​လည်း မိမိ​၏​သွေးသွန်​ခြင်း​ကို​ပေါ်​စေ​သောကြောင့် သူ​တို့​နှစ်ဦးစလုံး​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 19,
      "text": "သင့်​မိခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဖြစ်စေ​၊ သင့်​ဖခင်​၏​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဖြစ်စေ ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။ မိမိ​နှင့်​ဆွေမျိုးနီးစပ်သူ​ကို ရှုတ်ချ​ခြင်း​ဖြစ်​သောကြောင့် သူ​တို့​သည် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 20,
      "text": "တစ်စုံတစ်ယောက်​သည် ဘကြီး​၊ သို့မဟုတ် ဘထွေး​၏​မယား​နှင့်​အိပ်​ခြင်း​ဖြင့် ဘကြီး​၊ သို့မဟုတ် ဘထွေး​ကို​ရှုတ်ချ ​လျှင် သူ​တို့​သည် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။ သူ​တို့​သည် သေ​သည်​အထိ သားသမီး​မ​ထွန်းကား​ဘဲ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 21,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​အစ်ကို​၊ သို့မဟုတ် မိမိ​ညီ​၏​မယား​ကို​ယူ​လျှင် ထို​အမှု​သည် ညစ်ညူးသောအမှု​ဖြစ်​၏​။ သူ​သည် မိမိ​အစ်ကို​၊ သို့မဟုတ် ညီ​ကို​ရှုတ်ချ ​သောကြောင့် သူ​တို့​သည် သားသမီး​မ​ထွန်းကား​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 22,
      "text": "သင်​တို့​ကို ငါ​ပို့ဆောင်​၍ သင်​တို့​နေထိုင်​သည့်​ပြည်​သည် သင်​တို့​ကို မ​အန်ထုတ်​မည့်​အကြောင်း ငါ​၏​ပြဋ္ဌာန်းချက်​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 23,
      "text": "သင်​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည့်​လူမျိုး​တို့​၏​ပြဋ္ဌာန်းချက်​များ​ကို မ​လိုက်လျှောက်​ရ​။ အကြောင်းမူကား သူ​တို့​သည် ထိုသို့သော​အမှု​ရှိသမျှ​တို့​ကို ပြုကျင့်​ကြ​၍ ငါ​သည် သူ​တို့​ကို ရွံရှာမုန်းတီး​၏​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 24,
      "text": "ငါ​သည် သင်​တို့​အား “​သင်​တို့​သည် သူ​တို့​၏​မြေ​ကို​ပိုင်ဆိုင်​ရ​လိမ့်မည်​။ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​အပိုင်​ပေး​မည်​”​ဟု မိန့်ဆို​ခဲ့​ပြီ​။ ငါ​သည် သင်​တို့​ကို အခြား​လူမျိုး​များ​နှင့် သီးခြားခွဲထား​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 25,
      "text": "သို့ဖြစ်၍ သင်​တို့​သည် စင်ကြယ်​သော​တိရစ္ဆာန်​နှင့် မစင်ကြယ်​သော​တိရစ္ဆာန်​၊ မစင်ကြယ်​သော​ငှက်​နှင့် စင်ကြယ်​သော​ငှက်​ကို ခွဲခြား​ထား​ရ​မည်​။ သင်​တို့​အဖို့ မစင်ကြယ်​သော​အကောင်​အဖြစ် ငါ​ခွဲခြား​ထား​သည့် တိရစ္ဆာန်​အားဖြင့်​ဖြစ်စေ​၊ ငှက်​အားဖြင့်​ဖြစ်စေ​၊ မြေ​ပေါ်မှာ​တွားသွား​သော အကောင်​တစ်ကောင်ကောင်​အားဖြင့်​ဖြစ်စေ သင်တို့ကိုယ်သင်တို့ မ​ညစ်ညူး​စေ​ရ​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 26,
      "text": "ငါ​ထာဝရဘုရား​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​သောကြောင့် သင်​တို့​သည် ငါ့​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ သင်​တို့​ကို ငါ​ပိုင်ဆိုင်​ရန် အခြား​လူမျိုး​များ​နှင့် သင်​တို့​ကို ငါ​ခွဲခြား​ထား​ပြီ​။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 27,
      "text": "ယောက်ျား​ထဲတွင်​ဖြစ်စေ​၊ မိန်းမ​ထဲတွင်​ဖြစ်စေ နတ်ဝင်သည်​၊ သို့မဟုတ် နတ်ထိန်း​ရှိ​လျှင် မုချ​အသတ်​ခံရ​မည်​။ ထိုသို့သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​ကို ဆင့်ဆို​လော့​။ ယဇ်ပုရောဟိတ်​သည် ကိုယ့်​လူမျိုး​ထဲမှ​သေလွန်​သွား​သူ​အတွက် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 2,
      "text": "သို့သော် မိမိ​နှင့်​ဆွေမျိုးနီးစပ်သူ​များ​ဖြစ်​သည့် မိဘ​၊ သားသမီး​၊ ညီအစ်ကို​၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 3,
      "text": "ယောက်ျား​မ​ယူ​သေး​သော အစ်မ​၊ သို့မဟုတ် နှမ​အပျိုကညာ​အတွက် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​နိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​သည် မိမိ​လူမျိုး​ထဲတွင် ခေါင်းဆောင်​ဖြစ်​သဖြင့် ကိုယ့်​အသရေပျက်​အောင် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 5,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ခေါင်းတုံး​မ​တုံး​ရ​။ မုတ်ဆိတ်မွေး​အဖျား​ကို မ​ညှပ်​ရ​။ ကိုယ့်​အသား​ကို မ​ခုတ်​မ​ရှ​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 6,
      "text": "သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ သူ​တို့​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ သူ​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ဖြစ်​သော ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ကို ပူဇော်​ရ​သော​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​သည် သန့်ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 7,
      "text": "သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​သောကြောင့် ပြည့်တန်ဆာ​လုပ်​၍ အသရေမရှိ​သော​မိန်းမ​ကို မ​ယူ​ရ​။ လင်ယောက်ျား​နှင့်​ကွာရှင်း​ထား​သော​မိန်းမ​ကို မ​ယူ​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 8,
      "text": "ယဇ်ပုရောဟိတ်​သည် သင်​၏​ဘုရားသခင်​အား စားဖွယ်ရာ​ကို​ဆက်သ​ရ​သောကြောင့် သင်​သည် သူ့​ကို သန့်ရှင်း​စေ​ရ​မည်​။ သူ​သည် သင့်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​ရ​မည်​။ အကြောင်းမူကား သင်​တို့​ကို​သန့်ရှင်း​စေ​သော ငါ​ထာဝရဘုရား​သည် သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​တစ်ပါးပါး​၏​သမီး​သည် ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​အသရေဖျက်​လျှင် မိမိ​ဖခင်​ကို​အသရေဖျက်​ရာ​ရောက်​သည်​ဖြစ်၍ သူ့​ကို မီး​ရှို့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 10,
      "text": "ခေါင်း​ပေါ်၌​ဘိသိက်​ဆီ​သွန်းလောင်း​၍ အဝတ်တန်ဆာ​ဝတ်ဆင်​ရန် အပ်နှင်း​ခြင်း​ခံရ​သူ​၊ မိမိ​အမျိုးသားချင်း​တို့​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သူ​သည် ဆံပင်​ဖားလျား​မ​ချ​ရ​။ မိမိ​အဝတ်​ကို မ​ဆုတ်​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 11,
      "text": "လူသေအလောင်း​ရှိ​ရာ​သို့ မ​သွား​ရ​။ မိမိ​၏​မိခင်​၊ သို့မဟုတ် မိမိ​၏​ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 12,
      "text": "ဘုရားသခင်​၏​ဆက်ကပ်​ခြင်း​ဆိုင်ရာ​ဘိသိက်​ဆီ​သည် သူ့​အပေါ်​၌​ရှိ​သည်​ဖြစ်၍ သူ​သည် သန့်ရှင်းရာဌာန​ထဲမှ မ​ထွက်​ရ​။ ဘုရားသခင်​၏​သန့်ရှင်းရာဌာန​ကို မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 13,
      "text": "သူ​သည် အပျိုစင်​မိန်းမ​နှင့်​သာ စုံဖက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 14,
      "text": "မုဆိုးမ​၊ ကွာရှင်း​ထား​သော​မိန်းမ​၊ အသရေမရှိ​သော​ပြည့်တန်ဆာမ​တို့​နှင့် မ​စုံဖက်​ရ​။ သူ​သည် မိမိ​လူမျိုး​ထဲမှ အပျိုကညာ​ကို​သာ မယား​အဖြစ် စုံဖက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 15,
      "text": "သူ​၏​သားသမီး​တို့​ကို ကိုယ့်​လူမျိုး​အလယ်​၌ မ​ရှုတ်ချ​ရ​။ အကြောင်းမူကား ငါ​သည် သူ့​ကို​သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 17,
      "text": "“​အာရုန်​အား ဆင့်ဆို​လော့​။ သင့်​သားစဉ်မြေးဆက်​၏​မျိုးဆက်​တစ်လျှောက်​တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူ​သည် မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ကို ပူဇော်​ရန် မ​ချဉ်းကပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 18,
      "text": "မျက်မမြင်​သူ​၊ ခြေမသန်သူ​၊ မျက်နှာပုံပျက်​သူ​၊ ကိုယ်အင်္ဂါပုံပျက်​သူ​၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 19,
      "text": "ခြေ​ကျိုး​သူ​၊ လက်​ကျိုး​သူ​၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 20,
      "text": "ကျောဘု​သူ​၊ အရပ်ပု​သူ​၊ မျက်လုံး​ပုံပျက်သူ​၊ နှင်းခူပေါက်သူ​၊ ယားနာပေါက်သူ​၊ ဝှေးစေ့​ပျက်​သူ​စသည့် ကိုယ်အင်္ဂါချို့ယွင်း​သော​သူ​သည် မ​ချဉ်းကပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 21,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​၏​သားစဉ်မြေးဆက်​တို့​တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူ​မည်သူ​မျှ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရန် မ​ချဉ်းကပ်​ရ​။ ကိုယ်အင်္ဂါချို့ယွင်းသောသူ​သည် မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​ကို ပူဇော်​ရန် မ​ချဉ်းကပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 22,
      "text": "မိမိ​ဘုရားသခင်​အဖို့ စားဖွယ်ရာ​များ​ဖြစ်​သည့် အထူး​သန့်ရှင်း​သော​စားဖွယ်ရာ​ကို​လည်းကောင်း​၊ သန့်ရှင်း​သော​စားဖွယ်ရာ​ကို​လည်းကောင်း သူ​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 23,
      "text": "သို့သော် သူ​သည် ကိုယ်အင်္ဂါချို့ယွင်း​သောကြောင့် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ရာ​မ​ရောက်​မည့်​အကြောင်း ကန့်လန့်ကာ​အတွင်း​သို့ မ​ဝင်​ရ​၊ ယဇ်ပလ္လင်​သို့​လည်း မ​ချဉ်းကပ်​ရ​။ အကြောင်းမူကား ငါ​ထာဝရဘုရား​သည် ထို​အရာ​တို့​ကို သန့်ရှင်း​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 24,
      "text": "မောရှေ​သည်​လည်း အာရုန်​နှင့် သူ​၏​သား​တို့​ကို​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို​လည်းကောင်း ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 2,
      "text": "“​အာရုန်​နှင့် သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ ငါ​၏​သန့်ရှင်း​သော​နာမ​တော်​ကို ရှုတ်ချ​ရာ​မ​ရောက်​မည့်​အကြောင်း ငါ့​အား အစ္စရေး​အမျိုးသား​တို့ ဆက်ကပ်​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို ပူဇော်​ရာ​၌ ဂရုပြု​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 3,
      "text": "သင့်​သားစဉ်မြေးဆက်​၏​မျိုးဆက်​တစ်လျှောက်​တွင် မစင်ကြယ်​သော​သူ မည်သူမဆို ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ဆက်ကပ်​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​အနီး​သို့ ချဉ်းကပ်​လျှင် ထို​သူ​သည် ငါ့​ရှေ့မှောက်​မှ ပယ်ရှင်း​ခြင်း​ခံရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 4,
      "text": "အာရုန်​၏​သားစဉ်မြေးဆက်​တို့​ထဲမှ တစ်စုံတစ်ယောက်​သည် အနာကြီးရောဂါစွဲ​လျှင်​၊ သို့မဟုတ် အရိအရွဲထွက်​လျှင် ထို​သူ​သည် မ​စင်ကြယ်​မ​ချင်း သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ​။ အသေကောင်​ကြောင့် မစင်မကြယ်​ဖြစ်​သွား​သော​အရာ တစ်စုံတစ်ခု​ကို ထိမိ​သော​သူ​ဖြစ်စေ​၊ သုက်ရည်​ထွက်​သော​သူ​ဖြစ်စေ​၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 5,
      "text": "မစင်မကြယ်​ဖြစ်​စေ​နိုင်​သည့် တွားသွားသတ္တဝါ​တစ်ကောင်ကောင်​၊ သို့မဟုတ် အညစ်အကြေး​တစ်စုံတစ်ရာ​ကြောင့် မစင်မကြယ်​ဖြစ်​နေ​သော​သူ​ကို ထိမိ​သော​သူ​ဖြစ်စေ"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 6,
      "text": "ထိုသို့သော​အရာ​ကို ထိမိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်ကြယ်​။ ထို​သူ​သည် ရေ​မ​ချိုး​လျှင် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 7,
      "text": "နေ​ဝင်​ပြီးမှ သူ​သည် စင်ကြယ်​လိမ့်မည်​။ ထို့နောက်မှ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို သူ​သည် စား​ခွင့်​ရှိ​မည်​။ အကြောင်းမူကား ထို​ပူဇော်သက္ကာ​သည် သူ​၏​အစားအစာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 8,
      "text": "အလိုလို​သေ​သော​အကောင်​၊ သို့မဟုတ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို စား​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို ရှုတ်ချ​ခြင်း​ဖြင့် အပြစ်​ခံရ​၍ မ​သေ​ရ​မည့်​အကြောင်း ငါ​၏​ညွှန်ကြားချက်​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 10,
      "text": "သာမန်လူ​တစ်ယောက်မျှ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။ ယဇ်ပုရောဟိတ်​၏​ဧည့်သည်​ဖြစ်စေ​၊ သူရင်းငှား​ဖြစ်စေ သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​စား​ရ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 11,
      "text": "သို့သော် ယဇ်ပုရောဟိတ်​သည် မိမိ​ငွေ​ဖြင့် တစ်စုံတစ်ယောက်​ကို ဝယ်​ထား​လျှင် ထို​သူ​သည် စား​ခွင့်​ရှိ​၏​။ သူ​၏​အိမ်​၌ မွေးဖွား​သော​သူ​တို့​သည်​လည်း သူ​၏​အစားအစာ​ကို စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 12,
      "text": "ယဇ်ပုရောဟိတ်​၏​သမီး​သည် သာမန်လူ​နှင့် ယူ​လျှင် သူ​သည် သန့်ရှင်း​သော​အလှူပစ္စည်း​ကို စား​ခွင့်​မ​ရှိ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 13,
      "text": "သို့သော် ယဇ်ပုရောဟိတ်​၏​သမီး​သည် မုဆိုးမ​ဖြစ်​သွား​လျှင်​ဖြစ်စေ​၊ ကွာရှင်း​ထား​လျှင်​ဖြစ်စေ သူ​၌​သားသမီး​မ​ရှိ​ဘဲ သူ့​ဖခင်​၏​အိမ်​သို့​ပြန်လာ​၍ အပျို​ကဲ့သို့ ပြန်နေ​လျှင် ဖခင်​၏​အစားအစာ​ကို စား​ခွင့်​ရှိ​၏​။ သာမန်လူ​တစ်ယောက်မျှ စား​ခွင့်​မ​ရှိ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 14,
      "text": "တစ်စုံတစ်ယောက်​သည် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မရည်ရွယ်​ဘဲ​စား​မိ​လျှင် ထို​သန့်ရှင်း​သော​ပူဇော်သက္ကာ​နှင့်တကွ သန့်ရှင်း​သော​ပူဇော်သက္ကာ​၏​ငါးပုံတစ်ပုံ​ထပ်ပေါင်း​၍ ယဇ်ပုရောဟိတ်​အား ပြန်ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 15,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ပေးလှူပူဇော်​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို မ​ညစ်ညူး​စေ​ရ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 16,
      "text": "သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​မိ​စေ​ခြင်း​ဖြင့် သူ​တို့​အပေါ် ဒုစရိုက်​အပြစ်ဒဏ် မ​ကျရောက်​စေ​ရ​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 18,
      "text": "“​အာရုန်​နှင့်​သူ့​သား​တို့​မှစ၍ အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ အစ္စရေး​လူမျိုး​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ တစ်စုံတစ်ဦး​သည် ထာဝရဘုရား​အား မိမိ​၏​ပူဇော်သက္ကာ​ကို ကတိသစ္စာ​တစ်စုံတစ်ခု​အတွက်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​တစ်စုံတစ်ခု​အတွက် မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လျှင်"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 19,
      "text": "သင်​တို့​ကို လက်ခံ​တော်မူ​မည့်​အကြောင်း နွား​၊ သိုး​၊ ဆိတ်​တို့​တွင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 20,
      "text": "အနာအဆာ​ပါ​သော​မည်သည့်​အကောင်​ကို​မျှ မ​ပူဇော်​ရ​။ ပူဇော်​လျှင် သင်​တို့​အား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 21,
      "text": "တစ်စုံတစ်ယောက်​သည် ကတိသစ္စာဝတ်​ကို​ဖြေ​လို​လျှင်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် နွားအုပ်​ထဲမှ​ဖြစ်စေ ၊ သိုးအုပ်​ထဲမှ​ဖြစ်စေ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​လို​လျှင် လက်ခံ​တော်မူ​မည့်​အကြောင်း အပြစ်အနာအဆာကင်း​သော​အကောင်​ကို ပူဇော်​ရ​မည်​။ အနာအဆာ မ​ရှိ​ရ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 22,
      "text": "မျက်စိကန်း​သော​အကောင်​၊ ဒဏ်ရာ​ရ​သော​အကောင်​၊ အင်္ဂါ​ချို့ယွင်း​သော​အကောင်​၊ ပြည်တည်နာ​စွဲ​သော​အကောင်​၊ နှင်းခူ​စွဲ​သော​အကောင်​၊ ယားနာ​စွဲ​သော​အကောင် တို့​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​တို့​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ် မ​တင်​ရ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 23,
      "text": "ကိုယ်အင်္ဂါပုံပျက်​၍ ပိန်လှီ​သော နွား​၊ သို့မဟုတ် သိုးသငယ်​ကို စေတနာ​အလျောက် ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​သော်လည်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန်​အတွက်​ကား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 24,
      "text": "ဝှေးစေ့​ပွန်းပဲ့​၊ ကြေမွ​၊ ကွဲပြဲ​၊ စုတ်ပြတ်​သော​အကောင်​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​ကို သင်​တို့​ပြည်​တွင် မ​ပူဇော်​ရ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 25,
      "text": "ထိုသို့သော​အကောင်​ကို တိုင်းတစ်ပါးသား​တို့​ထံမှ​လက်ခံ​ယူ​၍ သင်​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​အဖြစ် မ​ပူဇော်​ရ​။ ထို​အကောင်​တို့​သည် ပုံပန်းပျက်​၍ အနာအဆာ​ရှိ​နေ​သောကြောင့် သင်​တို့​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 26,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 27,
      "text": "“​နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ​၊ ဆိတ်​ဖြစ်စေ မွေး​လာ​လျှင် မိခင်​နှင့်အတူ ခုနစ်​ရက်​ထား​ရ​မည်​။ ရှစ်​ရက်​မြောက်​သော​နေ့​မှစ၍ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 28,
      "text": "သို့ရာတွင် နွား​၊ သို့မဟုတ် သိုး​ကို သားပေါက်​နှင့်အတူ တစ်ရက်တည်း​တွင် မ​သတ်​ရ​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 29,
      "text": "ထာဝရဘုရား​အား ကျေးဇူးတော်​ချီးမွမ်း​ရာ​ယဇ်​ပူဇော်​သောအခါ သင်​တို့​ကို လက်ခံ​အောင် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 30,
      "text": "ထို​ယဇ်​ကို တစ်ရက်တည်း​တွင် စား​ရ​မည်​။ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 31,
      "text": "သင်​တို့​သည် ငါ​၏​ပညတ်တော်​များ​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 32,
      "text": "အစ္စရေး​အမျိုးသား​တို့​အလယ်​၌ ငါ​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​မည့်​အကြောင်း သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​နာမ​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 33,
      "text": "ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​ရန်​အတွက် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ဓမ္မပွဲတော်​များ​ကား ဤသို့​ဖြစ်​၏​။ ဤ​ပွဲတော်​များ​သည် ငါ​သတ်မှတ်​ထား​သော​ပွဲတော်​များ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 3,
      "text": "ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​နေ့​ဖြစ်၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ထို​နေ့​သည် ထာဝရဘုရား​၏​ဥပုသ်နေ့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 4,
      "text": "အချိန်တန်​သောအခါ သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​များ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 5,
      "text": "ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​၊ နေဝင်ချိန်​၌ ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 6,
      "text": "ထာဝရဘုရား​အဖို့ တဆေးမဲ့မုန့်​ပွဲတော်​ကို ထို​လ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ကျင်းပ​ရ​မည်​။ ခုနစ်​ရက်​ပတ်လုံး​တဆေးမဲ့မုန့်​ကို စား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 7,
      "text": "ပထမ​နေ့​တွင် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 8,
      "text": "ခုနစ်​ရက်​ပတ်လုံး မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။ ခုနစ်​ရက်​မြောက်​သော​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ သင်​တို့​သည် မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 10,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​၍ သီးနှံ​ရိတ်သိမ်း​သောအခါ သင်​တို့​ရိတ်သိမ်း​သော အသီးဦး​သီးနှံ​တစ်စည်း​ကို ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 11,
      "text": "သင်​တို့​ကို လက်ခံ​မည့်​အကြောင်း ယဇ်ပုရောဟိတ်​သည် ထို​သီးနှံအစည်း​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ထို​သီးနှံအစည်း​ကို ဥပုသ်နေ့​လွန်ပြီး​နောက်တစ်နေ့​၌ ချီလွှဲ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 12,
      "text": "သီးနှံအစည်း​ကို ချီလွှဲ​သော​နေ့​၌ အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 13,
      "text": "ထို​ယဇ်​နှင့်အတူ ပူဇော်​သော​ဘောဇဉ်ပူဇော်သက္ကာ​သည် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ​ဖြစ်​ရ​မည်​။ ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ဖြစ်​၏​။ ထို​ယဇ်​နှင့်အတူ ပူဇော်​သော​သွန်းလောင်းရာပူဇော်သက္ကာ​သည်​လည်း စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 14,
      "text": "သင်​တို့​ပူဇော်​မည့်​မုန့်​ဖြစ်စေ​၊ သီးနှံအခြောက်​ဖြစ်စေ​၊ သီးနှံအစို​ဖြစ်စေ သင်​တို့​၏​ဘုရားသခင်​ထံသို့ ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည့်​နေ့​မရောက်မချင်း မ​စား​ရ​။ ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 15,
      "text": "ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​သီးနှံအစည်း​ကို သင်​တို့​ယူဆောင်​လာ​သော​နေ့​ဖြစ်​သည့် ဥပုသ်နေ့​၏​နောက်တစ်နေ့​မှစ၍ မိမိဘာသာမိမိ ဥပုသ်​ခုနစ်​ပတ်​ပြည့်​သည်​အထိ ရေတွက်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 16,
      "text": "သတ္တမမြောက်​ဥပုသ်နေ့​၏​နောက်တစ်နေ့​အထိ ရက်​ပေါင်း​ငါးဆယ်​ရေတွက်​၍ သီးနှံ​အသစ်​ပူဇော်သက္ကာ​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 17,
      "text": "သင်​တို့​နေအိမ်​မှ မုန့်​နှစ်​လုံး​ကို ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည်​။ ထို​မုန့်​တို့​သည် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ကို တဆေး​ဖြင့်​ဖုတ်​ထား​သော​မုန့်​ဖြစ်​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​အဖို့ အဦးဆုံးသီးနှံ​အလှူ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 18,
      "text": "ထို​မုန့်​နှင့်အတူ အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​၊ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ ထို​အကောင်​တို့​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​၊ ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​တို့​ကို ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 19,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​တစ်​ကောင်​၊ မိတ်သဟာယယဇ်​အတွက် တစ်နှစ်သားအရွယ် သိုးသငယ်​နှစ်​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​သည် သိုးသငယ်​နှစ်​ကောင်​ကို အဦးဆုံးသီးနှံ​၏​မုန့်​နှင့်အတူ ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။ ထို​အရာ​တို့​သည် ယဇ်ပုရောဟိတ်​အတွက် ထာဝရဘုရား​ရှေ့​၌ သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 21,
      "text": "သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​ဟု ထို​နေ့​၌​ပင် ကြေညာ​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 22,
      "text": "သင်​တို့​ပြည်​တွင် ရိတ်သိမ်း​ချိန်​၌ သီးနှံ​ရိတ်သိမ်း​သောအခါ သင့်​လယ်​၏​အစွန်အဖျား​ကို အကုန်အစင်​မ​ရိတ်​ရ​။ ရိတ်သိမ်း​ပြီး​သောအခါ​တွင်​လည်း ကောက်သင်း​မ​ကောက်​ရ​။ ၎င်း​တို့​ကို ဆင်းရဲသား​နှင့် တိုင်းတစ်ပါးသား​တို့​အတွက် ထားခဲ့​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 23,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 24,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သတ္တမ​လ​၊ ပထမ​နေ့​သည် သင်​တို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​၊ အောက်မေ့ဖွယ်​ရာ​တံပိုးမှုတ်​သည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ပြု​သော​နေ့ ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 25,
      "text": "မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို​သာ ပူဇော်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 26,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 27,
      "text": "“​သတ္တမ​လ​၊ ဆယ်​ရက်​နေ့​သည် အပြစ်ဖြေလွှတ်​ခြင်း​နေ့​ဖြစ်​၏​။ သင်​တို့​အတွက် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​နေ့​ဖြစ်၍ မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ် ​ရ​မည်​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 28,
      "text": "ထို​နေ့​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရာ​နေ့​ဖြစ်​သောကြောင့် မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 29,
      "text": "ထို​နေ့​၌ မိမိ​၏​စိတ်ဆန္ဒ​ကို​မ​ငြင်းပယ်​သော​သူ​မည်သူမဆို မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 30,
      "text": "ထို​နေ့​၌ အလုပ်​တစ်စုံတစ်ရာ​လုပ်​သော​သူ​မည်သူမဆို သူ​၏​လူမျိုး​အလယ်​၌ သူ့​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 31,
      "text": "သင်​တို့​သည် မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 32,
      "text": "ထို​နေ့​သည် သင်​တို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ ဤ​လ​ကိုး​ရက်​နေ့ နေဝင်ချိန်​မှ နောက်တစ်နေ့ နေဝင်ချိန်​အထိ ဥပုသ်နေ့​ကို သင်​တို့​စောင့်ထိန်း​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 33,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 34,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သတ္တမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​မှစ၍ ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​အဖို့ ယာယီတဲစု​ပွဲ ကျင်းပ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 35,
      "text": "ပထမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ သင်​တို့​သည် မည်သည့် အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 36,
      "text": "ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရ​မည်​။ ရှစ်​ရက်​မြောက်​သော​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို​ပြု​၍ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရ​မည်​။ ဤ​နေ့​ကား ဓမ္မစည်းဝေးပွဲနေ့ကြီး​ဖြစ်၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 37,
      "text": "ဤသည်ကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ ယဇ်ကောင်​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ရက်​အလိုက်​ပူဇော်​ရန် သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ဓမ္မပွဲတော်​များ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 38,
      "text": "ထာဝရဘုရား​၏​ဥပုသ်နေ့​ကို​စောင့်ထိန်း​သည်​သာမက​၊ သင်​တို့​၏​ပူဇော်သက္ကာ​များ​၊ သင်​တို့​၏​ကတိသစ္စာ​အလျောက်​ပူဇော်​သော​အရာ​အားလုံး​၊ သင်​တို့​၏​စေတနာ​အလျောက်​ပူဇော်​သော​အရာ​အားလုံး​တို့​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 39,
      "text": "ထို့ပြင် မြေ​အသီးအနှံ​ကို​စုသိမ်း​သောအခါ သတ္တမ​လ​၏​တစ်ဆယ့်​ငါး​ရက်​နေ့​မှစ၍ ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ ပထမ​နေ့​နှင့် အဋ္ဌမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 40,
      "text": "သင်​တို့​သည် ပထမ​နေ့​၌ ကောင်း​သော​အပင်​၏​အသီး​၊ စွန်ပလွံခက်​များ​၊ အရွက်ဝေဆာ​သော​အပင်​၏​အကိုင်း​၊ ချောင်း​ဘေး​ရှိ​မိုးမခပင်​များ​ကို ယူ​၍ ခုနစ်​ရက်​ပတ်လုံး သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 41,
      "text": "ထာဝရဘုရား​အဖို့ ထို​ပွဲတော်​ကို တစ်​နှစ်​လျှင် ခုနစ်​ရက် ကျင်းပ​ရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ထို​ပွဲတော်​ကို သတ္တမ​လ​တွင် ကျင်းပ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 42,
      "text": "သင်​တို့​သည် ခုနစ်​ရက်​ပတ်လုံး ယာယီတဲ​၌​သာ နေထိုင်​ရ​မည်​။ အစ္စရေး​အမျိုးသား​တိုင်း ယာယီတဲ​၌ နေထိုင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 43,
      "text": "ထိုသို့​ပြု​ခြင်း​ဖြင့် ငါ​သည် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​သောအခါ သူ​တို့​ကို ယာယီတဲ​များ​၌ နေထိုင်​စေ​ခဲ့​ကြောင်း​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် သိရှိ​ကြ​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 44,
      "text": "မောရှေ​သည်​လည်း ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​များ​ကို အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 2,
      "text": "“​မီးခွက်​အစဉ်မပြတ်​လင်း​နေ​စေရန် မီးထွန်းစရာ​အတွက် ထောင်းယူ​သော​သံလွင်​ဆီ​သန့်​ကို သင့်​ထံသို့​ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 3,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွင်း သက်သေခံချက်​ရှေ့​ရှိ ကန့်လန့်ကာ​၏​အပြင်ဘက်​တွင် အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​၌ နေဝင်ချိန်​မှ နံနက်​တိုင်အောင် မီးထွန်း​ခြင်း​အမှု​ကို အစဉ်မပြတ်​စီစဉ်​ပြင်ဆင်​ရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 4,
      "text": "အာရုန်​သည် ထာဝရဘုရား​ရှေ့​တော်​၌ မီးခွက်​များ​ကို ရွှေ​စင်​ဆီမီးခုံ ​ပေါ်တွင် အစဉ်မပြတ်​စီစဉ်​ပြင်ဆင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 5,
      "text": "သင်​သည် အကောင်းဆုံး​ဂျုံမှုန့်​ကို​ယူ​၍ မုန့်ဝိုင်း​တစ်ဆယ့်​နှစ်​ခု ဖုတ်​ရ​မည်​။ မုန့်ဝိုင်း​တစ်​ခု​လျှင် တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ရှိ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 6,
      "text": "ထို​မုန့်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၊ ရွှေ​စင်​ဖြင့်​မွမ်းမံ​သော​စားပွဲ ​ပေါ်တွင် တစ်​ပုံ​ကို​ခြောက်​ခု​စီ​ဆင့်​၍ နှစ်​ပုံ ပုံ​ထား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 7,
      "text": "တစ်ပုံစီ​အပေါ်​တွင် သန့်စင်​သော​လော်ဗန်​ကို တင်​ထား​ရ​မည်​။ ၎င်း​သည် မုန့်​အတွက် ပူဇော်သက္ကာ​အမှတ်သညာ​ဖြစ်​၏​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 8,
      "text": "ထို​မုန့်​ကို ထာဝရဘုရား​ရှေ့​တော်​၌ ဥပုသ်နေ့​တိုင်း အစဉ်မပြတ်​ပြင်ဆင်​ထား​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အတွက် ထာဝရ​ပဋိညာဉ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 9,
      "text": "ထို​မုန့်​သည် အာရုန်​နှင့်​သူ​၏​သား​တို့​အတွက်​ဖြစ်​၏​။ ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​များ​ထဲမှ အာရုန်​အတွက် အထူး​သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​၏​။ ထို့ကြောင့် သူ​တို့​သည် ထို​မုန့်​ကို သန့်ရှင်း​သော​နေရာ​၌​စား​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 10,
      "text": "အစ္စရေး​အမျိုးသမီး​နှင့် အီဂျစ်​အမျိုးသား​မှ မွေးဖွား​သော​သား​တစ်​ယောက်​သည် အစ္စရေး​အမျိုးသား​တို့​ထဲမှ​ထွက်သွား​၏​။ တစ်နေ့၌ ထို​အစ္စရေး​အမျိုးသမီး​၏​သား​သည် တပ်စခန်း​ထဲ၌ အစ္စရေး​အမျိုးသား​တစ်​ယောက်​နှင့်​ရန်ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 11,
      "text": "ထို​အစ္စရေး​အမျိုးသမီး​၏​သား​သည် နာမ​တော်​ကို​စော်ကားပြောဆို​လျက် ကျိန်ဆဲ​သောကြောင့် သူ့​ကို မောရှေ​ထံသို့​ခေါ်လာ​ကြ​၏​။ သူ့​မိခင်​၏​အမည်​မှာ ရှေလောမိတ်​ဖြစ်ပြီး ဒန်​အမျိုးအနွယ်​မှ ဒိဗရိ​၏​သမီး​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 12,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​ကို သေသေချာချာ​သိ​ရ​သည်​အထိ သူ့​ကို အကျဉ်း​ချ​ထား​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 13,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 14,
      "text": "“​ထို​ကျိန်ဆဲ​သော​သူ​ကို တပ်စခန်း​အပြင်ဘက်​သို့ ထုတ်ဆောင်​သွား​လော့​။ သူ​၏​ကျိန်ဆဲစကား​ကို ကြား​သော​သူ​တိုင်း သူ​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို့နောက် လူထု​တစ်ရပ်လုံး သူ့​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 15,
      "text": "သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​တစ်စုံတစ်ယောက်​သည် မိမိ​၏​ဘုရားသခင်​ကို​ကျိန်ဆဲ​လျှင် ထို​သူ​သည် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 16,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ကို စော်ကားပြောဆို​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ လူထု​အပေါင်း​တို့​သည် ထို​သူ​ကို မုချ​ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ အမျိုးသားချင်း​ဖြစ်စေ နာမ​တော်​ကို စော်ကားပြောဆို​လျှင် ထို​သူ​သည် အသတ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 17,
      "text": "မည်သူမဆို လူ့​အသက်​ကို သတ်​လျှင် ထို​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 18,
      "text": "သူတစ်ပါး​၏​တိရစ္ဆာန်​ကို​သတ်​သော​သူ​သည် တစ်​ကောင်​အတွက်​တစ်​ကောင် အလျော်ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 19,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို အနာတရ​ဖြစ်​စေ​လျှင် ထို​သူ​သည် မိမိ​ပြု​သည့်​အတိုင်း ပြန်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 20,
      "text": "တစ်စုံတစ်ယောက်​ကို အနာတရ​ဖြစ်​စေ​သော​သူ​သည် အရိုးချိုး​သည့်​အတွက်​အရိုးချိုး​ခြင်း​၊ မျက်စိ​အတွက်​မျက်စိ​၊ သွား​အတွက်​သွား မိမိ​ပြု​သည့်​အတိုင်း ပြန်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 21,
      "text": "သူတစ်ပါး​၏​တိရစ္ဆာန်​ကို​သတ်​သော​သူ​သည် အလျော်​ပြန်ပေး​ရ​မည်​။ လူ​ကို​သတ်​သော​သူ​မူကား ပြန်​၍​အသတ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 22,
      "text": "တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ သင်​တို့​၌ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 23,
      "text": "မောရှေ​သည်​လည်း အစ္စရေး​အမျိုးသား​တို့​အား​ဆင့်ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ကျိန်ဆဲ​သော​သူ​ကို တပ်စခန်း​အပြင်ဘက်​သို့​ထုတ်သွား​၍ ခဲ​နှင့်​ပေါက်သတ်​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​ကြ​လေ​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 1,
      "text": "တစ်ဖန် သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 2,
      "text": "“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘သင်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​သောအခါ ထို​ပြည်​သည် ထာဝရဘုရား​အဖို့ ဥပုသ်​စောင့်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 3,
      "text": "ခြောက်​နှစ်​ပတ်လုံး သင်​၏​လယ်ယာ​၌ မျိုးကြဲ​ရ​မည်​။ ခြောက်​နှစ်​ပတ်လုံး သင်​၏​စပျစ်ခြံ​ကို ရှင်းလင်းပြုစု​ရ​မည်​။ ပြီးမှ အသီးအနှံ​ကို​စုသိမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 4,
      "text": "သတ္တမ​နှစ်​သည် မြေကြီး ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်​နှစ်​၊ ထာဝရဘုရား​၏​ဥပုသ်​နှစ်​ဖြစ်​၏​။ သင်​၏​လယ်ယာ​၌ မျိုး​မ​ကြဲ​ရ​။ သင်​၏​စပျစ်ခြံ​ကို​လည်း ရှင်းလင်းပြုစု​ခြင်း​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 5,
      "text": "အလေ့ကျ​ပေါက်​သော​အပင်​မှ​သီးနှံ​ကို မ​ရိတ်သိမ်း​ရ​။ မပြုစု​ထား​သော​စပျစ်ပင်​မှ​စပျစ်သီး​ကို​လည်း မ​ဆွတ်ခူး​ရ​။ ထို​နှစ်​သည် မြေ​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​နှစ်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 6,
      "text": "ဥပုသ်​နှစ်​၌ မြေ​သည် သင်​တို့​အဖို့ စားစရာ​ဖြစ်ထွန်း​စေ​လိမ့်မည်​။ သင်​နှင့် သင်​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ သင်​၏​သူရင်းငှား​၊ သင့်​ထံ၌​တည်းခိုနေထိုင်​သော​ဧည့်သည်​၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 7,
      "text": "သင်​၏​တိရစ္ဆာန်​၊ သင့်​ပြည်​၌​ရှိ​သော​တောရိုင်းတိရစ္ဆာန် စသည်​တို့ စား​ဖို့​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 8,
      "text": "သင်​သည် ဥပုသ်​နှစ် ခုနစ်​နှစ်​ကို မိမိဘာသာမိမိ ခုနစ်​နှစ် ခုနစ်​လီ ရေတွက်​ရ​မည်​။ ဥပုသ်​နှစ် ခုနစ်​နှစ် ခုနစ်​လီ​၏​ကာလ​သည် လေးဆယ့်​ကိုး​နှစ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 9,
      "text": "သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​သည် တံပိုး​ကို ကျယ်လောင်​စွာ​မှုတ်​ရ​မည်​။ အပြစ်ဖြေလွှတ်​ခြင်း​နေ့​၌ သင်​တို့​သည် တစ်ပြည်လုံး​အနှံ့ တံပိုး​ကို မှုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 10,
      "text": "သင်​တို့​သည် ငါးဆယ်​မြောက်​နှစ်​ကို သန့်ရှင်း​စေ​၍ ထို​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့ လွတ်လပ်ခွင့်​ရ​ကြောင်း တစ်ပြည်လုံး​ကြေညာ​ရ​မည်​။ ထို​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​၍ သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​လည်းကောင်း​၊ မိမိ​မျိုးနွယ်စု​ထံသို့​လည်းကောင်း ပြန်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 11,
      "text": "ငါးဆယ်​မြောက်​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​ရ​မည်​။ ထို​နှစ်​တွင် မျိုး​မ​ကြဲ​ရ​။ အလေ့ကျ​ပေါက်​သော​အပင်​မှ​သီးနှံ​ကို မ​ရိတ်သိမ်း​ရ​။ မပြုစု​ထား​သော​စပျစ်ပင်​မှ​စပျစ်သီး​ကို​လည်း မ​ဆွတ်ခူး​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 12,
      "text": "အကြောင်းမူကား ထို​မင်္ဂလာရတု​နှစ်​သည် သင်​တို့​အဖို့ သန့်ရှင်း​ရ​မည်​။ သင်​တို့​သည် လယ်ယာ​မှ​အလေ့ကျပေါက်သောအပင်​၏​အသီးအနှံ​ကို​သာ စား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 13,
      "text": "ထို​မင်္ဂလာရတု​နှစ်​တွင် သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 14,
      "text": "သင်​တို့​သည် မိမိ​၏​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို ရောင်း​သည်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​ထံမှ ဝယ်​သည်​ဖြစ်စေ တစ်ယောက်​ကို​တစ်ယောက် နိုင်ထက်စီးနင်း​မ​ပြု​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 15,
      "text": "သင့်​အိမ်နီးချင်း​ထံမှ လယ်ယာ​ကို သင်​ဝယ်​သောအခါ မင်္ဂလာရတု​နှစ်​ပြီး​၍​ကျန်ရှိ​သော​နှစ်​အရေအတွက်​နှင့်အညီ ဝယ်​ရ​မည်​။ သူ​သည်​လည်း သီးနှံရိတ်သိမ်း​နိုင်​မည့်​နှစ်​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 16,
      "text": "ဖြစ်ထွန်း​သော​သီးနှံ​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​ခြင်း​ဖြစ်​သောကြောင့် နှစ်​အရေအတွက်​များ​လျှင် တန်ဖိုး​ကို​တိုး​၍ နှစ်​အရေအတွက်​နည်း​လျှင် တန်ဖိုး​ကို​လျှော့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 17,
      "text": "အချင်းချင်း နိုင်ထက်စီးနင်း​မ​ပြု​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 18,
      "text": "သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာ​ရ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပြုကျင့်​ရ​မည်​။ သို့ပြုလျှင် သင်​တို့​သည် ငါ​ပေး​သော​ပြည်​၌ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 19,
      "text": "ထို​ပြည်​၌ အသီးအနှံ​ဖြစ်ထွန်း​၍ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 20,
      "text": "သင်​တို့​က “​အကျွန်ုပ်​တို့​သည် မျိုး​မ​ကြဲ​ရ​၊ ကိုယ့်​အသီးအနှံ​ကို​လည်း မ​စုသိမ်း​ရ​လျှင် သတ္တမ​နှစ်​၌ မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​”​ဟု မေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 21,
      "text": "ငါ​သည် ဆဋ္ဌမ​နှစ်​၌ သင်​တို့​အပေါ်​သို့ ငါ​၏​ကောင်းချီးမင်္ဂလာ​ကို သက်ရောက်​စေ​မည်​။ ထို​နှစ်​၌ သုံး​နှစ်​စာ​အသီးအနှံ ထွက်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 22,
      "text": "သင်​တို့​သည် အဋ္ဌမ​နှစ်​မျိုးကြဲ​ချိန်​၌ သီးနှံ​အဟောင်း​ကို စား​ကြ​ရ​မည်​။ အသီးအနှံ​ထွက်​သည့်​နဝမ​နှစ်​တိုင်အောင် အဟောင်း​ကို​စား​ကြ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 23,
      "text": "မြေ​သည် ငါ့​အပိုင်​ဖြစ်​၏​။ သင်​တို့​သည် ငါ့​ထံ၌​တည်းခို​သော တိုင်းတစ်ပါးသား​များ​၊ ဧည့်သည်​များ​ဖြစ်​သောကြောင့် မြေ​ကို​အပြီးအပိုင်​မ​ရောင်း​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 24,
      "text": "သင်​တို့​ပိုင်ဆိုင်​ရာ​မြေ​အားလုံး​ကို သင်​တို့​ရွေးနုတ်ခွင့်​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 25,
      "text": "သင်​၏​အမျိုးသားချင်း​တစ်ဦး​သည် ဆင်းရဲ​သွား​၍ သူ့​လက်ဝယ်ရှိမြေ​အချို့​ကို ရောင်း​လျှင် ရွေးနုတ်​ခွင့်​ရှိ​သော သူ​၏​ဆွေမျိုးသားချင်း​သည်​လာ​၍ သူ​ရောင်း​သော​မြေ​ကို ရွေးနုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 26,
      "text": "ထို​သူ​၌ ရွေးနုတ်​ပေး​မည့်​သူ မ​ရှိ​ဘဲ သူ​သည် ကြီးပွား​လာ​၍ သူ့​မြေ​ကို ပြန်​ရွေးနုတ်​ရန် ငွေ​အလုံအလောက်​ရှိ​လျှင်"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 27,
      "text": "သူ​သည် မိမိ​ရောင်း​ထား​သော​နှစ်​ကို​တွက်​၍ လို​ငွေ​ကို ဝယ်​သူ​အား ပေး​ပြီးမှ မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 28,
      "text": "သူ​သည် ပြန်ပေး​ရန် ငွေ​အလုံအလောက်​မ​ရှိ​လျှင် သူ​ရောင်း​ထား​သော​မြေ​သည် မင်္ဂလာရတု​နှစ်​အထိ ဝယ်​သူ​၏​လက်​ထဲ၌ ရှိ​နေ​ရ​မည်​။ မင်္ဂလာရတု​နှစ်​၌ သူ​သည် မြေ​ကို​ပြန်ရ​သဖြင့် သူ​သည်​မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 29,
      "text": "တစ်စုံတစ်ယောက်​သည် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ နေ​အိမ်​ကို ရောင်း​လျှင် ရောင်း​သော​နေ့​မှ တစ်​နှစ်​အတွင်း ရွေးနုတ်ခွင့်​ရှိ​၏​။ ထို​အချိန်​အတွင်း ရွေးနုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 30,
      "text": "သူ​သည် တစ်​နှစ်​ပြည့်​သွား​သည်​အထိ မ​ရွေးနုတ်​လျှင် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ အိမ်​ကို​ဝယ်​သူ​သည် မျိုးဆက်​အစဉ်အဆက် အမြဲ​ပိုင်​ရ​မည်​။ မင်္ဂလာရတု​နှစ်​ရောက်​သော်လည်း အိမ်​ကို ပြန်ပေး​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 31,
      "text": "သို့သော် တံတိုင်း​မ​ခတ်​ထား​သော​ရွာ​ရှိ နေအိမ်​များ​ကို လယ်ယာ​ကဲ့သို့​သတ်မှတ်​ရ​မည်​။ သူ​သည် နေအိမ်​ကို ရွေးနုတ်ခွင့်​ရှိ​၏​။ မင်္ဂလာရတု​နှစ်​ရောက်​သောအခါ သူ​သည် အိမ်​ကို ပြန်လည်​ရရှိ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 32,
      "text": "လေဝိ​အမျိုး​တို့​ပိုင်​သော​မြို့​များ​ရှိ သူ​တို့​၏​အိမ်​များ​ကို​ကား လေဝိ​အမျိုး​တို့​သည် ရွေးနုတ်ခွင့်​အစဉ်အမြဲ​ရှိ​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 33,
      "text": "တစ်စုံတစ်ယောက်​သည် လေဝိ​အမျိုး​တို့​ထံမှ​အိမ်​ကို​ဝယ်ယူ​လျှင် လေဝိ​အမျိုး​တို့​ပိုင်ဆိုင်​ရာ​မြို့​ရှိ ထို​ရောင်း​ထား​သော​အိမ်​ကို မင်္ဂလာရတု​နှစ်​ရောက်​သောအခါ ပြန်ပေး​ရ​မည်​။ အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့​တွင် လေဝိ​အမျိုး​တို့​ပိုင်​သော​မြို့​များ​ရှိ အိမ်​များ​သည် သူ​တို့​၏​အပိုင်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 34,
      "text": "သူ​တို့​၏​မြို့​များ​ရှိ​စားကျက်မြေ​သည် သူ​တို့​အစဉ်အမြဲ​ပိုင်​သော​မြေ​ဖြစ်​သောကြောင့် မ​ရောင်း​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 35,
      "text": "သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​အား မှီခို​နေ​ရ​လျှင် သူ့​အား တိုင်းတစ်ပါးသား​၊ သို့မဟုတ် ဧည့်သည်​ကဲ့သို့ ထောက်မ​ရ​မည်​။ သင်​နှင့်အတူ နေထိုင်​ခွင့်​ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 36,
      "text": "သူ့​ထံမှ အတိုး​အမြတ် မ​ယူ​ရ​။ သင်​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ပြီး သင်​၏​ညီအစ်ကို​ကို သင်​နှင့်အတူ​နေထိုင်​ခွင့်​ပြု​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 37,
      "text": "သင်​၏​ငွေ​ကို သူ့​အား အတိုး​ဖြင့် မ​ချေး​ရ​။ သင်​၏​အစားအစာ​ကို​လည်း သူ့​အား အမြတ်​ဖြင့် မ​ရောင်း​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 38,
      "text": "ငါ​သည် သင်​တို့​အား ခါနာန်​ပြည်​ကို​ပေး​၍ သင်​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် အီဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 39,
      "text": "သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​ထံ၌ သူ့ကိုယ်သူ​ရောင်း​လျှင် သင်​သည် သူ့​အား ကျွန်​ကဲ့သို့ မ​စေခိုင်း​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 40,
      "text": "သူ​သည် သင့်​ထံ၌ သူရင်းငှား​ကဲ့သို့​လည်းကောင်း​၊ ဧည့်သည်​ကဲ့သို့​လည်းကောင်း နေ​၍ မင်္ဂလာရတု​နှစ်​အထိ သင့်​ထံ၌ အလုပ်​လုပ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 41,
      "text": "ထို့နောက်တွင် သူ​သည် မိမိ​သားသမီး​များ​နှင့်တကွ သင့်​ထံ​မှ​ထွက်သွား​၍ မိမိ​မျိုးနွယ်စု​ရှိ​ရာ​သို့​ပြန်သွား​ရ​မည်​။ မိမိ​ဘိုးဘေး​တို့​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်သွား​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 42,
      "text": "အကြောင်းမူကား သူ​တို့​သည် အီဂျစ်​ပြည်​မှ​ငါ​ထုတ်ဆောင်​ခဲ့​သော ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ သူ​တို့​ကို ကျွန်​အဖြစ်​မ​ရောင်း​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 43,
      "text": "သူ့​အပေါ် ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 44,
      "text": "သင်​ပိုင်​သော ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် သင်​တို့​ဝန်းကျင်​၌​ရှိ​သော​လူမျိုးခြား​တို့​ထဲမှ​ဖြစ်​ရ​မည်​။ ထို​သူ​တို့​ထဲမှ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သင်​တို့ ဝယ်ယူ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 45,
      "text": "ထို့ပြင် သင်​တို့​ထံ၌ တည်းခိုနေထိုင်​သော​ဧည့်သည်​တို့​၏​သားသမီး​များ​ထဲမှ​လည်းကောင်း​၊ သင်​တို့​ပြည်​၌​မွေးဖွား​၍ သင်​တို့​နှင့်အတူ​နေထိုင်​သည့် သူ​တို့​၏​မျိုးနွယ်စု​ထဲမှ​လည်းကောင်း သင်​တို့​ဝယ်ယူ​ခွင့်​ရှိ​၏​။ ထို​သူ​တို့​သည် သင်​တို့​၏​အပိုင်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 46,
      "text": "သင်​တို့​သည် ထို​သူ​တို့​ကို နောင်လာမည့်​သင်​တို့​၏​သားမြေး​တို့ ပိုင်ဆိုင်​သော​အမွေ​အဖြစ် ချန်ထား​ခဲ့​နိုင်​၏​။ ထို​သူ​တို့​ကို တစ်သက်လုံး​ကျွန်ပြု​ခွင့်​ရှိ​၏​။ သို့သော် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​သည် အချင်းချင်း​တစ်ဦး​အပေါ်​တစ်ဦး ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 47,
      "text": "အကယ်၍ သင်​နှင့်အတူ​နေထိုင်​သည့် တိုင်းတစ်ပါးသား​ဧည့်သည်​သည် ကြီးပွား​၍ သူ​နှင့်အတူ​နေထိုင်​သည့် သင်​၏​အမျိုးသားချင်း​သည် ဆင်းရဲ​သွား​သဖြင့် သူ​သည် သင်​နှင့်အတူ​နေထိုင်​သည့်​တိုင်းတစ်ပါးသား​ဧည့်သည်​ထံ၌​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​၏​မျိုးနွယ်စုဝင်​ထံ၌​ဖြစ်စေ သူ့ကိုယ်သူ​ရောင်း​လျှင်"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 48,
      "text": "ရောင်း​ပြီးနောက် သူ့​ကို ရွေးနုတ်ခွင့်​ရှိ​ရ​မည်​။ သူ​၏​ညီအစ်ကို​များ​ထဲမှ တစ်စုံတစ်ယောက်​က သူ့​ကို ရွေးနုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 49,
      "text": "သူ​၏​ဘကြီး​ဖြစ်စေ​၊ သူ့​ဘကြီး​၏​သား​ဖြစ်စေ သူ့​ကို ရွေးနုတ်​ရ​မည်​။ သို့မဟုတ် သူ​၏​မျိုးနွယ်စု​ထဲမှ သူ​နှင့်​သွေးသားတော်စပ်သူ​တစ်ယောက်ယောက်​က သူ့​ကို ရွေးနုတ်​ရ​မည်​။ သို့မဟုတ် သူ​ကိုယ်တိုင်​ကြီးပွား​သောအခါ သူ့ကိုယ်သူ ရွေးနုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 50,
      "text": "သူ​သည် သူ့ကိုယ်သူ ရောင်း​သော​နှစ်​မှစ၍ မင်္ဂလာရတု​နှစ်​အထိ နှစ်ပေါင်း​ကို ဝယ်သူ​နှင့်အတူ ရေတွက်​ရ​မည်​။ သူ့ကိုယ်သူ​ရောင်း​သော​တန်ဖိုး​သည် ရေတွက်​သော​နှစ်​အလိုက်​ဖြစ်​ရ​မည်​။ ဝယ်​သူ​နှင့်​နေ​ရ​သော​ကာလ​သည် သူရင်းငှား​တစ်​ယောက်​နေ​ရ​သော​ကာလ​အတိုင်း ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 51,
      "text": "သူ့ကိုယ်သူ ရွေးနုတ်​သောအခါ နှစ်​များစွာ​ကျန်​သေး​လျှင် ထို​နှစ်​တို့​၏​အရေအတွက်​နှင့်အညီ သူ့​ကို​ဝယ်​သော​ငွေ​မှ​နုတ်​၍ ပြန်အမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 52,
      "text": "မင်္ဂလာရတု​နှစ်​ရောက်​ရန် နှစ်​အနည်းငယ်​သာ​ကျန်​လျှင် မိမိဘာသာမိမိ​ရေတွက်​၍ ထို​နှစ်​တို့​၏​အရေအတွက်​နှင့်အညီ မိမိ​၏​ရွေးနုတ်ခ​ကို ပြန်အမ်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 53,
      "text": "သူ​သည် ဝယ်​သူ​ထံ၌ တစ်နှစ်ပြီးတစ်နှစ် သူရင်းငှား​ကဲ့သို့ နေ​ရ​မည်​။ သင့်​မျက်မှောက်​တွင် ဝယ်သူ​က သူ့​ကို ရက်စက်ကြမ်းတမ်း​စွာ မ​အုပ်စိုး​စေ​နှင့်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 54,
      "text": "ထိုသို့သော​နည်း​တို့​ဖြင့် သူ့ကိုယ်သူ မ​ရွေးနုတ်​နိုင်​လျှင်​လည်း မင်္ဂလာရတု​နှစ်​ရောက်​သောအခါ သူ​နှင့် သူ​၏​သားသမီး​တို့​သည် လွတ်မြောက်​ခွင့်​ရရှိ​မည်​။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 55,
      "text": "အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့​သည် ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သော ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 1,
      "text": "သင်​တို့​အဖို့ ရုပ်တု​များ​ကို မ​ပြုလုပ်​ရ​။ ဆင်းတု​ကို မ​ထွင်းထု​ရ​။ ကျောက်တိုင်​ကို မ​စိုက်ထူ​ရ​။ သင်​တို့​၏​ပြည်​၌ ကျောက်ဆစ်​ရုပ်တု​ကို​သင်​တို့​ရှိခိုးကိုးကွယ်​ဖို့ မ​ထား​ရ​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 2,
      "text": "ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​၍ ငါ​၏​သန့်ရှင်းရာဌာန​ကို ရိုသေ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 3,
      "text": "သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်လျှောက်​၍ ငါ​၏​ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင်"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 4,
      "text": "ငါ​သည် သင်​တို့​အဖို့ မိုး​ကို သူ့​ရာသီ​နှင့်​သူ​ရွာ​စေ​သဖြင့် မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​။ လယ်ယာ​ရှိ​အပင်​တို့​သည် ကောက်ပဲသီးနှံ​ဖြစ်ထွန်း​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 5,
      "text": "သင်​တို့​သည် စပျစ်သီး​ဆွတ်ခူး​ချိန်​အထိ တလင်းနယ်​ရ​လိမ့်မည်​။ စိုက်ပျိုး​ချိန်​အထိ စပျစ်သီး​ဆွတ်ခူး​ရ​လိမ့်မည်​။ အစားအစာ​ကို ဝ​စွာ​စား​ရ​၍ သင်​တို့​၏​ပြည်​၌ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 6,
      "text": "ငါ​သည် ထို​ပြည်​၌ ငြိမ်းချမ်းမှု​ရှိ​စေ​သဖြင့် သင်​တို့​အိပ်​သောအခါ မည်သူ​မျှ သင်​တို့​ကို ကြောက်ရွံ့တုန်လှုပ်​အောင် လုပ်​လိမ့်မည်​မ​ဟုတ်​။ ငါ​သည် ဘေးအန္တရာယ်​ပေး​တတ်​သော တောရိုင်းတိရစ္ဆာန်​တို့​ကို ထို​ပြည်​ထဲမှ ဖယ်ရှား​မည်​။ သင်​တို့​ပြည်​သည် ဓားဘေး​နှင့် ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 7,
      "text": "သင်​တို့​သည် ရန်သူ​တို့​ကို​လိုက်​၍ သူ​တို့​သည် သင်​တို့​ရှေ့မှောက်​၌ ဓားလက်နက်​ဖြင့် ကျဆုံး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 8,
      "text": "သင်​တို့​ထဲမှ ငါး​ယောက်​သည် အယောက်​တစ်ရာ​ကို​လိုက်​လိမ့်မည်​။ အယောက်​တစ်ရာ​သည် အယောက်​တစ်သောင်း​ကို​လိုက်​လိမ့်မည်​။ သင်​တို့​၏​ရန်သူ​တို့​သည် သင်​တို့​၏​ရှေ့မှောက်​၌ ဓားလက်နက်​ဖြင့် ကျဆုံး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 9,
      "text": "ငါ​သည် သင်​တို့​ကို ကြည့်ရှု​မည်​။ သင်​တို့​ကို တိုးပွား​များပြား​စေ​မည်​။ သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 10,
      "text": "သင်​တို့​သည် ကြာရှည်​စွာ​သိုထား​သော​သီးနှံ​အဟောင်း​ကို စား​ရ​လိမ့်မည်​။ သီးနှံ​အသစ်​ပေါ်​သောအခါ အဟောင်း​ကို​ထုတ်ပစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 11,
      "text": "ငါ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သင်​တို့​အလယ်​၌ ငါ​ထား​မည်​။ ငါ​သည် သင်​တို့​ကို​ရွံရှာ​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 12,
      "text": "ငါ​သည် သင်​တို့​အလယ်​၌ သွားလာ​၍ သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 13,
      "text": "ငါ​သည် အီဂျစ်​ပြည်​၌​ကျွန်ခံ​ခဲ့​သော​သင်​တို့​ကို ထို​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သင်​တို့​၏​ထမ်းပိုး​ကို ချိုးဖျက်​၍ သင်​တို့​ကို မတ်မတ်​လျှောက်​စေ​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 14,
      "text": "သို့သော် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​၊ ဤ​ပညတ်တော်​ရှိသမျှ​တို့​ကို မ​လိုက်နာ​လျှင်​၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 15,
      "text": "ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို စွန့်ပယ်​လျှင်​၊ သင်​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို ရွံရှာ​၍ ငါ​၏​ပညတ်တော်​ရှိသမျှ​တို့​ကို မ​လိုက်နာ​ဘဲ ငါ​၏​ပဋိညာဉ်​ကို​ချိုးဖောက်​လျှင်"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 16,
      "text": "ငါ​သည် သင်​တို့​အား ဤသို့​ပြု​မည်​။ မျက်စိ​ကွယ်​စေ​၍ စိတ်​အားလျော့​စေ​သော အဆုတ်ရောဂါ​၊ အဖျားရောဂါ​တည်းဟူသော ထိတ်လန့်ဖွယ်​သော​အရာ​ကို သင်​တို့​အပေါ် သက်ရောက်​စေ​မည်​။ သင်​တို့​၏​ရန်သူ​တို့​သည် သင်​တို့​၏​အသီးအနှံ​တို့​ကို စား​ပစ်​မည်​ဖြစ်​သောကြောင့် သင်​တို့​ကြဲ​သော​မျိုးစေ့​သည် အချည်းနှီး​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 17,
      "text": "သင်​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သင်​တို့​သည် သင်​တို့​၏​ရန်သူ​ရှေ့​၌ ရှုံးနိမ့်​ရ​လိမ့်မည်​။ သင်​တို့​ကို​မုန်းတီး​သော​သူ​တို့​သည် သင်​တို့​ကို အုပ်စိုး​လိမ့်မည်​။ လိုက်​သော​သူ​မ​ရှိ​သော်လည်း သင်​တို့​သည် ထွက်ပြေး​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 18,
      "text": "ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​အား အပြစ်ဒဏ်​ခုနစ်ဆ ထပ်၍​ပေး​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 19,
      "text": "ငါ​သည် သင်​တို့​၏​မာန​တန်ခိုး​ကို​ချိုး​၍ သင်​တို့​၏​မိုးကောင်းကင်​ကို သံ​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​၏​မြေ​ကို ကြေးဝါ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 20,
      "text": "သင်​တို့​၏​ခွန်အား​သည် အချည်းနှီး​ကုန်သွား​လိမ့်မည်​။ သင်​တို့​၏​မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​မ​ဟုတ်​။ သင်​တို့​ပြည်​ရှိ​အပင်​တို့​သည်​လည်း အသီး​ဖြစ်ထွန်း​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 21,
      "text": "သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​နှင့်အလျောက် သင်​တို့​အပေါ်​သို့ ဘေးဒဏ်​ကို ခုနစ်ဆ ထပ်၍​ကျရောက်​စေ​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 22,
      "text": "ငါ​သည် သင်​တို့​ထဲသို့ တောရိုင်းတိရစ္ဆာန်​ကို ဝင်ရောက်​စေ​သဖြင့် ထို​တိရစ္ဆာန်​သည် သင်​တို့​၏​သားသမီး​ကို ကိုက်သတ်​၍ သင်​တို့​၏​တိရစ္ဆာန်​ကို ဖျက်ဆီး​လိမ့်မည်​။ သင်​တို့​ကို လျော့နည်း​စေ​၍ သင်​တို့​၏​လမ်း​များ​သည် လူသူကင်းမဲ့​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 23,
      "text": "ထိုသို့​အပြစ်ဒဏ်​ပေး​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ဘဲ ငါ့​ကို ဆက်လက်​ဆန့်ကျင်​နေ​သေး​လျှင်"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 24,
      "text": "ငါ​သည်​လည်း သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 25,
      "text": "ငါ​သည် ပဋိညာဉ်​အလျောက် လက်တုံ့ပြန်​သော​ဓား​ကို သင်​တို့​အပေါ် ကျရောက်​စေ​မည်​။ သင်​တို့​သည် သင်​တို့​၏​မြို့​များ​ထဲ၌ စုဝေး​ကြ​သောအခါ သင်​တို့​အလယ်​သို့ ကပ်ရောဂါ​ဘေး​ကို ငါ​စေလွှတ်​မည်​။ သင်​တို့​သည် ရန်သူ​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 26,
      "text": "အသက်​အတွက် အမှီသဟဲ ​ဖြစ်​သော အစားအစာ​ကို သင်​တို့​ထံမှ ငါ​ဖြတ်တောက်​လိုက်​သောအခါ မိန်းမ​ဆယ်​ယောက်​တို့​သည် မီးဖို​တစ်ခုတည်း​၌ သင်​တို့​စား​ဖို့​မုန့်​ကို ဖုတ်​၍ ထို​မုန့်​ကို အချိန်အဆ​ဖြင့်​သာ သင်​တို့​ကို ပြန်ဝေ​ပေး​လိမ့်မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ စား​ရ​ကြ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 27,
      "text": "ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​ကို ဆက်လက်​ဆန့်ကျင်​၍ ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 28,
      "text": "ငါ​သည်​လည်း သင်​တို့​ကို အမျက်ဒေါသ​ဖြင့် သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​အပြစ်ဒဏ်​ပေး​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 29,
      "text": "သင်​တို့​သည် သင်​တို့​သား​သမီး​တို့​၏​အသား​ကို စား​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 30,
      "text": "ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 31,
      "text": "ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 32,
      "text": "ငါ​ကိုယ်တိုင် သင်​တို့​၏​ပြည်​ကို လူသူကင်းမဲ့​စေ​သဖြင့် ထို​ပြည်​၌​နေထိုင်​သော သင်​တို့​၏​ရန်သူ​တို့​သည်​လည်း တုန်လှုပ်ချောက်ချား​ကြ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 33,
      "text": "ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 34,
      "text": "ရန်သူ​တို့​၏​ပြည်​၌ သင်​တို့​နေထိုင်​၍ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​သော​ကာလ​ပတ်လုံး သင်​တို့​၏​ပြည်​သည် ဥပုသ်နေ့​၌ မွေ့လျော်​လိမ့်မည်​။ သင်​တို့​၏​ပြည်​သည် ငြိမ်ဝပ်​စွာ​နေ​ရ​၍ ဥပုသ်နေ့​တို့​၌ မွေ့လျော်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 35,
      "text": "သင်​တို့​သည် သင်​တို့​ပြည်​၌ နေထိုင်​ကြ​စဉ် ဥပုသ်နေ့​တွင် ငြိမ်ဝပ်​စွာ​မ​နေ​ရ​သော သင်​တို့​ပြည်​သည် လူသူကင်းမဲ့​သော​ကာလ​ပတ်လုံး ငြိမ်ဝပ်​စွာ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 36,
      "text": "သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ရန်သူ​တို့​၏​ပြည်​၌​နေ​ကြ​ရ​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ထိတ်လန့်​ခြင်း​ကို ငါ​သွင်း​မည်​။ လေ​တိုက်​၍​လှုပ်​သော​သစ်ရွက်​အသံ​သည် သူ​တို့​ကို​ထွက်ပြေး​စေ​လိမ့်မည်​။ သူ​တို့​သည် လိုက်​သော​သူ​မ​ရှိ​သော်လည်း ဓားဘေး​မှ​ထွက်ပြေး​သော​သူ​ကဲ့သို့ ပြေး​ကြ​၍ လဲကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 37,
      "text": "သူ​တို့​သည် လိုက်​သော​သူ​မ​ရှိ​သော်လည်း ဓားဘေး​မှ​ထွက်ပြေး​သော​သူ​ကဲ့သို့ တစ်ဦး​ကို​တစ်ဦး တိုက်မိ​ကြ​လိမ့်မည်​။ သင်​တို့​သည် မိမိ​တို့​၏​ရန်သူ​များ​ကို ရင်ဆိုင်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 38,
      "text": "သင်​တို့​သည် လူမျိုးခြား​တို့​အလယ်​၌ ပျက်စီး​၍ ရန်သူ​တို့​၏​ပြည်​သည် သင်​တို့​ကို ဝါးမျို​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 39,
      "text": "သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် သူ​တို့​၏​ဒုစရိုက်​ကြောင့် ရန်သူ​တို့​၏​ပြည်​၌ ပျက်စီးပျောက်ကွယ်​သွား​လိမ့်မည်​။ ထိုမျှမက သူ​တို့​သည် ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကြောင့် ဘိုးဘေး​တို့​နှင့်အတူ ပျက်စီးပျောက်ကွယ်​သွား​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 40,
      "text": "သို့သော် သူ​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​ကို ဖော်ပြဝန်ခံ​မည်​ဆိုလျှင်​၊ သူ​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ဆက်လက်​ဆန့်ကျင်​ကြ​သဖြင့်"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 41,
      "text": "ငါ​သည်​လည်း သူ​တို့​ကို​ပြန်ဆန့်ကျင်​၍ ရန်သူ​တို့​၏​ပြည်​သို့ နှင်ထုတ်​လိုက်​သောအခါ သူ​တို့​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​စိတ်နှလုံး​ကို နှိမ့်ချ​ပြီး ကိုယ့်​အပြစ်​အတွက် ပြန်လည်​ပေးဆပ်​မည်​ဆိုလျှင်"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 42,
      "text": "ငါ​သည် ယာကုပ်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​၊ ဣဇက်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​၊ အာဗြဟံ​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ် တို့​ကို ငါ​အောက်မေ့​မည်​။ သူ​တို့​၏​ပြည်​ကို​လည်း ငါ​အောက်မေ့​မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 43,
      "text": "သို့သော် သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို စွန့်ပယ်​၍ ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို ရွံရှာ​ခဲ့​သောကြောင့် သူ​တို့​ကြောင့် စွန့်ပစ်​ထား​ခြင်း​ခံရ​၍ လူသူကင်းမဲ့​သူ​တို့​၏​ပြည်​သည် ဥပုသ်နေ့​၌ မွေ့လျော်​လိမ့်မည်​။ သူ​တို့​မူကား ကိုယ့်​အပြစ်​အတွက် ပြန်ပေးဆပ်​ရ​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 44,
      "text": "ဤသို့​ဖြစ်၍ ရန်သူ​တို့​၏​ပြည်​၌ သူ​တို့​နေ​ကြ​ရ​သော်လည်း ငါ​သည် သူ​တို့​ကို​ဖျက်ဆီး​သည်​အထိ​၊ သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ရ​သည်​အထိ သူ​တို့​ကို ငါ​ငြင်းပယ်​မည်​မ​ဟုတ်​၊ ရွံရှာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 45,
      "text": "ငါ​သည် သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် လူမျိုးခြား​တို့​၏​မျက်မှောက်​၊ အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သော သူ​တို့​၏​ဘိုးဘေး​တို့​နှင့်​ဖွဲ့​ခဲ့​သည့်​ပဋိညာဉ်​ကို သူ​တို့​အတွက် ငါ​အောက်မေ့​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 46,
      "text": "ဤသည်ကား သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​သည် မိမိ​နှင့်​အစ္စရေး​အမျိုးသား​တို့​အကြား မောရှေ​အားဖြင့်​ထားရှိ​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပညတ်တရား​များ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တန်ဖိုး​ဖြတ်​သည့်​အတိုင်း တစ်စုံတစ်ယောက်​သည် လူ​ကို ထာဝရဘုရား​ထံ ဆက်ကပ်​ပေးလှူ​ရန် ကတိသစ္စာ​ပြု​သောအခါ"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 3,
      "text": "အသက်​နှစ်ဆယ်​အရွယ်​မှ အသက်​ခြောက်ဆယ်​အရွယ်​အထိ သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ယောက်ျား​ဖြစ်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ငွေ​ငါးဆယ်​ရှယ်ကယ် ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 4,
      "text": "မိန်းမ​ဖြစ်လျှင် သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ သုံးဆယ်​ရှယ်ကယ် ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 5,
      "text": "အသက်​ငါး​နှစ်​အရွယ်​မှ အသက်​နှစ်ဆယ်​အရွယ်​အထိ သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ယောက်ျား​ဖြစ်လျှင် နှစ်ဆယ်​ရှယ်ကယ် ​၊ မိန်းမ​ဖြစ်လျှင် တစ်ဆယ်​ရှယ်ကယ် ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 6,
      "text": "တစ်လသား​အရွယ်​မှ ငါး​နှစ်​အရွယ်​အထိ သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ယောက်ျား​ဖြစ်လျှင် ငွေ​ငါး​ရှယ်ကယ်​၊ မိန်းမ​ဖြစ်လျှင် ငွေ​သုံး​ရှယ်ကယ် ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 7,
      "text": "အသက်​ခြောက်ဆယ်​အရွယ်​နှင့်​အထက်​ဖြစ်လျှင် သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ယောက်ျား​ဖြစ်လျှင် တစ်ဆယ့်​ငါး​ရှယ်ကယ် ​၊ မိန်းမ​ဖြစ်လျှင် တစ်ဆယ်​ရှယ်ကယ်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 8,
      "text": "ကတိသစ္စာ​ပြု​ထား​သူ​သည် ဆင်းရဲ​၍ သင်​တန်ဖိုး​ဖြတ်​ထား​သည့်​အတိုင်း မတတ်နိုင်​လျှင် ယဇ်ပုရောဟိတ်​ထံသို့ လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သူ့​ကို တန်ဖိုးဖြတ်​ရ​မည်​။ သူ​တတ်နိုင်​သည့်​အတိုင်း ယဇ်ပုရောဟိတ်​သည် သူ့​ကို တန်ဖိုးဖြတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 9,
      "text": "ထာဝရဘုရား​အား ပူဇော်​ဖို့ ကတိသစ္စာ​ပြု​ထား​သော ပူဇော်သက္ကာ​သည် တိရစ္ဆာန်​ဖြစ်​လျှင် ထာဝရဘုရား​အား​ပေးလှူ​မည့် မည်သည့်​အကောင်​မဆို သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 10,
      "text": "အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​နှင့် မ​လဲလှယ်​ရ​။ အပြောင်းအလဲ​မ​လုပ်​ရ​။ တိရစ္ဆာန်​တစ်​ကောင်​ကို အခြား​တိရစ္ဆာန်​တစ်​ကောင်​နှင့် မဖြစ်မနေ​လဲလှယ်​ရ​မည်​ဆိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 11,
      "text": "ထာဝရဘုရား​ထံ ပူဇော်​သော​သူ​၏​ပူဇော်သက္ကာ​သည် မစင်ကြယ်​၊ မ​ပူဇော်​သင့်​သော​တိရစ္ဆာန်​တစ်ကောင်ကောင်​ဖြစ်​လျှင် ထို​တိရစ္ဆာန်​ကို ယဇ်ပုရောဟိတ်​ထံ ယူလာ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 12,
      "text": "ယဇ်ပုရောဟိတ်​သည် ကောင်း​လျှင်​ကောင်း​သည့်​အလျောက်​၊ မကောင်း​လျှင်​မကောင်း​သည့်​အလျောက် တန်ဖိုးဖြတ်​ရ​မည်​။ ယဇ်ပုရောဟိတ် တန်ဖိုး​ဖြတ်​သည့်​အတိုင်း တည်​စေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 13,
      "text": "သူ​သည် ထို​တိရစ္ဆာန်​ကို ပြန်​ရွေးနုတ်​လို​လျှင် ဖြတ်​ထား​သော​တန်ဖိုး​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 14,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​၏​အိမ်​ကို ထာဝရဘုရား​ထံ သန့်ရှင်းသောအရာ​အဖြစ် ဆက်ကပ်​လို​လျှင် ယဇ်ပုရောဟိတ်​သည် ထို​အိမ်​ကို ကောင်း​လျှင်​ကောင်း​သည့်​အလျောက်​၊ မကောင်း​လျှင်​မကောင်း​သည့်​အလျောက် တန်ဖိုးဖြတ်​ရ​မည်​။ ယဇ်ပုရောဟိတ် ဖြတ်​သည့်​တန်ဖိုး​အတိုင်း တည်​စေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 15,
      "text": "မိမိ​အိမ်​ကို ဆက်ကပ်​သော​သူ​သည် ထို​အိမ်​ကို ပြန်​ရွေးနုတ်​လို​လျှင် ဖြတ်​ထား​သော​တန်ဖိုး​ငွေ​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို ထပ်ပေါင်း​၍ ပေး​ရ​မည်​။ ထို့နောက်မှ အိမ်​သည် သူ့​အပိုင်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 16,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ပိုင်ဆိုင်​သော​လယ်ယာ​အချို့​ကို ထာဝရဘုရား​ထံ ဆက်ကပ်​လို​လျှင် သင်​ဖြတ်​ရ​မည့်​တန်ဖိုး​မှာ ကြဲနိုင်​သည့်​မျိုးစေ့​ပမာဏ​အတိုင်း​ဖြစ်​ရ​မည်​။ မုယော​မျိုးစေ့​တစ်​ဟောမဲ ​လျှင် ငွေ​ငါးဆယ်​ရှယ်ကယ်​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 17,
      "text": "ထို​သူ​သည် မိမိ​လယ်ယာ​ကို မင်္ဂလာရတု​နှစ်​၌ ဆက်ကပ်​လို​လျှင် သင်​ဖြတ်​သည့်​တန်ဖိုး​အတိုင်း တည်​စေ​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 18,
      "text": "သို့သော် သူ​သည် မိမိ​လယ်ယာ​ကို မင်္ဂလာရတု​နှစ်​လွန်မှ ဆက်ကပ်​လို​လျှင် ယဇ်ပုရောဟိတ်​သည် နောက်​မင်္ဂလာရတု​နှစ်​အထိ ကျန်ရှိ​သော​နှစ်​အရေအတွက်​နှင့်အညီ ငွေ​ကို​တွက်​၍ သင်​ဖြတ်​ထား​သော​တန်ဖိုး​မှ နုတ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 19,
      "text": "မိမိ​လယ်ယာ​ကို ဆက်ကပ်​သော​သူ​သည် ထို​လယ်ယာ​ကို ပြန်​ရွေးနုတ်​လို​လျှင် သင်​ဖြတ်​ထား​သော​တန်ဖိုး​ငွေ​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။ ထို့နောက်မှ လယ်ယာ​သည် သူ့​အပိုင်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 20,
      "text": "သို့သော် ထို​လယ်ယာ​ကို မ​ရွေးနုတ်​လျှင်​ဖြစ်စေ​၊ အခြား​တစ်စုံတစ်ယောက်​ကို ရောင်း​လျှင်​ဖြစ်စေ သူ​သည် ထို​လယ်ယာ​ကို ရွေးနုတ်​ခွင့်​မ​ရှိ​တော့​ချေ​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 21,
      "text": "မင်္ဂလာရတု​နှစ်​ရောက်​၍ ထို​လယ်ယာ​သည် ဝယ်​သူ​လက်​မှ​လွတ်​သောအခါ ဆက်ကပ်​ထား​သော​လယ်ယာ​ဖြစ်​သည်​နှင့်အညီ ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။ ထို့ကြောင့် ယဇ်ပုရောဟိတ်​၏​ပိုင်ဆိုင်​ရာ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 22,
      "text": "မိမိ​ပိုင်​သော​လယ်ယာ​ထဲမှ​မ​ဟုတ်​၊ မိမိ​ဝယ်​ထား​သော​လယ်ယာ​ထဲမှ ထာဝရဘုရား​အား ဆက်ကပ်​လို​လျှင်"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 23,
      "text": "သင်​ဖြတ်​ထား​သော​တန်ဖိုး​အတိုင်း ယဇ်ပုရောဟိတ်​သည် မင်္ဂလာရတု​နှစ်​အထိ သူ့​ကို တွက်​ပေး​ရ​မည်​။ သူ​သည် ထို​နေ့​၌ပင် ထာဝရဘုရား​အဖို့ သန့်ရှင်းသောအရာ​အဖြစ် သင်​ဖြတ်​ထား​သော​တန်ဖိုး​ကို ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 24,
      "text": "မင်္ဂလာရတု​နှစ်​ရောက်​သောအခါ ထို​လယ်ယာ​ကို ရောင်း​ခဲ့​သူ မူလ​မြေ​ပိုင်ရှင်​အား ပြန်ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 25,
      "text": "သင်​ဖြတ်​သည့်​တန်ဖိုး​ဟူသမျှ​သည် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ဖြစ်​ရ​မည်​။ တစ်​ရှယ်ကယ် ​လျှင် ဂေရ​နှစ်ဆယ် ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 26,
      "text": "နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ ထာဝရဘုရား​ပိုင်​၏​။ ထာဝရဘုရား​ပိုင်​သော​အရာ​ဖြစ်​သည့် အဦးဆုံး​ပေါက်​သော​တိရစ္ဆာန်​တို့​၏​သားဦး​ကို မည်သူ​မျှ မ​ဆက်ကပ်​ရ​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 27,
      "text": "မစင်ကြယ်​သော​တိရစ္ဆာန်​ဖြစ်လျှင် သင်​ဖြတ်​ထား​သော​တန်ဖိုး​အတိုင်း ထို​အကောင်​ကို ရွေးနုတ်​ခွင့်​ရှိ​၏​။ သင်​ဖြတ်​ထား​သော​တန်ဖိုး​အပြင် ထို​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။ မ​ရွေးနုတ်​လို​လျှင် သင်​ဖြတ်​ထား​သော​တန်ဖိုး​အတိုင်း ရောင်း​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 28,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ပိုင်ဆိုင်​သမျှ​တို့​တွင် လူ​ကို​ဖြစ်စေ​၊ တိရစ္ဆာန်​ကို​ဖြစ်စေ​၊ လယ်ယာ​ကို​ဖြစ်စေ ထာဝရဘုရား​အား ဆက်ကပ်​ထား​သော​အရာ​ရှိသမျှ​တို့​ကို ရောင်း​ခွင့်​မ​ရှိ​။ ရွေးနုတ်​ခွင့်​လည်း​မ​ရှိ​။ ဆက်ကပ်​ထား​သော​အရာ​ရှိသမျှ​တို့​သည် ထာဝရဘုရား​အဖို့ အလွန်​သန့်ရှင်းသောအရာ​များ​ဖြစ်​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 29,
      "text": "ဆက်ကပ်​ထား​သော​အရာ​ရှိသမျှ​တို့​တွင် လူ​ဖြစ်​လျှင်ပင် ရွေးနုတ်​ခွင့်​မ​ရှိ​။ သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 30,
      "text": "မြေ​မှ​ထွက်​သော ကောက်ပဲသီးနှံ​၊ သစ်သီးဝလံ​တို့​၏​ဆယ်ဖို့တစ်ဖို့​အားလုံး​ကို ထာဝရဘုရား​ပိုင်​၏​။ ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 31,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ဆယ်ဖို့တစ်ဖို့​ထဲမှ​အချို့​ကို အမှန်ပင်​ရွေးနုတ်​လို​လျှင် ၎င်း​၏​တန်ဖိုး​အပြင် ငါးပုံတစ်ပုံ​ထပ်ပေါင်း​၍ ပေး​ရ​မည်​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 32,
      "text": "နွားအုပ်​၊ သို့မဟုတ် သိုးအုပ်​၏​ဆယ်ဖို့တစ်ဖို့​တည်းဟူသော ကြိမ်လုံး​အောက်​ကို​ဖြတ်သွား​သည့် ဆယ်ကောင်မြောက်​အကောင်​အားလုံး​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 33,
      "text": "ကောင်း​မကောင်း မ​စစ်ဆေး​ရ​။ မ​လဲလှယ်​ရ​။ မဖြစ်မနေ​လဲလှယ်​ရ​မည်​ဆိုလျှင် နှစ်ကောင်စလုံး​သန့်ရှင်း​၏​။ ထို​တိရစ္ဆာန်​တို့​ကို မ​ရွေးနုတ်​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 34,
      "text": "ဤသည်ကား သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​အား မောရှေ​မှတစ်ဆင့် မိန့်မှာ​တော်မူ​ခဲ့​သည့် ပညတ်တော်​များ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ ပထမ​နေ့​၌ သိနာ​တောကန္တာရ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 3,
      "text": "သင်​နှင့်​အာရုန်​သည် အစ္စရေး​လူမျိုး​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို တပ်ဖွဲ့​အလိုက် ရေတွက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 4,
      "text": "အမျိုးအနွယ်​အသီးသီး​ထဲမှ တစ်မျိုး​တစ်ယောက်စီ သင်​တို့​နှင့်အတူ​ရှိ​ရ​မည်​။ သူ​တို့​တစ်ဦးစီ​သည် မိမိ​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​၌ အကြီးအမှူး​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​ကို​ကူညီ​မည့်​သူ​တို့​၏​အမည်​များ​ကား ရုဗင်​အမျိုး​မှ ရှေဒုရ​၏​သား ဧလိဇုရ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 6,
      "text": "ရှိမောင်​အမျိုး​မှ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 7,
      "text": "ယုဒ​အမျိုး​မှ အမိနဒပ်​၏​သား နာရှုန်​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 8,
      "text": "ဣသခါ​အမျိုး​မှ ဇုအာ​၏​သား နာသနေလ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 9,
      "text": "ဇာဗုလုန်​အမျိုး​မှ ဟေလုန်​၏​သား ဧလျာဘ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 10,
      "text": "ယောသပ်​၏​သား​တို့​တွင် ဧဖရိမ်​အမျိုး​မှ အမိဟုဒ်​၏​သား ဧလိရှမာ​၊ မနာရှေ​အမျိုး​မှ ပေဒါဇုရ​၏​သား ဂါမလျေလ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 11,
      "text": "ဗင်္ယာမိန်​အမျိုး​မှ ဂိဒေါနိ​၏​သား အဘိဒန်​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 12,
      "text": "ဒန်​အမျိုး​မှ အမိရှဒ္ဒဲ​၏​သား အဟေဇာ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 13,
      "text": "အာရှာ​အမျိုး​မှ ဩကရန်​၏​သား ပါဂျေလ​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 14,
      "text": "ဂဒ်​အမျိုး​မှ ဒွေလ​၏​သား ဧလျာသပ်​၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 15,
      "text": "နဿလိ​အမျိုး​မှ ဧနန်​၏​သား အဟိရ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 16,
      "text": "ထို​သူ​တို့​သည် လူထု​ထဲမှ ရွေးကောက်​ထား​သော​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။ အစ္စရေး​မျိုးနွယ်စု ​တို့​၏​အကြီးအမှူး​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 17,
      "text": "မောရှေ​နှင့်​အာရုန်​သည် နာမည်​အရွေး​ခံရ​သော ထို​သူ​တို့​ကို​ခေါ်​၍"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 18,
      "text": "ဒုတိယ​လ​၊ ပထမ​နေ့​၌ လူထု​အပေါင်း​တို့​ကို စုရုံး​စေ​ပြီးလျှင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 19,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 20,
      "text": "အစ္စရေး​၏​သားဦး​ဖြစ်​သော ရုဗင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 21,
      "text": "ရုဗင်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ခြောက်ထောင့်​ငါး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 22,
      "text": "ရှိမောင်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ​၏​အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော ယောက်ျား​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 23,
      "text": "ရှိမောင်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 24,
      "text": "ဂဒ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 25,
      "text": "ဂဒ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါးထောင့်​ခြောက်​ရာ့​ငါးဆယ် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 26,
      "text": "ယုဒ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 27,
      "text": "ယုဒ​အမျိုးအနွယ်​ထဲမှ ခုနစ်​သောင်း​လေး​ထောင့်​ခြောက်​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 28,
      "text": "ဣသခါ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 29,
      "text": "ဣသခါ​အမျိုးအနွယ်​ထဲမှ ငါး​သောင်း​လေး​ထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 30,
      "text": "ဇာဗုလုန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 31,
      "text": "ဇာဗုလုန်​အမျိုးအနွယ်​ထဲမှ ငါးသောင်း​ခုနစ်​ထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 32,
      "text": "ယောသပ်​၏​သားမြေး​ဖြစ်​သော ဧဖရိမ်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 33,
      "text": "ဧဖရိမ်​အမျိုးအနွယ်​ထဲမှ လေးသောင်း​ငါး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 34,
      "text": "မနာရှေ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 35,
      "text": "မနာရှေ​အမျိုးအနွယ်​ထဲမှ သုံးသောင်း​နှစ်ထောင့်​နှစ်ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 36,
      "text": "ဗင်္ယာမိန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 37,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​ထဲမှ သုံးသောင်း​ငါးထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 38,
      "text": "ဒန်​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 39,
      "text": "ဒန်​အမျိုးအနွယ်​ထဲမှ ခြောက်သောင်း​နှစ်ထောင့်​ခုနစ်​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 40,
      "text": "အာရှာ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 41,
      "text": "အာရှာ​အမျိုးအနွယ်​ထဲမှ လေးသောင်း​တစ်ထောင့်​ငါး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 42,
      "text": "နဿလိ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 43,
      "text": "နဿလိ​အမျိုးအနွယ်​ထဲမှ ငါးသောင်းသုံးထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 44,
      "text": "ထို​သူ​တို့​မှာ မောရှေ​၊ အာရုန်​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အသီးသီး​မှ​အစ္စရေး​ခေါင်းဆောင်​တစ်ဆယ့်​နှစ်​ဦး​တို့ ရေတွက်​သော​သူ​တို့​၏​အရေအတွက်​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 45,
      "text": "သူ​တို့​သည် ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် အစ္စရေး​လူမျိုး​ထဲမှ စစ်မှုထမ်း​နိုင်​သော​အစ္စရေး​အမျိုးသား​အားလုံး​တို့​၏​အရေအတွက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 46,
      "text": "သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 47,
      "text": "သူ​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​ထဲမှ လေဝိ​အမျိုး​တို့​ကို​ကား သူ​တို့​နှင့်အတူ မ​ရေတွက်​ပေ​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 48,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 49,
      "text": "“​လေဝိ​အမျိုးအနွယ်​တို့​ကို​ကား သင် မ​ရေတွက်​ရ​။ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ သူ​တို့​၏​လူဦးရေစာရင်း​ကို​လည်း မ​ကောက်​ရ​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 50,
      "text": "လေဝိ​အမျိုး​တို့​ကို သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​၊ ထို​တဲ​တော်​နှင့်​ဆိုင်​သမျှ​တို့​ကို ထိန်းသိမ်း​ဖို့ ခန့်အပ်​လော့​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏ တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​ဆောင်ရွက်​၍ ထို​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 51,
      "text": "ရွှေ့ပြောင်း​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ဖြုတ်သိမ်း​ရ​မည်​။ စခန်းချ​သောအခါ လေဝိ​အမျိုး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စိုက်ထူ​ရ​မည်​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 52,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​၏​စခန်း​၌​လည်းကောင်း​၊ မိမိ​တို့​၏​အလံ​နားတွင်​လည်းကောင်း စခန်းချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 53,
      "text": "လေဝိ​အမျိုး​တို့​မူကား အစ္စရေး​အမျိုးသား​လူထု​ပေါ်သို့ အမျက်​တော်​မ​သက်ရောက်​စေရန် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ လေဝိ​အမျိုး​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စောင့်ရှောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 54,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​အသီးသီး​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အမှတ်လက္ခဏာ​ပါ​သည့်​အလံ​နားတွင် စခန်းချ​ရ​မည်​။ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဘက်​မျက်နှာမူ​လျက် ပတ်ပတ်လည်​တွင် စခန်းချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 3,
      "text": "ယုဒ​တပ်စခန်း​၏​အလံ​နား​ရှိ ယုဒ​တပ်ဖွဲ့​သည် အရှေ့ဘက် နေထွက်​ရာ​အရပ်​၌ စခန်းချ​ရ​မည်​။ အမိနဒပ်​၏​သား နာရှုန်​သည် ယုဒ​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 4,
      "text": "နာရှုန်​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ခုနစ်​သောင်း​လေး​ထောင့်​ခြောက်​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 5,
      "text": "ယုဒ​တပ်ဖွဲ့​၏​ဘေး​တွင် ဣသခါ​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ဇုအာ​၏​သား နာသနေလ​သည် ဣသခါ​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 6,
      "text": "နာသနေလ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ငါး​သောင်း​လေး​ထောင့်​လေး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 7,
      "text": "ထို့နောက် ဇာဗုလုန်​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ဟေလုန်​၏​သား ဧလျာဘ​သည် ဇာဗုလုန်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 8,
      "text": "ဧလျာဘ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ငါးသောင်း​ခုနစ်​ထောင့်​လေး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 9,
      "text": "တပ်ဖွဲ့​အလိုက် ယုဒ​တပ်စခန်း​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ တစ်သိန်း​ရှစ်သောင်း​ခြောက်​ထောင့်​လေး​ရာ ဖြစ်​၏​။ သူ​တို့​သည် ရှေ့ဆုံး​နေရာ​မှ ခရီးပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 10,
      "text": "ရုဗင်​တပ်စခန်း​၏​အလံ​နား​ရှိ ရုဗင်​တပ်ဖွဲ့​သည် တောင်ဘက်​၌ စခန်းချ​ရ​မည်​။ ရှေဒုရ​၏​သား ဧလိဇုရ​သည် ရုဗင်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 11,
      "text": "ဧလိဇုရ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ လေးသောင်း​ခြောက်ထောင့်​ငါး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 12,
      "text": "ရုဗင်​တပ်ဖွဲ့​၏​ဘေး​တွင် ရှိမောင်​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​သည် ရှိမောင်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 13,
      "text": "ရှေလုမျေလ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ငါးသောင်း​ကိုးထောင့်​သုံး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 14,
      "text": "ထို့နောက် ဂဒ်​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ရွေလ​၏​သား ဧလျာသပ်​သည် ဂဒ်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 15,
      "text": "ဧလျာသပ်​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ လေးသောင်း​ငါးထောင့်​ခြောက်​ရာ့​ငါးဆယ် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 16,
      "text": "တပ်ဖွဲ့​အလိုက် ရုဗင်​တပ်စခန်း​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ တစ်သိန်း​ငါးသောင်း​တစ်ထောင့်​လေး​ရာ့​ငါးဆယ် ဖြစ်​၏​။ သူ​တို့​သည် ဒုတိယ​နေရာ​မှ ခရီးပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 17,
      "text": "ထို့နောက်မှ လေဝိ​တပ်ဖွဲ့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​သယ်ဆောင်​လျက် တပ်ဖွဲ့​များ​၏​အလယ်​မှ​နေ​၍ ခရီးပြု​ရ​မည်​။ သူ​တို့​သည် စခန်းချ​သည့်​အတိုင်း မိမိ​တို့​၏​အလံ​နှင့်အတူ အသီးသီး​ကိုယ့်​နေရာ​နှင့်​ကိုယ် ခရီးပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 18,
      "text": "ဧဖရိမ်​တပ်စခန်း​၏​အလံ​နား​ရှိ ဧဖရိမ်​တပ်ဖွဲ့​သည် အနောက်ဘက်​၌ စခန်းချ​ရ​မည်​။ အမိဟုဒ်​၏​သား ဧလိရှမာ​သည် ဧဖရိမ်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 19,
      "text": "ဧလိရှမာ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ လေးသောင်း​ငါး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 20,
      "text": "ဧဖရိမ်​တပ်ဖွဲ့​၏​ဘေး​တွင် မနာရှေ​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ပေဒါဇုရ​၏​သား ဂါမလျေလ​သည် မနာရှေ​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 21,
      "text": "ဂါမလျေလ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ သုံးသောင်း​နှစ်ထောင့်​နှစ်ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 22,
      "text": "ထို့နောက် ဗင်္ယာမိန်​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ဂိဒေါနိ​၏​သား အဘိဒန်​သည် ဗင်္ယာမိန်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 23,
      "text": "အဘိဒန်​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ သုံးသောင်း​ငါးထောင့်​လေး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 24,
      "text": "တပ်ဖွဲ့​အလိုက် ဧဖရိမ်​တပ်စခန်း​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ တစ်သိန်း​ရှစ်ထောင့်​တစ်ရာ ဖြစ်​၏​။ သူ​တို့​သည် တတိယ​နေရာ​မှ ခရီးပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 25,
      "text": "ဒန်​တပ်စခန်း​၏​အလံ​နား​ရှိ ဒန်​တပ်ဖွဲ့​သည် မြောက်ဘက်​၌ စခန်းချ​ရ​မည်​။ အမိရှဒ္ဒဲ​၏​သား အဟေဇာ​သည် ဒန်​အမျိုးသား​တို့​၏​ခေါင်းဆောင်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 26,
      "text": "အဟေဇာ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ခြောက်သောင်း​နှစ်ထောင့်​ခုနစ်​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 27,
      "text": "ဒန်​တပ်ဖွဲ့​၏​ဘေး​တွင် အာရှာ​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ဩကရန်​၏​သား ပါဂျေလ​သည် အာရှာ​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 28,
      "text": "ပါဂျေလ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ လေးသောင်း​တစ်ထောင့်​ငါး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 29,
      "text": "ထို့နောက် နဿလိ​အမျိုးအနွယ် စခန်းချ​ရ​မည်​။ ဧနန်​၏​သား အဟိရ​သည် နဿလိ​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 30,
      "text": "အဟိရ​တပ်ဖွဲ့​ရှိ​လူ​အရေအတွက်​မှာ ငါးသောင်းသုံးထောင့်​လေး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 31,
      "text": "တပ်ဖွဲ့​အလိုက် ဒန်​တပ်စခန်း​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ တစ်သိန်း​ငါးသောင်း​ခုနစ်​ထောင့်​ခြောက်​ရာ ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​၏​အလံ​နှင့်အတူ နောက်ဆုံး​နေရာ​မှ ခရီးပြု​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 32,
      "text": "ဤသည်ကား ဘိုးဘေး​အိမ်ထောင်စု​အလိုက် အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက် ဖြစ်​၏​။ သူ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​များ​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 33,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 34,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် မိမိ​တို့​၏​အလံ​နားတွင် စခန်းချ​ကြ​၏​၊ ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 1,
      "text": "သိနာ​တောင်​ပေါ်၌ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အချိန်​ကာလ​တွင် အာရုန်​နှင့်​မောရှေ​တို့​၏​ဆွေစဉ်မျိုးဆက်​များ​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 2,
      "text": "အာရုန်​၏​သား​များ​ကား သားဦး​နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 3,
      "text": "ဤသည်ကား ယဇ်ပုရောဟိတ်​အဖြစ် အမှု​တော်​ကို​ဆောင်ရွက်​ရန်​ခန့်အပ်​ခြင်း​ခံရ​သော ဘိသိက်ခံ​ယဇ်ပုရောဟိတ်​များ​ဖြစ်​သည့် အာရုန်​၏​သား​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 4,
      "text": "နာဒပ်​နှင့်​အဘိဟု​သည် သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​ရှေ့​တော်​၌ မိန့်မှာ​ထား​တော်မူ​သော​မီး​မ​ဟုတ်​သည့် အခြား​သော​မီး​ကို​ပူဇော်​သောအခါ ထာဝရဘုရား​ရှေ့​တော်​၌ သေ​ကြ​လေ​၏​။ သူ​တို့​၌​သားသမီး​မ​ရှိ​။ သို့ဖြစ်၍ ဧလာဇာ​နှင့်​ဣသမာ​သည် မိမိ​တို့​ဖခင်​အာရုန်​၏​ရှေ့​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 5,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 6,
      "text": "“လေဝိ​အမျိုးအနွယ်​တို့​ကို ခေါ်လာ​၍ ယဇ်ပုရောဟိတ်​အာရုန်​နှင့်ဆိုင်သော​အလုပ်​ကို လုပ်ဆောင်​စေ​လော့​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 7,
      "text": "သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ဖြစ်​သော အာရုန်​နှင့်ဆိုင်သော​အလုပ်​၊ လူထု​အပေါင်း​တို့​နှင့်ဆိုင်သော​အလုပ်​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ လုပ်ဆောင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 8,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​ကို ထိန်းသိမ်း​ရ​မည်​၊ အစ္စရေး​အမျိုးသား​တို့​နှင့်ဆိုင်သော​အလုပ်​ဖြစ်​သည့် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို​လည်း လုပ်ဆောင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 9,
      "text": "သို့ဖြစ်၍ သင်​သည် လေဝိ​အမျိုး​တို့​ကို အာရုန်​နှင့်​သူ​၏​သား​များ​ထံ အပ်နှံ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​အနက် အာရုန်​ထံ လုံးလုံး​အပ်နှံ​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 10,
      "text": "သင်​သည် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​ရ​မည်​။ သူ​တို့​သည် သူ​တို့​၏​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို စောင့်ထိန်း​ရ​မည်​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 12,
      "text": "“​ငါ​သည် အစ္စရေး​အမျိုးသား​တို့​တွင် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​ရှိသမျှ​တို့​အစား အစ္စရေး​အမျိုးသား​တို့​ထဲ​မှ လေဝိ​အမျိုး​တို့​ကို ရွေးယူ​သည်​ဖြစ်၍ လေဝိ​အမျိုး​တို့​သည် ငါ့​အပိုင်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 13,
      "text": "အကြောင်းမူကား သားဦး​ရှိသမျှ​တို့​ကို ငါ​ပိုင်​၏​။ အီဂျစ်​ပြည်​၌ သားဦး​အပေါင်း​တို့​ကို ငါ​ဒဏ်ခတ်​သော​နေ့​တွင် ငါ​သည် အစ္စရေး​လူမျိုး​တို့​ထဲမှ လူ​မှစ၍ တိရစ္ဆာန်​၏​သားဦး​ရှိသမျှ​တို့​ကို ငါ့​အဖို့ သန့်ရှင်း​စေ​ခဲ့​သောကြောင့် သူ​တို့​သည် ငါ့​အပိုင်​ဖြစ်​၏​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 14,
      "text": "တစ်ဖန် သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 15,
      "text": "“​လေဝိ​အမျိုးသား​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​မျိုးနွယ်စု​အလိုက် ရေတွက်​လော့​။ တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​ကို ရေတွက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 16,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့် အမိန့်​တော်​အတိုင်း မောရှေ​သည် သူ​တို့​ကို ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 17,
      "text": "လေဝိ​၏​သား​တို့​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 18,
      "text": "မျိုးနွယ်စု​အလိုက် ဂေရရှုန်​၏​သား​တို့​အမည်​များ​ကား လိဗနိ​နှင့် ရှိမိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 19,
      "text": "မျိုးနွယ်စု​အလိုက် ကောဟတ်​၏​သား​များ​ကား အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 20,
      "text": "မျိုးနွယ်စု​အလိုက် မေရာရိ​၏​သား​များ​ကား မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား မိမိ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် လေဝိ​၏​မျိုးနွယ်စု​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 21,
      "text": "ဂေရရှုန်​မှ လိဗနိ​မျိုးနွယ်စု​နှင့် ရှိမိ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား ဂေရရှုန်​မျိုးနွယ်စု​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 22,
      "text": "တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​၏​အရေအတွက်​ကို စာရင်းကောက်​ရာ​တွင် သူ​တို့​၏​အရေအတွက်​မှာ ခုနစ်​ထောင့်​ငါး​ရာ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 23,
      "text": "ဂေရရှုန်​၏​မျိုးနွယ်စု​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ကျောဘက်​၊ အနောက်​အရပ်​၌ စခန်းချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 24,
      "text": "ဂေရရှုန်​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​သည် လေလ​၏​သား ဧလျာသပ် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 25,
      "text": "ဂေရရှုန်​၏​သားမြေး​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဖြစ်​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၊ တဲ​တော်​နှင့်တကွ တဲ​တော်​၏​အမိုး​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​လိုက်ကာ​၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 26,
      "text": "ဝင်း​အကာ​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကို ပတ်ပတ်လည်​ကာ​ထား​သော​ဝင်း​၏​အဝင်ဝ​လိုက်ကာ​နှင့်တကွ ကြိုး​များ စသည်​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို တာဝန်ယူ​ထိန်းသိမ်း​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 27,
      "text": "ကောဟတ်​မှ အာမရံ​မျိုးနွယ်စု​၊ ဣဇဟာ​မျိုးနွယ်စု​၊ ဟေဗြုန်​မျိုးနွယ်စု​၊ ဩဇေလ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား ကောဟတ်​မျိုးနွယ်စု​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 28,
      "text": "သူ​တို့​သည် သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​ကို ဆောင်ရွက်​ရ​သူ​များ​ဖြစ်​၏​။ တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​ကို စာရင်းကောက်​ရာ​တွင် ရှစ်​ထောင့်​ခြောက်​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 29,
      "text": "ကောဟတ်​သားမြေး​တို့​၏​မျိုးနွယ်စု​များ​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အနား တောင်ဘက်​အရပ်​၌ စခန်းချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 30,
      "text": "ကောဟတ်​မျိုးနွယ်စု​များ​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​သည် ဩဇေလ​၏​သား ဧလိဇာဖန် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 31,
      "text": "သူ​တို့​သည် သေတ္တာ​၊ စားပွဲ​၊ ဆီမီးခုံ​၊ ယဇ်ပလ္လင်​မှစ၍ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​အသုံးပြု​သည့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ လိုက်ကာ​ကို​လည်းကောင်း​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို​လည်းကောင်း တာဝန်ယူ​ထိန်းသိမ်း​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 32,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဧလာဇာ​သည် လေဝိ​အမျိုး​၏​ခေါင်းဆောင်​များ​ကို​ကြီးမှူးသူ​ဖြစ်ပြီး သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ​တို့​အား ကြီးကြပ်​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 33,
      "text": "မေရာရိ​မှ မဟာလိ​မျိုးနွယ်စု​နှင့် မုရှိ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။ ဤသည်ကား မေရာရိ​မျိုးနွယ်စု​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 34,
      "text": "တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​၏​အရေအတွက်​ကို စာရင်းကောက်​ရာ​တွင် ခြောက်​ထောင့်​နှစ်ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 35,
      "text": "မေရာရိ​မျိုးနွယ်စု​များ​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​သည် အဘိဟဲလ​၏​သား ဇုရေလ ဖြစ်​၏​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘေး မြောက်ဘက်​အရပ်​၌ စခန်းချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 36,
      "text": "မေရာရိ​သားမြေး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ​၊ တန်ဆာပလာ​အားလုံး​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 37,
      "text": "ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​ကို တာဝန်ယူ​ထိန်းသိမ်း​ပေး​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 38,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အရှေ့​ဘက်​ဖြစ်​သော တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့ နေထွက်​ရာ​အရပ်​၌ စခန်းချ​ရ​မည့်​သူ​များ​မှာ မောရှေ​မှစ၍ အာရုန်​နှင့်​သူ​၏​သား​တို့ ဖြစ်​ကြ​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကိုယ်စား သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ​များ ဖြစ်​ကြ​၏​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 39,
      "text": "ထာဝရဘုရား​၏​အမိန့်​တော်​အရ မောရှေ​နှင့်​အာရုန်​သည် လေဝိ​အမျိုး​တို့​ကို မျိုးနွယ်စု​အလိုက် ရေတွက်​ရာ​တွင် တစ်လသား​အရွယ်​နှင့်​အထက် ယောက်ျား​ရှိသမျှ​တို့​၏​အရေအတွက်​စုစုပေါင်း​မှာ နှစ်သောင်းနှစ်ထောင် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 40,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​ထဲမှ တစ်လသား​အရွယ်​နှင့်​အထက် သားဦး​ယောက်ျား​ရှိသမျှ​တို့​ကို ရေတွက်​လော့​။ သူ​တို့​၏​အမည်​များ​ကို စာရင်း​ကောက်ယူ​လော့​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 41,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​သားဦး​ရှိသမျှ​တို့​အစား လေဝိ​အမျိုး​တို့​ကို​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​တို့​၏​တိရစ္ဆာန်​သားဦး​ရှိသမျှ​တို့​အစား လေဝိ​အမျိုး​တို့​၏​တိရစ္ဆာန်​တို့​ကို​လည်းကောင်း ငါ့​အဖို့ ယူ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 42,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​၏​သားဦး​အပေါင်း​တို့​ကို ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 43,
      "text": "သူ​တို့​၏​အမည်​စာရင်း​အရ တစ်လသား​အရွယ်​နှင့်​အထက် သားဦး​ယောက်ျား​အရေအတွက်​စုစုပေါင်း​မှာ နှစ်သောင်းနှစ်ထောင့်​နှစ်ရာ​ခုနစ်ဆယ့်​သုံး​ယောက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 44,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 45,
      "text": "“​အစ္စရေး​အမျိုးသား​တို့​၏​သားဦး​ရှိသမျှ​တို့​အစား လေဝိ​အမျိုး​တို့​ကို​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​တို့​၏​တိရစ္ဆာန်​အစား လေဝိ​အမျိုး​တို့​၏​တိရစ္ဆာန်​ကို​လည်းကောင်း ငါ့​အဖို့ ယူ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ငါ့​အဖို့​ဖြစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 46,
      "text": "လေဝိ​အမျိုး​တို့​ထက်​ပို​သော အစ္စရေး​အမျိုးသား​တို့​၏​သားဦး နှစ်ရာ​ခုနစ်ဆယ့်​သုံး​ယောက်​ကို ရွေးနုတ်​ရ​မည့်​အခ​မှာ"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 47,
      "text": "သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ တစ်ယောက်​ကို ငါး​ရှယ်ကယ် ​တိတိ သင်​ခံယူ​ရ​မည်​။ (​တစ်​ရှယ်ကယ် ​လျှင် ဂေရ​နှစ်ဆယ် ​နှင့်​ညီမျှ​၏​။​)"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 48,
      "text": "သင်​သည် လေဝိ​အမျိုး​တို့​ထက်​ပို​သော​သားဦး​တို့​အား ရွေးနုတ်​သော​အခ​ငွေ​ကို အာရုန်​နှင့်​သူ​၏​သား​တို့​အား ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 49,
      "text": "မောရှေ​သည် အစ္စရေး​သားဦး​တို့​ကို လေဝိ​အမျိုး​တို့​နှင့်​ရွေးနုတ်ယူ​ပြီးမှ ပို​သေး​သော​သူ​တို့​အား ရွေးနုတ်​သော​အခ​ငွေ​ကို ခံယူ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 50,
      "text": "သူ​သည် အစ္စရေး​အမျိုးသား​တို့​၏​သားဦး​တို့​ထံ​မှ သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ငွေ​တစ်ထောင့်​သုံး​ရာ​ခြောက်ဆယ့်​ငါး​ရှယ်ကယ် ခံယူ​၏​။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 51,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ရွေးနုတ်​သော​အခ​ငွေ​ကို အာရုန်​နှင့်​သူ့​သား​တို့​အား ပေး​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 2,
      "text": "“​လေဝိ​အမျိုးသား​ထဲမှ ကောဟတ်​သားမြေး​တို့​တွင်"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 3,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 4,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့​လုပ်​ရ​မည့်​အလုပ်​ကား အထူး​သန့်ရှင်းသောအရာ​များ​နှင့်ဆိုင်သော​အလုပ် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 5,
      "text": "တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​သောအခါ အာရုန်​နှင့်​သူ​၏​သား​တို့​သည်​ဝင်လာ​၍ ကန့်လန့်ကာ​ကို​ဖြုတ်သိမ်း​ပြီးလျှင် ထို​ကန့်လန့်ကာ​ဖြင့် သက်သေခံချက်​သေတ္တာ​တော်​ကို ဖုံးအုပ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 6,
      "text": "ကန့်လန့်ကာ​ပေါ်၌ တဟာရှ ​သားရေ​ဖုံး​ကို ဖုံးအုပ်​၍ ထို​အပေါ်​၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​ပြီးလျှင် သေတ္တာ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 7,
      "text": "ရှေ့​တော်​မုန့်​စားပွဲ​ပေါ်၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​၍ ထို​အပေါ်​၌ လင်ပန်း​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​အတွက် ကရား​များ​ကို တင်​ရ​မည်​။ နေ့စဉ်​တင်​ရ​သော​ရှေ့တော်မုန့်​ကို​လည်း စားပွဲ​ပေါ်၌ ထားရှိ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 8,
      "text": "ထို​အရာ​တို့​ပေါ်၌ အနီရောင်​အဝတ်​ကို ဖြန့်ခင်း​၍ ထို​အဝတ်​ကို တဟာရှ ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီးလျှင် စားပွဲ​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 9,
      "text": "အပြာရောင်​အဝတ်​ကို​ယူ​ပြီး မီးထွန်း​ရန်​အတွက် ဆီမီးခုံ​မှစ၍ ဆီမီးခုံ​၏​မီးခွက်​များ​၊ မီးညှပ်​များ​၊ မီးကျီးခံဗန်း​များ​နှင့် ဆီမီးခုံ​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် ဆီအိုး​ရှိသမျှ​တို့​ကို ဖုံးအုပ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 10,
      "text": "ထို​ဆီမီးခုံ​နှင့် ၎င်း​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တဟာရှ ​သားရေ​ဖုံး​နှင့်​ထုပ်​၍ ထမ်းစင်​ပေါ်​တင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 11,
      "text": "ရွှေ​ယဇ်ပလ္လင်​ပေါ်၌ အပြာရောင်​အဝတ်​ကို​ဖြန့်ခင်း​၍ ထို​အဝတ်​ကို တဟာရှ ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီးလျှင် ရွှေ​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 12,
      "text": "သန့်ရှင်းရာဌာန​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် အမှု​တော်​နှင့်ဆိုင်သော​တန်ဆာပလာ​ရှိသမျှ​တို့​ကို​ယူ​ပြီးလျှင် အပြာရောင်​အဝတ်​နှင့်​ထုပ်​၍ တဟာရှ ​သားရေ​ဖုံး​ဖြင့် ဖုံးအုပ်​ပြီး ထမ်းစင်​ပေါ်​တင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 13,
      "text": "ယဇ်ပလ္လင်​မှ ပြာ​ကို​ဖယ်ရှား​ပြီးလျှင် ယဇ်ပလ္လင်​ပေါ်၌ ခရမ်းရောင်​အဝတ်​ကို​ဖြန့်ခင်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 14,
      "text": "ထို​အဝတ်​ပေါ်တွင် ယဇ်ပလ္လင်​နှင့်ဆိုင်သော​အမှု​ကို​ဆောင်ရွက်​ရာ​တွင် အသုံးပြု​သည့် မီးကျီးခံဗန်း​၊ ခက်ရင်းခွ​၊ ဂေါ်ပြား​၊ ဇလုံ​စသည့်​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို တင်​ရ​မည်​။ ထို​အရာ​တို့​ပေါ်၌ တဟာရှ ​သားရေ​ဖုံး​ကို ဖြန့်ခင်း​ပြီးလျှင် ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​ကို လျှိုသွင်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 15,
      "text": "တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​၍ အာရုန်​နှင့် သူ​၏​သား​တို့​သည် သန့်ရှင်းရာဌာန​နှင့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ဖုံးအုပ်​ပြီး​နောက်တွင် ကောဟတ်​သားမြေး​တို့​သည် ၎င်း​တို့​ကို လာ​၍​သယ်ဆောင်​ရ​မည်​။ သူ​တို့​သည် သန့်ရှင်းသောအရာ​ကို မ​ထိ​ရ​။ ထိမိ​လျှင် သေ​ကြ​ရ​လိမ့်မည်​။ ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့ ဆောင်ရွက်​ရ​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဧလာဇာ​သည် မီးထွန်း​ရန်​အတွက်​ဆီ​၊ အမွှေးနံ့သာပေါင်း​၊ နေ့စဉ်​ပူဇော်​ရ​သော​ဘောဇဉ်ပူဇော်သက္ကာ​နှင့် ဘိသိက်​ဆီ​တို့​ကို ကြည့်ရှု​ထိန်းသိမ်း​ရ​မည်​။ ထို့ပြင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တစ်ခုလုံး​၊ ထို​တဲ​တော်​ထဲ​ရှိ သန့်ရှင်းသောအရာ​နှင့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို ကြည့်ရှု​ထိန်းသိမ်း​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 18,
      "text": "“​ကောဟတ်​မျိုးနွယ်​၏​မျိုးနွယ်စု​တို့​ကို လေဝိ​အမျိုး​တို့​ထဲ​မှ မ​ပယ်ဖျက်​ရ​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 19,
      "text": "သူ​တို့​သည် အထူး​သန့်ရှင်းသောအရာ​တို့​အနီး​သို့​ချဉ်းကပ်​သောအခါ မ​သေ​ဘဲ အသက်ရှင်​ကြ​ရ​မည့်​အကြောင်း အာရုန်​နှင့်​သူ​၏​သား​တို့​သည် ထို​သူ​တို့​အသီးသီး လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​ကို လာ​၍​ချမှတ်​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 20,
      "text": "သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တစ်ခဏ​မျှ ဝင်​မ​ကြည့်​ရ​။ ကြည့်​မိ​လျှင် သေ​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 21,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 22,
      "text": "“​ဂေရရှုန်​သားမြေး​တို့​တွင်​လည်း"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 23,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​မျိုးနွယ်စု​အလိုက် လူဦးရေ​စာရင်း​ကောက်ယူ​လော့​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 24,
      "text": "ဂေရရှုန်​မျိုးနွယ်စု​များ​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​တို့​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 25,
      "text": "သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ရွက်ထည်​များ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အမိုး​၊ ထို​အမိုး​ပေါ်​ရှိ တဟာရှ ​သားရေ​အမိုး​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​လိုက်ကာ​၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 26,
      "text": "ဝင်း​အကာ​များ​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကို ပတ်ပတ်လည်​ကာ​ထား​သော​ဝင်း​၏​အဝင်ဝ​လိုက်ကာ​နှင့်တကွ​ကြိုး​များ​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်​ပတ်သက်၍ လုပ်ဆောင်​ရ​မည့်​အလုပ်​ရှိသမျှ​တို့​ကို ဆောင်ရွက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 27,
      "text": "ဂေရရှုန်​၏​သားမြေး​တို့ သယ်ဆောင်​ရ​မည့်​ဝန်​၊ လုပ်​ရ​မည့်​အလုပ်​စသည့် သူ​တို့​နှင့်ဆိုင်သည့်​အလုပ်​ရှိသမျှ​တို့​ကို လုပ်ဆောင်​ရာ​တွင် အာရုန်​နှင့်​သူ့​သား​တို့​၏​အမိန့်​အတိုင်း လုပ်ဆောင်​ရ​မည်​ဖြစ်​၏​။ သင်​သည် သူ​တို့​သယ်ဆောင်​ရ​မည့်​ဝန်​ရှိသမျှ​တို့​ကို ချမှတ်​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 28,
      "text": "ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ဂေရရှုန်​သားမြေး​တို့​၏​မျိုးနွယ်စု​များ​နှင့်ဆိုင်သော​အလုပ်​ဖြစ်​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​၏​ဦးဆောင်မှု​အောက်​၌ တာဝန်​ထမ်းဆောင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 29,
      "text": "မေရာရိ​သားမြေး​တို့​တွင်​လည်း"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 30,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 31,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ သူ​တို့​တာဝန်ယူ​လုပ်ဆောင်​ရ​မည့်​အလုပ်​အားလုံး​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ​၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 32,
      "text": "ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​စသည့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို လုပ်ဆောင်​ရ​မည်​။ သူ​တို့​သယ်ဆောင်​ရ​မည့်​ပစ္စည်း​တို့​ကို အမည်​နှင့်တကွ ချမှတ်​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 33,
      "text": "ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​၏​ဦးဆောင်မှု​အောက်​၌ မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​များ လုပ်ဆောင်​ရ​မည့်​အလုပ်​အားလုံး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 34,
      "text": "သို့ဖြစ်၍ မောရှေ​၊ အာရုန်​နှင့် လူထု​ခေါင်းဆောင်​တို့​သည် ကောဟတ်​၏​သားမြေး​တို့​တွင်"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 35,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 36,
      "text": "သူ​တို့​ကို မျိုးနွယ်စု​အလိုက်​ရေတွက်​ရာ​တွင် လူ​ပေါင်း​နှစ်ထောင့်​ခုနစ်​ရာ့​ငါးဆယ် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 37,
      "text": "ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​သော​ကောဟတ်​မျိုးနွယ်စု​များ​၏​အရေအတွက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 38,
      "text": "ဂေရရှုန်​သားမြေး​တို့​တွင်"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 39,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 40,
      "text": "သူ​တို့​ကို မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​ရာ​တွင် လူ​ပေါင်း​နှစ်ထောင်​ခြောက်​ရာ​သုံးဆယ် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 41,
      "text": "ဤသည်ကား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့ ရေတွက်​ထား​သည့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​သော ဂေရရှုန်​မျိုးနွယ်စု​၏​အရေအတွက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 42,
      "text": "မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​တို့​တွင်"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 43,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​လာ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 44,
      "text": "သူ​တို့​ကို မျိုးနွယ်စု​အလိုက် ရေတွက်​ရာ​တွင် လူ​ပေါင်း​သုံး​ထောင့်​နှစ်ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 45,
      "text": "ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​နှင့်​အာရုန်​တို့​ရေတွက်​ထား​သည့် မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​အရေအတွက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 46,
      "text": "မောရှေ​၊ အာရုန်​နှင့် အစ္စရေး​ခေါင်းဆောင်​တို့​သည် လေဝိ​အမျိုး​တို့​တွင်"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 47,
      "text": "အသက်​သုံးဆယ်​အရွယ်​မှ အသက်​ငါးဆယ်​အရွယ်​အထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အမှု​တော်​ထမ်းဆောင်​ရန်​၊ ဝန်​များ​ကို​သယ်ဆောင်​ရန်​လာ​ကြ​သော​သူ​အပေါင်း​တို့​ကို သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 48,
      "text": "သူ​တို့​၏​အရေအတွက်​မှာ လူ​ပေါင်း​ရှစ်​ထောင်​ငါး​ရာ​ရှစ်ဆယ် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 49,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လူ​အသီးသီး​မိမိ​တို့​လုပ်​ရ​မည့်​အလုပ်​၊ သယ်ဆောင်​ရ​မည့်​ဝန်​အလိုက် သူ​တို့​ကို ခန့်အပ်​ထား​၏​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သူ​တို့​ကို ရေတွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 2,
      "text": "“ အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ အနာကြီးရောဂါစွဲ​သော​သူ​ရှိသမျှ​၊ အရိအရွဲထွက်​သော​သူ​ရှိသမျှ​၊ အသေကောင်​ကြောင့်​မစင်ကြယ်​သော​သူ​ရှိသမျှ​တို့​ကို တပ်စခန်း​ထဲမှ ထွက်သွား​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 3,
      "text": "သူ​တို့​နှင့်အတူ ငါ​ကိန်းဝပ်​ရာ သူ​တို့​၏​တပ်စခန်း​ကို မ​ညစ်ညူး​စေ​မည့်​အကြောင်း ထိုသို့သော​သူ ယောက်ျား​၊ မိန်းမ​ဟူသမျှ​ကို တပ်စခန်း​အပြင်​သို့ ထွက်သွား​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 4,
      "text": "အစ္စရေး​အမျိုးသား​တို့​သည်​လည်း ထိုသို့သော​သူ​တို့​ကို တပ်စခန်း​၏​အပြင်​သို့ ထွက်သွား​စေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း ပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 5,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 6,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ လူ​ပြု​တတ်​သော​အပြစ်​တစ်စုံတစ်ခု​ကို​ပြု​ခြင်း​ဖြင့် ထာဝရဘုရား​အား ပြစ်မှား​မိ​လျှင် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 7,
      "text": "ထို​သူ​သည် မိမိ​ပြု​မိ​သော​အပြစ်​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​အတွက် မိမိ​ပြစ်မှား​သော​သူ​ကို အပြည့်အဝ​ပြန်လျော်​ရ​မည့်​အပြင် ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 8,
      "text": "မိမိ​ပြစ်မှားသောအမှု​အတွက် လျော်ကြေး​လက်ခံ​ယူ​မည့်​သူ​မ​ရှိ​လျှင် ပြစ်မှားသောအမှု​အတွက် လျော်ကြေး​နှင့်တကွ မိမိ​အတွက် အပြစ်ဖြေ​ပေး​သော​အပြစ်ဖြေရာယဇ်​သိုးထီး​ကို ထာဝရဘုရား​ထံ​ပူဇော်​ရ​မည်​။ ထို​ယဇ်​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​ထံသို့ အစ္စရေး​အမျိုးသား​တို့​ယူဆောင်​လာ​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​သည့် အလှူပစ္စည်း​အားလုံး​တို့​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 10,
      "text": "တစ်စုံတစ်ဦး​၏​သန့်ရှင်း​သော​ပူဇော်သက္ကာ​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။ တစ်စုံတစ်ဦး​က ယဇ်ပုရောဟိတ်​အား ပေးလှူ​သော​အရာ​သည် ယဇ်ပုရောဟိတ်​အတွက်​သာ​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 12,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ရှိ​သော​မိန်းမ​သည် ဖောက်ပြန်​၍ မိမိ​ယောက်ျား​အပေါ် သစ္စာမဲ့​သဖြင့်"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 13,
      "text": "သူ​သည် အခြား​သော​ယောက်ျား​နှင့်​အိပ်​၍​မေထုန်ပြု​သော်လည်း သူ​၏​ယောက်ျား​မ​သိ​၊ သူ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​သော်လည်း ထို​အမှု​သည်​မပေါ်​၊ သက်သေ​လည်း​မ​ရှိ​သဖြင့် သူ​သည် ဖမ်းဆီး​ခြင်း​မ​ခံရ​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 14,
      "text": "မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​သဖြင့် လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင်​၊ သို့မဟုတ် မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခြင်း​မ​ရှိ​သော်လည်း လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင်​လည်းကောင်း"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 15,
      "text": "ယောက်ျား​သည် မိမိ​မယား​ကို ယဇ်ပုရောဟိတ်​ထံသို့​ခေါ်ဆောင်​လာ​ရ​မည်​။ မိမိ​မယား​အတွက် မုယော​မုန့်ညက်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို ပူဇော်သက္ကာ​အဖြစ် ယူလာ​ရ​မည်​။ ထို​မုန့်ညက်​သည် သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သည့်​ဘောဇဉ်ပူဇော်သက္ကာ​၊ ဒုစရိုက်​ကို​အောက်မေ့​သတိရ​စေ​သည့်​ဘောဇဉ်ပူဇော်သက္ကာ​ဖြစ်​သည်​နှင့်အညီ ထို​မုန့်ညက်​အပေါ် ဆီ​မ​လောင်း​ရ​။ လော်ဗန်​မ​တင်​ရ​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​သည် ထို​မိန်းမ​ကို ခေါ်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 17,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​သည် သန့်ရှင်း​သော​ရေ​ကို မြေ​အိုး​ထဲသို့​ထည့်​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​မြေတလင်း​မှ​မြေမှုန့်​ကို​ယူ​၍ ထို​ရေ​ထဲသို့​ထည့်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 18,
      "text": "ထို​မိန်းမ​ကို ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​၍ ထို​မိန်းမ​၏​ဆံပင်​ကို​ဖားလျားချ​စေ​ရ​မည်​။ ဒုစရိုက်​ကို​အောက်မေ့​စေ​သည့်​ဘောဇဉ်ပူဇော်သက္ကာ​၊ သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သည့်​ဘောဇဉ်ပူဇော်သက္ကာ​ကို သူ့​လက်​ထဲသို့​ထည့်​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ခါး​သော​ရေ​ကို ကိုင်ထား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 19,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​က ထို​မိန်းမ​အား ‘​သင်​သည် အခြား​ယောက်ျား​နှင့်​မေထုန်ပြု​ခြင်း​မ​ရှိ​လျှင်​၊ သင်​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​ညစ်ညူး​ခြင်း​မ​ရှိ​လျှင် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ခါး​သော​ရေ​အားဖြင့်​သင့်ရောက်​မည့် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​စေ​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 20,
      "text": "သို့သော် သင်​သည် သင့်​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​လျှင်​၊ သင့်​လင်ယောက်ျား​အပြင် အခြား​ယောက်ျား​နှင့်​မေထုန်ပြု​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​လျှင်"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 21,
      "text": "ထာဝရဘုရား​သည် သင်​၏​ပေါင်​ကို​ချည့်နဲ့​စေ​၍ ဝမ်း​ကို​ဖောရောင်​စေ​ခြင်း​ဖြင့် သင့်​ကို သင့်​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​၊ ကျိန်စာ​မိ​သော​သူ​အဖြစ် ထာဝရဘုရား​စီရင်​တော်မူ​ပါစေ​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 22,
      "text": "ကျိန်​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ရေ​သည် သင်​၏​ကိုယ်​ထဲသို့​ဝင်​၍ ဝမ်း​ကို​ဖောရောင်​စေ​ပြီး ပေါင်​ကို​ချည့်နဲ့​စေ​ပါစေ​ဟု ယဇ်ပုရောဟိတ်​သည် သင့်​ကို ကျိန်စာတိုက်​မည်​’​ဟု ဆို​ရ​မည်​။ ထို​မိန်းမ​က​လည်း ‘​အာမင်​၊ အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 23,
      "text": "ယဇ်ပုရောဟိတ်​သည် ထို​ကျိန်​ခြင်း​ကို စာလိပ်​ပေါ်၌ ရေး​၍ ခါး​သော​ရေ​ထဲ ဆေးချ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 24,
      "text": "ထို့နောက် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ခါး​သော​ရေ​ကို ထို​မိန်းမ​အား​တိုက်​ရ​မည်​။ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ရေ​သည် ထို​မိန်းမ​ထဲသို့​ဝင်သွား​သောအခါ ခါးသီး​ခြင်း​ကို ဖြစ်​စေ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 25,
      "text": "ယဇ်ပုရောဟိတ်​သည် သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သော​ဘောဇဉ်ပူဇော်သက္ကာ​ကို ထို​မိန်းမ​၏​လက်​မှ ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ပြီးလျှင် ၎င်း​ကို ယဇ်ပလ္လင်​သို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 26,
      "text": "ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ထို​ဘောဇဉ်ပူဇော်သက္ကာ​ကို လက်တစ်ဆုပ်စာယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ပြီးနောက် ကျိန်​ခြင်း​ရေ​ကို ထို​မိန်းမ​အား တိုက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 27,
      "text": "ထို​မိန်းမ​သည် လင်ယောက်ျား​အပေါ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခဲ့​လျှင် သူ့​အား ထို​ရေ​ကို​တိုက်​သောအခါ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သော​ရေ​သည် သူ့​အထဲ​သို့​ဝင်​၍ ခါးသီး​ခြင်း​ကို ဖြစ်​စေ​သဖြင့် သူ​၏​ဝမ်း​သည် ဖောရောင်​လာ​ပြီး ပေါင်​သည် ချည့်နဲ့​သွား​လိမ့်မည်​။ ထို​မိန်းမ​သည် မိမိ​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 28,
      "text": "သို့သော် ထို​မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခြင်း​မ​ရှိ​ဘဲ စင်ကြယ်​သည်​ဆိုလျှင် သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​၍ သားသမီး​ထွန်းကား​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 29,
      "text": "ဤသည်ကား သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သော​တရား ဖြစ်​၏​။ မယား​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​သဖြင့်"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 30,
      "text": "လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင် ထို​မိန်းမ​ကို ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​၍ ယဇ်ပုရောဟိတ်​သည် ဤ​တရား​အတိုင်း ထို​မိန်းမ​ကို စီရင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 31,
      "text": "လင်ယောက်ျား​သည် ထို​ဒုစရိုက်​ကြောင့် သင့်ရောက်​မည့်​အပြစ်ဒဏ်​နှင့်​ကင်းလွတ်​၍ ထို​မိန်းမ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ နာဇရိလူ ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ကတိသစ္စာ​ပြု​လို​လျှင်"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 3,
      "text": "စပျစ်ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို ရှောင်​ရ​မည်​။ အချဉ်ဖောက်​ထား​သော​စပျစ်ဝိုင်​ဖြစ်စေ​၊ အချဉ်ဖောက်​ထား​သော​သေရည်သေရက်​ဖြစ်စေ မ​သောက်​ရ​။ စပျစ်သီး​ဖျော်ရည်​မှန်သမျှ​ကို​လည်း မ​သောက်​ရ​။ စပျစ်သီး အစို​ဖြစ်စေ​၊ အခြောက်​ဖြစ်စေ မ​စား​ရ​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 4,
      "text": "နာဇရိ​လူ​အဖြစ် မိမိကိုယ်မိမိ သီးခြား​ထား​သည့်​ကာလ​ပတ်လုံး စပျစ်သီး​အစေ့​အခွံ​မှစ၍ စပျစ်ပင်​မှ​ထွက်​သော​မည်သည့်​အရာ​ကို​မျှ မ​စား​ရ​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 5,
      "text": "မိမိကိုယ်မိမိ​နာဇရိ​လူ​အဖြစ် ကတိသစ္စာ​ပြု​သည့်​ကာလ​ပတ်လုံး မိမိ​၏​ခေါင်း​ကို​မ​ရိတ်​ရ​။ ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​သည့်​ကာလ​မ​ပြည့်​မီ​တိုင်အောင် သန့်ရှင်း​သော​သူ​ဖြစ်​ရ​မည်​။ မိမိ​ဆံပင်​ကို အရှည်​ထား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 6,
      "text": "ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​သော​ကာလ​ပတ်လုံး လူသေအလောင်း​အနီး​သို့ မ​သွား​ရ​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 7,
      "text": "ဖခင်​၊ မိခင်​၊ ညီအစ်ကို​မောင်နှမ သေ​လျှင်​လည်း သူ​တို့​အတွက် မိမိကိုယ်မိမိ မ​ညစ်ညူး​စေ​ရ​။ အကြောင်းမူကား ဘုရားသခင်​အတွက် နာဇရိ​လူ​ဖြစ်​ခြင်း​အမှတ်အသား​သည် သူ​၏​ဦးခေါင်း​ပေါ်၌​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 8,
      "text": "နာဇရိ​လူ​ဖြစ်​သည့်​ကာလ​ပတ်လုံး ထာဝရဘုရား​အတွက် သန့်ရှင်း​သော​သူ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 9,
      "text": "တစ်စုံတစ်ဦး​သည် သူ့​အနား​တွင် ရုတ်တရက်​သေဆုံး​သွား​လျှင် နာဇရိ​လူ​ဖြစ်​ခြင်း​နှင့်ဆိုင်သော မိမိ​၏​ခေါင်း​ကို​ညစ်ညူး​စေ​ရာ​ရောက်​၏​။ သူ​သည် မိမိ​အတွက် သန့်စင်​ခြင်း​နေ့​ဖြစ်​သော ခုနစ်​ရက်​မြောက်​သော​နေ့​၌ ခေါင်း​ကို​ရိတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 10,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 11,
      "text": "ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ခြင်း​ဖြင့် အသေကောင်​ကြောင့် ပြစ်မှား​ရာ​ရောက်​သော ထို​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ပေး​ရ​မည်​။ ထို​နေ့​၌ပင် သူ​၏​ဦးခေါင်း​ကို သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 12,
      "text": "သူ​၏​နာဇရိ​လူ​ဖြစ်​ခြင်း​သည် ညစ်ညူး​သွား​သောကြောင့် ယခင်​ကာလ​သည် ပျက်ပြယ်​သွား​၏​။ ထို့ကြောင့် သူ​သည် နာဇရိ​လူ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ဒုစရိုက်ဖြေရာယဇ်​အဖြစ် တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 13,
      "text": "နာဇရိလူ​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ နာဇရိ​လူ​သည် မိမိကိုယ်မိမိ သီးခြား​ထား​သည့်​ကာလ​ပြည့်​သော​နေ့​၌ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ လာ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 14,
      "text": "ပူဇော်သက္ကာ​အဖြစ် မီးရှို့ရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​သိုးသငယ်​အထီး​တစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​သိုးသငယ်အမ​တစ်​ကောင်​၊ မိတ်သဟာယယဇ်​အတွက် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 15,
      "text": "အကောင်းဆုံး​ဂျုံမှုန့်​ကို ဆီ​ဖြင့်​ရော​၍​လုပ်​ထား​သည့် တဆေးမဲ့​မုန့်လုံး​နှင့် ဆီ​လူး​ထား​သည့်​တဆေးမဲ့​မုန့်ကြွပ် တစ်​တောင်း​ကို ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့​နှင့်အတူ ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​သည် ထို​အရာ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​လာ​၍ အပြစ်ဖြေရာယဇ်​နှင့်​မီးရှို့ရာယဇ်​တို့​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 17,
      "text": "မိတ်သဟာယယဇ်​အဖြစ် သိုးထီး​ကို တဆေးမဲ့မုန့်​တောင်း​နှင့်အတူ ထာဝရဘုရား​အား ပူဇော်​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို​လည်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 18,
      "text": "နာဇရိလူ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ နာဇရိ​လူ​ဖြစ်​ခြင်း​နှင့်ဆိုင်သော မိမိ​၏​ခေါင်း​ကို​ရိတ်​၍ ရိတ်ထား​သော​ဆံပင်​ကို ယူ​ပြီး မိတ်သဟာယယဇ်​အောက်​ရှိ မီး​ထဲသို့ ထည့်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 19,
      "text": "နာဇရိ​လူ​ဖြစ်​ခြင်း​နှင့်ဆိုင်သော သူ​၏​ခေါင်း​ကို​ရိတ်​ပြီးနောက် ယဇ်ပုရောဟိတ်​သည် ပြုတ်​ထား​သော​သိုးထီး​ပခုံး​နှင့် တောင်း​ထဲမှ တဆေးမဲ့​မုန့်ဝိုင်း​တစ်​ခု​၊ တဆေးမဲ့​မုန့်ကြွပ်​တစ်​ခု​ကို ယူ​၍ သူ​၏​လက်​ထဲသို့ ထည့်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​သည် ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။ ၎င်း​တို့​နှင့် ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​၊ အလှူပစ္စည်း​ဖြစ်​သော​ပေါင်​တို့​သည် ယဇ်ပုရောဟိတ်​အဖို့ သန့်ရှင်း​၏​။ ထို့နောက်မှ နာဇရိလူ​သည် စပျစ်ဝိုင်​ကို​သောက်​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 21,
      "text": "ဤသည်ကား နာဇရိလူ​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။ နာဇရိ​လူ​သည် မိမိ​တတ်နိုင်​သော​အရာ​အပြင် မိမိကိုယ်မိမိ ထာဝရဘုရား​ထံ ပူဇော်​ရန် ကတိသစ္စာ​ပြု​ထား​သော​သူ​ဖြစ်၍ ကတိသစ္စာ​ပြု​ထား​သည်​နှင့်အညီ နာဇရိ​လူ​ဖြစ်​ခြင်း​နှင့်ဆိုင်သော​တရား​အတိုင်း ပြုကျင့်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 22,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 23,
      "text": "“​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် အစ္စရေး​အမျိုးသား​တို့​အား"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 24,
      "text": "‘​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​၍ စောင့်ထိန်း​တော်မူ​ပါစေသော​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 25,
      "text": "ထာဝရဘုရား​သည် သင့်​အပေါ် မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​၍ ကရုဏာသက်​တော်မူ​ပါစေသော​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 26,
      "text": "ထာဝရဘုရား​သည် သင့်​ဘက်​သို့ မျက်နှာ​တော်​ကို လှည့်​၍ သင့်​အား ငြိမ်းချမ်းမှု​ကို​ပေး​တော်မူ​ပါစေသော​’​ဟု ကောင်းချီးပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 27,
      "text": "ဤသို့ဖြင့် သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​အပေါ် ငါ​၏​နာမ​တော်​ကို​တည်​စေ​၍ ငါ​သည် သူ​တို့​ကို​ကောင်းချီးပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 1,
      "text": "မောရှေ​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ပြီး​သော​နေ့​၌ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။ ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်း ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 2,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သည့် စာရင်းဝင်​သူ​တို့​ကို ကြီးကြပ်​ရ​သော အမျိုးအနွယ်​တို့​၏​ခေါင်းဆောင်​များ​သည် လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 3,
      "text": "ခေါင်းဆောင်​နှစ်​ယောက်​လျှင် ပေါင်းမိုးပါလှည်းအိမ်​တစ်​ခု​၊ တစ်​ယောက်​လျှင် နွား​တစ်​ကောင်​၊ စုစုပေါင်း လှည်းအိမ်​ခြောက်​ခု​နှင့် နွား​တစ်ဆယ့်​နှစ်​ကောင်​စသည့် ပူဇော်သက္ကာ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​ခဲ့​ကြ​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ရှေ့​၌ ပူဇော်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 4,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 5,
      "text": "“​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​တော်​၌ အသုံးပြု​ရန်​အတွက် သူ​တို့​ထံ​မှ ထို​လှူဖွယ်ဝတ္ထု​တို့​ကို ခံယူ​လော့​။ သင်​သည် ထို​အရာ​တို့​ကို လေဝိ​အမျိုး​အသီးသီး​တို့ ထမ်းဆောင်​ရ​သည့်​တာဝန်​အလိုက် ပေးအပ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 6,
      "text": "မောရှေ​သည်​လည်း လှည်းအိမ်​နှင့်​နွား​တို့​ကို​ခံယူ​ပြီး လေဝိ​အမျိုး​တို့​အား ပေးအပ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​ဦးဆောင်မှု​အောက်​၌​တာဝန်​ထမ်းဆောင်​သော ဂေရရှုန်​သားမြေး​တို့​အား သူ​တို့​ထမ်းဆောင်​ရ​သည့်​တာဝန်​အလိုက် လှည်းအိမ်​နှစ်​ခု​နှင့်​နွား​လေး​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 8,
      "text": "မေရာရိ​သားမြေး​တို့​အား သူ​တို့​ထမ်းဆောင်​ရ​သည့်​တာဝန်​အလိုက် လှည်းအိမ်​လေး​ခု​နှင့်​နွား​ရှစ်​ကောင်​ကို​ပေးအပ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 9,
      "text": "ကောဟတ်​သားမြေး​တို့​ကို​မူကား မ​ပေးအပ်​ချေ​။ အကြောင်းမှာ သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တာဝန်ယူ​ရ​၍ ၎င်း​တို့​ကို ပခုံး​ဖြင့် ထမ်း​ရ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 10,
      "text": "ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ခေါင်းဆောင်​တို့​သည် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​၍ မိမိ​တို့​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 11,
      "text": "အကြောင်းမှာ ထာဝရဘုရား​က မောရှေ​အား “​ခေါင်းဆောင်​တို့​သည် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် တစ်​နေ့​လျှင်​တစ်​ယောက် မိမိ​တို့​၏​ပူဇော်သက္ကာ​ကို ယူဆောင်​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 12,
      "text": "ပထမ​နေ့​၌ ယုဒ​အမျိုးအနွယ်​မှ အမိနဒပ်​၏​သား နာရှုန်​သည် ပူဇော်သက္ကာ​ကို ယူဆောင်​လာ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 13,
      "text": "သူ​၏​ပူဇော်သက္ကာ​များ​မှာ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ် ​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ် ​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 14,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ် ​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 15,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 16,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 17,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား အမိနဒပ်​၏​သား နာရှုန်​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 18,
      "text": "ဒုတိယ​နေ့​၌ ဣသခါ​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဇုအာ​၏​သား​နာသနေလ​သည် ပူဇော်သက္ကာ​ကို ယူဆောင်​လာ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 19,
      "text": "သူ​ယူဆောင်​လာ​သော​ပူဇော်သက္ကာ​များ​မှာ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 20,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 21,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 22,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 23,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဇုအာ​၏​သား နာသနေလ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 24,
      "text": "တတိယ​နေ့​၌ ဇာဗုလုန်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဟေလုန်​၏​သား ဧလျာဘ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 25,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 26,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 27,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 28,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 29,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဟေလုန်​၏​သား ဧလျာဘ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 30,
      "text": "စတုတ္ထ​နေ့​၌ ရုဗင်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ရှေဒုရ​၏​သား ဧလိဇုရ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 31,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 32,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 33,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 34,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 35,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှေဒုရ​၏​သား ဧလိဇုရ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 36,
      "text": "ပဉ္စမ​နေ့​၌ ရှိမောင်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 37,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 38,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 39,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 40,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 41,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 42,
      "text": "ဆဋ္ဌမ​နေ့​၌ ဂဒ်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဒွေလ​၏​သား ဧလျာသပ် ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 43,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 44,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 45,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 46,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 47,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဒွေလ​၏​သား ဧလျာသပ်​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 48,
      "text": "သတ္တမ​နေ့​၌ ဧဖရိမ်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ အမိဟုဒ်​၏​သား​ဧလိရှမာ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 49,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 50,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 51,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 52,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 53,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား အမိဟုဒ်​၏​သား ဧလိရှမာ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 54,
      "text": "အဋ္ဌမ​နေ့​၌ မနာရှေ​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ပေဒါဇုရ​၏​သား ဂါမလျေလ ယူဆောင်​လာ သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 55,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 56,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 57,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 58,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 59,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ပေဒါဇုရ​၏​သား ဂါမလျေလ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 60,
      "text": "နဝမ​နေ့​၌ ဗင်္ယာမိန်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဂိဒေါနိ​၏​သား အဘိဒန် ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 61,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 62,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 63,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 64,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 65,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဂိဒေါနိ​၏​သား အဘိဒန်​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 66,
      "text": "ဒသမ​နေ့​၌ ဒန်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ အမိရှဒ္ဒဲ​၏​သား အဟေဇာ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 67,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 68,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 69,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 70,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 71,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား အမိရှဒ္ဒဲ​၏​သား အဟေဇာ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 72,
      "text": "ဧကာဒသမ​နေ့​၌ အာရှာ​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဩကရန်​၏​သား ပါဂျေလ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 73,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 74,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 75,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 76,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 77,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဩကရန်​၏​သား ပါဂျေလ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 78,
      "text": "ဒွါဒသမ​နေ့​၌ နဿလိ​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဧနန်​၏​သား အဟိရ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 79,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 80,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 81,
      "text": "မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 82,
      "text": "အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 83,
      "text": "မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဧနန်​၏​သား အဟိရ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 84,
      "text": "ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် အစ္စရေး​ခေါင်းဆောင်​တို့​ယူဆောင်​လာ​သော​ပူဇော်သက္ကာ​မှာ ငွေ​လင်ပန်း တစ်ဆယ့်​နှစ်​ခု​၊ ငွေ​ဇလုံ တစ်ဆယ့်​နှစ်​လုံး​၊ ရွှေ​ခွက် တစ်ဆယ့်​နှစ်​လုံး ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 85,
      "text": "ငွေ​လင်ပန်း​တစ်​ခု​၏​အလေးချိန်​မှာ တစ်ရာ့​သုံးဆယ်​ရှယ်ကယ်​၊ ငွေ​ဇလုံ​တစ်​လုံး​၏​အလေးချိန်​မှာ ခုနစ်ဆယ်​ရှယ်ကယ် ရှိ​၏​။ ထို​တန်ဆာပလာ​တို့​၏​အလေးချိန်​ပေါင်း​ကား သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ရှယ်ကယ်​နှစ်ထောင့်​လေး​ရာ ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 86,
      "text": "နံ့သာပေါင်း​အပြည့်​ပါ​သော​ရွှေ​ခွက် တစ်ဆယ့်​နှစ်​လုံး​တွင် တစ်​လုံး​၏​အလေးချိန်​မှာ သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ရှယ်ကယ်​တစ်ဆယ် ​ဖြစ်​၏​။ ရွှေ​ခွက်​အားလုံး​၏​အလေးချိန်​မှာ​တစ်ရာ့​နှစ်ဆယ်​ရှယ်ကယ် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 87,
      "text": "မီးရှို့ရာယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်တကွ တိရစ္ဆာန်​စုစုပေါင်း​မှာ နွားထီး​တစ်ဆယ့်​နှစ်​ကောင်​၊ သိုးထီး​တစ်ဆယ့်​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​နှစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်ဆယ့်​နှစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 88,
      "text": "မိတ်သဟာယယဇ်​အတွက် တိရစ္ဆာန်​စုစုပေါင်း​မှာ နွားထီး​နှစ်ဆယ့်​လေး​ကောင်​၊ သိုးထီး​အကောင်​ခြောက်ဆယ်​၊ ဆိတ်ထီး​အကောင်​ခြောက်ဆယ်​၊ တစ်နှစ်သားအရွယ်​သိုးသငယ် အကောင်​ခြောက်ဆယ် ဖြစ်​၏​။ ဤသည်ကား ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​ပြီးနောက် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် ပူဇော်သက္ကာ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 89,
      "text": "မောရှေ​သည် ထာဝရဘုရား​နှင့်​စကားပြော​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ သက်သေခံချက်​သေတ္တာ​တော်​ပေါ်ရှိ ကရုဏာ​တော်​ပလ္လင် ​အထက် ခေရုဗိမ် ​နှစ်​ပါး​အကြား​မှ သူ့​အား ပြော​သော​စကားသံ​ကို ကြား​ရ​၏​။ ထာဝရဘုရား​သည် သူ​နှင့်​စကားပြော​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 2,
      "text": "“​မီးခွက်​များ​ကို ထွန်းညှိ​သောအခါ မီးခွက်​ခုနစ်​လုံး​သည် ဆီမီးခုံ​၏​ရှေ့ဘက်​၌ လင်း​နေ​ရ​မည်​ဟူ၍ အာရုန်​အား ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 3,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အာရုန်​သည် ဆီမီးခုံ​၏​မီးခွက်​များ​ကို ဆီမီးခုံ​၏​အရှေ့​ဘက်​သို့ လှည့်ထား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 4,
      "text": "ဆီမီးခုံ​ကို ဤသို့​ထုလုပ်​ထား​၏​။ မောရှေ​အား ထာဝရဘုရား​ပြ​ခဲ့​သည့်​ပုံစံ​အတိုင်း ဆီမီးခုံ​ကို ဆီမီးခုံတိုင်​မှစ၍ ပွင့်ဖတ်​အထိ ရွှေ​ဖြင့်​ထုလုပ်​ထား​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 5,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 6,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ထဲ​မှ လေဝိ​အမျိုး​တို့​ကို ခေါ်လာ​၍ သူ​တို့​ကို စင်ကြယ်​အောင်​ပြု​လော့​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 7,
      "text": "သူ​တို့​စင်ကြယ်​အောင် ဤသို့​ပြု​ရ​မည်​။ သူ​တို့​အပေါ် စင်ကြယ်​စေ​ခြင်း​ဆိုင်ရာ​ရေ​ကို ဖျန်း​ရ​မည်​။ သူ​တို့​သည် တစ်ကိုယ်လုံး​ရှိ​အမွေး​များ​ကို​ရိတ်​ပြီး အဝတ်​များ​ကို လျှော်​ခြင်း​ဖြင့် မိမိကိုယ်မိမိ စင်ကြယ်​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 8,
      "text": "သူ​တို့​သည် နွားထီး​ပျို​တစ်​ကောင်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​ကို ယူဆောင်​လာ​ရ​မည်​။ သင်​သည်​လည်း အပြစ်ဖြေရာယဇ်​အတွက် နွားထီးပျို​နောက်​တစ်​ကောင်​ကို ယူလာ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 9,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ လေဝိ​အမျိုး​တို့​ကို​ခေါ်ဆောင်​လာ​၍ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ကို​လည်း စုရုံး​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 10,
      "text": "လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​သည် လေဝိ​အမျိုး​တို့​အပေါ် လက်​ကို တင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 11,
      "text": "အစ္စရေး​အမျိုးသား​တို့​ထဲ​ရှိ လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​အမှု​တော်​ထမ်းဆောင်​ရန် အာရုန်​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 12,
      "text": "လေဝိ​အမျိုး​တို့​သည် မိမိ​တို့​၏​လက်​ကို နွားထီးပျို​တို့​၏​ခေါင်း​ပေါ်၌​တင်​ရ​မည်​။ လေဝိ​အမျိုး​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 13,
      "text": "သင်​သည် လေဝိ​အမျိုး​တို့​ကို အာရုန်​နှင့်​သူ့​သား​တို့​၏​ရှေ့​၌​ရပ်​စေ​၍ သူ​တို့​ကို ထာဝရဘုရား​ထံ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 14,
      "text": "ဤသို့ဖြင့် သင်​သည် အစ္စရေး​အမျိုးသား​တို့​တွင် လေဝိ​အမျိုး​တို့​ကို သီးခြားခွဲထား​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ငါ​ပိုင်ဆိုင်​ရာ​ဖြစ်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 15,
      "text": "ထို့နောက်မှ လေဝိ​အမျိုး​တို့​သည် အမှု​တော်​ထမ်းဆောင်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့​ဝင်​ရ​မည်​။ သင်​သည် သူ​တို့​ကို စင်ကြယ်​စေ​၍ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 16,
      "text": "အကြောင်းမူကား သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထဲ​မှ​ရွေးကောက်​၍ ငါ့​အား လုံးလုံး​ပေးအပ်​ထား​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။ ငါ​သည် အစ္စရေး​အမျိုးသား​တို့​တွင် သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​ရှိသမျှ​တို့​အစား သူ​တို့​ကို ငါ့​အတွက် ငါ​ရွေးယူ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 17,
      "text": "အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားဦး​ရှိသမျှ​တို့​ကို ငါ​ပိုင်​၏​။ အီဂျစ်​ပြည်​၌ သားဦး​အပေါင်း​တို့​ကို ငါ​ဒဏ်ခတ်​သော​နေ့​တွင် သူ​တို့​ကို ငါ့​အတွက် ငါ​သန့်ရှင်း​စေ​ခဲ့​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 18,
      "text": "အစ္စရေး​အမျိုးသား​တို့​ထဲမှ သားဦး​အားလုံး​အစား လေဝိ​အမျိုး​တို့​ကို ငါ​ရွေးယူ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 19,
      "text": "အစ္စရေး​အမျိုးသား​တို့​အတွက် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင် အမှု​တော်​ထမ်း​ရန်​နှင့် အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ငါ​သည် အစ္စရေး​လူမျိုး​ထဲမှ လေဝိ​အမျိုး​ကို အာရုန်​နှင့်​သူ့​သား​တို့​အား လုံးလုံး​ပေးအပ်​ထား​ပြီ​။ သို့မှ အစ္စရေး​အမျိုးသား​တို့ သန့်ရှင်းရာဌာန​သို့​ချဉ်းကပ်​သောအခါ ဘေးဒဏ်​မ​ကျရောက်​ဘဲ​နေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 20,
      "text": "ထိုသို့ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် လေဝိ​အမျိုး​တို့​အား ပြု​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 21,
      "text": "လေဝိ​အမျိုး​တို့​သည် မိမိကိုယ်မိမိ​သန့်စင်​အောင်​ပြု​၍ မိမိ​တို့​၏​အဝတ်​များ​ကို​လျှော်​ပြီး​သောအခါ အာရုန်​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​လေ​၏​။ အာရုန်​သည် သူ​တို့​စင်ကြယ်​စေရန် သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​လည်း​ပြု​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 22,
      "text": "ထို့နောက်မှ လေဝိ​အမျိုး​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​ရန် အာရုန်​နှင့်​သူ့​သား​တို့​ရှေ့​သို့ လာ​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 23,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 24,
      "text": "“​လေဝိ​အမျိုး​တို့​တွင် အသက်​နှစ်ဆယ့်​ငါး​နှစ်​အရွယ်​နှင့်​အထက်​ရှိ​သော​သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​တော်​ကို ဝင်ရောက်​ထမ်းဆောင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 25,
      "text": "အသက်​ငါးဆယ်​အရွယ်​ရောက်​လျှင် အမှု​တော်​ထမ်းဆောင်​ခြင်း​မှ အနားယူ​ရ​မည်​။ အမှု​တော်​ထမ်းဆောင်​ရန်​မ​လို​တော့​ပေ​။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 26,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​မိမိ​ညီအစ်ကို​တို့​၏​တာဝန်​ကို ကူညီ​စောင့်ထိန်း​ပေး​နိုင်​သော်လည်း ကိုယ်တိုင်​လုပ်စရာ​မ​လို​ပေ​။ ထိုသို့ လေဝိ​အမျိုး​တို့​အား သူ​တို့​နှင့်ဆိုင်သော​တာဝန်​တို့​ကို သင်​စီရင်​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 1,
      "text": "အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ပထမ​လ​၌ သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​သည် သတ်မှတ်​ထား​သော​အချိန်​၌ ပသခါပွဲတော်​ကို​ကျင်းပ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 3,
      "text": "သင်​တို့​သည် သတ်မှတ်​ထား​သော​အချိန်​ဖြစ်​သည့် ဤ​လ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​၌ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 4,
      "text": "ထို့ကြောင့် မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ပသခါပွဲတော်​ကျင်းပ​ရန် ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 5,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် သိနာ​တောကန္တာရ​၌ ပသခါပွဲတော်​ကို ကျင်းပ​ပြုလုပ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 6,
      "text": "သို့သော် ထို​နေ့​၌ လူ​အချို့​တို့​သည် လူသေအလောင်း​ကြောင့် မစင်ကြယ်​သည်​ဖြစ်​၍ ပသခါပွဲတော်​ကို ကျင်းပ​ခွင့်​မ​ရ​ကြ​။ ထို့ကြောင့် ထို​နေ့​၌ သူ​တို့​သည် မောရှေ​နှင့်​အာရုန်​ထံသို့​လာ​၍"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 7,
      "text": "“​အကျွန်ုပ်​တို့​သည် လူသေအလောင်း​ကြောင့် မစင်မကြယ်​ဖြစ်​ခဲ့​ပါ​၏​။ သတ်မှတ်​ထား​သော​အချိန်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ ထာဝရဘုရား​ထံ ပူဇော်သက္ကာ​ကို ပူဇော်​ခွင့်​မ​ရ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မောရှေ​အား မေးလျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 8,
      "text": "မောရှေ​က​လည်း “​စောင့်​ဦး​လော့​။ သင်​တို့​အမှု​နှင့်​ပတ်သက်၍ ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ငါ​နားထောင်​ဦး​မည်​”​ဟု သူ​တို့​အား ပြန်ပြော​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 9,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 10,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​ဖြစ်စေ​၊ သင်​တို့​၏​မျိုးဆက်​ဖြစ်စေ တစ်စုံတစ်ယောက်​သည် လူသေအလောင်း​ကြောင့် မစင်မကြယ်​ဖြစ်​နေ​လျှင်​လည်းကောင်း​၊ ခရီး​လွန်​နေ​လျှင်​လည်းကောင်း ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 11,
      "text": "သူ​တို့​သည် ထို​ပွဲတော်​ကို ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် ကျင်းပ​ရ​မည်​။ သိုးသငယ်​အသား​ကို တဆေးမဲ့မုန့်​၊ ခါး​သော​ဟင်းရွက်​တို့​နှင့် စား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 12,
      "text": "အသား​ကို နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။ ပသခါပွဲတော်​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 13,
      "text": "သို့သော် တစ်စုံတစ်ယောက်​သည် စင်ကြယ်​ခြင်း​ရှိ​လျက်​၊ ခရီး​လည်း​မ​လွန်​ဘဲ​လျက် ပသခါပွဲတော်​ကို မ​ကျင်းပ​လျှင် သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​၌ ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို မ​ပူဇော်​သောကြောင့် သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 14,
      "text": "သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​လို​လျှင် ပသခါပွဲတော်​ဆိုင်ရာ​ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​များ​နှင့်အညီ ကျင်းပ​ရ​မည်​။ တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း ​အတွက်​ဖြစ်စေ ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 15,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​တည်​သော​နေ့​၌ မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဖြစ်​သော သက်သေခံချက်​တဲ​တော်​ကို ဖုံးလွှမ်း​လေ​၏​။ ထို​မိုးတိမ်​သည် နေဝင်ချိန်​မှ နံနက်​တိုင်အောင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မီး​သဏ္ဌာန်​ကဲ့သို့ တည်​နေ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 16,
      "text": "ထိုသို့ မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​ဌာန​ကို အစဉ်မပြတ်​ဖုံးလွှမ်း​လျက်​၊ ညအချိန်​တွင် မီး​သဏ္ဌာန်​ကဲ့သို့​ဖြစ်​လျက် နေ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 17,
      "text": "မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သည့်​အခါ အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​၏​။ မိုးတိမ်​ရပ်တန့်​သည့်​နေရာ​တွင် အစ္စရေး​အမျိုးသား​တို့ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 18,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ခရီးပြု​ကြ​၏​၊ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း စခန်းချ​ကြ​၏​။ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မိုးတိမ်​တည်​နေ​သမျှ​ကာလ​ပတ်လုံး သူ​တို့ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 19,
      "text": "မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ ရက်​ပေါင်း​များစွာ​တည်နေ​လျှင်​လည်း အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 20,
      "text": "မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ ရက်​အနည်းငယ်​သာ တည်နေ​သောအခါ​လည်း​ရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း စခန်းချ​ကြ​၏​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 21,
      "text": "မိုးတိမ်​သည် နေဝင်ချိန်​မှ နံနက်​အထိ တည်နေ​သောအခါ​လည်း ရှိ​၏​။ နံနက်အချိန် မိုးတိမ်​ကွာ​လျှင် သူ​တို့ ခရီးပြု​ကြ​၏​။ နေ့​ဖြစ်စေ​၊ ည​ဖြစ်စေ မိုးတိမ်​ကွာ​သည့်အခါ​တိုင်း သူ​တို့ ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 22,
      "text": "ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မိုးတိမ်​သည် နှစ်​ရက်​ဖြစ်စေ​၊ တစ်​လ​ဖြစ်စေ​၊ တစ်​နှစ်​ဖြစ်စေ တည်​နေ​သောအခါ​လည်း ရှိ​၏​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ စခန်းချ​ကြ​၏​။ မိုးတိမ်​ကွာ​သောအခါ​မှ ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 23,
      "text": "ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ စခန်းချ​ကြ​၏​၊ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ ခရီးပြု​ကြ​၏​။ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည် ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 2,
      "text": "“​သင့်​အတွက် ငွေ​တံပိုးခရာ​နှစ်​ခု​ကို ထုလုပ်​လော့​။ လူထု​ကို​စုရုံး​ရာ​တွင်​လည်းကောင်း​၊ တပ်စခန်း​တို့ ခရီးဆက်ရာ​တွင်​လည်းကောင်း ထို​ခရာ​တို့​ကို မှုတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 3,
      "text": "ခရာ​တို့​ကို​မှုတ်​သောအခါ လူထု​အပေါင်း​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ သင့်​ထံ၌ စုဝေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 4,
      "text": "ခရာ​တစ်ခုတည်း​ကို​သာ​မှုတ်​လျှင် အစ္စရေး​အမျိုးသား​တို့​ထဲမှ လူ​တစ်ထောင်​ကို​အုပ်​သော​ခေါင်းဆောင်​တို့​သည် သင့်​ထံ၌ စုဝေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 5,
      "text": "အချက်ပေးသံ​အဖြစ်​မှုတ်​လျှင် အရှေ့ဘက်​၌ စခန်းချ​နေ​သော​တပ်စခန်း​တို့ ခရီးပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 6,
      "text": "အချက်ပေးသံ​ကို​နောက်တစ်ကြိမ်​မှုတ်​လျှင် တောင်ဘက်​၌ စခန်းချ​နေ​သော​တပ်စခန်း​တို့ ခရီးပြု​ရ​မည်​။ တပ်စခန်း​တို့ ခရီးပြု​ရန် အချက်ပေးသံ​အဖြစ် ခရာ​ကို​မှုတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 7,
      "text": "လူအစုအဝေး​ကို စုရုံး​စေ​လို​လျှင်​လည်း မှုတ်​ရ​မည်​။ သို့သော် တပ်လှန့်​အချက်ပေးသံ​အဖြစ် မ​မှုတ်​ရ​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 8,
      "text": "အာရုန်​၏​သား ယဇ်ပုရောဟိတ်​တို့​သည် ထို​တံပိုးခရာ​တို့​ကို မှုတ်​ကြ​ရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 9,
      "text": "သင်​တို့​၏​ပြည်​၌ သင်​တို့​ကို ရန်ဖက်ပြု​သော​ရန်သူ​တို့​ကို တိုက်ခိုက်​ရန် ချီတက်​သွား​သောအခါ တံပိုးခရာ​ကို​တပ်လှန့်​အချက်ပေးသံ​အဖြစ် မှုတ်​ရ​မည်​။ ထိုအခါ သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သင်​တို့​ကို​အောက်မေ့​တော်မူ​၍ ရန်သူ့​လက်​မှ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 10,
      "text": "သင်​တို့​ဝမ်းမြောက်​ရာ​နေ့​ဖြစ်​သည့် သတ်မှတ်​ထား​သော​ပွဲတော်​များ​နေ့​၊ လဆန်းနေ့​တို့​၌ သင်​တို့​မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​သောအခါ တံပိုးခရာ​ကို​မှုတ်​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​အတွက် အောက်မေ့ဖွယ်​ရာ​ဖြစ်​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 11,
      "text": "ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ နှစ်ဆယ်​ရက်​နေ့​တွင် မိုးတိမ်​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​မှ ကွာ​သွား​သဖြင့်"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 12,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သိနာ​တောကန္တာရ​မှ ခရီး​ထွက်ခွာ​လာ​ကြ​၏​။ မိုးတိမ်​သည် ပါရန်​တောကန္တာရ​၌ ရပ်တန့်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 13,
      "text": "မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​ခရီးပြု​ကြ​သည်​မှာ ပထမ​အကြိမ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 14,
      "text": "ယုဒ​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ရှေ့ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိနဒပ်​၏​သား နာရှုန် ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 15,
      "text": "ဣသခါ​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဇုအာ​၏​သား နာသနေလ​ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 16,
      "text": "ဇာဗုလုန်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဟေလုန်​၏​သား ဧလျာဘ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 17,
      "text": "ထို့နောက် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ဖြုတ်သိမ်း​ကြ​ပြီး ဂေရရှုန်​၏​သားမြေး​၊ မေရာရိ​၏​သားမြေး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သယ်ဆောင်​ကာ ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 18,
      "text": "ထို့နောက် ရုဗင်​တပ်စခန်း​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို ရှေဒုရ​၏​သား ဧလိဇုရ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 19,
      "text": "ရှိမောင်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 20,
      "text": "ဂဒ်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဒွေလ​၏​သား ဧလျာသပ် ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 21,
      "text": "ထို့နောက် ကောဟတ်​အမျိုး​တို့​သည် သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အရာ​တို့​ကို သယ်ဆောင်​၍​ခရီးပြု​ကြ​၏​။ သူ​တို့​မ​ရောက်​မီ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​နှင့်​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 22,
      "text": "ထို့နောက် ဧဖရိမ်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိဟုဒ်​၏​သား ဧလိရှမာ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 23,
      "text": "မနာရှေ​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ပေဒါဇုရ​၏​သား ဂါမလျေလ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 24,
      "text": "ဗင်္ယာမိန်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဂိဒေါနိ​၏​သား အဘိဒန် ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 25,
      "text": "ဒန်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ တပ်စခန်း​အားလုံး​ကို​အကာအကွယ်​အဖြစ် နောက်ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိရှဒ္ဒဲ​၏​သား အဟေဇာ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 26,
      "text": "အာရှာ​သားမြေး​တို့​၏​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဩကရန်​၏​သား ပါဂျေလ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 27,
      "text": "နဿလိ​သားမြေး​တို့​၏​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဧနန်​၏​သား အဟိရ ဦးစီး​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 28,
      "text": "ဤ​အစီအစဉ်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 29,
      "text": "မောရှေ​သည် မိမိ​ယောက္ခမ​ဖြစ်​သူ မိဒျန်​လူမျိုး​ရွေလ​သား ဟောဗပ်​အား “ ‘​ထို​ပြည်​ကို​သင်​တို့​အား ငါ​ပေး​မည်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရပ်​သို့ အကျွန်ုပ်​တို့​ခရီးပြု​နေ​ကြ​ပါ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အား ကောင်းစား​စေ​မည်​ဟူသော​ကတိထား​ခဲ့​သည်​ဖြစ်၍ အကျွန်ုပ်​တို့​နှင့်အတူ လိုက်​ခဲ့​ပါ​။ သင့်​ကို ကျေးဇူးပြု​ပါ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 30,
      "text": "သို့သော် ဟောဗပ်​က “​ငါ​မ​လိုက်​ပါ​။ ငါ့​ပြည်​၊ ငါ့​လူမျိုး​တို့​ရှိ​ရာ​သို့​သာ ငါ​ပြန်သွား​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 31,
      "text": "မောရှေ​က​လည်း “​အကျွန်ုပ်​တို့​ကို​ပစ်​မ​ထား​ပါ​နှင့်​။ အကြောင်းမှာ တောကန္တာရ​ထဲ၌ အကျွန်ုပ်​တို့ စခန်းချ​ရ​မည်​ကို သင်​သိ​၏​။ သင်​သည် အကျွန်ုပ်​တို့​အတွက် မျက်စိ​သဖွယ်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 32,
      "text": "သင်​သည် အကျွန်ုပ်​တို့​နှင့်အတူ​လိုက်​လျှင် ထာဝရဘုရား​က အကျွန်ုပ်​တို့​အား ကျေးဇူး​ပြု​သည့်​ကောင်း​သော​အရာ​များ​ဖြင့် အကျွန်ုပ်​တို့​သည် သင့်​အား ကျေးဇူး​ပြု​ပါ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 33,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​တောင်​တော်​မှ သုံး​ရက်​ခရီးပြု​ကြ​၏​။ ထို​သုံး​ရက်​ခရီး​တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နားနေ​ရာ​အရပ်​ကို​ရှာ​ရန် သူ​တို့​၏​ရှေ့​မှ​သွား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 34,
      "text": "သူ​တို့​သည် တပ်စခန်း​မှ ခရီးပြု​ကြ​သောအခါ နေ့​အချိန်​၌ ထာဝရဘုရား​၏​မိုးတိမ်​သည် သူ​တို့​အပေါ်​တွင် တည်​၏​။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 35,
      "text": "သေတ္တာ​တော်​ခရီးပြု​သောအခါ မောရှေ​က “​အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ ကိုယ်တော်​၏​ရန်သူ​တို့​သည် ကွဲလွင့်​ကြ​ပါစေသော​။ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ကိုယ်တော့်​ထံ​မှ ထွက်ပြေး​ကြ​ပါစေသော​”​ဟု လျှောက်ဆို​၍"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 36,
      "text": "သေတ္တာ​တော်​ရပ်နား​သောအခါ “​အို ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​အထောင်​အသောင်း​တို့​ထံသို့ ပြန်လာ​တော်မူ​ပါ​” ဟု လျှောက်ဆို​လေ့​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 1,
      "text": "လူ​တို့​သည် မိမိ​တို့​ခံရ​သော​ဆင်းရဲဒုက္ခ​အကြောင်း​ကို ထာဝရဘုရား​ကြားသိ​အောင် ညည်းညူ​ကြ​၏​။ ထာဝရဘုရား​ကြား​တော်မူ​သောအခါ အမျက်ထွက်​၍ သူ​တို့​အလယ်​တွင် ထာဝရဘုရား​၏​မီး​တောက်လောင်​လေ​၏​။ ထို​မီး​သည် တပ်စခန်း​၏​အစွန်အဖျား​ကို လောင်ကျွမ်း​သဖြင့်"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 2,
      "text": "လူ​တို့​သည် မောရှေ​အား အော်ဟစ်​ကြ​၏​။ မောရှေ​သည်​လည်း ထာဝရဘုရား​ထံ ဆုတောင်း​သဖြင့် မီးငြိမ်း​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 3,
      "text": "ထိုသို့ သူ​တို့​အလယ်​တွင် ထာဝရဘုရား​၏​မီး​တောက်လောင်​သောကြောင့် ထို​အရပ်​၏​အမည်​ကို တဗေရ ဟု​ခေါ်ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 4,
      "text": "အစ္စရေး​အမျိုးသား​တို့​နှင့် ရောနှော​ပါလာ​သော​လူ​တို့​သည် အလိုဆန္ဒ​ပြင်းပြ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​လည်း ငိုကြွေးမြည်တမ်း​ကြ​ပြန်​၍ “​ငါ​တို့​စားစရာ​အသား​ကို မည်သူ​ပေး​မည်နည်း​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 5,
      "text": "အီဂျစ်​ပြည်​၌ အဖိုးအခမပေး​ဘဲ ငါ​တို့​စား​ရ​သော ငါး​၊ သခွားသီး​၊ ဖရဲသီး​၊ ကြက်သွန်မြိတ်​၊ ကြက်သွန်နီ​၊ ကြက်သွန်ဖြူ​တို့​ကို ငါ​တို့​အောက်မေ့​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 6,
      "text": "ယခု​မူကား ငါ​တို့​၌​စားလို​သော​စိတ်​မ​ရှိ​တော့​ပြီ​။ ဤ​မန္နမုန့်​မှလွဲ၍ ငါ​တို့​ဘာမျှ မ​မြင်​ရ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 7,
      "text": "မန္နမုန့်​သည် နံနံ​စေ့​နှင့်​တူ​၍ ၎င်း​၏​အရောင်​သည် ပယင်း​၏​အရောင်​နှင့်​တူ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 8,
      "text": "လူ​တို့​သည် မန္နမုန့်​ကို လှည့်လည်​ကောက်ယူ​ကြ​ပြီး ကြိတ်ဆုံ​နှင့် ကြိတ်​ကြ​၏​၊ သို့မဟုတ် ဆုံ​နှင့် ထောင်း​ကြ​၏​။ ပြီးမှ အိုး​ထဲ ထည့်ပြုတ်​ပြီး မုန့်ပြား​လုပ်​ကြ​၏​။ အရသာ​သည် ဆီကြော်မုန့်​အရသာ​နှင့်​တူ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 9,
      "text": "ညအချိန် တပ်စခန်း​တွင် နှင်းကျ​သောအခါ နှင်း​နှင့်အတူ မန္နမုန့်​ကျ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 10,
      "text": "လူ​တို့​သည် အသီးသီး​မိမိ​တို့​မျိုးနွယ်စု​အလိုက် မိမိ​တို့​တဲ​အဝင်ဝ​၌ ငိုကြွေး​နေ​ကြ​သည်​ကို မောရှေ​ကြား​၏​။ ထာဝရဘုရား​သည် အလွန်​အမျက်ထွက်​၏​။ မောရှေ​သည်​လည်း ဆိုးရွား​သော​အမှု​ဖြစ်​သည်​ဟု မြင်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 11,
      "text": "ထို့ကြောင့် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​၏​အစေအပါး​ကို အဘယ်ကြောင့်​ဒုက္ခရောက်​စေ​ပါ​သနည်း​။ ဤ​လူမျိုး​အပေါင်း​တို့​၏​ဝန်​ကို အကျွန်ုပ်​အပေါ်​၌​တင်​၍ ကိုယ်တော်​၏​ရှေ့​တော်​၌ အဘယ်ကြောင့် အကျွန်ုပ်​ကို မျက်နှာ​မ​ရ​စေ​ပါ​သနည်း​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 12,
      "text": "အကျွန်ုပ်​သည် ဤ​လူ​အပေါင်း​တို့​ကို ကိုယ်ဝန်ဆောင်​ခဲ့​ပါ​သလော​။ ‘​ထို​ပြည်​ကို သူ​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​ခဲ့​သည်​နှင့်အညီ ကလေးထိန်း​သည် နို့စို့ကလေးငယ်​ကို​ဆောင်​သကဲ့သို့ ထို​ပြည်​သို့ သူ​တို့​ကို သင့်​ရင်ခွင်​၌ ပွေ့ချီ​သွား​လော့​’​ဟု အကျွန်ုပ်​အား ကိုယ်တော်​မိန့်​တော်မူ​သည်​မှာ အကျွန်ုပ်​သည် သူ​တို့​ကို​မွေးဖွား​ခဲ့​ပါ​သလော​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 13,
      "text": "သူ​တို့​က အကျွန်ုပ်​အား ‘​ငါ​တို့​စား​ဖို့​အသား​ကို ပေး​ပါ​’​ဟု ဆို​လျက် ငိုကြွေး​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဤ​လူ​အပေါင်း​တို့​ကို​ပေး​ဖို့ အသား​ကို အဘယ်​က ရ​နိုင်​ပါ​မည်နည်း​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 14,
      "text": "ဤ​လူ​အပေါင်း​တို့​ကို ခေါ်ဆောင်​သွား​ရန် အကျွန်ုပ်​တစ်ယောက်တည်း မ​တတ်နိုင်​ပါ​။ အကျွန်ုပ်​အတွက် လေးလွန်း​သော​ဝန်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 15,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​အား ဤသို့​ပြု​တော်မူ​မည်​ဆိုလျှင် ယခုပင် အကျွန်ုပ်​ကို ကွပ်မျက်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်မှောက်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​နှင့် မ​ကြုံတွေ့​ပါရစေ​နှင့်​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 16,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထဲမှ သက်ကြီးဝါကြီး​ဖြစ်၍ လူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​နိုင်​သူ​လည်း​ဖြစ်​သည်​ဟု သင်​သိ​ထား​သော အစ္စရေး​သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​ကို ငါ့​ထံ စုဝေး​စေ​လော့​။ သင်​သည် ထို​သူ​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ ခေါ်ဆောင်​လာ​၍ သင်​နှင့်အတူ ထို​နေရာ​၌​ရပ်​နေ​စေ​လော့​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 17,
      "text": "ငါ​ဆင်းလာ​၍ ထို​နေရာ​၌ သင်​နှင့်​စကားပြော​မည်​။ ငါ​သည် သင်​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ ထို​သူ​တို့​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​သည် သင်​နှင့်အတူ ထို​လူမျိုး​၏​ဝန်​ကို ထမ်း​ကြ​ရ​လိမ့်မည်​။ သို့ဖြစ်၍ သင်​တစ်ယောက်တည်း ထမ်း​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 18,
      "text": "သင်​သည် လူ​တို့​အား ‘​သင်​တို့​က ငါ​တို့​စားစရာ​အသား​ကို မည်သူ​ပေး​မည်နည်း​။ အီဂျစ်​ပြည်​၌ ငါ​တို့​ကောင်းစား​ခဲ့​ကြ​၏​ဟု ဆို​လျက် ထာဝရဘုရား​ကြား​အောင် ငိုကြွေး​ကြ​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​အား အသား​ကို ပေး​တော်မူ​မည်​ဖြစ်၍ သင်​တို့​သည် အသား​ကို စား​ရ​လိမ့်မည်​။ သို့ဖြစ်၍ မနက်ဖြန်​အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်း​စေ​ကြ​လော့​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 19,
      "text": "သင်​တို့​သည် အသား​ကို တစ်​ရက်​၊ နှစ်​ရက်​၊ ငါး​ရက်​၊ ဆယ်​ရက်​၊ ရက်​နှစ်ဆယ်​မျှသာ​စား​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 20,
      "text": "သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ထာဝရဘုရား​ကို သင်​တို့ စွန့်ပယ်​ကြ​၍ ငါ​တို့​သည် အဘယ်ကြောင့် အီဂျစ်​ပြည်​မှ​ထွက်လာ​ကြ​သနည်း​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ငိုကြွေး​လျက်​ဆို​ကြ​သောကြောင့် သင်​တို့​၏​နှာခေါင်း​မှ​ထွက်​၍ သင်​တို့​ရွံရှာ​သည်​အထိ တစ်လလုံး အသား​ကို စား​ရ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 21,
      "text": "မောရှေ​က​လည်း “​အကျွန်ုပ်​နှင့်အတူ လိုက်ပါ​လာ​သော​လူ​တို့​တွင် ခြေကျင်​လျှောက်​သော​ယောက်ျား ခြောက်သိန်း​ရှိ​ပါ​၏​။ ကိုယ်တော်​က ‘​ငါ​သည် သူ​တို့​အား အသား​ကို​ပေး​၍ သူ​တို့​သည် တစ်လလုံး​စား​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပါ​သည်​တကား​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 22,
      "text": "သိုးအုပ်​၊ နွားအုပ်​တို့​ကို​သတ်​လျှင်​လည်း သူ​တို့​အတွက် လုံလောက်​ပါ​မည်လော​။ ပင်လယ်​ငါး​ရှိသမျှ​တို့​ကို စုဝေး​စေ​လျှင်​လည်း သူ​တို့​အတွက် လုံလောက်​ပါ​မည်လော​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 23,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ငါ​ထာဝရဘုရား​၏​လက်​သည် တို​သလော​။ ငါ​၏​စကား​တည်​သည်​၊ မတည်​သည်​ကို ယခု သင်​သိမြင်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 24,
      "text": "မောရှေ​သည် ထွက်သွား​၍ လူ​တို့​အား ထာဝရဘုရား​၏​စကား​တော်​တို့​ကို ဆင့်ဆို​လေ​၏​။ သက်ကြီးဝါကြီး​တို့​ထဲမှ လူ​အယောက်​ခုနစ်ဆယ်​ကို​စုဝေး​စေ​၍ သူ​တို့​ကို တဲ​တော်​ပတ်ပတ်လည်​၌ ရပ်​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 25,
      "text": "ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ မောရှေ​နှင့်​စကားပြော​လေ​၏​။ ကိုယ်တော်​သည် မောရှေ​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ သက်ကြီးဝါကြီး​များ​ဖြစ်​သော လူ​အယောက်​ခုနစ်ဆယ်​တို့​ထဲသို့ သွင်းပေး​လေ​၏​။ ဝိညာဉ်​တော်​သည် သူ​တို့​၌​ကိန်းဝပ်​တော်မူ​သောအခါ သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လေ​၏​။ သို့သော် နောက်တစ်ဖန် ထပ်၍​မ​ဟောပြော​ကြ​တော့​ပေ​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 26,
      "text": "သို့သော် ဧလဒဒ်​နှင့် မေဒဒ် အမည်​ရှိ​သော​သူ​နှစ်​ယောက်​သည် လူ​ခုနစ်ဆယ်​ထဲတွင်​စာရင်းဝင်​သော်လည်း သူ​တို့​သည် တဲ​တော်​သို့​မ​သွား​ဘဲ တပ်စခန်း​၌ ကျန်နေ​ခဲ့​၏​။ ဝိညာဉ်​တော်​သည် သူ​တို့​၌​လည်း ကိန်းဝပ်​တော်မူ​သဖြင့် သူ​တို့​သည် တပ်စခန်း​ထဲ၌ ပရောဖက်ပြု​ဟောပြော​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 27,
      "text": "လူငယ်​တစ်​ယောက်​သည် ပြေးလာ​၍ “​ဧလဒဒ်​နှင့် မေဒဒ်​သည် တပ်စခန်း​ထဲ၌ ပရောဖက်ပြု​ဟောပြော​နေ​ပါ​သည်​”​ဟု မောရှေ​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 28,
      "text": "ထိုအခါ ငယ်ရွယ်စဉ်​ကပင် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​က “​အကျွန်ုပ်​၏​သခင် မောရှေ​၊ ထို​သူ​တို့​ကို​တားမြစ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 29,
      "text": "မောရှေ​က​လည်း “​ငါ့​အစား သင်​ငြူစူ​ရ​သလော​။ ထာဝရဘုရား​၏​လူ​ရှိသမျှ​တို့​အား ထာဝရဘုရား​သည် ဝိညာဉ်​တော်​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​ပါစေသော​”​ဟု ဆို​ပြီးနောက်"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 30,
      "text": "မောရှေ​သည် အစ္စရေး​အမျိုးသား​သက်ကြီးဝါကြီး​တို့​နှင့်အတူ တပ်စခန်း​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 31,
      "text": "ထာဝရဘုရား​သည် လေ​ကို​တိုက်ခတ်​စေ​တော်မူ​၍ ပင်လယ် ​မှ ငုံး​တို့​ကို​သယ်ဆောင်​လာ​စေ​၏​။ တပ်စခန်း​၏​ပတ်ပတ်လည် ဟိုဘက်​မှ​တစ်ရက်​ခရီး​၊ သည်ဘက်​မှ​တစ်ရက်​ခရီး​အကွာအဝေး​ခန့်​တိုင်အောင် တပ်စခန်း​၌ ကျ​စေ​သဖြင့် ငုံး​တို့​သည် မြေပြင်​ပေါ်မှ​နှစ်​တောင် ​ခန့်​အထူ​ရှိ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 32,
      "text": "လူ​တို့​သည် ထသွား​၍ ထို​နေ့​တစ်နေ့လုံး​၊ တစ်ညလုံး​၊ နောက်နေ့​တစ်နေ့လုံး ငုံး​များ​ကို​စုသိမ်း​ကြ​၏​။ အနည်းဆုံး​စုသိမ်း​သူ​ပင်လျှင် ဆယ်​ဟောမဲ ရရှိ​၏​။ သူ​တို့​သည် ငုံး​တို့​ကို တပ်စခန်း​ပတ်ပတ်လည်​၌ ဖြန့်ထား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 33,
      "text": "ငုံးသား​ကို​မ​ဝါး​မီ ကိုက်​လျက်​ရှိ​စဉ် ထာဝရဘုရား​သည် လူ​တို့​ကို အမျက်ထွက်​လေ​၏​။ ထာဝရဘုရား​သည် လူ​တို့​ကို အလွန်​ပြင်းထန်​သော​ဘေးဒဏ်​ဖြင့် ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 34,
      "text": "ထို​အရပ်​၌ အာသာဆန္ဒ​ပြင်းပြ​သော​လူ​တို့​ကို သင်္ဂြိုဟ်​ခဲ့​ရ​သောကြောင့် ထို​အရပ်​၏​အမည်​ကို ကိဗြုတ်ဟတ္တဝါ ဟု​ခေါ်ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 35,
      "text": "လူ​တို့​သည် ကိဗြုတ်ဟတ္တဝါ​အရပ်​မှ ဟာဇရုတ်​အရပ်​သို့ ခရီးပြု​၍ ဟာဇရုတ်​အရပ်​၌​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 1,
      "text": "မောရှေ​သည် ကုရှိ​အမျိုးသမီး​တစ်​ယောက်​နှင့်​စုံဖက်​သဖြင့် ထို​ကုရှိ​အမျိုးသမီး​နှင့်​ပတ်သက်၍ မိရိအံ​နှင့်​အာရုန်​သည် မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 2,
      "text": "သူ​တို့​က “​ထာဝရဘုရား​သည် မောရှေ​အားဖြင့်​သာ စကားပြော​တော်မူ​သလော​။ ငါ​တို့​အားဖြင့်​လည်း မိန့်မြွက်​တော်မူ​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​သည်​ကို ထာဝရဘုရား​ကြား​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 3,
      "text": "(​မောရှေ​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အားလုံး​တို့​ထက် စိတ်အနှိမ့်ချ​ဆုံး​သူ​ဖြစ်​၏​။​)"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 4,
      "text": "ထာဝရဘုရား​က “​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ သင်​တို့​သုံး​ယောက်​လာ​ကြ​လော့​”​ဟု မောရှေ​၊ အာရုန်​နှင့် မိရိအံ​တို့​အား ချက်ချင်း​မိန့်​တော်မူ​သဖြင့် သူ​တို့​သုံး​ယောက်​သည် ထွက်လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 5,
      "text": "ထာဝရဘုရား​သည်​လည်း မိုးတိမ်​တိုင်​အားဖြင့် ကြွဆင်း​၍ တဲ​တော်​အဝင်ဝ​၌​ရပ်​လျက် အာရုန်​နှင့်​မိရိအံ​ကို​ခေါ်​သဖြင့် သူ​တို့​နှစ်ဦးစလုံး ရှေ့​တော်​သို့​လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​က “​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သင်​တို့​တွင် ပရောဖက်​ရှိ​လျှင် ငါ​ထာဝရဘုရား​သည် ထို​ပရောဖက်​အား နိမိတ်အာရုံ​အားဖြင့် ကိုယ်ထင်ရှားပြ​မည်​။ အိပ်မက်​အားဖြင့် မိန့်မြွက်​မည်​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 7,
      "text": "ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 8,
      "text": "သူ​နှင့်​မျက်နှာချင်းဆိုင် ရှင်းလင်း​စွာ​မိန့်ဆို​၏​။ သွယ်ဝိုက်​၍ မ​မိန့်ဆို​။ သူ​သည် ထာဝရဘုရား​၏​ပုံသဏ္ဌာန်​ကို မြင်​ရ​၏​။ သင်​တို့​သည် ငါ့​အစေအပါး​မောရှေ​ကို အဘယ်ကြောင့် ဆန့်ကျင်​ပြောဆို​ဝံ့​သနည်း​”​ဟု မိန့်​တော်မူ​ပြီးနောက်"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 9,
      "text": "ထာဝရဘုရား​သည် သူ​တို့​ကို​အမျက်ထွက်​လျက် ကြွသွား​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 10,
      "text": "မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သွား​သည်​နှင့် မိရိအံ​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြူ​လေ​၏​။ အာရုန်​သည် မိရိအံ​ကို​လှည့်ကြည့်​သောအခါ အနာကြီးရောဂါစွဲ​နေ​သည်​ကို မြင်​လျှင်"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 11,
      "text": "အာရုန်​က မောရှေ​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့​သည် မိုက်မဲ​၍​ပြစ်မှား​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 12,
      "text": "ကိုယ်အင်္ဂါ​မစုံမလင်​နှင့် အမိ​ဝမ်း​မှ​ထွက်လာ​သော​အသေကောင်​ကဲ့သို့ သူ့​ကို​မ​ဖြစ်စေ​ပါ​နှင့်​”​ဟု တောင်းပန်​သဖြင့်"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 13,
      "text": "မောရှေ​က “​အို ဘုရားသခင်​၊ မိရိအံ​ကို ရောဂါပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 14,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သူ့​ဖခင်​သည် သူ့​မျက်နှာ​ကို တံတွေးထွေး​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး အရှက်ရ​မည်​မ​ဟုတ်​လော​။ သူ့​ကို တပ်စခန်း​၏​အပြင်ဘက်​၌ ခုနစ်​ရက်​ပတ်လုံး နေ​စေ​ရ​မည်​။ ထို့နောက်မှ သူ့​ကို​ပြန်ခေါ်လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 15,
      "text": "ထို့ကြောင့် မိရိအံ​ကို တပ်စခန်း​အပြင်ဘက်​၌ ခုနစ်​ရက်​ပတ်လုံး နေ​စေ​၏​။ မိရိအံ​ကို ပြန်​မ​ခေါ်လာ​မီ​တိုင်အောင် လူ​တို့​သည် ခရီး​မ​ပြု​ဘဲ နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 16,
      "text": "ထို့နောက်မှ လူ​တို့​သည် ဟာဇရုတ်​အရပ်​မှ ခရီးပြု​၍ ပါရန်​တောကန္တာရ​တွင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​မည့် ခါနာန်​ပြည်​ကို​စူးစမ်း​ရန် ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အသီးသီး​မှ ခေါင်းဆောင်​တစ်ဦးစီ​ကို စေလွှတ်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 3,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​၏​အကြီးအမှူး​များ​ကို ပါရန်​တောကန္တာရ​မှ စေလွှတ်​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 4,
      "text": "ထို​သူ​တို့​၏​အမည်​ကား ရုဗင်​အမျိုးအနွယ်​မှ ဇက္ကုရ​၏​သား ရှမွာ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 5,
      "text": "ရှိမောင်​အမျိုးအနွယ်​မှ ဟောရိ​၏​သား ရှာဖတ်​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 6,
      "text": "ယုဒ​အမျိုးအနွယ်​မှ ယေဖုန္နာ​၏​သား ကာလက်​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 7,
      "text": "ဣသခါ​အမျိုးအနွယ်​မှ ယောသပ်​၏​သား ဣဂါလ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 8,
      "text": "ဧဖရိမ်​အမျိုးအနွယ်​မှ နုန်​၏​သား ဟောရှေ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 9,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​မှ ရာဖု​၏​သား ပါလတိ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 10,
      "text": "ဇာဗုလုန်​အမျိုးအနွယ်​မှ သောဒိ​၏​သား ဂါဒျေလ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 11,
      "text": "ယောသပ်​အမျိုးအနွယ်​ဖြစ်​သည့် မနာရှေ​အမျိုးအနွယ်​မှ သုသိ​၏​သား ဂဒ္ဒိ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 12,
      "text": "ဒန်​အမျိုးအနွယ်​မှ ဂေမလ္လိ​၏​သား အမျေလ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 13,
      "text": "အာရှာ​အမျိုးအနွယ်​မှ မိက္ခေလ​၏​သား သေသုရ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 14,
      "text": "နဿလိ​အမျိုးအနွယ်​မှ ဝါဖသိ​၏​သား နာဘိ​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 15,
      "text": "ဂဒ်​အမျိုးအနွယ်​မှ မာခိ​၏​သား ဂွေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 16,
      "text": "ဤသည်ကား ခါနာန်​ပြည်​ကို စူးစမ်း​ရန် မောရှေ​စေလွှတ်​သော​သူ​တို့​၏​အမည်​များ​ဖြစ်​၏​။ မောရှေ​သည် နုန်​၏​သား ဟောရှေ​ကို ယောရှု​ဟု မှည့်ခေါ်​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 17,
      "text": "မောရှေ​က ခါနာန်​ပြည်​ကို​စူးစမ်း​ရန် စေလွှတ်​သော​သူ​တို့​အား “​သင်​တို့​သည် ဤ​နေဂေ့​အရပ်​မှ​ဖြတ်​၍ တောင်ပေါ်ဒေသ​သို့ တက်သွား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 18,
      "text": "ထို​ပြည်​သည် မည်သို့သော​ပြည်​ဖြစ်​သနည်း​၊ ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် နည်း​သလော​၊ များ​သလော​၊ အားကြီး​သလော​၊ အားနည်း​သလော​၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 19,
      "text": "သူ​တို့​နေထိုင်​သော​ပြည်​သည် ကောင်း​သလော​၊ ဆိုး​သလော​။ သူ​တို့​နေထိုင်​သော​မြို့​တို့​သည် တပ်စခန်း​ဖြင့်​လော​၊ ခိုင်ခံ့​သော​မြို့​လော​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 20,
      "text": "ထို​ပြည်​သည် ကြွယ်ဝ​သလော​၊ ဆင်းရဲ​သလော​။ ထို​ပြည်​ထဲ၌ အပင်​ရှိ​သလော​၊ မ​ရှိ​သလော စသည်​ဖြင့် ကြည့်ရှု​စစ်ဆေး​ရ​မည်​။ သင်​တို့​သည် ရဲရင့်​ခြင်း​ရှိ​ရ​မည်​။ ထို​ပြည်​မှ အသီး​အချို့​ကို​ယူဆောင်​လာ​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ထို​အချိန်​သည် စပျစ်သီး အဦးဆုံး​မှည့်​သော​အချိန်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 21,
      "text": "ထို​သူ​တို့​သည် တက်သွား​၍ ဇိန​တောကန္တာရ​မှ လီဘိုဟာမတ်​အရပ်​အနီး ရဟောဘ​အရပ်​တိုင်အောင် ထို​ပြည်​ကို စူးစမ်း​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 22,
      "text": "သူ​တို့​သည် နေဂေ့​အရပ်​သို့​တက်သွား​၍ ဟေဗြုန်​မြို့​သို့​ရောက်​ကြ​၏​။ ထို​မြို့​၌ အာနက​အနွယ်ဝင် အဟိမန်​၊ ရှေရှဲ​နှင့် တာလမဲ​တို့​နေထိုင်​ကြ​၏​။ (​ဟေဗြုန်​မြို့​သည် အီဂျစ်​ပြည်​ရှိ​ဇောန​မြို့ မ​တည်​မီ ခုနစ်​နှစ်​က တည်​သော​မြို့​ဖြစ်​၏​။​)"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 23,
      "text": "သူ​တို့​သည် ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​သောအခါ ထို​အရပ်​မှ စပျစ်သီး​အပြွတ်လိုက်​ပါ​သော​စပျစ်ခိုင်​တစ်​ခိုင်​ကို အကိုင်း​နှင့်တကွ​ခုတ်ယူ​၍ သလဲသီး​၊ သဖန်းသီး​အချို့​တို့​နှင့်အတူ ထမ်းပိုး​ဖြင့် လူ​နှစ်​ယောက်​ထမ်းလာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 24,
      "text": "(​အစ္စရေး​အမျိုးသား​တို့ ထို​အရပ်​မှ ခုတ်ယူ​ခဲ့​သော​စပျစ်​အပြွတ်အခိုင်​ကို​အကြောင်းပြု​၍ ထို​အရပ်​ကို ဧရှကောလ ​ချိုင့်ဝှမ်း​ဟု ခေါ်​၏​။​)"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 25,
      "text": "အရက်​လေးဆယ်​ပြည့်​သောအခါ သူ​တို့​သည် ထို​ပြည်​ကို​စူးစမ်း​ရာ​မှ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 26,
      "text": "သူ​တို့​ပြန်လာ​ကြ​၍ ကာဒေရှ​အရပ်​၊ ပါရန်​တောကန္တာရ​ရှိ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထံသို့ ရောက်​ကြ​သောအခါ မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ အစီရင်ခံ​၍ ထို​ပြည်​မှ​ယူလာ​သော​အသီး​ကို​ပြ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 27,
      "text": "သူ​တို့​က “​အကျွန်ုပ်​တို့​အား ကိုယ်တော်​စေလွှတ်​သော​ပြည်​သို့ အကျွန်ုပ်​တို့​ရောက်​ခဲ့​ပါ​၏​။ အမှန်ပင် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ဖြစ်​ပါ​၏​။ ဤ​အသီး​ကား ထို​ပြည်​မှ​ထွက်​သော​အသီး​ဖြစ်​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 28,
      "text": "သို့သော်လည်း ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် ခွန်အားကြီး​သော​သူ​များ​ဖြစ်​ကြ​ပြီး မြို့​များ​သည် အလွန်​ခိုင်ခံ့​ကြီးမား​ပါ​၏​။ ထိုမျှမက အာနက​အနွယ်ဝင်​တို့​ကို​လည်း ထို​အရပ်​၌ အကျွန်ုပ်​တို့​တွေ့မြင်​ခဲ့​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 29,
      "text": "အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​၌ နေထိုင်​ကြ​၏​။ ဟိတ္တိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​နှင့် အာမောရိ​လူမျိုး​တို့​သည် တောင်ပေါ်ဒေသ​၌ နေထိုင်​ကြ​၏​။ ခါနာန်​လူမျိုး​တို့​သည် ပင်လယ်​ကမ်းနားဒေသ​နှင့်​ဂျော်ဒန်​မြစ်​ကမ်းနား​တစ်လျှောက်​တွင် နေထိုင်​ကြ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 30,
      "text": "ထိုအခါ ကာလက်​သည် မောရှေ​ရှေ့​၌​ရှိ​သော လူ​တို့​ကို​တိတ်ဆိတ်​စေ​ပြီး “​ငါ​တို့​သည် ထို​ပြည်​ကို အနိုင်ရ​မည်​မှာ​သေချာ​၏​။ ယခုပင် တက်သွား​၍ ထို​ပြည်​ကို​သိမ်းပိုက်​ကြ​စို့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 31,
      "text": "သို့သော် သူ​နှင့်အတူ​သွား​ခဲ့​သော​သူ​တို့​က “​ထို​သူ​တို့​သည် ငါ​တို့​ထက်​အားကြီး​သောကြောင့် သူ​တို့​ကို တိုက်ခိုက်​ရန်​မ​ဖြစ်နိုင်​ပါ”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 32,
      "text": "သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌ မိမိ​တို့​စူးစမ်း​ခဲ့​သော​ပြည်​၏​မကောင်းသတင်း​ကို ဖြန့်​ကြ​၏​။ သူ​တို့​က “​ငါ​တို့​သွား​၍​စူးစမ်း​ခဲ့​သော​ပြည်​သည် မိမိ​ပြည်သား​တို့​ကို​ဝါးမျို​သော​ပြည်​ဖြစ်ပြီး ထို​ပြည်​၌ ငါ​တို့​တွေ့​ခဲ့​သော​လူ​အားလုံး​တို့​သည် ထွားကျိုင်း​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 33,
      "text": "ထို​အရပ်​၌ ဧရာမလူ ​တို့​ကို​လည်း တွေ့​ခဲ့​ပါ​၏​။ ထို​ဧရာမလူ​တို့​မှ အာနက​အမျိုး​ဆင်းသက်​လာ​၏​။ သူ​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​နှံကောင်​ကဲ့သို့​မြင်​၍ သူ​တို့​သည်​လည်း ငါ​တို့​ကို နှံကောင်​ကဲ့သို့​မြင်​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 1,
      "text": "ထိုအခါ လူထု​အပေါင်း​တို့​သည် ကျယ်လောင်​စွာ​အော်ဟစ်​ကြ​၏​။ ထို​ည​၌​လည်း လူ​တို့​သည် ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 2,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​ကို​အပြစ်တင်​လျက် “​ငါ​တို့​သည် အီဂျစ်​ပြည်​၌ သေ​ခဲ့​ပါစေလား​၊ သို့မဟုတ်လျှင်လည်း ဤ​တောကန္တာရ​၌ သေ​ခဲ့​ပါစေလား​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 3,
      "text": "ငါ​တို့​ကို ဓား​ဖြင့်​သေ​စေရန် ထာဝရဘုရား​သည် အဘယ်ကြောင့် ဤ​ပြည်​သို့​ခေါ်ဆောင်​ခဲ့​သနည်း​။ ငါ​တို့​၏​မယား​နှင့်​ကလေး​တို့​သည် လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​သို့​ပြန်သွား​လျှင် ငါ​တို့​အတွက် သာ၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 4,
      "text": "ထို့ပြင် သူ​တို့​က “​ငါ​တို့​သည် အကြီးအမှူး​တစ်​ဦး​ကို တင်မြှောက်​၍ အီဂျစ်​ပြည်​သို့​ပြန်​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 5,
      "text": "ထိုအခါ မောရှေ​နှင့်​အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အစုအဝေး​အပေါင်း​တို့​၏​ရှေ့​၌ ပျပ်ဝပ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 6,
      "text": "ထို​ပြည်​ကို​စူးစမ်း​ခဲ့​သော​သူ​တို့​ထဲမှ နုန်​၏​သား ယောရှု​နှင့် ယေဖုန္နာ​၏​သား ကာလက်​သည် မိမိ​တို့​အဝတ်​ကို ဆုတ်ဖြဲ​လျက်"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား “​ငါ​တို့​သွား​၍​စူးစမ်း​ခဲ့​သော​ပြည်​သည် အလွန်တရာ​သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ငါ​တို့​ကို​နှစ်သက်​တော်မူ​လျှင် နို့​နှင့်​ပျားရည်​စီး​သော ထို​ပြည်​သို့ ငါ​တို့​ကို​ပို့ဆောင်​၍ ငါ​တို့​အား ထို​ပြည်​ကို ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 9,
      "text": "ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​ပါ​နှင့်​။ ထို​ပြည်​၌​ရှိ​သော​လူ​တို့​ကို​လည်း မ​ကြောက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ငါ​တို့​အစာ​ဖြစ်​၏​။ သူ​တို့​၌ အကာအကွယ်​ပေး​မည့်​သူ​မ​ရှိ​။ ငါ​တို့​၌ ထာဝရဘုရား​ရှိ​၏​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 10,
      "text": "သို့သော် လူထု​အပေါင်း​တို့​သည် သူ​တို့​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ပြောဆို​ကြ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ရှေ့​တွင် ထင်ရှား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 11,
      "text": "ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ငါ့​ကို မည်မျှ​ကြာ​အောင် မထီလေးစား​ပြု​ကြ​မည်နည်း​။ သူ​တို့​တွင် ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို သူ​တို့​မြင်​ရ​သော်လည်း ငါ့​ကို မည်မျှ​ကြာ​အောင် မ​ယုံကြည်​ဘဲ​နေ​ကြ​မည်နည်း​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 12,
      "text": "ငါ​သည် သူ​တို့​ကို ကပ်ရောဂါ​ဘေး​ဖြင့် ဒဏ်ခတ်​၍ ဖျက်ဆီး​မည်​။ သင့်​ကို​ကား သူ​တို့​ထက် ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 13,
      "text": "သို့သော် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​၏​တန်ခိုး​တော်​အားဖြင့် ဤ​လူမျိုး​ကို အီဂျစ်​လူမျိုး​တို့​အလယ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို အီဂျစ်​လူမျိုး​တို့​ကြား​ကြ​၍"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 14,
      "text": "ဤ​ပြည်​၌​နေထိုင်​သော​သူ​တို့​အား ပြောပြ​ကြ​ပါ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​အလယ်​၌ ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​ကို ကိုယ်တိုင်​မြင်​ရ​၍ ကိုယ်တော်​၏​မိုးတိမ်​သည် သူ​တို့​အပေါ်​၌​တည်​လျက် နေ့​အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​အားဖြင့် ကိုယ်တော်​သည် သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​ကြောင်း​ကို​လည်းကောင်း ဤ​ပြည်သား​တို့​ကြား​ထား​ကြ​ပါ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 15,
      "text": "ကိုယ်တော်​သည် ဤ​လူမျိုး​ကို တစ်ပြိုင်တည်း ကွပ်မျက်​တော်မူ​လျှင် ကိုယ်တော်​၏​သတင်း​ကို​ကြား​ထား​သော​လူမျိုး​တို့​က"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 16,
      "text": "‘​ထာဝရဘုရား​သည် ဤ​လူမျိုး​ကို သူ​ကျိန်ဆို​ထား​သော​ပြည်​ထဲသို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့် သူ​တို့​ကို တောကန္တာရ​ထဲ၌ အဆုံးစီရင်​ပြီ​’​ဟု ပြောဆို​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 17,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​ဘုရားရှင်​၊ ယခုမှာ ကိုယ်တော်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​သည် ထင်ရှား​ပါစေသော​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 18,
      "text": "‘​ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​၊ ဖခင်​တို့​၏​အပြစ်​ကို သားမြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သည်​နှင့်အညီ ဖြစ်​ပါစေသော​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 19,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကြီးမြတ်​သည်​နှင့်အမျှ ကိုယ်တော်​သည် ဤ​လူမျိုး​ကို အီဂျစ်​ပြည်​က​ထွက်​သော​နေ့​မှစ၍ ယခု​တိုင်အောင် ခွင့်လွှတ်​တော်မူ​ခဲ့​သည့်​နည်းတူ ဤ​လူမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 20,
      "text": "ထာဝရဘုရား​က​လည်း “​သင်​လျှောက်ဆို​သည့်​အတိုင်း ငါ​ခွင့်လွှတ်​ပြီ​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 21,
      "text": "ငါ​သည် အမှန်ပင်​အသက်ရှင်​သည်​ဖြစ်၍ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​နှင့်​ပြည့်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 22,
      "text": "အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့်"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 23,
      "text": "ထို​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ကို သူ​တို့​တွေ့မြင်​ရ​ကြ​မည်​မ​ဟုတ်​။ ငါ့​ကို​မထီလေးစား​ပြု​သော​သူ​တစ်စုံတစ်ဦး​မျှ ထို​ပြည်​ကို​တွေ့မြင်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 24,
      "text": "ငါ့​အစေအပါး​ကာလက်​မူကား ခြားနား​သော​စိတ်ဝိညာဉ်​ရှိ​ပြီး ငါ့​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ငါ​သည် သူ​သွား​ခဲ့​သော​ပြည်​သို့ သူ့​ကို​ပို့ဆောင်​၍ သူ့​သားမြေး​တို့​သည် ထို​ပြည်​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 25,
      "text": "အာမလက်​လူမျိုး​နှင့်​ခါနာန်​လူမျိုး​တို့​သည် ချိုင့်ဝှမ်း​၌ နေထိုင်​ကြ​သည်​ဖြစ်၍ မနက်ဖြန် သင်​တို့​ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 26,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 27,
      "text": "“​ဤ​ဆိုးညစ်​သော​လူထု​သည် ငါ့​ကို မည်မျှ​ကြာ​အောင် အပြစ်တင်​နေ​ကြ​မည်နည်း​။ ငါ့​ကို အပြစ်တင်​နေ​ကြ​သည့် အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ရ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 28,
      "text": "ထို့ကြောင့် သူ​တို့​အား ‘​ငါ အသက်ရှင်​သည်​ဖြစ်၍ ငါ​ကြားသိ​အောင် သင်​တို့​ပြော​ခဲ့​သည့်​စကား​အတိုင်း သင်​တို့​အား ငါ အမှန်တကယ်​ပြု​မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 29,
      "text": "စာရင်းကောက်​ရာ​တွင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စာရင်းဝင်​သော​သူ​ရှိသမျှ​တို့​သည် ငါ့​ကို အပြစ်တင်​ကြ​သည်​ဖြစ်၍ ဤ​တောကန္တာရ​ထဲ၌ သူ​တို့​၏​အလောင်းကောင်​များ ကျန်ရစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 30,
      "text": "ထို​ပြည်​ကို သင်​တို့​နေထိုင်​ရာ​ဖြစ်စေ​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​ပြည်​ထဲသို့ ယေဖုန္နာ​၏​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​မှလွဲ၍ မည်သူ​မျှ​ဝင်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 31,
      "text": "လုယူဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​ဟု သင်​တို့​ပြော​ခဲ့​သော သင်​တို့​၏​ကလေး​တို့​ကို ငါ​ပို့ဆောင်​မည်​ဖြစ်၍ သင်​တို့​စွန့်ပစ်​သော ထို​ပြည်​ကို သူ​တို့ သိမြင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 32,
      "text": "သင်​တို့​၏​အလောင်းကောင်​များ​မူကား ဤ​တောကန္တာရ​ထဲ၌ ကျန်ရစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 33,
      "text": "ဤ​တောကန္တာရ​ထဲ၌ သင်​တို့ အလောင်းကောင်​ဖြစ်ကုန်​သည်​အထိ သင်​တို့​၏​သားသမီး​တို့​သည် သင်​တို့​ဖောက်ပြန်​သော​အပြစ်​ကို​ဆောင်​လျက် ဤ​တောကန္တာရ​ထဲတွင် အနှစ်​လေးဆယ်​လှည့်လည်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 34,
      "text": "သင်​တို့​သည် ထို​ပြည်​ကို​ရက်​ပေါင်း​လေးဆယ်​စူးစမ်း​ခဲ့​သည်​ဖြစ်၍ ထို​ရက်​များ​၏​အရေအတွက်​အတိုင်း တစ်ရက်​ကို တစ်နှစ်​ကျ​ဖြင့် သင်​တို့​၏​ဒုစရိုက်ဝန်​ကို နှစ်ပေါင်း​လေးဆယ်​ဆောင်​ရ​မည်​။ ဤသို့ ငါ​ဆန့်ကျင်​သည်​ကို သင်​တို့​သိ​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 35,
      "text": "ငါ​ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ကို ဆန့်ကျင်​စုဝေး​ကြ​သည့် ဤ​ဆိုးညစ်​သော​လူထု​အပေါင်း​တို့​ကို ငါ​သည် ထိုသို့​ပြု​မည်​။ သူ​တို့​သည် ဤ​တောကန္တာရ​ထဲ၌ လမ်းဆုံး​ကြ​ရ​လိမ့်မည်​။ ထို​အရပ်​တွင် သင်​တို့ သေဆုံး​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 36,
      "text": "ထို​ပြည်​ကို​စူးစမ်း​ရန် မောရှေ​စေလွှတ်​ခဲ့​သော​သူ​တို့​သည် ပြန်လာ​ပြီး ထို​ပြည်​နှင့်​ပတ်သက်၍ မကောင်းသတင်း​ဖြန့်​လျက် လူထု​အပေါင်း​တို့​ကို ညည်းညူ​စေ​ခဲ့​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 37,
      "text": "ထို​ပြည်​၏​မကောင်းသတင်း​ကို​ဖြန့်​သော​သူ​တို့​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ကာလနာ​ဘေး​ဖြင့်​သေ​ကြ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 38,
      "text": "ထို​ပြည်​ကို​စူးစမ်း​ရန် သွား​ခဲ့​သော​သူ​တို့​ထဲမှ နုန်​၏​သား ယောရှု​နှင့် ယေဖုန္နာ​၏​သား ကာလက်​တို့​မူကား အသက်ချမ်းသာ​ရာ​ရ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 39,
      "text": "မောရှေ​သည် ထို​စကား​တို့​ကို အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား ဆင့်ဆို​သောအခါ လူ​တို့​သည် ပြင်းထန်​စွာ​ငိုကြွေးမြည်တမ်း​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 40,
      "text": "ထို့နောက် သူ​တို့​သည် နံနက်​စောစောထ​၍ တောင်​ထိပ်​သို့​တက်သွား​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သော​နေရာ​သို့​သွား​ပါ​မည်​။ အကြောင်းမှာ အကျွန်ုပ်​တို့​သည် ပြစ်မှား​မိ​ကြ​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 41,
      "text": "မောရှေ​က “​သင်​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​ကို အဘယ်ကြောင့် ကျူးလွန်​ကြ​သနည်း​။ ဤ​အမှု​သည် အောင်မြင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 42,
      "text": "သင်​တို့ တက်​မ​သွား​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်​မ​မူ​။ သင်​တို့​သည် ရန်သူ​တို့​ရှေ့​၌ ရှုံးနိမ့်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 43,
      "text": "အာမလက်​လူမျိုး​၊ ခါနာန်​လူမျိုး​တို့​သည် သင်​တို့​ထက်​အလျင် ထို​အရပ်​၌ ရှိ​နှင့်​သည်​ဖြစ်၍ သင်​တို့​သည် ဓား​ဖြင့် ကျဆုံး​ရ​လိမ့်မည်​။ သင်​တို့​သည် ထာဝရဘုရား​ထံ​မှ ပြန်လှည့်​သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 44,
      "text": "သို့သော် သူ​တို့​သည် တောင်​ထိပ်​သို့ တဇွတ်ထိုး​တက်သွား​ကြ​၏​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့် မောရှေ​မူကား တပ်စခန်း​ထဲ​မှ မ​ထွက်ခွာ​ဘဲ​နေ​၏​။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 45,
      "text": "ထိုအခါ တောင်ပေါ်ဒေသ​၌ နေထိုင်​နှင့်​သော​ခါနာန်​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့​သည် ဆင်းလာ​၍ သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ ဟောမာ​အရပ်​တိုင်အောင် သူ​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တို့​နေထိုင်​ရန် ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​သောအခါ"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 3,
      "text": "ကတိသစ္စာဝတ်​ဖြေ​ရန်​အတွက်​ဖြစ်စေ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အတွက်​ဖြစ်စေ​၊ သတ်မှတ်​သော​ပွဲတော်​များ​အတွက်​ဖြစ်စေ မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ ပူဇော်​လို​လျှင် နွား​၊ သို့မဟုတ် သိုး​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​နိုင်​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 4,
      "text": "ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို​ပူဇော်​လို​သော​သူ​သည် ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ ​ရော​ထား​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို​လည်း ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 5,
      "text": "သိုးသငယ်​တစ်​ကောင်​အတွက် မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​နှင့်အတူ စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ်​ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 6,
      "text": "သိုးထီး​တစ်​ကောင်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ ​နှင့်​ရော​ထား​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ​ကို​လည်းကောင်း​၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 7,
      "text": "သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​ကို​လည်းကောင်း မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​အား ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 8,
      "text": "ကတိသစ္စာဝတ်​ဖြေ​ရန်​အတွက်​ဖြစ်စေ​၊ မိတ်သဟာယယဇ်​အတွက်​ဖြစ်စေ နွားသငယ်​ကို မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အား​ပူဇော်​လျှင်"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 9,
      "text": "ထို​နွားသငယ်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​တစ်​ဟိန်​၏​တစ်ဝက် ​ရော​ထား​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ ​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 10,
      "text": "သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် စပျစ်ဝိုင်​တစ်​ဟိန်​၏​တစ်ဝက်​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 11,
      "text": "နွားထီး​၊ သိုးထီး​၊ သိုးသငယ်​၊ ဆိတ်သငယ် တစ်ကောင်ကောင်​ကို​ပူဇော်​လျှင် ထိုသို့​ပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 12,
      "text": "သင်​တို့​ပူဇော်​မည့်​အရေအတွက်​နှင့်အညီ တစ်ကောင်စီ​အတွက် ထိုသို့​ပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 13,
      "text": "အမျိုးသားချင်း​အပေါင်း​တို့​သည် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​သောအခါ ထိုသို့​ပြု​ကြ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 14,
      "text": "သင်​တို့​တွင်​တည်းခိုနေထိုင်​သော တိုင်းတစ်ပါးသား​၊ သို့မဟုတ် သင်​တို့​၏​မျိုးဆက်​ထဲမှ တစ်ယောက်ယောက်​သည် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​လို​လျှင် သင်​တို့​ပြု​သည့်​အတိုင်း သူ​ပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 15,
      "text": "သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ လူအစုအဝေး​အတွက်​ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​မျိုးဆက်​အစဉ်အဆက်​အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​နှင့်​တိုင်းတစ်ပါးသား​တို့​သည် အတူတူ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 16,
      "text": "သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ တရား​သည် တစ်မျိုးတည်း​၊ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 18,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​ကို ငါ​ပို့ဆောင်​သော​ပြည်​သို့ သင်​တို့​သည် ဝင်ရောက်​၍"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 19,
      "text": "ထို​ပြည်​၏​အစားအစာ​ကို သင်​တို့​စား​ရ​သောအခါ ထာဝရဘုရား​အား အလှူပစ္စည်း​ကို ပေးလှူပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 20,
      "text": "သင်​တို့​၏​အဦးဆုံး​မုန့်ညက်​ဖြင့်​ပြုလုပ်​သော​မုန့်ဝိုင်း​ကို အလှူပစ္စည်း​အဖြစ် ပေးလှူပူဇော်​ရ​မည်​။ ၎င်း​ကို ကောက်နယ်တလင်း​မှ​အလှူပစ္စည်း​ကဲ့သို့ ပေးလှူပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 21,
      "text": "သင်​တို့​၏​အဦးဆုံး​မုန့်ညက်​မှ​အလှူပစ္စည်း​ကို သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် ထာဝရဘုရား​အား ပေးလှူ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 22,
      "text": "မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​ထား​သော ဤ​ပညတ်တော်​အလုံးစုံ​ကို သင်​တို့​မ​စောင့်ထိန်း​၊ မရည်ရွယ်ဘဲကျူးလွန်မိ​ခြင်း​တည်းဟူသော"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 23,
      "text": "မောရှေ​မှတစ်ဆင့်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​သော​ပညတ်တော်​တို့​ကို ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​နေ့​မှစ၍ နောင်လာမည့်​သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​က"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 24,
      "text": "လူမမြင်ကွယ်ရာ​တွင် မရည်ရွယ်​ဘဲ​ကျူးလွန်​မိ​မည်​ဆိုလျှင် လူထု​အပေါင်း​တို့​သည် စီရင်ထုံးဖွဲ့ချက်​နှင့်အညီ မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားထီးပျို​တစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​နှင့်အတူ ထာဝရဘုရား​အား ပူဇော်​ရ​မည်​။ ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 25,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မိမိ​တို့ မရည်ရွယ်​ဘဲ​ကျူးလွန်​မိ​သော​အမှား​အတွက် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ပူဇော်သက္ကာ​ကို​လည်းကောင်း​၊ အပြစ်ဖြေရာယဇ်​ကို​လည်းကောင်း ထာဝရဘုရား​၏​ရှေ့​တော်​သို့ ယူဆောင်​ခဲ့​ကြ​သည်​ဖြစ်၍ ယဇ်ပုရောဟိတ်​သည် မရည်ရွယ်​ဘဲ​ကျူးလွန်​မိ​သော​အမှား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။ ထိုအခါ သူ​တို့​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 26,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​နှင့် သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​တို့​သည် မရည်ရွယ်​ဘဲ​ကျူးလွန်​မိ​သည်​ဖြစ်၍ သူ​တို့​အားလုံး အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 27,
      "text": "လူ​တစ်​ယောက်​သည် မရည်ရွယ်​ဘဲ​အပြစ်ပြု​မိ​လျှင် သူ​သည် အပြစ်ဖြေရာယဇ်​အတွက် တစ်နှစ်သားအရွယ် ဆိတ်မကလေး​တစ်​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 28,
      "text": "မရည်ရွယ်​ဘဲ​အပြစ်ပြု​မိ​သော ထို​သူ​အတွက် ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သောအခါ ထို​သူ​သည် အပြစ်လွှတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 29,
      "text": "မရည်ရွယ်​ဘဲ​အပြစ်ပြု​မိ​သော​သူ​နှင့်​ပတ်သက်၍ အစ္စရေး​အမျိုးသား​တို့​တွင် အမျိုးသားချင်း​အတွက်​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော တစ်ပါးအမျိုးသား​အတွက်​ဖြစ်စေ တရား​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 30,
      "text": "အမျိုးသားချင်း​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ အပြစ်​ကို​တမင်တကာ​ပြု​သော​သူ​သည် ထာဝရဘုရား​ကို​စော်ကား​သော​သူ​ဖြစ်၍ ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 31,
      "text": "သူ​သည် ထာဝရဘုရား​၏​စကား​တော်​ကို​မထီမဲ့မြင်ပြု​၍ ပညတ်တော်​ကို ချိုးဖောက်​သောကြောင့် သူ​သည် စင်စစ်​ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​၏​ဒုစရိုက်​သည် သူ့​အပေါ်​၌​တည်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 32,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌​ရှိ​နေစဉ် ဥပုသ်နေ့​၌ ထင်းခွေ​နေ​သော​လူ​တစ်​ယောက်​ကို တွေ့​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 33,
      "text": "ထို​ထင်းခွေ​နေ​သော​သူ​ကို​တွေ့​သော​သူ​တို့​သည် သူ့​ကို မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ ခေါ်ဆောင်​လာ​ခဲ့​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 34,
      "text": "ထို​သူ​အား မည်သို့​စီရင်​ရ​မည်​ကို သေသေချာချာ​မ​သိ​သေး​သောကြောင့် သူ့​ကို အကျဉ်း​ချ​ထား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 35,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​ထို​သူ​သည် မုချ​အသတ်​ခံရ​မည်​။ လူထု​အပေါင်း​တို့​သည် ထို​သူ​ကို တပ်စခန်း​၏​အပြင်ဘက်​၌ ခဲ​နှင့်​ပေါက်သတ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 36,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လူထု​အပေါင်း​တို့​သည် ထို​သူ​ကို တပ်စခန်း​အပြင်ဘက်​သို့ ထုတ်ဆောင်​သွား​၍ ခဲ​နှင့်​ပေါက်သတ်​ကြ​သဖြင့် သူ​သေ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 37,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 38,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် မိမိ​တို့​အဝတ်​၏​ထောင့်စွန်း​တို့​၌ ပန်းဖွား​ကို​ပြုလုပ်​၍ ထို​ထောင့်စွန်း​ပန်းဖွား​၌ အပြာရောင်​ကြိုး​တပ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 39,
      "text": "သင်​တို့​၌ ထို​ပန်းဖွား​ရှိ​ရ​ခြင်း​မှာ ထို​ပန်းဖွား​ကို သင်​တို့​မြင်​သောအခါ သင်​တို့​ကို​ဖောက်ပြန်မှားယွင်း​စေ​သော သင်​တို့​၏​စိတ်​အလို​၊ မျက်စိ​အလို နောက်သို့​မ​လိုက်​ဘဲ ထာဝရဘုရား​၏​ပညတ်တော်​အလုံးစုံ​ကို အောက်မေ့​၍ ပညတ်တော်​တို့​ကို ကျင့်ဆောင်​ကြ​စေရန်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 40,
      "text": "ငါ​၏​ပညတ်တော်​အလုံးစုံ​ကို အောက်မေ့​၍ ကျင့်ဆောင်​ခြင်း​ဖြင့် သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​အတွက် သန့်ရှင်း​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 41,
      "text": "ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 1,
      "text": "လေဝိ​၏​မြစ်​၊ ကောဟတ်​၏​မြေး​၊ ဣဇဟာ​၏​သား ကောရ​သည် ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​၊ ပေလက်​၏​သား ဩန တို့​ကို​ခေါ်​၍"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 2,
      "text": "လူ​အစုအဝေး​ထဲမှ ရွေးကောက်တင်မြှောက်​ထား​သည့် နာမည်​ကျော်စော​သော အစ္စရေး​အမျိုးသား လူထု​ခေါင်းဆောင် အယောက်​နှစ်ရာ့​ငါးဆယ်​တို့​နှင့်အတူ မောရှေ​အား ဆန့်ကျင်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 3,
      "text": "ထို​သူ​တို့​သည် စုရုံး​၍ မောရှေ​နှင့်​အာရုန်​အား “​သင်​တို့ တရားလွန်​နေ​ပြီ​။ လူထု​အပေါင်း​တို့​သည် တစ်ယောက်မကျန် သန့်ရှင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​လူအစုအဝေး​အပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်​ရ​သနည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 4,
      "text": "မောရှေ​သည် ထို​စကား​ကို​ကြား​သောအခါ ပျပ်ဝပ်​လျက်​နေ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 5,
      "text": "ထို့နောက် မောရှေ​က ကောရ​နှင့်​သူ​၏​အပေါင်းပါ​အားလုံး​တို့​အား “​မည်သူ​သည် ထာဝရဘုရား​၏​လူ​ဖြစ်​သည်​ကို​လည်းကောင်း​၊ မည်သူ​သည် သန့်ရှင်း​သော​သူ​ဖြစ်​သည်​ကို​လည်းကောင်း​၊ မည်သူ​သည် ကိုယ်တော်​ထံသို့​ချဉ်းကပ်​ခွင့်​ရ​မည်​ကို​လည်းကောင်း မနက်ဖြန်​နံနက် ထာဝရဘုရား​ဖော်ပြ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် မိမိ​ရွေးချယ်​တော်မူ​သော​သူ​ကို မိမိ​ထံသို့ ချဉ်းကပ်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 6,
      "text": "ကောရ​နှင့်​အပေါင်းပါ​အားလုံး​တို့​၊ ဤသို့​ပြု​ကြ​လော့​။ သင်​တို့​သည် မီးကျီးခံဗန်း​များ​ကို​ယူ​၍"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 7,
      "text": "မနက်ဖြန် ထာဝရဘုရား​ရှေ့​တော်​၌ ထို​မီးကျီးခံဗန်း​များ​ထဲသို့ မီး​ထည့်​ပြီးလျှင် မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​လော့​။ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​သူ​သည် သန့်ရှင်း​သော​သူ​ဖြစ်​လိမ့်မည်​။ အို လေဝိ​သားမြေး​တို့​၊ သင်​တို့ တရားလွန်​နေ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 8,
      "text": "တစ်ဖန် မောရှေ​က ကောရ​အား “​လေဝိ​သားမြေး​တို့​၊ နားထောင်​ကြ​လော့​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 9,
      "text": "အစ္စရေး​အမျိုး​၏​ဘုရားသခင်​သည် သင်​တို့​အား မိမိ​အထံ​တော်​သို့​ချဉ်းကပ်​ရန်​၊ ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​အမှု​ကို ဆောင်ရွက်​ရန်​၊ လူထု​တို့​၏​ရှေ့​၌​ရပ်​လျက် သူ​တို့​အမှု​ကို​ဆောင်ရွက်​ရန် အစ္စရေး​လူထု​ထဲမှ ခွဲခြားထား​သည်​မှာ သေးငယ်​သော​အမှု​လော​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 10,
      "text": "ကိုယ်တော်​သည် သင်​နှင့်တကွ လေဝိ​သားမြေး​များ​ဖြစ်​သည့် သင်​၏​အမျိုးသားချင်း​အပေါင်း​တို့​ကို​လည်း ချဉ်းကပ်ခွင့်​ပေး​တော်မူ​၏​။ သို့ရာတွင် သင်​တို့​သည် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို​ပါ ရှာကြံ​ကြ​သည်​တကား​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 11,
      "text": "ထို့ကြောင့် သင်​နှင့်​သင့်​အပေါင်းပါ​အားလုံး​တို့​သည် စုဝေး​၍ ထာဝရဘုရား​ကို​ဆန့်ကျင်​သော​သူ​များ​ဖြစ်​ကြ​၏​။ အာရုန်​သည် မည်သို့​သော​သူ​ဖြစ်၍ သင်​တို့​သည် သူ့​ကို အပြစ်တင်​ကြ​သနည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 12,
      "text": "ထို့နောက် မောရှေ​သည် ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​ကို ဆင့်ခေါ်​၏​။ သို့သော် သူ​တို့​က “​ငါ​တို့​မ​လာ​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 13,
      "text": "ငါ​တို့​ကို ဤ​တောကန္တာရ​ထဲ၌ သေ​စေရန် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​မှ ထုတ်ဆောင်​ခဲ့​သည်​မှာ မလုံလောက်​ဘဲ ငါ​တို့​အပေါ် မင်း​အဖြစ် အုပ်စိုး​လို​သေး​သလော​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 14,
      "text": "သင်​သည် ငါ​တို့​ကို နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ မ​ပို့ဆောင်​၊ အမွေ​အဖြစ် လယ်ယာ​နှင့်​စပျစ်ခြံ​ကို​လည်း ငါ​တို့​အား​မ​ပေး​။ ဤ​သူ​တို့​၏​မျက်စိ​ကို​လည်း ဖောက်​လို​သလော​။ ငါ​တို့​မ​လာ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 15,
      "text": "ထိုအခါ မောရှေ​သည် အလွန်​အမျက်ထွက်​၍ ထာဝရဘုရား​အား “​ထို​သူ​တို့​၏​ဘောဇဉ်ပူဇော်သက္ကာ​ကို လှည့်ကြည့်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် သူ​တို့​ထံမှ မြည်း​တစ်​ကောင်​ကို​မျှ မ​ယူ​ခဲ့​ဖူး​ပါ​။ သူ​တို့​ထဲမှ​တစ်စုံတစ်ယောက်​ကို​မျှ အန္တရာယ်​မ​ပြု​ခဲ့​ဖူး​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 16,
      "text": "ထို့နောက် မောရှေ​က ကောရ​အား “​မနက်ဖြန် သင်​နှင့် သင်​၏​အပေါင်းပါ​အားလုံး ထာဝရဘုရား​ရှေ့​တော်​သို့​လာ​ကြ​လော့​။ သင်​တို့​နှင့်အတူ အာရုန်​လည်း ရှိ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 17,
      "text": "သင်​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ယူ​၍ နံ့သာပေါင်း​ကို​ထည့်​ရ​မည်​။ သင်​နှင့်​အာရုန်​မှစ၍ သင်​၏​အပေါင်းပါ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​လာ​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 18,
      "text": "ထို့ကြောင့် သူ​တို့​သည် အသီးသီး မိမိ​တို့​၏​မီးကျီးခံဗန်း​ကို​ယူ​၍ မီး​ကို​ထည့်​ပြီးလျှင် မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​၏​။ ထို့နောက် မောရှေ​၊ အာရုန်​တို့​နှင့်အတူ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 19,
      "text": "ကောရ​သည် လူထု​အပေါင်း​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​စေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် လူထု​အပေါင်း​တို့​ရှေ့​၌​ထင်ရှား​၍"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 20,
      "text": "ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 21,
      "text": "“​ဤ​လူထု​အပေါင်း​တို့​နှင့် ခွဲ​နေ​လော့​။ သူ​တို့​ကို ယခုချက်ချင်း ငါ​ဖျက်ဆီး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 22,
      "text": "ထိုအခါ မောရှေ​နှင့်​အာရုန်​သည် ပျပ်ဝပ်​လျက် “​လူသား​အားလုံး​၏​အသက်ဝိညာဉ်​ကို ပိုင်​တော်မူ​သော အို ဘုရားသခင်​၊ လူ​တစ်​ယောက်​၏​ပြစ်မှားမှု​ကြောင့် လူထု​အပေါင်း​ကို အမျက်ထွက်​တော်မူ​မည်လော​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 23,
      "text": "ထာဝရဘုရား​က​လည်း မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 24,
      "text": "“​ကောရ​၊ ဒါသန်​၊ အဘိရံ​တို့​၏​တဲ​နှင့် ဝေးဝေးနေ​ကြ​ရန် လူထု​တို့​အား ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 25,
      "text": "မောရှေ​သည်​လည်း ဒါသန်​နှင့်​အဘိရံ​တို့​ထံသို့ ထ​သွား​သဖြင့် အစ္စရေး​သက်ကြီးဝါကြီး​တို့​သည် သူ့​နောက်သို့​လိုက်သွား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 26,
      "text": "မောရှေ​က လူထု​တို့​အား “​ဤ​ဆိုးယုတ်​သော​သူ​တို့​၏​တဲ​များ​မှ ဖယ်ခွာ​ကြ​လော့​။ သူ​တို့​ပိုင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ထိ​ကြ​နှင့်​။ ထိမိ​လျှင် သူ​တို့​အပြစ်​များ​ကြောင့် သင်​တို့​ပါ ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​လျှင်"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 27,
      "text": "လူ​တို့​သည် ကောရ​၊ ဒါသန်​၊ အဘိရံ​တို့​၏​တဲ​နှင့် ဝေးဝေးနေ​ကြ​လေ​၏​။ ဒါသန်​နှင့်​အဘိရံ​သည်​လည်း မိမိ​တို့​၏​သား​မယား​များ​နှင့် ကလေးငယ်​များ​ပါ​ထွက်လာ​၍ တဲ​အဝင်ဝ​၌ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 28,
      "text": "မောရှေ​က သူ​တို့​အား “​ဤ​အမှု​အားလုံး​ကို ငါ့​စိတ်သဘော​အတိုင်း ငါ​ပြု​သည်​မ​ဟုတ်​၊ ထာဝရဘုရား​သည် ငါ့​ကို စေလွှတ်​တော်မူ​၍ ငါ​ပြု​ခြင်း​ဖြစ်ကြောင်း ဤနည်းဖြင့် သင်​တို့ သိ​ကြ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 29,
      "text": "ဤ​လူ​တို့​သည် လူ​တိုင်း​သေ​သကဲ့သို့ပင် သေ​ရ​ကြ​လျှင်​၊ လူ​တိုင်း​တွေ့ကြုံ​ရ​သကဲ့သို့​ပင် တွေ့ကြုံ​ရ​ကြ​လျှင် ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 30,
      "text": "ထာဝရဘုရား​သည် မဖြစ်ဖူးသေး​သော​အမှု​ကို​ပြု​တော်မူ​သဖြင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် သူ​တို့​နှင့် သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​၍ အရှင်လတ်လတ် မရဏာနိုင်ငံ​သို့ ဆင်းသွား​ရ​လျှင် သူ​တို့​သည် ထာဝရဘုရား​ကို​မထီလေးစား​ပြု​ခြင်း​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 31,
      "text": "ထို​စကား​အားလုံး​ကို မောရှေ​ပြော​ပြီး​သည်​နှင့် ထို​သူ​တို့​နင်း​ထား​သော​မြေ​သည် အက်ကွဲ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 32,
      "text": "မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ သူ​တို့​နှင့်​သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ ကောရ​နှင့်ဆိုင်သော​သူ​ရှိသမျှ​၊ သူ​တို့​၏​ဥစ္စာ​ရှိသမျှ​တို့​ကို မျို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 33,
      "text": "ထို​သူ​တို့​သည် သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​နှင့်အတူ မရဏာနိုင်ငံ​သို့ အရှင်လတ်လတ်​ဆင်းသွား​ကြ​ရ​၏​။ မြေကြီး​သည် ပြန်ပိတ်​သွား​လေ​၏​။ သူ​တို့​သည် လူအစုအဝေး​ထဲမှ ပျောက်ကွယ်​သွား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 34,
      "text": "ထို​သူ​တို့​၏​အော်သံ​ကို သူ​တို့​ပတ်ပတ်လည်​၌​ရှိ​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြား​၍ “​ငါ​တို့​ကို​လည်း မြေ​မျို​လိမ့်မည်​”​ဟု ဆို​လျက် ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 35,
      "text": "ထာဝရဘုရား​ထံ​တော်​မှ​လည်း မီး​ထွက်လာ​၍ နံ့သာပေါင်း​ပူဇော်​နေ​သော လူ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​ကို လောင်ကျွမ်း​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 36,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 37,
      "text": "“​မီးကျီးခံဗန်း​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ အာရုန်​၏​သား ယဇ်ပုရောဟိတ်​ဧလာဇာ​အား မီးလောင်​နေ​သော​နေရာ​ထဲ​မှ ထို​မီးကျီးခံဗန်း​တို့​ကို ထုတ်ယူ​မည့်​အကြောင်း ဆင့်ဆို​လော့​။ မီးခဲ​ကို​ကား အဝေး​သို့​သွန်ပစ်​စေ​လော့​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 38,
      "text": "အသက်​ဆုံးရှုံး​သွား​သော ထို​အပြစ်သား​တို့​၏​မီးကျီးခံဗန်း​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ပြီး​ဖြစ်၍ သန့်ရှင်း​သောကြောင့် အပြား​ခတ်​ပြီး ယဇ်ပလ္လင်​ကို​အုပ်​ထား​ရ​မည်​။ ၎င်း​သည် အစ္စရေး​အမျိုးသား​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ်​ရှိ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 39,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယဇ်ပုရောဟိတ်​ဧလာဇာ​သည်​လည်း မီးလောင်​ခြင်း​ခံရ​သော​သူ​တို့​ပူဇော်​သည့် ကြေးနီ​မီးကျီးခံဗန်း​တို့​ကို​ယူ​၍ ယဇ်ပလ္လင်​ကို​ဖုံး​ရန် အပြား​ခတ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 40,
      "text": "ဤသည်ကား ကောရ​နှင့်​သူ​၏​အပေါင်းပါ​တို့​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​တော်​၌ နံ့သာပေါင်း​မီးရှို့​ဖို့ အာရုန်​၏​သားစဉ်မြေးဆက်​မ​ဟုတ်​သည့်​သာမန်လူ​တစ်စုံတစ်ယောက်​မျှ​မ​ချဉ်းကပ်​မိ​စေရန် အစ္စရေး​အမျိုးသား​တို့ အမှတ်ရစရာ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 41,
      "text": "နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 42,
      "text": "ထိုသို့ လူထုပရိသတ်​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်​စဉ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဘက်​သို့​လှည့်ကြည့်​ရာ မိုးတိမ်​သည် တဲ​တော်​ကို​ဖုံးလွှမ်း​၍ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ထင်ရှား​သည်​ကို မြင်​ကြ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 43,
      "text": "မောရှေ​နှင့်​အာရုန်​သည်​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 44,
      "text": "ထိုအခါ ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 45,
      "text": "“​ဤ​လူထု​ထံ​မှ ထွက်သွား​လော့​။ သူ​တို့​ကို ယခုချက်ချင်း ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​လျှင် သူ​တို့​သည် ပျပ်ဝပ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 46,
      "text": "ထို့နောက် မောရှေ​က အာရုန်​အား “​မီးကျီးခံဗန်း​ကို​ယူ​၍ ယဇ်ပလ္လင်​ပေါ်ရှိ​မီး​ကို ထို​ဗန်း​ထဲသို့​ထည့်​ပြီးလျှင် နံ့သာပေါင်း​ကို​တင်​လော့​။ လူထု​ထံသို့​အလျင်အမြန်​ယူသွား​၍ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ပေး​လော့​။ ထာဝရဘုရား​ထံ​မှ အမျက်​တော်​ထွက်​သဖြင့် ဘေးဒဏ်​ကျရောက်စပြု​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 47,
      "text": "အာရုန်​လည်း မောရှေ​ပြော​သည့်​အတိုင်း ယူ​၍​လူအစုအဝေး​အလယ်​သို့ ပြေးသွား​လေ​၏​။ ထို​အချိန်​၌ လူ​တို့​အလယ်​တွင် ဘေးဒဏ်​ကျရောက်စပြု​လေ​ပြီ​။ အာရုန်​သည်​လည်း နံ့သာပေါင်း​ကို ပူဇော်​၍ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 48,
      "text": "သေ​သူ​နှင့် ရှင်​သူ​တို့​ကြား ရပ်​နေ​၏​။ ဘေးဒဏ်​လည်း​ငြိမ်း​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 49,
      "text": "ကောရ​ကြောင့် သေဆုံး​သူ​တို့​အပြင် ဘေးဒဏ်​ကြောင့် သေဆုံး​သူ တစ်သောင်းလေးထောင့်​ခုနစ်​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 50,
      "text": "ဘေးဒဏ်​ငြိမ်း​သောအခါ အာရုန်​သည် မောရှေ​ရှိ​ရာ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ ပြန်လာ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သူ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် ခေါင်းဆောင်​တစ်ဦးစီ​တို့​ထံ​မှ တောင်ဝှေး​တစ်ချောင်းစီ စုစုပေါင်း​တောင်ဝှေး​တစ်ဆယ့်​နှစ်​ချောင်း​ကို ယူ​၍ သူ​တို့​၏​အမည်​အသီးသီး​ကို တောင်ဝှေး​ပေါ်၌ ရေး​လော့​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 3,
      "text": "အာရုန်​၏​အမည်​ကို လေဝိ​အမျိုး​၏​တောင်ဝှေး​ပေါ်၌ ရေး​ရ​မည်​။ ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အကြီးအမှူး​တစ်​ဦး​လျှင် တောင်ဝှေး​တစ်ချောင်းစီ​ရှိ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 4,
      "text": "ထို​တောင်ဝှေး​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အထဲ​ရှိ​သက်သေခံချက်​ရှေ့​၊ သင်​တို့​နှင့်​ငါ​တွေ့ဆုံ​ရာ​နေရာ​၌ ထား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 5,
      "text": "ငါ​ရွေးချယ်​သော​သူ​၏​တောင်ဝှေး​သည် အတက်ပေါက်​လိမ့်မည်​။ ဤသို့ဖြင့် သင်​တို့​ကို အပြစ်တင်​နေ​ကြ​သော အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ရပ်စဲ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 6,
      "text": "မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​သဖြင့် သူ​တို့​၏​ခေါင်းဆောင်​အသီးသီး​တို့​သည် မိမိ​တို့​ဘိုးဘေး​များ​၏​အမျိုးအနွယ်​အလိုက် ခေါင်းဆောင်​တစ်​ဦး​လျှင် တောင်ဝှေး​တစ်ချောင်းစီ စုစုပေါင်း​တောင်ဝှေး​တစ်ဆယ့်​နှစ်​ချောင်း​ကို သူ့​အား​ပေး​ကြ​၏​။ ထို​တောင်ဝှေး​များ​ထဲ​တွင် အာရုန်​၏​တောင်ဝှေး​လည်း​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 7,
      "text": "မောရှေ​သည် ထို​တောင်ဝှေး​တို့​ကို သက်သေခံချက်​တဲ​တော်​အတွင်း ထာဝရဘုရား​ရှေ့​တော်​၌ ထား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 8,
      "text": "နောက်တစ်နေ့​၌ မောရှေ​သည် သက်သေခံချက်​တဲ​တော်​ထဲသို့ ဝင်​သောအခါ လေဝိ​အမျိုးအနွယ်​၊ အာရုန်​၏​တောင်ဝှေး​သည် အတက်ပေါက်​လျက်​၊ အဖူး​ဖူး​လျက်​၊ အပွင့်​ပွင့်​လျက်​၊ ဗာဒံသီး​သီး​လျက်​ရှိ​သည်​ကို တွေ့​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 9,
      "text": "မောရှေ​သည် တောင်ဝှေး​အားလုံး​ကို ထာဝရဘုရား​ရှေ့​တော်​မှ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ထံသို့ ယူဆောင်​လာ​၍ သူ​တို့​သည် ကြည့်ရှု​ပြီး မိမိ​၏​တောင်ဝှေး​ကို အသီးသီး​ပြန်ယူ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 10,
      "text": "ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​တောင်ဝှေး​ကို သူ​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ် သက်သေခံချက်​ရှေ့​၌ ပြန်ထား​လော့​။ သို့ပြုလျှင် ပုန်ကန်သူ​တို့​မြည်တွန်တောက်တီး​သော​အသံ​ရပ်စဲ​၍ သူ​တို့​သည် သေဘေး​နှင့်​ကင်းလွတ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 11,
      "text": "မောရှေ​သည်​လည်း ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 12,
      "text": "အစ္စရေး​အမျိုးသား​တို့​က မောရှေ​အား “​အကျွန်ုပ်​တို့ သေ​ကြ​ရ​တော့​မည်​။ အကျွန်ုပ်​တို့ ပျက်စီး​ကြ​ရ​တော့​မည်​။ အကျွန်ုပ်​တို့​အားလုံး ပျက်စီး​ကြ​ရ​တော့​မည်​။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 13,
      "text": "ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နားသို့​လာ​သော​သူ​တိုင်း သေ​ရ​မည်​ဖြစ်၍ အကျွန်ုပ်​တို့​အားလုံး​သေ​ကြ​ရ​တော့​မည်​လော​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 1,
      "text": "ထာဝရဘုရား​က အာရုန်​အား “​သန့်ရှင်းရာဌာန​နှင့်​ပတ်သက်၍ ပြစ်မှား​မိ​သော​အပြစ်​ကို သင်​နှင့်​သင်​၏​သား​များ​၊ သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​များ ခံ​ကြ​ရ​မည်​။ ယဇ်ပုရောဟိတ်​အရိုက်အရာ​နှင့်​ပတ်သက်၍ ပြစ်မှား​မိ​သော​အပြစ်​ကို သင်​နှင့်​သင်​၏​သား​များ ခံ​ကြ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 2,
      "text": "သက်သေခံချက်​တဲ​တော်​ရှေ့​၌ သင်​နှင့်​သင်​၏​သား​တို့ အမှု​တော်​ဆောင်ရွက်​ရာ​တွင် သင်​တို့​နှင့်​ပူးပေါင်း​၍ အမှု​တော်​ဆောင်ရွက်​ရန် သင့်​ဘိုးဘေး​၏​မျိုးနွယ်​ဖြစ်​သည့် သင်​၏​အမျိုးသားချင်း​လေဝိ​အမျိုးအနွယ်​တို့​ကို သင်​နှင့်အတူ​ခေါ်ဆောင်​လော့​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 3,
      "text": "သူ​တို့​သည် သင်​နှင့်ဆိုင်သော​အလုပ်​၊ တဲ​တော်​တစ်ခုလုံး​နှင့်ဆိုင်သော​အလုပ်​တို့​ကို ဆောင်ရွက်​ရ​မည်​။ သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ​နှင့်​ယဇ်ပလ္လင် အနီး​သို့​မ​လာ​ရ​။ လာမိလျှင် သင်​နှင့်အတူ သူ​တို့​ပါ သေ​ကြ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 4,
      "text": "သူ​တို့​သည် သင်​နှင့်​ပူးပေါင်း​လျက် တဲ​တော်​နှင့်ဆိုင်သော​အလုပ်​ရှိသမျှ​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှုကိစ္စ​ကို ဆောင်ရွက်​ရ​မည်​။ မဆိုင်​သော​သူ​ကား သင်​တို့​ထံသို့ မ​ချဉ်းကပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 5,
      "text": "သင်​တို့​သာ​လျှင် သန့်ရှင်းရာဌာန​၏​အမှုကိစ္စ​၊ ယဇ်ပလ္လင်​၏​အမှုကိစ္စ​တို့​ကို ဆောင်ရွက်​ရ​မည်​။ သို့မှ နောက်တစ်ဖန် အစ္စရေး​အမျိုးသား​တို့​အပေါ်​သို့ အမျက်​တော်​မ​သက်ရောက်​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 6,
      "text": "ငါ​သည် သင်​တို့​၏​အမျိုးသားချင်း​လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​ထဲ​မှ ရွေးယူ​ပြီ​။ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှုကိစ္စ​ကို​ဆောင်ရွက်​ရန် သင်​တို့​အတွက်​လက်ဆောင်​အဖြစ် ထာဝရဘုရား​ထံ ဆက်ကပ်​ထား​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 7,
      "text": "သင်​နှင့်​သင်​၏​သား​တို့​ကား ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို စောင့်ထိန်း​ရ​မည်​။ ယဇ်ပလ္လင်​နှင့် ကန့်လန့်ကာ​အတွင်း​ရှိ အလုပ်​ဟူသမျှ​ကို လုပ်ဆောင်​ရ​မည်​။ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်​ခြင်း​ကို သင်​တို့​အား လက်ဆောင်​အဖြစ် ငါ​ပေး​၏​။ မဆိုင်​သော​သူ​ချဉ်းကပ်​လျှင် အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​က အာရုန်​အား “​ငါ့​အား ပေးလှူ​သော​အလှူပစ္စည်း​တို့​ကို သင့်​အား ငါ​ပေး​ပြီ​။ အစ္စရေး​အမျိုးသား​တို့​၏​သန့်ရှင်းသောအရာ​ရှိသမျှ​တို့​ကို သင့်​ဝေစု​အဖြစ်​လည်းကောင်း​၊ သင်​၏​သားမြေး​တို့ အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ်​လည်းကောင်း ငါ​ပေး​ပြီ​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 9,
      "text": "ငါ့​အား အစ္စရေး​အမျိုးသား​တို့ ပေးလှူ​သည့် ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​စသော ပူဇော်သက္ကာ​အားလုံး​တို့​ထဲမှ မီး​မ​ရှို့​ဘဲ​ဖယ်ထား​သည့် အသန့်ရှင်းဆုံး​ပူဇော်သက္ကာ​သည် သင့်​အဖို့​ဖြစ်​၍ သင်​နှင့် သင်​၏​သား​တို့​အဖို့ အသန့်ရှင်းဆုံး​သော​အရာ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 10,
      "text": "အထူး​သန့်ရှင်းသောနေရာ​၌ စား​ရ​မည်​။ ယောက်ျား​တိုင်း စား​ခွင့်​ရှိ​၏​။ သင့်​အဖို့ သန့်ရှင်းသောအရာ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 11,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​ချီမြှောက်​ရာ​အလှူပစ္စည်း​၊ ချီလွှဲရာပူဇော်သက္ကာ​အားလုံး​သည်​လည်း သင့်​အဖို့​ဖြစ်​၏​။ သင်​နှင့်​သင့်​သား​သမီး​တို့ အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ် ငါ​ပေး​ပြီ​။ သင့်​အိမ်​ရှိ စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 12,
      "text": "ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ပေးလှူ​သည့် အကောင်းဆုံး​ဆီ​၊ အကောင်းဆုံး​စပျစ်ဝိုင်​အသစ်​၊ အဦးဆုံး​ကောက်ပဲသီးနှံ​စသည်​တို့​အားလုံး​ကို သင်​တို့​အား ငါ​ပေး​ပြီ​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 13,
      "text": "ထာဝရဘုရား​ထံ ယူဆောင်​လာ​သော သူ​တို့​ပြည်​ထွက်​အဦးဆုံးသီးနှံ​အားလုံး​သည်​လည်း သင့်​အဖို့​ဖြစ်​၏​။ သင့်​အိမ်​ရှိ စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​တို့ ဆက်ကပ်​သော​အရာ​အားလုံး​သည် သင့်​အဖို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 15,
      "text": "လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ ထာဝရဘုရား​ထံ ပူဇော်​သည့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သတ္တဝါ​ရှိသမျှ​သည် သင့်​အဖို့​ဖြစ်​၏​။ သို့သော် သင်​သည် လူ​၏​သားဦး​ကို အမှန်​ရွေးနုတ်​ရ​မည်​။ မစင်ကြယ်​သော​တိရစ္ဆာန်​၏​သားဦး​ကို​လည်း ရွေးနုတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 16,
      "text": "ရွေးနုတ်​ရာ​တွင် တစ်လသား​အရွယ်​ဖြစ်​လျှင် သင်​တန်ဖိုး​ဖြတ်​ထား​သည့်​အတိုင်း သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ငွေ​ငါး​ရှယ်ကယ် ​ဖြင့် ရွေးနုတ်​ရ​မည်​။ (​တစ်​ရှယ်ကယ် ​လျှင် ဂေရ​နှစ်ဆယ် ​နှင့်​ညီမျှ​၏​။​)"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 17,
      "text": "သို့သော် နွား​သားဦး​၊ ဆိတ်​သားဦး​၊ သိုး​သားဦး​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ မ​ရွေးနုတ်​ရ​။ ထို​အကောင်​တို့​၏​သွေး​ကို ယဇ်ပလ္လင်​၌ ဖျန်း​ရ​မည်​။ အဆီ​ကို​မူ ထာဝရဘုရား​ထံ မွှေးကြိုင်​သော​ရနံ့​အဖြစ် မီးရှို့ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 18,
      "text": "ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​၊ ယာဘက်​ပေါင်​သည် သင့်​အဖို့​ဖြစ်​သကဲ့သို့ အသား​သည်​လည်း သင့်​အဖို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 19,
      "text": "ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့​ပေးလှူပူဇော်​သည့် သန့်ရှင်း​သော​အလှူပစ္စည်း​ရှိသမျှ​တို့​ကို အစဉ်အမြဲ​ရရှိ​ရ​မည့်​ဝေစု​အဖြစ် သင်​နှင့် သင်​၏​သား​သမီး​တို့​အား ငါ​ပေး​၏​။ ထို​ဝေစု​သည် ထာဝရဘုရား​ရှေ့​တော်​၌ သင်​နှင့် သင်​၏​သားစဉ်မြေးဆက်​တို့​အတွက် ထာဝရ​ဆား​ပဋိညာဉ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 20,
      "text": "တစ်ဖန် ထာဝရဘုရား​က အာရုန်​အား “​အစ္စရေး​အမျိုးသား​တို့​ပြည်​၌ သင်​အမွေဆက်ခံ​ရ​မည်​မ​ဟုတ်​။ သင့်​အတွက် ဝေစု​ရှိ​မည်​မ​ဟုတ်​။ သူ​တို့​တွင် ငါ​သည် သင့်​ဝေစု​၊ သင့်​အမွေ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 21,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​ကို ထမ်းဆောင်​ရ​သော​လေဝိ​သားမြေး​တို့​အား သူ​တို့​ထမ်းဆောင်​သော​အမှု​အတွက် အစ္စရေး​အမျိုးသား​တို့​၏​ဆယ်ဖို့တစ်ဖို့​အားလုံး​ကို အမွေ​အဖြစ် ငါ​ပေး​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 22,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် အပြစ်​သင့်​၍ မ​သေ​ကြ​ရ​မည့်​အကြောင်း ယခု​မှစ၍​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ မ​ချဉ်းကပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 23,
      "text": "လေဝိ​အမျိုး​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​ကို ထမ်းဆောင်​ရ​မည်​။ သူ​တို့​သည် ကိုယ်​ပြု​မိ​သော​အပြစ်​ကို ကိုယ်​ခံရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက် ဖြစ်​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အမွေ​မ​ခံရ​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 24,
      "text": "အလှူပစ္စည်း​အဖြစ် ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့​ပေးလှူပူဇော်​သည့် ဆယ်ဖို့တစ်ဖို့​တို့​ကို လေဝိ​အမျိုး​တို့​အား အမွေ​အဖြစ် ငါ​ပေး​ပြီ​ဖြစ်၍ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အမွေ​မ​ခံရ​ဟု သူ​တို့​အား ငါ​ဆို​ခြင်း​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 25,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 26,
      "text": "“​လေဝိ​အမျိုး​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​၏​အမွေ​အဖြစ် ငါ​ပေး​သော အစ္စရေး​အမျိုးသား​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​တို့​ခံယူ​သောအခါ ထို​ဆယ်ဖို့တစ်ဖို့​၏​ဆယ်ဖို့တစ်ဖို့​ကို အလှူပစ္စည်း​အဖြစ် ထာဝရဘုရား​အား ပေးလှူပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 27,
      "text": "သင်​တို့​၏​အလှူပစ္စည်း​ကို ကောက်နယ်တလင်း​မှ ကောက်ပဲသီးနှံ​ကဲ့သို့​လည်းကောင်း​၊ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ရည်​ကဲ့သို့​လည်းကောင်း မှတ်ယူ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 28,
      "text": "ထိုသို့ အစ္စရေး​အမျိုးသား​တို့​ထံ​မှ သင်​တို့​ခံယူ​ရရှိ​သော​ဆယ်ဖို့တစ်ဖို့​အားလုံး​ထဲမှ အလှူပစ္စည်း​ကို ထာဝရဘုရား​အား ပေးလှူပူဇော်​ရ​မည်​။ ထို​ဆယ်ဖို့တစ်ဖို့​ထဲမှ ထာဝရဘုရား​အား ပေးလှူပူဇော်​သော အလှူပစ္စည်း​ကို ယဇ်ပုရောဟိတ်​အာရုန်​အား သင်​တို့​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 29,
      "text": "သင်​တို့​ခံယူ​ရရှိ​သော​ပူဇော်သက္ကာ​အားလုံး​ထဲမှ ထာဝရဘုရား​နှင့်ဆိုင်သော​အလှူပစ္စည်း​ကို ပေးလှူပူဇော်​ရ​မည်​။ အကောင်းဆုံး​အလှူပစ္စည်း​၊ သန့်ရှင်း​သော​အလှူပစ္စည်း​ကို ပေးလှူပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 30,
      "text": "လေဝိ​အမျိုးသား​တို့​အား ပြော​လော့​။ ဆယ်ဖို့တစ်ဖို့​ထဲမှ အကောင်းဆုံး​အရာ​ကို ပေးလှူ​သောအခါ ကောက်နယ်တလင်း​မှ အသီးအနှံ​ကဲ့သို့​လည်းကောင်း​၊ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ရည်​ကဲ့သို့​လည်းကောင်း မှတ်ယူ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 31,
      "text": "ထို​ပူဇော်သက္ကာ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ သင်​တို့​ထမ်းဆောင်​ရ​သော​အမှု​အတွက် လုပ်အားခ​ဖြစ်​သောကြောင့် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ထို​အရာ​ကို မည်သည့်​နေရာ​တွင်​မဆို စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 32,
      "text": "သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​ထဲမှ​အကောင်းဆုံး​ကို ပေးလှူပူဇော်​သောကြောင့် သင်​တို့​အပေါ် အပြစ်​သင့်​မည်​မ​ဟုတ်​။ သင်​တို့​မ​သေ​ရ​မည့်​အကြောင်း အစ္စရေး​အမျိုးသား​တို့​၏​သန့်ရှင်းသောအရာ​တို့​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 2,
      "text": "“​ထာဝရဘုရား မိန့်မှာ​တော်မူ​သော​ပြဋ္ဌာန်းချက်​တရား​ကား ဤသို့​ဖြစ်​၏​။ ကိုယ်အင်္ဂါ​မ​ချို့ယွင်း​၊ ထမ်းပိုး​မ​တင်​ရ​သေး​သော​၊ အပြစ်အနာအဆာကင်း​သော အနီရောင်​နွားမတမ်း​တစ်​ကောင်​ကို ယူဆောင်​လာ​ရန် အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 3,
      "text": "ထို​နွားမတမ်း​ကို ယဇ်ပုရောဟိတ်​ဧလာဇာ​အား ပေး​ရ​မည်​။ သူ​သည် ထို​နွားမတမ်း​ကို တပ်စခန်း​အပြင်ဘက်​သို့ ထုတ်သွား​၍ သူ့​ရှေ့​၌ သတ်​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​ဧလာဇာ​သည် သွေး​အချို့​ကို မိမိ​လက်ချောင်း​ဖြင့်​ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​ဘက်​သို့ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 5,
      "text": "ထို​နွားမတမ်း​ကို သူ့​ရှေ့​၌ ရှို့​စေ​ရ​မည်​။ အရေခွံ​၊ အသား​၊ သွေး​တို့​ကို မစင်​နှင့်တကွ ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​သည် သစ်ကတိုးသား​၊ ဟုဿုပ်ညွန့်​၊ အနီရောင်​ချည်​တို့​ကို​ယူ​၍ နွားမတမ်း​ကို​ရှို့​သော​မီးပုံ​ထဲ​သို့ ပစ်ထည့်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 7,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​သည် မိမိ​အဝတ်​ကို လျှော်​၍ ရေချိုး​ပြီးမှ တပ်စခန်း​ထဲသို့ ဝင်​နိုင်​၏​။ သို့သော် ယဇ်ပုရောဟိတ်​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 8,
      "text": "နွားမတမ်း​ကို ရှို့​သော​သူ​သည် မိမိ​အဝတ်​ကို လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 9,
      "text": "စင်ကြယ်​သော​ယောက်ျား​တစ်​ယောက်​က နွားမတမ်း​၏​ပြာ​ကို စုသိမ်း​၍ တပ်စခန်း​အပြင်ဘက် စင်ကြယ်​သော​နေရာ​တွင် ထား​ရ​မည်​။ ထို​ပြာ​ကို အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​၏​အပြစ်ဖြေလွှတ်​ခြင်း​အတွက် စင်ကြယ်​စေ​ခြင်း​ရေ ဖော်စပ်​ရန် သိမ်း​ထား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 10,
      "text": "နွားမတမ်း​၏​ပြာ​ကို စုသိမ်း​သော​သူ​သည် မိမိ​အဝတ်​ကို လျှော်​ရ​မည်​။ သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။ ဤသည်ကား အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ သူ​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 11,
      "text": "လူသေ​အလောင်း​ကို ထိမိ​သော​သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 12,
      "text": "သူ​သည် သုံး​ရက်​မြောက်​နေ့​၌ စင်ကြယ်​စေ​ခြင်း​ရေ​ဖြင့် မိမိကိုယ်မိမိ သန့်စင်​စေ​ပြီး ခုနစ်​ရက်​မြောက်​နေ့​၌ သူ​သည် စင်ကြယ်​လိမ့်မည်​။ သုံး​ရက်​မြောက်​နေ့​၌ မိမိကိုယ်မိမိ မ​သန့်စင်​စေ​လျှင် ခုနစ်​ရက်​မြောက်​နေ့​၌ သူ​သည် စင်ကြယ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 13,
      "text": "လူသေ​အလောင်း​ကို ထိမိ​ပြီး မိမိကိုယ်မိမိ မ​သန့်စင်​စေ​သော​သူ​မည်သူမဆို ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ညစ်ညူး​စေ​ရာ​ရောက်​၏​။ သူ​သည် အစ္စရေး​လူမျိုး​ထဲမှ ပယ်ဖျက်​ခြင်း​ကို ခံရ​မည်​။ သူ​သည် စင်ကြယ်​စေ​ခြင်း​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သောကြောင့် မစင်မကြယ်​ဖြစ်​၏​။ အညစ်အကြေး​သည် သူ​၌​ရှိ​နေ​ဆဲ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 14,
      "text": "တဲ​ထဲ၌​သေ​သော​သူ​နှင့်ဆိုင်သော​တရား​ကား ဤသို့​တည်း​။ လူ​သေ​တဲ​ထဲသို့​ဝင်​သော​သူ​၊ တဲ​ထဲ​ရှိ​သော​သူ မည်သူမဆို ခုနစ်​ရက်​ပတ်လုံး မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 15,
      "text": "အဖုံး​မ​ဖုံး​ဘဲ ပွင့်​နေ​သော​အသုံးအဆောင်​မှန်သမျှ​သည်​လည်း မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 16,
      "text": "လယ်ယာ​၌​နေ​သော​သူ​မည်သူမဆို ဓား​ဖြင့်​အသတ်ခံရ​သော​သူ​ကို​ဖြစ်စေ​၊ အလိုလို​သေ​သော​သူ​ကို​ဖြစ်စေ​၊ လူသေအရိုး​ကို​ဖြစ်စေ​၊ သင်္ချိုင်းဂူ​ကို​ဖြစ်စေ ထိမိ​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး​မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 17,
      "text": "မစင်ကြယ်​သော​သူ​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သည့်​မီးရှို့​ထား​သော​နွားမတမ်း​၏​ပြာ​ကို ယူ​၍ စမ်းရေ ​နှင့်အတူ အိုး​ထဲသို့ ထည့်​ပြီးလျှင်"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 18,
      "text": "စင်ကြယ်​သော​သူ​သည် ဟုဿုပ်ညွန့်​ကို​ယူ​၍ ထို​ရေ​ထဲသို့​နှစ်​ပြီး တဲ​နှင့် တဲ​ထဲ​ရှိ​အသုံးအဆောင်​အားလုံး​ကို​လည်းကောင်း​၊ တဲ​ထဲ​ရှိ​လူ​တို့​ကို​လည်းကောင်း​၊ လူသေ​အရိုး​၊ အသတ်ခံရ​သူ​၊ အလိုလို​သေ​သော​သူ​၊ သင်္ချိုင်းဂူ​ကို ထိမိ​သော​သူ​ကို​လည်းကောင်း ဖျန်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 19,
      "text": "စင်ကြယ်​သော​သူ​သည် ထို​ရေ​ဖြင့် မစင်ကြယ်​သော​သူ​အား တတိယ​နေ့​၊ သတ္တမ​နေ့​တို့​၌ ဖျန်း​ရ​မည်​။ သတ္တမ​နေ့​၌ မစင်ကြယ်​သော​သူ​သည် မိမိကိုယ်မိမိ သန့်စင်​စေ​ရ​မည်​။ မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ သူ​သည် နေဝင်ချိန်​ရောက်​လျှင် စင်ကြယ်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 20,
      "text": "မစင်ကြယ်​သော​သူ​သည် မိမိကိုယ်မိမိ မ​သန့်စင်​စေ​လျှင်​မူကား ထာဝရဘုရား​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ရာ​ရောက်​သောကြောင့် သူ​သည် လူအစုအဝေး​ထဲ​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ စင်ကြယ်​စေ​ခြင်း​ရေ​ဖြင့်​ဖျန်း​ခြင်း​ကို မ​ခံ​သောကြောင့် သူ​သည် မစင်ကြယ်​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 21,
      "text": "ဤသည်ကား သူ​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ စင်ကြယ်​စေ​ခြင်း​ရေ​ကို ဖျန်း​ပေး​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​ရ​မည်​။ စင်ကြယ်​စေ​ခြင်း​ရေ​ကို ထိ​သော​သူ​သည် နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 22,
      "text": "မစင်ကြယ်​သော​သူ ထိမိ​သော​အရာ​မှန်သမျှ​သည် မစင်မကြယ်​ဖြစ်​၏​။ ထို​အရာ​တို့​ကို ထိမိ​သော​သူ​သည်​လည်း နေဝင်ချိန်​အထိ မစင်မကြယ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ပထမ​လ​၌ ဇိန​တောကန္တာရ​သို့​ရောက်လာ​၍ သူ​တို့​သည် ကာဒေရှ​အရပ်​၌ နေ​ကြ​၏​။ ထို​အရပ်​၌ မိရိအံ​သေ​၍ သူ့​ကို ထို​အရပ်​မှာ​ပင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 2,
      "text": "ရေ​မ​ရှိ​သဖြင့် လူထု​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​တို့​ကို ဆန့်ကျင်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 3,
      "text": "လူ​တို့​က မောရှေ​အား “​ထာဝရဘုရား​ရှေ့​တော်​၌ ငါ​တို့​၏​ညီအစ်ကို​များ​သေ​စဉ်က ငါ​တို့​လည်း သေ​ခဲ့​ပါစေလား​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 4,
      "text": "သင်​သည် ထာဝရဘုရား​၏​လူအစုအဝေး​ဖြစ်​သော​ငါ​တို့​နှင့်တကွ ငါ​တို့​၏​တိရစ္ဆာန်​များ​ကို​လည်း ဤ​နေရာ​၊ ဤ​တောကန္တာရ​ထဲ၌​သေ​စေရန် အဘယ်ကြောင့်​ခေါ်ဆောင်​ခဲ့​သနည်း​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 5,
      "text": "သင်​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ဤ​ဆိုးရွား​သော​အရပ်​သို့ အဘယ်ကြောင့်​ခေါ်ဆောင်​လာ​သနည်း​။ ဤ​အရပ်​သည် မျိုးစေ့​ကြဲ​ရာ​အရပ်​မ​ဟုတ်​။ သဖန်းပင်​၊ စပျစ်ပင်​၊ သလဲပင် စိုက်​ရာ​အရပ်​မ​ဟုတ်​။ သောက်စရာ​ရေ​လည်း​မ​ရှိ​”​ဟု ရန်တွေ့​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 6,
      "text": "မောရှေ​နှင့်​အာရုန်​သည်​လည်း လူအစုအဝေး​ထံ​မှ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ သွား​၍ ပျပ်ဝပ်​လျက်​နေ​ကြ​စဉ် ထာဝရဘုရား​၏​ဘုန်းအသရေ​သည် သူ​တို့​ရှေ့​၌ ထင်ရှား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 7,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 8,
      "text": "“​တောင်ဝှေး​ကို ယူ​လော့​။ သင်​နှင့်​သင်​၏​အစ်ကို​အာရုန်​သည် အစ္စရေး​လူထု​ကို​စုရုံး​၍ သူ​တို့​ရှေ့​၌ ကျောက်တုံး​ကို အမိန့်ပေး​လော့​။ ထို​ကျောက်တုံး​မှ ရေ​ထွက်လာ​မည်​။ ဤသို့ဖြင့် သင်​သည် ထို​ကျောက်တုံး​မှ​ရေ​ထွက်လာ​စေ​ပြီး အစ္စရေး​လူထု​နှင့်​သူ​တို့​၏​တိရစ္ဆာန်​တို့​သောက်စရာ​ရေ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 9,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​၏​ရှေ့​တော်​မှ တောင်ဝှေး​ကို​ယူ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 10,
      "text": "မောရှေ​နှင့်​အာရုန်​သည် လူအစုအဝေး​တို့​ကို ကျောက်တုံး​ရှေ့​၌ စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ပုန်ကန်​သူ​တို့​၊ နားထောင်​လော့​။ ငါ​တို့​သည် သင်​တို့​အတွက် ဤ​ကျောက်တုံး​မှ ရေ​ထွက်​စေ​ရ​မည်လော​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 11,
      "text": "မောရှေ​သည် မိမိ​၏​လက်​ကို​မြှောက်​၍ တောင်ဝှေး​ဖြင့် ထို​ကျောက်​ကို နှစ်ကြိမ်​ရိုက်​လေ​၏​။ ထိုအခါ ရေ​များစွာ​ထွက်လာ​သဖြင့် လူထု​ကြီး​နှင့်​သူ​တို့​၏​တိရစ္ဆာန်​များ ရေသောက်​ရ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 12,
      "text": "သို့သော် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​၊ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​၌ ငါ​သန့်ရှင်း​ကြောင်း အသိအမှတ်​မ​ပြု​ကြ​သောကြောင့် သင်​တို့​သည် ဤ​လူအစုအဝေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို ပို့ဆောင်​ရ​လိမ့်မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 13,
      "text": "ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ရန်တွေ့​သော​နေရာ​ကို မေရိဘ​စမ်းရေ ​ဟု​ခေါ်​၏​။ ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို သူ​တို့​အား ထို​နေရာ​တွင် ပြ​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 14,
      "text": "မောရှေ​သည် ကာဒေရှ​အရပ်​မှ​စေတမန်​ကို ဧဒုံ​ဘုရင်​ထံ စေလွှတ်​၍ “​အရှင်​၏​ဆွေမျိုးသားချင်း​အစ္စရေး​လူမျိုး​တို့ လျှောက်ဆို​ပါ​၏​။ အကျွန်ုပ်​တို့​တွေ့ကြုံ​ရ​သော​အခက်အခဲ​အားလုံး​ကို အရှင်မင်းကြီး​သိ​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 15,
      "text": "အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ရောက်သွား​ပြီး အကျွန်ုပ်​တို့​သည် အီဂျစ်​ပြည်​၌ ကာလ​ကြာမြင့်​စွာ​နေထိုင်​ကြ​ပါ​၏​။ အီဂျစ်​လူမျိုး​တို့​သည် အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ဆိုးညစ်​သော​အမှု​ပြု​ကြ​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 16,
      "text": "အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ အကျွန်ုပ်​တို့​၏​အသံ​ကို ကြား​တော်မူ​၍ ကောင်းကင်တမန်​ကို စေလွှတ်​ပြီး အကျွန်ုပ်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​ပါ​၏​။ ယခု အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​အစွန်အဖျား​မြို့​ဖြစ်​သော ကာဒေရှ​မြို့​သို့​ရောက်​နေ​ပါ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 17,
      "text": "အကျွန်ုပ်​တို့​ကို အရှင်မင်းကြီး​၏​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​ပြု​တော်မူ​ပါ​။ လယ်ယာ​နှင့်​စပျစ်ခြံ​တို့​ထဲမှ ဖြတ်​မ​သွား​ပါ​။ ရေတွင်း​ထဲမှ​ရေ​ကို​လည်း မ​သောက်​ပါ​။ အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​ကို​ကျော်လွန်​သည်​အထိ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ ရှင်ဘုရင်​လမ်းမ​အတိုင်း​သွား​ပါ​မည်​”​ဟု လျှောက်​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 18,
      "text": "သို့သော် ဧဒုံ​ဘုရင်​က “​ငါ့​နယ်မြေ​ထဲမှ သင်​တို့​ဖြတ်​မ​သွား​ရ​။ ဖြတ်သွား​လျှင် ငါ​သည် ထွက်လာ​၍ သင်​တို့​ကို ဓား​ဖြင့်​တိုက်ခိုက်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 19,
      "text": "အစ္စရေး​အမျိုးသား​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် ရှင်ဘုရင်​လမ်းမ​အတိုင်း​သာ သွား​ပါ​မည်​။ အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​သည် အရှင်​၏​ရေ​ကို​သောက်​မိ​လျှင် အဖိုးအခ​ကို​ပေး​ပါ​မည်​။ ခြေ​ဖြင့်​ဖြတ်သွား​ရုံသာ​ဖြတ်သွား​ပါ​မည်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 20,
      "text": "သို့သော် ဧဒုံ​ဘုရင်​က “​သင်​တို့​ဖြတ်​မ​သွား​ရ​”​ဟု ဆို​လျက် သူ​တို့​ကို​တိုက်ခိုက်​ရန် အားကြီး​သော​စစ်သူရဲ​များစွာ​တို့​ဖြင့် ထွက်လာ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 21,
      "text": "ဧဒုံ​ဘုရင်​သည် အစ္စရေး​လူမျိုး​တို့​ကို မိမိ​၏​နယ်မြေ​ထဲမှ​ဖြတ်သွား​ခွင့်မပြု​သောကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ့​ထံ​မှ​ရှောင်လွှဲ​သွား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 22,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ကာဒေရှ​အရပ်​မှ ခရီးပြု​ကြ​ရာ ဟောရ​တောင်​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 23,
      "text": "ဧဒုံ​ပြည်​နယ်စပ်​ရှိ​ဟောရ​တောင်​၌ ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 24,
      "text": "“​အာရုန်​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​တော့​မည်​။ အကြောင်းမူကား သင်​တို့​သည် မေရိဘ​စမ်းရေ​နား​တွင် ငါ့​အမိန့်​ကို​ဖီဆန်​ကြ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာရုန်​သည်​မ​ဝင်​ရ​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 25,
      "text": "အာရုန်​နှင့်​သူ​၏​သား​ဧလာဇာ​ကို​ခေါ်​၍ ဟောရ​တောင်​ပေါ်သို့ တက်သွား​ကြ​လော့​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 26,
      "text": "အာရုန်​၏​အဝတ်​ကို​ချွတ်​၍ သူ​၏​သား​ဧလာဇာ​အား​ဝတ်ဆင်​ပေး​လော့​။ အာရုန်​သည် ထို​တောင်​ပေါ်၌​သေ​၍ မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 27,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း နာခံ​လျက် လူထု​အပေါင်း​တို့​၏​မျက်မှောက်​မှာ​ပင် ဟောရ​တောင်​ပေါ်သို့​သူ​တို့​တက်သွား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 28,
      "text": "မောရှေ​သည် အာရုန်​၏​အဝတ်​ကို​ချွတ်​၍ သူ့​သား​ဧလာဇာ​အား​ဝတ်ဆင်​ပေး​လေ​၏​။ အာရုန်​သည် ထို​တောင်​ထိပ်​တွင် သေဆုံး​လေ​၏​။ ထို့နောက် မောရှေ​နှင့်​ဧလာဇာ​တို့​သည် တောင်​ပေါ်မှ​ဆင်းလာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 29,
      "text": "လူထု​အပေါင်း​တို့​သည် အာရုန်​သေ​ကြောင်း​ကို သိမြင်​သော် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် အာရုန်​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 1,
      "text": "နေဂေ့​အရပ်​၌​စံမြန်း​သော ခါနာန်​လူမျိုး အာရဒ်​ဘုရင်​သည် အသရိမ်​လမ်း​ဖြင့် အစ္စရေး​လူမျိုး​တို့​လာ​ကြောင်း​ကို ကြား​သောအခါ အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​၍ အချို့​ကို သုံ့ပန်း​အဖြစ် ဖမ်းဆီးခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 2,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​က ထာဝရဘုရား​အား “​ကိုယ်တော်​သည် ဤ​လူမျိုး​ကို အကျွန်ုပ်​တို့​လက်​သို့ အမှန်တကယ်​အပ်​တော်မူ​လျှင် အကျွန်ုပ်​တို့​သည် သူ​တို့​၏​မြို့​များ​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ပါ​မည်​”​ဟု ကတိသစ္စာ​ပြု​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 3,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​စကား​ကို​နားညောင်း​တော်မူ​၍ ခါနာန်​လူမျိုး​တို့​ကို သူ​တို့​လက်​သို့ အပ်​သဖြင့် ထို​လူမျိုး​နှင့်​သူ​တို့​၏​မြို့​များ​ကို အကုန်အစင်​ဖျက်ဆီး​ပြီး ထို​အရပ်​၏​အမည်​ကို ဟောမာ ​ဟု ခေါ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 4,
      "text": "ထို့နောက် သူ​တို့​သည် ဧဒုံ​ပြည်​ကို​ရှောင်ကွင်း​သွား​ရန် ဟောရ​တောင်​မှ ထွက်ခွာ​၍ ပင်လယ်နီ​လမ်း​အတိုင်း ခရီးပြု​ကြ​ရာ လူ​တို့​သည် လမ်းခရီး​၌ စိတ်ပျက်အားလျော့​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 5,
      "text": "လူ​တို့​က “​မုန့်​မ​ရှိ​၊ ရေ​မ​ရှိ​သော ဤ​တောကန္တာရ​တွင် သေ​စေရန် အဘယ်ကြောင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သနည်း​။ အရသာ​ပေါ့ရွှတ်​သော​အစားအစာ​ကို​လည်း ငါ​တို့​ငြီးငွေ့လှ​ပြီ​”​ဟု ဘုရားသခင်​နှင့်​မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ရှိ​ရာ​သို့ မီးမြွေ​များ​ကို စေလွှတ်​၏​။ ထို​မြွေ​တို့​သည် လူ​တို့​ကို​ကိုက်​သဖြင့် လူ​များစွာ​သေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 7,
      "text": "ထို့ကြောင့် လူ​တို့​သည် မောရှေ​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​လည်းကောင်း​၊ သခင့်​ကို​လည်းကောင်း ဆန့်ကျင်​ပြောဆို​၍ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ထို​မြွေ​များ​ကို အကျွန်ုပ်​တို့​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​”​ဟု ဆို​ကြ​သဖြင့် မောရှေ​သည် လူ​တို့​အတွက် ဆုတောင်း​ပေး​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 8,
      "text": "ထာဝရဘုရား​က မောရှေ​အား “​မီးမြွေ​ရုပ်​ကို​လုပ်​၍ တိုင်​ပေါ်၌​တင်​ထား​လော့​။ အကိုက်​ခံရ​သော​သူ​တိုင်း ထို​မြွေရုပ်​ကို​ကြည့်​လျှင် အသက်ချမ်းသာ​ရာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 9,
      "text": "သို့ဖြစ်၍ မောရှေ​သည် ကြေးနီ​မြွေ​ရုပ်​ကို​လုပ်​၍ တိုင်​ပေါ်၌ တင်​ထား​လေ​၏​။ မြွေ​အကိုက်​ခံရ​သော​သူ​သည် ကြေးနီ​မြွေ​ရုပ်​ကို​ကြည့်​သောအခါ အသက်ချမ်းသာ​ရာ​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 10,
      "text": "ထို့နောက် အစ္စရေး​အမျိုးသား​တို့​သည် ခရီးပြု​ကြ​၍ ဩဗုတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 11,
      "text": "သူ​တို့​သည် ဩဗုတ်​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ မောဘ​ပြည်​နှင့်​မျက်နှာချင်းဆိုင်​၊ နေထွက်​ရာ​ဘက်​ရှိ​တောကန္တာရ​ထဲမှ ဣဇာဗာရိမ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 12,
      "text": "ထို​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ ဇာရက်​ချောင်း​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 13,
      "text": "ထို​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ အာမောရိ​ပြည်​၏​နယ်စပ်​နှင့်​ဆက်​နေ​သော တောကန္တာရ​ရှိ အာနုန်​ချောင်း​တစ်ဖက်ကမ်း​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​နှင့်​အာမောရိ​ပြည်​အကြား​ရှိ မောဘ​ပြည်​၏​နယ်စပ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 14,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​၏​စစ်ပွဲ​များ ဟူသော​စာအုပ်​တွင် “​သုပ​အရပ်​ရှိ ဝါဟက်​မြို့​၊ အာနုန်​ချောင်း​များ​၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 15,
      "text": "အာရ​မြို့​ရှိ​ရာ​သို့​စီတန်း​လျက် မောဘ​နယ်စပ်​တစ်လျှောက် စီးဆင်း​နေ​သည့်​ချောင်း​များ​”​ဟု ရေးသား​ဖော်ပြ​ထား​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 16,
      "text": "တစ်ဖန် သူ​တို့​သည် ထို​နေရာ​မှ ဗေရ​ရေတွင်း​ရှိ​ရာ​အရပ်​သို့ ခရီးပြု​ကြ​၏​။ ထို​ရေတွင်း​ကား ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ကို​စုဝေး​စေ​လော့​။ သူ​တို့​အား ငါ​ရေ​ပေး​မည်​”​ဟု မိန့်​တော်မူ​သော​ရေတွင်း​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 17,
      "text": "ထိုအခါ အစ္စရေး​လူမျိုး​တို့​က “​အို ရေတွင်း​၊ ရေ​ထွက်​လော့​။ ရေတွင်း​ကို သီချင်းဆို​ကြ​လော့​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 18,
      "text": "အကြီးအကဲ​တို့​တူး​သော​ရေတွင်း​၊ အမျိုးသားချင်း​တို့​ထဲမှ​မြင့်မြတ်​သူ​တို့ ကျိုင်း​နှင့်​တောင်ဝှေး​အားဖြင့် တူး​သော​ရေတွင်း​”​ဟူသော သီချင်း​ကို​သီဆို​ကြ​၏​။ ထို့နောက် သူ​တို့​သည် တောကန္တာရ​မှ မတ္တနာ​အရပ်​သို့​လည်းကောင်း​၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 19,
      "text": "မတ္တနာ​အရပ်​မှ နဟာလျေလ​အရပ်​သို့​လည်းကောင်း​၊ နဟာလျေလ​အရပ်​မှ ဗာမုတ်​အရပ်​သို့​လည်းကောင်း​၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 20,
      "text": "ဗာမုတ်​အရပ်​မှ ကန္တာရမြေ​ကို​စီးမြင်​ရ​သော​ပိသဂါ​တောင်​ထိပ်​အနီး​ရှိ မောဘ​ချိုင့်ဝှမ်း​လွင်ပြင်​သို့​လည်းကောင်း ခရီးပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​ထံသို့ စေတမန်​တို့​ကို​စေလွှတ်​၍"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 22,
      "text": "“​အကျွန်ုပ်​တို့​ကို အရှင်မင်းကြီး​၏​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​ပြု​တော်မူ​ပါ​။ လယ်ယာ​နှင့်​စပျစ်ခြံ​တို့​ထဲမှ ဖြတ်​မ​သွား​ပါ​။ ရေတွင်း​ထဲမှ​ရေ​ကို​လည်း မ​သောက်​ပါ​။ အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​ကို​ကျော်လွန်​သည်​အထိ ရှင်ဘုရင်​လမ်းမ​အတိုင်း​သာ​သွား​ပါ​မည်​”​ဟု လျှောက်​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 23,
      "text": "သို့သော် ရှိဟုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို မိမိ​၏​နယ်မြေ​ထဲမှ ဖြတ်သွား​ခွင့်​မ​ပြု​သည့်​အပြင် ရှိဟုန်​မင်းကြီး​သည် မိမိ​လူ​အားလုံး​ကို စုဝေး​စေ​ပြီး အစ္စရေး​လူမျိုး​တို့​ကို ဆီးတား​ရန် တောကန္တာရ​သို့ ထွက်သွား​၏​။ ယာဟတ်​အရပ်​သို့​ရောက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 24,
      "text": "ထိုအခါ အစ္စရေး​လူမျိုး​တို့​သည် ရှိဟုန်​မင်းကြီး​ကို ဓား​ဖြင့်​ခုတ်သတ်​၍ အာနုန်​ချောင်း​မှ အမ္မုန်​အမျိုးသား​တို့​၏​နယ်စပ် ယဗ္ဗုတ်​ချောင်း​အထိ ထို​မင်း​၏​ပြည်​ကို​သိမ်းပိုက်​နိုင်​၏​။ အမ္မုန်​အမျိုးသား​တို့​၏​နယ်စပ်​သည် အခိုင်အမာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ထို​ပြည်​ရှိ​မြို့​အားလုံး​ကို သိမ်းယူ​ကြ​၏​။ အာမောရိ​လူမျိုး​တို့​၏​မြို့​များ​ဖြစ်​သော ဟေရှဘုန်​မြို့​မှစ၍ ထို​မြို့​နှင့်ဆိုင်သော​မြို့ငယ်​ရှိသမျှ​တို့​၌ အစ္စရေး​လူမျိုး​တို့​နေထိုင်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 26,
      "text": "ဟေရှဘုန်​မြို့​သည် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး စံမြန်း​ရာ​မြို့​ဖြစ်​၏​။ ရှိဟုန်​မင်းကြီး​သည် ယခင်​မောဘ​ဘုရင်​ကို​တိုက်ခိုက်​၍ အာနုန်​ချောင်း​တိုင်အောင် ထို​ရှင်ဘုရင်​၏​လက်​ထဲမှ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ခဲ့​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 27,
      "text": "ထို့ကြောင့် ကဗျာဆရာ​တို့​က “​ဟေရှဘုန်​မြို့​သို့​လာ​ကြ​။ ရှိဟုန်​မင်းကြီး​စံမြန်း​ရာ​မြို့​ကို တည်ဆောက်​ကြ​၊ ပြုပြင်​ကြ​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 28,
      "text": "ဟေရှဘုန်​မြို့​ထဲမှ​မီး​၊ ရှိဟုန်​မင်းကြီး​စံမြန်း​ရာ​မြို့​ထဲမှ​မီးလျှံ​ထွက်လာ​ပြီး မောဘ​ပြည်​ရှိ​အာရ​မြို့​၊ အာနုန်​ချောင်း​ရှိ​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​မှ အရှင်သခင်​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 29,
      "text": "အို မောဘ​ပြည်​၊ သင်​၌ အမင်္ဂလာ​ရှိ​၏​။ အို ခေမုရှ​ဘုရား​၏​လူ​တို့​၊ သင်​တို့​ပျက်စီး​လေ​ပြီ​။ ခေမုရှ​ဘုရား​သည် မိမိ​သား​များ​ကို ဝရမ်းပြေး​အဖြစ်​၊ မိမိ​သမီး​များ​ကို သုံ့ပန်း​အဖြစ် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​အား ပေးအပ်​လေ​ပြီ​တကား​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 30,
      "text": "သို့သော် ငါ​တို့​သည် သူ​တို့​ကို​ပစ်ခတ်​သဖြင့် ဟေရှဘုန်​မြို့​မှ ဒိဘုန်​မြို့​တိုင်အောင် ပျက်စီး​လေ​ပြီ​။ မေဒဘ​အရပ်​မှ နောဖာ​အရပ်​တိုင်အောင် လူသူကင်းမဲ့​လေ​ပြီ​”​ဟု စပ်ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 31,
      "text": "ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​ပြည်​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 32,
      "text": "မောရှေ​သည် လူ​လွှတ်​၍ ယာဇာ​မြို့​ကို​ထောက်လှမ်း​ပြီးနောက် ထို​မြို့​နှင့်ဆိုင်သော​မြို့ရွာ​တို့​ကို​သိမ်းပိုက်​ပြီး ထို​အရပ်​ရှိ​အာမောရိ​လူမျိုး​တို့​ကို နှင်ထုတ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 33,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ဗာရှန်​ပြည်​လမ်း​သို့ လှည့်​၍​တက်သွား​ကြ​၏​။ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​သည် မိမိ​၏​လူ​အပေါင်း​တို့​နှင့်အတူ အစ္စရေး​လူမျိုး​တို့​ကို ဆီးတား​တိုက်ခိုက်​ရန် ဧဒြိ​အရပ်​သို့ ထွက်လာ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 34,
      "text": "ထာဝရဘုရား​က မောရှေ​အား “​သူ့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သူ​နှင့်တကွ သူ​၏​လူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​ပြည်​ကို​လည်းကောင်း သင်​၏​လက်​သို့​ပေးအပ်​ပြီ​။ သင်​သည် ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ကို​ပြု​သကဲ့သို့ သူ့​ကို​လည်း​ပြု​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 35,
      "text": "ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သူ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​သည့်​တိုင်အောင် ရှင်ဘုရင်​နှင့်​သူ့​သား​များ​မှစ၍ သူ့​လူ​အပေါင်း​တို့​ကို တိုက်ခိုက်​ပြီးလျှင် သူ​၏​ပြည်​ကို သိမ်းပိုက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ခရီးပြု​ကြ​ပြန်​ရာ ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး မောဘ​လွင်ပြင်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 2,
      "text": "အာမောရိ​လူမျိုး​တို့​အား အစ္စရေး​လူမျိုး​တို့​ပြု​ခဲ့​သည့်​အရာ​ရှိသမျှ​ကို ဇိဖော်​၏​သား​ဗာလက်​မင်းကြီး​သိမြင်​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​တို့​များပြား​သောကြောင့် မောဘ​လူမျိုး​တို့​သည် အလွန်​ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ မောဘ​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 4,
      "text": "ထို့ကြောင့် မောဘ​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​သက်ကြီးဝါကြီး​တို့​အား “​နွား​သည် ကွင်းပြင်​မှ​မြက်​ကို လာ​စား​သကဲ့သို့ ယခု ဤ​လူအစုအဝေး​သည် ငါ​တို့​ပတ်ပတ်လည်​၌​ရှိသမျှ​ကို လာ​စား​လိမ့်မည်​”​ဟု ဆို​လေ​၏​။ ထို​ကာလ​၌ ဇိဖော်​၏​သား​ဗာလက်​သည် မောဘ​ပြည်​၏​ဘုရင်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 5,
      "text": "ဗာလက်​မင်းကြီး​သည် ယူဖရေးတီး​မြစ် ​အနီး မိမိ​အမျိုးသားချင်း​တို့​၏​ပြည်​ရှိ ပေသော်​မြို့​နေ ဗောရ​၏​သား​ဗာလမ်​ကို ခေါ်​ရန် စေတမန်​တို့​ကို​စေလွှတ်​လျက် “​လူမျိုး​တစ်​မျိုး​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​၍ မြေ​မျက်နှာ​တစ်ပြင်လုံး​ပျံ့နှံ့​နေ​ပြီ​။ အကျွန်ုပ်​အနား​၌​လည်း နေထိုင်​ကြ​ပြီ​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 6,
      "text": "ဤ​လူမျိုး​သည် အကျွန်ုပ်​ထက်​အင်အားကြီး​သောကြောင့် ယခု​လာ​၍ အကျွန်ုပ်​အတွက် သူ​တို့​ကို ကျိန်ဆဲ​ပါ​လော့​။ အကျွန်ုပ်​သည် သူ​တို့​ကို​တိုက်ခိုက်​၍ ဤ​ပြည်​ထဲမှ နှင်ထုတ်​နိုင်​ကောင်း​နှင်ထုတ်​နိုင်​လိမ့်မည်​။ သင်​ကောင်းချီးပေး​သော​သူ​သည် ကောင်းချီးခံစား​ရ​၍ သင်​ကျိန်ဆဲ​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​သည်​ကို အကျွန်ုပ်​သိ​၏​”​ဟု ဆင့်ဆို​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 7,
      "text": "မောဘ​လူမျိုး​သက်ကြီးဝါကြီး​တို့​နှင့် မိဒျန်​လူမျိုး​သက်ကြီးဝါကြီး​တို့​သည်​လည်း ဉာဏ်ပူဇော်ခ​ကို​ယူ​လျက် ထွက်သွား​ကြ​၏​။ ဗာလမ်​ထံသို့​ရောက်​သောအခါ ဗာလက်​မင်းကြီး​၏​စကား​တို့​ကို ဗာလမ်​အား ပြောကြား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 8,
      "text": "ဗာလမ်​က​လည်း သူ​တို့​အား “​ဤ​နေရာ​တွင် ည​အိပ်နား​ကြ​ဦး​လော့​။ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သင်​တို့​အား ငါ​ပြန်ပြော​မည်​”​ဟု ဆို​လေ​၏​။ သို့ဖြစ်၍ မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​သည် ဗာလမ်​ထံ၌​နေ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 9,
      "text": "ဘုရားသခင်​သည် ဗာလမ်​ထံသို့​ကြွလာ​၍ “​သင့်​ထံ​ရောက်​နေ​သော​ဤ​လူ​တို့​သည် မည်သူ​နည်း​”​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 10,
      "text": "ဗာလမ်​က​လည်း ဘုရားသခင်​အား “​ဇိဖော်​၏​သား မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် အကျွန်ုပ်​ထံသို့ လူ​လွှတ်​၍"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 11,
      "text": "လူမျိုး​တစ်​မျိုး​သည် အီဂျစ်​ပြည်​မှ ထွက်လာ​၍ မြေ​မျက်နှာ​တစ်ပြင်လုံး​ပျံ့နှံ့​နေ​ပြီ​။ ယခု​လာ​၍ ငါ့​အတွက် သူ​တို့​ကို​ကျိန်ဆဲ​ပါ​လော့​။ ငါ​သည် သူ​တို့​ကို တိုက်ခိုက်​၍ နှင်ထုတ်​နိုင်​ကောင်း နှင်ထုတ်​နိုင်​လိမ့်မည်​ဟု ဆို​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 12,
      "text": "ဘုရားသခင်​က ဗာလမ်​အား “​သင်​သည် သူ​တို့​နှင့်အတူ လိုက်​မ​သွား​ရ​။ ထို​လူမျိုး​သည် ကောင်းချီးမင်္ဂလာ​ခံရ​သော​လူမျိုး​ဖြစ်၍ ထို​လူမျိုး​ကို မ​ကျိန်ဆဲ​ရ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 13,
      "text": "နံနက်​ရောက်​လျှင် ဗာလမ်​သည် ထ​၍ ဗာလက်​မင်းကြီး​၏​မှူးမတ်​တို့​အား “​သင်​တို့​ပြည်​သို့ ပြန်သွား​ကြ​လော့​။ သင်​တို့​နှင့်အတူ​လိုက်သွား​ရန် ထာဝရဘုရား​သည် ငါ့​အား အခွင့်ပေး​တော်​မ​မူ​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 14,
      "text": "မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​သည် ထ​၍​ဗာလက်​မင်းကြီး​ထံသို့​ပြန်သွား​ပြီး “​ဗာလမ်​သည် အကျွန်ုပ်​တို့​နှင့်အတူ​လိုက်လာ​ရန်​ငြင်းဆန်​ပါ​၏​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 15,
      "text": "ထိုအခါ ဗာလက်​မင်းကြီး​သည် ယခင်က​ထက် အရေအတွက်များ​၍​ဂုဏ်သရေရှိ​သော အကြီးအကဲ​တို့​ကို တစ်ဖန်​စေလွှတ်​ပြန်​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 16,
      "text": "ထို​သူ​တို့​သည် ဗာလမ်​ထံသို့​ရောက်လာ​၍ “​ဇိဖော်​၏​သား​ဗာလက်​မင်းကြီး​က ‘​သင်​သည် အကျွန်ုပ်​ထံသို့​လာ​ရန် မည်သည့်​အတားအဆီး​မျှ​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 17,
      "text": "အကျွန်ုပ်​သည် သင့်​ကို များစွာ​ဂုဏ်ပြုချီးမြှောက်​ပါ​မည်​။ သင်​ပြော​သမျှ​ကို​လည်း ငါ​ပြု​ပါ​မည်​။ ယခု လာ​၍ အကျွန်ုပ်​အတွက် ဤ​လူမျိုး​ကို ကျိန်ဆဲ​ပါ​လော့​’​ဟူ၍ မှာကြား​သည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 18,
      "text": "သို့သော် ဗာလမ်​က ဗာလက်​မင်းကြီး​၏​အစေအပါး​တို့​အား “​ဗာလက်​မင်းကြီး​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော သူ​၏​နန်းတော်​ကို ငါ့​အား​ပေး​လျှင်လည်း ငါ​သည် ငါ​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​လွန်ဆန်​၍ ငယ်​သော​အမှု​ကို​ဖြစ်စေ​၊ ကြီး​သော​အမှု​ကို​ဖြစ်စေ ငါ​မ​ပြု​ဝံ့​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 19,
      "text": "ထာဝရဘုရား​သည် ငါ့​အား မည်သို့​ထပ်၍​မိန့်​တော်မူ​မည်​ကို ငါ​သိ​မည့်​အကြောင်း သင်​တို့​သည် ဤ​နေရာ​တွင် ည​အိပ်နား​ကြ​ဦး​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 20,
      "text": "ညအချိန်​၌ ဘုရားသခင်​သည် ဗာလမ်​ထံသို့​လာ​၍ “​ဤ​လူ​တို့​သည် သင့်​ကို​ခေါ်​ရန်​လာ​ခြင်း​ဖြစ်လျှင် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လော့​။ သို့ရာတွင် သင့်​အား ငါ​မိန့်ဆို​သော​အရာ​ကို​သာ သင်​ပြု​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 21,
      "text": "နံနက်​ရောက်​လျှင် ဗာလမ်​သည် ထ​၍ မိမိ​၏​မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မောဘ​လူမျိုး​တို့​၏​အကြီးအကဲ​တို့​နှင့်အတူ လိုက်သွား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 22,
      "text": "သို့သော် ဗာလမ်​လိုက်သွား​သောကြောင့် ဘုရားသခင်​သည် အမျက်ထွက်​၍ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ့​ကို​တားဆီး​ရန် လမ်း​၌​ရပ်​နေ​၏​။ ဗာလမ်​သည် မြည်း​ကို​စီး​လျက် မိမိ​၏​ငယ်သား​နှစ်​ယောက်​နှင့်အတူ သွား​စဉ်တွင်"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 23,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်​လျက် လမ်း​၌​ရပ်​နေ​သည်​ကို မြည်း​သည် မြင်​၍ လမ်း​မှ​လွှဲ​ပြီး လယ်​ထဲသို့ ဆင်းသွား​လေ​၏​။ ဗာလမ်​သည် မြည်း​ကို လမ်း​ပေါ်သို့​ပြန်တက်​ရန် ရိုက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 24,
      "text": "ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် စပျစ်ခြံ​၏​ခြံစည်းရိုး​နှစ်​ခု​ကြား​ရှိ လမ်းကျဉ်း​၌ ရပ်​နေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 25,
      "text": "မြည်း​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မြင်​သောအခါ ခြံစည်းရိုး​နံရံ​တစ်ဘက်​ကို​ကပ်​သဖြင့် ဗာလမ်​၏​ခြေထောက်​သည် ခြံစည်းရိုး​နံရံ​ဖြင့်​ညှပ်​မိ​၏​။ ထို့ကြောင့် ဗာလမ်​သည် မြည်း​ကို ရိုက်​ပြန်​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 26,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရှေ့​မှ​ကြို​သွား​၍ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​လှည့်​၍​မ​ရ​နိုင်​သည့် ကျဉ်းမြောင်း​သော​နေရာ​၌ ရပ်​နေ​ပြန်​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 27,
      "text": "မြည်း​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မြင်​သောအခါ ဝပ်ချ​လေ​၏​။ ဗာလမ်​သည် အမျက်ထွက်​၍ မြည်း​ကို​တောင်ဝှေး​ဖြင့် ရိုက်​ပြန်​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 28,
      "text": "ထိုအခါ ထာဝရဘုရား​သည် မြည်း​၏​နှုတ်​ကို​ဖွင့်​တော်မူ​သဖြင့် မြည်း​က ဗာလမ်​အား “​ငါ​မည်သို့​ပြု​မိ​သဖြင့် သင်​သည် ငါ့​ကို ဤသို့​သုံး​ကြိမ်​ရိုက်​ရ​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 29,
      "text": "ဗာလမ်​က မြည်း​အား “​သင်​သည် ငါ့​ကို မထီလေးစား​ပြု​ပါ​သည်​တကား​။ ငါ့​လက်​ထဲ၌​ဓား​ရှိ​လျှင် ယခုပင် သင့်​ကို​ငါ​သတ်​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 30,
      "text": "မြည်း​က​လည်း ဗာလမ်​အား “​ငါ​သည် ယနေ့​အထိ သင်​အစဉ်အမြဲ​စီး​သော သင်​၏​မြည်း​ဖြစ်​သည်​မ​ဟုတ်​လော​။ ငါ​သည် သင့်​အား ဤသို့​ပြု​လေ့​ရှိ​သလော​”​ဟု ဆို​သော် ဗာလမ်​က “​မ​ရှိ​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 31,
      "text": "ထိုအခါ ထာဝရဘုရား​သည် ဗာလမ်​၏​မျက်စိ​ကို ဖွင့်​တော်မူ​သဖြင့် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်​လျက်​လမ်း​၌​ရပ်​နေ​သည်​ကို ဗာလမ်​မြင်​၍ ဦးညွှတ်​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 32,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဗာလမ်​အား “​သင်​သည် မည်သည့်​အတွက်​ကြောင့် သင်​၏​မြည်း​ကို ဤသို့​သုံး​ကြိမ်​ရိုက်​ရ​သနည်း​။ သင်​သွား​သော​လမ်း​သည် ငါ​နှင့်​ဆန့်ကျင်ဘက်​ဖြစ်​သောကြောင့် သင့်​ကို​တားဆီး​ရန် ငါ​လာ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 33,
      "text": "မြည်း​သည် ငါ့​ကို​မြင်​သဖြင့် သုံး​ကြိမ်​တိုင်တိုင် ငါ့​ထံ​မှ​လွှဲရှောင်​ခဲ့​၏​။ ထိုသို့ ငါ့​ထံ​မှ​မ​လွှဲရှောင်​ခဲ့​လျှင် အကယ်စင်စစ် မြည်း​ကို​အသက်ချမ်းသာ​ခွင့်​ပေး​ပြီး သင့်​ကို​ငါ​ကွပ်မျက်​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 34,
      "text": "ထိုအခါ ဗာလမ်​က ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​အကျွန်ုပ်​ပြစ်မှား​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆီးတား​ရန် လမ်း​၌​ရပ်​နေ​သည်​ကို အကျွန်ုပ်​မ​သိ​ပါ​။ ကိုယ်တော်​မနှစ်မြို့​လျှင် အကျွန်ုပ်​ပြန်သွား​ပါ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 35,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း ဗာလမ်​အား “​ဤ​လူ​တို့​နှင့်အတူ​လိုက်သွား​လော့​။ သို့ရာတွင် သင့်​အား ငါ​ပြော​သော​စကား​အတိုင်း​သာ သင်​ပြန်ပြော​ရ​မည်​”​ဟု ဆို​၏​။ သို့ဖြစ်၍ ဗာလမ်​သည် ဗာလက်​မင်းကြီး​၏​မှူးမတ်​တို့​နှင့်အတူ လိုက်သွား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 36,
      "text": "ဗာလက်​မင်းကြီး​သည် ဗာလမ်​လာ​ကြောင်း​ကြား​သောအခါ မိမိ​နယ်မြေ​အစွန်အဖျား​၊ အာနုန်​ချောင်း​အနီး​ရှိ မောဘ​ပြည်​၏​မြို့​တစ်​မြို့​၌ သူ​နှင့်​တွေ့ဆုံ​ရန် ထွက်လာ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 37,
      "text": "ဗာလက်​မင်းကြီး​က ဗာလမ်​အား “​အကျွန်ုပ်​သည် သင့်​ထံသို့ လူ​အထပ်ထပ်​စေလွှတ်​၍ ခေါ်​စေ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် သင်​မ​လာ​သနည်း​။ အကျွန်ုပ်​သည် သင့်​ကို ဂုဏ်​မ​ပြု​နိုင်​သလော​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 38,
      "text": "ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ယခု သင့်​ထံသို့​ငါ​ရောက်လာ​ပြီ​။ သို့သော် ငါ​သည် တစ်စုံတစ်ရာ ပြော​ခွင့်​ရှိ​သလော​။ ငါ့​နှုတ်​၌ ဘုရားသခင်​သွင်းပေး​သည့်​စကား​ကို​သာ ငါ​ပြော​ရ​မည်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 39,
      "text": "ထို့နောက် ဗာလမ်​သည် ဗာလက်​မင်းကြီး​နှင့်အတူ​လိုက်သွား​၍ ကိရယဿုဇုတ်​မြို့​သို့​ရောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 40,
      "text": "ဗာလက်​မင်းကြီး​သည် နွား​နှင့်​သိုး​တို့​ကို​ပူဇော်​ပြီး ဗာလမ်​နှင့် မိမိ​မှူးမတ်​တို့​ထံ ပေးပို့​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 41,
      "text": "နောက်တစ်နေ့​နံနက်​တွင် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို​ခေါ်​၍ ဗာမုတ်ဗာလ​ကုန်းမြင့်​ပေါ်သို့​တက်သွား​ကြ​၏​။ ထို​နေရာ​မှ အစ္စရေး​လူမျိုး​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို တွေ့မြင်​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 1,
      "text": "ထိုအခါ ဗာလမ်​က ဗာလက်​မင်းကြီး​အား “​ဤ​အရပ်​၌ ငါ့​အတွက် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​၍ နွားထီး​ခုနစ်​ကောင်​နှင့်​သိုးထီး​ခုနစ်​ကောင်​ကို​လည်း ပြင်ဆင်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 2,
      "text": "ဗာလက်​မင်းကြီး​သည်​လည်း ဗာလမ်​ပြော​သည့်​အတိုင်း ပြု​၍ သူ​တို့​သည် ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 3,
      "text": "ဗာလမ်​က ဗာလက်​မင်းကြီး​အား “​သင်​၏​မီးရှို့ရာယဇ်​ဘေး​၌ သင်​ရပ်​နေ​လော့​။ ငါ​တစ်နေရာ​သို့​သွား​မည်​။ ထာဝရဘုရား​သည် ငါ​နှင့်​လာတွေ့​ကောင်း​လာတွေ့​တော်မူ​မည်​။ ငါ့​အား ထာဝရဘုရား​ဖော်ပြ​သော မည်သည့်​အရာ​မဆို သင့်​အား ငါ​ကြားပြော​မည်​”​ဟု ဆို​ပြီးနောက် တောင်ကုန်း​ပေါ်သို့ တက်သွား​ရာ"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 4,
      "text": "ဘုရားသခင်​နှင့် တွေ့​လေ​၏​။ ထိုအခါ ဗာလမ်​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​ပြင်ဆင်​၍ ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​ကို​ပူဇော်​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ဗာလမ်​၏​နှုတ်​၌​စကား​ကို​သွင်းပေး​တော်မူ​ပြီးလျှင် “​ဗာလက်​မင်းကြီး​ထံသို့ ပြန်သွား​၍ ဤ​စကား​ကို​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 6,
      "text": "ဗာလမ်​သည် ဗာလက်​မင်းကြီး​ရှိ​ရာ​သို့ ပြန်ရောက်​သောအခါ ဗာလက်​မင်းကြီး​သည် မောဘ​လူမျိုး​အကြီးအကဲ​အပေါင်း​တို့​နှင့်အတူ မီးရှို့ရာယဇ်​နား​၌ ရပ်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 7,
      "text": "ထိုအခါ ဗာလမ်​က ပရောဖက်​ပြု​လျက် “​မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် ငါ့​ကို အရှေ့​တောင်ရိုး အာရံ​ပြည်​မှ​ခေါ်လာ​၍ ‘​လာ​ပါ​လော့​။ ငါ့​အဖို့ ယာကုပ်​အမျိုး​ကို​ကျိန်ဆဲ​ပါ​လော့​။ လာ​ပါ​လော့​။ အစ္စရေး​လူမျိုး​ကို​ရှုတ်ချ​ပါ​လော့​’​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 8,
      "text": "ဘုရားသခင် ကျိန်ဆဲ​တော်​မ​မူ​သော​သူ​ကို ငါ မည်သို့​ကျိန်ဆဲ​ဝံ့​မည်နည်း​။ ထာဝရဘုရား ရှုတ်ချ​တော်​မ​မူ​သော​သူ​ကို ငါ မည်သို့​ရှုတ်ချ​ဝံ့​မည်နည်း​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 9,
      "text": "သူ့​ကို ကျောက်ဆောင်​ထိပ်​မှ ငါ​တွေ့​ရ​၏​။ သူ့​ကို တောင်ကုန်း​ပေါ်မှ ငါ​မြင်​ရ​၏​။ ထို​လူမျိုး​သည် တသီးတခြား​နေ​၏​။ လူမျိုးခြား​တို့​နှင့်​ရောနှော​ခြင်း​မ​ရှိ​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 10,
      "text": "ယာကုပ်​အမျိုး​မြေမှုန့်​ကို မည်သူ​ရေတွက်​နိုင်​မည်နည်း​။ အစ္စရေး​လူမျိုး​၏​လေးပုံတစ်ပုံ​ကို မည်သူ​ရေတွက်​နိုင်​မည်နည်း​။ ဖြောင့်မှန်​သော​သူ​တို့​သေ​သကဲ့သို့ ငါ​သေ​ပါရစေ​။ ငါ​၏​နိဂုံး​သည်​လည်း သူ​၏​နိဂုံး​ကဲ့သို့​ဖြစ်​ပါစေ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 11,
      "text": "ထိုအခါ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​သင်​သည် အကျွန်ုပ်​ကို​မည်သို့​ပြု​သနည်း​။ အကျွန်ုပ်​၏​ရန်သူ​တို့​ကို​ကျိန်ဆဲ​ရန် သင့်​ကို​အကျွန်ုပ်​ခေါ်​ခဲ့​၏​။ သင်​ကား သူ​တို့​ကို လုံးလုံး​ကောင်းချီးပေး​လေ​ပြီ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 12,
      "text": "ဗာလမ်​က​လည်း “​ငါ​၏​နှုတ်​၌ ထာဝရဘုရား​သွင်းပေး​တော်မူ​သော​စကား​ကို​သာ​ပြော​ရန် ငါ​သတိပြု​ရ​မည်​မ​ဟုတ်​လော​”​ဟု ဆို​လျက် ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 13,
      "text": "ဗာလက်​မင်းကြီး​က​လည်း ဗာလမ်​အား “​အစ္စရေး​လူမျိုး​အားလုံး​ကို​မ​မြင်​ရ​သော်လည်း သူ​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို​သာ​မြင်​နိုင်​သည့် အခြား​တစ်နေရာ​သို့ ငါ​နှင့်အတူ​လိုက်​ခဲ့​ပါ​လော့​။ ငါ့​အတွက် သူ​တို့​ကို ထို​နေရာ​မှ ကျိန်ဆဲ​ပါ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 14,
      "text": "ထို့နောက် သူ​သည် ဗာလမ်​ကို ပိသဂါ​တောင်​ထိပ်​ရှိ ဇောဖိမ်​ကွင်းပြင်​သို့ ခေါ်သွား​၍ ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​ပြီး ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 15,
      "text": "ဗာလမ်​က ဗာလက်​မင်းကြီး​အား “​သင်​၏​မီးရှို့ရာယဇ်​ဘေး​၊ ဤ​နေရာ​၌ သင်​ရပ်​နေ​လော့​။ ငါ​သည် ထို​နေရာ​သို့​သွား​၍ ထာဝရဘုရား​နှင့်​တွေ့ဆုံ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 16,
      "text": "ထာဝရဘုရား​သည် ဗာလမ်​နှင့်​တွေ့​၍ ဗာလမ်​၏​နှုတ်​၌​စကား​ကို​သွင်းပေး​တော်မူ​ပြီး “​ဗာလက်​မင်းကြီး​ထံသို့ ပြန်သွား​၍ ဤ​စကား​ကို​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 17,
      "text": "ဗာလမ်​သည် ဗာလက်​မင်းကြီး​ထံသို့​ပြန်ရောက်​သောအခါ ဗာလက်​မင်းကြီး​က မောဘ​လူမျိုး​အကြီးအကဲ​များ​နှင့်အတူ မီးရှို့ရာယဇ်​နား၌ ရပ်​နေ​သည်​ကို တွေ့​ရ​၏​။ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 18,
      "text": "ထိုအခါ ဗာလမ်​က ပရောဖက်​ပြု​လျက် “​ဗာလက်​မင်းကြီး​၊ ထ​လော့​။ နားထောင်​လော့​။ ဇိဖော်​သား​၊ ငါ့​စကား​ကို စူးစိုက်​နားထောင်​လော့​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 19,
      "text": "လိမ်လည်​ပြောဆို​ရ​အောင် ဘုရားသခင်​သည် လူ​ဖြစ်​သည်​မ​ဟုတ်​။ စိတ်ပြောင်းလဲ​ရ​အောင် လူသား​ဖြစ်​သည်​မ​ဟုတ်​။ ကိုယ်တော်​သည် မိန့်​တော်မူ​ပြီးမှ မ​ပြု​ဘဲ​နေ​တော်မူ​မည်လော​။ ကတိထား​တော်မူ​ပြီးမှ မ​တည်​ဘဲ​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 20,
      "text": "ကောင်းချီးပေး​မည့်​အကြောင်း အမိန့်​တော်​ကို ငါ​ခံရ​ပြီ​။ ကိုယ်တော်​သည် ကောင်းချီးပေး​တော်မူ​သည်​ဖြစ်၍ ထို​ကောင်းချီး​ကို ငါ​မ​ပြောင်းလဲ​နိုင်​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 21,
      "text": "ယာကုပ်​အမျိုး​၌ အမင်္ဂလာ​ကို​မ​မြင်​။ အစ္စရေး​လူမျိုး​၌ အခက်အခဲ​ပြဿနာ​ကို​မ​တွေ့​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၏​။ သူ့​ထံ၌ ရှင်ဘုရင်​၏​ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​ကို​ကြား​ရ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 22,
      "text": "ဘုရားသခင်​သည် နွားရိုင်း​၏​ခွန်အား​ကဲ့သို့ သူ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 23,
      "text": "ယာကုပ်​အမျိုး​ကို မှော်အတတ်​ဖြင့်​မ​ပြုစား​နိုင်​။ အစ္စရေး​လူမျိုး​ကို ဂမ္ဘီရပညာ​ဖြင့်​မ​လှည့်ဖြား​နိုင်​။ ယခု​တွင် ‘​ဘုရားသခင် မည်သို့​ပြု​တော်မူ​ပါ​သနည်း​’​ဟူ၍ ယာကုပ်​အမျိုး​၊ အစ္စရေး​လူမျိုး​ကို​ရည်ဆောင်​၍ ပြောဆို​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 24,
      "text": "ဤ​လူမျိုး​သည် ခြင်္သေ့မ​ကဲ့သို့​ထကြွ​၍ ခြင်္သေ့ထီး​ကဲ့သို့ မာန်ဝင့်​နေ​၏​။ သူ​သည် သားကောင်​ကို​မ​စား​ရ​မီ​၊ သူ​ကိုက်သတ်​သော​အကောင်​၏​သွေး​ကို​မ​သောက်​ရ​မီ လဲလျောင်း​နေ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 25,
      "text": "ထိုအခါ ဗာလက်​မင်းကြီး​က ဗာလမ်​အား “​သူ​တို့​ကို ကျိန်​လည်း​မ​ကျိန်ဆဲ​ပါ​နှင့်​။ ကောင်းချီး​လည်း အလျှင်း​မ​ပေး​ပါ​နှင့်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 26,
      "text": "ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ငါ​သည် ထာဝရဘုရား​မိန့်​တော်မူ​သမျှ​အတိုင်း​သာ​ပြု​ရ​မည်​ဟု သင့်​အား ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 27,
      "text": "တစ်ဖန် ဗာလက်​မင်းကြီး​က ဗာလမ်​အား “​လာ​ပါ​လော့​။ သင့်​ကို အခြား​တစ်နေရာ​သို့ ခေါ်သွား​မည်​။ အကျွန်ုပ်​အတွက် သူ​တို့​ကို ထို​နေရာ​မှ​ကျိန်ဆဲ​လျှင် ဘုရားသခင်​နှစ်သက်​ကောင်း​နှစ်သက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 28,
      "text": "ထို့နောက် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို ကန္တာရမြေ​ကို​စီးမြင်​ရ​သော ပေဂုရ​တောင်​ထိပ်​သို့​ခေါ်သွား​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 29,
      "text": "ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ဤ​နေရာ​၌ ငါ့​အတွက် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​၍ နွားထီး​ခုနစ်​ကောင်​နှင့် သိုးထီး​ခုနစ်​ကောင်​ကို​လည်း ပြင်ဆင်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 30,
      "text": "ဗာလက်​မင်းကြီး​သည် ဗာလမ်​ပြော​သည့်​အတိုင်း​ပြု​၍ ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 1,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို​ကောင်းချီးပေး​ရန် အလို​တော်​ရှိ​ကြောင်း ဗာလမ်​သိမြင်​သောအခါ ယခင်​ကဲ့သို့ မှော်အတတ်​ကို​မ​သုံး​တော့​ဘဲ တောကန္တာရ​ဘက်​သို့​လှည့်​၍"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 2,
      "text": "မျှော်ကြည့်​ရာ မျိုးနွယ်​အလိုက် စခန်းချ​နေ​သော​အစ္စရေး​လူမျိုး​တို့​ကို​မြင်​လျှင် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​သို့​သက်ရောက်​တော်မူ​၍"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 3,
      "text": "သူ​သည် ပရောဖက်​ပြု​လျက် “​ဗောရ​၏​သား ဗာလမ်​၊ မျက်စိ​ပွင့် ​သွား​သော​သူ​၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 4,
      "text": "မျက်စိ​ပွင့်​လျက် လဲကျ​သွား​ပြီး အနန္တတန်ခိုးရှင်​ထံမှ​စိတ်အာရုံ​ကို​မြင်​ရ​သော​သူ​၊ ဘုရားသခင်​၏​စကား​တို့​ကို​ကြား​ရ​သော​သူ​၏​နိမိတ်စကား​မှာ"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 5,
      "text": "‘​အို ယာကုပ်​အမျိုး​၊ သင်​၏​တဲ​များ​သည် တင့်တယ်လှ​သည်​တကား​။ အို အစ္စရေး​လူမျိုး​၊ သင်​နေထိုင်​ရာ​နေရာ​များ​သည် တင့်တယ်​လှ​သည်​တကား​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 6,
      "text": "ကျယ်ပြန့်​သော​ချိုင့်ဝှမ်း​များ​၊ မြစ်​နား​ရှိ​သော​ဥယျာဉ်​များ​နှင့်​တူ​ပါ​သည်​တကား​။ ထာဝရဘုရား​စိုက်​တော်မူ​သော​သစ်မွှေးပင်​များ​၊ ရေ​နား​ရှိ​သစ်ကတိုးပင်​များ​နှင့်​တူ​ပါ​သည်​တကား​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 7,
      "text": "သူ့​ရေပုံး​မှ ရေ​စီးကျ​လိမ့်မည်​။ သူ​၏​မျိုးစေ့​သည် ရေ​လုံလောက်​စွာ ရ​လိမ့်မည်​။ သူ​၏​ရှင်ဘုရင်​သည် အာဂတ်​မင်းကြီး​ထက် မြင့်မြတ်​၍ သူ​၏​နိုင်ငံ​သည်​လည်း ချီးမြှောက်​ခြင်း ခံရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 8,
      "text": "ဘုရားသခင်​သည် နွားရိုင်း​၏​ခွန်အား​ကဲ့သို့ သူ့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ သူ​သည် သူ့​အား ရန်ဖက်​ပြု​သော​လူမျိုး​တို့​ကို ဝါးမျို​၍ သူ​တို့​၏​အရိုး​ကို ချိုး​လိမ့်မည်​။ မြား​ဖြင့် ချေမှုန်း​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 9,
      "text": "သူ​သည် လဲလျောင်း​လျက် နေ​၏​။ ခြင်္သေ့ထီး​ကဲ့သို့​၊ ခြင်္သေ့မ​ကဲ့သို့ အိပ်​လျက် နေ​၏​။ သူ့​ကို မည်သူ​နှိုး​ဝံ့​သနည်း​။ သင့်​ကို ကောင်းချီးပေး​သော​သူ​သည် ကောင်းချီးခံစား​ရ​မည်​။ သင့်​ကို ကျိန်ဆဲ​သော​သူ​သည် ကျိန်ဆဲ​ခြင်း ခံရ​မည်​’ ”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 10,
      "text": "ထိုအခါ ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို အမျက်ထွက်​လေ​၏​။ ထို့ကြောင့် လက်ဝါးရိုက်​၍ ဗာလမ်​အား “​အကျွန်ုပ်​၏​ရန်သူ​ကို ကျိန်ဆဲ​ရန် သင့်​အား အကျွန်ုပ်​ခေါ်​ခဲ့​၏​။ ယခု​မူကား သင်​သည် သူ​တို့​ကို သုံး​ကြိမ်​တိုင်အောင် ကောင်းချီး​လုံးလုံး​ပေး​လေ​ပြီ​တကား​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 11,
      "text": "ယခု သင့်​နေရပ်​သို့ ပြန်ပြေး​လော့​။ သင့်​ကို ဂုဏ်ပြုချီးမြှောက်​မည်​ဟု ဆို​ခဲ့​သော်လည်း ထို​ဘုန်းအသရေ​ကို သင်​မ​ရရှိ​စေရန် ထာဝရဘုရား တားဆီး​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 12,
      "text": "ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​သင်​စေလွှတ်​လိုက်​သော စေတမန်​တို့​အား"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 13,
      "text": "‘ဗာလက်​မင်းကြီး​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော သူ​၏​နန်းတော်​ကို ငါ့​အား​ပေး​လျှင်လည်း ငါ​သည် ထာဝရဘုရား​၏​အမိန့်​တော်​ကို​လွန်ဆန်​၍ ကောင်း​သော​အမှု​ကို​ဖြစ်စေ​၊ ဆိုးသောအမှု​ကို​ဖြစ်စေ ငါ​မ​ပြု​ဝံ့​။ ထာဝရဘုရား မိန့်​တော်မူ​သော​စကား​ကို​သာ ငါ​ပြော​မည်​’​ဟု ငါ​ဆို​ခဲ့​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 14,
      "text": "ယခု ငါ့​လူမျိုး​ထံသို့ ငါ​ပြန်သွား​မည်​။ နောင်​အခါ ဤ​လူမျိုး​သည် သင့်​လူမျိုး​ကို မည်သို့​ပြု​မည်​ကို သင့်​အား ငါ​သတိပေး​ခဲ့​မည်​”​ဟု ဆို​၍"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 15,
      "text": "ပရောဖက်​ပြု​သည်​မှာ “​ဗောရ​၏​သား​ဗာလမ်​၊ မျက်စိ​ပွင့်​သွား​သော​သူ​၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 16,
      "text": "မျက်စိ​ပွင့်​လျက် လဲကျ​သွား​ပြီး အမြင့်ဆုံး​သော​အရှင်​ထံ​တော်​မှ အသိပညာ​ရရှိ​သူ​၊ အနန္တတန်ခိုးရှင်​ထံမှ​စိတ်အာရုံ​ကို​မြင်​ရ​သော​သူ​၊ ဘုရားသခင်​၏​စကား​တို့​ကို​ကြား​ရ​သော​သူ​၏​နိမိတ်စကား​မှာ"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 17,
      "text": "သူ့​ကို ငါ​တွေ့​၏​။ သို့သော် ယခု​မ​ဟုတ်​။ သူ့​ကို ငါ​မြင်​၏​။ သို့သော် အနီး​မှာ​မ​ဟုတ်​။ ယာကုပ်​အမျိုး​ထဲမှ ကြယ်​တစ်​လုံး​ပေါ်ထွန်း​လိမ့်မည်​။ အစ္စရေး​လူမျိုး​ထဲမှ ရာဇလှံတံ ပေါ်ပေါက်​လိမ့်မည်​။ သူ​သည် မောဘ​ပြည်​စွန်း​တိုင်အောင် ချေမှုန်း​၍ ရှေသ​အမျိုးသား​အားလုံး​ကို ဖျက်ဆီး​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 18,
      "text": "ဧဒုံ​ပြည်​သည် သိမ်းယူ​ခြင်း​ကို ခံရ​လိမ့်မည်​။ စိရ​ပြည်​သည် မိမိ​ရန်သူ​၏​သိမ်းယူ​ခြင်း​ကို ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​မူကား ရဲစွမ်းသတ္တိ​နှင့်​ပြည့်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 19,
      "text": "ယာကုပ်​အမျိုး​ထဲမှ အုပ်စိုး​သူ​တစ်​ယောက် ပေါ်ထွက်​လာ​၍ မြို့​ထဲမှ​အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ဖျက်ဆီး​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 20,
      "text": "တစ်ဖန် ဗာလမ်​သည် အာမလက်​လူမျိုး​ကို​ရှုမြင်​၍ ပရောဖက်​ပြု​သည်​မှာ “​အာမလက်​လူမျိုး​သည် လူမျိုး​တို့​၏​အထွတ်အထိပ်​ဖြစ်​သော်လည်း အဆုံး​၌ သူ​သည်​ပျက်စီး​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 21,
      "text": "တစ်ဖန် ကေနိ​လူမျိုး​ကို​ရှုမြင်​၍ ပရောဖက်​ပြု​သည်​မှာ “​သင်​နေထိုင်ရာအရပ်​သည် ခိုင်ခံ့​၏​။ သင်​၏​အသိုက်အမြုံ​သည် ကျောက်​ပေါ်၌ တည်​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 22,
      "text": "သို့သော်လည်း ကေနိ​လူမျိုး​ဖြစ်​သော​သင်​တို့​ကို အဆီးရီးယား​ဘုရင်​သည် ဖမ်းဆီးခေါ်ဆောင်​သွား​၍ ဝါးမျို​ဖျက်ဆီး​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 23,
      "text": "တစ်ဖန် ပရောဖက်​ပြု​ပြန်​သည်​မှာ “​အလိုလေး​၊ ထိုသို့ ဘုရားသခင် ပြု​တော်မူ​လျှင် မည်သူ​အသက်ချမ်းသာ​ရာ​ရ​မည်နည်း​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 24,
      "text": "ဆိုက်ပရပ်​ဆိပ်ကမ်း​မှ သင်္ဘော​တို့​သည်​လာ​၍ အဆီးရီးယား​လူမျိုး​ကို နှိပ်စက်​လိမ့်မည်​။ ဧဗာ​လူမျိုး​ကို​လည်း နှိပ်စက်​လိမ့်မည်​။ သို့သော် သူ​တို့​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 25,
      "text": "ထို့နောက် ဗာလမ်​သည် ထ​၍​မိမိ​နေရပ်​သို့ ပြန်သွား​လေ​၏​။ ဗာလက်​မင်းကြီး​သည်​လည်း သူ့​လမ်း​သူ​ပြန်သွား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ရှိတ္တိမ်​အရပ်​၌ နေထိုင်​ကြ​စဉ် မောဘ​အမျိုးသမီး​တို့​နှင့် စ​၍​ဖောက်ပြန်မှားယွင်း​လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 2,
      "text": "ထို​အမျိုးသမီး​တို့​သည် မိမိ​တို့​ဘုရား​များ​၏​ယဇ်ပူဇော်ပွဲ​များ​သို့ အစ္စရေး​အမျိုးသား​တို့​ကို ခေါ်သွား​၏​။ သူ​တို့​သည် စားသောက်​ကြ​၍ ထို​အမျိုးသမီး​တို့​၏​ဘုရား​များ​ကို​လည်း ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 3,
      "text": "ထိုသို့ အစ္စရေး​လူမျိုး​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​သောကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 4,
      "text": "ထာဝရဘုရား​က မောရှေ​အား “​လူ​တို့​ထဲမှ အကြီးအမှူး​ရှိသမျှ​တို့​ကို ခေါ်ထုတ်​၍ ထာဝရဘုရား​၏​ရှေ့​၊ နေပူ​ထဲ၌ သူ​တို့​ကို​ဆွဲ​ထား ​လော့​။ သို့ပြုလျှင် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​သည် အစ္စရေး​လူမျိုး​တို့​ထံမှ လွှဲသွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 5,
      "text": "မောရှေ​က​လည်း အစ္စရေး​လူမျိုး​တို့​၏​တရားသူကြီး​တို့​အား “​သင်​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​သော​ကိုယ့်​လူ​အသီးသီး​ကို သတ်​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 6,
      "text": "ထိုအခါ မောရှေ​ရှေ့မှောက်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ငိုကြွေး​နေ​ကြ​သော အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ရှေ့မှောက်​မှာ​ပင် အစ္စရေး​အမျိုးသား​တစ်​ဦး​သည် မိမိ​အမျိုးသားချင်း​တို့​ထံ မိဒျန်​အမျိုးသမီး​တစ်​ယောက်​ကို ခေါ်ဆောင်​လာ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​အာရုန်​၏​မြေး​ဖြစ်​သော ဧလာဇာ​၏​သား​ဖိနဟတ် မြင်​သောအခါ လူထု​ထဲ​မှ​ထ​၍ လှံ​ကို​ကိုင်စွဲ​လျက်"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 8,
      "text": "ထို​အစ္စရေး​အမျိုးသား​နောက် တဲ​အတွင်း​သို့ လိုက်ဝင်​သွား​၍ အစ္စရေး​အမျိုးသား​နှင့် ထို​မိန်းမ နှစ်ဦးစလုံး​တို့​၏​ဗိုက်​ကို လှံ​နှင့်​ထိုး​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​တွင် ဘေးဒဏ်​ငြိမ်း​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 9,
      "text": "ထို​ဘေးဒဏ်​ကြောင့် သေဆုံး​သူ နှစ်​သောင်း​လေး​ထောင်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 10,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 11,
      "text": "“​ယဇ်ပုရောဟိတ်​အာရုန်​၏​မြေး​ဖြစ်​သော ဧလာဇာ​၏​သား​ဖိနဟတ်​သည် အစ္စရေး​အမျိုးသား​တို့​အပေါ် ငါ​သဝန်တို​သကဲ့သို့ သဝန်တို​သဖြင့် ငါ​၏​အမျက်ဒေါသ​ကို သူ​တို့​ထံမှ​လွှဲ​စေ​ပြီ​။ ထို့ကြောင့် သဝန်တို​သော်လည်း အစ္စရေး​အမျိုးသား​တို့​ကို ငါ​မ​ဖျက်ဆီး​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 12,
      "text": "ထို့ကြောင့် ဖိနဟတ်​အား ‘​ငါ​၏​ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို သူ့​အား ငါ​ပေး​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 13,
      "text": "ထာဝရ​ယဇ်ပုရောဟိတ်​အရိုက်အရာ​ဆိုင်ရာ​ပဋိညာဉ်​သည် သူ​မှစ၍ နောင်လာမည့် သူ​၏​သားစဉ်မြေးဆက်​အတွက်​ဖြစ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​၏​ဘုရားသခင်​အစား သဝန်တို​၍ အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သောကြောင့် ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 14,
      "text": "မိဒျန်​အမျိုးသမီး​နှင့်အတူ အသေသတ်​ခံရ​သည့် အစ္စရေး​အမျိုးသား​၏​အမည်​မှာ ဇိမရိ​ဖြစ်၍ သူ​သည် ရှိမောင်​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​ဖြစ်​သော သာလု​၏​သား​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 15,
      "text": "အသတ်​ခံရ​သော​မိဒျန်​အမျိုးသမီး​၏​အမည်​မှာ ကောဇဘိ​ဖြစ်၍ သူ​သည် မိဒျန်​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​နှင့်ဆိုင်သော​မျိုးနွယ်စု​၏​အကြီးအမှူး​ဖြစ်​သော ဇုရ​၏​သမီး​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 17,
      "text": "“​မိဒျန်​လူမျိုး​တို့​ကို ရန်ပြု​၍ သူ​တို့​ကို သုတ်သင်​ပစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 18,
      "text": "အကြောင်းမူကား သူ​တို့​သည် ပေဂုရ​ဘုရား​အမှု​အားဖြင့်​လည်းကောင်း​၊ ပေဂုရ​ဘုရား​အမှု​ကြောင့် ဘေးဒဏ်​ကျရောက်​သော​နေ့​၌ အသတ်​ခံရ​သော သူ​တို့​၏​နှမ​၊ မိဒျန်​ခေါင်းဆောင်​၏​သမီး​ကောဇဘိ​အမှု​အားဖြင့်​လည်းကောင်း ပရိယာယ်ပြု​၍ သင်​တို့​ကို ရန်ပြု​ခဲ့​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 1,
      "text": "ထို​ဘေးဒဏ်​ပြီးနောက် ထာဝရဘုရား​က မောရှေ​နှင့် အာရုန်​၏​သား ယဇ်ပုရောဟိတ်​ဧလာဇာ​အား"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​စစ်မှု​ထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို သူ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 3,
      "text": "သို့ဖြစ်၍ ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​အား"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 4,
      "text": "“​မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ​တို့​ကို စာရင်းကောက်ယူ​လော့​”​ဟု ဆို​လေ​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​အစ္စရေး​လူမျိုး​တို့​၏​အမျိုးအနွယ်​များ​ကား"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 5,
      "text": "အစ္စရေး​၏​သားဦး​မှာ ရုဗင်​ဖြစ်​၏​။ ရုဗင်​၏​အမျိုးအနွယ်​များ​ကား ဟာနုတ်​မှ​ဆင်းသက်​သော ဟာနုတ်​မျိုးနွယ်စု​၊ ဖာလု​မှ​ဆင်းသက်​သော ဖာလု​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 6,
      "text": "ဟေဇရုံ​မှ​ဆင်းသက်​သော ဟေဇရုန်​မျိုးနွယ်စု​၊ ကာမိ​မှ​ဆင်းသက်​သော ကာမိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 7,
      "text": "ဤသည်ကား ရုဗင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်းသုံးထောင်​ခုနစ်​ရာ့​သုံးဆယ်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 8,
      "text": "ဖာလု​၏​သား​မှာ ဧလျာဘ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 9,
      "text": "ဧလျာဘ​၏​သား​များ​မှာ နေမွေလ​၊ ဒါသန်​၊ အဘိရံ တို့​ဖြစ်​ကြ​၏​။ ဤ​ဒါသန်​နှင့်​အဘိရံ​သည် လူထု​၏​ရွေးကောက်တင်မြှောက်​ခြင်း​ခံရ​သူ​များ​ဖြစ်ပြီး ကောရ​၏​အပေါင်းပါ​များ​နှင့်အတူ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်ပုန်ကန်​သော​သူ​များ​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​ပုန်ကန်​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 10,
      "text": "ထို့ကြောင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ ကောရ​နှင့်အတူ သူ​တို့​ကို​မျို​၏​။ ထိုသို့ ကောရ​နှင့်​သူ​၏​အပေါင်းပါ​များ​သေ​ကြ​၏​။ လူ​အယောက်​နှစ်ရာ့​ငါးဆယ်​ကို​လည်း မီး​လောင်ကျွမ်း​လေ​၏​။ ထို​သူ​တို့​သည် သတိပြုစရာ​သက်သေ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 11,
      "text": "ကောရ​၏​သား​တို့​မူကား အသတ်​မ​ခံရ​ကြ​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 12,
      "text": "မျိုးနွယ်စု​အလိုက် ရှိမောင်​၏​အမျိုးအနွယ်​များ​ကား နေမွေလ ​မှ​ဆင်းသက်​သော နေမွေလ​မျိုးနွယ်စု​၊ ယာမိန်​မှ​ဆင်းသက်​သော ယာမိန်​မျိုးနွယ်စု​၊ ယာခိန်​မှ​ဆင်းသက်​သော ယာခိန်​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 13,
      "text": "ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု​၊ ရှောလ​မှ​ဆင်းသက်​သော ရှောလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 14,
      "text": "ဤသည်ကား ရှိမောင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး နှစ်သောင်းနှစ်ထောင့်​နှစ်ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 15,
      "text": "မျိုးနွယ်စု​အလိုက် ဂဒ်​၏​အမျိုးအနွယ်​များ​ကား ဇေဖုန်​မှ​ဆင်းသက်​သော ဇေဖုန်​မျိုးနွယ်စု​၊ ဟဂ္ဂိ​မှ​ဆင်းသက်​သော ဟဂ္ဂိ​မျိုးနွယ်စု​၊ ရှုနိ​မှ​ဆင်းသက်​သော ရှုနိ​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 16,
      "text": "ဩဇနိ​မှ​ဆင်းသက်​သော ဩဇနိ​မျိုးနွယ်စု​၊ ဧရိ​မှ​ဆင်းသက်​သော ဧရိ​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 17,
      "text": "အာရုဒ်​မှ​ဆင်းသက်​သော အရောဒိ​မျိုးနွယ်စု​၊ အရေလိ​မှ​ဆင်းသက်​သော အရေလိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 18,
      "text": "ဤသည်ကား ဂဒ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 19,
      "text": "ယုဒ​၏​သား​များ​မှာ ဧရ​နှင့်​ဩနန် တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌ သေဆုံး​သွား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 20,
      "text": "မျိုးနွယ်စု​အလိုက် ယုဒ​၏​အမျိုးအနွယ်​များ​ကား ရှေလ​မှ​ဆင်းသက်​သော ရှေလ​မျိုးနွယ်စု​၊ ဖာရက်​မှ​ဆင်းသက်​သော ဖာရက်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 21,
      "text": "ဖာရက်​၏​အမျိုးအနွယ်​များ​ကား ဟေဇရုန်​မှ​ဆင်းသက်​သော ဟေဇရုန်​မျိုးနွယ်စု​၊ ဟာမုလ​မှ​ဆင်းသက်​သော ဟာမုလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 22,
      "text": "ဤသည်ကား ယုဒ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ခုနစ်သောင်း​ခြောက်ထောင့်​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 23,
      "text": "မျိုးနွယ်စု​အလိုက် ဣသခါ​အမျိုးအနွယ်​များ​ကား တောလ​မှ​ဆင်းသက်​သော တောလ​မျိုးနွယ်စု​၊ ဖုဝါ​မှ​ဆင်းသက်​သော ဖုဝါ​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 24,
      "text": "ယာရှုပ်​မှ​ဆင်းသက်​သော ယာရှုပ်​မျိုးနွယ်စု​၊ ရှိမရုန်​မှ​ဆင်းသက်​သော ရှိမရုန်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 25,
      "text": "ဤသည်ကား ဣသခါ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ခြောက်​သောင်း​လေး​ထောင့်​သုံး​ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 26,
      "text": "မျိုးနွယ်စု​အလိုက် ဇာဗုလုန်​၏​အမျိုးအနွယ်​များ​ကား သရက်​မှ​ဆင်းသက်​သော သရက်​မျိုးနွယ်စု​၊ ဧလုန်​မှ​ဆင်းသက်​သော ဧလုန်​မျိုးနွယ်စု​၊ ယာလေလ​မှ​ဆင်းသက်​သော ယာလေလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 27,
      "text": "ဤသည်ကား ဇာဗုလုန်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ခြောက်သောင်း​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 28,
      "text": "မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ်​များ​ကား မနာရှေ​နှင့်​ဧဖရိမ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 29,
      "text": "မနာရှေ​အမျိုးအနွယ်​များ​ကား မာခိရ​မှ​ဆင်းသက်​သော မာခိရ​မျိုးနွယ်စု​၊ မာခိရ​သား ဂိလဒ်​မှ​ဆင်းသက်​သော ဂိလဒ်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 30,
      "text": "ဂိလဒ်​၏​အမျိုးအနွယ်​များ​ကား ယေဇေရ​မှ​ဆင်းသက်​သော ယေဇေရ​မျိုးနွယ်စု​၊ ဟေလက်​မှ​ဆင်းသက်​သော ဟေလက်​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 31,
      "text": "အသရေလ​မှ​ဆင်းသက်​သော အသရေလ​မျိုးနွယ်စု​၊ ရှေခင်​မှ​ဆင်းသက်​သော ရှေခင်​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 32,
      "text": "ရှမိဒ​မှ​ဆင်းသက်​သော ရှမိဒ​မျိုးနွယ်စု​၊ ဟေဖာ​မှ​ဆင်းသက်​သော ဟေဖာ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 33,
      "text": "ဟေဖာ​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​များ​သာ​ရှိ​၏​။ ထို​သမီး​တို့​၏​အမည်​မှာ မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 34,
      "text": "ဤသည်ကား မနာရှေ​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ငါးသောင်း​နှစ်ထောင့်​ခုနစ်​ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 35,
      "text": "မျိုးနွယ်စု​အလိုက် ဧဖရိမ်​၏​အမျိုးအနွယ်​များ​ကား ရှုသေလ​မှ​ဆင်းသက်​သော ရှုသေလ​မျိုးနွယ်စု​၊ ဗေခါ​မှ​ဆင်းသက်​သော ဗေခါ​မျိုးနွယ်စု​၊ တာဟန်​မှ​ဆင်းသက်​သော တာဟန်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 36,
      "text": "ရှုသေလ​၏​အမျိုးအနွယ်​များ​ကား ဧရန်​မှ​ဆင်းသက်​သော ဧရန်​မျိုးနွယ်စု ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 37,
      "text": "ဤသည်ကား ဧဖရိမ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ သုံးသောင်း​နှစ်ထောင့်​ငါး​ရာ​ရှိ​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 38,
      "text": "မျိုးနွယ်စု​များ​အလိုက် ဗင်္ယာမိန်​၏​အမျိုးအနွယ်​များ​ကား ဗေလ​မှ​ဆင်းသက်​သော ဗေလိ​မျိုးနွယ်စု​၊ အာရှဗေလ​မှ​ဆင်းသက်​သော အာရှဗေလိ​မျိုးနွယ်စု​၊ အဟိရံ​မှ​ဆင်းသက်​သော အဟိရမိ​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 39,
      "text": "ရှေဖုဖံ​မှ​ဆင်းသက်​သော ရှုဖံမိ​မျိုးနွယ်စု​၊ ဟုဖံ​မှ​ဆင်းသက်​သော ဟုဖံမိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 40,
      "text": "ဗေလ​၏​အမျိုးအနွယ်​များ​ကား အာရဒ​နှင့်​နေမန် တို့​ဖြစ်​ကြ​ပြီး အာရဒ​မှ​ဆင်းသက်​သော အာရဒ​မျိုးနွယ်စု​၊ နေမန်​မှ​ဆင်းသက်​သော နေမနိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 41,
      "text": "ဤသည်ကား မျိုးနွယ်စု​အလိုက် ဗင်္ယာမိန်​၏​အမျိုးအနွယ်​များ​ဖြစ်​ကြ​ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါးထောင့်​ခြောက်​ရာ​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 42,
      "text": "မျိုးနွယ်စု​အလိုက် ဒန်​၏​အမျိုးအနွယ်​များ​မှာ ရှုဟံ​မှ​ဆင်းသက်​သော ရှုဟံ​မျိုးနွယ်စု ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ဒန်​၏ အမျိုးအနွယ်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 43,
      "text": "ရှုဟံ​မျိုးနွယ်စု​ရှိ လူ​အားလုံး​၏​အရေအတွက်​မှာ ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 44,
      "text": "မျိုးနွယ်စု​အလိုက် အာရှာ​၏​အမျိုးအနွယ်​များ​မှာ ဣမန​မှ​ဆင်းသက်​သော ဣမန​မျိုးနွယ်စု​၊ ဣရွှိ​မှ​ဆင်းသက်​သော ဣရွှိ​မျိုးနွယ်စု​၊ ဗေရိယ​မှ​ဆင်းသက်​သော ဗေရိယ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 45,
      "text": "ဗေရိယ​၏​အမျိုးအနွယ်​များ​မှာ ဟေဗာ​မှ​ဆင်းသက်​သော ဟေဗာ​မျိုးနွယ်စု​၊ မာလချေလ​မှ​ဆင်းသက်​သော မာလချေလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 46,
      "text": "အာရှာ​သမီး​၏​အမည်​မှာ စေရ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 47,
      "text": "ဤသည်ကား အာရှာ​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ ငါးသောင်းသုံးထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 48,
      "text": "မျိုးနွယ်စု​အလိုက် နဿလိ​အမျိုးအနွယ်​များ​မှာ ယာဇေလ​မှ​ဆင်းသက်​သော ယာဇေလ​မျိုးနွယ်စု​၊ ဂုနိ​မှ​ဆင်းသက်​သော ဂုနိ​မျိုးနွယ်စု​၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 49,
      "text": "ယေဇာ​မှ​ဆင်းသက်​သော ယေဇာ​မျိုးနွယ်စု​၊ ရှိလင်​မှ​ဆင်းသက်​သော ရှိလင်​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 50,
      "text": "ဤသည်ကား မျိုးနွယ်စု​အလိုက် နဿလိ​၏​မျိုးနွယ်စု​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါးထောင့်​လေး​ရာ ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 51,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​မှာ ခြောက်သိန်း​တစ်ထောင်​ခုနစ်​ရာ့​သုံးဆယ် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 52,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 53,
      "text": "“​ဤ​ပြည်​ကို အမွေ​အဖြစ် ဤ​သူ​တို့​အား အမည်​စာရင်း​အလိုက် ခွဲဝေ​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 54,
      "text": "လူဦးရေ​များ​လျှင် များ​သည့်​အတိုင်း အမွေ​ခွဲဝေ​ပေး​ရ​မည်​။ လူဦးရေ​နည်း​လျှင် နည်း​သည့်​အတိုင်း အမွေ​ခွဲဝေ​ပေး​ရ​မည်​။ အမျိုးအနွယ်​အသီးသီး​တို့​ကို သူ​တို့​၏​အရေအတွက်​နှင့်အညီ အမွေ​ခွဲဝေ​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 55,
      "text": "ထို​ပြည်​ကို မဲချ​၍ ခွဲဝေ​ပေး​ရ​မည်​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အမည်​အလိုက် အမွေဆက်ခံ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 56,
      "text": "မဲ​ကျ​သည့်​အတိုင်း အနည်း​၊ အများ​အလိုက် အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 57,
      "text": "မျိုးနွယ်စု​အလိုက် လေဝိ​အမျိုး​စာရင်းဝင်​သော​သူ​တို့​ကား ဂေရရှုန်​မှ​ဆင်းသက်​သော ဂေရရှုန်​မျိုးနွယ်စု​၊ ကောဟတ်​မှ​ဆင်းသက်​သော ကောဟတ်​မျိုးနွယ်စု​၊ မေရာရိ​မှ​ဆင်းသက်​သော မေရာရိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 58,
      "text": "လေဝိ​မျိုးနွယ်စု​များ​ကား လိဗနိ​မျိုးနွယ်စု​၊ ဟေဗြုန်​မျိုးနွယ်စု​၊ မဟာလိ​မျိုးနွယ်စု​၊ မုရှိ​မျိုးနွယ်စု​၊ ကောရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ ကောဟတ်​သည် အာမရံ​၏​ဖခင် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 59,
      "text": "အာမရံ​မယား​၏​အမည်​မှာ ယောခေဗက် ဖြစ်​၏​။ အီဂျစ်​ပြည်​၌ လေဝိ​မယား​မွေးဖွား​သော လေဝိ​သမီး​ဖြစ်​၏​။ ယောခေဗက်​သည် အာမရံ​အားဖြင့် အာရုန်​၊ မောရှေ​နှင့် သူ​တို့​၏​အစ်မ​မိရိအံ တို့​ကို မွေးဖွား​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 60,
      "text": "အာရုန်​သည် သား နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ကို ရ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 61,
      "text": "နာဒပ်​နှင့် အဘိဟု​သည် မိန့်မှာ​ထား​တော်မူ​သော​မီး​မ​ဟုတ်​သည့်​အခြား​သော​မီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​သဖြင့် သေဆုံး​သွား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 62,
      "text": "လေဝိ​အမျိုး​တွင် တစ်လသား​အရွယ်​နှင့်​အထက်​ရှိ ယောက်ျား​အားလုံး​တို့​၏​အရေအတွက်​မှာ နှစ်သောင်းသုံးထောင် ရှိ​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အမွေ​မ​ခံရ​သဖြင့် သူ​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 63,
      "text": "ဤသည်ကား ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​ကို ရေတွက်​ခဲ့​သော​အရေအတွက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 64,
      "text": "ဤ​သူ​တို့​ထဲတွင် သိနာ​တောကန္တာရ​၌ မောရှေ​နှင့်​ယဇ်ပုရောဟိတ်​အာရုန်​တို့ ရေတွက်​ခဲ့​သည့်​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​တစ်​ယောက်​မျှ မ​ပါဝင်​ချေ​။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 65,
      "text": "“​ထို​သူ​တို့​သည် တောကန္တာရ​၌ မုချ​သေ​ရ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သောကြောင့် ထို​သူ​တို့​တွင် ယေဖုန္နာ​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​မှလွဲ၍ မည်သူ​မျှ မ​ကျန်ရစ်​ပေ​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 1,
      "text": "ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 2,
      "text": "တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​ရှိ မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ ခေါင်းဆောင်​နှင့်​လူထု​အပေါင်း​တို့​ရှေ့​တွင် ရပ်​လျက်"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 3,
      "text": "“​အကျွန်ုပ်​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 4,
      "text": "ထိုသို့ သူ​၌​သား​မ​ရှိ​သောကြောင့် အကျွန်ုပ်​တို့​ဖခင်​၏​အမည်​ကို သူ့​မျိုးနွယ်စု​ထဲ​မှ နုတ်ပယ်​ကြ​မည်လော​။ အကျွန်ုပ်​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အကျွန်ုပ်​တို့​ကို​လည်း အမွေ​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 5,
      "text": "မောရှေ​သည်​လည်း သူ​တို့​၏​အမှု​ကို ထာဝရဘုရား​ထံ လျှောက်တင်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 6,
      "text": "ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 7,
      "text": "“​စင်စစ် ဇလောဖဒ်​သမီး​တို့​၏​တောင်းလျှောက်​ချက်​မှာ သင့်လျော်​၏​။ သူ​တို့​ဖခင်​၏​ညီအစ်ကို​များ​ထဲ​မှ သူ​တို့​ပိုင်ဆိုင်​သော​အမွေ​ကို သူ​တို့​အား ပေး​ရ​မည်​။ သူ​တို့​ဖခင်​၏​အမွေ​ကို သူ​တို့​အား လွှဲပြောင်း​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 8,
      "text": "သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘တစ်စုံတစ်ယောက်​သည် သား​မ​ရှိ​ဘဲ သေဆုံး​သွား​လျှင် သူ​၏​အမွေ​ကို သူ့​သမီး​အား လွှဲပြောင်း​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 9,
      "text": "သူ​၌ သမီး​မ​ရှိ​လျှင် သူ​၏​အမွေ​ကို သူ့​ညီအစ်ကို​တို့​အား ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 10,
      "text": "သူ​၌ ညီအစ်ကို​မ​ရှိ​လျှင် သူ​၏​အမွေ​ကို သူ့​ဖခင်​၏​ညီအစ်ကို​တို့​အား ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 11,
      "text": "သူ့​ဖခင်​၌ ညီအစ်ကို​မ​ရှိ​လျှင် သူ​၏​အမွေ​ကို သူ​၏​မျိုးနွယ်စု​ထဲမှ သူ​နှင့်​သွေးသားတော်စပ်သူ​အား ပေး​၍ ထို​သူ​သည် အမွေ​ကို​ပိုင်ဆိုင်​ရ​မည်​’​ဟူ၍ ဆင့်ဆို​ရ​မည်​။ ဤသည်ကား မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​အတွက် ပြဋ္ဌာန်း​ထား​သော​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 12,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​အာဗရိမ်​တောင်​ပေါ်သို့ တက်သွား​၍ အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်ရှု​လော့​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 13,
      "text": "ထို​ပြည်​ကို​ကြည့်ရှု​ပြီး​သောအခါ သင်​၏​အစ်ကို​အာရုန်​ကဲ့သို့ သင်​သည်​လည်း မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 14,
      "text": "အကြောင်းမူကား ဇိန​တောကန္တာရ​၌ လူထု​တို့​ပဋိပက္ခ​ဖြစ်​ကြ​စဉ်က သင်​တို့​သည် ငါ​၏​အမိန့်​ကို​ဖီဆန်​၍ ရေ​အနား​မှ ထို​သူ​တို့​၏​ရှေ့​၌ ငါ​သန့်ရှင်း​ကြောင်း အသိအမှတ်​မ​ပြု​ကြ​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ (​ထို​ရေ​ကား ဇိန​တောကန္တာရ​ရှိ ကာဒေရှ​အရပ်​မှ မေရိဘ​စမ်းရေ​ဖြစ်​၏​။​)"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 15,
      "text": "ထိုအခါ မောရှေ​က ထာဝရဘုရား​အား"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 16,
      "text": "“​လူသား​အပေါင်း​တို့​၏​အသက်ဝိညာဉ်​ကို​ပိုင်​တော်မူ​သော​ဘုရားသခင် ထာဝရဘုရား​သည် ဤ​လူထု​ကို​အုပ်စိုး​ရန် လူ​တစ်​ယောက်​ကို​ခန့်ထား​တော်မူ​ပါစေသော​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 17,
      "text": "ထာဝရဘုရား​၏​လူထု​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထို​သူ​သည် လူထု​ရှေ့​၌ ထွက်​ဝင်​နိုင်​သော​သူ​၊ ထို​သူ​တို့​ကို လမ်းပြ​ပို့ဆောင်​ပေး​နိုင်​သော​သူ ဖြစ်​ပါစေသော​”​ဟု တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 18,
      "text": "ထာဝရဘုရား​က​လည်း မောရှေ​အား “​နုန်​၏​သား​ယောရှု​၌ ဝိညာဉ်​တော်​တည်​၏​။ သူ့​ကို​ခေါ်​၍ သင့်​လက်​ကို သူ့​အပေါ်​တင်​လော့​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 19,
      "text": "သင်​သည် သူ့​ကို ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​အပေါင်း​တို့​၏​ရှေ့​၌ ရပ်​စေ​၍ သူ​တို့​ရှေ့မှောက်​၌ သူ့​ကို​မိန့်မှာ​လော့​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 20,
      "text": "အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် သူ့​စကား​ကို​နားထောင်​မည့်​အကြောင်း သင်​၏​အခွင့်အာဏာ​အချို့​ကို သူ့​အား​ပေး​လော့​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 21,
      "text": "သူ​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​ရှေ့​၌ ရပ်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​က ဥရိမ်​၏​ဆုံးဖြတ်ချက်​ကို မေးမြန်း​ပေး​ရ​မည်​။ သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​လူထု​အပေါင်း​ဖြစ်​သည့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် သူ​၏​စီရင်ဆုံးဖြတ်ချက်​အတိုင်း သွား​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 22,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ယောရှု​ကို​ခေါ်​၍ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​အပေါင်း​တို့​ရှေ့​၌ ရပ်​နေ​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 23,
      "text": "မိမိ​လက်​ကို ယောရှု​အပေါ် တင်​၍ မိမိ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယောရှု​အား မှာကြား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 2,
      "text": "“အစ္စရေး​အမျိုးသား​တို့​ကို မိန့်မှာ​လော့​။ ‘​ငါ့​အဖို့ ပူဇော်သက္ကာ​၊ ငါ့​အဖို့​မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို သတ်မှတ်​ထား​သော​အချိန်​၌ ပူဇော်​ရန် သတိပြု​ရ​မည်​’​ဟု သူ​တို့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 3,
      "text": "တစ်ဖန် သူ​တို့​အား ‘ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကား အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​သိုးသငယ်​နှစ်​ကောင်​ကို မီးရှို့ရာယဇ်​အဖြစ် နေ့စဉ်​မပြတ်​ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 4,
      "text": "သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​တွင် ပူဇော်​၍ နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​တွင် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 5,
      "text": "ထောင်းယူ​သော​သံလွင်ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 6,
      "text": "ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် သိနာ​တောင်​ပေါ်တွင်​စီရင်​ခဲ့​သော မီး​ဖြင့်​ပူဇော်​သည့် ပုံမှန်​မီးရှို့ရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 7,
      "text": "သွန်းလောင်းရာပူဇော်သက္ကာ​အတွက် သိုးသငယ်​တစ်​ကောင်​နှင့်အတူ စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အဖို့ သန့်ရှင်းရာဌာန​၌ သွန်းလောင်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 8,
      "text": "နောက်​သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 9,
      "text": "ဥပုသ်နေ့​၌​လည်း အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​နှစ်​ကောင်​ကို​လည်းကောင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့် တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ​ကို​လည်းကောင်း​၊ သိုးသငယ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်းကောင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 10,
      "text": "ဤသည်ကား ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ဥပုသ်နေ့​တိုင်း​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 11,
      "text": "လဆန်း​တစ်ရက်နေ့​တိုင်း အပြစ်အနာအဆာကင်း​သည့် နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 12,
      "text": "နွား​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 13,
      "text": "သိုးသငယ်​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 14,
      "text": "နွားထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​တစ်ဝက်​၊ သိုးထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​၊ သိုးသငယ်​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်း​တစ်ရက်နေ့​တိုင်း လစဉ်​ပူဇော်​ရ​သော​မီးရှို့ရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 15,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 16,
      "text": "ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​သည် ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 17,
      "text": "ဤ​လ​တစ်ဆယ့်​ငါး​ရက်​နေ့​၌​လည်း ပွဲတော်​ကျင်းပ​ရ​မည်​။ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 18,
      "text": "ပထမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို​ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 19,
      "text": "အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 20,
      "text": "နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 21,
      "text": "သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 22,
      "text": "သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 23,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​ဖြစ်​သည့် နံနက်အချိန်​မီးရှို့ရာယဇ်​အပြင် ထို​ယဇ်​တို့​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 24,
      "text": "ထိုနည်းတူ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို ခုနစ်​ရက်​ပတ်လုံး နေ့စဉ်​ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 25,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 26,
      "text": "ခုနစ်သီတင်း​မြောက်​ပွဲတော်​တွင် အဦးဆုံးသီးနှံ​ပူဇော်​သော​နေ့​၌ ထာဝရဘုရား​အဖို့ သီးနှံ​အသစ်​ပူဇော်သက္ကာ​ကို ပူဇော်​သောအခါ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 27,
      "text": "ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 28,
      "text": "နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 29,
      "text": "သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 30,
      "text": "သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 31,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​အပြင် အပြစ်အနာအဆာကင်း​သော​ယဇ်ကောင်​များ​နှင့် ထို​ယဇ်ကောင်​များ​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 1,
      "text": "သတ္တမ​လ​၊ ပထမ​နေ့​တွင် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ ထို​နေ့​သည် သင်​တို့ တံပိုးမှုတ်​ရ​သော​နေ့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 2,
      "text": "ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော​နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 3,
      "text": "နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ ​၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 4,
      "text": "သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 5,
      "text": "သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 6,
      "text": "လဆန်း​တစ်ရက်နေ့​၌​ပူဇော်​သော မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​၊ ထို​ယဇ်​တို့​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​များ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 7,
      "text": "ဤ​သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို ငြင်းပယ် ​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 8,
      "text": "အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 9,
      "text": "နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 10,
      "text": "သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 11,
      "text": "အပြစ်ဖြေလွှတ်​ခြင်း​နှင့်ဆိုင်သော​အပြစ်ဖြေရာယဇ်​၊ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​နှင့်ဆိုင်သော​ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ ပုံမှန်​မီးရှို့ရာယဇ်​တို့​နှင့်ဆိုင်သော​သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 12,
      "text": "သတ္တမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​၌ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 13,
      "text": "အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်​သုံး​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 14,
      "text": "နွားထီး​တစ်ဆယ့်​သုံး​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​နှစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 15,
      "text": "သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 16,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 17,
      "text": "ဒုတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်​နှစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 18,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 19,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက်​ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 20,
      "text": "တတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​တစ်ဆယ့်တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 21,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 22,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 23,
      "text": "စတုတ္ထ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ဆယ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 24,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 25,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 26,
      "text": "ပဉ္စမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ကိုး​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 27,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့်​သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 28,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 29,
      "text": "ဆဋ္ဌမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ရှစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 30,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 31,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 32,
      "text": "သတ္တမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 33,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 34,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 35,
      "text": "အဋ္ဌမ​နေ့​၌ သင်​တို့​သည် ဓမ္မစည်းဝေးပွဲကြီး​ကို ပြု​ရ​မည်​။ မည်သည့် အလုပ်​ကို​မျှ​မ​လုပ်​ရ​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 36,
      "text": "အပြစ်အနာအဆာကင်း​သော နွားထီး​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 37,
      "text": "နွားထီး​၊ သိုးထီး​နှင့် သိုးသငယ်​တို့​အရေအတွက်​အလိုက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 38,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​၊ ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 39,
      "text": "ဤသည်ကား သင်​တို့​၏​ကတိသစ္စာ​အလျောက်​၊ သင်​တို့​၏​စေတနာ​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​များ​နှင့် မိတ်သဟာယယဇ်​များ​အပြင် သတ်မှတ်​ထား​သော​ပွဲတော်​၌ ထာဝရဘုရား​အဖို့ ပူဇော်​ရ​သော ပူဇော်သက္ကာ​များ​ဖြစ်​၏’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 40,
      "text": "မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 1,
      "text": "မောရှေ​က အစ္စရေး​အမျိုးသား​တို့​၏​အမျိုးအနွယ်​အကြီးအမှူး​တို့​အား “​ထာဝရဘုရား​မိန့်​တော်မူ​သော​အရာ​ကား ဤသို့​တည်း​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 2,
      "text": "ယောက်ျား​တစ်​ယောက်​သည် ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​ခြင်း​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ သူ​သည် မိမိ​စကား​ကို​မ​ဖျက်​ရ​။ မိမိ​နှုတ်​ထွက်​သမျှ​အတိုင်း ပြု​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 3,
      "text": "မိန်းမ​တစ်​ယောက်​သည် ငယ်ရွယ်​စဉ် မိမိ​ဖခင်​အိမ်​၌ ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 4,
      "text": "ထို​ကတိသစ္စာ​ပြု​ခြင်း​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ခြင်း​ကို သူ​၏​ဖခင်​ကြား​သော်လည်း ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 5,
      "text": "သူ​၏​ဖခင် ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​လျှင်​မူကား သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး မ​တည်​ရ​။ သူ​၏​ဖခင် သူ့​ကို​ဟန့်တား​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 6,
      "text": "ထို​မိန်းမ​သည် ယောက်ျား​ရ​ပြီးမှ ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ စကား​ကို​အလျင်စလို​ပြော​၍ မိမိကိုယ်မိမိ ချည်နှောင်​လျှင်​ဖြစ်စေ"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 7,
      "text": "သူ​၏​ယောက်ျား​ကြား​သော်လည်း ကြား​သော​နေ့​၌ သူ့​အား ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​သည် တည်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 8,
      "text": "သူ​၏​ယောက်ျား ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​၍ သူ​ပြု​ထား​သော​ကတိသစ္စာ​နှင့် အလျင်စလို​ပြော​သော​စကား​ဖြင့် မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​ကို ပယ်ဖျက်​လျှင်​မူကား ထာဝရဘုရား​သည် ထို​မိန်းမ​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 9,
      "text": "မုဆိုးမ​ဖြစ်စေ​၊ ကွာရှင်း​ထား​သော​မိန်းမ​ဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိသစ္စာ​အားလုံး​သည် သူ​၌ တည်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 10,
      "text": "မိမိ​ယောက်ျား​၏​အိမ်​၌​နေ​စဉ် ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​၍ မိမိကိုယ်မိမိ ကတိစကား​ဖြင့်​ချည်နှောင်​လျှင်​ဖြစ်စေ"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 11,
      "text": "သူ​၏​ယောက်ျား ကြား​သော်လည်း သူ့​အား ဘာမျှ​မ​ပြော​၊ ဘာမျှ​မ​ဟန့်တား​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 12,
      "text": "သူ​၏​ယောက်ျား ကြား​သော​နေ့​၌ ဧကန်​ပယ်ဖျက်​လျှင်​မူကား သူ​၏​ကတိသစ္စာ​များ​ဖြစ်စေ​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​များ​ဖြစ်စေ သူ​၏​နှုတ်​မှ​ထွက်​သော​စကား​အားလုံး မ​တည်​ရ​။ သူ​၏​ယောက်ျား ပယ်ဖျက်​ပြီ​ဖြစ်​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 13,
      "text": "ကတိသစ္စာ​အားလုံး​ကို​ဖြစ်စေ​၊ မိမိ​စိတ်ဆန္ဒ​ကို​ငြင်းပယ် ​ပြီး ကျိန်ဆို​သော​ကတိစကား​အားလုံး​ကို​ဖြစ်စေ သူ​၏​ယောက်ျား​သည် တည်​စေ​ခွင့်​၊ ပယ်ဖျက်​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 14,
      "text": "သူ​၏​ယောက်ျား​သည် ကြား​သော​နေ့​မှစ၍ နောက်နေ့​များ​တွင်​လည်း သူ့​အား ဘာဆို​ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် ထို​ယောက်ျား​သည် မယား​ပြု​သော​ကတိသစ္စာ​အားလုံး​၊ ဝန်ခံချက်​အားလုံး​ကို တည်​စေ​ရာ​ရောက်​၏​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 15,
      "text": "ထို​ယောက်ျား​သည် ကြား​သော​နေ့​လွန်ပြီးမှ ဧကန်​ပယ်ဖျက်​လျှင် မယား​၏​ဒုစရိုက်​ကို တာဝန်ယူ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 16,
      "text": "ဤသည်ကား လင်​နှင့်​မယား​အကြား​၊ ဖခင်​နှင့်​ငယ်ရွယ်​စဉ်​ဖခင်​အိမ်​၌​နေ​သော​သမီး​အကြား မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပြဋ္ဌာန်းချက်​များ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အတွက် မိဒျန်​လူမျိုး​ကို​လက်တုံ့ပြန်​လော့​။ ထို့နောက်မှ သင်​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 3,
      "text": "မောရှေ​က​လည်း လူ​တို့​အား “​မိဒျန်​လူမျိုး​အား ထာဝရဘုရား​လက်တုံ့ပြန်​ခြင်း​အမှု​ကို​ပြု​ရန် သင်​တို့​ထဲမှ လူ​အချို့​ကို စစ်တိုက်​ဖို့ လက်နက်ကိုင်စွဲ​စေ​ပြီး မိဒျန်​လူမျိုး​တို့​ထံသို့ ချီတက်​စေ​လော့​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 4,
      "text": "အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ အမျိုးအနွယ်​တစ်​နွယ်​လျှင် အယောက်​တစ်ထောင်စီ​ကို စစ်ပွဲ​သို့ စေလွှတ်​ရ​မည်​”​ဟု မိန့်ကြား​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 5,
      "text": "သို့ဖြစ်၍ သူ​တို့​သည် ထောင်ပေါင်း​များစွာ​သော​အစ္စရေး​လူမျိုး​ထဲမှ အမျိုးအနွယ်​တစ်​နွယ်​လျှင် အယောက်​တစ်ထောင်စီ​ဖြင့် စစ်ပွဲ​အတွက် လက်နက်ကိုင်စွဲ​သူ အယောက်​တစ်သောင်းနှစ်ထောင်​ကို စုဆောင်း​ပေး​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 6,
      "text": "မောရှေ​သည် အမျိုးအနွယ်​တစ်​နွယ်​လျှင် အယောက်​တစ်ထောင်စီ​ကို စစ်ပွဲ​သို့ စေလွှတ်​လေ​၏​။ သူ​တို့​နှင့်အတူ ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​ကို​လည်း သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ​နှင့် အချက်ပေး​တံပိုးခရာ​များ​ပါ​လျက် စစ်ပွဲ​သို့ စေလွှတ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 7,
      "text": "သူ​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း မိဒျန်​လူမျိုး​တို့​ကို တိုက်ခိုက်​၍ ယောက်ျား​ရှိသမျှ​တို့​ကို​သတ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 8,
      "text": "ယောက်ျား​အားလုံး​ကို​သတ်​သည့်​အပြင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ​စသော မိဒျန်​ဘုရင်​ငါး​ပါး​ကို​လည်း​သတ်​၏​။ ဗောရ​၏​သား ဗာလမ်​ကို​လည်း ဓား​ဖြင့်​သတ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 9,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မိဒျန်​အမျိုးသမီး​များ​နှင့် သူ​တို့​၏​ကလေး​များ​ကို ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​၏​သိုးနွား​တိရစ္ဆာန်​အားလုံး​၊ ဥစ္စာပစ္စည်း​အားလုံး​ကို​လည်း သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 10,
      "text": "သူ​တို့​နေထိုင်​ရာ​မြို့​အားလုံး​၊ သူ​တို့​၏​တပ်စခန်း​အားလုံး​ကို မီး​ရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 11,
      "text": "လုယက်​သိမ်းယူ​သော လူ​နှင့်​တိရစ္ဆာန်​အားလုံး​ကို ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 12,
      "text": "သုံ့ပန်း​များ​၊ တိုက်ခိုက်​သိမ်းယူ​သော​ပစ္စည်း​များ​ကို ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​တပ်စခန်း​ရှိ မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် အစ္စရေး​အမျိုးသား​လူထု​တို့​ထံသို့ ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 13,
      "text": "မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​ခေါင်းဆောင်​အပေါင်း​တို့​သည် သူ​တို့​ကို​ကြိုဆို​ရန် တပ်စခန်း​အပြင်ဘက်​သို့ ထွက်လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 14,
      "text": "မောရှေ​သည် စစ်တိုက်​ရာ​မှ​ပြန်လာ​သော စစ်သည်​အရာရှိ​ဖြစ်​သူ ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​ကို အမျက်ထွက်​၍"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 15,
      "text": "မောရှေ​က သူ​တို့​အား “​သင်​တို့​သည် မိန်းမ​အားလုံး​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​သလော​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 16,
      "text": "ဤ​မိန်းမ​တို့​သည် ဗာလမ်​၏​အကြံပြုချက်​အရ အစ္စရေး​အမျိုးသား​တို့​ကို ပေဂုရ​ဘုရား​အမှု​အားဖြင့် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​သူ​ဖြစ်​စေ​၍ ထာဝရဘုရား​၏​လူထု​အပေါ်​သို့ ဘေးဒဏ်​ကျရောက်​စေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 17,
      "text": "ထို့ကြောင့် ယခု ယောက်ျား​သူငယ်​အားလုံး​၊ ယောက်ျား​နှင့်​ဆက်ဆံ​ဖူး​သော​မိန်းမ​အားလုံး​ကို သတ်ပစ်​လော့​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 18,
      "text": "သို့သော် ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော မိန်းကလေး​ရှိသမျှ​တို့​ကို သင်​တို့​အဖို့ အသက်ချမ်းသာ​ခွင့်​ပေး​လော့​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 19,
      "text": "သင်​တို့​မူကား ခုနစ်​ရက်​ပတ်လုံး တပ်စခန်း​အပြင်ဘက်​၌ နေ​ရ​မည်​။ လူ​ကို​သတ်​ခဲ့​သော​သူ​၊ လူအသေကောင်​ကို​ထိ​သော​သူ မည်သူမဆို တတိယ​နေ့​၊ သတ္တမ​နေ့​၌ သုံ့ပန်း​များ​နှင့်အတူ မိမိကိုယ်မိမိ သန့်စင်​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 20,
      "text": "သင်​တို့​၏​အဝတ်​နှင့် သားရေ​အသုံးအဆောင်​ရှိသမျှ​၊ ဆိတ်မွေး​ဖြင့်​ပြုလုပ်​ထား​သော​အရာ​နှင့် သစ်သား​အသုံးအဆောင် ရှိသမျှ​တို့​ကို​လည်း သန့်စင်​စေ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 21,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​ဧလာဇာ​သည် စစ်​သွား​တိုက်​သော​စစ်သူရဲ​တို့​အား “​မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့် ပြဋ္ဌာန်းချက်​တရား​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 22,
      "text": "ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သံဖြူ​၊ ခဲ စသည့်"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 23,
      "text": "မီးဒဏ်​ခံနိုင်​သော​အရာ​ရှိသမျှ​ကို မီး​ဖြင့် စစ်​ခြင်း​ဖြင့် စင်ကြယ်​စေ​ရ​မည်​။ စင်ကြယ်​စေ​ခြင်း​ရေ​ဖြင့်​လည်း စင်ကြယ်​စေ​ရ​မည်​။ မီးဒဏ်​မ​ခံနိုင်​သော​အရာ​ရှိသမျှ​ကို​ကား ရေ​နှင့်​ဆေးကြော​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 24,
      "text": "သတ္တမ​နေ့​၌ သင်​တို့​အဝတ်​ကို လျှော်​၍ သင်​တို့​စင်ကြယ်​ပြီးမှ တပ်စခန်း​တွင်း​သို့ ဝင်​ခွင့်​ရှိ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 25,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 26,
      "text": "“​သင်​နှင့်အတူ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ လူထု​တို့​၏​ဘိုးဘေး​အကြီးအမှူး​တို့​သည် တိုက်ရာပါ သုံ့ပန်း​နှင့် တိရစ္ဆာန်​တို့​ကို စာရင်းကောက်ယူ​၍"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 27,
      "text": "ထို​သိမ်းယူ​သော​ပစ္စည်း​တို့​ကို စစ်ထွက်တိုက်​သော​စစ်သည်​နှင့် လူထု​အပေါင်း​တို့​အား တစ်ဝက်​စီ​ခွဲပေး​လော့​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 28,
      "text": "စစ်​ထွက်တိုက်​သော​စစ်သည်​တို့​ထံမှ လူ​၊ နွား​၊ မြည်း​၊ သိုး စသည်​တို့​ကို အယောက်​ငါး​ရာ​လျှင် တစ်​ယောက်​ကျ​၊ အကောင်​ငါး​ရာ​လျှင် တစ်​ကောင်​ကျ ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​ပူဇော်သက္ကာ​အဖြစ် ဖယ်ထား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 29,
      "text": "သင်​သည် ထို​ပူဇော်သက္ကာ​ကို သူ​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ ယူ​၍ ထာဝရဘုရား​အဖို့ အလှူပစ္စည်း​အဖြစ် ယဇ်ပုရောဟိတ်​ဧလာဇာ​အား ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 30,
      "text": "အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ​နှင့် နွား​၊ မြည်း​၊ သိုး စသည့်​တိရစ္ဆာန်​အားလုံး​တို့​ကို အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​ကျ​၊ အကောင်​ငါးဆယ်​လျှင် တစ်​ကောင်​ကျ ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 31,
      "text": "မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 32,
      "text": "စစ်သည်​တို့​တိုက်ခိုက်​သိမ်းယူ​ခဲ့​သော​ပစ္စည်း​ထဲမှ လက်ရှိ​ကျန်​နေ​သော​တိုက်ယူပစ္စည်း​ပေါင်း​ကား သိုး ခြောက်သိန်း​ခုနစ်သောင်း​ငါး​ထောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 33,
      "text": "နွား ခုနစ်သောင်း​နှစ်ထောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 34,
      "text": "မြည်း ခြောက်သောင်း​တစ်ထောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 35,
      "text": "ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော​မိန်းမ​အားလုံး သုံးသောင်း​နှစ်ထောင် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 36,
      "text": "စစ်​ထွက်တိုက်​သူ​တို့ ရရှိ​သော​တစ်ဝက်​ဝေစု​မှာ သိုး အရေအတွက် သုံးသိန်း​သုံးသောင်း​ခုနစ်​ထောင့်​ငါး​ရာ​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 37,
      "text": "ထို​သိုး​တို့​ထဲမှ ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​ပူဇော်သက္ကာ​မှာ ခြောက်​ရာ​ခုနစ်ဆယ့်​ငါး​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 38,
      "text": "နွား သုံးသောင်း​ခြောက်ထောင်​၊ ထို​နွား​တို့​ထဲမှ ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​ပူဇော်သက္ကာ​မှာ ခုနစ်ဆယ့်​နှစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 39,
      "text": "မြည်း သုံးသောင်း​ငါး​ရာ​၊ ထို​မြည်း​တို့​ထဲမှ ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​ပူဇော်သက္ကာ​မှာ ခြောက်ဆယ့်​တစ်​ကောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 40,
      "text": "လူ တစ်သောင်းခြောက်ထောင်​၊ ထို​လူ​တို့​ထဲမှ ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​ပူဇော်သက္ကာ​မှာ လူ​သုံးဆယ့်​နှစ်​ယောက် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 41,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​အဖို့ အလှူပစ္စည်း​ဖြစ်​သော ချီမြှောက်​ရာ​ပူဇော်သက္ကာ​တို့​ကို ယဇ်ပုရောဟိတ်​ဧလာဇာ​အား ပေး​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 42,
      "text": "စစ်ထွက်တိုက်​သော​သူ​တို့​သိမ်းယူ​ခဲ့​သော​ပစ္စည်း​ထဲမှ အစ္စရေး​အမျိုးသား​တို့​အား မောရှေ​ခွဲဝေ​ပေး​သော တစ်ဝက်​မှာ"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 43,
      "text": "သိုး သုံးသိန်း​သုံးသောင်း​ခုနစ်​ထောင့်​ငါး​ရာ​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 44,
      "text": "နွား သုံးသောင်း​ခြောက်ထောင်​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 45,
      "text": "မြည်း သုံးသောင်း​ငါး​ရာ​၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 46,
      "text": "လူ တစ်သောင်းခြောက်ထောင် ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 47,
      "text": "မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​၊ တိရစ္ဆာန် အကောင်​ငါးဆယ်​လျှင်​တစ်​ကောင် ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 48,
      "text": "ထို့နောက် စစ်သည်​ထောင်ချီ​ကို​အုပ်ချုပ်​ရ​သော​အရာရှိ​များ​ဖြစ်​သည့် ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​သည် မောရှေ​ထံသို့​ချဉ်းကပ်​လာ​၍"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 49,
      "text": "“​ကိုယ်တော်​၏​အစေအပါး​တို့​သည် ကိုယ့်​လက်​အောက်​ရှိ​စစ်သည်​တို့​ကို​ရေတွက်​ရာ​တွင် တစ်ယောက်မျှ​မ​လျော့​ပါ​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 50,
      "text": "ထာဝရဘုရား​ရှေ့​တော်​၌ အကျွန်ုပ်​တို့​၏​အသက်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ပြု​ရန် အကျွန်ုပ်​တို့​သည် အသီးသီး မိမိ​တွေ့ရှိ​သော ရွှေ​တန်ဆာ​လက်ပတ်​၊ လက်ကောက်​၊ လက်စွပ်​၊ နားကပ်​၊ ဆွဲကြိုး စသည်​တို့​ကို ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ထံ ယူဆောင်​ခဲ့​ပါ​၏​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 51,
      "text": "ထိုအခါ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​တို့​သည် ရွှေ​တန်ဆာ​အားလုံး​ကို သူ​တို့​ထံမှ​ခံယူ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 52,
      "text": "ထာဝရဘုရား​ထံ ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့ ပေးလှူပူဇော်​သည့် အလှူပစ္စည်း​မှာ ရွှေ​စုစုပေါင်း တစ်သောင်းခြောက်ထောင်​ခုနစ်​ရာ့​ငါးဆယ်​ရှယ်ကယ် ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 53,
      "text": "စစ်သူရဲ​တို့​သည် ကိုယ်စီကိုယ်င မိမိ​ဥစ္စာ​ကို သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 54,
      "text": "မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​တို့​သည် ထောင်​တပ်မှူး​၊ ရာ​တပ်မှူး​တို့​ထံ​မှ ရွှေ​ကို​ခံယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ အစ္စရေး​အမျိုးသား​တို့​အတွက် အောက်မေ့ဖွယ်​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ သွင်း​ထား​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 1,
      "text": "ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​၌ တိရစ္ဆာန်​မြောက်မြား​စွာ​ရှိ​၏​။ ယာဇာ​ပြည်​နှင့်​ဂိလဒ်​ပြည်​ကို တိရစ္ဆာန်​တို့​အတွက် စားကျက်​ကောင်း​သော​အရပ်​ဖြစ်​သည်​ကို တွေ့မြင်​လျှင်"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 2,
      "text": "ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​သည် မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​ခေါင်းဆောင်​တို့​ထံသို့​လာ​၍"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 3,
      "text": "“​အတရုတ်​၊ ဒိဘုန်​၊ ယာဇာ​၊ နိမရ​၊ ဟေရှဘုန်​၊ ဧလာလေ​၊ ရှေဘံ​၊ နေဗော​၊ ဗောန​စသော"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 4,
      "text": "အစ္စရေး​လူထု​တို့​၏​ရှေ့မှောက်​၌ ထာဝရဘုရား​တိုက်ခိုက်​သိမ်းပိုက်​တော်မူ​ခဲ့​သော​နယ်မြေ​တို့​သည် တိရစ္ဆာန်​အတွက် သင့်တော်​သော​မြေ​ဖြစ်​၏​။ သခင်​၏​အစေအပါး​တို့​၌​လည်း တိရစ္ဆာန်​ရှိ​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 5,
      "text": "အကျွန်ုပ်​တို့​သည် သခင်​၏​ရှေ့​၌ မျက်နှာရ​ပါလျှင် ဤ​ပြည်​ကို သခင်​၏​အစေအပါး​တို့​အား ပိုင်ဆိုင်​ရာ​မြေ​အဖြစ်​ပေး​ပါ​။ ဂျော်ဒန်​မြစ်​တစ်ဖက်​သို့ အကျွန်ုပ်​တို့​မ​ကူး​ပါရစေ​နှင့်​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 6,
      "text": "မောရှေ​က​လည်း ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​အား “​သင်​တို့​၏​အမျိုးသားချင်း​တို့ စစ်တိုက်​သွား​နေစဉ် သင်​တို့ ဤ​အရပ်​၌ နေ​ခဲ့​ကြ​မည်လော​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​အား ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ သူ​တို့ ကူးသွား​ရ​မည်​ကို သူ​တို့ စိတ်ပျက်​အောင် အဘယ်ကြောင့် လုပ်​ကြ​သနည်း​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 8,
      "text": "ထို​ပြည်​ကို​ကြည့်ရှု​ရန် သင်​တို့​၏​ဖခင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ ငါ​စေလွှတ်​သောအခါ သူ​တို့​သည်​လည်း ဤသို့​ပြု​ခဲ့​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 9,
      "text": "သူ​တို့​သည် ဧရှကောလ​ချိုင့်ဝှမ်း​တိုင်အောင်​သွား​၍ ထို​ပြည်​ကို ကြည့်ရှု​ခဲ့​သော်လည်း ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ အစ္စရေး​အမျိုးသား​တို့ ဝင်​လို​သော​စိတ်​မ​ရှိ​အောင် လုပ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 10,
      "text": "ထို​နေ့​၌ ထာဝရဘုရား​သည် အမျက်ထွက်​၍"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 11,
      "text": "‘​အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​တို့​သည် ငါ့​နောက်သို့​လုံးလုံး​မ​လိုက်​သောကြောင့် ထို​ပြည်​ကို အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း အသက်​နှစ်ဆယ်​အရွယ်​နှင့် အထက်​ရှိ​သော​သူ​တို့​သည် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 12,
      "text": "သို့သော် ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​သည် ထာဝရဘုရား​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​’​ဟု ကျိန်ဆို​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 13,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မိမိ​ရှေ့​တော်​၌ ဆိုး​သော​အမှု​ကို​ပြု​သော​မျိုးဆက်​အားလုံး​သေ​ကုန်​သည်​အထိ သူ​တို့​ကို တောကန္တာရ​ထဲ၌ အနှစ်​လေးဆယ်​ပတ်လုံး လှည့်လည်​စေ​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 14,
      "text": "မျိုးဆက်သစ်​အပြစ်သား​တို့​၊ သင်​တို့​သည် သင်​တို့​ဖခင်​များ​၏​နေရာ​ကို ယူ​၍ အစ္စရေး​လူမျိုး​တို့​အပေါ် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ကို ထပ်​တိုး​စေ​ကြ​သည်​တကား​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 15,
      "text": "သင်​တို့​သည် နောက်​တော်​သို့ မလိုက်​ကြ​လျှင် ဤ​လူမျိုး​ကို တောကန္တာရ​ထဲ၌ နောက်တစ်ဖန်​ထပ်၍​စွန့်ပစ်​တော်မူ​လိမ့်မည်​။ သို့ဖြစ်လျှင် သင်​တို့​သည် ဤ​လူ​အပေါင်း​တို့​ကို ဖျက်ဆီး​ရာ​ရောက်​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 16,
      "text": "ထိုအခါ ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​သည် မောရှေ​ထံသို့ ချဉ်းကပ်​လာ​၍ “​အကျွန်ုပ်​တို့​သည် ဤ​အရပ်​၌ အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​အတွက် ခြံခတ်​၍ အကျွန်ုပ်​တို့​၏​ကလေး​များ​အတွက် မြို့​တို့​ကို တည်​မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 17,
      "text": "သို့သော် အကျွန်ုပ်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​နေထိုင်​မည့်​အရပ်​သို့ ရောက်​သည်​အထိ လက်နက်ကိုင်စွဲ​လျက် သူ​တို့​၏​ရှေ့​မှ​သွား​ပါ​မည်​။ အကျွန်ုပ်​တို့​၏​ကလေး​များ​ကို​ကား ဤ​ပြည်သား​တို့​ရန်​မှ​ကင်းလွတ်​ဖို့ ခံတပ်​မြို့​များ​၌ နေထိုင်​စေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 18,
      "text": "အစ္စရေး​အမျိုးသား​တို့​ကိုယ်စီ အမွေမြေ​မ​ရ​မ​ချင်း အကျွန်ုပ်​တို့​သည် ကိုယ့်​အိမ်​သို့​ပြန်​မ​လာ​ပါ​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 19,
      "text": "အကျွန်ုပ်​တို့​၏​အမွေမြေ​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​၌ ကျ​သောကြောင့် ဂျော်ဒန်​မြစ်​တစ်ဖက်​ကို​လွန်​၍ သူ​တို့​နှင့်အတူ အမွေမြေ​ကို​မ​ယူ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 20,
      "text": "မောရှေ​က​လည်း သူ​တို့​အား “​သင်​တို့​သည် သင်​တို့​၏​စကား​အတိုင်း ထာဝရဘုရား​ရှေ့​တော်​၌ စစ်တိုက်​ရန်​လက်နက်ကိုင်စွဲ​မည်​၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 21,
      "text": "လက်နက်ကိုင်စွဲ​သူ​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​၌ ဂျော်ဒန်​မြစ်​ကို​ကူး​မည်​၊ ထာဝရဘုရား​သည် ရန်သူ​ကို မိမိ​ရှေ့​မှ နှင်ထုတ်​၍"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 22,
      "text": "ထို​ပြည်​သည် ထာဝရဘုရား​ရှေ့​တော်​၌ ရှုံးနိမ့်​သည်​အထိ စစ်တိုက်​ကြ​မည်​ဆို​လျှင် သင်​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​၊ အစ္စရေး​လူမျိုး​တို့​ရှေ့​၌ အပြစ်တင်​ခြင်း​ကင်း​လျက် ဤ​အရပ်​သို့ ပြန်လာ​ခွင့်​ရှိ​မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ ဤ​အရပ်​သည် သင်​တို့​ပိုင်ဆိုင်​ရာ​ဖြစ်​မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 23,
      "text": "ထိုသို့​မ​ပြု​လျှင် သင်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ပြီ​ဖြစ်၍ သင်​တို့​အပြစ်​အတွက် သင်​တို့ ခံရ​မည်​ဟု သိမှတ်​ကြ​လော့​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 24,
      "text": "သင်​တို့​နှင့် သင်​တို့​ကလေး​များ​အတွက် မြို့​ကို​တည်​၍ သင်​တို့​၏​သိုး​များ​အတွက် ခြံခတ်​ကြ​လော့​။ သင်​တို့ နှုတ်​ထွက်​သည့်​အတိုင်း​လည်း ပြု​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 25,
      "text": "ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​က​လည်း မောရှေ​အား “​သခင်​၏​အစေအပါး​တို့​သည် သခင်​မိန့်မှာ​သည့်​အတိုင်း​ပြု​ပါ​မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 26,
      "text": "အကျွန်ုပ်​တို့​၏​မယား​နှင့်​သားသမီး​များ​၊ အကျွန်ုပ်​တို့​၏​သိုးနွား​တိရစ္ဆာန်​ရှိသမျှ​တို့​သည် ဤ​အရပ်​၊ ဂိလဒ်​ပြည်​ရှိ​မြို့​တို့​၌ နေရစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 27,
      "text": "စစ်​လက်နက်စွဲကိုင်​သော သခင်​၏​အစေအပါး​အပေါင်း​တို့​မူကား သခင်​မိန့်ဆို​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​၌ ကူးသွား​၍ စစ်တိုက်​ကြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 28,
      "text": "ထို့ကြောင့် မောရှေ​က ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​အကြီးအမှူး​တို့​အား"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 29,
      "text": "“​ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ စစ်တိုက်​ရန်​လက်နက်ကိုင်စွဲ​သူ​အပေါင်း​တို့​သည် သင်​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​ရှေ့​၌​ရှိ​သော​ထို​ပြည်​ကို နှိမ်နင်း​လျှင် သင်​တို့​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရာ​မြေ​အဖြစ် သူ​တို့​အား​ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 30,
      "text": "သူ​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​နှင့်အတူ ကူး​မ​သွား​လျှင် သင်​တို့​နှင့်အတူ​ခါနာန်​ပြည်​၌​သာ အမွေမြေ​ကို ခံယူ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 31,
      "text": "ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​က “​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သခင်​၏​အစေအပါး​တို့ ပြု​ပါ​မည်​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 32,
      "text": "အကျွန်ုပ်​တို့​သည် လက်နက်ကိုင်စွဲ​လျက် ထာဝရဘုရား​ရှေ့​တော်​၌ ခါနာန်​ပြည်​သို့ ကူးသွား​ပါ​မည်​။ အကျွန်ုပ်​တို့​အတွက် ပိုင်ဆိုင်​ရာ​အမွေမြေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌ ဖြစ်​စေ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 33,
      "text": "ထိုအခါ မောရှေ​သည် ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​များ​နှင့် ယောသပ်​သား မနာရှေ​မျိုးနွယ်​တစ်ဝက်​အား အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နိုင်ငံ​၊ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​တို့​ကို မြို့​များ​နှင့်တကွ မြေ​များ​၊ မြို့​ပတ်ပတ်လည်​ရှိ နယ်မြေ​များ​ကို​ပေး​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 34,
      "text": "ဂဒ်​သားမြေး​တို့​သည် ဒိဘုန်​၊ အတရုတ်​၊ အာရော်​၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 35,
      "text": "အာတရုတ်ရှောဖန်​၊ ယာဇာ​၊ ယုဗ္ဗေဟ​၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 36,
      "text": "ဗက်နိမရ​၊ ဗေသာရန်​စသော ခံတပ်​မြို့​များ​နှင့် သိုးခြံ​များ​ကို တည်ဆောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 37,
      "text": "ရုဗင်​သားမြေး​တို့​သည် ဟေရှဘုန်​၊ ဧလာလေ​၊ ကိရယသိမ်​၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 38,
      "text": "နေဗော​၊ ဗာလမုန်​၊ (​အမည်​ပြောင်း​ထား​သော​မြို့​များ​) စိဗမာ​စသော မြို့​တို့​ကို တည်ဆောက်​ကြ​၏​။ သူ​တို့​တည်ဆောက်​သော​မြို့​တို့​၏​အမည်​များ​ကို အမည်​အသစ်​ဖြင့်​မှည့်ခေါ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 39,
      "text": "မနာရှေ​၏​သား​မာခိရ​၏​သားမြေး​တို့​သည် ဂိလဒ်​ပြည်​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် ထို​ပြည်​၌​နေထိုင်​သော အာမောရိ​လူမျိုး​တို့​ကို နှင်ထုတ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 40,
      "text": "ထို့ကြောင့် မောရှေ​သည် မနာရှေ​၏​သား​မာခိရ​အား ဂိလဒ်​ပြည်​ကို ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 41,
      "text": "မနာရှေ​အမျိုး​ယာဣရ​သည်​လည်း ဂိလဒ်​ပြည်​၏​မြို့ငယ်​များ​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် ဟာဝုတ်​ယာဣရ ​ဟု မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 42,
      "text": "နောဗာ​သည်​လည်း ကေနတ်​မြို့​နှင့် ၎င်း​၏​မြို့ငယ်​များ​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် မိမိ​၏​အမည်​ဖြင့် နောဗာ​မြို့​ဟု မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 1,
      "text": "မောရှေ​နှင့်​အာရုန်​တို့​၏​ဦးဆောင်မှု​ဖြင့် အီဂျစ်​ပြည်​မှ​တပ်ဖွဲ့​အလိုက်​ထွက်လာ​သော အစ္စရေး​အမျိုးသား​တို့​၏​ခရီးစဉ်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 2,
      "text": "မောရှေ​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့​၏​ခရီးစဉ်​အဆင့်ဆင့်​ကို ရေးမှတ်​ထား​၏​။ သူ​တို့​၏​ခရီးစဉ်​အဆင့်ဆင့်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 3,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ပထမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ရာမသက်​အရပ်​မှ ခရီးပြု​ကြ​၏​။ သူ​တို့​သည် ပသခါပွဲ​လွန်ပြီး​နောက်တစ်နေ့​တွင် အီဂျစ်​လူမျိုး​အပေါင်း​တို့​၏​ရှေ့​မှ ဝင့်ကြွား​စွာ​ထွက်လာ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 4,
      "text": "ထို​အချိန်​၌ အီဂျစ်​လူမျိုး​တို့​သည် ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သော သူ​တို့​၏​သားဦး​အပေါင်း​တို့​ကို သင်္ဂြိုဟ်​နေ​ကြ​၏​။ ထာဝရဘုရား​သည် သူ​တို့​၏​ဘုရား​များ​ကို အပြစ်ဒဏ်​ပေး​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 5,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ရာမသက်​အရပ်​မှ​ခရီးပြု​၍ သုကုတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 6,
      "text": "သုကုတ်​အရပ်​မှ ခရီးပြု​၍ တောကန္တာရ​အစွန်အဖျား​ရှိ ဧသံ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 7,
      "text": "ဧသံ​အရပ်​မှ ခရီးပြု​၍ ဗာလဇေဖုန်​အရပ်​အရှေ့​ဘက်​ရှိ ပိဟဟိရုတ်​အရပ်​သို့​ပြန်လှည့်​ကာ မိဂဒေါလ​အရပ်​အရှေ့​ဘက်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 8,
      "text": "ထို​ပိဟဟိရုတ်​အရပ်​မှ ခရီးပြု​၍ ပင်လယ်​ကို​ဖြတ်​ပြီး တောကန္တာရ​သို့ ရောက်​ကြ​၏​။ ဧသံ​တောကန္တာရ​ထဲ၌ သုံး​ရက်​ခရီး​သွား​၍ မာရ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 9,
      "text": "မာရ​အရပ်​မှ ခရီးပြု​၍ ဧလိမ်​အရပ်​သို့ ရောက်​ကြ​၏​။ ဧလိမ်​အရပ်​တွင် စမ်းရေတွင်း တစ်ဆယ့်​နှစ်​တွင်း​နှင့် စွန်ပလွံပင် ခုနစ်ဆယ် ရှိ​၏​။ ထို​အရပ်​၌ သူ​တို့​စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 10,
      "text": "ဧလိမ်​အရပ်​မှ ခရီးပြု​၍ ပင်လယ်နီ​အနား​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 11,
      "text": "ပင်လယ်နီ​မှ ခရီးပြု​၍ သိန်​တောကန္တာရ​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 12,
      "text": "သိန်​တောကန္တာရ​မှ ခရီးပြု​၍ ဒေါဖကာ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 13,
      "text": "ဒေါဖကာ​အရပ်​မှ ခရီးပြု​၍ အာလုရှ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 14,
      "text": "အာလုရှ​အရပ်​မှ ခရီးပြု​၍ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ဖို့ ရေ​မ​ရှိ​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 15,
      "text": "ရေဖိဒိမ်​အရပ်​မှ ခရီးပြု​၍ သိနာ​တောကန္တာရ​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 16,
      "text": "သိနာ​တောကန္တာရ​မှ ခရီးပြု​၍ ကိဗြုတ်ဟတ္တဝါ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 17,
      "text": "ကိဗြုတ်ဟတ္တဝါ​အရပ်​မှ ခရီးပြု​၍ ဟာဇရုတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 18,
      "text": "ဟာဇရုတ်​အရပ်​မှ ခရီးပြု​၍ ရိသမ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 19,
      "text": "ရိသမ​အရပ်​မှ ခရီးပြု​၍ ရိမ္မုန်ဖာရက်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 20,
      "text": "ရိမ္မုန်ဖာရက်​အရပ်​မှ ခရီးပြု​၍ လိဗန​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 21,
      "text": "လိဗန​အရပ်​မှ ခရီးပြု​၍ ရိဿ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 22,
      "text": "ရိဿ​အရပ်​မှ ခရီးပြု​၍ ကေဟလာသ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 23,
      "text": "ကေဟလာသ​အရပ်​မှ ခရီးပြု​၍ ရှာဖာ​တောင်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 24,
      "text": "ရှာဖာ​တောင်​မှ ခရီးပြု​၍ ဟာရဒ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 25,
      "text": "ဟာရဒ​အရပ်​မှ ခရီးပြု​၍ မက္ကလုတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 26,
      "text": "မက္ကလုတ်​အရပ်​မှ ခရီးပြု​၍ တာဟတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 27,
      "text": "တာဟတ်​အရပ်​မှ ခရီးပြု​၍ တေရ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 28,
      "text": "တေရ​အရပ်​မှ ခရီးပြု​၍ မိသကာ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 29,
      "text": "မိသကာ​အရပ်​မှ ခရီးပြု​၍ ဟာရှမောန​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 30,
      "text": "ဟာရှမောန​အရပ်​မှ ခရီးပြု​၍ မောသရုတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 31,
      "text": "မောသရုတ်​အရပ်​မှ ခရီးပြု​၍ ဗင်္ယာကန်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 32,
      "text": "ဗင်္ယာကန်​အရပ်​မှ ခရီးပြု​၍ ဟောရဂိဒ်ဂဒ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 33,
      "text": "ဟောရဂိဒ်ဂဒ်​အရပ်​မှ ခရီးပြု​၍ ယုပ္ဘာသ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 34,
      "text": "ယုပ္ဘာသ​အရပ်​မှ ခရီးပြု​၍ ဧဗြောန​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 35,
      "text": "ဧဗြောန​အရပ်​မှ ခရီးပြု​၍ ဧဇယုန်ဂါဗာ​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 36,
      "text": "ဧဇယုန်ဂါဗာ​အရပ်​မှ ခရီးပြု​၍ ကာဒေရှ​အရပ်​ရှိ ဇိန​တောကန္တာရ​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 37,
      "text": "ကာဒေရှ​အရပ်​မှ ခရီးပြု​၍ ဧဒုံ​ပြည်​နယ်နိမိတ်​ရှိ ဟောရ​တောင်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 38,
      "text": "အစ္စရေး​အမျိုးသား​တို့​အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး အနှစ်​လေးဆယ်​မြောက်​သော​နှစ်​၊ ပဉ္စမ​လ​၊ ပထမ​နေ့​၌ ယဇ်ပုရောဟိတ်​အာရုန်​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ဟောရ​တောင်​ပေါ်သို့​တက်သွား​၍ ထို​နေရာ​၌ သေ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 39,
      "text": "အာရုန်​သည် ဟောရ​တောင်​ပေါ်၌ သေ​သောအခါ အသက်​တစ်ရာ​နှစ်ဆယ့်​သုံး​နှစ်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 40,
      "text": "ခါနာန်​ပြည်​၊ နေဂေ့​အရပ်​၌ စံမြန်း​သော ခါနာန်​လူမျိုး အာရဒ်​ဘုရင်​သည် အစ္စရေး​အမျိုးသား​တို့​ရောက်လာ​ကြောင်း​ကို ကြားသိ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 41,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဟောရ​တောင်​မှ ခရီးပြု​၍ ဇာလမောန​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 42,
      "text": "ဇာလမောန​အရပ်​မှ ခရီးပြု​၍ ပုနုန်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 43,
      "text": "ပုနုန်​အရပ်​မှ ခရီးပြု​၍ ဩဗုတ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 44,
      "text": "ဩဗုတ်​အရပ်​မှ ခရီးပြု​၍ မောဘ​နယ်စပ်​ရှိ ဣဇာဗာရိမ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 45,
      "text": "ဣရိမ်​အရပ်​မှ ခရီးပြု​၍ ဒိဘုန်​ဂဒ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 46,
      "text": "ဒိဘုန်​ဂဒ်​အရပ်​မှ ခရီးပြု​၍ အာလမုန်ဒိဗလသိမ်​အရပ်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 47,
      "text": "အာလမုန်ဒိဗလသိမ်​အရပ်​မှ ခရီးပြု​၍ နေဗော​တောင်​ရှေ့ အာဗရိမ်​တောင်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 48,
      "text": "အာဗရိမ်​တောင်​မှ ခရီးပြု​၍ ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 49,
      "text": "ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​တစ်လျှောက် ဗက်ယေရှိမုတ်​မြို့​မှ အာဗေလရှိတ္တိမ်​အရပ်​တိုင်အောင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 50,
      "text": "ထိုအခါ ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 51,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ခါနာန်​ပြည်​ထဲသို့​ဝင်​သောအခါ"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 52,
      "text": "ထို​ပြည်​၌​နေထိုင်​သော​သူ​ရှိသမျှ​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​၍ သူ​တို့​၏​ကျောက်ဆစ်​ရုပ်တု​ရှိသမျှ​တို့​ကို ဖျက်ဆီး​ရ​မည်​။ သူ​တို့​သွန်းလုပ်​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖျက်ဆီး​၍ သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​ရှိသမျှ​တို့​ကို ဖြိုဖျက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 53,
      "text": "ထို​ပြည်​ကို သင်​တို့​အား ငါ​အပိုင်​ပေး​သောကြောင့် သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​ကြ​လော့​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 54,
      "text": "သင်​တို့​၏​မျိုးနွယ်စု​အလိုက် ထို​ပြည်​ကို မဲချ​၍ အမွေ​ခွဲဝေ​ပေး​ရ​မည်​။ မျိုးနွယ်စု​လူဦးရေ များ​လျှင်​များ​သည့်​အလျောက်​၊ နည်း​လျှင်​နည်း​သည့်​အလျောက် အမွေမြေ​ပေး​ရ​မည်​။ မိမိ​အတွက် မဲ​ကျ​သော​နေရာ​သည် မိမိ​၏​အမွေ​ဖြစ်​ရ​မည်​။ သင်​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အမွေဆက်ခံ​ကြ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 55,
      "text": "ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​ထံ​မှ အကုန်အစင်​မ​နှင်ထုတ်​လျှင် သင်​တို့​ချန်ထား​ခဲ့​သော​သူ​တို့​သည် သင်​တို့​၏​မျက်စိ​၌ ငြောင့်​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​နံဘေး​၌ ဆူး​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ သင်​တို့​နေထိုင်​သော​ပြည်​၌ သင်​တို့​ကို ရန်ပြု​ကြ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 56,
      "text": "ငါ​သည်​လည်း ထို​သူ​တို့​ကို​စီရင်​မည်​ဟု ကြံရွယ်​ထား​သည့်​အတိုင်း သင်​တို့​ကို ငါ​စီရင်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​သောအခါ အမွေ​အဖြစ် သင်​တို့​ရရှိ​မည့် ခါနာန်​ပြည်​၏​နယ်မြေ​အပိုင်းအခြား​ကား ဤသို့​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 3,
      "text": "တောင်ဘက်ခြမ်း​သည် ဧဒုံ​ပြည်​နယ်စပ်​တစ်လျှောက်​ရှိ ဇိန​တောကန္တာရ​မှ​စ​ရ​မည်​။ တောင်ဘက်​နယ်နိမိတ်​သည် အရှေ့ဘက်​တွင် ဆား​ပင်လယ် ​အစွန်း​မှ​စ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 4,
      "text": "ထိုမှ နယ်နိမိတ်​သည် အကရဗ္ဗိမ်​တောင်ကုန်း​၏​တောင်ဘက်​သို့​ကွေ့သွား​၍ ဇိန​တော​ကို​ဖြတ်​ပြီး ကာဒေရှဗာနာ​အရပ်​သို့​ရောက်​ရ​မည်​။ ထိုမှ တောင်ဘက် ဟာဇရဒ္ဒါ​အရပ်​သို့​ရောက်​၍ အာဇမုန်​အရပ်​ကို​ဖြတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 5,
      "text": "နယ်နိမိတ်​သည် အာဇမုန်​အရပ်​မှ အီဂျစ်​ချောင်း​သို့​ကွေ့သွား​၍ ပင်လယ်​၌ ဆုံး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 6,
      "text": "အနောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ် ​နှင့်​ကမ်းရိုးတန်း​တို့​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​အဖို့ အနောက်ဘက်​နယ်နိမိတ်​ဖြစ်​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 7,
      "text": "မြောက်ဘက်​နယ်နိမိတ်​ကို မြေထဲပင်လယ်​မှ ဟောရ​တောင်​အထိ​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 8,
      "text": "ဟောရ​တောင်​မှ လီဘိုဟာမတ်​အရပ်​အထိ ပိုင်းခြား​၍ ထိုမှ နယ်နိမိတ်​သည် ဇေဒဒ်​အရပ်​အထိ​ရောက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 9,
      "text": "ထိုမှ နယ်နိမိတ်​သည် ဇိဖြုန်​အထိ​ဆက်သွား​၍ ဟာဇရေနန်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​အဖို့ မြောက်ဘက်​နယ်နိမိတ်​ဖြစ်​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 10,
      "text": "အရှေ့ဘက်​နယ်နိမိတ်​ကို ဟာဇရေနန်​မှ​ရှေဖံ​အထိ ပိုင်းခြား​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 11,
      "text": "နယ်နိမိတ်​သည် ရှေဖံ​မှ အဣန​အရှေ့ဘက် ရိဗလ​တိုင်အောင် ဆင်းလာ​ရ​မည်​။ ထိုမှ နယ်နိမိတ်​သည် ဆက်သွား​၍ အရှေ့ဘက်​တွင်​ဂင်နေသရက်​အိုင်​စပ်​အထိ ရောက်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 12,
      "text": "ထိုမှ နယ်နိမိတ်​သည် ဂျော်ဒန်​မြစ်​တစ်လျှောက်​ဆက်သွား​၍ ဆား​ပင်လယ်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​ပြည်​၏​နယ်မြေ​အပိုင်းအခြား ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 13,
      "text": "မောရှေ​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ဤသည်ကား အမျိုးအနွယ်​ကိုး​နွယ်​နှင့် အမျိုးအနွယ်​တစ်ဝက်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မဲ​ဖြင့်​ခွဲ​၍ သင်​တို့​အမွေဆက်ခံ​ရ​မည့်​မြေ​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 14,
      "text": "ရုဗင်​သားမြေး​တို့​၏​အမျိုးအနွယ်​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ ဂဒ်​သားမြေး​တို့​၏​အမျိုးအနွယ်​သည်​လည်း ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် သူ​တို့​၏​အမွေ​ကို ရ​ပြီး​ဖြစ်​၏​။ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​သည်​လည်း သူ​တို့​၏​အမွေ​ကို ရ​ပြီး​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 15,
      "text": "ဤ​အမျိုးအနွယ်​နှစ်​နွယ်​နှင့် တစ်ဝက်​သည် ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ အရှေ့ဘက်​နေထွက်​ရာ​အရပ်​တွင် အမွေ​ရ​ပြီး​ဖြစ်​၏​”​ဟု မိန့်မှာ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 17,
      "text": "“​သင်​တို့​အတွက် အမွေ​မြေ​ကို ခွဲဝေပေး​မည့်​သူ​တို့​၏​အမည်​မှာ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် နုန်​၏​သား​ယောရှု ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 18,
      "text": "အမွေ​မြေ​ကို ခွဲဝေ​ပေး​ဖို့ အမျိုးအနွယ်​အသီးသီး​မှ ခေါင်းဆောင်​တစ်ဦးစီ​ကို​လည်း သင်​တို့ ခေါ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 19,
      "text": "ထို​သူ​တို့​၏​အမည်​မှာ ယုဒ​အမျိုးအနွယ်​မှ ယေဖုန္နာ​၏​သား ကာလက်​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 20,
      "text": "ရှိမောင်​သားမြေး​တို့​၏​အမျိုးအနွယ်​မှ အမိဟုဒ်​၏​သား ရှေမွေလ​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 21,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​မှ ခိသလုန်​၏​သား ဧလိဒဒ်​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 22,
      "text": "ဒန်​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ယောဂလိ​၏​သား ဗုက္ကိ​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 23,
      "text": "ယောသပ်​သားမြေး​တို့​တွင် မနာရှေ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ဧဖုဒ်​၏​သား ဟံယေလ​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 24,
      "text": "ဧဖရိမ်​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ရှိဖတန်​၏​သား ကေမွေလ​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 25,
      "text": "ဇာဗုလုန်​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ပါနက်​၏​သား ဧလိဇာဖန်​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 26,
      "text": "ဣသခါ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် အဇ္ဇန်​၏​သား ပါလတေလ​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 27,
      "text": "အာရှာ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် ရှေလောမိ​၏​သား အဘိဟုဒ်​၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 28,
      "text": "နဿလိ​သားမြေး​တို့​၏​အမျိုးအနွယ်​ခေါင်းဆောင် အမိဟုဒ်​၏​သား ပေဒဟေလ တို့​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 29,
      "text": "ဤ​သူ​တို့​ကား ခါနာန်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့​အား အမွေခွဲ​ပေး​ရန် ထာဝရဘုရား ခန့်ထား​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 1,
      "text": "တစ်ဖန် ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 2,
      "text": "“​အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​ပိုင်​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့​အား နေထိုင်စရာ​မြို့​တို့​ကို​လည်းကောင်း​၊ ထို​မြို့​တို့​၏​ပတ်ပတ်လည်​ရှိ စားကျက်မြေ​တို့​ကို​လည်းကောင်း ပေး​ရ​မည်​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 3,
      "text": "ထို​မြို့​တို့​သည် လေဝိ​အမျိုး​တို့​အတွက် နေထိုင်စရာ​ဖြစ်​ပြီး စားကျက်မြေ​တို့​သည်​လည်း သူ​တို့​၏​သိုးနွား​တိရစ္ဆာန်​အားလုံး​တို့​အတွက် ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 4,
      "text": "လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​၏​စားကျက်မြေ​သည် မြို့ရိုး​အပြင်ဘက် အတောင်​တစ်ထောင် ​ပတ်ပတ်လည်​ရှိ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 5,
      "text": "သင်​တို့​သည် မြို့​ကို​အလယ်ဗဟို​ထား​၍ မြို့​ပြင် အရှေ့ဘက်​ခြမ်း​ကို အတောင်​နှစ်ထောင် ​၊ တောင်ဘက်​ခြမ်း​ကို အတောင်​နှစ်ထောင်​၊ အနောက်ဘက်ခြမ်း​ကို အတောင်​နှစ်ထောင်​၊ မြောက်ဘက်ခြမ်း​ကို အတောင်​နှစ်ထောင် တိုင်းတာ​ရ​မည်​။ ဤ​မြေ​သည် လေဝိ​အမျိုး​တို့​အတွက် မြို့​၏​စားကျက်မြေ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 6,
      "text": "လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​များ​မှာ လူသတ်​မိ​သော​သူ ထွက်ပြေး​ပြီး ခိုလှုံ​နိုင်​သော​မြို့​ခြောက်​မြို့​အပြင် မြို့​လေးဆယ့်​နှစ်​မြို့ ပေး​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 7,
      "text": "လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​စုစုပေါင်း​မှာ လေးဆယ့်​ရှစ်​မြို့​နှင့် ထို​မြို့​တို့​၏​စားကျက်မြေ​များ ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 8,
      "text": "သင်​တို့​ပေး​သော​မြို့​များ​သည် အစ္စရေး​အမျိုးသား​တို့​ပိုင်ဆိုင်​ရာ​မြေ​ထဲမှ ဖြစ်​ရ​မည်​။ ပိုင်ဆိုင်​ရာ​မြေ​များ​လျှင် များ​သည့်​အလျောက်​၊ နည်း​လျှင် နည်း​သည့်​အလျောက် အသီးသီး​ရရှိ​သော​အမွေ​ပမာဏ​နှင့်အညီ လေဝိ​အမျိုး​တို့​အား မြို့​များ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 10,
      "text": "“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို ကူး​၍ ခါနာန်​ပြည်​သို့​ရောက်​သောအခါ"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 11,
      "text": "မရည်ရွယ်​ဘဲ​လူ​ကို​သတ်​မိ​သော​လူသတ်သမား​တို့ ထွက်ပြေး​ပြီး ခိုလှုံ​နိုင်​သော​မြို့​တို့​ကို သင်​တို့ ရွေးချယ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 12,
      "text": "လူသတ်​မိ​သော​သူ​သည် လူထု​ရှေ့​၌​ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ အသတ်​မ​ခံရ​မည့်​အကြောင်း လက်စားချေ​သူ​၏​လက်​မှ​လွတ်မြောက်​ရန်​အတွက် ထို​မြို့​တို့​သည် ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 13,
      "text": "သင်​တို့​ပေး​သော​မြို့​တို့​တွင် မြို့​ခြောက်​မြို့​သည် သင်​တို့ ခိုလှုံ​ရာ​မြို့​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 14,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက်​၌ သင်​တို့​ပေး​သော​မြို့​သုံး​မြို့​၊ ခါနာန်​ပြည်​၌ သင်​တို့​ပေး​သော​မြို့​သုံး​မြို့​သည် ခိုလှုံ​ရာ​မြို့​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 15,
      "text": "ထို​မြို့​ခြောက်​မြို့​သည် အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ သူ​တို့​၏​ဧည့်သည်​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ​မည်သူမဆို ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 16,
      "text": "သံထည်​ပစ္စည်း​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 17,
      "text": "သေ​စေ​နိုင်​သော​ကျောက်တုံး​ဖြင့် ထု​၍​လူ​သေ​သွား​လျှင် ထု​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 18,
      "text": "သေ​စေ​နိုင်​သော​သစ်သား​တုတ်​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 19,
      "text": "သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို​တွေ့​လျှင် သူ​ကိုယ်တိုင်​သတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 20,
      "text": "မုန်းတီးစိတ်​ကြောင့် လူ​ကို​တွန်းချ​၍​ဖြစ်စေ​၊ ချောင်းမြောင်း​လျက် တစ်စုံတစ်ရာ​ဖြင့် လူ​ကို​ပစ်​၍​ဖြစ်စေ ထို​လူ​သေ​သွား​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 21,
      "text": "ရန်ငြိုး​ထား​၍ လက်သီး​နှင့်​ထိုး​သဖြင့် လူ​သေ​သွား​လျှင်​လည်းကောင်း ထိုသို့​ပြု​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို တွေ့​လျှင် သတ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 22,
      "text": "ရန်ငြိုး​မ​ရှိ​ဘဲ လူ​ကို​အမှတ်မထင်​တွန်းချ​မိ​၍​ဖြစ်စေ​၊ မ​ချောင်းမြောင်း​ဘဲ ပစ္စည်း​တစ်ခုခု​ဖြင့် ပစ်​မိ​၍​ဖြစ်စေ​၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 23,
      "text": "မိမိ​၏​ရန်သူ​မ​ဟုတ်​၊ အန္တရာယ်ပြု​ရန်​လည်း​မ​ရည်ရွယ်​ဘဲ မ​မြင်​သဖြင့် သေ​စေ​နိုင်​သော​ကျောက်တုံး​တစ်တုံးတုံး​ဖြင့်​ပစ်​မိ​၍​ဖြစ်စေ ထို​လူ​သေ​သွား​လျှင်"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 24,
      "text": "လူထု​သည် လူ​သတ်​မိ​သော​သူ​နှင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​အကြား​၌ ဤ​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း တရားစီရင်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 25,
      "text": "လူသတ်​မိ​သော​သူ​ကို သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​လက်​မှ​ကယ်နုတ်​ရ​မည်​။ သူ​ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​ခဲ့​သော​မြို့​သို့ သူ့​ကို​ပြန်ပို့​ရ​မည်​။ သန့်ရှင်း​သော​ဆီ​ဖြင့်​ဘိသိက်ခံ​ယဇ်ပုရောဟိတ်​မင်း ကွယ်လွန်​သည့်​တိုင်အောင် သူ​သည် ထို​မြို့​၌​နေ​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 26,
      "text": "လူသတ်​မိ​သော​သူ​သည် ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နေ​သော​မြို့​၏​နယ်နိမိတ်​အပြင်ဘက်​သို့ ထွက်သွား​သဖြင့်"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 27,
      "text": "သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် သူ့​ကို ခိုလှုံ​ရာ​မြို့​၏​နယ်နိမိတ်​အပြင်ဘက်​၌ တွေ့​၍ သူ့​ကို သတ်​လျှင် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​၌ လူ​ကို​သတ်​သော​အပြစ်​မ​ရှိ​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 28,
      "text": "သူ​သည် ယဇ်ပုရောဟိတ်​မင်း​ကွယ်လွန်​သည့်​တိုင်အောင် ခိုလှုံ​ရာ​မြို့​၌ နေထိုင်​ရ​မည်​။ ယဇ်ပုရောဟိတ်​မင်း​ကွယ်လွန်​ပြီးမှ မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​ပြန်လာ​ခွင့်​ရှိ​၏​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 29,
      "text": "ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​အတွက် ပြဋ္ဌာန်း​ထား​သော​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 30,
      "text": "လူ​ကို​သတ်​သော လူသတ်သမား​တိုင်း သက်သေ​၏​ထွက်ဆိုချက်​အတိုင်း အသတ်​ခံရ​မည်​။ သို့ရာတွင် ထို​သူ​သည် သက်သေ​တစ်ဦးတည်း​၏​ထွက်ဆိုချက်​ဖြင့် သေဒဏ်​မ​ခံရ​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 31,
      "text": "သေဒဏ်​ခံထိုက်​သည့်​အပြစ်ရှိ​သော​လူသတ်သမား​သည် မုချ​အသတ်​ခံရ​မည်​ဖြစ်​သောကြောင့် သူ​၏​အသက်​အတွက် ရွေးနုတ်စရာ​အဖိုးအခ​ကို မ​ခံယူ​ရ​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 32,
      "text": "ခိုလှုံ​ရာ​မြို့​သို့​ထွက်ပြေး​သော​သူ​သည် ယဇ်ပုရောဟိတ်​မ​ကွယ်လွန်​မီ မိမိ​နေရပ်​သို့ ပြန်သွား​၍ နေထိုင်​နိုင်​ရန် သူ့​ထံမှ ရွေးနုတ်စရာ​အဖိုးအခ​ကို မ​ခံယူ​ရ​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 33,
      "text": "သွေး​သည် ပြည်​ကို ညစ်ညူး​စေ​သည်​ဖြစ်၍ သင်​တို့​နေထိုင်​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​။ ပြည်​၌ သွန်း​သော​သွေး​အတွက် သွေးသွန်း​သော​သူ​၏​သွေး​မှတစ်ပါး ထို​ပြည်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​မ​ပြု​နိုင်​။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 34,
      "text": "ငါ​ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌​ကိန်းဝပ်​သည်​ဖြစ်၍ ငါ​ကိန်းဝပ်​ရာ​ဖြစ်​သည့် သင်​တို့​နေထိုင်​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 1,
      "text": "ယောသပ်​သားမြေး​တို့​၏​မျိုးနွယ်စု​ဖြစ်​သော မနာရှေ​၏​သား​မာခိရ​၊ မာခိရ​၏​သား​ဂိလဒ်​နှင့် ဂိလဒ်​သား​တို့​၏​မျိုးနွယ်စု​ထဲမှ အိမ်ထောင်စု​အကြီးအမှူး​တို့​သည် မောရှေ​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​ခေါင်းဆောင်​တို့​ထံသို့ လာ​၍"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 2,
      "text": "“​ဤ​ပြည်​ကို မဲချ​၍ အစ္စရေး​အမျိုးသား​တို့​အား အမွေ​အဖြစ်​ပေး​ရန် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​သခင်​အား မိန့်မှာ​တော်မူ​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​၏​ညီ​ဇလောဖဒ်​၏​အမွေ​ကို​လည်း သူ​၏​သမီး​တို့​အား​ပေး​ရန် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​သခင်​အား မိန့်မှာ​တော်မူ​ခဲ့​ပါ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 3,
      "text": "သူ​တို့​သည် အခြား​အစ္စရေး​မျိုးနွယ်​၏​သားမြေး တစ်စုံတစ်ယောက်​နှင့်​စုံဖက်​လျှင် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​အမွေ​ထဲမှ​နုတ်ယူ​၍ သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ကြ​လိမ့်မည်​။ ဤသို့ဖြင့် အကျွန်ုပ်​တို့​၏​အမွေ​ဝေစု​သည် နုတ်ယူ​ခြင်း​ခံရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 4,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​ရွှေရတုနှစ်​ရောက်​သောအခါ သူ​တို့​၏​အမွေ​သည် သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ခြင်း​ဖြင့် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​အမျိုးအနွယ်​၏​အမွေ​ထဲမှ နုတ်ယူ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 5,
      "text": "ထိုအခါ မောရှေ​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း အစ္စရေး​အမျိုးသား​တို့​အား “​ယောသပ်​သားမြေး​အမျိုးအနွယ်​လျှောက်ဆို​သော​အရာ​သည် မှန်​ပေ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 6,
      "text": "ဇလောဖဒ်​သမီး​တို့​အတွက် ထာဝရဘုရား​မိန့်မှာ​တော်မူ​ချက်​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​သည် မိမိ​နှစ်သက်​သော​သူ​နှင့်​စုံဖက်​ခွင့်​ရှိ​၏​။ သို့သော် သူ​တို့​စုံဖက်​သော​သူ​သည် သူ​တို့​ဘိုးဘေး​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ​သာ ဖြစ်​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​တို့​တွင် အမွေ​ကို အမျိုးအနွယ်​တစ်​နွယ်​မှ တစ်​နွယ်​သို့ မ​ပြောင်း​ရ​။ အစ္စရေး​အမျိုးသား​အသီးသီး​တို့​သည် မိမိ​ဘိုးဘေး​တို့​အမျိုးအနွယ်​၏​အမွေ​ကို​ထိန်းသိမ်း​ရ​မည်​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 8,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​အမျိုးအနွယ်​ထဲတွင် အမွေ​ပိုင်ဆိုင်​သော​အမျိုးသမီး​တိုင်း​သည် မိမိ​ဘိုးဘေး​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ တစ်ယောက်ယောက်​နှင့်​သာ​စုံဖက်​ရ​မည်​။ သို့မှသာ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​ဘိုးဘေး​တို့​၏​အမွေ​ကို အသီးသီး ပိုင်ဆိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 9,
      "text": "အမွေ​ကို အမျိုးအနွယ်​တစ်​နွယ်​မှ အခြား​တစ်​နွယ်​သို့ မ​ပြောင်း​ရ​။ အစ္စရေး​အမျိုးသား​တို့​၏​အမျိုးအနွယ်​တို့​သည် မိမိ​၏​အမွေ​ကို အသီးသီး ထိန်းသိမ်း​ရ​မည်​”​ဟု မိန့်မှာ​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 10,
      "text": "ဇလောဖဒ်​သမီး​တို့​သည်​လည်း မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 11,
      "text": "ဇလောဖဒ်​၏​သမီး မာလာ​၊ တိရဇာ​၊ ဟောဂလာ​၊ မိလခါ​၊ နောအာ​သည် မိမိ​တို့​ဘကြီးဘထွေး​တို့​၏​သား​နှင့် စုံဖက်​ကြ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 12,
      "text": "သူ​တို့​သည် ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​၏​သားမြေး​တို့​မျိုးနွယ်စု​နှင့်​သာ စုံဖက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​၏​အမွေ​သည် သူ​တို့​ဘိုးဘေး​မျိုးနွယ်စု​၏​အမျိုးအနွယ်​၌ တည်​လေ​၏​။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 13,
      "text": "ဤသည်ကား ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​မှတစ်ဆင့် အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား​မိန့်မှာ​သည့် ပညတ်ချက်​နှင့်​စီရင်ထုံးဖွဲ့ချက်​များ​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 1,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက်​၊ တောကန္တာရ​ရှိ​ပါရန်​အရပ်​နှင့် တောဖလ​၊ လာဗန်​၊ ဟာဇရုတ်​၊ ဒိဇဟတ်​အရပ်​တို့​အကြား သုဖ​နှင့်​မျက်နှာချင်းဆိုင်​အရာဗ​လွင်ပြင်​၌ အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား မောရှေ​ဆင့်ဆို​သော​စကား​များ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 2,
      "text": "(​ဟောရပ်​တောင်​မှ ကာဒေရှဗာနာ​အရပ်​အထိ စိရ​တောင်​လမ်း​ဖြင့်​သွား​လျှင် တစ်ဆယ့်​တစ်​ရက်​ကြာ​၏​။​)"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 3,
      "text": "အနှစ်​လေးဆယ်​မြောက်​သော​နှစ်​၊ တစ်ဆယ့်တစ်​လ​၊ ပထမ​နေ့​၌ မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ ပညတ်တရား​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 4,
      "text": "ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဧဒြိ​အရပ်​၊ အာရှတရုတ်​မြို့​၌​စံမြန်း​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​ကို လုပ်ကြံ​ပြီးနောက်"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 5,
      "text": "မောရှေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ မောဘ​ပြည်​တွင် ထို​ပညတ်တရား​တို့​ကို စတင်​ရှင်းပြ​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 6,
      "text": "မောရှေ​က “​ဟောရပ်​တောင်​၌ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​တို့​အား ‘​သင်​တို့​သည် ဤ​တောင်​၌ ကြာမြင့်​စွာ​နေထိုင်​ကြ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 7,
      "text": "ခရီးစပြု​ကြ​လော့​။ အာမောရိ​တောင်ပေါ်ဒေသ​နှင့် ထို​ဒေသ​အနီး​ရှိ အရာဗ​လွင်ပြင်​၊ တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ နေဂေ့​အရပ်​သို့​လည်းကောင်း​၊ ပင်လယ်​ကမ်းခြေဒေသ​သို့​လည်းကောင်း​၊ ခါနာန်​ပြည်​သို့​လည်းကောင်း​၊ လက်ဘနွန်​တောင်​မှ ယူဖရေးတီး​မြစ် ​ကြီး​တိုင်အောင်​လည်းကောင်း လှည့်​သွား​လော့​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 8,
      "text": "ထို​ပြည်​ကို သင်​တို့​အား ငါ​ပေး​ပြီ​။ ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​မှစ၍ နောင်လာမည့်​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​သည်​နှင့်အညီ ဝင်​၍​သိမ်းပိုက်​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 9,
      "text": "ထို​အချိန်​က သင်​တို့​အား ‘​ငါ​တစ်ယောက်တည်း သင်​တို့​ကို တာဝန်​မ​ယူ​နိုင်​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 10,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို တိုးပွား​စေ​တော်မူ​သဖြင့် ယနေ့ သင်​တို့​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​ကြ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 11,
      "text": "သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို အဆ​တစ်ထောင်​တိုးပွား​စေ​တော်မူ​ပါစေသော​။ ကတိထား​တော်မူ​သည့်​အတိုင်း သင်​တို့​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​၏​ပြဿနာ​၊ သင်​တို့​၏​ဝန်ထုပ်ဝန်ပိုး​နှင့် ခိုက်ရန်ဖြစ်ပွားမှု​ကို ငါ​တစ်ယောက်တည်း မည်သို့​တာဝန်ယူ​နိုင်​မည်နည်း​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 13,
      "text": "ပညာရှိ​သော​သူ​၊ အသိဉာဏ်​ရှိ​သော​သူ​၊ အသရေ​ရှိ​သော​သူ​တို့​ကို သင်​တို့​၏​မျိုးနွယ်​ထဲမှ ရွေးချယ်​လော့​။ ထို​သူ​တို့​ကို သင်​တို့​၏​အကြီးအမှူး​အဖြစ် ငါ​ခန့်ထား​မည်​’​ဟု ငါ​ပြော​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 14,
      "text": "ထိုအခါ သင်​တို့​က ‘​သခင်​ပြော​သော​အရာ​သည် ကောင်း​ပါ​၏​’​ဟု ငါ့​အား ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 15,
      "text": "ထို့ကြောင့် ပညာရှိ​ပြီး အတွေ့အကြုံ​လည်း​ရှိ​သော သင်​တို့​၏​မျိုးနွယ်​အကြီးအမှူး​တို့​ကို ငါ​ခေါ်ယူ​ပြီးလျှင် သူ​တို့​အား သင်​တို့​မျိုးနွယ်​ကို​ကြီးကြပ်အုပ်ချုပ်​သော​သူ​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်​ဖြင့် ခန့်ထား​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 16,
      "text": "ထို​အချိန်​က သင်​တို့​၏​တရားသူကြီး​များ​ကို​လည်း ‘​သင်​တို့​၏​အမျိုးသားချင်း​တို့​ထဲ၌​ရှိ​သော​အမှု​များ​ကို​နားထောင်​၍ အမျိုးသား​အချင်းချင်း​ကြား​၌​ဖြစ်စေ​၊ အမျိုးသားချင်း​နှင့် သူ့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ကြား​၌​ဖြစ်စေ ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 17,
      "text": "သင်​တို့​သည် တရားစီရင်​သောအခါ မျက်နှာကြီး​၊ မျက်နှာငယ် ဟူ၍​မျက်နှာ​မ​လိုက်​ဘဲ ကြားနာ​စစ်ဆေး​ရ​မည်​။ တရားစီရင်​ခြင်း​ကို ဘုရားသခင်​ပိုင်​တော်မူ​သောကြောင့် မည်သူ့​ကို​မျှ မ​ကြောက်​နှင့်​။ ခက်ခဲ​သော​အမှု​ကို ငါ့​ထံ တင်ပြ​လော့​။ ငါ ကြားနာ​စစ်ဆေး​ပေး​မည်​’​ဟု ငါ​ပြော​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 18,
      "text": "ထို​အချိန်​က သင်​တို့​ပြု​ရ​မည့်​အမှု​အလုံးစုံ​တို့​ကို​လည်း ငါ​ပြော​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 19,
      "text": "ထိုမှ ငါ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဟောရပ်​တောင်​မှ ခရီးပြု​၍ အာမောရိ​တောင်ပေါ်ဒေသ​လမ်း​တစ်လျှောက်​ရှိ သင်​တို့​မြင်​ရ​သည့် ကြောက်မက်​ဖွယ်​တောကန္တာရ​ကြီး​ကို​ဖြတ်​ကာ ကာဒေရှဗာနာ​အရပ်​သို့ ရောက်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 20,
      "text": "ထိုအခါ ငါ​က သင်​တို့​အား ‘​ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော အာမောရိ​တောင်ပေါ်ဒေသ​သို့ သင်​တို့​ရောက်​ကြ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 21,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို သင်​တို့​ထံ အပ်​တော်မူ​ပြီ​။ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သွား​၍​သိမ်းပိုက်​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​’​ဟု ဆို​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 22,
      "text": "ထိုအခါ သင်​တို့​အားလုံး ငါ့​ထံသို့​ချဉ်းကပ်​၍ ‘​အကျွန်ုပ်​တို့​အလျင် လူ​ကို​စေလွှတ်​၍ ထို​ပြည်​ကို စူးစမ်း​စေ​ပါ​။ သို့မှသာ ထို​သူ​တို့​သည် အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​၊ ရောက်​ရ​မည့်​မြို့​အကြောင်း​ကို အကျွန်ုပ်​တို့​အား ပြန်​ပြောပြ​နိုင်​ပါ​မည်​’​ဟု သင်​တို့ ဆို​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 23,
      "text": "ငါ​သည် ထို​စကား​ကို​နှစ်သက်​သဘောကျ​သဖြင့် သင်​တို့​ထဲမှ မျိုးနွယ်​တစ်​နွယ်​လျှင် တစ်​ယောက်​ကျ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ရွေးယူ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 24,
      "text": "ထို​သူ​တို့​သည် တောင်ပေါ်ဒေသ​သို့ တက်သွား​ပြီး ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​၍ ထို​ပြည်​ကို စူးစမ်း​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 25,
      "text": "သူ​တို့​သည် ထို​ပြည်​မှ​ယူလာ​သော​အသီး​အချို့​ကို ငါ​တို့​ထံသို့ ယူ​ဆောင်လာ​ပြီးလျှင် ‘​အကျွန်ုပ်​တို့​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သည် သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​’​ဟု အစီရင်ခံ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 26,
      "text": "သို့သော် သင်​တို့​သည် မ​သွား​လို​သဖြင့် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 27,
      "text": "သင်​တို့​သည် မိမိ​တို့​၏​တဲ​များ​၌ ညည်းတွား​ကြ​လျက် ‘​ထာဝရဘုရား​သည် ငါ​တို့​ကို​မုန်းတီး​သောကြောင့် အာမောရိ​လူမျိုး​တို့​၏​လက်​သို့​အပ်​ခြင်း​ဖြင့် ငါ​တို့​ကို ဖျက်ဆီး​ဖို့ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပါ​သည်​တကား​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 28,
      "text": "ငါ​တို့​သည် မည်သည့်​အရပ်​သို့​သွား​နေ​ကြ​သနည်း​။ ညီအစ်ကို​တို့​က “ထို​ပြည်သား​တို့​သည် အကျွန်ုပ်​တို့​ထက်​ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​ကြ​၏​။ မြို့​များ​သည်​လည်း ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ ထိုမျှမက အာနက​အမျိုး​တို့​ကို​လည်း ထို​နေရာ​၌ အကျွန်ုပ်​တို့​တွေ့မြင်​ရ​ပါ​၏”​ဟု ဆို​လျက် ငါ​တို့​ကို စိတ်ပျက်အားလျော့​စေ​ပြီ​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 29,
      "text": "ငါ​သည် သင်​တို့​အား ‘​မ​ထိတ်လန့်​ကြ​နှင့်​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 30,
      "text": "သင်​တို့​ရှေ့​မှ​ကြွ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် သင်​တို့​အဖို့​ပြု​ပေး​သကဲ့သို့​၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 31,
      "text": "ဤ​အရပ်​သို့ သင်​တို့​ရောက်​သည့်​တိုင်အောင် သင်​တို့​သွား​သည့်​လမ်းခရီး​တစ်လျှောက်​တွင် ဖခင်​သည် သား​ကို​ချီပိုး​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို မည်ကဲ့သို့​ချီပိုး​တော်မူ​ခဲ့​ကြောင်း​ကို တောကန္တာရ​၌​သင်​တို့​တွေ့မြင်​ခဲ့​ရ​သကဲ့သို့ ထာဝရဘုရား​သည် သင်​တို့​အဖို့ စစ်တိုက်​တော်မူ​လိမ့်မည်​’​ဟု ဆို​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 32,
      "text": "ထိုသို့​ဆို​သော်လည်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​မ​ယုံကြည်​ကြ​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 33,
      "text": "ဘုရားသခင်​သည် လမ်းခရီး​၌ သင်​တို့​ရှေ့​မှ​ကြွ​လျက် သင်​တို့​စခန်းချ​ဖို့​နေရာ​ကို စူးစမ်း​တော်မူ​၍ သင်​တို့​သွား​ရ​မည့်​လမ်း​ကို ညအချိန်​၌ မီး​အားဖြင့်​၊ နေ့အချိန်​၌ မိုးတိမ်​အားဖြင့် ပြ​ပေး​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 34,
      "text": "သင်​တို့​၏​စကား​သံ​ကို ထာဝရဘုရား​ကြား​သောအခါ အမျက်ထွက်​တော်မူ​၍"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 35,
      "text": "‘​ထို​ပြည်​ကို သင်​တို့​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​သာယာဝပြော​သော​ပြည်​ကို ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​သည့် ဤ​လူ​တို့​တစ်ယောက်မျှ​မြင်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 36,
      "text": "သို့သော် ယေဖုန္နာ​၏​သား ကာလက်​သည် ထာဝရဘုရား​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ထို​ပြည်​ကို သူ​မြင်​ရ​မည်​။ သူ​ခြေချ​သော​မြေ​ကို သူ​နှင့်​သူ​၏​သားမြေး​တို့​အား ငါ​ပေး​မည်​’​ဟု ကျိန်ဆို​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 37,
      "text": "သင်​တို့​ကြောင့် ထာဝရဘုရား​သည် ငါ့​ကို​လည်း အမျက်ထွက်​တော်မူ​၍ ‘​သင်​သည်​လည်း ထို​ပြည်​သို့ ဝင်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 38,
      "text": "သင့်​ရှေ့​၌​ရပ်​နေ​သော နုန်​၏​သား ယောရှု​မူကား ထို​ပြည်​သို့​ဝင်​ရ​လိမ့်မည်​။ သူ့​အားဖြင့် အစ္စရေး​လူမျိုး​တို့ ထို​ပြည်​ကို အမွေဆက်ခံ​ရ​မည်​ဖြစ်၍ သူ့​ကို အားပေး​လော့​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 39,
      "text": "လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု သင်​တို့​ဆို​ခဲ့​သော သင်​တို့​၏​ကလေး​များ​၊ ယခု​အချိန်​တွင် အကောင်း​အဆိုး​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​များ​သည် ထို​ပြည်​သို့ ဝင်​ရ​လိမ့်မည်​။ ငါ​သည် ထို​ပြည်​ကို သူ​တို့​အား​ပေး​၍ သူ​တို့​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 40,
      "text": "သင်​တို့​မူကား ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 41,
      "text": "ထိုအခါ သင်​တို့​က ငါ့​အား ‘​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တက်သွား​၍ စစ်တိုက်​ပါ​မည်​’​ဟု ဆို​ပြီးလျှင် သင်​တို့​အသီးသီး လက်နက်​များ​ကို​စွဲကိုင်​၍ တောင်ပေါ်ဒေသ​သို့​တက်သွား​ရန် အသင့်နေ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 42,
      "text": "သို့သော် ထာဝရဘုရား​က ‘​ထို​သူ​တို့​အား ဤသို့​ဆင့်ဆို​လော့​။ သင်​တို့​တက်​မ​သွား​ကြ​နှင့်​။ မ​တိုက်​ကြ​နှင့်​။ အကြောင်းမူကား ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​တော်​မ​မူ​။ သင်​တို့​သည် ရန်သူ​တို့​ရှေ့​၌ ရှုံးနိမ့်​ကြ​ရ​လိမ့်မည်​’​ဟု ငါ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 43,
      "text": "ငါ​သည် သင်​တို့​အား ထိုသို့​ဆင့်ဆို​သော်လည်း သင်​တို့​သည် နား​မ​ထောင်​ဘဲ ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​လျက် တောင်ပေါ်ဒေသ​သို့ တဇွတ်ထိုး​တက်သွား​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 44,
      "text": "ထို​တောင်ပေါ်ဒေသ​၌​နေထိုင်​ကြ​သော​အာမောရိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ရန် ထွက်လာ​ကြ​ပြီး ပျား​များ​လိုက်​သကဲ့သို့ သင်​တို့​ကို​လိုက်​၍ စိရ​အရပ်​မှ ဟောမာ​အရပ်​တိုင်အောင် သင်​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 45,
      "text": "သင်​တို့​သည် ပြန်လာ​၍ ထာဝရဘုရား​ရှေ့မှောက်​၌ ငိုကြွေး​ကြ​သော်လည်း ထာဝရဘုရား​သည် သင်​တို့​၏​အသံ​ကို​နားညောင်း​တော်​မ​မူ​။ သင်​တို့​ကို ဂရုစိုက်​တော်​မ​မူ​။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 46,
      "text": "သို့ဖြစ်၍ သင်​တို့​သည် ကာဒေရှ​အရပ်​၌ ရက်​ပေါင်း​များစွာ​နေထိုင်​ခဲ့​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက် ငါ​တို့​သည် ပြန်လှည့်​၍ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကာ စိရ​တောင်ပေါ်ဒေသ​တွင် ရက်​ပေါင်း​များစွာ လှည့်လည်​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 2,
      "text": "ထာဝရဘုရား​က ငါ့​အား"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 3,
      "text": "‘​သင်​တို့​သည် ဤ​တောင်ပေါ်ဒေသ​တွင် ကြာမြင့်​စွာ လှည့်လည်​နေ​ကြ​ပြီ​။ မြောက်ဘက်​သို့ လှည့်သွား​ကြ​ဦး​လော့​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 4,
      "text": "သင်​သည် လူ​တို့​အား “သင်​တို့​သည် စိရ​ပြည်​၌​နေထိုင်​သော သင်​တို့​၏​ညီအစ်ကို​များ​ဖြစ်​သည့် ဧသော​သားမြေး​တို့​၏​နယ်မြေ​ကို​ဖြတ်သွား​သောအခါ သူ​တို့​သည် သင်​တို့​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ သင်​တို့ အထူး​သတိပြု​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​ကို​ရန်​မ​စ​နှင့်​။ စိရ​တောင်​ကို ဧသော​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​ပြည်​ကို ခြေ​တစ်ဖဝါးစာ​မျှ သင်​တို့​အား​ငါ​မ​ပေး​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 6,
      "text": "သူ​တို့​ထံ​မှ အစားအစာ​ကို ငွေ​ဖြင့်​ဝယ်​စား​ရ​မည်​။ ရေ​ကို​လည်း ငွေ​ဖြင့်​ဝယ်​သောက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 7,
      "text": "အကယ်စင်စစ် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပြု​လေရာရာ​၌ ကောင်းချီးပေး​တော်မူ​ပြီ​။ ဤ​ကြီးမား​သော​တောကန္တာရ​ကို သင်​တို့​ဖြတ်သွား​ရ​ကြောင်း ကိုယ်တော်​သိ​တော်မူ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​အနှစ်​လေးဆယ်​ပတ်လုံး သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​တို့​၌ ချို့တဲ့​ခြင်း​မ​ရှိ”​ဟူ၍ ဆင့်ဆို​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​တို့​သည် ငါ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သည့် ဧသော​၏​သားမြေး​တို့​နေထိုင်​သော စိရ​ပြည်​ကို အရာဗ​လမ်း​အတိုင်း ဧလတ်​အရပ်​၊ ဧဇယုန်ဂါဗာ​အရပ်​မှ ဖြတ်ကျော်​သွား​ပြီးနောက် မောဘ​တောကန္တာရ​လမ်း​အတိုင်း လှည့်​၍​ခရီးပြု​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​မောဘ​ကို ရန်​မ​ပြု​နှင့်​။ စစ်​ဖြစ်​အောင် သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အာရ​အရပ်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​မြေ​ကို သင်​တို့​ပိုင်​ဖို့ ငါ​မ​ပေး​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 10,
      "text": "(​ယခင်​က ထို​အရပ်​၌ အာနက​လူမျိုး​များ​ကဲ့သို့ အရပ်​မြင့်​၍ ကိုယ်ခန္ဓာ​ကြီးမား​ပြီး လူ​ဦးရေ​များပြား​သော ဧမိမ်​လူမျိုး​တို့​နေထိုင်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 11,
      "text": "ရေဖိမ်​လူမျိုး​တို့​ကို အာနက​လူမျိုး​များ​ကဲ့သို့ ဖြစ်​သည် ဟု​မှတ်ယူ​ကြ​၏​။ မောဘ​လူမျိုး​တို့​သည် ရေဖိမ်​လူမျိုး​တို့​ကို ဧမိမ်​လူမျိုး ဟု​ခေါ်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 12,
      "text": "ယခင်​က စိရ​ပြည်​၌ ဟောရိ​လူမျိုး​တို့ နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​အား ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သော​ပြည်​ကို​ပြု​သကဲ့သို့ ဧသော​သားမြေး​တို့​သည်​လည်း ဟောရိ​ပြည်​ကို​သိမ်းပိုက်​၍ ဟောရိ​လူမျိုး​တို့​ကို မိမိ​တို့​ရှေ့မှောက်​မှ သုတ်သင်ပယ်ရှင်း​ကာ သူ​တို့​၏​နေရာ​၌ နေထိုင်​ကြ​၏​။​)"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 13,
      "text": "ယခု ထ​၍ ဇာရက်​ချောင်း​ကို သင်​တို့​ကူးသွား​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ငါ​တို့​သည် ဇာရက်​ချောင်း​ကို​ကူးသွား​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 14,
      "text": "ငါ​တို့​သည် ကာဒေရှဗာနာ​အရပ်​မှ​ထွက်ခွာ​၍ ဇာရက်​ချောင်း​ကို​ကူး​သည်​အထိ သုံးဆယ့်​ရှစ်​နှစ်​ကြာ​၏​။ ထို​ကာလ​အတွင်း တပ်စခန်း​ထဲ​မှ စစ်သည်​မျိုးဆက်​အပေါင်း​တို့​သည် ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 15,
      "text": "အကယ်စင်စစ် တပ်စခန်း​ထဲ​ရှိ ထို​သူ​တို့ သေ​ကုန်​သည်​အထိ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​ကို ဖျက်ဆီး​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 16,
      "text": "လူ​တို့​ထဲ​မှ စစ်သည်​အားလုံး သေဆုံး​ကုန်​သည်​နှင့်"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 17,
      "text": "ထာဝရဘုရား​က ငါ့​အား"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 18,
      "text": "‘​ယနေ့ သင်​တို့​သည် အာရ​ပြည်​၊ မောဘ​နယ်စပ်​ကို ဖြတ်သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 19,
      "text": "သင်​တို့​သည် အမ္မုန်​အမျိုးသား​တို့​ထံသို့​ရောက်​သောအခါ သူ​တို့​ကို ရန်​မ​ပြု​နှင့်​။ သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​ပြည်​ကို သင်​တို့​ပိုင်​ဖို့​ငါ​မ​ပေး​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 20,
      "text": "(​ယခင်​က ထို​ပြည်​၌ ရေဖိမ်​လူမျိုး​များ​နေထိုင်​ကြ​၏​။ ထို​ပြည်​ကို ရေဖိမ်​လူမျိုး​တို့​၏​ပြည်​ဖြစ်​သည် ဟု​လည်း​မှတ်ယူ​ကြ​၏​။ အမ္မုန်​လူမျိုး​တို့​သည် သူ​တို့​ကို ဇံဇုမ္မိမ်​လူမျိုး ဟု​ခေါ်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 21,
      "text": "ထို​လူမျိုး​တို့​သည် အာနက​လူမျိုး​များ​ကဲ့သို့ အရပ်​မြင့်​၍ ကိုယ်ခန္ဓာ​ကြီးမား​ပြီး လူဦးရေ​များပြား​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို အမ္မုန်​အမျိုးသား​တို့​၏​ရှေ့မှောက်​မှ​သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် အမ္မုန်​အမျိုးသား​တို့​သည် သူ​တို့​ပြည်​ကို သိမ်းပိုက်​၍ သူ​တို့​နေရာ​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 22,
      "text": "ဤသည်ကား စိရ​ပြည်​၌​နေထိုင်​သော​ဧသော​သားမြေး​တို့​အတွက် ထာဝရဘုရား​သည် ဟောရိ​လူမျိုး​တို့​ကို သူ​တို့​ရှေ့မှောက်​မှ​သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် သူ​တို့​သည် ဟောရိ​ပြည်​ကို​သိမ်းပိုက်​ပြီး ထို​ပြည်​၌ ယနေ့​တိုင်အောင် နေထိုင်​သကဲ့သို့​ပင်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 23,
      "text": "ထို့အတူ ဂါဇ​မြို့​တိုင်အောင် ကျေးရွာ​များ​၌ နေထိုင်​ကြ​သော​အာဝိ​လူမျိုး​တို့​ကို ကတ္တောရ​ကျွန်း​မှ​ရောက်လာ​သော ကတ္တောရိမ်​လူမျိုး​တို့​သည် သုတ်သင်ပယ်ရှင်း​၍ သူ​တို့​၏​နေရာ​၌​နေထိုင်​ကြ​၏​။​)"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 24,
      "text": "ထ​၍ ခရီးပြု​ကြ​လော့​။ အာနုန်​ချောင်း​ကို​ကူးသွား​လော့​။ အာမောရိ​လူမျိုး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် သူ​၏​ပြည်​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ သူ့​ပြည်​ကို​စတင်​သိမ်းပိုက်​လော့​။ သူ့​ကို​ရန်စ​၍ တိုက်ခိုက်​လော့​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 25,
      "text": "မိုးကောင်းကင်​တစ်ခွင်​အောက်​ရှိ လူမျိုး​တို့​သည် သင်​တို့​သတင်း​ကို​ကြား​၍ သင်​တို့​ရှေ့​၌​တုန်လှုပ်​ချောက်ချား​မည့်​အကြောင်း သင်​တို့​ကို​ထိတ်လန့်​ကြောက်ရွံ့​သော​သဘော​ကို ယနေ့ သူ​တို့​အပေါ်​သို့ ငါ​စတင်​ကျရောက်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 26,
      "text": "ငါ​သည် ကေဒမုတ်​တောကန္တာရ​မှ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​ထံသို့ စေတမန်​တို့​ကို စေလွှတ်​၍"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 27,
      "text": "‘​အကျွန်ုပ်​တို့​ကို အရှင့်​ပြည်​ထဲမှ​ဖြတ်သွား​ခွင့်​ပြု​ပါ​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ လမ်းမ​အတိုင်း​သွား​ပါ​မည်​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 28,
      "text": "စိရ​ပြည်​၌​နေထိုင်​ကြ​သော ဧသော​သားမြေး​တို့​နှင့် အာရ​ပြည်​၌​နေထိုင်​ကြ​သော မောဘ​လူမျိုး​တို့​ပြု​သည့်​နည်းတူ အကျွန်ုပ်​တို့​စား​ဖို့ အစားအစာ​၊ အကျွန်ုပ်​တို့​သောက်​ဖို့​ရေ​ကို အကျွန်ုပ်​တို့​အား ငွေ​ဖြင့်​ရောင်း​ပေး​ပါ​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့​မ​ရောက်​မီ​တိုင်အောင် အရှင့်​ပြည်​ကို ခြေ​ဖြင့်​ဖြတ်သွား​ရုံသာ​ဖြတ်သွား​ပါ​မည်​’​ဟု ငြိမ်းချမ်းရေး​စကား​ကို ပြောဆို​သော်လည်း"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 30,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​စိတ်​ကို မာကျော​စေ​တော်မူ​သောကြောင့် ငါ​တို့​ကို သူ့​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​မ​ပြု​။ ထိုသို့ သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​ခြင်း​သည် ယနေ့​မြင်​ရ​သည့်​အတိုင်း သူ့​ကို သင်​တို့​၏​လက်​သို့​အပ်​တော်မူ​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 31,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​ယခု​မှစ၍ ရှိဟုန်​မင်းကြီး​နှင့်​သူ​၏​ပြည်​ကို သင်​တို့​အား​ငါ​ပေး​ပြီ​။ ထို​ပြည်​ကို​ပိုင်ဆိုင်​ဖို့ စတင်​သိမ်းပိုက်​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 32,
      "text": "ရှိဟုန်​မင်းကြီး​နှင့် သူ့​လူ​အပေါင်း​တို့​သည် ငါ​တို့​ကို​ဆီးတား​တိုက်ခိုက်​ရန် ယာဟတ်​အရပ်​သို့ ချီတက်​လာ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 33,
      "text": "ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို ငါ​တို့​ထံ​အပ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ​မှစ၍ သူ့​သား​များ​နှင့်တကွ သူ့​လူ​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 34,
      "text": "ထိုအခါ သူ​၏​မြို့​ရှိသမျှ​ကို ငါ​တို့​သိမ်းယူ​၏​။ မြို့​၌​ရှိသမျှ​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို လုံးလုံး​ဖျက်ဆီး​ပစ်​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်စုံတစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 35,
      "text": "တိရစ္ဆာန်​နှင့် ငါ​တို့​သိမ်းပိုက်​သော​မြို့​တို့​မှ​တိုက်ယူ​သော​ပစ္စည်း​တို့​ကို​သာ ငါ​တို့​အဖို့ သိမ်းယူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 36,
      "text": "အာနုန်​ချောင်း​စပ်​ရှိ​အာရော်​မြို့​မှစ၍ ထို​ချောင်း​အနား​ရှိ​မြို့​အပါအဝင် ဂိလဒ်​မြို့​တိုင်အောင် ငါ​တို့​ကို​ခုခံ​နိုင်​သော​မြို့​တစ်​မြို့​မျှ​မ​ရှိ​။ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​အားလုံး​ကို ငါ​တို့​အား ပေး​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 37,
      "text": "ယဗ္ဗုတ်​ချောင်း​တစ်လျှောက်​မှစ၍ တောင်ပေါ်ဒေသ​ရှိ​မြို့​များ​နှင့် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ပညတ်​ထား​သမျှ​သော အမ္မုန်​အမျိုးသား​တို့​၏​မြေ​ကို​ကား မ​ချဉ်းကပ်​ရ​ကြ​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 1,
      "text": "တစ်ဖန် ငါ​တို့​သည် ဗာရှန်​ပြည်​လမ်း​သို့ လှည့်​၍​တက်သွား​ကြ​၏​။ ငါ​တို့​ကို​ဆီးတား​တိုက်ခိုက်​ရန် ဧဒြိ​အရပ်​သို့ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​သည် မိမိ​၏​လူ​အပေါင်း​တို့​နှင့်အတူ ထွက်လာ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 2,
      "text": "ထိုအခါ ထာဝရဘုရား​က ငါ့​အား ‘​သူ့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သူ​နှင့်တကွ သူ​၏​လူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​ပြည်​ကို​လည်းကောင်း သင်​၏​လက်​သို့​ပေးအပ်​ပြီ​။ သင်​သည် ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​ကို​ပြု​သကဲ့သို့ သူ့​ကို​လည်း​ပြု​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 3,
      "text": "ထိုသို့ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​နှင့် သူ​၏​လူ​အပေါင်း​တို့​ကို​လည်း ငါ​တို့​လက်​သို့​အပ်​သဖြင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်စုံတစ်ယောက်​မျှ​မ​ရှိ​သည့်​တိုင်အောင် သူ​တို့​ကို​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 4,
      "text": "ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သော အာဂေါဘ​နယ်မြေ​တစ်ခုလုံး​တွင် မြို့​ပေါင်း​ခြောက်ဆယ်​ရှိ​၍ ငါ​တို့​သည် သူ​၏​မြို့​ရှိသမျှ​ကို တစ်​မြို့​မ​ကျန် သိမ်းပိုက်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 5,
      "text": "ထို​မြို့​အားလုံး​သည် မြင့်မား​သော​တံတိုင်း​၊ တံခါး​များ​၊ ကန့်လန့်ကျင်​များ​ရှိ​၍ ခိုင်ခံ့​သော​မြို့​များ​ဖြစ်​ကြ​၏​။ တောမြို့​တို့​ကို​လည်း အမြောက်အမြား​သိမ်းပိုက်​၍"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 6,
      "text": "အကုန်အစင်​ဖျက်ဆီး​ပစ်​၏​။ ငါ​တို့​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​ကို ပြု​သကဲ့သို့ ထို​မြို့​အားလုံး​ရှိ ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 7,
      "text": "တိရစ္ဆာန်​နှင့် မြို့​များ​မှ​တိုက်ယူ​သော​ပစ္စည်း​အားလုံး​ကို​မူ ငါ​တို့​အဖို့ သိမ်းယူ​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 8,
      "text": "ထို​အချိန်​၌ ငါ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရင်​နှစ်​ပါး​လက်​မှ​မြေ​ကို အာနုန်​ချောင်း​မှ ဟေရမုန်​တောင်​တိုင်အောင် သိမ်းယူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 9,
      "text": "(​ဟေရမုန်​တောင်​ကို​ဆီဒုန်​လူမျိုး​တို့​က စိရုန် ဟု​ခေါ်​ကြ​၍ အာမောရိ​လူမျိုး​တို့​က စနိရ ဟု​ခေါ်​ကြ​၏​။​)"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 10,
      "text": "ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ရှိ မြို့​များ​ဖြစ်​သည့် သာလက​နှင့်​ဧဒြိ​တိုင်အောင် လွင်ပြင်​ရှိ​မြို့​အားလုံး​၊ ဂိလဒ်​ပြည်​တစ်ပြည်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 11,
      "text": "(​အကယ်စင်စစ် ရေဖိမ်​လူမျိုး​တွင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တစ်ယောက်တည်း​သာ ကြွင်းကျန်​၏​။ လူ့​လက်​ဖြင့်​တိုင်း​လျှင် အလျား​ကိုး​တောင် ​၊ အနံ​လေး​တောင် ​ရှိ​သော သူ​၏​သံ​ညောင်စောင်း​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့​ဖြစ်​သော​ရဗ္ဗာ​မြို့​၌ တွေ့​နိုင်​၏​။​)"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 12,
      "text": "ထို​အချိန်​၌ ငါ​တို့​သိမ်းပိုက်​ခဲ့​သော​မြေ​ကို ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​အား အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​မှ ဂိလဒ်​တောင်ပေါ်ဒေသ​တစ်ဝက်​အထိ မြို့​များ​နှင့်တကွ ငါ​ပေး​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 13,
      "text": "ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သည့် ကျန်​သော​ဂိလဒ်​ပြည်​နှင့် ဗာရှန်​တစ်ပြည်လုံး​ကို မနာရှေ​မျိုးနွယ်​တစ်ဝက်​အား ငါ​ပေး​၏​။ (​အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို ရေဖိမ်​လူမျိုး​တို့​၏​ပြည် ဟု​ခေါ်​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 14,
      "text": "မနာရှေ​အမျိုး ယာဣရ​သည် ဂေရှုရိ​လူမျိုး​နှင့်​မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​တိုင်အောင် အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​ကို​သိမ်းယူ​၍ မိမိ​၏​အမည်​ဖြင့် ဟာဝုတ်​ယာဣရ ဟု​ယနေ့​တိုင်အောင် မှည့်ခေါ်​လေ​၏​။​)"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 15,
      "text": "ဂိလဒ်​မြို့​ကို မာခိရ​အမျိုး​အား ငါ​ပေး​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 16,
      "text": "ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​ကို ဂိလဒ်​မြို့​မှစ၍ အာနုန်​ချောင်း​အလယ်​နယ်နိမိတ်​အထိ​၊ အမ္မုန်​အမျိုးသား​တို့​နယ်နိမိတ်​ဖြစ်​သော​ယဗ္ဗုတ်​ချောင်း​အထိ​၊"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 17,
      "text": "ဂျော်ဒန်​မြစ်​ဖြင့်​နယ်နိမိတ်​ပိုင်းခြား​ထား​သည့်​အရာဗ​လွင်ပြင်​အထိ ငါ​ပေး​၏​။ ထို​အရာဗ​လွင်ပြင်​သည် ဂင်နေသရက်​အိုင်​မှ အရှေ့ဘက်​ပိသဂါ​တောင်ခြေ​ရှိ ဆား​ပင်လယ် ​ဟု​ခေါ်​သော အရာဗ​ပင်လယ်​အထိ​ကျယ်ပြန့်​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 18,
      "text": "ထို​အချိန်​၌ ငါ​သည် သင်​တို့​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား အပိုင်​ပေး​တော်မူ​ပြီ​။ သို့သော် ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​ညီအစ်ကို​အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 19,
      "text": "သင်​တို့​၌ တိရစ္ဆာန်​များစွာ​ရှိ​ကြောင်း ငါ​သိ​၏​။ ထို့ကြောင့် သင်​တို့​၏​မယား​နှင့်​ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် သင်​တို့​ကို ငါ​ပေး​သော​မြို့​များ​၌ နေရစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 20,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​၍ သူ​တို့​အား ဂျော်ဒန်​မြစ်​တစ်ဖက်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ပိုင်ဆိုင်​ပြီးမှ သင်​တို့​အား ငါ​အပိုင်​ပေး​သော​ပြည်​အသီးသီး​သို့ သင်​တို့​ပြန်လာ​ခွင့်​ရှိ​၏​’​ဟု ဆို​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 21,
      "text": "ထို​အချိန်​၌ ငါ​က ယောရှု​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ရှင်ဘုရင်​နှစ်​ပါး​အား ပြု​တော်မူ​ခဲ့​သည့်​အမှု​ရှိသမျှ​ကို သင့်​မျက်စိ​ဖြင့်​မြင်​ရ​ပြီ​။ ထာဝရဘုရား​သည် သင်​ကူးသွား​မည့်​နိုင်ငံ​ရှိသမျှ​ကို ထိုနည်းတူ ပြု​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 22,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် စစ်တိုက်​တော်မူ​မည်​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​နှင့်​’​ဟု ဆို​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 23,
      "text": "ထို​အချိန်​၌ ငါ​သည် ထာဝရဘုရား​ထံ"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 24,
      "text": "‘​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​ကြီးမြတ်​ခြင်း​၊ ကိုယ်တော်​၏​အားကြီး​သော​လက်​တော်​ကို ကိုယ်တော်​၏​အစေအပါး​အား စတင်​ဖော်ပြ​တော်မူ​ပြီ​။ အစွမ်းတန်ခိုးကြီး​သည့်​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​သကဲ့သို့ ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ အဘယ်မည်သော​ဘုရား ပြု​နိုင်​ပါ​သနည်း​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 25,
      "text": "အကျွန်ုပ်​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ သာယာဝပြော​သော​ပြည်​၊ သာယာဝပြော​သော​တောင်ပေါ်ဒေသ​နှင့် လက်ဘနွန်​တောင်​ကို မြင်​ရ​မည့်​အကြောင်း အကျွန်ုပ်​အား ဂျော်ဒန်​မြစ်​ကို​ကူးသွား​ခွင့်​ပြု​တော်မူ​ပါ​’​ဟု အသနားခံ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 26,
      "text": "သို့သော် ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို​အမျက်ထွက်​၍ ငါ့​စကား​ကို နားညောင်း​တော်​မ​မူ​။ ထို့ပြင် ထာဝရဘုရား​သည် ငါ့​အား ‘​တော်​ပြီ​။ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ငါ့​အား ထပ်၍​မ​လျှောက်​တော့​နှင့်​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 27,
      "text": "သင်​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​မ​ဟုတ်​သောကြောင့် ပိသဂါ​တောင်​ထိပ်​သို့ တက်သွား​ပြီး အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့ မျှော်ကြည့်​၍ ထို​ပြည်​ကို​ကြည့်​လော့​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 28,
      "text": "ယောရှု​သည် ဤ​လူမျိုး​တို့​ကို ဦးဆောင်​လျက် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍ သင်​တွေ့မြင်​ရ​မည့်​ပြည်​ကို သူ​တို့​အား အမွေခွဲ​ပေး​ရ​မည်​ဖြစ်​သောကြောင့် သူ့​ကို​ညွှန်ကြား​လော့​။ သူ့​ကို အားပေး​ထောက်မ​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 29,
      "text": "ဤသို့ဖြင့် ငါ​တို့​သည် ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင်​ချိုင့်ဝှမ်း​၌ နေထိုင်​ကြ​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 1,
      "text": "အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​အား သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​၍ ဝင်ရောက်​ပိုင်ဆိုင်​ရ​မည့်​အကြောင်း သင်​တို့​လိုက်နာ​ရ​မည့် ငါ​သွန်သင်​သော ပြဋ္ဌာန်းချက်​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 2,
      "text": "သင်​တို့​အား ငါ​မှာကြား​သော​စကား​တို့​ကို မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။ သင်​တို့​အား ငါ​ဆင့်ဆို​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 3,
      "text": "ဗာလပေဂုရ​ဘုရား​ကြောင့် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို သင်​တို့​မျက်စိ​ဖြင့် တွေ့မြင်​ခဲ့​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာလပေဂုရ​ဘုရား​အား ဆည်းကပ်​သော​သူ​အပေါင်း​တို့​ကို ဖျက်ဆီး​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 4,
      "text": "သို့သော် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆည်းကပ်​သော​သူ​အားလုံး ယနေ့​အထိ အသက်ရှင်​ရ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 5,
      "text": "သင်​တို့​ဝင်ရောက်​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​နှင့် စီရင်ထုံးဖွဲ့ချက်​တို့​ကို ငါ့​အား ငါ​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း သင်​တို့​အား ငါ​သွန်သင်​ပေး​ပြီ​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 6,
      "text": "လိုက်နာ​စောင့်ထိန်း​ကြ​လော့​။ သို့ပြုလျှင် ဤ​ပြဋ္ဌာန်းချက်​ရှိသမျှ​ကို​ကြားသိ​သော​လူမျိုး​ရှေ့​၌ သင်​တို့​သည်​ဉာဏ်ပညာ​ရှိ​သူ​၊ အမြော်အမြင်​ရှိ​သူ​ဟု ထင်ရှား​လိမ့်မည်​။ သူ​တို့​က​လည်း ‘​အကယ်စင်စစ် ဤ​လူမျိုး​သည် ပညာရှိ​သော​၊ အမြော်အမြင်​ရှိ​သော​လူမျိုး​ကြီး​ဖြစ်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 7,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ခေါ်​သော​အခါတိုင်း ကိုယ်တော်​သည် ငါ​တို့​အနီး​၌​ရှိ​တော်မူ​သကဲ့သို့ အနီး​၌​ရှိ​တော်မူ​သော​ဘုရား​သည် မည်သည့်​လူမျိုး​ကြီး​၌​ရှိ​သနည်း​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 8,
      "text": "ယနေ့ သင်​တို့​ရှေ့မှောက်​၌ ငါ​ထား​သော ဤ​တရား​အလုံးစုံ​တို့​ကဲ့သို့ ဖြောင့်မှန်​သော ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​မျိုး မည်သည့်​လူမျိုး​ကြီး​၌​ရှိ​သနည်း​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 9,
      "text": "သင်​တို့​သတိပြု​ကြ​လော့​။ သင်​တို့​မျက်စိ​ဖြင့်​တွေ့မြင်​ခဲ့​ရ​သော​အမှုအရာ​များ​ကို သင်​တို့​မ​မေ့လျော့​စေရန်​နှင့် သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​စိတ်နှလုံး​လမ်း​မ​လွဲ​စေရန် သင်​တို့​၏​စိတ်​ကို​အထူး​စောင့်ထိန်း​လော့​။ သင်​တို့​၏​သား​မြေး​တို့​ကို​လည်း ပြောပြ​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 10,
      "text": "ဟောရပ်​တောင်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့မှောက် သင်​တို့​ရပ်​စဉ် ထာဝရဘုရား​က ငါ့​အား ‘​လူ​တို့​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ငါ့​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​၍ မိမိ​တို့​၏​သားသမီး​များ​ကို​လည်း သင်ကြား​ပေး​မည့်​အကြောင်း ငါ​၏​နှုတ်ထွက်စကား​များ​ကို သူ​တို့​အား ကြားနာ​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 11,
      "text": "သင်​တို့​လည်း ချဉ်းကပ်​လာ​၍ တောင်​ခြေရင်း​၌ ရပ်​နေ​ကြ​၏​။ ထိုအခါ တောင်​ပေါ်၌ မိုးကောင်းကင်​အလယ်​တိုင်အောင် မီး​တောက်လောင်​ပြီး မှောင်မည်း​သော​မိုးတိမ်​နှင့်​အမှောင်ထု​ဖုံး​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 12,
      "text": "ထာဝရဘုရား​သည်​လည်း သင်​တို့​အား မီး​ထဲ​မှ မိန့်မြွက်​တော်မူ​၏​။ သင်​တို့​သည် စကား​သံ​ကို​ကြား​ရ​သော်လည်း ပုံသဏ္ဌာန်​တော်​ကို​မ​မြင်​ရ​။ အသံ​တော်​ကို​သာ​ကြား​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 13,
      "text": "ကိုယ်တော်​သည် သင်​တို့​လိုက်နာ​ရန် ညွှန်ကြား​ထား​သည့် မိမိ​၏​ပဋိညာဉ်​တည်းဟူသော ပညတ်တော် ​ဆယ်​ပါး​ကို သင်​တို့​အား​ပြောကြား​တော်မူ​ပြီးလျှင် ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးထား​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 14,
      "text": "သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် ငါ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 15,
      "text": "ဟောရပ်​တောင်​၌ သင်​တို့​အား ထာဝရဘုရား မီး​ထဲ​မှ မိန့်​တော်မူ​သော​နေ့​တွင် သင်​တို့​သည် ကိုယ်တော်​ကို မည်သည့်​ပုံသဏ္ဌာန်​နှင့်​မျှ​မ​မြင်​ရ​။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူး​သတိပြု​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 16,
      "text": "သင်​တို့​သည် ဖောက်ပြန်​ပြီး ယောက်ျား​ပုံစံ​၊ သို့မဟုတ် မိန်းမ​ပုံစံ​၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 17,
      "text": "မြေကြီး​ပေါ်​ရှိ တိရစ္ဆာန်​တစ်မျိုးမျိုး​၏​ပုံစံ​၊ မိုးကောင်းကင်​၌​ပျံသန်း​သော အတောင်ပံ​ရှိ​သည့်​ငှက်​တစ်မျိုးမျိုး​၏​ပုံစံ​၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 18,
      "text": "မြေ​ပေါ်မှာ​တွားသွား​သော သတ္တဝါ​တစ်မျိုးမျိုး​၏​ပုံစံ​၊ မြေကြီး​အောက် ရေ​ထဲ​ရှိ​ငါး​တစ်မျိုးမျိုး​၏​ပုံစံ စသည်​ဖြင့် မည်သည့်​ပုံသဏ္ဌာန်​တစ်မျိုးမျိုး​၏​ပုံစံ​ကို​မျှ သင်​တို့​အဖို့ ရုပ်တုဆင်းတု​အဖြစ် မ​ပြုလုပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 19,
      "text": "မိုးကောင်းကင်​သို့​မျှော်ကြည့်​၍ နေ​၊ လ​၊ ကြယ်​စသော ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​မြင်​သောအခါ သင်​တို့​သည် သွေးဆောင်​ခံရ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ လူမျိုး​အပေါင်း​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​ပေး​ထား​သော​ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 20,
      "text": "ယနေ့​မြင်​ရ​သည့်​အတိုင်း ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​၏​အမွေခံ​လူမျိုး​တော်​အဖြစ် ခေါ်ယူ​၍ အီဂျစ်​ပြည် သံ​မီးပြင်းဖို​ထဲမှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 21,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို အမျက်ထွက်​၍ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​သို့ ငါ​မ​ဝင်​ရ​ဟု ကျိန်ဆို​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 22,
      "text": "သို့ဖြစ်၍ ငါ​သည် ဤ​အရပ်​၌ သေ​ရ​မည်​။ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​။ သင်​တို့​မူကား ဂျော်ဒန်​မြစ်​ကို​ကူး​၍ သာယာဝပြော​သော​ပြည်​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 23,
      "text": "သင်​တို့​နှင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို မ​မေ့လျော့​ရန်​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​တားမြစ်​ထား​သော မည်သည့်​ပုံသဏ္ဌာန်​ကို​မျှ သင်​တို့​အဖို့ ရုပ်တုဆင်းတု​အဖြစ်​မ​လုပ်​ရန် သတိပြု​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 24,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်​သော​မီး​၊ သဝန်တို​သော​ဘုရား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 25,
      "text": "သင်​တို့​သည် ထို​ပြည်​၌ သား​မြေး​များ​ရ​သည်​အထိ အနေကြာ​လာ​သောအခါ ဖောက်ပြန်​ပြီး တစ်စုံတစ်ရာ​၏​ပုံသဏ္ဌာန်​ကို ရုပ်တုဆင်းတု​အဖြစ်​ပြုလုပ်​၍ ထာဝရဘုရား​၏​ရှေ့မှောက်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား အမျက်ထွက်​စေ​လျှင်"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 26,
      "text": "ယနေ့ ငါ​သည် သင်​တို့​တစ်ဖက်​၌ ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ တိုင်တည်​၏​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍​သိမ်းပိုက်​မည့်​ပြည်​မှ မကြာမီ​လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထို​ပြည်​၌ အသက်​ရှည်ရှည်​မ​နေ​ရ​၊ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 27,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကို လူမျိုး​တကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​တော်မူ​မည်​။ ထိုသို့ သင်​တို့​ကို ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​အရပ်​၊ လူမျိုးခြား​တို့​ကြား​၌ သင်​တို့​သည် လူဦးရေ​အနည်းငယ်​သာ​ကျန်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 28,
      "text": "သင်​တို့​သည် ထို​အရပ်​၌ လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင်​နိုင်​၊ မ​ကြား​နိုင်​၊ မ​စား​နိုင်​၊ အနံ့​မ​ရ​နိုင်​သော သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို ဝတ်ပြု​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 29,
      "text": "သို့သော် ထို​အရပ်​၌ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့်​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 30,
      "text": "သင်​တို့​သည် နောင်​ကာလ​၌ ဤ​အမှု​အလုံးစုံ​တို့​နှင့်​ကြုံတွေ့​၍ ဆင်းရဲဒုက္ခ​ခံရ​သောအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့​ပြန်လာ​၍ ကိုယ်တော်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 31,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​ဖြစ်၍ သင်​တို့​ကို​စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​ကို​ဖျက်ဆီး​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သော​ပဋိညာဉ်​ကို​လည်း မေ့လျော့​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 32,
      "text": "သင်​တို့​မ​မွေး​မီ ရှေး​ကာလ​က​အကြောင်း​ကို မေးမြန်း​လော့​။ မြေကြီး​ပေါ်၌ လူ​ကို​ဘုရားသခင်​ဖန်ဆင်း​သော​နေ့​မှစ၍ မိုးကောင်းကင်​၏​အစွန်း​တစ်ဖက်​မှ မိုးကောင်းကင်​၏​အခြား​အစွန်း​တစ်ဖက်​တိုင်အောင် ဤ​ကြီးမား​သော​အမှု​မျိုး ဖြစ်​ဖူး​သလော​။ ဤ​အမှု​မျိုး ကြား​ဖူး​သလော​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 33,
      "text": "မီး​ထဲ​မှ​မိန့်​တော်မူ​သော ဘုရားသခင်​၏​အသံ​တော်​ကို သင်​တို့​ကြား​ရ​သကဲ့သို့ ကြား​၍ အသက်ချမ်းသာ​ရာ​ရ​သော​လူမျိုး​ရှိ​ဖူး​သလော​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 34,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် ပြု​တော်မူ​သော​အမှု​အပေါင်း​တို့​ကဲ့သို့ မည်သည့်​ဘုရား​တစ်ပါးပါး​က စုံစမ်းမှု​ပြု​လျက်​၊ နိမိတ်လက္ခဏာ​ပြ​လျက်​၊ အံ့ဖွယ်အမှု​ပြု​လျက်​၊ စစ်တိုက်​လျက်​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​ကို​ဆန့်​လျက်​၊ ကြောက်မက်​ဖွယ်​အမှု​ကြီး​များ​ပြု​လျက် မိမိ​အဖို့ လူမျိုး​တစ်​မျိုး​ကို အခြား​လူမျိုး​တစ်မျိုးမျိုး​ထဲမှ သွား​၍​ထုတ်ဆောင်​ရန် ကြိုးပမ်း​ဖူး​သလော​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 35,
      "text": "ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ကြောင်း သင်​တို့​သိမြင်​ရန် ဤ​အမှု​တို့​ကို သင်​တို့​အား​ပြသ​တော်မူ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 36,
      "text": "ကိုယ်တော်​သည် မိုးကောင်းကင်​မှ ပဲ့ပြင်​သော​စကားသံ​ကို သင်​တို့​အား ကြား​စေ​တော်မူ​၏​။ မြေကြီး​ပေါ်၌​လည်း သင်​တို့​အား မီးတောက်မီးလျှံ​ကြီး​ကို ပြ​တော်မူ​၍ ထို​မီး​ထဲ​မှ ကိုယ်တော်​၏​စကား​တော်​ကို သင်​တို့​ကြား​ရ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 37,
      "text": "ကိုယ်တော်​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို​ချစ်​တော်မူ​သောကြောင့် သူ​တို့​၏​သားစဉ်မြေးဆက်​ဖြစ်​သော​သင်​တို့​အား ရွေးချယ်​တော်မူ​၍ ကြီးမား​သော​တန်ခိုး​တော်​ဖြင့် အီဂျစ်​ပြည်​မှ သင်​တို့​ကို ထုတ်ဆောင်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 38,
      "text": "ကိုယ်တော်​သည် သင်​တို့​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီးမား​သော​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​ပြီး သင်​တို့​ကို သူ​တို့​၏​ပြည်​သို့ ပို့ဆောင်​တော်မူ​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​၏​ပြည်​ကို သင်​တို့​အား အမွေ​အဖြစ် ပေး​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 39,
      "text": "ထို့ကြောင့် အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၍ အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို ယနေ့ သင်​တို့​သိမှတ်​၍ နှလုံး​သွင်း​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 40,
      "text": "သင်​တို့​နှင့်တကွ နောင်လာမည့် သင်​တို့​၏​သားမြေး​တို့ ကောင်းစား​မည့်​အကြောင်း​၊ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​တို့ အသက်​ရှည်ရှည်​နေထိုင်​ရ​မည့်​အကြောင်း ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​”​ဟု မြွက်ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 41,
      "text": "ထို့နောက် မောရှေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​၌ မြို့​သုံး​မြို့​ကို သီးခြားခွဲထား​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 42,
      "text": "မိမိ​အိမ်နီးချင်း​ကို အမုန်း​မ​ရှိ​ဘဲ မတော်တဆ​သတ်​မိ​သော​သူ​သည် အသက်ချမ်းသာ​ရာ​ရ​ဖို့ ထို​မြို့​သုံး​မြို့​ထဲမှ တစ်​မြို့​မြို့​သို့ ထွက်ပြေး​နိုင်​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 43,
      "text": "ထို​မြို့​သုံး​မြို့​မှာ ရုဗင်​အမျိုး​အတွက် တောကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုး​အတွက် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုး​အတွက် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 44,
      "text": "ဤ​တရား​ကား အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​၌ မောရှေ​ထားရှိ​သော​တရား​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 45,
      "text": "ဤသည်ကား အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သူ​တို့​အား မောရှေ​ဆင့်ဆို​သော သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 46,
      "text": "ဤ​တရား​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​၊ ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင်​ချိုင့်ဝှမ်း​၌ မိန့်ဆို​ခဲ့​ခြင်း​ဖြစ်​၏​။ ထို​အရပ်​သည် မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တိုက်ခိုက်​ခဲ့​သော ဟေရှဘုန်​မြို့​၌​စံမြန်း​သည့် အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်မြေ​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 47,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရင်​နှစ်​ပါး​ဖြစ်​သည့် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၏​ပြည်​ကို သိမ်းပိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 48,
      "text": "အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​မှစ၍ ဟေရမုန်​တောင်​ဟု​ခေါ်​သော စိအုန်​တောင်​တိုင်အောင်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 49,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ရှိ အရာဗ​လွင်ပြင်​တစ်ခုလုံး​မှစ၍ ပိသဂါ​တောင်ခြေ​ရှိ အရာဗ​ပင်လယ်​တိုင်အောင်​လည်းကောင်း သိမ်းပိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 1,
      "text": "မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ ယနေ့ သင်​တို့​ကြားသိ​အောင် ငါ​ဆင့်ဆို​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို နားထောင်​လော့​။ သင်ယူ​လော့​။ လိုက်နာ​စောင့်ထိန်း​လော့​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 2,
      "text": "ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဟောရပ်​တောင်​၌ ငါ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 3,
      "text": "ဤ​ပဋိညာဉ်​ကို ထာဝရဘုရား​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ဖွဲ့​တော်မူ​သည်​မ​ဟုတ်​ဘဲ ဤ​နေရာ​၌ ယနေ့​အသက်ရှင်​လျက်​ရှိ​သော ငါ​တို့​အားလုံး​နှင့် ဖွဲ့​တော်မူ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 4,
      "text": "ထာဝရဘုရား​သည် တောင်​ပေါ်၌ သင်​တို့​နှင့် မီး​ထဲ​မှ​မျက်နှာချင်းဆိုင် မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 5,
      "text": "ထို​အချိန်​၌ သင်​တို့​သည် မီး​ကို​ကြောက်​၍ တောင်​ပေါ်သို့​မ​တက်ဝံ့​ကြ​သောကြောင့် ငါ​သည် ထာဝရဘုရား​နှင့်​သင်​တို့​ကြား၌ ရပ်​လျက် ထာဝရဘုရား​၏​စကား​တော်​ကို သင်​တို့​အား ပြန်​ပြောပြ​ခဲ့​၏​။ မိန့်​တော်မူ​သော​စကား​မှာ"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 6,
      "text": "‘​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 7,
      "text": "သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 8,
      "text": "အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 9,
      "text": "ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 10,
      "text": "ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 11,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အလွဲသုံးစား​မ​ပြု​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အလွဲသုံးစား​ပြု​သော​သူ​အား အပြစ်ဒဏ်​နှင့်​ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 12,
      "text": "သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 13,
      "text": "သင်​၏​အလုပ်​ရှိသမျှ​ကို ခြောက်​ရက်​ပတ်လုံး အားထုတ်​လုပ်ဆောင်​လော့​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 14,
      "text": "သတ္တမ​နေ့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏ ဥပုသ်နေ့​ဖြစ်​၏​။ ထို​နေ့​၌ သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​မှစ၍ နွား​၊ မြည်း​စသော​တိရစ္ဆာန်​များ​၊ သင့်​မြို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ သင်​အနားယူ​သကဲ့သို့ သင်​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​သည်​လည်း အနားယူ​ကြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 15,
      "text": "သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် သင့်​အား ထို​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​ကြောင်း​ကို​လည်းကောင်း အောက်မေ့​လော့​။ ထိုအကြောင်းကြောင့် ဥပုသ်နေ့​ကို​စောင့်ထိန်း​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား​မိန့်မှာ​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 16,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း သင်​၏​မိဘ​ကို​ရိုသေ​လော့​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​၍ ကောင်းစား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 17,
      "text": "လူ​မ​သတ်​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 18,
      "text": "အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​မ​ကျူးလွန်​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 19,
      "text": "မ​ခိုး​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 20,
      "text": "သင်​၏​အိမ်နီးချင်း​တစ်ဖက်​၌ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 21,
      "text": "သင့်​အိမ်နီးချင်း​၏​မယား​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​အိမ်​၊ လယ်ယာ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ လိုချင်​သော​စိတ်​မ​ရှိ​ရ​။​’"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 22,
      "text": "ထာဝရဘုရား​သည် တောင်​ပေါ်၌ မီး​၊ မိုးတိမ်​နှင့် အမှောင်ထု​တို့​ထဲ​မှ ကြီးမား​သော​အသံ​ဖြင့် လူ​အစုအဝေး​တစ်ရပ်လုံး​အား ဤ​စကား​တို့​ကို မိန့်​တော်မူ​၏​။ ထို့နောက် ထပ်၍ မိန့်​တော်​မ​မူ​ဘဲ ဤ​စကား​တို့​ကို ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးသား​ပြီး ငါ့​အား ပေးအပ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 23,
      "text": "တောင်​တစ်တောင်လုံး မီး​တောက်လောင်​နေစဉ် အမှောင်​ထဲ​မှ​အသံ​တော်​ကို သင်​တို့​ကြား​ရ​သောအခါ သင်​တို့​မျိုးနွယ်​များ​ထဲမှ​အကြီးအမှူး​နှင့်​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် ငါ့​ထံသို့​ချဉ်းကပ်​လာ​၍"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 24,
      "text": "‘​ကြည့်​ပါ​လော့​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​၏​ဘုန်းအသရေ​တော်​နှင့် မိမိ​၏​ကြီးမြတ်​တော်မူ​ခြင်း​တို့​ကို အကျွန်ုပ်​တို့​အား ပြသ​တော်မူ​ပြီ​။ မီး​ထဲ​မှ​အသံ​တော်​ကို​လည်း အကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​။ ဘုရားသခင်​သည် လူ​နှင့်​စကားပြော​သော်လည်း လူ​သည် အသက်ချမ်းသာ​ရာ​ရ​ကြောင်း​ကို ယနေ့ အကျွန်ုပ်​တို့​သိမြင်​ရ​ပါ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 25,
      "text": "ယခု အကျွန်ုပ်​တို့​သည် အဘယ်ကြောင့် သေ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်မည်​။ အကြောင်းမူကား ဤ​မီးတောက်​ကြီး​သည် အကျွန်ုပ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 26,
      "text": "မီး​ထဲ​မှ​မိန့်​တော်မူ​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသံ​တော်​ကို အကျွန်ုပ်​တို့​ကြား​ရ​သကဲ့သို့ မည်သည့်​သတ္တဝါ​သည် ကြား​၍ အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 27,
      "text": "သင်​သာ ချဉ်းကပ်​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​အရာ​ရှိသမျှ​တို့​ကို နားထောင်​၍ သင့်​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အား ဆင့်ဆို​ပါ​။ အကျွန်ုပ်​တို့​သည် နားထောင်​၍ လိုက်နာ​ပါ​မည်​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 28,
      "text": "ငါ့​အား သင်​တို့​လျှောက်ဆို​သော​စကား​သံ​ကို ထာဝရဘုရား​ကြား​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က ‘​သင့်​အား ဤ​လူ​တို့​လျှောက်ဆို​သော​စကား​သံ​ကို ငါ​ကြား​၏​။ သူ​တို့​လျှောက်ဆို​သော​အရာ​အားလုံး လျောက်ပတ်​ပေ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 29,
      "text": "ငါ့​ကို​ကြောက်ရွံ့​၍ ငါ​၏​ပညတ်တော်​အလုံးစုံ​ကို အစဉ်အမြဲ​စောင့်ထိန်း​မည့်​စိတ်သဘော သူ​တို့​၌ ရှိ​မည်​ဆိုလျှင် သူ​တို့​နှင့်​သူ​တို့​၏​သားမြေး​တို့​သည် အစဉ်​ကောင်းစား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 30,
      "text": "သင်​သွား​၍ သူ​တို့​အား “သင်​တို့​၏​တဲ​များ​သို့ ပြန်သွား​ကြ​လော့”​ဟု ပြော​လော့​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 31,
      "text": "သင်​မူကား ငါ့​ထံပါး ဤ​နေရာ​၌​ရပ်​နေ​လော့​။ သူ​တို့​အား ငါ​အပိုင်​ပေး​မည့်​ပြည်​၌ သူ​တို့​လိုက်နာ​ရန် သူ​တို့​အား သင်ကြား​ပေး​ရ​မည့် ပညတ်တော်​အလုံးစုံ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင့်​အား ငါ​မိန့်ဆို​မည်​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 32,
      "text": "သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ လွှဲ​မ​သွား​ရ​။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 33,
      "text": "သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​လမ်း​ရှိသမျှ​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​တို့​ပိုင်ဆိုင်​ရ​မည့်​ပြည်​၌ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။ ကောင်းစား​၍ အသက်​ရှည်​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 1,
      "text": "သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ လိုက်နာ​ရ​မည့် ပညတ်တော်​၊ ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 2,
      "text": "သင်​မှစ၍ သင်​၏​သား​မြေး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ သင့်​အား​ငါ​ဆင့်ဆို​သည့် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​နှင့်​ပညတ်တော်​ရှိသမျှ​တို့​ကို​စောင့်ထိန်း​ရ​မည်​။ ထိုသို့​ပြု​လျှင် သင်​တို့​သည် အသက်​ရှည်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 3,
      "text": "အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ပညတ်တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင့်​အား သင့်​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​၌ သင်​သည်​ကောင်းစား​၍ အလွန်​တိုးပွား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 4,
      "text": "အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် တစ်ဆူတည်း​သော​ထာဝရဘုရား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 5,
      "text": "သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 6,
      "text": "ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ဤ​နှုတ်ကပတ်တော်​တို့​ကို နှလုံးသွင်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 7,
      "text": "သင်​တို့​၏​သားသမီး​တို့​အား ကြိုးစားသွန်သင်​ရ​မည်​။ သင်​တို့​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 8,
      "text": "သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​အဖြစ် ချည်​ထား​ရ​မည်​။ သင်​တို့​၏​မျက်မှောင်​၌ အမှတ်သင်္ကေတ​အဖြစ် ရှိ​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 9,
      "text": "သင်​တို့​၏​အိမ်​တံခါးတိုင်​များ​၊ မြို့​တံခါး​များ​၌ ရေးသား​ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 10,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အား​ပေး​မည်​ဟု သင်​တို့​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​တော်မူ​၍ သင်​တို့​မ​တည်ဆောက်​ဘဲ တည်ဆောက်​ပြီးသား သာယာဝပြော​သော​မြို့​ကြီး​များ​၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 11,
      "text": "သင်​တို့​မ​စုဆောင်း​ဘဲ စုဆောင်း​ပြီးသား​ကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့်​ပြည့်​နေ​သော​အိမ်​များ​၊ သင်​တို့​မ​တူး​ဘဲ တူး​ပြီး​သား​ရေတွင်း​များ​၊ သင်​တို့​မ​စိုက်​ဘဲ စိုက်​ပြီး​သား စပျစ်ခြံ​များ​နှင့်​သံလွင်ခြံ​များ​ကို သင်​တို့​ရရှိ​ပြီး ဝလင်​စွာ စား​ရ​သောအခါ"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 12,
      "text": "ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော ထာဝရဘုရား​ကို မ​မေ့လျော့​မည့်​အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြု​လော့​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 13,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​။ ထို​အရှင်​ကို​သာ ဝတ်ပြု​ရ​မည်​။ ထို​အရှင်​၏​နာမ​တော်​ကို တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 14,
      "text": "အခြား​ဘုရား​များ​၊ သင်​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ဆည်းကပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 15,
      "text": "သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထို့ကြောင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အပေါ်​အမျက်ထွက်​၍ သင်​တို့​ကို မြေကြီး​ပေါ်​မှ ဖျက်ဆီး​တော်မူ​မည်​ကို စိုးရိမ်​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 16,
      "text": "သင်​တို့​သည် မဿာ​အရပ်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အကဲစမ်း​သကဲ့သို့ အကဲ​မ​စမ်း​ရ​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 17,
      "text": "သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့် ပညတ်ချက်​၊ သက်သေခံချက်​၊ ပြဋ္ဌာန်းချက် တို့​ကို ကြိုးစား​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 18,
      "text": "ထာဝရဘုရား​၏​မျက်မှောက်​တော်​၌ ဖြောင့်မှန်​သော​အမှု​၊ ကောင်း​သော​အမှု​တို့​ကို ပြု​လော့​။ သို့ပြုလျှင် ထာဝရဘုရား​က ထို​ပြည်​ကို​သင်​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​သာယာဝပြော​သော​ပြည်​ကို သင်​တို့​ဝင်ရောက်​သိမ်းပိုက်​၍ ကောင်းစား​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 19,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ရန်သူ​အပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 20,
      "text": "နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 21,
      "text": "သင်​တို့​က​လည်း သင်​တို့​၏​သားသမီး​များ​အား ‘​ငါ​တို့​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏​။ သို့သော် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 22,
      "text": "ထို​အချိန်​၌ ထာဝရဘုရား​သည် ငါ​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​များ​၊ ကြီးမား​၍ ကြောက်စရာ​ကောင်း​သော အံ့ဩဖွယ်အမှု​များ​ကို အီဂျစ်​ပြည်​အပေါ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 23,
      "text": "ငါ​တို့​ကို​ကား ထို​ပြည်​ကို ငါ​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့​ပို့ဆောင်​ရန် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 24,
      "text": "ယနေ့​ကဲ့သို့ ငါ​တို့​သည် အစဉ်​ကောင်းစား​၍ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​၍ ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​ရန် ငါ​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 25,
      "text": "ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​ရှေ့​တော်​၌ ပညတ်တော်​ရှိသမျှ​တို့​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ငါ​တို့​ကို ဖြောင့်မတ်​စေ​မည်​’​ဟု ပြောပြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 1,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​သို့ သင်​တို့​ကို ပို့ဆောင်​သောအခါ လူမျိုးခြား​များ​ဖြစ်​သော​ဟိတ္တိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး စသည့် သင့်​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​ခုနစ်​မျိုး​ကို သင်​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 2,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​သောအခါ သူ​တို့​ကို တိုက်ခိုက်​၍ အကုန်အစင်​ဖျက်ဆီး​ပစ်​ရ​မည်​။ သူ​တို့​နှင့် ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​ကို မ​သနား​ရ​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 3,
      "text": "ထို​လူမျိုး​တို့​နှင့် ထိမ်းမြား​ခြင်း​မ​ပြု​ရ​။ သင်​တို့​၏​သမီး​ကို သူ​တို့​၏​သား​နှင့် မ​ပေးစား​ရ​။ သူ​တို့​၏​သမီး​ကို​လည်း သင်​တို့​၏​သား​နှင့် မ​ပေးစား​ရ​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 4,
      "text": "အကြောင်းမူကား သူ​တို့​သည် သင်​တို့​၏​သား​ကို ငါ့​ထံ​မှ လမ်းလွဲ​စေ​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​စေ​ကြ​လိမ့်မည်​။ ထိုအခါ ထာဝရဘုရား​သည် အမျက်ထွက်​၍ သင်​တို့​ကို အလျင်အမြန်​ဖျက်ဆီး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 5,
      "text": "ထို့ကြောင့် သူ​တို့​ကို ဤသို့​ပြု​ရ​မည်​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို ဖြိုဖျက်​၍ ကျောက်တိုင်​များ​ကို ဖြိုလှဲ​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ခုတ်လှဲ​၍ ရုပ်တုဆင်းတု​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 6,
      "text": "အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို မြေကြီး​ပေါ်၌​ရှိ​သော လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် ရွေးချယ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 7,
      "text": "သင်​တို့​သည် လူမျိုး​အပေါင်း​တို့​ထက် များပြား​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​နှစ်သက်​၍ ရွေးချယ်​တော်မူ​သည်​မ​ဟုတ်​။ သင်​တို့​သည် လူမျိုး​အပေါင်း​တို့​တွင် အနည်းဆုံး​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 8,
      "text": "သို့ရာတွင် ထာဝရဘုရား​သည် သင်​တို့​ကို ချစ်​တော်မူ​သောကြောင့်​လည်းကောင်း​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​ကတိ​တော်​ကို တည်​စေ​သောကြောင့်​လည်းကောင်း ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထုတ်ဆောင်​တော်မူ​၏​။ ကျွန်ခံရာ​အိမ်​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​လက်​မှ ရွေးနုတ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 9,
      "text": "သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 10,
      "text": "ကိုယ်တော်​ကို မုန်းတီး​သော​သူ​တို့​ကို​ကား ပျက်စီး​စေ​ခြင်း​ဖြင့် ဒဏ်ခတ်​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​ကို​မုန်းတီး​သော​သူ​တို့​အား အလျင်အမြန် ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 11,
      "text": "ထို့ကြောင့် ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 12,
      "text": "သင်​သည် ဤ​စီရင်ထုံးဖွဲ့ချက်​တို့​ကို ကြားနာ​၍ လိုက်နာ​စောင့်ထိန်း​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​ကို သင့်​အပေါ်​တွင် တည်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 13,
      "text": "ကိုယ်တော်​သည် သင့်​ကို​ချစ်​မည်​။ ကောင်းချီးပေး​မည်​။ တိုးပွား​စေ​မည်​။ ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​မှစ၍ မြေထွက်​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားပေါက်​၊ သိုးဆိတ်​သားပေါက်​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 14,
      "text": "သင်​သည် လူမျိုး​အပေါင်း​တို့​ထက် ကောင်းချီးခံစား​ရ​၍ သင်​၌ မြုံ​သော​ယောက်ျား​၊ မြုံ​သော​မိန်းမ​ဟူ၍ ရှိ​မည်​မ​ဟုတ်​။ သင်​၏​တိရစ္ဆာန်​များ​ထဲ၌​လည်း ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 15,
      "text": "ထာဝရဘုရား​သည် အနာရောဂါ​ရှိသမျှ​တို့​ကို သင့်​ထံမှ ဖယ်ရှား​ပေး​တော်မူ​မည်​။ သင်​သိ​ခဲ့​သည့် အီဂျစ်​ပြည်​၏​ဆိုးရွား​သော​ရောဂါဝေဒနာ​ရှိသမျှ​တို့​ကို သင့်​အပေါ်​သို့ ကျရောက်​စေ​တော်​မ​မူ​ဘဲ သင့်​ကို​မုန်း​သော​သူ​အပေါင်း​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 16,
      "text": "သင့်​လက်​သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အပ်​တော်မူ​သည့် လူမျိုး​အပေါင်း​တို့​ကို​ဖျက်ဆီး​ရ​မည်​။ ထို​သူ​တို့​ကို မ​သနား​ရ​။ သူ​တို့​၏​ဘုရား​များ​ကို ဝတ်​မ​ပြု​ရ​။ ဝတ်ပြု​လျှင် သင့်​အတွက် ထောင်ချောက်​သဖွယ်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 17,
      "text": "သင့်​စိတ်​ထဲ၌ ‘​ဤ​လူမျိုး​တို့​သည် ငါ့​ထက်​များ​သည်​ဖြစ်၍ သူ​တို့​ကို မည်သို့​နှင်ထုတ်​နိုင်​မည်နည်း​’​ဟု တွေးမိ​လျှင်"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 18,
      "text": "သူ​တို့​ကို မ​ကြောက်​နှင့်​။ ဖာရော​မင်းကြီး​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့်​အမှု​ကို​အောက်မေ့​လော့​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 19,
      "text": "သင်ကိုယ်တိုင်​တွေ့မြင်​ခဲ့​ရ​သည့် ပြင်းထန်​သော​စုံစမ်းမှု​များ​ကို​လည်းကောင်း​၊ နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို​လည်းကောင်း​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို ဆန့်​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း အထူး​အောက်မေ့​ရ​မည်​။ သင်​ကြောက်ရွံ့​ရ​သည့်​လူမျိုး​အပေါင်း​တို့​ကို​လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုနည်းတူ​ပြု​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 20,
      "text": "ထို့ပြင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​သူ​များ​၊ ပုန်းရှောင်​နေ​သော​သူ​များ​မ​ပျက်စီး​မ​ချင်း ပျားတူ​များ​ကို သူ​တို့​ထဲတွင်​စေလွှတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 21,
      "text": "သူ​တို့​ကို မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား ကြီးမြတ်​၍ အံ့ဩဖွယ်​ကောင်း​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 22,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင့်​ရှေ့မှောက်​မှ နည်းနည်းချင်း​နှင်ထုတ်​တော်မူ​မည်​။ တောရိုင်းတိရစ္ဆာန် များပြား​လာ​မည်​ကို​စိုးရိမ်​ရ​သဖြင့် သူ​တို့​ကို အလျင်အမြန် ​မ​ဖျက်ဆီး​နှင့်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 23,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင့်​လက်​သို့ အပ်​တော်မူ​မည်​။ သူ​တို့​ဖျက်ဆီး​ခြင်း​မ​ခံရ​မ​ချင်း သူ​တို့​ကို ကြီးမား​သော ထိတ်လန့်ချောက်ချားဖွယ်​ရာ​များ​နှင့် ကြုံတွေ့​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 24,
      "text": "သူ​တို့​၏​ရှင်ဘုရင်​များ​ကို​လည်း သင့်​လက်​သို့ အပ်​တော်မူ​သဖြင့် သင်​သည် သူ​တို့​၏​အမည်​များ​ကို မိုးကောင်းကင်​အောက်​မှ ဖျောက်ဖျက်​ပစ်​လိမ့်မည်​။ သူ​တို့​ကို မ​ဖျက်ဆီး​မီ​အထိ သင့်​ရှေ့​၌ မည်သူမျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 25,
      "text": "သင်​တို့​သည် သူ​တို့​၏​ဘုရား​များ​ဖြစ်​သည့် ရုပ်တုဆင်းတု​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။ ရုပ်တုဆင်းတု​ရှိ ရွှေ​၊ ငွေ​တို့​ကို မ​တပ်မက်​ရ​၊ မ​ယူ​ရ​။ ထို​အရာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​သည်​ဖြစ်၍ ယူမိ​လျှင် သင်​သည် ထို​အရာ​အားဖြင့် ကျော့မိ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 26,
      "text": "စက်ဆုပ်ရွံရှာဖွယ်​သော​အရာ​ကို သင့်​အိမ်​ထဲသို့ မ​ယူလာ​ရ​။ ထို​အရာ​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ဖြစ်၍ ယူလာ​လျှင် သင်​သည် ထို​အရာ​ကဲ့သို့ ကျိန်​ခြင်း​ခံရ​လိမ့်မည်​။ ထို​အရာ​ကို လုံးလုံး​ရွံမုန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 1,
      "text": "ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ သို့ပြုလျှင် သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​၍​တိုးပွား​လျက် ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​ကို ဝင်​၍​သိမ်းပိုက်​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 2,
      "text": "ဤ​အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​ခဲ့​သည့် လမ်းခရီး​တစ်လျှောက်​ကို သင်​တို့​အောက်မေ့​ရ​မည်​။ ဤသည်မှာ ပညတ်တော်​များ​ကို သင်​တို့​စောင့်ထိန်း​လို​စိတ်​ရှိ​၊ မ​ရှိ သိ​မည့်​အကြောင်း​သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​နှိမ့်ချ​တော်မူ​၍ စမ်းသပ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 3,
      "text": "လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​ရှိသမျှ​အားဖြင့် အသက်ရှင်​သည်​ကို သင်​သိမြင်​မည့်​အကြောင်း ကိုယ်တော်​သည် သင့်​ကို​နှိမ့်ချ​လျက် ငတ်မွတ်​စေ​ပြီး သင်​မ​သိ​၊ သင်​၏​ဘိုးဘေး​တို့​လည်း​မ​သိ​သော မန္နမုန့်​ဖြင့် သင့်​အား​ကျွေးမွေး​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 4,
      "text": "ဤ​အနှစ်​လေးဆယ်​ပတ်လုံး သင့်​ကိုယ်​ပေါ်မှ အဝတ်အစား မ​ဟောင်းနွမ်း​၊ သင်​၏​ခြေ​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 5,
      "text": "ဖခင်​သည် သား​ကို​ဆုံးမ​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ဆုံးမ​တော်မူ​ကြောင်း သင်​၏​စိတ်နှလုံး​ထဲ၌ သိမှတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 6,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​လမ်း​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​ကြောက်ရွံ့​မည့်​အကြောင်း ကိုယ်တော်​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 7,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သာယာဝပြော​သော​ပြည်​ဖြစ်​သည့် ချိုင့်ဝှမ်း​၊ တောင်ကုန်း​တို့​ထဲမှ စီးထွက်​လာ​သည့် စမ်းချောင်း​၊ စမ်းရေတွင်း​၊ စိမ့်စမ်းရေ​တို့​နှင့်​ပြည့်​သော​ပြည်​၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 8,
      "text": "ဂျုံ​၊ မုယော​၊ စပျစ်ပင်​၊ သဖန်းပင်​၊ သလဲပင်​တို့​နှင့်​ပြည့်​သော​ပြည်​၊ သံလွင်​ဆီ​၊ ပျားရည်​တို့​နှင့်​ပြည့်​သော​ပြည်​၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 9,
      "text": "အစားအစာ​ခေါင်းပါး​ခြင်း​မ​ရှိ​ဘဲ ဝလင်​စွာ​စား​ရ​၍ မည်သည့်​အရာ​မျှ​ချို့တဲ့​ခြင်း​မ​ရှိ​သော​ပြည်​၊ သံရိုင်း​ထွက်​သော​ပြည်​၊ တောင်​များ​ထဲမှ ကြေးနီ​ကို​တူးဖော်​ရရှိ​သည့်​ပြည်​သို့ သင့်​ကို​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 10,
      "text": "သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ သင့်​အား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 11,
      "text": "ယနေ့ သင့်​အား ငါ​ဆင့်ဆို​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ ကိုယ်တော်​အား မေ့လျော့​မည်​ကို သင့်ကိုယ်သင်​သတိပြု​လော့​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 12,
      "text": "သို့မဟုတ်လျှင် သင်​သည် ဝလင်​စွာ​စား​ရ​သောအခါ​၌​လည်းကောင်း​၊ အိမ်ကြီးအိမ်ကောင်း​များ​ကို​တည်ဆောက်​၍ နေထိုင်​သောအခါ​၌​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 13,
      "text": "သင်​၏​နွား​၊ သင်​၏​သိုးဆိတ် ပွားများ​သောအခါ​၌​လည်းကောင်း​၊ သင်​၌ ရွှေ​၊ ငွေ​များပြား​သောအခါ​၌​လည်းကောင်း​၊ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ တိုးပွား​သောအခါ​၌​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 14,
      "text": "သင်​သည် မာနထောင်လွှား​၍ ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော​အရှင်​၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 15,
      "text": "မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 16,
      "text": "သင့်​ဘိုးဘေး​တို့​မ​သိ​သော​မန္နမုန့်​ဖြင့် တောကန္တာရ​၌ သင့်​ကို​ကျွေးမွေး​တော်မူ​သော​အရှင်​၊ နောက်ဆုံး​၌ သင့်​ကို​ကောင်းစား​စေ​မည့်​အကြောင်း သင့်​ကို​နှိမ့်ချ​ခြင်း​ဖြင့် စမ်းသပ်​တော်မူ​ခဲ့​သော​အရှင်​ဖြစ်​တော်မူ​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​မေ့လျော့​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 17,
      "text": "ထိုအခါ သင့်​စိတ်​ထဲ၌ ‘​ဤ​ဥစ္စာပစ္စည်း​ကို ငါ့​အစွမ်း​၊ ငါ့​ခွန်အား​ဖြင့် ငါ​ရရှိ​ခဲ့​၏​’​ဟု ဆို​မိ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 18,
      "text": "ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 19,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမှန်ပင်​မေ့လျော့​၍ အခြား​ဘုရား​များ​ကို​ဆည်းကပ်​ကာ ထို​ဘုရား​တို့​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင် သင်​တို့​သည် လုံးလုံး​ပျက်စီး​လိမ့်မည်​ဟု သင်​တို့​ကို ယနေ့ ငါ​သတိပေး​၏​။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 20,
      "text": "သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို​နား​မ​ထောင်​သောကြောင့် သင်​တို့​၏​ရှေ့​တွင် ထာဝရဘုရား​ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုး​များ​ကဲ့သို့ သင်​တို့​ပျက်စီး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 1,
      "text": "အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ယနေ့ သင်​သည် သင့်​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​တို့​ကို​သွား​၍​နှင်ထုတ်​ရန် ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​တော့​မည်​။ မြို့​များ​သည် ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 2,
      "text": "‘​အာနက​လူမျိုး​၏​သားမြေး​တို့​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​’​ဟု သင်​ကြား​သိ​ထား​သော​၊ ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​သော အာနက​လူမျိုး​တို့​၏​သားမြေး​များ​လည်း​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 3,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်ကျွမ်း​သော​မီး​ကဲ့သို့ သင်​၏​ရှေ့​မှ​ကူးသွား​မည်​ဖြစ်ကြောင်း ယနေ့ သင်​သိမြင်​ရ​မည်​။ ကိုယ်တော်​သည် ထို​သူ​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​ဖြစ်၍ သင့်​အား ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သူ​တို့​ကို နှင်ထုတ်​၍ အလျင်အမြန်​ဖျက်ဆီး​နိုင်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 4,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​သူ​တို့​ကို သင့်​ရှေ့မှောက်​မှ​နှင်ထုတ်​တော်မူ​သောအခါ သင့်​စိတ်​ထဲ၌ ‘​ထာဝရဘုရား​သည် ငါ​၏​ဖြောင့်မတ်​ခြင်း​ကြောင့် ဤ​ပြည်​ကို​ပိုင်ဆိုင်​ရန် ငါ့​ကို​ပို့ဆောင်​တော်မူ​၏​’​ဟု မ​အောက်မေ့​ရ​။ ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သူ​တို့​၏​ဆိုးယုတ်မှု​ကြောင့် သင့်​ရှေ့မှောက်​မှ နှင်ထုတ်​တော်မူ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 5,
      "text": "သင်​၏​ဖြောင့်မတ်​ခြင်း​နှင့် သင်​၏​စိတ်သဘော​ဖြောင့်မှန်​ခြင်း​တို့​ကြောင့် သင်​သည် သူ​တို့​၏​ပြည်​ကို ဝင်ရောက်​ပိုင်ဆိုင်​ရ​ခြင်း မ​ဟုတ်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​လူမျိုး​တို့​၏​ဆိုးယုတ်မှု​ကြောင့်​လည်းကောင်း​၊ သင့်​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​စကား​တော်​ကို တည်​စေရန်​အတွက်​လည်းကောင်း သူ​တို့​ကို သင့်​ရှေ့မှောက်​မှ နှင်ထုတ်​တော်မူ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 6,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကြောင့် ဤ​သာယာဝပြော​သော​ပြည်​ကို သင့်​အား အပိုင်​ပေး​သည်​မ​ဟုတ်​ကြောင်း သင်​သိမှတ်​ရ​မည်​။ အကယ်စင်စစ် သင်​သည် ခေါင်းမာ ​သော​လူမျိုး​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 7,
      "text": "သင်​သည် တောကန္တာရ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မည်သို့​အမျက်ထွက်​စေ​ခဲ့​သည်​ကို အောက်မေ့​လော့​။ မ​မေ့လျော့​နှင့်​။ သင်​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ဤ​အရပ်​သို့​ရောက်​သည့်​တိုင်အောင် ထာဝရဘုရား​ကို ပုန်ကန်​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 8,
      "text": "ဟောရပ်​တောင်​၌​လည်း သင်​တို့​သည် ထာဝရဘုရား​ကို အမျက်ထွက်​စေ​သဖြင့် ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် အမျက်ထွက်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 9,
      "text": "သင်​တို့​နှင့်​ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​ပါရှိ​သည့်​ကျောက်ပြား​တို့​ကို ခံယူ​ရန် တောင်​ပေါ်သို့​ငါ​တက်သွား​သောအခါ ငါ​သည် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ ထို​တောင်​ပေါ်၌ အရက်​လေးဆယ်​ပတ်လုံး နေ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 10,
      "text": "ဘုရားသခင်​၏​လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထာဝရဘုရား​သည် ငါ့​အား ပေးအပ်​တော်မူ​၏​။ စုဝေး​ရာ​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​စကား​အလုံးစုံ​တို့​ကို ထို​ကျောက်ပြား​ပေါ်၌ အက္ခရာ​တင်ထား​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 11,
      "text": "အရက်​လေးဆယ်​ပြည့်​သောအခါ ထာဝရဘုရား​သည် ပဋိညာဉ်​ကျောက်ပြား​နှစ်​ချပ်​ကို ငါ့​အား ပေးအပ်​တော်မူ​ပြီး"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 12,
      "text": "ထာဝရဘုရား​က ‘​ထ​၍ ဤ​နေရာ​မှ အလျင်အမြန်​ဆင်းသွား​လော့​။ အီဂျစ်​ပြည်​မှ သင်​ထုတ်ဆောင်​လာ​သော​လူ​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ မြန်မြန်ဆန်ဆန်​လွဲသွား​ကြ​ပြီ​။ မိမိ​တို့​အတွက် ရုပ်တု​ကို​သွန်းလုပ်​ကြ​ပြီ​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 13,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​ဤ​လူမျိုး​သည် ခေါင်းမာ ​သော​လူမျိုး​ဖြစ်​သည်​ကို ငါ​မြင်​ပြီ​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 14,
      "text": "သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​အမည်​ကို ကောင်းကင်​အောက်​မှ ပယ်ဖျက်​မည်​။ သင့်​ကို​ကား သူ​တို့​ထက် အင်အားကြီး​၍ များပြား​သော​လူမျိုး​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 15,
      "text": "ငါ​သည်​လည်း လက်​နှစ်​ဖက်​၌ ပဋိညာဉ်​ကျောက်ပြား​နှစ်​ချပ်​ကိုင်​လျက် မီး​တောက်လောင်​နေ​သော​တောင်​ပေါ်မှ လှည့်​၍​ဆင်းလာ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 16,
      "text": "ထို​အချိန်​၌ သင်​တို့​သည် ထာဝရဘုရား​မိန့်မှာ​ထား​သည့်​လမ်း​မှ မြန်မြန်ဆန်ဆန်​လွဲသွား​ကြ​၍ မိမိ​တို့​အတွက် နွားသငယ်​ရုပ်တု​ကို​သွန်းလုပ်​ခြင်း​ဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပြစ်မှား​ကြ​သည်​ကို ငါ​မြင်​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 17,
      "text": "ထိုအခါ ငါ​သည် ငါ့​လက်​နှစ်​ဖက်​နှင့်​ကိုင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ပစ်ချ​၍ သင်​တို့​မျက်စိ​ရှေ့​တွင်​ပင် ချိုးဖဲ့​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 18,
      "text": "ထာဝရဘုရား​အမျက်ထွက်​စေရန် မျက်မှောက်​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​ကျူးလွန်​သည့်​အပြစ်​ရှိသမျှ​တို့​ကြောင့် ငါ​သည် အစာ​မ​စား​၊ ရေ​လည်း​မ​သောက်​ဘဲ ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး ထာဝရဘုရား​ရှေ့မှောက်​၌​ပျပ်ဝပ်​လျက်​နေ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 19,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် သင်​တို့​ကို အမျက်ထွက်​တော်မူ​သောကြောင့် ထို​ပြင်းစွာ​သော​အမျက်​တော်​ကို ငါ​ကြောက်ရွံ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ​၏​စကား​ကို​နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 20,
      "text": "ထာဝရဘုရား​သည် အာရုန်​ကို​လည်း ဖျက်ဆီး​ချင်​လောက်အောင် သူ့​ကို​အလွန်​အမျက်ထွက်​တော်မူ​သဖြင့် ထို​အချိန်​၌ အာရုန်​အတွက် ငါ​ဆုတောင်း​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 21,
      "text": "သင်​တို့​ကို အပြစ်​ဖြစ်စေ​သည့် သင်​တို့​သွန်းလုပ်​သော​နွားသငယ်ရုပ်တု​ကို ငါ​ယူ​၍ မီး​ရှို့​ပစ်​ပြီး မြေမှုန့်​ကဲ့သို့ ညက်ညက်ကြေ​သည်​အထိ ကြိတ်ချေ​ပြီးလျှင် ထို​အမှုန့်​ကို တောင်​ထဲမှ​စီးထွက်​လာ​သည့်​ချောင်း​ထဲသို့ ပစ်ချ​လိုက်​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 22,
      "text": "သင်​တို့​သည် တဗေရ​အရပ်​၊ မဿာ​အရပ်​၊ ကိဗြုတ်ဟတ္တဝါ​အရပ် တို့​၌​လည်း ထာဝရဘုရား​ကို အမျက်​တော်​ထွက်​စေ​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 23,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​၍ ‘​သင်​တို့​အား ငါ​ပေး​သော​ပြည်​ကို သွား​၍​သိမ်းပိုက်​လော့​’​ဟု မိန့်​တော်မူ​သောအခါ​၌​လည်း သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​ကြ​၏​။ သင်​တို့​သည် ကိုယ်တော်​ကို​မ​ယုံ​၊ ကိုယ်တော်​၏​စကား​တော်​ကို​လည်း​နား​မ​ထောင်​ကြ​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 24,
      "text": "သင်​တို့​ကို ငါ​သိ​သည့်​နေ့​မှစ၍ သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​လျက်​ရှိ​ကြ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 25,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​သောကြောင့် ငါ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အရက်​လေးဆယ်​ပတ်လုံး ပျပ်ဝပ်​လျက်​နေ​၏​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 26,
      "text": "ငါ​သည် ထာဝရဘုရား​အား ‘​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​တန်ခိုး​တော်​ဖြင့် ရွေးနုတ်​တော်မူ​သော​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​အမွေ​တော်​ကို ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 27,
      "text": "ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​ကို​အောက်မေ့​တော်မူ​ပါ​။ ဤ​လူမျိုး​၏​ခေါင်းမာ​ခြင်း​၊ ဆိုးယုတ်​ခြင်း​၊ အပြစ်ပြု​ခြင်း တို့​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 28,
      "text": "သို့မဟုတ်လျှင် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထုတ်ဆောင်​လာ​ခဲ့​သည့်​ပြည်​မှ လူ​တို့​က “ထာဝရဘုရား​သည် သူ​တို့​အား ကတိထား​သည့်​ပြည်​သို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့်​၊ သူ​တို့​ကို​မုန်းတီး​သောကြောင့် တောကန္တာရ​ထဲ၌ သူ​တို့​ကို​ကွပ်မျက်​ရန် ထုတ်ဆောင်​တော်မူ​ခဲ့​၏”​ဟု ဆို​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 29,
      "text": "အကယ်စင်စစ် ဤ​သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော​တန်ခိုး​တော်​၊ ကိုယ်တော်​၏​ဆန့်တန်း​သော​လက်ရုံး​တော်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​အမွေ​တော်​ဖြစ်​ကြ​ပါ​၏​’​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 1,
      "text": "ထို​အချိန်​၌ ထာဝရဘုရား​က ငါ့​အား ‘​ယခင်​ကျောက်ပြား​နှင့်​တူ​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထုဆစ်​ပြီးလျှင် ငါ​ရှိ​ရာ တောင်​ပေါ်သို့ တက်လာ​လော့​။ သစ်သား​သေတ္တာ​ကို​လည်း လုပ်​လော့​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 2,
      "text": "သင်​ချိုးဖဲ့​လိုက်​သော​ယခင်​ကျောက်ပြား​၌ ပါရှိ​သော​ပညတ်တော်​များ​ကို ထို​ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ငါ​ရေး​မည်​။ သင်​သည် ထို​ကျောက်ပြား​တို့​ကို သေတ္တာ​ထဲတွင် ထည့်​ရ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 3,
      "text": "သို့ဖြစ်၍ ငါ​သည် အကေရှား ​သစ်သား​ဖြင့်​သေတ္တာ​ကို​ပြုလုပ်​၍ ယခင်​ကျောက်ပြား​နှင့်​တူ​သော​ကျောက်ပြား​နှစ်​ချပ်​ကို​ထုဆစ်​ပြီးလျှင် ထို​ကျောက်ပြား​နှစ်​ချပ်​ကို​ကိုင်​လျက် တောင်​ပေါ်သို့​တက်သွား​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 4,
      "text": "သင်​တို့​စုဝေး​ခဲ့​သော​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် ပညတ်တော် ​ဆယ်​ပါး​ကို ယခင်​ကျောက်ပြား​၌​အက္ခရာတင်​ထား​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​ကျောက်ပြား​တို့​ပေါ်၌ အက္ခရာတင်​တော်မူ​ပြီးလျှင် ငါ့​အား​ပေး​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 5,
      "text": "ထို့နောက် ငါ​သည် တောင်​ပေါ်မှ​လှည့်​၍​ဆင်းလာ​ပြီး ထို​ကျောက်ပြား​တို့​ကို ငါ​ပြုလုပ်​ထား​သော​သေတ္တာ​ထဲတွင် ထည့်​ထား​၏​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထို​ကျောက်ပြား​တို့​သည် သေတ္တာ​ထဲတွင် ရှိ​နေ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 6,
      "text": "(​အစ္စရေး​အမျိုးသား​တို့​သည် ဗေရုတ်ဗင်္ယာကန်​အရပ်​မှ မောသရုတ်​အရပ်​သို့ ခရီးပြု​ကြ​၏​။ အာရုန်​သည် ထို​အရပ်​၌​သေဆုံး​သဖြင့် ထို​အရပ်​၌​ပင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ့​သား​ဧလာဇာ​သည် သူ့​နေရာ​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 7,
      "text": "သူ​တို့​သည် ထို​အရပ်​မှ ဂုဒ်ဂေါဒ​အရပ်​၊ ဂုဒ်ဂေါဒ​အရပ်​မှ စမ်းချောင်း​ပေါများ​ရာ ယုပ္ဘာသ​အရပ်​သို့ ခရီးပြု​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 8,
      "text": "ထို​အချိန်​၌ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​ရန်​၊ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် အမှု​တော်​ဆောင်ရွက်​ရန်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ကောင်းချီးပေး​ရန် ထာဝရဘုရား​သည် လေဝိ​အမျိုး​တို့​ကို သီးခြားခွဲထား​သည်​မှာ ယနေ့​ထိတိုင် ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 9,
      "text": "လေဝိ​အမျိုး​သည် မိမိ​ညီအစ်ကို​တို့​နှင့်အတူ အမွေ​ဝေစု မ​ရ​ကြ​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​တော်မူ​၏​။​)"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 10,
      "text": "ငါ​သည် ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး တောင်​ပေါ်၌ နေ​ခဲ့​၏​။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​၍ သင်​တို့​ကို မ​ဖျက်ဆီး​လို​တော့​ပေ​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​ထ​လော့​။ သူ​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​ပြည်​ကို သူ​တို့​ဝင်ရောက်​သိမ်းပိုက်​ဖို့ သင်​သည် သူ​တို့​ရှေ့​မှ ခရီးပြု​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 12,
      "text": "အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 13,
      "text": "သင်​ကောင်းစား​မည့်​အကြောင်း သင့်​အား ယနေ့ ငါ​ဆင့်ဆို​သော ထာဝရဘုရား​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက် တို့​ကို စောင့်ထိန်း​ရ​မည် စသည်​တို့​ကို​သာ တောင်းဆို​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 14,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိုးကောင်းကင်​နှင့် အမြင့်ဆုံးမိုးကောင်းကင်​ကို​လည်းကောင်း​၊ မြေကြီး​နှင့် မြေကြီး​၌​ရှိ​သော​အရာ​အားလုံး​ကို​လည်းကောင်း ပိုင်ဆိုင်​သော​အရှင်​ဖြစ်​သော်လည်း"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 15,
      "text": "ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို ချစ်​တော်မူ​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း နောင်လာမည့် သူ​တို့​၏​သားစဉ်မြေးဆက်​ဖြစ်​သော​သင်​တို့​ကို လူမျိုး​ရှိသမျှ​တို့​ထဲမှ ရွေးချယ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 16,
      "text": "သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို​လှီး​ကြ​လော့​။ ခေါင်း​မ​မာ ​ကြ​တော့​နှင့်​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 17,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ သခင်​တကာ​တို့​၏​သခင်​၊ ကြီးမြတ်​၍​တန်ခိုး​နှင့်​ပြည့်စုံ​သော​ဘုရား​၊ အံ့ဩဖွယ်​ကောင်း​သော​ဘုရား ဖြစ်​တော်မူ​၏​။ မျက်နှာ​မ​လိုက်​၊ တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​၊"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 18,
      "text": "ဖတဆိုး​နှင့်​မုဆိုးမ​တို့​အတွက် တရားသဖြင့်​စီရင်​သော​အရှင်​၊ တိုင်းတစ်ပါးသား​ကို​ချစ်​၍ အစားအစာ​နှင့် အဝတ်အစား​တို့​ကို ပေးသနား​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 19,
      "text": "သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သောကြောင့် တိုင်းတစ်ပါးသား​တို့​ကို ချစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 20,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​။ ဝတ်ပြု​ရ​မည်​။ ဆည်းကပ်​ရ​မည်​။ နာမ​တော်​ကို​တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 21,
      "text": "သင်​မျက်မြင်ကိုယ်တွေ့​ကြုံ​ခဲ့​ရ​သည့် ကြောက်မက်ဖွယ်​ကောင်း​သော​အမှု​ကြီး​များ​ကို သင့်​အတွက်​ပြု​တော်မူ​သော​အရှင်​သည် သင်​ချီးမွမ်း​ရာ သင်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 22,
      "text": "သင်​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ဆင်းသွား​သောအခါ အယောက်​ခုနစ်ဆယ်​သာ​ရှိ​၏​။ ယခုမှာ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 1,
      "text": "သို့ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​ညွှန်ကြားချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက် တို့​ကို အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 2,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​၊ ကြီးမြတ်​တော်မူ​ခြင်း​၊ အားကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​တို့​ကို သင်​တို့​၏​သားမြေး​တို့ မ​သိ​မ​မြင်​ခဲ့​ကြ​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 3,
      "text": "အီဂျစ်​ပြည်​၌ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​ပြည်သူပြည်သား​တစ်ရပ်လုံး​ကို နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​သော​အမှု​များ​ပြ​တော်မူ​ခဲ့​ပုံ​နှင့်"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 4,
      "text": "အီဂျစ်​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​အား သင်​တို့​နောက်မှ လိုက်လာ​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ပင်လယ်နီ​ရေ​ဖြင့်​လွှမ်းမိုး​စေ​၍ ဖျက်ဆီး​တော်မူ​ခဲ့​ပုံ​၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 5,
      "text": "ဤ​အရပ်​သို့​သင်​တို့​ရောက်​သည့်​တိုင်အောင် တောကန္တာရ​၌ သင်​တို့​အတွက် မည်သို့​ပြု​တော်မူ​ခဲ့​ပုံ​၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 6,
      "text": "မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 7,
      "text": "အကြောင်းမူကား ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့် ကြီးမား​သော​အမှု​ရှိသမျှ​တို့​ကို သင်​တို့​ကိုယ်တိုင် တွေ့မြင်​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 8,
      "text": "ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ သင်​တို့​ကူးသွား​၍​သိမ်းပိုက်​ရ​မည့်​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​နိုင်​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 9,
      "text": "ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ နို့​နှင့်​ပျားရည်​စီး​သော​ထို​ပြည်​၌ သင်​တို့ အသက်​ရှည်ရှည်​နေထိုင်​ကြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 10,
      "text": "သင်​တို့​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သည် အီဂျစ်​ပြည်​နှင့်​မ​တူ​။ သင်​တို့​ထွက်​ခဲ့​သော​အီဂျစ်​ပြည်​၌ ဟင်းသီးဟင်းရွက်​စိုက်ခင်း​ထဲသို့ ခြေ​ဖြင့်​ရေသွင်း​ရ​သကဲ့သို့ မျိုးစေ့​ကြဲ​ရာ​တွင် ရေသွင်း​၍​မျိုးကြဲ​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 11,
      "text": "သို့သော် သင်​တို့​ကူးသွား​၍ သိမ်းပိုက်​ရ​မည့်​ပြည်​သည် တောင်​များ​၊ ချိုင့်ဝှမ်း​များ​နှင့်​ပြည့်စုံ​၍ ကောင်းကင်​မှ​မိုးရေ​ကို သောက်​ရ​သော​ပြည်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 12,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို စောင့်ရှောက်​တော်မူ​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို နှစ်​အစ​မှ နှစ်​အဆုံး​တိုင်အောင် အစဉ်မပြတ်​ကြည့်ရှု​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 13,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 14,
      "text": "သို့ပြုလျှင် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ကို သင်​တို့​စုသိမ်း​နိုင်​မည့်​အကြောင်း ကိုယ်တော် ​သည် သင်​တို့​ပြည်​အတွက် မိုးဦး​၊ မိုးနှောင်း​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 15,
      "text": "သင်​တို့​၏​တိရစ္ဆာန်​များ​အတွက် လယ်ယာ​၌ မြက်ပင်​ကို ပေါက်​စေ​တော်မူ​မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ​စား​ရ​ကြ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 16,
      "text": "သင်​တို့​သည် သွေးဆောင်​ခြင်း​ခံရ​သဖြင့် လမ်းလွဲ​၍ အခြား​ဘုရား​များ​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​မိ​စေရန် သတိပြု​လော့​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 17,
      "text": "သို့မဟုတ်လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​၍ မိုးကောင်းကင်​ကို​ပိတ်​တော်မူ​သဖြင့် မိုး​မ​ရွာ​၊ မြေ​သည် အသီးအနှံ​ကို​မ​ပေး​သောကြောင့် သင်​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​၌ အလျင်အမြန် ပျက်စီး​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 18,
      "text": "သို့ဖြစ်၍ ငါ​ဆင့်ဆို​သော ဤ​နှုတ်ကပတ်တော်​တို့​ကို သင်​တို့​၏​စိတ်နှလုံး​ထဲ၌​လည်းကောင်း​၊ သင်​တို့​၏​စိတ်ဝိညာဉ်​ထဲ၌​လည်းကောင်း သွင်း​ထား​ရ​မည်​။ သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​အဖြစ် ချည်​ထား​ရ​မည်​။ သင်​တို့​၏​မျက်မှောင်​၌ အမှတ်သင်္ကေတ​အဖြစ် ရှိ​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 19,
      "text": "သင်​တို့​၏​သားသမီး​တို့​အား သင်ကြား​ပေး​ရ​မည်​။ သင်​သည် အိမ်​၌​နေ​သည်​ဖြစ်စေ​၊ လမ်း​လျှောက်​နေ​သည်​ဖြစ်စေ​၊ အိပ်​နေ​သည်​ဖြစ်စေ​၊ ထ​လျက်​နေ​သည်​ဖြစ်စေ ပြောကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 20,
      "text": "သင်​၏​အိမ်​တံခါးတိုင်​များ​၊ သင်​၏​မြို့​တံခါး​များ​၌ ရေးသား​ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 21,
      "text": "သို့ပြုလျှင် ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​တို့​၏​နေ့ရက်​၊ သင်​တို့​သားမြေး​တို့​၏​နေ့ရက်​သည် မြေကြီး​အထက် ကောင်းကင်​နေ့ရက်​ကဲ့သို့ များပြား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 22,
      "text": "သင်​တို့​အား​ငါ​ဆင့်ဆို​သော ဤ​ပညတ်တော်​ရှိသမျှ​တို့​ကို ကြိုးစား​၍​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချစ်​၍ လမ်း​တော်​ရှိသမျှ​တို့​ကို လိုက်လျှောက်​ရ​မည်​။ ကိုယ်တော်​ကို ဆည်းကပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 23,
      "text": "သို့ပြုလျှင် ထာဝရဘုရား​သည် ဤ​လူမျိုး​ရှိသမျှ​တို့​ကို သင်​တို့​၏​ရှေ့​မှ နှင်ထုတ်​တော်မူ​လိမ့်မည်​။ သင်​တို့​သည် သင်​တို့​ထက် များပြား​၍ အားကြီး​သော​လူမျိုး​တို့​ကို နှင်ထုတ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 24,
      "text": "သင်​တို့​ခြေချ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​ပိုင်ဆိုင်​ရ​လိမ့်မည်​။ သင်​တို့​၏​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ် ​မှ အနောက်ဘက်​ပင်လယ်​တိုင်အောင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 25,
      "text": "သင်​တို့​ရှေ့​၌ မည်သူ​မျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း သင်​တို့​အား ထိတ်လန့်​ကြောက်ရွံ့​သော​သဘော​ကို သင်​တို့​နင်း​သမျှ​သော​မြေ​၌ ကျရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 26,
      "text": "ယနေ့ သင်​တို့​ရှေ့​၌ ကောင်းချီးမင်္ဂလာ​နှင့် ကျိန်​ခြင်း​ကို ငါ​ချထား​၏​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 27,
      "text": "ယနေ့ ငါ​ဆင့်ဆို​သော​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို နားထောင်​လျှင် ကောင်းချီးမင်္ဂလာ​ဖြစ်​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 28,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို နား​မ​ထောင်​၊ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော လမ်း​မှ​လွှဲ​၍ သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့​လိုက်သွား​လျှင် ကျိန်​ခြင်း​ဖြစ်​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 29,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သို့ သင့်​ကို ပို့ဆောင်​သောအခါ သင်​သည် ကောင်းချီးမင်္ဂလာ​ကို ဂေရဇိမ်​တောင်​ပေါ်၌​လည်းကောင်း​၊ ကျိန်​ခြင်း​ကို ဧဗလ​တောင်​ပေါ်၌​လည်းကောင်း ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 30,
      "text": "ထို​တောင်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေဝင်ရာ​အနောက်​လမ်း​၊ အရာဗ​လွင်ပြင်​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​၊ ဂိလဂါလ​ပြည်​နှင့်​မျက်နှာချင်းဆိုင်​၊ မောရေ​တောင်ကုန်း​ရှိ​ဝက်သစ်ချပင်​များ​အနီး​၌ ရှိ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 31,
      "text": "သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​တော့​မည်​။ ထို​ပြည်​ကို​သင်​တို့​ပိုင်ဆိုင်​၍ ထို​ပြည်​၌​နေထိုင်​ကြ​သောအခါ"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 32,
      "text": "ယနေ့ သင်​တို့​အဖို့ ငါ​ချမှတ်​ထား​သော​ပြဋ္ဌာန်းချက်​နှင့် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​ကို သင်​တို့​လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 1,
      "text": "သင်​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သည့်​ပြည်​၌ သင်​တို့​လိုက်နာ​စောင့်ထိန်း​ရ​မည့် ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့​နှင်ထုတ်​မည့်​လူမျိုး​တို့​သည် မြင့်မား​သော​တောင်​များ​ပေါ်၌​လည်းကောင်း​၊ တောင်ကုန်း​များ​ပေါ်၌​လည်းကောင်း​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌​လည်းကောင်း မိမိ​တို့​၏​ဘုရား​များ​ကို ဝတ်ပြု​တတ်​ကြ​၏​။ ထို​အရပ်​ရှိသမျှ​တို့​ကို သင်​တို့ လုံးလုံး​ဖျက်ဆီး​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 3,
      "text": "သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​၍ ကျောက်တိုင်​များ​ကို ဖြိုလှဲ​ပစ်​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။ သူ​တို့​၏​ဘုရား​များ​ဖြစ်​သည့် ရုပ်တုဆင်းတု​များ​ကို ခုတ်လှဲ​၍ ထို​ဘုရား​များ​၏​နာမ​ကို ထို​အရပ်​မှ ဖျောက်ဖျက်​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 4,
      "text": "သူ​တို့​ပြု​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 5,
      "text": "နာမ​တော်​တည်​ရာ​၊ ကိန်းဝပ်​တော်မူ​ရာ​အဖြစ် သင်​တို့​မျိုးနွယ်​အားလုံး​ထဲမှ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​ကို​ရှာ​၍ ထို​နေရာ​သို့​သာ​သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 6,
      "text": "သင်​တို့​သည် မိမိ​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ နွား​သားဦး​၊ သိုး​သားဦး တို့​ကို ထို​အရပ်​သို့ ယူဆောင်​လာ​၍"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 7,
      "text": "ထို​အရပ်​တွင် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​ရ​မည်​။ သင်​တို့​လုပ်ဆောင်​လေရာရာ​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သောကြောင့် သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​သည် ဝမ်းမြောက်​ကြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 8,
      "text": "လူတိုင်း မိမိ​မှန်​သည်​ဟု ထင်သောအရာ​ရှိသမျှ​ကို​ပြု​တတ်​ကြ​၏​။ ယနေ့ ဤ​နေရာ​၌ ငါ​တို့​ပြု​သမျှ​အတိုင်း သင်​တို့​မ​ပြု​ရ​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 9,
      "text": "ငြိမ်ဝပ်​ရာ​အရပ်​ဖြစ်​သော သင်​တို့​အား​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​တော်​ထဲသို့ ယခု​ထိ သင်​တို့​မ​ရောက်​ရ​သေး​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 10,
      "text": "ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​၌ သင်​တို့​နေထိုင်​ရ​မည်​။ ကိုယ်တော်​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သဖြင့် သင်​တို့​လုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 11,
      "text": "ထိုအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် နာမ​တော်​ကိန်းဝပ်​ရာ​နေရာ​ကို​ရွေးချယ်​တော်မူ​မည်​။ သင်​တို့​အား ငါ​မှာကြား​ထား​သမျှ​အတိုင်း သင်​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ထာဝရဘုရား​ထံ သင်​တို့​ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​အကောင်းဆုံး​ပူဇော်သက္ကာ​ရှိသမျှ​တို့​ကို ထို​နေရာ​သို့ သင်​တို့​ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 12,
      "text": "သင်​တို့​မှစ၍ သင်​တို့​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​နှင့်အတူ သင်​တို့​၏​မြို့​တံခါး​အတွင်း​ရှိ အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 13,
      "text": "တွေ့​လေရာ​အရပ်​၌ မီးရှို့ရာယဇ်​ကို မ​ပူဇော်​မိ​စေရန် သင့်ကိုယ်သင်​သတိပြု​လော့​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 14,
      "text": "မျိုးနွယ်​တစ်​နွယ်​ထဲရှိ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​မည်​။ ထို​နေရာ​၌ ငါ​မှာကြား​ထား​သမျှ​ကို သင်​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 15,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​ကောင်းချီးမင်္ဂလာ​ပေး​သည်​နှင့်အညီ စား​လို​သော​တိရစ္ဆာန်​ကို​သတ်​၍ မြို့​တိုင်း​၌ စားခွင့်​ရှိ​၏​။ ထို​အသား​ကို စင်ကြယ်​သော​သူ​ရော မစင်ကြယ်​သော​သူ​ပါ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စား​နိုင်​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 16,
      "text": "သို့သော် သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 17,
      "text": "သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး​၊ ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​ရှိသမျှ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ အလှူပစ္စည်း စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​သည် မိမိ​မြို့​၌ စား​ခွင့်​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 18,
      "text": "သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​များ​သည် ထို​ပူဇော်သက္ကာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ စား​ရ​မည်​။ သင်​လုပ်ဆောင်​လေရာရာ​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 19,
      "text": "သင်​၏​ပြည်​၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လေဝိ​အမျိုး​တို့​ကို စွန့်ပယ်​မ​ထား​မိ​စေရန် သတိပြု​လော့​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 20,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​သောအခါ သင်​သည် အသား​စား​လို​သော​စိတ်​ရှိ​၍ ‘​ငါ​အသား​စား​မည်​’​ဟု ဆို​လျှင် သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 21,
      "text": "နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် သင်​နှင့်​ဝေးလွန်း​လျှင် သင့်​ကို​ငါ​မှာကြား​ထား​သည့်​အတိုင်း သင့်​အား ထာဝရဘုရား​ပေး​တော်မူ​သော သင်​၏​နွား​၊ သိုး​တို့​ကို သတ်​၍ သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း သင်​၏​မြို့​၌ စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 22,
      "text": "သမင်​၊ ဒရယ်​အသား​ကို စား​သကဲ့သို့ စား​ခွင့်​ရှိ​၏​။ စင်ကြယ်​သော​သူ​၊ မစင်ကြယ်​သော​သူ​တို့ အတူတကွ​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 23,
      "text": "သွေး​သည် အသက်​ဖြစ်​သောကြောင့် သွေး​ကို​လုံးဝ​မ​စား​ရ​။ အသား​နှင့်တကွ အသက်​ကို​မ​စား​ရ​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 24,
      "text": "သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 25,
      "text": "သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့​ကောင်းစား​ကြ​မည့်​အကြောင်း သွေး​ကို​မ​စား​ရ​။ ထိုသို့​ပြု​ခြင်း​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မှန်​သော​အမှု​ကို​ပြု​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 26,
      "text": "သင်​ပူဇော်​ရ​မည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ တို့​ကို​ယူ​၍ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 27,
      "text": "မီးရှို့ရာယဇ်ကောင်​၏​အသား​နှင့်​သွေး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​ရ​မည်​။ ယဇ်ကောင်​၏​သွေး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ သွန်း​၍ အသား​ကို​စား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 28,
      "text": "သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့ အစဉ်​ကောင်းစား​မည့်​အကြောင်း သင့်​အား ငါ​မှာကြား​ထား​သော ဤ​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လော့​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ကောင်း​သော​အမှု​၊ ဖြောင့်မှန်​သော​အမှု​တို့​ကို​ပြု​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 29,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​ရှိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​၌​နေထိုင်​သောအခါ"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 30,
      "text": "သင်​သည် သူ​တို့​နောက်လိုက်​ပါ​ခြင်း​ဖြင့် မ​ကျော့မိ​စေရန် သတိပြု​လော့​။ သင်​၏​ရှေ့​မှ ထို​လူမျိုး​တို့​ဖျက်ဆီး​ခံရ​ပြီးနောက် သင်​က ‘ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​ကို မည်သို့​ဝတ်ပြု​ကြ​သနည်း​။ ငါ​လည်း ထိုနည်းတူ​ပြု​မည်’​ဟု ဆို​လျက် သူ​တို့​၏​ဘုရား​များ​အကြောင်း​ကို မ​မေးမြန်း​နှင့်​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 31,
      "text": "ထို​လူမျိုး​သည် ထာဝရဘုရား​မုန်း​တော်မူ​သည့် စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို မိမိ​တို့​ဘုရား​များ​အတွက် ပြု​ကြ​၏​။ စင်စစ် သူ​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​ကို​ပင် သူ​တို့​၏​ဘုရား​များ​အတွက် မီး​ရှို့​ကြ​၏​။ သူ​တို့​ပြု​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 32,
      "text": "သင်​တို့​အား ငါ​မှာကြား​ထား​သည့် နှုတ်ကပတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 1,
      "text": "သင်​တို့​တွင် ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ ပေါ်လာ​၍ နိမိတ်လက္ခဏာ​၊ သို့မဟုတ် အံ့ဩဖွယ်အမှု​ကို​ပြု​ပြီး"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 2,
      "text": "ထို​နိမိတ်လက္ခဏာ​၊ သို့မဟုတ် အံ့ဩဖွယ်အမှု​တို့​လည်း ပြည့်စုံ​လာ​ပြီး ‘​သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့ လိုက်သွား​ကြ​ကုန်​စို့​။ ဝတ်ပြု​ကြ​ကုန်​စို့​’​ဟု သင်​တို့​အား​ဆို​လျှင်​လည်း"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 3,
      "text": "ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ သူ​၏​စကား​တို့​ကို နား​မ​ထောင်​နှင့်​။ အကြောင်းမှာ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​သည်​၊ မ​ချစ်​သည်​ကို​သိရှိ​တော်မူ​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို စမ်းသပ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 4,
      "text": "သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ရ​မည်​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​ကို​စောင့်ထိန်း​ရ​မည်​။ စကား​တော်​ကို​နားထောင်​ရ​မည်​။ ကိုယ်တော်​ကို​ဝတ်ပြု​၍ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 5,
      "text": "ထို​ပရောဖက်​ဖြစ်စေ​၊ အိပ်မက်အနက်​ဖတ်​တတ်​သူ​ဖြစ်စေ အီဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်ဆောင်​တော်မူ​သော​၊ ကျွန်ခံရာ​အိမ်​မှ​သင်​တို့​ကို​ရွေးနုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆန့်ကျင်​ပုန်ကန်​ပြောဆို​၍ သင်​တို့​လိုက်လျှောက်​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​လမ်း​မှ သင်​တို့​ကို​လွဲသွား​စေ​သောကြောင့် သူ​သည် အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင်​တို့​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 6,
      "text": "သင်​၏​မအေတူဖအေကွဲ​ညီအစ်ကို​ဖြစ်စေ​၊ သင်​၏​သား​သမီး​ဖြစ်စေ​၊ သင်​၏​ရင်ခွင်​၌​ရှိ​သော​မယား​ဖြစ်စေ​၊ အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်စေ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော​အခြား​ဘုရား​များ​ဖြစ်​သည့်"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 7,
      "text": "သင်​၏​အနီး​ပတ်ပတ်လည်​၌​ရှိ​သော​လူမျိုး​တို့​၏​ဘုရား​၊ မြေကြီး​တစ်ဖက်စွန်း​မှ​တစ်ဖက်စွန်း​တိုင်အောင် အဝေး​၌​ရှိ​သော​လူမျိုး​တို့​၏​ဘုရား​တို့​ကို ‘​ငါ​တို့​သွား​၍​ဝတ်ပြု​ကြ​စို့​’​ဟု သင့်​ကို တိတ်တဆိတ်​သွေးဆောင်​လျှင်"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 8,
      "text": "သင်​သည် ထို​သူ​ကို မ​လိုက်လျော​ရ​။ နား​မ​ထောင်​ရ​။ မ​သနား​ရ​။ မ​ညှာတာ​ရ​။ အကာအကွယ်​မ​ပေး​ရ​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 9,
      "text": "သင်​သည် ထို​သူ​ကို အမှန်တကယ်​သတ်​ရ​မည်​။ သူ့​ကို​သတ်​ရာ​တွင် သင်​အဦးဆုံး​ပြု​ရ​မည်​။ ထို့နောက်မှ ကျန်​သော​သူ​အပေါင်း​တို့​သည် ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 10,
      "text": "ထို​သူ​သည် ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​သင့်​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ သင့်​ကို လွဲသွား​စေရန်​ရှာကြံ​သောကြောင့် သင်​သည် ထို​သူ​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 11,
      "text": "သို့မှသာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​ကြား​၍ ကြောက်ရွံ့​သဖြင့် သင်​တို့​တွင် ဤ​မကောင်းမှု​မျိုး​ကို နောက်တစ်ဖန်​မ​ပြု​ဘဲ​နေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 12,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​နေထိုင်​ဖို့ ပေး​ထား​သော မြို့​တစ်​မြို့​တွင်"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 13,
      "text": "ဆိုးညစ်​သော​သူ​တို့​ထကြွ​ပြီး သင်​မ​သိ​သော​အခြား​ဘုရား​များ​ကို ‘​ငါ​တို့​သွား​၍ ဝတ်ပြု​ကြ​စို့​’​ဟု ဆို​လျက် သူ​တို့​သည် သူ​တို့​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ဖြားယောင်းသွေးဆောင်​နေ​ကြောင်း သင်​ကြား​လျှင်"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 14,
      "text": "မေးမြန်း​ရှာဖွေ​၍ အသေအချာ​စစ်ဆေး​ရ​မည်​။ သင်​တို့​တွင် ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြောင်း မှန်ကန်​သည်​ဆိုလျှင်"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 15,
      "text": "သင်​သည် ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ဓား​ဖြင့် အသေသတ်​ရ​မည်​။ ထို​မြို့​နှင့်တကွ ထို​မြို့​၌​ရှိ​သော​အရာ​အားလုံး​နှင့် တိရစ္ဆာန်​တို့​ကို ဓား​ဖြင့် အကုန်အစင်​ဖျက်ဆီး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 16,
      "text": "ထို​မြို့​မှ​တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို လဟာပြင်​အလယ်​၌​စုပုံ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ထို​မြို့​နှင့်တကွ တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်အစင်​မီး​ရှို့​ပူဇော်​ရ​မည်​။ ထို​မြို့​သည် အပျက်အစီးပုံကြီး အစဉ်​ဖြစ်​ရ​မည်​။ နောက်တစ်ဖန် မ​တည်ဆောက်​ရ​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 17,
      "text": "ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​သည်​ပြေ​၍ သင့်​ကို သနားစုံမက်​တော်မူ​မည့်​အကြောင်း​၊ သင့်​ကို သနားစုံမက်​၍ သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို​တိုးပွား​စေ​တော်မူ​မည့်​အကြောင်း သင်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ သင်​၏​လက်​ထဲ၌ မ​ထား​ရ​။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 18,
      "text": "ထိုသို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်မှောက်​တော်​၌ ဖြောင့်မှန်​သော​အမှု​ကို​ပြု​၍ ယနေ့ သင့်​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​ကို​စောင့်ထိန်း​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 1,
      "text": "သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​သားသမီး​များ​ဖြစ်​ကြ​၏​။ သေဆုံး​သူ​အတွက် ကိုယ့်​အသား ကိုယ်​မ​မွှမ်း​ရ​၊ သင်​တို့​၏​ဦးစွန်း​ကို​မ​ရိတ်​ရ​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 2,
      "text": "အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်​၌​ရှိ​သော​လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် သင့်​ကို​ရွေးချယ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 3,
      "text": "စက်ဆုပ်ရွံရှာဖွယ်​ရာ​တစ်စုံတစ်ခု​ကို​မျှ သင်​မ​စား​ရ​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 4,
      "text": "သင်​တို့​စား​ခွင့်​ရှိ​သော​တိရစ္ဆာန်​များ​ကား နွား​၊ သိုး​၊ ဆိတ်​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 5,
      "text": "သမင်​၊ ဒရယ်​၊ ဆတ်​၊ ဆိတ်ရိုင်း​၊ တောင်ဆိတ်​၊ တောဆိတ်​၊ သိုးရိုင်း တို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 6,
      "text": "တိရစ္ဆာန်​တို့​ထဲမှ ခွာ​နှစ်ခြမ်းကွဲ​၍ စားမြုံ့ပြန်​သော တိရစ္ဆာန်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 7,
      "text": "သို့သော် စားမြုံ့ပြန်​သော​အကောင်​၊ ခွာ​ကွဲ​သော​အကောင်​တို့​ထဲမှ သင်​တို့​စား​ခွင့်​မ​ရှိ​သော​အကောင်​များ​ကား ကုလားအုတ်​၊ တောယုန်​၊ ရှာဖန်ယုန် တို့​ဖြစ်​၏​။ အကြောင်းမူကား ထို​အကောင်​တို့​သည် စားမြုံ့ပြန်​သော်လည်း ခွာ​မ​ကွဲ​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 8,
      "text": "ဝက်​သည် ခွာ​ကွဲ​သော်လည်း စားမြုံ့​မ​ပြန်​သောကြောင့် သင်​တို့​အဖို့ မစင်ကြယ်​။ အသား​ကို​မ​စား​ရ​။ အသေကောင်​ကို​လည်း မ​ထိ​ရ​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 9,
      "text": "ရေ​နေ​သတ္တဝါ​အားလုံး​ထဲမှ ဆူးတောင်​နှင့်​အကြေး​ရှိ​သော​အကောင်​အားလုံး​ကို သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 10,
      "text": "ဆူးတောင်​နှင့်​အကြေး​မ​ရှိ​သော မည်သည့်​အကောင်​ကို​မျှ မ​စား​ရ​။ သင်​တို့​အဖို့ မစင်ကြယ်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 11,
      "text": "စင်ကြယ်​သော ငှက်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 12,
      "text": "သင်​တို့​စား​ခွင့်​မ​ရှိ​သော​ငှက်​များ​ကား လင်းယုန်​၊ လင်းတ​၊ ဝန်ပို​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 13,
      "text": "စွန်ရဲ​၊ စွန်နက်​၊ ခရုစုတ်ငှက်​အမျိုးမျိုး​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 14,
      "text": "ကျီးကန်း​မျိုး​ရှိသမျှ​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 15,
      "text": "ငှက်ကုလားအုတ်​၊ မြေဝပ်ငှက်​၊ စင်ရော်ငှက်​၊ သိမ်းငှက်​အမျိုးမျိုး​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 16,
      "text": "ဇီးကွက်​၊ ဒီးဒုတ်​၊ လင်ကောင်ပိုး​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 17,
      "text": "ငှက်ကြီးဝန်ပို​၊ ဝန်လက်​၊ တင်ကျီးငှက်​၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 18,
      "text": "ငှက်ကျား​၊ ငဟစ်ငှက်​အမျိုးမျိုး​၊ တောင်ဘီစူးငှက်​၊ လင်းနို့ တို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 19,
      "text": "အတောင်ပံ​ပါ​သော​ပိုးမွှားသတ္တဝါ​အားလုံး​တို့​သည် သင်​တို့​အဖို့ မစင်ကြယ်​သည်​ဖြစ်၍ မ​စား​ရ​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 20,
      "text": "အတောင်ပံ​ပါ​၍ စင်ကြယ်​သော​အကောင်​ဟူသမျှ သင်​တို့​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 21,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​သောကြောင့် အလိုလိုသေ​သော အကောင်​ဟူသမျှ မ​စား​ရ​။ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​စား​ရန် ပေး​ခွင့်​ရှိ​၏​။ သို့မဟုတ် တစ်ပါးအမျိုးသား​ထံ​ရောင်း​ခွင့်​ရှိ​၏​။ ဆိတ်သငယ်​ကို မိခင်​၏​နို့​ဖြင့်​မ​ပြုတ်​ရ​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 22,
      "text": "နှစ်စဉ်နှစ်တိုင်း လယ်ယာ​မှ​ထွက်​သမျှ ကောက်ပဲသီးနှံ​တို့​ကို ဆယ်ဖို့တစ်ဖို့​မပျက်မကွက်​ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 23,
      "text": "သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ စား​ရ​မည်​။ ဤသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစဉ်အမြဲ​ကြောက်ရွံ့​မည့်​အကြောင်း သင်ယူ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 24,
      "text": "သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​သောအခါ နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် ခရီး​ဝေး​၍ သင်​နှင့်​ဝေး​လွန်း​သဖြင့် သင်​သည် ထို​ဆယ်ဖို့တစ်ဖို့​ကို​မ​သယ်ဆောင်​သွား​နိုင်​လျှင်"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 25,
      "text": "ငွေ​နှင့်​လဲလှယ်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ ထို​ငွေ​ကို သင်ကိုယ်တိုင်​ယူဆောင်​သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 26,
      "text": "ထို​ငွေ​ဖြင့် နွား​၊ သိုး​၊ စပျစ်ဝိုင်​၊ သေရည်သေရက်​စသည်​တို့​ကို သင်​အလို​ရှိသမျှ​၊ သင်​တောင့်တ​သမျှ ဝယ်ယူ​ပြီးလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​၍ သင်​၏​အိမ်သူအိမ်သား​များ​နှင့်အတူ ဝမ်းမြောက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 27,
      "text": "သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​တို့​သည် သင်​နှင့်အတူ အမွေ​ဝေစု​မ​ရ​သောကြောင့် သူ​တို့​ကို စွန့်ပယ်​မ​ထား​ရ​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 28,
      "text": "သုံး​နှစ်​ပြည့်​သောအခါ​တိုင်း ထို​နှစ်​ထွက်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ယူဆောင်​လာ​၍ မြို့​များ​၌ စုထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 29,
      "text": "သို့ပြုလျှင် သင်​တို့​တွင် အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် လာ​ပြီး ဝလင်​စွာ​စား​နိုင်​မည်​။ ဤ​အမှု​ကို​ထောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​အား​ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 1,
      "text": "ခုနစ်​နှစ်​ပြည့်​သောအခါ​တိုင်း အကြွေးလျှော်ပစ်​ခြင်း​ကို ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 2,
      "text": "အကြွေးလျှော်ပစ်​ခြင်း​ကား ဤသို့​တည်း​။ အကြွေးလျှော်ပစ်​ခြင်း​ကို​ပြု​ရန် ထာဝရဘုရား​မိန့်မှာ​ထား​သည်​ဖြစ်၍ မိမိ​အိမ်နီးချင်း​အား ချေးငှား​ပေး​ထား​သည့်​ကြွေးရှင်​တိုင်း​သည် အကြွေး​ကို​လျှော်​ပစ်​ရ​မည်​။ မိမိ​အိမ်နီးချင်း​၊ မိမိ​ညီအစ်ကို​ထံမှ အကြွေး​ပြန်​မ​တောင်း​ရ​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 3,
      "text": "တစ်ပါးအမျိုးသား​ထံမှ တောင်း​ခွင့်​ရှိ​၏​။ ညီအစ်ကို​၏​အကြွေး​ကို​မူကား သင်​လျှော်​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 4,
      "text": "သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား အမွေ​အဖြစ်​အပိုင်​ပေး​တော်မူ​သော​ပြည်​၌ ထာဝရဘုရား​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ သင်​၌ နွမ်းပါး​သော​သူ ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 5,
      "text": "သို့သော် သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့ သင့်​အား ငါ​မှာကြား​သော ဤ​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​စောင့်ထိန်း​မှသာ ထို​ကောင်းချီး​များ​ကို​ရရှိ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 6,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ကတိထား​တော်မူ​သည့်​အတိုင်း သင့်​ကို ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ရ​လိမ့်မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။ သင်​သည် လူမျိုး​များစွာ​တို့​ကို အုပ်စိုး​ရ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို အုပ်စိုး​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 7,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ရှိ​မြို့​တစ်​မြို့​၌ နွမ်းပါး​သော​သင်​၏​ညီအစ်ကို​တစ်စုံတစ်ယောက်​ရှိ​လျှင် ထို​နွမ်းပါး​သော​ညီအစ်ကို​အပေါ် ကြင်နာစိတ်​မ​ကင်းမဲ့​နှင့် ​၊ မ​တွန့်တို​နှင့်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 8,
      "text": "သင်​သည် မတွန့်တို​ဘဲ ထို​သူ​လိုအပ်​သည့်​အရာ​ကို လုံလုံလောက်လောက် ရက်ရက်ရောရော​ချေးငှား​ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 9,
      "text": "သင်​သည် ‘​အကြွေးလျှော်ပစ်​ခြင်း​နှစ်​ဖြစ်​သော ခုနစ်​နှစ်​မြောက်​သော​နှစ်​ရောက်​လု​နီး​ပြီ​’​ဟု တွေး​လျက် နွမ်းပါး​သော သင်​၏​ညီအစ်ကို​အား မကြည်ဖြူ​၊ ဘာမျှ​မ​ပေး​ဘဲ​နေ​ခြင်း​ဖြင့် ဆိုးညစ်​သော​စိတ် မ​ဝင်​မိ​စေရန်​သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 10,
      "text": "သူ့​အား ပေးကမ်း​သောအခါ မကြည်ဖြူ​သော​စိတ်​မ​ရှိ​ဘဲ ကြည်ကြည်ဖြူဖြူ​ပေးကမ်း​ရ​မည်​။ ဤ​အမှု​ကို​ထောက်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြုမူ​လုပ်ဆောင်​လေရာရာ​၌ သင့်​အား ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 11,
      "text": "သင့်​ပြည်​၌ နွမ်းပါး​သော​သူ​သည် ပပျောက်​လိမ့်မည်​မ​ဟုတ်​။ ထို့ကြောင့် ‘​သင့်​ပြည်​၌​ရှိ​သည့် ဆင်းရဲ​နွမ်းပါး​သော သင်​၏​ညီအစ်ကို​အပေါ် မတွန့်တို​ရ​’​ဟု သင့်​အား ငါ​မိန့်မှာ​၏​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 12,
      "text": "သင်​၏​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​၊ သို့မဟုတ် ဟေဗြဲ​အမျိုးသမီး​သည် သင့်​ထံ၌ အရောင်း​ခံရ ​ပါက ထို​သူ​သည် ခြောက်​နှစ်​အစေခံ​၍ ခုနစ်​နှစ်​မြောက်​၌ သူ့​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံ​မှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 13,
      "text": "သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံ​မှ​ထွက်သွား​ခွင့်​ပြု​သောအခါ သူ့​အား လက်ချည်းသက်သက်​မ​လွှတ်​ရ​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 14,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား ကောင်းချီးပေး​တော်မူ​သည့်​အလျောက် သင်​၏​သိုးဆိတ်​၊ ကောက်နယ်တလင်း​မှ​ကောက်ပဲသီးနှံ​၊ စပျစ်သီးနယ်ရာကျင်း​မှ​စပျစ်ဝိုင်​တို့​ကို သူ့​အား ရက်ရောစွာမစ​ပေးကမ်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 15,
      "text": "သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ရွေးနုတ်​တော်မူ​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့်​လည်း ဤ​ပညတ်တော်​ကို ယနေ့ သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 16,
      "text": "သို့ရာတွင် ထို​သူ​သည် သင်​နှင့် သင်​၏​မိသားစု​ကို​ချစ်​သောကြောင့်​၊ သင့်​ထံ၌​နေ​ပျော်​သောကြောင့် ‘​အကျွန်ုပ်​သည် သင့်​ထံမှ မ​ထွက်သွား​လို​ပါ​’​ဟု ဆို​လျှင်"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 17,
      "text": "သင်​သည် စူး​ကို​ယူ​ပြီး သူ​၏​နားရွက်​ကို တံခါး​၌​ကပ်​၍ ဖောက်​ရ​မည်​။ ထိုအခါ သူ​သည် သင်​၏​ကျွန် အစဉ်အမြဲ​ဖြစ်​လိမ့်မည်​။ သင်​၏​ကျွန်မိန်းမ​ကို​လည်း ထိုနည်းတူ​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 18,
      "text": "ထို​သူ​သည် သူရင်းငှား​၏​လုပ်အားခ​နှစ်ဆ​ဖြင့် သင့်​ကို ခြောက်​နှစ်​ကျွန်ခံ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံမှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​ကို ခက်ခဲ​သည်​ဟု မ​ထင်​နှင့်​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​ကို​ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 19,
      "text": "သင်​၏​နွား​၊ သင်​၏​သိုး​တို့​မှ​မွေး​သော သားဦး​အထီး​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​စေ​ရ​မည်​။ နွား​သားဦး​ကို မ​ခိုင်း​ရ​။ သိုး​သားဦး​ကို အမွေး​မ​ညှပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 20,
      "text": "သင်​နှင့်​သင်​၏​အိမ်သူအိမ်သား​တို့​သည် ထို​နွား​သားဦး​၊ သိုး​သားဦး​တို့​ကို သင်​၏​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ နှစ်စဉ်နှစ်တိုင်း​စား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 21,
      "text": "အကယ်၍ ထို​အကောင်​သည် ခြေမသန်​ခြင်း​၊ မျက်စိမမြင်​ခြင်း စသည့် ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ဖြစ်​နေ​လျှင် ထို​အနာအဆာ​ရှိ​သော​အကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်​မ​ပူဇော်​ရ​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 22,
      "text": "ထို​အကောင်​ကို သင်​၏​မြို့​တံခါး​အတွင်း​၌ စား​ရ​မည်​။ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စင်ကြယ်​သော​သူ​၊ မစင်ကြယ်​သော​သူ​တို့ အတူတကွ​စား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 23,
      "text": "သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 1,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အဗိဗ​လ​၊ ညအချိန်​တွင် သင့်​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ဖြစ်၍ အဗိဗ​လ​ကို အလေးထား​လျက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 2,
      "text": "နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌ သိုး​၊ နွား တို့​ကို ပသခါယဇ်​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 3,
      "text": "သင်​သည် အီဂျစ်​ပြည်​မှ အလျင်စလို​ထွက်လာ​သောကြောင့် တဆေးမဲ့​ဆင်းရဲဒုက္ခ​မုန့်​ကို​စား​ခဲ့​ရ​၏​။ သို့ဖြစ်၍ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​ကို​အောက်မေ့​မည့်​အကြောင်း ခုနစ်​ရက်​ပတ်လုံး ပသခါယဇ်​ကို​တဆေးမဲ့မုန့်​နှင့်​စား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 4,
      "text": "ခုနစ်​ရက်​ပတ်လုံး သင်​၏​နယ်မြေ​တစ်ခွင်လုံး​တွင် တဆေး​ကို မ​တွေ့မြင်​ရ​စေ​နှင့်​။ ပထမ​နေ့​၊ နေဝင်ချိန်​၌​ပူဇော်​သော​ယဇ်ကောင်​၏​အသား​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 5,
      "text": "သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော မည်သည့်​မြို့​၌​မျှ ပသခါယဇ်​ကို မ​ပူဇော်​ရ​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 6,
      "text": "ထို​ပသခါယဇ်​ကို အီဂျစ်​ပြည်​မှ​သင်​ထွက်လာ​သော​အချိန်​ဖြစ်​သည့် ညနေ​နေဝင်ချိန်​မျိုး​တွင် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​သာ ပူဇော်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 7,
      "text": "ထို​ယဇ်ကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​ချက်ပြုတ်​စား​ရ​မည်​။ နံနက်အချိန်​ရောက်​မှ သင်​သည် မိမိ​၏​တဲ​သို့​ပြန်​သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 8,
      "text": "ခြောက်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ သတ္တမ​နေ့​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ဓမ္မစည်းဝေးပွဲကြီး​ကို ကျင်းပ​ရ​မည်​။ အလုပ်​မ​လုပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 9,
      "text": "သင်​သည် ရက်သတ္တပတ်​ခုနစ်​ပတ်​ကို မိမိဘာသာမိမိ​ရေတွက်​ရ​မည်​။ ကောက်ပဲသီးနှံ​စတင်​ရိတ်သိမ်း​ချိန်​မှ​စ၍ ရေတွက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 10,
      "text": "သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သည်​နှင့်အညီ စေတနာ​အလျောက်​ပူဇော်​သော​လှူဖွယ်ဝတ္ထု​ကို ပေးလှူ​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ခုနစ်သီတင်း​မြောက်​ပွဲတော်​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 11,
      "text": "သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​နှင့် သင်​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 12,
      "text": "သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို အောက်မေ့​၍ ဤ​ပြဋ္ဌာန်းချက်​များ​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 13,
      "text": "သင်​သည် သင်​၏​ကောက်နယ်တလင်း​မှ ကောက်ပဲသီးနှံ​၊ စပျစ်သီးနယ်ရာကျင်း​မှ​စပျစ်ဝိုင်​တို့​ကို​သိမ်း​ပြီး​သောအခါ ခုနစ်​ရက်​ပတ်လုံး ယာယီတဲစု​ပွဲတော်​ကို ကျင်းပ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 14,
      "text": "သင်​၏​ပွဲတော်​၌ သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် ဝမ်းမြောက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 15,
      "text": "သင်​သည် ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ခုနစ်​ရက်​ပတ်လုံး ပွဲတော်​ကျင်းပ​ရ​မည်​။ သို့ပြုလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​၏​အသီးအနှံ​အားလုံး​၊ သင်​ပြု​သော​အမှု​ဟူသမျှ​ကို ကောင်းချီးပေး​တော်မူ​၍ သင်​သည် အလွန်​ဝမ်းမြောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 16,
      "text": "ယောက်ျား​အပေါင်း​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​၌​တစ်ကြိမ်​၊ ခုနစ်သီတင်း​မြောက်​ပွဲတော်​၌​တစ်ကြိမ်​၊ ယာယီတဲစု​ပွဲတော်​၌​တစ်ကြိမ် တစ်​နှစ်​လျှင်​သုံး​ကြိမ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​ရ​မည်​။ ထာဝရဘုရား​၏​ရှေ့​တော်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 17,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ကောင်းချီးမင်္ဂလာ​ပေး​တော်မူ​သည်​နှင့်အညီ အသီးသီး​တတ်နိုင်​သည့်​အတိုင်း ပူဇော်သက္ကာ​ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 18,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​ရှိသမျှ​တို့​တွင် တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို မျိုးနွယ်​အလိုက် သင်​ခန့်ထား​ရ​မည်​။ သူ​တို့​သည် လူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 19,
      "text": "သင်​သည် တရားမျှတ​ခြင်း​မှ​မ​သွေဖည်​ရ​၊ မျက်နှာ​မ​လိုက်​ရ​၊ တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ရ​။ အကြောင်းမူကား တံစိုးလက်ဆောင်​သည် ပညာရှိ​၏​မျက်စိ​ကို ကန်း​စေ​၍ ဖြောင့်မတ်​သော​စကား​ကို မှားယွင်းချွတ်ချော်​စေ​တတ်​၏​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 20,
      "text": "သင်​သည် အသက်ချမ်းသာ​ရာ​ရ​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​မည့်​အကြောင်း ဖြောင့်မတ်​ခြင်း​တစ်ခုတည်း​ကို​သာ လက်ကိုင်ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 21,
      "text": "သင်​တည်ဆောက်​မည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ဘေး​၌ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​အဖြစ် မည်သည့်​သစ်ပင်​ကို​မျှ မ​စိုက်​ရ​။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 22,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​မုန်း​တော်မူ​သော ကျောက်တိုင်​ကို မ​စိုက်ထူ​ရ​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 1,
      "text": "နွား​၊ သို့မဟုတ် သိုး​တို့​၏​ကိုယ်ခန္ဓာ​၌ ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ရှိ​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထို​အမှု​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 2,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​တစ်​မြို့မြို့​တွင် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ထာဝရဘုရား​၏​ပဋိညာဉ်​ကို​ချိုးဖောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့မှောက်​၌ မကောင်း​သော​အမှု​ကို​ပြု​ကြောင်း​၊"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 3,
      "text": "မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​ဟု ငါ​တားမြစ်​ထား​သော​အခြား​ဘုရား​များ​နှင့် နေ​၊ လ​၊ ကောင်းကင်​တန်ဆာ​တစ်ခုခု​ကို သွား​၍​ပျပ်ဝပ်​ကိုးကွယ်​ကြောင်း တွေ့ရှိ​၍"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 4,
      "text": "သင့်​အား ပြောပြ​သဖြင့် သင်​ကြား​သောအခါ အသေအချာ​မေးမြန်း​ရ​မည်​။ အကယ်၍ အစ္စရေး​လူမျိုး​ထဲ၌ ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို အမှန်ပင်​ပြု​ခဲ့​ကြောင်း သေချာ​လျှင်"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 5,
      "text": "သင်​သည် ထို​မကောင်း​သော​အမှု​ကို​ပြု​ခဲ့​သော ယောက်ျား​ကို​ဖြစ်စေ​၊ မိန်းမ​ကို​ဖြစ်စေ မြို့​တံခါး​သို့​ထုတ်ဆောင်​လာ​ပြီး ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 6,
      "text": "သေဒဏ်​ခံရ​မည့်​သူ​သည် သက်သေ​ထွက်ဆိုသူ​နှစ်​ဦး​သုံး​ဦး​ရှိ​လျှင် သေဒဏ်​ခံရ​မည်​။ သက်သေ​ထွက်ဆိုသူ​တစ်ဦးတည်း​သာ​ရှိ​လျှင် သေဒဏ်​မ​ခံရ​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 7,
      "text": "သက်သေထွက်ဆိုသူ​သည် ထို​သူ​ကို​သတ်​ရာ​တွင် အဦးဆုံး​ပြု​ရ​မည်​။ ထို့နောက်မှ ကျန်​သော​သူ​အပေါင်း​တို့ ပြု​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင်​တို့​ထဲ​မှ ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 8,
      "text": "သင့်​မြို့​အတွင်း​၌​ဖြစ်ပွား​သည့် စီရင်ဆုံးဖြတ်​ရ​မည့်​အမှု​များ​ဖြစ်​သော လူသတ်မှု​၊ တရားတွေ့မှု​၊ ကိုယ်ထိလက်ရောက်​ကျူးလွန်မှု​စသည်​တို့​ကို စီရင်ဆုံးဖြတ်​ရန် ခက်ခဲ​လျှင် သင်​သည်​ထ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 9,
      "text": "လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​များ​နှင့် ထို​အချိန်​တွင် တရားသူကြီး​ဖြစ်​သော​သူ​ထံသို့ သွား​၍ မေးမြန်း​ရ​မည်​။ သူ​တို့​သည် အဆုံးအဖြတ်​ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 10,
      "text": "ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​မှ ထို​သူ​တို့​ပေး​သည့်​အဆုံးအဖြတ်​အတိုင်း သင်​စီရင်​ရ​မည်​။ သူ​တို့​ညွှန်ကြား​သမျှ​အတိုင်း​စီရင်​ရန် သတိပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 11,
      "text": "သူ​တို့​ညွှန်ကြား​သည့်​တရား​အတိုင်း​၊ သူ​တို့​ပေး​သည့်​စီရင်ထုံးဖွဲ့ချက်​အတိုင်း သင်​စီရင်​ရ​မည်​။ သူ​တို့​ပြောကြား​သည့်​စကား​မှ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လွဲ​ရ​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 12,
      "text": "တစ်စုံတစ်ယောက်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​ကို​သော်လည်းကောင်း​၊ တရားသူကြီး​ကို​သော်လည်းကောင်း နား​မ​ထောင်​ဘဲ အတင့်ရဲ​စွာ​ပြုမူ​နေ​လျှင် ထို​သူ​သည် အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို အစ္စရေး​လူမျိုး​ထဲမှ ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 13,
      "text": "လူ​အပေါင်း​တို့​သည်​လည်း ကြား​၍ ကြောက်ရွံ့​သဖြင့် အတင့်ရဲ​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 14,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို သင်​ဝင်ရောက်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ ‘​ငါ့​ပတ်ပတ်လည်​ရှိ​လူမျိုး​အပေါင်း​တို့​ကဲ့သို့ ငါ့​ကို​အုပ်စိုး​မည့်​ဘုရင် တင်မြှောက်​မည်​’​ဟု သင်​ဆို​လျှင်"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 15,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​သူ​ကို​သာ သင့်​ကို​အုပ်စိုး​မည့်​ဘုရင်​အဖြစ် တင်မြှောက်​ရ​မည်​။ ဘုရင်​အဖြစ် သင်​တင်မြှောက်​သော​သူ​သည် သင်​၏​အမျိုးသားချင်း​ထဲ​မှ​ဖြစ်​ရ​မည်​။ သင်​၏​အမျိုးသားချင်း​မ​ဟုတ်​သော တစ်ပါးအမျိုးသား​ကို တင်မြှောက်​ခွင့်​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 16,
      "text": "ထို​ဘုရင်​သည် မိမိ​အတွက် မြင်း​တို့​ကို မ​စုဆောင်း​ရ​။ မြင်း​များ​ကို​စုဆောင်း​ရ​ရှိ​ရန် လူ​တို့​ကို​အီဂျစ်​ပြည်​သို့ ထပ်၍​ပြန်​မ​သွား​စေ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​တို့​သည် ထို​လမ်း​သို့ နောက်တစ်ဖန် လုံးဝ​ပြန်​မ​သွား​ရ​’​ဟု သင်​တို့​အား​မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 17,
      "text": "ထို​ဘုရင်​သည် စိတ်နှလုံး​လမ်း​မ​လွဲ​ရ​အောင် မိဖုရား​များစွာ​မ​ထားရှိ​ရ​။ ရွှေ​၊ ငွေ​ကို​လည်း အလွန်အမင်း​မ​စုဆောင်း​ရ​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 18,
      "text": "မိမိ​နိုင်ငံ​၏​ရာဇပလ္လင်​ပေါ်၌​စံမြန်း​ရ​သောအခါ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​၏​ရှေ့မှောက်​တွင် ဤ​ပညတ်တရား​ကို ကျမ်းစာလိပ်​၌​ကူးရေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 19,
      "text": "ဤ​တရား​စကား​၊ ဤ​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​၍ မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို သင်ယူ​နိုင်​ရန် ထို​ကျမ်းစာလိပ်​ကို မိမိ​နှင့်အတူ​ထား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဖတ်ရှု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 20,
      "text": "ထိုသို့​ပြု​လျှင် မိမိ​ညီအစ်ကို​တို့​အပေါ် မာနထောင်လွှား​သော​စိတ်​ရှိ​မည်​မ​ဟုတ်​၊ ပညတ်တရားလမ်း​မှ လက်ယာ​ဘက်​လက်ဝဲ​ဘက်​သို့​လမ်းလွဲ​မည်​မ​ဟုတ်​၊ သူ​နှင့်​သူ​၏​သားမြေး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​အလယ်​၌ တိုင်းပြည်​ကို ကာလ​ကြာရှည်​စွာ အုပ်စိုး​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 1,
      "text": "လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​များ​မှစ၍ လေဝိ​မျိုးနွယ်​တစ်နွယ်လုံး​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ အမွေ​ဝေစု မ​ရ​ကြ​။ ထာဝရဘုရား​၏​အမွေ​ဖြစ်​သော ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ကို စား​ရ​ကြ​မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 2,
      "text": "သူ​တို့​သည် မိမိ​တို့​၏​အမျိုးသားချင်း​တို့​နှင့်အတူ အမွေ​မ​ရ​ကြ​။ ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 3,
      "text": "နွား​ကို​ဖြစ်စေ​၊ သိုး​ကို​ဖြစ်စေ ယဇ်​ပူဇော်​သော​သူ​တို့​သည် ပခုံး​၊ မေးရိုး​၊ ဝမ်းဗိုက် စသည်​တို့​ကို ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ ဤသည်ကား လူ​တို့​ထံမှ ယဇ်ပုရောဟိတ်​တို့​ရရှိ​သော​ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 4,
      "text": "သင်​၏​အဦးဆုံး​ထွက်​သော​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ အဦးဆုံး​ညှပ်​သော​သိုးမွေး တို့​ကို ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 5,
      "text": "အကြောင်းမူကား ယဇ်ပုရောဟိတ်​နှင့် သူ​၏​သားမြေး​တို့​သည် နေ့စဉ်နေ့တိုင်း ထာဝရဘုရား​၏​နာမ​တော်​၌ အမှု​တော်​ဆောင်ရွက်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင်​၏​မျိုးနွယ်​အပေါင်း​တို့​ထဲမှ ရွေးချယ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 6,
      "text": "လေဝိ​အမျိုး​တစ်စုံတစ်ယောက်​သည် သူ​နေထိုင်​သော အစ္စရေး​မြို့​တစ်​မြို့​မှ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ စိတ်အားထက်သန်​စွာ​ဖြင့် လာ​၍"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 7,
      "text": "ထို​နေရာ​ရှိ ထာဝရဘုရား​ရှေ့​တော်​၌​အမှုဆောင်​သော သူ​၏​အမျိုးသားချင်း​လေဝိ​အမျိုး​အပေါင်း​တို့​နှင့်အတူ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​၌ အမှု​တော်​ဆောင်​မည်​ဆိုလျှင်"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 8,
      "text": "အစားအစာ​ဝေစု​ကို ညီတူမျှတူ​ရပိုင်ခွင့်​ရှိ​သည့်​အပြင် ဘိုးဘေး​တို့​ပိုင်​သော​ဥစ္စာ​ကို​ရောင်း​၍​ရ​သော​ငွေ​ကို​လည်း ရ​ပိုင်​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 9,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ပြည်​သို့ သင်​ဝင်ရောက်​သောအခါ ထို​လူမျိုး​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​ကို မ​လိုက်နာ​ရ​၊ မ​သင်ယူ​ရ​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 10,
      "text": "သင်​တို့​တွင် သား​သမီး​ကို မီး​ဖြင့်​ပူဇော်​သော​သူ​၊ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​၊ ဗေဒင်အတတ်​ကို​သုံး​သော​သူ​၊ နိမိတ်ဖတ်​သော​သူ​၊ မှော်အတတ်​ကို​သုံး​သော​သူ​၊"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 11,
      "text": "ဂါထာရွတ်ဖတ်​သူ​၊ နတ်ဝင်သည်​၊ နတ်ထိန်း​၊ လူသေ​ကို​မေးမြန်း​သူ စသည်​တို့ မ​ရှိ​စေ​ရ​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 12,
      "text": "ထိုသို့ ပြု​သော​သူ​တို့​ကို ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ထို​စက်ဆုပ်ရွံရှာဖွယ်​အရာ​များ​ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​ခဲ့​ခြင်း ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 13,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​သော​သူ ဖြစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 14,
      "text": "သင်​တို့​နှင်ထုတ်​ရ​မည့်​ထို​လူမျိုး​တို့​သည် ဗေဒင်အတတ်​ကို​သုံး​သော​သူ​၊ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​၏​စကား​ကို နားထောင်​တတ်​ကြ​၏​။ သင့်​ကို​ကား သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုသို့​ခွင့်ပြု​တော်​မ​မူ​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 15,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အမျိုးသားချင်း​ထဲမှ ငါ​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သင့်​အတွက် ပေါ်ထွန်း​စေ​တော်မူ​မည်​။ သူ့​စကား​ကို သင်​တို့​နားထောင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 16,
      "text": "ဟောရပ်​တောင်​၌ စုဝေး​သော​နေ့​တွင် သင်​က ‘​အကျွန်ုပ်​မ​သေ​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​မ​ကြား​ရ​ပါစေ​နှင့်​။ ဤ​မီးတောက်​ကြီး​ကို​လည်း ထပ်၍​မ​မြင်​ရ​ပါစေ​နှင့်​’​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​ခဲ့​သည့်​အတိုင်း"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 17,
      "text": "ထာဝရဘုရား​က ငါ့​အား ‘​သူ​တို့​လျှောက်ဆို​သော​အရာ​သည် လျောက်ပတ်​ပေ​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 18,
      "text": "သူ​တို့​၏​အမျိုးသားချင်း​များ​ထဲ​မှ သင်​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​နှုတ်​၌ ငါ့​စကား​များ​ကို သွင်းပေး​မည်​ဖြစ်၍ ငါ​မိန့်မှာ​သော​အရာ​ရှိသမျှ​ကို သူ​တို့​အား ဆင့်ဆို​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 19,
      "text": "ငါ​၏​နာမ​ဖြင့် ထို​ပရောဖက် ဆင့်ဆို​သော ငါ့​စကား​များ​ကို နား​မ​ထောင်​သော​သူ​အား ငါ​စစ်ကြောစီရင်​မည်​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 20,
      "text": "ပရောဖက်​တစ်ပါးပါး​သည် အတင့်ရဲ​၍ ငါ​မ​မိန့်မှာ​ထား​သော​စကား​ကို ငါ့​နာမ​ဖြင့် ဆင့်ဆို​လျှင်​ဖြစ်စေ​၊ အခြား​သော​ဘုရား​၏​နာမ​ဖြင့်​ဆင့်ဆို​လျှင်​ဖြစ်စေ ထို​ပရောဖက်​သည် အသတ်​ခံရ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 21,
      "text": "သင့်​စိတ်​ထဲ၌ ‘​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​ဟုတ်​၊ မ​ဟုတ် မည်သို့​သိ​နိုင်​မည်နည်း​’​ဟု ဆို​လျှင်"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 22,
      "text": "ပရောဖက်​သည် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ဆင့်ဆို​၍ သူ​ဆင့်ဆို​သည့်​အတိုင်း မ​ဖြစ်လာ​၊ မ​ပြည့်စုံ​လာ​လျှင် ထို​စကား​သည် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား မ​ဟုတ်​။ ထို​ပရောဖက်​သည် အတင့်ရဲ​စွာ​ဆင့်ဆို​ပြီ​။ သင်​သည် သူ့​ကို မ​ကြောက်​ရ​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 1,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​သော​ပြည်​ရှိ လူမျိုး​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​မြို့​များ​၊ သူ​တို့​၏​အိမ်​များ​၌ နေထိုင်​ကြ​သောအခါ"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 2,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​တော်မူ​သော​ပြည်​ထဲ​၌ မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 3,
      "text": "လူသတ်​မိ​သော​သူ​မည်သူမဆို ထို​မြို့​များ​သို့​ထွက်ပြေး​နိုင်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို နယ်မြေ​သုံး​ပိုင်း​ပိုင်း​၍ လမ်း​ကို​လည်း ဖောက်လုပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 4,
      "text": "မိမိ​အိမ်နီးချင်း​ကို အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​အရပ်​သို့​ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 5,
      "text": "ဥပမာ​အားဖြင့် အိမ်နီးချင်း​နှင့်အတူ တော​ထဲသို့ သစ်​ခုတ်​သွား​သော​သူ​သည် အပင်​ခုတ်လှဲ​ရန် ပုဆိန်​ကို​လွှဲ​လိုက်​သောအခါ ပုဆိန်​သည် အရိုး​မှ​ကျွတ်ထွက်​၍ အိမ်နီးချင်း​ကို ထိမှန်​ကာ အိမ်နီးချင်း​သေ​သွား​လျှင် လူသတ်​မိ​သော​သူ​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ထွက်ပြေး​ခြင်း​ဖြင့် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 6,
      "text": "သို့မဟုတ်လျှင် လမ်းခရီး​ဝေး​သဖြင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​မိ​သော​သူ​နောက်သို့ ဒေါသတကြီး​လိုက်​၍​မီ​သောအခါ သူ့​ကို အသေသတ်​မိ​လိမ့်မည်​။ အကယ်စင်စစ် ထို​လူသတ်​မိ​သော​သူ​သည် မိမိ​အိမ်နီးချင်း​အပေါ် အမုန်း​မ​ရှိ​သောကြောင့် အသေ​မ​ခံ​သင့်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 7,
      "text": "ထို့ကြောင့် ‘​သင်​သည် မြို့​သုံး​မြို့​ကို သီးခြားခွဲထား​ရ​မည်​’​ဟု သင့်​အား ငါ​မိန့်မှာ​ခဲ့​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 8,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ပြန့်​စေ​၍ သင့်​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကတိထား​တော်မူ​ခဲ့​သည့် ပြည်​တစ်ပြည်လုံး​ကို သင့်​အား ပေး​တော်မူ​လျှင်​၊"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 9,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​လမ်း​တော်​၌ အစဉ်အမြဲ​လျှောက်လှမ်း​ရ​မည်​ဟု ယနေ့ သင့်​အား​ငါ​မှာကြား​သော ဤ​ပညတ်တော်​ရှိသမျှ​ကို သင်​လိုက်နာ​စောင့်ထိန်း​မည်​ဆိုလျှင် ထို​မြို့​သုံး​မြို့​အပြင် နောက်ထပ်​မြို့​သုံး​မြို့​ကို သင်​ထပ်ပေါင်း​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 10,
      "text": "သို့ပြုလျှင် အမွေ​အဖြစ် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ထဲ​၌ အပြစ်မဲ့​သော​သူ​သည် အသက်​ဆုံးရှုံး​ရ​မည်​မ​ဟုတ်​။ အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​သည်​လည်း သင့်​အပေါ် ကျရောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 11,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို မုန်း​သောကြောင့် သူ့​ကို​ချောင်းမြောင်း​တိုက်ခိုက်​၍ အသေသတ်​ပြီး ထို​မြို့​တစ်​မြို့​မြို့​သို့ ထွက်ပြေး​သွား​သော်"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 12,
      "text": "သူ​နေထိုင်​သော​မြို့​မှ သက်ကြီးဝါကြီး​တို့​က လူ​လွှတ်​၍ သူ့​ကို​ခေါ်ဆောင်​လာ​စေ​ပြီး သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​၏​လက်​သို့ အပ်​ရ​မည်​။ သူ​သည် အသတ်​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 13,
      "text": "သူ့​ကို မ​သနား​ရ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ် ​ကို အစ္စရေး​လူမျိုး​ထဲမှ ဖယ်ရှား​ပစ်​ရ​မည်​။ သို့မှသာ သင်​ကောင်းစား​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 14,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အပိုင်​ပေး​တော်မူ​သော​ပြည်​ရှိ သင်​အမွေဆက်ခံ​ရာ​အမွေမြေ​၌ ရှေးလူကြီး​တို့​သတ်မှတ်​ထား​သော​အိမ်နီးချင်း​၏​နယ်နိမိတ်​မှတ်တိုင်​ကို မ​ရွှေ့​ရ​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 15,
      "text": "တစ်စုံတစ်ယောက် ပြု​မိ​သော​ဒုစရိုက်​၊ ကျူးလွန်​မိ​သော​အပြစ် တစ်ခုခု​အတွက် သက်သေထွက်ဆိုသူ​တစ်ဦးတည်း​သာ​ရှိ​လျှင် သူ​၏​စကား အတည်​မ​ဖြစ်​ရ​။ မည်သည့်​ပြစ်မှု​မဆို သက်သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်ဆို​သော​စကား​အားဖြင့်​သာ အတည်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 16,
      "text": "မနာလိုစိတ်​ရှိ​သော​လူ​တစ်ဦး​သည် တစ်ဖက်​လူ​ကို အမှား​ပြု​သည်​ဟု သက်သေထွက်ဆို​လျှင်"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 17,
      "text": "အမှုအခင်း​ဖြစ်​သော ထို​သူ​နှစ်​ဦး​သည် ထာဝရဘုရား​ရှေ့​၊ ယဇ်ပုရောဟိတ်​နှင့် ထို​အချိန်​တွင် တရားသူကြီး​ဖြစ်​သော​သူ​တို့​ရှေ့​တွင် ရပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 18,
      "text": "တရားသူကြီး​တို့​သည် အသေအချာ​မေးမြန်း​ပြီး ထို​သက်သေထွက်ဆိုသူ​သည် မိမိ​၏​ညီအစ်ကို​ကို ဆန့်ကျင်​၍ မဟုတ်မမှန်​သက်သေထွက်ဆို​ကြောင်း မှန်​လျှင်"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 19,
      "text": "သူ​သည် သူ​၏​ညီအစ်ကို​အား မကောင်း​ကြံစည်​ခဲ့​သည့်​အတိုင်း သူ့​အား ပြန်ပြု​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 20,
      "text": "ကျန်​သော​သူ​တို့​သည်​လည်း ကြား​၍​ကြောက်ရွံ့​ကြ​သဖြင့် ထို​မကောင်းမှု​မျိုး​ကို နောက်တစ်ဖန် ထပ်၍​ကျူးလွန်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 21,
      "text": "သင်​သည် သူ့​ကို မ​သနား​ရ​။ အသက်​အတွက် အသက်​၊ မျက်စိ​အတွက် မျက်စိ​၊ သွား​အတွက် သွား​၊ လက်​အတွက် လက်​၊ ခြေ​အတွက် ခြေ သူ့​ကို ပြန်​ခံ​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 1,
      "text": "သင်​သည် ရန်သူ​တို့​ကို စစ်​သွားတိုက်​သောအခါ သင့်​ထက်​များပြား​သော မြင်း​များ​၊ စစ်ရထား​များ​၊ စစ်သည်​များ​ကို တွေ့​လျှင် သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ကို​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 2,
      "text": "စစ်တိုက်​မည့်​အချိန် နီးလာ​သောအခါ ယဇ်ပုရောဟိတ်​သည် လာ​၍ စစ်သည်​တို့​အား"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 3,
      "text": "‘​အို အစ္စရေး​လူမျိုး​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​၏​ရန်သူ​တို့​နှင့် စစ်တိုက်​ရ​မည့် အချိန်​နီး​ပြီ​။ စိတ်​မ​ပျက်​ကြ​နှင့်​။ မ​ကြောက်​ကြ​နှင့်​။ မ​ချောက်ချား​ကြ​နှင့်​။ ထို​သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 4,
      "text": "အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွချီ​၍ သင်​တို့​အတွက် သင်​တို့​၏​ရန်သူ​တို့​ကို တိုက်ခိုက်​တော်မူ​မည်​ဖြစ်​သောကြောင့် သင်​တို့​အောင်ပွဲ​ခံရ​လိမ့်မည်​’​ဟု ပြောကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 5,
      "text": "ကြီးကြပ်အုပ်ချုပ်သူ​တို့​က​လည်း စစ်သည်​တို့​အား ‘​အိမ်​အသစ်​ဆောက်​၍ မ​ဆက်ကပ်​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ်လျှင် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​အိမ်​ကို ဆက်ကပ်​သွား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 6,
      "text": "စပျစ်ခြံ​စိုက်ပျိုး​၍ ခြံထွက်စပျစ်သီး​မ​စား​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​စပျစ်သီး​ကို​စား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 7,
      "text": "မိန်းမ​နှင့်​စေ့စပ်​၍ မ​စုံဖက်​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​မိန်းမ​နှင့်​စုံဖက်​လိမ့်မည်​’​ဟု မိန့်ကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 8,
      "text": "ကြီးကြပ်အုပ်ချုပ်သူ​တို့​သည် စစ်သည်​တို့​အား ‘​ကြောက်​တတ်​သော​သူ​၊ စိတ်မခိုင်​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ်လျှင် ထို​သူ​သည် မိမိ​ကဲ့သို့ မိမိ​ညီအစ်ကို​တို့​ကို စိတ်ပျက်အားလျော့​စေ​လိမ့်မည်​’​ဟု ဆက်​၍​ပြောကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 9,
      "text": "ကြီးကြပ်အုပ်ချုပ်သူ​တို့​သည် စစ်သည်​တို့​အား ပြောကြား​ပြီးနောက် စစ်သည်​တို့​အထက်​၌ တပ်ဖွဲ့​၏​အကြီးအကဲ​များ​ကို ခန့်ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 10,
      "text": "သင်​သည် မြို့​တစ်​မြို့​ကို တိုက်ခိုက်​ရန် ထို​မြို့​အနီး​သို့​ချဉ်းကပ်​သောအခါ ထို​မြို့​အား ဦးစွာ ငြိမ်းချမ်းရေး​ယူ​ရန် ဟစ်ကြော်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 11,
      "text": "ထို​မြို့​က ငြိမ်းချမ်းရေး​ကို​လက်ခံ​သည်​ဟု တုံ့ပြန်​လျှင် ထို​မြို့​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် သင်​တို့​စေခိုင်း​သော​အလုပ်​ကို​ဆောင်ရွက်​ရ​သော သင်​တို့​၏​အခိုင်းအစေ​ဖြစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 12,
      "text": "ထို​မြို့​သည် သင်​နှင့် ငြိမ်းချမ်းရေး​မ​ယူ​ဘဲ စစ်​တိုက်​မည်​ဆိုလျှင် ထို​မြို့​ကို သင်​ဝိုင်းထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 13,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​ကို သင့်​လက်​သို့​အပ်​သောအခါ ထို​မြို့​ရှိ​ယောက်ျား​အားလုံး​ကို ဓား​ဖြင့် သတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 14,
      "text": "သို့သော် မိန်းမ​၊ ကလေး​၊ တိရစ္ဆာန်​များ​မှစ၍ ထို​မြို့​မှ​တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို သင်​တို့​သိမ်းယူ​ရ​မည်​။ သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော ရန်သူ​တို့​ထံမှ​တိုက်ယူ​သော​ပစ္စည်း​များ​ကို သင်​တို့​ပိုင်ဆိုင်​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 15,
      "text": "ဤ​နေရာ​၌​ရှိ​သော​လူမျိုး​တို့​၏​မြို့​မ​ဟုတ်​သည့် အဝေး​၌​ရှိ​သော​မြို့​ရှိသမျှ​တို့​ကို​လည်း ထိုသို့​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 16,
      "text": "သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​အမွေ​အဖြစ်​ပေး​တော်မူ​သော"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 17,
      "text": "ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး တို့​၏​မြို့​များ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အကုန်အစင်​ဖျက်ဆီး​ရ​မည်​။ မည်သည့်​သက်ရှိသတ္တဝါ​ကို​မျှ အသက်ချမ်းသာ​မ​ပေး​ရ​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 18,
      "text": "သို့မဟုတ်လျှင် ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​အတွက်​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​ရှိသမျှ​တို့​ကို သင်​တို့​ကို​သင်ကြား​ပေး​၍ သင်​တို့​ပြု​သဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပြစ်မှား​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 19,
      "text": "သင်​သည် မြို့​တစ်​မြို့​ကို သိမ်းယူ​ရန် အချိန်​ကြာမြင့်​စွာ​ဝိုင်းရံ​တိုက်ခိုက်​သောအခါ ထို​မြို့​ရှိ​သစ်ပင်​ကို ပုဆိန်​နှင့်​ပေါက်​၍ မ​ဖျက်ဆီး​ရ​။ ထို​အပင်​တို့​မှ အသီး​ကို သင်​စားသုံး​နိုင်​သည်​ဖြစ်၍ ထို​အပင်​တို့​ကို မ​ခုတ်လှဲ​ရ​။ ကွင်းပြင်​ရှိ​သစ်ပင်​တို့​ကို သင်​ဝိုင်းရံ​တိုက်ခိုက်​ရ​လေ​အောင် သစ်ပင်​ကား လူ​လော​။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 20,
      "text": "သင်​ဝိုင်း​ထား​သော​မြို့​ကျရှုံး​သည်​အထိ တိုက်ခိုက်​ရာ​တွင် သီးစားပင်​မ​ဟုတ်​ဟု သင်​သိ​သည့်​အပင်​ကို ခုတ်လှဲ​၍ ကတုတ်​တည်ဆောက်​နိုင်​၏​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 1,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သော​ပြည်​တွင် လူ​တစ်​ယောက်​အသတ်ခံရ​သဖြင့် ကွင်းပြင်​၌​လဲ​သေ​နေ​သည်​ကို​တွေ့​၍ ထို​သူ​အား မည်သူ​သတ်​သည်​ကို​မ​သိ​လျှင်"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 2,
      "text": "သက်ကြီးဝါကြီး​နှင့်​တရားသူကြီး​တို့​သည်​လာ​၍ အသတ်ခံရ​သော​သူ​နှင့် ပတ်ပတ်လည်​ရှိ​မြို့​များ​၏​အကွာအဝေး​ကို တိုင်းတာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 3,
      "text": "အသတ်ခံရ​သော​သူ​နှင့်​အနီးဆုံး​မြို့​မှ သက်ကြီးဝါကြီး​တို့​သည် မ​ခိုင်း​ရ​သေး​သော​၊ ထမ်းပိုး​မ​တင်​ရ​သေး​သော နွားမတမ်း​တစ်​ကောင်​ကို​ယူ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 4,
      "text": "ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ထွန်ယက်​စိုက်ပျိုး​၍​မ​ရ​သော ရေစီး​နေ​သည့်​ချိုင့်ဝှမ်း​သို့ နွားမတမ်း​ကို​ခေါ်ဆောင်​လာ​၍ ထို​ချိုင့်ဝှမ်း​၌ နွားမတမ်း​၏​လည်ပင်း​ကို​ချိုး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 5,
      "text": "လေဝိ​သားမြေး​ယဇ်ပုရောဟိတ်​တို့​လည်း လာ​ရ​မည်​။ အကြောင်းမူကား သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​ရန်​၊ ထာဝရဘုရား​၏​နာမ​တော်​၌ ကောင်းချီးပေး​ရန် သူ​တို့​ကို ရွေးကောက်​ထား​တော်မူ​သည်​ဖြစ်၍ သူ​တို့​သည် အမှုအခင်း​ရှိသမျှ​၊ ကိုယ်ထိလက်ရောက်​ကျူးလွန်​မှု​ရှိသမျှ​ကို စီရင်​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 6,
      "text": "အသတ်ခံရ​သော​သူ​နှင့်​အနီးဆုံး​မြို့​ရှိ​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် ချိုင့်ဝှမ်း​၌​လည်ပင်း​ချိုး​ခဲ့​သော​နွားမတမ်း​အပေါ်​၌ မိမိ​တို့​လက်​ကို ဆေးချ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 7,
      "text": "ထို့နောက် သူ​တို့​က ‘​ငါ​တို့​၏​လက်​သည် ဤ​သွေး​ကို​မ​သွန်း​၊ ငါ​တို့​၏​မျက်စိ​သည်​လည်း ဤ​အမှု​ကို​မ​မြင်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​ပါ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​’​ဟု လျှောက်ဆို​ရ​မည်​။ ထိုအခါ ကိုယ်တော်​သည် လူသတ်​သော​အပြစ်​ကို ဖြေလွှတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 9,
      "text": "ထိုသို့ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို သင့်​ထဲ​မှ​ဖယ်ရှား​ခြင်း​ဖြင့် ထာဝရဘုရား​၏​ရှေ့မှောက်​၌ ဖြောင့်မှန်​စွာ​ပြုကျင့်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 10,
      "text": "သင်​သည် မိမိ​ရန်သူ​တို့​ကို စစ်​သွား​တိုက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင့်​လက်​သို့​အပ်​တော်မူ​သဖြင့် သူ​တို့​ကို သုံ့ပန်း​အဖြစ် ဖမ်းဆီးခေါ်ဆောင်​လာ​သောအခါ"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 11,
      "text": "ဖမ်းဆီးခံရသူ​ထဲတွင် ရုပ်ရည်​လှပ​သော​မိန်းမ​ကို​မြင်​၍ သူ့​ကို​နှစ်သက်​လျှင် မယား​အဖြစ် စုံဖက်​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 12,
      "text": "သူ့​ကို သင့်​အိမ်​သို့​ခေါ်လာ​ရ​မည်​။ သူ​သည် ဆံပင်​ရိတ်​၍ လက်သည်းခြေသည်း​ညှပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 13,
      "text": "ကိုယ်​ပေါ်​မှ သုံ့ပန်း​အဝတ်အစား​ကို ချွတ်ပယ်​ရ​မည်​။ သင့်​အိမ်​၌​နေ​၍ သူ​၏​မိဘ​ကို တစ်လ​ငိုကြွေးတမ်းတ​ရ​မည်​။ ထို့နောက်မှ သင်​သည် သူ့​ထံသို့​ဝင်​၍ သူ​၏​ယောက်ျား​ဖြစ်​မည်​။ သူ​သည်​လည်း သင်​၏​မယား​ဖြစ်​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 14,
      "text": "သင်​သည် သူ့​ကို​မ​နှစ်သက်​တော့​လျှင် သူ့​ဆန္ဒ​အတိုင်း သူ့​ကို​ထွက်သွား​ခွင့်​ပေး​ရ​မည်​။ သို့သော် သင်​သည် သူ့​ကို​အသရေညှိုးနွမ်း​စေ​ပြီ​ဖြစ်၍ သူ့​ကို ငွေ​ဖြင့် လုံးဝ​မ​ရောင်း​ရ​၊ ကျွန်​မ​ပြု​ရ​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 15,
      "text": "တစ်စုံတစ်ယောက်​၌ မယား​နှစ်​ယောက်​ရှိ​ပြီး တစ်​ယောက်​ကို​ချစ်​၍ အခြား​တစ်​ယောက်​ကို​မုန်း​၏​။ အချစ်​ခံရ​သော​မယား​နှင့် အချစ်မခံရ​သော​မယား​တို့​သည် သူ့​အတွက် သား​များ​ကို မွေးဖွား​သောအခါ အမုန်း​ခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​လျှင်"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 16,
      "text": "ဖခင်​သည် မိမိ​၌​ရှိ​သော​အရာ​ကို မိမိ​သား​တို့​အား အမွေခွဲ​ပေး​သော​နေ့​တွင် သားဦး​ဖြစ်​သူ​အချစ်မခံရ​သော​မယား​၏​သား​နေရာ​၌ အချစ်​ခံရ​သော​မယား​၏​သား​ကို သားဦးအရိုက်အရာ​ပေး​ခွင့်​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 17,
      "text": "အမုန်းခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​သည်​ဟု အသိအမှတ်​ပြု​၍ မိမိ​၌​ရှိ​သော​အရာ​အားလုံး​မှ ထို​သား​အား ဝေစု​နှစ်ဆ​ပေး​ရ​မည်​။ အကြောင်းမူကား သူ​သည် ဖခင်​၏​အဦးဆုံး​အားမာန်​ဖြစ်​၏​။ သားဦးအရိုက်အရာ​ကို သူ​ပိုင်​၏​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 18,
      "text": "တစ်စုံတစ်ယောက်​၌ မိဘ​စကား နား​မ​ထောင်​၊ မိဘ​ဆုံးမ​သည်​ကို​လည်း မ​နာခံ​ဘဲ ခေါင်းမာ​၍​ဖီဆန်​သော​သား​ရှိ​လျှင်"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 19,
      "text": "သူ​၏​မိဘ​သည် သူ့​ကို မြို့​တံခါး​၌​ရှိ​သော သက်ကြီးဝါကြီး​များ​ထံသို့ ဖမ်းချုပ်​ခေါ်ဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 20,
      "text": "သူ​တို့​သည် မြို့​၏​သက်ကြီးဝါကြီး​တို့​အား ‘​အကျွန်ုပ်​တို့​၏​သား​သည် ခေါင်းမာ​၍​ဖီဆန်​သော​သူ​ဖြစ်​ပါ​၏​။ သူ​သည် အကျွန်ုပ်​တို့​၏​စကား​ကို နား​မ​ထောင်​၊ အစားကြူး​သော​သူ​၊ သေသောက်ကြူး​သော​သူ​ဖြစ်​ပါ​၏​’​ဟု ပြောပြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 21,
      "text": "မြို့သား​ယောက်ျား​အပေါင်း​တို့​သည် ထို​သူ​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။ သို့မှသာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြား​၍ ကြောက်ရွံ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 22,
      "text": "တစ်စုံတစ်ယောက်​၌ သေဒဏ်​စီရင်ခြင်း​ခံထိုက်​သော​အပြစ်​ရှိ​၍ သေဒဏ်​ခံ​ပြီးနောက် သင်​သည် ထို​သူ​ကို သစ်တိုင်​၌ ချိတ်ဆွဲ​ထား​လျှင်"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 23,
      "text": "အလောင်း​ကို သစ်တိုင်​၌ တစ်ညလုံး​မ​ထား​ရ​။ ထို​နေ့​၌ပင် မဖြစ်မနေ​သင်္ဂြိုဟ်​ရ​မည်​။ အကြောင်းမူကား ချိတ်ဆွဲ​ထား​ခြင်း​ခံရ​သော​သူ​သည် ဘုရားသခင်​ကျိန်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 1,
      "text": "သင့်​ညီအစ်ကို​၏​နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ မျက်စိလည်​လမ်းမှား​နေ​သည်​ကို သင်​တွေ့​လျှင် မသိကျိုးကျွန်​မ​ပြု​ရ​။ သင့်​ညီအစ်ကို​ထံသို့ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 2,
      "text": "သင့်​ညီအစ်ကို​သည် သင်​နှင့်​အနေဝေး​လျှင်​ဖြစ်စေ​၊ သူ့​ကို သင်​မ​သိ​လျှင်​ဖြစ်စေ သင်​သည် ထို​တိရစ္ဆာန်​ကို သင့်​အိမ်​သို့​ဆောင်သွား​ပြီး သင့်​ညီအစ်ကို​လာရှာ​သည်​အထိ သင့်​ထံ၌ ထား​၍ သူ့​ကို ပြန်ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 3,
      "text": "မြည်း​ဖြစ်စေ​၊ အဝတ်အစား​ဖြစ်စေ သင့်​ညီအစ်ကို​၏​ပစ္စည်း​တစ်ခုခု​ပျောက်ဆုံး​သွား​၍ ထို​ပျောက်ဆုံးပစ္စည်း​ကို သင်​တွေ့​သောအခါ မသိကျိုးကျွန်​မ​ပြု​ဘဲ ထိုနည်းတူ​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 4,
      "text": "သင့်​ညီအစ်ကို​၏​မြည်း​ဖြစ်စေ​၊ နွား​ဖြစ်စေ လမ်း​၌​လဲ​နေ​သည်​ကို သင်​တွေ့​လျှင် မသိကျိုးကျွန်​မ​ပြု​ရ​။ သူ့​ကို​ဝိုင်းကူ​၍ ဆွဲထူ​ပေး​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 5,
      "text": "မိန်းမ​သည် ယောက်ျား​အဝတ်​ကို မ​ဝတ်​ရ​။ ယောက်ျား​သည် မိန်းမ​အဝတ်​ကို မ​ဝတ်​ရ​။ ထိုသို့​ပြု​သော​သူ​အားလုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 6,
      "text": "လမ်း​ဘေး​သစ်ပင်​ပေါ်၌​ဖြစ်စေ​၊ မြေကြီး​ပေါ်၌​ဖြစ်စေ အကောင်ပေါက်​များ​ရှိ​သော​ငှက်​သိုက်​၊ ဥ​များ​ရှိ​သော​ငှက်သိုက်​၊ အကောင်ပေါက်​များ​၊ သို့မဟုတ် ဥ​များ​ကို ငှက်မ​ဝပ်​နေ​သော​ငှက်သိုက်​ကို သင်​တွေ့မိ​လျှင် ငှက်မ​နှင့် ငှက်​သားပေါက်​များ​ကို မ​ယူ​ရ​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 7,
      "text": "သင်​သည် ငှက်​သားပေါက်​များ​ကို ယူ​နိုင်​သော်လည်း ငှက်မ​ကို​မူ မလွဲမသွေ​လွှတ်ပေး​ရ​မည်​။ ထိုသို့​ပြု​လျှင် သင်​သည် ကောင်းစား​၍ အသက်​ရှည်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 8,
      "text": "တစ်စုံတစ်ယောက်​သည် သင့်​အိမ်​ပေါ်မှ​ပြုတ်ကျ​၍ သင့်​အိမ်​၌​လူသတ်​သော​အပြစ် မ​ကျရောက်​စေရန် သင်​သည် အိမ်​အသစ်​ဆောက်​သောအခါ သင်​၏​ခေါင်မိုးပြင်​၌ အကာအရံ​လုပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 9,
      "text": "သင်​၏​စပျစ်ခြံ​၌ စပျစ်ပင်​ကို အမျိုး​မတူ​သော​အပင်​နှင့်​ရော​၍ မ​စိုက်​ရ​။ စိုက်​လျှင် ထို​အပင်​မှ​ထွက်​သော​ကောက်ပဲသီးနှံ​နှင့် စပျစ်သီး နှစ်မျိုးစလုံး​မစင်မကြယ်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 10,
      "text": "နွား​နှင့် မြည်း​ကို တွဲ​၍ မ​ထွန်ယက်​ရ​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 11,
      "text": "သိုးမွေး​နှင့် ချည် ရော​၍​ရက်​ထား​သော​အထည်​ကို မ​ဝတ်​ရ​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 12,
      "text": "သင်​ခြုံ​သော​ခြုံထည်​၏​ထောင့်စွန်း​လေး​ထောင့်​တွင် ပန်းဖွား​များ တပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 13,
      "text": "ယောက်ျား​တစ်​ယောက်​သည် မိန်းမ​ယူ​၍ သူ့​ထံ​ဝင်​ပြီးမှ သူ့​ကို​မုန်း​သဖြင့်"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 14,
      "text": "‘​ငါ​သည် ဤ​မိန်းမ​ကို​ယူ​၍ သူ့​ထံသို့ ဝင်​သောအခါ သူ​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို ငါ​မ​တွေ့​’​ဟု ဆို​လျက် ထို​မိန်းမ​ကို အသရေပျက်​အောင်​လုပ်ကြံ​ပြောဆို​ပြီး နာမည်ပျက်​စေ​လျှင်"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 15,
      "text": "မိန်းကလေး​၏​မိဘ​သည် မိန်းကလေး​၏​အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို​ယူ​ပြီး မြို့​တံခါး​ရှိ သက်ကြီးဝါကြီး​များ​ထံသို့ သွား​၍"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 16,
      "text": "မိန်းကလေး​၏​ဖခင်​က သက်ကြီးဝါကြီး​တို့​အား ‘​အကျွန်ုပ်​သည် သမီး​ကို ဤ​လူ​နှင့်​ပေးစား​ခဲ့​ပါ​၏​။ သို့သော် သူ​သည် အကျွန်ုပ်​သမီး​ကို​မုန်း​၍"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 17,
      "text": "“သင်​၏​သမီး​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို ငါ​မ​တွေ့”​ဟု အသရေပျက်​အောင်​လုပ်ကြံ​ပြောဆို​ပါ​၏​။ ဤ​အဝတ်​သည် အကျွန်ုပ်​သမီး​၏​အပျိုစင်​ဖြစ်​သည့်​သက်သေ​ဖြစ်​ပါ​၏​’​ဟု ဆို​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌ ထို​အဝတ်​ကို ဖြန့်ပြ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 18,
      "text": "ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ထို​လူ​ကို​ခေါ်​၍ ရိုက်နှက်ဆုံးမ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 19,
      "text": "သူ​သည် အစ္စရေး​အပျိုကညာ​ကို နာမည်ပျက်​စေ​ပြီ​ဖြစ်​သောကြောင့် သူ့​ကို ငွေ​ရှယ်ကယ်​တစ်ရာ ​ဒဏ်တပ်​၍ ထို​ငွေ​ကို မိန်းကလေး​၏​ဖခင်​အား ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 20,
      "text": "သို့သော် သူ​၏​စွပ်စွဲချက်​သည် မှန်ကန်​၍ ထို​မိန်းကလေး​၌ အပျိုစင်​ဖြစ်​သည့်​သက်သေ​ကို​မ​တွေ့​လျှင်"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 21,
      "text": "ထို​မိန်းကလေး​သည် မိမိ​ဖခင်​၏​အိမ်​၌ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​ထဲ၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့် ထို​မိန်းကလေး​ကို သူ့​ဖခင်​၏​အိမ်​တံခါး​သို့ ခေါ်သွား​၍ မြို့သား​ယောက်ျား​တို့​သည် သူ့​ကို ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 22,
      "text": "ယောက်ျား​တစ်​ယောက်​သည် လင်ယောက်ျား​ရှိ​သော​မိန်းမ​နှင့်​အိပ်​နေ​သည်​ကို တွေ့မိ​လျှင် ယောက်ျား​နှင့်​မိန်းမ နှစ်ဦးစလုံး အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို အစ္စရေး​လူမျိုး​ထဲမှ ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 23,
      "text": "ယောက်ျား​တစ်​ယောက်​သည် စေ့စပ်​ထား​သူ​ရှိ​သည့်​အပျိုကညာ​မိန်းကလေး​တစ်​ယောက်​ကို မြို့​ထဲ၌​တွေ့​၍ ထို​မိန်းကလေး​နှင့်​အိပ်​လျှင်"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 24,
      "text": "သူ​တို့​နှစ်ဦးစလုံး​ကို ထို​မြို့​တံခါး​သို့ ခေါ်သွား​၍ ခဲ​နှင့် အသေ​ပေါက်သတ်​ရ​မည်​။ မြို့​ထဲ၌​ဖြစ်​သည်​ကို​ပင် ထို​မိန်းကလေး​သည် အော်ဟစ်​အကူအညီ​မ​တောင်း​၊ ထို​ယောက်ျား​သည်​လည်း မိမိ​အိမ်နီးချင်း​၏​မယား​ကို ကာမကျူးလွန်​သောကြောင့် အသတ်​ခံရ​ခြင်း​ဖြစ်​၏​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 25,
      "text": "ယောက်ျား​တစ်​ယောက်​သည် စေ့စပ်​ထား​သည့်​မိန်းကလေး​ကို လူသူကင်းသောအရပ်​၌​တွေ့​၍ ထို​ယောက်ျား​သည် သူ့​ကို​ဖမ်းချုပ်​ပြီး သူ​နှင့်​အိပ်​လျှင် ထို​မိန်းကလေး​နှင့်​အိပ်​သော​ယောက်ျား​ကို​သာ သတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 26,
      "text": "မိန်းကလေး​ကို​မူ မည်သို့​မျှ​မ​ပြု​ရ​။ ထို​မိန်းကလေး​၌ သေဒဏ်​ခံထိုက်​သော​အပြစ်​မ​ရှိ​။ အကြောင်းမူကား ဤ​အမှု​သည် တစ်စုံတစ်ယောက်​က မိမိ​အိမ်နီးချင်း​ကို တိုက်ခိုက်​ပြီး လူသတ်မှု​ကျူးလွန်သည့်​အမှု​နှင့်​တူ​၏​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 27,
      "text": "အဘယ်ကြောင့်​ဆိုသော် ထို​ယောက်ျား​သည် စေ့စပ်​ထား​သည့်​မိန်းကလေး​ကို လူသူကင်းသောအရပ်​၌ တွေ့​သောအခါ မိန်းကလေး​သည် အော်ဟစ်​သော်လည်း သူ့​ကို​ကယ်မည့်သူ​မ​ရှိ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 28,
      "text": "ယောက်ျား​တစ်​ယောက်​သည် စေ့စပ်​ထား​သူ​မ​ရှိ​သည့်​အပျိုကညာ​မိန်းကလေး​ကို​တွေ့​၍ သူ့​ကို​ဖမ်းချုပ်​ပြီး သူ​နှင့်​အိပ်​သည်​ကို တစ်စုံတစ်ယောက်​တွေ့​လျှင်"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 29,
      "text": "ထို​မိန်းကလေး​နှင့်​အိပ်​သော​ယောက်ျား​သည် ထို​မိန်းကလေး​ကို ကာမကျူးလွန်​သောကြောင့် မိန်းကလေး​၏​ဖခင်​အား ငွေ​ရှယ်ကယ်​ငါးဆယ် ​ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 30,
      "text": "လူ​သည် မိမိ​ဖခင်​၏​မယား​ကို မ​ယူ​ရ​။ မိမိ​ဖခင်​၏​အိပ်ရာ​ကို​မ​ရှုတ်ချ​ရ ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 1,
      "text": "ယောက်ျားအင်္ဂါ​ပြတ်​သွား​သူ​၊ သို့မဟုတ် ကြေမွ​သွား​သူ​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 2,
      "text": "ဖောက်ပြန်​ရာ​မှ​ရ​သော​ကလေး​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ သူ​၏​မျိုးဆက် ဆယ်​ဆက်​မြောက်​တိုင်အောင် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 3,
      "text": "အမ္မုန်​လူမျိုး​၊ မောဘ​လူမျိုး​တို့​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ သူ​တို့​၏​မျိုးဆက် ဆယ်​ဆက်​တိုင်အောင် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 4,
      "text": "အကြောင်းမူကား အီဂျစ်​ပြည်​မှ​သင်​တို့​ထွက်လာ​သောအခါ လမ်းခရီး​၌ သူ​တို့​သည် သင်​တို့​အား အစားအစာ​ကို​လည်း​မ​ပေး​၊ ရေ​ကို​လည်း​မ​ပေး​ကြ​။ ထို့ပြင် မက်ဆိုပိုတေးမီးယား​ပြည်​၊ ပေသော်​မြို့​မှ ဗောရ​သား​ဗာလမ်​ကို​ငှား​၍ သင်​တို့​ကို​ကျိန်ဆဲ​စေ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 5,
      "text": "သို့ရာတွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာလမ်​၏​စကား​ကို နားညောင်း​တော်​မ​မူ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ချစ်​တော်မူ​သောကြောင့် သင့်​အဖို့​ကျိန်ဆဲ​ခြင်း​ကို ကောင်းချီးမင်္ဂလာ​ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 6,
      "text": "သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ငြိမ်းချမ်းသာယာ​ဖို့​၊ ကောင်းစား​ဖို့ သင်​မ​ပြု​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 7,
      "text": "ဧဒုံ​အမျိုးသား​သည် သင်​၏​အစ်ကို​ဖြစ်​သောကြောင့် သူ​တို့​ကို သင်​မ​ရွံမုန်း​ရ​။ အီဂျစ်​ပြည်​၌ သင်​ဧည့်သည်​ဖြစ်​ခဲ့​ဖူး​သောကြောင့် အီဂျစ်​အမျိုးသား​တို့​ကို သင်​မ​ရွံမုန်း​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 8,
      "text": "သူ​တို့​မွေးဖွား​သော​သားသမီး​များ​ဖြစ်​သည့် သူ​တို့​၏​တတိယ​မျိုးဆက်​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ ဝင်​ခွင့်​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 9,
      "text": "သင်​သည် ရန်သူ​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​၍ စခန်းချ​သောအခါ မကောင်းမှု​ရှိသမျှ​ကို​ရှောင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 10,
      "text": "ယောက်ျား​တစ်​ဦး​သည် ညအချိန်​၌​ဖြစ်ပျက်​တတ်​သော​အရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်​လျှင် ထို​သူ​သည် တပ်စခန်း​အပြင်ဘက်​သို့ ထွက်သွား​ရ​မည်​။ တပ်စခန်း​ထဲ​သို့ မ​ဝင်​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 11,
      "text": "နေဝင်ချိန်​ရောက်​သောအခါ သူ​သည် ရေချိုး​ရ​မည်​။ နေ​ဝင်​ပြီးမှ တပ်စခန်း​ထဲ​သို့ ပြန်ဝင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 12,
      "text": "မစင်စွန့်​သော​နေရာ​သည် တပ်စခန်း​အပြင်ဘက်​၌ ရှိ​ရ​မည်​။ သင်​သည် ထို​နေရာ​သို့​သာ သွား​၍​စွန့်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 13,
      "text": "မစင်​သွား​စွန့်​သောအခါ မြေ​တူးစရာ​တူးရွင်း​ကို ယူသွား​၍ တွင်း​တူး​ရ​မည်​။ မစင်​စွန့်​ပြီးလျှင် ပြန်​ဖုံးအုပ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 14,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကယ်နုတ်​ရန်​၊ သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့​အပ်​ရန် သင်​၏​တပ်စခန်း​ထဲ​၌ သွားလာ​တော်မူ​သည်​ဖြစ်၍ သင်​၏​တပ်စခန်း​သည် သန့်ရှင်း​ရ​မည်​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် သင့်​ထဲ၌ ညစ်ညူး​သော​အရာ​ကို​တွေ့မြင်​တော်မူ​သဖြင့် သင့်​ထံ​မှ လွှဲရှောင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 15,
      "text": "မိမိ​သခင်​ထံမှ​ထွက်ပြေး​၍ သင့်​ထံ လာရောက်ခိုလှုံ​သော​ကျွန်​ကို သူ့​သခင်​ထံ ပြန်​မ​အပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 16,
      "text": "သူ​နှစ်သက်​၍​ရွေးချယ်​သည့် မည်သည့်​မြို့​၊ မည်သည့်​နေရာ​မဆို သင်​တို့​နှင့်အတူ နေထိုင်​ခွင့်​ပြု​ရ​မည်​။ သူ့​ကို အနိုင်​မ​ကျင့်​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 17,
      "text": "အစ္စရေး​အမျိုးသမီး​များ​ထဲတွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​မိန်းမ​ပြည့်တန်ဆာ​မ​ရှိ​ရ​။ အစ္စရေး​အမျိုးသား​ထဲတွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​မ​ရှိ​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 18,
      "text": "ပြည့်တန်ဆာ​၏​အဖိုးအခ​နှင့် ခွေး​၏​အဖိုးအခ ​ကို ကတိသစ္စာ​တစ်စုံတစ်ခု​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။ အကြောင်းမူကား ထို​အရာ​နှစ်ခုစလုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 19,
      "text": "သင်​သည် သင့်​အမျိုးသားချင်း​အား ငွေ​ကို​ဖြစ်စေ​၊ အစားအစာ​ကို​ဖြစ်စေ​၊ ချေးငှား​ပေး​သော​မည်သည့်​အရာ​ကို​ဖြစ်စေ အတိုး​ဖြင့်​မ​ချေးငှား​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 20,
      "text": "တစ်ပါးအမျိုးသား​ထံမှ အတိုး​ယူ​နိုင်​၏​။ သို့သော် သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​လုပ်ဆောင်​လေရာရာ​၌ သင့်​ကို ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​သည် မိမိ​အမျိုးသားချင်း​ထံမှ အတိုး​မ​ယူ​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 21,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ကတိသစ္စာ​ကို သင့်​ထံ​မှ မုချ​တောင်း​တော်မူ​မည်​ဖြစ်၍ ထို​ကတိသစ္စာ​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​နှင့်​။ နှောင့်နှေး​လျှင် သင့်​အပေါ် အပြစ်​သက်ရောက်​မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 22,
      "text": "ကတိသစ္စာ​မ​ပြု​ဘဲ​နေ​လျှင် သင့်​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 23,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား သင့်​ဆန္ဒ​ရှိ​၍ သင့်​နှုတ်​ဖြင့်​ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ထို​နှုတ်ထွက်​ကတိသစ္စာ​ကို ကြိုးစား​လုပ်ဆောင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 24,
      "text": "သင်​သည် မိမိ​အိမ်နီးချင်း​၏​စပျစ်ခြံ​ထဲသို့​ဝင်​သောအခါ စပျစ်သီး​ကို သင်​စားလို​သမျှ အဝ​စား​ခွင့်​ရှိ​၏​။ သို့သော် သင့်​အိတ်​ထဲ ထည့်ယူ​မ​သွား​ရ​။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 25,
      "text": "သင်​သည် မိမိ​အိမ်နီးချင်း​၏​ကောက်ပဲသီးနှံခင်း​ထဲသို့​ဝင်​သောအခါ အနှံ​များ​ကို သင့်​လက်​ဖြင့်​ဆွတ်ခူး​ခွင့်​ရှိ​၏​။ သို့သော် သင့်​အိမ်နီးချင်း​၏​ကောက်ပဲသီးနှံ​ကို တံစဉ်​ဖြင့်​မ​ရိတ်​ရ​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 1,
      "text": "တစ်စုံတစ်ယောက်​သည် မိန်းမ​တစ်​ယောက်​နှင့်​စုံဖက်​ပြီးနောက် ထို​မိန်းမ​၌​ညစ်ညူး​သော​အရာ​ကို​တွေ့​သဖြင့် သူ့​ကို​မ​နှစ်မြို့​လျှင် ကွာရှင်း​စာ​ရေး​ပြီး သူ့​လက်​ထဲ​အပ်​၍ အိမ်​မှ​ထွက်သွား​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 2,
      "text": "ထို​မိန်းမ​သည် လင်ယောက်ျား​၏​အိမ်​မှ​ထွက်သွား​ပြီးနောက် အခြား​ယောက်ျား​တစ်​ယောက်​ကို​ယူ​၍"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 3,
      "text": "နောက်​ယောက်ျား​သည်​လည်း ထို​မိန်းမ​ကို​မုန်း​သဖြင့် ကွာရှင်း​စာ​ရေး​ပြီး သူ့​လက်​ထဲ၌​အပ်​၍ အိမ်​မှ​ထွက်သွား​စေ​သည်​ဖြစ်စေ​၊ ထို​မိန်းမ​နှင့်​စုံဖက်​သော​နောက်​ယောက်ျား​သေဆုံး​သွား​သည်​ဖြစ်စေ"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 4,
      "text": "ထို​မိန်းမ​ကို​ကွာရှင်း​ခဲ့​သော​ပထမ​လင်ယောက်ျား​သည် ညစ်ညူး​ပြီ​ဖြစ်​သော​ထို​မိန်းမ​နှင့် ပြန်​၍​စုံဖက်​ခွင့်​မ​ရှိ​။ အကြောင်းမူကား ထို​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 5,
      "text": "အိမ်ထောင်ပြု​ခါစ ယောက်ျား​တစ်​ယောက်​သည် စစ်တိုက်​မ​သွား​ရ​။ သူ့​အား မည်သည့်​တာဝန်​မျှ​မ​ပေး​ရ​။ သူ​သည် တစ်နှစ်ပတ်လုံး မိမိ​အိမ်​၌ လွတ်လပ်​စွာ​နေ​၍ မိမိ​ယူ​ထား​သော​မယား​ကို ပျော်ရွှင်အောင်​ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 6,
      "text": "ကြိတ်ဆုံ​တစ်စုံ​လုံး​ကို​ဖြစ်စေ​၊ အပေါ်ကျောက်ပြား​ကို​ဖြစ်စေ အပေါင်​လက်​မ​ခံ​ရ​။ လက်ခံ​လျှင် အသက်​ကို အပေါင်​လက်ခံ​သည်​နှင့်​တူ​၏​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 7,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​ထဲမှ တစ်ယောက်ယောက်​ကို ခိုးယူ​ပြီး ထို​သူ​ကို ကျွန်ပြု​သည်​ဖြစ်စေ​၊ ရောင်းစား​သည်​ဖြစ်စေ ထို​သူခိုး​ကို​တွေ့​လျှင် အသေသတ်​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင့်​ထဲ​မှ​ဖယ်ရှား​ပစ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 8,
      "text": "အနာကြီးရောဂါ​လက္ခဏာ​နှင့်​ပတ်သက်၍ သတိပြု​လော့​။ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​က သင်​တို့​အား​ညွှန်ကြား​သော​အရာ​ရှိသမျှ​ကို အထူး​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​အား ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သင်​တို့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 9,
      "text": "သင်​တို့​သည် အီဂျစ်​ပြည်​မှ ထွက်လာ​၍ ခရီးပြု​ကြ​စဉ်က သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိရိအံ​အား မည်သို့​စီရင်​တော်မူ​ခဲ့​သည်​ကို အောက်မေ့​လော့​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 10,
      "text": "သင်​သည် သင့်​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို​ချေး​ပေး​သောအခါ သူ​၏​အိမ်​ထဲသို့​ဝင်​ပြီး အပေါင်ခံ​ပစ္စည်း​ကို မ​ယူ​ရ​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 11,
      "text": "အပြင်ဘက်​၌ ရပ်​နေ​ရ​မည်​။ သင်​ချေး​ပေး​သော​သူ​သည် အပေါင်ခံ​ပစ္စည်း​ကို သင့်​ထံသို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 12,
      "text": "ထို​သူ​သည် ဆင်းရဲ​သော​သူ​ဖြစ်လျှင် သူ​၏​အပေါင်ခံ​ပစ္စည်း​ကို ည​အထိ​ယူ​မ​ထား​ရ​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 13,
      "text": "သူ​သည် မိမိ​အဝတ်​ကို​ဝတ်​အိပ်​၍ သင့်​ကို ကောင်းချီးတောင်းခံ​ပေး​မည့်​အကြောင်း သူ​၏​အပေါင်ခံ​ပစ္စည်း​ကို နေ​ဝင်​သောအခါ ဆက်ဆက်​ပြန်ပေး​ရ​မည်​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 14,
      "text": "သင့်​ပြည်​၊ သင့်​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ​၊ သင်​၏​အမျိုးသားချင်း​ထဲမှ​ဖြစ်စေ ဆင်းရဲ​နွမ်းပါး​သော သူရင်းငှား​ကို အနိုင်အထက်​မ​ပြု​ရ​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 15,
      "text": "သူ​သည် ဆင်းရဲ​သဖြင့် မိမိ​လုပ်အားခ​ကို​မှီ​၍ အသက်ဆက်​ရ​သောကြောင့် သူ​၏​လုပ်အားခ​ကို နေ​မ​ဝင်​မီ နေ့ချင်း​ပေး​ရ​မည်​။ မပေးဘဲနေလျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 16,
      "text": "ဖခင်​သည် သားသမီး​အပြစ်​ကြောင့် သေဒဏ်​မ​ခံရ​။ သားသမီး​သည်​လည်း ဖခင်​အပြစ်​ကြောင့် သေဒဏ်​မ​ခံရ​။ လူတိုင်း မိမိ​အပြစ်​ကြောင့် သေဒဏ်​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 17,
      "text": "တိုင်းတစ်ပါးသား​နှင့် ဖတဆိုး​တို့ ရထိုက်​သော တရားမျှတမှု​ကို မ​ပိတ်ပင်​ရ​။ မုဆိုးမ​၏​အဝတ်​ကို အပေါင်​လက်​မ​ခံရ​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 18,
      "text": "သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​ပြည်​မှ ရွေးနုတ်​တော်မူ​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့် ဤ​ပညတ်တော်​ကို လိုက်နာ​ရန် သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 19,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြုလေရာရာ​၌ သင့်​ကို ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​သည် မိမိ​လယ်ယာ​၌ သီးနှံ​ရိတ်သိမ်း​သောအခါ လယ်ယာ​ထဲ၌ မေ့ကျန်​ခဲ့​သော​ကောက်လှိုင်း​ကို ပြန်​မ​ယူ​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 20,
      "text": "သင်​သည် သံလွင်သီး​ကို ခါချ​သောအခါ ကြွင်းကျန်​သော​အသီး​ကို နောက်တစ်ခါ မ​ခါချ​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 21,
      "text": "သင်​၏​စပျစ်ခြံ​မှ စပျစ်သီး​ကို​ဆွတ်ခူး​ပြီးနောက် ကောက်သင်း​မ​ကောက်​ရ​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​အတွက် ချန်ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 22,
      "text": "သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့် ဤ​ပညတ်​ကို လိုက်နာ​ရန် သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 1,
      "text": "လူ​နှစ်​ယောက် ခိုက်ရန်ဖြစ်ပွား​ကြ​လျှင် တရားရုံး​သို့​သွား​ရ​မည်​။ တရားသူကြီး​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်မရှိ​ဟု​စီရင်​ရ​မည်​။ ဆိုးယုတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 2,
      "text": "အပြစ်ရှိ​သော​သူ​သည် ကြိမ်ဒဏ်​ခံသင့်​လျှင် တရားသူကြီး​သည် မိမိ​ရှေ့​၌ သူ့​ကို​မှောက်​စေ​ပြီး သူ​၏​ဆိုးယုတ်မှု​နှင့်​ထိုက်တန်​သည့် ကြိမ်ဒဏ်​အရေအတွက်​အတိုင်း ရိုက်​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 3,
      "text": "ထို​သူ​ကို အချက်​လေးဆယ်​ထက် ပို​မ​ရိုက်​ရ​။ ထို့​ထက်​ပို​ရိုက်​လျှင် သင့်​အမျိုးသားချင်း​သည် အရှက်​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 4,
      "text": "တလင်းနယ်​နေ​သည့် နွား​ကို ပါးချုပ်​မ​တပ်​ရ​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 5,
      "text": "အတူ​နေထိုင်​သော​ညီအစ်ကို​တို့​ထဲမှ တစ်​ယောက်​သည် သား​မ​ရှိ​ဘဲ သေဆုံး​ခဲ့​လျှင် သေဆုံး​သူ​၏​မယား​သည် အပြင်​သူစိမ်း​ယောက်ျား​နှင့် မ​စုံဖက်​ရ​။ သူ့​ယောက်ျား​၏​ညီ​သည် သူ့​ထံသို့​ဝင်​၍ သူ​နှင့်​စုံဖက်​ရ​မည်​။ သူ့​အပေါ်​၌ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ယူ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 6,
      "text": "သေဆုံး​သွား​သော​အစ်ကို​၏​အမည်​သည် အစ္စရေး​လူမျိုး​ထဲမှ ပျောက်ပျက်​မ​သွား​မည့်​အကြောင်း ထို​မိန်းမ​မွေးဖွား​သော​သားဦး​သည် အစ်ကို​၏​အမည်​ကို​ဆက်ခံ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 7,
      "text": "ထို​ယောက်ျား​သည် မရီး​ကို​မ​ယူ​လို​လျှင် မရီး​သည် သက်ကြီးဝါကြီး​တို့​ရှိ​ရာ မြို့​တံခါး​သို့​သွား​၍ ‘​ကျွန်မ​၏​မတ်​သည် အစ္စရေး​လူမျိုး​ထဲ၌ သူ့​အစ်ကို​၏​အမည်​ဆက်ရှိ​နေ​စေ​ရ​မည်​ကို သူ​မပြုလို​ပါ​။ သူ​သည် ကျွန်မ​အပေါ်​၌ မတ်​တစ်​ယောက်​၏​တာဝန်​ကို​မ​ယူ​လို​ပါ​’​ဟု ပြောကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 8,
      "text": "မြို့​၏​သက်ကြီးဝါကြီး​တို့​သည် သူ့​ကို​ခေါ်​ပြော​ရ​မည်​။ သူ​က​‘​အကျွန်ုပ်​သည် ဤ​မိန်းမ​ကို​မ​ယူ​လို​ပါ​’​ဟု အခိုင်အမာ​ဆို​လျှင်"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 9,
      "text": "သူ​၏​မရီး​သည် သူ့​ထံသို့ သွား​၍ သက်ကြီးဝါကြီး​တို့​ရှေ့​၌ သူ့​ခြေ​မှ ဖိနပ်​ကို​ချွတ်ယူ​ပြီး သူ​၏​မျက်နှာ​ကို တံတွေးထွေး​ကာ ‘​ကိုယ့်​အစ်ကို​၏​အိမ်​ကို​မ​တည်ဆောက်​သော​သူ​အား ဤသို့​ပြု​ရ​သည်​’​ဟု ပြော​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 10,
      "text": "သူ​၏​အမည်​ကို​လည်း အစ္စရေး​လူမျိုး​တို့​တွင် ‘​ဖိနပ်​ချွတ်​ခံရ​သော​အမျိုး​’​ဟု ခေါ်တွင်​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 11,
      "text": "ယောက်ျား​နှစ်ဦး​ရန်ဖြစ်​ကြ​၍ တစ်​ဦး​၏​မယား​သည် မိမိ​လင်ယောက်ျား​ကို​ရိုက်နှက်​နေ​သော​သူ​၏​လက်​မှ​လွတ်မြောက်​စေ​လို​သဖြင့် ဝင်​၍ ထို​သူ​၏​ယောက်ျားတန်ဆာ​ကို လှမ်းဆွဲ​မည်​ဆိုလျှင်"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 12,
      "text": "ထို​မိန်းမ​၏​လက်​ကို ဖြတ်​ရ​မည်​။ သူ့​ကို မ​သနား​ရ​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 13,
      "text": "သင့်​အိတ်​၌ ကြီး​သော​အလေး​၊ ငယ်​သော​အလေး​ဟူ၍ အချိန်ချင်း​မတူ​သော​အလေး​မ​ရှိ​ရ​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 14,
      "text": "သင့်​အိမ်​၌ ကြီး​သော​တောင်း​၊ ငယ်​သော​တောင်း​ဟူ၍ အဝင်ချင်း​မ​တူ​သော​ခြင်တောင်း​မ​ရှိ​ရ​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 15,
      "text": "သင်​၏​အလေး ပြည့်​ရ​မည်​၊ မှန်ကန်​ရ​မည်​။ သင်​၏​ခြင်တောင်း ပြည့်​ရ​မည်​၊ မှန်ကန်​ရ​မည်​။ သို့ပြုလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​မည်​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 16,
      "text": "အကြောင်းမူကား ထိုသို့​သော​အားဖြင့် မတရား​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 17,
      "text": "အီဂျစ်​ပြည်​မှ သင်​ထွက်လာ​၍ ခရီးပြု​ကြ​စဉ် အာမလက်​လူမျိုး​တို့​သည် သင့်​အား မည်ကဲ့သို့​ပြု​ခဲ့​သည်​ကို အောက်မေ့​လော့​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 18,
      "text": "သင်​မောပန်း​လျက် ခြေကုန်လက်ပန်းကျ​နေ​သော​အချိန်​တွင် လမ်းခရီး​၌ သင့်​ကို​တွေ့​၍ နောက်၌​ကျန်ရစ်​ခဲ့​သော​သူ​အပေါင်း​တို့​ကို သတ်ဖြတ်​ခဲ့​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​ကို မ​ကြောက်ရွံ့​ကြ​။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 19,
      "text": "သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် အပိုင်​ပေး​တော်မူ​သော​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သောအခါ အာမလက်​လူမျိုး​တို့​နှင့်ဆိုင်သော​အမှတ်ရစရာ​အား မိုးကောင်းကင်​အောက်​မှ ပျောက်ပျက်​စေ​ရ​မည်​ကို မ​မေ့လျော့​နှင့်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 1,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် ပေး​တော်မူ​သော​ပြည်​ကို သင်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 2,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​မှ​ထွက်ရှိ​သည့် မြေ​အသီးအနှံ​အားလုံး​၏​အသီးဦး​အချို့​ကို​ယူ​၍ တောင်း​ထဲ​ထည့်​ပြီးလျှင် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 3,
      "text": "သင်​သည် ထို​အချိန်​တွင် တာဝန်ကျ​သော​ယဇ်ပုရောဟိတ်​ထံသို့​သွား​၍ ‘​ထာဝရဘုရား​က ထို​ပြည်​ကို​အကျွန်ုပ်​တို့​အား ပေး​မည်​ဟု အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ အကျွန်ုပ်​ရောက်ရှိ​ပြီ​ဖြစ်ကြောင်း ဘုရားသခင်​ထာဝရဘုရား​အား ယနေ့​အကျွန်ုပ်​ကြားလျှောက်​ပါ​၏​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​သည်​လည်း သင့်​လက်​ထဲမှ​တောင်း​ကို​ယူ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​၌ ချထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 5,
      "text": "ထိုအခါ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​၏​ဘိုးဘေး​သည် လှည့်လည်​သွားလာ​နေ​သူ အာရံ​လူမျိုး​ဖြစ်​ပါ​၏​။ သူ​သည် အီဂျစ်​ပြည်​သို့ လူ​အနည်းငယ်​နှင့် ဆင်းသွား​၍ ထို​ပြည်​၌​တည်းခိုနေထိုင်​ပါ​၏​။ သို့သော် ထို​ပြည်​၌ပင် အင်အားကြီး​၍​များပြား​သော​လူမျိုး​ကြီး​ဖြစ်လာ​ပါ​၏​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 6,
      "text": "အီဂျစ်​လူမျိုး​တို့​သည် အကျွန်ုပ်​တို့​ကို ညှဉ်းပန်း​နှိပ်စက်​၍ ကြမ်းတမ်း​သော​အလုပ်​ကို လုပ်​စေ​ပါ​၏​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 7,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​အသံ​ကို နားညောင်း​တော်မူ​၍ အကျွန်ုပ်​တို့​ခံရ​သော ဆင်းရဲ​ခြင်း​၊ ပင်ပန်း​ခြင်း​၊ ညှဉ်းပန်းနှိပ်စက်​ခြင်း​တို့​ကို ကြည့်ရှု​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 8,
      "text": "ထိုအခါ ထာဝရဘုရား​သည် အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက်​၊ ကြောက်မက်ဖွယ်​အမှု​ကြီး​များ​ပြု​လျက်​၊ နိမိတ်လက္ခဏာ​များ​ပြ​လျက်​၊ အံ့ဩဖွယ်အမှု​များ​ပြု​လျက် အကျွန်ုပ်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 9,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ဤ​အရပ်​သို့​ပို့ဆောင်​တော်မူ​၏​။ အကျွန်ုပ်​တို့​အား နို့​နှင့်​ပျားရည်​စီး​သော ဤ​ပြည်​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 10,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​မြေ​အသီးအနှံ​၏​အသီးဦး​ကို ယခု အကျွန်ုပ်​ယူဆောင်​လာ​ပါ​၏​’​ဟု လျှောက်ဆို​ပြီးလျှင် ထို​အသီး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌​ချထား​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 11,
      "text": "သင်​နှင့်​သင်​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​အတွက် သင်​မှစ၍ လေဝိ​အမျိုး​၊ သင့်​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​အတူတကွ ဝမ်းမြောက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 12,
      "text": "သင်​သည် ဆယ်ဖို့တစ်ဖို့​နှစ်​ဖြစ်​သော တတိယ​နှစ်​၌ သင့်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို​ဖယ်ထား​ပြီး လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​၍ သင်​၏​မြို့​များ​၌ သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 13,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​သည် သန့်ရှင်းသောအရာ​ကို အိမ်​မှ​ထုတ်​၍ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​ခဲ့​သည့် ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​အတိုင်း ထို​အရာ​ကို လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​ပါ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​ချိုးဖောက်​ပါ​၊ မ​မေ့လျော့​ပါ​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 14,
      "text": "အကျွန်ုပ်​သည် သေ​သူ​အတွက်​ဝမ်းနည်းကြေကွဲ​စဉ် ထို​အရာ​ကို မ​စား​ပါ​။ မစင်မကြယ်​ဖြစ်​နေစဉ် ထို​အရာ​ကို မ​ထိ​ပါ​။ သေ​သော​သူ​အတွက် ထို​အရာ​ကို မ​ပူဇော်​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​ပြီ​။ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 15,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​ဖြစ်​သော ကောင်းကင်ဘုံ​မှ ငုံ့ကြည့်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို​လည်းကောင်း​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​တို့​အား ပေး​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​လည်းကောင်း ကောင်းချီးပေး​တော်မူ​ပါ​’​ဟု လျှောက်ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 16,
      "text": "ဤ​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို​လိုက်နာ​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ယနေ့​မိန့်မှာ​တော်မူ​ပြီ​ဖြစ်၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 17,
      "text": "ထာဝရဘုရား​သည် သင်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​၊ ကိုယ်တော်​၏​လမ်း​တော်​များ​၌​လျှောက်လှမ်း​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ပါ​မည်​၊ ကိုယ်တော်​၏​စကား​တော်​များ​ကို နားထောင်​ပါ​မည်​ဟု ယနေ့ သင်​ဝန်ခံ​လေ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 18,
      "text": "ထာဝရဘုရား​သည်​လည်း သင့်​အား​ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် ပညတ်တော်​ရှိသမျှ​ကို​စောင့်ထိန်း​သည့် မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​ဖြစ်​ရ​မည်​ဟု ယနေ့ ဝန်ခံ​တော်မူ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 19,
      "text": "မိမိ​ဖန်ဆင်း​ထား​တော်မူ​သည့် လူမျိုး​အပေါင်း​တို့​ထက် ချီးမွမ်း​ခြင်း​၊ ကျော်စော​ခြင်း​၊ အသရေရှိ​ခြင်း​တို့​ဖြင့် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။ ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​သည်​ဟု ယနေ့​ဝန်ခံ​တော်မူ​ပြီ​”​ဟု ပြောကြား​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 1,
      "text": "တစ်ဖန် မောရှေ​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည် လူ​တို့​အား “​ယနေ့ သင်​တို့​အား ငါ​မှာကြား​သည့် ပညတ်တော်​ရှိသမျှ​ကို​စောင့်ထိန်း​လော့​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 2,
      "text": "သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့​ရောက်​သော​နေ့​၌ ကျောက်တုံး​ကြီး​များ​ကို​ဆင့်​၍ ထုံး​သုတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 3,
      "text": "သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့​ဝင်ရောက်​သောအခါ ဤ​တရား​စကား​ရှိသမျှ​တို့​ကို ထို​ကျောက်တုံး​များ​ပေါ်၌ ရေးသား​ထား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 4,
      "text": "သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးမှ ယနေ့ သင်​တို့​အား ငါ​မှာကြား​ထား​သည့်​အတိုင်း ဧဗလ​တောင်​ပေါ်၌ ထို​ကျောက်တုံး​များ​ကို​ဆင့်​၍ ထုံး​သုတ်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 5,
      "text": "ထို​တောင်​ပေါ်၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​။ ထို​ယဇ်ပလ္လင်​ကို ကျောက်တုံး​ဖြင့် တည်​ရ​မည်​။ ကျောက်တုံး​များ​ကို သံ​လက်နက်ကိရိယာ​ဖြင့် မ​ထုဆစ်​ရ​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 6,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို သဘာဝ​ကျောက်တုံး ​များ​ဖြင့် တည်​၍ ထို​ယဇ်ပလ္လင်​ပေါ်၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား မီးရှို့ရာယဇ်​တို့​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 7,
      "text": "မိတ်သဟာယယဇ်​ကို​လည်း ပူဇော်​ရ​မည်​။ သင်​တို့​သည် ထို​တောင်​ပေါ်တွင်​စားသောက်​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 8,
      "text": "ဤ​တရား​စကား​ရှိသမျှ​တို့​ကို ထို​ကျောက်တုံး​များ​ပေါ်၌ ရှင်းလင်း​ပြတ်သား​စွာ​ရေးသား​ထား​ရ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 9,
      "text": "တစ်ဖန် မောရှေ​နှင့် လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​က အစ္စရေး​လူမျိုး​အပေါင်း​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ တိတ်ဆိတ်​စွာ​နေ​၍​နားထောင်​ကြ​လော့​။ ယနေ့ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​လူမျိုး​တော်​ဖြစ်လာ​ကြ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 10,
      "text": "ထို့ကြောင့် သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​၍ ယနေ့ သင်​တို့​အား ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို လိုက်နာ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 11,
      "text": "ထို​နေ့​၌ မောရှေ​က လူမျိုး​တော်​အား"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 12,
      "text": "“​သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးသည့်နောက် လူ​တို့​အား​ကောင်းချီး​စကား​ပြောကြား​သောအခါ ရှိမောင်​အမျိုး​၊ လေဝိ​အမျိုး​၊ ယုဒ​အမျိုး​၊ ဣသခါ​အမျိုး​၊ ယောသပ်​အမျိုး​၊ ဗင်္ယာမိန်​အမျိုး တို့​သည် ဂေရဇိမ်​တောင်​ပေါ်၌ ရပ်​နေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 13,
      "text": "ကျိန်ခြင်းစကား​ပြောကြား​သောအခါ ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ အာရှာ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ ဒန်​အမျိုး​၊ နဿလိ​အမျိုး တို့​သည် ဧဗလ​တောင်​ပေါ်၌ ရပ်​နေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 14,
      "text": "လေဝိ​အမျိုး​တို့​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 15,
      "text": "‘​ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​သော​အရာ​ဖြစ်​သည့် ရုပ်တု​ဆင်းတု​ကို လက်မှုအတတ်​ဖြင့် သွန်းလုပ်​၍ လျှို့ဝှက်​သော​နေရာ​၌​စိုက်ထူ​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​ရ​မည်​။ ထိုအခါ လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ပြန်ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 16,
      "text": "‘​မိမိ​၏​မိဘ​ကို မထီလေးစား​ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 17,
      "text": "‘​မိမိ​အိမ်နီးချင်း​၏​နယ်နိမိတ်​မှတ်တိုင်​ကို​ရွှေ့​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 18,
      "text": "‘​မျက်စိမမြင်​သော​သူ​ကို လမ်း​လွဲ​စေ​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 19,
      "text": "‘​တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ရ​ထိုက်​သော တရားမျှတမှု​ကို ပိတ်ပင်​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 20,
      "text": "‘​မိမိ​ဖခင်​၏​မယား​နှင့်​အိပ်​ခြင်း​ဖြင့် မိမိ​ဖခင်​၏​အိပ်ရာ​ကို​ရှုတ်ချ​သော​သူ ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 21,
      "text": "‘​တိရစ္ဆာန်​တစ်ကောင်ကောင်​နှင့်​မေထုန်ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 22,
      "text": "‘​မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့် မေထုန်ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 23,
      "text": "‘​မိမိ​ယောက္ခမ​နှင့်​မေထုန်ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 24,
      "text": "‘​မိမိ​အိမ်နီးချင်း​ကို လျှို့ဝှက်​စွာ​သတ်​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 25,
      "text": "‘​အခကြေးငွေ​ယူ​၍ အပြစ်မဲ့​သော​သူ​အား သတ်​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 26,
      "text": "‘​ဤ​တရား​စကား​များ​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 1,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့​သင့်​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ထက် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 2,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လျှင် သင့်​အပေါ်​သက်ရောက်​မည့်​ကောင်းချီးမင်္ဂလာ​၊ သင်​ခံစား​ရ​မည့် ကောင်းချီးမင်္ဂလာ​အပေါင်း​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 3,
      "text": "သင်​သည် မြို့​၌ ကောင်းချီးခံစား​ရ​မည်​။ တော​၌​လည်း ကောင်းချီးခံစား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 4,
      "text": "သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​များ​ဖြစ်​သည့် သင့်​နွား​သားပေါက်​များ​၊ သင့်​သိုးဆိတ်​သားပေါက်​များ​သည် ကောင်းချီးခံစား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 5,
      "text": "သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကောင်းချီးခံစား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 6,
      "text": "သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကောင်းချီးခံစား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 7,
      "text": "ထာဝရဘုရား​သည် သင့်​ကို​ပုန်ကန်ထကြွ​သော​ရန်သူ​တို့​ကို သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​။ သူ​တို့​သည် သင့်​ထံသို့ လမ်း​တစ်လမ်းတည်း​ဖြင့် လာ​ကြ​သော်လည်း သင့်​ထံမှ လမ်း​ခုနစ်​သွယ်​ဖြင့် ထွက်ပြေး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 8,
      "text": "ထာဝရဘုရား​သည် သင်​၏​ကျီ​၌​လည်းကောင်း​၊ သင်​လုပ်ဆောင်​လေရာရာ​၌​လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်​စေ​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​ကောင်းချီးခံစား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 9,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို​စောင့်ထိန်း​၍ ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​လျှင် သင့်​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို မိမိ​အဖို့ သန့်ရှင်း​သော​လူမျိုး​အဖြစ် တည်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 10,
      "text": "သင့်​အပေါ် ထာဝရဘုရား​၏​နာမ​တော်​တည်​ကြောင်း မြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​သည် သိမြင်​၍ သင့်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 11,
      "text": "ထာဝရဘုရား​က ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ဖြင့် သင့်​ကို ထာဝရဘုရား ကောင်းစား​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ကြွယ်ဝ​သော​မိုးကောင်းကင်​ဘဏ္ဍာတိုက်​ကို ဖွင့်ပေး​တော်မူ​ပြီး သင်​၏​ပြည်​၌ မိုး​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​၍ သင်​လုပ်ဆောင်​လေရာရာ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ပေး​ရ​မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 13,
      "text": "ထာဝရဘုရား​သည် သင့်​ကို အမြီး​မ​ဖြစ်စေ​ဘဲ ခေါင်း​ဖြစ်စေ​မည်​။ သင်​သည် အောက်​၌​မ​နေ​ရ​ဘဲ ထိပ်ဆုံး​၌ နေ​ရ​လိမ့်မည်​။ ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို နားထောင်​၍ လိုက်နာ​စောင့်ထိန်း​လျှင်​၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 14,
      "text": "ငါ​မှာကြား​သည့်​စကား​တို့​မှ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​၊ အခြား​ဘုရား​များ​နောက်သို့​မ​လိုက်​၊ ထို​ဘုရား​တို့​ကို ဝတ်​မ​ပြု​လျှင် ထို​ကောင်းချီး​များ​ကို​ခံစား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 15,
      "text": "သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နား​မ​ထောင်​၊ ယနေ့ သင်​တို့​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​လျှင် သင်​တို့​အပေါ်​သက်ရောက်​မည့်​ကျိန်ခြင်းအမင်္ဂလာ​၊ သင်​တို့​ခံစား​ရ​မည့် ကျိန်ခြင်းအမင်္ဂလာ​အပေါင်း​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 16,
      "text": "သင်​သည် မြို့​၌ ကျိန်​ခြင်း​ခံရ​မည်​။ တော​၌​လည်း ကျိန်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 17,
      "text": "သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 18,
      "text": "သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​နွား​၏​သားပေါက်​များ​၊ သင့်​သိုးဆိတ်​၏​သားပေါက်​များ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 19,
      "text": "သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကျိန်ဆဲ​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 20,
      "text": "ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​တည်းဟူသော ဆိုးညစ်မှု​ကို သင်​ပြု​သောကြောင့် သင်​သည် အလျင်အမြန်​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ထာဝရဘုရား​သည် သင်​ပြုကျင့်​လုပ်ဆောင်​လေရာရာ​၌ ကျိန်ဆဲ​ခြင်း​၊ ထိတ်လန့်ချောက်ချား​ခြင်း​၊ ပြစ်တင်မောင်းမဲ​ခြင်း​တို့​ကို သင့်​အပေါ်​သို့ ကျရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 21,
      "text": "သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​မှ သုတ်သင်​မ​ခံရ​မ​ချင်း ထာဝရဘုရား​သည် သင့်​အပေါ်​၌ ကပ်ရောဂါ​ကို​စွဲကပ်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 22,
      "text": "ထာဝရဘုရား​သည် သင့်​ကို အဆုတ်ရောဂါ​ဖြစ်​ခြင်း​၊ ဖျားနာ​ခြင်း​၊ ရောင်ရမ်း​ခြင်း​၊ အဖျားကြီး​ခြင်း​၊ မိုးခေါင် ​ခြင်း​၊ လောင်မီးပိုးကျ​ခြင်း​၊ မှိုစွဲ​ခြင်း​တို့​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ထို​ဘေး​တို့​သည် သင့်​ကို​လိုက်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 23,
      "text": "သင့်​ဦးခေါင်း​အထက်​ရှိ​မိုးကောင်းကင်​သည် ကြေးနီ​ကဲ့သို့​လည်းကောင်း​၊ သင့်​အောက်​ရှိ​မြေ​သည် သံ​ကဲ့သို့​လည်းကောင်း ဖြစ်​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 24,
      "text": "ထာဝရဘုရား​သည် သင့်​ပြည်​၌​ရွာ​သော​မိုး​ကို ဖုန်မှုန့်​၊ မြေမှုန့် ဖြစ်​စေ​တော်မူ​၍ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သင့်​အပေါ် မိုးကောင်းကင်​မှ ဖုန်မှုန့်​မိုး​၊ မြေမှုန့်​မိုး​ရွာကျ​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 25,
      "text": "ထာဝရဘုရား​သည် သင့်​ရန်သူ​တို့​ရှေ့​၌ သင့်​ကို​ရှုံးနိမ့်​စေ​တော်မူ​မည်​။ သင်​သည် လမ်း​တစ်လမ်းတည်း​ဖြင့် သူ​တို့​ထံသို့​လာ​သော်လည်း သူ​တို့​ထံ​မှ လမ်း​ခုနစ်​လမ်း​ဖြင့် ထွက်ပြေး​ရ​မည်​။ မြေကြီး​ပေါ်​ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် သင်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 26,
      "text": "သင်​၏​အလောင်း​သည် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​၊ မြေ​တိရစ္ဆာန်​အမျိုးမျိုး​တို့​၏​အစာ ဖြစ်​ရ​လိမ့်မည်​။ ထို​အကောင်​တို့​ကို နှင်ထုတ်​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 27,
      "text": "ထာဝရဘုရား​သည် ကုသ​၍​မ​ရ​သော အီဂျစ်​ပြည်​အနာစိမ်း​၊ ပလိပ်နာ​၊ နှင်းခူ​၊ ယားနာ စသည်​ဖြင့် သင့်​ကို ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 28,
      "text": "ထာဝရဘုရား​သည် သင့်​ကို ရူးသွပ်​ခြင်း​၊ မျက်စိကန်း​ခြင်း​၊ စိတ်​ကယောက်ကယက်​ဖြစ်​ခြင်း​တို့​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 29,
      "text": "မျက်မမြင်​သည် စမ်းတဝါးဝါး​လိုက်စမ်း​ရ​သကဲ့သို့ သင်​သည်​လည်း မွန်းတည့်အချိန်​၌ပင် စမ်းတဝါးဝါး​လိုက်စမ်း​ရ​မည်​။ သင့်​ဘဝ​လမ်းခရီး​၌ အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ နှိပ်စက်​ခြင်း​၊ လုယူ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံ​နေ​ရ​မည်​။ သင့်​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 30,
      "text": "သင်​သည် မိန်းမ​နှင့်​စေ့စပ်​ထား​သော်လည်း အခြား​သူ​က ထို​မိန်းမ​နှင့်​အိပ်​လိမ့်မည်​။ သင်​သည် အိမ်​ကို​ဆောက်​သော်လည်း ထို​အိမ်​၌​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​ကို စိုက်ပျိုး​သော်လည်း အကျိုးခံစား​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 31,
      "text": "သင့်​နွား​ကို သင့်​ရှေ့မှောက်​၌ပင် သတ်​သော်လည်း အသား​ကို သင်​စား​ရ​မည်​မ​ဟုတ်​။ သင့်​မြည်း​ကို သင့်​ရှေ့မှောက်​၌ပင် လုယူ​သွား​သော်လည်း ထို​မြည်း​ကို သင်​ပြန်​ရ​မည်​မ​ဟုတ်​။ သင့်​သိုး​သည် ရန်သူ​လက်​သို့​ရောက်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 32,
      "text": "သင်​၏​သား​သမီး​တို့​သည် အခြား​လူမျိုး​လက်​သို့ ရောက်သွား​လိမ့်မည်​။ သို့ဖြစ်၍ သင်​၏​မျက်စိ​တို့​သည် သူ​တို့​ကို တစ်ချိန်လုံး မျှော်ကြည့်​၍ အားကုန်​လိမ့်မည်​။ သင့်​လက်​သည် အား​မ​ရှိ​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 33,
      "text": "သင့်​မြေ​၏​အသီးအနှံ​၊ သင့်​ချွေးနှဲစာ​ရှိသမျှ​တို့​ကို သင်​မ​သိ​သော​လူမျိုး​သည် စား​လိမ့်မည်​။ သင်​သည် နှိပ်စက်​ညှဉ်းဆဲ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 34,
      "text": "သင်​မြင်တွေ့​ရ​သော​အရာ​များ​ကြောင့် သင်​ရူး​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 35,
      "text": "ထာဝရဘုရား​သည် ကုသ​၍​မ​ရ​သော ဆိုးရွား​သည့်​အနာစိမ်း​များ​ဖြင့် သင့်​ဒူး​၊ သင့်​ပေါင်​တို့​ကို​သာမက ခြေ​ဖဝါး​မှစ၍ ဦးခေါင်း​တိုင်အောင် ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 36,
      "text": "ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 37,
      "text": "သင့်​အား​ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​တွင် သင်​သည် ထိတ်လန့်စရာ​၊ ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 38,
      "text": "သင်​သည် လယ်ယာ​၌​မျိုးစေ့​များစွာ​ကြဲ ​သော်လည်း ကျိုင်းကောင်​စား​သောကြောင့် အနည်းငယ်​သာ စုသိမ်း​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 39,
      "text": "သင်​သည် စပျစ်ခြံ​များ​ကို​စိုက်ပျိုး​၍ ပြုစု​သော်လည်း ပိုးကောင်​စား​သောကြောင့် စပျစ်သီး​ကို​ဆွတ်ခူး​ရ​လိမ့်မည်​မ​ဟုတ်​၊ စပျစ်ဝိုင်​ကို​သောက်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 40,
      "text": "သင့်​နယ်မြေ​တစ်ခွင်လုံး​တွင် သံလွင်ပင်​ရှိ​သော်လည်း အသီး​ကြွေကျ​သောကြောင့် သင်​သည် သံလွင်​ဆီ​ကို​လိမ်း​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 41,
      "text": "သင်​သည် သား​သမီး​များ မွေးဖွား​သော်လည်း သူ​တို့​သည် သုံ့ပန်း​အဖြစ် ခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် သင်​နှင့်အတူ​နေ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 42,
      "text": "သင့်​အပင်​၊ သင့်​မြေ​အသီးအနှံ​ရှိသမျှ​တို့​ကို ကျိုင်းကောင်​အုပ်​ကြီး ဖျက်ဆီး​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 43,
      "text": "သင့်​တွင်​ရှိ​သော တိုင်းတစ်ပါးသား​တို့​သည် သင့်​ထက် မြင့်သည်ထက်မြင့်​သွား​လိမ့်မည်​။ သင်​မူကား နိမ့်သည်ထက်နိမ့်​သွား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 44,
      "text": "သူ​သည် သင့်​အား​ချေးငှား​ပေး​လိမ့်မည်​။ သင်​မူကား သူ့​ကို​ချေးငှား​ပေး​နိုင်​မည်​မ​ဟုတ်​။ သူ​သည် ဦးခေါင်း​ဖြစ်​လိမ့်မည်​။ သင်​မူကား အမြီး​သာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 45,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နား​မ​ထောင်​၊ သင့်​အား​မိန့်မှာ​တော်မူ​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​သောကြောင့် သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ဤ​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​သည် သင့်​အပေါ်​သက်ရောက်​လိမ့်မည်​။ သင့်​ကို​လိုက်​၍​မီ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 46,
      "text": "သင်​၌​လည်းကောင်း​၊ သင်​၏​သားစဉ်မြေးဆက်​၌​လည်းကောင်း အမှတ်လက္ခဏာ​အဖြစ်​၊ အံ့ဩဖွယ်​အဖြစ် အစဉ်အမြဲ​တည်ရှိ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 47,
      "text": "သင်​သည် အရာရာ​၌​ကြွယ်ဝ​လျက်ပင် ဝမ်းမြောက်​ခြင်း​၊ စိတ်နှလုံး​ရွှင်လန်း​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​အစေ​မ​ခံ​သောကြောင့်"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 48,
      "text": "ဆာလောင်မွတ်သိပ်​ခြင်း​၊ အဝတ်အချည်းစည်း​ဖြစ်​ခြင်း​၊ အရာရာ​ချို့တဲ့​ခြင်း​တို့​ဖြင့် ထာဝရဘုရား​စေလွှတ်​တော်မူ​သော သင်​၏​ရန်သူ​ကို သင်​အစေခံ​ရ​လိမ့်မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သံ​ထမ်းပိုး​ကို သင်​၏​လည်ပင်း​ပေါ် တင်​ထား​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 49,
      "text": "ထာဝရဘုရား​သည် မြေကြီး​စွန်း​ဝေး​သော​အရပ်​မှ လူမျိုး​တစ်​မျိုး​ကို သင့်​ထံသို့​ခေါ်ဆောင်​လာ​မည်​။ ထို​လူမျိုး​သည် လင်းယုန်​ထိုးသုတ်​သကဲ့သို့ သင့်​ကို ထိုးသုတ်​လိမ့်မည်​။ သူ​တို့​၏​ဘာသာစကား​ကို သင်​နား​မ​လည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 50,
      "text": "သူ​တို့​သည် မျက်နှာ​ထား​ခက်ထန်​၍ အသက်ကြီး​သူ​ကို မ​လေးစား​၊ အသက်ငယ်သူ​ကို မ​သနား​သော လူမျိုး​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 51,
      "text": "သင်​ပျက်စီး​ခြင်း​သို့ မ​ရောက်​မ​ချင်း သူ​တို့​သည် သင်​၏​တိရစ္ဆာန်​သားပေါက်​များ​၊ မြေ​အသီးအနှံ​များ​ကို ဝါးမျို​လိမ့်မည်​။ သင်​ပျက်စီး​သွား​သည်​အထိ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားပေါက်​၊ သိုးဆိတ်​သားပေါက် တို့​ကို သင့်​အတွက် ချန်ထား​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 52,
      "text": "သင်​ယုံကြည်ကိုးစား​သော သင့်​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​၏​မြင့်မား​ခိုင်ခံ့​သော​မြို့ရိုး​များ မ​ပြိုကျ​မ​ချင်း သူ​တို့​သည် သင့်​ကို​ဝိုင်း​ထား​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​ကို သူ​တို့​ဝိုင်း​ထား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 53,
      "text": "သင့်​ရန်သူ​တို့​သည် သင့်​ကို​ဝိုင်းထား​၍ သင့်​ကို အကျပ်အတည်း​ထဲသို့ ရောက်​စေ​သောကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် သင့်​ရင်သွေး​ဖြစ်​သော သင့်​သား​သမီး​တို့​၏​အသား​ကို​ပင် သင်​ပြန်စား​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 54,
      "text": "သင့်​ရန်သူ​တို့​သည် သင့်​မြို့​အားလုံး​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် သင့်​တွင်​ရှိ​သော အလွန်​နူးညံ့​သိမ်မွေ့​သော​ယောက်ျား​ပင်လျှင် မိမိ​ညီအစ်ကို​၊ မိမိ​ရင်ခွင်​၌​ရှိ​သော​မယား​၊ ကျန်ရှိ​သော​မိမိ​သားသမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 55,
      "text": "သူ​၌​စားစရာ​တစ်စုံတစ်ခု​မျှ မ​ကျန်​တော့​သဖြင့် သူ​စား​နေ​သော သားသမီး​၏​အသား​ကို​ပင် အခြား​သူ​တစ်​ယောက်​ကို​မျှ မ​ကျွေး​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 56,
      "text": "သင့်​ရန်သူ​တို့​သည် သင့်​မြို့​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် မြေ​ပေါ်​ခြေ​မ​ချ​ဖူး​သည့် နူးညံ့​သိမ်မွေ့​သော​မိန်းမ​ပင်လျှင် မိမိ​ရင်ခွင်​၌​ရှိ​သော​ယောက်ျား​၊ မိမိ​သား​သမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 57,
      "text": "သူ​၌ စားစရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​တော့​သဖြင့် မိမိ​ဗိုက် ​ထဲမှ​ထွက်လာ​သော​အချင်း​၊ မိမိ​မွေးဖွား​သော​သားသမီး​တို့​ကို​ပင် လျှို့ဝှက်​စွာ စား​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 58,
      "text": "ဘုန်းကြီး​၍​ကြောက်မက်​ဖွယ်​ကောင်း​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို မ​ကြောက်ရွံ့​၊ ဤ​ကျမ်းစာလိပ်​၌​ရေးသား​ထား​သော တရား​စကား​ရှိသမျှ​တို့​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​လျှင်"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 59,
      "text": "ထူးဆန်း​သော​ကပ်ရောဂါ​ဖြစ်​သည့် ပြင်းထန်​သော​နာတာရှည်​ကပ်ရောဂါ​များ​၊ ဆိုးရွား​သော​နာတာရှည်​အနာရောဂါ​များ​ကို ထာဝရဘုရား​သည် သင်​နှင့်​သင့်​သားစဉ်မြေးဆက်​တို့​၌ သက်ရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 60,
      "text": "သင်​ကြောက်ရွံ့​ခဲ့​ရ​သော အီဂျစ်​ပြည်​၏​ရောဂါဝေဒနာ​ရှိသမျှ​တို့​ကို သင့်​ထံသို့​ယူဆောင်​လာ​တော်မူ​သဖြင့် သင်​၌​စွဲကပ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 61,
      "text": "ထို့ပြင် ထာဝရဘုရား​သည် ဤ​ပညတ်တရား​ကျမ်း​၌ မ​ရေးသား​ထား​သည့်​အနာရောဂါ​၊ ကပ်ရောဂါ ရှိသမျှ​တို့​ကို​လည်း သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သင့်​အပေါ်​သို့​ကျရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 62,
      "text": "သင်​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​ခဲ့​သော်လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​သောကြောင့် အနည်းငယ်​သာ အသက်ရှင်​ကျန်ရစ်​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 63,
      "text": "ထာဝရဘုရား​သည် သင့်​ကို​ကောင်းစား​စေ​၍ တိုးပွား​စေ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင့်​ကို​ဖျက်ဆီး​၍ သုတ်သင်ပယ်ရှင်း​ပစ်​ရာ​၌​လည်း ထာဝရဘုရား ဝန်လေး​တော်မူ​မည်​မ​ဟုတ် ​။ သင်​သည် သင်​ဝင်ရောက်​သိမ်းပိုက်​သည့်​ပြည်​ထဲ​မှ နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 64,
      "text": "ထာဝရဘုရား​သည် သင့်​ကို မြေကြီး​တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် လူမျိုး​တကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​တော်မူ​မည်​။ သင်​သည် ထို​အရပ်​တို့​၌ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 65,
      "text": "သင်​သည် ထို​လူမျိုး​တို့​အလယ်​တွင် သက်သာ​ရာ​မ​ရ​၊ နားစရာ​နေရာ ခြေ​တစ်ဖဝါးစာ​မျှ မ​ရှိ​။ ထို​အရပ်​၌ ထာဝရဘုရား​သည် သင့်​ကို စိတ်နှလုံး​ကြောင့်ကြ​ခြင်း​၊ မျက်စိ​အားလျော့​ခြင်း​၊ စိတ်ပျက်ဝမ်းနည်း​ခြင်း ဖြစ်စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 66,
      "text": "နောင်လာမည့်​သင့်​အသက်တာ​သည်​လည်း မရေရာမသေချာ​။ နေ့နေ့ညည ကြောက်ရွံ့​လျက်​နေ​ရ​မည်​။ ဘဝ​အာမခံချက် ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 67,
      "text": "သင့်​စိတ်​ထဲ၌​ကြောက်ရွံ့​နေ​ရ​သော​အရာ​၊ သင်​မျက်စိ​၌ မြင်​နေ​ရ​သော​အရာ​တို့​ကြောင့် နံနက်အချိန်​၌ ‘​နေဝင်ချိန်​ရောက်​ပါစေ​’ နေဝင်ချိန်​၌ ‘​နံနက်အချိန်​ရောက်​ပါစေ​’​ဟု သင်​ဆို​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 68,
      "text": "‘​ထို​လမ်း​ကို နောက်တစ်ဖန် သင်​မ​မြင်​ရ​’​ဟု သင့်​အား ငါ​ဆင့်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် သင့်​ကို အီဂျစ်​ပြည်​သို့ ထို​လမ်း​ဖြင့်​မ​ဟုတ်​ဘဲ သင်္ဘော​နှင့်​ပြန်သွား​စေ​တော်မူ​မည်​။ ထို​ပြည်​၌ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် သင့်ကိုယ်သင် သင့်​ရန်သူ​တို့​ထံသို့ ရောင်း​မည်​။ သင့်​ကို မည်သူ​မျှ​ဝယ်​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 1,
      "text": "ဟောရပ်​တောင်​၌ အစ္စရေး​အမျိုးသား​တို့​နှင့် ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​အပြင် မောဘ​ပြည်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ရန် မောရှေ​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ပဋိညာဉ်​ပါ​အချက်​များ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 2,
      "text": "မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့်တကွ သူ​၏​ပြည်​တစ်ပြည်လုံး​ကို သင်​တို့​ရှေ့မှောက်​တွင် မည်သို့​ပြု​တော်မူ​ခဲ့​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီ​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 3,
      "text": "ထိုသို့ ပြင်းထန်​သော​စုံစမ်းမှု​များ​၊ ထူးဆန်း​သော​နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို သင်​တို့​မျက်စိ​ဖြင့် တွေ့မြင်​ခဲ့​ပြီ​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 4,
      "text": "သို့သော် ယနေ့​ထိတိုင် ထာဝရဘုရား​သည် သင်​တို့​အား နားလည်​နိုင်​သော​စိတ်​၊ မြင်​နိုင်​သော​မျက်စိ​၊ ကြား​နိုင်​သော​နား​တို့​ကို ပေး​တော်​မ​မူ​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 5,
      "text": "ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သည်​ကို သင်​တို့​သိမြင်​မည့်​အကြောင်း သင်​တို့​ကို အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​ထဲ၌ ပို့ဆောင်​ခဲ့​၏​။ သင်​တို့​ကိုယ်​ပေါ်​မှ အဝတ်အစား မ​ဟောင်းနွမ်း​။ သင်​တို့​ခြေ​မှ​ဖိနပ်​သည်​လည်း မ​စုတ်​မ​ပြတ်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 6,
      "text": "သင်​တို့​သည် မုန့်​မ​စား​ခဲ့​ရ​၊ စပျစ်ဝိုင်​နှင့်​သေရည်သေရက်​လည်း မ​သောက်​ခဲ့​ရ​ကြ​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 7,
      "text": "ဤ​အရပ်​သို့ သင်​တို့​ရောက်လာ​သောအခါ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​သည် ငါ​တို့​ကို​ဆီးတား​တိုက်ခိုက်​ရန် ထွက်လာ​ကြ​၏​။ သို့သော် ငါ​တို့​သည် သူ​တို့​ကို​လုပ်ကြံ​၍"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 8,
      "text": "သူ​တို့​၏​ပြည်​ကို သိမ်းယူ​ပြီး ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​အမျိုး​တစ်ဝက်​တို့​အား အမွေ​အဖြစ်​ပေး​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 9,
      "text": "သင်​တို့​သည် ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း ဤ​ပဋိညာဉ်​ပါ​အချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 10,
      "text": "ယနေ့ သင်​တို့​အားလုံး​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် သင်​တို့​မျိုးနွယ်​များ​၏​အကြီးအမှူး​များ​၊ သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ အစ္စရေး​အမျိုးသား​အားလုံး​မှစ၍"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 11,
      "text": "သင်​တို့​၏​ကလေး​၊ သင်​တို့​၏​မယား​နှင့် သင်​တို့​တပ်စခန်း​ထဲ​ရှိ ထင်း​ခွေ​သူ​၊ ရေ​ခပ်​သူ​တိုင်းတစ်ပါးသား​များ​ပါ ရပ်​နေ​ကြ​သည်​မှာ"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 12,
      "text": "ယနေ့ သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကျိန်ဆို​၍​ပြု​တော်မူ​သော​ပဋိညာဉ်​ကို​ခံယူ​ရန် ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 13,
      "text": "သင်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​၍ သင်​တို့​အား ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်ကြောင်း​အတည်ပြု​ရန်​နှင့် ကိုယ်တော်​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​တော်မူ​ရန်​အတွက် ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 14,
      "text": "‘​ငါ​သည် ဤ​ပဋိညာဉ်​၊ ဤ​ကျိန်တွယ်​ခြင်း​ကို သင်​တို့​နှင့်​သာ​ပြု​သည်​မ​ဟုတ်​။​’"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 15,
      "text": "အကယ်စင်စစ် ယနေ့ ဤ​နေရာ​၌​ငါ​တို့​နှင့်အတူ​ရှိ​၍ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​နေ​သော​သူ​တို့​နှင့်​လည်းကောင်း​၊ ယနေ့ ဤ​နေရာ​၌​ငါ​တို့​နှင့်အတူ​မ​ရှိ​သော​သူ​တို့​နှင့်​လည်းကောင်း ပြု​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 16,
      "text": "အီဂျစ်​ပြည်​တွင် ငါ​တို့​မည်သို့​နေထိုင်​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ လမ်းခရီး​တွင် လူမျိုးခြား​တို့​အလယ်​၌ မည်သို့​ဖြတ်ကျော်​လာ​ခဲ့​ရ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 17,
      "text": "သင်​တို့​သည် သူ​တို့​၏​ရွံရှာဖွယ်​ရာ​များ​ဖြစ်​သည့် သစ်သား​ရုပ်တု​၊ ကျောက်​ရုပ်တု​၊ ရွှေ​ရုပ်တု​၊ ငွေ​ရုပ်တု​တို့​ကို တွေ့မြင်​ခဲ့​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 18,
      "text": "ယနေ့ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ စိတ်နှလုံး​လမ်းလွဲ​၍ ထို​လူမျိုး​တို့​၏​ဘုရား​များ​ကို​သွားရောက်​ဝတ်ပြု​သည့် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ​၊ မျိုးနွယ်စု​ဖြစ်စေ​၊ မျိုးနွယ်​ဖြစ်စေ သင်​တို့​တွင် မ​ရှိ​စေ​ရ​။ သင်​တို့​တွင် အဆိပ်​ရှိ​၍​ခါး​သော​အသီး​ကို သီး​စေ​သော​အမြစ်​မ​ရှိ​စေ​ရ​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 19,
      "text": "ဤ​ကျိန်ဆို​သော​စကား​များ​ကို​ကြား​သောအခါ ‘​ငါ​သည် ငါ့​စိတ်သဘော​အတိုင်း လိုက်လျှောက်​သော်လည်း ငါ​သည် ဘေးကင်း​လျက်​ရှိ​၏​’​ဟု ဆို​လျက် စိတ်​ထဲ၌ ကိုယ့်ကိုယ်ကိုယ်​ကောင်းချီးပေး​တတ်​သော​သူ​သည် ရေဝ​သော​မြေ ခြောက်သွေ့​သွား​သကဲ့သို့ ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 20,
      "text": "ထာဝရဘုရား​သည် ထို​သူ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ထာဝရဘုရား​၏​အမျက်​တော်​၊ သဝန်တိုစိတ်​သည် ထို​သူ​ကို တငွေ့ငွေ့​လောင်ကျွမ်း​မည်​။ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်​ခြင်း​ရှိသမျှ​တို့​သည် သူ့​အပေါ်​သို့ ကျရောက်​မည်​။ ထာဝရဘုရား​သည် သူ​၏​အမည်​ကို မိုးကောင်းကင်​အောက်​မှ ပယ်ဖျက်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 21,
      "text": "ထာဝရဘုရား​သည် သူ့​ကို အစ္စရေး​မျိုးနွယ်​အပေါင်း​တို့​ထဲမှ သီးခြားခွဲထား​၍ ဤ​ပညတ်တရား​ကျမ်း​၌​ရေးသား​ထား​သော​ပဋိညာဉ်​ထဲမှ​ကျိန်​ခြင်း​ရှိသမျှ​တို့​နှင့်အညီ သူ့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 22,
      "text": "သင်​၏​မျိုးဆက်​များ​ဖြစ်​သော သင်​၏​နောင်လာနောက်သား​များ​နှင့် ဝေး​သော​ပြည်​မှ​လာ​သည့်​တစ်ပါးအမျိုးသား​များ​သည် ဤ​ပြည်​အပေါ် ထာဝရဘုရား​ကျရောက်​စေ​သော ဘေးဒုက္ခ​များ​၊ အနာရောဂါ​များ​ကို မြင်​သောအခါ"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 23,
      "text": "‘​ထို​ပြည်​တစ်ပြည်လုံး​သည် ကန့်​နှင့်​ဆား မီးလောင်​ထား​သကဲ့သို့​ဖြစ်၍ မျိုးကြဲ​၍​မ​ရ​၊ အစို့အညှောက်​မ​ထွက်​နိုင်​၊ မြက်ပင်​လည်း​မ​ပေါက်​နိုင်​ဘဲ ထာဝရဘုရား​၏​ပြင်း​စွာ​သော​ဒေါသအမျက်​တော်​ဖြင့်​ဖြိုလှဲ​ခဲ့​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​၏​ပျက်စီး​ခြင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 24,
      "text": "လူမျိုး​အပေါင်း​တို့​က​လည်း ‘​ထာဝရဘုရား​သည် ဤ​ပြည်​ကို အဘယ်ကြောင့် ဤသို့​ပြု​တော်မူ​ရ​သနည်း​။ အဘယ်ကြောင့် အမျက်​တော်​မီး ကြီးစွာ​တောက်လောင်​တော်မူ​ရ​သနည်း​’​ဟု မေးမြန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 25,
      "text": "ထိုအခါ လူ​တို့​က ‘​သူ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ သူ​တို့​နှင့်​ဖွဲ့​တော်မူ​ခဲ့​သည့် ပဋိညာဉ်​ကို သူ​တို့​စွန့်ပယ်​သောကြောင့်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 26,
      "text": "သူ​တို့​သည် သူ​တို့​မ​သိ​၊ သူ​တို့​ကို မည်သည့်​အရာ​ကို​မျှ​မ​ပေး​နိုင်​သော အခြား​ဘုရား​များ​ကို သွားရောက်​ဝတ်ပြု​၍ ပျပ်ဝပ်​သောကြောင့်​လည်းကောင်း"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 27,
      "text": "ထာဝရဘုရား​သည် ဤ​ပြည်​ကို​အမျက်ထွက်​၍ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​ကို ဤ​ပြည်​အပေါ်​သို့​ကျရောက်​စေ​ခြင်း ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 28,
      "text": "ထာဝရဘုရား​သည် သူ​တို့​ကို အမျက်​ဒေါသ​ပြင်းထန်​စွာ​ဖြင့် သူ​တို့​၏​ပြည်​ထဲ​မှ နုတ်​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​ကို အခြား​သော​ပြည်​သို့ လွှင့်ပစ်​လိုက်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 29,
      "text": "ဝှက်​ထား​သော​အရာ​များ​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​ဆိုင်​၏​။ ဖော်ပြ​ထား​သော ဤ​တရား​စကား​ရှိသမျှ​ကို​လိုက်နာ​ခြင်း​သည် ငါ​တို့​မှစ၍ ငါ​တို့​၏​သားစဉ်မြေးဆက်​များ​နှင့်​ဆိုင်​၏​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 1,
      "text": "သင့်​ရှေ့​၌ ငါ​ချထား​သည့် ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​သည် သင့်​အပေါ်​သို့​ကျရောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ကို​နှင်ထုတ်​တော်မူ​ရာ​အရပ်ရပ်​ရှိ လူမျိုး​တကာ​တို့​အလယ်​တွင် ထို​အရာ​တို့​ကို သင်​ပြန်​၍​နှလုံးသွင်း​လျှင်​၊"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 2,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့ ပြန်လာ​၍ သင်​နှင့်​သင်​၏​သားသမီး​တို့​သည် ယနေ့ သင့်​အား ငါ​မိန့်မှာ​သမျှ​အတိုင်း စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စကား​တော်​ကို နားထောင်​လျှင်"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 3,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သင့်​ကို ပြန်လာ​စေ​၍ သင့်​ကို သနားစုံမက်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ကို ကွဲလွင့်​စေ​တော်မူ​ရာ​အရပ်ရပ်​ရှိ လူမျိုး​တကာ​တို့​ထံမှ ပြန်​၍​စုစည်း​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 4,
      "text": "သင်​သည် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​လျှင်ပင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​အရပ်​မှ ပြန်လည်​စုစည်း​၍ ထို​အရပ်​မှ ပြန်လည်​ခေါ်ဆောင်​လာ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 5,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ဘိုးဘေး​တို့​ပိုင်ဆိုင်​ခဲ့​သည့်​ပြည်​သို့ သင့်​ကို ပို့ဆောင်​တော်မူ​၍ သင်​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​မည်​။ သင့်​ကို​ကောင်းစား​စေ​၍ သင့်​ဘိုးဘေး​တို့​ထက် သင့်​ကို​တိုးပွား​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 6,
      "text": "သင်​သည် အသက်ရှင်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​စိတ်နှလုံး​၊ သင့်​သားမြေး​တို့​၏​စိတ်နှလုံး​အရေဖျား​ကို လှီး​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 7,
      "text": "သင့်​ရန်သူ​တို့​အပေါ်​၊ သင့်​ကို​မုန်းတီး​၍ ညှဉ်းဆဲ​သော​သူ​တို့​အပေါ် ထို​ကျိန်​ခြင်း​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကျရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 8,
      "text": "သင်​မူကား ပြန်လာ​၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 9,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​လုပ်ဆောင်​လေရာရာ​၌​အောင်မြင်​စေ​တော်မူ​မည့်​အကြောင်း​၊ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ကို​လည်း တိုးပွား​စေ​တော်မူ​မည့်​အကြောင်း​၊ ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို​ကောင်းစား​စေ​တော်မူ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင်​၌​လည်း နှစ်သက်အားရ​တော်မူ​မည့်​အကြောင်း"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 10,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ဤ​ပညတ်တရား​ကျမ်း​၌ ရေးသား​ထား​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လာ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 11,
      "text": "ယနေ့ သင့်​အား ငါ​မိန့်မှာ​သော​ပညတ်တော်​သည် သင့်​အတွက် ခက်ခဲ​လွန်း​သော​အရာ​၊ အလှမ်းဝေး​သော​အရာ မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 12,
      "text": "‘​အကျွန်ုပ်​တို့ လိုက်နာ​နိုင်​မည့်​အကြောင်း မည်သူ​သည်​ကောင်းကင်​သို့​တက်​ပြီး အကျွန်ုပ်​တို့​ထံ ယူဆောင်​လာ​၍ ပြောကြား​ပေး​မည်နည်း​’​ဟု သင်​တို့​ဆို​ရ​အောင် ကောင်းကင်​၌ ရှိ​သည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 13,
      "text": "‘​အကျွန်ုပ်​တို့ လိုက်နာ​နိုင်​မည့်​အကြောင်း မည်သူ​သည် ပင်လယ်​တစ်ဖက်​သို့​ကူး​ပြီး အကျွန်ုပ်​တို့​ထံ ယူဆောင်​လာ​၍ ပြောကြား​ပေး​မည်နည်း​’​ဟု သင်​တို့​ဆို​ရ​အောင် ပင်လယ်​တစ်ဖက်ကမ်း​၌ ရှိ​သည်​မ​ဟုတ်​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 14,
      "text": "သင်​လိုက်နာ​နိုင်​ရန် ထို​စကား​တော်​သည် သင်​၏​အနီး​၌​ရှိ​၏​။ သင်​၏​နှုတ်​၊ သင်​၏​စိတ်နှလုံး​ထဲ၌​ရှိ​၏​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 15,
      "text": "အသက်ရှင်​၍​ကောင်းစား​ခြင်း​နှင့် သေဆုံး​၍​ပျက်စီး​ခြင်း​ကို ယနေ့ သင့်​ရှေ့​၌ ငါ​ချထား​၏​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 16,
      "text": "သင်​သည် အသက်ရှင်​၍​တိုးပွား​မည့်​အကြောင်း​၊ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ လမ်း​တော်​သို့​လိုက်​လျက် ကိုယ်တော်​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​ဟု ယနေ့ သင့်​အား ငါ​မှာကြား​၏​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 17,
      "text": "သင်​သည် နာခံ​ခြင်း​မ​ရှိ​ဘဲ သွေးဆောင်​ခြင်း​ခံရ​၍ သင်​၏​စိတ်နှလုံး​သည်​လမ်းလွဲ​လျက် အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင်"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 18,
      "text": "ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​သည် အသက်​မ​ရှည်​၊ မုချ​ဖျက်ဆီး​ခြင်း​ခံရ​မည်​ဖြစ်ကြောင်း ယနေ့ သင့်​အား​ငါ​ပြောကြား​ပြီ​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 19,
      "text": "ယနေ့ ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ အသက်ရှင်​ခြင်း​နှင့်​သေ​ခြင်း​၊ ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ကို သင့်​ရှေ့​၌ ငါ​ချထား​၏​။ သို့ဖြစ်၍ သင်​နှင့်​သင်​၏​သားမြေး​တို့​အသက်ရှင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​ကို​ရွေးချယ်​လော့​။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 20,
      "text": "ထို​ပြည်​ကို သင်​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​နေထိုင်​နိုင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​နှင့်တကွ အသက်တာ​ရှည်​ခြင်း​ကို​ပေး​တော်မူ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စကား​တော်​ကို​နားထောင်​လော့​၊ ကိုယ်တော်​၌​ဆည်းကပ်​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 1,
      "text": "တစ်ဖန် မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 2,
      "text": "“​ယနေ့ ငါ​သည် အသက်​တစ်ရာ့​နှစ်ဆယ်​ရှိ​ပြီ​။ မ​သွား​မ​လာ​နိုင်​တော့​ပါ​။ ထာဝရဘုရား​က​လည်း ‘​သင်​သည် ဤ​ဂျော်ဒန်​မြစ်​ကို​မ​ကူး​ရ​’​ဟု ငါ့​အား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 3,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ကူးသွား​တော်မူ​မည်​။ ထို​လူမျိုး​တို့​ကို သင့်​ရှေ့​မှ ဖျက်ဆီး​တော်မူ​သဖြင့် သင်​သည် သူ​တို့​ကို​နှင်ထုတ်​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယောရှု​သည်​လည်း သင်​တို့​ရှေ့​မှ​ကူးသွား​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 4,
      "text": "ထာဝရဘုရား​သည် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​၊ ဩဃ​မင်းကြီး​နှင့် သူ​တို့​၏​ပြည်​ကို ဖျက်ဆီး​တော်မူ​သကဲ့သို့ ထို​လူမျိုး​တို့​ကို ပြု​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 5,
      "text": "ထာဝရဘုရား​သည် သူ​တို့​ကို သင်​တို့​၌​အပ်​တော်မူ​မည်​ဖြစ်၍ ငါ​မှာကြား​သော​ပညတ်တော်​ရှိသမျှ​အတိုင်း သူ​တို့​ကို​ပြု​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 6,
      "text": "အားယူ​၍​ရဲရင့်​ခြင်း​ရှိ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွ​တော်မူ​မည်​။ သင်​တို့​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​” ​ဟု ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 7,
      "text": "ထို့နောက် မောရှေ​သည် ယောရှု​ကို​ခေါ်​၍ အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ရှေ့​၌ သူ့​အား “​အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ အကြောင်းမူကား ထို​ပြည်​ကို ဤ​လူမျိုး​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ သင်​သည် သူ​တို့​နှင့်အတူ​ဝင်ရောက်​၍ ထို​ပြည်​ကို သူ​တို့​၏ အမွေ​ဖြစ်စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 8,
      "text": "ထာဝရဘုရား ကိုယ်တော်တိုင် သင့်​ရှေ့​မှ ကြွ​တော်မူ​မည်​။ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​” ​ဟု ပြောကြား​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 9,
      "text": "မောရှေ​သည် ဤ​ပညတ်တရားတော်​ကို ရေးသား​၍ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​သယ်ဆောင်​သော လေဝိ​အမျိုးသား​ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​အား ပေးအပ်​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 10,
      "text": "ထို့နောက် မောရှေ​က သူ​တို့​အား “​အကြွေးလျှော်ပစ်​ရန်​သတ်မှတ်​ထား​သော​နှစ်​ဖြစ်​သည့် ခုနစ်​နှစ်​ပြည့်​သော​နှစ်​၊ ယာယီတဲစု​ပွဲတော်​အချိန်​ရောက်​တိုင်း"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 11,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​သောအခါ သင်​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဤ​ပညတ်တရား​ကို သူ​တို့​ကြား​အောင် ဖတ်ကြား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 12,
      "text": "ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ သင်​တို့​၏​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​သည် ပညတ်တရား​စကား​ရှိသမျှ​တို့​ကို ကြားနာ​၍​သင်ယူ​မည့်​အကြောင်း​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ကြောက်ရွံ့​၍ ပညတ်တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သူ​တို့​ကို စုရုံး​စေ​လော့​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 13,
      "text": "ထိုသို့အားဖြင့် ဤ​ပညတ်တရား​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​တို့​ကို​လည်း ကြားနာ​စေ​ရ​မည်​။ သို့မှသာ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​သိမ်းပိုက်​မည့်​ပြည်​၌ သင်​တို့​နေထိုင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​နိုင်​ကြ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 14,
      "text": "ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​သေ​ရ​မည့်​အချိန်​နီး​ပြီ​။ ယောရှု​အား ငါ​တာဝန်ပေးအပ်​မည်​ဖြစ်၍ သူ့​ကို​ခေါ်​ပြီး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​ယောရှု​တို့​သွား​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 15,
      "text": "ထိုအခါ ထာဝရဘုရား​သည် တဲ​တော်​တွင် မိုးတိမ်​တိုင်​အားဖြင့်​ထင်ရှား​တော်မူ​၍ မိုးတိမ်​တိုင်​သည် တဲ​တော်​အဝင်ဝ​အထက်​၌ တည်​နေ​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 16,
      "text": "ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​၏​ဘိုးဘေး​တို့​နှင့်အတူ သင်​အိပ်ပျော်​ပြီး​နောက်တွင် ဤ​လူမျိုး​တို့​သည် သူ​တို့​ဝင်ရောက်​မည့်​ပြည်​ရှိ​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​နှင့် ထ​၍​ဖောက်ပြန်မှားယွင်း​ကြ​မည်​။ ငါ​ကို​စွန့်ပယ်​ကြ​မည်​။ သူ​တို့​နှင့်​ငါ​ဖွဲ့​ခဲ့​သော ပဋိညာဉ်​ကို ချိုးဖောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 17,
      "text": "ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 18,
      "text": "သူ​တို့​သည် အခြား​ဘုရား​များ​ထံသို့​လှည့်သွား​၍ သူ​တို့​ပြု​သော​မကောင်းမှု​အားလုံး​ကြောင့် ထို​နေ့ရက်​၌ စင်စစ်​ငါ​မျက်နှာ​လွှဲ​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 19,
      "text": "ယခု ဤ​သီချင်း​ကို​ရေး​ထား​၍ အစ္စရေး​အမျိုးသား​တို့​ကို​သင်ကြား​ပေး​လော့​။ ဤ​သီချင်း​သည် အစ္စရေး​အမျိုးသား​တို့​ကို ဆန့်ကျင်​သည့်​သက်သေ​ဖြစ်​သောကြောင့် သူ​တို့​ကို အလွတ်ရွတ်ဆို​စေ​လော့​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 20,
      "text": "အကြောင်းမူကား နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား ပေး​မည်​ဟု​ငါ​ကျိန်ဆို​ခဲ့​သည်​နှင့်အညီ သူ​တို့​ကို ထို​ပြည်​သို့ ငါ​ပို့ဆောင်​သဖြင့် သူ​တို့​သည် ဝလင်​စွာ​စား​ရ​၍ ကြွယ်ဝပြည့်စုံ​သောအခါ အခြား​ဘုရား​များ​ထံသို့​လှည့်သွား​၍ ဝတ်ပြု​ကြ​လိမ့်မည်​။ ငါ့​ကို​မထီလေးစား​ပြု​ကြ​လိမ့်မည်​။ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 21,
      "text": "သူ​တို့​သည် ဘေးအန္တရာယ်​နှင့် ဆင်းရဲဒုက္ခ​များစွာ ကြုံတွေ့​ရ​သောအခါ ဤ​သီချင်း​သည် သူ​တို့​ကို ဆန့်ကျင်​သော သက်သေ​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ဤ​သီချင်း​ကို​မ​မေ့လျော့​ဘဲ နှုတ်​၌​အစဉ်​ရှိ​နေ​မည်​။ သူ​တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို​မ​ပို့ဆောင်​မီ ယနေ့ သူ​တို့​ကြံစည်​နေ​သော​အကြံအစည်​ကို ငါ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 22,
      "text": "မောရှေ​သည် ထို​နေ့​၌ ဤ​သီချင်း​ကို​ရေး​ထား​၍ အစ္စရေး​အမျိုးသား​တို့​အား သင်ကြား​ပေး​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 23,
      "text": "ထို့နောက် ထာဝရဘုရား​က နုန်​၏​သား ယောရှု​အား “​အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ ထို​ပြည်​ကို အစ္စရေး​အမျိုးသား​တို့​အား ပေး​မည်​ဟု​ငါ​ကျိန်ဆို​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ သင်​သည် သူ​တို့​ကို​ပို့ဆောင်​ရ​မည်​။ ငါ​သည်​လည်း သင်​နှင့်အတူ​ရှိ​မည်​”​ဟု မိန့်မှာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 24,
      "text": "မောရှေ​သည် ဤ​တရား​စကား​များ​ကို စာအုပ်​ထဲ၌ အကုန်အစင် ရေးသား​ပြီးစီး​ပြီးမှ"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 25,
      "text": "မောရှေ​က ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​သယ်ဆောင်​သော​လေဝိ​အမျိုး​တို့​အား"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 26,
      "text": "“​ဤ​ပညတ်တရား​ကျမ်း​ကို​ယူ​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ဘေး​၌ ထား​ရ​မည်​။ သင်​တို့​ကို​ဆန့်ကျင်​သော​သက်သေ​အဖြစ် ရှိ​နေ​စေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 27,
      "text": "သင်​တို့​၏​ပုန်ကန်​တတ်​သော​သဘော​၊ ခေါင်းမာ ​တတ်​သော​သဘော​ကို ငါ​သိ​၏​။ ယနေ့ ငါ​သည် သင်​တို့​နှင့်အတူ​အသက်ရှင်​နေ​စဉ်တွင်ပင် သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​ကြ​ပြီ​။ ငါ​သေ​ပြီးလျှင် ထိုထက်မက ပုန်ကန်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 28,
      "text": "ဤ​စကား​များ​ကို သူ​တို့​ကြား​အောင် ငါ​ပြောကြား​နိုင်​မည့်​အကြောင်း​၊ ကောင်းကင်​နှင့်​မြေကြီး​ကို​တိုင်တည်​ပြီး သူ​တို့​ကို​ဆန့်ကျင်​သည့်​သက်သေ​ကို​ထူ​နိုင်​မည့်​အကြောင်း သင်​တို့​မျိုးနွယ်​များ​၏​သက်ကြီးဝါကြီး​များ​၊ သင်​တို့​၏​ကြီးကြပ်အုပ်ချုပ်သူ​များ အားလုံး​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 29,
      "text": "အကြောင်းမူကား ငါ​သေ​ပြီးလျှင် သင်​တို့​သည် လုံးလုံး​ဖောက်ပြန်​၍ ငါ​မှာကြား​ထား​သော​လမ်း​မှ​လွှဲသွား​ကြ​မည်​ကို​လည်းကောင်း​၊ နောင်​ကာလ​၌ သင်​တို့​သည် သင်​တို့​လက်​ဖြင့်​လုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​၍ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ မကောင်း​သော​အမှု​ကို​ပြု​ကြ​သဖြင့် သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​မည်​ကို​လည်းကောင်း ငါ​သိ​၏​”​ဟု ပြောကြား​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 30,
      "text": "ထို့နောက် မောရှေ​သည် အစ္စရေး​လူ​အစုအဝေး​အပေါင်း​တို့​ကြားသိ​အောင် သီချင်း​စာသား​ကို အစအဆုံး​မြွက်ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 1,
      "text": "မောရှေ​မြွက်ဆို​သည်​မှာ “​အို ကောင်းကင်​၊ စူးစိုက်​နားထောင်​လော့​။ ငါ​ပြော​မည်​။ အို မြေကြီး​၊ ငါ့​နှုတ်ထွက်​စကား​များ​ကို နားထောင်​လော့​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 2,
      "text": "ငါ့​သွန်သင်ချက်​သည် မိုးစက်​လေး​လို​တစက်စက်ကျ​ပါစေ​။ ငါ့​စကား​သည် နှင်းစက်​လေး​လို တဖွဲဖွဲ​ကျ​ပါစေ​။ မြက်နု​ပေါ်​ကျ​သော​မိုးဖွဲ​လေး​များ​လို​၊ မြက်ပင်​ပေါ်​ကျ​သော​မိုးပေါက်​လေး​များ​လို ဖြစ်​ပါစေ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 3,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ကို ငါ​ကြေညာ​မည်​ဖြစ်၍ ငါ​တို့​၏​ဘုရားသခင် ကြီးမြတ်​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 4,
      "text": "အို ကျောက်ဆောင်​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် ပြီးပြည့်စုံ​ပါ​၏​။ မှန်ပေ၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​ရှိသမျှ​တို့​သည် တရားမျှတ​ပါ​၏​။ ကိုယ်တော်​သည် မတရားမှု​ကို​မ​ပြု​၊ သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​မှန်ကန်​သော​ဘုရား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 5,
      "text": "သူ​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ ကိုယ်တော်​၏​သားသမီး​များ​မ​ဟုတ်​တော့​ပါ​။ အနာအဆာ​ရှိ​သော​သူ​များ ဖြစ်​ကြ​၏​။ ကောက်ကျစ်​၍​မရိုးဖြောင့်​သော​မျိုးဆက်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 6,
      "text": "အို မိုက်မဲ​သော​လူမျိုး​၊ ပညာမဲ့​သော​လူမျိုး​၊ ဤနည်းဖြင့် ထာဝရဘုရား​ကို ကျေးဇူးဆပ်​ရ​သလော​။ ကိုယ်တော်​သည် သင်​၏​ဖခင်​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင် ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သင့်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 7,
      "text": "လွန်လေပြီး​သော​နေ့ရက်​များ​ကို အောက်မေ့​လော့​။ လွန်လေပြီး​သော​နှစ်​များ​ကို ဆင်ခြင်သုံးသပ်​လော့​။ သင့်​ဖခင်​ကို မေး​လော့​။ သင့်​ကို ရှင်းပြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​ကို မေး​လော့​။ သင့်​ကို ပြောပြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 8,
      "text": "အမြင့်ဆုံး​သော​အရှင်​သည် လူ​တို့​ကို အမွေခွဲဝေ​ပေး​သောအခါ​၊ လူသား​တို့​ကို နေရာ​ပိုင်းခြား​သောအခါ အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​အတိုင်း နယ်နိမိတ်​များ​ကို သတ်မှတ်​ပေး​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 9,
      "text": "ထာဝရဘုရား​၏​ဝေစု​ကား မိမိ​လူမျိုး​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​အမွေ​ဝေစု​ကား ယာကုပ်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 10,
      "text": "ကိုယ်တော်​သည် သူ့​ကို တောကန္တာရ​အရပ်​၊ လေထန်​သော​ကန္တာရ​လွင်တီးခေါင်အရပ်​၌​တွေ့​သောအခါ သူ့​ကို​ကာကွယ်​စောင်မ​လျက် မျက်စိ​သူငယ်အိမ်​ကဲ့သို့​စောင့်ရှောက်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 11,
      "text": "လင်းယုန်​သည် မိမိ​အသိုက်​ကို​လှုပ်ခါ​၍ မိမိ​သားငယ်​တို့​အပေါ်​ပျံဝဲ​လျက်​၊ မိမိ​တောင်ပံ​ကို​ဖြန့်​လျက်​၊ သားငယ်​တို့​ကို​ချီယူ​ပြီး မိမိ​တောင်ပံ​ပေါ်တွင်​သယ်ဆောင်​သွား​သကဲ့သို့"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 12,
      "text": "သူ့​ကို​ပို့ဆောင်​ပေး​သူ​မှာ တိုင်းတစ်ပါးသား​၏​ဘုရား​မ​ဟုတ်​၊ ထာဝရဘုရား​တစ်ပါးတည်း​သာလျှင် ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 13,
      "text": "ကိုယ်တော်​သည် သူ့​ကို မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာ​ချထား​၍ သူ​သည် လယ်ယာ​သီးနှံ​ကို​စား​ရ​၏​။ ကိုယ်တော်​သည် သူ့​ကို ကျောက်တောင်​ထဲမှ​ပျားရည်​ဖြင့်​လည်းကောင်း​၊ မီးခတ်​ကျောက်ဆောင်​ထဲမှ​ဆီ​ဖြင့်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 14,
      "text": "နွား​မှ​ရ​သော​ထောပတ်​၊ သိုး​မှ​ရ​သော​သိုး​နို့​၊ သိုးသငယ်​အဆီ ​၊ ဗာရှန်​ပြည်​သိုးထီး​၊ ဆိတ်ထီး​နှင့်တကွ အကောင်းဆုံး​ဂျုံ​ဖြင့်​လည်းကောင်း ကျွေးမွေး​တော်မူ​၏​။ စပျစ်​သွေး​တည်းဟူသော​ဝိုင်နီ​ကို​လည်း သောက်​ရ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 15,
      "text": "အို ယေရှုရုန်​၊ သင်​သည် ဝဖြိုး​လာ​သဖြင့် ခြေစုံကန်​လေ​ပြီ​။ ဝဖြိုး​တုတ်ခဲ​ပြီး ဖောင်းကား​လာ​သောအခါ မိမိ​ကို​ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​ကို ပစ်ပယ်​လေ​ပြီ​။ မိမိ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ကို မထီမဲ့မြင်ပြု​လေ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 16,
      "text": "အခြား​သော​ဘုရား​များ​ဖြင့် ကိုယ်တော်​ကို သဝန်တို​စေ​ပြီ​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ကိုယ်တော်​ကို အမျက်ထွက်​စေ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 17,
      "text": "ဘုရားသခင် မ​ဟုတ်​သော နတ်ဆိုး​များ​ကို ပူဇော်​ကြ​ပြီ​။ သူ​တို့​မ​သိ​သော​ဘုရား​၊ နောက်​မှ​ပေါ်လာ​သော​ဘုရား​အသစ်​၊ ဘိုးဘေး​တို့​မ​ကြောက်​သော​ဘုရား တို့​ကို ပူဇော်​ကြ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 18,
      "text": "သင်​၏​မွေးသဖခင်​ကျောက်ဆောင် ​ကို သင်​သတိမရ​၊ သင့်​ကို​မွေးဖွား​တော်မူ​သော​ဘုရားသခင်​ကို သင်​မေ့လျော့​လေ​ပြီ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 19,
      "text": "ထာဝရဘုရား မြင်​တော်မူ​လျှင် မိမိ​သား​သမီး​တို့​ကို အမျက်ထွက်​၍ ပစ်ပယ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 20,
      "text": "‘​သူ​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်​ကို ငါ​စောင့်ကြည့်​မည်​။ သူ​တို့​သည် ဖောက်ပြန်​တတ်​သော​မျိုးဆက်​၊ သစ္စာ​မ​ရှိ​သော​သားသမီး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 21,
      "text": "သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​ဖြင့် ငါ့​ကို သဝန်တို​စေ​ကြ​ပြီ​။ အချည်းနှီး​သော​အရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​ပြီ​။ သို့ဖြစ်၍ ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​ဖြင့် သူ​တို့​ကို သဝန်တို​စေ​မည်​။ မိုက်မဲ​သော​လူမျိုး​ဖြင့် သူ​တို့​ကို အမျက်ထွက်​စေ​မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 22,
      "text": "ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​အပေါ် ဘေးအန္တရာယ်​များ​ကို စုပြုံကျရောက်​စေ​မည်​။ ငါ့​မြား​တို့​ကို သူ​တို့​ထံ အကုန်​ပစ်လွှတ်​မည် ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 24,
      "text": "သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​၍​ပိန်ချုံး​သွား​မည်​။ ပူလောင်​ခြင်း​၊ ဆိုးရွား​သော​ဘေးဥပဒ်​တို့​၏​ဝါးမျို​ခြင်း​ခံရ​မည်​။ သားရဲ​အစွယ်​၊ မြေ​ပေါ်​တွားသွား​သော​သတ္တဝါ​အဆိပ်​ကို သူ​တို့​ထံ ငါ​စေလွှတ်​မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 25,
      "text": "အိမ်ပြင်​၌ ဆွေမျိုးရင်းချာ​တို့​သည် ဓား​ဖြင့်​ဆုံး​လိမ့်မည်​။ အိမ်တွင်း​၌ ဆံပင်ဖြူ​သူ​မှစ၍ နို့စို့ကလေးငယ်​၊ လူပျို​၊ အပျို​တို့​သည် ကြောက်ရွံ့ထိတ်လန့်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 26,
      "text": "“ငါ​သည် သူ​တို့​ကို​ကွဲလွင့်​စေ​မည်​။ သူ​တို့​၏​အမှတ်ရစရာ​ကို လူ​တို့​ကြားမှ ကွယ်ပျောက်​စေ​မည်”​ဟု ငါ​မိန့်ဆို​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 27,
      "text": "သို့သော် သူ​တို့​ကို​ရန်ပြု​သော​သူ​တို့​၏​ရန်သူ​တို့​သည် ထောင်လွှား​လာ​ပြီး “ဤ​အမှု​အလုံးစုံ​ကို ထာဝရဘုရား​ပြု​တော်မူ​သည်​မ​ဟုတ်​၊ ငါ​တို့​လက်​ဖြင့် အောင်မြင်​ခဲ့​သည်”​ဟု အထင်လွဲ​၍ ဆို​လာ​မည်​ကို စိုးရိမ်​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 28,
      "text": "အကယ်စင်စစ် သူ​တို့​သည် အကြံဉာဏ်​မ​ရှိ​သော​လူမျိုး​၊ ထိုးထွင်းဉာဏ်​လည်း​မ​ရှိ​သော​လူမျိုး​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 29,
      "text": "သူ​တို့​သည် ဉာဏ်ပညာရှိ​လျှင် ဤ​အမှု​ကို​နားလည်​ကြ​လိမ့်မည်​။ သူ​တို့​၏​နိဂုံး​ကို​ဆင်ခြင်​မိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 30,
      "text": "သူ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​ကို​ရောင်း​ပစ်​တော်​မ​မူ​လျှင်​၊ ထာဝရဘုရား​သည် သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​လျှင် လူ​တစ်​ယောက်​သည် လူ​တစ်ထောင်​ကို မည်သို့​လိုက်​နိုင်​မည်နည်း​။ လူ​နှစ်​ယောက်​သည် လူ​တစ်သောင်း​ကို မည်သို့​ထွက်ပြေး​စေ​နိုင်​မည်နည်း​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 31,
      "text": "ငါ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​၏​ကျောက်ဆောင်​နှင့်​မ​တူ​ကြောင်း​ကို ငါ​တို့​၏​ရန်သူ​တို့​ပင် အသိအမှတ်​ပြု​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 32,
      "text": "သူ​တို့​၏​စပျစ်​မျိုး​သည် သောဒုံ​စပျစ်​မျိုး​၊ ဂေါမောရ​ခြံ​မှ​စပျစ်​မျိုး​ဖြစ်​၏​။ သူ​တို့​၏​စပျစ်သီး​သည် အဆိပ်​ရှိ​သော​စပျစ်သီး​ဖြစ်​၏​။ သူ​တို့​၏​စပျစ်ခိုင်​သည် ခါး​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 33,
      "text": "သူ​တို့​၏​စပျစ်ဝိုင်​သည် မြွေနဂါး​၏​အဆိပ်​၊ မြွေဟောက်​၏​ပြင်းထန်​သော​အဆိပ်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 34,
      "text": "ဤ​အမှု​ကို ငါ့​ထံ၌​သိမ်းဆည်း​ထား​၏​။ တံဆိပ်ခတ်​ပြီး သိုလှောင်ခန်း​၌​သို​ထား​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 35,
      "text": "လက်စားချေ​ခြင်း​၊ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏​။ သူ​တို့​သည် အချိန်တန်​လျှင် ခြေ​ချော်​လိမ့်မည်​။ သူ​တို့​၏​ဘေးဒုက္ခ​နေ့ရက်​သည်​နီး​ပြီ​။ သူ​တို့​ကြုံ​ရ​မည့်​အမှု​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 36,
      "text": "ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​တို့ ခွန်အား​ကုန်ခန်း​၍ အချုပ်အနှောင်​ခံရ​သော​သူ​နှင့် လွတ်လပ်​သော​သူ​ပါ တစ်ယောက်​မျှ​မ​ကျန်​တော့​သည်​ကို မြင်​သောအခါ မိမိ​လူမျိုး​တော်​အတွက် တရားစီရင်​တော်မူ​မည်​။ မိမိ​အစေအပါး​တို့​ကို သနား​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 37,
      "text": "ကိုယ်တော်​က ‘​သူ​တို့​ခိုလှုံ​ရာ​ကျောက်ဆောင်​ဖြစ်​သော သူ​တို့​ဘုရား​များ​ကား အဘယ်မှာ​ရှိ​သနည်း​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 38,
      "text": "ထို​ဘုရား​တို့​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​၏​အဆီ​ကို​စား​၍ သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​စပျစ်ဝိုင်​ကို​သောက်​ကြ​၏​။ ထို​ဘုရား​တို့​သည် သင်​တို့​ကို ထ​၍​ကူညီမစ​ပါလေစေ​။ သင်​တို့​ကို ကွယ်ကာ​ပါလေစေ​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 39,
      "text": "ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 40,
      "text": "ငါ့​လက်​ကို​ကောင်းကင်​သို့​မြှောက်​လျက် “ငါ​သည် ထာဝရ​အသက်ရှင်​တော်မူ​သည်​နှင့်အညီ"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 41,
      "text": "လင်းလက်​သော​ငါ့​ဓား​ကို ငါ​သွေး​မည်​။ ထို​ဓား​ကို​ကိုင်​၍ တရားစီရင်​မည်​။ ငါ့​ကို​ရန်ပြုသောသူ​တို့​ကို​လက်စားချေ​မည်​။ ငါ့​ကို​မုန်းတီး​သော​သူ​တို့​ကို လက်တုံ့ပြန်​မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 42,
      "text": "ငါ့​မြား​တို့​ကို သွေး​ဖြင့်​ယစ်မူး​စေ​မည်​။ ငါ့​ဓား​သည် အသား​ကို​စား​မည်​။ အသတ်ခံရ​သူ​၊ အဖမ်းဆီးခံရသူ​တို့​၏​သွေး​ကို​သောက်​မည်​။ ရန်သူ့​ခေါင်းဆောင်​တို့​၏​ဦးခေါင်း​ကို​လည်း စား​မည်”​ဟူ၍ ငါ​ကျိန်ဆို​သည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 43,
      "text": "အို လူမျိုး​အပေါင်း​တို့​၊ လူမျိုး​တော်​နှင့်အတူ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​အစေအပါး​တို့​၏​သွေး​အတွက်​လက်တုံ့ပြန်​မည်​။ မိမိ​ကို​ရန်ပြုသောသူ​တို့​အား လက်စားချေ​တော်မူ​မည်​။ ပြည်​တော်​၊ လူမျိုး​တော်​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​မည်​”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 44,
      "text": "ထို့နောက် မောရှေ​သည် နုန်​၏​သား ယောရှု​နှင့်အတူ လာ​၍ ဤ​သီချင်း​စာသား​ရှိသမျှ​တို့​ကို လူ​တို့​ကြား​အောင် ရွတ်ဆို​ပြ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 45,
      "text": "မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား ဤ​သီချင်း​စာသား​ရှိသမျှ​တို့​ကို မြွက်ဆို​ပြ​ပြီး​နောက်"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 46,
      "text": "“​ယနေ့ သင်​တို့​အား ငါ​သတိပေး​သော​စကား​ရှိသမျှ​တို့​ကို နှလုံးသွင်း​ကြ​လော့​။ ဤ​တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သင်​တို့​၏​သားသမီး​တို့​ကို မှာကြား​ကြ​လော့​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 47,
      "text": "ဤ​တရားစကား​သည် သင်​တို့​အဖို့ အချည်းနှီး​စကား​မ​ဟုတ်​။ သင်​တို့​၏​အသက်​ဖြစ်​၏​။ ဤ​တရားစကား​ကို စောင့်ထိန်း​ခြင်း​ဖြင့် သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သိမ်းပိုက်​မည့်​ပြည်​၌ အသက်​ရှည်ရှည်​နေထိုင်​ရ​မည်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 48,
      "text": "ထို​နေ့​၌​ပင် ထာဝရဘုရား​က မောရှေ​အား"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 49,
      "text": "“​ဂျေရိခေါ​မြို့​တစ်ဖက်​၊ မောဘ​ပြည်​အာဗရိမ်​တောင်တန်း​ရှိ နေဗော​တောင်​သို့ တက်သွား​၍ အစ္စရေး​အမျိုးသား​တို့​အား ငါ​အပိုင်​ပေး​သော ခါနာန်​ပြည်​ကို ကြည့်ရှု​လော့​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 50,
      "text": "သင့်​အစ်ကို​အာရုန်​သည် ဟောရ​တောင်​ပေါ်၌​သေဆုံး​၍ မိမိ​လူမျိုး​စုစည်း​ရာ​သို့​သွား​ရ​သည့်​နည်းတူ သင်​သည်​လည်း ဤ​တောင်​ပေါ်၌ သေဆုံး​ရ​မည်​။ သင့်​လူမျိုး​စုစည်း​ရာ​သို့​သွား​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 51,
      "text": "အကြောင်းမှာ သင်​တို့​သည် ဇိန​တောကန္တာရ​၊ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​တွင် ငါ့​ကို​ပြစ်မှား​၍ ငါ​သန့်ရှင်း​ကြောင်း​ကို အစ္စရေး​အမျိုးသား​တို့​အလယ်​၌ အသိအမှတ်​မ​ပြု​ကြ​သောကြောင့် ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 52,
      "text": "ထို့ကြောင့် သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​၊ အဝေး​မှသာ​တွေ့မြင်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 1,
      "text": "ဘုရားသခင်​၏​လူ​မောရှေ မ​ကွယ်လွန်​မီ အစ္စရေး​အမျိုးသား​တို့​အား ပေး​ခဲ့​သော ကောင်းချီးမင်္ဂလာ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 2,
      "text": "မောရှေ​က “​ထာဝရဘုရား​သည် သိနာ​တောင်​မှ ကြွလာ​တော်မူ​၏​။ စိရ​တောင်​မှ ထွန်းလင်း​တော်မူ​၏​။ ပါရန်​တောင်​မှ ရောင်ခြည်လွှတ်​တော်မူ​၏​။ လက်ယာ​လက်​တော်​၌ ဥပဒေသမီး​ပါ​လျက် သန့်ရှင်း​သူ​အထောင်အသောင်း​တို့​နှင့် ကြွလာ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 3,
      "text": "အကယ်စင်စစ် လူမျိုး​တော်​ကို​ချစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည် ကိုယ်တော့်​လက်​တော်​၌​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌ ထိုင်​လျက် ကိုယ်တော်​၏​စကား​တော်​တို့​ကို ခံယူ​ကြ​ပါ​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 4,
      "text": "မောရှေ​သည် ယာကုပ်​အမျိုး​တို့​ပိုင်ဆိုင်​ရာ​ပညတ်တရား​ကို ငါ​တို့​အား ပေး​ထား​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 5,
      "text": "လူမျိုး​တော်​အကြီးအမှူး​တို့​သည် အစ္စရေး​မျိုးနွယ်​တို့​နှင့်အတူ စုဝေး​ကြ​သောအခါ ကိုယ်တော်​သည် ယေရှုရုန်​အမျိုး​၌ ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 6,
      "text": "ရုဗင်​အမျိုး​သည် အသက်ချမ်းသာ​ရာ​ရ​ပါစေသော​။ မ​သေ​ပါစေ​နှင့်​။ သူ​၏​လူ​ဦးရေ​များ​ပါစေ​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 7,
      "text": "ယုဒ​အမျိုး​ကို​ကား​၊ အို ထာဝရဘုရား​၊ ယုဒ​တောင်းလျှောက်သံ​ကို နားညောင်း​တော်မူ​၍ သူ့​လူမျိုး​တို့​ထံသို့ သူ့​ကို ပို့ဆောင်​တော်မူ​ပါ​။ သူ​သည် သူ့ကိုယ်သူ ခုခံကာကွယ်​ရ​ပါ​၏​။ သူ့​ကို​ရန်ပြုသောသူ​တို့​လက်​မှ ကိုယ်တော်​သည် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါစေသော​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 8,
      "text": "လေဝိ​အမျိုး​ကို​ကား​၊ ကိုယ်တော်​၏​သုမိမ်​နှင့်​ဥရိမ်​သည် မဿာ​အရပ်​၌ ကိုယ်တော်​စမ်းသပ်​သော​၊ မေရိဘ​စမ်းရေ​နား​၌ ကိုယ်တော်​ရန်တွေ့​သော ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ​ရှိ​ပါစေသော​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 9,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို​လိုက်နာ​၍ ကိုယ်တော်​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​သောကြောင့် ကိုယ့်​မိဘ​ကို​ပင်လျှင် ‘သူ​တို့​ကို ငါ​ဂရု​မ​စိုက်’​ဟု ဆို​၏​။ မိမိ​ညီအစ်ကို​ကို​လည်း အသိအမှတ်​မ​ပြု​၊ မိမိ​သားသမီး​တို့​ကို​လည်း မသိကျိုးကျွန်​ပြု​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 10,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ ကိုယ်တော်​၏​တရားတော်​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း သွန်သင်ပြသ​ပေး​လိမ့်မည်​။ သူ​တို့​သည် နံ့သာပေါင်း​ကို ရှေ့​တော်​၌​လည်းကောင်း​၊ တစ်ကောင်လုံး​ရှို့​ရ​သော​ယဇ်​ကို ယဇ်ပလ္လင်​တော်​ပေါ်၌​လည်းကောင်း ပူဇော်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ သူ​၏​ဥစ္စာပစ္စည်း​ကို​ကောင်းချီးပေး​တော်မူ​၍ သူ​လုပ်ဆောင်​သော​အမှု​ကို​လက်ခံ​တော်မူ​ပါ​။ သူ့​ကို​ဆန့်ကျင်​သော​သူ​၊ သူ့​ကို​မုန်း​သော​သူ​တို့ ပြန်၍​မ​ထ​နိုင်​အောင် သူ​တို့​ခါး​ကို ချိုး​တော်မူ​ပါ​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 12,
      "text": "ဗင်္ယာမိန်​အမျိုး​ကို​ကား​၊ ထာဝရဘုရား​ချစ်​တော်မူ​သော​ဗင်္ယာမိန်​သည် အထံ​တော်​၌ လုံခြုံ​စွာ​နေ​ရ​ပါစေသော​။ ကိုယ်တော်​သည် သူ့​ကို​အစဉ်အမြဲ​ကွယ်ကာ​တော်မူ​၍ သူ​၏​ပခုံး​ပေါ်တွင် ကိန်းဝပ်​တော်မူ​ပါစေသော​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 13,
      "text": "ယောသပ်​အမျိုး​ကို​ကား​၊ သူ​၏​ပြည်​သည် ကောင်းကင်​ရတနာ​ဖြစ်​သော​နှင်း​အားဖြင့်​လည်းကောင်း​၊ အောက်​အရပ်​၌​ဝပ်​နေ​သည့်​နက်ရှိုင်း​သော​ရေထု​အားဖြင့်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 14,
      "text": "နေ​ရတနာ​၏​အကျိုးကျေးဇူး​အားဖြင့်​လည်းကောင်း​၊ လ​ရတနာ​၏​အသီးအပွင့်​အားဖြင့်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 15,
      "text": "ရှေးကတည်းက​တည်ရှိ​သော​တောင်တန်း​တို့​၏​အကောင်းဆုံးအရာ​အားဖြင့်​လည်းကောင်း​၊ ထာဝရ​တည်​သော​တောင်ကုန်း​တို့​၏​ရတနာ​အားဖြင့်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 16,
      "text": "မြေကြီး​ရတနာ​၊ မြေကြီး​၏​ကြွယ်ဝ​ခြင်း​အားဖြင့်​လည်းကောင်း​၊ မီးတောက်​နေ​သော​ချုံပုတ်​၌​ကိန်းဝပ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​အားဖြင့်​လည်းကောင်း ယောသပ်​၏​ဦးခေါင်း​၊ ညီအစ်ကို​တို့​တွင် အကြီးအကဲ​ဖြစ်​သော​ယောသပ်​၏​ဦးထိပ်​ပေါ်၌ ထာဝရဘုရား​ထံ​တော်​မှ​ကောင်းချီး​သက်ရောက်​ပါစေသော​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 17,
      "text": "သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုးတကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​အမျိုး​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​အမျိုး ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 18,
      "text": "ဇာဗုလုန်​အမျိုး​ကို​ကား​၊ အို ဇာဗုလုန်​အမျိုး​၊ သင်​ကုန်သွယ်သွား​ရာ​၌ ဝမ်းမြောက်​လော့​။ အို ဣသခါ​အမျိုး​၊ တဲ​၌​နေ​လျက် ဝမ်းမြောက်​လော့​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 19,
      "text": "သူ​တို့​သည် ပင်လယ်​၏​ကြွယ်ဝခြင်း​ကို​လည်းကောင်း​၊ သဲ​ထဲ၌​မြုပ်​နေ​သည့်​ရတနာ​ကို​လည်းကောင်း စုပ်ယူ​ရရှိ​သည်​ဖြစ်၍ လူမျိုးတကာ​တို့​ကို တောင်​ပေါ်သို့​ခေါ်သွား​ပြီး ထို​အရပ်​၌ ဖြောင့်မတ်​ခြင်း​ယဇ်​ကို ပူဇော်​ကြ​လိမ့်မည်​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 20,
      "text": "ဂဒ်​အမျိုး​ကို​ကား​၊ ဂဒ်​အမျိုး​၏​နယ်မြေ​ကို​ကျယ်ဝန်း​စေ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​ပါစေသော​။ ဂဒ်​အမျိုး​သည် ခြင်္သေ့​ကဲ့သို့​အောင်း​၍ လက်မောင်း​နှင့် ဦးခေါင်း​တို့​ကို ကိုက်ဖြဲ​တတ်​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 21,
      "text": "သူ​သည် မိမိ​အဖို့​အကောင်းဆုံး​ကို​ရွေးချယ်​၏​။ ခေါင်းဆောင်​ဝေစု​ကို​ရယူ​ထား​၏​။ လူမျိုး​၏​အကြီးအမှူး​ထံသို့​လာ​၍ အစ္စရေး​လူမျိုး​တို့​နှင့်အတူ ထာဝရဘုရား​၏​ဖြောင့်မတ်​ခြင်း​တရား​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ဆောင်ရွက်​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 22,
      "text": "ဒန်​အမျိုး​ကို​ကား​၊ ဒန်​အမျိုး​သည် ဗာရှန်​ပြည်​မှ​ခုန်​ထွက်လာ​သည့် ခြင်္သေ့​သားပေါက်​ဖြစ်​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 23,
      "text": "နဿလိ​အမျိုး​ကို​ကား​၊ အို နဿလိ​အမျိုး​၊ ကျေးဇူး​တော်​နှင့်​ကြွယ်ဝ​လျက်​၊ ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​နှင့်​ပြည့်စုံ​လျက် အနောက်ဘက်​၊ တောင်ဘက် နယ်မြေ​တို့​ကို​သိမ်းပိုက်​လော့​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 24,
      "text": "အာရှာ​အမျိုး​ကို​ကား​၊ အာရှာ​အမျိုး​သည် သားသမီး​များစွာ​ထွန်းကား​သော​ကောင်းချီး​ကို​ခံစား​ရ​၏​။ သူ​၏​ညီအစ်ကို​တို့​သည် သူ့​ကို ချစ်မြတ်နိုး​ပါစေ​။ သူ​သည် ခြေ​ကို​ဆီ​၌​နှစ်​ရ​ပါစေ​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 25,
      "text": "သင်​၏​တံခါးကျင်​တို့​သည် သံ​နှင့်​ကြေးနီ​ဖြစ်​မည်​။ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လုံခြုံ​စွာ​နေ​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 26,
      "text": "အို ယေရှုရုန်​၊ သင်​၏​ဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​ရန် မိုးကောင်းကင်​ကို​စီးနင်း​တော်မူ​၏​၊ မိမိ​အာနုဘော်​တော်​ဖြင့်​မိုးတိမ်​ကို စီးနင်း​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 27,
      "text": "ထာဝရအရှင် ဘုရားသခင်​သည် သင်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။ ထာဝရ​လက်ရုံး​တော်​ဖြင့် သင့်​ကို​ထောက်မ​တော်မူ​၏​။ ရန်သူ​ကို သင့်​မျက်စိ​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ‘​ဖျက်ဆီး​လော့​’​ဟု မိန့်​တော်မူ​မည်​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 28,
      "text": "အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​ဖြင့် တသီးတခြား​နေထိုင်​ရ​မည်​။ ယာကုပ်​အမျိုးအနွယ်​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ပေါများ​ရာ​အရပ်​၊ ကောင်းကင်​မှ နှင်း​တဖွဲဖွဲကျ​ရာ​အရပ်​၌ နေထိုင်​ရ​မည်​။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 29,
      "text": "အို အစ္စရေး​လူမျိုး​၊ သင်​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကယ်တင်​တော်မူ​သော​လူမျိုး​၊ သင်​နှင့်​မည်သူ​တူ​သနည်း​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​သော​ဒိုင်းလွှား​၊ သင်​ဂုဏ်ယူဝါကြွား​ရာ​ဓား ဖြစ်​တော်မူ​၏​။ သင်​၏​ရန်သူ​တို့​သည် သင့်​ရှေ့​၌​ခယဝပ်တွား​ကြ​ရ​လိမ့်မည်​။ သင်​သည် သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို နင်း​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 1,
      "text": "ထို့နောက် မောရှေ​သည် မောဘ​လွင်ပြင်​မှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင်​၊ နေဗော​တောင်​ဟု​ခေါ်​သော ပိသဂါ​တောင်​ထိပ်​ပေါ်သို့ တက်သွား​လေ​၏​။ ထာဝရဘုရား​သည် သူ့​အား ဂိလဒ်​ပြည်​မှ ဒန်​မြို့​တိုင်အောင်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 2,
      "text": "နဿလိ​ပြည်​တစ်လျှောက်လုံး​၊ ဧဖရိမ်​နှင့်​မနာရှေ​ပြည်​၊ ယုဒ​ပြည်​တစ်လျှောက်လုံး​မှစ၍ အနောက်ဘက် ပင်လယ်​တိုင်အောင်​လည်းကောင်း​၊"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 3,
      "text": "နေဂေ့​အရပ်​နှင့် စွန်ပလွံ​မြို့​ဟု​ခေါ်​သော​ဂျေရိခေါ​မြို့​၏​ချိုင့်ဝှမ်း​ဒေသ​မှ ဇောရ​မြို့​တိုင်အောင်​လည်းကောင်း ပြည်​တစ်ပြည်လုံး​ကို ပြ​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 4,
      "text": "ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​သည်​နှင့်အညီ ဤ​ပြည်​ကား ‘သင်​၏​သားစဉ်မြေးဆက်​တို့​အား ငါ​ပေး​မည်​’​ဟု ကတိထား​သော​ပြည်​ဖြစ်​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​ခွင့်​ကို ငါ​ပေး​သော်လည်း သင်​သည် ထို​ပြည်​သို့​ကူးသွား​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 5,
      "text": "ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် မောဘ​ပြည်​ရှိ ထို​တောင်​ပေါ်၌​သေဆုံး​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 6,
      "text": "ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင် မောဘ​ပြည်​ရှိ​ချိုင့်ဝှမ်း​၌ သူ့​ကို သင်္ဂြိုဟ်​တော်မူ​၏​။ သူ့​ကို​သင်္ဂြိုဟ်သောနေရာ​ကို ယနေ့​တိုင်အောင် မည်သူ​မျှ​မ​သိ​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 7,
      "text": "မောရှေ​သေဆုံး​သောအခါ အသက်​တစ်ရာ့​နှစ်ဆယ်​ရှိ​၏​။ သူ​၏​မျက်စိ​မ​မှုန်​၊ သူ​၏​ခွန်အား​လည်း မ​လျော့​သေး​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 8,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောဘ​လွင်ပြင်​၌ မောရှေ​အတွက် ရက်​ပေါင်း​သုံးဆယ်​ငိုကြွေး​ကြ​၏​။ ဤသို့ဖြင့် မောရှေ​အတွက် ငိုကြွေး​မြည်တမ်း​သော​နေ့ရက်​များ​ပြီးဆုံး​လေ​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 9,
      "text": "မောရှေ​သည် နုန်​၏​သား ယောရှု​အပေါ် လက်တင်​ခဲ့​သောကြောင့် ယောရှု​သည် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​စကား​ကို​နားထောင်​၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​ပြု​ကြ​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 10,
      "text": "ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 11,
      "text": "ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့် သူ​၏​ပြည်သား​အပေါင်း​တို့​ရှေ့​တွင် နိမိတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု ရှိသမျှ​တို့​ကို​ပြု​ရန် ထာဝရဘုရား​သည် မောရှေ​အား အီဂျစ်​ပြည်​သို့ စေလွှတ်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 12,
      "text": "မောရှေ​သည်​လည်း တန်ခိုးကြီး​သော​အမှု​ရှိသမျှ​၊ ကြီးမား​ကြောက်ရွံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​ရှေ့မှောက်​၌ ပြု​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 1,
      "text": "ထာဝရဘုရား​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီးသည့်နောက် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​အား ထာဝရဘုရား​က"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 2,
      "text": "“​ငါ​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီ​။ ထို့ကြောင့် သင်​နှင့်​ဤ​လူ​အပေါင်း​တို့​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ကြ​လော့​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 3,
      "text": "မောရှေ​အား ငါ​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​ခြေချ​လေ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​အား​ငါ​ပေး​မည်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 4,
      "text": "သင်​တို့​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ် ​ကြီး​တစ်လျှောက် ဟိတ္တိ​ပြည်​တစ်ပြည်လုံး​မှ အနောက်ဘက်​ပင်လယ်​ကြီး​တိုင်အောင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 5,
      "text": "သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင့်​ရှေ့​၌ မည်သူ​မျှ​ခုခံရပ်တည်​နိုင်​မည်​မ​ဟုတ်​။ ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ငါ​ပစ်​ထား​မည်​မ​ဟုတ်​၊ စွန့်ပစ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 6,
      "text": "အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ ဤ​ပြည်​ကို ဤ​လူမျိုး​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​ကို သူ​တို့​အား အမွေခွဲဝေ​ပေး​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 7,
      "text": "အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ သင်​ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း သင့်​အား ငါ့​အစေအပါး​မောရှေ မှာထား​ခဲ့​သော​ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​လော့​။ လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​သို့ လွှဲ​မ​သွား​နှင့်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 8,
      "text": "ဤ​ပညတ်တရားကျမ်း​၌ ရေးထား​သမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​နိုင်​မည့်​အကြောင်း ထို​တရား​တို့​ကို သင့်​နှုတ်​မှ​မ​ကွာ​စေ​နှင့်​။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့​ရ​မည်​။ သို့ပြုလျှင် သင့်​ဘဝ​လမ်းခရီး​၌ အထမြောက်​အောင်မြင်​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 9,
      "text": "သင့်​ကို ငါ​မိန့်မှာ​ထား​သည်​မ​ဟုတ်​လော​။ အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ သင်​သွား​လေရာရာ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 10,
      "text": "ထိုအခါ ယောရှု​က လူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​သော​သူ​တို့​အား"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 11,
      "text": "“​တပ်စခန်း​တစ်လျှောက်လုံး​သို့ သွား​၍ လူ​တို့​အား ‘​သုံး​ရက်​အတွင်း​တွင် ဂျော်ဒန်​မြစ်​ကို ကူး​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား အပိုင်​ပေး​တော်မူ​သော​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရ​မည်​ဖြစ်​သောကြောင့် စားနပ်ရိက္ခာ အသင့်ပြင်ဆင်​ကြ​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 12,
      "text": "ထို့နောက် ယောရှု​သည် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​အမျိုး​တစ်ဝက် တို့​အား"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 13,
      "text": "“​ထာဝရဘုရား​၏​အစေအပါး​မောရှေ​က ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အား အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ​။ ဤ​ပြည်​ကို ပေး​တော်မူ​ပြီ​’​ဟူ၍ သင်​တို့​အား ပြောဆို​ထား​ခဲ့​သည့်​စကား​ကို အောက်မေ့​လော့​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 14,
      "text": "သင်​တို့​၏​မယား​နှင့် ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် ဂျော်ဒန်​မြစ်​တစ်ဖက် မောရှေ​ပေး​ခဲ့​သော​ပြည်​တွင် နေရစ်​ရ​မည်​။ ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​မူကား လက်နက်စွဲကိုင်​လျက် သင်​တို့​၏​အမျိုးသားချင်း​တို့​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 15,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​သည်​အထိ​၊ သူ​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို အပိုင်ရ​သည်​အထိ သူ​တို့​ကို ကူညီ​ရ​မည်​။ ပြီးမှ သင်​တို့​ပြန်လာ​၍ သင်​တို့​အား​ထာဝရဘုရား​၏​အစေအပါး​မောရှေ ပေး​ခဲ့​သော ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ကို သင်​တို့​ပိုင်ဆိုင်​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 16,
      "text": "ထိုအခါ သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​အား မိန့်မှာ​သမျှ​အတိုင်း ပြု​ပါ​မည်​။ စေလွှတ်​လေရာရာ​သို့ သွား​ပါ​မည်​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 17,
      "text": "မောရှေ​၏​စကား​ကို အရာရာ​၌​နားထောင်​သကဲ့သို့ သင်​၏​စကား​ကို အကျွန်ုပ်​တို့ နားထောင်​ပါ​မည်​။ ဘုရားသခင်​ထာဝရဘုရား​သည် မောရှေ​နှင့်အတူ ရှိ​သကဲ့သို့ သင်​နှင့်အတူ ရှိ​ပါစေ​။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 18,
      "text": "သင့်​စကား​ကို ဖီဆန်​သော​သူ​၊ သင်​မိန့်မှာ​သမျှ​စကား​ကို မ​နာခံ​သော​သူ​အားလုံး သေဒဏ်​ခံရ​မည်​။ အားယူ​၍​ရဲရင့်​ခြင်း​သာ​ရှိ​လော့​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 1,
      "text": "နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 2,
      "text": "ဂျေရိခေါ​ဘုရင်​အား “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးသား​အချို့​တို့​သည် ဤ​ပြည်​ကို​စူးစမ်း​ရန် ဤ​မြို့​ထဲသို့ ညဥ့်ဦးယံ​အချိန်​၌ ဝင်​ကြ​ပြီ​”​ဟု ကြားလျှောက်​ကြ​သောအခါ"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 3,
      "text": "ဂျေရိခေါ​ဘုရင်​သည် ရာခပ်​ထံသို့ လူ​လွှတ်​၍ “​သင့်​ထံသို့​ရောက်လာ​ပြီး သင့်​အိမ်​ထဲသို့​ဝင်သွား​သော​သူ​တို့​ကို ထုတ်ပေး​လော့​။ သူ​တို့​သည် ဤ​ပြည်​တစ်ပြည်လုံး​ကို​စူးစမ်း​ရန် ရောက်လာ​ကြ​ခြင်း​ဖြစ်​၏​”​ဟု ဆင့်ဆို​စေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 4,
      "text": "ရာခပ်​သည် ထို​သူ​နှစ်​ယောက်​ကို ဝှက်​ထား​နှင့်​ပြီး​ဖြစ်၍ မင်းမှုထမ်း​တို့​အား “​ထို​သူ​တို့​သည် ကျွန်မ​ထံသို့​ရောက်လာ​ကြ​သည်​မှာ မှန်​ပါ​၏​။ သို့ရာတွင် သူ​တို့ အဘယ်​က​လာ​ကြ​သည်​ကို ကျွန်မ မ​သိ​ပါ​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 5,
      "text": "ညဥ့်နက်​တံခါး​ပိတ်​ခါနီး​တွင် သူ​တို့​ထွက်သွား​ကြ​ပါ​၏​။ အဘယ်​အရပ်​သို့​သွား​ကြ​သည်​ကို မ​သိ​ပါ​။ သူ​တို့​နောက်သို့ အလျင်အမြန်​လိုက်​ကြ​ပါ​လော့​။ မီ​ကောင်း​မီ​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 6,
      "text": "ရာခပ်​သည် ထို​သူ​တို့​ကို ခေါင်မိုးပြင်​သို့​တက်​စေ​ပြီး ခေါင်မိုးပြင်​၌ ဖြန့်​ထား​သော​ဗီသွာရိုး​များ​အောက်​၌ ဝှက်​ထား​နှင့်​ပြီ​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 7,
      "text": "မင်းမှုထမ်း​တို့​သည် ဂျော်ဒန်​မြစ်​နံဘေး​လမ်း​အတိုင်း ရေတိမ်ပိုင်း​အထိ ထို​သူ​တို့​နောက်သို့ လိုက်​ကြ​၏​။ မြို့ပြင်​သို့​ရောက်​သည်​နှင့် မြို့​တံခါး​လည်း​ပိတ်​သွား​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 8,
      "text": "ရာခပ်​လည်း ထို​သူ​တို့​မ​အိပ်​မီ သူ​တို့​ရှိ​ရာ ခေါင်မိုးပြင်​ပေါ်သို့​တက်လာ​၍"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 9,
      "text": "သူ​တို့​အား “​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား ပေး​တော်မူ​ကြောင်း​၊ သင်​တို့​ကို ကျွန်မ​တို့​ကြောက်ရွံ့ထိတ်လန့်​လျက်​ရှိ​ကြောင်း​၊ ဤ​ပြည်သား​အပေါင်း​တို့​သည် သင်​တို့​ကြောင့် စိတ်အားလျော့​လျက်​ရှိ​ကြောင်း ကျွန်မ​သိ​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 10,
      "text": "အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သောအခါ သင်​တို့​ရှေ့​၌​ခံ​နေ​သော​ပင်လယ်နီ​ကို ထာဝရဘုရား မည်သို့​ခန်းခြောက်​စေ​တော်မူ​ခဲ့​ကြောင်း​၊ ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ရှိဟုန်​နှင့်​ဩဃ​တို့​ကို သင်​တို့​မည်သို့​ချေမှုန်း​ခဲ့​ကြောင်း ကျွန်မ​တို့ ကြားသိ​ရ​ပါ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 11,
      "text": "ထိုသို့ သင်​တို့​သတင်း​ကို​ကြားသိ​ရ​သောကြောင့် ကျွန်မ​တို့​စိတ်ပျက်အားလျော့​ကြ​ပါ​၏​။ လူတိုင်း​အလွန်​ကြောက်ရွံ့​လျက်​ရှိ​ပါ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အထက်​မိုးကောင်းကင်​တွင်​လည်းကောင်း​၊ အောက်​မြေကြီး​တွင်​လည်းကောင်း ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 12,
      "text": "ကျွန်မ​သည် သင်​တို့​အပေါ် မေတ္တာ​ထား​သကဲ့သို့ သင်​တို့​သည်​လည်း ကျွန်မ​၏​ဆွေမျိုးသားချင်း​အပေါ် မေတ္တာ​ထား​ပါ​မည်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျွန်မ​အား ယခု​ကျိန်ဆို​ပါ​လော့​။ စိတ်ချ​ရ​သော​အမှတ်အသား​တစ်​ခု​ကို​လည်း ပေး​ခဲ့​ပါ​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 13,
      "text": "ကျွန်မ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​မှစ၍ သူ​တို့​နှင့်ဆိုင်သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ပါ​။ ကျွန်မ​တို့​၏​အသက်​ကို သေဘေး​ထဲမှ ကယ်နုတ်​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 14,
      "text": "ထို​သူ​တို့​က​လည်း သူ့​အား “​သင်​တို့​သည် ငါ​တို့​လာ​သော​သတင်း​ကို​မ​ပေါက်ကြား​စေ​လျှင် ငါ​တို့​အသက်​ကို​ရင်း​၍ သင်​တို့​ကို အာမခံ​ပါ​မည်​။ ဤ​ပြည်​ကို ငါ​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သောအခါ သင့်​ကို အမှန်တကယ်​မေတ္တာ​ပြ​ပါ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 15,
      "text": "ရာခပ်​၏​အိမ်​သည် မြို့ရိုး​တွင်​ရှိ​၏​။ သူ​သည် မြို့ရိုး​တွင် နေထိုင်​သောကြောင့် ထို​သူ​တို့​ကို ပြတင်းပေါက်​မှ ကြိုး​ဖြင့်​လျှောချ​ပေး​၍"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 16,
      "text": "သူ​တို့​အား “​သင်​တို့​ကို လိုက်ရှာ​သော​သူ​တို့ သင်​တို့​ကို မ​တွေ့​အောင် တောင်​ပေါ်သို့​တက်​၍ သုံး​ရက်​ပုန်း​နေ​ပါ​။ လိုက်ရှာ​သော​သူ​တို့​ပြန်လာ​ပြီးမှ သင်​တို့​ခရီးဆက်​ကြ​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 17,
      "text": "သူ​တို့​က​လည်း “​သင်​ကျိန်ဆို​စေ​ခဲ့​သော​အကျိန်​ကြောင့် ငါ​တို့​အပေါ်​အပြစ်​မ​ရောက်​စေရန်"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 18,
      "text": "ဤ​ပြည်​သို့ ငါ​တို့​ရောက်လာ​သောအခါ ဤ​ကြိုးနီ​ကို ငါ​တို့​လျှောဆင်း​လာ​ခဲ့​သော​ပြတင်းပေါက်​၌ ချည်​ထား​ရ​မည်​။ သင်​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​နှင့် ဆွေမျိုးသားချင်း​အားလုံး​ကို သင့်​အိမ်​၌ ခေါ်ထား​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 19,
      "text": "သင့်​အိမ်​အပြင်ဘက် လမ်း​ပေါ်သို့​ထွက်သွား​သော​သူ မည်သူမဆို သူ့​သွေး​သည် သူ့​ခေါင်း​ပေါ်၌​တည်​စေ​။ ငါ​တို့​၌​အပြစ်​မ​ရှိ​။ သင့်​အိမ်​ထဲ၌​ရှိ​သော​သူ တစ်စုံတစ်ယောက်​ကို ငါ​တို့​လက်လွန်​မိ​လျှင် သူ့​သွေး​သည် ငါ​တို့​ခေါင်း​ပေါ်​တည်​စေ​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 20,
      "text": "သင်​သည် ငါ​တို့​လာ​သော​သတင်း​ကို ပေါက်ကြား​စေ​လျှင် ငါ​တို့​အား သင်​ကျိန်ဆို​စေ​ခဲ့​သော​အကျိန်​မှ ငါ​တို့​ကင်းလွတ်​၏​”​ဟု ရာခပ်​အား ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 21,
      "text": "ရာခပ်​က​လည်း “​သင်​တို့​စကား​အတိုင်း​ဖြစ်​ပါစေ​”​ဟု ဆို​ပြီး သူ​တို့​ကို​လွှတ်​လိုက်​သဖြင့် သူ​တို့​သည် ထွက်သွား​ကြ​၏​။ ရာခပ်​သည်​လည်း ကြိုးနီ​ကို ပြတင်းပေါက်​၌​ချည်​ထား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 22,
      "text": "သူ​တို့​သည်​ထွက်သွား​၍ တောင်​ပေါ်သို့​တက်​ပြီး လိုက်ရှာ​သော​သူ​တို့​ပြန်လာ​သည်​အထိ တောင်​ပေါ်၌ သုံး​ရက်​ပုန်း​နေ​လေ​၏​။ လိုက်ရှာ​သော​သူ​တို့​သည် လမ်း​တစ်လျှောက်လုံး​ရှာ​သော်လည်း သူ​တို့​ကို မ​တွေ့​ကြ​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 23,
      "text": "ထို့နောက်မှ သူ​တို့​နှစ်​ယောက် တောင်​ပေါ်မှ​ဆင်းလာ​ကြ​၏​။ မြစ်​ကို​ကူး​ပြီး နုန်​၏​သား ယောရှု​ထံသို့​ပြန်လာ​၍ သူ​တို့​ကြုံတွေ့​ခဲ့​ရ​သော​အရာ​အလုံးစုံ​တို့​ကို ပြောပြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 24,
      "text": "သူ​တို့​က ယောရှု​အား “​အကယ်စင်စစ် ထာဝရဘုရား​သည် ထို​ပြည်​တစ်ပြည်လုံး​ကို အကျွန်ုပ်​တို့​လက်​သို့​အပ်​တော်မူ​ပြီ​။ ထို​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည်​လည်း အကျွန်ုပ်​တို့​သတင်း​ကို​ကြား​သဖြင့် စိတ်အားလျော့​လျက်​ရှိ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 1,
      "text": "ယောရှု​သည် နံနက်​စောစောထ​ပြီး အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့်အတူ ရှိတ္တိမ်​အရပ်​မှ​ခရီးပြု​၍ ဂျော်ဒန်​မြစ်​သို့​ရောက်လာ​ကြ​၏​။ မြစ်​ကို​မ​ကူး​သေး​ဘဲ ထို​မြစ်​နား​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 2,
      "text": "သုံး​ရက်​ပြည့်​သောအခါ ကြီးကြပ်အုပ်ချုပ်သူ​တို့​သည် တပ်စခန်း​တစ်လျှောက်​သို့​သွား​၍"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 3,
      "text": "လူ​အပေါင်း​တို့​အား “​သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့် သေတ္တာ​တော်​ကို​သယ်ဆောင်​သော​လေဝိ​အမျိုးသား​ယဇ်ပုရောဟိတ်​တို့​ကို မြင်​သောအခါ ကိုယ့်​နေရာ​မှ​ထွက်​၍ သေတ္တာ​တော်​နောက်သို့​လိုက်​ကြ​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 4,
      "text": "ဤ​လမ်း​သည် ယခင်က သင်​တို့​သွား​ဖူး​သော​လမ်း​မ​ဟုတ်​သောကြောင့် သင်​တို့​သွား​ရ​မည့်​လမ်း​ကို သင်​တို့​သိ​နိုင်​ရန် သေတ္တာ​တော်​နှင့် အတောင်​နှစ်ထောင် ​အကွာ​မှ ခွာ​၍​လိုက်​ရ​မည်​။ သေတ္တာ​တော်​အနီး​သို့​မ​ချဉ်းကပ်​ရ​”​ဟု မှာကြား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 5,
      "text": "ထို့နောက် ယောရှု​က လူ​အပေါင်း​တို့​အား “​သင်​တို့​သည် မိမိကိုယ်မိမိ​သန့်ရှင်း​စေ​ကြ​လော့​။ ထာဝရဘုရား​သည် မနက်ဖြန် သင်​တို့​အလယ်​၌ အံ့ဖွယ်​အမှု​ကို​ပြု​တော်မူ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 6,
      "text": "တစ်ဖန် ယောရှု​က ယဇ်ပုရောဟိတ်​တို့​အား “​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​၍ လူ​တို့​ရှေ့​မှ​ကူးသွား​ကြ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​၍ လူ​တို့​ရှေ့​မှ​ကူးသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 7,
      "text": "ထာဝရဘုရား​က ယောရှု​အား “​ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​သည်​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​သိမြင်​ကြ​မည့်​အကြောင်း ယနေ့​မှ​စ​၍ သင့်​ကို သူ​တို့​ရှေ့​၌ ချီးမြှောက်​မည်​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 8,
      "text": "သင်​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​သော​ယဇ်ပုရောဟိတ်​တို့​အား ‘​သင်​တို့​သည် ဂျော်ဒန်​မြစ်ရေ​စပ်နား​သို့​ရောက်​သောအခါ ဂျော်ဒန်​မြစ်ရေ​၌ ရပ်​နေ​ရ​မည်​’​ဟူ၍ ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 9,
      "text": "ယောရှု​က အစ္စရေး​အမျိုးသား​တို့​အား “​ဤ​နေရာ​သို့​လာ​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 10,
      "text": "တစ်ဖန် ယောရှု​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ မုချ​နှင်ထုတ်​တော်မူ​မည်​ဖြစ်ကြောင်း​ကို ဤသို့​အားဖြင့် သင်​တို့​သိ​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 11,
      "text": "မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင်သခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဂျော်ဒန်​မြစ်​ကို သင်​တို့​ရှေ့​မှ​ကူးသွား​မည်​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 12,
      "text": "သို့ဖြစ်၍ ယခု အစ္စရေး​မျိုးနွယ်​များ​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်ယူ​လော့​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 13,
      "text": "မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်ရေ​၌ ခြေချ​လိုက်​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်သွား​၍ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 14,
      "text": "လူ​တို့​သည် မိမိ​တို့​တဲ​များ​မှ​ထွက်​၍ ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​သောအခါ ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​ရှေ့​မှ​သွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 15,
      "text": "ဂျော်ဒန်​မြစ်ရေ​သည် ရိတ်သိမ်း​ရာ​ကာလ​၌ မြစ်ကမ်း​တစ်လျှောက်​ရေ​လျှံ​လေ့​ရှိ​၏​။ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​သို့​ရောက်​၍ ရေ​စပ်​၌ ခြေချ​သည်​နှင့်"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 16,
      "text": "အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်​၍ အလှမ်းဝေး​သော​ဇာရတန်​မြို့​အနီး​ရှိ​အာဒံ​မြို့​အထိ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​၏​။ အရာဗ​ပင်လယ် ​ဟု​ခေါ်​သော ဆား​ပင်လယ်​တိုင်အောင် စီးဆင်း​သော​ရေ​သည် လုံးလုံး​ပြတ်​သွား​၏​။ လူ​တို့​သည်​လည်း တစ်ဖက်ကမ်း​ရှိ ဂျေရိခေါ​မြို့​သို့ ကူးသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 17,
      "text": "လူ​အားလုံး​ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​ပြီး​သည်​အထိ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၊ ခြောက်သွေ့​သော​မြေ​ပေါ်၌ မြဲမြံ​စွာ​ရပ်​နေ​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ခြောက်သွေ့​သော​မြေ​ပေါ်၌ ကူးသွား​ရ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 1,
      "text": "လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ပြီး​သောအခါ ထာဝရဘုရား​က ယောရှု​အား"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 2,
      "text": "“​အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ​၊ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်​၍"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 3,
      "text": "သူ​တို့​အား ‘​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ ဂျော်ဒန်​မြစ်​အလယ်​မှ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ယူ​၍ ထို​ကျောက်တုံး​တို့​ကို သယ်လာ​ပြီး ယနေ့ည သင်​တို့​စခန်းချ​မည့်​နေရာ​၌ ထား​လော့​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 4,
      "text": "ယောရှု​က​လည်း မိမိ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးသား​တို့​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်​ပြီးလျှင်"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 5,
      "text": "ယောရှု​က သူ​တို့​အား “​ဂျော်ဒန်​မြစ်​အလယ်​ရှိ သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​သို့ ကူးသွား​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်​အရေအတွက်​နှင့်အညီ တစ်​ယောက်​လျှင် ကျောက်တုံး​တစ်တုံးစီ​ကို​ယူ​၍ ထမ်းလာ​ကြ​လော့​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 6,
      "text": "ဤ​ကျောက်တုံး​တို့​သည် သင်​တို့​အတွက် အမှတ်သင်္ကေတ​ဖြစ်​လိမ့်မည်​။ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ် ဆောင်​သနည်း​’​ဟု မေးမြန်း​လျှင်"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 7,
      "text": "သင်​တို့​က​လည်း ဂျော်ဒန်​မြစ်ရေ​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​၌ ရပ်တန့်​ခဲ့​၏​။ သေတ္တာ​တော်​နှင့် ဂျော်ဒန်​မြစ်​ကို​ကူး​သောအခါ ဂျော်ဒန်​မြစ်ရေ​သည် ရပ်တန့်​ခဲ့​၏​။ ဤ​ကျောက်တုံး​တို့​သည် ဤ​အဖြစ်​ကို အစ္စရေး​အမျိုးသား​တို့ အစဉ်​အမှတ်ရ​စေရန်​အတွက်​ဖြစ်​သည်​ဟု သူ​တို့​အား ပြောပြ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 8,
      "text": "အစ္စရေး​အမျိုးသား​တို့​က​လည်း ယောရှု​မိန့်မှာ​သည့်​အတိုင်း​ပြု​ကြ​၏​။ သူ​တို့​သည် ယောရှု​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်​အရေအတွက်​နှင့်အညီ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ဂျော်ဒန်​မြစ်​လယ်​မှ​ယူ​ပြီး မိမိ​တို့​စခန်းချ​သော​နေရာ​သို့​ထမ်းလာ​၍ ထို​နေရာ​၌​ထား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 9,
      "text": "ယောရှု​သည် ပဋိညာဉ်​သေတ္တာ​ကို ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ​ဖြစ်​သော ဂျော်ဒန်​မြစ်​အလယ်​၌ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ချ​ထား​လေ​၏​။ ထို​ကျောက်တုံး​တို့​သည် ယနေ့​တိုင်အောင် ထို​နေရာ​၌​ရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 10,
      "text": "ယောရှု​အား မောရှေ​မိန့်မှာ​ခဲ့​သည်​နှင့်အညီ​၊ ထာဝရဘုရား​က ယောရှု​အား လူ​တို့​ကို​ဆင့်ဆို​စေ​သည့်​အတိုင်း လုပ်ဆောင်​ပြီး​သည်​အထိ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၌ ရပ်​နေ​ကြ​၏​။ လူ​တို့​သည်​လည်း အလျင်အမြန်​ကူးသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 11,
      "text": "လူ​အပေါင်း​တို့​ကူး​ပြီး​သောအခါ ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​မျက်စိ​ရှေ့​တွင် ကူးလာ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 12,
      "text": "မောရှေ​မှာကြား​ခဲ့​သည့်​အတိုင်း ရုဗင်​အမျိုးသား​၊ ဂဒ်​အမျိုးသား​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​သည် စစ်အခင်းအကျင်း​နှင့်တကွ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ကူးသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 13,
      "text": "လူ​ပေါင်း​လေးသောင်း​ခန့် စစ်တိုက်​ရန် စစ်​လက်နက်စွဲကိုင်​လျက် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဂျေရိခေါ​လွင်ပြင်​သို့ ကူးသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 14,
      "text": "ထို​နေ့​တွင် ထာဝရဘုရား​သည် ယောရှု​ကို အစ္စရေး​အပေါင်း​တို့​၏​ရှေ့​၌ ချီးမြှောက်​တော်မူ​၏​။ သူ​တို့​သည် မောရှေ​ကို​ကြောက်ရွံ့ရိုသေ​သကဲ့သို့ ယောရှု​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို​ကြောက်ရွံ့ရိုသေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 15,
      "text": "တစ်ဖန် ထာဝရဘုရား​က ယောရှု​အား"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 16,
      "text": "“​သက်သေခံချက်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​ကို ဂျော်ဒန်​မြစ်​ထဲမှ​တက်လာ​စေ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 17,
      "text": "ထို့ကြောင့် ယောရှု​က ယဇ်ပုရောဟိတ်​တို့​အား “​ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​လော့​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 18,
      "text": "ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​မှ​တက်လာ​၍ ကုန်းမြေ​ပေါ်တွင် ခြေချ​လိုက်​သည်​နှင့် ဂျော်ဒန်​မြစ်​ရေ​သည် ပြန်​စီးလာ​၍ ယခင်က​ကဲ့သို့ ကမ်း​တစ်လျှောက်လုံး ရေ​လျှံ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 19,
      "text": "လူ​တို့​သည် ပထမ​လ​၊ ဆယ်​ရက်​မြောက်​နေ့​တွင် ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​ပြီးနောက် ဂျေရိခေါ​မြို့​အရှေ့ဘက်​နယ်စပ်​ရှိ ဂိလဂါလ​အရပ်​တွင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 20,
      "text": "ယောရှု​သည် ဂျော်ဒန်​မြစ်​မှ ယူဆောင်​ခဲ့​သော​ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ဂိလဂါလ​အရပ်​တွင် ချထား​ပြီး"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 21,
      "text": "အစ္စရေး​အမျိုးသား​တို့​အား “​နောင်ကာလ​တွင် သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ်​ဆောင်​သနည်း​’​ဟု ဖခင်​အား မေး​ကြ​လျှင်"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 22,
      "text": "သင်​တို့​က​လည်း ‘​အစ္စရေး​လူမျိုး​တို့​သည် ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​စဉ်က ခြောက်သွေ့​သော​မြစ်​ကြမ်းပြင်​ပေါ်တွင် ဖြတ်ကူး​ခဲ့​ရ​သည်​’​ဟု သင်​တို့​၏​သားသမီး​များ​အား ပြောပြ​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 23,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ပင်လယ်နီ​ကို ငါ​တို့​ကူး​ပြီး​သည်​အထိ ငါ​တို့​မျက်စိ​ရှေ့​၌ ပင်လယ်ရေ​ကို​ခန်းခြောက်​စေ​ခဲ့​သည့်​နည်းတူ ထို​ဘုရားသခင်​ထာဝရဘုရား​သည်​ပင် ဂျော်ဒန်​မြစ်​ကို သင်​တို့​ကူး​ပြီး​သည်​အထိ သင်​တို့​မျက်စိ​ရှေ့​၌ ဂျော်ဒန်​မြစ်ရေ​ကို​ခန်းခြောက်​စေ​တော်မူ​ခဲ့​သည်​မှာ"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 24,
      "text": "ထာဝရဘုရား​သည် တန်ခိုးကြီး​သော​ဘုရား​ဖြစ်​သည်​ကို မြေကြီးသား​အားလုံး​သိ​စေရန်​နှင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​အစဉ်​ကြောက်ရွံ့ရိုသေ​ကြ​စေရန်​ဖြစ်​၏​”​ဟု ပြောကြား​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 1,
      "text": "ဂျော်ဒန်​မြစ်​ကို​အစ္စရေး​အမျိုးသား​တို့ ကူး​ပြီး​သည်​အထိ ထာဝရဘုရား​သည် သူ​တို့​မျက်စိ​ရှေ့​တွင် မြစ်​ရေ​ကို​ခန်းခြောက်​စေ​ခဲ့​ကြောင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​ဘုရင်​များ​၊ ပင်လယ်​နား​ရှိ ခါနာန်​ဘုရင်​များ ကြား​ကြ​သောအခါ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် စိတ်ပျက်အားလျော့​၍ အလွန်​ကြောက်ရွံ့​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 2,
      "text": "ထို​အချိန်​ကာလ​တွင် ထာဝရဘုရား​က ယောရှု​အား “​မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​၍ အစ္စရေး​အမျိုးသား​တို့​အား ဒုတိယအကြိမ် အရေဖျားလှီး​ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 3,
      "text": "ထို့ကြောင့် ယောရှု​သည် မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​ပြီး ဂိဘာ​ဟာရာလုတ် ​အရပ်​၌ အစ္စရေး​အမျိုးသား​တို့​ကို အရေဖျားလှီး​ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 4,
      "text": "ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​အား အရေဖျားလှီး​ပေး​ရ​သည့်​အကြောင်း​ကား ဤသို့​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​လူ​တို့​တွင် စစ်သူရဲ​ယောက်ျား​အပေါင်း​တို့​သည် တောကန္တာရ​လမ်းခရီး​၌ သေဆုံး​ကြ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 5,
      "text": "ထို​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ခံ​ပြီး​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တောကန္တာရ​လမ်းခရီး​၌​မွေးဖွား​သော​သူ​တို့​မူကား အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​ပေ​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 6,
      "text": "အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 7,
      "text": "သူ​တို့​၏​နေရာ​တွင် နောက်ထပ်​မွေးဖွား​လာ​သော​သားမြေး​တို့​သည် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ရ​သေး​သော​သူ​များ​ဖြစ်​၍ ခရီး​သွား​နေစဉ်​အတွင်း အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​သောကြောင့် ယောရှု​သည် သူ​တို့​ကို အရေဖျားလှီး​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 8,
      "text": "တစ်မျိုးသားလုံး အရေဖျားလှီး​ခြင်း​ကို ခံ​ပြီး​သောအခါ အနာပျောက်​သည်​အထိ တပ်စခန်း​၌​သာ နား​နေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​သင်​တို့​ခံရ​သော​အီဂျစ်​ပြည်သား​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ယနေ့ ငါ​ဖယ်ရှား​ပစ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ထို​အရပ်​ကို ဂိလဂါလ​ဟု ယနေ့​တိုင်​ခေါ်ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 10,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​၌ စခန်းချ​၍ ထို​လ​တစ်ဆယ့်​လေး​ရက်​၊ နေဝင်ချိန်​တွင် ဂျေရိခေါ​လွင်ပြင်​၌ ပသခါပွဲတော်​ကို ကျင်းပ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 11,
      "text": "ပသခါပွဲတော်​ကျင်းပ​ပြီး​နောက်တစ်နေ့​တွင် ထို​ပြည်​ထွက်​တဆေးမဲ့မုန့်​နှင့် မုန့်ဆန်း​ကို ထို​နေ့ချင်း​တွင် စား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 12,
      "text": "ထို​ပြည်​ထွက်​အစားအစာ​ကို​စား​ပြီး နောက်တစ်နေ့​တွင် မန္နမုန့်​ပြတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မန္နမုန့်​ကို မ​စား​ရ​ကြ​တော့​ပေ​။ ထို​နှစ်​တွင် ခါနာန်​ပြည်​ထွက်​အသီးအနှံ​ကို စား​ရ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 13,
      "text": "ယောရှု​သည် ဂျေရိခေါ​မြို့​နား​တွင်​ရှိ​နေ​စဉ် မျှော်ကြည့်​လိုက်​သောအခါ လက်​၌​ဓား​ကိုင်​ထား​သော​လူ​တစ်​ယောက် သူ့​ရှေ့​၌​ရပ်​နေ​သည်​ကို တွေ့​၏​။ ယောရှု​က​လည်း သူ့​ထံ​သွား​၍ “​သင်​သည် ငါ​တို့​ဘက်​က​လော​၊ ရန်သူ​တို့​ဘက်​က​လော​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 14,
      "text": "ထို​သူ​က​လည်း “​မည်သည့်​ဘက်​က​မှ မ​ဟုတ်​ပါ​။ ငါ​သည် ထာဝရဘုရား​ခန့်အပ်​ထား​သော​စစ်သူကြီး​အဖြစ် လာ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ ယောရှု​က ထို​သူ​ရှေ့​တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​အကျွန်ုပ်​သခင်​၊ သခင့်​အစေအပါး​ကို မည်သို့​မိန့်ဆို​မည်နည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 15,
      "text": "ထာဝရဘုရား​ခန့်အပ်​ထား​သော​ကောင်းကင်​ဗိုလ်ခြေ​၏​စစ်သူကြီး​က​လည်း “​သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့​”​ဟု ဆို​သည့်​အတိုင်း ယောရှု ပြု​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် ဂျေရိခေါ​မြို့​တံခါး​တို့​ကို လုံခြုံ​စွာ​ပိတ်​ထား​ကြ​၏​။ ဝင်​ထွက်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 2,
      "text": "ထာဝရဘုရား​က ယောရှု​အား “​ကြည့်ရှု​လော့​။ ဂျေရိခေါ​မြို့​နှင့်တကွ ရှင်ဘုရင်​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 3,
      "text": "သင်​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မြို့​ကို​တစ်ပတ်ပြည့်​အောင် လှည့်ပတ်​ရ​မည်​။ ခြောက်​ရက်​ပတ်လုံး ထိုသို့​ပတ်​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သေတ္တာ​တော်​ရှေ့​မှ​နေ​၍ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သွား​ရ​မည်​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် မြို့​ကို ခုနစ်​ပတ်​လှည့်ပတ်​ရ​မည်​။ တံပိုး​ကို​မှုတ်​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 5,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​ကို​သံရှည်ဆွဲ​၍​မှုတ်​ရ​မည်​။ တံပိုးမှုတ်သံ​ကို​ကြား​သောအခါ လူအုပ်ကြီး​သည် ကျယ်လောင်​စွာ​အော်ဟစ်​ရ​မည်​။ ထိုအခါ မြို့ရိုး​ကြီး ပြိုကျ​လိမ့်မည်​။ လူ​တိုင်း မြို့​ထဲသို့ တန်းတန်းမတ်မတ် ဝင်သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 6,
      "text": "နုန်​၏​သား​ယောရှု​သည် ယဇ်ပုရောဟိတ်​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်းသွား​ရ​မည်​။ သင်​တို့​တွင် ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​၍ ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​မှ သွား​ရ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 7,
      "text": "လူ​တို့​ကို​လည်း “​သွား​၍ မြို့​ကို​လှည့်ပတ်​ကြ​လော့​။ လက်နက်ကိုင်စွဲ​သော​သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​မှ သွား​ရ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 8,
      "text": "ထိုသို့ ယောရှု​က လူ​တို့​အား​မှာကြား​ပြီး​သည်​နှင့် ထာဝရဘုရား​ရှေ့​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို​ကိုင်ဆောင်​သော ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို​မှုတ်​လျက် ချီသွား​ကြ​၏​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နောက်မှ​ပါလာ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 9,
      "text": "တံပိုး​မှုတ်​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​လျက်​ချီတက်​ကြ​စဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ​ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​ကား သေတ္တာ​တော်​နောက်မှ ချီသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 10,
      "text": "ယောရှု​က လူ​တို့​အား “ ‘​ကြွေးကြော်​ကြ​လော့​’​ဟု ငါ​အမိန့်​မ​ပေး​မ​ချင်း သင်​တို့​မ​ကြွေးကြော်​ရ​။ အသံ​မ​ပြု​ရ​။ နှုတ်​မှ စကား​တစ်ခွန်း​မျှ မ​ထွက်​ရ​။ ငါ​အမိန့်ပေး​မည့်​နေ့​ရောက်​မှ သင်​တို့​ကြွေးကြော်​ရ​မည်​”​ဟု မှာကြား​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 11,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ မြို့​ကို​တစ်ပတ်​ပတ်​ပြီး တပ်စခန်း​သို့​ပြန်လာ​၍ တပ်စခန်း​တွင် ညအိပ်နား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 12,
      "text": "ယောရှု​သည် နံနက်​စောစော​ထ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်းသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 13,
      "text": "ထာဝရဘုရား​၏​ရှေ့​တော်​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သော​ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို အဆက်မပြတ်​မှုတ်​၍​ချီသွား​ကြ​၏​။ ထိုစဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နောက်မှ​ချီသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 14,
      "text": "ဒုတိယ​နေ့​တွင်​လည်း မြို့​ကို​တစ်ပတ်​ပတ်​ပြီး တပ်စခန်း​သို့ ပြန်လာ​ကြ​၏​။ ထိုသို့ ခြောက်​ရက်​ပတ်လုံး ပြု​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 15,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​၌ အရုဏ်တက်​သည်​နှင့် သူ​တို့​သည်​ထ​၍ ယခင်​နည်း​အတိုင်း မြို့​ကို​ခုနစ်​ပတ် လှည့်ပတ်​လေ​၏​။ ဤ​နေ့​တစ်​နေ့​သာ မြို့​ကို​ခုနစ်​ပတ်​လှည့်ပတ်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 16,
      "text": "ခုနစ်​ပတ်​မြောက်​တွင် ယဇ်ပုရောဟိတ်​တို့ တံပိုး​မှုတ်​သောအခါ ယောရှု​က လူ​တို့​အား “​ကြွေးကြော်​ကြ​လော့​။ ထာဝရဘုရား​သည် ဤ​မြို့​ကို သင်​တို့​အား ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 17,
      "text": "ထို​မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​သည် ထာဝရဘုရား​၏​ကျိန်​ခြင်း​ကို ခံရ​သော​အရာ​များ​ဖြစ်​၏​။ ပြည့်တန်ဆာ​ရာခပ်​မူကား ငါ​တို့​စေလွှတ်​လိုက်​သော​သူလျှို​တို့​ကို ဝှက်​ထား​ပေး​ခဲ့​သောကြောင့် သူ​နှင့်​သူ့​အိမ်သူအိမ်သား​အားလုံး​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 18,
      "text": "ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သတိထား​ရှောင်​ရ​မည်​။ ထို​ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သင်​တို့​ယူ​မိ​လျှင် သင်တို့ကိုယ်သင်တို့ အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ အစ္စရေး​တပ်စခန်း​ကို​လည်း အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ ဒုက္ခပေး​ရာ​ရောက်​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 19,
      "text": "ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​အလုံးစုံ​တို့​မူကား ထာဝရဘုရား​အဖို့ သန့်ရှင်း​သည်​ဖြစ်၍ ထာဝရဘုရား​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 20,
      "text": "ဤသို့ဖြင့် လူ​အပေါင်း​တို့​သည်​လည်း ကြွေးကြော်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​ကြ​၏​။ လူ​တို့​သည် တံပိုးမှုတ်သံ​ကို ကြား​ရ​သည်​နှင့် ကျယ်လောင်​စွာ​ကြွေးကြော်​ကြ​ရာ မြို့ရိုးကြီး ပြိုကျ​သွား​ကုန်​၏​။ လူ​တို့​က​လည်း မြို့​ထဲသို့ တန်းတန်းမတ်မတ်​ဝင်​၍ မြို့​ကို​သိမ်းပိုက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 21,
      "text": "သူ​တို့​သည် မြို့​ထဲ​ရှိ ယောက်ျား​မိန်းမ​ကြီးကြီး​ငယ်ငယ်​တို့​နှင့် သိုး​နွား​မြည်း​အားလုံး​တို့​ကို ဓား​ဖြင့် သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 22,
      "text": "ယောရှု​သည် ထို​ပြည်​ကို​စူးစမ်း​ခဲ့​သော​လူ​နှစ်​ယောက်​အား “​ပြည့်တန်ဆာ​မိန်းမ​နှင့် သင်​တို့​ကျိန်ဆို​ထား​သည့်​အတိုင်း သူ့​အိမ်​သို့​သွား​၍ သူ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​ခဲ့​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 23,
      "text": "ထိုအခါ ထို​ပြည်​ကို စူးစမ်း​ခဲ့​သော​လုလင်​တို့​သည် ရာခပ်​အိမ်​သို့​ဝင်​၍ ရာခပ်​အပါအဝင် သူ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​များ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​လာ​၏​။ ရာခပ်​၏​ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်ထုတ်​လာ​၍ အစ္စရေး​တပ်စခန်း​အပြင်ဘက်​၌​ထား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 24,
      "text": "ထို့နောက် သူ​တို့​သည် မြို့​နှင့်တကွ မြို့​ထဲ၌​ရှိသမျှ​တို့​ကို မီး​ရှို့​ပစ်​၏​။ ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​တို့​ကို​မူကား ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 25,
      "text": "ဂျေရိခေါ​မြို့​ကို​စူးစမ်း​ရန် ယောရှု​စေလွှတ်​သော​သူလျှို​တို့​ကို ပြည့်တန်ဆာ​ရာခပ်​သည် ဝှက်ထား​သောကြောင့် ယောရှု​သည် ရာခပ်​အပါအဝင် သူ့​ဖခင်​၏​မိသားစု​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​လေ​၏​။ ရာခပ်​သည် ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 26,
      "text": "ထို​အချိန်​တွင် ယောရှု​က “​ဂျေရိခေါ​မြို့ရိုး​ကို ထ​၍​တည်ဆောက်​သူ​သည် ထာဝရဘုရား​ထံမှ ကျိန်​ခြင်း​ကို ခံရ​ပါစေ​။ မြို့ရိုး​အုတ်မြစ်​ကို​ချ​လျှင် သားဦး​သေ​ပါစေ​။ မြို့​တံခါး​ကို​တည်​လျှင် သားထွေး​သေ​ပါစေ​”​ဟု ကျိန်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 27,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​သည် ယောရှု​နှင့်အတူ​ပါရှိ​တော်မူ​သဖြင့် သူ​၏​ဂုဏ်​သတင်း​သည် မြေ​တစ်ပြင်လုံး​သို့ ပျံ့နှံ့​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 1,
      "text": "ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို​ယူ​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို အပြစ်ကျူးလွန်​ရာ​ရောက်​စေ​၏​။ သို့ဖြစ်၍ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို အမျက်ထွက်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 2,
      "text": "ယောရှု​သည် ဂျေရိခေါ​မြို့​မှ ဗေသလ​မြို့​အရှေ့ဘက်​၊ ဗေသဝင်​မြို့​အနီး​ရှိ အာဣ​မြို့​သို့ လူ​လွှတ်​၍ “​ထို​အရပ်​သို့​သွား​ပြီး စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​လေ​၏​။ သူ​တို့​သည်​လည်း သွား​၍ အာဣ​မြို့​ကို စူးစမ်း​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 3,
      "text": "ထို​သူ​တို့​သည် ယောရှု​ထံ​ပြန်လာ​၍ “​အာဣ​မြို့​သို့ လူ​အားလုံး ချီတက်​သွား​ရန်​မ​လို​ပါ​။ လူ​နှစ်ထောင်​၊ သုံး​ထောင်​ခန့်​ဖြင့်​တိုက်​လျှင် အောင်နိုင်​ပါ​သည်​။ လူ​အားလုံး​ကို မ​ပင်ပန်း​စေ​ပါ​နှင့်​။ ထို​မြို့သား​တို့​သည် လူ​နည်းစု​သာ​ဖြစ်​ပါ​သည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 4,
      "text": "ထို့ကြောင့် လူ​များ​ထဲမှ သုံး​ထောင်​ခန့်​သာ ထို​အရပ်​ကို သွားတိုက်​ကြ​၏​။ သို့ရာတွင် သူ​တို့​သည် အာဣ​မြို့သား​တို့​ထံ​မှ ထွက်ပြေး​ကြ​ရ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 5,
      "text": "အာဣ​မြို့သား​တို့​သည် မြို့​တံခါး​မှ ရှေဗရိမ်​အရပ်​အထိ သူ​တို့​နောက်​သို့​လိုက်​၍ တောင်စောင်း​၌ လူ​သုံးဆယ့်​ခြောက်​ယောက်​ကို တိုက်ခိုက်​သတ်ဖြတ်​လေ​၏​။ ထို့ကြောင့် လူ​တို့​သည် စိတ်ပျက်အားလျော့​ကုန်​လေ​၏ ​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 6,
      "text": "ထိုအခါ ယောရှု​သည် မိမိ​အဝတ်​ကို​ဆုတ်​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်တကွ နေဝင်ချိန်​တိုင်အောင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​၊ မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက်​၊ ခေါင်း​ပေါ်၌ မြေမှုန့်​ကို​တင်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 7,
      "text": "ယောရှု​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​တို့​အား ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​စေ​ပြီး အာမောရိ​လူမျိုး​တို့​လက်​သို့​အပ်​၍ ဖျက်ဆီး​စေရန် အဘယ်ကြောင့် ဆောင်​ခဲ့​သနည်း​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌ နေ​ခဲ့​သင့်​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 8,
      "text": "အို အကျွန်ုပ်​ဘုရားရှင်​၊ အစ္စရေး​လူမျိုး​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​ပြီ​ဖြစ်၍ အကျွန်ုပ် မည်သို့​လျှောက်ဆို​နိုင်​ဦး​မည်နည်း​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 9,
      "text": "ခါနာန်​လူမျိုး​နှင့် ခါနာန်​ပြည်သား​အပေါင်း​တို့​ကြား​လျှင် သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ပြီး အကျွန်ုပ်​တို့​၏​အမည်​ကို မြေကြီး​ပေါ်မှ​ပယ်ဖျက်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​အဖို့ မည်သို့​ပြု​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 10,
      "text": "ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​ထ​လော့​။ အဘယ်ကြောင့် ဤသို့​ပျပ်ဝပ်​လျက်​နေ​ရ​သနည်း​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 11,
      "text": "အစ္စရေး​လူမျိုး​တို့ အပြစ်ပြု​ကြ​ပြီ​။ သူ​တို့​အား ငါ​ပညတ်​ထား​သည့် ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​။ သူ​တို့​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို ယူ​ကြ​ပြီ​။ ထို​အရာ​တို့​ကို ခိုးယူ​ပြီး လိမ်ညာ​ကြ​၏​။ မိမိ​တို့​ပစ္စည်း​တို့​နှင့်အတူ ရော​ထား​ကြ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 12,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ကျိန်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်သွား​သောကြောင့် ရန်သူ​တို့​ကို မ​ရင်ဆိုင်​နိုင်​ကြ​။ သူ​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​၏​။ ကျိန်​ခြင်း​ခံရ​သော​အရာ​ကို သင်​တို့​ထံမှ​မ​ဖယ်ရှား​လျှင် ငါ​သည် သင်​တို့​နှင့်အတူ နေ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 13,
      "text": "ထ​လော့​။ လူ​တို့​ကို သန့်ရှင်း​စေ​လော့​။ သူ​တို့​အား ‘​မနက်ဖြန်​အတွက် ကိုယ့်ကိုယ်ကိုယ်​သန့်ရှင်း​စေ​ကြ​လော့​။ အကြောင်းမူကား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က “​အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​အရာ​ရှိ​၏​။ ထို​ကျိန်​ခြင်း​ခံရ​သော​အရာ​ကို သင်​တို့​ထဲ​မှ​မ​ဖယ်ရှား​မ​ချင်း သင်​တို့​သည် ရန်သူ​တို့​ကို ရင်ဆိုင်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 14,
      "text": "မနက်ဖြန်​နံနက်​၌ သင်​တို့​အမျိုးအနွယ်​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​မျိုးနွယ်စု​သည် အိမ်ထောင်စု​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​အိမ်ထောင်စု​သည် တစ်ယောက်ချင်းစီ ချဉ်းကပ်​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 15,
      "text": "ကျိန်​ခြင်း​ခံရ​သော​အရာ​ပါ​လျက် ရွေးထုတ်​ခံရ​သော​သူ​သည် သူ​နှင့်အတူ​သူ​ပိုင်ဆိုင်​သမျှ​တို့​ကို မီး​ရှို့​ပစ်​ရ​မည်​။ အကြောင်းမူကား သူ​သည် ထာဝရဘုရား​နှင့်​ပြု​ထား​သော​ပဋိညာဉ်​ကို ချိုးဖောက်​၍ အစ္စရေး​လူမျိုး​၌ ယုတ်ညံ့​သော​အမှု​ကို ပြု​သောကြောင့်​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 16,
      "text": "ယောရှု​သည်​လည်း နံနက်​စောစောထ​၍ အစ္စရေး​လူမျိုး​တို့​ကို အမျိုးအနွယ်​အလိုက် ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​သည် ရွေးထုတ်​ခံရ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 17,
      "text": "ယုဒ​အမျိုးအနွယ်​ကို ချဉ်းကပ်​စေ​ရာ ဇေရ​မျိုးနွယ်စု​သည် ရွေးထုတ်​ခံရ​၏​။ ဇေရ​မျိုးနွယ်စု​ကို အိမ်ထောင်စု​အလိုက် ချဉ်းကပ်​စေ​ရာ ဇာဗဒိ​အိမ်ထောင်စု ရွေးထုတ်​ခံရ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 18,
      "text": "ဇာဗဒိ​အိမ်ထောင်စု​ကို တစ်ယောက်ချင်းစီ ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ရွေးထုတ်​ခံရ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 19,
      "text": "ထိုအခါ ယောရှု​က အာခန်​အား “​ငါ့​သား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လော့​။ ကျေးဇူးတော်​ကို ချီးမွမ်း​လော့ ​။ သင်​ပြု​သော​အမှု​ကို ငါ့​အား ယခု​ပြော​ပါ​လော့​။ ဘာမျှ ဖုံးကွယ်​မ​ထား​နှင့်​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 20,
      "text": "ထိုအခါ အာခန်​က ယောရှု​အား “​အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမှန်တကယ်​ပြစ်မှား​မိ​ခဲ့​ပါ​၏​။ အကျွန်ုပ် ဤသို့​ပြု​မိ​ခဲ့​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 21,
      "text": "အကျွန်ုပ်​သည် တိုက်ယူ​သော​ပစ္စည်း​ထဲ၌ လှပ​သော​ရှိနာ​ပြည်သား​ဝတ်လုံ​တစ်​ထည်​၊ ငွေ​ရှယ်ကယ်​နှစ်ရာ​နှင့် အလေးချိန်​ရှယ်ကယ်​ငါးဆယ် ​ရှိ​သော​ရွှေချောင်း​တစ်​ချောင်း​ကို တွေ့​သောအခါ တပ်မက်​စိတ်​ဝင်​၍ ယူ​မိ​ပါ​ပြီ​။ အကျွန်ုပ်​၏​တဲ​အတွင်း မြေ​အောက်​၌​ဝှက်ထား​လျက်​ရှိ​ပါ​၏​။ ငွေ​သည် အောက်ဆုံး​၌ ရှိ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 22,
      "text": "ယောရှု​သည် လူ​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် တဲ​သို့​အပြေးသွား​ကြ​၏​။ ထို​ပစ္စည်း​တို့​သည် အာခန်​၏​တဲ​အတွင်း​၌ ဝှက်​ထား​လျက် ငွေ​သည် အောက်ဆုံး​၌​ရှိ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 23,
      "text": "သူ​တို့​သည် တဲ​ထဲ​မှ​ထို​ပစ္စည်း​တို့​ကို​ယူ​၍ ယောရှု​နှင့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​ထံသို့​ယူဆောင်​လာ​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ ချထား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 24,
      "text": "ထိုအခါ ယောရှု​နှင့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဇေရ​အမျိုးသား​အာခန်​ကို သူ​ယူ​ခဲ့​သော ငွေ​၊ ဝတ်လုံ​၊ ရွှေချောင်း​နှင့်တကွ သူ​၏​သား​သမီး​၊ နွား​၊ မြည်း​၊ သိုး​၊ တဲ စသည့် သူ​ပိုင်ဆိုင်​သမျှ​တို့​ကို အာခေါ်​ချိုင့်ဝှမ်း​သို့ ထုတ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 25,
      "text": "ယောရှု​က “​သင်​သည် ငါ​တို့​ကို အဘယ်ကြောင့်​ဒုက္ခပေး​သနည်း​။ ယခု ထာဝရဘုရား​သည် သင့်​ကို​ပြန်​၍​ဒုက္ခပေး​တော်မူ​မည်​”​ဟု ဆို​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​က​လည်း သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​လေ​၏​။ ဤသို့ဖြင့် သူ​တို့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ပြီးနောက် မီး​ရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 26,
      "text": "ထို့နောက် သူ့​အပေါ် ကျောက်ပုံ​ကြီး​ကို ပုံ​ထား​၏​။ ထို​ကျောက်ပုံ​သည် ယနေ့​တိုင်အောင်​ရှိ​၏​။ ထိုအခါ ထာဝရဘုရား​သည် အမျက်​ပြင်းစွာ​ထွက်​ရာ​မှ ပြေ​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို ယနေ့​တိုင်အောင် အာခေါ် ​ချိုင့်ဝှမ်း​ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ စစ်သည်​အပေါင်း​တို့​ကို​ခေါ်​ပြီး အာဣ​မြို့​သို့ ထ​၍​စစ်ချီ​လော့​။ ကြည့်ရှု​လော့​။ အာဣ​ဘုရင်​နှင့်တကွ သူ့​လူ​၊ သူ့​မြို့​၊ သူ့​မြေ​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 2,
      "text": "သင်​သည် ဂျေရိခေါ​မြို့​နှင့် ဂျေရိခေါ​ဘုရင်​ကို​ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​အာဣ​ဘုရင်​ကို​ပြု​ရ​မည်​။ ထို​မြို့​မှ တိုက်ယူ​သော​ပစ္စည်း​နှင့်​တိရစ္ဆာန်​တို့​ကို​ကား သင်​တို့​အဖို့ သိမ်းယူ​ခွင့်​ရှိ​၏​။ မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 3,
      "text": "ယောရှု​နှင့်​စစ်သည်​အပေါင်း​တို့​သည်​လည်း အာဣ​မြို့​သို့ ထ​၍​စစ်ချီ​ကြ​၏​။ ယောရှု​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​သုံးသောင်း​ကို​ရွေးချယ်​ပြီး သူ​တို့​ကို ညအချိန်​၌​စေလွှတ်​၍"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 4,
      "text": "သူ​တို့​အား “​သင်​တို့​သည် မြို့​အနောက်ဘက် မြို့​နှင့်​မ​လှမ်း​မ​ကမ်း​တွင်​ကင်းပုန်းချ​၍ သင်​တို့​အားလုံး အဆင်သင့်​ရှိ​နေ​ကြ​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 5,
      "text": "ငါ​နှင့် ငါ​၌​ရှိ​သော​စစ်သည်​အပေါင်း​တို့​သည် မြို့​ကို​ချဉ်းကပ်​မည်​။ သူ​တို့​သည် ယခင်​ကဲ့သို့ ငါ​တို့​ကို​ထွက်​တိုက်​လျှင် ငါ​တို့​သည် သူ​တို့​ရှေ့​မှ​ထွက်ပြေး​မည်​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 6,
      "text": "ငါ​တို့​သည် သူ​တို့​ရှေ့​မှ ထွက်ပြေး​သောအခါ သူ​တို့​က ‘​ဤ​လူ​တို့​သည် ယခင်​ကဲ့သို့ပင် ထွက်ပြေး​ကြ​ပြီ​’​ဟု ထင်​၍ ငါ​တို့​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​တို့​သည် သူ​တို့​ကို​မြို့​နှင့်​ဝေးဝေးမျှားခေါ်​သွား​မည်​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 7,
      "text": "သင်​တို့​သည် ကင်းပုန်းချ​ရာ​နေရာ​မှ​ထွက်​၍ မြို့​ကို​သိမ်းပိုက်​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​မည်​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 8,
      "text": "သင်​တို့​သည် မြို့​ကို​သိမ်း​ပြီး​သည်​နှင့် မီး​ရှို့​ပစ်​ရ​မည်​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ သင်​တို့​ကို ငါ​အမိန့်ပေး​ပြီ​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 9,
      "text": "ထို့နောက် ယောရှု​သည် စစ်သူရဲ​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် သွား​၍ အာဣ​မြို့​အနောက်ဘက်​၊ ဗေသလ​မြို့​နှင့်​အာဣ​မြို့​အကြား​၌ ကင်းပုန်း​ချ​၍ စောင့်​နေ​ကြ​၏​။ သို့သော် ထို​ည​၌ ယောရှု​သည် စစ်သည်​တို့​နှင့်အတူ​နေရစ်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 10,
      "text": "ယောရှု​သည် နံနက်​စောစောထ​၍ စစ်သည်​တို့​ကို​စုစည်း​ပြီး အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​တို့​နှင့်အတူ စစ်သည်​တို့​ရှေ့​မှ​နေ​၍ အာဣ​မြို့​သို့ ချီတက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 11,
      "text": "သူ​နှင့် စစ်သည်​အပေါင်း​တို့ ချီတက်​သွား​၍ မြို့​အနီး​သို့​ရောက်​သောအခါ အာဣ​မြို့​မြောက်ဘက်​၌ စခန်းချ​ကြ​၏​။ သူ​တို့​နှင့် အာဣ​မြို့​အကြား​၌ ချိုင့်ဝှမ်း​ရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 12,
      "text": "ယောရှု​သည် စစ်သည်​ငါး​ထောင်​ခန့်​ကို​ခေါ်​၍ အာဣ​မြို့​အနောက်ဘက်​၊ ဗေသလ​မြို့​နှင့် အာဣ​မြို့​အကြား​၌ ကင်းပုန်း​ချ​ထား​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 13,
      "text": "ထိုသို့ စစ်သည်​တို့​ကို​နေရာချ​ရာ​တွင် မြို့​မြောက်ဘက်​တွင် ပင်မ​တပ်​၊ မြို့​အနောက်ဘက်​တွင် ကင်းပုန်းတပ်​တို့ နေရာကျ​ကြ​၏​။ ထို​ည​တွင် ယောရှု​သည် ချိုင့်ဝှမ်း​သို့​ဆင်းသွား​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 14,
      "text": "ထိုသို့​တပ်ချ​လျက်​ရှိ​သည်​ကို အာဣ​ဘုရင် သိမြင်​သောအခါ သူ​နှင့်​သူ​၏​မြို့သား​စစ်သည်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ချိန်းချက်​ထား​သည့်​အတိုင်း စောစောထ​၍ အရာဗ​လွင်ပြင်​အရှေ့ဘက်​သို့ အလျင်အမြန်​စစ်ချီထွက်​လေ​၏​။ သို့ရာတွင် သူ​သည် မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​ကြောင်း​ကို မ​သိ​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 15,
      "text": "ယောရှု​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည်​လည်း စစ်ရှုံးဟန်ပြ​၍ တောကန္တာရ​လမ်း​အတိုင်း ပြေး​ကြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 16,
      "text": "အစ္စရေး​စစ်သည်​တို့​ကို လိုက်လံတိုက်ခိုက်​ရန် မြို့​ထဲ​ရှိ​ယောက်ျား​အားလုံး​ကို ခေါ်​သဖြင့် သူ​တို့​သည် ယောရှု​နောက်သို့​လိုက်​ကြ​ရာ မြို့​နှင့်​ဝေး​ရာ​သို့ မျှားခေါ်​သွား​ခြင်း​ခံရ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 17,
      "text": "အာဣ​မြို့​၊ ဗေသလ​မြို့​တို့​၌ ယောက်ျား​တစ်​ယောက်​မ​ကျန် မြို့​ကို​ချန်ထား​၍ အစ္စရေး​စစ်သည်​တို့​နောက်သို့ လိုက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 18,
      "text": "ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​သင်​ကိုင်ထား​သော​လှံ​ကို အာဣ​မြို့​သို့ ရွယ်​လော့​။ ထို​မြို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​သဖြင့် ယောရှု​သည် မိမိ​ကိုင်​ထား​သော​လှံ​ကို ထို​မြို့​သို့ ရွယ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 19,
      "text": "ထိုသို့​ရွယ်လိုက်​သောအခါ ကင်းပုန်း​တို့​သည် ကိုယ့်​နေရာ​မှ​အလျင်အမြန်​ထ​ကာ မြို့​ထဲသို့ ပြေး​ဝင်​ကြ​၏​။ ထို့နောက် မြို့​ကို​သိမ်း​၍ ချက်ချင်း​မီး​ရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 20,
      "text": "အာဣ​မြို့သား​တို့​သည် အနောက်​သို့​လှည့်​ကြည့်​သောအခါ မြို့​ထဲမှ​မီးခိုး​များ ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​၏​။ ထိုအခါ မည်သည့်​ဘက်​သို့ ပြေး​ရ​မည်​ကို မ​သိ​ဖြစ်​ကြ​၏​။ တောကန္တာရ​ဘက်​သို့​ပြေးသွား​သော​စစ်သည်​တို့​က​လည်း အနောက်မှလိုက်​သော​သူ​တို့​ထံ ပြန်လှည့်​လာ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 21,
      "text": "ကင်းပုန်းတပ်​က မြို့​ကို​သိမ်း​ပြီး မြို့​ထဲမှ​မီးခိုး​ထွက်လာ​သည်​ကို ယောရှု​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့ မြင်​သောအခါ ပြန်လှည့်​လာ​၍ အာဣ​မြို့သား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 22,
      "text": "ကင်းပုန်းတပ်​က​လည်း မြို့​ထဲမှ​ထွက်လာ​၍ အာဣ​စစ်သည်​တို့​ကို တိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​စစ်သည်​နှစ်​ဖွဲ့​ကြား​တွင် ပိတ်​မိ​လေ​၏​။ အစ္စရေး​စစ်သည်​တို့​သည် အာဣ​စစ်သည်​တို့ အသက်ရှင်​ကျန်ရစ်​သူ​၊ ထွက်ပြေး​လွတ်မြောက်​သူ တစ်ယောက်​မျှ​မ​ရှိ​အောင် သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 23,
      "text": "အာဣ​ဘုရင်​ကို​ကား အရှင်​ဖမ်း​၍ ယောရှု​ထံ ခေါ်ဆောင်​လာ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 24,
      "text": "အစ္စရေး​စစ်သည်​တို့​သည် သူ​တို့​ကို​တောကန္တာရ​ကွင်းပြင်​အထိ လိုက်လံတိုက်ခိုက်​သည့်​အာဣ​မြို့သား​အပေါင်း​တို့​အား တစ်ယောက်မကျန်​သတ်ဖြတ်​၏​။ ထို​သူ​တို့​အားလုံး ဓား​ဖြင့်​လဲကျ​သေဆုံး​သွား​ပြီးနောက် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် အာဣ​မြို့​သို့ တစ်ဖန်​ပြန်လာ​၍ ကျန်ရစ်​သူ​တို့​ကို ဓား​ဖြင့်​သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 25,
      "text": "ထို​နေ့​၌ အာဣ​မြို့သား ယောက်ျား​၊ မိန်းမ စုစုပေါင်း တစ်သောင်းနှစ်ထောင် ကျဆုံး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 26,
      "text": "အာဣ​မြို့သား​တို့​ကို ချေမှုန်း​၍​မ​ပြီး​မ​ချင်း ယောရှု​သည် လှံ​ရွယ်​ထား​သော​လက်​ကို မ​ချ​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 27,
      "text": "ယောရှု​အား ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​စစ်သည်​တို့​သည် ထို​မြို့​မှ တိရစ္ဆာန်​နှင့် တိုက်ယူ​သော​ပစ္စည်း​တို့​ကို သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 28,
      "text": "ဤသို့ဖြင့် ယောရှု​သည် အာဣ​မြို့​ကို မီးရှို့​ပစ်​၍ ယနေ့​တိုင် လူသူကင်းမဲ့​ရာ​အပျက်အစီးပုံ ဖြစ်​စေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 29,
      "text": "အာဣ​ဘုရင်​ကို နေဝင်​ချိန်​တိုင်အောင် သစ်ပင်​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။ နေဝင်​သောအခါ ယောရှု​အမိန့်​အတိုင်း လူ​တို့​သည် အလောင်း​ကို သစ်ပင်​မှ​ချ​၍ မြို့​တံခါး​ဝ​တွင်​ပစ်ထား​ပြီးလျှင် အလောင်း​ပေါ်တွင် ကျောက်​ပုံ​ကြီး​ပုံ​ထား​၏​။ ထို​ကျောက်ပုံ​သည် ယနေ့​တိုင်အောင် ရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 30,
      "text": "ထို့နောက် ယောရှု​သည် ဧဗလ​တောင်​ပေါ်၌ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 31,
      "text": "“​ယဇ်ပလ္လင်​ကို သံ​လက်နက်ကိရိယာ မ​သုံး​ဘဲ သဘာဝ​ကျောက်တုံး​များ​ဖြင့်​သာ တည်​ရ​မည်​”​ဟု ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား မှာကြား​ခဲ့​သည်​နှင့်အညီ မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးသား​ထား​သည့်​အတိုင်း တည်​၏​။ ထို့နောက် ထို​ယဇ်ပလ္လင်​ပေါ်တွင် ထာဝရဘုရား​အား မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 32,
      "text": "ထို့နောက် အစ္စရေး​အမျိုးသား​တို့ မျက်စိ​ရှေ့​တွင်​ပင် မောရှေ​၏​ပညတ်တရား​ကျမ်း​ကို ကျောက်တုံး​ပေါ်တွင် ကူးရေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 33,
      "text": "အစ္စရေး​လူမျိုး​တို့​အား ကောင်းချီးပေး​မည့်​အကြောင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​က မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် တိုင်းတစ်ပါးသား​များ​၊ အမျိုးသားချင်း​များ​ပါ​လျက် သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ တရားသူကြီး​များ​နှင့်အတူ သေတ္တာ​တော်​တစ်ဖက်တစ်ချက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အနွယ်ဝင်​ယဇ်ပုရောဟိတ်​တို့​ရှေ့​၌​ရပ်​ကြ​၏​။ ဂေရဇိမ်​တောင်​အရှေ့​တွင် တစ်ဝက်​၊ ဧဗလ​တောင်​အရှေ့​တွင် တစ်ဝက် ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 34,
      "text": "ထို့နောက် ယောရှု​သည် ပညတ်တရား​ကျမ်း​၌​ရေးသား​ခဲ့​သမျှ​အတိုင်း ကောင်းချီးမင်္ဂလာ​၊ ကျိန်ခြင်းအမင်္ဂလာ တို့​နှင့်ဆိုင်သော​တရား​စကား​အလုံးစုံ​ကို ဖတ်ကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 35,
      "text": "မောရှေ​မိန့်မှာ​ထား​သော​စကား​တို့​ကို မိန်းမ​၊ ကလေး​နှင့်တကွ အစ္စရေး​လူမျိုး​နှင့်အတူ​နေထိုင်​သော​တိုင်းတစ်ပါးသား​တို့​အပါအဝင် အစ္စရေး​လူထု​တစ်ရပ်လုံး​ရှေ့​တွင် မ​ဖတ်​ဘဲ​ထားခဲ့​သော​စကား​တစ်ခွန်းမျှ​မ​ရှိ​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 1,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက် တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ လက်ဘနွန်​တောင်ခြေ​ရှိ​မြေထဲပင်လယ်​ကမ်းခြေ​တစ်လျှောက် တို့​၌​နေထိုင်​ကြ​သော ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​သတင်း​ကို ကြား​သောအခါ"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 2,
      "text": "ယောရှု​နှင့်​အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် တစ်ဖွဲ့တည်း ပူးပေါင်း​ကြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 3,
      "text": "ဂိဗောင်​မြို့သား​တို့​မူကား ဂျေရိခေါ​မြို့​နှင့်​အာဣ​မြို့​တို့​ကို ယောရှု​မည်သို့​တိုက်ခိုက်​ခဲ့​သည်​ကို ကြား​သောအခါ"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 4,
      "text": "သူ​တို့​သည် လိမ္မာပါးနပ်​စွာ​ပရိယာယ်​ဆင်​လျက် သံတမန်​အယောင်​ဆောင်​ပြီး ဟောင်းနွမ်း​သော​အိတ်​၊ ဟောင်းနွမ်း​ပေါက်ပြဲ​၍​ဖာထေး​ထား​သော​စပျစ်ဝိုင်​ဘူး​များ​ကို မြည်း​ပေါ်​တင်​၍"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 5,
      "text": "ဟောင်းနွမ်း​ဖာထေး​ထား​သော​ဖိနပ်​ကို​စီး​လျက်​၊ ဟောင်းနွမ်း​သော​အဝတ်​ကို​လည်း ဝတ်​လျက်​၊ ခြောက်သွေ့​ကျိုးကြေ​သော​ရိက္ခာမုန့်​များ​ပါ​လျက်"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 6,
      "text": "ယောရှု​တပ်စခန်း​ချ​ရာ ဂိလဂါလ​အရပ်​သို့ ရောက်လာ​ကြ​၏​။ ထို့နောက် ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​အား “​အကျွန်ုပ်​တို့​သည် ဝေး​သော​ပြည်​မှ လာ​ကြ​ပြီ​ဖြစ်၍ အကျွန်ုပ်​တို့​နှင့် မိတ်​ဖွဲ့​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​တို့​က​လည်း “​သင်​တို့​နှင့် မိတ်​မ​ဖွဲ့​နိုင်​။ သင်​တို့​သည် ငါ​တို့ အနီးအနား​၌ နေထိုင်​သူ​များ​လည်း ဖြစ်​နိုင်​ပါ​သည်​”​ဟု ဟိဝိ​လူမျိုး​တို့​အား ပြန်ပြော​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 8,
      "text": "သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​သည် သခင်​၏​ကျွန်​များ​ဖြစ်​ပါ​သည်​”​ဟု ဆို​သောအခါ ယောရှု​က​လည်း “​သင်​တို့​သည် မည်သူ​တို့​နည်း​။ မည်သည့်​အရပ်​က လာ​ကြ​သနည်း​”​ဟု ပြန်မေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 9,
      "text": "သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် သခင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အကြောင်း​ကို​ကြား​၍ အလွန်​ဝေး​သော​ပြည်​မှ​လာ​သော သခင်​၏​ကျွန်​များ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ထာဝရဘုရား​၏​ဂုဏ်​သတင်း​တော်​ကို​လည်းကောင်း​၊ အီဂျစ်​ပြည်​၌​ပြု​တော်မူ​ခဲ့​သမျှ​တို့​ကို​လည်းကောင်း​၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 10,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် အာရှတရုတ်​မြို့​၌​နေ​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၌ ပြု​တော်မူ​ခဲ့​သမျှ​တို့​ကို​လည်းကောင်း ကြားသိ​သောအခါ"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 11,
      "text": "အကျွန်ုပ်​တို့​၏​သက်ကြီးဝါကြီး​များ​နှင့် ပြည်သား​များ​က ငါ​တို့​အား ‘​လမ်းခရီး​အတွက် ရိက္ခာ​များ​ကို ယူ​၍ သူ​တို့​ကို သွား​တွေ့​လော့​။ ငါ​တို့​သည် သူ​တို့​၏​ကျွန်​များ​ဖြစ်ကြောင်း​၊ ငါ​တို့​နှင့်​မိတ်​ဖွဲ့​ပါ​မည့်​အကြောင်း လျှောက်ထား​လော့​’​ဟု မှာလိုက်​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 12,
      "text": "သင်​တို့​ထံသို့​လာ​ရန် ခရီး​စထွက်​ခဲ့​သော​နေ့​၌ အိမ်​မှ​ယူလာ​သော​မုန့်​သည် ပူပူနွေးနွေး​ပင် ရှိ​ပါ​၏​။ ယခု ကြည့်​ပါ​။ ခြောက်သွေ့​ကျိုးကြေ​ကုန်​ပါ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 13,
      "text": "စပျစ်ဝိုင်​ထည့်​ခဲ့​သော​ဘူး​အသစ်​တို့​သည်​လည်း ယခုမှာ ပေါက်ပြဲ​ကုန်​ပါ​ပြီ​။ အဝတ်​နှင့်​ဖိနပ်​တို့​မှာ​လည်း ခရီး​ဝေး​မှ​လာ​ရ​သောကြောင့် စုတ်ပြတ်​ကုန်​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 14,
      "text": "အစ္စရေး​အမျိုးသား​တို့​က​လည်း ထာဝရဘုရား​ထံ ခွင့်​မ​ပန်​ဘဲ သူ​တို့​၏​အစားအစာ​ကို ယူ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 15,
      "text": "ယောရှု​လည်း သူ​တို့​နှင့် ငြိမ်းချမ်းရေး​ယူ​၏​။ သူ​တို့​ကို အသက်ချမ်းသာ​ပေး​ရန် ကတိသစ္စာ​ပြု​၏​။ လူထု​ခေါင်းဆောင်​တို့​က​လည်း သဘောတူ​ကျိန်ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 16,
      "text": "ထိုသို့ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​နှင့်​ကတိသစ္စာ​ပြု​ပြီး သုံး​ရက်​လွန်​သောအခါ ထို​သူ​တို့​သည် မိမိ​တို့​၏​အနီးအနား​၌​နေ​သော​အိမ်နီးချင်း​ပြည်သား​များ​ဖြစ်​နေ​သည်​ကို သိ​ရ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 17,
      "text": "အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​ရာ သုံး​ရက်​မြောက်​သော​နေ့​၌ ထို​သူ​တို့​နေထိုင်ရာ ဂိဗောင်​မြို့​၊ ခေဖိရ​မြို့​၊ ဗေရုတ်​မြို့​၊ ကိရယတ်ယာရိမ်​မြို့​သို့ ရောက်လာ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 18,
      "text": "လူထု​ခေါင်းဆောင်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ကျိန်ဆို​ထား​ပြီ​ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​က သူ​တို့​ကို မ​တိုက်ခိုက်​ဘဲ​နေ​၏​။ သို့သော် အစ္စရေး​လူထု​တစ်ရပ်လုံး​က ခေါင်းဆောင်​တို့​ကို အပြစ်တင်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 19,
      "text": "ခေါင်းဆောင်​အပေါင်း​တို့​က​လည်း လူထု​တစ်ရပ်လုံး​အား “​ငါ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သူ​တို့​နှင့်​ကျိန်ဆို​ထား​သောကြောင့် သူ​တို့​ကို ထိပါး​၍​မ​ရ​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 20,
      "text": "သူ​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။ သို့မဟုတ်လျှင် သူ​တို့​နှင့်​ကျိန်ဆို​ထား​သောကြောင့် အမျက်​တော်​သည် ငါ​တို့​အပေါ် ကျရောက်​လာ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 21,
      "text": "“​ခေါင်းဆောင်​တို့ ပြော​ထား​သည့်​အတိုင်း သူ​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ပြီး လူထု​တစ်ရပ်လုံး​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​ပေး​ရ​သော​အလုပ်​ကို လုပ်​စေ​”​ဟု ခေါင်းဆောင်​တို့​က သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 22,
      "text": "ယောရှု​သည် ထို​သူ​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် ငါ​တို့​အနီးအနား​၌​နေထိုင်​ကြ​ပါ​လျက်​နှင့် ‘​သင်​တို့​နှင့် ဝေးကွာ​သော​အရပ်​မှ လာ​ပါ​သည်​’​ဟု အဘယ်ကြောင့် ငါ​တို့​ကို လှည့်စား​ပြောဆို​သနည်း​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 23,
      "text": "ယခုမှာ သင်​တို့​သည် ကျိန်​ခြင်း​ကို ခံရ​လေ​ပြီ​။ ငါ့​ဘုရားသခင်​၏​အိမ်​တော်​တွင် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် အစဉ်အမြဲ​အစေခံ​ရ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 24,
      "text": "သူ​တို့​က​လည်း ယောရှု​အား “​အရှင်​တို့​ရှေ့မှောက်​တွင် ဤ​ပြည်သား​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး ပြည်​တစ်ပြည်လုံး​ကို အရှင်​တို့​အား​ပေး​မည်​ဟု အရှင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​အစေအပါး​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို အရှင့်​အစေအပါး​တို့ ကောင်း​စွာ​သိ​ထား​ပြီ​။ အကျွန်ုပ်​တို့​လည်း အသတ်​ခံရ​မည်​ကို ကြောက်​လွန်း​သဖြင့် ဤသို့​ပြု​ခြင်း​ဖြစ်​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 25,
      "text": "ကြည့်​ပါ​လော့​။ ယခုမှာ အကျွန်ုပ်​တို့​သည် သခင့်​လက်​၌​ရှိ​ပါ​၏​။ ကောင်း​မည်​၊ သင့်​မည်​ဟု ထင်​သည့်​အတိုင်း ပြု​ပါ​လော့​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 26,
      "text": "ထို့ကြောင့် သူ​တို့​အသတ်​မ​ခံရ​စေရန် ယောရှု​သည် သူ​တို့​ကို အစ္စရေး​အမျိုးသား​တို့​လက်​မှ ကယ်နုတ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 27,
      "text": "ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 1,
      "text": "ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 2,
      "text": "အလွန်​ကြောက်​လေ​၏​။ အကြောင်းမူကား ဂိဗောင်​မြို့​သည် မင်းနေပြည်တော်​မြို့​ကဲ့သို့ ခမ်းနားကြီးကျယ်​သော​မြို့​ဖြစ်​၏​။ အာဣ​မြို့​ထက်​ကြီး​၍ ထို​မြို့​ရှိ​ယောက်ျား​အပေါင်း​တို့​သည်​လည်း စစ်သူရဲ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 3,
      "text": "ထို့ကြောင့် ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး​သည် ဟေဗြုန်​ဘုရင်​ဟောဟံ​မင်းကြီး​၊ ယာမုတ်​ဘုရင်​ပိရံ​မင်းကြီး​၊ လာခိရှ​ဘုရင်​ယာဖျာ​မင်းကြီး​၊ ဧဂလုန်​ဘုရင်​ဒေဗိရ​မင်းကြီး တို့​ထံသို့ လူ​လွှတ်​ကာ"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 4,
      "text": "“​ဂိဗောင်​မြို့သား​တို့​သည် ယောရှု​နှင့်​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​တို့​နှင့်​လည်းကောင်း မိတ်ဖွဲ့​ပြီ​ဖြစ်၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ရန် ငါ့​ကို လာ​ကူညီ​ကြ​ပါ​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 5,
      "text": "ထို့ကြောင့် အာမောရိ​ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​သည် သူ​တို့​၏​စစ်သည်​အပေါင်း​တို့​နှင့်တကွ ပူးပေါင်း​စစ်ချီ​ကြ​၏​။ ဂိဗောင်​မြို့​အနီး​၌ စခန်းချ​၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 6,
      "text": "ထိုအခါ ဂိဗောင်​မြို့သား​တို့​သည် ဂိလဂါလ​အရပ်​၌​တပ်စခန်း​ချ​နေ​သော​ယောရှု​ထံသို့ လူ​လွှတ်​၍ “​တောင်ပေါ်ဒေသ​၌​နေထိုင်​သော အာမောရိ​ဘုရင်​တို့ ပူးပေါင်း​ပြီး အကျွန်ုပ်​တို့​ကို လာတိုက်​ပါ​ပြီ​။ သို့ဖြစ်၍ အရှင့်​အစေအပါး​တို့​ကို ပစ်​မ​ထား​ပါ​နှင့်​။ အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​လာ​၍ ကူညီ​ကယ်တင်​ပါ​လော့​”​ဟု လျှောက်ဆို​စေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 7,
      "text": "ယောရှု​သည်​လည်း ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​အပေါင်း​တို့​နှင့်တကွ စစ်တပ်​တစ်တပ်လုံး​ကို​ခေါ်​၍ ဂိလဂါလ​အရပ်​မှ စစ်ချီထွက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 8,
      "text": "ထာဝရဘုရား​က ယောရှု​အား “​သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​ဖြစ်၍ သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ရှေ့​၌ ထို​သူ​တို့​တစ်ယောက်မျှ ခံရပ်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 9,
      "text": "ယောရှု​သည် ဂိလဂါလ​အရပ်​မှ တစ်ညလုံး​စစ်ချီ​၍ ရန်သူ​တို့​ကို အလစ်​ဝင်တိုက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 10,
      "text": "ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 11,
      "text": "ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 12,
      "text": "အာမောရိ​လူမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သော​နေ့​၌ ယောရှု​သည် ထာဝရဘုရား​ထံ ဆုတောင်း​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​ရှေ့မှောက်​တွင် “​အို နေ​၊ ဂိဗောင်​မြို့​ပေါ် တန့်​နေ​လော့​။ အို လ​၊ အာယလုန်​ချိုင့်ဝှမ်း​ပေါ် တန့်​နေ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 13,
      "text": "လူမျိုး​တော်​တို့​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​ပြီး​သည်​အထိ နေ​သည် ငြိမ်ဝပ်​လျက်​၊ လ​သည် တန့်​လျက် နေ​၏​။ ထို​အကြောင်း​ကို ယာရှာ​စာအုပ်​၌ ရေးဖွဲ့​ထား​၏​။ နေ​သည် တစ်နေ့လုံး မ​ရွေ့​မ​လျား ကောင်းကင်​အလယ်​၌ တန့်​လျက်​နေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 14,
      "text": "ထာဝရဘုရား​သည် ထို​နေ့​ကဲ့သို့ လူ​၏​စကား​ကို နားညောင်း​သော​အဖြစ်​မျိုး ယခင်က မ​ဖြစ်​ဖူး​၊ နောင်​လည်း ဖြစ်​မည်​မ​ဟုတ်​။ စင်စစ် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အတွက် စစ်တိုက်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 15,
      "text": "ယောရှု​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် မိမိ​တို့​စခန်းချ​ရာ ဂိလဂါလ​အရပ်​သို့ ပြန်လာ​ခဲ့​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 16,
      "text": "ရှင်ဘုရင်​ငါး​ပါး​တို့​မှာ​မူ ထွက်ပြေး​၍ မက္ကဒါ​အရပ်​ရှိ လိုဏ်ဂူ​ထဲတွင် ပုန်း​နေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 17,
      "text": "“​ရှင်ဘုရင်​ငါး​ပါး​သည် မက္ကဒါ​အရပ်​ရှိ​လိုဏ်ဂူ​ထဲ၌ ပုန်း​နေ​သည်​ကို တွေ့​ပါ​ပြီ​”​ဟု ယောရှု​အား ကြားလျှောက်​ကြ​သောအခါ"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 18,
      "text": "ယောရှု​က “​လိုဏ်ဂူ​ဝ​ကို ကျောက်တုံး​ကြီး​များ​နှင့် ပိတ်​ထား​၍ လူစောင့်​ချ​ထား​ခဲ့​လော့​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 19,
      "text": "သင်​တို့​မူကား ရပ်စောင့်​မ​နေ​ဘဲ ရန်သူ​တို့​နောက်သို့​လိုက်​၍ တိုက်ခိုက်​ကြ​လော့​။ သူ​တို့​ကို မြို့​ထဲသို့ တစ်ယောက်​မျှ မ​ဝင်​စေ​နှင့်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 20,
      "text": "ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး အပြီးတိုင်​ချေမှုန်း​ခဲ့​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ခံတပ်​မြို့​သို့ ပြေးဝင်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 21,
      "text": "အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ယောရှု​စခန်း​ချ​ရာ မက္ကဒါ​အရပ်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​လာ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​ကို မည်သူ​မျှ ရန်​မ​စ​ဝံ့​ကြ​ချေ​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 22,
      "text": "ယောရှု​က “​လိုဏ်ဂူ​ဝ​ကို​ဖွင့်​ပြီး ထို​လိုဏ်ဂူ​ထဲမှ​ရှင်ဘုရင်​ငါး​ပါး​ကို ငါ့​ထံသို့ ထုတ်ဆောင်​လာ​ခဲ့​ကြ​လော့​”​ဟု ဆို​သည့်​အတိုင်း"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 23,
      "text": "ရှင်ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​ကို လိုဏ်ဂူ​ထဲမှ ခေါ်ထုတ်​လာ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 24,
      "text": "ထို​ရှင်ဘုရင်​တို့​ကို ယောရှု​ထံ​ခေါ်ဆောင်​လာ​သောအခါ ယောရှု​က အစ္စရေး​တစ်မျိုးသားလုံး​ကို ဆင့်ခေါ်​ပြီးလျှင် သူ​နှင့်အတူ​စစ်ချီ​ခဲ့​သော​စစ်သူရဲ​အကြီးအမှူး​တို့​အား “​လာ​ကြ​၊ ဤ​ရှင်ဘုရင်​တို့​၏​လည်ပင်း​ကို တက်နင်း​ကြ​”​ဟု ဆို​၏​။ သူ​တို့​လည်း လာ​၍​ရှင်ဘုရင်​တို့​၏​လည်ပင်း​ကို တက်နင်း​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 25,
      "text": "ထို့နောက် ယောရှု​က သူ​တို့​အား “​မ​ကြောက်​ကြ​နှင့်​။ စိတ်​မ​ပျက်​ကြ​နှင့်​။ အားယူ​၍​ရဲရင့်​ခြင်း​ရှိ​ကြ​လော့​။ သင်​တို့​နှင့်​တိုက်ခိုက်​သော​ရန်သူ​ဟူသမျှ​ကို ထာဝရဘုရား​က ဤသို့​ဖြစ်စေ​တော်မူ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 26,
      "text": "ထို့နောက် ယောရှု​သည် ထို​ရှင်ဘုရင်​တို့​ကို ရိုက်နှက်​ပြီး အသေသတ်​ကာ သစ်ပင်​ငါး​ပင်​ပေါ်၌​ချိတ်ဆွဲ​ထား​လေ​၏​။ သူ​တို့​သည် နေဝင်ချိန်​တိုင်အောင် သစ်ပင်​၌​ချိတ်ဆွဲ​ထား​ခြင်း​ခံရ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 27,
      "text": "နေဝင်ချိန်​ရောက်​သောအခါ ယောရှု​အမိန့်ပေး​သဖြင့် ထို​ရှင်ဘုရင်​တို့​၏​အလောင်း​ကို သစ်ပင်​ပေါ်​မှ​ချ​ပြီး သူ​တို့​ပုန်းအောင်း​ခဲ့​သည့်​လိုဏ်ဂူ​ထဲသို့ ပစ်ထည့်​ကာ လိုဏ်ဂူ​ဝ​ကို ကျောက်တုံး​ကြီး​များ​ဖြင့် ပိတ်​ထား​လေ​၏​။ ထို​ကျောက်တုံး​ကြီး​များ​သည် ယနေ့​တိုင် ရှိ​သေး​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 28,
      "text": "ထို​နေ့​မှာပင် ယောရှု​သည် မက္ကဒါ​မြို့​ကို သိမ်းပိုက်​ပြီး မြို့သူမြို့သား​နှင့် ရှင်ဘုရင်​ကို ဓား​ဖြင့်​လုပ်ကြံ​၏​။ သူ​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ တစ်ယောက်​မျှ​မ​ရှိ​။ ဂျေရိခေါ​ဘုရင်​ကို ပြု​သကဲ့သို့ မက္ကဒါ​ဘုရင်​ကို ပြု​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 29,
      "text": "ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် မက္ကဒါ​မြို့​မှ လိဗန​မြို့​သို့ ချီတက်​ပြီး လိဗန​မြို့​ကို တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 30,
      "text": "ထာဝရဘုရား​သည် ထို​မြို့​နှင့်​ဘုရင်​ကို အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် သူ​တို့​သည် မြို့သူမြို့သား​အပေါင်း​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ ဂျေရိခေါ​ဘုရင်​ကို ပြု​သကဲ့သို့ ထို​မြို့​၏​ဘုရင်​ကို ပြု​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 31,
      "text": "ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် လိဗန​မြို့​မှ လာခိရှ​မြို့​သို့ ချီတက်​ပြီး ထို​မြို့​အနီး​၌ စခန်းချ​ကာ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 32,
      "text": "ထာဝရဘုရား​သည် လာခိရှ​မြို့​ကို​လည်း အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် ဒုတိယ​နေ့​တွင် ထို​မြို့​ကို​သိမ်း​၍ လိဗန​မြို့​ကို ပြု​ခဲ့​သည့်​အတိုင်း ထို​မြို့သူမြို့သား​အားလုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 33,
      "text": "ထိုအခါ ဂေဇာ​ဘုရင်​ဟောရံ​မင်းကြီး​သည် လာခိရှ​ဘုရင်​ကို စစ်ကူပေး​ရန် ချီလာ​၏​။ ယောရှု​သည် ထို​ဘုရင်​နှင့်​သူ​၏​စစ်သည်​တို့​ကို အသက်ရှင်​ကျန်ရစ်​သူ​မ​ရှိ​အောင် ချေမှုန်း​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 34,
      "text": "ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် လာခိရှ​မြို့​မှ ဧဂလုန်​မြို့​သို့ ချီတက်​၍ ထို​မြို့​အနီး​၌​စခန်းချ​ကာ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 35,
      "text": "သူ​တို့​သည် ထို​မြို့​ကို နေ့ချင်း​သိမ်းပိုက်​၏​။ လာခိရှ​မြို့​ကို ပြု​ခဲ့​သည့်​အတိုင်း ထို​နေ့ချင်း​တွင် မြို့သူမြို့သား​အပေါင်း​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​၍ တစ်ယောက်မကျန်​သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 36,
      "text": "ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဧဂလုန်​မြို့​မှ ဟေဗြုန်​မြို့​သို့ ချီတက်​ကာ ထို​မြို့​ကို​တိုက်ခိုက်​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 37,
      "text": "ထို​မြို့​ကို သိမ်းပိုက်​၍ ထို​မြို့​၏​ဘုရင်​နှင့်တကွ မြို့ရွာ​အားလုံး​ရှိ လူ​အားလုံး​ကို ဓား​ဖြင့် လုပ်ကြံ​၏​။ ဧဂလုန်​မြို့​ကို တစ်ယောက်​မျှ​မ​ကျန်​အောင် ဖျက်ဆီး​ခဲ့​သည့်​အတိုင်း ထို​မြို့​နှင့် ထို​မြို့​၌​ရှိ​သော​လူ​အားလုံး​ကို ဖျက်ဆီး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 38,
      "text": "ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​တို့​သည် ဒေဗိရ​မြို့​သို့​လှည့်​၍ ထို​မြို့​ကို တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 39,
      "text": "ထို​မြို့​နှင့် မြို့​၏​ဘုရင်​အပါအဝင် မြို့ရွာ​အားလုံး​ကို​သိမ်းပိုက်​၏​။ မြို့သူမြို့သား​အားလုံး​ကို ဓား​ဖြင့် တစ်ယောက်မကျန် လုပ်ကြံ​သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ဟေဗြုန်​မြို့​နှင့်​ဘုရင်​၊ လိဗန​မြို့​နှင့်​ဘုရင် တို့​ကို​ပြု​သကဲ့သို့ ဒေဗိရ​မြို့​နှင့်​ဘုရင်​ကို ပြု​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 40,
      "text": "ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 41,
      "text": "ဤသို့ဖြင့် ယောရှု​သည် ကာဒေရှဗာနာ​အရပ်​မှ ဂါဇ​အရပ်​တိုင်အောင်​၊ ဂိဗောင်​မြို့​မှ ဂေါရှင်​ပြည်​တစ်လျှောက်လုံး​ကို တိုက်ခိုက်သိမ်းပိုက်​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 42,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အတွက် စစ်တိုက်​တော်မူ​သောကြောင့် ယောရှု​သည် ရှင်ဘုရင်​တို့​နှင့်တကွ သူ​တို့​၏​တိုင်းပြည်​များ​ကို တစ်ချီတည်း​သိမ်းပိုက်​အောင်မြင်​ခဲ့​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 43,
      "text": "ထို့နောက်တွင် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် တပ်စခန်း​ချ​ရာ​ဂိလဂါလ​အရပ်​သို့ ပြန်လာ​ခဲ့​ကြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 1,
      "text": "ဟာဇော်​ဘုရင် ယာဘိန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​၏​သတင်း​ကို ကြား​သောအခါ မာဒုန်​ဘုရင်​ယောဗပ်​မင်းကြီး​၊ ရှိမရုန်​ဘုရင်​၊ အာခရှပ်​ဘုရင်​တို့​ထံသို့​လည်းကောင်း​၊"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 2,
      "text": "မြောက်ပိုင်း​တောင်ပေါ်ဒေသ​၊ ဂင်နေသရက်​အိုင်​တောင်ဘက် အရာဗ​လွင်ပြင်​၊ မြေနိမ့်ဒေသ​၊ အနောက်ဘက်​ဒေါရ​ပြည် စသည်​တို့​မှ ဘုရင်​တို့​ထံသို့​လည်းကောင်း​၊"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 3,
      "text": "အရှေ့​အနောက်​တစ်ခွင်​ရှိ ခါနာန်​လူမျိုး​များ​၊ တောင်ပေါ်ဒေသ​ရှိ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ ဟေရမုန်​တောင်ခြေ မိဇပါ​ပြည်​ရှိ ဟိဝိ​လူမျိုး​များ စသည်​တို့​ထံသို့​လည်းကောင်း သတင်းပို့​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 4,
      "text": "ထို​ဘုရင်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 5,
      "text": "ထို​ဘုရင်​အားလုံး စုရုံး​ကြ​၍ အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် မေရုံ​အိုင်​နား​တွင် လာရောက်​စခန်းချ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​သူ​တို့​ကို မ​ကြောက်​နှင့်​။ မနက်ဖြန် ယခုလို​အချိန်​တွင် ငါ​သည် သူ​တို့​အားလုံး​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​တွင် အသတ်ခံရ​စေ​မည်​။ သင်​သည် မြင်း​များ​၏​တံကောက်ကြော​ကို ဖြတ်ပစ်​ရ​မည်​၊ စစ်ရထား​များ​ကို​လည်း မီး​ရှို့​ပစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 7,
      "text": "ထို့ကြောင့် ယောရှု​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မေရုံ​အိုင်​သို့ ချီတက်​၍ ရန်သူ​တို့​ကို အလစ်​ဝင်တိုက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ရန်သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် အစ္စရေး​စစ်သည်​တို့​သည် ဆီဒုန်​မြို့​ကြီး​၊ မိသရဖောသမိမ်​မြို့​၊ အရှေ့ဘက်​အရပ်​ရှိ မိဇပါ​ချိုင့်ဝှမ်း​တိုင်အောင် လိုက်လံ​တိုက်ခိုက်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် လုပ်ကြံ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 9,
      "text": "ထို့နောက် ယောရှု​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း မြင်း​များ​၏​တံကောက်ကြော​ကို​ဖြတ်​၍ စစ်ရထား​များ​ကို မီး​ရှို့​ပစ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 10,
      "text": "ထို့နောက် ယောရှု​သည် ပြန်လာ​၍ ဟာဇော်​မြို့​ကို သိမ်းပိုက်​ပြီး ရှင်ဘုရင်​ကို ဓား​ဖြင့်​သတ်​လေ​၏​။ ဟာဇော်​မြို့​သည် ယခင်က ထို​နိုင်ငံ​အပေါင်း​တို့​၏​အထွတ်​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 11,
      "text": "မြို့သူမြို့သား​အားလုံး​ကို​လည်း ဓား​ဖြင့်​လုပ်ကြံ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​အောင် ဖျက်ဆီး​၏​။ ထို့နောက် ဟာဇော်​မြို့​ကို မီး​ရှို့​ပစ်​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 12,
      "text": "ယောရှု​သည် ထို​ဘုရင်​တို့​၏​မင်းနေပြည်တော်​ရှိသမျှ​နှင့် ဘုရင်​အပေါင်း​တို့​ကို သိမ်းပိုက်​၍ ထာဝရဘုရား​၏​အစေအပါး​မောရှေ မှာကြား​ထား​ခဲ့​သည့်​အတိုင်း တစ်ယောက်မကျန် ဓား​ဖြင့်​ကွပ်မျက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 13,
      "text": "အစ္စရေး​စစ်သည်​တို့​သည် တောင်​ပေါ်​ရှိ အခြား​မြို့​များ​ကို မီး​မ​ရှို့​ကြ​။ ဟာဇော်​မြို့​တစ်မြို့တည်း​ကို​သာ ယောရှု မီးရှို့​ပစ်​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 14,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထို​မြို့​တို့​မှ တိုက်ယူ​သော​ပစ္စည်း​နှင့် တိရစ္ဆာန် ရှိသမျှ​တို့​ကို သိမ်းယူ​၍ လူ​တို့​ကို​မူ တစ်​ယောက်​မ​ကျန် ဓား​ဖြင့်​သုတ်သင်ပယ်ရှင်း​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 15,
      "text": "ထာဝရဘုရား​က မိမိ​အစေအပါး​မောရှေ​အား မိန့်မှာ​ခဲ့​သည့်​အတိုင်း မောရှေ​က ယောရှု​အား ဆင့်ဆို​ရာ ယောရှု​သည် ထို​အတိုင်း​ပြု​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား​မိန့်မှာ​ခဲ့​သမျှ​ကို ယောရှု​က မ​ပြု​ဘဲ​ချန်ထား​ခဲ့​သည်​ဟူ၍ တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 16,
      "text": "ထိုသို့ ယောရှု​သည် တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ အရာဗ​လွင်ပြင်​တို့​မှစ၍ နေဂေ့​အရပ်​တစ်ခုလုံး​၊ ဂေါရှင်​ပြည်​တစ်ပြည်လုံး​နှင့် အစ္စရေး​တောင်တန်း​မြေပြန့်​မကျန် နယ်မြေ​အားလုံး​ကို သိမ်းယူ​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 17,
      "text": "စိရ​ပြည်​ဘက်​သို့​တက်သွား​သော ဟာလက်​တောင်​အထိ​၊ ထိုမှ ဟေရမုန်​တောင်​ခြေ လက်ဘနွန်​ချိုင့်ဝှမ်း​ရှိ ဗာလဂဒ်​အရပ်​အထိ သိမ်းယူ​ခဲ့​၏​။ ရှင်ဘုရင်​အပေါင်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး ရိုက်နှက်​ကွပ်မျက်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 18,
      "text": "ယောရှု​သည် ထို​ဘုရင်​အပေါင်း​တို့​ကို ရက်ပေါင်း​များစွာ တိုက်ယူ​ခဲ့​ရ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 19,
      "text": "ဂိဗောင်​မြို့သား​၊ ဟိဝိ​လူမျိုး​တို့​မှတစ်ပါး အခြား​မည်သည့်​မြို့​မျှ အစ္စရေး​လူမျိုး​တို့​ကို မိတ်​မ​ဖွဲ့​ကြ​။ ထို့ကြောင့် အခြား​မြို့​ရှိသမျှ​တို့​ကို တိုက်ခိုက်​သိမ်းပိုက်​ကြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 20,
      "text": "အစ္စရေး​လူမျိုး​တို့​နှင့် စစ်တိုက်​ရန် သူ​တို့​ကို ထာဝရဘုရား​စိတ်ခိုင်မာ​စေ​၏​။ ဤသို့​ဖြစ်​ခြင်း​မှာ သူ​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​ကို မ​သနား​မ​ညှာတာ​ဘဲ တစ်​ယောက်​မ​ကျန်​ကွပ်မျက်​တော်မူ​ရန်​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 21,
      "text": "ထို​အချိန်​တွင် ယောရှု​သည် တောင်​ပေါ်​မြို့​ဖြစ်​သော ဟေဗြုန်​မြို့​၊ ဒေဗိရ​မြို့​၊ အာနပ်​မြို့​တို့​နှင့် ယုဒ​တောင်ပေါ်ဒေသ​၊ အစ္စရေး​တောင်ပေါ်ဒေသ​တို့​၌ နေထိုင်​သော​အာနက​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​၍ သူ​တို့​၏​မြို့​များ​နှင့် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 22,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​ပိုင်နက်​ထဲတွင် အာနက​လူမျိုး တစ်ယောက်မျှ​မ​ကျန်​။ ဂါဇ​မြို့​၊ ဂါသ​မြို့​၊ အာဇုတ်​မြို့​တို့​၌​သာ အနည်းငယ်​ကျန်ရစ်​၏​။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 23,
      "text": "မောရှေ​အား ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ယောရှု​သည် ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်​အလိုက် အမွေမြေ​အဖြစ် ခွဲဝေ​ပေး​လေ​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​တိုက်ခိုက်သိမ်းပိုက်​နိုင်​ခဲ့​သော​ပြည်​နှင့်​ဘုရင်​များ​ကား ဤသို့​ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အာနုန်​ချောင်း​မှစ၍ ဟေရမုန်​တောင်​အထိ​၊ အရှေ့ဘက်​အရာဗ​လွင်ပြင်​တစ်ခုလုံး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 2,
      "text": "ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး ပိုင်နက်​ဖြစ်​သည့် အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​၊ အာနုန်​ချောင်း တစ်ဝက်​မှ ဂိလဒ်​ပြည်​တစ်ဝက်​၊ အမ္မုန်​အမျိုးသား​တို့​နယ်စပ် ယဗ္ဗုတ်​ချောင်း​အထိ အောင်နိုင်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 3,
      "text": "အရာဗ​လွင်ပြင်​မှ ဂင်နေသရက်​အိုင်​အရှေ့ဘက်​အထိ​၊ ဆား​ပင်လယ်​ဟု​ခေါ်​သော​အရာဗ​ပင်လယ်​မှ အရှေ့ဘက်​ဗက်ယေရှိမုတ်​မြို့​အထိ​၊ တောင်ဘက် ပိသဂါ​တောင်ခြေ​အထိ​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 4,
      "text": "အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​၌​စိုးစံ​သော ရေဖိမ်​လူမျိုး​အကြွင်းအကျန် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး ပိုင်နက်​ဖြစ်​သည့်"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 5,
      "text": "ဟေရမုန်​တောင်​၊ သာလက​အရပ်​နှင့် ဗာရှန်​တစ်ပြည်လုံး​မှစ၍ ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​အထိ​၊ ဂိလဒ်​ပြည်​တစ်ဝက်​မှစ၍ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်နိမိတ်​အထိ သိမ်းပိုက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 6,
      "text": "ထာဝရဘုရား​၏​အစေအပါး​မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ထို​ပြည်​တို့​ကို​အောင်​နိုင်​ပြီးလျှင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် ထို​ပြည်​ကို ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​နှင့် မနာရှေ​အမျိုး​တစ်ဝက်​အား ပိုင်ဆိုင်​ရာ​အဖြစ်​ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 7,
      "text": "ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​အနောက်ဘက်ခြမ်း​၌ လက်ဘနွန်​ချိုင့်ဝှမ်း​ရှိ​ဗာလဂဒ်​အရပ်​မှ စိရ​ပြည်​ဘက်​သို့​တက်သွား​သော​ဟာလက်​တောင်​အထိ အောင်နိုင်​ခဲ့​၏​။ သူ​တို့​အောင်​နိုင်​ခဲ့​သော​ပြည်​မှ​ဘုရင်​များ​ကား ဤသို့​ဖြစ်​၏​။ (ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​တို့​ကို သူ​တို့​၏​ဝေစု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 8,
      "text": "ထို​နယ်မြေ​များ​မှာ တောင်ပေါ်ဒေသ​၊ မြေပြန့်ဒေသ​၊ အရာဗ​လွင်ပြင်​၊ တောင်စောင်း​တစ်လျှောက်​၊ တောကန္တာရ​နှင့် ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ နေဂေ့​အရပ် စသည်​တို့​ဖြစ်​ကြ​၏​။​)"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 9,
      "text": "ဂျေရိခေါ​ဘုရင်​တစ်ပါး​၊ ဗေသလ​မြို့​အနီး​ရှိ အာဣ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 10,
      "text": "ဂျေရုဆလင်​ဘုရင်​တစ်ပါး​၊ ဟေဗြုန်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 11,
      "text": "ယာမုတ်​ဘုရင်​တစ်ပါး​၊ လာခိရှ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 12,
      "text": "ဧဂလုန်​ဘုရင်​တစ်ပါး​၊ ဂေဇာ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 13,
      "text": "ဒေဗိရ​ဘုရင်​တစ်ပါး​၊ ဂေဒါ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 14,
      "text": "ဟောမာ​ဘုရင်​တစ်ပါး​၊ အာရဒ်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 15,
      "text": "လိဗန​ဘုရင်​တစ်ပါး​၊ အဒုလံ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 16,
      "text": "မက္ကဒါ​ဘုရင်​တစ်ပါး​၊ ဗေသလ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 17,
      "text": "တာပွာ​ဘုရင်​တစ်ပါး​၊ ဟေဖာ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 18,
      "text": "အာဖက်​ဘုရင်​တစ်ပါး​၊ လာရှာရုန်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 19,
      "text": "မာဒုန်​ဘုရင်​တစ်ပါး​၊ ဟာဇော်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 20,
      "text": "ရှိမရုန်မေရုန်​ဘုရင်​တစ်ပါး​၊ အာခရှပ်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 21,
      "text": "တာနက်​ဘုရင်​တစ်ပါး​၊ မေဂိဒ္ဒေါ​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 22,
      "text": "ကေဒေရှ​ဘုရင်​တစ်ပါး​၊ ကရမေလ​မြို့​မှ ယောကနမ်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 23,
      "text": "ဒေါရ​ပြည်​မှ ဒေါရ​ဘုရင်​တစ်ပါး​၊ ဂိလဂါလ​ပြည်​မှ ဂေါအိမ်​ဘုရင်​တစ်ပါး​၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 24,
      "text": "တိရဇာ​ဘုရင်​တစ်ပါး စုစုပေါင်း​ရှင်ဘုရင် သုံးဆယ့်​တစ်​ပါး​တို့ ဖြစ်​သတည်း​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 1,
      "text": "ယောရှု အသက်ကြီး​၍ အိုမင်း​လာ​သောအခါ ထာဝရဘုရား​က သူ့​အား “​သင် အသက်ကြီး​၍ အိုမင်း​လာ​ပြီ​။ သို့သော် သိမ်းပိုက်​ရ​မည့်​ပြည် အများအပြား​ကျန်သေး​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 2,
      "text": "ကျန်ရှိ​နေ​သော​မြေ​များ​မှာ ဖိလိတ္တိ​နယ်မြေ​တစ်ခုလုံး​၊ ဂေရှုရိ​နယ်မြေ​တစ်ခုလုံး​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 3,
      "text": "ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင်"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 4,
      "text": "တောင်ဘက်​ခါနာန်​ပြည်​တစ်ခုလုံး​၊ ဆီဒုန်​လူမျိုး​တို့​ပိုင်​သော​မာရ​ပြည်​မှ အာမောရိ​ပြည်​နယ်နိမိတ်​အာဖက်​ပြည်​အထိ​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 5,
      "text": "ဂေဗလ​ပြည်​၊ လက်ဘနွန်​ပြည်​အရှေ့ဘက်​တစ်ခုလုံး​၊ ဟေရမုန်​တောင်​ခြေ​ရှိ ဗာလဂဒ်​ပြည်​မှ လီဘိုဟာမတ်​ပြည်​အထိ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 6,
      "text": "လက်ဘနွန်​ပြည်​မှစ၍ မိသရဖောသမိမ်​ပြည်​တိုင်အောင် တောင်ပေါ်ဒေသ​တွင်​နေထိုင်​သော​ဆီဒုန်​လူမျိုး​အပေါင်း​တို့​ကို အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည်​။ ငါ​မိန့်မှာ​သည့်​အတိုင်း ဤ​ပြည်​ကို အစ္စရေး​လူမျိုး​တို့​အား အမွေမြေ​အဖြစ် သင်​ခွဲဝေ​ပေး​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 7,
      "text": "ဤ​ပြည်​ကို အစ္စရေး​အမျိုးအနွယ်​ကိုး​နွယ်​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​ကို အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 8,
      "text": "ကျန်​မနာရှေ​အမျိုး​တစ်ဝက်​နှင့် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​တို့​မူကား ဂျော်ဒန်​မြစ်​အရှေ့ဘက်​တွင် မောရှေ​ခွဲပေး​သော အမွေမြေ​ကို ရ​ပြီး​ဖြစ်​၏​။ ထာဝရဘုရား​၏​ကျွန်​မောရှေ​ခွဲပေး​ခဲ့​သည့်​အတိုင်း"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 9,
      "text": "သူ​တို့​ရရှိ​သော​အမွေမြေ​ကား အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​မှစ၍ ချောင်း​အလယ်​ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်လျှောက် ဒိဘုန်​မြို့​အထိ"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 10,
      "text": "ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ပိုင်​သော​မြို့​အားလုံး​နှင့်တကွ အမ္မုန်​အမျိုးသား​တို့​၏​နယ်နိမိတ်​အထိ​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 11,
      "text": "ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 12,
      "text": "အာရှတရုတ်​မြို့​နှင့် ဧဒြိ​မြို့​၌ စိုးစံ​သော ရေဖိမ်​လူမျိုး​အကြွင်းအကျန်​တစ်​ဦး​ဖြစ်​သည့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး ဖြစ်​၏​။ မောရှေ​သည် ထို​ဘုရင်​တို့​ကို ကွပ်မျက်​၍ သူ​တို့​၏​ပြည်​ကို သိမ်းပိုက်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 13,
      "text": "သို့သော် အစ္စရေး​အမျိုးသား​တို့​သည် ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ယနေ့​တိုင်အောင် ဂေရှုရ​ပြည်သား​၊ မာခါ​ပြည်သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လျက်​ရှိ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 14,
      "text": "မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ပေး​။ သူ​တို့​အား​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 15,
      "text": "မောရှေ​သည် ရုဗင်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 16,
      "text": "သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 17,
      "text": "ဟေရှဘုန်​မြို့​နှင့်တကွ လွင်ပြင်​ရှိ ဒိဘုန်​မြို့​၊ ဗာမုတ်ဗာလ​မြို့​၊ ဗက်ဗာလမုန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 18,
      "text": "ယာဟတ်​မြို့​၊ ကေဒမုတ်​မြို့​၊ မေဖတ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 19,
      "text": "ကိရယသိမ်​မြို့​၊ စိဗမာ​မြို့​၊ ကုန်းမြင့်​လွင်ပြင်​ရှိ ဇာရက်ရှာဟာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 20,
      "text": "ဗက်ပေဂုရ​မြို့​၊ ပိသဂါ​တောင်စောင်း​တစ်လျှောက်​၊ ဗက်ယေရှိမုတ်​မြို့​အပါအဝင်"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 21,
      "text": "လွင်ပြင်​ရှိ မြို့​အားလုံး​၊ ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နိုင်ငံ​တစ်နိုင်ငံလုံး​ဖြစ်​၏​။ မောရှေ​သည် ရှိဟုန်​ဘုရင်​နှင့်တကွ ရှိဟုန်​ဘုရင်​မင်းမြှောက်​ထား​၍ ထို​ပြည်​တွင်​နေထိုင်​ကြ​သော​မိဒျန်​ခေါင်းဆောင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ တို့​ကို ကွပ်မျက်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 22,
      "text": "အစ္စရေး​အမျိုးသား​တို့ ဓား​ဖြင့်​ကွပ်မျက်​ခဲ့​သော​သူ​တို့​တွင် ဗောရ​၏​သား ဂမ္ဘီရအတတ်​ပညာရှင်​ဗာလမ်​လည်း ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 23,
      "text": "ဂျော်ဒန်​မြစ်​ကမ်းရိုးတန်း​တစ်လျှောက်​သည် ရုဗင်​အမျိုးအနွယ်​တို့ ရရှိ​သော​အမွေမြေ​ဖြစ်​၏​။ ဤသည်ကား ရုဗင်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော မြို့​ရွာ​များ​ဖြစ်​သတည်း​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 24,
      "text": "မောရှေ​သည် ဂဒ်​အမျိုးအနွယ်​ကို မျိုးနွယ်စု​အလိုက် အမွေမြေ​ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 25,
      "text": "သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ ယာဇာ​မြို့​၊ ဂိလဒ်​ပြည်​ရှိ​မြို့​အားလုံး​၊ ရဗ္ဗာ​မြို့​အရှေ့ဘက်​ရှိ အာရော်​မြို့​အထိ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​တစ်ဝက်​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 26,
      "text": "ဟေရှဘုန်​မြို့​မှ ရာမတ်​မိဇပါ​မြို့​၊ ဗေတောနိမ်​မြို့​အထိ​၊ မဟာနိမ်​မြို့​မှ ဒေဗိရ​မြို့ ​နယ်နိမိတ်​အထိ​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 27,
      "text": "ချိုင့်ဝှမ်းလွင်ပြင်​ရှိ ဗက်ဟာရန်​မြို့​၊ ဗက်နိမရ​မြို့​၊ သုကုတ်​မြို့​၊ ဇာဖုန်​မြို့​၊ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ကျန်​သော​နယ်မြေ​၊ ဂျော်ဒန်​မြစ်​နယ်နိမိတ်​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း ဂင်နေသရက်​အိုင်​အထိ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 28,
      "text": "ဤသည်ကား ဂဒ်​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော​မြို့​ရွာ​များ​ဖြစ်​သတည်း​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 29,
      "text": "မောရှေ​သည် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား အမွေမြေ​ခွဲဝေ​ပေး​၏​။ မျိုးနွယ်စု​အလိုက် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​ရှိ​သော​နယ်မြေ​ကား"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 30,
      "text": "ဗာရှန်​ပြည်​ရှိ ယာဣရ​မြို့ငယ်​ပေါင်း ခြောက်ဆယ်​အပါအဝင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​အုပ်စိုး​သော မဟာနိမ်​မြို့​မှ ဗာရှန်​ပြည်​တစ်ပြည်လုံး​၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 31,
      "text": "ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 32,
      "text": "ဤရွေ့ကား ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် မောဘ​လွင်ပြင်​တွင် မောရှေ​ခွဲဝေ​ပေး​ခဲ့​သော​အမွေမြေ​များ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 33,
      "text": "မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ခွဲပေး​။ သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားရှင်​ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 1,
      "text": "ခါနာန်​ပြည်​တွင် ယဇ်ပုရောဟိတ် ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​က အမွေခွဲ​ပေး​၍ အစ္စရေး​အမျိုးသား​တို့ ရရှိ​သော​အမွေမြေ​ကား ဤသို့​တည်း​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 2,
      "text": "မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးအနွယ် ကိုး​နွယ်​နှင့်​တစ်ဝက်​တို့​အား အမွေမြေ​ကို မဲချ​ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 3,
      "text": "မောရှေ​သည် အစ္စရေး​အမျိုးအနွယ် နှစ်​နွယ်​နှင့်​တစ်ဝက်​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အမွေမြေ​ပေး​ခဲ့​ပြီး​ဖြစ်​၏​။ လေဝိ​အမျိုး​ကို​ကား အမွေမြေ မ​ခွဲပေး​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 4,
      "text": "ယောသပ်​၏​သား​တို့​သည် မနာရှေ​အမျိုးအနွယ်​နှင့် ဧဖရိမ်​အမျိုးအနွယ်​ဟူ၍ အမျိုးအနွယ်​နှစ်​နွယ်​ဖြစ်လာ​၏​။ လေဝိ​အမျိုး​ကို အမွေမြေ မ​ခွဲပေး​သော်လည်း သူ​တို့​နေစရာ​မြို့​နှင့် သူ​တို့​ပိုင်ဆိုင်​သော​တိရစ္ဆာန်​များ​အတွက် စားကျက်မြေ​များ​ကို​မူ ပေး​ထား​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 5,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း ပြု​၍ အမွေ​မြေ​ကို ခွဲဝေ​ယူ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 6,
      "text": "တစ်နေ့တွင် ယုဒ​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​ရှိ ယောရှု​ထံသို့ လာ​၍ ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​က “​ကာဒေရှဘာနာ​အရပ်​၌ ထာဝရဘုရား​သည် သင်​နှင့်​ကျွန်ုပ်​ကို ရည်ညွှန်း​၍ ဘုရားသခင်​၏​လူ​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​များ​ကို သင်​သိ​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 7,
      "text": "ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အကျွန်ုပ်​အား ဤ​ပြည်​ကို​စူးစမ်း​ရန် ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​စဉ်က အကျွန်ုပ်​အသက် လေးဆယ် ရှိ​ပါ​၏​။ အကျွန်ုပ် အမှန်​အတိုင်း ပြန်လည်​လျှောက်တင်​ခဲ့​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 8,
      "text": "သို့သော် အကျွန်ုပ်​နှင့်အတူ လိုက်သွား​သော​ညီအစ်ကို​တို့​သည် လူ​တို့​ကို စိတ်ပျက်အားလျော့​စေ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ကား ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 9,
      "text": "ထို့ကြောင့် ထို​နေ့​တွင် မောရှေ​က ‘​သင်​သည် ငါ​၏​ဘုရားသခင် ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​သောကြောင့် သင်​ခြေချ​သော​မြေ​သည် သင်​နှင့်​သင့်​သားမြေး​တို့​အတွက် အမွေမြေ​အစဉ်​ဖြစ်​ရ​မည်​’​ဟု ကျိန်ဆို​ခဲ့​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 10,
      "text": "ယခု ကြည့်ရှု​လော့​။ အစ္စရေး​လူမျိုး​တို့ တောကန္တာရ​တွင်​လှည့်လည်​နေစဉ် ဤ​အကြောင်းအရာ​ကို မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အချိန်​မှစ၍ ယခုချိန်​ထိ ထာဝရဘုရား​သည် အကျွန်ုပ်​ကို လေးဆယ့်​ငါး​နှစ်​ပတ်လုံး​အသက်ရှင်​စေ​ခဲ့​ပါ​၏​။ ယနေ့မှာ အကျွန်ုပ်​အသက် ရှစ်ဆယ့်​ငါး​နှစ် ရှိ​ပါ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 11,
      "text": "အကျွန်ုပ်​အား မောရှေ​စေလွှတ်​ခဲ့​သော​နေ့​က​ကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာ​ဆဲ​ရှိ​ပါ​၏​။ စစ်ချီထွက်​ရန်​၊ စစ်တိုက်​ရန် ယခင်က ခွန်အား​ရှိ​သကဲ့သို့ ယခု​လည်း ရှိ​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 12,
      "text": "ထို့ကြောင့် ထို​နေ့​က ထာဝရဘုရား ကတိထား​တော်မူ​ခဲ့​သော ဤ​တောင်ပေါ်ဒေသ​ကို အကျွန်ုပ်​အား ပေး​ပါ​လော့​။ ထို​နေရာ​၌ အာနက​လူမျိုး​များ​နေထိုင်​ကြ​ကြောင်း​၊ ကြီးမား​ခိုင်ခံ့​သော​မြို့​များ​ရှိ​ကြောင်း ထို​နေ့​က သင်​ကြားသိ​ခဲ့​ရ​ပါ​၏​။ သို့သော် ထာဝရဘုရား​သည် အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် ထာဝရဘုရား​အမိန့်​တော်​အတိုင်း ထို​သူ​တို့​ကို နှင်ထုတ်​ပါ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 13,
      "text": "ယောရှု​သည် ယေဖုန္နာ​၏​သား ကာလက်​ကို ကောင်းချီးပေး​၍ ဟေဗြုန်​မြို့​ကို​လည်း အမွေမြေ​အဖြစ် ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 14,
      "text": "ထိုသို့ ကေနက်​အမျိုး ယေဖုန္နာ​၏​သား ကာလက်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစိုက်​လိုက်​သောကြောင့် ဟေဗြုန်​မြို့​သည် ယနေ့​တိုင်အောင် သူ​၏​အမွေမြေ​ဖြစ်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 15,
      "text": "ယခု ဟေဗြုန် ဟု​ခေါ်​သော​မြို့​သည် ယခင်က ကိရယအာဘ​မြို့​ဟု​ခေါ်​၏​။ အာဘ​သည် အာနက​လူမျိုး​တို့​တွင် အကြီးအကဲ​ဖြစ်​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 1,
      "text": "ယုဒ​အမျိုးအနွယ်​သည် မဲချ​၍​မျိုးနွယ်စု​အလိုက် ရ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ တောင်ဘက်​စွန်း​ရှိ ဇိန​တောကန္တာရ​မှ ဧဒုံ​နယ်နိမိတ်​အထိ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 2,
      "text": "တောင်ဘက်​နယ်နိမိတ်​မှာ ဆား​ပင်လယ်​အစွန်း​၊ တောင်ဘက်​ပင်လယ်အော်​မှ"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 3,
      "text": "အကရဗ္ဗိမ်​တောင်ကုန်း​ရှိ​ရာ​တောင်ဘက်​သို့ ကွေ့သွား​ပြီး ဇိန​တော​ကို​ဖြတ်သွား​ကာ ကာဒေရှဗာနာ​တောင်ဘက်​သို့ တက်သွား​၏​။ ထိုမှ ဟေဇရုန်​အရပ်​ကို​ကျော်​၍ အာဒါ​အရပ်​သို့ တက်သွား​ပြီး ကာကာ​အရပ်​သို့​ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 4,
      "text": "ထိုမှ​တစ်ဖန် အာဇမုန်​အရပ်​ကို​ကျော်​၍ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ ပင်လယ်​၌ နယ်နိမိတ်​ဆုံး​၏​။ ဤသည်ကား ယုဒ​အမျိုးအနွယ်​တို့​၏​တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 5,
      "text": "အရှေ့ဘက်​နယ်နိမိတ်​မှာ ဆား​ပင်လယ်​မှ ဂျော်ဒန်​မြစ်ဝ​အထိ​ဖြစ်​၏​။ မြောက်ဘက်​နယ်နိမိတ်​မှာ ဂျော်ဒန်​မြစ်ဝ​ရှိ ပင်လယ်အော်​တွင် အစပြု​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 6,
      "text": "ထိုမှ နယ်နိမိတ်​သည် ဗက်ဟောဂလ​အရပ်​သို့ တက်သွား​ပြီး မြောက်ဘက်​ဗေသရာဗ​အရပ်​သို့ ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရုဗင်​အမျိုးသား ဗောဟန်​၏​ကျောက်တိုင်​ရှိ​ရာ​သို့ တက်သွား​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 7,
      "text": "တစ်ဖန် နယ်နိမိတ်​သည် အာခေါ်​ချိုင့်ဝှမ်း​မှ ဒေဗိရ​ဘက်​သို့ တက်သွား​၍ ချိုင့်ဝှမ်း​တောင်ဘက်​ရှိ အဒုမ္မိမ်​တောင်ကုန်း​မျက်နှာချင်းဆိုင် မြောက်ဘက်​ဂိလဂါလ​အရပ်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် အင်ရှေမက်​စမ်းရေတွင်း​ကို​ဖြတ်​၍ အင်္ရောဂေလ​အရပ်​၌ ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 8,
      "text": "တစ်ဖန် နယ်နိမိတ်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​မှ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​တောင်ဘက်​ရှိ တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရေဖိမ်​ချိုင့်ဝှမ်း​၏​မြောက်ဘက်​အဆုံး​ရှိ ဟိန္နုံ​ချိုင့်ဝှမ်း​၏​အနောက်ဘက်​နှင့်​မျက်နှာချင်းဆိုင်​သော တောင်​ထိပ်​အထိ တက်သွား​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 9,
      "text": "တစ်ဖန် နယ်နိမိတ်​သည် ထို​တောင်​ထိပ်​မှ နေဖတော​စမ်းရေတွင်း​သို့ ကွေ့သွား​၍ ဧဖရုန်​တောင်​ရှိ မြို့​များ​သို့​ရောက်​၏​။ ထိုမှ နယ်နိမိတ်​သည် ကိရယတ်ယာရိမ် ခေါ် ဗာလာ​အရပ်​သို့ ကွေ့သွား​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 10,
      "text": "တစ်ဖန် နယ်နိမိတ်​သည် ဗာလာ​အရပ်​မှ စိရ​တောင်​ရှိ​ရာ​အနောက်ဘက်​သို့​ကွေ့သွား​၏​။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်​ယာရိမ်​တောင်​စောင်း​တစ်လျှောက်​ကို​ဖြတ်​၍ ဗက်ရှေမက်​မြို့​သို့​ဆင်းလာ​ပြီး တိမနတ်​မြို့​ကို ဖြတ်သွား​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 11,
      "text": "တစ်ဖန် နယ်နိမိတ်​သည် ဧကြုန်​မြောက်ဘက်​တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရှိကြုန်​အရပ်​သို့​ကွေ့သွား​ပြီး ဗာလာ​တောင်​ကို​ဖြတ်​၍ ယာဗနေလ​အရပ်​သို့​ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ပင်လယ်​၌​ဆုံး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 12,
      "text": "အနောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ်​ကမ်းရိုးတန်း​တစ်လျှောက် ဖြစ်​၏​။ ဤရွေ့ကား ယုဒ​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​နယ်မြေ​အပိုင်းအခြား​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 13,
      "text": "ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ယောရှု​သည် ယေဖုန္နာ​၏​သား​ကာလက်​အား ယုဒ​အမျိုးသား​အမွေမြေ​ထဲမှ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​ကို ခွဲဝေ​ပေး​လေ​၏​။ အာဘ​သည် အာနက​၏​ဖခင်​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 14,
      "text": "ကာလက်​သည် အာနက​အနွယ်ဝင် အာနက​၏​သား​သုံး​ယောက်​ဖြစ်​သော ရှေရှဲ​၊ အဟိမန်​၊ တာလမဲ တို့​ကို ထို​ပြည်​မှ နှင်ထုတ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 15,
      "text": "ထို့နောက် ကာလက်​သည် ထို​ပြည်​မှ ဒေဗိရ​မြို့​သို့ ချီတက်​သွား​၏​။ ဒေဗိရ​မြို့​ကို ယခင်က ကိရယဿေဖာ​မြို့ ဟု​ခေါ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 16,
      "text": "ကာလက်​က “​ကိရယဿေဖာ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​နိုင်​သော​သူ​အား ငါ့​သမီး​အာခသ​နှင့် ပေးစား​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 17,
      "text": "ကာလက်​၏​ညီ ကေနတ်​၏​သား ဩသံယေလ​က ထို​မြို့​ကို​သိမ်းပိုက်​နိုင်​သဖြင့် ကာလက်​သည် ဩသံယေလ​အား သမီး​အာခသ​နှင့် ပေးစား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 18,
      "text": "အာခသ​သည် ခင်ပွန်း​နှင့်​လိုက်သွား​စဉ် မိမိ​ဖခင်​ထံမှ​လယ်​တစ်​ကွက်​ကို တောင်း​ရန် ခင်ပွန်းသည်​အား​ဆို​၏​။ အာခသ​သည် မြည်း​ပေါ်​မှ​ဆင်း​သောအခါ ကာလက်​က “​ဘာ​အလိုရှိ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 19,
      "text": "သူ​က​လည်း “​ကောင်းချီး​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​များ​နှင့်တကွ အောက်​စမ်းရေတွင်း​များ​ကို​ပါ ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 20,
      "text": "ယုဒ​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက်​ရ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 21,
      "text": "ယုဒ​အမျိုးအနွယ်​ပိုင်​သော​မြို့​များ​ကား တောင်ဘက်​စွန်း ဧဒုံ​နယ်စပ်​ရှိ​မြို့​များ​ဖြစ်​သော ကပ်ဇေလ​မြို့​၊ ဧဒေ​မြို့​၊ ယာဂုရ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 22,
      "text": "ကိန​မြို့​၊ ဒိမောန​မြို့​၊ အာဒဒါ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 23,
      "text": "ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဣသနန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 24,
      "text": "ဇိဖ​မြို့​၊ တေလင်​မြို့​၊ ဗာလုတ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 25,
      "text": "ဟာဇော်ဟဒတ္တာ​မြို့​၊ ဟာဇော်​မြို့ ခေါ် ကေရုတ်​ဟေဇရုန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 26,
      "text": "အာမန်​မြို့​၊ ရှေမ​မြို့​၊ မောလဒါ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 27,
      "text": "ဟာဇာဂဒ္ဒ​မြို့​၊ ဟေရှမုန်​မြို့​၊ ဗက်ပါလက်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 28,
      "text": "ဟာဇာရွာလ​မြို့​၊ ဗေရရှေဘ​မြို့​၊ ဗိဇ္ဇောသယာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 29,
      "text": "ဗာလာ​မြို့​၊ ဣအိမ်​မြို့​၊ ဧဇင်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 30,
      "text": "ဧလတောလဒ်​မြို့​၊ ခေသိလ​မြို့​၊ ဟောမာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 31,
      "text": "ဇိကလတ်​မြို့​၊ မာဒမေန​မြို့​၊ သံသန္နာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 32,
      "text": "လေဗောက်​မြို့​၊ ရှိလဟိမ်​မြို့​၊ အဣန​မြို့​၊ ရိမ္မုန်​မြို့ စသည့်​မြို့​ပေါင်း နှစ်ဆယ့်​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 33,
      "text": "မြေနိမ့်ဒေသ​ဘက်​တွင် ဧရှတောလ​မြို့​၊ ဇောရာ​မြို့​၊ အာရှနာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 34,
      "text": "ဇာနော​မြို့​၊ အင်္ဂန္နိမ်​မြို့​၊ တာပွာ​မြို့​၊ ဧနံ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 35,
      "text": "ယာမုတ်​မြို့​၊ အဒုလံ​မြို့​၊ စောခေါ​မြို့​၊ အဇေကာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 36,
      "text": "ရှာရိမ်​မြို့​၊ အဒိသိမ်​မြို့​၊ ဂဒေရ​မြို့​၊ ဂဒေရောသိမ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 37,
      "text": "ဇေနန်​မြို့​၊ ဟဒါရှ​မြို့​၊ မိဂဒလဂဒ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 38,
      "text": "ဒိလန်​မြို့​၊ မိဇပါ​မြို့​၊ ယောကသေလ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 39,
      "text": "လာခိရှ​မြို့​၊ ဗောဇကတ်​မြို့​၊ ဧဂလုန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 40,
      "text": "ကဗ္ဗုန်​မြို့​၊ လာမံ​မြို့​၊ ကိသလိတ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 41,
      "text": "ဂေဒရုတ်​မြို့​၊ ဗက်ဒါဂုန်​မြို့​၊ နေမ​မြို့​၊ မက္ကဒါ​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 42,
      "text": "လိဗန​မြို့​၊ ဧသာ​မြို့​၊ အာရှန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 43,
      "text": "ယိဖတ​မြို့​၊ အာရှနာ​မြို့​၊ နေဇိပ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 44,
      "text": "ကိလ​မြို့​၊ အာခဇိပ်​မြို့​၊ မရေရှ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 45,
      "text": "ဧကြုန်​မြို့​နှင့် ထို​မြို့​ဝန်းကျင်​ရှိ​မြို့​ရွာ​များ​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 46,
      "text": "ဧကြုန်​မြို့​မှ​ပင်လယ်​အထိ​၊ အာဇုတ်​မြို့​အနီး​ရှိ မြို့​အားလုံး​နှင့်​ရွာ​များ"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 47,
      "text": "အာဇုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အီဂျစ်​ချောင်း​နှင့် မြေထဲပင်လယ်​ကမ်းရိုးတန်း​တိုင်အောင် ဂါဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 48,
      "text": "တောင်ပေါ်ဒေသ​ဘက်​တွင် ရှမိရ​မြို့​၊ ယတ္တိရ​မြို့​၊ စောခေါ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 49,
      "text": "ဒန္န​မြို့​၊ ဒေဗိရ ခေါ် ကိရယဿန္န​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 50,
      "text": "အာနပ်​မြို့​၊ ဧရှတမော​မြို့​၊ အာနိမ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 51,
      "text": "ဂေါရှင်​မြို့​၊ ဟောလုန်​မြို့​၊ ဂိလော​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​တစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 52,
      "text": "အာရပ်​မြို့​၊ ဒုမာ​မြို့​၊ ဧရှန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 53,
      "text": "ယာနုံ​မြို့​၊ ဗက်တာပွာ​မြို့​၊ အာဖက်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 54,
      "text": "ဟုန္တ​မြို့​၊ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၊ ဇိအောရ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 55,
      "text": "မောန​မြို့​၊ ကရမေလ​မြို့​၊ ဇိဖ​မြို့​၊ ယုတ္တ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 56,
      "text": "ယေဇရေလ​မြို့​၊ ယောကဒံ​မြို့​၊ ဇာနော​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 57,
      "text": "ကာဣန​မြို့​၊ ဂိဗာ​မြို့​၊ တိမနတ်​မြို့ စသည့်​မြို့​ပေါင်း ဆယ်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 58,
      "text": "ဟာလဟုလ​မြို့​၊ ဗက်ဇုရ​မြို့​၊ ဂေဒေါ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 59,
      "text": "မာရပ်​မြို့​၊ ဗေသနုတ်​မြို့​၊ ဧလတေကုန်​မြို့ စသည့်​မြို့​ပေါင်း ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 60,
      "text": "ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်​မြို့​၊ ရဗ္ဗာ​မြို့ စသည့်​မြို့​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 61,
      "text": "တောကန္တာရ​ဘက်​တွင် ဗေသရာဗ​မြို့​၊ မိဒ္ဒိန်​မြို့​၊ သေကာက​မြို့​၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 62,
      "text": "နိဗရှန်​မြို့​၊ ဆား​မြို့​၊ အင်္ဂေဒိ​မြို့ စသည့်​မြို့​ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 63,
      "text": "ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 1,
      "text": "ယောသပ်​အမျိုးသား​တို့ မဲချ​၍​ရရှိ​သော​အမွေမြေ​မှာ ဂျေရိခေါ​စမ်းရေတွင်း​အရှေ့ဘက် ဂျေရိခေါ​မြို့​အနီး​ရှိ ဂျော်ဒန်​မြစ်​မှ ကန္တာရ​တစ်လျှောက်​ကို​ဖြတ်​၍ ဂျေရိခေါ​မြို့​မှ ဗေသလ​တောင်ပေါ်ဒေသ​သို့​တက်သွား​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 2,
      "text": "ဗေသလ​မြို့​မှ လုဇ​မြို့​သို့​ရောက်​၏​။ ထိုမှ အာခိ​လူမျိုး​တို့​၏​နယ်မြေ အတရုတ်​မြို့​ကို​ဖြတ်​ပြီး"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 3,
      "text": "အနောက်ဘက် ယာဖလက်​နယ်နိမိတ်​သို့ ဆင်းသွား​၍ အောက်​ဗေသောရုန်​နယ်နိမိတ်​မှ ဂေဇာ​မြို့​အထိ​ဆက်သွား​ပြီး ပင်လယ်​၌​ဆုံး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 4,
      "text": "ဤသည်ကား ယောသပ်​၏​သား မနာရှေ​နှင့် ဧဖရိမ်​တို့ ရရှိ​သော​အမွေမြေ​ဖြစ်​သတည်း​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 5,
      "text": "ဧဖရိမ်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​နယ်မြေ​ကား ဤသို့​တည်း​။ သူ​တို့​ရရှိ​သော​အမွေမြေ​နယ်နိမိတ်​မှာ အရှေ့ဘက် အတရုတ်အဒ္ဒါ​မြို့​မှ အထက်​ဗေသောရုန်​မြို့​တိုင်အောင် ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 6,
      "text": "ထို​နယ်နိမိတ်​သည် ပင်လယ်​ဘက်​သို့​ရောက်​၍ မြောက်ဘက်​မိတ်မေသ​မြို့​အထိ​ရောက်​၏​။ ထိုမှ အရှေ့ဘက်​တာနတ်ရှိလော​မြို့​သို့ ကွေ့သွား​ကာ အရှေ့ဘက် ယာနော​မြို့​သို့ ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 7,
      "text": "ယာနော​မြို့​မှ အတရုတ်​မြို့​၊ နာရ​မြို့​တို့​ဘက်​သို့ ဆင်းသွား​ပြီး ဂျေရိခေါ​မြို့​သို့​ရောက်​၍ ဂျော်ဒန်​မြစ်​၌ ဆုံး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 8,
      "text": "ထို​နယ်နိမိတ်​သည် တာပွာ​မြို့​မှ အနောက်ဘက်​ကာန​ချိုင့်ဝှမ်း​သို့ ဆက်သွား​ပြီး ပင်လယ်​၌ ဆုံး​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် ဧဖရိမ်​အမျိုးအနွယ်​ရရှိ​သော​အမွေမြေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 9,
      "text": "ဤသည်ကား မနာရှေ​အမျိုးသား​တို့​ရရှိ​သော​အမွေမြေ​ထဲမှ ဧဖရိမ်​အမျိုးသား​တို့​အား​ခွဲပေး​သော မြို့​ရွာ​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 10,
      "text": "ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ ယနေ့​တိုင်အောင် ခါနာန်​လူမျိုး​တို့​နှင့်အတူ​နေထိုင်​ကြ​၏​။ သို့သော် သူ​တို့​ကို အလုပ်ကြမ်း​လုပ်​စေ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 1,
      "text": "ယောသပ်​၏​သားဦး​မနာရှေ​အမျိုးအနွယ်​တို့ မဲချ​၍​ရရှိ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ မနာရှေ​၏​သားဦး​၊ ဂိလဒ်​၏​ဖခင် မာခိရ​သည် စစ်သူရဲ​ဖြစ်​၍ ဗာရှန်​ပြည်​နှင့် ဂိလဒ်​ပြည်​ကို အမွေ​ရ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 2,
      "text": "ကျန်ရှိ​သော မနာရှေ​၏​သားမြေး​များ​ဖြစ်​သည့် အဗျေဇာ​အမျိုး​၊ ဟေလက်​အမျိုး​၊ အသရေလ​အမျိုး​၊ ရှေခင်​အမျိုး​၊ ဟေဖာ​အမျိုး​၊ ရှမိဒ​အမျိုး တို့​သည် မျိုးနွယ်စု​အလိုက် အမွေမြေ​ရ​ကြ​၏​။ ဤ​သူ​တို့​သည် ယောသပ်​သား မနာရှေ​မှ​ဆင်းသက်​လာ​သော မျိုးနွယ်စု​အလိုက် သား​ယောက်ျား​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 3,
      "text": "မနာရှေ​၏​တီ​၊ မာခိရ​၏​မြစ်​၊ ဂိလဒ်​၏​မြေး​၊ ဟေဖာ​၏​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​ချည်းသာ​ရှိ​၏​။ ထို​သမီး​များ​၏​အမည်​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 4,
      "text": "ထို​မိန်းမ​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် ခေါင်းဆောင်​တို့​ထံ လာ​၍ “​အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​မောင်နှမ​များ​နှင့်အတူ အမွေ​ပေး​ရ​မည်​ဟု ထာဝရဘုရား​က မောရှေ​ကို မိန့်မှာ​ခဲ့​ပါ​၏​”​ဟု ဆို​သဖြင့် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​အား သူ​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အမွေမြေ​ကို ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 5,
      "text": "မနာရှေ​အမျိုးအနွယ်​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ဂိလဒ်​ပြည်​နှင့် ဗာရှန်​ပြည်​အပါအဝင် အခြား​အမွေမြေ​ဝေစု​ဆယ်​စု​ကို​လည်း ရ​သေး​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 6,
      "text": "အကြောင်းမူကား မနာရှေ​အမျိုးအနွယ်​၏​သမီး​တို့​သည် သား​တို့​နှင့်အတူ အမွေ​ရရှိ​သောကြောင့်​ဖြစ်​၏​။ ကျန်ရှိ​သော​မနာရှေ​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​ကို​အမွေ​ရ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 7,
      "text": "မနာရှေ​၏​နယ်နိမိတ်​မှာ အာရှာ​မြို့​မှ ရှေခင်​မြို့​အရှေ့ဘက်​ရှိ မိတ်မေသ​မြို့​အထိ ဖြစ်​၏​။ ထို​နယ်နိမိတ်​သည် တောင်ဘက်​အင်တာပွာ​မြို့​သို့ ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 8,
      "text": "တာပွာ​ပြည်​သည် မနာရှေ​အမျိုးသား​အပိုင်​ဖြစ်​သော်လည်း မနာရှေ​နယ်စပ်​ရှိ တာပွာ​မြို့​ကို​မူ ဧဖရိမ်​အမျိုးသား​တို့ ပိုင်​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 9,
      "text": "နယ်နိမိတ်​သည် တောင်ဘက် ကာန​ချောင်း​ဘက်​သို့ ဆင်းလာ​၏​။ မနာရှေ​ပိုင်​မြေ​ထဲ​တွင် ဧဖရိမ်​ပိုင်​သော​မြို့​များ​လည်း ရှိ​၏​။ မနာရှေ​နယ်နိမိတ်​သည် ချောင်း​၏​မြောက်ဘက်​ရှိ ပင်လယ်​၌​ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 10,
      "text": "တောင်ဘက်​ပိုင်း​သည် ဧဖရိမ်​အပိုင်​ဖြစ်​ပြီး မြောက်ဘက်​ပိုင်း​သည် မနာရှေ​အပိုင်​ဖြစ်​၏​။ ပင်လယ်​သည် အနောက်ဘက်​နယ်နိမိတ်​ဖြစ်​၏​။ မြောက်ဘက်​တွင် အာရှာ​နယ်မြေ​၊ အရှေ့ဘက်​တွင် ဣသခါ​နယ်မြေ​နှင့် ထိစပ်​နေ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 11,
      "text": "ဣသခါ​နှင့် အာရှာ​နယ်မြေ​ထဲတွင် မနာရှေ​ရ​သော​အမွေမြေ​များ​မှာ ကုန်းမြင့်ဒေသ​သုံး​ခု​ရှိ ဗက်ရှန်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဣဗလံ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အင်္ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တာနက်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ မေဂိဒ္ဒေါ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​ဖြစ်​သည်​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 12,
      "text": "ခါနာန်​လူမျိုး​တို့​သည် ထို​အရပ်​တွင် အတင်း​နေထိုင်​ကြ​သောကြောင့် မနာရှေ​အမျိုးသား​တို့​သည် ထို​မြို့​တို့​တွင်​နေထိုင်​သော​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 13,
      "text": "အစ္စရေး​အမျိုးသား​တို့ အင်အားကြီး​လာ​သောအခါ​တွင်​လည်း ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ အလုပ်ကြမ်း​လုပ်​စေ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 14,
      "text": "တစ်နေ့တွင် ယောသပ်​အမျိုးသား​တို့​က ယောရှု​အား “​အဘယ်ကြောင့် အကျွန်ုပ်​တို့​အား ဝေစု​တစ်စုတည်း​ကို​သာ မဲချ​ခွဲဝေ​ပေး​သနည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် ယခု အကျွန်ုပ်​တို့​၏​လူ​ဦးရေ​တိုးပွား​နေ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 15,
      "text": "ယောရှု​က​လည်း သူ​တို့​အား “​သင်​တို့​၏​လူဦးရေ​များပြား​သောကြောင့် ဧဖရိမ်​တောင်ပေါ်ဒေသ​သည် သင်​တို့​အဖို့ ကျဉ်းကျပ်​သည်​ဆိုလျှင် ဖေရဇိ​ပြည်​၊ ရေဖိမ်​ပြည်​ရှိ တော​များ​ကို ခုတ်ထွင်​ရှင်းလင်း​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 16,
      "text": "ယောသပ်​အမျိုးသား​တို့​က​လည်း ယောရှု​အား “​တောင်ပေါ်ဒေသ​သည် အကျွန်ုပ်​တို့​အတွက် မ​လောက်​ပါ​။ ချိုင့်ဝှမ်း​ဒေသ​ဖြစ်​သော ဗက်ရှန်​မြို့ရွာ​များ​နှင့် ယေဇရေလ​ချိုင့်ဝှမ်းဒေသ​တွင်​လည်း သံ​စစ်ရထား​အများအပြား​ပိုင်ဆိုင်​သော ခါနာန်​လူမျိုး​အပေါင်း​တို့ နေထိုင်​ကြ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 17,
      "text": "ထိုအခါ ယောရှု​က ယောသပ်​အမျိုးအနွယ်​ဖြစ်​သော ဧဖရိမ်​အမျိုး​နှင့် မနာရှေ​အမျိုး​အား “​သင်​တို့​သည် လူဦးရေ​များ​၏​၊ အင်အား​လည်း​ကြီး​၏​။ သင်​တို့ ဝေစု​တစ်စုတည်း မ​လောက်​လျှင်"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 18,
      "text": "တောင်ပေါ်ဒေသ​ကို​လည်း သင်​တို့​အပိုင်​ဖြစ်စေ​မည်​။ ထို​ဒေသ​သည် တော​ဖြစ်​သောကြောင့် သင်​တို့​ခုတ်ထွင်​ရှင်းလင်း​ရ​မည်​။ သင်​တို့​ခုတ်ထွင်​နိုင်သမျှ သင်​တို့​အပိုင်​ဖြစ်​မည်​။ ခါနာန်​လူမျိုး​တို့​သည် သံ​ရထား​များ​ပိုင်ဆိုင်​ပြီး အင်အားကြီး​သော်လည်း သူ​တို့​ကို သင်​တို့​နှင်ထုတ်​နိုင်​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 1,
      "text": "ထို​ပြည်​ကို အောင်​နိုင်​ပြီးနောက် အစ္စရေး​လူထု​တစ်ရပ်လုံး ရှိလော​အရပ်​၌ စုရုံး​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို တည်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 2,
      "text": "ထို​အချိန်​တွင် အစ္စရေး​အမျိုးသား​တို့​ထဲတွင် အမွေမြေ မ​ရရှိ​သေး​သော အမျိုးအနွယ်​ခုနစ်​နွယ်​ကျန်​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 3,
      "text": "ထို့ကြောင့် ယောရှု​က အစ္စရေး​အမျိုးသား​တို့​အား “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ပြည်​ကို သွားရောက်​သိမ်းပိုက်​ရန် မည်မျှ​အချိန်ဆွဲ​နေ​ဦး​မည်နည်း​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 4,
      "text": "သင်​တို့ အမျိုးအနွယ်​တစ်​နွယ်​လျှင် လူ​သုံး​ယောက်​ကို ရွေးချယ်​လော့​။ သူ​တို့​ကို ငါ​စေလွှတ်​မည်​။ သူ​တို့​သည် ထို​ပြည်​ကို​လှည့်လည်​ကြည့်ရှု​လျက် သူ​တို့​ပိုင်ဆိုင်​မည့်​အမွေမြေ​ကို ရေးမှတ်​ပြီး ငါ့​ထံ​ပြန်လာ​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 5,
      "text": "ပြည်​ကို ခုနစ်​ပိုင်း​ပိုင်း​ရ​မည်​။ ယုဒ​လူမျိုး​သည် တောင်ဘက်​နယ်မြေ​တွင် နေထိုင်​ရ​မည်​။ ယောသပ်​အမျိုးအနွယ်​ကား မြောက်ဘက်​နယ်မြေ​တွင် နေထိုင်​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 6,
      "text": "ပြည်​ကို​ခုနစ်​ပိုင်း​ပိုင်း​၍ ရေးမှတ်​ထား​ပြီး ငါ့​ထံ​ယူလာ​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် ငါ​မဲချ​ပေး​မည်​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 7,
      "text": "လေဝိ​အမျိုး​သည် သင်​တို့​နှင့်အတူ အမွေမြေ​မ​ရ​။ ထာဝရဘုရား​ပေး​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။ ဂဒ်​၊ ရုဗင်​နှင့် မနာရှေ​အမျိုး​တစ်ဝက်​တို့​သည်​လည်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပေး​ထား​ခဲ့​သော​အမွေမြေ​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် ရ​ပြီး​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 8,
      "text": "ရွေးချယ်​ထား​သော​သူ​တို့​အား ယောရှု​က “​ပြည်​ကို လှည့်လည်​ကြည့်ရှု​ပြီး ရေးမှတ်​လော့​။ ပြီးလျှင် ငါ့​ထံ​ယူလာ​ပြ​လော့​။ ရှိလော​အရပ်​တွင် ထာဝရဘုရား​ရှေ့​တော်​၌ ငါ​မဲချ​ပေး​မည်​”​ဟု မှာလိုက်​၏​။ ထို​သူ​တို့​လည်း ပြည်​ကို​ပိုင်းခြား​သတ်မှတ်​ရန် ထ​၍​ထွက်သွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 9,
      "text": "သူ​တို့​သည် ပြည်​တစ်ပြည်လုံး​သို့​လျှောက်သွား​ပြီး မြို့ရွာ​များ​အလိုက် ခုနစ်​ပိုင်း​ပိုင်း​၍ စာလိပ်​၌​ရေးမှတ်​ပြီးလျှင် ယောရှု​ရှိ​ရာ ရှိလော​တပ်စခန်း​သို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 10,
      "text": "ယောရှု​လည်း ရှိလော​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ မဲချ​၍ အစ္စရေး​လူမျိုး​တို့​အား မျိုးနွယ်စု​အလိုက် အမွေ​မြေ​ကို ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 11,
      "text": "ပထမ​အကြိမ်​မဲချ​ရာ​တွင် ဗင်္ယာမိန်​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​လေ​၏​။ သူ​တို့​မဲကျ​သော​နယ်မြေ​မှာ ယုဒ​အမျိုးသား​နှင့် ယောသပ်​အမျိုးသား ကြား​၌​နေရာ​ကျ​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 12,
      "text": "သူ​တို့​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် ဂျော်ဒန်​မြစ်​မှ​အစပြု​၏​။ ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဂျေရိခေါ​တောင်စောင်း​တစ်လျှောက်​သို့ တက်သွား​ပြီး အနောက်ဘက်​တောင်ပေါ်ဒေသ​သို့​ဆက်သွား​ကာ ဗေသဝင်​တောကန္တာရ​တွင် ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 13,
      "text": "တစ်ဖန် ထို​နယ်နိမိတ်​သည် ဗေသလ ခေါ် လုဇ​မြို့​သို့​ရောက်​၍ တောင်ဘက်​ရှိ​လုဇ​တောင်စောင်း​တစ်လျှောက်​သို့ ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် အောက်​ဗေသောရုန်​မြို့​၏​တောင်ဘက် တောင်တန်း​ပေါ်ရှိ အတရုတ်အဒ္ဒါ​မြို့​သို့ ဆင်းသွား​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 14,
      "text": "အနောက်ဘက်ခြမ်း​တွင် နယ်နိမိတ်​သည် အနောက်ဘက်​မှ တောင်ဘက်​သို့​ကွေ့သွား​၏​။ ထိုမှ တောင်ဘက်​ဗေသောရုန်​နှင့်​မျက်နှာချင်းဆိုင်​တောင်တန်း​သို့​ဆက်သွား​၍ ယုဒ​အမျိုးသား​တို့​ပိုင်​သော ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်​မြို့​၌ ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 15,
      "text": "တောင်ဘက်​ခြမ်း​တွင် နယ်နိမိတ်​သည် ကိရယတ်ယာရိမ်​မြို့​စွန်​မှ အနောက်ဘက်​သို့​ဆက်သွား​ပြီး နေဖတော​စမ်းရေတွင်း​သို့ ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 16,
      "text": "ထို​နယ်နိမိတ်​သည် ရေဖိမ်​ချိုင့်ဝှမ်း​မြောက်ဘက်​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​နှင့်​မျက်နှာချင်းဆိုင် တောင်​ခြေ​သို့​ရောက်​ပြီး ဟိန္နုံ​ချိုင့်ဝှမ်း​သို့ ဆင်းသွား​၏​။ ထိုမှ တောင်ဘက်​ယေဗုသိ​တောင်စောင်း​အတိုင်း အင်္ရောဂေလ​အရပ်​သို့ ဆင်းသွား​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 17,
      "text": "ထိုမှ မြောက်ဘက်​အရပ်​သို့​ကွေ့သွား​၍ အင်ရှေမက်​အရပ်​သို့​ရောက်​၏​။ ထိုမှ အဒုမ္မိမ်​တောင်ကုန်း​နှင့်​မျက်နှာချင်းဆိုင် ဂေလိလုတ်​အရပ်​သို့​ဆက်လာ​ပြီး ရုဗင်​အမျိုးသား ဗောဟန်​၏​ကျောက်တိုင်​ရှိ​ရာ​သို့ ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 18,
      "text": "ထိုမှ အရာဗ​လွင်ပြင်​မြောက်ဘက်​မျက်နှာချင်းဆိုင် တောင်စောင်း​တစ်လျှောက် ဆက်ဆင်းလာ​ပြီး အရာဗ​လွင်ပြင်​သို့ ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 19,
      "text": "တစ်ဖန် ထို​နယ်နိမိတ်​သည် မြောက်ဘက်​ဗက်ဟောဂလ​အရပ်​သို့​ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဆား​ပင်လယ်​ကွေ့​၊ တောင်ဘက်​ဂျော်ဒန်​မြစ်ဝ​တွင် ဆုံး​၏​။ ဤရွေ့ကား တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 20,
      "text": "အရှေ့ဘက်​ခြမ်း​တွင် ဂျော်ဒန်​မြစ်​သည် နယ်နိမိတ်​ဖြစ်​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​နယ်နိမိတ်​အပိုင်းအခြား​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 21,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​များ​မှာ ဂျေရိခေါ​မြို့​၊ ဗေသောဂလ​မြို့​၊ ဧမက္ကေဇဇ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 22,
      "text": "ဗေသရာဗ​မြို့​၊ ဇေမရိမ်​မြို့​၊ ဗေသလ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 23,
      "text": "အာဝိမ်​မြို့​၊ ပါရ​မြို့​၊ ဩဖရ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 24,
      "text": "ခေဖာဟာမောနဲ​မြို့​၊ ဩဖနိ​မြို့​၊ ဂေဗ​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 25,
      "text": "ဂိဗောင်​မြို့​၊ ရာမ​မြို့​၊ ဗေရုတ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 26,
      "text": "မိဇပါ​မြို့​၊ ခေဖိရ​မြို့​၊ မောဇ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 27,
      "text": "ရေကင်​မြို့​၊ ဣရပေလ​မြို့​၊ တာရလ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 28,
      "text": "ဇေလ​မြို့​၊ ဧလပ်​မြို့​၊ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​၊ ဂိဗာ​မြို့​၊ ကိရယတ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 1,
      "text": "ဒုတိယအကြိမ်​မဲချ​ရာ​တွင် ရှိမောင်​အမျိုးအနွယ်​သည် မဲကျ​၏​။ သူ​တို့​သည် မျိုးနွယ်စု​အလိုက် ယုဒ​အမျိုးသား​တို့​၏​အမွေမြေ​ထဲ​တွင် အမွေမြေ​ရရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 2,
      "text": "သူ​တို့​ရရှိ​သော​အမွေမြေ​မှာ ဗေရရှေဘ​မြို့​၊ ရှေဘ​မြို့​၊ မောလဒါ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 3,
      "text": "ဟာဇာရွာလ​မြို့​၊ ဗာလာ​မြို့​၊ ဧဇင်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 4,
      "text": "ဧလတောလဒ်​မြို့​၊ ဗေသုလ​မြို့​၊ ဟောမာ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 5,
      "text": "ဇိကလတ်​မြို့​၊ ဗက်မာကဗုတ်​မြို့​၊ ဟာဇာသုသ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 6,
      "text": "ဗက်လေဗောက်​မြို့​၊ ရှရုဟင်​မြို့ စသည့်​မြို့​ပေါင်း​တစ်ဆယ့်​သုံး​မြို့​နှင့် ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 7,
      "text": "အဣန​မြို့​၊ ရိမ္မုန်​မြို့​၊ ဧသာ​မြို့​၊ အာရှန်​မြို့ စသည့်​မြို့​ပေါင်း​လေး​မြို့​နှင့် ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 8,
      "text": "ထို​မြို့​များ​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​မှစ၍ ရာမုတ်နေဂေ့ ခေါ် ဗာလတ်ဗေရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​လည်း ပါ​၏​။ ဤသည်ကား ရှိမောင်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရ​သော​အမွေမြေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 9,
      "text": "ယုဒ​အမျိုးအနွယ်​၏​အမွေမြေ​သည် အလွန်​ကျယ်ဝန်း​သောကြောင့် သူ​တို့​၏​အမွေမြေ​ထဲ​မှ ရှိမောင်​အမျိုးအနွယ်​ကို အမွေမြေ​ခွဲပေး​၏​။ ထို့ကြောင့် ရှိမောင်​အမျိုးအနွယ်​သည် ယုဒ​အမျိုးအနွယ်​၏​အမွေမြေ​ထဲမှ အမွေရ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 10,
      "text": "တတိယ​အကြိမ်​မဲချ​ရာ​တွင် ဇာဗုလုန်​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။ သူ​တို့​အမွေမြေ​၏​နယ်နိမိတ်​သည် စာရိဒ်​မြို့​အထိ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 11,
      "text": "သူ​တို့​၏​နယ်နိမိတ်​သည် အနောက်ဘက် မရာလ​မြို့​သို့​တက်သွား​ပြီး ဒဗ္ဗရှက်​မြို့​သို့​ရောက်​၏​။ ထိုမှ ယောကနမ်​မြို့​မျက်နှာချင်းဆိုင်​ရှိ ချောင်း​အထိ​ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 12,
      "text": "တစ်ဖန် စာရိဒ်​မြို့​မှ အရှေ့ဘက်​နေထွက်​ရာ ခိသလုတ္တာဗော်​နယ်စပ်​အထိ ရောက်​၏​။ ထိုမှ ဒါဗရတ်​မြို့​သို့​ရောက်​၍ ယာဖျာ​မြို့​သို့ တက်သွား​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 13,
      "text": "ထိုမှ အရှေ့ဘက်​နေထွက်​ရာ​အရပ်​ရှိ ဂိတ္တဟေဖာ​မြို့ အိတ္တကာဇိန်​မြို့​သို့​ဆက်သွား​ပြီး နေအာ​မြို့​မှ​ကွေ့သွား​၍ ရိမ္မုန်​မြို့ သို့​ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 14,
      "text": "ထိုမှ နယ်နိမိတ်​သည် မြောက်ဘက်​ဟန္နသုန်​မြို့​သို့ ကွေ့သွား​ပြီး ယိဖသေလ​ချိုင့်ဝှမ်းဒေသ​၌ ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 15,
      "text": "ထို​နယ်နိမိတ်​တွင် ကတ္တတ်​မြို့​၊ နဟာလာလ​မြို့​၊ ရှိမရုန်​မြို့​၊ ဣဒလ​မြို့​၊ ဗက်လင်​မြို့ အပါအဝင် မြို့​တစ်ဆယ့်​နှစ်​မြို့​နှင့် ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 16,
      "text": "ဤသည်ကား ဇာဗုလုန်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 17,
      "text": "စတုတ္ထ​အကြိမ်​မဲချ​ရာ​တွင် ဣသခါ​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 18,
      "text": "သူ​တို့​၏​နယ်နိမိတ်​တွင် ယေဇရေလ​မြို့​၊ ခေသုလုတ်​မြို့​၊ ရှုနင်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 19,
      "text": "ဟာဖရိမ်​မြို့​၊ ရှိဟုန်​မြို့​၊ အာနဟာရတ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 20,
      "text": "ရဗ္ဗိတ်​မြို့​၊ ကိရှုန်​မြို့​၊ အာဗက်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 21,
      "text": "ရေမက်​မြို့​၊ အင်္ဂန္နိမ်​မြို့​၊ အင်္ဟဒ္ဒါ​မြို့​၊ ဗက်ပဇ္ဇက်​မြို့ စသည်​တို့​ပါဝင်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 22,
      "text": "သူ​တို့​၏​နယ်နိမိတ်​သည် တာဗော်​မြို့​၊ ရှာဟဇိမာ​မြို့​၊ ဗက်ရှေမက်​မြို့ တို့​သို့​ရောက်​ပြီး ဂျော်ဒန်​မြစ်​၌ ဆုံး​၏​။ ထို​နယ်နိမိတ်​တွင် မြို့​တစ်ဆယ့်​ခြောက်​မြို့​နှင့် ရွာ​များ​ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 23,
      "text": "ဤသည်ကား ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 24,
      "text": "ပဉ္စမ​အကြိမ်​မဲချ​ရာ​တွင် အာရှာ​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 25,
      "text": "သူ​တို့​၏​နယ်နိမိတ်​တွင် ဟေလကတ်​မြို့​၊ ဟာလိ​မြို့​၊ ဗေတင်​မြို့​၊ အာခရှပ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 26,
      "text": "အာလမ္မေလက်​မြို့​၊ အာမဒ်​မြို့​၊ မိရှာလ​မြို့ တို့​ပါဝင်​၏​။ ထို​နယ်နိမိတ်​သည် အနောက်ဘက် ကရမေလ​တောင်​မှ ရှိဟောရလိဗန​ချောင်း​အထိ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 27,
      "text": "ထို​နယ်နိမိတ်​သည် နေထွက်​ရာ​ဘက် ဗက်ဒါဂုန်​မြို့​သို့​လှည့်သွား​၍ ဇာဗုလုန်​နယ်​၊ ယိဖသေလ​ချိုင့်ဝှမ်း​၊ မြောက်ဘက် ဗေသမက်​မြို့​၊ နယေလ​မြို့ တို့​သို့​ရောက်​၏​။ ထိုမှ မြောက်ဘက် ကာဗုလ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 28,
      "text": "ဧဗြုန်​မြို့​၊ ရဟောဘ​မြို့​၊ ဟမ္မုန်​မြို့​၊ ကာန​မြို့​မှ ဆီဒုန်​မြို့​ကြီး​အထိ ဆက်သွား​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 29,
      "text": "တစ်ဖန် ထို​နယ်နိမိတ်​သည် ရာမ​မြို့​၊ တိုင်ရာ​ခံတပ်​မြို့​တို့​ဘက်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ဟောသ​မြို့​သို့ လှည့်သွား​၍ အာခဇိပ်​နယ်မြေ​ရှိ ပင်လယ်​တွင် ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 30,
      "text": "အုမ္မ​မြို့​၊ အာဖက်​မြို့​၊ ရဟောဘ​မြို့ အပါအဝင် မြို့​ပေါင်း​နှစ်ဆယ့်​နှစ်​မြို့​နှင့် ရွာ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 31,
      "text": "ဤသည်ကား အာရှာ​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 32,
      "text": "ဆဋ္ဌမ​အကြိမ်​မဲချ​ရာ​တွင် နဿလိ​အမျိုးသား​တို့​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 33,
      "text": "သူ​တို့​၏​နယ်နိမိတ်​သည် ဟေလပ်​မြို့​၊ ဝက်သစ်ချတော​ရှိ​ရာ ဇာနန္နိမ်​မြို့​၊ အာဒမိ​မြို့​၊ ယာဗနေလ​မြို့ တို့​မှ လာကုံ​မြို့​အထိ​ရောက်​၍ ဂျော်ဒန်​မြစ်​တွင် ဆုံး​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 34,
      "text": "တစ်ဖန် နယ်နိမိတ်​သည် အနောက်ဘက်​သို့​လှည့်သွား​၍ အာဇနုတ္တာဘော်​မြို့​မှ ဟုကုတ်​မြို့​သို့ ဆက်လာ​၏​။ တောင်ဘက်​တွင် ဇာဗုလုန်​နယ်နိမိတ်​၊ အနောက်ဘက်​တွင် အာရှာ​နယ်နိမိတ်​၊ နေထွက်​ရာ​အရပ်​ဘက်​တွင် ယုဒ​နယ်နိမိတ်​နှင့် ဂျော်ဒန်​မြစ်​၌ ထိစပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 35,
      "text": "ခံတပ်​မြို့​များ​ဖြစ်​သည့် ဇိဒ္ဒိမ်​မြို့​၊ ဇေရ​မြို့​၊ ဟမ္မတ်​မြို့​၊ ရက္ကတ်​မြို့​၊ ဂင်နေသရက်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 36,
      "text": "အာဒမာ​မြို့​၊ ရာမ​မြို့​၊ ဟာဇော်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 37,
      "text": "ကေဒေရှ​မြို့​၊ ဧဒြိ​မြို့​၊ အင်ဟာဇော်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 38,
      "text": "ဣရုန်​မြို့​၊ မိဂဒလေလ​မြို့​၊ ဟောရင်​မြို့​၊ ဗက်အာနတ်​မြို့​၊ ဗက်ရှေမက်​မြို့​စသော မြို့​ပေါင်း​တစ်ဆယ့်​ကိုး​မြို့​နှင့် ရွာ​များ ပါဝင်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 39,
      "text": "ဤသည်ကား နဿလိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​ရွာ​အမွေမြေ​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 40,
      "text": "သတ္တမ​အကြိမ်​မဲချ​ရာ​တွင် ဒန်​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် မဲကျ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 41,
      "text": "သူ​တို့​ရရှိ​သော​အမွေမြေ​၏​နယ်နိမိတ်​သည် ဇောရာ​မြို့​၊ ဧရှတောလ​မြို့​၊ ရှေမက်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 42,
      "text": "ရှာလဗ္ဗိန်​မြို့​၊ အာယလုန်​မြို့​၊ ယေသလ​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 43,
      "text": "ဧလုန်​မြို့​၊ တိမနတ်​မြို့​၊ ဧကြုန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 44,
      "text": "ဧလတေက​မြို့​၊ ဂိဗ္ဗသုန်​မြို့​၊ ဗာလတ်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 45,
      "text": "ယေဟုတ်​မြို့​၊ ဗေနဗေရက်​မြို့​၊ ဂါသရိမ္မုန်​မြို့​၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 46,
      "text": "မေယာကုန်​မြို့​၊ ရက္ကုန်​မြို့​၊ ယုပ္ပေ​မြို့​အရှေ့ဘက်​နယ်နိမိတ်​အထိ ရောက်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 47,
      "text": "ဒန်​အမျိုးသား​တို့​သည် မိမိ​တို့​၏​နယ်နိမိတ်​ကို​ကျော်လွန်​၍ လဲရှ​မြို့​ကို ချီတက်​တိုက်ခိုက်​ကြ​၏​။ ထို​မြို့​ကို​သိမ်းပိုက်​ပြီးလျှင် မြို့သူမြို့သား​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​ပြီး ထို​မြို့​၌ အခြေချ​နေထိုင်​ကြ​၏​။ ထို့နောက် သူ​တို့​ဘိုးဘေး​၏​အမည်​ဖြစ်​သော ဒန်​ကို အစွဲပြု​၍ ထို​မြို့​ကို ဒန်​မြို့​ဟု ခေါ်ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 48,
      "text": "ဤသည်ကား ဒန်​အမျိုးအနွယ်​၏​မျိုးနွယ်စု​အလိုက် ရ​သော​မြို့​ရွာ​အမွေမြေ​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 49,
      "text": "ထိုသို့ အမွေ​မြေ​ကို နယ်နိမိတ်​နှင့်တကွ ခွဲဝေ​ပြီး​သောအခါ အစ္စရေး​အမျိုးသား​တို့​သည် နုန်​၏​သား​ယောရှု​ကို အမွေမြေ​ပေး​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 50,
      "text": "ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် နုန်​၏​သား​ယောရှု တောင်းဆို​သော ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ တိမနသေရ​မြို့​ကို သူ့​အား​ပေး​လေ​၏​။ သူ​သည်​လည်း မြို့​ကို​တည်​၍ နေထိုင်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 51,
      "text": "ဤရွေ့ကား ရှိလော​အရပ်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​၊ အစ္စရေး​အမျိုးအနွယ်​တို့​၏​ခေါင်းဆောင်​တို့​က မဲချ​ခွဲဝေ​ပေး​သော​အမွေမြေ​များ ဖြစ်​၏​။ ဤသို့ဖြင့် ပြည်​ကို​ခွဲဝေယူ​ခြင်း​အမှု ပြီးစီး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 1,
      "text": "ထို့နောက်မှ ယောရှု​အား ထာဝရဘုရား​က"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 2,
      "text": "“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘မောရှေ​မှတစ်ဆင့် ငါ​မိန့်မှာ​ခဲ့​သည့်​အတိုင်း သင်​တို့​အဖို့ ခိုလှုံ​ရာ​မြို့​ကို ရွေးချယ်​ထား​လော့​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 3,
      "text": "မရည်ရွယ်​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​မြို့​တို့​သို့​ပြေးသွား​နိုင်​၏​။ ထို​မြို့​တို့​သည် လက်စားချေ​မည့်​သူ​၏​လက်​မှ လွတ်မြောက်​ရန် သင်​တို့​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 4,
      "text": "လူသတ်သမား​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ပြေးသွား​သောအခါ မြို့​တံခါး​အဝင်ဝ​၌​ရပ်​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​အား မိမိ​အမှုကိစ္စ​များ​ကို ပြောပြ​ရ​မည်​။ အကြီးအကဲ​တို့​သည် လူသတ်သမား​ကို မြို့​ထဲသို့​ခေါ်သွား​၍ နေရာ​ချပေး​ရ​မည်​။ သူ​တို့​နှင့်အတူ နေထိုင်​စေ​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 5,
      "text": "သူ​သည် မိမိ​အိမ်နီးချင်း​အပေါ် အမုန်း​မ​ရှိ​ဘဲ မတော်တဆ​လူ​သတ်​မိ​ခြင်း​ဖြစ်​သောကြောင့် လက်စားချေ​သော​သူ​သည် သူ့​နောက်သို့​လိုက်လာ​သောအခါ သူ့​ကို လက်စားချေ​သူ​လက်​သို့ မ​အပ်​ရ​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 6,
      "text": "လူသတ်သမား​သည် လူထု​ရှေ့​တွင် ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ​၊ ထို​ကာလ​ရှိ ယဇ်ပုရောဟိတ်​မင်း မ​ကွယ်လွန်​မီ ထို​မြို့​၌ နေ​ရ​မည်​။ ထို့နောက်မှ သူ​ထွက်ပြေး​လာ​ခဲ့​သော သူ့​မြို့​၊ သူ့​အိမ်​သို့ ပြန်လာ​ခွင့်​ရှိ​၏​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 7,
      "text": "ထို့ကြောင့် သူ​တို့​သည် ဂါလိလဲ​ပြည်​၊ နဿလိ​တောင်ပေါ်ဒေသ​ရှိ ကေဒေရှ​မြို့​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​၊ ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​တို့​ကို ရွေးချယ်​၏​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 8,
      "text": "ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် ရုဗင်​အမျိုးအနွယ်​ပိုင် ကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုးအနွယ်​ပိုင် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုးအနွယ်​ပိုင် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​တို့​ကို ရွေးချယ်​၏​။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 9,
      "text": "ဤ​မြို့​များ​ကား အစ္စရေး​အမျိုးသား​များ​ဖြစ်စေ​၊ သူ​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​များ​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ မည်သူမဆို လူထု​ရှေ့​တွင် တရားစီရင်​ခြင်း​မ​ခံရ​မီ လက်စားချေ​မည့်​သူ​၏​လက်​၌ မ​သေ​ရ​မည့်​အကြောင်း ပြေးသွား​၍​ခိုလှုံ​ရန် ရွေးချယ်​ထား​သော​မြို့​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 1,
      "text": "လေဝိ​အမျိုး​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​အရပ်​သို့​လာ​၍"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 2,
      "text": "“​အကျွန်ုပ်​တို့​နေစရာ​မြို့​နှင့် အကျွန်ုပ်​တို့​တိရစ္ဆာန်​များ​အတွက် စားကျက်မြေ​များ​ကို အကျွန်ုပ်​တို့​အား ပေး​ရ​မည်​ဟူ၍ မောရှေ​မှတစ်ဆင့် ထာဝရဘုရား မိန့်မှာ​ခဲ့​ပါ​သည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 3,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​ရ​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 4,
      "text": "မဲချ​ရာ​တွင် ကောဟတ်​အမျိုး​တို့ မျိုးနွယ်စု​အလိုက် မဲကျ​၏​။ လေဝိ​အမျိုးအနွယ်​၊ ယဇ်ပုရောဟိတ်​အာရုန်​၏ သားမြေး​တို့​သည် ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 5,
      "text": "မဲချ​ရာ​တွင် ကျန်​ကောဟတ်​အမျိုး​တို့​သည် ဧဖရိမ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ ဒန်​အမျိုးအနွယ်​၊ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​ဆယ်​မြို့​ကို ရရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 6,
      "text": "မဲချ​ရာ​တွင် ဂေရရှုန်​အမျိုး​တို့​သည် ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 7,
      "text": "မေရာရိ​အမျိုး​သည် မျိုးနွယ်စု​အလိုက် ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​နှစ်​မြို့​ကို ရရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 8,
      "text": "ဤသို့ဖြင့် မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို မဲချ​ခွဲဝေ​ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 9,
      "text": "ယုဒ​အမျိုးအနွယ်​နှင့် ရှိမောင်​အမျိုးအနွယ်​တို့​ရ​သော​အမွေမြေ​ထဲမှ မြို့​များ​ကို​အမည်​နှင့်တကွ မဲချ​ခွဲဝေ​ပေး​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 10,
      "text": "လေဝိ​အမျိုးအနွယ်​၊ ကောဟတ်​မျိုးနွယ်စု​များ​ထဲမှာ အာရုန်​၏​သားမြေး​များ​သည် ပထမဆုံး​မဲကျ​သောကြောင့် သူ​တို့​အား ထို​မြို့​များ​ကို ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 11,
      "text": "သူ​တို့​အား ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ပေး​လေ​၏​။ (​အာဘ​သည် အာနက​၏​ဖခင်​ဖြစ်​၏​။​)"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 12,
      "text": "ထို​မြို့​ဝန်းကျင်​ရှိ​ကျေးရွာ​နှင့် လယ်မြေ​များ​ကို ယေဖုန္နာ​၏​သား ကာလက်​အား အပိုင်​ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 13,
      "text": "ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ လိဗန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ယဇ်ပုရောဟိတ်​အာရုန်​၏​သားမြေး​တို့​အား ပေး​၏​။ (​ဟေဗြုန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။​)"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 14,
      "text": "ယတ္တိရ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဧရှတမော​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 15,
      "text": "ဟောလုန်​မြို့​နှင့်​စားကျက်မြေ​များ​၊ ဒေဗိရ​မြို့​နှင့်​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 16,
      "text": "အဣန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယုတ္တ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်​ဖြင့် မြို့​ကိုး​မြို့​ကို အမျိုးအနွယ်​နှစ်​နွယ်​ရ​သော​အမွေမြေ​မှ ခွဲဝေ​ပေး​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 17,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိဗောင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဗ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 18,
      "text": "အာနသုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာလမုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 19,
      "text": "အာရုန်​၏​သားမြေး​ဖြစ်​သော​ယဇ်ပုရောဟိတ်​တို့​သည် မြို့​ပေါင်း​တစ်ဆယ့်​သုံး​မြို့​နှင့် ထို​မြို့​တို့​ဝန်းကျင်​ရှိ စားကျက်မြေ​တို့​ကို ရ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 20,
      "text": "လေဝိ​အမျိုး ကောဟတ်​သားမြေး​တို့​မှ​ကျန်ရှိ​သော ကောဟတ်​သားမြေး​တို့​၏​မျိုးနွယ်စု​တို့ မဲကျ​သော​မြို့​များ​မှာ ဧဖရိမ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 21,
      "text": "သူ​တို့​အား ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ (ရှေခင်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။)"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 22,
      "text": "ကိဗဇိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 23,
      "text": "ဒန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဧလတေက​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂိဗ္ဗသုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 24,
      "text": "အာယလုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို​လည်း ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 25,
      "text": "မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ တာနက်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​နှစ်​မြို့​ကို​လည်း ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 26,
      "text": "ကျန်ရှိ​သော​ကောဟတ်​သားမြေး​၏​မျိုးနွယ်စု​တို့ ရရှိ​သော​မြို့​စုစုပေါင်း​မှာ မြို့​ဆယ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 27,
      "text": "လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​ဖြစ်​သော​ဂေရရှုန်​သားမြေး​တို့​ကို​ကား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေရှတေရ​မြို့​နှင့် စားကျက်မြေ​များ​ကို​ပေး​၏​။ (​ဂေါလန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။​)"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 28,
      "text": "ဣသခါ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း ကိရှုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 29,
      "text": "ယာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အင်္ဂန္နိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 30,
      "text": "အာရှာ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း မိရှာလ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာဗဒုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 31,
      "text": "ဟေလကတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရဟောဘ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 32,
      "text": "နဿလိ​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ​လည်း ဂါလိလဲ​ပြည်​၊ ကေဒေရှ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟမ္မုန်ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကာတံ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​သုံး​မြို့​ကို ပေး​၏​။ (​ကေဒေရှ​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။​)"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 33,
      "text": "ဂေရရှုန်​၏​မျိုးနွယ်စု​အလိုက် ရရှိ​သော​မြို့​စုစုပေါင်း​မှာ တစ်ဆယ့်​သုံး​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 34,
      "text": "လေဝိ​အမျိုး​ထဲမှ​ကျန်ရှိ​သော မေရာရိ​သားမြေး​တို့​၏​မျိုးနွယ်စု​တို့​အား ဇာဗုလုန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ယောကနမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကာတ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 35,
      "text": "ဒိမန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ နဟာလာလ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 36,
      "text": "ရုဗင်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဗေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဟတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 37,
      "text": "ကေဒမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မေဖတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 38,
      "text": "ဂဒ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 39,
      "text": "ဟေရှဘုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​ပေါင်း​လေး​မြို့​ကို ပေး​၏​။ (​ရာမုတ်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။​)"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 40,
      "text": "လေဝိ​မျိုးနွယ်စု​ထဲမှ​ကျန်ရှိ​သော မေရာရိ​သားမြေး​တို့ မျိုးနွယ်စု​အလိုက် မဲချ​၍ သူ​တို့​ရ​သော​မြို့​စုစုပေါင်း​မှာ တစ်ဆယ့်​နှစ်​မြို့ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 41,
      "text": "အစ္စရေး​သားမြေး​တို့ ပိုင်​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့ ရရှိ​သော​မြို့​စုစုပေါင်း​မှာ လေးဆယ့်​ရှစ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ ပါ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 42,
      "text": "ထို​မြို့​အားလုံး​တို့​၏​ပတ်ပတ်လည်​တွင် စားကျက်မြေ​များ​ရှိ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 43,
      "text": "ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို ပေး​မည်​ဟု ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သူ​တို့​အား​ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​ကို သိမ်းပိုက်​၍​နေထိုင်​ကြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 44,
      "text": "ထာဝရဘုရား​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​နေလေရာရာ​၌ အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏​။ သူ​တို့​ရှေ့​တွင် မည်သည့်​ရန်သူ​မျှ မ​ခံရပ်​နိုင်​။ ထာဝရဘုရား​သည် သူ​တို့​၏​ရန်သူ​ရှိသမျှ​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 45,
      "text": "ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ကောင်းစား​စေ​မည်​ဟု မိန့်မှာ​တော်မူ​ခဲ့​သည့်​ကတိ တစ်စုံတစ်ခု​မျှ မ​ပျက်ကွက်​ဘဲ အလုံးစုံ​ပြည့်စုံ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 1,
      "text": "ထို့နောက်မှ ယောရှု​သည် ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​နှင့် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ကို ခေါ်​၍"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 2,
      "text": "“​ထာဝရဘုရား​၏​အစေအပါး​မောရှေ မှာကြား​ခဲ့​သည့်​အတိုင်း သင်​တို့​ပြု​ကြ​သည့်​နည်းတူ ငါ​မှာကြား​သမျှ​ကို​လည်း သင်​တို့​လိုက်နာ​ကြ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 3,
      "text": "သင်​တို့​သည် ယနေ့​အထိ သင်​တို့​၏​ညီအစ်ကို​တို့​ကို​မ​စွန့်​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​မှာကြား​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီ​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 4,
      "text": "ယခု​တွင်​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ညီအစ်ကို​တို့​အား အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် သင်​တို့​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပေး​ခဲ့​သည့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ သင်​တို့​ပိုင်ဆိုင်​ရာ​ပြည်​၊ သင်​တို့​၏​အိမ်​ရှိ​ရာ​သို့​ပြန်​သွား​ကြ​လော့​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 5,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ရ​မည်​၊ တရားလမ်း​တော်​ရှိသမျှ​အတိုင်း​လိုက်လျှောက်​ရ​မည်​၊ ပညတ်တော်​များ​ကို​စောင့်ထိန်း​ရ​မည်​၊ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​၊ သင်​တို့​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​ရ​မည် ​ဟူ၍ သင်​တို့​အား ထာဝရဘုရား​၏​အစေအပါး​မောရှေ​မိန့်မှာ​ထား​သည့် ပညတ်တော်​၊ တရားတော်​တို့​ကို​စောင့်ထိန်း​မည့်​အကြောင်း အထူး​သတိပြု​ကြ​လော့​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 6,
      "text": "ထို့နောက် ယောရှု​သည် သူ​တို့​ကို​ကောင်းချီးပေး​ပြီး ပြန်​စေ​သဖြင့် သူ​တို့​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 7,
      "text": "မောရှေ​က မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား ဗာရှန်​ပြည်​ကို အမွေမြေ​အဖြစ်​ပေး​ခဲ့​၏​။ ယောရှု​က ကျန်​မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား သူ​တို့​၏​ညီအစ်ကို​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​အနောက်ဘက်ခြမ်း​ကို အမွေမြေ​အဖြစ်​ပေး​၏​။ သူ​တို့​ကို အိမ်​သို့​ပြန်​စေ​သောအခါ ယောရှု​သည် ကောင်းချီးပေး​၍"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 8,
      "text": "“​သင်​တို့​၏​ရန်သူ​တို့​ထံမှ တိုက်ယူ​သော​ပစ္စည်း​များ​ကို သင်​တို့​၏​ညီအစ်ကို​တို့​နှင့်အတူ ခွဲဝေယူ​ကြ​လော့​။ တိရစ္ဆာန်​၊ ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ အဝတ်အထည်​မှစ၍ စည်းစိမ်ဥစ္စာ​အမြောက်အမြား​တို့​ကို ယူ​၍ သင်​တို့​၏​အိမ်​သို့​ပြန်သွား​ကြ​လော့​”​ဟု သူ​တို့​အား​ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 9,
      "text": "သို့ဖြစ်၍ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​မြို့​မှ​ထွက်ခွာ​၍ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ထား​သည့်​အတိုင်း မိမိ​တို့​အပိုင်​ရရှိ​ခဲ့​သော​ဂိလဒ်​ပြည်​သို့ ပြန်​သွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 10,
      "text": "ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​၊ မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် ခါနာန်​ပြည်​၊ ဂျော်ဒန်​မြစ်​အနီး​သို့​ရောက်​သောအခါ ထင်ရှားမြင်သာ​သော ယဇ်ပလ္လင်​ကြီး​တစ်​ခု​ကို တည်​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 11,
      "text": "“ကြည့်ရှု​လော့​။ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​နယ်မြေ​၊ ဂျော်ဒန်​မြစ်​အနီး​၊ ခါနာန်​ပြည်​နယ်စပ်​၌ ယဇ်ပလ္လင်​တည်​ကြ​ပြီ”​ဟု ပြောဆို​ကြ​သည်​ကို အစ္စရေး​အမျိုးသား​တို့​ကြား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 12,
      "text": "ထိုသို့ ကြား​ရ​သောအခါ အစ္စရေး​လူထု​အပေါင်း​တို့​သည် ရှိလော​မြို့​၌ စုရုံး​ကြ​၍ သူ​တို့​ကို တိုက်ခိုက်​ရန် စစ်ချီ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 13,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​ရှိ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​ထံသို့ ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​နှင့်တကွ"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 14,
      "text": "အစ္စရေး​အမျိုးအနွယ်​တစ်နွယ်စီ​မှ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ခေါင်းဆောင်​တစ်ယောက်စီ စုစုပေါင်း​ခေါင်းဆောင်​ဆယ်​ယောက်​တို့​ကို​စေလွှတ်​၏​။ ထို​သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​တစ်စုစီ​မှ မျိုးနွယ်စု​အကြီးအကဲ​များ ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 15,
      "text": "သူ​တို့​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်လာ​၍ သူ​တို့​အား"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 16,
      "text": "“​ထာဝရဘုရား​၏​လူ​အပေါင်း​တို့​က ‘​သင်​တို့​သည် အပြစ်​ပြု​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ပြစ်မှား​ကြ​ပါ​သည်​တကား​။ ယခု သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​၍ မိမိ​တို့​အဖို့ ယဇ်ပလ္လင်​တည်​ခြင်း​ဖြင့် ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လမ်းလွဲ​သွား​ကြ​ပြီ​တကား​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 17,
      "text": "ပေဂုရ​တောင်​၌ ငါ​တို့​ပြု​ခဲ့​မိ​သော​အပြစ်​သည် မ​လုံလောက်​သေး​သလော​။ ယခု​အချိန်​ထိ ထို​အပြစ်​နှင့် ငါ​တို့​မ​ကင်းရှင်း​သေး​။ ထို​အပြစ်​များ​ကြောင့်​လည်း ထာဝရဘုရား​၏​လူ​များ​အပေါ်​သို့ ဘေးဒဏ်​ကျရောက်​ခဲ့​ပြီ​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 18,
      "text": "ယခု​လည်း သင်​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လမ်းလွဲ​သွား​ကြ​ပြီ​။ ယနေ့ ထာဝရဘုရား​ကို သင်​တို့​ပုန်ကန်​လျှင် မနက်ဖြန်​တွင် အစ္စရေး​လူ​အပေါင်း​တို့​ကို အမျက်ထွက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 19,
      "text": "သင်​တို့​အပိုင်ရ​သော​ပြည်​သည် မစင်ကြယ်​လျှင် ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တည်​ရာ ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ပြည်​သို့ ကူးလာ​၍ ငါ​တို့​နှင့်အတူ အမွေခံ​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ တည်​ထား​သော​ယဇ်ပလ္လင်​မှတစ်ပါး ကိုယ့်​အဖို့​ယဇ်ပလ္လင်​ကို​တည်​ခြင်း​ဖြင့် ထာဝရဘုရား​ကို မ​ပုန်ကန်​ကြ​နှင့်​။ ငါ​တို့​ကို​လည်း မ​ပုန်ကန်​ကြ​နှင့်​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 20,
      "text": "ဇေရ​အမျိုးသား​အာခန်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို​ယူ​ခြင်း​ဖြင့် အပြစ်​ပြု​သောကြောင့် သူ​တစ်ယောက်တည်း သေ​သည်​မ​ဟုတ်​။ အစ္စရေး​လူထု​တစ်ရပ်လုံး အမျက်​တော်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော​’​ဟူ၍ ပြောဆို​ကြ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 21,
      "text": "ထိုအခါ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​က အစ္စရေး​မျိုးနွယ်စု​အကြီးအမှူး​တို့​အား"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 22,
      "text": "“​တန်ခိုးကြီး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ တန်ခိုးကြီး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား သိ​တော်မူ​ပါ​၏​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း သိ​စေ​တော်မူ​ပါ​။ ထာဝရဘုရား​ကို​ပုန်ကန်​မိ​လျှင်​၊ ပြစ်မှား​မိ​လျှင် ယနေ့ အကျွန်ုပ်​တို့​ကို ချမ်းသာ​ခွင့်​မ​ပေး​ပါ​နှင့်​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 23,
      "text": "ထာဝရဘုရား​၏​နောက်​တော်​သို့ မ​လိုက်​ဘဲ​လမ်းလွဲ​၍ ယဇ်ပလ္လင်​ကို​တည်​လျှင်​၊ ထို​ယဇ်ပလ္လင်​ပေါ်၌ မီးရှို့ရာယဇ်​နှင့်​ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်​၊ ထို​ယဇ်ပလ္လင်​ပေါ်၌ မိတ်သဟာယယဇ်​များ​ကို ပူဇော်​လျှင် ထာဝရဘုရား​ကိုယ်တော်တိုင် စစ်ကြောစီရင်​တော်မူ​ပါ​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 24,
      "text": "ငါ​တို့ ဤသို့​ပြု​ကြ​သည်​မှာ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ငါ​တို့​၏​သားမြေး​တို့​အား ‘​သင်​တို့​နှင့် အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မည်သို့​ဆိုင်​သနည်း​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 25,
      "text": "အို ရုဗင်​သားမြေး​နှင့်​ဂဒ်​သားမြေး​တို့​၊ ထာဝရဘုရား​သည် သင်​တို့​နှင့်​ငါ​တို့​ကြား​၌ ဂျော်ဒန်​မြစ်​ကို နယ်နိမိတ်​အဖြစ်​ခြား​ထား​တော်မူ​ပြီ​။ ထာဝရဘုရား​ထံ၌ သင်​တို့​အဖို့​ဝေစု​မ​ရှိ​’​ဟု ဆို​လျက် သင်​တို့​၏​သားမြေး​တို့​က ငါ​တို့​၏​သားမြေး​တို့​အား ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​မ​ရှိ​အောင် ပြု​ကြ​မည်​ကို ငါ​တို့​စိုးရိမ်​သောကြောင့် ဤ​အမှု​ကို ပြု​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 26,
      "text": "ထို့ကြောင့် ငါ​တို့​က ‘​ငါ​တို့​အဖို့ ယဇ်ပလ္လင်​တည်​ကြ​စို့​။ သို့သော် မီးရှို့ရာယဇ်​အတွက်​မ​ဟုတ်​၊ ယဇ်ပူဇော်​ရန်​အတွက်​လည်း မ​ဟုတ်​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 27,
      "text": "ငါ​တို့​သည် ငါ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​၊ မိတ်သဟာယယဇ်​များ​ဖြင့် ထာဝရဘုရား​၏​ရှေ့​တော်​၌ ကိုယ်တော်​ကို​ဝတ်ပြု​တတ်​ကြ​ကြောင်း သင်​တို့​နှင့်​ငါ​တို့​အကြား​၊ နောင်လာမည့်​ငါ​တို့​၏​မျိုးဆက်​အစဉ်အဆက်​ကြား​၌ သက်သေ​ဖြစ်​စေရန်​သာ​ဖြစ်​၏​။ သို့မှ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​သည် ငါ​တို့​၏​သားမြေး​တို့​အား “ထာဝရဘုရား​၌ သင်​တို့​အဖို့​ဝေစု​မ​ရှိ”​ဟူ၍ ပြော​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်’​ဟု ပြောဆို​တိုင်ပင်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 28,
      "text": "နောင်ကာလ​၌ သူ​တို့​က ငါ​တို့​နှင့်​ငါ​တို့​၏​မျိုးဆက်​အစဉ်အဆက်​တို့​ကို ထိုသို့​ပြော​လျှင် ငါ​တို့​က ‘​ကြည့်ရှု​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​နှင့်​ပုံသဏ္ဌာန်​တူ​သော ယဇ်ပလ္လင်​ကို​တည်​ခဲ့​သည်​မှာ မီးရှို့ရာယဇ်​အတွက်​မ​ဟုတ်​၊ ယဇ်ပူဇော်​ရန်​အတွက်​လည်း မ​ဟုတ်​၊ ငါ​တို့​နှင့်​သင်​တို့​အကြား​၌ သက်သေ​ဖြစ်​ရန်​အတွက်​သာ​ဖြစ်​၏​’​ဟု ပြန်ပြော​နိုင်​ရန်​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 29,
      "text": "ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ရှေ့​၌​ရှိ​သော ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​မှတစ်ပါး မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ ယဇ်ကောင် စသည်​တို့​ကို​ပူဇော်​ရန် အခြား​သော​ယဇ်ပလ္လင်​တည်​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပုန်ကန်​သော​အမှု​၊ ယနေ့ ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လမ်းလွဲ​သွား​သော​အမှု​တို့​သည် ငါ​တို့​နှင့်​ဝေး​ပါစေ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​ဖိနဟတ်​နှင့်တကွ လူထု​ခေါင်းဆောင်​များ​ဖြစ်​သော အစ္စရေး​မျိုးနွယ်စု​တို့​၏​အကြီးအမှူး​များ​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တို့​ပြော​သော​စကား​ကို​ကြား​သောအခါ ကျေနပ်​နှစ်သက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 31,
      "text": "ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​က​လည်း ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တို့​အား “​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို ယနေ့ ငါ​တို့​သိ​ရ​ပြီ​။ အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ကို​မ​ပြစ်မှား​ခဲ့​ကြ​ပေ​။ ယခု သင်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ထာဝရဘုရား​လက်​တော်​မှ​ကယ်နုတ်​လေ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 32,
      "text": "ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​နှင့်​ခေါင်းဆောင်​တို့​သည် ဂိလဒ်​ပြည်​ရှိ ရုဗင်​သားမြေး​နှင့် ဂဒ်​သားမြေး​တို့​ထံမှ အစ္စရေး​အမျိုးသား​တို့​ရှိ​ရာ ခါနာန်​ပြည်​သို့​ပြန်လာ​၍ ထို​သူ​တို့ ပြော​သော​စကား​ကို ပြန်ပြောပြ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 33,
      "text": "ထို​စကား​ကို အစ္စရေး​အမျိုးသား​တို့​ကြား​သောအခါ ကျေနပ်​နှစ်သက်​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဘုရားသခင်​ကို​ကောင်းချီးထောမနာ​ပြု​ကြ​၏​။ သူ​တို့​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​နေထိုင်​ရာ​ပြည်​ကို စစ်ချီ​တိုက်ခိုက်ဖျက်ဆီး​မည့်​အကြောင်း မ​ပြော​ကြ​တော့​ပေ​။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 34,
      "text": "ရုဗင်​သားမြေး​နှင့်​ဂဒ်​သားမြေး​တို့​က “​ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း ထို​ယဇ်ပလ္လင်​သည် ငါ​တို့​တွင် သက်သေ​ဖြစ်​၏​”​ဟု ဆို​၍ ထို​ယဇ်ပလ္လင်​ကို “​သက်သေ​”​ဟု ခေါ်ဝေါ်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 1,
      "text": "ထို့နောက် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အား ပတ်ဝန်းကျင်​ရှိ ရန်သူ​အပေါင်း​တို့​၏​ဘေး​မှ ကာလ​အတန်ကြာ ကင်းငြိမ်း​စေ​တော်မူ​၏​။ ယောရှု​သည်​လည်း အသက်အရွယ်​ကြီးရင့်​လာ​၏​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 2,
      "text": "ထိုအခါ ယောရှု​က အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ သက်ကြီးဝါကြီး​များ​၊ အကြီးအမှူး​များ​၊ တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို​ခေါ်​ပြီးလျှင် “​ငါ​သည် အသက်အရွယ်​ကြီးရင့်​ပြီ​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 3,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် ဤ​လူမျိုးခြား​အပေါင်း​တို့​အား မည်သို့​ပြု​တော်မူ​ခဲ့​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ သင်​တို့​အတွက် စစ်တိုက်​ပေး​တော်မူ​သော​အရှင်​ကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေတည်း​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 4,
      "text": "ကြည့်​ပါ​။ ဂျော်ဒန်​မြစ်​မှစ၍ အနောက်ဘက် မြေထဲပင်လယ်​တိုင်အောင် ငါ​သုတ်သင်​ဖယ်ရှား​ခဲ့​သော​လူမျိုး​အပါအဝင် ကျန်နေ​သေး​သော​လူမျိုး​တို့​၏​ပြည်​ကို သင်​တို့​၏​အမျိုးအနွယ်​များ​အား အမွေ​အဖြစ် ငါ​မဲချ​ခွဲဝေ​ပေး​ခဲ့​ပြီ​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 5,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​မည်​။ သင်​တို့​၏​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ထို​လူမျိုး​တို့​၏​ပြည်​ကို အပိုင်ရ​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 6,
      "text": "မောရှေ​၏​ပညတ္တိကျမ်း​၌ ရေးထား​သော​ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​ရန် အားထုတ်​လော့​။ လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​သို့ လွှဲ​မ​သွား​နှင့်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 7,
      "text": "သင်​တို့​တွင် ကျန်နေ​သေး​သော​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ခြင်း​မ​ပြု​နှင့်​၊ သူ​တို့​ဘုရား​များ​၏​နာမ​ကို​မ​တ​နှင့်​၊ မ​တိုင်တည်​နှင့်​။ ထို​ဘုရား​တို့​ကို​ဝတ်​မ​ပြု​နှင့်​၊ ရှိခိုးကိုးကွယ်​ခြင်း​မ​ပြု​နှင့်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 8,
      "text": "ယနေ့​တိုင်အောင် သင်​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​တစ်ပါးတည်း​ကို​သာ ဆည်းကပ်​ရ​မည်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 9,
      "text": "ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​တို့​ကို ထာဝရဘုရား​သည် သင်​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​သည်​ဖြစ်၍ ယနေ့​တိုင်အောင် သင်​တို့​ရှေ့​၌ မည်သူမျှ​မ​ရပ်တည်​နိုင်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 10,
      "text": "သင်​တို့​ကို ကတိပြု​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အဖို့​စစ်တိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​တွင်​တစ်​ယောက်​သည် အယောက်​တစ်ထောင်​ကို​လိုက်​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 11,
      "text": "သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​ကြ​ရ​မည့်​အကြောင်း ကိုယ့်ကိုယ်ကိုယ်​အထူး​သတိပြု​ကြ​လော့​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 12,
      "text": "အကယ်၍ သင်​တို့​သည် လမ်းလွဲ​၍ သင်​တို့​တွင် ကြွင်းကျန်​နေ​သေး​သော​လူမျိုး​တို့​နှင့်​မိတ်ဖွဲ့​ပြီး သူ​တို့​နှင့်​စုံဖက်​၍ ထွေးရောယှက်တင်​နေ​လျှင်"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 13,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ ထပ်၍​နှင်ထုတ်​ပေး​တော့​မည်​မ​ဟုတ်​ကြောင်း ဧကန်​သိမှတ်​ကြ​လော့​။ သင်​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​ပေါ်​၌ သင်​တို့​ပျက်စီး​သွား​သည်​အထိ ထို​လူမျိုး​တို့​သည် သင်​တို့​အဖို့ ကျော့ကွင်း​၊ ထောင်ချောက်​၊ သင်​တို့​၏​ကျောကုန်း​ပေါ်၌ နှင်တံ​၊ မျက်စိ​ထဲ၌ ဆူး ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 14,
      "text": "မြေကြီးသား​တို့​သွား​ရာ​လမ်း​အတိုင်း ယနေ့ ငါ​လည်း သွား​ရ​တော့​မည်​။ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​ကောင်းကျိုးချမ်းသာ​ဆိုင်ရာ​ကတိ​တော်​ဟူသမျှ တစ်စုံတစ်ခု​မျှ​မ​ပျက်​၊ အလုံးစုံ​ပြည့်စုံ​လာ​ကြောင်း​ကို သင်​တို့​၏​စိတ်နှလုံး​၊ စိတ်ဝိညာဉ်​ထဲမှ အကြွင်းမဲ့​သိ​ကြ​၏​။ သင်​တို့​အဖို့ ထို​ကတိ​တော်​တို့​သည် တစ်စုံတစ်ခု​မျှ​မ​ပျက်​၊ အလုံးစုံ​ပြည့်စုံ​လာ​၏​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 15,
      "text": "သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော ကောင်းကျိုးဆိုင်ရာ​ကတိ​တော်​ဟူသမျှ​ကို သင်​တို့​အပေါ်​သက်ရောက်​စေ​မည်​ဖြစ်​သကဲ့သို့ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​မှ သုတ်သင်​မ​ခံရ​မ​ချင်း ထာဝရဘုရား​သည် ဘေးအန္တရာယ်​ရှိသမျှ​တို့​ကို သင်​တို့​အပေါ်​သို့​သက်ရောက်​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 16,
      "text": "သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​၍ အခြား​ဘုရား​များ​အား သွားရောက်​ဝတ်ပြု​ကိုးကွယ်​လျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်ထွက်​တော်မူ​သဖြင့် သင်​တို့​သည် ကိုယ်တော်​ပေး​တော်မူ​သည့်​သာယာဝပြော​သော​ပြည်​တွင် အလျင်အမြန်​ပျက်စီး​သွား​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 1,
      "text": "ထို့နောက် ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို ရှေခင်​မြို့​၌ စုဝေး​စေ​ပြီးလျှင် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ ခေါင်းဆောင်​များ​၊ တရားသူကြီး​များ​နှင့် ကြီးကြပ်သူ​များ​ကို ဆင့်ခေါ်​သဖြင့် သူ​တို့​သည်​လည်း ဘုရားသခင်​၏​ရှေ့​တော်​၌​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 2,
      "text": "ထိုအခါ ယောရှု​က လူ​အပေါင်း​တို့​အား “​အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အာဗြဟံ​နှင့် နာခေါ်​တို့​၏​ဖခင် တေရ မှစ၍ သင်​တို့​၏​ဘိုးဘေး​တို့​သည် ရှေးယခင်​က ယူဖရေးတီး​မြစ် ​တစ်ဖက်ကမ်း​၌​နေထိုင်​၍ အခြား​ဘုရား​များ​ကို​ဝတ်ပြု​ခဲ့​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 3,
      "text": "ငါ​သည် သင်​တို့​အဖ​အာဗြဟံ​ကို ယူဖရေးတီး​မြစ် ​တစ်ဖက်​မှ ခေါ်ထုတ်​၍ ခါနာန်​ပြည်​အရပ်ရပ်​သို့​ပို့ဆောင်​ခဲ့​၏​။ သူ​၏​သားစဉ်မြေးဆက်​ကို များပြား​စေ​၏​။ သူ့​အား သား​ဣဇက်​ကို ငါ​ပေး​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 4,
      "text": "ဣဇက်​အား သား​ယာကုပ်​နှင့်​ဧသော​ကို ငါ​ပေး​၏​။ ဧသော​အား စိရ​တောင်​ကို ငါ​အပိုင်​ပေး​၏​။ ယာကုပ်​နှင့်​သူ​၏​သား​တို့​မူကား အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 5,
      "text": "ငါ​သည် မောရှေ​နှင့်​အာရုန်​ကို​စေလွှတ်​၍ အီဂျစ်​ပြည်​၌ ဘေးအမျိုးမျိုး​ကျရောက်​စေ​ခြင်း​အားဖြင့် ဒဏ်ခတ်​ပြီးနောက် သင်​တို့​ကို ထုတ်ဆောင်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 6,
      "text": "ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ ပင်လယ်နီ​သို့ ရောက်​သောအခါ အီဂျစ်​လူမျိုး​တို့​သည် စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ဖြင့် ထို​ပင်လယ်​တိုင်အောင် သင်​တို့​ဘိုးဘေး​တို့​နောက်သို့​လိုက်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 7,
      "text": "ထိုအခါ သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​သဖြင့် ငါ​သည် သင်​တို့​နှင့်​အီဂျစ်​လူမျိုး​တို့​ကြား​၌ အမှောင်ထု ခြား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်ရေ​လွှမ်းမိုး​သွား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​အား ငါ ဒဏ်ခတ်​ခဲ့​သည်​ကို သင်တို့ကိုယ်တိုင်​မျက်စိ​ဖြင့်​မြင်​ခဲ့​ကြ​၏​။ ထို့နောက်မှ သင်​တို့​သည် တောကန္တာရ​၌ ကာလ​ကြာမြင့်​စွာ​နေထိုင်​ကြ​ရ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 8,
      "text": "ငါ​သည် သင်​တို့​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်​၌​နေထိုင်​သော အာမောရိ​လူမျိုး​တို့​၏​ပြည်​သို့ ပို့ဆောင်​၏​။ ထို​သူ​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ကြ​သော်လည်း ငါ​သည် သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​တို့​သည် သူ​တို့​၏​ပြည်​ကို အပိုင်ရ​ကြ​၏​။ ငါ​သည် သူ​တို့​ကို သင်​တို့​၏​ရှေ့​မှာ​ပင် ဖျက်ဆီး​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 9,
      "text": "ထို့နောက် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ထ​၍​တိုက်ခိုက်​၏​။ သူ​သည် ဗောရ​၏​သား​ဗာလမ်​ကို လူ​လွှတ်​ခေါ်​၍ သင်​တို့​အား ကျိန်ဆဲ​စေ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 10,
      "text": "သို့ရာတွင် ငါ​သည် ဗာလမ်​၏​စကား​ကို​နား​မ​ထောင်​။ သို့ဖြစ်၍ သူ​သည် သင်​တို့​ကို မ​ကျိန်ဆဲ​ဘဲ အကြိမ်ကြိမ်​ကောင်းချီးပေး​ရ​၏​။ ငါ​သည် သင်​တို့​ကို သူ​၏​လက်​မှ​ကယ်နုတ်​ခဲ့​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 11,
      "text": "သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂျေရိခေါ​မြို့​သို့​ရောက်​သောအခါ ဂျေရိခေါ​မြို့သား​တို့​အပါအဝင် အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ ဟိဝိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ကြ​၏​။ ထို​သူ​တို့​ကို​လည်း သင်​တို့​လက်​သို့ ငါ​အပ်​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 12,
      "text": "သင်​တို့​၏​ဓား​အားဖြင့်​မ​ဟုတ်​၊ လေး​အားဖြင့်​လည်း​မ​ဟုတ်​။ ငါ​သည် ပျားတူ​များ​ကို သင်​တို့​ရှေ့​မှ စေလွှတ်​၍ အာမောရိ​လူမျိုး​တို့​ရှင်ဘုရင်​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 13,
      "text": "ငါ​သည် သင်​တို့​မ​ထွန်ယက်​သော​မြေ​၊ သင်​တို့​မ​တည်ဆောက်​သော​မြို့​များ​ကို သင်​တို့​အား​ပေး​သဖြင့် သင်​တို့​သည် ထို​မြို့​တို့​တွင် နေထိုင်​ရ​ကြ​၏​။ သင်​တို့​မ​စိုက်ပျိုး​သော​စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​မှ အသီး​ကို​လည်း​စား​ရ​ကြ​၏​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 14,
      "text": "သို့ဖြစ်၍ ယခု ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​လျက် ရိုးသားဖြူစင်​စွာ​၊ သစ္စာရှိ​စွာ ဝတ်ပြု​ကြ​လော့​။ ယူဖရေးတီး​မြစ် ​တစ်ဖက်​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​၌​လည်းကောင်း သင်​တို့​ဘိုးဘေး​တို့​ဝတ်ပြု​ခဲ့​သော​ဘုရား​များ​ကို​ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​လော့​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 15,
      "text": "ထာဝရဘုရား​ကို ဝတ်​မ​ပြု​သင့်​ဟု သင်​တို့​ထင်မှတ်​လျှင် ယနေ့ သင်​တို့​ဝတ်ပြု​လို​သည့်​ဘုရား​ကို သင်​တို့​ရွေးချယ်​လော့​။ ယူဖရေးတီး​မြစ် ​တစ်ဖက်ကမ်း​၌ သင်​တို့​ဘိုးဘေး​ဝတ်ပြု​ခဲ့​သော​အခြား​ဘုရား​များ​ကို ဝတ်ပြု​မည်လော​၊ သင်​တို့​နေထိုင်​ရာ​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​ကို ဝတ်ပြု​မည်လော​။ ငါ​နှင့်​ငါ့​အိမ်သူအိမ်သား​တို့​မူကား ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 16,
      "text": "ထိုအခါ လူ​တို့​က “​ထာဝရဘုရား​ကို စွန့်​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​ခြင်း​အမှု​သည် အကျွန်ုပ်​တို့​နှင့် ဝေး​ပါစေ​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 17,
      "text": "အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်တကွ ဘိုးဘေး​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ပေး​ခဲ့​သော​အရှင်​၊ အကျွန်ုပ်​တို့ မျက်စိ​ရှေ့​တွင်​ပင် ကြီးမား​သော​နိမိတ်လက္ခဏာ​များ​ကို ပြ​တော်မူ​သော​အရှင်​၊ လူမျိုးခြား​တို့​အကြား ဖြတ်ကျော်​လာ​ရ​သော​လမ်းခရီး​တစ်လျှောက်လုံး​တွင် အကျွန်ုပ်​တို့​ကို စောင့်ရှောက်​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 18,
      "text": "ထာဝရဘုရား​သည် ဤ​ပြည်​၌​နေထိုင်​သော​အာမောရိ​လူမျိုး​အပါအဝင် လူမျိုးခြား​အပေါင်း​တို့​ကို အကျွန်ုပ်​တို့​ရှေ့​မှ နှင်ထုတ်​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​သောကြောင့် ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 19,
      "text": "ထိုအခါ ယောရှု​က လူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ကို ဝတ်ပြု​နိုင်​မည် မ​ဟုတ်​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ဘုရား​၊ သဝန်တို​တတ်​သော​ဘုရား​ဖြစ်​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 20,
      "text": "သင်​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ကို​ဝတ်ပြု​မည်​ဆိုလျှင် သင်​တို့​ကို ကောင်းစား​စေ​ခဲ့​ရာ​မှ သင်​တို့​ကို ဒုက္ခရောက်​စေ​မည်​၊ သုတ်သင်ပယ်ရှင်း​တော်မူ​မည်​ကို သင်​တို့​သိ​သလော​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 21,
      "text": "လူ​တို့​က​လည်း ယောရှု​အား “​မ​ဟုတ်​ပါ​။ ထာဝရဘုရား​ကို​သာ အကျွန်ုပ်​တို့ ဝတ်ပြု​ပါ​မည်​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 22,
      "text": "ယောရှု​က​လည်း လူ​တို့​အား “​ထာဝရဘုရား​ကို​သာ​ဝတ်ပြု​မည်​ဟု သင်​တို့​ရွေးချယ်​ခြင်း​အမှု​မှာ သင်​တို့​ကိုယ်တိုင်​ပင် သက်သေ​ဖြစ်​၏​”​ဟု​ဆို​လျှင် သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် သက်သေ​ဖြစ်​ကြ​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 23,
      "text": "ယောရှု​က​လည်း “​သို့ဖြစ်လျှင် သင်​တို့​တွင်​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို ဖယ်ရှား​ပြီး သင်​တို့​၏​စိတ်နှလုံး​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ တိမ်းညွတ်​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 24,
      "text": "လူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြု​ပါ​မည်​။ ကိုယ်တော်​၏​စကား​ကို​သာ နားထောင်​ပါ​မည်​”​ဟု ယောရှု​အား ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 25,
      "text": "ထို​နေ့​တွင် ယောရှု​သည် လူ​တို့​နှင့် ပဋိညာဉ်​ဖွဲ့​ပြီး ရှေခင်​မြို့​၌ သူ​တို့​အဖို့ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို ချမှတ်​ပေး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 26,
      "text": "ထို့နောက် ယောရှု​သည် ထို​တရားစကား​တို့​ကို ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​များ​၌ ရေးမှတ်​ထား​၏​။ ထို့နောက် ကျောက်တုံး​ကြီး​တစ်​တုံး​ကို​ယူ​၍ ထာဝရဘုရား​၏​သန့်ရှင်းရာဌာန​တော်​အနီး​ရှိ ဝက်သစ်ချပင်​အောက်​တွင် စိုက်ထူ​ထား​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 27,
      "text": "ထို့နောက် ယောရှု​က လူ​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​တော်​အလုံးစုံ​ကို ဤ​ကျောက်တုံး​သည်​လည်း ကြား​ပြီ​ဖြစ်၍ ငါ​တို့​အဖို့ သက်သေ​ဖြစ်​လိမ့်မည်​။ ဘုရားသခင်​၏​စကား​တော်​ကို သင်​တို့​ငြင်းပယ်​လျှင် ဤ​ကျောက်တုံး​သည် သက်သေ​ဖြစ်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 28,
      "text": "ထို့နောက် ယောရှု​သည် လူ​တို့​ကို သူ​တို့​၏​အမွေမြေ​အသီးသီး​သို့ ပြန်​စေ​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 29,
      "text": "ထို့နောက်မှ ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 30,
      "text": "ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 31,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့်​အရာ​ရှိသမျှ​တို့​ကို သိမြင်​သော​အသက်ရှင်​ကျန်ရစ်​သေး​သည့် သက်ကြီးဝါကြီး​တို့​လက်ထက်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 32,
      "text": "သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 33,
      "text": "အာရုန်​၏​သား​ဧလာဇာ​လည်း သေဆုံး​သဖြင့် ဧဖရိမ်​တောင်ပေါ်ဒေသ​တွင် သူ့​သား​ဖိနဟတ်​အမွေမြေ​ရ​ထား​သည့် ဖိနဟတ်​တောင်ကုန်း​၌ သင်္ဂြိုဟ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 1,
      "text": "ယောရှု​သေဆုံး​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား “​ခါနာန်​လူမျိုး​တို့​ကို မည်သူ ဦးစွာ​သွား​၍​တိုက်ခိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင်"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 2,
      "text": "ထာဝရဘုရား​က “​ယုဒ​အမျိုး ချီတက်​ရ​မည်​။ ကြည့်ရှု​လော့​။ ဤ​ပြည်​ကို သူ​တို့​လက်​သို့ ငါ​အပ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 3,
      "text": "ထိုအခါ ယုဒ​အမျိုး​တို့​က မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​အား “​ခါနာန်​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ငါ​တို့​အမွေမြေ​သို့ ငါ​တို့​နှင့်အတူ ချီတက်​ပါ​လော့​။ ငါ​တို့​သည်​လည်း သင်​တို့​အမွေမြေ​သို့ သင်​တို့​နှင့်အတူ ချီတက်​မည်​”​ဟု ဆို​သဖြင့် ရှိမောင်​အမျိုး​တို့​လည်း သူ​တို့​နှင့်အတူ ချီတက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 4,
      "text": "ယုဒ​အမျိုး​ချီတက်​သွား​သောအခါ ထာဝရဘုရား​သည် ခါနာန်​လူမျိုး​နှင့် ဖေရဇိ​လူမျိုး​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​သဖြင့် သူ​တို့​သည် ဗေဇက်​မြို့​၌ လူ​တစ်သောင်း​ကို သတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 5,
      "text": "ဗေဇက်​မြို့​တွင် အဒေါနိဗေဇက်​မင်းကြီး​နှင့် ရင်ဆိုင်​တိုက်ခိုက်​ကြ​၏​။ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​တို့​ကို​လည်း အနိုင်ရ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 6,
      "text": "အဒေါနိဗေဇက်​မင်းကြီး ထွက်ပြေး​သဖြင့် သူ့​ကို​လိုက်လံ​ဖမ်းဆီး​ပြီး သူ​၏​ခြေမ​၊ လက်မ​တို့​ကို​ဖြတ်ပစ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 7,
      "text": "ထိုအခါ အဒေါနိဗေဇက်​မင်းကြီး​က “​ငါ​သည် ဘုရင်​အပါး​ခုနစ်ဆယ်​တို့​၏​ခြေမ​၊ လက်မ​ကို​ဖြတ်​၍ ငါ့​စားပွဲ​အောက်​၌​စားနုပ်စားပေါက်​တို့​ကို​ကောက်စား​စေ​ခဲ့​၏​။ ဘုရားသခင်​သည် ငါ​ပြု​ခဲ့​သည့်​အတိုင်း ငါ့​အား​ပြန်ပြု​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် အဒေါနိဗေဇက်​မင်းကြီး​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး ထို​မြို့​၌ပင် သူ​သေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 8,
      "text": "ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​ကြ​၏​။ မြို့သား​တို့​ကို ဓား​ဖြင့် လုပ်ကြံ​၍ မြို့​ကို မီးရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 9,
      "text": "ထို့နောက် ယုဒ​အမျိုးသား​တို့​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ စသည်​တို့​၌ နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို သွား​၍​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 10,
      "text": "တစ်ဖန် ယုဒ​အမျိုးသား​တို့​သည် ယခင်က ကိရယအာဘ​ဟု​ခေါ်​သော ဟေဗြုန်​မြို့​ရှိ ခါနာန်​လူမျိုး​တို့​ထံသို့ ချီတက်​သွား​၍ ရှေရှဲ​၊ အဟိမန်​၊ တာလမဲ​တို့​ကို သတ်ပစ်​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 11,
      "text": "တစ်ဖန် ထို​မြို့​မှ ဒေဗိရ​မြို့​သို့ ချီတက်​သွား​၏​။ ဒေဗိရ​မြို့​ကို ယခင်က ကိရယဿေဖာ​မြို့ ဟု​ခေါ်​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 12,
      "text": "ကာလက်​က “​ကိရယဿေဖာ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​နိုင်​သော​သူ​အား ငါ့​သမီး​အာခသ​နှင့် ပေးစား​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 13,
      "text": "ကာလက်​၏​ညီ ကေနတ်​၏​သား ဩသံယေလ​က ထို​မြို့​ကို​သိမ်းပိုက်​နိုင်​သဖြင့် ကာလက်​သည် သူ့​အား သမီး​အာခသ​နှင့် ပေးစား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 14,
      "text": "အာခသ​သည် ခင်ပွန်း​နှင့်​လိုက်သွား​စဉ် မိမိ​ဖခင်​ထံမှ​လယ်​တစ်​ကွက် တောင်း​ကြ​မည်​ဟု ခင်ပွန်းသည်​အား​ဆို​လျက် မြည်း​ပေါ်​က​ဆင်း​သောအခါ ကာလက်​က “​ဘာ​အလိုရှိ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 15,
      "text": "သူ​က​လည်း “​လက်ဖွဲ့​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​နှင့် အောက်​စမ်းရေတွင်း​တို့​ကို ပေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 16,
      "text": "မောရှေ​ယောက္ခမ​၏​သားမြေး ကေနိ​အမျိုးသား​တို့​သည် ယုဒ​အမျိုးသား​တို့​နှင့်အတူ စွန်ပလွံ​မြို့​မှ အာရဒ်​နေဂေ့​အရပ်​ရှိ ယုဒ​တောကန္တာရ​သို့ လိုက်သွား​၍ ထို​အရပ်သား​တို့​နှင့်အတူ နေထိုင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 17,
      "text": "တစ်ဖန် ယုဒ​အမျိုး​တို့​သည် မိမိ​တို့​အစ်ကို​ရှိမောင်​အမျိုး​တို့​နှင့်အတူ ဇေဖတ်​မြို့သား ခါနာန်​လူမျိုး​တို့​ကို သွားရောက်​တိုက်ခိုက်​ကာ မြို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ပြီးလျှင် ထို​မြို့​ကို ဟောမာ ​မြို့​ဟု ခေါ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 18,
      "text": "ယုဒ​အမျိုး​တို့​သည် ဂါဇ​မြို့​နှင့်​ထို​မြို့​၏​နယ်မြေ​၊ အာရှကေလုန်​မြို့​နှင့် ထို​မြို့​၏​နယ်မြေ​၊ ဧကြုန်​မြို့​နှင့် ထို​မြို့​၏​နယ်မြေ စသည်​တို့​ကို သိမ်းပိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 19,
      "text": "ထာဝရဘုရား​သည် ယုဒ​အမျိုး​တို့​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​တို့​သည် တောင်ပေါ်ဒေသ​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ချိုင့်ဝှမ်းဒေသ​၌​နေထိုင်​သော​သူ​တို့​မူကား သံ​စစ်ရထား​များ​ပိုင်ဆိုင်​သောကြောင့် ထို​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 20,
      "text": "မောရှေ မှာကြား​ခဲ့​သည့်​အတိုင်း ကာလက်​အား ဟေဗြုန်​မြို့​ကို ပေး​၏​။ ကာလက်​သည် အာနက​၏​သား​သုံး​ယောက်​ကို နှင်ထုတ်​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 21,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့သား ယေဗုသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​သဖြင့် ယေဗုသိ​လူမျိုး​တို့​သည် ဗင်္ယာမိန်​အမျိုးသား​တို့​နှင့်အတူ ယနေ့​တိုင်အောင် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 22,
      "text": "ယောသပ်​အမျိုးအနွယ်​တို့​သည်​လည်း ဗေသလ​မြို့​ကို သွားရောက်​တိုက်ခိုက်​ကြ​၏​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ ရှိ​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 23,
      "text": "ယောသပ်​အမျိုးအနွယ်​တို့​သည် ဗေသလ​မြို့​ကို စူးစမ်း​ရန် သူလျှို​တို့​ကို​စေလွှတ်​၏​။ ဗေသလ​မြို့​ကို ယခင်က လုဇ​မြို့ ဟု​ခေါ်​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 24,
      "text": "သူလျှို​တို့​သည် မြို့​ထဲမှ​လူ​တစ်​ယောက်​ထွက်လာ​သည်​ကို မြင်​လျှင် “​မြို့ဝင်လမ်း​ကို ပြ​ပေး​ပါ​။ သင့်​ကို အသက်ချမ်းသာ​ပေး​ပါ​မည်​”​ဟု သူ့​အား ပြော​သဖြင့်"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 25,
      "text": "သူ​သည် မြို့ဝင်လမ်း​ကို ပြ​ပေး​၏​။ သူ​တို့​သည်​လည်း မြို့​ကို ဓား​နှင့်​တိုက်ခိုက်​ကြ​ပြီး လမ်းပြပေးသူ​၏​မိသားစု​များ​ကို​မူ လွတ်မြောက်​ခွင့်​ပေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 26,
      "text": "ထို​သူ​သည် ဟိတ္တိ​ပြည်​သို့​သွား​၍ မြို့​ကို​တည်​ကာ ထို​မြို့​၏​အမည်​ကို လုဇ ဟု​မှည့်ခေါ်​၏​။ ထို​မြို့​ကို ယနေ့​တိုင်အောင် ထိုသို့​ခေါ်ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 27,
      "text": "မနာရှေ​အမျိုးအနွယ်​သည် ဗက်ရှန်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တာနက်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒေါရ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဣဗလံ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ မေဂိဒ္ဒေါ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ စသည်​တို့​၌​နေထိုင်​သော​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ကြ​။ ခါနာန်​လူမျိုး​တို့​သည် ထို​ပြည်​၌ အတင်း​နေထိုင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 28,
      "text": "အစ္စရေး​လူမျိုး​တို့ အင်အားကြီး​လာ​သောအခါ​တွင်​လည်း ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ အခွန်​ဆက်​စေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 29,
      "text": "ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့သား ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ထို့ကြောင့် ခါနာန်​လူမျိုး​တို့​သည် သူ​တို့​နှင့်အတူ ဂေဇာ​မြို့​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 30,
      "text": "ဇာဗုလုန်​အမျိုးအနွယ်​သည်​လည်း ကိတရုန်​မြို့သား​၊ နဟာလောလ​မြို့သား တို့​ကို မ​နှင်ထုတ်​သောကြောင့် ခါနာန်​လူမျိုး​တို့​သည် သူ​တို့​နှင့်အတူ​နေထိုင်​၍ အခွန်​ဆက်သ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 31,
      "text": "အာရှာ​အမျိုးအနွယ်​သည်​လည်း အက္ခော​မြို့သား​၊ ဆီဒုန်​မြို့သား​၊ အာလပ်​မြို့သား​၊ အာခဇိပ်​မြို့သား​၊ ဟေလဗ​မြို့သား​၊ အာဖိတ်​မြို့သား​၊ ရဟောဘ​မြို့သား​တို့​ကို​မ​နှင်ထုတ်​ခဲ့​ပေ​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 32,
      "text": "ထိုသို့ အာရှာ​အမျိုးသား​တို့​သည် ထို​ပြည်သား ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ သူ​တို့​နှင့်အတူ​နေထိုင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 33,
      "text": "နဿလိ​အမျိုးသား​တို့​သည်​လည်း ဗက်ရှေမက်​မြို့သား​၊ ဗက်အာနတ်​မြို့သား​တို့​ကို မ​နှင်ထုတ်​ဘဲ ထို​ပြည်သား​ခါနာန်​လူမျိုး​တို့​နှင့်အတူ​နေထိုင်​၍ ဗက်ရှေမက်​မြို့သား​၊ ဗက်အာနတ်​မြို့သား​တို့​ကို အခွန်ဆက်​စေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 34,
      "text": "အာမောရိ​လူမျိုး​တို့​သည် ဒန်​သားမြေး​တို့​ကို ချိုင့်ဝှမ်းဒေသ​တွင်​နေထိုင်​ခွင့်​မ​ပေး​၊ တောင်ပေါ်ဒေသ​သို့ နှင်ထုတ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 35,
      "text": "အာမောရိ​လူမျိုး​တို့​သည် အာယလုန်​မြို့​၊ ရှာလဗိမ်​မြို့​နှင့် ဟေရက်​တောင်​ပေါ်​တို့​တွင် အတင်း​နေထိုင်​ကြ​၏​။ ယောသပ်​အမျိုးအနွယ် အင်အား​ကြီး​လာ​သောအခါ အာမောရိ​လူမျိုး​တို့​ကို အခွန်ဆက်​စေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 36,
      "text": "အာမောရိ​နယ်နိမိတ်​သည် အကရဗ္ဗိမ်​တောင်ကုန်း​မှစ၍ သေလ​မြို့​အပေါ်ဘက်​အထိ ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 1,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဂိလဂါလ​မြို့​မှ ဗောခိမ်​မြို့​သို့​တက်လာ​၍ “​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​ပြီး သင်​တို့​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​ခဲ့​၏​။ ‘​သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​ချိုးဖောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​သည် ဤ​ပြည်သား​တို့​နှင့်​ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​ဖြိုဖျက်​ရ​မည်​’​ဟု ငါ​ဆို​ခဲ့​၏​။ သို့သော် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​ကြ​၊ အဘယ်ကြောင့် ထိုသို့ ပြု​ကြ​သနည်း​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 3,
      "text": "ထို့ကြောင့် ‘​ထို​ပြည်သား​တို့​ကို သင်​တို့​၏​ရှေ့​မှ ငါ​မ​နှင်ထုတ်​။ သူ​တို့​သည် သင်​တို့​၏​နံဘေး​၌ ဆူး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​ဘုရား​တို့​သည်​လည်း သင်​တို့​၌ ထောင်ချောက်​ကဲ့သို့​ဖြစ်​လိမ့်မည်​’​ဟု ငါ​ဆို​ပြီ​”​ဟူ၍ မိန့်ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 4,
      "text": "ထိုသို့ ထာဝရဘုရား​၏​ကောင်းကင်တမန် မိန့်ဆို​သောအခါ အစ္စရေး​အမျိုးသား​အပေါင်း​တို့ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 5,
      "text": "ထို​အရပ်​ကို ဗောခိမ် ဟု​အမည်​မှည့်ခေါ်​၍ ထို​အရပ်​၌ ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 6,
      "text": "ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​ကို ပြန်လွှတ်​လိုက်​သောအခါ သူ​တို့​သည် မိမိ​အမွေ​မြေ​ကို သိမ်းပိုက်​ရန် အသီးသီး သွား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အသက်ရှင်​ကျန်ရစ်​သေး​သော​သူ​များ​ဖြစ်​သည့် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​သော​ကြီးမြတ်​သည့်​အမှု​ရှိသမျှ​တို့​ကို သိမြင်​ခဲ့​ရ​သော​သက်ကြီးဝါကြီး​တို့​လက်ထက်​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 8,
      "text": "ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 9,
      "text": "ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 10,
      "text": "ယောရှု​လက်ထက်​မျိုးဆက်​တစ်ဆက်လုံး သေဆုံး​၍​ဘိုးဘေး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ ထို​မျိုးဆက်​ပြီးမှ ထာဝရဘုရား​ကို မ​သိ​သော​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို​မ​သိ​သော နောက်​မျိုးဆက်​တစ်ဆက် ပေါ်လာ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 11,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 12,
      "text": "သူ​တို့​သည် အီဂျစ်​ပြည်​မှ မိမိ​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ပြီး မိမိ​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​များ​ကို​ရှိခိုးကိုးကွယ်​ခြင်း​ဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 13,
      "text": "သူ​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ ဗာလ​ဘုရား​နှင့် အာရှတရက်​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 14,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 15,
      "text": "ထာဝရဘုရား ကျိန်ဆို​မိန့်မြွက်​သည့်​အတိုင်း သူ​တို့ စစ်ချီ​လေရာရာ​၌ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​အပေါ် ကျရောက်​သဖြင့် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​၍ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 16,
      "text": "ထို့နောက်မှ ထာဝရဘုရား​သည် တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်တင်​ပေး​မည့် တရားသူကြီး​များ​ကို ပေါ်ထွန်း​စေ​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 17,
      "text": "သို့သော် သူ​တို့​သည် တရားသူကြီး​တို့​၏​စကား​ကို နား​မ​ထောင်​၊ အခြား​ဘုရား​များ​ကို ရှိခိုးကိုးကွယ်​လျက် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဘိုးဘေး​တို့ နာခံ​လိုက်လျှောက်​ခဲ့​ကြ​သော​ထာဝရဘုရား​၏​ပညတ်တရား​လမ်း​မှ အလျင်အမြန်​လမ်း​လွဲသွား​ကြ​၏​။ ထို​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 18,
      "text": "ထာဝရဘုရား​သည် သူ​တို့​အဖို့ တရားသူကြီး​ကို ပေါ်ထွန်း​စေ​ပြီ​ဆိုလျှင် ထို​တရားသူကြီး​နှင့် ထာဝရဘုရား​အတူ​ရှိ​တော်မူ​၍ ထို​တရားသူကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​ပေး​တော်မူ​၏​။ အကြောင်းမှာ သူ​တို့ ညှဉ်းဆဲ​ခံရ​ချိန်​၊ ဒုက္ခရောက်​ချိန်​တွင် ညည်းတွား​မြည်တမ်း​ကြ​သဖြင့် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 19,
      "text": "သို့သော် ထို​တရားသူကြီး သေလွန်​သွား​သောအခါ သူ​တို့​သည် အခြား​ဘုရား​များ​ဘက်​သို့​ပြန်လှည့်​၍ ထို​ဘုရား​များ​နောက်သို့​လိုက်​လျက် ထို​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​ပြန်​၏​။ ဘိုးဘေး​တို့​ထက် သာ၍​အကျင့်ပျက်ပြား​ကြ​၏​။ သူ​တို့​၏​အကျင့်စရိုက်​၊ ဆိုးညစ်​သော​အပြုအမူ​များ​ကို မ​စွန့်ပစ်​ကြ​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 20,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​သဖြင့် “​ဤ​လူမျိုး​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ဘိုးဘေး​တို့​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​သောကြောင့်"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 21,
      "text": "ယောရှု​သေလွန်​ပြီးမှ သူ​တို့​ထဲတွင် ကျန်​နေ​ခဲ့​သော​မည်သည့်​လူမျိုးခြား​ကို​မျှ သူ​တို့​ရှေ့​မှ ငါ​နှင်ထုတ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 22,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ဘိုးဘေး​တို့​ကဲ့သို့ ထာဝရဘုရား​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို သိရှိ​ရန် ဤ​လူမျိုးခြား​များ​ဖြင့် သူ​တို့​ကို စမ်းသပ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 23,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​သည် ဤ​လူမျိုးခြား​တို့​ကို ယောရှု​လက်​သို့ မ​အပ်​၊ ချက်ချင်း​မ​နှင်ထုတ်​ဘဲ နေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 1,
      "text": "ခါနာန်​ပြည်​စစ်ပွဲ​တွင် မ​ပါဝင်​ဖူး​သော​အစ္စရေး​လူမျိုး​များ​ကို စမ်းသပ်​ရန် ထာဝရဘုရား ချန်ထား​တော်မူ​သော လူမျိုး​များ​မှာ"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 2,
      "text": "(​ဤသည်ကား စစ်ပွဲ​အတွေ့အကြုံ​မ​ရှိ​သေး​သော အစ္စရေး​လူမျိုး မျိုးဆက်သစ်​များ စစ်မှုရေးရာ သင်ယူ​စေရန်​ဖြစ်​၏​။​)"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 3,
      "text": "ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 4,
      "text": "ဤ​လူမျိုး​တို့​ကို ချန်ထား​သည်​မှာ မောရှေ​မှတစ်ဆင့် ဘိုးဘေး​တို့​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို အစ္စရေး​လူမျိုး​တို့ နာခံ​မည်​၊ မ​နာခံ​မည်​ကို သိရှိ​နိုင်​မည့်​အကြောင်း စမ်းသပ်​ရန်​အတွက် ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 5,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​၍"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 6,
      "text": "သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ကြ​၏​။ မိမိ​တို့​၏​သမီး​များ​ကို​လည်း ထို​လူမျိုးခြား​တို့​၏​သား​များ​နှင့် ပေးစား​ကြ​၏​။ သူ​တို့​၏​ဘုရား​များ​ကို​လည်း ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 7,
      "text": "ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့်"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 8,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​လက်​သို့ ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို ရှစ်​နှစ်​အစေခံ​ရ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 9,
      "text": "သို့သော် အစ္စရေး​အမျိုးသား​တို့ ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ကယ်တင်​မည့်​ကယ်တင်ရှင်​တစ်ဦး​ကို အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​တော်မူ​၏​။ ထို​သူ​ကား ကာလက်​၏​တူ​၊ ကေနတ်​၏​သား ဩသံယေလ​ပေတည်း​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 10,
      "text": "ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဩသံယေလ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။ စစ်ချီ​သောအခါ မက်ဆိုပိုတေးမီးယား​ဘုရင် ခုရှံရိရှသိမ်​မင်းကြီး​ကို သူ့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သဖြင့် သူ​သည် ခုရှံရိရှသိမ်​မင်းကြီး​ကို နိုင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 11,
      "text": "တိုင်းပြည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ငြိမ်းချမ်း​လေ​၏​။ ထို့နောက်မှ ကေနတ်​၏​သား ဩသံယေလ သေဆုံး​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 12,
      "text": "တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထိုသို့ ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​သောကြောင့် ထာဝရဘုရား​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို အစ္စရေး​လူမျိုး​တို့​ထက် အားကြီး​စေ​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 13,
      "text": "ဧဂလုန်​မင်းကြီး​သည် အမ္မုန်​အမျိုးသား​၊ အာမလက်​အမျိုးသား​တို့​ကို စုရုံး​၍ အစ္စရေး​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​ပြီး စွန်ပလွံ​မြို့​ကို သိမ်းပိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 14,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို တစ်ဆယ့်​ရှစ်​နှစ် အစေခံ​ရ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 15,
      "text": "ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​ပြန်​သဖြင့် ထာဝရဘုရား​က ဗင်္ယာမိန်​အမျိုး​၊ ဂေရ​၏​သား လက်ဝဲ​လက်​အားသန်​သူ​ဧဟုဒ​ကို ကယ်တင်သူ​အဖြစ် ပေါ်ထွန်း​စေ​ပြန်​၏​။ တစ်ခါတွင် အစ္စရေး​အမျိုးသား​တို့​သည် ဧဟုဒ​မှတစ်ဆင့် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ထံ လက်ဆောင်​ဆက်သ​စေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 16,
      "text": "ဧဟုဒ​သည် အသွား​နှစ်​ဖက်​ပါ​၍ အလျား​တစ်တောင် ​ခန့်​ရှည်​သော​သန်လျက်​ကို ပြုလုပ်​ပြီးလျှင် ယာဘက်​ပေါင်​၊ အဝတ်​အောက်​တွင် ဝှက်​ထား​၍"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 17,
      "text": "မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ထံ လက်ဆောင်​သွားရောက်​ဆက်သ​လေ​၏​။ ဧဂလုန်​မင်းကြီး​သည် အလွန်​ဝ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 18,
      "text": "ဧဟုဒ​သည် လက်ဆောင်​ကို​ဆက်သ​၏​။ ထို့နောက် လက်ဆောင်​သယ်လာ​သော​သူ​တို့​ကို ပြန်လွှတ်​လိုက်​၍"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 19,
      "text": "သူ​မူကား ဂိလဂါလ​အရပ်​ရှိ ရုပ်တု​များ​ရှိ​ရာ​သို့ ရောက်​ပြီးမှ ပြန်လှည့်​လာ​၍ “​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​အား လျှို့ဝှက်​သတင်း ပြောစရာ​ရှိ​ပါ​၏​”​ဟု ဆို​လျှင် ဧဂလုန်​မင်းကြီး​က မိမိ​လူ​တို့​အား “​တိတ်တိတ်နေ​ကြ​”​ဟု ဆို​သဖြင့် သူ့​ထံ၌ ခစား​သော​သူ​အားလုံး ထွက်သွား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 20,
      "text": "ထို့နောက် လေသာနန်းဆောင်​ထဲတွင် ဧဂလုန်​မင်းကြီး​တစ်ယောက်တည်း​ထိုင်​နေစဉ် ဧဟုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​ဘုရားသခင်​၏​အမိန့်​တော်​ကို ဆင့်ဆို​ရန်​ရှိ​ပါ​သည်​”​ဟု ဆို​သဖြင့် ဧဂလုန်​မင်းကြီး​သည် ထိုင်​ရာ​မှ ထ​လိုက်​သောအခါ"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 21,
      "text": "ဧဟုဒ​လည်း လက်ဝဲ​လက်​ကို​ဆန့်​၍ ယာဘက်​ပေါင်​၌​ဝှက်​ထား​သော​သန်လျက်​ကို ဆွဲထုတ်​ကာ ဧဂလုန်​မင်းကြီး​၏​ဝမ်းဗိုက်​ကို ထိုး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 22,
      "text": "သန်လျက်​အရိုး​ပါ မင်းကြီး​၏​ဗိုက်​ထဲ​မြှုပ်ဝင်​သွား​၏​။ သန်လျက်​ကို မ​ဆွဲထုတ်​ဘဲ​နေ​သဖြင့် မင်းကြီး​၏​ဗိုက်​ထဲမှ​အဆီ​များ​သည် သန်လျက်​၌​ကပ်​နေ​၍ မစင်​များ​လည်း ထွက်ကျ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 23,
      "text": "ထို့နောက် ဧဟုဒ​သည် အခန်းပြင်​သို့​ထွက်လာ​ပြီး လေသာနန်းဆောင်​တံခါး​ကို သော့ခတ်​ပိတ်​ထား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 24,
      "text": "ဧဟုဒ​ထွက်သွား​ပြီးနောက် ဧဂလုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည် လေသာနန်းဆောင်​တံခါး​သော့ခတ်​ထား​သည်​ကို မြင်​လျှင် “​မင်းကြီး​သည် လေသာနန်းဆောင်​တွင် ကျင်ကြီးစွန့်​နေ​သည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 25,
      "text": "သူ​တို့​သည် အချိန်ကြာမြင့်​စွာ​စောင့်​နေ​သော်လည်း လေသာနန်းဆောင်​တံခါး ပွင့်​မ​လာ​သောကြောင့် သော့​ယူ​၍​ဖွင့်ကြည့်​လိုက်​သောအခါ သူ​တို့​အရှင်​သည် ကြမ်း​ပေါ်တွင်​လဲကျ​သေဆုံး​နေ​သည်​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 26,
      "text": "မင်းမှုထမ်း​တို့ စောင့်​နေ​ကြ​စဉ်တွင် ဧဟုဒ​သည် ရုပ်တု​များ​ကို ကျော်လွန်​၍ စိရပ်​အရပ်​သို့​ပင် ထွက်ပြေး​လွတ်မြောက်​သွား​လေ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 27,
      "text": "ဧဖရိမ်​တောင်​ပေါ်သို့​ရောက်​သောအခါ တံပိုး​ကို​မှုတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း တောင်​ပေါ်မှ​ဆင်းလာ​၍ သူ​က​ဦးဆောင်​လျက်"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 28,
      "text": "“​ငါ့​နောက် လိုက်​ကြ​လော့​။ ထာဝရဘုရား​သည် သင်​တို့​၏​ရန်သူ​မောဘ​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ဧဟုဒ​နောက်သို့​လိုက်​၍ မောဘ​ပြည်​သို့​ကူး​သော ဂျော်ဒန်​မြစ်​ရေတိမ်​ပိုင်း​တို့​ကို သိမ်းပိုက်​ပြီး မည်သူ့​ကို​မျှ ဖြတ်ကူးခွင့်​မ​ပြု​ကြ​ပေ​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 29,
      "text": "ထို​နေ့​တွင် ခွန်အားကြီး​၍ ရဲစွမ်းသတ္တိရှိ​သော​မောဘ​စစ်သူရဲ​တို့​ကို တစ်​ယောက်​မျှ​အလွတ်​မ​ပေး​ဘဲ လူ​တစ်သောင်း​ခန့်​ကို သတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 30,
      "text": "ထို​နေ့​တွင် မောဘ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သွား​ပြီး ပြည်​သည် အနှစ်​ရှစ်ဆယ် ငြိမ်းချမ်း​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 31,
      "text": "ဧဟုဒ​နောက်တွင် အာနတ်​၏​သား ရှံဂါ​ပေါ်ထွန်း​၍ သူ​သည် ဖိလိတ္တိ​လူမျိုး​ခြောက်​ရာ​ကို နွား​နှင်တံ​ဖြင့် သတ်​၍ အစ္စရေး​လူမျိုး​တို့​ကို ကယ်တင်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 1,
      "text": "ဧဟုဒ သေဆုံး​သွား​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ပြု​ကြ​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 2,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဟာဇော်​မြို့​၌​စိုးစံ​သော ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​လက်​သို့ ရောင်းလိုက်​လေ​၏​။ ထို​ဘုရင်​၏​စစ်သူကြီး​မှာ ဟာရောရှက်​ဟာဂေါအိမ်​မြို့​၌​နေထိုင်​သော သိသရ​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 3,
      "text": "ထို​ဘုရင်​၌ သံ​စစ်ရထား​အစီး ကိုး​ရာ​ရှိ​၏​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို အနှစ်​နှစ်ဆယ်​ပတ်လုံး ရက်ရက်စက်စက်​ညှဉ်းဆဲ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 4,
      "text": "ထို​ကာလ​၌ လပိဒုတ်​၏​မယား ပရောဖက်မ​ဒေဗောရ​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 5,
      "text": "သူ​သည် ရာမ​မြို့​နှင့် ဗေသလ​မြို့​အကြား​၊ ဧဖရိမ်​တောင်​ပေါ်ရှိ ဒေဗောရ​စွန်ပလွံပင်​အောက်​၌ နေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စီရင်ဆုံးဖြတ်ချက်​ခံယူ​ရန် သူ့​ထံသို့​လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 6,
      "text": "ဒေဗောရ​သည် နဿလိ​နယ်​၊ ကေဒေရှ​မြို့​ရှိ အဘိနောင်​၏​သား ဗာရက်​ကို လူ​လွှတ်​ခေါ်​စေ​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​နဿလိ​အမျိုး​၊ ဇာဗုလုန်​အမျိုး​တို့​ထဲမှ လူ​တစ်သောင်း​ကို သင်​နှင့်အတူ တာဗော်​တောင်​သို့ ခေါ်ဆောင်​သွား​လော့​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 7,
      "text": "ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 8,
      "text": "ဗာရက်​က​လည်း “​အရှင် အကျွန်ုပ်​နှင့်အတူ လိုက်​မည်​ဆိုလျှင် အကျွန်ုပ်​သွား​မည်​။ အရှင် မ​လိုက်​လျှင် အကျွန်ုပ် မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 9,
      "text": "ဒေဗောရ​က​လည်း “​သင်​နှင့်အတူ ငါ​သွား​မည်​။ သို့သော် ထာဝရဘုရား​သည် သိသရ​ကို မိန်းမ​လက်​သို့​အပ်​တော်မူ​မည်​ဖြစ်၍ ဤ​အမှု​တွင် သင် ဂုဏ်ပြု​ခံရ​မည်​မ​ဟုတ်​”​ဟု ဗာရက်​အား​ဆို​ပြီးလျှင် သူ​နှင့်အတူ ကေဒေရှ​အရပ်​သို့ ထ​သွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 10,
      "text": "ဗာရက်​သည် နဿလိ​အမျိုး​နှင့် ဇာဗုလုန်​အမျိုး လူ​တစ်သောင်း​ကို ခေါ်​၍ ကေဒေရှ​အရပ်​သို့ ချီတက်​သွား​၏​။ ဒေဗောရ​လည်း သူ​တို့​နှင့်အတူ လိုက်သွား​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 11,
      "text": "ထိုစဉ်က ကေနိ​လူမျိုး​၊ ဟေဗာ​သည် မောရှေ​ယောက္ခမ​ဟောဗပ်​၏​သားမြေး​များ​ဖြစ်​သည့် ကေနိ​လူမျိုး​တို့​မှ ခွဲထွက်​၍ ကေဒေရှ​မြို့​အနီး​၊ ဇာနန္နိမ်​အရပ်​ရှိ ဝက်သစ်ချပင်​အောက်​တွင် တဲထိုး​နေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 12,
      "text": "အဘိနောင်​၏​သား​ဗာရက်​သည် တာဗော်​တောင်​ပေါ်သို့ တက်သွား​သည်​ကို သိသရ​ကြား​သောအခါ"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 13,
      "text": "သိသရ​သည် သူ​၏​စစ်ရထား​အားလုံး​၊ သံ​စစ်ရထား​ကိုး​ရာ​နှင့် မိမိ​လူ​အပေါင်း​တို့​ကို စုစည်း​ပြီးလျှင် ဟာရောရှက်​ဟာဂေါအိမ်​မြို့​မှ ကိရှုန်​မြစ်​သို့ ချီတက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 14,
      "text": "ဒေဗောရ​က ဗာရက်​အား “​ဤ​နေ့​ကား သိသရ​ကို သင့်​လက်​သို့ ထာဝရဘုရား အပ်​တော်မူ​သော​နေ့ ဖြစ်​၏​။ ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ချီ​တော်မူ​သည်​မ​ဟုတ်​လော​”​ဟု ဆို​သော် ဗာရက်​သည် လူ​တစ်သောင်း​နှင့်အတူ တာဗော်​တောင်​မှ​ဆင်းသွား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 15,
      "text": "ထာဝရဘုရား​သည် သိသရ​မှစ၍ စစ်ရထား​၊ စစ်သည်​ရှိသမျှ​တို့​ကို ဗာရက်​၏​ဓား​သွား​ဖြင့် မရှုမလှ​ရှုံးနိမ့်​စေ​တော်မူ​သောကြောင့် သိသရ​သည် သူ​၏​စစ်ရထား​ပေါ်​မှ​ဆင်း​ပြီး ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 16,
      "text": "ဗာရက်​သည် ဟာရောရှက်​ဟာဂေါအိမ်​မြို့​တိုင်အောင် သိသရ​၏​စစ်ရထား​၊ စစ်သည်​တို့​နောက်သို့​လိုက်​၍ စစ်သည်​တို့​ကို တစ်ယောက်မကျန်​ဓား​ဖြင့် သတ်​ပစ်​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 17,
      "text": "ဟာဇော်​ဘုရင်​ယာဘိန်​မင်းကြီး​နှင့် ကေနိ​လူမျိုး ဟေဗာ​၏​မိသားစု​တို့​သင့်မြတ်​ကြ​သောကြောင့် သိသရ​သည် ကေနိ​လူမျိုး ဟေဗာ​၏​မယား ယေလ​၏​တဲ​သို့ ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 18,
      "text": "ယေလ​သည် သိသရ​ကို​ထွက်​ကြို​၍ “​သခင်​၊ လာ​ပါ​၊ ကျွန်မ​ထံ ဝင်လာ​ပါ​။ မ​ကြောက်​ပါ​နှင့်​”​ဟု ဆို​သဖြင့် သိသရ​သည် တဲ​ထဲသို့​ဝင်​၍ ယေလ​က သူ့​ကို​စောင်​အောက်​၌ ဝှက်​ထား​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 19,
      "text": "သူ​က​လည်း “​ငါ​ရေငတ်​၏​။ ရေ​အနည်းငယ်​တိုက်​ပါ​”​ဟု ဆို​သဖြင့် ယေလ​က သားရေနို့ဘူး​ကို ဖွင့်​၍​သူ့​အား​တိုက်​ပြီးနောက် သူ့​ကို​ပြန်​၍​ဝှက်​ထား​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 20,
      "text": "သူ​က ယေလ​အား “​တဲ​တံခါးဝ​၌ စောင့်​နေ​လော့​။ တစ်စုံတစ်ယောက်​က လာ​၍ ‘​ဤ​နေရာ​မှာ ယောက်ျား​တစ်ယောက်ယောက် ရှိ​သလော​’​ဟု မေး​လျှင် ‘​မ​ရှိ​ပါ​’​ဟူ၍ ဖြေ​လော့​”​ဟု မှာထား​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 21,
      "text": "ထို့နောက် သိသရ​သည် မောပန်း​လွန်း​သဖြင့် အိပ်ပျော်​နေစဉ် ဟေဗာ​၏​မယား​ယေလ​သည် တဲ​ငုတ်တိုင်​နှင့် တူ​ကို​ယူ​ပြီး သိသရ​ရှိ​ရာ​သို့ တိတ်တဆိတ်​လာ​ကာ ငုတ်တိုင်​ကို သူ့​နားထင်​တွင်​ရိုက်သွင်း​ရာ မြေကြီး​တိုင်​ထုတ်ချင်းပေါက်​၍ သိသရ​သေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 22,
      "text": "သိသရ​ကို လိုက်ရှာ​နေ​သော ဗာရက်​ရောက်လာ​သောအခါ ယေလ​က သူ့​ကို​ထွက်​ကြို​၍ “​လာ​ပါ​။ အရှင်​ရှာဖွေ​နေ​သော​သူ​ကို အကျွန်ုပ် ပြ​ပါ​မည်​”​ဟု ဆို​သဖြင့် သူ​သည် တဲ​ထဲသို့​လိုက်ဝင်​သွား​ရာ သိသရ​သည် နားထင်​၌​ငုတ်တိုင်​စူးဝင်​၍​လဲ​သေ​နေ​သည်​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 23,
      "text": "ထို​နေ့​၌ ဘုရားသခင်​သည် ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​ကို အစ္စရေး​အမျိုးသား​တို့​ထံ ရှုံးနိမ့်​စေ​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 24,
      "text": "ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး ကျဆုံး​သွား​သည့်​တိုင်အောင် အစ္စရေး​အမျိုးသား​တို့​သည် ထို​ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​ကို အပြင်းအထန်​လိုက်လံတိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 1,
      "text": "ထို​နေ့​၌ ဒေဗောရ​နှင့် အဘိနောင်​၏​သား​ဗာရက်​တို့​က"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 2,
      "text": "“​အစ္စရေး​လူမျိုး​တွင် ခေါင်းဆောင်​တို့ ဦးဆောင်​၍ လူ​တို့​သည်​လည်း အသက်စွန့်​ပြီး တိုက်ပွဲဝင်​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 3,
      "text": "အို ရှင်ဘုရင်​တို့​၊ နားထောင်​ကြ​လော့​။ အို အုပ်ချုပ်​သူ​တို့​၊ အာရုံစိုက်​ကြ​လော့​။ ငါ​သည် ထာဝရဘုရား​ထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆို​မည်​၊ ငါ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို သီဆိုချီးမွမ်း​မည်​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် စိရ​တောင်​ပေါ်မှ ကြွ​တော်မူ​သောအခါ​၊ ဧဒုံ​ပြည်​မှ ချီ​တော်မူ​သောအခါ မြေကြီး​တုန်ခါ​ပါ​၏​၊ ကောင်းကင်​မှ မိုးရွာသွန်း​ပါ​၏​၊ တိမ်တိုက်​မှ​လည်း မိုးရွာသွန်း​ပါ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 5,
      "text": "တောင်​များ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် တုန်လှုပ်​ကြ​ပါ​၏​။ သိနာ​တောင်​ပင်လျှင် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် တုန်လှုပ်​ရ​ပါ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 6,
      "text": "အာနတ်​၏​သား ရှံဂါ​လက်ထက်​၊ ယေလ​လက်ထက်​တို့​၌ လမ်းမ​တို့​သည် ဆိတ်ညံ​လေ​ပြီ​။ သွားလာ​သော​သူ​တို့​သည် လမ်းကြိုလမ်းကြား​တို့​၌​သာ သွားလာ​ကြ​ရ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 7,
      "text": "ငါ​ဒေဗောရ​မ​ပေါ်ထွန်း​မီ​၊ အစ္စရေး​လူမျိုး​၏​မိခင် ငါ​ဒေဗောရ​မ​ပေါ်ထွန်း​မီ အစ္စရေး​ကျေးလက်တောရွာ​တို့​သည် ဆိတ်ညံ​လျက်​ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 8,
      "text": "သူ​တို့​သည် ဘုရား​အသစ်​တို့​ကို​ရွေးချယ်​ကြ​သောအခါ မြို့​တံခါး​များ​၌ စစ်​ဖြစ်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​၌ လူ​လေးသောင်း​တွင် ဒိုင်း​တစ်​ခု​၊ လှံ​တစ်စင်း​မျှ​မ​တွေ့​ရ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 9,
      "text": "ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ အစ္စရေး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​၊ လူ​တို့​နှင့်အတူ အသက်စွန့်​တိုက်ပွဲဝင်​ကြ​သော​သူ​များ​အတွက် ငါ​ဂုဏ်ယူ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 10,
      "text": "သားရေကုန်းနှီး ​ပေါ်​ထိုင်​၍ မြည်း​ဖြူ​ကို​စီး​သော​သူ​တို့​နှင့် လမ်း​၌​သွားလာ​သော​သူ​တို့​၊ စဉ်းစားဆင်ခြင်​ကြ​လော့​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 11,
      "text": "ရေတွင်း​နားတွင် သီချင်းဆိုသူ ​တို့​က ထာဝရဘုရား​သည်​ဖြောင့်မတ်​သော​အမှု​ကို ပြု​တော်မူ​ကြောင်း​၊ အစ္စရေး​တောသူတောင်သား​တို့​အား ဖြောင့်မတ်​စွာ​ပြု​တော်မူ​ကြောင်း​ကို သီဆို​ကြ​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​သည် မိမိ​တို့​မြို့​တံခါး​သို့ ပြန်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 12,
      "text": "အို ဒေဗောရ​၊ နိုး​လော့​၊ နိုး​လော့​။ နိုးထ​ပြီး သီချင်းဆို​လော့​။ အို အဘိနောင်​၏​သား​ဗာရက်​၊ ထ​လော့​။ သုံ့ပန်း​များ​ကို ထုတ်ဆောင်​သွား​လော့​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 13,
      "text": "ကြွင်းကျန်​သော​သူ​တို့​သည် ခေါင်းဆောင်​တို့​ထံသို့ ဆင်းလာ​ကြ​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​သည် သူရဲကောင်း​များ​နှင့်အတူ ငါ့​ထံသို့ ဆင်းလာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 14,
      "text": "အို ဗင်္ယာမိန်​၊ အာမလက်​ပြည်​၌ အခြေချ​နေထိုင်​သော ဧဖရိမ်​အမျိုး​တို့​သည် သင်​၏​လူ​တို့​နှင့်အတူ သင့်​နောက်သို့​လိုက်​ကြ​ပြီ​။ မာခိရ​အမျိုး​ထဲမှ ခေါင်းဆောင်​များ​ဆင်းလာ​ကြ​ပြီ​။ ဇာဗုလုန်​အမျိုး​ထဲမှ စစ်သူကြီး​များ ဆင်းလာ​ကြ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 15,
      "text": "ဣသခါ​အကြီးအကဲ​တို့​သည် ဒေဗောရ​နှင့်အတူ​လိုက်​ကြ​ပြီ​။ ထိုနည်းတူ ဣသခါ​အမျိုး​သည် ဗာရက်​နောက်​မှ​လိုက်​၍ လွင်ပြင်​သို့ တစ်ဟုန်ထိုး​ချီသွား​ကြ​ပြီ​။ ရုဗင်​အမျိုး​တွင်​မူကား အကြီးအကျယ်​ဝေခွဲမရ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 16,
      "text": "သိုးခြံ​ထဲမှာ အဘယ်ကြောင့် ထိုင်​နေ​သနည်း​။ သိုးထိန်း​တို့​၏​ပလွေသံ​ကို နားထောင်​လို​သောကြောင့်​လော​။ ရုဗင်​အမျိုး​ထဲတွင် အကြီးအကျယ်​ဝေခွဲမရ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 17,
      "text": "ဂိလဒ်​အမျိုး​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌​ပင် နေ​နေ​ကြ​ပါ​သည်​တကား​။ ဒန်​အမျိုး​ကား အဘယ်ကြောင့် သင်္ဘော​များ​ပေါ်၌ နေရစ်​ရ​သနည်း​။ အာရှာ​အမျိုး​က​လည်း ပင်လယ်​ကမ်းခြေ​၌​သာ ထိုင်​နေ​ကြ​ပါ​သည်​တကား​၊ ပင်လယ်ဆိပ်ကမ်း​၌​သာ နေထိုင်​ကြ​ပါ​သည်​တကား​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 18,
      "text": "ဇာဗုလုန်​လူမျိုး​ကား မိမိ​တို့​အသက်​နှင့်​ရင်း​ပြီး​စွန့်စား​ခဲ့​ပြီ​။ နဿလိ​လူမျိုး​လည်း မြင့်သောအရပ်​၌ ထိုနည်းတူ ပြု​ခဲ့​ကြ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 19,
      "text": "ရှင်ဘုရင်​တို့​သည်​လာ​၍ စစ်တိုက်​ကြ​၏​။ ခါနာန်​ဘုရင်​တို့​သည် တာနက်​မြို့​၊ မေဂိဒ္ဒေါ​အိုင်​နား​၌ စစ်တိုက်​ကြ​၏​။ တိုက်ခိုက်​လုယူ​သော​ငွေ​ကို မ​ယူသွား​ကြ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 20,
      "text": "ကြယ်​တို့​သည် ကောင်းကင်​မှ​စစ်တိုက်​ကြ​ပြီ​။ မိမိ​တို့​ပတ်လမ်း​မှ သိသရ​ကို​စစ်တိုက်​ကြ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 21,
      "text": "ကိရှုန်​မြစ်​၊ ရှေးကတည်းက​ရှိ​ခဲ့​သော​မြစ်​ဖြစ်​သည့်​ကိရှုန်​မြစ်​သည် သူ​တို့​ကို တိုက်ချ​သွား​ပြီ​။ အို ငါ့​ဝိညာဉ်​၊ ခွန်အားအပြည့်​နှင့်​ချီတက်​လော့​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 22,
      "text": "စစ်မြင်း​တို့​သည် ကဆုန်ပေါက် ပြေး​နေ​ကြ​ပြီ​။ မြင်းခွာသံ​များ​လည်း ပွက်လောရိုက်​လေ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 23,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က ‘​မေရောဇ​မြို့​ကို​ကျိန်ဆဲ​လော့​။ ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ကျိန်စာတိုက်​လော့​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​။ သူရဲကောင်း​တို့​နှင့်​တိုက်ခိုက်​သော​ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​’​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 24,
      "text": "ကေနိ​လူမျိုး​၊ ဟေဗာ​၏​မယား ယေလ​သည် အချီးမွမ်း​ထိုက်​ဆုံး​မိန်းမ​ဖြစ်​၏​။ တဲ​၌​နေ​သော​မိန်းမ​တို့​တွင် အချီးမွမ်း​ထိုက်​ဆုံး​မိန်းမ​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 25,
      "text": "သိသရ​သည် ရေ​ကို​တောင်း​သောအခါ နွားနို့​ကို​ပေး​၏​။ တော်ဝင်​ခွက်​ဖြင့် နို့ဓမ်း​ကို ယူလာ​ပေး​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 26,
      "text": "သူ့​လက်​ဖြင့်​တဲငုတ်တိုင်​ကို ယူ​၏​။ လက်ယာ​လက်​၌​ကိုင်​ထား​သော လက်သမား​တူ​ဖြင့် သိသရ​ခေါင်း​ကို ထု​ရိုက်​၏​။ နားထင်​ကို ထိုး​ဖောက်​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 27,
      "text": "သိသရ​သည် ယေလ​ခြေရင်း​၌ မလှုပ်မယှက်​လဲလျောင်း​နေ​၏​။ လဲလျောင်း​သော​နေရာ​၌ပင် သေဆုံး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 28,
      "text": "သိသရ​၏​မိခင်​သည် ရာဇမတ်ကွက်​ပြတင်းပေါက်​မှ​မျှော်ကြည့်​၍ ‘​ငါ့​သား​၏​စစ်ရထား​သည် အဘယ်ကြောင့် မ​ပြန်လာ​သေး​ဘဲ ကြန့်ကြာ​နေ​ရ​သနည်း​။ ရထားဘီး​သည် အဘယ်ကြောင့် နှေး​နေ​ရ​သနည်း​’​ဟု ငိုကြွေးမြည်တမ်း​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 29,
      "text": "ဉာဏ်ပညာ​ရှိ​သော​နန်းတွင်းသူ​တို့​က သူ့​အား​ပြန်လျှောက်​သကဲ့သို့ သူ​ကိုယ်တိုင်​လည်း ဤသို့ တွေး​မိ​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 30,
      "text": "‘​ယောက်ျား​တစ်​ယောက်​အတွက် မိန်းမပျို​တစ်​ယောက်​၊ နှစ်​ယောက်​၊ သိသရ​အတွက် တိုက်ခိုက်လုယူ​သော​ပစ္စည်း​ထဲမှ ရောင်စုံ​အဝတ်အစား​၊ ငါ့​အတွက် ရောင်စုံပန်းထိုး​အဝတ်အစား​၊ ရောင်စုံပန်းထိုး​လည်စည်း စသည်​တို့​ကို​ခွဲဝေ​နေ​ကြ​ခြင်း​သာ​ဖြစ်​မည်​’​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 31,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ရန်သူ​အလုံးစုံ ပျက်စီး​ကြ​ပါစေ​။ ကိုယ်တော့်​ကို​ချစ်​သော​သူ​တို့​မူကား အရှိန်အဝါ​နှင့်​ထွက်လာ​သော​နေမင်း​ကဲ့သို့​ဖြစ်​ပါစေ​”​ဟူ၍ သီဆို​ကြ​၏​။ ထို့နောက်တွင် တိုင်းပြည်​သည် အနှစ်​လေးဆယ်​ပတ်လုံး​ငြိမ်းချမ်း​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 1,
      "text": "တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​သို့ ခုနစ်​နှစ်​အပ်လိုက်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 2,
      "text": "မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ကြ​၏​။ မိဒျန်​လူမျိုး​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောင်​များ​တွင်​ရှိ​သော တွင်း​များ​၊ လိုဏ်ဂူ​များ​တွင် ခိုလှုံစရာ​နေရာ​များ ပြုလုပ်​ကြ​ရ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​တို့​စိုက်ပျိုး​ပြီး​ကြ​ပြီ​ဆိုလျှင် မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​တို့​သည် ချီတက်​လာ​ပြီး သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 4,
      "text": "တပ်ချ​၍ တိုက်ခိုက်​ကြ​၏​။ ဂါဇ​မြို့​တိုင်အောင် ထို​ပြည်​၏​အသီးအနှံ​တို့​ကို​ဖျက်ဆီး​ပစ်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​၏​စားနပ်ရိက္ခာ​မှစ၍ သိုး​၊ နွား​၊ မြည်း​ပါ​မ​ကျန် ဖျက်ဆီး​ပစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 5,
      "text": "သူ​တို့​သည် တိရစ္ဆာန်​များ​၊ တဲ​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။ ကျိုင်းကောင်အုပ်ကြီး​သဖွယ် ချီလာ​၍ အစ္စရေး​ပြည်​ကို ဖျက်ဆီး​ကြ​၏​။ သူ​တို့​နှင့် သူ​တို့​၏​ကုလားအုတ်​များ​လည်း မ​ရေတွက်​နိုင်​အောင် များပြား​လှ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 6,
      "text": "အစ္စရေး​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​တို့​ကြောင့် အလွန်​ဆင်းရဲဒုက္ခ​ရောက်​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ကြ​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 7,
      "text": "မိဒျန်​လူမျိုး​တို့​ကြောင့် အစ္စရေး​လူမျိုး​တို့ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​သောအခါ"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 8,
      "text": "ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့ ပရောဖက်​တစ်​ပါး​ကို​စေလွှတ်​တော်မူ​၏​။ ထို​ပရောဖက်​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ကျွန်ခံရာ​အိမ်​မှ ခေါ်ထုတ်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 9,
      "text": "ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 10,
      "text": "သင်​တို့​ကို​လည်း ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​နေထိုင်​သော​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ကြောက်​ရ​ဟု ငါ​မိန့်ဆို​ခဲ့​သော်လည်း သင်​တို့​သည် ငါ​၏​စကား​ကို​နား​မ​ထောင်​ကြ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 11,
      "text": "ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 12,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 13,
      "text": "ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 14,
      "text": "ထာဝရဘုရား​သည် သူ့​ကို​ကြည့်​၍ “​သင့်​ကို ငါ​စေလွှတ်​သည် မ​ဟုတ်​လော​။ သင်​၌​ရှိ​သော​ခွန်အား​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို မိဒျန်​လူမျိုး​လက်​မှ သွား​၍​ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 15,
      "text": "ဂိဒေါင်​က​လည်း “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​ကို မည်သို့​ကယ်တင်​နိုင်​ပါ​မည်နည်း​။ မနာရှေ​အမျိုးအနွယ်​တွင် အကျွန်ုပ်​၏​မျိုးနွယ်စု​သည် အဆင်းရဲဆုံး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​မိသားစု​တွင် အကျွန်ုပ်​သည် အသိမ်ငယ်ဆုံး​ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 16,
      "text": "ထာဝရဘုရား​က​လည်း သူ့​အား “​အကယ်စင်စစ် သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင်​သည် မိဒျန်​လူမျိုး​တို့​ကို လူ​တစ်ယောက်တည်း​ကဲ့သို့ လုပ်ကြံ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 17,
      "text": "သူ​က​လည်း “​အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နှင့်​စကားပြော​တော်မူ​သော​သူ​သည် ကိုယ်တော်​ဖြစ်ကြောင်း အမှတ်လက္ခဏာ​ပြ​တော်မူ​ပါ​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 18,
      "text": "ကိုယ်တော့်​ထံသို့ အကျွန်ုပ်​ပြန်လာ​၍ ဘောဇဉ်ပူဇော်သက္ကာ​ကို ကိုယ်တော်​အား လာ​ပြီး​မ​ဆက်သ​မ​ချင်း ဤ​နေရာ​မှ ထွက်​မ​သွား​ပါ​နှင့်​”​ဟု လျှောက်ဆို​လျှင် “သင်​ပြန်လာ​သည်​အထိ စောင့်​နေ​မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 19,
      "text": "ဂိဒေါင်​လည်း သွား​၍ ဆိတ်သငယ်​တစ်​ကောင်​နှင့် မုန့်ညက်​တစ်​ဧဖာ ​ဖြင့်​လုပ်​သော တဆေးမဲ့မုန့်​ကို ပြင်ဆင်​၏​။ အသား​ကို တောင်း​ထဲ​ထည့်​၍ အသားပြုတ်ရည်​ကို အိုး​ထဲ​ထည့်​ကာ သပိတ်ပင်​အောက်​ရှိ ကိုယ်တော့်​ထံ ယူလာ​၍ ဆက်သ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 20,
      "text": "ဘုရားသခင်​၏​ကောင်းကင်တမန်​က သူ့​အား “​အသား​နှင့် တဆေးမဲ့မုန့်​ကို ယူ​၍ ဤ​ကျောက်​ပေါ်​တင်​ထား​လော့​။ အသားပြုတ်ရည်​ကို​မူ သွန်းလောင်း​လော့​”​ဟု ဆို​လျှင် သူ​လည်း ထို​အတိုင်း​ပြု​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 21,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် လက်​ထဲရှိ တောင်ဝှေး​ကို ဆန့်​၍ အသား​နှင့်​တဆေးမဲ့မုန့်​ကို တို့​သောအခါ ထို​ကျောက်​မှ မီးတောက်​ထွက်​၍ အသား​နှင့် တဆေးမဲ့မုန့်​ကို လောင်ကျွမ်း​သွား​၏​။ ထိုစဉ် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂိဒေါင်​ရှေ့​မှ ပျောက်သွား​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 22,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း​ကို ဂိဒေါင် သိမြင်​သောအခါ “​အလို အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကို မျက်နှာချင်းဆိုင် တွေ့​ပါ​သည်​တကား​”​ဟု ဂိဒေါင်​ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 23,
      "text": "ထာဝရဘုရား​က​လည်း သူ့​အား “​စိတ်အေးအေး​ထား​ပါ​။ မ​ကြောက်​နှင့်​။ သင်​မ​သေ​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 24,
      "text": "ဂိဒေါင်​သည် ထို​အရပ်​၌ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ “​ငြိမ်သက်​ခြင်း​အရှင် ထာဝရဘုရား​”​ဟု မှည့်ခေါ်​လေ​၏​။ ထို​ယဇ်ပလ္လင်​သည် အဗျေဇာ​အမျိုးသား​တို့​နေထိုင်​ရာ ဩဖရ​မြို့​တွင် ယနေ့​တိုင်အောင် ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 25,
      "text": "ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​သင့်​ဖခင်​၏​နွားအုပ်​ထဲမှ နွားထီးပျို​တစ်ကောင်​နှင့် နောက်ထပ် ခုနစ်​နှစ်​သား​အရွယ်​နွားထီးပျို​တစ်​ကောင်​ကို​ယူ​လော့​။ သင့်​ဖခင်​တည်​သော​ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​လော့​။ ထို​အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို ခုတ်လှဲ​ပစ်​လော့​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 26,
      "text": "ဤ​ကျောက်​ပေါ်​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​စနစ်တကျ​တည်​လော့​။ သင်​ခုတ်လှဲ​ခဲ့​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သစ်သား​ဖြင့် ဒုတိယ​နွားထီးပျို​ကို မီးရှို့​ပူဇော်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 27,
      "text": "ဂိဒေါင်​လည်း မိမိ​၏​အစေအပါး​ဆယ်​ယောက်​ကို​ခေါ်​၍ ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း​ပြု​လေ​၏​။ သူ​သည် ဖခင်​၏​အိမ်သား​များ​၊ မြို့သား​များ​ကို​ကြောက်​သောကြောင့် နေ့​အချိန်​၌ မ​ပြု​ဘဲ ညအချိန်​၌ ပြု​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 28,
      "text": "နံနက်​စောစော မြို့သား​တို့ ထ​သောအခါ ဗာလ​ယဇ်ပလ္လင်​သည် ဖြိုဖျက်​ခံရ​လျက်​၊ အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သည် ခုတ်လှဲ​ခံရ​လျက်​၊ အသစ်​တည်​ထား​သော​ယဇ်ပလ္လင်​ပေါ်၌ ဒုတိယ​နွားထီးပျို ပူဇော်​ထား​လျက်​ရှိ​သည်​ကို တွေ့မြင်​ကြ​လျှင်"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 29,
      "text": "“​ဤ​အမှု​ကို မည်သူ​ပြု​သနည်း​”​ဟု တစ်ယောက်​ကို​တစ်ယောက်​မေးမြန်း​ကြ​၏​။ လိုက်လံ​စုံစမ်း​သောအခါ လူ​တို့​က “ဤ​အမှု​ကို ယောရှ​၏​သား ဂိဒေါင်​ပြု​သည်”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 30,
      "text": "ထိုအခါ မြို့သား​တို့​က ယောရှ​အား “​သင်​၏​သား​ကို ထုတ်ပေး​လော့​။ ဗာလ​ယဇ်ပလ္လင်​ကို​ဖြိုဖျက်​ပြီး အနား​၌​ရှိ​သော​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​ခုတ်လှဲ​သောကြောင့် သူ​အသတ်​ခံရ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 31,
      "text": "ယောရှ​က မိမိ​ကို ရန်ရှာ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​သည် ဗာလ​ဘုရား​ဘက်​မှ ရပ်တည်​မည်လော​။ သူ့​ကို ကယ်တင်​မည်လော​။ သူ့​ဘက်​၌ ရပ်တည်​သော​သူ​မည်သူမဆို နေမထွက်မီ အသတ်​ခံရ​မည်​။ သူ​သည် ဘုရား​မှန်လျှင် သူ​၏​ယဇ်ပလ္လင် ဖြိုဖျက်​ခံရ​သောကြောင့် သူ​ကိုယ်တိုင် ဖြေရှင်း​ပါစေ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 32,
      "text": "ယောရှ​က “​ဂိဒေါင်​သည် ဗာလ​ယဇ်ပလ္လင်​ကို ဖြိုဖျက်​သောကြောင့် သူ့​ကို ဗာလ ဆုံးမ​ပါစေ​”​ဟု ဆို​လျက် ထို​နေ့​၌ ဂိဒေါင်​ကို ယေရုဗ္ဗာလ ဟု​ခေါ်တွင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 33,
      "text": "မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့ ပူးပေါင်း​ကြ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယေဇရေလ​ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 34,
      "text": "ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဂိဒေါင်​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် တံပိုး​ကို​မှုတ်လိုက်​သောအခါ အဗျေဇာ​အမျိုးသား​တို့​သည် သူ့​ထံ လာရောက်​စုဝေး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 35,
      "text": "သူ​သည် မနာရှေ​အမျိုး တစ်မျိုးလုံး​ထံသို့ တမန်​တို့​ကို စေလွှတ်​၍ ခေါ်​စေ​သဖြင့် သူ့​နောက်သို့ လိုက်​ရန် သူ​တို့​ရောက်လာ​ကြ​၏​။ အာရှာ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး​တို့​ထံသို့​လည်း တမန်​တို့​ကို​စေလွှတ်​၍ ခေါ်​စေ​သဖြင့် သူ​တို့​လည်း ရောက်လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 36,
      "text": "ဂိဒေါင်​က​လည်း ဘုရားသခင်​အား “​ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့်​ကယ်တင်​တော်မူ​မည်​မှန်​လျှင်"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 37,
      "text": "အကျွန်ုပ်​သည် သိုးမွေး​ကို ကောက်နယ်တလင်း​၌​ထား​မည်​။ မြေ​တစ်ပြင်လုံး​ခြောက်သွေ့​၍ သိုးမွေး​သာ နှင်းစို​မည်​ဆိုလျှင် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​ကို အကျွန်ုပ်​လက်​အားဖြင့် ကယ်တင်​တော်မူ​မည်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 38,
      "text": "သူ​လျှောက်​သည့်​အတိုင်း ဖြစ်လာ​၏​။ သူ​သည် နောက်တစ်နေ့​နံနက်​စောစောထ​၍ သိုးမွေး​ကို ညှစ်​သောအခါ ရေ​တစ်​ဖလား​အပြည့်​ရ​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 39,
      "text": "တစ်ဖန် ဂိဒေါင်​က ဘုရားသခင်​အား “​အကျွန်ုပ်​ကို အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​လျှောက်ထား​ပါရစေ​။ နောက်​တစ်ကြိမ် သိုးမွေး​ဖြင့် စမ်းသပ်​ခွင့်​ပြု​တော်မူ​ပါ​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​ကို​သာ ခြောက်သွေ့​စေ​တော်မူ​ပါ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 40,
      "text": "ထို​ည​၌​လည်း ဘုရားသခင်​သည် သူ​လျှောက်​သည့်​အတိုင်း​ပြု​လေ​၏​။ မြေ​တစ်ပြင်လုံး​နှင်းစို​၍ သိုးမွေး​သာ ခြောက်သွေ့​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 1,
      "text": "ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် မိမိ​လူ​အားလုံး​နှင့်တကွ နံနက်စောစော စစ်ချီ​သွား​၍ ဟာရုတ်​စမ်းရေတွင်း​နား​၌ စခန်းချ​လေ​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​၏​မြောက်ဘက်​၊ မောရေ​တောင်ကုန်း​အနီး ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 2,
      "text": "ထာဝရဘုရား​က ဂိဒေါင်​အား “​သင်​နှင့်အတူ ပါလာ​သော​သင့်​လူ​တို့​သည် အလွန်များ​သောကြောင့် သူ​တို့​လက်​သို့ မိဒျန်​လူမျိုး​တို့​ကို ငါ​မ​အပ်​။ အပ်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​က ‘​ငါ​တို့​၏​လက်ရုံး​သည် ငါ​တို့​ကို​ကယ်တင်​ပြီ​’​ဟု ဝါကြွား​ပြောဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 3,
      "text": "ထို့ကြောင့် ‘​ကြောက်​တတ်​သော​သူ​၊ သတ္တိမရှိ​သော​သူ မည်သူမဆို ဂိလဒ်​တောင်​မှ လှည့်ပြန်​သွား​ကြ​’​ဟူ၍ လူ​အများ​ကြားသိ​အောင် ကြေညာ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထိုသို့ ကြေညာ​ပြီး​သောအခါ လူ​အယောက်​နှစ်သောင်းနှစ်ထောင် ပြန်သွား​သဖြင့် လူ​အယောက်​တစ်သောင်း​သာ ကျန်ရစ်​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 4,
      "text": "တစ်ဖန် ထာဝရဘုရား​က ဂိဒေါင်​အား “​လူ များ​သေး​၏​။ သူ​တို့​ကို စမ်းချောင်း​နား​သို့​ခေါ်သွား​လော့​။ ငါ​သည် ထို​နေရာ​၌ သူ​တို့​ကို ရွေးထုတ်​မည်​။ သင့်​အား ‘​ဤ​သူ​သည် သင်​နှင့်အတူ​သွား​ရ​မည်​’​ဟု ငါ​ဆို​လျှင် ထို​သူ​သည် သင်​နှင့်အတူ​သွား​ရ​မည်​။ သင့်​အား ‘​ဤ​သူ​သည် သင်​နှင့်အတူ​မ​သွား​ရ​’​ဟု ငါ​ဆို​လျှင် ထို​သူ​သည် သင်​နှင့်အတူ​မ​သွား​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 5,
      "text": "ဂိဒေါင်​က​လည်း လူ​တို့​ကို စမ်းချောင်း​နား​သို့​ခေါ်သွား​သောအခါ ထာဝရဘုရား​က သူ့​အား “​ခွေး​ကဲ့သို့ ရေ​ကို​လျှာ​ဖြင့် လျက်​သော​သူ​နှင့် ဒူးထောက်​ပြီး​သောက်​သော​သူ​တို့​ကို သီးခြား​ခွဲထား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 6,
      "text": "ရေ​ကို လက်ခုပ်​နှင့် ခပ်​၍​လျက်သောက်​သော​သူ အယောက်​သုံး​ရာ ရှိ​၏​။ ကျန်​လူ​တို့​မှာ ဒူးထောက်​၍ ရေ​ကို​သောက်​သော​သူ​များ ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 7,
      "text": "ထာဝရဘုရား​က​လည်း ဂိဒေါင်​အား “​ရေ​ကို လျက်သောက်​သော​သူ​အယောက်​သုံး​ရာ​ဖြင့် သင်​တို့​ကို ငါ​ကယ်တင်​မည်​။ မိဒျန်​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ ကျန်​လူ​တို့​ကို မိမိ​နေရပ်​သို့ အသီးသီး​ပြန်သွား​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 8,
      "text": "ထို​သူ​တို့​သည် စားနပ်ရိက္ခာ​နှင့် တံပိုး​တို့​ကို​ယူ​ကြ​၏​။ ဂိဒေါင်​သည် လူ​အယောက်​သုံး​ရာ​တို့​ကို ချန်ထား​၍ ကျန်​သော​အစ္စရေး​အမျိုးသား​တို့​ကို ကိုယ့်​တဲ​သို့​ပြန်လွှတ်​လိုက်​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​နေရာ​အောက်​ဘက်​ချိုင့်ဝှမ်းလွင်ပြင်​တွင် စခန်းချ​လျက်​ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 9,
      "text": "ထို​ည​၌ ထာဝရဘုရား​က ဂိဒေါင်​အား “​ထ​လော့​၊ မိဒျန်​တပ်စခန်း​သို့ ဆင်းသွား​လော့​။ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 10,
      "text": "သင်​သည် ဆင်းသွား​ရန်​ကြောက်​နေ​လျှင် ထို​တပ်စခန်း​သို့ သင်​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​လော့​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 11,
      "text": "သူ​တို့​ပြောဆို​သော​စကား​ကို​ကြား​သောအခါ သင်​သည် အားရှိ​သွား​လိမ့်မည်​။ ထို​တပ်စခန်း​ကို တိုက်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ သူ​သည် သူ​၏​ငယ်သား​ဖုရ​နှင့်အတူ ဆင်းသွား​၍ တပ်စခန်း​အစွန်​နား​သို့ ရောက်​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 12,
      "text": "ကျိုင်းကောင်အုပ်​သဖွယ် များပြား​လှ​သော မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​လျက်​ရှိ​ကြ​၏​။ သူ​တို့​၏​ကုလားအုတ်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ မ​ရေတွက်​နိုင်​အောင်​များပြား​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 13,
      "text": "ဂိဒေါင်​ရောက်​သောအခါ လူ​တစ်​ယောက်​က သူ့​အဖော်​ကို အိပ်မက်​အကြောင်း​ပြောပြ​နေ​သည်​ကို ကြား​ရ​၏​။ ထို​သူ​က “​မုယော​မုန့်လုံး​တစ်​လုံး​သည် မိဒျန်​တပ်စခန်း​ထဲသို့​လှိမ့်လာ​၍ တဲ​ကို​ဝင်တိုက်​သဖြင့် တဲ​သည် စောက်ထိုးမိုးမျှော်​ဖြစ်၍ ပြိုလဲ​သွား​သည်​ဟူ၍ ငါ​အိပ်မက်​မက်​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 14,
      "text": "ထို​သူ​၏​အဖော်​က “​ထို​မုန့်လုံး​ကား အခြား​မ​ဟုတ်​။ အစ္စရေး​အမျိုးသား ယောရှ​၏​သား​ဖြစ်​သော ဂိဒေါင်​၏​ဓား​ပေတည်း​။ ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​နှင့် ဤ​တပ်စခန်း​တစ်ခုလုံး​ကို သူ​၏​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 15,
      "text": "ဂိဒေါင်​သည် ထို​အိပ်မက်​နှင့် အိပ်မက်​အနက်​ကို​ကြား​သောအခါ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​၏​။ ထို့နောက် အစ္စရေး​တပ်စခန်း​သို့​ပြန်လာ​၍ “​ထ​ကြ​။ ထာဝရဘုရား​သည် မိဒျန်​တပ်စခန်း​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 16,
      "text": "ဂိဒေါင်​သည် လူ​သုံး​ရာ​ကို​သုံး​ဖွဲ့​ခွဲ​၍ သူ​တို့​အားလုံး​၏​လက်​၌ တံပိုး​နှင့် မြေအိုး​ကို ကိုင်ဆောင်​စေ​ပြီးလျှင် ထို​အိုး​ထဲ၌ မီးတုတ်​ကို ထည့်​စေ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 17,
      "text": "ထို့နောက် သူ​က “​ငါ့​ကို​ကြည့်​၍ ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လော့​။ တပ်စခန်း​အစွန်​နား​သို့​ရောက်​သောအခါ ငါ​ပြု​သည့်​အတိုင်း​ပြု​ကြ​လော့​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 18,
      "text": "ငါ​နှင့် ငါ့​အဖွဲ့သား​အားလုံး တံပိုး​မှုတ်​သောအခါ တပ်စခန်း​ပတ်ပတ်လည်​ကို ဝိုင်း​ထား​သော သင်​တို့​သည်​လည်း တံပိုး​မှုတ်​၍ ‘​ထာဝရဘုရား​နှင့်​ဂိဒေါင်​၏​ဓား​’​ဟူ၍ ကြွေးကြော်​လော့​”​ဟု မှာထား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 19,
      "text": "ကင်းစောင့်​လဲ​ပြီး​စ သန်းခေါင်ယံအချိန်​၌ ဂိဒေါင်​နှင့် သူ့​လူ​တစ်ရာ​တို့​သည် ထို​တပ်စခန်း​အစွန်နား​သို့​ရောက်လာ​ပြီး တံပိုး​ကို မှုတ်​၍ လက်​ထဲ​ရှိ​ရေအိုး​ကို​ရိုက်ခွဲ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 20,
      "text": "သူ​တို့ သုံးဖွဲ့စလုံး လက်ဝဲ​လက်​၌ မီးတုတ်​၊ လက်ယာ​လက်​၌ တံပိုး​ကို ကိုင်ဆောင်​ပြီး တံပိုး​ကို​မှုတ်​၍ ရေအိုး​ကို​ရိုက်ခွဲ​ကာ “​ထာဝရဘုရား​၏​ဓား​၊ ဂိဒေါင်​၏​ဓား​”​ဟု ကြွေးကြော်​ကြ​ပြီး"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 21,
      "text": "တပ်စခန်း​ပတ်ပတ်လည်​တွင် ကိုယ့်နေရာကိုယ် အသီးသီး​ရပ်​နေ​ကြ​၏​။ တပ်စခန်း​အတွင်း​ရှိ​စစ်သည်​အားလုံး​တို့​မူကား ထွက်ပြေး​ကြ​၏​။ ပြေး​လျက်​အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 22,
      "text": "လူ​သုံး​ရာ​တို့ တံပိုး​မှုတ်​သောအခါ ထာဝရဘုရား​သည် တပ်စခန်း​တစ်လျှောက်လုံး​ရှိ စစ်သည်​အချင်းချင်း​ဓား​ဖြင့်​တိုက်ခိုက်​စေ​တော်မူ​၏​။ စစ်သည်​တို့​သည် ဇေရရတ်​အရပ်​၊ ဗက်ရှိတ္တ​မြို့​မှ တဗွတ်​မြို့​အနီး အာဗေလမဟောလ​မြို့​နား​တိုင်အောင် ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 23,
      "text": "နဿလိ​နယ်​၊ အာရှာ​နယ်​နှင့် မနာရှေ​နယ်​တစ်လျှောက်လုံး​မှ အစ္စရေး​အမျိုးသား​တို့ စုစည်း​ကြ​ပြီး မိဒျန်​လူမျိုး​တို့​ကို လိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 24,
      "text": "ဂိဒေါင်​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး​သို့ တမန်​တို့​ကို​စေလွှတ်​၍ “​ဆင်းလာ​ပြီး မိဒျန်​လူမျိုး​တို့​ကို တိုက်​ကြ​လော့​။ ဗက်ဗာရ​မြို့​တိုင်အောင် ဂျော်ဒန်​မြစ်​တစ်လျှောက် ရေတိမ်ပိုင်း​တို့​ကို သိမ်းယူ​လော့​”​ဟု မှာလိုက်​လေ​၏​။ သို့ဖြစ်၍ ဧဖရိမ်​အမျိုးသား​တို့​သည်​စုရုံး​၍ ဗက်ဗာရ​မြို့​တိုင်အောင် ဂျော်ဒန်​မြစ်​တစ်လျှောက် ရေတိမ်ပိုင်း​တို့​ကို သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 25,
      "text": "သူ​တို့​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​နှစ်​ဦး​ဖြစ်​သည့် ဩရဘ​နှင့်​ဇေဘ​ကို​ဖမ်းဆီး​ကြ​၏​။ ဩရဘ​ကို ဩရဘ​ကျောက်ဆောင်​၌ သတ်​၍ ဇေဘ​ကို ဇေဘ​စပျစ်သီးနယ်ရာကျင်း​၌ သတ်​ပြီးလျှင် မိဒျန်​လူမျိုး​တို့​နောက်​သို့​လိုက်​ကြ​၏​။ ဩရဘ​နှင့် ဇေဘ​တို့​၏​ဦးခေါင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ဂိဒေါင်​ထံသို့​ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 1,
      "text": "ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 2,
      "text": "ဂိဒေါင်​က​လည်း “​ငါ​ပြု​သော​အမှု​သည် သင်​တို့​ပြု​သော​အမှု​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​။ အဗျေဇာ​အမျိုးသား​စပျစ်သီး​စုသိမ်း​ခြင်း​ထက် ဧဖရိမ်​အမျိုးသား​ကောက်သင်းကောက်​ခြင်း​က သာ၍​ကောင်း​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 3,
      "text": "ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​များ​ဖြစ်​သည့် ဩရဘ​နှင့် ဇေဘ​တို့​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​၏​။ ငါ​သည် သင်​တို့​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။ ထိုသို့ ဂိဒေါင်​ပြော​သောအခါ ဧဖရိမ်​အမျိုးသား​တို့​သည် စိတ်ပြေ​သွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 4,
      "text": "ဂိဒေါင်​သည် ဂျော်ဒန်​မြစ်​သို့​ရောက်​၍ သူ​နှင့် သူ့​လူ​အယောက်​သုံး​ရာ​တို့​သည် မြစ်​ကို ကူး​ကြ​ပြီး မောမောပန်းပန်း​နှင့် ရန်သူ​တို့​ကို ဆက်​၍​လိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 5,
      "text": "ဂိဒေါင်​က သုကုတ်​မြို့သား​တို့​အား “​ငါ​နှင့်​ပါလာ​သော​လူ​တို့​စား​ဖို့ မုန့်​ပေး​ပါ​။ ငါ​တို့​သည် မိဒျန်​ဘုရင်​ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​တို့​နောက်သို့ လိုက်​နေ​ရ​၍ သူ​တို့​မောပန်း​နေ​ကြ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 6,
      "text": "သို့သော် သုကုတ်​မြို့​အကြီးအကဲ​တို့​က “​ငါ​တို့​သည် သင်​နှင့်​ပါလာ​သော​သူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ယခု သင့်​လက်​ထဲ ရောက်​ပြီ​လော​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 7,
      "text": "ဂိဒေါင်​က​လည်း “​ကောင်း​ပြီ​။ ထာဝရဘုရား​သည် ဇေဘဟ​နှင့်​ဇာလမုန္န​တို့​ကို ငါ့​လက်​သို့​အပ်​တော်မူ​သောအခါ ငါ​သည် ကန္တာရ​ဆူးပင်​၊ ချုံပင်​တို့​ဖြင့် သင်​တို့​အရေပြားစုတ်​အောင် ရိုက်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 8,
      "text": "ထို့နောက် သူ​သည် ထို​အရပ်​မှ ပေနွေလ​မြို့​သို့​တက်သွား​၍ ထို​မြို့သား​တို့​ကို​လည်း ထိုနည်းတူ တောင်း​လေ​၏​။ ပေနွေလ​မြို့သား​တို့​သည်​လည်း သုကုတ်​မြို့သား​တို့​ပြန်ပြော​သကဲ့သို့ သူ့​ကို​ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 9,
      "text": "ဂိဒေါင်​က ပေနွေလ​မြို့သား​တို့​ကို​လည်း “​ငါ​သည် အနိုင်ရ​ပြီး ပြန်လာ​သောအခါ ဤ​ရဲတိုက်​ကို​ဖြို​ပစ်​မည်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 10,
      "text": "အရှေ့​ပြည်သား​စစ်သည်​အပေါင်း​တို့​ထဲမှ ဓား​ကိုင်​စစ်သည်​တစ်သိန်းနှစ်သောင်း​ကျဆုံး​သွား​သဖြင့် ကြွင်းကျန်​သော​စစ်သည်​တစ်သောင်းငါးထောင်​တို့​သာ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​နှင့်အတူ ကာကော်​မြို့​၌ ရှိ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 11,
      "text": "ဂိဒေါင်​သည် နောဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အရှေ့ဘက်​၊ တဲ​၌​နေထိုင်​လေ့​ရှိ​သော​သူ​တို့ သွားလာ​သော​လမ်း​အတိုင်း ချီတက်​သွား​၍ စိတ်အေးလက်အေး​နေ​နေ​သော မိဒျန်​တပ်စခန်း​ကို တိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 12,
      "text": "ထိုအခါ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ထွက်ပြေး​ကြ​၏​။ ဂိဒေါင်​သည်​လည်း မိဒျန်​ဘုရင်​နှစ်​ပါး​ဖြစ်​သော ဇေဘဟ​မင်းကြီး​နှင့်​ဇာလမုန္န​မင်းကြီး​တို့​နောက်သို့​လိုက်​၍ သူ​တို့​ကို​ဖမ်းဆီး​သဖြင့် စစ်သည်​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 13,
      "text": "ထို့နောက် ယောရှ​၏​သား ဂိဒေါင်​သည် ဟေရက်​တောင်ကုန်းလမ်း​ဖြင့် စစ်ပွဲ​မှ​ပြန်လာ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 14,
      "text": "လမ်း​တွင် သုကုတ်​မြို့သား လူငယ်​တစ်​ယောက်​ကို​ဖမ်းဆီး​ပြီး သုကုတ်​မြို့​အကြီးအကဲ​များ​၊ သက်ကြီးဝါကြီး​များ​၏​အကြောင်း​ကို မေးမြန်း​ရာ ထို​လူငယ်​က သုကုတ်​မြို့​အကြီးအကဲ​၊ သက်ကြီးဝါကြီး ခုနစ်ဆယ့်​ခုနစ်​ယောက်​၏​အမည်​ကို ရေး​ပေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 15,
      "text": "ဂိဒေါင်​သည် သုကုတ်​မြို့သား​တို့​ထံသို့​ရောက်လာ​၍ “​ဇေဘဟ​နှင့်​ဇာလမုန္န​ကို ကြည့်​ကြ​လော့​။ သင်​တို့​က ‘​မောပန်း​နေ​သော​သင့်​လူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် သင့်​လက်​ထဲ​ရောက်​ပြီ​လော​’​ဟု ငါ့​ကို​ကဲ့ရဲ့​ခဲ့​ကြ​၏​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 16,
      "text": "ထို​မြို့​၏​သက်ကြီးဝါကြီး​များ​ကို​ခေါ်​၍ သူ​တို့​နှင့်အတူ သုကုတ်​မြို့သား​တို့​ကို ကန္တာရ​ဆူးပင်​၊ ချုံပင်​တို့​ဖြင့် ဆုံးမ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 17,
      "text": "ပေနွေလ​ရဲတိုက်​ကို ဖြိုချ​၍ မြို့သား​တို့​ကို​လည်း သတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 18,
      "text": "ထို့နောက် ဂိဒေါင်​က ဇေဘဟ​နှင့်​ဇာလမုန္န​တို့​အား “​တာဗော်​မြို့​၌ သင်​တို့​သတ်​ခဲ့​သော​သူ​တို့​သည် မည်သို့​သော​သူ​နည်း​”​ဟု မေး​သော် သူ​တို့​က “​သူ​တို့​အားလုံး​သည် သင်​ကဲ့သို့ပင် ဘုရင့်​သား​တော်​ရုပ်ရည်ရှိသူ​များ​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 19,
      "text": "ဂိဒေါင်​က “​သူ​တို့​သည် ငါ​နှင့်​တစ်မိတည်းဖွား ငါ့​ညီအစ်ကို​များ​ဖြစ်​ကြ​၏​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​တို့​သည် သူ​တို့​ကို​အသက်ချမ်းသာ​ပေး​ခဲ့​လျှင် ငါ​သည် သင်​တို့​ကို​သတ်​မည်​မ​ဟုတ်​”​ဟု ဆို​ပြီး"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 20,
      "text": "မိမိ​၏​သားဦး​ယေသာ​အား “​ထ​၍ သူ​တို့​ကို​သတ်​လော့​”​ဟု ဆို​လေ​၏​။ သို့သော် သူ့​သား​သည် ငယ်ရွယ်​သေး​သဖြင့် ကြောက်ရွံ့​၍ ဓား​ကို​မ​ဆွဲထုတ်​ဝံ့​ဘဲ​နေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 21,
      "text": "ဇေဘဟ​နှင့်​ဇာလမုန္န​တို့​က “​သင်​ကိုယ်တိုင်​ထ​၍ ငါ​တို့​ကို​သတ်​လော့​။ ယောက်ျား​မှန်လျှင် သတ္တိ​ရှိ​ရ​မည်​”​ဟု ဆို​လေ​၏​။ ဂိဒေါင်​သည်​ထ​၍ ဇေဘဟ​နှင့်​ဇာလမုန္န​ကို​သတ်​ပြီးလျှင် သူ​တို့​ကုလားအုတ်​၏​လည်ပင်း​၌ ဆင်​ထား​သော​တန်ဆာ​များ​ကို ချွတ်ယူ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 22,
      "text": "ထိုအခါ အစ္စရေး​လူမျိုး​တို့​က ဂိဒေါင်​အား “​သင်​သည် အကျွန်ုပ်​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​မှ​ကယ်တင်​ခဲ့​သည်​ဖြစ်၍ သင်​နှင့် သင်​၏​သား​မြေး​တို့​သည် အကျွန်ုပ်​တို့​ကို​အုပ်စိုး​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 23,
      "text": "ဂိဒေါင်​က​လည်း “​ငါ​သည် သင်​တို့​ကို မ​အုပ်စိုး​ရ​။ ငါ့​သား​လည်း မ​အုပ်စိုး​ရ​။ ထာဝရဘုရား​သာလျှင် သင်​တို့​ကို​အုပ်စိုး​တော်မူ​မည်​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 24,
      "text": "သို့သော် ဂိဒေါင်​က “သင်​တို့​ဆီ​မှ တစ်​ခု​ကို တောင်းဆို​လို​ပါ​သည်​။ သင်​တို့​ရ​ထား​သော လုယူပစ္စည်း​များ​ထဲမှ နားကွင်း​တစ်ကွင်းစီ​ကို ငါ့​အား ပေး​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ (​မိဒျန်​လူမျိုး​တို့​သည် ဣရှမေလ​လူမျိုး​တို့​ကဲ့သို့ ရွှေ​နားကွင်း​များ​ကို ဝတ်ဆင်​တတ်​ကြ​၏​။​)"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 25,
      "text": "သူ​တို့​က​လည်း ဝမ်းသာအားရ​စွာ​ဖြင့် “​အကျွန်ုပ်​တို့ ပေး​ပါ​မည်​”​ဟု ဆို​လျက် အဝတ်​ကို ခင်း​ပြီးလျှင် သူ​တို့​ရ​ထား​သော​လုယူပစ္စည်း​များ​ထဲမှ နားကွင်း​တစ်ကွင်းစီ​ကို ထို​အဝတ်​ပေါ်၌ ချ​ထား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 26,
      "text": "ဂိဒေါင်​ရရှိ​သော​ရွှေ​နားကွင်း​၏​အလေးချိန်​မှာ ရွှေ​တစ်ထောင့်​ခုနစ်​ရာ​ရှယ်ကယ် ဖြစ်​၏​။ ထို့ပြင် မိဒျန်​ဘုရင်​တို့​ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ​၊ ဆွဲသီး​၊ ခရမ်းရောင်​အဝတ်​တို့​မှစ၍ သူ​တို့​ကုလားအုတ်​၏​လည်ပင်း​၌​ဆွဲ​ထား​သော လည်ပတ်ကြိုး​များ​လည်း ရ​သေး​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 27,
      "text": "ဂိဒေါင်​သည် ထို​ရွှေ​များ​ဖြင့် ဧဖုဒ် ​သွန်းလုပ်​၍ သူ​နေထိုင်​ရာ ဩဖရ​မြို့​တွင် ပြသ​ထား​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထို​အရာ​အားဖြင့် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဤ​အရာ​သည် ဂိဒေါင်​နှင့် သူ့​အိမ်သူအိမ်သား​တို့​အတွက် ထောင်ချောက်​ကဲ့သို့ ဖြစ်လာ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 28,
      "text": "ဤသို့ဖြင့် မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရှုံးနိမ့်​ကြ​ပြီး နောက်တစ်ဖန် ခေါင်း​မ​ထောင်​ကြ​တော့​ချေ​။ ထို​အချိန်​မှစ၍ ဂိဒေါင်​အသက်ရှင်​စဉ် အနှစ်​လေးဆယ်​ပတ်လုံး တိုင်းပြည်​ငြိမ်းချမ်း​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 29,
      "text": "ယောရှ​၏​သား ယေရုဗ္ဗာလ​သည် မိမိ​နေရင်းအိမ်​သို့ ပြန်​၍​နေထိုင်​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 30,
      "text": "ဂိဒေါင်​သည် မယား များစွာ​ယူ​ထား​သောကြောင့် သား​အရင်း အယောက်​ခုနစ်ဆယ်​ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 31,
      "text": "ရှေခင်​မြို့​၌​နေ​သော သူ​၏​မယားငယ်​သည် သားယောက်ျား​ကို​ဖွား​၍ ထို​သား​ကို အဘိမလက် ဟု​မှည့်ခေါ်​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 32,
      "text": "ယောရှ​၏​သား ဂိဒေါင်​သည် အိုမင်းရင့်ရော်​ပြီး သေဆုံး​သောအခါ အဗျေဇာ​အမျိုးသား​တို့ နေထိုင်​ရာ ဩဖရ​မြို့​ရှိ သူ့​ဖခင်​ယောရှ​၏​သင်္ချိုင်း​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 33,
      "text": "ဂိဒေါင်​သေဆုံး​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​သည် ဗာလ​ဘုရား​ထံ​လှည့်​၍ ဖောက်ပြန်မှားယွင်း​ကြ​ပြန်​၏​။ ဗာလဗေရိတ်​ကို ဘုရား​အရာ​၌ ထား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 34,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ပတ်ပတ်လည်​ရှိ​ရန်သူ​အလုံးစုံ​တို့​လက်​မှ ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 35,
      "text": "ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် အစ္စရေး​လူမျိုး​တို့​အား ကောင်းကျိုးချမ်းသာ​ကို ပြု​ပေး​ခဲ့​သကဲ့သို့ အစ္စရေး​လူမျိုး​တို့​သည် သူ့​မိသားစု​အပေါ် မေတ္တာ​မ​ပြ​ကြ​ချေ​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 1,
      "text": "ယေရုဗ္ဗာလ​၏​သား အဘိမလက်​သည် မိခင်​ဘက်​မှ ညီအစ်ကို​တို့​ရှိ​ရာ ရှေခင်​မြို့​သို့​သွား​ပြီး မိခင်​ဘက်​မှ ဘိုးဘေး​မျိုးနွယ်စု​တို့​အား"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 2,
      "text": "“ ‘​သင်​တို့​ကို ယေရုဗ္ဗာလ​၏​သား အယောက်​ခုနစ်ဆယ်​အုပ်စိုး​သည်​က ပိုကောင်း​သလော​။ သို့မဟုတ် တစ်ဦးတည်း​အုပ်စိုး​သည်​က ပိုကောင်း​သလော’​ဟူ၍ ရှေခင်​မြို့သား​အပေါင်း​တို့​အား ပြောကြား​လော့​။ ငါ​သည် သင်​တို့​၏​သွေးရင်းသားရင်း​ဖြစ်​သည်​ကို သတိရ​ကြ​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 3,
      "text": "သူ​၏​မိခင်​ဘက်​မှ ညီအစ်ကို​တို့​သည် ထို​စကား​အလုံးစုံ​ကို ရှေခင်​မြို့သား​တို့​အား ပြောကြား​သောအခါ သူ​တို့​က “​အဘိမလက်​သည် ငါ​တို့​၏​အမျိုးသားချင်း​ဖြစ်​၏​”​ဟု ဆို​လျက် သူ့​နောက်သို့ စိတ်ပါ​သွား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 4,
      "text": "သူ​တို့​သည် ဗာလဗေရိတ်​ဝတ်ကျောင်း​ထဲမှ ငွေ​ခုနစ်ဆယ်​ရှယ်ကယ် ​ကို အဘိမလက်​အား​ပေး​ရာ သူ​က ထို​ငွေ​ဖြင့် လူဆိုး​လူမိုက်​တို့​ကို ငှားရမ်း​၍ သူ့​နောက်​လိုက်​စေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 5,
      "text": "အဘိမလက်​သည် ဖခင်​၏​အိမ်​ရှိ​ရာ ဩဖရ​မြို့​သို့​သွား​ပြီး ယေရုဗ္ဗာလ​၏​သား မိမိ​ညီအစ်ကို အယောက်​ခုနစ်ဆယ်​တို့​ကို ကျောက်ဖျာ​တစ်ခုတည်း​ပေါ်တွင် သတ်​လေ​၏​။ ယေရုဗ္ဗာလ​၏​သား​ထွေး ယောသံ​သည် ပုန်း​နေ​သောကြောင့် အသက်ရှင်​ကျန်ရစ်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 6,
      "text": "ထို့နောက် ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​အပေါင်း​တို့​သည် ရှေခင်​မြို့​ရှိ အထိမ်းအမှတ်​ဝက်သစ်ချပင်​ရှိ​ရာ​သို့ စုရုံး​သွား​ကြ​ပြီး အဘိမလက်​ကို မင်းမြှောက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 7,
      "text": "ထို​သတင်း​ကို ယောသံ​ကြား​သောအခါ ထွက်သွား​၍ ဂေရဇိမ်​တောင်​ထိပ်​ပေါ်၌ ရပ်​လျက် “​ရှေခင်​အမျိုးသား​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သို့ပြုလျှင် ဘုရားသခင်​လည်း သင်​တို့​စကား​ကို နားထောင်​တော်မူ​မည်​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 8,
      "text": "တစ်ခါက သစ်ပင်​တို့​သည် မိမိ​တို့​ကို​အုပ်စိုး​မည့်​ရှင်ဘုရင်​တစ်ပါး​ကို ဘိသိက်ပေး​ရန် လိုက်ရှာ​ကြ​ရာ သံလွင်ပင်​ထံသို့​ရောက်​၍ ‘​အကျွန်ုပ်​တို့​ကို အုပ်စိုး​ပါ​လော့​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 9,
      "text": "သို့သော် သံလွင်ပင်​က ‘​ဘုရား​နှင့် လူ​တို့​ကို ဂုဏ်ပြုချီးမွမ်း​ရာ​တွင် သုံး​ကြ​သော ငါ့​အဆီ​ကို မ​ထုတ်​ပေး​တော့​ဘဲ သစ်ပင်​တို့​ကို သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 10,
      "text": "တစ်ဖန် သဖန်းပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ပြန်​လျှင်"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 11,
      "text": "သဖန်းပင်​က​လည်း ‘​ငါ​၏​ချိုမြိန်​သော​အသီး​၊ ကောင်း​သော​အသီး သီး​ခြင်း​မှ​ရပ်​ပြီး သစ်ပင်​တို့​ကို သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 12,
      "text": "တစ်ဖန် စပျစ်​ပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 13,
      "text": "စပျစ်ပင်​က​လည်း ‘​ဘုရား​နှင့် လူ​တို့​ကို​ဝမ်းမြောက်​စေ​သော ငါ​၏​စပျစ်ဝိုင်​အသစ်​ကို မထုတ်​ပေး​တော့​ဘဲ သစ်ပင်​တို့​အား သွား​၍​အုပ်စိုး​ရ​မည်လော​’​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 14,
      "text": "နောက်ဆုံး​၌ သစ်ပင်​အပေါင်း​တို့​သည် ဆူးလေပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 15,
      "text": "ဆူးလေပင်​က​လည်း သစ်ပင်​တို့​အား ‘​စင်စစ် သင်​တို့​သည် ငါ့​ကို ဘိသိက်ပေး​၍ သင်​တို့​ကို အုပ်စိုး​စေ​လို​လျှင် လာ​ကြ​၊ ငါ့​အရိပ်​၌ ခိုလှုံ​ကြ​။ သို့မဟုတ်လျှင် ဆူးလေပင်​ထဲက မီး​ထွက်​ပြီး လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​များ​ကို လောင်ကျွမ်း​ပစ်​မည်​’​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 16,
      "text": "သင်​တို့​လည်း အဘိမလက်​ကို မင်းမြှောက်​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​စွာ ပြု​ပြီ​လော​။ ယေရုဗ္ဗာလ​နှင့် သူ​၏​အိမ်သူအိမ်သား​တို့​ကို တရားမျှတ​စွာ​ပြု​ကြ​ပြီ​လော​။ သူ​ခံထိုက်​သော​အရာ​နှင့်အညီ သူ့​ကို​ကျေးဇူးဆပ်​ကြ​ပြီ​လော​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 17,
      "text": "ငါ့​ဖခင်​သည် သင်​တို့​အတွက် အသက်စွန့်​တိုက်ပွဲ​ဝင်​ခဲ့​၍ သင်​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​မှ ကယ်တင်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 18,
      "text": "သို့သော် ယခုမှာ သင်​တို့​သည် ငါ့​ဖခင်​၏​အိမ်သူအိမ်သား​တို့​ကို ထကြွပုန်ကန်​၍ သူ့​သား​အယောက်​ခုနစ်ဆယ်​ကို ကျောက်ဖျာ​တစ်​ခု​ပေါ်တွင် သတ်ပစ်​ကြ​ပြီ​။ သူ့​ကျွန်မ​၏​သား​အဘိမလက်​သည် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သောကြောင့် ရှေခင်​မြို့သား​တို့​ကို အုပ်စိုး​ရန် သူ့​ကို မင်းမြှောက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 19,
      "text": "ယခု သင်​တို့​သည် ယေရုဗ္ဗာလ​နှင့် သူ့​အိမ်သူအိမ်သား​တို့​ကို ဖြောင့်မတ်​မှန်ကန်​စွာ​ပြု​သည်​မှန်​လျှင် အဘိမလက်​အားဖြင့် ဝမ်းမြောက်​ကြ​လော့​။ သူ​သည်​လည်း သင်​တို့​အားဖြင့် ဝမ်းမြောက်​ပါစေ​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 20,
      "text": "သို့မဟုတ်လျှင် အဘိမလက်​ထဲမှ မီး​ထွက်​၍ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ကို လောင်ကျွမ်း​ပါစေ​။ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ထဲမှ​လည်း မီး​ထွက်​၍ အဘိမလက်​ကို လောင်ကျွမ်း​ပါစေ​”​ဟု ကျယ်လောင်​စွာ​အော်ဟစ်​ပြီးလျှင်"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 21,
      "text": "ယောသံ​သည် မိမိ​အစ်ကို​အဘိမလက်​ကို ကြောက်​သောကြောင့် ထွက်ပြေး​ပြီး ဗေရ​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 22,
      "text": "အဘိမလက်​သည် အစ္စရေး​လူမျိုး​တို့​ကို သုံး​နှစ်​ကြာ​အုပ်စိုး​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 23,
      "text": "ဘုရားသခင်​သည် အဘိမလက်​နှင့် ရှေခင်​မြို့သား​တို့​ကြား​တွင် ဆိုးညစ်​သော​ဝိညာဉ်​ကို စေလွှတ်​သဖြင့် ရှေခင်​မြို့သား​တို့​သည် အဘိမလက်​ကို သစ္စာဖောက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 24,
      "text": "ယေရုဗ္ဗာလ​၏​သား​အယောက်​ခုနစ်ဆယ်​ကို ရက်ရက်စက်စက်​သတ်ဖြတ်​ကြ​သော​အမှု​ကြောင့် ပြန်​ပေးဆပ်​ရ​မည့်​သွေးကြွေး​သည် ညီအစ်ကို​တို့​အား သတ်​သော​အဘိမလက်​နှင့် ထို​ညီအစ်ကို​တို့​အား သတ်​သော​အမှု​၌ ကူညီပေး​သော​ရှေခင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 25,
      "text": "ရှေခင်​မြို့သား​တို့​သည် အဘိမလက်​ကို ချောင်းမြောင်း​တိုက်ခိုက်​ရန် တောင်​ပေါ်တွင် လူစောင့်​ချထား​ကြောင်း​၊ လမ်းသွားလမ်းလာ​တို့​ကို လုယက်​တိုက်ခိုက်​ကြောင်း​ကို အဘိမလက်​လည်း ကြားသိ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 26,
      "text": "ထိုစဉ် ဧဗက်​၏​သား​ဂါလ​နှင့် သူ့​ညီအစ်ကို​တို့​သည် ရှေခင်​မြို့​သို့ ရောက်လာ​ကြ​၏​။ ရှေခင်​မြို့သား​တို့​သည် သူ့​ကို ယုံကြည်အားထား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 27,
      "text": "သူ​တို့​သည် လယ်ပြင်​သို့​သွား​၍ စပျစ်ခြံ​မှ စပျစ်သီး​များ​ကို ဆွတ်ခူး​ကြ​၏​။ စပျစ်သီး​များ​ကို နင်းနယ်​၍ ပျော်ပွဲ​ကျင်းပ​ကြ​၏​။ သူ​တို့​၏​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ စား​သောက်​လျက် အဘိမလက်​ကို ကျိန်ဆဲ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 28,
      "text": "ဧဗက်​၏​သား ဂါလ​က “​ငါ​တို့​သည် အဘိမလက်​ကို​အစေခံ​ရ​မည့်​အကြောင်း ရှေခင်​သား​အဘိမလက်​ကား မည်သူ​နည်း​။ သူ​သည် ယေရုဗ္ဗာလ​၏​သား​မ​ဟုတ်​လော​။ ဇေဗုလ​သည် သူ​၏​လက်ထောက်​မ​ဟုတ်​လော​။ ရှေခင်​၏​အဖ ဟာမော်​၏​လူ​တို့​ကို အစေခံ​ကြ​လော့​။ အဘိမလက်​ကို အဘယ်ကြောင့် အစေခံ​ရ​မည်နည်း​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 29,
      "text": "ဤ​လူ​တို့​သာ ငါ့​လက်​အောက်​သို့​ရောက်​လျှင် ငါ​သည် အဘိမလက်​ကို​ဖယ်ရှား​ပစ်​မည်​”​ဟု ဆို​ပြီး အဘိမလက်​အား​လည်း “​သင်​၏​စစ်တပ်​ကို​အင်အားဖြည့်​ပြီး ထွက်​ခဲ့​လော့​”​ဟု စိန်ခေါ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 30,
      "text": "ထို​မြို့​၏​အကြီးအကဲ​ဇေဗုလ​သည် ဧဗက်​၏​သား​ဂါလ ပြော​သော​စကား​ကို​ကြား​သောအခါ အမျက်ထွက်​၍"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 31,
      "text": "အဘိမလက်​ထံသို့ တမန်​တို့​ကို တိတ်တဆိတ်​စေလွှတ်​ကာ “​ဧဗက်​၏​သား​ဂါလ​နှင့် သူ​၏​ညီအစ်ကို​တို့​သည် ရှေခင်​မြို့​သို့​ရောက်လာ​၍ သင့်​ကို ဆန့်ကျင်​ရန် မြို့သား​တို့​ကို လှုံ့ဆော်​နေ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 32,
      "text": "ထို့ကြောင့် သင်​နှင့် သင့်​လူ​တို့​သည် ညအချိန်​ချီလာ​၍ တော​၌ ကင်းပုန်းချ​လော့​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 33,
      "text": "သင်​သည် စောစောထ​၍ နံနက်​နေထွက်လျှင်ထွက်ချင်း ထို​မြို့​ကို တစ်ဟုန်ထိုး​ဝင်တိုက်​လော့​။ သူ​နှင့် သူ့​လူ​တို့ ထွက်လာ​သောအခါ အခွင့်သာ​သည့်​အတိုင်း သူ​တို့​ကို တိုက်​လော့​”​ဟု ပြောကြား​စေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 34,
      "text": "ထို့ကြောင့် အဘိမလက်​သည် မိမိ​လူ​အပေါင်း​တို့​နှင့်တကွ ညအချိန်​ချီလာ​၍ ရှေခင်​မြို့​အနီး​၌ ကင်းပုန်း​လေး​ခု ချ​ထား​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 35,
      "text": "ဧဗက်​၏​သား​ဂါလ​သည် မြို့​တံခါးဝ​တွင် ထွက်​ရပ်​နေ​သောအခါ အဘိမလက်​နှင့်​သူ့​လူ​တို့​လည်း ကင်းပုန်းချ​ရာ​နေရာ​မှ ထွက်လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 36,
      "text": "ဂါလ​သည် သူ​တို့​ကို​မြင်​သောအခါ ဇေဗုလ​အား “​ကြည့်​ပါ​။ လူ​များ တောင်​ထိပ်​ပေါ်မှ ဆင်းလာ​ကြ​သည်​”​ဟု ဆို​လျှင် ဇေဗုလ​က သူ့​အား “​တောင်​၏​အရိပ်​ကို လူ​ကဲ့သို့ သင်​မြင်​နေ​သည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 37,
      "text": "တစ်ဖန် ဂါလ​က “​ကြည့်​ပါ​။ လူ​တို့​သည် တောင်​အလယ်​တစ်ဝက်​မှ ဆင်းလာ​ကြ​ပြီး နောက်တစ်ဖွဲ့​က မောနေနိမ်​ဝက်သစ်ချပင်​လမ်း​မှ လာ​နေ​ကြ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 38,
      "text": "ထိုအခါ ဇေဗုလ​က ဂါလ​အား “​သင်​က ‘​ငါ​တို့​သည် အဘိမလက်​ကို​အစေခံ​ရ​မည့်​အကြောင်း သူ​ကား မည်သူ​နည်း​’​ဟု ပြော​ခဲ့​သည်​မှာ ယခု မည်သို့ ဖြစ်​ပြီ​နည်း​။ သင်​သည် ထို​သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ ယခု​သူ့​ကို ထွက်​တိုက်​ပါ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 39,
      "text": "ဂါလ​လည်း ရှေခင်​မြို့သား​တို့​ကို ဦးဆောင်​၍ အဘိမလက်​ကို ထွက်တိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 40,
      "text": "သို့ရာတွင် အဘိမလက်​သည် သူ့​ကို​လိုက်တိုက်​သဖြင့် သူ​သည် အဘိမလက်​ရှေ့​မှ​ထွက်ပြေး​လေ​၏​။ မြို့​တံခါးဝ​တိုင်အောင် ဒဏ်ရာရ​သူ​အမြောက်အမြား လဲကျ​သေဆုံး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 41,
      "text": "အဘိမလက်​သည် အရုမ​မြို့​၌​နေထိုင်​လေ​၏​။ ဇေဗုလ​သည် ဂါလ​နှင့်​သူ​၏​ညီအစ်ကို​တို့​ကို နှင်ထုတ်​လိုက်​သဖြင့် ရှေခင်​မြို့​၌ သူ​တို့ မ​နေထိုင်​ရ​တော့​ချေ​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 42,
      "text": "နောက်တစ်နေ့​တွင် ရှေခင်​မြို့သား​တို့ မြို့ပြင်​သို့​ထွက်လာ​သည်​ကို အဘိမလက် ကြား​လျှင်"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 43,
      "text": "သူ့​လူ​တို့​ကို သုံး​ဖွဲ့​ခွဲ​၍ မြို့ပြင်​တွင် ကင်းပုန်းချ​၏​။ မြို့​ထဲမှ​လူ​တို့​ထွက်လာ​သည်​ကို မြင်​လျှင် သူ​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 44,
      "text": "အဘိမလက်​နှင့်​အဖွဲ့​သည် မြို့​တံခါးဝ​သို့ ပြေးသွား​၍ နေရာယူ​ကြ​၏​။ ကျန်​နှစ်​ဖွဲ့​သည် မြို့ပြင်​ရှိ​လူ​တို့​ထံ​ပြေးသွား​၍ သူ​တို့​ကို သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 45,
      "text": "အဘိမလက်​သည် ထို​နေ့​တစ်နေ့လုံး ထို​မြို့​ကို​တိုက်ခိုက်​ပြီး မြို့​ကို​သိမ်းယူ​၍ မြို့သား​တို့​ကို သတ်ပစ်​၏​။ မြို့​ကို​ဖျက်ဆီး​ပြီး ဆား​နှင့် ပက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 46,
      "text": "ရဲတိုက်​ရှိ ရှေခင်​မြို့သား​အပေါင်း​တို့​သည် ထို​သတင်း​ကို​ကြား​သောအခါ သူ​တို့​သည် ဧလဗာရိတ်​ဝတ်ကျောင်း​၏​မြေအောက်ခန်း​ထဲသို့ ဝင်သွား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 47,
      "text": "ရဲတိုက်​ထဲ၌ ရှေခင်​မြို့သား​အပေါင်း​တို့ စုဝေး​နေ​ကြ​ကြောင်း​ကို အဘိမလက် ကြား​သော်"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 48,
      "text": "အဘိမလက်​နှင့် သူ့​လူ​တို့​သည် ဇာလမုန်​တောင်​သို့​တက်သွား​ပြီးလျှင် အဘိမလက်​သည် ပုဆိန်​ဖြင့် သစ်ကိုင်း​ကို​ခုတ်​၍ ပခုံး​ပေါ်​ထမ်း​ထား​၏​။ ထို့နောက် သူ့​လူ​တို့​ကို “​ငါ​ပြု​သော​အရာ​ကို သင်​တို့​မြင်​ပြီ​မ​ဟုတ်​လော​။ ငါ​ပြု​သကဲ့သို့ သင်​တို့ အလျင်အမြန်​ပြု​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 49,
      "text": "လူ​အပေါင်း​တို့​သည်​လည်း သစ်ကိုင်း​ကို ခုတ်​ကြ​ပြီးလျှင် အဘိမလက်​နောက်သို့​လိုက်သွား​၍ သစ်ကိုင်း​တို့​ကို မြေအောက်ခန်း​ပေါ် ပုံ​ထား​ကြ​၏​။ ထို့နောက် ထို​သစ်ကိုင်း​များ​ကို မီးရှို့​သဖြင့် မြေအောက်ခန်း​ကို မီးလောင်​လေ​၏​။ ရဲတိုက်​ရှိ ရှေခင်​လူ​ယောက်ျား​၊ မိန်းမ တစ်ထောင်​ခန့်​လည်း သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 50,
      "text": "ထို့နောက် အဘိမလက်​သည် သေဗက်​မြို့​သို့ ချီသွား​ပြီး တပ်ချ​ကာ ထို​မြို့​ကို​သိမ်းယူ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 51,
      "text": "ထို​မြို့​၌ ခိုင်ခံ့​သော​ရဲတိုက်​ရှိ​သဖြင့် ယောက်ျား​မိန်းမ မြို့သား​အပေါင်း​တို့​သည် ထို​ရဲတိုက်​ထဲသို့ ပြေးဝင်​၍​တံခါး​ကို ပိတ်​ထား​ပြီးလျှင် ရဲတိုက်​ခေါင်မိုး​ပေါ်သို့ တက်ပြေး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 52,
      "text": "အဘိမလက်​သည်​လည်း ရဲတိုက်​ကို သွားရောက်​တိုက်ခိုက်​၏​။ ရဲတိုက်​ကို​မီး​ရှို့​ရန် ရဲတိုက်​တံခါးဝ​သို့ ချဉ်းကပ်​လာ​သောအခါ"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 53,
      "text": "မိန်းမ​တစ်​ယောက်​သည် ကြိတ်ဆုံ​ကျောက်ပြား​ကို အဘိမလက်​ခေါင်း​ပေါ်သို့ ပစ်ချ​လိုက်​ရာ အဘိမလက် ခေါင်း​ကွဲ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 54,
      "text": "ထိုအခါ သူ​သည် သူ​၏​လက်နက်ကိုင်​လုလင်​ကို အလျင်အမြန်​ခေါ်​၍ “​လူ​တို့​က ငါ့​ကို ‘​မိန်းမ​သတ်​၍​သေ​ရ​သည်​’​ဟု မ​ဆို​ရ​လေ​အောင် သင့်​ဓား​ကို​ဆွဲထုတ်​၍ ငါ့​ကို သတ်​ပါ​လော့​”​ဟု ဆို​သဖြင့် သူ​၏​ငယ်သား​သည် သူ့​ကို​ထိုး​လိုက်​ရာ သူ​သေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 55,
      "text": "အဘိမလက် သေ​သည်​ကို အစ္စရေး​အမျိုးသား​တို့ မြင်​လျှင် အသီးသီး​ကိုယ့်​အိမ်​သို့ ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 56,
      "text": "အဘိမလက်​သည် မိမိ​ညီအစ်ကို အယောက်​ခုနစ်ဆယ်​ကို သတ်​ခြင်း​ဖြင့် ဖခင်​အပေါ် ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် ဘုရားသခင်​သည် သူ့​အား ထိုသို့​ပြန်​ခံရ​စေ​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 57,
      "text": "ဘုရားသခင်​သည် ရှေခင်​အမျိုးသား​တို့​ပြု​ခဲ့​သော​မကောင်းမှု​အလုံးစုံ​တို့​ကို သူ​တို့​၏​ခေါင်း​ပေါ်သို့ ပြန်ကျ​စေ​တော်မူ​၏​။ ယေရုဗ္ဗာလ​၏​သား​ယောသံ​၏​ကျိန်​ခြင်း​သည် သူ​တို့​အပေါ် ကျရောက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 1,
      "text": "အဘိမလက် သေဆုံး​ပြီး​နောက်တွင် အစ္စရေး​လူမျိုး​တို့​ကို ကယ်တင်​ရန် ဣသခါ​အမျိုးသား​၊ ဒေါဒေါ​၏​မြေး​၊ ဖုဝါ​၏​သား​တောလ ပေါ်ထွန်း​၏​။ သူ​သည် ဧဖရိမ်​တောင်ကုန်း​၊ ရှမိရ​မြို့​တွင် နေထိုင်​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 2,
      "text": "သူ​သည် အစ္စရေး​လူမျိုး​တို့​ကို နှစ်​ပေါင်း​နှစ်ဆယ့်​သုံး​နှစ် စီရင်အုပ်ချုပ်​ပြီးမှ သေဆုံး​သဖြင့် ရှမိရ​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 3,
      "text": "တောလ​သေဆုံး​ပြီးနောက် ဂိလဒ်​အနွယ် ယာဣရ​ပေါ်ထွန်း​၍ အစ္စရေး​လူမျိုး​တို့​ကို နှစ်​ပေါင်း​နှစ်ဆယ့်​နှစ်​နှစ် စီရင်အုပ်ချုပ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 4,
      "text": "ထို​သူ​၌ မြည်း​အကောင်​သုံးဆယ်​ကို ကိုယ်စီ​စီး​ခွင့်​ရှိ​သော​၊ မြို့​ကို ကိုယ်စီ​အပိုင်စား​ရ​သော သား​အယောက်​သုံးဆယ် ရှိ​၏​။ ထို​မြို့​တို့​သည် ဂိလဒ်​ပြည်​တွင်​ရှိ​ပြီး ယနေ့​တိုင်အောင် “​ဟာဝုတ်ယာဣရ​”​ဟု ခေါ်ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 5,
      "text": "ယာဣရ​သေဆုံး​၍ ကာမုန်​မြို့​၌ သူ့​ကို သင်္ဂြိုဟ်​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 6,
      "text": "တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို ဝတ်​မ​ပြု​၊ ထာဝရဘုရား​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​၊ အာရှတရက်​ဘုရား​၊ ဆီးရီးယား​ဘုရား​၊ ဆီဒုန်​ဘုရား​၊ မောဘ​ဘုရား​၊ အမ္မုန်​ဘုရား​၊ ဖိလိတ္တိ​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 7,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အမျက်ထွက်​၍ သူ​တို့​ကို ဖိလိတ္တိ​လူမျိုး​၊ အမ္မုန်​လူမျိုး​တို့​လက်​သို့ ရောင်း​လိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 8,
      "text": "ထို​အချိန်​မှစ၍ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ အာမောရိ​လူမျိုး​တို့​၏​နေရာ​ဂိလဒ်​ပြည်​ရှိ အစ္စရေး​အမျိုးသား​တို့​ကို တစ်ဆယ့်​ရှစ်​နှစ်​ဖိနှိပ်​ညှဉ်းဆဲ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 9,
      "text": "အမ္မုန်​အမျိုးသား​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ယုဒ​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​၊ ဧဖရိမ်​အမျိုးအနွယ် တို့​ကို​လာရောက်​တိုက်ခိုက်​သဖြင့် အစ္စရေး​လူမျိုး​တို့ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 10,
      "text": "ထိုအခါ အစ္စရေး​အမျိုးသား​တို့​က “​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​ကို ဝတ်ပြု​မိ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​လျှောက်ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 11,
      "text": "ထာဝရဘုရား​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​အီဂျစ်​လူမျိုး​၊ အာမောရိ​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ သင်​တို့​ကို ငါ​ကယ်တင်​ခဲ့​သည် မ​ဟုတ်​လော​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 12,
      "text": "ဆီဒုန်​လူမျိုး​၊ အာမလက်​လူမျိုး​၊ မောန​လူမျိုး​တို့​သည် သင်​တို့​ကို ညှဉ်းဆဲ​၍ သင်​တို့​သည် ငါ့​ကို​အော်ဟစ်​သောအခါ ငါ​သည် သင်​တို့​ကို ထို​သူ​တို့​လက်​မှ​လည်း ကယ်တင်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 13,
      "text": "သို့သော် သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​ကြ​၏​။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ကယ်တင်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 14,
      "text": "သင်​တို့​ရွေးချယ်​ခဲ့​သော​ဘုရား​များ​ထံသို့ သွား​၍​အော်ဟစ်​ကြ​လော့​။ သင်​တို့ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ သူ​တို့​သည် သင်​တို့​ကို ကယ်တင်​ပါစေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 15,
      "text": "သို့သော် အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​ပြစ်မှား​မိ​ပါ​ပြီ​။ အလိုရှိ​သည်​အတိုင်း​ပြု​တော်မူ​ပါ​။ သို့သော် ယခုမှာ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​”​ဟု လျှောက်ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 16,
      "text": "ထို့နောက် သူ​တို့​သည် တိုင်းတစ်ပါးသား​ဘုရား​များ​ကို သူ​တို့​ထံမှ ဖယ်ရှား​ပြီး ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ အစ္စရေး​လူမျိုး​တို့ ကြုံတွေ့​ရ​သော အခက်အခဲ​ပြဿနာ​များ​ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို သနား​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 17,
      "text": "ထိုအခါ အမ္မုန်​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​တွင် စုရုံး​စခန်းချ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​တွင် စုရုံး​စခန်းချ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 18,
      "text": "ဂိလဒ်​ပြည်သား​အကြီးအကဲ​တို့​က “​အမ္မုန်​အမျိုးသား​တို့​ကို မည်သူ​ဦးဆောင်​တိုက်ခိုက်​မည်နည်း​။ ထို​သူ​ကို ဂိလဒ်​ပြည်​၏​ခေါင်းဆောင်​ဖြစ်​စေ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 1,
      "text": "ဂိလဒ်​ပြည်သား ယေဖသ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တစ်ဦး​ဖြစ်​၏​။ ယေဖသ​၏​ဖခင်​မှာ ဂိလဒ်​ဖြစ်​ပြီး မိခင်​မှာ ပြည့်တန်ဆာမ​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 2,
      "text": "ဂိလဒ်​၏​မယား​သည် သား​တို့​ကို​မွေးဖွား​၏​။ ထို​မယား​၏​သား​တို့ ကြီးပြင်း​လာ​သောအခါ ယေဖသ​အား “​သင်​သည် အခြား​မိန်းမ​၏​သား​ဖြစ်​သောကြောင့် ငါ​တို့​အဖ​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အမွေ​မ​ခံရ​”​ဟု ဆို​၍​နှင်ထုတ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 3,
      "text": "ထို့ကြောင့် ယေဖသ​သည် ညီအစ်ကို​တို့​ထံ​မှ ထွက်သွား​၍ တောဘ​ပြည်​တွင် နေထိုင်​၏​။ အခြေအနေ​မဲ့​သူ​တို့​သည် သူ့​ထံ​စုရုံး​လာ​၍ သူ​နှင့်​လိုက်​နေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 4,
      "text": "ထိုသို့​ဖြစ်ပျက်​ပြီး​နောက်​တွင် အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 5,
      "text": "ထိုသို့ အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​လူမျိုး​များ​ကို တိုက်ခိုက်​လာ​သောအခါ ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​သည် တောဘ​ပြည်​၌​နေ​သော ယေဖသ​ကို သွား​ခေါ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 6,
      "text": "သူ​တို့​က ယေဖသ​အား “​လာ​ပါ​။ ငါ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​နိုင်​ရန် ငါ​တို့​ကို ဦးဆောင်​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 7,
      "text": "ယေဖသ​က​လည်း ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​အား “​သင်​တို့​သည် ငါ့​ကို​မုန်း​၍ ငါ့​ဖခင်​၏​အိမ်​မှ ငါ့​ကို​နှင်ထုတ်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​။ ယခု သင်​တို့​ဒုက္ခရောက်​မှ အဘယ်ကြောင့် ငါ့​ထံ​လာ​ကြ​သနည်း​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 8,
      "text": "ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​က​လည်း ယေဖသ​အား “​ထို့ကြောင့်ပင် ယခု သင့်​ထံသို့ လာ​ခဲ့​ခြင်း​ဖြစ်​၏​။ ဂိလဒ်​ပြည်သား​တို့​ကို ဦးဆောင်​၍ အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ရန် ငါ​တို့​နှင့်အတူ ပြန်​လိုက်​ခဲ့​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 9,
      "text": "ယေဖသ​က​လည်း ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​အား “​အမ္မုန်​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် သင်​တို့​သည် ငါ့​ကို​ပြန်ခေါ်​၍ ထာဝရဘုရား​သည်​လည်း အမ္မုန်​အမျိုးသား​တို့​ကို ငါ့​လက်​သို့​အပ်​တော်မူ​မည်​ဆို​လျှင် ငါ​သည် သင်​တို့​၏​ခေါင်းဆောင်​ဖြစ်လာ​ရ​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 10,
      "text": "ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​က​လည်း ယေဖသ​အား “​ထာဝရဘုရား ကြားသိ​တော်မူ​ပါ​၏​။ သင်​ပြော​သည့်​အတိုင်း ငါ​တို့​လုပ်​ပါ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 11,
      "text": "ထို့ကြောင့် ယေဖသ​သည် ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​နှင့်အတူ လိုက်သွား​၏​။ သူ​တို့​သည် ယေဖသ​ကို သူ​တို့​၏​ခေါင်းဆောင်​၊ ဦးစီးဦးဆောင်​သူ​အဖြစ် ခန့်ထား​ကြ​၏​။ ယေဖသ​သည် ထို​သူ​တို့​နှင့်​ပြော​ခဲ့​သော​စကား​အလုံးစုံ​ကို မိဇပါ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ လျှောက်တင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 12,
      "text": "ထို့နောက် ယေဖသ​သည် အမ္မုန်​ဘုရင်​ထံ တမန်​ကို စေလွှတ်​၍ “​သင်​နှင့်​ငါ့​အကြား​၌ အဘယ်​အကြောင်း​ရှိ​၍ သင်​သည် ငါ့​ပြည်​ကို လာ​တိုက်​ရ​သနည်း​”​ဟု မေး​လေ​သော်"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 13,
      "text": "အမ္မုန်​ဘုရင်​က “​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​လာ​စဉ်က အာနုန်​ချောင်း​မှ ယဗ္ဗုတ်​ချောင်း​တိုင်အောင်​၊ ဂျော်ဒန်​မြစ်​တစ်လျှောက် သိမ်းယူ​ခဲ့​သော ငါ့​ပြည်​ကို ယခု အေးအေးဆေးဆေး​ပြန်ပေး​ပါ​”​ဟု ယေဖသ​၏​တမန်​တို့​အား ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 14,
      "text": "တစ်ဖန် ယေဖသ​သည် တမန်​တို့​ကို အမ္မုန်​ဘုရင်​ထံသို့ စေလွှတ်​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 15,
      "text": "တမန်​က အမ္မုန်​ဘုရင်​အား “​ယေဖသ​က ‘အစ္စရေး​လူမျိုး​တို့​သည် မောဘ​ပြည်​၊ အမ္မုန်​ပြည်​ကို သိမ်းယူ​ခဲ့​သည်​မ​ဟုတ်​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​လာ​စဉ်က ပင်လယ်နီ​တိုင်အောင် တောကန္တာရ​ကို ဖြတ်လျှောက်​ပြီး ကာဒေရှ​အရပ်​ကို​ရောက်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 17,
      "text": "ထိုအခါ အစ္စရေး​လူမျိုး​တို့​သည် ဧဒုံ​ဘုရင်​ထံ တမန်​များ​ကို​စေလွှတ်​၍ “​အကျွန်ုပ်​တို့​ကို အရှင့်​ပြည်​ထဲမှ​ဖြတ်သွား​ခွင့်​ပြု​ပါ​”​ဟု ခွင့်တောင်း​သော်လည်း ဧဒုံ​ဘုရင်​သည် နား​မ​ထောင်​။ မောဘ​ဘုရင်​ထံ​လည်း တမန်​များ​ကို စေလွှတ်​၏​။ သူ​သည်​လည်း ခွင့်​မ​ပြု​ဘဲ​နေ​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် ကာဒေရှ​အရပ်​၌​သာ နေ​ကြ​ရ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 18,
      "text": "ထိုမှ ဧဒုံ​ပြည်​၊ မောဘ​ပြည်​ကို​ရှောင်ကွင်း​၍ တောကန္တာရ​ကို​ဖြတ်​ကာ မောဘ​ပြည်​အရှေ့ဘက်​သို့​ရောက်​သောအခါ အာနုန်​ချောင်း​တစ်ဖက်​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​၏​နယ်နိမိတ်​ဖြစ်​သောကြောင့် သူ​တို့​သည် မောဘ​နယ်နိမိတ်​ထဲ​ကို မ​ဝင်​ခဲ့​ကြ​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 19,
      "text": "တစ်ဖန် အစ္စရေး​လူမျိုး​တို့​သည် ဟေရှဘုန်​မြို့​တွင် နန်းစံ​သော​အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ထံ တမန်​ကို​စေလွှတ်​၍ အစ္စရေး​လူမျိုး​တို့​က “​အကျွန်ုပ်​တို့​၏​နေရပ်​သို့​သွား​ရန် သင့်​ပြည်​ကို​ဖြတ်​ခွင့်​ပြု​ပါ​”​ဟု လျှောက်ဆို​စေ​သော်လည်း"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 20,
      "text": "ရှိဟုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ယုံ​သဖြင့် နယ်မြေ​ကို ဖြတ်​ခွင့်​မ​ပေး​။ ထို့ပြင် ရှိဟုန်​မင်းကြီး​သည် မိမိ​လူ​တို့​ကို စုရုံး​ပြီး ယာဟတ်​မြို့​၌​တပ်ချ​ကာ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 21,
      "text": "သို့သော် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ရှိဟုန်​မင်းကြီး​မှစ၍ သူ့​လူ​တို့​ကို အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ကို​တိုက်​၍ အာမောရိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းပိုက်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 22,
      "text": "အာနုန်​ချောင်း​မှ ယဗ္ဗုတ်​ချောင်း​တိုင်အောင်​၊ တောကန္တာရ​မှ ဂျော်ဒန်​မြစ်​တိုင်အောင် အာမောရိ​နယ်မြေ​တစ်ခုလုံး​ကို သိမ်းပိုက်​လိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 23,
      "text": "စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အာမောရိ​လူမျိုး​တို့​ကို မိမိ​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ နှင်ထုတ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။ ယခုမှာ သင်​သည် ထို​ပြည်​ကို ပြန်​သိမ်းပိုက်​လို​သလော​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 24,
      "text": "သင်​၏​ဘုရား ခေမုရှ ပေး​သော​ပြည်​ကို သင်​ပိုင်​သည်​မ​ဟုတ်​လော​။ ထိုနည်းတူ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​သော​ပြည်​ကို ငါ​တို့​ပိုင်​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 25,
      "text": "သင်​သည် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​ထက် သာ၍​မြတ်​သလော​။ သူ​သည် အစ္စရေး​လူမျိုး​ကို ရန်တွေ့​ဖူး​သလော​၊ စစ်တိုက်​ဖူး​သလော​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 26,
      "text": "အစ္စရေး​လူမျိုး​တို့ ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာရော်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာနုန်​ချောင်း​ဘေး​တစ်လျှောက်​ရှိ​မြို့ရွာ​ရှိသမျှ​တို့​၌ နှစ်​ပေါင်း​သုံး​ရာ​နေထိုင်​ကြ​စဉ်​အခါက အဘယ်ကြောင့် သင်​တို့ ပြန်​မ​သိမ်းယူ​ခဲ့​သနည်း​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 27,
      "text": "အကျွန်ုပ်​သည် သင့်​ကို အမှားပြု​မိ​သည်​မ​ဟုတ်​။ သင်​က​သာ အကျွန်ုပ်​ကို တိုက်ခိုက်​ပြီး​အမှား​လုပ်​မိ​ပြီ​။ ယနေ့ တရားသူကြီး​ထာဝရဘုရား​ကသာ အစ္စရေး​အမျိုးသား​နှင့် အမ္မုန်​အမျိုးသား​တို့​ကြား တရားစီရင်​ပါစေ​’​ဟူ၍ မှာကြား​လိုက်​သည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 28,
      "text": "သို့သော် အမ္မုန်​ဘုရင်​သည် ယေဖသ​မှာလိုက်​သော​စကား​ကို နား​မ​ထောင်​ပေ​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 29,
      "text": "ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ယေဖသ​အပေါ် သက်ရောက်​တော်မူ​သဖြင့် သူ​သည် ဂိလဒ်​ပြည်​၊ မနာရှေ​ပြည်​တို့​ကို​ဖြတ်​၍ ဂိလဒ်​ပြည်​ရှိ မိဇပါ​မြို့​သို့ ချီတက်​သွား​၏​။ ဂိလဒ်​ပြည် မိဇပါ​မြို့​မှ အမ္မုန်​အမျိုးသား​တို့​ရှိ​ရာ​သို့ ဆက်၍​ချီတက်​သွား​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 30,
      "text": "ယေဖသ​က “​ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်​ဆို​လျှင်"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 31,
      "text": "အမ္မုန်​အမျိုးသား​တို့​ကို အောင်နိုင်​၍ ပြန်လာ​သောအခါ အကျွန်ုပ်​အား အိမ်​တံခါးဝ​မှ​ထွက်​ကြို​သော​သူ​ကို ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ပါ​မည်​”​ဟု ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 32,
      "text": "ထို့နောက် ယေဖသ​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​လေ​၏​။ ထာဝရဘုရား​က​လည်း သူ​တို့​ကို ယေဖသ​လက်​သို့ အပ်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 33,
      "text": "ယေဖသ​သည် အာရော်​မြို့​မှ မိန္နိတ်​မြို့​၊ အာဗေလခေရမိမ်​မြို့​တို့​အထိ မြို့​ပေါင်း​နှစ်ဆယ်​ကို အကြီးအကျယ်​လုပ်ကြံ​တိုက်ခိုက်​၏​။ ထိုသို့ အမ္မုန်​အမျိုးသား​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရှုံးနိမ့်​ရ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 34,
      "text": "ယေဖသ​သည် မိဇပါ​မြို့​ရှိ မိမိ​အိမ်​သို့​ပြန်လာ​သောအခါ သူ​၏​သမီး​သည် သူ့​ကို​ကြိုဆို​ရန် ပတ်သာ​တီး​လျက်​၊ ကခုန်​လျက် ထွက်လာ​လေ​၏​။ သူ​သည် တစ်ဦးတည်း​သော​သမီး​ဖြစ်​၏​။ ထို​သမီး​မှလွဲ၍ သူ​၌ အခြား​သော​သား​သမီး မ​ရှိ​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 35,
      "text": "ယေဖသ​သည် သမီး​ကို​မြင်​သောအခါ မိမိ​အဝတ်​ကို​ဆုတ်​ပြီး “​အို ငါ့​သမီး​၊ ငါ့​ကို အလွန်​စိတ်ဆင်းရဲ​စေ​ပြီ​တကား​။ အလွန်​ဒုက္ခရောက်​စေ​ပြီ​တကား​။ ငါ​သည် ထာဝရဘုရား​ကို ကတိသစ္စာ​ပြု​ပြီးမှ ချိုးဖောက်​၍​မ​ရ​တော့​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 36,
      "text": "သမီး​ဖြစ်​သူ​က ဖခင်​အား “​အဖေ​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ပြီ​ဖြစ်၍ ကတိထား​သည့်​အတိုင်း ပြု​ပါ​လော့​။ အဖေ​၏​ရန်သူ​အမ္မုန်​အမျိုးသား​တို့​အား လက်တုံ့ပြန်​ရ​သော​အခွင့်​ကို ထာဝရဘုရား ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 37,
      "text": "သို့သော် အဖေ့​ကို တစ်​ခု​တောင်းဆို​ပါရစေ​။ အကျွန်ုပ်​ကို နှစ်​လ​ခွင့်​ပြု​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​အဖော်​များ​နှင့်အတူ တောင်​ပေါ်တွင် သွား​၍ အပျိုစင်ဘဝ​အဖြစ်​ကို ငိုကြွေး​ပါရစေ​”​ဟု တောင်းဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 38,
      "text": "ဖခင်​က “​သွား​လော့​”​ဟု ဆို​၍ သူ့​အား နှစ်​လ​သွား​ခွင့်​ပြု​လိုက်​၏​။ သူ​သည် မိန်းကလေးအဖော်​များ​နှင့်အတူ တောင်​ပေါ်သို့ သွား​ကာ အပျိုစင်ဘဝ​နှင့်​အသက်စွန့်​ရ​မည့်​အဖြစ်​ကို ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 39,
      "text": "နှစ်​လ​ပြည့်​သောအခါ သူ​သည် ဖခင်​ထံ​ပြန်လာ​၏​။ ဖခင်​သည်​လည်း မိမိ​ကတိသစ္စာ​ပြု​သည့်​အတိုင်း သမီး​၌ ပြု​လေ​၏​။ သူ​သည် ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော​အပျိုစင်​ဖြစ်​၏​။ ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​တွင် ဓလေ့​တစ်​ခု​ဖြစ်လာ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 40,
      "text": "ထို​နေ့​မှစ၍ အစ္စရေး​သမီးပျို​တို့​သည် ဂိလဒ်​အမျိုးသား​၊ ယေဖသ​၏​သမီး​အတွက် တစ်​နှစ်​လျှင်​လေး​ရက် နှစ်စဉ်​သတိရ​အောက်မေ့​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 1,
      "text": "ဧဖရိမ်​အမျိုးသား​တို့​သည် ဇာဖုန်​မြို့​သို့ စုရုံး​ချီတက်​လာ​ပြီး ယေဖသ​အား “​သင်​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​သောအခါ ငါ​တို့​ကို အဘယ်ကြောင့်​မ​ခေါ်​သနည်း​။ ယခု သင်​နှင့်​သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​”​ဟု ပြော​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 2,
      "text": "ယေဖသ​က​လည်း သူ​တို့​အား “​ငါ​နှင့်​ငါ့​လူ​တို့ အမ္မုန်​အမျိုးသား​တို့​နှင့် ပြင်းထန်​စွာ​ခိုက်ရန်ဖြစ်ပွား​ခဲ့​စဉ်က သင်​တို့​ကို ငါ​ခေါ်​သော်လည်း သင်​တို့​သည် ငါ့​ကို သူ​တို့​လက်​မှ မ​ကယ်​ကြ​ပေ​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 3,
      "text": "သင်​တို့​မ​ကယ်​ကြောင်း သိ​သောအခါ ငါ​သည်​အသက်​ကို​စွန့်​၍ အမ္မုန်​အမျိုးသား​တို့​ထံ ကူးသွား​၏​။ ထာဝရဘုရား​က​လည်း ထို​သူ​တို့​ကို ငါ့​လက်​သို့​အပ်​တော်မူ​၏​။ ယနေ့ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို လာ​တိုက်​ကြ​သနည်း​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 4,
      "text": "ထို့နောက် ယေဖသ​သည် ဂိလဒ်​ပြည်သား​အပေါင်း​တို့​ကို စုရုံး​၍ ဧဖရိမ်​အမျိုးသား​တို့​ကို တိုက်ခိုက်​လေ​၏​။ “​ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​ပြည်​၊ မနာရှေ​ပြည်​တို့​မှ ထွက်ပြေး​လာ​သော​ဝရမ်းပြေး​များ​သာ​ဖြစ်​သည်​”​ဟု ဆို​သောကြောင့် ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​အမျိုးသား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 5,
      "text": "ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​တို့​ပိုင်​သော​ဂျော်ဒန်​မြစ်ရေတိမ်ပိုင်း​တို့​ကို သိမ်းပိုက်​ပြီး​ဖြစ်၍ ထို​နေရာ​သို့ ဧဖရိမ်​အမျိုးသား​တစ်ယောက်ယောက်​က ထွက်ပြေး​လာ​ပြီး “​အကျွန်ုပ် ဖြတ်ကူး​ပါရစေ​”​ဟု ဆို​လျှင် ဂိလဒ်​ပြည်သား​တို့​က “​သင်​သည် ဧဖရိမ်​အမျိုးသား​လော​”​ဟု မေး​၍ သူ​က “​မ​ဟုတ်​ပါ​”​ဟု ဖြေ​လျှင်"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 6,
      "text": "သူ​တို့​က “​ရှိဗောလက်​”​ဟု ဆို​ခိုင်း​သည်​ကို ထို​သူ​က အသံထွက်​မ​မှန်​ဘဲ “​သိဗောလက်​”​ဟု အသံထွက်​မိ​လျှင် သူ့​ကို​ဖမ်း​၍ ဂျော်ဒန်​မြစ်ရေတိမ်ပိုင်း​၌ပင် သတ်​ပစ်​၏​။ ထိုစဉ်က ဧဖရိမ်​အမျိုးသား​တို့ လေးသောင်း​နှစ်ထောင် ကျဆုံး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 7,
      "text": "ယေဖသ​သည် အစ္စရေး​လူမျိုး​တို့​ကို ခြောက်​နှစ်​စီရင်အုပ်ချုပ်​၏​။ ထို့နောက် ဂိလဒ်​ပြည်သား​ယေဖသ​သည် သေဆုံး​သဖြင့် ဂိလဒ်​ပြည်​ရှိ​သူ့​နေရင်းမြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 8,
      "text": "ယေဖသ​သေဆုံး​ပြီး​နောက်တွင် ဗက်လင်​မြို့သား ဣဗဇန်​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 9,
      "text": "ထို​သူ​၌ သား​အယောက်​သုံးဆယ်​၊ သမီး​အယောက်​သုံးဆယ်​ရှိ​၏​။ သူ​သည် သမီး​အယောက်​သုံးဆယ်​ကို အခြား​မျိုးနွယ်စု​တို့​နှင့်​ပေးစား​ပြီး သား​အယောက်​သုံးဆယ်​အတွက် အခြား​မျိုးနွယ်စု​မှ အမျိုးသမီး​အယောက်​သုံးဆယ်​ကို ခေါ်ဆောင်​လာ​ပေး​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ခုနစ်​နှစ်​စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 10,
      "text": "ထို့နောက် ဣဗဇန်​သေဆုံး​၍ သူ့​ကို ဗက်လင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 11,
      "text": "ဣဗဇန်​သေဆုံး​ပြီးနောက် ဇာဗုလုန်​အမျိုး ဧလုန်​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ဆယ်​နှစ်​စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 12,
      "text": "ထို့နောက် ဇာဗုလုန်​အမျိုး​ဧလုန် သေဆုံး​၍ သူ့​ကို ဇာဗုလုန်​နယ်မြေ​ရှိ အာယလုန်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 13,
      "text": "ဧလုန်​သေဆုံး​ပြီး​နောက်တွင် ပိရသုန်​မြို့သား​၊ ဟိလေလ​၏​သား အာဗဒုန်​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 14,
      "text": "ထို​သူ​၌ မြည်း​အကောင်​ခုနစ်ဆယ်​ကို ကိုယ်စီ​စီး​ခွင့်​ရှိ​သော သား​အယောက်​လေးဆယ်​၊ မြေး​အယောက်​သုံးဆယ် ရှိ​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ရှစ်​နှစ်​စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 15,
      "text": "ထို့နောက် ပိရသုန်​မြို့သား​၊ ဟိလေလ​၏​သား အာဗဒုန်​သည် သေဆုံး​၍ သူ့​ကို ဧဖရိမ်​နယ်မြေ​၊ အာမလက်​တောင်ပေါ်ဒေသ​ရှိ ပိရသုန်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 1,
      "text": "တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အနှစ်​လေးဆယ်​အပ်​လိုက်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 2,
      "text": "ထိုစဉ်က ဒန်​မျိုးနွယ်စု​မှ မာနော်​အမည်​ရှိ​သော ဇောရာ​မြို့သား​တစ်ဦး​ရှိ​၏​။ သူ​၏​မယား​သည် မြုံ​သောကြောင့် သားသမီး မ​ရှိ​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 3,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က ထို​အမျိုးသမီး​အား ကိုယ်ထင်ရှားပြ​လျက် “​သင်​သည် မြုံ​သောကြောင့် သားသမီး မ​ရ​ခဲ့​သော်လည်း ယခု ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​မည်​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 4,
      "text": "ထို့ကြောင့် သတိပြု​လော့​။ စပျစ်ဝိုင်​ဖြစ်စေ​၊ သေရည်သေရက်​ဖြစ်စေ မ​သောက်​နှင့်​။ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ မ​စား​နှင့်​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 5,
      "text": "အကြောင်းမူကား သင်​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​မည်​။ သူ့​ဆံပင်​ကို သင်တုန်းဓား​နှင့် မ​ရိတ်​ရ​။ သူငယ်​သည် အမိ​ဝမ်း​ထဲမှ​စ၍ ဘုရားသခင်​အဖို့ နာဇရိလူ​ဖြစ်​မည်​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ဦးဆောင်​ကယ်တင်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 6,
      "text": "ထို​အမျိုးသမီး​က​လည်း မိမိ​ခင်ပွန်း​ထံ​သွား​၍ “​ဘုရားသခင်​၏​လူ​တစ်ဦး အကျွန်ုပ်​ထံ ရောက်လာ​၏​။ သူ​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​အဆင်း​ကဲ့သို့ အဆင်းသဏ္ဌာန်​ရှိ​၍ ကြောက်ရွံ့ရိုသေ ဖွယ် ​ကောင်း​လှ​၏​။ သူ​အဘယ်က​လာ​သည်​ကို မ​မေး​မိ​။ သူ့​အမည်​ကို​လည်း သူ​မ​ပြော​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 7,
      "text": "သူ​က အကျွန်ုပ်​အား ‘​ကြည့်ရှု​လော့​။ သင်​သည် ကိုယ်ဝန်ဆောင်​၍​သားယောက်ျား​ကို မွေးဖွား​မည်​။ ထို့ကြောင့် စပျစ်ဝိုင်​ဖြစ်စေ​၊ သေရည်သေရက်​ဖြစ်စေ မ​သောက်​နှင့်​၊ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ မ​စား​နှင့်​။ သူ​သည် အမိ​ဝမ်း​ထဲမှ​စ၍ သေဆုံး​သည့်​နေ့​တိုင် ဘုရားသခင်​အဖို့ နာဇရိလူ​ဖြစ်​မည်​’​ဟူ၍ မိန့်ဆို​သည်​”​ဟု ပြောပြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 8,
      "text": "ထိုအခါ မာနော်​က “​အို ဘုရားရှင်​၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော​ဘုရားသခင်​၏​လူ​ကို အကျွန်ုပ်​တို့​ထံ တစ်ဖန် ကြွလာ​စေ​တော်မူ​ပါ​။ မွေးဖွား​လာ​မည့်​သူငယ်​ကို အကျွန်ုပ်​တို့ မည်သို့​ပြုစု​ရ​မည်​ကို အကျွန်ုပ်​တို့​အား သင်ပြ​ပေး​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 9,
      "text": "ဘုရားသခင်​သည် မာနော်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​၏​။ မာနော်​၏​မိန်းမ​က ကွင်းပြင်​၌​ထိုင်​နေစဉ် ဘုရားသခင်​၏​ကောင်းကင်တမန်​သည် သူ့​ထံ နောက်တစ်ဖန်​ရောက်လာ​၏​။ ထို​အချိန်​တွင် သူ့​ခင်ပွန်း​မာနော်​သည် သူ​နှင့်အတူ မ​ရှိ​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 10,
      "text": "ထို​မိန်းမ​သည် ခင်ပွန်းသည်​ထံ အလျင်အမြန်​ပြေးသွား​၍ “​ယခင်​နေ့​က အကျွန်ုပ်​ထံ​ရောက်လာ​သော​သူ​သည် ယခု အကျွန်ုပ်​အား ကိုယ်ထင်ရှားပြ​ပြန်​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 11,
      "text": "မာနော်​သည်​လည်း ထ​၍ မိမိ​မယား​နောက်သို့ လိုက်သွား​၏​။ ထို​သူ့​ထံ​ရောက်​သောအခါ “​သင်​သည် အကျွန်ုပ်​မယား​နှင့် စကားပြော​ခဲ့​သော​သူ​လော​”​ဟု မေး​ရာ ထို​သူ​က “​ဟုတ်​ပါ​၏​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 12,
      "text": "မာနော်​က​လည်း “​သင်​ပြော​သည့်​အတိုင်း ဖြစ်လာ​သောအခါ သူငယ်​သည် မည်သို့​ပြုမူနေထိုင်​ရ​မည်နည်း​၊ မည်သည့်​အလုပ်​ကို လုပ်​ရ​မည်နည်း​”​ဟု မေးလျှောက်​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 13,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း မာနော်​အား “​ငါ​မှာထား​သော​စကား​အားလုံး​ကို သင်​၏​မယား လိုက်နာ​ရ​မည်​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 14,
      "text": "သူ​သည် စပျစ်ပင်​မှ​ထွက်​သော​အရာ​ဟူသမျှ​ကို မ​စား​ရ​။ စပျစ်ဝိုင်​ဖြစ်စေ​၊ သေရည်သေရက်​ဖြစ်စေ မ​သောက်​ရ​။ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ မ​စား​ရ​။ ငါ​မှာထား​သမျှ​အတိုင်း လိုက်နာ​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 15,
      "text": "မာနော်​က​လည်း ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​မသွား​ပါ​နှင့်​ဦး​။ သင့်​အတွက် ဆိတ်သငယ်​တစ်​ကောင်​ကို ချက်ပြုတ်​ပြင်ဆင်​ပါ​မည်​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 16,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က​လည်း မာနော်​အား “​သင် ငါ့​ကို​တား​ထား​သော်လည်း သင်​ကျွေး​သော​အစာ​ကို ငါ​စား​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​ကို ပူဇော်​လို​လျှင်​မူကား ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​”​ဟု ဆို​၏​။ ထို​သူ​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း​ကို မာနော် မ​သိ​ချေ​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 17,
      "text": "ထို့ကြောင့် မာနော်​က ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​သင်​ပြော​သည့်​အတိုင်း ဖြစ်လာ​သောအခါ သင့်​ကို ချီးမွမ်းထောမနာ​ပြု​ရ​မည့်​အကြောင်း သင်​၏​အမည်​ကို သိ​ပါရစေ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 18,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​က သူ့​အား “​အဘယ်ကြောင့် ငါ့​အမည်​ကို မေး​သနည်း​။ ငါ့​အမည်​သည် အလွန်​အံ့ဩဖွယ်​ကောင်း​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 19,
      "text": "မာနော်​က​လည်း ဆိတ်သငယ်​တစ်​ကောင်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ကျောက်​ပေါ်​တင်​၍ ထာဝရဘုရား​ထံ ပူဇော်​လေ​၏​။ မာနော်​နှင့် သူ့​မယား​တို့ ကြည့်​နေ​စဉ်မှာပင် အံ့ဩဖွယ်​အမှု​တစ်​ခု​ဖြစ်ပေါ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 20,
      "text": "ယဇ်ပလ္လင်​မှ​မီးလျှံ​သည် ကောင်းကင်​သို့​တက်​နေ​၍ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည်​လည်း ယဇ်ပလ္လင်​မှ​မီးလျှံ​နှင့်အတူ တက်သွား​၏​။ ထိုသို့​မြင်​ရ​လျှင် မာနော်​နှင့် သူ့​မယား​သည် မြေ​ပေါ်သို့ ချက်ချင်း​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 21,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် မာနော်​နှင့် သူ့​မယား​အား နောက်တစ်ဖန် ကိုယ်ထင်ရှား​မ​ပြ​တော့​ချေ​။ မာနော်​သည်​လည်း ထို​သူ​မှာ ထာဝရဘုရား​၏​ကောင်းကင်တမန်​ဖြစ်ကြောင်း သိ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 22,
      "text": "မာနော်​က မိမိ​မယား​အား “​ငါ​တို့​သည် ဘုရားသခင်​ကို တွေ့မြင်​ရ​ပြီ​ဖြစ်၍ အမှန်ပင်​သေ​ရ​တော့​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 23,
      "text": "သူ့​မယား​က​လည်း “​ထာဝရဘုရား​သည် ငါ​တို့​ကို သေ​စေ​လို​လျှင် ငါ​တို့​ပူဇော်​သော မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ငါ​တို့​အား ဤ​အဖြစ်အပျက်​များ​ကို ပြ​တော်မူ​မည်​မ​ဟုတ်​၊ ယခု​ကဲ့သို့ ငါ​တို့​ကို စကားပြော​တော်မူ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 24,
      "text": "ထို့နောက်မှ မာနော်​၏​မယား​သည် သားယောက်ျား​ကို မွေးဖွား​၍ သူ့​ကို ရှံဆုန်​ဟု​အမည်​မှည့်ခေါ်​၏​။ သူငယ်​သည် ကြီးပြင်း​လာ​၏​။ ထာဝရဘုရား​သည်​လည်း သူ့​ကို ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 25,
      "text": "သူ​သည် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ မဟာနေဒန်​အရပ်​၌​ရှိ​နေစဉ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​ကို စတင်​နှိုးဆော်​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 1,
      "text": "ရှံဆုန်​သည် တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 2,
      "text": "သူ​သည် မိဘ​ထံ ပြန်လာ​၍ “​အကျွန်ုပ်​သည် တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​ပါ​ပြီ​။ သူ့​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 3,
      "text": "သူ့​မိဘ​က​လည်း သူ့​အား “​အရေဖျားမလှီး​သော​ဖိလိတ္တိ​လူမျိုး​တို့​ထဲမှ မိန်းမ​ကို သွား​၍​ယူ​ရ​လေ​အောင် သင့်​ဆွေမျိုးသားချင်း​၊ ငါ​တို့​လူမျိုး​များ​တွင် မိန်းမ​တစ်ယောက်​မျှ မ​ရှိ​သလော​”​ဟု ဆို​သော် ရှံဆုန်​က ဖခင်​အား “​ထို​အမျိုးသမီး​ကို​သာ သဘောကျ​သည်​ဖြစ်၍ တောင်း​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 4,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​ကို ရန်ရှာ​တိုက်ခိုက်ခွင့်​ရ​အောင် ထာဝရဘုရား​ပြု​တော်မူ​သည်​ကို သူ့​မိဘ​မ​သိ​။ ထိုစဉ်က ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​နေ​ချိန်​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 5,
      "text": "ရှံဆုန်​သည် မိဘ​တို့​နှင့်တကွ တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​စပျစ်ခြံ​များ​အနီး​သို့ ရောက်​သောအခါ ကြည့်ရှု​လော့​။ ခြင်္သေ့ပျို​တစ်​ကောင်​သည် သူ့​အား ဟိန်းဟောက်​ရန်ပြု​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှံဆုန်​အပေါ်​ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ့​လက်​ထဲ၌​ဘာမျှ​မ​ပါ​သော်လည်း ဆိတ်သငယ်​တစ်​ကောင်​ကို​ဆွဲဖျက်​သကဲ့သို့ ထို​ခြင်္သေ့​ကို​ဆွဲဖျက်​လေ​၏​။ ထိုသို့​ပြု​ခဲ့​သည်​ကို မိဘ​တို့​အား​မ​ပြောပြ​ဘဲ​နေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 7,
      "text": "ထို့နောက် ရှံဆုန်​သည် တိမနတ်​မြို့​သို့ ဆက်သွား​၍ မိန်းမပျို​နှင့် စကားပြော​ကြည့်​ရာ သူ့​ကို သဘောကျ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 8,
      "text": "ရှံဆုန်​သည် အိမ်ပြန်​သွား​ပြီး​နောက်ပိုင်း ထို​ဖိလိတ္တိ​မိန်းမပျို​နှင့် လက်ထပ်​ရန် ထို​မြို့​သို့ တစ်ဖန်​ပြန်သွား​စဉ် ခြင်္သေ့​အသေကောင်​ကို ပြန်သွား​ကြည့်​ရာ ခြင်္သေ့​ကိုယ်​ထဲတွင် ပျားအုံစွဲ​၍ ပျားရည်​ရှိ​နေ​သည်​ကို တွေ့​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 9,
      "text": "သူ​သည် ပျားရည်​ကို လက်​နှင့်​နှိုက်​စား​ပြီး ဆက်လာ​ရာ မိဘ​ရှိ​ရာ​နေရာ​ပြန်ရောက်​လာ​သောအခါ မိဘ​ကို​လည်း​ကျွေး​၏​။ သို့သော် ပျားရည်​ကို ခြင်္သေ့​အသေကောင်​ထဲမှ နှိုက်လာ​ကြောင်း​ကို မိဘ​တို့​အား မ​ပြောပြ​ချေ​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 10,
      "text": "ရှံဆုန်​၏​ဖခင်​သည် ဖိလိတ္တိ​မိန်းမပျို​နှင့် သွားရောက်​တွေ့ဆုံ​၏​။ ရှံဆုန်​မူကား လူပျို​တို့​ဓလေ့ထုံးစံ​အတိုင်း စားသောက်ပွဲ​လုပ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 11,
      "text": "ထို​အရပ်သား​တို့​က ရှံဆုန်​နှင့်​တွေ့ဆုံ​ပြီး သူ​နှင့်အတူ ပွဲခံ​ဖို့​ရန် အဖော်​အယောက်​သုံးဆယ်​ကို ခေါ်လာ​ပေး​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 12,
      "text": "ရှံဆုန်​က ထို​သူ​တို့​အား “​ယခု သင်​တို့​ကို စကားထာဝှက်​မည်​။ ပွဲခံရာ​ခုနစ်​ရက်​အတွင်း အဖြေ​ကို ရှာတွေ့​ပြီး ပြောပြ​နိုင်​လျှင် ပိတ်ချော​ဝတ်ရုံ​အထည်​သုံးဆယ်​နှင့် ဝတ်စုံ​အစုံ​သုံးဆယ်​ကို သင်​တို့​အား​ငါ​ပေး​မည်​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 13,
      "text": "သင်​တို့ အဖြေ​မ​ပြောပြ​နိုင်​လျှင် ပိတ်ချောထည်​ဝတ်ရုံ​အထည်​သုံးဆယ်​နှင့် ဝတ်စုံ​အစုံ​သုံးဆယ်​ကို ငါ့​အား​ပေး​ရ​မည်​”​ဟု ဆို​လေ​၏​။ ထို​သူ​တို့​က​လည်း “​သင့်​စကားထာ​ကို ပြော​ပါ​။ ငါ​တို့​နားထောင်​မည်​”​ဟု သူ့​အား​ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 14,
      "text": "ထိုအခါ ရှံဆုန်​က “​စား​တတ်​သူ​ထဲက စားစရာ​၊ အားကြီး​သူ​ထဲက ချိုမြိန်​ခြင်း ထွက်​၏​”​ဟု စကားထာဝှက်​လေ​၏​။ သူ​တို့​သည် သုံး​ရက်​ကြာ​သည်​အထိ စကားထာ​၏​အဖြေ​ကို မ​ပြောပြ​နိုင်​ကြ​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 15,
      "text": "ခုနစ်​ရက်​မြောက် ​သော​နေ့​၌ ထို​သူ​တို့​က ရှံဆုန်​၏​မယား​အား “​စကားထာ​၏​အဖြေ​ကို သင့်​ယောက်ျား​အား ချော့မော့​မေးမြန်း​လော့​။ သို့မဟုတ်လျှင် ငါ​တို့​သည် သင်​နှင့်အတူ သင့်​ဖခင်​၏​အိမ်သူအိမ်သား​တို့​ကို မီး​ရှို့​ပစ်​မည်​။ သင်​တို့​သည် ငါ​တို့​ပစ္စည်း​ကို​အပိုင်ယူ​လို​သောကြောင့် ဤ​ပွဲ​သို့ ငါ​တို့​ကို ဖိတ်ခေါ်​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 16,
      "text": "ရှံဆုန်​၏​မယား​သည် သူ့​ရှေ့​၌​ငိုပြ​ပြီး “​သင်​သည် အကျွန်ုပ်​၏​အမျိုးသားချင်း​တို့​ကို​စကားထာဝှက်​ပြီး အကျွန်ုပ်​ကို​မူ အဖြေ​မ​ပြောပြ​။ စင်စစ် သင်​သည် အကျွန်ုပ်​ကို​မ​ချစ်​၊ အကျွန်ုပ်​ကို​မုန်း​၏​”​ဟု ဆို​၏​။ ရှံဆုန်​က​လည်း “​ငါ့​မိဘ​တို့​ကို​ပင် မ​ပြောပြ​။ သင့်​ကို​ပြောပြ​ရ​မည်လော​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 17,
      "text": "သူ​၏​မယား​သည် ပွဲ​ကျင်းပ​သည့်​ခုနစ်​ရက်​နေ့ နောက်ဆုံး​အချိန်​အထိ ခင်ပွန်း​ရှေ့​၌​ငိုပြ​၍ ပူဆာ​သောကြောင့် ထို​ခုနစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​ပြောပြ​လိုက်​လေ​၏​။ သူ​သည်​လည်း မိမိ​၏​အမျိုးသားချင်း​တို့​အား စကားထာ​အဖြေ​ကို ပြောပြ​လိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 18,
      "text": "ထို​မြို့သား​တို့​သည်​လည်း ခုနစ်​ရက်​မြောက်​နေ့​၊ နေ​မ​ဝင်​မီ ရှံဆုန်​အား “​ပျားရည်​ထက် မည်သည့်​အရာ​က ချို​သနည်း​။ ခြင်္သေ့​ထက် မည်သည့်​အရာ​က ခွန်အားကြီး​သနည်း​”​ဟု ဆို​ကြ​၏​။ ရှံဆုန်​က​လည်း သူ​တို့​အား “​ငါ​၏​နွားမတမ်း​နှင့်​မ​ထွန်​လျှင် ငါ့​စကားထာ​၏​အဖြေ​ကို သင်​တို့​ပြောပြ​နိုင်​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 19,
      "text": "ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှံဆုန်​အပေါ် ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ​သည် အာရှကေလုန်​မြို့​သို့​ဆင်းသွား​၍ မြို့သား​အယောက်​သုံးဆယ်​ကို​ရိုက်သတ်​ကာ သူ​တို့​၏​အဝတ်အစား​များ​ကို​ချွတ်ယူ​ပြီး စကားထာအဖြေ​ကို ပြောပြ​နိုင်​သော​သူ​တို့​အား ပေး​လေ​၏​။ ထို့နောက် သူ​သည် အမျက်ထွက်​လျက် ဖခင်​အိမ်​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 20,
      "text": "ထို့ကြောင့် ရှံဆုန်​၏​မယား​ကို သူ​၏​အဖော်​နှင့်​ပေးစား​လိုက်​ရ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 1,
      "text": "ထို့နောက် ဂျုံစပါး​ရိတ်သိမ်း​ရာ​ကာလ​၌ ရှံဆုန်​သည် ဆိတ်သငယ်​တစ်​ကောင်​ကို ယူ​၍ မယား​နှင့်​တွေ့​ဖို့​သွား​ပြီး သူ​က “​အကျွန်ုပ်​မိန်းမ​၏​အခန်း​ထဲသို့ အကျွန်ုပ်​ဝင်​မည်​”​ဟု ခွင့်တောင်း​သောအခါ မိန်းကလေး​၏​ဖခင်​က ဝင်ခွင့်​မ​ပြု​ဘဲ"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 2,
      "text": "မိန်းကလေး​၏​ဖခင်​က “​သင်​သည် ငါ့​သမီး​ကို မုန်း​သွား​ပြီ​ဟု ငါ​ထင်​သောကြောင့် သူ့​ကို သင့်​အဖော်​နှင့်​ပေးစား​လိုက်​ပြီ​။ သူ့​ညီမ​သည် သူ့​ထက်​ပို၍​လှ​သည်​မ​ဟုတ်​လော​။ သူ့​အစား သူ့​ညီမ​ကို ယူ​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 3,
      "text": "ရှံဆုန်​က “​ယခု​တစ်ကြိမ် ဖိလိတ္တိ​လူမျိုး​တို့​ကို ငါ​ဒုက္ခ​ပေး​မည်​ဆို​လျှင်​လည်း ငါ့​အပြစ်​မ​ဟုတ်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 4,
      "text": "ထို့ကြောင့် ရှံဆုန်​သည် မြေခွေး​အကောင်​သုံး​ရာ​ကို သွား​ဖမ်း​ပြီးလျှင် နှစ်ကောင်စီ​ကို အမြီးအမြီးချင်း ပူးချည်​လျက် အမြီး​နှစ်​ခု​ကြား​တွင် မီးတုတ်​ကို ချည်​ထား​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 5,
      "text": "ထို့နောက် မီးတုတ်​ကို မီး​ညှိ​ပြီး ဖိလိတ္တိ​လူမျိုး​တို့​၏​ကောက်ပဲသီးနှံခင်း​ထဲသို့​လွှတ်​လိုက်​ရာ ကောက်လှိုင်း​များ​နှင့် ကောက်ပဲသီးနှံ​များ​သာမက စပျစ်ပင်​၊ သံလွင်ပင်​များ​ပါ​မ​ကျန် မီးလောင်ကျွမ်း​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 6,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​က “​ဤ​အမှု​ကို မည်သူ​ပြု​သနည်း​”​ဟု မေးမြန်း​ကြ​သောအခါ “​တိမနတ်​မြို့သား​၏​သမက် ရှံဆုန်​သည် သူ့​ယောက္ခမ​က သူ့​မယား​ကို သူ့​အဖော်​နှင့်​ပေးစား​လိုက်​သောကြောင့် ဤ​အမှု​ကို သူ​ပြု​လေ​ပြီ​”​ဟု ဆို​ကြ​လျှင် ဖိလိတ္တိ​လူမျိုး​တို့​သည် ထို​အမျိုးသမီး​နှင့် သူ့​ဖခင်​ကို မီး​ရှို့​ပစ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 7,
      "text": "ရှံဆုန်​က​လည်း “​သင်​တို့​ပြု​သော​အမှု​ကြောင့် ငါ​သည်​လည်း သင်​တို့​ကို လက်တုံ့ပြန်​ရ​မှ ကျေနပ်​မည်​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 8,
      "text": "သူ​တို့​ကို အကြီးအကျယ်​တိုက်ခိုက်​သတ်ဖြတ်​ပစ်​၏​။ ထို့နောက် ဧတံ​ကျောက်​ဂူ​ထဲ၌ ဝင်​နေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 9,
      "text": "ထိုအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် ချီလာ​၍ ယုဒ​ပြည်​၌ စခန်းချ​ကာ လေဟိ​အရပ်​အထိ တပ်ဖြန့်​ထား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 10,
      "text": "ယုဒ​အမျိုးသား​တို့​က “​သင်​တို့ အဘယ်ကြောင့် ငါ​တို့​ထံ ချီလာ​ကြ​သနည်း​”​ဟု မေး​သော် သူ​တို့​က “​ရှံဆုန်​ကို ဖမ်းဆီး​ရန်​လာ​ခြင်း​ဖြစ်​၏​။ သူ​သည် ငါ​တို့​ကို ပြု​ခဲ့​သည့်​အတိုင်း ငါ​တို့ ပြန်ပြု​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 11,
      "text": "ထိုအခါ ယုဒ​အမျိုးသား​သုံး​ထောင်​တို့​သည် ဧတံ​ကျောက်​ဂူ​သို့ သွား​၍​ရှံဆုန်​အား “​ဖိလိတ္တိ​လူမျိုး​တို့​က ငါ​တို့​အား အုပ်စိုး​နေ​သည်​ကို သင် မ​သိ​သလော​။ ယခု ငါ​တို့​၌ သင်​မည်သို့​ပြု​ဘိ​သနည်း​”​ဟု ဆို​လျှင် ရှံဆုန်​က “​ငါ့​ကို သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း ငါ​ပြန်​ပြု​ခြင်း​သာ ဖြစ်​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 12,
      "text": "သူ​တို့​က​လည်း “​ယခု သင့်​ကို ဖမ်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​ရန် လာ​ခဲ့​ခြင်း​ဖြစ်​၏​”​ဟု ဆို​သော် ရှံဆုန်​က “​သင်​တို့​ကိုယ်တိုင် ငါ့​ကို​မ​သတ်​ပါ​ဟု ကျိန်ဆို​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 13,
      "text": "သူ​တို့​က​လည်း “​သင့်​ကို ငါ​တို့ လုံးဝ​မ​သတ်​။ ဖမ်းရုံ​သာ ဖမ်း​ပြီး သူ​တို့​လက်​သို့ အပ်​မည်​”​ဟု ဆို​၍ ရှံဆုန်​ကို ကြိုး​သစ်​နှစ်​ချောင်း​ဖြင့် ချည်နှောင်​ပြီးလျှင် ထို​ကျောက်ဂူ​မှ ခေါ်ဆောင်​လာ​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 14,
      "text": "ရှံဆုန်​သည် လေဟိ​အရပ်​သို့​ရောက်လာ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် သူ့​ကို​တိုက်ခိုက်​ရန် ကြွေးကြော်​ကြ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​ရုတ်ခြည်း​သက်ရောက်​တော်မူ​သဖြင့် သူ့​လက်​၌​ချည်နှောင်​ထား​သော​ကြိုး​တို့​သည် မီး​ကျွမ်း​သွား​သော​ချည်ကြိုး​ကဲ့သို့​ဖြစ်​ပြီး ထို​လက်​၌ ချည်​ထား​သော​ကြိုး​တို့ ပြေ​သွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 15,
      "text": "ထိုအခါ သူ​သည် မြည်း​မေးရိုး​လတ်လတ်​တစ်​ချောင်း​ကို​တွေ့​သဖြင့် ကောက်​ယူ​ကာ လူ​အယောက်​တစ်ထောင်​ကို သတ်​ပြီးလျှင်"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 16,
      "text": "ရှံဆုန်​က “​မြည်း​မေးရိုး​ဖြင့် အပုံအပုံ​၊ မြည်း​မေးရိုး​ဖြင့် လူ​တစ်ထောင်​ကို ငါ​သတ်​လေ​ပြီ​”​ဟု ကြွေးကြော်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 17,
      "text": "ထိုသို့ ကြွေးကြော်​ပြီးနောက် မြည်း​မေးရိုး​ကို လွှင့်ပစ်​ပြီး ထို​အရပ်​ကို ရာမတ်လေဟိ ဟု​ခေါ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 18,
      "text": "ရှံဆုန်​သည် အလွန်​ရေငတ်​သဖြင့် ထာဝရဘုရား​ထံ “​ကိုယ်တော့်​အစေအပါး​၏​လက်​ဖြင့် ဤမျှ​ကြီးမား​သော​အောင်မြင်မှု​ကို ပေး​တော်မူ​ပြီးမှ ယခု ရေငတ်​၍ သေ​ရ​မည်လော​။ အရေဖျားမလှီး​သော​သူ​တို့​၏​လက်ချက်​ဖြင့် သေ​ရ​မည်လော​”​ဟု အော်ဟစ်​လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 19,
      "text": "ထိုအခါ ဘုရားသခင်​သည် လေဟိ​အရပ်​၌ ချိုင့်ခွက်​တစ်​ခု​ပေါ်လာ​စေ​၍ ရေ​ထွက်လာ​စေ​၏​။ ရှံဆုန်​သည် ထို​ရေ​ကို​သောက်​သောအခါ ခွန်အား​ပြည့်​၍ ပြန်လည်​လန်းဆန်း​လာ​၏​။ ထို​နေရာ​ကို အန်ဟက္ကောရ ဟု​ခေါ်​၍ ယနေ့​တိုင်အောင် လေဟိ​အရပ်​၌ ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 20,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​လက်ထက်​၌ ရှံဆုန်​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​နှစ်ဆယ် စီရင်အုပ်ချုပ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 1,
      "text": "ရှံဆုန်​သည် ဂါဇ​မြို့​သို့​သွား​ရာ ထို​မြို့​တွင် ပြည့်တန်ဆာမ​တစ်ဦး​နှင့်​တွေ့​၍ သူ့​ထံ​ဝင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 2,
      "text": "“​ဤ​မြို့​သို့ ရှံဆုန်​ရောက်လာ​ပြီ​”​ဟူသော​သတင်း​ကို ဂါဇ​မြို့သား​တို့ ကြားသိ​သောအခါ ထို​နေရာ​ကို​ဝိုင်းထား​၍ မြို့​တံခါး​၌ တစ်ညလုံး​ချောင်းမြောင်း​နေ​ကြ​၏​။ သူ​တို့​က “​နံနက်​မိုးလင်း​လျှင် သူ့​ကို ငါ​တို့​သတ်​မည်​”​ဟု ဆို​လျက် တစ်ညလုံး တိတ်ဆိတ်​စွာ​နေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 3,
      "text": "သို့သော် ရှံဆုန်​သည် ညသန်းခေါင်​တိုင် အိပ်​ပြီးမှ သန်းခေါင်ချိန်​တွင်​ထ​ပြီး မြို့​တံခါးရွက်​နှင့်တကွ တံခါးတိုင်​နှစ်​တိုင်​ကို ဆုပ်ကိုင်​ပြီး ကန့်လန့်ကျင်​ပါ​လျက် ဆွဲနုတ်​ပစ်​လေ​၏​။ ထို့နောက် ပခုံး​ပေါ်​တင်​၍ ဟေဗြုန်​မြို့​အရှေ့ဘက်​ရှိ တောင်​ထိပ်​ပေါ်သို့ ထမ်းသွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 4,
      "text": "ထို့နောက်မှ ရှံဆုန်​သည် စောရက်​ချိုင့်ဝှမ်းဒေသ​ရှိ ဒေလိလ​အမည်​ရှိ​သော​အမျိုးသမီး​တစ်ဦး​နှင့် ချစ်ကြိုက်​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 5,
      "text": "ထို့ကြောင့် ဖိလိတ္တိ​မင်း​တို့​သည် ဒေလိလ​ထံသို့​လာ​၍ “​ရှံဆုန်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်​က​ဖြစ်ကြောင်း​၊ သူ့​ကို မည်သည့်​နည်း​ဖြင့် ဖမ်းဆီးချုပ်နှောင်​နှိပ်စက်​နိုင်​ကြောင်း​ကို သူ့​အား ချော့မော့​မေးမြန်း​ကြည့်​လော့​။ ငါ​တို့​သည် သင့်​အား ငွေစ တစ်ထောင့်​တစ်ရာ​စီ ပေး​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 6,
      "text": "ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​၏​ကြီးမား​သော​ခွန်အား​ကား အဘယ်​က​ဖြစ်​သနည်း​။ သင့်​ကို မည်သည့်​နည်း​ဖြင့် ချုပ်နှောင်နှိပ်စက်​နိုင်​မည်နည်း​။ အကျွန်ုပ်​အား ပြောပြ​ပါ​လော့​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 7,
      "text": "ရှံဆုန်​က သူ့​အား “​မ​ခြောက်​သေး​သော​လေးကြိုး​အသစ်​ခုနစ်​ချောင်း​ဖြင့် ငါ့​ကို ချည်နှောင်​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်လူ​ကဲ့သို့ ဖြစ်သွား​မည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 8,
      "text": "ထိုအခါ ဖိလိတ္တိ​မင်း​တို့​သည် မ​ခြောက်​သေး​သော​လေးကြိုး​အသစ်​ခုနစ်​ချောင်း​ကို ဒေလိလ​အား ယူလာ​ပေး​ရာ ဒေလိလ​က​လည်း ထို​ကြိုး​တို့​ဖြင့် ရှံဆုန်​ကို ချည်နှောင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 9,
      "text": "လူ​အချို့​သည် ဒေလိလ​၏​အတွင်းခန်း​ထဲ၌ စောင့်ကြည့်​ချောင်းမြောင်း​နေ​ကြ​၏​။ ဒေလိလ​က​လည်း “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​က လေးကြိုး​တို့​ကို​ဖြတ်လိုက်​ရာ ထို​ကြိုး​တို့​သည် မီး​ထိ​သကဲ့သို့ တစ်စစီ​ပြတ်​ကုန်​၏​။ ထို့ကြောင့် သူ့​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို မ​သိ​ရ​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 10,
      "text": "ထိုအခါ ဒေလိလ​က ရှံဆုန်​အား “​သင်​သည် အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​ပြီ​။ သင့်​ကို မည်သို့​ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​”​ဟု မေးပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 11,
      "text": "သူ​က​လည်း “​တစ်ခါ​မျှ အသုံး​မ​ပြု​ရ​သေး​သော​ကြိုး​အသစ်​ဖြင့် ငါ့​ကို အခိုင်အမာ​ချည်နှောင်​ထား​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်လူ​ကဲ့သို့ ဖြစ်​သွား​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 12,
      "text": "ဒေလိလ​က​လည်း ကြိုး​အသစ်​ကို​ယူ​၍ ရှံဆုန်​အား ချည်နှောင်​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​ပြန်​၏​။ သူ့​အခန်း​ထဲတွင် လူ​အချို့​ချောင်းမြောင်း​စောင့်ကြည့်​နေ​ကြ​၏​။ ရှံဆုန်​သည် လက်မောင်း​၌​ချည်​ထား​သော​ကြိုး​တို့​ကို အပ်ချည်မျှင်​ကဲ့သို့ ဖြတ်ပစ်​လိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 13,
      "text": "ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​သည် ယခုချိန်​ထိ အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​သေး​၏​။ သင့်​ကို မည်သို့ ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​လော့​”​ဟု ဆို​ပြန်​ရာ ရှံဆုန်​က သူ့​အား “​ငါ့​ဆံပင်​အစု​ခုနစ်​စု​ကို ရက်ကန်း​ထဲသို့ တိုင်ချည်​အဖြစ်​ရက်သွင်း​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်​လူ​ကဲ့သို့ ဖြစ်​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 14,
      "text": "ဒေလိလ​လည်း ရှံဆုန်​၏​ဆံပင်​ကို ရက်သွင်း​ပြီး ရက်ကန်း​ကို​ငုတ်တိုင်​၌​ချည်​ထား​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​လျှင် ရှံဆုန်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​ပြီး ငုတ်တိုင်​နှင့်တကွ ရက်ကန်း​တစ်ခုလုံး​ကို​ပါ ဆွဲနုတ်​ပစ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 15,
      "text": "ဒေလိလ​က​လည်း “​သင်​သည် စိတ်​မ​ပါ​ဘဲ အကျွန်ုပ်​ကို ချစ်​သည်​ဟု အဘယ်ကြောင့် ပြော​ရ​သနည်း​။ အကျွန်ုပ်​ကို သုံး​ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ သင်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို အကျွန်ုပ်​အား ယခု​အထိ​မ​ပြော​သေး​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 16,
      "text": "ဒေလိလ​သည် ရှံဆုန်​အား စကားလုံး​များ​ဖြင့် နေ့​ရှိ​သရွေ့​ပူဆာ​ဖိအား​ပေး​လွန်း​သဖြင့် ရှံဆုန်​လည်း သေချင်လောက်အောင်​စိတ်ပျက်​လာ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 17,
      "text": "ထို့ကြောင့် ရှံဆုန်​က “​ငါ​သည် အမိ​ဝမ်း​ထဲမှ​စ၍ ဘုရားသခင်​အဖို့ နာဇရိလူ ဖြစ်​၏​။ ငါ့​ဆံပင်​ကို သင်တုန်းဓား​နှင့် မ​ရိတ်​ရ​။ ငါ့​ဆံပင်​ကို ရိတ်​ပစ်​လျှင် ငါ့​ခွန်အား​ယုတ်လျော့​၍ သာမန်​လူ​ကဲ့သို့ ဖြစ်သွား​မည်​”​ဟု စိတ်​ထဲ​ရှိ​သည့်​အတိုင်း ပြောပြ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 18,
      "text": "ရှံဆုန်​က စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို​ပြောပြ​ကြောင်း ဒေလိလ သိ​လျှင် လူ​ကို​စေလွှတ်​၍ ဖိလိတ္တိ​မင်း​တို့​ကို ခေါ်​စေ​ကာ “​နောက်တစ်ခေါက် လာ​ခဲ့​ကြ​ပါ​ဦး​။ ရှံဆုန်​က သူ့​စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို အကျွန်ုပ်​အား ပြောပြ​ပြီ​”​ဟု မှာလိုက်​သဖြင့် ဖိလိတ္တိ​မင်း​တို့​သည်​လည်း ငွေစ​ပါ​လျက် ဒေလိလ​ထံသို့ လာ​ကြ​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 19,
      "text": "ဒေလိလ​သည် ရှံဆုန်​ကို ပေါင်​ပေါ်တွင်​အိပ်​စေ​၍ လူ​တစ်​ယောက်​ကို​ခေါ်​ပြီး သူ့​ဆံပင်​ခုနစ်​စု​ကို ရိတ်​စေ​၏​။ ရှံဆုန်​၏​ခွန်အား​များ လျော့သွား​သောအခါ သူ့​ကို စတင်​နှိပ်စက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 20,
      "text": "ဒေလိလ​က “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​သည် အိပ်ရာ​မှ​ထ​ပြီး “​ယခင်က​ကဲ့သို့ ရုန်း​ထွက်​မည်​”​ဟု တွေး​၏​။ ထာဝရဘုရား သူ့​ကို စွန့်ခွာ​သွား​သည်​ကို သူ​မ​သိ​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 21,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​က​လည်း သူ့​ကို​ဖမ်းချုပ်​ပြီး မျက်စိ​နှစ်​ဖက်​ကို ဖောက်ထုတ်​ပစ်​၏​။ ထို့နောက် သူ့​ကို ကြေးနီ​ကြိုး​ဖြင့် ချည်နှောင်​ထား​၍ ဂါဇ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ ထို့နောက် သူ့​ကို​အကျဉ်းချ​ထား​၍ ကြိတ်ဆုံကြိတ်​ရ​သည့်​အလုပ်​ကို လုပ်​စေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 22,
      "text": "ရှံဆုန်​သည် ဆံပင်ရိတ်​ခံရ​ပြီးနောက် သူ့​ဦးခေါင်း​မှ ဆံပင်​များ ပြန်​ပေါက်လာ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 23,
      "text": "ဖိလိတ္တိ​မင်း​တို့​က “​ငါ​တို့​၏​ဘုရား​သည် ငါ​တို့​၏​ရန်သူ​ရှံဆုန်​ကို ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒါဂုန်​ဘုရား​အား ယဇ်​ပူဇော်​သော​ပွဲ​ကြီး​ကို တပျော်တပါး​ကျင်းပ​ရန် စုဝေး​လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 24,
      "text": "လူ​တို့​သည် ရှံဆုန်​ကို ကြည့်​၍ “​ငါ​တို့​လူမျိုး​အမြောက်အမြား​ကို သတ်​ပြီး ငါ​တို့​ပြည်​ကို ဖျက်ဆီး​သော​ငါ​တို့​၏​ရန်သူ​ကို ငါ​တို့​ဘုရား​က ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် မိမိ​တို့​ဘုရား​ကို ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 25,
      "text": "သူ​တို့​သည် ပျော်မြူး​ကြ​လျက် “​ရှံဆုန်​ကို ခေါ်ထုတ်​၍ ငါ​တို့​အား ဖျော်ဖြေ​ပြ​စေ​ပါ​”​ဟု ဆို​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် ရှံဆုန်​ကို အကျဉ်းထောင်​မှ​ခေါ်ထုတ်​လာ​၍ တိုင်​များ​ကြားတွင်​ထား​ကာ သူ​တို့​ကို ဖျော်ဖြေ​ပြ​စေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 26,
      "text": "ရှံဆုန်​သည် သူ့​လက်​ကို ဆွဲလာ​ပေး​သော​လူငယ်​အား “​ဤ​ဝတ်ကျောင်း​၏​တိုင်မကြီး​များ​ကို မှီ​နိုင်​ရန် ငါ့​လက်​နှင့် ကိုင်ကြည့်​ပါရစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 27,
      "text": "ထို​ဝတ်ကျောင်း​ထဲတွင် ယောက်ျား​၊ မိန်းမ​များ​နှင့် ပြည့်လျှံ​လျက် ရှိ​၏​။ ဖိလိတ္တိ​မင်း​တို့​အပါအဝင် ခေါင်မိုးပြင်​ပေါ်တွင် ယောက်ျား​မိန်းမ​သုံး​ထောင်​တို့​သည် ရှံဆုန်​ဖျော်ဖြေ​နေ​သည်​ကို ကြည့်ရှု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 28,
      "text": "ရှံဆုန်​က​လည်း ထာဝရဘုရား​ထံ “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို ဤ​တစ်ကြိမ်​သာ ခွန်အား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​မျက်စိ​နှစ်​ဖက်​ကို​ဖောက်ထုတ်​ပစ်​သော ဤ​ဖိလိတ္တိ​လူမျိုး​ကို တစ်ခါတည်း အပြီး​လက်တုံ့ပြန်​ခွင့်​ပြု​တော်မူ​ပါ ဘုရားသခင်​”​ဟု ဆုတောင်း​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 29,
      "text": "ထို့နောက် ရှံဆုန်​သည် ဝတ်ကျောင်း​၏​အလယ်​တိုင်မကြီး​နှစ်​တိုင်​ကို လှမ်းကိုင်​ပြီး လက်ဝဲ​လက်​ဖြင့်​တစ်​တိုင်​၊ လက်ယာ​လက်​ဖြင့်​တစ်​တိုင် ထောက်ထား​လျက်"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 30,
      "text": "“​အကျွန်ုပ်​အား ဖိလိတ္တိ​လူမျိုး​တို့​နှင့်အတူ သေ​ခွင့်​ပြု​တော်မူ​ပါ​”​ဟု ဆို​လျက် အားကုန်​တွန်းချ​လိုက်​ရာ ဝတ်ကျောင်းကြီး​သည် ဖိလိတ္တိ​မင်း​တို့​အပါအဝင် လူ​အားလုံး​တို့​အပေါ် ပြိုကျ​လေ​၏​။ ဤသို့ဖြင့် ရှံဆုန်​သည် သေခါနီး​လူသတ်​ခဲ့​သည်​မှာ ရှေ့​ပိုင်း​အသက်ရှင်​စဉ်တွင်​လူသတ်​ခဲ့​သည်​ထက် ပို၍​များပြား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 31,
      "text": "ရှံဆုန်​၏​ညီအစ်ကို​များ​နှင့် ဆွေမျိုးသားချင်း​တို့​သည် လာ​၍​အလောင်း​ကို သယ်သွား​ပြီးလျှင် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ သူ့​ဖခင်​မာနော်​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ ရှံဆုန်​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​နှစ်ဆယ် စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 1,
      "text": "ဧဖရိမ်​တောင်ပေါ်ဒေသ​တွင် မိက္ခာ​အမည်​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 2,
      "text": "သူ​သည် မိခင်​အား “​ငွေစ​တစ်ထောင့်​တစ်ရာ​ပျောက်သွား​သဖြင့် အမေ ကျိန်ဆဲ​ပြောဆို​နေ​သည်​ကို အကျွန်ုပ်​ကြား​ပါ​၏​။ ထို​ငွေ​ကို အကျွန်ုပ်​ယူ​မိ​ပါ​၏​။ အကျွန်ုပ်​ထံ၌ ရှိ​ပါ​၏​”​ဟု ဆို​လျှင် မိခင်​က “​ငါ့​သား​၊ ထာဝရဘုရား သင့်​ကို ကောင်းချီးပေး​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 3,
      "text": "ငွေစ​တစ်ထောင့်​တစ်ရာ​ကို မိခင်​အား​ပြန်ပေး​မည်​ပြု​သောအခါ မိခင်​က “​ထို​ငွေ​ကို ငါ့​သား​အတွက် ရုပ်တု​ထွင်းထု​ရန်​၊ သွန်းလုပ်​ရန် ငါ​ကိုယ်တိုင် ထာဝရဘုရား​အား ဆက်ကပ်​ထား​ပြီ​။ သို့ဖြစ်၍ ထို​ငွေ​ကို သင့်​အား​ငါ​ပြန်ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 4,
      "text": "ဤသို့ဖြင့် ထို​ငွေ​ကို မိခင်​အား​ပြန်ပေး​သောအခါ မိခင်​က ငွေ​နှစ်ရာ​ကို​ယူ​ပြီး ပန်းထိမ်သမား​အား​ပေး​၍ ရုပ်တု​ကို​ထွင်းထု​၊ သွန်းလုပ်​စေ​၏​။ ထို​ရုပ်တု​တို့​ကို မိက္ခာ​၏​အိမ်​၌​ထား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 5,
      "text": "ထို​သူ မိက္ခာ​၌ ဘုရား​ဝတ်ကျောင်း​ရှိ​၏​။ သူ​သည် ဧဖုဒ် ​နှင့်​တေရပ်ရုပ်တု​များ​ကို သွန်းလုပ်​ပြီးလျှင် မိမိ​သား​တစ်​ယောက်​ကို ယဇ်ပုရောဟိတ်​အဖြစ်​ခန့်ထား​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 6,
      "text": "ထို​ကာလ​တွင် အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​။ လူတိုင်း မှန်​သည်​ဟု​ထင်​သည့်​အတိုင်း​ပြု​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 7,
      "text": "လေဝိ​လူငယ်​တစ်​ယောက်​သည် ယုဒ​မျိုးနွယ်စု​အပိုင် ယုဒ​ပြည်​၊ ဗက်လင်​မြို့​၌ တည်းခိုနေထိုင်​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 8,
      "text": "သို့သော် သူ​သည် ယုဒ​ပြည်​၊ ဗက်လင်​မြို့​မှ​ထွက်ခွာ​၍ တည်းခို​ရာ​နေရာ​ကို ရှာ​ရင်း​၊ ခရီးသွားရင်း ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​အိမ်​သို့​ရောက်လာ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 9,
      "text": "မိက္ခာ​က သူ့​အား “​သင်​သည် မည်သည့်​အရပ်​မှ​လာ​သနည်း​”​ဟု မေး​လေ​သော် သူ​က “​အကျွန်ုပ်​သည် လေဝိ​အမျိုး​ဖြစ်​၏​။ ယုဒ​ပြည်​၊ ဗက်လင်​မြို့​မှ လာ​ပါ​၏​။ အကျွန်ုပ်​သည် တည်းခို​ရာ​နေရာ​ကို ရှာ​နေ​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 10,
      "text": "မိက္ခာ​က​လည်း “​အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​၏​ယဇ်ပုရောဟိတ်​အဖြစ် အကျွန်ုပ်​နှင့်အတူ​နေထိုင်​ပါ​။ တစ်​နှစ်​လျှင် ငွေစ​တစ်ဆယ်​၊ အဝတ်​တစ်စုံ​နှင့်​အစားအစာ​ကို​ပေး​မည်​”​ဟု ဆို​လျှင် လေဝိ​လူငယ်​သည် အိမ်​ထဲသို့​ဝင်သွား​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 11,
      "text": "လေဝိ​လူငယ်​သည် မိက္ခာ​နှင့်အတူ​နေထိုင်​ရန်​သဘောတူ​ပြီး မိက္ခာ​၏​သား​အရင်း​သဖွယ် ဖြစ်လာ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 12,
      "text": "မိက္ခာ​သည် ထို​လေဝိ​လူငယ်​ကို ယဇ်ပုရောဟိတ်​အဖြစ် ခန့်အပ်​ထား​သဖြင့် သူ​သည် မိက္ခာ​၏​အိမ်​၌​နေထိုင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 13,
      "text": "မိက္ခာ​က​လည်း “​ငါ​သည် လေဝိ​အမျိုး​ကို ငါ​၏​ယဇ်ပုရောဟိတ်​အဖြစ်​ရရှိ​ထား​သောကြောင့် ယခုမှာ ထာဝရဘုရား​သည် ငါ့​ကို ကောင်းစား​စေ​တော်မူ​မည်​ကို​ငါ​သိ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 1,
      "text": "ထို​ကာလ​တွင် အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​။ ထို​အချိန်​အထိ အစ္စရေး​အမျိုးအနွယ်​တို့​တွင် ဒန်​အမျိုးအနွယ်​သည် အမွေမြေ​အတည်တကျ​မ​ရ​သေး​သဖြင့် မိမိ​တို့​နေထိုင်​ရန်​အမွေမြေ​ကို လိုက်ရှာ​နေ​သော​အချိန်​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 2,
      "text": "ထို့ကြောင့် နယ်မြေ​ကို​စူးစမ်း​ရှာဖွေ​ရန် ဒန်​အမျိုးသား​တို့​သည် ဇောရာ​မြို့​၊ ဧရှတောလ​မြို့​ရှိ မိမိ​တို့​မျိုးနွယ်စု​အားလုံး​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​ငါး​ယောက်​အား “​နယ်မြေ​ကို သွား​ရှာ​ကြ​လော့​”​ဟု မှာကြား​၍ စေလွှတ်​လိုက်​၏​။ ထို​သူ​တို့​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​ဝတ်ကျောင်း​သို့​ရောက်​၍ ညအိပ်နား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 3,
      "text": "သူ​တို့​သည် မိက္ခာ​၏​ဝတ်ကျောင်း​၌​ရှိ​စဉ် လေဝိ​လူငယ်​၏​အသံ​ကို သတိထား​မိ​သဖြင့် သူ့​ထံသို့​သွား​၍ “​သင့်​ကို​ဤ​အရပ်​သို့ မည်သူ​ခေါ်လာ​သနည်း​။ သင်​သည် ဤ​နေရာ​၌ ဘာ​လုပ်​နေ​သနည်း​။ သင်​သည် အဘယ်ကြောင့်​ဤ​အရပ်​၌​ရှိ​နေ​သနည်း​”​ဟု မေးမြန်း​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 4,
      "text": "သူ​က​လည်း “​မိက္ခာ​သည် အကျွန်ုပ်​လိုအပ်​သော​အရာ​ကို ပေး​၍ သူ​၏​ယဇ်ပုရောဟိတ်​အဖြစ် အကျွန်ုပ်​ကို​ငှား​ထား​ပါ​သည်​”​ဟု ပြန်ဖြေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 5,
      "text": "ထိုအခါ သူ​တို့​က “​ငါ​တို့​သွား​နေ​သော​ခရီးစဉ် အောင်မြင်​မည်​၊ မအောင်မြင်​မည်​ကို သိ​နိုင်​ရန် ဘုရားသခင်​ထံ​မေးလျှောက်​ပေး​ပါ​လော့​”​ဟု သူ့​အား​ဆို​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​က သူ​တို့​အား “​အေးအေးချမ်းချမ်း​သွား​ပါ​။ သင်​တို့​ခရီးစဉ်​တွင် ထာဝရဘုရား​ပါရှိ​တော်မူ​ပါ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 7,
      "text": "ထို့နောက် ထို​လူ​ငါး​ယောက်​သည် ခရီး​ဆက်သွား​၍ လဲရှ​မြို့​သို့​ရောက်​သော် ထို​မြို့သား​တို့​သည် ဆီဒုန်​လူမျိုး​တို့​စရိုက်​အတိုင်း စိုးရိမ်ပူပန်မှု​မ​ရှိ​၊ ဘေးအန္တရာယ်​ကင်းကင်း​နှင့် စိတ်အေးလက်အေး​နေထိုင်​ကြ​ကြောင်း​၊ ထို​ပြည်​သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကြောင်း​၊ ဆီဒုန်​မြို့​နှင့်​ကွာဝေး​သည့်​အပြင် မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​ကြောင်း စူးစမ်းသိရှိ​ရ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 8,
      "text": "သူ​တို့​သည် အမျိုးသားချင်း​တို့​ရှိ​ရာ ဇောရာ​မြို့​၊ ဧရှတောလ​မြို့​သို့ ပြန်ရောက်​သောအခါ အမျိုးသားချင်း​တို့​က “​အခြေအနေ မည်သို့နည်း​”​ဟု မေးမြန်း​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 9,
      "text": "သူ​တို့​က​လည်း “​လာ​ကြ​၊ သူ​တို့​ကို သွားတိုက်​ကြ​စို့​၊ ထို​ပြည်​ကို ငါ​တို့​မြင်​ခဲ့​ပြီ​။ အလွန်​သာယာ​သော​ပြည် ဖြစ်​၏​။ ငြိမ်မနေ​ကြ​နှင့်​။ တွန့်ဆုတ်​မ​နေ​ကြ​နှင့်​။ ထို​ပြည်​ကို သွားရောက်​သိမ်းပိုက်​ကြ​စို့​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 10,
      "text": "သင်​တို့​ရောက်သွား​သောအခါ ကျယ်ဝန်း​သော​ပြည်​နှင့် စိတ်အေးလက်အေး​နေထိုင်​သော​လူ​တို့​ကို တွေ့​ရ​လိမ့်မည်​။ ဘုရားသခင်​သည် လိုလေသေး​မ​ရှိ ပြီးပြည့်စုံ​သော​ထို​ပြည်​ကြီး​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 11,
      "text": "ထိုအခါ ဇောရာ​မြို့​၊ ဧရှတောလ​မြို့​ရှိ ဒန်​မျိုးနွယ်စု​ထဲမှ လူ​ခြောက်​ရာ​တို့​သည် စစ်တိုက်​ရန် လက်နက်​စွဲကိုင်​လျက် ချီတက်​သွား​ရာ"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 12,
      "text": "သူ​တို့​သည် ယုဒ​ပြည်​၊ ကိရယတ်ယာရိမ်​မြို့​အနီး​သို့​ရောက်​သောအခါ စခန်းချ​ကြ​၏​။ ထို့ကြောင့် ထို​အရပ်​ကို မဟာနေဒန် ဟု​ယနေ့​တိုင်အောင် ခေါ်တွင်​၏​။ ထို​အရပ်​သည် ကိရယတ်ယာရိမ်​မြို့​၏​အနောက်ဘက်​တွင်​ရှိ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 13,
      "text": "သူ​တို့​သည် ထို​အရပ်​မှ ဆက်ချီတက်​လာ​၍ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ မိက္ခာ​အိမ်​သို့ ရောက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 14,
      "text": "ထိုအခါ လဲရှ​မြို့​ကို​သွားရောက်​စူးစမ်း​ခဲ့​သော​လူ​ငါး​ယောက်​က အမျိုးသားချင်း​တို့​အား “​ဤ​အိမ်​၌ ဧဖုဒ် ​ရုပ်တု​၊ တေရပ်ရုပ်တု​များ​နှင့် သွန်းလုပ်​ထား​သော​ရုပ်တု​တို့​ရှိ​သည်​ကို သင်​တို့​သိ​သလော​။ ယခု သင်​တို့​မည်သို့​ပြု​ရ​မည်​ကို ဆင်ခြင်​ကြ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 15,
      "text": "ထို့ကြောင့် သူ​တို့​သည် လေဝိ​လူငယ်​နေထိုင်​ရာ မိက္ခာ​၏​အိမ်​သို့​ဝင်​ပြီး သူ့​အား သာကြောင်းမာကြောင်း​နှုတ်ဆက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 16,
      "text": "စစ်လက်နက်​စွဲကိုင်​သော​ဒန်​အမျိုးသား​ခြောက်​ရာ​တို့​သည် တံခါး​ဝ​၌​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 17,
      "text": "ထိုသို့ စစ်လက်နက်​စွဲကိုင်​သော​လူ​ခြောက်​ရာ​နှင့်​ယဇ်ပုရောဟိတ်​သည် တံခါးဝ​၌​ရပ်​နေ​စဉ် လဲရှ​မြို့​ကို​သွားရောက်​စူးစမ်း​ခဲ့​သော​လူ​ငါး​ယောက်​တို့​သည် အိမ်​ထဲသို့​ဝင်​၍ ထွင်းထု​ထား​သော​ရုပ်တု​၊ ဧဖုဒ်​ရုပ်တု​၊ တေရပ်ရုပ်တု​များ​နှင့် သွန်းလုပ်​ထား​သော​ရုပ်တု​တို့​ကို ယူ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 18,
      "text": "ထို​သူ​တို့​သည် မိက္ခာ​၏​အိမ်​ထဲသို့​ဝင်​၍ ထွင်းထု​ထား​သော​ရုပ်တု​၊ ဧဖုဒ်​ရုပ်တု​၊ တေရပ်ရုပ်တု​များ​နှင့်​သွန်းလုပ်​ထား​သော​ရုပ်တု​တို့​ကို ယူ​ကြ​သဖြင့် ယဇ်ပုရောဟိတ်​က သူ​တို့​အား “​သင်​တို့ ဘာ​လုပ်​နေ​ကြ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 19,
      "text": "ထို​သူ​တို့​က​လည်း “​သင့်​လက်​ဖြင့် ပါးစပ်​ကို​ပိတ်​ပြီး တိတ်တိတ်နေ​လော့​။ အကျွန်ုပ်​တို့​နှင့်အတူ​လိုက်​ခဲ့​၍ အကျွန်ုပ်​တို့​၏​အဖ​၊ အကျွန်ုပ်​တို့​၏​ယဇ်ပုရောဟိတ်​အဖြစ်​နေ​ပါ​။ သင်​သည် မိသားစု​တစ်​စု​အတွက် ယဇ်ပုရောဟိတ်​လုပ်ပေး​ခြင်း​ထက် အစ္စရေး​လူမျိုး​ထဲမှ အမျိုးအနွယ်​၊ အစ္စရေး​လူမျိုး​ထဲမှ မျိုးနွယ်စု​အတွက် ယဇ်ပုရောဟိတ်​လုပ်ပေး​ခြင်း​က ပိုကောင်း​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား မေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​သည်​လည်း ဧဖုဒ်​ရုပ်တု​၊ တေရပ်ရုပ်တု​များ​နှင့် ထွင်းထု​ထား​သော​ရုပ်တု​တို့​ကို​ယူ​ပြီး သူ​တို့​နှင့်အတူ ဝမ်းသာအားရ​လိုက်သွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 21,
      "text": "သူ​တို့​သည် ကလေး​များ​၊ ဝန်စည်စလယ်​တင်​သော​တိရစ္ဆာန်​များ​ကို ရှေ့ဆုံး​မှ​သွား​စေ​၍ ခရီးဆက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 22,
      "text": "မိက္ခာ​အိမ်​မှ အတော်ဝေးဝေး​သို့​ရောက်​သောအခါ မိက္ခာ​သည် မိမိ​အိမ်နီးချင်း​တို့​ကို ခေါ်​ပြီး ဒန်​အမျိုးသား​တို့​ကို အမီလိုက်​၍"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 23,
      "text": "အနောက်​မှ​ဟစ်ခေါ်​သဖြင့် ဒန်​အမျိုးသား​တို့​သည် နောက်​သို့​လှည့်​၍ မိက္ခာ​အား “​အဘယ်ကြောင့် အော်ဟစ်​နေ​သနည်း​”​ဟု မေး​သော်"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 24,
      "text": "မိက္ခာ​က “​သင်​တို့​သည် ငါ​ထုလုပ်​သော​ဘုရား​များ​နှင့် ယဇ်ပုရောဟိတ်​ကို ခေါ်ဆောင်​သွား​ကြ​ပြီ​။ ငါ​၌ ဘာ​ကျန်​သေး​သနည်း​။ သို့ပါလျက်​နှင့် ငါ့​အား ‘​သင် ဘာ​ဖြစ်​နေ​သနည်း​’​ဟူ၍ အဘယ်ကြောင့်​မေး​ရ​သနည်း​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 25,
      "text": "ဒန်​အမျိုးသား​တို့​က သူ့​အား “​ငါ​တို့​ကြား​အောင် အော်ကြီးဟစ်ကျယ် မ​ပြု​နှင့်​။ ဒေါသကြီး​သော​လူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သဖြင့် သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ သေ​သွား​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 26,
      "text": "ခရီး​ဆက်သွား​ကြ​၏​။ မိက္ခာ​က​လည်း ဒန်​အမျိုးသား​တို့​သည် မိမိ​ထက်​ပို၍​အားကြီး​ကြောင်း သိမြင်​သဖြင့် နောက်​ပြန်လှည့်​၍ အိမ်​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 27,
      "text": "ဤသို့ဖြင့် ဒန်​အမျိုးသား​တို့​သည် မိက္ခာ​ထုလုပ်​သော​ဘုရား​များ​နှင့် ယဇ်ပုရောဟိတ်​ကို ခေါ်ဆောင်​၍ စိုးရိမ်ပူပန်မှု​မ​ရှိ​၊ စိတ်အေးလက်အေး​နေ​တတ်​သော​လူ​တို့​ရှိ​ရာ လဲရှ​မြို့​သို့ ရောက်လာ​ကြ​ရာ မြို့သား​တို့​ကို ဓား​ဖြင့်​သတ်​၍ မြို့​ကို မီး​ရှို့​ပစ်​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 28,
      "text": "ထို​မြို့​သည် ဆီဒုန်​မြို့​နှင့် ကွာဝေး​သည့်​အပြင် မြို့သား​တို့​သည်​လည်း မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​သောကြောင့် သူ​တို့​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။ လဲရှမြို့​သည် ဗက်ရဟောဘ​မြို့​အနီး ချိုင့်ဝှမ်းဒေသ​၌ ရှိ​၏​။ ဒန်​အမျိုးသား​တို့​သည် မြို့​ကို​ပြန်လည်​တည်ထောင်​၍ နေထိုင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 29,
      "text": "ယခင်​က လဲရှ ဟု​ခေါ်​သော​မြို့​ကို ဒန်​အမျိုးသား​တို့​သည် သူ​တို့​၏​ဘိုးဘေး​ဖြစ်​သော အစ္စရေး​၏​သား ဒန်​ကို​အစွဲပြု​၍ ဒန်​မြို့​ဟု​ခေါ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 30,
      "text": "ဒန်​အမျိုးသား​တို့​သည် မိက္ခာ​ထံမှ​ယူလာ​သော​ရုပ်တု​ကို​တည်​ထား​၍ မနာရှေ ​၏​မြေး​၊ ဂေရရှုံ​၏​သား ယောနသန်​နှင့်​သူ​၏​သား​တို့​သည် ထို​ပြည်​သိမ်းပိုက်​ခြင်း​ခံရ​သည့်​နေ့ရက်​တိုင်အောင် ဒန်​အမျိုးအနွယ်​အတွက် ယဇ်ပုရောဟိတ်​တာဝန်​ကို ထမ်းဆောင်​ပေး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 31,
      "text": "သူ​တို့​သည် ရှိလော​မြို့​၌ ဘုရားသခင်​၏​အိမ်​တော်​တည်​နေ​သည့်​ကာလ​ပတ်လုံး မိက္ခာ​ထုလုပ်​သော​ရုပ်တု​ကို မိမိ​တို့​အဖို့ ထားရှိ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​သေး​သော​ကာလ​တွင် ဧဖရိမ်​တောင်ပေါ်ဒေသ​အစွန်အဖျား​၌ တည်းခိုနေထိုင်​သော လေဝိ​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် ယုဒ​နယ်​၊ ဗက်လင်​မြို့သူ​တစ်​ယောက်​ကို မယားငယ်​အဖြစ်​ယူ​ထား​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 2,
      "text": "မယားငယ်​သည် ဖောက်ပြန်မှားယွင်း​ပြီး ယုဒ​ပြည်​၊ ဗက်လင်​မြို့​ရှိ သူ့​ဖခင်​အိမ်​သို့ ပြန်သွား​သည်​မှာ လေး​လ​ကြာ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 3,
      "text": "သူ့​ခင်ပွန်း​က​လည်း သူ့​ကို​ချော့မော့​ပြီး ပြန်ခေါ်​လာ​ရန် မိမိ​ငယ်သား​နှင့်အတူ မြည်း​နှစ်​ကောင်​နှင့် ခရီးထွက်​လာ​ခဲ့​၏​။ မယားငယ်​သည် ခင်ပွန်းသည်​ကို ဖခင်​အိမ်​သို့​ခေါ်သွား​၍ ဖခင်​က​မြင်​သောအခါ ဝမ်းသာအားရ​ကြိုဆို​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 4,
      "text": "မယားငယ်​၏​ဖခင်​၊ သူ့​ယောက္ခမ​က သူ့​ကို​ဆွဲ​ထား​သဖြင့် သူ​သည် ယောက္ခမ​အိမ်​တွင် သုံး​ရက်​နေ​၍ စား​သောက်​နေထိုင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 5,
      "text": "လေး​ရက်​မြောက်​သော​နေ့​တွင် သူ​တို့​သည် နံနက်​စောစောထ​၍​ပြန်သွား​ရန် ပြင်ဆင်​၏​။ သို့သော် မယားငယ်​၏​ဖခင်​က “​အားရှိ​အောင် နည်းနည်း​စားသောက်​ပြီးမှ သွား​ပါ​”​ဟု သမက်​အား ဆို​သဖြင့်"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 6,
      "text": "သူ​တို့​နှစ်​ယောက်​သည် ထိုင်​၍ အတူတကွ​စား​သောက်​ကြ​၏​။ ထို့နောက် မယားငယ်​၏​ဖခင်​က “​တစ်ညလောက်​တော့​အိပ်​ပါ​ဦး​။ စိတ်အပန်းဖြေ​ပါ​ဦး​”​ဟု ဆို​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 7,
      "text": "သူ​သည် ခရီးသွား​ရန်​ပြင်ဆင်​သောအခါ ယောက္ခမ​က တောင်းဆို​သဖြင့် တစ်ည​အိပ်​ရ​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 8,
      "text": "ငါး​ရက်​မြောက်​သော​နေ့​တွင် သူ​သည် နံနက်​စောစောထ​၍ ပြန်သွား​ရန်​ပြင်ဆင်​သောအခါ မယားငယ်​၏​ဖခင်​က “​စား​ပြီးမှ​သွား​ပါ​”​ဟု ဆို​ပြန်​သဖြင့် သူ​တို့​နှစ်​ဦး မွန်းလွဲ​အထိ စားသောက်​လျက်​နေ​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 9,
      "text": "တစ်ဖန် ထို​သူ​သည် မိမိ​မယားငယ်​နှင့်တကွ ငယ်သား​ပါ​လျက် ပြန်သွား​မည်​ပြု​သောအခါ ယောက္ခမ​က “​ယခု ညနေစောင်း​ပြီ​၊ မိုးချုပ်​တော့​မည်​။ ယခု​ည​လည်း အိပ်​ပါ​ဦး​။ အေးအေးဆေးဆေး​နား​ပါ​ဦး​။ မနက်​ရောက်​မှ စောစောထ​၍ သင့်​အိမ်​သို့ ပြန်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 10,
      "text": "သို့သော် ထို​သူ​သည် နောက်တစ်ည​မ​နေ​လို​တော့​သဖြင့် မြည်း​နှစ်​ကောင်​ကို ကုန်းနှီးတင်​ပြီးလျှင် မယားငယ်​နှင့်တကွ ထွက်လာ​ခဲ့​ရာ ဂျေရုဆလင် ခေါ် ယေဗုတ်​မြို့​သို့ ဦးတည်​၍ ခရီး​ထွက်လာ​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 11,
      "text": "သူ​တို့​သည် ယေဗုတ်​မြို့​အနီး​သို့​ရောက်​သောအခါ မိုးချုပ်​လုနီး​ပြီ​ဖြစ်၍ ငယ်သား​က “​လာ​ပါ​။ ယေဗုသိ​လူမျိုး​တို့​၏​မြို့​ထဲသို့​ဝင်​၍ ညအိပ်နား​ကြ​စို့​”​ဟု သူ့​သခင်​အား ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 12,
      "text": "သူ့​သခင်​က “​ငါ​တို့​သည် အစ္စရေး​အမျိုးသား​မ​ဟုတ်​သော​တစ်ပါးအမျိုးသား​တို့​၏​မြို့​ထဲသို့​မ​ဝင်​ပါ​။ ဂိဗာ​မြို့​သို့ ဆက်သွား​မည်​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 13,
      "text": "လာ​ပါ​။ ဂိဗာ​မြို့​သို့​ဖြစ်စေ​၊ ရာမ​မြို့​သို့​ဖြစ်စေ တစ်​မြို့​မြို့​သို့ အရောက်​သွား​၍ ညအိပ်နား​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 14,
      "text": "ဤသို့ဖြင့် သူ​တို့​ခရီးဆက်​လာ​ကြ​ရာ ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့​အနီး​သို့​ရောက်​သောအခါ နေဝင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 15,
      "text": "သူ​တို့​သည် ခရီး​မ​ဆက်​တော့​ဘဲ ညအိပ်နား​ရန် ဂိဗာ​မြို့​သို့ ဝင်သွား​၍ မြို့​အလယ်​လမ်းဆုံလမ်းခွ​တွင် ထိုင်​နေ​ကြ​၏​။ သို့သော် မည်သူမျှ သူ​တို့​ကို ညအိပ်နား​ရန် မ​ခေါ်​ကြ​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 16,
      "text": "ကြည့်ရှု​လော့​။ နေဝင်ချိန်​တွင် အဖိုးအို​တစ်​ဦး​သည် လယ်​လုပ်​ရာ​မှ​ပြန်လာ​၏​။ သူ​သည် ဧဖရိမ်​တောင်ပေါ်သား​ဖြစ်၍ ဂိဗာ​မြို့​တွင် တည်းခိုနေထိုင်​ခြင်း​ဖြစ်​၏​။ ဂိဗာ​မြို့သား​တို့​မှာ ဗင်္ယာမိန်​အမျိုးသား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 17,
      "text": "ထို​အဖိုးအို​သည် လှမ်းကြည့်​၍ မြို့​အလယ်​လမ်းဆုံလမ်းခွ​၌ ခရီးသွား​ဧည့်သည်​ကို​မြင်​လျှင် အဖိုးအို​က “​မည်သည့်​အရပ်​က​လာ​၍ မည်သည့်​အရပ်​သို့ သွား​မည်နည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 18,
      "text": "လေဝိ​သား​က​လည်း “​အကျွန်ုပ်​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​အစွန်အဖျား​၌ နေထိုင်​သူ​ဖြစ်​ပါ​သည်​။ အကျွန်ုပ်​တို့​သည် ယုဒ​ပြည်​၊ ဗက်လင်​မြို့​သို့​သွား​ပြီး ယခုမှာ ယုဒ​ပြည်​ဗက်လင်​မြို့​မှ​ပြန်လာ​၍ ဧဖရိမ်​တောင်ပေါ်ဒေသ​အစွန်အဖျား​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​မည်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​ကို မည်သူမျှ အိမ်​သို့ မ​ဖိတ်ခေါ်​ကြ​ပါ​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 19,
      "text": "အကျွန်ုပ်​တို့ မြည်း​များ​အတွက် ကောက်ရိုး​အပြင် အခြား​တိရစ္ဆာန်​အစာ​များ​လည်း​ရှိ​ပါ​၏​။ အကျွန်ုပ်​နှင့် အကျွန်ုပ်​မယား​၊ အကျွန်ုပ်​ငယ်သား​တို့​အတွက် မုန့်​နှင့် စပျစ်ဝိုင် ရှိ​ပါ​၏​။ ဘာမျှ​မ​လိုအပ်​ပါ​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 20,
      "text": "အဖိုးအို​က​လည်း “​အကျွန်ုပ်​ဖိတ်ခေါ်​ပါ​သည်​။ သင်​လိုအပ်​သည်​ကို အကျွန်ုပ်​တာဝန်ယူ​ပါ​မည်​။ လမ်းဆုံလမ်းခွ​တွင် မ​အိပ်​ပါ​နှင့်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 21,
      "text": "ဤသို့ဖြင့် အဖိုးအို​သည် သူ့​ကို အိမ်​သို့​ခေါ်သွား​၍ မြည်း​တို့​ကို အစာကျွေး​၏​။ သူ​တို့​သည်​လည်း ခြေ​ဆေး​၍ စား​သောက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 22,
      "text": "ထိုသို့ ကောင်းမွန်​စွာ​စားသောက်​နေ​ကြ​စဉ် ဆိုးညစ်​သော​မြို့သား​တို့​သည် အိမ်​ကို​ဝိုင်း​ထား​၍ တံခါး​ထုရိုက်​လျက် “​သင့်​အိမ်​သို့​ရောက်လာ​သော​ယောက်ျား​နှင့် ဆက်ဆံ​လို​၍ သူ့​ကို​ထုတ်ပေး​ပါ​”​ဟု အိမ်ရှင်​အဖိုးအို​အား ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 23,
      "text": "အိမ်ရှင်​အဖိုးအို​က​လည်း သူ​တို့​ရှိ​ရာ​အိမ်ပြင်​သို့ ထွက်လာ​၍ “​ညီအစ်ကို​တို့​၊ ဆိုးညစ်​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။ သူ​သည် အကျွန်ုပ်​အိမ်​သို့ ရောက်လာ​သော​ဧည့်သည် ဖြစ်​ပါ​၏​။ ဤ​ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ကြ​ပါ​နှင့်​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 24,
      "text": "အကျွန်ုပ်​၌ သမီး​အပျိုကညာ ရှိ​ပါ​၏​။ ထို​သူ​တွင်​လည်း မယားငယ် ရှိ​ပါ​၏​။ သူ​တို့​ကို​ထုတ်ပေး​ပါ​မည်​။ သင်​တို့​အလိုရှိ​သည်​အတိုင်း ပြုကျင့်​ပါ​။ ဤ​သူ​ကို​မူကား ယုတ်ညံ့​သော​အမှု​မ​ပြု​ပါ​နှင့်​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 25,
      "text": "သို့သော် သူ​တို့​သည် အဖိုးအို​၏​စကား​ကို နား​မ​ထောင်​သောကြောင့် လေဝိသား​က မိမိ​မယားငယ်​ကို ယူ​၍ ထို​သူ​တို့​ရှိ​ရာ​အိမ်​ပြင်ဘက်​သို့ ထုတ်ပေး​လိုက်​၏​။ သူ​တို့​သည် နံနက်​တိုင်အောင် တစ်ညလုံး ထို​မိန်းမ​ကို အဓမ္မပြုကျင့်​ပြီး အရုဏ်တက်​ချိန်​ရောက်​မှ ပြန်လွှတ်​လိုက်​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 26,
      "text": "အရုဏ်တက်​ချိန်​တွင် ထို​မိန်းမ​သည် ပြန်လာ​၍ သူ့​ခင်ပွန်း​တည်းခိုရာ​အဖိုးအို​၏​အိမ်​တံခါး​နားတွင် လဲကျ​၍ မိုးလင်း​သည်​အထိ နေ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 27,
      "text": "သူ့​ခင်ပွန်း​သည် နံနက်​ထ​၍ အိမ်​တံခါး​ဖွင့်​ကာ ခရီးဆက်​မည်​ပြု​သောအခါ လက်​ကို​တံခါးခုံ​ပေါ်​တင်​လျက် အိမ်​တံခါးဝ​တွင် လဲကျ​နေ​သော မယားငယ်​ကို တွေ့​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 28,
      "text": "သူ​က​လည်း မယားငယ်​အား “​ထထ ခရီးဆက်​ကြ​စို့​”​ဟု ဆို​၏​။ သို့သော် မည်သို့​မျှ​မ​တုံ့ပြန်​သဖြင့် သူ​သည် မယားငယ်​ကို မြည်း​ပေါ်​တင်​၍ မိမိ​အိမ်​သို့ ခရီးဆက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 29,
      "text": "သူ​သည် အိမ်​သို့​ရောက်​သောအခါ ဓား​ကို​ယူ​၍​မယားငယ်​ကို​ကိုင်​ကာ ကိုယ်အင်္ဂါ​အစိတ်အပိုင်း​အလိုက် တစ်ဆယ့်​နှစ်​ပိုင်း​ပိုင်း​ပြီး အစ္စရေး​နယ်မြေ​တစ်လျှောက်လုံး​သို့ ပို့​လိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 30,
      "text": "ထို​အခြင်းအရာ​ကို မြင်​သော​သူ​တိုင်း​က “​အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ဤကဲ့သို့သော​အဖြစ်အပျက်​မျိုး မ​ဖြစ်​ဖူး​၊ မ​ကြုံ​ဖူး​ပေ​။ ဤ​ကိစ္စ​ကို သေသေချာချာ​စဉ်းစား​ပြီး ဆွေးနွေး​တိုင်ပင်​ကြ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 1,
      "text": "ဂိလဒ်​ပြည်​အပါအဝင် ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင်​နေထိုင်​သော အစ္စရေး​အမျိုးသား​အပေါင်း လူအုပ်ကြီး​တို့​သည် မိဇပါ​မြို့​သို့​ရောက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​တွင် တစ်စိတ်တစ်သဘောတည်း စုရုံး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 2,
      "text": "အစ္စရေး​အမျိုးအနွယ်​အားလုံး​၏​အကြီးအကဲ​တို့​နှင့် ဓား​ကိုင်​ခြေလျင်တပ်သား​လေး​သိန်း​တို့​သည် ဘုရားသခင်​၏​လူမျိုး​တော်​စုဝေး​ရာ​နေရာ​တွင် နေရာယူ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 3,
      "text": "အစ္စရေး​တပ် မိဇပါ​မြို့​သို့ ချီတက်​လာ​ကြောင်း​ကို ဗင်္ယာမိန်​အမျိုးသား​တို့ ကြားသိ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​က “​အဘယ်ကြောင့် ဤမျှလောက်​ဆိုးသွမ်း​သော​အမှု ဖြစ်​ရ​သနည်း​။ ပြောပြ​ပါ​လော့​”​ဟု မေး​လျှင်"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 4,
      "text": "အသတ်ခံရ​သော​အမျိုးသမီး​၏​ခင်ပွန်း​လေဝိ​အမျိုးသား​က “​အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​မယားငယ်​သည် ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့​တွင် ညအိပ်ရပ်နား​ရန် ရောက်လာ​ပါ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 5,
      "text": "ညအချိန်​တွင် ဂိဗာ​မြို့သား​တို့​သည် အကျွန်ုပ်​ရှိ​ရာ​အိမ်​ကို​ဝိုင်း​ထား​ပြီး အကျွန်ုပ်​ကို​သတ်​ရန် ကြံစည်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​မယားငယ်​ကို​လည်း သေ​သည်​အထိ​အဓမ္မပြု​ကြ​ပါ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 6,
      "text": "ထိုသို့ ဂိဗာ​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​တွင် ညစ်ညမ်း​သော​အမှု​၊ ယုတ်ညံ့​သော​အမှု​ကို ပြု​ကြ​သောကြောင့် အကျွန်ုပ်​လည်း မယားငယ်​အသေကောင်​ကို ခုတ်ဖြတ်​ပြီး အစ္စရေး​လူမျိုး​တို့ အမွေခံရာ​ပြည်​တစ်လျှောက်လုံး​သို့ ပို့​လိုက်​ပါ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 7,
      "text": "သင်​တို့​အားလုံး​သည် အစ္စရေး​အမျိုးသား​များ ဖြစ်​ကြ​ပါ​၏​။ ယခု တိုင်ပင်​၍ အကြံပေး​ကြ​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 8,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် တစ်စိတ်တစ်သဘောတည်း​ဖြစ်​လျက် “​ငါ​တို့ တစ်ယောက်​မျှ ကိုယ့်​တဲ​သို့​မ​သွား​၊ ကိုယ့်​အိမ်​သို့ မ​ပြန်​ပါ​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 9,
      "text": "ငါ​တို့ ဤသို့ အစီစဉ်​ဆွဲ​မည်​။ မဲချ​ပြီး ဂိဗာ​မြို့​ကို သွားတိုက်​ကြ​မည်​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 10,
      "text": "အစ္စရေး​လူမျိုး​တို့​တွင် ဗင်္ယာမိန်​ပြည်​၊ ဂိဗာ​မြို့သား​တို့ ပြု​ခဲ့​သမျှ ယုတ်ညံ့​သော​အမှု​နှင့်အညီ သူ​တို့​ကို လက်စားချေ​ရန် စစ်ချီ​သောအခါ စစ်သည်​တို့​အတွက် ရိက္ခာ​သယ်ဆောင်​ရန် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ လူ​အယောက်​တစ်ရာ​တွင် ဆယ်​ယောက်​၊ လူ​အယောက်​တစ်ထောင်​တွင် အယောက်​တစ်ရာ​၊ လူ​အယောက်​တစ်သောင်း​တွင် အယောက်​တစ်ထောင်​တို့​ကို ရွေးကောက်​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 11,
      "text": "ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဂိဗာ​မြို့​ကို​တိုက်ခိုက်​ရန် တစ်စိတ်တစ်သဘောတည်း​စုဝေး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 12,
      "text": "အစ္စရေး​အမျိုးအနွယ်​တို့​သည် ဗင်္ယာမိန်​တစ်မျိုးနွယ်လုံး​ထံ လူ​လွှတ်​လျက် “​သင်​တို့​တွင် အဘယ်ကြောင့် ဤမျှလောက်​ဆိုးသွမ်း​သော​အမှု ဖြစ်ပျက်​ရ​သနည်း​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 13,
      "text": "ယခု ဂိဗာ​မြို့​ထဲရှိ​ဆိုးညစ်​သော​သူ​တို့​ကို ထုတ်ပေး​ပါ​။ သူ​တို့​ကို​သတ်​ပြီး အစ္စရေး​လူမျိုး​ထဲမှ မကောင်းမှု​ကို ဖယ်ရှား​ပစ်​မည်​”​ဟု မှာလိုက်​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​အမျိုးသားချင်း​ဖြစ်​သော​အစ္စရေး​အမျိုးသား​တို့​၏​စကား​ကို နား​မ​ထောင်​လို​ကြ​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 14,
      "text": "အစ္စရေး​အမျိုးသား​တို့​ကို ထွက်​တိုက်​ရန် ဗင်္ယာမိန်​အမျိုးသား​တို့​သည် အမြို့မြို့​မှ​လာ​၍ ဂိဗာ​မြို့​၌ စုရုံး​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 15,
      "text": "ထို​နေ့​၌ အမြို့မြို့​မှ​ဗင်္ယာမိန်​အမျိုးသား ဓားကိုင်သူရဲ​နှစ်သောင်းခြောက်ထောင်​အပြင် ရွေးကောက်​ခံရ​သော​ဂိဗာ​မြို့သား​ယောက်ျား​ခုနစ်​ရာ​တို့​လည်း စုရုံး​ပါဝင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 16,
      "text": "ဤ​လူ​အပေါင်း​တို့​တွင် ရွေးကောက်​ထား​သော​လက်ဝဲ​လက်​အားသန်​သူ​ယောက်ျား​အယောက်​ခုနစ်​ရာ​ရှိ​၏​။ သူ​တို့​သည် ဆံချည်​တစ်​ပင်​ကို​ပင် လောက်လွှဲ​နှင့်​ထိ​အောင် ပစ်​နိုင်​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 17,
      "text": "ဗင်္ယာမိန်​အမျိုး​မှအပ အစ္စရေး​အမျိုးသား​တို့​တွင် ဓားကိုင်သူရဲ​လေး​သိန်း ရှိ​၏​။ သူ​တို့​အားလုံး​သည် စစ်ရေး​ကျွမ်းကျင်သူ​များ ဖြစ်​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 18,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထ​၍ ဗေသလ​မြို့​သို့ တက်သွား​ပြီးလျှင် ဘုရားသခင်​အား “​ဗင်္ယာမိန်​အမျိုးသား​တို့​ကို မည်သူ​ဦးစွာ​သွားတိုက်​ရ​မည်နည်း​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​ယုဒ​အမျိုး ဦးစွာ​ချီတက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 19,
      "text": "ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​သည် နံနက်အချိန်​ချီတက်​၍ ဂိဗာ​မြို့​အနီး​တွင် စခန်းချ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 20,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဗင်္ယာမိန်​အမျိုး​ကို တိုက်ခိုက်​ရန် ချီတက်​လာ​၍ ဂိဗာ​မြို့​၌ နေရာယူ​ကြ​သောအခါ"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 21,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​က​လည်း ဂိဗာ​မြို့​ထဲမှ​ထွက်လာ​၍ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရာ ထို​နေ့​တွင် အစ္စရေး​လူမျိုး အယောက်​နှစ်သောင်းနှစ်ထောင်​ကို သတ်ပစ်​လိုက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 22,
      "text": "သို့သော် အစ္စရေး​အမျိုးသား​တို့​သည် အားယူ​၍ ပထမ​နေ့ စစ်ဖြစ်​ခဲ့​သော​နေရာ​တွင်​ပင် နောက်တစ်ဖန် စစ်တိုက်​ရန် နေရာယူ​ကြ​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 23,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တက်သွား​၍ နေဝင်ချိန်​တိုင်အောင် ငိုကြွေး​လျက် ထာဝရဘုရား​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို​ဖြစ်​သော ဗင်္ယာမိန်​အမျိုးသား​တို့​ကို တစ်ဖန်​သွားတိုက်​ရ​မည်လော​”​ဟု မေးလျှောက်​ကြ​လျှင် ထာဝရဘုရား​က “​တိုက်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 24,
      "text": "ထို့ကြောင့် ဒုတိယ​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် ဗင်္ယာမိန်​အမျိုးသား​တို့​ထံ ချီတက်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 25,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​သည်​လည်း ဒုတိယ​နေ့​တွင် ဂိဗာ​မြို့​ထဲမှ​ထွက်လာ​၍ အစ္စရေး​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရာ အစ္စရေး​အမျိုးသား ဓားကိုင်သူရဲ အယောက်​တစ်သောင်းရှစ်ထောင်​ကို သတ်ပစ်​ပြန်​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 26,
      "text": "အစ္စရေး​အမျိုးသား လူ​အပေါင်း​တို့​သည်​လည်း ဗေသလ​မြို့​သို့ တက်သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် ထိုင်​၍​ငိုကြွေး​ကြ​၏​။ ထို​နေ့ နေဝင်​သည်​အထိ အစာရှောင်​လျက် ထာဝရဘုရား​အား မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​များ​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 27,
      "text": "တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​အား မေးလျှောက်​ကြ​၏​။ (​ထိုစဉ်က ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဗေသလ​အရပ်​တွင် ရှိ​၍"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 28,
      "text": "အာရုန်​၏​မြေး​၊ ဧလာဇာ​၏​သား ဖိနဟတ်​က အမှု​တော်​ဆောင်​လျက်​ရှိ​၏​။​) သူ​တို့​က “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ဗင်္ယာမိန်​အမျိုးသား​တို့​ကို နောက်တစ်ဖန် သွားတိုက်​ရ​မည်လော​၊ မတိုက်​ဘဲ နေ​ရ​မည်လော​”​ဟု ဆို​လေ​ရာ ထာဝရဘုရား​က​လည်း “​သွား​လော့​။ မနက်ဖြန် သူ​တို့​ကို သင်​တို့​လက်​သို့ အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 29,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဂိဗာ​မြို့​ပတ်ပတ်လည်​တွင် တပ်ပုန်း​ချထား​၍"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 30,
      "text": "တတိယ​နေ့​တွင် ဗင်္ယာမိန်​အမျိုးသား​တို့​ထံ​ချီတက်​ကာ ယခင်က​ကဲ့သို့ပင် ဂိဗာ​မြို့​နား​တွင် နေရာယူ​ကြ​ပြန်​သောအခါ"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 31,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​က​လည်း ထွက်တိုက်​ရာ မြို့​နှင့်​ဝေး​ရာ​သို့ ရောက်လာ​ကြ​၏​။ သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ယခင်က​ကဲ့သို့ပင် ဗေသလ​မြို့​သို့​သွား​သော​လမ်း​၊ ဂိဗာ​မြို့​သို့​သွား​သော​လမ်း​တို့​တွင် စတင်​တိုက်ခိုက်​ပြီး လူ​အယောက်​သုံးဆယ်​ခန့်​ကို ကွင်းပြင်​တွင် သတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 32,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​က​လည်း “​ယခင်က​ကဲ့သို့ပင် သူ​တို့​ရှုံး​ပြန်​ပြီ​”​ဟု ဆို​၏​။ အစ္စရေး​အမျိုးသား​တို့​ကမူ “​ငါ​တို့ ထွက်ပြေး​ကြ​စို့​။ သူ​တို့​ကို မြို့​နှင့်​ဝေး​ရာ လမ်းမ​များ​ဆီသို့ မျှားခေါ်​သွား​ကြ​စို့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 33,
      "text": "ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထို​အရပ်​မှ​ထွက်​၍ ဗာလတာမာ​အရပ်​၌ နေရာယူ​ကြ​၏​။ အစ္စရေး​တပ်ပုန်းအဖွဲ့​က​လည်း မိမိ​တို့​ပုန်းနေရာ မာရေ​ဂေဗ ​မှ ထွက်လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 34,
      "text": "အစ္စရေး​တစ်မျိုးသားလုံး​ထဲမှ ရွေးကောက်​ထား​သော​လူ အယောက်​တစ်သောင်း​တို့​သည်​လည်း ဂိဗာ​မြို့​သို့​ချီလာ​ကြ​သဖြင့် တိုက်ပွဲ​အပြင်းအထန်​ဖြစ်​နေ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​၌ အဖြစ်ဆိုးကြီး​ကြုံ​ရ​တော့​မည်​ကို မ​ရိပ်မိ​ကြ​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 35,
      "text": "ထာဝရဘုရား​သည် ဗင်္ယာမိန်​အမျိုး​ကို အစ္စရေး​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​တော်မူ​သဖြင့် ထို​နေ့​၌ အစ္စရေး​အမျိုးသား​တို့​သည် ဗင်္ယာမိန်​အမျိုး ဓားကိုင်သူရဲ အယောက်​နှစ်သောင်းငါးထောင့်​တစ်ရာ​ကို သတ်​လိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 36,
      "text": "ထိုအခါ ဗင်္ယာမိန်​အမျိုးသား​တို့​သည် မိမိ​တို့​ရှုံးနိမ့်​ကြောင်း ရိပ်မိ​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဂိဗာ​မြို့​အနီး​၌ ချထား​သော​တပ်ပုန်း​ကို​အားကိုး​၍ ဗင်္ယာမိန်​တို့​ထံမှ ဆုတ်ခွာ​ခဲ့​သည့်​အတိုင်း"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 37,
      "text": "တပ်ပုန်းအဖွဲ့​က​လည်း ဂိဗာ​မြို့​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်​၍ တပ်ဖြန့်​ကာ မြို့​တစ်မြို့လုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 38,
      "text": "အချက်ပြ​လက္ခဏာ​အဖြစ် မြို့​ထဲမှ မီးခိုးလုံး​ကြီး​တက်​စေ​မည်​ဟူ၍ အစ္စရေး​တပ်ဖွဲ့​နှင့် တပ်ပုန်းအဖွဲ့​တို့ ချိန်းချက်​ထား​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 39,
      "text": "မြို့​ထဲမှ မီးခိုးလုံးကြီး​တက်လာ​လျှင် အစ္စရေး​တပ်​သည် စစ်ပွဲ​ထဲသို့​ပြန်လှည့်​မည်​ဟူ၍ ဖြစ်​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​မူကား အစ္စရေး​အမျိုးသား​တို့​နှင့် စ​တိုက်​စဉ်က လူ​အယောက်​သုံးဆယ်​ခန့်​ကို သတ်​မိ​လေ​သဖြင့် “​သူ​တို့​သည် ယခင်​စစ်ပွဲ​များ​ကဲ့သို့ပင် ငါ​တို့​ကို ရှုံးနိမ့်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 40,
      "text": "ထိုစဉ် မြို့​ထဲမှ မီးခိုးလုံး စ​တက်လာ​လေ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း နောက်သို့​လှည့်ကြည့်​ရာ မြို့​ထဲမှ​မီးခိုးလုံးကြီး ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 41,
      "text": "အစ္စရေး​စစ်တပ်​လည်း ပြန်လှည့်​လာ​၏​။ ဗင်္ယာမိန်​အမျိုးသား​တို့​လည်း အဖြစ်ဆိုး​နှင့်​ကြုံ​ရ​တော့​မည်​ကို သိ​၍​ထိတ်လန့်​နေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 42,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​ထံမှ ဆုတ်​၍​တောကန္တာရ​သို့ ထွက်ပြေး​ကြ​၏​။ သို့သော် အစ္စရေး​တပ်​သည် သူ​တို့​ကို လိုက်တိုက်​၏​။ မြို့ရွာ​များ​မှ​လူ​တို့​သည်​လည်း​ထွက်လာ​၍ သူ​တို့​ထံသို့​လာ​သော​သူ​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 43,
      "text": "အစ္စရေး​စစ်တပ်​သည် ဗင်္ယာမိန်​အမျိုးသား​တို့​ကို ဝိုင်း​၍​လိုက်တိုက်​ရာ ဂိဗာ​မြို့​အရှေ့ဘက်​နေထွက်​ရာ​အရပ်​တွင် အလွယ်တကူ​နှိမ်နင်း​နိုင်​ခဲ့​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 44,
      "text": "ထိုအခါ ဗင်္ယာမိန်​အမျိုးသား​ထဲမှ ရဲစွမ်းသတ္တိ​ရှိ​သူ​တစ်သောင်းရှစ်ထောင်​ကျဆုံး​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 45,
      "text": "အချို့​တို့​သည် တောကန္တာရ​ရှိ ရိမ္မုန်​ကျောက်ဆောင်​သို့​ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်​က​လိုက်လံ​သတ်ဖြတ်​ရာ လမ်း​တစ်လျှောက်​တွင် လူ​အယောက်​ငါး​ထောင်​ကို သတ်ဖြတ်​၏​။ ဂိဒုံ​မြို့​အထိ ဆက်လိုက်​၍ လူ​နှစ်ထောင်​ကို သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 46,
      "text": "ထို​နေ့​တွင် ဗင်္ယာမိန်​အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 47,
      "text": "လူ​အယောက်​ခြောက်​ရာ​တို့​သည် တောကန္တာရ​ရှိ ရိမ္မုန်​ကျောက်ဆောင်​ဘက်​သို့ လှည့်​ပြေး​ကြ​ပြီး ထို​သူ​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် လေး​လ​နေ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 48,
      "text": "အစ္စရေး​စစ်တပ်​သည်​လည်း ဗင်္ယာမိန်​အမျိုးသား​တို့​နေရာ​သို့ ပြန်လာ​၍ မြို့​ထဲ​ရှိ​လူ​နှင့်တကွ တိရစ္ဆာန်​အပါအဝင် တွေ့​သမျှ​တို့​ကို ဓား​ဖြင့် သတ်ပစ်​လေ​၏​။ တွေ့​သမျှ မြို့​တို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​က “​ငါ​တို့​သမီးပျို​ကို ဗင်္ယာမိန်​အမျိုးသား​တို့​နှင့် လုံးဝ​မ​ပေးစား​”​ဟု မိဇပါ​မြို့​တွင် ကျိန်ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 2,
      "text": "လူ​တို့​သည် ဗေသလ​မြို့​သို့​လာ​၍ နေဝင်ချိန်​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​တွင် ထိုင်​၍​အော်ဟစ်ငိုကြွေး​လျက်"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 3,
      "text": "“​အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အစ္စရေး​အမျိုးအနွယ်​ထဲတွင် အမျိုး​တစ်​မျိုး​ပျောက်ကွယ်​ရ​မည့်​အဖြစ်မျိုး အဘယ်ကြောင့်​ဖြစ်​ရ​သနည်း​”​ဟု လျှောက်ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 4,
      "text": "နောက်တစ်နေ့​တွင် လူ​တို့​သည် စောစောထ​၍ ထို​နေရာ​တွင် ယဇ်ပလ္လင်​ကို​တည်​ကာ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 5,
      "text": "အစ္စရေး​အမျိုးသား​တို့​က “​မိဇပါ​မြို့​သို့ မ​လာ​သော​သူ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​”​ဟု တင်းတင်းကျပ်ကျပ်​ကျိန်ဆို​ထား​ကြ​သည်​ဖြစ်၍ “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် ဤ​လူစုဝေးရာ​ထာဝရဘုရား​ထံ​တော်​သို့ မ​လာ​ဘဲ နေ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 6,
      "text": "အစ္စရေး​အမျိုးသား​တို့​က ဗင်္ယာမိန်​အမျိုးအနွယ်​အတွက် စိတ်မကောင်း​ဖြစ်​၍ “​ယနေ့ အစ္စရေး​အမျိုးအနွယ်​တို့​တွင် အမျိုး​တစ်​မျိုး ဖြတ်တောက်​ခံရ​လေ​ပြီ​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 7,
      "text": "ငါ​တို့​သည် ကိုယ့်​သမီး​ကို သူ​တို့​နှင့်​မ​ပေးစား​နိုင်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​ခဲ့​ပြီ​ဖြစ်၍ ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 8,
      "text": "သူ​တို့​က “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် မိဇပါ​မြို့​သို့ မ​လာ​ကြ​သနည်း​။ မည်သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်​မျှ လူစုဝေးရာ​စခန်း​သို့ ရောက်​မ​လာ​ကြ​သည်​ကို သိ​ရ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 9,
      "text": "လူ​တို့​ကို ရေတွက်​ကြည့်​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်မျှ မ​ပါ​သည်​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 10,
      "text": "ထိုအခါ သူ​တို့​က ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တစ်သောင်းနှစ်ထောင်​ကို စေလွှတ်​၍ “​ယာဗက်​ဂိလဒ်​မြို့သား​တို့​ကို မိန်းမ​ရော ကလေး​ပါ​မ​ကျန် ဓား​နှင့်​သတ်​ပစ်​ရ​မည်​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 11,
      "text": "အထူးသဖြင့် ယောက်ျား​အားလုံး​၊ ယောက်ျား​နှင့်​ဆက်ဆံ​ဖူး​သော​မိန်းမ​အားလုံး​ကို သတ်​ပစ်​ရ​မည်​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 12,
      "text": "စစ်သူရဲ​တို့​က​လည်း ယာဗက်​ဂိလဒ်​မြို့​ရှိ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော အပျိုကညာ​မိန်းကလေး​အယောက်​လေး​ရာ​ကို ခါနာန်​ပြည်​၊ ရှိလော​တပ်စခန်း​သို့ ခေါ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 13,
      "text": "ထို့နောက် လူ​အစုအဝေး​အပေါင်း​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် နေ​သော​ဗင်္ယာမိန်​အမျိုးသား​တို့​ထံ စစ်ပြေငြိမ်း​ပြီ​ဖြစ်ကြောင်း အကြောင်းကြား​လိုက်​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 14,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့ ပြန်လာ​သောအခါ အစ္စရေး​အမျိုးသား​တို့​သည် ယာဗက်​ဂိလဒ်​မြို့​မှ​ခေါ်လာ​သော​အသက်ရှင်​ကျန်ရစ်​သူ​အမျိုးသမီး​တို့​နှင့် သူ​တို့​ကို​ပေးစား​၏​။ သို့သော် မ​လုံ​မ​လောက် ဖြစ်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 15,
      "text": "ဤသို့ ထာဝရဘုရား​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ အမျိုး​တစ်မျိုး​ကို ပြတ်တောက်​သွား​စေ​သောကြောင့် ဗင်္ယာမိန်​အမျိုး​အတွက် လူ​တို့​စိတ်မကောင်း​ဖြစ်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 16,
      "text": "လူထု​အကြီးအကဲ​တို့​က​လည်း “​ဗင်္ယာမိန်​သမီးပျို​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ထဲသို့ ပါသွား​ကြ​ပြီ​ဖြစ်၍ ကျန်ခဲ့​သော​ဗင်္ယာမိန်​အမျိုးသား​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ရ​မည်နည်း”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 17,
      "text": "တစ်ဖန် သူ​တို့​က “အစ္စရေး​အမျိုးအနွယ်​ထဲမှ အမျိုး​တစ်မျိုး​မ​ပျောက်ပျက်​စေရန် အသက်ရှင်​ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုး​ထဲ​တွင် အမွေခံ​ရှိ​ရ​မည်​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 18,
      "text": "ငါ​တို့​မူကား ‘​ကိုယ့်​သမီး​ကို ဗင်္ယာမိန်​အမျိုး​တို့​နှင့် ပေးစား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​’​ဟု အစ္စရေး​အမျိုးသား​တို့ ကျိန်ဆို​ထား​ပြီ​ဖြစ်၍ ငါ​တို့​သမီး​များ​ကို သူ​တို့​နှင့် ပေးစား​၍​မ​ရ”​ဟု ဆို​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 19,
      "text": "တစ်ဖန် သူ​တို့​က “ကြည့်​ပါ​။ ဗေသလ​မြို့​မြောက်ဘက်​၊ ဗေသလ​မြို့​မှ​ရှေခင်​မြို့​သို့​တက်သွား​သော​လမ်း​အရှေ့ဘက်​၊ လေဗောန​မြို့​တောင်ဘက်​တွင်​ရှိ​သော ရှိလော​မြို့​၌ နှစ်စဉ် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​လေ့​ရှိ​၏​”​ဟု ဆို​၍"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 20,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​ကို ခေါ်​ပြီး “​သွား​ကြ​။ စပျစ်ခြံ​များ​၌ ပုန်း​၍​စောင့်​နေ​ကြ​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 21,
      "text": "ရှိလော​သမီးပျို​တို့​ထွက်လာ​၍ ကခုန်​ကြ​သောအခါ သင်​တို့​လည်း စပျစ်ခြံ​တို့​မှ ထွက်လာ​၍ ရှိလော​သမီးပျို​တို့​ကို ကိုယ့်​မယား​အဖြစ် ဖမ်းဆီး​၍ ဗင်္ယာမိန်​ပြည်​သို့ ပြန်သွား​လော့​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 22,
      "text": "သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 23,
      "text": "ဗင်္ယာမိန်​အမျိုးသား​တို့​လည်း ထိုသို့ ပြု​ကြ​၏​။ သူ​တို့​၌​လို​နေ​သော​မိန်းမ​အရေအတွက်​အတိုင်း ကပွဲ​လာ​အမျိုးသမီး​တို့​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​အမွေမြေ​သို့​ပြန်​သွား​၍ မြို့ရွာ​များ​ကို​တည်​ပြီး နေထိုင်​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 24,
      "text": "အစ္စရေး​အမျိုးသား​တို့​လည်း ထို​နေရာ​မှ ကိုယ့်​အမျိုး​၊ ကိုယ့်​အနွယ်​အလိုက် အမွေခံရာမြေ​သို့ အသီးသီး​ပြန်သွား​ကြ​၏​။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 25,
      "text": "ထို​ကာလ​တွင် အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​။ လူ​တိုင်း မှန်​သည်​ဟု​ထင်​သည့်​အတိုင်း ပြု​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 1,
      "text": "တရားသူကြီး​တို့ အုပ်စိုး​သည့်​ကာလ​တွင် အစ္စရေး​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် ယုဒ​ပြည်​၊ ဗက်လင်​မြို့သား​တစ်​ဦး​သည် မိမိ​၏​မယား​၊ မိမိ​သား​နှစ်​ယောက်​နှင့်အတူ မောဘ​ပြည်​သို့ သွားရောက်​ခိုလှုံနေထိုင်​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 2,
      "text": "ထို​သူ​၏​အမည်​မှာ ဧလိမလက်​၊ မယား​၏​အမည်​မှာ နောမိ​၊ သား​နှစ်​ယောက်​၏​အမည်​မှာ မဟာလုန်​၊ ခိလျုန်​တို့​ဖြစ်၍ ယုဒ​ပြည်​၊ ဗက်လင်​မြို့သား ဧဖရတ်​အနွယ်ဝင်​ဖြစ်​၏​။ သူ​တို့​သည် မောဘ​ပြည်​သို့ သွားရောက်​နေထိုင်​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 3,
      "text": "နောမိ​၏​ခင်ပွန်း ဧလိမလက် သေဆုံး​သွား​သဖြင့် သူ​သည် သား​နှစ်​ယောက်​နှင့် ကျန်ရစ်​ခဲ့​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 4,
      "text": "ထို​သား​နှစ်​ယောက်​သည် ဩရပ​၊ ရုသ အမည်​ရှိ​သော​မောဘ​သမီးပျို​တို့​နှင့် စုံဖက်​ပြီး မောဘ​ပြည်​၌ ဆယ်​နှစ်​ခန့် နေထိုင်​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 5,
      "text": "ထို့နောက် မဟာလုန်​နှင့် ခိလျုန် နှစ်ယောက်စလုံး​လည်း သေဆုံး​သွား​သဖြင့် နောမိ​သည် သား​နှစ်​ယောက်​မ​ရှိ​၊ ခင်ပွန်းသည်​မ​ရှိ​ဘဲ ကျန်ရစ်​ခဲ့​ရ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 6,
      "text": "ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အား ကြည့်ရှု​ထောက်မ​၍ အစာရေစာ​ပေး​တော်မူ​ကြောင်း​ကို မောဘ​ပြည်​မှ နောမိ​ကြားသိ​သောအခါ သူ​သည် ချွေးမ​တို့​နှင့်အတူ မောဘ​ပြည်​မှ နေရင်းပြည်​သို့ ပြန်သွား​ရန် ပြင်ဆင်​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 7,
      "text": "ထို့နောက် ချွေးမ​နှစ်​ယောက်​နှင့်အတူ လက်ရှိ​နေထိုင်​ရာ​အရပ်​မှ ယုဒ​ပြည်​သို့ ခရီးပြု​ထွက်ခွာ​လာ​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 8,
      "text": "နောမိ​က ချွေးမ​နှစ်​ဦး​အား “​သင်​တို့ ကိုယ့်​မိခင်​အိမ်​သို့ ပြန်​သွား​ကြ​လော့​။ ကွယ်လွန်​သွား​သော​သင်​တို့​ခင်ပွန်း​နှင့် ငါ့​အပေါ် သင်​တို့​မေတ္တာကရုဏာ​ပြ​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် သင်​တို့​အပေါ် မေတ္တာကရုဏာ ပြ​တော်မူ​ပါစေသော​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 9,
      "text": "သင်​တို့​သည် နောက်အိမ်ထောင်ပြု​ပြီး အေးချမ်း​စွာ​နေ​ရ​သော​အခွင့်​ကို သင်​တို့​အား ထာဝရဘုရား ပေးသနား​တော်မူ​ပါစေသော​”​ဟု ဆို​ပြီး သူ​တို့​ကို နမ်း​ရာ သူ​တို့​သည် အော်ဟစ်​ငိုကြွေး​၍"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 10,
      "text": "“​အကျွန်ုပ်​တို့​သည် အမေ​နှင့်အတူ အမေ့​လူမျိုး​တို့​ရှိ​ရာ​သို့ လိုက်သွား​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 11,
      "text": "နောမိ​က​လည်း “​ငါ့​သမီး​တို့​၊ ပြန်သွား​ကြ​ပါ​။ အဘယ်ကြောင့် ငါ​နှင့်အတူ လိုက်​မည်နည်း​။ သင်​တို့​ယောက်ျား​ရ​ဖို့ ငါ့​ဝမ်း​ထဲက သား​မွေး​နိုင်​သေး​သလော​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 12,
      "text": "ငါ့​သမီး​တို့​၊ ပြန်​သွား​ကြ​ပါ​။ ငါ အသက်ကြီး​လှ​ပြီ​။ အိမ်ထောင်​မ​ပြု​သင့်​တော့​။ အကယ်၍ ဤ​ည​တွင် အိမ်ထောင်ပြု​၍​သား​မွေး​နိုင်​သည့်​မျှော်လင့်ချက်​ရှိ​သည်​ဆို​လျှင်ပင်"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 13,
      "text": "သူ​တို့​ကြီးလာ​သည်​အထိ သင်​တို့​အိမ်ထောင်​မ​ပြု​ဘဲ စောင့်​နေ​ကြ​မည်လော​။ ငါ့​သမီး​တို့​၊ ထိုသို့​မ​ဖြစ်​သင့်​။ ထာဝရဘုရား​သည် ငါ့​ကို ဆုံးမ​တော်မူ​သဖြင့် သင်​တို့​ထက် ငါ​ပို၍​ခါးသီး​စွာ​ခံစား​ရ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 14,
      "text": "ချွေးမ​နှစ်​ယောက်​သည် တစ်ဖန် အော်ဟစ်​ငိုကြွေး​ကြ​ပြီး ဩရပ​သည် ယောက္ခမ​ကို​နှုတ်ဆက်​ကာ ထွက်သွား​လေ​၏​။ ရုသ​မူကား ယောက္ခမ​နှင့်အတူ လိုက်သွား​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 15,
      "text": "ထို့ကြောင့် နောမိ​က ရုသ​အား “​ကြည့်​ပါ​။ သင့်​အစ်မ​သည် သူ့​လူမျိုး​၊ သူ့​ဘုရား​ရှိ​ရာ​သို့ ပြန်သွား​ပြီ​။ သင်​လည်း သူ့​နောက်သို့​လိုက်သွား​လော့​”​ဟု ဆို​လျှင်"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 16,
      "text": "ရုသ​က​လည်း “​အမေ့​ကို ထားခဲ့​ပြီး နောက်​ပြန်လှည့်​သွား​ရန် အကျွန်ုပ်​ကို မ​တိုက်တွန်း​ပါ​နှင့်​။ အမေ​သွား​သည့်​နေရာ​သို့ အကျွန်ုပ်​လိုက်​မည်​။ အမေ​အိပ်​သည့်​နေရာ​တွင် အကျွန်ုပ်​အိပ်​မည်​။ အမေ့​လူမျိုး​သည် အကျွန်ုပ်​လူမျိုး​၊ အမေ့​ဘုရား​သည် အကျွန်ုပ်​ဘုရား ဖြစ်​ပါ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 17,
      "text": "အမေ​သေ​သည့်​နေရာ​တွင် အကျွန်ုပ်​လိုက်​သေ​၍ ထို​နေရာ​တွင်​ပင် အသင်္ဂြိုဟ်​ခံ​ပါ​မည်​။ သေ​ခြင်း​မှတစ်ပါး အခြား​အကြောင်း​ကြောင့် အမေ့​ကို အကျွန်ုပ်​ခွဲခွာ​သွား​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဒဏ်ခတ်​ပါစေ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 18,
      "text": "ရုသ​က မိမိ​နှင့်အတူ​လိုက်​ရန် အခိုင်အမာ​စိတ်ပိုင်းဖြတ်​ထား​ကြောင်း နောမိ သိမြင်​လျှင် ရုသ​အား ထပ်​မ​တိုက်တွန်း​တော့​ချေ​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 19,
      "text": "သူ​တို့​နှစ်​ယောက် ဗက်လင်​မြို့​သို့ ခရီးဆက်​လာ​ခဲ့​ကြ​၏​။ ဗက်လင်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​မြင်​သည်​နှင့် တစ်မြို့လုံး ပွက်လောရိုက်​သွား​လေ​၏​။ အမျိုးသမီး​တို့​က “​ဤ​သူ​ကား နောမိ​လော​”​ဟု မေးမြန်း​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 20,
      "text": "နောမိ​က​လည်း “​အကျွန်ုပ်​ကို နောမိ ​ဟု မ​ခေါ်​ပါ​နှင့်​။ မာရ ​ဟု ခေါ်​ပါ​။ အနန္တတန်ခိုးရှင်​သည် အကျွန်ုပ်​အား ခါးသီး​စွာ​ခံစား​ရ​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 21,
      "text": "အကျွန်ုပ်​သည် ထွက်သွား​စဉ်က ပြည့်ပြည့်စုံစုံ​နှင့် ထွက်သွား​၏​။ ယခု​မူကား ထာဝရဘုရား​သည် လက်ချည်းသက်သက်​ပြန်လာ​စေ​တော်မူ​၏​။ အဘယ်ကြောင့် အကျွန်ုပ်​ကို နောမိ​ဟု ခေါ်​ကြ​ဦး​မည်နည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဆုံးမ​တော်မူ​ပြီ​။ အနန္တတန်ခိုးရှင်​သည် အကျွန်ုပ်​ကို ဒုက္ခရောက်​စေ​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 22,
      "text": "ဤသို့ဖြင့် နောမိ​သည် သူ​၏​ချွေးမ မောဘ​အမျိုးသမီး​ရုသ​နှင့်အတူ မောဘ​ပြည်​မှ ပြန်လာ​၍ မုယောစပါး​ရိတ်သိမ်း​စ​အချိန်​တွင် ဗက်လင်​မြို့​သို့ ရောက်လာ​ကြ​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 1,
      "text": "နောမိ​၏​ခင်ပွန်းသည်​၌ ဗောဇ​ဟု အမည်​ရှိ​သော ချမ်းသာကြွယ်ဝ​သူ​ဆွေမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဧလိမလက်​မျိုးနွယ်စု​မှ ဆင်းသက်​လာ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 2,
      "text": "မောဘ​အမျိုးသမီး​ရုသ​က နောမိ​အား “​လယ်​ထဲသို့ အကျွန်ုပ်​သွား​ပါရစေ​။ ခွင့်ပြု​သူ​ရှိ​လျှင် ကောက်ရိတ်သမား​တို့​နောက်မှ ကောက်သင်းကောက်​ပါရစေ​”​ဟု ဆို​လျှင် နောမိ​က “​ငါ့​သမီး​၊ သွား​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 3,
      "text": "ရုသ​လည်း လယ်​ထဲသို့ ထွက်​သွား​၍ ကောက်ရိတ်သမား​တို့​နောက်မှ​လိုက်​ပြီး ကောက်သင်းကောက်​ရာ တိုက်တိုက်ဆိုင်ဆိုင် ထို​လယ်ကွက်​သည် ဧလိမလက်​မျိုးနွယ်စုဝင် ဗောဇ​ပိုင်​သော​လယ်ကွက်​ဖြစ်​နေ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 4,
      "text": "ထိုစဉ် ဗောဇ​သည် ဗက်လင်​မြို့​မှ ရောက်လာ​၍ ကောက်ရိတ်သမား​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု နှုတ်ဆက်​လျှင် သူ​တို့​က​လည်း “​ထာဝရဘုရား​သည် သခင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​”​ဟု ပြန်​နှုတ်ဆက်​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 5,
      "text": "ဗောဇ​က​လည်း မိမိ​အစေအပါး​ဖြစ်​သည့် အလုပ်သမား​ခေါင်းဆောင်​အား “​ထို​အမျိုးသမီး​သည် အဘယ်ကနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 6,
      "text": "သူ​၏​အစေအပါး ကောက်ရိတ်သမား​ခေါင်းဆောင်​က “​သူ​သည် နောမိ​နှင့်အတူ မောဘ​ပြည်​မှ​လိုက်လာ​သော မောဘ​အမျိုးသမီး ဖြစ်​ပါ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 7,
      "text": "သူ​က ‘​အကျွန်ုပ် ကောက်သင်းကောက်​ပါရစေ​၊ ကောက်ရိတ်သမား​တို့​နောက်မှ ကျန်​ခဲ့​သော​သီးနှံ​ကို ကောက်သိမ်း​ပါရစေ​’​ဟု လာ​၍​ခွင့်တောင်း​ပြီး မနက်​ကတည်းက ယခု​ချိန်​ထိ ကောက်သင်းကောက်​ပါ​၏​။ ယခုမှသာ တဲ​တွင် ခဏ​နား​နေ​ပါ​သည်​”​ဟု ပြန်ပြောပြ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 8,
      "text": "ထိုအခါ ဗောဇ​က ရုသ​အား “​ငါ့​သမီး​၊ နားထောင်​ပါ​။ အခြား​လယ်ကွက်​သို့​သွား​၍ ကောက်သင်း​မ​ကောက်​နှင့်​။ ဤ​နေရာ​မှ ထွက်​မ​သွား​နှင့်​။ ငါ့​အစေအပါး​မိန်းကလေး​တို့​အနား​မှာ​သာ နေ​ပါ​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 9,
      "text": "လုလင်​တို့ ကောက်ရိတ်​သော​လယ်ကွက်​ကို​ကြည့်မှတ်​၍ သူ​တို့​နောက်သို့​လိုက်​ပါ​။ သူ​တို့​သည် သင့်​ကို မ​ထိပါး​စေရန် ငါ​မှာထား​ပြီ​။ ရေဆာ​လျှင် လုလင်​တို့ ခပ်​ထား​သော​ရေအိုး​ထဲမှ​ရေ​ကို သွား​၍​ခပ်သောက်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 10,
      "text": "ရုသ​က​လည်း မြေ​မှာ​ပျပ်ဝပ်​လျက် “​တစ်ပါးအမျိုးသား​ဖြစ်​သော​အကျွန်ုပ်​ကို သခင်​က အဘယ်ကြောင့် အသိအမှတ်​ပြု​မျက်နှာသာ​ပေး​ပါ​သနည်း​”​ဟု မေး​ရာ"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 11,
      "text": "ဗောဇ​က​လည်း “​သင်​သည် ခင်ပွန်းသည်​သေဆုံး​ပြီးနောက် သင့်​ယောက္ခမ​ကို ပြုစု​ခဲ့​ရ​ကြောင်း​၊ သင့်​မိဘ​၊ သင့်​မွေးရပ်​မြေ​ကို​စွန့်​ပြီး ယခင်က သင်​မ​သိ​ခဲ့​ဖူး​သော​လူမျိုး​တို့​ထံ လာ​ခဲ့​ရ​ကြောင်း​ကို ငါ အလုံးစုံ​ကြားသိ​ရ​ပြီ​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 12,
      "text": "သင်​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား သင့်​အား ပြန်လည်​ကျေးဇူးပြု​ပါစေသော​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အတောင်​တော်​အရိပ်​အောက်​၌ လာရောက်​ခိုလှုံ​သည်​ဖြစ်၍ ထို​အရှင်​ထံမှ အကျိုးကျေးဇူး​ကြွယ်ဝ​စွာ ခံစား​ရ​ပါစေသော​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 13,
      "text": "ရုသ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် သခင့်​ရှေ့​တွင် မျက်နှာရ​ပါစေ​။ အကျွန်ုပ်​သည် သခင်​၏​ကျွန်မ​တစ်​ဦး​မ​ဟုတ်​သော်လည်း သခင်​သည် အကျွန်ုပ်​အား ကြင်နာ​စွာ​စကားဆို​၍​နှစ်သိမ့်​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 14,
      "text": "စားသောက်​ချိန်​ရောက်​သောအခါ ဗောဇ​က ရုသ​အား “​မုန့် လာ​စား​ပါ​။ မုန့်​ကို ဝိုင်အချဉ်ရည်​နှင့် တို့စား​ပါ​”​ဟု ဆို​သဖြင့် သူ​သည် ကောက်ရိတ်သမား​တို့​ထိုင်​သော​ဘေး​တွင် ဝင်ထိုင်​၏​။ ထိုအခါ ဗောဇ​က သူ့​အား မုန့်ဆန်း​ကို​လှမ်းပေး​သဖြင့် သူ​သည် ဝ​အောင်​စား​ပြီး ကျန်​သော​မုန့်​ကို သိမ်းထား​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 15,
      "text": "ထို့နောက် သူ​သည် ကောက်သင်းကောက်​ရန် ထသွား​သောအခါ ဗောဇ​က ငယ်သား​တို့​အား “​သူ​သည် ကောက်လှိုင်း​များ​ကြား​၌​ကောက်ယူ​လျှင်​လည်း သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 16,
      "text": "သင်​တို့​ရိတ်​ထား​သော​ကောက်ဆုပ်​ထဲမှ ကောက်နှံ​အချို့​ကို ချထား​ခဲ့​ပါ​။ သူ​ကောက်ယူ​ပါစေ​။ သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​”​ဟု မှာထား​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 17,
      "text": "ရုသ​လည်း ညနေ​တိုင်အောင် လယ်​ထဲ၌​ကောက်သင်းကောက်​ပြီး ကောက်​ထား​သော​ကောက်နှံ​ကို ရိုက်ခြွေ​သောအခါ မုယောစပါး​တစ်​ဧဖာ ​ခန့် ရ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 18,
      "text": "သူ​သည် မြို့​သို့​ပြန်သွား​၍ ကောက်သင်းကောက်​ရာ​မှ​ရ​ခဲ့​သော​ထို​မုယောစပါး​ကို ယောက္ခမ​အား ပြ​၏​။ ထို့ပြင် သူ​ဝ​အောင်​စား​ပြီးမှ ကျန်​သေး​သော​မုန့်​ကို​လည်း ယောက္ခမ​အား ပေး​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 19,
      "text": "သူ့​ယောက္ခမ​က​လည်း “​ယနေ့ သင် အဘယ်မှာ​ကောက်သင်းကောက်​ခဲ့​သနည်း​။ အဘယ်မှာ အလုပ်​လုပ်​ခဲ့​သနည်း​။ သင့်​ကို ခွင့်ပြု​သော​သူ​သည် မင်္ဂလာ​ရှိ​ပါစေသော​”​ဟု ဆို​လျှင် သူ​က “​ယနေ့ အကျွန်ုပ် အလုပ်​လုပ်​ခဲ့​သော​လယ်ကွက်​ပိုင်ရှင်​၏​နာမည်​မှာ ဗောဇ ဖြစ်​၏​”​ဟု ဆို​ပြီး သူ​အလုပ်​လုပ်​ခဲ့​သော​လယ်ကွက်​ပိုင်ရှင်​အကြောင်း​ကို သူ့​ယောက္ခမ​အား ပြောပြ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 20,
      "text": "ထိုအခါ နောမိ​က သူ့​ချွေးမ​အား “​အသက်ရှင်​သော​သူ​၊ သေ​သော​သူ​တို့​ကို မေတ္တာကရုဏာ​အစဉ်​ထား​တော်မူ​သော ထာဝရဘုရား​သည် သူ့​ကို ကောင်းချီးပေး​ပါစေသော​။ သူ​သည် ငါ​တို့​နှင့် ဆွေးမျိုးနီးစပ်​သူ​၊ ငါ​တို့​ကို ရွေးနုတ်​ခွင့်​ရှိ​သူ ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 21,
      "text": "မောဘ​အမျိုးသမီး​ရုသ​က​လည်း “​ထို​သူ​က ‘​သီးနှံ​အားလုံး​ရိတ်သိမ်း​ပြီး​သည်​အထိ ငါ့​ငယ်သား​တို့​အနား​မှာ​သာ နေ​ပါ​’​ဟူ၍ အကျွန်ုပ်​အား ဆို​သေး​၏​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 22,
      "text": "နောမိ​က​လည်း ချွေးမ​ရုသ​အား “​ငါ့​သမီး​၊ ထို​သူ​၏​အစေအပါး​မိန်းကလေး​တို့​နှင့်အတူ အလုပ်လုပ်​ရ​သည်​မှာ ကောင်း​ပေ​၏​။ အခြား​လယ်​များ​တွင် လုပ်​လျှင် အနှောင့်အယှက်​ခံရ​နိုင်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 23,
      "text": "ဤသို့ဖြင့် ရုသ​သည် မုယောစပါး​ရိတ်သိမ်း​ပြီး​ချိန်​၊ ဂျုံ​ရိတ်သိမ်း​ပြီး​ချိန်​အထိ ဗောဇ​၏​အစေအပါး​မိန်းကလေး​တို့​အနား​တွင် ကောက်သင်းကောက်​လေ​၏​။ ယောက္ခမ​နှင့်​လည်း အတူ​နေထိုင်​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 1,
      "text": "တစ်နေ့တွင် ယောက္ခမ​နောမိ​က ရုသ​အား “​ငါ့​သမီး​၊ သင့်​အတွက် အေးချမ်း​သော​နားခို​ရာ​ကို ငါ​ရှာပေး​သင့်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 2,
      "text": "သင်​သွား​၍​အလုပ်​အတူတူ​လုပ်​ခဲ့​သော​အစေအပါး​တို့​၏​သခင် ဗောဇ​သည် ငါ​တို့​၏​ဆွေမျိုးသားချင်း မ​ဟုတ်​လော​။ ယခု​ည သူ​သည် တလင်းပြင်​တွင် မုယောစပါး​လာ​လှေ့​လိမ့်မည်​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 3,
      "text": "သင်​သည် ရေချိုး​၊ ဖီးလိမ်း​ပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်​၍ တလင်းပြင်​သို့​သွား​ပါ​။ သူ စား​သောက်​၍​မ​ပြီး​မ​ချင်း သင်​ရောက်​နေ​သည်​ကို သူ​မ​သိ​စေ​နှင့်​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 4,
      "text": "သူ​အိပ်​သောအခါ သူ​အိပ်​သည့်​နေရာ​ကို မှတ်ထား​ပြီး သူ​၏​ခြေ​၌​ဖုံး​ထား​သော​အဝတ်​ကို​လှစ်​၍ သင်​လှဲအိပ်​နေ​ပါ​။ ထိုအခါ သင်​ပြု​ရ​မည့်​အရာ​ကို သူ​ပြောပြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 5,
      "text": "ရုသ​က​လည်း “​အမေ​ပြော​သည့်​အတိုင်း အကျွန်ုပ် လုပ်​ပါ​မည်​”​ဟု ဆို​ပြီး"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 6,
      "text": "တလင်းပြင်​သို့​သွား​၍ ယောက္ခမ​ပြော​သည့်​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 7,
      "text": "ဗောဇ​သည် စား​သောက်​ပြီးလျှင် စိတ်အလို​ပြည့်စုံ​သွား​ပြီ​ဖြစ်၍ ကောက်လှိုင်းပုံ​အစွန်​တွင် သွား​အိပ်​လေ​၏​။ ရုသ​လည်း ဗောဇ​အနီး​သို့ တိတ်တဆိတ်​ချဉ်းကပ်​လာ​၍ သူ​၏​ခြေ​၌​ဖုံး​ထား​သော​အဝတ်​ကို​လှစ်​၍ လှဲအိပ်​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 8,
      "text": "ညသန်းခေါင်​အချိန်​တွင် ဗောဇ​သည် နိုး​၍​လှည့်ကြည့်​လိုက်​ရာ ခြေရင်း​၌ အမျိုးသမီး​တစ်​ယောက် အိပ်​နေ​သည်​ကို တွေ့​သဖြင့် ထိတ်လန့်​သွား​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 9,
      "text": "ထို့ကြောင့် ဗောဇ​က “​သင် မည်သူ​နည်း​”​ဟု မေး​ရာ ရုသ​က “​အကျွန်ုပ်​သည် သခင့်​ကျွန်မ ရုသ ဖြစ်​ပါ​၏​။ သခင်​သည် အကျွန်ုပ်​ကို ရွေးနုတ်​ခွင့်​ရှိ​သူ​ဖြစ်​သောကြောင့် သခင်​၏​ဝတ်လုံစွန်း ​ဖြင့် သခင့်​ကျွန်မ​ကို လွှမ်းခြုံ​ပေး​ပါ​တော့​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 10,
      "text": "ဗောဇ​က​လည်း “​ငါ့​သမီး​၊ ထာဝရဘုရား​သည် သင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။ သင်​သည် ဆင်းရဲ​သော​လူပျို​၊ ချမ်းသာ​သော​လူပျို​တို့​နောက်သို့ မ​လိုက်​။ ယခု သင်​ပြ​သော​မေတ္တာကရုဏာ​သည် ယခင် ပြ​ခဲ့​သည်​ထက် သာ၍​မြတ်​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 11,
      "text": "ယခုမှာ ငါ့​သမီး​၊ ဘာမျှ​မ​စိုးရိမ်​နှင့်​။ သင်​တောင်း​သမျှ​ကို ငါ​ပြု​ပေး​မည်​။ သင်​သည် အကျင့်သီလ​နှင့်​ပြည့်စုံ​သော​အမျိုးသမီး​ဖြစ်ကြောင်း​ကို ဤ​တစ်မြို့လုံး​ရှိ​ငါ​တို့​လူမျိုး​တို့ သိ​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 12,
      "text": "ငါ​သည် ရွေးနုတ်​ခွင့်​ရှိ​သူ မှန်​သော်လည်း ငါ့​ထက် ပို၍​ရွေးနုတ်​ခွင့်​ရှိ​သူ​တစ်ဦး ရှိ​သေး​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 13,
      "text": "ဤ​ည​တွင် အိပ်​ဦး​လော့​။ နံနက်​ရောက်​မှ ထို​သူ​သည် သင့်​ကို ရွေးနုတ်​မည်​ဆိုလျှင် ရွေးနုတ်​ပါစေ​။ ကောင်း​ပါ​၏​။ အကယ်၍ သူ​မ​ရွေးနုတ်​လျှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို ငါ​ရွေးနုတ်​မည်​။ ယခုမူ နံနက်​တိုင်အောင် အိပ်​ဦး​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 14,
      "text": "ရုသ​သည် ဗောဇ​၏​ခြေရင်း​တွင် နံနက်​တိုင်အောင် အိပ်​ပြီး တစ်ယောက်​ကို​တစ်ယောက် သိ​နိုင်​သည့်​အချိန်​မ​ရောက်​မီ ထ​လေ​၏​။ ဗောဇ​က​လည်း သူ့​အား “​ဤ​တလင်းပြင်​သို့ သင်​လာ​သည်​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 15,
      "text": "“သင့် ကိုယ်​ပေါ်​က ခြုံထည်​ကို ဖြန့်​၍ ကိုင်​ထား​ပါ​”​ဟု ဆို​၏​။ ရုသ​က​လည်း ခြုံထည်​ကို ဖြန့်​၍​ကိုင်​ထား​ရာ ဗောဇ​က မုယောစပါး​ခြောက်​ဧဖာ ခြင်ထည့်​ပြီး ရုသ​အား ပေး​၏​။ ရုသ​လည်း ယူ​၍ မြို့​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 16,
      "text": "ယောက္ခမ​ထံ​ပြန်ရောက်​သောအခါ ယောက္ခမ​က “​ငါ့​သမီး​၊ မည်သို့နည်း​”​ဟု မေး​သော် ရုသ​က​လည်း ဗောဇ​ပြု​ပေး​ခဲ့​သမျှ​ကို ပြန်​ပြောပြ​ပြီးလျှင်"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 17,
      "text": "“​သူ​က ‘​ယောက္ခမ​ထံသို့ လက်ချည်းသက်သက်​ပြန်​မ​သွား​နှင့်​’​ဟု​ဆို​ကာ အကျွန်ုပ်​အား မုယောစပါး​ခြောက်​ဧဖာ​ကို​လည်း ပေးလိုက်​ပါ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 18,
      "text": "ထိုအခါ နောမိ​က ရုသ​အား “​ငါ့​သမီး​၊ ဤ​ကိစ္စ မည်သို့​ဖြစ်လာ​မည်​ကို သိ​ရ​သည်​အထိ စောင့်​နေ​ပါ​။ ထို​သူ​သည် ဤ​ကိစ္စ​ကို ယနေ့​ဖြေရှင်း​၍​မ​ပြီး​မ​ချင်း ငြိမ်ငြိမ်​နေ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 1,
      "text": "ဗောဇ​သည် မြို့​တံခါးဝ​သို့​သွား​၍​ထိုင်​နေ​စဉ် သူ​ပြော​ခဲ့​ဖူး​သည့် ရွေးနုတ်​ခွင့်​ရှိ​သူ ဖြတ်လာ​သည်​ကို​မြင်​၏​။ ထိုအခါ ဗောဇ​က​“​မိတ်ဆွေ​၊ လာ​ထိုင်​ပါ​ဦး​”​ဟု ဖိတ်ခေါ်​သဖြင့် ထို​သူ​လည်း လာ​ထိုင်​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 2,
      "text": "သူ​သည် မြို့​၏​သက်ကြီးဝါကြီး​ဆယ်​ယောက်​ကို​လည်း ခေါ်​၍ “​ထိုင်​ကြ​ပါ​ဦး​”​ဟု ဆို​လျှင် သူ​တို့​လည်း ထိုင်​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 3,
      "text": "ထိုအခါ ဗောဇ​က ရွေးနုတ်​ခွင့်​ရှိ​သော​သူ​အား “​မောဘ​ပြည်​မှ ပြန်လာ​သော နောမိ​သည် ငါ​တို့​၏​ညီအစ်ကို​ဧလိမလက် ပိုင်​သော​မြေ​တစ်​ကွက်​ကို ရောင်း​လို​သည်​ဖြစ်၍"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 4,
      "text": "သင့်​ကို ပြောပြ​သင့်​သည်​ထင်​ပါ​၏​။ ယခု ဤ​နေရာ​တွင်​ထိုင်​နေ​သော​သူ​တို့​နှင့် မြို့သား​သက်ကြီးဝါကြီး​တို့​ရှေ့​တွင် ဝယ်​ပါ​။ သင်​ရွေးနုတ်​လို​လျှင် ရွေးနုတ်​ပါ​။ မ​ရွေးနုတ်​လို​လျှင် အကျွန်ုပ်​ကို​ပြော​ပါ​။ သင်​နှင့် ကျွန်ုပ်​မှလွဲ၍ ရွေးနုတ်ပိုင်​သူ​မ​ရှိ​။ သင်​အလျင် ရွေးနုတ်ပိုင်ခွင့်​ရှိ​သည်​။ သင်​မ​ရွေးနုတ်​လျှင် ကျွန်ုပ်​ရွေးနုတ်​မည်​”​ဟု ဆို​လျှင် ထို​သူ​က “​ကျွန်ုပ်​ရွေးနုတ်​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 5,
      "text": "ဗောဇ​က​လည်း “​နောမိ​လက်​မှ မြေကွက်​ကို​ဝယ်​မည်​ဆို​လျှင် သေလွန်​သူ​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​ပါ ဝယ်ယူ​ရ​မည်​။ သို့မှ သေလွန်​သူ​၏​အမွေမြေ​ကို သူ့​အမည်​ဖြင့် ဆက်လက်​တည်​စေ​မည်​ဖြစ်​သည်​”​ဟု ဆို​လျှင်"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 6,
      "text": "ရွေးနုတ်​ခွင့်​ရှိ​သူ​က​လည်း “​ကျွန်ုပ်​ပိုင်​သော​အမွေမြေ​အတွက် အန္တရာယ်​ဖြစ်​မည်​ကို စိုး​သောကြောင့် ကျွန်ုပ်​မ​ရွေးနုတ်​တော့​ပါ​။ ကျွန်ုပ်​မ​ရွေးနုတ်​နိုင်​သောကြောင့် သင်​သာ ရွေးနုတ်​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 7,
      "text": "ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် ရွေးနုတ်​ခြင်း​အမှု​၊ လဲလှယ်​ခြင်း​အမှု​တို့​ကို အတည်ပြု​ရန် တစ်ဦး​က အခြား​တစ်ဦး​အား မိမိ​၏​ဖိနပ်​ကို ချွတ်ပေး​ရ​လေ့​ရှိ​သည်​မှာ အစ္စရေး​လူမျိုး​တို့​၏​ဓလေ့ထုံးတမ်း ဖြစ်​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 8,
      "text": "ထို့ကြောင့် ရွေးနုတ်​ခွင့်​ရှိ​သူ​က ဗောဇ​အား “​သင်​သာ ဝယ်ယူ​ပါ​”​ဟု ဆို​ပြီးလျှင် မိမိ​၏​ဖိနပ်​ကို ချွတ်​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 9,
      "text": "ထိုအခါ ဗောဇ​က သက်ကြီးဝါကြီး​နှင့် လူ​အပေါင်း​တို့​အား “​ဧလိမလက်​ပိုင်​သမျှ​၊ ခိလျုန်​နှင့် မဟာလုန်​ပိုင်​သမျှ​ကို ယနေ့ နောမိ​လက်​မှ အကျွန်ုပ်​ဝယ်ယူ​ကြောင်း သင်​တို့​သည် သက်သေ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 10,
      "text": "ကွယ်လွန်​သူ​၏​အမွေ​သည် သူ့​အမည်​ဖြင့် ဆက်ရှိ​စေရန်​၊ သူ့​ညီအစ်ကို​ကြား​၊ သူ့​နေရင်းမြို့​တံခါး​တို့​တွင် နာမည်​ပယ်ဖျက်​မ​ခံရ​စေရန် မဟာလုန်​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​လည်း အကျွန်ုပ်​၏​မယား​အဖြစ် ဝယ်ယူ​မည်​။ ဤသည်မှာ​လည်း သင်​တို့​သည် သက်သေ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 11,
      "text": "မြို့​တံခါးဝ​ရှိ​လူ​အပေါင်း​တို့​နှင့် သက်ကြီးဝါကြီး​တို့​က “​ငါ​တို့​သည် သက်သေ​များ​ဖြစ်​ကြ​သည် မှန်​ပါ​၏​။ အစ္စရေး​မျိုးနွယ်​ကို​ဖြစ်တည်​လာ​စေ​သူ​နှစ်​ဦး​ဖြစ်​သည့် ရာခေလ​နှင့်​လေအာ​ကို ထာဝရဘုရား ကောင်းချီးပေး​တော်မူ​သကဲ့သို့ သင့်​အိမ်သူ​ဖြစ်လာ​မည့်​အမျိုးသမီး​ကို​လည်း ကောင်းချီးပေး​ပါစေသော​။ သင်​သည် ဧဖရတ်​မြို့​၌ ဥစ္စာပစ္စည်း​တိုးပွား​၍ ဗက်လင်​မြို့​မှာ ကျော်ကြား​ပါစေသော​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 12,
      "text": "ထာဝရဘုရား​က ဤ​မိန်းမငယ်​အားဖြင့် သင့်​အား​ပေး​တော်မူ​မည့် သင့်​အမျိုးအနွယ်​သည် ယုဒ​နှင့်​တာမာ​မှ​ဆင်းသက်​သော ဖာရက်​အမျိုးအနွယ်​ကဲ့သို့​ဖြစ်​ပါစေသော​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 13,
      "text": "ဤသို့ဖြင့် ဗောဇ​သည် ရုသ​နှင့် ထိမ်းမြား​ပြီး လင်မယား​အဖြစ် အတူ​နေထိုင်​ကြ​၏​။ ထာဝရဘုရား ကောင်းချီးပေး​သဖြင့် ရုသ​သည် သန္ဓေတည်​၍ သားယောက်ျား​ကို ဖွားမြင်​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 14,
      "text": "ထိုအခါ မိန်းမ​တို့​က နောမိ​အား “​ယနေ့ သင့်​အဖို့ ရွေးနုတ်​ခွင့်​ရှိ​သူ​ကို ပေါ်လာ​စေ​သော​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ ထို​သူငယ်​သည် အစ္စရေး​လူမျိုး​တို့​တွင် နာမည်​ကျော်စော​ပါစေသော​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 15,
      "text": "သင့်​ကို ချစ်​၍ သင့်​အဖို့ သား​ခုနစ်​ယောက်​ထက်​သာ၍​ကောင်း​သော သင့်​ချွေးမ​သည် ထို​သူငယ်​ကို မွေးဖွား​လေ​ပြီ​။ ထို​သူငယ်​သည် သင့်​စိတ်​ကို​ပြန်လည်​လန်းဆန်း​စေ​သူ​၊ သင်​အိုမင်းရင့်ရော်​သောအခါ သင့်​ကို ကြည့်ရှုစောင့်ရှောက်​သူ ဖြစ်​ပါစေ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 16,
      "text": "နောမိ​သည် သူငယ်​ကို ရင်ခွင်ပိုက်​ကြည့်ရှု​စောင့်ရှောက်​လေ​၏​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 17,
      "text": "အိမ်နီးချင်း​တို့​က​လည်း “​နောမိ​၌ သား​တစ်​ယောက်​ရ​ပြီ​”​ဟု ဆို​လျက် ထို​သူငယ်​ကို ဩဗက်​ဟု မှည့်ခေါ်​၏​။ ဩဗက်​သည် ဒါဝိဒ်​၏​အဖိုး​၊ ယေရှဲ​၏​ဖခင် ဖြစ်​သတည်း​။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 18,
      "text": "ဖာရက်​၏​ဆွေစဉ်မျိုးဆက်​စာရင်း​ကား ဤသို့​ဖြစ်​၏​။ ဖာရက်​၏​သား ဟေဇရုန်​၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 19,
      "text": "ဟေဇရုန်​၏​သား ရာမ​၊ ရာမ​၏​သား အမိနဒပ်​၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 20,
      "text": "အမိနဒပ်​၏​သား နာရှုန်​၊ နာရှုန်​၏​သား စာလမုန်​၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 21,
      "text": "စာလမုန်​၏​သား ဗောဇ​၊ ဗောဇ​၏​သား ဩဗက်​၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 22,
      "text": "ဩဗက်​၏​သား ယေရှဲ​၊ ယေရှဲ​၏​သား ဒါဝိဒ် ဖြစ်​သတည်း​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 1,
      "text": "ဧဖရိမ်​တောင်ပေါ်ဒေသ​၊ ရာမသိမ်​ဇုဖိမ်​မြို့​တွင် ဧလကာန​အမည်​ရှိ​သော လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဧဖရိမ်​အမျိုး ဇုဖ​၏​တီ​၊ တောဟူ​၏​မြစ်​၊ ဧလိဟု​၏​မြေး​၊ ယေရောဟံ​၏​သား​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 2,
      "text": "ထို​သူ​၌ မယား​နှစ်​ယောက်​ရှိ​၏​။ တစ်​ယောက်​၏​အမည်​မှာ ဟန္န​ဖြစ်ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ပေနိန္န​ဖြစ်​၏​။ ပေနိန္န​၌ သားသမီး​ရှိ​၏​။ ဟန္န​၌ကား သားသမီး​မ​ရှိ​ချေ​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 3,
      "text": "ဧလကာန​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရန်​နှင့် ယဇ်ပူဇော်​ရန်​အတွက် မိမိ​နေထိုင်​ရာ​မြို့​မှ ရှိလော​မြို့​သို့ နှစ်စဉ်​သွား​လေ့​ရှိ​၏​။ ထို​မြို့​တွင် ဧလိ​၏​သား​နှစ်​ယောက်​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​သည် ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 4,
      "text": "ဧလကာန​သည် မိမိ​ယဇ်ပူဇော်​ရာ​နေ့​ရောက်​တိုင်း မယား​ပေနိန္န​နှင့် သူ​၏​သား​သမီး​အားလုံး​ကို ဝေစု​များ​ခွဲဝေ​ပေး​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 5,
      "text": "သူ​သည် ဟန္န​ကို​ချစ်​သောကြောင့် ဝေစု​နှစ်ဆ​ခွဲဝေ​ပေး​၏​။ သို့သော် ထာဝရဘုရား​သည် ဟန္န​ကို​သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ ​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 6,
      "text": "ထိုသို့ ထာဝရဘုရား​သည် ဟန္န​အား သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သောကြောင့် သူ​၏​ပြိုင်ဖက်​သည် ဟန္န​စိတ်ဆိုး​အောင် ဒေါသစိတ်​ကို ဆွ​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 7,
      "text": "ဟန္န​သည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​သည့်အခါ​တိုင်း ပြိုင်ဖက်​သည် သူ့​ကို ဒေါသ​ထွက်​အောင် ဆွ​လေ​၏​။ ထို့ကြောင့် သူ​သည် အစာ​မ​စား​ဘဲ ငို​၍​သာ​နေ​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 8,
      "text": "သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​ဟန္န​၊ အဘယ်ကြောင့် ငိုကြွေး​နေ​သနည်း​။ အဘယ်ကြောင့် မ​စား​မ​သောက်​ဘဲ​နေ​သနည်း​။ အဘယ်ကြောင့် စိတ်ဆင်းရဲ​နေ​သနည်း​။ ငါ​သည် သင့်​အပေါ် သား​ဆယ်​ယောက်​ထက် ပို၍​ကောင်း​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 9,
      "text": "သူ​တို့​သည် ရှိလော​မြို့​တွင် စား​သောက်​ကြ​ပြီးနောက် ဟန္န​သည် ထသွား​လေ​၏​။ ထိုစဉ် ယဇ်ပုရောဟိတ်​ဧလိ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးတိုင်​အနီး​ရှိ ထိုင်ခုံ​ပေါ်တွင် ထိုင်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 10,
      "text": "ဟန္န​သည် စိတ်နှလုံး​ကြေကွဲ​စွာ​ဖြင့် ထာဝရဘုရား​ထံ ငိုယို​လျက်"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 11,
      "text": "“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 12,
      "text": "ထိုသို့ ထာဝရဘုရား​ထံ အဆက်မပြတ်​ဆုတောင်း​နေ​စဉ် ဧလိ​သည် သူ့​နှုတ်​ကို ကြည့်​လျက်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 13,
      "text": "ဟန္န​သည် စိတ်​ထဲ၌​ဆုတောင်း​နေ​သောကြောင့် နှုတ်ခမ်း​သာ​လှုပ်​ပြီး အသံ​မ​ထွက်​။ ထို့ကြောင့် ဧလိ​က ဟန္န ယစ်မူး​နေ​သည်​ဟု ထင်​၍"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 14,
      "text": "ဧလိ​က သူ့​အား “​သင်​သည် မည်မျှ​ကြာ​အောင်​ယစ်မူး​နေ​မည်နည်း​။ စပျစ်ဝိုင်​ကို ရှောင်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 15,
      "text": "ဟန္န​က​လည်း “​သခင်​၊ ထိုသို့​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် စိတ်သောက​ရောက်​နေ​သော​မိန်းမ ဖြစ်​ပါ​၏​။ စပျစ်ဝိုင် မ​သောက်​ပါ​။ သေရည်သေရက်​ကို​လည်း မ​သောက်​ပါ​။ ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​စိတ်ခံစားချက်​ကို ဖွင့်ပြ​နေ​ခြင်း​သာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 16,
      "text": "သခင့်​ကျွန်မ​ကို ဆိုးညစ်​သော​မိန်းမ​ဟု မ​ထင်​ပါ​နှင့်​။ အကျွန်ုပ်​၌ ပူဆွေး​ဝမ်းနည်းမှု များလွန်း​သဖြင့် အဆက်မပြတ်​ဆုတောင်း​နေ​ခြင်း​သာ ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​သော်"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 17,
      "text": "ဧလိ​က “​ငြိမ်ဝပ်​စွာ​သွား​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် သင်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါစေသော​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 18,
      "text": "ထိုအခါ ဟန္န​က “​သခင့်​ကျွန်မ​သည် သခင့်​ရှေ့​၌​မျက်နှာရ​ပါစေသော​”​ဟု ဆို​ပြီး သူ​သည် ထွက်သွား​၍ စားသောက်​လေ​၏​။ သူ​၏​မျက်နှာ​သည်​လည်း ယခင်က​ကဲ့သို့ မ​ညှိုး​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 19,
      "text": "သူ​တို့​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ပြီးလျှင် မိမိ​တို့​အိမ်​ရှိ​ရာ ရာမ​မြို့​သို့ ပြန်​လာ​ကြ​၏​။ ထို့နောက်တွင် ဧလကာန​သည် မိမိ​၏​မယား​ဟန္န​နှင့်​ဆက်ဆံ​၏​။ ထာဝရဘုရား​သည်​လည်း ဟန္န​ကို အောက်မေ့​တော်မူ​သဖြင့်"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 20,
      "text": "အချိန်တန်​သောအခါ ဟန္န​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​လေ​၏​။ ဟန္န​က​လည်း “ဤ​သား​သည် ထာဝရဘုရား​ထံ ဆုတောင်း​၍ ရ​သော​သား​ဖြစ်​၏”​ဟု ဆို​ပြီး သူ​၏​အမည်​ကို ရှမွေလ ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 21,
      "text": "ဧလကာန​သည် ထာဝရဘုရား​ထံ နှစ်စဉ်​ပူဇော်​သော​ယဇ်​ကို ပူဇော်​ရန်​နှင့် ကတိသစ္စာဝတ်​ကို​ပြု​ရန် သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​နှင့်အတူ သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 22,
      "text": "သို့သော် ဟန္န​က လိုက်​မ​သွား​ဘဲ သူ့​ခင်ပွန်း​အား “​သူငယ်​နို့ပြတ်​ပြီးမှ သူ့​ကို ခေါ်သွား​မည်​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်​၍ ထို​နေရာ​တွင် အစဉ်အမြဲ​နေ​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 23,
      "text": "သူ​၏​ခင်ပွန်း​ဧလကာန​က​လည်း “​သင်​ကောင်း​သည်​ဟု​ထင်​သည့်​အတိုင်း ပြု​ပါ​။ သူငယ်​နို့ပြတ်​သည်​အထိ နေ​ပါ​။ ထာဝရဘုရား​သည် ကတိ​ထား​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ထို့ကြောင့် ဟန္န​နေ​ခဲ့​၍ မိမိ​၏​သား​ကို နို့ပြတ်​သည်​အထိ​ပြုစု​စောင့်ရှောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 24,
      "text": "သူငယ်​နို့ပြတ်​ပြီးမှ ဟန္န​သည် နွားထီး​သုံး​ကောင် ​၊ မုန့်ညက်​တစ်​ဧဖာ ​၊ စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​ပြီးလျှင် သူငယ်​ကို ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ရာ ရှိလော​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ သူငယ်​ကား အလွန်​နုနယ်​သေး​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 25,
      "text": "သူ​တို့​သည် နွား​ကို​သတ်​ပြီး သူငယ်​ကို ဧလိ​ထံသို့ ခေါ်ဆောင်​လာ​ကာ"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 26,
      "text": "ဟန္န​က “​အို အကျွန်ုပ်​၏​သခင်​၊ သခင် အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​သည် ယခင်​က ဤ​နေရာ အရှင့်​အနား​တွင်​ရပ်​လျက် ထာဝရဘုရား​ထံ​ဆုတောင်း​ခဲ့​သော​မိန်းမ ဖြစ်​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 27,
      "text": "ဤ​သား​ကို​ရ​ဖို့ ဆုတောင်း​ခဲ့​ရာ ထာဝရဘုရား​သည် အကျွန်ုပ်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 28,
      "text": "ထို့ကြောင့် ယခု အကျွန်ုပ်​သည် ဤ​သူငယ်​ကို ထာဝရဘုရား​ထံ ဆက်ကပ်​ပါ​၏​။ သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို ထာဝရဘုရား​ထံ အပ်နှံ​ပါ​ပြီ​”​ဟု ဆို​ပြီး ထို​နေရာ​တွင် ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက် ဟန္န​က “​အကျွန်ုပ်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၌ ရွှင်လန်း​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဝမ်းမြောက်​လျက် ရန်သူ​တို့​ကို အားရ​စွာ​ချေပပြောဆို​နိုင်​ပါ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 2,
      "text": "ထာဝရဘုရား​ကဲ့သို့ သန့်ရှင်း​သော​သူ​မ​ရှိ​။ အကယ်စင်စစ် ကိုယ်တော်​မှတစ်ပါး အခြားသူ​မ​ရှိ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကဲ့သို့သော​ကျောက်ဆောင် မ​ရှိ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 3,
      "text": "ထာဝရဘုရား​သည် အလုံးစုံ​ကို​သိမြင်​တော်မူ​သော​ဘုရား​ဖြစ်​ပြီး လုပ်ဆောင်မှု​တိုင်း​ကို ကြည့်မှတ်​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဝါကြွားထောင်လွှား​သော​စကား​ကို ထပ်၍​မ​ပြောဆို​ကြ​နှင့်​။ မောက်မာ​သော​စကား​ကို သင်​တို့​၏​နှုတ်​မှ မ​ထွက်​စေ​ကြ​နှင့်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 4,
      "text": "သူရဲကောင်း​တို့​၏​လေး​သည် ကျိုး​လေ​ပြီ​။ အားနည်း​သော​သူ​တို့​မူကား ခွန်အား​နှင့်​ပတ်စည်း​ခြင်း​ကို ခံရ​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 5,
      "text": "ကြွယ်ဝ​သော​သူ​တို့​သည် စားသောက်​ရ​ဖို့ သူရင်းငှား လုပ်​ရ​လေ​ပြီ​။ ဆာလောင်မွတ်သိပ်​သော​သူ​တို့​မူကား ဝလင်​ကြ​ပြီ​။ မြုံ​သော​မိန်းမ​သည် ခုနစ်​ကြိမ်​တိုင်အောင် သားဖွား​ခွင့်​ရ​ပြီ​။ သား​များစွာ​ဖွား​ခဲ့​သော​မိန်းမ​မူကား အားယုတ်​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 6,
      "text": "ထာဝရဘုရား​သည် အသက်​ကို​သေ​စေ​နိုင်​၏​။ အသက်​ကို ရှင်​စေ​နိုင်​၏​။ မရဏာနိုင်ငံ​သို့ ကျ​စေ​နိုင်​၏​။ မရဏာနိုင်ငံ​မှ​လည်း ထုတ်ဆောင်​ပေး​နိုင်​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ဆင်းရဲ​စေ​နိုင်​၏​။ ချမ်းသာ​စေ​နိုင်​၏​။ နိမ့်ကျ​စေ​နိုင်​၏​။ ချီးမြှောက်​ပေး​နိုင်​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 8,
      "text": "ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 9,
      "text": "ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​ခြေ​ကို စောင့်ရှောက်​ပေး​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​မူကား အမှောင်​ထဲ၌ပင် နှုတ်ဆိတ်​နေ​ရ​လိမ့်မည်​။ အကယ်စင်စစ် လူ​သည် မိမိ​ခွန်အား​ဖြင့် မ​အောင်​နိုင်​ရာ​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 10,
      "text": "ထာဝရဘုရား​ကို ဆန့်ကျင်​ဖက်ပြိုင်​သော​သူ​တို့​သည် ကျိုးပဲ့ကြေမွ​ရ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​အပေါ် ကောင်းကင်​မှ​မိုးကြိုး ကျ​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် စစ်ကြောစီရင်​တော်မူ​မည်​။ မိမိ​ရှင်ဘုရင်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​မည်​။ မိမိ​ဘိသိက်ပေး​ထား​သော​သူ​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​”​ဟု ချီးမွမ်း​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 11,
      "text": "ထို့နောက် ဧလကာန​သည် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​၏​။ သူငယ်​မူကား ယဇ်ပုရောဟိတ်​ဧလိ​ထံပါး​၊ ထာဝရဘုရား​ရှေ့​တော်​၌ အမှု​တော်​ကို​ထမ်းဆောင်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 12,
      "text": "ဧလိ​၏​သား​တို့​သည် ထာဝရဘုရား​နှင့် အကျွမ်း​မ​ဝင်​၊ ဆိုးညစ်​သော​သား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 13,
      "text": "လူ​တို့​အတွက် ယဇ်ပုရောဟိတ်​တို့​ပြု​ပေး​ရ​သော​ထုံးစံ​ရှိ​သည့်​အတိုင်း တစ်စုံတစ်ယောက်​သည် ယဇ်​ပူဇော်​သောအခါ အသား​ကို​ပြုတ်​နေစဉ်​မှာ​ပင် ယဇ်ပုရောဟိတ်​၏​ငယ်သား​သည် သုံးခွခက်ရင်း​ကို​ကိုင်​လျက်​ရောက်လာ​ပြီး"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 14,
      "text": "ဒယ်​၊ ကရား​၊ ခွက်​၊ အိုး အစရှိ​သည်​တို့​ထဲသို့ ထိုးဆယ်​၍ ခက်ရင်း​၌​ပါလာ​သမျှ​သော​အသား​တို့​ကို ယဇ်ပုရောဟိတ်​အတွက် ယူသွား​လေ့​ရှိ​၏​။ သူ​တို့​သည် ရှိလော​မြို့​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ထိုသို့ ပြုမူ​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 15,
      "text": "ထိုနည်းတူ အဆီ​ကို မီး​မ​ရှို့​မီ ယဇ်ပုရောဟိတ်​၏​ငယ်သား​သည် ရောက်လာ​၍ ယဇ်ပူဇော်​သော​သူ​အား “​ယဇ်ပုရောဟိတ်​ကင်​စား​ဖို့ အသား​ကို​ပေး​ပါ​။ ပြုတ်​ထား​သော​အသား​ကို သူ​မ​ယူ​ပါ​၊ အသားစိမ်း​ကို​သာ​ယူ​မည်”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 16,
      "text": "ယဇ်ပူဇော်​သော​သူ​က “​အဆီ​ကို အလျင် မီးရှို့​ပါရစေ​။ ပြီးမှ သင်​အလိုရှိ​သည်​ကို ယူ​ပါ​”​ဟု ဆို​လျှင်ပင် သူ​က “​မ​ရ​ပါ​၊ ယခုပင် ပေး​ပါ​။ မ​ပေး​လျှင် အတင်းအဓမ္မ​ယူ​မည်​”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 17,
      "text": "ဤသို့ ထာဝရဘုရား​ထံ​ပူဇော်​သော​ပူဇော်သက္ကာ​ကို မထီလေးစား​ပြု​ကြ​သောကြောင့် ထို​ငယ်သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်​အလွန်​ကြီးမား​လျက်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 18,
      "text": "သူငယ်​ရှမွေလ​သည် ဧဖုဒ် ​ပိတ်ချော​ကို​ဝတ်ဆင်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် အမှု​တော်​ထမ်းဆောင်​လျက်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 19,
      "text": "သူ့​မိခင်​သည် သူ့​အတွက် ဝတ်လုံ​ငယ်​ကို​ချုပ်လုပ်​၏​။ နှစ်စဉ်​ယဇ်ပူဇော်​ရ​မည့်​အချိန်​ရောက်​၍ ခင်ပွန်းသည်​နှင့် ယဇ်ပူဇော်​ရန်​သွား​သောအခါ​တိုင်း သူ့​အတွက် ယူသွား​ပေး​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 20,
      "text": "ဧလိ​က​လည်း ဧလကာန​နှင့်​သူ့​မယား​အား “​ထာဝရဘုရား​ထံ အပ်နှံ​ထား​သော​ဤ​သား​အစား ထာဝရဘုရား​သည် သင့်​အား ဤ​မိန်းမ​အားဖြင့် သားသမီး​များ ထပ်၍​ပေးသနား​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေး ပြီးမှ သူ​တို့​သည်​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 21,
      "text": "ထာဝရဘုရား​သည် ဟန္န​ကို ကြည့်ရှုထောက်မ​တော်မူ​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​သုံး​ယောက်​၊ သမီး​နှစ်​ယောက်​ကို ထပ်မံ​မွေးဖွား​လေ​၏​။ သူငယ်​ရှမွေလ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ကြီးပြင်း​လာ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 22,
      "text": "ဧလိ​သည်​လည်း အသက်အရွယ်​အိုမင်း​လာ​၏​။ သူ့​သား​တို့​သည် အစ္စရေး​တစ်မျိုးသားလုံး​တို့​အား ပြု​သမျှ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​တွင် အစေခံ​သော​အမျိုးသမီး​တို့​နှင့်အတူ အိပ်​သည်​ကို​လည်းကောင်း ကြားသိ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 23,
      "text": "ထိုအခါ သူ့​သား​တို့​အား “​သင်​တို့​ပြု​သော​မကောင်းမှု​ကို ဤ​လူမျိုး​တို့​ထံမှ ငါ​ကြား​ရ​ပြီ​။ အဘယ်ကြောင့် ဤသို့သော​အမှု​ကို​ပြု​ကြ​သနည်း​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 24,
      "text": "ငါ့​သား​တို့​၊ ဤသို့ မ​ပြု​ကြ​ပါ​နှင့်​။ ထာဝရဘုရား​၏​လူမျိုး​တော်​တို့​အလယ်​တွင် ပျံ့နှံ့​နေ​သော ငါ​ကြား​ရ​သည့်​သတင်း​ကား အကောင်း​မ​ဟုတ်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 25,
      "text": "လူလူချင်း​ပြစ်မှား​မိ​လျှင် ဘုရားသခင်​သည် ထို​သူ​အတွက် ကြားဝင်​ဖြေရှင်း​ပေး​နိုင်​၏​။ သို့သော် လူ​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​လျှင် မည်သူ​သည် သူ့​အတွက် ကြားဝင်​ဖြေရှင်း​ပေး​နိုင်​မည်နည်း​”​ဟု ဆိုဆုံးမ​သော်လည်း ဖခင်​၏​စကား​ကို နား​မ​ထောင်​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​ကို​ကွပ်မျက်​ရန်​အလိုရှိ​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 26,
      "text": "သူငယ်​ရှမွေလ​သည် တဖြည်းဖြည်း​ကြီးပြင်း​လာ​လျက် ထာဝရဘုရား​ရှေ့​၊ လူ​တို့​ရှေ့​၌ မျက်နှာရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 27,
      "text": "တစ်နေ့တွင် ဘုရားသခင်​၏​လူ​တစ်ဦး​သည် ဧလိ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က ‘​သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​တို့​သည် အီဂျစ်​ပြည်​၊ ဖာရော​မင်းကြီး​လက်​အောက်​တွင် နေ​ရ​စဉ်က သူ​တို့​အား ငါ​အမှန်တကယ် ကိုယ်တိုင်​ထင်ရှားပြ​ခဲ့​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 28,
      "text": "ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့​တက်​ပြီး နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ရန်​နှင့် ဧဖုဒ် ​ကို​ဝတ်ဆင်​ပြီး ငါ့​ရှေ့​၌ ခစား​ရန်​အတွက် ငါ​၏​ယဇ်ပုရောဟိတ်​အဖြစ် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ထဲမှ သူ​တို့​ကို ငါ​ရွေးကောက်​ခဲ့​သည်​မ​ဟုတ်​လော​။ အစ္စရေး​အမျိုးသား​တို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အလုံးစုံ​ကို​လည်း သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​အား ငါ​ပေး​ခဲ့​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 29,
      "text": "ငါ​ကိန်းဝပ်​ရာ​အရပ်​၌ ပူဇော်​ရန် ငါ​မိန့်မှာ​ထား​သော​ယဇ်​နှင့် ပူဇော်သက္ကာ​ကို အဘယ်ကြောင့် မထီမဲ့မြင်ပြု ​ကြ​သနည်း​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ပူဇော်​သမျှ​တို့​ထဲမှ အကောင်းဆုံး​ကို​ယူ​၍ သင်တို့ကိုယ်​ကို​ဝလင်​စေ​ခြင်း​ဖြင့် သင်​သည် သင့်​သား​တို့​ကို ငါ့​ထက်​ပို၍ အဘယ်ကြောင့်​ဂုဏ်ပြုချီးမြှောက်​သနည်း’​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 30,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင့်​အမျိုးအနွယ်​နှင့်​သင့်​ဘိုးဘေး​၏​အမျိုးအနွယ်​သည် ငါ့​ရှေ့​၌ အစဉ်​ဝင်ထွက်​သွားလာ​ရ​မည်’​ဟူ၍ ငါ​အမှန်ဆို​ခဲ့​၏​။ ယခုမှာ ထာဝရဘုရား​က ‘ထို​မိန့်ဆိုချက်​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ့​ကို​ဂုဏ်ပြုချီးမြှောက်​သော​သူ​ကို ငါ​ဂုဏ်ပြုချီးမြှောက်​မည်​။ ငါ့​ကို​မထီမဲ့မြင်ပြု​သော​သူ​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 31,
      "text": "ကြည့်ရှု​လော့​။ သင့်​ဘိုးဘေး​အမျိုးအနွယ်​၏​လက်ရုံး​မှစ၍ သင့်​လက်ရုံး​ကို ငါ​ဖြတ်တောက်​ပစ်​မည့်​နေ့​ရောက်လာ​လိမ့်မည်​။ သင့်​အမျိုးအနွယ်​တွင် အသက်ကြီး​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 32,
      "text": "အစ္စရေး​လူမျိုး​တို့​ကောင်းစား​ချိန်​တွင် သင်​မူကား ကိုယ့်​နေရာ​အရပ်​၌​ပင် စိတ်ဆင်းရဲ​ခြင်း​ကို ကြုံ​ရ​လိမ့်မည်​။ သင့်​အမျိုးအနွယ်​တွင် အသက်ကြီး​သော​သူ မည်သည့်​အခါ​မျှ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 33,
      "text": "သို့သော် သင့်​အမျိုးအနွယ်​ထဲမှ လူ​တစ်​ဦး​ကို ငါ့​ယဇ်ပလ္လင်​မှ မ​ဖယ်ရှား​ဘဲ ချန်ထား​မည်​။ သူ​သည် သင့်​မျက်စိ​ကို ကွယ်​စေ​ပြီး သင့်​စိတ်နှလုံး​ကို ကြေကွဲ​စေ​မည်​။ သင့်​အမျိုးအနွယ်​မှ​ဆင်းသက်​သော​သူ​အားလုံး အရွယ်ကောင်း​ချိန်​တွင် သေ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 34,
      "text": "သင့်​အဖို့ နိမိတ်လက္ခဏာ​ကား သင့်​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့် ဖိနဟတ်​တို့​၌ ဖြစ်ပျက်​မည့်​အရာ​ဖြစ်​၏​။ သူ​တို့​နှစ်ဦးစလုံး​သည် တစ်နေ့ချင်း​တွင် သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 35,
      "text": "ငါ့​အလို​တော်​ကို​ဆောင်​၍ သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​တစ်​ပါး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​အမျိုးအနွယ်​ကို စဉ်ဆက်မပြတ် တည်ရှိ​စေ​မည်​။ သူ​သည် ငါ​ဘိသိက်ပေး​ထား​သော​သူ​ရှေ့​တွင် အစဉ်​ဝင်ထွက်​သွားလာ​ရ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 36,
      "text": "သင့်​အမျိုးအနွယ်​ထဲမှ ကြွင်းကျန်​သော​သူ​အားလုံး​တို့​သည် သူ့​ထံသို့​လာ​၍ စားစရာ​အနည်းငယ်​ရ​ဖို့ ယဇ်ပုရောဟိတ်​ဆိုင်ရာ​အလုပ်​တစ်ခုခု လုပ်​ခွင့်​ပြု​ပါ​ဟု ဆို​ပြီး ငွေ​တစ်စ​ရ​ဖို့​၊ မုန့်​တစ်လုံးစာ​ရ​ဖို့ ဦးညွှတ်ခယ​တောင်းဆို​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ပြောဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 1,
      "text": "သူငယ်​ရှမွေလ​သည် ဧလိ​ထံပါး​၌​နေ​၍ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​လျက်​နေ​၏​။ ထို​နေ့ရက်​များ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ခဲ​၏​။ ဗျာဒိတ်နိမိတ်​လည်း နည်းပါး​လှ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 2,
      "text": "ဧလိ​သည်​လည်း မျက်စိ​အားနည်း​၍ မ​မြင်​နိုင်​တော့​ပေ​။ တစ်နေ့တွင် သူ​သည် အိပ်ခန်း​ထဲ၌​အိပ်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 3,
      "text": "ဘုရားသခင်​ရှေ့​တော်​မှ​မီးခွက်​သည် မ​ငြိမ်း​သေး​။ ရှမွေလ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှိ​ရာ ထာဝရဘုရား​၏​ဗိမာန်​တော်​၌ အိပ်​လျက်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 4,
      "text": "ထိုအခါ ထာဝရဘုရား​သည် ရှမွေလ​ကို​ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လျက်"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 5,
      "text": "ဧလိ​ထံသို့​ပြေးလာ​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု ဆို​၏​။ ဧလိ​က “​ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု သူ့​အား​ဆို​သဖြင့် သူ​ပြန်သွား​၍​အိပ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 6,
      "text": "ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 7,
      "text": "ထိုစဉ်က ရှမွေလ​သည် ထာဝရဘုရား​နှင့်​သိကျွမ်း​ခြင်း​မ​ရှိ​သေး​။ ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကို​လည်း မ​ရရှိ​ဖူး​သေး​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ရှမွေလ​ကို တတိယ​အကြိမ်​ခေါ်​တော်မူ​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍ ဧလိ​ထံသို့​သွား​ပြီးလျှင် “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​ပြန်​၏​။ ထိုအခါ သူငယ်​ကို ထာဝရဘုရား​ခေါ်​တော်မူ​ကြောင်း ဧလိ​သိ​သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 9,
      "text": "ထို့ကြောင့် ဧလိ​က ရှမွေလ​အား “​ပြန်အိပ်​ပါ​လော့​။ သင့်​ကို နောက်တစ်ဖန်​ခေါ်​လျှင် ‘​ထာဝရဘုရား​၊ အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော့်​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​’​ဟု ပြန်လျှောက်​လော့​”​ဟု မှာလိုက်​၏​။ ရှမွေလ​ပြန်သွား​၍ မိမိ​အိပ်ရာ​၌ အိပ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 10,
      "text": "ထာဝရဘုရား​သည် ကြွလာ​၍​ရပ်​တော်မူ​လျက် “​ရှမွေလ​၊ ရှမွေလ​”​ဟု ယခင်က​ကဲ့သို့ ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 11,
      "text": "ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​ကြည့်ရှု​လော့​။ ကြား​ရ​သူ​တိုင်း နားခါး​စေ​မည့်​အဖြစ်​ကို အစ္စရေး​လူမျိုး​တွင် ငါ​ပြု​မည်​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 12,
      "text": "ထို​နေ့ရက်​တွင် ဧလိ​မှအစ သူ့​အိမ်သူအိမ်သား​တို့​နှင့်​ပတ်သက်၍ ငါ​မိန့်ဆို​ထား​သည့်​အတိုင်း အစ​အဆုံး​ဖြစ်​စေ​မည်​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 13,
      "text": "သူ့​သား​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ကျိန်ဆဲစရာ​ဖြစ်​သည့်​တိုင်အောင် အပြစ်​ပြု​သည်​ကို သူ​သိ​သော်လည်း သူ​သည် သား​တို့​ကို​မ​ဆုံးမ​သောကြောင့် ထို​ဒုစရိုက်အပြစ်​အတွက် ငါ​သည် သူ့​အိမ်သူအိမ်သား​တို့​ကို အစဉ်​ဒဏ်ခတ်​မည်​ဖြစ်ကြောင်း သူ့​ကို​ငါ​ပြော​ထား​ပြီး​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 14,
      "text": "ထို့ကြောင့် ဧလိ​၏​အိမ်သူအိမ်သား​တို့​ကို ငါ​ကျိန်​ထား​ခဲ့​ပြီ​။ ဧလိ​အိမ်သူအိမ်သား​တို့​၏​ဒုစရိုက်အပြစ်​သည် ယဇ်ပူဇော်​ခြင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ခြင်း​အားဖြင့် မည်သည့်​အခါ​မျှ​အပြစ်လွတ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 15,
      "text": "ရှမွေလ​သည် နံနက်​တိုင်အောင် အိပ်​ပြီးမှ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို ဖွင့်​၏​။ သူ​မြင်​ရ​သော နိမိတ်အာရုံ​အကြောင်း ဧလိ​အား ဖွင့်ပြော​ရ​မည်​ကို ရှမွေလ​ကြောက်ရွံ့​နေ​မိ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 16,
      "text": "ဧလိ​က ရှမွေလ​အား “​ငါ့​သား​၊ ရှမွေလ​”​ဟု ခေါ်​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 17,
      "text": "ဧလိ​က​လည်း “​သင့်​အား မည်သည့်​သတင်းစကား​ကို မိန့်ကြား​တော်မူ​သနည်း​။ ငါ့​အား ထိမ်ဝှက်​မ​ထား​ပါ​နှင့်​။ မိန့်​တော်မူ​သမျှ​ထဲမှ​သတင်းစကား​တစ်စုံတစ်ခု​ကို ငါ့​အား သင်​ထိမ်ဝှက်​ထား​လျှင် ဘုရားသခင်​သည် သင့်​ကို ထိုထက်မက စီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 18,
      "text": "ထို့ကြောင့် ရှမွေလ​သည် မိန့်​တော်မူ​သော​အရာ​အားလုံး​ကို မ​ထိမ်ဝှက်​ဘဲ သူ့​အား ပြောပြ​လေ​၏​။ ထိုအခါ ဧလိ​က “​ဤသည်ကား ထာဝရဘုရား​မိန့်​တော်မူ​သော​အမှု​ဖြစ်​၏​။ ကိုယ်တော်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 19,
      "text": "ရှမွေလ​သည် ကြီးပြင်း​လာ​၍ ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​၏​စကား​တစ်​ခွန်း​ကို​မျှ အချည်းနှီး​ဖြစ်စေ​တော်​မ​မူ ​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 20,
      "text": "ရှမွေလ​သည် ထာဝရဘုရား​၏​ပရောဖက်​ဖြစ်ကြောင်း​ကို ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​အပေါင်း​တို့ သိမှတ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 21,
      "text": "ထာဝရဘုရား​သည် ရှိလော​မြို့​တွင် အကြိမ်ကြိမ် ထင်ရှားပြ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ရှိလော​မြို့​ရှိ ရှမွေလ​ထံ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​အားဖြင့် ကိုယ်​ထင်ရှားပြ​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 1,
      "text": "ရှမွေလ​၏​စကား​သည် အစ္စရေး​တစ်မျိုးလုံး​ထံသို့ ရောက်ရှိ​၏​။ ယခု​တွင် အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​၍ ဧဗနေဇာ​မြို့​တွင် စခန်းချ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​ကား အာဖက်​မြို့​တွင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 2,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် စစ်ခင်းကျင်း​ကြ​ရာ စစ်ပွဲ​ပြင်းထန်​၍ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​လေ​၏​။ စစ်​မြေပြင်​တွင် အစ္စရေး​လူမျိုး​လေး​ထောင်​ခန့် ကျဆုံး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 3,
      "text": "စစ်သည်​တို့​သည် တပ်စခန်း​သို့​ပြန်ရောက်​လာ​ကြ​သောအခါ အစ္စရေး​သက်ကြီးဝါကြီး​တို့​က “​ယနေ့ ထာဝရဘုရား​သည် ငါ​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​တွင် အဘယ်ကြောင့် ရှုံးနိမ့်​စေ​သနည်း​။ ရှိလော​မြို့​ရှိ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ငါ​တို့​ထံ ယူဆောင်​လာ​ကြ​စို့​။ သို့ပြုလျှင် ကိုယ်တော်​သည် ငါ​တို့​နှင့်အတူ​ကြွ​တော်မူ​၍ ငါ​တို့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 4,
      "text": "ထို့နောက် ရှိလော​မြို့​သို့ လူ​လွှတ်​၍ ခေရုဗိမ် ​အထက်​တွင် စံနေ​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ရှိလော​မြို့​မှ ယူဆောင်​လာ​စေ​၏​။ ဧလိ​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့်အတူ လိုက်ပါ​လာ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 5,
      "text": "တပ်စခန်း​ထဲသို့ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရောက်လာ​သောအခါ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မြေကြီး​တုန်လှုပ်မတတ် ကျယ်လောင်​စွာ​ကြွေးကြော်​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 6,
      "text": "ထို​ကြွေးကြော်သံ​ကို ကြား​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​တပ်စခန်း​မှ ကြွေးကြော်​သံ​ကြီး​ကား အဘယ်နည်း​”​ဟု မေးမြန်း​စူးစမ်း​၍ တပ်စခန်း​ထဲသို့ ထာဝရဘုရား​၏​သေတ္တာ​တော် ရောက်လာ​ကြောင်း​သိ​ရ​လျှင်"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 7,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ကြောက်ရွံ့​ကြ​၍ “​တပ်စခန်း​အတွင်း​သို့ ဘုရားသခင် ရောက်​လေ​ပြီ​။ ငါ​တို့​၌ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။ ယခင်က ဤသို့​တစ်ခါ​မျှ​မ​ဖြစ်​စ​ဖူး​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 8,
      "text": "ငါ​တို့​၌ အမင်္ဂလာ ဖြစ်​လေ​ပြီ​။ ဤ​တန်ခိုးကြီး​သော​ဘုရား​၏​လက်​မှ ငါ​တို့​ကို မည်သူ​ကယ်တင်​မည်နည်း​။ ဤ​ဘုရား​ကား တောကန္တာရ​၌ အီဂျစ်​လူမျိုး​တို့​ကို ကပ်ရောဂါ​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​တော်မူ​သော​ဘုရား​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 9,
      "text": "အို ဖိလိတ္တိ​လူမျိုး​တို့​၊ အားယူ​ကြ​လော့​။ ယောက်ျား​ပီသ​ကြ​လော့​။ သို့မဟုတ်လျှင် ဟေဗြဲ​လူမျိုး​တို့​သည် သင်​တို့​ထံ၌ ကျွန်ခံ​ခဲ့​ရ​သကဲ့သို့ သင်​တို့​သည် သူ​တို့​ထံ ကျွန်ပြန်ခံ​ရ​မည်​။ ထို့ကြောင့် ယောက်ျားပီပီ တိုက်​ကြ​လော့​”​ဟု ပြောဆို​ကြ​ပြီး"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 10,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် စစ်တိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့ ရှုံးနိမ့်​သဖြင့် မိမိ​တို့​တဲ​သို့ အသီးသီး​ပြန်ပြေး​ကြ​လေ​၏​။ တိုက်ပွဲ​ပြင်းထန်​လွန်း​သဖြင့် အစ္စရေး​လူမျိုး​တို့​ဘက်​မှ ခြေလျင်တပ်သား​သုံးသောင်း​ကျဆုံး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 11,
      "text": "ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ့​လက်​သို့​ပါသွား​ပြီး ဧလိ​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ကျဆုံး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 12,
      "text": "ထို​နေ့​တွင်ပင် ဗင်္ယာမိန်​အမျိုးသား​တစ်​ဦး​သည် မိမိ​အဝတ်​ကို​ဆုတ်​လျက်​၊ မိမိ​ခေါင်း​ပေါ်တွင်​မြေမှုန့်​ကို တင်​လျက် စစ်မြေပြင်​မှ ရှိလော​မြို့​သို့ အပြေးအလွှား​ရောက်လာ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 13,
      "text": "ထို​သူ​ရောက်လာ​သော​အချိန်​တွင် ဧလိ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​အတွက် စိတ်ပူပန်​သဖြင့် လမ်း​ဘေး​ထိုင်ခုံ​ပေါ်၌ ထိုင်​လျက်​စောင့်​နေ​၏​။ ထို​သူ​သည် မြို့​ထဲသို့​ရောက်လာ​ပြီး စစ်သတင်း​ကို ပြောကြား​သောအခါ တစ်မြို့လုံး​အော်ဟစ်​ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 14,
      "text": "ထို​အော်ဟစ်သံ​များ​ကို ဧလိ​ကြား​လျှင် “​ဤ​အုတ်အော်သောင်းနင်း​အသံ​များ​ကား အဘယ်သို့နည်း​”​ဟု မေး​၏​။ ထို​သူ​လည်း အလျင်အမြန်​လာ​ပြီး ဧလိ​အား​ပြောပြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 15,
      "text": "ထို​အချိန်​၌ ဧလိ​သည် အသက်​ကိုးဆယ့်​ရှစ်​နှစ်​အရွယ်​ရှိ​ပြီး မျက်စိ​အားနည်း​၍ မ​မြင်​နိုင်​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 16,
      "text": "ထို​သူ​က ဧလိ​အား “​အကျွန်ုပ်​သည် စစ်မြေပြင်​မှ ထွက်ပြေး​လာ​သူ​ဖြစ်​ပါ​၏​။ ယနေ့ပင် စစ်မြေပြင်​မှ ထွက်ပြေး​လာ​ပါ​၏​”​ဟု ပြော​လျှင် ဧလိ​က “​ငါ့​သား​၊ အခြေအနေ မည်သို့​ရှိ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 17,
      "text": "စစ်သတင်းကြားပြော​သူ​က​လည်း “​အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ရ​ပါ​၏​။ လူ​အမြောက်အမြား ကျဆုံး​ပါ​၏​။ သခင်​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ကျဆုံး​ပါ​ပြီ​။ ဘုရားသခင်​၏​သေတ္တာ​တော်​လည်း ရန်သူ့​လက်​သို့ ပါသွား​ပါ​ပြီ​”​ဟု ကြားပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 18,
      "text": "ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​အကြောင်း​ကို ကြားလိုက်​ရ​သောအခါ ဧလိ​သည် မြို့​တံခါး​နား သူ​ထိုင်​နေ​သော​ထိုင်ခုံ​ပေါ်​မှ အနောက်​သို့​လန်ကျ​ရာ အသက်​လည်း​ကြီး လူ​လည်း​ဝ​သဖြင့် ဇက်​ကျိုး​ကာ သေ​လေ​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ် စီရင်အုပ်ချုပ်​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 19,
      "text": "သူ​၏​ချွေးမ​ဖြစ်​သူ ဖိနဟတ်​၏​မယား​သည်​လည်း သားဖွား​ခါနီး​ကိုယ်ဝန်​အရင့်အမာ​နှင့် ဖြစ်​နေ​၍ ဘုရားသခင်​၏​သေတ္တာ​တော် ရန်သူ့​လက်​သို့​ပါသွား​ကြောင်း​၊ ယောက္ခမ​နှင့်​ခင်ပွန်း​သေဆုံး​ကြောင်း သတင်း​များ​ကြား​ရ​သောအခါ ချက်ချင်းပင် သားဖွား​ခြင်း​ဝေဒနာ​အလူးအလိမ့်​ခံစား​လာ​ရ​၍ သားဖွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 20,
      "text": "သူ​သေခါနီး​တွင် သူ့​အနီး​ရှိ​အမျိုးသမီး​များ​က “​မ​ကြောက်​နှင့်​၊ သင် သား​ယောက်ျားလေး​မွေး​ပြီ​”​ဟု ဆို​သော်လည်း သူ​ပြန်​မ​ပြော​နိုင်​၊ အရေး​လည်း​မ​စိုက်​နိုင်​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 21,
      "text": "ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ့​လက်​သို့​ပါသွား​၍ ယောက္ခမ​နှင့်​ခင်ပွန်းသည်​တို့​လည်း ဆုံးပါး​သွား​သောကြောင့် “အစ္စရေး​လူမျိုး​ထံမှ ဘုန်းအသရေ ပျောက်ကွယ်​သွား​ပြီ”​ဟု ဆို​လျက် ထို​သူငယ်​၏​အမည်​ကို ဣခဗုဒ် ဟု​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 22,
      "text": "ထို့နောက် သူ​က “ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ​တို့​လက်​သို့​ပါသွား​ပြီ​ဖြစ်၍ အစ္စရေး​လူမျိုး​ထံမှ ဘုန်းအသရေ ပျောက်ကွယ်​သွား​လေ​ပြီ”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 1,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သိမ်းယူ​၍ ဧဗနေဇာ​မြို့​မှ အာဇုတ်​မြို့​သို့​သယ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 2,
      "text": "ထိုသို့ ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ပြီး ဒါဂုန်​ဝတ်ကျောင်း​သို့ ယူသွား​၍ ဒါဂုန်​ဘုရား​ဘေး​၌ ထား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 3,
      "text": "နောက်တစ်နေ့​တွင် အာဇုတ်​မြို့သား​တို့​သည် နံနက်​စောစောထ​ကြ​သောအခါ ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲ​နေ​သည်​ကို တွေ့​သဖြင့် သူ​တို့​သည် ဒါဂုန်​ဘုရား​ကို​ယူ​၍ သူ့​နေရာ​၌ ပြန်ထား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 4,
      "text": "နောက်တစ်နေ့​နံနက်​စောစောထ​ကြ​သောအခါ​တွင်​လည်း ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲကျ​နေ​၏​။ ဒါဂုန်​ဘုရား​၏​ဦးခေါင်း​နှင့်​လက်ဖဝါး​နှစ်​ဖက်​မှာ တံခါးခုံ​ပေါ်တွင် ပြတ်ကျ​နေ​ပြီး ဒါဂုန်​ဘုရား​သည် ကိုယ်ထည်ကြီး​သာ ကျန်ရှိ​နေ​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 5,
      "text": "ထိုအကြောင်းကြောင့် အာဇုတ်​မြို့​တွင် ယနေ့​တိုင်အောင် ဒါဂုန်​၏​ယဇ်ပုရောဟိတ်​များ​နှင့် ဒါဂုန်​ဝတ်ကျောင်း​ထဲသို့ ဝင်​သော​သူ​တိုင်း ဒါဂုန်​တံခါးခုံ​ကို မ​နင်း​ဘဲ ကျော်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 6,
      "text": "ထာဝရဘုရား​၏​လက်​တော်​သည် အာဇုတ်​မြို့သား​တို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​၏​။ အာဇုတ်​မြို့​နှင့် ဝန်းကျင်​တစ်​ဝိုက်​ကို ပလိပ်ရောဂါ​ဖြင့် ဖျက်ဆီးသတ်ဖြတ်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 7,
      "text": "ထို​အခြင်းအရာ​ကို​မြင်​လျှင် အာဇုတ်​မြို့သား​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​လက်​တော်​သည် ငါ​တို့​နှင့် ငါ​တို့​၏​ဘုရား​ဒါဂုန်​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​ပြီ​။ ထို​ဘုရား​၏​သေတ္တာ​တော်​ကို ငါ​တို့​နှင့်အတူ မ​ထား​သင့်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 8,
      "text": "ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေး​ကြ​၏​။ ထိုအခါ သူ​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ဂါသ​မြို့​သို့ ပို့လိုက်​ပါ​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပို့လိုက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 9,
      "text": "သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ကြ​ရာ ထို​မြို့​ကို​လည်း ထာဝရဘုရား​၏​လက်​တော်​သည် ဒဏ်ခတ်​တော်မူ​သဖြင့် အလွန်​တုန်လှုပ်ချောက်ချား​ကြ​ကုန်​၏​။ ထို​မြို့​ရှိ​မြို့သား​တို့​ကို​လည်း အငယ်ဆုံး​မှ အကြီးဆုံး​တိုင်အောင် ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 10,
      "text": "ထို့ကြောင့် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဧကြုန်​မြို့​သို့​ပို့လိုက်​ပြန်​၏​။ ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​သည် ဧကြုန်​မြို့​သို့ ရောက်လာ​သောအခါ ဧကြုန်​မြို့သား​တို့​က “​ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​ရန် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ငါ​တို့​ထံ ပို့လိုက်​လေ​ပြီ​တကား​”​ဟု အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 11,
      "text": "ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို အဝေး​သို့​ပို့​လိုက်​ပါ​လော့​။ သူ့​နေရာ သူ​ပြန်ရောက်​ပါစေ​။ သို့မဟုတ်လျှင် ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​လက်​တော်​သည် ထို​မြို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​သဖြင့် တစ်မြို့လုံး​သည် သေ​ရ​မည်​ကို ကြောက်လန့်​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 12,
      "text": "အသက်​မ​သေ​ဘဲ ကျန်ရစ်​သူ​တို့​မှာ ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​ခံရ​သောကြောင့် တစ်မြို့လုံး​၏​အော်ဟစ်သံ​သည် မိုးကောင်းကင်​အထိ ရောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 1,
      "text": "ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ဖိလိတ္တိ​ပြည်​သို့ ရောက်သွား​ပြီး ခုနစ်​လ​ကြာ​သော်"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 2,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ယဇ်ပုရောဟိတ်​များ​၊ ဂမ္ဘီရပညာရှင်​များ​ကို ခေါ်​၍ “​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ပြီး “သူ့​နေရာ​သို့ မည်သို့​ပြန်ပို့​ရ​မည်​ကို အကျွန်ုပ်​တို့​အား ပြောပြ​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 3,
      "text": "သူ​တို့​က​လည်း “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပြန်ပို့​မည်​ဆို​လျှင် သေတ္တာ​တော်​သက်သက်​ကို​သာ ပြန်​မ​ပို့​ကြ​နှင့်​။ အပြစ်ဒဏ်ဖြေရာယဇ်​နှင့်တကွ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။ သို့မှသာ သင်​တို့ အနာရောဂါပျောက်ကင်း​လိမ့်မည်​။ ထို့ပြင် လက်​တော်​သည် အဘယ်ကြောင့် သင်​တို့​ထံမှ မ​ရုပ်သိမ်း​သေး​ကြောင်း​ကို​လည်း သင်​တို့​သိ​ရ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 4,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​မည်သည့်​အပြစ်ဒဏ်ဖြေရာယဇ်​ဖြင့် ပို့​လိုက်​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​တို့​က “​ဖိလိတ္တိ​မင်း​အရေအတွက်​နှင့်အညီ ရွှေ​ပလိပ်နာဖု​အရုပ်​ငါး​ခု​နှင့် ရွှေ​ကြွက်​ရုပ်​ငါး​ခု​ကို ထုလုပ်​၍ ပေးလိုက်​ရ​မည်​။ သင်​တို့​နှင့် သင်​တို့​၏​မင်း​များ ခံစား​ရ​သော​ရောဂါ​မှာ တစ်မျိုးတည်း​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 5,
      "text": "ဤသို့ ပလိပ်နာဖု​အရုပ်​နှင့် ပြည်​ကို​ဖျက်ဆီး​သော​ကြွက်​အရုပ်​တို့​ကို ထုလုပ်​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​ဘုန်း​တော်​ကို ချီးမြှောက်​ခြင်း​ဖြင့် လက်​တော်​ကို သင်​တို့​နှင့် သင်​တို့​၏​ဘုရား​များ​အပါအဝင် သင်​တို့​တိုင်းပြည်​မှ ပြန်လည်​ရုပ်သိမ်း​ကောင်း​ရုပ်သိမ်း​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 6,
      "text": "ဖာရော​မင်းကြီး​အပါအဝင် အီဂျစ်​လူမျိုး​တို့ စိတ်နှလုံး​မာကျော​ခဲ့​သကဲ့သို့ အဘယ်ကြောင့် သင်​တို့ စိတ်နှလုံး​မာကျော​ကြ​သနည်း​။ သူ​တို့​ကို ဘုရားသခင် ပြင်းထန်​စွာ​ဒဏ်ခတ်​လိုက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို လွှတ်လိုက်​ရ​သဖြင့် အစ္စရေး​လူမျိုး​တို့ ထွက်လာ​ကြ​ရ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 7,
      "text": "ယခု လှည်း​အသစ်​တစ်​စီး ပြုလုပ်​ပါ​။ သားပေါက်​ရှိ​ပြီး ထမ်းပိုး​မ​တင်​ဖူး​သေး​သော​နွားမ​နှစ်​ကောင်​ကို ယူ​၍ ထို​နွားမ​တို့​ကို​လှည်း​၌ က​ပါ​။ နွားသားပေါက်​များ​ကို​မူ နွားခြံ​၌ ပြန်ထား​ပါ​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 8,
      "text": "ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ယူ​ပြီး လှည်း​ပေါ်​တင်​ပါ​။ အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ပို့ပေး​မည့်​ရွှေ​ထည်​ပစ္စည်း​များ​ကို​လည်း အခြား​သေတ္တာ​တစ်​လုံး​တွင်​ထည့်​၍ သေတ္တာ​တော်​ဘေး​တွင် ထား​ပါ​။ ပြီးလျှင် နွားလှည်း​ကို​လွှတ်လိုက်​ပါ​။ သွား​လို​ရာ​သွား​ပါစေ​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 9,
      "text": "သို့သော် လှည်း​ကို စောင့်ကြည့်​ပါ​။ သေတ္တာ​တော်​ရှိ​ခဲ့​ရာ​နယ်​သို့​သွား​သော​လမ်း​ဖြစ်​သည့် ဗက်ရှေမက်​မြို့​သို့ တက်သွား​မည်​ဆို​လျှင် ကိုယ်တော်​သည် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကြီး ကျရောက်​စေ​သည်​မှာ မှန်​၏​။ ထို​လမ်း​သို့​မ​တက်​လျှင်​မူကား ကိုယ်တော်​၏​လက်​တော်​သည် ငါ​တို့​ကို ဒဏ်ခတ်​တော်မူ​သည်​မ​ဟုတ်​ဘဲ တိုက်ဆိုင်မှု​သာ​ဖြစ်ကြောင်း သိ​ရ​ကြ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 10,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း ထို​အတိုင်း​ပြု​ကြ​၏​။ သားပေါက်​ရှိ​သော​နွားမ​နှစ်​ကောင်​ကို​ယူ​၍ လှည်း​တွင်​က​ပြီး သားပေါက်​တို့​ကို​မူ နွားခြံ​တွင် ပြန်ထား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 11,
      "text": "ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့် ရွှေ​ကြွက်​ရုပ်​များ​၊ ပလိပ်နာဖု​အရုပ်​များ​ထည့်​ထား​သော​သေတ္တာ​ကို လှည်း​ပေါ်၌​တင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 12,
      "text": "နွားမ​တို့​သည် ဗက်ရှေမက်​လမ်း​အတိုင်း လမ်းမ​တစ်လျှောက် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လွဲ​ဘဲ အော်မြည်​လျက် တည့်တည့်​တက်သွား​၏​။ ဖိလိတ္တိ​မင်း​တို့​သည်​လည်း ဗက်ရှေမက်​နယ်နိမိတ်​တိုင်အောင် အနောက်မှ လိုက်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 13,
      "text": "ဗက်ရှေမက်​မြို့သား​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​တို့​၌ ဂျုံစပါး​များ ရိတ်သိမ်း​နေ​ချိန်​ဖြစ်​၏​။ သူ​တို့​သည် မျှော်ကြည့်​၍ သေတ္တာ​တော်​ကို​မြင်​လျှင် ဝမ်းသာအားရ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 14,
      "text": "နွား​လှည်း​သည် ဗက်ရှေမက်​မြို့သား ယောရှု​၏​လယ်​ထဲသို့ ဝင်လာ​ပြီး ကျောက်တုံး​ကြီး​အနီး​တွင် ရပ်​နေ​၏​။ သူ​တို့​သည် လှည်းအိမ်​ကို​ဖျက်​ပြီး နွားမ​တို့​ကို မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 15,
      "text": "လေဝိ​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့် ရွှေ​ထည်​ပစ္စည်း​ပါ​သော​သေတ္တာ​ကို​ချ​ပြီး ကျောက်တုံး​ကြီး​ပေါ်တွင် တင်ထား​ကြ​၏​။ ထို​နေ့​တွင် ဗက်ရှေမက်​မြို့သား​တို့​သည် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​နှင့် ပူဇော်သက္ကာ​တို့​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 16,
      "text": "ဖိလိတ္တိ​မင်း​ငါး​ပါး​သည် ဤ​အဖြစ်အပျက်​ကို ကြည့်​ပြီး ထို​နေ့​တွင်ပင် ဧကြုန်​မြို့​သို့ ပြန်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 17,
      "text": "ထာဝရဘုရား​ထံ အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ဖိလိတ္တိ​လူမျိုး​တို့ ပို့​လိုက်​သော ရွှေ​ပလိပ်နာဖု​အရုပ်​များ​မှာ အာဇုတ်​မြို့​အတွက် တစ်​ခု​၊ ဂါဇ​မြို့​အတွက် တစ်​ခု​၊ အာရှကေလုန်​မြို့​အတွက် တစ်​ခု​၊ ဂါသ​မြို့​အတွက် တစ်​ခု​၊ ဧကြုန်​မြို့​အတွက် တစ်​ခု​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 18,
      "text": "ရွှေ​ကြွက်​ရုပ်​များ​မှာ ခံတပ်​မြို့​နှင့် ကျေးလက်ဒေသ​များ​အပါအဝင် ဖိလိတ္တိ​မင်း​ငါး​ပါး​အုပ်ချုပ်​သော​မြို့ရွာ​တို့​၏​အရေအတွက်​အတိုင်း ဖြစ်​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​တင်ထား​ခဲ့​သော​ကျောက်တုံး​ကြီး​သည် ယနေ့​တိုင်အောင် ဗက်ရှေမက်​မြို့သား ယောရှု​၏​လယ်​ထဲတွင် သက်သေ​အဖြစ် ရှိ​နေ​သေး​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 19,
      "text": "ဗက်ရှေမက်​မြို့သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ထဲသို့ ကြည့်​မိ​သောကြောင့် ကိုယ်တော်​သည် မြို့သား​အချို့​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။ လူ​ငါးသောင်း​ခုနစ်ဆယ် ဒဏ်ခတ်​ခံရ​လေ​၏​။ ထာဝရဘုရား​သည် လူ​တို့​ကို အမြောက်အမြား​ဒဏ်ခတ်​တော်မူ​သောကြောင့် လူ​တို့ ငိုကြွေးမြည်တမ်း​ကြ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 20,
      "text": "ဗက်ရှေမက်​မြို့သား​တို့​က “​ဤ​သန့်ရှင်း​သော​ဘုရားသခင် ထာဝရဘုရား​ရှေ့​တော်​တွင် မည်သူ​ခံရပ်​နိုင်​ပါ​မည်နည်း​။ ကိုယ်တော်​သည် ငါ​တို့​ထဲမှ မည်သူ့​ထံသို့ ကြွ​တော်မူ​ပါ​မည်နည်း​”​ဟု ပြောဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 21,
      "text": "ထို့နောက် သူ​တို့​သည် ကိရယတ်ယာရိမ်​မြို့သား​တို့​ထံသို့ တမန်​တို့​ကို​စေလွှတ်​၍ “​ဖိလိတ္တိ​လူမျိုး​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ပြန်ပို့​လာ​ပြီ​။ သင်​တို့​လာ​၍ ယူဆောင်​သွား​ကြ​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 1,
      "text": "ကိရယတ်ယာရိမ်​မြို့သား​တို့​သည်​လည်း ထာဝရဘုရား​၏​သေတ္တာ​တော်​ကို လာရောက်​ယူဆောင်​သွား​ကြ​ပြီး တောင်​ပေါ်​ရှိ​အဘိနဒပ်​အိမ်​၌ ထား​ကြ​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​စောင့်ရှောက်​ရန် အဘိနဒပ်​၏​သား​ဧလာဇာ​အား သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​ပေး​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 2,
      "text": "ထို​နေ့​မှစ၍ သေတ္တာ​တော်​သည် ကိရယတ်ယာရိမ်​မြို့​၌ အနှစ်​နှစ်ဆယ်​တိုင်တိုင် အချိန်​ကြာမြင့်​စွာ​ရှိ​နေ​၏​။ ထို​အချိန်​အတွင်း​တွင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ထာဝရဘုရား​ကို မျှော်ကြည့်အားကိုး​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 3,
      "text": "ထိုအခါ ရှမွေလ​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့ ထာဝရဘုရား​ထံ​တော်​သို့​ပြန်လာ​လို​လျှင် သင်​တို့​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​ရ​မည်​။ ထာဝရဘုရား​ထံ၌​သာ စိတ်အာရုံပြု​၍ ကိုယ်တော်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်​။ သို့ပြုလျှင် သင်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 4,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဗာလ​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 5,
      "text": "ထိုအခါ ရှမွေလ​က သူ​တို့​အား “​အစ္စရေး​တစ်မျိုးသားလုံး​ကို မိဇပါ​မြို့​၌ စုဝေး​စေ​ကြ​လော့​။ သင်​တို့​အဖို့ ထာဝရဘုရား​ထံ ငါ​ဆုတောင်း​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 6,
      "text": "အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​၌​စုဝေး​ကြ​၏​။ ရေ​ကို​ခပ်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌​သွန်းလောင်း​ကြ​၏​။ ထို​နေ့​၌ အစာရှောင်​ကြ​ပြီး သူ​တို့​က “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ခဲ့​ကြ​ပြီ​”​ဟု ဝန်ခံ​ကြ​၏​။ ဤသို့ဖြင့် ရှမွေလ​သည် မိဇပါ​မြို့​၌ အစ္စရေး​အမျိုးသား​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မိဇပါ​မြို့​၌ စုဝေး​ကြ​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​သောအခါ ဖိလိတ္တိ​မင်း​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် ချီလာ​ကြ​၏​။ ထို​သတင်း​ကို အစ္စရေး​အမျိုးသား​တို့ ကြားသိ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​ကို ကြောက်ရွံ့​ကြ​ကုန်​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 8,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​ကယ်နုတ်​တော်မူ​ပါ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အကျွန်ုပ်​တို့​အဖို့ ဆက်လက်​ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 9,
      "text": "ထိုအခါ ရှမွေလ​က နို့မပြတ်​သေး​သော​သိုးသငယ်​တစ်​ကောင်​ကို ယူ​၍ တစ်ကောင်လုံး​ရှို့​ရ​သော​မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ပြီး အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ထာဝရဘုရား နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 10,
      "text": "ထိုသို့ ရှမွေလ​သည် မီးရှို့ရာယဇ်​ကို ပူဇော်​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​ကြ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​သည် ကျယ်လောင်​စွာ​မိုးချုန်း​စေ​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ ဤသို့ဖြင့် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 11,
      "text": "အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​မှ​ထွက်​၍ ဗက်ကာ​မြို့​အောက်​ဘက်​တိုင်အောင် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံ​သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 12,
      "text": "ထို့နောက် ရှမွေလ​သည် ကျောက်တုံး​တစ်​တုံး​ကို​ယူ​၍ မိဇပါ​မြို့​နှင့် ရှင်​မြို့​ကြား​တွင် ထား​ပြီး “​ထာဝရဘုရား​သည် ယခု​တိုင်အောင် ငါ​တို့​ကို​ကူညီမစ​တော်မူ​၏​”​ဟု ဆို​လျက် ထို​ကျောက်တုံး​၏​အမည်​ကို ဧဗနေဇာ ​ဟု​ခေါ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 13,
      "text": "ဤသို့ ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​သဖြင့် အစ္စရေး​လူမျိုး​တို့​၏​နယ်မြေ​ထဲသို့ နောက်တစ်ဖန် မ​ကျူးကျော်​ဝံ့​ကြ​တော့​ချေ​။ ရှမွေလ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​လက်​တော်​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ဆန့်ကျင်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​တို့​ထံမှ ဖိလိတ္တိ​လူမျိုး​တို့ သိမ်းပိုက်​ခဲ့​သော​မြို့​များ​ကို ဧကြုန်​မြို့​မှစ၍ ဂါသ​မြို့​တိုင်အောင် အစ္စရေး​လူမျိုး​တို့ ပြန်လည်​ရရှိ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ အစ္စရေး​လူမျိုး​တို့​အပိုင် နယ်မြေ​များ​ကို ပြန်လည်​ရရှိ​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အာမောရိ​လူမျိုး​တို့​နှင့်​လည်း သင့်မြတ်​ခြင်း​ရှိ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 15,
      "text": "ရှမွေလ​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 16,
      "text": "သူ​သည် နှစ်စဉ် ဗေသလ​မြို့​၊ ဂိလဂါလ​မြို့​၊ မိဇပါ​မြို့​များ​သို့ လှည့်လည်​သွားလာ​ပြီး ထို​မြို့​များ​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 17,
      "text": "ထို့နောက် မိမိ​အိမ်​ရှိ​ရာ ရာမ​မြို့​သို့​ပြန်လာ​ပြီး ထို​မြို့​ရှိ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ ထို​မြို့​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​ထား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 1,
      "text": "ရှမွေလ​သည် အသက်ကြီး​လာ​သောအခါ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရန် မိမိ​၏​သား​တို့​ကို ခန့်အပ်​ထား​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 2,
      "text": "သူ​၏​သားဦး​အမည်​မှာ ယောလ​ဖြစ်​ပြီး ဒုတိယ​သား​အမည်​မှာ အဘိယ​ဖြစ်​၏​။ သူ​တို့​သည် ဗေရရှေဘ​မြို့​၌ စီရင်အုပ်ချုပ်​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 3,
      "text": "သို့သော် သူ့​သား​တို့​သည် သူ​လျှောက်​သော​လမ်း​အတိုင်း မ​လိုက်​ကြ​။ မတရား​အကျိုးစီးပွား​ကို​ရှာ​ကြ​၏​။ တံစိုးလက်ဆောင်​ကို ခံယူ​ကြ​၏​။ တရားမျှတမှု​ကို လွှဲရှောင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 4,
      "text": "ထို့ကြောင့် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် စုဝေး​ပြီး ရာမ​မြို့​၌​နေထိုင်​သော ရှမွေလ​ထံသို့​လာ​၍"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 5,
      "text": "ရှမွေလ​အား “​ကြည့်ရှု​လော့​။ ယခု အရှင် အသက်ကြီး​ပြီ​။ အရှင့်​သား​တို့​သည်​လည်း အရှင်​လျှောက်​ခဲ့​သည့်​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။ ထို့ကြောင့် လူမျိုးခြား​အပေါင်း​တို့​နည်းတူ အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်​ပါး​ကို အကျွန်ုပ်​တို့​အတွက် တင်မြှောက်​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 6,
      "text": "ဤသို့ “​အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်ပါး​ကို တင်မြှောက်​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​သည်​ကို ရှမွေလ ဘဝင်မကျ​ပေ​။ သို့ဖြစ်၍ ရှမွေလ​သည် ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 7,
      "text": "ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​တို့​ပြော​သမျှ​ကို နားထောင်​လော့​။ သူ​တို့​သည် သင့်​ကို​သာ​စွန့်ပယ်​သည်​မ​ဟုတ်​။ ငါ့​ကို​လည်း သူ​တို့​၏​ရှင်ဘုရင်​အဖြစ်​မှ စွန့်ပယ်​ကြ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 8,
      "text": "သူ​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​ချိန်​ထိ ငါ့​ကို​စွန့်ပယ်​ပြီး အခြား​ဘုရား​များ​ကို ဝတ်ပြု​ကြ​၏​။ ထိုသို့ ငါ့​ကို ပြု​သမျှ​အတိုင်း သင့်​ကို​လည်း ပြု​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 9,
      "text": "ယခု သူ​တို့​စကား​ကို နားထောင်​လော့​။ သို့သော် သူ​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​သည် သူ​တို့​အပေါ် မည်သို့​စီရင်အုပ်ချုပ်​မည်​ကို သူ​တို့​အား ကြပ်ကြပ်​သတိပေး​ပြောပြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 10,
      "text": "ရှမွေလ​က​လည်း မိမိ​ထံ ရှင်ဘုရင်​တောင်းဆို​သော​ထို​သူ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သမျှ​ကို ပြောပြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 11,
      "text": "“​သင်​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​၏​ထုံးနည်း​ကား ဤသို့​ဖြစ်​၏​။ သူ​သည် သင်​တို့​၏​သား​များ​ကို​ခေါ်​၍ သူ​၏​ရထား​မောင်းနှင်​သူ​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ခန့်ထား​လိမ့်မည်​။ သူ​တို့​ကို သူ့​ရထား​ရှေ့​တွင် ပြေး​စေ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 12,
      "text": "သူ့​အဖို့ လူ​တစ်ထောင်အုပ်​၊ လူ​ငါးဆယ်အုပ်​များ​အဖြစ် ခန့်ထား​မည်​။ လယ်ယာ​ကို ထွန်ယက်​စေ​မည်​။ ကောက်​ရိတ်​စေ​မည်​။ စစ်​လက်နက်​များ​၊ ရထား​တန်ဆာပလာ​များ​ကို ပြုလုပ်​စေ​မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 13,
      "text": "သင်​တို့​၏​သမီးပျို​များ​ကို​လည်း ခေါ်ယူ​၍ အမွှေးနံ့သာ​ဖော်စပ်​သူ​၊ ချက်ပြုတ်​သူ​၊ မုန့်ဖုတ်​သူ စသည်ဖြင့် ခိုင်းစေ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 14,
      "text": "သင်​တို့​၏​လယ်ယာ​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​ထဲမှ အကောင်းဆုံး​သီးနှံ​များ​ကို သိမ်းယူ​ပြီး သူ​၏​အမှုထမ်း​တို့​အား ပေး​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 15,
      "text": "သင်​တို့​၏​ကောက်ပဲသီးနှံ​များ​၊ စပျစ်သီး​များ​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို​သိမ်းယူ​၍ သူ​၏​မှူးမတ်​များ​၊ အစေအပါး​များ​ကို ပေး​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 16,
      "text": "သင်​တို့​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သန်မာထွားကျိုင်း​သော​လုလင်ပျို​များ​အပါအဝင် မြည်း​များ​ကို​ပါ သိမ်းယူ​၍ သူ့​လုပ်ငန်း​တွင် ခိုင်းစေ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 17,
      "text": "သင်​တို့​၏​သိုးအုပ်​ထဲမှ သိုး​ဆယ်ပုံတစ်ပုံ​ကို ယူ​လိမ့်မည်​။ သင်​တို့​သည်​လည်း သူ​၏​အစေအပါး ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 18,
      "text": "သင်​တို့​ရွေးချယ်​လိုက်​သော​ရှင်ဘုရင်​ကြောင့် ထို​နေ့​၌ သင်​တို့​အော်ဟစ်​ရ​လိမ့်မည်​။ သို့သော် ထို​နေ့​၌ ထာဝရဘုရား​သည် သင်​တို့​ကို လှည့်ကြည့်​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 19,
      "text": "သို့သော် သူ​တို့​သည် ရှမွေလ​စကား​ကို နားမထောင်​ဘဲ “​ထိုသို့​မ​ဟုတ်​ပါ​။ မည်သို့ပင်​ဖြစ်စေ အကျွန်ုပ်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင် ရှိ​ရ​မည်​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 20,
      "text": "သို့မှ အကျွန်ုပ်​တို့​သည်​လည်း လူမျိုးခြား​အပေါင်း​တို့​နှင့် တူ​လိမ့်မည်​။ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​သည် အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​လိမ့်မည်​။ အကျွန်ုပ်​တို့​ရှေ့​မှ​ချီတက်​၍ စစ်တိုက်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 21,
      "text": "ရှမွေလ​သည် လူ​တို့​ပြော​သမျှ​ကို နားထောင်​ပြီးနောက် ထာဝရဘုရား​ရှေ့​တော်​သို့ ပြန်လျှောက်တင်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 22,
      "text": "ထာဝရဘုရား​က​လည်း ရှမွေလ​အား “​သူ​တို့​စကား​ကို နားထောင်​ပြီး သူ​တို့​အတွက် ရှင်ဘုရင်​တင်မြှောက်​ပေး​လော့​”​ဟု မိန့်​တော်မူ​သဖြင့် ရှမွေလ​က အစ္စရေး​အမျိုးသား​တို့​အား “​ကိုယ့်​မြို့​သို့ အသီးသီး​ပြန်သွား​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 1,
      "text": "ကိရှ​အမည်​ရှိ​သော ဗင်္ယာမိန်​အမျိုးသား​တစ်​ယောက်​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုးသား​အာဖိ​၏​တီ​၊ ဗေခေါရတ်​၏​မြစ်​၊ ဇေရော်​၏​မြေး​၊ အဗျေလ​၏​သား​ဖြစ်​၏​။ သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝ​သူ​တစ်ဦး​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 2,
      "text": "ထို​သူ​၌ ရှောလု ဟု​ခေါ်​သော သား​တစ်​ယောက်​ရှိ​၏​။ ရှောလု​သည် ငယ်ရွယ်နုပျို​၍ ရုပ်ရည်ခန့်ညား​သော​သူ​ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့​ထဲတွင် သူ့​ထက်​ပို၍​ရုပ်ရည်ခန့်ညား​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ အခြား​သူ​များ​ထက်​လည်း ခေါင်းတစ်လုံးစာ အရပ်​ပို​မြင့်​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 3,
      "text": "တစ်နေ့တွင် ရှောလု​၏​ဖခင်​ကိရှ​သည် မြည်း​များ​ပျောက်ဆုံး​နေ​၏​။ ထို့ကြောင့် ကိရှ​က မိမိ​သား​ရှောလု​အား “​ထ​လော့​။ သင်​နှင့်အတူ ငယ်သား​တစ်​ယောက်​ကို ခေါ်​၍ မြည်း​များ​ကို သွား​ရှာ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 4,
      "text": "သူ​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး​နှင့် ရှိလိရှ​နယ်မြေ​တစ်လျှောက်လုံး​တို့​တွင် ရှာ​သော်လည်း မ​တွေ့​။ ရှာလိမ်​နယ်​တစ်လျှောက်​တွင်​လည်း မ​ရှိ​။ ဗင်္ယာမိန်​နယ်​တစ်လျှောက်လုံး​တွင် ရှာ​သော်လည်း မ​တွေ့​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 5,
      "text": "သူ​တို့​သည် ဇုဖ​နယ်​သို့ပင် ရောက်လာ​ကြ​၏​။ ထိုအခါ ရှောလု​က မိမိ​နှင့်အတူ​ပါလာ​သော​ငယ်သား​အား “​လာ​ပါ​။ ငါ​တို့​ပြန်လှည့်​ကြ​စို့​။ ငါ​၏​ဖခင်​သည် မြည်း​အတွက် မစိုးရိမ်​။ ငါ​တို့​အတွက် စိုးရိမ်​နေ​ရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 6,
      "text": "ငယ်သား​က​လည်း “​ကြည့်​ပါ​။ ဤ​မြို့​တွင် ဘုရားသခင်​၏​လူ​တစ်​ဦး​ရှိ​၏​။ သူ​သည် လူ​အများ​ရိုသေလေးစား​ခြင်း​ကို ခံရ​သူ​ဖြစ်​၏​။ သူ​ပြော​သမျှ​စကား​တို့​သည်​လည်း အလုံးစုံ​ဖြစ်လာ​တတ်​၏​။ ယခု သူ့​ထံသို့​သွား​ကြ​စို့​။ အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​ကို သူ​ညွှန်ပြ​ကောင်း​ညွှန်ပြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 7,
      "text": "ရှောလု​က​လည်း မိမိ​ငယ်သား​အား “​ယခု ထို​သူ့​ထံ​သွား​လျှင် မည်သည့်​အရာ​ယူဆောင်​သွား​ရ​မည်နည်း​။ ငါ​တို့​အိတ်​ထဲတွင် မုန့်​လည်း​ကုန်​ပြီ​။ ဘုရားသခင်​၏​လူ​ထံသို့ ယူဆောင်​သွား​ရန် ဘာ​လက်ဆောင်​မျှ မ​ရှိ​။ ငါ​တို့​၌ ဘာ​ကျန်​သေး​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 8,
      "text": "ငယ်သား​က​လည်း ရှောလု​အား “​ကြည့်​ပါ​။ အကျွန်ုပ်​၌ ငွေ​ရှယ်ကယ်​တစ်မတ် ရှိ​ပါ​၏​။ ဤ​ငွေ​ကို ဘုရားသခင်​၏​လူ​အား ပေး​ပါ​မည်​။ သူ​သည် အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​ကို ပြ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 9,
      "text": "(​ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် တစ်စုံတစ်ဦး​က ဘုရားသခင်​ထံ သွားရောက်​မေးမြန်း​လို​လျှင် “​လာ​ကြ​။ စိတ်အာရုံရသူ​ထံ သွား​ကြ​စို့​”​ဟု ဆို​လေ့​ရှိ​၏​။ ယခု ပရောဖက်​ဟု ခေါ်ဆို​သူ​ကို ယခင်က စိတ်အာရုံရသူ​ဟု ခေါ်ဆို​ကြ​၏​။​)"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 10,
      "text": "ရှောလု​က​လည်း မိမိ​ငယ်သား​အား “​သင်​ပြော​သည့်​အတိုင်း ကောင်း​ပါ​၏​။ လာ​ပါ​။ ငါ​တို့ သွား​ကြ​စို့​”​ဟု ဆို​လျက် ဘုရားသခင်​၏​လူ​ရှိ​ရာ​မြို့​သို့ သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 11,
      "text": "ထို​မြို့​သို့​သွား​ရန် တောင်ကုန်း​ကို​တက်လာ​ကြ​စဉ် ရေ​ခပ်​ထွက်လာ​သော​မိန်းမပျို​တို့​နှင့်​တွေ့​၍ “ဤ​မြို့​တွင် စိတ်အာရုံရသူ ရှိ​ပါ​သလော​”​ဟု မေး​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 12,
      "text": "သူ​တို့​က​လည်း “​ရှိ​ပါ​၏​။ ကြည့်ရှု​လော့​။ သင်​တို့​ရှေ့​၌ သွား​လျက်​ရှိ​ပါ​၏​။ အလျင်အမြန်​လိုက်သွား​ပါ​လော့​။ ယနေ့​တွင် လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​၌ ယဇ်ပူဇော်​ကြ​မည်​ဖြစ်၍ ဤ​မြို့​သို့ ယခု သူ​ရောက်လာ​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 13,
      "text": "သူ​မ​ရောက်လာ​မ​ချင်း လူ​တို့​သည် စား​ခွင့်​မ​ရှိ​။ သူ​လာ​၍ ယဇ်ကောင်​ကို​ကောင်းချီးပေး​ပြီးမှ ဖိတ်ခေါ်​ထား​သော​သူ​တို့​သည် စား​ရ​မည်​ဖြစ်​သောကြောင့် စားသောက်​ဖို့ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ သူ​မ​တက်သွား​မီ သင်​တို့ မြို့​ထဲ​ဝင်​သည်​နှင့် သူ့​ကို​တွေ့​ရ​လိမ့်မည်​။ ထို့ကြောင့် ယခု သင်​တို့​တက်သွား​လျှင် သူ့​ကို​တွေ့​နိုင်​ကောင်း​ပါ​၏”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 14,
      "text": "သူ​တို့​သည် မြို့​သို့​တက်သွား​၍ မြို့​ထဲ​သို့​ဝင်လာ​စဉ်တွင် ရှမွေလ​သည်​လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ တက်သွား​သည်​နှင့်​ဆုံ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 15,
      "text": "ရှောလု​မ​လာ​မီ​တစ်​ရက်​အလို​တွင် ထာဝရဘုရား​က ရှမွေလ​အား"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 16,
      "text": "“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 17,
      "text": "ရှမွေလ​သည် ရှောလု​ကို​မြင်​သောအခါ ထာဝရဘုရား​က ရှမွေလ​အား “​ကြည့်ရှု​လော့​။ ဤ​သူ​သည် သင့်​အား ငါ​မိန့်ကြား​ထား​သော​သူ ဖြစ်​၏​။ သူ​သည် ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 18,
      "text": "ရှောလု​သည် မြို့​တံခါး​နား​ရှိ ရှမွေလ​ထံသို့ ချဉ်းကပ်​လာ​လျက် “​စိတ်အာရုံရသူ​၏​အိမ်​သည် အဘယ်မှာ​ရှိ​သနည်း​။ အကျွန်ုပ်​အား ပြောပြ​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 19,
      "text": "ရှမွေလ​က​လည်း ရှောလု​အား “​စိတ်အာရုံရသူ​မှာ ငါ​ပင်​ဖြစ်​၏​။ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ ငါ့​ရှေ့​မှ​တက်သွား​လော့​။ ယနေ့​တွင် သင်​တို့​သည် ငါ​နှင့်အတူ စားသောက်​ရ​မည်​။ မနက်ဖြန်​မှ ပြန်​ကြ​ပါ​။ သင့်​စိတ်​ထဲ၌ သိလို​သော​အရာ​အားလုံး​ကို​လည်း ငါ​ပြောပြ​မည်​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 20,
      "text": "လွန်ခဲ့သော​သုံး​ရက်​က ပျောက်သွား​သော​မြည်း​များ​အတွက် စိတ်​မ​ပူ​နှင့်​။ ထို​မြည်း​တို့​ကို ပြန်တွေ့​ပြီ​။ အစ္စရေး​လူမျိုး​သည် မည်သူ့​ကို အလိုရှိ​ပါ​သနည်း​။ သင်​နှင့် သင့်​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ကို​မ​ဟုတ်​လော​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 21,
      "text": "ရှောလု​က​လည်း “​အကျွန်ုပ်​အမျိုးအနွယ်​သည် အစ္စရေး​အမျိုးအနွယ်​တို့​တွင် အငယ်ဆုံး​ဖြစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​မှ ဖြစ်​သည်​မ​ဟုတ်​လော​။ အကျွန်ုပ်​၏​မျိုးနွယ်စု​သည်​လည်း ဗင်္ယာမိန်​မျိုးနွယ်စု​အပေါင်း​တို့​တွင် အသိမ်ငယ်ဆုံး​မျိုးနွယ်စု ဖြစ်​သည်​မ​ဟုတ်​လော​။ ယခု အကျွန်ုပ်​အား အဘယ်ကြောင့် ဤ​စကား​များ​ကို​ပြော​သနည်း​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 22,
      "text": "ထို့နောက် ရှမွေလ​သည် ရှောလု​နှင့် သူ့​ငယ်သား​ကို ခန်းမ​ထဲသို့​ခေါ်လာ​၍ ဖိတ်ခေါ်​ထား​သော​သူ​အယောက်​သုံးဆယ်​ခန့်​တို့ ရှေ့​၌ ထိုင်​စေ​ပြီးလျှင်"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 23,
      "text": "ရှမွေလ​က စားတော်ကဲ​အား “​သီးသန့်​ဖယ်ထား​ဖို့ ငါ​မှာထား​သော​အသား​ကို ယူ​ခဲ့​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 24,
      "text": "စားတော်ကဲ​သည် ပေါင်သား​ကို​ယူလာ​၍ ရှောလု​ရှေ့​တွင် ချထား​၏​။ ရှမွေလ​က “​သင့်​ရှေ့​၌​ချထား​သော​အသား​ကို စား​ပါ​။ ဤ​အသား​သည် ဖိတ်ခေါ်​ထား​သော​သူ​တို့​နှင့်အတူ သတ်မှတ်​ထား​သော​အချိန်​တွင်​စား​ဖို့ သင့်​အတွက် ဖယ်ထား​ပေး​သော​အသား​ဖြစ်​၏​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေ့​တွင် ရှောလု​သည် ရှမွေလ​နှင့်အတူ စားသောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 25,
      "text": "သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ မြို့​ထဲသို့​ပြန်ဆင်းလာ​ပြီး ရှမွေလ​သည် ခေါင်မိုးပြင်​တွင် ရှောလု​နှင့်​စကားပြော​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 26,
      "text": "နံနက်​အရုဏ်တက်​ချိန်​ရောက်​လျှင် ထ​ကြ​ပြီး ရှမွေလ​သည် ရှောလု​အား ခေါင်မိုးပြင်​မှ​ခေါ်​ဆင်းလာ​၍ “​အဆင်သင့်​ပြင်​ထား​လော့​၊ သင့်​ကို​ငါ​ပြန်လွှတ်​မည်​”​ဟု ဆို​လျှင် ရှောလု​သည်​ထ​၍ ရှမွေလ​နှင့်အတူ သူ​တို့​နှစ်​ဦး​အပြင်​သို့​ထွက်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 27,
      "text": "သူ​တို့​သည် မြို့​စွန်​သို့​ဆင်းသွား​စဉ် ရှမွေလ​က ရှောလု​အား “​သင့်​ငယ်သား​ကို ရှေ့​မှ​သွား​နှင့်​စေ​ပါ​”​ဟု ဆို​သဖြင့် ငယ်သား​လည်း သွား​နှင့်​လေ​၏​။ ထိုအခါ ရှမွေလ​က “​သင်​မူကား ဤ​နေရာ​၌ ခဏ​ရပ်​နေ​လော့​။ ဘုရားသခင်​၏​စကား​တော်​ကို သင့်​အား ငါ​ပြောပြ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 1,
      "text": "ရှမွေလ​သည် ဆီ​ဘူး​ကို​ယူ​၍ ရှောလု​၏​ခေါင်း​ပေါ်​သွန်းလောင်း​ပြီးလျှင် သူ့​ကို​နမ်း​လျက် “​အကယ်စင်စစ် ထာဝရဘုရား​သည် မိမိ​၏​အမွေ​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် သင့်​အား ဘိသိက်ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 2,
      "text": "ယနေ့ ငါ့​ထံ​မှ သင်​ပြန်သွား​လျှင် ဗင်္ယာမိန်​နယ်စပ်​၊ ဇေလဇ​အရပ်​ရှိ ရာခေလ​သင်္ချိုင်း​အနား​တွင် လူ​နှစ်​ယောက်​ကို တွေ့​လိမ့်မည်​။ သူ​တို့​က သင့်​အား ‘​သင်​သွား​ရှာ​သော​မြည်း​တို့​ကို ပြန်တွေ့​ပြီ​။ ယခု သင့်​ဖခင်​သည် မြည်း​တို့​အတွက် မစိုးရိမ်​တော့​ဘဲ ငါ့​သား​အဖို့ မည်သို့​ပြု​ရ​မည်နည်း​ဟု ဆို​ပြီး သင်​တို့​အတွက် စိုးရိမ်​လျက်​ရှိ​၏​’​ဟု သင့်​ကို ပြော​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 3,
      "text": "ထို​မှ ဆက်သွား​လျှင် တာဗော်​တောင် ဝက်သစ်ချတော​သို့ ရောက်​မည်​။ ထို​နေရာ​တွင် ဘုရားသခင်​ထံ ယဇ်ပူဇော်​ရန် ဗေသလ​မြို့​သို့​သွား​သော လူ​သုံး​ယောက်​နှင့် သင်​ဆုံတွေ့​လိမ့်မည်​။ တစ်​ယောက်​သည် ဆိတ်သငယ်​သုံး​ကောင်​ကို ယူဆောင်​လာ​၍ နောက်​တစ်​ယောက်​သည် မုန့်​သုံး​လုံး​ကို​လည်းကောင်း​၊ နောက်​တစ်​ယောက်​သည် စပျစ်ဝိုင်​ဘူး​ကို​လည်းကောင်း ယူဆောင်​လာ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 4,
      "text": "သူ​တို့​သည် သင့်​ကို သာကြောင်းမာကြောင်း​မေးမြန်း​နှုတ်ဆက်​ကြ​လိမ့်မည်​။ သင့်​ကို မုန့်​နှစ်​လုံး​ပေး​၍ သင်​သည် သူ​တို့​ထံမှ ခံယူ​ရ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 5,
      "text": "ထို့နောက်မှ ဖိလိတ္တိ​ခံတပ်​ရှိ​ရာ ဘုရားသခင်​၏​တောင်​တော်​သို့ ရောက်​လိမ့်မည်​။ မြို့​နား​သို့​ရောက်​လျှင် ပရောဖက်​တစ်စု​သည် သူ​တို့​ရှေ့​တွင် စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စောင်းကောက် တီးမှုတ်​သူ​တို့​ပါ​လျက်​၊ သူ​တို့​သည် ပရောဖက်ပြု​လျက် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ​ဆင်းလာ​သည်​ကို သင်​တွေ့​ရ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သို့ တစ်မုဟုတ်ချင်း​ဆင်းသက်​၍ သူ​တို့​နှင့်အတူ ပရောဖက်ပြု​ပြီး လူ​သစ်​တစ်​ယောက်​အဖြစ်​ပြောင်းသွား​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 7,
      "text": "ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​၌ ဤ​နိမိတ်လက္ခဏာ​များ​ဖြစ်လာ​သောအခါ သင်​ပြု​သင့်​သည့်​အရာ​များ​ကို ပြု​လော့​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 8,
      "text": "ဂိလဂါလ​မြို့​သို့ သင်​ကြို​ဆင်းသွား​နှင့်​လော့​။ နောက်မှ မီးရှို့ရာယဇ်​များ​၊ မိတ်သဟာယယဇ်​များ​ကို​ပူဇော်​ရန် ငါ​လာ​ခဲ့​မည်​။ ငါ​မ​ရောက်​မီ ခုနစ်​ရက်​စောင့်​နေ​လော့​။ ငါ​ရောက်​လျှင် သင်​ပြု​ရ​မည့်​အရာ​ကို ပြောပြ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 9,
      "text": "ရှောလု​သည် ရှမွေလ​ကို ကျောခိုင်း​၍ ထွက်သွား​စဉ်တွင် ဘုရားသခင်​သည် သူ့​ကို စိတ်နှလုံး​သစ် ပြောင်းလဲ​ပေး​လိုက်​သဖြင့် ထို​နေ့​တွင်​ပင် နိမိတ်လက္ခဏာ​များ အလုံးစုံ​ဖြစ်လာ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 10,
      "text": "တောင်​ပေါ်သို့​သူ​တို့​ရောက်​သောအခါ ပရောဖက်​တစ်စု​သည် သူ့​ကို​ကြိုဆို​ကြ​၏​။ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​သို့ တမဟုတ်ချင်း​ဆင်းသက်​၍ သူ​သည် သူ​တို့​နှင့်အတူ​ပရောဖက်ပြု​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 11,
      "text": "ပရောဖက်​တို့​နှင့်အတူ ရှောလု​ပရောဖက်ပြု​သည်​ကို သူ​နှင့်​သိကျွမ်း​ခဲ့​သော​သူ​တို့​တွေ့​သောအခါ ထို​သူ​တို့​က “​ကိရှ​၏​သား​ကား မည်သို့​ဖြစ်သွား​ပါ​သနည်း​။ ရှောလု​သည်​လည်း ပရောဖက်​တို့​အပါအဝင် ဖြစ်​သလော​”​ဟု အချင်းချင်း​မေးမြန်း​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 12,
      "text": "ထို​အရပ်သား​တစ်​ယောက်​က “​သူ​တို့​၏​ဖခင်​ကား မည်သူ​များ​နည်း​”​ဟု ဆို​၏​။ ထိုအကြောင်းကြောင့် “​ရှောလု​သည်​လည်း ပရောဖက်​တို့​အပါအဝင်​ဖြစ်​သလော​”​ဟူသော ဆိုရိုး​ဖြစ်ပေါ်​လာ​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 13,
      "text": "ရှောလု​သည် ပရောဖက်ပြု​ပြီး​သောအခါ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့​သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 14,
      "text": "ထို့နောက်မှ ရှောလု​၏​ဘထွေး​က ရှောလု​နှင့်​သူ​၏​ငယ်သား​တို့​အား “​သင်​တို့​သည် မည်သည့်​အရပ်​သို့ ရောက်​ခဲ့​သနည်း​”​ဟု မေး​လျှင် ရှောလု​က “​အကျွန်ုပ်​တို့​သည် မြည်း​တို့​ကို​လိုက်ရှာ​၍ မ​တွေ့​သောအခါ ရှမွေလ​ထံသို့​သွား​ကြ​ပါ​၏​”​ဟု ဖြေကြား​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 15,
      "text": "ရှောလု​၏​ဘထွေး​က​လည်း “​ရှမွေလ​က သင်​တို့​အား မည်သို့​ပြော​ခဲ့​သည်​ကို ငါ့​အား​ပြောပြ​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 16,
      "text": "ရှောလု​က​လည်း သူ့​ဘထွေး​အား “​မြည်း​တို့​ကို​ပြန်တွေ့​ပြီ​ဟု အကျွန်ုပ်​တို့​အား တပ်အပ်​ပြောပြ​ခဲ့​ပါ​သည်​”​ဟု​သာ ပြောပြ​ပြီး ဘုရင့်​အရိုက်အရာ​နှင့်​ပတ်သက်၍ ရှမွေလ​ပြော​သော​အကြောင်းအရာ​ကို​မူ မ​ပြောပြ​ဘဲ​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 17,
      "text": "ထို့နောက် ရှမွေလ​သည် မိဇပါ​မြို့​တွင် လူ​တို့​ကို ထာဝရဘုရား​ထံ​တော်​သို့ ခေါ်ယူ​စုရုံး​စေ​ပြီး"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 18,
      "text": "အစ္စရေး​အမျိုးသား​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​၏​။ သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ငါ​ကယ်နုတ်​ခဲ့​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 19,
      "text": "သို့သော် သင်​တို့​အား ရှိသမျှ​ဘေးအန္တရာယ်​များ​နှင့် ဆင်းရဲဒုက္ခ​များ​ထဲမှ ကယ်တင်​ခဲ့​သော​ဘုရားသခင်​ကို ယနေ့ သင်​တို့​စွန့်ပယ်​၍ ‘အကျွန်ုပ်​တို့​အဖို့ ရှင်ဘုရင်​ကို ခန့်အပ်​ပေး​ပါ​လော့’​ဟု သင်​တို့​ဆို​သောကြောင့် ယခု သင်​တို့​အမျိုးအနွယ်​အလိုက်​၊ မျိုးနွယ်စု​အလိုက် ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 20,
      "text": "ရှမွေလ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို သူ့​ထံ​လာ​စေ​ပြီး မဲချ​ရာ ဗင်္ယာမိန်​အမျိုးအနွယ်​မဲကျ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 21,
      "text": "တစ်ဖန် ရှမွေလ​သည် ဗင်္ယာမိန်​အမျိုးအနွယ်​ထဲမှ မျိုးနွယ်စု​အလိုက် ရှေ့​သို့​လာ​စေ​ပြီး မဲချ​ရာ မာတရိ​မျိုးနွယ်စု​မဲကျ​၏​။ ထို့နောက် ကိရှ​၏​သား​ရှောလု​မဲကျ​၏​။ သူ့​ကို​ရှာ​သော်လည်း မ​တွေ့​ပေ​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 22,
      "text": "ထိုအခါ လူ​တို့​က ထာဝရဘုရား​အား “​ဤ​နေရာ​သို့ သူ​မ​ရောက်လာ​သေး​သလော​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အထုပ်အပိုး​များ​ကြား​တွင် သူ​ပုန်း​နေ​သည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 23,
      "text": "ထိုအခါ လူ​တို့​သည် ပြေးသွား​၍ သူ့​အား အထုပ်အပိုး​ကြားမှ ခေါ်ထုတ်​လာ​ကြ​၏​။ သူ​သည် လူ​တို့​အလယ်​တွင် ရပ်​နေ​သောအခါ လူ​အားလုံး​ထက်​ခေါင်းတစ်လုံးစာ ပို​မြင့်​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 24,
      "text": "ရှမွေလ​က လူ​အပေါင်း​တို့​အား “​ထာဝရဘုရား​ရွေးကောက်​တော်မူ​သော​သူ​ကို ကြည့်​ကြ​ပါ​လော့​။ လူ​အပေါင်း​တို့​တွင် သူ​နှင့်တူသော​သူ​တစ်ယောက်မျှ​မ​ရှိ​”​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 25,
      "text": "ထို့နောက် ရှမွေလ​က ဘုရင်​နှင့်ဆိုင်သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို လူ​တို့​အား ပြောပြ​ပြီး စာလိပ်​၌​ရေးထား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထား​လေ​၏​။ ထို့နောက် ရှမွေလ​သည် လူ​အပေါင်း​တို့​ကို မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 26,
      "text": "ရှောလု​သည်​လည်း မိမိ​အိမ်​ရှိ​ရာ ဂိဗာ​မြို့​သို့​ပြန်သွား​ရာ ဘုရားသခင်​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​တို့​၏​စိတ်နှလုံး​ကို တို့ထိ​တော်မူ​သဖြင့် သူ​တို့​သည် သူ့​နောက်သို့ လိုက်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 27,
      "text": "သို့သော် ဆိုးညစ်​သော​သူ​တို့​က “​ဤ​သူ​သည် ငါ​တို့​ကို မည်သို့​ကယ်တင်​နိုင်​မည်နည်း​”​ဟု ဆို​လျက် သူ့​အား မထီမဲ့မြင်ပြု​ပြီး လက်ဆောင်ပဏ္ဏာ​ကို မ​ဆက်သ​ဘဲ​နေ​ကြ​၏​။ သို့သော် သူ​သည် ဘာမျှမပြော​ဘဲ နှုတ်ဆိတ်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 1,
      "text": "အမ္မုန်​လူမျိုး​နာဟတ်​သည် ချီလာ​၍ ယာဗက်ဂိလဒ်​မြို့​နားတွင် တပ်ချ​၏​။ ထိုအခါ ယာဗက်​မြို့သား​တို့​က နာဟတ်​အား “​ကျွန်ုပ်​တို့​နှင့် မဟာမိတ်​ဖွဲ့​ပါ​လော့​။ အရှင့်​ထံ၌ အစေခံ​ပါ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 2,
      "text": "သို့သော် အမ္မုန်​လူမျိုး​နာဟတ်​က သူ​တို့​အား “​သင်​တို့​အားလုံး​၏​ညာဘက်​မျက်လုံး​ကို ဖောက်ထုတ်​ပြီး အစ္စရေး​တစ်မျိုးသားလုံး​ကို ကဲ့ရဲ့ရှုတ်ချ​ရ​မှသာ သင်​တို့​နှင့် ငါ​မဟာမိတ်​ဖွဲ့​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 3,
      "text": "ယာဗက်​မြို့သား​သက်ကြီးဝါကြီး​တို့​က​လည်း “​ကျွန်ုပ်​တို့​ကို အချိန်​ခုနစ်​ရက်​ပေး​ပါ​။ အစ္စရေး​ပြည်​တစ်လျှောက်လုံး​သို့ တမန်​တို့​ကို စေလွှတ်​ကြည့်​ပါ​မည်​။ ကျွန်ုပ်​တို့​ကို ကယ်တင်​မည့်​သူ​မ​ရှိ​လျှင် အရှင့်​ထံ​အညံ့ခံ​ပါ​မည်​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 4,
      "text": "တမန်​တို့​သည် ရှောလု​ရှိ​ရာ​ဂိဗာ​မြို့​သို့​ရောက်လာ​၍ ထို​သတင်း​ကို လူ​တို့​ကြားသိ​အောင်​ပြောကြား​သောအခါ လူ​အပေါင်း​တို့​သည် အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 5,
      "text": "ကြည့်ရှု​လော့​။ ရှောလု​သည် နွား​ကျောင်း​ရာ​လယ်ကွင်း​မှ ပြန်လာ​၏​။ ရှောလု​က “​အဘယ်ကြောင့် လူ​တို့ ငိုကြွေး​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​သည် ယာဗက်​မြို့သား​တို့​ပြော​သော​သတင်းစကား​ကို သူ့​အား ပြောပြ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 6,
      "text": "ထို​စကား​တို့​ကို ရှောလု​ကြား​သည်​နှင့် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ် သက်ရောက်​၏​။ သူ​သည် ပြင်းစွာ​အမျက်ထွက်​လျက်"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 7,
      "text": "နွားတစ်ရှဉ်း​ကို​ယူ​၍ အပိုင်းပိုင်း​ခုတ်ဖြတ်​ပြီးမှ ထို​တမန်​တို့​၏​လက်​ဖြင့်​ပင် အစ္စရေး​နယ်ပယ်​တစ်လျှောက်လုံး​သို့ ပေးပို့​ကာ “​ရှောလု​နှင့် ရှမွေလ​နောက်သို့​မ​လိုက်​သော​သူ​တို့​၏​နွား​များ​ကို ဤကဲ့သို့​ပြု​မည်​”​ဟု မှာလိုက်​၏​။ ထိုအခါ ထာဝရဘုရား​ကို​ကြောက်ရွံ့စိတ်​ဝင်​ကြ​သဖြင့် လူ​တို့​သည် တညီတညွတ်တည်း ထွက်လာ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 8,
      "text": "ရှောလု​သည် ဗေဇက်​မြို့​တွင် ထို​သူ​တို့​ကို​ရေတွက်​ကြည့်​ရာ အစ္စရေး​အမျိုးသား​သုံးသိန်း​၊ ယုဒ​အမျိုးသား​သုံးသောင်း​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 9,
      "text": "သူ​တို့​သည် ရောက်လာ​သော​တမန်​တို့​အား “ ‘​မနက်ဖြန် နေမြင့်ချိန်​၌ သင်​တို့​ကို လာ​ကယ်တင်​မည်​’​ဟု ယာဗက်ဂိလဒ်​မြို့သား​တို့​အား ပြန်ပြော​လော့​”​ဟု မှာလိုက်​၏​။ တမန်​တို့​သည်​လည်း ပြန်လည်​ပြောပြ​ကြ​ရာ ယာဗက်​မြို့သား​တို့​သည် အလွန်​ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 10,
      "text": "ထို့ကြောင့် ယာဗက်​မြို့သား​တို့​က “မနက်ဖြန် အရှင့်​ထံ အကျွန်ုပ်​တို့​လာ​ပါ​မည်​။ အရှင် အလိုရှိ​သည်​အတိုင်း ပြု​ပါ​”​ဟု အကြောင်းပြန်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 11,
      "text": "နောက်တစ်နေ့​တွင် ရှောလု​သည် လူ​တို့​ကို သုံး​ဖွဲ့​ခွဲ​ပြီး မိုးသောက်ယံ​အချိန်​၌ ရန်သူ့​တပ်စခန်း​သို့​ဝင်​၍ နေမြင့်​သည့်​တိုင်အောင် အမ္မုန်​လူမျိုး​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း နှစ်​ယောက်​အတူပင်​ရှိ​မ​နေ​နိုင်​ဘဲ တကွဲတပြားစီ​ထွက်ပြေး​ကြ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 12,
      "text": "ထိုအခါ လူ​တို့​က ရှမွေလ​အား “ ‘​ရှောလု​သည် ငါ​တို့​ကို အုပ်စိုး​ရ​မည်လော​’​ဟု ဆို​ခဲ့​သော​သူ​များ​ကား မည်သူ​နည်း​။ အကျွန်ုပ်​တို့​ထံ အပ်​ပါ​လော့​။ သူ​တို့​ကို သတ်ပစ်​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 13,
      "text": "သို့သော် ရှောလု​က “​ယနေ့​မှာ အစ္စရေး​လူမျိုး​တို့​ကို ထာဝရဘုရား​ကယ်တင်​တော်မူ​ပြီ​ဖြစ်၍ မည်သူ့​ကို​မျှ မ​သတ်​ရ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 14,
      "text": "ရှမွေလ​က​လည်း လူ​တို့​အား “​လာ​ကြ​။ ဂိလဂါလ​မြို့​သို့​သွား​၍ ထို​မြို့​တွင် နိုင်ငံ​တော်​အသစ်​တည်ထောင်​ကြ​စို့​”​ဟု ဆို​လျှင်"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 15,
      "text": "လူ​အပေါင်း​တို့​သည် ဂိလဂါလ​မြို့​သို့​လိုက်သွား​ကြ​၏​။ သူ​တို့​သည် ဂိလဂါလ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ ရှောလု​ကို မင်းမြှောက်​ကြ​ပြီး ထာဝရဘုရား​ထံ မိတ်သဟာယယဇ်​ကို ပူဇော်​ကြ​၏​။ ရှောလု​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် အလွန်​ဝမ်းမြောက်​ပျော်ရွှင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 1,
      "text": "ထိုအခါ ရှမွေလ​က အစ္စရေး​လူမျိုး​အပေါင်း​တို့​အား “​ကြည့်ရှု​လော့​။ သင်​တို့​စကား​၊ သင်​တို့​ပြော​သမျှ​ကို ငါ​နားထောင်​ပြီး သင်​တို့​ကို အုပ်စိုး​မည့် ရှင်ဘုရင်​ကို ငါ​တင်မြှောက်​ပေး​ခဲ့​ပြီ​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 2,
      "text": "ယခုမှာ ကြည့်ရှု​လော့​။ သင်​တို့​ကို ဦးဆောင်​မည့် ရှင်ဘုရင်​မှာ သူ​ပင်​ဖြစ်​၏​။ ငါ​မူကား အသက်ကြီး​၍ ဆံပင်ဖြူ​လေ​ပြီ​။ ငါ့​သား​တို့​လည်း သင်​တို့​နှင့်အတူ​ရှိ​၏​။ ငါ​သည် ငယ်စဉ်​မှစ၍ ယနေ့​အထိ သင်​တို့​ကို ဦးဆောင်​ပေး​ခဲ့​ပြီ​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 3,
      "text": "ယခု သင်​တို့​ရှေ့​မှာ ငါ​ရှိ​၏​။ မည်သူ့​နွား​ကို ငါ​ယူ​ဖူး​သနည်း​၊ မည်သူ့​မြည်း​ကို ငါ​ယူ​ဖူး​သနည်း​။ မည်သူ့​ကို ငါ​လှည့်စား​ဖူး​သနည်း​။ မည်သူ့​ကို ငါ​ညှဉ်းဆဲ​ဖူး​သနည်း​။ မသိကျိုးကျွန်​ပြု​ရန်​အတွက် မည်သူ့​ထံမှ ငါ​လာဘ်​ယူ​ဖူး​သနည်း​။ ထာဝရဘုရား​ရှေ့​၊ ဘိသိက်ခံ​ဘုရင်​၏​ရှေ့​တွင် သင်​တို့​သက်သေ​ပြ​လော့​။ ရှိ​ခဲ့​လျှင် ငါ​ပြန်​ပေးဆပ်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 4,
      "text": "သူ​တို့​က​လည်း “​အရှင်​သည် အကျွန်ုပ်​တို့​ကို မ​လှည့်စား​ဖူး​ပါ​။ မ​ညှဉ်းဆဲ​ဖူး​ပါ​။ မည်သူ့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ခု​ကို​မျှ​လည်း မ​ယူ​ဖူး​ပါ​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 5,
      "text": "ရှမွေလ​က​လည်း “​သင်​တို့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ယူ​ခဲ့​ကြောင်း ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ ယနေ့ ကိုယ်တော်​၏​ဘိသိက်ခံ​သူ​လည်း သက်သေ​ဖြစ်​၏​”​ဟု ဆို​လျှင် သူ​တို့​က​လည်း “​သက်သေ​ဖြစ်​ပါ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 6,
      "text": "တစ်ဖန် ရှမွေလ​က လူ​တို့​အား “​မောရှေ​နှင့်​အာရုန်​ကို ရွေးကောက်​ပြီး သင်​တို့​၏​ဘိုးဘေး​များ​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​စေ​သော​အရှင်​မှာ ထာဝရဘုရား​ပင်​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 7,
      "text": "ယခု ရပ်​နေ​ကြ​လော့​။ သင်​တို့​နှင့် သင်​တို့​၏​ဘိုးဘေး​များ​အတွက် ထာဝရဘုရား​ပြု​တော်မူ​သည့် ဖြောင့်မတ်​သော​အမှု​ရှိသမျှ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​ကို ငါ​ရှင်းလင်းပြောပြ​မည်​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 8,
      "text": "ယာကုပ်​သည် အီဂျစ်​ပြည်​သို့ ရောက်သွား​ပြီးနောက် သင်​တို့​၏​ဘိုးဘေး​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​ကြ​၏​။ ထိုအခါ ထာဝရဘုရား​သည် မောရှေ​နှင့်​အာရုန်​ကို စေလွှတ်​တော်မူ​၍ သူ​တို့​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ဤ​အရပ်​တွင် နေထိုင်​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 9,
      "text": "သို့သော် သင်​တို့​၏​ဘိုးဘေး​တို့​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​မေ့လျော့​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို ဟာဇော်​စစ်သူကြီး​သိသရ​၏​လက်​သို့​လည်းကောင်း​၊ ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့​လည်းကောင်း​၊ မောဘ​ရှင်ဘုရင်​တို့​လက်​သို့​လည်းကောင်း အပ်လိုက်​တော်မူ​၏​။ ထို​သူ​တို့​သည်​လည်း ဘိုးဘေး​တို့​ကို တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 10,
      "text": "ထိုအခါ သူ​တို့​က ‘​အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို ပြစ်မှား​မိ​ပါ​ပြီ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​၍ ဗာလ​ဘုရား​များ​နှင့် အာရှတရက်​ဘုရား​များ​ကို​ဝတ်ပြု​ကြ​ပါ​၏​။ သို့သော် ယခု အကျွန်ုပ်​တို့​ကို ရန်သူ​တို့​လက်​မှ ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ဝတ်ပြု​ကြ​ပါ​မည်​’​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ယေရုဗ္ဗာလ​၊ ဗေဒန် ​၊ ယေဖသ​နှင့် ရှမွေလ​တို့​ကို​စေလွှတ်​၍ သင်​တို့​ဝန်းကျင်​ရှိ​ရန်သူ​တို့​လက်​မှ သင်​တို့​ကို ကယ်နုတ်​တော်မူ​သဖြင့် သင်​တို့​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 12,
      "text": "အမ္မုန်​ဘုရင်​နာဟတ်​မင်းကြီး စစ်ချီ​လာ​သည်​ကို သင်​တို့​မြင်​သောအခါ ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​၏​ဘုရင်​ဖြစ်​နေ​လျက်​နှင့်​ပင် သင်​တို့​က ငါ့​အား ‘​မ​ဟုတ်​ပါ​၊ အကျွန်ုပ်​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​ကို ခန့်ပေး​ပါ​’​ဟု တောင်းဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 13,
      "text": "ထို့ကြောင့် ယခု ကြည့်ရှု​လော့​။ သင်​တို့​ရွေးချယ်​သော​ရှင်ဘုရင်​၊ သင်​တို့​တောင်းဆို​သော​ရှင်ဘုရင်​သည် ဤ​သူ​ပင်တည်း​။ သင်​တို့​ကို အုပ်စိုး​မည့် ရှင်ဘုရင်​ကို ထာဝရဘုရား ခန့်ထား​တော်မူ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 14,
      "text": "သင်​တို့​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​၍ အမှု​တော်​ကို​ထမ်းဆောင်​လျက် စကား​တော်​ကို​နာခံ​ပြီး ထာဝရဘုရား​၏​အမိန့်​တော်​ကို မ​ဖီဆန်​လျှင်​၊ သင်​တို့​နှင့်တကွ သင်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင်​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့​လိုက်​လျှင် ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 15,
      "text": "အကယ်၍ သင်​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​ဘဲ ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​လျှင် ထာဝရဘုရား​၏​လက်​တော်​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို ဒဏ်ခတ်​သကဲ့သို့ သင်​တို့​ကို ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 16,
      "text": "ယခု ရပ်​နေ​ကြ​လော့​။ သင်​တို့​ရှေ့​၌ ထာဝရဘုရား​ပြု​တော်မူ​မည့်​အမှု​ကြီး​ကို ကြည့်​ကြ​လော့​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 17,
      "text": "ယနေ့​သည် ဂျုံ​ရိတ်သိမ်း​သော​နေ့​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် မိုးချုန်းသံ​နှင့်တကွ မိုး​ကို​ရွာသွန်း​စေ​မည့်​အကြောင်း ငါ​သည် ထာဝရဘုရား​ထံ ဆုတောင်း​မည်​။ သင်​တို့​အဖို့ ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ မည်မျှ​အပြစ်​ကြီး​ကြောင်း​ကို သင်​တို့​သိမြင်​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 18,
      "text": "ရှမွေလ​သည် ထာဝရဘုရား​ထံ ဆုတောင်း​သောအခါ ထို​နေ့​တွင် ထာဝရဘုရား​သည် မိုးချုန်းသံ​နှင့်တကွ မိုး​ကို ရွာသွန်း​စေ​တော်မူ​သဖြင့် လူ​အပေါင်း​တို့​သည် ထာဝရဘုရား​နှင့်​ရှမွေလ​ကို အလွန်​ကြောက်ရွံ့​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 19,
      "text": "ထို့ကြောင့် လူ​အပေါင်း​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​သည် ရှင်ဘုရင်​ကို​တောင်းဆို​ခြင်း​ဖြင့် အကျွန်ုပ်​တို့​၏​အပြစ်​အလုံးစုံ​တို့​အပေါ်​၌ ထပ်၍​မကောင်းမှု​ကို​ပြု​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့ မ​သေ​ရ​မည့်​အကြောင်း အရှင်​၏​အစေအပါး အကျွန်ုပ်​တို့​အဖို့ အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 20,
      "text": "ရှမွေလ​က​လည်း လူ​တို့​အား “​သင်​တို့​မ​ကြောက်​ကြ​ပါ​နှင့်​။ ဤ​မကောင်းမှု​အလုံးစုံ​ကို ပြု​မိ​ခဲ့​ကြ​သော်လည်း ယခုမှာ ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ခြင်း​မှ မ​လွှဲသွား​ကြ​ပါ​နှင့်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​ပါ​လော့​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 21,
      "text": "အကျိုး​မ​ပေး​သော​၊ မ​ကယ်တင်​နိုင်​သော​အချည်းနှီး​သော​အရာ​တို့​နောက်​သို့​လိုက်​၍ လမ်း​မ​လွဲ​ကြ​နှင့်​။ ထို​အရာ​တို့​သည် အချည်းနှီးသက်သက်​ဖြစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 22,
      "text": "ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 23,
      "text": "ငါ​မူကား သင်​တို့​အဖို့ ဆု​မ​တောင်း​ဘဲ​နေ​ခြင်း​အားဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ခြင်း​သည် ငါ​နှင့်​ဝေး​ပါစေ​။ ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​လမ်း​၊ မှန်ကန်​သော​လမ်း​ကို သွန်သင်​ပြသ​လျက်​နေ​ပါ​မည်​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 24,
      "text": "ထာဝရဘုရား​သည် သင်​တို့​အဖို့ မည်မျှ​ကြီးမား​သော​အမှု​ပြု​တော်မူ​သည်​ကို ဆင်ခြင်​၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ကြ​လော့​။ သစ္စာရှိ​လျက် ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကြ​လော့​။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 25,
      "text": "သင်​တို့​သည် ဆိုးညစ်​သော​အမှု​ကို​ပြုမြဲပြု​နေ​မည်​ဆို​လျှင် သင်​တို့​သာမက သင်​တို့​၏​ရှင်ဘုရင်​လည်း ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​မည်​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 1,
      "text": "ရှောလု​သည် တစ်နှစ်​ခန့်​ဘုရင်​ဖြစ်လာ​ပြီး အစ္စရေး​လူမျိုး​ကို နှစ်​နှစ်​ခန့်​အုပ်စိုး​ပြီး​သောအခါ"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 2,
      "text": "အစ္စရေး​လူမျိုး​ထဲမှ လူ​အယောက်​သုံး​ထောင်​ကို ရွေးချယ်​၏​။ လူ​နှစ်ထောင်​သည် ရှောလု​မင်းကြီး​နှင့်အတူ မိတ်မတ်​မြို့​နှင့် ဗေသလ​တောင်ပေါ်ဒေသ​တို့​တွင် နေ​ရ​ပြီး ကျန်​လူ​တစ်ထောင်​သည် ယောနသန်​နှင့်အတူ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​တွင် နေ​ရ​၏​။ ကျန်​လူ​တို့​ကို​မူကား မိမိ​တို့​တဲ​သို့ အသီးသီး​ပြန်သွား​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 3,
      "text": "ယောနသန်​သည် ဂေဗ​မြို့​တွင် ဖိလိတ္တိ​မြို့စောင့်တပ်​များ​ကို တိုက်ခိုက်​ကြောင်း ဖိလိတ္တိ​လူမျိုး​တို့ ကြားသိ​လေ​၏​။ ရှောလု​မင်းကြီး​က​လည်း “​ဟေဗြဲ​လူမျိုး​တို့ ကြားသိ​စေ​”​ဟု ဆို​၍ ပြည်​တစ်လျှောက်လုံး​တွင် တံပိုးမှုတ်​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 4,
      "text": "ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​မြို့စောင့်တပ်​ကို တိုက်ခိုက်​၍ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စက်ဆုပ်ရွံရှာ​ကြောင်း အစ္စရေး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ သူ​တို့​သည် ရှောလု​မင်းကြီး​ရှိ​ရာ ဂိလဂါလ​မြို့​သို့ လာရောက်​စုရုံး​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 5,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 6,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​စစ်သည် အပြင်းအထန်​နှိမ်နင်း​ခံရ​၍ ဒုက္ခရောက်​နေ​သည်​ကို သိမြင်​လေ​၏​။ စစ်သည်​တို့​သည် လိုဏ်ဂူ​၊ ဆူးချုံတော​၊ ကျောက်ဆောင်​၊ မြေတွင်း​နှင့် လိုဏ်ခေါင်း​များ​ထဲ၌ ပုန်းအောင်း​နေ​ကြ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 7,
      "text": "ဟေဗြဲ​လူမျိုး​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက် ဂဒ်​ပြည်​၊ ဂိလဒ်​ပြည်​တို့​သို့ ကူးသွား​ကြ​၏​။ ရှောလု​မင်းကြီး​သည် ဂိလဂါလ​မြို့​၌​ပင်​ရှိ​ပြီး သူ​နှင့်အတူ​ရှိ​သော​စစ်သည်​အပေါင်း​တို့​မှာ​လည်း ကြောက်ရွံ့တုန်လှုပ်​နေ​ကြ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 8,
      "text": "ရှောလု​မင်းကြီး​သည် ရှမွေလ​ချိန်းချက်​ထား​သည့်​အတိုင်း ခုနစ်​ရက်​စောင့်​နေ​သော်လည်း ရှမွေလ​သည် ဂိလဂါလ​မြို့​သို့​ရောက်​မ​လာ​ချေ​။ လူ​တို့​သည်​လည်း ရှောလု​မင်းကြီး​ထံမှ တကွဲတပြား​ကွဲလွင့်​သွား​ကြ​ကုန်​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 9,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​က “​မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ငါ့​ထံသို့ ယူဆောင်​လာ​ကြ​လော့​”​ဟု ဆို​ပြီးလျှင် မီးရှို့ရာယဇ်​ကို​ပူဇော်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 10,
      "text": "မီးရှို့ရာယဇ်​ကို​ပူဇော်​ပြီး​သည်​နှင့် ရှမွေလ​ရောက်လာ​ရာ ရှောလု​မင်းကြီး​သည် သူ​နှင့်​တွေ့ဆုံ​နှုတ်ဆက်​ရန် ထွက်လာ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 11,
      "text": "ရှမွေလ​က​လည်း သူ့​အား “​သင်​မည်သို့​ပြု​ဘိ​သနည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​လူ​တို့​သည် အကျွန်ုပ်​ထံမှ ထွက်သွား​ကြ​ပြီ​။ အရှင်​လည်း ချိန်းချက်​ထား​သော​အချိန်​တွင် ရောက်​မ​လာ​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိတ်မတ်​မြို့​၌​စုဝေး​နေ​ကြ​သည်​ကို မြင်တွေ့​ရ​သောအခါ"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 12,
      "text": "‘​ထာဝရဘုရား​ရှေ့​တော်​၌ ငါ​မျက်နှာ​မ​ရ​သေး​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း ငါ​ရှိ​ရာ ဂိလဂါလ​မြို့​ကို လာတိုက်​တော့​မည်​’​ဟု တွေး​ပြီး အရဲစွန့်​၍ မီးရှို့ရာယဇ်​ကို​ပူဇော်​မိ​ခဲ့​ပါ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 13,
      "text": "ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 14,
      "text": "ယခုမှာ သင့်​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း သင်​မ​စောင့်ထိန်း​သောကြောင့် သင်​၏​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် မိမိ​စိတ်​နှင့်​တွေ့​သော​သူ​ကို ရှာ​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ထို​သူ​အား မိမိ​လူမျိုး​တော်​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 15,
      "text": "ထို့နောက် ရှမွေလ​သည် ထ​၍ ဂိလဂါလ​မြို့​မှ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​သို့ တက်သွား​၏​။ ရှောလု​မင်းကြီး​သည် မိမိ​၌​ရှိ​သော​လူ​တို့​ကို​ရေတွက်​ကြည့်​ရာ လူ​အယောက်​ခြောက်​ရာ​ခန့်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 16,
      "text": "ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​အပါအဝင် သူ​တို့​နှင့်အတူ​ရှိ​သော​လူ​တို့​သည် ဗင်္ယာမိန်​နယ်​၊ ဂေဗ​မြို့​၌​နေ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​မူကား မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 17,
      "text": "ဖိလိတ္တိ​တပ်စခန်း​မှ အသေခံ​စစ်ကြောင်း သုံး​ကြောင်း​ထွက်​လာ​ပြီး တစ်​ကြောင်း​မှာ ရွာလ​ပြည်​၊ ဩဖရ​မြို့​လမ်း​အတိုင်း သွား​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 18,
      "text": "နောက်တစ်ကြောင်း​မှာ ဗေသောရုန်​မြို့​သို့​သွား​သော​လမ်း​အတိုင်း​သွား​၏​။ ကျန်တစ်ကြောင်း​မှာ ဇေဘိုင်​ချိုင့်ဝှမ်း​ကို​အပေါ်​စီး​မှ​မြင်​ရ​သော​နယ်စပ်​လမ်း​အတိုင်း တောကန္တာရ​ဘက်​သို့ သွား​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 19,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​က “​ဟေဗြဲ​လူမျိုး​တို့​ကို ဓား​၊ လှံ တစ်စုံတစ်ရာ​မျှ မ​လုပ်​စေ​နှင့်​”​ဟု ဆို​သဖြင့် ထိုစဉ်က အစ္စရေး​တစ်ပြည်လုံး​တွင် ပန်းပဲသမား​တစ်ယောက်မျှ မ​တွေ့​ရ​ချေ​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 20,
      "text": "ထို့ကြောင့် အစ္စရေး​လူထု​တစ်ရပ်လုံး မိမိ​တို့​၏​ပေါက်တူး​၊ ထယ်သွား​၊ ပုဆိန်​၊ တူးရွင်း​တို့​ကို​သွေး​လို​လျှင် ဖိလိတ္တိ​လူမျိုး​တို့​ထံသို့​သွား​၍ သွေး​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 21,
      "text": "ထိုသို့ ပေါက်တူး​၊ ထယ်သွား​၊ သုံးခွခက်ရင်း​၊ ပုဆိန်​တို့ သွေးခ​၊ ချွန်း​တပ်ဆင်ခ​မှာ တစ်ပင်း ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 22,
      "text": "ထို့ကြောင့် စစ်တိုက်​သော​နေ့​၌ ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​၌​သာ ဓားလှံ​ရှိ​၏​။ ရှောလု​မင်းကြီး​၊ ယောနသန်​တို့​နှင့်အတူ​ရှိ​သော​စစ်သည်​တို့​၌​ကား ဓား​လှံ မ​ရှိ​ကြ​ချေ​။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 23,
      "text": "ထို​အချိန်​တွင် ဖိလိတ္တိ​ကင်းတပ်​သည် မိတ်မတ်​မြို့​တောင်ကြား​လမ်း​သို့ ထွက်ခွာ​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 1,
      "text": "တစ်နေ့တွင် ရှောလု​မင်းကြီး​၏​သား​တော်​ယောနသန်​သည် ခမည်းတော်​ကို အသိ​မ​ပေး​ဘဲ မိမိ​၏​လက်နက်ကိုင်​လုလင်​အား “​လာ​ပါ​။ တစ်ဖက်ကမ်း​ရှိ ဖိလိတ္တိ​ကင်းတပ်​သို့ ကူးသွား​ကြ​စို့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 2,
      "text": "ရှောလု​မင်းကြီး​သည် ဂိဗာ​မြို့​စွန်​၊ မိဂရုန်​အရပ်​ရှိ​သလဲပင်​အောက်​တွင် စခန်းချ​နေ​၏​။ သူ​နှင့်အတူ စစ်သည်​အယောက်​ခြောက်​ရာ​ခန့်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 3,
      "text": "ထိုစဉ်က ရှိလော​မြို့​တွင် ထာဝရဘုရား​၏​ယဇ်ပုရောဟိတ် ဧလိ​၏​မြစ်​၊ ဖိနဟတ်​၏​မြေး​၊ ဣခဗုဒ်​၏​အစ်ကို​၊ အဟိတုပ်​၏​သား အဟိယ​သည် ဧဖုဒ် ​ကို​ဝတ်ဆင်​လျက် ယဇ်ပုရောဟိတ်​အဖြစ် အမှုဆောင်​နေ​၏​။ ယောနသန်​ထွက်သွား​သည်​ကို လူ​တစ်ယောက်​မျှ​မ​သိ​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 4,
      "text": "ယောနသန်​သည် ဖိလိတ္တိ​ကင်းတပ်​သို့​ကူးသွား​မည့်​လမ်း​ကို ရှာဖွေ​ရာ ထို​လမ်း​မှာ တောင်ကြား​လမ်း​ဖြစ်၍ တစ်ဖက်တစ်ချက်စီ​၌ ကျောက်ဆောင်​ရှိ​၏​။ တစ်ခုမှာ ဗောဇက် ဟု​ခေါ်​၍ ကျန်​တစ်​ခု​မှာ သေနေ ဟု​ခေါ်​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 5,
      "text": "မြောက်ဘက်​ရှိ​ကျောက်ဆောင်​တစ်​ခု​မှာ မိတ်မတ်​မြို့​သို့ မျက်နှာမူ​၏​။ တောင်ဘက်​ရှိ​ကျန်​တစ်​ခု​မှာ ဂေဗ​မြို့​သို့ မျက်နှာမူ​လျက်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 6,
      "text": "ယောနသန်​က လက်နက်ကိုင်​လုလင်​အား “​လာ​ပါ​။ အရေဖျားမလှီး​သော​ထို​သူ​တို့​၏​ကင်းတပ်​သို့ ကူးသွား​ကြ​စို့​။ ထာဝရဘုရား ငါ​တို့​နှင့် ပါရှိ​ကောင်း​ပါရှိ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် မည်သည့်​အမှု​၌​မဆို လူ​အနည်းငယ်​နှင့်​ဖြစ်စေ​၊ လူ​အများ​နှင့်​ဖြစ်စေ အတားအဆီး​မ​ရှိ​ကယ်တင်​ပေး​နိုင်​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 7,
      "text": "လက်နက်ကိုင်​လုလင်​က​လည်း “​အရှင့်​စိတ်တိုင်းကျ ပြု​ပါ​။ အရှင်​သွား​လို​ရာ​သို့ သွား​ပါ​။ အရှင့်​အလို​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 8,
      "text": "ယောနသန်​က​လည်း “​သူ​တို့​ရှိ​ရာ​သို့ ငါ​တို့​ကူးသွား​ပြီး လူရိပ်ပြ​ကြည့်​မည်​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 9,
      "text": "သူ​တို့​က ငါ​တို့​အား ‘​သင်​တို့​ထံသို့ ငါ​တို့​မ​လာ​မ​ချင်း စောင့်​နေ​ပါ​’​ဟု ဆို​လျှင် သူ​တို့​ထံ​မ​သွား​ဘဲ ကိုယ့်​နေရာ​မှာ​ကိုယ်​ရပ်​နေ​မည်​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 10,
      "text": "အကယ်၍ ‘​ငါ​တို့​ထံ​တက်လာ​ပါ​’​ဟု သူ​တို့​ဆို​လျှင် ငါ​တို့​တက်သွား​မည်​။ ဤသည်မှာ ထာဝရဘုရား​သည် သူ​တို့​ကို ငါ​တို့​လက်​သို့​အပ်​တော်မူ​ကြောင်း နိမိတ်လက္ခဏာ​ပင်​ဖြစ်​၏​”​ဟု ဆို​ပြီး"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 11,
      "text": "သူ​တို့​နှစ်ဦးစလုံး​သည် ဖိလိတ္တိ​ကင်းတပ်​ရှေ့​တွင် လူရိပ်ပြ​လေ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​ကြည့်​ပါ​။ ဟေဗြဲ​လူမျိုး​တို့​သည် ပုန်းခို​ရာ​တွင်း​ထဲမှ ထွက်လာ​ကြ​ပြီ​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 12,
      "text": "ကင်းစောင့်တပ်သား​တို့​က ယောနသန်​နှင့်​သူ​၏​လက်နက်ကိုင်​လုလင်​အား “​ငါ​တို့​ထံ တက်လာ​ကြ​။ ငါ​တို့​အကြောင်း သိ​စေ​ရ​မည်​”​ဟု အော်​ပြော​၏​။ ယောနသန်​က​လည်း သူ့​လက်နက်ကိုင်​လုလင်​အား “​ငါ့​နောက် လိုက်​ခဲ့​။ ထာဝရဘုရား​သည် သူ​တို့​ကို အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 13,
      "text": "ယောနသန်​သည် လေးဖက်ထောက်​တက်သွား​၍ သူ့​လက်နက်ကိုင်​လုလင်​သည်​လည်း သူ့​နောက်​မှ လိုက်​တက်​၏​။ ယောနသန်​သည် ရှေ့​မှ​နေ​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို​လှဲချ​၏​။ သူ့​လက်နက်ကိုင်​လုလင်​သည်​လည်း နောက်မှ​နေ​၍ ထို​သူ​တို့​ကို သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 14,
      "text": "ဤသို့ ယောနသန်​နှင့်​သူ့​လက်နက်ကိုင်​လုလင်​တို့​သည် ပွဲဦးထွက်​တိုက်ခိုက်​ရာ​၌ ဧက​ဝက်​ခန့်မျှ​ရှိ​သော​မြေကွက်​တွင် လူ​နှစ်ဆယ်​ခန့်​ကို သတ်ဖြတ်​နိုင်​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 15,
      "text": "တပ်စခန်း​အတွင်း အပြင်​ရှိ ကင်းတပ်သား​အားလုံး ကြောက်ရွံ့​ကြ​ကုန်​၏​။ အသေခံ​တပ်သား​များ​လည်း ထိတ်လန့်​ကြ​လေ​၏​။ ထိုစဉ်တွင် ငလျင်​ပါ​လှုပ်​သဖြင့် ပို၍​ကြောက်ရွံ့​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 16,
      "text": "ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​တွင် ရှောလု​မင်းကြီး​၏​ကင်းစောင့်​တို့​သည် ဖိလိတ္တိ​စစ်သည်​များ တပ်ပျက်​၍ ဟိုဟိုသည်သည်​ပြေးလွှား​နေ​ကြ​သည်​ကို မြင်​လျှင်"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 17,
      "text": "ရှောလု​မင်းကြီး​က သူ​၌​ရှိ​သော​လူ​တို့​အား “​ငါ​တို့​ထဲမှ မည်သူ​ထွက်သွား​သည်​ကို သိရှိ​နိုင်​ရန် ယခု​ချက်ချင်း လူ​တို့​ကို​ရေတွက်​ကြည့်​ပါ​”​ဟု ဆို​လေ​၏​။ သူ​တို့​လည်း လူ​ကို​ရေတွက်​ကြည့်​သောအခါ ယောနသန်​နှင့်​သူ့​လက်နက်ကိုင်​လုလင် မ​ရှိ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 18,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က အဟိယ​အား “​ဘုရားသခင်​၏​သေတ္တာ​တော်​ကို ယူ​ခဲ့​လော့​”​ဟု ဆို​၏​။ ထိုစဉ်က ဘုရားသခင်​၏​သေတ္တာ​တော်​မှာ အစ္စရေး​အမျိုးသား​တို့​တွင် ရှိ​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 19,
      "text": "ရှောလု​မင်းကြီး​သည် ယဇ်ပုရောဟိတ်​မင်း​အဟိယ​နှင့်​စကားပြော​နေ​စဉ် ဖိလိတ္တိ​တပ်စခန်း​မှ ရုန်းရင်းဆန်ခတ်​အသံ​များ​မှာ ပို၍​ပို၍​ကျယ်လာ​လေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​က ယဇ်ပုရောဟိတ်​အား “​ရှိ​ပါစေ​တော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 20,
      "text": "ရှောလု​မင်းကြီး​နှင့် သူ​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် စုရုံး​၍ စစ်မြေပြင်​သို့​ချီသွား​ကြ​လျှင် ဖိလိတ္တိ​စစ်သည် အချင်းချင်း​ဓား​နှင့် ခုတ်သတ်​ကြ​၍ ဝရုန်းသုန်းကား​ဖြစ်​နေ​ကြ​သည်​ကို​တွေ့​လိုက်​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 21,
      "text": "ယခင်က ဖိလိတ္တိ​လူမျိုး​တို့​နှင့် ပေါင်းဖော်​၍ သူ​တို့​နှင့်အတူ အရပ်ရပ်​မှ လိုက်လာ​သဖြင့် တပ်စခန်း​တွင်​ရှိ​နေ​သော​ဟေဗြဲ​လူမျိုး​တို့​သည်​လည်း ရှောလု​၊ ယောနသန်​တို့​နှင့်အတူ​ရှိ​သော အစ္စရေး​လူမျိုး​တို့​ဘက်​သို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 22,
      "text": "ဧဖရိမ်​တောင်ပေါ်ဒေသ​၌ ပုန်းအောင်း​နေ​သော အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည်​လည်း ဖိလိတ္တိ​လူမျိုး​တို့ ထွက်ပြေး​နေ​ရ​ကြောင်း​ကို ကြားသိ​လျှင် တိုက်ပွဲ​တွင်​ပါဝင်​လာ​ကြ​ပြီး သူ​တို့​အား လိုက်လံတိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 23,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို ထို​နေ့​တွင် ကယ်တင်​တော်မူ​၍ တိုက်ပွဲ​မှာ ဗေသဝင်​မြို့​သို့​တိုင် ရောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 24,
      "text": "ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 25,
      "text": "လူ ​အပေါင်း​တို့​သည် မြေပြင်​ပေါ်​တွင် ပျားရည်​ရှိ​ရာ​တောအုပ်​ထဲသို့ ရောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 26,
      "text": "သူ​တို့​သည် တောအုပ်​ထဲသို့ ဝင်သွား​ရာ ပျားရည်​တစက်စက်​ယိုကျ​နေ​သည်​ကို တွေ့​နေ​ရ​သော်လည်း ကျိန်စာ​သင့်​မည်​ကို​ကြောက်​သောကြောင့် မည်သူ​မျှ​လက်​နှင့်​ပါးစပ်​ကို မ​ထိ​ဝံ့​ကြ​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 27,
      "text": "သို့သော် ခမည်းတော်​သည် လူ​တို့​အား ကျိန်ဆို​စေ​သည်​ကို ယောနသန်​မ​သိ​။ ထို့ကြောင့် သူ​၏​လက်​ကို​ဆန့်​ပြီး သူ​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ကို ပျားလပို့​ထဲသို့​နှစ်​၍ ပျားရည်​ကို​လက်​နှင့်​ယူစား​လိုက်​ရာ အားပြည့်​လန်းဆန်း​လာ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 28,
      "text": "ထိုအခါ လူ​တစ်​ဦး​က သူ့​အား “​အရှင့်​ခမည်းတော်​က ‘​ယနေ့​အစာ​စား​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်’​ဟု တင်းကျပ်​စွာ​ကျိန်​ထား​သောကြောင့် လူ​တို့​သည်​လည်း အားယုတ်​နွမ်းနယ်​လျက်​ရှိ​၏”​ဟု ပြောပြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 29,
      "text": "ယောနသန်​က​လည်း “​ငါ့​ခမည်းတော်​သည် ပြည်သား​တို့​ကို ဒုက္ခပေး​လေ​ပြီ​။ ယခု ကြည့်​ကြ​လော့​။ ဤ​ပျားရည်​အနည်းငယ်​ကို ငါ​မြည်းစမ်း​ကြည့်​သောအခါ ငါ​အားပြည့်လန်းဆန်း​လာ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 30,
      "text": "စစ်သည်​တို့​သည် ရန်သူ​တို့​ထံမှ သိမ်းဆည်း​ရရှိ​လာ​သော​အစားအစာ​များ​ကို ယနေ့​သာ​စိတ်ကြိုက်​စား​ခွင့်​ရ​ခဲ့​မည်​ဆို​လျှင် မည်မျှ​အကျိုးရှိ​မည်နည်း​။ ယခုမှာ ဖိလိတ္တိ​လူမျိုး​တို့​ကို များစွာ​မ​သုတ်သင်​ပစ်​နိုင်​ခဲ့​ပါတကား​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 31,
      "text": "ထို​နေ့​တွင် သူ​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို မိတ်မတ်​မြို့​မှ အာယလုန်​မြို့​အထိ လိုက်လံချေမှုန်း​ကြ​၏​။ စစ်သည်​များ​လည်း အလွန်​မောပန်း​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 32,
      "text": "ထို့ကြောင့် သူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ရှိ​ရာ​သို့ တစ်ဟုန်ထိုး​ပြေးသွား​၍ သိုး​နွား​များ​၊ နွားသငယ်​များ​ကို မြေ​ပေါ်တွင်​သတ်​ပြီးလျှင် အသွေး​ပါ စား​မိ​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 33,
      "text": "ထိုအခါ ရှောလု​မင်းကြီး​အား “​ကြည့်​ပါ​လော့​။ စစ်သည်​တို့​သည် အသွေး​နှင့်တကွ​စား​ခြင်း​ဖြင့် ထာဝရဘုရား​ကို ပြစ်မှား​မိ​ကြ​ပြီ​”​ဟု လျှောက်​ကြ​ရာ ရှောလု​မင်းကြီး​က “​သင်​တို့​သစ္စာဖျက်​ကြ​ပြီ​။ ယနေ့ ငါ့​ထံ ကျောက်တုံး​ကြီး​တစ်​တုံး​လှိမ့်လာ​ခဲ့​ပါ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 34,
      "text": "ထို့နောက် ရှောလု​မင်းကြီး​က “လူ​တို့​ထံသို့ အနှံ့​သွား​၍ သူ​တို့​အား ‘သူ​တို့​အသီးသီး​ပိုင်ဆိုင်​သော​သိုး​နွား​တို့​ကို ငါ့​ထံသို့ ယူဆောင်​လာ​စေ​ပါ​။ ဤ​နေရာ​တွင် သတ်​၍​စား​ကြ​ပါ​။ အသွေး​ကို​စား​ခြင်း​ဖြင့် ထာဝရဘုရား​ကို မ​ပြစ်မှား​ကြ​ပါ​နှင့်’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်ဆို​၏​။ ထို​ည​မှာပင် လူ​တို့​သည် မိမိ​တို့​၌​ရှိ​သော​နွား​တို့​ကို ယူလာ​၍ ထို​နေရာ​၌ သတ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 35,
      "text": "ရှောလု​မင်းကြီး​သည် ထို​နေရာ​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​လေ​၏​။ ထို​ယဇ်ပလ္လင်​သည် ထာဝရဘုရား​အဖို့ ရှောလု​မင်းကြီး​ပထမဦးဆုံး​တည်​သော​ယဇ်ပလ္လင်​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 36,
      "text": "ရှောလု​မင်းကြီး​က “​ယခု​ည ဖိလိတ္တိ​လူမျိုး​တို့​ထံ​သွား​၍ နံနက်​မိုးလင်း​သည့်​တိုင်အောင် တိုက်ခိုက်သိမ်းယူ​ကြ​စို့​။ တစ်​ယောက်​မျှ အသက်ရှင်​ကျန်ရစ်​သူ မ​ရှိ​စေ​နှင့်​”​ဟု​ဆို​လျှင် သူ​တို့​က “​အရှင် အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။ သို့သော် ယဇ်ပုရောဟိတ်​က “​ဦးစွာ ဘုရားသခင်​ထံ​ဆည်းကပ်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 37,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ဆင်းတိုက်​ရ​ပါ​မည်လော​။ သူ​တို့​ကို အစ္စရေး​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ဘုရားသခင်​ထံ မေးလျှောက်​သော်လည်း ထို​နေ့​၌ တုံ့ပြန်​တော်​မ​မူ​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 38,
      "text": "ထို့နောက် ရှောလု​မင်းကြီး​က “​အစ္စရေး​အကြီးအကဲ​အပေါင်း​တို့​၊ ဤ​နေရာ​သို့​လာ​ကြ​လော့​။ ယနေ့ မည်သည့်​အပြစ် ကျူးလွန်​ထား​ကြောင်း သိရှိ​နိုင်​ရန် ကြည့်ရှု​စစ်ဆေး​ကြ​လော့​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 39,
      "text": "အစ္စရေး​လူမျိုး​၏​ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​သား​ယောနသန်​ပင် ဖြစ်​စေ​ကာ​မူ မုချ​အသတ်​ခံရ​မည်​”​ဟု ဆို​၏​။ သို့သော် မည်သူ​တစ်ဦးတစ်ယောက်​မျှ သူ့​ကို ပြန်​၍​မ​လျှောက်တင်​ကြ​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 40,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​က အစ္စရေး​လူမျိုး​အပေါင်း​တို့​အား “​သင်​တို့​အားလုံး တစ်ဖက်မှာ​နေ​ပါ​။ ငါ​နှင့်​ငါ့​သား​ယောနသန်​သည် တစ်ဖက်​မှာ​နေ​မည်​”​ဟု ဆို​လျှင် လူ​တို့​က “​အရှင်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​”​ဟု ရှောလု​မင်းကြီး​အား လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 41,
      "text": "ထို့နောက် ရှောလု​မင်းကြီး​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ “​အမှန်​ကို​သိ​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​ပြီး မဲချ​ရာ ရှောလု​နှင့်​ယောနသန်​၌​မဲကျ​သဖြင့် အခြား​သော​သူ​တို့ လွတ်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 42,
      "text": "ရှောလု​မင်းကြီး​က “​ငါ​နှင့်​ငါ့​သား​ယောနသန်​ကို မဲချ​ပေး​လော့​”​ဟု ဆို​သဖြင့် မဲချ​သောအခါ ယောနသန်​၌ မဲကျ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 43,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က ယောနသန်​အား “​သင်​မည်သို့​ပြု​မိ​သနည်း​။ ငါ့​အား​ပြောပြ​လော့​”​ဟု ဆို​သော် ယောနသန်​က “​စင်စစ် အကျွန်ုပ်​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ဖြင့် ပျားရည်​အနည်းငယ်​ကို ယူ​၍​စား​မိ​ပါ​ပြီ​။ ထို့ကြောင့် ယခု အကျွန်ုပ်​ကို​သေဒဏ်​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 44,
      "text": "ရှောလု​မင်းကြီး​က​လည်း “​ယောနသန်​၊ သင်​မုချ​သေ​ရ​မည်​။ သင်​မ​သေ​လျှင် ဘုရားသခင်​သည် ထိုထက်မက ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 45,
      "text": "သို့သော် စစ်သည်​တို့​က ရှောလု​မင်းကြီး​အား “​အစ္စရေး​လူမျိုး​တို့​ကို အကြီးအကျယ်​ကယ်တင်​ပေး​ခဲ့​သော​ယောနသန်​သည် သေ​ရ​မည်လော​။ ဤ​အဖြစ်​နှင့်​ဝေး​ပါစေ​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သူ့​ဦးခေါင်း​မှ ဆံချည်​တစ်​ပင်​မျှ မြေ​ပေါ်သို့ မ​ကျ​စေ​ရ​။ ယနေ့​ပင် သူ​သည် ဘုရားသခင်​နှင့်အတူ စစ်တိုက်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။ ဤသို့ ယောနသန်​ကို​စစ်သည်​တို့​ကယ်တင်​သောကြောင့် ယောနသန်​သည် သေဒဏ်​မ​ခံ​ရ​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 46,
      "text": "ရှောလု​မင်းကြီး​လည်း ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​မှ​ပြန်လာ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိမိ​တို့​နေရပ်​သို့ ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 47,
      "text": "ရှောလု​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​၍ မောဘ​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ ဧဒုံ​လူမျိုး​၊ ဇောဘ​ဘုရင်​များ​နှင့် ဖိလိတ္တိ​လူမျိုး​စသည့် ဝန်းကျင်​ရှိ​ရန်သူ​အပေါင်း​တို့​ကို တိုက်ခိုက်ချေမှုန်း​လေ​၏​။ စစ်တိုက်​လေရာရာ​၌​လည်း အောင်မြင်​မှု​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 48,
      "text": "သူ​သည် ရဲစွမ်းသတ္တိ​အပြည့်​ရှိ​သူ​ဖြစ်​၏​။ အာမလက်​လူမျိုး​တို့​ကို ချေမှုန်း​၍ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်လုယက်​သူ​တို့​၏​လက်​မှ ကယ်နုတ်​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 49,
      "text": "ရှောလု​မင်းကြီး​၏​သား​များ​မှာ ယောနသန်​၊ ဣရွှိ​၊ မေလခိရွှ တို့​ဖြစ်​ကြ​၏​။ သမီး​နှစ်​ဦး​ရှိ​၍ သမီးကြီး​၏​အမည်​မှာ မေရပ် ဟု​ခေါ်​ပြီး သမီးငယ်​၏​အမည်​မှာ မိခါလ ဟု​ခေါ်​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 50,
      "text": "ရှောလု​မင်းကြီး​၏​မိဖုရား​မှာ အဟိမတ်​၏​သမီး အဟိနောင်​ဖြစ်​၏​။ သူ​၏​စစ်သူကြီး​မှာ သူ့​ဘထွေး​နေရ​၏​သား အာဗနာ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 51,
      "text": "ရှောလု​မင်းကြီး​၏​ဖခင် ကိရှ​နှင့်​အာဗနာ​၏​ဖခင်​နေရ​တို့​သည် အဗျေလ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 52,
      "text": "ရှောလု​မင်းကြီး​လက်ထက်​ကာလ​ပတ်လုံး ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ပြင်းပြင်းထန်ထန်​ဆင်နွှဲ​ခဲ့​ရ​၏​။ သူ​သည် ခွန်အားကြီး​သူ​၊ ရဲစွမ်းသတ္တိ​ရှိ​သူ​တို့​ကို ခေါ်ယူ​စုဆောင်း​ထား​တတ်​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 1,
      "text": "ထို့နောက်မှ ရှမွေလ​က ရှောလု​မင်းကြီး​အား “​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် သင့်​ကို ဘိသိက်ပေး​ရန် ငါ့​အား စေလွှတ်​တော်မူ​ခဲ့​၏​။ ယခု ထာဝရဘုရား​၏​အမိန့်စကား​ကို နားထောင်​လော့​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 2,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ် လမ်းခရီး​တွင် သူ​တို့​အား အာမလက်​လူမျိုး​တို့ ဆီးတား​ခဲ့​သည့်​အမှု​ကို ငါ​မှတ်​ထား​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 3,
      "text": "ယခု သွား​၍ အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်​လော့​။ သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ဖျက်ဆီး​ပစ်​လော့​။ မ​နှမြော​နှင့်​။ ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ နို့စို့​ကလေးသူငယ်​များ​အပါအဝင် နွား​၊ သိုး​၊ ကုလားအုတ်​၊ မြည်း​တို့​ကို သတ်ဖြတ်​လော့​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 4,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​သည် လူ​တို့​ကို​ခေါ်ယူစုစည်း​၍ တေလိမ်​မြို့​တွင် ရေတွက်​ကြည့်​ရာ ခြေလျင်တပ်သား အယောက်​နှစ်သိန်း​၊ ယုဒ​အမျိုးသား တစ်သောင်း​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 5,
      "text": "ဤသို့ဖြင့် ရှောလု​မင်းကြီး​သည် အာမလက်​မြို့​သို့​ချီတက်​၍ ချိုင့်ဝှမ်း​တွင် ကင်းပုန်းချ​ထား​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 6,
      "text": "ရှောလု​မင်းကြီး​က ကေနိ​လူမျိုး​တို့​အား “​အာမလက်​လူမျိုး​တို့​ထံ​မှ ဝေး​စွာ​ထွက်သွား​လော့​။ သို့မဟုတ်လျှင် သင်​တို့​ကို သူ​တို့​နှင့်အတူ ဖျက်ဆီး​မိ​လိမ့်မည်​။ အစ္စရေး​အမျိုးသား​အပေါင်း​တို့ အီဂျစ်​ပြည်​မှ ထွက်လာ​စဉ်က သင်​တို့​သည် သူ​တို့​အား​မေတ္တာကရုဏာ​ကို ပြသ​ခဲ့​ပြီ​”​ဟု ဆို​သဖြင့် ကေနိ​လူမျိုး​တို့​သည် အာမလက်​လူမျိုး​တို့​ထံ​မှ ထွက်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 7,
      "text": "ထိုအခါ ရှောလု​မင်းကြီး​သည် ဟဝိလ​အရပ်​မှ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိ ရှုရ​အရပ်​တိုင်အောင် အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်နှိမ်နင်း​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 8,
      "text": "အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို အရှင်​ဖမ်း​ပြီး သူ​၏​လူ​အပေါင်း​တို့​ကို ဓား​ဖြင့် သတ်ဖြတ်​ပစ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 9,
      "text": "သို့သော် ရှောလု​မင်းကြီး​နှင့် တပ်သား​တို့​သည် အာဂတ်​မင်းကြီး​ကို ချမ်းသာ​ပေး​၏​။ အကောင်းဆုံး​သော​သိုး​နွား​များ​၊ ဆူဖြိုး​သော​နွားသငယ်​များ​၊ သိုးသငယ်​များ​နှင့် တန်ဖိုး​ရှိ​သော​အရာ​အားလုံး​ကို​မူ နှမြော​၍ မ​ဖျက်ဆီး​လို​ကြ​။ တန်ဖိုး​မ​ရှိ​၊ အသုံးမဝင်​သော​အရာ​တို့​ကို​ကား အကုန်​ဖျက်ဆီး​ပစ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 10,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရှမွေလ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 11,
      "text": "“​ရှောလု​ကို ဘုရင်​တင်မြှောက်​မိ​၍ ငါ​ဝမ်းနည်း​၏​။ သူ​သည် ငါ့​စကား​ကို မ​နာခံ​၊ ငါ့​ထံ​မှ​လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ရှမွေလ​သည် စိတ်မချမ်းမသာ​ဖြစ်​၍ ထာဝရဘုရား​ထံ တစ်ညလုံး​အော်ဟစ်​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 12,
      "text": "ရှမွေလ​သည် နံနက်​စောစောထ​၍ ရှောလု​မင်းကြီး​ကို သွား​တွေ့​၏​။ သို့သော် တစ်စုံတစ်ယောက်​က ရှမွေလ​အား “ရှောလု​မင်းကြီး​သည် ကရမေလ​မြို့​သို့​သွား​၍ မိမိ​အဖို့ ဂုဏ်ပြု​ကျောက်တိုင်​ကို​စိုက်ထူ​ပြီး လှည့်လည်​သွားလာ​ကာ ဂိလဂါလ​မြို့​ဘက်​သို့ ဆင်းသွား​ပြီ”​ဟု ကြားပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 13,
      "text": "ရှမွေလ​သည် ရှောလု​မင်းကြီး​ထံ​ရောက်​သောအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား​သည် အရှင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။ ထာဝရဘုရား​၏​စကား​တော်​အတိုင်း အကျွန်ုပ်​ဆောင်ရွက်​ခဲ့​ပါ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 14,
      "text": "ထိုအခါ ရှမွေလ​က “​သို့ဖြစ်လျှင် ယခု ငါ​ကြား​နေ​ရ​သော သိုး​အော်သံ​၊ နွား​အော်သံ​များ​ကား အဘယ်နည်း​”​ဟု ပြန်မေး​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 15,
      "text": "ရှောလု​မင်းကြီး​က “​တပ်သား​တို့​သည် အကောင်းဆုံး​သော သိုး​၊ နွား​တို့​ကို နှမြော​၍ အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် ထို​အကောင်​တို့​ကို အာမလက်​လူမျိုး​တို့​ထံမှ ယူဆောင်​လာ​ခဲ့​ပါ​၏​။ ကျန်​သော​အရာ​များ​ကို​မူ အကုန်​ဖျက်ဆီး​ပစ်​လိုက်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 16,
      "text": "ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​နေပါဦး​။ မနေ့​ည​က ထာဝရဘုရား ငါ့​အား မိန့်​တော်မူ​သော​စကား​ကို သင့်​အား ငါ​ပြောပြ​မည်​”​ဟု ဆို​လျှင် ရှောလု​မင်းကြီး​က​လည်း “​ပြော​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 17,
      "text": "ရှမွေလ​က “​သင်​သည် သင့်ကိုယ်သင် သေးသိမ်​သော​သူ​ဟု ထင်မှတ်​သော်လည်း အစ္စရေး​အမျိုးအနွယ်​တို့​၏​အကြီးအမှူး ဖြစ်လာ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် သင့်​ကို အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 18,
      "text": "ထာဝရဘုရား​သည် မိမိ​အမှု​တော်​ကို​ထမ်းဆောင်​ရန် သင့်​ကို စေလွှတ်​ခဲ့​၏​။ သင့်​အား ‘​အပြစ်သား​အာမလက်​လူမျိုး​တို့​ကို သွားရောက်​ချေမှုန်း​လော့​။ တစ်ယောက်မကျန်​အကုန်​ချေမှုန်း​လော့​’​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 19,
      "text": "သို့ဖြစ်လျက် သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သနည်း​။ တိုက်ရာပါပစ္စည်း​တို့​ကို အသည်းအသန်​လုယူ​ခြင်း​ဖြင့် အဘယ်ကြောင့် ထာဝရဘုရား​ရှေ့မှောက်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 20,
      "text": "ရှောလု​မင်းကြီး​က​လည်း ရှမွေလ​အား “​ထာဝရဘုရား​၏​စကား​တော်​ကို အကျွန်ုပ်​နာခံ​ပါ​၏​။ ထာဝရဘုရား​စေခိုင်း​သည့်​အတိုင်း​သွား​၍ အမှု​တော်​ကို​ထမ်းဆောင်​ပါ​၏​။ အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို ဖမ်းခေါ်​ခဲ့​ပြီး အာမလက်​လူမျိုး​တို့​ကို အကုန်​ချေမှုန်း​ခဲ့​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 21,
      "text": "တပ်သား​တို့​သည် ဂိလဂါလ​မြို့​တွင် အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ရန် ကျိန်​ခြင်း​ခံရ​သော​အရာ​ဖြစ်​သည့် တိုက်ရာပါပစ္စည်း​တို့​ထဲမှ အကောင်းဆုံး​သိုး​နွား​တို့​ကို ယူ​ခဲ့​ပါ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 22,
      "text": "ရှမွေလ​က​လည်း “​ထာဝရဘုရား​၏​စကား​တော်​ကို နာခံ​ခြင်း​ထက် မီးရှို့​ရာ​ယဇ်ပူဇော်​ခြင်း​ကို ထာဝရဘုရား ပို၍​နှစ်သက်​တော်မူ​မည်​လော​။ ကြည့်ရှု​လော့​။ နာခံ​ခြင်း​သည် ယဇ်ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အာရုံစိုက်​နားထောင်​ခြင်း​သည် သိုးထီး​အဆီ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 23,
      "text": "ပုန်ကန်​ခြင်း​အပြစ်​သည် ဂမ္ဘီရပညာ​သုံး​ခြင်း​အပြစ်​နှင့် အတူတူပင်​ဖြစ်​၏​။ ခေါင်းမာ​ခြင်း​သည် မကောင်းမှု​ပြု​ခြင်း​၊ ရုပ်တုကိုးကွယ်​ခြင်း​ပင်​ဖြစ်​၏​။ သင်​သည် ထာဝရဘုရား​၏​စကား​ကို​ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို ဘုရင်​အဖြစ်​မှ​ပယ်​တော်မူ​ပြီ​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 24,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က ရှမွေလ​အား “​အကျွန်ုပ် အပြစ်ပြု​မိ​ပါ​ပြီ​။ အကျွန်ုပ်​သည် လူ​တို့​ကို​ကြောက်​၍ သူ​တို့​စကား​ကို နားထောင်​မိ​သောကြောင့် ထာဝရဘုရား​၏​စကား​တော်​နှင့် အရှင်​၏​စကား​ကို လွန်ဆန်​မိ​ပါ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 25,
      "text": "ယခုမှာ အကျွန်ုပ်​၏​အပြစ်​ကို ခွင့်လွှတ်​ပါ​။ ထာဝရဘုရား​ကို အကျွန်ုပ်​ရှိခိုးကိုးကွယ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​နှင့်အတူ ပြန်​လိုက်လာ​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 26,
      "text": "သို့သော် ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​နှင့်အတူ ငါ​ပြန်​မ​လိုက်​ပါ​။ သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ပယ်​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 27,
      "text": "ထို့နောက် ရှမွေလ လှည့်ထွက်​သွား​မည်​အပြု​တွင် ရှောလု​မင်းကြီး​သည် သူ​၏​ဝတ်ရုံ​စွန်း​ကို လှမ်းဆွဲ​လိုက်​ရာ ဝတ်ရုံ​စုတ်ပြဲ​သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 28,
      "text": "ထိုအခါ ရှမွေလ​က “​ယနေ့ ထာဝရဘုရား​သည် သင့်​လက်​ထဲရှိ အစ္စရေး​နိုင်ငံ​တော်​ကို ရုပ်သိမ်း​ပြီး သင့်​ထက်​ကောင်း​သော​သင့်​အိမ်နီးချင်း​အား ပေးအပ်​တော်မူ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 29,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ဘုန်းပိုင်ရှင်​သည် မုသား​မ​မြွက်ဆို​၊ စိတ်​တော်​လည်း ပြောင်းလဲ​မည်​မ​ဟုတ်​။ စိတ်​တော်​ပြောင်းလဲ​ရ​အောင် လူ​ဖြစ်​သည်​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 30,
      "text": "သို့သော် သူ​က “​အကျွန်ုပ်​ပြစ်မှား​မိ​ပါ​ပြီ​။ သို့သော် ယခု အကျွန်ုပ်​၏​လူမျိုး သက်ကြီးဝါကြီး​တို့​ရှေ့​၊ အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် အသရေ​မ​ပျက်​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​သည် အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​နှင့်အတူ ပြန်လိုက်​ခဲ့​ပါ​”​ဟု ဆို​ပြန်​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 31,
      "text": "ထို့ကြောင့် ရှမွေလ​သည် ရှောလု​မင်းကြီး​နှင့်အတူ ပြန်လိုက်​ခဲ့​၏​။ ရှောလု​မင်းကြီး​သည်​လည်း ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 32,
      "text": "ရှမွေလ​က “​အာမလက်​ဘုရင်​အာဂတ်​မင်းကြီး​ကို ငါ့​ထံ​ခေါ်​ခဲ့​လော့​”​ဟု ဆို​လျှင် အာဂတ်​သည် “​ခါးသီး​သော​သေ​ခြင်း​ဘေး​မှ လွတ်​ပြီ​”​ဟု တွေး​လျက် ဝမ်းသာအားရ​နှင့် ရှမွေလ​ထံသို့ လာ​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 33,
      "text": "သို့သော် ရှမွေလ​က သူ့​အား “​သင့်​ဓား​သည် မိခင်​တို့​ကို သားသမီး​ဆုံးပါး​စေ​သကဲ့သို့ သင့်​မိခင်​သည်​လည်း မိန်းမ​တို့​တွင် သားသမီး​ဆုံးပါး​သူ ဖြစ်​ရ​မည်​”​ဟု ဆို​ပြီး ရှမွေလ​သည် အာဂတ်​ကို ဂိလဂါလ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ အပိုင်းပိုင်း​ခုတ်ဖြတ်​လိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 34,
      "text": "ထို့နောက် ရှမွေလ​သည် ရာမ​မြို့​သို့​ပြန်သွား​၍ ရှောလု​မင်းကြီး​မူကား ဂိဗာ​မြို့​ရှိ မိမိ​နန်းတော်​သို့ တက်သွား​၏​။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 35,
      "text": "ထို​အချိန်​မှစ၍ ရှမွေလ အနိစ္စ​ရောက်​သည်​အထိ ရှောလု​မင်းကြီး​နှင့် သွားရောက်တွေ့ဆုံ​ခြင်း​မ​ရှိ​တော့​ပေ​။ သို့သော် ရှမွေလ​သည် ရှောလု​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​ရ​လေ​၏​။ ထာဝရဘုရား​သည်​လည်း ရှောလု​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ခန့်ထား​သည့်​အဖြစ်​ကြောင့် ဝမ်းနည်း​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 2,
      "text": "ထိုအခါ ရှမွေလ​က “​အကျွန်ုပ် မည်သို့​သွား​နိုင်​ပါ​မည်နည်း​။ ရှောလု​ကြား​လျှင် အကျွန်ုပ်​ကို သတ်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ရာ ထာဝရဘုရား​က “​နွားအုပ်​ထဲမှ နွားမတမ်း​တစ်​ကောင်​ကို​ယူ​၍ ‘​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငါ​လာ​သည်​’​ဟု ဆို​လော့​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 3,
      "text": "ယေရှဲ​ကို ယဇ်ပူဇော်ပွဲ​သို့ ဖိတ်ခေါ်​ရ​မည်​။ သင်​ပြု​ရ​မည့်​အမှု​ကို ငါ​ပြ​မည်​။ သင့်​အား ငါ​ဖော်ပြ​သော​သူ​ကို ငါ့​အဖို့ သင်​ဘိသိက်ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 4,
      "text": "ရှမွေလ​လည်း ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း ပြု​၏​။ သူ​သည် ဗက်လင်​မြို့​သို့​ရောက်​သောအခါ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီး သူ​နှင့်​လာတွေ့​၍ “​အရှင်​သည် ငြိမ်းချမ်းရေး​အတွက် လာ​သလော​”​ဟု မေး​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 5,
      "text": "ရှမွေလ​က​လည်း “​ထာဝရဘုရား​ထံ ယဇ်ပူဇော်​ဖို့ ငြိမ်းချမ်းရေး​အတွက် လာ​ပါ​၏​။ ကိုယ်​ကို စင်ကြယ်​စေ​ကြ​ပြီး ငါ​နှင့်အတူ ယဇ်ပူဇော်ပွဲ​သို့ လာ​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ ယေရှဲ​နှင့် သူ့​သား​များ​ကို​လည်း စင်ကြယ်​အောင်​ပြု​ပြီးမှ ယဇ်ပူဇော်ပွဲ​သို့​လာ​ရန် ဖိတ်ခေါ်​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 6,
      "text": "သူ​တို့​ရောက်လာ​ကြ​သောအခါ ရှမွေလ​သည် ဧလျာဘ​ကို​မြင်​လျှင် “​ထာဝရဘုရား ဘိသိက်ပေး​မည့်​သူ​သည် ရှေ့မှောက်​တော်​သို့ ရောက်​ပြီ​”​ဟု တွေး​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 7,
      "text": "ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 8,
      "text": "တစ်ဖန် ယေရှဲ​သည် အဘိနဒပ်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​ဤ​သူ​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 9,
      "text": "တစ်ဖန် ယေရှဲ​သည် ရှမ္မ​ကို ခေါ်လာ​ပြ​လျှင် ရှမွေလ​က “​သူ့​ကို​လည်း ထာဝရဘုရား ရွေး​တော်​မ​မူ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 10,
      "text": "ယေရှဲ​သည် သား​ခုနစ်​ယောက်​ကို ရှမွေလ​ရှေ့​သို့ ခေါ်လာ​ပြ​၏​။ သို့သော် ရှမွေလ​က ယေရှဲ​အား “​သူ​တို့​ကို ထာဝရဘုရား​ရွေး​တော်​မ​မူ​”​ဟူ၍​သာ ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 11,
      "text": "ထို့နောက် ရှမွေလ​က ယေရှဲ​အား “​သင်​၌ သား ကုန်​ပြီ​လော​”​ဟု မေး​လျှင် သူ​က “​အငယ်ဆုံး​သား ရှိ​ပါ​သေး​၏​။ ယခု သိုးကျောင်း​လျက်​ရှိ​ပါ​၏​”​ဟု ဆို​၏​။ ထိုအခါ ရှမွေလ​က ယေရှဲ​အား “​သူ့​ကို လူ​လွှတ်​၍ ခေါ်​ပေး​ပါ​လော့​။ သူ​မ​လာ​မ​ချင်း ငါ​တို့​ထိုင်​၍​စားသောက်​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 12,
      "text": "ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်လာ​စေ​၏​။ သူ​သည် နီမြန်း​သော​အသားအရေ​၊ လှပ​သော​မျက်လုံး​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​၏​။ ထာဝရဘုရား​က “​ဤ​သူ​ပင်​ဖြစ်​၏​။ ထ​၍ သူ့​ကို​ဘိသိက်ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 13,
      "text": "ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 14,
      "text": "ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 15,
      "text": "ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် အရှင့်​ကို​နှောင့်ယှက်​ပါ​ပြီ​တကား​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 16,
      "text": "ထို့ကြောင့် အရှင့်​ထံ​ခစား​သော​အမှုထမ်း​တို့​အား စောင်း​တီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာဖွေ​စေ​ပါ​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​နှောင့်ယှက်​သောအခါ​တိုင်း ထို​သူ​စောင်းတီး​ပေး​လျှင် အရှင် ပြန်ကောင်း​သွား​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 17,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “ယခုပင် စောင်းတီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာ​၍ ငါ့​ထံသို့​ခေါ်လာ​လော့​”​ဟု အမိန့်ပေး​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 18,
      "text": "ထိုအခါ အမှုထမ်း​တို့​ထဲမှ တစ်​ယောက်​က “​ဗက်လင်​မြို့သား​ယေရှဲ​၏​သား​သည် စောင်းတီး​ကျွမ်းကျင်​ကြောင်း သိ​ရ​ပါ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​၊ တိုက်ရည်ခိုက်ရည်​ရှိ​သူ​၊ အပြောအဆိုလိမ္မာ​သူ​၊ ရုပ်ရည်​သန့်ပြန့်​သူ​ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု လျှောက်တင်​လျှင်"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 19,
      "text": "ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ တမန်​တို့​ကို စေလွှတ်​၍ “​သိုးကျောင်း​နေ​သော သင်​၏​သား​ဒါဝိဒ်​ကို ငါ့​ထံ စေလွှတ်​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 20,
      "text": "ထိုအခါ ယေရှဲ​သည် စားစရာ​များ​နှင့်​စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​၍ မြည်း​ပေါ်တွင်​တင်​ပြီး ဆိတ်သငယ်​တစ်​ကောင်​နှင့်အတူ မိမိ​သား​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ လွှတ်​လိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 21,
      "text": "ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံသို့​ရောက်​၍ ရှေ့​တော်​၌​အခစား​ဝင်​သောအခါ ရှောလု​မင်းကြီး​သည် သူ့​ကို အလွန်​သဘောကျ​သဖြင့် မိမိ​၏​လက်နက်ကိုင်​အဖြစ် ခန့်အပ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 22,
      "text": "ထို့နောက် ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ လူ​လွှတ်​ပြီး “​ဒါဝိဒ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ငါ့​ထံ၌ ခစား​စေ​ပါ​လော့”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 23,
      "text": "ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို နှောင့်ယှက်​သည့်​အခါ ဒါဝိဒ်​သည် စောင်း​ကို​ယူ​၍ တီး​ပေး​၏​။ ထိုအခါ ရှောလု​မင်းကြီး​ထံမှ ဝိညာဉ်ဆိုး​ထွက်သွား​သဖြင့် သူ​သည် သက်သာ​ပြီး နေကောင်း​သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 1,
      "text": "ယခု​တစ်ဖန် ဖိလိတ္တိ​လူမျိုး​တို့​သည် စစ်တိုက်​ရန် စစ်သည်​တို့​ကို စုစည်း​ကြ​၏​။ သူ​တို့​သည် စောခေါ​မြို့​တွင် စုဝေး​၍ ယုဒ​ပြည်​၊ စောခေါ​မြို့​နှင့် အဇေကာ​မြို့​ကြား​ရှိ​ဧဖက်ဒမိမ်​အရပ်​တွင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 2,
      "text": "ရှောလု​မင်းကြီး​နှင့် အစ္စရေး​အမျိုးသား​တို့​မူကား ဧလာ​ချိုင့်​တွင် စုဝေး​စခန်းချ​ကြ​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ရေး​ပြင်ဆင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 3,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် တောင်​တစ်ဖက်​တွင် တပ်ချ​၍ အစ္စရေး​လူမျိုး​တို့​သည် အခြား​တောင်​တစ်ဖက်​တွင် တပ်ချ​ကြ​၏​။ သူ​တို့​ကြား​တွင် ချိုင့်ဝှမ်း​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 4,
      "text": "ဖိလိတ္တိ​တပ်စခန်း​ဘက်​မှ ဂေါလျတ်​ဟု​အမည်​ရှိ​၍ အရပ်​ခြောက်​တောင်​တစ်ထွာ ​ရှိ​သော ဂါသ​မြို့သား လူစွမ်းကောင်း​တစ်​ဦး ထွက်လာ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 5,
      "text": "သူ​သည် ခေါင်း​တွင် ကြေးနီ​သံခမောက်​ဆောင်း​ထား​၍ သံချပ်အင်္ကျီ​ကို ဝတ်​ထား​၏​။ ထို​သံချပ်အင်္ကျီ​၏​အလေးချိန်​မှာ ကြေးနီ​ရှယ်ကယ်​ငါး​ထောင် ​ခန့်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 6,
      "text": "သူ​၏​ခြေထောက်​တွင်​လည်း ကြေးနီ​ညို့သကျည်းကာ​ပါရှိ​ပြီး ပခုံး​တွင်​လည်း ကြေးနီ​လှံရှည် လွယ်​ထား​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 7,
      "text": "သူ​၏​လှံရိုး​မှာ ရက်ကန်းလိပ်တုံး​တမျှ​ရှိ​၍ လှံသွား​အလေးချိန်​မှာ သံ​ရှယ်ကယ်​ခြောက်​ရာ ရှိ​၏​။ သူ့​ရှေ့​တွင် ဒိုင်းလွှား​ကိုင်​သူ​တစ်​ဦး ပါရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 8,
      "text": "သူ​သည် ရပ်​၍ အစ္စရေး​စစ်သည်​တို့​အား “​သင်​တို့ အဘယ်ကြောင့် စစ်​ခင်းကျင်း​ရန် ထွက်လာ​ကြ​သနည်း​။ ငါ​သည် ဖိလိတ္တိ​လူမျိုး​ဖြစ်​၏​။ သင်​တို့​ကား ရှောလု​၏​အမှုထမ်း​များ​မ​ဟုတ်​လော​။ သင်​တို့​ထဲမှ လူ​တစ်​ယောက်​ကို​ရွေး​ပြီး ငါ့​ထံသို့​လာ​စေ​ပါ​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 9,
      "text": "အကယ်၍ သူ​သည် ငါ့​ကို​တိုက်​၍ သတ်​နိုင်​လျှင် ငါ​တို့​သည် သင်​တို့​ထံ ကျွန်ခံ​မည်​။ သို့မဟုတ် ငါ​သည် သူ့​ကို​နိုင်​၍ သတ်​နိုင်​လျှင် သင်​တို့​သည် ငါ​တို့​ထံ ကျွန်ခံ​၍ အလုပ်လုပ်​ပေး​ရ​မည်​”​ဟု အော်ဟစ်​ပြောဆို​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 10,
      "text": "ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က “​ယနေ့ ငါ​သည် အစ္စရေး​စစ်သည်​တို့​ကို စိန်ခေါ်​၏​။ ငါ​နှင့်​တိုက်​မည့်​သူ​တစ်​ဦး​ကို ငါ့​ထံ လွှတ်​လိုက်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 11,
      "text": "ရှောလု​မင်းကြီး​နှင့်တကွ အစ္စရေး​စစ်သည်​အားလုံး​တို့​သည် ထို​ဖိလိတ္တိ​ပြည်သား​၏​စကား​ကို ကြား​သောအခါ တုန်လှုပ်ချောက်ချား​လျက် အလွန်​ကြောက်ရွံ့​ကြ​ကုန်​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 12,
      "text": "ဒါဝိဒ်​သည် ယုဒ​ပြည်​၊ ဗက်လင်​မြို့​မှ ယေရှဲ​အမည်​ရှိ ဧဖရတ်​အမျိုးသား​တစ်​ဦး​၏​သား ဖြစ်​၏​။ ယေရှဲ​၌ သား​ရှစ်​ယောက်​ရှိ​၏​။ သူ​သည် ရှောလု​မင်းကြီး​လက်ထက်​တွင် အသက်ကြီး​၍​အိုမင်း​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 13,
      "text": "ယေရှဲ​၏​သား​အကြီး​သုံး​ယောက်​တို့​သည် ရှောလု​မင်းကြီး​နောက်​လိုက်​သော​စစ်မှုထမ်း​များ ဖြစ်​ကြ​၏​။ ထို​စစ်မှုထမ်း​သော သား​သုံး​ယောက်​၏​အမည်​မှာ သားဦး​ဧလျာဘ​၊ ဒုတိယ​သား​အဘိနဒပ်​နှင့် တတိယ​သား​ရှမ္မ ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 14,
      "text": "ဒါဝိဒ်​သည် အငယ်ဆုံး​သား​ဖြစ်​၏​။ သား​အကြီး​သုံး​ယောက်​သည် ရှောလု​မင်းကြီး​နောက်သို့ လိုက်​ကြ​သော်လည်း"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 15,
      "text": "ဒါဝိဒ်​သည် ဗက်လင်​မြို့​ရှိ ဖခင်​၏​သိုး​များ​ကို​ထိန်းကျောင်း​ရ​သဖြင့် ရှောလု​မင်းကြီး​ထံ​သွား​လိုက် ဖခင်​ထံ​ပြန်​လိုက်လုပ်​နေ​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 16,
      "text": "ထို​ဖိလိတ္တိ​ပြည်သား​သည် နံနက်​တစ်ကြိမ်​၊ ညနေ​တစ်ကြိမ် ရက်​လေးဆယ်​ပတ်လုံး လူလုံးထွက်ပြ​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 17,
      "text": "ယေရှဲ​က မိမိ​၏​သား​ဒါဝိဒ်​အား “​သင့်​အစ်ကို​တို့​အတွက် ဤ​မုန့်ဆန်း​တစ်​ဧဖာ ​နှင့် မုန့်​ဆယ်​လုံး​ကို​ယူ​၍ သင့်​အစ်ကို​တို့​ရှိ​ရာ​တပ်စခန်း​သို့ အမြန်သွား​လော့​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 18,
      "text": "ဤ​ဒိန်ခဲ​ဆယ်​ခဲ​ကို​လည်း သူ​တို့​၏​လူ​တစ်ထောင်အုပ်​အတွက် ယူသွား​လော့​။ သင့်​အစ်ကို​တို့ အေးအေးချမ်းချမ်း​ရှိ​သည်​ကို သင်​မြင်တွေ့​ခဲ့​ရ​ကြောင်း သက်သေ​ယူလာ​ပြ​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 19,
      "text": "ရှောလု​မင်းကြီး​မှစ၍ ဒါဝိဒ်​၏​အစ်ကို​တို့​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ဧလာ​ချိုင့်​၌ စခန်းချ​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 20,
      "text": "ဒါဝိဒ်​သည် နံနက်​စောစောထ​၍ မိမိ​သိုးအုပ်​ကို သိုးထိန်း​တစ်​ဦး​နှင့် အပ်ထား​ခဲ့​ပြီးလျှင် ဖခင်​ယေရှဲ​မှာလိုက်​သည့်​အတိုင်း စားစရာ​များ​ကို ယူ​၍ ထွက်သွား​၏​။ သူ​သည် တပ်စခန်း​သို့​ရောက်​သောအခါ စစ်သည်​တို့​သည် စစ်မြေပြင်​သို့ ချီတက်​ပြီး စစ်​ငြာသံ​ပေး​လျက်"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​နှင့် ဖိလိတ္တိ​လူမျိုး​တို့​သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်း​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 22,
      "text": "ဒါဝိဒ်​သည် သူ​နှင့်အတူ​ပါလာ​သော​ပစ္စည်း​များ​ကို ပစ္စည်းထိန်း​လက်​၌ အပ်ထား​ခဲ့​ပြီး စစ်မြေပြင်​သို့​ပြေးသွား​ကာ အစ်ကို​တို့​ကို သွား​၍​တွေ့ဆုံနှုတ်ဆက်​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 23,
      "text": "ထိုသို့ သူ​သည် အစ်ကို​တို့​နှင့်​စကားပြော​နေစဉ် ဂေါလျတ်​အမည်​ရှိ​သော ဖိလိတ္တိ​လူမျိုး​၊ ဂါသ​မြို့သား​၊ လူစွမ်းကောင်း​တစ်​ဦး​သည် ဖိလိတ္တိ​တပ်​ထဲမှ​ထွက်လာ​၍ ယခင်က​ကဲ့သို့ စိန်ခေါ်​သော​စကား​များ​ကို ဒါဝိဒ်​ကြား​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 24,
      "text": "အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည်​လည်း ထို​သူ​ကို​မြင်​လျှင် အလွန်​ကြောက်ရွံ့​၍ ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 25,
      "text": "အစ္စရေး​အမျိုးသား​တို့​က “​ယခု ထွက်လာ​သော​သူ​ကို သင်​တို့​မြင်​သလော​။ စင်စစ် အစ္စရေး​လူမျိုး​တို့​ကို စော်ကား​ရန်​ထွက်လာ​ခြင်း​ဖြစ်​၏​။ သူ့​ကို​သတ်​နိုင်​သော​သူ​အား ရှင်ဘုရင်​သည် ဓနဥစ္စာ​အများအပြား​ချီးမြှင့်​၍ သမီး​တော်​နှင့်​ထိမ်းမြား​ပေး​မည်​။ သူ့​အိမ်သူအိမ်သား​တို့​ကို​လည်း အစ္စရေး​နိုင်ငံ​တွင် အခွန်​လွတ်ငြိမ်း​ခွင့်​ပြု​မည်​”​ဟု ပြောဆို​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 26,
      "text": "ဒါဝိဒ်​သည် မိမိ​အနား​၌​ရပ်​နေ​သော​လူ​တို့​အား “​ဤ​ဖိလိတ္တိ​ပြည်သား​ကို​သတ်​ပြီး အစ္စရေး​လူမျိုး​တို့ စော်ကား​ခံ​နေ​ရ​သည်​ကို ဖယ်ရှား​ပေး​နိုင်​သော​သူ​အား မည်သို့​ပြု​ပေး​မည်နည်း​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကားပြောဆို​နေ​ရ​အောင် ဤ​အရေဖျားလှီး​ခြင်း​မ​ခံ​သော​ဖိလိတ္တိ​ပြည်သား​ကား မည်သူ​နည်း​”​ဟု မေး​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 27,
      "text": "ထိုအခါ လူ​တို့​က ယခင် ပြောဆို​ခဲ့​ကြ​သည့်​အတိုင်း သူ့​အား “ထို​သူ​ကို သတ်​နိုင်​သော​သူ​အား ထိုသို့​ပြု​ပေး​မည်​”​ဟု ပြောပြ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 28,
      "text": "ထိုသို့ ဒါဝိဒ်​နှင့်​လူ​တို့ ပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​၏​အစ်ကို​အကြီးဆုံး​ဖြစ်​သူ ဧလျာဘ​ကြားသိ​လျှင် ဒါဝိဒ်​ကို​အမျက်ထွက်​၍ “​သင် အဘယ်ကြောင့် ဤ​နေရာ​သို့ ဆင်းလာ​သနည်း​။ တောကန္တာရ​မှ သိုး​အနည်းငယ်​ကို မည်သူ​နှင့် ထားခဲ့​သနည်း​။ သင်​၌​မာန်မာန​ရှိ​ကြောင်း​၊ မကောင်း​သော​စိတ်ကူး​ရှိ​နေ​ကြောင်း ငါ​သိ​၏​။ တိုက်ပွဲ​ကို ကြည့်​လို​၍ သင်​လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ပြောဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 29,
      "text": "ဒါဝိဒ်​က​လည်း “​ယခု အကျွန်ုပ် မည်သို့​ပြု​မိ​သနည်း​။ ဤ​အကြောင်းအရာ​ကို မေး​ခွင့်​မ​ရှိ​သလော​”​ဟု ပြန်ပြော​ပြီး"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 30,
      "text": "ဧလျာဘ​ထံမှ လှည့်ထွက်​သွား​၍ အခြား​သူ​တို့​အား ထို​အကြောင်းအရာ​ကို မေးမြန်း​ရာ သူ​တို့​က ယခင်​ဖြေ​ခဲ့​သည့်​အတိုင်း ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 31,
      "text": "ဒါဝိဒ်​ပြော​သော​စကား​ကို​ကြား​သော​သူ​အချို့​တို့​က ရှောလု​မင်းကြီး​ထံ​သို့ လျှောက်တင်​ကြ​သဖြင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ဆင့်ခေါ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 32,
      "text": "ဒါဝိဒ်​က​လည်း ရှောလု​မင်းကြီး​အား “​ထို​သူ​ကြောင့် မည်သူ​မျှ​စိတ်​မ​ပျက်​ကြ​ပါ​နှင့်​။ အရှင့်​အစေအပါး​အကျွန်ုပ်​သည် ထို​ဖိလိတ္တိ​ပြည်သား​ကို ထွက်​တိုက်​ပါ​မည်​”​ဟု လျှောက်တင်​ရာ"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 33,
      "text": "ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ထို​ဖိလိတ္တိ​ပြည်သား​ကို သင်​ထွက်​တိုက်​နိုင်​မည်​မ​ဟုတ်​။ သင်​ကား လူငယ်​မျှသာ​ရှိ​သေး​၏​။ ထို​သူ​မှာ​မူ ငယ်ရွယ်​စဉ်​ကပင် စစ်သူရဲ​ဖြစ်​ခဲ့​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 34,
      "text": "သို့သော် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အရှင့်​အစေအပါး​သည် ဖခင်​၏​သိုး​များ​ကို ထိန်းကျောင်း​နေ​စဉ် ခြင်္သေ့​၊ ဝက်ဝံ​တို့​သည် လာ​၍ သိုးအုပ်​ထဲမှ သိုးသငယ်​ကို ကိုက်ဆွဲ​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 35,
      "text": "ထိုအခါ အကျွန်ုပ်​သည် ခြင်္သေ့​၊ ဝက်ဝံ​တို့​ကို လိုက်​၍ တိုက်ခိုက်​ပြီး ထို​အကောင်​တို့​၏​ပါးစပ်​မှ သိုး​တို့​ကို ကယ်​ခဲ့​ပါ​၏​။ ထို​အကောင်​က အကျွန်ုပ်​ကို ပြန်လည်​တိုက်ခိုက်​လျှင် ထို​အကောင်​၏​မုတ်ဆိတ်​ကို​ဖမ်းဆွဲ​ပြီး ရိုက်​သတ်​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 36,
      "text": "ထိုသို့ ခြင်္သေ့​နှင့် ဝက်ဝံ​တို့​ကို အရှင့်​အစေအပါး သတ်​ခဲ့​ပါ​၏​။ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​စစ်သည်​တို့​ကို စော်ကား​နေ​သည့် အရေဖျားလှီး​ခြင်း​မ​ခံ​သော ဤ​ဖိလိတ္တိ​ပြည်သား​သည်​လည်း ထို​အကောင်​ထဲမှ​တစ်​ကောင်​ကဲ့သို့သာ ဖြစ်​ပါ​သည်”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 37,
      "text": "ထို့ပြင် ဒါဝိဒ်​က “​ခြင်္သေ့​လက်​၊ ဝက်ဝံ​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ထာဝရဘုရား​သည် ထို​ဖိလိတ္တိ​ပြည်သား​၏​လက်​မှ​လည်း ကယ်တင်​တော်မူ​လိမ့်မည်​”​ဟု ဆို​လျှင် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​သို့ဖြစ်လျှင် သွား​ပါ​လော့​။ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​ပါစေသော​”​ဟု ဆို​ပြီး"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 38,
      "text": "ရှောလု​မင်းကြီး​သည် မိမိ​၏​စစ်ဝတ်တန်ဆာ​များ​ကို ဒါဝိဒ်​အား ဝတ်ဆင်​စေ​၏​။ ဦးခေါင်း​တွင် ကြေးနီ​ခမောက်​ကို​ဆောင်း​စေ​ပြီး သံချပ်အင်္ကျီ​ကို ဝတ်​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 39,
      "text": "ထို့နောက် ဒါဝိဒ်​သည် စစ်ဝတ်တန်ဆာ​ပေါ်၌ ဓား​ကို​သိုင်းလွယ်​ထား​ပြီး လမ်းလျှောက်​ကြည့်​၏​။ စစ်ဝတ်တန်ဆာ​ကို တစ်ခါ​မျှ မ​ဝတ်​ဖူး​သဖြင့် လျှောက်​၍​မ​ရ​။ ထို့ကြောင့် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အကျွန်ုပ်​ဝတ်နေကျ​မ​ဟုတ်​သော ဤ​ဝတ်စုံ​များ​နှင့် မ​သွား​နိုင်​ပါ​”​ဟု ဆို​ပြီး ဒါဝိဒ်​သည် ကိုယ်​ပေါ်​မှ စစ်ဝတ်တန်ဆာ​များ​ကို ချွတ်ပစ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 40,
      "text": "ထို့နောက် သူ့​တောင်ဝှေး​ကို​ယူ​၍ စမ်းချောင်း​ထဲမှ ကျောက်စရစ်ခဲ​ငါး​လုံး​ကို​ရွေးယူ​ပြီး မိမိ​၏​သိုးထိန်း​လွယ်အိတ်​ထဲ​ထည့်​၏​။ ထို့နောက် လောက်လွှဲ​ကို ကိုင်​လျက် ဖိလိတ္တိ​ပြည်သား​ထံ ချဉ်းကပ်​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 41,
      "text": "ထို​ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ထံသို့​ချဉ်းကပ်​လာ​၏​။ ဒိုင်းလွှား​ကိုင်​သူ​လည်း သူ့​ရှေ့​မှ သွား​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 42,
      "text": "ထို​ဖိလိတ္တိ​ပြည်သား​သည် ငယ်ရွယ်​နုနယ်​၍ နီမြန်း​သော​အသားအရေ​နှင့် ခန့်ညား​သော​ရုပ်ရည်​ရှိ​သော​ဒါဝိဒ်​ကို မြင်​သောအခါ အထင်သေး​သော​အကြည့်​ဖြင့် ကြည့်​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 43,
      "text": "ထို့နောက် ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​သင်​သည် တောင်ဝှေး​မျှ​လောက်​ဖြင့် ငါ့​ထံ​လာ​သည်​မှာ ငါ​သည် ခွေး​ဖြစ်၍​လော​”​ဟု ဆို​လျက် ဖိလိတ္တိ​ပြည်သား​သည် မိမိ​၏​ဘုရား​ကို​တိုင်တည်​၍ ဒါဝိဒ်​ကို ကျိန်ဆဲ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 44,
      "text": "ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​ငါ့​ထံသို့ လာ​ခဲ့​။ သင့်​အသား​ကို မိုးကောင်းကင်​ငှက်​များ​၊ တောတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 45,
      "text": "ဒါဝိဒ်​က​လည်း ထို​ဖိလိတ္တိ​ပြည်သား​အား “​သင်​သည် ဓား​၊ လှံတို​၊ လှံရှည်​တို့​ဖြင့် ငါ့​ထံ​လာ​၏​။ ငါ​မူကား သင်​စော်ကားပြောဆို​နေ​သော အစ္စရေး​စစ်သည်​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် သင့်​ထံ​လာ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 46,
      "text": "ယနေ့​တွင် ထာဝရဘုရား​သည် သင့်​ကို ငါ့​လက်​သို့​အပ်နှံ​တော်မူ​မည်​။ သင့်​ကို ငါ​သတ်​ပြီး သင့်​ခေါင်း​ကို ဖြတ်ပစ်​မည်​။ ယနေ့​ပင် ဖိလိတ္တိ​လူမျိုး​စစ်သည်​အသေကောင်​များ​ကို မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​။ သို့မှ အစ္စရေး​လူမျိုး​တို့​၌ ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို ကမ္ဘာမြေ​တစ်ခွင်လုံး သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 47,
      "text": "ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 48,
      "text": "ထိုအခါ ဖိလိတ္တိ​ပြည်သား​သည် ဒါဝိဒ်​ကို တိုက်ခိုက်​ရန် ရှေ့​သို့​တိုးလာ​ရာ ဒါဝိဒ်​သည်​လည်း သူ့​ကို ရင်ဆိုင်​တိုက်ခိုက်​ရန် အလျင်အမြန်​ပြေးသွား​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 49,
      "text": "ဒါဝိဒ်​သည် အိတ်​ထဲမှ ကျောက်​တစ်​လုံး​ကို နှိုက်​ယူ​ပြီး လွှဲပစ်​လိုက်​ရာ ဖိလိတ္တိ​ပြည်သား​၏​နဖူး​ကို ထိမှန်​၍ နဖူးပေါက်​သွား​သဖြင့် ထို​သူ​သည် မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 50,
      "text": "ဤသို့ဖြင့် ဒါဝိဒ်​သည် လောက်လွှဲ​တစ်​ခု​၊ ကျောက်​တစ်​လုံး​ဖြင့် ထို​ဖိလိတ္တိ​ပြည်သား​ကို အနိုင်ရ​ခဲ့​၏​။ လက်​ထဲ​တွင် ဓား​မ​ပါ​ဘဲ ဒါဝိဒ်​သည် ထို​ဖိလိတ္တိ​ပြည်သား​ကို တိုက်ခိုက်​သတ်ဖြတ်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 51,
      "text": "ဒါဝိဒ်​သည် ပြေးသွား​၍ ဖိလိတ္တိ​ပြည်သား​ကို ဖိနင်း​ထား​၏​။ ထို​သူ​၏​ဓား​ကို​လည်း ဓားအိမ်​မှ​ဆွဲထုတ်​ယူ​ပြီးလျှင် ထို​ဓား​ဖြင့် သူ့​ကို သတ်​ကာ ဦးခေါင်း​ကို ဖြတ်​လေ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိမိ​တို့​၏​လူစွမ်းကောင်း ကျဆုံး​သည်​ကို​မြင်​လျှင် ထွက်ပြေး​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 52,
      "text": "ထိုအခါ အစ္စရေး​အမျိုးသား​နှင့်​ယုဒ​အမျိုးသား​တို့​သည် ထ​၍​ကြွေးကြော်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ချိုင့်ဝှမ်း​တိုင်အောင်​လည်းကောင်း​၊ ဧကြုန်​မြို့​တံခါး​တိုင်အောင်​လည်းကောင်း လိုက်လံတိုက်ခိုက်​ကြ​ရာ အသတ်ခံရ​သော​ဖိလိတ္တိ​လူမျိုး​တို့​သည် ရှာရိမ်​မြို့​မှစ၍ ဂါသ​မြို့​နှင့်​ဧကြုန်​မြို့​တိုင်အောင် လမ်း​တစ်လျှောက်​တွင် လဲကျ​လျက်​ရှိ​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 53,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​မှ​ပြန်လာ​ပြီး သူ​တို့​၏​တပ်စခန်း​တို့​ကို​လည်း ဝင်ရောက်လုယက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 54,
      "text": "ဒါဝိဒ်​သည်​လည်း ထို​ဖိလိတ္တိ​ပြည်သား​၏​ဦးခေါင်း​ကို ယူ​ပြီး ဂျေရုဆလင်​မြို့​သို့ ယူလာ​၏​။ ထို​သူ​၏​လက်နက်​တို့​ကို​မူ မိမိ​တဲ​၌​ထား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 55,
      "text": "ဖိလိတ္တိ​လူစွမ်းကောင်း​ကို တိုက်ခိုက်​ရန် ထွက်သွား​သော​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ကြည့်​ပြီး စစ်သူကြီး​အာဗနာ​အား “​အာဗနာ​၊ ဤ​လူငယ်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် အာဗနာ​က “​အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​မ​သိ​ပါ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 56,
      "text": "ထိုအခါ ရှင်ဘုရင်​က “​ဤ​လူငယ်​သည် မည်သူ့​သား​ဖြစ်ကြောင်း စုံစမ်း​လော့​”​ဟု အမိန့်ပေး​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 57,
      "text": "ဒါဝိဒ်​သည် ဖိလိတ္တိ​ပြည်သား​ကို​သတ်​ပြီး သူ​၏​လက်​ထဲတွင် ထို​ဖိလိတ္တိ​ပြည်သား​၏​ဦးခေါင်း​ကို ကိုင်​လျက် ပြန်လာ​စဉ် အာဗနာ​သည် သူ့​ကို​ခေါ်​၍ ရှောလု​မင်းကြီး​ရှေ့​သို့ ခေါ်သွင်း​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 58,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က သူ့​အား “​အချင်း​လူငယ်​၊ သင်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် ဒါဝိဒ်​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ ဗက်လင်​မြို့သား ယေရှဲ​၏​သား​ဖြစ်​ပါ​သည်​”​ဟု လျှောက်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 1,
      "text": "ဒါဝိဒ်​သည် ရှောလု​မင်းကြီး​နှင့်​စကား​ပြောဆို​ပြီး​နောက်​တွင် ယောနသန်​၏​စိတ်​သည် ဒါဝိဒ်​၏​စိတ်​နှင့်​ငြိတွယ်​သွား​ပြီး ယောနသန်​သည် ကိုယ်​နှင့်အမျှ ဒါဝိဒ်​ကို​ချစ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 2,
      "text": "ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား ဖခင်​အိမ်​သို့ ပြန်သွား​ခွင့်​မ​ပေး​တော့​ဘဲ ခေါ်ထား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 3,
      "text": "ယောနသန်​သည် ဒါဝိဒ်​ကို ကိုယ်​နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​နှင့်​ကတိသစ္စာ​ပြု​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 4,
      "text": "ထို့နောက် ယောနသန်​သည် မိမိ​ဝတ်​ထား​သော​ဝတ်လုံ​ကို​ချွတ်​ပြီး ဒါဝိဒ်​အား​ပေး​၏​။ စစ်ဝတ်တန်ဆာ​များ​၊ ဓား​၊ လေး​နှင့်​ခါးပန်း​တို့​ကို​လည်း ပေး​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 5,
      "text": "ဒါဝိဒ်​သည် ရှောလု​မင်းကြီး​စေခိုင်း​သမျှ​တို့​၌ အောင်မြင်​စွာ​လုပ်ဆောင်​နိုင်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား စစ်သူရဲအုပ်​အရာ​၌​ခန့်ထား​ရာ စစ်သည်​အပေါင်း​တို့​သာမက ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​လည်း သူ့​ကို နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 6,
      "text": "ဒါဝိဒ်​အပါအဝင် စစ်သည်​တို့​သည် ဖိလိတ္တိ​လူမျိုး​ကို နှိမ်နင်း​ရာ​မှ ပြန်လာ​သော​အချိန်​တွင် အစ္စရေး​မြို့​အသီးသီး​တို့​မှ အမျိုးသမီး​တို့​သည် ရှောလု​မင်းကြီး​ကို ကြိုဆို​ရန် ဝမ်းမြောက်​စွာ​ဖြင့် ပတ်သာ​၊ စောင်း​တို့​ကို တီးမှုတ်​၍ သီဆို​ကခုန်​လျက် ထွက်လာ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 7,
      "text": "ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 8,
      "text": "ထိုသို့ သီဆို​သည်​ကို ရှောလု​မင်းကြီး​သည် ဘဝင်မကျ​ဘဲ အလွန်​အမျက်ထွက်​လျက် “​သူ​တို့​က ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း​ဟု ဆို​ကြ​လေ​ပြီ​။ ထို့​ထက်​ပို​လာ​လျှင် သူ့​အား နိုင်ငံ​တော်​ပေး​ရန်​သာ​ရှိ​တော့​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 9,
      "text": "ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို မနာလိုစိတ်​ဝင်​၍ စောင့်ကြည့်​နေ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 10,
      "text": "နောက်တစ်နေ့​တွင် ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို ဝင်ပူး​သဖြင့် သူ​သည် နန်းတော်​အလယ်​တွင် အော်ဟစ်ရေရွတ်​နေ​၍ ဒါဝိဒ်​သည် ယခင်​နေ့​များ​ကဲ့သို့ပင် စောင်းတီး​ပေး​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​လည်း ကိုင်​ထား​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 11,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က “​ဒါဝိဒ်​ကို နံရံ​ထုတ်ချင်းပေါက်​အောင် ငါ​ထိုးသတ်​မည်​”​ဟု ဆို​လျက် လှံ​ကို​ပစ်လွှတ်​လိုက်​၏​။ သို့သော် ဒါဝိဒ်​သည် နှစ်​ကြိမ်​တိုင်တိုင် ရှောင်တိမ်း​လိုက်​နိုင်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ရှောလု​မင်းကြီး​ကို စွန့်ပယ်​၍ ဒါဝိဒ်​နှင့်အတူ ရှိ​နေ​သောကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ကြောက်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 13,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လူ​တစ်ထောင်အုပ်​အဖြစ်​ခန့်အပ်​ပြီး အထံ​တော်​မှ​ရွှေ့ပြောင်း​ပစ်​၏​။ ဒါဝိဒ်​သည်​လည်း စစ်သည်​တို့​ကို ဦးဆောင်​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 14,
      "text": "ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 15,
      "text": "ထိုသို့ အရာရာ​၌​အောင်မြင်​မှု​ရရှိ​နေ​သည်​ကို ရှောလု​မင်းကြီး သိမြင်​လျှင် ဒါဝိဒ်​ကို ပို၍​ကြောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 16,
      "text": "သို့သော် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် စစ်ချီ​ရာ​တွင် သူ​တို့​ကို ဦးဆောင်​ပေး​သော​ဒါဝိဒ်​ကို ချစ်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 17,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ကြည့်​လော့​။ ငါ့​သမီး​အကြီး​မေရပ်​ကို သင်​နှင့်​ပေးစား​မည်​။ ငါ​၏​စစ်သူရဲ​အဖြစ်​နေ​၍ ထာဝရဘုရား​အဖို့ တိုက်ပွဲ​ဝင်​ပါ​လော့​”​ဟု ဆို​၏​။ အကယ်စင်စစ် ရှောလု​မင်းကြီး​က “​ငါ့​လက်ချက်​နှင့် သူ​မ​သေ​။ ဖိလိတ္တိ​လူမျိုး​တို့​လက်ချက်​ဖြင့် သေ​ပါစေ​”​ဟု ကြံစည်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 18,
      "text": "သို့သော် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အစ္စရေး​လူမျိုး​တို့​တွင် အကျွန်ုပ်​အပါအဝင် အကျွန်ုပ်​၏​မိသားစု​နှင့် အကျွန်ုပ်​ဖခင်​၏​မျိုးနွယ်စု​ကား မည်သူ​များ​ဖြစ်​၍ အကျွန်ုပ်​သည် အရှင်မင်းကြီး​၏​သမက်​တော်​ဖြစ်​ရ​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 19,
      "text": "သို့သော် ရှောလု​မင်းကြီး​၏​သမီး​မေရပ်​ကို ဒါဝိဒ်​နှင့်​ပေးစား​မည့်​အချိန် ရောက်​သောအခါ​တွင်​မူ သူ့​အား မေဟောလသိ​မြို့သား အဒြေလ​နှင့် ပေးစား​နှင့်​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 20,
      "text": "ရှောလု​မင်းကြီး​၏​သမီး မိခါလ​သည် ဒါဝိဒ်​ကို ချစ်နှစ်သက်​နေ​ကြောင်း လျှောက်တင်​ကြ​သောအခါ ရှောလု​မင်းကြီး​စိတ်ကြိုက်​တွေ့​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 21,
      "text": "ရှောလု​မင်းကြီး​က “​ငါ့​သမီး​ကို သူ​နှင့်​ပေးစား​မည်​။ သူ​သည် ဒါဝိဒ်​အဖို့ ထောင်ချောက်​ကဲ့သို့​ဖြစ်​၍ ဒါဝိဒ်​သည် ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ ရောက်​ရ​လိမ့်မည်​”​ဟု အကောက်ကြံ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​ယခုမှာ သင်​သည် ငါ့​သမက် ဖြစ်​ရ​တော့​မည်​”​ဟု ဒုတိယအကြိမ် ပြောပြန်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 22,
      "text": "“ ‘​ရှင်ဘုရင်​သည် သင့်​ကို​နှစ်သက်​၏​။ မင်းမှုထမ်း​တို့​လည်း သင့်​ကို​သဘောကျ​၏​။ ထို့ကြောင့် ရှင်ဘုရင်​၏​သမက်​အဖြစ် လက်ခံ​ပါ​’​ဟူ၍ ဒါဝိဒ်​အား တိတ်တဆိတ်​ပြော​ကြ​လော့​”​ဟု ရှောလု​မင်းကြီး​က သူ​၏​အမှုထမ်း​တို့​အား မိန့်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 23,
      "text": "ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း ထို​စကား​များ​ကို ဒါဝိဒ်​အား ပြောကြား​ကြ​၏​။ ထိုအခါ ဒါဝိဒ်​က သူ​တို့​အား “​ဂုဏ်မရှိ​သော​ဆင်းရဲသား​အကျွန်ုပ်​ကား ရှင်ဘုရင်​၏​သမက်​ဖြစ်​ရန် ဤမျှလောက်​လွယ်ကူ​မည်​ဟု သင်​တို့​ထင်​သလော​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 24,
      "text": "ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း ဒါဝိဒ်​ဆို​ခဲ့​သည့်​စကား​အတိုင်း ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 25,
      "text": "ရှောလု​မင်းကြီး​က​လည်း “သင်​တို့​သည် ဒါဝိဒ်​အား ‘ရှင်ဘုရင်​၏​ရန်သူ​ဖြစ်​သော ဖိလိတ္တိ​လူမျိုး​တို့​ကို လက်တုံ့ပြန်​ရန် သူ​တို့​၏​ထိပ်ဖုံးအရေပြား​တစ်ရာ​မှတစ်ပါး မည်သည့်​မင်္ဂလာကြေး​ကို​မျှ ရှင်ဘုရင် အလို​မ​ရှိ​ပါ’​ဟူ၍ ပြောကြား​လော့”​ဟု ဆို​၏​။ ရှောလု​မင်းကြီး​၏​အကြံ​မှာ ဖိလိတ္တိ​လူမျိုး​တို့​လက်​ဖြင့် ဒါဝိဒ် ကျဆုံး​စေရန် ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 26,
      "text": "ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​သည် ဒါဝိဒ်​အား ထို​စကား​တို့​ကို ပြန်​ပြောပြ​လျှင် ဒါဝိဒ်​သည် ဘုရင့်​သမက်​တော်​ဖြစ်​ရ​မည့်​အရေး​ကို နှစ်သက်​သဘောကျ​မိ​၏​။ ထို့ကြောင့် သတ်မှတ်​ချိန်​မ​ရောက်​မီ"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 27,
      "text": "ဒါဝိဒ်​နှင့် သူ့​လူ​တို့​သည် ထ​သွား​၍ ဖိလိတ္တိ​လူမျိုး​အယောက်​နှစ်ရာ​ကို​သတ်​လေ​၏​။ ထို့နောက် ဒါဝိဒ်​သည် ထို​သူ​တို့​၏​ထိပ်ဖုံးအရေပြား​ကို​ယူလာ​၍ ဘုရင့်​သမက်​တော်​ဖြစ်​ရ​ဖို့ ရှင်ဘုရင်​အား အတိအကျ​ဆက်သ​လေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် မိမိ​သမီး မိခါလ​ကို ဒါဝိဒ်​နှင့် ပေးစား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 28,
      "text": "ရှောလု​မင်းကြီး​သည် ဒါဝိဒ်​နှင့်အတူ ထာဝရဘုရား ရှိ​တော်မူ​သည်​ကို​လည်းကောင်း​၊ မိမိ​သမီး​မိခါလ​သည် ဒါဝိဒ်​အား ချစ်မြတ်နိုး​သည်​ကို​လည်းကောင်း သိမြင်​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 29,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ပို၍​ပင်​ကြောက်ရွံ့​ကာ ဒါဝိဒ်​ကို ရန်သူ​အဖြစ် အစဉ်အမြဲ​မှတ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 30,
      "text": "ဖိလိတ္တိ​တပ်မှူး​တို့ ချီတက်​တိုက်ခိုက်​လေ​တိုင်း ဒါဝိဒ်​သည် ရှောလု​မင်းကြီး​၏​အမှုထမ်း​အပေါင်း​တို့​ထက် အောင်နိုင်​သဖြင့် နာမည်​ကျော်ကြား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 1,
      "text": "ရှောလု​မင်းကြီး​သည် မိမိ​သား​တော်​ယောနသန်​နှင့် အမှုထမ်း​တို့​အား ဒါဝိဒ်​ကို​သတ်ပစ်​ရန် အမိန့်ပေး​ထား​၏​။ သို့သော် ရှောလု​မင်းကြီး​၏​သား​တော် ယောနသန်​သည် ဒါဝိဒ်​ကို အလွန်​ချစ်ခင်​နှစ်သက်​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 2,
      "text": "ထို့ကြောင့် ယောနသန်​က ဒါဝိဒ်​အား “​ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​ကို သတ်​ရန်​အခွင့်ရှာ​နေ​ပါ​၏​။ သို့ဖြစ်၍ သတိထား​လော့​။ မနက်ဖြန်​နံနက်​အထိ လုံခြုံ​ရာ​၌​ပုန်း​နေ​ပါ​လော့​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 3,
      "text": "ငါ​သည် ခမည်းတော်​နှင့်အတူ သင်​ပုန်းနေရာ​တော​ထဲသို့ လာ​၍ သင့်​အကြောင်း​ကို ခမည်းတော်​နှင့် ပြောဆို​မည်​။ အကြောင်းထူး​ရှိ​လျှင် သင့်​ကို ပြော​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 4,
      "text": "ထို့နောက် ယောနသန်​သည် ခမည်းတော်​ရှောလု​မင်းကြီး​အား ဒါဝိဒ်​၏​ကောင်း​ကြောင်း​ကို ပြောပြ​လျက် “​အရှင်မင်းကြီး​၊ အရှင်​၏​အမှုထမ်း​ဒါဝိဒ်​ကို မ​ပြစ်မှား​ပါ​နှင့်​။ သူ​သည် အရှင်မင်းကြီး​ကို မ​ပြစ်မှား​ပါ​။ သူ​လုပ်ဆောင်​သမျှ​သည် အရှင့်​အဖို့ အကျိုး​ကြီး​လှ​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 5,
      "text": "သူ​သည် အသက်​ကို​ရင်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ခဲ့​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အတွက် အောင်ပွဲ​ကြီး​ကို ဆောင်ကြဉ်း​ပေး​ခဲ့​သည်​ကို​လည်း အရှင်မင်းကြီး​မြင်​၍ ဝမ်းမြောက်​ခဲ့​ပါ​၏​။ သို့ဖြစ်လျက် ဒါဝိဒ်​ကို အကြောင်းမရှိ​ဘဲ သတ်ဖြတ်​ပြီး အပြစ်မဲ့​သော​သူ​ကို အဘယ်ကြောင့် ပြစ်မှား​ရ​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 6,
      "text": "ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​၏​စကား​ကို နားထောင်​၍ “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သူ​အသတ်ခံရ​မည်​မ​ဟုတ်​”​ဟု ကျိန်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 7,
      "text": "ယောနသန်​သည် ဒါဝိဒ်​ကို​ခေါ်​၍ ထို​အကြောင်းအရာ​အလုံးစုံ​ကို​ပြောပြ​ပြီးလျှင် ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ​ပြန်​ခေါ်ဆောင်​လာ​၍ ယခင်က​ကဲ့သို့ပင် အခစားဝင်​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 8,
      "text": "စစ်ပွဲ​တစ်ဖန်​ဖြစ်လာ​ပြန်​သောအခါ ဒါဝိဒ်​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို သွားရောက်​တိုက်ခိုက်​၏​။ ပြင်းထန်​စွာ​တိုက်ခိုက်​သတ်ဖြတ်​သဖြင့် ဖိလိတ္တိ​လူမျိုး​တို့ ထွက်ပြေး​ကြ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 9,
      "text": "တစ်ဖန် ရှောလု​မင်းကြီး​သည် နန်းတော်​တွင် လှံ​ကို​ကိုင်​လျက် ထိုင်​နေ​စဉ် ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို​ဝင်ပူး​သဖြင့် ဒါဝိဒ်​သည် စောင်းတီး​ပေး​လျက်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 10,
      "text": "ထိုအခါ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို လှံ​နှင့် နံရံ​ထုတ်ချင်းပေါက်​အောင် ထိုး​လိုက်​လေ​၏​။ သို့သော် ရှောလု​မင်းကြီး​ကို ဒါဝိဒ်​ရှောင်တိမ်း​လိုက်​နိုင်​သဖြင့် လှံ​သည် နံရံ​ထဲ စိုက်ဝင်​သွား​၏​။ ထို​ည​တွင်ပင် ဒါဝိဒ် ထွက်ပြေး​လွတ်မြောက်​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 11,
      "text": "ရှောလု​မင်းကြီး​သည် နံနက်​ရောက်​လျှင် ဒါဝိဒ်​ကို​သတ်​ရန် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​၏​အိမ်​ကို စောင့်ကြည့်​စေ​၏​။ ထိုအခါ ဒါဝိဒ်​၏​မယား​မိခါလ​က “​ယခု​ည​တွင် သင်​အသက်လွတ်​အောင်​မ​ပြေး​လျှင် မနက်ဖြန်​တွင် သင်​အသတ်​ခံရ​လိမ့်မည်​”​ဟု ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 12,
      "text": "ထို့ကြောင့် မိခါလ​သည် ဒါဝိဒ်​ကို ပြတင်းပေါက်​မှ လျှောချ​ပေး​သဖြင့် ဒါဝိဒ် ထွက်ပြေး​လွတ်မြောက်​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 13,
      "text": "ထို့နောက် မိခါလ​သည် တေရပ်ရုပ်တု​ကို​ယူ​၍ အိပ်ရာ​ပေါ်​တင်ထား​ပြီး ဆိတ်မွေး​ခေါင်းအုံး အုံး​စေ​ကာ အဝတ်​နှင့်​လွှမ်း​ထား​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 14,
      "text": "ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို ဖမ်းဆီး​ရန် တမန်​တို့​ကို စေလွှတ်​သောအခါ မိခါလ​က “​သူ နေမကောင်း​ပါ​”​ဟု ပြောလွှတ်​လိုက်​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 15,
      "text": "သို့သော် ရှောလု​မင်းကြီး​က “သူ့​ကို​အိပ်ရာ​နှင့်တကွ ငါ့​ထံသို့ ခေါ်လာ​ခဲ့​ပါ​။ သူ့​ကို ငါ​သတ်​မည်​”​ဟု ဆို​ပြီး ဒါဝိဒ်​ကို သွားကြည့်​ရန် တမန်​တို့​ကို စေလွှတ်​ပြန်​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 16,
      "text": "တမန်​တို့​သည် အိမ်​ထဲသို့​ဝင်ကြည့်​ကြ​ရာ အိပ်ရာ​ထက်​တွင် ဆိတ်မွေး​ခေါင်းအုံး အုံး​ထား​သော​တေရပ်ရုပ်တု​ကို​သာ တွေ့​ရ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 17,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က မိခါလ​အား “​အဘယ်ကြောင့် ငါ့​ကို ဤသို့​လှည့်စား​၍ ငါ့​ရန်သူ​လွတ်မြောက်​အောင် လွှတ်ပေး​သနည်း​”​ဟု ဆို​လျှင် မိခါလ​က ရှောလု​အား “သူ​က ‘​ငါ့​ကို လွှတ်​ပါ​။ အဘယ်ကြောင့် သင့်​ကို ငါ​သတ်​ရ​မည်နည်း​’​ဟု အကျွန်ုပ်​အား ဆို​ပါ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 18,
      "text": "ဒါဝိဒ်​သည် ထွက်ပြေး​လွတ်မြောက်​သွား​၍ ရှမွေလ​ရှိ​ရာ ရာမ​မြို့​သို့​ရောက်လာ​ပြီး မိမိ​အား ရှောလု​ပြု​ခဲ့​သမျှ​ကို ရှမွေလ​အား ပြောပြ​၏​။ ထို့နောက် ရှမွေလ​နှင့်​ဒါဝိဒ်​သည် နာယုတ်​အရပ်​၌ သွား​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 19,
      "text": "“ဒါဝိဒ်​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​၌ ရောက်​နေ​၏”​ဟု ရှောလု​မင်းကြီး​အား ကြားလျှောက်​လျှင်"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 20,
      "text": "ရှောလု​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​ကို ဖမ်းဆီး​စေ​၏​။ သို့သော် ရှမွေလ​ဦးဆောင်​သည့်​ပရောဖက်​တစ်စု ပရောဖက်ပြု​နေ​ကြ​သည်​ကို​သာ တွေ့​ရ​၏​။ ထို့ပြင် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​၏​လူ​တို့​အပေါ် သက်ရောက်​သဖြင့် သူ​တို့​လည်း ပရောဖက်ပြု​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 21,
      "text": "ထို​အကြောင်း​ကို ရှောလု​မင်းကြီး​ကြားသိ​သောအခါ နောက်ထပ် တမန်​တို့​ကို​စေလွှတ်​ပြန်​ရာ ထို​သူ​တို့​သည်​လည်း ပရောဖက်ပြု​ကြ​၏​။ ရှောလု​မင်းကြီး​သည် တတိယ​အကြိမ် တမန်​တို့​ကို​စေလွှတ်​ပြန်​ရာ သူ​တို့​သည်​လည်း ပရောဖက်ပြု​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 22,
      "text": "နောက်ဆုံး ရှောလု​မင်းကြီး​ကိုယ်တိုင် ရာမ​မြို့​သို့​သွား​၏​။ စေခု​အရပ်​ရှိ ရေတွင်း​ကြီး​အနား​သို့​ရောက်​သောအခါ “​ရှမွေလ​နှင့် ဒါဝိဒ် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​လျှင် “​ရာမ​မြို့​၊ နာယုတ်​အရပ်​၌​ရှိ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 23,
      "text": "ထို့ကြောင့် သူ​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​သို့​သွား​၏​။ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​ရောက်လာ​သဖြင့် သူ​သည် ပရောဖက်ပြု​လျက် ရာမ​မြို့​၊ နာယုတ်​အရပ်​ရောက်​သည်​အထိ သွား​၏​။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 24,
      "text": "သူ​သည် မင်းဝတ်တန်ဆာ​များ​ကို ချွတ်​၍ ရှမွေလ​ရှေ့​တွင် ပရောဖက်ပြု​လေ​၏​။ ထို​နေ့​တစ်နေ့လုံး​၊ ထို​ည​တစ်ညလုံး သူ​သည် အဝတ်အချည်းစည်း​ဖြင့် လှဲ​နေ​၏​။ ထို့ကြောင့် “​ရှောလု​မင်းကြီး​သည်​လည်း ပရောဖက် တစ်​ပါး​ပေလော​”​ဟု ဆိုစမှတ်​ရှိ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 1,
      "text": "ထို့နောက် ဒါဝိဒ်​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​မှ ထွက်ပြေး​၍ ယောနသန်​ထံသို့​ရောက်လာ​ကာ “​အကျွန်ုပ်​မည်သို့ ပြု​မိ​ပါ​သနည်း​။ မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​အသက်​ကို လိုက်​ရန်ရှာ​ရ​လေ​အောင် သင့်​ခမည်းတော်​ကို အကျွန်ုပ်​မည်သည့် အမှားပြု​မိ​ပါ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 2,
      "text": "ယောနသန်​က​လည်း “​ထိုသို့ ဖြစ်​မည်​မ​ဟုတ်​။ သင်​မ​သေ​ရ​။ ငါ့​ခမည်းတော်​သည် အမှု​ကြီးကြီး​ငယ်ငယ် ငါ​နှင့်​မ​တိုင်ပင်​ဘဲ​မ​ပြု​။ ငါ့​ခမည်းတော်​သည် ဤ​အမှု​ကို ငါ့​အား မ​ပြော​ဘဲ အဘယ်ကြောင့်​ဖုံးကွယ်​ထား​မည်နည်း​။ ဤ​အမှု မ​ဖြစ်​ရ​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 3,
      "text": "ထို့ပြင် ဒါဝိဒ်​က “​သင်​နှင့်​ကျွန်ုပ် အလွန်​ခင်မင်​ကြ​သည်​ကို သင့်​ခမည်းတော် သိ​သည်​ဖြစ်၍ ‘​ဤ​အမှု​ကို ယောနသန် မ​သိ​စေ​ရ​။ သို့မဟုတ်လျှင် သူ​စိတ်ထိခိုက်​လိမ့်မည်​’​ဟု ဆို​ပါ​၏​။ အကယ်စင်စစ် ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သင်​လည်း အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​နှင့်​သေ​ခြင်း​သည် ခြေတစ်လှမ်း​သာ ကွာ​တော့​သည်​”​ဟု ကျိန်​၍ ပြောဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 4,
      "text": "ထိုအခါ ယောနသန်​က ဒါဝိဒ်​အား “​သင့်​စိတ်​အလိုရှိ​သည့်​အတိုင်း ငါ​ပြု​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 5,
      "text": "ဒါဝိဒ်​က ယောနသန်​အား “​မနက်ဖြန်​သည် လဆန်းနေ့​ဖြစ်​၏​။ အကျွန်ုပ်​သည် ရှင်ဘုရင်​နှင့်အတူ စားသောက်ပွဲ​တွင် ထိုင်စား​ရ​မည်​ဖြစ်​သော်လည်း သုံး​ရက်​မြောက်​နေ့ နေဝင်ချိန်​အထိ တော​ထဲ​၌ သွား​ပုန်း​ခွင့်​ပြု​ပါ​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 6,
      "text": "အကျွန်ုပ်​ပျက်ကွက်​ကြောင်း သင့်​ခမည်းတော် သိသွား​ခဲ့​လျှင် ‘​မျိုးနွယ်စု​တစ်စုလုံး နှစ်စဉ်​ပူဇော်ပွဲ​ရှိ​သည်​ဖြစ်၍ ဒါဝိဒ်​က ဗက်လင်​မြို့​သို့ ပြန်သွားခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​သဖြင့် အကျွန်ုပ်​ခွင့်ပြု​လိုက်​ပါ​သည်’​ဟု လျှောက်တင်​ပေး​ပါ​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 7,
      "text": "မင်းကြီး​က ‘​ကောင်း​ပြီ​’​ဟု ဆို​လျှင် အရှင်​၏​အစေအပါး​သည် အသက်ချမ်းသာ​ရာ​ရ​ပြီ​။ ထိုသို့မဟုတ်ဘဲ အမျက်​ပြင်း​စွာ​ထွက်​လျှင် အကျွန်ုပ်​ကို မကောင်းကြံ​ပြီး​ဖြစ်ကြောင်း သိ​ပါ​လော့​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 8,
      "text": "သို့ဖြစ်၍ အရှင်​နှင့်​အကျွန်ုပ်​သည် ထာဝရဘုရား​ရှေ့​တွင် ပဋိညာဉ်​ပြု​ထား​ကြ​ပြီ​ဖြစ်၍ အရှင်​၏​အစေအပါး​ကို သနား​ပါ​လော့​။ အကျွန်ုပ်​အပြစ်ပြု​မိ​ခဲ့​လျှင် အရှင်​ကိုယ်တိုင် အကျွန်ုပ်​ကို​သတ်​ပါ​။ အဘယ်ကြောင့် အကျွန်ုပ်​ကို အရှင့်​ခမည်းတော်​လက်​သို့​အပ်​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 9,
      "text": "ထိုအခါ ယောနသန်​က “​သင်​၌ ထိုသို့ မ​ဖြစ်​ရ​။ ငါ့​ခမည်းတော်​သည် သင့်​အား မကောင်းကြံ​သည်​ကို ငါ​သိ​ခဲ့​လျှင် သင့်​ကို ငါ​မ​ပြော​ဘဲ နေ​မည်လော​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 10,
      "text": "ဒါဝိဒ်​က​လည်း ယောနသန်​အား “​အကယ်၍ သင့်​ခမည်းတော်​က သင့်​ကို ကြမ်းကြမ်းတမ်းတမ်း စကား​ပြန်ပြော​လျှင် ကျွန်ုပ်​ကို မည်သူ​ပြောပြ​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 11,
      "text": "ယောနသန်​က​လည်း ဒါဝိဒ်​အား “​လာ​ပါ​။ ငါ​တို့ တော​ထဲသို့ သွား​ရ​အောင်​”​ဟု ဆို​ပြီး နှစ်​ယောက်​သား တော​သို့ ထွက်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 12,
      "text": "ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို တိုင်တည်​၍ မနက်ဖြန်​၊ သန်ဘက်ခါ ဤ​အချိန်​တွင် ငါ့​ခမည်းတော်​ကို ငါ​စောင့်ကြည့်​မည်​။ သင်​ဒါဝိဒ်​အပေါ် ငါ့​ခမည်းတော်​ကောင်း​မည်​ဆို​လျှင် ငါ​သည် သင့်​ထံသို့​လူ​လွှတ်​၍ ဆက်ဆက်​ပြောကြား​ပေး​မည်​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 13,
      "text": "ငါ့​ခမည်းတော်​က သင့်​ကို​မကောင်းကြံ​လျှင်​လည်း သင်​သည် ဘေးကင်း​စွာ ထွက်သွား​နိုင်​ရန် သင့်​ကို ပြောကြား​ပေး​မည်​။ ထိုသို့​ငါ​မ​ပြု​လျှင် ထာဝရဘုရား​သည် ငါ​ယောနသန်​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် ငါ့​ခမည်းတော်​နှင့်အတူ​ရှိ​တော်မူ​သကဲ့သို့ သင်​နှင့်​လည်း အတူ​ရှိ​တော်မူ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 14,
      "text": "ငါ​မ​သေ​ရ​မည့်​အကြောင်း ငါ​အသက်ရှင်​လျက်​နေစဉ်​တွင် ငါ့​အား ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို မ​ပြ​ဘဲ​မ​နေ​ပါ​နှင့်​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 15,
      "text": "ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​အပေါင်း​တို့​ကို မြေ​မျက်နှာပြင်​မှ သုတ်သင်ပယ်ရှင်း​တော်မူ​သည့်​အခါ ငါ​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​မေတ္တာကရုဏာ​ကို မ​ဖြတ်​ဘဲ ဆက်၍​ပြသ​ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 16,
      "text": "ထို့နောက် ယောနသန်​က “​ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​တို့​ကို သုတ်သင်​တော်မူ​ပါစေသော”​ဟု ဆို​၍ ဒါဝိဒ်​၏​အိမ်သူအိမ်သား​တို့​နှင့် ကတိသစ္စာပြု​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 17,
      "text": "ယောနသန်​သည် ဒါဝိဒ်​ကို မိမိ​ကိုယ်နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​ကို ချစ်​သော​စိတ်​ဖြင့် ထပ်မံ​ကျိန်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 18,
      "text": "ယောနသန်​က ဒါဝိဒ်​အား “​မနက်ဖြန်​သည် လဆန်းနေ့​ဖြစ်​၏​။ သင့်​ထိုင်ခုံ​လွတ်​နေ​လျှင် သင်​မ​ရှိ​သည်​မှာ သိသာ​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 19,
      "text": "သုံး​ရက်​မြောက်​နေ့​တွင် အခင်း​ဖြစ်​သော​နေ့​၌ သင်​ပုန်း​နေ​ခဲ့​သော​နေရာ​သို့ အမြန်​လာ​ခဲ့​ပြီး ဧဇေလ​ကျောက်​နား​တွင် စောင့်​နေ​ပါ​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 20,
      "text": "ငါ​သည် ပစ်မှတ်​ကို ပစ်​သကဲ့သို့ ထို​ကျောက်​ဘေးနား​သို့ မြား​သုံး​စင်း ပစ်လွှတ်​မည်​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 21,
      "text": "လူငယ်​တစ်​ဦး​အား ‘​မြား​တို့​ကို လိုက်ရှာ​လော့’​ဟု စေခိုင်း​မည်​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘ကြည့်​လော့​။ မြား​တို့​သည် သင့်​ဘေး​၌​ရှိ​၏​။ ကောက်ယူ​လာ​ခဲ့​လော့​’​ဟု ဆို​လျှင် သင်​ထွက်လာ​လော့​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​၌ အန္တရာယ်​မ​ရှိ​။ ဘေးကင်း​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 22,
      "text": "အကယ်၍ ငါ​က ထို​လူငယ်​အား ‘​မြား​တို့​သည် သင့်​ကို​လွန်သွား​ပြီ​’​ဟု ဆို​လျှင် သင်​ထွက်သွား​ပါ​။ ထာဝရဘုရား​သည် သင့်​ကို ထွက်ပြေး​စေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 23,
      "text": "ယခု သင်​နှင့် ငါ​ကတိသစ္စာ​ထား​ခဲ့​သော​အရာ​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​သည် သင်​နှင့် ငါ​၏​ကြားမှာ​သက်သေ​အစဉ် ဖြစ်​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 24,
      "text": "ထို့နောက် ဒါဝိဒ်​သည် တော​၌ ပုန်းအောင်း​နေ​၏​။ လဆန်းပွဲနေ့​ရောက်​သောအခါ ရှင်ဘုရင်​သည် စားတော်ခေါ်​ရန် နေရာယူ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 25,
      "text": "ရှင်ဘုရင်​သည် ယခင်က​ကဲ့သို့ပင် သူ့​နေရာ​ဖြစ်​သော​နံရံ​နား​တွင် နေရာယူ​၏​။ ယောနသန်​သည် ရပ်​နေ​၍ အာဗနာ​သည် ရှောလု​မင်းကြီး​၏​ဘေး​၌ ထိုင်​၏​။ ဒါဝိဒ်​၏​နေရာ​မူကား လွတ်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 26,
      "text": "ထို​နေ့​တွင် ရှောလု​မင်းကြီး​က “​ဒါဝိဒ်​သည် တစ်စုံတစ်ရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်၍​ဖြစ်​မည်​။ စင်စစ် သူ​မ​စင်​မ​ကြယ်​ဖြစ်၍ မ​လာ​ခြင်း​ဖြစ်​မည်​”​ဟု တွေး​၍ မည်သို့​မျှ​မ​ပြော​ပေ​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 27,
      "text": "နောက်တစ်နေ့ လဆန်းပွဲ ဒုတိယ​မြောက်​နေ့​တွင်​လည်း ဒါဝိဒ်​၏​နေရာ​သည် လွတ်​နေ​ပြန်​၏​။ ထိုအခါ ရှောလု​မင်းကြီး​က သား​တော်​ယောနသန်​အား “​ယေရှဲ​၏​သား​သည် မနေ့က​ရော ယနေ့​ပါ စားသောက်ပွဲ​သို့ အဘယ်ကြောင့် မ​လာ​ဘဲ​နေ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 28,
      "text": "ယောနသန်​က “​ဒါဝိဒ်​သည် ဗက်လင်​မြို့​သို့ ပြန်​သွား​ခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 29,
      "text": "သူ​က ‘​ထို​မြို့​၌ အကျွန်ုပ်​တို့​မျိုးနွယ်စု​၏​ယဇ်ပူဇော်ပွဲ​ရှိ​သည်​ဖြစ်​၏​။ အကျွန်ုပ်​၏​အစ်ကို​လည်း အကျွန်ုပ်​ကို မှာလိုက်​ပါ​ပြီ​။ ထို့ကြောင့် အရှင်​အလိုရှိ​လျှင် အကျွန်ုပ်​၏​အစ်ကို​တို့​နှင့် ပြန်လည်​တွေ့ဆုံ​ခွင့်​ပြု​ပါ​’​ဟု ဆို​ပါ​၏​။ ထို့ကြောင့် ယခု အရှင်မင်းကြီး​၏​စားသောက်ပွဲ​သို့ သူ​မ​လာ​နိုင်​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 30,
      "text": "ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​အား အမျက်​ပြင်းစွာ​ထွက်​လျက် “​ပုန်ကန်​ဖောက်ပြား​သော​မိန်းမ​၏​သား​၊ သင်​အရှက်​ရ​အောင်​၊ သင့်​မိခင် အဝတ်အချည်းစည်း​ဖြစ်​ပြီး အရှက်ကွဲ​အောင် သင်​သည် ယေရှဲ​၏​သား​ဘက်​၌ ရပ်တည်​နေ​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 31,
      "text": "ယေရှဲ​၏​သား​သည် မြေကြီး​ပေါ်တွင် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​နှင့် သင့်​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ယခု​ချက်ချင်း သူ့​ကို လူ​လွှတ်​ခေါ်​စေ​။ သူ​သည် သေ​သင့်​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 32,
      "text": "ယောနသန်​က​လည်း ခမည်းတော်​ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် သူ​သေ​ရ​မည်နည်း​။ မည်သည့်​အမှု​ကို သူ​ပြု​မိ​သနည်း​”​ဟု မေးလျှောက်​လျှင်"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 33,
      "text": "ရှောလု​မင်းကြီး​သည် ယောနသန်​ကို သတ်​ရန် လှံ​နှင့်​ထိုး​လိုက်​၏​။ ယောနသန်​လည်း သူ့​ခမည်းတော်​သည် ဒါဝိဒ်​ကို သတ်​ရန် စိတ်ပိုင်းဖြတ်​ထား​ပြီး​ဖြစ်ကြောင်း ရိပ်မိ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 34,
      "text": "ထို့ကြောင့် ယောနသန်​သည် အမျက်​ပြင်းစွာ​ထွက်​၍ စားပွဲ​မှ​ထ​လေ​၏​။ မိမိ​ခမည်းတော်​သည် ဒါဝိဒ်​ကို နှိမ်​သောကြောင့် စိတ်ထိခိုက်​သဖြင့် လဆန်းပွဲ​ဒုတိယ​နေ့​တွင် အစာ​ကို မ​စား​ဘဲ​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 35,
      "text": "နံနက်​ရောက်​သောအခါ ယောနသန်​သည် လူငယ်လေး​တစ်​ဦး​နှင့်အတူ ဒါဝိဒ်​နှင့်​ချိန်းချက်​ထား​သော​တော​သို့ သွား​၍"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 36,
      "text": "လူငယ်လေး​အား “​ယခု ပြေး​ပြီး ငါ​ပစ်လွှတ်​သော​မြား​ကို ရှာ​ပါ​”​ဟု ဆို​၏​။ ထို​လူငယ်လေး​ပြေး​သောအခါ သူ့​ကို ကျော်သွား​အောင် ယောနသန်​သည် မြား​ကို ပစ်လွှတ်​လိုက်​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 37,
      "text": "ယောနသန်​ပစ်လိုက်​သော​မြား​ကျ​သည့်​နေရာ​သို့ လူငယ်လေး​ရောက်သွား​သောအခါ “​မြား​က သင့်​ရှေ့​ကို​ကျော်သွား​ပြီ​မ​ဟုတ်​လော​”​ဟု ယောနသန်​သည် လူငယ်လေး​နောက်မှ အော်​ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 38,
      "text": "ထို့ပြင် ယောနသန်​က “​အလျင်အမြန် ပြေး​ပါ​တော့​။ ရပ်​မ​နေ​ဘဲ အမြန်သာ​ပြေး​ပါ​တော့”​ဟု လူငယ်လေး​နောက်​မှ အော်ဟစ်​၏​။ လူငယ်လေး​သည်​လည်း ယောနသန်​ပစ်​လိုက်​သော​မြား​ကို ကောက်​ပြီး သခင့်​ထံ​ပြန်လာ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 39,
      "text": "လူငယ်လေး​သည် ဤ​ကိစ္စ​ကို ဘာမျှ​နား​မ​လည်​။ ယောနသန်​နှင့် ဒါဝိဒ်​သာ သိ​သော​ကိစ္စ ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 40,
      "text": "ယောနသန်​သည် သူ​နှင့်အတူ​ပါလာ​သော​လူငယ်လေး​အား သူ့​လက်နက်​များ​ကို ပေး​၍ “​မြို့​ထဲသို့ ပြန်ယူ​သွား​ပါ​တော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 41,
      "text": "ထို​သူငယ်​ထွက်သွား​သောအခါ ဒါဝိဒ်​သည် တောင်ဘက်​ပုန်းအောင်း​ရာ​မှ ထွက်လာ​ပြီး မြေ​ပေါ်မှာ ပျပ်ဝပ်​လျက် သုံး​ကြိမ်​ဦးချ​လေ​၏​။ ပြီးလျှင် တစ်ဦး​ကို​တစ်ဦး ဖက်နမ်း​လျက် ငိုကြွေး​ကြ​၏​။ ဒါဝိဒ်​သည် ယောနသန်​ထက် ပို၍​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 42,
      "text": "ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 1,
      "text": "ဒါဝိဒ်​သည် နောဗ​မြို့​ရှိ ယဇ်ပုရောဟိတ်​အဟိမလက်​ထံသို့ ရောက်လာ​၏​။ အဟိမလက်​သည် ဒါဝိဒ်​ကို မြင်​လျှင် ထိတ်လန့်​သွား​၍ “​အဘယ်ကြောင့် သင် တစ်ဦးတည်း​လာ​ရ​သနည်း​။ သင်​နှင့်အတူ မည်သူ​မျှ​မ​ပါ​သလော​”​ဟု မေး​ရာ"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 2,
      "text": "ဒါဝိဒ်​က ယဇ်ပုရောဟိတ်​အဟိမလက်​အား “​ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အမှု​တစ်​ခု​စေခိုင်း​လိုက်​ပါ​၏​။ ရှင်ဘုရင်​က ‘​သင့်​ကို ငါ​စေခိုင်း​သော​အမှု​၊ သင့်​ကို မိန့်မှာ​သော​အမှု​တို့​ကို မည်သူ့​ကို​မျှ မ​သိ​စေ​ရ​’​ဟု မိန့်မှာ​ထား​ပါ​၏​။ ငယ်သား​တို့​နှင့် တစ်နေရာ​တွင် အကျွန်ုပ်​ချိန်းချက်​ထား​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 3,
      "text": "အရှင်​၌ မည်သည့်​အရာ​ရှိ​သနည်း​။ အကျွန်ုပ်​အား မုန့်​ငါး​လုံး​၊ သို့မဟုတ် ရှိ​သည့်​အရာ​ကို ပေး​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​က​လည်း ဒါဝိဒ်​အား “​ငါ​၌ ရိုးရိုး​မုန့်​မ​ရှိ​။ သန့်ရှင်း​သော​မုန့်​သာ ရှိ​သည်​ဖြစ်၍ သင့်​ငယ်သား​တို့​သည် မိန်းမ​ကို​ရှောင်​လျှင် စား​နိုင်​သည်​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 5,
      "text": "ဒါဝိဒ်​က​လည်း ယဇ်ပုရောဟိတ်​အား “​ယခင်​ကတည်းက စစ်ချီထွက်​လျှင် မိန်းမ​ကို ရှောင်​မြဲ​ဖြစ်​ပါ​၏​။ သာမန်​ခရီးသွား​ချိန်​၌​ပင် ယောက်ျား​တို့​အင်္ဂါ​မှာ သန့်ရှင်း​ပါ​၏​။ ယခု​တွင် ပို၍​ပင်​သန့်ရှင်း​ပါ​၏”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 6,
      "text": "ရှေ့​တော်​မုန့်​မှလွဲ၍ အခြား​မုန့်​မ​ရှိ​သောကြောင့် ယဇ်ပုရောဟိတ်​သည် သူ့​အား သန့်ရှင်း​သော​မုန့်​ကို ပေး​လိုက်​၏​။ ထို​မုန့်​သည် မုန့်​အသစ်​ပြန်တင်​သော​နေ့​၌ ထာဝရဘုရား​ရှေ့​တော်​မှ စွန့်​လိုက်​ရ​မည့်​မုန့်​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 7,
      "text": "ထို​နေ့​၌ ရှောလု​၏​အစေအပါး​တစ်​ဦး​သည် ထို​နေရာ​တွင်​ရှိ​နေ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထိန်းချုပ်​ထား​ခြင်း​ခံ​နေ​ရ​၏​။ ထို​သူ​မှာ ရှောလု​၏​သိုးထိန်းအုပ် ဧဒုံ​ပြည်သား ဒေါဂ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 8,
      "text": "ဒါဝိဒ်​က အဟိမလက်​အား “​သင်​၌ လှံ​၊ သို့မဟုတ် ဓား တစ်စုံတစ်ရာ​ရှိ​သလော​။ ရှင်ဘုရင်​က အလောတကြီး​စေခိုင်း​လိုက်​သော​အမှု​ကြောင့် အကျွန်ုပ်​၌ ဓား​၊ သို့မဟုတ် လက်နက် တစ်စုံတစ်ရာ​မျှ​မ​ပါလာ​ပါ”​ဟု ဆို​လျှင်"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​က “​ဧလာ​ချိုင့်​၌ သင်​သုတ်သင်​ပစ်​ခဲ့​သော ဖိလိတ္တိ​ပြည်သား ဂေါလျတ်​၏​ဓား​ရှိ​ပါ​၏​။ အဝတ်​နှင့်​ပတ်​ပြီး ဧဖုဒ် ​နောက်တွင် သိမ်းထား​ပါ​၏​။ ဤ​ဓား​မှလွဲ၍ အခြား​ဓား​မ​ရှိ​ပါ​။ ယူ​လို​ပါက ယူသွား​ပါ”​ဟု ဆို​လျှင် ဒါဝိဒ်​က “အကျွန်ုပ်​ကို ပေး​ပါ​လော့​။ ဤ​ဓား​ထက်​ကောင်း​သော​ဓား မ​ရှိ​ပါ”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 10,
      "text": "ထို​နေ့​မှစ၍ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံ​မှ​ထွက်ပြေး​ပြီး ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ ရောက်လာ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 11,
      "text": "ထိုအခါ အာခိတ်​မင်းကြီး​၏​အမှုထမ်း​တို့​က “​ဤ​သူ​သည် ပြည့်ရှင်မင်း​ဒါဝိဒ် မ​ဟုတ်​လော​။ သူ​နှင့်​ပတ်သက်၍ ‘​ရှောလု အထောင်အထောင်​၊ ဒါဝိဒ် အသောင်းသောင်း သတ်​လေ​ပြီ​’​ဟု သီဆို​ကခုန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​”​ဟု မေးလျှောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 12,
      "text": "ထို​စကား​တို့​သည် ဒါဝိဒ်​၏​စိတ်​ထဲ၌​စွဲ​နေ​သောကြောင့် သူ​သည် ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ကို အလွန်တရာ​မှ​ကြောက်ရွံ့​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 13,
      "text": "ထို့ကြောင့် သူ​တို့​ရှေ့​တွင် စိတ်မနှံ့သူ အရူး​ကဲ့သို့ အယောင်ဆောင်​ရ​လေ​၏​။ သူ​သည် တံခါးရွက်​တို့​ကို ကုတ်ခြစ်​ပြီး မုတ်ဆိတ်​များ​ပေါ် သွားရည်​များ စီးကျ​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 14,
      "text": "ထို့ကြောင့် အာခိတ်​မင်းကြီး​က အမှုထမ်း​တို့​အား “​ကြည့်​ပါ​။ ဤ​သူ ရူး​နေ​သည်​ကို သင်​တို့​မြင်​သလော​။ အဘယ်ကြောင့် ငါ့​ထံ ခေါ်လာ​ကြ​သနည်း​။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 15,
      "text": "ဤ​သူ​ကို ငါ့​ရှေ့​ခေါ်လာ​ပြီး ရူးပြ​နေ​သည်​မှာ အရူး​ကို ငါ​လိုအပ်​နေ​၍​လော​။ ဤ​သူ​သည် ငါ့​နန်းတော်​ထဲသို့ ဝင်​သင့်​ပါ​သလော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 1,
      "text": "ဒါဝိဒ်​သည် ထို​အရပ်​မှ​ထွက်ပြေး​လွတ်မြောက်​သွား​ပြီး အဒုလံ​လိုဏ်ဂူ​၌ ရောက်​နေ​ကြောင်း​ကို သူ့​အစ်ကို​များ​၊ သူ့​ဖခင်​၏​ဆွေမျိုးသားချင်း​များ​ကြားသိ​သောအခါ သူ​ရှိ​ရာ​လိုဏ်ဂူ​သို့ ဆင်းလာ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 2,
      "text": "ဒုက္ခရောက်​နေ​သူ​၊ အကြွေး​မ​ဆပ်​နိုင်​သူ​၊ ဘဝ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​သူ​အပေါင်း​တို့​သည် သူ့​ထံ​လာရောက်​စုဝေး​ကြ​ရာ လူ​လေး​ရာ​ခန့်​ရှိ​၍ ဒါဝိဒ်​သည် သူ​တို့​ကို ဦးဆောင်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 3,
      "text": "ဒါဝိဒ်​သည် ထို​အရပ်​မှ မောဘ​ပြည်​၊ မိဇပါ​မြို့​သို့​သွား​၍ မောဘ​ဘုရင်​အား “​ဘုရားသခင်​သည် အကျွန်ုပ်​အား မည်သို့​ပြု​ပေး​မည်​ကို အကျွန်ုပ်​သိ​ရ​သည့်​အချိန်​ထိ အကျွန်ုပ်​၏​မိဘ​တို့​ကို အရှင့်​ထံ၌ ခိုလှုံခွင့်​ပြု​ပါ​”​ဟု လျှောက်ဆို​ပြီး"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 4,
      "text": "သူ​တို့​ကို မောဘ​ဘုရင်​ထံ​၌ အပ်နှံ​ထား​ခဲ့​၏​။ ဒါဝိဒ်​သည် ဥမင်လိုဏ်ခေါင်း​တွင် ပုန်း​နေ​ရ​သမျှ​ကာလ​ပတ်လုံး သူ​တို့​သည် မောဘ​ဘုရင်​ထံ၌ ခိုလှုံ​ခဲ့​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 5,
      "text": "ထိုအခါ ပရောဖက်​ဂဒ်​က ဒါဝိဒ်​အား “​ပုန်း​မ​နေ​ပါ​နှင့်​။ ဥမင်လိုဏ်ခေါင်း​ထဲမှ ထွက်လာ​၍ ယုဒ​ပြည်​သို့ သွား​လော့​”​ဟု ဆို​သဖြင့် ဒါဝိဒ်​သည် ထွက်လာ​၍ ဟာရက်​တော​သို့ သွား​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 6,
      "text": "ရှောလု​မင်းကြီး​သည် လှံ​ကို​ကိုင်ဆောင်​ပြီး သူ့​အမှုထမ်း​အပေါင်း​တို့​လည်း သူ့​ကို​ဝန်းရံ​လျက် ဂိဗာ​မြို့​၊ တောင်ကုန်း​တစ်​ခု​ပေါ်​ရှိ ဧရှာလပင်​အောက်​တွင် စခန်းချ​နေ​စဉ် ဒါဝိဒ်​နှင့်အတူ လူ​တစ်​စု​ကို တွေ့ရှိ​သည်​ဟူသော​သတင်း​ကို ကြားသိ​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 7,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​က သူ့​ကို​ခစား​နေ​သော​အမှုထမ်း​တို့​အား “​ဗင်္ယာမိန်​အမျိုးသား​တို့​၊ နားထောင်​ကြ​။ ယေရှဲ​၏​သား​သည် သင်​တို့​အားလုံး​ကို လယ်မြေ​များ​၊ စပျစ်ခြံ​များ ပေး​မည်လော​။ သင်​တို့​အားလုံး​ကို လူ​တစ်ထောင်အုပ်​၊ လူ​တစ်ရာအုပ်​အရာ ခန့်အပ်​မည်လော​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 8,
      "text": "သင်​တို့​အားလုံး​သည် ငါ့​ကို ပူးပေါင်းကြံစည်​ကြ​ပြီ​။ ငါ့​သား​နှင့်​ယေရှဲ​၏​သား​တို့ ကတိသစ္စာပြု​ကြ​သည်​ကို ငါ့​အား မည်သူ​မျှ​မ​ပြောပြ​ကြ​။ ယခု​ကဲ့သို့ ငါ့​အစေအပါး​သည် ငါ့​အား ချောင်းမြောင်း​တိုက်ခိုက်​ရန် ငါ့​သား​ကိုယ်တိုင် သွေးထိုး​ပေး​သည်​ကို​လည်း မည်သူ​မျှ ငါ့​အဖို့ ဝမ်း​မ​နည်း​ကြ​။ ငါ့​အား မည်သူ​မျှ​မ​ပြောပြ​ကြ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 9,
      "text": "ထိုအခါ ရှောလု​၏​အမှုထမ်း​တစ်​ဦး​ဖြစ်​သော ဧဒုံ​အမျိုးသား​ဒေါဂ​က “​ယေရှဲ​၏​သား​သည် နောဗ​မြို့​ရှိ အဟိတုပ်​၏​သား အဟိမလက်​ထံသို့​လာ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 10,
      "text": "အဟိမလက်​သည် သူ့​အတွက် ထာဝရဘုရား​ထံ မေးမြန်း​ပေး​ပြီး သူ့​ကို စားစရာ​များ​လည်း ပေး​ပါ​၏​။ ဖိလိတ္တိ​ပြည်သား ဂေါလျတ်​၏​ဓား​ကို​လည်း သူ့​အား ပေးလိုက်​ပါ​၏​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 11,
      "text": "ထိုအခါ ရှင်ဘုရင်​သည် အဟိတုပ်​၏​သား ယဇ်ပုရောဟိတ်​အဟိမလက်​နှင့်တကွ နောဗ​မြို့​ရှိ ယဇ်ပုရောဟိတ်​များ​ဖြစ်​သော သူ့​ဖခင်​၏​အိမ်ထောင်မိသားစု​အားလုံး​ကို လူ​လွှတ်​ခေါ်​စေ​သဖြင့် သူ​တို့​အားလုံး ရှင်ဘုရင်​ထံသို့ ရောက်လာ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 12,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က “​အဟိတုပ်​၏​သား​၊ ယခု နားထောင်​လော့​”​ဟု ဆို​လျှင် အဟိမလက်​က “​ဟုတ်ကဲ့​ပါ အရှင်​”​ဟု လျှောက်​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 13,
      "text": "ရှောလု​မင်းကြီး​က “​သင်​နှင့် ယေရှဲ​၏​သား​သည် ငါ့​ကို အဘယ်ကြောင့် ပူးပေါင်းကြံစည်​ကြ​သနည်း​။ သင်​သည် သူ့​အား အစားအစာ​နှင့်​ဓား​ကို ပေး​ခဲ့​သည်​သာမက ဘုရားသခင်​ထံ၌​လည်း မေးမြန်း​ပေး​သောကြောင့် ယနေ့ သူ​သည် ငါ့​ကို ထကြွ​ပုန်ကန်​၍ ချောင်းမြောင်း​တိုက်ခိုက်​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 14,
      "text": "အဟိမလက်​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​အမှုထမ်း​အပေါင်း​တို့​တွင် ဒါဝိဒ်​ကဲ့သို့ မည်သူ​သစ္စာရှိ​သနည်း​။ သူ​သည် အရှင်မင်းကြီး​၏​သမက်​တော်​ဖြစ်​၏​။ အရှင်မင်းကြီး​၏​ကိုယ်ရံတော်မှူး​လည်း ဖြစ်​၏​။ အရှင်မင်းကြီး​၏​အိမ်ထောင်မိသားစု​တွင် ဂုဏ်သရေ​ရှိ​သူ​လည်း ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 15,
      "text": "သူ့​အတွက် ဘုရားသခင်​ထံ မေးမြန်း​ပေး​သည်​မှာ ဤ​နေ့​မှာ ပထမဆုံး​အကြိမ်​ဖြစ်​သလော​။ အရှင်မင်းကြီး စွပ်စွဲပြောဆို​သော​စကား​များ​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​ဖခင်​၏​အိမ်ထောင်မိသားစု​များ​နှင့် ဝေး​ပါစေသော​။ အရှင့်​အစေအပါး​သည် မည်သည့်​အမှု​ကြီး​ငယ်​ကို​မျှ မ​သိ​ပါ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 16,
      "text": "ထိုအခါ ရှင်ဘုရင်​က “​အဟိမလက်​၊ သင်​နှင့်​သင့်​ဖခင်​၏​အိမ်ထောင်မိသားစု​အားလုံး မုချ​သေ​ရ​မည်​”​ဟု ဆို​ပြီး"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 17,
      "text": "သူ့​အနား​၌​ရပ်​နေ​သော​ခြေမြန်​တော်​တို့​အား “​လှည့်​၍ ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​တို့​ကို သတ်​ကြ​လော့​။ သူ​တို့​သည် ဒါဝိဒ်​ဘက်သား​ဖြစ်​၏​။ ဒါဝိဒ် ထွက်ပြေး​တိမ်းရှောင်​သည်​ကို သိ​လျက်ပင် ငါ့​အား အကြောင်း​မ​ကြား​ကြ​”​ဟု မိန့်ဆို​၏​။ သို့သော် ရှင်ဘုရင်​၏​အမှုထမ်း​တို့​သည် ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​တို့​ကို ကွပ်မျက်​ရန် လက်​ကို မ​ရွယ်​လို​ကြ​ပေ​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 18,
      "text": "ထိုအခါ ရှင်ဘုရင်​က ဒေါဂ​အား “​လှည့်​၍​ယဇ်ပုရောဟိတ်​တို့​ကို တိုက်ခိုက်​လော့​”​ဟု ဆို​လျှင် ဧဒုံ​အမျိုးသား​ဒေါဂ​သည် လှည့်​၍​ယဇ်ပုရောဟိတ်​တို့​ကို တိုက်ခိုက်​၏​။ ထို​နေ့ချင်း​တွင် သူ​သည် ပိတ်ချော​ဧဖုဒ် ​ဝတ်ဆင်​သူ​ယဇ်ပုရောဟိတ် ရှစ်ဆယ့်​ငါး​ပါး​တို့​ကို သတ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 19,
      "text": "ယဇ်ပုရောဟိတ်​တို့​နေ​ရာ​မြို့​ဖြစ်​သော နောဗ​မြို့​ကို​လည်း ဓား​ဖြင့်​လုပ်ကြံ​ရာ ယောက်ျား​၊ မိန်းမ​၊ နို့စို့​ကလေးသူငယ်​များ​မှစ၍ သိုး​၊ နွား​၊ မြည်း တို့​ပါမကျန် ဓား​ဖြင့်​သေ​ကြ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 20,
      "text": "သို့သော် အဗျာသာ ဟု​ခေါ်​သော အဟိတုပ်​၏​မြေး​၊ အဟိမလက်​၏​သား​တစ်​ယောက်​သည် လွတ်မြောက်​၍ ဒါဝိဒ်​ထံ ပြေးသွား​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 21,
      "text": "ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​တို့​အား ရှောလု​မင်းကြီး​ကွပ်မျက်​ပစ်​ကြောင်း​ကို အဗျာသာ​သည် ဒါဝိဒ်​အား ပြောပြ​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 22,
      "text": "ဒါဝိဒ်​က အဗျာသာ​အား “​ထို​နေ့​၌ ဧဒုံ​အမျိုးသား​ဒေါဂ​သည် ထို​နေရာ​တွင်​ရှိ​နေ​၏​။ သူ​သည် ရှောလု​မင်းကြီး​အား ကျိန်းသေ​ပြောပြ​လိမ့်မည်​ကို ငါ​သိ​၏​။ သင့်​ဖခင်​၏​အိမ်ထောင်မိသားစု​အားလုံး သေ​ရ​သည့်​အကြောင်းရင်း​မှာ ငါ့​ကြောင့်​ပင်​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 23,
      "text": "ငါ​နှင့်အတူ​နေ​လော့​။ မ​ကြောက်​နှင့်​။ ငါ့​အသက်​ကို ရန်ရှာ​သော​သူ​သည် သင့်​အသက်​ကို​လည်း ရန်ရှာ​မည်​။ ငါ​နှင့်အတူ​နေ​လျှင် သင့်​ကို ငါ​စောင့်ရှောက်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 1,
      "text": "လူ​တို့​က ဒါဝိဒ်​အား “ဖိလိတ္တိ​လူမျိုး​တို့​သည် ကိလ​မြို့​ကို​တိုက်​၍ ကောက်နယ်တလင်း​များ​အား လုယူ​နေ​ကြ​ပါ​သည်”​ဟု ပြောပြ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 2,
      "text": "ထိုအခါ ဒါဝိဒ်​က ထာဝရဘုရား​အား “​ထို​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ် သွား​၍​တိုက်ခိုက်​ရ​ပါ​မည်လော​”​ဟု မေးလျှောက်​ရာ ထာဝရဘုရား​က ဒါဝိဒ်​အား “​ဖိလိတ္တိ​လူမျိုး​တို့​ကို သွား​၍​တိုက်ခိုက်​ပြီး ကိလ​မြို့​အား ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 3,
      "text": "သို့သော် ဒါဝိဒ်​၏​နောက်လိုက်​တို့​က “​ယုဒ​ပြည်​၌​ပင် ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​တို့ ကြောက်ရွံ့​နေ​ရ​ပါ​ပြီ​။ ကိလ​မြို့​သို့​သွား​၍ သူ​တို့​ကို တိုက်ခိုက်​ရ​မည်​ဆိုပါက ပို၍​ပင်​ကြောက်​ရ​ပါ​၏​”​ဟု သူ့​အား ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 4,
      "text": "ထို့ကြောင့် ဒါဝိဒ်​က ထာဝရဘုရား​အား ထပ်မံ​မေးလျှောက်​ရာ ထာဝရဘုရား​က “​ထ​၍ ကိလ​မြို့​သို့ ချီသွား​လော့​။ ဖိလိတ္တိ​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 5,
      "text": "ထို့ကြောင့် ဒါဝိဒ်​သည် သူ့​နောက်လိုက်​တို့​နှင့်အတူ​ကိလ​မြို့​သို့ ချီသွား​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ပြီး သူ​တို့​၏​တိရစ္ဆာန်​များ​ကို သိမ်းယူ​၏​။ သူ​တို့​ကို အကြီးအကျယ်​လုပ်ကြံ​သတ်ဖြတ်​၏​။ ဤသို့ဖြင့် ဒါဝိဒ်​သည် ကိလ​မြို့သား​တို့​ကို ကယ်တင်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 6,
      "text": "အဟိမလက်​၏​သား အဗျာသာ​သည် ကိလ​မြို့​ရှိ ဒါဝိဒ်​ထံသို့ ပြေးလာ​စဉ်က မိမိ​နှင့်အတူ ဧဖုဒ် ​ကို ယူဆောင်​လာ​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 7,
      "text": "ဒါဝိဒ်​သည် ကိလ​မြို့​သို့​ရောက်လာ​ကြောင်း​ကို ရှောလု​မင်းကြီး​ကြား​သောအခါ “​ဘုရားသခင်​သည် ဒါဝိဒ်​ကို ငါ့​လက်​သို့​အပ်​တော်မူ​ပြီ​။ သူ​သည် မြို့​တံခါး​များ​၊ ကန့်လန့်ကျင်​များ အခိုင်အမာ​ရှိ​သော​မြို့​ထဲသို့​ဝင်​၍ ကိုယ့်ကိုယ်ကိုယ်​ပိတ်​မိ​စေ​ပြီ​”​ဟု ဆို​ပြီး"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 8,
      "text": "ကိလ​မြို့​သို့​ချီသွား​၍ ဒါဝိဒ်​နှင့်​သူ​၏​လူ​များ​ကို ဝိုင်း​ထား​ပြီး တိုက်ခိုက်​ရန် ရှောလု​မင်းကြီး​သည် စစ်သည်​အပေါင်း​တို့​ကို စုဝေး​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 9,
      "text": "ရှောလု​မင်းကြီး မကောင်း​ကြံစည်​နေ​သည်​ကို ဒါဝိဒ်​သိ​လျှင် ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ် ​ကို ယူ​ခဲ့​ပါ​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 10,
      "text": "ထို့နောက် ဒါဝိဒ်​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကြောင့် ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​၍ မြို့​ကို​ဖျက်ဆီး​ရန် ကြံစည်​နေ​သည်​ကို ကိုယ်တော်​၏​အစေအပါး ကြားသိ​ရ​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 11,
      "text": "ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​ကို သူ့​လက်​သို့ အပ်နှံ​မည်လော​။ ကိုယ်တော်​၏​အစေအပါး ကြားသိ​သည့်​အတိုင်း ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​မည်လော​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး​အား ယခု သိ​စေ​ပါ​”​ဟု လျှောက်ဆို​၏​။ ထာဝရဘုရား​က​လည်း “​ချီလာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 12,
      "text": "ထိုအခါ ဒါဝိဒ်​က “​ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​နောက်လိုက်​တို့​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်နှံ​ကြ​မည်လော​”​ဟု မေး​ရာ ထာဝရဘုရား​က “​အပ်နှံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 13,
      "text": "ထို့ကြောင့် ဒါဝိဒ်​နှင့် သူ့​နောက်လိုက်​ခြောက်​ရာ​ခန့်​တို့​သည် ထ​၍ ကိလ​မြို့​မှ​ချက်ချင်း​ထွက်သွား​ပြီး တစ်နေရာ​မှ​တစ်နေရာ​သို့ ရွှေ့ပြောင်း​သွားလာ​ရ​ကြ​၏​။ ထိုသို့ ဒါဝိဒ်​သည် ကိလ​မြို့​မှ ထွက်ပြေး​သွား​ကြောင်း​ကို ရှောလု​မင်းကြီး​ကြားသိ​လျှင် သူ​ဆက်​မ​လိုက်​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 14,
      "text": "ဒါဝိဒ်​သည် တောကန္တာရ​ထဲရှိ ဥမင်လိုဏ်ခေါင်း​များ​နှင့် ဇိဖ​တောကန္တာရ​ရှိ​တောင်ပေါ်ဒေသ​တို့​တွင် ပုန်းရှောင်​နေထိုင်​၏​။ ရှောလု​မင်းကြီး​သည် နေ့စဉ်​နှင့်အမျှ ဒါဝိဒ်​ကို ရှာဖွေ​သော်လည်း ဘုရားသခင်​သည် ဒါဝိဒ်​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်​တော်​မ​မူ​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 15,
      "text": "ဒါဝိဒ်​သည် ဇိဖ​တောကန္တာရ​ရှိ ဟောရေရှ​အရပ်​တွင် ပုန်းရှောင်​နေစဉ် သူ့​အား​သတ်​ရန် ရှောလု​မင်းကြီး​ထွက်လာ​ကြောင်း​ကို ကြားသိ​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 16,
      "text": "ထိုအခါ ရှောလု​မင်းကြီး​၏​သား​ယောနသန်​သည် ဒါဝိဒ်​ရှိ​ရာ ဟောရေရှ​အရပ်​သို့ ထ​သွား​၍ ဒါဝိဒ်​အား ဘုရားသခင်​၌ ခွန်အား​ပေး​လျက်"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 17,
      "text": "“​သင်​မ​စိုးရိမ်​နှင့်​။ ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် သင့်​အသက်​ကို ရန်ရှာ​နိုင်​မည်​မ​ဟုတ်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင် ဖြစ်​ရ​လိမ့်မည်​။ ငါ​သည် သင့်​အတွက် လက်ရုံး​သဖွယ်​ဖြစ်​မည်​။ ဤသည်ကို ငါ့​ခမည်းတော်​ရှောလု​မင်းကြီး​လည်း သိ​ပါ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 18,
      "text": "ထို့နောက် သူ​တို့​နှစ်​ဦး ထာဝရဘုရား​ရှေ့​တော်​တွင် ကတိသစ္စာ​ပြု​၍ ဒါဝိဒ်​သည် ဟောရေရှ​အရပ်​၌​နေ​ခဲ့​ပြီး ယောနသန်​ကား သူ့​အိမ်​သို့​ပြန်သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 19,
      "text": "ဇိဖ​မြို့သား​တို့​သည် ရှောလု​မင်းကြီး​ရှိ​ရာ​ဂိဗာ​မြို့​သို့ လာ​၍ “​အကျွန်ုပ်​တို့​၏​နယ်မြေ​၊ ယေရှိမုန်​တောင်ဘက်​၊ ဟခိလ​တောင်ကုန်း​၊ ဟောရေရှ​အရပ်​ရှိ ဥမင်လိုဏ်ခေါင်း​တို့​တွင် ဒါဝိဒ် ပုန်းရှောင်​နေ​သည်​မ​ဟုတ်​ပါ​လော​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 20,
      "text": "အရှင်မင်းကြီး​ကိုယ်တော်တိုင် ဆင်းလာ​လို​လျှင် ဆင်းလာ​တော်မူ​ပါ​။ သူ့​ကို အရှင်မင်းကြီး​လက်​သို့ အကျွန်ုပ်​တို့ အပ်​ပါ​မည်​”​ဟု လျှောက်ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 21,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က သူ​တို့​အား “​သင်​တို့ ငါ့​ကို စာနာထောက်ထား​ကြ​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကောင်းချီးပေး​ပါစေ​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 22,
      "text": "ယခု သင်​တို့​ပြန်​၍ သူ​အဘယ်မှာ​နေ​သည်​၊ မည်သည့်​နေရာ​သို့​သွား​သည်​၊ ထို​နေရာ​တွင် သူ့​အား မည်သူ​တွေ့​ခဲ့​သည်​တို့​ကို အသေအချာ​ထပ်ပြီး​စူးစမ်း​ကြည့်​ကြ​လော့​။ သူ​သည် အလွန်​ဉာဏ်များ​သော​သူ​ဖြစ်ကြောင်း ငါ​ကြားသိ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 23,
      "text": "သူ​ပုန်းခို​သော​နေရာ​ရှိသမျှ​တို့​ကို စူးစမ်း​၍ မှတ်သား​ထား​ပြီး ငါ့​ကို အတိအကျ​ပြန်လာ​ပြောပြ​ကြ​လော့​။ ငါ​သည် သူ​ရှိ​ရာ​သို့ သင်​တို့​နှင့်အတူ​လိုက်သွား​မည်​။ ယုဒ​ပြည်​ရှိ ယုဒ​လူမျိုး အထောင်​အသောင်း​တို့​ကြား​တွင် ပုန်း​နေ​လျှင်ပင် ရ​အောင်​ရှာ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 24,
      "text": "ထို့ကြောင့် သူ​တို့​သည် ထ​၍ ရှောလု​မင်းကြီး​ထက်​အလျင် ဇိဖ​မြို့​သို့ ပြန်​နှင့်​ကြ​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​ကား ယေရှိမုန်​တောင်ဘက်​၊ အရာဗ​လွင်ပြင်​၊ မောန​တောကန္တာရ​တွင် ရှိ​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 25,
      "text": "ရှောလု​မင်းကြီး​နှင့်​သူ့​နောက်လိုက်​တို့​သည် ဒါဝိဒ်​အား ရှာဖွေ​ရန် ထွက်လာ​ကြောင်း​ကို ဒါဝိဒ်​ကြားသိ​လျှင် မောန​တောကန္တာရ​ရှိ ကျောက်ဆောင်​သို့ သွား​၍ နေထိုင်​၏​။ ထို​သတင်း​ကို ရှောလု​မင်းကြီး ကြားသိ​သောအခါ ဒါဝိဒ်​ရှိ​ရာ မောန​တောကန္တာရ​သို့ လိုက်သွား​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 26,
      "text": "ရှောလု​မင်းကြီး​သည် တောင်စောင်း​တစ်ဘက်​တွင် ရောက်​နေ​ချိန်​၌ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် တောင်စောင်း​အခြား​တစ်ဘက်​တွင် ရှိ​နေ​၏​။ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံမှ အလျင်အမြန်​ရှောင်သွား​ရ​၏​။ ရှောလု​မင်းကြီး​နှင့်​သူ့​နောက်လိုက်​တို့​သည် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​ကို ဖမ်းမိ​ခါနီး​ဆဲဆဲ​တွင်"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 27,
      "text": "ရှောလု​မင်းကြီး​၏​စေတမန်​တစ်​ဦး ရောက်လာ​၍ “​ဖိလိတ္တိ​လူမျိုး​တို့​သည် ပြည်​ကို​ဝင်ရောက်စီးနင်း​နေ​ပါ​ပြီ​။ အလျင်အမြန် ပြန်လာ​ပါ​လော့​”​ဟု လျှောက်တင်​သဖြင့်"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 28,
      "text": "ရှောလု​မင်းကြီး​သည် ဒါဝိဒ်​နောက်သို့​လိုက်​ရာ​မှ​ပြန်လှည့်​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ချီ​လေ​၏​။ ထို့ကြောင့် ဤ​နေရာ​ကို သေလဟမ္မလေကုပ် ​ဟု ခေါ်ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 29,
      "text": "ထို့နောက် ဒါဝိဒ်​သည် ထို​အရပ်​မှ အင်္ဂေဒိ​အရပ်​သို့​သွား​ပြီး ဥမင်လိုဏ်ခေါင်း​တို့​တွင် ပုန်းရှောင်​နေ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 1,
      "text": "ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံတိုက်ခိုက်​ပြီး ပြန်လာ​သောအခါ “​ကြည့်ရှု​လော့​။ ဒါဝိဒ်​သည် အင်္ဂေဒိ​တောကန္တာရ​၌ ပုန်းရှောင်​နေ​ပါ​သည်​”​ဟု သူ့​အား လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 2,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ​ရွေးချယ်​ထား​သော​လူ​သုံး​ထောင်​ကို​ခေါ်​၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​ကို​ရှာဖွေ​ရန် တောင်ဆိတ်​များ​ကျက်စား​ရာ​ကျောက်ဆောင်​ရှေ့​သို့ သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 3,
      "text": "လမ်း​ဘေး​ရှိ သိုး​ခြံ​များ​ရှိ​ရာ​သို့​ရောက်​သောအခါ ရှောလု​မင်းကြီး​သည် အပေါ့အပါး​သွား​လို​သောကြောင့် ထို​နေရာ​ရှိ လိုဏ်ဂူ​တစ်​ခု​သို့ ဝင်သွား​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ထို​လိုဏ်ဂူ​အတွင်းပိုင်း​ထဲတွင် ရှိ​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 4,
      "text": "ထိုအခါ ဒါဝိဒ်​အား သူ​၏​နောက်လိုက်​တို့​က “​ယနေ့​သည် ထာဝရဘုရား​က သင့်​အား ‘ကြည့်ရှု​လော့​။ သင့်​ရန်သူ​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ သင်​အလိုရှိ​သည့်​အတိုင်း သူ့​ကို​ပြု​နိုင်​မည်​’​ဟု မိန့်​တော်မူ​သော​နေ့​ပင်တည်း​”​ဟု ဆို​၏​။ ထိုအခါ ဒါဝိဒ်​သည်​ထ​၍ ရှောလု​မင်းကြီး​၏​ဝတ်လုံ​စွန်း​ကို တိတ်တဆိတ် ဖြတ်ယူ​ထား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 5,
      "text": "သို့သော် ဒါဝိဒ်​သည် ထိုသို့ ရှောလု​မင်းကြီး​၏​ဝတ်လုံစွန်း​ကို​ဖြတ်​မိ​သည့်​အတွက် စိတ်မကောင်း​ဖြစ်​လျက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်​မိ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 6,
      "text": "ထို့ကြောင့် သူ့​နောက်လိုက်​တို့​အား “​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​ပြု​ခြင်း​မှ ထာဝရဘုရား​သည် ငါ့​ကို ဆီးတား​တော်မူ​ပါစေသော​။ အကြောင်းမူကား ထို​သခင်​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 7,
      "text": "ထိုသို့ ပြောဆို​ခြင်း​ဖြင့် ဒါဝိဒ်​သည် မိမိ​နောက်လိုက်​တို့​ကို တားဆီး​လေ​၏​။ ရှောလု​မင်းကြီး​အား တိုက်ခိုက်​ရန် အခွင့်​မ​ပေး​။ ရှောလု​မင်းကြီး​သည်​လည်း လိုဏ်ဂူ​ထဲမှ​ထွက်​ပြီး ခရီးဆက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 8,
      "text": "ထို့နောက် ဒါဝိဒ်​သည် လိုဏ်ဂူ​ထဲမှ​ထွက်လာ​ပြီး “​အကျွန်ုပ်​၏​သခင်​၊ အရှင်မင်းကြီး​”​ဟု ရှောလု​မင်းကြီး​၏​နောက်မှ အော်ခေါ်​ရာ ရှောလု​မင်းကြီး​သည် နောက်သို့​လှည့်ကြည့်​လျှင် ဒါဝိဒ်​သည် မြေ​ပေါ်​ပျပ်ဝပ်​လျက် ဦးချ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 9,
      "text": "ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “ ‘​ဒါဝိဒ်​သည် အရှင်မင်းကြီး​ကို မကောင်း​ကြံ​နေ​ပါ​သည်​’​ဟု လူ​တို့​ပြော​သော​စကား​အား အဘယ်ကြောင့် နားယောင်​ရ​ပါ​သနည်း​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 10,
      "text": "ယခုပင်​ကြည့်​ပါ​လော့​။ ထာဝရဘုရား​သည် လိုဏ်ဂူ​ထဲ​ရောက်​နေ​သော​အရှင်မင်းကြီး​အား အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​သည်​ကို ယနေ့ အရှင်မင်းကြီး​အမြင်​ပင် ဖြစ်​ပါ​၏​။ အရှင်မင်းကြီး​ကို ကွပ်မျက်​ရန်​ပြောဆို​ကြ​သော်လည်း အရှင်မင်းကြီး​ကို အကျွန်ုပ်​နှမြော​သည်​ဖြစ်၍ အကျွန်ုပ်​က ‘ငါ​သည် ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​မ​ပြု​။ အကြောင်းမှာ သူ​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏’​ဟု ပြန်ပြော​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 11,
      "text": "အကျွန်ုပ်​၏​ဖခင်​၊ ယခု အကျွန်ုပ်​လက်​ထဲမှ အရှင်မင်းကြီး​၏​ဝတ်လုံ​စ​ကို သေသေချာချာ​ကြည့်​ပါ​။ အရှင်မင်းကြီး​၏​ဝတ်လုံ​စွန်း​ကို​သာ ဖြတ်​ခဲ့​ပါ​၏​။ အရှင်မင်းကြီး​ကို မ​သတ်​ခဲ့​ပါ​။ ထို့ကြောင့် အရှင်မင်းကြီး​ကို အကျွန်ုပ် မကောင်း​မ​ကြံ​၊ မ​ပုန်ကန်​ကြောင်း​ကို သိမှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အရှင်မင်းကြီး​ကို မ​ပြစ်မှား​ပါ​။ သို့သော် အရှင်မင်းကြီး​သည် အကျွန်ုပ်​ကို လိုက်လံ​သတ်ဖြတ်​နေ​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 12,
      "text": "ထာဝရဘုရား​သည် အရှင်မင်းကြီး​နှင့် အကျွန်ုပ်​ကြား​တွင် စီရင်​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် အကျွန်ုပ်​အဖို့ အရှင်မင်းကြီး​ကို လက်တုံ့ပြန်​ပေး​တော်မူ​ပါစေသော​။ အကျွန်ုပ်​မူကား အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 13,
      "text": "‘​ဆိုးယုတ်​သော​သူ​ထံမှ ဆိုးယုတ်​သော​အမှု ထွက်​တတ်​၏​’​ဟူသော ရှေး​ဆိုရိုး​ရှိ​ပါ​၏​။ အကျွန်ုပ်​မူကား အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 14,
      "text": "အစ္စရေး​ဘုရင်​သည် မည်သူ့​ကို တိုက်ခိုက်​ရန် ထွက်လာ​သနည်း​။ မည်သူ့​နောက်​ကို လိုက်​နေ​သနည်း​။ ခွေး​သေကောင်​နောက်​ကို​လော​၊ ခွေးလှေး​တစ်​ကောင်​နောက်​ကို​လော​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 15,
      "text": "ယခုမှာ ထာဝရဘုရား​သည် အရှင်မင်းကြီး​နှင့် အကျွန်ုပ်​ကြား​တွင် တရားသူကြီး​အဖြစ် တရားစီရင်​တော်မူ​ပါစေသော​။ ကိုယ်တော်​သည် ကြည့်ရှု​၍ အကျွန်ုပ်​၏​အမှု​ကို ဖြေရှင်းပေး​တော်မူ​ပါစေသော​။ အရှင်မင်းကြီး​လက်​မှ​လည်း အကျွန်ုပ်​ကို ကယ်လွှတ်​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 16,
      "text": "ဒါဝိဒ်​သည် ရှောလု​မင်းကြီး​အား ထို​စကား​အလုံးစုံ​ကို ပြော​ပြီး​သောအခါ ရှောလု​မင်းကြီး​က “​ငါ့​သား​ဒါဝိဒ်​၊ ဤ​အသံ​ကား သင့်​အသံ​လော​”​ဟု ဆို​ပြီးလျှင် ရှောလု​မင်းကြီး​သည် အော်ဟစ်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 17,
      "text": "ထို့နောက် ဒါဝိဒ်​အား “​သင်​သည် ငါ့​ထက် သာ၍​ဖြောင့်မတ်​ပါ​၏​။ ငါ​သည် သင့်​ကို မကောင်း​ကြံ​ခဲ့​သော်လည်း သင်​မူကား ငါ့​ကို ကောင်းမွန်​စွာ​ဆက်ဆံ​ခဲ့​ပြီ​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 18,
      "text": "ထာဝရဘုရား​သည် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော်လည်း သင်​သည် ငါ့​ကို​မ​သတ်​ဘဲ ကောင်း​စွာ​ပြုမူ​ခဲ့​ကြောင်း​ကို ယနေ့ သင်​ထုတ်ဖော်​ပြ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 19,
      "text": "လူ​သည် မိမိ​ရန်သူ​ကို​တွေ့​လျှင် သူ့​ကို ဘာမျှ​မပြု​ဘဲ အလွတ်ပေး​မည်​လော​။ သို့သော် ယနေ့မှာ ငါ့​ကို သင်​ပြု​ပေး​ခဲ့​သမျှ ထာဝရဘုရား​သည် သင့်​ကို ကောင်း​သော​အရာ​များ ပြန်ပေး​တော်မူ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 20,
      "text": "ယခုမှာ သင်​သည် စင်စစ်​ရှင်ဘုရင်​ဖြစ်​၍ အစ္စရေး​နိုင်ငံ​သည် သင့်​လက်​၌ တည်​မည်​ကို ငါ​သိ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 21,
      "text": "သို့ဖြစ်၍ သင်​သည် နောင်လာမည့် ငါ့​သားစဉ်မြေးဆက်​တို့​ကို မ​သုတ်သင်​၊ ငါ့​နာမ​ကို​လည်း ငါ့​ဖခင်​၏​အိမ်ထောင်စု​မှ မ​ပယ်ရှား​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​၌ ကျိန်ဆို​ပါ​လော့​”​ဟု ဆို​လျှင်"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 22,
      "text": "ဒါဝိဒ်​သည် ရှောလု​မင်းကြီး​အား ကျိန်ဆို​လေ​၏​။ ထို့နောက် ရှောလု​မင်းကြီး​သည် မိမိ​အိမ်​သို့ ပြန်သွား​၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​မူကား ဥမင်လိုဏ်ခေါင်း​ရှိ​ရာ​သို့ တက်သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 1,
      "text": "ရှမွေလ ကွယ်လွန်​သောအခါ အစ္စရေး​လူမျိုး​အားလုံး စုရုံး​၍ သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​၏​။ ထို့နောက် ရာမ​မြို့​ရှိ သူ့​အိမ်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ဒါဝိဒ်​သည်​လည်း ထ​၍ ပါရန်​တောကန္တာရ​သို့ ဆင်းသွား​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 2,
      "text": "ထိုစဉ်က ကရမေလ​မြို့​တွင် လုပ်ငန်း​လုပ်ကိုင်​၍ အလွန်​ချမ်းသာ​သော​သူ မောန​မြို့သား​တစ်​ဦး​ရှိ​၏​။ သူ​သည် သိုး​အကောင်​သုံး​ထောင်​၊ ဆိတ်​အကောင်​တစ်ထောင် ပိုင်ဆိုင်​ပြီး ကရမေလ​မြို့​၌​နေ​၍ သိုး​များ​ကို အမွေးညှပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 3,
      "text": "သူ့​အမည်​မှာ နာဗလ​၊ သူ့​မယား​အမည်​မှာ အဘိဂဲလ​ဖြစ်​၏​။ သူ့​မယား​သည် ဉာဏ်ရည်​ထက်မြက်​ပြီး ရုပ်ရည်​လည်း ချောမော​လှပ​သူ​ဖြစ်​၏​။ နာဗလ​မူကား ကာလက်​လူမျိုး​ဖြစ်ပြီး ကြမ်းတမ်း​သော​သူ​၊ စရိုက်​ဆိုးသွမ်း​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 4,
      "text": "နာဗလ​သည် မိမိ​သိုး​များ​ကို အမွေးညှပ်​လျက်​နေ​ကြောင်း တောကန္တာရ​တွင်​နေ​သော​ဒါဝိဒ်​ကြားသိ​လျှင်"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 5,
      "text": "ငယ်သား​ဆယ်​ဦး​ကို လွှတ်​၍ ဒါဝိဒ်​က ထို​ငယ်သား​တို့​အား “​ကရမေလ​မြို့​သို့ တက်သွား​ပြီး နာဗလ​ထံသို့ သွား​ကြ​လော့​။ ငါ့​ကိုယ်စား သူ့​ကို နှုတ်ဆက်​ကြ​လော့​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 6,
      "text": "သင်​တို့​က ‘​အသင်​နာဗလ​၊ အသက်ရှည်​ပါစေ​။ ချမ်းမြေ့​ပါစေ​။ သင့်​အိမ်သူအိမ်သား​များ​လည်း ချမ်းမြေ့​ကြ​ပါစေ​။ သင်​၌​ရှိ​သော​သူ​အပေါင်း​တို့​လည်း ချမ်းမြေ့​ကြ​ပါစေ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 7,
      "text": "အသင် ယခု သိုးမွေးညှပ်​နေ​သည်​ဟု ကြားသိ​ရ​ပါ​၏​။ သင်​၏​သိုးထိန်း​တို့​သည် ငါ​တို့​နှင့်အတူ ရှိ​နေ​စဉ်က ငါ​တို့​သည် သူ​တို့​ကို မ​နှောင့်ယှက်​ခဲ့​ပါ​။ ကရမေလ​မြို့​၌​ရှိ​နေစဉ်​ကာလ​ပတ်လုံး သူ​တို့​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ပျောက်ရှ​ခဲ့​ပါ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 8,
      "text": "အသင့်​ငယ်သား​တို့​ကို မေးကြည့်​ပါ​။ သူ​တို့​ပြောပြ​ပါ​လိမ့်မည်​။ ယခုလို နေ့ကောင်းနေ့မြတ်​မှာ ရောက်လာ​ကြ​သော​အကျွန်ုပ်​၏​ငယ်သား​တို့​သည်​လည်း အသင့်​ထံမှ မျက်နှာသာ​ရ​ပါစေသော​။ အသင်​စိတ်စေတနာ​ရှိ​သော​အရာ​ကို အသင့်​အစေအပါး​များ​နှင့် အသင့်​သား​ဒါဝိဒ်​အား ပေးလိုက်​ပါ​လော့’​ဟူ၍ သူ့​အား ပြောကြား​ရ​မည်”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 9,
      "text": "ဒါဝိဒ်​၏​ငယ်သား​တို့​သည်​လည်း သွား​၍ ဒါဝိဒ်​မှာလိုက်​သော​စကား​အလုံးစုံ​ကို နာဗလ​အား ပြောကြား​ပြီးနောက် စောင့်ဆိုင်း​လျက်​နေ​ကြ​စဉ်"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 10,
      "text": "နာဗလ​က ဒါဝိဒ်​၏​အစေအပါး​တို့​အား “​ဒါဝိဒ်​ကား မည်သူ​နည်း​။ ယေရှဲ​၏​သား​ကား မည်သူ​နည်း​။ ယခု​နေ့ရက်​တို့​တွင် သခင့်​ထံ​မှ ထွက်ပြေး​သော​အစေအပါး များပြား​လှ​ပါ​တကား​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 11,
      "text": "သိုးမွေးညှပ်​သူ​တို့​အတွက် ငါ​ပြင်ဆင်​ပေး​ထား​သော မုန့်​၊ ရေ​နှင့် အသား​တို့​ကို​ယူ​ပြီး မည်သည့်​အရပ်​မှ​လာ​သည်​ကို ငါ​မ​သိ​သော​သူ​တို့​အား ပေး​ရ​မည်လော​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 12,
      "text": "ထို့ကြောင့် ဒါဝိဒ်​၏​ငယ်သား​တို့​သည် လာ​ရာ​လမ်း​သို့ လှည့်​၍ ပြန်လာ​ကြ​၏​။ သူ​တို့ ပြန်ရောက်​သောအခါ ဒါဝိဒ်​အား ထို​စကား​အားလုံး​ကို ပြန်​ပြောပြ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 13,
      "text": "ထိုအခါ ဒါဝိဒ်​က မိမိ​လူ​တို့​အား “​ကိုယ့်​ဓား​ကိုယ် အသီးသီး​စွဲကိုင်​ကြ​လော့​”​ဟု ဆို​လျှင် သူ​တို့​သည် ကိုယ့်​ဓား​ကိုယ်​စွဲကိုင်​၍ ဒါဝိဒ်​သည်​လည်း မိမိ​ဓား​ကို​စွဲကိုင်​၏​။ လူ​လေး​ရာ​ခန့်​သည် ဒါဝိဒ်​နောက်သို့​လိုက်​၍ လူ​နှစ်ရာ​ခန့်​မှာ ပစ္စည်း​စောင့်​ရန်​ကျန်​နေ​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 14,
      "text": "ထိုအခါ အစေအပါး​တို့​ထဲမှ ငယ်သား​တစ်​ဦး​က နာဗလ​၏​မယား အဘိဂဲလ​အား “​ဒါဝိဒ်​သည် တောကန္တာရ​မှ စေတမန်​ကို​လွှတ်​၍ အကျွန်ုပ်​တို့​သခင်​အား နှုတ်ဆက်​သည်​ကို အကျွန်ုပ်​တို့​သခင်​သည် သူ​တို့​အား ရိုင်းပြ​စွာ​ပြောဆို​လိုက်​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 15,
      "text": "သူ​တို့​သည် အကျွန်ုပ်​တို့​အပေါ် အလွန်​ကောင်း​ပါ​၏​။ တော​ထဲတွင် သူ​တို့​နှင့်​လှည့်လည်သွားလာ​သော​ကာလ​ပတ်လုံး အကျွန်ုပ်​တို့​ကို အနှောင့်အယှက်​မ​ပေး​။ အကျွန်ုပ်​တို့​ပစ္စည်း​များ​လည်း ပျောက်ရှ​ခြင်း မ​ရှိ​ခဲ့​ပါ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 16,
      "text": "ထိုသို့ သူ​တို့​နှင့်အတူ သိုး​ထိန်း​ခဲ့​ချိန်​တစ်လျှောက်လုံး သူ​တို့​သည် နေ့​ရော​ည​ပါ အကျွန်ုပ်​တို့​အဖို့ အကွယ်အကာ ဖြစ်​ခဲ့​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 17,
      "text": "ယခုမှာ အကျွန်ုပ်​တို့​သခင်​နှင့် အိမ်သူအိမ်သား​အားလုံး​သည် ဘေး​ရောက်​တော့​မည်​ဖြစ်၍ မည်သို့​ပြု​ရ​မည်​ကို သခင်မ သိ​မြင်​ပါ​လော့​။ အကျွန်ုပ်​တို့​သခင်​သည် ဆိုးညစ်​သူ​ဖြစ်​သောကြောင့် သူ့​ကို​ပြော​၍​ရ​မည်​မ​ဟုတ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 18,
      "text": "ထိုအခါ အဘိဂဲလ​သည် မုန့်​အလုံး​နှစ်ရာ​၊ စပျစ်ဝိုင်​နှစ်​ဘူး​၊ ခုတ်ထစ်​ပြီးသား​သိုး​ငါး​ကောင်​၊ မုန့်ဆန်း​ငါး​စေအာ ​၊ စပျစ်သီးခြောက်​အခိုင်​တစ်ရာ​၊ သဖန်းပျဉ်​အချပ်​နှစ်ရာ တို့​ကို အလျင်အမြန်​ယူ​၍ မြည်း​များ​ပေါ်​တင်​ပြီးလျှင်"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 19,
      "text": "သူ့​ငယ်သား​တို့​အား “​သင်​တို့ ငါ့​ရှေ့​မှ အလျင်​သွား​နှင့်​ကြ​။ သင်​တို့​နောက်မှ ငါ​လိုက်​ခဲ့​မည်​”​ဟု ဆို​၏​။ ဤ​ကိစ္စ​ကို သူ့​ခင်ပွန်း​နာဗလ​အား မ​ပြောပြ​ဘဲ​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 20,
      "text": "အဘိဂဲလ​သည် မြည်း​ကို​စီး​လျက် တောင်​ကွေ့​တစ်​ခု​သို့​ရောက်လာ​စဉ် ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည်​လည်း ဆင်းလာ​၍ ထို​နေရာ​တွင် တွေ့ဆုံ​မိ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 21,
      "text": "ဒါဝိဒ်​က “​တော​ထဲတွင် ဤ​သူ​ပိုင်​သော​ဥစ္စာ​ရှိသမျှ တစ်စုံတစ်ရာ​မျှ မ​ပျောက်ရှ​အောင် ငါ​စောင့်ရှောက်​ပေး​ခဲ့​သည်​မှာ အချည်းနှီး​ဖြစ်​၏​။ သူ​သည် ငါ့​အား အကောင်း​ကို အဆိုး​နှင့် တုံ့ပြန်​ခဲ့​ပြီ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 22,
      "text": "ထို့ကြောင့် နံနက်​မိုးသောက်ချိန်​တွင် ငါ​သည် သူ့​လူ​ယောက်ျား​တစ်စုံတစ်ယောက်​ကို အသက်ရှင်​ကျန်​နေ​စေ​ခဲ့​လျှင် ဘုရားသခင်​သည် ငါ​ဒါဝိဒ်​၏​ရန်သူ​တို့​ကို ထိုထက်မက စီရင်​တော်မူ​ပါစေ​”​ဟု ဆို​ထား​နှင့်​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 23,
      "text": "အဘိဂဲလ​သည် ဒါဝိဒ်​ကို​မြင်​လျှင် မြည်း​ပေါ်​မှ​အလျင်အမြန်​ဆင်း​၍ ဒါဝိဒ်​ရှေ့ မြေ​ပေါ်တွင် ဦးညွှတ်​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 24,
      "text": "အဘိဂဲလ​သည် ဒါဝိဒ်​ခြေရင်း​တွင် ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​ကို​သာ အပြစ်​ပေး​ပါ​။ ယခု သခင့်​ကျွန်မ​လျှောက်တင်​ပါရစေ​။ သခင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပေး​ပါ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 25,
      "text": "အကျွန်ုပ်​၏​သခင်​၊ ဤ​ဆိုးညစ်​သော​သူ​နာဗလ​ကို စိတ်​ထဲ​မ​ထား​ပါ​နှင့်​။ သူ​သည် သူ​၏​နာမည်​နှင့်​လိုက်​ပါ​၏​။ နာဗလ ​ဟူသော​နာမည်​နှင့်အညီ မိုက်မဲ​သော​သူ​ဖြစ်​ပါ​၏​။ သခင်​စေလွှတ်​လိုက်​သော သခင့်​လူ​တို့​ကို သခင့်​ကျွန်မ မ​တွေ့​လိုက်​ရ​ပါ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 26,
      "text": "ယခုမှာ အကျွန်ုပ်​၏​သခင်​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သခင်​လည်း အသက်ရှင်​သည်​နှင့်အညီ ထာဝရဘုရား​သည် သခင့်​လက်​ကို လူသတ်​ခြင်း​ဘေး​၊ သခင်​ကိုယ်တိုင် လက်စားချေ​ခြင်း​ဘေး​မှ ဆီးတား​တော်မူ​ပြီ​။ သခင့်​ရန်သူ​၊ သခင့်​ကို အန္တရာယ်​ပြု​ရန် ကြံစည်​သော​သူ​တို့​သည် နာဗလ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 27,
      "text": "ယခု သခင့်​အဖို့ သခင့်​ကျွန်မ ယူလာ​သော​လက်ဆောင်​ကို သခင့်​နောက်လိုက်​ငယ်သား​တို့​အား ပေး​လိုက်​ပါရစေ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 28,
      "text": "သခင့်​ကျွန်မ​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သခင်​သည် ထာဝရဘုရား​အဖို့ စစ်တိုက်​သော​သူ​ဖြစ်​ပါ​၏​။ သခင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သခင်​၌ မည်သည့်​မကောင်းမှု​ကို​မျှ မ​တွေ့​ရ​ပါ​။ သို့ဖြစ်၍​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အမျိုးအနွယ်​ကို တည်မြဲ​စေ​တော်မူ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 29,
      "text": "တစ်စုံတစ်ယောက်​သည် ထ​၍ သခင့်​ကို​လိုက်​ပြီး သခင့်​အသက်​ကို ရန်ရှာ​မည်​ဆို​လျှင် သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အသက်​ကို အသက်​အိတ်​ထဲ၌​လုံခြုံ​စွာ ထုပ်​ထား​တော်မူ​ပါစေသော​။ သခင့်​ရန်သူ​တို့​၏​အသက်​ကို​ကား လောက်လွှဲ​ထဲမှ​လောက်စာလုံး​ကို လွှဲပစ်​သကဲ့သို့ လွှဲပစ်​တော်မူ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 30,
      "text": "ထာဝရဘုရား​သည် အကျွန်ုပ်​သခင့်​အဖို့ မိန့်​တော်မူ​ခဲ့​သော​ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​သည် အမှန်​ဖြစ်လာ​ပါစေသော​။ သခင့်​အား အစ္စရေး​လူမျိုး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 31,
      "text": "သို့မှ အကျွန်ုပ်​သခင်​သည် အကြောင်းမဲ့​လူသတ်​ခြင်း​၊ ကိုယ်တိုင်​လက်စားချေ​ခြင်း​ကြောင့် စိတ်သောက​ရောက်​စရာ​၊ စိတ်အနှောင့်အယှက်​ဖြစ်စရာ​အကြောင်း မ​ရှိ​ဘဲ​နေ​လိမ့်မည်​။ ထိုသို့ ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင်​ကို ကောင်းစား​စေ​သောအခါ သခင့်​ကျွန်မ​ကို​လည်း သတိရ​ပါ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 32,
      "text": "ထိုအခါ ဒါဝိဒ်​က အဘိဂဲလ​အား “​ယနေ့ သင်​နှင့်​ငါ တွေ့ဆုံ​ရန် သင့်​ကို​စေလွှတ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 33,
      "text": "သင်​၏​ဆင်ခြင်တုံတရား​ရှိ​မှု​အတွက် သင်​ကောင်းချီးခံစား​ရ​ပါစေသော​။ ယနေ့​မှာ သင်​သည် ငါ့​ကို လူ​အသက်သတ်​ခြင်း​အမှု​၊ ကိုယ်တိုင်​လက်စားချေ​ခြင်း​အမှု​မှ ကင်းဝေး​စေ​သောကြောင့် သင်​ကောင်းချီး​ခံစား​ရ​ပါစေသော​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 34,
      "text": "အကယ်စင်စစ် သင့်​ကို​ရန်ပြု​မည့်​ဘေး​မှ ငါ့​ကို ဆီးတား​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ သင်​သည် ငါ့​ကို အလျင်အမြန်​လာ​မ​တွေ့​လျှင် နံနက်​မိုးလင်း​သောအခါ နာဗလ​အပါအဝင် ယောက်ျား​တစ်ယောက်​မျှ ကျန်​တော့​မည်​မ​ဟုတ်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 35,
      "text": "ထို့နောက် ဒါဝိဒ်​သည် အဘိဂဲလ​ယူဆောင်​လာ​သော​လက်ဆောင်​တို့​ကို လက်ခံ​ယူ​ပြီးလျှင် “​သင့်​အိမ်​သို့ ငြိမ်းချမ်း​စွာ​ပြန်သွား​ပါ​။ သင့်​စကား​ကို ငါ​နားထောင်​ပြီ​။ သင်​တောင်းဆို​သည်​ကို ငါ​လက်ခံ​ပြီ​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 36,
      "text": "အဘိဂဲလ​သည် နာဗလ​ထံ​ပြန်ရောက်​သောအခါ နာဗလ​သည် အိမ်​ထဲတွင် ရှင်ဘုရင်​စားသောက်ပွဲ​ကဲ့သို့ စားသောက်ပွဲ​ကျင်းပ​လျက် အလွန်အကြူး​မူးယစ်​ပျော်ပါး​နေ​သည်​ကို တွေ့​ရ​သဖြင့် နံနက်​မိုးလင်း​သည့်​တိုင် မည်သည့်​အမှု​ကြီး​ငယ်​ကို​မျှ သူ့​အား မ​ပြောပြ​ပေ​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 37,
      "text": "နံနက်​ရောက်​၍ နာဗလ စပျစ်ဝိုင်​အမူးပြေ​သောအခါ သူ့​မယား​က သူ့​အား အဖြစ်အပျက်​အလုံးစုံ​ကို ပြောပြ​လေ​၏​။ ထိုအခါ နာဗလ​သည် နှလုံး​ရပ်သွား​၍ ခန္ဓာကိုယ်​မှာ ကျောက်တုံး​ကဲ့သို့ ဖြစ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 38,
      "text": "နောက် ဆယ်​ရက်​ခန့်​ကြာ​သော် ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သဖြင့် နာဗလ သေ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 39,
      "text": "နာဗလ သေ​ကြောင်း ဒါဝိဒ်​ကြား​သောအခါ “​နာဗလ​ကြောင့် ခံရ​သော​စော်ကား​ခြင်း​အမှု​မှ ကာကွယ်​ပေး​၍ ကိုယ်တော်​၏​အစေအပါး​ကို အပြစ်​မ​ပြု​မိ​စေရန် ဆီးတား​ပေး​တော်မူ​သော ထာဝရဘုရား​ကို ချီးမွမ်း​ပါ​၏​။ ထာဝရဘုရား​သည် နာဗလ​ပြု​ခဲ့​သော​မကောင်းမှု​ကို သူ့​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​သည် အဘိဂဲလ​ကို မယား​အဖြစ်​ယူ​ရန် လူ​လွှတ်​၍ တောင်းဆို​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 40,
      "text": "ဒါဝိဒ်​၏​အစေအပါး​တို့​သည် ကရမေလ​မြို့​ရှိ​အဘိဂဲလ​ထံသို့ သွား​၍ “​သင့်​ကို မယား​အဖြစ် တောင်းဆို​ပေး​ရန် ဒါဝိဒ်​သည် အကျွန်ုပ်​တို့​ကို သင့်​ထံ စေလွှတ်​ပါ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 41,
      "text": "ထိုအခါ အဘိဂဲလ​သည် ထ​၍ မြေ​ပေါ်တွင် ပျပ်ဝပ်​လျက် “​သခင့်​ကျွန်မ​သည် သခင့်​အစေအပါး​တို့​၏​ခြေ​ကို ဆေး​ပေး​ရ​မည့်​ကျွန်မ ဖြစ်​ပါ​၏​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 42,
      "text": "အဘိဂဲလ​သည် ချက်ချင်း​ထ​၍ အနီးကပ်အစေခံ​အမျိုးသမီး​ငါး​ဦး​ပါ​လျက် မြည်း​ကို​စီး​ကာ ဒါဝိဒ်​၏​တမန်​တို့​နှင့်အတူ လိုက်သွား​၍ ဒါဝိဒ်​၏​မယား​အဖြစ် ခံယူ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 43,
      "text": "ဒါဝိဒ်​သည် ယေဇရေလ​မြို့သူ အဟိနောင်​ကို​လည်း ယူထား​သဖြင့် သူ​၌ မယား​နှစ်​ဦး​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 44,
      "text": "ဒါဝိဒ်​၏​မယား​မိခါလ​ကို​မူ သူ့​ခမည်းတော်​ရှောလု​မင်းကြီး​သည် ဂလ္လိမ်​မြို့သား​၊ လဲရှ​၏​သား ပါလတိ​နှင့် ပေးစား​ထား​နှင့်​ခဲ့​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 1,
      "text": "ဇိဖ​မြို့သား​တို့​သည် ဂိဗာ​မြို့​ရှိ ရှောလု​မင်းကြီး​ထံ​ရောက်လာ​ပြီး “​ဒါဝိဒ်​သည် ယေရှိမုန်​အရှေ့ဘက်​၊ ဟခိလ​တောင်ကုန်း​၌ ပုန်းရှောင်​နေ​သည်​မ​ဟုတ်​ပါ​လော​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 2,
      "text": "ထိုအခါ ရှောလု​မင်းကြီး​သည် ထ​၍ ဇိဖ​တောကန္တာရ​သို့ ဆင်းသွား​၏​။ သူ​နှင့်အတူ ရွေးချယ်​ထား​သော​အစ္စရေး​တပ်သား​သုံး​ထောင်​တို့​သည်​လည်း ဒါဝိဒ်​ကို လိုက်ရှာ​ရန် ဇိဖ​တောကန္တာရ​သို့ လိုက်သွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 3,
      "text": "ရှောလု​မင်းကြီး​သည် ယေရှိမုန်​နှင့်​မျက်နှာချင်းဆိုင် ဟခိလ​တောင်ကုန်း​ပေါ် လမ်း​ဘေး​တစ်နေရာ​တွင် စခန်းချ​၏​။ ဒါဝိဒ်​မူကား တောကန္တာရ​ထဲတွင် ပုန်း​နေ​၏​။ တောကန္တာရ​ထဲသို့ ရှောလု​မင်းကြီး​လိုက်လာ​သည်​ကို ကြားသိ​သဖြင့်"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 4,
      "text": "ဒါဝိဒ်​သည် သူလျှို​တို့​ကို စေလွှတ်​စုံစမ်း​စေ​ရာ ရှောလု​မင်းကြီး အမှန်ပင်​ရောက်​နေ​ကြောင်း​ကို သိ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 5,
      "text": "ထိုအခါ ဒါဝိဒ်​သည် ထ​၍ ရှောလု​မင်းကြီး စခန်းချ​ရာ​နေရာ​သို့​သွား​လျှင် ရှောလု​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖြစ်​သော နေရ​၏​သား​အာဗနာ​တို့ အိပ်​သော​နေရာ​ကို တွေ့​လေ​၏​။ ရှောလု​မင်းကြီး​သည် တပ်သား​များ​ဝိုင်းရံ​ထား​သော​တပ်စခန်း​ထဲ​၌ အိပ်​နေ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 6,
      "text": "ဒါဝိဒ်​သည် ဟိတ္တိ​လူမျိုး အဟိမလက်​နှင့် ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​တို့​အား “​ရှောလု​တပ်စခန်း​သို့​ဆင်းသွား​လျှင် ငါ​နှင့် မည်သူ​လိုက်​မည်နည်း​”​ဟု မေး​ရာ အဘိရှဲ​က “​အကျွန်ုပ် လိုက်​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 7,
      "text": "ထို့ကြောင့် ဒါဝိဒ်​နှင့် အဘိရှဲ​သည် ညအချိန်​တွင် တပ်စခန်း​သို့ ဆင်းသွား​ရာ ရှောလု​သည် တပ်စခန်း​ထဲ၌ အိပ်​နေ​ပြီး သူ​၏​လှံတံ​ကို သူ့​ခေါင်းရင်း မြေကြီး​ပေါ်တွင် ထိုးစိုက်​ထား​သည်​ကို တွေ့​ရ​၏​။ အာဗနာ​နှင့် တပ်သား​တို့​သည်​လည်း သူ့​ကို ဝိုင်းရံ​လျက် အိပ်​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 8,
      "text": "ထိုအခါ အဘိရှဲ​က ဒါဝိဒ်​အား “​ယနေ့ပင် ဘုရားသခင်​သည် သခင်​၏​ရန်သူ​ကို သခင့်​လက်​သို့ အပ်​တော်မူ​ပြီ​။ ထို့ကြောင့် မြေ​သို့​ထုတ်ချင်းပေါက်​သွား​အောင် သူ့​ကို လှံ​နှင့် တစ်ချက်တည်း​ထိုးသတ်​ပါရစေ​။ နှစ်ချက် မ​ထိုး​စေ​ရ​ပါ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 9,
      "text": "သို့သော် ဒါဝိဒ်​က အဘိရှဲ​အား “​သူ့​ကို မ​သတ်​နှင့်​။ ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​လော”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 10,
      "text": "တစ်ဖန် ဒါဝိဒ်​က “ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ထာဝရဘုရား​သည် သူ့​ကို အမှန်ပင် ဒဏ်ခတ်​တော်မူ​လိမ့်မည်​။ သို့မဟုတ် သူ​သေ​ရ​မည့်​နေ့ ရောက်​လျှင်​လည်း ရောက်လာ​လိမ့်မည်​။ စစ်သွားတိုက်​၍ သူ​ကျဆုံး​လျှင်​လည်း ကျဆုံး​လိမ့်မည်​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 11,
      "text": "ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​မိ​သည့်​အပြစ်​မှ ထာဝရဘုရား​သည် ငါ​နှင့်​ဝေး​စေ​ပါစေသော​။ ယခု သူ့​ခေါင်းရင်း​ရှိ လှံ​နှင့် သူ့​ရေဘူး​ကို ယူ​ပြီး ငါ​တို့ သွား​ကြ​စို့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 12,
      "text": "ထို့နောက် ဒါဝိဒ်​သည် ရှောလု​မင်းကြီး​၏​ခေါင်းရင်း​ရှိ​လှံ​နှင့် ရေဘူး​ကို ယူ​ပြီး ပြန်သွား​ကြ​၏​။ ဤသည်ကို မည်သူ​က​မျှ မ​သိ​၊ မ​မြင်​။ ထာဝရဘုရား​သည် သူ​တို့​ကို အိပ်မောကျ​စေ​သဖြင့် အားလုံး​အိပ်ပျော်​နေ​သည်​ဖြစ်၍ တစ်ယောက်​မျှ​မ​နိုး​ကြ​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 13,
      "text": "ဒါဝိဒ်​သည် လွင်ပြင်​ကျယ်ကြီး​၏​အခြား​တစ်ဖက်​သို့ ကူးသွား​ပြီး အဝေး​ရှိ​တောင်ကုန်း​၏​ထိပ်​တွင် ရပ်​နေ​ပြီးလျှင်"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 14,
      "text": "စစ်သည်​များ​နှင့် နေရ​၏​သား​အာဗနာ​ကို အော်ခေါ်​ပြီး “​အို အာဗနာ​၊ ငါ့​ကို သင်​မ​ထူး​သလော​”​ဟု မေး​လျှင် အာဗနာ​က “​ရှင်ဘုရင်​ကို အော်ခေါ်​နေ​သော​သူ​ကား မည်သူ​နည်း​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 15,
      "text": "ထို့ကြောင့် ဒါဝိဒ်​က အာဗနာ​အား “​သင်​သည် ယောက်ျား မ​ဟုတ်​သလော​။ အစ္စရေး​ပြည်​တွင် သင့်​ကို မည်သူ​ယှဉ်​နိုင်​သနည်း​။ သင့်​သခင်​ရှင်ဘုရင်​ကို အဘယ်ကြောင့် မ​စောင့်ရှောက်​သနည်း​။ သင့်​သခင်​ရှင်ဘုရင်​ကို သုတ်သင်​ရန် လူ​တစ်​ယောက်​ဝင်သွား​လေ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 16,
      "text": "သင် ဤသို့​ပြု​သည်​မှာ မကောင်းမသင့်​ပေ​။ ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ထာဝရဘုရား​၏​ဘိသိက်ခံ သင်​၏​ရှင်ဘုရင်​ကို သင်​မ​စောင့်ရှောက်​နိုင်​သောကြောင့် သင်​သည် အမှန်ပင် သေ​သင့်​သော​သူ​ဖြစ်​၏​။ ယခု ကြည့်​ပါ​။ ရှင်ဘုရင်​၏​ခေါင်းရင်း​၌​ထား​သော လှံ​နှင့်​ရေဘူး​ကား အဘယ်မှာ​နည်း​”​ဟု အော်ပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 17,
      "text": "ရှောလု​မင်းကြီး​သည် ဒါဝိဒ်​၏​အသံ​ကို မှတ်မိ​သဖြင့် “​ဤ​အသံ​သည် ငါ့​သား ဒါဝိဒ်​၏​အသံ မ​ဟုတ်​လော​”​ဟု အော်မေး​ရာ ဒါဝိဒ်​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​အသံ ဟုတ်​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 18,
      "text": "အကျွန်ုပ်​၏​သခင်​၊ အဘယ်ကြောင့် သခင့်​အစေအပါး​နောက်သို့ လိုက်​နေ​ရ​ပါ​သနည်း​။ အကျွန်ုပ် မည်သို့​ပြု​မိ​ပါ​သနည်း​။ မည်သည့် အမှား​ပြု​မိ​ပါ​သနည်း​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 19,
      "text": "အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ သခင့်​အစေအပါး​၏​စကား​ကို ယခု နားထောင်​ပါ​လော့​။ အကယ်၍ အကျွန်ုပ်​ကို တိုက်ခိုက်​ရန် အရှင်မင်းကြီး​ကို ထာဝရဘုရား နှိုးဆော်​သည်​မှန်​လျှင် ဘောဇဉ်ပူဇော်သက္ကာ​ကို လက်ခံ​တော်မူ​ပါစေသော​။ ထိုသို့​မ​ဟုတ်​ဘဲ လူ​တို့​၏​နှိုးဆော်​ခြင်း​ဖြစ်လျှင် သူ​တို့​သည် ထာဝရဘုရား​ထံမှ ကျိန်​ခြင်း​ကို ခံရ​ပါစေသော​။ အကြောင်းမူကား သူ​တို့​က ‘အခြား​ဘုရား​အများ​ကို သွား​ဝတ်ပြု​ပါ’​ဟု ဆို​ပြီး အကျွန်ုပ်​ကို ထာဝရဘုရား​၏​အမွေစား​အမွေခံ​အဖြစ်​မှ နှင်ထုတ်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 20,
      "text": "ယခုမှာ ထာဝရဘုရား​ရှေ့​တော်​နှင့်​ဝေး​ရာ​၌ အကျွန်ုပ်​ကို မ​သတ်​ပါ​နှင့်​။ အစ္စရေး​ဘုရင်​သည် တောင်​များ​ပေါ်တွင် ခါငှက်​ကို​လိုက်​သကဲ့သို့ ခွေးလှေး​တစ်​ကောင်​ကို ရှာ​ထွက်​လေ​ပြီ​”​ဟု ပြန်​အော်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 21,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က “​ငါ​အပြစ်ပြု​မိ​လေ​ပြီ​။ ငါ့​သား​ဒါဝိဒ်​၊ ပြန်လာ​ပါ​။ သင့်​ကို နောက်ထပ်​အန္တရာယ်​မ​ပြု​တော့​ပါ​။ ကြည့်ရှု​လော့​။ ငါ​သည် မိုက်မဲ​လျက် အမှားကြီးမှား​နေ​သော်လည်း ယနေ့​တွင် သင်​သည် ငါ့​အသက်​ကို တန်ဖိုးထား​လေ​ပြီ”​ဟု ပြန်​အော်ပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 22,
      "text": "ဒါဝိဒ်​က “​အရှင်မင်းကြီး​၏​လှံ​တော် ဤမှာ​ရှိ​ပါ​၏​။ ငယ်သား​တစ်​ဦး​ကို စေလွှတ်​၍ ပြန်ယူ​စေ​ပါ​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 23,
      "text": "လူ​တို့ ဖြောင့်မတ်​သည့်​အတိုင်း​၊ သစ္စာရှိ​သည့်​အတိုင်း ထာဝရဘုရား ပြန်​ပေးဆပ်​တော်မူ​ပါ​၏​။ ယနေ့ ထာဝရဘုရား​သည် အရှင်မင်းကြီး​ကို အကျွန်ုပ်​လက်​သို့​အပ်​တော်မူ​သော်လည်း ထာဝရဘုရား ဘိသိက်ပေး​ခြင်း​ကို​ခံရ​သော​သူ​အား အကျွန်ုပ် ကိုယ်ထိလက်ရောက်​မ​ပြု​ပါ​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 24,
      "text": "ယနေ့ အရှင်မင်းကြီး​အသက်​ကို အကျွန်ုပ် တန်ဖိုးထား​သကဲ့သို့ ထာဝရဘုရား​သည် အကျွန်ုပ်​၏​အသက်​ကို တန်ဖိုးထား​တော်မူ​ပါစေသော​။ အကျွန်ုပ်​ကို​လည်း ဆင်းရဲဒုက္ခ​အပေါင်း​မှ ကယ်နုတ်​တော်မူ​ပါစေသော​”​ဟု ပြန်​အော်ပြော​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 25,
      "text": "ရှောလု​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​ငါ့​သား​ဒါဝိဒ်​၊ သင်​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ပါစေသော​။ အကယ်စင်စစ် သင်​သည် ပြု​လေရာရာ​၌ အောင်မြင်​လိမ့်မည်​”​ဟု အော်ပြော​ပြီးလျှင် ဒါဝိဒ်​သည် ပြန်သွား​ပြီး ရှောလု​မင်းကြီး​လည်း သူ​၏​နေရပ်​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 1,
      "text": "ဒါဝိဒ်​သည် စိတ်​ထဲတွင် “​တစ်နေ့​မ​ဟုတ် တစ်နေ့ ရှောလု​မင်းကြီး​လက်​ဖြင့် ငါ​သေ​ရ​လိမ့်မည်​။ ဖိလိတ္တိ​ပြည်​သို့​ထွက်ပြေး​တိမ်းရှောင်​သွား​ခြင်း​ထက် ငါ့​အတွက် ကောင်း​သော​နည်းလမ်း​မ​ရှိ​။ သို့မှ ရှောလု​မင်းကြီး​သည် ငါ့​ကို အစ္စရေး​နယ်မြေ​တွင် ရှာဖွေ​ခြင်း​မှ လက်လျှော့​ပြီး သူ့​လက်​မှ လွတ်မြောက်​ရ​လိမ့်မည်​”​ဟု တွေး​မိ​သဖြင့်"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 2,
      "text": "ဒါဝိဒ်​သည် ထ​၍ သူ့​နောက်လိုက်​လူ​ခြောက်​ရာ​တို့​နှင့်အတူ မောခ​၏​သား ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 3,
      "text": "ဒါဝိဒ်​နှင့်အတူ သူ့​နောက်လိုက်​အားလုံး​နှင့် သူ​တို့​၏​အိမ်ထောင်မိသားစု​များ​အပါအဝင် ဒါဝိဒ်​၏​ဇနီး​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော အဘိဂဲလ​တို့​သည် ဂါသ​မြို့​၌ အာခိတ်​မင်းကြီး​နှင့်အတူ နေထိုင်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 4,
      "text": "ဂါသ​မြို့​သို့ ဒါဝိဒ်​ထွက်ပြေး​သွား​သည့်​အကြောင်း​ကို ရှောလု​မင်းကြီး ကြားသိ​လျှင် ဒါဝိဒ်​ကို ဆက်၍​မ​ရှာ​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 5,
      "text": "ဒါဝိဒ်​က အာခိတ်​မင်းကြီး​အား “​အကျွန်ုပ်​သည် အရှင်မင်းကြီး​ရှေ့​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နေထိုင်​ဖို့ ကျေးလက်​မြို့ တစ်​မြို့​မြို့​ကို ပေးသနား​ပါ​။ အရှင်မင်းကြီး​၏​အစေအပါး​သည် အဘယ်ကြောင့် အရှင်မင်းကြီး​နှင့်အတူ မင်းနေပြည်တော်​တွင် နေ​ရ​ပါ​မည်နည်း​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 6,
      "text": "ထို့ကြောင့် ထို​နေ့​တွင်​ပင် အာခိတ်​မင်းကြီး​သည် သူ့​အား ဇိကလတ်​မြို့​ကို ပေး​၏​။ ယနေ့​တိုင်အောင် ဇိကလတ်​မြို့​သည် ယုဒ​ဘုရင်​တို့ ပိုင်ဆိုင်​သော​မြို့ ဖြစ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 7,
      "text": "ဖိလိတ္တိ​ပြည်​တွင် ဒါဝိဒ်​နေထိုင်​ခဲ့​သော​အချိန်ကာလ​မှာ တစ်နှစ်​နှင့်​လေး​လ​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 8,
      "text": "ထိုသို့​နေ​စဉ်တွင် ဒါဝိဒ်​နှင့် သူ့​နောက်လိုက်​တို့​သည် ဂေရှုရိ​လူမျိုး​၊ ဂေရဇိ​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့ ရှေးကတည်းကပင် နေထိုင်​ရာ​ဖြစ်​သော ရှုရ​အရပ်​တစ်လျှောက် အီဂျစ်​ပြည်​အထိ ချီတက်​တိုက်ခိုက်​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 9,
      "text": "ဒါဝိဒ်​သည် ထို​အရပ်​ကို တိုက်ခိုက်​ပြီးလျှင် ယောက်ျား​မိန်းမ တစ်ယောက်မကျန် သုတ်သင်​ပစ်​၏​။ သိုး​၊ နွား​၊ မြည်း​၊ ကုလားအုတ်​နှင့် အဝတ်အစား​တို့​ကို​လည်း သိမ်းယူ​ပြီး အာခိတ်​မင်းကြီး​ထံ ပြန်​သွား​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 10,
      "text": "အာခိတ်​မင်းကြီး​က​လည်း “​ယနေ့ မည်သည့်​အရပ်​တွင် တိုက်ခိုက်​ခဲ့​သနည်း​”​ဟု မေး​လျှင် ဒါဝိဒ်​က “​ယုဒ​တောင်ဘက်​”​၊ “​ယေရမေလ​တောင်ဘက်​”​၊ “​ကေနိ​တောင်ဘက်​” စသည်​ဖြင့် ပြန်လျှောက်​လေ့​ရှိ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 11,
      "text": "“​ငါ​တို့​ကို ဒါဝိဒ် ဤသို့​ပြု​ပါ​ပြီ​”​ဟု သတင်း​ထွက်​မည်​ကို​စိုးရိမ်​၍ ဂါသ​မြို့​သို့​သတင်း​မ​ရောက်​စေရန် ဒါဝိဒ်​သည် ယောက်ျား​မိန်းမ တစ်ယောက်​မျှ​မ​ကျန် အကုန်​သုတ်သင်​ပစ်​၏​။ ဖိလိတ္တိ​နယ်​တွင် နေ​စဉ်​ကာလ​တစ်လျှောက်လုံး ဤသို့​ပြု​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 12,
      "text": "အာခိတ်​မင်းကြီး​သည် ဒါဝိဒ်​ကို​ယုံ​ပြီး “​ဒါဝိဒ်​ကို သူ့​လူမျိုး​အစ္စရေး​တို့ အလွန်​စက်ဆုပ်ရွံရှာ​ကြ​ပြီ​။ ထို့ကြောင့် သူ​သည် ငါ့​ထံ၌ အစဉ်အမြဲ​ကျွန်ခံ​ရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 1,
      "text": "ထို​ကာလ​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စစ်တိုက်​ရန် စစ်​အင်အား​စုဆောင်း​၏​။ အာခိတ်​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​သင်​နှင့်​သင့်​နောက်လိုက်​တို့​က ငါ​နှင့်​ပူးပေါင်း​စစ်တိုက်​ရ​မည်​ကို သင်​နားလည်​သဘောပေါက်​လိမ့်မည်​”​ဟု ဆို​လျှင်"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 2,
      "text": "ဒါဝိဒ်​က အာခိတ်​မင်းကြီး​အား “​အရှင့်​အစေအပါး မည်သို့​ပြု​နိုင်​သည်​ကို အရှင် သိမြင်​ရ​လိမ့်မည်​”​ဟု ဆို​၏​။ အာခိတ်​မင်းကြီး​က​လည်း ဒါဝိဒ်​အား “​ကောင်း​ပြီ​။ သင့်​ကို ငါ​၏​သက်တော်စောင့်​အဖြစ် ရာသက်ပန်​ခန့်​လိုက်​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 3,
      "text": "ရှမွေလ အနိစ္စ​ရောက်သွား​သဖြင့် အစ္စရေး​တစ်မျိုးသားလုံး ငိုကြွေးမြည်တမ်း​ကြ​ပြီး သူ့​ဇာတိမြို့​ဖြစ်​သော​ရာမ​မြို့​၌ပင် သင်္ဂြိုဟ်​ပြီး​ဖြစ်​၏​။ ရှောလု​မင်းကြီး​လည်း တစ်ပြည်လုံး​ရှိ နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​ကို ဖယ်ရှား​ပြီး​ဖြစ်​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 4,
      "text": "ဖိလိတ္တိ​လူမျိုး​တို့ စုရုံး​ပြီး ရှုနင်​မြို့​သို့ လာရောက်​၍ စခန်းချ​ကြ​သောအခါ ရှောလု​သည်​လည်း အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို စုရုံး​ပြီး ဂိလဗော​တောင်​ပေါ်တွင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 5,
      "text": "ရှောလု​မင်းကြီး​သည် ဖိလိတ္တိ​တပ်​ကို​မြင်​လျှင် အလွန်​ကြောက်ရွံ့​တုန်လှုပ်​သဖြင့်"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 6,
      "text": "ထာဝရဘုရား​ထံ မေးလျှောက်​လေ​၏​။ သို့သော် ထာဝရဘုရား​သည် သူ့​အား အိပ်မက်​အားဖြင့်​ဖြစ်စေ​၊ ဥရိမ်​အားဖြင့်​ဖြစ်စေ​၊ ပရောဖက်​အားဖြင့်​ဖြစ်စေ ဖြေကြား​တော်​မ​မူ​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 7,
      "text": "ထိုအခါ ရှောလု​မင်းကြီး​သည် မိမိ​အစေအပါး​တို့​အား “​နတ်ကတော်​တစ်​ဦး​ကို ရှာပေး​ပါ​။ သူ့​ဆီ​သွား​ပြီး ငါ​မေးမြန်း​မည်​”​ဟု ဆို​လျှင် သူ့​အစေအပါး​တို့​က “​အင်္ဒေါရ​မြို့​တွင် နတ်ကတော်​တစ်​ဦး​ရှိ​ပါ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 8,
      "text": "ရှောလု​မင်းကြီး​သည် ရုပ်ဖျက်​၍ တခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် သူ့​နောက်လိုက်​နှစ်​ဦး​နှင့်အတူ သွား​ရာ ညအချိန်​တွင် ထို​မိန်းမ​ရှိ​ရာ​သို့ ရောက်လာ​၏​။ ရှောလု​မင်းကြီး​က သူ့​အား “​နတ်​ကို အမှီပြု​၍ ငါ​ပြော​သော​သူ​ကို ခေါ်ပေး​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 9,
      "text": "သို့သော် ထို​မိန်းမ​က “​စင်စစ် ရှောလု​မင်းကြီး​သည် နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​အား တိုင်းပြည်​ထဲမှ သုတ်သင်ဖယ်ရှား​ပစ်​လိုက်​သည်​ကို သင်​သိ​ပါ​လျက်​နှင့် အကျွန်ုပ်​အသတ်​ခံရ​အောင် အဘယ်ကြောင့် ထောင်ချောက်ဆင်​သနည်း​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 10,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​အမှု​ကြောင့် သင့်​အပေါ် အပြစ်​မ​ရောက်​ရ​”​ဟု ထာဝရဘုရား​ကို တိုင်တည်​၍ ကျိန်ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 11,
      "text": "ထို​မိန်းမ​က “​မည်သူ့​ကို ခေါ်ပေး​ရ​မည်နည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​ရှမွေလ​ကို ခေါ်ပေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 12,
      "text": "ထို​မိန်းမ​သည် ရှမွေလ​ကို မြင်​လျှင် အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လျက် ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် အကျွန်ုပ်​ကို လှည့်စား​သနည်း​။ အရှင်​ကား ရှောလု​မင်းကြီး​ပင် မ​ဟုတ်​လော​”​ဟု ပြောဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 13,
      "text": "ရှင်ဘုရင်​က​လည်း သူ့​အား “​သင်​မ​ကြောက်​နှင့်​။ ယခု အဘယ်​အရာ​ကို သင်​မြင်​သနည်း​”​ဟု မေး​လျှင် ထို​မိန်းမ​က ရှောလု​မင်းကြီး​အား “​မြေကြီး​ထဲမှ ဘုရား​တစ်ပါး တက်လာ​သည်​ကို မြင်​ရ​ပါ​၏​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 14,
      "text": "ရှောလု​မင်းကြီး​က​လည်း “​မည်သည့်​ပုံစံ ရှိ​သနည်း​”​ဟု မေး​လျှင် သူ​က “​ဝတ်လုံ​ဝတ်​ထား​သော​အဖိုးအို​တစ်​ဦး တက်လာ​ပါ​၏​”​ဟု ဆို​၏​။ ထို​သူ​သည် ရှမွေလ ဖြစ်ကြောင်း ရှောလု​မင်းကြီး သိ​သဖြင့် မြေကြီး​ပေါ် ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 15,
      "text": "ရှမွေလ​က​လည်း ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် ငါ့​ကို​ခေါ်​ပြီး​နှောင့်ယှက်​နေ​သနည်း​”​ဟု မေး​လျှင် ရှောလု​မင်းကြီး​က “​အကျွန်ုပ် အလွန်​ဒုက္ခရောက်​နေ​ပါ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည် အကျွန်ုပ်​ကို လာတိုက်​ပါ​၏​။ ဘုရားသခင်​လည်း အကျွန်ုပ်​ကို စွန့်ပစ်​ပါ​ပြီ​။ ပရောဖက်​အားဖြင့်​ဖြစ်စေ​၊ အိပ်မက်​အားဖြင့်​ဖြစ်စေ အကျွန်ုပ်​ကို မ​ထူး​တော့​ပါ​။ အကျွန်ုပ် မည်သို့​ပြု​ရ​မည်​ကို ပြောပြ​ပေး​ရန်​အတွက် အရှင့်​ကို ခေါ်​ရ​ခြင်း​ဖြစ်​ပါ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 16,
      "text": "ရှမွေလ​က​လည်း “​ထာဝရဘုရား​သည် သင့်​ကို​စွန့်ပစ်​၍ သင့်​ရန်သူ​ဖြစ်သွား​သည်​ကို​ပင် အဘယ်ကြောင့် ငါ့​ကို မေးမြန်း​သေး​သနည်း​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 17,
      "text": "ငါ့​အား ထာဝရဘုရား မြွက်ဆို​တော်မူ​သည့်​အတိုင်း သင်​၌ ပြု​တော်မူ​ပြီ​။ ထာဝရဘုရား​သည် သင့်​လက်​ထဲ​ရှိ​နိုင်ငံ​တော်​ကို ရုပ်သိမ်း​ပြီး သင့်​အမျိုးသားချင်း​ဒါဝိဒ်​အား ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 18,
      "text": "သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​အတိုင်း အာမလက်​လူမျိုး​တို့​အား မ​ပြု​ခဲ့​သောကြောင့် ထာဝရဘုရား​သည် ယနေ့ သင့်​အား ဤသို့​ပြု​တော်မူ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 19,
      "text": "ထာဝရဘုရား​သည် သင်​နှင့်​အစ္စရေး​လူမျိုး​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်​။ မနက်ဖြန်​နေ့​တွင် သင်​နှင့် သင့်​သား​တို့​သည် ငါ​နှင့်အတူ​ရှိ​လိမ့်မည်​။ ထာဝရဘုရား​သည် အစ္စရေး​စစ်သည်​တို့​ကို​လည်း ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 20,
      "text": "ရှမွေလ​စကား​ကို ရှောလု​မင်းကြီး ကြား​လျှင် အလွန်​ကြောက်ရွံ့​လျက် ချက်ချင်း​မြေ​ပေါ် အရုပ်ကြိုးပြတ်​လဲကျ​လေ​၏​။ တစ်နေ့လုံး တစ်ညလုံး အစာ​မ​စား​ထား​သဖြင့် အား​လည်း မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 21,
      "text": "ထို​မိန်းမ​သည် ရှောလု​မင်းကြီး​ထံ လာ​၍ ရှောလု​မင်းကြီး အလွန်​ထိတ်လန့်​နေ​သည်​ကို မြင်​လျှင် သူ့​အား “​ကြည့်ရှု​လော့​။ အရှင့်​ကျွန်မ​သည် အရှင်​၏​စကား​ကို နားထောင်​ပါ​ပြီ​။ ကိုယ့်​အသက်​ကို​ရင်း​၍ အရှင်​ပြော​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 22,
      "text": "ယခု အရှင်​သည်​လည်း အရှင့်​ကျွန်မ​စကား​ကို နားထောင်​ပါ​လော့​။ အရှင့်​ရှေ့​၌ စားစရာ​အနည်းငယ် တည်ခင်း​ပါရစေ​။ အရှင်​အားပြန်ပြည့်​၍ ခရီးဆက်​နိုင်​ရန်​အတွက် သုံးဆောင်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 23,
      "text": "ရှောလု​မင်းကြီး​က “​ငါ​မ​စား​ပါ​”​ဟု ငြင်းဆန်​သော်လည်း သူ​၏​အစေအပါး​တို့​နှင့်​ထို​မိန်းမ​က တိုက်တွန်း​သဖြင့် သူ​သည် သူ​တို့​၏​စကား​ကို​နားထောင်​၍ မြေ​ပေါ်မှ​ထ​ကာ ခုတင်​ပေါ်တွင် ထိုင်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 24,
      "text": "ထို​မိန်းမ​သည် အိမ်​၌​ရှိ​သော​ဆူဖြိုး​သည့်​နွားသငယ်​ကို ချက်ချင်း​သတ်​၏​။ မုန့်ညက်​ကို​လည်း ယူ​၍​နယ်​ပြီးလျှင် တဆေးမဲ့မုန့်​ကို ဖုတ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 25,
      "text": "ထို့နောက် ရှောလု​မင်းကြီး​နှင့် သူ့​အစေအပါး​တို့​ရှေ့​တွင် တည်ခင်း​ပေး​သဖြင့် သူ​တို့​သည် စားသောက်​ကြ​ပြီးလျှင် ထို​ည​၌ပင် ထ​၍​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 1,
      "text": "ဖိလိတ္တိ​တပ်​တစ်တပ်လုံး​သည် အာဖက်​မြို့​၌ စုဝေး​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​ကား ယေဇရေလ​မြို့​ရှိ စမ်းရေတွင်း​နား​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 2,
      "text": "ဖိလိတ္တိ​မင်း​တို့​သည် ရာချီ​တပ်​၊ ထောင်ချီ​တပ်​တို့​နှင့် ချီတက်​ကြ​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည်​လည်း အာခိတ်​မင်းကြီး​နှင့်အတူ သူ​တို့​နောက်​မှ​လိုက်​၍ ချီသွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 3,
      "text": "ဖိလိတ္တိ​တပ်မှူး​တို့​က “​ဤ​ဟေဗြဲ​လူမျိုး​တို့​သည် ဘာ​လာလုပ်​ကြ​သနည်း​”​ဟု မေး​လျှင် အာခိတ်​မင်းကြီး​က ဖိလိတ္တိ​တပ်မှူး​တို့​အား “​ဤ​သူ​ကား အစ္စရေး​ရှင်ဘုရင်​ရှောလု​၏​အစေအပါး ဒါဝိဒ်​ဖြစ်​၏​။ ငါ့​ထံ​ရောက်လာ​သည်​မှာ နှစ်​နှင့်​ချီ​ရှိ​ပြီ​။ ရှောလု​ကို သူ​စွန့်ခွာ​လာ​သော​နေ့​မှစ၍ ယနေ့​အထိ သူ​၌​အပြစ်​တစ်စုံတစ်ရာ​မျှ​မ​တွေ့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 4,
      "text": "ဖိလိတ္တိ​တပ်မှူး​တို့​သည် သူ့​ကို​အမျက်ထွက်​၍ သူ့​အား “​ဤ​လူ​ကို ပြန်ခိုင်း​ပါ​။ သင်​ပေး​နေ​သော​အရပ်​သို့ ပြန်သွား​ပါစေ​။ စစ်ပွဲ​၌ ငါ​တို့​ကို ရန်ပြု​ပြီး ပြန်​မ​တိုက်ခိုက်​မည့်​အကြောင်း ငါ​တို့​နှင့်အတူ တိုက်ပွဲ​သို့ မ​လိုက်လာ​ပါစေ​နှင့်​။ သူ့​သခင် သူ့​ကို​ပြန်လက်ခံ​အောင် သူ​မည်သို့​ပြု​နိုင်​မည်နည်း​။ ဤ​သူ​တို့​၏​ခေါင်း​များ​အားဖြင့်​သာ မ​ဟုတ်​လော​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 5,
      "text": "‘​ရှောလု​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​’​ဟု လူ​တို့ သီဆို​ကခုန်​ဂုဏ်ပြု​ခဲ့​သူ​မှာ ဤ​ဒါဝိဒ်​ပင် မ​ဟုတ်​လော​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 6,
      "text": "ထို့ကြောင့် အာခိတ်​မင်းကြီး​က ဒါဝိဒ်​ကို​ခေါ်​၍ “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ စင်စစ် သင်​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပါ​၏​။ သင်​သည် ငါ့​ထံ​ရောက်လာ​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် သင်​၌​အပြစ်​တစ်စုံတစ်ရာ​မျှ​မ​တွေ့​။ ထို့ကြောင့် ယနေ့ ငါ​နှင့်အတူ သင်​တိုက်ပွဲဝင်​ဖို့ ငါ​အလိုရှိ​သော်လည်း အခြား​မင်း​တို့​မူကား အလို​မ​ရှိ​ကြ​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 7,
      "text": "သို့ဖြစ်၍ ယခုမှာ သင် အေးအေးချမ်းချမ်း​ပြန်​သွား​ပါ​။ သင့်​ကို ဖိလိတ္တိ​မင်း​တို့ အဆိုး မ​မြင်​စေ​ပါ​နှင့်​”​ဟု ဆို​လျှင်"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 8,
      "text": "ဒါဝိဒ်​က အာခိတ်​မင်းကြီး​အား “အကျွန်ုပ် မည်သို့​ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​တို့​ကို စစ်တိုက်​သွား​ခွင့်​မ​ရ​အောင် အရှင့်​ထံသို့​ရောက်​သည့်​နေ့​မှစ၍ ယနေ့​အထိ အရှင့်​အစေအပါး​၌ မည်သည့်​အပြစ်​ကို အရှင်​တွေ့ရှိ​ပါ​သနည်း”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 9,
      "text": "အာခိတ်​မင်းကြီး​က ဒါဝိဒ်​အား “​သင်​သည် ငါ့​အဖို့ ဘုရားသခင်​၏​ကောင်းကင်တမန်​တစ်​ပါး​ကဲ့သို့ နှစ်သက်ဖွယ်​ဖြစ်​သည်​ကို ငါ​သိ​၏​။ သို့သော် ဖိလိတ္တိ​တပ်မှူး​တို့​က ‘​သူ​သည် ငါ​တို့​နှင့်အတူ စစ်တိုက်​မ​လိုက်​ရ​’​ဟု ပြော​ကြ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 10,
      "text": "ထို့ကြောင့် သင်​နှင့်​လိုက်ပါ​လာ​သော သင့်​သခင်​၏​အစေအပါး​တို့​နှင့်အတူ နံနက်​စောစောထ​လော့​။ နံနက်​စောစောထ​၍ မိုးလင်း​သည်​နှင့် ထွက်သွား​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 11,
      "text": "ထို့ကြောင့် ဒါဝိဒ်​သည် နံနက်​စောစောထ​၍ သူ​နှင့် သူ့​နောက်လိုက်​တို့​သည် ဖိလိတ္တိ​ပြည်​သို့ ပြန်​သွား​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​ကား ယေဇရေလ​မြို့​သို့ ချီသွား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 1,
      "text": "သုံး​ရက်​မြောက်​သော​နေ့​တွင် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည် ဇိကလတ်​မြို့​သို့ ပြန်ရောက်​လာ​ကြ​၏​။ ထို​အချိန်​တွင် အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​နှင့် ဇိကလတ်​မြို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို တိုက်ခိုက်​မီး​ရှို့​ကာ"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 2,
      "text": "ထို​မြို့​ရှိ မိန်းမ​များ​နှင့် လူကြီး​လူငယ်​အားလုံး​ကို ဖမ်းဆီး​ပြီး တစ်ယောက်​ကို​မျှ မ​သတ်​ဘဲ သူ​တို့​နှင့်အတူ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 3,
      "text": "ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ မြို့​သို့​ပြန်ရောက်​ချိန်​တွင် မြို့​မှာ မီးရှို့ဖျက်ဆီး​ထား​ခြင်း​ခံရ​သည်​ကို တွေ့ရှိ​ရ​၏​။ သူ​တို့​၏​ဇနီး​နှင့် သား​သမီး​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ပြီ​ဖြစ်​သောကြောင့်"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 4,
      "text": "ဒါဝိဒ်​နှင့်​သူ့​လူ​တို့​သည် ငိုကြွေး​ဖို့ အား​မ​ရှိ​တော့​လောက်အောင်​ပင် အသံကုန်​ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 5,
      "text": "ဒါဝိဒ်​၏​မယား​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော ကရမေလ​မြို့သူ အဘိဂဲလ​တို့​သည်​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 6,
      "text": "လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​အတွက် စိတ်သောက​ရောက်​လျက် ဒါဝိဒ်​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ပြောဆို​ကြ​သဖြင့် ဒါဝိဒ်​မှာ အလွန်​စိတ်ဒုက္ခ​ရောက်​ရ​လေ​၏​။ သို့သော် သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ အားယူ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 7,
      "text": "ဒါဝိဒ်​က အဟိမလက်​၏​သား ယဇ်ပုရောဟိတ်​အဗျာသာ​အား “​ဧဖုဒ် ​ကို ငါ့​ထံ​ယူလာ​ပေး​ပါ​လော့​”​ဟု ဆို​သဖြင့် အဗျာသာ​သည်​လည်း ဒါဝိဒ်​ထံ ဧဖုဒ် ​ကို ယူလာ​ပေး​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 8,
      "text": "ထိုအခါ ဒါဝိဒ်​က ထာဝရဘုရား​အား “​ထို​ဓားပြ​တို့​နောက်သို့ လိုက်​ရ​ပါ​မည်လော​။ သူ​တို့​ကို မီ​နိုင်​ပါ​မည်လော​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​လိုက်​လော့​။ အမှန်ပင်​မီ​လိမ့်မည်​။ လူ​တို့​ကို အမှန်ပင်​ကယ်တင်​နိုင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 9,
      "text": "ထို့ကြောင့် ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​လူ​ခြောက်​ရာ​တို့​သည် ချီသွား​၍ ဗေသော်​ချောင်း​နား​သို့​ရောက်​လျှင် နောက်​၌​ကျန်​ခဲ့​သူ​တို့​က ထို​နေရာ​တွင် နေရစ်​ခဲ့​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 10,
      "text": "ဒါဝိဒ်​နှင့်အတူ လူ​လေး​ရာ​တို့​သည် ဆက်​၍​လိုက်​ကြ​၏​။ လူ​နှစ်ရာ​မူကား မောပန်း​လွန်း​သဖြင့် ဗေသော်​ချောင်း​ကို​ပင် မ​ကျော်​နိုင်​ဘဲ နေရစ်​ခဲ့​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 11,
      "text": "ထို့နောက် တော​ထဲတွင် အီဂျစ်​ပြည်သား​တစ်​ဦး​ကို​တွေ့​သဖြင့် ဒါဝိဒ်​ထံသို့​ခေါ်လာ​ပြီး သူ့​အား စားစရာ​ကို​ပေး​၍ သူ​သည် စား​လေ​၏​။ သူ့​အား ရေ​ကို​လည်း​တိုက်​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 12,
      "text": "သူ​သည် သုံး​ရက်​သုံး​ည​တိုင်တိုင် အစာ​ကို​မ​စား​ရ​၊ ရေ​ကို​မ​သောက်​ရ​သဖြင့် သူ့​အား သဖန်းပျဉ်​အနည်းငယ်​နှင့် စပျစ်သီးခြောက်​နှစ်​ခိုင်​တို့​ကို ကျွေး​ရာ သူ​သည် စား​၍ အားပြန်ပြည့်​လာ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 13,
      "text": "ထိုအခါ ဒါဝိဒ်​က သူ့​အား “​သင်​သည် မည်သူ​၏​လူ ဖြစ်​သနည်း​။ မည်သည့်​အရပ်​က လာ​သနည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​မှ​လာ​ပါ​၏​။ အာမလက်​အမျိုးသား​တစ်​ဦး​၏​ကျွန် ဖြစ်​ပါ​၏​။ လွန်ခဲ့​သော​သုံး​ရက်​က အကျွန်ုပ်​ဖျားနာ​သဖြင့် အကျွန်ုပ်​၏​သခင်​သည် အကျွန်ုပ်​ကို ပစ်ထား​ခဲ့​ပါ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 14,
      "text": "အကျွန်ုပ်​တို့​သည် ခေရသိ​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​၊ ယုဒ​လူမျိုး​ပိုင်​သော​အရပ်ဒေသ​နှင့် ကာလက်​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​တို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို မီး​ရှို့​ခဲ့​ပါ​ပြီ​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 15,
      "text": "ဒါဝိဒ်​က သူ့​အား “​ထို​ဓားပြ​တို့​ရှိ​ရာ​သို့ ငါ့​ကို​လိုက်ပို့​နိုင်​သလော​”​ဟု ဆို​လျှင် သူ​က “​အကျွန်ုပ်​ကို မ​သတ်​၊ အကျွန်ုပ်​သခင့်​လက်​သို့​လည်း ပြန်​မ​အပ်​ပါ​ဟု ဘုရားသခင်​ထံ​ကျိန်ဆို​မည်​ဆို​လျှင် ထို​ဓားပြ​တို့​ရှိ​ရာ​သို့ လိုက်ပို့​ပါ​မည်​”​ဟု ဆို​ပြီး"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 16,
      "text": "ဒါဝိဒ်​ကို​ခေါ်ဆောင်​သွား​ရာ ထို​သူ​တို့​သည် ဖိလိတ္တိ​ပြည်​၊ ယုဒ​ပြည်​တို့​မှ ပစ္စည်း​အများအပြား​ကို လုယက်သိမ်းယူ​နိုင်​သောကြောင့် တစ်ပြည်လုံး နေရာ​အနှံ့ စား​သောက်​လျက် ကခုန်​နေ​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 17,
      "text": "ဒါဝိဒ်​သည် မှောင်ရီပျိုးချိန်​မှစ၍ နောက်တစ်နေ့ နေဝင်ချိန်​ထိ ထို​သူ​တို့​ကို တိုက်ခိုက်​ရာ ကုလားအုတ်​စီး​၍ ထွက်ပြေး​သွား​သော​လူငယ်​လေး​ရာ​မှလွဲ၍ ကျန်​တစ်ဦးတစ်ယောက်​မျှ မ​လွတ်​ပေ​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 18,
      "text": "ဒါဝိဒ်​သည် အာမလက်​လူမျိုး​တို့ သိမ်းယူ​သွား​ခဲ့​သမျှ​တို့​ကို ပြန်လည်​သိမ်းယူ​နိုင်​ခဲ့​၏​။ မိမိ​မယား​နှစ်​ဦး​ကို​လည်း ကယ်တင်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 19,
      "text": "ဒါဝိဒ်​သည် လူကြီး​လူငယ်​မှစ၍ သား​သမီး​များ​ကို တစ်ယောက်မကျန်​၊ တိုက်ခိုက်လုယူ​သွား​သော​ပစ္စည်း​များ​ကို​လည်း တစ်ခုမကျန် အားလုံး​ပြန်လည်​တိုက်ယူ​နိုင်​ခဲ့​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 20,
      "text": "ထို့ပြင် ဒါဝိဒ်​သည် သိုးအုပ်​နွားအုပ်​အားလုံး​ကို​လည်း သိမ်းယူ​ခဲ့​၏​။ လူ​တို့​သည် တိရစ္ဆာန်​တို့​ကို ရှေ့​မှ​နှင်​စေ​လျက် “​ဤသည်ကား ဒါဝိဒ် တိုက်ခိုက်​လုယူ​ပေး​သော​ပစ္စည်း​များ​တည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 21,
      "text": "မောပန်း​၍ ဒါဝိဒ်​နောက်သို့​မ​လိုက်​နိုင်​တော့​ဘဲ ဗေသော်​ချောင်း​နား​တွင်​နေ​ခဲ့​သော လူ​နှစ်ရာ​တို့​ရှိ​ရာ​သို့ ဒါဝိဒ်​ပြန်​ရောက်လာ​သောအခါ သူ​တို့​သည် ဒါဝိဒ်​နှင့် သူ​နှင့်အတူ​ပြန်လာ​သော​လူ​တို့​ကို ကြိုဆို​ရန် ထွက်လာ​ကြ​၏​။ ဒါဝိဒ်​သည် သူ​တို့​အနီး​သို့​ရောက်လာ​၍ သူ​တို့​အား နှုတ်ဆက်​စကား​ပြောဆို​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 22,
      "text": "သို့သော် ဒါဝိဒ်​နှင့်အတူ​လိုက်သွား​သော​သူ​တို့​ထဲမှ စိတ်ထား​ယုတ်ညံ့​သေးသိမ်​သူ​အပေါင်း​တို့​က “​သူ​တို့​သည် ငါ​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် အကျွန်ုပ်​တို့ ပြန်​တိုက်ခိုက်လုယက်​ယူလာ​သော​ပစ္စည်း​တို့​ကို သူ​တို့​အား မ​ပေး​နိုင်​။ သူ​တို့​သည် သူ​တို့​၏​မယား​၊ သားသမီး​တို့​ကို​သာ​ခေါ်​၍ ထွက်သွား​ပါစေ”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 23,
      "text": "သို့သော် ဒါဝိဒ်​က သူ​တို့​အား “​ငါ့​ညီအစ်ကို​တို့​၊ ငါ​တို့​အား ထာဝရဘုရား​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ဤသို့​မ​ပြု​ရ​။ ထာဝရဘုရား​သည် ငါ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ငါ​တို့​အား လာရောက်​တိုက်ခိုက်​သော​ဓားပြ​တို့​ကို​လည်း ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 24,
      "text": "ဤ​အမှု​နှင့်​ပတ်သက်၍ သင်​တို့​စကား​ကို မည်သူ​နားထောင်​မည်နည်း​။ စစ်တိုက်​သွား​သော​သူ​ရ​သော​ဝေစု​အတိုင်း ပစ္စည်း​စောင့်ကျန်​ခဲ့​သော​သူ​ကို​လည်း ညီတူညီမျှ​ဝေစု​ခွဲဝေ​ပေး​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 25,
      "text": "ထို​နေ့​မှစ၍ ယနေ့​ချိန်​ထိ ဒါဝိဒ်​သည် အစ္စရေး​လူမျိုး​တို့​တွင် ထိုသို့ စည်းမျဉ်း​ဥပဒေ ချမှတ်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 26,
      "text": "ဒါဝိဒ်​သည် ဇိကလတ်​မြို့​သို့ ရောက်​လျှင် သူ​၏​မိတ်ဆွေ ယုဒ​သက်ကြီးဝါကြီး​တို့​အား “​ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ရန်သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ကို သင်​တို့​အဖို့ လက်ဆောင်​ပေး​လိုက်​ပါ​၏​”​ဟု ဆို​၍ တိုက်ရာပါပစ္စည်း​များ​ကို ပေး​လိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 27,
      "text": "ဗေသလ​မြို့သား​များ​၊ ရာမုတ်နေဂေ့​မြို့သား​များ​၊ ယတ္တိရ​မြို့သား​များ​၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 28,
      "text": "အာရော်​မြို့သား​များ​၊ ရှိဖမုတ်​မြို့သား​များ​၊ ဧရှတမော​မြို့သား​များ​၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 29,
      "text": "ရာခလ​မြို့သား​များ​၊ ယေရမေလ​မြို့​များ​ရှိ​မြို့သား​များ​၊ ကေနိ​မြို့​များ​ရှိ​မြို့သား​များ​၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 30,
      "text": "ဟောမာ​မြို့သား​များ​၊ ခေါရာရှန်​မြို့သား​များ​၊ အာသက်​မြို့သား​များ​၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 31,
      "text": "ဟေဗြုန်​မြို့သား​များ စသည်​တို့​မှစ၍ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့ သွားလာ​ခဲ့​သော​မြို့​ရှိသမျှ​တို့​သို့​လည်း ပေးလိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 1,
      "text": "တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 2,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​နှင့် သူ့​သား​တို့​နောက်သို့ ထက်ကြပ်မကွာ​လိုက်​၍ ရှောလု​မင်းကြီး​၏​သား​များ​ဖြစ်​သော ယောနသန်​၊ အဘိနဒပ်​နှင့် မေလခိရွှ​တို့​ကို ကွပ်မျက်​လိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 3,
      "text": "ရှောလု​မင်းကြီး​သည်​လည်း အပြင်းအထန်​တိုက်ခိုက်​ခံရ​ပြီး လေးသည်တော်​တို့​နှင့်​တိုးမိ​၍ လေးသည်တော်​တို့​လက်ချက်​ဖြင့် ဒဏ်ရာ​အပြင်းအထန်​ရ​သွား​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 4,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ထိုးသတ်​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 5,
      "text": "ရှောလု​မင်းကြီး အနိစ္စ​ရောက်သွား​သည်​ကို​မြင်​လျှင် သူ​၏​လက်နက်ကိုင်​လုလင်​လည်း သူ့​ဓား​ပေါ်​လှဲချ​ပြီး ရှောလု​နှင့်အတူ သေ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 6,
      "text": "ဤသို့ဖြင့် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​၊ လက်နက်ကိုင်​လုလင်​နှင့် သူ့​နောက်လိုက်​အပေါင်း​တို့​သည် ထို​နေ့​တစ်နေ့ချင်း​တွင် အတူ​သေ​ကြ​ရ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​များ ထွက်ပြေး​ကြ​ရ​ကြောင်း​၊ ရှောလု​မင်းကြီး​နှင့်​သား​တော်​များ​လည်း ကျဆုံး​ပြီ​ဖြစ်ကြောင်း​ကို ချိုင့်ဝှမ်းလွင်ပြင်​တစ်ဖက်ခြမ်း​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​တို့​၌​နေ​သော အစ္စရေး​အမျိုးသား​တို့ သိမြင်​လျှင် သူ​တို့​သည်​လည်း မြို့ရွာ​များ​ကို စွန့်​၍​ထွက်ပြေး​ကြ​၏​။ ထိုအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် ထို​မြို့ရွာ​တို့​တွင် ဝင်ရောက်​နေထိုင်​ကြ​လေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 8,
      "text": "နောက်တစ်နေ့​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် သေဆုံး​သွား​သော​သူ​တို့​၏​ကိုယ်​မှ ပစ္စည်း​များ​ကို ချွတ်ယူ​ရန် လာ​ကြ​သောအခါ ဂိလဗော​တောင်​ပေါ်တွင် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​တို့ လဲကျ​သေဆုံး​နေ​ကြ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 9,
      "text": "သူ​တို့​သည် ရှောလု​မင်းကြီး​၏​ဦးခေါင်း​ကို​ဖြတ်​၍ စစ်ဝတ်တန်ဆာ​များ​ကို​လည်း ချွတ်ယူ​ကြ​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​၍ သူ​တို့​၏​ရုပ်တု​များ​နှင့် ပြည်သူပြည်သား​များ​ထံ၌ ထို​သတင်းကောင်း​ကို​ကြေညာ​စေ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 10,
      "text": "ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​များ​ကို အာရှတရက်​ဝတ်ကျောင်း​တွင်​ထား​ပြီး အလောင်း​ကို​မူ ဗက်ရှန်​မြို့ရိုး​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 11,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​အပေါ် မည်သို့​ပြု​ကြ​သည်​ကို ယာဗက်ဂိလဒ်​မြို့သား​တို့ ကြားသိ​သောအခါ"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 12,
      "text": "စစ်သူရဲ​တစ်ယောက်မကျန်​ထ​၍ ညတွင်းချင်း​အရောက်​ချီသွား​ကြ​ပြီး ဗက်ရှန်​မြို့ရိုး​၌​ချိတ်​ထား​သော ရှောလု​မင်းကြီး​အလောင်း​နှင့်​သူ့​သား​တို့​၏​အလောင်း​များ​ကို ဖြုတ်ယူ​ပြီးလျှင် ယာဗက်​မြို့​သို့​ယူဆောင်​လာ​ကာ ထို​မြို့​တွင် မီးသင်္ဂြိုဟ်​လိုက်​ကြ​၏​။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 13,
      "text": "ထို့နောက် အရိုး​ကို​ယူ​၍ ယာဗက်​မြို့​ရှိ မန်ကျည်းပင်​အောက်​တွင် သင်္ဂြိုဟ်​ပြီး ခုနစ်​ရက်​တိုင်တိုင် အစာရှောင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 1,
      "text": "ရှောလု​မင်းကြီး အနိစ္စရောက်​ပြီးနောက် ဒါဝိဒ်​သည် အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်​ချေမှုန်း​ရာ​မှ ပြန်လာ​၍ ဇိကလတ်​မြို့​တွင် နှစ်​ရက်​နေ​ပြီး"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 2,
      "text": "သုံး​ရက်​မြောက်​သော​နေ့​တွင် ရှောလု​မင်းကြီး​၏​တပ်စခန်း​မှ လူ​တစ်ဦး​သည် အဝတ်​ကို​ဆုတ်​လျက်​၊ ခေါင်း​ပေါ်​မြေမှုန့်​တင်​လျက် ဒါဝိဒ်​ထံ ရောက်လာ​၍ မြေ​ပေါ်တွင်​ပျပ်ဝပ်​ရှိခိုး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 3,
      "text": "ထိုအခါ ဒါဝိဒ်​က သူ့​အား “​သင် အဘယ်​က​လာ​ခဲ့​သနည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အစ္စရေး​တပ်စခန်း​မှ ထွက်ပြေး​လာ​ခဲ့​ရ​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 4,
      "text": "ဒါဝိဒ်​က​လည်း သူ့​အား “​မည်သို့​ဖြစ်ပျက်​ခဲ့​သည်​ကို ငါ့​အား​ပြောပြ​ပါ​လော့​”​ဟု ဆို​လျှင် သူ​က “​စစ်သည်​တို့​သည် စစ်ပွဲ​မှ ထွက်ပြေး​ကြ​ရ​ပါ​၏​။ စစ်သည်​အများအပြား လဲကျ​သေဆုံး​ကြ​ရ​ပါ​၏​။ ရှောလု​မင်းကြီး​နှင့်​သူ့​သား​ယောနသန်​လည်း သေ​သွား​ပါ​ပြီ​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 5,
      "text": "ဒါဝိဒ်​က သတင်းကြားပြော​သော​လူငယ်​အား “​ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန် သေဆုံး​သည်​ကို သင်​မည်သို့​သိ​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 6,
      "text": "သတင်းကြားပြော​သော​လူငယ်​က “​အကျွန်ုပ်​သည် ဂိလဗော​တောင်​ပေါ် ရောက်သွား​ချိန်​တွင် ဤ​အဖြစ်အပျက်​နှင့်​ကြုံ​ခဲ့​ရ​ပါ​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​မှီ​လျက်​နေ​ပါ​၏​။ စစ်ရထား​နှင့် မြင်းတပ်​တို့​သည် သူ့​ထံသို့ ရောက်လု​ဆဲဆဲ​ဖြစ်​နေ​သည်​ကို တွေ့​ရ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 7,
      "text": "ရှောလု​မင်းကြီး​သည် အနောက်​ကို​လှည့်ကြည့်​၍ အကျွန်ုပ်​ကို မြင်​လျှင် လှမ်းခေါ်​ပါ​၏​။ အကျွန်ုပ်​က​လည်း ‘​အကျွန်ုပ်​ရှိ​ပါ​၏​’​ဟု ထူး​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 8,
      "text": "သူ​က အကျွန်ုပ်​အား ‘​သင်​ကား မည်သူ​နည်း’​ဟု မေး​လျှင် ‘​အကျွန်ုပ်​သည် အာမလက်​လူမျိုး ဖြစ်​ပါ​သည်​’​ဟု ပြောပြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 9,
      "text": "သူ​က​လည်း ‘​ငါ့​နားသို့​လာ​ပြီး ငါ့​ကို သတ်​လိုက်​ပါ​။ ငါ​သည် ဝေဒနာ မချိမဆံ့​ခံ​နေ​ရ​ပါ​၏​။ အသက်​လည်း မ​ထွက်​နိုင်​သေး​ပါ​’​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 10,
      "text": "အကျွန်ုပ်​လည်း သူ​လဲကျ​၍ အသက်​မ​ရှင်​နိုင်​တော့​သည်​ကို သိ​သဖြင့် သူ့​နားသို့​လာ​ပြီး သူ့​ကို ထိုးသတ်​လိုက်​ပါ​၏​။ သူ့​ခေါင်း​ပေါ်မှ ရာဇသရဖူ​နှင့် လက်မောင်း​မှ လက်ပတ်​ကို​ယူ​၍ ယခု အကျွန်ုပ်​အရှင့်​ထံ ယူဆောင်​လာ​ပါ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 11,
      "text": "ထိုအခါ ဒါဝိဒ်​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို ဆွဲ​ဆုတ်​ပစ်​၏​။ သူ့​နောက်လိုက်​အပေါင်း​တို့​သည်​လည်း ထိုနည်းတူ ပြု​ကြ​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 12,
      "text": "ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​မှစ၍ ထာဝရဘုရား​၏​လူမျိုး​တော်​ဖြစ်​သော​အစ္စရေး​အမျိုးအနွယ်​တို့​သည် ဓား​ဖြင့် သေဆုံး​ကြ​ရ​သောကြောင့် နေဝင်ချိန်​တိုင်အောင် အစာရှောင်​ငိုကြွေး​မြည်တမ်း​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 13,
      "text": "ထို့နောက် ဒါဝိဒ်​က မိမိ​ကို​သတင်းကြားပြော​သော​လူငယ်​အား “​သင် အဘယ်က​နည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် တိုင်းတစ်ပါးသား​အာမလက်​လူမျိုး ဖြစ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 14,
      "text": "ဒါဝိဒ်​က​လည်း “​ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​အား သင် ကိုယ်ထိလက်ရောက်​သတ်ပစ်​သည်​ကို သင်​မ​ကြောက်​သလော​”​ဟု သူ့​အား ဆို​ပြီး"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 15,
      "text": "ဒါဝိဒ်​သည် ငယ်သား​တစ်​ဦး​ကို ခေါ်​၍ “​သူ့​ကို သွား​သတ်​ပစ်​လိုက်​”​ဟု ဆို​၏​။ ငယ်သား​က​လည်း ထို​သူ​ကို သတ်​သဖြင့် ထို​သူ​သေ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 16,
      "text": "ဒါဝိဒ်​က​လည်း “ ‘​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော​ရှင်ဘုရင်​ကို အကျွန်ုပ်​သတ်​လေ​ပြီ​’​ဟု သင့်​နှုတ်​မှ ဝန်ခံ​သောကြောင့် လူသတ်​သော​အပြစ်​ကို သင်​ပြန်​ခံရ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 17,
      "text": "ထို့နောက် ဒါဝိဒ်​သည် ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​အတွက် ငိုချင်းဖွဲ့​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 18,
      "text": "ဤ “လေး​တော်” ငိုချင်း​ကို ယုဒ​အမျိုးသား​တို့​ကို​ပါ သင်ကြား​စေ​၏​။ ယာရှာ ​ကျမ်း​တွင်​လည်း ရေးမှတ်​ထား​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 19,
      "text": "“အို အစ္စရေး​၊ သင်​၏​ကုန်းမြင့်​များ​ပေါ်တွင် သင်​၏​ဂုဏ်သရေ အသတ်ခံရ​လေ​ပြီ​။ သူရဲကောင်း​တို့ ကျဆုံး​ရ​လေ​ပြီ​တကား​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 20,
      "text": "ဖိလိတ္တိ​သမီးပျို​များ ဝမ်းမြောက်​မည်​ကို စိုး​၍​၊ အရေဖျားမလှီး​သူ​တို့​၏​သမီးပျို​များ ရွှင်မြူး​မည်​ကို​စိုး​၍ ဤ​အကြောင်း​ကို ဂါသ​မြို့​တွင် မ​ပြော​ကြ​ပါ​နှင့်​။ အာရှကေလုန်​မြို့​လမ်း​များ​ပေါ်တွင် မ​ကြေညာ​ကြ​ပါ​နှင့်​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 21,
      "text": "ဂိလဗော​တောင်​များ​ပေါ်တွင် နှင်း​မ​ကျ​ပါစေ​နှင့်​။ မိုး​လည်း မ​ရွာ​ပါစေ​နှင့်​။ လယ်မြေ​တို့​တွင်​လည်း လှူဖွယ်ကောက်နှံ​တို့ မ​ဖြစ်ထွန်း​ပါစေ​နှင့်​။ အကြောင်းမှာ ထို​အရပ်​တွင် သူရဲကောင်း​တို့​၏​ဒိုင်းလွှား​များ ရှုံးနိမ့်​ရ​လေ​ပြီ​။ ရှောလု​မင်းကြီး​၏​ဒိုင်းလွှား​သည်​လည်း ဆီသ​ထား​ခြင်း မ​ရှိ​တော့​ပြီ​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 22,
      "text": "ယောနသန်​၏​လေး​သည် အသတ်ခံရ​သူ​၏​အသွေး​ကို မ​သောက်​ရ​ဘဲ​၊ ခွန်အားကြီး​သူ​တို့​၏​အဆီ​ကို မ​စား​ရ​ဘဲ နောက်ပြန်​မ​ဆုတ်​တတ်​။ ရှောလု​မင်းကြီး​၏​ဓား​သည်​လည်း လက်ချည်းသက်သက် ပြန်​မ​လာ​တတ်​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 23,
      "text": "လင်းယုန်ငှက်​ထက် လျင်မြန်​ပြီး ခြင်္သေ့​ထက် ခွန်အားကြီး​သော​၊ ချစ်ခင်​နှစ်သက်​ရ​ပါ​သော ရှောလု​နှင့် ယောနသန်​တို့​သည် ရှင်​အတူ သေ​မ​ကွာ​ပါ​တကား​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 24,
      "text": "အို အစ္စရေး​သမီးပျို​တို့​၊ သင်​တို့​ကို ကတ္တီပါနီ​နှင့် ဝတ်ကောင်းစားလှ​များ​ဖြင့် ဆင်ယင်​ပေး​ခဲ့​သော​၊ သင်​တို့​၏​အဝတ်​များ​တွင် ရွှေ​ထည်​များ​ကို တန်ဆာဆင်​ပေး​ခဲ့​သော ရှောလု​မင်းကြီး​အဖို့ ငိုကြွေး​ကြ​လော့​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 25,
      "text": "စစ်သူရဲ​တို့​သည် စစ်ပွဲ​အလယ်​တွင် ကျရှုံး​ရ​ပါ​ပြီ​တကား​။ ယောနသန်​သည် ကုန်းမြင့်​ပေါ်တွင် အသတ်ခံရ​ပါ​ပြီ​တကား​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 26,
      "text": "ငါ့​အစ်ကို​ယောနသန်​၊ သင့်​အဖို့ ငါ​ကြေကွဲ​ရ​ပါ​ပြီ​တကား​။ သင်​သည် ငါ့​အဖို့ အလွန်​နှစ်သက်ဖွယ်​ကောင်း​သော​သူ ဖြစ်​ခဲ့​ပါ​၏​။ သင် ငါ့​ကို​ချစ်​သော​အချစ်​မှာ​လည်း အံ့ဖွယ်​ဖြစ်​ပါ​၏​။ မိန်းမ​တို့ ချစ်​သော​အချစ်​ထက် သာလွန်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 27,
      "text": "သူရဲကောင်း​တို့ ကျရှုံး​လေ​ပြီ​တကား​။ စစ်​လက်နက်​တို့ ပျက်စီး​လေ​ပြီ​တကား​”​ဟူ၍ ဖြစ်​သတည်း​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက်မှ ဒါဝိဒ်​က “​ယုဒ​ပြည်​ရှိ​မြို့​တစ်​မြို့​မြို့​သို့ အကျွန်ုပ်​သွား​ရ​ပါ​မည်လော”​ဟု ထာဝရဘုရား​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က “​သွား​လော့​”​ဟု မိန့်ဆို​၏​။ ဒါဝိဒ်​က​လည်း “​မည်သည့်​မြို့​သို့ သွား​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​လျှင် ထာဝရဘုရား​က “​ဟေဗြုန်​မြို့​သို့ သွား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 2,
      "text": "ဤသို့ဖြင့် ဒါဝိဒ်​သည် ဟေဗြုန်​မြို့​သို့ တက်သွား​ရာ​တွင် သူ​၏​မယား​နှစ်​ဦး​ဖြစ်​သော ယေဇရေလ​မြို့သူ အဟိနောင်​နှင့် ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ခဲ့​ဖူး​သော အဘိဂဲလ​တို့​လည်း ပါ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 3,
      "text": "ဒါဝိဒ်​သည် သူ့​လူ​တို့​ကို မိသားစု​အလိုက် ခေါ်​၍ ဟေဗြုန်​မြို့ရွာ​တို့​၌ နေထိုင်​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ ယုဒ​အမျိုးသား​တို့​သည် ရောက်လာ​၍ ဒါဝိဒ်​အား ယုဒ​အမျိုးအနွယ်​တို့​၏​ဘုရင်​အဖြစ် ထို​နေရာ​တွင် ဘိသိက်ပေး​ကြ​၏​။ သူ​တို့​က ဒါဝိဒ်​အား “ယာဗက်​ဂိလဒ်​မြို့သား​တို့​က ရှောလု​မင်းကြီး​ကို​သင်္ဂြိုဟ်​လိုက်​ကြ​ပါ​ပြီ​”​ဟု ပြောပြ​ကြ​သောအခါ"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 5,
      "text": "ဒါဝိဒ်​သည် ယာဗက်​ဂိလဒ်​မြို့သား​တို့​ထံသို့ တမန်​တို့​ကို​စေလွှတ်​၍ “​သင်​တို့​သည် သင်​တို့​၏​အရှင်​ရှောလု​မင်းကြီး​ကို ဤသို့​မေတ္တာပြ​၍ သင်္ဂြိုဟ်​ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 6,
      "text": "သင်​တို့​ပြု​သော ဤ​အမှု​ကြောင့် ထာဝရဘုရား​သည် မေတ္တာကရုဏာ​နှင့် သမ္မာတရား​ကို သင်​တို့​အား ပြ​တော်မူ​ပါစေသော​။ ငါ​သည်​လည်း သင်​တို့​ကို ကျေးဇူးပြု​ပါ​မည်​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 7,
      "text": "သင်​တို့​၏​အရှင်​ရှောလု​မင်းကြီး အနိစ္စရောက်​လေ​ပြီ​၊ ယုဒ​အမျိုးအနွယ်​သည်​လည်း ငါ့​ကို ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​ပြီ​ဖြစ်​သောကြောင့် အားယူ​၍​ရဲရင့်​ခြင်း ရှိ​ကြ​လော့​”​ဟု မှာကြား​လိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 8,
      "text": "ရှောလု​မင်းကြီး​၏​စစ်သူကြီး​၊ နေရ​၏​သား အာဗနာ​ကား ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​ကို​ခေါ်​၍ မဟာနိမ်​မြို့​သို့ သူ့​ကို ဆောင်သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 9,
      "text": "ဣရှဗောရှက်​ကို ဂိလဒ်​အမျိုး​၊ အာရှာ​အမျိုး​၊ ယေဇရေလ​အမျိုး​၊ ဧဖရိမ်​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​မှစ၍ အစ္စရေး​တစ်မျိုးလုံး​၏​ဘုရင်​အဖြစ် တင်မြှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 10,
      "text": "ရှောလု​မင်းကြီး​၏​သား​ဣရှဗောရှက်​သည် အစ္စရေး​ဘုရင်​ဖြစ်လာ​ချိန်​တွင် သက်တော်​လေးဆယ်​ရှိ​၍ တိုင်းပြည်​ကို နှစ်​နှစ် အုပ်စိုး​၏​။ ယုဒ​အမျိုးအနွယ်​တို့​မူကား ဒါဝိဒ်​မင်းကြီး​နောက်သို့​လိုက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ယုဒ​အမျိုးအနွယ်​တို့​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​တိုင်အောင် အချိန်ကြာကြာ​အုပ်ချုပ်​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 12,
      "text": "နေရ​၏​သား အာဗနာ​နှင့် ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​၏​အစေအပါး​တို့​သည် မဟာနိမ်​မြို့​မှ ဂိဗောင်​မြို့​သို့ ထွက်လာ​လျှင်"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 13,
      "text": "ဇေရုယာ​သား ယွာဘ​နှင့် ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​လည်း ထွက်လာ​၍ ဂိဗောင်​ရေကန်​နား၌ တစ်ဖွဲ့​နှင့်​တစ်ဖွဲ့​ဆုံ​ကြ​၏​။ တစ်ဖွဲ့​သည် ရေကန်​၏​တစ်ဖက်​တွင်​နေရာယူ​၍ အခြား​တစ်ဖွဲ့​သည် ရေကန်​၏​အခြား​တစ်ဖက်​တွင် နေရာယူ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 14,
      "text": "ထို့နောက် အာဗနာ​က ယွာဘ​အား “​လုလင်​တို့​ကို​ငါ​တို့​ရှေ့​သို့ ထွက်လာ​ပြီး စစ်ထိုးကစား​စေ​မည်​”​ဟု ဆို​လျှင် ယွာဘ​က “​ထွက်လာ​ကြ​စေ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 15,
      "text": "ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​ဘက်​မှ ဗင်္ယာမိန်​အမျိုး တစ်ဆယ့်​နှစ်​ယောက်​နှင့် ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​ဘက်​မှ တစ်ဆယ့်​နှစ်​ယောက် ထွက်လာ​၍"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 16,
      "text": "ပြိုင်ဖက်​အချင်းချင်း တစ်ဦး​နှင့်​တစ်ဦး ခေါင်း​ကို​ဖမ်းဆွဲ​၍ နံဘေး​ကို ဓား​နှင့်​ထိုး​ကြ​ရာ အားလုံး​လဲကျ​သေဆုံး​ကြ​လေ​၏​။ ထို့ကြောင့် ဂိဗောင်​မြို့​ရှိ ထို​နေရာ​ကို ဟေလကသဇ္ဇုရိမ် ဟု​ခေါ်ဆို​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 17,
      "text": "ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​ရာ အာဗနာ​နှင့် အစ္စရေး​အမျိုးသား​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​ကို ရှုံးနိမ့်​သွား​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 18,
      "text": "ဇေရုယာ​၏​သား​သုံး​ယောက်​ဖြစ်​သော ယွာဘ​၊ အဘိရှဲ​နှင့် အာသဟေလ​တို့​သည်​လည်း ထို​တိုက်ပွဲ​တွင် ပါဝင်​၏​။ အာသဟေလ​သည် တော​ဒရယ်​တစ်​ကောင်​ကဲ့သို့ အပြေးမြန်​သူ​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 19,
      "text": "အာသဟေလ​သည် အာဗနာ​နောက်သို့ လိုက်​လေ​၏​။ သူ​သည် ဝဲ​ယာ​မ​ယိမ်း​ဘဲ အာဗနာ​နောက်​သို့ တစိုက်မတ်မတ်​လိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 20,
      "text": "ထိုအခါ အာဗနာ​သည် နောက်သို့​လှည့်ကြည့်​၍ “​သင်​ကား အာသဟေလ ဟုတ်​သလော​”​ဟု မေး​လျှင် သူ​က “​ဟုတ်​၏​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 21,
      "text": "ထို့နောက် အာဗနာ​က “​ငါ့​ကို မ​လိုက်​တော့​နှင့်​။ ဝဲဘက်​ဖြစ်စေ​၊ ယာဘက်​ဖြစ်စေ လှည့်​၍ လုလင်​တစ်ယောက်ယောက်​ကို​လိုက်ဖမ်း​ပြီး သူ့​ထံမှ​လက်နက်ပစ္စည်း​များ​ကို သိမ်းယူ​ပါ​လော့​”​ဟု ဆို​သော်လည်း အာသဟေလ​သည် ပြန်​မ​လှည့်​ဘဲ ဆက်၍​သာ​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 22,
      "text": "အာဗနာ​က​လည်း အာသဟေလ​အား “​ပြန်လှည့်​သွား​လော့​။ ငါ့​ကို မ​လိုက်​နှင့်​။ အဘယ်ကြောင့် သင့်​ကို ငါ​သတ်​ရ​မည်နည်း​။ သင့်​ကို​သတ်​မိ​လျှင် သင့်​အစ်ကို ယွာဘ​ကို ငါ​မည်သို့​မျက်နှာပြ​ရ​မည်နည်း​”​ဟု ထပ်ပြော​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 23,
      "text": "အာသဟေလ​သည် ပြန်​မ​လှည့်​ဘဲ​ဆက်၍​လိုက်​နေ​သောကြောင့် အာဗနာ​သည် သူ့​ကို လှံ​ဖြင့် နောက်ပြန်​ထိုး​လိုက်​ရာ လှံ​သည် ဝမ်းဗိုက်​မှ နောက်ကျော​အထိ ထုတ်ချင်းပေါက်​သွား​ပြီး သူ​သည် ထို​နေရာ​တွင်ပင် လဲကျ​သေဆုံး​သွား​လေ​၏​။ အာသဟေလ လဲကျ​သေဆုံး​သော​နေရာ​သို့ ရောက်လာ​သူ​အားလုံး​လည်း ရပ်တန့်​သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 24,
      "text": "ယွာဘ​နှင့် အဘိရှဲ​မူကား အာဗနာ​ကို ဆက်လိုက်​ကြ​ပြီး နေဝင်ချိန်​တွင် ဂိဗောင်​တောကန္တာရ​သွား​ရာ​လမ်း​၊ ဂိအာ​မြို့​နှင့်​မျက်နှာချင်းဆိုင် အမ္မ​တောင်ကုန်း​သို့ ရောက်လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 25,
      "text": "အာဗနာ​နောက်တွင် ဗင်္ယာမိန်​အမျိုးသား​တို့​စုရုံး​လာ​ပြီး တစ်စုတည်း​ပေါင်း​မိ​ကြ​ကာ သူ​တို့​တစ်ဖွဲ့လုံး​တောင်ကုန်း​ထိပ်​တွင် နေရာယူ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 26,
      "text": "အာဗနာ​က ယွာဘ​အား ဟစ်ခေါ်​ပြီး “​ဓား​သည် အစဉ်​ဝါးမျို​ရ​မည်လော​။ အဆုံး​မှာ ခါးသီးကြေကွဲ​ရ​မည်​ကို မ​သိ​သလော​။ ကိုယ့်​ညီအစ်ကိုချင်း​ကို ဆက်၍ မ​လိုက်​ကြ​ရန် လူ​တို့​ကို မ​တား​တော့​ပြီ​လော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 27,
      "text": "ထိုအခါ ယွာဘ​က “​ဘုရားသခင် အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​သာ ဤသို့​မ​ပြော​ခဲ့​လျှင် လူ​တို့​သည် ကိုယ့်​ညီအစ်ကိုချင်း​ကို မိုးလင်း​သည့်​တိုင်အောင် အမှန်ပင်​ဆက်လိုက်​မိ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 28,
      "text": "ထို့နောက် ယွာဘ​သည် တံပိုး​ကို​မှုတ်​လိုက်​လျှင် လူ​အပေါင်း​တို့​လည်း ရပ်တန့်​သွား​ကြ​ပြီး အစ္စရေး​လူမျိုး​တို့​နောက်​ကို ဆက်​မ​လိုက်​ကြ​တော့​ပေ​။ တိုက်ပွဲ​လည်း ထပ်​မ​ဖြစ်​တော့​ပေ​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 29,
      "text": "ထို့နောက် အာဗနာ​နှင့် သူ့​လူ​တို့​သည် တစ်ညလုံး အရာဗ​လွင်ပြင်​တစ်လျှောက် ချီတက်​သွား​ပြီး ဂျော်ဒန်​မြစ်​ကို​ဖြတ်​ကာ ဗိသရုန်​ပြည်​တစ်လျှောက်​ဖြတ်​ပြီးနောက် မဟာနိမ်​မြို့​သို့ ပြန်ရောက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 30,
      "text": "ယွာဘ​သည် အာဗနာ​ကို​လိုက်​ရာ​မှ ပြန်လာ​ပြီးနောက် လူ​အားလုံး​ကို စုဝေး​စေ​ရာ အာသဟေလ​နှင့် ဒါဝိဒ်​မင်းကြီး​၏​အစေအပါး တစ်ဆယ့်​ကိုး​ယောက် ပျောက်ဆုံး​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 31,
      "text": "ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​ကား အာဗနာ​၏​လူ ဗင်္ယာမိန်​အမျိုး အယောက်​သုံး​ရာ​ခြောက်ဆယ်​ကို တိုက်ခိုက်​သတ်ဖြတ်​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 32,
      "text": "ထို့နောက်တွင် အာသဟေလ​အလောင်း​ကို သူ့​ဖခင်​သင်္ချိုင်း​ရှိ​ရာ ဗက်လင်​မြို့​သို့ သယ်သွား​ပြီး သင်္ဂြိုဟ်​ကြ​၏​။ ထို့နောက် ယွာဘ​နှင့်​သူ့​လူ​တို့​သည် ညတွင်းချင်း​ပြန်လာ​ကြ​ရာ မိုးလင်း​မှ ဟေဗြုန်​မြို့​သို့ ပြန်ရောက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 1,
      "text": "ရှောလု​မင်းကြီး​အမျိုးအနွယ်​နှင့် ဒါဝိဒ်​မင်းကြီး​အမျိုးအနွယ်​တို့​သည် ကြာရှည်​စွာ စစ်​ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မှာ အင်အား​ကြီး​လာ​သော်လည်း ရှောလု​မင်းကြီး​အမျိုးအနွယ်​မှာ အားယုတ်​လာ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 2,
      "text": "ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 3,
      "text": "ဒုတိယ​သား​မှာ ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ဖူး​ခဲ့​သော​အဘိဂဲလ​နှင့်​ရ​သော​ခိလပ်​၊ တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော်​မာခါ​နှင့်​ရ​သော​အဗရှလုံ​၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 4,
      "text": "စတုတ္ထ​သား​မှာ ဟဂ္ဂိတ်​နှင့်​ရ​သော​အဒေါနိယ​၊ ပဉ္စမ​သား​မှာ အဘိတလ​နှင့်​ရ​သော​ရှေဖတိ​၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 5,
      "text": "ဆဋ္ဌမ​သား​မှာ ဒါဝိဒ်​မင်းကြီး​၏​မယား ဧဂလာ​နှင့်​ရ​သော​ဣသရံ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 6,
      "text": "ရှောလု​မင်းကြီး​အမျိုးအနွယ်​နှင့် ဒါဝိဒ်​မင်းကြီး​အမျိုးအနွယ်​တို့ စစ်​ဖြစ်​နေစဉ်​ကာလ​တွင် အာဗနာ​သည် ရှောလု​မင်းကြီး​အမျိုးအနွယ်​ထဲ၌ သြဇာအာဏာ​ကြီးသူ​ဖြစ်​အောင် ကြိုးစား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 7,
      "text": "ရှောလု​မင်းကြီး​တွင် အာယ​၏​သမီး ရိဇပ အမည်​ရှိ​သော​မောင်းမ​တစ်​ဦး​ရှိ​၏​။ ဣရှဗောရှက်​က အာဗနာ​အား “​သင်​သည် အဘယ်ကြောင့် ငါ့​ခမည်းတော်​၏​မောင်းမ​ထံ ဝင်​ရ​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 8,
      "text": "ဣရှဗောရှက်​မင်းကြီး​၏​စကား​ကြောင့် အာဗနာ အလွန်​အမျက်ထွက်​ပြီး “​ငါ့​ကို ယုဒ​အမျိုး​၏​ခွေး​ခေါင်း​များ​မှတ်​နေ​သလော​။ ယခု ငါ​သည် သင့်​ဖခင်​ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​နှင့် သူ့​ညီအစ်ကို​၊ သူ့​မိတ်ဆွေ​တို့​ကို မေတ္တာပြ​ခဲ့​၏​။ သင့်​ကို​လည်း ဒါဝိဒ်​မင်းကြီး​လက်​သို့ မ​အပ်​။ သို့သော် ယနေ့ မိန်းမ​တစ်​ယောက်​နှင့်ဆိုင်သော​အမှား​အတွက် ငါ့​အား အပြစ်တင်​ရ​သလော​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 9,
      "text": "ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား ကျိန်ဆို​ထား​သည့်​အတိုင်း သူ့​အတွက် ငါ​မ​ပြု​ခဲ့​လျှင် ဘုရားသခင်​သည် ငါ​အာဗနာ​ကို စီရင်​တော်မူ​ပါစေသော​။ ထိုထက်မက ပြု​တော်မူ​ပါစေသော​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 10,
      "text": "ဘုရားသခင်​သည် နိုင်ငံ​တော်​ကို ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​လက်​မှ​ရုပ်သိမ်း​ပြီး ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် အစ္စရေး​ပြည်​၊ ယုဒ​ပြည်​တို့​တွင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ကို တည်​စေ​တော်မူ​မည်​”​ဟု ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 11,
      "text": "ဣရှဗောရှက်​သည် အာဗနာ​ကို ကြောက်​သောကြောင့် စကား​တစ်ခွန်း​မျှ မ​တုံ့ပြန်​ဝံ့​တော့​ပေ​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 12,
      "text": "ထို့နောက် အာဗနာ​သည် မိမိ​ကိုယ်စား ဒါဝိဒ်​မင်းကြီး​ထံ တမန်​ကို​လွှတ်​၍ “​ဤ​ပြည်​ကို မည်သူ​ပိုင်​သနည်း​။ အကျွန်ုပ်​နှင့် မဟာမိတ်​ဖွဲ့​ပါ​လော့​။ အစ္စရေး​လူမျိုး​တစ်မျိုးလုံး အရှင့်​ဘက်​ပါလာ​အောင် အကျွန်ုပ်​ကူညီ​ပါ​မည်​”​ဟု လျှောက်​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 13,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း “ကောင်း​ပြီ​။ သင်​နှင့် မဟာမိတ်​ဖွဲ့​မည်​။ သို့ရာတွင် သင့်​ကို တစ်ခု​တောင်းဆို​မည်​။ ငါ့​ထံသို့ သင်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး မိခါလ​ကို မ​ခေါ်လာ​လျှင် ငါ့​မျက်နှာ​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 14,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​ထံသို့​လည်း တမန်​ကို​စေလွှတ်​၍ “​ဖိလိတ္တိ​လူမျိုး​တို့​၏​အရေဖျား​တစ်ရာ​ဖြင့် လဲယူ​ခဲ့​ရ​သော ငါ့​မယား​မိခါလ​ကို ပြန်ပေး​ပါ​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 15,
      "text": "ထို့ကြောင့် ဣရှဗောရှက်​မင်းကြီး​သည် လူ​လွှတ်​၍ မိခါလ​ကို သူ့​ယောက်ျား​ဖြစ်​သော လဲရှ​၏​သား ပါလတေလ​ထံမှ ပြန်ခေါ်လာ​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 16,
      "text": "သူ့​ခင်ပွန်း​သည်​လည်း ငိုကြွေး​လျက် ဗာဟုရိမ်​မြို့​တိုင်အောင် သူ​နှင့်အတူ​လိုက်လာ​၏​။ အာဗနာ​က သူ့​အား “​ပြန်သွား​ပါ​”​ဟု ဆို​မှ သူ​ပြန်သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 17,
      "text": "ထို့နောက် အာဗနာ​က အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်​တိုင်ပင်ဆွေးနွေး​ပြီး “​သင်​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ယခင်ကတည်းကပင် မင်းမြှောက်​လို​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 18,
      "text": "ထာဝရဘုရား​က​လည်း ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​အစေအပါး​ဒါဝိဒ်​အားဖြင့် ငါ့​လူမျိုး​တော်​အစ္စရေး​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​၊ ရန်သူ​အပေါင်း​တို့​လက်​မှ​ကယ်နုတ်​မည်​’​ဟု ကတိထား​ပြီ​ဖြစ်​၍ ယခုပင် သူ့​ကို​မင်းမြှောက်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 19,
      "text": "အာဗနာ​သည် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​နှင့်​လည်း တိုင်ပင်​ပြောဆို​ခဲ့​၏​။ ထို့နောက် အစ္စရေး​လူမျိုး​အပါအဝင် ဗင်္ယာမိန်​တစ်မျိုးနွယ်လုံး​၏​ကောင်း​သော​ထင်မြင်ချက်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား တင်ပြ​ရန် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 20,
      "text": "အာဗနာ​နှင့် သူ့​လူ​အယောက်​နှစ်ဆယ်​တို့​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် အာဗနာ​နှင့် သူ့​လူ​တို့​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 21,
      "text": "အာဗနာ​က ဒါဝိဒ်​မင်းကြီး​အား “​အစ္စရေး​တစ်မျိုးနွယ်လုံး​အရှင်​မင်းကြီး​ထံ​ရောက်လာ​၍ အရှင့်​ထံ၌ ကတိသစ္စာ​ခံ​ကြ​မည့်​အကြောင်း​၊ အရှင်မင်းကြီး​စိတ်​ရှိ​သည့်​အတိုင်း သူ​တို့​ကို အုပ်စိုး​နိုင်​မည့်​အကြောင်း အကျွန်ုပ်​ထ​သွား​၍ သူ​တို့​ကို စုရုံး​ပါ​မည်​”​ဟု ဆို​လျှင် ဒါဝိဒ်​မင်းကြီး​ပြန်ခွင့်ပြု​သဖြင့် အာဗနာ​လည်း အေးချမ်း​စွာ​ပြန်သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 22,
      "text": "ထိုစဉ်တွင်ပင် ယွာဘ​နှင့်​ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် စစ်တိုက်​ရာ​မှ ပြန်ရောက်​လာ​ကြ​၏​။ တိုက်ရာပါပစ္စည်း​လည်း အများအပြား​ယူလာ​ကြ​၏​။ သို့သော် အာဗနာ​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ဟေဗြုန်​မြို့​တွင် မ​ရှိ​တော့​ချေ​။ ဒါဝိဒ်​မင်းကြီး ပြန်ခွင့်ပြု​သောကြောင့် အေးချမ်း​စွာ​ထွက်သွား​နှင့်​ပြီ​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 23,
      "text": "ယွာဘ​နှင့် သူ့​တပ်ဖွဲ့ ပြန်​ရောက်လာ​သောအခါ “​နေရ​၏​သား အာဗနာ​သည် ရှင်ဘုရင်​ထံ​ရောက်​ခဲ့​လေ​ပြီ​။ ရှင်ဘုရင်​က သူ့​ကို​ပြန်သွားခွင့်​ပြု​သဖြင့် သူ​သည် အေးချမ်း​စွာ​ပြန်သွား​ပြီ​”​ဟု သူ့​အား ကြားပြော​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 24,
      "text": "ထို့ကြောင့် ယွာဘ​သည် ရှင်ဘုရင်​ထံ​သွား​၍ “​အရှင်မင်းကြီး မည်သို့​ပြု​ဘိ​သနည်း​။ အာဗနာ​သည် အရှင့်​ထံ​လာ​ပြီးမှ သူ့​ကို​အဘယ်ကြောင့် ပြန်သွားခွင့်​ပြု​သနည်း​။ ယခုမှာ သူ​လွတ်သွား​ပြီ​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 25,
      "text": "နေရ​၏​သား အာဗနာ​အကြောင်း​ကို အရှင်​သိ​ပါ​၏​။ အရှင့်​ကို​လှည့်စား​ရန်​အတွက်​၊ အရှင်​ဝင်ထွက်​သွားလာ​သမျှ​၊ လုပ်ဆောင်​သမျှ​တို့​ကို​သိရှိ​ရန်​အတွက် ရောက်လာ​ခြင်း​သာ​ဖြစ်​၏​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 26,
      "text": "ထို့နောက် ယွာဘ​သည် ဒါဝိဒ်​မင်းကြီး​ထံ​မှ​ထွက်သွား​ပြီး အာဗနာ​နောက်သို့​တမန်​တို့​ကို​စေလွှတ်​၍ သူ​တို့​သည် သူ့​အား သိရ​ရေတွင်း​နား​မှ ပြန်ခေါ်​လာ​ကြ​၏​။ ထို​အမှု​ကို ဒါဝိဒ်​မင်းကြီး​မ​သိ​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 27,
      "text": "ဟေဗြုန်​မြို့​သို့ အာဗနာ​ပြန်ရောက်​လာ​သောအခါ ယွာဘ​က သူ့​အား သီးခြား​စကားပြော​လို​သည်​ဟု ဆို​၍ သူ့​ကို​မြို့​တံခါး​အတွင်း​သို့ ခေါ်သွား​ပြီးလျှင် သူ့​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​လေ​၏​။ ယွာဘ​ညီ အာသဟေလ​ကို သတ်​သော​သွေးကြွေး​အတွက် အာဗနာ​သေ​ရ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 28,
      "text": "နောက်မှ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး ကြား​သောအခါ “​နေရ​၏​သား အာဗနာ​ကို​သတ်​သည့်​အမှု​နှင့်​ပတ်သက်၍ ငါ​နှင့် ငါ့​ပြည်သူပြည်သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​အပြစ်​ကင်းလွတ်​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 29,
      "text": "ယွာဘ​နှင့် သူ့​ဖခင်​အိမ်သူအိမ်သား​အားလုံး​တို့​၏​ခေါင်း​ပေါ် ကျရောက်​ပါစေ​။ ယွာဘ​အမျိုး​ထဲတွင် အရိအရွဲထွက်​သော​သူ​၊ အနာကြီးရောဂါစွဲ​သော​သူ​၊ ခါးချည့်​သော​သူ​၊ ဓား​ဖြင့်​သေ​ရ​သူ​၊ ငတ်မွတ်​သော​သူ​တို့ မ​ပြတ်​ပါစေ​နှင့်​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 30,
      "text": "ယွာဘ​နှင့် သူ့​ညီ​အဘိရှဲ​တို့​သည် အာဗနာ​ကို​သတ်​လေ​၏​။ အကြောင်းမူကား ဂိဗောင်​တိုက်ပွဲ​တွင် အာဗနာ​သည် သူ​တို့​၏​ညီ အာသဟေလ​ကို သတ်​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 31,
      "text": "ဒါဝိဒ်​မင်းကြီး​က ယွာဘ​နှင့် သူ့​လူ​အားလုံး​တို့​အား “​သင်​တို့​အဝတ်​ကို​ဆုတ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကြ​။ အာဗနာ​အဖို့ ငိုကြွေးမြည်တမ်း​ကြ​”​ဟု ဆို​ပြီး ဒါဝိဒ်​မင်းကြီး​ကိုယ်တော်တိုင် အသုဘ​လိုက်ပို့​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 32,
      "text": "အာဗနာ​ကို ဟေဗြုန်​မြို့​၌ သင်္ဂြိုဟ်​ကြ​၏​။ ရှင်ဘုရင်​သည် အာဗနာ​၏​သင်္ချိုင်းဂူ​နား​တွင် ကျယ်လောင်​စွာ​ငိုကြွေး​၏​။ လူ​အပေါင်း​တို့​သည်​လည်း ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 33,
      "text": "ရှင်ဘုရင်​သည် အာဗနာ​အတွက် ငိုချင်းချ​ရင်း “​အာဗနာ​သည် လူမိုက်​သေ​သကဲ့သို့ သေ​ရ​ပါ​ပြီ​တကား​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 34,
      "text": "သင့်​လက်​ကို​မ​ချုပ်နှောင်​၊ သင့်​ခြေ​ကို ခြေချင်း​မ​ခတ်​ဘဲ ကောက်ကျစ်​သော​သူ​၏​လက်ချက်​ဖြင့် သင်​သေ​ရ​ပါ​ပြီ​တကား​”​ဟု ဆို​သဖြင့် လူ​အပေါင်း​တို့​သည် ထပ်မံ​ငိုကြွေး​ကြ​ပြန်​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 35,
      "text": "ထို့နောက် နေမဝင်မီ လူ​အပေါင်း​တို့​သည် လာ​၍ ဒါဝိဒ်​မင်းကြီး​အား စားတော်ခေါ်​ရန် တိုက်တွန်း​လေ​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​က “​နေ​မ​ဝင်​မီ မုန့်​ဖြစ်စေ​၊ အစာ​တစ်စုံတစ်ရာ​ကို​ဖြစ်စေ စား​မိ​လျှင် ဘုရားသခင်​သည် ငါ့​ကို​စီရင်​တော်မူ​ပါစေသော​။ ထိုထက်မက ပြု​တော်မူ​ပါစေသော​”​ဟု ကျိန်ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 36,
      "text": "လူ​အပေါင်း​တို့​သည် ရှင်ဘုရင်​ပြု​သမျှ​ကို သဘောကျ​နှစ်သက်​ကြ​သည့်​အတိုင်း ဤသို့​ဒါဝိဒ်​မင်းကြီး​ကျိန်ဆို​သည်​ကို​လည်း နှစ်သက်​လျက် မှတ်သား​ထား​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 37,
      "text": "ထို​နေ့​တွင် အစ္စရေး​လူမျိုး​အားလုံး​အပါအဝင် လူ​အပေါင်း​တို့​သည် နေရ​၏​သား အာဗနာ​သေဆုံး​ခြင်း​အမှု​မှာ ရှင်ဘုရင်​နှင့်​မ​သက်ဆိုင်​ကြောင်း​ကို သိ​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 38,
      "text": "ရှင်ဘုရင်​က သူ့​အစေအပါး​တို့​အား “​ယနေ့​တွင် အစ္စရေး​လူမျိုး​တို့​၌ ကြီးမြတ်​သော​အကြီးအကဲ​တစ်​ဦး​ကျဆုံး​သွား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော​။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 39,
      "text": "ငါ​သည် ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​ခံရ​သော်လည်း ယနေ့ စိတ်အားလျော့​လျက်​ရှိ​၏​။ ဇေရုယာ​၏​သား​ဖြစ်​သော ဤ​သူ​တို့​မူကား ငါ့​ထက် စိတ်​ခက်ထန်​ကြ​၏​။ ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​ကို မကောင်းမှု​နှင့်​အလျောက် ပြန်ပေးဆပ်​ပါစေသော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 1,
      "text": "အာဗနာ​သည် ဟေဗြုန်​မြို့​၌​သေဆုံး​သွား​ပြီ​ဖြစ်​ကြောင်း​ကို ရှောလု​မင်းကြီး​၏​သား ကြား​သောအခါ စိတ်ပျက်အားလျော့​သွား​လေ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ထိတ်လန့်​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 2,
      "text": "ရှောလု​မင်းကြီး​၏​သား​တွင် စစ်သူရဲ​အကြီးအကဲ​နှစ်​ဦး​ရှိ​၏​။ သူ​တို့​သည် ဗင်္ယာမိန်​အမျိုးသား​၊ ဗေရောသိ​လူမျိုး​၊ ရိမ္မုန်​၏​သား​များ​ဖြစ်​ကြ​၏​။ တစ်ယောက်​၏​အမည်​မှာ ဗာနာ​ဖြစ်၍ နောက်တစ်ယောက်​၏​အမည်​မှာ ရေခပ်​ဖြစ်​၏​။ ဗေရုတ်​မြို့​အား ဗင်္ယာမိန်​အပိုင်​ဟု သတ်မှတ်​ထား​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 3,
      "text": "ဗေရောသိ​လူမျိုး​တို့​သည် ဂိတ္တိမ်​အရပ်​သို့​ထွက်ပြေး​သွား​ကြ​ပြီး ထို​အရပ်​တွင် ယနေ့​တိုင် တည်းခို​နေထိုင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 4,
      "text": "ရှောလု​မင်းကြီး​၏​သား ယောနသန်​၌ ခြေမသန်​သော​သား​တစ်​ဦး​ရှိ​၏​။ ယေဇရေလ​မြို့​မှ ရှောလု​မင်းကြီး​နှင့်​ယောနသန်​၏​သတင်း​ရောက်လာ​ချိန်​၌ ထို​သား​သည် အသက်​ငါး​နှစ်​သာ​ရှိ​သေး​၏​။ ထို​သတင်း​ကြောင့် သူ့​အထိန်း​တော်​သည် သူ့​ကို​ပွေ့ချီ​လျက် အလန့်တကြား​ထွက်ပြေး​ရာ​မှ ထို​ကလေး​ပြုတ်ကျ​ပြီး ခြေမသန်​ဖြစ်​ရ​ခြင်း​ဖြစ်​၏​။ ထို​ကလေး​၏​အမည်​မှာ မေဖိဗောရှက်​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 5,
      "text": "ဗေရောသိ​လူမျိုး ရိမ္မုန်​၏​သား ရေခပ်​နှင့်​ဗာနာ​တို့​သည် ဣရှဗောရှက်​မင်းကြီး​၏​အိမ်​သို့​လာ​ကြ​ရာ နေ့လယ် ပူပြင်း​သော​အချိန်​တွင် ရောက်​ကြ​၏​။ ဣရှဗောရှက်​မင်းကြီး​မှာ နေ့ခင်းနေ့လယ် တစ်ရေးတစ်မော​အိပ်​လျက်​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 6,
      "text": "ရေခပ်​နှင့်​ဗာနာ ညီအစ်ကို​နှစ်​ဦး​သည် ဂျုံစပါး​ယူ​သူ​အယောင်ဆောင်​ပြီး အိမ်​အတွင်းခန်း​သို့​ဝင်​ကာ ဣရှဗောရှက်​မင်းကြီး​၏​ဝမ်း​ကို ထိုး​ပြီးလျှင် ထွက်ပြေး​သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 7,
      "text": "သူ​တို့​သည် အိမ်​ထဲသို့ ဝင်​၍ အိပ်ခန်း​ထဲရှိ အိပ်ရာ​ပေါ်တွင် ဣရှဗောရှက်​မင်းကြီး အိပ်​နေစဉ် သူ့​ကို​ထိုး​သတ်​ပြီးလျှင် သူ​၏​ခေါင်း​ကို​ဖြတ်​ပြီး ထို​ခေါင်း​ကို​ယူ​၍ အရာဗ​လွင်ပြင်​လမ်း​အတိုင်း တစ်ညလုံး​ထွက်ပြေး​လာ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 8,
      "text": "ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​မင်းကြီး​ထံသို့​ယူလာ​ပြီး ရှင်ဘုရင်​အား “​အရှင်​၏​အသက်​ကို​ရန်ရှာ​သော အရှင့်​ရန်သူ​ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို​ကြည့်​ပါ​။ ယနေ့​တွင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​အား ရှောလု​မင်းကြီး​နှင့် သူ့​အမျိုးအနွယ်​ကို လက်တုံ့ပြန်​ခွင့်​ပေး​တော်မူ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 9,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဗေရောသိ​လူမျိုး​၊ ရိမ္မုန်​၏​သား​ဖြစ်​သော ရေခပ်​နှင့်​ဗာနာ ညီအစ်ကို​တို့​အား “​ငါ့​အသက်​ကို ဘေးဒုက္ခ​အပေါင်း​မှ ရွေးနုတ်ကယ်တင်​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 10,
      "text": "လူ​တစ်​ယောက်​က ‘ကြည့်​ပါ​။ ရှောလု​မင်းကြီး​သေ​ပြီ’​ဟု ငါ့​ထံ သတင်း​လာပြော​၏​။ သူ​သည် သူ့ကိုယ်သူ သတင်းကောင်း​ယူလာ​သူ​ဟု မြင်​သော်လည်း ငါ​သည် သူ့​ကို​ဖမ်း​ပြီး ဇိကလတ်​မြို့​တွင် ကွပ်မျက်​လိုက်​၏​။ ဤသည်မှာ ထို​သတင်း​အတွက် သူ့​ကို ငါ​ပေး​သော​ဆုလာဘ်​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 11,
      "text": "အပြစ်မဲ့သူ​ကို သူ့​အိမ်​၊ သူ့​အိပ်ရာ​ပေါ်​အထိ လာသတ်​သော​လူဆိုး​တို့​ကို ထိုထက်မက ပြု​သင့်​သည်​မ​ဟုတ်​လော​။ ယခုမှာ ငါ​သည် သူ့​သွေးကြွေး​ကို သင်​တို့​ထံမှ​တောင်း​၍ သင်​တို့​ကို မြေကြီး​ပေါ်မှ ဖယ်ရှား​ပစ်​သင့်​သည် မ​ဟုတ်​လော​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 12,
      "text": "ဒါဝိဒ်​မင်းကြီး​က လုလင်​တို့​အား အမိန့်ပေး​လိုက်​ရာ လုလင်​တို့​သည်​လည်း ထို​ညီအစ်ကို​ကို​သတ်​ပြီး ခြေ​လက်​တို့​ကို​ဖြတ်​ကာ ဟေဗြုန်​မြို့​ရှိ​ရေကန်​အနီး​တွင် ချိတ်ဆွဲ​ထား​လေ​၏​။ ထို့နောက် ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို​ယူ​၍ ဟေဗြုန်​မြို့​ရှိ အာဗနာ​၏​သင်္ချိုင်း​၌ သင်္ဂြိုဟ်​လိုက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 1,
      "text": "အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​မင်းကြီး​ထံသို့ လာ​၍ “​အကျွန်ုပ်​တို့​သည် အရှင်​၏​အရိုး​၊ အရှင်​၏​အသား​များ ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 2,
      "text": "ယခင် အကျွန်ုပ်​တို့​ကို ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 3,
      "text": "အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 4,
      "text": "ဒါဝိဒ်​သည် သက်​တော်​သုံးဆယ်​တွင် နန်းတက်​၍ အနှစ်​လေးဆယ် စိုးစံ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 5,
      "text": "ဟေဗြုန်​မြို့​တွင် ယုဒ​လူမျိုး​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​ကို သုံးဆယ့်​သုံး​နှစ် စိုးစံ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 6,
      "text": "တစ်ခါသော် ရှင်ဘုရင်​နှင့် သူ့​လူ​တို့​သည် ပြည်သားရင်း ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ ဂျေရုဆလင်​မြို့​သို့ ချီတက်​ကြ​၏​။ ထို​သူ​တို့​က “​ဒါဝိဒ်​သည် ဤ​မြို့​ထဲသို့ ဝင်​နိုင်​မည်​မ​ဟုတ်”​ဟု ထင်မှတ်​သောကြောင့် ဒါဝိဒ်​မင်းကြီး​အား “​သင်​သည် ဤ​ပြည်​ထဲသို့ မ​ဝင်​ရ​။ မျက်မမြင်​သူ​များ​၊ ခြေမသန်​သူ​များ​ကပင် သင့်​ကို နှင်ထုတ်​ကြ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 7,
      "text": "သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 8,
      "text": "ထို​နေ့​တွင်ပင် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​တို့​ကို တိုက်ခိုက်​မည့်​သူ မည်သူမဆို တူးမြောင်း​ကို ဖြတ်​ပြီးလျှင် ဒါဝိဒ်​မင်းကြီး​ကို မနှစ်သက်​သော​ခြေမသန်သူ​များ​၊ မျက်မမြင်​သူ​များ​ကို သုတ်သင်​ပစ်​ကြ​”​ဟု အမိန့်ပေး​၏​။ ထိုအကြောင်းကြောင့် “​မျက်မမြင်​သူ​၊ ခြေမသန်သူ​များ​သည် နန်းတော်​သို့ ဝင်ခွင့်​မ​ရှိ​”​ဟု ဆိုစမှတ်​ပြု​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 9,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​နေ​ပြီး ထို​ခံတပ်​ကို ဒါဝိဒ်​မြို့ ဟု​ခေါ်ဆို​၏​။ ဒါဝိဒ်​မင်းကြီး​သည် မိလ္လော ​မှ အတွင်းပိုင်း​အထိ မြို့​ကို တည်ဆောက်​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 10,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သည်​ဖြစ်၍ သူ​သည် အားကြီး​သည်​ထက်​ကြီး​လာ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 11,
      "text": "တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည်​လည်း သစ်ကတိုးသား​များ​နှင့်တကွ လက်သမား​များ​၊ ကျောက်ဆစ်သမား​များ​နှင့် တမန်​တို့​ကို​ဒါဝိဒ်​မင်းကြီး​ထံ စေလွှတ်​၏​။ သူ​တို့​သည် ဒါဝိဒ်​မင်းကြီး​အဖို့ နန်းတော်​ကို တည်ဆောက်​ပေး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 12,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် မိမိ​အား မင်းမြှောက်​ခဲ့​ကြောင်း​နှင့် လူမျိုး​တော်​အစ္စရေး​တို့​အဖို့ မိမိ​နိုင်ငံ​ကို ချီးမြှောက်​တော်မူ​ခဲ့​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​သိနားလည်​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 13,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​မှ ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​၊ မောင်းမငယ်​များ ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 14,
      "text": "ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​တော်​များ​၏​အမည်​မှာ ရှမွာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန်​၊"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 15,
      "text": "ဣဗဟာ​၊ ဧလိရွှ​၊ နေဖက်​၊ ယာဖျာ​၊"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 16,
      "text": "ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 17,
      "text": "ဒါဝိဒ်​မင်းကြီး​အား အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​လျှင် ဖိလိတ္တိ​စစ်သည်​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို လိုက်ရှာ​ရန် ချီလာ​ကြ​၏​။ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​လျှင် ခံတပ်​ရှိ​ရာ​သို့ ဆင်းသွား​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 18,
      "text": "ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​တွင် တပ်ဖြန့်​နေရာယူ​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 19,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ထွက်တိုက်​ရ​မည်လော​။ သူ​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ထာဝရဘုရား​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​အား “ထွက်တိုက်​လော့​။ ဖိလိတ္တိ​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အမှန်​အပ်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 20,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီသွား​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ထာဝရဘုရား​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​ရှေ့​တွင် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 21,
      "text": "ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့ စွန့်ထား​ခဲ့​သော သူ​တို့​၏​ရုပ်တု​များ​ကို ဒါဝိဒ်​မင်းကြီး​နှင့်​သူ့​လူ​တို့​သယ်သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 22,
      "text": "ဖိလိတ္တိ​စစ်သည်​တို့​သည် နောက်တစ်ကြိမ် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​တွင် တပ်ဖြန့်​နေရာယူ​ကြ​ပြန်​၏​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 23,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း ထာဝရဘုရား​ထံ​မေးလျှောက်​ပြန်​ရာ ထာဝရဘုရား​က “​မျက်နှာချင်းဆိုင် မ​တက်​နှင့်​။ အနောက်ဘက်​မှ​ပတ်တက်​ပြီး သူ​တို့​ကို ပိုးစာတော​ရှေ့​နားတွင် တိုက်ခိုက်​လော့​။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 24,
      "text": "ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် အလျင်အမြန်​ထွက်တိုက်​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 25,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ဂေဗ​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 1,
      "text": "တစ်ဖန် ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​ထဲမှ ရွေးချယ်​ထား​သော​စစ်သည်​သုံးသောင်း​ကို စုဝေး​စေ​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 2,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​သော​၊ ခေရုဗိမ် ​တို့​အထက်​တွင်​စံနေ​တော်မူ​သော ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ရန် ဒါဝိဒ်​မင်းကြီး​သည် မိမိ​လူ​အပေါင်း​တို့​နှင့်တကွ ဗာလာ​ယုဒ​မြို့​သို့ ထ​သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 3,
      "text": "ဘုရားသခင်​၏​သေတ္တာ​တော်​ကို လှည်း​အသစ်​ပေါ်တွင်​တင်​ပြီး တောင်ကုန်း​ပေါ်ရှိ​အဘိနဒပ်​အိမ်​မှ သယ်ဆောင်​လာ​ကြ​၏​။ အဘိနဒပ်​၏​သား ဩဇ​နှင့်​အဟိဩ​တို့​သည် ထို​လှည်း​သစ်​ကို​မောင်းနှင်​ပေး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 4,
      "text": "ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​ကို တောင်ကုန်း​ပေါ်ရှိ အဘိနဒပ်​အိမ်​မှ သယ်ဆောင်​သွား​ကြ​သောအခါ အဟိဩ​သည် သေတ္တာ​တော်​ရှေ့​မှ သွား​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ နှဲ​၊ လင်းကွင်း စသည့်​ထင်းရှူးသား​ဖြင့်​ပြုလုပ်​ထား​သော​တူရိယာ​အမျိုးမျိုး​တို့​ကို တီးမှုတ်​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် ပျော်မြူး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 6,
      "text": "နာခုန်​ကောက်နယ်တလင်း​သို့ ရောက်လာ​သောအခါ နွား​ခြေချော်​သွား​၍ ဩဇ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို လက်​နှင့်​လှမ်း​ထိန်း​လိုက်​မိ​သောကြောင့်"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ဩဇ​ကို အမျက်ထွက်​တော်မူ​၏​။ သူ​ပြု​မိ​သော​အမှား​ကြောင့် ဘုရားသခင်​သည် သူ့​ကို ထို​နေရာ​တွင်​ပင် ဒဏ်ခတ်​တော်မူ​ရာ သူ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​နား​တွင် သေ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 8,
      "text": "ဤသို့ ဩဇ​အား ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သောကြောင့် ဒါဝိဒ်​မင်းကြီး​သည် စိတ်ဆိုး​လေ​၏​။ ထို့ကြောင့် ယနေ့​တိုင် ထို​နေရာ​ကို ပေရဩဇ ဟု​ခေါ်ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 9,
      "text": "ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သောကြောင့် “​ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ငါ့​ထံ မည်သို့​ရောက်လာ​နိုင်​မည်နည်း​”​ဟု တွေးတော​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 10,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို မိမိ​နှင့်အတူ ဒါဝိဒ်​မြို့​သို့ သယ်ဆောင်​သွား​ရန် ဆန္ဒ​မ​ရှိ​သဖြင့် ဂိတ္တိ​လူမျိုး​ဩဗဒေဒုံ​၏​အိမ်​သို့ သယ်ဆောင်​သွား​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 11,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ဂိတ္တိ​လူမျိုး​ဩဗဒေဒုံ​၏​အိမ်​တွင် သုံး​လ​မျှ ကိန်းဝပ်​တော်မူ​ပြီး ထာဝရဘုရား​သည် ဩဗဒေဒုံ​နှင့် သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​အား ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 12,
      "text": "“​ဘုရားသခင်​၏​သေတ္တာ​တော်​ကြောင့် ဩဗဒေဒုံ​၏​အိမ်သူအိမ်သား​တို့​နှင့်တကွ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​ပြီ​”​ဟု ဒါဝိဒ်​မင်းကြီး​အား ကြားပြော​ကြ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သွား​၍ ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဩဗဒေဒုံ​၏​အိမ်​မှ ဒါဝိဒ်​မြို့​သို့ ဝမ်းမြောက်​စွာ သယ်ဆောင်​လာ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 13,
      "text": "ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​သူ​တို့​သည် ခြေလှမ်း​ခြောက်​လှမ်း​အရောက်​တွင် နွားထီး​တစ်​ကောင်​နှင့် ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 14,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ပိတ်ချော​ဧဖုဒ် ​ကို ဝတ်ဆင်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် ဝမ်းသာအားရ​ကခုန်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 15,
      "text": "ဒါဝိဒ်​မင်းကြီး​အပါအဝင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ကြွေးကြော်သံ​၊ တံပိုးမှုတ်သံ​များ​နှင့်တကွ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 16,
      "text": "ဒါဝိဒ်​မြို့​တွင်း​သို့ ထာဝရဘုရား​၏​သေတ္တာ​တော် ဝင်ရောက်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​ရာ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် က​ခုန်​လျက်​လိုက်ပါ​လာ​သည်​ကို မြင်​လျှင် သူ့​စိတ်​ထဲတွင် ဒါဝိဒ်​မင်းကြီး​ကို မထီလေးစားပြု​မိ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 17,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး ဒါဝိဒ်​မင်းကြီး စိုက်ထူ​ထား​သော တဲ​တော်​အတွင်း သူ့​နေရာ​တွင် ချထား​ကြ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 18,
      "text": "ထိုသို့ မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ပြီး​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​၏​နာမ​တော်​၌ လူ​တို့​ကို ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 19,
      "text": "ထို့နောက် အစ္စရေး​လူထု​တစ်ရပ်လုံး​အား ယောက်ျား​မိန်းမ မကျန် တစ်ဦး​လျှင် မုန့်​တစ်​လုံး​၊ အသား​တစ်​တုံး​၊ စပျစ်ပျဉ်​တစ်​ချပ် ဝေပေး​၏​။ ထို့နောက် လူ​အပေါင်း​တို့​သည် အသီးသီး​ကိုယ့်​အိမ်​သို့ ပြန်သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 20,
      "text": "ထို့နောက် အိမ်သူအိမ်သား​တို့​ကို ကောင်းချီးပေး​ရန် ဒါဝိဒ်​မင်းကြီး ပြန်လာ​သောအခါ ရှောလု​၏​သမီး မိခါလ​သည် ထွက်လာ​၍ ဒါဝိဒ်​မင်းကြီး​ကို ကြိုဆို​ပြီး “​ယနေ့​တွင် အစ္စရေး​ဘုရင်​သည် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​များ​ရှေ့​၌ စိတ်လွတ်ကိုယ်လွတ်​ကခုန်​နေ​သည်​မှာ ကျက်သရေ​ရှိ​လှ​ပါ​သည်​တကား​။ လူမိုက်​တစ်​ယောက် စိတ်လွတ်ကိုယ်လွတ်​ပြုမူ​သကဲ့သို့​ပါ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 21,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း မိခါလ​အား “​ထာဝရဘုရား​ရှေ့​တော်​တွင် ငါ ကခုန်​ခြင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​အား အုပ်စိုး​မည့်​သူ​ကို သင့်​ဖခင်​နှင့် သင့်​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ထဲမှ​မ​ရွေးကောက်​ဘဲ ငါ့​ကို ရွေးကောက်​ခန့်ထား​တော်မူ​သော ထာဝရဘုရား​ရှေ့​တော်​တွင် ငါ​ပျော်မြူး​မည်​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 22,
      "text": "ထိုထက်မက အရိုအသေတန်​အောင် ငါ​လုပ်​ဦး​မည်​။ ငါ့​စိတ်တိုင်းကျ ငါ့ကိုယ်ငါ နှိမ့်ချ​ဦး​မည်​။ သို့သော် သင်​ပြောဆို​နေ​သော​ကျွန်မ​များ​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 23,
      "text": "ထို့ကြောင့် ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် သေ​သည်​အထိ သားသမီး မ​ထွန်းကား​ခဲ့​ပေ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 1,
      "text": "ရှင်ဘုရင်​သည် နန်းတော်​၌ အေးချမ်း​စွာ​စံမြန်း​နေ​ရ​၍ ထာဝရဘုရား​သည် သူ့​အား ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​၏​ဘေးရန်​မှ ကင်းငြိမ်း​စေ​သောအခါ"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 2,
      "text": "ရှင်ဘုရင်​က ပရောဖက်​နာသန်​အား “​ကြည့်​ပါ​။ ငါ​သည် သစ်ကတိုးသား​ဖြင့်​ဆောက်လုပ်​ထား​သော​နန်းတော်​တွင် နေ​ရ​၏​။ ဘုရားသခင်​၏​သေတ္တာ​တော်​မူကား ရွက်ထည်​တဲ​ဖြင့်​သာ စံနေ​ရ​ပါ​သည်​တကား​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 3,
      "text": "နာသန်​က​လည်း ရှင်ဘုရင်​အား “​ထာဝရဘုရား​သည် အရှင်​နှင့်အတူ ရှိ​နေ​တော်မူ​သည်​ဖြစ်၍ အရှင့်​စိတ်​အလိုရှိ​သည်​အတိုင်း သွား​၍​ပြု​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 4,
      "text": "ထို​ည​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် နာသန်​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 5,
      "text": "“​ငါ့​အစေအပါး​ဒါဝိဒ်​ထံ​သွား​၍ ဆင့်ဆို​လော့​။ ထာဝရဘုရား​က ‘​သင်​သည် ငါ​စံမြန်း​တော်မူ​ရာ​အဖို့ အိမ်​တော်​ကို တည်ဆောက်​မည်လော​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 6,
      "text": "အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် အိမ်​တော်​နှင့် မ​စံမြန်း​၊ တဲ​တော်​နှင့်​သာ​စံမြန်း​လှည့်လည်​ခဲ့​ပြီ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးအနွယ်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 8,
      "text": "ယခု ငါ့​အစေအပါး​ဒါဝိဒ်​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ငါ​သည် သင့်​ကို သိုးထိန်းကျောင်း​ရာ​စားကျက်မြေ​မှ ခေါ်ယူ​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​ပြီ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 9,
      "text": "သင်​သွား​လေရာရာ​၌ သင်​နှင့်အတူ ငါ​ပါရှိ​ပြီး သင့်​ရန်သူ​အပေါင်း​တို့​ကို သင့်​ရှေ့​မှ ငါ​ဖယ်ရှား​ပေး​ခဲ့​ပြီ​။ ကမ္ဘာ​ပေါ်တွင် နာမည်ကြီး​ကျော်ကြားသူ​ကဲ့သို့ သင့်​ကို နာမည်ကြီး​ကျော်ကြား​စေ​မည်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 10,
      "text": "ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ နေထိုင်စရာ​ကို ငါ​ပြင်ဆင်​ပေး​မည်​။ သူ​တို့​နေရာ​၌ သူ​တို့​ကို အတည်တကျ​နေထိုင်​စေ​မည်​။ နောက်တစ်ဖန် အနှောင့်အယှက်​ခံရ​တော့​မည်​မ​ဟုတ်​။ ရှေးယခင်​က​ကဲ့သို့ မတရား​သော​သူ​တို့​၏​နှိပ်စက်​ခြင်း​ကို ခံရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 11,
      "text": "စီရင်အုပ်ချုပ်​သူ​တို့​ကို ခန့်ထား​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​သော​အချိန်​က​ကဲ့သို့​လည်း ခံရ​တော့​မည်​မ​ဟုတ်​။ ရန်​အပေါင်း​ကို ကင်းငြိမ်း​စေ​မည်​။ သင့်​အမျိုးအနွယ်​ကို​လည်း တည်​စေ​မည်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 12,
      "text": "သင်​သည် သက်တမ်းစေ့​နေ​ပြီးမှ ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​သောအခါ သင့်​ရင်သွေး​ဖြစ်​သော သင့်​သားဦး​တစ်​ဦး​ကို ငါ​ချီးမြှောက်​မည်​။ သူ့​နိုင်ငံ​ကို​လည်း ငါ​တည်မြဲ​စေ​မည်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 13,
      "text": "ငါ့​နာမ​တော်​အဖို့ အိမ်​တော်​ကို သူ​တည်ဆောက်​ရ​လိမ့်မည်​။ သူ့​နိုင်ငံ​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်မြဲ​စေ​မည်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 14,
      "text": "ငါ​သည် သူ​၏​အဖ​ဖြစ်​မည်​။ သူ​သည်​လည်း ငါ့​သား​ဖြစ်​မည်​။ သူ​အမှားပြု​မိ​လျှင် သူ့​ကို လူ​သုံး​ကြိမ်လုံး​နှင့် ဆုံးမ​မည်​။ လူ​တို့ ရိုက်​တတ်​သကဲ့သို့ သူ့​ကို ရိုက်​မည်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 15,
      "text": "သို့သော် ငါ့​မေတ္တာကရုဏာ​ကို သင့်​ရှေ့​မှ​ငါ​ဖယ်ရှား​လိုက်​သော​ရှောလု​ထံမှ ရုပ်သိမ်း​သကဲ့သို့ သူ့​ထံမှ ငါ​ရုပ်သိမ်း​မည်​မ​ဟုတ်​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 16,
      "text": "သင့်​အမျိုးအနွယ်​နှင့် သင့်​နိုင်ငံ​သည် သင့်​ရှေ့​မှာ အစဉ်အမြဲ​တည်မြဲ​လိမ့်မည်​။ သင်​၏​ရာဇပလ္လင်​သည်​လည်း အစဉ်အမြဲ​တည်​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 17,
      "text": "နာသန်​သည်​လည်း စကား​တော်​အလုံးစုံ​၊ ဗျာဒိတ်နိမိတ်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 18,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တိုးဝင်​၍ ထိုင်​ပြီးလျှင် “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤမျှလောက် ချီးမြှောက်​တော်မူ​မည့်​အကြောင်း အကျွန်ုပ်​ကား မည်သူ​ဖြစ်​၍ အကျွန်ုပ်​အမျိုးအနွယ်​သည်​လည်း မည်သို့သော​အမျိုးအနွယ်​ဖြစ်​ပါ​သနည်း​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 19,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ ဤ​အရာ​သည် ကိုယ်တော့်​အဖို့ အသေးအဖွဲ​သာ​ဖြစ်​ပါ​၏​။ ကိုယ်တော့်​အစေအပါး​၏​အနာဂတ်​မျိုးဆက်​နှင့်​ပတ်သက်၍​လည်း ကိုယ်တော်​မိန့်​တော်မူ​လေ​ပြီ​။ အို ဘုရားရှင်​ထာဝရဘုရား​၊ လူသား​တို့​သည် ထိုသို့ ပြုလေ့ပြုထ​ရှိ​ပါ​သလော​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 20,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​အကြောင်း​ကို ကိုယ်တော်​သိ​ပါ​၏​။ အကျွန်ုပ်​ဒါဝိဒ်​သည် ကိုယ်တော်​အား မည်သို့​ထပ်မံ​လျှောက်​ဝံ့​ပါ​ဦး​မည်နည်း​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 21,
      "text": "ကိုယ်တော်​သည် ကိုယ်တော့်​နှုတ်​တော်​ထွက်​စကား​ကို​ထောက်၍ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ပြု​တော်မူ​သော ဤ​ကြီးမြတ်​သော​အမှု​အလုံးစုံ​တို့​ကို ကိုယ်တော့်​အစေအပါး​အား သိ​စေ​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 22,
      "text": "သို့ဖြစ်၍ အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​ကြားသိဖူး​သမျှ​တို့​တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​မှတစ်ပါး အခြား​သော​ဘုရား မ​ရှိ​ပါ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 23,
      "text": "မြေကြီး​ပေါ်တွင် ဘုရားသခင်​၏​လူမျိုး​တော်​အစ္စရေး​နှင့်​တူ​သော​လူမျိုး တစ်​မျိုးမျိုး​ရှိ​ပါ​သလော​။ ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​အဖြစ် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​ပါ​ပြီ​။ အီဂျစ်​ပြည်​၊ လူမျိုးခြား​တို့​နှင့် သူ​တို့​၏​ဘုရား​များ​ထံမှ ရွေးနုတ်​တော်မူ​ခဲ့​သော​လူမျိုး​တော်​၏​ရှေ့မှောက်​မှာ​ပင် ပြည်​တော်​အဖို့ ကြီးမြတ်​၍​အံ့ဖွယ်​သော​အမှု​များ​ပြု​ခြင်း​ဖြင့် နာမ​တော်​ကို ထင်ရှား​စေ​ခဲ့​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 24,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို ကိုယ်တော့်​အဖို့ ထာဝရ​ပိုင်ဆိုင်​ရာ​လူမျိုး​တော်​အဖြစ် တည်​စေ​တော်မူ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 25,
      "text": "အို ဘုရားသခင်​ထာဝရဘုရား​၊ ယခုမှာ ကိုယ်တော့်​အစေအပါး​အတွက်​၊ ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​အတွက် ကိုယ်တော်​ထား​တော်မူ​သော​ကတိ​တော်​ကို အစဉ်​တည်​စေ​တော်မူ​ပါ​။ ကတိ​တော်​အတိုင်း​လည်း ပြု​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 26,
      "text": "‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အုပ်စိုး​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​’​ဟု ဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်​ချီးမြှောက်​ကြ​ပါစေသော​။ ကိုယ်တော့်​အစေအပါး ဒါဝိဒ်​၏​မင်းမျိုးမင်းနွယ်​သည်​လည်း ရှေ့​တော်​၌ တည်မြဲ​ပါစေသော​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 27,
      "text": "သို့ဖြစ်၍ အို အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​အား ‘​သင့်​အမျိုးအနွယ်​ကို ငါ​တည်​စေ​မည်​’​ဟု ကြားသိ​စေ​ပါ​ပြီ​။ ထို့ကြောင့် ကိုယ်တော့်​အစေအပါး​သည် ဤသို့​ဆုတောင်း​ဝံ့​ခြင်း​ဖြစ်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 28,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​စကား​တော်​သည်​လည်း သမ္မာတရား​ဖြစ်​ပါ​၏​။ ဤ​ကောင်းကျိုးချမ်းသာ​ကို ကိုယ်တော့်​အစေအပါး​အား ပေးသနား​မည်​ဟု ကတိထား​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 29,
      "text": "ယခု ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​သည် ရှေ့​တော်​တွင် အစဉ်အမြဲ​တည်​နေ​စေရန် အလို​တော်​အတိုင်း ကောင်းချီးပေး​တော်မူ​ပါ​။ ဘုရားရှင်​ထာဝရဘုရား​ကိုယ်တော်တိုင် မိန့်​တော်မူ​ပြီ​ဖြစ်၍ ကိုယ်တော်​ပေး​တော်မူ​သော​ကောင်းချီး​အားဖြင့် ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​သည် အစဉ်အမြဲ​ကောင်းချီးခံစား​ရ​ပါစေသော​”​ဟု တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 1,
      "text": "ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​နှိမ်နင်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ မေသေဂမ္မာ​မြို့​ကို သိမ်းယူ​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 2,
      "text": "ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်​၏​။ မောဘ​ပြည်သား​တို့​ကို မြေ​ပေါ်တွင်​လှဲ​စေ​ပြီး ကြိုး​နှင့်​တိုင်း​ရာ ကြိုး​သုံးပုံနှစ်ပုံ​အတွင်း​ရောက်​နေ​သူ​များ​ကို သတ်ပစ်​ပြီး ကျန်​သုံးပုံတစ်ပုံ​ကို အသက်ချမ်းသာ​ပေး​၏​။ ဤသို့ဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 3,
      "text": "ရဟောဘ​၏​သား​၊ ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​သည် ယူဖရေးတီး​မြစ် ​တစ်လျှောက်​ကို ပြန်လည်​သိမ်းပိုက်​ရန် စစ်ချီလာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို​တိုက်ခိုက်​ပြီး"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 4,
      "text": "ထို​ဘုရင်​ထံမှ မြင်းစီးသူရဲ​အယောက်​တစ်ထောင့်​ခုနစ်​ရာ​နှင့် ခြေလျင်တပ်သား အယောက်​နှစ်သောင်း​ကို​သိမ်းပိုက်​လိုက်​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​အဖို့ စစ်ရထားမြင်း​အကောင်​တစ်ရာ​ကို​ချန်ထား​ပြီး ကျန်​စစ်ရထားမြင်း​အားလုံး​ကို တံကောက်ကြော ဖြတ်ပစ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ကို စစ်ကူ​လာ​သော ဒမတ်စကပ်​မြို့သား ဆီးရီးယား​လူမျိုး​တို့​ထဲမှ ဆီးရီးယား​လူမျိုး နှစ်သောင်းနှစ်ထောင်​ကို​သုတ်သင်​ပစ်​ပြီး"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 6,
      "text": "ဆီးရီးယား​ပြည်​၊ ဒမတ်စကပ်​မြို့​တွင် မြို့စောင့်တပ်​များ​ကို​ချထား​ခဲ့​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​များ​ဖြစ်လာ​ပြီး အခွန်​ဆက်သ​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 7,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဟာဒဒေဇာ​မင်းကြီး​၏​အစေအပါး​တို့​ကိုင်ဆောင်​သော ရွှေ​ဒိုင်းလွှား​တို့​ကို​သိမ်း​ပြီး ဂျေရုဆလင်​မြို့​သို့​ယူဆောင်​လာ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဘေတ​မြို့​၊ ဗေရောသဲ​မြို့​စသည့် ဟာဒဒေဇာ​မင်းကြီး​ပိုင်​သော​မြို့​တို့​မှ ကြေးနီ​အမြောက်အမြား​ကို​လည်း သိမ်းယူ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 9,
      "text": "ဟာဒဒေဇာ​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အား ဒါဝိဒ်​မင်းကြီး​ချေမှုန်း​လိုက်​ကြောင်း​ကို ဟာမတ်​ဘုရင်​တောဣ​မင်းကြီး​ကြား​လျှင်"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 10,
      "text": "သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ယောရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ထို​ပစ္စည်း​များ​အပြင် မိမိ​နှိမ်နင်း​ခဲ့​သော​တိုင်းပြည်​အပေါင်း​တို့​မှ​သိမ်းယူ​ခဲ့​သော ရွှေ​ငွေ​တို့​ကို​လည်း ထာဝရဘုရား​ထံ​ဆက်ကပ်​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 12,
      "text": "ထို​ရွှေ​ငွေ​တို့​သည် ဆီးရီးယား​လူမျိုး​၊ မောဘ​လူမျိုး​၊ အမ္မုန်​အမျိုးသား​၊ ဖိလိတ္တိ​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် ရဟောဘ​၏​သား ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 13,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး တစ်သောင်းရှစ်ထောင်​ကို ဆား​ချိုင့်ဝှမ်း​တွင် သုတ်သင်​နိုင်​ခဲ့​ပြီး ပြန်လာ​သောအခါ ဂုဏ်သတင်းကြီး​လာ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 14,
      "text": "ဧဒုံ​ပြည်​တွင်​လည်း မြို့စောင့်တပ်​များ ချထား​လိုက်​၏​။ ထိုသို့ ဧဒုံ​ပြည်​တစ်ပြည်လုံး​တွင် မြို့စောင့်တပ်​များ ချထား​သောကြောင့် ဧဒုံ​လူမျိုး​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်သွား​၏​။ ထာဝရဘုရား​သည်​လည်း ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 15,
      "text": "ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 16,
      "text": "ဇေရုယာ​၏​သား​ယွာဘ​ကား ဗိုလ်ချုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 17,
      "text": "အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား အဟိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 18,
      "text": "ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား နန်းတွင်းအရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​က “​ရှောလု​မင်းကြီး​အမျိုး​ထဲမှ ကြွင်းကျန်​သူ​တစ်ဦးဦး​ရှိ​သေး​သလော​။ ငါ​သည် ယောနသန်​အား မေတ္တာကရုဏာ​ကို​ပြ​လို​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 2,
      "text": "ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​ထဲတွင် ဇိဘ​အမည်​ရှိ​သော​အစေအပါး​တစ်​ဦး​ရှိ​၏​။ ထို​သူ​ကို ဒါဝိဒ်​မင်းကြီး​ထံ​ခေါ်ဆောင်​လာ​ရာ ရှင်ဘုရင်​က သူ့​အား “​သင်​ကား ဇိဘ​မှန်​သလော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး မှန်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 3,
      "text": "ထိုအခါ ရှင်ဘုရင်​က “​ရှောလု​မင်းကြီး​၏​အမျိုးအနွယ် တစ်ဦးဦး​ရှိ​သေး​သလော​။ ဘုရားသခင်​ထံမှ မေတ္တာကရုဏာ​တော်​ကို သူ့​အား ငါ​ပြ​လို​၏​”​ဟု ဆို​လျှင် ဇိဘ​က “​ယောနသန်​၌ သား​တစ်​ဦး​ရှိ​ပါ​သေး​၏​။ သူ​သည် ခြေ​နှစ်ဖက်လုံး​မသန်စွမ်း​ပါ​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 4,
      "text": "ရှင်ဘုရင်​က​လည်း “​သူ​အဘယ်မှာ​နေ​သနည်း​”​ဟု မေး​လျှင် ဇိဘ​က “​လောဒေဗာ​မြို့​ရှိ အမျေလ​၏​သား မာခိရ​၏​အိမ်​၌​နေ​ပါ​၏​”​ဟု ရှင်ဘုရင်​အား​ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 5,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် လောဒေဗာ​မြို့​ရှိ အမျေလ​၏​သား မာခိရ​၏​အိမ်​သို့ လူ​ကို​စေလွှတ်​၍ ခေါ်ဆောင်​လာ​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 6,
      "text": "ရှောလု​မင်းကြီး​၏​မြေး​၊ ယောနသန်​၏​သား​မေဖိဗောရှက်​သည် ဒါဝိဒ်​မင်းကြီး​ထံ​ရောက်လာ​သောအခါ ရှေ့​တော်​တွင် ပျပ်ဝပ်​ရှိခိုး​၏​။ ဒါဝိဒ်​မင်းကြီး​က “​သင်​ကား မေဖိဗောရှက်​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး မှန်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 7,
      "text": "ဒါဝိဒ်​မင်းကြီး​က သူ့​အား “​မ​ကြောက်​နှင့်​။ သင့်​ဖခင်​ယောနသန်​ကို​ထောက်ပြီး သင့်​အား မေတ္တာကရုဏာ​ကို​ပြ​မည်​။ သင့်​အဘိုး​ရှောလု​မင်းကြီး​ပိုင်​ခဲ့​သော​လယ်ယာမြေ​အားလုံး​ကို သင့်​အား ပြန်ပေးအပ်​မည်​။ သင်​သည် ငါ့​စားပွဲ​တွင် အမြဲ​စားသောက်​ရ​မည်”​ဟု ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 8,
      "text": "သူ​သည် ပျပ်ဝပ်​လျက် “​အရှင့်​အစေအပါး​သည် မည်သို့သော​သူ​ဖြစ်​ပါ​သနည်း​။ ခွေးသေကောင်​နှင့်​တူ​သော​အကျွန်ုပ်​ကို အဘယ်ကြောင့် အရေးတယူ​ပြု​တော်မူ​ရ​ပါ​သနည်း​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 9,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ရှောလု​မင်းကြီး​၏​အစေအပါး ဇိဘ​ကို​ခေါ်​ပြီး “​ရှောလု​မင်းကြီး​ပိုင်ဆိုင်​သမျှ​၊ သူ့​အမျိုးအနွယ်​တို့​ပိုင်ဆိုင်​သမျှ​ကို သင့်​သခင်​၏​သား​အား ငါ​ပြန်အပ်ပေး​ပြီ​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 10,
      "text": "သင်​နှင့် သင့်​သားသမီး​များ​၊ သင့်​အစေအပါး​များ​သည် ထို​လယ်ယာ​များ​ကို ထွန်ယက်​စိုက်ပျိုး​ပြီး သင့်​သခင်​၏​သားမြေး​တို့ စားစရာ​အဖို့ ယူဆောင်​လာ​ပေး​ရ​မည်​။ သင့်​သခင်​၏​သား မေဖိဗောရှက်​သည် နေ့စဉ် ငါ့​စားပွဲ​တွင် စား​ရ​မည်​”​ဟု ဆို​၏​။ ဇိဘ​၌ သား​တစ်ဆယ့်​ငါး​ယောက်​နှင့် အစေအပါး အယောက်​နှစ်ဆယ်​ရှိ​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 11,
      "text": "ဇိဘ​က “​အရှင့်​အစေအပါး​အား အရှင်မင်းကြီး​မိန့်​တော်မူ​သမျှ​အတိုင်း အရှင့်​အစေအပါး​ပြု​ပါ​မည်​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။ မေဖိဗောရှက်​သည် ဘုရင့်​သား​တော်​တစ်​ပါး​ကဲ့သို့ ဒါဝိဒ်​မင်းကြီး​၏​စားပွဲ​တွင် စားသောက်​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 12,
      "text": "မေဖိဗောရှက်​တွင် မိက္ခာ​အမည်​ရှိ​သော သား​ငယ်​တစ်​ဦး​ရှိ​၏​။ ဇိဘ​၏​အိမ်သူအိမ်သား​အားလုံး​သည် မေဖိဗောရှက်​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 13,
      "text": "ခြေ​နှစ်ဖက်စလုံး​မသန်စွမ်း​သော မေဖိဗောရှက်​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ပြီး ဘုရင်​၏​စားပွဲ​၌ အမြဲအတူ​စားသောက်​ခွင့်​ရ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက်တွင် အမ္မုန်​အမျိုးသား​တို့​၏​ဘုရင် အနိစ္စရောက်​၍ သား​တော်​ဟာနုန်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 2,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း “​ဟာနုန်​၏​ခမည်းတော် နာဟတ်​မင်းကြီး​သည် ငါ့​အား မေတ္တာ​ပြ​ခဲ့​ဖူး​သည့်​နည်းတူ ငါ​သည်​လည်း ယခု နာဟတ်​သား​ဟာနုန်​အား မေတ္တာကရုဏာ​ပြ​ရ​မည်​”​ဟု မိန့်ဆို​လျက် ဒါဝိဒ်​မင်းကြီး​သည် ဟာနုန်​၏​ခမည်းတော်​အနိစ္စရောက်​သည်​ကို အကြောင်းပြု​၍ သူ့​ကို​နှစ်သိမ့်ပေး​ရန် မိမိ​အမှုထမ်း​တို့​ကို စေလွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် အမ္မုန်​အမျိုးသား​တို့​၏​ပြည်​သို့​ရောက်​သောအခါ"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 3,
      "text": "အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က မိမိ​တို့​၏​အရှင်​ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို​ရိုသေလေးစား​သဖြင့် အရှင့်​ထံ​နှစ်သိမ့်​သူ​များ​ကို စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ မိမိ​၏​မင်းမှုထမ်း​တို့​ကို ဒါဝိဒ်​မင်းကြီး​စေလွှတ်​လိုက်​ခြင်း​မှာ မြို့​ကို​စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 4,
      "text": "ထို့ကြောင့် ဟာနုန်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မင်းမှုထမ်း​တို့​ကို​ဖမ်း​ပြီး သူ​တို့​၏​မုတ်ဆိတ်​ကို တစ်ခြမ်း​ရိတ်​ပြီးလျှင် သူ​တို့​ဝတ်ရုံ​ကို​လည်း တင်ပါး​အထိ အလယ်​တည့်တည့်​မှ ညှပ်ပစ်​ကာ ပြန်လွှတ်​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 5,
      "text": "ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ထံ လာ​ပြောပြ​ကြ​သောအခါ လူ​လွှတ်​၍ ကြိုဆို​စေ​၏​။ သူ​တို့​သည် အကြီးအကျယ်​အရှက်ခွဲ​ခံ​လိုက်​ရ​သဖြင့် ရှင်ဘုရင်​က “​သင်​တို့​မုတ်ဆိတ်​ပြန်ရှည်​လာ​သည်​အထိ ဂျေရိခေါ​မြို့​တွင်​နေ​ကြ​လော့​။ နောက်မှ ပြန်လာ​ကြ​လော့​”​ဟု မှာကြား​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 6,
      "text": "သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့​သိ​သောအခါ အမ္မုန်​အမျိုးသား​တို့​သည် လူ​လွှတ်​၍ ဗက်ရဟောဘ​မြို့​နှင့် ဇောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး ခြေလျင်တပ်သား အယောက်​နှစ်သောင်း​၊ မာခါ​ဘုရင်​ထံမှ လူ​တစ်ထောင်​၊ တောဘ​မြို့​မှ လူ​တစ်သောင်းနှစ်ထောင်​တို့​ကို​ငှားရမ်း​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 7,
      "text": "ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြား​လျှင် ယွာဘ​နှင့် စစ်သူရဲ​တပ်​တစ်တပ်လုံး​ကို စစ်ချီ​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 8,
      "text": "အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ ဇောဘ​မြို့​နှင့် ရဟောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး​၊ တောဘ​နှင့် မာခါ​အမျိုးသား​တို့​မူကား မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 9,
      "text": "ယွာဘ​သည် အရှေ့​ဘက်​နှင့် အနောက်ဘက်​တွင် စစ်ခင်းကျင်း​ထား​သည်​ကို မြင်​လျှင် အစ္စရေး​စစ်သူရဲ​များ​ထဲမှ လက်ရွေးစင်​အချို့​ကို ဆီးရီးယား​လူမျိုး​တို့​နှင့် ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ခင်းကျင်း​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 10,
      "text": "ကျန်​လူ​တို့​ကို ညီ​အဘိရှဲ​လက်​သို့​အပ်​ပြီး အမ္မုန်​အမျိုးသား​တို့​နှင့် တိုက်ခိုက်​ရန် စစ်ခင်းကျင်း​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 11,
      "text": "ထို့ပြင် ယွာဘ​က “​ဆီးရီးယား​လူမျိုး​တို့​ဘက်က အရေးသာ​နေ​လျှင် ငါ့​ကို​လာကူ​ပါ​။ အမ္မုန်​အမျိုးသား​တို့​ဘက်က အရေးသာ​နေ​လျှင် သင့်​ကို ငါ​လာကူ​မည်​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 12,
      "text": "အားယူ​ကြ​လော့​။ ငါ​တို့​လူမျိုး​အတွက်​၊ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​အတွက် ငါ​တို့​ရဲရင့်​စွာ​တိုက်​ကြ​စို့​။ ထာဝရဘုရား​သည် အလို​တော်​ရှိ​သည့်​အတိုင်း လုပ်ဆောင်​ပေး​တော်မူ​လိမ့်မည်​”​ဟု အားပေးစကား​ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 13,
      "text": "ထို့နောက် ယွာဘ​နှင့် သူ့​တပ်သား​တို့​သည် စစ်တိုက်​ရန် ရှေ့​တိုးလာ​ကြ​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ရှေ့​မှ​ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 14,
      "text": "ထိုသို့ ဆီးရီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​သည်​ကို အမ္မုန်​အမျိုးသား​တို့​မြင်​သောအခါ သူ​တို့​လည်း အဘိရှဲ​ရှေ့​မှ မြို့​ထဲသို့​ပြန်ပြေး​ဝင်​ကြ​၏​။ ထို့နောက် ယွာဘ​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ရာ​မှ တပ်ခေါက်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 15,
      "text": "အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တစ်ဖန်​စုရုံး​ပြန်​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 16,
      "text": "ဟာဒဒေဇာ​မင်းကြီး​သည် လူ​လွှတ်​၍​ယူဖရေးတီး ​မြစ်​တစ်ဖက်ကမ်း​ရှိ ဆီးရီးယား​လူမျိုး​တို့​ကို​လည်း ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို​ဦးဆောင်​၍ ဟေလံ​မြို့​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 17,
      "text": "ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဟေလံ​မြို့​သို့ ချီလာ​၏​။ ဆီးရီးယား​လူမျိုး​တို့​လည်း စစ်ခင်းကျင်း​ပြီး ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်​တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 18,
      "text": "ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ပြန်​၍ ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး​တို့​၏​စစ်ရထားမှူး အယောက်​ခုနစ်​ရာ​၊ မြင်းစီးသူရဲ အယောက်​လေးသောင်း​တို့​ကို ကွပ်မျက်​ပစ်​လေ​၏​။ စစ်သူကြီး​ရှောဗက်​ကို​လည်း ထို​နေရာ​တွင်ပင် အသေသတ်​လိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 19,
      "text": "ဟာဒဒေဇာ​မင်းကြီး​၏​လက်အောက်ခံ​ဘုရင်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် ရှုံးနိမ့်​နေ​ရ​သည်​ကို သိမြင်​လျှင် အစ္စရေး​လူမျိုး​တို့​နှင့် မဟာမိတ်ဖွဲ့​ပြီး သူ​တို့​၏​လက်အောက်ခံ​အဖြစ်​နေ​ကြ​၏​။ နောင်တွင် ဆီးရီးယား​လူမျိုး​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို စစ်​မ​ကူ​ဝံ့​တော့​ပေ​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 1,
      "text": "ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့ စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့်​တပ်မှူး​များ​အပါအဝင် အစ္စရေး​စစ်သည်​အပေါင်း​တို့​ကို စစ်ထွက်တိုက်​စေ​၏​။ သူ​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း ဝိုင်းထား​လိုက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 2,
      "text": "တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 3,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် လူ​လွှတ်​၍ ထို​မိန်းမ​အကြောင်း​ကို မေးမြန်း​စေ​ရာ “​သူ​သည် ဧလျံ​၏​သမီး​၊ ဟိတ္တိ​လူမျိုး ဥရိယ​၏​မယား ဗာသရှေဘ ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 4,
      "text": "ဒါဝိဒ်​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ခေါ်​စေ​သဖြင့် ထို​မိန်းမ​ရောက်လာ​လျှင် ဒါဝိဒ်​မင်းကြီး​သည် သူ​နှင့်​အိပ်​လေ​၏​။ (ဗာသရှေဘ​သည် မစင်ကြယ်​ခြင်း​မှ သန့်စင်​ပြီး​ချိန်​ဖြစ်​၏​။) ထို့နောက် သူ​သည် အိမ်​သို့ ပြန်သွား​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 5,
      "text": "ထို​မိန်းမ​သည် ကိုယ်ဝန်ရ​လာ​သဖြင့် ဒါဝိဒ်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ်​၌ ကိုယ်ဝန်ရှိ​နေ​ပြီ​”​ဟု လျှောက်​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 6,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​ထံသို့ လူ​လွှတ်​၍ “​ဟိတ္တိ​လူမျိုး ဥရိယ​ကို ငါ့​ထံ လွှတ်လိုက်​ပါ​”​ဟု ဆို​သဖြင့် ယွာဘ​သည် ဥရိယ​ကို ဒါဝိဒ်​မင်းကြီး​ထံ လွှတ်လိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 7,
      "text": "ဥရိယ​ရောက်လာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​နှင့် စစ်သည်​တို့​၏​အခြေအနေ​၊ စစ်ပွဲ​အခြေအနေ တို့​ကို မေးမြန်း​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 8,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​သင့်​အိမ်​သို့​ပြန်သွား​ပြီး ခြေ​ဆေး​ပါ​”​ဟု မိန့်ဆို​သဖြင့် ဥရိယ​လည်း ဘုရင့်​နန်းတော်​မှ​ထွက်သွား​၏​။ ရှင်ဘုရင်​က သူ့​အဖို့ စားကောင်းသောက်ဖွယ်​များ​လည်း ပေးလိုက်​သေး​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 9,
      "text": "သို့သော် ဥရိယ​သည် အိမ်​မ​ပြန်​ဘဲ မိမိ​သခင်​၏​အမှုထမ်း​အပေါင်း​တို့​နှင့်အတူ ဘုရင့်​နန်းတော်​တံခါးဝ​တွင် အိပ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 10,
      "text": "“​ဥရိယ​သည် သူ့​အိမ်​သို့​မ​ပြန်​ပါ​”​ဟူသော​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​သင်​သည် ခရီးဝေး​က​ပြန်လာ​ရ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် သင့်​အိမ်​သို့​မ​ပြန်​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 11,
      "text": "ထိုအခါ ဥရိယ​က ဒါဝိဒ်​မင်းကြီး​အား “​သေတ္တာ​တော်​နှင့်တကွ အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​သည် တဲ​များ​၌​သာ နေ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​သခင် ယွာဘ​နှင့် အကျွန်ုပ်​သခင်​၏​စစ်သည်​တို့​သည်​လည်း ကွင်းပြင်​၌​သာ စခန်းချ​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား အိမ်​သို့​ပြန်​ပြီး စား​သောက်​လျက်​၊ မယား​နှင့်​အိပ်​လျက် နေ​သင့်​ပါ​သလော​။ မင်းကြီး​အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ် ထိုသို့​မ​ပြု​သင့်​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 12,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဥရိယ​အား “​ယနေ့ သည်မှာ​နေ​ပါ​။ မနက်ဖြန်​မှ သင့်​ကို ပြန်လွှတ်​မည်​”​ဟု ဆို​သဖြင့် ဥရိယ​သည် နောက်တစ်နေ့​အထိ ဂျေရုဆလင်​မြို့​တွင် နေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 13,
      "text": "နောက်မှ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို စား​သောက်​ပွဲ​သို့ ဖိတ်​ပြီး မူး​အောင် သောက်​စေ​၏​။ သို့သော် နေဝင်ချိန်​တွင် သူ​သည် အိမ်​သို့​မ​ပြန်​ဘဲ သူ့​သခင်​၏​အစေအပါး​များ​နှင့်အတူ သွား​အိပ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 14,
      "text": "နံနက်​ရောက်​လျှင် ဒါဝိဒ်​မင်းကြီး​သည် ယွာဘ​ထံသို့ စာ​တစ်​စောင်​ရေး​ပြီး ဥရိယ​နှင့် ပို့​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 15,
      "text": "ထို​စာ​၌ “​တိုက်ပွဲ​ပြင်းထန်​သော​နေရာ​တွင် ဥရိယ​ကို ရှေ့တန်း​တက်​စေ​ပြီး သင်​တို့​က နောက်ပြန်ဆုတ်​ပါ​။ သူ​အတိုက်ခိုက်​ခံရ​ပြီး သေ​ပါစေ​”​ဟု ရေးထား​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 16,
      "text": "ထို့ကြောင့် ယွာဘ​သည် မြို့​ကို​သေချာ​စောင့်ကြည့်​ထား​၍ ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သည်​တို့ ရှိ​သည့်​နေရာ​ကို သိ​လျှင် ဥရိယ​ကို ထို​နေရာ​တွင် ချထား​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 17,
      "text": "မြို့​ထဲမှ​စစ်သည်​တို့ ထွက်လာ​ပြီး ယွာဘ​နှင့် တိုက်ခိုက်​သောအခါ ဒါဝိဒ်​မင်းကြီး​၏​စစ်မှုထမ်း​ထဲမှ စစ်သည်​အချို့ ကျဆုံး​ကြ​၏​။ ဟိတ္တိ​လူမျိုး ဥရိယ​လည်း ကျဆုံး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 18,
      "text": "ယွာဘ​သည် စစ်ပွဲ​သတင်း​အလုံးစုံ​ကို ဒါဝိဒ်​မင်းကြီး​ထံ လူ​လွှတ်​၍ ကြားပြော​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 19,
      "text": "ယွာဘ​က စေတမန်​အား “​သင်​သည် စစ်ပွဲ​သတင်း​များ​ကို ရှင်ဘုရင်​အား အလုံးစုံ​ပြောကြား​ပြီးနောက်"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 20,
      "text": "အကယ်၍ ရှင်ဘုရင်​အမျက်ထွက်​ပြီး သင့်​အား ‘​သင်​တို့ အဘယ်ကြောင့် မြို့​နား​ကပ်​ပြီး တိုက်ခိုက်​ကြ​သနည်း​။ မြို့ရိုး​ပေါ်​မှ​နေ​၍ သူ​တို့​ပစ်ခတ်​နိုင်​သည်​ကို မ​သိ​ကြ​သလော​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 21,
      "text": "ယေရုဗေရှက်​၏​သား အဘိမလက်​ကို မည်သူ​သတ်​သနည်း​။ သေဗက်​မြို့​တွင် မိန်းမ​တစ်​ယောက်​မြို့ရိုး​ပေါ်​မှ​နေ​၍​ကြိတ်ဆုံ​ကျောက်​ကို ပစ်ချ​သဖြင့် သူ​သေ​ခဲ့​သည်​မ​ဟုတ်​လော​။ သင်​တို့ အဘယ်ကြောင့် မြို့ရိုး​နား​သို့ ကပ်သွား​ရ​သနည်း​’​ဟု ဆို​လျှင် ‘​အရှင့်​အစေအပါး ဟိတ္တိ​လူမျိုး ဥရိယ​လည်း ကျဆုံး​ပြီ​’​ဟူ၍ လျှောက်တင်​လော့​”​ဟု ညွှန်ကြား​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 22,
      "text": "တမန်​သည်​လည်း ထွက်လာ​၍ ဒါဝိဒ်​မင်းကြီး​ထံသို့​ရောက်​သောအခါ ယွာဘ​မှာလိုက်​သမျှ​အတိုင်း ကြားလျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 23,
      "text": "တမန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​မြို့သား​တို့​သည် အကျွန်ုပ်​တို့​ထက် ခွန်အားကြီး​ကြ​၏​။ မြို့ပြင်​အထိ အကျွန်ုပ်​တို့​ကို ထွက်တိုက်​ကြ​၏​။ သို့သော် အကျွန်ုပ်​တို့​လည်း သူ​တို့​ကို မြို့​တံခါးဝ​အထိ ပြန်တိုက်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 24,
      "text": "လေးသည်တော်​တို့​သည် မြို့ရိုး​ပေါ်​မှ​နေ​၍ ကျွန်တော်မျိုး​တို့​ကို လေး​နှင့်​ပစ်​ကြ​ရာ ရှင်ဘုရင်​၏​လူ​အချို့ ကျဆုံး​ကြ​ပါ​၏​။ အရှင့်​အမှုထမ်း ဟိတ္တိ​လူမျိုး ဥရိယ​လည်း ကျဆုံး​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 25,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က တမန်​အား “​သင်​သည် ယွာဘ​အား ‘​ဤ​အမှု​ကား ဆိုး​လှ​သည်​ဟု သင်​မ​မြင်​နှင့်​။ ဓား​သည် တစ်ယောက်​မ​ဟုတ်​တစ်ယောက် ဝါးမျို​တတ်​၏​။ မြို့​ကို​သာ ဖိတိုက်​ပြီး ဖျက်ဆီး​ပစ်​ပါ​’​ဟု ပြန်ပြော​လော့​။ သူ့​ကို​လည်း အားပေး​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 26,
      "text": "ဥရိယ​၏​မယား​သည် သူ​၏​ခင်ပွန်း​ဥရိယ​ကျဆုံး​ကြောင်း ကြားသိ​သောအခါ ခင်ပွန်း​အတွက် ငိုကြွေးမြည်တမ်း​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 27,
      "text": "ငိုကြွေးမြည်တမ်း​ချိန်​လွန်​သောအခါ ဒါဝိဒ်​မင်းကြီး​သည် လူ​လွှတ်​၍ သူ့​ကို နန်းတော်​သို့ ခေါ်လာ​စေ​၏​။ သူ​သည် မိဖုရား​ဖြစ်လာ​ပြီး သား​ကို​မွေးဖွား​၏​။ သို့သော် ဤသို့ ဒါဝိဒ်​မင်းကြီး​ပြု​သော​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဆိုးညစ်​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 1,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် နာသန်​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ နာသန်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​ရောက်​လျှင် “​မြို့​တစ်​မြို့​တွင် လူ​နှစ်​ဦး​ရှိ​၏​။ တစ်​ဦး​မှာ ချမ်းသာ​၍ တစ်​ဦး​မှာ ဆင်းရဲ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 2,
      "text": "ချမ်းသာ​သော​သူ​၌ သိုးအုပ်​၊ နွားအုပ် အများအပြား​ရှိ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 3,
      "text": "ဆင်းရဲ​သော​သူ​၌​မူကား သူ​ဝယ်ယူ​ထား​သော သိုးသငယ်မလေး​တစ်​ကောင်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ သူ​သည် ထို​သိုးသငယ်မလေး​ကို ကျွေးမွေးပြုစု​ခဲ့​၏​။ သူ​နှင့်အတူ​နေ​၍ သူ့​သားသမီး​နှင့်အတူ​ကြီးပြင်း​လာ​၏​။ သူ​နှင့်အတူ စား​၏​။ သူ့​ခွက်​တွင်ပင် သောက်​၏​။ သူ့​သမီး​ကဲ့သို့ သူ့​ရင်ခွင်​တွင် အိပ်​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 4,
      "text": "တစ်နေ့တွင် ချမ်းသာ​သော​သူ​ထံသို့ ခရီးသွား​ဧည့်သည်​တစ်​ဦး​ရောက်လာ​၏​။ သူ့​ထံ​ရောက်လာ​သော​ဧည့်သည်​ကို သူ​၏​သိုးအုပ်​၊ နွားအုပ်​ထဲမှ သိုးနွား​ကို​ယူ​၍ ချက်ကျွေး​ရ​မည်​ကို နှမြော​သဖြင့် ဆင်းရဲ​သော​သူ​၏​သိုးသငယ်မလေး​ကို ယူ​ပြီးလျှင် သူ့​ထံ​ရောက်လာ​သော​ဧည့်သည်​ကို ချက်ကျွေး​၏​”​ဟု ပြောပြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 5,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ချမ်းသာ​သော​သူ​ကို အလွန်​အမျက်ထွက်​ပြီး နာသန်​အား “​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ ထိုသို့​ပြု​သော​သူ​သည် အမှန်ပင် သေ​ရ​မည်​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 6,
      "text": "ဤသို့​သနားညှာတာစိတ်​ကင်းမဲ့​စွာ​ပြု​သော​သူ​သည် သိုးသငယ်မလေး​အတွက် လေးဆ​ပြန်လျှော်​ရ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 7,
      "text": "ထိုအခါ နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထို​သူ​သည် အရှင်မင်းကြီး​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ရှောလု​မင်းကြီး​လက်​မှ ကယ်နုတ်​ပြီး အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 8,
      "text": "သင့်​သခင်​၏​နန်းတော်​၊ သင့်​သခင်​၏​မိဖုရား​တို့​ကို သင့်​ရင်ခွင်​၌ ပေးအပ်​ခဲ့​ပြီ​။ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သင့်​ကို ပေးအပ်​ထား​ပြီ​။ ထိုသို့​ပေးအပ်​သည်​ကို​ပင် နည်း​သေး​သည်​ဟု သင်​ထင်​လျှင် ဤမျှ​၊ ထိုမျှမက သင့်​ကို ထပ်၍​ပေး​နိုင်​သေး​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 9,
      "text": "ယခုမှာ သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​စကား​တော်​ကို မထီမဲ့မြင်ပြု​ပြီး မျက်မှောက်​တော်​၌ မကောင်းမှု​ကို ပြု​ရ​သနည်း​။ သင်​သည် ဟိတ္တိ​လူမျိုး ဥရိယ​ကို ဓား​နှင့်​သတ်​ပြီး သူ့​မယား​ကို သင့်​မိဖုရား​အဖြစ် သိမ်းယူ​ပြီ​။ သင်​သည် သူ့​ကို အမ္မုန်​အမျိုးသား​တို့​၏​ဓား​ဖြင့် သတ်​လေ​ပြီ​တကား​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 10,
      "text": "သင်​သည် ငါ့​ကို မထီမဲ့မြင်ပြု​ပြီး ဟိတ္တိ​လူမျိုး ဥရိယ​၏​မယား​ကို သင့်​မိဖုရား​အဖြစ် သိမ်းယူ​သောကြောင့် သင့်​အမျိုးအနွယ်​သည် ဓားဘေး​နှင့် အမြဲတစေ​ကြုံ​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 11,
      "text": "ထာဝရဘုရား​က ‘​ငါ​သည် သင့်​ကို ဘေးအန္တရာယ်​ပေး​မည့်​သူ​အား သင့်​မိသားစု​ထဲက ပေါ်ထွက်​စေ​မည်​။ သင့်​မျက်စိ​ရှေ့​တွင်​ပင် သင့်​မိဖုရား​တို့​ကို ယူ​ပြီး သင့်​အိမ်နီးချင်း​အား ပေး​မည်​။ သူ​သည် နေ့အချိန်​တွင်ပင် သင့်​မိဖုရား​တို့​နှင့်အတူ အိပ်​လိမ့်မည်​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 12,
      "text": "စင်စစ် သင်​သည် ဆိတ်ကွယ်​ရာ​၌ ဤ​အမှု​ကို ပြု​ခဲ့​၏​။ ဤ​အမှု​ကို အစ္စရေး​တစ်မျိုးလုံး​ရှေ့​၊ နေ့အချိန်​တွင်ပင် ငါ​ဖော်ပြ​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 13,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က နာသန်​အား “​ထာဝရဘုရား​ကို ငါ​ပြစ်မှား​မိ​ပါ​ပြီ​”​ဟု ဆို​လျှင် နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထာဝရဘုရား​သည် မင်းကြီး​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပြီ​ဖြစ်၍ မင်းကြီး မ​သေ​ရ​ပါ​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 14,
      "text": "သို့သော် အရှင်မင်းကြီး​သည် ဤ​အမှု​အားဖြင့် စင်စစ် ထာဝရဘုရား​၏​ရန်သူ​တို့ မထီလေးစားပြုစရာ ဖြစ်​စေ​လေ​ပြီ​။ ထို့ကြောင့် ယခု​မွေးဖွား​မည့် မင်းကြီး​၏​သား​တော်​သည် မုချ​သေ​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 15,
      "text": "နာသန်​သည် မိမိ​အိမ်​သို့ ပြန်သွား​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​အဖို့ ဥရိယ​မယား​မွေး​သော​သား​ကို ဒဏ်ခတ်​တော်မူ​သဖြင့် ထို​သား​သည် နာမကျန်း​ဖြစ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 16,
      "text": "ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​သည် သူငယ်​အတွက် ဘုရားသခင်​ထံ တောင်းပန်​၏​။ ဒါဝိဒ်​မင်းကြီး​သည် အစာရှောင်​လျက် တစ်ညလုံး​မြေပြင်​ပေါ်တွင် သွား​၍​လှဲ​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 17,
      "text": "နန်းတွင်း​သက်ကြီးဝါကြီး​တို့​သည် သူ့​အနား​တွင်​လာရပ်​၍ သူ့​ကို မြေပြင်​မှ​ထူမ​ပေး​လို​သော်လည်း ဒါဝိဒ်​မင်းကြီး​ကား အလို​မ​ရှိ​။ သူ​တို့​နှင့်​လည်း အစာ​မ​စား​ဘဲ နေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 18,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​တွင် သူငယ်​သေဆုံး​သွား​၏​။ ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “သူငယ်​အသက်ရှင်​စဉ်ကပင် ငါ​တို့​ပြော​သော​စကား​ကို သူ​နား​မ​ထောင်​လို​။ ယခု သူငယ်​သေ​ပါ​ပြီ​ဟု သူ့​အား​မည်သို့​ပြောထွက်​မည်နည်း​။ သူ​သိ​လျှင် ဆိုးဝါး​သော​အမှု​ပြု​မည်​ကို စိုး​ရ​ပါ​သည်​”​ဟု ဆို​လျက် သူငယ်​သေဆုံး​သွား​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​အား ပြောပြ​ရန် စိုးရွံ့​နေ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 19,
      "text": "မိမိ​အမှုထမ်း​တို့ တီးတိုးပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​မင်းကြီး​မြင်​လျှင် သူငယ်​သေဆုံး​ကြောင်း​ကို ရိပ်မိ​သဖြင့် ဒါဝိဒ်​မင်းကြီး​က အမှုထမ်း​တို့​အား “​သူငယ်​ဆုံး​သွား​ပြီ​လော​”​ဟု မေးလိုက်​ရာ သူ​တို့​က “​သူငယ်​ဆုံး​သွား​ပါ​ပြီ​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 20,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် မြေ​မှ​ထ​၍ ရေချိုး​ဆီလိမ်း အဝတ်အစား​လဲ​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ဝတ်ပြုကိုးကွယ်​လေ​၏​။ ထို့နောက် နန်းတော်​သို့​ပြန်လာ​၍ အစားအစာ​ပြင်ဆင်​ခိုင်း​ပြီး စားတော်ခေါ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 21,
      "text": "ထိုအခါ သူ​၏​အမှုထမ်း​တို့​က သူ့​အား “​မင်းကြီး​သည် သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​နေ​၏​။ သူငယ်​ဆုံး​သွား​သောအခါ​မူကား ထ​၍​စားသောက်​၏​။ မင်းကြီး ဤသို့ ပြု​သည်​မှာ အဘယ်​အကြောင်း​ကြောင့်​နည်း​”​ဟု မေးလျှောက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 22,
      "text": "ဒါဝိဒ်​မင်းကြီး​က “​သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​ငိုကြွေး​သည်​မှာ ‘​ထာဝရဘုရား​သည် ငါ့​ကို သနား​သော​အားဖြင့် သူငယ်​ကို အသက်ရှင်​ခွင့်​ပေး​မည် မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​’​ဟု ငါ​တွေးမိ​သဖြင့် ဤသို့​ပြု​ခြင်း ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 23,
      "text": "သို့သော် ယခုမှာ သူငယ် သေ​ပြီ​ဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်​ရ​တော့​မည်နည်း​။ သူ့​ကို ငါ​ပြန်ခေါ်လာ​နိုင်​သလော​။ သူ​ရှိ​ရာ​သို့ ငါ​သွား​ရ​မည်​။ ငါ့​ဆီ သူ​ပြန်လာ​နိုင်​တော့​မည်​မ​ဟုတ်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 24,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိဖုရား​ဗာသရှေဘ​အား နှစ်သိမ့်​ပေး​၍ သူ့​ထံသို့​ဝင်​ပြီး သူ​နှင့်​အိပ်​လေ​၏​။ သူ​သည်​လည်း သား​ကို မွေးဖွား​ပြီး ရှောလမုန် ဟု​အမည်​မှည့်ခေါ်​၏​။ ထာဝရဘုရား​သည် ရှောလမုန်​ကို ချစ်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 25,
      "text": "ထို့ကြောင့် ပရောဖက်​နာသန်​ကို စေလွှတ်​တော်မူ​၍ ထာဝရဘုရား​ကို အစွဲပြု​ပြီး သူ့​ကို ယေဒိဒိ ဟု​အမည်​မှည့်ခေါ်​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 26,
      "text": "ထို​ကာလ​တွင် ယွာဘ​သည် အမ္မုန်​အမျိုးသား​တို့​၏​ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​၍ နန်း​မြို့​တော်​ကို​သိမ်းယူ​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 27,
      "text": "ဒါဝိဒ်​မင်းကြီး​ထံသို့ တမန်​ကို စေလွှတ်​၍ “​အကျွန်ုပ်​သည် ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​၍ ရေသိုလှောင်​ရာ​မြို့​ကို​လည်း သိမ်းယူ​ထား​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 28,
      "text": "ယခု ကျန်ရှိ​သော​စစ်သည်​များ​ကို​စု​၍ မြို့​အနီး​၌​တပ်ချ​ပြီး မြို့​ကို​သိမ်းပိုက်​ပါ​။ ထိုသို့​မ​ပြု​လျှင် အကျွန်ုပ်​သည် မြို့​ကို​သိမ်းပိုက်​ပြီး ထို​မြို့​ကို အကျွန်ုပ်​နာမည်​ဖြင့် ခေါ်ဝေါ်​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 29,
      "text": "ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​သည် စစ်သည်​အားလုံး​ကို စု​ပြီး ရဗ္ဗာ​မြို့​သို့ ချီတက်​၍ တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 30,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​တို့​ဘုရင်​၏​ဦးခေါင်း​မှ အဖိုးတန်​ကျောက်​များ​နှင့်တကွ ရွှေ​တစ်တာလန် ​အလေးချိန်​ရှိ​သော​သရဖူ​ကို ယူ​လေ​၏​။ ထို​သရဖူ​ကို ဒါဝိဒ်​မင်းကြီး​၏​ဦးခေါင်း​တွင် ဆောင်းပေး​ကြ​၏​။ ထို​မြို့​မှ​တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို​လည်း သိမ်းယူ​ရရှိ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 31,
      "text": "မြို့သား​တို့​ကို​လည်း​ခေါ်ဆောင်​သွား​ပြီး လွှ​တိုက်​၊ သံ​ထွန်​၊ သံ​ပုဆိန်​ပေါက်​အလုပ်​၊ အုတ်ဖုတ်​ရ​သော​အလုပ်​တို့​ကို လုပ်​စေ​၏​။ အမ္မုန်​အမျိုးသား​တို့​၏​မြို့ရွာ​တိုင်း​၌ ထိုသို့​ပြု​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​နှင့်​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​၏​သား​အဗရှလုံ​တွင် တာမာ​အမည်​ရှိ​သော​၊ အဆင်းလှ​သော​နှမ​တစ်​ဦး​ရှိ​၏​။ ဒါဝိဒ်​မင်းကြီး​၏​သား​အာမနုန်​သည် တာမာ​ကို​ချစ်​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 2,
      "text": "ထိုသို့ အာမနုန်​သည် နှမ​တာမာ​ကို ချစ်​သော​စိတ်​ဖြင့် စိတ်ဖိစီး​ကာ​ဖျား​လေ​၏​။ နှမ​တော်​သည် အပျိုစင်​ဖြစ်​သောကြောင့် သူ့​အား မည်သို့​ရယူ​ရ​မည်​ကို အာမနုန်​တွေး​မ​ရ​ဘဲ အခက်တွေ့​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 3,
      "text": "အာမနုန်​တွင် ယောနဒပ်​အမည်​ရှိ​သော မိတ်ဆွေ​တစ်​ဦး ရှိ​၏​။ ယောနဒပ်​သည် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား ဖြစ်ပြီး အလွန်​ဉာဏ်များ​သူ​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 4,
      "text": "သူ​က အာမနုန်​အား “​အို ဘုရင့်​သား​တော်​၊ အဘယ်ကြောင့် တစ်နေ့​ထက်​တစ်နေ့ ပိန်​လာ​သနည်း​။ အကျွန်ုပ်​အား ပြောပြ​၍​မ​ရ​သလော​”​ဟု ဆို​လျှင် အာမနုန်​က “​ငါ့​ညီ အဗရှလုံ​၏​နှမ တာမာ​ကို ငါ​ချစ်​မိ​နေ​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 5,
      "text": "ထိုအခါ ယောနဒပ်​က သူ့​အား “​သင်​နေမကောင်း​ယောင်ဆောင်​ပြီး အိပ်ရာ​ထဲ​လှဲ​နေ​လိုက်​ပါ​။ သင့်​ခမည်းတော် သင့်​ကို​လာကြည့်​လျှင် ‘​အကျွန်ုပ်​ကို ပြုစုကျွေးမွေး​ဖို့ အကျွန်ုပ်​၏​နှမ​တာမာ​ကို လွှတ်ပေး​ပါ​။ အကျွန်ုပ်​ရှေ့​တွင် အစားအစာ​ပြင်ဆင်​ပေး​သည်​ကို ကြည့်​ပြီး သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို စား​လို​ပါ​၏’​ဟူ၍ လျှောက်​လော့”​ဟု အကြံပေး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 6,
      "text": "ထို့ကြောင့် အာမနုန်​သည် နေမကောင်း​ယောင်ဆောင်​ပြီး လှဲ​နေ​လေ​၏​။ ရှင်ဘုရင်​လာကြည့်​သောအခါ အာမနုန်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​နှမ တာမာ​ကို လွှတ်ပေး​ပြီး အကျွန်ုပ်​ရှေ့​တွင် မုန့်​နှစ်​ပြား​ကို​လုပ်ပေး​စေ​ပါ​။ သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို အကျွန်ုပ်​စား​လို​ပါ​၏​”​ဟု လျှောက်​လျှင်"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 7,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း တာမာ​ရှိ​ရာ​နန်းဆောင်​သို့​လူ​လွှတ်​၍ “​ယခု သင့်​အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​ပြီး သူ့​အတွက် စားစရာ​ကို​ပြင်ဆင်​ပေး​ပါ​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 8,
      "text": "ထို့ကြောင့် တာမာ​သည် အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​၍ လဲလျောင်း​နေ​သော အာမနုန်​ရှေ့​တွင် မုန့်ညက်​ကို​ယူ​၍ နယ်​ပြီးလျှင် မုန့်​ကို​ဖုတ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 9,
      "text": "ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 10,
      "text": "ထိုအခါ အာမနုန်​က တာမာ​အား “​မုန့်​ကို အိပ်ခန်း​ထဲ​ယူလာ​ပြီး ငါ့​ကို သင့်​လက်​နှင့် ခွံ့ကျွေး​ပါ​” ဟု ဆို​သဖြင့် တာမာ​သည် မိမိ​ပြင်ဆင်​ထား​သော​မုန့်​တို့​ကို​ယူ​၍ အစ်ကို​အာမနုန်​အိပ်ခန်း​ထဲသို့ ဆောင်သွား​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 11,
      "text": "အာမနုန်​စား​ဖို့ မုန့်​ကို​ကမ်းပေး​လိုက်​သောအခါ အာမနုန်​က သူ့​ကို​ဖမ်းဆွဲ​ပြီး “​ငါ့​နှမ လာ​ပါ​။ ငါ​နှင့်အတူ အိပ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 12,
      "text": "တာမာ​က​လည်း သူ့​အား “​မ​လုပ်​ပါ​နှင့် အစ်ကို​။ အကျွန်ုပ်​ကို အဓမ္မ​မ​ပြု​ပါ​နှင့်​။ အစ္စရေး​လူမျိုး​တွင် ဤသို့​ပြု​လေ့​မ​ရှိ​။ ဤသို့ ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ပါ​နှင့်​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 13,
      "text": "ဤသို့​ပြု​လျှင် အကျွန်ုပ်​ဘယ်သွားသွား ကဲ့ရဲ့​ခံရ​ပါ​လိမ့်မည်​။ သင်​သည်​လည်း အစ္စရေး​လူမျိုး​တွင် မိုက်မဲ​သော​သူ​တစ်​ဦး ဖြစ်​ရ​ပါ​လိမ့်မည်​။ ထို့ကြောင့် ရှင်ဘုရင်​ကို လျှောက်တင်​ပါ​လော့​။ သင်​နှင့်​အကျွန်ုပ်​ကို သဘော​မ​တူ​ဘဲ​မ​နေ​ပါ​”​ဟု ဆို​သော်လည်း"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 14,
      "text": "နှမ​စကား​ကို နား​မ​ထောင်​ဘဲ နှမ​ထက်​အားကြီး​သောကြောင့် သူ့​ကို အဓမ္မပြုကျင့်​ကာ အတူ​အိပ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 15,
      "text": "ထို့နောက် အာမနုန်​သည် သူ့​ကို အမုန်း ကြီး ​မုန်း​သွား​ပြန်​၏​။ ယခင်​ချစ်​သော​စိတ်​ထက် မုန်း​သော​စိတ်​ပို၍​ကြီး​သဖြင့် အာမနုန်​က သူ့​အား “​ထ​လော့​၊ ထွက်သွား​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 16,
      "text": "တာမာ​က​လည်း “​မ​နှင်ထုတ်​ပါ​နှင့်​။ အကျွန်ုပ်​ကို​နှင်ထုတ်​ခြင်း​သည် အကျွန်ုပ်​ကို အဓမ္မပြုကျင့်​သည်​ထက် သာ၍​ဆိုး​ပါ​၏​”​ဟု ဆို​သော်လည်း သူ​သည် နား​မ​ထောင်​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 17,
      "text": "သူ့​ထံ၌​ခစား​သော​ငယ်သား​တစ်​ယောက်​ကို​ခေါ်​၍ “​ဤ​မိန်းမ​ကို ငါ့​ထံမှ အပြင်​သို့​နှင်ထုတ်​ပြီး တံခါး​ကို​ပိတ်​ထား​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 18,
      "text": "ထို​ငယ်သား​သည်​လည်း ဘုရင့်​သမီး​တော်​အပျိုစင်​တို့ ဝတ်ဆင်​ရ​လေ့​ရှိ​သော​ရောင်စုံသင်တိုင်း​ကို ဝတ်ဆင်​ထား​သော​တာမာ​အား နှင်ထုတ်​ပြီးလျှင် တံခါး​ကို​ပိတ်​ထား​လိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 19,
      "text": "တာမာ​သည် ခေါင်း​ပေါ်မှာ​ပြာ​ကို​တင်​လျက် မိမိ​ဝတ်​ထား​သော​ရောင်စုံသင်တိုင်း​ကို ဆွဲဆုတ်​ပစ်​လေ​၏​။ ထို့နောက် ခေါင်း​ပေါ်မှာ​လက်​ကို​တင်​ကာ အော်ဟစ်​ငိုကြွေး​လျက် ပြန်သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 20,
      "text": "သူ့​အစ်ကို အဗရှလုံ​က သူ့​အား “​သင့်​အစ်ကို အာမနုန်​က သင့်​ကို​အဓမ္မပြု​လိုက်​ပြီ​လော​။ ငါ့​နှမ​၊ ယခု ဆိတ်ဆိတ်​နေ​လော့​။ သူ​သည် သင့်​အစ်ကို ဖြစ်​သည့်​အတွက် ဤ​ကိစ္စ​ကို သင့်​စိတ်​ထဲ​မ​ထား​ပါ​နှင့်​”​ဟု နှစ်သိမ့်​၏​။ တာမာ​က​လည်း သူ့​အစ်ကို အဗရှလုံ​၏​နန်းဆောင်​တွင် ဆိတ်ဆိတ်​နေ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 21,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဤ​သတင်း​အလုံးစုံ​ကို ကြားသိ​လျှင် အလွန်​အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 22,
      "text": "အဗရှလုံ​သည် မိမိ​နှမ​တာမာ​အား အာမနုန်​အဓမ္မပြု​လိုက်​သဖြင့် အာမနုန်​ကို​မုန်းတီး​၏​။ သို့သော် သူ့​အား ကောင်း​သည်​၊ ဆိုး​သည် မည်သည့်​စကား​တစ်ခွန်း​ကို​မျှ​မ​ပြော​ဘဲ​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 23,
      "text": "အချိန်​နှစ်​နှစ်​ခန့်​ကြာ​သော် အဗရှလုံ​သည် ဧဖရိမ်​ပြည်​အနီး ဗာလဟာဇော်​အရပ်​၌ သိုးမွေးညှပ်သမား​တို့​နှင့်အတူ​ရှိ​နေစဉ် ဘုရင့်​သား​တော်​အပေါင်း​တို့​ကို ဖိတ်ခေါ်​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 24,
      "text": "ထို့ပြင် အဗရှလုံ​သည် ရှင်ဘုရင်​ထံသို့​ဝင်​၍ “​အရှင့်​သား​ကျွန်တော်မျိုး သိုးမွေးညှပ်ပွဲ​ကျင်းပ​နေ​ပါ​သည်​။ သို့ဖြစ်၍ အရှင်မင်းကြီး​နှင့် မင်းမှုထမ်း​တို့ ကျွန်တော်မျိုး​နှင့်အတူ ကြွ​တော်မူ​ပါ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 25,
      "text": "ထိုအခါ ရှင်ဘုရင်​က အဗရှလုံ​အား “​ငါ့​သား​၊ ငါ​တို့​အကုန် မ​သွား​သင့်​ပါ​။ သင့်​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ အဗရှလုံ မရမက​ခေါ်​သော်လည်း ရှင်ဘုရင်​သည် မ​သွား​လို​၊ ကောင်းချီး​သာ​ပေး​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 26,
      "text": "အဗရှလုံ​က​လည်း “​ထိုသို့​ဖြစ်​လျှင် အကျွန်ုပ်​၏​အစ်ကို အာမနုန်​ကို အကျွန်ုပ်​တို့​နှင့်အတူ သွားခွင့်​ပေး​ပါ​”​ဟု ဆို​လျှင် ရှင်ဘုရင်​က “​အဘယ်ကြောင့် သူ့​ကို သွား​စေ​လို​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 27,
      "text": "သို့သော် အဗရှလုံ​က မရမက​တောင်းဆို​သဖြင့် ရှင်ဘုရင်​သည် အာမနုန်​နှင့်တကွ ရှင်ဘုရင်​၏​သား​တော်​အားလုံး​ကို​သွား​စေ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 28,
      "text": "ထိုအခါ အဗရှလုံ​က သူ့​ငယ်သား​တို့​အား “​သင်​တို့ စောင့်ကြည့်​ပါ​။ စပျစ်ဝိုင်​ကြောင့် အာမနုန် စိတ်မြူး​လာ​သောအခါ ငါ​က ‘​အာမနုန်​ကို သတ်​လိုက်​ပါ​’​ဟု ဆို​လျှင် သူ့​ကို​သတ်​လိုက်​ပါ​။ ငါ​အမိန့်ပေး​သည်​မ​ဟုတ်​လော​။ သင်​တို့​မ​ကြောက်​ကြ​နှင့်​။ အားယူ​ပြီး သတ္တိ​ရှိ​ကြ​ပါ​”​ဟု မှာထား​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 29,
      "text": "ဤသို့ဖြင့် အဗရှလုံ​၏​ငယ်သား​တို့​သည် အဗရှလုံ​မှာထား​သည့်​အတိုင်း အာမနုန်​ကို ပြု​လေ​၏​။ ထိုအခါ ရှင်ဘုရင်​၏​သား​တော်​အပေါင်း​တို့​သည် ထ​၍ ကိုယ့်​လား​ကိုယ်​စီး​ပြီး ထွက်ပြေး​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 30,
      "text": "သူ​တို့​လမ်း​၌​ရှိ​နေ​သေး​စဉ် “​အဗရှလုံ​သည် ရှင်ဘုရင်​၏​သား​တော်​အားလုံး​ကို သုတ်သင်​ပစ်​လေ​ပြီ​။ တစ်​ယောက်​မျှ မ​ကျန်​ပါ​”​ဟု ဒါဝိဒ်​မင်းကြီး​ထံ သတင်း​ရောက်လာ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 31,
      "text": "ရှင်ဘုရင်​သည် ထ​၍ မိမိ​အဝတ်​ကို​ဆုတ်​လျက် မြေ​ပေါ်မှာ​လှဲ​လေ​၏​။ သူ့​ထံ​ခစား​သော မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ကိုယ့်​အဝတ်​ကိုယ်​ဆုတ်ပစ်​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 32,
      "text": "ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား ယောနဒပ်​က “​အကျွန်ုပ်​၏​သခင်​၊ ရှင်ဘုရင်​၏​သား​တော် မင်းညီမင်းသား​အားလုံး အသတ်​ခံရ​ပြီ​ဟု မ​ထင်​လိုက်​ပါ​နှင့်​။ အာမနုန်​တစ်ဦးတည်း​သာ အသတ်​ခံရ​ပါ​ပြီ​။ အဗရှလုံ​သည် မိမိ​နှမ​တာမာ​အဓမ္မပြု​ခံရ​သည့်​နေ့​မှစ၍ ဤ​အမှု​ကို ကြံစည်​ထား​နှင့်​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 33,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​စိတ်​ထဲတွင် ရှင်ဘုရင်​၏​သား​တော်​အားလုံး​သေ​ပြီ​ဟူသော​သတင်း​ကို မ​ယုံ​ပါ​နှင့်​။ အာမနုန်​တစ်ဦးတည်း​သာ သေ​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 34,
      "text": "အဗရှလုံ​မှာ ထွက်ပြေး​သွား​နှင့်​ပြီ​ဖြစ်​၏​။ ကင်းစောင့်​လုလင်​တစ်​ဦး​သည် အနောက်ဘက်​သို့​မျှော်ကြည့်​ရာ တောင်စောင်း​လမ်း​တစ်လျှောက်​တွင် လူအုပ်ကြီး​လာ​နေ​သည်​ကို​မြင်​လျှင်"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 35,
      "text": "ယောနဒပ်​က ရှင်ဘုရင်​အား “​ကြည့်​ပါ​။ ရှင်ဘုရင်​၏​သား​တော်​တို့ ပြန်လာ​ကြ​ပါ​ပြီ​။ ကျွန်တော်မျိုး​၏​စကား မှန်​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 36,
      "text": "ယောနဒပ်​၏​စကား​ဆုံး​သည်​နှင့် ရှင်ဘုရင်​၏​သား​တော်​တို့​သည် ရောက်လာ​၍ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ ရှင်ဘုရင်​နှင့်တကွ မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ပြင်းစွာ​ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 37,
      "text": "အဗရှလုံ​သည် ထွက်ပြေး​၍ ဂေရှုရ​ဘုရင်​အမိဟုဒ်​မင်းကြီး​၏​သား​တော် တာလမဲ​ထံသို့ ရောက်သွား​၏​။ ဒါဝိဒ်​မင်းကြီး​မူကား သား​တော်​ကြောင့် နေ့စဉ်​နှင့်အမျှ ငိုကြွေးမြည်တမ်း​ရ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 38,
      "text": "အဗရှလုံ​သည် ဂေရှုရ​ပြည်​သို့​ထွက်ပြေး​သွား​၍ ထို​ပြည်​တွင် သုံး​နှစ်​နေ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 39,
      "text": "ဒါဝိဒ်​မင်းကြီး​သည် သေဆုံး​သွား​သော​အာမနုန်​အတွက် စိတ်ဖြေသာမှု​ရ​ပြန်​သော် အဗရှလုံ​ထံ စိတ်​ရောက်သွား​ပြန်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 1,
      "text": "ဇေရုယာ​သား ယွာဘ​က ရှင်ဘုရင်​သည် အဗရှလုံ​အား စိတ်​ထဲမှ​လွမ်းဆွတ်​နေ​သည်​ကို သိ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 2,
      "text": "ထို့ကြောင့် ယွာဘ​သည် တေကော​မြို့​သို့ လူ​လွှတ်​၍ ထို​မြို့​မှ လိမ္မာပါးနပ်​သော​အမျိုးသမီး​တစ်ဦး​ကို ခေါ်လာ​စေ​ပြီးလျှင် “​ယခု သင်​သည် ဆီ​မ​လိမ်း​ဘဲ ငိုကြွေးမြည်တမ်း​ရာ​ဝတ်စုံ​ကို​ဝတ်​ပြီး လူသေ​အတွက် နေ့ရက်​များစွာ​ငိုကြွေးမြည်တမ်း​နေ​သော​မိန်းမ​ကဲ့သို့ ဟန်ဆောင်​ငိုကြွေး​လျက်"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 3,
      "text": "ရှင်ဘုရင်​ထံ​သွား​၍ ဤ​စကား​များ​ကို လျှောက်တင်​ရ​မည်​”​ဟု ဆို​ပြီး သူ​ပြော​ရ​မည့်​စကား​များ​ကို ယွာဘ​သင်ပေး​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 4,
      "text": "တေကော​မြို့သူ ထို​အမျိုးသမီး​သည် ရှင်ဘုရင်​ထံ​သွား​၍ မြေ​ပေါ်​ပျပ်ဝပ်​ဦးညွှတ်​လျက် “​အရှင်မင်းကြီး​၊ ကယ်မ​တော်မူ​ပါ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 5,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ့​အား “​သင်​၌ အဘယ်​အမှု​ရောက်​နေ​သနည်း​”​ဟု မေး​တော်မူ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​သည် ခင်ပွန်းသည်​ဆုံး​သွား​သော မုဆိုးမ​တစ်ဦး​ဖြစ်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 6,
      "text": "အရှင့်​ကျွန်မ​၌ သား​နှစ်​ယောက်​ရှိ​ပါ​၏​။ ထို​သား​နှစ်​ယောက်​သည် လယ်တော​တွင်​ရန်ဖြစ်​ကြ​ပါ​၏​။ သူ​တို့​ကို ဖျန်ဖြေ​ပေး​မည့်​သူ​မ​ရှိ​သဖြင့် ရန်ဖြစ်​ရင်း တစ်​ယောက်​က အခြား​တစ်​ယောက်​ကို ရိုက်​သတ်​လိုက်​မိ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 7,
      "text": "ယခုမှာ ဆွေမျိုးသားချင်း​အားလုံး​ထ​၍ အရှင့်​ကျွန်မ​အား ဆန့်ကျင်​လျက် ‘​ညီအစ်ကိုချင်း သတ်​သော​သူ​ကို ငါ​တို့​ထံ​အပ်​ပါ​။ သူ​သတ်​ခဲ့​သော သူ့​ညီအစ်ကို​၏​အသက်​အစား သူ့​ကို​ပြန်သတ်​မည်​။ အမွေခံ​ဖြစ်​နေ​လျှင်လည်း ဖျက်ဆီး​ပစ်​ရ​မည်’​ဟု ဆို​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​အတွက် ကျန်​နေ​သေး​သော​မီးခဲ​ကို​ငြှိမ်း​ပြီး အကျွန်ုပ်​ခင်ပွန်း​၏​အမည်​နှင့် မျိုးဆက်​ကို မြေကြီး​ပေါ်မှ​ပပျောက်​သွား​အောင် ပြု​ကြ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 8,
      "text": "ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​သင့်​အိမ်​သို့​ပြန်​ပါ​။ သင့်​အမှု​အတွက် ငါ​စီရင်​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 9,
      "text": "တေကော​မြို့သူ ထို​အမျိုးသမီး​က​လည်း ရှင်ဘုရင်​အား “​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အကျွန်ုပ်​နှင့် အကျွန်ုပ်​ဖခင်​၏​မိသားစု​၌​သာ အပြစ်​ရောက်​ပါစေသော​။ ရှင်ဘုရင်​နှင့် သူ​၏​ရာဇပလ္လင်​မူကား အပြစ်ကင်း​ပါစေသော​”​ဟု လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 10,
      "text": "ရှင်ဘုရင်​က​လည်း “​သင့်​အား ထပ်၍​ပြောဆို​နှောင့်ယှက်​သော​သူ​ရှိ​လျှင် ငါ့​ထံသို့​ခေါ်လာ​ပါ​။ သင့်​ကို နောက်ထပ် မ​ထိပါး​စေ​ရ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 11,
      "text": "ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ သွေးကြွေးတောင်း​သော​သူ​တို့​သည် လူ့​အသက်​ကို ထပ်၍​မ​သတ်​ကြ​စေရန်​၊ အကျွန်ုပ်​၏​သား​ကို​မ​ဖျက်ဆီး​ကြ​စေရန် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​ကို အောက်မေ့​တော်မူ​ပါ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​သား​၏​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​”​ဟု ပြန်​မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 12,
      "text": "ထို​အမျိုးသမီး​က​လည်း “​အရှင့်​ကျွန်မ​သည် အကျွန်ုပ်​သခင်​အရှင်မင်းကြီး​အား စကား​တစ်​ခွန်း​ကို​လျှောက်တင်​ပါရစေ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​လျှောက်​စေ​”​ဟု ခွင့်ပြု​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 13,
      "text": "ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ ဘုရားသခင်​၏​လူမျိုး​တော်​ကို​ဆန့်ကျင်​၍ အဘယ်ကြောင့် ဤသို့​စီရင်​ရ​ပါ​သနည်း​။ နှင်ထုတ်​ခံရ​သော​သူ​ကို အရှင်မင်းကြီး​ပြန်​မ​လာ​စေ​ဘဲ အရှင်မင်းကြီး ဤသို့​မိန့်​တော်မူ​ခြင်း​ဖြင့် ကိုယ်တော်တိုင် အပြစ်​ရှိ​ကြောင်း ပြ​လေ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 14,
      "text": "စင်စစ် အကျွန်ုပ်​တို့​သည် သေ​တတ်​သော​အမျိုး​ဖြစ်​ကြ​ပါ​၏​။ မြေ​ပေါ်​သွန်​ပြီးမှ ပြန်ယူ​၍​မ​ရ​သော​ရေ​နှင့်​တူ​ကြ​ပါ​၏​။ ဘုရားသခင်​မူကား အသက်​တစ်​ချောင်း​ကို​ပင် မ​သေ​စေ​လို​ပါ​။ ကိုယ်တော့်​ထံမှ နှင်ထုတ်​ခံရ​သော​သူ​ကို အပယ်ခံ​မ​ဖြစ်​စေ​လို​သဖြင့် နည်းလမ်း​ရှာဖွေ​တော်မူ​တတ်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 15,
      "text": "လူ​တို့​သည် အကျွန်ုပ်​ကို​ခြိမ်းခြောက်​ကြ​သောကြောင့် ယခု​အကျွန်ုပ်​သည် အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​ထံ​လာ​၍ ဤ​အမှု​ကို လျှောက်တင်​ရ​ခြင်း​ဖြစ်​ပါ​၏​။ အရှင့်​ကျွန်မ​က ‘​ရှင်ဘုရင်​ကို ငါ​လျှောက်တင်​လျှင် ရှင်ဘုရင်​သည် သူ့​ကျွန်မ​၏​တောင်းဆိုချက်​ကို ပြု​ကောင်း​ပြု​ပေး​ပါ​လိမ့်မည်​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 16,
      "text": "ရှင်ဘုရင်​သည် ငါ့​စကား​ကို​နားထောင်​ပြီး သူ​၏​ကျွန်မ​ဖြစ်​သော​ငါ​နှင့် ငါ့​သား​ကို ဘုရားသခင်​၏​အမွေ​တော်​အဖြစ်​မှ ဖျက်ဆီး​မည့်​သူ​၏​လက်​မှ ကယ်နုတ်​ကောင်း​ကယ်နုတ်​လိမ့်မည်​’​ဟု တွေးမိ​၍ လျှောက်တင်​ရ​ခြင်း​ဖြစ်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 17,
      "text": "အရှင့်​ကျွန်မ​က ‘​ငါ့​သခင် အရှင်မင်းကြီး​သည် အကောင်း​အဆိုး​ကို​ခွဲခြားသိမြင်​သော ဘုရားသခင်​၏​ကောင်းကင်တမန်​နှင့်​တူ​သောကြောင့် ငါ့​သခင် အရှင်မင်းကြီး​မိန့်​သော​စကား​သည် စိတ်သက်သာ​ရာ​ရ​စေ​လိမ့်မည်​’​ဟု တွေးမိ​ပါ​၏​။ အရှင်​၏​ဘုရားသခင် ထာဝရဘုရား​သည် အရှင်​နှင့်အတူ​ရှိ​တော်မူ​ပါစေသော​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 18,
      "text": "ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​ယခု ငါ​မေး​မည့်​မေးခွန်း​များ​ကို မ​ထိမ်ဝှက်​ဘဲ​ဖြေ​ပါ​”​ဟု မိန့်ဆို​လျှင် ထို​အမျိုးသမီး​က “​အရှင်​မင်းကြီး အမိန့်ရှိ​တော်မူ​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 19,
      "text": "ရှင်ဘုရင်​က “​ဤ​အရာ​အလုံးစုံ​ကား ယွာဘ​၏​လက်ချက်​မ​ဟုတ်​လော​”​ဟု မေး​တော်မူ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အရှင်​မင်းကြီး​မိန့်​တော်မူ​သော​စကား​သည် လက်ဝဲလက်ယာ​တိမ်းစောင်း​ခြင်း​မ​ရှိ မှန်ကန်​ပါ​၏​။ စင်စစ် အရှင့်​အမှုထမ်း​ယွာဘ​က အရှင့်​ကျွန်မ​အား ဤ​စကား​အလုံးစုံ​ကို​ပြောကြား​ရန် သင်ပေး​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 20,
      "text": "အရှင့်​အမှုထမ်း​ယွာဘ​က ဤသို့​ပြု​ရ​ခြင်း​မှာ အခြေအနေ​ကို ပြောင်းလဲ​စေ​လို​၍​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​သခင်​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​ကဲ့သို့ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သူ​ဖြစ်​ပြီး မြေကြီး​ပေါ်ရှိ​အမှု​ခပ်သိမ်း​ကို သိ​နိုင်​သူ​ဖြစ်​ပါ​၏​”​ဟု ပြန်လည်​လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 21,
      "text": "ထိုအခါ ရှင်ဘုရင်​က ယွာဘ​အား “​ဤ​အမှု​ကို​ငါ​ပြု​မည်​။ ယခု သွား​၍ သား​တော်​အဗရှလုံ​ကို ခေါ်လာ​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 22,
      "text": "ယွာဘ​က မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက် ဦးညွှတ်​ကာ ရှင်ဘုရင်​အား ကောင်းချီးသြဘာ​ပေး​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​အား မျက်နှာသာပေး​ကြောင်း​ကို ယနေ့ အကျွန်ုပ်​သိ​ရ​ပါ​ပြီ​။ အရှင်မင်းကြီး​သည် အရှင့်​အစေအပါး​တောင်းဆို​သည့်​အတိုင်း ပြု​စေ​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 23,
      "text": "ထို့နောက် ယွာဘ​သည် ဂေရှုရ​မြို့​သို့​ထ​သွား​ပြီး အဗရှလုံ​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ခေါ်​လာ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 24,
      "text": "သို့သော် ရှင်ဘုရင်​က “​သူ​သည် သူ့​နန်းဆောင်​သို့​သာ​သွား​ရ​မည်​။ ငါ့​မျက်နှာ​ကို​လာ​မ​ဖူးမြော်​စေ​နှင့်​”​ဟု မိန့်ဆို​သဖြင့် အဗရှလုံ​သည် ရှင်ဘုရင်​မျက်နှာ​တော်​ကို​မ​ဖူးမြော်​ရ​ဘဲ မိမိ​နန်းဆောင်​သို့​ပြန်သွား​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​တစ်မျိုးလုံး​တွင် အဗရှလုံ​ကဲ့သို့ အများ​ချီးမွမ်း​ရ​လောက်အောင် ရုပ်ရည်ခန့်ညား​သူ​မ​ရှိ​။ ခြေဖျား​မှ ဦးခေါင်း​အထိ ခြောက်ပြစ်ကင်းသူ​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 26,
      "text": "သူ​သည် ဆံပင်​သန်လွန်း​သဖြင့် တစ်နှစ်တစ်ခါ​ဆံပင်ညှပ်​ရ​၏​။ သူ​၏​ဆံပင်​သည် တစ်ခါ​ညှပ်​လျှင် နန်းတွင်းသုံး​အလေးချိန်​အရ ရှယ်ကယ်​နှစ်ရာ ​ခန့်​လေး​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 27,
      "text": "အဗရှလုံ​၌ သား​သုံး​ဦး​၊ သမီး​တစ်​ဦး​ရှိ​၏​။ သမီး​၏​အမည်​မှာ တာမာ​ဖြစ်​ပြီး အလွန်​အဆင်းလှ​သော​မိန်းကလေး​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 28,
      "text": "အဗရှလုံ​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​နှစ်နှစ်တာ​ကာလ​အတွင်း ရှင်ဘုရင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ခွင့်​မ​ရ​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 29,
      "text": "တစ်နေ့တွင် အဗရှလုံ​သည် ယွာဘ​ကို ရှင်ဘုရင်​ထံ​စေလွှတ်​လို​၍ အခေါ်လွှတ်​သော်လည်း ယွာဘ​မ​လာ​။ ဒုတိယအကြိမ်​အခေါ်လွှတ်​ပြန်​သော်လည်း မ​လာ​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 30,
      "text": "ထို့ကြောင့် အဗရှလုံ​က မိမိ​၏​အစေအပါး​တို့​အား “​ကြည့်​ပါ​။ ယွာဘ​၏​လယ်ကွက်​သည် ငါ့​လယ်ကွက်​နှင့်​ကပ်​လျက်​ရှိ​၏​။ မုယောစပါး​များ​လည်း စိုက်ထား​၏​။ သွား​၍​ထို​လယ်ကွက်​ကို မီး​ရှို့​ပစ်​ကြ​ပါ​”​ဟု ဆို​သဖြင့် အဗရှလုံ​၏​အစေအပါး​တို့​သည် သွား​၍​ထို​လယ်ကွက်​ကို မီး​ရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 31,
      "text": "ထိုအခါ ယွာဘ​သည်​ထ​၍ အဗရှလုံ​အိမ်​သို့ လာ​ပြီး “​အရှင့်​အစေအပါး​တို့​သည် အဘယ်ကြောင့် အကျွန်ုပ်​လယ်ကွက်​ကို မီး​ရှို့​ကြ​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 32,
      "text": "အဗရှလုံ​က ယွာဘ​အား “​ငါ့​ထံသို့ လာ​ပါ​။ ငါ​သည် သင့်​ကို ရှင်ဘုရင်​ထံ​စေလွှတ်​ပြီး ‘​အကျွန်ုပ်​သည် ဂေရှုရ​မြို့​မှ ဤ​နေရာ​သို့ အဘယ်ကြောင့်​ပြန်လာ​ရ​ပါ​သနည်း​။ ထို​မြို့​တွင်​နေ​ရ​ခြင်း​က အကျွန်ုပ်​အတွက် သာ၍​ကောင်း​သေး​၏​။ အပြစ်​ရှိ​လျှင်​လည်း ကွပ်မျက်​တော်မူ​ပါ​။ ယခု ရှင်ဘုရင်​၏​မျက်နှာ​တော်​ကို ဖူးမြော်​ပါရစေ​’​ဟု ရှင်ဘုရင်​ထံ​လျှောက်တင်​ပေး​ရန် လူ​လွှတ်​ခေါ်​သည်​ကို သင်​က အဘယ်ကြောင့် မ​လာ​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 33,
      "text": "ထို့ကြောင့် ယွာဘ​သည် ရှင်ဘုရင်​ထံသို့​သွား​၍ လျှောက်တင်​ရာ ရှင်ဘုရင်​က အဗရှလုံ​ကို​ဆင့်ခေါ်​၏​။ သူ​သည် ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​၏​ရှေ့​တွင် ပျပ်ဝပ်ဦးညွှတ်​၏​။ ရှင်ဘုရင်​လည်း အဗရှလုံ​ကို နမ်း​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 1,
      "text": "ထို့နောက်တွင် အဗရှလုံ​သည် စစ်ရထား​တစ်​စီး​၊ မြင်း​များ​နှင့် ရှေ့​တော်​ပြေး​တပ်သား​အယောက် ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 2,
      "text": "အဗရှလုံ​သည် နံနက်​စောစောထ​၍ မြို့​တံခါး​နား လမ်း​ဘေး​၌ ရပ်​လေ့​ရှိ​၏​။ အမှုကိစ္စ​ဖြစ်​၍ အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​မည်သူမဆို အဗရှလုံ​သည် သူ့​ထံသို့​ခေါ်လာ​ပြီး “​သင် မည်သည့်​မြို့​က လာ​သနည်း​”​ဟု မေး​တတ်​၏​။ အမှုသည်​က “​ကျွန်တော်မျိုး​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်​နွယ်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လျှင်"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 3,
      "text": "အဗရှလုံ​က “​သင့်​အမှု​ကား လျော်ကန်​ဖြောင့်မှန်​ပါ​၏​။ သို့သော် သင့်​အမှု​ကို ကြားနာ​ပြီး ရှင်ဘုရင်​ထံ တင်ပြ​ပေး​မည့်​သူ မ​ရှိ​”​ဟု ပြန်ပြော​တတ်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 4,
      "text": "ထို့ပြင် အဗရှလုံ​က “​ဤ​ပြည်​တွင် ငါ့​ကို တရားသူကြီး​အဖြစ်​သာ ခန့်ထား​လျှင် အမှုကိစ္စ​ရှိ​သူ​၊ အဆုံးအဖြတ်​လိုအပ်​သူ မည်သူမဆို ငါ့​ထံသို့​လာ​သောအခါ သူ​တို့​ကို ဖြောင့်မတ်မှန်ကန်​စွာ ငါ​စီရင်​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 5,
      "text": "သူ့​ကို အရိုအသေ​ပေး​ရန် ချဉ်းကပ်​လာ​သော​သူ​ကို​လည်း သူ​သည် လက်ကမ်း​၍ ထို​သူ​ကို ဖက်​ပြီး​နမ်း​တတ်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 6,
      "text": "အဗရှလုံ​သည် အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဤနည်း​အတိုင်း ဆက်ဆံ​ခြင်း​ဖြင့် အစ္စရေး​အမျိုးသား​တို့​၏​နှလုံးသား​ကို သိမ်းသွင်း​ထား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 7,
      "text": "လေး​နှစ် ​မျှ​ကြာလာ​သောအခါ အဗရှလုံ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန် ဟေဗြုန်​မြို့​သို့ သွား​ပါရစေ​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 8,
      "text": "အကျွန်ုပ်​သည် ဆီးရီးယား​ပြည်​၊ ဂေရှုရ​မြို့​တွင်​နေ​စဉ်က ‘​ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဂျေရုဆလင်​မြို့​သို့ အမှန်တကယ်​ပြန်လည်​ပို့ဆောင်​တော်မူ​လျှင် ထာဝရဘုရား​ကို အကျွန်ုပ်​ဝတ်ပြု​ပါ​မည်​’​ဟု ကျွန်တော်မျိုး​ကတိသစ္စာ​ပြု​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 9,
      "text": "ရှင်ဘုရင်​က​လည်း သူ့​အား “​အေးအေးချမ်းချမ်း​သွား​ပါ​”​ဟု မိန့်ဆို​လျှင် သူ​သည် ဟေဗြုန်​မြို့​သို့ ထ​သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 10,
      "text": "ထို့နောက် အဗရှလုံ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ထံသို့ သူလျှို​တို့​ကို​စေလွှတ်​၍ “​တံပိုးမှုတ်သံ​ကို သင်​တို့​ကြား​လျှင် ‘​အဗရှလုံ​သည် ဟေဗြုန်​မြို့​တွင် နန်းတက်​လေ​ပြီ​’​ဟူ၍ ကြွေးကြော်​ကြ​လော့​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 11,
      "text": "အဗရှလုံ​နှင့်အတူ လူ​အယောက်​နှစ်ရာ​တို့​သည် ဂျေရုဆလင်​မြို့​မှ ထွက်လာ​ကြ​၏​။ သူ​တို့​သည် အခေါ်​ခံရ​၍​သာ သဘောရိုး​နှင့်​လိုက်လာ​ကြ​၏​။ မည်သည့်​အကြောင်း​တစ်စုံတစ်ရာ​ကို​မျှ မ​သိ​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 12,
      "text": "အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 13,
      "text": "ထိုအခါ တမန်​တစ်​ဦး​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​ပြီး “​အစ္စရေး​အမျိုးသား​တို့​၏​စိတ်​သည် အဗရှလုံ​နောက်သို့ ပါသွား​ပါ​ပြီ​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 14,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 15,
      "text": "ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 16,
      "text": "ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 17,
      "text": "ဤသို့ဖြင့် ရှင်ဘုရင်​သည် နောက်လိုက်​အခြွေအရံ​အားလုံး​နှင့်တကွ ထွက်သွား​ရာ ရပ်ဝေး​သို့​ရောက်​လျှင် အိမ်​တစ်​အိမ်​၌ ရပ်နား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 18,
      "text": "အထံ​တော်​ပါး​၌​ခစား​ရ​သော​မင်းမှုထမ်း​အားလုံး​တို့​သည် ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ခေရသိ​လူမျိုး​အားလုံး​၊ ပေလသိ​လူမျိုး​အားလုံး​နှင့် ဂါသ​မြို့​မှ​လိုက်လာ​သော ဂိတ္တိ​လူမျိုး​အားလုံး လူ​အယောက်​ခြောက်​ရာ​တို့​သည်​လည်း ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 19,
      "text": "ရှင်ဘုရင်​က ဂိတ္တိ​လူမျိုး အိတ္တဲ​အား “​အဘယ်ကြောင့် ငါ​တို့​နှင့်အတူ လိုက်လာ​သနည်း​။ ပြန်သွား​ပြီး ဘုရင်​နှင့်အတူ နေ​လော့​။ သင်​သည် နေရင်းပြည်​မှ ဖမ်းခေါ်လာ​ခြင်း​ခံရ​သော​တစ်ပါးအမျိုးသား​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 20,
      "text": "သင်​သည် မနေ့​တစ်နေ့​က​မှ ရောက်လာ​သော​သူ​ဖြစ်၍ ယခု ငါ​တို့​နှင့်အတူ လှည့်လည်​စေ​ရ​မည်လော​။ ငါ​သည် ဘယ်​နေရာ​သွား​ရ​မည်​ကို​မသိ​သေး​ပါ​။ သင့်​အမျိုးသားချင်း​တို့​ကို ခေါ်​ပြီး ပြန်သွား​လော့​။ ကရုဏာ​တော်​နှင့် သစ္စာ​တော်​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 21,
      "text": "ထိုအခါ အိတ္တဲ​က ရှင်ဘုရင်​အား “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ သေ​သည်​ဖြစ်စေ​၊ ရှင်​သည်​ဖြစ်စေ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ရှိ​တော်မူ​ရာ​အရပ်​၌ ကျွန်တော်မျိုး ရှိ​ပါ​မည်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 22,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က အိတ္တဲ​အား “​သို့ဖြစ်လျှင်လည်း သွား​၍​ဖြတ်ကူး​လော့​”​ဟု မိန့်ဆို​လျှင် ဂိတ္တိ​လူမျိုး အိတ္တဲ​မှစ၍ သူ​နှင့်အတူ​ပါလာ​သော လူ​အကြီး​အငယ်​အားလုံး​လည်း ဖြတ်ကူး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 23,
      "text": "လူ​အပေါင်း​တို့ ဖြတ်ကူး​သွား​ကြ​သောအခါ ပြည်သူပြည်သား​အပေါင်း​တို့​သည် အော်ဟစ်​ငိုကြွေး​ကြ​၏​။ ရှင်ဘုရင်​သည် ကေဒြုန်​ချောင်း​ကို ဖြတ်ကူး​သဖြင့် လူ​အပေါင်း​တို့​သည်​လည်း ဖြတ်ကူး​၍ ကန္တာရ​လမ်း​အတိုင်း သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 24,
      "text": "ဇာဒုတ်​နှင့် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အမျိုးသား​အပေါင်း​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ချထား​ကြ​၏​။ အဗျာသာ​သည်​လည်း လူ​အပေါင်း​တို့ မြို့​ထဲမှ​ထွက်ခွာ​သွား​ပြီး​ချိန်​ထိ ယဇ်ပူဇော်​လျက်​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 25,
      "text": "ရှင်ဘုရင်​က ဇာဒုတ်​အား “​ဘုရားသခင်​၏​သေတ္တာ​တော်​ကို မြို့​ထဲသို့ ပြန်ပို့​လော့​။ ထာဝရဘုရား​သည် ငါ့​ကို​မျက်နှာသာပေး​၍ ငါ​ပြန်လာ​ရ​လျှင် သေတ္တာ​တော်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို​လည်းကောင်း ဖူးမြင်​ခွင့်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 26,
      "text": "ထိုသို့​မ​ဟုတ်​ဘဲ ကိုယ်တော်​က ‘သင့်​ကို ငါ​အလို​မ​ရှိ’​ဟု မိန့်ဆို​လျှင်​လည်း ငါ​အသင့်ရှိ​ပါ​သည်​။ အလို​တော်​အတိုင်း​သာ ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 27,
      "text": "ထို့ပြင် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဇာဒုတ်​အား “​သင်​သည် စိတ်အာရုံ​မြင်​ရ​သူ မ​ဟုတ်​လော​။ သင်​တို့​နှင့်အတူ​ရှိ​နေ​သော သင့်​သား အဟိမတ်​နှင့် အဗျာသာ​၏​သား ယောနသန်​တို့​နှစ်​ဦး​ကို​ခေါ်​ပြီး မြို့​ထဲသို့ အေးအေးချမ်းချမ်း​ပြန်သွား​လော့​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 28,
      "text": "သင်​တို့​ထံမှ သတင်း​မ​ရ​မ​ချင်း ငါ​သည် တောကန္တာရ​လွင်ပြင်​တွင် စောင့်​နေ​မည်​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 29,
      "text": "ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ယူဆောင်​လာ​ပြီး ထို​မြို့​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 30,
      "text": "ဒါဝိဒ်​မင်းကြီး​သည် သံလွင်​တောင်​တက်လမ်း​အတိုင်း ငိုကြွေး​လျက်​၊ ဦးခေါင်း​ကို​လည်း​ခြုံ​လျက် ခြေနင်း​တော်​မ​ပါ​ဘဲ တက်သွား​၏​။ သူ​နှင့်​ပါလာ​သော​လူ​အပေါင်း​တို့​သည်​လည်း အသီးသီး​ဦးခေါင်း​ကို​ခြုံ​ထား​လျက်​၊ ငိုကြွေး​လျက် လိုက်တက်​သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 31,
      "text": "တစ်စုံတစ်ယောက်​က ဒါဝိဒ်​မင်းကြီး​အား “​အဗရှလုံ​နှင့်အတူ ပူးပေါင်းကြံစည်​သူ​တို့​ထဲတွင် အဟိသောဖေလ​လည်း ပါ​သည်​”​ဟု ကြားပြော​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​အို ထာဝရဘုရား​၊ အဟိသောဖေလ​၏​အကြံ​ကို မိုက်မဲ​သော​အကြံ​ဖြစ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 32,
      "text": "ဘုရားသခင်​ကို ဝတ်ပြုကိုးကွယ်​ရာ​နေရာ​တောင်ထိပ်​သို့ ဒါဝိဒ်​မင်းကြီး​ရောက်​သောအခါ အာခိ​လူမျိုး ဟုရှဲ​သည် မိမိ​အဝတ်​ကို ဆုတ်ဖြဲ​၍ ခေါင်း​ပေါ် မြေမှုန့်​တင်​လျက် မင်းကြီး​ကို ဆီးကြို​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 33,
      "text": "ဒါဝိဒ်​မင်းကြီး​က သူ့​အား “​သင်​သည် ငါ​နှင့်အတူ​လိုက်​လျှင် ငါ့​အဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 34,
      "text": "မြို့​သို့​ပြန်သွား​ပြီး အဗရှလုံ​အား ‘အကျွန်ုပ်​သည် အရှင်မင်းကြီး​၏​အမှုထမ်း ဖြစ်​ပါ​၏​။ ယခင်​က အရှင့်​ခမည်းတော်​၏​အမှုထမ်း​လည်း ဖြစ်​ခဲ့​ဖူး​ပါ​၏​။ သို့သော် ယခုမှာ အရှင်​၏​အမှုထမ်း လုပ်​ပါ​မည်’​ဟု လျှောက်​လျှင် အဟိသောဖေလ​ပေး​မည့်​အကြံ​ကို ငါ့​အဖို့ သင်​ဖျက်ဆီး​ပေး​နိုင်​လိမ့်မည်​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 35,
      "text": "ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ထို​မြို့​၌ သင်​နှင့်အတူ​ရှိ​သည်​မ​ဟုတ်​လော​။ နန်းတွင်း​မှ တစ်စုံတစ်ရာ​ကို​ကြားသိ​လျှင် ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​ကို သင်​ပြောပြ​ရ​မည်​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 36,
      "text": "ထို​နေရာ​တွင် ဇာဒုတ်​၏​သား​အဟိမတ်​နှင့် အဗျာသာ​၏​သား​ယောနသန် တို့​နှစ်​ဦး​လည်း ရှိ​ကြ​၏​။ သင်​ကြားသိ​သော​သတင်း​တစ်စုံတစ်ရာ​ကို သူ​တို့​မှတစ်ဆင့် ငါ့​ထံ အကြောင်းကြား​ရ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 37,
      "text": "ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​မိတ်ဆွေ ဟုရှဲ​သည် မြို့​ထဲသို့​ပြန်သွား​၏​။ အဗရှလုံ​သည်​လည်း ဂျေရုဆလင်​မြို့​သို့ ရောက်လာ​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​သည် တောင်ထိပ်​ကို အနည်းငယ်​လွန်သွား​လျှင် မေဖိဗောရှက်​၏​ငယ်သား ဇိဘ​က ကုန်းနှီးတင်​ထား​သော​မြည်း​နှစ်​ကောင်​နှင့် သူ့​ကို​ကြိုဆို​၏​။ ထို​မြည်း​တို့​ပေါ်တွင် မုန့်​အလုံး​နှစ်ရာ​၊ စပျစ်သီးခြောက် အခိုင်​တစ်ရာ​၊ နွေရာသီသီးနှံ အခိုင်​တစ်ရာ​နှင့် စပျစ်ဝိုင်​တစ်​ဘူး တင်​ထား​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 2,
      "text": "ရှင်ဘုရင်​က ဇိဘ​အား “​ဤ​အရာ​များ​ကား အဘယ်အတွက်​နည်း​”​ဟု မေး​တော်မူ​လျှင် ဇိဘ​က “​မြည်း​များ​ကား အရှင်မင်းကြီး​နှင့် အိမ်သူအိမ်သား​တို့ စီး​ဖို့​၊ မုန့်​နှင့် နွေရာသီသီးနှံ​များ​ကား ငယ်သား​တို့​စား​ဖို့​၊ စပျစ်ဝိုင်​ကား ကန္တာရ​တွင် မောပန်း​သူ​တို့ သောက်​ဖို့ ဖြစ်​ပါ​၏​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 3,
      "text": "ထိုအခါ ရှင်ဘုရင်​က “​သင့်​သခင်​၏​သား​ကား အဘယ်မှာ​နည်း​”​ဟု မေး​လျှင် ဇိဘ​က “ ‘​အစ္စရေး​အမျိုးအနွယ်​တို့​သည် ငါ့​ခမည်းတော်​၏​နိုင်ငံ​ကို ငါ့​အား ပြန်ပေး​ကောင်း​ပေး​လိမ့်မည်’​ဟု ဆို​၍ ဂျေရုဆလင်​မြို့​တွင် နေ​ခဲ့​ပါ​၏”​ဟု ရှင်ဘုရင်​အား လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 4,
      "text": "ထိုအခါ ရှင်ဘုရင်​က ဇိဘ​အား “​မေဖိဗောရှက်​၌ ရှိသမျှ​သည် သင့်​အဖို့​ဖြစ်​၏​”​ဟု မိန့်ဆို​လျှင် ဇိဘ​က “​အကျွန်ုပ် ဦးညွှတ်​ပါ​၏​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး ရှေ့​တော်​မှောက်​တွင် မျက်နှာသာရ​ပါစေသော​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဗာဟုရိမ်​မြို့​သို့​ရောက်​သောအခါ ရှောလု​မင်းကြီး​၏​ဆွေမျိုးသားချင်း​ထဲမှ လူ​တစ်​ယောက်​ထွက်လာ​၏​။ ထို​သူ​သည် ဂေရ​၏​သား​ဖြစ်၍ ရှိမိ အမည်​ရှိ​၏​။ သူ​သည် ဒါဝိဒ်​မင်းကြီး​ကို ကျိန်ဆဲ​ရင်း​နှင့် ထွက်လာ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 6,
      "text": "သူ​သည် ဒါဝိဒ်​မင်းကြီး​ကို​သာမက ဒါဝိဒ်​မင်းကြီး​၏​အမှုထမ်း​များ​၊ လူ​များ​နှင့် မင်းကြီး​၏​ဝဲဘက်​ယာဘက်​မှ​စစ်သူရဲ​များ​ကို ကျောက်ခဲ​နှင့် ပေါက်​ရင်း"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 7,
      "text": "“​လူသတ်သမား​၊ လူယုတ်မာ​၊ ထွက်သွား ထွက်သွား​၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 8,
      "text": "ရှောလု​မင်းကြီး​၏​အရိုက်အရာ​ကို လုယူ​၍​နန်းစံ​ပြီး ရှောလု​မင်းကြီး​၏​အိမ်သူအိမ်သား​အား သတ်​သော​အပြစ်​ကို ထာဝရဘုရား​သည် သင့်​အား ပြန်ပေးဆပ်​စေ​ပြီ​။ နိုင်ငံ​တော်​ကို​လည်း သင့်​သား​အဗရှလုံ​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​ပြီ​။ သင်​သည် လူသတ်သမား​ဖြစ်​သောကြောင့် သင်​ပြု​သော​မကောင်းမှု​ကို သင်​ပြန်ခံ​ရ​တော့​မည်​”​ဟု ကျိန်ဆဲ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 9,
      "text": "ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​က ရှင်ဘုရင်​အား “​ဤ​ခွေးသေကောင်​သည် အဘယ်ကြောင့် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ကျိန်ဆဲ​ရ​သနည်း​။ ယခု အကျွန်ုပ်​သွား​၍ သူ့​ခေါင်း​ကို ဖြတ်ပစ်​ပါရစေ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 10,
      "text": "သို့သော် ရှင်ဘုရင်​က “​ဇေရုယာ​သား​တို့​၊ သင်​တို့​နှင့် အဘယ်သို့​ဆိုင်​သနည်း​။ ထာဝရဘုရား​က သူ့​အား ‘​ဒါဝိဒ်​ကို ကျိန်ဆဲ​လော့​’​ဟု အခွင့်ပြု​လျှင် သူ​ကျိန်ဆဲ​သည်​ကို ‘​သင် အဘယ်ကြောင့် ကျိန်ဆဲ​သနည်း​’​ဟု သူ့​ကို မည်သူ​ပြော​ခွင့်​ရှိ​မည်နည်း​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 11,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​က အဘိရှဲ​အပါအဝင် မင်းမှုထမ်း​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ့​သွေးသားရင်း​ဖြစ်​သော ငါ့​သား​ပင်လျှင် ငါ့​ကို သတ်​ဖို့​ရှာကြံ​၏​။ ဤ​ဗင်္ယာမိန်​အမျိုး​ကား ထိုထက်မက ပြု​ခွင့်​ရှိ​၏​။ ထာဝရဘုရား​သည် သူ့​ကို အခွင့်ပေး​ထား​ပြီ​ဖြစ်၍ သူ​ကျိန်ဆဲ​ပါစေ​။ သူ့​ကို မဆီးတား​ကြ​နှင့်​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ငါ​ခံရ​သော​ဒုက္ခဆင်းရဲ​ကို မြင်​တော်မူ​၍ ယနေ့​ခံရ​သော​ကျိန်ဆဲ​ခြင်း​အစား ကောင်း​သော​အရာ​ကို ငါ့​အား ထာဝရဘုရား​ပြန်ပေး​ကောင်း​ပေး​တော်မူ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 13,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​လူ​တို့​နှင့်အတူ ခရီးဆက်​စဉ် ရှိမိ​သည်​လည်း တစ်ဖက်​တောင်စောင်း​တစ်လျှောက်​မှ လိုက်လာ​ရင်း ဒါဝိဒ်​မင်းကြီး​ကို ကျိန်ဆဲ​၏​၊ ခဲ​နှင့် ပေါက်​၏​၊ မြေမှုန့်​နှင့်​လည်း ပက်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 14,
      "text": "ရှင်ဘုရင်​နှင့်​လူ​အပေါင်း​တို့​သည် မောပန်း​လာ​သဖြင့် တစ်နေရာ​တွင် အပန်းဖြေ​ရပ်နား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 15,
      "text": "အဗရှလုံ​နှင့် အစ္စရေး​အမျိုးသား​လူထု​တစ်ရပ်လုံး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ကြ​ပြီး သူ​နှင့်အတူ အဟိသောဖေလ​လည်း​ပါလာ​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 16,
      "text": "ဒါဝိဒ်​မင်းကြီး​၏​မိတ်ဆွေ အာခိ​လူမျိုး ဟုရှဲ​သည်​လည်း အဗရှလုံ​ထံ​ရောက်လာ​ပြီး အဗရှလုံ​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​၊ အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ဩဘာပေး​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 17,
      "text": "အဗရှလုံ​က ဟုရှဲ​အား “​သင့်​မိတ်ဆွေ​ကို မေတ္တာ​ထား​သည်​ဆို​သည်​မှာ ဤသို့​လော​။ အဘယ်ကြောင့် သင့်​မိတ်ဆွေ​နှင့်အတူ မ​လိုက်​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 18,
      "text": "ဟုရှဲ​က အဗရှလုံ​အား “​မ​လိုက်​ပါ​။ ထာဝရဘုရား​နှင့် ဤ​လူ​များ ရွေးချယ်​သော​သူ​၊ အစ္စရေး​အမျိုးသား​အပေါင်း​တို့ ရွေးချယ်​သော​သူ​ဘက်​၌​သာ ငါ​နေ​မည်​။ သူ့​အတွက်​သာ အစေခံ​မည်​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 19,
      "text": "ထို့ပြင် မည်သူ့​ထံ၌ အကျွန်ုပ် အမှုထမ်း​သင့်​သနည်း​။ ဘုရင့်​သား​တော်​ထံ၌ မ​ဟုတ်​လော​။ အရှင့်​ခမည်းတော်​ထံ၌ အမှုထမ်း​ခဲ့​သည့်​နည်းတူ အရှင့်​ထံ​၌​လည်း အမှုထမ်း​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 20,
      "text": "အဗရှလုံ​က​လည်း အဟိသောဖေလ​အား “​ငါ​တို့ မည်သို့​ပြု​သင့်​သည်​ကို သင်​အကြံ​ပေး​ကြည့်​ပါ​”​ဟု ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 21,
      "text": "အဟိသောဖေလ​က အဗရှလုံ​အား “​နန်းတော်​ကို​စောင့်ရှောက်​ရန် အရှင့်​ခမည်းတော်​ချန်ထား​ခဲ့​သော မောင်းမ​တို့​ထံ ဝင်​ပါ​။ ဤသို့ အရှင်​သည် ခမည်းတော်​စက်ဆုပ်ရွံရှာ​အောင်​ပြု​ကြောင်း​ကို အစ္စရေး​လူ​တစ်မျိုးနွယ်လုံး​ကြားသိ​လျှင် အရှင့်​ဘက်သား​အားလုံး အားတက်​လာ​လိမ့်မည်​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 22,
      "text": "ထို့နောက် အဗရှလုံ​အတွက် ခေါင်မိုးပြင်​တွင် တဲဆောင်​ထိုး​ကြ​ပြီး အဗရှလုံ​သည် အစ္စရေး​တစ်မျိုးလုံး​၏​မျက်စိ​ရှေ့​တွင်​ပင် ခမည်းတော်​ချန်ထား​သော​မောင်းမ​တို့​ထံ ဝင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 23,
      "text": "ထို​ကာလ​၌ အဟိသောဖေလ​ပေး​သော​အကြံ​သည် ဘုရားသခင်​ထံ​မေးလျှောက်​၍​ရလာ​သော​စကား​တော်​ကဲ့သို့ ဖြစ်​၏​။ ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​နှင့် အဗရှလုံ​သည်​လည်း အဟိသောဖေလ​ပေး​သော​အကြံ​ဟူသမျှ​ကို ထိုကဲ့သို့ပင် မှတ်ယူ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 1,
      "text": "ထို့နောက် အဟိသောဖေလ​က အဗရှလုံ​အား “​လူ​အယောက်​တစ်သောင်းနှစ်ထောင်​ကို ရွေးချယ်​ပြီး ယနေ့​ည​တွင်ပင်​ထ​၍ ဒါဝိဒ်​မင်းကြီး​နောက်သို့ အကျွန်ုပ်​လိုက်​ပါရစေ​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 2,
      "text": "သူ​ခြေကုန်လက်ပန်းကျ​၍ အားနည်း​နေ​ချိန်​တွင် သူ့​ကို တိုက်ခိုက်​ပါရစေ​။ သူ့​ကို ခြိမ်းခြောက်​ပြီး သူ့​လူ​အပေါင်း​တို့ ထွက်ပြေး​ကြ​သောအခါ ရှင်ဘုရင်​ကို​သာ ကွပ်မျက်​ပါ​မည်​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 3,
      "text": "လူ​အားလုံး​ကို​လည်း အရှင့်​ထံ ပြန်ခေါ်​လာ​ပါ​မည်​။ အရှင်​အလိုရှိ​သော​သူ​ကို​ရ​လျှင် ကျန်​လူ​အပေါင်း​တို့​ကို​လည်း ပြန်ရ​သကဲ့သို့ ဖြစ်​ပါ​လိမ့်မည်​။ လူ​အပေါင်း​တို့​သည် ပြန်လာ​၍ ငြိမ်းချမ်း​စွာ​နေ​ရ​ပါ​လိမ့်မည်​”​ဟု အကြံပေး​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 4,
      "text": "အဗရှလုံ​အပါအဝင် အစ္စရေး​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ထို​အကြံ​ကို နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 5,
      "text": "သို့သော် အဗရှလုံ​က “အာခိ​လူမျိုး ဟုရှဲ​ကို ခေါ်​ခဲ့​ပါ​။ သူ​အဘယ်သို့​အကြံပေး​မည်​ကို​လည်း နားထောင်​ကြည့်​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 6,
      "text": "အဗရှလုံ​ထံသို့ ဟုရှဲ ရောက်လာ​သောအခါ အဗရှလုံ​က သူ့​အား “​အဟိသောဖေလ​က ဤသို့​အကြံပေး​ပါ​ပြီ​။ သူ့​အကြံ​အတိုင်း ပြု​သင့် မ​ပြု​သင့် သင်​အကြံပေး​ပါ​လော့​”​ဟု ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 7,
      "text": "ဟုရှဲ​က အဗရှလုံ​အား “​အဟိသောဖေလ​ပေး​သော​အကြံ​သည် ယခု​လို​အချိန်​မျိုး​တွင် မ​သင့်လျော်​ပါ​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 8,
      "text": "ထို့ပြင် ဟုရှဲ​က “​အရှင့်​ခမည်းတော်​နှင့် သူ့​အမှုထမ်း​တို့​သည် စစ်သူရဲ​များ ဖြစ်​ကြ​သည်​သာမက တော​ထဲ၌​သားပျောက်​သော​ဝံမ​ကဲ့သို့ စိတ်နှလုံး​ခက်ထန်​နေ​မည်​ကို အရှင်​သိ​ပါ​၏​။ ထို့ပြင် အရှင့်​ခမည်းတော်​သည် သူရဲကောင်း​ဖြစ်​သည်​နှင့်အညီ လူ​အများ​နှင့်အတူ ညအိပ်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 9,
      "text": "ယခု​ဆို​လျှင် သူ​သည် လိုဏ်ဂူ​တစ်ခုခု​၊ သို့မဟုတ် နေရာ​တစ်နေရာရာ​တွင် ပုန်းရှောင်​နေ​ပါ​လိမ့်မည်​။ စစ်​စ​တိုက်​သည်​နှင့် စစ်သည်​တို့​ကျဆုံး​ကြောင်း​ကြား​သော​သူ​တို့​က ‘​အဗရှလုံ​နောက်လိုက်သူ​တို့ အသတ်ခံရ​လေ​ပြီ​’​ဟု ဆို​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 10,
      "text": "ခြင်္သေ့​ကဲ့သို့​ရဲရင့်​သော​စိတ်နှလုံး​ရှိ​သူ​များ​ပင် စိတ်ပျက်အားလျော့​ကုန်​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား အရှင့်​ခမည်းတော်​သည် သူရဲကောင်း​ဖြစ်ကြောင်း​၊ သူ့​အမှုထမ်း​တို့​သည်​လည်း ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ဖြစ်ကြောင်း​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့ သိ​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 11,
      "text": "ထို့ကြောင့် အကျွန်ုပ်​အကြံပေး​လို​သည်​မှာ ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​အထိ သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ များပြား​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို အကုန်​စုဝေး​စေ​ပြီး အရှင်​ကိုယ်တိုင် ဦးဆောင်​၍ စစ်ထွက်တိုက်​စေ​လို​ပါ​သည်​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 12,
      "text": "သူ​ရှိ​နိုင်​သော​နေရာ​တစ်​ခု​သို့ အကျွန်ုပ်​တို့​ဝင်ရောက်​ပြီး မြေ​ပေါ်​နှင်းကျ​သကဲ့သို့ သူ​တို့​ကို စီးနင်းတိုက်ခိုက်​လျှင် သူ့​လူ​အားလုံး တစ်​ယောက်​မျှ​ကျန်​တော့​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 13,
      "text": "အကယ်၍ မြို့​တစ်​မြို့​မြို့​သို့ ဆုတ်သွား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြိုး​ကို​ယူလာ​ပြီး မြို့​ထဲတွင် ကျောက်စရစ်ခဲ​တစ်​ခဲ​မျှ​မ​ကျန်​အောင် ထို​မြို့​ကို ချိုင့်ဝှမ်း​ထဲသို့ အကျွန်ုပ်​တို့​ဆွဲချ​ပစ်​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 14,
      "text": "ထိုအခါ အဗရှလုံ​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​က “​အာခိ​လူမျိုး ဟုရှဲ​ပေး​သော​အကြံ​သည် အဟိသောဖေလ​ပေး​သော​အကြံ​ထက် ကောင်း​သည်​”​ဟု ထောက်ခံ​ကြ​၏​။ အကြောင်းမှာ အဗရှလုံ​ကို ဘေး​တွေ့​စေ​မည့်​အကြောင်း အဟိသောဖေလ​ပေး​သော​အကြံ​ပျက်ပြား​ရန် ထာဝရဘုရား စီစဉ်​တော်မူ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 15,
      "text": "ထို့နောက် ဟုရှဲ​သည် ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​အား “​အဟိသောဖေလ​က အဗရှလုံ​နှင့် အစ္စရေး​သက်ကြီးဝါကြီး​တို့​အား ဤ​နည်း ဤ​လမ်း အကြံပေး​ပြီ​။ အကျွန်ုပ်​မူကား ထို​နည်း ထို​လမ်း အကြံပေး​ပြီ​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 16,
      "text": "ယခု ချက်ချင်း ဒါဝိဒ်​မင်းကြီး​ထံသို့ လူ​လွှတ်​ပြီး ‘​ကန္တာရ​လွင်ပြင်​၌ ညအိပ်​မ​နား​ဘဲ ခရီးဆက်သွား​ပါ​။ သို့မဟုတ်လျှင် ရှင်ဘုရင်​နှင့်​လူ​အားလုံး ဝါးမျို​ခြင်း ခံရ​လိမ့်မည်​’​ဟူ၍ ကြားလျှောက်​လော့”​ဟု မှာကြား​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 17,
      "text": "ယောနသန်​နှင့် အဟိမတ်​တို့​သည် မြို့​တွင်း​သို့​ဝင်​ပြီး လူ​မြင်​ခံ​၍​မ​ရ​သဖြင့် အင်္ရောဂေလ​အရပ်​တွင် နေ​နေ​၏​။ သတင်း​ရရှိ​သော​အစေခံမလေး​တစ်​ဦး​က သူ​တို့​အား လာ​ပြောပြ​သောအခါ သူ​တို့​သည်​လည်း ဒါဝိဒ်​မင်းကြီး​အား သွား​ပြောပြ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 18,
      "text": "သို့သော် လုလင်​တစ်​ဦး​သည် သူ​တို့​ကို တွေ့​သွား​၍ အဗရှလုံ​အား သွားလျှောက်​သဖြင့် သူ​တို့​နှစ်​ဦး​သည် အလျင်အမြန်​ထွက်ပြေး​သွား​ပြီး ဗာဟုရိမ်​မြို့​ရှိ လူ​တစ်​ယောက်​၏​အိမ်​သို့ ပြေးသွား​ကာ ထို​အိမ်​ဝင်း​ရှိ ရေတွင်း​ထဲသို့ ဆင်း​၍​ပုန်း​နေ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 19,
      "text": "ထို​အိမ်​၏​အိမ်ရှင်မ​က အဖုံး​တစ်​ခု​ကို​ယူ​ပြီး ရေတွင်းဝ​ကို ပိတ်​ကာ ထို​အပေါ်​တွင် ဂျုံ​ကို လှန်း​ထား​လိုက်​သဖြင့် မည်သူ​မျှ သတိ​မ​ထား​မိ​ပေ​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 20,
      "text": "အဗရှလုံ​၏​လူ​တို့​က ထို​မိန်းမ​၏​အိမ်​သို့​ရောက်လာ​ပြီး “​အဟိမတ်​နှင့် ယောနသန်​ကား အဘယ်မှာ​နည်း​”​ဟု မေး​လျှင် ထို​မိန်းမ​က “​ချောင်း​ကို ကူးသွား​ကြ​ပြီ​”​ဟု ပြန်ပြော​၏​။ သူ​တို့ လိုက်ရှာ​သော်လည်း မ​တွေ့​သဖြင့် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 21,
      "text": "ထို​သူ​တို့​ပြန်သွား​လျှင် အဟိမတ်​နှင့် ယောနသန်​သည် ရေတွင်း​မှ​တက်လာ​ကြ​ပြီး ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​၍ “​အို ဒါဝိဒ်​မင်းကြီး​၊ အဟိသောဖေလ​သည် အရှင့်​ကို​တိုက်ခိုက်​ရန် အကြံပေး​ပါ​ပြီ​။ အလျင်အမြန်​ထ​၍ မြစ်​ကို ကူး​ပါ​လော့​”​ဟု အကြောင်းကြား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 22,
      "text": "ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​နှင့် သူ​နှင့်အတူ​ရှိ​သော လူ​အပေါင်း​တို့​သည် ထ​၍​ဂျော်ဒန်​မြစ်​ကို ကူး​ကြ​၏​။ နံနက်​မိုးလင်း​ချိန်​ရောက်​လျှင် တစ်ယောက်မကျန် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ကို ရောက်​ကုန်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 23,
      "text": "အဟိသောဖေလ​သည် မိမိ​ပေး​သော​အကြံ​အတိုင်း မ​လုပ်​သည်​ကို သိမြင်​လျှင် မြည်း​ကို ကုန်းနှီးတင်​ပြီး နေရင်းမြို့​ရှိ မိမိ​အိမ်​သို့ ပြန်​ကာ အိမ်သား​တို့​အား မှာစရာ​ရှိ​သည်​ကို မှာကြား​ပြီး မိမိကိုယ်ကို ကြိုးဆွဲချ​သေ​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 24,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ထွက်သွား​၏​။ အဗရှလုံ​သည်​လည်း သူ့​နောက်လိုက်​အစ္စရေး​လူ​အပေါင်း​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 25,
      "text": "အဗရှလုံ​သည် အာမသ​ကို ဗိုလ်ချုပ်​ယွာဘ​နေရာ​တွင် ခန့်ထား​၏​။ အာမသ​သည် ယွာဘ​၏​မိခင်​၊ ဇေရုယာ​၏​ညီမ​၊ နာဟတ်​၏​သမီး အဘိဂဲလ​နှင့်​ပေါင်းသင်း​သော ယေသာ​အမည်​ရှိ အစ္စရေး​အမျိုးသား​တစ်​ဦး​၏​သား​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 26,
      "text": "အဗရှလုံ​နှင့် အစ္စရေး​လူမျိုး​တို့​သည် ဂိလဒ်​ပြည်​၌ စခန်းချ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 27,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ရောက်​သောအခါ အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​မှ နာဟတ်​၏​သား ရှောဘိ​၊ လောဒေဗာ​မြို့​မှ အမျေလ​၏​သား မာခိရ​၊ ရောဂေလိမ်​မြို့​မှ ဂိလဒ်​ပြည်သား ဗာဇိလဲ တို့​က"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 28,
      "text": "“​ကန္တာရ​လမ်း​တွင် လူ​တို့ ဆာလောင်​မောပန်း​ကြ​လိမ့်မည်​၊ ရေငတ်​ကြ​လိမ့်မည်​”​ဟု တွေး​ပြီး အိပ်ရာ​၊ ဇလုံ​မှ​အစ မြေအိုး​မြေခွက်​များ​၊ ဂျုံ​၊ မုယော​၊ မုန့်ညက်​၊ သီးနှံအခြောက်​၊ ပဲကြီး​၊ ပဲနီ​၊ မုန့်ဆန်း​၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 29,
      "text": "ပျားရည်​၊ ဒိန်ချဉ်​၊ သိုးသား​၊ နွားနို့ခဲ စသည်​တို့​ကို ဒါဝိဒ်​မင်းကြီး​နှင့် သူ့​လူ​တို့​စား​ဖို့ ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မိမိ​နှင့်အတူ​ပါလာ​သော​လူ​တို့​ကို ရေတွက်​ပြီး သူ​တို့​ကို အုပ်ချုပ်​ရန် လူ​တစ်ထောင်အုပ်​၊ လူ​တစ်ရာအုပ်​တို့​ကို ခန့်ထား​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 2,
      "text": "ထို့နောက် လူ​သုံးပုံတစ်ပုံ​ကို ယွာဘ​လက်​အောက်​သို့​လည်းကောင်း​၊ နောက်​သုံးပုံတစ်ပုံ​ကို ယွာဘ​ညီ ဇေရုယာ​၏​သား အဘိရှဲ​လက်အောက်​သို့​လည်းကောင်း​၊ ကျန်​သုံးပုံတစ်ပုံ​ကို ဂိတ္တိ​လူမျိုး အိတ္တဲ​လက်​အောက်​သို့​လည်းကောင်း နေရာချ​ထား​ပေး​၏​။ ထို့နောက် ရှင်ဘုရင်​က သူ​တို့​အား “​ငါ​ကိုယ်တိုင် သင်​တို့​နှင့်အတူ ဆက်ဆက်​ချီတက်​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 3,
      "text": "သို့သော် သူ​တို့​က “​အရှင်မင်းကြီး ချီ​တော်​မ​မူ​ပါ​နှင့်​။ စင်စစ် အကျွန်ုပ်​တို့ ထွက်ပြေး​သွား​လျှင်လည်း သူ​တို့ အရေးထား​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​တို့ တစ်ဝက်​မျှ သေ​သွား​လျှင်လည်း သူ​တို့ အရေးထား​မည်​မ​ဟုတ်​ပါ​။ အရှင်မင်းကြီး​တစ်ပါးတည်း​သည် အကျွန်ုပ်​တို့ လူ​တစ်သောင်း​နှင့် ညီမျှ​ပါ​၏​။ အရှင်မင်းကြီး မြို့​ထဲ၌​နေရစ်​ပြီး အကျွန်ုပ်​တို့​ကို ကူညီ​ခြင်း​က ပိုကောင်း​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 4,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​သင်​တို့ ကောင်း​မည်​ထင်​သည့်​အတိုင်း ငါ​ပြု​ပါ​မည်​”​ဟု မိန့်ဆို​ပြီး မြို့​တံခါး​နား​တွင် ရပ်​နေ​ခဲ့​၏​။ လူ​အပေါင်း​တို့​မူကား ရာအုပ်​လိုက်​၊ ထောင်အုပ်​လိုက် ချီသွား​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​က ယွာဘ​၊ အဘိရှဲ​နှင့် အိတ္တဲ​တို့​အား “​ငါ့​မျက်နှာ​ကို ထောက်​ပြီး သား​တော်​အဗရှလုံ​ကို သက်ညှာ​ပေး​ပါ​”​ဟု မိန့်မှာ​၏​။ ရှင်ဘုရင်​က အဗရှလုံ​နှင့်​ပတ်သက်၍ တပ်မှူး​အားလုံး​တို့​အား ဤသို့​မိန့်မှာ​သည်​ကို လူ​အပေါင်း​တို့ ကြား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 6,
      "text": "သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နှင့် စစ်တိုက်​ရန် စစ်မြေပြင်​သို့ ချီသွား​ကြ​ပြီး ဧဖရိမ်​တော​၌ စစ်ခင်း​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​စစ်သည်​တို့​ကို ရှုံးနိမ့်​သွား​လေ​၏​။ ထို​နေ့​တွင် တိုက်ပွဲ​အပြင်းအထန်​ဖြစ်​ပြီး လူ​အယောက်​နှစ်သောင်း ကျဆုံး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 8,
      "text": "ဤ​စစ်ပွဲ​သည် တိုင်းနိုင်ငံ​အားလုံး​သို့ ကူးစက်​ပျံ့နှံ့​သွား​ပြီး ထို​နေ့​တွင် ဓားစာ​ဖြစ်​သွား​သော​လူ​ထက် တောစာတောင်စာ​ဖြစ်​သွား​သော​လူ​က ပို၍​များ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 9,
      "text": "အဗရှလုံ​သည် ဒါဝိဒ်​မင်းကြီး​၏​လူ​တို့​နှင့် ပက်ပင်းတိုး​သဖြင့် လား​စီး​ပြီး ထွက်ပြေး​သွား​၏​။ သူ့​လား​သည် သပိတ်ပင်​အကိုင်း​ကြီး​အောက်​ကို ပြေးဝင်​သွား​စဉ် အဗရှလုံ​၏​ဦးခေါင်း​သည် ထို​သပိတ်ပင်​အကိုင်းကြီး​နှင့် ငြိ​မိ​ပြီး လား​ကား ဆက်ပြေး​သွား​၍ သူ​သည် လေ​ထဲတွင် တွဲလွဲကျ​ကျန်​နေ​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 10,
      "text": "ထို​အခြင်းအရာ​ကို မြင်​သော​သူ​တစ်​ယောက်​က ယွာဘ​အား “​အကျွန်ုပ်​သည် အဗရှလုံ​အား သပိတ်ပင်​၌ တွဲလွဲကျ​နေ​သည်​ကို တွေ့​ခဲ့​ပါ​၏”​ဟု ပြောပြ​လျှင်"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 11,
      "text": "ယွာဘ​က သူ့​ကို​ပြောပြ​သော​သူ​အား “​သင်​မြင်​ခဲ့​လျက်​နှင့် အဘယ်ကြောင့် သူ့​ကို​မြေ​ပေါ်​ထိုးချ​ပြီး မ​သတ်​ရ​သနည်း​။ ထိုသို့​ပြု​ခဲ့​လျှင် သင့်​ကို​ငါ ငွေစ​တစ်ဆယ်​နှင့် ခါးစည်းကြိုး​ကို ချီးမြှင့်​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 12,
      "text": "ထို​သူ​က ယွာဘ​အား “​အကျွန်ုပ်​ကို ငွေစ တစ်ထောင်​ပေး​လျှင်ပင် ရှင်ဘုရင်​၏​သား​တော်​ကို အကျွန်ုပ်ကိုယ်တိုင် မ​သတ်​ပါ​။ ရှင်ဘုရင်​က သင်​နှင့်တကွ အဘိရှဲ​၊ အိတ္တဲ​တို့​အား ‘​သား​တော်​အဗရှလုံ​ကို ကာကွယ်​ပေး​ပါ​’​ဟု မိန့်မှာ​လိုက်​သည်​ကို အကျွန်ုပ်​တို့ နား​နှင့်​ဆတ်ဆတ်​ကြား​ခဲ့​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 13,
      "text": "အကယ်၍​သာ အကျွန်ုပ်​သတ်​မိ​လျှင် ကိုယ့်​အသက်​ကို​ကိုယ် အန္တရာယ်ပေး​မိ​ပြီ​။ ရှင်ဘုရင်​ထံမှ ကွယ်ဝှက်​၍​ရ​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​ပါ​။ သင်​သည်​လည်း အကျွန်ုပ်​ဘက်​မှ ရပ်တည်​ပေး​မည်​မ​ဟုတ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 14,
      "text": "ထိုအခါ ယွာဘ​က “​သင်​နှင့် ယခုလို အချိန်ဖြုန်း​မ​နေ​နိုင်​ပါ​”​ဟု ဆို​လျက် လှံ​သုံး​စင်း​ကို​ယူ​၍ သပိတ်ပင်​၌​တွဲလွဲကျ​လျက် အသက်ရှင်​နေ​သေး​သော အဗရှလုံ​ထံ​သွား​၍ သူ့​နှလုံး​ထဲသို့ ထုတ်ချင်းပေါက်​အောင် ထိုး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 15,
      "text": "ယွာဘ​၏​လက်နက်​ကိုင်​တပ်သား ဆယ်​ဦး​တို့​က​လည်း အဗရှလုံ​ကို ဝိုင်းဝန်း​ထိုး​သတ်​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 16,
      "text": "ထို့နောက် ယွာဘ​က မိမိ​လူ​တို့ အစ္စရေး​အမျိုးသား​တို့​နောက်သို့ ဆက်​မ​လိုက်​ရန် တံပိုး​ကို မှုတ်​သဖြင့် သူ​တို့​လည်း ဆက်မလိုက်​တော့​ဘဲ ပြန်လာ​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 17,
      "text": "ထို့နောက် အဗရှလုံ​၏​အလောင်း​ကို​ဆွဲချ​ပြီး တော​ထဲရှိ​တွင်း​ကြီး​တစ်​တွင်း​ထဲသို့​ပစ်ချ​ကာ သူ့​အပေါ်​တွင် ကျောက်ပုံ​ကြီး​ပုံ​ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​အပေါင်း​တို့​လည်း အသီးသီး မိမိ​တို့​နေရာ​သို့ ပြန်ပြေး​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 18,
      "text": "အဗရှလုံ​အသက်ရှင်​စဉ်က “​ငါ့​နာမည် မပျောက်ပျက်​အောင် စောင့်ထိန်း​ပေး​မည့်​သား မ​ရှိ​”​ဟု ဆို​လျက် ကျောက်တုံး​ကို ယူ​၍ ရှင်ဘုရင်​ချိုင့်ဝှမ်း​တွင် မိမိ​နာမည်​ဖြင့်​သမုတ်​၍ ကျောက်တိုင်​စိုက်ထူ​ခဲ့​၏​။ ထို​ကျောက်တိုင်​ကို ယနေ့​တိုင် “​အဗရှလုံ​ကျောက်တိုင်​”​ဟု ခေါ်ဝေါ်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 19,
      "text": "ဇာဒုတ်​၏​သား​အဟိမတ်​က “​ယခု အကျွန်ုပ်​ပြေး​၍ ရှင်ဘုရင်​အား ထာဝရဘုရား​သည် သူ့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​ပြီ​ဟူသော​သတင်း​ကို လျှောက်တင်​ပါရစေ​”​ဟု ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 20,
      "text": "ယွာဘ​က သူ့​အား “​ယနေ့ သင်​သွား​၍​သတင်း​မ​လျှောက်တင်​ရ​။ နောက်တစ်နေ့​မှ လျှောက်တင်​ရ​မည်​။ ဤ​နေ့​သည် ရှင်ဘုရင့်​သား​တော် သေဆုံး​သော​နေ့ ဖြစ်​သောကြောင့် သင်​သွား​၍​သတင်း​မ​လျှောက်တင်​ရ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 21,
      "text": "သို့သော် ယွာဘ​သည် ကုရှိ​အမျိုးသား​တစ်​ဦး​အား “​သင်​မြင်​ခဲ့​သမျှ​ကို ရှင်ဘုရင်​ထံ သွား​လျှောက်တင်​လော့​”​ဟု ဆို​လျှင် ထို​ကုရှိ​အမျိုးသား​သည် ယွာဘ​ကို ဦးညွှတ်​၍ ပြေးထွက်​သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 22,
      "text": "ဇာဒုတ်​၏​သား အဟိမတ်​က ထပ်၍​ယွာဘ​အား “​မည်သို့ပင်​ဖြစ်​စေ​၊ ယခု ထို​ကုရှိ​အမျိုးသား​နောက်သို့ အကျွန်ုပ် ပြေးလိုက်​ပါရစေ​”​ဟု ဆို​လျှင် ယွာဘ​က သူ့​အား “​ငါ့​သား​၊ အဘယ်ကြောင့် သင်​ပြေးလိုက်​လို​သနည်း​။ ဤ​သတင်း​သည် ဆု​ရရှိ​စေ​မည့်​သတင်း​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 23,
      "text": "သို့သော် သူ​က “​မည်သို့ပင် ဖြစ်​ပါစေ​။ အကျွန်ုပ် ပြေးလိုက်​ပါရစေ​”​ဟု​သာ ဆို​သဖြင့် ယွာဘ​က “​ပြေးလိုက်​လော့​”​ဟု ဆို​သည်​နှင့် အဟိမတ်​သည် လွင်ပြင်​လမ်း​မှ ပြေးသွား​ရာ ကုရှိ​အမျိုးသား​ကို ကျော်သွား​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 24,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မြို့​တံခါး​နှစ်​ခု​ကြား​တွင် ထိုင်​နေစဉ် ကင်းစောင့်​တစ်​ယောက်​သည် မြို့ရိုး​မှတစ်ဆင့် မြို့​တံခါး​အမိုး​ပေါ်သို့ တက်​၍​မျှော်ကြည့်​ရာ လူ​တစ်ယောက်တည်း​ပြေးလာ​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 25,
      "text": "ထို့ကြောင့် ကင်းစောင့်​သည် ရှင်ဘုရင်​အား အော်ဟစ်​လျှောက်တင်​လေ​၏​။ ရှင်ဘုရင်​က​လည်း “​တစ်ယောက်တည်း​ဆို​လျှင် သတင်း​ကြားပြော​ဖို့ ဖြစ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ပြေးလာ​သော​သူ​သည် တဖြည်းဖြည်း​နီးလာ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 26,
      "text": "ကင်းစောင့်​သည် နောက်ထပ်​လူ​တစ်​ယောက် ပြေးလာ​နေ​သည်​ကို မြင်​ပြန်​သဖြင့် တံခါးစောင့်​အား “ကြည့်​ပါ​။ လူ​တစ်​ယောက် ထပ်ပြေး​လာ​နေ​ပါ​သည်”​ဟု အော်ပြော​လျှင် ရှင်ဘုရင်​က “​သူ​၌​လည်း သတင်း​ပါလာ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 27,
      "text": "ကင်းစောင့်​က “​ကြည့်​ရ​သည်​မှာ ပထမ​လူ​ပြေးပုံ​က ဇာဒုတ်​၏​သား အဟိမတ်​ပြေးပုံ​နှင့် တူ​ပါ​၏​”​ဟု ဆို​လျှင် ရှင်ဘုရင်​က “​သူ​သည် လူ​ကောင်း​ဖြစ်​၏​။ သူ​၌ သတင်းကောင်း​ပါလာ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 28,
      "text": "အဟိမတ်​က​လည်း ရှင်ဘုရင်​အား “​ချမ်းမြေ့​ပါစေ​”​ဟု နှုတ်ခွန်းဆက်သ​ပြီးလျှင် ရှင်ဘုရင်​ရှေ့ မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​တို့​အား ရှုံးနိမ့်​စေ​တော်မူ​သော အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 29,
      "text": "ရှင်ဘုရင်​က​လည်း “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် အဟိမတ်​က “​အရှင်မင်းကြီး​၏​အမှုထမ်း​ကျွန်တော်မျိုး​ကို ယွာဘ​စေလွှတ်​စဉ်က အကြီးအကျယ်​ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ကို မြင်​သော်လည်း မည်သို့​ဖြစ်ပျက်​နေ​သည်​ကို အကျွန်ုပ် မ​သိ​ပါ​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 30,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ့​အား “​ဘေး​မှာ ရပ်​နေ​လော့​”​ဟု ဆို​သဖြင့် သူ​သည် ဘေး​၌​ရပ်​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 31,
      "text": "ထို့နောက် ကုရှိ​အမျိုးသား​သည်​ရောက်လာ​ပြီး “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ သတင်းကောင်း​ကို လျှောက်တင်​ပါရစေ​။ ယနေ့ ထာဝရဘုရား​သည် အရှင်မင်းကြီး​အား ဆန့်ကျင်​တိုက်ခိုက်​နေ​သော​သူ​အပေါင်း​တို့​ကို ရှုံး​စေ​တော်မူ​ပြီ​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 32,
      "text": "ထိုအခါ ရှင်ဘုရင်​က ကုရှိ​အမျိုးသား​အား “​သား​တော်​အဗရှလုံ ဘေးကင်း​ပါ​၏​လော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ရန်သူ​များ​နှင့် အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​သော​သူ​အားလုံး​တို့​သည် ထို​သား​တော်​ကဲ့သို့​ဖြစ်​ကြ​ပါစေသော​”​ဟု ပြန်လည်​လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 33,
      "text": "ထိုအခါ ရှင်ဘုရင်​သည် တုန်လှုပ်​လျက်​၊ မြို့​တံခါး​အထက်ခန်း​သို့ တက်သွား​ပြီးလျှင် လမ်းလျှောက်​ရင်း ငိုကြွေး​လျက် “​အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​၊ ငါ့​သား အဗရှလုံ​၊ အဘယ်ကြောင့် သင့်​အစား ငါ​မ​သေ​ရ​သနည်း​။ အို ငါ့​သား​၊ ငါ့​သား အဗရှလုံ​”​ဟု မြည်တမ်း​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 1,
      "text": "“​ရှင်ဘုရင်​သည် အဗရှလုံ​အတွက်​ကြောင့် ငိုကြွေး​မြည်တမ်း​နေ​ရ​ပါ​ပြီ​”​ဟု ယွာဘ​ထံ သတင်း​ရောက်လာ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 2,
      "text": "“​ရှင်ဘုရင်​သည် သား​တော်​အဗရှလုံ​ကြောင့် စိတ်ထိခိုက်​နေ​ရ​သည်​”​ဟူသော​သတင်း​ကို စစ်သည်​တို့ ကြားသိ​ရ​လျှင် ထို​နေ့​၌​ရ​သော​အောင်မြင်​ခြင်း​သည် သူ​တို့​အတွက် ဝမ်းနည်း​ခြင်း​ဖြစ်​ရ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 3,
      "text": "စစ်ပွဲ​မှ​ထွက်ပြေး​ပြီး အရှက်ကွဲ​ရ​သူ​တို့ ပုန်းလျှိုးကွယ်လျှိုး​ပြန်လာ​ရ​သကဲ့သို့ ထို​နေ့​တွင် စစ်သည်​တို့​သည် မြို့​ထဲသို့ ပုန်းလျှိုးကွယ်လျှိုး​ဝင်လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 4,
      "text": "ရှင်ဘုရင်​သည် မျက်နှာ​ကို​ဖုံး​ထား​၍ “​ငါ့​သား အဗရှလုံ​၊ ငါ့​သား ငါ့​သား အဗရှလုံ​”​ဟု ကျယ်လောင်​စွာ​အော်ဟစ်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 5,
      "text": "ယွာဘ​သည် ရှင်ဘုရင်​ရှိ​ရာ​နန်းတွင်း​သို့​ဝင်​၍ “​ယနေ့ အရှင်မင်းကြီး​၏​အသက်​၊ သား​တော်​သမီး​တော်​တို့​၏​အသက်​၊ မိဖုရား​မောင်းမတော်​တို့​၏​အသက်​ကို ကယ်တင်​ပေး​ခဲ့​သော​စစ်သည်​အပေါင်း​တို့​ကို အရှင်မင်းကြီး အရှက်ခွဲ​လေ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 6,
      "text": "အရှင်မင်းကြီး​သည် အရှင့်​အား မုန်း​သော​သူ​ကို​ချစ်​ပြီး အရှင့်​အား​ချစ်​သော​သူ​ကို မုန်း​လေ​ပြီ​။ မှူးမတ်​များ​၊ မင်းမှုထမ်း​များ​သည် အရှင့်​အဖို့ ဘာမျှ​မ​ဟုတ်​ကြောင်း​ကို ယနေ့ အရှင်မင်းကြီး ထင်ထင်ရှားရှား​ဖော်ပြ​လိုက်​ပြီ​။ အဗရှလုံ​အသက်ရှင်​ကျန်​ခဲ့​ပြီး ယနေ့ အကျွန်ုပ်​တို့​အားလုံး သေ​သွား​လျှင်ပင် အရှင်မင်းကြီး​အားရဝမ်းသာ​ဖြစ်​မည်​ကို ယနေ့ အကျွန်ုပ်​သိ​ရ​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 7,
      "text": "ယခု ထ​ပါ​။ အရှင့်​အမှုထမ်း​တို့​ထံ​သွား​၍ နှစ်သိမ့်စကား​မြွက်ဆို​ပေး​ပါ​။ အရှင်မင်းကြီး​မ​သွား​လျှင် ယခု​ည​တွင်ပင် အရှင်မင်းကြီး​ထံပါး​၌ မည်သူ​မျှ​ကျန်​ခဲ့​မည်​မ​ဟုတ်​ပါ​။ ဤ​အမှု​သည် အရှင်မင်းကြီး ငယ်စဉ်​မှစ၍ ယခု​ချိန်​ထိ ကြုံ​ဖူး​သော​ဒုက္ခ​အားလုံး​ထဲတွင် အဆိုးဆုံး​ဖြစ်​လိမ့်မည်​ကို ထာဝရဘုရား​ကို​တိုင်တည်​၍ အကျွန်ုပ်​ကျိန်​ဝံ့​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 8,
      "text": "ထိုအခါ ရှင်ဘုရင်​သည် ထ​၍​မြို့​တံခါး​၌ သွားထိုင်​၏​။ လူ​အပေါင်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ မြို့​တံခါး​၌ ရှင်ဘုရင် ထိုင်​တော်မူ​၏​”​ဟု တစ်ဆင့်စကား​ကြားသိ​ကြ​လျှင် ရှင်ဘုရင်​ထံသို့ လာ​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​မူကား မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်ပြေး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 9,
      "text": "ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​က “​ငါ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​သူ​မှာ ရှင်ဘုရင်​ဖြစ်​၏​။ ငါ​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ လွတ်မြောက်​စေ​သူ​မှာ​လည်း ရှင်ဘုရင်​ပင် ဖြစ်​၏​။ သို့သော် ယခုမှာ အဗရှလုံ​ကြောင့် ရှင်ဘုရင်​မှာ တိုင်းပြည်​မှ ထွက်ပြေး​နေ​ရ​ပါ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 10,
      "text": "ငါ​တို့ ဘိသိက်သွန်း​မင်းမြှောက်​ပေး​ခဲ့​သော အဗရှလုံ​လည်း တိုက်ပွဲ​တွင် ကျဆုံး​လေ​ပြီ​။ ယခုမှာ ရှင်ဘုရင်​ကို ပြန်​မ​ကြွ​စေ​ဘဲ အဘယ်ကြောင့်​ငြိမ်​နေ​ကြ​သနည်း​”​ဟု အပြန်အလှန် ငြင်းခုံ​နေ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် အဗျာသာ​တို့​ထံ လူ​လွှတ်​၍ “​ယုဒ​သက်ကြီးဝါကြီး​တို့​အား ‘​အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​စကား​သည် ဘုရင့်​နန်းတော်​သို့​ပင် ရောက်လာ​လေ​ပြီ​။ သင်​တို့​မူကား ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​သနည်း​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 12,
      "text": "ငါ့​ညီအစ်ကို​၊ ငါ့​အရိုး​အသား​ဖြစ်​သော​သင်​တို့​သည် ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​ရ​သနည်း​’​ဟု ပြော​လော့​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 13,
      "text": "အာမသ​ကို​လည်း ‘​သင်​သည် ငါ့​အရိုး​အသား ဖြစ်​သည်​မ​ဟုတ်​လော​။ ယွာဘ​အစား သင့်​ကို အမြဲတမ်း​စစ်ဗိုလ်ချုပ်​အဖြစ် ခန့်အပ်​ပြီ​။ ထိုသို့​မ​ပြု​လျှင် ဘုရားသခင်​သည် ငါ့​အား ထိုထက်မက​ပြု​တော်မူ​ပါစေသော​’​ဟူ၍ ပြောကြား​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 14,
      "text": "ဤသို့ ရှင်ဘုရင်​သည် ယုဒ​အမျိုးသား​အပေါင်း​တို့​၏​စိတ်နှလုံး​ကို တစ်ပေါင်းတစ်စည်း​တည်း သိမ်းသွင်း​နိုင်​ခဲ့​သဖြင့် သူ​တို့​က​လည်း ရှင်ဘုရင်​ထံ “​အရှင်မင်းကြီး​နှင့်တကွ မင်းမှုထမ်း​အပေါင်း​တို့ ပြန်လာ​ကြ​ပါ​”​ဟု လျှောက်တင်​စေ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 15,
      "text": "ရှင်ဘုရင်​ပြန်ကြွ​၍ ဂျော်ဒန်​မြစ်​နားသို့​ရောက်လာ​၏​။ ယုဒ​လူမျိုး​တို့​သည်​လည်း ရှင်ဘုရင်​ကို​ကြိုဆို​၍ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ သွားရောက်​ပို့ဆောင်​ရန် ဂိလဂါလ​မြို့​သို့ ရောက်လာ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 16,
      "text": "ထိုအခါ ဗာဟုရိမ်​မြို့​မှ ဗင်္ယာမိန်​အမျိုးသား​ဖြစ်​သူ ဂေရ​၏​သား ရှိမိ​သည် ယုဒ​လူမျိုး​တို့​နှင့်အတူ ရှင်ဘုရင်​ကို ကြိုဆို​ရန် အလျင်အမြန် ဆင်းသွား​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 17,
      "text": "သူ​နှင့်အတူ ဗင်္ယာမိန်​အမျိုးသား​အယောက်​တစ်ထောင်​၊ ရှောလု​အိမ်သား​၏​အစေခံ ဇိဘ​နှင့်​သား တစ်ဆယ့်​ငါး​ယောက်​၊ အစေအပါး​အယောက်​နှစ်ဆယ်​တို့​လည်း ရှင်ဘုရင်​ရှိ​ရာ ဂျော်ဒန်​မြစ်​သို့ အလျင်အမြန်​ရောက်လာ​ကြ​ပြီး"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 18,
      "text": "သူ​တို့​သည် ရှင်ဘုရင်​နှင့် နန်းတွင်းသူ​နန်းတွင်းသား​တို့​ကို တစ်ဖက်ကမ်း​သို့ ပို့ပေး​ရန်​နှင့် ရှင်ဘုရင်​အလိုရှိ​သည်​ကို လုပ်ဆောင်​ပေး​ရန် ကူးတို့ဆိပ်​မှ ကူးလာ​ကြ​၏​။ ဂျော်ဒန်​မြစ်​ကို ရှင်ဘုရင်​ဖြတ်ကူး​သောအခါ ဂေရ​၏​သား ရှိမိ​သည် ရှင်ဘုရင်​ရှေ့​၌ ပျပ်ဝပ်​လျက်"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 19,
      "text": "ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​ကို အပြစ်​ယူ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး ဂျေရုဆလင်​မြို့​မှ​ထွက်ခွာ​သွား​ရ​သော​နေ့​က ကျွန်တော်မျိုး​ပြု​မိ​သော​အမှား​များ​ကို အရှင်မင်းကြီး နှလုံး​သွင်း​ပြီး အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 20,
      "text": "အကျွန်ုပ်​ပြစ်မှား​မိ​ခဲ့​ကြောင်း​ကို အရှင့်​အစေအပါး​အကျွန်ုပ် သိ​ပါ​၏​။ သို့ဖြစ်၍ ယနေ့ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို​ကြိုဆို​ရန် ယောသပ်​အမျိုးအနွယ်​အပေါင်း​တို့​တွင် အကျွန်ုပ်​သည် အဦးဆုံး​ရောက်လာ​သူ​ဖြစ်​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 21,
      "text": "ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​က “​ရှိမိ​သည် ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော​သူ​ကို ကျိန်ဆဲ​ခဲ့​လေ​ပြီ​။ ထို့အတွက်ကြောင့် သူ​အသေသတ်​ခြင်း​ခံရ​မည် မ​ဟုတ်​လော​”​ဟု ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 22,
      "text": "ဒါဝိဒ်​မင်းကြီး​က “​ဇေရုယာ​၏​သား​တို့​၊ ယနေ့ ငါ​နှင့် ဘက်ပြိုင်​မည့်​အကြောင်း သင်​တို့​နှင့် ငါ အဘယ်သို့​ဆိုင်​သနည်း​။ ယနေ့ အစ္စရေး​လူ​တစ်ဦးဦး​ကို သတ်​ရ​မှ​ဖြစ်​မည်လော​။ စင်စစ် ယနေ့ ငါ​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 23,
      "text": "ထို့နောက် ရှင်ဘုရင်​က ရှိမိ​အား “​သင် မ​သေ​ရ​”​ဟု ကတိသစ္စာပြု​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 24,
      "text": "ရှောလု​မင်းကြီး​၏​မြေး မေဖိဗောရှက်​သည်​လည်း ရှင်ဘုရင်​ကို ကြိုဆို​ရန် ဆင်းလာ​၏​။ ရှင်ဘုရင်​ထွက်သွား​သည့်​နေ့​မှစ၍ ဘေးကင်း​စွာ​ပြန်လာ​သည့်​နေ့​အထိ သူ​သည် ကိုယ့်​ခြေ​ကို မ​ဆေး​၊ နှုတ်ခမ်းမွေး​ကို မ​ရိတ်​၊ အဝတ်​ကို​လည်း မ​လျှော်ဖွပ်​ဘဲ နေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 25,
      "text": "ဤသို့ သူ​သည် ရှင်ဘုရင်​ကို ကြိုဆို​ရန် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မေဖိဗောရှက်​၊ အဘယ်ကြောင့် သင်​သည် ငါ​နှင့် မ​လိုက်​ခဲ့​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 26,
      "text": "သူ​က​လည်း “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​သည် ခြေမသန်သူ​ဖြစ်၍ အကျွန်ုပ်​က အကျွန်ုပ်​၏​အစေအပါး​အား ‘​ငါ​သည် ရှင်ဘုရင်​နှင့်အတူ​လိုက်သွား​မည်​ဖြစ်၍ ငါ​စီး​ဖို့ မြည်း​ကို​ကုန်းနှီးတင်​ပေး​ပါ​’​ဟု ဆို​သော်လည်း သူ​သည် အကျွန်ုပ်​ကို လှည့်စား​ခဲ့​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 27,
      "text": "ထို့ပြင် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ထံ ကျွန်တော်မျိုး​ကို ကုန်းချော​ခဲ့​ပါ​သေး​၏​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အရှင်​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​ကဲ့သို့​ဖြစ်​ပါ​သည်​။ အရှင်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 28,
      "text": "အကျွန်ုပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည် အကျွန်ုပ်​သခင်​အရှင်မင်းကြီး​ရှေ့​၌ ဘာမျှ​မ​ဟုတ်​၊ သေ​လူ​များ​သာ ဖြစ်​ပါ​သော်လည်း ကျွန်တော်မျိုး​ကို အရှင့်​စားပွဲ​၌ စား​ရ​သော​သူ​တို့​နှင့်အတူ နေရာပေး​ခဲ့​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​သည် အရှင်မင်းကြီး​ထံ အဘယ်အရာ​တောင်းဆို​ခွင့်​ရှိ​ဦး​မည်နည်း​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 29,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ့​အား “​သင် အဘယ်ကြောင့် ဤ​စကား​ကို ထပ်​ပြော​နေ​ရ​သနည်း​။ ‘​မြေ​ကို သင်​နှင့် ဇိဘ ခွဲဝေ​ယူ​ရ​မည်​’​ဟု ငါ​ဆို​ခဲ့​ပြီ​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 30,
      "text": "မေဖိဗောရှက်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​ပြီ​ဖြစ်၍ သူ​သည် ဤ​မြေ​အားလုံး​ကို ယူ​ပါစေ​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 31,
      "text": "ဂိလဒ်​ပြည်သား ဗာဇိလဲ​သည်​လည်း ရှင်ဘုရင်​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ပို့ဆောင်​ရန် ရောဂေလိမ်​မြို့​မှ ဂျော်ဒန်​မြစ်​သို့ ဆင်းလာ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 32,
      "text": "ဗာဇိလဲ​သည် အသက်​ရှစ်ဆယ်​ရှိ​ပြီ​ဖြစ်၍ အိုမင်း​လှ​ပြီ​။ သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်၍ မဟာနိမ်​အရပ်​တွင် ရှင်ဘုရင်​စံမြန်း​နေ​စဉ်​အတွင်း ကျွေးမွေးပြုစု​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 33,
      "text": "ရှင်ဘုရင်​က ဗာဇိလဲ​အား “​ငါ​နှင့်အတူ တစ်ဖက်ကမ်း​ကို လိုက်​ခဲ့​ပါ​။ ဂျေရုဆလင်​မြို့​တွင် သင့်​ကို ငါ ကျွေးမွေးပြုစု​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 34,
      "text": "ထိုအခါ ဗာဇိလဲ​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်​ရ​လောက်အောင် အကျွန်ုပ် မည်မျှ​အသက်ရှည်​ပါ​ဦး​မည်နည်း​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 35,
      "text": "ယခု အကျွန်ုပ်​အသက်​ရှစ်ဆယ် ရှိ​ပါ​ပြီ​။ အကျွန်ုပ်​သည် အကောင်း​၊ အဆိုး ပိုင်းခြား​နိုင်​ပါ​ဦး​မည်လော​။ ကျွန်တော်မျိုး​သည် အစား​အသောက်​များ​ကို အရသာခံ​နိုင်​ပါ​ဦး​မည်လော​။ သီချင်းသည်​ယောက်ျား​မိန်းမ​တို့​၏​သီချင်းသံ​ကို​လည်း နားဆင်​နိုင်​ပါ​ဦး​မည်လော​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်​စေ​ရ​ပါ​မည်နည်း​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 36,
      "text": "အရှင်မင်းကြီး အဘယ်ကြောင့် ကျွန်တော်မျိုး​အား ဤ​ဆုလာဘ်​ကို ပေးသနား​တော်မူ​ရ​ပါ​မည်နည်း​။ အရှင်မင်းကြီး​နှင့်အတူ ဂျော်ဒန်​မြစ်​ကို အနည်းငယ် လိုက်ကူး​ပြီးလျှင်"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 37,
      "text": "ကျွန်တော်မျိုး ပြန်သွား​ပါရစေ​။ အကျွန်ုပ်​၏​မိဘ​တို့​သင်္ချိုင်း​ရှိ​ရာ အကျွန်ုပ်​၏​ဇာတိမြို့​တွင်​ပင် အကျွန်ုပ် သေ​ပါရစေ​။ အရှင့်​အစေအပါး ခိမဟံ ရှိ​ပါ​၏​။ သူ့​ကို အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​နှင့်အတူ တစ်ဖက်ကမ်း​သို့ ခေါ်သွား​၍ အလိုရှိ​သည့်​အတိုင်း သူ့​အတွက် ပြု​ပေး​ပါ​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 38,
      "text": "ရှင်ဘုရင်​က​လည်း “​ခိမဟံ​ကို ငါ​နှင့်အတူ တစ်ဖက်ကမ်း​သို့​ခေါ်သွား​ပါ​မည်​။ သင်​အလိုရှိ​သည်​အတိုင်း သူ့​ကို ပြု​ပေး​ပါ​မည်​။ သင်​အလို​ရှိသမျှ​ကို​လည်း သင့်​အဖို့ ငါ​ပြု​ပေး​ပါ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 39,
      "text": "ထို့နောက် လူ​အားလုံး ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​ကြ​၏​။ ရှင်ဘုရင်​သည် ဗာဇိလဲ​ကို နမ်း​၍​ကောင်းချီးပေး​ပြီးမှ ကူးသွား​၏​။ ဗာဇိလဲ​သည်​လည်း မိမိ​နေရပ်​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 40,
      "text": "ထိုမှ ရှင်ဘုရင်​သည် ဂိလဂါလ​မြို့​သို့ ရောက်​လေ​၏​။ ခိမဟံ​လည်း လိုက်ပါ​လာ​၏​။ ယုဒ​လူမျိုး​အားလုံး​နှင့် အစ္စရေး​လူမျိုး​တစ်ဝက်​တို့​သည်​လည်း ရှင်ဘုရင်​ကို လိုက်ပို့​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 41,
      "text": "ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံသို့ လာ​ပြီး ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ယုဒ​အမျိုးသား​တို့​သည် အရှင့်​ကို အဘယ်ကြောင့် ခိုးယူ​ပြီး အရှင်မင်းကြီး​မှစ၍ နန်းတွင်းသူ​နန်းတွင်းသား​များ​နှင့်တကွ ဒါဝိဒ်​မင်းကြီး​၏​လူ​အားလုံး​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ကူး​စေ​ကြ​သနည်း”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 42,
      "text": "ယုဒ​အမျိုးသား​အပေါင်း​တို့​က​လည်း အစ္စရေး​အမျိုးသား​တို့​အား “​ရှင်ဘုရင်​သည် ငါ​တို့​၏​ဆွေမျိုးရင်းချာ​ဖြစ်​၏​။ ဤ​အမှု​ကြောင့် သင်​တို့ အဘယ်ကြောင့် အမျက်ထွက်​ကြ​သနည်း​။ ရှင်ဘုရင်​၏​ရိက္ခာ​တော်​ကို ငါ​တို့​စား​ကြ​သလော​။ ရှင်ဘုရင်​ထံမှ တစ်စုံတစ်ရာ​ကို ငါ​တို့​ယူ​ကြ​သလော​”​ဟု ပြန်ပြော​ကြ​လျှင်"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 43,
      "text": "အစ္စရေး​အမျိုးသား​တို့​က​လည်း ယုဒ​အမျိုးသား​တို့​အား “​ရှင်ဘုရင်​၌ ငါ​တို့​ဝေစု​ဆယ်​စု​ရှိ​၏​။ ထို့ကြောင့် သင်​တို့​နှင့်​ယှဉ်​လျှင် ငါ​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့်​ပို၍​စပ်ဆိုင်​၏​။ အဘယ်ကြောင့် ငါ​တို့​ကို မထီလေးစားပြု​ရ​သနည်း​။ ငါ​တို့​ဘုရင်​ကို ငါ​တို့ အဦးဆုံး​ပြန်ခေါ်​ရ​မည်​မ​ဟုတ်​လော​”​ဟု ပြန်ပြော​ကြ​၏​။ သို့သော် ယုဒ​အမျိုးသား​တို့​၏​စကား​သည် အစ္စရေး​အမျိုးသား​တို့​၏​စကား​ထက် ပို၍​ခိုင်မာ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 1,
      "text": "ဂိလဂါလ​မြို့​တွင် ဗင်္ယာမိန်​အမျိုးသား ဗိခရိ​၏​သား​ဖြစ်​သူ ရှေဘ​အမည်​ရှိ​သော ဆိုးညစ်​သူ တစ်ဦး​ရှိ​၏​။ သူ​သည် တံပိုး​ကို​မှုတ်​၍ “​ဒါဝိဒ်​၌ ငါ​တို့ ဝေစု​မ​ရှိ​။ ယေရှဲ​၏​သား​၌ ငါ​တို့ အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​အိမ်​သို့ ကိုယ်​ပြန်​ကြ​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 2,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​နောက်​သို့​လိုက်​ရာ​မှ​လှည့်​၍ ဗိခရိ​၏​သား​ရှေဘ နောက်သို့​လိုက်​ကြ​၏​။ ယုဒ​အမျိုးသား​တို့​မူကား ဂျော်ဒန်​မြစ်​မှ ဂျေရုဆလင်​မြို့​တိုင်အောင် မိမိ​တို့​ရှင်ဘုရင်​နောက်​တော်​သို့ ထက်ကြပ်မကွာ​လိုက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 3,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မိမိ​နန်းတော်​ရှိ​ရာ​ဂျေရုဆလင်​မြို့​သို့ ပြန်ရောက်​လျှင် နန်းတော်​ကို စောင့်ရှောက်​ရန်​ထားခဲ့​သော မောင်းမ​ဆယ်​ဦး​ကို​ခေါ်​၍ အကျယ်ချုပ်​ချထား​လိုက်​လေ​၏​။ ရှင်ဘုရင်​သည် သူ​တို့​ကို အစာရေစာ​ထောက်ပံ့​ပေး​သော်လည်း သူ​တို့​ထံ မ​ဝင်​တော့​ချေ​။ သူ​တို့​သည် သေ​သည့်​နေ့​တိုင်အောင် မုဆိုးမ​ဘဝ​နှင့် အကျယ်ချုပ်​ခံရ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 4,
      "text": "ထို့နောက် ရှင်ဘုရင်​က အာမသ​အား “​သုံး​ရက်​အတွင်း ယုဒ​အမျိုးသား​တို့​ကို ငါ့​ထံ​လာရောက်​စုဝေး​စေ​ပါ​။ သင်​ကိုယ်တိုင်​လည်း ပါ​ရ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 5,
      "text": "အာမသ​သည် ယုဒ​အမျိုးသား​တို့​ကို ခေါ်ယူ​ရန်​ထွက်သွား​၏​။ သူ​သည် ပေး​ထား​သော​အချိန်​ထက် ကြာ​နေ​သဖြင့်"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 6,
      "text": "ဒါဝိဒ်​မင်းကြီး​က အဘိရှဲ​အား “​ယခု ဗိခရိ​၏​သား​ရှေဘ​သည် ငါ​တို့​ကို အဗရှလုံ​ထက်​ပို၍ အန္တရာယ်ပေး​နိုင်​၏​။ ထို့ကြောင့် သင့်​သခင်​၏​အမှုထမ်း​တို့​ကို​ခေါ်​၍ သူ့​နောက်သို့​လိုက်​လော့​။ သို့မဟုတ်လျှင် သူ​သည် ခံတပ်​မြို့​များ​တွင် ဝင်ခို​ပြီး ငါ​တို့​လက်​မှ လွတ်မြောက်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 7,
      "text": "ထို့ကြောင့် ယွာဘ​၏​နောက်လိုက်​များ​မှစ၍ ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​အပါအဝင် သူရဲကောင်း​အပေါင်း​တို့​သည် အဘိရှဲ​နှင့်အတူ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီး ဗိခရိ​၏​သား ရှေဘ​ကို​လိုက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 8,
      "text": "သူ​တို့​သည် ဂိဗောင်​မြို့​ရှိ ကျောက်တုံး​ကြီး​နား​သို့ ရောက်​သောအခါ အာမသ​သည် သူ​တို့​ကို လာရောက်​တွေ့ဆုံ​၏​။ ယွာဘ​သည် စစ်ဝတ်တန်ဆာ​များ​ကို ဝတ်ဆင်​၍ ခါးပန်း​လည်း စည်းထား​၏​။ ဓား​ကို​လည်း ဓားအိမ်​ထဲ​ထည့်​၍ ခါးပန်းကြိုး​တွင် ချိတ်​ထား​ရာ ရှေ့​သို့​လှမ်းသွား​စဉ်တွင် လျှောကျ​လာ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 9,
      "text": "ယွာဘ​က အာမသ​အား “​ငါ့​ညီ​၊ အဆင်ပြေ​ပါ​၏​လော​”​ဟု ဆို​၏​။ ထို့နောက် ယွာဘ​သည် အာမသ​၏​မုတ်ဆိတ်​ကို ညာ​လက်​ဖြင့် ဆွဲကိုင်​ပြီး နမ်း​မည်​ပြု​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 10,
      "text": "အာမသ​သည် ယွာဘ​လက်​၌ ဓား​ကိုင်​ထား​သည်​ကို သတိ​မ​ထား​မိ​။ ယွာဘ​က အာမသ​၏​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​သဖြင့် အာမသ​သည် အူ​များ​မြေ​ပေါ်သို့ ထွက်ကျ​၍ နောက်​တစ်ချက်​မ​ထိုး​ရ​ဘဲ သေ​လေ​၏​။ ထို့နောက် ယွာဘ​နှင့်​သူ့​ညီ အဘိရှဲ​သည် ဗိခရိ​၏​သား ရှေဘ​ကို ဆက်လိုက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 11,
      "text": "ယွာဘ​၏​နောက်လိုက်​လုလင်​တစ်​ဦး​သည် အာမသ​အနီး​တွင်​ရပ်​လျက် “​ယွာဘ​နှင့် ဒါဝိဒ်​မင်းကြီး​ဘက်​ပါ​သော​သူ မည်သူမဆို ယွာဘ​နောက်​သို့​လိုက်​ကြ​လော့​”​ဟု အော်ပြော​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 12,
      "text": "အာမသ​သည် လမ်း​အလယ် သွေးအိုင်​ထဲတွင် လဲကျ​နေ​၏​။ လမ်းသွားလမ်းလာသူ​တို့ သူ့​နား​ရောက်လာ​လျှင် ရပ်​၍​ကြည့်​နေ​ကြ​၏​။ လုလင်​တစ်​ဦး​က ထိုသို့ ထို​နေရာ​သို့​ရောက်လာ​သော​သူ​တိုင်း ရပ်​ကြည့်​နေ​သည်​ကို မြင်​လျှင် အာမသ​ကို လမ်းမ​ဘေး​ရှိ​လယ်ကွင်း​ထဲသို့ ဆွဲသွား​ပြီး သူ့​ကို အဝတ်​နှင့်​ဖုံး​ထား​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 13,
      "text": "ထိုသို့ အာမသ​ကို လမ်းမ​မှ​ရွှေ့လိုက်​ပြီးမှ လူ​အပေါင်း​တို့​သည် ဗိခရိ​၏​သား ရှေဘ​ကို​ဆက်လိုက်​ရန် ယွာဘ​နောက်​သို့ လိုက်သွား​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 14,
      "text": "ရှေဘ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ရှိ​ရာ​သို့​သွား​၏​။ အာဗေလ​မြို့​၊ ဗက်မာခ​မြို့​နှင့် ဗေရိ​မြို့သား​အပေါင်း​တို့​ထံသို့​လည်း ရောက်​၏​။ ထို​သူ​တို့​သည် စုရုံး​ကြ​ပြီး ရှေဘ​နောက်သို့​လိုက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 15,
      "text": "ယွာဘ​နှင့်​သူ​၏​အပေါင်းပါ​တို့​သည် လာ​၍ ရှေဘ​တည်းခို​နေ​သော​အာဗေလဗက်မာခါ​မြို့​ကို​ဝိုင်း​ထား​ကြ​၏​။ ထို့နောက် မြို့​တံတိုင်း​အပြင်ဘက်​တွင် မြေကတုတ်​ဖို့​၍ မြို့ရိုး​ကို ဖြိုချ​ဖျက်ဆီး​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 16,
      "text": "ထိုအခါ အမြော်အမြင်​ရှိ​သော​မိန်းမ​တစ်​ဦး​က မြို့​ထဲမှ​နေ​၍ “​နားထောင်​ကြ​၊ နားထောင်​ကြ​။ ယွာဘ​အား ‘သင်​နှင့်​စကားပြော​နိုင်​ဖို့ ဤ​နေရာ​သို့ လာ​ပါ’​ဟူ၍ ပြော​လော့​”​ဟု ဟစ်အော်​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 17,
      "text": "သူ့​အနီး​သို့ ယွာဘ​ရောက်လာ​သောအခါ ထို​မိန်းမ​က “သင်​ကား ယွာဘ​လော”​ဟု မေး​လျှင် ယွာဘ​က “ဟုတ်​ပါ​၏”​ဟု ဆို​၏​။ ထိုအခါ သူ​က “အရှင့်​ကျွန်မ​၏​စကား​ကို နားထောင်​ပါ”​ဟု​ဆို​လျှင် ယွာဘ​က “နားထောင်​နေ​ပါ​၏”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 18,
      "text": "ထို​မိန်းမ​က “​ရှေးယခင်​ကပင် ‘​အမှုကိစ္စ​ပြီး​လို​လျှင် အာဗေလ​မြို့​တွင် သွားမေး​ကြ​’​ဟု ဆို​လေ့​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 19,
      "text": "အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​နေ​လို​သော​၊ သစ္စာရှိ​သော​အစ္စရေး​လူမျိုး​တစ်ဦး ဖြစ်​ပါ​၏​။ အရှင်​သည် အစ္စရေး​လူမျိုး​တို့​၏​မိခင်​မြို့​ကို အဘယ်ကြောင့်​ဖျက်ဆီး​ရန်​ကြိုးစား​နေ​သနည်း​။ အဘယ်ကြောင့် ထာဝရဘုရား​၏​အမွေ​တော်​ကို ဝါးမျို​လို​သနည်း”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 20,
      "text": "ယွာဘ​က​လည်း သူ့​အား “​ဝါးမျို​ခြင်း​အမှု​၊ ဖျက်ဆီး​ခြင်း​အမှု​သည် ငါ​နှင့်​ဝေး​ပါစေသော​။ ဝေး​ပါစေသော​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 21,
      "text": "အမှု​ကား ထိုသို့​မ​ဟုတ်​ပါ​။ ဧဖရိမ်​တောင်ပေါ်ဒေသ​မှ ဗိခရိ​၏​သား ရှေဘ​အမည်​ရှိ​သူ​သည် ဒါဝိဒ်​မင်းကြီး​ကို ဆန့်ကျင်​ပုန်ကန်​ပြီ​။ သူ့​ကို​သာ အပ်​ပါ​။ ထိုသို့ပြုလျှင် ဤ​မြို့​မှ ငါ​ထွက်ခွာ​မည်​”​ဟု ပြန်ပြော​သောအခါ ထို​အမျိုးသမီး​က ယွာဘ​အား “​စောင့်ကြည့်​ပါ​။ သူ​၏​ဦးခေါင်း​ကို မြို့ရိုး​မှတစ်ဆင့် သင့်​ထံ ပစ်ချ​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 22,
      "text": "ထို့နောက် ထို​မိန်းမ​သည် အမြော်အမြင်​ရှိ​သူ​ပီပီ မြို့သား​တို့​ထံ​သွား​၍​ကြားပြော​ရာ သူ​တို့​သည်​လည်း ဗိခရိ​၏​သား ရှေဘ​၏​ခေါင်း​ကို​ဖြတ်​ပြီး ယွာဘ​ထံ ပစ်ချ​၏​။ ယွာဘ​သည်​လည်း တံပိုး​မှုတ်​လိုက်​လျှင် သူ့​လူ​တို့​သည် မြို့​မှ​ထွက်ခွာ​၍ အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ယွာဘ​မူကား ရှင်ဘုရင်​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 23,
      "text": "ယွာဘ​ကား အစ္စရေး​စစ်သည်​အားလုံး​ကို အုပ်ချုပ်ရသူ​၊ ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 24,
      "text": "အဒေါရံ​ကား ချွေးတပ်အုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 25,
      "text": "ရှေဝ​ကား စာရေးတော်ကြီး​၊ ဇာဒုတ်​နှင့်​အဗျာသာ​ကား ယဇ်ပုရောဟိတ်​၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 26,
      "text": "ယာဣရ​လူမျိုး​ဣရ​ကား ဒါဝိဒ်​မင်းကြီး​၏​ယဇ်ပုရောဟိတ် စသည်​ဖြင့် နေရာကျ​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​လက်ထက်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး သုံး​နှစ်​ဆက်တိုက်​ဖြစ်​၏​။ ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​ထံ​မေးလျှောက်​လျှင် ထာဝရဘုရား​က “​ရှောလု​သည် ဂိဗောင်​မြို့သား​တို့​ကို သတ်​၍ အမျိုးအနွယ်​ထဲတွင် သွေးစွန်း​စေ​သော​အပြစ်​ကြောင့် ဤသို့​ဖြစ်​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 2,
      "text": "ထိုအခါ ရှင်ဘုရင်​သည် ဂိဗောင်​မြို့သား​တို့​ကို ဆင့်ခေါ်​ပြီးလျှင် သူ​တို့​နှင့်​စကားပြော​၏​။ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​အနွယ်ဝင်​မ​ဟုတ်​။ အာမောရိ​လူမျိုး​အကြွင်းအကျန်​များ ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​နှင့်​ကတိသစ္စာပြု​ခဲ့​သော်လည်း ရှောလု​မင်းကြီး​သည် အစ္စရေး​အမျိုး​နှင့် ယုဒ​အမျိုး​တို့​အဖို့​စိတ်အားကြီး​၍ သူ​တို့​ကို သုတ်သင်​ရန် ကြိုးစား​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 3,
      "text": "ဒါဝိဒ်​မင်းကြီး​က ဂိဗောင်​မြို့သား​တို့​အား “​ယခု သင်​တို့​အဖို့ ငါ မည်သို့​ပြု​ပေး​ရ​မည်နည်း​။ ထာဝရဘုရား​၏​အမွေ​တော်​ကို သင်​တို့​ကောင်းချီးပေး​ကြ​ဖို့ ငါ မည်သို့​အပြစ်ဖြေ​ရ​မည်နည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 4,
      "text": "ဂိဗောင်​မြို့သား​တို့​က “​အကျွန်ုပ်​တို့​သည် ရှောလု​နှင့်​သူ့​အမျိုးအနွယ်​တို့​ထံမှ ရွှေ​ငွေ​ကို မ​တောင်း​ပါ​။ အစ္စရေး​လူမျိုး​တစ်ယာက်​ကို​မှ​လည်း မ​သတ်​လို​ပါ​”​ဟု ပြန်လျှောက်​ကြ​လျှင် ဒါဝိဒ်​မင်းကြီး​က “​သင်​တို့ အလိုရှိ​သမျှ​ကို ငါ​ပြု​ပေး​ပါ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 5,
      "text": "သူ​တို့​က ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​လူမျိုး​ကို အစ္စရေး​နယ်မြေ​တစ်ခွင်လုံး​မှ​ပပျောက်​သွား​အောင် ဝါးမျို​သုတ်သင်​ပစ်​ရန် ကြံစည်​သူ​မှာ ဤ​သူ​ပင်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 6,
      "text": "ထို့ကြောင့် သူ့​သား​ခုနစ်​ယောက်​ကို အကျွန်ုပ်​တို့​လက်​သို့ အပ်​တော်မူ​ပါ​။ ထာဝရဘုရား ရွေးကောက်​ခံရ​သူ​ရှောလု​၏​ဇာတိ​မြို့​ဖြစ်​သော ဂိဗာ​မြို့​၌ သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​တွင် ကြိုးဒဏ်​ပေး​ပါ​မည်​”​ဟု လျှောက်တင်​ကြ​လျှင် ရှင်ဘုရင်​က “​ငါ​အပ်ပေး​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 7,
      "text": "သို့သော် ဒါဝိဒ်​မင်းကြီး​နှင့် ရှောလု​မင်းကြီး​၏​သား​ယောနသန်​တို့​ကြား​၌ ထာဝရဘုရား​ကို​တိုင်တည်​၍ ပြု​ထား​သော​ကတိသစ္စာ​ကြောင့် ရှင်ဘုရင်​သည် ရှောလု​၏​မြေး​၊ ယောနသန်​၏​သား မေဖိဗောရှက်​ကို ချမ်းသာ​ပေး​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 8,
      "text": "ထို့ကြောင့် ရှင်ဘုရင်​သည် ရှောလု​မင်းကြီး​အဖို့ အာယ​၏​သမီး​ရိဇပ​က မွေးဖွား​ပေး​သော​သား​နှစ်​ယောက်​ဖြစ်​သည့် အာမောနိ​နှင့်​မေဖိဗောရှက်​၊ မေဟောလသိ​မြို့သား ဗာဇိလဲ​၏​သား​အဒြေလ​အဖို့ ရှောလု​မင်းကြီး​၏​သမီး​မိခါလ​က​မွေးဖွား​ပေး​သော​သား​ငါး​ယောက်​တို့​ကို ခေါ်ယူ​ပြီး"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 9,
      "text": "ဂိဗောင်​မြို့သား​တို့​လက်​သို့ အပ်လိုက်​သဖြင့် ဂိဗောင်​မြို့သား​တို့​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော် တောင်​ပေါ်တွင်​ကြိုးဒဏ်​ပေး​၏​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန် မုယောစပါး​စတင်​ရိတ်သိမ်း​သော ပထမ​ရက်​တွင် အသတ်​ခံရ​၍ ခုနစ်​ဦး​စလုံး ပြိုင်တူ​သေ​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 10,
      "text": "အလောင်း​တို့​ကို နေ့​အချိန်​တွင် မိုးကောင်းကင်​ငှက်​တို့ မ​ထိပါး​အောင်​၊ ညအချိန်​တွင် တောတိရစ္ဆာန်​တို့ လာ​မ​ဆွဲ​အောင် အာယ​၏​သမီး​ရိဇပ​က လျှော်တေအဝတ်​ကို​ယူ​၍ ကျောက်ဖျာ​တစ်​ခု​ပေါ်တွင်​ခင်းထိုင်​ပြီး သီးနှံ​ရိတ်သိမ်း​ချိန်​မှ​စ​၍ အလောင်း​ပေါ်သို့ ကောင်းကင်​မှ​မိုး​ရွာချ​သည့်​အချိန်​ထိ စောင့်ရှောက်​ပေး​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 11,
      "text": "ရှောလု​မင်းကြီး​၏​မောင်းမ အာယ​၏​သမီး ရိဇပ​ပြု​သော​အမှု​ကို ဒါဝိဒ်​မင်းကြီး​အား ကြားလျှောက်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 12,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ယာဗက်ဂိလဒ်​မြို့သား​တို့​ထံမှ ရှောလု​မင်းကြီး​နှင့်​သား​တော်​ယောနသန်​တို့​၏​အရိုး​ကို သွား​ယူလာ​ခဲ့​၏​။ ရှောလု​မင်းကြီး​ကို​ဂိလဗော​တောင်​ပေါ်တွင် ဖိလိတ္တိ​လူမျိုး​တို့​သတ်​သော​နေ့​၌ ဗက်ရှန်​မြို့ လမ်းဆုံလမ်းခွ​တွင် သူ​တို့​အား ချိတ်ဆွဲ​ထား​သည်​ကို ယာဗက်ဂိလဒ်​မြို့သား​တို့ ခိုးယူ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 13,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ယာဗက်ဂိလဒ်​မြို့​မှ ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​တို့​၏​အရိုး​များ​ကို ယူလာ​၏​။ ကြိုးဒဏ်​ခံရ​သော​သူ​တို့​၏​အရိုး​များ​ကို​လည်း စုသိမ်း​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 14,
      "text": "ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​တို့​၏​အရိုး​ကို ဗင်္ယာမိန်​ပြည်​၊ ဇေလ​မြို့​ရှိ ရှောလု​မင်းကြီး​၏​ဖခင် ကိရှ​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​လိုက်​ကြ​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း အလုံးစုံ​ပြု​ပြီး​သောအခါ​မှ ဘုရားသခင်​သည် ပြည်​တော်​အတွက် ဆုတောင်းသံ​ကို နားညောင်း​တော်မူ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 15,
      "text": "တစ်ဖန် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စစ်​လာ​တိုက်​ကြ​ပြန်​၏​။ ဒါဝိဒ်​မင်းကြီး​သည် မိမိ​စစ်သည်​တို့​နှင့်အတူ​သွား​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ရာ ဒါဝိဒ်​မင်းကြီး အလွန်​မောပန်း​နေစဉ်​တွင်"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 16,
      "text": "အသစ်​သော​ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ပြီး ရှယ်ကယ်​သုံး​ရာ ​လေး​သော​ကြေးနီ​လှံတံ​ကို​ကိုင်ဆောင်​သည့် ရေဖိမ်​အနွယ်ဝင် ဣရှဗိဗေနုပ်​သည် ဒါဝိဒ်​မင်းကြီး​ကို သတ်​မည်​ပြု​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 17,
      "text": "ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​သည် ဒါဝိဒ်​မင်းကြီး​ကို​လာကူ​ပြီး ထို​ဖိလိတ္တိ​သူရဲ​ကို တိုက်ခိုက်​သတ်ဖြတ်​လိုက်​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​၏​စစ်သည်​တို့​က သူ့​အား “​အစ္စရေး​လူမျိုး​၏​ဆီမီး ငြိမ်း​မ​သွား​စေရန် နောက်နောင် အကျွန်ုပ်​တို့​နှင့်အတူ စစ်ပွဲ​ရှိ​ရာ​သို့ မ​လိုက်​ပါ​နှင့်​တော့​”​ဟု ဆို​လျက် ဒါဝိဒ်​မင်းကြီး​အား ကျိန်ဆို​စေ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 18,
      "text": "ထို့နောက်တွင် ဂေါဘ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ ဟုရှသိ​လူမျိုး သိဗေခဲ​သည် ရေဖိမ်​အနွယ်ဝင် သာဖ​ကို သတ်​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 19,
      "text": "ထို့နောက်တွင် ဂေါဘ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ ဗက်လင်​မြို့သား​၊ ယာဣရု​၏​သား ဧလဟာနန်​သည် ယက်ကန်းလိပ်​တမျှ​ကြီး​သော​လှံရိုး​ကို ကိုင်ဆောင်​သည့် ဂိတ္တိ​လူမျိုး ဂေါလျတ်​ကို သတ်​လိုက်​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 20,
      "text": "ထို့နောက်တွင် ဂါသ​မြို့​၌ တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ လက်​တစ်ဖက်​တွင်​လက်ချောင်း​ခြောက်​ချောင်း​၊ ခြေ​တစ်ဖက်​တွင်​ခြေချောင်း​ခြောက်​ချောင်း စုစုပေါင်း​လက်ချောင်း​ခြေချောင်း နှစ်ဆယ့်​လေး​ချောင်း​ရှိ​ပြီး ခန္ဓာထွားကျိုင်း​သော ရေဖိမ်​အနွယ်ဝင်​လူ​တစ်ဦး​က"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​တို့​အား စိန်ခေါ်​သဖြင့် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား​ယောနသန်​သည် သူ့​ကို သတ်လိုက်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 22,
      "text": "ရေဖိမ်​အနွယ်ဝင် ထို​ဂါသ​မြို့သား​လေး​ဦး​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် သူ့​စစ်သူရဲ​တို့​၏​လက်ချက်​ဖြင့် ကျဆုံး​ကုန်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 1,
      "text": "ရှောလု​မင်းကြီး​၏​လက်​မှ​လည်းကောင်း​၊ ရန်သူ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​သော​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ထံ ဤသို့ သီချင်း​စပ်ဆို​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 2,
      "text": "“​ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 3,
      "text": "ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​၊ ငါ​၏​ခံတပ်​၊ ငါ​၏​မှီခို​ရာ​၊ ရက်စက်ကြမ်းကြုတ်မှု​တို့​မှ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 4,
      "text": "ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 5,
      "text": "အကယ်စင်စစ် သေ​ခြင်း​လှိုင်းလုံး​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည် ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 6,
      "text": "မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 7,
      "text": "ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း နား​တော်​သို့​ရောက်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 8,
      "text": "ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ မိုးကောင်းကင်​အုတ်မြစ်​သည်​လည်း ယိမ်းထိုး​ခါယမ်း​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 9,
      "text": "ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။ ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 10,
      "text": "ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 11,
      "text": "ကိုယ်တော်​သည် ခေရုဗိမ် ​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​ပေါ်တွင် ကိုယ်တော်​ကို ဖူးမြင်​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 12,
      "text": "ကိုယ်တော်​သည် မိုးရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​ဖြင့် ကိုယ်​ကို​ပတ်လည်​ခြံရံ​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 13,
      "text": "ရှေ့​တော်​ရှိ ရောင်ခြည်​တော်​ကြောင့် မီးခဲ​များ​တောက်လောင်​ရ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 14,
      "text": "ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် အသံ​ကို လွှင့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 15,
      "text": "မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​အား ကွဲလွင့်​စေ​တော်မူ​၏​။ လျှပ်စီး​ကို​လက်​စေ​၍ သူ​တို့​အား ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 16,
      "text": "ထာဝရဘုရား​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 17,
      "text": "ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ​လည်း ငါ့​ကို ဆယ်ယူ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 18,
      "text": "ငါ​မပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 19,
      "text": "ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 20,
      "text": "ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။ ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ကယ်မ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 21,
      "text": "ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 22,
      "text": "အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ငါ​၏​ဘုရားသခင်​ကို​ဆန့်ကျင်​ပြီး ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 23,
      "text": "အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 24,
      "text": "ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ကိုယ့်​ဒုစရိုက်​ကို ကိုယ်​ရှောင်ကြဉ်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 25,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 26,
      "text": "ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 27,
      "text": "သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 28,
      "text": "ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​သူ​တို့​ကို​ကား နှိမ့်ချ​ဖို့ စောင့်ကြည့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 29,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 30,
      "text": "အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 31,
      "text": "ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ​ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 32,
      "text": "အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 33,
      "text": "ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 34,
      "text": "ငါ​၏​ခြေ​ကို သမင်​ခြေ​ကဲ့သို့​ဖြစ်​စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 35,
      "text": "ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 36,
      "text": "ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 37,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 38,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ကို လိုက်​၍ သုတ်သင်​ခဲ့​ပါ​၏​။ သူ​တို့​ကို​အပြီးသတ်​မ​သုတ်သင်​မီ​တိုင်အောင် နောက်ပြန်​မ​လှည့်​ခဲ့​ပါ​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 39,
      "text": "အကျွန်ုပ်​သည် သူ​တို့​ကို အပြီးသတ်​သုတ်သင်​ခဲ့​ပါ​၏​။ သူ​တို့​မ​ထ​နိုင်​အောင်​ချေမှုန်း​ခဲ့​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​အောက်​တွင်​လဲကျ​ခဲ့​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 40,
      "text": "ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​၏​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 41,
      "text": "အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ် ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 42,
      "text": "သူ​တို့​သည် မျှော်ကြည့်​သော်လည်း ကယ်တင်​မည့်​သူ မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ​မျှော်ကြည့်​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 43,
      "text": "ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​ဖိ​နင်း​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 44,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​တိုက်ခိုက်​သော​လူ​တို့​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​၍ လူမျိုးတကာ​တို့​၏​အကြီးအမှူး​အဖြစ် အကျွန်ုပ်​ကို စောင့်ရှောက်​တော်မူ​၏​။ အကျွန်ုပ်​မ​သိ​ဖူး​သော​လူ​တို့​သည်​လည်း အကျွန်ုပ်​ကို​အစေခံ​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 45,
      "text": "တိုင်းတစ်ပါးသား​တို့​သည် အကျွန်ုပ်​ကို ခယဝပ်တွား​ကြ​ပြီး အကျွန်ုပ်​အကြောင်း​ကို​ကြား​ရ​သည်​နှင့် အကျွန်ုပ်​စကား​ကို​နာခံ​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 46,
      "text": "တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 47,
      "text": "ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ငါ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 48,
      "text": "ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုးတကာ​တို့​ကို ငါ့​လက်အောက်​သို့ ရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 49,
      "text": "ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 50,
      "text": "ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 51,
      "text": "ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။”"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​နောက်ဆုံး​မိန့်ဆို​ခဲ့​သော​စကား​။ ယေရှဲ​၏​သား ဒါဝိဒ်​မင်းကြီး​မိန့်ဆို​ခဲ့​သော​နိမိတ်စကား​။ အမြင့်ဆုံး​သို့ ချီးမြှောက်​ခြင်း​ခံရ​သူ​၊ ယာကုပ်​၏​ဘုရားသခင် ဘိသိက်ပေး​ထား​သူ​၊ အသာယာဆုံး​အစ္စရေး​သီချင်း​ကို​ရေးစပ်သီဆို​သူ မိန့်ဆို​ခဲ့​သော​နိမိတ်စကား​များ​ကား ဤသို့​တည်း​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 2,
      "text": "“​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အားဖြင့် မြွက်ဆို​တော်မူ​၏​။ စကား​တော်​သည် ငါ​၏​လျှာ​တွင် တည်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော အစ္စရေး​လူမျိုး​၏​ကျောက်ဆောင်​က ငါ့​အား ‘​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ လူ​ကို ဖြောင့်မှန်​စွာ အုပ်စိုး​သော​သူ​သည်"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 4,
      "text": "နံနက်အချိန်​ထွက်​သော​နေ​အလင်း​၊ မြေ​ပေါ်​မြက်နု​ပေါက်​စေ​ဖို့ မိုးရွာ​ပြီးမှ မိုးသားကင်းစင်​သွား​သော​နံနက်ခင်း​အလင်း​နှင့် တူ​၏​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 5,
      "text": "အကယ်စင်စစ် ငါ​၏​အမျိုးအနွယ်​သည် ဘုရားသခင်​ရှေ့​တော်​၌ ထိုသို့​ဖြစ်​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် ထာဝရ​ပဋိညာဉ်​ကို ငါ​နှင့် ဖွဲ့​တော်မူ​သည်​မ​ဟုတ်​လော​။ အလုံးစုံ​ကို စီရင်​တော်မူ​ပြီ​ဖြစ်၍ စိတ်ချလုံခြုံ​ရ​ပါ​၏​။ ငါ့​ကို အကြွင်းမဲ့​ကယ်တင်​တော်မူ​ပြီ​။ အလုံးစုံ​သော​ဆန္ဒ​တို့​ကို ဖြည့်ဆည်း​ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 6,
      "text": "ဆိုးညစ်​သော​သူ​တို့​မူကား လက်​နှင့်​ကိုင်​၍​မ​ရ​သော​ဆူးပင်​နှင့်​တူ​၏​။ အားလုံး​ကော်ထုတ်​ပစ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 7,
      "text": "ထို​ဆူးပင်​ကို​ကိုင်​မည်​ဆို​လျှင် သံချွန်​၊ လှံတံ​တို့​ဖြင့် ကိုင်​ရ​၏​။ ပေါက်​ရာ​အရပ်​၌​ပင် မီး​ရှို့​ပစ်​ခြင်း ခံရ​မည်​။​”"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​၏​သူရဲကောင်း​၏​အမည်​များ​မှာ ဤသို့​တည်း​။ တာခမောနိ​အမျိုး ယာရှောဘာရှိဗက်​သည် သူရဲကောင်း​သုံး​ဦး​တို့​၏​ခေါင်းဆောင်​ဖြစ်​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​လိုက်​သည်​နှင့် တစ်ချိန်တည်း​မှာ​ပင် လူ​အယောက်​ရှစ်​ရာ​ကို သတ်ဖြတ်​နိုင်​ခဲ့​သူ​ဖြစ်​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 9,
      "text": "သူရဲကောင်း နောက်​တစ်​ဦး​မှာ အဟောဟိ​၏​မြေး​၊ ဒေါဒေါ​၏​သား ဧလာဇာ ဖြစ်​၏​။ စစ်တိုက်​ရန် ချီလာ​သော​ဖိလိတ္တိ​လူမျိုး​တို့​ကို ဒါဝိဒ်​မင်းကြီး​နှင့်အတူ​စိန်ခေါ်​ခဲ့​သူ သူရဲကောင်း​သုံး​ဦး​တွင် သူ​လည်း အပါအဝင်​ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့ ဆုတ်ခွာ​သွား​သောအခါ"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 10,
      "text": "သူ​သည် မ​ဆုတ်​ဘဲ လက်​ကို​ဓား​မှ​ပြန်ခွာ​၍​မ​ရ​အောင် လက်အန်သေ​သည်​အထိ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ခဲ့​၏​။ ထို​နေ့​တွင် ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။ စစ်သည်​တို့​သည်​ပင် တိုက်ရာပါပစ္စည်း​များ​ကို သိမ်းယူ​ဖို့​ရန် ပြန်လှည့်​လာ​ကြ​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 11,
      "text": "နောက်တစ်ဦး​မှာ ဟာရရိ​အမျိုး​၊ အာဂိ​၏​သား ရှမ္မ​ဖြစ်​၏​။ ဖိလိတ္တိ​လူမျိုး​တို့ စုဝေး​ချီတက်​လာ​ရာ ပဲနီခင်း​တစ်ခင်း​သို့ ရောက်လာ​၏​။ ကျန်​စစ်သည်​များ ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကုန်​ကြ​သော်လည်း"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 12,
      "text": "ရှမ္မ​သည် လယ်ကွက်​အလယ်​တွင်​ရပ်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ခုခံ​တိုက်ခိုက်​ရာ ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 13,
      "text": "ရိတ်သိမ်း​ရာ​ကာလ​တွင် စစ်သူရဲ​သုံးဆယ်​ထဲမှ သုံး​ဦး​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ အဒုလံ​လိုဏ်ဂူ​သို့ ဆင်းသွား​ကြ​၏​။ ဖိလိတ္တိ​တပ်​မူကား ရေဖိမ်​ချိုင့်ဝှမ်း​တွင် စခန်းချ​လျက်​ရှိ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 14,
      "text": "ထို​အချိန်​က ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​စံမြန်း​လျက်​ရှိ​ပြီး ဖိလိတ္တိ​ကင်းတပ်​မူကား ဗက်လင်​မြို့​၌ တပ်စွဲ​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 15,
      "text": "ဒါဝိဒ်​မင်းကြီး​က “ဗက်လင်​မြို့​တံခါး​အနီး​ရှိ ရေတွင်း​မှ​ရေ​ကို ငါ့​အတွက် တစ်ယောက်ယောက်​ခပ်ပေး​လျှင် ကောင်း​ပေ​မည်”​ဟု တောင့်တ​၍ ဆို​မိ​လျှင်"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 16,
      "text": "ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူ​ဆောင်လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက်"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 17,
      "text": "“​အို ထာဝရဘုရား​၊ ဤ​အမှု​သည် အကျွန်ုပ်​နှင့်​ဝေး​ပါစေသော​။ ဤ​ရေ​သည် သူ​တို့​၏​အသွေး​ဖြစ်​ပါ​၏​။ သူ​တို့​အသက်​နှင့်​ရင်း​၍​ရ​လာ​သော​ရေ​ကို အကျွန်ုပ်​သောက်​ရ​ပါ​မည်​လော”​ဟု ဆို​လျက် ထို​ရေ​ကို​မ​သောက်​ဘဲ​နေ​လေ​၏​။ သူရဲကောင်း​သုံး​ဦး​တို့​သည် ဤသို့​စွမ်းဆောင်​ပေး​ခဲ့​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 18,
      "text": "ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကို ဦးဆောင်​ရ​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​ပြီး လူ​အယောက်​သုံး​ရာ​ကို တိုက်ခိုက်​သတ်ဖြတ်​၏​။ ထို့ကြောင့် သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကဲ့သို့ နာမည်ကြီး​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 19,
      "text": "သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 20,
      "text": "ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 21,
      "text": "သန်မာထွားကျိုင်း​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 22,
      "text": "ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​လည်း နာမည်​ကျော်စော​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 23,
      "text": "သူ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​ထက် အစွမ်းထက်​သော်လည်း ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။ ဒါဝိဒ်​မင်းကြီး​သည် သူ့​အား ကိုယ်ရံတော်မှူး​အဖြစ် ခန့်အပ်​ထား​၏​။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 24,
      "text": "ယွာဘ​၏​ညီ အာသဟေလ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​တွင် တစ်ဦး​အပါအဝင်​ဖြစ်​၏​။ ဗက်လင်​မြို့သား ဒေါဒေါ​၏​သား ဧလဟာနန်​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 25,
      "text": "ဟရောဒိ​လူမျိုး ရှမ္မ​၊ ဟရောဒိ​လူမျိုး ဧလိက​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 26,
      "text": "ဖာလတိ​လူမျိုး ဟေလက်​၊ တေကော​လူမျိုး ဣကေရှ​၏​သား ဣရ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 27,
      "text": "အနေသောသိ​လူမျိုး အဗျေဇာ​၊ ဟုရှသိ​လူမျိုး မေဗုန္နဲ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 28,
      "text": "အဟောဟိ​လူမျိုး ဇာလမုန်​၊ နေတောဖာသိ​လူမျိုး မဟာရဲ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 29,
      "text": "နေတောဖာသိ​လူမျိုး ဗာနာ​၏​သား ဟေလက်​၊ ဂိဗာ​မြို့​မှ ဗင်္ယာမိန်​သားမြေး ရိဘဲ​၏​သား အိတ္တဲ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 30,
      "text": "ပိရသုန်​မြို့သား ဗေနာယ​၊ ဂါရှ​ချိုင့်ဝှမ်း​မှ ဟိဒ္ဒဲ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 31,
      "text": "အာဗသိ​လူမျိုး အဗျာလဗုန်​၊ ဗာဟုမိ​လူမျိုး အာဇမာဝက်​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 32,
      "text": "ရှာလဗောနိ​လူမျိုး ဧလျာဘ​၊ ယာရှင်​သားမြေး ယောနသန်​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 33,
      "text": "ဟာရရိ​လူမျိုး ရှမ္မ​၊ ဟာရရိ​လူမျိုး ရှာရ​၏​သား အဟိအံ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 34,
      "text": "မာခါသိ​လူမျိုး အဟသဘဲ​၏​သား ဧလိဖလက်​၊ ဂိလောနိ​လူမျိုး အဟိသောဖေလ​၏​သား ဧလျံ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 35,
      "text": "ကရမေလိ​လူမျိုး ဟေဇရဲ​၊ အာဘိ​လူမျိုး ဖာရဲ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 36,
      "text": "ဇောဘ​လူမျိုး နာသန်​၏​သား ဣဂါလ​၊ ဂဒ်​လူမျိုး ဗာနိ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 37,
      "text": "အမ္မုန်​လူမျိုး ဇေလက်​၊ ဇေရုယာ​၏​သား ယွာဘ​၏​လက်နက်ကိုင် ဗေရောသိ​လူမျိုး နဟာရဲ​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 38,
      "text": "ဣသရိ​လူမျိုး ဣရ​၊ ဣသရိ​လူမျိုး ဂါရက်​၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 39,
      "text": "ဟိတ္တိ​လူမျိုး ဥရိယ စုစုပေါင်း သုံးဆယ့်​ခုနစ်​ဦး ရှိ​သတည်း​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​တော်မူ​၍ ဒါဝိဒ်​မင်းကြီး​၏​စိတ်​ကို​နှိုးဆော်​သဖြင့် ဒါဝိဒ်​မင်းကြီး​က လူ​တို့​အား “​အစ္စရေး​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​ကို သွား​၍​စာရင်းယူ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 2,
      "text": "ရှင်ဘုရင်​က သူ့​ထံ​အခစားဝင်​နေ​သော​ဗိုလ်ချုပ်​ယွာဘ​အား “​အစ္စရေး​အမျိုးအနွယ်​အားလုံး​၏​အရေအတွက်​ကို ငါ​သိ​ရ​အောင် ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင်​သွား​ပြီး စာရင်းယူ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 3,
      "text": "ယွာဘ​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် လူ​တို့​ကို သူ​တို့​ရှိ​သည်​ထက် အဆ​တစ်ရာ တိုးပွား​စေ​သည်​ကို အရှင်​မင်းကြီး ကိုယ်တိုင်​မြင်တွေ့​ရ​ပါစေသော​။ အဘယ်ကြောင့် အရှင်​မင်းကြီး ဤ​အမှု​ကို ပြု​လို​ပါ​သနည်း​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 4,
      "text": "သို့ရာတွင် ရှင်ဘုရင်​၏​အမိန့်​တော်​သည် ယွာဘ​နှင့် စစ်သူကြီး​တို့​ကို လွှမ်းမိုး​နိုင်​သဖြင့် ယွာဘ​နှင့် စစ်သူကြီး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စာရင်းယူ​ရန် ရှင်ဘုရင်​ထံ​မှ ထွက်သွား​ကြ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 5,
      "text": "သူ​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂဒ်​ချိုင့်ဝှမ်း​အလယ် အာရော်​မြို့​တောင်ဘက်​တွင် စခန်းချ​ကြ​ပြီးနောက် ယာဇာ​မြို့​သို့​ဆက်သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 6,
      "text": "ထိုမှ ဂိလဒ်​ပြည်​၊ တက်တိမ်ဟော​ရှိ​ပြည်​တို့​သို့ သွား​ပြီး ဒန်ယန်​ပြည်​နှင့် ဆီဒုန်​ပြည်​ဘက်​သို့ ပတ်သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 7,
      "text": "ထိုမှ တိုင်ရာ​ခံတပ်​မြို့​၊ ဟိဝိ​လူမျိုး​နှင့် ခါနာန်​လူမျိုး​တို့ နေထိုင်​ရာ​မြို့​ရှိသမျှ​တို့​သို့ သွား​၏​။ ယုဒ​ပြည်​၊ နေဂေ့​အရပ်​ရှိ​ဗေရရှေဘ​မြို့​သို့​လည်း သွား​ကြ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 8,
      "text": "သူ​တို့​သည် ကိုး​လ​နှင့် ရက်​နှစ်ဆယ်​ကြာ​အောင် တစ်ပြည်လုံး​သို့ လှည့်လည်​သွားလာ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 9,
      "text": "ယွာဘ​သည် လူ​အရေအတွက်​စာရင်း​ကို ရှင်ဘုရင်​ထံ ပေးအပ်​၏​။ စာရင်း​အရ​ဓား​ကိုင်​စစ်သူရဲ​များ​မှာ အစ္စရေး​အမျိုးသား​တွင် ရှစ်သိန်း​၊ ယုဒ​အမျိုးသား​တွင် ငါးသိန်း ရှိ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 10,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ထိုသို့ လူ​အရေအတွက်​စာရင်း​ကို ကောက်ယူ​ပြီးမှ နောင်တရ​သဖြင့် ထာဝရဘုရား​အား “​အကျွန်ုပ်​သည် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲ​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး နံနက်​အိပ်ရာ​ထ​ချိန်​တွင် ဒါဝိဒ်​မင်းကြီး​၏​ဗျာဒိတ်ဆရာ ပရောဖက်​ဂဒ်​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ရောက်လာ​၍"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 12,
      "text": "“​သင်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​ပြီး ‘​သင့်​အား ရွေးချယ်စရာ​သုံး​ခု​ကို ပေး​ထား​ပြီ​။ ထို​သုံး​ခု​ထဲမှ တစ်​ခု​ကို ရွေး​လော့​။ သင်​ရွေး​သည့်​အချက်​အတိုင်း သင့်​ကို ပြု​မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 13,
      "text": "ထို့ကြောင့် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​၍ “​အရှင်မင်းကြီး​၏​တိုင်းပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ခုနစ်​နှစ် ဖြစ်​စေ​ရ​မည်လော​။ သို့မဟုတ် ရန်သူ​လိုက်​သဖြင့် အရှင်မင်းကြီး​ကို သုံး​လ​ပတ်လုံး​ထွက်ပြေး​စေ​ရ​မည်လော​။ သို့မဟုတ် တိုင်းပြည်​တွင် သုံး​ရက်​ပတ်လုံး​ကပ်ရောဂါဘေး ကျရောက်​စေ​ရ​မည်လော​။ အကျွန်ုပ်​ကို စေလွှတ်​သော​အရှင်​အား မည်သည့်​အဖြေ​ပြန်ပေး​ရ​မည်​ကို ယခု စဉ်းစား​ဆုံးဖြတ်​ပါ​လော့​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 14,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်းအကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​လက်​တော်​ထဲသို့​သာ ငါ​တို့​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 15,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ထို​နေ့​နံနက်အချိန်​မှစ၍ သတ်မှတ်​ထား​သော​အချိန်​ထိ အစ္စရေး​လူမျိုး​တို့​ထဲသို့ ကပ်ရောဂါ​ဘေး​ကျရောက်​စေ​သဖြင့် ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် လူ​ခုနစ်သောင်း သေ​ကြ​ရ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 16,
      "text": "ကောင်းကင်တမန်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် လက်​ကို​ဆန့်​တော်မူ​လျှင် ထာဝရဘုရား​သည် ထို​ကပ်ရောဂါ​ဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် လူ​တို့​ကို​ဖျက်ဆီး​သည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​၌ ရှိ​နေ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 17,
      "text": "လူ​တို့​ကို​ဒဏ်ခတ်​သော​ကောင်းကင်တမန်​ကို မြင်​သောအခါ ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​အား “​အပြစ်ပြု​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ အမှား​ကျူးလွန်​မိ​သူ​မှာ အကျွန်ုပ်​ဖြစ်​ပါ​၏​။ ဤ​သိုး​တို့​မူကား မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​နှင့်​အကျွန်ုပ်​ဘိုးဘေး​၏​အိမ်သူအိမ်သား​တို့​၌​သာ ကိုယ်တော်​၏​လက်​တော် ကျရောက်​စေ​ပါ​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 18,
      "text": "ထို​နေ့​တွင် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ “ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 19,
      "text": "ဒါဝိဒ်​မင်းကြီး​သည်​လည်း ဂဒ်​အား ထာဝရဘုရား​ဆင့်ဆို​စေ​သည့်​စကား​အတိုင်း သွား​၍ ပြု​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 20,
      "text": "အရောန​သည် ရှင်ဘုရင်​နှင့်​မင်းမှုထမ်း​တို့ သူ့​ထံသို့​လာ​နေ​သည်​ကို လှမ်းမြင်​လျှင် ရှင်ဘုရင်​ထံသို့​သွား​၍ ရှေ့​တော်​တွင် မြေ​မှာ​ပျပ်ဝပ်​လျက်"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 21,
      "text": "“​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အရှင့်​အစေအပါး​ထံ အဘယ်​အရေး​ကြောင့်​ကြွလာ​ရ​ပါ​သနည်း​”​ဟု အရောန​မေးလျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ဝယ်ယူ​ရန် လာ​ပါ​သည်​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 22,
      "text": "အရောန​က ဒါဝိဒ်​မင်းကြီး​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မီးရှို့ရာယဇ်​အဖို့ နွား​ရှိ​ပါ​၏​။ ထင်း​အဖို့ ကောက်နယ်​သစ်သားပြား​နှင့် လယ်ထွန်​တန်ဆာပလာ​များ​လည်း ရှိ​ပါ​၏​။ အလိုရှိ​သည့်​အတိုင်း ယူ​တော်မူ​ပါ​။ ပူဇော်​တော်မူ​ပါ​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 23,
      "text": "အို အရှင်မင်းကြီး​၊ အရောန​၌​ရှိသမျှ​ကို အရှင်မင်းကြီး​အား ပေး​ပါ​၏​”​ဟု လျှောက်တင်​၏​။ ထို့ပြင် အရောန​သည် ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အရှင့်​ကို လက်ခံ​တော်မူ​ပါစေသော​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 24,
      "text": "သို့သော် ရှင်ဘုရင်​က အရောန​အား “​ထိုသို့​မ​ဟုတ်​ပါ​။ စင်စစ် သင့်​မြေ​ကို အဖိုးအခ​ပေး​၍ ဝယ်​ပါ​မည်​။ ငါ​သည် အဖိုးအခမပေး​ဘဲ မီးရှို့ရာယဇ်​ကို ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မ​ပူဇော်​လို​ပါ​”​ဟု မိန့်ဆို​၍ ဒါဝိဒ်​မင်းကြီး​သည် ကောက်နယ်တလင်း​နှင့် နွား​ကို ငွေ​ရှယ်ကယ်​ငါးဆယ် ​ဖြင့် ဝယ်ယူ​လေ​၏​။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 25,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထို​နေရာ​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​၍ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထာဝရဘုရား​သည်​လည်း တိုင်းပြည်​အတွက် အသနားခံ​သည်​ကို နားညောင်း​တော်မူ​ပြီး အစ္စရေး​လူမျိုး​တို့ ခံရ​သော​ဘေးဒဏ်​ကို ငြိမ်း​စေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​သည် အသက်ကြီး​၍​အိုမင်း​လာ​သောအခါ အနွေးထည်​များ ဝတ်ပေး​သော်လည်း မ​နွေး​နိုင်​တော့​ပေ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 2,
      "text": "ထို့ကြောင့် သူ့​အမှုထမ်း​တို့​က “​အကျွန်ုပ်​တို့​၏​သခင်​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​အဖို့ မိန်းမပျို​တစ်​ယောက် ရှာပေး​ပါရစေ​။ သူ့​ကို အရှင်မင်းကြီး​ထံ​အခစားဝင်​၍ ပြုစု​စေ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​၏​သခင်​အရှင်မင်းကြီး နွေးထွေး​ဖို့ သူ​သည် အရှင်မင်းကြီး​၏​ရင်ခွင်​၌ အိပ်​ပါစေ​”​ဟု သူ့​အား လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 3,
      "text": "ထို့နောက် သူ​တို့​သည် အဆင်းလှ​သော​မိန်းမပျိုလေး​တစ်​ဦး​ကို အစ္စရေး​တစ်ပြည်လုံး​တွင် လိုက်လံရှာဖွေ​ရာ ရှုနင်​မြို့သူ​အဘိရှက်​ကို တွေ့​သဖြင့် ရှင်ဘုရင်​ထံ ခေါ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 4,
      "text": "သူ​သည် အလွန်​အဆင်းလှ​သော​မိန်းမပျိုလေး​ဖြစ်​၏​။ သူ​သည် ရှင်ဘုရင်​ထံ၌​ခစား​လျက် ပြုစု​ပေး​သော်လည်း ရှင်ဘုရင်​သည် သူ့​ကို ခြေ​တော်​မ​တင်​ချေ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 5,
      "text": "တစ်နေ့တွင် ဟဂ္ဂိတ်​၏​သား​အဒေါနိယ​က “ငါ​ရှင်ဘုရင်​လုပ်​မည်​”​ဟု ဆို​လျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ မိမိ​အဖို့ မြင်းရထား​၊ မြင်းစီးသူရဲ​များ​နှင့် ရှေ့​တော်​ပြေး​အယောက်​ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 6,
      "text": "သူ့​ခမည်းတော်​သည် သူ​စိတ်ဆင်းရဲ​အောင် “​သင် အဘယ်ကြောင့် ဤသို့​ပြု​သနည်း​”​ဟု တစ်ခါ​မျှ​မ​ဆို​ဖူး​ပေ​။ အဒေါနိယ​သည် အဗရှလုံ​၏​ညီ​ဖြစ်​ပြီး ရုပ်ရည်​အလွန်​ချော​သူ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 7,
      "text": "သူ​သည် ဇေရုယာ​၏​သား​ယွာဘ​၊ ယဇ်ပုရောဟိတ်​အဗျာသာ​တို့​နှင့် တိုင်ပင်ဆွေးနွေး​ရာ သူ​တို့​က အဒေါနိယ​ကို အားပေးမြှောက်ပင့်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 8,
      "text": "သို့သော် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​၏​သား​ဗေနာယ​၊ ပရောဖက်​နာသန်​၊ ရှိမိ​၊ ရေဣ​နှင့် ဒါဝိဒ်​မင်းကြီး​၏​စစ်သူရဲ​တို့​ကား အဒေါနိယ​ဘက်​၌ မ​နေ​ကြ​ပေ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 9,
      "text": "အဒေါနိယ​သည် ဘုရင့်​သား​တော်​ဖြစ်​သော မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ခမည်းတော်​၏​အမှုထမ်း​များ​ဖြစ်​သော ယုဒ​အမျိုးသား​အပေါင်း​တို့​ကို ဖိတ်ခေါ်​ပြီး အင်္ရောဂေလ​အရပ်​နှင့်​နီး​သော ဇောဟေလက်​ကျောက်ဖျာ​ပေါ်တွင် သိုး​၊ နွား​နှင့် ဆူဖြိုး​သော​အကောင်​တို့​ကို ယဇ်ပူဇော်​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 10,
      "text": "သို့သော် ပရောဖက်​နာသန်​၊ ဗေနာယ​၊ စစ်သူရဲ​များ​နှင့် သူ့​ညီ​ရှောလမုန်​တို့​ကို​မူ မ​ဖိတ်ခေါ်​ပေ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 11,
      "text": "နာသန်​သည် ရှောလမုန်​၏​မယ်တော်​ဗာသရှေဘ​အား “​အကျွန်ုပ်​တို့​၏​သခင်​ဒါဝိဒ်​မင်းကြီး​မ​သိ​ဘဲ ဟဂ္ဂိတ်​၏​သား​အဒေါနိယ​သည် ကိုယ့်ကိုယ်ကိုယ်​မင်းမြှောက်​လိုက်​ကြောင်း​ကို သင်​မ​ကြား​သလော​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 12,
      "text": "ထို့ကြောင့် ယခု သင့်​အသက်​နှင့် သင့်​သား​ရှောလမုန်​အသက် ဘေးကင်း​မည့်​အကြောင်း သင့်​ကို အကြံပေး​ပါရစေ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 13,
      "text": "ဒါဝိဒ်​မင်းကြီး​ထံ အခစား​ဝင်​၍ ‘​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​က သခင့်​ကျွန်မ​အား “​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ​၏​ရာဇပလ္လင်​ပေါ်တွင် စံနေ​ရ​မည်​”​ဟု ကျိန်ဆို​ခဲ့​ပြီ​မ​ဟုတ်​လော​။ ယခုမှာ အဒေါနိယ​သည် အဘယ်ကြောင့် မင်း​ဖြစ်​ရ​ပါ​သနည်း​’​ဟု လျှောက်တင်​လော့​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 14,
      "text": "သင် ဤသို့​ရှင်ဘုရင်​ထံ​လျှောက်တင်​နေစဉ် အကျွန်ုပ်​သည်​လည်း​ဝင်လာ​၍ သင့်​စကား​ကို​ထောက်ခံ​ပေး​မည်​”​ဟု အကြံပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 15,
      "text": "ထို့ကြောင့် ဗာသရှေဘ​သည် ရှင်ဘုရင်​ရှိ​ရာ​အတွင်းဆောင်​သို့ ဝင်သွား​၏​။ ရှင်ဘုရင်​သည် အိုမင်း​ပြီ​ဖြစ်၍ ရှုနင်​မြို့သူ​အဘိရှက်​လည်း ရှင်ဘုရင်​ကို ပြုစုပေး​လျက်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 16,
      "text": "ဗာသရှေဘ​သည် ရှင်ဘုရင်​ရှေ့​၌ ဦးညွှတ်​ပျပ်ဝပ်​လျှင် ရှင်ဘုရင်​က “​အဘယ်​အကြောင်း​ရှိ​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 17,
      "text": "ဗာသရှေဘ​က “​အကျွန်ုပ်​၏​သခင်​၊ သခင့်​ကျွန်မ​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ​၏​ရာဇပလ္လင်​ပေါ်တွင် စံနေ​ရ​မည်​’​ဟု အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အရှင်မင်းကြီး တိုင်တည်ကျိန်ဆို​ခဲ့​ပါ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 18,
      "text": "ယခုမှာ ကြည့်​ပါ​လော့​။ အဒေါနိယ​သည် ဘုရင်​ဖြစ်​နေ​ပါ​ပြီ​။ ဤ​အမှု​ကို အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး သိ​တော်​မ​မူ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 19,
      "text": "သူ​သည် သိုး​၊ နွား​နှင့် ဆူဖြိုး​သော​အကောင်​အမြောက်အမြား​ဖြင့် ယဇ်ပူဇော်ပွဲ​ကို ကျင်းပ​ပါ​ပြီ​။ ဘုရင့်​သား​တော်​အပေါင်း​နှင့်တကွ ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဗိုလ်ချုပ်​ယွာဘ​တို့​ကို ဖိတ်ခေါ်​၍ သခင့်​သား ရှောလမုန်​ကို​မူ မ​ဖိတ်ခေါ်​ပါ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 20,
      "text": "အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၊ အစ္စရေး​တစ်မျိုးနွယ်လုံး​က အရှင်မင်းကြီး​ကို စောင့်ကြည့်​နေ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် မည်သူ​စံမြန်း​မည်​၊ နန်းမွေဆက်ခံ​မည်​ကို သူ​တို့​အား မိန့်​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 21,
      "text": "သို့မဟုတ်လျှင် အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​ပြီးနောက်​တွင် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​သား​ရှောလမုန်​သည် ရာဇဝတ်သား​များ ဖြစ်​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 22,
      "text": "ထိုသို့ ရှင်ဘုရင်​ထံ​လျှောက်တင်​နေစဉ်​တွင် ပရောဖက်​နာသန် ရောက်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 23,
      "text": "“​ပရောဖက်​နာသန် လာ​သည်​”​ဟု ရှင်ဘုရင်​အား ကြားလျှောက်​ကြ​ပြီးလျှင် နာသန်​သည် ဘုရင့်​ထံပါး အခစားဝင်​၍ ဦးညွှတ်ပျပ်ဝပ်​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 24,
      "text": "ထို့နောက် နာသန်​က “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၊ အရှင်မင်းကြီး​က ‘​အဒေါနိယ​အား ငါ​၏​နန်းမွေ​ကို​ဆက်ခံ​ပြီး ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​မည်​’​ဟု မိန့်ဆို​ပြီ​လော​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 25,
      "text": "ယနေ့ သူ​သည် သိုး​၊ နွား​မှစ၍ ဆူဖြိုး​သော​အကောင်​အမြောက်အမြား​ကို သွား​၍​ယဇ်ပူဇော်​ပါ​ပြီ​။ ဘုရင့်​သား​တော်​အပေါင်း​တို့​အပါအဝင် စစ်မှုထမ်း​အကြီးအကဲ​များ​နှင့် ယဇ်ပုရောဟိတ်​အဗျာသာ​တို့​ကို ဖိတ်ခေါ်​ပြီး စား​သောက်​ကြ​လျက် ‘​အဒေါနိယ​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 26,
      "text": "သို့သော် အရှင့်​အစေအပါး​အကျွန်ုပ်​၊ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​သား​ဗေနာယ​နှင့် အရှင့်​အစေအပါး​ရှောလမုန်​တို့​ကို​မူ မ​ဖိတ်ခေါ်​ပါ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 27,
      "text": "အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် မည်သူ​စံမြန်း​မည်​၊ မည်သူ​နန်းမွေဆက်ခံ​မည်​ကို အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် သခင့်​အစေအပါး​တို့​အား အသိ​မ​ပေး​ဘဲ ဤ​အမှု​ကို​ပြု​တော်မူ​ပြီ​လော​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 28,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က “ ဗာသရှေဘ​ကို ငါ့​ထံ​ခေါ်လာ​ပါ​”​ဟု မိန့်ဆို​လျှင် ဗာသရှေဘ​သည် ရှင်ဘုရင့်​ရှေ့​တော်​သို့​ဝင်​၍ ရပ်​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 29,
      "text": "ရှင်ဘုရင်​က “​ငါ့​အသက်​ကို ဘေးအန္တရာယ်​အပေါင်း​မှ ကယ်တင်​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 30,
      "text": "‘​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ့​ရာဇပလ္လင်​၊ ငါ့​နေရာ​တွင် စံမြန်း​ရ​မည်​’​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​ခဲ့​သည့်​အတိုင်း ယနေ့​တွင် ဤ​အမှု​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 31,
      "text": "ထိုအခါ ဗာသရှေဘ​သည် ရှင်ဘုရင်​ရှေ့​တော်​တွင် ဦးညွှတ်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​ဒါဝိဒ်​မင်းကြီး သက်တော်ရာကျော်ရှည်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 32,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း “​ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား​ဗေနာယ​တို့​ကို ငါ့​ထံ​ခေါ်လာ​ပါ​”​ဟု မိန့်ဆို​လျှင် သူ​တို့​သည် ရှင်ဘုရင်​ရှေ့​တော်​သို့ အခစားဝင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 33,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​သင်​တို့​နှင့်အတူ သင်​တို့​သခင်​၏​အမှုထမ်း​တို့​ကို​ခေါ်​ပြီး သား​တော်​ရှောလမုန်​ကို ငါ​စီး​သော​လား​ကို​စီး​စေ​၍ သူ့​ကို ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​လော့​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 34,
      "text": "ထို​မြို့​တွင် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် ပရောဖက်​နာသန်​တို့​သည် သူ့​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ရ​မည်​။ ပြီးမှ တံပိုး​မှုတ်​လျက် ‘​ရှောလမုန်​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ရ​မည်​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 35,
      "text": "ထို့နောက် သင်​တို့​သည် သူ​နှင့်အတူ​ပြန်လိုက်လာ​ရ​မည်​။ သူ​သည် ငါ့​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ရ​မည်​။ ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ယခု သူ့​ကို အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ငါ​ခန့်ထား​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 36,
      "text": "ထိုအခါ ယောယဒ​၏​သား ဗေနာယ​က ရှင်ဘုရင်​အား “​အာမင်​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​သည်​လည်း ထိုသို့ မိန့်​တော်မူ​ပါစေသော​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 37,
      "text": "ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သကဲ့သို့ ရှောလမုန်​နှင့်​လည်း အတူ​ရှိ​တော်မူ​ပါစေသော​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ဒါဝိဒ်​၏​ရာဇပလ္လင်​ထက် သူ​၏​ရာဇပလ္လင်​ကို သာ၍​ကြီးမြတ်​စေ​တော်မူ​ပါစေသော​”​ဟု ပြန်လျှောက်တင်​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 38,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​သည် ရှောလမုန်​ကို ဒါဝိဒ်​မင်းကြီး​၏​လား​ပေါ်​တင်​၍ ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 39,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​ဇာဒုတ်​သည် ဆီ​ထည့်​ထား​သော​ချို​ကို တဲ​တော်​ထဲမှ​ယူ​၍ ရှောလမုန်​ကို ဘိသိက်ပေး​၏​။ ထို့နောက် သူ​တို့​သည် တံပိုး​ကို​မှုတ်​လျှင် လူ​အပေါင်း​တို့​က “​ရှောလမုန်​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 40,
      "text": "လူ​အပေါင်း​တို့​သည် သူ့​နောက်သို့​လိုက်​လျက်​၊ ပလွေ​မှုတ်​လျက် အလွန်​ဝမ်းမြောက်​ပျော်ရွှင်​စွာ ကြွေးကြော်​ကြ​လေ​၏​။ သူ​တို့​၏​ကြွေးကြော်သံ​သည် မြေကြီး​ကွဲမတတ် ဖြစ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 41,
      "text": "အဒေါနိယ​နှင့် ဖိတ်ခေါ်​ထား​သော​သူ​အားလုံး​တို့​သည်​လည်း စားသောက်​ပြီး​ချိန်​တွင် ထို​အသံ​ကို ကြား​လေ​၏​။ ယွာဘ​က​လည်း တံပိုးမှုတ်သံ​ကို​ကြား​လျှင် “​မြို့​ထဲမှ​ဆူညံသံ​ကား အဘယ်နည်း​”​ဟု မေး​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 42,
      "text": "ထိုသို့​မေးမြန်း​နေ​စဉ်တွင် ယဇ်ပုရောဟိတ်​အဗျာသာ​၏​သား ယောနသန်​ရောက်လာ​သဖြင့် အဒေါနိယ​က “​ဝင်​ခဲ့​ပါ​။ သင်​သည် လူကောင်း​ဖြစ်​သောကြောင့် သတင်းကောင်း​ပါ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 43,
      "text": "ယောနသန်​က​လည်း အဒေါနိယ​အား “​ထိုသို့​မ​ဟုတ်​ပါ​။ ယခု အကျွန်ုပ်​တို့​၏​သခင်​ဒါဝိဒ်​မင်းကြီး​သည် ရှောလမုန်​ကို မင်းမြှောက်​ပါ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 44,
      "text": "ရှင်ဘုရင်​သည် သူ​၏​လား​တော်​ကို ရှောလမုန်​အား စီး​စေ​ပြီး သူ​နှင့်အတူ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား​ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​ကို ဂိဟုန်​မြို့​သို့​စေလွှတ်​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 45,
      "text": "ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် ပရောဖက်​နာသန်​တို့​သည် ဂိဟုန်​မြို့​တွင် ရှောလမုန်​ကို ဘုရင်​အဖြစ်​ဘိသိက်ပေး​ကြ​ပြီး ဝမ်းမြောက်​စွာ​ပြန်လာ​ကြ​၍ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်​ဖြစ်​နေ​ကြ​ပါ​၏​။ သင်​ကြား​ရ​သော​အသံ​မှာ​လည်း ထို​အသံ​ပင်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 46,
      "text": "ရှောလမုန်​သည်​လည်း ဘုရင့်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ပါ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 47,
      "text": "ဘုရင့်​မှူးမတ်​တို့​သည်​လည်း အကျွန်ုပ်​တို့​၏​သခင်​ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ ‘​ဘုရားသခင်​သည် အရှင်မင်းကြီး​၏​နာမ​ထက် ရှောလမုန်​၏​နာမ​ကို သာ၍​ထင်ရှား​စေ​တော်မူ​ပါစေသော​။ အရှင်မင်းကြီး​၏​ရာဇပလ္လင်​ထက် သူ​၏​ရာဇပလ္လင်​ကို သာ၍​ကြီးမြတ်​စေ​တော်မူ​ပါစေသော​’​ဟု ကောင်းချီးထောမနာ​ပြု​ကြ​လေ​ပြီ​။ အရှင်မင်းကြီး​သည်​လည်း သလွန်တော်​ပေါ်မှ ဦးညွှတ်​လျက်"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 48,
      "text": "‘​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။ ယနေ့ အကျွန်ုပ်​၏​ရာဇပလ္လင်​တွင် စံမြန်း​ရ​မည့်​သူ​ကို ပေးသနား​တော်မူ​၍ အကျွန်ုပ်ကိုယ်တိုင်​မြင်တွေ့​ရ​လေ​ပြီ​’​ဟူ၍ မြွက်ဆို​ခဲ့​ပါ​၏​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 49,
      "text": "ထိုအခါ အဒေါနိယ​ဖိတ်ကြား​ထား​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​သဖြင့် ထ​၍ ကိုယ့်​လမ်း​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 50,
      "text": "အဒေါနိယ​သည်​လည်း ရှောလမုန်​ကို ကြောက်​သဖြင့် ထ​သွား​၍ ယဇ်ပလ္လင်​ရှိ​ဦးချို​တို့​ကို ဆုပ်ကိုင်​လျက်​နေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 51,
      "text": "“​အဒေါနိယ​က ရှောလမုန်​မင်းကြီး​ကို​ကြောက်​၍ ယဇ်ပလ္လင်​ရှိ​ချို​တို့​ကို​ဆုပ်ကိုင်​လျက် ‘​ရှောလမုန်​မင်းကြီး​သည် ယနေ့ ကျွန်တော်မျိုး​ကို ဓား​နှင့်​မ​ကွပ်မျက်​ပါ​ဟု ကျိန်ဆို​ပါစေသော​’​ဟု ဆို​လေ​ပြီ​”​ဟူသော​သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 52,
      "text": "ထိုအခါ ရှောလမုန်​မင်းကြီး​က “​သူ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​လျှင် သူ့​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​။ သို့သော် မကောင်းမှု​ပြု​သော​သူ​ဖြစ်​လျှင် အမှန်​သေ​ရ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 53,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် လူ​လွှတ်​၍ သူ့​ကို ယဇ်ပလ္လင်​ထက်​မှ ဆင်း​စေ​၏​။ သူ​သည် ရှောလမုန်​မင်းကြီး​ထံ​လာ​၍​ပျပ်ဝပ်​လျှင် ရှောလမုန်​မင်းကြီး​က သူ့​အား “​သင့်​နန်းဆောင်​သို့ ပြန်​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး အနိစ္စရောက်​ချိန်​နီးလာ​လျှင် သူ​သည် သား​တော်​ရှောလမုန်​အား"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 2,
      "text": "“​မြေကြီးသား​တိုင်း သွား​ရ​မည့်​လမ်း​ကို ငါ​သွား​ရ​တော့​မည်​။ သို့ဖြစ်၍ သင်​သည် ယောက်ျားပီပီ ရဲရင့်​ခြင်း​ရှိ​လော့​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 3,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား ညွှန်ကြား​သော​အရာ​တို့​ကို စောင့်ထိန်း​လော့​။ မောရှေ​၏​ပညတ်တရားကျမ်း​၌ ရေးထား​သည့် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပြီး တရားလမ်း​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​ပြု​လေရာရာ​၊ သွား​လေရာရာ​တို့​၌ အောင်မြင်​ခွင့်​ရ​မည်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 4,
      "text": "ထို့ပြင် ‘​သင်​၏​သားမြေး​တို့​သည် သူ​တို့​သွား​ရာ​လမ်း​တွင် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သစ္စာရှိ​လျက် ငါ့​မျက်မှောက်​၌​အသက်ရှင်​လျှောက်လှမ်း​ရန် စောင့်ထိန်း​ကြ​မည်​ဆို​လျှင် အစ္စရေး​လူမျိုး​၏​ရာဇပလ္လင်​ပေါ်တွင် သင်​၏​မျိုးဆက်​မ​ပြတ်​ရ​’​ဟု ငါ့​အား ကတိထား​ခဲ့​သည့်​စကား​တော်​အတိုင်း ထာဝရဘုရား​ပြု​တော်မူ​မည်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 5,
      "text": "ယခု ဇေရုယာ​၏​သား​ယွာဘ​သည် ငါ့​အား မည်သို့​ပြု​ခဲ့​သည်​ကို​လည်းကောင်း​၊ အစ္စရေး​စစ်သူကြီး​နှစ်​ဦး​ဖြစ်​သော နေရ​၏​သား​အာဗနာ​နှင့် ယေသာ​၏​သား​အာမသ​တို့​အား မည်သို့​ပြု​ခဲ့​သည်​ကို​လည်းကောင်း သင်​သိ​၏​။ သူ​သည် တိုင်းပြည်​အေးချမ်း​ချိန်​တွင်ပင် ထို​သူ​တို့​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး သူ့​ခါး​မှ​ခါးဝတ်တန်ဆာ​၊ သူ့​ခြေ​မှ​ခြေနင်း​တို့​ကို စစ်သွေး​စွန်း​စေ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 6,
      "text": "သို့ဖြစ်၍ သင် ဉာဏ်ပညာ​ရှိ​သည့်​အတိုင်း စီရင်​လော့​။ ဆံပင်ဖြူ​သော​သူ့​ကို မရဏာနိုင်ငံ​သို့ ငြိမ်ဝပ်​စွာ သွား​ခွင့်​မ​ပေး​ပါ​နှင့်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 7,
      "text": "သို့သော် ဂိလဒ်​ပြည်သား ဗာဇိလဲ​၏​သား​တို့​ကို မေတ္တာကရုဏာ​ပြ​၍ သင်​နှင့် တစ်စားပွဲတည်း​၌​စား​ရ​သော​သူ​တို့​နှင့်အတူ စား​စေ​လော့​။ အကြောင်းမူကား သင့်​အစ်ကို အဗရှလုံ​ကြောင့် ငါ​ပြေး​ခဲ့​ရ​စဉ်က သူ​တို့​သည် ငါ့​ကို လာရောက်​မေတ္တာပြ​ခဲ့​ကြ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 8,
      "text": "ဗာဟုရိမ်​မြို့သား​၊ ဗင်္ယာမိန်​အမျိုးသား ဂေရ​၏​သား​ရှိမိ​သည် မဟာနိမ်​မြို့​သို့ ငါ​သွား​သော​နေ့​တွင် သူ​သည် ငါ့​ကို ခါးသီး​စွာ​ကျိန်ဆဲ​ခဲ့​၏​။ သို့သော် ငါ​ပြန်လာ​သောအခါ သူ​သည် ငါ့​ကို ဂျော်ဒန်​မြစ်​သို့​ဆင်းကြို​၍ ‘​သင့်​ကို ငါ ဓား​ဖြင့်​မ​သတ်​’​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​ခဲ့​ပြီ​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 9,
      "text": "သို့သော် သူ့​ကို အပြစ်ကင်းသူ​ဟု မ​ယူဆ​ပါ​နှင့်​။ သင်​သည် ပညာရှိ​ဖြစ်​သည်​နှင့်အညီ သူ့​အား မည်သို့​ပြု​ရ​မည်​ကို သင်​သိ​ပါ​၏​။ ဆံပင်ဖြူ​သော​သူ့​ကို ကွပ်မျက်​ပြီး မရဏာနိုင်ငံ​သို့ ဆင်း​စေ​လော့​”​ဟု မိန့်မှာ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 10,
      "text": "ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 12,
      "text": "ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင်​စံမြန်း​၍ သူ့​နိုင်ငံ​သည် တည်မြဲ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 13,
      "text": "တစ်နေ့တွင် ဟဂ္ဂိတ်​၏​သား​အဒေါနိယ​သည် ရှောလမုန်​မင်းကြီး​၏​မယ်တော် ဗာသရှေဘ​ထံ​ရောက်လာ​သဖြင့် ဗာသရှေဘ​က သူ့​အား “​ယခု သင်​လာ​သည်​မှာ ကောင်း​သော​လာ​ခြင်း​လော​”​ဟု​မေး​သော် သူ​က “​ဟုတ်​ပါ​၏​”​ဟု ပြန်​လျှောက်​ပြီးနောက်"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 14,
      "text": "“​မယ်တော်​အား လျှောက်တင်စရာ​စကား ရှိ​ပါ​၏​”​ဟု​ဆို​လျှင် ဗာသရှေဘ​က “​လျှောက်တင်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 15,
      "text": "ထိုအခါ အဒေါနိယ​က “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် အကျွန်ုပ်​ကို ရှင်ဘုရင်​အဖြစ်​လက်ခံ​၍ ဤ​နိုင်ငံ​တော်​ကို အကျွန်ုပ်​ပိုင်​ကြောင်း မယ်တော်​သိ​ပါ​၏​။ သို့သော် နိုင်ငံ​တော်​သည် အကျွန်ုပ်​လက်​မှ​လွတ်​၍ ညီ​တော်​ထံ ရောက်သွား​လေ​ပြီ​။ အကယ်စင်စစ် ထာဝရဘုရား​သည် သူ့​ထံသို့ ရောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 16,
      "text": "ယခုမှာ အကျွန်ုပ်​သည် မယ်တော်​ထံ တောင်းဆို​လို​သည့်​အရာ​တစ်​ခု​ရှိ​ပါ​၏​။ မယ်တော် မ​ငြင်းပယ်​ပါ​နှင့်​”​ဟု ဆို​လျှင် ဗာသရှေဘ​က “​တောင်း​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 17,
      "text": "ထိုအခါ သူ​က “​ရှောလမုန်​မင်းကြီး​သည် မယ်တော်​ကို ငြင်း​ဝံ့​မည်​မ​ဟုတ်​ပါ​။ ထို့ကြောင့် ရှုနင်​မြို့သူ​အဘိရှက်​ကို အကျွန်ုပ်​နှင့်​ထိမ်းမြား​ပေး​ရန် တောင်းလျှောက်​ပေး​ပါ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 18,
      "text": "ဗာသရှေဘ​က​လည်း “​ကောင်း​ပြီ​။ သင့်​အဖို့ ရှင်ဘုရင်​ထံ လျှောက်တင်​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 19,
      "text": "ထို့နောက် ဗာသရှေဘ​က အဒေါနိယ​၏​စကား​များ​ကို ရှောလမုန်​မင်းကြီး​ထံ လျှောက်တင်​ရန် ဝင်သွား​လျှင် ရှင်ဘုရင်​သည် မယ်တော်​ကို ရပ်​၍​ကြိုဆို​ဦးညွှတ်​ပြီးမှ ရာဇပလ္လင်​တွင် စံနေ​တော်မူ​၍ လက်ယာ​ဘက်​တွင် မယ်တော်​စံနေ​ဖို့ ပလ္လင်​တစ်​ခု​ကို ပြင်ဆင်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 20,
      "text": "ထို့နောက် မယ်တော်​က “​သား​တော်​ထံမှ သေးငယ်​သော​အရာ​တစ်​ခု​ကို တောင်းဆို​လို​ပါ​၏​။ သား​တော် ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​က​လည်း “​မယ်တော် တောင်းဆို​ပါ​။ အကျွန်ုပ်​မ​ငြင်း​ပါ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 21,
      "text": "မယ်တော်​က “​ရှုနင်​မြို့သူ အဘိရှက်​ကို သင့်​အစ်ကို​အဒေါနိယ​နှင့် ထိမ်းမြား​ပေး​ပါ​”​ဟု လျှောက်တင်​လျှင်"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 22,
      "text": "ရှောလမုန်​မင်းကြီး​က မယ်တော်​အား “​မယ်တော်​၊ အဘယ်ကြောင့် အဒေါနိယ​အဖို့ ရှုနင်​မြို့သူ​အဘိရှက်​ကို​သာ တောင်းပေး​ရ​သနည်း​။ သူ​သည် အကျွန်ုပ်​ထက်​အကြီး​၊ အကျွန်ုပ်​၏​နောင်တော်​ဖြစ်​သည်​ဖြစ်​၍ သူ့​အဖို့ နိုင်ငံ​တော်​ကို​ပါ တောင်းပေး​ပါ​လော့​။ သူ့​အဖို့​သာမက ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့​အတွက်​ပါ တောင်းပေး​ပါ​တော့​လား​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 23,
      "text": "ထို့ပြင် ရှောလမုန်​မင်းကြီး​က ထာဝရဘုရား​ကို​တိုင်တည်​၍ “​အဒေါနိယ​သည် အသက်​ကို​ရင်း​၍ ဤသို့​တောင်းဆို​ခြင်း​မ​ဟုတ်​လျှင် ဘုရားသခင်​သည် အကျွန်ုပ်​၌ ထိုမျှမက ပြု​တော်မူ​ပါစေသော​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 24,
      "text": "အကျွန်ုပ်​ကို ခိုင်ခံ့​စေ​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​ပြီး ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​အား နန်းမွေ​ဆက်ခံ​စေ​တော်မူ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယနေ့​တွင် အဒေါနိယ​သေ​ရ​မည်​”​ဟု ကျိန်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 25,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် ယောယဒ​၏​သား ဗေနာယ​ကို​စေလွှတ်​၍ အဒေါနိယ​ကို ကွပ်မျက်​စေ​သဖြင့် သူ​သေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 26,
      "text": "ထို့ပြင် ယဇ်ပုရောဟိတ်​အဗျာသာ​ကို​လည်း ရှင်ဘုရင်​က “​သင့်​မြေ​ရှိ​ရာ အာနသုတ်​မြို့​ကို ပြန်သွား​ပါ​။ သင်​သည်​လည်း သေသင့်သောသူ​ဖြစ်​၏​။ သို့သော် သင်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရှေ့​တော်​တွင် ဘုရားရှင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်း​ရ​သူ​၊ ခမည်းတော်​ခံရ​သော​ဒုက္ခဆင်းရဲ​အပေါင်း​ကို မျှဝေခံစား​ပေး​ခဲ့​သူ​ဖြစ်​သောကြောင့် ယနေ့​တွင် သင့်​ကို ငါ​မ​သတ်​”​ဟု မိန့်ဆို​ပြီးနောက်​တွင်"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 27,
      "text": "ရှောလမုန်​မင်းကြီး​သည် အဗျာသာ​ကို ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​အဖြစ်​မှ ဖယ်​လိုက်​၏​။ ဤသို့ဖြင့် ဧလိ​အမျိုးအနွယ်​နှင့်​ပတ်သက်၍ ရှိလော​မြို့​တွင် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​တော် ပြည့်စုံ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 28,
      "text": "ထို​သတင်း​များ ယွာဘ​ထံသို့​ရောက်လာ​၏​။ ယွာဘ​သည် အဗရှလုံ​ပုန်ကန်​စဉ်က မ​ပါ​ခဲ့​သော်လည်း အဒေါနိယ​ပုန်ကန်​သောအခါ ပါဝင်​ခဲ့​သောကြောင့် ထာဝရဘုရား​၏​တဲ​တော်​သို့ ပြေးသွား​ပြီး ယဇ်ပလ္လင်​ချို​များ​ကို ဆုပ်ကိုင်​ထား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 29,
      "text": "ထိုသို့ “​ယွာဘ​သည် တဲ​တော်​သို့​ပြေး​၍ ယဇ်ပလ္လင်​နား​တွင် ရှိ​နေ​ပါ​၏​”​ဟူသော သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​လျှင် ရှောလမုန်​မင်းကြီး​က ယောယဒ​၏​သား ဗေနာယ​အား “​သူ့​ကို သွား​သတ်​လော့​”​ဟု အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 30,
      "text": "ဗေနာယ​သည် ထာဝရဘုရား​၏​တဲ​တော်​အတွင်း​သို့ ဝင်သွား​ပြီး ယွာဘ​အား “​ရှင်ဘုရင် အမိန့်​တော်​ရှိ​၏​။ ထွက်လာ​ပါ​”​ဟု ဆို​လျှင် ယွာဘ​က “​မ​ထွက်​ပါ​။ ဤ​နေရာ​၌​သာ အသေခံ​မည်​”​ဟု ပြန်ဖြေ​သဖြင့် ဗေနာယ​က “​ယွာဘ ဤသို့​ပြော​ပါ​ပြီ​။ ဤသို့​ပြန်ဖြေ​ပါ​ပြီ​”​ဟု ရှင်ဘုရင်​ထံ အကြောင်းပြန်​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 31,
      "text": "ထိုအခါ ရှင်ဘုရင်​က “​သူ​ပြော​သည့်​အတိုင်း ပြု​ပါ​။ သူ့​ကို ကွပ်မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ခမည်းတော်​အမျိုးအနွယ်​သည် ယွာဘ​က​အကြောင်းမရှိ​ဘဲ လူ​အသက်သတ်​ခဲ့​သော​အပြစ်​များ​နှင့် ကင်းဝေး​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 32,
      "text": "သူ​သည် သူ့​ထက်​ပို၍​ဖြောင့်မတ်​မှန်ကန်​သူ​နှစ်​ဦး​ဖြစ်​သော အစ္စရေး​စစ်သူကြီး နေရ​၏​သား​အာဗနာ​နှင့် ယုဒ​စစ်သူကြီး ယေသာ​၏​သား​အာမသ​တို့​ကို ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး မ​သိ​ဘဲ ဓား​နှင့်​သတ်​ခဲ့​၏​။ ဤသို့ လူ​အသက်သတ်​သော​အပြစ်​ကို ထာဝရဘုရား​သည် သူ့​ခေါင်း​ပေါ်သို့ ရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 33,
      "text": "လူ​သတ်​ခဲ့​သော​အပြစ်​သည် ယွာဘ​၏​ခေါင်း​ပေါ်​၊ သူ့​သားစဉ်မြေးဆက်​တို့​၏​ခေါင်း​ပေါ်သို့ အစဉ်အမြဲ​ကျရောက်​ပါစေ​။ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သားစဉ်မြေးဆက်​များ​၊ သူ​၏​ထီးနန်း​နှင့်​ရာဇပလ္လင်​တို့​မူကား ထာဝရဘုရား​ထံ​တော်​မှ​ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ခံစား​ရ​ပါစေ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 34,
      "text": "ဤသို့ဖြင့် ယောယဒ​၏​သား​ဗေနာယ​သည် သွား​၍ ယွာဘ​ကို​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ယွာဘ​အား တောကန္တာရ​ရှိ သူ​၏​အိမ်​နားတွင် သင်္ဂြိုဟ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 35,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို ယွာဘ​၏​နေရာ​တွင် စစ်တပ်​ကို အုပ်ချုပ်​စေ​၏​။ ယဇ်ပုရောဟိတ်​ဇာဒုတ်​ကို​လည်း အဗျာသာ​နေရာ​၌ ခန့်ထား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 36,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ရှိမိ​ကို လူ​လွှတ်​၍​ခေါ်​စေ​ပြီး “​ဂျေရုဆလင်​မြို့​ထဲတွင် အိမ်​ဆောက်​၍​နေ​လော့​။ ထို​မြို့​မှလွဲ၍ မည်သည့်​အရပ်​သို့​မျှ မ​သွား​နှင့်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 37,
      "text": "သင်​သည် မြို့ပြင်​ထွက်​၍ ကေဒြုန်​ချောင်း​ကို ဖြတ်​သည့်​နေ့​တွင်ပင် မုချ​သေ​ရ​မည်​ဟု မှတ်​လော့​။ သင့်​အပြစ်​သည် သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​ခြင်း​သာ​ဖြစ်​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 38,
      "text": "ထိုအခါ ရှိမိ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​အမိန့်​တော်​မှာ ကောင်း​ပါ​၏​။ အမိန့်​တော်​အတိုင်း ကျွန်တော်မျိုး​ပြု​ပါ​မည်​”​ဟု လျှောက်တင်​၏​။ ဤသို့ဖြင့် ရှိမိ​သည် ဂျေရုဆလင်​မြို့​တွင် ကာလ​ကြာမြင့်​စွာ နေထိုင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 39,
      "text": "သုံး​နှစ်​ပြည့်​သောအခါ ရှိမိ​၏​အစေအပါး​နှစ်​ယောက်​သည် မာခါ​၏​သား ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ ထွက်ပြေး​ခိုဝင်​ကြ​၏​။ “​သင့်​အစေအပါး​တို့​သည် ဂါသ​မြို့​၌ ရှိ​ပါ​၏​”​ဟု ရှိမိ​ကြားသိ​သောအခါ"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 40,
      "text": "ရှိမိ​သည် ချက်ချင်း​ထ​၍ မြင်း​ကို​ကုန်းနှီးတင်​ပြီး သူ့​အစေအပါး​တို့​ကို​ရှာ​ရန် အာခိတ်​မင်းကြီး​ရှိ​ရာ ဂါသ​မြို့​သို့​သွား​လေ​၏​။ ရှိမိ​သည် သွား​၍ မိမိ​အစေအပါး​တို့​ကို ဂါသ​မြို့​မှ ပြန်ခေါ်​လာ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 41,
      "text": "ထိုသို့ ရှိမိ​သည် ဂျေရုဆလင်​မြို့​မှ ဂါသ​မြို့​သို့​သွား​၍ ပြန်လာ​ခဲ့​ကြောင်း​ကို ရှောလမုန်​မင်းကြီး​ကြားသိ​လျှင်"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 42,
      "text": "ရှိမိ​အား လူ​လွှတ်​၍​ခေါ်​စေ​ပြီး ရှင်ဘုရင်​က “ငါ​သည် သင့်​အား ‘​ဤ​မြို့​မှ သင်​ထွက်​သွား​သော​နေ့​တွင် သင် မုချ​သေ​ရ​မည်​’​ဟု ထာဝရဘုရား​ရှေ့​တော်​၌ တိုင်တည်ကျိန်ဆို​၍ သတိပေး​ခဲ့​သည်​မ​ဟုတ်​လော​။ သင်​က​လည်း ‘​အကျွန်ုပ်​ကြား​ရ​သော​အမိန့်​တော်​မှာ ကောင်း​ပါ​၏​’​ဟု သင်​ဆို​ခဲ့​ပြီ​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 43,
      "text": "သို့ဖြစ်လျက် ထာဝရဘုရား​ရှေ့​တော်​၌ ကျိန်ဆို​ခဲ့​သည့်​အတိုင်း​၊ ငါ့​အမိန့်​အတိုင်း အဘယ်ကြောင့် မ​နာခံ​သနည်း”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 44,
      "text": "ထို့ပြင် ရှင်ဘုရင်​က ရှိမိ​အား “ငါ့​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အပေါ် သင်​ပြု​မိ​ခဲ့​သော​အမှား​များ​ကို​လည်း သင်ကိုယ်တိုင်​သိ​၏​။ ထာဝရဘုရား​သည် သင်​၏​မကောင်းမှု​ကို သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 45,
      "text": "သို့သော် ငါ​ရှောလမုန်​မင်းကြီး​သည် ကောင်းချီးခံစား​ရ​လိမ့်မည်​။ ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်အမြဲ​တည်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 46,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို အမိန့်ပေး​သဖြင့် ဗေနာယ​သည် သွား​၍ ရှိမိ​အား​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​လက်ထက်​တွင် နိုင်ငံ​တော်​တည်မြဲ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး ဖာရော​မင်းကြီး​၏​သမီး​တော်​နှင့် စုံဖက်​လေ​၏​။ စံမြန်း​ရာ​နန်းတော်​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဂျေရုဆလင်​မြို့ရိုး​တို့ ဆောက်လုပ်​၍​မ​ပြီး​မီ​တိုင်အောင် သူ့​ကို ဒါဝိဒ်​မြို့​တွင် စံမြန်း​နေ​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 2,
      "text": "ထို​ကာလ​၌ ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ကို မ​တည်ဆောက်​ရ​သေး​သဖြင့် လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပူဇော်​ကြ​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 3,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ကို​ချစ်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​သွန်သင်ချက်​အတိုင်း လိုက်လျှောက်​သော်လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​လေ့​ရှိ​သေး​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 4,
      "text": "ဂိဗောင်​မြို့​သည် အရေးပါ​သော​အထွတ်အမြတ်​ထား​ရာ​နေရာ​တစ်​ခု ဖြစ်​၏​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ယဇ်ပူဇော်​ရန် ထို​နေရာ​သို့​သွား​၍ ယဇ်ပလ္လင်​ပေါ်တွင် ယဇ်ကောင်​တစ်ထောင်​ကို မီးရှို့​ပူဇော်​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 5,
      "text": "ဂိဗောင်​မြို့​၌ ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား ညအချိန်​အိပ်မက်​ထဲတွင် ကိုယ်ထင်ရှားပြ​တော်မူ​၏​။ ဘုရားသခင်​က “​ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 6,
      "text": "ရှောလမုန်​မင်းကြီး​က​လည်း “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် သစ္စာစောင့်​လျက်​၊ ဖြောင့်မတ်​လျက်​၊ စိတ်နှလုံး​မှန်ကန်​စွာ အသက်ရှင်​လျှောက်လှမ်း​ခဲ့​သဖြင့် ကိုယ်တော်​သည် သူ့​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ခဲ့​ပြီ​။ ဤ​ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကို ဆက်လက်​ပြသ​လျက် သူ့​သား​ကို သူ​၏​ရာဇပလ္လင်​ပေါ်တွင် ယနေ့ စံမြန်း​စေ​တော်မူ​လေ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 7,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော့်​အစေအပါး​အား ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီ​။ အကျွန်ုပ်​သည် ငယ်ရွယ်​သေး​သောကြောင့် မည်သို့​သွားလာ​ပြုမူ​ရ​မည်​ကို မ​သိ​သေး​ပါ​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 8,
      "text": "ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​ရွေးချယ်​တော်မူ​သော​လူမျိုး​၊ မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များပြား​သော​လူမျိုး​ကြီး​အလယ်​တွင် ရှိ​နေ​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 9,
      "text": "ဤ​များပြား​လှ​သော​ကိုယ်တော်​၏​လူမျိုး​တော်​ကို မည်သူ​အုပ်ချုပ်​နိုင်​ပါ​မည်နည်း​။ ထို့ကြောင့် ကိုယ်တော့်​အစေအပါး​အား ကိုယ်တော်​၏​လူမျိုး​တော်​ကို စီရင်အုပ်ချုပ်​နိုင်​ရန်​နှင့် အကောင်း​အဆိုး​ကို ဝေဖန်ပိုင်းခြား​နိုင်​ရန်​အတွက် သိနားလည်​နိုင်​သော​နှလုံးသား​ကို ပေး​တော်မူ​ပါ​”​ဟု တောင်းလျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 10,
      "text": "ဤသို့ ရှောလမုန်​မင်းကြီး​တောင်းလျှောက်​သည်​ကို ဘုရားရှင်​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 11,
      "text": "ထို့ကြောင့် ဘုရားသခင်​က သူ့​အား “​သင်​သည် အသက်တာ​ရှည်​ရန်​မ​တောင်း​၊ ဓနဥစ္စာ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​ဘဲ တရားမျှတ​စွာ​စီရင်​နိုင်​သော​အသိဉာဏ်​ကို​သာ တောင်း​လေ​ပြီ​။ ဤသို့ သင်​တောင်းဆို​သောကြောင့်"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 12,
      "text": "သင်​တောင်း​သည့်​အတိုင်း ငါ​ပေး​မည်​။ သင့်​အား ဉာဏ်ပညာ​နှင့် ဝေဖန်ပိုင်းခြား​နိုင်​သော​နှလုံးသား​ကို ပေး​မည်​။ သင်​နှင့်​တူ​သော​သူ ယခင်​က​မ​ရှိ​ခဲ့​စဖူး​၊ နောင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 13,
      "text": "သင်​မ​တောင်း​သော​ဓနဥစ္စာ​နှင့် ဘုန်းအသရေ​ကို​လည်း သင့်​အား ငါ​ပေး​ဦး​မည်​။ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ရှင်ဘုရင်​တို့​တွင် သင်​နှင့်​တူ​သော​သူ တစ်ယောက်​မျှ​မ​ရှိ​စေ​ရ​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 14,
      "text": "သင့်​ခမည်းတော်​ဒါဝိဒ် လိုက်လျှောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ့​လမ်း​သို့​လိုက်​၍ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​အသက်တာ​ကို ရှည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 15,
      "text": "ရှောလမုန်​မင်းကြီး​နိုးလာ​လျှင် အိပ်မက်​ဖြစ်ကြောင်း​ကို သိ​ရ​လေ​၏​။ သူ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​၍ ဘုရားရှင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရပ်​လျက် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထို့နောက် သူ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ ကျင်းပ​ပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 16,
      "text": "တစ်နေ့တွင် ပြည့်တန်ဆာ​မိန်းမ​နှစ်​ဦး​သည် ရှင်ဘုရင်​ထံသို့​လာ​၍ ရှေ့​တော်​၌ ရပ်​လျက်"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 17,
      "text": "မိန်းမ​တစ်​ဦး​က “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် ဤ​မိန်းမ​နှင့် တစ်အိမ်တည်း​နေ​ပါ​၏​။ ထို​အိမ်​တွင် အကျွန်ုပ်​မီးဖွား​စဉ် သူ​ရှိ​နေ​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 18,
      "text": "ထိုသို့ အကျွန်ုပ်​မီးဖွား​ပြီး သုံး​ရက်​မြောက်​သော​နေ့​တွင် ထို​မိန်းမ​လည်း မီးဖွား​ပါ​၏​။ ထို​အိမ်​တွင် အကျွန်ုပ်​တို့​နှစ်​ဦး​အပြင် အခြား​မည်သူ​မျှ​မ​ရှိ​ပါ​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 19,
      "text": "ဤ​မိန်းမ​သည် ည​အိပ်​ချိန်​၌ သူ့​သား​ကို ဖိအိပ်​မိ​သဖြင့် သား​မှာ သေဆုံး​သွား​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 20,
      "text": "ထို့ကြောင့် သူ​သည် ညသန်းခေါင်​ထ​၍ အကျွန်ုပ်​အိပ်​နေ​ချိန်​တွင် အကျွန်ုပ်​ဘေး​၌​အိပ်​နေ​သော အကျွန်ုပ်​၏​သား​ကို​ယူ​ပြီး သူ့​ရင်ခွင်​၌​သိပ်​ပါ​၏​။ သူ့​သား​အသေကောင်​ကို​မူ အကျွန်ုပ်​၏​ရင်ခွင်​၌ ထား​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 21,
      "text": "နံနက်​ထ​၍ နို့တိုက်​မည်​ပြု​သောအခါ အကျွန်ုပ်​၏​သား​မှာ သေ​နေ​ပါ​၏​။ နံနက်လင်း​၍ ထို​သား​ကို သေချာ​စွာ​ကြည့်​သောအခါ ထို​သား​သည် အကျွန်ုပ်​ဖွား​သော​သား​မ​ဟုတ်​သည်​ကို သိ​ရ​ပါ​၏​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 22,
      "text": "နောက်​မိန်းမ​တစ်​ယောက်​က “​ထိုသို့​မ​ဟုတ်​ပါ​။ အသက်ရှင်​သော​သား​သည် ငါ့​သား​ဖြစ်​၏​။ သေ​နေ​သော​သား​မှာ သင့်​သား​ဖြစ်​၏​”​ဟု ဆို​၏​။ ပထမ​မိန်းမ​က​လည်း “​ထိုသို့​မ​ဟုတ်​ပါ​။ သေ​နေ​သော​သား​သည် သင့်​သား​ဖြစ်​၏​။ အသက်ရှင်​နေ​သော​သား​မှာ ငါ့​သား​ဖြစ်​၏​”​ဟု ရှင်ဘုရင်​ရှေ့​တွင် ငြင်းခုံ​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 23,
      "text": "ထိုအခါ ရှင်ဘုရင်​က “​ဤ​မိန်းမ​က ‘​အသက်ရှင်​နေ​သော​သား​သည် ငါ့​သား​၊ သေ​နေ​သော​သား​မှာ သင့်​သား​’​ဟု ဆို​ပြီး နောက်တစ်ယောက်​က ‘​ထိုသို့​မ​ဟုတ်​ပါ​။ သေ​နေ​သော​သား​သည် သင့်​သား​၊ အသက်ရှင်​နေ​သော​သား​မှာ ငါ့​သား​’​ဟု ဆို​လေ​ပြီ”​ဟူ၍ မိန့်ဆို​ပြီးနောက်"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 24,
      "text": "“​ဓား​ယူလာ​ခဲ့​ပါ​”​ဟု အမိန့်ပေး​သဖြင့် သူ့​ထံ ဓား​ယူလာ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 25,
      "text": "ထို့နောက် ရှင်ဘုရင်​က “​အသက်ရှင်​နေ​သော​ကလေး​ကို နှစ်​ခြမ်း​ခွဲ​ပြီး တစ်​ယောက်​ကို တစ်ခြမ်းစီ ပေး​လိုက်​ပါ​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 26,
      "text": "အသက်ရှင်​နေ​သော​သား​၏​မိခင်​မှာ မိမိ​သား​ကို အလွန်​သနား​သဖြင့် ရှင်ဘုရင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အသက်ရှင်​နေ​သော​သား​ကို သူ့​အား ပေးလိုက်​ပါ​။ ကလေး​ကို အလျှင်း​မ​သတ်​ပါ​နှင့်​”​ဟု လျှောက်တင်​၏​။ သို့သော် နောက်မိန်းမ​က “​သင်​လည်း မ​ယူ​ရ​၊ ငါ​လည်း မ​ယူ​ရ​။ ဤ​ကလေး​ကို နှစ်ခြမ်းခွဲ​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 27,
      "text": "ထိုအခါ ရှင်ဘုရင်​က “​အသက်ရှင်​နေ​သော​ကလေး​ကို ပထမ​မိန်းမ​အား ပေးလိုက်​ပါ​။ အလျှင်း​မ​သတ်​ပါ​နှင့်​။ သူ​သည် ကလေး​၏​မိခင်​မှန်​၏​”​ဟု စီရင်​ပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 28,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထိုသို့​ရှင်ဘုရင်​စီရင်​လိုက်​သော​အမှု​ကို ကြားသိ​ရ​သောအခါ ရှင်ဘုရင်​၏​နှလုံးသား​ထဲတွင် ဘုရားသခင်​၏​ဉာဏ်ပညာ​တည်နေ​သောကြောင့်​သာ ဤသို့​စီရင်​နိုင်​ကြောင်း​ကို သိ​ကြ​သောကြောင့် ရှင်ဘုရင်​ကို ကြောက်ရွံ့ရိုသေ​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ကို အုပ်ချုပ်​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 2,
      "text": "သူ​၏​မင်းမှုထမ်း​အကြီးအကဲ​များ​မှာ ဇာဒုတ်​၏​သား​အာဇရိ​သည် ယဇ်ပုရောဟိတ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 3,
      "text": "ရှိရှ​၏​သား​ဧလိဟောရပ်​နှင့်​အဟိယ​တို့​သည် စာရေးတော်ကြီး​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​သည် အတွင်းဝန်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 4,
      "text": "ယောယဒ​၏​သား​ဗေနာယ​သည် ဗိုလ်ချုပ်​၊ ဇာဒုတ်​နှင့်​အဗျာသာ​တို့​သည် ယဇ်ပုရောဟိတ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 5,
      "text": "နာသန်​၏​သား​အာဇရိ​သည် နယ်စားမင်းကြီး​၊ နာသန်​၏​သား​ဇာဗုဒ်​သည် ယဇ်ပုရောဟိတ်​နှင့် ဘုရင့်​အတိုင်ပင်ခံ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 6,
      "text": "အဟိရှာ​သည် နန်းတော်အုပ်​၊ အာဗဒ​၏​သား​အဒေါနိရံ​သည် ချွေးတပ်အုပ်​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 7,
      "text": "ရှောလမုန်​မင်းကြီး​၌ အစ္စရေး​နိုင်ငံ​တစ်နိုင်ငံလုံး​တွင် နယ်စားမင်း​တစ်ဆယ့်​နှစ်​ပါး​ရှိ​၏​။ သူ​တို့​သည် ဘုရင်​နှင့်​နန်းတွင်းသူ​နန်းတွင်းသား​တို့​အဖို့ နှစ်​တစ်​နှစ်​တွင် တစ်​လ​တစ်ပါးစီ ရိက္ခာ​ဆက်သ​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 8,
      "text": "ထို​သူ​တို့​၏​အမည်​များ​မှာ ဧဖရိမ်​တောင်ပေါ်ဒေသ​၏​နယ်စားမင်း ဗင်ဟုရ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 9,
      "text": "မာကတ်​မြို့​၊ ရှာလဗိမ်​မြို့​၊ ဗက်ရှေမက်​မြို့​၊ ဧလုန်ဗက်သနန်​မြို့​တို့​၏​နယ်စားမင်း ဗင်ဒေကာ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 10,
      "text": "စောခေါ​မြို့​နှင့်​ဟေဖာ​နယ်​တစ်နယ်လုံး​အပါအဝင် အရုဗုတ်​မြို့​တို့ ၏ ​နယ်စားမင်း ဗင်​ဟေသက်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 11,
      "text": "ရှောလမုန်​မင်းကြီး​၏​သမီး​တော်​တာဖတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် ဒေါရ​နယ်​တစ်နယ်လုံး​၏​နယ်စားမင်း ဗင်​အဘိနဒပ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 12,
      "text": "တာနက်​မြို့​၊ မေဂိဒ္ဒေါ​မြို့​အပါအဝင် ဇာရတန်​မြို့​အနီး​ယေဇရေလ​မြို့​အောက်​ဘက်​ရှိ ဗက်ရှန်​မြို့​တစ်လျှောက်လုံး​နှင့် ဗက်ရှန်​မြို့​မှ ယောကမံ​မြို့​တစ်ဖက်ကမ်း အာဗေလမဟောလ​မြို့​၏​နယ်စား အဟိလုဒ်​၏​သား​ဗာနာ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 13,
      "text": "ဂိလဒ်​ပြည်သား​၊ မနာရှေ​၏​သား​ယာဣရ​ပိုင်​သော​မြို့ငယ်​များ​မှစ၍ ဗာရှန်​ပြည်​ရှိ အာဂေါဘ​နယ်​၊ ခိုင်ခံ့​သော​မြို့ရိုး​နှင့် ကြေးနီ​ကန့်လန့်ကျင်​ရှိ​သည့် မြို့​ခြောက်ဆယ်​အပါအဝင် ရာမုတ်ဂိလဒ်​မြို့​၏​နယ်စားမင်း ဗင်​ဂေဗာ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 14,
      "text": "မဟာနိမ်​မြို့​၏​နယ်စားမင်း ဣဒေါ​၏​သား​အဟိနဒပ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 15,
      "text": "ရှောလမုန်​မင်းကြီး​၏​သမီး​တော်​ဗာရှမတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် နဿလိ​နယ်​၏​နယ်စားမင်း အဟိမတ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 16,
      "text": "အာရှာ​နယ်​နှင့်​ဗာလုတ်​မြို့​၏​နယ်စားမင်း ဟုရှဲ​၏​သား​ဗာနာ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 17,
      "text": "ဣသခါ​နယ်​၏​နယ်စားမင်း ပါရွာ​၏​သား​ယောရှဖတ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 18,
      "text": "ဗင်္ယာမိန်​နယ်​၏​နယ်စားမင်း ဧလာ​၏​သား​ရှိမိ​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 19,
      "text": "အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၊ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၏​နယ်မြေ​ဖြစ်​သော ဂိလဒ်​ပြည်​၏​နယ်စားမင်း ဥရိ​၏​သား​ဂေဗာ​တို့​ဖြစ်​ကြ​၏​။ ဂေဗာ​သည် ထို​ပြည်​၏​တစ်ဦးတည်း​သော​နယ်စားမင်း ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 20,
      "text": "သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​သည် ဝမ်းမြောက်​ပျော်ရွှင်​စွာ စား​သောက်​နေထိုင်​ရ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 21,
      "text": "ရှောလမုန်​မင်းကြီး​သည် ယူဖရေးတီး​မြစ် ​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​နယ်နိမိတ်​တိုင်အောင် တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်ချုပ်​ရ​၏​။ ထို​တိုင်းနိုင်ငံ​တို့​သည် ရှောလမုန်​မင်းကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လက်ဆောင်ပဏ္ဏာ​ဆက်သ​ရ​သော​လက်အောက်ခံ​နိုင်ငံ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 22,
      "text": "ရှောလမုန်​မင်းကြီး​၏​တစ်ရက်စာ​အတွက် ကုန်ကျ​သော​ရိက္ခာ​မှာ အကောင်းဆုံး​ဂျုံမှုန့် ကောရ ​သုံးဆယ်​၊ မုန့်ညက် ကောရ​ခြောက်ဆယ်​၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 23,
      "text": "သမင်​၊ ဒရယ်​၊ ဆတ်​နှင့် ဆူဖြိုး​သော​ကြက်ငှက်​တို့​အပြင် ဆူဖြိုး​သော​နွား အကောင်​တစ်ဆယ်​၊ စားကျက်မြေ​မှ နွား​အကောင်​နှစ်ဆယ်​၊ သိုး​အကောင်​တစ်ရာ ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 24,
      "text": "သူ​သည် တိဖသ​မြို့​မှ ဂါဇ​မြို့​အထိ ယူဖရေးတီး​မြစ် ​အနောက်ဘက်ကမ်း​တစ်လျှောက်လုံး​ကို ပိုင်​၏​။ ယူဖရေးတီး​မြစ်​အနောက်ဘက်​ကမ်း​ရှိ​ဘုရင်​အားလုံး​တို့​ကို အုပ်စိုး​ရ​ပြီး သူ့​ဝန်းကျင်​တစ်ခွင်​မှာ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 25,
      "text": "ရှောလမုန်​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ပတ်လုံး ဒန်​မြို့​မှ​ဗေရရှေဘ​မြို့​တိုင်အောင် ယုဒ​လူမျိုး​နှင့်​အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​စပျစ်ပင်​အောက်​၊ ကိုယ့်​သဖန်းပင်​အောက်​တွင် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 26,
      "text": "ရှောလမုန်​မင်းကြီး​ပိုင်​သော​ရထားဆွဲ​မြင်း​များ​ထား​ရန် မြင်းဇောင်း လေးသောင်း ​နှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 27,
      "text": "ရှောလမုန်​မင်းကြီး​အပါအဝင် သူ​နှင့်​တစ်စားပွဲတည်း​တွင် စားသောက်​ရ​သူ​တို့ လိုလေသေး​မ​ရှိ​အောင် နယ်စားမင်း​တို့​သည် တစ်​လ​လျှင်​တစ်ပါးစီ ရိက္ခာ​များ​ကို ဆက်သ​ပေး​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 28,
      "text": "မြင်း​များ​၊ လား​များ​အတွက် မုယောစပါး​များ​၊ ကောက်ရိုး​များ​ကို​လည်း လိုအပ်​သည့်​နေရာ​သို့ ခွဲတမ်း​အလိုက် ပို့ပေး​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 29,
      "text": "ဘုရားသခင်​သည် ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​နှင့် အတိုင်းမသိ​ထိုးထွင်းသိမြင်​နိုင်စွမ်း​ကို ပေး​တော်မူ​၏​။ သမုဒ္ဒရာ​ကမ်းစပ်​ရှိ​သဲလုံး​များ​ကဲ့သို့ များပြား​သော​အသိတရား​တို့​ကို​လည်း ပေးသနား​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 30,
      "text": "ထို့ကြောင့် အရှေ့တိုင်းသား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက်​၊ အီဂျစ်​ပြည်သား​တို့ ဉာဏ်ပညာ​ရှိ​သည်​ထက် ရှောလမုန်​မင်းကြီး​သည် ဉာဏ်ပညာ​ပို၍​ရှိ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 31,
      "text": "ဧဇရဟိတ်​လူမျိုး ဧသန်​နှင့် မဟေလ​၏​သား​များ​ဖြစ်​သော ဟေမန်​၊ ကာလကောလ​နှင့် ဒါရဒ စသော​ပညာရှိ​အပေါင်း​တို့​ထက် သာ၍​ဉာဏ်ပညာရှိ​သဖြင့် သူ့​ဝန်းကျင်​တစ်ခွင်ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​တွင် နာမည်​ကျော်ကြား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 32,
      "text": "သုတ္တံစကားပုံ သုံးထောင်​ကို မြွက်ဆို​ခဲ့​၍ သီချင်း​အပုဒ်ရေ တစ်ထောင့်​ငါး​ပုဒ်​တို့​ကို ရေးစပ်​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 33,
      "text": "လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​မှစ၍ မြို့ရိုး​ကြား​ပေါက်​တတ်​သော ဟုဿုပ်ပင်​အထိ အပင်​များ​အကြောင်း​ကို မြွက်ဆို​ခဲ့​၏​။ တိရစ္ဆာန်​များ​အကြောင်း​၊ ငှက်​များ​အကြောင်း​၊ တွားသွားသတ္တဝါ​များ​အကြောင်း​ကို​လည်း မြွက်ဆို​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 34,
      "text": "ကမ္ဘာ​အရပ်ရပ်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ​ရှင်ဘုရင်​တို့​ပင်လျှင် သူ​၏​ဉာဏ်ပညာ​ကြီး​သော​သတင်း​ကို ကြားသိ​ရ​သဖြင့် ထို​တိုင်းနိုင်ငံ​တို့​မှ လူ​တို့​သည် ရှောလမုန်​မင်းကြီး​၏​ဉာဏ်ပညာ​နှင့်​မြွက်ဆို​သော​စကား​ကို သွားရောက်​နားဆင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​အား ရှင်ဘုရင်​အဖြစ်​ဘိသိက်ပေး​၍ ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ကြောင်း ဒါဝိဒ်​မင်းကြီး​လက်ထက်​တစ်လျှောက် ဒါဝိဒ်​မင်းကြီး​နှင့်​မိတ်ဆွေ​ဖြစ်​ခဲ့​သော တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​ကြားသိ​လျှင် ရှောလမုန်​မင်းကြီး​ထံသို့ မိမိ​အမှုထမ်း​များ​ကို​စေလွှတ်​၍ မိတ်ဖွဲ့​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​က​လည်း ဟိရံ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 3,
      "text": "“အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​သည် သူ​၏​ရန်သူ​တို့​ကို သူ့​ခြေဖဝါး​အောက်​သို့ ထာဝရဘုရား​မ​ချထား​မီ​အချိန်​ထိ သူ့​အား တိုက်ပွဲ​များ​ဝိုင်းရံ​လျက်​ရှိ​သောကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဗိမာန်တော်​ကို တည်ဆောက်​ခွင့်​မ​ရ​ခဲ့​ကြောင်း မင်းကြီး​သိ​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 4,
      "text": "ယခုမှာ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​လက်ထက်​တွင် အေးချမ်းသာယာ​စေ​သဖြင့် အကျွန်ုပ်​ပတ်လည်​တွင် ရန်ပြုသူ​မ​ရှိ​၊ ဘေးအန္တရာယ်​လည်း မ​ရှိ​ပါ​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 5,
      "text": "ထာဝရဘုရား​က အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​သင့်​အရိုက်အရာ​ကို​ဆက်ခံ​ပြီး သင့်​ရာဇပလ္လင်​ပေါ်တွင် ငါ​စံမြန်း​စေ​မည့် သင့်​သား​တော်​သည် ငါ့​နာမ​အဖို့ အိမ်​တော်​ကို တည်​လိမ့်မည်​’​ဟု မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို တည်ဆောက်​ရန် ရည်ရွယ်​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 6,
      "text": "ထို့ကြောင့် အကျွန်ုပ်​အဖို့ လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​များ​ကို ခုတ်​ပေး​ကြ​ရန် အမိန့်​ထုတ်ပြန်​ပါ​။ အကျွန်ုပ်​၏​အမှုထမ်း​တို့​သည် မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ အလုပ်လုပ်​ကြ​ပါ​လိမ့်မည်​။ မင်းကြီး​၏​အမှုထမ်း​တို့​အတွက် လုပ်အားခ​ကို​လည်း မင်းကြီး​ဆို​သည့်​အတိုင်း ပေး​ပါ​မည်​။ မင်းကြီး​သိ​တော်မူ​သည့်​အတိုင်း အကျွန်ုပ်​တွင် ဆီဒုန်​လူမျိုး​တို့​ကဲ့သို့ သစ်ခုတ်​ကျွမ်းကျင်​သူ မ​ရှိ​ပါ​”​ဟု မှာကြား​လိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 7,
      "text": "ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​၏​စကား​ကို​ကြား​လျှင် “​ယနေ့ ဤ​လူမျိုး​ကြီး​အပေါ် အုပ်ချုပ်​ရန် ဒါဝိဒ်​မင်းကြီး​အား ပညာရှိ​သော​သား​ကို​ပေး​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု ဝမ်းသာအားရ​မြွက်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 8,
      "text": "ထို့နောက် ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​ထံ လူ​လွှတ်​၍ “​သင်​မှာကြား​လိုက်​သော​စကား​ကို အကျွန်ုပ်​ကြားသိ​ရ​ပါ​ပြီ​။ သင်​လို​သမျှ သစ်ကတိုးသား​၊ ထင်းရှူးသား​တို့​ကို ပေး​ပါ​မည်​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 9,
      "text": "အကျွန်ုပ်​၏​အမှုထမ်း​တို့​အား လက်ဘနွန်​တောင်​မှ​သစ်​တို့​ကို ပင်လယ်​အထိ​သယ်လာ​ပြီး ဖောင်​ဖွဲ့​၍​ပင်လယ်ရေကြောင်း​အတိုင်း မျှောချ​မည်​။ မင်းကြီး​အလိုရှိ​သော​နေရာ​သို့​ရောက်​လျှင် ဖောင်​ကို​ဖျက်​ပြီး သစ်​တို့​ကို သယ်ယူ​သွား​ပါ​။ မင်းကြီး​လည်း အကျွန်ုပ်​၏​နန်းတွင်းသူ​နန်းတွင်းသား​တို့​အတွက် ရိက္ခာ​ကို ဖြည့်ဆည်း​ပေး​ပါ​ရန် အကျွန်ုပ်​ဆန္ဒပြု​ပါ​သည်​”​ဟု အကြောင်းပြန်​ကြား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 10,
      "text": "ဤသို့ဖြင့် ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​အလို​ရှိသမျှ သစ်ကတိုးသား​၊ ထင်းရှူးသား​တို့​ကို ပို့ပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 11,
      "text": "ရှောလမုန်​မင်းကြီး​သည်​လည်း ဟိရံ​မင်းကြီး​၏​နန်းတွင်းသူ​နန်းတွင်းသား​တို့ စားစရာ​အဖို့ ဂျုံ​ကောရ​နှစ်သောင်း​နှင့် ကြိတ်​ထား​သော​သံလွင်ဆီ ကောရ ​နှစ်ဆယ်​ကို ပေး​၏​။ ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဟိရံ​မင်းကြီး​အဖို့ နှစ်စဉ်​ပြု​ပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ကတိထား​တော်မူ​သည့်​အတိုင်း ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ ဟိရံ​မင်းကြီး​နှင့်​ရှောလမုန်​မင်းကြီး​တို့​နှစ်​ဦး​သည် အချင်းချင်း​သင့်မြတ်​ကြ​ပြီး မဟာမိတ်​လည်း​ဖွဲ့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 13,
      "text": "ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အလုပ်ကြမ်းသမား အယောက်​သုံးသောင်း​ကို ခန့်ထား​ပြီး"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 14,
      "text": "တစ်​လ​လျှင် လူ​တစ်သောင်း​စီ​ကို လက်ဘနွန်​တော​သို့ စေလွှတ်​၏​။ သူ​တို့​သည် လက်ဘနွန်​တော​တွင်​တစ်​လ​၊ ကိုယ့်​အိမ်​တွင်​နှစ်​လ နေ​ကြ​ရ​၏​။ အဒေါနိရံ​သည် ထို​အလုပ်ကြမ်းသမား​တို့​ကို ကြီးကြပ်​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 15,
      "text": "ရှောလမုန်​မင်းကြီး​ထံ၌ အထမ်းသမား အယောက်​ခုနစ်သောင်း​နှင့် တောင်​ပေါ်တွင် ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 16,
      "text": "ထို့ပြင် ရှောလမုန်​မင်းကြီး​သည် လုပ်ငန်းခွင်​အကြီးအကဲ အယောက်​သုံး​ထောင့်​သုံး​ရာ​ကို​လည်း ခန့်ထား​၏​။ သူ​တို့​သည် အလုပ်ခွင်​တွင် အလုပ်လုပ်​သော​သူ​တို့​ကို ကြီးကြပ်ကွပ်ကဲ​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 17,
      "text": "ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ကျောက်​များ​ကို​ဆစ်​၍ အိမ်​တော်​အုတ်မြစ်ချ​နိုင်​ရန် ကျောက်တုံး​ကြီး​များ​၊ ကျောက်ကောင်းကျောက်မြတ်​များ​ကို တူးယူ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 18,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​၏​ဆောက်လုပ်ရေးသမား​များ​၊ ဟိရံ​မင်းကြီး​၏​ဆောက်လုပ်ရေးသမား​များ​နှင့် ဂေဗလ​အမျိုးသား​တို့​သည် ကျောက်​များ​ကို ထုဆစ်​ကြ​ပြီး အိမ်​တော်​တည်ဆောက်​ရန် သစ်သား​များ​၊ ကျောက်​များ​ကို ပြင်ဆင်​ထား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး နှစ်​ပေါင်း​လေး​ရာ​ရှစ်ဆယ်​အကြာ​၊ အစ္စရေး​လူမျိုး​တို့​ကို​အုပ်ချုပ်​သည့် လေး​နှစ်​မြောက်​၊ ဇိဖ​ဟု​ခေါ်​သော ဒုတိယ​လ​တွင် ထာဝရဘုရား​အဖို့ အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 2,
      "text": "ထာဝရဘုရား​အဖို့ ရှောလမုန်​မင်းကြီး​တည်ဆောက်​သော​အိမ်​တော်​မှာ အလျား​အတောင်​ခြောက်ဆယ် ​၊ အနံ​အတောင်​နှစ်ဆယ် ​၊ အမြင့်​အတောင်​သုံးဆယ် ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 3,
      "text": "အိမ်​တော်​၏​ပင်မဆောင်​ရှေ့​ဆင်ဝင်​သည် အိမ်​တော်​မျက်နှာစာ​အကျယ်​ရှိ​သည့်​အတိုင်း အလျား​အတောင်​နှစ်ဆယ်​၊ အနံ​မှာ အိမ်​တော်​ရှေ့​၌ အတောင်​တစ်ဆယ် ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 4,
      "text": "အိမ်​တော်​ထဲတွင် အလင်းဝင်ပေါက်​ဖြစ်​သော ပြတင်းပေါက်​ငယ်​များ​ကို​လည်း ဆောက်လုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 5,
      "text": "အိမ်​တော်​နံရံ​နှင့်​ကပ်​လျက် အခန်း​များ ပတ်ပတ်လည်​ဆောက်​ထား​၏​။ ထို​အခန်း​များ​ကို အိမ်​တော်​၏​ပင်မဆောင်​နှင့် သန့်ရှင်းရာဌာန​နံရံ​များ​တွင် ပတ်ပတ်လည်​ဆောက်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 6,
      "text": "အောက်ဆုံးထပ်​အခန်း​မှာ အနံ​ငါး​တောင် ​၊ အလယ်ထပ်​အခန်း​မှာ အနံ​ခြောက်​တောင် ​၊ တတိယထပ်​အခန်း​မှာ အနံ​ခုနစ်​တောင် ​ရှိ​၏​။ အိမ်​တော်​နံရံ​ကို ဖောက်​မ​ဝင်​ဘဲ အိမ်​တော်​အပြင်​နံရံ​ပတ်ပတ်လည်​တွင် အခန်း​ကို​ထောက်ပင့်​ထား​သော​ဆင့်​တို့​ကို ပြုလုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 7,
      "text": "အိမ်​တော်​ကို​တည်ဆောက်​ရာ​တွင် ကျောက်တွင်း​မှ ဆစ်​ပြီးသား​ကျောက်​များ​ကို​သာ အသုံးပြု​၏​။ ထို့ကြောင့် အိမ်​တော်​တည်ဆောက်​ချိန်​တွင် တူ​၊ ပုဆိန်​စသော သံထည်​ကိရိယာ​တို့​၏​ထုသံနှက်သံ​ကို​မျှ မ​ကြား​ရ​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 8,
      "text": "မြေညီထပ် ​ရှိ​ဝင်ပေါက်​မှာ အိမ်​တော်​၏​ယာဘက်​ခြမ်း​တွင်​ရှိ​၏​။ ကြောင်လိမ်လှေကား​ဖြင့် အလယ်ထပ်​၊ တတိယထပ်​တို့​သို့ တက်ရောက်​နိုင်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 9,
      "text": "ဤသို့ အိမ်​တော်​ကို​တည်ဆောက်​ပြီးစီး​ပြီးမှ အိမ်​တော်​အမိုးမျက်နှာကြက်​ကို သစ်ကတိုးသား ထုပ်တန်း​များ​၊ ပျဉ်ချပ်​များ​ဖြင့် ပြုလုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 10,
      "text": "အိမ်​တော်​ပတ်ပတ်လည်​တွင် အမြင့်​ငါး​တောင်​ရှိ​သော​အခန်းငယ်​များ ဆောက်လုပ်​ထား​ပြီး ထို​အခန်း​များ​ကို သစ်ကတိုးသား​ရက်မ​များ​ဖြင့် အိမ်​တော်​နှင့်​တွဲဆက်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 11,
      "text": "တစ်နေ့တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရှောလမုန်​မင်းကြီး​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 12,
      "text": "“​ဤ​အိမ်​တော်​ကို သင်​တည်ဆောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို လိုက်နာ​၍ ပညတ်တော်​ရှိသမျှ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို သင်​၌ ငါ​တည်​စေ​မည်​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 13,
      "text": "အစ္စရေး​အမျိုးသား​တို့​၌ ငါ​ကိန်းဝပ်​မည်​။ ငါ့​လူမျိုး​တော်​အစ္စရေး​ကို ငါ​မ​စွန့်ပစ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 14,
      "text": "ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ဤ​အိမ်​တော်​ကို ပြီးစီး​သည့်​တိုင် ဆောက်လုပ်​ခဲ့​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 15,
      "text": "အိမ်​တော်​အတွင်း​နံရံ​ကို သစ်ကတိုး​ပြား​များ​ဖြင့် တည်ဆောက်​၏​။ အိမ်​တော်​ကြမ်းပြင်​မှ မျက်နှာကြက်​အထိ အတွင်း​နံရံ​များ​ကို သစ်သား​များ​ဖြင့် အုပ်​ထား​၏​။ အိမ်​တော်​ကြမ်းခင်း​ကို​မူ ထင်းရှူးပြား​များ​ဖြင့် ခင်း​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 16,
      "text": "အိမ်​တော်​အတွင်းပိုင်း​အတောင်​နှစ်ဆယ်​ကို အခန်းဖွဲ့​၍ ကြမ်းခင်း​မှ​မျက်နှာကြက်​အထိ သစ်ကတိုးပြား​များ​ဖြင့် ကာ​ထား​၏​။ ဤ​အခန်း​သည် အိမ်​တော်​အတွင်းပိုင်း​တွင် ဆောက်လုပ်​ထား​ပြီး သန့်ရှင်းရာဌာန​၊ အသန့်ရှင်းဆုံးဌာန​အဖို့​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 17,
      "text": "ထို​အခန်း​ရှေ့​ဘက်​ရှိ​ပင်မဆောင်​သည် အတောင်​လေးဆယ် ​ရှည်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 18,
      "text": "အိမ်​တော်​အတွင်းပိုင်း​တွင် ကျောက်သား​များ​မ​ပေါ်​အောင် သစ်ကတိုးသား​ကို​အုပ်ထား​၏​။ ထို​သစ်ကတိုးသား​ပေါ်တွင် သစ်သီးပုံ​၊ ပန်းပွင့်ပုံ​များ ထွင်းထု​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 19,
      "text": "ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထား​ရန် အိမ်​တော်​အတွင်းဆုံးပိုင်း​တွင် သန့်ရှင်းရာဌာန​ကို ပြင်ဆင်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 20,
      "text": "အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​အတောင်​နှစ်ဆယ်​ရှိ​သော သန့်ရှင်းရာဌာန ​ကို ရွှေ​စင်​ဖြင့် မွမ်းမံ​ထား​ပြီး ယဇ်ပလ္လင်​ကို သစ်ကတိုးသား​ဖြင့်​လုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 21,
      "text": "ဤသို့ ရှောလမုန်​မင်းကြီး​သည် အိမ်​တော်​အတွင်းပိုင်း​ကို ရွှေ​စင်​နှင့်​မွမ်းမံ​ထား​ပြီး သန့်ရှင်းရာဌာန​၏​မျက်နှာစာ​တွင် ရွှေ​ကြိုး​များ သွန်းလုပ်​သွယ်တန်း​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 22,
      "text": "အိမ်​တော်​တစ်ခုလုံး​ကို ရွှေ​အတိ​နှင့်​ပြီး​စေ​၏​။ သန့်ရှင်းရာဌာန​ရှိ ယဇ်ပလ္လင်​တစ်ခုလုံး​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 23,
      "text": "အမြင့်​ဆယ်​တောင်​စီ​ရှိ​သော​ခေရုဗိမ် ​နှစ်​ပါး​ကို သံလွင်သား​ဖြင့်​ထုလုပ်​၍ သန့်ရှင်းရာဌာန​တော်​တွင်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 24,
      "text": "ထို​ခေရုဗိမ် ​တစ်ပါး​၏​အတောင်ပံ​သည် တစ်ဖက်​လျှင် ငါး​တောင်​ရှိ​ပြီး တောင်ပံ​တစ်ဖက်​ထိပ်​မှ​အခြား​တစ်ဖက်​ထိပ်​အထိ ဆယ်​တောင်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 25,
      "text": "နောက်​ခေရုဗိမ် ​တစ်ပါး​၏​အတောင်ပံ​သည်​လည်း ဆယ်​တောင်​ရှိ​၏​။ ခေရုဗိမ်​နှစ်​ပါး​စလုံး​မှာ အရွယ်အစား​တူ​၊ ပုံစံ​လည်း​တူ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 26,
      "text": "ပထမ​ခေရုဗိမ် ​နှင့် ဒုတိယ​ခေရုဗိမ်​နှစ်ပါးစလုံး​သည် ဆယ်​တောင်​စီ အမြင့်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 27,
      "text": "ထို​ခေရုဗိမ် ​တို့​ကို အိမ်​တော်​အတွင်းခန်း​တွင် ထားရှိ​၏​။ ခေရုဗိမ်​၏​အတောင်ပံ​တို့​သည် ဖြန့်​လျက်​နေ​၍ တစ်ပါး​၏​အတောင်ပံ​သည် နံရံ​တစ်ဖက်​ကို​ထိ​၍ အခြား​တစ်ပါး​၏​အတောင်ပံ​သည် နံရံ​အခြား​တစ်ဖက်​ကို​ထိ​နေ​၏​။ ကျန်​တောင်ပံ​နှစ်​ခု​မှာ အခန်း​အလယ်​တွင် အချင်းချင်း​ထိစပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 28,
      "text": "ထို​ခေရုဗိမ် ​တို့​ကို ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 29,
      "text": "အိမ်​တော်​အတွင်းခန်း​၊ အပြင်ခန်း​နံရံ​ပတ်ပတ်လည်​တွင် ခေရုဗိမ် ​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​များ​ကို ပန်းပု​လက်ရာမြောက်​အောင် ထွင်းထု​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 30,
      "text": "အိမ်​တော်​အတွင်းခန်း​၊ အပြင်ခန်း​တို့​၏​ကြမ်းခင်း​များ​ကို​လည်း ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 31,
      "text": "သန့်ရှင်းရာဌာန​၏​အဝင်ဝ​တံခါး​ကို သံလွင်သား​ဖြင့် ပြုလုပ်​ထား​ပြီး တံခါးတိုင်​၌ ကျည်းဘောင်​ငါး​ထပ်​ပါရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 32,
      "text": "သံလွင်သား​တံခါးရွက်​နှစ်​ရွက်​တွင် ခေရုဗိမ် ​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​တို့​ကို ပန်းပု​လက်ရာမြောက်​စွာ​ထုလုပ်​ထား​ပြီး ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။ ခေရုဗိမ်ပုံ​နှင့် စွန်ပလွံပင်​ပုံ​တို့​ကို ရွှေ​ဖြင့်​ကပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 33,
      "text": "ထိုနည်းတူ ပင်မဆောင်​ဝင်ပေါက်​ကို သံလွင်သား​ဖြင့်​ပြုလုပ်​ထား​၍ တံခါးတိုင်​၌ ကျည်းဘောင်​လေးထပ်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 34,
      "text": "တံခါးချပ်​နှစ်​ချပ်​ကို ထင်းရှူးသား​နှင့်​ပြုလုပ်​ထား​ပြီး တံခါးချပ်​တစ်​ချပ်​စီ​တွင် ခေါက်​၍​ရ​သော​တံခါးရွက်​နှစ်​ရွက်​စီ ပါရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 35,
      "text": "တံခါးချပ်​များ​ပေါ်တွင် ခေရုဗိမ် ​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​များ ထွင်းထု​ထား​ပြီး ထို​ရုပ်လုံး​တို့​အပေါ်​၌ ရွှေ​ဖြင့် သေသပ်​စွာ​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 36,
      "text": "အတွင်း​တံတိုင်း​ကို​လည်း ဆစ်​ထား​သော​ကျောက်​သုံး​ဆင့်​၊ သစ်ကတိုးသား​ရက်မ​တစ်​ဆင့်​တို့​ဖြင့် ဆောက်လုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 37,
      "text": "ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​နန်းစံ​လေး​နှစ်​မြောက်​၊ ဇိဖ​လ​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို အုတ်မြစ်ချ​ပြီး"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 38,
      "text": "တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ ဗု​လ ဟု​ခေါ်​သော​အဋ္ဌမ​လ​တွင် ရေးဆွဲ​ချမှတ်​ထား​သော​အိမ်​တော်​ပုံစံ​အတိုင်း ဆောက်လုပ်​ပြီးစီး​၏​။ အိမ်​တော်​ကို ခုနစ်​နှစ်​တိုင် ဆောက်လုပ်​ခဲ့​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် မိမိ​နန်းတော်​ကို​လည်း​တည်ဆောက်​ရာ တစ်ဆယ့်​သုံး​နှစ်​အကြာ​တွင် နန်းတော်​တစ်ခုလုံး ပြီးစီး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 2,
      "text": "အလျား​အတောင်​တစ်ရာ ​၊ အနံ​အတောင်​ငါးဆယ် ​၊ အမြင့်​အတောင်​သုံးဆယ် ​ရှိ​သော လက်ဘနွန်​တော​စံနန်းဆောင်​ကို တည်ဆောက်​၏​။ သစ်ကတိုးသား​တိုင်​လေး​တန်း​တန်း​ပြီး ထို​တိုင်​များ​ပေါ်တွင် ရက်မ​များ​ကို တင်ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 3,
      "text": "တိုင်​အပေါ်​ရှိ ရက်မ​များ​ကို သစ်ကတိုးသား​များ​ဖြင့် မိုး​ထား​၏​။ တစ်​တန်း​လျှင် တစ်ဆယ့်​ငါး​ခု​စီ​ရှိ​၍ တိုင်​ပေါင်း​လေးဆယ့်​ငါး​တိုင်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 4,
      "text": "ပြတင်းပေါက်​သုံး​တန်း​ပါရှိ​ပြီး တစ်တန်း​နှင့်​တစ်တန်း မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 5,
      "text": "အဝင်ဝ​တံခါး​နှင့် တံခါးတိုင်​ရှိသမျှ​တို့​တွင် စတုရန်းပုံ​လေးထောင့်​ကွက်​များ​ပါရှိ​ပြီး ပြတင်းပေါက်​သုံး​တန်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 6,
      "text": "တိုင်လုံး​များ​ပါရှိ​သည့် အလျား​အတောင်​ငါးဆယ်​၊ အနံ​အတောင်​သုံးဆယ်​ရှိ​သော နန်းတော်​ခန်းမဆောင်​ကို​လည်း ဆောက်လုပ်​၏​။ ထို​တိုင်လုံး​များ​၏​မျက်နှာစာ​တွင် တိုင်​များ​နှင့်​အမိုး​ပါ​သော​ဆင်ဝင်ဆောင်​လည်း ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 7,
      "text": "တရားစီရင်​ရာ တရားပလ္လင်​ခန်းမဆောင်​ကို​လည်း တည်ဆောက်​၏​။ ထို​တရားစီရင်​ရာ​ခန်းမဆောင်​သည် ကြမ်းခင်း​မှ​ဒိုင်း​အထိ သစ်ကတိုးသား​များ​ဖြင့် ပြီး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 8,
      "text": "မိမိ​စံမြန်း​ရာ​နန်းဆောင်​ကို ထို​ခန်းမဆောင်​၏​အနောက်ဘက်​ဝင်း​တွင် ထို​ပုံစံ​အတိုင်း ဆောက်လုပ်​၏​။ မိမိ​စုံဖက်​ထား​သော ဖာရော​မင်းကြီး​၏​သမီး​တော်​စံမြန်း​ရာ​နန်းဆောင်​ကို​လည်း ထို​ခန်းမဆောင်​ပုံစံ​အတိုင်း ဆောက်လုပ်​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 9,
      "text": "အုတ်မြစ်​မှအစ တံစက်မြိတ်​အဆုံး​၊ အပြင်ဘက်​မှအစ တံတိုင်းကြီး​အဆုံး နန်းတွင်း​နန်းပြင်​အလုံးစုံ​ကို အရွယ်အစား​အလိုက် လွှ​ဖြင့်​တိုက်ဖြတ်​ထုဆစ်​ထား​သော ကျောက်ကောင်းကျောက်မြတ်​များ​ဖြင့် ဆောက်လုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 10,
      "text": "ကျောက်ကောင်းကျောက်မြတ်​များ​၊ ကျောက်တုံး​ကြီး​များ​ဖြင့် အုတ်မြစ်​ကို ချထား​ပြီး ထို​ကျောက်တုံး​များ​မှာ ရှစ်​တောင် ​၊ ဆယ်​တောင် စသည်ဖြင့်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 11,
      "text": "ထို​အုတ်မြစ်​အပေါ်​တွင် အရွယ်အစား​အလိုက်​ထုဆစ်​ထား​သော ကျောက်ကောင်းကျောက်မြတ်​များ​နှင့် သစ်ကတိုးသား​များ​ကို အသုံးပြု​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 12,
      "text": "ဆစ်​ထား​သော​ကျောက် သုံး​ဆင့်​၊ သစ်ကတိုးသား​ရက်မ တစ်​ဆင့်​တို့​ဖြင့် ထာဝရဘုရား​၏​အတွင်း​အိမ်​တော်​ဝင်း​နှင့် အိမ်​တော်​ဆင်ဝင်​နည်းတူ ဝင်းတံတိုင်း​ကြီး​ကို ဆောက်လုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 13,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် တိုင်ရာ​မြို့​မှ ဟိရံ​ကို လူ​လွှတ်​ခေါ်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 14,
      "text": "ဟိရံ​သည် နဿလိ​အမျိုးအနွယ်​၊ မုဆိုးမ​တစ်​ဦး​၏​သား​ဖြစ်​၏​။ သူ့​ဖခင်​မှာ တိုင်ရာ​အမျိုးသား​၊ ပန်းတဉ်းသမား​ဖြစ်​၏​။ ထို့ကြောင့် သူ​သည် ကြေး​သွန်းလုပ်​သော​အတတ်ပညာ​အမျိုးမျိုး​ကို ကျွမ်းကျင်​တတ်မြောက်​၏​။ သူ​သည် ရှောလမုန်​မင်းကြီး​ထံ​လာ​ပြီး ကြေးသွန်း​လုပ်ငန်း​အလုံးစုံ​ကို လုပ်ဆောင်​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 15,
      "text": "သူ​သည် အမြင့်​တစ်ဆယ့်​ရှစ်​တောင် ​၊ လုံးပတ်​တစ်ဆယ့်​နှစ်​တောင် ​ရှိ​သော ကြေးနီ​တိုင်​နှစ်​တိုင်​ကို သွန်းလုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 16,
      "text": "တိုင်​ထိပ်​တွင်​အုပ်​ဖို့ ကြေးနီ​ဖြင့်​သွန်းလုပ်​ထား​သော​တိုင်အုပ်​နှစ်​ခု​ကို သွန်းလုပ်​၏​။ တိုင်အုပ်​တစ်ခုစီ​သည် အမြင့်​ငါး​တောင် ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 17,
      "text": "တိုင်​ထိပ်​ရှိ​တိုင်အုပ်​ပေါ်တွင် ရာဇမတ်ကွက်​များ​ဖော်ထား​ပြီး ကျစ်ဆံမြီးပုံ​ကြိုး​များ​ကို ပန်းဆိုင်း​သဖွယ် ချထား​၏​။ ကြိုး​များ​သည် ပထမ​တိုင်​တွင်​ခုနစ်​ခု​၊ ဒုတိယ​တိုင်​တွင်​ခုနစ်​ခု​ပါရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 18,
      "text": "တိုင်​နှင့်တကွ သလဲသီးပုံ​အလုံး​များ​ကို သွန်းလုပ်​ပြီး တိုင်ထိပ်​အုပ်​နှစ်ခုစလုံး​ရှိ ရာဇမတ်ကွက်​တွင် သလဲသီး​အတန်း​နှစ်​တန်း​ရစ်ပတ်​ထား​ခြင်း​ဖြင့် အလှဆင်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 19,
      "text": "တိုင်ထိပ်​ရှိ တိုင်​ထိပ်အုပ်​ပေါ်၌ အမြင့်​လေး​တောင် ​ရှိ​သော​နှင်းပန်းပုံ​ပါရှိ​၏​။ ထို​တိုင်​တို့​သည် ဆင်ဝင်​တစ်ဖက်တစ်ချက်​တွင်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 20,
      "text": "တိုင်​နှစ်​တိုင်​လုံး​၏​ထိပ်အုပ်​တစ်ခုစီ​ရှိ ရာဇမတ်ကွက်​ဖော်ထား​သည့်​အလုံး​နှင့်​ဆက်​သော​နေရာ​ပတ်ပတ်လည်​တွင် သလဲသီးပုံ​အလုံး​နှစ်ရာ​စီ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 21,
      "text": "ထို​တိုင်​တို့​ကို ဗိမာန်​တော်​ဆင်ဝင်​တွင် စိုက်ထူ​၏​။ စိုက်ထူ​ထား​သော​ယာဘက်​တိုင်​ကို ယာခိန် ဟု​အမည်​ပေး​ထား​ပြီး စိုက်ထူ​ထား​သော​ဝဲဘက်​တိုင်​ကို ဗောဇ ဟု​အမည်ပေး​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 22,
      "text": "တိုင်ထိပ်​တွင် နှင်းပန်းပုံ​ဖော်ထား​၏​။ ဤသို့ဖြင့် ကြေး​တိုင်​သွန်းလုပ်​ခြင်း​အမှု ပြီးစီး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 23,
      "text": "အချင်း​အတောင်​တစ်ဆယ် ​ရှိ​၍ အမြင့်​ငါး​တောင် ​၊ လုံးပတ်​အတောင်​သုံးဆယ် ​ရှိ​သော စက်ဝိုင်းပုံ​ကြေးနီ​ရေကန်​ကို​လည်း သွန်းလုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 24,
      "text": "ရေကန်​အဝ​၏​အောက်နား​တွင် သစ်သီးပုံ​ကို တစ်တောင် ​လျှင်​ဆယ်​လုံး​စီ ပတ်ပတ်လည် ထွင်းထု​ထား​၏​။ သစ်သီးပုံ​အတန်း​နှစ်​တန်း​ရှိ​ပြီး ရေကန်​နှင့်​တစ်သားတည်း​ဖြစ်​အောင် သွန်းလုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 25,
      "text": "ထို​ရေကန်​သည် နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​ပေါ်တွင် တည်​ထား​၏​။ နွားရုပ်​တို့​မှာ မြောက်ဘက်​သို့ သုံး​ကောင်​၊ အနောက်ဘက်​သို့ သုံး​ကောင်​၊ တောင်ဘက်​သို့ သုံး​ကောင်​၊ အရှေ့ဘက်​သို့ သုံး​ကောင် မျက်နှာမူ​ထား​၏​။ နွားရုပ်​တို့​အပေါ်​တွင် ရေကန်​ရှိ​၍ ထို​နွားရုပ်​အားလုံး အတွင်းဘက်​ကို ကျောခိုင်း​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 26,
      "text": "ရေကန်​၏​ထု​မှာ လက်တစ်ဖဝါးစာ ​ရှိ​၏​။ အနားသား​မှာ ခွက်ဖလား​အနားသား​နှင့်​တူ​ပြီး နှင်းပန်းပုံ ဖော်ထား​၏​။ ရေ ဗတ်​နှစ်ထောင် ဆံ့​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 27,
      "text": "ထို့ပြင် ကြေးနီ​တွန်းလှည်း​ဆယ်​ခု​ကို​လည်း သွန်းလုပ်​၏​။ တွန်းလှည်း​တစ်ခုစီ​သည် အလျား​လေး​တောင် ​၊ အနံ​လေး​တောင်​၊ အမြင့်​သုံး​တောင် ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 28,
      "text": "ထို​တွန်းလှည်း​များ​၏​ပုံစံ​မှာ ကြေးနီပြား​ဘေးဘောင်​များ​ပါရှိ​၏​။ ထို​ကြေးနီပြား​များ​ကို ဘောင်ကွပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 29,
      "text": "ဘောင်ကွပ်​ထား​သော​ကြေးနီပြား​များ​ပေါ်တွင် ခြင်္သေ့ရုပ်​၊ နွားရုပ်​၊ ခေရုဗိမ် ​ရုပ်​များ​ပါရှိ​ပြီး ဘောင်​တို့​၌ ခြင်္သေ့ရုပ်​နှင့်​နွားရုပ်​တို့​၏​အထက်​ဘက်​နှင့်​အောက်​ဘက်​တို့​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 30,
      "text": "တွန်းလှည်း​တစ်ခုစီ​တွင် ကြေးနီ​ဘီး​လေး​ဘီး​စီ​နှင့် ကြေးနီ​ဝင်ရိုး​များ​ပါရှိ​၏​။ ထောက်တိုင်​လေး​တိုင်​သည် အင်တုံ​အောက်​၌ ထောက်ထား​၏​။ ထို​အင်တုံ​ကို​ထောက်ထား​သော​တိုင်​တစ်​တိုင်​စီ​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 31,
      "text": "လှည်းအိမ်​အတွင်း​မှ အင်တုံ​အဝ​ရှိ ထိပ်ကွပ်​အထိ အမြင့်​တစ်တောင်​ရှိ​၏​။ လှည်းအိမ်​အဝ​သည် အောက်ခံ​ကဲ့သို့ အဝိုင်း​ဖြစ်​၍ အချင်း​တစ်တောင် ​ခွဲ​ရှိ​၏​။ လှည်းအိမ်​အဝ​ပတ်ပတ်လည်​တွင် အရုပ်​ထွင်းထု​ထား​၍ ဘောင်​သည် အဝိုင်း​မ​ဟုတ်​၊ စတုရန်းပုံ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 32,
      "text": "ဘီး​လေး​ဘီး​သည် ဘောင်​များ​၏​အောက်​၌​ရှိ​ပြီး ဘီး​များ​၏​ဝင်ရိုး​သည် လှည်း​ကိုယ်ထည်​နှင့် ဆက်​ထား​၏​။ ဘီး​တစ်ဘီးစီ​၏​အမြင့်​မှာ တစ်တောင်​ခွဲ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 33,
      "text": "ဘီး​များ​ကို ရထားဘီး​ကဲ့သို့ သွန်းလုပ်​ထား​၏​။ ဝင်ရိုးတံ​များ​၊ ဘီးခွေ​များ​၊ ထောက်တိုင်​များ​၊ ဝင်ရိုးအုံ​များ​အားလုံး​ကို ကြေးနီ​နှင့်​သွန်းလုပ်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 34,
      "text": "တွန်းလှည်း​တစ်ခုစီ​၏​ထောင့်​လေး​ထောင့်​တွင် ထောက်တိုင်​လေး​တိုင်​ပါရှိ​၏​။ ထောက်တိုင်​တို့​သည် လှည်း​နှင့်​တစ်သားတည်း​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 35,
      "text": "တွန်းလှည်း​၏​အပေါ်ဘက်​တွင် တစ်ထွာ ​ခန့်​ထူ​သော​ခွေ​ဖြင့် ကွပ်​ထား​၏​။ တွန်းလှည်း​အပေါ်ဘက်​ရှိ လက်ကိုင်​များ​သည် ဘောင်​များ​နှင့် တစ်သားတည်း​သွန်းထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 36,
      "text": "လက်ကိုင်​နှင့် ဘောင်​မျက်နှာပြင်​တို့​ရှိ နေရာလွတ်​များ​တွင် ခေရုဗိမ် ​ရုပ်​၊ ခြင်္သေ့ရုပ်​နှင့် စွန်ပလွံပင်​ပုံ​များ​၊ ပတ်ပတ်လည်​တွင် ကနုတ်ပန်း​များ ထွင်းထု​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 37,
      "text": "တွန်းလှည်း​ဆယ်ခုစလုံး​ကို ထို​အတိုင်း သွန်းလုပ်​သောကြောင့် ပုံစံတူ​၊ အရွယ်အစား​တူ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 38,
      "text": "တွန်းလှည်း​ဆယ်​ခု​အတွက် အချင်း​လေး​တောင်​ရှိ​ပြီး ရေ​ဗတ်​လေးဆယ်​စီ​ဆံ့​သည့် ကြေးနီ​အင်တုံ​ဆယ်​လုံး​ကို​လည်း သွန်းလုပ်​၍ တွန်းလှည်း​တစ်ခုစီ​အပေါ်​တွင် အင်တုံ​တစ်လုံးစီ ​တင်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 39,
      "text": "ထို့နောက် တွန်းလှည်း​ငါး​ခု​ကို အိမ်​တော်​၏​ယာဘက်​ခြမ်း​၌​လည်းကောင်း​၊ ကျန်​ငါး​ခု​ကို ဝဲဘက်​ခြမ်း​၌​လည်းကောင်း နေရာချ​ထား​၏​။ ရေကန်​ကို​မူ အိမ်​တော်​၏​ယာဘက်​ခြမ်း အရှေ့​တောင်​ထောင့်​တွင် နေရာချ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 40,
      "text": "ထို့ပြင် ဟိရံ​သည် အင်တုံ​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။ ထိုသို့ ဟိရံ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​၌ လုပ်ဆောင်စရာ​ရှိသမျှ​ကို လုပ်ဆောင်​ပြီးစီး​သွား​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 41,
      "text": "တိုင်​နှစ်​တိုင်​နှင့် ထို​တိုင်​နှစ်​တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​များ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို အလှဆင်​ထား​သော​ရာဇမတ်ကွက်​နှစ်​ခု​၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 42,
      "text": "ထို​ရာဇမတ်ကွက်​နှစ်​ခု​ကို အလှဆင်​ဖို့ သလဲသီးပုံ​အလုံး​လေး​ရာ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို အလှဆင်​ဖို့ ရာဇမတ်ကွက်​တစ်ခုစီ​အတွက်​သလဲသီးပုံ​အတန်း​နှစ်​တန်း​၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 43,
      "text": "တွန်းလှည်း​ဆယ်​စီး​နှင့် တွန်းလှည်း​ပေါ်​တင်​ထား​ရန် အင်တုံ​ဆယ်​လုံး​၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 44,
      "text": "ရေကန်​တစ်​ကန်​နှင့် ရေကန်​အောက်ခံ​နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 45,
      "text": "အိုး​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။ ဤသို့ ဟုရံအဘိ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အားလုံး​ကို ပြောင်လက်​နေ​သော​ကြေးနီ​များ​ဖြင့် သွန်းလုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 46,
      "text": "ရှင်ဘုရင်​သည် ထို​ပစ္စည်း​အားလုံး​ကို သုကုတ်​မြို့​နှင့် ဇာရတန်​မြို့​ကြား ဂျော်ဒန်​မြစ်ဝှမ်း​ရှိ ရွှံ့စေး​မြေ​အရပ်​၌ သွန်းလုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 47,
      "text": "ထို​အသုံးအဆောင်​ပစ္စည်း​တို့​သည် အလွန့်အလွန်​များပြား​လွန်း​သဖြင့် ရှောလမုန်​မင်းကြီး​သည် ချိန်တွယ်​မ​နေ​တော့​ဘဲ ဤအတိုင်း​ထား​လေ​၏​။ ထို့ကြောင့် ကြေးနီ​အလေးချိန် မည်မျှ​ရှိ​သည်​ကို မ​သိ​ရ​ချေ​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 48,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​ရွှေ​စားပွဲ​၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 49,
      "text": "သန့်ရှင်းရာဌာန​ရှေ့​တွင် ယာဘက်​၌ ဆီမီးခုံ​ငါး​ခုံ​၊ ဝဲ​ဘက်​၌ ဆီမီးခုံ​ငါး​ခုံ​တို့​ကို ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ ထို့ပြင် ပန်းပွင့်​များ​၊ မီးခွက်​များ​၊ မီးငြှိမ်းကိရိယာ​များ​၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 50,
      "text": "ခွက်​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် အိမ်​တော်​ပင်မဆောင်​၏​တံခါး​များ​၏​ပတ္တာ​များ​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 51,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အဖို့ လုပ်ဆောင်စရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​ပြီး​သောအခါ ခမည်းတော်​ဒါဝိဒ်​မင်းကြီး ဆက်ကပ်လှူဒါန်း​ထား​သော ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ရှောလမုန်​မင်းကြီး​ယူဆောင်​လာ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာတိုက်​ထဲတွင် ထားရှိ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 1,
      "text": "ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့​ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ရှောလမုန်​မင်းကြီး​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 2,
      "text": "ထို့ကြောင့် ဧသနိမ်​လ ဟု​ခေါ်​သော သတ္တမ​လ​ပွဲတော်​ကျင်းပ​ချိန်​တွင် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​ထံ စုရုံး​ရောက်ရှိ​လာ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 3,
      "text": "အစ္စရေး​သက်ကြီးဝါကြီး​အားလုံး ရောက်လာ​သောအခါ ယဇ်ပုရောဟိတ်​တို့​သည် သေတ္တာ​တော်​ကို ပင့်ဆောင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 4,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် တဲ​တော်​အတွင်း​ရှိ သန့်ရှင်း​သော​အသုံးအဆောင်​အားလုံး​ကို သယ်ဆောင်​လာ​ကြ​၏​။ ဤ​အရာ​တို့​ကို ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​များ​သည် သယ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 5,
      "text": "ရှောလမုန်​မင်းကြီး​နှင့် သူ့​ထံသို့​စုဝေး​ရောက်ရှိ​လာ​သော​အစ္စရေး​လူထု​အပေါင်း​တို့​သည် သေတ္တာ​တော်​ရှေ့​တွင် မ​ရေ​မ​တွက်​နိုင်​အောင်​များပြား​လှ​သော သိုး​နွား​တို့​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး အိမ်​တော်​အတွင်းခန်း အသန့်ရှင်းဆုံးဌာန​တော်​ရှိ ခေရုဗိမ် ​တို့​၏​အတောင်​တော်​အောက်​တွင် နေရာ​ချ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 7,
      "text": "ခေရုဗိမ် ​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နေရာ​အထက်​တွင် ဖြန့်​ထား​လျက်​ရှိ​သဖြင့် ထို​ခေရုဗိမ်​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နှင့် ထမ်းပိုး​တော်​တို့​အပေါ် အုပ်မိုး​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 8,
      "text": "ထမ်းပိုး​တော်​တို့​သည် ရှည်​လွန်း​သဖြင့် ထမ်းပိုး​အစွန်းပိုင်း​ကို အပြင်​မှ​မ​မြင်​ရ​သော်လည်း အတွင်းခန်း​ရှိ​သန့်ရှင်းရာဌာန​မှ လှမ်းမြင်​ရ​၏​။ ယနေ့​ထိတိုင် ထမ်းပိုး​များ ထို​နေရာ​တွင် ရှိ​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 9,
      "text": "သေတ္တာ​တော်​ထဲတွင် ကျောက်ပြား​နှစ်​ချပ်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ ထို​ကျောက်ပြား​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး ဟောရပ်​အရပ်​၌ ထာဝရဘုရား​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​စဉ် မောရှေ​ထည့်သွင်း​ထား​သော​ကျောက်ပြား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​များ သန့်ရှင်းရာဌာန​ထဲမှ​ထွက်လာ​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​ကို မိုးတိမ်​များ ဖုံးလွှမ်း​သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 11,
      "text": "ထို​မိုးတိမ်​များ​ကြောင့် ယဇ်ပုရောဟိတ်​တို့​သည် အမှု​တော်​ဆောင်​၍​ပင် မ​ရ​ကြ​တော့​ပေ​။ ဤသို့ဖြင့် ထာဝရဘုရား​၏​ဘုန်း​တော်​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို ဖုံးလွှမ်း​လျက်​ရှိ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 12,
      "text": "ထိုအခါ ရှောလမုန်​မင်းကြီး​မြွက်ဆို​သည်​မှာ “​တိမ်ထုကြီး​ထဲတွင် စံမြန်း​တော်မူ​မည်​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 13,
      "text": "ကိုယ်တော်​အဖို့ မြင့်မြတ်​သော​အိမ်​တော်​၊ ကိုယ်တော် အစဉ်အမြဲ​ကိန်းဝပ်​တော်မူ​ရာ​နေရာ​ကို အကျွန်ုပ်​တည်ဆောက်​ပါ​ပြီ​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 14,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ရပ်​လျက်​နေ​ကြ​သော​အစ္စရေး​လူထု​အပေါင်း​တို့​ဘက်​သို့​လှည့်​၍ အစ္စရေး​လူထု​တစ်ရပ်လုံး​ကို ကောင်းချီးပေး​ပြီးလျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 15,
      "text": "“​အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား နှုတ်​ကတိထား​တော်မူ​ခဲ့​သည်​ကို လက်တွေ့ ပြည့်စုံ​စေ​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 16,
      "text": "ကိုယ်တော်​က ‘​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို​တည်ဆောက်​ရန် အစ္စရေး​အမျိုးအနွယ်​တို့​ပိုင်​သော​မြို့​တစ်မြို့မြို့​ကို ငါ​မ​ရွေးချယ်​ခဲ့​။ သို့သော် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် ဒါဝိဒ်​ကို ငါ​ရွေးချယ်​ခဲ့​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး စိတ်ဆန္ဒ​ရှိ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 18,
      "text": "သို့သော် ထာဝရဘုရား​က ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​နာမ​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် သင် စိတ်ဆန္ဒ​ရှိ​လေ​ပြီ​။ ထို​စိတ်ဆန္ဒ​ရှိ​ခြင်း​သည် ကောင်း​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 19,
      "text": "သို့သော် အိမ်​တော်​ကို သင်​မ​တည်ဆောက်​ရ​။ သင့်​ရင်သွေး​၊ သင့်​သား​သာလျှင် ငါ့​နာမ​အဖို့ အိမ်​တော်​ကို တည်ဆောက်​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 20,
      "text": "ယခုမှာ ထာဝရဘုရား​သည် မိမိ​ပြု​ထား​သော​ကတိ​တော်​ကို တည်​စေ​ပြီ​။ ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ငါ​သည် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​ပြီး အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ရ​ပြီ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​လည်း တည်ဆောက်​ခဲ့​ပြီ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 21,
      "text": "ငါ​တို့​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​စဉ်က သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ထာဝရဘုရား​၏​ပဋိညာဉ်​ပါ​သေတ္တာ​တော်​ထား​မည့်​နေရာ​ကို ငါ​ပြင်ဆင်​ထား​ပြီ​”​ဟု မြွက်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 22,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 23,
      "text": "“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ အထက်​ကောင်းကင်​၊ အောက်​မြေကြီး​ပေါ်တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​ပါ​။ ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​သော ကိုယ်တော်​၏​အစေအပါး​တို့​အား ကရုဏာ​တော်​ကို ပြ​တော်မူ​ပြီ​။ ပဋိညာဉ်​ကို တည်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 24,
      "text": "ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို တည်​စေ​တော်မူ​ပြီ​။ နှုတ်​တော်​ဖြင့် ကတိထား​တော်မူ​ခဲ့​သည်​ကို ယနေ့​တွင် လက်တွေ့ ပြည့်စုံ​စေ​ပါ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ရှေ့မှောက်​၌ တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 26,
      "text": "အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား မိန့်ဆို​ခဲ့​သည့်​ကတိ​တော်​ကို ယခု အမှန်​ဖြစ်လာ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 27,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် ဤ​မြေကြီး​ပေါ်တွင် ကိန်းဝပ်​တော်မူ​မည်လော​။ ကြည့်ရှု​လော့​။ ကောင်းကင်​သာမက အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​ဆောက်ထား​သော​ဤ​အိမ်​တော်​ကား အဘယ်ဆိုဖွယ်​ရာ​ရှိ​ပါ​လိမ့်​မည်နည်း​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 28,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​ဆုတောင်း​အသနားခံ​သည်​ကို ဂရုစိုက်​လှည့်​ပါ​။ ယနေ့ ကိုယ်တော့်​ရှေ့​တော်​တွင် ကိုယ်တော့်​အစေအပါး တောင်းလျှောက်​သော​ဆုတောင်းသံ​၊ အော်ဟစ်သံ​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 29,
      "text": "‘​ဤ​နေရာ​၌ ငါ့​နာမ​တည်​မည်​’​ဟု ကိုယ်တော်​မိန့်မှာ​ထား​သည့်​အတိုင်း ဤ​နေရာ​၊ ဤ​အိမ်​တော်​ကို နေ့​ည​မပြတ်​စောင့်ကြည့်​တော်မူ​ပါ​။ ဤ​နေရာ​သို့​မျက်နှာမူ​ပြီး​ဆုတောင်း​သော ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 30,
      "text": "ကိုယ်တော်​၏​အစေအပါး​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​ကြ​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​။ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 31,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ကို ပြစ်မှား​မိ​သဖြင့် ကျိန်ဆိုစရာ​အကြောင်း​ရှိ​၍ ဤ​အိမ်​တော်​ရှိ ကိုယ်တော်​၏​ယဇ်ပလ္လင်​ရှေ့​တွင် လာရောက်​ကျိန်ဆို​လျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 32,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 33,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​သဖြင့် ရန်သူ​ကို ရှုံးနိမ့်​သွား​ပြီးမှ သူ​တို့​သည် ကိုယ်တော့်​ထံ​ပြန်လာ​၍ နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​အိမ်​တော်​၌ ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 34,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သူ​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​သို့ သူ​တို့​ကို ပြန်လည်​ပို့ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 35,
      "text": "ကိုယ်တော့်​ကို​ပြစ်မှား​မိ​၍ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​သော​အားဖြင့် ကောင်းကင်​တံခါး​ကို​ပိတ်​လျက် မိုးခေါင်​စေ​သောအခါ သူ​တို့​သည် အပြစ်လမ်း​မှ​ပြန်လှည့်​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​လျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 36,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​ပါ​။ မှန်ကန်​သော​လမ်း​ကို လိုက်လျှောက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အား အမွေ​ပေး​တော်မူ​သော ကိုယ်တော်​၏​မြေ​ပေါ်တွင် မိုး​ကို​ရွာ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 37,
      "text": "ပြည်​တော်​တွင် ငတ်မွတ်​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်းလာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 38,
      "text": "တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 39,
      "text": "ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် လူသား​အားလုံး​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​သည်​နှင့်အညီ သူ​တို့​ကို စီရင်​တော်မူ​ပါ​။ သူ​တို့​၏​အကျင့်​အတိုင်း သူ​တို့​ကို ပြန်ပေးဆပ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 40,
      "text": "သို့မှသာ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​တွင် သူ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 41,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​မ​ဟုတ်​သော တစ်ပါးအမျိုးသား​တို့​သည်​လည်း ကိုယ်တော်​၏​နာမ​တော်​ကြောင့် ဝေး​သော​အရပ်​မှ​လာ​၍"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 42,
      "text": "ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး ဆုတောင်း​ကြ​လျှင် (အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​၊ အားကြီး​သော​လက်​တော်​၊ တန်ခိုးကြီး​သော​လက်ရုံး​တော်​အကြောင်း​ကို ကြား​ကြ​လိမ့်မည်​။)"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 43,
      "text": "ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​၊ ထို​တစ်ပါးအမျိုးသား​တို့ တောင်းလျှောက်​သမျှ​ကို ပြု​ပေး​တော်မူ​ပါ​။ သို့မှ မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကဲ့သို့ ကိုယ်တော်​၏​နာမ​တော်​ကို သိကျွမ်း​၍ ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တည်ဆောက်​သော ဤ​အိမ်​တော်​ကို​လည်း ကိုယ်တော်​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ဟု ခေါ်ဝေါ်​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 44,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​တို့​သည် ကိုယ်တော်​စေ​ရာ​လမ်း​အတိုင်း ရန်သူ​တို့​အား စစ်​ထွက်​တိုက်​ရ​သောအခါ သူ​တို့​သည် ကိုယ်တော်​ရွေးချယ်​တော်မူ​သော​ဤ​မြို့​၊ ကိုယ်တော်​၏​နာမ​တော်​အဖို့ အကျွန်ုပ်​တည်ဆောက်​သော​အိမ်​တော်​ဘက်​သို့ မျက်နှာမူ​ပြီး ထာဝရဘုရား​ထံ ဆုတောင်း​ကြ​လျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 45,
      "text": "ကောင်းကင်ဘုံ​မှ​နေ​၍ သူ​တို့​၏​ဆုတောင်း​အသနားခံသံ​ကို နားညောင်း​တော်မူ​ပြီး သူ​တို့​၏​စစ်မှု​ကို စီရင်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 46,
      "text": "မ​ပြစ်မှား​ဘဲ​နေနိုင်သူ တစ်ယောက်​မျှ​မ​ရှိ​သည်​ဖြစ်​၍ သူ​တို့​သည် ကိုယ်တော့်​ကို ပြစ်မှား​မိ​လျှင် ကိုယ်တော်​သည် သူ​တို့​ကို အမျက်ထွက်​၍ ရန်သူ​လက်​သို့ အပ်လိုက်​သဖြင့် ရပ်နီး​ရပ်ဝေး​ရှိ​ရန်သူ​တို့​၏​ပြည်​သို့ သူ​တို့​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​ပြီး"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 47,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ သူ​တို့ စိတ်နှလုံး​ပြောင်းလဲ​၍ ‘​အကျွန်ုပ်​တို့ ပြစ်မှား​မိ​ပါ​ပြီ​။ ဒုစရိုက်​ကို ပြု​မိ​ပါ​ပြီ​။ မကောင်းမှု​များ​ကို ပြု​မိ​ပါ​ပြီ​’​ဟု ဆို​လျက် နောင်တရ​ကာ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အရပ်​၌​ပင် ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်​၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 48,
      "text": "သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ရန်သူ့​ပြည်​၌ပင် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ကိုယ်တော့်​ထံ​ပြန်လာ​၍ သူ​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​၊ ကိုယ်တော်​ရွေးချယ်​တော်မူ​ရာ​မြို့​၊ နာမ​တော်​အဖို့ အကျွန်ုပ်​တည်ဆောက်​သော​အိမ်​တော်​ဘက်​သို့ မျက်နှာမူ​ပြီး ကိုယ်တော့်​ထံ ဆုတောင်း​ကြ​လျှင်"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 49,
      "text": "ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ​နေ​၍ သူ​တို့​ဆုတောင်း​အသနားခံသံ​ကို နားညောင်း​တော်မူ​ပြီး သူ​တို့​၏​အမှု​ကို စီရင်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 50,
      "text": "ကိုယ်တော်​ကို​ပြစ်မှား​မိ​သော ကိုယ်တော့်​လူမျိုး​တော်​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ ကိုယ်တော်​ကို သူ​တို့​ဆန့်ကျင်​ကျူးလွန်​မိ​သော​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သူ​တို့​ကို ဖမ်းခေါ်​သွား​သော​သူ​တို့​အား သနား​တတ်​သော​စိတ်​ကို​ပေး​တော်မူ​ပါ​။ သို့မှ သူ​တို့​ကို သနား​ပါ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 51,
      "text": "သူ​တို့​သည် သံ​မီးပြင်းဖို​အီဂျစ်​ပြည်​ထဲမှ ကိုယ်တော်​ခေါ်ထုတ်​တော်မူ​ခဲ့​သော ကိုယ်တော်​၏​အမွေခံ​လူမျိုး​တော်​ဖြစ်​ပါ​သည်​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 52,
      "text": "ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့ ဆုတောင်း​အသနားခံ​သည်​ကို မြင်​တော်မူ​လှည့်​ပါ​။ ကိုယ်တော့်​ထံ တောင်းလျှောက်​သမျှ​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 53,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ကိုယ်တော့်​အစေအပါး​မောရှေ​အား မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ကိုယ်တော်​၏​အမွေခံ​လူမျိုး​တော်​အဖြစ် မြေကြီး​ပေါ်ရှိ​လူမျိုး​အပေါင်း​တို့​ထဲမှ ရွေးကောက်​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 54,
      "text": "ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဤ​ဆုတောင်း​အသနားခံချက်​အလုံးစုံ​တို့​ကို ထာဝရဘုရား​ထံ​တောင်းလျှောက်​ပြီး​သောအခါ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​တွင် ဒူးထောက်​ပြီး ကောင်းကင်​သို့ လက်​ကို​ဆန့်​ရာ​မှ ထ​၍"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 55,
      "text": "မတ်တတ်ရပ်​လျက် အစ္စရေး​လူထု​အပေါင်း​တို့​အား အသံ​ကျယ်လောင်​စွာ​ဖြင့် ကောင်းချီးပေး​ပြီးမှ မြွက်ဆို​သည်​မှာ"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 56,
      "text": "“​ကတိ​တော်​အလုံးစုံ​နှင့်အညီ မိမိ​လူမျိုး​တော်​အစ္စရေး​တို့​အား အေးချမ်းသာယာမှု​ကို ပေးသနား​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာ​ရှိ​ပါစေသော​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​အား မိန့်မှာ​ထား​ခဲ့​သည့် ကောင်းမြတ်​သော​ကတိ​တော်​များ တစ်စုံတစ်ခု​မျှ​မ​ပျက်ယွင်း​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 57,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​နှင့်အတူ တည်ရှိ​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​တို့​နှင့်​လည်း အတူ​တည်ရှိ​တော်မူ​ပါစေသော​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​ကို စွန့်ခွာ​သွား​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 58,
      "text": "ဘိုးဘေး​တို့​အား မိန့်မှာ​ထား​ခဲ့​သည့် ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို လိုက်နာစောင့်ထိန်း​၍ ကိုယ်တော်​၏​လမ်း​ရှိသမျှ​အတိုင်း လိုက်လျှောက်​နိုင်​မည့်​အကြောင်း အကျွန်ုပ်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော့်​ထံသို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 59,
      "text": "ထာဝရဘုရား​ထံ အကျွန်ုပ်​တောင်းလျှောက်​သော ဤ​ဆုတောင်းချက်​များ​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ နေ့ညမပြတ်​ရောက်ရှိ​ပါစေသော​။ နေ့စဉ်​နှင့်အမျှ ကြုံ​နေ​ရ​သော ကိုယ်တော့်​အစေအပါး​၏​အမှုကိစ္စ​များ​နှင့် ကိုယ်တော့်​လူမျိုး​တော်​အစ္စရေး​တို့​၏​အမှုကိစ္စ​များ​ကို​လည်း စီရင်​ပေးသနား​တော်မူ​ပါစေသော​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 60,
      "text": "သို့မှ ထာဝရဘုရား​တစ်ပါးတည်း​သာ ဘုရား​ဖြစ်​တော်မူ​ပြီး အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို မြေကြီးသား​အပေါင်း​တို့ သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 61,
      "text": "ဤ​နေ့​ကဲ့သို့ပင် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​အတိုင်း လိုက်လျှောက်​ရန်​နှင့် ကိုယ်တော်​၏​ပညတ်တော်​များ​ကို​စောင့်ထိန်း​ရန် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​စိတ်နှလုံး​အကြွင်းမဲ့​ဝန်ခံ​ကြ​ပါစေသော​”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 62,
      "text": "ထို့နောက် ရှင်ဘုရင်​နှင့်တကွ အထံ​တော်​ရှိ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ ယဇ်ပူဇော်​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 63,
      "text": "ရှောလမုန်​မင်းကြီး​သည် နွား​ကောင်ရေ​နှစ်သောင်းနှစ်ထောင်​၊ သိုးကောင်ရေ​တစ်သိန်းနှစ်သောင်း​တို့​ကို ထာဝရဘုရား​ထံ မိတ်သဟာယယဇ်​အဖြစ် ပူဇော်​၏​။ ဤသို့ဖြင့် ရှင်ဘုရင်​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို ဆက်ကပ်​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 64,
      "text": "ထာဝရဘုရား​ရှေ့​တော်​ရှိ ကြေးနီ​ယဇ်ပလ္လင်​သည် သေးငယ်​၍ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ထို​နေ့​တွင်ပင် ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို​လည်း သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​၍ ထို​နေရာ​တွင်ပင် မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 65,
      "text": "ထို​အချိန်​တွင်ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်ကြီး​နှင့်အတူ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ရက်​ပြီး နောက်ထပ်​ခုနစ်​ရက် စုစုပေါင်း​တစ်ဆယ့်​လေး​ရက်​တိုင် ပွဲတော်​ကျင်းပ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 66,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​တွင် လူ​တို့​ကို ပြန်လွှတ်​လိုက်​ရာ သူ​တို့​သည်​လည်း ရှင်ဘုရင်​ကို​ကောင်းချီးပေး​ပြီး ထာဝရဘုရား​က မိမိ​အစေအပါး​ဒါဝိဒ်​နှင့် မိမိ​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ ပြု​တော်မူ​သော​ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် မိမိ​တို့​နေရပ်​သို့​ပြန်သွား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ရှင်ဘုရင်​နန်းတော်​နှင့် မိမိ​ဆန္ဒ​အတိုင်း​တည်ဆောက်​လို​သမျှ​ကို တည်ဆောက်​ပြီးစီး​သောအခါ"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 2,
      "text": "ထာဝရဘုရား​က ဂိဗောင်​မြို့​၌ ကိုယ်ထင်ရှားပြ​ခဲ့​သကဲ့သို့ ရှောလမုန်​မင်းကြီး​အား ဒုတိယအကြိမ် ထင်ရှားပြ​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 3,
      "text": "ထာဝရဘုရား​က သူ့​အား “​ငါ့​ရှေ့မှောက်​တွင် သင်​ဆုတောင်း​အသနားခံ​သည်​ကို ငါ​နားညောင်း​ပြီ​။ သင်​တည်ဆောက်​သော​ဤ​အိမ်​တော်​ကို ငါ​သန့်ရှင်း​စေ​မည်​။ ငါ့​နာမ​အဖို့ အစဉ်​တည်​စေ​မည်​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 4,
      "text": "သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​အတိုင်း​၊ သင်​သည် ငါ​မိန့်မှာ​ထား​သည့်​အတိုင်း လုပ်ဆောင်​၍ ငါ​၏​ပညတ်ချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​လျက် ငါ့​ရှေ့မှောက်​တွင် စိတ်နှလုံး​တည်ကြည်​ဖြောင့်မတ်​စွာ အသက်ရှင်​လျှောက်လှမ်း​လျှင်"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 5,
      "text": "သင့်​ခမည်းတော်​ဒါဝိဒ်​အား ‘​အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် သင်​၏​မျိုးဆက်​မ​ပြတ်​ရ​’​ဟု ငါ​ကတိထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​ကို​အုပ်စိုး​ရန် သင်​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်​စေ​မည်​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 6,
      "text": "သို့သော် သင်​နှင့်​သင့်​သားမြေး​တို့​သည် ငါ့​ထံမှ​ကျောခိုင်း​သွား​ပြီး သင်​တို့​အား ငါ​မိန့်မှာ​ထား​သော​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​ဘဲ အခြား​ဘုရား​များ​ကို သွား​၍​ဝတ်ပြု​ကိုးကွယ်​မည်​ဆို​လျှင်"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​တို့​ကို ငါ​ပေး​ထား​သော​ပြည်​ပေါ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ငါ့​နာမ​အဖို့ ငါ​သန့်ရှင်း​စေ​သော​အိမ်​တော်​ကို​လည်း ငါ့​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။ အစ္စရေး​လူမျိုး​တို့​သည် လူမျိုး​တကာ​တို့​အလယ်​တွင် ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 8,
      "text": "ဤ​သန့်ရှင်းမြင့်မြတ်​သော ​အိမ်​တော်​အနား​မှ ဖြတ်သွား​သော​သူ​တိုင်း အံ့အားသင့်​လျက် ကဲ့ရဲ့​ကြ​လိမ့်မည်​။ ‘​ဤ​ပြည်​နှင့် ဤ​အိမ်​တော်​ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့​ပြု​တော်မူ​သနည်း​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 9,
      "text": "ထိုအခါ လူ​တို့​က ‘​သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သူ​တို့​စွန့်ပယ်​၍ အခြား​သော​ဘုရား​တို့​ကို ဆည်းကပ်​လျက် ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​အား ဤ​ဘေးအန္တရာယ်​အပေါင်း​နှင့် ကြုံတွေ့​စေ​တော်မူ​ပြီ​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 10,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​နန်းတော်​တည်းဟူသော အဆောက်အအုံ​နှစ်​ခု​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 11,
      "text": "တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​အား သစ်ကတိုးသား​၊ ထင်းရှူးသား​နှင့် ရွှေ​တို့​ကို အလိုရှိ​သမျှ​ပံ့ပိုး​ပေး​ခဲ့​သဖြင့် ရှောလမုန်​မင်းကြီး​သည် ဟိရံ​မင်းကြီး​အား ဂါလိလဲ​ပြည်​ရှိ မြို့​နှစ်ဆယ်​မြို့​ကို​ပေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 12,
      "text": "ထို့ကြောင့် ဟိရံ​မင်းကြီး​သည် တိုင်ရာ​မြို့​မှ​ထွက်လာ​၍ ရှောလမုန်​မင်းကြီး​ပေး​သော​မြို့​များ​ကို သွားရောက်​ကြည့်ရှု​ရာ ထို​မြို့​များ​ကို စိတ်တိုင်းမကျ​ဖြစ်​လျက်"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 13,
      "text": "“​ညီ​တော်​၊ သင်​ပေး​သော​မြို့​ကား အဘယ်သို့နည်း​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​မြို့​များ​ကို ကာဗုလ​မြေ​ဟု ယနေ့​တိုင် ခေါ်ဝေါ်​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 14,
      "text": "ဟိရံ​မင်းကြီး​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ် ​ကို ဆက်သ​ခဲ့​သေး​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 15,
      "text": "ဤသို့ ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ သူ​စံမြန်း​ရန်​နန်းတော်​၊ မိလ္လော ​၊ ဂျေရုဆလင်​မြို့ရိုး​၊ ဟာဇော်​မြို့​၊ မေဂိဒ္ဒေါ​မြို့​၊ ဂေဇာ​မြို့​တို့​ကို တည်ဆောက်​ရန် အလုပ်ကြမ်းသမား​များ​ကို ခေါ်ယူ​ခဲ့​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 16,
      "text": "အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် ဂေဇာ​မြို့​ကို ချီတက်​သိမ်းပိုက်​ပြီး မီး​ရှို့​၍ ထို​မြို့သား​ခါနာန်​လူမျိုး​တို့​အား သတ်​ပြီးလျှင် ထို​မြို့​ကို မိမိ​သမီး​တော် ရှောလမုန်​မင်းကြီး​၏​မိဖုရား​အား လက်ဖွဲ့​အဖြစ် ပေး​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 17,
      "text": "ရှောလမုန်​မင်းကြီး​သည် ဂေဇာ​မြို့​အပါအဝင် အောက်​ဗေသောရုန်​မြို့​ကို​လည်း ပြန်လည်​တည်ဆောက်​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 18,
      "text": "ထို့ပြင် မိမိ​ပိုင်နက်​ထဲရှိ ကန္တာရ​အရပ်​တွင် ဗာလတ်​မြို့​၊ တာဒမော်​မြို့​၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 19,
      "text": "ရှောလမုန်​ဘဏ္ဍာသိုလှောင်ရာ​မြို့​များ​၊ စစ်ရထား​မြို့​များ​၊ မြင်းစီးသူရဲ​မြို့​များ​သာမက ဂျေရုဆလင်​မြို့​၊ လက်ဘနွန်​တောင်​အပါအဝင် မိမိ​အုပ်စိုး​ရာ​နယ်မြေ​ရှိသမျှ​တို့​တွင် ဆောက်​လို​သော​အဆောက်အအုံ​များ​ကို​လည်း စိတ်တိုင်းကျ​ဆောက်လုပ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 20,
      "text": "အစ္စရေး​လူမျိုး​မ​ဟုတ်​သော အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထဲမှ ကြွင်းကျန်​သော​လူမျိုး​အားလုံး​နှင့်"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 21,
      "text": "အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 22,
      "text": "ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ကျွန်​အဖြစ်​မ​ထားရှိ​ဘဲ စစ်သူရဲ​များ​၊ မင်းမှုထမ်း​များ​၊ အကြီးအကဲ​များ​၊ တပ်မှူး​များ​၊ ရထားမှူး​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ထားရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 23,
      "text": "ရှောလမုန်​မင်းကြီး​၏​ဆောက်လုပ်ရေး​လုပ်ငန်း​တွင် အလုပ်သမား​များ​ကို​ကြီးကြပ်​သော အကြီးအကဲ​အယောက်​ငါး​ရာ့​ငါးဆယ်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 24,
      "text": "ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ဒါဝိဒ်​မြို့​မှ​ထွက်​၍ သူ့​အတွက် ရှောလမုန်​မင်းကြီး​ဆောက်လုပ်​ပေး​သော နန်းဆောင်​သို့ ပြောင်း​နေ​၏​။ ရှောလမုန်​မင်းကြီး​သည် မိလ္လော​ကို​လည်း တည်ဆောက်​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 25,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​အဖို့​တည်ဆောက်​သော​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို တစ်​နှစ်​လျှင် သုံး​ကြိမ်​ပူဇော်​၏​။ နံ့သာပေါင်း​ကို​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ပူဇော်​၏​။ ဤသို့ဖြင့် အိမ်​တော်​ကို လက်စသတ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 26,
      "text": "ထို့ပြင် ရှောလမုန်​မင်းကြီး​သည် ဧဒုံ​ပြည်​၊ ပင်လယ်​နီ​ကမ်းခြေ​ရှိ ဧလတ်​မြို့​အနီး ဧဇယုန်ဂါဗာ​မြို့​တွင် သင်္ဘော​ကို​တည်ဆောက်​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 27,
      "text": "ဟိရံ​မင်းကြီး​သည် ပင်လယ်ပြင်​အကြောင်း​ကို သိနားလည်​သော မိမိ​၏​အမှုထမ်း​သင်္ဘောသား​တို့​ကို ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ သင်္ဘော​လိုက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 28,
      "text": "သူ​တို့​သည် ဩဖိရ​မြို့​သို့​ရွက်လွှင့်​သွား​ပြီး ရွှေ​တာလန်​လေး​ရာ့​နှစ်ဆယ် ​ယူဆောင်​လာ​၍ ရှောလမုန်​မင်းကြီး​ကို​ဆက်သ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 1,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 2,
      "text": "သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်​ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 3,
      "text": "ရှောလမုန်​မင်းကြီး​သည် သူ​မေး​သမျှ​မေးခွန်း​တို့​ကို ဖြေကြား​နိုင်​၏​။ မင်းကြီး​အဖို့ မ​ဖြေ​နိုင်​လောက်အောင် ခက်ခဲ​သည့်​မေးခွန်း​ဟူ၍ တစ်​ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 4,
      "text": "ရှေဘ​ဘုရင်မ​သည် ဉာဏ်ပညာ​အလုံးစုံ​နှင့်​ပြည့်စုံ​သော​ရှောလမုန်​မင်းကြီး​နှင့် သူ​တည်ဆောက်​သော​နန်းတော်​၊"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 5,
      "text": "စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​တွင် ပူဇော်​သော​မီးရှို့ရာယဇ်​များ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 6,
      "text": "ထို့ကြောင့် ရှင်ဘုရင်​အား “​အကျွန်ုပ်​တိုင်းပြည်​၌ ကြားသိ​နေ​ရ​သော မင်းကြီး​၏​အောင်မြင်မှု​သတင်း​၊ ဉာဏ်ပညာ​သတင်း​များ​သည် အမှန်ပင်​ဖြစ်​ပေ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 7,
      "text": "အကျွန်ုပ်ကိုယ်တိုင် ဤ​နေရာ​သို့​လာ​၍ မျက်စိ​ဖြင့်​မ​မြင်​ရ​မီ​အထိ ဤ​သတင်း​ကို မ​ယုံကြည်​ခဲ့​ပါ​။ အကျွန်ုပ်​ကြားသိ​ထား​သော​အရာ​သည် ထက်ဝက်​မျှ​ပင်​မ​ရှိ​ပါ​။ မင်းကြီး​၏​ဉာဏ်ပညာ​နှင့် စည်းစိမ်​များ​သည် အကျွန်ုပ်​ကြားသိ​ရ​သည်​ထက် သာလွန်​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 8,
      "text": "မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 9,
      "text": "မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ အစ္စရေး​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာ​ရှိ​စေ​သတည်း​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ထာဝရ​ချစ်​တော်မူ​သည်​ဖြစ်၍ သူ​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 10,
      "text": "ထို့နောက် သူ​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ် ​၊ မြောက်မြား​စွာ​သော​အမွှေးနံ့သာ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ဆက်သ​လေ​၏​။ ရှောလမုန်​မင်းကြီး​အား ရှေဘ​ဘုရင်မ ဆက်သ​ခဲ့​သော များပြား​လှ​သော​အမွှေးနံ့သာ​မျိုး နောက်ထပ် ရောက်​မ​လာ​တော့​ချေ​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 11,
      "text": "ထို့ပြင် ဟိရံ​မင်းကြီး​၏​သင်္ဘော​များ​သည် ဩဖိရ​အရပ်​မှ​ရွှေ​များ​ယူဆောင်​လာ​သည့်​အပြင် ဩဖိရ​အရပ်​မှ စန္ဒကူး​သစ်သား​အများအပြား​နှင့် အဖိုးတန်​ကျောက်​များ​ကို​လည်း တင်ဆောင်​လာ​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 12,
      "text": "ရှင်ဘုရင်​သည် စန္ဒကူး​သစ်သား​များ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​လက်ရန်း​နှင့် ဘုရင့်​နန်းတော်​လက်ရန်း​၊ သီချင်းသည်​တို့​အတွက် စောင်းကောက်​စောင်းပြား​များ​ကို ပြုလုပ်​၏​။ ထိုမျှလောက်​များပြား​လှ​သော​စန္ဒကူး​သစ်သား​တို့​သည် ယနေ့​တိုင်အောင် ထပ်၍​မ​ရောက်လာ​၊ ၎င်း​တို့​ကို ထပ်၍​လည်း​မ​တွေ့​ရ​တော့​ပေ​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 13,
      "text": "ရှောလမုန်​မင်းကြီး​သည်​လည်း ရှေဘ​ဘုရင်မ​အား စေတနာ​အလျောက် လက်ဆောင်​များ​ကို ပေး​သည့်​အပြင် သူ​အလို​ရှိသမျှ တောင်း​သမျှ​တို့​ကို​လည်း ပေး​သေး​၏​။ ထို့နောက် ဘုရင်မ​သည် မိမိ​နောက်လိုက်ဗိုလ်ပါ​များ​နှင့်အတူ မိမိ​ပြည်​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 14,
      "text": "ရှောလမုန်​မင်းကြီး​ထံ နှစ်စဉ်​ရောက်လာ​သော​ရွှေ​အလေးချိန်​မှာ ရွှေ​တာလန် ခြောက်​ရာ​ခြောက်ဆယ်​ခြောက်​တာလန် ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 15,
      "text": "ထို့ပြင် ကုန်သည်​များ​၊ အရောင်းအဝယ်သမား​များ​၊ အာရေဗျ​ဘုရင်​အပေါင်း​တို့​နှင့် တိုင်းပြည်​တွင်း​ရှိ​ဘုရင်ခံ​တို့​ထံမှ​လည်း ရရှိ​သေး​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 16,
      "text": "ရှောလမုန်​မင်းကြီး​သည် ဒိုင်းလွှား​ကြီး​အခု​နှစ်ရာ​ကို​လည်း ရွှေ​ဖြင့်​ထု​လုပ်​၏​။ ဒိုင်းလွှား​ကြီး​တစ်ခုစီ​တွင် ရွှေ​အချိန်​ခြောက်​ရာ​ရှယ်ကယ် ​ပါဝင်​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 17,
      "text": "ဒိုင်းလွှားငယ်​အခု​သုံး​ရာ​ကို​လည်း ရွှေ​ဖြင့်​ထုလုပ်​၏​။ ဒိုင်းလွှားငယ်​တစ်ခုစီ​တွင် ရွှေ​အချိန်​သုံး​မိနာ့ ​ပါဝင်​၏​။ ရှင်ဘုရင်​သည် ထို​ဒိုင်းလွှား​တို့​ကို လက်ဘနွန်​တော​စံနန်းဆောင်​တွင် ထားရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 18,
      "text": "ထို့ပြင် ရှင်ဘုရင်​သည် ဆင်စွယ်​ရာဇပလ္လင်​ကြီး​ကို ထုလုပ်​ပြီး ရွှေ​စင်​ဖြင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 19,
      "text": "ထို​ပလ္လင်​သည် လှေကား​ခြောက်​ထစ်​ရှိ​ပြီး နောက်မှီ​ထိပ်​သည် အဝိုင်းပုံ​ဖြစ်​၏​။ ထိုင်ခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​တွင် လက်ရန်း​များ​ပါရှိ​ပြီး လက်ရန်း​ဘေးနား​တွင် ရပ်​နေ​သော​ခြင်္သေ့​ရုပ်​နှစ်​ရုပ်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 20,
      "text": "လှေကားထစ်​ခြောက်​ထစ်​တွင် တစ်ထစ်စီ​၏​ထိပ်​တစ်ဖက်စီ​တွင် ရပ်​နေ​သော​ခြင်္သေ့ရုပ်​တစ်ရုပ်စီ စုစုပေါင်း​ခြင်္သေ့ရုပ်​တစ်ဆယ့်​နှစ်​ရုပ်​ပါရှိ​၏​။ ထိုကဲ့သို့သော​ပလ္လင်​မျိုး​သည် မည်သည့်​တိုင်းပြည်​တွင်​မျှ​မ​ရှိ​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 21,
      "text": "ရှောလမုန်​မင်းကြီး​၏​ဖလား​အသုံးအဆောင်​အားလုံး​မှာ ရွှေ​ဖြင့်​ပြုလုပ်​ထား​၏​။ လက်ဘနွန်​တော​စံနန်းဆောင်​၏​အသုံးအဆောင်​အားလုံး​မှာ​လည်း ရွှေ​စင်​ဖြင့်​ပြုလုပ်​ထား​၏​။ ငွေထည်​ပစ္စည်း​တစ်​ခု​မျှ​မ​ရှိ​။ ရှောလမုန်​မင်းကြီး​လက်ထက်​တွင် ငွေ​သည် တန်ဖိုး​မ​ရှိ​ဟု မှတ်ယူ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 22,
      "text": "ရှင်ဘုရင်​ပိုင် တာရှု​သင်္ဘော​သည် ဟိရံ​မင်းကြီး​ပိုင်​သင်္ဘော​နှင့်အတူ ပင်လယ်​တွင် ကူးသန်း​သွားလာ​၏​။ ထို​တာရှု​သင်္ဘော​သည် သုံး​နှစ်​တစ်ခါ ပြန်လာ​ပြီး ရွှေ​ငွေ​များ​၊ ဆင်စွယ်​များ​၊ မျောက်ဝံ​များ​၊ ဒေါင်း​များ​ကို ယူဆောင်​လာ​လေ့​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 23,
      "text": "ရှောလမုန်​မင်းကြီး​သည် မြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​အပေါင်း​တို့​ထက် ဓနဥစ္စာ​နှင့် ဉာဏ်ပညာ​အရာ​၌ သာလွန်​ထူးကဲ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 24,
      "text": "မြေ​တစ်ပြင်လုံး​ရှိ​လူ​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​၏​စိတ်နှလုံး​တွင် ဘုရားသခင်​သွင်းပေး​တော်မူ​သော ဉာဏ်ပညာ​နှင့်ယှဉ်​သည့်​စကား​များ​ကို ကြားနာ​ရန် ရှောလမုန်​မင်းကြီး​ထံ လာ​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 25,
      "text": "နှစ်စဉ်နှစ်တိုင်း မင်းကြီး​ထံ​ရောက်လာ​သော​သူ​တို့​သည် ငွေထည်​ရွှေထည်​များ​၊ အဝတ်အထည်​များ​၊ လက်နက်​များ​၊ အမွှေးနံ့သာ​များ​၊ မြင်း​များ​၊ လား​များ စသည်​တို့​ကို လက်ဆောင်ပဏ္ဏာ​အဖြစ် အသီးသီး​ဆက်သ​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 26,
      "text": "ရှောလမုန်​မင်းကြီး​သည် ရထား​များ​၊ မြင်း​များ​ကို စုဆောင်း​လေ့​ရှိ​၏​။ ထို့ကြောင့် သူ​၌ ရထား​အစီး​တစ်ထောင့်​လေး​ရာ​နှင့် မြင်းစီးသူရဲ​တစ်သောင်းနှစ်ထောင်​ရှိ​လေ​၏​။ ၎င်း​တို့​ကို ရထား​ထား​ရာ​မြို့​များ​နှင့် ရှင်ဘုရင်​စံမြန်း​ရာ​ဂျေရုဆလင်​မြို့​တွင် ထားရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 27,
      "text": "ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ငွေ​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 28,
      "text": "အီဂျစ်​ပြည်​နှင့် ကော​မြို့​မှ မြင်း​များ​ကို ရှောလမုန်​မင်းကြီး​ထံ တင်သွင်း​တတ်​ကြ​၏​။ ရှင်ဘုရင်​၏​ကုန်သည်​တို့​သည် အဖိုးအခ​ပေး​၍ ကော​မြို့​မှ​ဝယ်ယူတင်သွင်း​ပေး​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 29,
      "text": "အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ်​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ်​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 1,
      "text": "သို့သော် ရှောလမုန်​မင်းကြီး​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​အပြင် မောဘ​သမီးပျို​၊ အမ္မုန်​သမီးပျို​၊ ဧဒုံ​သမီးပျို​၊ ဆီဒုန်​သမီးပျို​၊ ဟိတ္တိ​သမီးပျို စသော​တစ်ပါးအမျိုးသား​တို့​၏​သမီးပျို​များ​ကို​လည်း ချစ်ကြိုက်​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 2,
      "text": "ထို​တစ်ပါးအမျိုးသမီး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က အစ္စရေး​အမျိုးသား​တို့​အား “​ထို​သူ​တို့​ထံသို့ မ​သွား​နှင့်​။ သင်​တို့​ထံ​လည်း မ​လာ​စေ​နှင့်​။ သူ​တို့​သည် သင်​တို့​ကို သူ​တို့​ဘုရား​နောက်သို့​စိတ်ပါ​သွား​အောင် ဖြားယောင်း​ကြ​လိမ့်မည်​”​ဟု မိန့်မှာ​ထား​နှင့်​ပြီ​ဖြစ်​၏​။ သို့သော် ရှောလမုန်​မင်းကြီး​သည် ထို​သူ​တို့​ကို​မှ စွဲစွဲလမ်းလမ်း​ချစ်​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 3,
      "text": "ရှောလမုန်​မင်းကြီး​တွင် ဘုရင့်သမီး​တော်​ဖြစ်​သော​မိဖုရား​အပါး​ခုနစ်​ရာ​၊ မောင်းမ​သုံး​ရာ​ရှိ​၏​။ ထို​မိဖုရား​တို့​ကပင် သူ​၏​စိတ်နှလုံး​ကို လွဲသွား​စေ​ခဲ့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 4,
      "text": "ရှောလမုန်​မင်းကြီး​အိုမင်း​လာ​ချိန်​တွင် သူ့​မိဖုရား​များ​သည် သူ့​စိတ်နှလုံး​ကို အခြား​ဘုရား​တို့​နောက်သို့ ပါသွား​စေ​ကြ​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ခဲ့​ချေ​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 5,
      "text": "ရှောလမုန်​မင်းကြီး​သည် ဆီဒုန်​လူမျိုး​တို့​၏​အာရှတရက်​နတ်ဘုရားမ​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မိလကုံ​ဘုရား​တို့​၏​နောက်သို့​လိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 6,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဆိုးညစ်​သော​အမှု​ကို​ပြု​၏​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​မ​ကိုးစား​ချေ​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 7,
      "text": "ရှောလမုန်​မင်းကြီး​သည် မောဘ​လူမျိုး​တို့​၏​ရွံရှာဖွယ်​ခေမုရှ​ဘုရား​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မောလုတ်​ဘုရား​တို့​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ တောင်​ပေါ်တွင် ဆောက်လုပ်​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 8,
      "text": "မိမိ​တို့​ဘုရား​များ​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​တတ်​ကြ​သော တစ်ပါးအမျိုးသား​မိဖုရား​အားလုံး​အတွက် ထိုသို့​ပြု​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 9,
      "text": "ရှောလမုန်​မင်းကြီး​သည် မိမိ​အား နှစ်ကြိမ်​တိုင်တိုင် ကိုယ်ထင်ရှားပြ​ခဲ့​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံမှ စိတ်ပြောင်းသွား​သောကြောင့် ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား အမျက်ထွက်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 10,
      "text": "ဤသို့ဖြင့် အခြား​ဘုရား​များ​နောက်သို့​မ​လိုက်​ရန် သူ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော်လည်း သူ​မ​နာခံ​ခဲ့​ပေ​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ရှောလမုန်​မင်းကြီး​အား “​သင်​သည် ဤသို့​ပြု​၍ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​၊ ငါ​မိန့်မှာ​ထား​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​သောကြောင့် စင်စစ် နိုင်ငံ​တော်​ကို သင့်​လက်​မှ​ရုပ်သိမ်း​ပြီး သင့်​အစေအပါး​လက်​သို့ ငါ​အပ်​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 12,
      "text": "သို့သော် သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ သင့်​လက်ထက်​တွင် ငါ​မ​ပြု​သေး​။ သင့်​သား​လက်ထက်​မှ ငါ​ပြု​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 13,
      "text": "သို့သော် ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​နှင့် ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​ကို​ထောက်​ထား​၍ နိုင်ငံ​တစ်ခုလုံး​ကို​မ​ရုပ်သိမ်း​ဘဲ မျိုးနွယ်​တစ်​နွယ်​ကို သင့်​သား​အား ငါ​ပေး​ထား​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 14,
      "text": "ထို့နောက် ထာဝရဘုရား​သည် ဧဒုံ​မင်းမျိုးမင်းနွယ်​တစ်​ဦး​ဖြစ်​သော ဧဒုံ​အမျိုးသား​ဟာဒဒ်​ကို နှိုးဆော်​၍ ရှောလမုန်​မင်းကြီး​အား ရန်မူ​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 15,
      "text": "ဧဒုံ​ပြည်​၌ ဒါဝိဒ်​မင်းကြီး​ရှိ​နေ​ခဲ့​စဉ်က စစ်ဗိုလ်ချုပ်​ယွာဘ​သည် ကျဆုံး​သူ​များ​ကို သင်္ဂြိုဟ်​ရန် ရောက်လာ​ပြီး ဧဒုံ​ပြည်သား​ယောက်ျား​အားလုံး​ကို သုတ်သင်​ပစ်​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 16,
      "text": "ယွာဘ​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဧဒုံ​ပြည်သား​ယောက်ျား​အားလုံး​ကို သုတ်သင်​ပြီး​သည်​အထိ ဧဒုံ​ပြည်​တွင် ခြောက်​လ​တာ​မျှ​နေ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 17,
      "text": "ထိုစဉ်က ဟာဒဒ်​သည် အသက်ငယ်​သေး​၏​။ ဟာဒဒ်​သည် ခမည်းတော်​၏​အမှုထမ်း ဧဒုံ​အမျိုးသား​အချို့​နှင့်အတူ အီဂျစ်​ပြည်​သို့​ထွက်ပြေး​သွား​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 18,
      "text": "သူ​တို့​သည် မိဒျန်​ပြည်​မှ​ထွက်​၍ ပါရန်​ပြည်​သို့​သွား​၏​။ ထိုမှ ပါရန်​အမျိုးသား​အချို့​ကို သူ​တို့​နှင့်အတူ​ခေါ်​၍ အီဂျစ်​ပြည်​သို့​သွား​ကာ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ထံ ခိုဝင်​ကြ​၏​။ ဖာရော​မင်းကြီး​သည် သူ​တို့​အား နေစရာ​အိမ်​ကို​ပေး​ကာ အစားအစာ​များ​ကို ထောက်ပံ့​၍ မြေ​ကို​လည်း​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 19,
      "text": "ဖာရော​မင်းကြီး​သည် ဟာဒဒ်​ကို အလွန်​သဘောကျ​သဖြင့် မိမိ​ကြင်ရာ​တော်​မိဖုရား​တာပနက်​၏​ညီမ​နှင့် စုံဖက်​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 20,
      "text": "တာပနက်​၏​ညီမ​သည် သား​ဂေနုဗတ်​ကို​မွေးဖွား​၏​။ တာပနက်​သည် ဂေနုဗတ်​ကို ဖာရော​မင်းကြီး​၏​နန်းတွင်း​တွင် ကျွေးမွေးပြုစု​ထား​သဖြင့် သူ​သည် ဖာရော​မင်းကြီး​၏​သား​တော်​များ​နှင့်အတူ ဖာရော​မင်းကြီး​၏​နန်းတွင်း​၌ နေထိုင်​ရ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 21,
      "text": "အီဂျစ်​ပြည်​၌​ရှိ​သော​ဟာဒဒ်​သည် ဒါဝိဒ်​မင်းကြီး ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သွား​ပြီ​ဖြစ်ကြောင်း​နှင့် ဗိုလ်ချုပ်​ယွာဘ​လည်း သေဆုံး​သွား​ပြီ​ဖြစ်ကြောင်း​ကို ကြားသိ​ရ​သောအခါ ဟာဒဒ်​က ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​၏​နေရင်းပြည်​သို့ ပြန်သွား​ခွင့်ပြု​ပါ​”​ဟု တောင်းဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 22,
      "text": "ထိုအခါ ဖာရော​မင်းကြီး​က သူ့​အား “​ငါ​နှင့်​နေရ​သည်​မှာ မည်သည့်​လိုအပ်ချက်​ရှိ​၍ ကိုယ့်​ပြည်​ကို​ပြန်ချင်​ရ​သနည်း​”​ဟု မေး​သော်လည်း သူ​က “​ဘာမျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ကို ပြန်ခွင့်ပြု​ပါ​”​ဟု​သာ တောင်းဆို​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 23,
      "text": "ထို့ပြင် ဘုရားသခင်​သည် ဧလျာဒ​၏​သား​ရေဇုန်​ကို​လည်း နှိုးဆော်​၍ ရှောလမုန်​မင်းကြီး​အား ရန်မူ​စေ​၏​။ သူ​သည် မိမိ​သခင် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ထံမှ ထွက်ပြေး​ခဲ့​သူ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 24,
      "text": "ဇောဘ​လူမျိုး​တို့​ကို ဒါဝိဒ်​မင်းကြီး နှိမ်နင်း​ခဲ့​စဉ်က ရေဇုန်​သည် လူ​တို့​ကို​စုရုံး​ပြီး ခေါင်းဆောင်​လုပ်​ကာ ဓားပြ​အုပ်စု​ဖွဲ့​လေ​၏​။ သူ​တို့​သည် ဒမတ်စကပ်​မြို့​သို့​သွားရောက်​နေထိုင်​ပြီး ထို​မြို့​တွင် ဗိုလ်ကျစိုးမိုး​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 25,
      "text": "ရေဇုန်​သည် ဆီးရီးယား​ပြည်​တွင် ကြီးစိုး​၏​။ အစ္စရေး​လူမျိုး​တို့​ကို ရွံမုန်း​သဖြင့် ဟာဒဒ်​ကဲ့သို့ အစ္စရေး​လူမျိုး​တို့​ကို ဒုက္ခပေး​၍ ရှောလမုန်​မင်းကြီး​လက်ထက်​တစ်လျှောက်လုံး အစ္စရေး​လူမျိုး​တို့​ကို ရန်မူ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 26,
      "text": "ထို့ပြင် ဘုရင့်​အမှုထမ်း​ဖြစ်​သူ ဧဖရိမ်​အမျိုး​၊ ဇေရဒ​မြို့သား​၊ နေဗတ်​၏​သား ယေရောဗောင်​သည်​လည်း ရှောလမုန်​မင်းကြီး​ကို ပုန်ကန်​လေ​၏​။ သူ​၏​မိခင်​မှာ ဇေရွာ အမည်​ရှိ​သော​မုဆိုးမ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 27,
      "text": "ရှင်ဘုရင်​ကို သူ​ပုန်ကန်​ရ​ခြင်း​အကြောင်းမှာ ဤသို့​ဖြစ်​၏​။ ရှောလမုန်​မင်းကြီး​သည် မိလ္လော ​ကို​တည်ဆောက်​ပြီး ကျိုးပေါက်​နေ​သော​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့ရိုး​ကို​လည်း ဖာထေး​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 28,
      "text": "ယေရောဗောင်​သည် လုပ်ရည်ကိုင်ရည်​ရှိ​သူ​ဖြစ်​၏​။ ရှောလမုန်​မင်းကြီး​သည် ဤသို့ အလုပ်ကြိုးစား​သော​ထို​လူငယ်​ကို​မြင်​လျှင် ယောသပ်​အမျိုးအနွယ်​တို့​တာဝန်ယူ​ရ​သော​အလုပ်​ဟူသမျှ​ကို ကြီးကြပ်သူ​အဖြစ်​ခွဲခန့်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 29,
      "text": "တစ်နေ့တွင် ယေရောဗောင်​သည် ဂျေရုဆလင်​မြို့ပြင်​သို့​ထွက်လာ​ရာ လမ်း​တွင် ဝတ်ရုံ​အသစ်​ဝတ်ဆင်​ထား​သော ရှိလော​မြို့သား​၊ ပရောဖက်​အဟိယ​နှင့်​ဆုံ​၏​။ မြို့ပြင်​တွင် သူ​တို့​နှစ်​ဦး​သာ​ရှိ​နေစဉ်"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 30,
      "text": "အဟိယ​သည် မိမိ​ကိုယ်​ပေါ်မှ ဝတ်ရုံ​အသစ်​ကို​ကိုင်​၍ တစ်ဆယ့်​နှစ်​ပိုင်း ဆုတ်ဖြဲ​ပြီးလျှင်"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 31,
      "text": "ယေရောဗောင်​အား “​ဤ​အဝတ်စ​ဆယ်​ပိုင်း​ကို သင်​ယူ​ထား​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​ရှောလမုန်​မင်းကြီး​လက်​မှ နိုင်ငံ​ကို​ရုပ်သိမ်း​ပြီး မျိုးနွယ်​ဆယ်​နွယ်​ကို သင့်​အား​ပေး​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 32,
      "text": "ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​မျိုးနွယ်​ပိုင်​မြို့​အားလုံး​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​ကို ထောက်​ထား​ပြီး မျိုးနွယ်​တစ်​နွယ်​ကို သူ့​အဖို့ ချန်ထား​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 33,
      "text": "သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး ဆီဒုန်​နတ်ဘုရားမ အာရှတရက်​၊ မောဘ​ဘုရား ခေမုရှ​၊ အမ္မုန်​ဘုရား မိလကုံ စသည်​တို့​ကို ကိုးကွယ်​ကြ​ပြီ​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့​မ​ပြု​၊ ငါ့​လမ်း​သို့​မ​လိုက်​။ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 34,
      "text": "သို့သော် ငါ​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​သော​၊ ငါ​ရွေးချယ်​သော ငါ့​အစေအပါး ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ သူ့​လက်​မှ နိုင်ငံ​တော်​တစ်ခုလုံး​ကို မ​ရုပ်သိမ်း​။ သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို​အုပ်စိုး​စေ​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 35,
      "text": "သူ့​သား​လက်ထက်​ရောက်​မှ နိုင်ငံ​တော်​ကို ငါ​ရုပ်သိမ်း​မည်​။ ပြီးလျှင် မျိုးနွယ်​ဆယ်​နွယ်​ကို သင့်​အား ငါ​ပေး​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 36,
      "text": "ငါ့​နာမ​တည်​ရန် ငါ့​အဖို့ ငါ​ရွေးချယ်​ရာ​နေရာ ဂျေရုဆလင်​မြို့​တွင် ငါ့​အစေအပါး ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​သည် ငါ့​ရှေ့မှောက်​တွင် အစဉ်အမြဲ​လင်း​နေ​စေရန် ရှောလမုန်​မင်းကြီး​၏​သား​တော်​ကို မျိုးနွယ်​တစ်​နွယ် ငါ​ပေး​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 37,
      "text": "သင့်​ကို ငါ​ရွေးကောက်​မည်​။ သင်​သည် စိတ်​အလိုရှိ​သည့်​အတိုင်း​အုပ်စိုး​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 38,
      "text": "ငါ​မိန့်မှာ​သမျှ​ကို သင်​လိုက်နာ​၍ ငါ့​လမ်း​သို့​လိုက်​မည်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး ပြုကျင့်​သကဲ့သို့ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို ငါ့​ရှေ့မှောက်​တွင် မှန်ကန်​စွာ​ပြုကျင့်​မည်​ဆို​လျှင် ငါ​သည် သင်​နှင့်အတူ​ရှိ​ပြီး ဒါဝိဒ်​မင်းဆက်​ကို တည်​စေ​သည့်​နည်းတူ သင့်​မင်းဆက်​ကို​လည်း ခိုင်မြဲ​စွာ​တည်​စေ​မည်​။ အစ္စရေး​နိုင်ငံ​ကို သင့်​အား အုပ်စိုးခွင့်​ပေး​မည်​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 39,
      "text": "ဤ​အတွက်ကြောင့် ဒါဝိဒ်​မင်းကြီး​၏​သားစဉ်မြေးဆက်​ကို ငါ​ချိုးနှိမ်​မည်​ဖြစ်​သော်လည်း အစဉ်အမြဲ​ပြု​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 40,
      "text": "ထိုအခါ ရှောလမုန်​မင်းကြီး​သည် ယေရောဗောင်​ကို သတ်​ဖို့​ကြံစည်​လေ​၏​။ သို့သော် ယေရောဗောင်​သည် ထ​၍ အီဂျစ်​ပြည်​သို့​ထွက်ပြေး​သွား​ပြီး အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​ထံ​ခိုဝင်​ကာ ရှောလမုန်​မင်းကြီး​အနိစ္စ​ရောက်​သည်​အထိ အီဂျစ်​ပြည်​တွင် နေထိုင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 41,
      "text": "ကျန်ရှိ​နေ​သော ရှောလမုန်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​နှင့် သူ​၏​ဉာဏ်ပညာ​ကြီး​ပုံ​တို့​ကို ရှောလမုန်​မင်းကြီး​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 42,
      "text": "ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို​အုပ်စိုး​ခဲ့​သည့် နှစ်ကာလ​မှာ နှစ်​ပေါင်း​လေးဆယ်​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 43,
      "text": "ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လေ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ရောဗောင်​ကို​မင်းမြှောက်​ရန် ရှေခင်​မြို့​သို့​ရောက်လာ​ကြ​သဖြင့် ရောဗောင်​သည်​လည်း ရှေခင်​မြို့​သို့​သွား​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​ထံမှ​ထွက်ပြေး​သွား​ခဲ့​သော နေဗတ်​၏​သား​ယေရောဗောင်​သည် အီဂျစ်​ပြည်​၌​ခိုလှုံ​နေ​၏​။ ထို​သတင်း​ကို ကြား​ရ​လျှင် ယေရောဗောင်​သည် အီဂျစ်​ပြည်​မှ ပြန်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 3,
      "text": "ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်​ကြ​၏​။ ထို့နောက် ယေရောဗောင်​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ရောဗောင်​မင်းကြီး​ထံသို့​လာ​ကြ​ပြီး"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 4,
      "text": "“​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​ပါ​၏​။ သို့သော် မင်းကြီး​၏​ခမည်းတော်​ထံ၌ အကျွန်ုပ်​တို့ ခက်ခဲပင်ပန်း​စွာ​အမှုထမ်း​ခဲ့​ရ​သည်​ကို သက်သာ​စေ​မည်​ဆိုလျှင်​၊ အကျွန်ုပ်​တို့​အပေါ်​တင်ထား​ခဲ့​သည့် လေးလံ​သော​ထမ်းပိုး​ကို ပေါ့​စေ​မည်​ဆိုလျှင် မင်းကြီး​ထံ​ခစား​ကြ​ပါ​မည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 5,
      "text": "ထိုအခါ ရောဗောင်​မင်းကြီး​က “​ပြန်သွား​ကြ​လော့​။ သုံး​ရက်​ကြာ​မှ ငါ့​ထံသို့ ပြန်လာ​ကြ​လော့​”​ဟု မိန့်ဆို​သဖြင့် လူ​တို့​လည်း ပြန်သွား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 6,
      "text": "ထို့နောက် ရောဗောင်​မင်းကြီး​သည် ခမည်းတော်​ရှောလမုန်​မင်းကြီး​အသက်ရှင်​စဉ်က ရှေ့​တော်​၌​ခစား​သူ​များ​ဖြစ်​သည့် သက်ကြီးဝါကြီး​များ​အား “​သင်​တို့ မည်သို့​အကြံပေး​မည်နည်း​။ ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်နည်း​”​ဟု တိုင်ပင်မေးမြန်း​ရာ"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 7,
      "text": "သူ​တို့​က “​ယနေ့ မင်းကြီး​သည် ဤ​လူ​တို့​၏​အမှု​ကို​ထမ်းဆောင်​၍ သူ​တို့​၏​အစေ​ကို​ခံ​လျက် သူ​တို့​ကို ကောင်းမွန်​စွာ​ပြောဆို​ဆက်ဆံ​မည်​ဆို​လျှင် သူ​တို့​သည် မင်းကြီး​ထံ​အစဉ်အမြဲ​အစေခံ​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 8,
      "text": "သို့သော် ရောဗောင်​မင်းကြီး​သည် သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို လက်မခံ​ဘဲ သူ့​ထံ၌​ခစား​နေ​သော ငယ်ပေါင်းကြီးဖော်​လူငယ်​များ​နှင့် တိုင်ပင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 9,
      "text": "“ ‘​အကျွန်ုပ်​တို့​အပေါ် သင့်​ခမည်းတော်​တင်​သော​ထမ်းပိုး​ကို ပေါ့​စေ​တော်မူ​ပါ​’​ဟု တောင်းဆို​လာ​သော​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​ပါ​မည်​ကို အကြံပေး​ကြ​ပါ​”​ဟု သူ​တို့​အား တိုင်ပင်မေးမြန်း​လျှင်"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 10,
      "text": "သူ​၏​ငယ်ပေါင်းကြီးဖော်​လူငယ်​တို့​က “ ‘မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို​တင်​ခဲ့​ပြီ​။ ထို​ထမ်းပိုး​ကို​ပေါ့​စေ​တော်မူ​ပါ​’​ဟု လျှောက်တင်​သော​လူ​တို့​အား ‘​ငါ့​လက်သန်း​သည် ငါ့​ခမည်းတော်​၏​ခါး​ထက်​ပို၍ တုတ်​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 11,
      "text": "ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​’​ဟူ၍ ပြန်ဖြေ​ပါ​လော့​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 12,
      "text": "ရှင်ဘုရင်​က “​သုံး​ရက်​မြောက်​နေ့​တွင် ငါ့​ထံ​ပြန်လာ​ကြ​”​ဟု ဆို​သည့်​အတိုင်း ယေရောဗောင်​နှင့်​လူ​အပေါင်း​တို့​သည် သုံး​ရက်​မြောက်​သော​နေ့​တွင် ရောဗောင်​မင်းကြီး​ထံသို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 13,
      "text": "ထိုအခါ ရှင်ဘုရင်​သည် လူ​တို့​အား ကြမ်းတမ်း​စွာ​ပြန်ပြော​၏​။ သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို ပစ်ပယ်​ပြီး"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 14,
      "text": "သူ​သည် လူငယ်​တို့​ပေး​သော​အကြံ​အတိုင်း သူ​တို့​အား “​ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 15,
      "text": "ဤသို့ဖြင့် ရှင်ဘုရင်​သည် လူ​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ အကြောင်းမှာ ရှိလော​မြို့သား​အဟိယ​မှတစ်ဆင့် နေဗတ်​၏​သား​ယေရောဗောင်​အား ထာဝရဘုရား​မိန့်မှာ​ထား​သော​စကား​များ အမှန်​ဖြစ်လာ​ရန် ထာဝရဘုရား ဤသို့​ဖြစ်ပျက်​စေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 17,
      "text": "သို့သော် ယုဒ​မြို့ရွာ​များ​တွင်​နေထိုင်​သော အစ္စရေး​အမျိုးသား​တို့​ကို​ကား ရောဗောင်​မင်းကြီး​အုပ်စိုး​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 18,
      "text": "တစ်နေ့တွင် ရောဗောင်​မင်းကြီး​သည် ချွေးတပ်အုပ်​အဒေါရံ​ကို​စေလွှတ်​ရာ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်​သဖြင့် သူ​သေ​လေ​၏​။ ထိုအခါ ရောဗောင်​မင်းကြီး​သည် မြင်းရထား​ပေါ်သို့ အလျင်အမြန်​တက်သွား​ပြီး ဂျေရုဆလင်​မြို့​သို့ ထွက်ပြေး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 19,
      "text": "ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို ယနေ့​တိုင်အောင် ပုန်ကန်​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 20,
      "text": "ယေရောဗောင်​ပြန်ရောက်လာ​ပြီ​ဖြစ်ကြောင်း​ကို အစ္စရေး​လူမျိုး​တစ်မျိုးလုံး ကြားသိ​လျှင် လူ​လွှတ်​၍ သူ့​ကို လူထု​ရှေ့​သို့​ခေါ်လာ​စေ​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို အုပ်ချုပ်​ရန် မင်းမြှောက်​လိုက်​လေ​၏​။ ယုဒ​အမျိုး​မှတစ်ပါး ဒါဝိဒ်​မင်းမျိုးမင်းနွယ်​နောက်သို့​လိုက်​သော​သူ​မ​ရှိ​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 21,
      "text": "ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​လျှင် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ပြီး ရှောလမုန်​မင်းကြီး​၏​သား​တော် ရောဗောင်​အဖို့ နိုင်ငံ​တော်​ပြန်ရယူ​ရန် ယုဒ​အမျိုးအနွယ်​တစ်နွယ်လုံး​နှင့် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မှ လက်ရွေးစင်​စစ်သား​တစ်သိန်း​ရှစ်သောင်း​ကို စုဝေး​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 22,
      "text": "သို့ရာတွင် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ဘုရားသခင်​၏​လူ​ရှေမာယ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 23,
      "text": "“​ရှောလမုန်​မင်းကြီး​၏​သား ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​မှစ၍ ယုဒ​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​အပေါင်း​နှင့်တကွ ကျန်​လူ​တို့​အား"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 24,
      "text": "ထာဝရဘုရား​က ‘​သင်​တို့​၏​ညီအစ်ကို အစ္စရေး​အမျိုးသား​တို့​အား သွား​၍​မ​တိုက်ခိုက်​ရ​။ ကိုယ့်​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​လော့​။ ဤ​အမှု​သည် ငါ​ပြု​သော​အမှု​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ လူ​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည်​ကို နာခံ​၍ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း အသီးသီး ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 25,
      "text": "ထို့နောက်တွင် ယေရောဗောင်​မင်းကြီး​သည် ဧဖရိမ်​တောင်​ပေါ်တွင် ရှေခင်​မြို့​ကို​တည်​၍ နေထိုင်​၏​။ ထို့နောက် ရှေခင်​မြို့​မှ​ထွက်ခွာ​ပြီး ပေနွေလ​မြို့​ကို တည်​ပြန်​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 26,
      "text": "ထို့နောက် ယေရောဗောင်​မင်းကြီး​က “​ယခု နိုင်ငံ​တော်​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ထံ ပြန်ရောက်​သွား​နိုင်​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 27,
      "text": "ဤ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ယဇ်​ပူဇော်​ကြ​လျှင် သူ​တို့​၏​သခင် ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​ဘက်​သို့ စိတ်ပါ​သွား​နိုင်​၏​။ ထိုအခါ သူ​တို့​သည် ငါ့​ကို​သတ်​ပြီး ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​ထံ ပြန်ပါသွား​ကြ​လိမ့်မည်​”​ဟု တွေးမိ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 28,
      "text": "ထို့ကြောင့် ရှင်ဘုရင်​သည် အတိုင်ပင်ခံ​တို့​နှင့်​ဆွေးနွေးတိုင်ပင်​၍ ရွှေ​နွားသငယ်ရုပ်​နှစ်​ရုပ်​ကို သွန်းလုပ်​ပြီး ပြည်သူ​တို့​အား “​ဂျေရုဆလင်​မြို့​သို့ တက်သွား​ရ​သည်​မှာ သင်​တို့​အဖို့ ခက်ခဲ​လှ​ပါ​၏​။ အို အစ္စရေး​လူမျိုး​တို့​၊ ကြည့်​ပါ​။ ဤသည်မှာ သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရား​များ​ဖြစ်​ပါ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 29,
      "text": "ထို့နောက် ထို​နွားသငယ်ရုပ်​တို့​ကို ဗေသလ​မြို့​တွင်​တစ်​ကောင်​၊ ဒန်​မြို့​တွင်​တစ်​ကောင် တည်​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 30,
      "text": "ပြည်သား​တို့​သည်​လည်း နွားသငယ်ရုပ်​ရှိ​ရာ​ဒန်​မြို့​အထိ သွား​၍​ဝတ်ပြု​ကြ​ရာ ဤသည်မှာ အပြစ်​ဖြစ်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 31,
      "text": "အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ဝတ်ကျောင်း​များ​ကို တည်ဆောက်​ပြီး လေဝိ​အမျိုး​မ​ဟုတ်​သော သာမန်လူ​များ​အား ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 32,
      "text": "ထို့ပြင် ယေရောဗောင်​မင်းကြီး​သည် ယုဒ​ပြည်​တွင်​ကျင်းပ​သော​ပွဲ​ကဲ့သို့ အဋ္ဌမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲ​ကျင်းပ​ပြီး ယဇ်ပလ္လင်​တွင် ယဇ်ပူဇော်​၏​။ ဗေသလ​မြို့​တွင်​တည်​ထား​သော​နွားသငယ်ရုပ်တု​ကို​လည်း ယဇ်ပူဇော်​၏​။ ဗေသလ​မြို့​ရှိ သူ​တည်​ထား​သော​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​များ​ကို ခန့်ထား​၏​။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 33,
      "text": "သူ​ကိုယ်တိုင်​သတ်မှတ်​ထား​သော​လ​ဖြစ်​သည့် ထို​အဋ္ဌမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ဗေသလ​မြို့​၌ သူ​တည်​ခဲ့​သော​ယဇ်ပလ္လင်​တွင် ယဇ်ပူဇော်​၏​။ အစ္စရေး​အမျိုးသား​တို့​အဖို့ ပွဲတော်​ကို ကျင်းပ​ပေး​ပြီး သူ​သည် ယဇ်ပလ္လင်​ပေါ်သို့​တက်​ကာ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 1,
      "text": "ဘုရားသခင်​၏​လူ​တစ်​ဦး​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ယုဒ​ပြည်​မှ ဗေသလ​မြို့​သို့ ရောက်လာ​၏​။ ထို​အချိန်​တွင် ယေရောဗောင်​မင်းကြီး​သည် နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ရန် ယဇ်ပလ္လင်​နား​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 2,
      "text": "ထို​သူ​သည် ထာဝရဘုရား​ဆင့်ဆို​စေ​သည့်​အတိုင်း ယဇ်ပလ္လင်​ကို​ဆန့်ကျင်​လျက် “​အို ယဇ်ပလ္လင် ယဇ်ပလ္လင်​၊ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ဒါဝိဒ်​အမျိုးအနွယ်​မှ ယောရှိ​အမည်​ရှိ​သော​သား​တစ်​ယောက် မွေးဖွား​လိမ့်မည်​။ သူ​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​၌ နံ့သာပေါင်း​မီးရှို့ပူဇော်​သော​ယဇ်ပုရောဟိတ်​တို့​ကို သင့်​အပေါ်​တွင် ပူဇော်​လိမ့်မည်​။ လူ​၏​အရိုး​တို့​ကို သင့်​အပေါ်​တွင် မီးရှို့​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ကြွေးကြော်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 3,
      "text": "ထို့နောက် သူ​က “​ထာဝရဘုရား​မိန့်​တော်မူ​သည့် နိမိတ်လက္ခဏာ​ဟူမူကား ‘​ကြည့်ရှု​လော့​။ ယဇ်ပလ္လင်​အက်ကွဲ​ပြီး ယဇ်ပလ္လင်​ပေါ်ရှိ​ပြာ​များ ဖိတ်ကျ​လာ​လိမ့်မည်​’​ဟူ၍ ဖြစ်​၏​”​ဟု ဆို​လျက် ထို​နေ့​တွင် နိမိတ်လက္ခဏာ​တစ်​ခု​ကို ပြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 4,
      "text": "ဘုရားသခင်​၏​လူ​သည် ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​အား ဆန့်ကျင်​ကြွေးကြော်​ခဲ့​သော​စကား​များ​ကို ယေရောဗောင်​မင်းကြီး​ကြား​လျှင် သူ​သည် ယဇ်ပလ္လင်​ပေါ်တွင်​ရပ်​လျက် လက်​ကို​ဆန့်​ပြီး “​သူ့​ကို ဖမ်း​ကြ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုသို့​ဆန့်​လိုက်​သော​လက်​သည် ခြောက်သွား​သဖြင့် ပြန်ရုပ်​၍​မ​ရ​တော့​ချေ​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 5,
      "text": "ဘုရားသခင်​၏​လူ​ကို ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် နိမိတ်လက္ခဏာ​အတိုင်း ယဇ်ပလ္လင်​အက်ကွဲ​ပြီး ယဇ်ပလ္လင်​ပေါ်မှ​ပြာ​များ ဖိတ်ကျ​လာ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 6,
      "text": "ထိုအခါ ရှင်ဘုရင်​က ဘုရားသခင်​၏​လူ​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​ပေး​ပါ​လော့​။ ငါ့​လက်​ကို ပြန်ရုပ်​နိုင်​ဖို့ ငါ့​အတွက် ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​သဖြင့် ဘုရားသခင်​၏​လူ​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​ပေး​ရာ ရှင်ဘုရင်​၏​လက်​သည် နဂို​အတိုင်း​ပြန်​ကောင်း​သွား​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 7,
      "text": "ထိုအခါ ရှင်ဘုရင်​က ဘုရားသခင်​၏​လူ​အား “​ငါ​နှင့်အတူ နန်းတော်​သို့​လိုက်​ခဲ့​၍ စားသောက်​ပါ​လော့​။ သင့်​အား လက်ဆောင်​လည်း ပေး​လို​ပါ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 8,
      "text": "သို့သော် ဘုရားသခင်​၏​လူ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​အား နန်းတော်​တစ်ဝက်​ပေး​လျှင်ပင် အကျွန်ုပ်​မ​လိုက်​နိုင်​ပါ​။ ဤ​အရပ်​၌ အစာ​ကို​လည်း မ​စား​၊ ရေ​ကို​လည်း မ​သောက်​ပါ​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 9,
      "text": "အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​သည် အစာ​ကို မ​စား​ရ​၊ ရေ​ကို​လည်း မ​သောက်​ရ​၊ လာ​သော​လမ်း​အတိုင်း​လည်း မ​ပြန်​ရ​’​ဟူသော​စကား​ကို ငါ့​အား မှာထား​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 10,
      "text": "ထို့ကြောင့် သူ​သည် ဗေသလ​မြို့​သို့​လာ​ခဲ့​သော​လမ်း​အတိုင်း မ​ပြန်​ဘဲ အခြား​လမ်း​မှ ပြန်သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 11,
      "text": "ဗေသလ​မြို့​တွင် အသက်ကြီး​သော​ပရောဖက်​တစ်​ပါး​ရှိ​ရာ သူ့​သား​တို့​သည် သူ့​ထံ​လာ​၍ ထို​နေ့​၌ ဗေသလ​မြို့​တွင် ဘုရားသခင်​၏​လူ ပြု​ခဲ့​သော​အမှု​အလုံးစုံ​ကို ပြောပြ​ကြ​၏​။ ရှင်ဘုရင်​အား​ပြော​ခဲ့​သော​စကား​တို့​ကို​လည်း သူ​တို့​ဖခင်​ကြီး​အား ပြောပြ​လျှင်"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 12,
      "text": "ဖခင်​ဖြစ်​သူ​က သူ့​သား​တို့​အား “​ထို​သူ မည်သည့်​လမ်း​မှ​ပြန်သွား​သနည်း​”​ဟု မေး​ရာ သူ့​သား​တို့​က ယုဒ​ပြည်​မှ​လာ​သော ဘုရားသခင်​၏​လူ ပြန်သွား​သည့်​လမ်း​ကို ပြောပြ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 13,
      "text": "ထိုအခါ ဖခင်​ဖြစ်​သူ​က သူ့​သား​တို့​အား “​မြည်း​ကို​ကုန်းနှီးတင်​ပေး​ပါ​”​ဟု ဆို​သဖြင့် သူ​တို့​လည်း မြည်း​ကို​ကုန်းနှီးတင်​ပေး​ကြ​ရာ ဖခင်​ဖြစ်​သူ​သည် မြည်း​ကို​စီး​၍"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 14,
      "text": "ဘုရားသခင်​၏​လူ​နောက်သို့​လိုက်သွား​ရာ သပိတ်ပင်​အောက်​၌ ထိုင်​နေ​သည်​ကို​တွေ့​လျှင် “​သင်​သည် ယုဒ​ပြည်​မှ​လာ​သော​ဘုရားသခင်​၏​လူ​လော​”​ဟု မေး​၏​။ ဘုရားသခင်​၏​လူ​က​လည်း “​ဟုတ်​ပါ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 15,
      "text": "ထိုအခါ ပရောဖက်​က “​အကျွန်ုပ်​အိမ်​သို့​လိုက်​၍ အစားအစာ​သုံးဆောင်​ပါ​လော့​”​ဟု ဖိတ်ခေါ်​လျှင်"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 16,
      "text": "ဘုရားသခင်​၏​လူ​က “​သင်​နှင့်အတူ မ​လိုက်​နိုင်​ပါ​။ သင်​နှင့်အတူ ပြန်လိုက်​သွား​ပြီး ဤ​အရပ်​၌ အစာ​ကို​လည်း မ​စား​၊ ရေ​ကို​လည်း မ​သောက်​နိုင်​ပါ​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 17,
      "text": "ထာဝရဘုရား​၏​စကား​တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ ‘​ထို​အရပ်​၌ အစာ​ကို မ​စား​ရ​၊ ရေ​ကို​လည်း မ​သောက်​ရ​။ လာ​သော​လမ်း​အတိုင်း​လည်း မ​ပြန်​ရ​’​ဟု ငါ့​အား မိန့်မှာ​ထား​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 18,
      "text": "ပရောဖက်​က “​ငါ​သည်​လည်း သင်​ကဲ့သို့ ပရောဖက်​တစ်​ပါး​ပင်​ဖြစ်​ပါ​၏​။ ‘​သူ့​ကို သင့်​အိမ်​သို့ ပြန်ခေါ်​သွား​ပါ​။ အစာ​လည်း ကျွေး​ပါ​၊ ရေ​လည်း တိုက်​ပါ​’​ဟူသည့် ထာဝရဘုရား​၏​စကား​တော်​ကို ကောင်းကင်တမန်​တစ်​ပါး​က ငါ့​အား မိန့်​တော်မူ​ပြီ​”​ဟု လိမ်ညာ​ပြောဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 19,
      "text": "ထို့ကြောင့် ဘုရားသခင်​၏​လူ​က ပရောဖက်​နောက်​သို့​ပြန်လိုက်လာ​ပြီး သူ့​အိမ်​တွင် အစားအစာ​ကို​စား​၍ ရေ​လည်း သောက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 20,
      "text": "စားပွဲ​တွင် သူ​တို့​ထိုင်​၍​စား​နေ​စဉ် ဘုရားသခင်​၏​လူ​ကို​ပြန်ခေါ်လာ​သော​ပရောဖက်​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 21,
      "text": "သူ​သည် ယုဒ​ပြည်​မှ​လာ​သော​ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က ‘​သင်​သည် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဖီဆန်​ပြီ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​သော​စကား​တော်​ကို မ​လိုက်နာ​ဘဲ"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 22,
      "text": "“​အစာ​လည်း မ​စား​ရ​၊ ရေ​လည်း မ​သောက်​ရ​”​ဟု သင့်​အား ငါ​မှာထား​သော​နေရာ​သို့ ပြန်သွား​ပြီး စား​သောက်​လေ​ပြီ​။ ထို့ကြောင့် သင့်​အလောင်း​သည် သင့်​ဘိုးဘေး​တို့​၏​သင်္ချိုင်း​သို့ ရောက်​ရ​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု အော်ဟစ်​ပြောဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 23,
      "text": "အစာရေစာ စား​သောက်​ပြီး​သောအခါ သူ့​အား​ပြန်ခေါ်လာ​သော​ပရောဖက်​က သူ့​အတွက် မြည်း​ကို​ကုန်းနှီးတင်​ပေး​ပြီး"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 24,
      "text": "သူ​ပြန်သွား​ရာ လမ်း​တွင် ခြင်္သေ့​နှင့်​တိုး​၍ သူ့​ကို​ကိုက်သတ်​သဖြင့် သူ​၏​အလောင်း​သည် လမ်း​ပေါ်တွင်​လဲ​နေ​၏​။ အလောင်း​ဘေး​တွင် မြည်း​နှင့်​ခြင်္သေ့​တို့ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 25,
      "text": "ထို​နေရာ​သို့ ဖြတ်သန်းသွားလာ​သူ​တို့​သည် လမ်း​ပေါ်တွင်​လဲ​နေ​သော​အလောင်း​နှင့် အလောင်း​ဘေး​တွင်​ရပ်​နေ​သော​ခြင်္သေ့​ကို​မြင်​လျှင် အသက်ကြီး​သော​ပရောဖက်​နေထိုင်​ရာ​မြို့​သို့​သွား​၍ ပြောပြ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 26,
      "text": "လမ်းခုလတ်​မှ သူ့​အား​ပြန်ခေါ်လာ​ခဲ့​သော​ပရောဖက်​သည် ထို​သတင်း​ကို​ကြား​သောအခါ “​ဤ​သူ​သည် ထာဝရဘုရား​၏​စကား​တော်​ကို ဖီဆန်​သော ဘုရားသခင်​၏​လူ​ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​သည် ခြင်္သေ့​ကို​အခွင့်ပေး​သဖြင့် သူ့​ကို ခြင်္သေ့​ကိုက်ဖြတ်​သတ်ပစ်​လေ​ပြီ​။ သူ့​ကို ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖြစ်​လေ​ပြီ​တကား​”​ဟု ဆို​၍"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 27,
      "text": "သူ့​သား​တို့​အား “​ငါ့​အတွက် မြည်း​ကို​ကုန်းနှီးတင်​ပေး​ကြ​ပါ​”​ဟု ဆို​သဖြင့် သူ​တို့​က​လည်း ကုန်းနှီးတင်​ပေး​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 28,
      "text": "သူ​သည်​လည်း ထွက်သွား​၍ လမ်း​ပေါ်တွင် လဲကျ​နေ​သော​အလောင်း​နှင့် အလောင်း​ဘေး​တွင်​ရပ်​နေ​သော မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​၏​။ ခြင်္သေ့​သည် အသေကောင်​ကို​မ​စား​၊ မြည်း​ကို​လည်း မ​ကိုက်​ပေ​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 29,
      "text": "ပရောဖက်​သည် ဘုရားသခင့်​လူ​၏​အလောင်း​ကို​မ​၍ မြည်း​ပေါ်​ပွေ့တင်​ပြီး ပြန်​သယ်လာ​၏​။ အသက်ကြီး​သော​ပရောဖက်​သည် သူ​နေထိုင်​ရာ​မြို့​သို့​ပြန်လာ​ပြီး သူ့​အတွက် ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လျက် သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 30,
      "text": "အလောင်း​ကို မိမိ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး “​အလို​၊ ငါ့​ညီ ဖြစ်ရလေခြင်း​”​ဟု ငိုကြွေးမြည်တမ်း​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 31,
      "text": "ပရောဖက်​သည် ဘုရားသခင်​၏​လူ​ကို သင်္ဂြိုဟ်​ပြီးနောက် မိမိ​သား​တို့​အား “​ငါ​သေ​လျှင် ဘုရားသခင်​၏​လူ​ကို​သင်္ဂြိုဟ်​သော​သင်္ချိုင်း​တွင် ငါ့​ကို​သင်္ဂြိုဟ်​ပါ​။ ငါ့​အရိုး​ကို သူ့​အရိုး​ဘေး​တွင်​ထား​ပါ​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 32,
      "text": "ဗေသလ​မြို့​ရှိ​ယဇ်ပလ္လင်​၊ ရှမာရိ​မြို့ရွာ​ရှိ​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ​ဝတ်ကျောင်း​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​စကား​တော်​အတိုင်း ထို​သူ​ကြွေးကြော်​ခဲ့​သော​အရာ​သည် အမှန်​ဖြစ်လာ​လိမ့်မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 33,
      "text": "ဤသို့​ဖြစ်ပျက်​ခဲ့​ပြီးနောက်​တွင်​လည်း ယေရောဗောင်​မင်းကြီး​သည် လမ်းမှား​ကို​မ​စွန့်​။ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​ကို သာမန်လူ​များ​ထဲမှ ရွေးကောက်​ခန့်ထား​၏​။ ယဇ်ပုရောဟိတ်​လုပ်​လို​သူ​များ​ကို မိမိကိုယ်တိုင်​ခန့်အပ်​ရာ ထို​သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပုရောဟိတ်​များ​ဖြစ်လာ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 34,
      "text": "ဤသို့​ပြုမူ​ခြင်း​များ​သည် ယေရောဗောင်​မင်းမျိုးမင်းနွယ်​အတွက် အပြစ်​ဖြစ်လာ​ပြီး သူ​တို့​ကို မြေမျက်နှာပြင်​ပေါ်​မှ​ဖျက်ဆီးသုတ်သင်​ပစ်​ရ​မည့်​အခြေ​သို့ ဆိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 1,
      "text": "ထို​အချိန်​တွင် ယေရောဗောင်​မင်းကြီး​၏​သား​အဘိယ နာမကျန်း​ဖြစ်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 2,
      "text": "ယေရောဗောင်​က သူ့​မိဖုရား​အား “​သင့်​ကို ယေရောဗောင်​၏​မိဖုရား​မှန်း လူ​တို့​မ​သိ​အောင် ရုပ်ဖျက်​ပြီး ရှိလော​မြို့​ရှိ​ပရောဖက် အဟိယ​ထံသို့​သွား​လော့​။ သူ​က ငါ့​အား သင်​သည် ဤ​လူမျိုး​ကို အုပ်ချုပ်​ရ​မည်​ဟု ပြော​ခဲ့​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 3,
      "text": "မုန့်​အလုံး​တစ်ဆယ်​၊ မုန့်ပြား​အနည်းငယ်​နှင့် ပျားရည်​တစ်​ဘူး​ကို​ပါ ယူသွား​လော့​။ သူ့​ထံ​ရောက်​လျှင် သူငယ်​မည်သို့​ဖြစ်​မည်​ကို သင့်​အား ပြောပြ​လိမ့်မည်”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 4,
      "text": "ယေရောဗောင်​မင်းကြီး​၏​မိဖုရား​သည်​လည်း ထ​၍ ရှိလော​မြို့​သို့​သွား​ကာ အဟိယ​အိမ်​သို့​ရောက်​လေ​၏​။ အဟိယ​သည် အသက်အရွယ်​ကြီးရင့်​ပြီ​ဖြစ်၍ မျက်စိ​ပင်​မ​မြင်​တော့​ချေ​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 5,
      "text": "ထာဝရဘုရား​က အဟိယ​အား “​ယေရောဗောင်​၏​မိဖုရား​သည် နာမကျန်း​သော​သား​နှင့်​ပတ်သက်၍​မေးမြန်း​ရန် သင့်​ထံ​လာ​လေ​ပြီ​။ သူ​သည် အခြားသူ​အယောင်ဆောင်​ပြီး ရောက်လာ​လိမ့်မည်​။ သူ့​ကို ဤသို့​ဤသို့ ပြန်ဖြေ​ပါ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 6,
      "text": "ထိုစဉ် တံခါးဝ​နား​ရောက်လာ​သော​မိဖုရား​၏​ခြေသံ​ကို အဟိယ​ကြား​လေ​၏​။ ထို့ကြောင့် သူ​က “​ယေရောဗောင်​၏​မိဖုရား​၊ ဝင်လာ​ပါ​။ အဘယ်ကြောင့် အခြားသူ​အယောင်ဆောင်​ရ​သနည်း​။ သင့်​အား သတင်းဆိုး​ပြောကြား​ရန် ငါ့​ကို စေခိုင်း​တော်မူ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 7,
      "text": "ယေရောဗောင်​ကို ပြန်ပြော​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ဤ​လူမျိုး​တို့​ထဲ​မှ သင့်​ကို ငါ​ရွေးကောက်​၍ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 8,
      "text": "နိုင်ငံ​တော်​ကို ဒါဝိဒ်​မင်းမျိုးမင်းနွယ်​လက်​ထဲမှ ရုပ်သိမ်း​ပြီး သင့်​ကို ပေးအပ်​ခဲ့​၏​။ သို့သော် ငါ့​အစေအပါး​ဒါဝိဒ်​ကဲ့သို့ သင်​မ​ပြု​။ သူ​သည် ပညတ်တရား​တို့​ကို စောင့်ထိန်း​၍ ငါ့​နောက်​သို့ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​ပြီး ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 9,
      "text": "သင်​မူကား သင့်​ရှေ့​က​လူ​အပေါင်း​တို့​ထက် ဆိုးညစ်မှု​များ​ကို ပြု​လေ​ပြီ​။ သင်​သည် ငါ့​ကို​ကျောခိုင်း​ပြီး အခြား​ဘုရား​များ​၊ ရုပ်တု​များ​ကို ပြုလုပ်​ကာ ငါ့​ကို​အမျက်ထွက်​စေ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 10,
      "text": "ထို့ကြောင့် ယခု ငါ​သည် ယေရောဗောင်​မင်းမျိုးမင်းနွယ်​တို့​အပေါ် ဘေးဆိုး​ကျရောက်​စေ​မည်​။ အစ္စရေး​ပြည်​ရှိ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြုမခံရ​သူ​ပါ​မကျန် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ထဲမှ ယောက်ျား​တို့​ကို ငါ​ပယ်ရှင်း​မည်​။ အမှိုက်ပုံ​ကို မီးရှို့​ရှင်းလင်း​ပစ်​သကဲ့သို့ ယေရောဗောင်​မင်းမျိုးမင်းနွယ်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 11,
      "text": "ယေရောဗောင်​မင်းမျိုးမင်းနွယ်​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​များ​စား​ကြ​လိမ့်မည်​။ မြို့ပြင်​၌​သေ​လျှင် ကောင်းကင်​ငှက်​တို့​စား​ကြ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 12,
      "text": "ယခု သင်​ထ​၍ ကိုယ့်​အိမ်​သို့​ပြန်​လော့​။ မြို့​ထဲသို့ သင်​ခြေချ​လိုက်​သည်​နှင့် သူငယ်​သေ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 13,
      "text": "အစ္စရေး​လူမျိုး​တစ်မျိုးလုံး သူ့​အတွက် ငိုကြွေးမြည်တမ်း​လျက် သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ယေရောဗောင်​မင်းမျိုးမင်းနွယ်​တွင် သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​၏​။ ထို့ကြောင့် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ထဲတွင် သူ​တစ်ဦးတည်း​သာ သင်္ချိုင်း​၌ သင်္ဂြိုဟ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 14,
      "text": "ထာဝရဘုရား​သည် တစ်နေ့တွင် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ကို ပယ်ရှင်း​မည့်​ရှင်ဘုရင်​တစ်​ပါး အစ္စရေး​လူမျိုး​ထဲမှ ပေါ်ထွန်း​စေ​မည်​။ မည်သည့်​အချိန်​နည်း​ဆို​လျှင် ယခုပင်​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 15,
      "text": "အစ္စရေး​လူမျိုး​သည် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ပြုလုပ်​ပြီး ထာဝရဘုရား​ကို​အမျက်ထွက်​စေ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ရေ​ထဲ၌​လှုပ်ခါယမ်း​သော​ကျူပင်​ကဲ့သို့ လှုပ်ခါယမ်း​စေ​မည်​။ ဘိုးဘေး​တို့​အား​ပေး​တော်မူ​သည့် ဤ​သာယာဝပြော​သော​ပြည်​ထဲမှ အစ္စရေး​လူမျိုး​တို့​ကို ထုတ်ပစ်​၍ ယူဖရေးတီး​မြစ် ​တစ်ဖက်ကမ်း​သို့ ကွဲလွင့်​သွား​စေ​မည်​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 16,
      "text": "ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သော​အပြစ်​များ​ကြောင့် ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို စွန့်ပစ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 17,
      "text": "ယေရောဗောင်​မင်းကြီး​၏​မိဖုရား​သည်​လည်း ထ​၍​ပြန်သွား​ပြီး တိရဇာ​မြို့​ထဲသို့​ဝင်လာ​၏​။ နန်းတော်​တံခါးခုံ​နား​ရောက်​သည်​နှင့် သူငယ်​မှာ သေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 18,
      "text": "မိမိ​အစေအပါး ပရောဖက်​အဟိယ​အားဖြင့် ထာဝရဘုရား​မိန့်မြွက်​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် သူ့​ကို​သင်္ဂြိုဟ်​ကြ​ပြီး သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 19,
      "text": "ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ အုပ်ချုပ်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 20,
      "text": "ယေရောဗောင်​မင်းကြီး​သည် နှစ်ဆယ့်​နှစ်​နှစ်​နန်းစံ​ပြီး ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​သွား​၏​။ သူ​၏​သား​တော်​နာဒပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 21,
      "text": "ယုဒ​ပြည်​တွင် ရှောလမုန်​မင်းကြီး​၏​သား​တော်​ရောဗောင် နန်းတက်​၏​။ ရောဗောင်​မင်းကြီး​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​တစ်​နှစ်​ရှိ​၏​။ သူ​သည် ထာဝရဘုရား​က မိမိ​၏​နာမ​ကို တည်​စေရန် အစ္စရေး​မျိုးနွယ်​အားလုံး​ထဲမှ ရွေးချယ်​တော်မူ​သော​ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခုနစ်​နှစ် စိုးစံ​ခဲ့​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 22,
      "text": "ယုဒ​လူမျိုး​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​သာ ပြု​ကြ​၏​။ ဘိုးဘေး​တို့​ပြု​သမျှ​ထက် သူ​တို့​ပြစ်မှား​သော​အပြစ်​က ထာဝရဘုရား​ကို ပို၍​အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 23,
      "text": "သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ကျောက်တိုင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ကုန်း​မြင့်​ရှိသမျှ​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ကိုယ့်​အဖို့ တည်​ထား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 24,
      "text": "ပြည်​တော်​တွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​လည်း ရှိ​၏​။ အစ္စရေး​လူမျိုး​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​ပြု​သည့် စက်ဆုပ်ရွံရှာဖွယ်​အရာ​ရှိသမျှ​တို့​ကို ပြု​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 25,
      "text": "ရောဗောင်​မင်းကြီး​နန်းစံ​ငါး​နှစ်​တွင် အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ချီလာ​၍ ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 26,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​များ​ကို ထုတ်ဆောင်​၍ ထို​အရာ​အားလုံး​အပြင် ရှောလမုန်​မင်းကြီး​ပြုလုပ်​ခဲ့​သော​ရွှေ​ဒိုင်းလွှား​အားလုံး​ကို​လည်း ယူဆောင်​သွား​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 27,
      "text": "ထို့ကြောင့် ရောဗောင်​မင်းကြီး​သည် ရွှေ​ဒိုင်းလွှား​များ​အစား ကြေးနီ​ဒိုင်းလွှား​များ​ကို ပြုလုပ်​ပြီး ဘုရင့်​နန်းတော်​တံခါး​ကို​စောင့်ကြပ်​သော တံခါးမှူး​တို့​၏​လက်​သို့​အပ်​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 28,
      "text": "ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ဝင်ရောက်​သည့်​အခါတိုင်း တံခါးစောင့်​တို့​သည် ထို​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ရ​၏​။ ပြီးလျှင် ထို​ဒိုင်းလွှား​တို့​ကို တံခါးစောင့်​တို့​၏​အခန်း​ထဲတွင် ပြန်သိမ်း​ထား​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 29,
      "text": "ကျန်ရှိ​နေ​သော ရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​တို့​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 30,
      "text": "ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 31,
      "text": "ရောဗောင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။ ရောဗောင်​မင်းကြီး​၏​သား​တော်​အဘိယံ ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 1,
      "text": "နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် ယုဒ​ပြည်​၌ အဘိယံ ​နန်းတက်​၍"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 2,
      "text": "ဂျေရုဆလင်​မြို့​တွင် သုံး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား အဗရှလုံ​၏​သမီး မာခါ​အမည်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 3,
      "text": "အဘိယံ​မင်းကြီး​သည် သူ့​အရင်​ခမည်းတော်​လျှောက်​ခဲ့​သည့်​အပြစ်လမ်း​အတိုင်း လိုက်လျှောက်​၏​။ သူ​၏​ဘေး​တော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​ခြင်း​မ​ရှိ​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 4,
      "text": "သို့သော် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​ဆက်လက်​လင်း​နေ​စေရန် သူ​၏​သား​တော်​အား သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​သည့်​အပြင် ဂျေရုဆလင်​မြို့​ကို​လည်း တည်မြဲ​စေ​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​သည် သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဟိတ္တိ​လူမျိုး ဥရိယ​အမှု​မှလွဲ၍ မိန့်မှာ​တော်မူ​သမျှ​တို့​ကို တစ်စုံတစ်ရာ​မျှ​မ​လွဲ​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြုကျင့်​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 6,
      "text": "ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 7,
      "text": "ကျန်ရှိ​နေ​သော​အဘိယံ ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။ အဘိယံ​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည်​လည်း အချင်းချင်း​စစ်တိုက်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 8,
      "text": "အဘိယံ ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာသ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 9,
      "text": "အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​နန်းစံ အနှစ်​နှစ်ဆယ်​တွင် ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းတက်​၍"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 10,
      "text": "ဂျေရုဆလင်​မြို့​တွင် လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။ အဘွား​တော်​ကား အဗရှလုံ​၏​သမီး မာခါ​အမည်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 11,
      "text": "အာသ​မင်းကြီး​သည် သူ​၏​အဘီ​တော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မှန်​စွာ ပြုကျင့်​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 12,
      "text": "သူ​သည် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​များ​ကို​လည်း တိုင်းပြည်​မှ​နှင်ထုတ်​ပစ်​၏​။ ဘိုးဘေး​တို့​ပြုလုပ်​ထား​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖယ်ရှား​ပစ်​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 13,
      "text": "အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို ပြုလုပ်​ကိုးကွယ်​သော အဘွား​တော်​မာခါ​ကို​လည်း မယ်တော်​မိဖုရား​အရာ​မှ​နုတ်ပယ်​ပစ်​ပြီး ထို​ရုပ်တု​ကို​ခုတ်လှဲ​ကာ ကေဒြုန်​ချိုင့်ဝှမ်း​တွင် မီးရှို့​ပစ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 14,
      "text": "အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​သော်လည်း မိမိ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အာသ​မင်းကြီး​၏​စိတ်နှလုံး​သည် ထာဝရဘုရား​ကို အကြွင်းမဲ့​ကိုးစား​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 15,
      "text": "သူ​သည် ခမည်းတော်​ဆက်ကပ်လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​၊ မိမိကိုယ်တိုင်​ဆက်ကပ်လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​နှင့် ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 16,
      "text": "အာသ​မင်းကြီး​နှင့် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 17,
      "text": "အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် ယုဒ​ပြည်​သို့​ချီလာ​၍ ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ မည်သူ​မျှ​ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​နိုင်​အောင် ရာမ​မြို့​ကို​တည်​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 18,
      "text": "ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​၌ ကျန်ရှိ​သော​ရွှေ​ငွေ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​အားလုံး​ကို​ယူ​ပြီး မိမိ​အမှုထမ်း​တို့​လက်​သို့​အပ်​လိုက်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဟေဇယုန်​မင်းကြီး​၏​မြေး​တော်​၊ တာဗရိမ္မုန်​မင်းကြီး​၏​သား​တော် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက်"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 19,
      "text": "“​သင့်​ခမည်းတော်​နှင့်​အကျွန်ုပ်​၏​ခမည်းတော် ကတိသစ္စာ​ပြု​ခဲ့​သကဲ့သို့ သင်​နှင့်​အကျွန်ုပ်​လည်း ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။ ယခု သင့်​အား ရွှေ​ငွေ​များ​ကို လက်ဆောင်​အဖြစ်​ပေးလိုက်​ပါ​၏​။ အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် အကျွန်ုပ်​ထံမှ တပ်ရုပ်​သွား​ရန် သူ​နှင့်​ပြု​သော​ကတိသစ္စာ​ကို သွား​၍​ဖျက်​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 20,
      "text": "ဗင်္ဟာဒဒ်​မင်းကြီး​သည် အာသ​မင်းကြီး​၏​စကား​ကို​လက်ခံ​ပြီး မိမိ​တပ်မှူးကြီး​များ​ကို အစ္စရေး​မြို့​များ​သို့​စေလွှတ်​၍ ဣယုန်​မြို့​၊ ဒန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​မှစ၍ ဂင်နေသရက်​နယ်​တစ်နယ်လုံး​နှင့် နဿလိ​နယ်​တစ်နယ်လုံး​ကို သွားရောက်တိုက်ခိုက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 21,
      "text": "ထို​သတင်း​ကို ဗာရှာ​မင်းကြီး​ကြား​လျှင် ရာမ​မြို့​ကို မတည်ဆောက်​တော့​ဘဲ တိရဇာ​မြို့​တွင် စံနေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 22,
      "text": "အာသ​မင်းကြီး​သည်​လည်း ရာမ​မြို့​ကို ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​များ​၊ သစ်သား​များ​ကို ပြည်သူပြည်သား​တစ်ယောက်မကျန် သယ်ဆောင်​ရ​မည်​ဟု ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အမိန့်ထုတ်ပြန်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ထို​ပစ္စည်း​များ​ဖြင့် ဗင်္ယာမိန်​နယ်​တွင် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 23,
      "text": "ကျန်ရှိ​နေ​သော အာသ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ တည်ဆောက်​ခဲ့​သော​မြို့​များ​အကြောင်း စသည်​တို့​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။ သူ​သည် အိုမင်း​ချိန်​ရောက်​သောအခါ ခြေထောက်​တွင် အနာ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 24,
      "text": "နောက်ဆုံး​တွင် အာသ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ အဘီ​တော်​ဒါဝိဒ်​မြို့​တွင် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ သင်္ဂြိုဟ်​ကြ​လေ​၏​။ သူ​၏​သား​တော် ယောရှဖတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 25,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်​နှစ်​တွင် အစ္စရေး​ပြည်​၌ ယေရောဗောင်​မင်းကြီး​၏​သား​တော် နာဒပ်​သည် နန်းတက်​ပြီး အစ္စရေး​လူမျိုး​ကို နှစ်​နှစ်​အုပ်စိုး​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 26,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​ပြီး ခမည်းတော်​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​လျက် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သော​အပြစ်​မျိုး​ကို ပြု​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 27,
      "text": "ဣသခါ​အမျိုးအနွယ် အဟိယ​၏​သား​ဗာရှာ​သည် နာဒပ်​မင်းကြီး​ကို လုပ်ကြံ​ရန်​လျှို့ဝှက်ကြံစည်​၏​။ နာဒပ်​မင်းကြီး​နှင့် အစ္စရေး​တပ်သား​အပေါင်း​တို့ ဂိဗ္ဗသုန်​မြို့​ကို​ဝိုင်း​ထား​စဉ် ဗာရှာ​သည် နာဒပ်​မင်းကြီး​ကို ဖိလိတ္တိ​ပြည်​၊ ဂိဗ္ဗသုန်​မြို့​တွင်ပင် သတ်​လိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 28,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​သုံး​နှစ်​တွင် ဗာရှာ​သည် နာဒပ်​မင်းကြီး​ကို​သတ်​ပြီး သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 29,
      "text": "ဗာရှာ​နန်းတက်​သောအခါ ယေရောဗောင်​မင်းမျိုးမင်းနွယ်​ကို သတ်ပစ်​လေ​၏​။ ထာဝရဘုရား​၏​အစေအပါး ရှိလော​မြို့သား​အဟိယ​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​စကား​အတိုင်း ယေရောဗောင်​မင်းမျိုးမင်းနွယ်​ကို တစ်ယောက်​မျှ​အရှင်​မ​ထား​ဘဲ သုတ်သင်​ပစ်​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 30,
      "text": "အကြောင်းမူကား ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​ကို​ပါ လမ်းမှား​စေ​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမျက်​တော်​ကို နှိုးဆော်​ခဲ့​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 31,
      "text": "ကျန်ရှိ​နေ​သော နာဒပ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 32,
      "text": "အာသ​မင်းကြီး​နှင့် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 33,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​သုံး​နှစ်​တွင် အဟိယ​၏​သား​ဗာရှာ​မင်းကြီး​နန်းတက်​ပြီး တိရဇာ​မြို့​၌ အစ္စရေး​လူမျိုး​တို့​ကို နှစ်ဆယ့်​လေး​နှစ်​အုပ်စိုး​၏​။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 34,
      "text": "သူ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​များ​ကို​ပြု​ပြီး ယေရောဗောင်​မင်းကြီး​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​၍ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော​အပြစ်​မျိုး​ကို ပြု​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 1,
      "text": "ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟာနနိ​၏​သား​ယေဟု​ထံသို့ ရောက်လာ​သည်​မှာ"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 2,
      "text": "“ငါ​သည် သင့်​ကို မြေမှုန့်​ထဲမှ​ဆွဲထူ​၍ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​ခဲ့​၏​။ သို့သော် သင်​သည် ယေရောဗောင်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၍ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို လမ်းမှား​စေ​ပြီး သူ​တို့​ပြု​မိ​သော​အပြစ်​များ​သည် ငါ့​ကို​အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 3,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် ဗာရှာ​နှင့်​သူ့​အမျိုးအနွယ်​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ သူ့​အမျိုးအနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​၏​အမျိုးအနွယ်​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 4,
      "text": "ဗာရှာ​၏​အမျိုး​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​တို့​စား​လိမ့်မည်​။ မြို့ပြင်​တွင်​သေ​လျှင် မိုးကောင်းကင်​ငှက်​တို့​စား​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 5,
      "text": "ကျန်ရှိ​နေ​သော ဗာရှာ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 6,
      "text": "ဗာရှာ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ တိရဇာ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဧလာ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 7,
      "text": "ဗာရှာ​မင်းကြီး​သည် ယေရောဗောင်​အမျိုးအနွယ်​ကဲ့သို့ပင် မိမိ​လက်​ဖြင့်​ပြုလုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​အလုံးစုံ​တို့​ကို​ပြု​၍ အမျက်​တော်​ကို​နှိုးဆော်​ပြီး ယေရောဗောင်​အမျိုးအနွယ်​ကို​လည်း ဖျက်ဆီး​ပစ်​သောကြောင့် ဟာနနိ​၏​သား ပရောဖက်​ယေဟု​အားဖြင့် ဗာရှာ​မင်းကြီး​နှင့် သူ​၏​အမျိုးအနွယ်​ကို​ဆန့်ကျင်​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 8,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခြောက်​နှစ်​တွင် ဗာရှာ​မင်းကြီး​၏​သား​တော်​ဧလာ နန်းတက်​၍ တိရဇာ​မြို့​၌ အစ္စရေး​လူမျိုး​တို့​ကို နှစ်​နှစ်​အုပ်စိုး​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 9,
      "text": "သူ​၏​အမှုထမ်း စစ်ရထား​တပ်​တစ်ဝက်​၏​တပ်မှူး​ဇိမရိ​သည် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​၏​။ ဧလာ​မင်းကြီး​သည် တိရဇာ​မြို့​ရှိ တိရဇာ​နန်းတော်အုပ်​အာဇ​၏​အိမ်​၌ သောက်စား​ယစ်မူး​နေ​စဉ်"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 10,
      "text": "ဇိမရိ​ဝင်လာ​၍ ဧလာ​မင်းကြီး​ကို တိုက်ခိုက်​သတ်ဖြတ်​လိုက်​၏​။ ထို့ကြောင့် ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ဇိမရိ​သည် ဧလာ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 11,
      "text": "သူ​သည် ထီးနန်း​ရ​၍ ရာဇပလ္လင်​ပေါ်​စံမြန်း​သည်​နှင့် ဗာရှာ​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​အားလုံး​နှင့်တကွ သူ​၏​ဆွေမျိုး​များ​၊ မိတ်ဆွေ​များ​ထဲမှ ယောက်ျား​တစ်ယောက်​ကို​မျှ မ​ချန်ထား​ဘဲ သုတ်သင်​ပစ်​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 12,
      "text": "ထိုသို့ ဗာရှာ​မင်းကြီး​နှင့်​ပတ်သက်၍ ပရောဖက်​ယေဟု​ဆင့်ဆို​သော ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​အတိုင်း ဇိမရိ​သည် ဗာရှာ​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 13,
      "text": "ဗာရှာ​မင်းကြီး​နှင့်​သား​တော်​ဧလာ​မင်းကြီး​တို့ ပြု​သမျှ​သော​အပြစ်​ကြောင့် ဤသို့​ဖြစ်​ရ​လေ​ပြီ​။ သူ​တို့​သည် ကိုယ်တိုင်​အပြစ်ပြု​ရုံ​သာမက အစ္စရေး​လူမျိုး​တို့​ကို​လည်း အပြစ်ပြု​စေ​ပြီး အချည်းနှီး​သော​အရာ​များ​ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 14,
      "text": "ကျန်ရှိ​နေ​သော ဧလာ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 15,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ဇိမရိ​သည် တိရဇာ​မြို့​၌ ခုနစ်​ရက်​စိုးစံ​၏​။ ထို​အချိန်​၌ စစ်သည်​တို့​သည် ဖိလိတ္တိ​ပြည်​၊ ဂိဗ္ဗသုန်​မြို့​နား​၌ စခန်းချ​လျက်​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 16,
      "text": "“​ဇိမရိ​သည် ရှင်ဘုရင်​ကို လုပ်ကြံ​သတ်ဖြတ်​လိုက်​ပြီ​”​ဟူသော​သတင်း​ကို စခန်းချ​ထား​သော​စစ်သည်​တို့​ကြား​လျှင် ထို​နေ့​၊ ထို​စခန်း​တွင်ပင် အစ္စရေး​စစ်ဗိုလ်ချုပ်​ဩမရိ​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ဘုရင်​အဖြစ် မင်းမြှောက်​လိုက်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 17,
      "text": "ထိုအခါ ဩမရိ​သည် သူ​၌​ပါလာ​သော​အစ္စရေး​စစ်သည်​အပေါင်း​တို့​နှင့်အတူ ဂိဗ္ဗသုန်​မြို့​မှ တိရဇာ​မြို့​သို့ ချီသွား​ပြီး မြို့​ကို​ဝိုင်းထား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 18,
      "text": "တိရဇာ​မြို့​အသိမ်းခံ​လိုက်​ရ​ကြောင်း ဇိမရိ​မင်းကြီး​သိမြင်​လျှင် ဘုရင့်​နန်းတော်​ခံတပ်​ထဲသို့​ဝင်​၍ မိမိ​ပတ်ပတ်လည် ဘုရင့်​နန်းတော်​ကို မီးရှို့​လိုက်​သဖြင့် မီး​ထဲတွင်​ပင် သေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 19,
      "text": "ဤသည်ကား သူ​သည် အစ္စရေး​လူမျိုး​တို့​အား လမ်းမှား​စေ​သည့်​အပြစ်​များ​ကို​ပြု​ပြီး ယေရောဗောင်​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​လျက် ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​များ​ကို​ပြု​၍ ပြစ်မှား​သော​အပြစ်​များ​ကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 20,
      "text": "ကျန်ရှိ​နေ​သော ဇိမရိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​လျှို့ဝှက်ပုန်ကန်မှု​အကြောင်း​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 21,
      "text": "ထို့နောက်တွင် အစ္စရေး​လူမျိုး​တို့​သည် နှစ်​ဖွဲ့​ကွဲသွား​ပြီး တစ်ဝက်​မှာ ဂိနတ်​၏​သား​တိဗနိ​နောက်သို့​လိုက်​ပြီး သူ့​ကို မင်းမြှောက်​လို​ကြ​၏​။ ကျန်​တစ်ဝက်​မှာ ဩမရိ​နောက်သို့​လိုက်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 22,
      "text": "ဩမရိ​နောက်သို့​လိုက်​သော​သူ​တို့​သည် ဂိနတ်​၏​သား​တိဗနိ​နောက်သို့​လိုက်​သော​သူ​တို့​ထက် ပို၍​အင်အားကြီး​၏​။ တိဗနိ​သေ​၍ ဩမရိ​နန်းတက်​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 23,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​သုံးဆယ့်​တစ်​နှစ်​တွင် ဩမရိ​နန်းတက်​၍ အစ္စရေး​ပြည်​တွင် တစ်ဆယ့်​နှစ်​နှစ်​၊ တိရဇာ​မြို့​တွင် ခြောက်​နှစ် စိုးစံ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 24,
      "text": "ထို့နောက် သူ​သည် ရှမေရ​ထံ​မှ ရှမာရိ​တောင်​ကို ငွေ​နှစ်​တာလန် ​နှင့်​ဝယ်ယူ​ပြီး ထို​တောင်​ပေါ်၌ မြို့​တည်​၏​။ တောင်​ပိုင်ရှင်​အမည်​ရှမေရ​ကို အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ရှမာရိ​မြို့​ဟု ခေါ်ဝေါ်​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 25,
      "text": "ဩမရိ​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ရာ​တွင် မိမိ​အလျင်​ရှိ​ခဲ့​သော​မင်း​အပေါင်း​တို့​ထက် သာ၍​ဆိုးညစ်​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 26,
      "text": "သူ​သည် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို အပြစ်ပြု​မိ​ရာ​ရောက်​စေ​ပြီး အချည်းနှီး​သော​အရာ​များ​ဖြင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 27,
      "text": "ကျန်ရှိ​နေ​သော ဩမရိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 28,
      "text": "ဩမရိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ရှမာရိ​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာဟပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 29,
      "text": "ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းစံ​သုံးဆယ့်​ရှစ်​နှစ်​တွင် ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ် နန်းတက်​၏​။ ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ်​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​တို့​ကို နှစ်ဆယ့်​နှစ်​နှစ် အုပ်စိုး​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 30,
      "text": "ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မိမိ​အလျင်​ရှိ​ခဲ့​သော​မင်း​အပေါင်း​တို့​ထက် မကောင်းမှု​ကို​သာ၍​ပြု​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 31,
      "text": "နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​၏​အပြစ်လမ်း​အတိုင်း လိုက်လျှောက်​သည်​ကို သာမည​ဟု​မှတ်ယူ​၍ ဆီဒုန်​ဘုရင်​ဧသဗာလ​မင်းကြီး​၏​သမီး​တော်​ယေဇဗေလ​ကို မိဖုရား​မြှောက်​ပြီး ဗာလ​ဘုရား​အား ဝတ်ပြု​ကိုးကွယ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 32,
      "text": "ရှမာရိ​မြို့​၌​တည်​ထား​သော​ဗာလ​ဘုရား​ဝတ်ကျောင်း​တွင် ဗာလ​ဘုရား​အဖို့ ယဇ်ပလ္လင်​ကို​လည်း တည်​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 33,
      "text": "အာဟပ်​မင်းကြီး​သည် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း စိုက်ထူ​၏​။ ထိုထက်မက သူ့​အလျင်​ရှိ​ခဲ့​သော​အစ္စရေး​ဘုရင်​အပေါင်း​တို့​ထက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို သာ၍​အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 34,
      "text": "အာဟပ်​မင်းကြီး​လက်ထက်​တွင် ဗေသလ​မြို့သား ဟိဧလ​သည် ဂျေရိခေါ​မြို့​ကို ပြန်လည်​တည်ဆောက်​၏​။ နုန်​၏​သား​ယောရှု​အားဖြင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း မြို့​တော်​အုတ်မြစ်ချ​ချိန်​တွင် သားဦး​အဘိရံ​ကို စတေး​ခဲ့​ရ​ပြီး မြို့​တံခါး​တည်ဆောက်​ချိန်​တွင် သားထွေး​စေဂုပ်​ကို စတေး​ခဲ့​ရ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 1,
      "text": "ဂိလဒ်​ပြည်​ရှိ တိရှဘိ​မြို့သား​ဧလိယ​က အာဟပ်​မင်းကြီး​အား “​ငါ​ကိုးကွယ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ဤ​နှစ်​များ​အတွင်း ငါ​အမိန့်​မ​ပေး​ဘဲ မိုး​မ​ရွာ​၊ နှင်း​မ​ကျ​စေ​ရ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 2,
      "text": "ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဧလိယ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 3,
      "text": "“ဤ​အရပ်​မှ​ထွက်​၍ အရှေ့ဘက်​သို့ သွား​လော့​။ ဂျော်ဒန်​မြစ်​အရှေ့ဘက် ခေရိတ်​ချောင်း​နား​တွင် ပုန်းရှောင်​၍"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 4,
      "text": "ထို​ချောင်းရေ​ကို သောက်​ရ​မည်​။ ထို​နေရာ​တွင် သင့်​ကို​ကျွေးမွေး​ရန် ကျီးအ​တို့​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 5,
      "text": "ဧလိယ​လည်း ထွက်သွား​၍ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ခေရိတ်​ချောင်း​နား​တွင် သွားရောက်​နေထိုင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 6,
      "text": "ကျီးအ​တို့​သည် သူ့​အတွက် အသား​နှင့်​မုန့်​တို့​ကို နံနက်​တစ်​ကြိမ်​၊ ညနေ​တစ်​ကြိမ် ယူဆောင်​လာ​ပေး​၏​။ ထို​ချောင်း​မှ​ရေ​ကို သူ​သောက်​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 7,
      "text": "သို့သော် မြေ​ပေါ်တွင် မိုး​မ​ရွာ​သဖြင့် ကာလ​အတန်ကြာ​သောအခါ ချောင်းရေ​ခန်းခြောက်​သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 8,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 9,
      "text": "“​ထ​လော့​။ ဆီဒုန်​ပြည်​၊ ဇရတ္တ​မြို့​သို့​သွား​ပြီး ထို​မြို့​တွင်​နေ​လော့​။ ကြည့်ရှု​လော့​။ ထို​မြို့​တွင် သင့်​ကို​ကျွေးမွေး​ရန် မုဆိုးမ​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 10,
      "text": "ဧလိယ​လည်း ဇရတ္တ​မြို့​သို့ ထ​သွား​လေ​၏​။ မြို့​တံခါး​နား​သို့​ရောက်​သောအခါ ထင်း​ကောက်​နေ​သော​မုဆိုးမ​တစ်​ယောက်​ကို တွေ့​၏​။ သူ​သည် ထို​မုဆိုးမ​ကို​ခေါ်​၍ “​ငါ့​ကို ရေ​တစ်​ခွက်​လောက်​တိုက်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 11,
      "text": "ထို​မုဆိုးမ ရေ​သွား​ယူ​စဉ် ဧလိယ​က သူ့​အား “​မုန့်​လည်း အနည်းငယ် ယူလာ​ပေး​ပါ​”​ဟု လှမ်း​ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 12,
      "text": "ထိုအခါ ထို​မုဆိုးမ​က “​သင်​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​၌ မုန့်​မ​ရှိ​ပါ​။ အိုး​ထဲ၌ လက်တစ်ဆုပ်စာ​မုန့်ညက်​နှင့် ဘူး​ထဲ၌​ဆီ​အနည်းငယ်​သာ ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ထင်း​နှစ်​ချောင်း​ကို ကောက်​ပြီးလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​သား​အဖို့ မုန့်​ပြန်ဖုတ်​ပါ​မည်​။ ထို​မုန့်​ကို​စား​ပြီးလျှင် အကျွန်ုပ်​တို့ သေ​ဖို့​သာ​ကျန်​ပါ​တော့​သည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 13,
      "text": "ဧလိယ​က​လည်း သူ့​အား “​မ​စိုးရိမ်​နှင့်​။ သင်​ပြော​သည့်​အတိုင်း သွား​၍​ပြု​ပါ​။ ပြီးလျှင် မုန့်​သေးသေးလေး​တစ်​ချပ်​ကို​ဖုတ်​ပြီး ငါ့​ကို ဦးစွာ​လာ​ပေး​ပါ​။ နောက်မှ သင်​နှင့်​သင့်​သား​အတွက် ဖုတ်​ပါ​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​ထာဝရဘုရား​သည် မြေ​ပေါ်၌ မိုးရွာ​စေ​မည့်​အချိန်​မ​ရောက်​မ​ချင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ရ​’​ဟူ၍ မိန့်​တော်မူ​နှင့်​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 15,
      "text": "ထို​မုဆိုးမ​လည်း ဧလိယ​ဆို​သည့်​အတိုင်း သွား​၍​ပြု​လေ​၏​။ ဧလိယ​အပါအဝင် ထို​အမျိုးသမီး​နှင့် သူ​၏​အိမ်သား​တို့​သည် ရက်​ပေါင်း​များစွာ စား​ရ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 16,
      "text": "ဧလိယ​အား ထာဝရဘုရား​မိန့်ဆို​ထား​သည့်​စကား​အတိုင်း အိုး​ထဲမှ​မုန့်ညက် မ​ကုန်​၊ ဘူး​ထဲမှ​ဆီ မ​လျော့​ဘဲ ရှိ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 17,
      "text": "ထို့နောက်တွင် အိမ်ရှင်​မုဆိုးမ​၏​သား​သည် နာမကျန်း​ဖြစ်​၍ ဝေဒနာ​ပြင်းထန်​သဖြင့် သေဆုံး​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 18,
      "text": "ထိုအခါ သူ​က ဧလိယ​အား “​အို ဘုရားသခင်​၏​လူ​၊ သင်​နှင့်​အကျွန်ုပ် အဘယ်သို့​ဆိုင်​သနည်း​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ပြန်သတိရ​စေရန်​နှင့် အကျွန်ုပ်​သား​ကို​သေ​စေရန် အကျွန်ုပ်​ထံ ရောက်လာ​ခဲ့​သလော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 19,
      "text": "ထိုအခါ ဧလိယ​က “​သင့်​သား​ကို​ပေး​ပါ​”​ဟု ဆို​ပြီး ထို​မုဆိုးမ​ရင်ခွင်​မှ​သား​ကို​ယူ​၍ မိမိ​နေရာ​အထက်ခန်း​သို့ သယ်သွား​ကာ မိမိ​၏​အိပ်ရာ​ပေါ်တွင် ချထား​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 20,
      "text": "ထို့နောက် “​အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တည်းခို​ရာ​အိမ်​မှ မုဆိုးမ​ကို​ပါ ဒုက္ခရောက်​စေ​တော်မူ​ပြီ​လော​။ ယခု သူ​၏​သား​သေ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 21,
      "text": "ထို့နောက် သူ​သည် သူငယ်​အပေါ် ကိုယ်ကို​သုံး​ကြိမ်​မှောက်​ပြီး ထာဝရဘုရား​ထံ “​အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ဤ​သူငယ်​ကို ပြန်​၍​အသက်ရှင်​စေ​တော်မူ​ပါ​”​ဟူ၍ အော်ဟစ်​တောင်းလျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 22,
      "text": "ဧလိယ​၏​တောင်းလျှောက်သံ​အား ထာဝရဘုရား​နားညောင်း​တော်မူ​ပြီး သူငယ်​ကို အသက်​ပြန်သွင်း​ပေး​၍ သူငယ် အသက်​ပြန်ရှင်​လာ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 23,
      "text": "ဧလိယ​သည် သူငယ်​ကို​ပွေ့​ပြီး မိမိ​နေရာ​အထက်ခန်း​မှ အောက်​သို့​ချီလာ​၍ သူငယ်​ကို မိခင်​လက်​သို့​အပ်လိုက်​ပြီး ဧလိယ​က “ကြည့်​ပါ​။ သင့်​သား အသက်​ပြန်ရှင်​ပြီ”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 24,
      "text": "ထိုအခါ ထို​အမျိုးသမီး​က ဧလိယ​အား “​သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်ကြောင်း​၊ သင်​ဆင့်ဆို​သော​ထာဝရဘုရား​၏​စကား​တော်​သည် မှန်ကန်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 1,
      "text": "ထို့နောက် ရက်​ပေါင်း​များစွာ​ကုန်လွန်​လာ​၏​။ သုံး​နှစ်​ကြာ​လျှင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဧလိယ​ထံသို့​ရောက်လာ​၍ “​အာဟပ်​မင်းကြီး​ကို ကိုယ်တိုင်​သွား​တွေ့​လော့​။ ငါ​သည် မြေပြင်​ပေါ်သို့ မိုး​ကို​ရွာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 2,
      "text": "ထို့ကြောင့် ဧလိယ​သည် အာဟပ်​မင်းကြီး​ထံ ကိုယ်တိုင်​သွား​လေ​၏​။ ထိုစဉ်က ရှမာရိ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြီး ဆိုက်ရောက်​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 3,
      "text": "အာဟပ်​မင်းကြီး​သည် နန်းတော်အုပ်​ဩဗဒိ​ကို ဆင့်ခေါ်​၏​။ ဩဗဒိ​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့ရိုသေ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 4,
      "text": "ထာဝရဘုရား​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်​ခဲ့​စဉ်က ဩဗဒိ​သည် ပရောဖက်​တစ်ရာ​ကို ငါးဆယ်​စီ​ခွဲ​၍ လိုဏ်ဂူ​ထဲတွင် ဝှက်ထား​ခဲ့​ပြီး အစာ​ရေစာ​ကို​လည်း ကျွေးမွေး​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 5,
      "text": "အာဟပ်​မင်းကြီး​က ဩဗဒိ​အား “​မြင်း​နှင့်​လား​တို့​အသက်ရှင်​နိုင်​ရန် မြက်ပင်​ရလိုရငြား တိုင်းပြည်​အနှံ့​ရှိ စမ်းချောင်း​ပေါက်​ရာ​နေရာ​၊ မြစ်ချောင်း​စီး​ရာ​နေရာ​ရှိသမျှ​သို့ သွား​ကြည့်​လော့​။ သို့မဟုတ်လျှင် တိရစ္ဆာန်​အချို့​ကို ငါ​တို့​သတ်ပစ်​ရ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 6,
      "text": "တစ်ပြည်လုံး​အနှံ့​သွား​ကြည့်​ရန် ကိုယ်​သွား​ရ​မည့်​နေရာ​ကို​ခွဲဝေ​ပြီး အာဟပ်​မင်းကြီး​နှင့်​ဩဗဒိ​တို့ တစ်ယောက်တစ်လမ်းစီ ထွက်သွား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 7,
      "text": "ဩဗဒိ​ထွက်သွား​စဉ် လမ်း​တွင် ဧလိယ​နှင့်​ဆုံ​၏​။ သူ​သည် ဧလိယ​ကို မှတ်မိ​သဖြင့် သူ့​ရှေ့​တွင်​ပျပ်ဝပ်​ကာ “​အကျွန်ုပ်​၏​အရှင် ဧလိယ​ပါ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 8,
      "text": "ဧလိယ​က​လည်း “​ငါ​ပင်​ဖြစ်​၏​။ သင့်​သခင်​ထံ​သွား​၍ ‘​ဤ​အရပ်​၌ ဧလိယ​ရှိ​၏​’​ဟူ၍ လျှောက်တင်​လော့​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 9,
      "text": "သို့သော် ဩဗဒိ​က “​အရှင့်​အစေအပါး​အကျွန်ုပ်​သည် မည်သည့်​အပြစ်​ကို​ပြု​မိ​၍ အကျွန်ုပ်​ကို အာဟပ်​မင်းကြီး​သတ်​ရ​အောင် သူ့​လက်​ထဲသို့ အပ်​ရ​သနည်း​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 10,
      "text": "အရှင်​၏​ဘုရားသခင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ အရှင့်​ကို​ရှာဖွေ​ရန် အကျွန်ုပ်​သခင်​သည် နိုင်ငံ​တိုင်း​၊ လူမျိုး​တိုင်း​ထံသို့ အကျွန်ုပ်​ကို စေလွှတ်​ခဲ့​ပါ​သည်​။ ‘ဤ​နေရာ​တွင် ဧလိယ​မ​ရှိ​ပါ​’​ဟု လျှောက်တင်​သော​နိုင်ငံ​နှင့် လူမျိုး​အား အရှင့်​ကို​မ​တွေ့​ကြောင်း ကျိန်ဆို​စေ​ခဲ့​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 11,
      "text": "ယခုမှာ အရှင်​က သင့်​သခင်​ထံ​သွား​၍ ‘​ဧလိယ​နှင့်​တွေ့​ပါ​ပြီ​’​ဟု လျှောက်​စေ​ပါ​သည်​တကား​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 12,
      "text": "အကျွန်ုပ်​ထွက်သွား​သည်​နှင့် ထာဝရဘုရား​၏​ဝိညာဉ်​တော်​က အရှင့်​ကို အကျွန်ုပ်​မ​သိ​နိုင်​သော​နေရာ​သို့ ဆောင်ယူ​သွား​လျှင် အကျွန်ုပ်​သည် အာဟပ်​မင်းကြီး​ကို သွား​လျှောက်တင်​ပြီးမှ အရှင့်​ကို မ​တွေ့​သောအခါ အကျွန်ုပ်​ကို သူ​သတ်​ပါ​လိမ့်မည်​။ အရှင့်​အစေအပါး​အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သူ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 13,
      "text": "ထာဝရဘုရား​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်​ခဲ့​စဉ်က အကျွန်ုပ်​မည်သို့​ပြု​ပေး​ခဲ့​သည်​ကို အရှင်​မ​ကြား​မိ​ပါ​သလော​။ အကျွန်ုပ်​သည် ထာဝရဘုရား​၏​ပရောဖက်​တစ်ရာ​ကို ငါးဆယ်​စီ​ခွဲ​၍ လိုဏ်ဂူ​ထဲတွင် ဝှက်ထား​ခဲ့​ပြီး အစာ​ရေစာ​ကို​လည်း ကျွေးမွေး​ခဲ့​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 14,
      "text": "ယခုမှာ အရှင်​က ‘​သင့်​သခင်​ထံ​သွား​၍ ဤ​အရပ်​၌ ဧလိယ​ရှိ​၏​’​ဟု လျှောက်​စေ​သဖြင့် အကျွန်ုပ်​သွားလျှောက်​လျှင် အကျွန်ုပ်​ကို သူ​သတ်​ပါ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 15,
      "text": "ထိုအခါ ဧလိယ​က “​ငါ​ကိုးကွယ်​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယနေ့ အာဟပ်​မင်းကြီး​နှင့် ငါ​အမှန်ပင်​တွေ့​မည်​”​ဟု သူ့​အား ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 16,
      "text": "ထို့ကြောင့် ဩဗဒိ​သည် အာဟပ်​မင်းကြီး​ထံ ပြန်လာ​၍​အခစားဝင်​ပြီး လျှောက်တင်​ရာ အာဟပ်​မင်းကြီး​သည် ဧလိယ​ကို သွားရောက်​တွေ့ဆုံ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 17,
      "text": "အာဟပ်​မင်းကြီး​သည် ဧလိယ​ကို တွေ့​သည်​နှင့် အာဟပ်​မင်းကြီး​က “​အစ္စရေး​လူမျိုး​ကို ဒုက္ခပေး​သူ​မှာ သင်​မ​ဟုတ်​လော​”​ဟု မေး​လျှင်"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 18,
      "text": "ဧလိယ​က “​အစ္စရေး​လူမျိုး​ကို ဒုက္ခပေး​သူ​မှာ ငါ​မ​ဟုတ်​။ ထာဝရဘုရား​၏​ပညတ်ချက်​တို့​ကို စွန့်ပယ်​ပြီး ဗာလ​ဘုရား​နောက်သို့​လိုက်​သော သင်​နှင့်​သင့်​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​များ​ပင် ဖြစ်​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 19,
      "text": "ယခုမှာ အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ ယေဇဗေလ​စားပွဲ​၌​စား​သော ဗာလ​ဘုရား​၏​ပရောဖက်​လေး​ရာ့​ငါးဆယ်​နှင့် အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​၏​ပရောဖက်​လေး​ရာ​တို့​ကို ဆင့်ခေါ်​၍ ငါ​ရှိ​ရာ​ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 20,
      "text": "အာဟပ်​မင်းကြီး​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့​ကို လူ​လွှတ်​ခေါ်​စေ​ပြီး ပရောဖက်​တို့​ကို ကရမေလ​တောင်​ပေါ်တွင် စုဝေး​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 21,
      "text": "ဧလိယ​သည် လူ​အပေါင်း​တို့​ထံသို့​သွား​ပြီး “​သင်​တို့​သည် ခံယူချက်​နှစ်​ခု​ကြား မည်မျှ​ကြာ​အောင် ဇဝေဇဝါ​ဖြစ်​နေ​မည်နည်း​။ ထာဝရဘုရား​သည် ဘုရားသခင်​မှန်​လျှင် ထာဝရဘုရား​နောက်သို့​လိုက်​လော့​။ ဗာလ​သည် ဘုရားသခင်​မှန်​လျှင် သူ့​နောက်​လိုက်​လော့​”​ဟု ဆို​၏ ။ လူ​တို့​သည် တစ်ခွန်းမျှ မ​တုံ့ပြန်​ကြ​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 22,
      "text": "ဧလိယ​က ဆက်​၍​လူ​တို့​အား “​ငါ​တစ်ဦးတည်း​သာ ထာဝရဘုရား​၏​ပရောဖက်​အဖြစ် ကျန်​ခဲ့​၏​။ ဗာလ​ဘုရား​၏​ပရောဖက်​များ​မူကား အယောက်​လေး​ရာ့​ငါးဆယ်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 23,
      "text": "ယခု ငါ​တို့​ကို နွားထီးပျို​နှစ်​ကောင်​ပေး​ပါ​။ နွား​တစ်​ကောင်​ကို သူ​တို့​အဖို့ ရွေး​စေ​ပါ​။ ထို​နွား​ကို ခုတ်ပိုင်း​ပြီး မီး​မ​မွှေး​သေး​ဘဲ​ထင်းပုံ​ပေါ်​တင်​စေ​ပါ​။ ငါ​လည်း ကျန်​နွား​တစ်​ကောင်​ကို အသင့်ပြင်​ပြီး မီး​မ​မွှေး​သေး​ဘဲ ထင်းပုံ​ပေါ်​တင်​မည်​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 24,
      "text": "ထို့နောက် သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​။ ငါ​သည်​လည်း ထာဝရဘုရား​၏​နာမ​ကို ခေါ်​မည်​။ မီး​ဖြင့် ထူး​တော်မူ​သော​ဘုရား​သည် ဘုရားသခင်​မှန်​ပါစေ​”​ဟု ဆို​၏​။ လူ​အပေါင်း​တို့​က​လည်း “​ကောင်း​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 25,
      "text": "ထို့နောက် ဧလိယ​က ဗာလ​ဘုရား​၏​ပရောဖက်​တို့​အား “​သင်​တို့​သည် လူ​များ​သောကြောင့် သင်​တို့​အဖို့ နွား​တစ်​ကောင်​ကို​ရွေး​ပြီး အလျင်​အသင့်ပြင်​ပါ​။ ပြီးလျှင် မီး​မ​မွှေး​သေး​ဘဲ သင်​တို့​ဘုရား​၏​နာမ​ကို ခေါ်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 26,
      "text": "ထို့ကြောင့် သူ​တို့​ကို​ပေး​သော​နွား​အား ယူ​၍​အသင့်ပြင်​ပြီး “​အို ဗာလ​ဘုရား​၊ အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​”​ဟု နံနက်အချိန်​မှ မွန်းတည့်​အချိန်​ထိ ဗာလ​ဘုရား​၏​နာမ​ကို​ခေါ်​ကြ​၏​။ သို့သော် တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​လည်း မ​ကြား​ရ​။ သူ​တို့​သည် မိမိ​တို့​တည်​ထား​သော​ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ကခုန်ယိမ်းထိုး​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 27,
      "text": "မွန်းတည့်ချိန်​သို့​ရောက်​သောအခါ ဧလိယ​က သူ​တို့​အား “​အသံ​ကျယ်ကျယ်​အော်ခေါ်​ကြ​ပါ​လော့​။ ဗာလ​သည် ဘုရား​မှန်​သည်​မ​ဟုတ်​လော​။ ယခု ဈာန်ဝင်စား​နေ​ကောင်း​နေ​လိမ့်မည်​။ သို့မဟုတ် အလေးအပေါ့ သွား​ကောင်း​သွား​နေ​လိမ့်မည်​။ သို့မဟုတ် ခရီး​လွန်​ကောင်း​လွန်​နေ​လိမ့်မည်​။ သို့မဟုတ် အိပ်ပျော်​ကောင်း​အိပ်ပျော်​နေ​လိမ့်မည်​။ တစ်ယောက်ယောက် သွားနှိုး​ရ​လိမ့်မည်​”​ဟု လှောင်ပြောင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 28,
      "text": "ထို့ကြောင့် သူ​တို့​သည် အသံ​ကျယ်လောင်​စွာ​အော်ခေါ်​သည်​သာမက သူ​တို့​ဓလေ့​အတိုင်း ကိုယ်​ကို​ဓား​လှံ​တို့​ဖြင့်​ထိုးမွှမ်း​သဖြင့် သူ​တို့​ကိုယ်​ပေါ်တွင် သွေးသံရဲရဲ​ဖြစ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 29,
      "text": "ဤသို့ဖြင့် နေ့တစ်ဝက်​ကျိုး​လေ​၏​။ ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ထိ သူ​တို့​ပရောဖက်ပြု​နေ​ကြ​သော်လည်း တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​ကို မ​ကြား​ရ​။ အရေးလုပ်သူ​လည်း မ​ရှိ​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 30,
      "text": "ထိုအခါ ဧလိယ​က လူ​အပေါင်း​တို့​အား “​ငါ့​အနား​သို့ လာ​ကြ​ပါ​”​ဟု ဆို​လျှင် လူ​အပေါင်း​တို့​သည် သူ့​အနား​သို့ လာ​ကြ​၏​။ ထို့နောက် ပြိုပျက်​သွား​သော​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို ပြုပြင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 31,
      "text": "“​သင့်​အမည်​ကား အစ္စရေး​ဖြစ်​ရ​မည်​”​ဟု ထာဝရဘုရား​၏​မိန့်ဆို​ခြင်း​ကို​ခံရ​သော​ယာကုပ်​မှ ဆင်းသက်​လာ​သော​အမျိုးအနွယ်​အရေအတွက်​အတိုင်း ဧလိယ​သည် ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို​ယူ​၍"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 32,
      "text": "ထာဝရဘုရား​၏​နာမ​တည်​ရာ ကျောက်​ယဇ်ပလ္လင်​ကို တည်​ပြီးလျှင် ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် မျိုးစေ့​နှစ်​စေအာ ​လောက်ဆန့်​သည့်​မြောင်း​တစ်​ခု​ကို တူး​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 33,
      "text": "ထင်း​များ​ကို​စီ​ထား​ပြီး နွား​ကို​လည်း ခုတ်ပိုင်း​၍ ထင်းပုံ​ပေါ် တင်​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 34,
      "text": "ထို့နောက် “​အိုး​လေး​လုံး​ကို ရေ​ဖြည့်​ပြီး မီးရှို့ရာယဇ်ကောင်​နှင့် ထင်း​များ​ပေါ် လောင်းချ​ပါ​”​ဟု ဆို​၏​။ “​ဒုတိယ​အကြိမ် လောင်း​ပါ​”​ဟု ဆို​သဖြင့် လူ​တို့​သည် ဒုတိယ​အကြိမ်​ထပ်လောင်း​ကြ​၏​။ “​တတိယ​အကြိမ် လောင်း​ပါ​”​ဟု ဆို​ပြန်​သဖြင့် လူ​တို့​သည် တတိယ​အကြိမ်​ထပ်လောင်း​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 35,
      "text": "ဤသို့ဖြင့် ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ရေ​ဝိုင်း​နေ​ပြီး မြောင်း​ထဲတွင်​လည်း ရေ​ပြည့်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 36,
      "text": "ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ရောက်​သောအခါ ပရောဖက်​ဧလိယ​သည် ယဇ်ပလ္လင်​နား​ချဉ်းလာ​၍ “​အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တွင်​ဘုရားသခင်​ဖြစ်ကြောင်း​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပြီး ကိုယ်တော်​၏​အမိန့်​တော်​ဖြင့် ဤ​အရာ​အားလုံး​ကို​ပြု​ခြင်း​ဖြစ်ကြောင်း ယနေ့ ဤ​လူ​တို့​ကို သိ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 37,
      "text": "အို ထာဝရဘုရား​၊ ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ သို့မှ ထာဝရဘုရား​သည် ဘုရားသခင်​မှန်ကြောင်း​၊ ကိုယ်တော်​သည် လူ​တို့​၏​စိတ်​ကို​ပြောင်းလဲ​စေ​နိုင်​ကြောင်း​ကို ဤ​လူ​တို့​သိ​ရ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 38,
      "text": "ထိုအခါ ထာဝရဘုရား​ထံမှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်ကောင်​၊ ထင်း​၊ ကျောက်​၊ မြေမှုန့်​တို့​ကို​ပါ လောင်ကျွမ်း​သဖြင့် မြောင်း​ထဲမှ​ရေ​များ​လည်း ခန်းခြောက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 39,
      "text": "လူ​အပေါင်း​တို့​သည် ထို​အဖြစ်​ကို​မြင်​သောအခါ ပျပ်ဝပ်​လျက် “​ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 40,
      "text": "ထိုအခါ ဧလိယ​က လူ​တို့​အား “​ဗာလ​ဘုရား​၏​ပရောဖက်​တို့​ကို ဖမ်းဆီး​ပါ​။ တစ်ယောက်​မျှ​မ​လွတ်​စေ​နှင့်​”​ဟု ဆို​လျှင် လူ​တို့​က သူ​တို့​ကို ဖမ်းဆီး​လေ​၏​။ ဧလိယ​သည် သူ​တို့​ကို ကိရှုန်​ချောင်း​သို့​ခေါ်သွား​ပြီး ထို​အရပ်​၌ ကွပ်မျက်​လိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 41,
      "text": "ထို့နောက် ဧလိယ​က အာဟပ်​မင်းကြီး​အား “​တက်သွား​ပြီး စား​သောက်​ပါ​လော့​။ မိုးသည်းထန်​စွာ​ရွာ​မည့်​အသံ ကြား​ရ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 42,
      "text": "အာဟပ်​မင်းကြီး​လည်း တက်သွား​၍​စား​သောက်​လေ​၏​။ ဧလိယ​မူကား ကရမေလ​တောင်ထိပ်​သို့ တက်သွား​ပြီး မြေ​ပေါ်၌​ဒူးထောက်​လျက် ဒူး​နှစ်​လုံး​ကြား​၌ မျက်နှာ​ကို​အပ်ထား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 43,
      "text": "ထို့နောက် သူ့​ငယ်သား​အား “​ယခု သွား​ပြီး ပင်လယ်​ဘက်​သို့​ကြည့်​ပါ​”​ဟု ဆို​လျှင် ငယ်သား​က​သွား​ကြည့်​ပြီး “​မည်သည့်​အရိပ်အယောင်​မျှ မ​တွေ့​ရ​ပါ​”​ဟု ပြန်လာ​ပြော​၏​။ ဧလိယ​က မိမိ​ငယ်သား​အား “ထပ်၍​သွား​ပါ”​ဟု ခုနစ်​ကြိမ်​တိုင်တိုင် စေခိုင်း​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 44,
      "text": "ခုနစ်​ကြိမ်​မြောက်​တွင် ငယ်သား​က “​လက်တစ်ဝါးစာ​မိုးတိမ်​တစ်​ခု ပင်လယ်​ဘက်​မှ​တက်လာ​သည်​ကို တွေ့​ပါ​ပြီ​”​ဟု ဆို​၏​။ ထိုအခါ ဧလိယ​က “​အာဟပ်​မင်းကြီး​ထံ​သွား​၍ ‘​ရထား​အသင့်ပြင်​ပြီး ပြန်​ဆင်းသွား​လော့​။ မိုးကြီး​၍​မ​ပြန်​နိုင်​မည်​ကို စိုး​ရ​ပါ​သည်​’​ဟူ၍ ပြောကြား​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 45,
      "text": "ထိုတစ်ခဏချင်း​တွင်ပင် မိုးကောင်းကင်​မှ​တိမ်​များ မည်းမှောင်​အုံ့ဆိုင်း​လာ​သည်​သာမက လေ​များ​ပါ​တိုက်လာ​ပြီး မိုး​သည်းထန်​စွာ​ရွာ​လေ​တော့​သည်​။ အာဟပ်​မင်းကြီး​သည်​လည်း ရထား​စီးနင်း​ပြီး ယေဇရေလ​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 46,
      "text": "ထိုစဉ် ထာဝရဘုရား​၏​လက်​တော်​သည် ဧလိယ​ထံ​သက်ရောက်​လာ​သဖြင့် သူ​သည် ခါးပန်း​ကို​စည်း​ပြီး​ပြေး​ရာ အာဟပ်​မင်းကြီး​ကို​ကျော်​၍ ယေဇရေလ​မြို့​သို့ ကြိုရောက်​နှင့်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 1,
      "text": "အာဟပ်​မင်းကြီး​သည် ဧလိယ​ပြု​ခဲ့​သော​အကြောင်းအရာ​အလုံးစုံ​နှင့် ပရောဖက်​အားလုံး​ကို ဓား​နှင့်​ကွပ်မျက်​ခဲ့​ပုံ​အလုံးစုံ​တို့​ကို ယေဇဗေလ​အား ပြောပြ​သောအခါ"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 2,
      "text": "ယေဇဗေလ​သည် ဧလိယ​ထံ တမန်​ကို​စေလွှတ်​၍ “​မနက်ဖြန် ယခု​လို​အချိန်​တွင် သင့်​အသက်​ကို ထို​ပရောဖက်​တို့​၏​အသက်​ကဲ့သို့ မ​ဖြစ်​စေ​လျှင် ဘုရား​အများ​တို့​သည် ငါ့​ကို ထိုထက်မက ပြု​ပါစေသော​”​ဟု ဆို​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 3,
      "text": "ထိုအခါ ဧလိယ​သည် ကြောက်​သဖြင့် အသက်ဘေး​လွတ်​အောင် ထ​ပြေး​ရာ ယုဒ​ပြည်​၊ ဗေရရှေဘ​မြို့​သို့ ရောက်သွား​လေ​၏​။ ထို​မြို့​တွင် မိမိ​ငယ်သား​ကို ထားခဲ့​၍"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 4,
      "text": "တောကန္တာရ​သို့ ခရီးဆက်​လေ​၏​။ တစ်ရက်ကြာ​ခရီးသွား​ပြီးလျှင် ရှားပင်​တစ်​ပင်​အောက်​တွင် ထိုင်​လျက် “​အို ထာဝရဘုရား​၊ တန်​ပါ​ပြီ​။ ယခု အကျွန်ုပ်​အသက်​ကို ရုပ်သိမ်း​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​ဘိုးဘေး​တို့​ထက် မြတ်​သော​သူ​မ​ဟုတ်​ပါ​”​ဟု မိမိ​အသက်​သေ​ဖို့ ဆုတောင်း​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 5,
      "text": "ထို့နောက် သူ​သည် ထို​ရှားပင်​အောက်​တွင် လဲလျောင်း​၍​အိပ်ပျော်​သွား​လေ​၏​။ ထိုစဉ် ကောင်းကင်တမန်​တစ်​ပါး​က သူ့​ကို​တို့​ပြီး “​ထ​၍ စား​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 6,
      "text": "သူ​ကြည့်လိုက်​သောအခါ ခေါင်းရင်း​နား​တွင် ကင်​ထား​သော​မုန့်​တစ်​ချပ်​နှင့် ရေဘူး​တစ်​ဘူး​ကို တွေ့​၏​။ သူ​သည် စား​သောက်​ပြီး ပြန်၍​အိပ်ပျော်​သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 7,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဒုတိယအကြိမ်​လာ​၍ သူ့​ကို​တို့​ပြီးလျှင် “​ထ​၍ စား​ပါ​။ သင်​သွား​ရ​မည့်​ခရီး​မှာ ဝေး​လှ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 8,
      "text": "ထို့ကြောင့် သူ​သည် ထ​၍​စား​သောက်​၏​။ ထို​အစားအစာ​ကြောင့် အားပြည့်​လာ​ပြီး ဟောရပ်​ဟူသော​ဘုရားသခင်​၏​တောင်​သို့ ရက်​လေးဆယ်​ပတ်လုံး​ခရီးဆက်​၍"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 9,
      "text": "ထို​နေရာ​ရှိ​လိုဏ်ဂူ​တစ်​ခု​ထဲသို့​ဝင်​၍ ညအိပ်​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍ “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 10,
      "text": "ထိုအခါ သူ​က “​အကျွန်ုပ်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​အဖို့ အလွန်​စိတ်အားထက်သန်​သူ​ဖြစ်​ပါ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ကိုယ်တော်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီး ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပရောဖက်​များ​ကို​လည်း ဓား​နှင့်​သတ်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ ကျန်ခဲ့​ပါ​၏​။ ယခု​လည်း အကျွန်ုပ်​ကို​သတ်​ရန် လိုက်ရှာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 11,
      "text": "ထိုအခါ ကိုယ်တော်​က “​တောင်​ပေါ်သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​နေ​လော့​”​ဟု သူ့​အား မိန့်​တော်မူ​၏​။ ထာဝရဘုရား​ဖြတ်လျှောက်​တော်မူ​လျှင် ပြင်းထန်​သော​လေ​အဟုန်​ကြောင့် တောင်​များ​အက်ကွဲ​ကုန်​၏​။ ထာဝရဘုရား​ရှေ့မှောက်​တွင် ကျောက်​များ​ကျိုးပဲ့​ကုန်​၏​။ သို့သော် ထာဝရဘုရား​သည် လေ​ထဲ၌ ရှိ​တော်​မ​မူ​။ လေတိုက်​ပြီးမှ ငလျင်လှုပ်​၏​။ သို့သော် ထာဝရဘုရား​သည် ငလျင်​ထဲတွင်​လည်း ရှိ​တော်​မ​မူ​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 12,
      "text": "ငလျင်လှုပ်​ပြီးနောက် မီးလောင်​၏​။ သို့သော် ထာဝရဘုရား​သည် မီး​ထဲတွင် ရှိ​တော်​မ​မူ​။ မီးလောင်​ပြီးနောက် ဖြည်းညင်း​သာယာ​သော​အသံ ထွက်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 13,
      "text": "ဧလိယ​သည် ထို​အသံ​ကို​ကြား​လျှင် မိမိ​မျက်နှာ​ကို ဝတ်လုံ​နှင့်​အုပ်​ပြီး တောင်ထိပ်​လိုဏ်ဂူ​ဝ​တွင် ထွက်​ရပ်​နေ​၏​။ ထိုအခါ အသံ​တော်​က “​ဧလိယ​၊ ဤ​နေရာ​တွင် ဘာလုပ်​နေ​သနည်း​”​ဟု သူ့​အား မေး​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 14,
      "text": "ထိုအခါ သူ​က “​အကျွန်ုပ်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ အလွန်​စိတ်အားထက်သန်​သူ​ဖြစ်​ပါ​၏​။ အစ္စရေး​အမျိုးသား​တို့​မူကား ကိုယ်တော်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီး ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပရောဖက်​များ​ကို​လည်း ဓား​နှင့်​သတ်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ ကျန်ခဲ့​ပါ​၏​။ ယခု​လည်း အကျွန်ုပ်​ကို​သတ်​ရန် လိုက်ရှာ​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 15,
      "text": "ထာဝရဘုရား​က​လည်း သူ့​အား “​သင်​လာ​သည့်​လမ်း​အတိုင်း ဒမတ်စကပ်​တောကန္တာရ​သို့ ပြန်သွား​လော့​။ ရောက်​လျှင် ဟာဇေလ​ကို ဆီးရီးယား​ဘုရင်​အဖြစ်​၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 16,
      "text": "နိမ်ရှိ​၏​သား​ယေဟု​ကို အစ္စရေး​ဘုရင်​အဖြစ် ဘိသိက်ပေး​လော့​။ အာဗေလမဟောလ​မြို့​ရှိ ရှာဖတ်​၏​သား​ဧလိရှဲ​ကို သင့်​ကိုယ်စား ပရောဖက်​အဖြစ် ဘိသိက်ပေး​လော့​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 17,
      "text": "ဟာဇေလ​၏​ဓားဘေး​မှ လွတ်မြောက်​သွား​သော​သူ​ကို ယေဟု​သတ်​လိမ့်မည်​။ ယေဟု​၏​ဓားဘေး​မှ လွတ်မြောက်​သွား​သော​သူ​ကို ဧလိရှဲ​သတ်​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 18,
      "text": "အစ္စရေး​လူမျိုး​တွင် ဗာလ​ရှေ့​၌ ဒူး​မ​ထောက်​သော​သူ​၊ နှုတ်​ဖြင့်​မ​နမ်း​သော​သူ လူ​ပေါင်း​ခုနစ်​ထောင်​ကို ငါ​ကျန်ရစ်​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 19,
      "text": "ဤသို့ဖြင့် ဧလိယ​သည် ထို​နေရာ​မှ​ထွက်သွား​၍ ရှာဖတ်​၏​သား ဧလိရှဲ​နှင့်​တွေ့​၏​။ လယ်ထွန်​လျက်​ရှိ​သော​နွား​တစ်ဆယ့်​နှစ်​ရှဉ်း​တွင် ဧလိရှဲ​သည် တစ်ဆယ့်​နှစ်​ရှဉ်း​မြောက်​၌ လယ်ထွန်​နေ​၏​။ ဧလိယ​သည် သူ့​နား​သို့​သွား​ပြီး မိမိ​ဝတ်လုံ​ကို သူ့​အပေါ် လွှားတင်​ပေး​လိုက်​လျှင်"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 20,
      "text": "ဧလိရှဲ​သည် နွား​ကို​ထား​ခဲ့​၍ ဧလိယ​နောက်သို့​လိုက်​လျက် “​အကျွန်ုပ်​မိဘ​ကို နမ်း​ပြီး​နှုတ်ဆက်​ပါရစေ​။ ပြီးလျှင် အရှင့်​နောက်သို့ လိုက်​ပါ​မည်​”​ဟု ဆို​၏​။ ဧလိယ​က​လည်း သူ့​အား “​သင့်​ကို ငါ​မည်သို့​ပြု​ပြီး​ပြီ​နည်း​။ သွား​ပြီး ပြန်လာ​ခဲ့​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 21,
      "text": "ထိုအခါ ဧလိရှဲ​သည် ဧလိယ​နောက်​လိုက်သွား​ရာ​မှ​ပြန်လာ​၍ နွားတစ်ရှဉ်း​ကို​ယူ​ပြီး သတ်​၏​။ နွား​ထမ်းပိုး​ကို​ထင်းလုပ်​၍ ဟင်းချက်​ပြီးလျှင် လူ​တို့​အား​ကျွေးမွေး​သဖြင့် လူ​တို့​လည်း စား​ကြ​၏​။ ထို့နောက် သူ​သည် ဧလိယ​နောက်သို့​လိုက်​၍ တပည့်ခံ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 1,
      "text": "ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​ကို စုရုံး​၍ ရှင်ဘုရင်​သုံးဆယ့်​နှစ်​ပါး​အပါအဝင် မြင်းတပ်​၊ ရထားတပ်​တို့​ဖြင့် ချီတက်​လာ​ပြီး ရှမာရိ​မြို့​ကို ဝိုင်းရံ​တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 2,
      "text": "ဗင်္ဟာဒဒ်​မင်းကြီး​သည် မြို့​ထဲရှိ​အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 3,
      "text": "“​ဗင်္ဟာဒဒ်​မင်းကြီး​က ‘​သင်​၌​ရှိ​သော ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​ပြီ​။ သင်​မြတ်နိုး​လှ​သော မိဖုရား​များ​၊ သား​တော်​များ​ကို​လည်း ငါ​ပိုင်​ပြီ​’​ဟူ၍ မှာလိုက်​၏​”​ဟု လျှောက်တင်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 4,
      "text": "အစ္စရေး​ဘုရင်​က​လည်း “​အရှင်​မင်းကြီး​ဆို​သည့်​အတိုင်း​ပင် အကျွန်ုပ်​နှင့် အကျွန်ုပ်​၌​ရှိသမျှ​သည် အရှင့်​အပိုင်​ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 5,
      "text": "တမန်​တို့​သည် နောက်တစ်ဖန်​လာ​၍ “​ဗင်္ဟာဒဒ်​မင်းကြီး​က ‘​သင်​၏​ရွှေ​ငွေ​၊ မိဖုရား​နှင့်​သား​များ​ကို ငါ့​ထံ​ပေးအပ်​ရန် သင့်​ထံသို့ လူ​လွှတ်​၍ ငါ​အမိန့်ပေး​ခဲ့​ပြီ​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 6,
      "text": "မနက်ဖြန် ယခု​လို​အချိန်​တွင် ငါ့​အမှုထမ်း​တို့​ကို သင့်​ထံသို့​စေလွှတ်​မည်​။ သူ​တို့​သည် သင့်​နန်းတွင်း​နှင့်​သင့်​အမှုထမ်း​တို့​၏​အိမ်​တို့​၌ ရှာဖွေစစ်ဆေး​ပြီးလျှင် အဖိုးတန်​ပစ္စည်း​မှန်သမျှ​ကို သိမ်းယူ​သွား​ကြ​လိမ့်မည်​’​ဟူ၍ မှာလိုက်​ပြီ​”​ဟု လျှောက်တင်​ကြ​ပြန်​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 7,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​သည် တိုင်းပြည်​ရှိ​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို ဆင့်ခေါ်​၍ “​ဤ​လူ မည်မျှ​ရန်ရှာ​လို​သည်​ကို ကြည့်​ပြီး သိ​ကြ​ပါ​လော့​။ သူ​သည် ငါ့​ထံ​လူ​လွှတ်​ပြီး မိဖုရား​များ​၊ သား​တော်​များ​နှင့်တကွ ရွှေ​ငွေ​များ​ကို​ပါ တောင်း​သောအခါ ငါ​မ​ငြင်း​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 8,
      "text": "ထိုအခါ သက်ကြီးဝါကြီး​အပေါင်း​နှင့် လူ​အပေါင်း​တို့​က “​သူ့​စကား​ကို နား​မ​ထောင်​ပါ​နှင့်​။ မ​လိုက်လျော​ပါ​နှင့်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 9,
      "text": "ထို့ကြောင့် ရှင်ဘုရင်​က ဗင်္ဟာဒဒ်​မင်းကြီး​၏​တမန်​တို့​အား “ ‘​ယခင်​တောင်းဆိုချက်​ဟူသမျှ​ကို အကျွန်ုပ်​လိုက်လျော​နိုင်​သော်လည်း ယခု​တောင်းဆိုချက်​ကို​မူ မ​လိုက်လျော​နိုင်​ပါ​’​ဟူ၍ အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​အား ပြန်လျှောက်​ကြ​လော့​”​ဟု မိန့်ဆို​၏​။ တမန်​တို့​က​လည်း ပြန်သွား​၍ ထိုအတိုင်း လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 10,
      "text": "ထိုအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် လူ​လွှတ်​ပြန်​၍ “​ရှမာရိ​မြေမှုန့်​သည် ငါ့​ခြေရင်း​၌​ခစား​သော​သူ​အားလုံး​အတွက် လက်တစ်ဆုပ်စာစီ​လောက်ငှ​မည်​ဆိုလျှင် ဘုရား​အများ​တို့​သည် ငါ့​ကို ထိုထက်မက ပြု​ပါစေသော​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 11,
      "text": "အစ္စရေး​ဘုရင်​က​လည်း “​ဗင်္ဟာဒဒ်​မင်းကြီး​အား ‘​ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ထား​လျက်​နှင့် ချွတ်​ပြီး​သော​သူ​ကဲ့သို့ မ​ဝါကြွား​သင့်​’​ဟူ၍ ပြန်လျှောက်​လော့​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 12,
      "text": "မိမိ​နှင့်အတူ​ပါလာ​သော​ရှင်ဘုရင်​များ​နှင့်အတူ တဲ​အတွင်း​၌ စားသောက်​နေ​သော​ဗင်္ဟာဒဒ်​မင်းကြီး​က ထို​သတင်း​များ​ကို​ကြား​သောအခါ သူ့​အမှုထမ်း​တို့​အား “​အသင့်ပြင်​ကြ​”​ဟု အမိန့်ပေး​သဖြင့် သူ​တို့​လည်း မြို့​ကို​တိုက်​ရန် အသင့်ပြင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 13,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ထံသို့ ပရောဖက်​တစ်​ပါး ရောက်လာ​ပြီး “​ထာဝရဘုရား​က ‘​ဤ​စစ်သည်ထု​ကြီး​ကို သင်​မြင်​သလော​။ ယနေ့ သူ​တို့​ကို သင့်​လက်​သို့ အပ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 14,
      "text": "ထိုအခါ အာဟပ်​မင်းကြီး​က “​မည်သူ့​အားဖြင့်​နည်း​”​ဟု မေး​လျှင် ပရောဖက်​က​လည်း “​ထာဝရဘုရား​က ‘​နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​အားဖြင့် ဖြစ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပါ​၏​”​ဟု ဆင့်ဆို​၏​။ အာဟပ်​မင်းကြီး​က​လည်း “​မည်သူ​က စတင်​တိုက်ပွဲဝင်​ရ​မည်နည်း​”​ဟု မေး​လျှင် ပရောဖက်​က “​အရှင်မင်းကြီး ဖြစ်​၏​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 15,
      "text": "ထိုအခါ အာဟပ်​မင်းကြီး​သည် နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​ကို ရေတွက်​ကြည့်​ရာ တပ်သား​နှစ်ရာ​သုံးဆယ့်​နှစ်​ယောက်​ရှိ​သည်​ကို တွေ့​ရ​၏​။ ထို့ပြင် အစ္စရေး​တပ်သား​အားလုံး​ကို​ပါ ရေတွက်​ကြည့်​ရာ အားလုံးပေါင်း အယောက်​ခုနစ်​ထောင်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 16,
      "text": "သူ​တို့​သည် မွန်းတည့်ချိန်​တွင် စစ်ချီလာ​ကြ​၏​။ ထို​အချိန်​တွင် ဗင်္ဟာဒဒ်​မင်းကြီး​နှင့် သူ့​ကို​စစ်ကူ​ပေး​သော​အခြား​ဘုရင်​သုံးဆယ့်​နှစ်​ပါး​တို့​သည် တဲ​များ​၌ စားသောက်​မူးယစ်​နေ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 17,
      "text": "နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​သည် ရှေ့ဆုံး​မှ​ချီတက်​လာ​ကြ​၏​။ ဗင်္ဟာဒဒ်​မင်းကြီး​လည်း ကင်းထောက်​တို့​ကို​စေလွှတ်​ရာ သူ​တို့​က ရှင်ဘုရင်​အား “​ရှမာရိ​မြို့​မှ လူ​များ ထွက်လာ​နေ​ပါ​သည်​”​ဟု သတင်းပို့​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 18,
      "text": "ထိုအခါ ဗင်္ဟာဒဒ်​မင်းကြီး​က “​ငြိမ်းချမ်းရေး​အတွက် လာ​သည်​ဖြစ်စေ​၊ စစ်တိုက်​ဖို့​အတွက် လာ​သည်​ဖြစ်စေ သူ​တို့​ကို အရှင်​ဖမ်းဆီး​ထား​ကြ​”​ဟု အမိန့်ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 19,
      "text": "နယ်မြေခံ​စစ်သူကြီး​တို့​၏​တပ်သား​များ​နှင့် သူ​တို့​နောက်တွင် လိုက်ပါ​လာ​သော​စစ်သည်​တို့​သည် မြို့​ထဲမှ ထွက်လာ​ကြ​ပြီး"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 20,
      "text": "ရန်သူ​တို့​နှင့် တစ်ယောက်​လျှင်​တစ်ယောက်ချင်း တိုက်ခိုက်​ကြ​ရာ ဆီးရီးယား​တပ်သား​တို့ ထွက်ပြေး​ကြ​သဖြင့် အစ္စရေး​တပ်သား​တို့​သည် သူ​တို့​ကို လိုက်လံတိုက်ခိုက်​ကြ​၏​။ ထိုစဉ် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​သည် မြင်းစီးသူရဲ​တို့​နှင့်အတူ မြင်းစီး​ပြီး​ထွက်ပြေး​လွတ်မြောက်​သွား​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 21,
      "text": "အစ္စရေး​ဘုရင်​လည်း ထွက်လာ​ပြီး မြင်းတပ်​၊ ရထားတပ်​များ​ကို တိုက်ခိုက်​၍ ဆီးရီးယား​တပ်သား​တို့​ကို​လည်း အကြီးအကျယ်​သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 22,
      "text": "ထိုအခါ ပရောဖက်​သည် အစ္စရေး​ဘုရင်​ထံ​ရောက်လာ​၍ “​ဆီးရီးယား​ဘုရင်​သည် နှစ်ဦးပိုင်း​တွင် သင့်​ကို ပြန်လာ​တိုက်​လိမ့်​ဦး​မည်​။ သင်​သွား​၍ စစ်အင်အားဖြည့်​လော့​။ သင်​မည်သို့​ပြု​ရ​မည်​ကို ဆင်ခြင်​သတိပြု​လော့​”​ဟု သူ့​အား ဆင့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 23,
      "text": "ဆီးရီးယား​ဘုရင်​၏​အမှုထမ်း​တို့​က ရှင်ဘုရင်​အား “​သူ​တို့​၏​ဘုရား​အများ​သည် တောင်​ကို​ပိုင်​သော​ဘုရား​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​ကို​နိုင်​၏​။ အကယ်၍ လွင်ပြင်​၌​တိုက်​ကြ​မည်​ဆို​လျှင် သူ​တို့​ကို အကျွန်ုပ်​တို့ အမှန်​နိုင်​လိမ့်မည်​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 24,
      "text": "ယခု ဤသို့​ပြု​ပါ​လော့​။ ရှင်ဘုရင်​တို့​ကို ချန်လှပ်​ထား​ပြီး သူ​တို့​အစား ဘုရင်ခံ​တို့​ကို ခန့်ထား​တော်မူ​ပါ​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 25,
      "text": "ဆုံးရှုံး​သွား​ခဲ့​သော​အရာ​များ​အတွက် စစ်သည်​အစား​စစ်သည်​၊ မြင်း​အစား​မြင်း​၊ ရထား​အစား​ရထား အစားထိုး​ဖြည့်ဆည်း​ပေး​တော်မူ​ပါ​။ ပြီးလျှင် သူ​တို့​နှင့် လွင်ပြင်​တွင် တိုက်ခိုက်​ပါ​မည်​။ အကျွန်ုပ်​တို့ အမှန်​နိုင်​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​သည် သူ​တို့​စကား​ကို​နားထောင်​ပြီး ထိုအတိုင်း​ပြု​ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 26,
      "text": "ထို့နောက် နှစ်ဦးပိုင်း​ရောက်​သောအခါ ဗင်္ဟာဒဒ်​မင်းကြီး​သည် ဆီးရီးယား​တပ်သား​တို့​ကို​စုရုံး​ပြီး အစ္စရေး​တပ်​နှင့်​စစ်တိုက်​ရန် အာဖက်​မြို့​သို့ ချီသွား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 27,
      "text": "အစ္စရေး​အမျိုးသား​တို့​လည်း စုရုံး​၍ ရိက္ခာ​ဖြည့်တင်း​ပြီးလျှင် ဆီးရီးယား​တပ်​နှင့်​ရင်ဆိုင်တိုက်ခိုက်​ရန် ချီလာ​ကာ မျက်နှာချင်းဆိုင်​တွင် စခန်းချ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​ရှေ့​တွင် ဆိတ်အုပ်လေး​နှစ်​အုပ်​သဖွယ်​ဖြစ်​နေ​၏​။ ဆီးရီးယား​တို့​မူကား တစ်ပြည်လုံး​အနှံ့​တပ်စွဲ​ထား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 28,
      "text": "ထိုအခါ ဘုရားသခင်​၏​လူ​သည် အစ္စရေး​ဘုရင်​ထံ​ရောက်လာ​၍ “​ဆီးရီးယား​ဘုရင်​က ‘ထာဝရဘုရား​သည် တောင်​ကို​ပိုင်​သော​ဘုရား​သာ​ဖြစ်​၏​။ လွင်ပြင်​ကို​ပိုင်​သော​ဘုရား မ​ဟုတ်​ပါ’​ဟု ဆို​လေ​ပြီ​။ ထို့ကြောင့် ဤ​စစ်သည်ထု​ကြီး​ကို သင့်​လက်​သို့ ငါ​အပ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 29,
      "text": "သူ​တို့​သည် တစ်ဖက်​နှင့်​တစ်ဖက် မျက်နှာချင်းဆိုင်​စခန်း​ချထား​ကြ​သည်မှာ ခုနစ်​ရက်​တိုင်တိုင်​ဖြစ်​၏​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် စတင်​တိုက်ခိုက်​ကြ​ရာ တစ်နေ့တည်း​တွင် အစ္စရေး​အမျိုးသား​တို့​သည် ဆီးရီးယား​ခြေလျင်တပ်သား အယောက်​တစ်သိန်း​ကို ချေမှုန်း​နိုင်​ခဲ့​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 30,
      "text": "ကျန်​စစ်သည်​တို့​သည် အာဖက်​မြို့​သို့ ထွက်ပြေး​သွား​ကြ​၏​။ ထို​ကျန်ရှိ​သော​စစ်သည်​နှစ်သောင်း​ခုနစ်​ထောင်​အပေါ် မြို့ရိုး​ပြိုကျ​၏​။ ဗင်္ဟာဒဒ်​မင်းကြီး​သည်​လည်း မြို့တွင်း​သို့​ပြေး​ဝင်​ပြီး အိမ်ခန်း​ထဲတွင် ပုန်း​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 31,
      "text": "ထိုအခါ သူ့​အမှုထမ်း​တို့​က “​အစ္စရေး​အမျိုးအနွယ်​တို့​၏​ဘုရင်​များ​သည် သနား​တတ်​သော​ဘုရင်​များ​ဖြစ်ကြောင်း ကြား​ဖူး​ပါ​၏​။ ယခု အကျွန်ုပ်​တို့​ခါး​တွင် လျှော်တေအဝတ်​ကို​ပတ်​၍ ခေါင်း​တွင်​လည်း ကြိုး​ကို​ပတ်​ပြီး အစ္စရေး​ဘုရင်​ထံ အခစား​ဝင်​ပါ​မည်​။ မင်းကြီး​ကို အသက်ချမ်းသာ​ပေး​ကောင်း​ပေး​တော်မူ​မည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 32,
      "text": "သူ​တို့​သည် ခါး​တွင် လျှော်တေအဝတ်​ကို​ပတ်​၍ ခေါင်း​တွင်​လည်း​ကြိုး​ကို​ပတ်​ပြီးလျှင် အစ္စရေး​ဘုရင်​ထံသို့​သွား​၍ “​အရှင့်​အစေအပါး​ဗင်္ဟာဒဒ်​က ‘​ယခု အကျွန်ုပ်​ကို အသက်ချမ်းသာ​ပေး​ပါ​’​ဟု အသနားခံ​လိုက်​ပါ​၏​”​ဟု လျှောက်တင်​၏​။ ရှင်ဘုရင်​က “​ငါ့​နောင်တော် အသက်ရှင်​သေး​သလော​”​ဟု ဆို​လျှင်"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 33,
      "text": "သူ​တို့​က နိမိတ်ကောင်း​ဟု​ထင်မှတ်​လျက် ထို​နိမိတ်​ကို​အမိအရ​ယူ​ကာ “​မှန်​ပါ​။ အရှင့်​နောင်တော် ဗင်္ဟာဒဒ်​မင်းကြီး​ပါ​”​ဟု ပြန်​လျှောက်တင်​ကြ​၏​။ ရှင်ဘုရင်​က​လည်း “​သူ့​ကို သွား​ခေါ်လာ​လော့​”​ဟု မိန့်​တော်မူ​ပြီး ဗင်္ဟာဒဒ်​မင်းကြီး​ရောက်လာ​လျှင် ရထား​ပေါ်​တက်​စေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 34,
      "text": "ဗင်္ဟာဒဒ်​မင်းကြီး​က အာဟပ်​မင်းကြီး​အား “​သင့်​ခမည်းတော်​ထံမှ အကျွန်ုပ်​ခမည်းတော်​သိမ်းယူ​ခဲ့​သော​မြို့​များ​ကို သင့်​အား ပြန်ပေး​ပါ​မည်​။ အကျွန်ုပ်​ခမည်းတော်​သည် ရှမာရိ​မြို့​တွင် ဈေး​တည်​သကဲ့သို့ သင်​လည်း ဒမတ်စကပ်​မြို့​တွင် ဈေးတည်​ပါ​”​ဟု ဆို​၏​။ အာဟပ်​မင်းကြီး​က​လည်း “​ဤ​ကတိသစ္စာ​ကြောင့် သင့်​ကို ငါ​လွှတ်ပေး​မည်​”​ဟု ဆို​ကာ ဗင်္ဟာဒဒ်​မင်းကြီး​နှင့် ကတိသစ္စာ​ပြု​ပြီး သူ့​ကို လွှတ်လိုက်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 35,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သဖြင့် ပရောဖက်​အဖွဲ့သား​တစ်​ဦး​က မိမိ​အဖော်​အား “​ငါ့​ကို ရိုက်​ပါ​”​ဟု ဆို​လျှင် သူ့​အဖော်​က သူ့​ကို​မရိုက်​ဘဲ​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 36,
      "text": "ထို့ကြောင့် ပရောဖက်​က “​သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​သောကြောင့် ငါ့​ထံမှ​ပြန်သွား​လျှင် ခြင်္သေ့​သည် သင့်​ကို ကိုက်သတ်​လိမ့်မည်​”​ဟု ဆို​၏​။ ဆို​သည့်​အတိုင်း​ပင် ထို​သူ​ထွက်သွား​၍ ခြင်္သေ့​နှင့်​တိုး​သဖြင့် သူ့​ကို ကိုက်သတ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 37,
      "text": "ထို​ပရောဖက်​က အခြား​လူ​တစ်​ယောက်​နှင့်​တွေ့​သောအခါ “​ငါ့​ကို ရိုက်​ပါ​”​ဟု ဆို​လျှင် ထို​လူ​လည်း သူ့​ကို ပြင်းစွာ​ရိုက်​လိုက်​၍ သူ​ဒဏ်ရာရ​သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 38,
      "text": "ထိုအခါ ထို​ပရောဖက်​သည် မိမိ​မျက်နှာ​ကို ပဝါ​ဖြင့်​အုပ်​၍ ထွက်သွား​ပြီး ရှင်ဘုရင်​ကြွအလာ​ကို လမ်းဘေး​တွင်​စောင့်​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 39,
      "text": "ရှင်ဘုရင်​ကြွလာ​သောအခါ သူ​သည် အော်ဟစ်​လျက် ရှင်ဘုရင်​အား “​ကျွန်တော်မျိုး​သည် တိုက်ပွဲ​ထဲသို့ ရောက်​ခဲ့​ပါ​၏​။ လူ​တစ်​ယောက်​က အကျွန်ုပ်​ထံသို့ လူ​တစ်​ယောက်​ကို ခေါ်လာ​ပြီး ‘​ဤ​သူ​ကို စောင့်ရှောက်​ပါ​။ သူ​ထွက်ပြေး​ပျောက်ဆုံး​သွား​လျှင် သူ့​အသက်​အဖို့ သင့်​အသက်​၊ သို့မဟုတ် ငွေ​တစ်​တာလန် ​ကို ပေးလျော်​ရ​မည်​’​ဟု အကျွန်ုပ်​အား ဆို​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 40,
      "text": "ကျွန်တော်မျိုး​လည်း ဟိုဟိုသည်သည် အလုပ်ရှုပ်​နေစဉ် ထို​သူ​ပျောက်သွား​ပါ​၏​”​ဟု လျှောက်တင်​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က​လည်း သူ့​အား “​သင်​ခံရ​မည့်​ပြစ်ဒဏ်​ကို သင်ကိုယ်တိုင် စီရင်ချက်ချ​လေ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 41,
      "text": "ထိုအခါ ပရောဖက်​သည် မိမိ​မျက်နှာ​တွင် အုပ်​ထား​သော​ပဝါ​ကို အလျင်အမြန်​ဖယ်​လိုက်​ရာ ပရောဖက်​တစ်​ပါး​ဖြစ်ကြောင်း​ကို အစ္စရေး​ဘုရင်​သိ​ရ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 42,
      "text": "ပရောဖက်​က​လည်း ရှင်ဘုရင်​အား “ ‘​သတ်ပစ်​ရ​မည့်​သူ​ကို သင်​လွှတ်ပေး​လိုက်​သောကြောင့် သူ့​အသက်​အစား သင့်​အသက်​၊ သူ့​အမှုထမ်း​များ​အစား သင့်​အမှုထမ်း​များ​ကို ပေးလျော်​ရ​မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 43,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် မိမိ​နန်းတော်​ရှိ​ရာ​ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 1,
      "text": "ယေဇရေလ​မြို့​ရှိ ရှမာရိ​ဘုရင်​အာဟပ်​မင်းကြီး​၏​နန်းတော်​အနီး​တွင် ယေဇရေလ​မြို့သား​နာဗုတ်​ပိုင်​စပျစ်ခြံ​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 2,
      "text": "အာဟပ်​မင်းကြီး​က နာဗုတ်​အား “​သင့်​စပျစ်ခြံ​သည် ငါ့​နန်းတော်​နှင့်​နီး​သောကြောင့် ဟင်းသီးဟင်းရွက်​ခြံ​ပြုလုပ်​လို​သဖြင့် ငါ့​ကို ပေး​ပါ​လော့​။ ထို​ခြံ​အစား ပိုကောင်း​သော​စပျစ်ခြံ​ကို ပေး​မည်​။ သို့မဟုတ် တန်ဖိုး​ငွေ​ကို သင်​အလိုရှိ​လျှင် ငါ​ပေး​မည်​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 3,
      "text": "နာဗုတ်​က အာဟပ်​မင်းကြီး​အား “​ဤ​မြေ​သည် ဘိုးဘေး​တို့​ထံမှ​ရ​ထား​သော​အမွေမြေ​ဖြစ်​၏​။ ထာဝရဘုရား​တားမြစ်​ထား​သည်​ဖြစ်၍ အရှင်မင်းကြီး​အား ပေး​၍​မ​ရ​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 4,
      "text": "ထိုသို့ “​ဘိုးဘေး​တို့​၏​အမွေမြေ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​”​ဟု ယေဇရေလ​မြို့သား​နာဗုတ်​ဆို​သော​စကား​ကြောင့် အာဟပ်​မင်းကြီး​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် နန်းတော်​သို့​ပြန်သွား​ကာ အစာ​လည်း​မ​စား သလွန်တော်​ပေါ်တွင် တစ်ဖက်​သို့​လှည့်​၍ လှဲ​နေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 5,
      "text": "ထိုအခါ မိဖုရား​ယေဇဗေလ​သည် သူ့​ထံသို့​ဝင်လာ​ပြီး “​အရှင်​သည် အစားအစာ​မ​စား​ဘဲ စိတ်မကျေမနပ်​ဖြစ်​နေ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 6,
      "text": "မင်းကြီး​က “​ငါ​သည် ယေဇရေလ​မြို့သား​နာဗုတ်​အား ‘​သင့်​စပျစ်ခြံ​ကို ငါ့​အား ငွေ​နှင့်​ရောင်း​ပါ​။ သို့မဟုတ် သင်​အလိုရှိ​လျှင် ထို​ခြံ​အစား စပျစ်ခြံ​တစ်​ခု​ကို​ပေး​ပါ​မည်​’​ဟု ဆို​သည်​ကို သူ​က ‘​အကျွန်ုပ်​စပျစ်ခြံ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​’​ဟု ဆို​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 7,
      "text": "ထိုအခါ မိဖုရား​ယေဇဗေလ​က “​မင်းကြီး​သည် ယခု အစ္စရေး​ဘုရင်​ဖြစ်​သည်​မ​ဟုတ်​လော​။ ထ​၍ အစာ​ကို​စား​တော်မူ​ပါ​။ စိတ်​ကို​ရွှင်လန်း​အောင် ထား​ပါ​။ ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို မင်းကြီး​အား အကျွန်ုပ်ကိုယ်တိုင် ဆက်သ​ပါ​မည်​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 8,
      "text": "ထို့နောက် သူ​သည် အာဟပ်​မင်းကြီး​အမည်​ဖြင့် စာရေး​ပြီး ရှင်ဘုရင်​တံဆိပ်​တော်​ခတ်နှိပ်​ကာ နာဗုတ်​နေထိုင်​ရာ​မြို့​ရှိ သက်ကြီးဝါကြီး​များ​၊ မှူးမတ်​များ​ထံသို့ ထို​စာ​ကို ပေးပို့​လိုက်​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 9,
      "text": "ထို​စာ​ထဲတွင် “​အစာရှောင်​ရာ​နေ့​ကို ကြေညာ​၍ ထို​နေ့​တွင် နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​လော့​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 10,
      "text": "သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လူမိုက်​နှစ်​ယောက်​ကို​ထိုင်​စေ​၍ ‘သင်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​လေ​ပြီ’​ဟု သက်သေခံ​စေ​ပြီးလျှင် သူ့​ကို​ဆွဲထုတ်​၍ ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​”​ဟု ရေးထား​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 11,
      "text": "ထို​မြို့​တွင်​နေထိုင်​သော မြို့သား​သက်ကြီးဝါကြီး​များ​နှင့် မှူးမတ်​များ​လည်း သူ​တို့​ထံသို့​ပေးပို့​သော​စာ​၌​ရေးသား​ထား​သည့် ယေဇဗေလ​ညွှန်ကြားချက်​အတိုင်း ပြု​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 12,
      "text": "သူ​တို့​သည် အစာရှောင်​ရာ​နေ့​ကို​ကြေညာ​၍ နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 13,
      "text": "ထိုအခါ လူမိုက်​နှစ်​ဦး​က သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လာထိုင်​၍ “​နာဗုတ်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​ပါ​ပြီ​”​ဟု လူ​တို့​ရှေ့​တွင် သက်သေခံ​ကြ​၏​။ ထို့နောက် သူ့​ကို မြို့ပြင်​သို့​ဆွဲထုတ်​ပြီး ကျောက်ခဲ​နှင့်​ပေါက်​ကြ​သဖြင့် သူ​သေ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 14,
      "text": "ထို့နောက် ယေဇဗေလ​ထံသို့ လူ​လွှတ်​၍ “​နာဗုတ်​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​၍ သူ​သေ​ပါ​ပြီ​”​ဟု သတင်းပို့​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 15,
      "text": "ထိုသို့ နာဗုတ်​သည် ကျောက်ခဲ​နှင့်​ပေါက်သတ်​ခံရ​၍ သေ​ပြီ​ဖြစ်ကြောင်း​ကို ယေဇဗေလ​ကြားသိ​လျှင် အာဟပ်​မင်းကြီး​အား “​နာဗုတ်​အသက်​မ​ရှင်​တော့​ပါ​။ သူ​သေ​ပြီ​ဖြစ်၍ သင် ငွေ​ဖြင့်​ဝယ်​မည်​ကို ရောင်းပေး​ရန်​ငြင်းဆန်​ခဲ့​သော ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို ထ​၍​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 16,
      "text": "နာဗုတ်​သေ​ပြီ​ဟု အာဟပ်​မင်းကြီး​ကြား​လျှင် ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် ထ​သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 17,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား​ဧလိယ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 18,
      "text": "“​ထ​လော့​။ ရှမာရိ​မြို့​ရှိ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ကို သွား​တွေ့​လော့​။ သူ​သည် နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် သွား​လေ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 19,
      "text": "သူ့​အား ထာဝရဘုရား​က ‘​သင်​သည် လူ​ကို​သတ်​သည်​သာမက သူ့​ဥစ္စာ​ကို​ပါ သိမ်းယူ​ပါ​ပြီ​တကား​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​။ ထို့ပြင် သူ့​အား ထာဝရဘုရား​က ‘​နာဗုတ်​၏​သွေး​ကို ခွေး​တို့​လျက်​သော​နေရာ​တွင် သင့်​သွေး​ကို​လည်း လျက်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 20,
      "text": "ထိုအခါ အာဟပ်​မင်းကြီး​က ဧလိယ​အား “​အို ငါ့​ရန်သူ​၊ သင်​သည် ငါ့​ကို​တွေ့​ပြီ​လော​”​ဟု ဆို​လျှင် ဧလိယ​က “​သင်​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ပြု​ရန် သင့်ကိုယ်သင်​ရောင်းစား​သောကြောင့် သင့်​ကို​ငါ​တွေ့​ပြီ​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 21,
      "text": "ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ယခု ငါ​သည် သင့်​အပေါ် ဘေးဆိုး​ကျရောက်​စေ​မည်​။ သင့်​ကို ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အစ္စရေး​ပြည်​ရှိ အာဟပ်​မင်းကြီး​အမျိုး​ထဲမှ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံရ​သူ​ပါမကျန် ယောက်ျား​အားလုံး​ကို ငါ​ပယ်ရှင်း​မည်​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 22,
      "text": "သင်​သည် ငါ့​ကို အမျက်ထွက်​စေ​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သောကြောင့် သင့်​အမျိုးအနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​၏​အမျိုးအနွယ်​နှင့် အဟိယ​၏​သား​ဗာရှာ​၏​အမျိုးအနွယ်​ကဲ့သို့ ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 23,
      "text": "ယေဇဗေလ​နှင့်​ပတ်သက်၍​လည်း ထာဝရဘုရား​က ‘​ယေဇရေလ​မြို့ရိုး​နားတွင် ခွေး​တို့​သည် ယေဇဗေလ​ကို စား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 24,
      "text": "အာဟပ်​မင်းကြီး​၏​အမျိုး​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​တို့​စား​ကြ​လိမ့်မည်​။ မြို့ပြင်​၌​သေ​လျှင် မိုးကောင်းကင်​ငှက်​တို့ စား​ကြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 25,
      "text": "အကယ်စင်စစ် အာဟပ်​မင်းကြီး​ကဲ့သို့​မိဖုရား​ယေဇဗေလ​၏​သွေးဆောင်မှု​နောက်​သို့​လိုက်ပါ​သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် မိမိကိုယ်ကို​ရောင်းစား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 26,
      "text": "သူ​သည် အစ္စရေး​အမျိုးသား​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော အာမောရိ​လူမျိုး​တို့​ပြု​ခဲ့​သည့်​အတိုင်း ရုပ်တု​များ​နောက်သို့​လိုက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 27,
      "text": "အာဟပ်​မင်းကြီး​သည် ဧလိယ​စကား​ကို ကြား​သောအခါ မင်းဝတ်တန်ဆာ​များ​ကို​ဆုတ်ဖြဲ​ပစ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကာ အစာရှောင်​လေ​၏​။ လျှော်တေအဝတ်​နှင့်ပင်​အိပ်​၏​။ လမ်းလျှောက်​လျှင်​လည်း မျက်နှာမဖော်​ဝံ့​။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 28,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား ဧလိယ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 29,
      "text": "“​အာဟပ်​မင်းကြီး​သည် ငါ့​ရှေ့​တော်​တွင် ကိုယ်​ကို​အလွန်​နှိမ့်ချ​သည်​ကို သင်​မြင်​သလော​။ ထိုသို့ ငါ့​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​သောကြောင့် သူ့​လက်ထက်​တွင် ထို​ဘေးဆိုး​နှင့်​မ​ကြုံတွေ့​စေ​ရ​။ သူ့​သား​လက်ထက်​မှ သူ့​အမျိုးအနွယ်​ကို ထို​ဘေးဆိုး​နှင့်​ကြုံတွေ့​စေ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 1,
      "text": "ဆီးရီးယား​ပြည်​နှင့်​အစ္စရေး​ပြည်​အကြား စစ်​မ​ဖြစ်​သည်​မှာ သုံး​နှစ်​ကြာ​လေ​ပြီ​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 2,
      "text": "သုံး​နှစ်​မြောက်​တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် အစ္စရေး​ဘုရင်​ထံသို့ ရောက်လာ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 3,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​က မိမိ​အမှုထမ်း​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​သည် ငါ​တို့​အပိုင်​ဖြစ်ကြောင်း​ကို သင်​တို့​သိ​လျက်​နှင့် ဆီးရီးယား​ဘုရင်​လက်​မှ ပြန်​မ​သိမ်းယူ​ဘဲ အဘယ်ကြောင့် ငြိမ်​နေ​ကြ​သနည်း​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 4,
      "text": "ထို့ပြင် ယောရှဖတ်​မင်းကြီး​ကို​လည်း “​ရာမုတ်ဂိလဒ်​မြို့​ကို သွားတိုက်​မည်​။ သင်​သည် အကျွန်ုပ်​နှင့်အတူ လိုက်​မည်လော​”​ဟု မေး​လျှင် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​၊ အကျွန်ုပ်​၏​မြင်း​များ​သည် မင်းကြီး​၏​မြင်း​များ​ပင် ဖြစ်​ပါ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 5,
      "text": "သို့သော် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ဦးစွာ​မေးလျှောက်​ကြည့်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 6,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မတိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားရှင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 7,
      "text": "ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ဤ​အရပ်​တွင် ငါ​တို့​မေးမြန်း​၍​ရ​မည့် ထာဝရဘုရား​၏​ပရောဖက် မ​ရှိ​တော့​ပြီ​လော​”​ဟု မေး​လျှင်"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 8,
      "text": "အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို​ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ​ဖြစ်​၏”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 9,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဣမလ​၏​သား​မိက္ခာယ​ကို အမြန်​ခေါ်​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 10,
      "text": "အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 11,
      "text": "ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို​ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 12,
      "text": "ထို့အတူ ပရောဖက်​အပေါင်း​တို့​က​လည်း “​ရာမုတ်ဂိလဒ်​မြို့​သို့ ချီတက်​လော့​။ အောင်မြင်မှု​ရ​မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပရောဖက်ပြု​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 13,
      "text": "မိက္ခာယ​ကို သွား​ခေါ်လာ​ခဲ့​သော​တမန်​က​လည်း မိက္ခာယ​အား “​ကြည့်​ပါ​။ ပရောဖက်​တို့​က ရှင်ဘုရင်​အဖို့ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို ဟော​ကြ​ပြီ​။ သင်​သည်​လည်း သူ​တို့​နည်းတူ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို​သာ ဟော​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 14,
      "text": "သို့သော် မိက္ခာယ​က “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 15,
      "text": "ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မိက္ခာယ​၊ ရာမုတ်ဂိလဒ်​မြို့​ကို ငါ​တို့​စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မတိုက်​ဘဲ နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​က “​စစ်ချီ​တော်မူ​ပါ​။ အောင်မြင်မှု​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 16,
      "text": "သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှကြိမ် ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 17,
      "text": "ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 18,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​သည်​ဟု သင့်​ကို ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 19,
      "text": "မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 20,
      "text": "ထာဝရဘုရား​က ‘​အာဟပ်​မင်းကြီး​သည် ရာမုတ်ဂိလဒ်​မြို့​ကို​ချီတက်​ပြီး ကျဆုံး​သွား​အောင် မည်သူ​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​လျှင် တစ်ပါး​က ဤသို့​ဟု လျှောက်တင်​၏​။ နောက်တစ်ပါး​က ထိုသို့​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 21,
      "text": "ထိုအခါ ဝိညာဉ်​တစ်​ပါး​ထွက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် ‘​အကျွန်ုပ် ဖြားယောင်း​ပါ​မည်​’​ဟု လျှောက်တင်​လျှင် ထာဝရဘုရား​က ‘​မည်သို့​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 22,
      "text": "ထို​ဝိညာဉ်​က​လည်း ‘​အကျွန်ုပ်​သွား​၍ ပရောဖက်​အပေါင်း​တို့​၏​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ဖြစ်​မည်​’​ဟု လျှောက်တင်​၏​။ ထာဝရဘုရား​က​လည်း ‘​သင်​ဖြားယောင်း​နိုင်​လိမ့်မည်​။ အောင်​လည်း​အောင်မြင်​လိမ့်မည်​။ သွား​၍ ထိုသို့​ပြု​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 23,
      "text": "ထို့ကြောင့် ယခု​ကြည့်​ပါ​။ ထာဝရဘုရား​သည် မင်းကြီး​၏​ပရောဖက်​အပေါင်း​တို့​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ကို သွင်း​တော်မူ​ပြီ​။ မင်းကြီး​လည်း ဘေးဆိုး​နှင့်​ကြုံ​ရ​မည်​ဟူ၍ ထာဝရဘုရား​မိန့်ဆို​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 24,
      "text": "ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က ထွက်သွား​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 25,
      "text": "မိက္ခာယ​က​လည်း “​ကြည့်​ပါ​။ အခန်း​ထဲ သင်​ဝင်​ပုန်း​နေ​ရ​သော​နေ့​ရောက်​သောအခါ သိမြင်​ရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 26,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​က “​မိက္ခာယ​ကို ခေါ်သွား​ပြီး သူ့​ကို​မြို့အုပ်​အာမုန်​နှင့် ဘုရင့်​သား​တော်​ယောရှ​ထံ အပ်​လော့​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 27,
      "text": "‘​ငါ ဘေးကင်း​စွာ​ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်ချ​ထား​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟူ၍ ရှင်ဘုရင်​အမိန့်ပေး​ကြောင်း​ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 28,
      "text": "ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ​အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့​၊ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 29,
      "text": "ဤသို့ဖြင့် အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီသွား​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 30,
      "text": "အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲ​ဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 31,
      "text": "ဆီးရီးယား​ဘုရင်​သည် မိမိ​၏​စစ်ရထားမှူး​သုံးဆယ့်​နှစ်​ယောက်​အား “​အစ္စရေး​ဘုရင်​မှလွဲ၍ အခြား​ကြီးကြီး​ငယ်ငယ်​တစ်ယောက်​ကို​မျှ မ​တိုက်​ကြ​ပါ​နှင့်​”​ဟု မိန့်မှာ​ထား​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 32,
      "text": "စစ်ရထားမှူး​တို့​က ယောရှဖတ်​မင်းကြီး​ကို​မြင်​လျှင် “​ဤ​သူ​သည် အစ္စရေး​ဘုရင်​ပင်​ဖြစ်​ရ​မည်​”​ဟု​ဆို​လျက် သူ့​ကို​တိုက်ခိုက်​ရန် လှည့်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး အော်ဟစ်​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 33,
      "text": "အစ္စရေး​ဘုရင်​မ​ဟုတ်​သည်​ကို စစ်ရထားမှူး​တို့​သိမြင်​၍ သူ့​နောက်​မ​လိုက်​တော့​ဘဲ ပြန်လှည့်​သွား​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 34,
      "text": "စစ်သည်​တစ်​ဦး​သည် လေး​ကို​အမှတ်တမဲ့​ပစ်ထည့်​လိုက်​ရာ အစ္စရေး​ဘုရင်​ဝတ်​ထား​သော​သံချပ်အင်္ကျီ​၏​ဆက်​ရာ​ကြား​တွင် ထိမှန်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က မိမိ​စစ်ရထားမှူး​အား “​ရထား​ကို​ပြန်လှည့်​ပြီး စစ်မြေပြင်​မှ​ထွက်သွား​လော့​။ ငါ​ဒဏ်ရာ​ရ​နေ​ပြီ​”​ဟု အမိန့်ပေး​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 35,
      "text": "ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​၏​။ စစ်ရထား​ပေါ်တွင် ရှင်ဘုရင်​ကို ဆီးရီးယား​တပ်​ဘက်​သို့ မျက်နှာမူ​စေ​ပြီး မှီထိုင်​စေ​၏​။ ညနေခင်း​အချိန်​တွင် ရှင်ဘုရင်​အနိစ္စရောက်​၍ ဒဏ်ရာ​မှ​သွေး​များ​လည်း စစ်ရထား​ကြမ်းပြင်​အထိ စီးကျ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 36,
      "text": "နေဝင်ချိန်​ရောက်​သောအခါ “​လူ​တိုင်း ကိုယ့်​ပြည်​၊ ကိုယ့်​မြို့​သို့ ပြန်​ကြ​ပါ​”​ဟူသော​အော်ဟစ်သံ​မှာ တပ်​တစ်တပ်လုံး​ပျံ့နှံ့​သွား​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 37,
      "text": "ရှင်ဘုရင်​အနိစ္စရောက်​သွား​သဖြင့် ရှမာရိ​မြို့​သို့​သယ်လာ​ပြီး ရှင်ဘုရင်​ကို ရှမာရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 38,
      "text": "စစ်ရထား​ကို ပြည့်တန်ဆာ​တို့​ရေချိုး​လေ့​ရှိ​သော ရှမာရိ​ရေကန်​တွင် ဆေးကြော​ရာ ထာဝရဘုရား​မိန့်​တော်မူ​သည့်​စကား​အတိုင်း ရှင်ဘုရင်​၏​သွေး​တို့​ကို ခွေး​တို့ လျက်​ကြ​လေ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 39,
      "text": "ကျန်ရှိ​နေ​သော အာဟပ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​ဟူသမျှ​၊ ဆင်စွယ်​နန်းတော်​တည်ဆောက်​ခဲ့​ပုံ​၊ မြို့​များ​တည်​ခဲ့​ပုံ​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 40,
      "text": "အာဟပ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 41,
      "text": "အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး နန်းစံ​လေး​နှစ်​တွင် ယုဒ​ပြည်​၌ အာသ​မင်းကြီး​၏​သား​တော်​ယောရှဖတ် နန်းတက်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 42,
      "text": "ယောရှဖတ်​နန်းတက်​ချိန်​တွင် သက်တော်​သုံးဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ငါး​နှစ် စိုးစံ​၏​။ မယ်တော်​ကား ရှိလဟိ​၏​သမီး အဇုဘ​အမည်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 43,
      "text": "ယောရှဖတ်​သည် ခမည်းတော်​အာသ​မင်းကြီး​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။ ထို​လမ်း​မှ​မ​လွဲ​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ကျင့်ကြံ​နေထိုင်​၏​။ သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ပေ​။ လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၌ ယဇ်ပူဇော်​လျက်​၊ နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​လျက်​ရှိ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 44,
      "text": "ယောရှဖတ်​မင်းကြီး​သည် အစ္စရေး​ဘုရင်​နှင့် သင့်မြတ်စွာ​နေ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 45,
      "text": "ကျန်ရှိ​နေ​သော ယောရှဖတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ စစ်တိုက်​ခဲ့​ပုံ စသည်​တို့​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 46,
      "text": "သူ​သည် ခမည်းတော်​လက်ထက်​မှ​ကျန်နေ​ခဲ့​သော မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​များ​ကို ပြည်​တော်​မှ ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 47,
      "text": "ထိုစဉ်က ဧဒုံ​ပြည်​တွင် ရှင်ဘုရင်​မ​ရှိ​။ ဘုရင်ခံ​က အုပ်ချုပ်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 48,
      "text": "ဩဖိရ​မြို့​သို့​သွား​၍ ရွှေ​ကို​သယ်ဆောင်​လာ​ရန် ယောရှဖတ်​မင်းကြီး​သည် တာရှု​သင်္ဘော​များ​ကို တည်ဆောက်​၏​။ သို့သော် ဧဇယုန်ဂါဗာ​မြို့​တွင် သင်္ဘော​ပျက်​သဖြင့် ခရီး​မ​သွား​နိုင်​ခဲ့​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 49,
      "text": "အာဟပ်​မင်းကြီး​၏​သား​တော်​အာခဇိ​မင်းကြီး​က ယောရှဖတ်​မင်းကြီး​အား “​အကျွန်ုပ်​၏​အစေအပါး​တို့​ကို သင်​၏​အစေအပါး​တို့​နှင့်အတူ သင်္ဘောလိုက်​စေ​ပါ​”​ဟု တောင်းဆို​သည်​ကို ယောရှဖတ်​မင်းကြီး​က လက်​မ​ခံ​ခဲ့​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 50,
      "text": "ယောရှဖတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဘင်​တော်​ဒါဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယဟောရံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 51,
      "text": "ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​ခုနစ်​နှစ်​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​အာခဇိ​သည် အစ္စရေး​ပြည်​၊ ရှမာရိ​မြို့​တွင် နန်းတက်​၍ အစ္စရေး​လူမျိုး​ကို နှစ်​နှစ်​အုပ်စိုး​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 52,
      "text": "သူ​သည် ဘိုးဘေး​တို့​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​၏​။ ခမည်းတော်​လျှောက်​သော​လမ်း​အတိုင်း​၊ မယ်တော်​လျှောက်​သော​လမ်း​အတိုင်း​၊ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော​နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 53,
      "text": "သူ​သည် ခမည်းတော်​ပြု​ခဲ့​သည့်​အတိုင်း ဗာလ​ဘုရား​ကို ဝတ်ပြု​ကိုးကွယ်​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 1,
      "text": "အာဟပ်​မင်းကြီး အနိစ္စရောက်​သွား​သောအခါ မောဘ​လူမျိုး​သည် အစ္စရေး​လူမျိုး​ကို ပုန်ကန်​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 2,
      "text": "ရှမာရိ​မြို့​တွင် အာခဇိ​မင်းကြီး​သည် နန်းတော်​အထက်ခန်း​လေသာပြတင်းပေါက်​မှ ပြုတ်ကျ​သဖြင့် ဒဏ်ရာ​ရ​၏​။ ထို့ကြောင့် မိမိ​တမန်​တို့​အား “​ငါ​သည် ဤ​ဝေဒနာ​များ​မှ​ပြန်ကောင်း​လာ​မည်​လော​ဟု ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ထံ​သွား​၍ မေးမြန်း​ကြ​လော့​”​ဟု ဆို​ပြီး စေလွှတ်​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က တိရှဘိ​မြို့သား​ဧလိယ​အား “​ထ​လော့​။ ရှမာရိ​ဘုရင်​၏​တမန်​တို့​နှင့်​သွား​တွေ့​ပြီး သူ​တို့​အား ‘ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ထံ​သွား​၍ မေးမြန်း​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော’​ဟု ပြော​လော့​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 4,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ‘​သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​’​ဟူ၍ သူ့​အား မိန့်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။ ဧလိယ​လည်း ထွက်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 5,
      "text": "တမန်​တို့​သည်​လည်း ပြန်လှည့်​လာ​ကြ​သဖြင့် ရှင်ဘုရင်​က “​သင်​တို့ အဘယ်ကြောင့် ပြန်လာ​ကြ​သနည်း​”​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 6,
      "text": "တမန်​တို့​က​လည်း “​လူ​တစ်​ယောက်​က အကျွန်ုပ်​တို့​ကို လာ​တွေ့​ပြီး ‘​သင်​တို့​ကို​စေလွှတ်​လိုက်​သော ရှင်ဘုရင်​ထံ​ပြန်သွား​၍ သူ့​အား ထာဝရဘုရား​က ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ကို သွား​မေး​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော​။ ထို့ကြောင့် သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​ဟု မိန့်​တော်မူ​ကြောင်း ပြန်လျှောက်​လော့​’​ဟူ၍ ဆို​ပါ​၏​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 7,
      "text": "ရှင်ဘုရင်​က​လည်း “​သင်​တို့​နှင့်​လာ​တွေ့​ပြီး ဤသို့​ပြောဆို​သော​သူ​ကား မည်သို့​သော​သူ​နည်း​”​ဟု မေး​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 8,
      "text": "သူ​တို့​က​လည်း “​သူ​သည် အမွေးထူ​၍ ခါး​၌ သားရေ​ခါးပတ်​ကို ပတ်ထား​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​လျှင် ရှင်ဘုရင်​က “​သူ​သည် တိရှဘိ​မြို့သား ဧလိယ ဖြစ်​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 9,
      "text": "ထို့နောက် ရှင်ဘုရင်​က တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှင့် သူ​၏​တပ်သား​ငါးဆယ်​ကို ဧလိယ​ထံသို့ စေလွှတ်​၏​။ တပ်မှူး​က ဧလိယ​နေထိုင်​ရာ တောင်ထိပ်​သို့ တက်သွား​ပြီး “​အို ဘုရားသခင်​၏​လူ​၊ ‘​ဆင်းလာ​ပါ​’​ဟူ၍ ရှင်ဘုရင်​မိန့်မှာ​လိုက်​ပါ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 10,
      "text": "ထိုအခါ ဧလိယ​က တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​အား “​ငါ​သည် ဘုရားသခင်​၏​လူ​မှန်​လျှင် မိုးကောင်းကင်​မှ​မီး​ကျ​ပြီး သင်​နှင့် သင့်​လူ​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​ပါစေသော​”​ဟု​ဆို​လျှင် မိုးကောင်းကင်​မှ​မီး​ကျ​လာ​ပြီး တပ်မှူး​နှင့် သူ​၏​တပ်သား​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 11,
      "text": "ရှင်ဘုရင်​က​လည်း နောက်ထပ် တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှင့် သူ​၏​တပ်သား​ငါးဆယ်​ကို စေလွှတ်​ပြန်​၏​။ တပ်မှူး​က “​အို ဘုရားသခင်​၏​လူ​၊ ‘​မြန်မြန်​ဆင်းလာ​ခဲ့​ပါ​’​ဟူ၍ ရှင်ဘုရင်​မိန့်မှာ​လိုက်​ပါ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 12,
      "text": "ဧလိယ​က​လည်း “​ငါ​သည် ဘုရားသခင်​၏​လူ​မှန်​လျှင် မိုးကောင်းကင်​မှ​မီး​ကျ​လာ​ပြီး သင်​နှင့်​သင့်​လူ​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​ပါစေသော​”​ဟု​ဆို​လျှင် မိုးကောင်းကင်​မှ​မီး​ကျလာ​ပြီး တပ်မှူး​နှင့် သူ​၏​တပ်သား​အယောက်​ငါးဆယ်​ကို လောင်ကျွမ်း​ပြန်​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 13,
      "text": "ရှင်ဘုရင်​က​လည်း နောက်တစ်ဖန် တတိယ​မြောက် တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှင့် သူ​၏​တပ်သား​ငါးဆယ်​ကို စေလွှတ်​ပြန်​၏​။ ထို​တတိယ​မြောက် တပ်သား​ငါးဆယ်​အုပ်​တပ်မှူး ရောက်လာ​လျှင် ဧလိယ​ရှေ့​တွင် ဒူးထောက်​လျက် “​အို ဘုရားသခင်​၏​လူ​၊ အကျွန်ုပ်​အသက်​နှင့် အရှင့်​အစေအပါး ဤ​တပ်သား​ငါးဆယ်​တို့​၏​အသက်​ကို နှမြော​တော်မူ​ပါ​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 14,
      "text": "ယခင်က ကောင်းကင်​မှ​မီး​ကျ​လာ​ပြီး တပ်သား​ငါးဆယ်​အုပ်​တပ်မှူး​နှစ်​ဦး​နှင့် သူ​တို့​၏​တပ်သား​အယောက်​ငါးဆယ်​စီ​တို့​ကို လောင်ကျွမ်း​ခဲ့​ပါ​ပြီ​။ ယခုမှာ အကျွန်ုပ်​အသက်​ကို နှမြော​တော်မူ​ပါ​”​ဟု အသနားခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 15,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဧလိယ​အား “​သူ​နှင့်​လိုက်သွား​လော့​။ သူ့​ကို မ​ကြောက်​နှင့်​”​ဟု ဆို​သဖြင့် ဧလိယ​လည်း ထ​၍ ထို​သူ​နှင့်အတူ ရှင်ဘုရင်​ထံသို့ လိုက်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 16,
      "text": "ဧလိယ​က ရှင်ဘုရင်​အား “​ထာဝရဘုရား​က ‘​သင်​သည် တမန်​ကို​စေလွှတ်​၍ ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ကို မေးမြန်း​စေ​သည်​မှာ အစ္စရေး​ပြည်​၌ မေးမြန်းစရာ ဘုရားသခင် မ​ရှိ​သလော​။ ထို့ကြောင့် သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 17,
      "text": "ဧလိယ ဆင့်ဆို​သော​ထာဝရဘုရား​၏​စကား​တော်​အတိုင်း အာခဇိ​မင်းကြီး အနိစ္စရောက်​လေ​၏​။ သူ​၌​သား​မ​ရှိ​သောကြောင့် ယဟောရံ​သည် ယောရှဖတ်​မင်းကြီး​၏​သား ယုဒ​ဘုရင် ယဟောရံ​မင်းကြီး​နန်းစံ​နှစ်​နှစ်​တွင် အာခဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 18,
      "text": "ကျန်ရှိ​နေ​သော အာခဇိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 1,
      "text": "ထာဝရဘုရား​က ဧလိယ​အား လေပွေ​ဖြင့် ကောင်းကင်​သို့ ချီဆောင်​သွား​ချိန်​ရောက်လာ​လျှင် ဧလိယ​သည် ဧလိရှဲ​နှင့်အတူ ဂိလဂါလ​မြို့​မှ ထွက်လာ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 2,
      "text": "ဧလိယ​က ဧလိရှဲ​အား “​ယခု ဤ​မြို့​၌​နေ​ခဲ့​လော့​။ ထာဝရဘုရား​က ငါ့​ကို ဗေသလ​မြို့​သို့ စေလွှတ်​တော်မူ​၏​”​ဟု ဆို​လျှင် ဧလိရှဲ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​နေ​သည်​နှင့်အညီ အရှင့်​ကို​အကျွန်ုပ် စွန့်ခွာ​မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် သူ​တို့​သည် ဗေသလ​မြို့​သို့ ဆင်းသွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 3,
      "text": "ဗေသလ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​က ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 4,
      "text": "တစ်ဖန် ဧလိယ​က “​ဧလိရှဲ​၊ ယခု ဤ​မြို့​၌ နေ​ခဲ့​ပါ​တော့​။ ထာဝရဘုရား​က ငါ့​ကို ဂျေရိခေါ​မြို့​သို့ စေလွှတ်​တော်မူ​၏​”​ဟု ဆို​၏​။ ဧလိရှဲ​က​လည်း “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​နေ​သည်​နှင့်အညီ အရှင့်​ကို​အကျွန်ုပ် စွန့်ခွာ​မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့ သွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 5,
      "text": "ဂျေရိခေါ​မြို့​ရှိ ပရောဖက်​အဖွဲ့သား​တို့​သည် ဧလိရှဲ​ထံသို့​လာ​ပြီး “​ထာဝရဘုရား​က သင့်​အရှင်​ကို​သင့်​ထံမှ ယနေ့​ဆောင်ယူ​သွား​မည်​ကို သင်​သိ​ပါ​သလော​”​ဟု​မေး​လျှင် ဧလိရှဲ​က “​ငါ​သိ​ပါ​၏​။ တိတ်တိတ်နေ​ကြ​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 6,
      "text": "တစ်ဖန် ဧလိယ​က ဧလိရှဲ​အား “​ယခု ဤ​မြို့​မှာ နေ​ခဲ့​ပါ​တော့​။ ငါ့​ကို ဂျော်ဒန်​မြစ်​သို့ ထာဝရဘုရား စေလွှတ်​တော်မူ​၏​”​ဟု​ဆို​လျှင် ဧလိရှဲ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​နေ​သည်​နှင့်အညီ အရှင့်​ကို​အကျွန်ုပ် စွန့်ခွာ​မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် သူ​တို့​နှစ်​ဦး ဆက်သွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​နှစ်​ဦး ဂျော်ဒန်​မြစ်​နား​တွင် ရပ်​နေ​ကြ​စဉ်​ပရောဖက်​အဖွဲ့သား အယောက်​ငါးဆယ်​တို့​သည် လာ​၍ မျက်နှာချင်းဆိုင်​ခပ်လှမ်းလှမ်း​တွင် ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 8,
      "text": "ထို့နောက် ဧလိယ​သည် မိမိ​အဝတ်​ကို​ယူ​၍ လိပ်​ပြီးမှ ဂျော်ဒန်​မြစ်ရေ​ကို ရိုက်​လေ​၏​။ ထိုအခါ ရေ​သည် ထက်ခြမ်းကွဲ​သွား​၍ သူ​တို့​နှစ်​ဦး ခြောက်သွေ့​သော​မြေ​ပေါ်တွင် လမ်းလျှောက်​ကူးသွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 9,
      "text": "သူ​တို့ မြစ်​ကို​ဖြတ်ကူး​ပြီးလျှင် ဧလိယ​က ဧလိရှဲ​အား “​ငါ​သည် သင့်​ထံမှ ဆောင်ယူ​သွား​ခြင်း​မ​ခံရ​မီ သင့်​အဖို့ မည်သည့်​အရာ​ပြု​ပေး​ရ​မည်​ကို ပြော​ပါ​လော့​”​ဟု ဆို​လျှင် ဧလိရှဲ​က “​အရှင့်​ထံ၌​ရှိ​သော​ဝိညာဉ်​မျိုး အကျွန်ုပ်​၌ နှစ်ဆ​ရှိ​ပါစေသော​”​ဟု တောင်းဆို​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 10,
      "text": "ဧလိယ​က​လည်း “​သင်​သည် ရ​ဖို့​ခက်ခဲ​သော​ဆု​ကို တောင်းဆို​ပြီ​။ သင့်​ထံမှ ငါ​ဆောင်ယူ​သွား​ခြင်း​ခံရ​သည်​ကို သင်​မြင်​လျှင် သင့်​အဖို့ ထိုသို့​ဖြစ်​လိမ့်မည်​။ သို့သော် သင်​မ​မြင်​လျှင် ထိုသို့​ဖြစ်​မည်​မ​ဟုတ်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 11,
      "text": "ထိုသို့ စကားပြော​လျက်​သွား​နေ​ကြ​စဉ်တွင်ပင် မီး​မြင်း​နှင့်​က​သော​မီးရထား​တစ်စီး ရုတ်ခြည်း​ပေါ်လာ​ပြီး သူ​တို့​နှစ်​ဦး​ကို​ခွဲပစ်​ကာ ဧလိယ​သည် လေပွေ​ဖြင့် ကောင်းကင်​သို့ ပါသွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 12,
      "text": "ထို​အခြင်းအရာ​ကို ဧလိရှဲ​မြင်​လျှင် “​အကျွန်ုပ်​အဖ​၊ အကျွန်ုပ်​အဖ​၊ အစ္စရေး​စစ်ရထား​နှင့် မြင်းစီးသူရဲ​များ​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။ ထို​အချိန်​မှစ၍ ဧလိယ​ကို သူ မ​မြင်​ရ​တော့​ပေ​။ သူ​သည် မိမိ​အဝတ်​ကို​ကိုင်​၍ နှစ်​ပိုင်း​ဆုတ်ဖြဲ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 13,
      "text": "ဧလိယ​ကိုယ်​မှ ပြုတ်ကျ​ကျန်ခဲ့​သော​အဝတ်​ကို​ကောက်ယူ​ပြီး ပြန်လာ​ခဲ့​၏​။ ဂျော်ဒန်​မြစ်ကမ်း​နား​ရောက်​လျှင် ရပ်​နေ​၍"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 14,
      "text": "ဧလိယ​ကိုယ်​မှ​ကျကျန်​ခဲ့​သော​အဝတ်​ကို​ယူ​၍ ရေ​ကို​ရိုက်​ပြီး “​ဧလိယ​၏​ဘုရားသခင်​ထာဝရဘုရား​ကား အဘယ်မှာ​နည်း​”​ဟု ဆို​၏​။ ထိုသို့ ရေ​ကို​ရိုက်​သောအခါ ရေ​သည် ထက်ခြမ်းကွဲ​သွား​သဖြင့် ဧလိရှဲ​လည်း မြစ်​ကို​ကူးသွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 15,
      "text": "တစ်ဖက်ကမ်း​ရှိ ဂျေရိခေါ​မြို့​မှ​ပရောဖက်​အဖွဲ့သား​တို့​သည် ဧလိရှဲ​ကို မြင်​သောအခါ “​ဧလိယ​၏​ဝိညာဉ်​သည် ဧလိရှဲ​အပေါ် တည်​လေ​ပြီ​”​ဟု​ဆို​ပြီး သူ့​ကို လာရောက်​တွေ့ဆုံ​၍ မြေ​မှာ​ပျပ်ဝပ်​လျက်"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 16,
      "text": "“​အရှင့်​အစေအပါး​တို့​၌ သန်မာ​သော​သူ​အယောက်​ငါးဆယ်​ရှိ​ပါ​၏​။ အရှင်​၏​သခင်​ကို သွား​ရှာ​စေ​ပါ​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​ကို​ဆောင်ယူ​ပြီး တောင်​တစ်ခုခု​ပေါ်တွင်​ဖြစ်စေ​၊ ချိုင့်ဝှမ်း​တစ်နေရာရာ​တွင်​ဖြစ်စေ ချထား​ကောင်း​ချထား​လိမ့်မည်​”​ဟု ဆို​လျှင် ဧလိရှဲ​က “​သွား​မ​ရှာ​စေ​နှင့်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 17,
      "text": "သို့သော် သူ​တို့​က ဧလိရှဲ​စိတ်အနှောင့်အယှက်​ဖြစ်​သည့်​တိုင်အောင် တောင်းဆို​ကြ​သဖြင့် ဧလိရှဲ​က “​သွားရှာ​စေ​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း လူ​အယောက်​ငါးဆယ်​ကို​စေလွှတ်​၍ သုံး​ရက်​တိုင်တိုင်​ရှာဖွေ​စေ​သော်လည်း ဧလိယ​ကို မ​တွေ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 18,
      "text": "ဂျေရိခေါ​မြို့​တွင် ရှိ​နေ​သော​ဧလိရှဲ​ထံသို့ ထို​သူ​တို့ ပြန်လာ​ကြ​လျှင် သူ​က “​သင်​တို့​ကို ‘သွား​မ​ရှာ​ကြ​နှင့်’​ဟု ငါ​မ​ပြော​သလော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 19,
      "text": "မြို့သား​များ​သည် ဧလိရှဲ​ထံသို့​လာ​၍ “​ကြည့်​ပါ​။ အရှင်​မြင်​သည့်​အတိုင်း​ပင် ဤ​မြို့​သည် နေရာ​ကောင်း​သော်လည်း ရေ​မကောင်း​သဖြင့် မြေ​အသီးအနှံ မ​ဖြစ်ထွန်း​ပါ​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 20,
      "text": "ထိုအခါ ဧလိရှဲ​က “​ပန်းကန်​အသစ်​တစ်​ခု​ထဲတွင် ဆား​ထည့်​ပြီး ငါ့​ထံ​ယူ​ခဲ့​ပါ​”​ဟု ဆို​လျှင် သူ​တို့​ယူ​ခဲ့​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 21,
      "text": "ထို့နောက် ဧလိရှဲ​သည် စမ်းရေ​ထွက်​သော​နေရာ​သို့​သွား​၍ ထို​နေရာ​ကို​ဆားခတ်​ပြီးလျှင် “​ထာဝရဘုရား​က ‘​ဤ​ရေ​ကို ငါ​သန့်ရှင်း​စေ​ပြီ​။ နောက်တစ်ဖန် အပင်​သေ​ခြင်း​၊ မဖြစ်ထွန်း​ခြင်း မ​ရှိ​တော့​စေရ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 22,
      "text": "ထို​နေ့​မှစ၍ ယနေ့​တိုင်အောင် ထို​ရေ​သည် ဧလိရှဲ​ဆင့်ဆို​သည့်​စကား​အတိုင်း သန့်ရှင်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 23,
      "text": "ဧလိရှဲ​သည် ထို​မြို့​မှ ဗေသလ​မြို့​သို့ တက်သွား​လေ​၏​။ သူ​တက်သွား​ရာ​လမ်း​တွင် လူငယ်​တစ်စု​က မြို့​ထဲမှ​ထွက်လာ​ပြီး “​ဟေး ထိပ်ပြောင်ကြီး တက်သွား​ပါ​။ ဟေး ထိပ်ပြောင်ကြီး တက်သွား​ပါ​”​ဟု ပြောင်လှောင်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 24,
      "text": "ဧလိရှဲ​က သူ​တို့​ကို​လှည့်​ကြည့်​ပြီး ထာဝရဘုရား​၏​နာမ​၌ ကျိန်ဆဲ​သဖြင့် တော​ထဲမှ​ဝံမ​နှစ်​ကောင်​ထွက်လာ​၍ လူငယ်​လေးဆယ့်​နှစ်​ယောက်​ကို ကိုက်ဖြတ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 25,
      "text": "ဧလိရှဲ​သည် ထို​မြို့​မှ ကရမေလ​တောင်​ပေါ်သို့ တက်သွား​ပြီး ထိုနေရာ​မှ ရှမာရိ​မြို့​သို့ ပြန်လာ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 1,
      "text": "ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​ယဟောရံ နန်းတက်​၍ ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို တစ်ဆယ့်​နှစ်​နှစ်​အုပ်စိုး​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​၏​။ သို့သော် ခမည်းတော်​၊ မယ်တော်​တို့​ကဲ့သို့ မ​ဟုတ်​။ အကြောင်းမူကား သူ​သည် ခမည်းတော်​တည်​ခဲ့​သော​ဗာလ​ဘုရား​ကျောက်တိုင်​ကို ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 3,
      "text": "သို့သော် အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​ပြု​သော​အပြစ်​မျိုး​ကို မ​စွန့်​ဘဲ ပြုကျင့်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 4,
      "text": "မောဘ​ဘုရင်​မေရှာ​မင်းကြီး​သည် သိုး​မွေးမြူ​သူ​ဖြစ်​၍ အစ္စရေး​ဘုရင်​အား သိုးသငယ်​အကောင်​တစ်သိန်း​နှင့် သိုးထီး​အကောင်​တစ်သိန်း​တို့​၏​အမွေး​ကို ဆက်သ​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 5,
      "text": "သို့သော် အာဟပ်​မင်းကြီး အနိစ္စရောက်​ပြီးနောက်​တွင် မောဘ​ဘုရင်​သည် အစ္စရေး​ဘုရင်​ကို ပုန်ကန်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 6,
      "text": "ထို့ကြောင့် တစ်နေ့တွင် ယဟောရံ​မင်းကြီး​သည် ရှမာရိ​မြို့​မှ​ထွက်လာ​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို စုရုံး​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 7,
      "text": "ထို့ပြင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “​မောဘ​ဘုရင်​သည် အကျွန်ုပ်​ကို ပုန်ကန်​လေ​ပြီ​။ မောဘ​ဘုရင်​ကို​သွားတိုက်​မည်​ဖြစ်၍ အကျွန်ုပ်​နှင့်အတူ​လိုက်​မည်လော​”​ဟု မှာလိုက်​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​၊ အကျွန်ုပ်​၏​မြင်း​များ​သည် မင်းကြီး​၏​မြင်း​များ​ပင် ဖြစ်​ပါ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 8,
      "text": "မည်သည့်​လမ်း​ဖြင့် စစ်ချီ​မည်နည်း​”​ဟု မေး​လျှင် ယဟောရံ​မင်းကြီး​က “ဧဒုံ​တောကန္တာရ​လမ်း​အတိုင်း စစ်ချီ​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 9,
      "text": "သို့ဖြစ်၍ အစ္စရေး​ဘုရင်​သည် ယုဒ​ဘုရင်​၊ ဧဒုံ​ဘုရင်​တို့​နှင့်​ပေါင်း​၍ စစ်ချီ​ကြ​လေ​၏​။ ခုနစ်​ရက်​ပတ်လုံး​ကွေ့ပတ်​ချီတက်​လာ​ကြ​ရာ လိုက်ပါ​လာ​သော​စစ်သည်​များ​နှင့် တိရစ္ဆာန်​တို့​အဖို့ ရေ​မ​ရှိ​သဖြင့်"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 10,
      "text": "အစ္စရေး​ဘုရင်​က “​အလို​၊ ထာဝရဘုရား​သည် ဤ​ဘုရင်​သုံး​ပါး​ကို မောဘ​ဘုရင်​လက်​သို့​အပ်​ဖို့ ခေါ်ဆောင်​လာ​ပါ​သည်​တကား​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 11,
      "text": "ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ထာဝရဘုရား​အား မေးလျှောက်​ရန် ဤ​အရပ်​တွင် ထာဝရဘုရား​၏​ပရောဖက်​တစ်ပါး​မျှ​မ​ရှိ​သလော​”​ဟု မေး​လျှင် အစ္စရေး​ဘုရင်​၏​အမှုထမ်း​များ​ထဲမှ​တစ်​ဦး​က “​ရှာဖတ်​၏​သား ဧလိရှဲ ရှိ​ပါ​၏​။ သူ​သည် ဧလိယ​၏​လက်ထောက် ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင်"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 12,
      "text": "ယောရှဖတ်​မင်းကြီး​က “​ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား သူ​၌​ရှိ​နိုင်​သည်​”​ဟု ဆို​သဖြင့် အစ္စရေး​ဘုရင်​အပါအဝင် ယောရှဖတ်​မင်းကြီး​နှင့် ဧဒုံ​ဘုရင်​တို့​သည် ဧလိရှဲ​ထံသို့ ဆင်းသွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 13,
      "text": "ဧလိရှဲ​က အစ္စရေး​ဘုရင်​အား “​ငါ​သည် မင်းကြီး​နှင့်​မည်သို့​ဆိုင်​သနည်း​။ အရှင့်​ခမည်းတော်​၏​ပရောဖက်​များ​၊ မယ်တော်​၏​ပရောဖက်​များ​ထံသို့ သွား​မေး​ပါ​လော့​”​ဟု ဆို​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က “​ထိုသို့​မ​ဆို​ပါ​နှင့်​။ အကျွန်ုပ်​တို့​ဤ​ဘုရင်​သုံး​ပါး​ကို မောဘ​လူမျိုး​လက်​သို့ အပ်​ဖို့ ထာဝရဘုရား ခေါ်ထုတ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 14,
      "text": "ဧလိရှဲ​က​လည်း “​ငါ​ကိုးကွယ်​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​မျက်နှာ​ကို​မ​ထောက်​လျှင် သင့်​ကို ငါ​လှည့်ကြည့်​မည်​မ​ဟုတ်​၊ အရေးစိုက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 15,
      "text": "ယခု စောင်းသမား​တစ်​ယောက်​ကို ငါ့​ထံသို့ ခေါ်​ခဲ့​လော့​”​ဟု ဆို​၏​။ စောင်းသမား​က စောင်း​ကို​တီး​လိုက်​သောအခါ ထာဝရဘုရား​၏​လက်​တော်​သည် ဧလိရှဲ​ထံ သက်ရောက်​လာ​ပြီး"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 16,
      "text": "သူ​က “ ‘​ဤ​ချိုင့်ဝှမ်း​တွင် မြောင်း​များ​ကို တူး​ကြ​လော့’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​က ‘လေ​မ​တိုက်​၊ မိုး​မ​ရွာ​ဘဲ ဤ​ချိုင့်ဝှမ်း​တွင် ရေ​ပြည့်​နေ​လိမ့်မည်​ဖြစ်၍ သင်​တို့​နှင့် သင်​တို့​၏​သိုးနွား​တိရစ္ဆာန်​များ​ပါ ရေသောက်​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 18,
      "text": "ဤ​အမှု​သည် ထာဝရဘုရား​အဖို့ သေးငယ်​သော​အမှု​သာ​ဖြစ်​၏​။ မောဘ​လူမျိုး​ကို​လည်း သင်​တို့​လက်​သို့ အပ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 19,
      "text": "သင်​တို့​သည် သူ​တို့​၏​ခံတပ်​မြို့​အားလုံး​၊ အထင်ကရ​မြို့​အားလုံး​ကို ချေမှုန်း​နိုင်​လိမ့်မည်​။ ကောင်း​သော​အပင်​အားလုံး​ကို ခုတ်လှဲ​ပစ်​ရ​လိမ့်မည်​။ စမ်းရေပေါက်​အားလုံး​ကို ပိတ်ဆို့​ရ​လိမ့်မည်​၊ ကောင်း​သော​မြေ​အားလုံး​ကို​လည်း ကျောက်တုံး​များ​ဖြင့် ဖျက်ဆီး​ရ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 20,
      "text": "နံနက်​ယဇ်ပူဇော်​ချိန်​ရောက်​သောအခါ ဧဒုံ​လမ်း​များ​မှ ရေ​များ​စီးဆင်း​လျက်​ရှိ​ပြီး ဧဒုံ​ပြည်​တစ်ပြည်လုံး​သည် ရေ​များ​နှင့်​ပြည့်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 21,
      "text": "မောဘ​လူမျိုး​အပေါင်း​တို့​က သူ​တို့​ကို​တိုက်ခိုက်​ရန် ရှင်ဘုရင်​များ​စစ်ချီ​လာ​နေ​ကြောင်း​ကို ကြားသိ​လျှင် လက်နက်ကိုင်​နိုင်​သော​အရွယ်​နှင့်​အထက် ရှိသမျှ​လူ​တို့​ကို ခေါ်​၍ နယ်စပ်​တွင် တပ်စွဲ​ထား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 22,
      "text": "နံနက်​စောစောထ​သောအခါ ရေ​ကို​နေ​ထိုး​သဖြင့် မောဘ​လူမျိုး​တို့​ဘက်​မှ​ကြည့်​လျှင် ရေ​သည်​သွေးရောင်​ကဲ့သို့​နီရဲ​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 23,
      "text": "ထို့ကြောင့် သူ​တို့​က “​ဤကား သွေး​များ​ပင်တည်း​။ ရှင်ဘုရင်​တို့​သည် တစ်ဦး​ကို​တစ်ဦး​အချင်းချင်း​ပြန်လည်​တိုက်ခိုက်​သတ်ဖြတ်​ကြ​ပြီ​။ မောဘ​လူမျိုး​တို့​၊ ဥစ္စာပစ္စည်း​များ သွားလုယူ​ကြ​စို့​”​ဟု ဆို​လျက်"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 24,
      "text": "အစ္စရေး​တပ်စခန်း​သို့ ဝင်သွား​ကြ​၏​။ ထိုအခါ အစ္စရေး​တပ်သား​တို့​သည် ထ​၍​တိုက်ခိုက်​သဖြင့် မောဘ​လူမျိုး​တို့ ထွက်ပြေး​ကြ​ရာ မောဘ​ပြည်​အထိ သူ​တို့​ကို လိုက်​၍​တိုက်ခိုက်သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 25,
      "text": "မြို့​တို့​ကို ဖြိုဖျက်​ပြီး ကောင်း​သော​လယ်မြေ​အားလုံး​တွင်​လည်း ကျောက်တုံး​များ​အပြည့် ပစ်ချ​ထား​ကြ​၏​။ ကိရဟရက်​မြို့​၌ ကျောက်တုံး​များ​သာ​ကျန်​တော့​သည်​အထိ စမ်းရေပေါက်​အားလုံး​ကို​လည်း ပိတ်ဆို့​ပစ်​ပြီး ကောင်း​သော​အပင်​အားလုံး​ကို​လည်း ခုတ်လှဲ​ပစ်​ကြ​၏​။ လောက်လွှဲ​တပ်သား​တို့​က​လည်း ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 26,
      "text": "မောဘ​ဘုရင်​သည် တိုက်ပွဲ​ပြင်းထန်​ကြောင်း​ကို ရိပ်မိ​လျှင် ဓားကိုင်တပ်သား​အယောက်​ခုနစ်​ရာ​ကို ခေါ်​၍ ဧဒုံ​ဘုရင်​၏​တပ်​ကို ထိုးဖောက်​၏​။ သို့သော် မ​ထိုးဖောက်​နိုင်​ကြ​။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 27,
      "text": "ထိုအခါ မိမိ​အရိုက်အရာ​ကို​ဆက်ခံ​မည့်​သားဦး​အား ယူ​၍ မြို့ရိုး​ပေါ်တွင် ယဇ်ပူဇော်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အမျက်ဒဏ်​ကြီးစွာ​ခံရ​သဖြင့် တပ်​ကို​ဆုတ်ခွာ​ပြီး မိမိ​တို့​ပြည်​သို့ ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 1,
      "text": "ပရောဖက်​အဖွဲ့သား​များ​၏​ဇနီး​သည်​များ​ထဲမှ အမျိုးသမီး​တစ်​ယောက်​က ဧလိရှဲ​အား “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခင်ပွန်း သေဆုံး​သွား​ပါ​ပြီ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ကြောင်း​ကို အရှင်​သိ​ပါ​၏​။ ယခု​မှာ ကြွေးရှင်​က အကျွန်ုပ်​၏​သား​နှစ်​ဦး​ကို ကျွန်​အဖြစ် သိမ်းယူ​ဖို့ လာ​ပါ​ပြီ​”​ဟု အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 2,
      "text": "ထိုအခါ ဧလိရှဲ​က “​အကျွန်ုပ်​မည်သို့​ပြု​ပေး​ရ​မည်နည်း​။ သင့်​အိမ်​၌ မည်သည့်​ပစ္စည်း​ရှိ​သနည်း​။ ပြောပြ​ပါ​”​ဟု​ဆို​လျှင် ထို​မိန်းမ​က “​အရှင့်​အစေအပါး​၌ ဆီအိုး​တစ်​လုံး​မှလွဲ၍ တစ်အိမ်လုံး​တွင် မည်သည့်​ပစ္စည်း​မျှ မ​ရှိ​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 3,
      "text": "ဧလိရှဲ​က​လည်း “​သင့်​ဝန်းကျင်​ရှိ​အိမ်နီးချင်း​အားလုံး​တို့​ထံသို့​သွား​၍ အိုး​ငှား​ခဲ့​ပါ​။ အိုး​လွတ်​တို့​ကို​ရ​နိုင်​သမျှ များများ​ငှား​ခဲ့​ပါ​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 4,
      "text": "ပြီးလျှင် သင်​နှင့်​သင့်​သား​တို့​သည် အထဲသို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီး ထို​အိုး​ရှိသမျှ​ထဲသို့ ဆီ​လောင်းထည့်​ပါ​။ ပြည့်​သော​အိုး​များ​ကို ဘေးဖယ်​ထား​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 5,
      "text": "ထို့ကြောင့် သူ​သည် ဧလိရှဲ​ထံမှ​ပြန်သွား​၍ သား​တို့​နှင့်အတူ တံခါး​ကို​အထဲ​မှ​ပိတ်​ကာ သူ့​ထံ​ယူလာ​ပေး​သော​အိုး​များ​ထဲသို့ ဆီ​များ​ကို​လောင်းထည့်​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 6,
      "text": "အိုး​များ​ပြည့်​သွား​သောအခါ သူ​က သား​အား “​နောက်ထပ်​အိုး​တစ်​လုံး​ယူ​ခဲ့​ပါ​”​ဟု​ဆို​လျှင် သူ့​သား​က “​အိုး​မ​ရှိ​တော့​ပါ​”​ဟု​ပြော​လိုက်​သည်​နှင့် ဆီ​များ​လည်း ရပ်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 7,
      "text": "ထို​မိန်းမ​သည် ဘုရားသခင်​၏​လူ​ထံသို့​လာ​၍​ပြောပြ​သောအခါ သူ​က “​ထို​ဆီ​များ​ကို သွား​ရောင်း​ပြီး အကြွေး​များ​ကို ဆပ်​ပါ​။ ကျန်​ငွေ​ကို သင်​နှင့်​သင့်​သား​တို့ အသက်မွေး​ဖို့ အသုံးပြု​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 8,
      "text": "တစ်နေ့တွင် ဧလိရှဲ​သည် ရှုနင်​မြို့​သို့​သွား​ရာ ထို​မြို့​ရှိ​ထင်ပေါ်​သော​အမျိုးသမီး​တစ်​ဦး​က သူ့​အား ဧည့်ခံ​ကျွေးမွေး​ရန် ခေါ်ဖိတ်​လေ​၏​။ နောင်တွင်​လည်း ဧလိရှဲ​သည် ထို​မြို့​သို့​ရောက်​လျှင် ထို​အမျိုးသမီး​အိမ်​သို့​ဝင်​၍ ရပ်နား​စားသောက်​လေ့​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 9,
      "text": "ထို​အမျိုးသမီး​က မိမိ​ခင်ပွန်း​အား “​အကျွန်ုပ်​တို့​ထံ မကြာခဏ​ဝင်ထွက်​သွားလာ​သော​ဤ​သူ​သည် ဘုရားသခင်​၏​သန့်ရှင်း​သော​လူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 10,
      "text": "ယခု ခေါင်မိုးပြင်​ပေါ်မှာ အိပ်ရာ​၊ စားပွဲ​၊ မီးအိမ်​ပါ​သော အခန်း​ငယ်​တစ်ခန်း​ကို သူ့​အဖို့ ဆောက်လုပ်​ကြ​စို့​။ အကျွန်ုပ်​တို့​ထံ​လာ​သောအခါ ထို​အခန်း​တွင် တည်းခို​နေ​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 11,
      "text": "တစ်နေ့တွင် ဧလိရှဲ​သည် ထို​အိမ်​သို့​ရောက်လာ​ပြီး အထက်ခန်း​သို့​တက်သွား​၍ လဲလျောင်း​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 12,
      "text": "ထို့နောက် မိမိ​ငယ်သား​ဂေဟာဇိ​အား “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု​ဆို​၏​။ ဂေဟာဇိ​ခေါ်​လိုက်​သဖြင့် ထို​အမျိုးသမီး​သည် ဧလိရှဲ​ရှေ့​၌ ရပ်​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 13,
      "text": "ထိုအခါ ဧလိရှဲ​က မိမိ​ငယ်သား​အား “​ထို​အမျိုးသမီး​ကို​ပြော​လော့​။ သင်​သည် ဤမျှလောက် ငါ​တို့​ကို​ဂရုတစိုက်​ပြုစု​၏​။ ငါ​တို့​က သင့်​အဖို့ မည်သို့​ပြု​ပေး​ရ​မည်နည်း​။ ရှင်ဘုရင်​ထံ​ဖြစ်စေ​၊ စစ်သူကြီး​ထံ​ဖြစ်စေ လျှောက်တင်​ပေး​စရာ တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​စေ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​သည် အကျွန်ုပ်​လူမျိုး​များ​နှင့်အတူ နေ​ရ​သည်​ဖြစ်၍ လိုလေသေး​မ​ရှိ​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 14,
      "text": "တစ်ဖန် ဧလိရှဲ​က ဂေဟာဇိ​အား “​သူ့​ကို မည်သို့​ပြု​ပေး​သင့်​သနည်း​”​ဟု မေးပြန်​လျှင် ဂေဟာဇိ​က “​သူ​၌ သား​မ​ရှိ​ပါ​။ ခင်ပွန်းသည်​လည်း အသက်ကြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 15,
      "text": "ဧလိရှဲ​က “​ထို​မိန်းမ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သဖြင့် သူ့​ကို​ခေါ်​၍ သူ​သည် တံခါးဝ​၌ လာရပ်​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 16,
      "text": "ထိုအခါ ဧလိရှဲ​က သူ့​အား “​နောက်နှစ် ဤ​အချိန်​တွင် သင်​သည် သား​ကို ချီပွေ့​ရ​လိမ့်မည်​”​ဟု ဆို​လျှင် သူ​က “​မ​ဖြစ်နိုင်​ပါ အကျွန်ုပ်​၏​သခင်​။ အို ဘုရားသခင်​၏​လူ​၊ အရှင့်​အစေအပါး​ကို မ​လှည့်စား​ပါ​နှင့်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 17,
      "text": "သို့သော် ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သူ့​အား ဧလိရှဲ​ဆို​သည့်​အတိုင်း နောက်​နှစ် ထို​ရာသီ​ရောက်​သည့်အခါ သားယောက်ျား​ကို မွေးဖွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 18,
      "text": "သူငယ် ကြီးပြင်း​လာ​သောအခါ တစ်နေ့တွင် သူ​သည် ကောက်ရိတ်​သူ​များ​နှင့်အတူ​ရှိ​နေ​သော​ဖခင်​ထံသို့ လိုက်သွား​ပြီး"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 19,
      "text": "ဖခင်​အား “​ခေါင်းကိုက်​၏​။ ခေါင်းကိုက်​၏​”​ဟု ဆို​သဖြင့် သူ့​ဖခင်​က ငယ်သား​အား “​သူ့​မိခင်​ထံ ချီသွား​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 20,
      "text": "ထို့ကြောင့် ငယ်သား​က သူ့​ကို​ချီ​ပြီး သူ့​မိခင်​ထံ​ခေါ်သွား​ရာ သူငယ်​သည် မိခင်​၏​ပေါင်​ပေါ်တွင်​ထိုင်​လျက် မွန်းတည့်ချိန်​ရောက်​လျှင် သေဆုံး​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 21,
      "text": "ထိုအခါ သူငယ်​၏​မိခင်​သည် အထက်ခန်း​သို့​တက်သွား​၍​သူငယ်​ကို ဘုရားသခင့်​လူ​၏​ခုတင်​ပေါ်တွင် ချထား​ခဲ့​ကာ တံခါးပိတ်​ပြီး ပြန်ဆင်း​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 22,
      "text": "ထို့နောက် မိမိ​ခင်ပွန်း​ကို​ခေါ်​၍ “​ငယ်သား​တစ်​ဦး​နှင့် မြည်း​တစ်​ကောင်​ကို အကျွန်ုပ်​ထံ ပို့ပေး​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​လူ​ထံသို့ အမြန်သွား​ပြီး ပြန်လာ​ပါ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 23,
      "text": "ခင်ပွန်း​က​လည်း “​ယနေ့​သည် လဆန်းနေ့​လည်း​မ​ဟုတ်​။ ဥပုသ်နေ့​လည်း မ​ဟုတ်​။ အဘယ်ကြောင့် ယနေ့ သွား​လို​သနည်း​”​ဟု ဆို​လျှင် သူ့​မိန်းမ​က “​အဆင်ပြေ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 24,
      "text": "ထို့နောက် မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မိမိ​ငယ်သား​အား “​မြည်း​ကို​နှင်​ပါ​။ ငါ​အမိန့်​မ​ပေး​ဘဲ အရှိန်​မ​လျှော့​ပါ​နှင့်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 25,
      "text": "ထိုသို့ သူ​ထွက်သွား​၍ ဘုရားသခင်​၏​လူ​ရှိ​ရာ ကရမေလ​တောင်​ပေါ်သို့ ရောက်လာ​၏​။ ဘုရားသခင်​၏​လူ​သည် သူ့​ကို အဝေး​မှ​မြင်​လျှင် ငယ်သား​ဂေဟာဇိ​အား “​ကြည့်​ပါ​။ ရှုနင်​မြို့သူ လာ​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 26,
      "text": "ချက်ချင်း ပြေးသွား​ပြီး သူ့​ကို​ကြို​ပါ​။ ‘​သင်​ကျန်းမာ​ပါ​၏​လော​။ သင်​၏​ခင်ပွန်းသည် ကျန်းမာ​ပါ​၏​လော​။ သား​လည်း ကျန်းမာ​ပါ​၏​လော​’​ဟူ၍ မေးမြန်း​နှုတ်ဆက်​ပါ​”​ဟု ဆို​၏​။ ထို​အမျိုးသမီး​က​လည်း “​ကျန်းမာ​ပါ​၏​”​ဟု ပြန်ပြော​ပြီး"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 27,
      "text": "တောင်​ပေါ်ရှိ​ဘုရားသခင်​၏​လူ​ထံသို့​ရောက်​သည်​နှင့် သူ့​ခြေ​ကို​ဖက်​ထား​လေ​၏​။ ဂေဟာဇိ​သည် လာ​၍​သူ့​ကို​တွန်းဖယ်​မည်​ပြု​သောအခါ ဘုရားသခင်​၏​လူ​က “​သူ့​ကို လွှတ်ထား​လိုက်​ပါ​။ သူ​စိတ်သောက​ရောက်​နေ​၏​။ ထာဝရဘုရား​သည် ငါ့​အား မ​ဖော်ပြ​ဘဲ ထိန်ချန်​ထား​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 28,
      "text": "ထို​အမျိုးသမီး​က​လည်း “​အကျွန်ုပ်​သည် အရှင့်​ထံ သား​ဆု​ကို​တောင်း​ခဲ့​ပါ​သလော​။ ‘အကျွန်ုပ်​ကို မ​လှည့်စား​ပါ​နှင့်​’​ဟု အရှင့်​ကို ဆို​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 29,
      "text": "ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​အား “​သင့်​ခါး​ကို​စည်း​၍ ငါ့​တောင်ဝှေး​ကို​ယူ​ပြီး ပြေးသွား​လော့​။ လမ်း​တွင် တစ်ယောက်ယောက်​နှင့်​ဆုံ​လျှင် နှုတ်​မ​ဆက်​နှင့်​။ တစ်ယောက်ယောက်​က သင့်​ကို​နှုတ်ဆက်​လျှင်လည်း ပြန်​နှုတ်​မ​ဆက်​နှင့်​။ ငါ့​တောင်ဝှေး​ကို သူငယ်​မျက်နှာ​ပေါ်တွင် တင်​ထား​လော့​”​ဟု မှာကြား​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 30,
      "text": "သို့သော် သူငယ်​၏​မိခင်​က “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​သည် အရှင့်​ကို လက်​မ​လွှတ်​ပါ​”​ဟု ဆို​သဖြင့် ဧလိရှဲ​သည် ထ​၍​သူ​နှင့်​လိုက်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 31,
      "text": "ဂေဟာဇိ​သည် သူ​တို့​အလျင်​သွား​နှင့်​ပြီး သူငယ်​၏​မျက်နှာ​ပေါ်တွင် တောင်ဝှေး​ကို​တင်​ထား​၏​။ သို့သော် သူငယ်​ထံမှ မည်သည့်​အသံ​မျှ မ​ထွက်​၊ မည်သည့်​တုံ့ပြန်မှု​မျှ မ​ရှိ​။ ထို့ကြောင့် ဂေဟာဇိ​က ဧလိရှဲ​ကို ပြန်လာ​ကြို​ပြီး “​သူငယ် မ​နိုး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 32,
      "text": "အိမ်​ထဲသို့ ဧလိရှဲ​ရောက်​သောအခါ ခုတင်​ပေါ်တွင် သူငယ်​လဲလျောင်း​သေဆုံး​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 33,
      "text": "ဧလိရှဲ​သည် အခန်း​ထဲသို့​ဝင်​ပြီး သူ​တို့​နှစ်​ယောက်​ထဲ​သာ​ရှိ​သော ထို​အခန်း​၏​တံခါး​ကို​ပိတ်​ကာ ထာဝရဘုရား​ထံ ဆုတောင်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 34,
      "text": "ထို့နောက် သူငယ်​ပေါ်တွင် နှုတ် နှုတ်​ချင်း​၊ မျက်လုံး မျက်လုံး​ချင်း​၊ လက် လက်​ချင်း ထပ်​ပြီး လှဲအိပ်​လေ​၏​။ ထိုသို့ သူငယ်​ပေါ်တွင် ကိုယ်​ကို မှောက်​၍​နေ​သောအခါ သူငယ်​၏​ကိုယ်​မှာ နွေးလာ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 35,
      "text": "ထို့နောက် ဧလိရှဲ​သည် ထ​၍​အခန်း​ထဲတွင် ခေါက်တုံ့ခေါက်ပြန်​လျှောက်​၏​။ တစ်ဖန် သူငယ်​ပေါ် ပြန်၍​မှောက်​နေ​သောအခါ သူငယ်​သည် ခုနစ်​ကြိမ်​နှာချေ​ပြီး မျက်လုံး​ပွင့်လာ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 36,
      "text": "ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​ကို​ခေါ်​၍ “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သည့်​အတိုင်း သူ့​ကို​ခေါ်​၍ သူ​ရောက်လာ​လျှင် ဧလိရှဲ​က သူ့​အား “​သင့်​သား​ကို ချီယူ​သွား​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 37,
      "text": "ထို​အမျိုးသမီး​သည် ဧလိရှဲ​ခြေရင်း​တွင် လာ​၍​ပျပ်ဝပ်​ပြီးလျှင် သူ့​သား​ကို​ပွေ့ချီ​၍ ထွက်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 38,
      "text": "ဧလိရှဲ​သည် ဂိလဂါလ​မြို့​သို့​ပြန်လာ​ရာ ထို​တိုင်းပြည်​တွင်​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဆိုက်ရောက်​နေ​၏​။ ပရောဖက်​အဖွဲ့သား​တို့​သည် သူ့​ရှေ့​၌ လာထိုင်​နေ​သဖြင့် ဧလိရှဲ​က မိမိ​ငယ်သား​အား “​အိုး​ကြီး​တစ်​လုံး​တည်​၍ ပရောဖက်​အဖွဲ့သား​တို့​အား ဟင်းချက်ကျွေး​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 39,
      "text": "ပရောဖက်​တစ်​ပါး​က ဟင်းသီးဟင်းရွက်​ခူး​ရန် လယ်တော​သို့​သွား​သောအခါ ဘူးရိုင်းပင်​ကို​တွေ့​သဖြင့် ဘူးအရိုင်းသီး​များ​ကို​ခူး​၍ မိမိ​အဝတ်​နှင့်​အပြည့်​ထုပ်​ပြီး ပြန်လာ​ခဲ့​၏​။ ထို့နောက် ထို​အသီး​ကို လှီး​ပြီး အိုး​ထဲ​ထည့်ချက်​သော်လည်း မည်သည့်​အသီး​ဖြစ်​သည်​ကို သူ​တို့ မ​သိ​ကြ​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 40,
      "text": "လူ​တို့​စား​ဖို့​ရန် ထို​ဟင်း​ကို ခပ်ထည့်ပေး​၍ စား​ကြ​သောအခါ လူ​တို့​က “​အို ဘုရားသခင်​၏​လူ​၊ ထို​အိုး​ထဲမှ​ဟင်း​သည် သေ​စေ​နိုင်​၏​”​ဟု အော်​ပြော​ကြ​ပြီး မ​စား​ဝံ့​ဘဲ​နေ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 41,
      "text": "ထိုအခါ ဧလိရှဲ​က “​မုန့်ညက်​အနည်းငယ် ယူ​ခဲ့​ပါ​”​ဟု​ဆို​ပြီး အိုး​ထဲသို့​ထည့်​လိုက်​၏​။ ထို့နောက် “​လူ​တို့​စား​ဖို့ ခပ်ထည့်​ပေး​လော့​”​ဟု ဆို​လျှင် အိုး​ထဲမှ​ဟင်း​သည် ဘေး​မ​ဖြစ်စေ​တော့​ချေ​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 42,
      "text": "ထို့နောက် ဗာလရှလိရှ​မြို့​မှ​လူ​တစ်​ဦး​သည် မုယော​အသီးဦး​ဖြင့်​လုပ်​ထား​သော​မုယော​မုန့်​အလုံး​နှစ်ဆယ်​နှင့် အသီးအနှံ​တို့​ကို အိတ်​ထဲ​ထည့်​၍ ဘုရားသခင်​၏​လူ​ထံ ယူဆောင်​လာ​၏​။ ဧလိရှဲ​က​လည်း “​လူ​တို့​စား​ဖို့ ပေး​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 43,
      "text": "ထိုအခါ သူ​၏​ငယ်သား​က “​ဤမျှ​လောက်​နှင့် လူ​အယောက်​တစ်ရာ​ကို မည်သို့​ကျွေး​နိုင်​ပါ​မည်နည်း​”​ဟု မေး​လျှင် ဧလိရှဲ​က “​လူ​တို့​စား​ဖို့ ပေး​လော့​။ ထာဝရဘုရား​က ‘​သူ​တို့​စား​ဖို့​လောက်​သည့်​အပြင် အကြွင်းအကျန်​လည်း ရှိ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 44,
      "text": "ထို့ကြောင့် လူ​တို့​အား ချကျွေး​ရာ သူ​တို့​စား​ပြီး​သောအခါ ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း အကြွင်းအကျန်​များ​လည်း ရှိ​သေး​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 1,
      "text": "ဆီးရီးယား​ဘုရင်​၏​ဗိုလ်ချုပ်​နေမန်​သည် မိမိ​အရှင်​၏​ချီးမြှောက်​ခြင်း​၊ မျက်နှာသာပေး​ခြင်း​ကို ခံရ​သော​သူ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ့​အားဖြင့် ဆီးရီးယား​ပြည်​ကို အောင်ပွဲ​ရ​စေ​တော်မူ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​ဖြစ်​သော်လည်း အနာကြီးရောဂါစွဲ​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 2,
      "text": "အစ္စရေး​ပြည်​ကို ဆီးရီးယား​လူမျိုး​တို့ ချီတက်​တိုက်ခိုက်​စဉ်က ဖမ်းဆီးခေါ်ဆောင်​လာ​ခဲ့​သော​မိန်းမငယ်လေး​တစ်​ယောက်​သည် နေမန်​၏​ဇနီး​ထံ၌ အစေခံ​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 3,
      "text": "သူ​က မိမိ​သခင်မ​အား “​အကျွန်ုပ်​၏​သခင်​သည် ရှမာရိ​မြို့​ရှိ​ပရောဖက်​ထံသို့​သွား​လျှင် မည်မျှ​လောက်​ကောင်း​လိမ့်မည်​နည်း​။ သူ​သည် သခင်​၌​စွဲ​သော​အနာကြီးရောဂါ​ကို ပျောက်ကင်း​စေ​လိမ့်မည်​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 4,
      "text": "ထို့ကြောင့် နေမန်​သည် မိမိ​အရှင်​ထံသို့​သွား​၍ “​အစ္စရေး​ပြည်​မှ​ခေါ်လာ​သော​မိန်းမငယ်လေး​က ဤသို့​ဤနှယ်​ဆို​ပါ​သည်​”​ဟု လျှောက်တင်​လျှင်"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 5,
      "text": "ဆီးရီးယား​ဘုရင်​က​လည်း “​ယခုပင် သွား​ပါ​။ အစ္စရေး​ဘုရင်​ထံ စာပါး​လိုက်​မည်”​ဟု ဆို​သဖြင့် သူ​သည် ငွေ​တာလန်​တစ်ဆယ် ​၊ ရွှေ​ရှယ်ကယ်​ခြောက်​ထောင် ​နှင့် အဝတ်​ဆယ်​စုံ​ကို​ယူ​၍ ခရီးထွက်​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 6,
      "text": "နေမန်​သည် အစ္စရေး​ဘုရင်​ထံ စာ​ကို​ယူသွား​ပေး​၏​။ စာ​ထဲတွင် “​ယခု ဤ​စာ​နှင့်အတူ အကျွန်ုပ်​၏​အမှုထမ်း​နေမန်​ကို သင့်​ထံ​စေလွှတ်​ပါ​၏​။ သူ​၏​အနာကြီးရောဂါ​ပျောက်ကင်း​အောင် ကုသ​ပေး​ပါ​”​ဟု ပါရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 7,
      "text": "အစ္စရေး​ဘုရင်​သည် ထို​စာ​ကို​ဖတ်​ပြီးလျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​ငါ​သည် အသက်​ကို သေ​စေ​နိုင်​၊ ရှင်​စေ​နိုင်​သော​ဘုရား​လော​။ အဘယ်ကြောင့် ဤ​ဘုရင်​သည် အနာကြီးရောဂါစွဲ​နေ​သော​သူ​ကို ငါ့​ထံ​ပို့​ပြီး​ပျောက်​အောင်​ကုသ​စေ​သနည်း​။ ယခု ကြည့်​ပါ​။ သူ​သည် ငါ့​ကို​ရန်ရှာ​ခြင်း​သာ​ဖြစ်​သည်​မှာ​သိသာ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 8,
      "text": "ထိုသို့ အစ္စရေး​ဘုရင်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​ကြောင်း ဘုရားသခင်​၏​လူ​ဧလိရှဲ​ကြား​လျှင် ရှင်ဘုရင်​ထံ​လူ​လွှတ်​၍ “​အဘယ်ကြောင့် ကိုယ့်​အဝတ်​ကို​ဆုတ်ဖြဲ​ရ​သနည်း​။ ထို​သူ​ကို အကျွန်ုပ်​ထံသို့ လွှတ်လိုက်​ပါ​။ အစ္စရေး​ပြည်​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​သိ​ရ​လိမ့်မည်​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 9,
      "text": "ထို့ကြောင့် နေမန်​သည် မိမိ​မြင်း​ရထား​ကို​စီးသွား​၍ ဧလိရှဲ​၏​အိမ်​တံခါးဝ​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 10,
      "text": "ဧလိရှဲ​က သူ့​ထံ​လူ​လွှတ်​၍ “​ဂျော်ဒန်​မြစ်​သို့​သွား​ပြီး ခုနစ်​ကြိမ်​ရေချိုး​ပါ​။ သို့ပြုလျှင် သင့်​အသားအရေ​သည် ပြန်ကောင်း​လာ​ပြီး စင်ကြယ်​သွား​လိမ့်မည်​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 11,
      "text": "နေမန်​သည် အမျက်ထွက်​လျက် “​သူ​ကိုယ်တိုင်​ထွက်လာ​ပြီး မတ်တပ်ရပ်​လျက် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့်​ဆုတောင်း​ပေး​လိမ့်မည်​၊ အနာ​ကို​လက်​နှင့်​သပ်​ပေး​မည်​၊ ငါ့​အနာကြီးရောဂါ​ကို ပျောက်ကင်း​စေ​မည်​ဟု ငါ​ထင်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 12,
      "text": "ဒမတ်စကပ်​မြို့​ရှိ​အာဗန​မြစ်ရေ​၊ ဖာဖာ​မြစ်ရေ​သည် အစ္စရေး​ပြည်​ရှိ​ရေ​အားလုံး​တို့​ထက် ပိုကောင်း​သည်​မ​ဟုတ်​လော​။ ငါ​သည် ထို​မြစ်ရေ​တို့​ကို ချိုး​ပြီး​မ​စင်ကြယ်​နိုင်​သလော​”​ဟု ဆို​ကာ ဒေါသတကြီး​နှင့် လှည့်ပြန်​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 13,
      "text": "ထိုအခါ သူ့​ငယ်သား​တို့​က သူ့​ထံသို့​လာ​ပြီး “​အကျွန်ုပ်​၏​အဖ​၊ ပရောဖက်​က ခက်ခဲ​သော​အရာ​ကို လုပ်​စေ​လျှင် လုပ်​မည်​မ​ဟုတ်​လော​။ ယခု ‘​ရေချိုး​လျှင် သန့်ရှင်း​သွား​မည်​’​ဟု ဆို​သည်​မှာ ပို၍ပင်​လုပ်​သင့်​သည်​မ​ဟုတ်​ပါ​လော​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 14,
      "text": "ထို့ကြောင့် နေမန်​သည် ဘုရားသခင်​၏​လူ​ပြော​သော​စကား​အတိုင်း ဂျော်ဒန်​မြစ်​သို့​ဆင်းသွား​ပြီး ခုနစ်​ကြိမ်​ရေနှစ်​လိုက်​သောအခါ သူ့​အသားအရေ​သည် သူငယ်​အသားအရေ​ကဲ့သို့​ဖြစ်​ပြီး စင်ကြယ်​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 15,
      "text": "သူ​သည် နောက်လိုက်ဗိုလ်ပါ​အပေါင်း​တို့​နှင့်တကွ ဘုရားသခင်​၏​လူ​ထံ​ပြန်လာ​ပြီး သူ့​ရှေ့​တွင် သွား​ရပ်​လျက် “​အစ္စရေး​ပြည်​မှလွဲ၍ မြေ​တစ်ပြင်လုံး​တွင် ဘုရားသခင် မ​ရှိ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​ပြီ​။ ယခု အရှင့်​အစေအပါး​၏​လက်ဆောင်​ကို လက်ခံ​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 16,
      "text": "ဧလိရှဲ​က “​ငါ​ကိုးကွယ်​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​လက်ဆောင်​ကို ငါ​လက်​မ​ခံ​”​ဟု ဆို​၏​။ လက်ဆောင်​ကို​လက်ခံ​ရန် နေမန်​တိုက်တွန်း​သော်လည်း သူ​ငြင်းဆို​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 17,
      "text": "ထိုအခါ နေမန်​က “​သို့ပြုလျှင် အရှင့်​အစေအပါး​အား လား​နှစ်​စီး​တင်​နိုင်​သော​မြေ​ကို ပေး​ပါ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​မှတစ်ပါး အခြား​သော​ဘုရား​များ​ထံ မီးရှို့ရာယဇ်​နှင့်​ပူဇော်သက္ကာ​ကို ပူဇော်​တော့​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 18,
      "text": "ထာဝရဘုရား​၏​အစေအပါး​ပြု​သော ဤ​အမှု​အတွက် ခွင့်လွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​သခင်​သည် ရိမ္မုန်​ဝတ်ကျောင်း​သို့​သွား​၍ ပျပ်ဝပ်ကိုးကွယ်​သောအခါ သူ​သည် အကျွန်ုပ်​၏​လက်​ကို​မှီ​သဖြင့် အကျွန်ုပ်​သည်​လည်း ရိမ္မုန်​ဝတ်ကျောင်း​၌ ပျပ်ဝပ်​ရ​ပါ​၏​။ ရိမ္မုန်​ဝတ်ကျောင်း​၌ အကျွန်ုပ်​ပျပ်ဝပ်​သော​အမှု​အတွက် ထာဝရဘုရား​သည် အရှင့်​အစေအပါး​ကို ခွင့်လွှတ်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 19,
      "text": "ဧလိရှဲ​က​လည်း “​အေးအေးချမ်းချမ်း​ပြန်​ပါ​လော့​”​ဟု​ဆို​သဖြင့် သူ​သည်​ပြန်သွား​၍ ခပ်လှမ်းလှမ်း​သို့​ရောက်သွား​သောအခါ"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 20,
      "text": "ဘုရားသခင်​၏​လူ​ဧလိရှဲ​၏​ငယ်သား ဂေဟာဇိ​က “​ငါ့​သခင်​သည် ဤ​ဆီးရီးယား​လူမျိုး​နေမန် ယူဆောင်​လာ​သော​လက်ဆောင်​တို့​ကို မ​ယူ​ဘဲ လက်လွှတ်​လိုက်​ပြီ​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ​သည် သူ့​နောက်သို့​ပြေးလိုက်​ပြီး သူ့​ထံ​မှ​တစ်စုံတစ်ခု​ကို​တောင်းယူ​မည်​”​ဟု တွေး​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 21,
      "text": "ထို့ကြောင့် ဂေဟာဇိ​သည် နေမန်​နောက်သို့ လိုက်​လေ​၏​။ နေမန်​က​လည်း သူ့​နောက်သို့ တစ်စုံတစ်ယောက်​ပြေးလာ​နေ​သည်​ကို မြင်​လျှင် ရထား​ပေါ်​မှ​ဆင်းလာ​ပြီး သူ​နှင့်​တွေ့​၍ “​အဆင်ပြေ​ပါ​၏​လော​”​ဟု မေး​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 22,
      "text": "သူ​က​လည်း “​အဆင်ပြေ​ပါ​၏​။ အကျွန်ုပ်​သခင်​က ‘​ယခုလေးပင် ဧဖရိမ်​တောင်ပေါ်ဒေသ​မှ ပရောဖက်​အဖွဲ့သား​လူငယ်​နှစ်​ဦး ငါ့​ထံသို့​ရောက်လာ​သဖြင့် သူ​တို့​အဖို့ ငွေ​တစ်​တာလန် ​နှင့် အဝတ်​နှစ်​စုံ ပေး​ပါ​လော့​’​ဟု မှာလိုက်​ပါ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 23,
      "text": "နေမန်​က​လည်း “​ငွေ​ကို​မူ နှစ်​တာလန် ​ယူ​ပါ​။ မငြင်း​ပါ​နှင့်​”​ဟု တိုက်တွန်း​၍ ငွေ​နှစ်​တာလန်​နှင့် အဝတ်​နှစ်​စုံ​ကို အိတ်​နှစ်​လုံး​ထဲ​ထည့်ချည်​ပြီး ငယ်သား​နှစ်​ဦး​ထံသို့​အပ်​၍ ဂေဟာဇိ​ရှေ့​မှ ထမ်းသွား​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 24,
      "text": "တောင်ကုန်း​ပေါ်သို့​ရောက်​သောအခါ ဂေဟာဇိ​က ငယ်သား​တို့​ထံမှ​ပစ္စည်း​တို့​ကို​ယူ​ပြီး အိမ်​ထဲတွင်​သိမ်းထား​ကာ သူ​တို့​ကို ပြန်လွှတ်​လိုက်​သဖြင့် သူ​တို့​လည်း ပြန်သွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 25,
      "text": "ထို့နောက် သူ​သည် မိမိ​သခင်​ထံ​ဝင်​၍​ရှေ့​တွင် ရပ်​နေ​၏​။ ဧလိရှဲ​က သူ့​အား “​ဂေဟာဇိ​၊ အဘယ်​အရပ်​က ပြန်လာ​သနည်း​”​ဟု မေး​လျှင် သူ​က “​အရှင့်​အစေအပါး​သည် မည်သည့်​နေရာ​မှ မ​သွား​ပါ​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 26,
      "text": "ဧလိရှဲ​က သူ့​အား “​ထို​လူ​သည် ရထား​ပေါ်​မှ​ဆင်းလာ​ပြီး သင်​နှင့်​တွေ့​သည့်​နေရာ​သို့ ငါ့​ဝိညာဉ်​သည် ရောက်​နေ​သည်​ကို သင်​မ​သိ​သလော​။ ယခု​အချိန်​သည် ငွေ​ကို​လက်ခံ​ရ​မည့်​အချိန်​လော​။ အဝတ်အစား​၊ သံလွင်ခြံ​၊ စပျစ်ခြံ​၊ သိုး​နွား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​ကို လက်ခံ​ရ​မည့်​အချိန်​လော​။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 27,
      "text": "သို့ဖြစ်၍ နေမန်​၌​စွဲ​သော​အနာကြီးရောဂါ​သည် သင်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​၌ အမြဲ​စွဲကပ်​နေ​လိမ့်မည်​”​ဟု ဆို​၏​။ ဂေဟာဇိ​လည်း အနာကြီးရောဂါစွဲကပ်​ပြီး နှင်းပွင့်​ကဲ့သို့​ဖြစ်​၍ ဧလိရှဲ​ထံမှ ထွက်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 1,
      "text": "ပရောဖက်​အဖွဲ့သား​တို့​က ဧလိရှဲ​အား “​ကြည့်​ပါ​။ ယခု အရှင်​နှင့်အတူ အကျွန်ုပ်​တို့​နေ​သော​နေရာ​သည် အကျွန်ုပ်​တို့​အတွက် အလွန်​ကျဥ်းကျပ်​ပါ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 2,
      "text": "ယခု အကျွန်ုပ်​တို့​ဂျော်ဒန်​မြစ်​သို့​သွား​၍ တစ်​ယောက်​လျှင် သစ်လုံး​တစ်လုံးစီ​ယူ​ပြီး ထို​နေရာ​တွင် အကျွန်ုပ်​တို့​အတွက်​နေစရာ​ကို ဆောက်​ပါရစေ​”​ဟု ဆို​ကြ​လျှင် ဧလိရှဲ​က “​သွား​ပါ​”​ဟု ခွင့်ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 3,
      "text": "ပရောဖက်​တစ်​ပါး​က ဧလိရှဲ​အား “​အရှင့်​အစေအပါး​တို့​နှင့်အတူ လိုက်​ခဲ့​ပါ​”​ဟု တောင်းဆို​သဖြင့် “​ငါ​လိုက်​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 4,
      "text": "ဤသို့ဖြင့် ဧလိရှဲ​သည် သူ​တို့​နှင့်အတူ လိုက်သွား​၏​။ ဂျော်ဒန်​မြစ်​သို့​ရောက်​သောအခါ သစ်​များ​ကို ခုတ်လှဲ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 5,
      "text": "သူ​တို့​ထဲမှ​ပရောဖက်​တစ်​ပါး​က သစ်​ကို​ခုတ်​နေစဉ် သူ့​ပုဆိန်​ရေ​ထဲသို့​ကျသွား​သဖြင့် “​အလို​၊ အကျွန်ုပ်​၏​အရှင်​၊ ဤ​ပုဆိန်​မှာ ငှား​ခဲ့​သော​ပုဆိန် ဖြစ်​၏​”​ဟု အော်ဟစ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 6,
      "text": "ထိုအခါ ဘုရားသခင်​၏​လူ​က “​မည်သည့်​နေရာ​တွင် ကျသွား​သနည်း​”​ဟု မေး​လျှင် ထို​သူ​က နေရာ​ကို​ညွှန်ပြပေး​သဖြင့် ဧလိရှဲ​သည် တုတ်​တစ်​ချောင်း​ကို​ခုတ်​၍ ထို​နေရာ​တွင်​ပစ်ချ​လိုက်​ရာ ပုဆိန်​မှာ ပေါလောပေါ်​လာ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 7,
      "text": "ဧလိရှဲ​က​လည်း “​ဆယ်ယူ​လိုက်​ပါ​”​ဟု​ဆို​သဖြင့် ထို​သူ​သည် ပုဆိန်​ကို လက်​ဖြင့် လှမ်း​ယူ​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 8,
      "text": "ဆီးရီးယား​ဘုရင်​သည် အစ္စရေး​ဘုရင်​နှင့် စစ်တိုက်​ရန် တစ်ဖန်​ချီလာ​၍ စခန်းချ​ရ​မည့်​နေရာ​ကို မိမိ​အမှုထမ်း​တို့​နှင့် တိုင်ပင်​ပြီး “​ဤ​နေရာ​၊ ဤ​နေရာ​တို့​တွင် စခန်းချ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 9,
      "text": "ထိုအခါ ဘုရားသခင်​၏​လူ​က အစ္စရေး​ဘုရင်​ထံ လူ​လွှတ်​၍ “​ဤ​နေရာ​ကို ဖြတ်သွား​လျှင် သတိပြု​ပါ​။ ဆီးရီးယား​စစ်သည်​တို့ ဤ​နေရာ​သို့ ဆင်းလာ​ကြ​ပြီ​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 10,
      "text": "အစ္စရေး​ဘုရင်​လည်း ဘုရားသခင်​၏​လူ​သတိပေး​သော​နေရာ​သို့ မိမိ​လူ​တို့​ကို စေလွှတ်​၍​စူးစမ်း​စေ​၏​။ ဤနည်းဖြင့် ရန်သူ​ကို တစ်ကြိမ်​နှစ်ကြိမ်​မက ရှောင်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 11,
      "text": "ထိုသို့​ဖြစ်​သောကြောင့် ဆီးရီးယား​ဘုရင်​သည် သံသယစိတ်​ဝင်လာ​ကာ မိမိ​အမှုထမ်း​တို့​ကို​ဆင့်ခေါ်​ပြီးလျှင် “​ငါ​တို့​တွင် မည်သူ​သည် အစ္စရေး​ဘုရင်​၏​လူ ဖြစ်​သည်​ကို ငါ့​အား ပြော​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 12,
      "text": "ထိုအခါ အမှုထမ်း​တစ်​ဦး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မည်သူ​မျှ​မ​ရှိ​ပါ​။ အစ္စရေး​ပြည်​ရှိ ပရောဖက်​ဧလိရှဲ​က အရှင့်​အိပ်ခန်း​တွင်း​မှ​ပြော​သော​စကား​များ​ကို အစ္စရေး​ဘုရင်​အား ပြန်ပြောပြ​လေ့​ရှိ​ပါ​၏​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 13,
      "text": "ထိုအခါ ရှင်ဘုရင်​က “​သူ​ရှိ​မည့်​နေရာ​ကို သွား​၍​စုံစမ်း​ပါ​။ သူ့​ကို လူ​လွှတ်​ပြီး​ဖမ်း​မည်​”​ဟု မိန့်ဆို​၏​။ “ဒေါသန်​မြို့​၌​ရှိ​သည်​”​ဟု ရှင်ဘုရင် သတင်းရ​လျှင်"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 14,
      "text": "ထို​မြို့​သို့ မြင်း​တပ်​၊ ရထား​တပ်​နှင့် စစ်သူရဲ​အမြောက်အမြား​ကို စေလွှတ်​၍ ညအချိန်​တွင် မြို့​ကို ဝိုင်းထား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 15,
      "text": "ဘုရားသခင့်​လူ​၏​ငယ်သား​တစ်ယောက်​က စောစောထ​၍​အပြင်ထွက်​ကြည့်​သောအခါ စစ်သည်​နှင့် မြင်း​များ​၊ ရထား​များ မြို့​ကို​ဝိုင်းရံ​ထား​သည်​ကို တွေ့​သဖြင့် ထို​ငယ်သား​က သူ့​သခင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 16,
      "text": "သူ့​သခင်​က​လည်း “​မ​ကြောက်ရွံ့​နှင့်​။ ငါ​တို့​နှင့်အတူ​ရှိ​သော​သူ​သည် သူ​တို့​၌​ရှိ​သော​လူ​ထက်​သာ၍​များ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 17,
      "text": "ထို့နောက် ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​၏​မျက်စိ​ကို​ဖွင့်ပေး​၍ သူ့​ကို​မြင်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​သည် ထို​ငယ်သား​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် ဧလိရှဲ​ပတ်ပတ်လည်​တွင် မြင်း​နှင့်​က​သော​မီး​စစ်ရထား​များ တောင်​တစ်တောင်လုံး​ပြည့်​နေ​သည်​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 18,
      "text": "ဆီးရီးယား​တပ်​တို့​ချီလာ​သောအခါ ဧလိရှဲ​က ထာဝရဘုရား​ထံ “​ဤ​လူ​တို့​ကို ဒဏ်ခတ်​တော်မူ​ပါ​။ မျက်စိကွယ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​၏​။ ဧလိရှဲ​ဆုတောင်း​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​သူ​တို့​ကို ဒဏ်ခတ်​၍ မျက်စိကွယ်​စေ​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 19,
      "text": "ထိုအခါ ဧလိရှဲ​က သူ​တို့​အား “​ဤ​လမ်း​မ​ဟုတ်​ပါ​။ ဤ​မြို့​လည်း မ​ဟုတ်​ပါ​။ ငါ့​နောက်​လိုက်​ခဲ့​ကြ​။ သင်​တို့​ရှာ​နေ​သော​သူ​ထံ ငါ​ခေါ်သွား​ပေး​မည်​”​ဟု ဆို​ကာ သူ​တို့​ကို ရှမာရိ​မြို့​သို့ ခေါ်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 20,
      "text": "ရှမာရိ​မြို့​သို့​ရောက်သွား​သောအခါ ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​တို့​ပြန်မြင်​ရ​ဖို့ သူ​တို့​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​က သူ​တို့​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် သူ​တို့​သည် ရှမာရိ​မြို့​လယ်​သို့ ရောက်​နေ​သည်​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 21,
      "text": "အစ္စရေး​ဘုရင်​သည် သူ​တို့​ကို​မြင်​သောအခါ ဧလိရှဲ​အား “​အို အကျွန်ုပ်​၏​အဖ​၊ သူ​တို့​ကို သတ်​ရ​ပါ​မည်လော​။ သတ်​ရ​ပါ​မည်လော​”​ဟု မေး​လျှင်"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 22,
      "text": "ဧလိရှဲ​က “​မ​သတ်​ရ​ပါ​။ သင့်​ဓား​၊ သင့်​လေး​ဖြင့် တိုက်ခိုက်ဖမ်းမိ​သော​သူ​ကို သင်​သတ်​မည်လော​။ သူ​တို့​ကို အစာ​ရေစာ​ကျွေးမွေး​ပါ​။ သူ​တို့​စား​သောက်​ပြီးမှ သူ​တို့​သခင်​ထံ ပြန်သွား​စေ​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 23,
      "text": "ထို့ကြောင့် ရှင်ဘုရင်​သည်​လည်း ထို​သူ​တို့​ကို စားသောက်ပွဲ​ကြီး​တည်ခင်း​ကျွေးမွေး​၍ သူ​တို့​စား​သောက်​ပြီးမှ သူ​တို့​ကို​ပြန်လွှတ်​လိုက်​သဖြင့် သူ​တို့​၏​သခင်​ထံသို့ ပြန်သွား​ကြ​လေ​၏​။ ထို့ကြောင့် ဆီးရီးယား​တပ်​သည် အစ္စရေး​မြေ​ပေါ်သို့ နောက်ထပ်​ဝင်ရောက်​ကျူးကျော်​ခြင်း မ​ရှိ​တော့​ချေ​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 24,
      "text": "ထို​နောက်ပိုင်း​တွင် ဆီးရီးယား​ဘုရင် ဗင်္ဟာဒဒ်​မင်းကြီး​သည် သူ​၏​စစ်သည်​အပေါင်း​တို့​ကို​စုဆောင်း​ပြီး စစ်ချီလာ​၍ ရှမာရိ​မြို့​ကို ဝိုင်းထား​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 25,
      "text": "ထိုသို့ မြို့​ကို​ဝိုင်း​ထား​ချိန်​ကြာ​လာ​သောအခါ ရှမာရိ​မြို့တွင်း​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြီး ဆိုက်ရောက်​ပြီး မြည်း​ခေါင်း​တစ်​ခေါင်း​ကို ငွေစ​ရှစ်ဆယ်​ရှယ်ကယ် ​၊ ခိုချေး​တစ်ကက် ​၏​လေးပုံတစ်ပုံ​ကို ငွေစ​ငါး​ရှယ်ကယ် ဖြစ်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 26,
      "text": "အစ္စရေး​ဘုရင်​သည် မြို့ရိုး​ပေါ်တွင်​ဖြတ်လျှောက်​စဉ် အမျိုးသမီး​တစ်​ဦး​က သူ့​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​ကို ကယ်​တော်မူ​ပါ​”​ဟု အော်ဟစ်​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 27,
      "text": "ထိုအခါ ရှင်ဘုရင်​က “​သင့်​ကို ထာဝရဘုရား​ကယ်​တော်​မ​မူ​လျှင် သင့်​ကို ငါ​မည်သို့​ကယ်​ရ​မည်နည်း​။ ကောက်နယ်တလင်း​မှ​လော​၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်း​မှ​လော​”​ဟု ပြန်လည်​မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 28,
      "text": "ထို့ပြင် ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​ယခု သင် မည်သို့​ဖြစ်​သနည်း​”​ဟု မေး​လျှင် “​ဤ​အမျိုးသမီး​က အကျွန်ုပ်​အား ‘​ယနေ့ ငါ​တို့​စား​ဖို့ သင့်​သား​ကို​ပေး​ပါ​။ မနက်ဖြန် ငါ့​သား​ကို စား​ကြ​မည်​’​ဟု ဆို​ပါ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 29,
      "text": "ထို့ကြောင့် အကျွန်ုပ်​၏​သား​ကို ချက်ပြုတ်​၍​စား​ကြ​ပါ​၏​။ နောက်နေ့​ရောက်​သောအခါ အကျွန်ုပ်​က သူ့​အား ‘​ငါ​တို့​စား​ဖို့ သင့်​သား​ကို​ပေး​ပါ​’​ဟု​ဆို​လျှင် သူ​က သား​ကို​မ​ပေး​ဘဲ ဝှက်ထား​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 30,
      "text": "ထို​အမျိုးသမီး​၏​စကား​ကို ကြား​သောအခါ ရှင်ဘုရင်​သည် မိမိ​အဝတ်​ကို ဆွဲဆုတ်​ပစ်​၍ မြို့ရိုး​ပေါ်​လျှောက်သွား​တော်မူ​လျှင် ရှင်ဘုရင်​၏​ဝတ်လုံ​အောက် ကိုယ်​ပေါ်တွင် လျှော်တေအဝတ်​ဝတ်​ထား​သည်​ကို လူ​တို့​တွေ့မြင်​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 31,
      "text": "ရှင်ဘုရင်​က “​ယနေ့ ရှာဖတ်​၏​သား ဧလိရှဲ​၏​ခေါင်း​သည် သူ့​ကိုယ်​နှင့်​တွဲ​နေ​သေး​လျှင် ဘုရားသခင်​သည် ငါ့​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 32,
      "text": "ထို​အချိန်​၌ ဧလိရှဲ​သည် မိမိ​အိမ်​၌​ထိုင်​နေ​၏​။ သက်ကြီးဝါကြီး​တို့​လည်း သူ​နှင့်အတူ​ထိုင်​လျက်​ရှိ​၏​။ ရှင်ဘုရင်​က ဧလိရှဲ​ထံ ရှေ့တော်ပြေး​တစ်​ယောက်​ကို​စေလွှတ်​၏​။ သို့သော် ထို​တမန်​မ​ရောက်​မီ ဧလိရှဲ​က သက်ကြီးဝါကြီး​တို့​အား “​ဤ​လူသတ်သမား​၏​သား​သည် ငါ့​ခေါင်း​ကို​ဖြတ်​ဖို့ လူ​ကို​စေလွှတ်​သည်​ကို သင်​တို့ သိ​သလော​။ ထို​တမန်​ရောက်လာ​လျှင် တံခါး​ကို​ပိတ်​ထား​ပါ​။ တံခါး​ကို တွန်းထား​ကြ​ပါ​။ သူ့​နောက်၌ သူ့​သခင်​၏​ခြေသံ​ကပ်ပါလာ​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 33,
      "text": "ထိုသို့ သက်ကြီးဝါကြီး​တို့​အား ပြောဆို​နေစဉ် တမန်​သည် သူ​တို့​ထံ​ရောက်လာ​၍ ဧလိရှဲ​က “​ဤ​ကပ်ဘေး​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ခြင်း​ဖြစ်​၏​။ အဘယ်ကြောင့် ထာဝရဘုရား​ကို စောင့်​နေ​ရ​ဦး​မည်နည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 1,
      "text": "ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​က ‘​မနက်ဖြန် ဤသို့​သော​အချိန်​တွင် ရှမာရိ​မြို့​တံခါး​၌ မုန့်ညက်​တစ်​စေအာ ​ကို တစ်​ရှယ်ကယ် ​၊ မုယော​နှစ်​စေအာ ​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 2,
      "text": "ထိုအခါ ဘုရင့်​လက်ရုံး​ဖြစ်​သူ တပ်မှူး​က ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်​နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှသာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 3,
      "text": "ထို​အချိန်​တွင် မြို့​တံခါးဝ​၌ အနာကြီးရောဂါစွဲ​နေ​သူ​လူ​လေး​ယောက်​ရှိ​၏​။ သူ​တို့​က “​ငါ​တို့​သည် အဘယ်ကြောင့် သေ​သည်​အထိ ဤ​နေရာ​မှာ​ထိုင်​နေ​ရ​မည်နည်း​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 4,
      "text": "မြို့​ထဲသို့​ဝင်​မည်​ဆို​လျှင်လည်း မြို့​ထဲမှ​ငတ်မွတ်ခြင်းဘေး​ကြောင့် သေ​ရ​လိမ့်မည်​။ ဤ​နေရာ​မှာ ထိုင်​နေ​လျှင်လည်း သေ​ရ​မည်​။ ထို့ကြောင့် ယခု ဆီးရီးယား​တပ်စခန်း​သို့ သွား​ကြ​စို့​။ သူ​တို့​က အသက်ချမ်းသာ​ပေး​လျှင် ငါ​တို့​အသက်ရှင်​ရ​မည်​။ သူ​တို့​သတ်​လျှင်လည်း ငါ​တို့ သေ​ရ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 5,
      "text": "သူ​တို့​သည် မှောင်ရီပျိုးစ​အချိန်​တွင် ထ​၍​ဆီးရီးယား​တပ်စခန်း​သို့ သွား​ကြ​၏​။ သူ​တို့​သည် ဆီးရီးယား​တပ်စခန်း​အစွန်​နား​ရောက်​သောအခါ လူ​တစ်ယောက်​မျှ​မ​ရှိ​သည်​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 6,
      "text": "အကြောင်းမှာ ဘုရားရှင်​သည် ဆီးရီးယား​တပ်သား​တို့​အား စစ်ရထားသံ​၊ မြင်းခွာသံ​များ​ဖြင့် စစ်တပ်ကြီး​ချီလာ​သော​အသံ​ကို ကြား​ရ​စေ​တော်မူ​သဖြင့် သူ​တို့​က “​ကြည့်​ပါ​။ အစ္စရေး​ဘုရင်​သည် ငါ​တို့​ကို တိုက်ခိုက်​ရန် ဟိတ္တိ​ဘုရင်​၊ အီဂျစ်​ဘုရင်​တို့​ကို စစ်ကူတောင်း​ပြီး​ချီလာ​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​လျက်"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 7,
      "text": "မှောင်ရီပျိုးစ​အချိန်​တွင် ထ​၍​ထွက်ပြေး​ကြ​လေ​၏​။ သူ​တို့​သည် တဲ​များ​၊ မြင်း​များ​၊ မြည်း​များ​ကို တပ်စခန်း​တွင် ဤ​အတိုင်း စွန့်ပစ်​ခဲ့​ကာ အသက်လွတ်​အောင် ထွက်ပြေး​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 8,
      "text": "ထို့ကြောင့် တပ်စခန်း​အစွန်​နား​သို့​ရောက်လာ​သော အနာကြီးရောဂါစွဲ​နေ​သော​လူ​တို့​က တဲ​တစ်​ခု​အတွင်း​သို့​ဝင်​၍ စား​သောက်​ပြီးလျှင် ထို​တဲ​မှ ရွှေ​ငွေ​၊ အဝတ်အထည်​တို့​ကို​ယူ​ပြီး သွား​ဝှက်​ထား​ကြ​၏​။ ထို့နောက် ပြန်လာ​ပြီး အခြား​တဲ​တစ်​ခု​အတွင်း​သို့​ဝင်​ကာ ပစ္စည်း​များ​ကို​ယူ​ပြီး သွား​ဝှက်​ထား​ကြ​ပြန်​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 9,
      "text": "သို့သော် သူ​တို့​က “​ငါ​တို့ ဤသို့ မ​ပြု​သင့်​။ ဤ​နေ့​၌ သတင်းကောင်း​ရှိ​နေ​လျက်ပင် ငါ​တို့​မ​ပြော​ဘဲ နံနက်​မိုးလင်းချိန်​အထိ​စောင့်​၍ တိတ်ဆိတ်​နေ​မည်​ဆိုလျှင် ငါ​တို့​အပြစ် ဖြစ်​တော့​မည်​။ ထို့ကြောင့် ယခု ငါ​တို့ ဘုရင့်​နန်းတော်​သို့​သွား​၍ ဤ​အကြောင်း​ကို သွားပြော​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 10,
      "text": "သူ​တို့​သွား​၍ မြို့​တံခါးစောင့်​တို့​အား အော်ခေါ်​လျက် “​ငါ​တို့​သည် ဆီးရီးယား​တပ်စခန်း​သို့ ရောက်​ခဲ့​ပြီ​။ တပ်စခန်း​တွင် လူ​အရိပ်အယောင်​မ​တွေ့​၊ လူ​သံ​လည်း မ​ကြား​ရ​။ မြင်း​များ​၊ မြည်း​များ​ကို ချည်​ထား​၍ တဲ​များ​လည်း ဤအတိုင်း ရှိ​နေ​သည်​ကို တွေ့​ခဲ့​ရ​ပါ​၏”​ဟု သူ​တို့​အား ပြောပြ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 11,
      "text": "တံခါးစောင့်​တို့​လည်း ဘုရင့်​နန်းတော်​သို့ အော်ဟစ်​သတင်းပို့​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 12,
      "text": "ရှင်ဘုရင်​လည်း ညတွင်းချင်း​ထ​၍ အမှုထမ်း​တို့​အား “​ဆီးရီးယား​လူမျိုး​တို့ မည်သို့​ကြံစည်​နေ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်​။ ငါ​တို့​ငတ်ပြတ်​နေ​သည်​ကို သူ​တို့​သိ​သဖြင့် တပ်စခန်း​မှ​ထွက်သွား​ပြီး တော​ထဲတွင် ပုန်းရှောင်​နေ​ကြ​၏​။ သူ​တို့​က ‘​အကယ်စင်စစ် မြို့သား​တို့​သည် မြို့​ထဲမှ​ထွက်လာ​ကြ​လိမ့်မည်​။ သူ​တို့​ထွက်လာ​လျှင် ငါ​တို့​က သူ​တို့​ကို အရှင်​ဖမ်း​ပြီး မြို့​ထဲသို့​ဝင်​ကြ​မည်​’​ဟူ၍ သူ​တို့​ကြံစည်​ကြ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 13,
      "text": "ထိုအခါ အမှုထမ်း​တစ်​ယောက်​က “​ယခု မြို့​ထဲတွင် ကျန်နေ​သေး​သော​မြင်း​ငါး​ကောင်​နှင့် လူ​အချို့​တို့​ကို စေလွှတ်​တော်မူ​ပါ​။ သူ​တို့​သည် မြို့​ထဲ၌​ကျန်ရစ်​နေ​သော​အစ္စရေး​လူထု​အပေါင်း​နှင့် အတူတူ​ပင်​ဖြစ်​၏​။ သေသွား​သော​အစ္စရေး​လူထု​အပေါင်း​နှင့်​လည်း​အတူတူပင်​ဖြစ်​သောကြောင့် သူ​တို့​ကို​စေလွှတ်​၍ သွားကြည့်​ခွင့်​ပြု​တော်မူ​ပါ​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 14,
      "text": "ထို့ကြောင့် မြင်း​ရထား​နှစ်​စီး​ကို​ယူ​ပြီး ရှင်ဘုရင်​က “​သွား​ပြီး​စူးစမ်းကြည့်​ပါ​”​ဟု ဆို​လျက် ဆီးရီးယား​စစ်သည်​တို့​နောက်သို့ လိုက်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 15,
      "text": "သူ​တို့​သည် ဂျော်ဒန်​မြစ်​တိုင်အောင် ဆီးရီးယား​စစ်သည်​တို့​နောက်သို့ လိုက်​ကြ​ရာ ဆီးရီးယား​စစ်သည်​တို့ ပြေး​ရင်း​ပစ်ချ​ထား​ခဲ့​သော အဝတ်​များ​၊ လက်နက်ကိရိယာ​များ လမ်း​တစ်လျှောက်လုံး​ပြည့်နှက်​နေ​သည်​ကို တွေ့​ရ​လေ​၏​။ တမန်​တို့​သည်​လည်း ရှင်ဘုရင်​ထံသို့​ပြန်လာ​၍ သတင်းပို့​ကြ​လျှင်"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 16,
      "text": "လူ​တို့​သည် ထွက်သွား​၍ ဆီးရီးယား​တပ်စခန်း​ကို သိမ်းယူ​ကြ​လေ​၏​။ ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် မုန့်ညက်​တစ်​စေအာ ​ကို တစ်​ရှယ်ကယ် ​၊ မုယော​နှစ်​စေအာ ​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 17,
      "text": "ရှင်ဘုရင်​က မိမိ​လက်ရုံး​ဖြစ်​သူ​တပ်မှူး​အား တံခါးမှူး​အဖြစ်​ခန့်အပ်​ရာ ထို​တပ်မှူး​ကို မြို့​တံခါးဝ​တွင် လူ​တို့​နင်း​မိ​သဖြင့် သူ​သေသွား​လေ​၏​။ ဘုရားသခင်​၏​လူ​ထံ ရှင်ဘုရင်​ကြွလာ​စဉ်က ဘုရားသခင်​၏​လူ​ကြိုတင်​ပြောဆို​ခဲ့​သည့်​အတိုင်း ဖြစ်လာ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 18,
      "text": "ဤသို့ဖြင့် “မနက်ဖြန် ဤသို့သော​အချိန်​တွင် ရှမာရိ​မြို့​တံခါး​၌ မုန့်ညက်​တစ်​စေအာ ​ကို တစ်​ရှယ်ကယ် ​၊ မုယော​နှစ်​စေအာ ​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လိမ့်မည်​”​ဟု ဘုရားသခင်​၏​လူ​က ရှင်ဘုရင်​အား ဆင့်ဆို​ခဲ့​သည့်​အတိုင်း ဖြစ်လာ​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 19,
      "text": "ထိုစဉ်က တပ်မှူး​သည် ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က မိုးကောင်းကင်​ပြတင်းပေါက်​များ​ကို ဖွင့်ပေး​မည်​ဆို​လျှင်ပင် ဤသို့​ဖြစ်နိုင်​မည်လော​”​ဟု ဆို​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ထို​အရာ​တို့​ကို ကိုယ့်​မျက်စိ​နှင့်​မြင်ရုံမျှ​သာ​မြင်​ရ​မည်​။ စား​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 20,
      "text": "ထိုသို့ ပြော​ခဲ့​သည့်​အတိုင်း​လည်း ဖြစ်လာ​လေ​၏​။ ထို​တပ်မှူး​သည်​လည်း မြို့​တံခါးဝ​၌ လူ​တို့ သူ့​ကို​နင်း​မိ​သဖြင့် သူ​သေသွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 1,
      "text": "ထို့နောက် ဧလိရှဲ​က သူ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​၏​မိခင်​အား “​သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ ထ​၍​ထွက်သွား​ကြ​ပါ​။ သင်​တည်းခိုနေထိုင်​နိုင်​မည့်​နေရာ​တွင် တည်းခိုနေထိုင်​ပါ​။ ထာဝရဘုရား​သည် ဤ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​စေ​မည်​။ တစ်ပြည်လုံး ခုနစ်​နှစ်​အစာခေါင်းပါး​မည်​”​ဟု ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 2,
      "text": "ထို​အမျိုးသမီး​လည်း ဘုရားသခင်​၏​လူ​ပြော​သည့်​အတိုင်း ထ​၍​မိမိ​အိမ်သား​တို့​နှင့်အတူ ထွက်သွား​ပြီး ဖိလိတ္တိ​ပြည်​တွင် ခုနစ်​နှစ်​တည်းခိုနေထိုင်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 3,
      "text": "ခုနစ်​နှစ်​ကုန်ဆုံး​သွား​သော် ထို​အမျိုးသမီး​သည် ဖိလိတ္တိ​ပြည်​မှ​ပြန်လာ​ပြီး မိမိ​အိမ်​နှင့်​မြေ​ကို ပြန်ရ​ရန်​အတွက် ရှင်ဘုရင်​ထံ သွားရောက်​အသနားခံ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 4,
      "text": "ထိုစဉ် ရှင်ဘုရင်​သည် ဘုရားသခင့်​လူ​၏​ငယ်သား​ဂေဟာဇိ​နှင့် စကား​ပြောဆို​လျက် ရှိ​နေ​၏​။ ရှင်ဘုရင်​က “​ဧလိရှဲ​ပြု​ခဲ့​သည့် အံ့ဖွယ်အမှု​အလုံးစုံ​ကို ငါ့​အား​ကြားလျှောက်​ပါ​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 5,
      "text": "သေ​သွား​သော​သူ​ကို ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သည့်​အကြောင်း ဂေဟာဇိ​က ရှင်ဘုရင်​အား ပြောပြ​နေစဉ်​ပင် အသက်ပြန်ရှင်​လာ​သော​သူငယ်​၏​မိခင်​သည် မိမိ​အိမ်​နှင့်​မြေ​ကို ပြန်​ရ​ရန်​အတွက် ရှင်ဘုရင်​ထံ​လာရောက်​အသနားခံ​လေ​၏​။ ထို့ကြောင့် ဂေဟာဇိ​က ချက်ချင်းပင် “အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ ဤ​သူ​တို့​သည် ဧလိရှဲ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​နှင့် သူ​၏​မိခင်​ဖြစ်​ပါ​၏”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 6,
      "text": "ထိုအခါ ရှင်ဘုရင်​က ထို​အမျိုးသမီး​အား မေးမြန်း​လျှင် ထို​အမျိုးသမီး​သည်​လည်း အကြောင်းစုံ​ကို​လျှောက်တင်​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို​ခေါ်​ပြီး “​ဤ​အမျိုးသမီး​ပိုင်ဆိုင်​သမျှ​နှင့် သူ​ထွက်သွား​စဉ်က​စပြီး ယခု​တိုင် သူ့​မြေ​မှ​ထွက်​သမျှ​တို့​ကို သူ့​အား​ပြန်ပေး​ပါ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 7,
      "text": "ထို့နောက် ဧလိရှဲ​သည် ဒမတ်စကပ်​မြို့​သို့​သွား​ရာ ထို​အချိန်​တွင် ဆီးရီးယား​ဘုရင် ဗင်္ဟာဒဒ်​မင်းကြီး​သည် နာမကျန်း​ဖြစ်​နေ​၏​။ ထိုအခါ သူ့​အား “​ဘုရားသခင်​၏​လူ ဤ​မြို့​သို့​ရောက်​နေ​ပါ​၏”​ဟု လျှောက်တင်​လျှင်"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 8,
      "text": "ရှင်ဘုရင်​က ဟာဇေလ​အား “​လက်ဆောင်​ကို​ယူ​ပြီး ဘုရားသခင်​၏​လူ​နှင့် သွား​တွေ့​လော့​။ ‘​ငါ​သည် ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​မည်လော​’​ဟု ထာဝရဘုရား​ထံ မေးလျှောက်​စေ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 9,
      "text": "ထို့ကြောင့် ဟာဇေလ​သည် ဒမတ်စကပ်​မြို့ထွက်​အကောင်းဆုံး​ပစ္စည်း​အမျိုးမျိုး​ကို ကုလားအုတ်​အစီး​လေးဆယ်​ပေါ်​တင်​ပြီး လက်ဆောင်​အဖြစ် ယူသွား​ကာ ဘုရားသခင်​၏​လူ​ကို သွား​တွေ့​၏​။ သူ​သည် ဘုရားသခင်​၏​လူ​ထံ ရောက်​သောအခါ ရှေ့မှောက်​၌ ရပ်​လျက် “​အရှင့်​သား​ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​က ‘​ဤ​ဝေဒနာ​မှ ပြန်ကောင်း​လာ​ပါ​မည်လော​’​ဟူ၍ အကျွန်ုပ်​အား မေးလျှောက်​စေ​ပါ​၏”​ဟု လျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 10,
      "text": "ဧလိရှဲ​က​လည်း သူ့​အား “ ‘​ဤ​ဝေဒနာ​မှ အမှန်ပင်​ပြန်ကောင်း​လာ​လိမ့်မည်​’​ဟု ရှင်ဘုရင်​ကို ပြန်လျှောက်​လော့​။ သို့သော် သူ​မုချ​သေ​ရ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​လျှင်"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 11,
      "text": "ဘုရားသခင်​၏​လူ​သည် ဟာဇေလ​အနေရခက်​သည်​အထိ သူ့​မျက်နှာ​ကို​စူးစိုက်​ကြည့်​ပြီးလျှင် မျက်ရည်ကျ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 12,
      "text": "ထိုအခါ ဟာဇေလ​က “​အကျွန်ုပ်​သခင်​၊ အဘယ်ကြောင့် မျက်ရည်ကျ​ရ​ပါ​သနည်း​”​ဟု​မေး​လျှင် ဧလိရှဲ​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ဘေးအန္တရာယ်​ပြု​မည်​ကို ငါ​သိ​လေ​ပြီ​။ သင်​သည် သူ​တို့​၏​ခံတပ်​မြို့​များ​ကို မီးရှို့​ပစ်​လိမ့်မည်​။ လူငယ်​တို့​ကို ဓား​ဖြင့် သတ်​လိမ့်မည်​။ ကလေးငယ်​များ​ကို ကိုင်ယူ​ပေါက်သတ်​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို​လည်း ခွဲဖောက်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 13,
      "text": "ဟာဇေလ​က​လည်း ဧလိရှဲ​အား “​ခွေး​မျှသာ​အဆင့်ရှိ​သော အရှင့်​အစေအပါး​အကျွန်ုပ်​က ဤ​အမှု​ကြီး​ကို အဘယ်သို့​ပြု​နိုင်​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ဆီးရီးယား​ဘုရင် ဖြစ်လာ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 14,
      "text": "ဟာဇေလ​သည် ဧလိရှဲ​ထံမှ​ပြန်သွား​ပြီး မိမိ​သခင်​ထံ​ပြန်ရောက်​သောအခါ ရှင်ဘုရင်​က “​သင့်​အား ဧလိရှဲ​မည်သို့​ပြော​သနည်း​”​ဟု မေး​လျှင် သူ​က “ ‘မင်းကြီး အမှန်ပင်​ပြန်ကောင်း​လာ​လိမ့်မည်​’​ဟူ၍ ဆို​ပါ​၏”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 15,
      "text": "နောက်တစ်နေ့​တွင် ဟာဇေလ​သည် အဝတ်​ကို​ယူ​၍ ရေ​၌​နှစ်​ပြီး ဘုရင့်​မျက်နှာ​တော်​ကို ဖိအုပ်​သဖြင့် ရှင်ဘုရင်​အနိစ္စရောက်​လေ​၏​။ ထိုအခါ ဟာဇေလ​သည် ဘုရင့်​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 16,
      "text": "အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရံ​မင်းကြီး​နန်းစံ ငါး​နှစ်​မြောက်​တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​သား​တော်​ယဟောရံ​သည် သူ့​ဖခင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 17,
      "text": "ယဟောရံ​မင်းကြီး​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​ပြီး ဂျေရုဆလင်​မြို့​တွင် ရှစ်​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 18,
      "text": "သူ​သည် အာဟပ်​မင်းကြီး​၏​သမီး​တော်​ကို မိဖုရားမြှောက်​ထား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 19,
      "text": "သို့သော် ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ဒါဝိဒ်​မင်းကြီး​ကို​ထောက်၍ သူ​နှင့် သူ့​သားမြေး​တို့​၏​မီးခွက်​ကို အစဉ်​ထွန်းလင်း​စေ​မည်​ဟု ကတိထား​သည်​နှင့်အညီ ယုဒ​ပြည်​ကို ဖျက်ဆီး​ရန် အလို​တော်​မ​ရှိ​ပေ​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 20,
      "text": "ယဟောရံ​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို​ပုန်ကန်​၍ သူ​တို့​ကို အုပ်စိုး​ရန် ဘုရင်​တစ်​ပါး​ကို တင်မြှောက်​လိုက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 21,
      "text": "ထို့ကြောင့် ယောရံ ​မင်းကြီး​သည် မိမိ​၌​ရှိသမျှ​သော​စစ်ရထား​တို့​နှင့်တကွ ဇာဣရ​မြို့​သို့ ချီ​၍ သူ့​အား​ဝိုင်းရံ​လာ​သော ဧဒုံ​တပ်သား​တို့​နှင့် စစ်ရထားမှူး​တို့​ကို ညအချိန် ထ​၍​တိုက်ခိုက်​ရာ သူ​၏​စစ်သည်​တို့​သည်​လည်း ကိုယ့်​တဲ​သို့ ပြန်ပြေး​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 22,
      "text": "ဤသို့ဖြင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော​ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်း​မှာ​ပင် လိဗန​ပြည်​လည်း ယုဒ​ပြည်​ကို ပုန်ကန်​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 23,
      "text": "ကျန်ရှိ​နေ​သော ယောရံ ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 24,
      "text": "ယောရံ ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 25,
      "text": "အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင် ယောရံ​မင်းကြီး နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ယဟောရံ​မင်းကြီး​၏​သား​တော် အာခဇိ နန်းတက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 26,
      "text": "အာခဇိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား အစ္စရေး​ဘုရင်​ဩမရိ​မင်းကြီး​၏​မြေး​တော် အာသလိ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 27,
      "text": "သူ​သည် အာဟပ်​မင်းကြီး​၏​သမက်​တော်​ဖြစ်​သည်​နှင့်အညီ အာဟပ်​မင်းမျိုးမင်းနွယ်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 28,
      "text": "သူ​သည် အာဟပ်​မင်းကြီး​၏​သား​တော် ယောရံ​မင်းကြီး​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​၍ ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​ကို တိုက်ခိုက်​ရာ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့် ယောရံ​မင်းကြီး ဒဏ်ရာ​ရ​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 29,
      "text": "ထိုသို့ ယောရံ​မင်းကြီး​သည် ရာမ​မြို့​တွင် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့်​ရသွား​သော​ဒဏ်ရာ​ကို ကုသ​ရန်​အတွက် ယေဇရေလ​မြို့​သို့ ပြန်သွား​၏​။ ယဟောရံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​သည်​လည်း အာဟပ်​မင်းကြီး​၏​သား​တော်​ယောရံ​မင်းကြီး​ဒဏ်ရာ​ရ​သည်​ကို​ကြည့်ရှု​ရန် ယေဇရေလ​မြို့​သို့ လိုက်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 1,
      "text": "ထိုအခါ ပရောဖက်​ဧလိရှဲ​သည် ပရောဖက်​အဖွဲ့သား​ထဲမှ တစ်​ပါး​ကို ခေါ်​၍ “​သင်​၏​ခါး​ကို​စည်း​လော့​။ ဆီ​ဘူး​ကို​ယူ​ပြီးလျှင် ရာမုတ်ဂိလဒ်​မြို့​သို့ သွား​လော့​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 2,
      "text": "ထို​မြို့​သို့​ရောက်​လျှင် နိမ်ရှိ​၏​မြေး​၊ ယောရှဖတ်​၏​သား​ယေဟု​ကို ရှာ​လော့​။ သူ့​ထံ​သွား​၍ သူ့​ကို​ညီအစ်ကို​တို့​ထဲမှ​ခေါ်ထုတ်​ပြီး အတွင်းခန်း​ထဲသို့​ခေါ်သွား​လော့​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 3,
      "text": "ထို့နောက် ဆီ​ဘူး​ထဲမှ​ဆီ​ကို သူ့​ခေါင်း​ပေါ်​သွန်းလောင်း​ပြီး သူ့​အား ‘​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို အစ္စရေး​ဘုရင်​အဖြစ် ဘိသိက်ပေး​ပြီ​”​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ပြီးလျှင် တံခါး​ကို​ဖွင့်​၍ မ​ဆိုင်း​မ​လင့်​ဘဲ ပြေး​လော့​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 4,
      "text": "သို့ဖြစ်၍ ပရောဖက်​လုလင်ပျို​သည် ရာမုတ်ဂိလဒ်​မြို့​သို့ သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 5,
      "text": "သူ​ရောက်လာ​သောအခါ တပ်မှူးကြီး​တို့ ထိုင်​နေ​ကြ​သည်​ကို တွေ့​ရ​၏​။ ထိုအခါ သူ​က “​တပ်မှူးကြီး​၊ သင့်​အဖို့ သတင်းစကား​ပါ​၏”​ဟု ဆို​လျှင် ယေဟု​က “​အားလုံး​ထဲမှ မည်သူ့​ကို ဆိုလို​သနည်း​”​ဟု မေး​၏​။ ထိုအခါ လုလင်ပျို​ပရောဖက်​က “​တပ်မှူးကြီး​၊ သင့်​ကို ဆိုလို​ပါ​၏”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 6,
      "text": "ထိုအခါ ယေဟု​သည် ထ​၍​အိမ်​ထဲသို့​ဝင်သွား​၏​။ ပရောဖက်​လုလင်ပျို​သည် ဆီ​ကို သူ့​ခေါင်း​ပေါ်​သွန်းလောင်း​ပြီး “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​အား ‘​ငါ​သည် သင့်​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 7,
      "text": "ယေဇဗေလ​လက်​ဖြင့် သေဆုံး​ခဲ့​ရ​သော ငါ့​အစေအပါး​ပရောဖက်​များ​၊ ထာဝရဘုရား​၏​အစေအပါး​များ အားလုံး​တို့​အတွက် ငါ​လက်တုံ့ပြန်​မည်​။ ထို့အတွက် သင်​သည် သင့်​သခင်​အာဟပ်​မင်းကြီး​၏​မင်းမျိုးမင်းနွယ်​တို့​ကို သုတ်သင်​ပစ်​ရ​မည်​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 8,
      "text": "အာဟပ်​မင်းမျိုးမင်းနွယ်​အားလုံး ပျက်စီး​သွား​ရ​လိမ့်မည်​။ အစ္စရေး​ပြည်​ရှိ အာဟပ်​မင်းကြီး​အမျိုး​ထဲမှ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံ​ရ​သူ​ပါ​မကျန် ယောက်ျား​တို့​ကို ငါ​ပယ်ရှင်း​မည်​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 9,
      "text": "အာဟပ်​မင်းမျိုးမင်းနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​မင်းမျိုးမင်းနွယ်​ကဲ့သို့​လည်းကောင်း​၊ အဟိယ​၏​သား​ဗာရှာ​မင်းမျိုးမင်းနွယ်​ကဲ့သို့​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 10,
      "text": "ယေဇဗေလ​ကို​မူကား ယေဇရေလ​မြေကွက်​တွင် ခွေး​တို့ စား​ကြ​လိမ့်မည်​။ သူ့​ကို​သင်္ဂြိုဟ်​မည့်​သူ ရှိ​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​ပြီး​သည်​နှင့် တံခါး​ကို​ဖွင့်​ပြီး ထွက်ပြေး​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 11,
      "text": "ယေဟု​သည် အခန်း​အပြင်ဘက်​ရှိ မိမိ​သခင်​၏​အမှုထမ်း​တို့​ထံ​ပြန်​ထွက်လာ​သောအခါ သူ​တို့​က “​အဆင်ပြေ​ပါ​၏​လော​။ ဤ​သူရူး​က သင့်​ထံ​အဘယ်ကြောင့် လာ​သနည်း​”​ဟု​မေး​သော် သူ​က “​ဤ​သူ​နှင့်​သူ​ပြော​တတ်​သည့်​စကား​ကို သင်​တို့ သိ​ပါ​၏”​ဟု​သာ ပြန်ဖြေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 12,
      "text": "သူ​တို့​က​လည်း “​မလိမ်ညာ​ပါ​နှင့်​။ ငါ​တို့​ကို ပြောပြ​ပါ​”​ဟု​ဆို​သဖြင့် ယေဟု​က “​ထို​သူ​သည် အကျွန်ုပ်​အား ထာဝရဘုရား​က ‘ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ပြီ’​ဟု မိန့်​တော်မူ​ကြောင်း ဤသို့​ဤ​ပုံ​ပြောဆို​ပါ​သည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 13,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​အဝတ်​ကို​ချက်ချင်း​ယူ​၍ ယေဟု​ဆင်းလာ​မည့်​လှေကားထစ်​များ​တွင် ဖြန့်ခင်း​ပေး​၏​။ ထို့နောက် တံပိုး​ကို​မှုတ်​ပြီး “​ယေဟု​သည် ရှင်ဘုရင် ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 14,
      "text": "ဤသို့ဖြင့် နိမ်ရှိ​၏​မြေး​၊ ယောရှဖတ်​၏​သား​ယေဟု​သည် ယောရံ​မင်းကြီး​ကို လုပ်ကြံ​ရန်​လျှို့ဝှက်ကြံစည်​လေ​၏​။ ထို​အချိန်​တွင် ယောရံ​မင်းကြီး​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​၏​ရန်​ကြောင့် ရာမုတ်ဂိလဒ်​မြို့​ကို စောင့်ကြပ်​လျက်​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 15,
      "text": "သို့သော် ယဟောရံ ​မင်းကြီး​သည် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ ဆီးရီးယား​စစ်သည်​တို့​လက်ချက်​ဖြင့် ဒဏ်ရာ​ရ​သွား​၍ ထို​ဒဏ်ရာ​ကို​ကုသ​ရန် ယေဇရေလ​မြို့​သို့ ပြန်သွား​နှင့်​ပြီ​။ ယေဟု​က​လည်း “​ဤ​အမှု​ကို သင်​တို့​သဘောတူ​လျှင် ယေဇရေလ​မြို့​သို့ သတင်း​မ​ပေါက်ကြား​သွား​စေ​ရန် ဤ​မြို့​ထဲမှ​မည်သူ့​ကို​မျှ မ​ထွက်သွား​စေ​နှင့်​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 16,
      "text": "ထို့နောက် ယေဟု​သည် ယောရံ​မင်းကြီး နားနေရာ​ယေဇရေလ​မြို့​သို့ စစ်ရထား​စီး​၍​သွား​လေ​၏​။ ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​လည်း ယောရံ​မင်းကြီး​ကို ကြည့်ရှု​ရန် ရောက်​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 17,
      "text": "ယေဇရေလ​မြို့​မျှော်စင်​ပေါ်တွင်​ရပ်​လျက် ကင်းစောင့်​နေ​သော​သူ​သည် ယေဟု​နှင့်​သူ့​လူအုပ်ကြီး လာ​နေ​သည်​ကို မြင်​လျှင် “​လူအုပ်ကြီး လာ​နေ​သည်​ကို အကျွန်ုပ် မြင်​ပါ​၏”​ဟု အော်ပြော​လေ​၏​။ ယဟောရံ ​မင်းကြီး​က​လည်း “​မြင်းစီးသူရဲ​တစ်​ဦး​ကို လွှတ်​၍ သူ​တို့​နှင့်​သွားတွေ့​ပြီး ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​စေ​ပါ​”​ဟု အမိန့်ပေး​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 18,
      "text": "ထို့ကြောင့် မြင်းစီးသူရဲ​တစ်​ဦး​သည် ယေဟု​နှင့် သွား​တွေ့​ပြီး “​ရှင်ဘုရင်​က ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​တော်မူ​ပါ​သည်​”​ဟု ဆို​လျှင် ယေဟု​က “​ငြိမ်းချမ်း​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ ငါ့​နောက်​သို့ လိုက်​ခဲ့​လော့​”​ဟု ပြန်ပြော​၏​။ ကင်းစောင့်​က​လည်း “​တမန်​သည် သူ​တို့​ထံ​ရောက်သွား​ပြီး ပြန်​မ​လာ​တော့​ပါ​”​ဟု သတင်းပို့​လာ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 19,
      "text": "ထိုအခါ ရှင်ဘုရင်​သည် နောက်ထပ်​မြင်းစီးသူရဲ​တစ်​ဦး​ကို​စေလွှတ်​၍ သူ​တို့​ထံ​ရောက်​သောအခါ “​ရှင်ဘုရင်​က ‘​ငြိမ်းချမ်း​ပါ​၏​လော​’​ဟူ၍ မေး​တော်မူ​ပါ​သည်​”​ဟု​ဆို​လျှင် ယေဟု​က​လည်း “​ငြိမ်းချမ်း​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ ငါ့​နောက်​သို့ လိုက်​ခဲ့​လော့​”​ဟု ပြန်ပြော​ပြန်​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 20,
      "text": "ကင်းစောင့်​က​လည်း “​တမန်​သည် သူ​တို့​ထံ​ရောက်သွား​ပြီး ပြန်​မ​လာ​တော့​ပါ​။ စစ်ရထား​မောင်းလာသူ​မှာ​လည်း နိမ်ရှိ​၏​သား​ယေဟု​ကဲ့သို့ တရကြမ်း​မောင်းနှင်​လာ​ပါ​သည်​”​ဟု သတင်းပို့​လာ​ပြန်​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 21,
      "text": "ထိုအခါ ယဟောရံ ​မင်းကြီး​က “​အသင့်ပြင်​ကြ​လော့​”​ဟု အမိန့်ပေး​သဖြင့် သူ​၏​စစ်ရထား​ကို အသင့်ပြင်​ပေး​ကြ​၏​။ ထိုအခါ အစ္စရေး​ဘုရင်​ယဟောရံ ​မင်းကြီး​နှင့် ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​တို့​သည် အသီးသီး​စစ်ရထား​စီး​၍ ယေဟု​နှင့် တွေ့ဆုံ​ရန် ထွက်သွား​ရာ ယေဇရေလ​မြို့သား​နာဗုတ်​၏​မြေကွက်​တွင် ဆုံ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 22,
      "text": "ယဟောရံ ​မင်းကြီး​သည် ယေဟု​နှင့်​တွေ့​လျှင် “​ယေဟု​၊ ငြိမ်းချမ်း​ပါ​၏​လော​”​ဟု​မေး​သော် ယေဟု​က “​မင်းကြီး​၏​မယ်တော်​ယေဇဗေလ​က ပြည့်တန်ဆာလုပ်​သော​အမှု​နှင့် မှော်အတတ်​များစွာ​ကို လိုက်စား​နေ​သရွေ့ မည်သို့​ငြိမ်းချမ်း​နိုင်​မည်နည်း​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 23,
      "text": "ထိုအခါ ယဟောရံ ​မင်းကြီး​က “အို အာခဇိ​မင်းကြီး​၊ ငါ​တို့ သစ္စာဖောက်​ခံရ​ပြီ​”​ဟု အာခဇိ​မင်းကြီး​အား​အော်ဟစ်ရင်း မိမိ​ရထား​ကို ပြန်လှည့်​ပြီး​မောင်းပြေး​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 24,
      "text": "ထိုအခါ ယေဟု​က လေး​ကို​အားကုန်​တင်​ပြီး ယဟောရံ ​မင်းကြီး​၏​လက်ပြင်​ကြား​ကို ပစ်​လိုက်​ရာ မြား​သည် သူ​၏​နှလုံး​ကို​ထုတ်ချင်းဖောက်​သွား​သဖြင့် သူ​သည် ရထား​ပေါ်၌​ပင် လဲကျ​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 25,
      "text": "ယေဟု​က​လည်း မိမိ​တပ်မှူး​ဗိဒက​အား “​သူ့​ကို မ​၍ ယေဇရေလ​မြို့သား​နာဗုတ်​၏​မြေကွက်​တွင် ပစ်ချ​လော့​။ သင်​နှင့်​အကျွန်ုပ် သူ့​ခမည်းတော်​အာဟပ်​မင်းကြီး​နောက်မှ ရထား​လိုက်​စီး​စဉ်က သူ​နှင့်​ပတ်သက်၍ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​ဤ​ဗျာဒိတ်​စကား​ကို မှတ်မိ​သလော​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 26,
      "text": "‘အကယ်စင်စစ် နာဗုတ်​နှင့် သူ့​သား​တို့ အသတ်ခံ​ခဲ့​ရ​သည်​ကို မနေ့က ငါ​မြင်​ပြီ​။ ဤ​မြေကွက်​ပေါ်တွင်​ပင် သင့်​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​’​ဟု ထာဝရဘုရား ကြွေးကြော်​ထား​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ့​ကို မ​၍ ဤ​မြေကွက်​တွင် ပစ်ချ​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 27,
      "text": "ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​သည် ထို​အဖြစ်အပျက်​ကို​မြင်​လျှင် ဗက်ဟဂ္ဂန်​လမ်း​အတိုင်း ထွက်ပြေး​၏​။ ယေဟု​က​လည်း သူ့​နောက်သို့​လိုက်​ကာ “​သူ့​ကို​လည်း ရထား​ပေါ်မှာ​ပဲ ပစ်သတ်​ပါ​”​ဟု အော်ပြော​၏​။ အာခဇိ​မင်းကြီး​အား ဣဗလံ​မြို့​အနီး ဂုရ​တောင်ကုန်း​ပေါ်တွင် လုပ်ကြံ​သော်လည်း သူ​သည် ထွက်ပြေး​၍ မေဂိဒ္ဒေါ​မြို့​သို့​ရောက်​မှ သေဆုံး​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 28,
      "text": "သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို ဂျေရုဆလင်​မြို့​သို့ ရထား​ဖြင့်​သယ်ဆောင်​သွား​ပြီး ဒါဝိဒ်​မြို့​ရှိ​သူ့​သင်္ချိုင်း​တွင် ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 29,
      "text": "အာဟပ်​မင်းကြီး​၏​သား​တော်​ယောရံ​မင်းကြီး နန်းစံ​တစ်ဆယ့်​တစ်​နှစ်​တွင် အာခဇိ​မင်းကြီး​သည် ယုဒ​ပြည်​၌ နန်းတက်​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 30,
      "text": "ယေဇရေလ​မြို့​သို့ ယေဟု​ရောက်လာ​ကြောင်း​ကို ယေဇဗေလ​ကြား​လျှင် မျက်လုံး​ကို​အရောင်ခြယ်​ပြီး ဆံကေသာ​ကို ပြင်ဆင်​ကာ ပြတင်းပေါက်​မှ ကြည့်​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 31,
      "text": "မြို့​တံခါး​ထဲသို့ ယေဟု​ဝင်လာ​သောအခါ ယေဇဗေလ​က “​ကိုယ့်​သခင်​ကို​သတ်​ခဲ့​သော ဇိမရိ​သည် ချမ်းသာ​ရာ​ရ​ပါ​၏​လော​”​ဟု မေး​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 32,
      "text": "ထိုအခါ ယေဟု​က ပြတင်းပေါက်​သို့​မော့ကြည့်​ပြီး “​မည်သူ​ရှိ​သနည်း​၊ ငါ့​ဘက်​မှာ မည်သူ​နေ​မည်နည်း​”​ဟု မေး​၏​။ ထိုအခါ မိန်းမစိုး​နှစ်​ဦး​သုံး​ဦး​က သူ့​ကို ငုံ့ကြည့်​ကြ​သဖြင့်"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 33,
      "text": "ယေဟု​က သူ​တို့​အား “​သူ့​ကို တွန်းချ​ပစ်​လိုက်​”​ဟု ဆို​၏​။ သူ​တို့​က​လည်း ယေဇဗေလ​ကို တွန်းချ​လိုက်​ရာ သူ့​သွေး​တို့​သည် နံရံ​များ​၊ မြင်း​များ​ပေါ်သို့ စဉ်သွား​လေ​၏​။ ယေဟု​လည်း သူ့​ကို​တက်နင်း​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 34,
      "text": "ယေဟု​သည် အထဲသို့​ဝင်​၍​စား​သောက်​ပြီးမှ “​ကျိန်စာသင့်​သော​ဤ​မိန်းမ​သည် ဘုရင့်​သမီး​တော်​ဖြစ်​သောကြောင့် ကြည့်​ပြီး​သင်္ဂြိုဟ်​လိုက်​ကြ​ပါ”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 35,
      "text": "ယေဇဗေလ​ကို သင်္ဂြိုဟ်​ဖို့​သွား​ကြ​သောအခါ ဦးခေါင်းခွံ​၊ ခြေထောက်​၊ လက်ဖဝါး​တို့​မှလွဲ၍ အခြား​ဘာမျှ​မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 36,
      "text": "ထို​သူ​တို့ ပြန်လာ​ပြီး ယေဟု​အား ပြောပြ​ကြ​လျှင် ယေဟု​က “​ဤသည်ကား ထာဝရဘုရား​က မိမိ​အစေအပါး တိရှဘိ​မြို့သား ဧလိယ​အား ‘​ယေဇရေလ​မြေကွက်​တွင် ယေဇဗေလ​၏​အသား​ကို ခွေး​တို့ စား​ကြ​လိမ့်မည်​။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 37,
      "text": "ယေဇဗေလ​၏​အလောင်း​သည် ယေဇရေလ​ပိုင်​မြေကွက်​ပေါ်တွင် နောက်ချေးပုံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​သူ​မှာ ယေဇဗေလ​ဖြစ်​သည်​ဟု ပြော​၍​မ​ရ​အောင်​ပင် ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည့်​စကား အတိုင်း​ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 1,
      "text": "ရှမာရိ​မြို့​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​အပါး​ခုနစ်ဆယ် ရှိ​၏​။ ယေဟု​သည် ရှမာရိ​မြို့​ရှိ ယေဇရေလ​မြို့​အကြီးအကဲ​များ​၊ သက်ကြီးဝါကြီး​များ​နှင့် အာဟပ်​မင်းကြီး​၏​သား​တော်​တို့​ကို​အုပ်ထိန်း​သော​သူ​များ​ထံသို့ စာ​ရေးသား​ပေးပို့​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 2,
      "text": "စာ​ထဲ၌ “​သင်​တို့​လက်​ထဲတွင် သင်​တို့​သခင်​၏​သား​တော်​များ​၊ စစ်ရထား​များ​၊ မြင်း​များ​၊ ခံတပ်​မြို့​များ​၊ လက်နက်​များ ရှိ​နေ​သည်​ဖြစ်၍ သင်​တို့​ထံသို့ ဤ​စာ​ရောက်​သည်​နှင့်"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 3,
      "text": "သင်​တို့​သခင်​၏​သား​များ​ထဲမှ ကောင်းမွန်​သင့်တော်​သော​သူ​ကို ရွေးချယ်​ပြီး ခမည်းတော်​၏​ရာဇပလ္လင်​တွင် စံမြန်း​စေ​လော့​။ သင်​တို့​သခင်​၏​မင်းမျိုးမင်းနွယ်​အဖို့ စစ်တိုက်​ကြ​လော့​”​ဟု ရေးထား​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 4,
      "text": "ထိုအခါ သူ​တို့​သည် အလွန်​ထိတ်လန့်​ကြောက်ရွံ့​ကြ​လျက် “​ရှင်ဘုရင်​နှစ်​ပါး​ပင်လျှင် သူ့​ကို မ​ခုခံ​နိုင်​။ အကျွန်ုပ်​တို့​လည်း သူ့​ကို မည်သို့​ခုခံ​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 5,
      "text": "ထို့ကြောင့် နန်းတော်အုပ်​၊ မြို့အုပ်​၊ သက်ကြီးဝါကြီး​များ​နှင့် အထိန်းတော်​များ​က ယေဟု​ထံသို့ လူ​လွှတ်​ကာ “​အကျွန်ုပ်​တို့​သည် အရှင့်​အစေအပါး​များ ဖြစ်​ကြ​ပါ​၏​။ အရှင်​မိန့်​တော်မူ​သမျှ အကျွန်ုပ်​တို့ ပြု​ပါ​မည်​။ မည်သူ့​ကို​မျှ မင်း​မ​မြှောက်​ပါ​။ အရှင်​အလိုရှိ​သည့်​အတိုင်း​သာ ပြု​ပါ​”​ဟု အကြောင်းပြန်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 6,
      "text": "ယေဟု​က​လည်း သူ​တို့​ထံ ဒုတိယအကြိမ်​စာ​ရေး​လိုက်​ပြန်​၏​။ စာ​ထဲ၌ “​သင်​တို့​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ့​ဘက်​၌​နေ​မည်​ဆို​လျှင် သင်​တို့​သခင်​၏​သား​များ​၏​ခေါင်း​ကို​ဖြတ်​ပြီး မနက်ဖြန်​ဤသို့​သော​အချိန်​၌ ငါ​ရှိ​ရာ​ယေဇရေလ​မြို့​သို့ ယူဆောင်​လာ​ကြ​လော့​”​ဟု ရေးထား​၏​။ ဘုရင့်​သား​တော်​အပါး​ခုနစ်ဆယ်​တို့​သည် အထိန်းတော်​များ​ဖြစ်​သော​မြို့မိမြို့ဖ​များ​နှင့်အတူ ရှိ​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 7,
      "text": "သူ​တို့​ထံ​စာ​ရောက်လာ​သောအခါ သူ​တို့​သည် ဘုရင့်​သား​တော်​အပါး​ခုနစ်ဆယ်​ကို ခေါ်ဆောင်​သွား​ပြီး သတ်ဖြတ်​ကာ ဦးခေါင်း​များ​ကို ခြင်းတောင်း​ထဲတွင်​ထည့်​၍ ယေဇရေလ​မြို့​ရှိ ယေဟု​ထံသို့ ပို့လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 8,
      "text": "တမန်​သည် ရောက်လာ​၍ ယေဟု​အား “​ဘုရင့်​သား​တော်​တို့​၏​ဦးခေါင်း​များ​ကို ယူဆောင်​လာ​ကြ​ပါ​ပြီ​”​ဟု ဆို​လျှင် ယေဟု​က “​နှစ်​ပုံ​ခွဲ​ပြီး နံနက်​တိုင်အောင် မြို့​တံခါးဝ​တွင် ပုံ​ထား​ပါ​”​ဟု အမိန့်ပေး​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 9,
      "text": "နံနက်​ရောက်​သော် ယေဟု​သည် ထွက်လာ​ပြီး မြို့တံခါးဝ​၌​ရပ်​လျက် လူ​အပေါင်း​တို့​အား “​သင်​တို့ ဖြောင့်မတ်​ကြ​ပါ​ပေ​၏​။ ငါ​မူကား ငါ့​သခင်​ကို လုပ်ကြံ​သတ်ဖြတ်​ခဲ့​၏​။ ဤ​သူ​အားလုံး​ကို​ကား မည်သူ​သတ်​သနည်း​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 10,
      "text": "အာဟပ်​မင်းမျိုးမင်းနွယ်​နှင့်​ပတ်သက်၍ ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သော​စကား​သည် မြေ​ပေါ်​ကျ​၍​အလဟဿ​မ​ဖြစ်​ရ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ဧလိယ​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း ပြု​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 11,
      "text": "ယေဟု​သည် ယေဇရေလ​မြို့​တွင် ကြွင်းကျန်​သော​အာဟပ်​မင်းမျိုးမင်းနွယ်​များ​၊ အကြီးအကဲ​များ​၊ အသိအကျွမ်း​များ​မှစ၍ ယဇ်ပုရောဟိတ်​များ​ပါမကျန် အသက်ရှင်​ခွင့်​မ​ပေး​ဘဲ အားလုံး​ကို ကွပ်မျက်​ပစ်​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 12,
      "text": "ထို့နောက် ယေဟု​သည် ရှမာရိ​မြို့​သို့ ထ​၍​ထွက်သွား​ရာ လမ်း​တွင် ဗက်အက်ကက်အရပ်​သို့ ရောက်​လျှင်"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 13,
      "text": "ယုဒ​ဘုရင်​အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​များ​နှင့် ဆုံ​သဖြင့် ယေဟု​က “​သင်​တို့​သည် မည်သူ​များ​နည်း​”​ဟု မေး​လျှင် သူ​တို့​က “​အကျွန်ုပ်​တို့​သည် အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​များ ဖြစ်​ပါ​၏​။ ရှင်ဘုရင်​၏​သား​တော်​များ​၊ မယ်တော်​မိဖုရား​၏​သား​တော်​များ​ကို နှုတ်ဆက်​ရန် လာ​ကြ​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 14,
      "text": "ထိုအခါ ယေဟု​က “​သူ​တို့​ကို အရှင်​ဖမ်း​ကြ​”​ဟု အမိန့်ပေး​၍ သူ​တို့​ကို​အရှင်​ဖမ်း​ပြီး ဗက်အက်ကက်အရပ်​ရှိ​ရေတွင်း​နား​တွင် လူ​လေးဆယ့်​နှစ်​ယောက်​ကို တစ်ယောက်မကျန် သတ်​ပစ်​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 15,
      "text": "ထို့နောက် ထို​နေရာ​မှ​ဆက်လက်​ထွက်ခွာ​လာ​၍ သူ့​ကို​လာရောက်​ကြိုဆို​သော ရေခပ်​၏​သား​ယောနဒပ်​နှင့် တွေ့ဆုံ​နှုတ်ဆက်​လျက် “​သင်​သည် ငါ​နှင့်​စိတ်သဘောထားချင်း​တူ​ပါ​သလော​”​ဟု​မေး​လျှင် ယောနဒပ်​က “​တူ​ပါ​၏”​ဟု​ပြန်ဖြေ​ရာ ယေဟု​က “​သို့ဖြစ်လျှင် သင့်​လက်​ကို ကမ်းပေး​လော့​”​ဟု ဆို​၏​။ ယောနဒပ် လက်​ကမ်းပေး​လျှင် ယေဟု​သည် သူ့​ကို ရထား​ပေါ်သို့ ဆွဲတင်​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 16,
      "text": "ထို့နောက် သူ​က “​ထာဝရဘုရား​အဖို့ ငါ မည်မျှ​စိတ်အားကြီး​သည်​ကို ငါ​နှင့်​လိုက်​၍​ကြည့်​ပါ​”​ဟု ဆို​၍ မိမိ​၏​စစ်ရထား​တွင် လိုက်ပါစီးနင်း​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 17,
      "text": "ယေဟု​သည် ရှမာရိ​မြို့​သို့​ရောက်လာ​သောအခါ ထာဝရဘုရား​သည် ဧလိယ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​တော်​အတိုင်း ရှမာရိ​မြို့​၌ အာဟပ်​အမျိုး​ကြွင်းကျန်​သမျှ​ကို အကုန်​ပျက်စီး​သည်​အထိ သတ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 18,
      "text": "ထို့နောက် ယေဟု​သည် လူ​အပေါင်း​တို့​ကို စုရုံး​ပြီး “​အာဟပ်​မင်းကြီး​သည် ဗာလ​ဘုရား​ကို ပေါ့ပေါ့​သာ ဝတ်ပြု​၏​။ ယေဟု​မူကား အလေးအနက်​ဝတ်ပြု​မည်​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 19,
      "text": "သို့ဖြစ်၍ ဗာလ​ဘုရား​၏​ပရောဖက်​အားလုံး​၊ ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​အားလုံး​၊ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​အားလုံး တစ်ယောက်​မျှ​မ​ကျန် ခေါ်​ခဲ့​လော့​။ အကြောင်းမှာ ငါ​သည် ဗာလ​ဘုရား​အဖို့ ယဇ်ပူဇော်ပွဲ​ကြီး​ကို ကျင်းပ​မည်​။ မလာရောက်​သူ​များ အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ စင်စစ် ယေဟု​သည် ဗာလ​ဘုရား​အား ဝတ်ပြု​သူ​များ​ကို​သုတ်သင်​ပစ်​ရန် ပရိယာယ်​ဆင်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 20,
      "text": "ထို့နောက် ယေဟု​က “​ဗာလ​ဘုရား​အဖို့ ဓမ္မစည်းဝေးပွဲ​ကို ပြင်ဆင်​ကြ​လော့​”​ဟု အမိန့်ပေး​သည့်​အတိုင်း ထုတ်ပြန်​ကြေညာ​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 21,
      "text": "ယေဟု​သည် အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ လူ​ကို​စေလွှတ်​၍​ကြေညာ​စေ​သဖြင့် ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​အားလုံး တစ်​ယောက်​မ​ကျန်​ရောက်လာ​ကြ​၍ ဗာလ​ဝတ်ကျောင်း​တစ်ခုလုံး ထိပ်ဆုံး​မှ​နောက်ဆုံး​အထိ လူ​တို့​ဖြင့်​ပြည့်လျှံ​နေ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 22,
      "text": "ယေဟု​က​လည်း ဝတ်လုံတိုက်မှူး​အား “​ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​တို့​အဖို့ ဝတ်လုံ​များ​ကို ထုတ်ယူ​ခဲ့​လော့​”​ဟု အမိန့်ပေး​သဖြင့် သူ​သည် လူ​တို့​အတွက် ဝတ်လုံ​များ​ကို ထုတ်ပေး​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 23,
      "text": "ထို့နောက် ယေဟု​နှင့် ရေခပ်​၏​သား​ယောနဒပ်​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​ထဲသို့​ဝင်သွား​၍ ဗာလ​ဘုရား​ကို​ဝတ်ပြု​သူ​တို့​အား “​ဤ​နေရာ​တွင် ထာဝရဘုရား​ကို ဝတ်ပြုသူ​တို့​မ​ပါ​ဘဲ ဗာလ​ဘုရား​ကို ဝတ်ပြု​သူ​များ​သာ​ရှိ​စေရန် ကိုယ့်​အနီးအနား​ကို စစ်ဆေး​ကြည့်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 24,
      "text": "ထို့နောက် သူ​တို့​သည် ယဇ်ကောင်​များ​ကို မီးရှို့​ပူဇော်​ရန် အထဲ​သို့​ဝင်သွား​ကြ​၏​။ ယေဟု​သည် အပြင်ဘက်​တွင် လူ​အယောက်​ရှစ်ဆယ်​ကို နေရာ​ချထား​ပြီး “​သင်​တို့​လက်​သို့ ငါ​အပ်​လိုက်​သော​သူ​တစ်စုံတစ်ဦး ထွက်ပြေး​လွတ်မြောက်​သွား​ခဲ့​လျှင် ထို​သူ​၏​အသက်​အစား ကိုယ့်​အသက်​ကို ပြန်ပေး​ရ​မည်​”​ဟု မိန့်မှာ​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 25,
      "text": "မီးရှို့ရာယဇ်​ပူဇော်​ပြီး​သည်​နှင့် ယေဟု​က အစောင့်​တပ်သား​များ​နှင့် တပ်မှူး​တို့​အား “​ဝင်​ပြီး သတ်​ကြ​။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​”​ဟု အမိန့်ပေး​လိုက်​ရာ သူ​တို့​သည် ဓား​ဖြင့် ဝင်ရောက်သတ်ဖြတ်​ကြ​၏​။ အစောင့်တပ်သား​များ​နှင့် တပ်မှူး​တို့​သည် အလောင်း​များ​ကို ပစ်ထား​ခဲ့​ပြီး ဗာလ​ဘုရား​ဝတ်ကျောင်း​၏​အတွင်းခန်း​ထဲသို့ ဝင်သွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 26,
      "text": "ထို့နောက် ဗာလ​ဘုရား​ဝတ်ကျောင်း​ထဲရှိ ကျောက်တိုင်​များ​ကို အပြင်​သို့​ထုတ်​ပြီး မီးရှို့​ပစ်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 27,
      "text": "ဗာလ​ကျောက်တိုင်​ကို ဖြိုဖျက်​ပစ်​ပြီး ဗာလ​ဝတ်ကျောင်း​ကို​လည်း ဖြိုဖျက်​ကာ ထို​နေရာ​ကို အလေးအပေါ့​စွန့်​ရာ​နေရာ​အဖြစ် ယနေ့​တိုင် ထားရှိ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 28,
      "text": "ဤသို့ဖြင့် ယေဟု​သည် ဗာလ​ဘုရား​ကို အစ္စရေး​ပြည်​ထဲမှ ဖယ်ရှား​ပစ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 29,
      "text": "သို့သော် ယေဟု​သည် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား ယေရောဗောင်​ပြု​သော​အပြစ်​တည်းဟူသော ဗေသလ​မြို့​နှင့် ဒန်​မြို့​ရှိ နွားသငယ်ရုပ်​တို့​ကို မ​စွန့်​ဘဲ​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 30,
      "text": "ထာဝရဘုရား​က ယေဟု​အား “​သင်​သည် ငါ့​ရှေ့​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြု​လေ​ပြီ​။ အာဟပ်​မင်းမျိုးမင်းနွယ်​ကို ငါ​ပြု​စေ​လို​သည့်​အတိုင်း သင်​ပြု​သောကြောင့် သင်​၏​သားစဉ်မြေးဆက်​လေး​ဆက်​တိုင်တိုင် အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 31,
      "text": "သို့သော် ယေဟု​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​ပညတ်တရား​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​လို​စိတ်​မ​ရှိ​။ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော ယေရောဗောင်​၏​အပြစ်​များ​ကို မ​စွန့်​ဘဲ​နေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 32,
      "text": "ထို​ကာလ​တွင် ထာဝရဘုရား​သည် အစ္စရေး​ပြည်​ကို စတင်​ကျဉ်းမြောင်း​စေ​တော်မူ​၏​။ ဟာဇေလ​မင်းကြီး​သည် အစ္စရေး​ပြည်​၏​နယ်နိမိတ်​တစ်လျှောက်လုံး​ဖြစ်​သော"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 33,
      "text": "ဂျော်ဒန်​မြစ်​အရှေ့ဘက် ဂဒ်​အမျိုး​၊ ရုဗင်​အမျိုး​၊ မနာရှေ​အမျိုး​တို့​ပိုင်​သော ဂိလဒ်​ပြည်​တစ်လျှောက်လုံး​၊ အာနုန်​ချောင်း​နား​ရှိ အာရော်​မြို့​မှစ၍ ဂိလဒ်​ပြည်​၊ ဗာရှန်​ပြည်​အထိ တိုက်ခိုက်သိမ်းပိုက်​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 34,
      "text": "ကျန်ရှိ​နေ​သော ယေဟု​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အမှု​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 35,
      "text": "ယေဟု​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ရှမာရိ​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောခတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 36,
      "text": "ယေဟု​မင်းကြီး​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို နှစ်ဆယ့်​ရှစ်​နှစ်​တိုင်တိုင် အုပ်စိုး​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 1,
      "text": "အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 2,
      "text": "သို့သော် အာခဇိ​မင်းကြီး​၏​နှမ​ဖြစ်​သူ ယောရံ ​မင်းကြီး​၏​သမီး​တော်​ယောရှေဘ​က အာခဇိ​မင်းကြီး​၏​သား​တော်​ယောရှ​ကို အသတ်​ခံရ​မည့်​ဘုရင့်​သား​တော်​များ​ထဲ​မှ ခိုး​ယူ​၍ အထိန်း​တော်​နှင့်အတူ အတွင်းခန်း​ထဲတွင်​ဝှက်ထား​သဖြင့် အာသလိ​ရန်​မှ​ကင်း​၍ အသတ်​မ​ခံရ​တော့​ပေ​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 3,
      "text": "တိုင်းပြည်​ကို အာသလိ​ဘုရင်မ အုပ်စိုး​စဉ် ယောရှ​သည် အထိန်းတော်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​တွင် ခြောက်​နှစ်​ပတ်လုံး ပုန်းရှောင်​နေ​ခဲ့​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 4,
      "text": "ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် ကိုယ်ရံတော် ​တပ်​နှင့် အစောင့်တပ်​တို့​၏​ရာ​တပ်မှူး​များ​ကို လူ​လွှတ်​ခေါ်​၍ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရောက်လာ​လျှင် ထာဝရဘုရား​၏​အိမ်​တော်​တွင်ပင် သူ​တို့​နှင့် ကတိသစ္စာ​ပြု​၍ ကျိန်ဆို​စေ​ပြီးမှ ဘုရင့်​သား​တော်​ကို ထုတ်ပြ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 5,
      "text": "ထို့နောက် သူ​တို့​အား “​သင်​တို့ ဤသို့​ပြု​ရ​မည်​။ ဥပုသ်နေ့​တွင် တာဝန်ကျ​သော​သူ​တို့​ကို သုံး​စု​ခွဲ​ပြီး တစ်စု​သည် ဘုရင့်​နန်းတော်​ကို စောင့်ကြပ်​ရ​မည်​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 6,
      "text": "နောက်တစ်စု​သည် သုရ​တံခါး​ကို စောင့်ကြပ်​ရ​မည်​။ နောက်တစ်စု​သည် ဘုရင့်​ကိုယ်ရံတော်​တို့​၏​အနောက်ဘက်​ရှိ​တံခါး​ကို စောင့်ကြပ်​ရ​မည်​။ ဤနည်းဖြင့် အိမ်​တော်​ကို စောင့်ကြပ်​ကြ​ရ​မည်​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 7,
      "text": "ဥပုသ်နေ့​တွင် တာဝန်မကျ​သော​သူ​နှစ်စု​သည် ရှင်ဘုရင်​ကို​ကာကွယ်​ရန် ထာဝရဘုရား​၏​အိမ်​တော်​ကို အထူး​စောင့်ကြပ်​ရ​မည်​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 8,
      "text": "သင်​တို့​တစ်ဦးချင်းစီ​သည် လက်နက်​ကို​ကိုင်ဆောင်​ထား​ပြီး ရှင်ဘုရင်​ကို ဝိုင်းရံ​ထား​ရ​မည်​။ စောင့်ကြပ်​သော​နေရာ​သို့ ရောက်လာ​သူ​တိုင်း​ကို သုတ်သင်​ပစ်​ရ​မည်​။ ရှင်ဘုရင်​သွား​လာ​လေရာရာ​သို့ သင်​တို့​လိုက်ပါစောင့်ရှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 9,
      "text": "ရာတပ်မှူး​တို့​သည် ယဇ်ပုရောဟိတ်​ယောယဒ မှာကြား​သည့်​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​သည် ဥပုသ်နေ့​တွင် တာဝန်ကျ​သော​ကိုယ့်​လူ​နှင့် တာဝန်မကျ​သော​ကိုယ့်​လူ​တို့​ကို​ခေါ်​၍ ယဇ်ပုရောဟိတ်​ယောယဒ​ထံသို့ လာ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော ဒါဝိဒ်​မင်းကြီး​၏​လှံ​များ​၊ ဒိုင်းလွှား​များ​ကို ရာတပ်မှူး​တို့​အား ပေးအပ်​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 11,
      "text": "အစောင့်တပ်သား​တို့​သည် လက်နက်​ကိုယ်စီ​ကိုင်​လျက် အိမ်​တော်​တောင်ဘက်​ထောင့်​မှ မြောက်ဘက်​ထောင့်​အထိ​၊ ယဇ်ပလ္လင်​အနား​၊ အိမ်​တော်​အနား​တို့​၌ နေရာယူ​လျက် ရှင်ဘုရင်​ကို ခြံရံ​ပေး​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 12,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​သည် ဘုရင့်​သား​တော်​ကို ထုတ်ဆောင်​လာ​၍ သရဖူ​နှင့်တကွ ကတိဝန်ခံလွှာ​ကို အပ်နှင်း​၏​။ လူ​တို့​သည်​လည်း သူ့​အား ဘိသိက်ပေး​မင်းမြှောက်​လိုက်​ကြ​၏​။ သူ​တို့​သည် လက်ခုပ်ဩဘာ​ပေး​လျက် “​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 13,
      "text": "အာသလိ​ဘုရင်မ​သည် အစောင့်တပ်သား​များ​နှင့်​လူ​တို့ ကြွေးကြော်သံ​ကို​ကြား​လျှင် လူ​တို့​စုဝေး​ရာ ထာဝရဘုရား​၏​အိမ်​တော်​သို့ လာ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 14,
      "text": "ရှင်ဘုရင်​သည် အစဉ်အလာ​အတိုင်း တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​က ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်ပျော်ရွှင်​စွာ​တံပိုးခရာ​မှုတ်​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 15,
      "text": "ယဇ်ပုရောဟိတ်​ယောယဒ​က စစ်သည်​တို့​ကို အုပ်ချုပ်​ရ​သော​ရာတပ်မှူး​များ​အား “​သူ့​ကို စောင့်ကြပ်​ထား​သော​နေရာ​မှ ဆွဲထုတ်​လိုက်​ပြီး သူ့​နောက်လိုက်​တို့​ကို​လည်း ဓား​နှင့်​ကွပ်မျက်​လိုက်​ကြ​”​ဟု အမိန့်ပေး​လိုက်​၏​။ ယဇ်ပုရောဟိတ်​က “​သူ့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် မ​သတ်​ကြ​နှင့်​”​ဟု မှာထား​သဖြင့်"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 16,
      "text": "သူ့​ကို​ဖမ်းချုပ်ခေါ်ဆောင်​သွား​ပြီး ဘုရင့်​နန်းတွင်း မြင်း​ဝင်ရာ​တံခါးဝ​သို့​ရောက်​သောအခါ သူ့​ကို ကွပ်မျက်​လိုက်​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 17,
      "text": "ထို့နောက် ယောယဒ​သည် ရှင်ဘုရင်​နှင့် ပြည်သူပြည်သား​တို့​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အဖြစ် တည်​နေ​စေရန် သူ​တို့​ကို ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​စေ​၏​။ ထို့အတူ ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​တို့​ကို​လည်း အချင်းချင်း​ကတိသစ္စာ​ပြု​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 18,
      "text": "ထို့နောက် ပြည်သူပြည်သား​အပေါင်း​တို့​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ ထို​ဝတ်ကျောင်း​ကို​ဖြိုဖျက်​ပစ်​ပြီး ယဇ်ပလ္လင်​များ​၊ ရုပ်တု​များ​ကို အကုန်အစင်​ချိုးဖျက်​ပစ်​ကြ​၏​။ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​မဿန်​ကို​လည်း ယဇ်ပလ္လင်​ရှေ့​တွင် ကွပ်မျက်​လိုက်​ကြ​၏​။ ယောယဒ​သည် ထာဝရဘုရား​၏​အိမ်​တော်​တွင် အစောင့်​များ​ကို ချထား​ပြီးလျှင်"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 19,
      "text": "ရာတပ်မှူး​များ​၊ ကိုယ်ရံတော် ​များ​၊ အစောင့်တပ်သား​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆင့်ခေါ်​၍ ရှင်ဘုရင်​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ခေါ်ထုတ်​လာ​ကာ ကင်းစောင့်တံခါး​ရှိ​ရာ​လမ်း​အတိုင်း ဘုရင့်​နန်းတော်​သို့ ကြွချီ​စေ​သဖြင့် ရှင်ဘုရင်​သည် ရာဇပလ္လင်​ပေါ်တွင် စံမြန်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 20,
      "text": "ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း ဝမ်းမြောက်ပျော်ရွှင်​ကြ​၏​။ အာသလိ​ဘုရင်မ​ကို ဘုရင့်​နန်းတော်​တွင် ဓား​နှင့်​ကွပ်မျက်​လိုက်​ပြီ​ဖြစ်​၍ တစ်မြို့လုံး​ငြိမ်းချမ်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 21,
      "text": "ယဟောရှ ​နန်းတက်​သောအခါ သက်တော်​ခုနစ်​နှစ်​သာ ရှိ​သေး​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 1,
      "text": "ယေဟု​မင်းကြီး​နန်းတက်​ပြီး ခုနစ်​နှစ်​အကြာ​တွင် ယဟောရှ ​နန်းတက်​၍ ဂျေရုဆလင်​မြို့​တွင် အနှစ်​လေးဆယ် စိုးစံ​၏​။ မယ်တော်​ကား ဗေရရှေဘ​မြို့သူ ဇိဗိ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 2,
      "text": "ယဟောရှ ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​သွန်သင်​သည့်​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 3,
      "text": "သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​သဖြင့် လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​တွင် ယဇ်ပူဇော်​ခြင်း​၊ နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​တို့​ကို ပြု​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 4,
      "text": "ယဟောရှ ​မင်းကြီး​က ယဇ်ပုရောဟိတ်​တို့​အား “​စာရင်းဝင်သူ​တိုင်း​ပေး​ရ​မည့်​အလှူ​ငွေ​၊ လူ​တစ်ဦးစီ​၏​တန်ဖိုးဖြတ်​ငွေ​၊ စေတနာ​အလျောက် ထာဝရဘုရား​၏​အိမ်​တော်​သို့ လာရောက်​လှူဒါန်း​သည့်​ငွေ​စသည့် ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​သည့်​သန့်ရှင်း​သော​အလှူငွေ​အားလုံး​ကို"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 5,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ကိုယ်​နှင့်​ရင်းနှီးသူ​များ​ထံမှ လက်ခံယူ​ပြီး အိမ်​တော်​ပျက်စီး​သည်​ကို​တွေ့​လျှင် ထို​အပျက်အစီး​များ​ကို ပြုပြင်​စေ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 6,
      "text": "သို့သော် ယဇ်ပုရောဟိတ်​တို့​သည် ယဟောရှ ​မင်းကြီး​နန်းစံ နှစ်ဆယ့်​သုံး​နှစ်​တိုင်အောင် အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ကြ​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 7,
      "text": "ထို့ကြောင့် ယဟောရှ ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​နှင့် အခြား​ယဇ်ပုရောဟိတ်​တို့​ကို ဆင့်ခေါ်​၍ “​အိမ်​တော်​အပျက်အစီး​များ​ကို အဘယ်ကြောင့် မ​ပြုပြင်​ကြ​သနည်း​။ ယခု ကိုယ်​နှင့်​ရင်းနှီးသူ​တို့​ထံမှ ငွေ​ကို​မ​ယူ​ဘဲ အိမ်​တော်​အပျက်အစီး​ကို​ပြုပြင်​ရန်​အတွက် ကိုယ့်​ငွေ​ကို ပေးအပ်​ကြ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 8,
      "text": "ယဇ်ပုရောဟိတ်​တို့​က​လည်း လူ​တို့​ထံမှ​ငွေ​ကို နောက်ထပ်​မ​ကောက်ယူ​ပါ​၊ အိမ်​တော်​အပျက်အစီး​များ​ကို မ​ပြုပြင်​ပါ​ဟု သဘောတူ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 9,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​ယောယဒ​သည် သေတ္တာ​တစ်​လုံး​ကို ယူ​၍ အဖုံး​တွင်​အပေါက်​ဖောက်​ထား​ပြီး ထာဝရဘုရား​အိမ်​တော်​သို့​ဝင်​ရာ​လမ်း​၏​ညာဘက် ယဇ်ပလ္လင်​အနား​တွင် ထား​၏​။ တံခါးစောင့်​ယဇ်ပုရောဟိတ်​တို့​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​သော​ငွေ​အားလုံး​ကို ထို​သေတ္တာ​ထဲသို့ ထည့်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 10,
      "text": "ထို​သေတ္တာ​ထဲတွင် ငွေ​အမြောက်အမြား​ရှိ​လာ​သည်​ကို မြင်​လျှင် ဘုရင့်​စာရေးတော်ကြီး​နှင့် ယဇ်ပုရောဟိတ်​မင်း​တို့​သည် လာ​၍ ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ငွေ​များ​ကို အိတ်​ထဲ​ထည့်​ပြီး ရေတွက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 11,
      "text": "ထို့နောက် ရေတွက်​ပြီး​သော​ထို​ငွေ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ခန့်ထား​သော​အလုပ်ကြီးကြပ်သူ​တို့​လက်​သို့ အပ်​၏​။ အလုပ်ကြီးကြပ်သူ​တို့​လည်း ထို​ငွေ​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် အလုပ်လုပ်​သော လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​၊"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 12,
      "text": "ပန်းရန်သမား​များ​၊ ကျောက်ဆစ်သမား​များ​ကို ပေး​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အပျက်အစီး​များ​ကို ပြုပြင်​ရာ​၌​လိုအပ်​သော ဆစ်ပြီးသားကျောက်​များ​၊ သစ်သား​များ​ကို ထို​ငွေ​ဖြင့် ဝယ်ယူ​၏​။ အိမ်​တော်​ပြုပြင်​ရာ​တွင် အခြား​ကုန်ကျစရိတ်​အားလုံး​အတွက် အသုံးပြု​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 13,
      "text": "သို့သော် ထာဝရဘုရား​၏​အိမ်​တော်​အတွက် ငွေ​ဇလုံ​များ​၊ မီးညှပ်​များ​၊ အင်တုံ​များ​၊ တံပိုးခရာ​များ​၊ ရွှေထည်​ငွေထည်​ပစ္စည်း​များ စသည်​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့​ယူဆောင်​လာ​သော​ငွေ​များ​ဖြင့် မ​ပြုလုပ်​ပေ​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 14,
      "text": "ထို​ငွေ​များ​သည် အလုပ်​လုပ်​သူ​များ​ကို ပေး​ရန်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ဖို့​ရန်​အတွက်​သာ ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 15,
      "text": "အလုပ်​လုပ်​သူ​တို့​ကို ပေး​ရန် ငွေ​လက်ခံယူ​သော​သူ​တို့​သည် သစ္စာရှိ​စွာ​လုပ်ဆောင်​ကြ​သောကြောင့် စာရင်းရေးမှတ်​ပြုစု​ရန်​မ​လို​ပေ​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 16,
      "text": "အပြစ်ဒဏ်ဖြေရာယဇ်​၊ အပြစ်ဖြေရာယဇ်​တို့​မှ​ရ​သော​ငွေ​များ​မှာ ယဇ်ပုရောဟိတ်​တို့​အတွက်​သာ​ဖြစ်​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​သွင်း​ကြ​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 17,
      "text": "ထို​ကာလ​တွင် ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​သည် ဂါသ​မြို့​ကို ချီတက်​တိုက်ခိုက်​သိမ်းပိုက်​၏​။ ထို့နောက်မှ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ဆက်လက်​ချီတက်​ရန် ဦးတည်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 18,
      "text": "ထိုအခါ ယုဒ​ဘုရင်​ယဟောရှ ​မင်းကြီး​သည် ဘိုးဘေး​များ​ဖြစ်​သော ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၊ ယဟောရံ​မင်းကြီး​၊ အာခဇိ​မင်းကြီး​တို့ ဆက်ကပ်​ခဲ့​သော​သန့်ရှင်း​သော​အလှူ​များ​နှင့် သူ​ကိုယ်တိုင်​လှူ​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​များ​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​တွင်​ရှိ​သော ရွှေ​အားလုံး​ကို ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ထံ ပို့လိုက်​၏​။ ထိုအခါ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​မှ ပြန်လည်​ဆုတ်ခွာ​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 19,
      "text": "ကျန်ရှိ​နေ​သော ယောရှ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 20,
      "text": "ယောရှ​မင်းကြီး​အမှုထမ်း​တို့​သည် ထကြွပုန်ကန်​ဖို့ လျှို့ဝှက်ကြံစည်​ပြီး သိလ​အရပ်​သို့​သွား​ရာ​လမ်း​ရှိ ဗက်မိလ္လော​စံအိမ်​တွင် သူ့​ကို လုပ်ကြံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 21,
      "text": "သူ​၏​အမှုထမ်း​များ​ဖြစ်​သော ရှိမတ်​၏​သား​ယောဇကာ​နှင့် ရှောမာ​၏​သား​ယဟောဇဗဒ်​တို့​က​ပင် သူ့​ကို​လုပ်ကြံ​လိုက်​ခြင်း​ဖြစ်​၏​။ သူ​သည် အနိစ္စရောက်​၍ ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 1,
      "text": "အာခဇိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှ​မင်းကြီး နန်းစံ​နှစ်ဆယ့်​သုံး​နှစ်​တွင် ယေဟု​မင်းကြီး​၏​သား​တော် ယောခတ်​သည် အစ္စရေး​ပြည်​၌​နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​တစ်ဆယ့်​ခုနစ်​နှစ် စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​များ​ကို ပြု​၏​။ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော​နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး ပြု​သော​အပြစ်​တို့​ကို မ​လွှဲ​မ​ရှောင်​ဘဲ ထို​အပြစ်​တို့​နောက်သို့​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 3,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အမျက်ထွက်​၍ ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​လက်ထက်​မှစ၍ ဟာဇေလ​မင်းကြီး​၏​သား​တော် ဗင်္ဟာဒဒ်​၏​လက်ထက်​တစ်လျှောက်လုံး သူ​တို့​၏​လက်အောက်ခံ ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 4,
      "text": "ထိုအခါ ယောခတ်​မင်းကြီး​သည် ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​အား ဆီးရီးယား​ဘုရင်​ဖိနှိပ်​ညှဉ်းဆဲ​သည်​ကို ထာဝရဘုရား မြင်​တော်မူ​သဖြင့် သူ​၏​တောင်းပန်သံ​ကို နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 5,
      "text": "အစ္စရေး​လူမျိုး​တို့​အား ကယ်တင်​ပေး​မည့်​သူ​တစ်ဦး​ကို ထာဝရဘုရား ပေါ်ထွန်း​စေ​တော်မူ​သဖြင့် အစ္စရေး​အမျိုးသား​တို့​သည် ဆီးရီးယား​လူမျိုး​လက်​မှ လွတ်မြောက်​၍ ယခင်က​ကဲ့သို့ပင် မိမိ​တို့​အိမ်​တွင် ပြန်လည်​နေထိုင်​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 6,
      "text": "သို့သော် သူ​တို့​သည် အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သည့် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ပြု​သော​အပြစ်​မျိုး​ကို မ​လွှဲ​မ​ရှောင်​ဘဲ လိုက်​၍​ပြုကျင့်​ကြ​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​သည်​လည်း ရှမာရိ​မြို့​တွင် စိုက်ထူ​လျက်ပင်​ရှိ​နေ​သေး​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 7,
      "text": "ဆီးရီးယား​ဘုရင်​က အစ္စရေး​စစ်တပ်​ကို ဖျက်ဆီး​ပစ်​၍ ကောက်နယ်တလင်း​ရှိ​အမှုန့်​ကဲ့သို့ ဖြစ်စေ​သောကြောင့် ယောခတ်​မင်းကြီး​တွင် မြင်းတပ်သား​အယောက်​ငါးဆယ်​၊ စစ်ရထား ဆယ်​စီး​၊ ခြေလျင်တပ်သား​အယောက်​တစ်သောင်း​မှလွဲ၍ စစ်တပ်​ဟူ၍​ပင် မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 8,
      "text": "ကျန်ရှိ​နေ​သော ယောခတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​အားလုံး​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 9,
      "text": "ယောခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောရှ ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 10,
      "text": "ယုဒ​ဘုရင်​ယောရှ​မင်းကြီး နန်းစံ​သုံးဆယ့်​ခုနစ်​နှစ်​တွင် ယောခတ်​မင်းကြီး​၏​သား​တော်​ယဟောရှ​သည် အစ္စရေး​ပြည်​တွင် နန်းတက်​၍ ရှမာရိ​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ် စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 11,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​ပြု​သမျှ​အပြစ်​တို့​ကို မ​လွဲ​မ​ရှောင်​ဘဲ လိုက်​၍​ပြုကျင့်​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 12,
      "text": "ကျန်ရှိ​နေ​သော ယောရှ ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် စစ်တိုက်​ရာ​တွင် အစွမ်းသတ္တိ​ကြီးမား​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 13,
      "text": "ယောရှ ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ ယေရောဗောင်​သည် သူ​၏​ရာဇပလ္လင်​တွင် စံမြန်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 14,
      "text": "ဧလိရှဲ​သည် သေလုမျောပါး​နာမကျန်း​ဖြစ်​နေ​ချိန်​တွင် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး​က သူ့​ထံ​လာ​၍​ငိုကြွေး​လျက် “​အကျွန်ုပ်​အဖ​၊ အကျွန်ုပ်​အဖ​၊ အစ္စရေး​စစ်ရထား​၊ အစ္စရေး​မြင်းစီးသူရဲ​များ​ပါ​တကား​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 15,
      "text": "ဧလိရှဲ​က​လည်း သူ့​အား “​လေး​နှင့်​မြား​ကို ယူ​ခဲ့​လော့​”​ဟု​ဆို​လျှင် သူ​သည် လေး​နှင့်​မြား​ကို​ယူ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 16,
      "text": "ထို့နောက် ဧလိရှဲ​က အစ္စရေး​ဘုရင်​အား “​လက်​ကို​လေး​ပေါ် တင်​လော့​”​ဟု​ဆို​လျှင် သူ​လည်း လက်​ကို​လေး​ပေါ်​တင်​၏​။ ထိုအခါ ဧလိရှဲ​က မိမိ​လက်​ကို အစ္စရေး​ဘုရင်​၏​လက်​ပေါ် တင်​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 17,
      "text": "ထို့နောက် ဧလိရှဲ​က “​အရှေ့​ပြတင်းပေါက်​ကို ဖွင့်​လော့​”​ဟု​ဆို​သဖြင့် ပြတင်းပေါက်​ကို​ဖွင့်​လျှင် ဧလိရှဲ​က “​ပစ်​လော့​”​ဟု​ဆို​သဖြင့် ရှင်ဘုရင်​လည်း ပစ်​လိုက်​လေ​၏​။ ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​အောင်မြင်​သော​မြား​၊ ဆီးရီးယား​လူမျိုး​ကို​အောင်နိုင်​သော​မြား ဖြစ်​၏​။ သင်​သည် အာဖက်​မြို့​တွင် ဆီးရီးယား​လူမျိုး​တို့​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 18,
      "text": "တစ်ဖန် ဧလိရှဲ​က “​မြား​တို့​ကို ယူ​ဦး​လော့​”​ဟု​ဆို​လျှင် ရှင်ဘုရင်​လည်း ယူ​၏​။ ထို့နောက် ဧလိရှဲ​က “​ထို​မြား​ဖြင့် မြေကြီး​ကို ရိုက်​လော့​”​ဟု​ဆို​လျှင် ရှင်ဘုရင်​လည်း မြေကြီး​ကို သုံး​ကြိမ်​ရိုက်​ပြီး ရပ်​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 19,
      "text": "ထိုအခါ ဘုရားသခင်​၏​လူ​က ရှင်ဘုရင်​ကို အမျက်ထွက်​၍ “​သင်​သည် ငါး​ကြိမ်​ခြောက်​ကြိမ်​ရိုက်​သင့်​၏​။ သို့မှ ဆီးရီးယား​ဘုရင်​ကို အပြီးသတ်​တိုက်ခိုက်နှိမ်နင်း​နိုင်​မည်​။ ယခုမှာ ဆီးရီးယား​ဘုရင်​ကို သုံး​ကြိမ်​သာ အောင်နိုင်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 20,
      "text": "ထို့နောက်တွင် ဧလိရှဲ​ကွယ်လွန်​သွား​သဖြင့် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ နှစ်ဦးပိုင်း​ရောက်​ချိန်​တွင် မောဘ​ဓားပြ​အဖွဲ့​တို့​သည် တိုင်းပြည်​ကို လာရောက်​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​တို့​သည် လူ​တစ်ယောက်​ကို သင်္ဂြိုဟ်​နေစဉ် ထို​ဓားပြ​အဖွဲ့​လာ​နေ​သည်​ကို တွေ့​သဖြင့် အလောင်း​ကို ဧလိရှဲ​၏​သင်္ချိုင်းတွင်း​ထဲသို့ ပစ်ချ​ကြ​လေ​၏​။ ထို​အလောင်း​မှာ ဧလိရှဲ​၏​အရိုး​များ​နှင့် သွား​ထိ​သောအခါ အသက်ပြန်ဝင်​လာ​၍ မတ်တတ်ရပ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 22,
      "text": "ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​သည် ယောခတ်​မင်းကြီး​လက်ထက်​ကာလ​ပတ်လုံး အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 23,
      "text": "သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကြောင့် သူ​တို့​ကို သနားစုံမက်​၍ ကြည့်ရှု​တော်မူ​၏​။ သူ​တို့​ကို မ​ဖျက်ဆီး​လို​သောကြောင့် ယနေ့​တိုင်အောင် သူ​တို့​ကို ရှေ့​တော်​မှ မ​ဖယ်ရှား​ဘဲ​နေ​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 24,
      "text": "ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး အနိစ္စရောက်​သောအခါ သူ​၏​သား​တော်​ဗင်္ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 25,
      "text": "ယောခတ်​မင်းကြီး​၏​သား​တော်​ယဟောရှ​သည် ခမည်းတော်​ယောခတ်​မင်းကြီး​လက်ထက် တိုက်ပွဲ​ဖြစ်​စဉ် အသိမ်းခံ​လိုက်​ရ​သော​မြို့ရွာ​များ​ကို ဟာဇေလ​မင်းကြီး​၏​သား​တော်​ဗင်္ဟာဒဒ်​လက်​မှ ပြန်လည်​သိမ်းယူ​ခဲ့​၏​။ ယောရှ ​မင်းကြီး​သည် ဗင်္ဟာဒဒ်​မင်းကြီး​ကို သုံး​ကြိမ်​အောင်နိုင်​ခဲ့​ပြီး အစ္စရေး​မြို့ရွာ​များ​ကို ပြန်လည်​သိမ်းပိုက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 1,
      "text": "ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး နန်းစံ​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​အာမဇိ နန်းတက်​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 2,
      "text": "အာမဇိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သူ ယုဒ္ဒန်​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 3,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့​မ​ဟုတ်​၊ ခမည်းတော်​ယောရှ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ပြုကျင့်​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 4,
      "text": "အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​သောကြောင့် လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​၌ ဆက်လက်​၍ ယဇ်ပူဇော်​လျက်​၊ နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​လျက် ရှိ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 5,
      "text": "သူ​သည် မိမိ​လက်ထက် နိုင်ငံ​တော်​တည်မြဲ​လာ​သည့်​အခါ ရှင်ဘုရင်​ဖြစ်​သော​မိမိ​ခမည်းတော်​ကို လုပ်ကြံ​ခဲ့​သော မင်းမှုထမ်း​တို့​အား ကွပ်မျက်​ပစ်​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 6,
      "text": "သို့သော် သူ​သည် “​သားသမီး​ကြောင့် ဖခင်​ကို မ​သတ်​ရ​။ ဖခင်​ကြောင့် သားသမီး​ကို မ​သတ်​ရ​။ လူ​တိုင်း ကိုယ့်​အပြစ်​နှင့်​ကိုယ်​သာ အသတ်ခံရ​မည်​”​ဟု မောရှေ​ပညတ္တိ​ကျမ်း​တွင်​ရေးသား​ထား​သော ထာဝရဘုရား​၏​ပညတ်ချက်​အတိုင်း ခမည်းတော်​အား​လုပ်ကြံ​သော​သူ​တို့​၏​သားသမီး​များ​ကို​မူ မ​ကွပ်မျက်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 7,
      "text": "အာမဇိ​မင်းကြီး​သည် ဧဒုံ​စစ်သည်​အယောက်​တစ်သောင်း​ကို ဆား​ချိုင့်ဝှမ်း​တွင် တိုက်ခိုက်သတ်ဖြတ်​ပြီး ထို​စစ်ပွဲ​တွင် သေလ​မြို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ထို​မြို့​၏​အမည်​ကို ယောကသေလ​မြို့​ဟု ယနေ့​တိုင် ခေါ်ဆို​လျက်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 8,
      "text": "ထို့နောက် အာမဇိ​မင်းကြီး​သည် ယေဟု​မင်းကြီး​၏​မြေး​တော်​၊ ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင် ယဟောရှ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​လာ​ပါ​။ ငါ​တို့ ရင်ဆိုင်တိုက်ခိုက်​ကြ​စို့​”​ဟု ပြောကြား​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 9,
      "text": "သို့သော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 10,
      "text": "သင်​သည် ဧဒုံ​ပြည်​ကို တိုက်ခိုက်ချေမှုန်း​နိုင်​ခဲ့​သဖြင့် ဘဝင်မြင့်​လှ​၏​။ နန်းတော်​တွင်​သာ ကိုယ့်ကိုယ်ကိုယ်​ဂုဏ်ယူ​နေ​ပါ​လော့​။ အဘယ်ကြောင့် ပြဿနာ​ရှာ​ပြီး ယုဒ​ပြည်​ကို သင်​နှင့်အတူ ကျရှုံး​စေ​လို​သနည်း​”​ဟု ပြန်လည်​ပြောကြား​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 11,
      "text": "သို့သော် အာမဇိ​မင်းကြီး​သည် နား​မ​ထောင်​ပေ​။ ထိုအခါ အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​စစ်ချီလာ​ပြီး ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ယုဒ​ပြည်​၊ ဗက်ရှေမက်​မြို့​တွင် ရင်ဆိုင်တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 12,
      "text": "ယုဒ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သဖြင့် ကိုယ့်​တဲ​များ​သို့ အသီးသီး​ပြန်ပြေး​ကြ​ကုန်​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 13,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် အာခဇိ​မင်းကြီး​၏​မြေး​၊ ယဟောရှ ​မင်းကြီး​၏​သား ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ဗက်ရှေမက်​မြို့​တွင် ဖမ်းမိ​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​သို့​သွား​ပြီးလျှင် ဂျေရုဆလင်​မြို့ရိုး​ကို ဧဖရိမ်​တံခါး​မှ​ထောင့်​တံခါး​တိုင်အောင် အတောင်​လေး​ရာ ​ဖြိုချ​ပစ်​ပြီး"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 14,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​၌ တွေ့​သမျှ​သော ရွှေ​ငွေ​အားလုံး​၊ အသုံးအဆောင်​အားလုံး​ကို သိမ်းယူ​၍ ဓားစာခံ​များ​ကို​လည်း ဖမ်းဆီး​ပြီး ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 15,
      "text": "ကျန်ရှိ​နေ​သော ယဟောရှ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 16,
      "text": "ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယေရောဗောင်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 17,
      "text": "ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး အနိစ္စရောက်​ပြီးနောက် တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​သေး​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 18,
      "text": "ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 19,
      "text": "ဂျေရုဆလင်​မြို့​တွင် အာမဇိ​မင်းကြီး​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ​လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို​ကွပ်မျက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 20,
      "text": "သူ့​အလောင်း​ကို မြင်း​ဖြင့် ဂျေရုဆလင်​မြို့​သို့​ပြန်​သယ်လာ​ပြီး ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​၏​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 21,
      "text": "ထို့နောက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ​ရှိ​သေး​သော အာဇရိ ​ကို မင်းမြှောက်​၍ ခမည်းတော်​အာမဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 22,
      "text": "ခမည်းတော်​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​ပြီးနောက် အာဇရိ​မင်းကြီး​သည် ဧလတ်​မြို့​ကို ပြန်လည်​တည်ဆောက်​ပြီး ယုဒ​ပြည်​အပိုင်​ဖြစ်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 23,
      "text": "ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​တွင် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး​၏​သား​တော်​ယေရောဗောင် နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 24,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​ကို​လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး ပြု​ခဲ့​သည့်​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ဂိတ္တဟေဖာ​မြို့​နေ အမိတ္တဲ​၏​သား မိမိ​အစေအပါး​ပရောဖက်​ယောန​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​စကား​အတိုင်း ယေရောဗောင်​မင်းကြီး​သည် လီဘိုဟာမတ်​မြို့​မှ အရာဗ​ပင်လယ်​တိုင်အောင် အစ္စရေး​နယ်နိမိတ်​တစ်လျှောက်​ကို ပြန်လည်​သိမ်းယူ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 26,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့ အလွန်​ခါးသီး​စွာ​ခံစား​နေ​ရ​သည်​ကို သိမြင်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​တွင် ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံရ​သူ​ကို​ပါ ကူညီ​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 27,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​အမည်​ကို ကောင်းကင်​အောက်​တွင် ပယ်ဖျက်​ပစ်​မည်​ဟု မိန့်​တော်မူ​ခြင်း​မ​ရှိ​သောကြောင့် ယောရှ ​မင်းကြီး​၏​သား​တော် ယေရောဗောင်​လက်​ဖြင့် သူ​တို့​ကို ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 28,
      "text": "ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ပြည်​အပိုင် ဒမတ်စကပ်​မြို့​နှင့် ဟာမတ်​မြို့​တို့​ကို အစ္စရေး​လူမျိုး​အဖို့ ပြန်လည်​တိုက်ခိုက်သိမ်းယူ​ပေး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 29,
      "text": "ယေရောဗောင်​မင်းကြီး​သည် မိမိ​၏​ဘိုးဘေး​အစ္စရေး​ဘုရင်​များ​နှင့်အတူ အိပ်ပျော်​ပြီးနောက် သူ​၏​သား​တော်​ဇာခရိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 1,
      "text": "အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​၏​သား​တော်​အာဇရိ နန်းတက်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 2,
      "text": "အာဇရိ​နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​နှစ်​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သူ ယေခေါလိ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 3,
      "text": "အာဇရိ ​မင်းကြီး​သည် ခမည်းတော်​အာမဇိ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 4,
      "text": "သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​သောကြောင့် လူ​တို့​သည် ထို​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​၌ ယဇ်ပူဇော်​လျက်​၊ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် ရှိ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 5,
      "text": "ထာဝရဘုရား​သည် အာဇရိ​မင်းကြီး​ကို ဒဏ်ခတ်​တော်မူ​သဖြင့် သူ​သည် အနိစ္စရောက်​သည်​အထိ အနာကြီးရောဂါ​စွဲကပ်​ပြီး သီးခြား​နန်းဆောင်​တွင် စံမြန်း​ရ​၏​။ သား​တော်​ယောသံ​သည် နန်းတွင်း​ကို​အုပ်စိုး​၍ တိုင်းသူပြည်သား​လူ​အပေါင်း​တို့​ကို စီရင်အုပ်ချုပ်​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 6,
      "text": "ကျန်ရှိ​နေ​သော အာဇရိ ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 7,
      "text": "အာဇရိ ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောသံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 8,
      "text": "ယုဒ​ဘုရင်​အာဇရိ ​မင်းကြီး နန်းစံ​သုံးဆယ့်​ရှစ်​နှစ်​တွင် ယေရောဗောင်​မင်းကြီး​၏​သား​တော်​ဇာခရိ​သည် အစ္စရေး​ဘုရင် ဖြစ်လာ​ပြီး ရှမာရိ​မြို့​တွင် ခြောက်​လ​စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 9,
      "text": "ဇာခရိ​မင်းကြီး​သည် ဘိုးဘေး​တို့​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​ပြု​သော​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 10,
      "text": "ယာဗက်​၏​သား​ရှလ္လုံ​သည် ဇာခရိ​မင်းကြီး​အား လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ပြီး လူ​အများ​ရှေ့​တွင်​ပင် ကွပ်မျက်​၍ မင်း​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 11,
      "text": "ကျန်ရှိ​နေ​သော ဇာခရိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 12,
      "text": "ဤသည်မှာ “​သင်​၏​သားမြေး​လေးဆက်​အထိ အစ္စရေး​လူမျိုး​တို့​၏​ရာဇပလ္လင်​တွင် စံမြန်း​ရ​မည်​”​ဟု ထာဝရဘုရား​က ယေဟု​အား မိန့်မှာ​ထား​သည့်​စကား​အတိုင်း ပြည့်စုံလာ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 13,
      "text": "ယုဒ​ဘုရင်​ဩဇိ​မင်းကြီး နန်းစံ​သုံးဆယ့်​ကိုး​နှစ်​တွင် ယာဗက်​၏​သား​ရှလ္လုံ နန်းတက်​ပြီး ရှမာရိ​မြို့​တွင် တစ်​လ​စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 14,
      "text": "ဂါဒိ​၏​သား​မေနဟင်​သည် တိရဇာ​မြို့​မှ​ရှမာရိ​မြို့​သို့​ချီသွား​၍ ယာဗက်​၏​သား​ရှလ္လုံ​မင်းကြီး​ကို ရှမာရိ​မြို့​တွင်​ပင် လုပ်ကြံ​သတ်ဖြတ်​ပြီးလျှင် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 15,
      "text": "ကျန်ရှိ​နေ​သော ရှလ္လုံ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ရှင်ဘုရင်​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 16,
      "text": "တိဖသ​မြို့​တံခါး​ကို မ​ဖွင့်​ပေး​သောကြောင့် မေနဟင်​မင်းကြီး​သည် တိဖသ​မြို့​နှင့်​မြို့သူမြို့သား​များ​သာမက တိရဇာ​မြို့​မှစ၍ တိဖသ​မြို့​နယ်နိမိတ်​အထိ တိုက်ခိုက်​ဖျက်ဆီး​လေ​၏​။ ကိုယ်ဝန်ဆောင်​အားလုံး​၏​ဗိုက်​ကို ခွဲဖောက်​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 17,
      "text": "ယုဒ​ဘုရင်​အာဇရိ​မင်းကြီး နန်းစံ​သုံးဆယ့်​ကိုး​နှစ်​တွင် ဂါဒိ​၏​သား​မေနဟင်​သည် အစ္စရေး​ဘုရင်​ဖြစ်လာ​ပြီး ရှမာရိ​မြို့​တွင် ဆယ်​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 18,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​ပြု​သော​အပြစ်​များ​ကို တစ်သက်လုံး​မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 19,
      "text": "အဆီးရီးယား​ဘုရင်​ပုလ​မင်းကြီး​သည် အစ္စရေး​ပြည်​ကို လာရောက်​တိုက်ခိုက်​သဖြင့် မေနဟင်​က ပုလ​မင်းကြီး မိမိ​နှင့်​လက်တွဲ​ပြီး မိမိ​လက်​ထဲ၌​နိုင်ငံ​တော်​တည်မြဲ​လာ​စေရန် ငွေ​တာလန်​တစ်ထောင် ​ကို ဆက်သ​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 20,
      "text": "ထိုသို့ အဆီးရီးယား​ဘုရင်​အား ဆက်သ​နိုင်​ရန် မေနဟင်​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ​သူဌေး​အားလုံး​တို့​ထံမှ တစ်ဦး​လျှင် ငွေ​ရှယ်ကယ်​ငါးဆယ် ​ကို ကောက်ခံ​ခဲ့​၏​။ ဤသို့ဖြင့် အဆီးရီးယား​ဘုရင်​သည် ထို​ပြည်​တွင် ဆက်​မ​နေ​ဘဲ ပြန်လည်​ဆုတ်ခွာ​သွား​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 21,
      "text": "ကျန်ရှိ​နေ​သော မေနဟင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 22,
      "text": "မေနဟင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​ပေကဟိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 23,
      "text": "ယုဒ​ဘုရင်​အာဇရိ ​မင်းကြီး နန်းစံ​အနှစ်​ငါးဆယ်​တွင် မေနဟင်​မင်းကြီး​၏​သား​တော်​ပေကဟိ​သည် အစ္စရေး​ဘုရင်​ဖြစ်လာ​ပြီး ရှမာရိ​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 24,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​ပြု​သော​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 25,
      "text": "ရေမလိ​၏​သား တပ်မှူး​ပေကာ​သည် အာဂေါဘ​၊ အရေဟ​နှင့် ဂိလဒ်​ပြည်သား​အယောက်​ငါးဆယ်​တို့​နှင့်အတူ လျှို့ဝှက်ကြံစည်​ပြီး ရှမာရိ​မြို့​ရှိ ဘုရင့်​နန်းတော်​ခံတပ်​တွင် ပေကဟိ​မင်းကြီး​ကို လုပ်ကြံသတ်ဖြတ်​လိုက်​၏​။ ထို့နောက် ပေကာ​သည် ဘုရင့်​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 26,
      "text": "ကျန်ရှိ​နေ​သော ပေကဟိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 27,
      "text": "ယုဒ​ဘုရင်​အာဇရိ ​မင်းကြီး နန်းစံ​ငါးဆယ့်​နှစ်​နှစ်​တွင် ရေမလိ​၏​သား​ပေကာ​သည် အစ္စရေး​ဘုရင်​ဖြစ်လာ​ပြီး ရှမာရိ​မြို့​တွင် အနှစ်​နှစ်ဆယ်​စိုးစံ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 28,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​ပြု​သော​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 29,
      "text": "အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​လက်ထက်​တွင် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​သည် စစ်ချီလာ​၍ ဣယုန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​၊ ယာနော​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဂိလဒ်​ပြည်​၊ ဂါလိလဲ​ပြည်​နှင့် နဿလိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ပြီး ပြည်သူပြည်သား​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 30,
      "text": "ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​တွင် ဧလာ​မင်းကြီး​၏​သား​တော်​ဟောရှေ​သည် ရေမလိ​၏​သား​ပေကာ​မင်းကြီး​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ပြီး လုပ်ကြံ​သတ်ဖြတ်​ကာ သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 31,
      "text": "ကျန်ရှိ​နေ​သော ပေကာ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 32,
      "text": "ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး နန်းစံ​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ နန်းတက်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 33,
      "text": "ယောသံ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဇာဒုတ်​၏​သမီး ယေရုရှာ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 34,
      "text": "ယောသံ​မင်းကြီး​သည် ခမည်းတော်​ဩဇိ​မင်းကြီး ပြုကျင့်​သမျှ​အတိုင်း ထာဝရဘုရား​၏​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 35,
      "text": "သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို မ​ဖယ်ရှား​ခဲ့​ပေ​။ လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တွင် ယဇ်ပူဇော်​လျက်​၊ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက်​ရှိ​၏​။ သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​တံခါး​ကို​လည်း တည်ဆောက်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 36,
      "text": "ကျန်ရှိ​နေ​သော ယောသံ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 37,
      "text": "ထို​အချိန်​တွင် ထာဝရဘုရား​သည် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား​ပေကာ​မင်းကြီး​တို့​ကို​လွှတ်​၍ ယုဒ​ပြည်​ကို စတင်​တိုက်ခိုက်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 38,
      "text": "ယောသံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 1,
      "text": "ရေမလိ​၏​သား​ပေကာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​၏​သား​တော်​အာခတ် နန်းတက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 2,
      "text": "အာခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ မ​ပြုကျင့်​။ ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​ဘဲ"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 3,
      "text": "အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​ကို​ပင် မီးရှို့ပူဇော်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 4,
      "text": "ထို့ပြင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ တောင်ကုန်း​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက်​တို့​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို​လည်း မီးရှို့ပူဇော်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 5,
      "text": "ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​သို့​စစ်ချီ​လာ​၍ အာခတ်​မင်းကြီး​ကို ဝိုင်းရံ​ထား​သော်လည်း သူ့​ကို မ​အောင်​နိုင်​ခဲ့​ပေ​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 6,
      "text": "ထိုစဉ်က ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​သည် ဆီးရီးယား​ပြည်​အတွက် ဧလတ်​မြို့​ကို ပြန်လည်​သိမ်းပိုက်​ပြီး ဧလတ်​မြို့​တွင်​နေထိုင်​သော​ယုဒ​လူမျိုး​တို့​ကို နှင်ထုတ်​၏​။ ထို့နောက် ဧဒုံ​လူမျိုး​တို့​သည် ထို​မြို့​တွင်​ဝင်ရောက်​နေထိုင်​ကြ​သည်​မှာ ယနေ့​ထိ​တိုင် ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 7,
      "text": "ထိုအခါ အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ အရှင့်​သား ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​လာတိုက်​သော ဆီးရီးယား​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​လက်​မှ အကျွန်ုပ်​ကို လာ​၍​ကယ်တင်​တော်မူ​ပါ​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 8,
      "text": "ထို့ပြင် အာခတ်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာ​ရှိ တွေ့​သမျှ​ရွှေ​ငွေ​တို့​ကို​လည်း ယူ​၍ အဆီးရီးယား​ဘုရင်​အား တံစိုးလက်ဆောင်​ဆက်သ​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 9,
      "text": "အဆီးရီးယား​ဘုရင်​သည် အာခတ်​မင်းကြီး​၏​စကား​ကို နားထောင်​၍ ဒမတ်စကပ်​မြို့​ကို ချီတက်​သိမ်းပိုက်​ပြီး မြို့သား​တို့​ကို ကိရ​မြို့​သို့​ဖမ်းခေါ်​သွား​၏​။ ရေဇိန်​မင်းကြီး​ကို​လည်း ကွပ်မျက်​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 10,
      "text": "ထို့နောက်တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​နှင့်​တွေ့ဆုံ​ရန် ဒမတ်စကပ်​မြို့​သို့ သွား​၏​။ အာခတ်​မင်းကြီး​သည် ဒမတ်စကပ်​မြို့​ရှိ​ယဇ်ပလ္လင်​ကို တွေ့​လျှင် ထို​ယဇ်ပလ္လင်​၏​ပုံစံ​၊ တည်ဆောက်ပုံ​အဆင့်ဆင့်​တို့​ကို ယဇ်ပုရောဟိတ်​ဥရိယ​ထံသို့ ပေးပို့​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 11,
      "text": "ယဇ်ပုရောဟိတ်​ဥရိယ​သည်​လည်း ဒမတ်စကပ်​မြို့​မှ အာခတ်​မင်းကြီး​ပေးပို့​လိုက်​သည့်​ယဇ်ပလ္လင်​ပုံစံ​အတိုင်း တည်ဆောက်​ရာ အာခတ်​မင်းကြီး ဒမတ်စကပ်​မြို့​မှ​ပြန်​မ​ရောက်​မီ ယဇ်ပုရောဟိတ်​ဥရိယ​သည် ယဇ်ပလ္လင်​ကို​တည်ဆောက်​ပြီး ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 12,
      "text": "ဒမတ်စကပ်​မြို့​မှ​ရှင်ဘုရင်​ပြန်ရောက်​လာ​၍ ရှင်ဘုရင်​သည် ယဇ်ပလ္လင်​ကို​မြင်​လျှင် ထို​ယဇ်ပလ္လင်​နား​သို့​လာ​၍ ယဇ်ပလ္လင်​ပေါ်သို့ တက်သွား​ပြီး"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 13,
      "text": "မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ပူဇော်​၏​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​၍ ယဇ်ပလ္လင်​ကို မိတ်သဟာယယဇ်​အသွေး​ဖြင့် ဖျန်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 14,
      "text": "ရှင်ဘုရင်​သည် အိမ်​တော်​အရှေ့​ရှိ ထို​ယဇ်ပလ္လင်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​ကြား​တွင်​ရှိ​သော ထာဝရဘုရား​ရှေ့​တော်​မှ​ကြေးနီ​ယဇ်ပလ္လင်​ကို ယူဆောင်​သွား​ပြီး ထို​ယဇ်ပလ္လင်​၏​မြောက်ဘက်​တွင် ထား​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 15,
      "text": "အာခတ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဥရိယ​အား “​ထို​ယဇ်ပလ္လင်​ကြီး​ပေါ်၌ နံနက်​မီးရှို့ရာယဇ်​နှင့် နေဝင်ချိန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ဘုရင့်​မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​၊ တိုင်းသူပြည်သား​အားလုံး​တို့​၏​မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​စသည်​တို့​ကို ပူဇော်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​၏​အသွေး​နှင့် အခြား​ယဇ်ကောင်​အသွေး​ရှိသမျှ​တို့​ကို ထို​ယဇ်ပလ္လင်​ပေါ်တွင် ပက်ဖျန်း​ရ​မည်​။ ကြေးနီ​ယဇ်ပလ္လင်​မူကား ငါ​မေးလျှောက်​ရန်​အတွက် ဖြစ်​ရ​မည်​”​ဟု မိန့်မှာ​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​ဥရိယ​သည်​လည်း အာခတ်​မင်းကြီး​မိန့်မှာ​သမျှ​အတိုင်း ပြု​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 17,
      "text": "ထို့ပြင် အာခတ်​မင်းကြီး​သည် တွန်းလှည်း​၏​ဘောင်​များ​ကို အပိုင်းပိုင်း​ဖြတ်ပစ်​ပြီး အင်တုံ​များ​ကို​လည်း တွန်းလှည်း​မှ ဖယ်ရှား​ပစ်​၏​။ ရေကန်​ကို​လည်း ရေကန်​အောက်​ရှိ​ကြေးနီ​နွားရုပ်​များ​ပေါ်​မှ ကျောက်ခင်း​ပေါ်သို့ ချထား​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 18,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌ ဆောက်လုပ်​ထား​သော ဥပုသ်​ဇရပ်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရှင်ဘုရင်​ဝင်ရာ အပြင်​လမ်း​တို့​ကို​လည်း အဆီးရီးယား​ဘုရင်​ကြောင့် ပိတ်ပစ်​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 19,
      "text": "ကျန်ရှိ​နေ​သော အာခတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 20,
      "text": "အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ​ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 1,
      "text": "ယုဒ​ဘုရင်​အာခတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​တွင် ဧလာ​မင်းကြီး​၏​သား​တော်​ဟောရှေ​သည် ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို ကိုး​နှစ်​အုပ်စိုး​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​သော်လည်း သူ့​အလျင်​ရှိ​ခဲ့​သော​အစ္စရေး​ဘုရင်​တို့​ကဲ့သို့ မ​ပြု​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 3,
      "text": "ဟောရှေ​မင်းကြီး​အား အဆီးရီးယား​ဘုရင်​ရှာလမနေဇာ​မင်းကြီး ချီတက်​တိုက်ခိုက်​ရာ ဟောရှေ​မင်းကြီး​သည် သူ​၏​လက်အောက်ခံ​အဖြစ်​ခံယူ​ပြီး အခွန်​ဆက်သ​ရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 4,
      "text": "သို့သော် ဟောရှေ​မင်းကြီး​သည် အီဂျစ်​ဘုရင်​သွာ​မင်းကြီး​ထံသို့ တမန်​များ​စေလွှတ်​ဆက်သွယ်​သည့်​အပြင် အဆီးရီးယား​ဘုရင်​ထံ နှစ်စဉ်​ဆက်သ​ရ​မည့်​အခွန်​ကို​လည်း မ​ဆက်သ​တော့​ဘဲ ပုန်ကန်​ဖို့​လျှို့ဝှက်ကြံစည်​နေ​သည်​ကို အဆီးရီးယား​ဘုရင် သိရှိ​လျှင် အဆီးရီးယား​ဘုရင်​သည် သူ့​ကို​ဖမ်း​ပြီး ထောင်​ထဲ၌ အကျဉ်းချ​ထား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 5,
      "text": "ထို့နောက် အဆီးရီးယား​ဘုရင်​သည် အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ ဝင်ရောက်​ကျူးကျော်​ပြီး ရှမာရိ​မြို့​သို့ ချီတက်​သွား​၍ မြို့​ကို​သုံး​နှစ်​မျှ​ဝိုင်းရံ​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 6,
      "text": "ဟောရှေ​မင်းကြီး​နန်းစံ​ကိုး​နှစ်​အကြာ​တွင် အဆီးရီးယား​ဘုရင်​သည် ရှမာရိ​မြို့​ကို​သိမ်းပိုက်​ပြီး အစ္စရေး​လူမျိုး​တို့​ကို အဆီးရီးယား​ပြည်​သို့​ဖမ်းခေါ်​သွား​ကာ ဟာလာ​အရပ်​၊ ဂေါဇန်​နယ်​ရှိ​ဟာဗော်​မြစ်​နား​နှင့်​မေဒိ​မြို့ တို့​၌​နေထိုင်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 7,
      "text": "ဤသို့​ဖြစ်​ရ​ခြင်း​မှာ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​အား အီဂျစ်​ပြည်​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​လက်​အောက်​မှ ထုတ်ဆောင်​လာ​ခဲ့​သော​မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​သောကြောင့်​ဖြစ်​၏​။ သူ​တို့​သည် အခြား​သော​ဘုရား​များ​ကို ကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 8,
      "text": "အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော လူမျိုးခြား​တို့​နှင့် အစ္စရေး​ဘုရင်​တို့​ပြုကျင့်​သော​ဓလေ့စရိုက်​များ​နောက်သို့ လိုက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 9,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆန့်ကျင်​ပြီး မဟုတ်မမှန်​သော​အရာ​များ​ကို တိတ်တဆိတ်​လုပ်ဆောင်​ကြ​၏​။ ကင်းစောင့်​ရာ​မျှော်စင်​မှစ၍ ခံတပ်​မြို့​အထိ မြို့ရွာ​ရှိသမျှ​တို့​၌ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို သူ​တို့​အတွက် တည်ဆောက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 10,
      "text": "ရှိရှိသမျှ​ကုန်း​မြင့်​များ​ပေါ်တွင်​ဖြစ်စေ​၊ စိမ်းလန်း​သော​သစ်ပင်​များ​အောက်​တွင်​ဖြစ်စေ ကျောက်တိုင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို စိုက်ထူ​ထား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 11,
      "text": "သူ​တို့​ရှေ့​မှ​ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော​လူမျိုးခြား​များ​ကဲ့သို့ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိသမျှ​တို့​၌ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ကြ​၏​။ မကောင်း​သော​အမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 12,
      "text": "ထာဝရဘုရား​က “​ဤ​အမှု​ကို မ​ပြု​ရ​”​ဟု တားမြစ်​ထား​သော​ရုပ်တု​ကိုးကွယ်​ခြင်း​အမှု​ကို သူ​တို့​ပြု​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 13,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ဗျာဒိတ်ရသူ​ပရောဖက်​အပေါင်း​တို့​အားဖြင့် အစ္စရေး​လူမျိုး​နှင့်​ယုဒ​လူမျိုး​တို့​အား “​ဆိုးညစ်​သော​လမ်း​တို့​မှ ပြန်လှည့်​လာ​ကြ​လော့​။ ငါ့​အစေအပါး​ပရောဖက်​တို့​အားဖြင့် ဆင့်ဆို​စေ​သော​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ထား​သော​ပညတ်တရား​အလုံးစုံ​ဖြစ်​သည့် ငါ​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ကြ​လော့​”​ဟု သတိပေး​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 14,
      "text": "သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​။ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပင် မ​ယုံကြည်​သော​ဘိုးဘေး​တို့ ခေါင်းမာ ​သကဲ့သို့ သူ​တို့​လည်း ခေါင်းမာ ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 15,
      "text": "ပြဋ္ဌာန်းချက်​များ​၊ ဘိုးဘေး​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​များ​၊ သူ​တို့​အား ပြ​တော်မူ​သော​သက်သေခံချက်​များ​ကို စွန့်ပယ်​ကြ​၏​။ မိမိ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့​နောက်သို့​မ​လိုက်​ရ​၊ သူ​တို့​ကဲ့သို့​မ​ပြု​ရ​ဟု ထာဝရဘုရား​မိန့်​တော်မူ​လျက်​နှင့် သူ​တို့​သည် အချည်းနှီး​သော​အရာ​များ​နောက်သို့​လိုက်​ပြီး အချည်းနှီး​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 16,
      "text": "သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သမျှ​သော​ပညတ်ချက်​တို့​ကို စွန့်ပစ်​ပြီး နွားသငယ်​ရုပ်တု​နှစ်​ရုပ်​ကို သွန်းလုပ်​ကြ​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို စိုက်ထူ​ကြ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​ကို ကိုးကွယ်​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 17,
      "text": "သူ​တို့​၏​သား​သမီး​တို့​ကို မီးရှို့​ပူဇော်​ကြ​၏​။ ဂမ္ဘီရအတတ်​၊ ဟူးရားအတတ်​တို့​ကို ဆည်းပူး​ကြ​၏​။ မကောင်းမှု​ပြု​ရန် ကိုယ့်ကိုယ်ကိုယ်​ရောင်းစား​ခြင်း​ဖြင့် ထာဝရဘုရား​ကို အမျက်ထွက်​စေ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 18,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ပြင်းစွာ​အမျက်ထွက်​တော်မူ​သဖြင့် ယုဒ​အမျိုးအနွယ်​မှလွဲ၍ ကျန်​အမျိုးအနွယ်​အားလုံး​ကို အထံ​တော်​မှ ဖယ်ရှား​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 19,
      "text": "ယုဒ​အမျိုး​တို့​ပင်လျှင် သူ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ အစ္စရေး​လူမျိုး​တို့​၏​ဓလေ့စရိုက်​နောက်သို့​လိုက်​၍ ပြုကျင့်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 20,
      "text": "ထို့ကြောင့် ထာဝရဘုရား​က အစ္စရေး​၏​သားစဉ်မြေးဆက်​အားလုံး​ကို စွန့်ပစ်​ပြီး ဒဏ်ခတ်​တော်မူ​၏​။ သူ​တို့​ကို တိုက်ခိုက်လုယက်​သူ​တို့​လက်​သို့ အပ်​ပြီး အထံ​တော်​မှ​နှင်ထုတ်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 21,
      "text": "ကိုယ်တော်​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ထဲမှ အစ္စရေး​လူမျိုး​ကို ခွဲထုတ်​လိုက်​သောအခါ အစ္စရေး​လူမျိုး​တို့​သည် နေဗတ်​၏​သား​ယေရောဗောင်​ကို မင်းမြှောက်​လိုက်​ကြ​၏​။ ယေရောဗောင်​သည် အစ္စရေး​လူမျိုး​တို့​ကို ထာဝရဘုရား​ထံမှ လမ်းလွဲ​စေ​ပြီး ကြီးလေး​သော​အပြစ်​ကို ကျူးလွန်​စေ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 22,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ယေရောဗောင်​မင်း​ပြု​သမျှ​သော​အပြစ်​တို့​ကို​မ​လွှဲ​မ​ရှောင် လိုက်၍​ပြုကျင့်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 23,
      "text": "ထာဝရဘုရား​က မိမိ​အစေအပါး​ပရောဖက်​တို့​မှတစ်ဆင့် မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​ကို အထံ​တော်​မှ​နှင်ထုတ်​ခဲ့​ရ​သည်​အထိ ဖြစ်​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​နေရင်းပြည်​မှ အဆီးရီးယား​ပြည်​သို့ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ ယနေ့​တိုင်အောင်​ထို​ပြည်​တွင် နေ​ကြ​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 24,
      "text": "အဆီးရီးယား​ဘုရင်​သည် ဘေဘီလုံ​မြို့​၊ ကုသ​မြို့​၊ အာဝ​မြို့​၊ ဟာမတ်​မြို့​၊ သေဖရဝိမ်​မြို့​တို့​မှ လူ​တို့​ကို ခေါ်လာ​ပြီး အစ္စရေး​အမျိုးသား​တို့​နေရာ ရှမာရိ​မြို့ရွာ​များ​တွင် နေထိုင်​စေ​၏​။ ဤသို့ဖြင့် ထို​သူ​တို့​သည် ရှမာရိ​မြို့​ကို အပိုင်စီး​ထား​ပြီး ရှမာရိ​မြို့ရွာ​တို့​တွင် နေထိုင်​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 25,
      "text": "ထို​သူ​တို့​သည် ထို​မြို့ရွာ​တို့​တွင်​နေထိုင်​ခါစ​၌ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ခြင်း​မ​ရှိ​သောကြောင့် ထာဝရဘုရား​သည် သူ​တို့​ထံ ခြင်္သေ့​ကို​စေလွှတ်​၍ သူ​တို့​ထဲမှ​အချို့​ကို ကိုက်သတ်​စေ​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 26,
      "text": "ထို​သူ​တို့​က “​အရှင်မင်းကြီး ခေါ်ထုတ်​လာ​ပြီး ရှမာရိ​မြို့​တွင် နေထိုင်​စေ​သော​လူ​တို့​သည် ထို​ပြည်စောင့်​ဘုရား​၏​ဓလေ့ထုံးတမ်း​ကို မ​သိ​ကြ​ပါ​။ ထို့ကြောင့် ထို​ပြည်စောင့်​ဘုရား​သည် သူ​တို့​ထံ ခြင်္သေ့​ကို​စေလွှတ်​ပြီး သူ​တို့​ကို​ကိုက်သတ်​စေ​ပါ​ပြီ​”​ဟူသော​သတင်း​ကို အဆီးရီးယား​ဘုရင်​အား ကြားလျှောက်​ကြ​လျှင်"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 27,
      "text": "အဆီးရီးယား​ဘုရင်​က “​ထို​ပြည်​မှ သင်​တို့​ဖမ်းခေါ်​သွား​သော​ယဇ်ပုရောဟိတ်​တစ်​ပါး​ကို​လွှတ်​၍ ထို​ပြည်​သို့​ပြန်လာ​နေထိုင်​စေ​ပြီး ထို​ပြည်စောင့်​ဘုရား​၏​ဓလေ့ထုံးတမ်း​ကို သူ​တို့​အား သွန်သင်ပြသ​စေ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 28,
      "text": "ထို့ကြောင့် ရှမာရိ​မြို့​မှ သူ​တို့​ဖမ်းခေါ်​သွား​သော​ယဇ်ပုရောဟိတ်​တစ်​ပါး ပြန်ရောက်လာ​ကာ ဗေသလ​မြို့​တွင် နေထိုင်​ပြီး ထာဝရဘုရား​အား မည်သို့​ကြောက်ရွံ့ရိုသေ​ရ​မည်​ကို သူ​တို့​အား သွန်သင်ပြသ​ပေး​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 29,
      "text": "သို့သော် လူမျိုးတိုင်း မိမိ​တို့​၏​ဘုရား​များ​ကို ပြုလုပ်​ပြီး ရှမာရိ​မြို့သား​တို့​တည်​ထား​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ ဝတ်ကျောင်း​တို့​တွင် ထားရှိ​ကြ​၏​။ လူမျိုးတိုင်း မိမိ​တို့​နေထိုင်​ရာ​မြို့ရွာ​တို့​တွင် ထိုသို့​ပြု​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 30,
      "text": "ဘေဘီလုံ​မြို့သား​တို့​က သုကုတ်ဗေနုတ်​ဘုရား​၊ ကုသ​မြို့သား​တို့​က နေရဂါလ​ဘုရား​၊ ဟာမတ်​မြို့သား​တို့​က အရှိမ​ဘုရား​၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 31,
      "text": "အာဝ​မြို့သား​တို့​က နိဗဟာဇ​ဘုရား​နှင့် တာတက်​ဘုရား စသည်​တို့​ကို ပြုလုပ်​ကြ​၏​။ သေဖရဝိမ်​မြို့သား​တို့​က မိမိ​တို့​၏​သားသမီး​တို့​ကို သေဖရဝိမ်​ဘုရား​များ​ဖြစ်​သည့် အာဒြမ္မေလက်​နှင့် အာနမ္မေလက်​ဘုရား​တို့​အား မီးရှို့ပူဇော်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 32,
      "text": "သူ​တို့​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​ကြ​သော်လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ​ဝတ်ကျောင်း​တို့​တွင် အမှုဆောင်​ဖို့ သာမန်လူ​တို့​ကို အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​၌ ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​ပြီး သူ​တို့​အဖို့ ယဇ်ပူဇော်​စေ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 33,
      "text": "သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​သော်လည်း ယခင်​နေ​ခဲ့​သော​ပြည်​ရှိ​လူမျိုး​တို့​၏​ဓလေ့ထုံးတမ်း​ကဲ့သို့ပင် သူ​တို့​၏​ဘုရား​အများ​ကို​လည်း ဝတ်ပြု​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 34,
      "text": "ယနေ့​ထိ​တိုင်အောင် ဓလေ့ထုံးတမ်း​ဟောင်း​များ​အတိုင်း ပြုကျင့်​လျက်​နေ​ကြ​၏​။ ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​အလျှင်း​မ​ရှိ​။ အစ္စရေး​ဟု အမည်ရ​သော​ယာကုပ်​၏​သား​တို့​အား ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ဥပဒေသ​များ​၊ ပညတ်ချက်​များ စသည်​တို့​ကို​လည်း မ​လိုက်နာ​ကြ​ပေ​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 35,
      "text": "ထာဝရဘုရား​သည် သူ​တို့​နှင့် ပဋိညာဉ်​ဖွဲ့​ခဲ့​စဉ်က သူ​တို့​အား “​အခြား​သော​ဘုရား​များ​ကို ကြောက်ရွံ့​ခြင်း​မ​ရှိ​ရ​။ ထို​ဘုရား​တို့​ကို မ​ကိုးကွယ်​ရ​၊ ဝတ်​မ​ပြု​ရ​၊ ယဇ်​မ​ပူဇော်​ရ​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 36,
      "text": "လက်ရုံး​တော်​ကို​ဆန့်​၍​ကြီးမား​သော​တန်ခိုး​တော်​နှင့် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​ကို​သာ ကြောက်ရွံ့​ရ​မည်​၊ ကိုးကွယ်​ရ​မည်​၊ ယဇ်ပူဇော်​ရ​မည်​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 37,
      "text": "သင်​တို့​အဖို့ ရေးမှတ်​ထား​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ဥပဒေသ​များ​၊ ပညတ်ချက်​များ​ကို အစဉ်အမြဲ​လိုက်နာ​စောင့်ထိန်း​ရ​မည်​။ အခြား​သော​ဘုရား​များ​ကို မ​ကြောက်ရွံ့​ရ​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 38,
      "text": "သင်​တို့​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို မ​မေ့လျော့​ရ​။ အခြား​သော​ဘုရား​များ​ကို မ​ကြောက်ရွံ့​ရ​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 39,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာလျှင် ကြောက်ရွံ့​ရ​မည်​။ သို့ပြုလျှင် ကိုယ်တော်​သည် ရန်သူ​အပေါင်း​တို့​၏​လက်​မှ သင်​တို့​ကို ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 40,
      "text": "သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​ဘဲ ဓလေ့ထုံးတမ်း​ဟောင်း​များ​အတိုင်း​သာ ပြုကျင့်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 41,
      "text": "ထို့ကြောင့် ထို​လူမျိုး​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​သော်လည်း သူ​တို့​၏​ရုပ်တု​များ​ကို​လည်း ဝတ်ပြု​ကြ​သေး​၏​။ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည်​လည်း ယနေ့​တိုင်အောင် ဘိုးဘေး​တို့​ပြုကျင့်​သကဲ့သို့ ပြုကျင့်​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 1,
      "text": "ဧလာ​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​သုံး​နှစ်​တွင် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​သား​တော်​ဟေဇကိ နန်းတက်​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 2,
      "text": "ဟေဇကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာခရိ​၏​သမီး အာဘိ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 3,
      "text": "ဟေဇကိ​မင်းကြီး​သည် မိမိ​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ပြုကျင့်​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 4,
      "text": "သူ​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို ဖယ်ရှား​ပြီး ကျောက်တိုင်​များ​ကို ဖြိုလှဲ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို လှဲချ​ပြီး မောရှေ​သွန်းလုပ်​ခဲ့​သော​ကြေးနီ​မြွေရုပ်​ကို​လည်း ထုခွဲ​ပစ်​၏​။ အကြောင်းမူကား ထို​အချိန်​အထိ အစ္စရေး​လူမျိုး​တို့​သည် ထို​မြွေရုပ်​ကို နဟုတ္တန် ဟု​ခေါ်ဆို​ပြီး နံ့သာပေါင်း​ကို မီးရှို့ပူဇော်​တတ်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 5,
      "text": "သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယုံကြည်ကိုးစား​၏​။ ယုဒ​ဘုရင်​အပေါင်း​တို့​တွင် သူ့​အလျင်​ရှိ​ခဲ့​သော​ဘုရင်​များ​နှင့် သူ့​နောက်မှ​ဘုရင်​များ​ပါ သူ​နှင့်တူသော​ဘုရင် တစ်ပါး​မျှ​မ​ရှိ​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 6,
      "text": "သူ​သည် ထာဝရဘုရား​ကို မ​စွန့်​၊ နောက်​တော်​သို့​လိုက်​၍ ဆည်းကပ်​ကိုးကွယ်​၏​။ မောရှေ​အား ထာဝရဘုရား မိန့်မှာ​ထား​တော်မူ​သော​ပညတ်တော်​များ​ကို စောင့်ထိန်း​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 7,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ပြီး ပြု​လေရာရာ​၌ အထမြောက်​၏​။ သူ​သည် အဆီးရီးယား​ဘုရင်​၏​လက်အောက်ခံ​အဖြစ်​မ​နေ​ဘဲ ပုန်ကန်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 8,
      "text": "သူ​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ဂါဇ​မြို့​နှင့် နယ်နိမိတ်​တစ်လျှောက်​၊ ကင်းစောင့်​မျှော်စင်​မှ ခံတပ်​မြို့​အထိ ချေမှုန်း​နိုင်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 9,
      "text": "ဟေဇကိ​မင်းကြီး နန်းစံ​လေး​နှစ်​၊ ဧလာ​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​ခုနစ်​နှစ်​တွင် အဆီးရီးယား​ဘုရင်​ရှာလမနေဇာ​မင်းကြီး​သည်​စစ်ချီ​၍ ရှမာရိ​မြို့​ကို ဝိုင်းရံ​ထား​ပြီး"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 10,
      "text": "သုံး​နှစ်​ပြည့်​ပြီးမှ သိမ်းပိုက်​နိုင်​ခဲ့​၏​။ ရှမာရိ​မြို့​သည် ဟေဇကိ​မင်းကြီး နန်းစံ​ခြောက်​နှစ်​၊ အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​ကိုး​နှစ်​တွင် သိမ်းပိုက်​ခြင်း​ခံ​ခဲ့​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 11,
      "text": "အဆီးရီးယား​ဘုရင်​သည် အစ္စရေး​လူမျိုး​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​ပြီး ဟာလာ​အရပ်​၊ ဂေါဇန်​နယ်​ရှိ ဟာဗော်​မြစ်​နား​၊ မေဒိ​မြို့ရွာ​များ​တွင် နေရာချ​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 12,
      "text": "ဤသို့​ဖြစ်​ရ​ခြင်း​မှာ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​ဘုရားသခင် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သည့်​အပြင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​အားဖြင့် မိန့်မှာ​ထား​သည့် ပဋိညာဉ်​ရှိသမျှ​ကို​လည်း မ​နာခံ​မ​လိုက်လျှောက်​ဘဲ ချိုးဖောက်​ကြ​သောကြောင့် ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 13,
      "text": "ဟေဇကိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​လေး​နှစ်​တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် ယုဒ​ပြည်​၏​ခံတပ်​မြို့​အားလုံး​ကို တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 14,
      "text": "ထို့ကြောင့် ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​က လာခိရှ​မြို့​ရှိ အဆီးရီးယား​ဘုရင်​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ် အမှားပြု​မိ​ပါ​ပြီ​။ အရှင်မင်းကြီး တပ်​ပြန်ဆုတ်​ပေး​ပါ​။ တောင်း​သမျှ​ကို ပေး​ပါ​မည်​”​ဟု​မှာလိုက်​လျှင် အဆီးရီးယား​ဘုရင်​က ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​ထံမှ ငွေ​တာလန်​သုံး​ရာ ​၊ ရွှေ​တာလန်​သုံးဆယ် ​ကို တောင်း​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 15,
      "text": "ထို့ကြောင့် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ရှိ ဘဏ္ဍာတိုက်​တို့​ထဲမှ​တွေ့ရှိ​သမျှ​ငွေ​တို့​ကို ပေးလိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 16,
      "text": "တစ်ချိန်တည်း​မှာပင် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​ဗိမာန်​တော်​တံခါး​မှ ရွှေ​များ​ကို​လည်းကောင်း​၊ သူကိုယ်တိုင်​မွမ်းမံ​ထား​သော တံခါးတိုင်​တို့​မှ ရွှေ​များ​ကို​လည်းကောင်း ချွတ်ခွာ​ပြီး အဆီးရီးယား​ဘုရင်​အား ပေးလိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 17,
      "text": "အဆီးရီးယား​ဘုရင်​သည် တာတန်​၊ ရာဗသာရိတ်​၊ ရာဗရှာခ​တို့​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ ချီ​သွား​ကြ​၏​။ သူ​တို့ ရောက်​သွား​သောအခါ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​ပြီး"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 18,
      "text": "ရှင်ဘုရင်​ကို ဆင့်ခေါ်​ရာ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ​တို့​ထံသို့ လာ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 19,
      "text": "ထိုအခါ ရာဗရှာခ​က သူ​တို့​အား “​ဟေဇကိ​မင်းကြီး​အား ပြန်လျှောက်​ကြ​လော့​။ အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​က ‘​သင်​သည် အဘယ်အရာ​ကို ကိုးစား​၍ စိတ်အေးလက်အေး​နေ​နိုင်​သနည်း​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 20,
      "text": "သင်​၌ စစ်ဗျူဟာ​၊ စစ်အင်အား​ရှိ​သည်​ဆို​သည်​မှာ အပြောသက်သက်​သာ​ဖြစ်​၏​။ ယခု သင်​သည် အဘယ်သူ​ကို​ကိုးစား​၍ ငါ့​ကို ပုန်ကန်​သနည်း​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 21,
      "text": "ကြည့်ရှု​လော့​။ ယခု သင်​သည် ကျိုး​နေ​သော​ကျူ​တောင်ဝှေး​ဖြစ်​သည့် အီဂျစ်​ပြည်​ကို ကိုးစား​၏​။ ထို​တောင်ဝှေး​ကို​မှီ​လျှင် မှီသောသူ​၏​လက်​ကို ထုတ်ချင်းပေါက်​အောင် စူး​တတ်​၏​။ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် မိမိ​အား ကိုးစား​သော​သူ​အပေါင်း​တို့​ကို ထိုသို့​ပြု​တတ်​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 22,
      "text": "သင်​တို့​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ယုံကြည်ကိုးစား​သည်​ဟု ဆို​လျှင်​လည်း ဟေဇကိ​မင်းကြီး​က ထို​ဘုရား​နှင့်ဆိုင်သော အထွတ်အမြတ်​ထား​ရာ​နေရာ​နှင့် ယဇ်ပလ္လင်​တို့​ကို​ပင် ဖယ်ရှား​လိုက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ဂျေရုဆလင်​မြို့​ရှိ ဤ​ယဇ်ပလ္လင်​ရှေ့​၌​သာ သင်​တို့​ကိုးကွယ်​ရ​မည်​ဟူ၍ မိန့်မှာ​ခဲ့​သည် မ​ဟုတ်​လော’​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 23,
      "text": "ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 24,
      "text": "စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်တွန်းလှန်​နိုင်​မည်လော​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 25,
      "text": "ထာဝရဘုရား​အခွင့်​မ​ရှိ​ဘဲ ဤ​ပြည်​ကို ငါ​လာ​၍​ဖျက်ဆီး​သည်​ဟု ထင်​သလော​။ ထာဝရဘုရား​က ‘​ထို​ပြည်​သို့​စစ်ချီ​၍​ဖျက်ဆီး​လော့​’​ဟူ၍ ငါ့​အား မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 26,
      "text": "ထိုအခါ ဟိလခိ​၏​သား​ဧလျာကိမ်​၊ ရှေဗန​၊ ယောအာ​တို့​က ရာဗရှာခ​အား “​အာရမိတ်​ဘာသာစကား​ကို ကျွန်တော်မျိုး​တို့​နားလည်​သည်​ဖြစ်၍ ကျွန်တော်မျိုး​တို့​အား အာရမိတ်​ဘာသာစကား​နှင့်​ပြော​ပါ​လော့​။ မြို့ရိုး​ပေါ်ရှိ​လူ​တို့​ကြားသိ​အောင် ယုဒ​ဘာသာစကား​ဖြင့် မ​ပြော​ပါ​နှင့်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 27,
      "text": "သို့သော် ရာဗရှာခ​က “​ငါ့​သခင်​သည် သင်​တို့​၏​သခင်​နှင့် သင်​တို့​ကို​သာ ဤ​စကား​တို့​ကို​ပြောကြား​ရန် ငါ့​ကို​စေလွှတ်​သည်​မ​ဟုတ်​။ သင်​တို့​နှင့်အတူ ကိုယ့်​မစင်​ကိုယ်​စား​၊ ကိုယ့်​ဆီး​ကိုယ်​သောက်​ကြ​သည့် မြို့ရိုး​ပေါ်တွင်​ထိုင်​သော​သူ​တို့​ကို​လည်း ပြောကြား​ရန် စေလွှတ်​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 28,
      "text": "ထို့နောက် ရာဗရှာခ​သည် မတ်တတ်ရပ်​၍ ယုဒ​ဘာသာစကား​ဖြင့် “​အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​၏​အမိန့်​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 29,
      "text": "ရှင်ဘုရင်​က ‘​ဟေဇကိ လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်​။ သူ​သည် သင်​တို့​ကို ငါ့​လက်​မှ မ​ကယ်နုတ်​နိုင်​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 30,
      "text": "ထာဝရဘုရား​သည် ငါ​တို့​ကို အမှန်ပင်​ကယ်နုတ်​တော်မူ​မည်​။ ဤ​မြို့​သည် အဆီးရီးယား​ဘုရင်​လက်​သို့​မ​ရောက်​ရ​ဟု ဆို​လျက် ထာဝရဘုရား​ကို ကိုးစား​လာ​အောင် ဟေဇကိ​လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်’​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 31,
      "text": "ဟေဇကိ​၏​စကား​ကို​နား​မ​ထောင်​ကြ​နှင့်​။ အဆီးရီးယား​ဘုရင်​က ‘​ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​၍ ငါ့​ဘက်​သို့ လာ​ကြ​။ ငါ​လာ​၍ သင်​တို့​ကို မ​ခေါ်ဆောင်​သွား​မီ​အထိ သင်​တို့​အသီးသီး ကိုယ့်​စပျစ်သီး​၊ ကိုယ့်​သဖန်းသီး​တို့​ကို​စား​နှင့်​ကြ​။ ကိုယ့်​ရေတွင်း​မှ​ရေ​ကို​သောက်​နှင့်​ကြ​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 32,
      "text": "သင်​တို့ အသက်​မ​သေ ရှင်ကျန်​နေ​မည့်​အကြောင်း ငါ​သည် လာ​၍ သင်​တို့​ပြည်​ကဲ့သို့ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ထွက်​သော​ပြည်​၊ အစားအစာ​နှင့် စပျစ်ခြံ​ပေါများ​သော​ပြည်​၊ သံလွင်​ဆီ​နှင့် ပျားရည်​ရှိ​ရာ​ပြည်​သို့ သင်​တို့​ကို ခေါ်ဆောင်​သွား​မည်​။ ဟေဇကိ​က ထာဝရဘုရား​သည် ငါ​တို့​ကို​ကယ်နုတ်​တော်မူ​မည်​ဟု ဆို​လျက် လှည့်စား​သည်​ကို မ​ခံ​ကြ​နှင့်​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 33,
      "text": "မည်သည့်​လူမျိုး​တစ်မျိုးမျိုး​၏​ဘုရား​တို့​သည် မိမိ​ပြည်​ကို အဆီးရီးယား​ဘုရင်​၏​လက်​မှ ကယ်နုတ်​နိုင်​ခဲ့​သနည်း​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 34,
      "text": "ဟာမတ်​ပြည်​၊ အာပဒ်​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ သေဖရဝိမ်​ပြည်​၊ ဟေန​ပြည်​၊ ဣဝါ​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ စင်စစ် ထို​ဘုရား​တို့​သည် ရှမာရိ​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​ခဲ့​ပြီ​လော​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 35,
      "text": "ဤ​ပြည်​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​ပြည်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ ထာဝရဘုရား​သည်​လည်း ဂျေရုဆလင်​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​မည်လော​’​ဟူ၍ မိန့်ဆို​သည်​”​ဟု အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 36,
      "text": "ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 37,
      "text": "ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့​ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 1,
      "text": "ဟေဇကိ​မင်းကြီး​သည် ထို​စကား​ကို​ကြား​လျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 2,
      "text": "မင်းကြီး​သည် လျှော်တေအဝတ်​ဝတ်​ထား​သည့် နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အသက်ကြီး​သော​ယဇ်ပုရောဟိတ်​တို့​ကို အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​ထံသို့ စေလွှတ်​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 3,
      "text": "သူ​တို့​က ဟေရှာယ​အား “​ဟေဇကိ​မင်းကြီး​က ‘ယနေ့​သည် ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​၊ ဆုံးမ​ခြင်း​ခံရ​သော​နေ့​၊ အရှက်ကွဲ​ရ​သော​နေ့ ဖြစ်​၏​။ သားဖွားချိန်​ရောက်​သော်လည်း သားဖွား​ရန်​ခွန်အား​မ​ရှိ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 4,
      "text": "ရာဗရှာခ​၏​သခင်​အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​အလုံးစုံ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်းပတ္ထနာ​ပြု​ပါ’​ဟူ၍ မိန့်မှာ​သည်”​ဟု ပြောကြား​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 5,
      "text": "ဟေဇကိ​မင်းကြီး​၏​မင်းမှုထမ်း​တို့​သည် ဟေရှာယ​ထံသို့​ရောက်လာ​လျှင်"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 6,
      "text": "ဟေရှာယ​က သူ​တို့​အား “​သင်​တို့​သခင်​ကို ဤသို့​လျှောက်ထား​ကြ​လော့​။ ထာဝရဘုရား​က ‘​ငါ့​အား အဆီးရီးယား​ဘုရင်​၏​ငယ်သား​တို့ စော်ကားပြောဆို​သည့်​စကား​ကို သင်​ကြား​ရ​သည့်​အတွက် မ​ကြောက်​နှင့်​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 7,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 8,
      "text": "အဆီးရီးယား​ဘုရင်​သည် လာခိရှ​မြို့​မှ​ထွက်သွား​ကြောင်း ရာဗရှာခ​ကြား​သဖြင့် ပြန်သွား​ရာ ရှင်ဘုရင်​သည် လိဗန​မြို့​အား​တိုက်ခိုက်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 9,
      "text": "“​အီသီယိုးပီးယား​ဘုရင်​တိရက္က​မင်းကြီး​သည် သင့်​ကို​တိုက်ခိုက်​ရန်​စစ်ချီ​လာ​ပြီ​”​ဟူသော သတင်း​ကို အဆီးရီးယား​ဘုရင် ကြား​ရ​၏​။ သို့သော် ဟေဇကိ​မင်းကြီး​ထံသို့ စေတမန်​တို့​ကို တစ်ဖန်​စေလွှတ်​၍"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 10,
      "text": "“​သင်​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​အား ‘သင်​ယုံကြည်ကိုးစား​သော​သင်​၏​ဘုရားသခင်​က ဂျေရုဆလင်​မြို့​သည် အဆီးရီးယား​ဘုရင်​၏​လက်​သို့ ရောက်​မည်​မ​ဟုတ်’​ဟု သင့်​အား လှည့်စား​မိန့်ဆို​သည်​ကို သင်​မ​ခံ​နှင့်​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 11,
      "text": "ကြည့်ရှု​လော့​။ အဆီးရီးယား​ဘုရင်​တို့​သည် တိုင်းပြည်​အားလုံး အကုန်အစင်​ပျက်စီး​သွား​အောင် မည်သို့​ပြု​ခဲ့​သည်​ကို သင်​ကြား​ရ​ပြီ​။ သင်​လည်း လွတ်မြောက်​မည်​ဟု​မ​ထင်​နှင့်​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 12,
      "text": "ငါ့​ဘိုးဘေး​တို့​ဖျက်ဆီး​ခဲ့​သော​လူမျိုး​များ​ဖြစ်​သည့် ဂေါဇန်​လူမျိုး​၊ ဟာရန်​လူမျိုး​၊ ရေဇပ်​လူမျိုး​နှင့် တေလသာ​မြို့​ရှိ ဧဒင်​လူမျိုး​တို့​၏​ဘုရား​များ​သည် ကယ်​ခဲ့​ဖူး​သလော​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 13,
      "text": "ဟာမတ်​ဘုရင်​၊ အာပဒ်​ဘုရင်​တို့​အဘယ်မှာ​ရှိ​တော့​သနည်း​။ သေဖရဝိမ်​မြို့​၊ ဟေန​မြို့​၊ ဣဝါ​မြို့​တို့​၏​ဘုရင်​တို့​သည်​လည်း အဘယ်မှာ​ရှိ​တော့​သနည်း”​ဟု ပြောကြား​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 14,
      "text": "ဟေဇကိ​မင်းကြီး​သည် စေတမန်​တို့​လက်​မှ စာ​ကို​ယူ​ဖတ်​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထို​စာ​ကို​ဖြန့်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 15,
      "text": "ထို့နောက် ထာဝရဘုရား​ရှေ့​တော်​တွင် ဟေဇကိ​မင်းကြီး​က “​ခေရုဗိမ် ​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 16,
      "text": "အို ထာဝရဘုရား​၊ နား​တော်​ကို​လှည့်​၍ နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ မျက်စိ​တော်​ကို​ဖွင့်​၍ ကြည့်ရှု​တော်မူ​ပါ​။ စေတမန်​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​အား ကဲ့ရဲ့ပြစ်တင်​စေ​သော​သနာခရိပ်​မင်းကြီး​၏​စကား​အလုံးစုံ​တို့​ကို နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 17,
      "text": "အို ထာဝရဘုရား​၊ အကယ်စင်စစ် အဆီးရီးယား​ဘုရင်​တို့​သည် လူမျိုး​အပေါင်း​တို့​နှင့် သူ​တို့​၏​ပြည်​တို့​ကို ဖျက်ဆီး​ပါ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 18,
      "text": "သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​နှင့် ကျောက်​များ​သာ​ဖြစ်​ပါ​၏​။ ထို့ကြောင့် ထို​ဘုရား​တို့​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 19,
      "text": "အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 20,
      "text": "အာမုတ်​၏​သား​ဟေရှာယ​သည်​လည်း ဟေဇကိ​မင်းကြီး​ထံသို့​လူ​လွှတ်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​နှင့်​ပတ်သက်၍ ငါ့​ထံ​ဆုတောင်း​သော​အရာ​ကို ငါ​ကြား​ရ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 21,
      "text": "ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ‘​ဇိအုန်​သမီးပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 22,
      "text": "သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 23,
      "text": "သင်​သည် တမန်​များ​ကို​စေလွှတ်​၍ ဘုရားရှင်​ကို​စော်ကားပြောဆို​စေ​ခဲ့​၏​။ သင်​က ငါ​၏​စစ်ရထား​များစွာ​ဖြင့် လက်ဘနွန်​တောင်​ထိပ်​အစွန်အဖျား​သို့ ငါ​တက်​ခဲ့​ပြီ​။ ထို​တောင်​ပေါ်ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ အကောင်းဆုံး​ထင်းရှူးပင်​တို့​ကို ငါ​ခုတ်လှဲ​ခဲ့​ပြီ​။ တောနက်ကြီး​၏​အစွန်အဖျား​သို့​လည်း ငါ​ရောက်​ခဲ့​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 24,
      "text": "ငါ​သည် တိုင်းတစ်ပါး​တို့​တွင် တွင်းတူး​၍ ရေ​ကို​သောက်​ခဲ့​ပြီ​။ ငါ​၏​ခြေဖဝါး​ဖြင့် အီဂျစ်​ပြည်​၏​မြစ်ချောင်း​ရှိသမျှ​ကို ခန်းခြောက်​စေ​ခဲ့​ပြီ​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 25,
      "text": "ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်​စေ​မည့်​အကြောင်း ရှေးကာလ​ကပင် ငါ​စီမံ​ထား​ခဲ့​သည့်​အတိုင်း ယခု ငါ​ဖြစ်​စေ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 26,
      "text": "ထို​မြို့သား​တို့ အားလျော့​စိတ်ပျက်​ကြ​ပြီ​။ ရှက်ကြောက်​ကြ​ပြီ​။ သူ​တို့​သည် မ​ကြီး​မီ​ညှိုးနွမ်း​သွား​သော​တော​မြက်ပင်​ကဲ့သို့​၊ မြက်နုစိမ်း​ကဲ့သို့​၊ ခေါင်မိုး​ပေါ်မှ​မြက်ပင် ကဲ့သို့​ဖြစ်​ကြ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 27,
      "text": "သင်​၏​နေထိုင်​သွား​လာ​ခြင်း​၊ ငါ့​အား အမျက်ထွက်​ခြင်း​တို့​ကို ငါ​သိ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 28,
      "text": "သင်​သည် ငါ့​ကို​အမျက်ထွက်​ပြီး စော်ကားပြောဆို​သော​စကား​ကို ငါ​ကြား​ရ​သောကြောင့် ငါ​သည် သင့်​ကို နဖားကြိုး​တပ်​မည်​၊ ဇက်ခွံ့​မည်​။ သင်​လာ​သော​လမ်း​ဖြင့် သင့်​ကို​ပြန်​စေ​မည်​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 29,
      "text": "သင့်​အတွက် နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ ယခု​နှစ်​တွင် အလေ့ကျ​ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ ဒုတိယ​နှစ်​တွင် ထို​သီးနှံ​တို့​မှ​ပြန်ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ တတိယ​နှစ်​တွင်​မူ မျိုးကြဲ​ကြ​လော့​၊ ရိတ်သိမ်း​ကြ​လော့​၊ စပျစ်ပင်​ကို​စိုက်​ကြ​လော့​၊ စပျစ်သီး​ကို​စား​ကြ​လော့​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 30,
      "text": "အသက်ဘေး​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​သည် အောက်​ဘက်​တွင် ပြန်​၍​အမြစ်​စွဲ​မည်​။ အပေါ်​ဘက်​တွင် ပြန်​၍​အသီး​သီး​မည်​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 31,
      "text": "ကြွင်းကျန်​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း​၊ လွတ်မြောက်​သော​သူ​တို့​သည် ဇိအုန်​တောင်​ပေါ်မှ​လည်းကောင်း ထွက်ပေါ်​လာ​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​မည်’​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 32,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို ရည်ညွှန်း​၍ ‘​သူ​သည် ဤ​မြို့​သို့​ဝင်​ရ​မည်​မ​ဟုတ်​။ ဤ​အရပ်​၌ မြား​ကို​ပစ်​ရ​မည်​မ​ဟုတ်​။ ဤ​မြို့​ရှေ့​သို့ ဒိုင်းလွှား​ဖြင့် ချဉ်းကပ်​ရ​မည်​မ​ဟုတ်​။ မြေကတုတ်​လည်း ဆောက်​ရ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 33,
      "text": "ထာဝရဘုရား​က ‘​သူ​သည် လာ​သော​လမ်း​ဖြင့် ပြန်သွား​ရ​မည်​။ ဤ​မြို့​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 34,
      "text": "အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​၊ ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 35,
      "text": "ထို​ည​မှာပင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါး​ထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​ကို​သာ တွေ့​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 36,
      "text": "ထိုအခါ အဆီးရီးယား​ဘုရင် သနာခရိပ်​မင်းကြီး​သည် တပ်ဆုတ်​၍ လှည့်ပြန်​သွား​ပြီး နိနေဝေ​မြို့​၌ စံမြန်း​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 37,
      "text": "သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေစဉ် သား​တော်​အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 1,
      "text": "ထို​ကာလ​တွင် ဟေဇကိ​မင်းကြီး​သည် သေ​လုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ ထိုအခါ အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​က သူ့​ထံသို့​လာ​၍ “ ‘​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည်​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 2,
      "text": "ထိုအခါ ဟေဇကိ​မင်းကြီး​သည် နံရံ​ဘက်​သို့ မျက်နှာ​လှည့်​၍"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 3,
      "text": "“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး ခါးသီးစွာ​အော်ဟစ်ငိုကြွေး​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 4,
      "text": "နန်းတော်​အလယ်​ဝင်း​မှ ဟေရှာယ​မ​ထွက်သွား​မီ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 5,
      "text": "“​ငါ့​လူမျိုး​တော်​ကို အုပ်ချုပ်​သော​ဟေဇကိ​မင်းကြီး​ထံသို့ ပြန်သွား​ပြီးလျှင် သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင့်​ဆုတောင်းသံ​ကို ငါ​ကြား​ပြီ​။ သင့်​မျက်ရည်​ကို ငါ​မြင်​ပြီ​။ သင့်​ကို ငါ​ပြန်လည်​ကျန်းမာ​လာ​စေ​မည်​။ သုံး​ရက်​မြောက်​လျှင် သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ တက်သွား​နိုင်​လိမ့်မည်​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 6,
      "text": "ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။ သင်​နှင့် ဤ​မြို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ကယ်နုတ်​မည်​။ ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​မင်းကြီး​အတွက် ဤ​မြို့​ကို ငါ​ကာကွယ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 7,
      "text": "ထို့နောက် ဟေရှာယ​က “​သဖန်းပျဉ်​ယူ​ခဲ့​ပါ​”​ဟု​ဆို​သဖြင့် လူ​တို့​က သဖန်းပျဉ်​ကို​ယူလာ​၍ မင်းကြီး​၏​အနာစိမ်း​ပေါ် အုံပေး​လျှင် အနာသက်သာ​ပျောက်ကင်း​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 8,
      "text": "ထိုအခါ ဟေဇကိ​မင်းကြီး​က ဟေရှာယ​အား “​ထာဝရဘုရား​က ငါ့​ကို​ပြန်​ကျန်းမာ​စေ​ပြီး သုံး​ရက်​မြောက်​လျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့ ငါ​တက်သွား​နိုင်​မည့်​နိမိတ်လက္ခဏာ​မှာ အဘယ်နည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 9,
      "text": "ထိုအခါ ဟေရှာယ​က “​ကတိထား​တော်မူ​သည့်​အတိုင်း ထာဝရဘုရား ပြု​တော်မူ​မည်​ဖြစ်ကြောင်း ထာဝရဘုရား​ထံ​တော်​မှ သင့်​အတွက်​နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ သင်​သည် လှေကားထစ်​မှ အချိန်တိုင်း​အရိပ်​ကို ရှေ့​သို့ အထစ်​တစ်ဆယ်​တိုး​စေ​လို​သလော​၊ သို့မဟုတ် အနောက်​သို့ အထစ်​တစ်ဆယ်​ဆုတ်​သွား​စေ​လို​သလော​”​ဟု မေး​လျှင်"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 10,
      "text": "ဟေဇကိ​မင်းကြီး​က “​အရိပ်​သည် ရှေ့​သို့​အထစ်​တစ်ဆယ်​တိုး​ရန် လွယ်​၏​။ ထိုသို့​မ​ဟုတ်​ဘဲ အရိပ်​ကို အနောက်​သို့ အထစ်​တစ်ဆယ်​ဆုတ်​သွား​စေ​ပါ​”​ဟု တောင်းဆို​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 11,
      "text": "ထိုအခါ ပရောဖက်​ဟေရှာယ​က ထာဝရဘုရား​ထံ​ဆုတောင်း​ရာ အာခတ်​မင်းကြီး​၏​လှေကားထစ်​များ​ပေါ်မှ အချိန်တိုင်း​အရိပ်​ကို အနောက်​သို့ အထစ်​တစ်ဆယ်​ပြန်ဆုတ်​စေ​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 12,
      "text": "ဟေဇကိ​မင်းကြီး နာမကျန်း​ဖြစ်​သည်​ကို ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး​ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​များ​ကို ပေးပို့​ဆက်သ​လာ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 13,
      "text": "ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​အားလုံး​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်တိုက်​နှင့် တွေ့​သမျှ​အဖိုးတန်​ရတနာ​များ​ကို ထို​သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြ​ပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 14,
      "text": "ထိုအခါ ပရောဖက်​ဟေရှာယ​သည် ဟေဇကိ​မင်းကြီး​ထံသို့​လာ​ပြီး “​ထို​သူ​တို့​သည် မည်သည့်​အကြောင်း​ကို ပြောဆို​ကြ​သနည်း​။ မည်သည့်​အရပ်​မှ လာ​ကြ​သနည်း​”​ဟု​မေး​လျှင် ဟေဇကိ​မင်းကြီး​က “​သူ​တို့​သည် ဝေးလံ​သော​အရပ် ဘေဘီလုံ​မြို့​မှ လာ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 15,
      "text": "ဟေရှာယ​က “​နန်းတော်​တွင် မည်သည့်​အရာ​ကို မြင်​ကြ​ပြီ​နည်း​”​ဟု​မေး​လျှင် ဟေဇကိ​မင်းကြီး​က “​နန်းတော်​၌​ရှိသမျှ​တို့​ကို သူ​တို့​မြင်​ကြ​ပြီ​။ ဥစ္စာဘဏ္ဍာ​များ​ထဲမှ သူ​တို့​အား ငါ​မ​ပြ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 16,
      "text": "ထိုအခါ ဟေရှာယ​က ဟေဇကိ​မင်းကြီး​အား “​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 17,
      "text": "‘ကြည့်ရှု​လော့​။ သင်​၏​နန်းတော်​ထဲ​ရှိ​အရာ​အားလုံး​၊ သင်​၏​ဘိုးဘေး​တို့​စုဆောင်း​ထား​၍ ယနေ့​တိုင်အောင်​ရှိ​နေ​သည့်​အရာ​အားလုံး​တို့​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။ တစ်စုံတစ်ခု​မျှ​ကြွင်းကျန်​လိမ့်မည်​မ​ဟုတ်’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 18,
      "text": "သင်​မှ​ဆင်းသက်​၍ သင်​ရ​သော​သား​သမီး​အချို့​တို့​ကို​လည်း ဖမ်းဆီး​သွား​လိမ့်မည်​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​၏​နန်းတော်​၌ မိန်းမစိုး​များ​ဖြစ်​ရ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 19,
      "text": "ဟေဇကိ​မင်းကြီး​က “​အကယ်စင်စစ် ငါ့​လက်ထက်​၌ ငြိမ်းချမ်း​လုံခြုံ​မည်​ဆို​လျှင် ရ​ပါ​ပြီ​”​ဟု​တွေး​၍ ဟေရှာယ​အား “​သင်​ဆင့်ဆို​သော ထာဝရဘုရား​၏​စကား​တော်​သည် ကောင်း​ပါ​၏”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 20,
      "text": "ကျန်ရှိ​နေ​သော ဟေဇကိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​များ​၊ ရေမြောင်း​ရေကန်​ဆောက်လုပ်​ခဲ့​ပုံ​၊ မြို့​တွင်း​သို့ ရေ​သွင်းပေး​ခဲ့​ပုံ စသည်​တို့​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 21,
      "text": "ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 1,
      "text": "မနာရှေ​နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​နှစ်​နှစ်​သာ​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​ငါး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဟဇ္ဇိဘ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 2,
      "text": "သူ​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 3,
      "text": "သူ​သည် ခမည်းတော်​ဟေဇကိ​မင်းကြီး ဖျက်ဆီး​ပစ်​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ပြန်လည်​တည်ဆောက်​၏​။ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ပြု​သကဲ့သို့ပင် ဗာလ​ယဇ်ပလ္လင်​များ​ကို​တည်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း စိုက်ထူ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​လည်း ရှိခိုး​ကိုးကွယ်​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 4,
      "text": "“​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 5,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်ခုစလုံး​အတွင်း​တွင် ရှိသမျှ​ကောင်းကင်​တန်ဆာ​များ​အဖို့ ယဇ်ပလ္လင်​များ​ကို တည်​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 6,
      "text": "မိမိ​သား​ကို မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို အဆမတန်​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 7,
      "text": "မိမိကိုယ်တိုင်​ထွင်းထု​ထား​သော အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို​လည်း အိမ်​တော်​တွင် ထားရှိ​၏​။ ထာဝရဘုရား​က ဤ​အိမ်​တော်​နှင့်​ပတ်သက်၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သား​တော်​ရှောလမုန်​မင်းကြီး​တို့​အား “​အစ္စရေး​အမျိုးအနွယ်​တို့​ပိုင်​သော​မြို့​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​၊ ဤ​အိမ်​တော်​တွင် ငါ့​နာမ​ကို အစဉ်​တည်​စေ​မည်​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 8,
      "text": "သူ​တို့​အား ငါ​မိန့်မှာ​သမျှ​အတိုင်း​၊ ငါ့​အစေအပါး​မောရှေ​မှာထား​သမျှ​သော ပညတ်တရား​အတိုင်း လိုက်နာ​ပြုကျင့်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ထား​သော​ပြည်​မှ​ထွက်သွား​၍ လှည့်လည်သွားလာ​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်မှာ​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 9,
      "text": "သို့သော်လည်း သူ​တို့​မ​နာခံ​ကြ​။ မနာရှေ​မင်းကြီး​သည် သူ​တို့​ကို လမ်းလွဲ​စေ​၍ အစ္စရေး​အမျိုးသား​တို့​ရှေ့​တွင် ထာဝရဘုရား ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုးခြား​တို့​ထက် အစ္စရေး​လူမျိုး​တို့​ကို မကောင်းမှု​ပြုစေ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 10,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် မိမိ​အစေအပါး ပရောဖက်​များ​အားဖြင့်"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 11,
      "text": "“​ယုဒ​ဘုရင်​မနာရှေ​မင်းကြီး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​ပြီ​။ သူ့​အလျင်​ရှိ​ခဲ့​သော​အာမောရိ​လူမျိုး​တို့​ထက် သာ၍​မကောင်းမှု​များ​ကို ပြု​ပြီ​။ သူ​လုပ်​ခဲ့​သော​ရုပ်တု​များ​ဖြင့် ယုဒ​လူမျိုး​တို့​ကို အပြစ်ပြု​စေ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 12,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ကြား​ရ​သူ​တို့ နားခါး​ရ​လောက်အောင် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 13,
      "text": "ရှမာရိ​မြို့​ကို တိုင်း​သော​မျဉ်းကြိုး​၊ အာဟပ်​မင်းမျိုးမင်းနွယ်​ကို တိုင်း​သော​ချိန်သီး​ဖြင့် ဂျေရုဆလင်​မြို့​ကို တိုင်းတာ​မည်​။ ပန်းကန်​ကို​သုတ်​သကဲ့သို့ ဂျေရုဆလင်​မြို့​ကို​သုတ်​ပစ်​ပြီး မှောက်​ထား​မည်​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 14,
      "text": "ကြွင်းကျန်​သော​ငါ့​အမွေခံ​တို့​ကို ငါ​စွန့်ပစ်​မည်​။ ရန်သူ​များ​လက်​သို့ အပ်လိုက်​မည်​။ သူ​တို့​သည် ရန်သူ​တို့​အဖို့ တိုက်ခိုက်​လုယူစရာ​ပစ္စည်း​များ ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 15,
      "text": "အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ အီဂျစ်​ပြည်​မှ​ထွက်လာ​သည့်​နေ့​မှစ၍ ယနေ့​အချိန်​ထိ သူ​တို့​သည် ငါ့​မျက်မှောက်​တွင်​ပင် မကောင်းမှု​များ​ကို​ပြု​ပြီး ငါ့​ကို အမျက်ထွက်​စေ​ကြ​ပြီ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 16,
      "text": "မနာရှေ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​အား ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​ကို​ပြု​၍​ပြစ်မှား​ရာ​ရောက်​စေ​ခဲ့​၏​။ ဂျေရုဆလင်​မြို့​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​အထိ အပြစ်ကင်း​သော​သူ​တို့​၏​အသက်​ကို​သတ်​သော​အပြစ်​များ​နှင့် များပြား​ပြည့်လျှံ​စေ​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 17,
      "text": "ကျန်ရှိ​နေ​သော မနာရှေ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 18,
      "text": "မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ ဩဇ​ဥယျာဉ်​ဟု​ခေါ်​သော နန်းတော်​ဥယျာဉ်​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 19,
      "text": "အာမုန်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ယုပ်ဘာ​မြို့သား ဟာရုပ်​၏​သမီး မေရှုလမက်​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 20,
      "text": "အာမုန်​သည် ခမည်းတော်​မနာရှေ​မင်းကြီး​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 21,
      "text": "ခမည်းတော်​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ခမည်းတော် ဝတ်ပြု​ခဲ့​သော​ရုပ်တု​တို့​ကို​လည်း ဝတ်ပြု​ကိုးကွယ်​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 22,
      "text": "ထာဝရဘုရား​လမ်း​တော်​ကို မ​လိုက်လျှောက်​ဘဲ ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 23,
      "text": "အာမုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည်​လည်း လျှို့ဝှက်ကြံစည်​ကြ​ပြီး ရှင်ဘုရင်​ကို နန်းတွင်း​၌ပင် ကွပ်မျက်​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 24,
      "text": "ထိုအခါ ပြည်သူပြည်သား​တို့​သည်​အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 25,
      "text": "ကျန်ရှိ​နေ​သော အာမုန်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 26,
      "text": "အာမုန်​မင်းကြီး​အား ဩဇ​ဥယျာဉ်​ရှိ သူ​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောရှိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 1,
      "text": "ယောရှိ​နန်းတက်​သောအခါ သက်တော်​ရှစ်​နှစ်​သာ​ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင်​သုံးဆယ့်​တစ်​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဗောဇကတ်​မြို့သား​အဒါယ​၏​သမီး ယေဒိဒ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး လျှောက်​ခဲ့​သော​လမ်း​အတိုင်း လက်ယာ​လက်ဝဲ​မ​ယိမ်း​ဘဲ လိုက်လျှောက်​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 3,
      "text": "ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 4,
      "text": "“​ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​ထံ​သွား​ပြီးလျှင် လူ​တို့​ထံမှ တံခါးစောင့်​တို့​ကောက်ခံ​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့​ယူဆောင်​လာ​သော​ငွေ​ကို ရေတွက်​စေ​ပါ​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 5,
      "text": "ထို​ငွေ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​ကို ပေး​စေ​ပါ​။ အလုပ်ကြီးကြပ်​သူ​တို့​သည် ထို​ငွေ​အား ပျက်စီး​သွား​သော​အိမ်​တော်​ကို ပြန်လည်​ပြုပြင်​ရန် ထာဝရဘုရား​၏​အိမ်​တော်​တွင်​အလုပ်​လုပ်​သော​အလုပ်သမား​များ​ကို ပေး​စေ​ပါ​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 6,
      "text": "အိမ်​တော်​ကို​ပြုပြင်​ရန် လိုအပ်​သော ဆစ်ပြီးသားကျောက်​များ​၊ သစ်သား​များ​ကို ဝယ်ယူ​ဖို့​ရန်​အတွက် လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​၊ ပန်းရန်သမား​များ​ကို ပေး​စေ​ပါ​”​ဟု မိန့်မှာ​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 7,
      "text": "သူ​တို့​သည် သစ္စာရှိ​စွာ​အလုပ်လုပ်​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​လက်​သို့ ပေးအပ်​သော​ငွေ​များ​ကို စာရင်းရေးမှတ်​ပြုစု​ထား​ရန်​မ​လို​ပေ​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 8,
      "text": "ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​သည် စာရေးတော်ကြီး​ရှာဖန်​အား “​ထာဝရဘုရား​၏​အိမ်​တော်​တွင် ဤ​ပညတ်တရား​ကျမ်း​ကို ရှာတွေ့​ပြီ​”​ဟု​ဆို​လျက် ဟိလခိ​သည် ထို​ကျမ်းစာလိပ်​ကို​ရှာဖန်​အား ပေးအပ်​သဖြင့် ရှာဖန်​လည်း ဖတ်ကြည့်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 9,
      "text": "ထို့နောက် စာရေးတော်ကြီး​ရှာဖန်​သည် ရှင်ဘုရင်​ထံ ပြန်သွား​၍ “​အရှင့်​အစေအပါး​တို့​သည် အိမ်​တော်​၌ တွေ့ရှိ​သမျှ​သော​ငွေ​တို့​ကို စုသိမ်း​ပြီး ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​လျှောက်တင်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 10,
      "text": "ထို့ပြင် စာရေးတော်ကြီး​ရှာဖန်​က ရှင်ဘုရင်​အား “​ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​က အကျွန်ုပ်​အား ဤ​ကျမ်းစာလိပ်​ကို ပေးအပ်​ပါ​ပြီ​”​ဟု လျှောက်တင်​ပြီး ရှာဖန်​သည် ဘုရင့်​ရှေ့မှောက်​တွင် ထို​ကျမ်းစာ​ကို ဖတ်ပြ​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 11,
      "text": "ရှင်ဘုရင်​သည် ထို​ပညတ်တရား​ကျမ်းစာလိပ်​၌​ပါ​သော​စကား​တော်​များ​ကို ကြား​ရ​သောအခါ မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 12,
      "text": "ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာယ​၏​သား​အာခဗော်​၊ စာရေးတော်ကြီး​ရှာဖန်​၊ ဘုရင့်​အမှုထမ်း​အသာယ​တို့​အား"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 13,
      "text": "“​ငါ​နှင့်​ပြည်သူပြည်သား​တို့​အတွက်​သာမက ယုဒ​အမျိုးသား​အပေါင်း​တို့​အတွက်​ပါ ဤ​တွေ့ရှိ​ထား​သော​ကျမ်း​ပါ​စကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးမြန်း​ပေး​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ဤ​ကျမ်း​ပါ​စကား​တော်​အတိုင်း မ​လိုက်နာ​၊ ငါ​တို့​နှင့်ပတ်သက်​ပြီး ရေးထား​သမျှ​တို့​ကို မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 14,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​ဟိလခိ​၊ အဟိကံ​၊ အာခဗော်​၊ ရှာဖန်​၊ အသာယ​တို့​သည် ဂျေရုဆလင်​မြို့​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ စကား​ပြောဆို​ကြ​ရာ"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 15,
      "text": "ပရောဖက်မ​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​တို့​ကို ငါ့​ထံသို့​စေလွှတ်​သော​သူ​အား ဤသို့​ပြန်ပြော​လော့​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 16,
      "text": "ထာဝရဘုရား​က ကြည့်ရှု​လော့​။ ယုဒ​ဘုရင် ဖတ်​ခဲ့​ရ​သော​ကျမ်း​စကား​ရှိသမျှ​အတိုင်း ငါ​သည် ဤ​မြို့​နှင့်​မြို့သား​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 17,
      "text": "အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 18,
      "text": "ထာဝရဘုရား​ထံ မေးမြန်း​စေ​ဖို့ သင်​တို့​ကို​စေလွှတ်​လိုက်​သော​ယုဒ​ဘုရင်​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင်​ကြား​ရ​သော​ကျမ်းစကား​များ​နှင့်​ပတ်သက်၍ ဤသို့​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 19,
      "text": "ဤ​မြို့​နှင့်​မြို့သား​တို့​ကို ထိတ်လန့်စရာ​၊ ကျိန်ဆဲစရာ​ဖြစ်​စေ​မည်​ဟု ငါ​ဆို​သည်​ကို သင်​ကြား​ရ​သောအခါ သင်​သည် နှလုံးကြေကွဲ​လျက်​၊ ကိုယ်ကို​နှိမ့်ချ​လျက်​၊ ကိုယ့်​အဝတ်​ကို ဆုတ်​လျက် ငါ​ထာဝရဘုရား​ရှေ့​တော်​တွင် ငိုကြွေး​သည်​ကို ငါ​ကြား​ပြီ​။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 20,
      "text": "ထို့ကြောင့် သင့်​ဘိုးဘေး​များ​ရှိ​ရာ​သို့ သင့်​ကို ငါ​စုစည်း​မည်​။ သင်​သည် သင့်​သင်္ချိုင်း​တွင် ငြိမ်ဝပ်​စွာ​စုစည်း​ခြင်း​ခံရ​လိမ့်မည်​။ ဤ​မြို့​သို့ ငါ​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​တို့​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ကြောင်း​ပြောကြား​လော့​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ပြန်သွား​၍ ဤ​စကား​တို့​ကို ရှင်ဘုရင်​ထံ လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 1,
      "text": "ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​အပါအဝင်​ယုဒ​ပြည်​ရှိ သက်ကြီးဝါကြီး​အားလုံး​ကို ဆင့်ခေါ်​သဖြင့် သူ​တို့ စုဝေး​ရောက်ရှိ​လာ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 2,
      "text": "ထိုအခါ ယုဒ​အမျိုးသား​အားလုံး​နှင့် ဂျေရုဆလင်​မြို့သား​အားလုံး​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​မှစ၍ ပြည်သူပြည်သား​လူကြီး​လူငယ်​တစ်ယောက်မကျန် ရှင်ဘုရင်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​၏​။ ရှင်ဘုရင်​သည် ထာဝရဘုရား​အိမ်​တော်​တွင် တွေ့​ခဲ့​သော​ပဋိညာဉ်​ကျမ်း​စကား​အလုံးစုံ​ကို သူ​တို့​ကြားသိ​အောင် ဖတ်ပြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 3,
      "text": "ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 4,
      "text": "ထို့နောက် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​၊ လက်ထောက်​ယဇ်ပုရောဟိတ်​များ​နှင့် တံခါးစောင့်​များ​အား ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​နှင့် ကောင်းကင်​တန်ဆာ​များ​အဖို့​ပြုလုပ်​ထား​သော​အသုံးအဆောင်​များ​အားလုံး​ကို ထာဝရဘုရား​၏​ဗိမာန်​တော်​မှ ထုတ်ဆောင်​လာ​ရန် အမိန့်ပေး​၏​။ ရှင်ဘုရင်​သည် ထို​အရာ​တို့​ကို ဂျေရုဆလင်​မြို့​ပြင် ကေဒြုန်​လွင်ပြင်​တွင်​မီးရှို့​ပြီး ပြာ​များ​ကို ဗေသလ​မြို့​သို့ ယူဆောင်​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 5,
      "text": "ဂျေရုဆလင်​မြို့​နှင့်​ယုဒ​မြို့​ဝန်းကျင်​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​တွင် နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ရန် ယုဒ​ဘုရင်​များ​ခန့်ထား​သော ယဇ်ပုရောဟိတ်​တို့​ကို ဖယ်ရှား​ပစ်​၏​။ ထို့ပြင် ဗာလ​ဘုရား​၊ နေ​ဘုရား​၊ လ​ဘုရား​၊ ကြယ်နက္ခတ်​ဘုရား​၊ ကောင်းကင်​တန်ဆာ​အပေါင်း​တို့​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သူ​များ​ကို​လည်း ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 6,
      "text": "အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း ထာဝရဘုရား​၏​အိမ်​တော်​ထဲမှ ဂျေရုဆလင်​မြို့ပြင် ကေဒြုန်​ချိုင့်ဝှမ်း​သို့ ထုတ်​လာ​၏​။ ထို​တံခွန်တိုင်​ကို ကေဒြုန်​ချိုင့်ဝှမ်း​၌ မီးရှို့​အမှုန့်ချေ​ပစ်​ပြီး ပြာ​များ​ကို ပြည်သူပြည်သား​တို့​၏​သင်္ချိုင်း​ပေါ်သို့ ကြဲချ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 7,
      "text": "မိန်းမ​တို့ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​အဖို့ ရွက်ဖျင်​များ​ကို ရက်လုပ်​သော​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​ရှိ မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​၏​အိမ်​များ​ကို​လည်း ဖြိုပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 8,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ယုဒ​မြို့ရွာ​ရှိ ယဇ်ပုရောဟိတ်​များ​အားလုံး​ကို​လည်း ဆင့်ခေါ်​၍ ဂေဗ​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် ယဇ်ပုရောဟိတ်​တို့ နံ့သာပေါင်း​မီးရှို့ပူဇော်​သော​နေရာ​ဖြစ်​သည့် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို မစင်ကြယ်​အောင် လုပ်​ပစ်​၏​။ ထို့ပြင် မြို့​တံခါးဝ​၏​ဝဲဘက်​၊ မြို့တော်ဝန်​ယောရှု​တံခါး​နားရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို​လည်း ဖြိုဖျက်​ပစ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 9,
      "text": "အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​မှ ယဇ်ပုရောဟိတ်​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​ယဇ်ပလ္လင်​သို့ တက်​ခွင့်​မ​ရှိ​သော်လည်း တဆေးမဲ့မုန့်​ကို​မူ ညီအစ်ကို​တို့​နှင့်အတူ စား​ခွင့်​ရ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 10,
      "text": "ရှင်ဘုရင်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ​တောဖက်​အရပ်​ကို​လည်း မစင်ကြယ်​အောင် လုပ်လိုက်​သဖြင့် ထို​နေရာ​တွင် မည်သူ​မျှ မိမိ​သား​သမီး​ကို မောလုတ်​ဘုရား​ထံ မီးရှို့ပူဇော်​၍​မ​ရ​တော့​ချေ​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 11,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​အဝင်ဝ​၊ အိမ်​တော်​ဝင်း​အတွင်း မိန်းမစိုး​နာသန်မေလက်​၏​အခန်း​နား​ရှိ ယုဒ​ဘုရင်​တို့ နေ​ဘုရား​အား ပူဇော်​ထား​သော​မြင်း​များ​ကို​လည်း ဖယ်ရှား​ပစ်​၍ နေ​ဘုရား​ရထား​တို့​ကို​လည်း မီး​ရှို့​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 12,
      "text": "ရှင်ဘုရင်​သည် ယုဒ​ဘုရင်​တို့ တည်​ထား​ခဲ့​သည့် အာခတ်​မင်းကြီး​၏​လေသာနန်းဆောင်​ခေါင်မိုးပြင်​ရှိ ယဇ်ပလ္လင်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်​ခု​အတွင်း​ရှိ မနာရှေ​မင်းကြီး​တည်​ထား​ခဲ့​သော​ယဇ်ပလ္လင်​များ​ကို ရှိ​သည့်​နေရာ​မှ ဖြိုချ​အမှုန့်ချေ​ပစ်​ပြီး ကေဒြုန်​ချိုင့်ဝှမ်း​ထဲသို့ ကြဲချ​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 13,
      "text": "ဆီဒုန်​အမျိုးသား​တို့​ကိုးကွယ်​သော ရွံရှာဖွယ်​အာရှတရက်​ဘုရား​၊ မောဘ​အမျိုးသား​တို့​ကိုးကွယ်​သော​ရွံရှာဖွယ်​ခေမုရှ​ဘုရား​၊ အမ္မုန်​အမျိုးသား​တို့​ကိုးကွယ်​သော​ရွံရှာဖွယ် မိလကုံ​ဘုရား​တို့​အတွက် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​တည်​ထား​ပေး​ခဲ့​သော ဂျေရုဆလင်​မြို့​အရှေ့ဘက်​၊ ပျက်စီး​ရာ​တောင်​၏​တောင်ဘက်​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို​လည်း ရှင်ဘုရင်​က မစင်ကြယ်​အောင် လုပ်​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 14,
      "text": "အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​ကို ချိုး​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​ပြီး ထို​နေရာ​ကို လူသေအရိုး​များ​နှင့် အုပ်​ထား​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 15,
      "text": "ဗေသလ​မြို့​ရှိ ယဇ်ပလ္လင်​နှင့် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သော​နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​တည်​ထား​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို​လည်း ရှင်ဘုရင်​သည် ထို​ယဇ်ပလ္လင်​နှင့် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​ပါ ဖြိုချ​ပစ်​ပြီး မီးရှို့​ကာ​အမှုန့်ချေ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း မီးရှို့​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 16,
      "text": "ထို့နောက် ယောရှိ​မင်းကြီး​သည် ဝန်းကျင်​ကို​လှည့်ကြည့်​လိုက်​သောအခါ တောင်​ပေါ်တွင် သင်္ချိုင်းဂူ​များ​ကို တွေ့​သဖြင့် လူ​လွှတ်​၍ သင်္ချိုင်းဂူ​အတွင်း​ရှိ အရိုး​တို့​ကို​ယူ​စေ​ပြီး ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့​၍ ယဇ်ပလ္လင်​ကို ညစ်ညူး​စေ​၏​။ ဤသို့ဖြင့် ဘုရားသခင်​၏​လူ ကြိုတင်​ဟောပြော​ခဲ့​သည့်​ထာဝရဘုရား​၏​စကား​တော်​များ​အတိုင်း ဤ​အရာ​တို့ ဖြစ်လာ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 17,
      "text": "ထို့ပြင် ရှင်ဘုရင်​က “​ငါ​လှမ်းမြင်​နေ​ရ​သော ကမ္ပည်းတိုင်​ကား မည်သူ့​သင်္ချိုင်းဂူ​နည်း​”​ဟု မေး​လျှင် မြို့သား​တို့​က “ဤ​ဗေသလ​ယဇ်ပလ္လင်​ကို အရှင်မင်းကြီး ယခု​ကဲ့သို့​ပြု​လိမ့်မည်​ဟု ကြိုတင်​ဟောပြော​ခဲ့​သည့် ယုဒ​ပြည်​မှ​လာ​သော​ဘုရားသခင့်​လူ​၏​သင်္ချိုင်းဂူ ဖြစ်​ပါ​၏”​ဟု လျှောက်တင်​ကြ​လျှင်"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 18,
      "text": "ရှင်ဘုရင်​က “​ထို​သူ ဤ​အတိုင်း ရှိ​ပါစေ​။ မည်သူ​မျှ သူ့​အရိုး​တို့​ကို မ​ရွှေ့​ရ​”​ဟု အမိန့်ပေး​သဖြင့် ထို​သူ​၏​အရိုး​တို့​နှင့် ရှမာရိ​မြို့​မှ​လာ​သော ပရောဖက်​၏​အရိုး​တို့​ကို ဤအတိုင်း ရှိ​စေ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 19,
      "text": "အမျက်​တော်​ထွက်​စေ​ဖို့ အစ္စရေး​ဘုရင်​တို့ တည်​ထား​ခဲ့​သည့် ရှမာရိ​မြို့ရွာ​များ​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​မှ​ဝတ်ကျောင်း​အားလုံး​ကို​လည်း ယောရှိ​မင်းကြီး​သည် ဗေသလ​မြို့​တွင် ပြု​ခဲ့​သည့်​အတိုင်း ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 20,
      "text": "အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် အမှုဆောင်​သော​ယဇ်ပုရောဟိတ်​အားလုံး​ကို ယဇ်ပလ္လင်​ပေါ်တွင် ကွပ်မျက်​ပြီး သူ​တို့​အပေါ် လူသေအရိုး​တို့​ကို​တင်​၍ မီးရှို့​ပစ်​၏​။ ထို့နောက်မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 21,
      "text": "ထို့နောက် ရှင်ဘုရင်​က ပြည်သူပြည်သား​အပေါင်း​တို့​အား “​ဤ​ပဋိညာဉ်​ကျမ်း​တွင် ရေးထား​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို ကျင်းပ​ကြ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 22,
      "text": "အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ခဲ့​သော​တရားသူကြီး​များ​လက်ထက်​မှစ၍ အစ္စရေး​ဘုရင်​များ​နှင့် ယုဒ​ဘုရင်​များ​လက်ထက်​တစ်လျှောက်လုံး​တွင် ဤကဲ့သို့သော​ပသခါပွဲ​မျိုး တစ်ခါ​မျှ​မ​ကျင်းပ​ခဲ့​ဖူး​ချေ​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 23,
      "text": "ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​သို့​ရောက်​မှသာ ထာဝရဘုရား​အဖို့ ဤကဲ့သို့သော​ပသခါပွဲ​ကို ဂျေရုဆလင်​မြို့​တွင် ကျင်းပ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 24,
      "text": "ယောရှိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​ဟိလခိ​တွေ့ရှိ​ခဲ့​သော​ကျမ်း​တွင်​ရေးသား​ထား​သည့် ပညတ်တရား​စကား​တော်​တို့​ကို စောင့်ထိန်း​ရန် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တွင်​တွေ့ရှိ​သော နတ်ဝင်သည်​များ​၊ နတ်ထိန်း​များ​၊ တေရပ်ရုပ်တု​အပါအဝင်​ရုပ်တုဆင်းတု​များ​နှင့် စက်ဆုပ်ရွံရှာဖွယ်​အရာ​အားလုံး​တို့​ကို​လည်း ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 25,
      "text": "မောရှေ​၏​ပညတ်တရား​အတိုင်း စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​နှင့် ထာဝရဘုရား​ထံ ပြန်လာ​သော​ယောရှိ​မင်းကြီး​ကဲ့သို့​ဘုရင်​မျိုး ရှေးယခင်​က​လည်း မ​ရှိ​၊ သူ့​နောက်၌​လည်း မ​ရှိ​ပေ​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 26,
      "text": "သို့သော် မနာရှေ​မင်းကြီး​ပြု​ခဲ့​သော​အမျက်​တော်​ထွက်စရာ​အမှု​အလုံးစုံ​တို့​ကြောင့် ထာဝရဘုရား​သည် ယုဒ​လူမျိုး​ကို ပြင်းစွာ​အမျက်ထွက်​သော​အရှိန်​မှာ မ​ငြိမ်း​ပေ​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 27,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​ကို ငါ​ဖယ်ရှား​ပစ်​သကဲ့သို့ ယုဒ​လူမျိုး​ကို​လည်း ငါ့​ရှေ့​မှ​ဖယ်ရှား​ပစ်​မည်​။ ငါ​ရွေးချယ်​ခဲ့​သော​ဂျေရုဆလင်​မြို့​နှင့် ‘ထို​နေရာ​၌​ငါ့​နာမ​ကို​တည်​စေ​မည်’​ဟု ငါ​ဆို​ခဲ့​သော​အိမ်​တော်​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 28,
      "text": "ကျန်ရှိ​နေ​သော ယောရှိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 29,
      "text": "ယောရှိ​မင်းကြီး​လက်ထက်​တွင် အီဂျစ်​ဘုရင်​ဖာရော​နေခေါ​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ကို​တိုက်ခိုက်​ရန် ယူဖရေးတီး​မြစ် ​သို့ စစ်ချီ​သွား​သည်​ကို ယောရှိ​မင်းကြီး​ထွက်လာ​၍ မေဂိဒ္ဒေါ​အရပ်​တွင် သူ့​ကို​ရင်ဆိုင်တိုက်ခိုက်​ရာ သူ​သည် ယောရှိ​မင်းကြီး​ကို​တွေ့​ပြီး ကွပ်မျက်​လိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 30,
      "text": "ယောရှိ​မင်းကြီး​၏​အမှုထမ်း​တို့​သည် သူ့​အလောင်း​ကို မေဂိဒ္ဒေါ​အရပ်​မှ ဂျေရုဆလင်​မြို့​သို့ ရထား​ဖြင့်​သယ်သွား​ပြီး သူ့​သင်္ချိုင်းဂူ​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို့နောက် ပြည်သူပြည်သား​တို့​သည် ယောရှိ​မင်းကြီး​၏​သား​တော် ယောခတ်​ကို ဘိသိက်ပေး​၍ ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 31,
      "text": "ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 32,
      "text": "သူ​သည် ဘိုးဘေး​တို့​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 33,
      "text": "ဖာရော​နေခေါ​မင်းကြီး​သည် သူ့​ကို ဂျေရုဆလင်​မြို့​တွင် နန်းချ​ပြီး ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် အကျဉ်းချထား​၍ တိုင်းပြည်​ကို​လည်း ငွေ​တာလန်​တစ်ရာ ​၊ ရွှေ​တစ်တာလန် ဒဏ်တပ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 34,
      "text": "ဖာရော​နေခေါ​မင်းကြီး​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ဧလျာကိမ်​ကို ခမည်းတော်​ယောရှိ​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ ယောခတ်​မင်းကြီး​ကို အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​ပြီး ထို​ပြည်​တွင်​ပင် သူ​အနိစ္စရောက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 35,
      "text": "ယောယကိမ်​မင်းကြီး​သည် ဖာရော​နေခေါ​မင်းကြီး​ကို ရွှေ​ငွေ​များ ဆက်သ​ရ​၏​။ သူ​သည် ဖာရော​မင်းကြီး​အမိန့်​ဖြင့် ဆက်သ​ရ​သော​အခွန်ငွေ​များ​ကို ပြည်သူပြည်သား​များ​ထံ ကောက်ခံ​၏​။ ဖာရော​နေခေါ​မင်းကြီး​ထံ ဆက်သ​ရ​မည့် ရွှေ​ငွေ​များ​ကို နှုန်းထား​သတ်မှတ်​၍ ပြည်သူပြည်သား​များ​ထံ အဓမ္မ​ကောက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 36,
      "text": "ယောယကိမ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ရုမာ​မြို့သား​ပေဒါယ​၏​သမီး ဇေဗုဒ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 37,
      "text": "ယောယကိမ်​မင်းကြီး​သည် ဘိုးဘေး​တို့​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 1,
      "text": "ယောယကိမ်​မင်းကြီး​လက်ထက်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချီလာ​၍​တိုက်ခိုက်​သဖြင့် ယောယကိမ်​မင်းကြီး​သည် သူ့​လက်အောက်ခံ​အဖြစ် သုံး​နှစ်​နေ​ရ​၏​။ ထို့နောက် သူ့​ကို ပြန်လည်​ပုန်ကန်​ခဲ့​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 2,
      "text": "ယောယကိမ်​မင်းကြီး​ကို​တိုက်ခိုက်​ဖို့ ထာဝရဘုရား​သည် ခါလဒဲ​တပ်​များ​၊ ဆီးရီးယား​တပ်​များ​၊ မောဘ​တပ်​များ​နှင့် အမ္မုန်​တပ်​များ​ကို စေလွှတ်​တော်မူ​၏​။ မိမိ​အစေအပါး ပရောဖက်​တို့​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​စကား​တော်​အတိုင်း ယုဒ​ပြည်​ကို​ဖျက်ဆီး​ဖို့ ထို​တပ်​များ​ကို​စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 3,
      "text": "မနာရှေ​မင်းကြီး​ပြု​ခဲ့​သော​အပြစ်​များ​ကြောင့် စကား​တော်​အတိုင်း ထာဝရဘုရား​သည် ယုဒ​ပြည်​ကို ရှေ့​တော်​မှ ဖယ်ရှား​ရန် ဤသို့​စီရင်​ခြင်း ဖြစ်​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 4,
      "text": "မနာရှေ​မင်းကြီး​သည် အပြစ်ကင်း​သော​သူ​တို့​ကို​သတ်​၍ ဂျေရုဆလင်​မြို့​တွင် အပြစ်ကင်း​သော​သူ​တို့​၏​သွေး​နှင့် ပြည့်​စေ​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို ခွင့်လွှတ်​ရန် အလို​တော်​မ​ရှိ​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 5,
      "text": "ကျန်ရှိ​နေ​သော​ယောယကိမ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 6,
      "text": "ယောယကိမ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​ယောယခိမ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 7,
      "text": "ဘေဘီလုံ​ဘုရင်​သည် အီဂျစ်​မြစ်​မှ​ယူဖရေးတီး​မြစ် ​တိုင်အောင် အီဂျစ်​ဘုရင်​ပိုင်နက်​အားလုံး​ကို တိုက်ခိုက်သိမ်းပိုက်​လိုက်​သောကြောင့် အီဂျစ်​ဘုရင်​သည် မိမိ​ပြည်​မှ စစ်ချီထွက်​၍​မ​ရ​တော့​ချေ​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 8,
      "text": "ယောယခိမ်​နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​ရှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သား​ဧလနာသန်​၏​သမီး နဟုတ္တ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 9,
      "text": "သူ​သည် ခမည်းတော်​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 10,
      "text": "ထို​ကာလ​၌ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​၏​အမှုထမ်း​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​ဝိုင်းရံ​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 11,
      "text": "မင်းမှုထမ်း​များ မြို့​ကို​ဝိုင်းရံ​ထား​စဉ် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် စစ်ချီ​လာ​၍ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 12,
      "text": "ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 13,
      "text": "ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း​ပင် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​မှ ရှိသမျှ​ကို ယူဆောင်​သွား​၏​။ ထာဝရဘုရား​၏​ဗိမာန်တော်​ရှိ အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​ခဲ့​သော ရွှေ​အသုံးအဆောင်​အားလုံး​ကို​လည်း ချိုးဖဲ့​ဖျက်ဆီး​၍​ယူဆောင်​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 14,
      "text": "ထို့ပြင် ဂျေရုဆလင်​မြို့သား​များ​အပါအဝင် မှူးမတ်​များ​၊ စစ်သူရဲ​များ​၊ လက်မှုပညာသည်​များ​၊ ပန်းပဲသမား​များ​အားလုံး စုစုပေါင်း​လူ​တစ်သောင်း​ကို ဖမ်းခေါ်​သွား​၏​။ ဆင်းရဲ​သော​ပြည်သူပြည်သား​များ​မှအပ မည်သူ​မျှ​မ​ကျန်​တော့​ပေ​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 15,
      "text": "ဤသို့ဖြင့် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့​ဖမ်းခေါ်​သွား​၏​။ ရှင်ဘုရင်​၏​မယ်တော်​၊ ရှင်ဘုရင်​၏​မိဖုရား​များ​၊ မှူးမတ်​များ​နှင့် တိုင်းပြည်​အကြီးအကဲ​အားလုံး​တို့​ကို​လည်း ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ သုံ့ပန်း​အဖြစ် ဖမ်းခေါ်​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 16,
      "text": "ဘေဘီလုံ​ဘုရင်​သည် စစ်သူရဲ​ပေါင်း​ခုနစ်​ထောင်​၊ လက်မှုပညာသည်​နှင့်​ပန်းပဲပညာသည်​ပေါင်း​တစ်ထောင်​စသည့် စစ်တိုက်​နိုင်စွမ်း​ရှိ​သော​သူ​အားလုံး​ကို​လည်း ဘေဘီလုံ​မြို့​သို့ သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 17,
      "text": "ထို့ပြင် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​၏​ဘထွေး​တော်​မတ္တနိ​ကို မင်းကြီး​၏​အရိုက်အရာ​ဆက်ခံ​စေ​ပြီး ဇေဒကိ​ဟု​အမည်​ပြောင်း​ပေး​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 18,
      "text": "ဇေဒကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​တစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 19,
      "text": "ဇေဒကိ​မင်းကြီး​သည် ယောယကိမ်​မင်းကြီး​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 20,
      "text": "ထာဝရဘုရား အမျက်​တော်​ကြောင့် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​ကို ရှေ့​တော်​မှ​ဖယ်ရှား​လိုက်​သည်​အထိ ဤသို့​ဖြစ်​ရ​ခြင်း ဖြစ်​၏​။ ဇေဒကိ​မင်းကြီး​သည်​လည်း ဘေဘီလုံ​ဘုရင်​ကို ပြန်၍​ပုန်ကန်​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 1,
      "text": "ဇေဒကိ​မင်းကြီး နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ မြို့ပြင်​၌​စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 2,
      "text": "ဇေဒကိ​မင်းကြီး​နန်းစံ တစ်ဆယ့်တစ်​နှစ်​တိုင်အောင် မြို့​ကို​ဝိုင်း​ထား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 3,
      "text": "ထို​နှစ် စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲ၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဆိုးရွား​စွာ​ဖြစ်​သဖြင့် မြို့သူမြို့သား​တို့ စားစရာ​အလျှင်း​မ​ရှိ​တော့ပေ​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 4,
      "text": "နောက်ဆုံး​၌ မြို့ရိုး​ကျိုးပေါက်​သွား​ပြီး ခါလဒဲ​စစ်သည်​တို့​က မြို့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း ရှင်ဘုရင်​နှင့်တကွ စစ်သူရဲ​အပေါင်း​တို့​သည် ညအချိန်​တွင် ဘုရင့်​ဥယျာဉ်​တော်​အနီး မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ​ထွက်​၍ အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 5,
      "text": "ခါလဒဲ​စစ်သည်​တို့​သည်​လည်း ရှင်ဘုရင်​နောက်သို့​လိုက်​ကြ​ရာ ဇေဒကိ​မင်းကြီး​ကို ဂျေရိခေါ​လွင်ပြင်​၌ မီ​လေ​၏​။ သူ​၏​စစ်သည်​အပေါင်း​တို့​သည်​လည်း တကွဲတပြား​ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 6,
      "text": "ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ သူ့​ကို စီရင်ချက်ချ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 7,
      "text": "ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ဇေဒကိ​မင်းကြီး​၏​မျက်စိ​ကို​လည်း​ဖောက်ထုတ်​ပြီး သူ့​ကို ကြေးနီကြိုး​ဖြင့်​ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 8,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ကိုး​နှစ်​၊ ပဉ္စမ​လ​၊ ခုနစ်​ရက်​နေ့​၌ ဘေဘီလုံ​ဘုရင်​၏​အမှုထမ်း ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 9,
      "text": "သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 10,
      "text": "ကိုယ်ရံတော်မှူး​နှင့်​ပါလာ​သော ခါလဒဲ​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ မြို့ရိုး​ကို ဖြိုဖျက်​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 11,
      "text": "ထို့နောက် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် မြို့​ထဲ၌​ကြွင်းကျန်​သော​သူ​များ​၊ ဘေဘီလုံ​ဘုရင်​ထံ ခိုလှုံလာ​သူ​များ​နှင့် ကျန်ရှိ​သော​ပြည်သူပြည်သား​တို့​ကို ဖမ်းခေါ်​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 12,
      "text": "သို့သော် ကိုယ်ရံတော်မှူး​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်လုပ်​စေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 13,
      "text": "ခါလဒဲ​စစ်သည်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ကြေးနီ​တိုင်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ကြေးနီ​ရေကန်​နှင့်​တွန်းလှည်း တို့​ကို​ချိုးဖဲ့​၍ ကြေးနီ​ရှိသမျှ​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 14,
      "text": "အိုး​များ​၊ ဂေါ်ပြား​များ​၊ မီးညှပ်​များ​၊ ဇွန်း​များ​မှစ၍ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​အသုံးပြု​သည့် ကြေးနီ​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်း ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 15,
      "text": "ကိုယ်ရံတော်မှူး​သည် ရွှေစင်​၊ ငွေစင်​ဖြင့်​လုပ်​ထား​သော မီးကျီးခံဗန်း​များ​၊ ဇလုံ​များ​ကို​လည်း သိမ်းယူ​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 16,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌ ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​သော တိုင်​နှစ်​တိုင်​၊ ရေကန်​တစ်​ကန်​နှင့် တွန်းလှည်း​များ​စသည့် ကြေးနီ​တန်ဆာပလာ​အားလုံး​၏​အလေးချိန်​မှာ ချိန်တွယ်​၍​ပင်​မ​ရ​နိုင်​ချေ​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 17,
      "text": "တိုင်​တစ်​တိုင်​စီ​၏​အမြင့်​မှာ တစ်ဆယ့်​ရှစ်​တောင် ​ရှိ​ပြီး တိုင်ထိပ်​တွင် ကြေးနီ​တိုင်အုပ် ပါရှိ​၏​။ ထို​တိုင်အုပ်​သည်​လည်း အမြင့်​သုံး​တောင် ​ရှိ​ပြီး တိုင်အုပ်​ပတ်ပတ်လည်​တွင်​လည်း ကြေးနီ​အတိပြီး​သော​ရာဇမတ်ကွက်​နှင့်​သလဲသီးပုံ​များ​လည်း ပါရှိ​၏​။ ထိုနည်းတူ ဒုတိယ​တိုင်​တွင်​လည်း ရာဇမတ်ကွက်​များ ပါရှိ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 18,
      "text": "ကိုယ်ရံတော်မှူး​သည် ယဇ်ပုရောဟိတ်​မင်း​စရာယ​၊ လက်ထောက်​ယဇ်ပုရောဟိတ်​ဇေဖနိ​နှင့် တံခါးစောင့်​သုံး​ယောက်​တို့​ကို ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 19,
      "text": "စစ်သူရဲ​တို့​ကို ကြီးကြပ်အုပ်ချုပ်​ရ​သူ​စစ်သူကြီး​တစ်​ဦး​၊ မြို့​ထဲ၌​တွေ့​မိ​သော ဘုရင့်​အတိုင်ပင်ခံအမတ်​ငါး​ဦး​၊ ပြည်သား​တို့​ထဲမှ စစ်သား​ရှာဖွေ​စုဆောင်း​ပေး​ရ​သူ စစ်စာရေးတော်​ကြီး​တစ်ဦး​၊ မြို့​ထဲ၌​တွေ့​မိ​သော​ပြည်သူပြည်သား​အယောက်​ခြောက်ဆယ်​တို့​ကို​လည်း မြို့​ထဲမှ ခေါ်ယူ​သွား​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 20,
      "text": "ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ထို​သူ​တို့​ကို ရိဗလ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​ထံသို့ ခေါ်ဆောင်​လာ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 21,
      "text": "ဘေဘီလုံ​ဘုရင်​သည် ထို​သူ​တို့​ကို ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် ဒဏ်ခတ်​ကွပ်မျက်​လေ​၏​။ ဤသို့ဖြင့် ယုဒ​လူမျိုး​တို့​သည် နေရင်းပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 22,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 23,
      "text": "ဘေဘီလုံ​ဘုရင်​က ဂေဒလိ​ကို​ခန့်ထား​ကြောင်း တပ်အကြီးအကဲ​အပေါင်း​တို့​နှင့်​သူ​၏​လူ​များ ကြားသိ​သောအခါ နေသနိ​၏​သား​ဣရှမေလ​၊ ကာရာ​၏​သား​ယောဟနန်​၊ နေတောဖာသိ​လူမျိုး တာနုမက်​၏​သား​စရာယ​၊ မာခါသိ​အမျိုးသား​ယာဇညာ​တို့​သည် သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 24,
      "text": "ဂေဒလိ​က​လည်း သူ​တို့​နှင့်​သူ​တို့​၏​လူ​များ​အား “​ခါလဒဲ​လူမျိုး​တို့​ကို အစေခံ​ရ​မည်​ကို မ​ကြောက်​ကြ​နှင့်​။ ဤ​ပြည်​၌ နေထိုင်​ကြ​လော့​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​ကောင်းစား​ရ​လိမ့်မည်​”​ဟု ကျိန်ဆို​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 25,
      "text": "သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​သို့​လာ​၏​။ သူ​တို့​သည် ဂေဒလိ​အပါအဝင် ဂေဒလိ​နှင့်အတူ​နေ​သော ဂျူး​လူမျိုး​များ​နှင့် ခါလဒဲ​လူမျိုး​များ​ကို​ပါ မိဇပါ​မြို့​တွင် တိုက်ခိုက်​သတ်ဖြတ်​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 26,
      "text": "ထိုအခါ စစ်တပ်​အကြီးအကဲ​များ​အပါအဝင် လူ​ကြီး​လူ​ငယ်​အားလုံး​တို့​သည် ခါလဒဲ​လူမျိုး​တို့​ကို​ကြောက်​သဖြင့် ထ​၍ အီဂျစ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​လေ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 27,
      "text": "ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သုံးဆယ့်​ခုနစ်​နှစ်​မြောက်​၊ ဒွါဒသမ​လ​၊ နှစ်ဆယ့်​ခုနစ်​ရက်​နေ့ ဘေဘီလုံ​ဘုရင်​ဧဝိလမေရောဒက်​မင်းကြီး နန်းတက်​သော​နှစ်​တွင် ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​ကို အကျဉ်းထောင်​မှ လွှတ်ပေး​လိုက်​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 28,
      "text": "သူ့​ကို ကောင်းမွန်​စွာ​ဆက်ဆံ​ပြောဆို​ပြီး သူ​၏​ပလ္လင်​ကို ဘေဘီလုံ​မြို့​ရှိ အခြား​ဘုရင်​တို့​၏​ပလ္လင်​ထက် ချီးမြှောက်​ထား​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 29,
      "text": "ဤသို့ဖြင့် ယောယခိမ်​မင်းကြီး​သည် ထောင်​အဝတ်​ကို​လဲ​၍ သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး နေ့စဉ်​ဘေဘီလုံ​ဘုရင်​ထံ၌ စားသောက်​ခွင့်​ရ​၏​။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 30,
      "text": "သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​အဖို့ စားစရိတ်​၊ သုံးစရိတ်​စသည့် နေ့စဉ်​လိုအပ်ချက်​ကို ရှင်ဘုရင်​သည် သူ့​အား ပေးသနား​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 1,
      "text": "အာဒံ​၊ ရှေသ​၊ ဧနုတ်​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 2,
      "text": "ကာဣနန်​၊ မဟာလေလ​၊ ယာရက်​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 3,
      "text": "ဧနောက်​၊ မသုရှလ​၊ လာမက်​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 4,
      "text": "နောဧ​၊ ရှေမ​၊ ဟာမ​၊ ယာဖက်​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 5,
      "text": "ယာဖက်​၏​သား​များ​မှာ ဂေါမာ​၊ မာဂေါဂ​၊ မာဒဲ​၊ ယာဝန်​၊ တုဗလ​၊ မေရှက်​နှင့်​တိရတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 6,
      "text": "ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ် ​နှင့်​တောဂါမ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 7,
      "text": "ယာဝန်​၏​သား​များ​မှာ ဧလိရှာ​၊ တာရှု​၊ ခိတ္တိမ်​နှင့်​ရောဒနိမ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 8,
      "text": "ဟာမ​၏​သား​များ​မှာ ကုရှ​၊ မိဇရိမ် ​၊ ဖုတ​နှင့်​ခါနာန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 9,
      "text": "ကုရှ​၏​သား​များ​မှာ သေဘ​၊ ဟဝိလ​၊ သာဘတ​၊ ရာဂမ​၊ သတ္တေခါ တို့​ဖြစ်​ကြ​၏​။ ရာဂမ​၏​သား​များ​မှာ ရှေဘ​နှင့်​ဒေဒန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 10,
      "text": "ကုရှ​သည် သား​နိမ်ရောဒ​ကို​ရ​၏​။ နိမ်ရောဒ​သည် မြေကြီး​ပေါ်တွင် အဦးဆုံး​ပေါ်ထွန်း​သော လူစွမ်းကောင်း​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 11,
      "text": "မိဇရိမ် ​မှ လုဒိမ်​လူမျိုး​၊ အာနမိမ်​လူမျိုး​၊ လဟာဗိမ်​လူမျိုး​၊ နတ္တုဟိမ်​လူမျိုး​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 12,
      "text": "ပါသရုသိမ်​လူမျိုး​၊ ကာသလုဟိမ်​လူမျိုး​နှင့် ကတ္တောရိမ်​လူမျိုး​တို့ ဆင်းသက်​လာ​၏​။ ကာသလုဟိမ်​မှ ဖိလိတ္တိ​လူမျိုး ဆင်းသက်​လာ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 13,
      "text": "ခါနာန်​၏​သားဦး​ကား ဆီဒုန် ဖြစ်​၏​။ ဆီဒုန်​မှ ဟေသ​လူမျိုး​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 14,
      "text": "ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 15,
      "text": "ဟိဝိ​လူမျိုး​၊ အာကိ​လူမျိုး​၊ သိနိ​လူမျိုး​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 16,
      "text": "အာဝဒိ​လူမျိုး​၊ ဇေမရိ​လူမျိုး​၊ ဟာမသိ​လူမျိုး တို့​ဆင်းသက်​လာ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 17,
      "text": "ရှေမ​၏​သား​များ​မှာ ဧလံ​၊ အာရှုရ​၊ အာဖာဇဒ်​၊ လုဒ​၊ အာရံ​၊ ဥဇ​၊ ဟုလ​၊ ဂေသာ​နှင့် မေရှက် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 18,
      "text": "အာဖာဇဒ်​၏​သား​မှာ ရှာလ​၊ ရှာလ​၏​သား​မှာ ဧဗာ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 19,
      "text": "ဧဗာ​သည် သား​နှစ်​ယောက်​ကို ရ​၏​။ တစ်​ယောက်​မှာ ထို​ခေတ်​က​မြေကြီး​ကို ခွဲဝေယူ​သည်​ကို အကြောင်းပြု​၍ သူ့​ကို ဖာလက် ဟု​ခေါ်​၏​။ ကျန်တစ်ယောက်​၏​အမည်​မှာ ယုတ္တန် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 20,
      "text": "ယုတ္တန်​သည် သား​အာလမောဒဒ်​၊ ရှေလပ်​၊ ဟာဇာမာဝက်​၊ ယေရ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 21,
      "text": "ဟဒေါရံ​၊ ဥဇလ​၊ ဒိကလ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 22,
      "text": "ဧဗလ​၊ အဘိမေလ​၊ ရှေဘ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 23,
      "text": "ဩဖိရ​၊ ဟဝိလ​နှင့် ယောဗပ် တို့​ကို​ရ​၏​။ သူ​တို့​သည် ယုတ္တန်​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 24,
      "text": "ရှေမ​၊ အာဖာဇဒ်​၊ ရှာလ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 25,
      "text": "ဧဗာ​၊ ဖာလက်​၊ ရီဦး​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 26,
      "text": "စေရောက်​၊ နာခေါ်​၊ တေရ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 27,
      "text": "အာဗြံ ဟု​ခေါ်​သော အာဗြဟံ​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 28,
      "text": "အာဗြဟံ​၏​သား​များ​မှာ ဣဇက်​၊ ဣရှမေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 29,
      "text": "သူ​တို့​၏​သားစဉ်မြေးဆက်​များ​မှာ ဣရှမေလ​၏​သားဦး နဗာယုတ်​၊ ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 30,
      "text": "မိရှမ​၊ ဒုမာ​၊ မာစ​၊ ဟာဒဒ် ​၊ တေမ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 31,
      "text": "ယေတုရ​၊ နာဖိရှ​၊ ကေဒမာ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဣရှမေလ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 32,
      "text": "အာဗြဟံ​၏​မယားငယ် ကေတုရ​မွေးဖွား​သော​သား​များ​မှာ ဇိမရံ​၊ ယုတ်ရှန်​၊ မေဒန်​၊ မိဒျန်​၊ ဣရှဗက်​၊ ရှုအာ​တို့ ဖြစ်​ကြ​၏​။ ယုတ်ရှန်​သား​များ​မှာ ရှေဘ​နှင့် ဒေဒန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 33,
      "text": "မိဒျန်​၏​သား​များ​မှာ ဧဖာ​၊ ဧဖေရ​၊ ဟာနုတ်​၊ အဘိဒ​နှင့်​ဧလဒါ တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကေတုရ​၏​သားမြေး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 34,
      "text": "အာဗြဟံ​သည် သား​ဣဇက်​ကို ရ​၏​။ ဣဇက်​၏​သား​များ​မှာ ဧသော​နှင့် အစ္စရေး တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 35,
      "text": "ဧသော​၏​သား​များ​မှာ ဧလိဖတ်​၊ ရွေလ​၊ ယုရှ​၊ ယာလံ​နှင့်​ကောရ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 36,
      "text": "ဧလိဖတ်​၏​သား​များ​မှာ တေမန်​၊ ဩမရ​၊ ဇေဖိ ​၊ ဂါတံ​၊ ကေနတ်​၊ တိမန​နှင့်​အာမလက် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 37,
      "text": "ရွေလ​၏​သား​များ​မှာ နာဟတ်​၊ ဇေရ​၊ ရှမ္မ​နှင့်​မိဇ္ဇ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 38,
      "text": "စိရ​၏​သား​များ​မှာ လောတန်​၊ ရှောဗလ​၊ ဇိဘောင်​၊ အာန​၊ ဒိရှုန်​၊ ဧဇာ​နှင့်​ဒိရှန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 39,
      "text": "လောတန်​၏​သား​များ​မှာ ဟောရိ​၊ ဟောမံ တို့​ဖြစ်​ကြ​၏​။ လောတန်​၏​နှမ​မှာ တိမန​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 40,
      "text": "ရှောဗလ​၏​သား​များ​မှာ အာလဝန်​၊ မနာဟတ်​၊ ဧဗလ​၊ ရှေဖော​နှင့်​ဩနံ တို့​ဖြစ်​ကြ​၏​။ ဇိဘောင်​၏​သား​များ​မှာ အာယ​နှင့်​အာန တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 41,
      "text": "အာန​၏​သား​မှာ ဒိရှုန်​၊ ဒိရှုန်​၏​သား​များ​မှာ ဟင်္ဒန်​၊ ဧရှဗန်​၊ ဣသရန်​နှင့်​ခေရန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 42,
      "text": "ဧဇာ​၏​သား​များ​မှာ ဗိလဟန်​၊ ဇာဝန်​နှင့်​အာကန် တို့​ဖြစ်​ကြ​၏​။ ဒိရှုန်​၏​သား​များ​မှာ ဥဇ​နှင့်​အာရန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 43,
      "text": "အစ္စရေး​အမျိုးသား​တို့​ကို​စိုးစံ​သော​ဘုရင် မ​ရှိ​မီ ဧဒုံ​ပြည်​ကို စိုးစံ​သော​ဘုရင်​များ​မှာ ဤ​သူ​တို့​တည်း​။ ဗောရ​၏​သား​ဗေလ​သည် ဒိန္နာဗာ​အမည်​ရှိ​သော​မြို့​တွင် နန်းထိုင်​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 44,
      "text": "ဗေလ​မင်းကြီး အနိစ္စရောက်​သောအခါ ဗောဇရ​မြို့​မှ ဇေရ​၏​သား​ယောဗပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 45,
      "text": "ယောဗပ်​မင်းကြီး အနိစ္စရောက်​သောအခါ တေမန်​အမျိုးသား​ဟုရှံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 46,
      "text": "ဟုရှံ​မင်းကြီး အနိစ္စရောက်​သောအခါ မောဘ​ပြည်​တွင် မိဒျန်​လူမျိုး​တို့​ကို နှိမ်နင်း​နိုင်​ခဲ့​သော ဗေဒဒ်​၏​သား​ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ သူ​နန်းထိုင်​သော​မြို့​၏​အမည်​မှာ အာဝိတ် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 47,
      "text": "ဟာဒဒ်​မင်းကြီး အနိစ္စရောက်​သောအခါ မာသရက်​အရပ်သား​စာမလ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 48,
      "text": "စာမလ​မင်းကြီး အနိစ္စရောက်​သောအခါ ယူဖရေးတီး​မြစ် ​နား​ရှိ ရဟောဘုတ်​အရပ်သား​ရှောလ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 49,
      "text": "ရှောလ​မင်းကြီး အနိစ္စရောက်​သောအခါ အာခဗော်​၏​သား​ဗာလဟာနန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 50,
      "text": "ဗာလဟာနန်​မင်းကြီး အနိစ္စရောက်​သောအခါ ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ဟာဒဒ်​မင်းကြီး​နန်းထိုင်​သော​မြို့​၏​အမည်​မှာ ပေါ ဖြစ်​၏​။ သူ့​မိဖုရား​ကား မာတရက်​၏​မြေး​၊ မေဇဟပ်​၏​သမီး မဟေတဗေလ အမည်​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 51,
      "text": "ဟာဒဒ်​မင်းကြီး အနိစ္စရောက်​ပြီး​နောက်ပိုင်း ဧဒုံ​ပြည်​၏​သူကြီး​များ​မှာ သူကြီး​တိမန​၊ သူကြီး​အာလဝ​၊ သူကြီး​ယေသက်​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 52,
      "text": "သူကြီး​အဟောလိဗာမ​၊ သူကြီး​ဧလာ​၊ သူကြီး​ပိနုန်​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 53,
      "text": "သူကြီး​ကေနတ်​၊ သူကြီး​တေမန်​၊ သူကြီး​မိဗဇာ​၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 54,
      "text": "သူကြီး​မာဂဒေလ​၊ သူကြီး​ဣရံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဧဒုံ​ပြည်​၏​သူကြီး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 1,
      "text": "အစ္စရေး​၏​သား​များ​မှာ ရုဗင်​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန်​၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 2,
      "text": "ဒန်​၊ ယောသပ်​၊ ဗင်္ယာမိန်​၊ နဿလိ​၊ ဂဒ်​နှင့်​အာရှာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 3,
      "text": "ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​နှင့်​ရှေလ တို့​ဖြစ်​ကြ​ပြီး ခါနာန်​အမျိုးသမီး ဗာသရှုအာ​သည် ထို​သား​သုံး​ဦး​ကို မွေးဖွား​၏​။ ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​သဖြင့် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 4,
      "text": "ယုဒ​၏​ချွေးမ​တာမာ​သည် ဖာရက်​နှင့်​ဇေရ​တို့​ကို မွေးဖွား​၏​။ ထို့ကြောင့် ယုဒ​တွင် စုစုပေါင်း​သား​ငါး​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 5,
      "text": "ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​နှင့်​ဟာမုလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 6,
      "text": "ဇေရ​၏​သား​များ​မှာ ဇိမရိ​၊ ဧသန်​၊ ဟေမန်​၊ ကာလကောလ​၊ ဒါရ အားလုံး​ပေါင်း​ငါး​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 7,
      "text": "ကာမိ​၏​သား​မှာ အာခါ ဖြစ်​ပြီး သူ​သည် သစ္စာမစောင့် ကျိန်​ခြင်း​ခံရ​သော​ပစ္စည်း​ကို​ယူ​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​ကို ဒုက္ခရောက်​စေ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 8,
      "text": "ဧသန်​၏​သား​မှာ အာဇရိ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 9,
      "text": "ဟေဇရုန်​ရ​သော​သား​များ​မှာ ယေရမေလ​၊ ရာမ​၊ ကာလုဘိုင် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 10,
      "text": "ရာမ​၏​သား​မှာ အမိနဒပ်​၊ အမိနဒပ်​၏​သား​မှာ ယုဒ​အမျိုးသား​တို့​၏​ခေါင်းဆောင်​နာရှုန် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 11,
      "text": "နာရှုန်​၏​သား​မှာ စာလမာ ​၊ စာလမာ​၏​သား​မှာ ဗောဇ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 12,
      "text": "ဗောဇ​၏​သား​မှာ​ဩဗက်​၊ ဩဗက်​၏​သား​မှာ ယေရှဲ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 13,
      "text": "ယေရှဲ​သည် သားဦး ဧလျာဘ​၊ ဒုတိယ​သား အဘိနဒပ်​၊ တတိယ​သား ရှိမာ​၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 14,
      "text": "စတုတ္ထ​သား နာသနေလ​၊ ပဉ္စမ​သား ရဒ္ဒဲ​၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 15,
      "text": "ဆဋ္ဌမ​သား ဩဇင်​၊ သတ္တမ​သား​ဒါဝိဒ် တို့​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 16,
      "text": "သူ​တို့​၏​နှမ​များ​မှာ ဇေရုယာ​နှင့် အဘိဂဲလ တို့​ဖြစ်​၏​။ ဇေရုယာ​၏​သား​များ​မှာ အဘိရှဲ​၊ ယွာဘ​၊ အာသဟေလ အားလုံး​ပေါင်း​သုံး​ယောက် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 17,
      "text": "အဘိဂဲလ​သည် အာမသ​ကို မွေးဖွား​၏​။ အာမသ​၏​ဖခင်​မှာ ဣရှမေလ​လူမျိုး ယေသာ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 18,
      "text": "ဟေဇရုန်​၏​သား​ကာလက်​က မယား​အဇုဘ​နှင့်​ယေရုတ်​အားဖြင့် သား​များ​ကို​ရ​၏​။ အဇုဘ​၏​သား​များ​မှာ ယေရှာ​၊ ရှောဗပ်​၊ အာဒုန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 19,
      "text": "အဇုဘ ကွယ်လွန်​သွား​လျှင် ကာလက်​သည် ဧဖရတ်​နှင့်​စုံဖက်​၍ သား​ဟုရ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 20,
      "text": "ဟုရ​သည် သား​ဥရိ​ကို​ရ​၏​။ ဥရိ​သည် သား​ဗေဇလေလ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 21,
      "text": "ဟေဇရုန်​သည် အသက်​ခြောက်ဆယ်​အရွယ်​တွင် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သမီး​ကို​ယူ​၍ သား​စေဂုပ်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 22,
      "text": "စေဂုပ်​သည် သား​ယာဣရ​ကို​ရ​၏​။ ယာဣရ​သည် ဂိလဒ်​ပြည်​တွင် မြို့​နှစ်ဆယ့်​သုံး​မြို့​ကို ပိုင်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 23,
      "text": "ဂေရှုရ​ပြည်သား​နှင့် ဆီးရီးယား​ပြည်သား​တို့​က ထို​မြို့​များ​ထဲမှ ဟာဝုတ်ယာဣရ​မြို့​ကို​လည်းကောင်း​၊ ကေနတ်​မြို့​နှင့်​ထို​မြို့​ပတ်ဝန်းကျင်​ရှိ​မြို့ရွာ​ပေါင်း​ခြောက်ဆယ်​ကို​လည်းကောင်း သိမ်းပိုက်​လိုက်​ကြ​၏​။ ထို​မြို့​တို့​သည် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သားမြေး​တို့​ပိုင်​သော​မြို့​များ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 24,
      "text": "ဟေဇရုန်​သည် ကာလက်ဧဖရတ်​အရပ်​၌ ကွယ်လွန်​သွား​၏​။ ဟေဇရုန်​၏​မယား​အဘိယ​သည် သား​အာရှုရ​ကို မွေးဖွား​၍ သူ​သည် တေကော​၏​ဖခင် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 25,
      "text": "ဟေဇရုန်​၏​သားဦး​ဖြစ်​သော​ယေရမေလ​၏​သား​များ​မှာ သားဦး​ရာမ​၊ ဗုန​၊ ဩရင်​၊ ဩဇင်​နှင့် အဟိယ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 26,
      "text": "ယေရမေလ​တွင် အာတရ​ဟု​ခေါ်​သော​မယား​တစ်ဦး ရှိ​သေး​၏​။ သူ​သည် ဩနံ​၏​မိခင် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 27,
      "text": "ယေရမေလ​သားဦး​ဖြစ်​သော​ရာမ​၏​သား​များ​မှာ မာဇ​၊ ယာမိန်​၊ ဧကာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 28,
      "text": "ဩနံ​၏​သား​များ​မှာ ရှမ္မဲ​နှင့် ယာဒ တို့​ဖြစ်​ကြ​၏​။ ရှမ္မဲ​၏​သား​များ​မှာ နာဒပ်​နှင့် အဘိရှုရ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 29,
      "text": "အဘိရှုရ​၏​မယား​အမည်​မှာ အဘိဟဲလ ဖြစ်​ပြီး သူ​သည် အာဗန်​နှင့်​မောလိဒ် တို့​ကို​မွေးဖွား​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 30,
      "text": "နာဒပ်​၏​သား​များ​မှာ သေလက်​နှင့်​အပ္ပိမ် တို့​ဖြစ်​ကြ​ပြီး သေလက်​သည် သားသမီး​မ​ရှိ​ဘဲ ကွယ်လွန်​သွား​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 31,
      "text": "အပ္ပိမ်​၏​သား​မှာ ဣရှိ​၊ ဣရှိ​၏​သား​မှာ ရှေရှန်​၊ ရှေရှန်​၏​သား​မှာ အာလဲ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 32,
      "text": "ရှမ္မဲ​၏​ညီ​ဖြစ်​သော​ယာဒ​၏​သား​များ​မှာ ယေသာ​နှင့်​ယောနသန် တို့​ဖြစ်​ကြ​ပြီး ယေသာ​သည် သားသမီး​မ​ရှိ​ဘဲ ကွယ်လွန်​သွား​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 33,
      "text": "ယောနသန်​၏​သား​များ​မှာ ပေလက်​နှင့်​ဇာဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ယေရမေလ​၏​သားမြေး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 34,
      "text": "ရှေရှန်​၌ သား​မ​ရှိ​။ သမီး​များ​သာ ရှိ​၏​။ ထို့ပြင် ရှေရှန်​၌ ယာဟ​ဟု​ခေါ်​သော အီဂျစ်​ကျွန်​တစ်​ဦး ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 35,
      "text": "ရှေရှန်​သည် သူ့​သမီး​ကို ကျွန်​ယာဟ​နှင့်​ပေးစား​၍ သူ့​သမီး​သည် အတ္တဲ​ကို မွေးဖွား​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 36,
      "text": "အတ္တဲ​သည် သား​နာသန်​ကို​ရ​၏​။ နာသန်​သည် သား​ဇာဗဒ်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 37,
      "text": "ဇာဗဒ်​သည် သား​ဧဖလလ​ကို​ရ​၏​။ ဧဖလလ​သည် သား​ဩဗက်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 38,
      "text": "ဩဗက်​သည် သား​ယေဟု​ကို​ရ​၏​။ ယေဟု​သည် သား​အာဇရိ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 39,
      "text": "အာဇရိ​သည် သား​ဟေလက်​ကို​ရ​၏​။ ဟေလက်​သည် သား​ဧလာသ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 40,
      "text": "ဧလာသ​သည် သား​သိသမဲ​ကို​ရ​၏​။ သိသမဲ​သည် သား​ရှလ္လုံ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 41,
      "text": "ရှလ္လုံ​သည် သား​ယေကမိ​ကို​ရ​၏​။ ယေကမိ​သည် သား​ဧလိရှမာ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 42,
      "text": "ယေရမေလ​၏​ညီ​ဖြစ်​သော​ကာလက်​၏​သား​များ​တွင် သားဦး​မှာ​မေရှ​၊ မေရှ​၏​သား​မှာ ဇိဖ​၊ ဇိဖ​၏​သား​မှာ မရေရှ​၊ မရေရှ​၏​သား​မှာ ဟေဗြုန်​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 43,
      "text": "ဟေဗြုန်​၏​သား​များ​မှာ ကောရ​၊ တာပွာ​၊ ရေကင်​၊ ရှေမာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 44,
      "text": "ရှေမာ​သည် သား​ရာဟံ​ကို​ရ​၏​။ ရာဟံ​၏​သား​မှာ ယော်ကောင်​ဖြစ်​၏​။ ရေကင်​သည် သား​ရှမ္မဲ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 45,
      "text": "ရှမ္မဲ​၏​သား​မှာ မောန​၊ မောန​၏​သား​မှာ ဗက်ဇုရ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 46,
      "text": "ကာလက်​၏​မယားငယ်​ဧဖာ​သည် ဟာရန်​၊ မောဇ​၊ ဂါဇက် တို့​ကို​မွေးဖွား​၏​။ ဟာရန်​သည် သား​ဂါဇက်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 47,
      "text": "ယာဒဲ​၏​သား​များ​မှာ ရေဂင်​၊ ယောသံ​၊ ဂေရှံ​၊ ပေလက်​၊ ဧဖာ​၊ ရှာဖ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 48,
      "text": "ကာလက်​၏​မယားငယ်​မာခါ​သည် ရှေဗာ​နှင့် တိရဟာန တို့​ကို​မွေးဖွား​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 49,
      "text": "မာဒမေန​၏​ဖခင်​ရှာဖ​၊ မာခဗေန​နှင့်​ဂိဗေ​တို့​၏​ဖခင်​ရှေဝ တို့​ကို​လည်း​မွေးဖွား​၏​။ ကာလက်​၏​သမီး​မှာ အာခသ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 50,
      "text": "ဤ​သူ​တို့​ကား ကာလက်​၏​သားမြေး​များ ဖြစ်​ကြ​၏​။ ဧဖရတ်​၏​သားဦး​ဟုရ​၏​သား​များ​ကား ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 51,
      "text": "ဗက်လင်​၏​ဖခင်​စာလမာ​၊ ဗက်ဂါဒါ​၏​ဖခင်​ဟာရပ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 52,
      "text": "ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၏​သားမြေး​များ​မှာ ဟာရော​လူမျိုး​နှင့်​မနဟေသိ​လူမျိုး​တစ်ဝက်​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 53,
      "text": "ကိရယတ်ယာရိမ်​၏​မျိုးနွယ်စု​များ​မှာ ဣသရိ​လူမျိုး​၊ ဖုဟိ​လူမျိုး​၊ ရှုမသိ​လူမျိုး​၊ မိရှရိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ထို​မှတစ်ဆင့် ဇောရာသိ​လူမျိုး​၊ ဧရှတောလိ​လူမျိုး​တို့ ဆင်းသက်​လာ​၏​။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 54,
      "text": "စာလမာ​၏​သားမြေး​များ​မှာ ဗက်လင်​မြို့သား​၊ နေတောဖ​မြို့သား​၊ အတရုတ်ဗက်ယွာဘ​မြို့သား​၊ မနဟေသိ​လူမျိုး​တစ်ဝက်​နှင့် ဇောရိ​လူမျိုး​၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 55,
      "text": "ယာဗက်​မြို့​တွင်​နေထိုင်​သော စာရေးတော်ကြီး​မျိုးနွယ်စု​များ​၊ တိရသိ​လူမျိုး​၊ ရှိမသိ​လူမျိုး​၊ စုခသိ​လူမျိုး​တို့ ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ရေခပ်​အမျိုးအနွယ်​၏​ဖခင်​ဟမ္မတ်​မှ​ဆင်းသက်​လာ​သော ကေနိ​လူမျိုး​များ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 1,
      "text": "ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ​အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊ ဒုတိယ​သား​မှာ ကရမေလ​မြို့သူ​အဘိဂဲလ​နှင့်​ရ​သော​ဒံယေလ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 2,
      "text": "တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော် မာခါ​နှင့်​ရ​သော​အဗရှလုံ​၊ စတုတ္ထ​သား​မှာ ဟဂ္ဂိတ်​နှင့်​ရ​သော​အဒေါနိယ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 3,
      "text": "ပဉ္စမ​သား​မှာ အဘိတလ​နှင့်​ရ​သော​ရှေဖတိ​၊ ဆဋ္ဌမ​သား​မှာ မိဖုရား​ဧဂလာ​နှင့်​ရ​သော​ဣသရံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 4,
      "text": "ဤ​သား​ခြောက်​ဦး​မှာ ဟေဗြုန်​မြို့​တွင် ရ​သော​သား​များ​ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​နှင့်​ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ်​စိုးစံ​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 5,
      "text": "ဂျေရုဆလင်​မြို့​တွင် ရ​သော​သား​များ​မှာ အမျေလ​၏​သမီး​ဗာသရှုအာ ​နှင့်​ရ​သော​ရှိမာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန် ပေါင်း​လေး​ယောက်​အပြင်"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 6,
      "text": "ဣဗဟာ​၊ ဧလိရှမာ​၊ ဧလိဖလက်​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 7,
      "text": "နောဂ​၊ နေဖက်​၊ ယာဖျာ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 8,
      "text": "ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ပေါင်း သား​ကိုး​ယောက်​လည်း ရှိ​သေး​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 9,
      "text": "ဤ​သား​များ​အပြင် မောင်းမ​များ​နှင့်​ရ​သော ဒါဝိဒ်​မင်းကြီး​၏​သား​များ​လည်း ရှိ​သေး​၏​။ သူ​တို့​တွင် တာမာ​ဟူသော​နှမ​တော်​တစ်​ဦး​လည်း ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 10,
      "text": "ရှောလမုန်​၏​သား​မှာ ရောဗောင်​၊ ရောဗောင်​၏​သား​မှာ အဘိယ​၊ အဘိယ​၏​သား​မှာ အာသ​၊ အာသ​၏​သား​မှာ ယောရှဖတ်​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 11,
      "text": "ယောရှဖတ်​၏​သား​မှာ ယောရံ​၊ ယောရံ​၏​သား​မှာ အာခဇိ​၊ အာခဇိ​၏​သား​မှာ ယောရှ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 12,
      "text": "ယောရှ​၏​သား​မှာ အာမဇိ​၊ အာမဇိ​၏​သား​မှာ အာဇရိ ​၊ အာဇရိ​၏​သား​မှာ ယောသံ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 13,
      "text": "ယောသံ​၏​သား​မှာ အာခတ်​၊ အာခတ်​၏​သား​မှာ ဟေဇကိ​၊ ဟေဇကိ​၏​သား​မှာ မနာရှေ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 14,
      "text": "မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 15,
      "text": "ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 16,
      "text": "ယောယကိမ်​၏​သား​မှာ ယေခေါနိ​၊ ယေခေါနိ​၏​သား​မှာ ဇေဒကိ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 17,
      "text": "အကျဉ်းစံ​ယေခေါနိ​၏​သားမြေး​များ​မှာ သား​တော် ရှာလသေလ​၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 18,
      "text": "မာလခိရံ​၊ ပေဒါယ​၊ ရှေနဇာ​၊ ယေကမိ​၊ ဟောရှမ​၊ နေဒဘိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 19,
      "text": "ပေဒါယ​၏​သား​များ​မှာ ဇေရုဗဗေလ​နှင့် ရှိမိ တို့​ဖြစ်​ကြ​၏​။ ဇေရုဗဗေလ​၏​သား​များ​မှာ မေရှုလံ​၊ ဟာနနိယ​နှင့် သူ​တို့​၏​နှမ​ရှေလောမိတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 20,
      "text": "ထို့ပြင် ဟရှုဘ​၊ ဩဟေလ​၊ ဗေရခိ​၊ ဟသဒိ​၊ ယုရှသေသက် ပေါင်း​ငါး​ယောက်​လည်း ရှိ​သေး​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 21,
      "text": "ဟာနနိယ​၏​သား​များ​မှာ ပေလတိ​၊ ယေရှာယ တို့​ဖြစ်​ကြ​၏​။ ယေရှာယ​၏​သား​မှာ ရေဖာယ​၊ ရေဖာယ​၏​သား​မှာ အာနန်​၊ အာနန်​၏​သား​မှာ ဩဗဒိ​၊ ဩဗဒိ​၏​သား​မှာ ရှေခနိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 22,
      "text": "ရှေခနိ​၏​သား​မှာ ရှေမာယ​၊ ရှေမာယ​၏​သား​များ​မှာ ဟတ္တုတ်​၊ ဣဂါလ​၊ ဗာရိ​၊ နာရိ​၊ ရှာဖတ် ပေါင်း​ခြောက်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 23,
      "text": "နာရိ​၏​သား​များ​မှာ ဧလိဩနဲ​၊ ဟေဇကိ​၊ အာဇရိကံ ပေါင်း​သုံး​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 24,
      "text": "ဧလိဩနဲ​၏​သား​များ​မှာ ဟောဒါယ​၊ ဧလျာရှိပ်​၊ ပေလာယ​၊ အက္ကုပ်​၊ ယောဟနန်​၊ ဒေလာယ​၊ အာနနိ ပေါင်း​ခုနစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 1,
      "text": "ယုဒ​၏​သား​များ​မှာ ဖာရက်​၊ ဟေဇရုံ​၊ ကာမိ​၊ ဟုရ​၊ ရှောဗလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 2,
      "text": "ရှောဗလ​၏​သား​ရာယ​သည် သား​ယာဟတ်​ကို​ရ​၏​။ ယာဟတ်​သည် သား​အဟုမဲ​နှင့်​လာဟဒ် တို့​ကို​ရ​၏​။ ဤ​သူ​တို့​သည် ဇောရာသိ​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 3,
      "text": "ဧတံ​၏​သား​များ​မှာ ယေဇရေလ​၊ ဣရှမ​၊ ဣဒဗတ် တို့​ဖြစ်​ကြ​၍ သူ​တို့​နှမ​၏​အမည်​မှာ ဟာဇလေလပေါနိ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 4,
      "text": "ပေနွေလ​သည် ဂေဒေါ်​၏​ဖခင်​၊ ဧဇာ​သည် ဟုရှ​၏​ဖခင် ဖြစ်​၏​။ ဤ​သူ​တို့​သည် ဗက်လင်​၏​ဖခင်​၊ ဧဖရတ်​၏​သားဦး ဟုရ​၏​သားမြေး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 5,
      "text": "တေကော​၏​ဖခင် အာရှုရ​တွင် ဟေလ​နှင့်​နာရ ဟု​ခေါ်​သော​မယား​နှစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 6,
      "text": "နာရ​သည် အဟုဇံ​၊ ဟေဖာ​၊ တေမနိ​၊ ဟာဟရှတရိ တို့​ကို​မွေးဖွား​၏​။ ဤ​သူ​တို့​သည် နာရ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 7,
      "text": "ဟေလ​၏​သား​များ​မှာ ဇေရက်​၊ ဇောဟာ ​၊ ဧသနန် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 8,
      "text": "ကောဇ​သည် သား​အာနုပ်​နှင့်​ဇောဗေဒ တို့​ကို​ရ​၏​။ ထိုမှ ဟာရုံ​၏​သား အဟာရေလ​မျိုးနွယ်စု​တို့ ဆင်းသက်​လာ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 9,
      "text": "ယာဗက်​သည် အခြား​ညီအစ်ကို​တို့​ထက် ထူးခြား​သူ​ဖြစ်​၏​။ သူ​၏​မိခင်​သည် သူ့​ကို ဖွားစဉ်​အခါက “​ဝေဒနာ​ပြင်းစွာ​ခံ​ပြီး သူ့​ကို​မွေးဖွား​ရ​သည်​”​ဟု​ဆို​၍ သူ့​ကို ယာဗက်​ဟု အမည်​မှည့်ခေါ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 10,
      "text": "ယာဗက်​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ “​အကျွန်ုပ်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ အကျွန်ုပ်​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​ပြီး ထိခိုက်ဒဏ်ရာ​ရ​မည့်​ဘေးအန္တရာယ်​မှ ကွယ်ကာ​တော်မူ​ပါ​”​ဟု အော်ဟစ်​ဆုတောင်း​သောအခါ သူ​ဆုတောင်း​သည့်​အတိုင်း ဘုရားသခင်​ပေးသနား​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 11,
      "text": "ရှုအာ​၏​ညီ ခေလုပ်​သည် သား​မဟိရ​ကို​ရ​၏​။ မဟိရ​သည် သား​ဧရှတုန်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 12,
      "text": "ဧရှတုန်​သည် သား​ဗက်ရာဖ​၊ ပါသာ​၊ တေဟိန္န တို့​ကို​ရ​၏​။ တေဟိန္န​သည် သား​ဣရနာဟတ်​ကို​ရ​၏​။ ဤ​သူ​တို့​သည် ရေခါ​အမျိုးသား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 13,
      "text": "ကေနတ်​၏​သား​များ​မှာ ဩသံယေလ​နှင့် စရာယ တို့​ဖြစ်​ကြ​၏​။ ဩသံယေလ​၏​သား​များ​မှာ ဟာသတ်​နှင့် မောနောသဲ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 14,
      "text": "မောနောသဲ​သည် သား​ဩဖရ​ကို​ရ​၏​။ စရာယ​သည် သား​ယွာဘ​ကို​ရ​၏​။ ယွာဘ​သည် သား​ဂေဟာရရှိန်​ကို​ရ​၏​။ သူ​တို့​သည် လက်မှုပညာသည်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 15,
      "text": "ယေဖုန္နာ​၏​မြေး​၊ ကာလက်​၏​သား​များ​မှာ ဣရု​၊ ဧလာ​၊ နာမ တို့​ဖြစ်​ကြ​၏​။ ဧလာ​၏​သား​မှာ ကေနတ် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 16,
      "text": "ယေဟလလေလ​၏​သား​များ​မှာ ဇိဖ​၊ ဇိဖာ​၊ တိရိ​၊ အာသရေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 17,
      "text": "ဧဇရာ​၏​သား​များ​မှာ ယေသာ​၊ မေရက်​၊ ဧဖေရ​၊ ယာလုန် တို့​ဖြစ်​ကြ​၏​။ မေရက်​၏​မယား ဖာရော​၏​သမီး​ဗိသဟာ​သည် မိရိအံ​၊ ရှမ္မဲ​၊ ဧရှတမော​၏​ဖခင်​ဣရှဘ တို့​ကို​မွေးဖွား​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 18,
      "text": "မေရက်​၏​မယား ယေဟုဒိ​သည်​လည်း ဂေဒေါ်​၏​ဖခင်​ယေရက်​၊ စောခေါ​၏​ဖခင်​ဟေဗာ​နှင့် ဇာနော​၏​ဖခင်​ယေကုသေလ တို့​ကို​မွေးဖွား​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 19,
      "text": "နာဟံ​၏​နှမ​၊ ဟောဒိယ​၏​မယား​မှ​မွေးဖွား​သော​သား​များ​မှာ ဂါမိ​လူမျိုး​ကိလ​၏​ဖခင်​နှင့် မာခါသိ​လူမျိုး​ဧရှတမော​၏​ဖခင် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 20,
      "text": "ရှိမုန်​၏​သား​များ​မှာ အာမနုန်​၊ ရိန္န​၊ ဗင်္ဟာနန်​၊ တိလုန် တို့​ဖြစ်​ကြ​၏​။ ဣရှိ​၏​သား​များ​မှာ ဇောဟက်​၊ ဗင်ဇောဟက် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 21,
      "text": "ယုဒ​၏​မြေး​၊ ရှေလ​၏​သား​များ​မှာ လေက​၏​ဖခင်​ဧရ​၊ မရေရှ​၏​ဖခင်​လာဒ​၊ ပိတ်ချောထည်​ရက်လုပ်​သူ အာရှဗာ​မျိုးနွယ်စု​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 22,
      "text": "ယောကိမ်​၊ ခေါဇေဘ​အမျိုးသား​၊ မောဘ​သမီးပျို​တို့​နှင့်​စုံဖက်​သော​ယောရှ​နှင့် သာရပ်​၊ ယာရှုဗိလင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှေး​မှတ်တမ်း​များ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 23,
      "text": "သူ​တို့​သည် အိုးထိန်းသည်​များ ဖြစ်​ကြ​ပြီး နတိမ်​မြို့​၊ ဂဒေရ​မြို့​တို့​တွင် နေထိုင်​ကြ​၏​။ ရှင်ဘုရင်​နှင့်အတူ ထို​အရပ်​တွင်​နေထိုင်​ပြီး ဘုရင့်​အမှု​တော်​ကို ထမ်းဆောင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 24,
      "text": "ရှိမောင်​၏​သား​များ​မှာ နေမွေလ ​၊ ယာမိန်​၊ ယာရိပ်​၊ ဇေရ​၊ ရှောလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 25,
      "text": "ရှောလ​၏​သား​မှာ ရှလ္လုံ​၊ ရှလ္လုံ​၏​သား​မှာ မိဗသံ​၊ မိဗသံ​၏​သား​မှာ မိရှမ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 26,
      "text": "မိရှမ​၏​သား​မှာ ဟမွေလ​၊ ဟမွေလ​၏​သား​မှာ ဇက္ကုရ​၊ ဇက္ကုရ​၏​သား​မှာ ရှိမိ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 27,
      "text": "ရှိမိ​၌ သား​တစ်ဆယ့်​ခြောက်​ယောက်​၊ သမီး​ခြောက်​ယောက် ရှိ​သော်လည်း ကျန်​သူ့​ညီအစ်ကို​များ​မှာ သားသမီး​မ​များ​ပေ​။ ထို့ကြောင့် သူ​တို့​၏​မျိုးနွယ်​သည် ယုဒ​အမျိုးသား​လောက် မ​များ​ပေ​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 28,
      "text": "သူ​တို့​သည် ဗေရရှေဘ​မြို့​၊ မောလဒါ​မြို့​၊ ဟာဇာရွာလ​မြို့​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 29,
      "text": "ဗိလဟာ​မြို့​၊ ဧဇင်​မြို့​၊ တောလဒ်​မြို့​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 30,
      "text": "ဗေသွေလ​မြို့​၊ ဟောမာ​မြို့​၊ ဇိကလတ်​မြို့​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 31,
      "text": "ဗက်မာကဗုတ်​မြို့​၊ ဟာဇသုသိမ်​မြို့​၊ ဗက်ဗိရိ​မြို့​၊ ရှာရိမ်​မြို့​တို့​တွင် နေထိုင်​ကြ​၏​။ သူ​တို့​သည် ဒါဝိဒ်​မင်းကြီး​လက်ထက်​တိုင်အောင် ထို​မြို့​တို့​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 32,
      "text": "သူ​တို့​နေထိုင်​သော​မြို့ရွာ​များ​မှာ ဧတံ​၊ အဣန​၊ ရိမ္မုန်​၊ တောခင်​၊ အာရှန် စသော​မြို့​ငါး​မြို့​နှင့်"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 33,
      "text": "ထို​မြို့​တို့​၏​ဝန်းကျင်​ရှိ​ရွာ​များ​မှစ၍ ဗာလ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​တိုင်အောင် နေထိုင်​ကြ​၏​။ ဤသည်ကား သူ​တို့​နေထိုင်​ရာ​မြို့ရွာ​များ​နှင့် သူ​တို့​၏​မျိုးရိုးစဉ်ဆက်​မှတ်တမ်း​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 34,
      "text": "မေရှောဗပ်​၊ ယာမလက်​၊ အာမဇိ​သား​ယောရှ​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 35,
      "text": "ယောလ​နှင့် အာသေလ​၏​မြစ်​၊ စရာယ​၏​မြေး​၊ ယောရှိဘိ​၏​သား ယေဟု​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 36,
      "text": "ဧလိဩနဲ​၊ ယာကောဘ​၊ ယေရှောဟာယ​၊ အသာယ​၊ အဒျေလ​၊ ယေသိမျေလ​၊ ဗေနာယ​၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 37,
      "text": "ရှေမာယ​၏​တွတ်​၊ ရှိမရိ​၏​တီ​၊ ယေဒါယ​၏​မြစ်​၊ အလ္လုန်​၏​မြေး​၊ ရှိဖိ​၏​သား ဇိဇ စသော"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 38,
      "text": "အမည်​နှင့်​ရေးမှတ်​ထား​သူ​တို့​မှာ သူ​တို့​၏​မျိုးနွယ်စု​ခေါင်းဆောင်​များ ဖြစ်​ကြ​၏​။ သူ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​မှာ​လည်း အလွန်​တိုးပွား​လျက် ရှိ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 39,
      "text": "သူ​တို့​သည် ဂေဒေါ်​မြို့​အဝင် အရှေ့ဘက်​ချိုင့်ဝှမ်းလွင်ပြင်​အထိ သွား​၍ သိုးအုပ်​အတွက် စားကျက်မြေ​ကို ရှာဖွေ​ကြ​ရာ"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 40,
      "text": "စားကျက်မြေ​ပေါများ​၍ စားကျက်မြေ​ကောင်း​သော​နေရာ​၊ မြေနေရာ​ကျယ်ဝန်း​ပြီး အေးချမ်း​သာယာ​သော​နေရာ​ကို ရှာတွေ့​သွား​ကြ​၏​။ ထို​နေရာ​တို့​သည် ယခင်က ဟာမ​အမျိုးသား​များ နေထိုင်​ခဲ့​သော​နေရာ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 41,
      "text": "ထို​အမည်​နှင့်​ရေးမှတ်​ထား​သော​သူ​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် ထို​နေရာ​သို့​လာ​၍ ဟာမ​အမျိုး​တို့​နေ​ရာ​တဲ​များ​နှင့် ထို​အရပ်​တွင်​နေထိုင်​ကြ​သော​မဟုနိမ်​လူမျိုး​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​သဖြင့် လုံးလုံး​ပျက်စီး​သွား​ခဲ့​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။ ထို​နေရာ​တွင် သူ​တို့​၏​သိုး​များ​အတွက် စားကျက်မြေ​ရှိ​သောကြောင့် ထို​နေရာ​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 42,
      "text": "ဣရှိ​၏​သား​များ​ဖြစ်​သော ပေလတိ​၊ နာရိ​၊ ရေဖာယ​၊ ဩဇေလ​တို့​သည် ရှိမောင်​အမျိုးသား​အယောက်​ငါး​ရာ​ကို ဦးဆောင်​ပြီး စိရ​တောင်​ပေါ်သို့ တက်သွား​ကြ​ကာ"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 43,
      "text": "ထို​အရပ်​၌ လွတ်မြောက်​၍​ကြွင်းကျန်​နေ​သော​အာမလက်​လူမျိုး​တို့​ကို သုတ်သင်​ပြီး ထို​အရပ်​တွင် နေထိုင်​ခဲ့​ကြ​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 1,
      "text": "အစ္စရေး​၏​သားဦး ရုဗင်​၏​သား​များ​မှာ ဤသို့​ဖြစ်​၏​။ ရုဗင်​သည် သားဦး​ဖြစ်​သော်လည်း မိမိ​ဖခင်​၏​အိပ်ရာ​ကို​ညစ်ညူး​စေ​သောကြောင့် သူ​၏​သားဦးအရာ​ကို အစ္စရေး​၏​မြေး​၊ ယောသပ်​၏​သား​တို့ ရ​သွား​၏​။ ဤသို့ဖြင့် သူ​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် သားဦးအရာ​၌ စာရင်း​မ​ဝင်​တော့​ပေ​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 2,
      "text": "ယုဒ​သည် ညီအစ်ကို​တို့​တွင် ခွန်အားကြီး​သော​သူ​ဖြစ်​၍ သူ့​မျိုးနွယ်​ထဲမှ အုပ်ချုပ်သူမင်း​ပေါ်ထွန်း​သော်လည်း ယောသပ်​က​သာ သားဦးအရာ​ကို ရ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 3,
      "text": "အစ္စရေး​၏​သားဦး ရုဗင်​၏​သား​များ​မှာ ဟာနုတ်​၊ ဖာလု​၊ ဟေဇရုံ​၊ ကာမိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 4,
      "text": "ယောလ​၏​သား​မှာ ရှေမာယ​၊ ရှေမာယ​၏​သား​မှာ ဂေါဂ​၊ ဂေါဂ​၏​သား​မှာ ရှိမိ​၊"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 5,
      "text": "ရှိမိ​၏​သား​မှာ မိက္ခာ​၊ မိက္ခာ​၏​သား​မှာ ရာယ​၊ ရာယ​၏​သား​မှာ ဗာလ​၊"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 6,
      "text": "ဗာလ​၏​သား​မှာ ဗေရာ ဖြစ်​၏​။ ဗေရာ​သည် ရုဗင်​အမျိုး​၏​ခေါင်းဆောင်​ဖြစ်​ပြီး အဆီးရီးယား​ဘုရင် တိဂလတ်ပိလေသာ​မင်းကြီး​၏​ဖမ်းခေါ်​သွား​ခြင်း​ကို​ခံရ​သူ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 7,
      "text": "မျိုးနွယ်စု​အရ သားစဉ်မြေးဆက်​စာရင်းဝင်​သော ဗေရာ​၏​ညီအစ်ကို​များ​မှာ မျိုးနွယ်စု​အကြီးအမှူး​ယေယေလ​၊ ဇာခရိ​၊"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 8,
      "text": "ယောလ​၏​မြစ်​၊ ရှေမာ​၏​မြေး​၊ အာဇာတ်​၏​သား​ဗေလ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် အာရော်​မြို့​၊ နေဗော​မြို့​၊ ဗာလမုန်​မြို့​အထိ နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 9,
      "text": "ဂိလဒ်​ပြည်​တွင် သူ​တို့​၏​သိုးနွား​တိရစ္ဆာန်​များ​တိုးပွား​လာ​သဖြင့် အရှေ့​ဘက်​၌ ယူဖရေးတီး​မြစ် ​နား​ထိရောက်​သော တောကန္တာရ​အစပ်​တိုင်အောင် အခြေချ​နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 10,
      "text": "သူ​တို့​သည် ရှောလု​မင်းကြီး​လက်ထက်​တွင် ဟာဂရိ​လူမျိုး​တို့​နှင့် စစ်တိုက်​ရာ ဟာဂရိ​လူမျိုး​တို့​ရှုံးနိမ့်​ပြီး သူ​တို့​လက်အောက်​သို့​ကျရောက်​သွား​၏​။ ထို့ကြောင့် သူ​တို့​သည် ဂိလဒ်​ပြည်​အရှေ့ဘက်​နယ်မြေ​တစ်လျှောက်​ရှိ ဟာဂရိ​လူမျိုး​တို့​၏​တဲ​များ​တွင် ဝင်ရောက်​နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 11,
      "text": "ဂဒ်​သားမြေး​တို့​သည် ရုဗင်​သားမြေး​တို့​နှင့် နယ်မြေချင်း​ကပ်​လျက်​ရှိ​သော ဗာရှန်​ပြည်​မှ သာလက​အရပ်​အထိ နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 12,
      "text": "ဗာရှန်​ပြည်​တွင် ယောလ​သည် အကြီးအမှူး​ဖြစ်​၏​။ သူ​၏​လက်ထောက်​မှာ ရှာဖံ​ဖြစ်​ပြီး ထို့နောက်မှ ယာနဲ​နှင့် ရှာဖတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 13,
      "text": "သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် ညီအစ်ကို​တော်စပ်သူ​များ​မှာ မိက္ခေလ​၊ မေရှုလံ​၊ ရှေဘ​၊ ယောရဲ​၊ ယာခန်​၊ ဇယာ​၊ ဧဗာ ပေါင်း​ခုနစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 14,
      "text": "သူ​တို့​သည် အဘိဟဲလ​၏​သား​များ​ဖြစ်​ကြ​၏​။ အဘိဟဲလ​သည် ဟုရိ​၏​သား​၊ ဟုရိ​သည် ယာရော်​၏​သား​၊ ယာရော်​သည် ဂိလဒ်​၏​သား​၊ ဂိလဒ်​သည် မိက္ခေလ​၏​သား​၊ မိက္ခေလ​သည် ယေရှိရှဲ​၏​သား​၊ ယေရှိရှဲ​သည် ယာဒေါ​၏​သား​၊ ယာဒေါ​သည် ဗုဇ​၏​သား ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 15,
      "text": "ဂုနိ​၏​မြေး အာဗဒျေလ​၏​သား အာဟိ​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 16,
      "text": "သူ​တို့​သည် ဂိလဒ်​ပြည်​၊ ဗာရှန်​ပြည်​နှင့် ထို​ပြည်​၏​မြို့ရွာ​များ​မှစ၍ ရှာရုန်​နယ်မြေ​အစွန်အဖျား​အထိ စားကျက်မြေ​အားလုံး​တို့​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 17,
      "text": "ဤ​သူ​အပေါင်း​တို့​သည် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​လက်ထက်​နှင့် အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် မျိုးရိုးစဉ်ဆက်​စာရင်းဝင်သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 18,
      "text": "ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​အမျိုး​တစ်ဝက်​တို့​တွင် ရဲစွမ်းသတ္တိ​ထက်မြက်​သူ​၊ ဒိုင်းလွှား​နှင့်​ဓား ကိုင်ဆောင်​သူ​၊ လေးပစ်ကျွမ်းကျင်​သူ စစ်ရည်ဝ​သော​တပ်သား​ပေါင်း အယောက်​လေးသောင်း​လေး​ထောင်​ခုနစ်​ရာ့​ခြောက်ဆယ် စစ်ချီ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 19,
      "text": "သူ​တို့​သည် ဟာဂရိ​၊ ယေတုရ​၊ နာဖိရှ​၊ နောဒပ် စသော​လူမျိုး​တို့​နှင့် စစ်​တိုက်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 20,
      "text": "သူ​တို့​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သဖြင့် စစ်တိုက်​သောအခါ ဘုရားသခင်​ထံ​အော်ဟစ်​ဆုတောင်း​လေ့​ရှိ​၏​။ ဘုရားသခင်​သည်​လည်း သူ​တို့​အသံ​ကို နားညောင်း​တော်မူ​၍ ဟာဂရိ​လူမျိုး​နှင့်​အပေါင်းပါ​အားလုံး​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 21,
      "text": "ထို့ကြောင့် ထို​သူ​တို့​၏​ကုလားအုတ် အကောင်​ငါးသောင်း​၊ သိုး​အကောင်​နှစ်သိန်း​ငါးသောင်း​၊ မြည်း​အကောင်​နှစ်ထောင် စသည့်​တိရစ္ဆာန်​များ​နှင့် လူ​အယောက်​တစ်သိန်း​ကို အရှင်​ဖမ်းဆီးခေါ်ဆောင်​သွား​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 22,
      "text": "ဘုရားသခင်​အခွင့်​နှင့်​စစ်တိုက်​သောကြောင့် ရန်သူ​အများအပြား​ကျဆုံး​ကြ​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​မီ​အချိန်​ထိ ထို​သူ​တို့​ပြည်​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 23,
      "text": "မနာရှေ​အမျိုး​တစ်ဝက်​တို့​သည် လူဦးရေ​များပြား​သဖြင့် ဗာလဟေရမုန်​အရပ်​၊ စနိရ​တောင်​မှ ဟေရမုန်​တောင်​အထိ ဗာရှန်​ပြည်​တစ်လျှောက်လုံး​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 24,
      "text": "သူ​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင်​များ​မှာ ဧဖေရ​၊ ဣရှိ​၊ ဧလျေလ​၊ အာဇရေလ​၊ ယေရမိ​၊ ဟောဒဝိ​၊ ယာဒျေလ တို့​ဖြစ်​ပြီး သူ​တို့​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ​၊ နာမည်ကျော်ကြားသူ​များ​၊ အိမ်ထောင်စု​ခေါင်းဆောင်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 25,
      "text": "သို့သော် သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​အပေါ် သစ္စာမရှိ​၊ သူ​တို့​ရှေ့​တွင် ဘုရားသခင်​ဖျက်ဆီး​တော်မူ​ခဲ့​သော ထို​ပြည်သား​တို့​၏​ဘုရား​များ​ထံ​သွား​၍ ဖောက်ပြန်မှားယွင်း​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 26,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် အဆီးရီးယား​ဘုရင်​ပုလ​မင်းကြီး​တည်းဟူသော အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​၍ သူ​သည် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​၏​အမျိုး​တစ်ဝက်​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​၏​။ သူ​တို့​သည် ဟာလာ​အရပ်​၊ ဟာဗော်​အရပ်​၊ ဟာရ​အရပ်​၊ ဂေါဇန်​အရပ်​ရှိ​မြစ်​နား​တစ်လျှောက်​တို့​တွင် ယနေ့​တိုင်အောင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 1,
      "text": "လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 2,
      "text": "ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 3,
      "text": "အာမရံ​၏​သားသမီး​များ​မှာ အာရုန်​၊ မောရှေ​၊ မိရိအံ တို့​ဖြစ်​ကြ​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 4,
      "text": "ဧလာဇာ​သည် သား​ဖိနဟတ်​ကို​ရ​၏​။ ဖိနဟတ်​သည် သား​အဘိရွှ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 5,
      "text": "အဘိရွှ​သည် သား​ဗုက္ကိ​ကို​ရ​၏​။ ဗုက္ကိ​သည် သား​ဩဇိ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 6,
      "text": "ဩဇိ​သည် သား​ဇေရဟိ​ကို​ရ​၏​။ ဇေရဟိ​သည် သား​မေရာယုတ်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 7,
      "text": "မေရာယုတ်​သည် သား​အာမရိ​ကို​ရ​၏​။ အာမရိ​သည် သား​အဟိတုပ်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 8,
      "text": "အဟိတုပ်​သည် သား​ဇာဒုတ်​ကို​ရ​၏​။ ဇာဒုတ်​သည် သား​အဟိမတ်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 9,
      "text": "အဟိမတ်​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် သား​ယောဟနန်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 10,
      "text": "ယောဟနန်​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် ဂျေရုဆလင်​မြို့​တွင် ရှောလမုန်​မင်းကြီး​တည်​ထား​ခဲ့​သော​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရ​သူ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 11,
      "text": "အာဇရိ​သည် သား​အာမရိ​ကို​ရ​၏​။ အာမရိ​သည် သား​အဟိတုပ်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 12,
      "text": "အဟိတုပ်​သည် သား​ဇာဒုတ်​ကို​ရ​၏​။ ဇာဒုတ်​သည် သား​ရှလ္လုံ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 13,
      "text": "ရှလ္လုံ​သည် သား​ဟိလခိ​ကို​ရ​၏​။ ဟိလခိ​သည် သား​အာဇရိ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 14,
      "text": "အာဇရိ​သည် သား​စရာယ​ကို​ရ​၏​။ စရာယ​သည် သား​ယောဇဒက်​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 15,
      "text": "ထာဝရဘုရား​က နေဗုခဒ်နေဇာ​မင်းကြီး​အားဖြင့် ယုဒ​ပြည်သူ​နှင့်တကွ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို ဖမ်းခေါ်​သွား​သောအခါ ယောဇဒက်​လည်း ပါသွား​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 16,
      "text": "လေဝိ​၏​သား​များ​မှာ ဂေရရှုံ​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 17,
      "text": "ဂေရရှုံ​သား​တို့​၏​အမည်​မှာ လိဗနိ​နှင့် ရှိမိ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 18,
      "text": "ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 19,
      "text": "မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဘိုးဘေး​မျိုးနွယ်​အလိုက် လေဝိ​အမျိုး​တို့​၏​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 20,
      "text": "ဂေရရှုံ​၏​သား​မှာ လိဗနိ​၊ လိဗနိ​၏​သား​မှာ ယာဟတ်​၊ ယာဟတ်​၏​သား​မှာ ဇိမ္မ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 21,
      "text": "ဇိမ္မ​၏​သား​မှာ ယောအာ​၊ ယောအာ​၏​သား​မှာ ဣဒေါ​၊ ဣဒေါ​၏​သား​မှာ ဇေရ​၊ ဇေရ​၏​သား​မှာ ယာတရဲ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 22,
      "text": "ကောဟတ်​၏​သားမြေး​များ​မှာ ကောဟတ်​၏​သား အမိနဒပ်​၊ အမိနဒပ်​၏​သား ကောရ​၊ ကောရ​၏​သား အဿိရ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 23,
      "text": "အဿိရ​၏​သား ဧလကာန​၊ ဧလကာန​၏​သား ဧဗျာသပ်​၊ ဧဗျာသပ်​၏​သား အဿိရ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 24,
      "text": "အဿိရ​၏​သား တာဟတ်​၊ တာဟတ်​၏​သား ဥရေလ​၊ ဥရေလ​၏​သား ဩဇိ​၊ ဩဇိ​၏​သား ရှောလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 25,
      "text": "ဧလကာန​၏​သား​များ​မှာ အာမသဲ​နှင့် အဟိမုတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 26,
      "text": "ဧလကာန​၏​သားမြေး​များ​မှာ ဧလကာန​၏​သား ဇောဖဲ​၊ ဇောဖဲ​၏​သား နာဟတ်​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 27,
      "text": "နာဟတ်​၏​သား ဧလျာဘ​၊ ဧလျာဘ​၏​သား ယေရောဟံ​၊ ယေရောဟံ​၏​သား ဧလကာန တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 28,
      "text": "ရှမွေလ​၏​သား​များ​မှာ သားဦး​ယောလ​၊ ဒုတိယ​သား အဘိယ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 29,
      "text": "မေရာရိ​၏​သားမြေး​များ​မှာ မေရာရိ​၏​သား မဟာလိ​၊ မဟာလိ​၏​သား လိဗနိ​၊ လိဗနိ​၏​သား ရှိမိ​၊ ရှိမိ​၏​သား ဩဇ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 30,
      "text": "ဩဇ​၏​သား ရှိမာ​၊ ရှိမာ​၏​သား ဟဂ္ဂိယ​၊ ဟဂ္ဂိယ​၏​သား အသာယ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 31,
      "text": "ဤ​သူ​တို့​သည် သေတ္တာ​တော်​ကို နေရာချ​ထား​ပြီးနောက် ထာဝရဘုရား​၏​အိမ်​တော်​တွင် သီချင်းဆို​သော​အဖွဲ့​အား ဦးဆောင်ညွှန်ကြား​ရန် ဒါဝိဒ်​မင်းကြီး​ခန့်ထား​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 32,
      "text": "ဂျေရုဆလင်​မြို့​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို ရှောလမုန်​မင်းကြီး မ​တည်ဆောက်​မီ​အချိန်​ထိ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တွင် သီချင်း​ဖြင့် အမှု​တော်​ကို​ထမ်း​ကြ​၏​။ စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း​လည်း အမှု​တော်​ကို ထမ်း​ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 33,
      "text": "ဤသို့ အမှု​တော်​ကို ထမ်းဆောင်​သော​သူ​များ​နှင့် သူ​တို့​၏​သားမြေး​များ​မှာ ဤ​သူ​တို့​ဖြစ်​၏​။ ကောဟတ်​၏​သားမြေး​များ​တွင် ဟေမန်​သည် သီချင်းသည်​ဖြစ်​၏​။ ဟေမန်​သည် ယောလ​၏​သား​၊ ယောလ​သည် ရှမွေလ​၏​သား ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 34,
      "text": "ရှမွေလ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် ယေရောဟံ​၏​သား​၊ ယေရောဟံ​သည် ဧလျေလ​၏​သား​၊ ဧလျေလ​သည် တောအာ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 35,
      "text": "တောအာ​သည် ဇုဖ​၏​သား​၊ ဇုဖ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် မာဟတ်​၏​သား​၊ မာဟတ်​သည် အာမသဲ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 36,
      "text": "အာမသဲ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် ယောလ​၏​သား​၊ ယောလ​သည် အာဇရိ​၏​သား​၊ အာဇရိ​သည် ဇေဖနိ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 37,
      "text": "ဇေဖနိ​သည် တာဟတ်​၏​သား​၊ တာဟတ်​သည် အဿိရ​၏​သား​၊ အဿိရ​သည် ဧဗျာသပ်​၏​သား​၊ ဧဗျာသပ်​သည် ကောရ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 38,
      "text": "ကောရ​သည် ဣဇဟာ​၏​သား​၊ ဣဇဟာ​သည် ကောဟတ်​၏​သား​၊ ကောဟတ်​သည် လေဝိ​၏​သား​၊ လေဝိ​သည် အစ္စရေး​၏​သား ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 39,
      "text": "ဟေမန်​၏​လက်ယာ​ဘက်​တွင် သူ​၏​ညီအစ်ကိုချင်း​ဖြစ်​သော အာသပ်​သည် နေရာယူ​ရ​၏​။ အာသပ်​သည် ဗေရခိ​၏​သား​၊ ဗေရခိ​သည် ရှိမာ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 40,
      "text": "ရှိမာ​သည် မိက္ခေလ​၏​သား​၊ မိက္ခေလ​သည် ဗာသေယ​၏​သား​၊ ဗာသေယ​သည် မာလခိယ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 41,
      "text": "မာလခိယ​သည် ဧသနိ​၏​သား​၊ ဧသနိ​သည် ဇေရ​၏​သား​၊ ဇေရ​သည် အဒါယ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 42,
      "text": "အဒါယ​သည် ဧသန်​၏​သား​၊ ဧသန်​သည် ဇိမ္မ​၏​သား​၊ ဇိမ္မ​သည် ရှိမိ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 43,
      "text": "ရှိမိ​သည် ယာဟတ်​၏​သား​၊ ယာဟတ်​သည် ဂေရရှုံ​၏​သား​၊ ဂေရရှုံ​သည် လေဝိ​၏​သား​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 44,
      "text": "သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော မေရာရိ​၏​သားမြေး ဧသန်​သည် ဟေမန်​၏​လက်ဝဲ​ဘက်​တွင် နေရာယူ​ရ​၏​။ ဧသန်​သည် ကိရှိ​၏​သား​၊ ကိရှိ​သည် အာဗဒိ​၏​သား​၊ အာဗဒိ​သည် မလ္လုတ်​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 45,
      "text": "မလ္လုတ်​သည် ဟာရှဘိ​၏​သား​၊ ဟာရှဘိ​သည် အာမဇိ​၏​သား​၊ အာမဇိ​သည် ဟိလခိ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 46,
      "text": "ဟိလခိ​သည် အံဇိ​၏​သား​၊ အံဇိ​သည် ဗာနိ​၏​သား​၊ ဗာနိ​သည် ရှမေရ​၏​သား​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 47,
      "text": "ရှမေရ​သည် မဟာလိ​၏​သား​၊ မဟာလိ​သည် မုရှိ​၏​သား​၊ မုရှိ​သည် မေရာရိ​၏​သား​၊ မေရာရိ​သည် လေဝိ​၏​သား ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 48,
      "text": "ကျန်​လေဝိ​ဆွေမျိုးသားချင်း​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ရှိသမျှ​ကို ထမ်းဆောင်​ရန် ခန့်အပ်​ခံထား​ရ​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 49,
      "text": "အာရုန်​နှင့်​သူ​၏​သားမြေး​တို့​မူကား ဘုရားသခင်​၏​အစေအပါး​မောရှေ မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​တို့​တွင် မီးရှို့ပူဇော်​ခြင်း​ဖြင့် အသန့်ရှင်းဆုံးဌာန​၏​အမှု​အလုံးစုံ​တို့​ကို ထမ်းဆောင်​ရ​၍ အစ္စရေး​လူမျိုး​တို့​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ဝတ်​ကို​လည်း ပြု​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 50,
      "text": "အာရုန်​၏​သားမြေး​များ​ကား အာရုန်​၏​သား​မှာ ဧလာဇာ​၊ ဧလာဇာ​၏​သား​မှာ ဖိနဟတ်​၊ ဖိနဟတ်​၏​သား​မှာ အဘိရွှ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 51,
      "text": "အဘိရွှ​၏​သား​မှာ ဗုက္ကိ​၊ ဗုက္ကိ​၏​သား​မှာ ဩဇိ​၊ ဩဇိ​၏​သား​မှာ ဇေရဟိ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 52,
      "text": "ဇေရဟိ​၏​သား​မှာ မေရာယုတ်​၊ မေရာယုတ်​၏​သား​မှာ အာမရိ​၊ အာမရိ​၏​သား​မှာ အဟိတုပ်​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 53,
      "text": "အဟိတုပ်​၏​သား​မှာ ဇာဒုတ်​၊ ဇာဒုတ်​၏​သား​မှာ အဟိမတ် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 54,
      "text": "အာရုန်​၏​သားမြေး​များ​ဖြစ်​သော ကောဟတ်​မျိုးနွယ်စု​တို့ မဲကျ​၍​ရ​သော​နယ်မြေ​အတွင်း စခန်းချ​နေထိုင်​ရ​သော​နေရာ​များ​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 55,
      "text": "သူ​တို့​အား ယုဒ​နယ်မြေ​ရှိ ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေပေး​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 56,
      "text": "ဟေဗြုန်​မြို့​ရှိ လယ်ယာ​များ​၊ ရွာ​များ​ကို​မူ ယေဖုန္နာ​၏​သား​ကာလက်​အား ခွဲဝေပေး​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 57,
      "text": "အာရုန်​၏​သားမြေး​များ​အား ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဟေဗြုန်​မြို့​အပါအဝင် လိဗန​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယတ္တိရ​မြို့​၊ ဧရှတမော​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 58,
      "text": "ဟိလိန်​မြို့ ​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒေဗိရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 59,
      "text": "အာရှန်​မြို့ ​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 60,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​၏​နယ်မြေ​ထဲမှ ဂေဗ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာလမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနသုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စုစုပေါင်း​မြို့​တစ်ဆယ့်​သုံး​မြို့​ကို သူ​တို့​မျိုးနွယ်စု​အတွက် ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 61,
      "text": "ကောဟတ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ ကြွင်းကျန်​သော​ကောဟတ်​သားမြေး​တို့​အဖို့ မဲချ​ရာ မနာရှေ​အမျိုး​တစ်ဝက်​တို့​ထံမှ မြို့​ဆယ်​မြို့​ကို ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 62,
      "text": "ဂေရရှုံ​အမျိုး​၏​မျိုးနွယ်စု​အလိုက် ဂေရရှုံ​သားမြေး​တို့​အဖို့ မဲချ​ရာ ဣသခါ​အမျိုးအနွယ်​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ​မနာရှေ​အမျိုးအနွယ် တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 63,
      "text": "မေရာရိ​အမျိုး​၏​မျိုးနွယ်စု​အလိုက် မေရာရိ​သားမြေး​တို့​အဖို့ မဲချ​ရာ ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​နှစ်​မြို့​ကို ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 64,
      "text": "ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 65,
      "text": "ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ် တို့​ထံမှ​လည်း မြို့​များ​ကို နာမည်​နှင့်တကွ သူ​တို့​အား မဲချ​ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 66,
      "text": "ကောဟတ်​သားမြေး​ထဲမှ အချို့​မျိုးနွယ်စု​တို့​မှာ ဧဖရိမ်​အမျိုးအနွယ်​ပိုင် နယ်မြေ​များ​ထဲမှ မြို့​များ​ကို ရရှိ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 67,
      "text": "သူ​တို့​အား ခွဲဝေ​ပေး​သော​မြို့​များ​မှာ ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဧဖရိမ်​တောင်​ပေါ်ရှိ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 68,
      "text": "ယောကမံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 69,
      "text": "​အာယလုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 70,
      "text": "ကြွင်းကျန်​သော​ကောဟတ်​သားမြေး​မှ မျိုးနွယ်စု​တို့​အား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ အာနေရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗိလံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 71,
      "text": "ဂေရရှုံ​သားမြေး​တို့​ကို​မူ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​၏​မျိုးနွယ်စု​ထံမှ ဗာရှန်​ပြည်​ရှိ​ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှတရုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 72,
      "text": "ဣသခါ​အမျိုးအနွယ်​ထံမှ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 73,
      "text": "ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 74,
      "text": "အာရှာ​အမျိုးအနွယ်​ထံမှ မိရှလ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာဗဒုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 75,
      "text": "ဟုကုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရဟောဘ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 76,
      "text": "နဿလိ​အမျိုးအနွယ်​ထံမှ ဂါလိလဲ​ပြည်​၊ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကိရယသိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 77,
      "text": "ကြွင်းကျန်​သော​မေရာရိ​သားမြေး​များ​အဖို့ ဇာဗုလုန်​အမျိုးအနွယ်​ထံမှ ရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ တာဗော်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 78,
      "text": "ရုဗင်​အမျိုးအနွယ်​ထံမှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက် တောကန္တာရ​ရှိ​ဗေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 79,
      "text": "ကေဒမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မေဖတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 80,
      "text": "ဂဒ်​အမျိုးအနွယ်​ထံမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 81,
      "text": "ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 1,
      "text": "ဣသခါ​၏​သား​များ​မှာ တောလ​၊ ဖုဝါ​၊ ယာရှုပ်​၊ ရှိမရုန် ပေါင်း​လေး​ယောက်​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 2,
      "text": "တောလ​၏​သား​များ​မှာ ဩဇိ​၊ ရေဖာယ​၊ ယေရေလ​၊ ယာမဲ​၊ ယိဗသံ​၊ ရှမွေလ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​သကဲ့သို့ ဆွေစဉ်မျိုးဆက်​အလိုက်​စစ်သူရဲ​များ​လည်း ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​လက်ထက်​တွင် စစ်သူရဲ​အရေအတွက်​နှစ်သောင်းနှစ်ထောင်​ခြောက်​ရာ​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 3,
      "text": "ဩဇိ​၏​သား​မှာ ဣဇရဟိ ဖြစ်​ပြီး ဣဇရဟိ​၏​သား​များ​မှာ မိက္ခေလ​၊ ဩဗဒိ​၊ ယောလ​၊ ဣရှိယ ပေါင်း​ငါး​ယောက်​ရှိ​၏​။ သူ​တို့​အားလုံး​သည် အကြီးအမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 4,
      "text": "သူ​တို့​သည် မယား​များ​၊ သားသမီး​များ များပြား​စွာ​ရှိ​သဖြင့် သူ​တို့​၏​ဆွေစဉ်မျိုးဆက်​အလိုက်​၊ သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စစ်တိုက်​နိုင်​သော​စစ်သည်​ပေါင်း သုံးသောင်း​ခြောက်ထောင် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 5,
      "text": "သူ​တို့​၏​ညီအစ်ကိုသားချင်း​ဖြစ်​သော ဣသခါ​မျိုးနွယ်စု​အားလုံး​တို့​သည် စစ်သူရဲ​များ ဖြစ်​ကြ​ပြီး စာရင်း​အရ စစ်သူရဲ​ပေါင်း​ရှစ်သောင်း​ခုနစ်​ထောင် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 6,
      "text": "ဗင်္ယာမိန်​၏​သား​များ​မှာ ဗေလ​၊ ဗေခါ​၊ ယေဒယေလ ပေါင်း​သုံး​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 7,
      "text": "ဗေလ​၏​သား​များ​မှာ ဧဇဗုန်​၊ ဩဇိ​၊ ဩဇေလ​၊ ယေရိမုတ်​၊ ဣရိ ပေါင်း​ငါး​ယောက်​ရှိ​၏​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သကဲ့သို့ စစ်သူရဲ​များ​လည်း ဖြစ်​ကြ​၏​။ သူ​တို့​၏​ဆွေစဉ်မျိုးဆက်​စာရင်း​အရ နှစ်သောင်းနှစ်ထောင်​သုံးဆယ့်​လေး​ဦး ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 8,
      "text": "ဗေခါ​၏​သား​များ​မှာ ဇေမိရ​၊ ယောရှ​၊ ဧလျေဇာ​၊ ဧလိဩနဲ​၊ ဩမရိ​၊ ယေရမုတ်​၊ အဘိယ​၊ အာနသုတ်​၊ အာလမက် တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ဗေခါ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 9,
      "text": "သူ​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​သကဲ့သို့ စစ်သူရဲ​များ​လည်း ဖြစ်​ကြ​၏​။ သူ​တို့​၏​ဆွေစဉ်မျိုးဆက်​စာရင်း​အရ နှစ်သောင်း​နှစ်ရာ ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 10,
      "text": "ယေဒယေလ​၏​သား​မှာ ဗိလဟန်​၊ ဗိလဟန်​၏​သား​များ​မှာ ယုရှ​၊ ဗင်္ယာမိန်​၊ ဧဟုဒ​၊ ခေနာနာ​၊ ဇေသန်​၊ တာရှု​၊ အဟိရှဟာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 11,
      "text": "ယေဒယေလ​၏​သား​အားလုံး​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ သူ​တို့​တွင် စစ်ပွဲ​၌​စစ်မှုထမ်း​နိုင်​သော​စစ်သူရဲ​ပေါင်း တစ်သောင်းခုနစ်ထောင့်​နှစ်ရာ ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 12,
      "text": "ဣရ​၏​သား​များ​မှာ ရှုပိမ်​နှင့် ဟုပိမ်​၊ အာဟေရ​၏​သား​မှာ ဟုရှိမ် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 13,
      "text": "နဿလိ​၏​သား​များ​မှာ ယာဇေလ​၊ ဂုနိ​၊ ယေဇာ​၊ ရှလ္လုံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဗိလဟာ​နှင့်​ရ​သော​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 14,
      "text": "မနာရှေ​၏​သား​များ​မှာ မယားငယ်​ဆီးရီးယား​သူ​မှ​မွေး​သော အသရေလ​နှင့် ဂိလဒ်​၏​ဖခင် မာခိရ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 15,
      "text": "မာခိရ​သည် ဟုပိမ်​နှင့်​ရှုပိမ်​တို့​၏​နှမ မာခါ​နှင့် စုံဖက်​၏​။ မာခိရ​၏​မြစ်​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၌ သမီး​များ​သာ ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 16,
      "text": "မာခိရ​၏​မယား မာခါ​က သား​မွေး​လာ​သောအခါ ပေရက် ဟု​အမည်ပေး​၏​။ ပေရက်​၏​ညီ​မှာ ရှေရက်​၊ ရှေရက်​၏​သား​များ​မှာ ဥလံ​နှင့်​ရေကင် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 17,
      "text": "ဥလံ​၏​သား​မှာ ဗေဒန် ဖြစ်​၏​။ ဤ​သူ​တို့​ကား မနာရှေ​၏​မြေး​၊ မာခိရ​၏​သား ဂိလဒ်​၏​သားမြေး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 18,
      "text": "ဂိလဒ်​၏​နှမ ဟမ္မောလေကက်​သည် ဣရှောဒ​၊ အဗျေဇာ​၊ မာလာ တို့​ကို​မွေးဖွား​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 19,
      "text": "ရှမိဒ​၏​သား​များ​မှာ အဟိအန်​၊ ရှေခင်​၊ လိကဟိ​၊ အနိအံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 20,
      "text": "ဧဖရိမ်​၏​သားမြေး​များ​မှာ ဧဖရိမ်​၏​သား​ရှုသေလ​၊ ရှုသေလ​၏​သား ဗေရက်​၊ ဗေရက်​၏​သား တာဟတ်​၊ တာဟတ်​၏​သား ဧလာဒ​၊ ဧလာဒ​၏​သား တာဟတ်​၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 21,
      "text": "တာဟတ်​၏​သား ဇာဗဒ်​၊ ဇာဗဒ်​၏​သား ရှုသေလ​ဖြစ်​၏​။ ဧဖရိမ်​၏​သား ဧဇာ​နှင့်​ဧလဒ် တို့​မူကား ဂါသ​ပြည်​ဖွား​လူ​တို့​၏​သိုးနွား​တို့​ကို လုယူ​သောကြောင့် ထို​သူ​တို့​သည် သူ​တို့​ကို သတ်ဖြတ်​လိုက်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 22,
      "text": "ထို့ကြောင့် သူ​တို့​၏​ဖခင်​ဧဖရိမ်​သည် ရက်ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​၏​။ ထိုအခါ သူ့​ညီအစ်ကို​တို့​သည် သူ့​ကို​လာရောက်​နှစ်သိမ့်​ပေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 23,
      "text": "ထို့နောက် ဧဖရိမ်​သည် မယား​ထံ​ဝင်​သဖြင့် မယား​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​၏​။ မိသားစု​ဒုက္ခ​ရောက်​ချိန်​၌ မွေး​သောကြောင့် သူ့​ကို ဗေရိယ ဟု​အမည်ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 24,
      "text": "ဧဖရိမ်​၏​သမီး ရှေရ​သည် အထက်​ဗေသောရုန်​မြို့​၊ အောက်​ဗေသောရုန်​မြို့​နှင့် ဩဇင်ရှေရ​မြို့​တို့​ကို တည်ထောင်​ခဲ့​သူ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 25,
      "text": "ဧဖရိမ်​၏​သား​မှာ ရေဖ​၊ ရေဖ​၏​သား​များ​မှာ ရေရှပ်​နှင့် တေလ​၊ တေလ​၏​သား တာဟန်​၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 26,
      "text": "တာဟန်​၏​သား လာဒန်​၊ လာဒန်​၏​သား အမိဟုဒ်​၊ အမိဟုဒ်​၏​သား ဧလိရှမာ​၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 27,
      "text": "ဧလိရှမာ​၏​သား နုန်​၊ နုန်​၏​သား ယောရှု ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 28,
      "text": "ဧဖရိမ်​အမျိုး​ပိုင်ဆိုင်​သော​မြေ​နှင့် နေထိုင်​ရာ​အရပ်​များ​မှာ ဗေသလ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အရှေ့ဘက်​တွင် နာရန်​မြို့​၊ အနောက်ဘက်​တွင် ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာယ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 29,
      "text": "မနာရှေ​သားမြေး​တို့​ပိုင်​သော နယ်စပ်​တစ်လျှောက်​ရှိ ဗက်ရှန်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တာနက်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ မေဂိဒ္ဒေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒေါရ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ စသည်​တို့​ဖြစ်​ကြ​၏​။ ဤ​မြို့ရွာ​တို့​တွင် အစ္စရေး​၏​သား​၊ ယောသပ်​၏​သားမြေး​များ နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 30,
      "text": "အာရှာ​၏​သား​များ​မှာ ဣမန​၊ ဣရွာ​၊ ဣရွှိ​၊ ဗေရိယ တို့​ဖြစ်​ကြ​၏​။ သူ​တို့​၏​နှမ​မှာ စေရ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 31,
      "text": "ဗေရိယ​၏​သား​များ​မှာ ဟေဗာ​၊ မာလချေလ တို့​ဖြစ်​ကြ​၏​။ မာလချေလ​၏​သား​မှာ ဗိရဇာဝိတ် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 32,
      "text": "ဟေဗာ​၏​သား​များ​မှာ ယာဖလက်​၊ ရှောမာ​၊ ဟောသံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​၏​နှမ​မှာ ရှုအာ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 33,
      "text": "ယာဖလက်​၏​သား​များ​မှာ ပါသက်​၊ ဗိမဟာလ​၊ အာရှဝတ် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယာဖလက်​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 34,
      "text": "ရှမေရ​၏​သား​များ​မှာ အာဟိ​၊ ရောဂ​၊ ယေဟုဗ္ဗ​၊ အာရံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 35,
      "text": "သူ​၏​ညီ ဖြစ်​သော​ဟေလင်​၏​သား​များ​မှာ ဇောဖ​၊ ဣမန​၊ ရှေလက်​၊ အာမလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 36,
      "text": "ဇောဖ​၏​သား​များ​မှာ သုအာ​၊ ဟာနေဖာ​၊ ရွာလ​၊ ဗေရိ​၊ ဣမရ​၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 37,
      "text": "ဗေဇာ​၊ ဟောဒ​၊ ရှမ္မ​၊ ရှိလရှ​၊ ဣသရန်​၊ ဗေရ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 38,
      "text": "ယေသာ​၏​သား​များ​မှာ ယေဖုန္နာ​၊ ပိသပ​၊ အာရ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 39,
      "text": "ဥလ္လ​၏​သား​များ​မှာ အာရာ​၊ ဟံယေလ​၊ ရေဇိယ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 40,
      "text": "ဤ​သူ​အားလုံး​တို့​သည် အာရှာ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​၊ လက်ရွေးစင်​စစ်သူရဲ​များ​၊ အုပ်စိုးသူမင်း​များ ဖြစ်​ကြ​၏​။ စာရင်း​အရ စစ်ပွဲ​တွင် စစ်တိုက်​နိုင်​သူ​အရေအတွက်​မှာ စစ်သူရဲ​နှစ်သောင်းခြောက်ထောင် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 1,
      "text": "ဗင်္ယာမိန်​၏​သား​များ​မှာ သားဦး​ဗေလ​၊ ဒုတိယ​သား​အာရှဗေလ​၊ တတိယ​သား​အဟာရာ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 2,
      "text": "စတုတ္ထ​သား​နောဟ​၊ ပဉ္စမ​သား​ရာဖ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 3,
      "text": "ဗေလ​၏​သား​များ​မှာ အာဒါ​၊ ဂေရ​၊ အဘိဟုဒ်​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 4,
      "text": "အဘိရွှ​၊ နေမန်​၊ အာဟော​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 5,
      "text": "ဂေရ​၊ ရှေဖုဖန်​၊ ဟုရံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 6,
      "text": "ဧဟုဒ​၏​သားမြေး​များ​မှာ မနာဟတ်​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ဂေဗ​မြို့သား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သည့်"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 7,
      "text": "နေမန်​၊ အဟိယ​၊ ဂေရ တို့​ဖြစ်​ကြ​၏​။ သူ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သား​ဩဇ​နှင့်​အဟိဟု တို့​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 8,
      "text": "ရှဟာရိမ်​သည် မယား ဟုရှိမ်​နှင့်​ဗာရာ​ကို နှင်ထုတ်​လိုက်​၏​။ ထို့နောက် သူ​သည် မောဘ​ပြည်​တွင် သား​များ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 9,
      "text": "မောဘ​ပြည်​တွင် သူ​၏​မယား​ဟောဒေရှ​နှင့် သား ယောဗပ်​၊ ဇိဘိ​၊ မေရှ​၊ မာလခံ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 10,
      "text": "ယုဇ​၊ ရှာခိ​၊ မိရမ တို့​ကို​ရ​၏​။ ဤ​သူ​တို့​သည် ရှဟာနိမ်​၏​သား​များ​ဖြစ်​ပြီး ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​လည်း ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 11,
      "text": "သူ​သည် မယား​ဟုရှိမ်​နှင့်​လည်း သား​အဘိတုပ်​နှင့်​ဧလပါလ တို့​ကို​ရ​ခဲ့​သေး​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 12,
      "text": "ဧလပါလ​၏​သား​များ​မှာ ဧဗာ​၊ မိရှဟံ​၊ ရှာမက် တို့​ဖြစ်​ကြ​၏​။ ရှာမက်​သည် ဩနော​မြို့​၊ လောဒ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​ကို တည်ဆောက်​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 13,
      "text": "ဗေရိယ​နှင့် ရှေမာ​သည် ဂါသ​မြို့သား​တို့​ကို နှင်ထုတ်​ခဲ့​သော အာယလုန်​မြို့သား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 14,
      "text": "အဟိဩ​၊ ရှာရှက်​၊ ယေရမုတ်​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 15,
      "text": "ဇေဗဒိ​၊ အာရဒ်​၊ အာဒါ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 16,
      "text": "မိက္ခေလ​၊ ဣရှပ​၊ ယောဟ တို့​သည် ဗေရိယ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 17,
      "text": "ဇေဗဒိ​၊ မေရှုလံ​၊ ဟိဇကိ​၊ ဟေဗာ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 18,
      "text": "ဣရှမေရဲ​၊ ယေဇလိ​၊ ယောဗပ် တို့​သည် ဧလပါလ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 19,
      "text": "ယာကိမ်​၊ ဇိခရိ​၊ ဇာဗဒိ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 20,
      "text": "ဧလျေနဲ​၊ ဇိလသဲ​၊ ဧလျေလ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 21,
      "text": "အဒါယ​၊ ဗေရာယ​၊ ရှိမရတ် တို့​သည် ရှိမိ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 22,
      "text": "ဣရှပန်​၊ ဧဗာ​၊ ဧလျေလ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 23,
      "text": "အာဗဒုန်​၊ ဇိခရိ​၊ ဟာနန်​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 24,
      "text": "ဟာနနိယ​၊ ဧလံ​၊ အန္တောသိယ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 25,
      "text": "ဣဖဒိယ​နှင့် ပေနွေလ တို့​သည် ရှာရှက်​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 26,
      "text": "ရှံရှရဲ​၊ ရှေဟာရိ​၊ အာသလိ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 27,
      "text": "ယာရရှိ​၊ ဧလိယ​၊ ဇိခရိ တို့​သည် ယေရောဟံ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 28,
      "text": "ဤ​သူ​တို့​သည် ဆွေစဉ်မျိုးဆက်​အလိုက် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​ပြီး ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 29,
      "text": "ဂိဗောင်​၏​ဖခင်​သည် ဂိဗောင်​မြို့​တွင် နေထိုင်​၏​။ မယား​အမည်​မှာ မာခါ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 30,
      "text": "ဂိဗောင်​၏​သား​များ​မှာ သားဦး​အာဗဒုန်​၊ ဇုရ​၊ ကိရှ​၊ ဗာလ​၊ နာဒပ်​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 31,
      "text": "ဂေဒေါ်​၊ အဟိဩ​၊ ဇေခါ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 32,
      "text": "မိကလုတ် တို့​ဖြစ်​ကြ​၏​။ မိကလုတ်​သည် သား​ရှိမာ​ကို​ရ​၏​။ သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ​သူ​တို့​၏​ဆွေမျိုးသားချင်း​များ​နှင့်အတူ ဆွေမျိုးသားချင်း​များ​အနီးအနား​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 33,
      "text": "နေရ​သည် သား​ကိရှ​ကို​ရ​၏​။ ကိရှ​သည် သား​ရှောလု​ကို​ရ​၏​။ ရှောလု​သည် သား​ယောနသန်​၊ မေလခိရွှ​၊ အဘိနဒပ်​၊ ဣရှဗာလ တို့​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 34,
      "text": "ယောနသန်​၏​သား​မှာ မေရိဗ္ဗာလ​၊ မေရိဗ္ဗာလ​၏​သား​မှာ မိက္ခာ​၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 35,
      "text": "မိက္ခာ​၏​သား​များ​မှာ ပိသုန်​၊ မေလက်​၊ တာရာ​၊ အာခတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 36,
      "text": "အာခတ်​သည် သား​ယဟောဒါ​ကို​ရ​၏​။ ယဟောဒါ​သည် သား​အာလမက်​၊ အာဇမာဝက်​၊ ဇိမရိ တို့​ကို​ရ​၏​။ ဇိမရိ​သည် သား​မောဇ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 37,
      "text": "မောဇ​သည် သား​ဗိနာ​ကို​ရ​၏​။ ဗိနာ​၏​သား​မှာ ရာဖာယ​၊ ရာဖာယ​၏​သား​မှာ ဧလာသ​၊ ဧလာသ​၏​သား​မှာ အာဇေလ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 38,
      "text": "အာဇေလ​တွင် သား​ခြောက်​ယောက်​ရှိ​၏​။ ထို​သား​တို့​၏​အမည်​များ​မှာ အာဇရိကံ​၊ ဗောခေရု​၊ ဣရှမေလ​၊ ရှရိယ​၊ ဩဗဒိ​၊ ဟာနန် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​အားလုံး​တို့​သည် အာဇေလ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 39,
      "text": "အာဇေလ​၏​ညီ​ဖြစ်​သော ဧရှက်​၏​သား​များ​မှာ သားဦး​ဥလံ​၊ ဒုတိယ​သား​ယုရှ​၊ တတိယ​သား​ဧလိဖလက် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 40,
      "text": "ဥလံ​၏​သား​များ​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ​၊ လေးသည်တော်​များ ဖြစ်​ကြ​ပြီး သားမြေး​များ​၍ ပေါင်း​တစ်ရာ့​ငါးဆယ် ရှိ​၏​။ ဤ​သူ​အားလုံး​တို့​သည် ဗင်္ယာမိန်​၏​သားမြေး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 1,
      "text": "အစ္စရေး​တစ်မျိုးနွယ်လုံး​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို ရေးမှတ်​၍ အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် မှတ်တမ်းတင်​ထား​၏​။ ယုဒ​လူမျိုး​တို့​မူကား မိမိ​တို့​ကျူးလွန်​မိ​သော​အမှား​များ​ကြောင့် ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း ခံရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 2,
      "text": "ကိုယ့်​မြို့​ကိုယ့်​မြေ​များ​သို့ ဦးစွာ​ပြန်​နေထိုင်​ရ​သူ​တို့​မှာ အစ္စရေး​အမျိုးသား ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 3,
      "text": "ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ကြ​သော ယုဒ​အမျိုးသား​၊ ဗင်္ယာမိန်​အမျိုးသား​၊ ဧဖရိမ်​နှင့်​မနာရှေ​အမျိုးသား​တို့​တွင်"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 4,
      "text": "ယုဒ​အမျိုးသား ဖာရက်​၏​သားမြေး​များ​မှ ဗာနိ​၏​တီ​၊ ဣမရိ​၏​မြစ်​၊ ဩမရိ​၏​မြေး​၊ အမိဟုဒ်​၏​သား ဥသဲ​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 5,
      "text": "ရှိလောနိ​လူမျိုး​မှ သားဦး​အသာယ​နှင့် သူ​၏​သား​များ​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 6,
      "text": "ဇေရ​၏​သားမြေး​များ​မှ ယွေလ​နှင့် သူ​၏​ဆွေမျိုးသားချင်း ပေါင်း​ခြောက်​ရာ​ကိုးဆယ်​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 7,
      "text": "ဗင်္ယာမိန်​သားမြေး​များ​မှ ဟာသေနွာ​၏​မြစ်​၊ ဟောဒဝိ​၏​မြေး​၊ မေရှုလံ​၏​သား သလ္လု​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 8,
      "text": "ယေရောဟံ​၏​သား ဣဗနိယ​၊ မိခရိ​၏​မြေး ဩဇိ​၏​သား ဧလာ​၊ ဣဗနိယ​၏​မြစ် ရွေလ​၏​မြေး ရှေဖတိ​၏​သား မေရှုလံ စသော​သူ​တို့​နှင့်"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 9,
      "text": "ဆွေစဉ်မျိုးဆက်​စာရင်း​အရ သူ​တို့​၏​ဆွေမျိုးသားချင်း ပေါင်း​ကိုး​ရာ​ငါးဆယ့်​ခြောက်​ယောက် ပါ​၏​။ ဤ​သူ​အားလုံး​တို့​သည် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​များ​တွင် ယေဒါယ​၊ ယောယရိပ်​၊ ယာခိန်​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 11,
      "text": "အဟိတုပ်​၏​တွတ်​၊ မေရာယုတ်​၏​တီ​၊ ဇာဒုတ်​၏​မြစ်​၊ မေရှုလံ​၏​မြေး​၊ ဟိလခိ​၏​သား ဘုရားသခင်​၏​အိမ်တော်အုပ် အာဇရိ"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 12,
      "text": "မာလခိယ​၏​မြစ်​၊ ပါရှုရ​၏​မြေး​၊ ယေရောဟံ​၏​သား​အဒါယ​နှင့် ဣမေရ​၏​တွတ်​၊ မေရှိလမိတ်​၏​တီ​၊ မေရှုလံ​၏​မြစ်​၊ ယာဇေရ​၏​မြေး​၊ အဒျေလ​၏​သား​မာရှဲ တို့​ပါ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 13,
      "text": "သူ​တို့​သည် ကိုယ့်​ညီအစ်ကို​များ​တွင် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​ပြီး စုစုပေါင်း အယောက်​တစ်ထောင့်​ခုနစ်​ရာ​ခြောက်ဆယ် ရှိ​၏​။ ဘုရားသခင်​၏​အိမ်​တော်​၌ အမှု​တော်​ကို​ထမ်းဆောင်​ရန် အရည်အချင်း​ရှိ​သူ​များ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 14,
      "text": "လေဝိ​အမျိုး​မှ မေရာရိ​သားမြေး​တွင် ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 15,
      "text": "ဗာကဗက္ကာ​၊ ဟေရက်​၊ ဂလာလ​နှင့် အာသပ်​၏​မြစ်​၊ ဇိခရိ​၏​မြေး​၊ မိက္ခာ​၏​သား မတ္တနိ​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 16,
      "text": "ယေဒုသုန်​၏​မြစ်​၊ ဂလာလ​၏​မြေး​၊ ရှေမာယ​၏​သား ဩဗဒိ​နှင့် နေတောဖာသိ​ရွာသား​ဖြစ်​သော ဧလကာန​၏​မြေး​၊ အာသ​၏​သား ဗေရခိ တို့​လည်း​ပါ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 17,
      "text": "တံခါးစောင့်​များ​မှ ရှလ္လုံ​၊ အက္ကုပ်​၊ တာလမုန်​၊ အဟိမန်​နှင့် သူ​တို့​၏​ညီအစ်ကို​များ ပါ​၏​။ ရှလ္လုံ​သည် သူ​တို့​၏​အကြီးအမှူး ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 18,
      "text": "ရှလ္လုံ​သည် ယခုချိန်​ထိ ဘုရင်​ထွက်​ဝင်​ရာ​အရှေ့ဘက်​မြို့​တံခါး​၏​တံခါးမှူး ဖြစ်​၏​။ ဤ​သူ​တို့​သည် လေဝိ​သားမြေး​တို့​၏​တပ်စခန်း​၌ တံခါးစောင့်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 19,
      "text": "ကောရေ​၏​မြစ်​၊ ဧဗျာသပ်​၏​မြေး​၊ ကောရ​၏​သား ရှလ္လုံ​နှင့် သူ​၏​ဘိုးဘေး​အိမ်ထောင်စု​မှ ဆွေမျိုးသားချင်း​ဖြစ်​သော ကောရ​အမျိုး​တို့​သည် တဲ​တော်​တံခါး စောင့်ကြပ်​သော​အမှု​ကို ထမ်းဆောင်​ရ​သူ​များ ဖြစ်​၏​။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ခဲ့​ရ​သူ​များ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 20,
      "text": "ယခင်က သူ​တို့​၏​ခေါင်းဆောင်​မှာ ဧလာဇာ​၏​သား ဖိနဟတ် ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ပါရှိ​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 21,
      "text": "မေရှလေမိ​၏​သား ဇာခရိ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ရ​သူ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 22,
      "text": "တံခါးခုံ​၌ တံခါးစောင့်​အဖြစ် ရွေးချယ်​ခန့်ထား​ခြင်း​ခံရ​သော​သူ​အားလုံး​မှာ နှစ်ရာ​တစ်ဆယ့်​နှစ်​ယောက် ရှိ​၏​။ သူ​တို့​သည် ကိုယ့်​ရပ်ရွာ​တွင် စာရင်းဝင်​သူ​များ​ဖြစ်​ပြီး ဒါဝိဒ်​မင်းကြီး​နှင့် စိတ်အာရုံရသူ​ရှမွေလ​တို့​က သူ​တို့​ကို သစ္စာရှိသူ​များ​အဖြစ် တာဝန်ပေး​ခန့်အပ်​ထား​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 23,
      "text": "သူ​တို့​နှင့် သူ​တို့​၏​သားမြေး​တို့​သည် တဲ​တော်​ဖြစ်​သော​ထာဝရဘုရား​၏​အိမ်​တော်​တံခါး​ကို စောင့်ကြပ်ရသူ​များ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 24,
      "text": "တံခါးစောင့်​တို့​သည် အရှေ့​၊ အနောက်​၊ တောင်​၊ မြောက် လေး​မျက်နှာ​လုံး​တွင် စောင့်ကြပ်​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 25,
      "text": "ကျေးရွာ​များ​မှ သူ​တို့​၏​ညီအစ်ကို​များ​က​လည်း လာ​၍ သူ​တို့​နှင့်အတူ ခုနစ်​ရက်​တစ်ကြိမ် စောင့်ကြပ်​ပေး​လေ့​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 26,
      "text": "သစ္စာရှိ​သော​လေဝိ​အမျိုးသား​တံခါးမှူး​လေး​ယောက်​မှာ ဘုရားသခင်​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် အခန်း​များ​ကို စောင့်ကြပ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 27,
      "text": "သူ​တို့​သည် အစောင့်တာဝန်​များ​ကို​သာမက နံနက်တိုင်း တံခါး​သော့​ဖွင့်​ပေး​ရ​သော​တာဝန်​ကို​ပါ ယူ​ရ​သဖြင့် ဘုရားသခင်​၏​အိမ်​တော်​ဝန်းကျင်​တွင်ပင် ညအိပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 28,
      "text": "အချို့​မှာ အမှု​တော်​နှင့်ဆိုင်သော အသုံးအဆောင်​များ​ကို ထိန်းသိမ်း​ပေး​ရ​၏​။ ထို​အသုံးအဆောင်​များ​ကို ထုတ်ပေး​သောအခါ ရေတွက်​ပြီး ပြန်လည်​သိမ်းဆည်း​သောအခါ ရေတွက်​စိစစ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 29,
      "text": "အချို့​မှာ သန့်ရှင်းရာဌာန​၏​အသုံးအဆောင်​အားလုံး​နှင့် ဂျုံမှုန့်​၊ စပျစ်ဝိုင်​၊ ဆီ​၊ လော်ဗန်​၊ အမွှေးနံ့သာ စသည့်​အသုံးအဆောင်​တို့​ကို ထိန်းသိမ်း​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​တို့​၏​သားမြေး​အချို့​တို့​သည် အမွှေးနံ့သာဆီ​များ​ကို ဖော်စပ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 31,
      "text": "လေဝိ​အမျိုးသား ကောရ​အမျိုး ရှလ္လုံ​၏​သားဦး မတ္တိသိ​သည် အိုးကင်း​ဖြင့်​မုန့်ဖုတ်​သော​တာဝန်​ကို ယူ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 32,
      "text": "သူ​တို့​၏​ဆွေမျိုးသားချင်း ကောဟတ်​၏​သားမြေး​အချို့​မှာ​မူ ဥပုသ်နေ့​တိုင်း တင်လှူ​ရ​သော​ရှေ့တော်မုန့်​ကို ပြင်ဆင်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 33,
      "text": "အိမ်​တော်​အခန်း​များ​တွင်​နေထိုင်​ရ​သော လေဝိ​မျိုးနွယ်စု​ခေါင်းဆောင်​သီချင်းသည်​တို့​သည် နေ့ရောညပါ​အမှု​တော်​ထမ်း​ရ​သောကြောင့် အခြား​တာဝန်​များ​နှင့် ကင်းလွတ်​ခွင့်​ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 34,
      "text": "ဤ​လေဝိ​အမျိုး​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​သည် ဆွေစဉ်မျိုးဆက်​ခေါင်းဆောင်​အလိုက် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 35,
      "text": "ဂိဗောင်​၏​ဖခင်​ယေယေလ​သည် ဂိဗောင်​မြို့​တွင် နေထိုင်​၏​။ သူ့​မယား​၏​အမည်​မှာ မာခါ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 36,
      "text": "သူ​၏​သား​များ​မှာ သားဦး​အာဗဒုန်​၊ ဇုရ​၊ ကိရှ​၊ ဗာလ​၊ နေရ​၊ နာဒပ်​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 37,
      "text": "ဂေဒေါ်​၊ အဟိဩ​၊ ဇာခရိ​၊ မိကလုတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 38,
      "text": "မိကလုတ်​သည် သား​ရှိမံ​ကို​ရ​၏​။ သူ​တို့​သည် ဆွေမျိုးသားချင်း​များ​နှင့်အတူ ဂျေရုဆလင်​မြို့​ရှိ​ဆွေမျိုးသားချင်း​များ​၏​အနီးအနား​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 39,
      "text": "နေရ​သည် သား​ကိရှ​ကို​ရ​၏​။ ကိရှ​သည် သား​ရှောလု​ကို​ရ​၏​။ ရှောလု​သည် သား​ယောနသန်​၊ မေလခိရွှ​၊ အဘိနဒပ်​၊ ဣရှဗာလ တို့​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 40,
      "text": "ယောနသန်​၏​သား​မှာ မေရိဗ္ဗာလ​၊ မေရိဗ္ဗာလ​၏​သား​မှာ မိက္ခာ​၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 41,
      "text": "မိက္ခာ​၏​သား​မှာ ပိသုန်​၊ မေလက်​၊ တာရာ​၊ အာခတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 42,
      "text": "အာခတ်​သည် သား​ယာရ​ကို​ရ​၏​။ ယာရ​သည် သား​အာလမက်​၊ အာဇမာဝက်​၊ ဇိမရိ တို့​ကို​ရ​၏​။ ဇိမရိ​သည် သား​မောဇ​ကို​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 43,
      "text": "မောဇ​၏​သား​မှာ ဗိနာ ဖြစ်​၏​။ ဗိနာ​၏​သား​မှာ ရေဖာယ​၊ ရေဖာယ​၏​သား​မှာ ဧလာသ​၊ ဧလာသ​၏​သား​မှာ အာဇေလ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 44,
      "text": "အာဇေလ​၌ အာဇရိကံ​၊ ဗောခေရု​၊ ဣရှမေလ​၊ ရှရိယ​၊ ဩဗဒိ​၊ ဟာနန် ဟု​ခေါ်​သော​သား​ခြောက်​ယောက် ရှိ​၏​။ ဤ​သူ​တို့​သည် အာဇေလ​၏​သား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 1,
      "text": "တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံမှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 2,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​နှင့် သူ့​သား​တို့​နောက်သို့ ထက်ကြပ်မကွာ​လိုက်​၍ ရှောလု​မင်းကြီး​၏​သား​များ​ဖြစ်​သော ယောနသန်​၊ အဘိနဒပ်​နှင့် မေလခိရွှ​တို့​ကို ကွပ်မျက်​လိုက်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 3,
      "text": "ရှောလု​မင်းကြီး​သည်​လည်း အပြင်းအထန်​တိုက်ခိုက်​ခံရ​ပြီး လေးသည်တော်​တို့​နှင့်​တိုးမိ​၍ လေးသည်တော်​တို့​လက်ချက်​ဖြင့် ဒဏ်ရာရ​သွား​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 4,
      "text": "ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 5,
      "text": "ရှောလု​မင်းကြီး အနိစ္စရောက်​သွား​သည်​ကို​မြင်​လျှင် သူ​၏​လက်နက်ကိုင်​လုလင်​လည်း သူ့​ဓား​ပေါ်​လှဲချ​ပြီး ရှောလု​နှင့်အတူ သေ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 6,
      "text": "ဤသို့ဖြင့် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​အပါအဝင် သူ​၏​မိသားစုဝင်​အပေါင်း​တို့​သည် အတူ​သေ​ကြ​ရ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 7,
      "text": "အစ္စရေး​အမျိုးသား​များ​ထွက်ပြေး​ကြ​ရ​ကြောင်း​၊ ရှောလု​မင်းကြီး​နှင့်​သား​တော်​များ ကျဆုံး​ပြီ​ဖြစ်ကြောင်း​ကို ချိုင့်ဝှမ်းလွင်ပြင်​၌​နေ​သော အစ္စရေး​အမျိုးသား​အပေါင်း​တို့ သိမြင်​လျှင် သူ​တို့​လည်း မြို့ရွာ​များ​ကို စွန့်​၍​ထွက်ပြေး​ကြ​၏​။ ထိုအခါ ဖိလိတ္တိ​လူမျိုး​တို့​သည် ထို​မြို့ရွာ​တို့​တွင် ဝင်ရောက်​နေထိုင်​ကြ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 8,
      "text": "နောက်တစ်နေ့​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် သေဆုံး​သွား​သော​သူ​တို့​၏​ကိုယ်​မှ ပစ္စည်း​များ​ကို​ချွတ်ယူ​ရန် လာ​ကြ​သောအခါ ဂိလဗော​တောင်​ပေါ်တွင် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​တို့ လဲကျ​သေဆုံး​နေ​ကြ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 9,
      "text": "သူ​တို့​သည် ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​ကို ချွတ်​ပြီး ဦးခေါင်း​နှင့်တကွ စစ်ဝတ်တန်ဆာ​များ​ကို ယူသွား​ကြ​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​၍ သူ​တို့​၏​ရုပ်တု​များ​နှင့် ပြည်သူပြည်သား​များ​ထံ၌ ထို​သတင်းကောင်း​ကို​ကြေညာ​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 10,
      "text": "ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​များ​ကို သူ​တို့​၏​ဘုရား​ဝတ်ကျောင်း​တွင်​ထား​ပြီး ဦးခေါင်း​ကို​မူ ဒါဂုန်​ဝတ်ကျောင်း​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 11,
      "text": "ရှောလု​မင်းကြီး​အပေါ် ဖိလိတ္တိ​လူမျိုး​တို့​ပြု​ခဲ့​သမျှ​ကို ယာဗက်ဂိလဒ်​မြို့သား​အပေါင်း​တို့ ကြားသိ​သောအခါ"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 12,
      "text": "စစ်သူရဲ​တစ်ယောက်မကျန်​ထ​၍ ရှောလု​မင်းကြီး​အလောင်း​နှင့် သူ့​သား​တို့​၏​အလောင်း​များ​ကို​သွားယူ​ပြီး ယာဗက်​မြို့​သို့​ယူဆောင်​လာ​ကာ အရိုး​များ​ကို ယာဗက်​မြို့​ရှိ သပိတ်ပင်​အောက်​တွင် သင်္ဂြိုဟ်​ပြီးနောက် ခုနစ်​ရက်​တိုင်တိုင် အစာရှောင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 13,
      "text": "ရှောလု​မင်းကြီး​သည် ထာဝရဘုရား​အပေါ် သစ္စာမစောင့်​၊ ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ နတ်ဝင်သည်​ထံ မေးမြန်း​တိုင်ပင်​၍"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 14,
      "text": "ထာဝရဘုရား​ထံ မ​မေးလျှောက်​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ကွပ်မျက်​လိုက်​သဖြင့် သူ​အနိစ္စ​ရောက်​လေ​၏​။ နိုင်ငံ​တော်​ကို​လည်း ယေရှဲ​၏​သား​ဒါဝိဒ်​လက်​သို့ လွှဲအပ်​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​ထံ၌ စုရုံး​ကြ​ပြီး “​ကြည့်​လော့​။ အကျွန်ုပ်​တို့​သည် အရှင်​၏​အရိုး​၊ အရှင်​၏​အသား​များ ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 2,
      "text": "ယခင် ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 3,
      "text": "အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် ရှမွေလ​မှတစ်ဆင့် ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​သည် ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 4,
      "text": "တစ်ခါသော် ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ပြည်သားရင်း​ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ ယေဗုတ်​ဟု​ခေါ်​သော​ဂျေရုဆလင်​မြို့​သို့ ချီတက်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 5,
      "text": "ယေဗုတ်​မြို့သား​တို့​က ဒါဝိဒ်​မင်းကြီး​အား “​သင်​သည် ဤ​မြို့​ထဲသို့ မ​ဝင်​ရ​”​ဟု ဆို​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 6,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​ကို ဦးစွာ​တိုက်ခိုက်​နိုင်​သူ​အား ဗိုလ်ချုပ်ကြီး​ရာထူး​ပေး​မည်​”​ဟု မိန့်ဆို​လျှင် ဇေရုယာ​၏​သား​ယွာဘ​သည် ဦးစွာ​သွား​တိုက်​၏​။ ထို့ကြောင့် သူ​သည် ဗိုလ်ချုပ်ကြီး ဖြစ်လာ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 7,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ရဲတိုက်​တွင်​နေ​သည်​ကို​အစွဲပြု​၍ ထို​ရဲတိုက်​ကို ဒါဝိဒ်​မြို့ ဟု​ခေါ်ဆို​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မိလ္လော ​နှင့် ဝန်းကျင်​ပတ်ပတ်လည်​တွင် မြို့​ကို​တည်ဆောက်​၏​။ မြို့​၏​ကျန်​အပိုင်း​ကို ယွာဘ​က ပြန်လည်​ပြုပြင်​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သည်​ဖြစ်​၍ သူ​သည် အားကြီးသည်ထက်ကြီး​လာ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 10,
      "text": "အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ဒါဝိဒ်​ကို မင်းမြှောက်​၍ နိုင်ငံ​တော်​တည်ထောင်​ရာ​တွင် သူ့​ကို​ဝိုင်းဝန်းကူညီ​ပေး​သော စစ်သူရဲ​အကြီးအကဲ​များ​ရှိ​ခဲ့​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​၌​ရှိ​သော စာရင်းဝင်​သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​၏​။ တပ်မှူး​သုံးဆယ်​ကို​ဦးစီး​ရ​သော ဟခမောနိ​အမျိုး ယာရှောဗံ​သည် လှံ​ကို​ဝှေ့ယမ်း​လိုက်​သည်​နှင့် တစ်ချိန်တည်း​မှာ​ပင် လူ​အယောက်​သုံး​ရာ​ကို သတ်ဖြတ်​နိုင်​ခဲ့​သူ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 12,
      "text": "နောက်တစ်ဦး​မှာ သူရဲကောင်း​သုံး​ဦး​အဝင်​ဖြစ်​သော အဟောဟိ​လူမျိုး ဒေါဒေါ​၏​သား ဧလာဇာ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 13,
      "text": "ဧလာဇာ​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ပါသဒမ္မိမ်​အရပ်​ရှိ မုယောစပါး​အပြည့်​စိုက်​ထား​သော​လယ်ကွက်​၌​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့ စစ်တိုက်​ရန် စုဝေး​ချီတက်​လာ​ကြ​၏​။ ကျန်စစ်သည်​များ ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကုန်​သော်လည်း"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 14,
      "text": "ဧလာဇာ​သည် လယ်ကွက်​အလယ်​တွင်​ရပ်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ခုခံ​တိုက်ခိုက်​ရာ ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 15,
      "text": "စစ်သူရဲ​သုံးဆယ်​ထဲမှ သုံး​ဦး​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ အဒုလံ​လိုဏ်ဂူ​ကျောက်ဆောင်​သို့ ဆင်းသွား​ကြ​၏​။ ဖိလိတ္တိ​တပ်​မူကား ရေဖိမ်​ချိုင့်ဝှမ်း​တွင် စခန်းချ​လျက်​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 16,
      "text": "ထို​အချိန်​က ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​စံမြန်း​လျက်​ရှိ​ပြီး ဖိလိတ္တိ​မြို့စောင့်တပ်​မူကား ဗက်လင်​မြို့​၌ တပ်စွဲ​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 17,
      "text": "ဒါဝိဒ်​မင်းကြီး​က “ဗက်လင်​မြို့​တံခါး​အနီး​ရှိ ရေတွင်း​မှ​ရေ​ကို ငါ့​အတွက် တစ်ယောက်ယောက်​ခပ်ပေး​လျှင် ကောင်း​ပေ​မည်”​ဟု တောင့်တ​၍ ဆို​မိ​လျှင်"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 18,
      "text": "ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူဆောင်​လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက်"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 19,
      "text": "“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​အမှု​သည် အကျွန်ုပ်​နှင့်​ဝေး​ပါစေသော​။ ဤ​ရေ​သည် သူ​တို့​၏​အသွေး​ဖြစ်​ပါ​၏​။ သူ​တို့​အသက်​နှင့်​ရင်း​၍​ရလာ​သော​ရေ​ကို အကျွန်ုပ်​သောက်​ရ​ပါ​မည်လော​။ သူ​တို့​သည် အသက်​ကို​ရင်း​၍ ဤ​ရေ​များ​ကို ခပ်လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​လျက် ထို​ရေ​ကို မ​သောက်​ဘဲ နေ​၏​။ သူရဲကောင်း​သုံး​ဦး​တို့​သည် ဤသို့​စွမ်းဆောင်​ပေး​ခဲ့​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 20,
      "text": "ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကို ဦးဆောင်​ရ​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​ပြီး လူ​အယောက်​သုံး​ရာ​ကို တိုက်ခိုက်​သတ်ဖြတ်​၏​။ ထို့ကြောင့် သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကဲ့သို့ နာမည်​ကျော်စော​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 21,
      "text": "သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် နှစ်ဆ​အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 22,
      "text": "ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့​တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 23,
      "text": "သူ​သည် အရပ်​ငါး​တောင် ​ရှိ​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ ရက်ကန်းလိပ်တုံး​တမျှ​ကြီး​သော​လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 24,
      "text": "ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​သည်​လည်း နာမည်​ကျော်စော​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 25,
      "text": "သူ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​ထက် အစွမ်းထက်​သော်လည်း ပထမ​သူရဲကောင်း​သုံး​ဦး​ကို​မ​မီ​။ ဒါဝိဒ်​မင်းကြီး​သည် သူ့​အား ကိုယ်ရံတော်မှူး​အဖြစ် ခန့်အပ်​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 26,
      "text": "အခြား​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​များ​မှာ ယွာဘ​၏​ညီ အာသဟေလ​၊ ဗက်လင်​မြို့သား ဒေါဒေါ​၏​သား ဧလဟာနန်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 27,
      "text": "ဟာရုတ်​မြို့သား ရှမ္မုတ်​၊ ပေလော​မြို့သား ဟေလက်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 28,
      "text": "တေကော​မြို့သား ဣကေရှ​၏​သား ဣရ​၊ အနေသောသိ​လူမျိုး အဗျေဇာ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 29,
      "text": "ဟုရှသိ​လူမျိုး သိဗေခဲ​၊ အဟောဟိ​လူမျိုး ဣလဲ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 30,
      "text": "နေတောဖာသိ​လူမျိုး မဟာရဲ​၊ နေတောဖာသိ​လူမျိုး ဗာနာ​၏​သား ဟေလက်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 31,
      "text": "ဂိဗာ​မြို့​မှ ဗင်္ယာမိန်​သားမြေး ရိဘဲ​၏​သား အိတ္တဲ​၊ ပိရသုန်​မြို့သား ဗေနာယ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 32,
      "text": "ဂါရှ​ချိုင့်ဝှမ်း​မှ ဟုရဲ​၊ အာဗသိ​လူမျိုး အဗျေလ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 33,
      "text": "ဗာဟုမိ​လူမျိုး အာဇမာဝက်​၊ ရှာလဗောနိ​လူမျိုး ဧလျာဘ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 34,
      "text": "ဂိဇောနိ​လူမျိုး ဟာရှင်​၏​သား​များ​၊ ဟာရရိ​လူမျိုး ရှာဂဲ​၏​သား ယောနသန်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 35,
      "text": "ဟာရရိ​လူမျိုး စာကာ​၏​သား အဟိအံ​၊ ဥရ​၏​သား ဧလိဖလ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 36,
      "text": "မေခေရသိ​လူမျိုး ဟေဖာ​၊ ပေလောနိ​လူမျိုး အဟိယ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 37,
      "text": "ကရမေလိ​လူမျိုး ဟေဇရဲ​၊ ဧဇဗဲ​၏​သား နာရဲ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 38,
      "text": "နာသန်​၏​ညီ ယောလ​၊ ဟာဂရိ​၏​သား မိဗဟာ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 39,
      "text": "အမ္မုန်​လူမျိုး ဇေလက်​၊ ဇေရုယာ​၏​သား ယွာဘ​၏​လက်နက်ကိုင် ဗေရောသိ​လူမျိုး နဟာရဲ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 40,
      "text": "ဣသရိ​လူမျိုး ဣရ​၊ ဣသရိ​လူမျိုး ဂါရက်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 41,
      "text": "ဟိတ္တိ​လူမျိုး ဥရိယ​၊ အာလဲ​၏​သား ဇာဗဒ်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 42,
      "text": "ရုဗင်​အနွယ်​တွင် လူ​အယောက်​သုံးဆယ်​ကို ကြီးစိုး​သော ရုဗင်​အမျိုး​၏​အကြီးအမှူး ရှိဇ​၏​သား အဒိန​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 43,
      "text": "မာခါ​၏​သား ဟာနန်​၊ မိသနိ​လူမျိုး ယောရှာဖတ်​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 44,
      "text": "အာရှတယောသိ​လူမျိုး ဩဇိ​၊ အာရောရိ​လူမျိုး ဟောသံ​၏​သား​များ​ဖြစ်​သော ရှာမ​၊ ယေယေလ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 45,
      "text": "ရှိမရိ​၏​သား ယေဒယေလ​နှင့် သူ့​ညီ တိဇိ​လူမျိုး ယောဟ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 46,
      "text": "မဟာဝိ​လူမျိုး ဧလျေလ​၊ ဧလနန်​၏​သား ယေရိဗဲ​နှင့် ယောရှဝိ​၊ မောဘ​လူမျိုး ဣသမ​၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 47,
      "text": "ဧလျေလ​၊ ဩဗက်​၊ မေဇောဗိတ်​လူမျိုး ယာသေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 1,
      "text": "ဒါဝိဒ်​သည် ကိရှ​၏​သား​ရှောလု​မင်းကြီး​ကို ဇိကလတ်​မြို့​၌ ရှောင်တိမ်း​နေစဉ် သူ့​ထံသို့​လာ​၍​စစ်ကူတိုက်​ပေး​သော သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 2,
      "text": "လေး​ဖြင့် ကျောက်ခဲ​နှင့်​မြား​တို့​ကို လက်ယာ​လက်​၊ လက်ဝဲ​လက်​မရွေး ပစ်ခတ်​နိုင်​သော ဗင်္ယာမိန်​အမျိုး​မှ ရှောလု​မင်းကြီး​၏​ဆွေမျိုးသားချင်း​လေးသည်တော်​များ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 3,
      "text": "ဂိဗာ​မြို့သား ရှေမာ​၏​သား​များ​ဖြစ်​သော အကြီးအမှူး​အဟေဇာ​နှင့် ယောရှ​၊ အာဇမာဝက်​၏​သား​များ​ဖြစ်​သော ယေဇေလ​နှင့် ပေလက်​၊ အာနသုတ်​မြို့သား​ဗေရာခ​နှင့် ယေဟု​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 4,
      "text": "စစ်သူရဲ​အယောက်​သုံးဆယ်​တွင်​ပါဝင်​၍ ထို​စစ်သူရဲ​အယောက်​သုံးဆယ်​ကို အုပ်​ရ​သူ ဂိဗောင်​မြို့သား ဣရှမာယ​၊ ယေရမိ​၊ ယဟာဇေလ​၊ ယောဟနန်​၊ ဂေဒရ​မြို့သား ယောဇဗဒ်​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 5,
      "text": "ဧလုဇဲ​၊ ယေရိမုတ်​၊ ဗာလျာ​၊ ရှေမရိ​၊ ဟရုဖိ​လူမျိုး​ရှေဖတိ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 6,
      "text": "ကောရ​အမျိုး​များ​ဖြစ်​သော ဧလကာန​၊ ဣရှိယ​၊ အာဇရေလ​၊ ယောဇာ​၊ ယာရှောဗံ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 7,
      "text": "ဂေဒေါ်​မြို့သား ယေရောဟံ​၏​သား​များ​ဖြစ်​သော ယောလာ​နှင့်​ဇေဗဒိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 8,
      "text": "ဂဒ်​အမျိုး​အချို့​တို့​သည် တောကန္တာရ​ရှိ ဒါဝိဒ်​ခိုလှုံ​ရာ​နေရာ​သို့ လာရောက်​ပူးပေါင်း​ကြ​၏​။ သူ​တို့​သည် ဒိုင်းလွှား​၊ လှံ​တို့​ကို ကိုင်ဆောင်​နိုင်​ပြီး ရဲစွမ်းသတ္တိ​ရှိ​၍ စစ်ရေး​လေ့ကျင့်​ထား​သော​သူ​များ​၊ ခြင်္သေ့​ကဲ့သို့​ရဲရင့်​သော​မျက်နှာ​ရှိ​၍ တောင်​ပေါ်​သမင်​ကဲ့သို့ လျင်မြန်​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 9,
      "text": "ဧဇာ​သည် အကြီးအမှူး ဖြစ်​ပြီး ဒုတိယ ဩဗဒိ​၊ တတိယ ဧလျာဘ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 10,
      "text": "စတုတ္ထ မိရှမန္န​၊ ပဉ္စမ ယေရမိ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 11,
      "text": "ဆဋ္ဌမ အတ္တဲ​၊ သတ္တမ ဧလျေလ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 12,
      "text": "အဋ္ဌမ ယောဟနန်​၊ နဝမ ဧလဇာဗဒ်​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 13,
      "text": "ဒသမ ယေရမိ​၊ ဧကာဒသမ မာခဗာနဲ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 14,
      "text": "ဤ​သူ​တို့​မှာ ဂဒ်​အမျိုးသား​စစ်ဗိုလ်ချုပ်​များ ဖြစ်​၏​။ သူ​တို့​တွင် အငယ်ဆုံး​သူ​သည် လူ​တစ်ရာ​နှင့်​လည်းကောင်း​၊ အကြီးဆုံး​သူ​သည် လူ​တစ်ထောင်​နှင့်​လည်းကောင်း အား​ညီမျှ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 15,
      "text": "သူ​တို့​သည် ဂျော်ဒန်​မြစ်​ကမ်းပါး​တစ်လျှောက် ရေလျှံ​နေ​ချိန်​ဖြစ်​သော ပထမ​လ​တွင် မြစ်​ကို​ကူး​ပြီး ချိုင့်ဝှမ်းလွင်ပြင်​၌​နေထိုင်​သူ​အားလုံး​ကို အရှေ့​အနောက် တကွဲတပြားစီ​ဖြစ်​အောင် နှင်ထုတ်​ပစ်​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 16,
      "text": "အချို့​သော​ဗင်္ယာမိန်​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည်​လည်း ဒါဝိဒ်​ခိုလှုံ​ရာ​နေရာ​သို့ ရောက်လာ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 17,
      "text": "ဒါဝိဒ်​က​လည်း သူ​တို့​ကို​ထွက်တွေ့​ပြီး “​သင်​တို့​သည် ငါ့​ကို ကူညီ​လို​၍ ကောင်းကောင်းမွန်မွန်​ရောက်လာ​ခြင်း​ဖြစ်လျှင် ငါ​သည် သင်​တို့​နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်​၏​။ သို့သော် အမှား​မ​ပြု​မိ​သော​ငါ့​ကို ရန်သူ​တို့​လက်​သို့ အပ်​ဖို့ သင်​တို့​လာ​ခြင်း​ဖြစ်လျှင် ငါ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို စီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 18,
      "text": "ထိုအခါ စစ်သူရဲ​သုံးဆယ်​အုပ် အာမသဲ​အပေါ် ဝိညာဉ်​တော်​သက်ရောက်​လာ​ပြီး “​အို ဒါဝိဒ်​၊ အကျွန်ုပ်​တို့​ကို အသင်​ပိုင်​ပါ​၏​။ ယေရှဲ​၏​သား​၊ သင်​နှင့်အတူ အကျွန်ုပ်​တို့ ရှိ​ပါ​၏​။ သင်​၌ ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ သင့်​ကို ကူညီ​သူ​တို့​လည်း ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ သင်​၏​ဘုရားသခင်​သည် သင့်​ကို မစ​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ ထိုအခါ ဒါဝိဒ်​သည် သူ​တို့​ကို​လက်ခံ​ပြီး စစ်ဗိုလ်​များ​အဖြစ် ခန့်ထား​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 19,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ရှောလု​မင်းကြီး​ကို စစ်တိုက်​သွား​သောအခါ ဒါဝိဒ်​လည်း လိုက်ပါ​ရာ မနာရှေ​အမျိုး​အချို့​တို့​သည် ဒါဝိဒ်​ထံ​ရောက်လာ​ကြ​၏​။ သို့သော် ဖိလိတ္တိ​မင်းကြီး​တို့​က “​သူ​သည် သူ့​သခင်​ရှောလု​မင်းကြီး​နှင့် ပြန်ပေါင်း​ပြီး ငါ​တို့​ခေါင်း​ကို အပ်​ကောင်း​အပ်​လိမ့်မည်​”​ဟု အချင်းချင်း​တိုင်ပင်​ကြ​ပြီး ဒါဝိဒ်​ကို​ပြန်လွှတ်​လိုက်​သဖြင့် ဒါဝိဒ်​သည် သူ​တို့​ကို စစ်ကူ​မ​တိုက်​ဖြစ်​ခဲ့​ဘဲ"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 20,
      "text": "ဇိကလတ်​မြို့​သို့​ပြန်လာ​ရာ မနာရှေ​အမျိုး​ထဲမှ လူ​တစ်ထောင်​အုပ်​များ​ဖြစ်​သော အာဒန​၊ ယောဇဗဒ်​၊ ယေဒယေလ​၊ မိက္ခေလ​၊ ယောဇဗဒ်​၊ ဧလိဟု​၊ ဇိလသဲ တို့​သည် လာရောက်​ပူးပေါင်း​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 21,
      "text": "သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သူ​များ​ဖြစ်​သောကြောင့် ဓားပြ​တို့​ကို နှိမ်နင်း​ရာ​တွင် ဒါဝိဒ်​ကို ကူညီ​ကြ​၏​။ သူ​တို့​သည် နောင်တွင် စစ်ဗိုလ်​များ ဖြစ်လာ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 22,
      "text": "နေ့စဉ်နေ့တိုင်း ဒါဝိဒ်​ကို​ကူညီ​ရန် ဝင်ရောက်​လာ​သူ​များလာ​သဖြင့် ဘုရားသခင်​၏​တပ်​ကဲ့သို့ အင်အားကြီးမား​သော​စစ်တပ်​ကြီး​ဖြစ်လာ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 23,
      "text": "ထာဝရဘုရား​၏​နှုတ်ထွက်စကား​အတိုင်း နိုင်ငံ​တော်​ကို ရှောလု​မင်းကြီး​မှ ဒါဝိဒ်​ထံ​လွှဲအပ်​မည်​ဖြစ်​သောကြောင့် ဟေဗြုန်​မြို့​ရှိ​ဒါဝိဒ်​ထံသို့ ဝင်ရာက်​လာ​သော​လက်နက်ကိုင်​စစ်သည်​အကြီးအကဲ​တို့​၏​အရေအတွက်​မှာ"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 24,
      "text": "ယုဒ​အမျိုးသား​တွင် ဒိုင်းလွှား​လှံ​စသော​လက်နက်ကိုင်​စစ်သည် အယောက်​ခြောက်​ထောင်​ရှစ်​ရာ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 25,
      "text": "ရှိမောင်​အမျိုးသား​တွင် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သည် အယောက်​ခုနစ်​ထောင့်​တစ်ရာ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 26,
      "text": "လေဝိ​အမျိုးသား​တွင် လူ​အယောက်​လေး​ထောင့်​ခြောက်​ရာ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 27,
      "text": "အာရုန်​အမျိုး​ကို​ဦးဆောင်​ပေး​ရ​သူ ယောယဒ​နှင့် သူ​၏​လူ​အယောက်​သုံး​ထောင်​ခုနစ်​ရာ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 28,
      "text": "ရဲစွမ်းသတ္တိ​ထက်မြက်​သော​လူငယ် ဇာဒုတ်​နှင့် သူ့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး နှစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 29,
      "text": "ယခင်က ရှောလု​အိမ်​တော်​သား​အပေါ် သစ္စာစောင့်သိ​သူ ဗင်္ယာမိန်​အနွယ် ရှောလု​၏​ဆွေမျိုးသားချင်း အယောက်​သုံး​ထောင်​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 30,
      "text": "ဧဖရိမ်​အမျိုးသား​တွင် သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ထဲမှ နာမည်​ကျော်စော​ပြီး ရဲစွမ်းသတ္တိ​ထက်မြက်​သူ​စစ်သူရဲ အယောက်​နှစ်သောင်း​ရှစ်​ရာ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 31,
      "text": "ဒါဝိဒ်​ကို မင်းမြှောက်​ဖို့ရန် မနာရှေ​အမျိုး​တစ်ဝက်​တွင် နာမည်​စာရင်းဝင်​သူ​အယောက်​တစ်သောင်းရှစ်ထောင်​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 32,
      "text": "ဣသခါ​အမျိုးသား​တွင် အစ္စရေး​လူ​တို့​ပြု​ရ​မည့်​အမှု​ကို အခြေအနေ​အချိန်အခါ​အလိုက် သိ​နားလည်​သူ အကြီးအမှူး​အယောက်​နှစ်ရာ​နှင့် သူ​တို့​၏​အမိန့်​ကို​နာခံ​သော​ဆွေမျိုး​အားလုံး​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 33,
      "text": "ဇာဗုလုန်​အမျိုး​တွင် ဒါဝိဒ်​ကို​ကူညီ​ရန် စိတ်​မ​ထွေပြား​ဘဲ စစ်လက်နက်​အပြည့်အစုံ​နှင့်တကွ တိုက်ပွဲဝင်​ရန်​အသင့်ရှိ​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​ငါးသောင်း​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 34,
      "text": "နဿလိ​အမျိုး​မှ တပ်မှူး​အယောက်​တစ်ထောင်​နှင့် ဒိုင်း​လှံ​လက်နက်ကိုင်ဆောင်​သူ​တပ်သား​အယောက်​သုံးသောင်း​ခုနစ်​ထောင်​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 35,
      "text": "ဒန်​အမျိုး​တွင် တိုက်ပွဲဝင်​ရန်​အသင့်​ဖြစ်​သူ စစ်သည်​အယောက်​နှစ်သောင်းရှစ်ထောင့်​ခြောက်​ရာ​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 36,
      "text": "အာရှာ​အမျိုး​တွင် တိုက်ပွဲ​ဝင်​ရန်​အသင့်​ဖြစ်​သူ​၊ စစ်မှုထမ်း​နိုင်​သူ စစ်သည်​အယောက်​လေးသောင်း​၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 37,
      "text": "ဂျော်ဒန်​မြစ်​အရှေ့ဘက်​မှ ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​တွင် စစ်လက်နက်​အပြည့်အစုံ​နှင့် စစ်သည်​အယောက်​တစ်သိန်းနှစ်သောင်း ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 38,
      "text": "ဤ​စစ်သူရဲ​အားလုံး​တို့​သည် စစ်မြေပြင်​တွင် အမိန့်​ကို စိတ်နှလုံး​အကြွင်းမဲ့​နာခံ​တတ်​သူ​များ ဖြစ်​၏​။ ဒါဝိဒ်​ကို အစ္စရေး​တစ်မျိုးနွယ်လုံး​၏​ဘုရင်​အဖြစ် တင်မြှောက်​ရန် ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​သူ​များ​လည်း ဖြစ်​၏​။ ကျန်​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ဒါဝိဒ်​ကို မင်းမြှောက်​ရန် တစ်စိတ်တစ်သဘောတည်း​ရှိ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 39,
      "text": "အမျိုးသားချင်း​တို့ ပြင်ဆင်​ကျွေးမွေး​သဖြင့် ထို​နေရာ​တွင် သူ​တို့​သည် ဒါဝိဒ်​နှင့်အတူ သုံး​ရက်​တိုင်တိုင်​စားသောက်ပွဲ​များ ကျင်းပ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 40,
      "text": "ရပ်နီး​နေ​သူ​များ​သာမက ရပ်ဝေး​နေ​သူ​များ​ဖြစ်​သော ဣသခါ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး တို့​သည်​လည်း မုန့်ညက်​နှင့်​လုပ်​သော​အစားအစာ​များ​၊ သဖန်းပျဉ်​များ​၊ စပျစ်သီးခြောက်​များ​၊ စပျစ်ဝိုင်​၊ ဆီ​၊ နွားသား​၊ သိုးသား စသော​အစားအစာ​များ​ကို မြည်း​၊ ကုလားအုတ်​၊ လား​၊ နွား တို့​ဖြင့် အမြောက်အမြား​တင်ဆောင်​လာ​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့ အလွန်​ဝမ်းမြောက်ဝမ်းသာ​ကြ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 1,
      "text": "ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် လူ​တစ်ထောင်​အုပ်​များ​၊ လူ​တစ်ရာ​အုပ်​များ​၊ ခေါင်းဆောင်​များ​အားလုံး​တို့​နှင့် တိုင်ပင်​ပြီး"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 2,
      "text": "အစ္စရေး​လူထု​တစ်ရပ်လုံး​အား “​သင်​တို့​သဘောတူ​မည်​၊ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​လည်း အခွင့်ပေး​မည်​ဆို​လျှင် အစ္စရေး​ပြည်​တစ်ပြည်လုံး​မှ ကျန်​နေ​သော​ညီအစ်ကို​တို့​မှစ၍ မြို့​များ​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​တို့​တွင်​နေထိုင်​ကြ​သော ယဇ်ပုရောဟိတ်​များ​၊ လေဝိ​လူ​များ​ရှိ​ရာ​နေရာ​အနှံ့အပြား​သို့ လူ​ကို​စေလွှတ်​၍ အကျွန်ုပ်​တို့​နှင့် လာရောက်​ပူးပေါင်း​စေ​မည်​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 3,
      "text": "ထို့နောက် ရှောလု​မင်းကြီး​လက်ထက်​က မေးမြန်း​ခြင်း​မ​ရှိ​ခဲ့​သော ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ငါ​တို့​ထံ ပြန်လည်​သယ်ဆောင်​လာ​ကြ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 4,
      "text": "ပြည်သူပြည်သား​အားလုံး သဘောတူ​နှစ်သက်​ကြ​သောကြောင့် လူထု​တစ်ရပ်လုံး​က ထိုသို့​ပြု​မည်​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 5,
      "text": "ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​သည် ကိရယတ်ယာရိမ်​မြို့​ရှိ ဘုရားသခင်​၏​သေတ္တာ​တော်​ကို ပြန်လည်​သယ်ဆောင်​လာ​ရန် အီဂျစ်​ပြည်​၊ ရှိဟောရ​အရပ်​မှ လီဘိုဟာမတ်​အရပ်​တိုင်အောင် အစ္စရေး​လူမျိုး​အားလုံး​ကို စုဝေး​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 6,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​သော​၊ ခေရုဗိမ် ​တို့​အထက်​တွင် စံနေ​တော်မူ​သော ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ရန် ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ ယုဒ​ပြည်​၊ ကိရယတ်ယာရိမ် ခေါ် ဗာလာ​မြို့​သို့ သွား​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 7,
      "text": "ဘုရားသခင်​၏​သေတ္တာ​တော်​ကို လှည်း​အသစ်​ပေါ်တွင်​တင်​ပြီး အဘိနဒပ်​၏​အိမ်​မှ သယ်ဆောင်​လာ​ကြ​၏​။ ဩဇ​နှင့်​အဟိဩ​တို့​သည် လှည်း​ကို​မောင်းနှင်​ပေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ဘုရားသခင်​ရှေ့​တော်​တွင် စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ လင်းကွင်း​၊ တံပိုးခရာ​တို့​ကို တီးမှုတ်​လျက် အားရ​ပျော်မြူး​စွာ​သီချင်းဆို​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 9,
      "text": "ခိဒုန်​ကောက်နယ်တလင်း​သို့ ရောက်လာ​သောအခါ နွား​ခြေချော်​သွား​၍ ဩဇ​သည် သေတ္တာ​တော်​ကို လက်​နှင့်​လှမ်းထိန်း​လိုက်​မိ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 10,
      "text": "ဤသို့ ဩဇ​သည် သေတ္တာ​တော်​ကို လှမ်းထိန်း​လိုက်​မိ​ရာ ထာဝရဘုရား​သည် သူ့​အား​အမျက်ထွက်​တော်မူ​ပြီး ဒဏ်ခတ်​တော်မူ​သောကြောင့် သူ​သည် ဘုရားသခင်​ရှေ့​တွင်​ပင် သေ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 11,
      "text": "ဤသို့ ဩဇ​အား ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သောကြောင့် ဒါဝိဒ်​မင်းကြီး​သည် စိတ်ဆိုး​လေ​၏​။ ထို့ကြောင့် ယနေ့​တိုင် ထို​နေရာ​ကို ပေရဩဇ ဟု​ခေါ်ဆို​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 12,
      "text": "ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် “​ဘုရားသခင်​၏​သေတ္တာ​တော်​သည် ငါ့​ထံ မည်သို့​ရောက်လာ​နိုင်​မည်နည်း​”​ဟု တွေးတော​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 13,
      "text": "ဒါဝိဒ်​မင်းကြီး​သည် သေတ္တာ​တော်​ကို မိမိ​နှင့်အတူ ဒါဝိဒ်​မြို့​သို့ မ​သယ်ဆောင်​သွား​ဘဲ ဂိတ္တိ​လူမျိုး ဩဗဒေဒုံ​၏​အိမ်​သို့ သယ်ဆောင်​သွား​၏​။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 14,
      "text": "ဤသို့ဖြင့် ဘုရားသခင်​၏​သေတ္တာ​တော်​သည် ဩဗဒေဒုံ​၏​အိမ်​၌ အိမ်သား​တို့​နှင့်အတူ သုံး​လ​မျှ​ကိန်းဝပ်​တော်မူ​ပြီး ထာဝရဘုရား​သည် ဩဗဒေဒုံ​၏​အိမ်သူအိမ်သား​များ​နှင့် သူ​ပိုင်ဆိုင်​သမျှ​တို့​ကို ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 1,
      "text": "တိုင်ရာ​ဘုရင်​ဟုရံ ​မင်းကြီး​သည်​လည်း ဒါဝိဒ်​မင်းကြီး​ထံ တမန်​များ​ကို​စေလွှတ်​ပြီး နန်းတော်​တည်ဆောက်​ရန် သစ်ကတိုးသား​များ​နှင့်တကွ ကျောက်ဆစ်သမား​များ​၊ လက်သမား​များ​ကို ပို့ပေး​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 2,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် မိမိ​အား မင်းမြှောက်​ခဲ့​ကြောင်း​နှင့် လူမျိုး​တော်​အစ္စရေး​တို့​အဖို့ မိမိ​နိုင်ငံ​ကို ချီးမြှောက်​တော်မူ​ခဲ့​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​သိနားလည်​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 3,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 4,
      "text": "ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​တော်​များ​၏​အမည်​မှာ ရှမွာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန်​၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 5,
      "text": "ဣဗဟာ​၊ ဧလိရွှ​၊ ဧလိပလက်​၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 6,
      "text": "နောဂ​၊ နေဖက်​၊ ယာဖျာ​၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 7,
      "text": "ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​အား အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​လျှင် ဖိလိတ္တိ​စစ်သည်​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို လိုက်ရှာ​ရန် ချီလာ​ကြ​၏​။ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​လျှင် သူ​တို့​နှင့် တိုက်​ဖို့ ထွက်လာ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 9,
      "text": "ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 10,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ထွက်တိုက်​ရ​မည်လော​။ သူ​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ဘုရားသခင်​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​အား “​ထွက်တိုက်​လော့​။ သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီတက်​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ဘုရားသခင်​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​လက်​ဖြင့် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 12,
      "text": "ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့​စွန့်ထား​ခဲ့​သော သူ​တို့​၏​ဘုရား​ရုပ်တု​များ​ကို မီးရှို့ဖျက်ဆီး​ပစ်​ရန် ဒါဝိဒ်​မင်းကြီး​အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 13,
      "text": "ဖိလိတ္တိ​စစ်သည်​တို့​သည် နောက်တစ်ကြိမ် ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​ပြန်​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 14,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း ဘုရားသခင်​ထံ​မေးလျှောက်​ပြန်​ရာ ဘုရားသခင်​က “​မျက်နှာချင်းဆိုင် မ​တက်​နှင့်​။ အနောက်ဘက်​မှ​ပတ်တက်​ပြီး သူ​တို့​ကို ပိုးစာတော​ရှေ့​နား​တွင် တိုက်ခိုက်​လော့​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 15,
      "text": "ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် ထွက်​တိုက်​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 16,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​တပ်​ကို ဂိဗောင်​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 17,
      "text": "ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​ဂုဏ်သတင်း​သည် တိုင်းပြည်​အရပ်ရပ်​သို့ ပျံ့နှံ့​သွား​ပြီး လူမျိုး​တကာ​တို့​သည် သူ့​ကို ကြောက်ရွံ့ရိုသေ​လာ​အောင် ထာဝရဘုရား ပြု​တော်မူ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 1,
      "text": "ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့​၌ မိမိ​အဖို့​နန်းတော်​ကို တည်ဆောက်​၏​။ ဘုရားသခင်​၏​သေတ္တာ​တော်​ထား​ဖို့​နေရာ​ကို​ပြင်ဆင်​ပြီး တဲ​တော်​ကို စိုက်ထူ​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 2,
      "text": "ဒါဝိဒ်​မင်းကြီး​က “​လေဝိ​အမျိုး​မှလွဲ၍ မည်သူ​မျှ ဘုရားသခင်​၏​သေတ္တာ​တော်​ကို မ​ထမ်း​ရ​။ အကြောင်းမူကား ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရန်​နှင့် အမှု​တော်​ကို​အစဉ်​ဆောင်ရွက်​ရန် သူ​တို့​ကို ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 3,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​ပြင်ဆင်​ထား​သော​နေရာ​သို့ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ယူဆောင်​လာ​ရန် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဂျေရုဆလင်​မြို့​သို့ စုဝေး​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 4,
      "text": "ဒါဝိဒ်​မင်းကြီး ခေါ်ယူ​စုဝေး​စေ​သော လေဝိ​အမျိုး အာရုန်​၏​သားမြေး​များ​မှာ"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 5,
      "text": "ကောဟတ်​၏​သားမြေး​များ​တွင် အကြီးအကဲ​ဥရေလ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​တစ်ရာ့​နှစ်ဆယ်​၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 6,
      "text": "မေရာရိ​၏​သားမြေး​များ​တွင် အကြီးအကဲ​အသာယ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​နှစ်ရာ့​နှစ်ဆယ်​၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 7,
      "text": "ဂေရရှုံ​၏​သားမြေး​များ​တွင် အကြီးအကဲ​ယောလ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​တစ်ရာ့​သုံးဆယ်​၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 8,
      "text": "ဧလိဇာဖန်​၏​သားမြေး​များ​တွင် အကြီးအကဲ​ရှေမာယ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​နှစ်ရာ​၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 9,
      "text": "ဟေဗြုန်​၏​သားမြေး​များ​တွင် အကြီးအကဲ​ဧလျေလ​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​ရှစ်ဆယ်​၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 10,
      "text": "ဩဇေလ​၏​သားမြေး​များ​တွင် အကြီးအကဲ​အမိနဒပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း ပေါင်း​အယောက်​တစ်ရာ​တစ်ဆယ့်​နှစ်​ယောက် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 11,
      "text": "ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့်​အဗျာသာ​၊ လေဝိ​အမျိုး ဥရေလ​၊ အသာယ​၊ ယောလ​၊ ရှေမာယ​၊ ဧလျေလ​၊ အမိနဒပ်​တို့​ကို ခေါ်​ပြီး"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 12,
      "text": "သူ​တို့​အား “​သင်​တို့​သည် လေဝိ​အမျိုး​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ထို့ကြောင့် ယခု သင်​တို့​ကိုယ်တိုင်​နှင့် သင်​တို့​၏​ဆွေမျိုးသားချင်း​များ​ကိုယ်တိုင် ကိုယ်​ကို​သန့်ရှင်း​စေ​ပြီး ငါ​ပြင်ဆင်​ထား​သော​နေရာ​သို့ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 13,
      "text": "ယခင်က သေတ္တာ​တော်​ကို​သယ်ဆောင်​ရာ​တွင် သင်​တို့​မ​ပါ​ခဲ့​၊ ငါ​တို့​လည်း စီရင်ထုံးဖွဲ့ချက်​အတိုင်း မ​မေးလျှောက်​ဘဲ သယ်ဆောင်​ခဲ့​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို ဒဏ်ခတ်​တော်မူ​ခဲ့​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 14,
      "text": "ထို့ကြောင့် ယဇ်ပုရောဟိတ်​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​ရန် ကိုယ်​ကို​သန့်ရှင်း​စေ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 15,
      "text": "ထို့နောက် ထာဝရဘုရား​က မောရှေ​အား မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ထမ်းပိုး​တို့​နှင့် ပခုံး​ပေါ်​တင်ထမ်း​ကာ သယ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 16,
      "text": "ဒါဝိဒ်​မင်းကြီး​က လေဝိ​အမျိုး​အကြီးအကဲ​တို့​အား စောင်းပြား​၊ စောင်းကောက်​၊ လင်းကွင်း​စသော​တူရိယာ​တို့​ဖြင့် အားရ​ဝမ်းမြောက်​စွာ​သီဆို​နိုင်​သော သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​ကို သီချင်းသည်​အဖြစ် ခွဲခန့်​ထား​ရန် အမိန့်ပေး​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 17,
      "text": "ထို့ကြောင့် လေဝိ​အမျိုး​တို့​လည်း ယောလ​၏​သား​ဟေမန်​နှင့် သူ​၏​ဆွေမျိုးသားချင်း​များ​ထဲမှ ဗေရခိ​၏​သား​အာသပ်​၊ မေရာရိ​၏​သားမြေး​များ​ထဲမှ သူ​တို့​၏​ဆွေမျိုးသားချင်း ကုရှာယ​၏​သား​ဧသန်​၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 18,
      "text": "ဒုတိယ​အုပ်စု​တွင် သူ​တို့​၏​ဆွေမျိုးသားချင်း​များ​ဖြစ်​သော ဇာခရိ​၊ ဗင်​၊ ယာဇေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ ဗေနာယ​၊ မာသေယ​၊ မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ တံခါးစောင့်​ဩဗဒေဒုံ​နှင့်​ယေယေလ တို့​ကို​ခွဲခန့်​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 19,
      "text": "သီချင်းသည် ဟေမန်​၊ အာသပ်​၊ ဧသန် တို့​သည် ကြေးနီ​လင်းကွင်း​များ​ကို တီး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 20,
      "text": "ဇာခရိ​၊ အဇေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ မာသေယ​၊ ဗေနာယ တို့​သည် အာလမုတ်​သံစဉ်​နှင့်အညီ စောင်းပြား​ကို တီး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 21,
      "text": "မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ ဩဗဒေဒုံ​၊ ယေယေလ​၊ အာဇဇိ တို့​သည် ရှေမိနိတ်​သံစဉ်​နှင့်အညီ​စောင်း​ကို တီး​ရ​သော ဂီတမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 22,
      "text": "လေဝိ​အမျိုး​အကြီးအကဲ​ခေနနိ​သည် သီချင်း​အရာ​၌​ကျွမ်းကျင်​သောကြောင့် သူ​သည် သီဆို​ခြင်း​အမှု​ကို တာဝန်ယူ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 23,
      "text": "ဗေရခိ​နှင့်​ဧလကာန​တို့​သည် သေတ္တာ​တော်​တံခါး​ကို စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 24,
      "text": "ယဇ်ပုရောဟိတ် ရှေဗနိ​၊ ယောရှာဖတ်​၊ နာသနေလ​၊ အာမသဲ​၊ ဇာခရိ​၊ ဗေနာယ​၊ ဧလျေဇာ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ရှေ့​တွင် တံပိုးခရာ​မှုတ်​ကြ​ရ​၏​။ ဩဗဒေဒုံ​နှင့်​ယေဟိ​တို့​သည်​လည်း သေတ္တာ​တော်​တံခါး​ကို စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 25,
      "text": "ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ လူ​တစ်ထောင်​အုပ်သောသူ​များ​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဩဗဒေဒုံ​၏​အိမ်​မှ ပြန်သယ်​လာ​ရန် ဝမ်းမြောက်​စွာ​ထွက်သွား​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 26,
      "text": "ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​သော​လေဝိ​အမျိုး​တို့​အား ဘုရားသခင်​သည် စောင်မ​တော်မူ​၏​။ သူ​တို့​သည် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​ကို ယဇ်ပူဇော်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 27,
      "text": "ဒါဝိဒ်​မင်းကြီး​မှစ၍ သေတ္တာ​တော်​ကို​ထမ်း​သော​လေဝိ​အမျိုးသား​အားလုံး​နှင့် ခေနနိ​ဦးဆောင်​သော​သီချင်းသီဆို​သည့်​သီချင်းသည်​များ​သည် ပိတ်ချောထည်​ဝတ်လုံ​ကို ဝတ်ဆင်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ပိတ်ချော​ဧဖုဒ်​ကို​လည်း ဝတ်ဆင်​ထား​သေး​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 28,
      "text": "ဤသို့ဖြင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြွေးကြော်​လျက်​၊ တံပိုးမှုတ်သံ​နှင့်အတူ တံပိုးခရာ​များ​၊ လင်းကွင်း​များ​၊ စောင်းကောက်​၊ စောင်းပြား​များ​ကို တီးမှုတ်​လျက် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 29,
      "text": "ဒါဝိဒ်​မြို့​တွင်း​သို့ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော် ဝင်ရောက်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​ရာ ဒါဝိဒ်​မင်းကြီး ကခုန်​ပျော်မြူး​နေ​သည်​ကို​မြင်​လျှင် သူ့​စိတ်​ထဲတွင် ဒါဝိဒ်​မင်းကြီး​ကို မထီလေးစားပြု​မိ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 1,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး ဒါဝိဒ်​မင်းကြီး စိုက်ထူ​ထား​သော​တဲ​တော်​အတွင်း​တွင် ချထား​၍ ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 2,
      "text": "ထိုသို့ မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ပြီး​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​နာမ​တော်​၌ လူ​တို့​ကို ကောင်းချီးပေး​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 3,
      "text": "ထို့နောက် အစ္စရေး​လူထု​တစ်ရပ်လုံး​အား ယောက်ျား​မိန်းမ မကျန် တစ်ဦး​လျှင် မုန့်​တစ်​လုံး​၊ အသား​တစ်​တုံး​၊ စပျစ်ပျဉ်​တစ်​ချပ် ဝေပေး​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 4,
      "text": "ထို့ပြင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် အမှု​တော်​ထမ်းဆောင်​ရန် လေဝိ​လူမျိုး​အချို့​ကို ခန့်ထား​၏​။ သူ​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​အသနားခံ​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​တို့​ကို ပြု​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 5,
      "text": "ခေါင်းဆောင်​မှာ အာသပ်​ဖြစ်၍ သူ​၏​လက်ထောက်​မှာ ဇာခရိ​ဖြစ်​၏​။ ယေယေလ​၊ ရှေမိရာမုတ်​၊ ယေဟေလ​၊ မတ္တိသိ​၊ ဧလျာဘ​၊ ဗေနာယ​၊ ဩဗဒေဒုံ​၊ ယေယေလ တို့​သည် စောင်းပြား​၊ စောင်းကောက်​စသော​တူရိယာ​တို့​ကို တီးခတ်​ရ​၏​။ အာသပ်​ကား လင်းကွင်း​ကို တီး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​ဗေနာယ​နှင့်​ယဟာဇေလ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် တံပိုးခရာ​ကို​ပုံမှန်​မှုတ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 7,
      "text": "ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် အာသပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း​တို့​အား ထာဝရဘုရား​ထံ​ချီးမွမ်းသီချင်း​ကို​သီဆို​ရန် အဦးဆုံး​အကြိမ် တာဝန်ပေးအပ်​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 8,
      "text": "ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အား ကြားသိ​စေ​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 9,
      "text": "ကိုယ်တော်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 10,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​ကို ရှာ​သော​သူ​တို့​၏​စိတ်နှလုံး​၌ ဝမ်းမြောက်​ခြင်း ရှိ​ကြ​ပါစေ​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 11,
      "text": "ထာဝရဘုရား​နှင့် ထာဝရဘုရား​၏​တန်ခိုး​တော်​ကို စူးစမ်း​ကြ​လော့​။ မျက်နှာ​တော်​ကို အစဉ်မပြတ်​ရှာ​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 12,
      "text": "ပြု​တော်မူ​သော​အံ့ဖွယ်​အမှု​များ​၊ ပြ​တော်မူ​သော​နိမိတ်လက္ခဏာ​များ​၊ နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​များ​ကို အောက်မေ့​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 13,
      "text": "အို ကိုယ်တော်​၏​အစေအပါး အစ္စရေး​၏​သားစဉ်မြေးဆက်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​သားမြေး​တို့​၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 14,
      "text": "ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 15,
      "text": "ကိုယ်တော်​၏​ပဋိညာဉ်​တော်​ကို အစဉ်​သတိရ​ကြ​လော့​။ မိန့်​တော်မူ​ထား​သော​စကား​တော်​ကို မျိုးဆက်​ပေါင်း​တစ်ထောင်​တိုင်အောင် သတိရ​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 16,
      "text": "ဤသည်ကား အာဗြဟံ​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​၊ ဣဇက်​၌​ထား​ခဲ့​သော​ကတိ​တော် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 17,
      "text": "ထို​ကတိ​တော်​ကို ယာကုပ်​အဖို့ ပြဋ္ဌာန်းချက်​အဖြစ်​၊ အစ္စရေး​အဖို့ ထာဝရ​ပဋိညာဉ်​အဖြစ် တည်​စေ​တော်မူ​ပြီး"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 18,
      "text": "“ခါနာန်​ပြည်​ကို သင်​တို့​အား အမွေ​ဝေစု​အဖြစ် ငါ​ပေး​မည်”​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 19,
      "text": "ထိုစဉ်က သင်​တို့​သည် အမှန်တကယ် လူနည်းစု​သာ​ဖြစ်​ပြီး ထို​ပြည်​၌ ဧည့်သည်​အဖြစ်​တည်းခို​နေထိုင်​ခဲ့​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 20,
      "text": "သူ​တို့​သည် လူမျိုး​တစ်မျိုး​မှ​တစ်မျိုး​၊ နိုင်ငံ​တစ်နိုင်ငံ​မှ​တစ်နိုင်ငံ​သို့ လှည့်လည်​သွားလာ​ခဲ့​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 21,
      "text": "သူ​တို့​ကို နှိပ်စက်​ဖို့ မည်သူ​ကို​မျှ​အခွင့်​ပေး​တော်​မ​မူ​။ သူ​တို့​အတွက် ရှင်ဘုရင်​တို့​ကို ဆုံးမ​တော်မူ​ပြီး"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 22,
      "text": "“ငါ​ဘိသိက်ပေး​သော​သူ​တို့​ကို မ​ထိ​ကြ​နှင့်​။ ငါ့​ပရောဖက်​တို့​ကို ဘေး​မ​ပြု​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 23,
      "text": "မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကယ်တင်​ခြင်း​အကြောင်း​ကို နေ့ရက်​အစဉ်​ဟောပြော​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 24,
      "text": "ဘုန်းအသရေ​တော်​အကြောင်း​ကို လူမျိုးခြား​တို့​အား​လည်းကောင်း​၊ အံ့ဖွယ်​သော​အမှု​တော်​တို့​ကို လူမျိုး​အပေါင်း​တို့​အား​လည်းကောင်း ပြောကြား​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 25,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​။ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်း​လှ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 26,
      "text": "အကယ်စင်စစ် လူမျိုး​တို့​၏​ဘုရား​ရှိသမျှ​တို့​သည် ရုပ်တု​မျှသာ ဖြစ်​၏​။ ထာဝရဘုရား​မူကား ကောင်းကင်​ကို ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 27,
      "text": "ရှေ့​တော်​တွင် ဘုန်းကျက်သရေ​နှင့် ခန့်ညားထည်ဝါမှု​တို့ ရှိ​ပါ​၏​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​တွင် အစွမ်းတန်ခိုး​နှင့် ဝမ်းမြောက်​ခြင်း​တို့​ရှိ​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 28,
      "text": "လူမျိုး​တို့​၏​မျိုးနွယ်စု​တို့​၊ ထာဝရဘုရား​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၌ ဘုန်းအသရေ​၊ အစွမ်းတန်ခိုး​ရှိ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 29,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ဘုန်းကြီး​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ပူဇော်သက္ကာ​ကို ရှေ့​တော်​သို့ ယူဆောင်​လာ​ကြ​လော့​။ သန့်ရှင်း​ခြင်း​တန်ဆာ​ကို​ဆင်​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 30,
      "text": "မြေကြီးသား​အပေါင်း​တို့​၊ ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် ခိုင်မြဲ​စွာ​တည်​ထား​တော်မူ​ပြီ​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 31,
      "text": "မိုးကောင်းကင် ဝမ်းမြောက်​ပါ​စေ​။ ကမ္ဘာမြေကြီး ရွှင်လန်း​ပါစေ​။ လူမျိုးခြား​တို့​အလယ်​တွင် “​ထာဝရဘုရား စိုးစံ​တော်မူ​၏​”​ဟု ကြွေးကြော်​ကြ​စေ​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 32,
      "text": "ပင်လယ်​နှင့် ပင်လယ်ပြင်​ရှိ​အရာ​အားလုံး​တို့​လည်း မြည်ဟည်း​ကြ​စေ​။ လယ်ပြင်​နှင့် လယ်ပြင်​ရှိ​အရာ​အားလုံး​တို့​လည်း ရွှင်မြူး​ကြ​စေ​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 33,
      "text": "ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို တရားစီရင်​ရန် ကြွလာ​တော်မူ​မည်​ဖြစ်၍ တော​သစ်ပင်​တို့​သည် ရှေ့​တော်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 34,
      "text": "ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​ပြီး မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်​၍ ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 35,
      "text": "“အကျွန်ုပ်​တို့​၏​ကယ်တင်ရှင်​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​။ သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​၍ ဂုဏ်ကျေးဇူး​တော်​ကို ထောမနာ​ပြု​နိုင်​ရန် လူမျိုးတကာ​တို့​ထံမှ အကျွန်ုပ်​တို့​ကို စုစည်း​၍​ကယ်နုတ်​တော်မူ​ပါ”​ဟု တောင်းလျှောက်​ကြ​လော့​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 36,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကာလ​အစဉ်အဆက်​မင်္ဂလာ​ရှိ​ပါစေသော ဟု​သီဆို​ကြ​၍ လူ​အပေါင်း​တို့​က “​အာမင်​”​ဟု​ဆို​လျက် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 37,
      "text": "ထို့နောက် သေတ္တာ​တော်​ရှေ့​တွင် ထမ်းဆောင်​ရ​မည့်​အမှု​တော်​များ​ကို နေ့စဉ်​ပုံမှန်​ထမ်းဆောင်​နိုင်​ရန် ဒါဝိဒ်​မင်းကြီး​သည် အာသပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း​တို့​ကို ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် နေရာချ​ထား​ပေး​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 38,
      "text": "ဩဗဒေဒုံ​နှင့်​သူ​၏​ဆွေမျိုးသားချင်း​ခြောက်ဆယ့်​ရှစ်​ယောက်​လည်း ပါ​၏​။ ယေဒုသုန်​၏​သား ဩဗဒေဒုံ​နှင့် ဟောသ​တို့​ကို တံခါးစောင့်​အဖြစ် ချထား​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 39,
      "text": "ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် သူ​၏​ဆွေမျိုးသားချင်း​ယဇ်ပုရောဟိတ်​တို့​ကို ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ ထာဝရဘုရား​၏​တဲ​တော်​ရှေ့​တွင် နေရာ​ချထား​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 40,
      "text": "သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​ပေးအပ်​တော်မူ​သော​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မီးရှို့ရာယဇ်​ကို မီးရှို့​ရာ​ယဇ်ပလ္လင်​ပေါ်တွင် ထာဝရဘုရား​အား နံနက်​တစ်ကြိမ်​၊ နေဝင်ချိန်​တစ်ကြိမ် ပုံမှန်​ယဇ်ပူဇော်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 41,
      "text": "သူ​တို့​နှင့်အတူ ဟေမန်​နှင့်​ယေဒုသုန်​တို့​လည်း ပါရှိ​၏​။ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်၍ ကျန်​နာမည်​နှင့်တကွ စာရင်းဝင်​ရွေးချယ်​ခံရ​သော​သူ​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​ရ​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 42,
      "text": "ဟေမန်​နှင့်​ယေဒုသုန်​တို့​သည် တံပိုးခရာ​၊ လင်းကွင်း​တို့​မှစ၍ ဘုရားသခင်​ထံ သီဆိုချီးမွမ်း​ရန် တူရိယာ​များ​ကို တီးမှုတ်​ရ​၏​။ ယေဒုသုန်​၏​သား​များ​မှာ တံခါး​ကို စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 43,
      "text": "ထို့နောက် လူ​အပေါင်း​တို့​သည် အသီးသီး​ကိုယ့်​အိမ်​သို့​ပြန်သွား​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည်​လည်း မိမိ​အိမ်သူအိမ်သား​တို့​ကို ကောင်းချီးပေး​ရန် ပြန်သွား​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မိမိ​နန်းတော်​၌ စံမြန်း​နေစဉ် ပရောဖက်​နာသန်​အား “​ကြည့်​ပါ​။ ငါ​သည် သစ်ကတိုးသား​ဖြင့်​ဆောက်လုပ်​ထား​သော​နန်းတော်​တွင် နေ​ရ​၏​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​မူကား ရွက်ထည်​တဲ​ဖြင့်​သာ စံနေ​ရ​ပါ​သည်​တကား​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 2,
      "text": "နာသန်​က​လည်း ဒါဝိဒ်​မင်းကြီး​အား “​ဘုရားသခင်​သည် အရှင်​နှင့်အတူ ရှိ​နေ​တော်မူ​သည်​ဖြစ်​၍ အရှင့်​စိတ်အလိုရှိ​သည့်​အတိုင်း​ပြု​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 3,
      "text": "ထို​ည​တွင် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် နာသန်​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 4,
      "text": "“​ငါ့​အစေအပါး​ဒါဝိဒ်​ထံ​သွား​၍ ဆင့်ဆို​လော့​။ ထာဝရဘုရား​က ‘သင်​သည် ငါ​စံမြန်း​တော်မူ​ရာ​အဖို့ အိမ်​တော်​ကို မ​ဆောက်​ရ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 5,
      "text": "အစ္စရေး​လူမျိုး​တို့​ကို ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် အိမ်​တော်​နှင့်​မ​စံမြန်း​။ စံ​တော်မူ​ရာ​တဲ​တော်​တစ်​ခု​မှ​တစ်​ခု​သို့​သာ ပြောင်း​နေ​ခဲ့​ပြီ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 6,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​တွင် ငါ့​လူမျိုး​တော်​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​ခေါင်းဆောင်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်​ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 7,
      "text": "ယခု ငါ့​အစေအပါး​ဒါဝိဒ်​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ငါ​သည် သင့်​ကို သိုးထိန်းကျောင်း​ရာ​စားကျက်မြေ​မှ ခေါ်ယူ​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​ပြီ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 8,
      "text": "သင်​သွား​လေရာရာ​၌ သင်​နှင့်အတူ ငါ​ပါရှိ​ပြီး သင့်​ရန်သူ​အပေါင်း​တို့​ကို သင့်​ရှေ့​မှ ငါ​ဖယ်ရှား​ပေး​ခဲ့​ပြီ​။ ကမ္ဘာ​ပေါ်တွင် နာမည်ကြီး​ကျော်ကြားသူ​ကဲ့သို့ သင့်​ကို​နာမည်ကြီး​ကျော်ကြား​စေ​မည်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 9,
      "text": "ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ နေထိုင်စရာ​ကို ငါ​ပြင်ဆင်​ပေး​မည်​။ သူ​တို့​နေရာ​၌ သူ​တို့​ကို အတည်တကျ​နေထိုင်​စေ​မည်​။ နောက်တစ်ဖန် အနှောင့်အယှက်​ခံရ​တော့​မည်​မ​ဟုတ်​။ ရှေးယခင်​က​ကဲ့သို့ မတရား​သော​သူ​တို့​၏​နှိပ်စက်​ခြင်း​ကို ခံရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 10,
      "text": "စီရင်အုပ်ချုပ်​သူ​တို့​ကို ခန့်ထား​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​သော​အချိန်​က​ကဲ့သို့​လည်း ခံရ​တော့​မည်​မ​ဟုတ်​။ ရန်​အပေါင်း​ကို ကင်းငြိမ်း​စေ​မည်​။ သင့်​အမျိုးအနွယ်​ကို​လည်း တည်​စေ​မည်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 11,
      "text": "သင်​သည် သက်တမ်း​စေ့​နေ​ပြီးမှ ဘိုးဘေး​တို့​ရှိ​ရာ​သို့​ရောက်သွား​လျှင် သင့်​ရင်သွေး​ဖြစ်​သော သင့်​သား​တစ်​ဦး​ကို ငါ​ချီးမြှောက်​မည်​။ သူ့​နိုင်ငံ​ကို​လည်း ငါ​တည်မြဲ​စေ​မည်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 12,
      "text": "ငါ့​အဖို့ အိမ်​တော်​ကို သူ​တည်ဆောက်​ရ​လိမ့်မည်​။ သူ​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်မြဲ​စေ​မည်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 13,
      "text": "ငါ​သည် သူ​၏​အဖ​ဖြစ်​မည်​။ သူ​သည်​လည်း ငါ့​သား​ဖြစ်​မည်​။ ငါ့​မေတ္တာကရုဏာ​ကို သင့်​အလျင်​ရှိ​ခဲ့​သော​ရှင်ဘုရင်​ထံမှ ငါ​ရုပ်သိမ်း​သကဲ့သို့ သူ့​ထံမှ ငါ​ရုပ်သိမ်း​မည်​မ​ဟုတ်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 14,
      "text": "ငါ့​အိမ်​တော်​နှင့် ငါ့​နိုင်ငံ​တော်​ကို သူ​၌ အစဉ်အမြဲ​တည်မြဲ​စေ​မည်​။ သူ​၏​ရာဇပလ္လင်​သည်​လည်း အစဉ်အမြဲ​တည်​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 15,
      "text": "နာသန်​သည်​လည်း စကား​တော်​အလုံးစုံ​၊ ဗျာဒိတ်နိမိတ်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 16,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တိုးဝင်​၍ ထိုင်​ပြီးလျှင် “​အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤမျှလောက် ချီးမြှောက်​တော်မူ​မည့်​အကြောင်း အကျွန်ုပ်​ကား မည်သူ​ဖြစ်၍ အကျွန်ုပ်​အမျိုးအနွယ်​သည်​လည်း မည်သို့သော​အမျိုးအနွယ်​ဖြစ်​ပါ​သနည်း​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 17,
      "text": "အို ဘုရားသခင်​၊ ဤ​အရာ​သည် ကိုယ်တော့်​အဖို့ အသေးအဖွဲ​သာ​ဖြစ်​ပါ​၏​။ ကိုယ်တော့်​အစေအပါး​၏​အနာဂတ်​မျိုးဆက်​နှင့်​ပတ်သက်၍​လည်း ကိုယ်တော်​မိန့်​တော်မူ​လေ​ပြီ​။ အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​အား ချီးမြှောက်​ခြင်း​ကို ခံထိုက်သူ​အဖြစ် မြင်​တော်မူ​ပါ​သည်​တကား​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 18,
      "text": "ကိုယ်တော့်​အစေအပါး​အကြောင်း​ကို ကိုယ်တော်​သိ​ပါ​၏​။ ကိုယ်တော့်​အစေအပါး​ဒါဝိဒ်​ကို ဘုန်းကြီး​စေ​သည့်​အမှု​မှာ ကိုယ်တော့်​အစေအပါး​သည် ကိုယ်တော်​အား မည်သို့​ထပ်မံ​လျှောက်​ဝံ့​ပါ​ဦး​မည်နည်း​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 19,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော့်​အစေအပါး​ကို​ထောက်ညှာ​၍ ကိုယ်တော်​အလိုရှိ​သည့်​အတိုင်း ဤ​ကြီးမြတ်​သော​အမှု​အလုံးစုံ​တို့​ကို ပြု​ပေး​တော်မူ​ပြီ​။ ဤ​ကြီးမြတ်​သော​အမှု​အလုံးစုံ​တို့​ကို​လည်း သိ​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 20,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့ ကြားသိ​ဖူး​သမျှ​တို့​တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​မှတစ်ပါး အခြား​သော​ဘုရား​မ​ရှိ​ပါ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 21,
      "text": "မြေကြီး​ပေါ်တွင် ဘုရားသခင်​၏​လူမျိုး​တော်​အစ္စရေး​နှင့်​တူ​သော​လူမျိုး တစ်မျိုးမျိုး​ရှိ​ပါ​သလော​။ ဘုရားသခင်​သည် ကိုယ်တိုင်​ကြွ​တော်မူ​၍ မိမိ​လူမျိုး​တော်​အဖြစ် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​ပြီး ကြီးမြတ်​၍​အံ့ဖွယ်​သော​အမှု​များ​ပြု​ခြင်း​ဖြင့် နာမ​တော်​ကို သိ​စေ​ခဲ့​ပါ​ပြီ​။ ကိုယ်တော်​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ကယ်ထုတ်​တော်မူ​ခဲ့​ပြီး သူ​တို့​ရှေ့​မှ​လူမျိုးခြား​တို့​ကို နှင်ထုတ်​တော်မူ​ခဲ့​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 22,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို ကိုယ်တော့်​အဖို့ ထာဝရ​ပိုင်ဆိုင်​ရာ​လူမျိုး​တော်​အဖြစ် တည်​စေ​တော်မူ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 23,
      "text": "အို ထာဝရဘုရား​၊ ယခုမှာ ကိုယ်တော့်​အစေအပါး​အတွက်​၊ ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​အတွက် ကိုယ်တော်​ထား​တော်မူ​သော​ကတိ​တော်​ကို အစဉ်​တည်​စေ​တော်မူ​ပါ​။ ကတိ​တော်​အတိုင်း​လည်း ပြု​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 24,
      "text": "သို့ဖြစ်လျှင် ကိုယ်တော်​၏​နာမ​တော်​သည် အစဉ်​တည်မြဲ​ပြီး ကြီးမြတ်​တော်မူ​ပါ​လိမ့်မည်​။ ‘​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏ ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​’​ဟု ဆို​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစေအပါး ဒါဝိဒ်​၏​မင်းမျိုးမင်းနွယ်​သည်​လည်း ရှေ့​တော်​၌ တည်မြဲ​ပါ​လိမ့်မည်​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 25,
      "text": "သို့ဖြစ်၍ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​အား တည်​စေ​တော်မူ​မည်​ဖြစ်ကြောင်း​ကို ကြားသိ​စေ​တော်မူ​ပြီ​။ ထို့ကြောင့် ကိုယ်တော့်​အစေအပါး​သည် ကိုယ်တော့်​ရှေ့​တွင် ဤသို့​ဆုတောင်း​ဝံ့​ခြင်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 26,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​။ ဤ​ကောင်းကျိုးချမ်းသာ​ကို ကိုယ်တော့်​အစေအပါး​အား ပေးသနား​မည်​ဟု ကတိထား​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 27,
      "text": "ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​သည် ရှေ့​တော်​တွင် အစဉ်အမြဲ​တည်နေ​မည့်​အကြောင်း အလို​တော်​ရှိ​၍ ကောင်းချီးပေး​တော်မူ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ကောင်းချီးပေး​တော်မူ​သဖြင့် အစဉ်အမြဲ​ကောင်းချီးခံစား​ရ​ပါ​လိမ့်မည်”​ဟု တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 1,
      "text": "ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​နှိမ်နင်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ဂါသ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​ကို သိမ်းယူ​လိုက်​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 2,
      "text": "ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်သိမ်းပိုက်​နိုင်​သဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 3,
      "text": "ဇောဘ​ဟာမတ်​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​သည် ယူဖရေးတီး​မြစ် ​တစ်လျှောက်​ကို ပြန်လည်​သိမ်းပိုက်​ရန် စစ်ချီ​လာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို​တိုက်ခိုက်​ပြီး"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 4,
      "text": "ထို​ဘုရင်​ထံမှ စစ်ရထား​အစီး​တစ်ထောင်​၊ မြင်းစီးသူရဲ​အယောက်​ခုနစ်​ထောင်​၊ ခြေလျင်တပ်သား​အယောက်​နှစ်သောင်း​တို့​ကို သိမ်းပိုက်​လိုက်​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​အဖို့ စစ်ရထား​မြင်း​အကောင်​တစ်ရာ​ကို​ချန်ထား​ပြီး ကျန်​စစ်ရထား​မြင်း​အားလုံး​ကို တံကောက်ကြော ဖြတ်ပစ်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ကို စစ်ကူ​လာ​သော ဒမတ်စကပ်​မြို့သား ဆီးရီးယား​လူမျိုး​တို့​ထဲမှ ဆီးရီးယား​လူမျိုး နှစ်သောင်းနှစ်ထောင်​ကို သုတ်သင်​ပစ်​ပြီး"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 6,
      "text": "ဆီးရီးယား​ပြည်​၊ ဒမတ်စကပ်​မြို့​တွင် မြို့စောင့်တပ်​များ​ကို ချထား​ခဲ့​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​များ​ဖြစ်လာ​ပြီး အခွန်​ဆက်သ​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 7,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဟာဒဒေဇာ​မင်းကြီး​၏​အစေအပါး​တို့​ကိုင်ဆောင်​သော ရွှေ​ဒိုင်းလွှား​တို့​ကို သိမ်း​ပြီး ဂျေရုဆလင်​မြို့​သို့ ယူဆောင်​လာ​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​သည် တိဗဟတ်​မြို့​၊ ခုန်​မြို့​စသည့် ဟာဒဒေဇာ​မင်းကြီး​ပိုင်​သော​မြို့​တို့​မှ ကြေးနီ​အမြောက်အမြား​ကို​လည်း သိမ်းယူ​လေ​၏​။ ထို​ကြေးနီ​များ​ဖြင့်​ပင် ရှောလမုန်​မင်းကြီး​သည် ကြေးနီ​ရေကန်​နှင့် တိုင်​များ​၊ ကြေးနီ​အသုံးအဆောင်​များ​ကို သွန်းလုပ်​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 9,
      "text": "ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အား ဒါဝိဒ်​မင်းကြီး​ချေမှုန်း​လိုက်​ကြောင်း​ကို ဟာမတ်​ဘုရင်​တောဣ​မင်းကြီး​ကြား​လျှင်"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 10,
      "text": "သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ဟဒေါရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 11,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ထို​ပစ္စည်း​များ​အပြင် ဧဒုံ​၊ မောဘ​၊ အမ္မုန်​၊ ဖိလိတ္တိ​၊ အာမလက် စသော​လူမျိုး​အပေါင်း​တို့​ထံမှ သိမ်းယူ​သော ရွှေ​ငွေ​တို့​ကို​လည်း ထာဝရဘုရား​ထံ ဆက်ကပ်​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 12,
      "text": "ဇေရုယာ​၏​သား​အဘိရှဲ​သည်​လည်း ဧဒုံ​လူမျိုး တစ်သောင်းရှစ်ထောင်​ကို ဆား​ချိုင့်ဝှမ်း​တွင် သုတ်သင်​နိုင်​ခဲ့​ပြီး"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 13,
      "text": "ဧဒုံ​ပြည်​တွင် မြို့စောင့်တပ်​များ ချထား​လိုက်​၏​။ ဧဒုံ​လူမျိုး​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်သွား​၏​။ ထာဝရဘုရား​သည်​လည်း ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲ​ရ​စေ​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 14,
      "text": "ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို​အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 15,
      "text": "ဇေရုယာ​၏​သား​ယွာဘ​ကား ဗိုလ်ချုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 16,
      "text": "အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား​အဘိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 17,
      "text": "ယောယဒ​၏​သား ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့်​ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား ရှင်ဘုရင်​အနား​၌ ခစား​ရ​သော အရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 1,
      "text": "ထို့နောက်တွင် အမ္မုန်​အမျိုးသား​တို့​၏​ဘုရင်​နာဟတ်​မင်းကြီး အနိစ္စရောက်​၍ သား​တော်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 2,
      "text": "ဒါဝိဒ်​မင်းကြီး​က​လည်း “​ဟာနုန်​၏​ခမည်းတော် နာဟတ်​မင်းကြီး​သည် ငါ့​အား မေတ္တာ​ပြ​ခဲ့​ဖူး​သည်​ဖြစ်၍ ငါ​သည်​လည်း ယခု နာဟတ်​သား​ဟာနုန်​အား မေတ္တာကရုဏာ​ပြ​ရ​မည်​”​ဟု တွေး​လျက် ဒါဝိဒ်​မင်းကြီး​သည် ဟာနုန်​၏​ခမည်းတော်​အနိစ္စရောက်​သည်​ကို အကြောင်းပြု​၍ သူ့​ကို​နှစ်သိမ့်ပေး​ဖို့ မိမိ​အမှုထမ်း​တို့​ကို စေလွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် ဟာနုန်​မင်းကြီး​ကို နှစ်သိမ့်​ဖို့ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​သို့​ရောက်​သောအခါ"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 3,
      "text": "အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို ရိုသေလေးစား​သဖြင့် အရှင့်​ထံ နှစ်သိမ့်​သူ​များ​ကို​စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ အရှင့်​ထံသို့ ဒါဝိဒ်​မင်းကြီး​၏​မင်းမှုထမ်း​တို့​ရောက်လာ​ခြင်း​မှာ တိုင်းပြည်​ကို စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 4,
      "text": "ထို့ကြောင့် ဟာနုန်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မင်းမှုထမ်း​တို့​ကို​ဖမ်း​ပြီး သူ​တို့​၏​မုတ်ဆိတ်​ကို ရိတ်​ပြီးလျှင် သူ​တို့​၏​ဝတ်ရုံ​ကို​လည်း တင်ပါး​အထိ အလယ်​တည့်တည့်​မှ​ညှပ်ပစ်​ကာ ပြန်လွှတ်​လိုက်​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 5,
      "text": "ထို​သူ​တို့​၏​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ထံ​လာ​ပြောပြ​ကြ​သောအခါ လူ​လွှတ်​၍ ကြိုဆို​စေ​၏​။ သူ​တို့​သည် အကြီးအကျယ်​အရှက်ခွဲ​ခံ​လိုက်​ရ​သဖြင့် ရှင်ဘုရင်​က “​သင်​တို့​မုတ်ဆိတ်​ပြန်ရှည်​လာ​သည်​အထိ ဂျေရိခေါ​မြို့​တွင်​နေ​လော့​။ နောက်မှ ပြန်လာ​ကြ​လော့​”​ဟု မှာကြား​လိုက်​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 6,
      "text": "သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့ သိ​သောအခါ ဟာနုန်​မင်းကြီး​နှင့် အမ္မုန်​အမျိုးသား​တို့​သည် မက်ဆိုပိုတေးမီးယား​ပြည်​၊ ဆီးရီးယားမာခါ​ပြည်​၊ ဇောဘ​ပြည်​တို့​မှ စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​ကို ငွေ​တာလန်​တစ်ထောင် ​ဖြင့်​ငှားရမ်း​ဖို့ လူ​လွှတ်​လိုက်​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 7,
      "text": "သူ​တို့​သည် မေဒဘ​အနီး​၌​စခန်းချ​နေ​သော မာခါ​ဘုရင်​၏​စစ်သည်​တော်​များ​နှင့် စစ်ရထား​အစီး​သုံးသောင်း​နှစ်ထောင်​တို့​ကို ငှားရမ်း​ပြီး စစ်ချီ​လာ​ကြ​၏​။ အမ္မုန်​အမျိုးသား​တို့​က​လည်း မြို့ရွာ​တို့​မှ​စုရုံး​၍ စစ်တိုက်​ရန် ချီလာ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 8,
      "text": "ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြား​လျှင် ယွာဘ​နှင့် စစ်သူရဲ​တပ်​တစ်တပ်လုံး​ကို စေလွှတ်​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 9,
      "text": "အမ္မုန်​အမျိုးသား​တို့​လည်း ချီလာ​ပြီး မြို့​တံခါးဝ​တွင် စစ်ခင်းကျင်း​ကြ​၏​။ လိုက်ပါ​လာ​သော​ဘုရင်​တို့​မှာ မြို့ပြင်​တွင် အသီးသီး​စစ်ခင်းကျင်း​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 10,
      "text": "ယွာဘ​သည် အရှေ့ဘက်​နှင့် အနောက်ဘက်​တွင် စစ်ခင်းကျင်း​ထား​သည်​ကို မြင်​လျှင် အစ္စရေး​စစ်သူရဲ​များ​ထဲမှ လက်ရွေးစင်​အချို့​ကို ဆီးရီးယား​လူမျိုး​တို့​နှင့် ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ခင်းကျင်း​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 11,
      "text": "ကျန်​လူ​တို့​ကို ညီ​အဘိရှဲ​လက်​သို့​အပ်​ပြီး အမ္မုန်​အမျိုးသား​တို့​နှင့်​တိုက်ခိုက်​ရန် စစ်ခင်းကျင်း​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 12,
      "text": "ထို့ပြင် ယွာဘ​က “​ဆီးရီးယား​လူမျိုး​တို့​ဘက်က အရေးသာ​နေ​လျှင် ငါ့​ကို​လာကူ​ပါ​။ အမ္မုန်​အမျိုးသား​တို့​ဘက်က အရေးသာ​နေ​လျှင် သင့်​ကို ငါ​လာကူ​မည်​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 13,
      "text": "အားယူ​ကြ​လော့​။ ငါ​တို့​လူမျိုး​အတွက်​၊ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​အတွက် ငါ​တို့​ရဲရင့်​စွာ​တိုက်​ကြ​စို့​။ ထာဝရဘုရား​သည် အလို​တော်​ရှိ​သည့်​အတိုင်း လုပ်ဆောင်​ပေး​တော်မူ​လိမ့်မည်”​ဟု အားပေး​စကားဆို​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 14,
      "text": "ထို့နောက် ယွာဘ​နှင့် သူ့​တပ်သား​တို့​သည် စစ်တိုက်​ရန်​ရှေ့တိုး​လာ​ကြ​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ရှေ့​မှ​ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 15,
      "text": "ထိုသို့ ဆီးရီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​သည်​ကို အမ္မုန်​အမျိုးသား​တို့​မြင်​သောအခါ သူ​တို့​လည်း ယွာဘ​၏​ညီ​အဘိရှဲ​ရှေ့​မှ မြို့​ထဲသို့​ပြန်ပြေး​ဝင်​ကြ​၏​။ ထို့နောက် ယွာဘ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တမန်​တို့​ကို​စေလွှတ်​ပြီး ယူဖရေးတီး​မြစ် ​တစ်ဖက်ကမ်း​ရှိ​ဆီးရီးယား​လူမျိုး​တို့​ကို ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို ဦးဆောင်​လာ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 17,
      "text": "ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဆီးရီးယား​လူမျိုး​တို့​ထံ ချီလာ​၍ သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​တွင် စစ်ခင်းကျင်း​၏​။ ဆီးရီးယား​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ဒါဝိဒ်​မင်းကြီး​စစ်ခင်းကျင်း​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 18,
      "text": "ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ပြန်​၍ ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး​တို့​၏​စစ်ရထားမှူး​အယောက်​ခုနစ်ထောင်​၊ ခြေလျင်တပ်သား​အယောက်​လေးသောင်း​တို့​ကို သုတ်သင်​ပစ်​လေ​၏​။ စစ်သူကြီး​ရှောဗက်​ကို​လည်း အသေသတ်​လိုက်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 19,
      "text": "ဟာဒဒေဇာ​မင်းကြီး​၏​လက်အောက်ခံ​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​တွင် ရှုံးနိမ့်​နေ​ရ​သည်​ကို သိမြင်​လျှင် ဒါဝိဒ်​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး သူ​၏​လက်အောက်ခံ​အဖြစ်​နေ​ကြ​၏​။ နောင်တွင် ဆီးရီးယား​လူမျိုး​တို့​သည် အမ္မုန်​အမျိုးသား​တို့​ကို စစ်​မ​ကူ​ဝံ့​တော့​ပေ​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 1,
      "text": "ထို​နှစ် နွေဦးရာသီ​၊ ရှင်ဘုရင်​တို့​စစ်ထွက်တိုက်​ချိန်​ရောက်​သောအခါ ယွာဘ​သည် စစ်သည်​အလုံးအရင်း​ကို ဦးဆောင်​လျက် အမ္မုန်​အမျိုးသား​တို့​၏​ပြည်​ကို တိုက်ခိုက်ဖျက်ဆီး​ပြီး ရဗ္ဗာ​မြို့​ကို​လည်း သွားရောက်​ဝိုင်းရံ​ထား​၏​။ ဒါဝိဒ်​မင်းကြီး​မူကား ဂျေရုဆလင်​မြို့​၌ နေရစ်​ခဲ့​၏​။ ယွာဘ​သည် ရဗ္ဗာ​မြို့​ကို တိုက်ခိုက်​အောင်​နိုင်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 2,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သူ​တို့​ဘုရင်​၏​ဦးခေါင်း​မှ အဖိုးတန်​ကျောက်​များ​နှင့်တကွ ရွှေ​တစ်တာလန် ​အလေးချိန်​ရှိ​သော​သရဖူ​ကို ယူ​လေ​၏​။ ထို​သရဖူ​ကို ဒါဝိဒ်​မင်းကြီး​၏​ဦးခေါင်း​တွင် ဆောင်းပေး​ကြ​၏​။ ထို​မြို့​မှ​တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို​လည်း သိမ်းယူ​ရရှိ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 3,
      "text": "မြို့သား​တို့​ကို​လည်း​ခေါ်ဆောင်​သွား​ပြီး လွှ​တိုက်​၊ သံ​ထွန်​၊ ပုဆိန်​ပေါက်​အလုပ်​တို့​ကို လုပ်​စေ​၏​။ ဒါဝိဒ်​မင်းကြီး​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့ရွာ​တိုင်း​၌ ထိုသို့​ပြု​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​နှင့်​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 4,
      "text": "ထို့နောက်တွင် ဂေဇာ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ဖြစ်​ရာ ဟုရှသိ​လူမျိုး​သိဗေခဲ​သည် ရေဖိမ်​အနွယ်ဝင်​သိပ္ပဲ​ကို သတ်လိုက်​သဖြင့် ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 5,
      "text": "ထို့နောက်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်​ဖြစ်ပြန်​ရာ ယာဣရ​၏​သား ဧလဟာနန်​သည် ယက်ကန်းလိပ်​တမျှ​ကြီး​သော​လှံရိုး​ကို ကိုင်ဆောင်​သည့် ဂိတ္တိ​လူမျိုး​ဂေါလျတ်​၏​ညီ လာခမိ​ကို သတ်​လိုက်​၏​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 6,
      "text": "ထို့နောက်တွင် ဂါသ​မြို့​၌ တိုက်ပွဲ​ထပ်​ဖြစ်ပြန်​ရာ လက်​တစ်ဖက်​တွင်​လက်ချောင်း​ခြောက်​ချောင်း​၊ ခြေ​တစ်ဖက်​တွင်​ခြေချောင်း​ခြောက်​ချောင်း စုစုပေါင်း​လက်ချောင်း​ခြေချောင်း နှစ်ဆယ့်​လေး​ချောင်း​ရှိ​ပြီး ခန္ဓာထွားကျိုင်း​သော ရေဖိမ်​အနွယ်ဝင် လူ​တစ်ဦး​က"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​တို့​အား စိန်ခေါ်​သဖြင့် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား​ယောနသန်​သည် သူ့​ကို သတ်လိုက်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 8,
      "text": "ရေဖိမ်​အနွယ်ဝင် ထို​ဂါသ​မြို့သား​လေး​ဦး​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် သူ့​စစ်သူရဲ​တို့​၏​လက်ချက်​ဖြင့် ကျဆုံး​ကုန်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 1,
      "text": "တစ်ဖန် စာတန်​သည် အစ္စရေး​လူမျိုး​တို့​ကို ဆန့်ကျင်​လို​၍ အစ္စရေး​လူမျိုး​တို့​၏​အရေအတွက်​ကို စာရင်းကောက်ယူ​ရန် ဒါဝိဒ်​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 2,
      "text": "ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​က ယွာဘ​နှင့် စစ်သူကြီး​တို့​အား “​ဗေရရှေဘ​မြို့​မှစ၍ ဒန်​မြို့​တိုင်အောင်​သွား​ပြီး အစ္စရေး​လူမျိုး​တို့​၏​အရေအတွက်​ကို စာရင်းယူ​လော့​။ ပြီးလျှင် သူ​တို့​အရေအတွက်​ကို ငါ​သိ​ရ​အောင် ငါ့​ထံ​ပြန်လာ​၍ အစီရင်ခံ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 3,
      "text": "ယွာဘ​က​လည်း “​ထာဝရဘုရား​သည် လူ​တို့​ကို သူ​တို့​ရှိ​သည်​ထက် အဆ​တစ်ရာ တိုးပွား​စေ​တော်မူ​ပါစေသော​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ သူ​တို့​အားလုံး​သည် အကျွန်ုပ်​သခင်​၏​အစေအပါး​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။ အဘယ်ကြောင့် အရှင်မင်းကြီး ဤ​အမှု​ကို ပြု​လို​ပါ​သနည်း​။ အဘယ်ကြောင့် အစ္စရေး​လူမျိုး​တို့​အပေါ် အပြစ်​သက်ရောက်​စေ​မည်နည်း​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 4,
      "text": "သို့ရာတွင် ရှင်ဘုရင်​၏​အမိန့်​တော်​သည် ယွာဘ​ကို​လွှမ်းမိုး​နိုင်​သဖြင့် ယွာဘ​လည်း ထွက်သွား​၍ အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ လှည့်လည်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 5,
      "text": "ယွာဘ​သည် လူ​အရေအတွက်​စာရင်း​ကို ဒါဝိဒ်​မင်းကြီး​ထံ ပေးအပ်​၏​။ စာရင်း​အရ အစ္စရေး​တစ်မျိုးနွယ်လုံး​တွင် ဓားကိုင်​တပ်သား အားလုံး​ပေါင်း​အယောက်​တစ်ဆယ့်​တစ်သိန်း​၊ ယုဒ​အမျိုး​တွင် ဓားကိုင်​တပ်သား အယောက်​လေးသိန်း​ခုနစ်သောင်း ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 6,
      "text": "ယွာဘ​သည် ရှင်ဘုရင်​၏​အမိန့်​တော်​ကို မနှစ်သက်​သဖြင့် လေဝိ​အမျိုး​နှင့်​ဗင်္ယာမိန်​အမျိုး​ကို ထည့်​၍​စာရင်း​မ​ကောက်​ချေ​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 7,
      "text": "ဤ​အမှု​သည် ဘုရားသခင်​ရှေ့​တွင် ဆိုးညစ်​သော​အမှု​ဖြစ်​သောကြောင့် အစ္စရေး​လူမျိုး​ကို ဒဏ်ခတ်​တော်မူ​ရာ"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 8,
      "text": "ဒါဝိဒ်​မင်းကြီး​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် ဤ​အမှု​ကို​ပြု​ခြင်း​ဖြင့် ကြီးမား​သော​အပြစ်​ကို​ကျူးလွန်​မိ​ပါ​ပြီ​။ ကိုယ်တော့်​အစေအပါး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် အလွန်​မိုက်မဲသောအမှု​ကို ပြု​မိ​ပါ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 9,
      "text": "ထိုအခါ ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဂဒ်​အား"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 10,
      "text": "“​သင်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​ပြီး ‘​သင့်​အား ရွေးချယ်စရာ​သုံး​ခု​ကို ပေး​ထား​ပြီ​။ ထို​သုံး​ခု​ထဲမှ တစ်​ခု​ကို ရွေး​လော့​။ သင်​ရွေး​သည့်​အချက်​အတိုင်း သင့်​ကို ပြု​မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 11,
      "text": "ထို့ကြောင့် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံ​သွား​ပြီး “​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​ပြီ​။ သင်​ရွေးချယ်​လော့​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 12,
      "text": "ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး သုံး​နှစ်​ဖြစ်​စေ​ရ​မည်လော​။ သို့မဟုတ် ရန်သူ​၏​ဓား​သည် အရှင်မင်းကြီး​ကို​လိုက်မီ​သဖြင့် ရန်သူ့​ရှေ့​၌ သုံး​လ​ပတ်လုံး ဓားဘေး​နှင့်​ရင်ဆိုင်​မည်လော​။ သို့မဟုတ် ထာဝရဘုရား​၏​ဓား​တော်​သည်​ဤ​ပြည်​၌ ကပ်ရောဂါဘေး​သက်ရောက်​စေ​၍ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် အစ္စရေး​ပြည်​အနှံ့ သုံး​ရက်​ပတ်လုံး​ဖျက်ဆီး​သော​ဘေး ဖြစ်​စေ​ရ​မည်လော​။ အကျွန်ုပ်​ကို စေလွှတ်​သော​အရှင်​အား မည်သည့်​အဖြေ​ပြန်ပေး​ရ​မည်​ကို ယခု စဉ်းစား​ဆုံးဖြတ်​ပါ​လော့​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 13,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်း​အကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​၏​လက်​တော်​ထဲသို့​သာ ငါ​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 14,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ထဲသို့ ကပ်ရောဂါ​ဘေး​ကျရောက်​စေ​သဖြင့် အစ္စရေး​လူမျိုး ခုနစ်သောင်း သေ​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 15,
      "text": "ဘုရားသခင်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် ကောင်းကင်တမန်​ကို​လည်း စေလွှတ်​သေး​၏​။ ကောင်းကင်တမန်​သည် မြို့​ကို​ဖျက်ဆီး​မည်​ပြု​စဉ်​တွင်ပင် ထာဝရဘုရား​သည် ကြည့်ရှု​တော်မူ​၍ ထို​ကပ်ရောဂါဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် မြို့​ကို​ဖျက်ဆီး​တော့​မည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး​ဩရနန် ​၏​ကောက်နယ်တလင်း​နား​၌ ရပ်​နေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 16,
      "text": "ဒါဝိဒ်​မင်းကြီး​သည် မျှော်ကြည့်​လျှင် မိုး​နှင့်​မြေ​ကြား​လေ​ထဲ၌​ရပ်​နေ​သော​ကောင်းကင်တမန်​တစ်ပါး​ကို တွေ့​ရ​၏​။ ထို​ကောင်းကင်တမန်​သည် ဓား​ကို​ကိုင်ထား​လျက် ဂျေရုဆလင်​မြို့​ဘက်​သို့ လက်ဆန့်​ထား​၏​။ ထိုအခါ လျှော်တေအဝတ်​ကို​ဝတ်​ထား​သော​ဒါဝိဒ်​မင်းကြီး​နှင့်​သက်ကြီးဝါကြီး​တို့​သည် ပျပ်ဝပ်​လျက် နေ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 17,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​က ဘုရားသခင်​အား “​လူဦးရေ​စာရင်းကောက်ယူ​ရန် စေခိုင်း​ခဲ့​သူ​မှာ အကျွန်ုပ်​ပင် ဖြစ်​သည်​မ​ဟုတ်​လော​။ ဆိုးညစ်မှု​ကို​ပြု​ပြီး အပြစ်ရှိ​သူ​မှာ အကျွန်ုပ်​ပင်​ဖြစ်​သည် မ​ဟုတ်​လော​။ ဤ​သိုး​တို့​မူကား မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​ဘိုးဘေး​၏​အိမ်သူအိမ်သား​တို့​ကို​သာ ကိုယ်တော်​၏​လက်​သို့ ကျရောက်​စေ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​တို့​အပေါ်​သို့ ဘေးဒဏ်​မ​ကျရောက်​ပါစေ​နှင့်​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 18,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂဒ်​အား ဒါဝိဒ်​မင်းကြီး​ထံ​သွား​လော့​။ ယေဗုသိ​လူမျိုး​ဩရနန် ​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​ပါ​ဟု သူ့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 19,
      "text": "ဒါဝိဒ်​မင်းကြီး​သည်​လည်း ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် ဂဒ်​ဆင့်ဆို​သည့်​စကား​အတိုင်း သွား​၍​ပြု​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 20,
      "text": "ဩရနန် ​သည် လှည့်ကြည့်​၍ ကောင်းကင်တမန်​ကို​မြင်​၏​။ ထိုအခါ သူ​နှင့်အတူ​ရှိ​နေ​သော သား​လေး​ယောက်​သည် ပုန်း​နေ​ကြ​၏​။ သြရနန်​မူကား ဂျုံစပါး​ကို​နင်းနယ်​လျက်​နေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 21,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဩရနန် ​ထံသို့ ချဉ်းကပ်​လာ​၏​။ ဩရနန်​သည် လှမ်းကြည့်​၍ ဒါဝိဒ်​မင်းကြီး​ကို မြင်​လျှင် ကောက်နယ်တလင်း​မှ ထွက်လာ​၍ ဒါဝိဒ်​မင်းကြီး​ရှေ့ မြေ​မှာ​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 22,
      "text": "ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဩရနန် ​အား “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ငါ့​အား ရောင်း​ပေး​လော့​။ ကျသင့်​ငွေ​အတိုင်း ငါ​ဝယ်ယူ​ပါ​မည်​”​ဟု မိန့်ဆို​လျှင်"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 23,
      "text": "ဩရနန် ​က​လည်း ဒါဝိဒ်​မင်းကြီး​အား “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး ယူ​တော်မူ​ပါ​။ အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​။ မီးရှို့ရာယဇ်​အဖို့ နွား​၊ ထင်း​အဖို့ ကောက်နယ်​သစ်သားပြား​၊ ဘောဇဉ်ပူဇော်သက္ကာ​အဖို့ ဂျုံ စသည်​တို့​ကို အကျွန်ုပ်​ပေး​ပါ​မည်​။ အားလုံး​ကို အကျွန်ုပ်​ပေး​ပါ​မည်​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 24,
      "text": "သို့သော် ဒါဝိဒ်​မင်းကြီး​က ဩရနန် ​အား “​ထိုသို့​မ​ဟုတ်​ပါ​။ ကျသင့်​ငွေ​ဖြင့် ဝယ်​ပါ​မည်​။ ထာဝရဘုရား​အဖို့ သင့်​ထံမှ​မြေ​ကို အလဟဿ​မ​ယူ​လို​ပါ​။ အဖိုးအခမပေး​ဘဲ မီးရှို့ရာယဇ်​ကို မ​ပူဇော်​လို​ပါ​”​ဟု ပြန်ပြော​ပြီးလျှင်"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 25,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဩရနန် ​အား မြေနေရာ​အတွက် ကျသင့်​ငွေ ရွှေ​အချိန်​ခြောက်​ရာ​ရှယ်ကယ် ​ကို ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 26,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထို​နေရာ​တွင် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​၍ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို​ပူဇော်​ပြီး ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် ယဇ်ပလ္လင်​ပေါ်ရှိ မီးရှို့ရာယဇ်​အပေါ်​သို့ ကောင်းကင်​မှ​မီး​ကျလာ​စေ​ခြင်း​ဖြင့် ထူး​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 27,
      "text": "ထိုအခါ ထာဝရဘုရား​က ကောင်းကင်တမန်​အား အမိန့်ပေး​သဖြင့် သူ​သည် ဓား​ကို​ဓားအိမ်​ထဲသို့ ပြန်သွင်း​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 28,
      "text": "ထို​အချိန်​၌ ယေဗုသိ​လူမျိုး ဩရနန် ​၏​ကောက်နယ်တလင်း​တွင် ထာဝရဘုရား​ထူး​တော်မူ​သည်​ကို ဒါဝိဒ်​မင်းကြီး သိမြင်​သောအခါ ထို​နေရာ​၌ပင် ယဇ်ပူဇော်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 29,
      "text": "ထိုစဉ်က တောကန္တာရ​တွင် မောရှေ​ဆောက်လုပ်​ခဲ့​သော ထာဝရဘုရား​၏​တဲ​တော်​နှင့်​မီးရှို့​ရာ​ယဇ်ပလ္လင်​တို့​သည် ဂိဗောင်​မြို့​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တွင် ရှိ​နေ​၏​။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 30,
      "text": "သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​ကိုင်​ထား​သော​ဓား​ကို ကြောက်​သောကြောင့် ထို​ယဇ်ပလ္လင်​သို့​သွား​၍ ဘုရားသခင်​ထံ မ​မေးမြန်း​ဝံ့​ချေ​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​က “ဤ​နေရာ​သည် ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို တည်​ရာ​နေရာ​ဖြစ်​၏​။ ဤ​နေရာ​သည် အစ္စရေး​လူမျိုး​တို့ မီးရှို့​ရာ​ယဇ်ပလ္လင်​ကို တည်​ရာ​နေရာ​ဖြစ်​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 2,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​ပြည်​၌​နေထိုင်​သော တိုင်းတစ်ပါးသား​တို့​အား စုဝေး​စေရန် အမိန့်​ပေး​ပြီး သူ​တို့​အား ဘုရားသခင်​၏​အိမ်​တော်​ကို​ဆောက်လုပ်​ရာ​တွင် ကျောက်​များ​ကို​ထုဆစ်​ပေး​မည့် ကျောက်ဆစ်သမား​များ​အဖြစ် ခန့်ထား​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 3,
      "text": "ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် မ​ချိန်တွယ်​နိုင်​လောက်အောင် များပြား​လှ​သော​ကြေးနီ​များ​အပြင် ဝင်းတံခါး​နှင့်​ဂိတ်တံခါး​တွင် သုံး​ရန်​သံချွန်​များ​နှင့် ပတ္တာ​များ​အတွက် သံ​ကို​လည်း အမြောက်အမြား​စီစဉ်​ပေး​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 4,
      "text": "ဆီဒုန်​မြို့သား​၊ တိုင်ရာ​မြို့သား​တို့​သည်​လည်း ဒါဝိဒ်​မင်းကြီး​ထံ သစ်ကတိုးသား အမြောက်အမြား​ယူဆောင်​လာ​ပေး​သဖြင့် သစ်ကတိုးသား​များ​မှာ မ​ရေ​မ​တွက်​နိုင်​အောင် များပြား​လှ​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 5,
      "text": "ဒါဝိဒ်​မင်းကြီး​က “​ငါ့​သား​တော်​ရှောလမုန်​သည် အသက်ငယ်​သေး​၍ အတွေ့အကြုံ​နည်း​လှ​၏​။ ထာဝရဘုရား​အဖို့ တည်ဆောက်​ရ​မည့်​အိမ်​တော်​သည် အတိုင်းတိုင်း​အပြည်ပြည်​တွင် နာမည်​ကျော်ကြား​၍ ဂုဏ်ကျက်သရေ​တင့်တယ်​နေ​ရ​မည်​။ ထို့ကြောင့် ယခုပင် ငါ​ကြိုတင်​ပြင်ဆင်​ထား​ပေး​မည်​”​ဟု မိန့်ဆို​၍ အနိစ္စ​မ​ရောက်​မီ များစွာ​ပြင်ဆင်​ထား​ပေး​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 6,
      "text": "ထို့နောက် သား​တော်​ရှောလမုန်​ကို ခေါ်​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရ​မည့်​အကြောင်း မိန့်မှာ​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 7,
      "text": "ဒါဝိဒ်​မင်းကြီး​က သား​တော်​ရှောလမုန်​အား “​ငါ့​သား​၊ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ အိမ်​တော်​ကို​တည်ဆောက်​ဖို့ ငါ​စိတ်ဆန္ဒ​ပြင်းပြ​လှ​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 8,
      "text": "သို့သော် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ ‘​သင်​သည် တိုက်ပွဲ​များစွာ​တိုက်​ပြီး လူ​အသက်​များစွာ​ကို သတ်​လေ​ပြီ​။ ငါ့​မျက်မှောက်​၌ လူ​အသက်​များစွာ​ကို မြေကြီး​ပေါ်မှာ သင်​သတ်​ခဲ့​လေ​ပြီ​ဖြစ်၍ ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို သင်​မ​တည်ဆောက်​ရ​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 9,
      "text": "ကြည့်ရှု​လော့​။ သင်​သည် သား​တော်​တစ်ပါး​ကို ရ​လိမ့်မည်​။ သူ​သည် အေးချမ်း​စွာ​နေ​ရ​သော​သူ ဖြစ်​လိမ့်မည်​။ ငါ​သည် သူ့​ဝန်းကျင်​ရှိ​ရန်သူ​အားလုံး​တို့​ကို သူ​နှင့်​သင့်မြတ်​စေ​မည်​။ သူ့​အမည်​ကို ရှောလမုန် ဟု​မှည့်ခေါ်​ရ​မည်​။ သူ့​လက်ထက်​တွင် အစ္စရေး​ပြည်​ကို ငြိမ်းချမ်း​ခြင်း​၊ ငြိမ်ဝပ်​ခြင်း ရှိ​စေ​မည်​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 10,
      "text": "သူ​သည် ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ​သည် ငါ့​သား​ဖြစ်​မည်​။ ငါ​သည်​လည်း သူ့​အဖ​ဖြစ်​မည်​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​၍ သူ့​နိုင်ငံ​၏​ရာဇပလ္လင်​ကို​လည်း ငါ​တည်မြဲ​စေ​မည်’​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 11,
      "text": "သို့ဖြစ်၍ ငါ့​သား​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​ပါစေသော​။ သင်​သည် အောင်မြင်​သော​သူ ဖြစ်​ပါစေသော​။ သင့်​အား မိန့်​တော်မူ​သည့်​အတိုင်း ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို သင်​တည်ဆောက်​နိုင်​ပါစေသော​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 12,
      "text": "အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​ရန်​မိန့်​တော်မူ​သောအခါ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တရားတော်​များ​ကို လိုက်နာစောင့်ထိန်း​မည့်​အကြောင်း ထာဝရဘုရား​သည် သင့်​အား သိမြင်​နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​ပါစေသော​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 13,
      "text": "အစ္စရေး​လူမျိုး​တို့​အဖို့ မောရှေ​အားဖြင့် ထာဝရဘုရား ပေးအပ်​ထား​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​လိုက်နာ​စောင့်ထိန်း​လျှင် အောင်မြင်မှု​ကို​ရ​လိမ့်မည်​။ အားယူ​၍ ရဲရင့်​ခြင်း​ရှိ​လော့​၊ မ​ကြောက်ရွံ့​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 14,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ရွှေ​တာလန်​တစ်သိန်း ​၊ ငွေ​တာလန်​တစ်သန်း ​၊ မ​ချိန်တွယ်​နိုင်​လောက်အောင် များပြား​လှ​သော​ကြေးနီ​၊ သံ​၊ သစ်​၊ ကျောက်​များ​ကို အပင်ပန်းခံ​ပြီး ငါ​ပြင်ဆင်​ပေး​ခဲ့​ပြီ​။ သင်​သည်​လည်း ထပ်ဖြည့်​နိုင်​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 15,
      "text": "သင်​၌ ကျောက်​နှင့်​သစ်သား​များ​ကို ဖြတ်တောက်​ထုဆစ်​ပေး​မည့်​သူ​၊ လက်မှုပညာ​အမျိုးမျိုး​တို့​ကို​တတ်ကျွမ်းသူ အလုပ်သမား​များစွာ​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 16,
      "text": "ရွှေ​ငွေ​၊ ကြေးနီ​နှင့် သံ​များ​လည်း မ​ရေ​မ​တွက်​နိုင်​အောင် အများအပြား​ရှိ​၏​။ ထ​၍​အိမ်​တော်​ကို တည်ဆောက်​လော့​။ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​ပါစေသော”​ဟု မိန့်မှာ​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 17,
      "text": "ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် သား​တော်​ရှောလမုန်​ကို ကူညီထောက်မ​ပေး​ဖို့ အစ္စရေး​အကြီးအကဲ​အပေါင်း​တို့​အား"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 18,
      "text": "“​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သည်​မ​ဟုတ်​လော​။ သင့်​ဝန်းကျင်​ကို​လည်း ငြိမ်းချမ်း​စေ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​ရှေ့​၊ လူမျိုး​တော်​တို့​ရှေ့​တွင် ဤ​ပြည်​ကို နှိမ်နင်း​အောင်​နိုင်​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို ငါ့​လက်​သို့ အပ်​တော်မူ​ပြီ​။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 19,
      "text": "ယခု သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​ပါ​လျက် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လော့​။ ထ​၍ ထာဝရဘုရား​အဖို့​သန့်ရှင်းရာဌာန​ကို တည်ဆောက်​ကြ​လော့​။ သို့မှ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​၊ ဘုရားသခင်​အဖို့ သန့်ရှင်း​သော​အသုံးအဆောင်​များ​ကို ထာဝရဘုရား​၏​နာမ​တော်​တည်​ဖို့​ဆောက်လုပ်​ထား​သော​အိမ်​တော်​ထဲတွင် ထားရှိ​နိုင်​မည်​”​ဟု မိန့်မှာ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​သည် အသက်ကြီး​၍ အိုမင်း​လာ​သောအခါ မိမိ​၏​သား​တော်​ရှောလမုန်​ကို အစ္စရေး​ဘုရင်​အဖြစ် တင်မြှောက်​၍"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 2,
      "text": "အစ္စရေး​အကြီးအကဲ​အပေါင်း​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​ကို စုဝေး​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 3,
      "text": "အသက်​သုံးဆယ်​အရွယ်​နှင့်​အထက် လေဝိ​အမျိုး​များ​ကို ရေတွက်​ကြည့်​ရာ ယောက်ျား​စုစုပေါင်း သုံးသောင်း​ရှစ်ထောင် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 4,
      "text": "ထို​သူ​တို့​တွင် ထာဝရဘုရား​၏​အိမ်​တော်​နှင့်ဆိုင်သော​အမှု​များ​ကို ကြီးကြပ်ကွပ်ကဲ​သူ အယောက်​နှစ်​သောင်း​လေး​ထောင်​၊ အုပ်ချုပ်ရေး​နှင့် တရားစီရင်​ရာ​တာဝန်ယူ​ရ​သူ အယောက်​ခြောက်​ထောင်​၊"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 5,
      "text": "တံခါး​ကို​စောင့်ကြပ်ရသူ အယောက်​လေး​ထောင်​၊ ချီးမွမ်းသီဆို​ဖို့ ဒါဝိဒ်​မင်းကြီး ပြုလုပ်​ထား​သော​တူရိယာ​များ​ဖြင့် ထာဝရဘုရား​ကို ချီးမွမ်းသီဆို​ရ​သူ အယောက်​လေး​ထောင် ဟူ၍​ခွဲထား​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 6,
      "text": "ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် လေဝိ​၏​သား​များ​ရှိ​သည့်​အတိုင်း ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ ဟူ၍ အဖွဲ့​ခွဲ​ထား​ပြီး"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 7,
      "text": "ဂေရရှုန်​အမျိုး​တွင် လာဒန်​နှင့် ရှိမိ​တို့​ပါဝင်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 8,
      "text": "လာဒန်​၏​သား​သုံး​ယောက်​မှာ သားဦး​ယေဟေလ​၊ ဇေသံ​၊ ယောလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 9,
      "text": "ရှိမိ​၏​သား​သုံး​ယောက်​မှာ ရှေလောမုတ်​၊ ဟာဇေလ​၊ ဟာရန် တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် လာဒန်​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 10,
      "text": "ရှိမိ​၏​သား​များ​မှာ ယာဟတ်​၊ ဇိဇ​၊ ယုရှ​၊ ဗေရိယ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ရှိမိ​၏​သား​လေး​ယောက် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 11,
      "text": "သားဦး​မှာ ယာဟတ်​၊ ဒုတိယ​သား​မှာ ဇိဇ​ဖြစ်​၏​။ ယုရှ​နှင့်​ဗေရိယ​တွင် သား​များစွာ​မ​ရှိ​သောကြောင့် သူ​တို့​သည် ဘိုးဘေး​မိသားစု​တစ်စုတည်း​ကဲ့သို့ စာရင်းဝင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 12,
      "text": "ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ ပေါင်း​လေး​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 13,
      "text": "အာမရံ​၏​သား​များ​မှာ အာရုန်​နှင့်​မောရှေ တို့​ဖြစ်​ကြ​၏​။ အာရုန်​သည် အသန့်ရှင်းဆုံးဌာန​ကို သန့်ရှင်းစင်ကြယ်​စေ​ရန်​၊ သူ​နှင့်​သူ့​သားမြေး​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပူဇော်​ရ​သော​အမှု​ကို အစဉ်​ဆောင်ရွက်​ရန်​နှင့် နာမ​တော်​ကို အစဉ်​ချီးမွမ်း​ရန် ခန့်ထား​ခြင်း​ခံရ​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 14,
      "text": "ဘုရားသခင်​၏​လူ​မောရှေ​၏​သားမြေး​များ​မှာ လေဝိ​မျိုးနွယ်​အဖြစ် စာရင်းသွင်း​ခံရ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 15,
      "text": "မောရှေ​၏​သား​များ​မှာ ဂေရရှုံ​နှင့်​ဧလျေဇာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 16,
      "text": "ဂေရရှုံ​၏​သား​များ​တွင် ရှေဗွေလ​သည် သားဦး​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 17,
      "text": "ဧလျေဇာ​၏​သား​တို့​တွင် ရေဟဘိ​သည် သားဦး​ဖြစ်​၏​။ သို့သော် ဧလျေဇာ​တွင် အခြား​သား​မ​ရှိ​။ ရေဟဘိ​တွင် သား​အများအပြား​ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 18,
      "text": "ဣဇဟာ​၏​သား​တို့​တွင် ရှေလောမိတ်​သည် သားဦး​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 19,
      "text": "ဟေဗြုန်​၏​သား​များ​မှာ သားဦး ယေရိ​၊ ဒုတိယ​သား အာမရိ​၊ တတိယ​သား ယဟာဇေလ​၊ စတုတ္ထ​သား ယေကမံ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 20,
      "text": "ဩဇေလ​၏​သား​များ​မှာ သားဦး မိက္ခာ​၊ ဒုတိယ​သား ဣရှိယ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 21,
      "text": "မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့်​မုရှိ​၊ မဟာလိ​၏​သား​များ​မှာ ဧလာဇာ​နှင့်​ကိရှ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 22,
      "text": "ဧလာဇာ ကွယ်လွန်​ချိန်​ထိ သား​မ​ရှိ​၊ သမီး​များ​သာ ရှိ​၏​။ ဧလာဇာ​၏​သမီး​တို့​သည် သူ​တို့​၏​ဆွေမျိုးသားချင်း​ဖြစ်​သော ကိရှ​၏​သား​တို့​နှင့် စုံဖက်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 23,
      "text": "မုရှိ​၏​သား​များ​မှာ မဟာလိ​၊ ဧဒေ​၊ ယေရမုတ် ပေါင်း​သုံး​ယောက် ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 24,
      "text": "ဤ​သူ​တို့​ကား ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​ရန် လေဝိ​သားမြေး​တို့​ကို သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အသက်​နှစ်ဆယ်​နှင့်​အထက်​ရှိ​သူ​များ​အား စာရင်းကောက်ယူ​ရာ​တွင် နာမည်​နှင့်တကွ​စာရင်းဝင်​သော​အကြီးအမှူး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 25,
      "text": "ဒါဝိဒ်​မင်းကြီး​က “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​တို့​အား အေးချမ်းသာယာ​စွာ​နေ​စေ​မည်​။ ကိုယ်တော်​သည်​လည်း ဂျေရုဆလင်​မြို့​တွင် အစဉ်​စံနေ​တော်မူ​မည်​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 26,
      "text": "လေဝိ​အမျိုး​တို့​သည်​လည်း ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် အမှု​တော်​ထမ်းဆောင်​ရာ​တွင်​သုံး​သော တဲ​တော်​၏​အသုံးအဆောင်​တို့​ကို သယ်ဆောင်​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 27,
      "text": "ထိုသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​နောက်ဆုံး​အမိန့်​တော်​အတိုင်း အသက်​နှစ်ဆယ်​နှင့်​အထက် လေဝိ​သားမြေး​တို့​ကို စာရင်းကောက်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 28,
      "text": "သူ​တို့​၏​တာဝန်​မှာ အာရုန်​၏​သားမြေး​များ ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​သောအခါ ဝိုင်းကူ​ပေး​ရန်​ဖြစ်​၏​။ အိမ်​တော်​ဝင်း​၊ အိမ်​တော်​အခန်း​များ​၊ သန့်ရှင်းရာဌာန​ရှိ​အရာ​အားလုံး သန့်ရှင်းသပ်ရပ်​အောင်​ဆောင်ရွက်​ရန်​နှင့် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို ထမ်းဆောင်​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 29,
      "text": "ဆင့်​ထား​သော​ရှေ့တော်မုန့်​၊ ဘောဇဉ်ပူဇော်သက္ကာ​ဖို့ အကောင်းဆုံး​ဂျုံမှုန့်​၊ တဆေးမဲ့​မုန့်ကြွပ်​၊ ဒယ်ပြား​နှင့်​လုပ်​သော​မုန့်​၊ ဆီ​နှင့်​ကြော်​သော​မုန့် စသည်​တို့​နှင့် ချိန်ခွက်​အရွယ်အစား အမျိုးမျိုး​တို့​ကို တာဝန်ယူ​လုပ်ဆောင်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 30,
      "text": "နံနက်တိုင်း ထာဝရဘုရား​၏​ကျေးဇူး​တော်​ချီးမွမ်း​ဖို့ ရှေ့​တော်​တွင် ရပ်​နေ​ရ​သကဲ့သို့ ညနေခင်း​တွင်​လည်း ထိုနည်းတူ​ပြု​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 31,
      "text": "ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​တွင် ထာဝရဘုရား​ထံ ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​အားလုံး​ကို စီရင်ထုံးဖွဲ့​ထား​သော​အရေအတွက်​နှင့်အညီ ထာဝရဘုရား​ရှေ့​တော်​၌ ပုံမှန်​ပူဇော်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 32,
      "text": "ထိုသို့ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ဆောင်ရွက်​ရ​မည့်​အမှု​များ​၊ သန့်ရှင်းရာဌာန​၌​ဆောင်ရွက်​ရ​မည့်​အမှု​များ​၊ အာရုန်​၏​သားမြေး​နှင့် သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​အတွက်​ဆောင်ရွက်​ရ​မည့်​အမှု​များ စသည်ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို လိုက်နာဆောင်ရွက်​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 1,
      "text": "အာရုန်​၏​သားမြေး​များ​ကို အုပ်စုခွဲ​ထား​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 2,
      "text": "နာဒပ်​နှင့်​အဘိဟု​သည် ဖခင်​မ​ကွယ်လွန်​မီ ဦးစွာ​ကွယ်လွန်​သွား​ကြ​၏​။ သူ​တို့​၌ သား​မ​ထွန်းကား​ခဲ့​။ ထို့ကြောင့် ဧလာဇာ​နှင့် ဣသမာ​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 3,
      "text": "ဒါဝိဒ်​မင်းကြီး​သည် ဧလာဇာ​၏​သားမြေး​များ​ထဲမှ ဇာဒုတ်​၊ ဣသမာ​၏​သားမြေး​များ​ထဲမှ အဟိမလက်​တို့​အား သူ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​ကို ခွဲဝေ​ထား​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 4,
      "text": "ဧလာဇာ​သားမြေး​တို့​သည် ဣသမာ​သားမြေး​တို့​ထက် ခေါင်းဆောင်​ပိုများ​၏​။ ခေါင်းဆောင်​များ​ကို ခွဲ​လိုက်​သောအခါ ဧလာဇာ​သားမြေး​တွင် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင် တစ်ဆယ့်​ခြောက်​ယောက်​ရှိ​ပြီး ဣသမာ​သားမြေး​တွင် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင် ရှစ်​ယောက်​သာ ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 5,
      "text": "ဧလာဇာ​သားမြေး​နှင့် ဣသမာ​သားမြေး​တို့​သည် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​များ​၊ ဘုရားသခင်​အမှု​တော်​ဆောင်​အကြီးအကဲ​များ​ဖြစ်​သောကြောင့် သူ​တို့​ကို မဲချ​၍ ညီတူညီမျှ​ခွဲခန့်​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 6,
      "text": "လေဝိ​အမျိုး နာသနေလ​၏​သား​စာရေးတော်​ရှေမာယ​သည် သူ​တို့​ကို ရှင်ဘုရင်​၊ မှူးမတ်​၊ ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ အဗျာသာ​၏​သား​အဟိမလက်​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ရှေ့မှောက်​တွင် စာရင်းသွင်း​ရေးမှတ်​၏​။ ဧလာဇာ​၏​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ လူ​တစ်​ဦး​၊ ဣသမာ​၏​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ လူ​တစ်ဦး​ကို ရွေးကောက်​ပြီးလျှင်"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 7,
      "text": "မဲချ​ရာ ပထမ​မဲကျသူ​မှာ ယောယရိပ်​၊ ဒုတိယ​မြောက်​မဲကျသူ​မှာ ယေဒါယ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 8,
      "text": "တတိယ​မြောက်​မဲကျသူ​မှာ ဟာရိမ်​၊ စတုတ္ထ​မြောက်​မဲကျသူ​မှာ စောရိမ်​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 9,
      "text": "ပဉ္စမ​မြောက်​မဲကျသူ​မှာ မာလခိယ​၊ ဆဋ္ဌမ​မြောက်​မဲကျသူ​မှာ မိယာမိန်​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 10,
      "text": "သတ္တမ​မြောက်​မဲကျသူ​မှာ ဟက္ကုတ်​၊ အဋ္ဌမ​မြောက်​မဲကျသူ​မှာ အဘိယ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 11,
      "text": "နဝမ​မြောက်​မဲကျသူ​မှာ ယေရွှာ​၊ ဒသမ​မြောက်​မဲကျသူ​မှာ ရှေခနိ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 12,
      "text": "တစ်ဆယ့်တစ်​ယောက်​မြောက်​မဲကျသူ​မှာ ဧလျာရှိပ်​၊ တစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ယာကိမ်​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 13,
      "text": "တစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ ဟုပ္ပ​၊ တစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ ယေရှေဗပ်​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 14,
      "text": "တစ်ဆယ့်​ငါး​ယောက်​မြောက်​မဲကျသူ​မှာ ဗိလဂ​၊ တစ်ဆယ့်​ခြောက်​ယောက်​မြောက်​မဲကျသူ​မှာ ဣမေရ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 15,
      "text": "တစ်ဆယ့်​ခုနစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟေဇိရ​၊ တစ်ဆယ့်​ရှစ်​ယောက်​မြောက်​မဲကျသူ​မှာ အပ်ဇဇ်​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 16,
      "text": "တစ်ဆယ့်​ကိုး​ယောက်​မြောက်​မဲကျသူ​မှာ ပေသဟိ​၊ အယောက်​နှစ်ဆယ်​မြောက်​မဲကျသူ​မှာ ယေဟဇေလ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 17,
      "text": "နှစ်ဆယ့်​တစ်​ယောက်​မြောက်​မဲကျသူ​မှာ ယာခိန်​၊ နှစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဂါမုလ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 18,
      "text": "နှစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ ဒေလာယ​၊ နှစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ မာဇိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 19,
      "text": "ဤ​သူ​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​၊ ဘိုးဘေး​အာရုန်​အားဖြင့် မိန့်မှာ​ထား​ခဲ့​သော​စီရင်ထုံးဖွဲ့ချက်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​တွင် ဝင်ရောက်​အမှု​တော်​ထမ်းဆောင်​ရန် ခန့်ထား​ခြင်း​ခံရ​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 20,
      "text": "ကျန်​လေဝိ​သားမြေး​များ​ဖြစ်​သော အာမရံ​၏​သား​ရှုဗွေလ​၊ ရှုဗွေလ​၏​သား​ယေဒေယ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 21,
      "text": "ရေဟဘိ​အမျိုး​မှ ရေဟဘိ​၏​သားဦး ဣရှိယ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 22,
      "text": "ဣဇဟာ​အမျိုး​မှ ရှေလောမုတ်​၊ ရှေလောမုတ်​၏​သား​များ​ထဲမှ ယာဟတ်​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 23,
      "text": "ဟေဗြုန်​၏​သား​များ​မှာ သားဦး​ယေရိ​၊ ဒုတိယ​သား အာမရိ​၊ တတိယ​သား ယဟာဇေလ​၊ စတုတ္ထ​သား ယေကမံ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 24,
      "text": "ဩဇေလ​၏​သား​များ​မှာ မိက္ခာ​၊ မိက္ခာ​၏​သား ရှမိရ​၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 25,
      "text": "မိက္ခာ​၏​ညီ ဣရှိယ​၊ ဣရှိယ​၏​သား ဇာခရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 26,
      "text": "မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ယာဇိ​၏​သား​မှာ ဗေနော ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 27,
      "text": "မေရာရိ​၏​သားမြေး​များ​မှာ ယာဇိ​မှ​ဆင်းသက်​လာ​သော​သား ဗေနော​၊ ရှောဟံ​၊ ဇက္ကုရ​၊ ဣဗရိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 28,
      "text": "မဟာလိ​၏​သား​မှာ ဧလာဇာ​ဖြစ်၍ သူ​၌ သား​မ​ထွန်းကား​ချေ​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 29,
      "text": "ကိရှ​အမျိုး​မှ ကိရှ​၏​သား​မှာ ယေရမေလ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 30,
      "text": "မုရှိ​၏​သား​များ​မှာ မဟာလိ​၊ ဧဒေ​၊ ယေရိမုတ် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လေဝိ​အမျိုးသား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 31,
      "text": "သူ​တို့​သည်​လည်း ဆွေမျိုးသားချင်း​အာရုန်​၏​သားမြေး​များ​ကဲ့သို့ပင် ဒါဝိဒ်​မင်းကြီး​၊ ဇာဒုတ်​၊ အဟိမလက်​နှင့် ယဇ်ပုရောဟိတ်​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​၊ လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​တို့​ရှေ့​တွင် ညီအစ်ကို​ကြီး​ငယ်​မ​ရွေး​မဲချ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​နှင့် မင်းမှုထမ်း​အကြီးအကဲ​တို့​သည် အမှု​တော်​မြတ်​အတွက် စောင်းကောက်​၊ စောင်းပြား​၊ လင်းကွင်း တို့​ကို​တီးခတ်​၍ ပရောဖက်ပြု​နိုင်​ရန် အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​တို့​၏​သား​များ​ထဲမှ​အချို့​ကို သီးသန့်​ခွဲထား​၏​။ ဤသို့​အမှု​တော်​ထမ်း​ရန် ခွဲထား​သူ​တို့​၏​အမည်​စာရင်း​မှာ"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 2,
      "text": "အာသပ်​သားမြေး​တွင် ဇက္ကုရ​၊ ယောသပ်​၊ နေသနိ​၊ အာရှရေလ တို့​ဖြစ်​ကြ​၏​။ အာသပ်​၏​သား​တို့​သည် ရှင်ဘုရင်​ညွှန်ကြား​သည့်​အတိုင်း ပရောဖက်ပြု​သော​အာသပ်​၏​လက်​အောက်​တွင် နေ​ရ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 3,
      "text": "ယေဒုသုန်​သားမြေး​တွင် ယေဒုသုန်​၏​သား ဂေဒလိ​၊ ဇေရိ​၊ ယေရှာယ​၊ ရှိမိ​၊ ဟာရှဘိ​၊ မတ္တိသိ ပေါင်း​ခြောက်​ယောက်​တို့​သည် ဖခင်​ယေဒုသုန်​၏​လက်​အောက်​တွင်​နေ​ရ​ကြ​၏​။ သူ​တို့​၏​ဖခင်​သည် စောင်း​တီး​၍ ထာဝရဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကာ ပရောဖက်ပြု​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 4,
      "text": "ဟေမန်​သားမြေး​တွင် ဟေမန်​၏​သား ဗုက္ကိ​၊ မတ္တနိ​၊ ဩဇေလ​၊ ရှေဗွေလ​၊ ယေရိမုတ်​၊ ဟာနနိယ​၊ ဟာနနိ​၊ ဧလျာသ​၊ ဂိဒ္ဒါလတိ​၊ ရောမန္တေဇာ​၊ ယောရှဗေကရှ​၊ မလ္လောသိ​၊ ဟောသိရ​၊ မဟာဇုတ် တို့​ပါဝင်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 5,
      "text": "ဤ​သူ​တို့​အားလုံး​သည် ရှင်ဘုရင်​၏​ဗျာဒိတ်ဆရာ​ဖြစ်​သော ဟေမန်​၏​သား​များ​ဖြစ်​ကြ​၏​။ ဤသို့ ဟေမန်​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့်အညီ​ချီးမြှောက်​ခြင်း​ခံရ​၏​။ ဘုရားသခင်​သည် သူ့​အား သား​တစ်ဆယ့်​လေး​ယောက်​နှင့် သမီး​သုံး​ယောက်​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 6,
      "text": "ဤ​သူ​အားလုံး​တို့​သည် ဖခင်​လက်​အောက်​တွင်​နေ​၍ ထာဝရဘုရား​၏​အိမ်​တော်​၌ လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​များ​ဖြင့် သီဆိုတီးမှုတ်​ရ​သော​သူ​များ​ဖြစ်​၏​။ အာသပ်​၊ ယေဒုသုန်​၊ ဟေမန်​တို့​သည် ရှင်ဘုရင်​၏​လက်​အောက်​တွင် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​ထမ်းဆောင်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 7,
      "text": "သူ​တို့​နှင့် သူ​တို့​၏​ညီအစ်ကို​အားလုံး​တို့​သည် ထာဝရဘုရား​ထံ​ချီးမွမ်းသီဆို​ရာ​တွင် လေ့ကျင့်​ထား​ပြီး​သူ​များ​၊ ကျွမ်းကျင်​ပြီး​သူ​များ ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး နှစ်ရာ​ရှစ်ဆယ့်​ရှစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 8,
      "text": "သူ​တို့​သည် အကြီး​အငယ်​၊ ဆရာ​တပည့် မ​ခွဲခြား​ဘဲ မဲချ​၍ တာဝန်ယူ​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 9,
      "text": "မဲချ​ရာ​တွင် ပထမဆုံး​မဲကျသူ​မှာ အာသပ်​၏​သား ယောသပ်​၊ ဒုတိယ​မြောက်​မဲကျသူ​မှာ ဂေဒလိ​နှင့် သူ​၏​ညီအစ်ကို​များ​၊ သူ​၏​သား​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 10,
      "text": "တတိယ​မြောက်​မဲကျသူ​မှာ ဇက္ကုရ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 11,
      "text": "စတုတ္ထ​မြောက်​မဲကျသူ​မှာ ဣဇရိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 12,
      "text": "ပဉ္စမ​မြောက်​မဲကျသူ​မှာ နေသနိ​နှင့် သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 13,
      "text": "ဆဋ္ဌမ​မြောက်​မဲကျသူ​မှာ ဗုက္ကိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 14,
      "text": "သတ္တမ​မြောက်​မဲကျသူ​မှာ ယေရှရေလ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 15,
      "text": "အဋ္ဌမ​မြောက်​မဲကျသူ​မှာ ယေရှာယ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 16,
      "text": "နဝမ​မြောက်​မဲကျသူ​မှာ မတ္တနိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 17,
      "text": "ဒသမ​မြောက်​မဲကျသူ​မှာ ရှိမိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 18,
      "text": "တစ်ဆယ့်တစ်​ယောက်​မြောက်​မဲကျသူ​မှာ အာဇရေလ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 19,
      "text": "တစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟာရှဘိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 20,
      "text": "တစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ ရှုဗွေလ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 21,
      "text": "တစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ မတ္တိသိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 22,
      "text": "တစ်ဆယ့်​ငါး​ယောက်​မြောက်​မဲကျသူ​မှာ ယေရမုတ်​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 23,
      "text": "တစ်ဆယ့်​ခြောက်​ယောက်​မြောက်​မဲကျသူ​မှာ ဟာနနိယ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 24,
      "text": "တစ်ဆယ့်​ခုနစ်​ယောက်​မြောက်​မဲကျသူ​မှာ ယောရှဗေကရှ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 25,
      "text": "တစ်ဆယ့်​ရှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟာနနိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 26,
      "text": "တစ်ဆယ့်​ကိုး​ယောက်​မြောက်​မဲကျသူ​မှာ မလ္လောသိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 27,
      "text": "အယောက်​နှစ်ဆယ်​မြောက်​မဲကျသူ​မှာ ဧလျာသ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 28,
      "text": "နှစ်ဆယ့်​တစ်​ယောက်​မြောက်​မဲကျသူ​မှာ ဟောသိရ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 29,
      "text": "နှစ်ဆယ့်​နှစ်​ယောက်​မြောက်​မဲကျသူ​မှာ ဂိဒ္ဒါလတိ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 30,
      "text": "နှစ်ဆယ့်​သုံး​ယောက်​မြောက်​မဲကျသူ​မှာ မဟာဇုတ်​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 31,
      "text": "နှစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ ရောမန္တေဇာ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်​နှစ်​ယောက် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 1,
      "text": "တံခါးစောင့်​အဖွဲ့​များ​တွင် ကောရ​အမျိုး​ထဲမှ အာသပ်​၏​မြေး​၊ ကောရေ​၏​သား မေရှလေမိ​၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 2,
      "text": "မေရှလေမိ​၏​သား​များ​မှာ သားဦး​ဇာခရိ​၊ ဒုတိယ​သား ယေဒယေလ​၊ တတိယ​သား ဇေဗဒိ​၊ စတုတ္ထ​သား ယာသနေလ​၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 3,
      "text": "ပဉ္စမ​သား ဧလံ​၊ ဆဋ္ဌမ​သား ယေဟောဟနန်​၊ သတ္တမ​သား ဧလဲဩနဲ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 4,
      "text": "ဩဗဒေဒုံ​၏​သား​များ​မှာ သားဦး ရှေမာယ​၊ ဒုတိယ​သား ယဟောဇဗဒ်​၊ တတိယ​သား ယောအာ​၊ စတုတ္ထ​သား စာကာ​၊ ပဉ္စမ​သား နာသနေလ​၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 5,
      "text": "ဆဋ္ဌမ​သား အမျေလ​၊ သတ္တမ​သား ဣသခါ​၊ အဋ္ဌမ​သား ပုလသဲ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဩဗဒေဒုံ​အား ဘုရားသခင်​ပေး​တော်မူ​သော​ကောင်းချီး​များ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 6,
      "text": "ဩဗဒေဒုံ​၏​သား​ဖြစ်​သော ရှေမာယ​၏​သား​များ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​တွင် ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 7,
      "text": "ရှေမာယ​၏​သား​များ​မှာ ဩသနိ​၊ ရေဖေလ​၊ ဩဗက်​၊ ဧလဇာဗဒ်​နှင့် ရဲစွမ်းသတ္တိ​ထက်မြက်​သည့် သူ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သော ဧလိဟု​နှင့်​သေမခိ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 8,
      "text": "ဤ​သူ​အားလုံး​တို့​သည် ဩဗဒေဒုံ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ သူ​တို့​၏​သား​များ ညီအစ်ကို​များ​သည် အမှု​တော်​လုပ်ငန်း​တွင် ရဲစွမ်းသတ္တိ​ထက်မြက်​၍ ခွန်အားကြီး​သော​သူ​များ​ဖြစ်​၏​။ ဩဗဒေဒုံ​၌ သားမြေး​ပေါင်း ခြောက်ဆယ့်​နှစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 9,
      "text": "မေရှလေမိ​၌ ရဲစွမ်းသတ္တိ​ထက်မြက်​သော သား​များ​နှင့်​ညီအစ်ကို​ပေါင်း တစ်ဆယ့်​ရှစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 10,
      "text": "မေရာရိ​၏​သားမြေး​များ​တွင် ဟောသ​၏​သား​ရှိမရိ​သည် သားဦး​မ​ဟုတ်​သော်လည်း သူ့​ဖခင်​သည် သူ့​ကို သားဦးအရာ​၌ ထား​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 11,
      "text": "ဒုတိယ​သား​မှာ ဟိလခိ​၊ တတိယ​သား​မှာ တေဗလိ​၊ စတုတ္ထ​သား​မှာ ဇာခရိ တို့​ဖြစ်​၏​။ ဟောသ​၌ သား​များ​နှင့်​ညီအစ်ကို​ပေါင်း တစ်ဆယ့်​သုံး​ယောက် ရှိ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 12,
      "text": "ဤ​တံခါးစောင့်​များ​အဖွဲ့​တွင် ခေါင်းဆောင်​လုပ်​သူ​များ​သည်​လည်း ညီအစ်ကို​များ​နည်းတူ ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ကို​ထမ်းဆောင်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 13,
      "text": "သူ​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အလိုက် လူကြီး​လူငယ်​မရွေး တံခါး​တစ်ခုစီ​တွင် တာဝန်ကျ​မည့်​သူ​များ​ကို​မဲချ​ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 14,
      "text": "မဲချ​ရာ​တွင် ရှေလမိ​သည် အရှေ့ဘက်​တံခါး​၌ မဲကျ​၏​။ အကြံကောင်း​ဉာဏ်ကောင်း​ပေး​နိုင်​သူ​၊ ရှေလမိ​၏​သား​ဇာခရိ​သည် မြောက်ဘက်​တံခါး​၌ မဲကျ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 15,
      "text": "ဩဗဒေဒုံ​သည် တောင်ဘက်​တံခါး​တွင် မဲကျ​၏​။ သူ့​သား​တို့​မူကား သိုလှောင်ရုံ​တံခါး​၌ မဲကျ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 16,
      "text": "ရှုပိမ်​နှင့်​ဟောသ​တို့​သည် အနောက်ဘက်​တောင်​ပေါ်​တက်သွား​သော​လမ်း​ပေါ်ရှိ ရှလ္လေခက်​တံခါး​၌ မဲကျ​ပြီး အစောင့်​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ဘေးချင်းယှဉ်​လျက် စောင့်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 17,
      "text": "အရှေ့ဘက်​၌ လေဝိ​အမျိုးသား​ခြောက်​ယောက်​၊ မြောက်ဘက်​၌ တစ်ရက်​တွင် လေး​ယောက်​၊ တောင်ဘက်​၌ တစ်ရက်​တွင် လေး​ယောက်​နှင့် သိုလှောင်ရုံ​များ​၌ နှစ်ယောက်စီ စောင့်ကြပ်​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 18,
      "text": "အိမ်​တော်​ဝင်း​အနောက်ဘက်​တွင် လမ်းမ​ပေါ်၌ လေး​ယောက်​၊ အိမ်​တော်​ဝင်း​တွင် နှစ်​ယောက် စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 19,
      "text": "ဤ​သူ​တို့​သည် ကောရ​၏​သားမြေး​များ​နှင့် မေရာရိ​၏​သားမြေး​များ​မှ တံခါးစောင့်​အဖွဲ့ဝင်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 20,
      "text": "လေဝိ​အမျိုး​တွင် အဟိယ​သည် ဘုရားသခင်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​တို့​ကို စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 21,
      "text": "ဂေရရှုန်​၏​သားမြေး​ဖြစ်​သော လာဒန်​၏​သားမြေး​တို့​တွင် ဂေရရှုန်​အမျိုး​လာဒန်​မှ​ဆင်းသက်​သော လာဒန်​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​မှာ ယေဟေလိ​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 22,
      "text": "ယေဟေလိ​၏​သား​များ​မှာ ဇေသံ​နှင့် သူ့​ညီ​ယောလ ဖြစ်​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ကို စောင့်ကြပ်​ကြ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 23,
      "text": "အာမရံ​အမျိုး​၊ ဣဇဟာ​အမျိုး​၊ ဟေဗြုန်​အမျိုး​၊ ဩဇေလ​အမျိုး အချို့​တို့​လည်း ပါ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 24,
      "text": "မောရှေ​၏​မြေး​၊ ဂေရရှုံ​၏​သား ရှေဗွေလ​သည် ဘဏ္ဍာတိုက်​ကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 25,
      "text": "ရှေဗွေလ​၏​ညီအစ်ကို​များ​မှာ ဧလျေဇာ​၏​သား ရေဟဘိ​၊ ရေဟဘိ​၏​သား ယေရှာယ​၊ ယေရှာယ​၏​သား ယောရံ​၊ ယောရံ​၏​သား ဇိခရိ​၊ ဇိခရိ​၏​သား ရှေလောမုတ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 26,
      "text": "ရှေလောမုတ်​နှင့် သူ့​ညီအစ်ကို​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သော ထောင်တပ်မှူး​၊ ရာ​တပ်မှူး​များ​၊ စစ်ဗိုလ်ချုပ်​များ ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​အလုံးစုံ​ကို စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 27,
      "text": "စစ်ပွဲ​မှ​ရလာ​သော​တိုက်ရာပါပစ္စည်း​အချို့​ကို ထာဝရဘုရား​၏​အိမ်​တော်​ပြုပြင်​ရန်​အတွက် ဆက်ကပ်​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 28,
      "text": "စိတ်အာရုံရသူ​ရှမွေလ​၊ ကိရှ​၏​သား​ရှောလု​၊ နေရ​၏​သား​အာဗနာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့ ဆက်ကပ်​ထား​သော​ပစ္စည်း​အားလုံး​အပါအဝင် လူ​တို့​ဆက်ကပ်​ထား​သော​ပစ္စည်း​မှန်သမျှ​တို့​ကို ရှေလောမိတ်​နှင့် သူ့​ညီအစ်ကို​တို့ စောင့်ကြပ်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 29,
      "text": "ဣဇဟာ​အမျိုး​ဖြစ်​သော ခေနနိ​နှင့်​သူ​၏​သား​များ​မူကား အိမ်​တော်​ပြင်ပ​အလုပ်​ဖြစ်​သော အစ္စရေး​လူမျိုး​တို့​ကို ကြီးကြပ်အုပ်ချုပ်​ရ​သူ​များ​၊ တရားသူကြီး​များ​အဖြစ် တာဝန်​ထမ်းဆောင်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 30,
      "text": "ဟေဗြုန်​အမျိုး​ဖြစ်​သော ဟာရှဘိ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော သူ့​ညီအစ်ကို​တစ်ထောင့်​ခုနစ်​ရာ​တို့​သည် ဂျော်ဒန်​မြစ်​အနောက်ဘက်​ကမ်း​ဝန်းကျင်​ရှိ အစ္စရေး​လူမျိုး​တို့​ကို တာဝန်ယူ​အုပ်ချုပ်​ရ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​အမှု​တော်​အလုံးစုံ​နှင့် ရှင်ဘုရင်​၏​အမှုကိစ္စ​ကို​လည်း ထမ်းဆောင်​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 31,
      "text": "ဟေဗြုန်​အမျိုး​ဖြစ်​သော ယေရိယ​သည် ဘိုးဘေး​အိမ်ထောင်စု​၏​ဆွေစဉ်မျိုးဆက်​အရ ဟေဗြုန်​အမျိုး​၏​အကြီးအမှူး​ဖြစ်​၏​။ ဒါဝိဒ်​မင်းကြီး​နန်းစံ​အနှစ်​လေးဆယ်​အတွင်း ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ကို ရှာဖွေ​ရာ သူ​တို့​ကို ဂိလဒ်​ပြည်​၊ ယာဇာ​မြို့​တွင် တွေ့​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 32,
      "text": "ယေရိယ​၏​ညီအစ်ကို​များ​တွင် ရဲစွမ်းသတ္တိ​ရှိ​သူ​နှစ်ထောင့်​ခုနစ်​ရာ​ရှိ​၍ သူ​တို့​သည် ဘိုးဘေး​အိမ်ထောင်စု​တို့​၏​အကြီးအမှူး​များ ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​က သူ​တို့​ကို ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ကို အုပ်ချုပ်​စေ​ပြီး ဘုရားသခင်​၏​အမှု​တော်​အလုံးစုံ​နှင့် ရှင်ဘုရင်​၏​အမှုကိစ္စ​ကို​လည်း ထမ်းဆောင်​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 1,
      "text": "နှစ်​တစ်​နှစ်​တွင် တပ်ဖွဲ့​အလိုက် ရှင်ဘုရင်​၏​အမှုကိစ္စ​အလုံးစုံ​ကို တစ်လစီ​အလှည့်ကျ​ထမ်းဆောင်​သော အစ္စရေး​အမျိုးသား​တို့​၏​စာရင်း​မှာ တပ်ဖွဲ့​တစ်ဖွဲ့​တွင် ဘိုးဘေး​အိမ်ထောင်စု​တို့​၏​အကြီးအမှူး​များ​၊ တပ်မှူး​များ​၊ လူ​တစ်ထောင်​အုပ်​၊ လူ​တစ်ရာ​အုပ်​နှင့် သူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​သော​သူ​များ ပါဝင်​၍ လူ​ပေါင်း​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 2,
      "text": "ပထမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ပထမ​တပ်ဖွဲ့​ကို ကြီးကြပ်​သော​သူ​မှာ ဇာဗဒေလ​၏​သား ယာရှောဗံ​ဖြစ်ပြီး သူ့​တပ်ဖွဲ့​တွင် လူ​ပေါင်း​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 3,
      "text": "သူ​သည် ဖာရက်​၏​သားမြေး​များ​မှ​ဆင်းသက်​လာ​၏​။ ပထမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​တပ်မှူး​အားလုံး​၏​ခေါင်းဆောင်​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 4,
      "text": "ဒုတိယ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​တပ်ဖွဲ့​ကို ကြီးကြပ်သောသူ​မှာ အဟောဟိ​အမျိုး ဒေါဒဲ​ဖြစ်​၏​။ ထို​တပ်ဖွဲ့​ကို မိကလုတ်​က ဦးဆောင်​ရ​ပြီး လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 5,
      "text": "တတိယ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​တတိယ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ယဇ်ပုရောဟိတ်​ယောယဒ​၏​သား ဗေနာယ​ဖြစ်ပြီး သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 6,
      "text": "ဗေနာယ​သည် စစ်သူရဲ​သုံးဆယ်​တွင် တစ်ဦး​အပါအဝင်​ဖြစ်ပြီး လူ​အယောက်​သုံးဆယ်​ကို အုပ်ချုပ်​ရ​၏​။ သူ့​တပ်ဖွဲ့​ကို သူ့​သား အမိဇဗဒ်​က အုပ်ချုပ်​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 7,
      "text": "စတုတ္ထ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​စတုတ္ထ​တပ်မှူး​မှာ ယွာဘ​၏​ညီ အာသဟေလ​ဖြစ်​၏​။ သူ​မ​ရှိ​တော့​သည့်​နောက်တွင် သူ့​သား ဇေဗဒိ​က ဆက်၍ တာဝန်​ထမ်းဆောင်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 8,
      "text": "ပဉ္စမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ပဉ္စမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဣဇဟာ​အမျိုးသား ရှံဟုတ်​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 9,
      "text": "ဆဋ္ဌမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဆဋ္ဌမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ တေကော​မြို့သား ဣကေရှ​၏​သား ဣရ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 10,
      "text": "သတ္တမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​သတ္တမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဧဖရိမ်​သားမြေး​မှ​ဆင်းသက်​လာ​သော ပေလော​မြို့သား ဟေလက်​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 11,
      "text": "အဋ္ဌမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​အဋ္ဌမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဇေရ​အမျိုးသား ဟုရှသိ​လူမျိုး သိဗေခဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 12,
      "text": "နဝမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​နဝမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဗင်္ယာမိန်​အမျိုး​၊ အနေသောသိ​လူမျိုး အဗျေဇာ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 13,
      "text": "ဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဇေရ​အမျိုး နေတောဖ​မြို့သား မဟာရဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 14,
      "text": "ဧကာဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဧကာဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဧဖရိမ်​သားမြေး​ထဲမှ ပိရသုန်​မြို့သား ဗေနာယ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 15,
      "text": "ဒွါဒသမ​လ​တွင် တာဝန်​ထမ်းဆောင်​ရ​သော​ဒွါဒသမ​တပ်ဖွဲ့​၏​တပ်မှူး​မှာ ဩသံယေလ​အမျိုး​မှ နေတောဖ​မြို့သား ဟေလဒဲ​ဖြစ်​၏​။ သူ့​တပ်ဖွဲ့​တွင်​လည်း လူ​အယောက်​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 16,
      "text": "အစ္စရေး​အမျိုးအနွယ်​တို့​ကို အုပ်ချုပ်​ရ​သူ​များ​မှာ ရုဗင်​အမျိုး​တွင် ဇိခရိ​၏​သား​ဧလျေဇာ​၊ ရှိမောင်​အမျိုး​တွင် မာခါ​၏​သား​ရှေဖတိ​၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 17,
      "text": "လေဝိ​အမျိုး​တွင် ကေမွေလ​၏​သား​ဟာရှဘိ​၊ အာရုန်​အမျိုး​တွင် ဇာဒုတ်​၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 18,
      "text": "ယုဒ​အမျိုး​တွင် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ဧလိဟု​၊ ဣသခါ​အမျိုး​တွင် မိက္ခေလ​၏​သား​ဩမရိ​၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 19,
      "text": "ဇာဗုလုန်​အမျိုး​တွင် ဩဗဒိ​၏​သား​ဣရှမာယ​၊ နဿလိ​အမျိုး​တွင် အာဇရေလ​၏​သား​ယေရိမုတ်​၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 20,
      "text": "ဧဖရိမ်​အမျိုး​တွင် အာဇဇိ​၏​သား​ဟောရှေ​၊ မနာရှေ​အမျိုး​တစ်ဝက်​တွင် ပေဒါယ​၏​သား​ယောလ​၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 21,
      "text": "ဂိလဒ်​ပြည်​ရှိ​ကျန်​မနာရှေ​အမျိုး​တစ်ဝက်​တွင် ဇာခရိ​၏​သား​ဣဒေါ​၊ ဗင်္ယာမိန်​အမျိုး​တွင် အာဗနာ​၏​သား​ယာသေလ​၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 22,
      "text": "ဒန်​အမျိုး​တွင် ယေရောဟံ​၏​သား​အာဇရေလ စသည်​တို့​ဖြစ်​၏​။ ဤ​သူ​တို့​သည် အစ္စရေး​အမျိုးအနွယ်​၏​အကြီးအကဲ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 23,
      "text": "ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​မည်​ဟု မိန့်ဆို​ခဲ့​သောကြောင့် ဒါဝိဒ်​မင်းကြီး​က အသက်​နှစ်ဆယ်​မပြည့်​သော​သူ​တို့​ကို စာရင်း​မ​သွင်း​ချေ​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 24,
      "text": "ဇေရုယာ​၏​သား​ယွာဘ​သည် လူဦးရေ​စာရင်း​ကို စတင်​ရေတွက်​သော်လည်း ပြီးဆုံး​သည်​အထိ မ​ရေတွက်​ချေ​။ ထိုသို့​စာရင်း​ရေတွက်​ခြင်း​ကြောင့် အစ္စရေး​လူမျိုး​အပေါ် အမျက်​တော် ကျရောက်​ခဲ့​ရ​၏​။ ထို​အရေအတွက်​တို့​ကို ဒါဝိဒ်​မင်းကြီး​၏​ရာဇဝင်မှတ်တမ်း​စာရင်း​တွင် မ​ရေးသွင်း​ခဲ့​ချေ​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 25,
      "text": "အဒျေလ​၏​သား အာဇမာဝက်​သည် ဘုရင့်​ဘဏ္ဍာတိုက်​ကို ကြီးကြပ်​ပေး​ရ​၏​။ ဩဇိ​၏​သား​ယောနသန်​သည် ကျေးလက်ဒေသ​များ​၊ မြို့​များ​၊ ရွာ​များ​နှင့် ရဲတိုက်​များ​၌​ရှိ​သော သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 26,
      "text": "ခေလုပ်​၏​သား​ဧဇရိ​သည် လယ်ယာ​မြေ​၌​ထွန်ယက်​လုပ်ကိုင်​သော​လယ်သမား​များ​ကို ကြီးကြပ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 27,
      "text": "ရာမ​မြို့သား​ရှိမိ​သည် စပျစ်ခြံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။ ရှိဖမိ​မြို့သား​ဇာဗဒိ​သည် စပျစ်ဝိုင်​သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 28,
      "text": "ဂေဒါ​မြို့သား​ဗာလဟာနန်​သည် မြေနိမ့်ဒေသ​ရှိ သံလွင်ပင်​၊ သင်္ဘောသဖန်းပင်​များ​ကို ကြီးကြပ်​ပေး​ရ​၏​။ ယောရှ​သည် သံလွင်ဆီ​သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 29,
      "text": "ရှာရုန်​မြို့သား ရှိတရဲ​သည် ရှာရုန်​အရပ်​၌​ကျက်စား​သော​တိရစ္ဆာန်အုပ်​ကို တာဝန်ယူ​ရ​၏​။ အာဒလဲ​၏​သား​ရှာဖတ်​သည် ချိုင့်ဝှမ်းလွင်ပြင်​တိရစ္ဆာန်အုပ်​ကို တာဝန်ယူ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 30,
      "text": "ဣရှမေလ​အမျိုး ဩဗိလ​သည် ကုလားအုတ်​များ​ကို တာဝန်ယူ​ရ​၏​။ မေရောနုတ်​မြို့သား​ယေဒေယ​သည် မြည်း​တို့​ကို တာဝန်ယူ​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 31,
      "text": "ဟာဂရိ​လူမျိုး​ယာဇဇ်​သည် သိုး​များ​ကို တာဝန်ယူ​ရ​၏​။ ဤ​သူ​အားလုံး​တို့​သည် ဒါဝိဒ်​မင်းကြီး​ပိုင်ဆိုင်​သော​ဥစ္စာ​တို့​ကို ကြီးကြပ်​ပေး​ရ​သော​အကြီးအကဲ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 32,
      "text": "ဒါဝိဒ်​မင်းကြီး​၏​ဘထွေး​တော်​ယောနသန်​သည် သိနားလည်​နိုင်စွမ်း​ရှိ​သူ​အတိုင်ပင်ခံအမတ်​လည်း ဖြစ်​၏​။ ကျမ်းပြုဆရာ​လည်း ဖြစ်​၏​။ ဟခမောနိ​၏​သား​ယေဟေလ​သည် ဘုရင့်​သား​တော်​တို့​ကို စောင့်ရှောက်​ပေး​ရ​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 33,
      "text": "အဟိသောဖေလ​သည် ဘုရင့်​အတိုင်ပင်ခံအမတ်​ဖြစ်​ပြီး အာခိ​လူမျိုး​ဟုရှဲ​သည် ဘုရင့်​မိတ်ဆွေ​တော်​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 34,
      "text": "အဟိသောဖေလ မ​ရှိ​တော့​သည့်​နောက်​တွင် ဗေနာယ​၏​သား​ယောယဒ​နှင့် အဗျာသာ​တို့​သည် အတိုင်ပင်ခံအမတ်​များ​ဖြစ်လာ​ကြ​၏​။ ယွာဘ​သည်​လည်း ဘုရင့်​တပ်​တော်​၏​ဗိုလ်ချုပ်​ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 2,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ရပ်​လျက် “​ငါ့​ညီအစ်ကို​တို့​၊ ငါ့​လူမျိုး​တို့​၊ နားထောင်​ကြ​လော့​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​တည်​ရာ​နေရာ​၊ ငါ​တို့​ဘုရားသခင်​၏​ခြေ​တော်​တင်​ရာ​နေရာ​ကို ဆောက်လုပ်​ရန် ငါ​ဆန္ဒရှိ​ခဲ့​၏​။ ထိုသို့​တည်ဆောက်​ရန်​လည်း ငါ​ပြင်ဆင်​ခဲ့​ပြီ​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 3,
      "text": "သို့သော် ဘုရားသခင်​က ‘​သင်​သည် စစ်သူရဲ​ဖြစ်၍ လူ့​အသက်​ကို သတ်​ခဲ့​သောကြောင့် ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို သင်​မ​ဆောက်​ရ​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 4,
      "text": "အစ္စရေး​လူမျိုး​တို့​ကို​အစဉ်အမြဲ​အုပ်ချုပ်​ရန်​အတွက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ့​ဖခင်​၏​မိသားစုဝင်​တစ်စုလုံး​တွင် ငါ့​ကို ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုး​ကို ခေါင်းဆောင်​အဖြစ် ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုးအနွယ်​ထဲမှ ငါ့​ဖခင်​၏​မိသားစု​ကို ရွေးချယ်​တော်မူ​၏​။ ငါ့​ဖခင်​၏​သား​များ​ထဲမှ ငါ့​ကို ရွေးချယ်​တော်မူ​၍ အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ကို အုပ်ချုပ်​သော​ဘုရင် ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ငါ့​အား သား​အများအပြား​ကို​ပေး​တော်မူ​၏​။ ထို​သား​အပေါင်း​တို့​ထဲမှ သား​တော်​ရှောလမုန်​ကို ရွေးချယ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​ရန်​အတွက် ထာဝရဘုရား​၏​နိုင်ငံ​တော်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 6,
      "text": "ထို့ပြင် ငါ့​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​အိမ်​တော်​နှင့် ဝင်း​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ့​ကို​ငါ​ရွေးချယ်​ပြီး သူ​သည် ငါ့​သား​ဖြစ်၍ ငါ​သည်​လည်း သူ့​ဖခင် ဖြစ်​မည်​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 7,
      "text": "သူ​သည် ငါ့​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ယခု​ကဲ့သို့​မယိမ်းမယိုင်​စောင့်ထိန်း​မည်​ဆို​လျှင် သူ့​နိုင်ငံ​တော်​ကို ထာဝရ​တည်​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 8,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​၏​လူထု​ဖြစ်​သော အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ရှေ့​၊ ငါ​တို့​ဘုရားသခင်​ကြား​တော်မူ​သော​အရပ်​တွင် ငါ​ပြော​မည်​။ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​အလုံးစုံ​ကို ရှာဖွေ​၍​စောင့်ထိန်း​ကြ​လော့​။ သို့မှ သင်​တို့​သည် ကောင်းမွန်​သာယာ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​၍ သင်​တို့​၏​သားမြေး​တို့​လည်း အစဉ်​အမွေဆက်ခံ​ရ​မည်​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 9,
      "text": "ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 10,
      "text": "ယခု သတိပြု​လော့​။ သန့်ရှင်းရာဌာန​ဖြစ်​သော အိမ်​တော်​ကို တည်ဆောက်​ရန် သင့်​ကို​ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​။ အားယူ​၍​ဆောက်လုပ်​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 11,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သား​တော်​ရှောလမုန်​အား ဆင်ဝင်​အပါအဝင် အိမ်​တော်​အဆောက်အအုံ​၊ ဘဏ္ဍာတိုက်​များ​၊ အထက်ခန်း​များ​၊ အတွင်းခန်း​များ​၊ ကရုဏာ​တော်​ပလ္လင် ​အခန်း စသည်​တို့​၏​ပုံစံ​များ​ကို ပေးအပ်​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 12,
      "text": "ထို့ပြင် ဒါဝိဒ်​မင်းကြီး​၏​စိတ်​ထဲတွင်​ပေါ်လာ​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အပါအဝင် ပတ်လည်​အခန်း​များ​အားလုံး​၊ ဘုရားသခင်​အိမ်​တော်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​သိုလှောင်ရုံ စသည်​တို့​၏​ပုံစံ​များ​ကို​ပါ ပေးအပ်​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 13,
      "text": "ယဇ်ပုရောဟိတ်​အဖွဲ့​၊ လေဝိ​လူမျိုး​အဖွဲ့​နှင့် ထာဝရဘုရား​၏​အိမ်​တော်​တွင်​ထမ်းဆောင်​ရ​မည့်​အမှု​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​အမှု​တော်​ထမ်းဆောင်​ရာ​တွင်​အသုံးပြု​သော အသုံးအဆောင်​များ​အားလုံး​၊"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 14,
      "text": "အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ရွှေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ရွှေ​အလေးချိန်​အလိုက်​၊ အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ငွေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ငွေ​အလေးချိန်​အလိုက်​၊"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 15,
      "text": "ရွှေ​ဆီမီးခုံ​များ​နှင့်​ရွှေ​မီးခွက်​များ​အတွက် ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဆီမီးခုံ​များ​အတွက်​လည်း ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 16,
      "text": "ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​များ​အတွက် စားပွဲ​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​စားပွဲ​များ​အတွက် စားပွဲ​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 17,
      "text": "ခက်ရင်းခွ​များ​၊ ဇလုံ​များ​၊ ကရား​များ​အတွက် ရွှေ​စင်​များ​၊ ရွှေ​ဖလား​များ​အတွက် ရွှေ​ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဖလား​များ​အတွက် ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 18,
      "text": "နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အတွက် ရွှေ​စင်​အလေးချိန်​အလိုက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို အုပ်မိုး​ထား​သော​၊ အတောင်ပံ​ဖြန့်​ထား​သော ခေရုဗိမ် ​ရထား​ပုံစံ​အတွက်​ရွှေ​အလေးချိန်​အလိုက် ပေးအပ်​ပြီးလျှင်"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 19,
      "text": "“ဤ​ပုံစံ​အားလုံး​ကို ထာဝရဘုရား ရေးဆွဲ​ထား​ပြီး လုပ်ဆောင်​ရ​မည့်​ပုံစံ​အသေးစိတ်​ကို ငါ့​အား သိနားလည်​စေ​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 20,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​က သား​တော်​ရှောလမုန်​အား “​အားယူ​၍​ရဲရင့်​စွာ လုပ်ဆောင်​လော့​။ မ​ကြောက်​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။ ငါ​ကိုးကွယ်​သော​ဘုရားသခင်​၊ ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​အိမ်​တော် ဆောက်လုပ်​ခြင်း​အမှု​အလုံးစုံ​ကို ပြီးစီး​သည့်​တိုင်အောင် သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 21,
      "text": "ဘုရားသခင်​၏​အိမ်​တော်​အမှု​ရှိသမျှ​ကို ဆောင်ရွက်​သော ယဇ်ပုရောဟိတ်​တို့​၏​အဖွဲ့​၊ လေဝိ​လူမျိုး​တို့​၏​အဖွဲ့​နှင့် လုပ်ငန်း​တိုင်း​ကို​ကျွမ်းကျင်​ပြီး စေတနာစိတ်​ရှိ​သော​သူ​တို့​သည် သင်​လုပ်ဆောင်​လေရာရာ​တွင် သင်​နှင့်အတူ လုပ်ဆောင်​ကြ​လိမ့်မည်​။ မှူးမတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း သင်​ညွှန်ကြား​သမျှ​ကို လုပ်ဆောင်​ပေး​ကြ​လိမ့်မည်”​ဟု ဆို​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 1,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​အား “​ဘုရားသခင်​ရွေးချယ်​တော်မူ​သော​ငါ့​သား​ရှောလမုန်​သည် ငယ်ရွယ်​၍ အတွေ့အကြုံ​မ​ရှိ​သေး​။ သို့သော် သူ​လုပ်ဆောင်​ရ​မည့်​အလုပ်​မှာ ကြီးမြတ်​လှ​၏​။ သူ​ဆောက်လုပ်​ရ​မည့်​ဗိမာန်တော်​သည် လူ​အဖို့​မ​ဟုတ်​၊ ဘုရားသခင်​ထာဝရဘုရား​အဖို့ ဖြစ်​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 2,
      "text": "ထို့ကြောင့် ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ​၊ ကြေး​ထည်​အတွက် ကြေး​၊ သံ​ထည်​အတွက် သံ​၊ ပျဉ်ပြား​များ​အတွက် သစ်သား​၊ မဟူရာကြောင်ဝင်​ကျောက်​များ​၊ စီချယ်စရာ​ကျောက်​များ​၊ စိမ်းပြာရောင်​ကျောက်​များ​၊ ရောင်စုံ​ကျောက်​များ​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​နှင့် ကျောက်ဖြူ​အမြောက်အမြား​တို့​ကို ငါ​တတ်စွမ်း​နိုင်​သမျှ ပြင်ဆင်​ထား​ပေး​ခဲ့​ပြီ​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 3,
      "text": "ထို့ပြင် ငါ​၏​ဘုရားသခင့်​အိမ်​တော်​ကို မြတ်နိုး​လှ​သဖြင့် အထက်​က သန့်ရှင်း​သော​အိမ်​တော်​အဖို့ ငါ​ပြင်ဆင်​ပေး​ထား​သည့်​အရာ​အားလုံး​သာမက ငါ​ပိုင်ဆိုင်​သော​ရတနာ​ရွှေ​ငွေ​တို့​ကို​လည်း ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ပေးလှူ​ခဲ့​ပြီ​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 4,
      "text": "အိမ်​တော်​နံရံ​ကို​မွမ်းမံ​ဖို့ ဩဖိရ​ရွှေ တာလန်​သုံး​ထောင် ​၊ ငွေ​စင် တာလန်​ခုနစ်​ထောင် ​၊"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 5,
      "text": "လက်မှုပညာသည်​များ အလုပ်​လုပ်​ဖို့​လိုအပ်​သမျှ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ များ​ကို​လည်း လှူ​၏​။ ယခု ထာဝရဘုရား​အဖို့ မည်သူ​က ကိုယ့်ကိုယ်ကို ဆက်ကပ်​ပေးလှူ​လို​သနည်း​”​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 6,
      "text": "ဘိုးဘေး​ခေါင်းဆောင်​များ​၊ အစ္စရေး​အမျိုးအနွယ်​ခေါင်းဆောင်​များ​၊ လူ​တစ်ရာအုပ်​၊ လူ​တစ်ထောင်အုပ်​၊ မင်းမှုထမ်း​အကြီးအကဲ​များ​က​လည်း စေတနာစိတ်​ဖြင့် ပေးလှူ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 7,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ဆောက်လုပ်ရေး​အတွက် ရွှေ​တာလန်​ငါး​ထောင် ​၊ ငွေ​တာလန်​တစ်သောင်း ​၊ ရွှေဒင်္ဂါး အပြား​တစ်သောင်း​၊ ကြေးနီ တာလန်​တစ်သောင်း​ရှစ်ထောင် ​၊ သံ​တာလန်​တစ်သိန်း တို့​ကို​ပေးလှူ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 8,
      "text": "ကျောက်မျက်ရတနာ​ရှိ​သူ​များ​က ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ကို တာဝန်ယူ​ရ​သူ ဂေရရှုန်​အမျိုး ယေဟေလ​လက်​သို့ ပေးအပ်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 9,
      "text": "လူ​တို့​သည်​လည်း စေတနာစိတ်​နှင့်​ပေးလှူ​ရ​သည်​ကို ဝမ်းမြောက်​ကြ​၏​။ စိတ်နှလုံး​အကြွင်းမဲ့ စေတနာစိတ်​ရှိ​သည့်​အတိုင်း ထာဝရဘုရား​ထံ​ပေးလှူ​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​လည်း အလွန်​ဝမ်းမြောက်ဝမ်းသာ ဖြစ်​ရ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 10,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​ရှေ့​တွင် ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း “​အကျွန်ုပ်​တို့​၏​ဘိုးဘေး အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာ​အဆက်ဆက် မင်္ဂလာရှိ​တော်မူ​ပါစေသော​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အစွမ်းတန်ခိုး​၊ ဘုန်း​တော်​၊ ဂုဏ်​တော်​နှင့်​ပြည့်စုံ​ပါ​၏​။ ခန့်ညားထည်ဝါ​ပါ​၏​။ ကောင်းကင်​နှင့် မြေကြီး​ပေါ်ရှိ​အရာ​အားလုံး​ကို ပိုင်သ​တော်မူ​ပါ​၏​။ နိုင်ငံ​တော်​သည် ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​၏​ဦးခေါင်း​ထက်​တွင် ချီးမြှောက်​ခြင်း​ခံရ​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 12,
      "text": "ဓနဥစ္စာ​နှင့် ဂုဏ်သရေ​သည် ကိုယ်တော့်​ထံ​မှ လာ​ပါ​၏​။ အရာ​ခပ်သိမ်း​ကို အုပ်စိုး​ပိုင်သ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် အစွမ်း​တန်ခိုး​နှင့်​ပြည့်ဝ​တော်မူ​သဖြင့် လူ​ခပ်သိမ်း​အား ကြီးမြတ်​စေ​နိုင်​၍ ခွန်အား​ကို​လည်း ပေး​နိုင်​စွမ်း​ရှိ​တော်မူ​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 13,
      "text": "ယခုမှာ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကျေးဇူးတင်​ပါ​၏​။ ဘုန်းကြီး​သော​နာမ​တော်​ကို ချီးမွမ်း​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 14,
      "text": "အကျွန်ုပ်​တို့​အား ဤမျှလောက်​စေတနာစိတ်​နှင့်​ပေးလှူ​နိုင်​ခွင့်​ကို​ပေးသနား​သည်​မှာ အကျွန်ုပ်​ကား မည်သူ​ဖြစ်​ပါ​သနည်း​။ အကျွန်ုပ်​၏​လူ​တို့​ကား မည်သူ​တို့​ဖြစ်​ကြ​ပါ​သနည်း​။ အရာခပ်သိမ်း​တို့​သည် ကိုယ်တော့်​ထံမှ​ဖြစ်၍ ကိုယ်တော်​ပိုင်​သမျှ​ကို အကျွန်ုပ်​တို့ ပြန်လည်​ပေးလှူ​ကြ​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 15,
      "text": "အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ရှေ့​တွင် တိုင်းတစ်ပါးသား​များ​ဖြစ်​ကြ​ပါ​၏​။ ဘိုးဘေး​တို့​ကဲ့သို့ပင် ဧည့်သည်​များ ဖြစ်​ကြ​ပါ​၏​။ မြေကြီး​ပေါ်တွင် အသက်ရှင်​နေ​ရ​သည်​မှာ အရိပ်​ကဲ့သို့​ဖြစ်၍ မျှော်လင့်စရာ မ​ရှိ​ပါ​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 16,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ သန့်ရှင်း​သော​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်​ရန် အကျွန်ုပ်​တို့​ပြင်ဆင်​ထား​သော ဤ​ဥစ္စာ​အလုံးအရင်း​သည် ကိုယ်တော့်​ထံ​မှ ဖြစ်​ပါ​၏​။ အလုံးစုံ​ကို ကိုယ်တော်​ပိုင်သ​တော်မူ​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 17,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် စိတ်နှလုံး​ကို​စစ်ကြော​၍ သမာသမတ်​ရှိ​သူ​ကို နှစ်သက်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။ ယခု ဤ​အရာ​အားလုံး​ကို ဖြူစင်​သော​စိတ်​ဖြင့် အကျွန်ုပ်​လှူဒါန်း​ပါ​၏​။ အကျွန်ုပ်​၌​ရှိ​သော​ဤ​သူ​တို့​သည်​လည်း ကိုယ်တော့်​ထံ စေတနာစိတ်​ဖြင့် ပေးလှူ​ကြ​သည်​ကို မြင်တွေ့​ရ​သဖြင့် ဝမ်းမြောက်​ပါ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 18,
      "text": "အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​လူမျိုး​တော်​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​၊ စိတ်ဆန္ဒ​များ​ကို ယခု​ကဲ့သို့​အစဉ်အမြဲ​ဖြစ်​စေရန် စောင့်ထိန်း​ပေး​တော်မူ​ပါ​။ ကိုယ်တော့်​အဖို့ စိတ်နှလုံး​အသင့်ရှိ​သော​သူ​များ ဖြစ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 19,
      "text": "အကျွန်ုပ်​၏​သား​တော်​ရှောလမုန်​အား​လည်း ကိုယ်တော်​၏​ပညတ်တော်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​နိုင်​ရန်​နှင့် ဗိမာန်တော်​ဆောက်လုပ်​ဖို့ အကျွန်ုပ်​ပြင်ဆင်​ထား​ခဲ့​သည့်​အရာ​အားလုံး​ကို လုပ်ဆောင်​နိုင်​ရန်​အတွက် စုံလင်​သော​စိတ်နှလုံး​ကို ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 20,
      "text": "ထို့နောက် ဒါဝိဒ်​မင်းကြီး​က လူထု​အပေါင်း​တို့​အား “​ယခု သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​”​ဟု မိန့်ဆို​လျှင် လူထု​တစ်ရပ်လုံး​က သူ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​ပြီး ထာဝရဘုရား​ရှေ့​၊ ရှင်ဘုရင်​ရှေ့​တွင် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 21,
      "text": "ထာဝရဘုရား​ထံ ယဇ်​များ​ကို​ပူဇော်​ပြီး နောက်တစ်နေ့​တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် နွားထီး​အကောင်​တစ်ထောင်​၊ သိုးထီး​အကောင်​တစ်ထောင်​၊ သိုးသငယ်​အကောင်​တစ်ထောင်​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​များ​ကို ပူဇော်​ကြ​၏​။ အစ္စရေး​တစ်မျိုးသားလုံး​အတွက် ယဇ်​များ​ကို အမြောက်အမြား ပူဇော်​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 22,
      "text": "ထို​နေ့​တွင် သူ​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် အားရ​ဝမ်းသာ​စွာ​စား​သောက်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​၏​သား​တော်​ရှောလမုန်​ကို​လည်း ဒုတိယအကြိမ်​မင်းမြှောက်​၍ အုပ်ချုပ်သူမင်း​အဖြစ်​လည်းကောင်း​၊ ဇာဒုတ်​ကို​လည်း ယဇ်ပုရောဟိတ်​အဖြစ်​လည်းကောင်း ထာဝရဘုရား​ရှေ့မှောက်​တွင် ဘိသိက်ပေး​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 23,
      "text": "ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​၍ ထာဝရဘုရား​၏​ရာဇပလ္လင်​တော်​ပေါ်တွင် စံနေ​သောအခါ သူ​သည် ထွန်းပေါက်​အောင်မြင်​ပြီး အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​က သူ့​ကို နာခံ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 24,
      "text": "မှူးမတ်​များ​၊ စစ်သူရဲ​များ​နှင့် ဒါဝိဒ်​မင်းကြီး​၏​သား​တော်​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​ထံ၌ သစ္စာခံ​ကြ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 25,
      "text": "ထာဝရဘုရား​က​လည်း ရှောလမုန်​မင်းကြီး​အား အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ရှေ့​တွင် အထူး​ချီးမြှောက်​တော်မူ​ပြီး ယခင်က အစ္စရေး​လူမျိုး​ကို အုပ်စိုး​ခဲ့​သော​ဘုရင်​တို့​တွင် မည်သူ​၌​မျှ​မ​ရှိ​ခဲ့​ဖူး​သော​နိုင်ငံ​တော်​ဘုန်းကျက်သရေ​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 26,
      "text": "ယေရှဲ​၏​သား ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ကို အုပ်ချုပ်​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 27,
      "text": "သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 28,
      "text": "သူ​သည် ဓနဥစ္စာ​နှင့် ဘုန်းအသရေ​ဖြင့်​ပြည့်ဝ​လျက် အသက်ကြီး​၍ အိုမင်း​လာ​သောအခါ အနိစ္စရောက်​လေ​၏​။ သူ​၏​သား​တော်​ရှောလမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 29,
      "text": "ဒါဝိဒ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို စိတ်အာရုံရသူ​ရှမွေလ​၏​မှတ်တမ်း​၊ ပရောဖက်​နာသန်​၏​မှတ်တမ်း​နှင့် ဗျာဒိတ်ရသူ​ဂဒ်​၏​မှတ်တမ်း​တို့​တွင် ရေးသား​ထား​၏​။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 30,
      "text": "ထို​မှတ်တမ်း​တို့​တွင် သူ​၏​တိုင်းပြည်​ကို အုပ်ချုပ်​ခဲ့​ပုံ​၊ ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ သူ့​ဝန်းကျင်​၊ အစ္စရေး​ဝန်းကျင်​မှစ၍ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​တို့​တွင် တွေ့ကြုံ​ခဲ့​ရ​သော​အဖြစ်အပျက်​အမျိုးမျိုး​တို့ ပါဝင်​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 1,
      "text": "ဒါဝိဒ်​မင်းကြီး​၏​သား​တော် ရှောလမုန်​မင်းကြီး​သည် မိမိ​နိုင်ငံ​တော်​ကို ခိုင်ခံ့​တည်မြဲ​စေ​၏​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ပါရှိ​ပြီး သူ့​ကို​အထူး​ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​မှစ၍ လူ​တစ်ထောင်အုပ်​၊ လူ​တစ်ရာအုပ်​၊ တရားသူကြီး​များ​၊ အစ္စရေး​တစ်ပြည်လုံး​ရှိ ခေါင်းဆောင်​များ​ဖြစ်​ကြ​သော​ဘိုးဘေး​အကြီးအမှူး​ရှိသမျှ​တို့​အား ဆင့်ခေါ်​ပြီး"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 3,
      "text": "ရှောလမုန်​မင်းကြီး​သည် တောကန္တာရ​တွင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​ပြုလုပ်​ခဲ့​သော ဘုရားသခင်​၏​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​ရာ ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ လူထုကြီး​နှင့်အတူ​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 4,
      "text": "ဘုရားသခင်​၏​သေတ္တာ​တော်​ကို​ကား ဒါဝိဒ်​မင်းကြီး​သည် ကိရယတ်ယာရိမ်​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ မိမိ​ပြင်ဆင်​ထား​သော​တဲ​တော်​ရှိ​ရာ​နေရာ​သို့ ဆောင်ယူ​ခဲ့​ပြီး​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 5,
      "text": "ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ပြုလုပ်​သော​ကြေးနီ​ယဇ်ပလ္လင်​ကို ထာဝရဘုရား​၏​တဲ​တော်​ရှေ့​တွင် ထားရှိ​၏​။ ရှောလမုန်​မင်းကြီး​နှင့် လူထု​တို့​သည် ထို​ယဇ်ပလ္လင်​ကို ထာဝရဘုရား​ထံ​မေးမြန်း​ရာ​တွင် အသုံးပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 6,
      "text": "ရှောလမုန်​မင်းကြီး​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​ရှိ ကြေးနီ​ယဇ်ပလ္လင်​နား​သို့​သွား​၍ ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အကောင်​တစ်ထောင်​ကို ပူဇော်​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 7,
      "text": "ထို​ည​တွင် ဘုရားသခင်​သည် ရှောလမုန်​မင်းကြီး​အား ကိုယ်ထင်ရှားပြ​၍ “​ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 8,
      "text": "ထိုအခါ ရှောလမုန်​မင်းကြီး​က ဘုရားသခင်​အား “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ပြီး အကျွန်ုပ်​အား​လည်း ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပါ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 9,
      "text": "ယခုမှာ အို ဘုရားသခင်​ထာဝရဘုရား​၊ မြေမှုန့်​ကဲ့သို့ များပြား​လှ​သော​လူ​တို့​ကို အကျွန်ုပ်​အား အုပ်စိုး​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ပေး​ထား​သော​ကတိစကား​တော်​သည် တည်​ပါစေသော​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 10,
      "text": "ဤ​များပြား​လှ​သော​ကိုယ်တော်​၏​လူမျိုး​တော်​ကို မည်သူ​အုပ်ချုပ်​နိုင်​ပါ​မည်နည်း​။ ထို့ကြောင့် ဤ​လူမျိုး​တို့​ကို ဦးဆောင်​သွားလာ​လေရာရာ​တွင် လိုအပ်​သော​ဉာဏ်ပညာ​၊ အသိတရား​များ​ကို အကျွန်ုပ်​အား ပေး​တော်မူ​ပါ​”​ဟု တောင်းလျှောက်​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 11,
      "text": "ထို့ကြောင့် ဘုရားသခင်​က ရှောလမုန်​မင်းကြီး​အား “​သင်​သည် ဓနဥစ္စာ​စည်းစိမ်​ချမ်းသာ​နှင့် ဂုဏ်သရေ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​၊ အသက်တာ​ရှည်​ဖို့​မ​တောင်း​ဘဲ သင့်​အား ငါ​အုပ်ချုပ်​စေ​သည့် ငါ့​လူမျိုး​တော်​တို့​ကို​အုပ်ချုပ်​နိုင်​ရန်​အတွက် သင့်​စိတ်နှလုံး​တွင်​ရှိ​သည့်​အတိုင်း ဉာဏ်ပညာ​၊ အသိတရား​တို့​ကို​သာ တောင်းဆို​သောကြောင့်"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 12,
      "text": "သင့်​အား ဉာဏ်ပညာ​နှင့် အသိတရား​များ​ကို​သာမက သင့်​ရှေ့​၌​ရှိ​ခဲ့​သော​ဘုရင်​၊ သင့်​နောက်တွင်​ရှိ​မည့်​ဘုရင်​တို့​၌ မ​ရ​နိုင်​သော ဓနဥစ္စာ​၊ ကြွယ်ဝချမ်းသာ​ခြင်း​နှင့် ဂုဏ်သရေ​ရှိ​ခြင်း​တို့​ကို​ပါ ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 13,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​ရာ ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။ ထို့နောက် အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 14,
      "text": "ရှောလမုန်​မင်းကြီး​သည် မြင်း​များ​၊ ရထား​များ​ကို စုဆောင်း​လေ့​ရှိ​၏​။ ထို့ကြောင့် သူ​၌ ရထား​အစီးရေ​တစ်ထောင့်​လေး​ရာ​နှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်​ရှိ​၏​။ ၎င်း​တို့​ကို ရထား​ထား​ရာ​မြို့​များ​နှင့် ရှင်ဘုရင်​စံမြန်း​ရာ​ဂျေရုဆလင်​မြို့​တို့​တွင် ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 15,
      "text": "ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ရွှေ​ငွေ​တို့​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 16,
      "text": "အီဂျစ်​ပြည်​နှင့်​ကော​မြို့​တို့​မှ မြင်း​များ​ကို ရှောလမုန်​မင်းကြီး​ထံ တင်သွင်း​တတ်​ကြ​၏​။ ရှင်ဘုရင်​၏​ကုန်သည်​တို့​သည် အဖိုးအခ​ပေး​၍ ကော​မြို့​မှ ဝယ်ယူ​တင်သွင်း​ပေး​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 17,
      "text": "အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ် ​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ် ​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​နှင့် မိမိ​နိုင်ငံ​တော်​အတွက် နန်းတော်​ကို​တည်ဆောက်​ရန် ရည်ရွယ်​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​သည် အထမ်းသမား အယောက်​ခုနစ်သောင်း​၊ တောင်​ပေါ်မှ​ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​နှင့် သူ​တို့​ကို​ကြီးကြပ်ကွပ်ကဲ​ရ​သူ အယောက်​သုံးထောင့်​ခြောက်​ရာ​တို့​ကို ခွဲခန့်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 3,
      "text": "ထို့ပြင် ရှောလမုန်​မင်းကြီး​သည် တိုင်ရာ​ဘုရင်​ဟုရံ ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အား သူ​စံမြန်း​ရာ​နန်းတော်​ကို​ဆောက်လုပ်​ရန်​အတွက် သစ်ကတိုးသား​များ​ကို အရှင်မင်းကြီး​ပို့ပေး​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​ထံသို့​လည်း ပို့ပေး​ပါ​လော့​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 4,
      "text": "အစ္စရေး​လူမျိုး​တို့ အစဉ်အမြဲ​ပြု​ရန် ပြဋ္ဌာန်း​ထား​သည်​နှင့်အညီ အကျွန်ုပ်​သည် ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ အမွှေးနံ့သာ​ကို မီးရှို့ပူဇော်​ရန်​အတွက်​၊ ရှေ့တော်မုန့်​ကို​လည်း ပုံမှန်​တင်လှူ​ပူဇော်​ရန်​နှင့် နံနက်ချိန်​၊ နေဝင်ချိန်​၊ ဥပုသ်နေ့​များ​၊ လဆန်းနေ့​များ​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​တွင် မီးရှို့ရာယဇ်​ကို ပူဇော်​ရန်​အတွက် အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ကို ဆောက်လုပ်​ဆက်ကပ်​မည်​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 5,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် ဘုရား​တကာ​တို့​ထက်​ကြီးမြတ်​သော​ဘုရား ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​ဆောက်လုပ်​ရ​မည့်​အိမ်​တော်​သည်​လည်း ကြီးမြတ်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 6,
      "text": "အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​လျှင် မည်သူ​သည် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို ဆောက်လုပ်​နိုင်​ပါ​မည်နည်း​။ ရှေ့​တော်​၌ နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​မှတစ်ပါး ကိုယ်တော့်​အဖို့ အိမ်​တော်​ကို တည်ဆောက်​ပေး​မည့်​အကြောင်း အကျွန်ုပ်​ကား မည်သူ​ဖြစ်​ပါ​သနည်း​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 7,
      "text": "ထို့ကြောင့် ရွှေ​ထည်​၊ ငွေ​ထည်​၊ ကြေးထည်​၊ သံထည်​တို့​ကို သွန်းလုပ်​တတ်​သူ​၊ ခရမ်းရောင်​၊ ကြက်သွေးရောင်​၊ အပြာရောင်​ရှိ​သော​ချည်​တို့​ကို ရက်လုပ်​တတ်​သူ​၊ ကမ္ပည်းစာ​ရေးထိုး​ရာ​၌ ကျွမ်းကျင်​သူ​တစ်ဦး​ကို အကျွန်ုပ်​ထံ စေလွှတ်​ပေး​ပါ​။ သူ့​ကို ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ အကျွန်ုပ်​၏​ခမည်းတော်​ပြင်ဆင်​ပေး​ထား​သော လက်မှုပညာသည်​တို့​နှင့်အတူ အလုပ်လုပ်​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 8,
      "text": "ထို့အတူ လက်ဘနွန်​တောင်​မှ သစ်ကတိုးသား​များ​၊ ထင်းရှူးသား​များ​၊ စန္ဒကူးသား​များ​ကို​လည်း ပို့ပေး​ပါ​။ မင်းကြီး​၏​အမှုထမ်း​တို့​သည် လက်ဘနွန်​သစ်​များ​ကို ခုတ်ထွင်​ရာ​၌ ကျွမ်းကျင်​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။ အကျွန်ုပ်​၏​အမှုထမ်း​တို့​ကို မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ အလုပ်လုပ်​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 9,
      "text": "အကျွန်ုပ်​တည်ဆောက်​ရ​မည့်​အိမ်​တော်​သည် အလွန်​ကြီးကျယ်ခမ်းနား​သောကြောင့် သစ်သား​အမြောက်အမြား​လို​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 10,
      "text": "မင်းကြီး​၏​အမှုထမ်း သစ်ခုတ်သမား​များ သစ်ခုတ်​ပေး​သည့်​အဖိုးအခ​အဖြစ် ကြိတ်ပြီးသား​ဂျုံဆန် ကောရ​နှစ်သောင်း ​၊ မုယောဆန် ကောရ​နှစ်သောင်း​၊ စပျစ်ဝိုင် ဗတ်​နှစ်သောင်း ​၊ သံလွင်ဆီ ဗတ်​နှစ်သောင်း ပေး​ပါ​မည်​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 11,
      "text": "တိုင်ရာ​ဘုရင်​ဟုရံ​မင်းကြီး​က​လည်း ရှောလမုန်​မင်းကြီး​ထံ စာပြန်​လိုက်​သည်​မှာ “ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို​ချစ်မြတ်နိုး​၍ အရှင်မင်းကြီး​ကို သူ​တို့​၏​ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 12,
      "text": "ထာဝရဘုရား​အဖို့ အိမ်​တော်​နှင့် သူ​၏​နိုင်ငံ​တော်​အဖို့ နန်းတော်​ကို တည်ဆောက်​ရန် သိနားလည်​နိုင်စွမ်း​ရှိ​၍ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​ပြီး ပညာရှိ​သော​သား​တော်​တစ်ပါး​ကို ဒါဝိဒ်​မင်းကြီး​အား ပေး​တော်မူ​သော ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သည့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 13,
      "text": "ယခုမှာ အသိဉာဏ်​ကြွယ်ဝ​သော​လက်မှုပညာသည် ဟုရံအဘိ​ကို စေလွှတ်​လိုက်​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 14,
      "text": "သူ့​မိခင်​မှာ ဒန်​အမျိုးသမီး​၊ သူ့​ဖခင်​မှာ တိုင်ရာ​မြို့သား​ဖြစ်​၏​။ သူ​သည် ရွှေ​ငွေ​၊ ကြေးနီ​၊ သံ​တို့​ကို သွန်းလုပ်​သော​အတတ်​၊ ကျောက်ဆစ်အတတ်​၊ သစ်ထွင်းထု​သော​အတတ်​၊ ခရမ်းရောင်​အထည်​၊ အပြာရောင်​အထည်​၊ ပိတ်ချောထည်​၊ ကြက်သွေးရောင်​အထည်​တို့​ကို ရက်လုပ်​သော​အတတ်​၊ ကမ္ပည်းစာ​အမျိုးမျိုး​ရေးထိုး​သော​အတတ် စသည်​တို့​မှစ၍ အနုပညာလက်ရာ​အမျိုးမျိုး​တို့​ကို ကျွမ်းကျင်​စွာ​လုပ်ဆောင်​ပေး​နိုင်​သူ​ဖြစ်​၏​။ သူ​သည် မင်းကြီး​၏​လက်မှုပညာသည်​များ​၊ မင်းကြီး​၏​ခမည်းတော် အကျွန်ုပ်​၏​သခင်​ဒါဝိဒ်​မင်းကြီး​၏​လက်မှုပညာသည်​များ​နှင့်အတူ အလုပ်လုပ်​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 15,
      "text": "မင်းကြီး​ကတိပေး​ထား​သည့်​အတိုင်း ဂျုံဆန်​၊ မုယောဆန်​၊ သံလွင်ဆီ​၊ စပျစ်ဝိုင်​တို့​ကို အမှုထမ်း​တို့​အတွက် ပေးပို့​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 16,
      "text": "အကျွန်ုပ်​တို့​သည် မင်းကြီး​အလို​ရှိသမျှ လက်ဘနွန်​တောင်​မှ​သစ်​တို့​ကို​ခုတ်​ပြီး ယုပ္ပေ​မြို့​အထိ ပင်လယ်​လမ်း​အတိုင်း ဖောင်ဖွဲ့​၍​ပို့လိုက်​မည်​။ ထို​နေရာ​မှ ဂျေရုဆလင်​မြို့​သို့ မင်းကြီး​ပြန်​သယ်ယူ​ပါ”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 17,
      "text": "ထိုအခါ ရှောလမုန်​မင်းကြီး​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကောက်ယူ​ခဲ့​သော အစ္စရေး​ပြည်​ရှိ​တိုင်းတစ်ပါးသား​စာရင်း​ကို ပြန်​၍​စာရင်းကောက်ယူ​ရာ လူ​ပေါင်း တစ်သိန်း​ငါးသောင်း​သုံး​ထောင့်​ခြောက်​ရာ​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 18,
      "text": "ထို​သူ​တို့​ထဲမှ အထမ်းသမား အယောက်​ခုနစ်သောင်း​၊ တောင်​ပေါ်မှ ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​နှင့် အလုပ်လုပ်သူ​တို့​ကို​ကြီးကြပ်ကွပ်ကဲ​သူ အယောက်​သုံး​ထောင့်​ခြောက်​ရာ​တို့​ကို ခန့်ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 1,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မောရိ​တောင်​ပေါ်​၊ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ထံ ထာဝရဘုရား​ထင်ရှား​တော်မူ​ရာ​နေရာ​တွင် ထာဝရဘုရား​အဖို့ အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။ ထို​နေရာ​သည် ယေဗုသိ​လူမျိုး​ဩရနန် ​၏​ကောက်နယ်တလင်း​တွင် အိမ်​တော်​တည်ဆောက်​ဖို့ ဒါဝိဒ်​မင်းကြီး​ပြင်ဆင်​ထား​သော​နေရာ​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​နန်းစံ လေး​နှစ်​မြောက်​၊ ဒုတိယ​လ​၊ ဒုတိယ​နေ့​တွင် အိမ်​တော်​ကို စတင်​တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 3,
      "text": "ရှောလမုန်​မင်းကြီး​တည်ဆောက်​သော ဘုရားသခင်​၏​အိမ်​တော်​အုတ်မြစ်​မှာ ရှေးခေတ်​တိုင်းထွာနည်း​အရ အလျား အတောင်​ခြောက်ဆယ် ​၊ အနံ အတောင်​နှစ်ဆယ် ​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 4,
      "text": "အိမ်​တော်​မျက်နှာစာ​ရှိ​ဆင်ဝင်​၏​အလျား​မှာ အိမ်​တော်​မျက်နှာစာ​အကျယ်​အတိုင်း အတောင်​နှစ်ဆယ်​၊ အမြင့်​မှာ အတောင်​တစ်ရာ့​နှစ်ဆယ် ​ရှိ​၏​။ ဆင်ဝင်​အတွင်းပိုင်း​ကို ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 5,
      "text": "ပင်မဆောင်​ကို ထင်းရှူးသား​ဖြင့်​ကာ​ပြီး ရွှေ​စင်​နှင့်​မွမ်းမံ​ထား​၏​။ နံရံ​ပေါ်တွင် စွန်ပလွံပင်ပုံ​များ​၊ ကြိုး​များ​နှင့် အလှဆင်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 6,
      "text": "အိမ်​တော်​လှပတင့်တယ်​အောင် အဖိုးတန်​ကျောက်​များ​၊ ပါရဝိမ်​ပြည်​မှ​ရွှေ​များ​ဖြင့် မွမ်းမံ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 7,
      "text": "အိမ်​တော်​၏​မျက်နှာကြက်တန်း​များ​၊ တံခါးဘောင်​များ​၊ နံရံ​များ​နှင့် တံခါးရွက်​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​ပြီး နံရံ​များ​ပေါ်တွင် ခေရုဗိမ် ​အရုပ်​များ​ကို ထွင်းထု​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 8,
      "text": "အသန့်ရှင်းဆုံးဌာန​ကို​ဆောက်လုပ်​ရာ​တွင် အလျား​မှာ အိမ်​တော်​မျက်နှာစာ​အကျယ်​အတိုင်း အတောင်​နှစ်ဆယ်​၊ အနံ​မှာ အတောင်​နှစ်ဆယ်​ရှိ​၍ ရွှေ​စင်​တာလန်​ခြောက်​ရာ ​ဖြင့် မွမ်းမံ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 9,
      "text": "ရွှေ​သံမှို​များ​၏​အလေးချိန်​မှာ ရှယ်ကယ်​ငါးဆယ် ​ရှိ​၏​။ အထက်ခန်း​များ​ကို​လည်း ရွှေ​နှင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 10,
      "text": "အသန့်ရှင်းဆုံးဌာန​ထဲတွင် ခေရုဗိမ် ​နှစ်​ပါး​ကို​ထွင်းထု​ပြီး ရွှေ​နှင့်​မွမ်းမံ​ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 11,
      "text": "ခေရုဗိမ် ​အတောင်ပံ​များ​၏​အလျား​မှာ စုစုပေါင်း​အတောင်​နှစ်ဆယ်​ရှည်​၏​။ အတောင်ပံ​တစ်​ဖက်​သည် ငါး​တောင်​ရှည်​ပြီး အိမ်​တော်​နံရံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ နောက်​တောင်ပံ​တစ်​ခု​မှာ​လည်း ငါး​တောင်​ရှည်​ပြီး နောက်​ခေရုဗိမ်​၏​အတောင်ပံ​နှင့် ထိစပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 12,
      "text": "နောက်​ခေရုဗိမ် ​၏​တောင်ပံ​တစ်ဖက်​သည်​လည်း ငါး​တောင် ​ရှည်​ပြီး အိမ်​တော်​နံရံ​နှင့် ထိစပ်​လျက်​ရှိ​၏​။ နောက်​တောင်ပံ​တစ်​ခု​မှာ​လည်း ငါး​တောင်​ရှည်​ပြီး ပထမ​ခေရုဗိမ်​၏​အတောင်ပံ​နှင့် ထိစပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 13,
      "text": "ဖြန့်ထား​သော​ခေရုဗိမ် ​တို့​၏​အတောင်ပံ​များ​သည် အတောင်​နှစ်ဆယ် အရှည်​ရှိ​၏​။ ခေရုဗိမ်ရုပ်​တို့​သည် ပင်မဆောင်​ဘက်​မျက်နှာမူ​၍ ရပ်​လျက်​နေ​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 14,
      "text": "ကန့်လန့်ကာ​ကို​လည်း အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ ကြက်သွေးရောင်​ချည်​နှင့် ချည်ချော​များ​ဖြင့် ရက်လုပ်​၏​။ ထို​ကန့်လန့်ကာ​တွင် ခေရုဗိမ်ရုပ်​များ​ကို ပုံဖော်​ရက်လုပ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 15,
      "text": "အိမ်​တော်​မျက်နှာစာ​တွင် အမြင့်​သုံးဆယ့်​ငါး​တောင် ​ရှိ​သော တိုင်​နှစ်​တိုင်​စိုက်ထူ​၍ ထို​တိုင်​တို့​၏​ထိပ်​ရှိ တိုင်ထိပ်အုပ်​မှာ ငါး​တောင်​စီ​မြင့်​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 16,
      "text": "သန့်ရှင်းရာဌာန​တွင်​ရှိ​သော​ကြိုး​ကဲ့သို့ ကြိုး​များ​ကို​ပြုလုပ်​ပြီး တိုင်ထိပ်အုပ်​တွင် ပတ်​ထား​၏​။ သလဲသီးပုံ​အလုံး​တစ်ရာ​ကို​ပြုလုပ်​ပြီး ကြိုး​များ​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 17,
      "text": "တိုင်​နှစ်​တိုင်​ကို ဗိမာန်​တော်​မျက်နှာစာ​တွင် တောင်ဘက်​တစ်​တိုင်​၊ မြောက်ဘက်​တစ်​တိုင် စိုက်ထူ​ထား​၏​။ တောင်ဘက်​ရှိ​တိုင်​ကို ယာခိန် ဟု​အမည်​ပေး​ထား​ပြီး မြောက်ဘက်​ရှိ​တိုင်​ကို ဗောဇ ဟု​အမည်​ပေး​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 1,
      "text": "ထို့ပြင် အလျား​အတောင်​နှစ်ဆယ် ​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​ဆယ်​တောင် ​ရှိ​သော ကြေးနီ​ယဇ်ပလ္လင်​ကို​လည်း ပြုလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 2,
      "text": "အချင်း​အတောင်​တစ်ဆယ်​၊ အမြင့်​ငါး​တောင် ​၊ လုံးပတ်​အတောင်​သုံးဆယ် ​ရှိ​သော စက်ဝိုင်းပုံ​ကြေးနီ​ရေကန်​ကို​လည်း သွန်းလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 3,
      "text": "ရေကန်​အဝ​၏​အောက်နား​တွင် နွားရုပ်​ပုံ ​ကို တစ်တောင် ​လျှင်​ဆယ်​ရုပ်​စီ ပတ်ပတ်လည်​ထွင်းထု​ထား​၏​။ နွားရုပ်​ပုံ​အတန်း​နှစ်​တန်း​ရှိ​ပြီး ရေကန်​နှင့်​တစ်သားတည်း​ဖြစ်​အောင် သွန်းလုပ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 4,
      "text": "ထို​ရေကန်​သည် နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​ပေါ်တွင် တည်​ထား​၏​။ နွားရုပ်​တို့​မှာ မြောက်ဘက်​သို့​သုံး​ကောင်​၊ အနောက်ဘက်​သို့​သုံး​ကောင်​၊ တောင်ဘက်​သို့​သုံး​ကောင်​၊ အရှေ့ဘက်​သို့​သုံး​ကောင် မျက်နှာမူ​ထား​၏​။ နွားရုပ်​တို့​အပေါ်​တွင် ရေကန်​ရှိ​၍ ထို​နွားရုပ်​အားလုံး အတွင်းဘက်​ကို ကျောခိုင်း​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 5,
      "text": "ရေကန်​၏​ထု​မှာ လက်တစ်ဖဝါးစာ ​ရှိ​၏​။ အနားသား​မှာ ခွက်ဖလား​အနားသား​နှင့်​တူ​ပြီး နှင်းပန်းပုံ​ဖော်ထား​၏​။ ရေ ဗတ်​သုံး​ထောင် ​ဆံ့​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 6,
      "text": "ဆေးကြော​ရန်​အတွက် အင်တုံ​ဆယ်​လုံး​ကို​လည်း သွန်းလုပ်​၍ ယာဘက်​ခြမ်း​တွင်​ငါး​လုံး​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​လုံး ထားရှိ​၏​။ မီးရှို့ရာယဇ်​နှင့်ဆိုင်သော​အကောင်​များ​ကို ထို​အင်တုံ​များ​တွင် ဆေးကြော​ရ​၏​။ ယဇ်ပုရောဟိတ်​များ​မူကား ရေကန်​ထဲတွင် ဆေးကြော​သန့်စင်​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 7,
      "text": "ထို့ပြင် စီရင်ထုံးဖွဲ့ချက်​အတိုင်း ရွှေ​ဆီမီးခုံ​ဆယ်​ခု​ကို​လည်း သွန်းလုပ်​၍ ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​ခု​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​ခု ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 8,
      "text": "စားပွဲ​ဆယ်​လုံး​ကို​လည်း ပြုလုပ်​ပြီး ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​လုံး​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​လုံး နေရာချ​ထား​၏​။ ထို့ပြင် ရွှေ​ဇလုံ​အလုံး​တစ်ရာ​ကို​လည်း ပြုလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​တို့​အတွက် ဝင်းတံတိုင်း​၊ အပြင်​တံတိုင်း​ကြီး​နှင့် ဝင်း​တံခါး​များ​ကို​လည်း ပြုလုပ်​၏​။ တံခါး​များ​ကို ကြေးနီ​ဖြင့်​မွမ်းမံ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 10,
      "text": "ရေကန်​ကို အိမ်​တော်​၏​ယာဘက်ခြမ်း အရှေ့​တောင်​ထောင့်​တွင် နေရာချ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 11,
      "text": "ထို့ပြင် ဟုရံ​သည် အိုး​များ​၊ ဂေါ်ပြား​များ​၊ ဇလုံ​များ​ကို​လည်း သွန်းလုပ်​၏​။ ထိုသို့ ဟုရံ​သည် ရှောလမုန်​မင်းကြီး​အဖို့ ဘုရားသခင်​၏​အိမ်​တော်​၌ လုပ်ဆောင်စရာ​တို့​ကို လုပ်ဆောင်​ပြီးစီး​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 12,
      "text": "တိုင်​နှစ်​တိုင်​နှင့် ထို​တိုင်​နှစ်​တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​များ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို အလှဆင်​ထား​သော​ရာဇမတ်ကွက်​နှစ်​ခု​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 13,
      "text": "ထို​ရာဇမတ်ကွက်​နှစ်​ခု​ကို​အလှဆင်​ဖို့ သလဲသီးပုံ​အလုံး​လေး​ရာ​၊ တိုင်​ထိပ်​ရှိ​ဖလားပုံ​တိုင်အုပ်​နှစ်​ခု​ကို​အလှဆင်​ဖို့ ရာဇမတ်ကွက်​တစ်ခုစီ​အတွက် သလဲသီးပုံ​အတန်း​နှစ်​တန်း​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 14,
      "text": "တွန်းလှည်း​များ​နှင့် တွန်းလှည်း​များ​ပေါ်​တင်ထား​ရန် အင်တုံ​များ​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 15,
      "text": "ရေကန်​တစ်​ကန်​နှင့် ရေကန်​အောက်ခံ​နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 16,
      "text": "အိုး​များ​၊ ဂေါ်ပြား​များ​၊ ခက်ရင်းခွ​များ​ကို​လည်း သွန်းလုပ်​၏​။ ဤသို့ ဟုရံအဘိ​သည် ရှောလမုန်​မင်းကြီး​အဖို့ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အားလုံး​ကို ပြောင်လက်​နေ​သော​ကြေးနီ​များ​ဖြင့် သွန်းလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 17,
      "text": "ရှင်ဘုရင်​သည် ထို​ပစ္စည်း​အားလုံး​ကို သုကုတ်​မြို့​နှင့်​ဇေရဒ ​မြို့​ကြား ဂျော်ဒန်​မြစ်ဝှမ်း​ရှိ ရွှံ့မြေထူထပ်​ရာ​အရပ်​၌ သွန်းလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 18,
      "text": "ရှောလမုန်​မင်းကြီး​သည် များပြား​လှ​သော​အသုံးအဆောင်​များ​ကို သွန်းလုပ်​သည်​ဖြစ်၍ ကြေးနီ​အလေးချိန် မည်မျှ​ရှိ​သည်​ကို​ပင် မ​သိ​ရ​ချေ​။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 19,
      "text": "ရှောလမုန်​မင်းကြီး​သည် ဘုရားသခင်​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 20,
      "text": "စီရင်ထုံးဖွဲ့ချက်​အတိုင်း သန့်ရှင်းရာဌာန​တွင်​ထွန်းညှိ​ရန် ရွှေ​စင်​ဆီမီးခုံ​နှင့် မီးခွက်​များ​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 21,
      "text": "ရွှေ​အတိပြီး​သော ဆီမီးခုံ​ရှိ ပန်းပွင့်​များ​၊ မီးခွက်​များ​၊ မီးငြှိမ်းကိရိယာ​များ​၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 22,
      "text": "မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အိမ်​တော်​တံခါး​၊ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် ဗိမာန်တော်​ပင်မဆောင်​၏​တံခါး​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 1,
      "text": "ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အဖို့ လုပ်ဆောင်စရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​ပြီးစီး​လေ​၏​။ ခမည်းတော်​ဒါဝိဒ်​မင်းကြီး ဆက်ကပ်လှူဒါန်း​ထား​သော ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​ရှိသမျှ​တို့​ကို ရှောလမုန်​မင်းကြီး​ယူဆောင်​လာ​ပြီး ဘုရားသခင်​၏​အိမ်​တော်​ရှိ​ဘဏ္ဍာတိုက်​ထဲတွင် ထားရှိ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 2,
      "text": "ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့ ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 3,
      "text": "ထို့ကြောင့် သတ္တမ​လ ပွဲတော်​ကျင်းပ​ချိန်​တွင် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံ စုရုံး​ရောက်ရှိ​လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 4,
      "text": "အစ္စရေး​သက်ကြီးဝါကြီး​အားလုံး ရောက်လာ​သောအခါ လေဝိ​အမျိုး​တို့​သည် သေတ္တာ​တော်​ကို ပင့်ဆောင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 5,
      "text": "သူ​တို့​သည် သေတ္တာ​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် တဲ​တော်​အတွင်း​ရှိ သန့်ရှင်း​သော​အသုံးအဆောင်​အားလုံး​ကို သယ်ဆောင်​လာ​ကြ​၏​။ ဤ​အရာ​တို့​ကို ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​များ​သည် သယ်ဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 6,
      "text": "ရှောလမုန်​မင်းကြီး​နှင့် သူ့​ထံသို့​စုဝေး​ရောက်ရှိ​လာ​သော​အစ္စရေး​လူထု​အပေါင်း​တို့​သည် သေတ္တာ​တော်​ရှေ့​တွင် မ​ရေ​မ​တွက်​နိုင်​အောင်​များပြား​လှ​သော သိုး​နွား​တို့​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး အိမ်​တော်​အတွင်းခန်း အသန့်ရှင်းဆုံးဌာန​တော်​ရှိ ခေရုဗိမ် ​တို့​၏​အတောင်​တော်​အောက်​တွင် နေရာချ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 8,
      "text": "ခေရုဗိမ် ​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နေရာ​အထက်​တွင် ဖြန့်ထား​လျက်​ရှိ​သဖြင့် ထို​ခေရုဗိမ်​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နှင့် ထမ်းပိုး​တော်​တို့​အပေါ် အုပ်မိုး​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 9,
      "text": "သေတ္တာ​တော်​ထမ်းပိုး​တို့​သည် ရှည်​လွန်း​သဖြင့် ထမ်းပိုး​အစွန်းပိုင်း​ကို အပြင်​မှ​မ​မြင်​ရ​သော်လည်း သန့်ရှင်းရာဌာန​မှ လှမ်းမြင်​ရ​၏​။ ယနေ့​ထိတိုင် ထမ်းပိုး​များ ထို​နေရာ​တွင် ရှိ​နေ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 10,
      "text": "သေတ္တာ​တော်​ထဲတွင် ကျောက်ပြား​နှစ်​ချပ်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ ထို​ကျောက်ပြား​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး ဟောရပ်​အရပ်​၌ ထာဝရဘုရား​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​စဉ် မောရှေ​ထည့်သွင်း​ထား​သော​ကျောက်ပြား​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 11,
      "text": "ယဇ်ပုရောဟိတ်​အားလုံး​သည် မိမိ​တို့​အလှည့်ကျ​သည်​ကို​မ​စောင့်​ဘဲ မိမိတို့ကိုယ်ကို သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​တို့​သည် သန့်ရှင်းရာဌာန​မှ ထွက်လာ​ကြ​သောအခါ"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 12,
      "text": "အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​နှင့် သူ​တို့​၏​သားမြေး​များ​၊ ညီအစ်ကို​များ​ပါဝင်​သော လေဝိ​အမျိုး​သီချင်းသည်​အပေါင်း​တို့​သည် ပိတ်ချောထည်​ကို ဝတ်ဆင်​လျက် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​များ​ကိုင်ဆောင်​လျက် ယဇ်ပလ္လင်​အရှေ့ဘက်​တွင် ရပ်​နေ​ကြ​၏​။ တံပိုးခရာမှုတ်​ရ​သော​ယဇ်ပုရောဟိတ် အပါး​တစ်ရာ့​နှစ်ဆယ်​တို့​လည်း သူ​တို့​နှင့်အတူ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 13,
      "text": "တံပိုးမှုတ်​သူ​များ​နှင့် သီချင်းဆို​သူ​များ​သည် စည်းဝါးညီညီ​တစ်သံတည်း​ဖြင့် ထာဝရဘုရား​ထံ ဂုဏ်တော်​ချီးမွမ်း​သီဆို​ကြ​၏​။ တံပိုးသံ​၊ လင်းကွင်းသံ စသော​တူရိယာသံ​များ​နှင့်တကွ ထာဝရဘုရား​ထံ “​ကိုယ်တော်​ကောင်းမြတ်​တော်မူ​၏​။ မေတ္တာကရုဏာ​တော် အစဉ်အမြဲ​တည်​၏​”​ဟု အသံ​ကို​လွှင့်​၍ ချီးမွမ်းသီဆို​ကြ​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​ဖုံးလွှမ်း​သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 14,
      "text": "ထို​မိုးတိမ်​များ​ကြောင့် ယဇ်ပုရောဟိတ်​တို့​သည် အမှု​တော်​ဆောင်​၍​ပင် မ​ရ​ကြ​တော့​ပေ​။ ဤသို့ဖြင့် ထာဝရဘုရား​၏​ဘုန်း​တော်​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ဖုံးလွှမ်း​လျက်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 1,
      "text": "ထိုအခါ ရှောလမုန်​မင်းကြီး​က “​တိမ်ထုကြီး​ထဲတွင် စံမြန်း​တော်မူ​မည်​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 2,
      "text": "ကိုယ်တော်​အဖို့ မြင့်မြတ်​သော​အိမ်​တော်​၊ ကိုယ်တော် အစဉ်အမြဲ​ကိန်းဝပ်​တော်မူ​ရာ​နေရာ​ကို အကျွန်ုပ်​တည်ဆောက်​ပါ​ပြီ​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 3,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ရပ်​လျက်​နေ​ကြ​သော​အစ္စရေး​လူထု​အပေါင်း​တို့​ဘက်​သို့​လှည့်​၍ အစ္စရေး​လူထု​တစ်ရပ်လုံး​ကို ကောင်းချီးပေး​ပြီးလျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 4,
      "text": "“​အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား နှုတ်​ကတိထား​တော်မူ​ခဲ့​သည်​ကို လက်တွေ့ ပြည့်စုံ​စေ​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 5,
      "text": "ကိုယ်တော်​က ‘​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို​တည်ဆောက်​ရန် အစ္စရေး​အမျိုးအနွယ်​တို့​ပိုင်​သော​မြို့​တစ်​မြို့​မြို့​ကို ငါ​မ​ရွေးချယ်​ခဲ့​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် မည်သူ့​ကို​မျှ ငါ​မ​ရွေးချယ်​ခဲ့​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 6,
      "text": "သို့သော် ငါ့​နာမ​တော်​တည်​ရန် ဂျေရုဆလင်​မြို့​ကို ငါ​ရွေးချယ်​ခဲ့​ပြီ​။ ထိုနည်းတူ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် ဒါဝိဒ်​ကို​လည်း ငါ​ရွေးချယ်​ခဲ့​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး စိတ်ဆန္ဒ​ရှိ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 8,
      "text": "သို့သော် ထာဝရဘုရား​က ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​နာမ​အဖို့ အိမ်​တော်​ကို​တည်ဆောက်​ရန် သင်​စိတ်ဆန္ဒ​ရှိ​လေ​ပြီ​။ ထို​စိတ်ဆန္ဒ​ရှိ​ခြင်း​သည် ကောင်း​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 9,
      "text": "သို့သော် အိမ်​တော်​ကို သင်​မ​တည်ဆောက်​ရ​။ သင့်​ရင်သွေး​၊ သင့်​သား​သာလျှင် ငါ့​နာမ​အဖို့ အိမ်​တော်​ကို တည်ဆောက်​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 10,
      "text": "ယခုမှာ ထာဝရဘုရား​သည် မိမိ​ပြု​ထား​သော​ကတိ​တော်​ကို တည်​စေ​ပြီ​။ ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ငါ​သည် ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​ပြီး အစ္စရေး​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​နေ​ရ​ပြီ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို​လည်း တည်ဆောက်​ခဲ့​ပြီ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 11,
      "text": "အစ္စရေး​လူမျိုး​တို့​နှင့်​ဖွဲ့​ခဲ့​သော ထာဝရဘုရား​၏​ပဋိညာဉ်​ပါ​သေတ္တာ​တော်​ကို ထို​အိမ်​တော်​တွင်​ထားရှိ​ပြီ​”​ဟု မြွက်ဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 12,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် လက်​ကို​ဖြန့်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 13,
      "text": "ရှောလမုန်​မင်းကြီး​သည် ဝင်း​တော်​အလယ်​၌ မိမိ​ဆောက်လုပ်​၍​တည်​ထား​သော အလျား​ငါး​တောင် ​၊ အနံ​ငါး​တောင်​၊ အမြင့်​သုံး​တောင် ​ရှိ​သည့် ကြေးနီ​စင်မြင့်​ပေါ်သို့​တက်​ပြီး အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​၌ ဒူးထောက်​၍ လက်​ကို ကောင်းကင်​သို့​ဖြန့်​လျက်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 14,
      "text": "“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကောင်းကင်​နှင့်​မြေကြီး​ပေါ်တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​ပါ​။ ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​သော ကိုယ်တော်​၏​အစေအပါး​တို့​အား ကရုဏာ​တော်​ကို ပြ​တော်မူ​ပြီ​။ ပဋိညာဉ်​ကို တည်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 15,
      "text": "ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၌ ထား​ခဲ့​သော​ကတိ​တော်​များ​ကို တည်​စေ​တော်မူ​ပြီ​။ နှုတ်​တော်​ဖြင့် ကတိထား​တော်မူ​ခဲ့​သည်​ကို ယနေ့ လက်တွေ့​ပြည့်စုံ​စေ​ပါ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ပညတ်တရား​အတိုင်း တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မ​ပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 17,
      "text": "အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး ဒါဝိဒ်​မင်းကြီး​အား မိန့်ဆို​ခဲ့​သည့်​ကတိ​တော်​ကို ယခု အမှန်​ဖြစ်လာ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 18,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် လူသား​တို့​နှင့်အတူ ဤ​မြေကြီး​ပေါ်တွင် ကိန်းဝပ်​တော်မူ​မည်လော​။ ကြည့်ရှု​လော့​။ ကောင်းကင်​သာမက အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​ဆောက်​ထား​သော​ဤ​အိမ်​တော်​ကား အဘယ်​ဆိုဖွယ်ရာ​ရှိ​ပါ​လိမ့်​မည်နည်း​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 19,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​ဆုတောင်း​အသနားခံ​သည်​ကို ဂရုစိုက်​လှည့်​ပါ​။ ကိုယ်တော့်​ရှေ့​တော်​တွင် ကိုယ်တော့်​အစေအပါး တောင်းလျှောက်​သော​ဆုတောင်းသံ​၊ အော်ဟစ်သံ​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 20,
      "text": "‘​ဤ​နေရာ​၌ ငါ့​နာမ​တည်​မည်​’​ဟု ကိုယ်တော်​မိန့်မှာ​ထား​သည့်​အတိုင်း ဤ​နေရာ​၊ ဤ​အိမ်​တော်​ကို နေ့ညမပြတ်​စောင့်ကြည့်​တော်မူ​ပါ​။ ဤ​နေရာ​သို့​မျက်နှာမူ​ပြီး​ဆုတောင်း​သော ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 21,
      "text": "ကိုယ်တော်​၏​အစေအပါး​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​ကြ​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​။ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 22,
      "text": "တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ကို ပြစ်မှား​မိ​သဖြင့် ကျိန်ဆိုစရာ​အကြောင်း​ရှိ​၍ ဤ​အိမ်​တော်​ရှိ ကိုယ်တော်​၏​ယဇ်ပလ္လင်​ရှေ့​တွင် လာရောက်​ကျိန်ဆို​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 23,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 24,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​သဖြင့် ရန်သူ​ကို ရှုံးနိမ့်​သွား​ပြီးမှ သူ​တို့​သည် ကိုယ်တော့်​ထံ​ပြန်လာ​၍ နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​အိမ်​တော်​၌ ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 25,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။ သူ​တို့​နှင့် သူ​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​သို့ သူ​တို့​ကို ပြန်လည်​ပို့ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 26,
      "text": "ကိုယ်တော့်​ကို​ပြစ်မှား​မိ​၍ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​သော​အားဖြင့် ကောင်းကင်​တံခါး​ကို​ပိတ်​လျက် မိုးခေါင်​စေ​သောအခါ သူ​တို့​သည် အပြစ်လမ်း​မှ​ပြန်လှည့်​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ဝန်ခံ​လျက် ဤ​နေရာ​သို့​မျက်နှာမူ​ပြီး ဆုတောင်း​အသနားခံ​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 27,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​ပါ​။ မှန်ကန်​သော​လမ်း​ကို လိုက်လျှောက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အား အမွေ​ပေး​တော်မူ​သော ကိုယ်တော်​၏​မြေ​ပေါ်တွင် မိုး​ကို​ရွာ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 28,
      "text": "ပြည်​တော်​တွင် ငတ်မွတ်ခြင်းဘေး​၊ ကပ်ရောဂါ​ဘေး ကျရောက်​သောအခါ​၊ လောင်မီးပိုး​၊ မှိုရောဂါ​၊ ကျိုင်းကောင်​၊ နှံကောင်​တို့​ကျ​သောအခါ​၊ ပြည်​တော်​၏​မြို့​တံခါး​တို့​တွင် ရန်သူ​တို့​ဝိုင်း​လာ​သောအခါ​၊ ဘေးဒဏ်​တစ်စုံတစ်ရာ​၊ အနာရောဂါ​တစ်စုံတစ်ရာ ဖြစ်​သောအခါ"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 29,
      "text": "တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​နာကျင်​ခြင်း​၊ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 30,
      "text": "ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ခွင့်လွှတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် လူသား​အားလုံး​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​အကြံအစည်​ကို သိ​တော်မူ​သည်​နှင့်အညီ သူ​တို့​၏​အကျင့်​အတိုင်း သူ​တို့​ကို ပြန်​ပေးဆပ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 31,
      "text": "သို့မှသာ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​တွင် သူ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​၍ ကိုယ်တော်​၏​လမ်း​တော်​ကို လိုက်လျှောက်​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 32,
      "text": "ထို့ပြင် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​မ​ဟုတ်​သော တစ်ပါးအမျိုးသား​တို့​သည်​လည်း ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​၊ အားကြီး​သော​လက်​တော်​၊ တန်ခိုးကြီး​သော​လက်ရုံး​တော်​ကြောင့် ဝေး​သော​အရပ်​မှ​လာ​၍ ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး ဆုတောင်း​ကြ​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 33,
      "text": "ကိုယ်တော်​သည် ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​ပါ​၊ ထို​တစ်ပါးအမျိုးသား​တို့ တောင်းလျှောက်​သမျှ​ကို ပြု​ပေး​တော်မူ​ပါ​။ သို့မှ မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကဲ့သို့ ကိုယ်တော်​၏​နာမ​တော်​ကို​သိကျွမ်း​၍ ကိုယ်တော့်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တည်ဆောက်​သော ဤ​အိမ်​တော်​ကို​လည်း ကိုယ်တော်​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ဟု ခေါ်ဝေါ်​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 34,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​တို့​သည် ကိုယ်တော်​စေ​ရာ​လမ်း​အတိုင်း ရန်သူ​တို့​အား စစ်​ထွက်တိုက်​ရ​သောအခါ သူ​တို့​သည် ကိုယ်တော်​ရွေးချယ်​တော်မူ​သော​ဤ​မြို့​၊ ကိုယ်တော်​၏​နာမ​တော်​အဖို့ အကျွန်ုပ်​တည်ဆောက်​သော​အိမ်​တော်​သို့ မျက်နှာမူ​ပြီး ကိုယ်တော့်​ထံ​ဆုတောင်း​ကြ​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 35,
      "text": "ကောင်းကင်ဘုံ​မှ​နေ​၍ သူ​တို့​၏​ဆုတောင်း​အသနားခံ​သံ​ကို နားညောင်း​တော်မူ​ပြီး သူ​တို့​၏​စစ်မှု​ကို စီရင်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 36,
      "text": "မ​ပြစ်မှား​ဘဲ​နေ​နိုင်​သူ တစ်ယောက်​မျှ​မ​ရှိ​သည်​ဖြစ်၍ သူ​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​လျှင် ကိုယ်တော်​သည် သူ​တို့​ကို​အမျက်ထွက်​၍ ရန်သူ​လက်​သို့​အပ်လိုက်​သဖြင့် ရပ်နီး​ရပ်ဝေး​ပြည်​သို့ သူ​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​ပြီး"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 37,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ သူ​တို့​စိတ်နှလုံး​ပြောင်းလဲ​၍ ‘​အကျွန်ုပ်​တို့​ပြစ်မှား​မိ​ပါ​ပြီ​။ ဒုစရိုက်​ကို​ပြု​မိ​ပါ​ပြီ​။ မကောင်းမှု​များ​ကို​ပြု​မိ​ပါ​ပြီ​’​ဟု ဆို​လျက် နောင်တရ​ကာ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အရပ်​၌ပင် ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံ​လျှင်​၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 38,
      "text": "သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​၌ပင် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ကိုယ်တော့်​ထံ​ပြန်လာ​၍ သူ​တို့​၏​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေးသနား​တော်မူ​သော​ပြည်​၊ ကိုယ်တော်​ရွေးချယ်​တော်မူ​ရာ​မြို့​၊ နာမ​တော်​အဖို့ အကျွန်ုပ်​တည်ဆောက်​သော​အိမ်​တော်​ဘက်​သို့ မျက်နှာမူ​ပြီး ဆုတောင်း​ကြ​လျှင်"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 39,
      "text": "ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ​နေ​၍ သူ​တို့​ဆုတောင်း​အသနားခံသံ​ကို နားညောင်း​တော်မူ​ပြီး သူ​တို့​၏​အမှု​ကို​စီရင်​ပေး​တော်မူ​ပါ​။ ကိုယ်တော့်​ကို​ပြစ်မှား​မိ​သော ကိုယ်တော့်​လူမျိုး​တော်​တို့​၏​အပြစ်​ကို ခွင့်လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 40,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ယခု မြင်​တော်မူ​လှည့်​ပါ​။ ဤ​နေရာ​တွင် ဆုတောင်း​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 41,
      "text": "အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​နှင့် ကိုယ်တော်​၏​အစွမ်းတန်ခိုး​တည်​ရာ​သေတ္တာ​တော်​နှင့်အတူ စံ​တော်မူ​ရာ​နေရာ​သို့ ကြွ​တော်မူ​ပါ​။ အို ဘုရားသခင်​ထာဝရဘုရား​၊ ယဇ်ပုရောဟိတ်​တို့​သည် ကယ်တင်​ခြင်း​တန်ဆာ​ကို​ဝတ်ဆင်​၍ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​သည်​လည်း ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​၌ ဝမ်းမြောက်​ကြ​ပါစေသော​။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 42,
      "text": "အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​ဘိသိက်ပေး​တော်မူ​သော​သူ​ကို မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​မင်းကြီး​အပေါ်​ထား​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို အောက်မေ့​တော်မူ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 1,
      "text": "ထိုသို့ ရှောလမုန်​မင်းကြီး​ဆုတောင်း​ပြီး​သောအခါ ကောင်းကင်​မှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်​နှင့်​ပူဇော်သက္ကာ​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည်​လည်း အိမ်​တော်​ကို ဖုံးလွှမ်း​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 2,
      "text": "ထိုသို့ ထာဝရဘုရား​အိမ်​တော်​ကို ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ဖုံးလွှမ်း​သဖြင့် ယဇ်ပုရောဟိတ်​တို့​ပင် ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့ ဝင်​၍​မ​ရ​ချေ​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 3,
      "text": "ဤသို့ မီး​ကျလာ​ခြင်း​၊ အိမ်​တော်​ပေါ်သို့ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ဆင်းသက်​လာ​ခြင်း​တို့​ကို အစ္စရေး​အမျိုးသား​အပေါင်း​တို့​မြင်​သောအခါ ဒူးထောက်​၍ ကျောက်ခင်းကြမ်းပြင်​ပေါ်တွင် ပျပ်ဝပ်​လျက် “​ကိုယ်တော်​ကောင်းမြတ်​တော်မူ​ပါ​၏​၊ မေတ္တာကရုဏာ​တော် အစဉ်​တည်​ပါ​၏​”​ဟု ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​လျက် ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 4,
      "text": "ထို့နောက် ရှင်ဘုရင်​နှင့်တကွ လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ယဇ်ပူဇော်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 5,
      "text": "ရှောလမုန်​မင်းကြီး​သည် နွား​ကောင်ရေ​နှစ်သောင်းနှစ်ထောင်​၊ သိုးကောင်ရေ​တစ်သိန်းနှစ်သောင်း​တို့​ကို ယဇ်​ပူဇော်​၏​။ ရှင်ဘုရင်​နှင့် လူထု​အပေါင်း​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ဆက်ကပ်​ရာ​တွင်"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် မိမိ​တို့​တာဝန်ကျ​ရာ​နေရာ​တွင် ရပ်​နေ​ရ​၏​။ လေဝိ​အမျိုး​တို့​က​လည်း ဒါဝိဒ်​မင်းကြီး​ရေးဖွဲ့​ခဲ့​သော ထာဝရဘုရား​အား​ချီးမွမ်း​ခြင်း​သီချင်း​ကို ထာဝရဘုရား​ထံ ချီးမွမ်းသီဆို​ရန် တူရိယာ​များ​ဖြင့် ရပ်​နေ​ကြ​၏​။ သူ​တို့​က “​ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​”​ဟု သီဆို​သောအခါ မျက်နှာချင်းဆိုင်​တွင်​ရပ်​နေ​သော ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​များ​ကို​မှုတ်​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​မူကား မတ်တတ်ရပ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 7,
      "text": "ရှောလမုန်​မင်းကြီး​တည်​ထား​သော​ကြေးနီ​ယဇ်ပလ္လင်​၌ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို သန့်ရှင်း​စေ​၍ ထို​နေရာ​တွင်​ပင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 8,
      "text": "ထို​အချိန်​တွင်​ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်​ကြီး​အမြောက်အမြား​နှင့်အတူ ခုနစ်​ရက်​တိုင်တိုင် ပွဲတော်​ကျင်းပ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 9,
      "text": "ယဇ်ပလ္လင်​ဆက်ကပ်ပွဲ​ကို ခုနစ်​ရက်​ကျင်းပ​ပြီး ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက် ကျင်းပ​၏​။ ရှစ်​ရက်​မြောက်​သော​နေ့​တွင် ဓမ္မစည်းဝေးပွဲ​ကြီး​ကို ကျင်းပ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 10,
      "text": "သတ္တမ​လ​၊ နှစ်ဆယ့်​သုံး​ရက်​နေ့​တွင် လူ​တို့​ကို မိမိ​တို့​အိမ်​သို့​ပြန်လွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၊ ရှောလမုန်​မင်းကြီး​မှစ၍ မိမိ​လူမျိုး​တော်​အစ္စရေး​အတွက် ထာဝရဘုရား​ပြု​ပေး​သော ကောင်းကျိုးချမ်းသာ​များ​ကြောင့် ဝမ်းမြောက်​ပျော်ရွှင်​စွာ​ဖြင့် ပြန်သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 11,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် မိမိ​၏​နန်းတော်​ကို​တည်ဆောက်​ရာ​တွင် စိတ်​ထဲ၌​ပေါ်လာ​သမျှ​အတိုင်း တည်ဆောက်​ခဲ့​၏​။ ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ရှင်ဘုရင်​၏​နန်းတော်​တို့​ကို အောင်မြင်​စွာ​တည်ဆောက်​ပြီးစီး​သွား​သောအခါ"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား ညအချိန်​ထင်ရှားပြ​တော်မူ​၍ “​သင့်​ဆုတောင်းသံ​ကို ငါ​နားညောင်း​ပြီ​။ ဤ​နေရာ​ကို ငါ့​အဖို့ ယဇ်ပူဇော်​ရာ​အိမ်​အဖြစ် ငါ​ရွေးချယ်​ပြီ​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 13,
      "text": "ငါ​သည် မိုးကောင်းကင်​ကို​ပိတ်​ထား​ပြီး မိုးခေါင်​စေ​သောအခါ​၊ ပြည်ထွက်သီးနှံ​ကို​ဝါးမျို​ရန် နှံကောင်​များ​ကို အမိန့်ပေး​သောအခါ​၊ ငါ့​လူမျိုး​တော်​တို့​တွင် ကပ်ဘေး​ကျရောက်​စေ​သောအခါ​၊"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 14,
      "text": "ငါ့​နာမ​ဖြင့်​သမုတ်​သော​ငါ့​လူမျိုး​တော်​တို့​သည် မိမိ​တို့​၏​ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​ပြီး ကိုယ်​ကို​နှိမ့်ချ​လျက် ငါ့​မျက်နှာ​ကို​ရှာ​ပြီး ဆုတောင်း​လျှင် ကောင်းကင်ဘုံ​မှ ငါ​နားညောင်း​မည်​။ သူ​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​ပြီး သူ​တို့​ပြည်​ကို ချမ်းသာ​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် မျက်စိ​ကို​ဖွင့်​လျက် ဤ​အရပ်​မှ ဆုတောင်းသံ​ကို နားညောင်း​မည်​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 16,
      "text": "ငါ့​နာမ အစဉ်​တည်​စေရန် ဤ​အိမ်​တော်​ကို ငါ​ရွေးချယ်​၍ သန့်ရှင်း​စေ​ပြီ​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 17,
      "text": "သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​အတိုင်း သင်​သည် ငါ့​ရှေ့​၌​အသက်ရှင်​လျှောက်လှမ်း​၍ သင့်​အား ငါ​မိန့်မှာ​ထား​သမျှ​အတိုင်း လုပ်ဆောင်​ပြီး ငါ​၏​ပညတ်ချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​လျှင်"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 18,
      "text": "‘​အစ္စရေး​လူမျိုး​ကို​အုပ်ချုပ်​သော​သင့်​မျိုးဆက် မ​ပြတ်​ရ​’​ဟု သင့်​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​နှင့် ပဋိညာဉ်ဖွဲ့​ခဲ့​သည့်​အတိုင်း သင့်​နိုင်ငံ​၏​ရာဇပလ္လင်​ကို တည်မြဲ​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 19,
      "text": "သို့သော် သင်​တို့​သည် ငါ့​ထံမှ​ကျောခိုင်း​သွား​၍ သင်​တို့​အား ငါ​မိန့်မှာ​ထား​သော ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စွန့်ပစ်​ပြီး အခြား​ဘုရား​များ​ကို သွား​၍​ဝတ်ပြု​ကိုးကွယ်​မည်​ဆို​လျှင်"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 20,
      "text": "သူ​တို့​ကို ငါ​ပေး​ထား​သော​ပြည်​မှ ဖယ်ထုတ်​ပစ်​မည်​။ ငါ့​နာမ​အဖို့ ငါ​သန့်ရှင်း​စေ​သော​ဤ​အိမ်​တော်​ကို​လည်း ငါ့​ရှေ့မှောက်​မှ ဖယ်ရှား​ပြီး လူမျိုး​တကာ​တို့​အလယ်​တွင် ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 21,
      "text": "ဤ​သန့်ရှင်းမြင့်မြတ်​သော​အိမ်​တော်​အနား​မှ ဖြတ်သွား​သော​သူ​တိုင်း အံ့အားသင့်​လျက် ‘​ဤ​ပြည်​နှင့် ဤ​အိမ်​တော်​ကို အဘယ်ကြောင့် ထာဝရဘုရား​ဤသို့​ပြု​တော်မူ​သနည်း​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 22,
      "text": "ထိုအခါ လူ​တို့​က ‘သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သူ​တို့​စွန့်ပယ်​၍ အခြား​သော​ဘုရား​တို့​ကို ဆည်းကပ်​လျက် ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့် သူ​တို့​ကို ဤ​ဘေးအန္တရာယ်​အပေါင်း​နှင့် ကြုံတွေ့​စေ​တော်မူ​ပြီ​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် သူ​စံမြန်း​ရန်​နန်းတော်​ကို တည်ဆောက်​ချိန် အနှစ်​နှစ်ဆယ်​ကြာ​သောအခါ"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​သည် မိမိ​အား ဟုရံ ​မင်းကြီး​ပေး​ထား​သော​မြို့ရွာ​များ​ကို ပြန်လည်​တည်ဆောက်​ပြီး အစ္စရေး​အမျိုးသား​တို့​အား ထို​မြို့​များ​တွင် နေထိုင်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 3,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဟာမတ်ဇောဘတ်​မြို့​ကို ချီတက်​သိမ်းပိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 4,
      "text": "ထို့ပြင် ကန္တာရ​အရပ်​တွင် တာဒမော်​မြို့​နှင့် ဟာမတ်​အရပ်​တွင် ပစ္စည်းသိုလှောင်ရာ​မြို့​များ​ကို တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 5,
      "text": "မြို့ရိုး​များ​၊ မြို့​တံခါး​များ​၊ ကန့်လန့်ကျင်​များ​ပါရှိ​သည့် ခံတပ်​မြို့​ဖြစ်​သော အထက်​ဗေသောရုန်​မြို့​နှင့် အောက်​ဗေသောရုန်​မြို့​တို့​ကို​လည်း ပြန်လည်​တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 6,
      "text": "ဗာလတ်​မြို့​၊ ရှောလမုန်​ဘဏ္ဍာသိုလှောင်ရာ​မြို့​များ​၊ စစ်ရထား​မြို့​များ​၊ မြင်းစီးသူရဲ​မြို့​များ​သာမက ဂျေရုဆလင်​မြို့​၊ လက်ဘနွန်​တောင်​အပါအဝင် မိမိ​အုပ်စိုး​ရာ​နယ်မြေ​ရှိသမျှ​တို့​တွင် ဆောက်​လို​သော​အဆောက်အအုံ​များ​ကို​လည်း စိတ်တိုင်းကျ​ဆောက်လုပ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​မ​ဟုတ်​သော ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထဲမှ ကြွင်းကျန်​သော​လူမျိုး​အားလုံး​နှင့်"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 8,
      "text": "အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 9,
      "text": "ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ကျွန်​အဖြစ်​မ​ထားရှိ​ဘဲ စစ်သူရဲ​များ​၊ မင်းမှုထမ်း​များ​၊ အကြီးအကဲ​များ​၊ တပ်မှူး​များ​၊ ရထားမှူး​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 10,
      "text": "မင်းမှုထမ်း​တို့​ကို​ကြီးကြပ်​သော ရှောလမုန်​မင်းကြီး​၏​မှူးမတ်​အကြီးအကဲ အယောက်​နှစ်ရာ့​ငါးဆယ်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 11,
      "text": "ရှောလမုန်​မင်းကြီး​က “​ထာဝရဘုရား​၏​သေတ္တာ​တော်​ရောက်ရှိ​ရာ​နေရာ​တိုင်း​သည် သန့်ရှင်း​သည်​ဖြစ်၍ ဖာရော​မင်းကြီး​၏​သမီး​တော်​သည် အကျွန်ုပ်​၏​မိဖုရား​ဖြစ်​သော်လည်း အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​၏​နန်းဆောင်​တွင် မ​နေ​သင့်​”​ဟု ဆို​လျက် ဖာရော​မင်းကြီး​၏​သမီး​တော်​ကို ဒါဝိဒ်​မြို့​မှ သူ့​အဖို့​ဆောက်လုပ်​ပေး​သော​နန်းတော်​သို့ ပို့ဆောင်​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 12,
      "text": "ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဆင်ဝင်​ရှေ့​တွင်​တည်​ထား​သော ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ပေါ်တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 13,
      "text": "မောရှေ​၏​ပညတ်တော်​တွင်​ပါရှိ​သည့်​အတိုင်း နေ့စဉ်​ဆက်သ​နေ​သော​အလှူ​များ​၊ ဥပုသ်နေ့​၊ လဆန်းနေ့​တို့​တွင် ဆက်သ​သော​အလှူ​များ​၊ တစ်နှစ်​လျှင်​သုံး​ကြိမ်​ကျင်းပ​ရ​သော​ပွဲတော်​များ​ဖြစ်​သည့် တဆေးမဲ့မုန့်​ပွဲတော်​၊ ခုနစ်သီတင်း​ပွဲတော်​၊ ယာယီတဲစု​ပွဲတော်​တို့​တွင် ဆက်သ​သော​အလှူ​များ​ကို ပူဇော်​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 14,
      "text": "ခမည်းတော်​ဒါဝိဒ်​မင်းကြီး စီမံ​ထား​ခဲ့​သည့်​အတိုင်း ယဇ်ပုရောဟိတ်​တို့​ကို အလှည့်ကျ တာဝန်​ခွဲဝေ​ပေး​၏​။ လေဝိ​အမျိုးသား​တို့​ကို​လည်း နေ့စဉ် ယဇ်ပုရောဟိတ်​တို့​ရှေ့​တွင် အမှု​တော်​ထမ်းဆောင်​ရ​မည့်​တာဝန်​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ရ​မည့်​တာဝန်​ကို ခွဲဝေ​ပေး​၏​။ တံခါး​တိုင်း​တွင် အလှည့်ကျ​တံခါးစောင့်​များ​ကို​လည်း ခန့်အပ်​ထား​၏​။ ဤသည်မှာ ဘုရားသခင်​၏​လူ ဒါဝိဒ်​မင်းကြီး​၏​အမိန့်​တော်​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 15,
      "text": "ဘဏ္ဍာတိုက်​မှစ၍ မည်သည့်​ကိစ္စရပ်​မဆို ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​သည် ဘုရင့်​အမိန့်​တော်​ကို တသဝေမတိမ်း​လိုက်နာ​ကြ​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 16,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​အုတ်မြစ်ချ​သည့်​နေ့​မှစ၍ အားလုံး​ပြီးစီး​သည်​အထိ ရှောလမုန်​မင်းကြီး လုပ်ဆောင်​ရ​မည့်​လုပ်ငန်း​များ​အားလုံး ဆောင်ရွက်​ပြီးစီး​လေ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​ဆောက်လုပ်​ခြင်း​အမှု ပြီးစီး​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 17,
      "text": "ထို့နောက်တွင် ရှောလမုန်​မင်းကြီး​သည် ဧဒုံ​ပြည်​၊ ပင်လယ်​ကမ်းခြေ​ရှိ ဧဇယုန်ဂါဗာ​မြို့​နှင့် ဧလတ်​မြို့​သို့ သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 18,
      "text": "ဟုရံ ​မင်းကြီး​သည် ပင်လယ်ပြင်​အကြောင်း​သိနားလည်​သော မိမိ​အမှုထမ်း​သင်္ဘောသား​များ​နှင့်တကွ သင်္ဘော​များ​ကို ရှောလမုန်​မင်းကြီး​ထံ စေလွှတ်​၍ ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ ဩဖိရ​မြို့​သို့ ရွက်လွှင့်​သွား​ကြ​ပြီး ရွှေ​တာလန်​လေး​ရာ့​ငါးဆယ် ​ယူဆောင်​လာ​၍ ရှောလမုန်​မင်းကြီး​ကို ဆက်သ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 1,
      "text": "ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ​ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။ သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​သည် သူ​မေး​သမျှ​မေးခွန်း​တို့​ကို​ဖြေကြား​နိုင်​၏​။ ရှောလမုန်​မင်းကြီး​အဖို့ မ​ဖြေ​နိုင်​လောက်အောင် ခက်ခဲ​သည့်​မေးခွန်း​ဟူ၍ တစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 3,
      "text": "ရှေဘ​ဘုရင်မ​သည် ဉာဏ်ပညာ​အလုံးစုံ​နှင့်​ပြည့်စုံ​သော​ရှောလမုန်​မင်းကြီး​နှင့် သူ​တည်ဆောက်​သော​နန်းတော်​၊"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 4,
      "text": "စားသောက်ပွဲ​တည်ခင်းပုံ​၊ မင်းမှုထမ်း​တို့​၏​နေရာထိုင်ခင်း​၊ အမှုထမ်း​တို့​တာဝန်ထမ်းဆောင်ပုံ​နှင့် ဝတ်စားဆင်ယင်ပုံ​၊ ဖလားတော်ဝန်​များ​နှင့်​သူ​တို့​၏​ဝတ်စားဆင်ယင်ပုံ​၊ ထာဝရဘုရား​၏​အိမ်​တော်​သို့​တက်သွား​ရာ​လမ်း​တွင် စောင်းတန်း​များ​ပါရှိ​ပုံ စသည်​တို့​ကို မြင်​သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်​ရ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 5,
      "text": "ထို့ကြောင့် ရှင်ဘုရင်​အား “​အကျွန်ုပ်​တိုင်းပြည်​၌ ကြားသိ​နေ​ရ​သော မင်းကြီး​၏​အောင်မြင်မှု​သတင်း​၊ ဉာဏ်ပညာ​သတင်း​များ​သည် အမှန်ပင်​ဖြစ်​ပေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 6,
      "text": "အကျွန်ုပ်ကိုယ်တိုင် ဤ​နေရာ​သို့​လာ​၍ မျက်စိ​ဖြင့်​မ​မြင်​ရ​မီ​အထိ ဤ​သတင်း​ကို မ​ယုံကြည်​ခဲ့​ပါ​။ အကျွန်ုပ်​ကြားသိ​ထား​သော​အရာ​သည် ထက်ဝက်​မျှ​ပင်​မ​ရှိ​ပါ​။ မင်းကြီး​၏​ဉာဏ်ပညာ​ကြီးမားမှု​သည် အကျွန်ုပ်​ကြားသိ​ရ​သည်​ထက် သာလွန်​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 7,
      "text": "မင်းကြီး​ထံ​ခစား​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။ ရှေ့​တော်​တွင် အစဉ်​အမှုထမ်း​ရ​ပြီး မင်းကြီး​၏​ပညာစကား​ကို ကြားနာ​ရ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​လှ​ပါ​သည်​တကား​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 8,
      "text": "မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ ရှင်ဘုရင်​အဖြစ်​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။ မင်းကြီး​၏​ဘုရားသခင်​သည် အစ္စရေး​လူမျိုး​ကို​ချစ်​တော်မူ​၍ ထာဝရ​တည်​စေ​လို​သဖြင့် တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 9,
      "text": "ထို့နောက် သူ​သည် ရှင်ဘုရင်​အား ရွှေ​တာလန်​တစ်ရာ့​နှစ်ဆယ် ​၊ မြောက်မြား​စွာ​သော​အမွှေးနံ့သာ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ဆက်သ​လေ​၏​။ ရှောလမုန်​မင်းကြီး​အား ရှေဘ​ဘုရင်မ​ဆက်သ​ခဲ့​သော များပြား​လှ​သော​အမွှေးနံ့သာ​မျိုး​ကို နောက်ထပ်​မ​ရရှိ​တော့​ချေ​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 10,
      "text": "ထို့ပြင် ဟုရံ ​မင်းကြီး​၏​အမှုထမ်း​များ​နှင့် ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​များ​သည် ဩဖိရ​အရပ်​မှ ရွှေ​များ​ယူဆောင်​လာ​သည့်​အပြင် စန္ဒကူး​သစ်သား​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို​လည်း ယူဆောင်​လာ​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 11,
      "text": "ရှင်ဘုရင်​သည် စန္ဒကူး​သစ်သား​များ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​လက်ရန်း​နှင့် ဘုရင့်​နန်းတော်​လက်ရန်း​၊ သီချင်းသည်​တို့​အတွက် စောင်းကောက်​စောင်းပြား​များ​ကို ပြုလုပ်​၏​။ ထိုမျှလောက်​များပြား​လှ​သော​စန္ဒကူး​သစ်သား​တို့​ကို ယုဒ​ပြည်​တွင် ယခင်က မ​တွေ့​ဖူး​ချေ​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 12,
      "text": "ရှောလမုန်​မင်းကြီး​သည်​လည်း ရှေဘ​ဘုရင်မ​အား စေတနာ​အလျောက် လက်ဆောင်​များ​ကို​ပေး​သည့်​အပြင် သူ​အလို​ရှိသမျှ​၊ တောင်း​သမျှ​တို့​ကို​လည်း ပေး​သေး​၏​။ ထို့နောက် သူ​သည် မိမိ​နောက်လိုက်​ဗိုလ်ပါ​များ​နှင့်အတူ မိမိ​ပြည်​သို့ ပြန်​သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 13,
      "text": "ရှောလမုန်​မင်းကြီး​ထံ နှစ်စဉ်​ရောက်လာ​သော​ရွှေ​အလေးချိန်​မှာ ရွှေ​တာလန်​ခြောက်​ရာ​ခြောက်ဆယ်​ခြောက်​တာလန် ​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 14,
      "text": "ထို့ပြင် ကုန်သည်​များ​၊ အရောင်းအဝယ်သမား​များ​၊ အာရေဗျ​ဘုရင်​အပေါင်း​တို့​နှင့် တိုင်းပြည်​တွင်း​ရှိ​ဘုရင်ခံ​တို့​သည်​လည်း ရှောလမုန်​မင်းကြီး​ထံ ရွှေ​ငွေ​များ​ကို ယူဆောင်​လာ​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 15,
      "text": "ရှောလမုန်​မင်းကြီး​သည် ဒိုင်းလွှား​ကြီး​အခု​နှစ်ရာ​ကို​လည်း ရွှေ​ဖြင့်​ထုလုပ်​၏​။ ဒိုင်းလွှား​ကြီး​တစ်ခုစီ​တွင် ရွှေ​အချိန်​ခြောက်​ရာ​ရှယ်ကယ် ​ပါဝင်​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 16,
      "text": "ဒိုင်းလွှားငယ်​အခု​သုံး​ရာ​ကို​လည်း ရွှေ​ဖြင့်​ထုလုပ်​၏​။ ဒိုင်းလွှားငယ်​တစ်ခုစီ​တွင် ရွှေ​အချိန်​သုံး​ရာ​ပါဝင်​၏​။ ရှင်ဘုရင်​သည် ထို​ဒိုင်းလွှား​တို့​ကို လက်ဘနွန်​တော​စံနန်းဆောင်​တွင် ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 17,
      "text": "ထို့ပြင် ရှင်ဘုရင်​သည် ဆင်စွယ်​ရာဇပလ္လင်​ကြီး​ကို ထုလုပ်​ပြီး ရွှေ​စင်​ဖြင့် မွမ်းမံ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 18,
      "text": "ထို​ပလ္လင်​သည် လှေကား​ခြောက်​ထစ်​ရှိ​ပြီး ပလ္လင်​တော်​နှင့်​ရွှေ​ခြေတင်ခုံ​မှာ တစ်ဆက်တည်း​ဖြစ်​၏​။ ထိုင်ခုံ​၏​ဘေး​တစ်ဖက်တစ်ချက်​တွင် လက်ရန်း​များ​ပါရှိ​ပြီး လက်ရန်း​ဘေးနား​တွင် ရပ်​နေ​သော​ခြင်္သေ့​ရုပ်​နှစ်​ရုပ်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 19,
      "text": "လှေကားထစ်​ခြောက်​ထစ်​တွင် တစ်ထစ်စီ​၏​ထိပ်​တစ်ဖက်စီ​တွင် ရပ်​နေ​သော​ခြင်္သေ့​ရုပ်​တစ်ရုပ်စီ စုစုပေါင်း​ခြင်္သေ့​ရုပ်​တစ်ဆယ့်​နှစ်​ရုပ်​ပါရှိ​၏​။ ထိုကဲ့သို့သော​ပလ္လင်​မျိုး​သည် မည်သည့်​တိုင်းပြည်​တွင်​မျှ​မ​ရှိ​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 20,
      "text": "ရှောလမုန်​မင်းကြီး​၏​ဖလား​အသုံးအဆောင်​အားလုံး​မှာ ရွှေ​ဖြင့်​ပြုလုပ်​ထား​၏​။ လက်ဘနွန်​တော​စံနန်းဆောင်​၏​အသုံးအဆောင်​အားလုံး​မှာ​လည်း ရွှေ​စင်​ဖြင့်​ပြုလုပ်​ထား​၏​။ ငွေထည်​ပစ္စည်း​တစ်​ခု​မျှ​မ​ရှိ​။ ရှောလမုန်​မင်းကြီး​လက်ထက်​တွင် ငွေ​သည် တန်ဖိုး​မ​ရှိ​ဟု မှတ်ယူ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 21,
      "text": "ရှင်ဘုရင်​ပိုင် တာရှု​သင်္ဘော​သည် ဟုရံ ​မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ ကူးသန်း​သွားလာ​၏​။ ထို​တာရှု​သင်္ဘော​သည် သုံး​နှစ်​တစ်​ခါ​ပြန်လာ​ပြီး ရွှေ​ငွေ​များ​၊ ဆင်စွယ်​များ​၊ မျောက်ဝံ​များ​၊ ဒေါင်း​များ​ကို ယူဆောင်​လာ​လေ့​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 22,
      "text": "ရှောလမုန်​မင်းကြီး​သည် မြေကြီး​ပေါ်​ရှိ​ရှင်ဘုရင်​အပေါင်း​တို့​ထက် ဓနဥစ္စာ​နှင့် ဉာဏ်ပညာ​အရာ​၌ သာလွန်​ထူးကဲ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 23,
      "text": "မြေ​တစ်ပြင်လုံး​ရှိ​ရှင်ဘုရင်​အပေါင်း​တို့​သည် ရှောလမုန်​မင်းကြီး​၏​စိတ်နှလုံး​တွင် ဘုရားသခင်​သွင်းပေး​တော်မူ​သော ဉာဏ်ပညာ​နှင့်ယှဉ်​သည့်​စကား​များ​ကို ကြားနာ​ရန် ရှောလမုန်​မင်းကြီး​ထံ လာ​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 24,
      "text": "နှစ်စဉ်နှစ်တိုင်း မင်းကြီး​ထံ​ရောက်​လာ​သော​သူ​တို့​သည် ငွေ​ထည်​ရွှေ​ထည်​များ​၊ အဝတ်အထည်​များ​၊ လက်နက်​များ​၊ အမွှေးနံ့သာ​များ​၊ မြင်း​များ​၊ လား​များ စသည်​တို့​ကို လက်ဆောင်ပဏ္ဏာ​အဖြစ် အသီးသီး​ဆက်သ​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 25,
      "text": "ရှောလမုန်​မင်းကြီး​၌ မြင်းဇောင်း​လေး​ထောင်​နှင့် မြင်းရထား​များ​၊ မြင်းစီးသူရဲ​တစ်သောင်းနှစ်ထောင်​ရှိ​ပြီး ၎င်း​တို့​ကို ရထား​ထားရှိ​ရာ​မြို့​များ​နှင့် ရှင်ဘုရင်​စံမြန်း​ရာ​ဂျေရုဆလင်​မြို့​တွင် ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 26,
      "text": "သူ​သည် ယူဖရေးတီး​မြစ် ​မှစ၍ ဖိလိတ္တိ​ပြည်​၊ အီဂျစ်​ပြည်​အစွန်အဖျား​တိုင်အောင် ရှင်ဘုရင်​အပေါင်း​တို့​ကို အုပ်ချုပ်​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 27,
      "text": "ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​တွင် ငွေ​ကို ကျောက်ခဲ​သဖွယ်​၊ သစ်ကတိုးပင်​များ​ကို လွင်ပြင်​၌​ပေါက်​သော သင်္ဘောသဖန်းပင်​သဖွယ် အမြောက်အမြား​ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 28,
      "text": "အီဂျစ်​ပြည်​မှစ၍ တိုင်းနိုင်ငံ​အသီးသီး​တို့​မှ မြင်း​များ​ကို ရှောလမုန်​မင်းကြီး​ထံ တင်သွင်း​လေ့​ရှိ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 29,
      "text": "ကျန်ရှိ​နေ​သော ရှောလမုန်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​မှ​အဆုံး​ကို ပရောဖက်​နာသန်​၏​မှတ်တမ်း​တွင်​လည်းကောင်း​၊ ရှိလော​မြို့သား အဟိယ​၏​အနာဂတ္တိကျမ်း​တွင်​လည်းကောင်း​၊ နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဣဒေါ​၏​ဗျာဒိတ်ကျမ်း​တွင်​လည်းကောင်း ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 30,
      "text": "ရှောလမုန်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို နှစ်ပေါင်း​လေးဆယ် အုပ်စိုး​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 31,
      "text": "ရှောလမုန်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သား​တော်​ရောဗောင်​သည် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ရောဗောင်​ကို​မင်းမြှောက်​ရန် ရှေခင်​မြို့​သို့​ရောက်လာ​ကြ​သဖြင့် ရောဗောင်​သည်​လည်း ရှေခင်​မြို့​သို့​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 2,
      "text": "ရှောလမုန်​မင်းကြီး​ထံမှ​ထွက်ပြေး​သွား​ခဲ့​သော နေဗတ်​၏​သား​ယေရောဗောင်​သည် အီဂျစ်​ပြည်​၌​ခိုလှုံ​နေ​၏​။ ထို​သတင်း​ကို​ကြား​ရ​လျှင် ယေရောဗောင်​သည် အီဂျစ်​ပြည်​မှ ပြန်လာ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 3,
      "text": "ထို့ကြောင့် လူ​လွှတ်​၍ သူ့​ကို​ခေါ်​ကြ​၏​။ ထို့နောက် ယေရောဗောင်​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ရောဗောင်​မင်းကြီး​ထံသို့​လာ​ကြ​ပြီး"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 4,
      "text": "“​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​ပါ​၏​။ သို့သော် မင်းကြီး​၏​ခမည်းတော်​ထံ၌ အကျွန်ုပ်​တို့ ခက်ခဲပင်ပန်း​စွာ​အမှုထမ်း​ခဲ့​ရ​သည်​ကို သက်သာ​စေ​မည်​ဆိုလျှင်​၊ အကျွန်ုပ်​တို့​အပေါ်​တင်​ထား​ခဲ့​သည့် လေးလံ​သော​ထမ်းပိုး​ကို ပေါ့​စေ​မည်​ဆိုလျှင် မင်းကြီး​ထံ ခစား​ကြ​ပါ​မည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 5,
      "text": "ထိုအခါ ရောဗောင်​မင်းကြီး​က “​သုံး​ရက်​ကြာ​မှ ငါ့​ထံသို့​ပြန်လာ​ကြ​လော့​”​ဟု မိန့်ဆို​သဖြင့် လူ​တို့​လည်း ပြန်သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 6,
      "text": "ထို့နောက် ရောဗောင်​မင်းကြီး​သည် ခမည်းတော်​ရှောလမုန်​မင်းကြီး​အသက်ရှင်​စဉ်က ရှေ့​တော်​၌​ခစား​သူ​များ​ဖြစ်​သည့် သက်ကြီးဝါကြီး​များ​အား “​သင်​တို့ မည်သို့​အကြံပေး​မည်နည်း​။ ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်နည်း​”​ဟု တိုင်ပင်​မေးမြန်း​ရာ"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 7,
      "text": "သူ​တို့​က “​မင်းကြီး​သည် ဤ​လူ​တို့​ကို​ကျေးဇူးပြု​မည်​၊ သူ​တို့​စိတ်ကျေနပ်​အောင် ကောင်းမွန်​စွာ​ပြောဆို​ဆက်ဆံ​မည်​ဆို​လျှင် သူ​တို့​သည် မင်းကြီး​ထံ အစဉ်အမြဲ​အစေခံ​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 8,
      "text": "သို့သော် ရောဗောင်​မင်းကြီး​သည် သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို လက်မခံ​ဘဲ သူ့​ထံ၌​ခစား​နေ​သော ငယ်ပေါင်းကြီးဖော်​လူငယ်​များ​နှင့် တိုင်ပင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 9,
      "text": "“ ‘​အကျွန်ုပ်​တို့​အပေါ် သင့်​ခမည်းတော်​တင်​သော​ထမ်းပိုး​ကို ပေါ့​စေ​တော်မူ​ပါ​’​ဟု တောင်းဆို​လာ​သော ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်​ကို အကြံပေး​ကြ​ပါ​”​ဟု သူ​တို့​အား တိုင်ပင်မေးမြန်း​လျှင်"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 10,
      "text": "သူ​၏​ငယ်ပေါင်းကြီးဖော်​လူငယ်​တို့​က “ ‘​မင်းကြီး​၏​ခမည်းတော်​သည် အကျွန်ုပ်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို​တင်​ခဲ့​ပြီ​။ ထို​ထမ်းပိုး​ကို​ပေါ့​စေ​တော်မူ​ပါ​’​ဟု လျှောက်တင်​သော​လူ​တို့​အား ‘​ငါ့​လက်သန်း​သည် ငါ့​ခမည်းတော်​၏​ခါး​ထက် ပို၍​တုတ်​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 11,
      "text": "ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​’​ဟူ၍ ပြန်ဖြေ​ပါ​လော့”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 12,
      "text": "ရှင်ဘုရင်​က “​သုံး​ရက်​မြောက်​နေ့​တွင် ငါ့​ထံ​ပြန်လာ​ကြ​”​ဟု ဆို​သည့်​အတိုင်း ယေရောဗောင်​နှင့်​လူ​အပေါင်း​တို့​သည် သုံး​ရက်​မြောက်​သော​နေ့​တွင် ရောဗောင်​မင်းကြီး​ထံသို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 13,
      "text": "ထိုအခါ ရောဗောင်​မင်းကြီး​သည် သူ​တို့​အား ကြမ်းတမ်း​စွာ​ပြန်ပြော​၏​။ သက်ကြီးဝါကြီး​တို့​ပေး​သော​အကြံ​ကို ပစ်ပယ်​ပြီး"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 14,
      "text": "လူငယ်​တို့​ပေး​သော​အကြံ​အတိုင်း ထို​သူ​တို့​အား “​ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 15,
      "text": "ဤသို့ဖြင့် ရှင်ဘုရင်​သည် လူ​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ အကြောင်းမှာ ရှိလော​မြို့သား​အဟိယ​မှတစ်ဆင့် နေဗတ်​၏​သား​ယေရောဗောင်​အား ထာဝရဘုရား​မိန့်မှာ​ထား​သော​စကား​များ အမှန်​ဖြစ်လာ​ရန် ဘုရားသခင် ဤသို့​ဖြစ်ပျက်​စေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 17,
      "text": "သို့သော် ယုဒ​မြို့ရွာ​များ​တွင်​နေထိုင်​သော အစ္စရေး​အမျိုးသား​တို့​ကို​ကား ရောဗောင်​မင်းကြီး​အုပ်စိုး​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 18,
      "text": "တစ်နေ့တွင် ရောဗောင်​မင်းကြီး​သည် ချွေးတပ်အုပ်​ဟဒေါရံ ​ကို​စေလွှတ်​ရာ အစ္စရေး​အမျိုးသား​တို့​သည် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်​သဖြင့် သူ​သေ​လေ​၏​။ ထိုအခါ ရောဗောင်​မင်းကြီး​သည် မြင်းရထား​ပေါ်သို့ အလျင်အမြန်​တက်စီး​ပြီး ဂျေရုဆလင်​မြို့​သို့ ထွက်ပြေး​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 19,
      "text": "ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို ယနေ့​တိုင်အောင် ပုန်ကန်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 1,
      "text": "ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​လျှင် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ပြီး ရောဗောင်​အဖို့ နိုင်ငံ​တော်​ပြန်ရယူ​ရန် ယုဒ​အမျိုးအနွယ်​နှင့် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မှ လက်ရွေးစင်​စစ်သား​တစ်သိန်း​ရှစ်သောင်း​ကို စုဝေး​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 2,
      "text": "သို့ရာတွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဘုရားသခင်​၏​လူ​ရှေမာယ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 3,
      "text": "“​ရှောလမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရောဗောင်​မင်းကြီး​မှစ၍ ယုဒ​ပြည်​၊ ဗင်္ယာမိန်​ပြည်​ရှိ အစ္စရေး​လူမျိုး​အပေါင်း​တို့​အား"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 4,
      "text": "ထာဝရဘုရား​က ‘​သင်​တို့​၏​ညီအစ်ကို​တို့​အား သွား​၍​မ​တိုက်ခိုက်​ရ​။ ကိုယ့်​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​လော့​။ ဤ​အမှု​သည် ငါ​ပြု​သော​အမှု​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ လူ​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည်​ကို နာခံ​၍ ယေရောဗောင်​မင်းကြီး​ထံ စစ်ချီ​ရာ​မှ လှည့်ပြန်​သွား​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 5,
      "text": "ထို့နောက်တွင် ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင်​စံမြန်း​ပြီး ယုဒ​ပြည်​တွင် ခံတပ်​မြို့​များ​ကို တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 6,
      "text": "ဗက်လင်​မြို့​၊ ဧတံ​မြို့​၊ တေကော​မြို့​၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 7,
      "text": "ဗက်ဇုရ​မြို့​၊ စောခေါ​မြို့​၊ အဒုလံ​မြို့​၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 8,
      "text": "ဂါသ​မြို့​၊ မရေရှ​မြို့​၊ ဇိဖ​မြို့​၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 9,
      "text": "အဒေါရိမ်​မြို့​၊ လာခိရှ​မြို့​၊ အဇေကာ​မြို့​၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 10,
      "text": "ဇောရာ​မြို့​၊ အာယလုန်​မြို့​၊ ဟေဗြုန်​မြို့ စသော​မြို့​တို့​ကို တည်ဆောက်​ခဲ့​၏​။ ဤ​မြို့​များ​သည် ယုဒ​နယ်​၊ ဗင်္ယာမိန်​နယ်​တို့​တွင်​ရှိ​သော ခံတပ်​မြို့​များ​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 11,
      "text": "သူ​သည် ခံတပ်​မြို့​များ​ကို ခိုင်ခံ့​အောင်​လုပ်​ပြီး ထို​နေရာ​တွင် အုပ်ချုပ်သူ​များ​ကို ခန့်ထား​ကာ စားနပ်ရိက္ခာ​များ​၊ သံလွင်ဆီ​များ​၊ စပျစ်ဝိုင်​များ​ကို သိုလှောင်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 12,
      "text": "မြို့​တိုင်း​တွင် ဒိုင်းလွှား​များ​၊ လှံ​များ ထားရှိ​ပြီး တောင့်တင်း​ခိုင်မာ​အောင်​ပြု​၏​။ ဤသို့ဖြင့် ယုဒ​ပြည်​နှင့် ဗင်္ယာမိန်​ပြည်​ကို အုပ်ချုပ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 13,
      "text": "အစ္စရေး​ပြည်​တစ်ပြည်လုံး​ရှိ​ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် ကိုယ့်​နေရပ်​အသီးသီး​မှ ရောဗောင်​မင်းကြီး​ထံသို့ လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 14,
      "text": "ယေရောဗောင်​မင်းကြီး​နှင့် သူ​၏​သား​တို့​သည် လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​အမှု​တော်​ဆောင်​သော​ယဇ်ပုရောဟိတ်​အဖြစ်​မှ ရပ်စဲ​သွား​စေ​သောကြောင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​စားကျက်မြေ​များ​အပါအဝင် ပိုင်ဆိုင်​ရာ​များ​ကို​စွန့်​ပြီး ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​သို့ လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 15,
      "text": "ယေရောဗောင်​မင်းကြီး​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ဆိတ်ရုပ်တု​များ​၊ မိမိကိုယ်တိုင်​လုပ်​သော​နွားသငယ်ရုပ်တု​များ​အဖို့ ယဇ်ပုရောဟိတ်​များ​ကို ခန့်ထား​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 16,
      "text": "ထို့နောက်တွင် အစ္စရေး​အမျိုးအနွယ်​အားလုံး​ထဲမှ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သော​သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယဇ်ပူဇော်​ရန် လေဝိ​အမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ လိုက်လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 17,
      "text": "သူ​တို့​သည် သုံး​နှစ်​ပတ်လုံး ရှောလမုန်​မင်းကြီး​၏​သား​တော် ရောဗောင်​မင်းကြီး​ကို ထောက်မကူညီ​ကြ​ပြီး ယုဒ​ပြည်​ကို​ခိုင်ခံ့​စေ​ခဲ့​၏​။ သုံး​နှစ်​ပတ်လုံး ဒါဝိဒ်​မင်းကြီး​နှင့် ရှောလမုန်​မင်းကြီး​တို့ လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 18,
      "text": "ရောဗောင်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မြေး​တော်​၊ ယေရိမုတ်​၏​သမီး​တော်​မဟာလတ်​ကို မိဖုရား​မြှောက်​၏​။ မယ်တော်​ကား ယေရှဲ​၏​မြေး ဧလျာဘ​၏​သမီး အဘိဟဲလ​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 19,
      "text": "မဟာလတ်​သည် သား​တော် ယုရှ​၊ ရှေမရိ​၊ ဇာဟံ တို့​ကို မွေးဖွား​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 20,
      "text": "ထို့ပြင် အဗရှလုံ​၏​သမီး​တော်​မာခါ​ကို​လည်း မိဖုရား​မြှောက်​၏​။ မာခါ​သည် အဘိယ​၊ အတ္တဲ​၊ ဇိဇ​၊ ရှေလောမိတ်​တို့​ကို မွေးဖွား​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 21,
      "text": "ရောဗောင်​မင်းကြီး​သည် အဗရှလုံ​၏​သမီး​တော်​မာခါ​ကို အခြား​သော​မိဖုရား​၊ မောင်းမမိဿံ​တို့​ထက် ချစ်မြတ်နိုး​၏​။ သူ​၌ မိဖုရား​တစ်ဆယ့်​ရှစ်​ပါး​နှင့် မောင်းမမိဿံ​ခြောက်ဆယ်​ရှိ​ပြီး သား​တော် နှစ်ဆယ့်​ရှစ်​ယောက်​၊ သမီး​တော် အယောက်​ခြောက်ဆယ်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 22,
      "text": "ရောဗောင်​မင်းကြီး​သည် မာခါ​၏​သား​တော်​အဘိယ​ကို မင်းမြှောက်​ရန် အကြံအစည်​ရှိ​သဖြင့် မင်းညီမင်းသား​များ​ထဲတွင် သူ့​ကို ခေါင်းဆောင်​အဖြစ် ခန့်ထား​၏​။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 23,
      "text": "ရောဗောင်​မင်းကြီး​သည် ဉာဏ်ပြေး​သူ​ဖြစ်​၏​။ သူ​၏​သား​တော်​များ​ကို ယုဒ​နယ်​၊ ဗင်္ယာမိန်​နယ်​တစ်လျှောက်လုံး​ရှိ ခံတပ်​မြို့​တို့​တွင် ပို့​ထား​ပြီး စားနပ်ရိက္ခာ​အပြည့်အစုံ​နှင့် မယား​အများအပြား​ကို​လည်း ရှာ​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 1,
      "text": "ရောဗောင်​မင်းကြီး​သည် နိုင်ငံ​တော်​တည်မြဲ​၍ အင်အားကြီးမား​လာ​သောအခါ သူ​နှင့်​အစ္စရေး​လူမျိုး​တစ်မျိုးလုံး ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စွန့်ပယ်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 2,
      "text": "ဤသို့ ထာဝရဘုရား​ကို​သစ္စာမဲ့​သောကြောင့် ရောဗောင်​မင်းကြီး​နန်းစံ​ငါး​နှစ်​တွင် အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီလာ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 3,
      "text": "သူ​နှင့်အတူ စစ်ရထား​အစီးရေ​တစ်ထောင့်​နှစ်ရာ​၊ မြင်းစီးသူရဲ​ခြောက်သောင်း​နှင့် မရေမတွက်​နိုင်​သော အီဂျစ်​ပြည်​မှ လစ်ဗျား​လူမျိုး​၊ သုကိ​လူမျိုး​၊ အီသီယိုးပီးယား​လူမျိုး​တို့​၏​စစ်သည်​များ လိုက်ပါ​လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 4,
      "text": "ထို​မင်းကြီး​သည် ယုဒ​ပြည်​ရှိ ခံတပ်​မြို့​များ​ကို သိမ်းပိုက်​ပြီး ဂျေရုဆလင်​မြို့​တိုင်အောင် ဆက်လက်​ချီတက်​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 5,
      "text": "ထိုအခါ ရှိရှက်​မင်းကြီး​ကြောင့် ဂျေရုဆလင်​မြို့​တွင် စုဝေး​နေ​ကြ​သော ရောဗောင်​မင်းကြီး​နှင့် ယုဒ​ခေါင်းဆောင်​များ​ထံသို့ ပရောဖက်​ရှေမာယ​ရောက်လာ​၍ သူ​တို့​အား “ ‘​သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​ခဲ့​သောကြောင့် ငါ​သည်​လည်း သင်​တို့​ကို​စွန့်​ပြီး ရှိရှက်​မင်းကြီး​လက်​သို့ အပ်လိုက်​ပြီ​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 6,
      "text": "ထိုအခါ ရှင်ဘုရင်​နှင့် အစ္စရေး​အကြီးအကဲ​တို့​က မိမိကိုယ်ကို​နှိမ့်ချ​ပြီး “​ထာဝရဘုရား ဖြောင့်မတ်​တော်မူ​ပါ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 7,
      "text": "ဤသို့ မိမိကိုယ်ကို​နှိမ့်ချ​ကြ​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​လျှင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရှေမာယ​ထံ​ရောက်လာ​ပြန်​၍ “​သူ​တို့​သည် မိမိကိုယ်ကို​နှိမ့်ချ​ကြ​သောကြောင့် သူ​တို့​ကို ငါ​မ​ဖျက်ဆီး​။ အသက်ချမ်းသာ​ခွင့်​ကို​ကား ငါ​ပေး​မည်​။ ရှိရှက်​မင်းကြီး​အားဖြင့် ငါ့​အမျက်​တော်​ကို ဂျေရုဆလင်​မြို့​ပေါ်သို့ ငါ​သွန်ချ​မည်​မ​ဟုတ်​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 8,
      "text": "သို့သော် ငါ့​ထံ အမှုထမ်း​ခြင်း​နှင့် တိုင်းနိုင်ငံ​များ​ထံ အမှုထမ်း​ခြင်း​ကို ခွဲခြား​သိမြင်​နိုင်​ရန် သူ​တို့​ကို ရှိရှက်​မင်းကြီး​ထံ ကျွန်ခံ​စေ​မည်​”​ဟု မိန့်ဆို​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 9,
      "text": "အီဂျစ်​ဘုရင်​ရှိရှက်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ကို လာရောက်​တိုက်ခိုက်​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ဘဏ္ဍာ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​များ​ကို ယူဆောင်​သွား​၏​။ ထို​အရာ​အားလုံး​ကို​ယူဆောင်​သွား​သည့်​အပြင် ရှောလမုန်​မင်းကြီး​ပြုလုပ်​ခဲ့​သော ရွှေ​ဒိုင်းလွှား​များ​ကို​လည်း ယူဆောင်​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 10,
      "text": "ထို့ကြောင့် ရောဗောင်​မင်းကြီး​သည် ရွှေ​ဒိုင်းလွှား​များ​အစား ကြေးနီ​ဒိုင်းလွှား​များ​ကို ပြုလုပ်​ပြီး ဘုရင့်​နန်းတော်​တံခါး​စောင့်ကြပ်​သော တံခါးမှူး​တို့​၏​လက်​သို့ အပ်​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 11,
      "text": "ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ဝင်ရောက်​သည့်​အခါတိုင်း တံခါးစောင့်​တို့​သည် ထို​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ရ​၏​။ ပြီးလျှင် ထို​ဒိုင်းလွှား​တို့​ကို တံခါးစောင့်​တို့​၏​အခန်း​ထဲတွင် ပြန်​သိမ်း​ထား​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 12,
      "text": "ရောဗောင်​မင်းကြီး​သည် မိမိကိုယ်ကို​နှိမ့်ချ​သောကြောင့် ထာဝရဘုရား​၏​အမျက်​တော်​သည် သူ့​ထံမှ​လွှဲသွား​လေ​၏​။ အကုန်အစင်​ဖျက်ဆီး​ခြင်း​ကို မ​ခံရ​။ ထို့ကြောင့် ယုဒ​ပြည်​အေးချမ်းသာယာ​သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 13,
      "text": "ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် အာဏာ​ကို​တည်မြဲ​စေ​ပြီး ဆက်လက်​အုပ်စိုး​၏​။ ရောဗောင်​မင်းကြီး​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​တစ်​နှစ်​ရှိ​၏​။ သူ​သည် ထာဝရဘုရား​က မိမိ​၏​နာမ​ကို တည်​စေရန် အစ္စရေး​မျိုးနွယ်​အားလုံး​ထဲမှ ရွေးချယ်​တော်မူ​သော ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခုနစ်​နှစ်​စိုးစံ​ခဲ့​၏​။ မယ်တော်​ကား အမ္မုန်​အမျိုးသမီး နေမ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 14,
      "text": "ရောဗောင်​မင်းကြီး​သည် ထာဝရဘုရား​ကို ရှာ​လို​သော​စိတ်​မ​ရှိ​ဘဲ မကောင်းမှု​များ​ကို​သာ ပြု​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 15,
      "text": "ရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ပရောဖက်​ရှေမာယ​နှင့် ဗျာဒိတ်ရသူ​ဣဒေါ​၏​မျိုးရိုးစဉ်ဆက်​မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။ ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 16,
      "text": "ရောဗောင်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သား​တော်​အဘိယ ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 1,
      "text": "ယေရောဗောင်​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် ယုဒ​ပြည်​၌ အဘိယ နန်းတက်​၍"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 2,
      "text": "ဂျေရုဆလင်​မြို့​တွင် သုံး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဂိဗာ​မြို့သား​ဥရေလ​၏​သမီး မိက္ခာယ ​အမည်​ရှိ​၏​။ အဘိယ​မင်းကြီး​နှင့်​ယေရောဗောင်​မင်းကြီး​တို့​သည် အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 3,
      "text": "အဘိယ​မင်းကြီး​သည် လက်ရွေးစင်​စစ်သူရဲ​အယောက်​လေး​သိန်း​တို့​နှင့်အတူ စစ်ချီထွက်​၏​။ ယေရောဗောင်​မင်းကြီး​သည်​လည်း လက်ရွေးစင်​စစ်သူရဲ​အယောက်​ရှစ်သိန်း​နှင့်အတူ အဘိယ​မင်းကြီး​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 4,
      "text": "အဘိယ​မင်းကြီး​သည် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ဇေမရိမ်​တောင်​ပေါ်​တွင် ရပ်​လျက် “​အို ယေရောဗောင်​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 5,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဆား​ပဋိညာဉ်​ဖွဲ့​၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ့​သားမြေး​တို့​အား အစ္စရေး​လူမျိုး​တို့​အပေါ် ထာဝရ​အုပ်စိုး​ခွင့်​ပေး​ခဲ့​သည်​ကို သင်​တို့ သိ​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 6,
      "text": "သို့သော် ဒါဝိဒ်​မင်းကြီး​၏​သား​တော် ရှောလမုန်​မင်းကြီး​၏​အမှုထမ်း​ဖြစ်​သူ နေဗတ်​၏​သား​ယေရောဗောင်​သည် မိမိ​သခင်​ကို ဆန့်ကျင်​ပုန်ကန်​လေ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 7,
      "text": "လူဆိုး​လူမိုက်​တို့​သည် ယေရောဗောင်​နှင့်​ပူးပေါင်း​ပြီး ရှောလမုန်​မင်းကြီး​၏​သား​တော်​ရောဗောင်​ကို ဆန့်ကျင်​ခဲ့​ကြ​၏​။ ရောဗောင်​သည် ငယ်ရွယ်သူ​ဖြစ်​၍ အတွေ့အကြုံနည်း​သဖြင့် သူ​တို့​ကို မ​တွန်းလှန်​နိုင်​ခဲ့​ပေ​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 8,
      "text": "ယခု သင်​တို့​၏​ဘုရား​အဖြစ် ယေရောဗောင်​မင်းကြီး​ပြုလုပ်​ပေး​သော​ရွှေ​နွားသငယ်ရုပ်​ရှိ​၍ သင်​တို့​အင်အားကြီး​သောကြောင့် ဒါဝိဒ်​မင်းကြီး​၏​သားမြေး​များ​လက်​ထဲရှိ ထာဝရဘုရား​၏​နိုင်ငံ​တော်​ကို တွန်းလှန်​ရန် သင်​တို့​ကြံစည်​ကြ​သလော​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 9,
      "text": "ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​၊ အာရုန်​၏​သား​များ​နှင့် လေဝိ​အမျိုး​များ​ကို သင်​တို့ နှင်ထုတ်​၍ ဤ​ပြည်သား​များ​ကဲ့သို့ ကိုယ့်​ယဇ်ပုရောဟိတ်​ကို ကိုယ်​ခန့်ထား​ကြ​ပြီ​။ ကိုယ့်ကိုယ်ကို​သန့်စင်​ရန် နွားသငယ်​တစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို ယူဆောင်​လာ​လျှင်ပင် ထို​သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​၏​ယဇ်ပုရောဟိတ် ဖြစ်သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 10,
      "text": "ငါ​တို့​အဖို့​မူကား ထာဝရဘုရား​သည် ငါ​တို့​၏​ဘုရား ဖြစ်​၏​။ ငါ​တို့​သည် ဘုရားသခင်​ကို မ​စွန့်ပယ်​။ အာရုန်​၏​သား​များ​သည် ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ ဖြစ်​ကြ​၏​။ လေဝိ​အမျိုးသား​တို့​သည်​လည်း အမှု​တော်​ကို ထမ်းဆောင်​လျက်​ရှိ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 11,
      "text": "နံနက်တိုင်း​၊ ညနေတိုင်း ထာဝရဘုရား​ထံ​မီးရှို့ရာယဇ်​နှင့် အမွှေးနံ့သာ​တို့​ကို ပူဇော်​ကြ​၏​။ သန့်ရှင်း​သော​စားပွဲ​ပေါ်တွင် ရှေ့​တော်​မုန့်​ကို တင်​ထား​ပြီး ညနေ​တိုင်း ရွှေ​ဆီမီးခုံ​မှ မီးခွက်​တို့​၌ မီး​ကို​ထွန်း​ထား​၏​။ ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း လိုက်နာ​ကြ​သော်လည်း သင်​တို့​မူကား ဘုရားသခင်​ကို စွန့်ပယ်​ကြ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 12,
      "text": "ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ ရှိ​တော်မူ​သော ငါ​တို့​၏​ခေါင်းဆောင် ဖြစ်​၏​။ ယဇ်ပုရောဟိတ်​များ​သည်​လည်း သင်​တို့​နှင့်​တိုက်ခိုက်​ရန် တံပိုးခရာမှုတ်​၍​စစ်ငြာသံ​ပေး​လျက် ရှိ​၏​။ အို အစ္စရေး​အမျိုး​တို့​၊ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် စစ်​မ​တိုက်​ကြ​နှင့်​။ သင်​တို့​အောင်​နိုင်​မည်​မ​ဟုတ်​”​ဟု အော်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 13,
      "text": "သို့သော် ယေရောဗောင်​မင်းကြီး​သည် ယုဒ​တပ်​အား အနောက်​ဘက်​မှ​သွား​၍ ဝိုင်းထား​ရန် ချုံခိုတိုက်ခိုက်ရေး​အဖွဲ့​ကို လွှတ်​လိုက်​၏​။ သူ​တို့​သည် ယုဒ​တပ်​ကို အရှေ့​မှ​တစ်​ဖွဲ့​၊ အနောက်​မှ ချုံခိုတိုက်ခိုက်ရေး​အဖွဲ့ တို့​ဖြင့် အသီးသီး​ဝိုင်းထား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 14,
      "text": "ယုဒ​တပ်​သည် အနောက်​ကို​လှည့်ကြည့်​သောအခါ ရှေ့​နောက်​ညှပ်တိုက်​ခံ​နေ​ရ​ပြီ​ကို မြင်​သဖြင့် ထာဝရဘုရား​ထံ​အော်ဟစ်​အကူအညီ​တောင်း​လေ​၏​။ ယဇ်ပုရောဟိတ်​တို့​လည်း တံပိုးခရာ​ကို​မှုတ်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 15,
      "text": "ယုဒ​တပ်သား​တို့​လည်း ကြွေးကြော်​လျက်​နေ​၏​။ ထိုသို့ ယုဒ​တပ်သား​တို့​ကြွေးကြော်​သောအခါ ဘုရားသခင်​သည် ယေရောဗောင်​မင်းကြီး​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့​ကို အဘိယ​နှင့်​ယုဒ​တပ်သား​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 16,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ယုဒ​အမျိုးသား​တို့​ရှေ့​မှ ထွက်ပြေး​ကြ​ရ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို ယုဒ​အမျိုးသား​တို့​လက်​သို့ အပ်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 17,
      "text": "အဘိယ​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် အစ္စရေး​စစ်သူရဲ​တို့​ကို အပြင်းအထန်​တိုက်ခိုက်​သဖြင့် လက်ရွေးစင်​စစ်သူရဲ​ပေါင်း ငါးသိန်း​မျှ ကျဆုံး​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 18,
      "text": "ထိုစဉ်က အစ္စရေး​အမျိုးသား​တို့​သည် ရှုံးနိမ့်​ကြ​ပြီး ယုဒ​အမျိုးသား​တို့​မူကား ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးစား​ကြ​သောကြောင့် အောင်နိုင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 19,
      "text": "အဘိယ​မင်းကြီး​သည် ယေရောဗောင်​မင်းကြီး​ကို လိုက်လံတိုက်ခိုက်​ပြီး ဗေသလ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​၊ ယေရှန​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​၊ ဧဖရုန် ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​ကို သိမ်းယူ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 20,
      "text": "အဘိယ​မင်းကြီး​လက်ထက်​တွင် ယေရောဗောင်​မင်းကြီး​သည် တန်ခိုးအာဏာ​မဲ့​ခဲ့​ရ​၏​။ နောက်ဆုံး​၌ သူ့​အား ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သဖြင့် သူ​သည် အနိစ္စရောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 21,
      "text": "အဘိယ​မင်းကြီး​သည် အင်အားကြီး​လာ​ပြီး မိဖုရား​တစ်ဆယ့်​လေး​ယောက်​ကို မြှောက်စား​၍ သား​တော်​နှစ်ဆယ့်​နှစ်​ယောက်​၊ သမီး​တော်​တစ်ဆယ့်​ခြောက်​ယောက်​ကို ရ​၏​။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 22,
      "text": "ကျန်ရှိ​နေ​သော​အဘိယ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​၏​လုပ်ဆောင်မှု​များ​၊ သူ​၏​မိန့်ဆိုချက်​များ​ကို ပရောဖက်​ဣဒေါ​၏​ရာဇဝင်ကျမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 1,
      "text": "အဘိယ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာသ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ အာသ​မင်းကြီး​လက်ထက်​တွင် ဆယ်​နှစ်​ပတ်လုံး တိုင်းပြည်​အေးချမ်းသာယာ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 2,
      "text": "အာသ​မင်းကြီး​သည် မိမိ​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ကောင်းမွန်​မှန်ကန်​စွာ ပြုကျင့်​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 3,
      "text": "သူ​သည် တိုင်းတစ်ပါး​ဘုရား​များ​၏​ယဇ်ပလ္လင်​များ​နှင့် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို ဖယ်ရှား​ပစ်​၏​။ ကျောက်တိုင်​များ​ကို ချိုးဖျက်​ပြီး အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 4,
      "text": "သူ​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​၍ ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သော​ပညတ်ချက်​များ​ကို လိုက်လျှောက်​ရန် ယုဒ​လူမျိုး​တို့​အား မိန့်မှာ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 5,
      "text": "ယုဒ​မြို့ရွာ​တို့​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ နံ့သာပေါင်း​မီးရှို့​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖယ်ရှား​ပစ်​၏​။ သူ့​လက်ထက်​တွင် နိုင်ငံ​တော်​အေးချမ်းသာယာ​လျက် ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 6,
      "text": "ယုဒ​ပြည်​တွင် ခံတပ်​မြို့​များ​ကို တည်ဆောက်​၏​။ ထာဝရဘုရား​သည် သူ့​ကို ငြိမ်းချမ်း​ခြင်း​ပေး​သောကြောင့် ထို​ကာလ​အတွင်း မည်သည့်​စစ်ပွဲ​မျှ​မ​ရှိ​ဘဲ တိုင်းပြည် အေးချမ်းသာယာ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 7,
      "text": "အာသ​မင်းကြီး​က ယုဒ​လူမျိုး​တို့​အား “​ဤ​မြို့​တို့​ကို ငါ​တို့ တည်ဆောက်​ကြ​စို့​။ မြို့​ကို​ဝိုင်းရံ​ထား​သော​မြို့ရိုး​၊ ရဲတိုက်​များ​၊ တံခါး​များ​နှင့် ကန့်လန့်ကျင်​များ​ကို ဆောက်လုပ်​ကြ​စို့​။ ငါ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​သောကြောင့် တိုင်းပြည်​သည် ငါ​တို့ လက်​ထဲ၌​ရှိ​လေ​ပြီ​။ ကိုယ်တော်​ကို ရှာ​သောကြောင့် ငါ​တို့​ဝန်းကျင်​၌ ငြိမ်းချမ်း​ခြင်း​ကို ပေး​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။ ဤသို့ဖြင့် မြို့​များ​ကို​တည်ဆောက်​အောင်မြင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 8,
      "text": "အာသ​မင်းကြီး​၌ ယုဒ​အမျိုး​တွင် ဒိုင်းလွှားကြီး​နှင့်​လှံ​ကိုင်စွဲ​သူ စစ်သည်​သုံးသိန်း​၊ ဗင်္ယာမိန်​အမျိုး​တွင် ဒိုင်းလွှားငယ်​ကိုင်စွဲ​သူ​နှင့် လေးသည်တော် နှစ်သိန်း​ရှစ်သောင်း ရှိ​၏​။ သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 9,
      "text": "ထို့နောက်တွင် အီသီယိုးပီးယား​လူမျိုး​ဇေရ​သည် စစ်သည်​တစ်သန်း​၊ စစ်ရထား​သုံး​ရာ​နှင့်​ချီလာ​ပြီး မရေရှ​မြို့​သို့​ရောက်လာ​ရာ"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 10,
      "text": "အာသ​မင်းကြီး​လည်း သူ့​ကို​ရင်ဆိုင်​တိုက်ခိုက်​ရန် စစ်ချီထွက်​ပြီး မရေရှ​မြို့​အနီး ဇေဖသ​ချိုင့်ဝှမ်း​တွင် စစ်​ခင်းကျင်း​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 11,
      "text": "ထို့နောက် အာသ​မင်းကြီး​သည် ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​လျက် “​အို ထာဝရဘုရား​၊ အားကြီး​သူ​ကို​တွန်းလှန်​နိုင်​ရန် အားနည်းသူ​ကို ကူညီ​နိုင်​သော​အရှင်​သည် ကိုယ်တော်​မှလွဲ၍ မ​ရှိ​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကယ်မ​တော်မူ​ပါ​။ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကိုးစား​ပါ​၏​။ အကျွန်ုပ်​တို့​သည် ဤ​လူအလုံးအရင်း​ကြီး​ကို​တိုက်ခိုက်​ရန် ကိုယ်တော်​၏​နာမ​တော်​ကို​စွဲကိုင်​လျက် လာ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​။ ဤ​လူ​တို့​သည် ကိုယ်တော်​ကို အနိုင်​မ​ရ​ပါစေ​နှင့်​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 12,
      "text": "ထာဝရဘုရား​သည် အီသီယိုးပီးယား​လူမျိုး​ကို အာသ​မင်းကြီး​နှင့်​ယုဒ​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​သဖြင့် အီသီယိုးပီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 13,
      "text": "အာသ​မင်းကြီး​နှင့်​သူ​၏​စစ်သည်​တို့​သည် သူ​တို့​ကို ဂေရာ​မြို့​အထိ​လိုက်လံ​တိုက်ခိုက်​ကြ​၏​။ အီသီယိုးပီးယား​လူမျိုး​တို့​သည် ထာဝရဘုရား​နှင့် စစ်သည်တော်​တို့​ရှေ့​တွင်​မ​ခံ​မ​ရပ်​နိုင်​တော့​ဘဲ ရှုံးနိမ့်​သွား​ကြ​၏​။ ယုဒ​လူမျိုး​တို့​သည်​လည်း တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 14,
      "text": "ဂေရာ​မြို့​နှင့် အနီး​ဝန်းကျင်​ရှိ​မြို့​များ​မှ လူ​တို့​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ယုဒ​လူမျိုး​တို့​သည် ထို​မြို့​အားလုံး​ကို ဖျက်ဆီး​နိုင်​ခဲ့​၏​။ မြို့​အားလုံး​တို့​ကို တိုက်ခိုက်​သိမ်းယူ​နိုင်​ခဲ့​၍ တိုက်ရာပါပစ္စည်း​အမြောက်အမြား​ကို​လည်း သိမ်းယူ​နိုင်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 15,
      "text": "တိရစ္ဆာန်​ထိန်းကျောင်း​သူ​တို့​၏​တဲ​များ​ကို​လည်း တိုက်ခိုက်​၍ သိုး​နှင့်​ကုလားအုတ်​မြောက်မြား​စွာ​ကို​လည်း သိမ်းယူ​နိုင်​ခဲ့​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 1,
      "text": "ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ဩဒက်​၏​သား​အာဇရိ​အပေါ်​သို့ သက်ရောက်​၍"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 2,
      "text": "သူ​သည် အာသ​မင်းကြီး​ထံ​သွား​ကာ “​အို အာသ​မင်းကြီး​နှင့် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ သင်​တို့​သည် ထာဝရဘုရား​နှင့်အတူ​ရှိ​လျှင် ထာဝရဘုရား​သည်​လည်း သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပစ်​လျှင် ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​တို့​တွင် ကာလ​ကြာမြင့်​စွာ​စစ်မှန်​သော​ဘုရား​မ​ရှိ​၊ သွန်သင်​ပေး​မည့်​ယဇ်ပုရောဟိတ်​မ​ရှိ​၊ ပညတ်တရား​လည်း​မ​ရှိ​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 4,
      "text": "သို့သော် သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​ပြန်လာ​ပြီး ကိုယ်တော်​ကို ရှာ​ကြ​သောအခါ သူ​တို့​ကို အတွေ့ခံ​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 5,
      "text": "ထို​ကာလ​၌ တိုင်းပြည်​တွင်​နေထိုင်​သူ​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့ထိတ်လန့်​နေ​ရ​ပြီး သွား​လာ​ရာ​တွင်​လည်း လုံခြုံမှု​မ​ရှိ​ခဲ့​ကြ​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 6,
      "text": "ဘုရားသခင်​သည် သူ​တို့​ကို ဘေးဒုက္ခ​အမျိုးမျိုး​နှင့် ဆုံးမ​တော်မူ​သဖြင့် သူ​တို့​သည် လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး​၊ မြို့​တစ်​မြို့​နှင့်​တစ်​မြို့ ချေမှုန်းတိုက်ဖျက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 7,
      "text": "သင်​တို့​မူကား အားယူ​ကြ​လော့​။ စိတ်​မ​ပျက်​ကြ​နှင့်​။ အကြောင်းမူကား သင်​တို့​၏​လုပ်ဆောင်မှု​အတွက် အဖိုးအခ​ကို ရရှိ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 8,
      "text": "အာသ​မင်းကြီး​သည် ထို​စကား​များ​နှင့် ပရောဖက်​ဩဒက် ပရောဖက်ပြု​သော​စကား​များ​ကို ကြား​သောအခါ အားတက်​လာ​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​၊ ဗင်္ယာမိန်​ပြည်​တစ်ပြည်လုံး​နှင့် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​သိမ်းယူ​ထား​သော​မြို့ရွာ​များ​မှ ရွံရှာဖွယ်​ရာ​များ​ကို ဖယ်ရှား​ပစ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​ဆင်ဝင်​ရှေ့​ရှိ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို​လည်း ပြုပြင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 9,
      "text": "ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​သည်​ကို သိမြင်​ကြ​သောအခါ အစ္စရေး​လူမျိုး​ထဲမှ​ထွက်လာ​ပြီး သူ့​ထံသို့ လာရောက်​ပူးပေါင်း​သူ​များစွာ​ရှိ​သောကြောင့် သူ​သည် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​တို့​မှစ၍ ဧဖရိမ်​အမျိုး​၊ မနာရှေ​အမျိုး​၊ ရှိမောင်​အမျိုး​အပါအဝင် သူ​တို့​နှင့်အတူ​နေထိုင်​သော​တိုင်းတစ်ပါးသား​အားလုံး​ကို စုရုံး​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 10,
      "text": "သူ​တို့​သည် အာသ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​၊ တတိယ​လ​တွင် ဂျေရုဆလင်​မြို့​၌ စုဝေး​ကြ​ပြီး"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 11,
      "text": "ထို​နေ့​တွင် တိုက်ရာပါပစ္စည်း​များ​ထဲမှ နွား​အကောင်​ခုနစ်​ရာ​၊ သိုး​အကောင်​ခုနစ်​ထောင်​တို့​ကို ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 12,
      "text": "ထို့နောက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ရှာ​မည်​ဟု ကတိသစ္စာ​ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 13,
      "text": "လူကြီး​လူငယ်​၊ ယောက်ျား​မိန်းမ မရွေး အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ရှာ​သော​သူ​အားလုံး အသတ်​ခံရ​မည်​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 14,
      "text": "သူ​တို့​သည် အသံ​ကျယ်လောင်​စွာ​ကြွေးကြော်​လျက်​၊ တံပိုးခရာ​များ​နှင့် သိုးချို​များ​ကို မှုတ်​လျက် ထာဝရဘုရား​ထံ တိုင်တည်ကျိန်ဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 15,
      "text": "ထိုသို့ ကျိန်ဆို​ရ​ခြင်း​အတွက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ဝမ်းမြောက်ဝမ်းသာ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​ကျိန်ဆို​ပြီး ထာဝရဘုရား​ကို စိတ်လိုလက်ရ​ရှာ​သောကြောင့် သူ​တို့​ကို အတွေ့ခံ​တော်မူ​၏​။ ထာဝရဘုရား​သည်​လည်း အရပ်ရပ်​၌ ငြိမ်းချမ်း​ခြင်း ရှိ​စေ​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 16,
      "text": "အာသ​မင်းကြီး​သည် အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို ပြုလုပ်​ကိုးကွယ်​သော မိမိ​၏​အဘွားတော်​မာခါ​ကို​လည်း မယ်တော်​မိဖုရား​အရာ​မှ​နုတ်ပယ်​ပစ်​ပြီး ထို​ရုပ်တု​ကို​ခုတ်လှဲ​ဖျက်ဆီး​ကာ ကေဒြုန်​ချိုင့်ဝှမ်း​တွင် မီးရှို့​ပစ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 17,
      "text": "အာသ​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​သော်လည်း သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​၏​စိတ်နှလုံး​သည် ပြည့်ဝစုံလင်​ခြင်း ရှိ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 18,
      "text": "သူ​သည် ခမည်းတော်​ဆက်ကပ်လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​၊ မိမိကိုယ်တိုင်​ဆက်ကပ်​လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​နှင့် ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​လာ​၏​။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 19,
      "text": "အာသ​မင်းကြီး နန်းစံ​သုံးဆယ်​ငါး​နှစ်​အထိ စစ်ပွဲ​ဟူ၍ မ​ရှိ​ခဲ့​ပေ​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 1,
      "text": "အာသ​မင်းကြီး​နန်းစံ​သုံးဆယ့်​ခြောက်​နှစ်​တွင် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် ယုဒ​ပြည်​သို့​ချီလာ​၍ ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ မည်သူ​မျှ​ဝင်ထွက်​သွားလာ​ခြင်း​မ​ပြု​နိုင်​အောင် ရာမ​မြို့​ကို​တည်​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 2,
      "text": "ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာတိုက်​တို့​မှ ရွှေ​ငွေ​တို့​ကို​ယူ​၍ ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက်"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 3,
      "text": "“​သင့်​ခမည်းတော်​နှင့်​အကျွန်ုပ်​၏​ခမည်းတော် ကတိသစ္စာ​ပြု​ခဲ့​သကဲ့သို့ သင်​နှင့်​အကျွန်ုပ်​လည်း ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။ ယခု သင့်​အား ရွှေ​ငွေ​များ​ကို ပို့ပေး​လိုက်​ပါ​၏​။ အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် အကျွန်ုပ်​ထံ​မှ တပ်ရုပ်သွား​ရန် သူ​နှင့်​ပြု​သော​ကတိသစ္စာ​ကို သွား​၍​ဖျက်​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 4,
      "text": "ဗင်္ဟာဒဒ်​မင်းကြီး​သည် အာသ​မင်းကြီး​၏​စကား​ကို​လက်ခံ​ပြီး မိမိ​တပ်မှူးကြီး​များ​ကို အစ္စရေး​မြို့​များ​သို့​စေလွှတ်​၍ ဣယုန်​မြို့​၊ ဒန်​မြို့​၊ အာဗေလမိမ်​မြို့​မှစ၍ နဿလိ​နယ်​ရှိ​သိုလှောင်ရာ​မြို့​ရှိသမျှ​တို့​ကို သွားရောက်တိုက်ခိုက်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 5,
      "text": "ထို​သတင်း​ကို ဗာရှာ​မင်းကြီး​ကြား​လျှင် ရာမ​မြို့​တည်ဆောက်​ခြင်း​အမှု​ကို​ဆက်မလုပ်​တော့​ဘဲ ရပ်စဲ​လိုက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 6,
      "text": "အာသ​မင်းကြီး​သည်​လည်း ယုဒ​ပြည်သူပြည်သား​အပေါင်း​တို့​ကို ခေါ်ဆောင်​လာ​၍ ရာမ​မြို့​ကို​ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​၊ သစ်သား​များ​ကို ယူဆောင်​သွား​စေ​ကာ ထို​ပစ္စည်း​များ​ဖြင့် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 7,
      "text": "ထိုအခါ စိတ်အာရုံရသူ​ဟာနနိ​သည် ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ​သွား​၍ “​သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မ​ကိုးစား​ဘဲ ဆီးရီးယား​ဘုရင်​ကို ကိုးစား​သောကြောင့် ဆီးရီးယား​ဘုရင်​၏​စစ်တပ်​သည် သင့်​လက်​မှ လွတ်မြောက်​သွား​ပြီ​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 8,
      "text": "အီသီယိုးပီးယား​လူမျိုး​နှင့် လစ်ဗျား​လူမျိုး​တို့​တွင်​လည်း စစ်ရထား​နှင့် မြင်းစီးသူရဲ​မြောက်မြား​စွာ​ရှိ​သော​စစ်တပ်ကြီး​ရှိ​သည် မ​ဟုတ်​လော​။ သို့သော် သင်​သည် ထာဝရဘုရား​ကို ကိုးစား​သောကြောင့် သူ​တို့​ကို သင့်​လက်​သို့ အပ်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 9,
      "text": "ထာဝရဘုရား​၌ စိတ်နှလုံး​အကြွင်းမဲ့​ယုံကြည်ကိုးစား​သူ​တို့​ကို ခွန်အား​ဖြည့်ပေး​ရန် ကိုယ်တော်​သည် မြေကြီး​တစ်ပြင်လုံး​ကို အစဉ်​ကြည့်ရှု​တော်မူ​၏​။ သင်​မိုက်မဲ​စွာ​ပြု​မိ​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ သင်​သည် စစ်ပွဲ​များ​နှင့် ရင်ဆိုင်​ရ​တော့​မည်​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 10,
      "text": "ထိုသို့​ဆင့်ဆို​သောကြောင့် အာသ​မင်းကြီး​သည် စိတ်အာရုံရသူ​ကို အမျက်ထွက်​လေ​၏​။ အမျက်​ပြင်းစွာ​ထွက်​၍ သူ့​ကို ထောင်​ထဲ၌​ထည့်​ထား​လေ​၏​။ ပြည်သား​အချို့​တို့​ကို​လည်း ထို​အချိန်​မှစ၍ အာသ​မင်းကြီး​သည် ညှဉ်းဆဲ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 11,
      "text": "အာသ​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​၊ ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 12,
      "text": "အာသ​မင်းကြီး​နန်းစံ​သုံးဆယ့်​ကိုး​နှစ်​တွင် သူ​၏​ခြေထောက်​၌ အနာရောဂါ​စွဲကပ်​၏​။ ထို​အနာရောဂါ​သည် အလွန်​ပြင်းထန်​သော်လည်း ထာဝရဘုရား​ကို မ​ရှာ​ဘဲ သမားတော်​များ​နှင့်​သာ ဆေးကုသ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 13,
      "text": "နောက်ဆုံး​တွင် အာသ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၏​။ နန်းစံ​လေးဆယ့်​တစ်​နှစ်​တွင် အနိစ္စရောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 14,
      "text": "ဒါဝိဒ်​မြို့​ရှိ သူ​ကိုယ်တိုင်​ပြုလုပ်​ထား​သော​သင်္ချိုင်းဂူ​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့် နံ့သာဆီ​အမျိုးမျိုး​ဖြင့် ဖော်စပ်​ထား​သော​အမွှေးနံ့သာဆီ​ထည့်​ထား​သည့် အခေါင်းတလား​ထဲတွင် ထည့်​ထား​ပြီး သူ့​အဖို့ မီးပွဲသဘင်​ကို ခမ်းနား​စွာ​ကျင်းပ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 1,
      "text": "သူ​၏​သား​တော်​ယောရှဖတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​ပြီး အစ္စရေး​လူမျိုး​တို့​ကို ခုခံတိုက်ခိုက်​နိုင်​အောင် အားအင်​ဖြည့်တင်း​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 2,
      "text": "ယုဒ​ပြည်​ရှိ ခံတပ်​မြို့​အားလုံး​တို့​တွင် စစ်တပ်​များ​ကို ချထား​၏​။ ယုဒ​ပြည်​ရှိ​မြို့​များ​နှင့် သူ​၏​ခမည်းတော်​အာသ​မင်းကြီး သိမ်းယူ​ခဲ့​သော​ဧဖရိမ်​ပြည်​ရှိ​မြို့​များ​တွင်​လည်း မြို့စောင့်တပ်​များ​ကို ချထား​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 3,
      "text": "ယောရှဖတ်​မင်းကြီး​သည် ယခင်က ဘိုးဘေး​ဒါဝိဒ်​မင်းကြီး လိုက်လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​သောကြောင့် ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​။ သူ​သည် ဗာလ​ဘုရား​နောက်​သို့​မ​လိုက်​၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 4,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ဓလေ့ထုံးစံ​နောက်သို့​လည်း​မ​လိုက်​ဘဲ ဘိုးဘေး​တို့​၏​ဘုရားသခင်​ကို​သာ ရှာဖွေ​ခဲ့​၏​။ ထာဝရဘုရား​၏​ပညတ်တော်​အတိုင်း လိုက်လျှောက်​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 5,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ယောရှဖတ်​မင်းကြီး​လက်​ထဲ၌ နိုင်ငံ​တော်​ကို​တည်မြဲ​စေ​၏​။ ယုဒ​လူမျိုး​အပေါင်း​တို့​သည် ယောရှဖတ်​မင်းကြီး​ထံ လက်ဆောင်ပဏ္ဏာ​များ ဆက်သ​ကြ​သဖြင့် သူ​သည် ဓနဥစ္စာ​ကြွယ်ဝ​ပြီး ဘုန်းအသရေ ကြီးထွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 6,
      "text": "သူ​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၏​တရားလမ်း​တို့​၌ မွေ့လျော်​၏​။ ယုဒ​ပြည်​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ဖယ်ရှား​ပစ်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 7,
      "text": "ယောရှဖတ်​မင်းကြီး​နန်းစံ​သုံး​နှစ်​တွင် သူ​သည် အကြီးအကဲ​များ​ဖြစ်​သော ဗင်ဟဲလ​၊ ဩဗဒိ​၊ ဇာခရိ​၊ နာသနေလ​၊ မိက္ခာယ​တို့​ကို ယုဒ​ပြည်​အမြို့မြို့​သို့​စေလွှတ်​၍ လူ​တို့​အား သွန်သင်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 8,
      "text": "ထို​သူ​တို့​နှင့်အတူ လေဝိ​အမျိုးသား ရှေမာယ​၊ နေသနိ​၊ ဇေဗဒိ​၊ အာသဟေလ​၊ ရှေမိရာမုတ်​၊ ယေဟောနသန်​၊ အဒေါနိယ​၊ တောဘိယ​၊ တောဘအဒေါနိယ​နှင့် ယဇ်ပုရောဟိတ်​ဧလိရှမာ​၊ ယဟောရံ​တို့​လည်း​လိုက်ပါ​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 9,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရား​ကျမ်း​ကို ယူဆောင်​သွား​ပြီး ယုဒ​ပြည်​တစ်လျှောက် သွန်သင်​ပေး​၏​။ ယုဒ​မြို့ရွာ​အားလုံး​သို့ လှည့်လည်​ပြီး လူ​တို့​အား သွန်သင်​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 10,
      "text": "ယုဒ​ပြည်​ဝန်းကျင်​ရှိ​တိုင်းနိုင်ငံ​ရှိသမျှ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​သောကြောင့် ယောရှဖတ်​မင်းကြီး​ကို စစ်​မ​တိုက်​ဝံ့​ကြ​ချေ​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 11,
      "text": "ဖိလိတ္တိ​လူမျိုး​တို့​သည် ယောရှဖတ်​မင်းကြီး​အား ဆက်ကြေး​အဖြစ် လက်ဆောင်ပဏ္ဏာ​များ​၊ ငွေ​များ​ကို ဆက်သ​ကြ​၏​။ အာရပ်​လူမျိုး​တို့​သည်​လည်း သိုးထီး​ခုနစ်​ထောင့်​ခုနစ်​ရာ​၊ ဆိတ်ထီး​ခုနစ်​ထောင့်​ခုနစ်​ရာ​တို့​ကို ဆက်သ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 12,
      "text": "ဤသို့ဖြင့် ယောရှဖတ်​မင်းကြီး​သည် အင်အားကြီးသည်ထက်ကြီး​လာ​၏​။ ယုဒ​ပြည်​တွင် ခံတပ်​များ​၊ ပစ္စည်းသိုလှောင်ရာ​မြို့​များ​ကို တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 13,
      "text": "ယုဒ​မြို့ရွာ​တို့​တွင် သူ​၏​လုပ်ငန်း မြောက်မြား​စွာ​ရှိ​၏​။ ဂျေရုဆလင်​မြို့​တွင်​လည်း ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 14,
      "text": "ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်းဝင်​သော​သူ​များ​ကား ယုဒ​အမျိုး​မှ ထောင်တပ်မှူး အာဒန​နှင့် စစ်သူရဲ​အယောက်​သုံးသိန်း​၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 15,
      "text": "သူ့​လက်အောက်​တွင် တပ်မှူးကြီး​ယေဟောဟနန်​နှင့် စစ်သည်တော်​အယောက်​နှစ်သိန်း​ရှစ်သောင်း​၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 16,
      "text": "ယေဟောဟနန်​၏​လက်အောက်​တွင် ထာဝရဘုရား​အတွက်​စေတနာစိတ်​ထက်သန်​သူ ဇိခရိ​၏​သား​အာမသိ​နှင့် စစ်သူရဲ​အယောက်​နှစ်သိန်း​၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 17,
      "text": "ဗင်္ယာမိန်​အမျိုး​မှ စစ်သူရဲ​ဧလျာဒ​နှင့် လေး​နှင့်​ဒိုင်းလွှား​ကိုင်​စစ်သည်တော်​အယောက်​နှစ်သိန်း​၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 18,
      "text": "သူ့​လက်အောက်​တွင် ယဟောဇဗဒ်​နှင့် လက်နက်ကိုင်​စစ်သည်တော်​အယောက်​တစ်သိန်း​ရှစ်သောင်း ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 19,
      "text": "ဤသည်ကား ရှင်ဘုရင်​၏​အမှုထမ်း​များ ဖြစ်​ကြ​၏​။ ထို့ပြင် ယုဒ​ပြည်​တစ်ပြည်လုံး​ရှိ ခံတပ်​မြို့​များ​၌ ရှင်ဘုရင်​ချထား​သော​သူ​များ​လည်း ရှိ​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 1,
      "text": "ယောရှဖတ်​မင်းကြီး​သည် ဓနဥစ္စာ​၊ ဘုန်းအသရေ​တိုးပွား​လျက်​ရှိ​၏​။ အာဟပ်​မင်း​မျိုး​နှင့်​လည်း စုံဖက်​ဆွေမျိုးစပ်​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 2,
      "text": "သူ​သည် နှစ်​အတော်ကြာ​မှ အာဟပ်​မင်းကြီး​ရှိ​ရာ ရှမာရိ​မြို့​သို့​သွား​လျှင် အာဟပ်​မင်းကြီး​သည် သူ​နှင့်​သူ့​လူ​တို့​အတွက် သိုး​နွား​အမြောက်အမြား​ကို သတ်​၍​ကျွေးမွေး​ပြီး ရာမုတ်ဂိလဒ်​မြို့​ကို တိုက်ခိုက်​ရန် သွေးဆောင်​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 3,
      "text": "အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​က ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​အား “​အကျွန်ုပ်​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​လိုက်​မည်လော​”​ဟု မေး​လျှင် ယောရှဖတ်​မင်းကြီး​က “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​များ​ပင် ဖြစ်​ပါ​၏​။ မင်းကြီး​နှင့်အတူ စစ်ချီထွက်​ပါ​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 4,
      "text": "သို့သော် ယောရှဖတ်​မင်းကြီး​က အစ္စရေး​ဘုရင်​အား “​ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ဦးစွာ​မေးလျှောက်​ကြည့်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 5,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်​ရ​မည်လော​။ မ​တိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားသခင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 6,
      "text": "ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ဤ​အရပ်​တွင် ငါ​တို့​မေးမြန်း​၍​ရ​မည့် ထာဝရဘုရား​၏​ပရောဖက် မ​ရှိ​တော့​ပြီ​လော​”​ဟု မေး​လျှင်"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 7,
      "text": "အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် မည်သည့်​အခါ​မျှ အကောင်း​ကို​မ​ဟော​။ သူ့​တစ်သက်မှာ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ ဖြစ်​၏​”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 8,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​သည် မှူးမတ်​တစ်​ဦး​ကို ခေါ်​ပြီး “​ဣမလ​၏​သား​မိက္ခာယ​ကို အမြန်​ခေါ်​ခဲ့​ပါ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 9,
      "text": "အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် မင်းဝတ်တန်ဆာ​ဝတ်ဆင်​လျက် ရှမာရိ​မြို့​တံခါး​နားရှိ ကောက်နယ်တလင်း​၌ အသီးသီး​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​ကြ​၏​။ ပရောဖက်​အပေါင်း​တို့​သည်​လည်း သူ​တို့​ရှေ့​တွင် ပရောဖက်ပြု​နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 10,
      "text": "ခေနာနာ​၏​သား​ဇေဒကိ​သည် သံ​ဦးချို​များ​ကို ပြုလုပ်​ပြီး အာဟပ်​မင်းကြီး​အား “ ‘​မင်းကြီး​သည် ဤ​သံ​ဦးချို​များ​ဖြင့် ဆီးရီးယား​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဝှေ့ယမ်း​တိုက်ခိုက်​ရ​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 11,
      "text": "ထို့အတူ ပရောဖက်​အပေါင်း​တို့​က​လည်း “​ရာမုတ်ဂိလဒ်​မြို့​သို့ ချီတက်​လော့​။ အောင်မြင်မှု​ရ​မည်​။ ထာဝရဘုရား​သည် ထို​မြို့​ကို​မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ပရောဖက်ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 12,
      "text": "မိက္ခာယ​ကို သွားခေါ်​လာ​ခဲ့​သော​တမန်​က​လည်း မိက္ခာယ​အား “​ကြည့်​ပါ​။ ပရောဖက်​တို့​က ရှင်ဘုရင်​အဖို့ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို ဟော​ကြ​ပြီ​။ သင်​သည်​လည်း သူ​တို့​နည်းတူ ကောင်း​သော​သတင်း​တစ်မျိုးတည်း​ကို​သာ ဟော​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 13,
      "text": "သို့သော် မိက္ခာယ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ​၏​ဘုရားသခင် မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 14,
      "text": "ရှင်ဘုရင်​ထံ​ရောက်လာ​သောအခါ ရှင်ဘုရင်​က သူ့​အား “​မိက္ခာယ​၊ ရာမုတ်ဂိလဒ်​မြို့​ကို ငါ​တို့ စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မ​တိုက်​ဘဲ နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​က “​စစ်ချီ​တော်မူ​ပါ​။ အောင်မြင်မှု​ရ​လိမ့်မည်​။ ရန်သူ​များ​သည် မင်းကြီး​လက်​သို့ ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 15,
      "text": "သို့သော် ရှင်ဘုရင်​က သူ့​အား “​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် မှန်​သော​စကား​ကို​သာ ဟောပြော​ရန် သင့်​အား ဘယ်နှခါ ကျိန်ဆို​စေ​ရ​မည်နည်း​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 16,
      "text": "ထိုအခါ မိက္ခာယ​က ရှင်ဘုရင်​အား “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ တောင်​များ​ပေါ်တွင် ကွဲလွင့်​နေ​ကြ​သည်​ကို အကျွန်ုပ်​တွေ့​ပါ​၏​။ ထာဝရဘုရား​က​လည်း ‘​ဤ​သူ​တို့​၌ သခင်​မ​ရှိ​။ သူ​တို့​သည် ကိုယ့်​အိမ်​သို့​အေးချမ်း​စွာ​ပြန်​ကြ​ပါစေ​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု လျှောက်​ပြန်​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 17,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​သည်​ဟု သင့်​ကို ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 18,
      "text": "မိက္ခာယ​က​လည်း “​သို့ဖြစ်၍ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​သည် မိမိ​ပလ္လင်​ပေါ်တွင်​စံမြန်း​လျက် ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​သည် ကိုယ်တော်​၏​လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​တို့​၌ ရပ်​၍​ခစား​နေ​ကြ​သည်​ကို အကျွန်ုပ်​မြင်​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 19,
      "text": "ထာဝရဘုရား​က ‘​အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​သည် ရာမုတ်ဂိလဒ်​မြို့​ကို​ချီတက်​ပြီး ကျဆုံး​သွား​အောင် မည်သူ​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​လျှင် တစ်ပါး​က ဤသို့​ဟု လျှောက်တင်​၏​။ နောက်​တစ်​ပါး​မူကား ထိုသို့​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 20,
      "text": "ထိုအခါ ဝိညာဉ်​တစ်ပါး​ထွက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် ‘​အကျွန်ုပ် ဖြားယောင်း​ပါ​မည်​’​ဟု လျှောက်တင်​လျှင် ထာဝရဘုရား​က ‘​မည်သို့​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 21,
      "text": "ထို​ဝိညာဉ်​က​လည်း ‘​အကျွန်ုပ်​သွား​၍ ပရောဖက်​အပေါင်း​တို့​၏​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ဖြစ်​မည်​’​ဟု လျှောက်တင်​၏​။ ထာဝရဘုရား​က​လည်း ‘​သင်​ဖြားယောင်း​နိုင်​လိမ့်မည်​။ အောင်​လည်း​အောင်မြင်​လိမ့်မည်​။ သွား​၍​ထိုသို့​ပြု​လော့​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 22,
      "text": "ထို့ကြောင့် ယခု​ကြည့်​ပါ​။ ထာဝရဘုရား​သည် မင်းကြီး​၏​ပရောဖက်​အပေါင်း​တို့​နှုတ်​၌ မုသား​မြွက်ဆို​သော​ဝိညာဉ်​ကို သွင်း​တော်မူ​ပြီ​။ မင်းကြီး​လည်း ဘေးဆိုး​နှင့်​ကြုံ​ရ​မည်​ဟူ၍ ထာဝရဘုရား​မိန့်ဆို​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 23,
      "text": "ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က​ထွက်သွား​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 24,
      "text": "မိက္ခာယ​က​လည်း “​ကြည့်​ပါ​။ အခန်း​ထဲ သင်​ဝင်ပုန်း​နေ​ရ​သော​နေ့​ရောက်​သောအခါ သိမြင်​ရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 25,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​က “​မိက္ခာယ​ကို ခေါ်သွား​ပြီး သူ့​ကို​မြို့​အုပ်​အာမုန်​နှင့် ဘုရင့်​သား​တော်​ယောရှ​ထံ အပ်​လော့​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 26,
      "text": "‘​ငါ ဘေးကင်း​စွာ ပြန်လာ​သည့်​အချိန်​ထိ ဤ​သူ​ကို ထောင်​ချ​၍ သူ့​အား မသေရုံတမည်​သာ မုန့်​နှင့်​ရေ​ကို ပေး​လော့​’​ဟု ရှင်ဘုရင်​အမိန့်ပေး​သည့်​အကြောင်း​ပြော​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 27,
      "text": "ထိုအခါ မိက္ခာယ​က “​အရှင်မင်းကြီး ဘေးကင်း​စွာ အမှန်​ပြန်လာ​ရ​သည်​ဆို​လျှင် အကျွန်ုပ်​အားဖြင့် ထာဝရဘုရား​မိန့်မှာ​သည်​မ​ဟုတ်​”​ဟု ပြန်ပြော​ပြီးလျှင် “​လူ​အပေါင်း​တို့ ငါ့​စကား​ကို မှတ်ထား​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 28,
      "text": "ဤသို့ဖြင့် အစ္စရေး​ဘုရင်​နှင့် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​တို့​သည် ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 29,
      "text": "အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 30,
      "text": "ဆီးရီးယား​ဘုရင်​သည် မိမိ​၏​စစ်ရထားမှူး​တို့​အား “​အစ္စရေး​ဘုရင်​မှလွဲ၍ အခြား​ကြီးကြီး​ငယ်ငယ်​တစ်ယောက်​ကို​မျှ မ​တိုက်​ကြ​ပါ​နှင့်​”​ဟု မိန့်မှာ​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 31,
      "text": "စစ်ရထားမှူး​တို့​က ယောရှဖတ်​မင်းကြီး​ကို​မြင်​လျှင် “​ဤ​သူ​သည် အစ္စရေး​ဘုရင်​ပင် ဖြစ်​ရ​မည်​”​ဟု ဆို​လျက် သူ့​ကို​တိုက်ခိုက်​ရန် လှည့်လာ​ကြ​၏​။ ထိုအခါ ယောရှဖတ်​မင်းကြီး​က​လည်း အော်ဟစ်​အကူအညီ​တောင်း​သဖြင့် ထာဝရဘုရား​သည် သူ့​ကို ကူမ​တော်မူ​၏​။ ဘုရားသခင်​သည် ရန်သူ​တို့​ကို ယောရှဖတ်​မင်းကြီး​ထံမှ လမ်းလွဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 32,
      "text": "အစ္စရေး​ဘုရင်​မ​ဟုတ်​သည်​ကို စစ်ရထားမှူး​တို့​သိမြင်​၍ သူ့​နောက်​မ​လိုက်​တော့​ဘဲ ပြန်လှည့်​သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 33,
      "text": "စစ်သည်​တစ်ဦး​သည် လေး​ကို​အမှတ်တမဲ့​ပစ်ထည့်​လိုက်​ရာ အစ္စရေး​ဘုရင်​ဝတ်​ထား​သော​သံချပ်အင်္ကျီ​၏​ဆက်​ရာ​ကြားတွင် ထိမှန်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က မိမိ​စစ်ရထားမှူး​အား “​ရထား​ကို ပြန်လှည့်​ပြီး စစ်မြေပြင်​မှ​ထွက်သွား​လော့​။ ငါ ဒဏ်ရာ​ရ​နေ​ပြီ​”​ဟု အမိန့်ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 34,
      "text": "ထို​နေ့​တွင် တိုက်ပွဲ​အလွန်​ပြင်းထန်​၏​။ စစ်ရထား​ပေါ်တွင် အစ္စရေး​ရှင်ဘုရင်​ကို ဆီးရီးယား​တပ်​ဘက်​သို့ မျက်နှာမူ​စေ​ပြီး ညနေခင်း​တိုင်အောင် မှီထိုင်​စေ​၏​။ နေဝင်​ချိန်​တွင် ရှင်ဘုရင်​အနိစ္စရောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 1,
      "text": "ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ မိမိ​နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်လာ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 2,
      "text": "ထိုအခါ ဟာနနိ​၏​သား ဗျာဒိတ်ရသူ​ယေဟု​သည် ယောရှဖတ်​မင်းကြီး​ထံ​အခစားဝင်​၍ “​ဆိုးယုတ်​သော​သူ​ကို ကူညီ​သင့်​သလော​။ ထာဝရဘုရား မုန်း​တော်မူ​သော​သူ​ကို သင်​ချစ်​သောကြောင့် ထာဝရဘုရား​ထံ​မှ အမျက်​တော်​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 3,
      "text": "သို့သော် မင်းကြီး​၌ ကောင်း​သော​အရာ ရှိ​၏​။ မင်းကြီး​သည် တိုင်းပြည်​တွင်​ရှိ​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို ဖယ်ရှား​ပြီး ဘုရားသခင်​ကို​ရှာ​လို​သော​စိတ်​ရှိ​လေ​ပြီ​”​ဟု သူ့​အား ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 4,
      "text": "ယောရှဖတ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​တွင် စံမြန်း​တော်မူ​စဉ် ဗေရရှေဘ​မြို့​မှစ၍ ဧဖရိမ်​တောင်ပေါ်ဒေသ​တိုင်အောင် လှည့်လည်​ကာ လူ​တို့​အား ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လှည့်​လာ​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 5,
      "text": "ထို့ပြင် တိုင်းပြည်​အတွင်း​ရှိ ယုဒ​ခံတပ်​မြို့​အသီးသီး​တို့​တွင် တရားသူကြီး​များ​ကို ခန့်ထား​ပြီး"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 6,
      "text": "ထို​တရားသူကြီး​တို့​အား “​သင်​တို့​ပြု​ရ​မည့်​အမှု​ကို သတိထား​ပြု​ကြ​လော့​။ အကြောင်းမှာ သင်​တို့​သည် လူ​အဖို့​စီရင်​သည်​မ​ဟုတ်​၊ စီရင်ချက်​ချမှတ်​ရာ​တွင် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော ထာဝရဘုရား​အဖို့ စီရင်​ရ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 7,
      "text": "ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မတရားမှု​ကို​မ​ပြု​၊ မျက်နှာလိုက်​ခြင်း​မ​ရှိ​၊ တံစိုးလက်ဆောင်​မ​ခံယူ​။ ထို့ကြောင့် ထာဝရဘုရား​ကို ကြောက်ရွံ့​ပြီး သတိ​နှင့်​လုပ်ဆောင်​ကြ​ပါ​လော့​”​ဟု မှာကြား​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 8,
      "text": "ဂျေရုဆလင်​မြို့​တွင်​လည်း ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​နှင့်​ဆိုင်​သော​အမှု​၊ အငြင်းပွားမှု​တို့​ကို စီရင်​ရန် ယောရှဖတ်​မင်းကြီး​သည် လေဝိ​အမျိုး​၊ ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​တို့​ထဲမှ​အချို့​ကို ဂျေရုဆလင်​မြို့​တွင် ခန့်ထား​၏​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 9,
      "text": "ထို့ပြင် သူ​တို့​အား “​ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​၍ သစ္စာစောင့်​လျက် စိတ်ဆန္ဒ​အပြည့်အဝ​ဖြင့် လုပ်ဆောင်​ကြ​လော့​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 10,
      "text": "မြို့​အသီးသီး​တွင်​နေထိုင်​ကြ​သော သင်​တို့​၏​ညီအစ်ကို​တို့​သည် အချင်းချင်း​သတ်ဖြတ်မှု​၊ ဥပဒေသ​၊ ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​စသည်​တို့​နှင့်​ပတ်သက်​သော​အမှုအခင်း​အလုံးစုံ​တို့​ကို သင်​တို့​ထံသို့ ယူဆောင်​လာ​လျှင် သင်​တို့​သည် သူ​တို့​အား သတိပေး​ရ​မည်​။ သို့မှ သူ​တို့​သည် ထာဝရဘုရား​ကို မ​ပြစ်မှား​မိ​ဘဲ​နေ​လိမ့်မည်​။ သင်​တို့​နှင့် သင်​တို့​၏​ညီအစ်ကို​အပေါ်​အမျက်​တော်​မ​သက်ရောက်​ဘဲ​နေ​လိမ့်မည်​။ သင်​တို့​လည်း အပြစ်​မ​ပြု​မိ​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 11,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​နှင့်ဆိုင်သော​အမှု​တော်​အားလုံး​တွင် ယဇ်ပုရောဟိတ်​မင်း​အာမရိ​သည် သင်​တို့​ကို ကြီးကြပ်​ပေး​လိမ့်မည်​။ ရှင်ဘုရင်​နှင့်ဆိုင်သော​အမှုကိစ္စ​အားလုံး​တွင် ယုဒ​အမျိုးအနွယ်​ခေါင်းဆောင် ဣရှမေလ​၏​သား​ဇေဗဒိ​သည် ကြီးကြပ်​လိမ့်မည်​။ လေဝိ​အမျိုးသား​တို့​သည်​လည်း သင်​တို့​ကို ကြီးကြပ်​ပေး​လိမ့်မည်​။ အားယူ​၍ လုပ်ဆောင်​ကြ​လော့​။ ကောင်း​သော​အမှု​ကို​ပြု​သော​သင်​တို့​နှင့်အတူ ထာဝရဘုရား ရှိ​တော်မူ​ပါစေသော​”​ဟု မှာကြား​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 1,
      "text": "ထို့နောက်တွင် မောဘ​အမျိုးသား​၊ အမ္မုန်​အမျိုးသား​တို့​နှင့်အတူ မဟုနိမ်​လူမျိုး​အချို့​တို့​သည် ယောရှဖတ်​မင်းကြီး​ကို တိုက်ခိုက်​ရန်​ချီလာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 2,
      "text": "လူ​တို့​သည်​လာ​၍ ယောရှဖတ်​မင်းကြီး​အား “​ပင်လယ်​တစ်ဖက်ကမ်း ဆီးရီးယား​ပြည်​မှ စစ်တပ်ကြီး​ချီလာ​ပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာ​မြို့​တွင် တပ်ချ​နေ​ပါ​သည်​”​ဟူသော​သတင်း​ကို ကြားပြော​လျှင်"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 3,
      "text": "ယောရှဖတ်​မင်းကြီး​သည်​ကြောက်ရွံ့​၍ ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ဆုံးဖြတ်​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အစာရှောင်​ရန် ကြေညာ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 4,
      "text": "ယုဒ​လူမျိုး​တို့​သည် ထာဝရဘုရား​ကို​ရှာ​ရန် စုဝေး​လာ​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​ရန် ယုဒ​မြို့ရွာ​အားလုံး​မှ လူ​တို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 5,
      "text": "ထိုအခါ ယောရှဖတ်​မင်းကြီး​က ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား လူအစုအဝေး​တို့​ရှေ့​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အသစ်​ရှေ့​တွင် ရပ်​လျက်"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 6,
      "text": "“​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင်​စံမြန်း​၍ လူမျိုးတကာ​တို့​နေထိုင်​ရာ​တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်စိုး​ပိုင်သ​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​၏​လက်​တော်​၌ အစွမ်းသတ္တိ​တန်ခိုး ရှိ​တော်မူ​သည်​ဖြစ်​၍ ကိုယ်တော်​နှင့်​ဆန့်ကျင်​လျှင် မည်သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ပါ​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤ​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​တော်မူ​သော​အာဗြဟံ​၏​သားစဉ်မြေးဆက်​ကို ထာဝရ​နေထိုင်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 8,
      "text": "သူ​တို့​သည် ထို​ပြည်​တွင်​နေထိုင်​၍ ကိုယ်တော်​၏​နာမ​တော်​အဖို့ သန့်ရှင်းရာဌာန​တော်​ကို တည်​ကြ​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 9,
      "text": "သူ​တို့​က ‘အကျွန်ုပ်​တို့​သည် ဓားဘေး​၊ အပြစ်ဒဏ်​ဘေး​၊ ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး စသည့်​ဘေးအန္တရာယ်​တို့​နှင့် ကြုံ​ရ​လျှင် ဤ​အိမ်​တော်​၌​နာမ​တော်​တည်​သောကြောင့် ဤ​အိမ်​တော်​ရှေ့​၊ ကိုယ်တော့်​ရှေ့​တွင် ရပ်​လျက် အကျွန်ုပ်​တို့​ကြုံ​ရ​သော​ဆင်းရဲဒုက္ခ​အတွက် ကိုယ်တော့်​ထံ​အော်ဟစ်​သောအခါ ကိုယ်တော်​သည် နားညောင်း​၍ ကယ်မ​တော်မူ​မည်’​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 10,
      "text": "အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 11,
      "text": "သို့သော် ယခုမှာ ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​တို့​အား ကျေးဇူးဆပ်​သော​အားဖြင့် ကိုယ်တော်​အမွေပေး​တော်မူ​သော​ပြည်​မှ အကျွန်ုပ်​တို့​ကို နှင်ထုတ်​ရန် လာ​နေ​ပါ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 12,
      "text": "အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် သူ​တို့​ကို စီရင်​တော်မူ​မည်​မ​ဟုတ်​လော​။ အကျွန်ုပ်​တို့​ကို တိုက်ခိုက်​လာ​သော​ဤ​စစ်တပ်ကြီး​ကို ရင်ဆိုင်​ဖို့ အကျွန်ုပ်​တို့​၌ အင်အား​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​မည်​ကို မ​သိ​သောကြောင့် ကိုယ်တော်​ကို​သာ မျှော်ကြည့်​နေ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 13,
      "text": "ထိုစဉ် ယုဒ​ပြည်သား​အားလုံး​နှင့်တကွ သူ​တို့​၏​ကလေးငယ်​များ​၊ မယား​များ​၊ သားသမီး​များ​ပါ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 14,
      "text": "ထိုအခါ လူထု​ထဲ​တွင်​ရှိ​နေ​သော လေဝိ​အမျိုး​ဖြစ်​သော အာသပ်​သားမြေး​မတ္တနိ​၏​တီ​၊ ယေယေလ​၏​မြစ်​၊ ဗေနာယ​၏​မြေး​၊ ဇာခရိ​၏​သား ယဟာဇေလ​အပေါ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သက်ရောက်​လာ​၍"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 15,
      "text": "“​အို ယောရှဖတ်​မင်းကြီး​နှင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​၊ နားထောင်​ကြ​ပါ​လော့​။ ထာဝရဘုရား​က သင်​တို့​အား ‘​ဤ​စစ်တပ်ကြီး​ကြောင့် သင်​တို့​မ​ကြောက်​ကြ​နှင့်​၊ စိတ်​မ​ပျက်​ကြ​နှင့်​။ စစ်မှု​သည် သင်​တို့​အရေး​မ​ဟုတ်​။ ဘုရားသခင်​၏​အရေး​သာ ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 16,
      "text": "မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့်​စစ်တိုက်​ဖို့ ချီသွား​ကြ​လော့​။ သူ​တို့​သည် ဇိဇ​မြို့​သို့​တက်သွား​ရာ​လမ်း​အတိုင်း ချီလာ​ကြ​လိမ့်မည်​။ ယေရွေလ​တောကန္တာရ​နှင့် မျက်နှာချင်းဆိုင် ချိုင့်ဝှမ်း​အဆုံး​နား​တွင် သင်​တို့​နှင့်​ဆုံ​ကြ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 17,
      "text": "ဤ​တိုက်ပွဲ​ကို သင်​တို့​တိုက်စရာ​မ​လို​။ ခိုင်မာ​စွာ​ရပ်တည်​၍ ထာဝရဘုရား သင်​တို့​ကို​မည်သို့ ကယ်တင်​မည်​ကို စောင့်ကြည့်​ကြ​လော့​။ အို ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်’​ဟု မိန့်​တော်မူ​၏​။ မနက်ဖြန်​နေ့​တွင် သူ​တို့​နှင့် ရင်ဆိုင်​တိုက်ခိုက်​ဖို့ စစ်ချီထွက်​လော့​။ ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 18,
      "text": "ထိုအခါ ယောရှဖတ်​မင်းကြီး​သည် မြေ​ပေါ်​ပျပ်ဝပ်​တော်မူ​လျှင် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 19,
      "text": "လေဝိ​အမျိုး​များ​ဖြစ်​သော ကောဟတ်​သားမြေး​နှင့် ကောရ​သားမြေး​တို့​သည်​လည်း​ရပ်​လျက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို သံကုန်ဟစ်​၍​ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 20,
      "text": "သူ​တို့​သည် နောက်တစ်နေ့​မနက်​စောစောထ​ပြီး တေကော​တောကန္တာရ​ဘက်​သို့ ချီသွား​ကြ​၏​။ ထိုသို့ သူ​တို့​ထွက်သွား​ချိန်​တွင် ယောရှဖတ်​မင်းကြီး​သည် ရပ်​လျက် “​ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​၊ နားထောင်​ကြ​ပါ​လော့​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ယုံကြည်​ကြ​လော့​။ သို့မှ သင်​တို့​ခံရပ်​နိုင်​မည်​။ ကိုယ်တော်​၏​ပရောဖက်​တို့​ကို​လည်း ယုံကြည်​ကြ​လော့​။ သို့မှ သင်​တို့ အောင်နိုင်​မည်​”​ဟု မိန့်မှာ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 21,
      "text": "မင်းကြီး​သည် လူ​တို့​နှင့် တိုင်ပင်​ပြီးမှ တပ်​ရှေ့​တွင် ချီတက်​၍ ထာဝရဘုရား​ထံ ချီးမွမ်းသီဆို​မည့်​သူ​၊ သန့်ရှင်း​သော​အသရေ​တော်​ကို ချီးမွမ်း​မည့်​သူ​တို့​ကို ခန့်ထား​၍ “​ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သည်​ဖြစ်၍ ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​”​ဟု သီဆို​စေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 22,
      "text": "ထိုသို့ စတင်​ချီးမွမ်း​သီဆို​လိုက်​သည်​နှင့် ယုဒ​ပြည်​ကို ဝင်ရောက်​ကျူးကျော်​သည့် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် စိရ​တောင်ပေါ်သား​တို့​အား ချောင်းမြောင်း​တိုက်ခိုက်မှု​ကို ထာဝရဘုရား​ဖြစ်စေ​တော်မူ​သဖြင့် သူ​တို့ ရှုံးနိမ့်​သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 23,
      "text": "အမ္မုန်​အမျိုးသား​နှင့် မောဘ​အမျိုးသား​တို့​သည် ထ​၍ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ဖျက်ဆီး​ကြ​၏​။ ထိုသို့ စိရ​တောင်ပေါ်သား​တို့​ကို အကုန်​ချေမှုန်း​ပြီးနောက် အချင်းချင်း​လည်း​တိုက်ခိုက်​ကြ​ပြန်​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 24,
      "text": "ယုဒ​လူမျိုး​တို့​သည် တောကန္တာရ​ရှိ ကင်းမျှော်စင်​သို့​ရောက်​၍ စစ်သည်ထုကြီး​ကို ကြည့်​သောအခါ မြေ​ပေါ်​လဲကျ​သေဆုံး​နေ​သော​အလောင်း​များ​ကို​သာ တွေ့​ရ​လေ​၏​။ လွတ်မြောက်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 25,
      "text": "ထို့ကြောင့် ယောရှဖတ်​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ကို လာရောက်​သိမ်းယူ​ကြ​၏​။ အလောင်း​များ​၌ ပစ္စည်းဥစ္စာ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အမြောက်အမြား တွေ့ရှိ​၍ မိမိ​တို့​အတွက် ချွတ်ယူ​ကြ​၏​။ တိုက်ရာပါပစ္စည်း အလွန်များပြား​သဖြင့် တစ်ချီတည်း​မ​သယ်​နိုင်​။ သုံး​ရက်​တိုင်တိုင် သယ်သွား​ကြ​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 26,
      "text": "စတုတ္ထ​မြောက်​နေ့​တွင် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​တွင် စုဝေး​ကြ​ပြီး ထာဝရဘုရား​အား ချီးမွမ်းထောမနာပြု​ကြ​၏​။ ထို့ကြောင့် ထို​နေရာ​သည် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​ဟု ယနေ့​တိုင် အမည်တွင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 27,
      "text": "ထိုသို့ ရန်သူ​ကို​အောင်နိုင်​၍ ဝမ်းမြောက်​ရ​သော​အခွင့်​ကို ထာဝရဘုရား​ပေးသနား​တော်မူ​သောကြောင့် ယောရှဖတ်​မင်းကြီး​ဦးဆောင်​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​သို့ ဝမ်းမြောက်​စွာ​ပြန်သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 28,
      "text": "သူ​တို့​သည် စောင်းပြား​များ​၊ စောင်းကောက်​များ​၊ တံပိုးခရာ​များ တီးမှုတ်​ကြ​လျက် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 29,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ရန်သူ​တို့​အား ထာဝရဘုရား​တိုက်ခိုက်​သည့်​အကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အပေါင်း​တို့ ကြားသိ​ကြ​လျှင် ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 30,
      "text": "ယောရှဖတ်​မင်းကြီး​၏​နိုင်ငံ​တော်​ဝန်းကျင်​အရပ်ရပ်​တို့​၌ သူ​၏​ဘုရားသခင်​သည် ငြိမ်းချမ်း​ခြင်း​ကို ပေး​တော်မူ​သဖြင့် နိုင်ငံ​တော်​အေးချမ်းသာယာ​လျက်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 31,
      "text": "ဤသို့ဖြင့် ယောရှဖတ်​မင်းကြီး​သည် ယုဒ​ပြည်​ကို စိုးစံ​လျက်​နေ​၏​။ သူ​နန်းတက်​စဉ်က သက်တော်​သုံးဆယ့်​ငါး​နှစ် ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ငါး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ရှိလဟိ​၏​သမီး အဇုဘ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 32,
      "text": "ယောရှဖတ်​မင်းကြီး​သည် ခမည်းတော်​အာသ​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။ ထို​လမ်း​မှ လွဲ​မ​သွား​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 33,
      "text": "သို့သော် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​။ လူ​တို့​သည်​လည်း မိမိ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထံ စိတ်နှလုံး​ကို မ​အပ်နှံ​ဘဲ​နေ​ကြ​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 34,
      "text": "ကျန်ရှိ​နေ​သော​ယောရှဖတ်​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင်​ပါဝင်​သော ဟာနနိ​၏​သား​ယေဟု​၏​မှတ်တမ်း​ထဲ​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 35,
      "text": "ထို့နောက်တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် အစ္စရေး​ဘုရင်​အာခဇိ​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ခဲ့​၏​။ အာခဇိ​မင်းကြီး​သည် ဆိုးယုတ်​သော​အမှု​ကို ပြုကျင့်​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 36,
      "text": "ယောရှဖတ်​မင်းကြီး​သည် တာရှု​မြို့​သို့​ကုန်ကူး​သော​သင်္ဘော​ကို​ဆောက်လုပ်​ရန် အာခဇိ​မင်းကြီး​နှင့် သဘောတူ​ခဲ့​ပြီး ဧဇယုန်ဂါဗာ​မြို့​တွင် သင်္ဘော​များ​ကို ဆောက်လုပ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 37,
      "text": "ထိုအခါ မရေရှ​မြို့​မှ ဒေါဒေဝ​၏​သား​ဧလျေဇာ​က ယောရှဖတ်​မင်းကြီး​အား “​အရှင်မင်းကြီး​သည် အာခဇိ​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​သောကြောင့် အရှင်မင်းကြီး​၏​လုပ်ငန်း​များ​ကို ထာဝရဘုရား​ဖျက်ဆီး​ပစ်​လိမ့်မည်​”​ဟု ပရောဖက်ပြု​ဆင့်ဆို​၏​။ ထို့ကြောင့် သူ​တို့​၏​သင်္ဘော​များ​ပျက်စီး​ပြီး တာရှု​မြို့​သို့​လည်း ကုန်ကူး​မ​သွား​နိုင်​တော့​ချေ​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 1,
      "text": "ယောရှဖတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​မြို့​တွင် ဘိုးဘေး​တို့​နှင့်အတူ သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယဟောရံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 2,
      "text": "ယောရှဖတ်​မင်းကြီး​၏​သား​တော်​ယဟောရံ​တွင် အာဇရိ​၊ ယေဟေလ​၊ ဇာခရိ​၊ အာဇရိ​၊ မိက္ခေလ​၊ ရှေဖတိ စသော​ညီအစ်ကို​များ ရှိ​၏​။ ဤ​သူ​အားလုံး​သည် အစ္စရေး​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​သား​တော်​များ ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 3,
      "text": "သူ​တို့​၏​ခမည်းတော်​သည် သူ​တို့​အား ရွှေ​ငွေ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အများအပြား​နှင့် ယုဒ​ခံတပ်​မြို့​များ​ကို​ပါ ပေး​ထား​ပြီး သား​တော်​ယဟောရံ​ကို​မူ သားဦး​ဖြစ်​သောကြောင့် ထီးနန်း​ကို လွှဲအပ်​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 4,
      "text": "ယဟောရံ​သည် ခမည်းတော်​၏​ထီးနန်း​ကို ဆက်ခံ​၍ အင်အား​ခိုင်မာ​လာ​သောအခါ ညီအစ်ကို​အားလုံး​နှင့် အစ္စရေး​အကြီးအကဲ​အချို့​တို့​ကို ဓား​နှင့်​ကွပ်မျက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 5,
      "text": "ယဟောရံ​မင်းကြီး​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​ပြီး ဂျေရုဆလင်​မြို့​တွင် ရှစ်​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 6,
      "text": "သူ​သည် အာဟပ်​မင်းကြီး​၏​သမီး​တော်​ကို မိဖုရား​မြှောက်​ထား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 7,
      "text": "သို့သော် ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်​ပြု​ထား​သော​ပဋိညာဉ်​ကို​ထောက်​၍ သူ​နှင့်​သူ့​သားမြေး​တို့​၏​မီးခွက်​ကို အစဉ်​ထွန်းလင်း​စေ​မည်​ဟု ကတိထား​သည်​နှင့်အညီ ဒါဝိဒ်​မင်းမျိုးမင်းနွယ်​ကို​ဖျက်ဆီး​ရန် အလို​တော်​မ​ရှိ​ပေ​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 8,
      "text": "ယဟောရံ​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို​ပုန်ကန်​၍ သူ​တို့​ကို အုပ်စိုး​ရန် ဘုရင်​တစ်ပါး​ကို တင်မြှောက်​လိုက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 9,
      "text": "ထို့ကြောင့် ယဟောရံ​မင်းကြီး​သည် မှူးမတ်​များ​ပါ​လျက် မိမိ​၌​ရှိသမျှ​သော​စစ်ရထား​အားလုံး​နှင့်တကွ ချီတက်​၍ သူ့​အား​ဝိုင်းရံ​လာ​သော​ဧဒုံ​တပ်သား​တို့​နှင့် စစ်ရထားမှူး​တို့​ကို ညအချိန် ထ​၍​တိုက်ခိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 10,
      "text": "ယဟောရံ​မင်းကြီး​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် သူ့​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်းမှာပင် သူ​၏​လက်အောက်ခံ​ဖြစ်​သော လိဗန​ပြည်​သည်​လည်း သူ့​ကို​ပုန်ကန်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 11,
      "text": "ထို့ပြင် သူ​သည် ယုဒ​တောင်ကုန်း​များ​ပေါ်တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို​လည်း တည်​၍ ဂျေရုဆလင်​မြို့သား​များ​ကို ဖောက်ပြန်မှားယွင်း​စေ​၏​။ ယုဒ​ပြည်သား​များ​ကို​လည်း လမ်းလွဲ​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 12,
      "text": "ထို့နောက်တွင် ပရောဖက်​ဧလိယ​သည် သူ့​ထံသို့ စာ​တစ်​စောင်​ရေးသား​ပေးပို့​ခဲ့​၏​။ ထို​စာ​တွင် “​သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် သင့်​ခမည်းတော်​ယောရှဖတ်​မင်းကြီး​လျှောက်​သော​လမ်း​၊ ယုဒ​ဘုရင်​အာသ​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း မ​လိုက်လျှောက်​ဘဲ"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 13,
      "text": "အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း​လိုက်လျှောက်​ပြီး အာဟပ်​မင်းမျိုးမင်းနွယ်​တို့ ဖောက်ပြန်မှားယွင်း​သကဲ့သို့ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို ဖောက်ပြန်မှားယွင်း​စေ​၏​။ သင့်​ခမည်းတော်​၏​အိမ်သား​များ​ဖြစ်​သော သင့်​ထက်​ကောင်း​သော​သင့်​ညီအစ်ကို​များ​ကို​ပင် သင်​သတ်​ပစ်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 14,
      "text": "ထို့ကြောင့် ကြည့်ရှု​လော့​။ သင့်​ပြည်သား​များ​၊ သင့်​သား​တော်​သမီး​တော်​များ​၊ သင့်​မိဖုရား​များ​နှင့် သင်​ပိုင်ဆိုင်​သမျှ​တို့​ကို ထာဝရဘုရား​သည် ဆိုးဝါး​သော​ဘေးဒဏ်​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 15,
      "text": "သင်​သည် အူနာ​သော​ရောဂါ​ဖြင့် ဝေဒနာ​ကို ပြင်းထန်​စွာ​ခံစား​ရ​မည်​။ အူ​များ​ထွက်ကျ​လာ​သည်​အထိ တစ်နေ့​ထက်​တစ်နေ့​တိုး​၍ သင်​ဝေဒနာ​ခံစား​ရ​မည်’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ပါရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 16,
      "text": "အီသီယိုးပီးယား​ပြည်​နား​ရှိ အာရပ်​လူမျိုး​၊ ဖိလိတ္တိ​လူမျိုး​တို့​သည် ယဟောရံ​မင်းကြီး​အား တိုက်ခိုက်​လာ​အောင် သူ​တို့​စိတ်​ကို ထာဝရဘုရား​နှိုးဆော်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 17,
      "text": "သူ​တို့​သည် ယုဒ​ပြည်​သို့​ချီတက်​သိမ်းပိုက်​ကြ​ပြီး ဘုရင့်​နန်းတော်​တွင် တွေ့​သမျှ​ဥစ္စာ​တို့​ကို ယူဆောင်​သွား​ကြ​၏​။ အငယ်ဆုံး​သား​တော်​ယောခတ်​မှတစ်ပါး ကျန်​သား​တော်​များ​၊ မိဖုရား​များ​ကို​လည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 18,
      "text": "ထို့နောက်တွင် ထာဝရဘုရား​သည် ယဟောရံ​မင်းကြီး​ကို ကုသ​၍​မ​ရ​နိုင်​သော​အူနာရောဂါ​ဖြင့် ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 19,
      "text": "နေ့စဉ်ရက်ဆက်​ဝေဒနာ​ခံစား​ရ​ပြီး နှစ်​နှစ်​ကြာ​သောအခါ ထို​အနာရောဂါ​ကြောင့် အူ​များ​ထွက်ကျ​လာ​၍ ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​ရင်း အနိစ္စရောက်​သွား​၏​။ ဘိုးဘေး​တို့​အား မီးပွဲသဘင်​ကို ခမ်းနား​စွာ​ကျင်းပ​ပေး​သကဲ့သို့ သူ့​ပြည်သား​တို့​သည် သူ့​ကို မ​ပြု​ပေး​ကြ​ချေ​။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 20,
      "text": "သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 1,
      "text": "အာရပ်​လူ​တို့​နှင့်အတူ တပ်စခန်း​သို့​လိုက်လာ​သော ဓားပြ​အဖွဲ့​သည် ယဟောရံ​မင်းကြီး​၏​သား​တော်​အကြီး​အားလုံး​ကို သတ်ပစ်​သောကြောင့် ဂျေရုဆလင်​မြို့သား​တို့​သည် အငယ်ဆုံး​သား​တော်​အာခဇိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​၏​။ ထို့ကြောင့် ယုဒ​ဘုရင်​ယဟောရံ​မင်းကြီး​၏​သား​တော် အာခဇိ နန်းတက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 2,
      "text": "အာခဇိ​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​နှစ်​နှစ် ​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဩမရိ​မင်းကြီး​၏​မြေး​တော် အာသလိ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 3,
      "text": "သူ​၏​မယ်တော်​သည် ဆိုးယုတ်​သော​အကြံ​များ​ကို​သာ ပေး​သောကြောင့် သူ​သည် အာဟပ်​မင်းမျိုးမင်းနွယ်​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 4,
      "text": "သူ​၏​ခမည်းတော်​အနိစ္စရောက်​သည့်​နောက်ပိုင်း​တွင် သူ့​ကို အကြံပေး​ဖျက်ဆီး​သူ​များ​မှာ အာဟပ်​မင်းမျိုးမင်းနွယ်​သာ​ဖြစ်​သောကြောင့် ထို​သူ​တို့​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 5,
      "text": "သူ​သည် ထို​သူ​တို့​ပေး​သော​အကြံ​အတိုင်း​လိုက်​၍ အာဟပ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယဟောရံ ​မင်းကြီး​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​ပြီး ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ကို တိုက်ခိုက်​ရာ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့် ယောရံ​မင်းကြီး ဒဏ်ရာ​ရ​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 6,
      "text": "ထိုသို့ ယောရံ​မင်းကြီး​သည် ရာမ​မြို့​တွင် ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​နှင့်​တိုက်ခိုက်​ရာ​မှ​ရ​သွား​သော​ဒဏ်ရာ​ကို ကုသ​ရန်​အတွက် ယေဇရေလ​မြို့​သို့​ပြန်သွား​၏​။ ယဟောရံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာဇရိ ​မင်းကြီး​သည်​လည်း အာဟပ်​မင်းကြီး​၏​သား​တော်​ယဟောရံ ​မင်းကြီး ဒဏ်ရာရ​သည်​ကို​ကြည့်ရှု​ရန် ယေဇရေလ​မြို့​သို့ လိုက်သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 7,
      "text": "ယောရံ​မင်းကြီး​ထံ အာခဇိ​မင်းကြီး သွားရောက်​ကြည့်ရှု​ခြင်း​သည် အာခဇိ​မင်းကြီး​ပျက်စီး​မည့်​အကြောင်း ဘုရားသခင် စီရင်​ထား​ခြင်း​ဖြစ်​၏​။ သူ​ရောက်သွား​သောအခါ သူ​သည် ယဟောရံ ​မင်းကြီး​နှင့်အတူ စစ်ချီသွား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကို သုတ်သင်ပယ်ရှင်း​ရန် ထာဝရဘုရား ဘိသိက်ပေး​ထား​သူ နိမ်ရှိ​၏​မြေး​ယေဟု​ကို တိုက်ခိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 8,
      "text": "ယေဟု​သည် အာဟပ်​မင်းမျိုးမင်းနွယ်​ကို ကွပ်မျက်​စီရင်​သောအခါ ယုဒ​အကြီးအကဲ​များ​နှင့် အာခဇိ​မင်းကြီး​ကို​ခစား​သော အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​တို့​ကို တွေ့​သဖြင့် သူ​တို့​ကို​ပါ ကွပ်မျက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 9,
      "text": "ထို့နောက် အာခဇိ​မင်းကြီး​ကို လိုက်ရှာ​ရာ ရှမာရိ​မြို့​၌​ပုန်း​နေစဉ် သူ့​ကို​ဖမ်းမိ​၍ ယေဟု​ထံ ခေါ်ဆောင်​လာ​ရာ ယေဟု​သည် သူ့​ကို​ကွပ်မျက်​ပြီးလျှင် “သူ​သည် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော ယောရှဖတ်​မင်းကြီး​၏​မြေး​တော်​ဖြစ်​သည်”​ဟု ဆို​၍ သူ့​ကို​သင်္ဂြိုဟ်​ပေး​ကြ​၏​။ အာခဇိ​မင်းကြီး​၏​အမျိုးအနွယ်​တို့​တွင် တိုင်းပြည်​အုပ်ချုပ်​နိုင်စွမ်း​ရှိ​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 10,
      "text": "အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ ယုဒ​တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 11,
      "text": "သို့သော် ယဟောရံ​မင်းကြီး​၏​သမီး​တော်​ယောရှေဘ​သည် အာခဇိ​မင်းကြီး​၏​သား​တော်​ယောရှ​ကို အသတ်​ခံရ​မည့်​ဘုရင့်​သား​တော်​များ​ထဲ​မှ ခိုး​ယူ​၍ အထိန်းတော်​နှင့်အတူ အတွင်းခန်း​ထဲတွင်​ထည့်​ထား​၏​။ ဤသို့ ယဟောရံ​မင်းကြီး​၏​သမီး​တော် ယဇ်ပုရောဟိတ်​ယောယဒ​၏​မယား အာခဇိ​မင်းကြီး​၏​နှမ​တော်​ဖြစ်​သော​ယောရှေဘ​သည် ယောရှ​ကို​ဝှက်ထား​သဖြင့် အာသလိ​ရန်​မှ ကင်း​၍ အသတ်​မ​ခံရ​တော့​ပေ​။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 12,
      "text": "တိုင်းပြည်​ကို အာသလိ​ဘုရင်မ အုပ်စိုး​စဉ် ယောရှ​သည် အထိန်းတော်​နှင့်အတူ ဘုရားသခင်​၏​အိမ်​တော်​တွင် ခြောက်​နှစ်​ပတ်လုံး ပုန်းရှောင်​နေ​ခဲ့​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 1,
      "text": "ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် သတ္တိမွေး​ကာ ရာတပ်မှူး​များ​ဖြစ်​သော ယေရောဟံ​၏​သား​အာဇရိ​၊ ယေဟောဟနန်​၏​သား​ဣရှမေလ​၊ ဩဗက်​၏​သား​အာဇရိ​၊ အဒါယ​၏​သား​မာသေယ​၊ ဇိခရိ​၏​သား​ဧလိရှဖတ်​တို့​နှင့် ကတိသစ္စာ​ပြု​၍"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 2,
      "text": "ယုဒ​ပြည်​တစ်လျှောက်လုံး​သို့​လှည့်လည်​သွားလာ​ပြီး ယုဒ​မြို့ရွာ​ရှိသမျှ​တို့​မှ လေဝိ​အမျိုး​များ​၊ အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ကို စည်းရုံး​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 3,
      "text": "ထို့နောက် ဘုရားသခင်​၏​အိမ်​တော်​တွင် လူထု​တစ်ရပ်လုံး​သည် ရှင်ဘုရင်​နှင့် ကတိသစ္စာ​ပြု​ကြ​ပြီး ယောယဒ​က “​ဒါဝိဒ်​မင်းကြီး​၏​သားမြေး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ကတိထား​ခဲ့​သည့်​အတိုင်း ရှင်ဘုရင်​၏​သား​တော်​သည် အုပ်စိုး​ရ​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 4,
      "text": "သင်​တို့ ဤသို့​ပြု​ရ​မည်​။ ဥပုသ်နေ့​တွင် တာဝန်ကျ​သော​ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​ကို သုံး​စု​ခွဲ​ပြီး တစ်စု​သည် တံခါးစောင့်​ရ​မည်​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 5,
      "text": "နောက်တစ်စု​သည် ဘုရင့်​နန်းတော်​ကို စောင့်ကြပ်​ရ​မည်​။ နောက်တစ်စု​သည် အုတ်မြစ်ချ​ရာ​တံခါး​ကို စောင့်ကြပ်​ရ​မည်​။ လူ​အားလုံး ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​ထဲ၌ ရှိ​နေ​ရ​မည်​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​များ​နှင့် အိမ်​တော်​အမှုထမ်း​များ​ဖြစ်​သော​လေဝိ​အမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့ မ​ဝင်​စေ​နှင့်​။ သူ​တို့​သည် သန့်ရှင်း​သူ​များ​ဖြစ်​သောကြောင့် ဝင်ခွင့်​ရှိ​၏​။ လူ​အားလုံး ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို လိုက်နာ​ရ​မည်​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 7,
      "text": "လေဝိ​အမျိုး​တစ်ဦးချင်းစီ​သည် လက်နက်​ကို​ကိုင်ဆောင်​ထား​ပြီး ရှင်ဘုရင်​ကို ဝိုင်းရံ​ထား​ရ​မည်​။ အိမ်​တော်​သို့ ဝင်လာ​သူ​တိုင်း​ကို သုတ်သင်​ပစ်​ရ​မည်​။ ရှင်ဘုရင်​သွား​လာ​လေရာရာ​သို့ သင်​တို့​လိုက်ပါ​စောင့်ရှောက်​ရ​မည်​”​ဟု မှာကြား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 8,
      "text": "လေဝိ​အမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ယဇ်ပုရောဟိတ်​ယောယဒ မှာကြား​သည့်​အတိုင်း ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​ယောယဒ​က အလှည့်ကျ​အဖွဲ့​များ​ကို ပြန်​မ​လွှတ်ပေး​သောကြောင့် အဖွဲ့ခေါင်းဆောင်​များ​သည် ဥပုသ်နေ့​တွင် တာဝန်ကျ​သူ​များ​နှင့် တာဝန်မကျ​သူ​များ​ပါ အသီးသီး​မိမိ​တို့​လူ​ကို ခေါ်ထား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 9,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​ယောယဒ​သည် ဘုရားသခင်​၏​အိမ်​တော်​၌​ရှိ​သော ဒါဝိဒ်​မင်းကြီး​၏​လှံ​များ​၊ ဒိုင်းလွှားကြီး​များ​၊ ဒိုင်းလွှားငယ်​များ​ကို ရာတပ်မှူး​တို့​အား ပေးအပ်​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 10,
      "text": "လူ​အပေါင်း​တို့​ကို လက်နက်​ကိုယ်စီ​ကိုင်ဆောင်​စေ​ပြီး အိမ်​တော်​တောင်ဘက်​ထောင့်​မှ အိမ်​တော်​မြောက်ဘက်​ထောင့်​အထိ ယဇ်ပလ္လင်​အနား​၊ အိမ်​တော်​အနား​တို့​၌ နေရာယူ​လျက် ရှင်ဘုရင်​ကို ခြံရံ​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 11,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​သည် ဘုရင့်​သား​တော်​ကို ထုတ်ဆောင်​လာ​၍ သရဖူ​နှင့်တကွ ကတိဝန်ခံလွှာ​ကို အပ်နှင်း​၏​။ ယောယဒ​နှင့်​သူ​၏​သား​တို့​သည်​လည်း သူ့​ကို ဘိသိက်ပေး​မင်းမြှောက်​ကာ “​မင်းကြီး သက်တော်ရှည်​ပါစေ​”​ဟု ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 12,
      "text": "အာသလိ​ဘုရင်မ​သည် လူ​တို့​ပြေးလွှား​လှုပ်ရှား​နေ​၍ ရှင်ဘုရင်​အား​ချီးမွမ်းသီဆို​နေ​သော​အသံ​ကို ကြား​လျှင် လူ​တို့​စုဝေး​ရာ​ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 13,
      "text": "ရှင်ဘုရင်​သည် အဝင်ဝ​တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​လည်း ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်​ပျော်ရွှင်​စွာ​တံပိုးခရာ​တူရိယာ​မှုတ်​လျက် သီချင်း​များ​ချီးမွမ်း​သီဆို​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 14,
      "text": "ယဇ်ပုရောဟိတ်​ယောယဒ​က စစ်သည်​တို့​ကို အုပ်ချုပ်​ရ​သော​ရာတပ်မှူး​တို့​ကို ခေါ်ထုတ်​ပြီး “​သူ့​ကို စောင့်ကြပ်​ထား​သော​နေရာ​မှ ဆွဲထုတ်​လိုက်​ကြ​။ သူ့​နောက်မှ လိုက်ပါလာ​သော​သူ​တို့​ကို​လည်း ဓား​နှင့်​ကွပ်မျက်​လိုက်​ကြ​”​ဟု အမိန့်ပေး​လိုက်​၏​။ ယဇ်ပုရောဟိတ်​က “သူ့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် မ​သတ်​ကြ​နှင့်”​ဟု မှာထား​သဖြင့်"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 15,
      "text": "သူ့​ကို​ဖမ်းချုပ်​ခေါ်ဆောင်​သွား​ပြီး ဘုရင့်​နန်းတွင်း မြင်း​ဝင်ရာ​တံခါးဝ​သို့​ရောက်​သောအခါ သူ့​ကို ကွပ်မျက်​လိုက်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 16,
      "text": "ထို့နောက် ယောယဒ​သည် မိမိ​အပါအဝင် ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​အားလုံး ထာဝရဘုရား​၏​လူမျိုး​တော်​များ​အဖြစ်​တည်​နေ​စေရန် ကတိသစ္စာ​ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 17,
      "text": "ထို့နောက် ပြည်သူပြည်သား​အပေါင်း​တို့​သည် ဗာလ​ဘုရား​ဝတ်ကျောင်း​သို့​သွား​၍ ထို​ဝတ်ကျောင်း​ကို​ဖြိုဖျက်​ပစ်​ပြီး သူ​၏​ယဇ်ပလ္လင်​များ​၊ ရုပ်တု​များ​ကို ချိုးဖျက်​ပစ်​ကြ​၏​။ ဗာလ​ဘုရား​၏​ယဇ်ပုရောဟိတ်​မဿန်​ကို​လည်း ယဇ်ပလ္လင်​ရှေ့​တွင် ကွပ်မျက်​လိုက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 18,
      "text": "ထို့နောက် ယောယဒ​သည် ဒါဝိဒ်​မင်းကြီး​ကိုယ်တိုင် ခွဲခန့်​ထား​ခဲ့​သည့် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား ထာဝရဘုရား​၏​အိမ်​တော်​ကို တာဝန်ယူ​ကြီးကြပ်​ရန် ခန့်ထား​၏​။ သူ​တို့​သည် မောရှေ​၏​ပညတ်တရားကျမ်း​တွင်​ရေးထား​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​ပြီး ဒါဝိဒ်​မင်းကြီး​မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း ဝမ်းမြောက်​စွာ​ချီးမွမ်းသီချင်း သီဆို​ရ​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 19,
      "text": "တစ်စုံတစ်ရာ​ကြောင့် ညစ်ညူး​သော​သူ​တို့ မ​ဝင်ရောက်​နိုင်​စေရန် ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​တွင် တံခါးစောင့်​များ​ကို ချထား​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 20,
      "text": "ရာတပ်မှူး​များ​၊ မှူးမတ်​များ​၊ ပြည်သူ​တို့​ကို​ကြီးကြပ်​ပေး​မည့်​သူ​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို ဆင့်ခေါ်​၍ ရှင်ဘုရင်​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ခေါ်ထုတ်​လာ​ကြ​၍ အထက်​တံခါး​လမ်း​အတိုင်း ဘုရင့်​နန်းတော်​သို့​ကြွချီ​စေ​ပြီး တော်ဝင်​ရာဇပလ္လင်​တွင် စံမြန်း​စေ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 21,
      "text": "ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း ဝမ်းမြောက်ပျော်ရွှင်​ကြ​၏​။ အာသလိ​ဘုရင်မ​ကို ဓား​နှင့်​ကွပ်မျက်​လိုက်​ပြီ​ဖြစ်​၍ တစ်မြို့လုံး​ငြိမ်းချမ်း​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 1,
      "text": "ယောရှ​နန်းတက်​သောအခါ သက်တော်​ခုနစ်​နှစ်​သာ​ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင် အနှစ်​လေးဆယ် စိုးစံ​၏​။ မယ်တော်​ကား ဗေရရှေဘ​မြို့သူ ဇိဗိ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 2,
      "text": "ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 3,
      "text": "ယောယဒ​သည် ယောရှ​မင်းကြီး​အတွက် မိဖုရား​နှစ်​ပါး​ကို ရွေးချယ်​ပေး​ပြီး သား​တော်​သမီး​တော်​များ​ကို ရ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 4,
      "text": "နောက်ပိုင်း​တွင် ယောရှ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​ပြုပြင်​ရန် စိတ်ပိုင်းဖြတ်​ပြီး"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 5,
      "text": "ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​များ​ကို စုရုံး​၍ သူ​တို့​အား “​ယုဒ​မြို့ရွာ​များ​သို့​သွား​၍ ဘုရားသခင်​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် အစ္စရေး​လူမျိုး​တစ်မျိုးလုံး​တို့​ထံမှ နှစ်စဉ်​ကြေးငွေ​များ​ကောက်ခံ​ကြ​လော့​။ ဤ​အမှု​ကို ချက်ချင်း​လုပ်ဆောင်​လော့​”​ဟု မိန့်ဆို​၏​။ သို့သော် လေဝိ​အမျိုး​တို့​သည် ချက်ချင်း​မ​လုပ်ဆောင်​ဘဲ နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 6,
      "text": "ထို့ကြောင့် ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်မင်း​ယောယဒ​ကို​ခေါ်​၍ “​သက်သေခံချက်​တဲ​တော်​အဖို့ ထာဝရဘုရား​၏​အစေအပါး​မောရှေ​မှာကြား​ထား​သော အစ္စရေး​လူထု​တို့​ပေးဆောင်​ရ​မည့်​အခွန်ငွေ​ကို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ထံမှ​ကောက်ခံ​ရန် လေဝိ​အမျိုးသား​တို့​ကို အဘယ်ကြောင့် သင် မ​မှာထား​သနည်း​”​ဟု မေး​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 7,
      "text": "ဆိုးယုတ်​သော​ဘုရင်မ​အာသလိ​၏​သား​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို​ဖြိုဖျက်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ သန့်ရှင်း​သော​အသုံးအဆောင်​အားလုံး​ကို​ယူသွား​၍ ဗာလ​ဘုရား​အတွက် အသုံးပြု​ခဲ့​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 8,
      "text": "ထို့နောက်​တွင် ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း သေတ္တာ​တစ်​လုံး​ကို​ပြုလုပ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​တံခါး​အပြင်ဘက်​နားတွင် ထား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 9,
      "text": "တောကန္တာရ​တွင် ဘုရားသခင်​၏​အစေအပါး​မောရှေ​က အစ္စရေး​လူမျိုး​တို့​အား မိန့်မှာ​ခဲ့​သည့်​အတိုင်း ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​သည် ထာဝရဘုရား​အထံ​တော်​သို့ အခွန်​ငွေ​ကို​ယူဆောင်​လာ​ကြ​ရန် ကြေညာ​လိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 10,
      "text": "မှူးမတ်​များ​နှင့်​ပြည်သူပြည်သား​အပေါင်း​တို့​သည် ဝမ်းမြောက်ဝမ်းသာ​စွာ​ဖြင့် ယူဆောင်​လာ​၍ သေတ္တာ​ပြည့်​သည်​အထိ ထည့်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 11,
      "text": "လေဝိ​အမျိုးသား​တို့​သည် ငွေ​အမြောက်အမြား​ရလာ​ပြီ​ဖြစ်​ကြောင်း သိမြင်​လျှင် သေတ္တာ​ကို ဘုရင့်​အမှုထမ်း​များ​ထံသို့ ယူဆောင်​လာ​ကြ​၏​။ ထိုအခါ စာရေးတော်ကြီး​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်​အကြီးအကဲ​တို့​သည်​လာ​၍ သေတ္တာ​ထဲမှ ငွေ​ကို​ထုတ်​ပြီး ယူဆောင်​သွား​၏​။ သေတ္တာ​ကို​မူ သူ့​နေရာ​တွင် ပြန်ထား​စေ​၏​။ နေ့စဉ်နေ့တိုင်း ထိုသို့​ပြု​ရာ ငွေ​အမြောက်အမြား​ကို ကောက်ခံ​ရရှိ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 12,
      "text": "ရှင်ဘုရင်​နှင့်​ယောယဒ​သည် ထို​ငွေ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​တို့​လက်​သို့​အပ်​၏​။ သူ​တို့​က ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငှား​၏​။ ထို့အတူ ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် သံ​၊ ကြေးနီ​တို့​ကို​သွန်းလုပ်​တတ်​သော​ပန်းပဲသမား​တို့​ကို ငှား​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 13,
      "text": "အလုပ်လုပ်​သော​သူ​တို့​သည် အလုပ်​ကို​ကြိုးစား​၍​လုပ်ဆောင်​ကြ​၏​။ သူ​တို့​လုပ်ဆောင်​သော​အိမ်​တော်​ပြုပြင်​ခြင်း​အမှု​သည်​လည်း အထမြောက်​၍ ဘုရားသခင်​၏​အိမ်​တော်​ကို ယခင်​ပုံစံ​အတိုင်း ခိုင်ခံ့​အောင်​ပြုပြင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 14,
      "text": "အိမ်​တော်​ပြုပြင်​ခြင်း​အမှု​ပြီးစီး​သောအခါ ကျန်ရှိ​သော​ငွေ​ကို ရှင်ဘုရင်​နှင့် ယောယဒ​ထံ ယူဆောင်​လာ​ကြ​၏​။ ထို​ငွေ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​၊ အမှု​တော်​နှင့် မီးရှို့ရာယဇ်​ပူဇော်​ခြင်း​အတွက် လိုအပ်​သော​အသုံးအဆောင်​များ​၊ ခွက်​များ​၊ ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ပြုလုပ်​၏​။ ယောယဒ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် မီးရှို့ရာယဇ်​ကို အစဉ်​ပူဇော်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 15,
      "text": "ယောယဒ​သည် အသက်ကြီး​၍​သက်တမ်းစေ့​သောအခါ ကွယ်လွန်​သွား​၏​။ ကွယ်လွန်​ချိန်​တွင် အသက်​တစ်ရာ့​သုံးဆယ် ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 16,
      "text": "သူ​သည် အစ္စရေး​နိုင်ငံ​တွင် ဘုရားသခင်​နှင့်​အိမ်​တော်​အတွက်​ကောင်းသောအမှု​များ​ကို ပြု​သောကြောင့် သူ့​ကို ဒါဝိဒ်​မြို့​တွင် ဘုရင်​များ​နှင့်အတူ သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 17,
      "text": "ယောယဒ​ကွယ်လွန်​သွား​ပြီး​နောက်တွင် ယုဒ​အကြီးအကဲ​တို့​သည် ရှင်ဘုရင်​ထံ​လာ​၍ ပျပ်ဝပ်ဦးညွှတ်​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း သူ​တို့​စကား​ကို နားထောင်​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 18,
      "text": "သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို စွန့်ခွာ​သွား​ကြ​ပြီး အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​တို့​ကို ကိုးကွယ်​ကြ​၏​။ ထို​အပြစ်​ကြောင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အမျက်​တော်​သက်ရောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 19,
      "text": "ထာဝရဘုရား​ထံ ပြန်လှည့်​လာ​ကြ​ရန် ပရောဖက်​များ​ကို သူ​တို့​ထံ စေလွှတ်​တော်မူ​၏​။ ပရောဖက်​တို့​သည် သူ​တို့​ကို​သတိပေး​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 20,
      "text": "ထိုစဉ်က ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ဇာခရိ​ထံ​သက်ရောက်​သဖြင့် သူ​သည် လူ​တို့​ရှေ့​တွင်​ရပ်​ပြီး “​ဘုရားသခင်​က ‘​သင်​တို့ အဘယ်ကြောင့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို ချိုးဖောက်​ကြ​သနည်း​။ သင်​တို့​အောင်မြင်​ကြီးပွား​မည်​မ​ဟုတ်​။ သင်​တို့​သည် ထာဝရဘုရား​ကို စွန့်ပယ်​သည်​ဖြစ်၍ ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပယ်​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 21,
      "text": "ထိုအခါ သူ​တို့​သည် ဇာခရိ​ကို​သတ်​ရန် လျှို့ဝှက်ကြံစည်​ကြ​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​တွင်​ပင် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 22,
      "text": "ယောရှ​မင်းကြီး​သည် ဇာခရိ​၏​ဖခင်​ယောယဒ​ပြ​ခဲ့​သော​မေတ္တာကရုဏာ​ကို​ပင် မ​အောက်မေ့​ဘဲ သား​ဖြစ်​သူ​ကို​သတ်​လေ​၏​။ ဇာခရိ​သည် သေ​လုဆဲဆဲ​တွင် “​ထာဝရဘုရား​သည် ဤ​အမှု​ကို မြင်​၍​စီရင်​တော်မူ​ပါစေ​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 23,
      "text": "နှစ်​လည်​သောအခါ ဆီးရီးယား​တပ်​သည် ယောရှ​မင်းကြီး​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​၏​။ သူ​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​သို့ ဝင်ရောက်​၍ ပြည်သူပြည်သား​တို့​၏​အကြီးအကဲ​များ​အားလုံး​ကို သတ်​ပြီး တိုက်ရာပါပစ္စည်း​အားလုံး​ကို ဒမတ်စကပ်​ဘုရင်​ထံ ပေးပို့​ဆက်သ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 24,
      "text": "ယုဒ​လူမျိုး​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ဆီးရီးယား​စစ်သည်​တို့​သည် လူ​အနည်းငယ်​နှင့်​သာ​ချီလာ​သော်လည်း ထာဝရဘုရား​သည် ယုဒ​စစ်သည်​အမြောက်အမြား​ကို သူ​တို့​လက်​သို့ အပ်လိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် ယောရှ​မင်းကြီး​ကို ဒဏ်ခတ်​စီရင်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 25,
      "text": "သူ​တို့ ပြန်သွား​သောအခါ ယောရှ​မင်းကြီး​ကို ဒဏ်ရာ​အပြင်းအထန်​နှင့်​ထား​ခဲ့​၏​။ ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ကို သတ်​သော​အပြစ်​ကြောင့် သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို​လုပ်ကြံ​၍​အိပ်ရာ​ထက်​တွင်ပင် သူ့​ကို​ကွပ်မျက်​လိုက်​ကြ​၏​။ ထို့ကြောင့် သူ​သည် အနိစ္စရောက်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ချေ​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 26,
      "text": "သူ့​ကို လုပ်ကြံ​သော​သူ​များ​မှာ အမ္မုန်​အမျိုးသမီး​ရှိမတ်​၏​သား​ဇာဗဒ်​နှင့် မောဘ​အမျိုးသမီး​ရှိမရိတ်​၏​သား​ယဟောဇဗဒ် တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 27,
      "text": "သူ့​သား​တော်​များ​အကြောင်း​၊ သူ​နှင့်​ပတ်သက်သော​ဗျာဒိတ်​တော်​များ​အကြောင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ကို​ပြုပြင်​ခဲ့​ပုံ​အကြောင်း​များ​ကို ရှင်ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏​။ သူ​၏​သား​တော်​အာမဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 1,
      "text": "အာမဇိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သူ ယုဒ္ဒန်​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း စိတ်နှလုံး​အကြွင်းမဲ့​နှင့်​မ​ဟုတ်​ချေ​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 3,
      "text": "သူ​သည် မိမိ​လက်ထက် နိုင်ငံ​တော်​တည်မြဲ​လာ​သည့်​အခါ ရှင်ဘုရင်​ဖြစ်​သော​မိမိ​ခမည်းတော်​ကို လုပ်ကြံ​ခဲ့​သော မင်းမှုထမ်း​တို့​အား ကွပ်မျက်​ပစ်​လိုက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 4,
      "text": "သို့သော် သူ​သည် “​သားသမီး​ကြောင့် ဖခင်​ကို မ​သတ်​ရ​။ ဖခင်​ကြောင့် သားသမီး​ကို မ​သတ်​ရ​။ လူ​တိုင်း ကိုယ့်​အပြစ်​နှင့်​ကိုယ်​သာ အသတ်​ခံရ​မည်​”​ဟု မောရှေ​ပညတ္တိ​ကျမ်း​တွင်​ရေးသား​ထား​သော ထာဝရဘုရား​၏​ပညတ်ချက်​အတိုင်း ခမည်းတော်​အား​လုပ်ကြံ​သော​သူ​တို့​၏​သားသမီး​များ​ကို​မူ မ​ကွပ်မျက်​ခဲ့​ပေ​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 5,
      "text": "အာမဇိ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​ကို စုဝေး​စေ​ပြီး ယုဒ​လူမျိုး​နှင့်​ဗင်္ယာမိန်​လူမျိုး​အပေါင်း​တို့​တွင် ထောင်တပ်မှူး​၊ ရာတပ်မှူး​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် နေရာ​ချထား​၏​။ ထို့ပြင် အသက်​နှစ်ဆယ်​နှင့်​အထက်​ရှိ​သူ​တို့​ကို စာရင်းကောက်​ရာ​တွင် လှံ​နှင့်​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ပြီး စစ်မှုထမ်း​နိုင်​သူ လက်ရွေးစင်​စစ်သည် သုံးသိန်း​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 6,
      "text": "ထို့ပြင် အစ္စရေး​လူမျိုး​ထံမှ စစ်သူရဲ​တစ်သိန်း​ကို​လည်း ငွေ​တာလန်​တစ်ရာ ​ဖြင့် ငှား​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 7,
      "text": "သို့သော် ဘုရားသခင်​၏​လူ​တစ်ယောက်​က ရှင်ဘုရင်​ထံ​ရောက်လာ​၍ “​အရှင်မင်းကြီး​၊ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​နှင့်အတူ​ရှိ​တော်​မ​မူ​။ ဧဖရိမ်​အမျိုးသား​တစ်ယောက်​နှင့်​မျှ အတူ​ရှိ​တော်​မ​မူ​။ ထို့ကြောင့် အစ္စရေး​စစ်တပ်​ကို မင်းကြီး​နှင့်အတူ မ​ချီတက်​စေ​ပါ​နှင့်​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 8,
      "text": "မင်းကြီး​သွား​လို​လျှင် သွား​လော့​။ စစ်ပွဲ​အတွက်​ကိုယ်​ကို​ခိုင်ခံ့​အောင်​လုပ်​သော်လည်း ဘုရားသခင်​သည် မင်းကြီး​ကို ရန်သူ​တို့​ရှေ့​မှာ ရှုံးနိမ့်​စေ​လိမ့်မည်​။ အကြောင်းမူကား ဘုရားသခင်​သည် ကူညီနိုင်စွမ်း​၊ ရှုံးနိမ့်​စေ​နိုင်စွမ်း​ရှိ​၏”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 9,
      "text": "အာမဇိ​မင်းကြီး​က​လည်း ဘုရားသခင်​၏​လူ​အား “​အစ္စရေး​စစ်တပ်​အား ငါ​ပေး​လိုက်​သော ငွေ​တာလန်​တစ်ရာ​ကို မည်သို့​ပြု​ရ​မည်နည်း​”​ဟု ပြန်မေး​လျှင် ဘုရားသခင်​၏​လူ​က “​ထာဝရဘုရား​သည် ထိုမျှမက​များစွာ​သော​ငွေ​ကို မင်းကြီး​အား ပေး​နိုင်​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 10,
      "text": "ထို့ကြောင့် အာမဇိ​မင်းကြီး​သည် သူ့​ထံသို့​ရောက်လာ​သော ဧဖရိမ်​ပြည်​မှ​စစ်သူရဲ​များ​ကို သူ​တို့​အိမ်​သို့​ပြန်သွား​ရန် လွှတ်​လိုက်​၏​။ သူ​တို့​သည် ယုဒ​လူမျိုး​တို့​ကို အမျက်ထွက်​၍ ဒေါသတကြီး​နှင့် မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 11,
      "text": "ထို့နောက် အာမဇိ​မင်းကြီး​သည် ရဲရင့်​စွာ​ဖြင့် မိမိ​စစ်သည်​တို့​ကို​ဦးဆောင်​လျက် ဆား​ချိုင့်ဝှမ်း​သို့​ချီတက်​ကာ စိရ​ပြည်သား​တစ်သောင်း​ကို ကွပ်မျက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 12,
      "text": "ယုဒ​အမျိုးသား​တို့​သည် လူ​တစ်သောင်း​ကို အရှင်​ဖမ်းမိ​ရာ သူ​တို့​ကို ကျောက်ဆောင်​ထိပ်​သို့​ခေါ်သွား​ပြီး တွန်းချ​လိုက်​သဖြင့် သူ​တို့​အားလုံး သေကျေပျက်စီး​ကြ​ကုန်​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 13,
      "text": "စစ်ကူတိုက်​ခွင့်​မ​ပေး​ဘဲ အာမဇိ​မင်းကြီး ပြန်လွှတ်​လိုက်​သော​စစ်သူရဲ​တို့​သည် ရှမာရိ​မြို့​မှ ဗေသောရုန်​မြို့​တိုင်အောင် ယုဒ​မြို့ရွာ​များ​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး လူ​သုံး​ထောင်​ကို​သတ်​ကာ တိုက်ရာပါပစ္စည်း​များစွာ​ကို​လည်း သိမ်းယူ​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 14,
      "text": "အာမဇိ​မင်းကြီး​သည် ဧဒုံ​လူမျိုး​တို့​ကို ချေမှုန်း​ရာ​မှ​ပြန်လာ​ပြီးနောက် စိရ​ပြည်သား​တို့​၏​ဘုရား​များ​ကို ယူလာ​ပြီး မိမိ​အဖို့​ဘုရား​အဖြစ် တည်​ထား​၏​။ ထို​ဘုရား​များ​ကို ကိုးကွယ်​ပြီး နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 15,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အာမဇိ​မင်းကြီး​ကို အမျက်ထွက်​တော်မူ​၍ သူ့​ထံ​ပရောဖက်​တစ်​ပါး​ကို စေလွှတ်​ကာ “​မင်းကြီး​၏​လက်​မှ မိမိ​လူ​တို့​ကို​မ​ကယ်တင်​နိုင်​သော​လူမျိုးခြား​တို့​၏​ဘုရား​များ​ကို အဘယ်ကြောင့် ဆည်းကပ်​သနည်း​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 16,
      "text": "ထိုသို့ ပရောဖက်​ပြောဆို​နေ​သည်​ကို အာမဇိ​မင်းကြီး​က “​သင့်​ကို ရှင်ဘုရင်​၏​အတိုင်ပင်ခံ​အဖြစ် ခန့်ထား​သလော​။ တိတ်တိတ်နေ​လော့​။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်​ခံရ​အောင်​လုပ်​သနည်း​”​ဟု ပြန်ပြော​ရာ ပရောဖက်​က “​ငါ​ပေး​သော​အကြံ​ကို သင်​နား​မ​ထောင်​၊ ဤ​အမှု​ကို သင်​ပြု​သောကြောင့် ဘုရားသခင်​သည် သင့်​ကို​ဖျက်ဆီး​ပစ်​ရန် ကြံရွယ်​ထား​သည်​ကို ငါ​သိ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 17,
      "text": "ထို့နောက် ယုဒ​ဘုရင် အာမဇိ​မင်းကြီး​သည် စည်းဝေး​တိုင်ပင်​ပြီးမှ ယေဟု​မင်းကြီး​၏​မြေး​တော်​၊ ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​လာ​ပါ​။ ငါ​တို့ ရင်ဆိုင်​တိုက်ခိုက်​ကြ​စို့​”​ဟု ပြောကြား​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 18,
      "text": "သို့သော် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 19,
      "text": "သင်​သည် ဧဒုံ​ပြည်​ကို တိုက်ခိုက်ချေမှုန်း​နိုင်​ခဲ့​သဖြင့် ဘဝင်မြင့်​လှ​၏​။ ကိုယ့်​နန်းတော်​၌​သာ ကိုယ်​စံမြန်း​ပါ​လော့​။ အဘယ်ကြောင့် ပြဿနာ​ရှာ​ပြီး ယုဒ​ပြည်​ကို သင်​နှင့်အတူ ကျရှုံး​စေ​လို​သနည်း​”​ဟု ပြန်လည်​ပြောကြား​လိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 20,
      "text": "သို့သော် အာမဇိ​မင်းကြီး​သည် နား​မ​ထောင်​ပေ​။ သူ​သည် ဧဒုံ​ဘုရား​များ​ကို ကိုးကွယ်​သောကြောင့် ဘုရားသခင်​သည် သူ့​ကို​ရန်သူ​လက်​သို့​အပ်​ရန် စီရင်​တော်မူ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 21,
      "text": "ထို့ကြောင့် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး​သည် စစ်ချီ​လာ​၍ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် ယုဒ​ပြည်​၊ ဗက်ရှေမက်​မြို့​တွင် ရင်ဆိုင်​တိုက်ခိုက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 22,
      "text": "ယုဒ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သဖြင့် ကိုယ့်​တဲ​များ​သို့ အသီးသီး​ပြန်ပြေး​ကြ​ကုန်​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 23,
      "text": "ထိုအခါ အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​မြေး​၊ ယောရှ ​မင်းကြီး​၏​သား ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ဗက်ရှေမက်​မြို့​တွင် ဖမ်းမိ​ပြီး ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​၏​။ ထို့နောက် ဂျေရုဆလင်​မြို့ရိုး​ကို ဧဖရိမ်​တံခါး​မှ​ထောင့်​တံခါး​တိုင်အောင် အတောင်​လေး​ရာ ​ဖြိုချ​ပစ်​ပြီး"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 24,
      "text": "ဘုရားသခင်​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​၌ တွေ့​သမျှ​သော ရွှေ​ငွေ​အားလုံး​၊ အသုံးအဆောင်​အားလုံး​ကို​သိမ်းယူ​၍ ဩဗဒေဒုံ​နှင့်​ဓားစာခံ​များ​ကို​လည်း ဖမ်းဆီး​ပြီး ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 25,
      "text": "ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ ​မင်းကြီး အနိစ္စ​ရောက်​ပြီးနောက် တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 26,
      "text": "ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ယုဒ​ဘုရင်​များ​၊ အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏ ​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 27,
      "text": "အာမဇိ​မင်းကြီး​သည် ထာဝရဘုရား​ကို​ကျောခိုင်း​သွား​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို ကွပ်မျက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 28,
      "text": "သူ့​အလောင်း​ကို မြင်း​ဖြင့် ပြန်သယ်​လာ​ပြီး ယုဒ​မြို့​တွင် ဘိုးဘေး​တို့​နှင့်အတူ​သင်္ဂြိုဟ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 1,
      "text": "ထို့နောက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ​ရှိ​သေး​သော ဩဇိ​ကို မင်းမြှောက်​၍ ခမည်းတော်​အာမဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 2,
      "text": "ခမည်းတော်​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​ပြီးနောက် ဩဇိ​မင်းကြီး​သည် ဧလတ်​မြို့​ကို ပြန်လည်​တည်ဆောက်​ပြီး ယုဒ​ပြည်​အပိုင်​ဖြစ်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 3,
      "text": "ဩဇိ​နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​နှစ်​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သူ ယေခေါလိ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 4,
      "text": "ဩဇိ​မင်းကြီး​သည် ခမည်းတော်​အာမဇိ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 5,
      "text": "ဘုရားသခင်​၏​ဗျာဒိတ်​တော်​အကြောင်း​ကို သိနားလည်​သော​ဇာခရိ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဘုရားသခင်​ကို ရှာ​၏​။ ထာဝရဘုရား​ကို ရှာ​သော​ကာလ​ပတ်လုံး​တွင်​လည်း ဘုရားသခင်​သည် သူ့​ကို အောင်မြင်​ခွင့်​ပေး​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 6,
      "text": "သူ​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​ပြီး ဂါသ​မြို့ရိုး​၊ ယာဗနေ​မြို့ရိုး​၊ အာဇုတ်​မြို့ရိုး​တို့​ကို ဖြိုဖျက်​၏​။ အာဇုတ်​မြို့​ဝန်းကျင်​နှင့် ဖိလိတ္တိ​ပြည်​အတွင်း​ရှိ မြို့ရွာ​များ​ကို ပြန်လည်​တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 7,
      "text": "သူ​သည် ဖိလိတ္တိ​လူမျိုး​၊ ဂုရဗာလ​အရပ်​တွင်​နေထိုင်​သော​အာရပ်​လူမျိုး​များ​နှင့် မဟုနိမ်​လူမျိုး​တို့​ကို တိုက်ခိုက်​သောအခါ ဘုရားသခင်​သည် သူ့​ကို ကူညီမစ​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 8,
      "text": "အမ္မုန်​လူမျိုး​တို့​သည် ဩဇိ​မင်းကြီး​အား အခွန်​ဆက်သ​ပေး​ရ​၏​။ ဩဇိ​မင်းကြီး​သည် အလွန်​အင်အား​ကြီးမား​လာ​ပြီး အီဂျစ်​ပြည်​နယ်စပ်​ထိ​တိုင်အောင် နာမည်​ကျော်ကြား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 9,
      "text": "ဩဇိ​မင်းကြီး​သည် ဂျေရုဆလင်​မြို့ ထောင့်​တံခါး​၊ ချိုင့်ဝှမ်းလွင်ပြင်​တံခါး​၊ မြို့ရိုး​ထောင့်​တို့​တွင် ရဲတိုက်​များ​ကို အခိုင်အခံ့​တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 10,
      "text": "မြေနိမ့်ဒေသ​နှင့် လွင်ပြင်​တို့​တွင် သူ​ပိုင်ဆိုင်​သော​တိရစ္ဆာန်​များစွာ​ရှိ​သောကြောင့် တော​ထဲ၌ မျှော်စင်​များ​ကို​ဆောက်လုပ်​၏​။ ရေတွင်း​များစွာ​ကို​လည်း တူး​၏​။ လယ်ယာ​စိုက်ပျိုးရေး​ကို ဝါသနာ​ပါ​သောကြောင့် တောင်ကုန်း​များ​၊ သီးနှံ​ဖြစ်ထွန်း​သော​မြေယာ​များ​တွင် လယ်သမား​များ​၊ စပျစ်ခြံလုပ်သား​များ​ကို ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 11,
      "text": "ဘုရင့်​စစ်သူကြီး ဟာနနိယ​လက်​အောက်​မှ​စာရေးတော်ကြီး ယေယေလ​နှင့် ကြီးကြပ်အုပ်ချုပ်သူ မာသေယ​တို့ စာရင်း​ကောက်ယူ​ထား​သော​စစ်သည်​အရေအတွက်​အလိုက် ဩဇိ​မင်းကြီး​တွင် စစ်ရေးလေ့ကျင့်​ထား​၍ တပ်ဖွဲ့​အလိုက်​စစ်ထွက်တိုက်​နိုင်​သော​စစ်သည်​များ​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 12,
      "text": "ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တို့​ကို​အုပ်ချုပ်​သော​အိမ်ထောင်စု​များ​၏​အကြီးအမှူး​မှာ စုစုပေါင်း​အယောက်​နှစ်ထောင့်​ခြောက်​ရာ ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 13,
      "text": "သူ​တို့​လက်​အောက်​၌ ရှင်ဘုရင်​ကို​ကူညီ​ပြီး ရန်သူ​ကို​တိုက်ခိုက်​ရာ​တွင် စစ်ရေးလေ့ကျင့်​ထား​၍ ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သည်​ဦးရေ သုံးသိန်း​ခုနစ်​ထောင့်​ငါး​ရာ ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 14,
      "text": "ဩဇိ​မင်းကြီး​သည် စစ်သည်​အပေါင်း​တို့​အတွက် ဒိုင်းလွှား​များ​၊ လှံ​များ​၊ သံခမောက်​များ​၊ သံချပ်အင်္ကျီ​များ​၊ လေး​များ​နှင့် လောက်လွှဲ​ကျောက်​များ​ကို ပြင်ဆင်​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 15,
      "text": "ဂျေရုဆလင်​မြို့​တွင်​လည်း စက်မှုကျွမ်းကျင်သူ​အား မြား​နှင့်​လောက်လွှဲ​ကြီး​များ​ပစ်ခတ်​ရာ​တွင် အသုံးပြု​သော​စက်ကိရိယာ​များ​ကို တီထွင်​စေ​ပြီး​ရဲတိုက်​များ​၊ မြို့ရိုး​ထောင့်​များ​တွင် ထားရှိ​၏​။ ဩဇိ​မင်းကြီး​သည် အံ့ဩဖွယ်​ကူညီမစ​မှု​ကို ခံရ​သောကြောင့် အင်အား​ကြီးမား​ပြီး ရပ်ဝေး​တိုင်အောင် နာမည်​ကျော်စော​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 16,
      "text": "သူ​သည် ထိုသို့​အင်အားကြီး​လာ​သည်​နှင့်အမျှ ပျက်စီး​ခြင်း​သို့​ရောက်​သည်​အထိ​ဘဝင်မြင့်​လာ​၏​။ သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​အပေါ် သစ္စာမဲ့​လာ​၏​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​ပေါ်၌ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ရန် ထာဝရဘုရား​၏​ဗိမာန်​တော်​သို့​ဝင်​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 17,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​အာဇရိ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​အပါး​ရှစ်ဆယ်​တို့​သည် သူ့​နောက်သို့​လိုက်သွား​ပြီး"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 18,
      "text": "ဩဇိ​မင်းကြီး​နှင့်​မျက်နှာချင်းဆိုင်​လျက် “​အရှင်​ဩဇိ​မင်းကြီး​၊ ထာဝရဘုရား​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​အမှု​သည် အရှင်မင်းကြီး​နှင့်​မ​ဆိုင်​ပါ​။ နံ့သာပေါင်း​မီးရှို့ပူဇော်​ရန် ခန့်အပ်​ခြင်း​ခံရ​သော​အာရုန်​နှင့်​သူ​၏​သားစဉ်မြေးဆက်​တို့​နှင့်​သာ​ဆိုင်​ပါ​၏​။ သန့်ရှင်းရာဌာန​ထဲမှ​ထွက်သွား​ပါ​။ မင်းကြီး​သည် သစ္စာမဲ့​စွာ​ပြု​မိ​ပြီ​ဖြစ်​၍ မင်းကြီး​၌ ဘုရားသခင်​ထာဝရဘုရား​ထံမှ ဘုန်းအသရေ​မ​ရှိ​တော့​ပေ​”​ဟု ဆို​လျှင်"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 19,
      "text": "နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​လင်ပန်း​ကို ကိုင်​ထား​သော​ဩဇိ​မင်းကြီး​သည် အမျက်ထွက်​လေ​၏​။ ထိုသို့ ယဇ်ပုရောဟိတ်​တို့​ကို အမျက်ထွက်​နေစဉ် ထာဝရဘုရား​၏​အိမ်​တော်​အတွင်း နံ့သာပေါင်း​ယဇ်ပလ္လင်​အနီး ယဇ်ပုရောဟိတ်​တို့​ရှေ့​တွင်​ပင် သူ့​နဖူး​၌ အနာကြီးရောဂါ ရုတ်တရက်​ပေါ်လာ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​မင်း​အာဇရိ​နှင့် ယဇ်ပုရောဟိတ်​အပေါင်း​တို့​သည် သူ့​ကို​ကြည့်​နေစဉ်​တွင်​ပင် သူ့​နဖူး​၌ အနာကြီးရောဂါစွဲ​နေ​သည်​ကို​မြင်​လျှင် သူ့​ကို ထို​နေရာ​မှ​ချက်ချင်း​နှင်ထုတ်​လိုက်​၏​။ ထာဝရဘုရား ဒဏ်ခတ်​တော်မူ​သဖြင့် ဩဇိ​မင်းကြီး​လည်း ချက်ချင်း​ထွက်သွား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 21,
      "text": "ဤသို့ဖြင့် ဩဇိ​မင်းကြီး​သည် သေ​သည်​အထိ အနာကြီးရောဂါစွဲကပ်​လေ​၏​။ ထိုသို့ အနာကြီးရောဂါစွဲ​သောကြောင့်​လည်း သီးခြား​နန်းဆောင်​တွင် စံမြန်း​ရ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​မှ​လည်း ဖယ်ထုတ်​ခြင်း​ခံရ​၏​။ သား​တော်​ယောသံ​သည် နန်းတွင်း​ကို​အုပ်စိုး​၍ တိုင်းသူပြည်သား​လူ​အပေါင်း​တို့​ကို စီရင်အုပ်ချုပ်​ရ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 22,
      "text": "ကျန်ရှိ​နေ​သော​ဩဇိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​အစ​အဆုံး​ကို အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​က မှတ်တမ်းတင်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 23,
      "text": "ဩဇိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​သွား​သောအခါ “သူ​သည် အနာကြီးရောဂါစွဲ​သော​သူ​ဖြစ်​၏”​ဟု ဆို​လျက် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ရှင်ဘုရင်​တို့​၏​သင်္ချိုင်း​မြေ​တွင်​သာ သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောသံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 1,
      "text": "ယောသံ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာဒုတ်​၏​သမီး ယေရုရှာ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 2,
      "text": "ယောသံ​မင်းကြီး​သည် ထာဝရဘုရား​၏​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၍ ခမည်းတော်​ဩဇိ​မင်းကြီး​ပြုကျင့်​သမျှ​အတိုင်း ပြုကျင့်​၏​။ ထာဝရဘုရား​၏​ဗိမာန်​တော်​သို့​လည်း မ​ဝင်​။ ပြည်သူပြည်သား​တို့​မူကား အကျင့်ပျက်ပြား​လျက် ရှိ​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 3,
      "text": "သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​တံခါး​ကို တည်ဆောက်​၏​။ ဩဖေလ​မြို့ရိုး​ကို​လည်း ခိုင်ခံ့​အောင် တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 4,
      "text": "ယုဒ​တောင်ပေါ်ဒေသ​တွင်​လည်း မြို့ရွာ​များ​ကို တည်​၏​။ တော​ထဲတွင်​လည်း ခံတပ်​များ​၊ မျှော်စင်​များ​ကို တည်​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 5,
      "text": "သူ​သည် အမ္မုန်​ဘုရင်​နှင့်​စစ်တိုက်​ရာ​တွင် အောင်​နိုင်​သောကြောင့် ထို​နှစ်​တွင် အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ငွေ​တာလန်​တစ်ရာ ​၊ ဂျုံဆန်​ကောရ​တစ်သောင်း ​၊ မုယောဆန်​ကောရ​တစ်သောင်း ဆက်ကြေး​ပေး​ရ​၏​။ ဒုတိယ​နှစ်​၊ တတိယ​နှစ်​တို့​တွင်​လည်း အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ထိုသို့​ပေး​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 6,
      "text": "ယောသံ​မင်းကြီး​သည် မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​သောကြောင့် အင်အား​ကြီးမား​လာ​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 7,
      "text": "ကျန်ရှိ​နေ​သော ယောသံ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ သူ​၏​အပြုအမူ​အကျင့်အကြံ​အလုံးစုံ​တို့​ကို အစ္စရေး​ဘုရင်​၊ ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 8,
      "text": "သူ​သည် နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ် စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 9,
      "text": "ယောသံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာခတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 1,
      "text": "အာခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ မ​ပြုကျင့်​။ ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​ဘဲ"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 2,
      "text": "အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ ဗာလ​ရုပ်တု​များ​ကို​လည်း သွန်းလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 3,
      "text": "သူ​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​များ​ကို​ပင် မီးရှို့​ပူဇော်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 4,
      "text": "ထို့ပြင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ တောင်ကုန်း​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက်​တို့​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို​လည်း မီးရှို့ပူဇော်​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 5,
      "text": "ထို့ကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို ဆီးရီးယား​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် သူ့​ကို​အောင်​နိုင်​ပြီး သုံ့ပန်း​အမြောက်အမြား​ကို ဒမတ်စကပ်​မြို့​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​၏​။ သူ​သည် အစ္စရေး​ဘုရင်​လက်​သို့​လည်း အပ်လိုက်​ခြင်း​ခံရ​သဖြင့် ထို​ဘုရင်​သည် သူ့​ကို အပြင်းအထန်​တိုက်ခိုက်​ချေမှုန်း​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 6,
      "text": "သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ယုဒ​ပြည်​တွင် ရေမလိ​၏​သား​ပေကာ​မင်းကြီး​၏​လက်ချက်​ဖြင့် စစ်သူရဲ​အားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်း​တွင် သေ​ကြ​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 7,
      "text": "ဧဖရိမ်​စစ်သူရဲ​ဇိခရိ​သည်​လည်း ဘုရင့်​သား​တော်​မာသေယ​၊ နန်းတော်အုပ်​အာဇရိကံ​၊ ရှင်ဘုရင်​ပြီးလျှင် ရာထူး​အကြီးဆုံး​ဧလကာန​တို့​ကို ကွပ်မျက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 8,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ဆွေမျိုးသားချင်း​ထဲမှ မိန်းမ​များ​၊ သားသမီး​များ​စုစုပေါင်း နှစ်သိန်း​တို့​ကို​လည်း ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​အများအပြား​တို့​ကို​လည်း သိမ်းယူ​ပြီး ရှမာရိ​မြို့​သို့ ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 9,
      "text": "ရှမာရိ​မြို့​၌ ဩဒက်​အမည်​ရှိ​သော​ထာဝရဘုရား​၏​ပရောဖက်​တစ်​ပါး ရှိ​၏​။ သူ​သည် ရှမာရိ​မြို့​သို့​ပြန်လာ​သော​စစ်သည်​ဗိုလ်ခြေ​တို့​ကို ထွက်ကြို​ပြီး “​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ယုဒ​အမျိုး​ကို အမျက်​ထွက်​၍ သူ​တို့​ကို သင်​တို့​၏​လက်​သို့​အပ်​တော်မူ​သည်​ကို သင်​တို့​သည် မိုး​ထိ​အောင်​အမျက်​ထွက်​၍ သူ​တို့​ကို​သတ်ဖြတ်​လေ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 10,
      "text": "ယခု​လည်း သင်​တို့​သည် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သင်​တို့​အဖို့ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​များ​အဖြစ် ခိုင်းစေ​ရန် ကြံရွယ်​လေ​ပြီ​။ သင်​တို့​ကိုယ်တိုင်​လည်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 11,
      "text": "ယခု ငါ​ပြော​သော​စကား​ကို နားထောင်​ပါ​လော့​။ သုံ့ပန်း​အဖြစ် သင်​တို့​ဖမ်းဆီးခေါ်ဆောင်​လာ​သော ကိုယ့်​ညီအစ်ကိုချင်း​တို့​ကို ပြန်လွှတ်​ပေး​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 12,
      "text": "ထိုအခါ ယေဟောဟနန်​၏​သား​အာဇရိ​၊ မေရှိလမုတ်​၏​သား​ဗေရခိ​၊ ရှလ္လုံ​၏​သား​ဟေဇကိ​၊ ဟာဒလဲ​၏​သား​အာမသ စသည့်​ဧဖရိမ်​အမျိုးသား​ခေါင်းဆောင်​အချို့​တို့​သည်​ထ​၍ စစ်ပွဲ​မှ​ပြန်လာ​သူ​တို့​အား မျက်နှာချင်းဆိုင်​လျက်"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 13,
      "text": "“​စစ်သုံ့ပန်း​တို့​ကို ဤ​နေရာ​သို့ မ​ခေါ်လာ​ကြ​ပါ​နှင့်​။ ငါ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​၍ ငါ​တို့​၏​အပြစ်​ပေါ်​အပြစ်​ထပ်​တင်​ရန် သင်​တို့​ကြံရွယ်​နေ​ကြ​ပါ​သည်​တကား​။ ငါ​တို့​အပြစ်​ကြီးမား​လွန်း​သောကြောင့် အစ္စရေး​လူမျိုး​ကို အမျက်​တော်​ပြင်းထန်​စွာ​ထွက်​လျက် ရှိ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 14,
      "text": "ထို့ကြောင့် စစ်သည်​တို့​သည် သုံ့ပန်း​များ​နှင့်​တိုက်ရာပါပစ္စည်း​များ​ကို အကြီးအကဲ​များ​နှင့် လူထု​တစ်ရပ်လုံး​ထံ အပ်နှံ​လိုက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 15,
      "text": "ထိုအခါ နာမည်​နှင့်တကွ​တာဝန်ရှိ​သူ​တို့​သည် ထ​၍ စစ်သုံ့ပန်း​များ​ကို​ခေါ်​ပြီး အဝတ်မရှိ​သူ​တို့​အား တိုက်ရာပါပစ္စည်း​များ​ထဲမှ​အဝတ်​များ​ကို​ဝတ်​စေ​၏​။ အဝတ်အစား​များ​၊ ဖိနပ်​များ​၊ အစား​အသောက်​များ​၊ လိမ်းစရာ​ဆီ​များ စသည်​တို့​ကို​လည်း​ပေး​၏​။ အားမရှိ​သော​သူ​တို့​ကို​လည်း မြည်း​ပေါ်​တင်​ကာ သူ​တို့​၏​ဆွေမျိုးသားချင်း​တို့​ရှိ​ရာ စွန်ပလွံ​မြို့ ခေါ် ဂျေရိခေါ​မြို့​သို့ ပြန်ပို့​ပြီးမှ ရှမာရိ​မြို့​သို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 16,
      "text": "ထို​အချိန်​တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ထံ လူ​လွှတ်​၍​စစ်ကူတောင်း​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 17,
      "text": "အကြောင်းမူကား ဧဒုံ​အမျိုးသား​တို့​သည် နောက်တစ်ဖန် ချီလာ​၍ ယုဒ​ပြည်​ကို​တိုက်ခိုက်​ပြီး သုံ့ပန်း​များ​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 18,
      "text": "ထို့ပြင် ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​နှင့် ယုဒ​ပြည်​နေဂေ့​အရပ်​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး ဗက်ရှေမက်​မြို့​၊ အာယလုန်​မြို့​၊ ဂေဒရုတ်​မြို့​၊ စောခေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တိမနတ်​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​၊ ဂိမဇော​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​ကို သိမ်းပိုက်​ကာ ထို​နေရာ​တို့​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 19,
      "text": "အစ္စရေး​ဘုရင်​အာခတ်​မင်းကြီး​ကြောင့် ယုဒ​ပြည်သား​တို့​သည် ထာဝရဘုရား​အပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း​၍ အထိန်းအကွပ်မဲ့​ပြုမူ​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ယုဒ​ပြည်​ကို နှိမ့်ချ​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 20,
      "text": "အဆီးရီးယား​ဘုရင် တိဂလတ်ပိလေသာ​မင်းကြီး​သည်​လည်း သူ့​ထံ​ချီလာ​ပြီး အကူအညီ​ပေး​မည့်​အစား ဒုက္ခရောက်​အောင် ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 21,
      "text": "အာခတ်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ ဘုရင့်​နန်းတော်​နှင့်​မှူးမတ်​များ​ထံမှ ဥစ္စာဘဏ္ဍာ​များ​ကို​ယူ​၍ အဆီးရီးယား​ဘုရင်​အား​ပေး​သော်လည်း သူ့​ထံမှ​အကူအညီ​မ​ရ​ချေ​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 22,
      "text": "အာခတ်​မင်းကြီး​သည် ဒုက္ခရောက်​နေ​ချိန်​တွင်​ပင် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​လုပ်ရပ်​များ​ကို ဆက်​၍​သာ​လုပ်ဆောင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 23,
      "text": "သူ​က “​ဆီးရီးယား​ဘုရင်​၏​ဘုရား​တို့​သည် သူ​တို့​ကို ကူညီ​၏​။ ထို​ဘုရား​တို့​ကို ယဇ်ပူဇော်​လျှင် ငါ့​ကို​လည်း​ကူညီ​လိမ့်မည်​”​ဟု တွေး​လျက် သူ့​ကို တိုက်ခိုက်​နှိမ်နင်း​ခဲ့​သော​ဒမတ်စကပ်​မြို့သား​တို့​၏​ဘုရား​များ​ကို ယဇ်ပူဇော်​လေ​၏​။ သို့သော် ထို​ဘုရား​တို့​သည် သူ​နှင့်​အစ္စရေး​တစ်မျိုးနွယ်လုံး​ကို ကျရှုံး​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 24,
      "text": "အာခတ်​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို စုပုံ​ပြီး ထို​ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​တို့​ကို ချိုးဖဲ့ဖျက်ဆီး​ပစ်​ကာ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို​လည်း ပိတ်​ထား​၏​။ ထို့နောက် ဂျေရုဆလင်​မြို့​လမ်း​ထောင့်​ရှိသမျှ​တို့​၌ မိမိ​အဖို့​ယဇ်ပလ္လင်​များ​ကို တည်​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 25,
      "text": "ယုဒ​ပြည်​ရှိ မြို့တိုင်း​တွင် အခြား​ဘုရား​တို့​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို တည်​၏​။ ဤသို့ဖြင့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 26,
      "text": "ကျန်ရှိ​နေ​သော အာခတ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​လျှောက်​ခဲ့​သမျှ​သော​လမ်း​အစ​အဆုံး​တို့​ကို ယုဒ​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 27,
      "text": "အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ့​ကို ဂျေရုဆလင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ သို့သော် အစ္စရေး​ဘုရင်​တို့​၏​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 1,
      "text": "ဟေဇကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာခရိ​၏​သမီး အဘိယ ​အမည်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 2,
      "text": "ဟေဇကိ​မင်းကြီး​သည် မိမိ​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​ပြုကျင့်​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 3,
      "text": "သူ​သည် နန်းတက်​စ ပထမ​နှစ်​၊ ပထမ​လ​တွင်​ပင် ထာဝရဘုရား​၏​အိမ်​တော်​တံခါး​တို့​ကို ပြန်လည်​ဖွင့်​၍ ပြုပြင်​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 4,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​ကို ခေါ်ယူ​၍ အရှေ့ဘက်​ရင်ပြင်​တွင် စုဝေး​စေ​ပြီး"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 5,
      "text": "သူ​တို့​အား “​လေဝိ​အမျိုး​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ ယခုမှာ သင်တို့ကိုယ်​ကို သန့်ရှင်း​ခြင်း​ဝတ်​ပြု​ကြ​လော့​။ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို​လည်း သန့်ရှင်း​စေ​ကြ​လော့​။ ညစ်ညူးသောအရာ​တို့​ကို သန့်ရှင်းရာဌာန​တော်​မှ ဖယ်ရှား​ပစ်​ကြ​လော့​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 6,
      "text": "ငါ​တို့​၏​ဘိုးဘေး​တို့​သည် သစ္စာမဲ့​၍ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​ကြ​ပြီ​။ ကိုယ်တော်​ကို စွန့်ပယ်​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို မျက်နှာလွှဲ​ပြီး ကိုယ်တော်​ကို​ကျောခိုင်း​သွား​ကြ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 7,
      "text": "အိမ်​တော်​ဆင်ဝင်တံခါး​များ​ကို​ပိတ်​ထား​ပြီး မီးခွက်​များ​ကို​လည်း ငြှိမ်း​ထား​ပြီ​။ အမွှေးနံ့သာ​ကို​လည်း မ​ပူဇော်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​အဖို့ သန့်ရှင်းရာဌာန​တွင် မီးရှို့ရာယဇ်​ကို မ​ပူဇော်​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 8,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို အမျက်​ထွက်​ပြီး သင်​တို့​မြင်​သည့်​အတိုင်း သူ​တို့​ကို ရွံရှာစရာ​၊ ထိတ်လန့်စရာ​၊ ကဲ့ရဲ့လှောင်ပြောင်စရာ ဖြစ်စေ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 9,
      "text": "ဤသို့သော​အမှု​ကြောင့်​လည်း ငါ​တို့​၏​ဘိုးဘေး​တို့​သည် ဓား​ဖြင့်​ကျရှုံး​ရ​ပြီး ငါ​တို့​၏​သား​သမီး​များ​၊ မယား​များ​သည်​လည်း သုံ့ပန်းဘဝ​ရောက်သွား​ကြ​ရ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 10,
      "text": "ယခုမှာ ပြင်းထန်​သော​အမျက်​တော်​ကို ငါ​တို့​ထံမှ လွှဲသွား​စေရန် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​မည်​ဟု ငါ​စိတ်​ဆုံးဖြတ်​ပြီ​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 11,
      "text": "ငါ့​သား​တို့​၊ ယခု မ​ပေါ့ဆ​ကြ​နှင့်​။ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​၍​အမှု​တော်​ထမ်းဆောင်​ရန်​နှင့် ရှေ့​တော်​တွင် အမှု​တော်​ဆောင်​အဖြစ် နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​အတွက် သင်​တို့​ကို ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 12,
      "text": "ထို့နောက် လေဝိ​အမျိုး ကောဟတ်​သားမြေး​မှ အာမသဲ​၏​သား​မာဟတ်​၊ အာဇရိ​၏​သား​ယောလ​၊ မေရာရိ​သားမြေး​မှ အာဗဒိ​၏​သား​ကိရှ​၊ ယေဟလလေလ​၏​သား​အာဇရိ​၊ ဂေရရှုန်​အမျိုး​မှ ဇိမ္မ​၏​သား​ယောအာ​၊ ယောအာ​၏​သား​ဧဒင်​၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 13,
      "text": "ဧလိဇာဖန်​သားမြေး​တို့​မှ ရှိမရိ​နှင့်​ယေယေလ​၊ အာသပ်​သားမြေး​မှ ဇာခရိ​နှင့်​မတ္တနိ​၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 14,
      "text": "ဟေမန်​သားမြေး​တို့​မှ ယေဟေလ​နှင့်​ရှိမိ​၊ ယေဒုသုန်​သားမြေး​တို့​မှ ရှေမာယ​နှင့်​ဩဇေလ တို့​သည်"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 15,
      "text": "ညီအစ်ကိုချင်း​တို့​ကို​စုဝေး​စေ​ပြီး မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​စေ​ကြ​၏​။ ထို့နောက် ထာဝရဘုရား​မိန့်မှာ​ထား​သည်​နှင့်အညီ ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း သူ​တို့​သည် သွား​၍ ထာဝရဘုရား​၏​အိမ်​တော်​ကို​သန့်ရှင်း​အောင်​ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 16,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွင်းခန်း​ထဲသို့ ဝင်သွား​ပြီး သန့်ရှင်း​အောင်​ပြု​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အတွင်း​ရှိ သူ​တို့​တွေ့​သမျှ မသန့်ရှင်း​သော​အရာ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​သို့​ထုတ်သွား​ကြ​၏​။ လေဝိ​အမျိုးသား​တို့​သည် ၎င်း​တို့​ကို မြို့ပြင်​ကေဒြုန်​ချိုင့်ဝှမ်း​သို့ သယ်ထုတ်​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 17,
      "text": "ပထမ​လ​၊ ပထမ​ရက်​တွင် သန့်ရှင်း​ခြင်း​အမှု​ကို စတင်​ပြုလုပ်​ရာ ထို​လ​ရှစ်​ရက်​မြောက်​သော​နေ့​တွင်​မှ ထာဝရဘုရား​အိမ်​တော်​ဆင်ဝင်​ထိ​ရောက်​၏​။ နောက်ထပ်​ရှစ်​ရက်​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​သန့်ရှင်း​ခြင်း​အမှု​ကို​ပြု​ပြီး ပထမ​လ​၊ တစ်ဆယ့်​ခြောက်​ရက်​နေ့​တွင် ပြီးစီး​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 18,
      "text": "ထို့နောက် သူ​တို့​သည် ဟေဇကိ​မင်းကြီး​ရှေ့​သို့ အခစားဝင်​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး​၊ မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့်​၎င်း​၏​အသုံးအဆောင်​များ​အားလုံး​၊ ရှေ့တော်မုန့်​တင်​ရာ​စားပွဲ​နှင့်​၎င်း​၏​အသုံးအဆောင်​များ​အားလုံး​တို့​ကို သန့်ရှင်း​စေ​ပါ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 19,
      "text": "အာခတ်​မင်းကြီး​စိုးစံ​စဉ်က သစ္စာမဲ့​၍​ဖယ်ရှား​ပစ်​ခဲ့​သော​အသုံးအဆောင်​အားလုံး​တို့​ကို​လည်း အကျွန်ုပ်​တို့ ပြုပြင်​၍​သန့်ရှင်း​စေ​ပြီး ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​တွင် ထားရှိ​ပါ​သည်​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 20,
      "text": "ဟေဇကိ​မင်းကြီး​သည် မနက်​စောစောထ​ပြီး မြို့​အကြီးအကဲ​များ​ကို စုဝေး​စေ​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 21,
      "text": "သူ​တို့​သည် တိုင်းပြည်​အတွက်​၊ သန့်ရှင်းရာဌာန​တော်​အတွက်​၊ ယုဒ​ပြည်သူ​တို့​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​၊ သိုးသငယ် ခုနစ်​ကောင်​၊ ဆိတ်ထီး ခုနစ်​ကောင်​တို့​ကို ယူဆောင်​လာ​ပြီး ဟေဇကိ​မင်းကြီး​က အာရုန်​၏​သားမြေး​ယဇ်ပုရောဟိတ်​တို့​အား ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင်​ပူဇော်​ရန် မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 22,
      "text": "နွား​တို့​ကို​သတ်​ကြ​ပြီးနောက် ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို​ယူ​၍ ယဇ်ပလ္လင်​ပေါ်တွင် ဖျန်း​ကြ​၏​။ သိုးထီး​တို့​ကို​လည်း သတ်​ပြီး​သွေး​ကို ယဇ်ပလ္လင်​ပေါ်တွင် ဖျန်း​ကြ​၏​။ သိုးသငယ်​တို့​ကို​လည်း သတ်​ပြီး​သွေး​ကို ယဇ်ပလ္လင်​ပေါ်တွင် ဖျန်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 23,
      "text": "ထို့နောက် အပြစ်ဖြေရာယဇ်ကောင်​အဖြစ် ဆိတ်သငယ်​တို့​ကို ရှင်ဘုရင်​နှင့်​လူထု​ရှေ့​သို့​ယူလာ​၍ သူ​တို့​သည် ဆိတ်သငယ်​တို့​အပေါ်​တွင် လက်​ကို​တင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 24,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​တို့​သည် ဆိတ်​တို့​ကို​သတ်​ပြီး အစ္စရေး​တစ်မျိုးလုံး​အတွက် မီးရှို့ရာယဇ်​နှင့် အပြစ်ဖြေရာယဇ်​ကို ပူဇော်​ပေး​ရန် ရှင်ဘုရင်​မိန့်မှာ​ထား​သည်​ဖြစ်​၍ ထို​ဆိတ်​တို့​၏​အသွေး​ကို အစ္စရေး​တစ်မျိုးလုံး​အတွက် အပြစ်ဖြေ​ပေး​သော​အပြစ်ဖြေ​ရာ​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 25,
      "text": "ဒါဝိဒ်​မင်းကြီး​နှင့်တကွ မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဂဒ်​နှင့် ပရောဖက်​နာသန်​တို့ ညွှန်ကြား​ထား​နှင့်​သည့်​အတိုင်း ဟေဇကိ​မင်းကြီး​သည် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက် တီးမှုတ်​တတ်​သော​လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် နေရာချ​ထား​၏​။ ထိုသို့ ထာဝရဘုရား​သည် ပရောဖက်​တို့​မှတစ်ဆင့် မိန့်မှာ​ထား​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 26,
      "text": "လေဝိ​အမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​စီမံ​ခဲ့​သော​တူရိယာ​များ​ကို​ကိုင်ဆောင်​ပြီး ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​များ​ကို​ကိုင်ဆောင်​လျက် ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 27,
      "text": "ထိုအခါ ဟေဇကိ​မင်းကြီး​သည် ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​ပူဇော်​ရန် အမိန့်ပေး​၏​။ ထိုသို့ မီးရှို့ရာယဇ်​စတင်​ပူဇော်​သောအခါ တံပိုးခရာ​များ​ကို​မှုတ်​လျက်​၊ အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး စီမံ​ခဲ့​သော​တူရိယာ​များ​ဖြင့် တီးမှုတ်​လျက် ထာဝရဘုရား​ထံ ချီးမွမ်းသီချင်း​ကို စတင်​သီဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 28,
      "text": "မီးရှို့ရာယဇ်​ကို ပူဇော်​ပြီး​သည်​အထိ လူထု​တစ်ရပ်လုံး ဝတ်ပြုကိုးကွယ်​လျက်​၊ သီချင်းသီဆိုသူ​က ဆို​ပြီး တံပိုးခရာမှုတ်သူ​က မှုတ်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 29,
      "text": "ယဇ်ပူဇော်​ခြင်း​အမှု​ပြီးစီး​သောအခါ ရှင်ဘုရင်​မှစ၍ သူ​နှင့်အတူ​ရှိ​နေ​သော​သူ​အပေါင်း​တို့​သည် ဒူးထောက်​လျက်​ရှိခိုးကိုးကွယ်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 30,
      "text": "ထို့နောက် ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့​က လေဝိ​အမျိုး​တို့​အား ဒါဝိဒ်​မင်းကြီး​နှင့် ဗျာဒိတ်ရသူ​အာသပ်​တို့​ရေးဖွဲ့​ခဲ့​သော​သီချင်း​ဖြင့် ထာဝရဘုရား​ကို​ချီးမွမ်းသီဆို​ရန်​ပြော​သောအခါ သူ​တို့​သည် ဝမ်းမြောက်​စွာ​ချီးမွမ်း​လျက် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 31,
      "text": "ထိုအခါ ဟေဇကိ​မင်းကြီး​က သူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ထံ မိမိတို့ကိုယ်ကို​ဆက်ကပ်​ကြ​ပြီ​ဖြစ်၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ ပူဇော်သက္ကာ​များ​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ယူဆောင်​လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ လူအစုအဝေး​တို့​သည်​လည်း ပူဇော်သက္ကာ​များ​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ယူဆောင်​လာ​ကြ​၏​။ စေတနာစိတ်​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​အပေါင်း​တို့​ကို​လည်း ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 32,
      "text": "လူအစုအဝေး​တို့ ယူဆောင်​လာ​သော မီးရှို့ရာယဇ်​အရေအတွက်​မှာ နွား​အကောင်​ခုနစ်ဆယ်​၊ သိုးထီး​အကောင်​တစ်ရာ​၊ သိုးသငယ်​အကောင်​နှစ်ရာ ဖြစ်​၏​။ ဤ​အရာ​အားလုံး​သည် ထာဝရဘုရား​ထံ​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 33,
      "text": "သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​မှာ နွား​အကောင်​ခြောက်​ရာ​၊ သိုး​အကောင်​သုံး​ထောင် ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 34,
      "text": "သို့သော် ယဇ်ပုရောဟိတ်​အင်အား​နည်း​သောကြောင့် မီးရှို့ရာယဇ်ကောင်​အားလုံး​၏​အရေခွံ​ကို မ​ခွာ​နိုင်​။ ထို့ကြောင့် သူ​တို့​၏​ညီအစ်ကို လေဝိ​အမျိုး​တို့​သည် အမှု​အားလုံး​ပြီးစီး​သည်​အထိ​၊ အခြား​ယဇ်ပုရောဟိတ်​တို့ မိမိကိုယ်ကို သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​သည့်​အချိန်​အထိ သူ​တို့​ကို ကူညီ​ကြ​၏​။ အကြောင်းမူကား လေဝိ​အမျိုး​တို့​သည် ယဇ်ပုရောဟိတ်​တို့​ထက်ပင် စိတ်နှလုံး​ဖြောင့်မှန်​၍ မိမိ​တို့​ကိုယ်ကို​သန့်ရှင်း​စေ​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 35,
      "text": "ဤတွင် များစွာ​သော​မီးရှို့ရာယဇ်​အပြင် အဆီ​ဖြင့်​ပူဇော်​သော​မိတ်သဟာယယဇ်​များ​၊ သွန်းလောင်းရာပူဇော်သက္ကာ​နှင့်​ပူဇော်​သော မီးရှို့ရာယဇ်​များ​လည်း ပါရှိ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို ပြန်လည်​အသက်ဝင်​စေ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 36,
      "text": "ဘုရားသခင်​သည် လူ​တို့​အဖို့ ပြု​ပေး​တော်မူ​သဖြင့် အချိန်​အနည်းငယ်​အတွင်း ထို​အမှု​များ​ဖြစ်မြောက်​လာ​သောကြောင့် ဟေဇကိ​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့ အလွန်​ပျော်ရွှင်ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 1,
      "text": "ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​အိမ်​တော်​သို့​လာ​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကျင်းပ​ကြ​ရန် ဟေဇကိ​မင်းကြီး​သည် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပေါင်း​တို့​ထံ သတင်းပို့​၏​။ ဧဖရိမ်​လူမျိုး​၊ မနာရှေ​လူမျိုး​တို့​ထံသို့​လည်း စာ​ရေး​အကြောင်းကြား​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 2,
      "text": "ရှင်ဘုရင်​နှင့်တကွ မှူးမတ်​များ​နှင့် ဂျေရုဆလင်​မြို့​ရှိ​လူထု​အပေါင်း​တို့​သည် ဒုတိယ​လ​တွင် ပသခါပွဲ​ကို ကျင်းပ​ရန် ဆုံးဖြတ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 3,
      "text": "အကြောင်းမူကား မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​သော​ယဇ်ပုရောဟိတ်​တို့ မ​လုံလောက်​ခြင်း​နှင့် ဂျေရုဆလင်​မြို့​တွင် လူ​တို့​လာရောက်​စုဝေး​ခြင်း​မ​ရှိ​သေး​သောကြောင့် သတ်မှတ်​ထား​သော​အချိန်​တွင် ပွဲတော်​ကို​မ​ကျင်းပ​နိုင်​ခဲ့​ချေ​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 4,
      "text": "ဤ​အစီအစဉ်​ကို ရှင်ဘုရင်​နှင့်တကွ လူထု​တစ်ရပ်လုံး နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 5,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ဂျေရုဆလင်​မြို့​တွင် ကျင်းပ​မည်​ကို လာ​ကြ​ပါ​မည့်​အကြောင်း စာထုတ်ပြန်​ပြီး ဗေရရှေဘ​မြို့​မှ ဒန်​မြို့​တိုင်အောင် အစ္စရေး​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​ကြေညာ​စေ​၏​။ အကြောင်းမှာ ပညတ္တိကျမ်း​၌​ရေးထား​သည့်​အတိုင်း ပသခါပွဲ​ကို လူ​အများ​နှင့်​မ​ကျင်းပ​ဖူး​သောကြောင့် ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 6,
      "text": "ဆက်သား​တို့​သည် ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​ထံမှ စာ​ကို​ယူ​၍ အစ္စရေး​ပြည်​နှင့်​ယုဒ​ပြည်​တစ်လျှောက်လုံး​သို့​သွား​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​စာ​တွင် “​အို အစ္စရေး​အမျိုးသား​တို့​၊ အာဗြဟံ​၊ ဣဇက်​နှင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လာ​ကြ​လော့​။ သို့မှ အဆီးရီးယား​ဘုရင်​တို့​လက်​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​သင်​တို့​ထံသို့ ကိုယ်တော်​ပြန်လာ​တော်မူ​မည်​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 7,
      "text": "ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော သင်​တို့​၏​ဘိုးဘေး​၊ သင်​တို့​၏​ညီအစ်ကို​များ​ကဲ့သို့ သင်​တို့​မ​ဖြစ်​ကြ​နှင့်​။ သင်​တို့​မြင်​သည့်​အတိုင်း ကိုယ်တော်​သည် သူ​တို့​ကို ထိတ်လန့်စရာ ဖြစ်​စေ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 8,
      "text": "ယခုမှာ ဘိုးဘေး​တို့​ကဲ့သို့ သင်​တို့ ခေါင်း​မ​မာ ​ကြ​နှင့်​။ ထာဝရဘုရား အစဉ်​သန့်ရှင်း​စေ​တော်မူ​သော​သန့်ရှင်းရာဌာန​တော်​သို့​လာ​၍ ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစေခံ​ကြ​လော့​။ သို့မှ ပြင်းထန်​သော​အမျက်​တော်​သည် သင်​တို့​ထံမှ ပြန်လှည့်​သွား​လိမ့်မည်​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 9,
      "text": "ထာဝရဘုရား​ထံ သင်​တို့​ပြန်လာ​လျှင် ဖမ်းခေါ်​သွား​သူ​တို့​သည် သင်​တို့​ညီအစ်ကို​များ​၊ သားမြေး​များ​ကို သနား​၍ သူ​တို့​သည် ဤ​ပြည်​သို့ ပြန်လာ​ရ​ကြ​လိမ့်မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​သောကြောင့် သင်​တို့​သည် အထံ​တော်​သို့​ပြန်လာ​လျှင် ကိုယ်တော်​သည် သင်​တို့​ကို​မျက်နှာလွှဲ​တော်မူ​မည်​မ​ဟုတ်​”​ဟု ပါရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 10,
      "text": "ဆက်သား​တို့​သည် ဧဖရိမ်​နယ်​၊ မနာရှေ​နယ်​၊ ဇာဗုလုန်​နယ်​တို့​အထိ တစ်​မြို့​ပြီး​တစ်​မြို့ သွား​ကြ​၏​။ သို့သော် လူ​တို့​သည် သူ​တို့​ကို ကဲ့ရဲ့​လှောင်ပြောင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 11,
      "text": "သို့သော် အာရှာ​နယ်​၊ မနာရှေ​နယ်​နှင့်​ဇာဗုလုန်​နယ်​မှ လူ​အချို့​တို့​သည် မိမိကိုယ်ကို​နှိမ့်ချ​၍ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 12,
      "text": "ထာဝရဘုရား​မိန့်မှာချက်​အရ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကား​ကို​လိုက်နာ​ရန် ယုဒ​ပြည်သား​တို့​အား တစ်စိတ်တစ်သဘောတည်း​ရှိ​ခြင်း​ကို ဘုရားသခင်​ပေးသနား​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 13,
      "text": "ဤသို့ဖြင့် ဒုတိယ​လ​တွင် တဆေးမဲ့မုန့်​ပွဲတော်​ကို​ကျင်းပ​ရန် ဂျေရုဆလင်​မြို့​သို့ လူ​အမြောက်အမြား​စုဝေး​လာ​ကြ​၍ ဧရာမ​လူအုပ်ကြီး​ဖြစ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 14,
      "text": "သူ​တို့​သည် ထ​၍​ဂျေရုဆလင်​မြို့​ရှိ ယဇ်ပလ္လင်​များ​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​ရှိသမျှ​ကို ဖြိုချ​ပြီး ကေဒြုန်​ချိုင့်ဝှမ်း​ထဲသို့ ပစ်ချ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 15,
      "text": "ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် အရှက်ရ​၍ သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​ကြ​၏​။ ထို့နောက် မီးရှို့ရာယဇ်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 16,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​လူ​မောရှေ​၏​ပညတ်တရားကျမ်း​၌​ရှိ​သော စီရင်ထုံးဖွဲ့ချက်​အတိုင်း နေရာယူ​ကြ​၏​။ ထို့နောက် ယဇ်ပုရောဟိတ်​တို့​သည် လေဝိ​အမျိုး​တို့​ထံမှ အသွေး​ကို​ယူ​၍ ပက်ဖျန်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 17,
      "text": "လူထု​ထဲတွင် မိမိကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​မ​ပြု​ထား​သော​သူ​များ များစွာ​ရှိ​သောကြောင့် ထို​မ​သန့်ရှင်း​သေး​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​အဖို့ သန့်ရှင်း​စေရန် လေဝိ​အမျိုး​တို့​သည် ပသခါသိုးသငယ်​များ​ကို သတ်​ပေး​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 18,
      "text": "လူ​အမြောက်အမြား အထူးသဖြင့် ဧဖရိမ်​၊ မနာရှေ​၊ ဣသခါ​၊ ဇာဗုလုန်​အမျိုး​တို့​ထဲမှ လူ​အများစု​သည် မိမိကိုယ်ကို​စင်ကြယ်​အောင်​မ​ပြု​ရ​သေး​သော်လည်း ပသခါသိုးသငယ်​အသား​ကို စား​ကြ​၍ ပညတ်တရားကျမ်း​၌​ရေး​ထား​သည့်​အတိုင်း​မ​ပြု​ကြ​။ အကြောင်းမှာ ဟေဇကိ​မင်းကြီး​က “​အို ကောင်းမြတ်​တော်မူ​သော​ထာဝရဘုရား​၊"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 19,
      "text": "ဤ​လူ​အပေါင်း​တို့​သည် သန့်ရှင်းရာဌာန​၏​သန့်ရှင်း​ခြင်း​နည်း​အတိုင်း​မ​ဟုတ်​သော်လည်း သူ​တို့​၏​ဘိုးဘေး​တို့​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို​ရှာ​ရန် စိတ်ပိုင်းဖြတ်​ထား​သည်​ဖြစ်​၍ သူ​တို့​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပါ​”​ဟု သူ​တို့​အတွက် ဆုတောင်း​ပေး​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 20,
      "text": "ထာဝရဘုရား​သည် ဟေဇကိ​မင်းကြီး​၏​ဆုတောင်းသံ​ကို​နားညောင်း​တော်မူ​ပြီး လူ​တို့​ကို ချမ်းသာပေး​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 21,
      "text": "ဂျေရုဆလင်​မြို့​သို့​လာရောက်​သော အစ္စရေး​အမျိုးသား​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​ပတ်လုံး အလွန်​ဝမ်းမြောက်ပျော်ရွှင်​စွာ ကျင်းပ​ကြ​၏​။ လေဝိ​အမျိုးသား​တို့​နှင့် ယဇ်ပုရောဟိတ်​တို့​သည်​လည်း ထာဝရဘုရား​ထံ နေ့စဉ်​ချီးမွမ်း​သီဆို​ကြ​၏​။ တူရိယာ​များ​တီးမှုတ်​လျက် ထာဝရဘုရား​အား ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 22,
      "text": "ဟေဇကိ​မင်းကြီး​သည်​လည်း ထာဝရဘုရား​၏​အမှု​တော်​ကို ကောင်းမွန်​ကျွမ်းကျင်​စွာ​ထမ်းဆောင်​သော လေဝိ​အမျိုးသား​အပေါင်း​တို့​အား အားပေးစကား​ပြောဆို​၏​။ ဤသို့ဖြင့် သူ​တို့​သည် ပွဲတော်​အစားအစာ​ကို ခုနစ်​ရက်​ပတ်လုံး စားသောက်​လျက်​၊ မိတ်သဟာယယဇ်​ကို​ပူဇော်​လျက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 23,
      "text": "လူထု​အပေါင်း​တို့​သည် ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက်​ကျင်းပ​ရန် တိုင်ပင်​ကြ​ပြီး ပွဲတော်​ကို နောက်ထပ်​ခုနစ်​ရက် ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 24,
      "text": "အကြောင်းမူကား ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​အတွက် နွား​အကောင်ရေ​တစ်ထောင်​၊ သိုး​အကောင်ရေ​ခုနစ်​ထောင်​ကို ပေးလှူပူဇော်​၏​။ မှူးမတ်​တို့​သည်​လည်း လူထု​အတွက် နွား​အကောင်ရေ​တစ်ထောင်​၊ သိုး​အကောင်ရေ​တစ်သောင်း​ကို ပေးလှူ​ပူဇော်​ကြ​၏​။ များစွာ​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 25,
      "text": "ယုဒ​လူထု​အပေါင်း​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ အစ္စရေး​ပြည်​မှ​လာ​သော​လူထု​အားလုံး​၊ အစ္စရေး​ပြည်​မှ​လာ​သော​တိုင်းတစ်ပါးသား​များ​နှင့် ယုဒ​ပြည်​တွင်​နေထိုင်​သော​တိုင်းတစ်ပါးသား​များ​တို့​သည် ဝမ်းမြောက်ပျော်ရွှင်​လျက် ရှိ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 26,
      "text": "ဒါဝိဒ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​လက်ထက်​ကတည်းက ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့ ပွဲ​မျိုး​မ​ရှိ​ခဲ့​သောကြောင့် ဂျေရုဆလင်​မြို့​တွင် အလွန်​ပျော်ရွှင်ဝမ်းမြောက်​ခြင်း ရှိ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 27,
      "text": "ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​သည် ထ​၍ လူ​တို့​အား ကောင်းချီးပေး​ကြ​၏​။ သူ​တို့​၏​အသံ​များ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းသံ​များ​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​သို့​တိုင် ရောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 1,
      "text": "ပွဲတော်​အမှုကိစ္စ​အားလုံး​ပြီးစီး​သွား​သောအခါ ပွဲတော်​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ယုဒ​မြို့ရွာ​များ​သို့ ထွက်သွား​ပြီး အထွတ်အမြတ်​ကျောက်တိုင်​များ​ကို ချိုးဖျက်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ပစ်​ကြ​၏​။ ယုဒ​ပြည်​၊ ဗင်္ယာမိန်​ပြည်​၊ ဧဖရိမ်​ပြည်​၊ မနာရှေ​ပြည် တစ်လျှောက်လုံး​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ယဇ်ပလ္လင်​များ​ကို အပြီးတိုင်​ဖျက်ဆီး​ပစ်​ကြ​၏​။ ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် မိမိ​တို့​ဆိုင်ရာ​မြို့​များ​သို့ အသီးသီး​ပြန်သွား​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 2,
      "text": "ထို့နောက် ဟေဇကိ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​ကို အဖွဲ့လိုက်​တာဝန်ခွဲပေး​၏​။ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​များ​ကို အဖွဲ့လိုက်​အလှည့်ကျ​ထမ်းဆောင်​ကြ​ရ​၏​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​ကို ပူဇော်​ရ​၏​။ ထာဝရဘုရား​စံ​တော်မူ​ရာ​ဌာန​တော်​၏​တံခါး​များ​၌​ရပ်​၍ အမှု​တော်​ထမ်းဆောင်​လျက် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ ဂုဏ်တော်​ချီးမွမ်းသီဆို​ခြင်း​ကို ပြု​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 3,
      "text": "ထာဝရဘုရား​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း နံနက်​နှင့်​ညနေ​တို့​တွင် ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​နှင့် ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ပွဲတော်​တို့​တွင် ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​များ​ကို ရှင်ဘုရင်​သည် မိမိ​ဥစ္စာပစ္စည်း​များ​ထဲမှ ခွဲဝေ​ပေး​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 4,
      "text": "ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​ပညတ်တရား​တော်​များ​အတိုင်း ထမ်းဆောင်​နိုင်​ရန် သူ​တို့​ရထိုက်​သော​ဝေစု​ကို သူ​တို့​အား ဂျေရုဆလင်​မြို့သား​တို့​ခွဲဝေ​ပေး​ရန် ရှင်ဘုရင်​အမိန့်​ထုတ်ပြန်​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 5,
      "text": "ထို​အမိန့်​တော်​ကို နေရာ​အနှံ့​ထုတ်ပြန်​သည်​နှင့် အစ္စရေး​အမျိုးသား​တို့​သည် သီးဦးသီးဖျား​ကောက်ပဲသီးနှံ​များ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ ပျားရည်​နှင့် လယ်ယာထွက်​သီးနှံ​အားလုံး​တို့​ကို အမြောက်အမြား​ယူဆောင်​လာ​ပေး​ကြ​၏​။ ဥစ္စာ​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို​လည်း အမြောက်အမြား ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 6,
      "text": "ယုဒ​မြို့ရွာ​တို့​တွင်​နေထိုင်​သော အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​သည်​လည်း သိုး​နွား​ဆိုင်ရာ​ဆယ်ဖို့တစ်ဖို့​၊ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ဆက်ကပ်​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​ဆယ်ဖို့တစ်ဖို့​တို့​ကို ယူဆောင်​လာ​ပြီး အစုလိုက် အစုလိုက် စုပုံ​ထား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 7,
      "text": "ထိုသို့ အစုလိုက် စုပုံ​ထား​သော​အလှူပစ္စည်း​များ​ကို တတိယ​လ​တွင် စတင်​စုသိမ်း​ရာ သတ္တမ​လ​ရောက်​မှ ပြီးစီး​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 8,
      "text": "ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့ ရောက်လာ​၍ စုပုံ​ထား​သော​အလှူပစ္စည်း​များ​ကို​တွေ့​လျှင် ထာဝရဘုရား​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 9,
      "text": "ဟေဇကိ​မင်းကြီး​သည် ထို​စုပုံ​ထား​သော​အလှူပစ္စည်း​များ​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​တို့​နှင့် လေဝိ​လူမျိုး​တို့​ကို မေးမြန်း​ကြည့်​သောအခါ"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 10,
      "text": "ဇာဒုတ်​အိမ်ထောင်စု​မှ ယဇ်ပုရောဟိတ်​မင်း​အာဇရိ​က “​ထာဝရဘုရား​၏​အိမ်​တော်​သို့ အလှူပစ္စည်း​များ​ကို စတင်​ယူဆောင်​လာ​ကတည်းက အကျွန်ုပ်​တို့​သည် ဝဝလင်လင်​စား​ရ​ပြီး များစွာ​ပိုလျှံ​ပါ​၏​။ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ကောင်းချီးပေး​သောကြောင့် ဤသို့​များစွာ​ပိုလျှံ​နေ​ခြင်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 11,
      "text": "ထို့နောက် ဟေဇကိ​မင်းကြီး​က ထာဝရဘုရား​၏​အိမ်​တော်​၌ သိုလှောင်ခန်း​များ​ကို ပြင်ဆင်​ထား​ရန် မိန့်မှာ​သဖြင့် သူ​တို့​သည်​လည်း သိုလှောင်ခန်း​များ​ကို အသင့်ပြင်ဆင်​ထား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 12,
      "text": "လူ​တို့​သည် အလှူပစ္စည်း​များ​၊ ဆယ်ဖို့တစ်ဖို့​များ​၊ ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ကို သစ္စာရှိ​စွာ​ယူဆောင်​လာ​ကြ​၏​။ လေဝိ​အမျိုးသား​ကောနနိ​သည် ထို​အလှူပစ္စည်း​တို့​ကို ကြီးကြပ်အုပ်ချုပ်​ပေး​ရ​ပြီး သူ့​ညီ​ရှိမိ​သည် သူ​၏​လက်ထောက် ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 13,
      "text": "ဟေဇကိ​မင်းကြီး​နှင့် ဘုရားသခင်​၏​အိမ်​တော်​အုပ်​အာဇရိ​တို့​သည် ကောနနိ​နှင့် သူ့​ညီ​ရှိမိ​တို့​လက်အောက်​တွင် ယေဟေလ​၊ အာဇဇိ​၊ နာဟတ်​၊ အာသဟေလ​၊ ယေရိမုတ်​၊ ယောဇဗဒ်​၊ ဧလျေလ​၊ ဣသမခိ​၊ မာဟတ်​၊ ဗေနာယ​တို့​ကို ကြီးကြပ်သူ​များ​အဖြစ် ခန့်ထား​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 14,
      "text": "လေဝိ​အမျိုး​ဣမန​၏​သား အရှေ့​တံခါးစောင့်​ကောရေ​သည် ဘုရားသခင်​ထံ​စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ​များ​ကို စီမံ​အုပ်ချုပ်​ရ​၏​။ သူ​သည် ထာဝရဘုရား​ထံ ပေးလှူ​သော​အလှူပစ္စည်း​နှင့် အသန့်ရှင်းဆုံး​အလှူပစ္စည်း​တို့​ကို ခွဲဝေ​ပေး​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 15,
      "text": "သူ့​လက်​အောက်​တွင် ဧဒင်​၊ မိညာမိန်​၊ ယေရွှာ​၊ ရှေမာယ​၊ အာမရိ​၊ ရှေခနိ တို့​ရှိ​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​နေ​သော​မြို့ရွာ​များ​ရှိ မိမိ​တို့​ညီအစ်ကို​တို့​ရရှိ​မည့်​ဝေစု​ကို အဖွဲ့လိုက်​ကြီးငယ်​မရွေး သစ္စာရှိ​စွာ​ခွဲဝေ​ပေး​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 16,
      "text": "မျိုးရိုးစဉ်ဆက်​စာရင်းဝင်​သူ​များ​အပြင် အဖွဲ့​အလိုက်​တာဝန်​ကို​ထမ်းဆောင်​ရန် ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့​ဝင်ရောက်​၍ ညွှန်ကြား​ထား​သော​အလုပ်​ကို နေ့စဉ်​လုပ်ဆောင်​သော အသက်​သုံး​နှစ် ​နှင့်​အထက်​ရှိ​သော​ယောက်ျား​များ​၊"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 17,
      "text": "ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်းဝင်​သော​ယဇ်ပုရောဟိတ်​များ​နှင့် အဖွဲ့​လိုက်​တာဝန်​ထမ်းဆောင်​ရ​သော အသက်​နှစ်ဆယ်​နှင့်​အထက်​လေဝိ​အမျိုး​များ​၊"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 18,
      "text": "မျိုးရိုးစဉ်ဆက်​စာရင်းဝင်​သော​သူ​တို့​၏​ကလေးသူငယ်​များ​အားလုံး​၊ သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​စသည့် လူထု​တစ်ရပ်လုံး​ကို​လည်း ခွဲဝေ​ပေး​ရ​၏​။ အကြောင်းမှာ သူ​တို့​သည် သစ္စာရှိ​စွာ​မိမိကိုယ်ကို​အမြဲ​သန့်ရှင်း​ခြင်း​ဝတ်​ပြု​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 19,
      "text": "မြို့ပြ​တစ်မြို့စီ​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​တွင် နေထိုင်​ကြ​သော အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​များ​ထဲမှ နာမည်​နှင့်တကွ ခွဲခန့်​ထား​သော ယောက်ျား​တို့​သည် ယဇ်ပုရောဟိတ်​အမျိုး​ယောက်ျားသား​အားလုံး​နှင့် လေဝိ​အမျိုး​စာရင်းဝင်​သူ​အားလုံး​တို့​ကို ဝေစု​ခွဲဝေ​ပေး​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 20,
      "text": "ဟေဇကိ​မင်းကြီး​သည် ယုဒ​ပြည်​တစ်လျှောက်လုံး​တွင် ထိုသို့​ပြု​ပေး​၏​။ ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် ကောင်းမြတ်​၍ ဖြောင့်မတ်​မှန်ကန်​သော​အမှု​ကို ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 21,
      "text": "ဟေဇကိ​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို ကြိုးစား​ဆောင်ရွက်​ခဲ့​၏​။ တရားတော်​များ​၊ ပညတ်တော်​များ​အားဖြင့် မိမိ​၏​ဘုရားသခင်​ကို ရှာဖွေ​ခဲ့​၏​။ ဘုရား​အမှု​ကို​ဆောင်​လေရာရာ​၌ စိတ်နှလုံး​အကြွင်းမဲ့​လုပ်ဆောင်​ခဲ့​သောကြောင့် အောင်မြင်မှု ရရှိ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 1,
      "text": "ဤသို့ ဟေဇကိ​မင်းကြီး​သည် ဤ​အမှု​တို့​ကို သစ္စာရှိ​စွာ​ဆောင်ရွက်​ပြီး​သည့်​နောက်တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် စစ်ချီ​လာ​၏​။ ထို​မင်း​သည် ယုဒ​ပြည်​ထဲသို့ ဝင်ရောက်​၍ ခံတပ်​မြို့​များ​ကို ဝိုင်းထား​ပြီး ထိုးဖောက်​တိုက်ခိုက်​ရန် အကြံရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 2,
      "text": "ထိုသို့ သနာခရိပ်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ကို​တိုက်ခိုက်​ရန် ချီလာ​နေ​ကြောင်း​ကို ဟေဇကိ​မင်းကြီး သိမြင်​လျှင်"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 3,
      "text": "မြို့ပြင်​ရှိ​စမ်းရေတွင်း​များ​ကို ပိတ်​ပစ်​ရန် မိမိ​၏​မှူးမတ်​များ​၊ စစ်သူရဲ​များ​နှင့်​တိုင်ပင်​ရာ သူ​တို့​သည်​လည်း ဟေဇကိ​မင်းကြီး​ကို ကူညီ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 4,
      "text": "လူအုပ်ကြီး​သည်​လည်း စုရုံး​လာ​ကြ​ပြီး “​အဆီးရီးယား​ဘုရင် ချီလာ​လျှင် အဘယ်ကြောင့် ရေ​အလုံအလောက်​ရ​စေ​ရ​မည်နည်း​”​ဟု ဆို​လျက် စမ်းရေတွင်း​ရှိသမျှ​နှင့် ပြည်​ထဲတွင်​စီးဆင်း​နေ​သော​စမ်းချောင်း​များ​ကို ပိတ်ဆို့​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 5,
      "text": "ထို့နောက် ဟေဇကိ​မင်းကြီး​သည် မိမိကိုယ်ကို အားမာန်သွင်း​လျက် ကျိုးပျက်​နေ​သော​မြို့ရိုး​အားလုံး​ကို ပြန်လည်​ပြုပြင်​၏​။ ရဲတိုက်​များ​ကို​လည်း တည်ဆောက်​၏​။ မြို့ရိုး​အပြင်ဘက်​တွင် မြို့ရိုး​တစ်​ခု​ကို​ထပ်မံ​တည်ဆောက်​၏​။ ဒါဝိဒ်​မြို့​ရှိ မိလ္လော ​ကို​လည်း ခိုင်ခံ့​အောင်​ပြုလုပ်​၏​။ လက်နက်​နှင့်​ဒိုင်းလွှား​အမြောက်အမြား​ကို​လည်း ပြုလုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 6,
      "text": "ထို့နောက် လူ​တို့​ကို​အုပ်ချုပ်​မည့်​စစ်သူကြီး​များ​ကို ခန့်ထား​ပြီး မြို့​တံခါး​နား​ရှိ​ကွင်းပြင်​တွင် စုဝေး​စေ​လျက်"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 7,
      "text": "“​အားယူ​၍​ရဲရင့်​ကြ​လော့​။ အဆီးရီးယား​ဘုရင်​နှင့် သူ့​လူအုပ်ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်​။ စိတ်​မ​ပျက်​ကြ​နှင့်​။ ငါ​တို့​ဘက်​၌​ရှိ​သော​သူ​သည် သူ​တို့​ဘက်​၌​ရှိ​သော​သူ​တို့​ထက် ပို၍​အင်အားကြီး​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 8,
      "text": "သူ​တို့​ဘက်​၌ လူအင်အား​ရှိ​၏​။ ငါ​တို့​ဘက်​တွင်​မူ စစ်ပွဲ​၌​ငါ​တို့​ကို​ကူညီ​တိုက်ခိုက်​ပေး​မည့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ရှိ​၏​”​ဟု အားပေးစကား​ပြော​၏​။ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​၏​စကား​ကြောင့် လူ​တို့ အားမာန်​ပြည့်လာ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 9,
      "text": "ထို့နောက်တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် မိမိ​ဗိုလ်ခြေ​အပေါင်း​တို့​နှင့်အတူ လာခိရှ​မြို့​ကို​ဝိုင်းထား​ပြီး မိမိ​အမှုထမ်း​များ​ကို ဂျေရုဆလင်​မြို့​သို့​စေလွှတ်​၍ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့​ရှိ​ယုဒ​လူမျိုး​အပေါင်း​တို့​အား"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 10,
      "text": "“​အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​က ‘​သင်​တို့​သည် ဝိုင်းထား​ခံရ​သော​ဂျေရုဆလင်​မြို့​တွင် မည်သူ့​ကို ကိုးစား​၍​နေ​နေ​ကြ​သနည်း​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 11,
      "text": "ဟေဇကိ​မင်းကြီး​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ကယ်နုတ်​လိမ့်မည်​ဟု ဆို​လျက် အစာရေစာ​ပြတ်လပ်​၍ သေ​စေ​ရန် သင်​တို့​ကို လှည့်စား​ပြီ​မ​ဟုတ်​လော​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 12,
      "text": "အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ယဇ်ပလ္လင်​များ​ကို ဖယ်ရှား​ပစ်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ယဇ်ပလ္လင်​တစ်ခုတည်း​တွင်​သာ ယဇ်ပူဇော်​ရ​မည်​၊ ထို​ယဇ်ပလ္လင်​ရှေ့​တွင်​သာ ဝတ်ပြု​ရ​မည်​ဟု ပြော​ခဲ့​သည်​မှာ ထို​ဟေဇကိ​မင်းကြီး​ပင် မ​ဟုတ်​လော​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 13,
      "text": "ငါ​နှင့် ငါ့​ဘိုးဘေး​တို့​သည် မြေကြီး​ပေါ်ရှိ​လူမျိုး​အပေါင်း​တို့​အား မည်သို့​ပြု​ခဲ့​သည်​ကို သင်​တို့​မ​သိ​ကြ​သလော​။ မြေကြီး​ပေါ်ရှိ​လူမျိုး​တို့​၏​ဘုရား​များ​သည် သူ​တို့​၏​ပြည်​များ​ကို ငါ့​လက်​မှ အမှန်တကယ်​ကယ်နုတ်​နိုင်​သလော​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 14,
      "text": "ငါ့​ဘိုးဘေး​တို့ အကုန်အစင်​ဖျက်ဆီး​ပစ်​ခဲ့​သော​ဤ​လူမျိုး​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​လူမျိုး​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​သနည်း​။ သင်​တို့​၏​ဘုရားသခင်​သည်​လည်း သင်​တို့​ကို ငါ့​လက်​မှ မည်သို့​ကယ်နုတ်​နိုင်​မည်နည်း​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 15,
      "text": "ထို့ကြောင့် ယခု ဟေဇကိ​မင်းကြီး​သည် သင်​တို့​ကို မ​လှည့်စား​စေ​နှင့်​။ ထိုသို့ မ​သွေးဆောင်​စေ​နှင့်​။ သူ့​ကို မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား မည်သည့်​လူမျိုး​၊ မည်သည့်​တိုင်းနိုင်ငံ​၏​ဘုရား​က​မျှ မိမိ​လူမျိုး​ကို ငါ့​လက်​မှ​လည်းကောင်း​၊ ငါ့​ဘိုးဘေး​တို့​လက်​မှ​လည်းကောင်း မ​ကယ်နုတ်​နိုင်​။ သင်​တို့​၏​ဘုရား​တို့​သည်​လည်း သင်​တို့​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​မည်​မ​ဟုတ်​’​ဟူ၍ မိန့်မှာ​လိုက်​သည်​”​ဟု ပြောကြား​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 16,
      "text": "သူ​၏​အမှုထမ်း​တို့​သည် ဘုရားသခင်​ထာဝရဘုရား​နှင့် ကိုယ်တော့်​အစေအပါး​ဟေဇကိ​မင်းကြီး​ကို ထို့ထက်မက ကဲ့ရဲ့​ပြောဆို​ကြ​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အား ကဲ့ရဲ့စော်ကား​သော​စာ​ကို​လည်း ရေးသား​သေး​၏​။ စာ​ထဲတွင် “​မြေကြီး​ပေါ်ရှိ​လူမျိုး​တို့​၏​ဘုရား​များ​သည် သူ​တို့​လူမျိုး​ကို ငါ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထိုနည်းတူ ဟေဇကိ​မင်းကြီး​၏​ဘုရားသခင်​သည်​လည်း သူ့​လူမျိုး​တော်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​မည်​မ​ဟုတ်​”​ဟု ရေးသား​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 18,
      "text": "သူ​တို့​သည် မြို့​ကို​သိမ်းပိုက်​လို​သောကြောင့် မြို့ရိုး​ပေါ်​ရှိ​ဂျေရုဆလင်​မြို့သား​တို့ ကြောက်ရွံ့​ထိတ်လန့်​အောင် ယုဒ​ဘာသာစကား​ဖြင့် ကျယ်လောင်​စွာ​အော်ဟစ်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 19,
      "text": "သူ​တို့​သည် ဂျေရုဆလင်​မြို့​၏​ဘုရားသခင်​ကို လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​ဖြစ်​သည့် မြေကြီး​ပေါ်ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နှင့်​တူ​သည်​ဟု ကဲ့ရဲ့​ပြောဆို​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 20,
      "text": "ဤ​အမှု​ကြောင့် ဟေဇကိ​မင်းကြီး​နှင့် အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​တို့​သည် ကောင်းကင်​သို့​အော်ဟစ်​ဆုတောင်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 21,
      "text": "ထိုအခါ ထာဝရဘုရား​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ အဆီးရီးယား​ဘုရင်​၏​တပ်စခန်း​ရှိ စစ်သူရဲ​များ​၊ တပ်မှူး​များ​၊ စစ်သူကြီး​များ အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။ ထို့ကြောင့် အဆီးရီးယား​ဘုရင်​သည် မိမိ​ပြည်​သို့ အရှက်ရ​သော​မျက်နှာ​နှင့် ပြန်ဆုတ်​သွား​ပြီး မိမိ​ဘုရား​ဝတ်ကျောင်း​သို့​ဝင်သွား​လျှင် သား​တော်​အရင်း​တို့​ကပင် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပစ်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 22,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​သည် ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့သား​တို့​ကို အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​နှင့် အခြား​ရန်သူ​အပေါင်း​တို့​၏​လက်​မှ ကယ်နုတ်​တော်မူ​၍ ပတ်ဝန်းကျင်​အရပ်ရပ်​တွင် အေးချမ်း​စေ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 23,
      "text": "ထာဝရဘုရား​ထံ​ပူဇော်​ရန် ဘောဇဉ်ပူဇော်သက္ကာ​များ​၊ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​အဖို့ အဖိုးတန်​သော​လက်ဆောင်ပဏ္ဏာ​များ​ကို ဂျေရုဆလင်​မြို့​သို့​ယူဆောင်​လာ​ပေး​သော​သူ အများအပြား​ရှိ​၏​။ ထို​အချိန်​မှစ၍ ဟေဇကိ​မင်းကြီး​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ချီးမြှောက်​ခြင်း​ခံရ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 24,
      "text": "ထို​ကာလ​တွင် ဟေဇကိ​မင်းကြီး​သည် သေလုနီးပါး​နာမကျန်း ဖြစ်​၍ ထာဝရဘုရား​ထံ ဆုတောင်း​သောအခါ ကိုယ်တော်​သည် သူ့​ကို အဖြေပေး​တော်မူ​၏​။ အံ့ဖွယ်နိမိတ်လက္ခဏာ​ကို​လည်း ပြပေး​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 25,
      "text": "သို့သော် ဟေဇကိ​မင်းကြီး​သည် ခံစား​ရ​သော​ကျေးဇူး​တော်​အတိုင်း မ​တုံ့ပြန်​ဘဲ ဘဝင်မြင့်​လာ​၏​။ ထို့ကြောင့် အမျက်​တော်​သည် သူ့​အပေါ်​သာမက ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ကျရောက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 26,
      "text": "သို့သော် ဟေဇကိ​မင်းကြီး​နှင့် ဂျေရုဆလင်​မြို့သား​တို့​သည် ဘဝင်မြင့်​ရာ​မှ မိမိကိုယ်ကို​နှိမ့်ချ​ကြ​သဖြင့် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် သူ​တို့​အပေါ် ထာဝရဘုရား​၏​အမျက်​တော် မ​ကျရောက်​ခဲ့​ပေ​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 27,
      "text": "ဟေဇကိ​မင်းကြီး​သည် ဓနဥစ္စာ​ပေါများ​ကြွယ်ဝ​၍ ဘုန်းအသရေ​ထွန်းတောက်​လေ​၏​။ ရွှေ​၊ ငွေ​၊ အဖိုးတန်​ကျောက်မျက်ရတနာ​များ​နှင့် အမွှေးနံ့သာ​များ​၊ ဒိုင်းလွှား​များ​နှင့် အဖိုးတန်​အသုံးအဆောင်​အမျိုးမျိုး​တို့​အတွက် သိုလှောင်ရုံ​များ​ကို ဆောက်လုပ်​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 28,
      "text": "ကောက်ပဲသီးနှံ​များ​၊ စပျစ်ဝိုင်​အသစ်​များ​နှင့် ဆီ​များ​အတွက် သိုလှောင်ရုံ​များ​၊ ကျွဲနွား​တိရစ္ဆာန်​အပေါင်း​တို့​အတွက် တင်းကုပ်​များ​၊ သိုး​များ​အတွက် သိုးခြံ​များ​ကို တည်ဆောက်​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 29,
      "text": "မိမိ​အဖို့ မြို့​များ​ကို​လည်း တည်ဆောက်​၏​။ ဘုရားသခင်​သည် သူ့​အား အလွန်​ချမ်းသာ​ကြွယ်ဝ​စေ​သဖြင့် သူ​၌ သိုး​နွား​တိရစ္ဆာန် အမြောက်အမြား​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 30,
      "text": "ထို့ပြင် ဟေဇကိ​မင်းကြီး​သည် ဂိဟုန်​ချောင်း​အထက်​ရေစီးကြောင်း​ကို ပိတ်​ပြီး ဒါဝိဒ်​မြို့​၏​အနောက်ဘက်​သို့ မြောင်းသွယ်​၍​စီးဆင်း​စေ​၏​။ ဟေဇကိ​မင်းကြီး​သည် ပြု​လေသမျှ​တို့​၌ အောင်မြင်​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 31,
      "text": "သို့သော် တိုင်းပြည်​တွင်​ဖြစ်ပျက်​ခဲ့​သော​အံ့ဖွယ်အမှု​တို့​ကို သိ​လို​၍ ဘေဘီလုံ​မှူးမတ်​တို့​သည် သူ့​ထံသို့ သံတမန်​ကို​စေလွှတ်​၍​မေးမြန်း​စေ​သောအခါ ဘုရားသခင်​သည် ဟေဇကိ​မင်းကြီး​၏​စိတ်​ထဲ​ရှိသမျှ​ကို​သိ​လို​၍ သူ့​ကို​စမ်းသပ်​သည့်​အနေဖြင့် လွှတ်​ထား​လိုက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 32,
      "text": "ကျန်ရှိ​နေ​သော ဟေဇကိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​ကောင်းမှု​များ​ကို ယုဒ​ဘုရင်​နှင့်​အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​တွင် ပါဝင်​သော အာမုတ်​၏​သား​ပရောဖက်​ဟေရှာယ​၏​ဗျာဒိတ်နိမိတ်ကျမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 33,
      "text": "ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 1,
      "text": "မနာရှေ နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​နှစ်​နှစ်​သာ​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​ငါး​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 2,
      "text": "သူ​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 3,
      "text": "သူ​သည် ခမည်းတော်​ဟေဇကိ​မင်းကြီး ဖြိုဖျက်​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ပြန်လည်​တည်ဆောက်​၏​။ ဗာလ​ယဇ်ပလ္လင်​များ​ကို တည်​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို​လည်း စိုက်ထူ​၏​။ ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​လည်း ရှိခိုး​ကိုးကွယ်​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 4,
      "text": "“​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​အစဉ်​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 5,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်ခုစလုံး​အတွင်း​တွင် ရှိသမျှ​ကောင်းကင်​တန်ဆာ​များ​အဖို့ ယဇ်ပလ္လင်​များ​ကို တည်​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 6,
      "text": "ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် မိမိ​သား​တို့​ကို​လည်း မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​၊ မှော်အတတ်​တို့​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 7,
      "text": "မိမိကိုယ်တိုင်​ထွင်းထု​ထား​သော ရုပ်တုဆင်းတု​ကို​လည်း ဘုရားသခင်​၏​အိမ်​တော်​တွင် ထားရှိ​၏​။ ဘုရားသခင်​က ဤ​အိမ်​တော်​နှင့်​ပတ်သက်၍ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သား​တော်​ရှောလမုန်​မင်းကြီး​တို့​အား “​အစ္စရေး​မျိုးနွယ်​တို့​ပိုင်​သော​မြို့​ထဲမှ ငါ​ရွေးချယ်​သော​ဂျေရုဆလင်​မြို့​၊ ဤ​အိမ်​တော်​တွင် ငါ့​နာမ​ကို အစဉ်​တည်​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 8,
      "text": "မောရှေ​အားဖြင့် သူ​တို့​အား ငါ​မိန့်မှာ​ထား​သမျှ​သော ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ထား​သော​ပြည်​တော်​မှ အစ္စရေး​လူမျိုး​တို့​ကို နောက်တစ်ဖန်​ဖယ်ရှား​ပစ်​တော်မူ​မည်​မ​ဟုတ်​”​ဟု မိန့်မှာ​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 9,
      "text": "သို့သော် မနာရှေ​မင်းကြီး​သည် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို လမ်းလွဲ​စေ​၍ အစ္စရေး​အမျိုးသား​တို့​ရှေ့​တွင် ထာဝရဘုရား ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုးခြား​တို့​ထက် မကောင်းမှု​ကို​ပြု​စေ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 10,
      "text": "ထာဝရဘုရား​သည် မနာရှေ​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​တို့​အား မိန့်​တော်မူ​သည်​ကို သူ​တို့ နား​မ​ထောင်​ကြ​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​၏​စစ်သူကြီး​တို့​ကို ချီလာ​စေ​၍ သူ​တို့​ကို​တိုက်ခိုက်​စေ​၏​။ သူ​တို့​သည် မနာရှေ​မင်းကြီး​ကို သံချိတ်​များ​ဖြင့်​ဖမ်းဆီး​၍ ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 12,
      "text": "ထိုသို့ ဒုက္ခရောက်​သောအခါ မနာရှေ​မင်းကြီး​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို ရှာ​လျက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ရှေ့​တော်​တွင် မိမိကိုယ်ကို​အလွန်​နှိမ့်ချ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 13,
      "text": "သူ​ဆုတောင်း​သောအခါ ကိုယ်တော်​သည် သူ့​ကို​ထူး​တော်မူ​၏​။ သူ​အသနားခံ​သည်​ကို နားညောင်း​ပြီး သူ့​ကို သူ​၏​တိုင်းနိုင်ငံ​၊ ဂျေရုဆလင်​မြို့​သို့ ပြန်လာ​စေ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို မနာရှေ​မင်းကြီး​သိမြင်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 14,
      "text": "ထို့နောက် မနာရှေ​မင်းကြီး​သည် ဒါဝိဒ်​မြို့​အပြင်ဘက်​တွင် မြို့ရိုး​ကို​မြင့်မား​စွာ​တည်ဆောက်​ထား​၏​။ ထို​မြို့ရိုး​သည် ချိုင့်ဝှမ်း​ရှိ​ဂိဟုန်​ချောင်း​အနောက်ဘက်​မှ ငါး​တံခါးဝ​အထိ​ရောက်​၍ ထိုမှ ဩဖေလ​အရပ်​ဘက်​သို့​ကွေ့သွား​၏​။ ယုဒ​ပြည်​ရှိ​ခိုင်ခံ့​သော​မြို့​ရှိသမျှ​တို့​၌ စစ်သူကြီး​များ​ကို ခန့်ထား​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 15,
      "text": "တိုင်းတစ်ပါး​ဘုရား​များ​နှင့် ရုပ်တု​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​မှ​ဖယ်ရှား​ပစ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​တည်​ရာ​တောင်ကုန်း​ပေါ်​နှင့် ဂျေရုဆလင်​မြို့​ထဲ​ရှိ သူ​တည်ဆောက်​ခဲ့​သော​ယဇ်ပလ္လင်​ရှိသမျှ​တို့​ကို​လည်း ဖယ်ရှား​၍ မြို့​ပြင်​သို့ လွှင့်ပစ်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 16,
      "text": "ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို ပြန်လည်​ပြုပြင်​၍ ထို​ယဇ်ပလ္လင်​ပေါ်တွင် မိတ်သဟာယယဇ်​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို ပူဇော်​၏​။ ထို့ပြင် ယုဒ​အမျိုး​တို့​ကို​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​ရန် မှာကြား​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 17,
      "text": "သို့သော် လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​၌ ဆက်လက်​၍​ယဇ်ပူဇော်​ကြ​သော်လည်း မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ပူဇော်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 18,
      "text": "ကျန်ရှိ​နေ​သော မနာရှေ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​၏​ဘုရားသခင်​ထံ သူ​ဆုတောင်း​ခဲ့​ပုံ​များ​၊ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ့​အား​မြွက်ဆို​ခဲ့​သော​ဗျာဒိတ်ရသူ​တို့​၏​စကား​များ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 19,
      "text": "သူ​၏​ဆုတောင်းချက်​၊ သူ့​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ခြင်း​၊ မိမိကိုယ်ကို မ​နှိမ့်ချ​မီ သူ​သစ္စာမဲ့​၍​ပြု​မိ​ခဲ့​သော​အပြစ်​အားလုံး​၊ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တည်​ခြင်း​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​များ​စိုက်ထူ​ခြင်း စသည်​တို့​ကို ဟောဇဲ​၏​မှတ်တမ်း​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 20,
      "text": "မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို သူ့​နန်းတော်​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 21,
      "text": "အာမုန်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 22,
      "text": "အာမုန်​မင်းကြီး​သည် ခမည်းတော်​မနာရှေ​မင်းကြီး​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အကြောင်းမူကား အာမုန်​မင်းကြီး​သည် ခမည်းတော်​မနာရှေ​မင်းကြီး ပြုလုပ်​ထား​ခဲ့​သော​ရုပ်တု​အားလုံး​တို့​ကို ယဇ်ပူဇော်​၍ ကိုးကွယ်​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 23,
      "text": "ခမည်းတော်​မနာရှေ​မင်းကြီး​သည် မိမိကိုယ်ကို​နှိမ့်ချ​ခဲ့​သော်လည်း အာမုန်​မင်းကြီး​မူကား ထာဝရဘုရား​ရှေ့​တော်​တွင် မိမိကိုယ်ကို​မ​နှိမ့်ချ​ခဲ့​သည်​သာမက ပို၍ပင်​အပြစ်ပြု​သေး​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 24,
      "text": "အာမုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည်​လည်း လျှို့ဝှက်ကြံစည်​ကြ​ပြီး သူ့​ကို နန်းတွင်း​၌​ပင် ကွပ်မျက်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 25,
      "text": "ထိုအခါ ပြည်သူပြည်သား​တို့​သည် အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 1,
      "text": "ယောရှိ နန်းတက်​သောအခါ သက်တော်​ရှစ်​နှစ်​သာ​ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​တစ်​နှစ် စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ သူ​၏​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး လျှောက်​ခဲ့​သော​လမ်း​အတိုင်း လက်ယာ​လက်ဝဲ​မ​ယိမ်း​ဘဲ လိုက်လျှောက်​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 3,
      "text": "ယောရှိ​မင်းကြီး နန်းစံ​ရှစ်​နှစ်​၊ အသက်အရွယ်​နုနယ်​နေ​သေး​စဉ်တွင်ပင် ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင်​ကို စတင်​ရှာ​ခဲ့​၏​။ သက်တော်​တစ်ဆယ့်​နှစ်​နှစ်​တွင် ဂျေရုဆလင်​မြို့​အပါအဝင်​ယုဒ​ပြည်​ရှိ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ ထုလုပ်​သော​ရုပ်တု​များ​၊ သွန်းလုပ်​သော​ရုပ်တု​များ​ကို စတင်​ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 4,
      "text": "ဗာလ​ယဇ်ပလ္လင်​များ​ကို​လည်း သူ့​ရှေ့​၌​ဖြိုဖျက်​ပစ်​ကြ​၏​။ ထို​ယဇ်ပလ္လင်​ပေါ်ရှိ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ချိုးဖျက်​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ ထုလုပ်​သော​ရုပ်တု​များ​၊ သွန်းလုပ်​သော​ရုပ်တု​များ​ကို​လည်း တစ်စစီ​ချိုးဖဲ့ဖျက်ဆီး​ပစ်​ပြီး ယဇ်ပူဇော်​သော​သူ​တို့​၏​သင်္ချိုင်းဂူ​များ​ပေါ်တွင် ကြဲ​ပစ်​လိုက်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 5,
      "text": "ယဇ်ပုရောဟိတ်​တို့​၏​အရိုး​များ​ကို​လည်း သူ​တို့​၏​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့​ပစ်​ခြင်း​ဖြင့် ဂျေရုဆလင်​မြို့​အပါအဝင်​ယုဒ​ပြည်​ကို စင်ကြယ်​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 6,
      "text": "ထို့ပြင် ယောရှိ​မင်းကြီး​သည် မနာရှေ​နယ်မြေ​မှစ၍ ဧဖရိမ်​၊ ရှိမောင်​၊ နဿလိ​နယ်မြေ​အထိ မြို့ရွာ​များ​နှင့် ဝန်းကျင်​ရှိ​ပြိုပျက်​ရာ​တို့​တွင်​လည်း"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 7,
      "text": "ယဇ်ပလ္လင်​များ​ကို ဖြိုချ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​နှင့် ရုပ်တုဆင်းတု​များ​ကို​လည်း ခြေမွှဖျက်ဆီး​ပစ်​၏​။ အစ္စရေး​ပြည်​တစ်ပြည်လုံး​ရှိ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အားလုံး​တို့​ကို​လည်း တစ်စစီ​ချိုးဖဲ့​ပစ်​ပြီး ဂျေရုဆလင်​မြို့​သို့ ပြန်လာ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 8,
      "text": "ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် ပြည်​တော်​နှင့်​အိမ်​တော်​ကို စင်ကြယ်​စေ​ပြီးနောက် ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို​ပြုပြင်​ရန်​အတွက် အာဇလိ​၏​သား​ရှာဖန်​၊ မြို့တော်ဝန်​မာသေယ​၊ ယောခတ်​၏​သား​အတွင်းဝန်​ယောအာ​တို့​ကို စေလွှတ်​လိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 9,
      "text": "သူ​တို့​သည် ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​ထံ​သွား​ပြီး ဘုရားသခင်​၏​အိမ်​တော်​အတွက် ယူဆောင်​လာ​သော​ငွေ​ကို ပေးအပ်​၏​။ ထို​ငွေ​တို့​သည် မနာရှေ​အမျိုး​၊ ဧဖရိမ်​အမျိုး​တို့​မှစ၍ ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​အားလုံး​၊ ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အားလုံး​နှင့် ဂျေရုဆလင်​မြို့သား​တို့​ထံမှ လေဝိ​အမျိုး​တံခါးစောင့်​တို့​ကောက်ခံ​ရရှိ​သော​ငွေ​များ ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 10,
      "text": "ထို​ငွေ​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​၌​အလုပ်​လုပ်​သော​အလုပ်သမား​တို့​သည် အိမ်​တော်​ပြန်လည်​ပြုပြင်​မွမ်းမံ​ရန်​အတွက် ထို​ငွေ​ကို အသုံးပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 11,
      "text": "ထို့ပြင် လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​ကို​လည်း ဆစ်ပြီးသားကျောက်​များ​၊ ဝင်းတံခါး​အတွက်​သစ်​များ​ကို ဝယ်ယူ​ရန်​နှင့် ယုဒ​ဘုရင်​တို့​လက်ချက်​ကြောင့်​ပျက်စီး​သွား​သော အိမ်​တော်​အဆောက်အအုံ​များ​၊ တံခါးထုပ်​များ​ကို ပြုလုပ်​ရန်​အတွက် ငွေ​များ​ကို ပေးအပ်​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 12,
      "text": "လူ​တို့​သည် အလုပ်​လုပ်​ရာ​၌ သစ္စာရှိ​ကြ​၏​။ သူ​တို့​ကို ကြီးကြပ်​ပေး​ဖို့ လေဝိ​အမျိုး မေရာရိ​သားမြေး​ထဲမှ ယာဟတ်​နှင့် ဩဗဒိ​၊ ကောဟတ်​သားမြေး​ထဲမှ ဇာခရိ​နှင့် မေရှုလံ​တို့​ကို ခန့်ထား​၏​။ တူရိယာတီးမှုတ်ကျွမ်းကျင်သူ​လေဝိ​အမျိုးသား​အားလုံး​တို့​သည်​လည်း"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 13,
      "text": "အထမ်းသမား​များ​မှစ၍ လုပ်ငန်းခွင်​အသီးသီး​ရှိ​အလုပ်လုပ်​သူ​များ​အားလုံး​ကို ကြီးကြပ်​ပေး​ရ​၏​။ အချို့​လေဝိ​အမျိုးသား​တို့​မှာ စာရေး​များ​၊ ကြီးကြပ်သူ​များ​၊ တံခါးစောင့်​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 14,
      "text": "ယဇ်ပုရောဟိတ်​ဟိလခိ​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွက် လူ​တို့​ယူဆောင်​လာ​ခဲ့​သော​ငွေ​များ​ကို ထုတ်ယူ​သောအခါ မောရှေ​အား​ပေးအပ်​ထား​သော​ထာဝရဘုရား​၏​ပညတ်တရားကျမ်း​ကို တွေ့​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 15,
      "text": "ထိုအခါ ဟိလခိ​သည် စာရေးတော်ကြီး​ရှာဖန်​အား “​ထာဝရဘုရား​၏​အိမ်​တော်​တွင် ဤ​ပညတ်တရားကျမ်း​ကို တွေ့ရှိ​၏​”​ဟု ဆို​လျက် ဟိလခိ​သည် ထို​ကျမ်းစာလိပ်​ကို ရှာဖန်​အား ပေး​လိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 16,
      "text": "ရှာဖန်​သည် ထို​ကျမ်းစာလိပ်​ကို ရှင်ဘုရင်​ထံသို့ ယူလာ​ပြီးလျှင် ရှင်ဘုရင်​အား “​အရှင်မင်းကြီး မိန့်မှာ​ထား​သည့်​အတိုင်း အမှုထမ်း​တို့​သည် လုပ်ဆောင်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 17,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌ တွေ့ရှိ​သော​ငွေ​တို့​ကို ထုတ်ယူ​ပြီး အလုပ်ကြီးကြပ်​သူ​၊ အလုပ်လုပ်​သော​သူ​တို့​လက်​သို့ ပေးအပ်​ပါ​ပြီ​”​ဟု အစီရင်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 18,
      "text": "ထို့ပြင် စာရေးတော်ကြီး​ရှာဖန်​က ရှင်ဘုရင်​အား “​ယဇ်ပုရောဟိတ်​ဟိလခိ​က အကျွန်ုပ်​အား ဤ​ကျမ်းစာလိပ်​ကို ပေးအပ်​ပါ​ပြီ​”​ဟု လျှောက်တင်​ပြီး ရှာဖန်​သည် ဘုရင့်​ရှေ့မှောက်​တွင် ထို​ကျမ်းစာ​ကို ဖတ်ပြ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 19,
      "text": "ရှင်ဘုရင်​သည် ထို​ပညတ်တရားကျမ်း​စကား​များ​ကို ကြား​ရ​သောအခါ မိမိ​အဝတ်​ကို ဆုတ်ဖြဲ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 20,
      "text": "ထို့နောက် ရှင်ဘုရင်​က ဟိလခိ​၊ ရှာဖန်​၏​သား​အဟိကံ​၊ မိက္ခာ​၏​သား​အာဗဒုန်​၊ စာရေးတော်ကြီး​ရှာဖန်​နှင့် ဘုရင့်​အမှုထမ်း​အသာယ​တို့​အား"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 21,
      "text": "“​ငါ့​အတွက်​သာမက အစ္စရေး​ပြည်​၊ ယုဒ​ပြည်​၌​ကြွင်းကျန်​သော​သူ​တို့​အတွက် ဤ​တွေ့ရှိ​ထား​သော​ကျမ်းပါစကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးလျှောက်​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​လိုက်နာ​၊ ဤ​ကျမ်း​ထဲ၌​ရေးထား​သမျှ​အတိုင်း မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 22,
      "text": "ထိုအခါ ဟိလခိ​နှင့်​ရှင်ဘုရင်​စေလွှတ်​လိုက်​သူ​တို့​က ဂျေရုဆလင်​မြို့​၏​နေရာသစ်​တွင်​နေထိုင်​သော ဟရဟတ်​၏​မြေး​၊ တိကဝ​၏​သား ဝတ်လုံတော်ထိန်း​ရှလ္လုံ​၏​မယား​ဖြစ်​သူ ပရောဖက်မ ဟုလဒ​ထံ​သွား​၍ ဤ​အကြောင်း​များ​ကို ပြောပြ​ရာ"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 23,
      "text": "ပရောဖက်မ​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​တို့​ကို ငါ့​ထံသို့​စေလွှတ်​သော​သူ​အား ဤသို့​ပြန်ပြော​လော့​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 24,
      "text": "ထာဝရဘုရား​က ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​ရှေ့​၌ ဖတ်ပြ​ခဲ့​သော​ကျမ်း​တွင် ရေးထား​သော​ကျိန်စာ​ရှိသမျှ​အတိုင်း ငါ​သည် ဤ​မြို့​နှင့်​မြို့သား​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 25,
      "text": "အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်သောအရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 26,
      "text": "ထာဝရဘုရား​ထံ မေးလျှောက်​ရန် သင်​တို့​ကို​စေလွှတ်​လိုက်​သော​ယုဒ​ဘုရင်​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သင်​ကြား​ရ​သော​ကျမ်းစကား​များ​နှင့်​ပတ်သက်၍ ဤသို့​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 27,
      "text": "ဤ​မြို့​နှင့်​မြို့သား​တို့​အား ဆန့်ကျင်​သော​နှုတ်ကပတ်တော်​ကို သင်​ကြား​ရ​သောအခါ သင်​သည် နှလုံးကြေကွဲ​လျက် ဘုရားသခင်​ရှေ့​တော်​တွင် မိမိကိုယ်ကို​နှိမ့်ချ​လေ​ပြီ​။ သင်​သည် ငါ့​ရှေ့မှောက်​တွင် မိမိကိုယ်ကို​နှိမ့်ချ​လျက်​၊ ကိုယ့်​အဝတ်​ကို​ဆုတ်​လျက် ငါ့​ရှေ့မှောက်​၌​ငိုကြွေး​သည်​ကို ငါ​ကြား​ပြီ​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 28,
      "text": "ထို့ကြောင့် သင့်​ဘိုးဘေး​များ​ရှိ​ရာ​သို့ သင့်​ကို ငါ​စုစည်း​မည်​။ သင်​သည် သင့်​သင်္ချိုင်း​တွင် ငြိမ်ဝပ်​စွာ​စုစည်း​ခံရ​လိမ့်မည်​။ ဤ​မြို့​နှင့် မြို့သား​တို့​အပေါ် ငါ​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ကြောင်း​ပြောကြား​လော့​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ပြန်သွား​၍ ဤ​စကား​တို့​ကို ရှင်ဘုရင်​ထံ လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 29,
      "text": "ရှင်ဘုရင်​သည် ဂျေရုဆလင်​မြို့​အပါအဝင်​ယုဒ​ပြည်​ရှိ သက်ကြီးဝါကြီး​အားလုံး​ကို ဆင့်ခေါ်​၍ လာရောက်​စုဝေး​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 30,
      "text": "ထိုအခါ ယုဒ​အမျိုးသား​အားလုံး​နှင့် ဂျေရုဆလင်​မြို့သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုးသား​များ​မှစ၍ ပြည်သူပြည်သား လူ​ကြီး​လူငယ်​တစ်ယောက်မကျန် ရှင်ဘုရင်​နှင့်အတူ ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​၏​။ ရှင်ဘုရင်​သည် ထာဝရဘုရား​အိမ်​တော်​တွင် တွေ့ရှိ​သော​ပဋိညာဉ်​ကျမ်းစကား​အလုံးစုံ​ကို သူ​တို့​ကြားသိ​အောင် ဖတ်ပြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 31,
      "text": "ရှင်ဘုရင်​သည် မိမိ​နေရာ​တွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 32,
      "text": "ဂျေရုဆလင်​မြို့သား​များ​နှင့် ဗင်္ယာမိန်​နယ်သား​အားလုံး​တို့​ကို​လည်း ကတိသစ္စာ​ပြု​စေ​၏​။ ဂျေရုဆလင်​မြို့သား​တို့​သည်​လည်း ဘိုးဘေး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​၏​ပဋိညာဉ်​အတိုင်း လုပ်ဆောင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 33,
      "text": "ထို့နောက် ယောရှိ​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့​ပိုင်​သော​နယ်မြေ​တစ်ဝန်းလုံး​ရှိ စက်ဆုပ်ရွံရှာဖွယ်​ရုပ်တု​အားလုံး​ကို ဖယ်ရှား​၍ အစ္စရေး​ပြည်သား​အားလုံး​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြုကိုးကွယ်​စေ​၏​။ ယောရှိ​မင်းကြီး​လက်ထက်​တစ်လျှောက်လုံး သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံမှ လမ်း​မ​လွဲ​ဘဲ နောက်​တော်​သို့​လိုက်​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ဂျေရုဆလင်​မြို့​တွင် ကျင်းပ​၏​။ ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​တွင် ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 2,
      "text": "ယဇ်ပုရောဟိတ်​များ​ကို​လည်း တာဝန်ကိုယ်စီ​ခွဲခန့်​ထား​၍ ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို​ထမ်းရွက်​ကြ​ရန် တိုက်တွန်း​အားပေး​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 3,
      "text": "အစ္စရေး​တစ်မျိုးနွယ်လုံး​ကို သွန်သင်​သော​သူ​များ​ဖြစ်​၍ ထာဝရဘုရား​အဖို့ သန့်ရှင်း​သူ​များ​ဖြစ်​သော​လေဝိ​အမျိုးသား​တို့​ကို​လည်း “​သန့်ရှင်း​သော​သေတ္တာ​တော်​ကို ဒါဝိဒ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​တည်ဆောက်​ခဲ့​သော အိမ်​တော်​တွင် ထား​ကြ​လော့​။ သင်​တို့​ပခုံး​ဖြင့် ထမ်းသွားစရာ​မ​လို​တော့​ပေ​။ ယခုမှာ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် သူ​၏​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ အမှု​တော်​ကို​ထမ်း​ကြ​ပါ​လော့​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 4,
      "text": "အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​နှင့် သား​တော်​ရှောလမုန်​မင်းကြီး​တို့ ရေးမှတ်​ထား​ခဲ့​သည့်​အတိုင်း သင်​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အလှည့်ကျ​အသင့်ရှိ​စေ​ကြ​လော့​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 5,
      "text": "ဘိုးဘေး​အိမ်ထောင်စု​အလိုက် အုပ်စု​ခွဲ​ထား​သော​ညီအစ်ကိုချင်း​ပြည်သူပြည်သား​များ​နှင့် ဘိုးဘေး​အိမ်ထောင်စု​အလိုက် အဖွဲ့ခွဲ​ထား​သော​လေဝိ​အမျိုးသား​တို့​၊ သန့်ရှင်းရာဌာန​တွင် နေရာယူ​ကြ​လော့​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 6,
      "text": "ပသခါသိုးသငယ်​ကို​သတ်​၍ မိမိတို့ကိုယ်ကို​သန့်ရှင်း​ခြင်း​ဝတ်​ပြု​ကြ​လော့​။ မောရှေ​မှတစ်ဆင့်​ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း ကိုယ့်​ညီအစ်ကိုချင်း​တို့​လိုက်နာ​ဆောင်ရွက်​နိုင်​ရန် သူ​တို့​အဖို့ ပြင်ဆင်​ပေး​ကြ​လော့​”​ဟု မှာကြား​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 7,
      "text": "ယောရှိ​မင်းကြီး​သည် ထို​နေရာ​တွင်​ရှိ​နေ​သော ပြည်သူပြည်သား​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​စုစုပေါင်း​အကောင်ရေ​သုံးသောင်း​၊ နွား​အကောင်ရေ​သုံးထောင်​တို့​ကို ရှင်ဘုရင်​ပိုင်ဆိုင်​ရာ​ထဲမှ လှူဒါန်း​ပေး​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 8,
      "text": "ဘုရင့်​မှူးမတ်​တို့​လည်း ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား စေတနာ​အလျောက်​ပေးလှူ​ကြ​၏​။ ဘုရားသခင်​၏​အိမ်တော်အုပ်​များ​ဖြစ်​ကြ​သော ဟိလခိ​၊ ဇာခရိ​နှင့် ယေဟေလ​တို့​လည်း ယဇ်ပုရောဟိတ်​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​အကောင်ရေ​နှစ်ထောင့်​ခြောက်​ရာ​နှင့် နွား​အကောင်ရေ​သုံး​ရာ​တို့​ကို ပေးလှူ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 9,
      "text": "လေဝိ​အကြီးအကဲ​များ​ဖြစ်​ကြ​သော ကောနနိ​၊ ရှေမာယ​၊ နာသနေလ​တို့​ညီအစ်ကို​များ​နှင့် ဟာရှဘိ​၊ ယေယေလ​၊ ယောဇဗဒ်​တို့​လည်း လေဝိ​အမျိုး​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​အကောင်ရေ​ငါး​ထောင်​နှင့် နွား​အကောင်ရေ​ငါး​ရာ​တို့​ကို ပေးလှူ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 10,
      "text": "ဤသို့ဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ပွဲတော်​ကို​ပြင်ဆင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ကိုယ်စီ​နေရာယူ​ကြ​၏​။ လေဝိ​အမျိုး​တို့​သည်​လည်း အဖွဲ့လိုက်​နေရာယူ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 11,
      "text": "ထို့နောက် သူ​တို့​သည် ပသခါသိုးသငယ်​ကို​သတ်​ပြီး သိုးသငယ်​အရေခွံ​ကို လေဝိ​အမျိုး​တို့​ဆုတ်​နေ​ချိန်​တွင် ယဇ်ပုရောဟိတ်​တို့​သည် သိုးသငယ်​သွေး​ကို ယူ​၍​ဖျန်း​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 12,
      "text": "ထို့နောက် မောရှေ​ကျမ်း​တွင်​ရေးသား​ထား​သည့်​အတိုင်း ထာဝရဘုရား​ထံ​ယဇ်ပူဇော်​ရန် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အုပ်စု​ခွဲထား​သော​ပြည်သူပြည်သား​တို့​အား မီးရှို့ရာယဇ်​ကို ခွဲဝေ​ပေး​ကြ​၏​။ နွား​များ​ကို​လည်း ထိုနည်းတူ​ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 13,
      "text": "ထို့နောက် စီရင်ထုံးဖွဲ့ချက်​အတိုင်း ပသခါယဇ်ကောင်​ကို မီး​ကင်​၍ သန့်ရှင်းသောယဇ်​များ​ကို​လည်း အိုး​များ​၊ ဒယ်စောက်​များ​၊ ဒယ်အိုး​များ​တွင် ပြုတ်​ပြီးလျှင် ပြည်သူပြည်သား​တို့​အား အလျင်အမြန်​ဝေပေး​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 14,
      "text": "ထို့နောက်မှ မိမိ​တို့​အဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အဖို့ ပြင်ဆင်​ကြ​၏​။ အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​တို့​သည် မီးရှို့ရာယဇ်​နှင့် အဆီ​တို့​ကို ည​ရောက်​သည်​အထိ ပူဇော်​ရ​သဖြင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​အဖို့​နှင့် အာရုန်​သားမြေး​ယဇ်ပုရောဟိတ်​တို့​အဖို့ ပြင်ဆင်​ပေး​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 15,
      "text": "အာသပ်​သားမြေး​သီချင်းသည်​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် အာသပ်​၊ ဟေမန်​၊ ရှင်ဘုရင်​၏​ဗျာဒိတ်ဆရာ​ယေဒုသုန်​တို့ စီစဉ်ညွှန်ကြား​ထား​ခဲ့​သည့်​အတိုင်း ကိုယ့်​နေရာ​တွင် ရပ်​နေ​ကြ​၏​။ တံခါးစောင့်​တို့​သည်​လည်း မိမိ​တို့ တံခါး​တိုင်​တွင် ရပ်​နေ​ကြ​ရ​၏​။ သူ​တို့​၏​ညီအစ်ကိုချင်း​ဖြစ်​သော​လေဝိ​အမျိုး​တို့​သည် သူ​တို့​အဖို့​ကို​လည်း ပြင်ဆင်​ပေး​သောကြောင့် မိမိ​တို့​တာဝန်ကျ​သော​နေရာ​မှ ထွက်သွားစရာ​မ​လို​ပေ​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 16,
      "text": "ဤသို့ဖြင့် ယောရှိ​မင်းကြီး​၏​အမိန့်​တော်​အတိုင်း ပသခါ​ပွဲတော်ကြီး​ကို ကျင်းပ​ရန်​နှင့် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​အပေါ်​၌ မီးရှို့ရာယဇ်​ကို​ပူဇော်​ရန်​အတွက် ထာဝရဘုရား​နှင့်ဆိုင်သော​ဝတ်​အလုံးစုံ​တို့​ကို ထို​နေ့​တွင် အဆင်သင့်​ပြင်ဆင်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 17,
      "text": "ထို​အချိန်​၌ ပသခါပွဲတော်​သို့ ရောက်​လာ​သော​အစ္စရေး​အမျိုးသား​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​တိုင်တိုင်​ကျင်းပ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 18,
      "text": "ပရောဖက်​ရှမွေလ​လက်ထက်​မှစ၍ အစ္စရေး​ပြည်​တွင် ဤကဲ့သို့သော​ပသခါပွဲ​မျိုး တစ်ခါမျှ​မ​ကျင်းပ​ဖူး​ချေ​။ ယောရှိ​မင်းကြီး​နှင့်အတူ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​လူမျိုး​များ​နှင့် အစ္စရေး​လူမျိုး​အပါအဝင် ယုဒ​လူမျိုး​အားလုံး​မှစ၍ ဂျေရုဆလင်​မြို့သား​တို့ စုပေါင်း​၍​ပြုလုပ်​သော​ပသခါပွဲ​မျိုး အစ္စရေး​ဘုရင်​အပေါင်း​တို့​လက်ထက်​တွင် တစ်ခါမျှ​မ​ကျင်းပ​ခဲ့​ဖူး​ချေ​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 19,
      "text": "ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင်​မှ ဤကဲ့သို့သော​ပသခါပွဲ​ကို ကျင်းပ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 20,
      "text": "ဤသို့ ယောရှိ​မင်းကြီး အိမ်​တော်​ကို​ပြင်ဆင်​ပြီး​သည့်​နောက်​တွင် အီဂျစ်​ဘုရင်​နေခေါ​မင်းကြီး​သည် ယူဖရေးတီး​မြစ်​နား​ရှိ ကာခေမိတ်​မြို့​ကို ချီတက်​တိုက်ခိုက်​ရာ ယောရှိ​မင်းကြီး​သည် သူ​နှင့်​ရင်ဆိုင်​ရန် စစ်ချီထွက်​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 21,
      "text": "သို့သော် နေခေါ​မင်းကြီး​က ယောရှိ​မင်းကြီး​ထံ တမန်​ကို​လွှတ်​၍ “​အို ယုဒ​ဘုရင်​၊ သင်​နှင့် အကျွန်ုပ် မည်သို့​ဆိုင်​သနည်း​။ ယခု သင်​နှင့်​စစ်တိုက်​ရန် အကျွန်ုပ်​ချီလာ​သည်​မ​ဟုတ်​။ အကျွန်ုပ်​နှင့်​စစ်​ဖြစ်​နေ​သော​လူမျိုး​ကို​သာ​တိုက်​ရန် ချီလာ​၏​။ ဘုရားသခင်​သည် အကျွန်ုပ်​အား စစ်​အမြန်​တိုက်​စေ​ပြီ​ဖြစ်​၍ အကျွန်ုပ်​နှင့်အတူ​ရှိ​သော​ဘုရားသခင်​ကို ဆန့်ကျင်​၍​ဆီးတား​မ​နေ​ပါ​နှင့်​။ သို့မဟုတ်လျှင် သင့်​ကို​ဖျက်ဆီး​တော်မူ​မည်​”​ဟု မှာကြား​လိုက်​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 22,
      "text": "သို့သော် ယောရှိ​မင်းကြီး​သည် နောက်ပြန်​မ​လှည့်​ဘဲ နေခေါ​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​၏​။ နေခေါ​မင်းကြီး​အား ဘုရားသခင်​မိန့်​တော်မူ​သော​စကား​ကို နား​မ​ထောင်​ဘဲ ရုပ်ဖျက်​ကာ မေဂိဒ္ဒေါ​လွင်ပြင်​သို့ ချီတက်​၍ စစ်ပွဲ​သို့​ဝင်​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 23,
      "text": "လေးသည်တော်​တို့​ပစ်လိုက်​သော​မြား​သည် ယောရှိ​မင်းကြီး​အား ထိမှန်​သောအခါ မင်းကြီး​က ရဲမက်​တို့​အား “​ငါ့​ကို ခေါ်ထုတ်​သွား​ပါ​။ ငါ​ဒဏ်ရာ​အပြင်းအထန်​ရ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 24,
      "text": "ထို့ကြောင့် ရဲမက်​တို့​သည် သူ့​ကို စစ်ရထား​ပေါ်မှ​ချ​၍ အခြား​စစ်ရထား​တစ်​ခု​ပေါ်သို့​တင်​ကာ ဂျေရုဆလင်​မြို့​သို့ ပြန်​ခေါ်ဆောင်​လာ​၏​။ မင်းကြီး​အနိစ္စရောက်​၍ ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောရှိ​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​ကြ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 25,
      "text": "ယေရမိ​သည် ယောရှိ​မင်းကြီး​အတွက် ငိုချင်း​ကို ဖွဲ့​ခဲ့​၏​။ သီချင်းသည်​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည်​လည်း ယောရှိ​မင်းကြီး​အတွက် ငိုချင်း​များ​ကို ယနေ့​တိုင် သီဆို​နေ​ကြ​၏​။ ထို​ငိုချင်း​တို့​ကို အစ္စရေး​ပြည်​၏​ဓလေ့ထုံးတမ်း​တစ်​ခု​အဖြစ်​ထားရှိ​ပြီး မြည်တမ်းစာ​၌​ရေးမှတ်​ထား​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 26,
      "text": "ကျန်ရှိ​နေ​သော​ယောရှိ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ထာဝရဘုရား​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မေတ္တာ​ဖြင့်​လုပ်ဆောင်​ခဲ့​ပုံ​၊"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 27,
      "text": "သူ​၏​လုပ်ဆောင်မှု​အစ​အဆုံး​တို့​ကို အစ္စရေး​နှင့် ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 1,
      "text": "ထို့နောက် ပြည်သူပြည်သား​တို့​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ယောခတ်​အား ဂျေရုဆလင်​မြို့​တွင် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 2,
      "text": "ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 3,
      "text": "အီဂျစ်​ဘုရင်​သည် သူ့​ကို ဂျေရုဆလင်​မြို့​တွင်​နန်းချ​ပြီး တိုင်းပြည်​ကို​လည်း ငွေ​တာလန်​တစ်ရာ ​၊ ရွှေ​တစ်တာလန် ဒဏ်တပ်​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 4,
      "text": "ထို့နောက် အီဂျစ်​ဘုရင်​သည် ယောခတ်​မင်းကြီး​၏​ညီ​တော်​ဧလျာကိမ်​ကို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အုပ်စိုး​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ နောင်တော်​ယောခတ်​မင်းကြီး​ကို​မူကား နေခေါ​မင်းကြီး​သည် အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 5,
      "text": "ယောယကိမ် နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 6,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ချီလာ​၍ သူ့​ကို​တိုက်ခိုက်​ပြီး ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 7,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​အချို့​တို့​ကို​လည်း ဘေဘီလုံ​ပြည်​သို့​ယူဆောင်​သွား​ပြီး ဘေဘီလုံ​မြို့​ရှိ​မိမိ​ဗိမာန်​တွင် ထားရှိ​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 8,
      "text": "ကျန်ရှိ​နေ​သော​ယောယကိမ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​၊ သူ​၏​ဆိုးယုတ်မှု​များ​ကို အစ္စရေး​နှင့် ယုဒ​ဘုရင်​တို့​၏​ရာဇဝင်ကျမ်း​များ​တွင် ရေးမှတ်​ထား​၏​။ သူ​၏​သား​တော်​ယောယခိမ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 9,
      "text": "ယောယခိမ်​နန်းတက်​သောအခါ သက်တော်​ရှစ်​နှစ် ​ရှိ​၏​။ ဂျေရုဆလင်​မြို့​တွင် သုံး​လ​၊ ဆယ်​ရက် စိုးစံ​၏​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို ပြု​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 10,
      "text": "နှစ်​လည်​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ရဲမက်​များ​ကို​စေလွှတ်​၍ ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​လာ​စေ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​မှ​အဖိုးတန်​အသုံးအဆောင်​များ​ကို​လည်း သိမ်းယူ​လာ​စေ​၏​။ ထို့ပြင် ယောယခိမ်​မင်းကြီး​၏​ညီ​တော် ​ဇေဒကိ​ကို မင်းမြှောက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို အုပ်စိုး​စေ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 11,
      "text": "ဇေဒကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​တစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 12,
      "text": "သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင့်ဆို​သော​ပရောဖက်​ယေရမိ​ရှေ့​တွင် မိမိကိုယ်ကို​နှိမ့်ချ​ခြင်း​မ​ရှိ​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 13,
      "text": "သူ့​အား ဘုရားသခင်​ထံ​တိုင်တည်ကျိန်ဆို​စေ​ခဲ့​သော​နေဗုခဒ်နေဇာ​မင်းကြီး​ကို​လည်း ပုန်ကန်​၏​။ သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လှည့်​၊ ခေါင်းမာ ​လျက်​၊ စိတ်နှလုံး​မာကျော​လျက်​သာ နေ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 14,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​တို့​သည်​လည်း လူမျိုးခြား​တို့​ပြု​သည့်​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​အတိုင်း ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​သန့်ရှင်း​စေ​တော်မူ​ခဲ့​သော​အိမ်​တော်​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 15,
      "text": "ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​နှင့် ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို ညှာတာထောက်ထား​လျက် သူ​တို့​ထံသို့ တမန်​များ​ကို အကြိမ်ကြိမ်​စေလွှတ်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 16,
      "text": "သို့သော် လူမျိုး​တော်​အပေါ် ထာဝရဘုရား​အမျက်​တော်​ထွက်​၍ ချမ်းသာ​မ​ပေး​နိုင်​သည့်​တိုင်အောင် သူ​တို့​သည် ဘုရားသခင်​စေလွှတ်​သော​တမန်​များ​ကို လှောင်ပြောင်​ကြ​၏​။ စကား​တော်​ကို မထီမဲ့မြင်ပြု​ကြ​၏​။ ပရောဖက်​တို့​ကို ပြက်ရယ်ပြု​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 17,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် ခါလဒဲ​ဘုရင်​ကို သူ​တို့​ထံသို့ ချီလာ​စေ​တော်မူ​၏​။ ထို​ဘုရင်​သည် လူငယ်​တို့​ကို သူ​တို့​၏​သန့်ရှင်းရာဌာန​တော်​တွင်​ပင် ဓား​နှင့်​ကွပ်မျက်​၏​။ လူပျို​အပျို​နှင့် သက်ကြီး​လူအို​များ​ပါ​မကျန် အားလုံး​ကို နှမြော​ခြင်း​မ​ရှိ​၊ ထို​ဘုရင်​လက်​သို့ အပ်လိုက်​တော်မူ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 18,
      "text": "ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​အကြီး​အသေး​ရှိသမျှ​၊ ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာ​များ​၊ ရှင်ဘုရင်​နှင့် မှူးမတ်​တို့​၏​ဘဏ္ဍာ​များ​အားလုံး​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 19,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မီးရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို ဖြိုချ​ပစ်​၏​။ နန်းတော်​တစ်ခုလုံး​ကို​လည်း မီး​ရှို့​ပြီး အဖိုးတန်​အသုံးအဆောင်​အားလုံး​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 20,
      "text": "ခါလဒဲ​ဘုရင်​သည် ဓားဘေး​မှ​လွတ်​၍​ကြွင်းကျန်သူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ပြီး ပါးရှား​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် သူ​တို့​ကို သူ​နှင့်​သူ့​သားမြေး​တို့​၏​အစေအပါး​အဖြစ် ထားရှိ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 21,
      "text": "အစ္စရေး​မြေ​သည် မိမိ​၏​ဥပုသ်နေ့​များ​ကို​မွေ့လျော်​ရ​မည်​ဟူသော ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား အမှန်​ပြည့်စုံ​လာ​၍ လူသူကင်းမဲ့​သော​ကာလ​ပတ်လုံး အနှစ်​ခုနစ်ဆယ်​စေ့​သည်​အထိ ငြိမ်ဝပ်​စွာ​နေ​ရ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 22,
      "text": "ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား ပြည့်စုံ​စေရန် ပါးရှား​ဘုရင်​ကုရု​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ထာဝရဘုရား​သည် ပါးရှား​ဘုရင်​ကုရု​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​တော်မူ​သဖြင့် သူ​သည် မိမိ​နိုင်ငံ​အားလုံး​သို့ လိုက်လံကြေညာ​စေ​၍ ထို​စကား​ကို စာ​ဖြင့်​လည်း မှတ်တမ်းတင်​ထား​လေ​၏​။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 23,
      "text": "ပါးရှား​ဘုရင်​ကုရု​မင်းကြီး​မိန့်ဆို​သော​စကား​မှာ “​ကောင်းကင်ဘုံရှင် ဘုရားသခင်​ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​ကို ငါ့​အား ပေး​တော်မူ​ပြီ​။ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​တွင် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို​တည်​ရန် ငါ့​ကို ခန့်ထား​တော်မူ​ပြီ​။ ကိုယ်တော်​၏​လူမျိုး​တော်​အဝင်​ဖြစ်​သော​သူ​အားလုံး တစ်ယောက်မကျန် သူ​တို့​နှင့်အတူ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပါရှိ​လျက် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​စေ​”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 1,
      "text": "ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား ပြည့်စုံ​စေရန် ပါးရှား​ဘုရင် ကုရု​မင်းကြီး နန်းစံ​သော​ပထမ​နှစ်​တွင် ထာဝရဘုရား​သည် ပါးရှား​ဘုရင်​ကုရု​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​တော်မူ​သဖြင့် သူ​သည် မိမိ​နိုင်ငံ​တစ်ဝန်းလုံး​သို့ လိုက်လံကြေညာ​စေ​၍ စာ​ဖြင့်​လည်း မှတ်တမ်းတင်​ထား​သော​စကား​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 2,
      "text": "ပါးရှား​ဘုရင်​ကုရု​မင်းကြီး​က “​ကောင်းကင်ဘုံရှင် ဘုရားသခင်​ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အလုံးစုံ​ကို ငါ့​အား ပေး​တော်မူ​ပြီ​။ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​တွင် ကိုယ်တော့်​အဖို့ အိမ်​တော်​ကို​တည်​ရန် ငါ့​ကို ခန့်ထား​တော်မူ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 3,
      "text": "သင်​တို့​တွင် မည်သူ​သည် ဘုရားသခင်​၏​လူ​ဖြစ်​သနည်း​။ ထို​သူ​နှင့်အတူ ဘုရားသခင်​ရှိ​တော်မူ​ပါစေသော​။ သူ​သည် ယုဒ​ပြည် ဂျေရုဆလင်​မြို့​သို့​တက်သွား​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို တည်ဆောက်​ပါစေ​။ ဘုရားသခင်​သည် ဂျေရုဆလင်​မြို့​တွင်​စံပယ်​တော်မူ​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 4,
      "text": "အရပ်ရပ်​၌​ကြွင်းကျန်​သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​အဖို့ ရွှေ​ငွေ​၊ ပစ္စည်းဥစ္စာ​၊ တိရစ္ဆာန်​တို့​မှစ၍ စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ​တို့​ကို မိမိ​တို့​နေထိုင်​ရာ​အရပ်​မှ ကူညီထောက်ပံ့​ပါစေ​”​ဟု မိန့်မှာ​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 5,
      "text": "ထိုအခါ ယုဒ​အမျိုး​နှင့် ဗင်္ယာမိန်​အမျိုး​တို့​၏​ဘိုးဘေး​အကြီးအမှူး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​နှင့်တကွ မိမိ​တို့​၏​စိတ်​ကို ဘုရားသခင်​နှိုးဆော်​သော​သူ​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​ရှိ​ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ရန် ထ​၍​သွား​ကြ​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 6,
      "text": "ထို​သူ​တို့​ဝန်းကျင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​စေတနာ​အလျောက် ရွှေ​ငွေ​အသုံးအဆောင်​များ​၊ ပစ္စည်းဥစ္စာ​များ​၊ တိရစ္ဆာန်​များ​၊ အဖိုးတန်​လက်ဆောင်​များ​ဖြင့် ပါဝင်​ပေးလှူ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 7,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​၍ သူ့​ဘုရား​ဗိမာန်​တွင်​ထားရှိ​သော ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို​လည်း ကုရု​မင်းကြီး​က ထုတ်ပေး​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 8,
      "text": "ပါးရှား​ဘုရင် ကုရု​မင်းကြီး​သည် ထို​အိမ်​တော်​အသုံးအဆောင်​တို့​ကို ဘဏ္ဍာစိုး​မိသရေဒတ်​အား ထုတ်ယူ​စေ​၏​။ မိသရေဒတ်​သည်​လည်း ရေတွက်​ပြီး ယုဒ​ခေါင်းဆောင် ရှေရှဗာဇာ​အား ပေးအပ်​လိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 9,
      "text": "ထို​အိမ်​တော်​အသုံးအဆောင်​တို့​၏​အရေအတွက်​မှာ ရွှေ​အင်တုံ အခု​သုံးဆယ်​၊ ငွေ​အင်တုံ အခု​တစ်ထောင်​၊ ဓား​နှစ်ဆယ့်​ကိုး​လက်​၊"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 10,
      "text": "ရွှေ​ဖလား အလုံး​သုံးဆယ်​၊ ငွေ​ဖလား​အမျိုးမျိုး အလုံး​လေး​ရာ့​တစ်ဆယ်​၊ အခြား​အသုံးအဆောင် အမျိုး​တစ်ထောင်​အပါအဝင်"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 11,
      "text": "စုစုပေါင်း​ရွှေ​ငွေ​အသုံးအဆောင် ငါး​ထောင်​လေး​ရာ ရှိ​၏​။ ဘေဘီလုံ​မြို့​မှ ဂျေရုဆလင်​မြို့​သို့ သုံ့ပန်း​တို့ ပြန်လာ​ကြ​သောအခါ ရှေရှဗာဇာ​သည် ထို​အသုံးအဆောင်​ရှိသမျှ​ကို​ပါ ယူဆောင်​လာ​ခဲ့​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 1,
      "text": "ဤသည်ကား ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ဖမ်းခေါ်​သွား​သဖြင့် သုံ့ပန်း​အဖြစ် ဘေဘီလုံ​ပြည်​၊ နယ်မြေဒေသ​အသီးသီး​သို့​ရောက်သွား​ကြ​ပြီး သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 2,
      "text": "ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ စရာယ​၊ ရေလာယ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပါ​၊ ဗိဂဝဲ​၊ ရေဟုံ​၊ ဗာနာ​တို့​နှင့်အတူ​လိုက်ပါ​လာ​သော အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 3,
      "text": "ပါရုတ်​သားမြေး နှစ်ထောင့်​တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 4,
      "text": "ရှေဖတိ​သားမြေး သုံး​ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 5,
      "text": "အာရာ​သားမြေး ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 6,
      "text": "ယေရွှာ​နှင့် ယွာဘ​သားမြေး​တို့​မှ​ဆင်းသက်​လာ​သော ပါဟတ်မောဘ​သားမြေး နှစ်ထောင့်​ရှစ်​ရာ​တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 7,
      "text": "ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 8,
      "text": "ဇတ္တု​သားမြေး ကိုး​ရာ​လေးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 9,
      "text": "ဇက္ခဲ​သားမြေး အယောက်​ခုနစ်​ရာ့​ခြောက်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 10,
      "text": "ဗာနိ​သားမြေး ခြောက်​ရာ​လေးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 11,
      "text": "ဗေဗဲ​သားမြေး ခြောက်​ရာ​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 12,
      "text": "အာဇဂဒ်​သားမြေး တစ်ထောင့်​နှစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 13,
      "text": "အဒေါနိကံ​သားမြေး ခြောက်​ရာ​ခြောက်ဆယ့်​ခြောက်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 14,
      "text": "ဗိဂဝဲ​သားမြေး နှစ်ထောင့်​ငါးဆယ့်​ခြောက်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 15,
      "text": "အာဒိန်​သားမြေး လေး​ရာ​ငါးဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 16,
      "text": "ဟေဇကိ​မှ ဆင်းသက်​လာ​သော အာတာ​သားမြေး ကိုးဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 17,
      "text": "ဗေဇဲ​သားမြေး သုံး​ရာ​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 18,
      "text": "ယောရ​သားမြေး တစ်ရာ​တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 19,
      "text": "ဟာရှုံ​သားမြေး နှစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 20,
      "text": "ဂိဗ္ဗာ​သားမြေး ကိုးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 21,
      "text": "ဗက်လင်​မြို့သား တစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 22,
      "text": "နေတောဖ​မြို့သား ငါးဆယ့်​ခြောက်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 23,
      "text": "အာနသုတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 24,
      "text": "အာဇမာဝက်​မြို့သား လေးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 25,
      "text": "ကိရယသာရိမ်​မြို့သား​၊ ခေဖိရ​မြို့သား​နှင့် ဗေရုတ်​မြို့သား စုစုပေါင်း ခုနစ်​ရာ​လေးဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 26,
      "text": "ရာမ​မြို့သား​နှင့် ဂေဗ​မြို့သား စုစုပေါင်း ခြောက်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 27,
      "text": "မိတ်မတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 28,
      "text": "ဗေသလ​မြို့သား​နှင့် အာဣ​မြို့သား စုစုပေါင်း နှစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 29,
      "text": "နေဗော​မြို့သား ငါးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 30,
      "text": "မာဂဗိတ်​မြို့သား တစ်ရာ​ငါးဆယ့်​ခြောက်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 31,
      "text": "အခြား​ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 32,
      "text": "ဟာရိမ်​သားမြေး အယောက်​သုံး​ရာ​နှစ်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 33,
      "text": "လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား စုစုပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 34,
      "text": "ဂျေရိခေါ​မြို့သား သုံး​ရာ​လေးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 35,
      "text": "သေနာ​မြို့သား အယောက်​သုံး​ထောင်​ခြောက်​ရာ့​သုံးဆယ် ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 36,
      "text": "ယဇ်ပုရောဟိတ်​တို့​တွင် ယေရွှာ​အမျိုး​မှ​ဆင်းသက်​လာ​သော ယေဒါယ​သားမြေး ကိုး​ရာ​ခုနစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 37,
      "text": "ဣမေရ​သားမြေး တစ်ထောင့်​ငါးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 38,
      "text": "ပါရှုရ​သားမြေး တစ်ထောင့်​နှစ်ရာ​လေးဆယ့်​ခုနစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 39,
      "text": "ဟာရိမ်​သားမြေး တစ်ထောင့်​တစ်ဆယ့်​ခုနစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 40,
      "text": "လေဝိ​အမျိုး​တွင် ဟောဒဝိ​သားမြေး​မှ​ဆင်းသက်​လာ​သော ယေရွှာ​နှင့် ကပ်မျေလ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 41,
      "text": "သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 42,
      "text": "တံခါးစောင့်​သားမြေး​တို့​တွင် ရှလ္လုံ​သားမြေး​၊ အာတာ​သားမြေး​၊ တာလမုန်​သားမြေး​၊ အက္ကုပ်​သားမြေး​၊ ဟတိတ​သားမြေး​၊ ရှောဗဲ​သားမြေး စုစုပေါင်း တစ်ရာ​သုံးဆယ့်​ကိုး​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 43,
      "text": "ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 44,
      "text": "ကေရုတ်​သားမြေး​၊ သာယာဟ​သားမြေး​၊ ပါဒုန်​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 45,
      "text": "လေဗန​သားမြေး​၊ ဟာဂဘ​သားမြေး​၊ အက္ကုပ်​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 46,
      "text": "ဟာဂပ်​သားမြေး​၊ ရှာလမဲ​သားမြေး​၊ ဟာနန်​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 47,
      "text": "ဂိဒ္ဒေလ​သားမြေး​၊ ဂါဟာ​သားမြေး​၊ ရာယ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 48,
      "text": "ရေဇိန်​သားမြေး​၊ နေကောဒ​သားမြေး​၊ ဂဇ္ဇမ်​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 49,
      "text": "ဩဇ​သားမြေး​၊ ပါသာ​သားမြေး​၊ ဗေသဲ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 50,
      "text": "အာသနာ​သားမြေး​၊ မဟုနိမ်​သားမြေး​၊ နဖုသိမ်​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 51,
      "text": "ဗာကဗုတ်​သားမြေး​၊ ဟကုဖ​သားမြေး​၊ ဟာရဟုရ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 52,
      "text": "ဗာဇလုပ်​သားမြေး​၊ မဟိဒ​သားမြေး​၊ ဟာရရှ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 53,
      "text": "ဗာရကုတ်​သားမြေး​၊ သိသရ​သားမြေး​၊ တာမ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 54,
      "text": "နေဇိ​သားမြေး​၊ ဟတိဖ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 55,
      "text": "ရှောလမုန်​အစေအပါး​၏​သားမြေး​တို့​တွင် သောတဲ​သားမြေး​၊ ဟာသောဖရက်​သားမြေး​၊ ပေရုဒ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 56,
      "text": "ယာလ​သားမြေး​၊ ဒါကုန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 57,
      "text": "ရှေဖတိ​သားမြေး​၊ ဟတ္တိလ​သားမြေး​၊ ပေါခရက်​ဇေဗိမ်​သားမြေး​၊ အာမိ​သားမြေး​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 58,
      "text": "ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ စုစုပေါင်း သုံး​ရာ​ကိုးဆယ့်​နှစ်​ယောက် ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 59,
      "text": "မည်သည့်​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ​ဆင်းသက်​လာ​သည်​ကို သက်သေ​မ​ပြ​နိုင်​၊ အစ္စရေး​လူမျိုး​ထဲမှ ဟုတ်​၊ မ​ဟုတ် မ​သေချာ​ဘဲ တေလမေလ​မြို့​၊ တေလဟာရရှ​မြို့​၊ ခေရုပ်​မြို့​၊ အဒ္ဒန်​မြို့​၊ ဣမေရ​မြို့​တို့​မှ လိုက်ပါ​လာ​သော​သူ​များ​မှာ"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 60,
      "text": "ဒေလာယ​သားမြေး​၊ တောဘိ​သားမြေး​၊ နေကောဒ​သားမြေး စုစုပေါင်း ခြောက်​ရာ​ငါးဆယ့်​နှစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 61,
      "text": "ယဇ်ပုရောဟိတ်​သားမြေး​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို​စုံဖက်​၍ ထို​နာမည်​ကို​ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 62,
      "text": "သူ​တို့​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် မိမိ​တို့​မျိုးရိုး​ကို​ရှာ​သော်လည်း မ​တွေ့​သဖြင့် ယဇ်ပုရောဟိတ်​အရိုက်အရာ​မှ ဖယ်ရှား​ခြင်း​ခံရ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 63,
      "text": "ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 64,
      "text": "ဤသို့​လိုက်ပါ​လာ​သော​လူထုကြီး​မှာ စုစုပေါင်း လေး​သောင်း​နှစ်ထောင့်​သုံး​ရာ​ခြောက်ဆယ် ရှိ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 65,
      "text": "ထို့ပြင် သူ​တို့​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်​ထောင့်​သုံး​ရာ​သုံးဆယ့်​ခုနစ်​ယောက်​နှင့် သီချင်းသည်​ယောက်ျား​၊ သီချင်းသည်​မိန်းမ စုစုပေါင်း အယောက်​နှစ်ရာ​တို့​လည်း ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 66,
      "text": "မြင်း ခုနစ်​ရာ​သုံးဆယ့်​ခြောက်​ကောင်​၊ လား နှစ်ရာ​လေးဆယ့်​ငါး​ကောင်​၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 67,
      "text": "ကုလားအုတ် လေး​ရာ​သုံးဆယ့်​ငါး​ကောင်​၊ မြည်း အကောင်​ခြောက်​ထောင်​ခုနစ်​ရာ့​နှစ်ဆယ်​လည်း ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 68,
      "text": "အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​သို့​ရောက်လာ​သောအခါ ထို​နေရာ​၌​ပြန်တည်ဆောက်​မည့် ဘုရားသခင်​၏​အိမ်​တော်​အဖို့ အလှူပစ္စည်း​များ​ကို စေတနာစိတ်​အလျောက် ပေးလှူ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 69,
      "text": "ထိုသို့ သူ​တို့​တတ်နိုင်​သလောက်​ပေးလှူ​ကြ​ရာ​တွင် ရွှေ​ဒင်္ဂါးပြား ​ခြောက်သောင်း​တစ်ထောင်​၊ ငွေ​မိနာ့​ငါး​ထောင် ​နှင့် ယဇ်ပုရောဟိတ်​ဝတ်စုံ အစုံ​တစ်ရာ​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 70,
      "text": "ထိုသို့ ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​များ​၊ လူ​အချို့​နှင့် သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​တို့​သည် ကိုယ့်​မြို့​တို့​၌ ပြန်လည်​နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌ ပြန်လည်​နေထိုင်​ကြ​သတည်း​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 1,
      "text": "သတ္တမ​လ ရောက်​သောအခါ ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌​နေထိုင်​ကြ​သော အစ္စရေး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်စိတ်တစ်သဘောတည်း​စုဝေး​လာ​ကြ​၍"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 2,
      "text": "ဘုရားသခင်​၏​လူ​မောရှေ​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မီးရှို့ရာယဇ်​ကို​ပူဇော်​ရန် ယောဇဒက်​၏​သား ယေရွှာ​နှင့် သူ့​ညီအစ်ကို​ယဇ်ပုရောဟိတ်​များ​၊ ရှာလသေလ​၏​သား ဇေရုဗဗေလ​နှင့် သူ့​ညီအစ်ကို​များ​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အဖို့ ယဇ်ပလ္လင်​ကို ထ​၍​တည်​ကြ​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 3,
      "text": "သူ​တို့​သည် ပြည်သား​တို့​ကို​ကြောက်ရွံ့​လျက်​နှင့်​ပင် ယဇ်ပလ္လင်​ကို မူလ​နေရာ​၌ တည်ဆောက်​ကြ​၏​။ ထို့နောက် နံနက်အချိန်​၊ နေဝင်ချိန်​တို့​၌ ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​များ​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 4,
      "text": "ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲစု​ပွဲတော်​ကို​လည်း ကျင်းပ​ကြ​၏​။ စီရင်ထုံးဖွဲ့ချက်​အရ တစ်ရက်စီ​အတွက်​ပူဇော်​ရ​မည့် ယဇ်ကောင်​အရေအတွက်​နှင့်အညီ မီးရှို့ရာယဇ်​များ​ကို​လည်း နေ့စဉ်​ပူဇော်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 5,
      "text": "ပုံမှန်​မီးရှို့ရာယဇ်​ကို​လည်း ပူဇော်​ကြ​၏​။ ထို့ပြင် လဆန်း​နေ့​များ​၊ ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​ဆိုင်ရာ ပူဇော်သက္ကာ​များ​နှင့် ထာဝရဘုရား​အား စေတနာ​အလျောက် အသီးသီး​ပေးလှူ​သော​ပူဇော်သက္ကာ​များ​ကို​လည်း ပူဇော်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 6,
      "text": "သတ္တမ​လ​၊ ပထမ​ရက်​တွင် စတင်​၍​ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​၏​။ ထို​အချိန်​ထိ ထာဝရဘုရား​၏​ဗိမာန်တော်​အုတ်မြစ်​ကို မ​ချ​ရ​သေး​ချေ​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 7,
      "text": "ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငွေ​ပေး​၍​ခိုင်း​စေ​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး​၏​ခွင့်ပြုချက်​ဖြင့် ဆီဒုန်​အမျိုးသား​၊ တိုင်ရာ​အမျိုးသား​တို့​ကို စားနပ်ရိက္ခာ​နှင့်​ဆီ​ကို​ပေး​၍ သစ်ကတိုးသား​များ​ကို လက်ဘနွန်​တော​မှ ယုပ္ပေ​မြို့​အရောက် မျှောချ​စေ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 8,
      "text": "သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​သို့​ရောက်လာ​ပြီး ဒုတိယ​နှစ်​၊ ဒုတိယ​လ​တွင် ရှာလသေလ​သား ဇေရုဗဗေလ​၊ ယောဇဒက်​သား ယေရွှာ​မှစ၍ ကျန်ရှိ​သော သူ​တို့​၏​ညီအစ်ကို​များ​၊ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​များ​၊ သုံ့ပန်း​အဖြစ်​ပါသွား​၍ ဂျေရုဆလင်​မြို့​သို့​ပြန်လာ​သော​သူ​များ​အားလုံး​တို့​သည် အိမ်​တော်​ကို စတင်​တည်ဆောက်​ကြ​၏​။ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​လေဝိ​အမျိုး​တို့​ကို အိမ်​တော်​တည်ဆောက်​ရာ​တွင် ကြီးကြပ်​သူ​များ​အဖြစ် ခန့်ထား​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 9,
      "text": "ယေရွှာ​အပါအဝင် သူ​၏​သားမြေး​နှင့် သူ​၏​ညီအစ်ကို​များ​၊ ကပ်မျေလ​နှင့် သူ​၏​သားမြေး​များ​၊ ယုဒ​သားမြေး​များ​၊ လေဝိ​အမျိုး ဟေနဒဒ်​သားမြေး​တို့​၏​သားမြေး​များ​နှင့် သူ​တို့​၏​ညီအစ်ကို​များ​သည် ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ရာ​၌ အလုပ်​လုပ်​သော​သူ​များ​ကို အတူတကွ​ကြီးကြပ်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 10,
      "text": "ထာဝရဘုရား​၏​ဗိမာန်တော်​တည်ဆောက်​သော​သူ​တို့​သည် အုတ်မြစ်​ကို​ချ​သောအခါ ဝတ်စုံ​ဝတ်ဆင်​ထား​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​ကို​ကိုင်​လျက်​၊ အာသပ်​၏​သား​လေဝိ​အမျိုး​တို့​သည်​လည်း လင်းကွင်း​များ​ကို​ကိုင်​လျက် အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​လက်ထက်​က​အတိုင်း​နေရာယူ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​သည်​မှာ"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 11,
      "text": "“​စင်စစ် ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​ကို ထာဝရ​မေတ္တာ​နှင့် ချစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို သီဆို​ချီးမွမ်း​ကြ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အုတ်မြစ်​ကို ချ​ပြီး​ဖြစ်၍ လူ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ ကြီးစွာ​သော​အသံ​ဖြင့် ကြွေးကြော်​ချီးမွမ်း​ကြ​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 12,
      "text": "ယခင်​အိမ်​တော်​ကို မြင်​ဖူး​ခဲ့​သော​သက်ကြီးပိုင်း ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​နှင့် အိမ်ထောင်စု​အကြီးအမှူး​များစွာ​တို့​သည် ယခု​အိမ်​တော်​အုတ်မြစ်ချ​သည်​ကို မြင်​ရ​သောအခါ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ လူ​အများစု​မှာ​မူ ဝမ်းမြောက်ဝမ်းသာ​စိတ်​ဖြင့် ကြွေးကြော်​ကြ​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 13,
      "text": "ထို့ကြောင့် ဝမ်းမြောက်​စွာ​ကြွေးကြော်​သံ​လော​၊ အော်ဟစ်​ငိုကြွေး​သံ​လော မည်သူ​မျှ​ခွဲခြား​၍ မ​ရ​နိုင်​ဖြစ်​လေ​၏​။ လူအုပ်ကြီး​၏​ဆူညံ​စွာ​အော်ဟစ်​ကြွေးကြော်​သံ​ကြီး​မှာ အဝေး​မှပင် ကြား​ရ​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 1,
      "text": "သုံ့ပန်း​အဖြစ်​ပါသွား​သူ​တို့​၏​သားမြေး​များ​သည် ထာဝရဘုရား​အဖို့ ဗိမာန်တော်​တည်ဆောက်​ကြောင်း​ကို ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​တို့​၏​ရန်သူ​တို့ ကြားသိ​ရ​လျှင်"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 2,
      "text": "ဇေရုဗဗေလ​နှင့် အိမ်ထောင်စု​အကြီးအမှူး​တို့​ထံ​လာ​၍ “​ငါ​တို့​သည်​လည်း သင်​တို့​ကဲ့သို့ပင် သင်​တို့​ဘုရား​ကို ကိုးကွယ်​သည်​ဖြစ်၍ သင်​တို့​နှင့်အတူ တည်ဆောက်​ပါရစေ​။ ငါ​တို့​ကို ဤ​နေရာ​သို့​ပို့ဆောင်​လာ​သော အဆီးရီးယား​ဘုရင် ဧသရဟဒ္ဒုန်​မင်းကြီး​လက်ထက်​ကစ၍ ငါ​တို့​သည် ထို​ဘုရား​ကို ယဇ်ပူဇော်​ကြ​ပါ​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 3,
      "text": "ထိုအခါ ဇေရုဗဗေလ​၊ ယေရွှာ​နှင့် အစ္စရေး​အိမ်ထောင်စု​အကြီးအမှူး​တို့​က “​ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို တည်ဆောက်​ခြင်း​အမှု​သည် သင်​တို့​နှင့်​မ​ဆိုင်​၊ ငါ​တို့​နှင့်​သာ ဆိုင်​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ငါ​တို့​သာလျှင် တည်ဆောက်​ရ​မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 4,
      "text": "ထိုအခါ ထို​ပြည်သား​တို့​သည် ယုဒ​အမျိုးသား​တို့​ကို စိတ်အားလျော့​စေ​၍ အိမ်​တော်​တည်ဆောက်​ရာ​တွင် အနှောင့်အယှက်​ပေး​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 5,
      "text": "ပါးရှား​ဘုရင်​ကုရု​မင်းကြီး​စိုးစံ​သော​အချိန်​မှစ၍ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး​စိုးစံ​သည့်​အချိန်​အထိ အကြံပေး​အရာရှိ​တို့​ကို ငှားရမ်း​၍ ယုဒ​လူမျိုး​တို့​၏​အစီအစဉ်​ပျက်​အောင် ဖျက်ဆီး​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 6,
      "text": "အာရွှေရု​မင်းကြီး​စိုးစံ​ချိန် အစောပိုင်း​တွင် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား စွပ်စွဲ​သော​တိုင်စာ​ကို ရေးပို့​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 7,
      "text": "အာတဇေရဇ်​မင်းကြီး​လက်ထက်​၌​လည်း ဗိရှလံ​၊ မိသရေဒတ်​၊ တဗေလ​တို့​နှင့် ကျန်​အပေါင်းပါ​တို့​သည် ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​ထံသို့ စာ​ရေးသား​ပေးပို့​ကြ​၏​။ ထို​စာ​ကို အာရမိတ်​ဘာသာ​သို့ ဘာသာပြန်ဆို ရေးသား​ပေး​လိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 8,
      "text": "ဗိုလ်ချုပ်​ရေဟုံ​နှင့် စာရေးတော်ကြီး​ရှိမရှဲ​တို့​သည်​လည်း ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်သည့်​တိုင်စာ​တစ်​စောင်​ကို အာတဇေရဇ်​မင်းကြီး​ထံ ရေးပို့​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 9,
      "text": "ဗိုလ်ချုပ်​ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​နှင့် ကျန်​အပေါင်းပါ​များ​၊ တရားသူကြီး​များ​၊ အုပ်ချုပ်သူ​များ​၊ အရာရှိ​များ​၊ အဖာရ​ပြည်သား​၊ အာခေဝ​ပြည်သား​၊ ဘေဘီလုံ​ပြည်သား​၊ ဧလံ​လူမျိုး ရှုရှနက်​ပြည်သား​အပါအဝင်"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 10,
      "text": "ကြီးမြတ်​၍​ဂုဏ်သရေ​ရှိ​သော အာသနပါ​မင်းကြီး ခေါ်ဆောင်​လာ​၍ ရှမာရိ​မြို့​များ​နှင့် မြစ်ကြီး​၏​အနောက်ဘက်​ဒေသ​၌ နေရာချ​ထား​သော ကျန်​သည့်​လူမျိုး​များ​က ရေးသား​ပေးပို့​ကြ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 11,
      "text": "အာတဇေရဇ်​မင်းကြီး​ထံ ရေးပို့​လိုက်​သော ထို​စာ​၏​မိတ္တူ​တွင် “​မြစ်​တစ်ဖက်​၌​နေထိုင်​သော​အရှင့်​ကျွန်​တို့​သည် အရှင်မင်းကြီး​ထံ လျှောက်ထား​အပ်​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 12,
      "text": "အရှင့်​ထံမှ အကျွန်ုပ်​တို့​ထံသို့​ရောက်လာ​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ပြီး ပုန်ကန်မှု​၊ ဆိုးညစ်မှု​နှင့်​ပြည့်​သော​မြို့​ကို ပြန်လည်​တည်ဆောက်​ကာ မြို့ရိုး​တို့​ကို​လက်စသတ်​လျက် အုတ်မြစ်​တို့​ကို​ပြုပြင်​နေ​ကြောင်း သိ​စေ​အပ်​ပါ​သည်​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 13,
      "text": "ထို​မြို့​ကို​ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​များ​ကို​လက်စသတ်​လျှင် သူ​တို့​သည် အခွန်​အကောက်​၊ ဆက်ကြေး​တို့​ကို​ပေးဆောင်​တော့​မည်​မ​ဟုတ်​ဘဲ ဘုရင့်​ဘဏ္ဍာ​တော်​ထိခိုက်​မည်​ကို အရှင်မင်းကြီး​သိမှတ်​တော်မူ​ပါ​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 14,
      "text": "အကျွန်ုပ်​တို့​သည် နန်းတော်​၌​အခစား​သူ​များ ​ဖြစ်​သည်​နှင့်အညီ အရှင်မင်းကြီး​၏​ဂုဏ်သရေ​ညှိုးနွမ်း​မည်​ကို မ​မြင်​လို​ပါ​။ ထို့ကြောင့် အရှင်မင်းကြီး​ထံ လျှောက်ထား​အကြောင်း​ကြား​ရ​ခြင်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 15,
      "text": "အရှင်မင်းကြီး​၊ ဘိုးဘေး​တော်​တို့​ထားခဲ့​သော​မှတ်တမ်းလွှာ​များ​ကို ရှာဖွေစိစစ်​ကြည့်​ပါ​။ ဤ​မြို့​သည် ပုန်ကန်​တတ်​သော​မြို့​၊ ဘုရင်​များ​နှင့် တိုင်းပြည်​၏​အကျိုး​ကို ဆုတ်ယုတ်​စေ​သော​မြို့​၊ ရှေးယခင်​ကပင် ဆူပူအုံကြွမှု​ဖြစ်စေ​တတ်​သော​မြို့​ဖြစ်​သောကြောင့် ဖျက်ဆီး​ခံ​ခဲ့​ရ​ကြောင်း​ကို မှတ်တမ်းလွှာ​များ​တွင် တွေ့ရှိ​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 16,
      "text": "အကယ်၍ ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​ကို​လက်စသတ်​ပြီးလျှင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​သည် အရှင့်​ပိုင်မြေ​ဖြစ်​တော့​မည်​မ​ဟုတ်​ကြောင်း​ကို အရှင်မင်းကြီး​အား အကျွန်ုပ်​တို့​လျှောက်ထား​အပ်​ပါ​သည်​”​ဟု ပါရှိ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 17,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ​တို့​ထံသို့ ပြန်စာ​ပို့လိုက်​သည်​မှာ “​ဗိုလ်ချုပ်​ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​၊ ကျန်ရှိ​သော​ရှမာရိ​မြို့သား​အပေါင်းပါ​များ​နှင့် ကျန်ရှိ​သော​ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​နေ​သူ​များ​အား နှုတ်ဆက်​လိုက်​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 18,
      "text": "သင်​တို့​ပို့လိုက်​သော​စာ​ကို ငါ့​ရှေ့မှောက်​တွင် သေသေချာချာ​ဖတ်ပြ​ကြ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 19,
      "text": "ငါ​သည်​လည်း အမိန့်​ထုတ်ပြန်​၍ ရှာဖွေ​စိစစ်​စေ​ရာ ထို​မြို့​သည် ရှင်ဘုရင်​တို့​ကို ပုန်ကန်မှု​များ ဖြစ်​စေ​တတ်​သော​မြို့​၊ ရှေးယခင်​ကပင် ဆူပူအုံကြွမှု​ဖြစ်စေ​တတ်​သော​မြို့ ဖြစ်ကြောင်း​ကို တွေ့​ရ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 20,
      "text": "ဂျေရုဆလင်​မြို့​ကို​အစိုးရ​သော တန်ခိုးကြီး​ဘုရင်​တို့​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း တစ်လျှောက်လုံး​ကို​ပါ အုပ်ချုပ်​ရ​ပြီး သူ​တို့​အား အခွန်​အကောက်​၊ ဆက်ကြေး​တို့​ကို ဆက်သ​ရ​သည်​ကို​လည်း သိ​ရ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 21,
      "text": "ထို့ကြောင့် ယခု ဤ​တည်ဆောက်​ခြင်း​အမှု​ကို ရပ်တန့်​ဖို့ အမိန့်စာ​ထုတ်ပြန်​လော့​။ ငါ့​အမိန့်​တော် မ​ရ​မ​ချင်း ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​ခြင်း မ​ပြု​ရ​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 22,
      "text": "ဤ​အမှု​ကို အထူး​ဂရုပြု​လော့​။ မ​ပေါ့ဆ​ကြ​နှင့်​။ အဘယ်ကြောင့် ရှင်ဘုရင်​၏​အကျိုး​ယုတ်လျော့​အောင် ထပ်​ပြု​ကြ​မည်နည်း​”​ဟု ပါရှိ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 23,
      "text": "အာတဇေရဇ်​မင်းကြီး​ထံမှ ပြန်စာ​ကို ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​နှင့် သူ​တို့​အပေါင်းပါ​ရှေ့​၌ ဖတ်​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​ဂျေရုဆလင်​မြို့​သို့ ချက်ချင်း​သွား​၍ အင်အား​သုံး​ပြီး ဆောက်လုပ်ရေး​အမှု​ကို အတင်းအကျပ်​ရပ်ဆိုင်း​စေ​၏​။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 24,
      "text": "ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ရပ်ဆိုင်း​လိုက်​ရာ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး နန်းစံ​သည့် ဒုတိယ​နှစ်​တိုင်အောင် ရပ်ဆိုင်း​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 1,
      "text": "ပရောဖက်​ဟဂ္ဂဲ​နှင့် ဣဒေါ​၏​သား​ပရောဖက်​ဇာခရိ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​နာမ​တော်​ကို​အမှီပြု​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ ဂျူး​လူမျိုး​တို့​အား ပရောဖက်ပြု​ဟောပြော​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 2,
      "text": "ထိုအခါ ရှာလသေလ​၏​သား ဇေရုဗဗေလ​နှင့် ယောဇဒက်​၏​သား​ယေရွှာ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ပြန်လည်​အစပြု​ကြ​လေ​၏​။ ဘုရားသခင်​၏​ပရောဖက်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ပါရှိ​ပြီး ကူညီ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 3,
      "text": "ထိုစဉ်က ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို​အုပ်ချုပ်ရသူ ဘုရင်ခံ​တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် အပေါင်းပါ​တို့​သည် လာ​၍ “​မည်သူ​၏​အမိန့်​ဖြင့် ဤ​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီး ဤ​မြို့ရိုး​ကို လက်စသတ်​ရ​သနည်း”​ဟု မေးမြန်း​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 4,
      "text": "ဤ​အဆောက်အဦး​ကို တည်ဆောက်​သူ​တို့​၏​အမည်​များ​ကား အဘယ်သို့​နည်း​ဟူ၍​လည်း မေးမြန်း​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 5,
      "text": "ဘုရားသခင်​သည် ဂျူး​သက်ကြီးဝါကြီး​တို့​ကို ကြည့်ရှု​စောင်မ​တော်မူ​သဖြင့် ဒါရိ​မင်းကြီး​ထံ​အစီရင်ခံစာ​တင်သွင်း​ပြီး ပြန်စာ​မ​ရ​မ​ချင်း အိမ်​တော်​တည်ဆောက်​ခြင်း​အမှု​ကို ဆက်လက်​လုပ်ဆောင်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 6,
      "text": "ဤ​စာ​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို အုပ်ချုပ်ရသူ ဘုရင်ခံ​တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် ယူဖရေးတီး​မြစ်​အနောက်​ဘက်​ကမ်း​ရှိ သူ​တို့​၏​အပေါင်းပါ အဖာသ​ပြည်သား​တို့​က ဒါရိ​မင်းကြီး​ထံ ပို့လိုက်​သော​စာ​၏​မိတ္တူ ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 7,
      "text": "မင်းကြီး​ထံ သူ​တို့​ပေးလိုက်​သော​စာ​တွင် ဤသို့ ရေးသား​ထား​၏​။ “ဒါရိ​မင်းကြီး​၌ ငြိမ်ဝပ်ချမ်းသာ​အပေါင်း ရှိ​ပါစေသော​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 8,
      "text": "အကျွန်ုပ်​တို့​သည် ယုဒ​ပြည်​ရှိ ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​၏​အိမ်​တော်​သို့ ရောက်​ခဲ့​ကြောင်း​၊ ထို​အိမ်​တော်​ကို ကျောက်တုံး​ကြီး​များ​နှင့်​ဆောက်​ထား​ပြီး နံရံ​တွင်​သစ်သား​များ​ထည့်​ထား​ကြောင်း​၊ သူ​တို့​သည် အားကြိုးမာန်တက်​လုပ်ဆောင်​သဖြင့် သူ​တို့​၏​အလုပ်​သည် အထမြောက်​အောင်မြင်​လျက်​ရှိ​ကြောင်း​ကို အရှင်မင်းကြီး​အား သိ​စေ​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​က သက်ကြီးဝါကြီး​တို့​အား ‘သင်​တို့​သည် မည်သူ့​အမိန့်​ဖြင့် ဤ​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီး ဤ​မြို့ရိုး​ကို လက်စသတ်​ရ​သနည်း’​ဟု မေးမြန်း​ခဲ့​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 10,
      "text": "ခေါင်းဆောင်​တို့​၏​အမည်​များ​ကို အရှင်မင်းကြီး​အား လျှောက်ထား​နိုင်​ရန်​လည်း သူ​တို့​၏​အမည်​များ​ကို မေးမြန်း​ရေးမှတ်​ခဲ့​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 11,
      "text": "သူ​တို့​က​လည်း ‘အကျွန်ုပ်​တို့​သည် ကောင်းကင်​နှင့်​မြေကြီး​အရှင် ဘုရားသခင်​၏​အစေအပါး​များ ဖြစ်​၏​။ ရှေး​နှစ်​ပေါင်း​များစွာ​က အစ္စရေး​လူမျိုး​တို့​၏​ဘုရင်မင်းမြတ် တည်ဆောက်​ပြီးစီး​ခဲ့​သော​အိမ်​တော်​ကို အကျွန်ုပ်​တို့ ပြန်လည်​တည်ဆောက်​ခြင်း ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 12,
      "text": "သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ကို အမျက်ထွက်​အောင်​ပြု​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို ခါလဒဲ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ထို​ဘုရင်​သည် ဤ​အိမ်​တော်​ကို​ဖျက်ဆီး​၍ လူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 13,
      "text": "သို့သော် ဘေဘီလုံ​ဘုရင် ကုရု​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ကုရု​မင်းကြီး​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​ခဲ့​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 14,
      "text": "ဂျေရုဆလင်​ဗိမာန်တော်​မှ သိမ်းယူ​၍ ဘေဘီလုံ​ဗိမာန်​သို့ နေဗုခဒ်နေဇာ​မင်းကြီး ယူဆောင်​လာ​သည့် ရွှေ​ဖလား​၊ ငွေ​ဖလား​စသော ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို ကုရု​မင်းကြီး​သည် ဘေဘီလုံ​ဗိမာန်​မှ​ထုတ်​၍ ဘုရင်ခံ​အဖြစ် ခန့်အပ်​ခြင်း​ခံရ​သော ရှေရှဗာဇာ​ထံသို့ ပေးအပ်​ပြီး"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 15,
      "text": "“ဤ​အသုံးအဆောင်​တို့​ကို​ယူ​၍ ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​၌ ပြန်ထား​လော့​။ ဘုရားသခင်​၏​အိမ်​တော်​ကို​လည်း မူလနေရာ​၌ ပြန်လည်​တည်ဆောက်​လော့”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 16,
      "text": "ရှေရှဗာဇာ​လည်း ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ဘုရားသခင်​၏​အိမ်​တော်​ကို အုတ်မြစ်ချ​၏​။ ထို​အချိန်​ကစ၍ တည်ဆောက်​ရာ ယခု​ထိ မ​ပြီးစီး​သေး​ပါ’​ဟု အကျွန်ုပ်​တို့​အား ပြန်ဖြေ​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 17,
      "text": "သို့ဖြစ်၍ အရှင်မင်းကြီး​အလိုရှိ​လျှင် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​ကို​ပြန်လည်​တည်ဆောက်​ရန် ကုရု​မင်းကြီး​အမိန့်​ထုတ်ပြန်​ခဲ့​ခြင်း​ရှိ​မ​ရှိ​ကို ဘေဘီလုံ​မြို့​ရှိ​ရှင်ဘုရင်​၏​ဘဏ္ဍာတိုက်​ထဲ၌ ရှာဖွေစစ်ဆေး​ပါ​။ ပြီးလျှင် ဤ​ကိစ္စ​နှင့်​ပတ်သက်၍ အရှင်မင်းကြီး​၏​သဘောထား​ကို​လည်း သိလို​သည်​ဖြစ်၍ အကျွန်ုပ်​တို့​အား အကြောင်းပြန်​ပေး​စေ​လို​ပါ​၏”​ဟု ပါရှိ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 1,
      "text": "ထိုအခါ ဒါရိ​မင်းကြီး​အမိန့်​ထုတ်ပြန်​၍ ဘေဘီလုံ​ဘဏ္ဍာတိုက်​ထဲရှိ မှတ်တမ်း​များ​သိမ်းဆည်း​ထား​သော​နေရာ​၌ ရှာဖွေစစ်ဆေး​စေ​ရာ"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 2,
      "text": "မေဒိ​နယ်​ရှိ အာခမေသ​နန်းတော်​တွင် စာလိပ်​တစ်​ခု​ကို တွေ့​ရ​၏​။ ထို​စာလိပ်​ထဲ၌"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 3,
      "text": "“​ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တွင် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​နှင့်​ပတ်သက်၍ ကုရု​မင်းကြီး​က ‘​ယဇ်ကောင်​များ​ကို ပူဇော်​ရာ အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​စေ​။ အုတ်မြစ်​ကို ခိုင်ခံ့​စွာ​ချ​စေ​။ အိမ်​တော်​သည် အမြင့်​အတောင်​ခြောက်ဆယ် ​၊ အကျယ်​အတောင်​ခြောက်ဆယ် ရှိ​ရ​မည်​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 4,
      "text": "ကျောက်တုံး​ကြီး​သုံး​ဆင့်​၊ သစ်သား​တစ်​ဆင့်​ဖြင့် တည်ဆောက်​ရ​မည်​။ ကုန်ကျစရိတ်​ကို ဘုရင့်​ဘဏ္ဍာတိုက်​မှ ထုတ်ပေး​စေ​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 5,
      "text": "ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​မှ ဘေဘီလုံ​မြို့​သို့ နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​သွား​သည့် ရွှေ​ဖလား​၊ ငွေ​ဖလား​စသော ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို​လည်း ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​သို့ ပြန်လည်​ယူဆောင်​လာ​၍ ဘုရားသခင်​၏​အိမ်​တော်​၊ မိမိ​နေရာ​တွင် ပြန်ထား​စေ​’​ဟူ၍ အမိန့်​ထုတ်ပြန်​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 6,
      "text": "ထို့ကြောင့် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​မှစ၍ မြစ်​အနောက်ဘက်ကမ်း​ရှိ သူ​တို့​၏​အပေါင်းပါ အဖာသ​ပြည်သား​တို့​၊ ထို​အမှု​နှင့် ကင်းကင်းရှင်းရှင်း​နေ​ကြ​လော့​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 7,
      "text": "ဤ​ဘုရားသခင်​၏​အိမ်​တော် တည်ဆောက်​ခြင်း​အမှု​ကို မ​နှောင့်ယှက်​ကြ​နှင့်​။ ဂျူး​ဘုရင်ခံ​နှင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မူလ​နေရာ​၌ ပြန်လည်​တည်ဆောက်​ကြ​စေ​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 8,
      "text": "ဘုရားသခင်​၏​အိမ်​တော် ပြန်လည်​တည်ဆောက်​ခြင်း​အမှု​၌ ဂျူး​သက်ကြီးဝါကြီး​တို့​အား သင်​တို့​လုပ်ဆောင်​ပေး​ရ​မည့်​အရာ​နှင့်​ပတ်သက်၍ ငါ​ထုတ်ပြန်​လိုက်​သည်​မှာ တည်ဆောက်​ခြင်း​အမှု ရပ်ဆိုင်း​မ​သွား​စေရန် ကုန်ကျစရိတ်​ကို ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​မှ​ရ​သော ဘုရင့်​အခွန်​ဘဏ္ဍာ​ထဲမှ သူ​တို့​အား အလျင်မီ​ထုတ်ပေး​ရ​မည်​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 9,
      "text": "ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​ရန် နွားသငယ်​၊ သိုးထီး​၊ သိုးသငယ် တို့​ဖြစ်စေ​၊ ဂျုံ​၊ ဆား​၊ စပျစ်ဝိုင်​၊ ဆီ တို့​ဖြစ်စေ လိုအပ်​သမျှ​ကို ဂျေရုဆလင်​မြို့​ရှိ ယဇ်ပုရောဟိတ်​တို့ တောင်းဆို​သည့်​အတိုင်း နေ့စဉ်​မပျက်မကွက် ပေး​ရ​မည်​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 10,
      "text": "သို့မှ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ အမွှေးနံ့သာ​ကို ပူဇော်​၍ ရှင်ဘုရင်​နှင့် သူ​၏​သားသမီး​များ​ကောင်းစား​ဖို့ ဆုတောင်း​ပေး​နိုင်​မည်​ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 11,
      "text": "တစ်စုံတစ်ယောက်​သည် ဤ​အမိန့်​ကို​ဆန့်ကျင်​လျှင် သူ့​အိမ်​မှ​တိုင်​ကို ဆွဲနုတ်​ပြီး ထို​တိုင်​ပေါ်တွင် သူ့​ကို​ဆွဲ​ထား​စေ​။ သူ့​အိမ်​သည်​လည်း မစင်ပုံ​ဖြစ်​စေ​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 12,
      "text": "ဤ​အမိန့်​ကို​ဆန့်ကျင်​လျက် ဂျေရုဆလင်​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အိမ်​တော်​ကို​ဖျက်ဆီး​သော​သူ မည်သူမဆို ရှင်ဘုရင်​ဖြစ်စေ​၊ ပြည်သား​ဖြစ်စေ ထို​အရပ်​၌​နာမ​တော်​ကို​တည်​စေ​သော​ဘုရားသခင်​သည် သူ​တို့​ကို​ဖျက်ဆီး​ပါစေသော​။ ငါ​ဒါရိ​မင်းကြီး​အမိန့်​ထုတ်ပြန်​၏​။ အမိန့်​တော်​အတိုင်း ချက်ချင်း​လုပ်ဆောင်​စေ”​ဟု ရေးသား​ထား​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 13,
      "text": "ထိုအခါ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​၏​ဘုရင်ခံ တာတနဲ​၊ ရှေသာဗောဇနဲ​နှင့် အပေါင်းပါ​တို့​သည်​လည်း ဒါရိ​မင်းကြီး​၏​အမိန့်​တော်​အတိုင်း ချက်ချင်း​လုပ်ဆောင်​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 14,
      "text": "ပရောဖက်​ဟဂ္ဂဲ​နှင့် ဣဒေါ​၏​သား​ဇာခရိ​တို့​၏ ပရောဖက်ပြု​အားပေးမှု​ကြောင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် အိမ်​တော်​ကို အောင်မြင်​စွာ​ပြန်လည်​တည်ဆောက်​နိုင်​ခဲ့​၏​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​အမိန့်​တော်​နှင့် ကုရု​မင်းကြီး​၊ ဒါရိ​မင်းကြီး​၊ ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​တို့​၏​အမိန့်​တော်​အတိုင်း အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီးစီး​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 15,
      "text": "ဤသို့ဖြင့် ဒါရိ​မင်းကြီး​နန်းစံ ဆဋ္ဌမ​နှစ်​၊ အာဒါ​လ​၊ သုံး​ရက်​နေ့​တွင် အိမ်​တော်​ကို တည်ဆောက်​ပြီးစီး​ခဲ့​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 16,
      "text": "အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​နှင့် ပြန်လာ​သော​သုံ့ပန်း​သားမြေး​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​ကို ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 17,
      "text": "ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​တွင် နွား​အကောင်​တစ်ရာ​၊ သိုးထီး​အကောင်​နှစ်ရာ​၊ သိုးသငယ်​အကောင်​လေး​ရာ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အပြစ်ဖြေရာယဇ်​အဖို့ အစ္စရေး​အမျိုးအနွယ်​အရေအတွက်​နှင့်အညီ ဆိတ်ထီး​တစ်ဆယ့်​နှစ်​ကောင်​တို့​ကို ပူဇော်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 18,
      "text": "ထို့နောက် မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးထား​သည့်​အတိုင်း ဂျေရုဆလင်​မြို့​တွင် ဘုရားသခင်​၏​အမှု​တော်​ကို​ထမ်းဆောင်​ရန် ယဇ်ပုရောဟိတ်​အုပ်စု​၊ လေဝိ​အုပ်စု​တို့​ကို ခန့်ထား​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 19,
      "text": "သုံ့ပန်း​သားမြေး​တို့​သည်​လည်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါပွဲတော်​ကို ကျင်းပ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​တို့​သည် တစ်စိတ်တစ်သဘောတည်း ကိုယ်​ကို​စင်ကြယ်​စေ​ကြ​ပြီး​ဖြစ်​၍ အားလုံး​မှာ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပါအဝင် သူ​တို့​၏​ညီအစ်ကို​ယဇ်ပုရောဟိတ်​တို့​နှင့် သုံ့ပန်း​သားသမီး​တို့​အဖို့ ပသခါသိုးသငယ်​ကို သတ်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 21,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်​ရောက်လာ​သော​အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးကွယ်​ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသား​တို့​၏​ညစ်ညူး​ခြင်း​မှ ကင်းစင်​စေ​သော​သူ​အပေါင်း​တို့​သည် ထို​အသား​ကို စား​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 22,
      "text": "ထာဝရဘုရား​သည် သူ​တို့​အား ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​အိမ်​တော် တည်ဆောက်​ရာ​တွင်​လည်း သူ​တို့​အား အဆီးရီးယား​ဘုရင်​ထောက်ပံ့​ပေး​လို​သော​စိတ်​ရှိ​စေရန် ပြု​တော်မူ​သောကြောင့် သူ​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​ကို ခုနစ်​ရက်​တိုင်တိုင် ဝမ်းမြောက်​စွာ​ကျင်းပ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 1,
      "text": "ထိုသို့​ဖြစ်ပျက်​ပြီးနောက် ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး စိုးစံ​သော​အချိန်​တွင် ဧဇရ​သည် ဘေဘီလုံ​မြို့​မှ ပြန်လာ​၏​။ ဧဇရ​ကား စရာယ​၏​သား​၊ စရာယ​သည် အာဇရိ​၏​သား​၊ အာဇရိ​သည် ဟိလခိ​၏​သား​၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 2,
      "text": "ဟိလခိ​သည် ရှလ္လုံ​၏​သား​၊ ရှလ္လုံ​သည် ဇာဒုတ်​၏​သား​၊ ဇာဒုတ်​သည် အဟိတုပ်​၏​သား​၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 3,
      "text": "အဟိတုပ်​သည် အာမရိ​၏​သား​၊ အာမရိ​သည် အာဇရိ​၏​သား​၊ အာဇရိ​သည် မေရာယုတ်​၏​သား​၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 4,
      "text": "မေရာယုတ်​သည် ဇေရဟိ​၏​သား​၊ ဇေရဟိ​သည် ဩဇိ​၏​သား​၊ ဩဇိ​သည် ဗုက္ကိ​၏​သား​၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 5,
      "text": "ဗုက္ကိ​သည် အဘိရွှ​၏​သား​၊ အဘိရွှ​သည် ဖိနဟတ်​၏​သား​၊ ဖိနဟတ်​သည် ဧလာဇာ​၏​သား​၊ ဧလာဇာ​သည် ယဇ်ပုရောဟိတ်​မင်း​အာရုန်​၏​သား ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 6,
      "text": "ဧဇရ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ပေး​ထား​တော်မူ​သော မောရှေ​၏​ပညတ်တရားကျမ်း​ကို ကောင်း​စွာ​သိနားလည်​သော​ကျမ်းပြုဆရာ ဖြစ်​၏​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​သောကြောင့် သူ​တောင်းဆို​သမျှ​ကို ရှင်ဘုရင်​က ခွင့်ပြု​ပေး​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 7,
      "text": "အာတဇေရဇ်​မင်းကြီး နန်းစံ​သတ္တမ​နှစ်​တွင် အချို့​သော အစ္စရေး​အမျိုးသား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုးသား​များ​၊ သီချင်းသည်​များ​၊ တံခါးစောင့်​များ​၊ ဗိမာန်တော်​အစေအပါး​များ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 8,
      "text": "ထို​မင်း​နန်းစံ သတ္တမ​နှစ်​၊ ပဉ္စမ​လ​တွင် ဧဇရ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်​ရောက်လာ​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 9,
      "text": "သူ​သည် ပထမ​လ​၊ တစ်​ရက်​နေ့​တွင် ဘေဘီလုံ​မြို့​မှ စတင်​ထွက်ခွာ​လာ​၏​။ ဘုရားသခင်​သည် သူ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ပဉ္စမ​လ​၊ တစ်​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​သို့ ပြန်​ရောက်လာ​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 10,
      "text": "ဧဇရ​သည် ထာဝရဘုရား​၏​ပညတ်တရားတော်​များ​ကို လေ့လာဆည်းပူး​ရန်​၊ လိုက်နာကျင့်သုံး​ရန်​နှင့် အစ္စရေး​လူမျိုး​တို့​အား​ပြဋ္ဌာန်းချက်​နှင့် စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ကြား​ပြသ​ပေး​ရန် ဆုံးဖြတ်ချက်ချ​ထား​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 11,
      "text": "အစ္စရေး​လူမျိုး​တို့​အဖို့ ပြဋ္ဌာန်းချက်​များ​နှင့် ထာဝရဘုရား​မိန့်​တော်မူ​သော​ပညတ်တရား​များ​ကို ကောင်း​စွာ​သိနားလည်​သော​ကျမ်းပြုဆရာ ယဇ်ပုရောဟိတ်​ဧဇရ​အား အာတဇေရဇ်​မင်းကြီး ပေးလိုက်​သော​မိတ္တူ​စာ​တွင်"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 12,
      "text": "“​ဘုရင်​တို့​၏​ဘုရင် အာတဇေရဇ်​မင်းကြီး​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​၏​ပညတ်တရား​ကို ကောင်း​စွာ​သိနားလည်​သော​ကျမ်းပြုဆရာ ယဇ်ပုရောဟိတ်​ဧဇရ​အား နှုတ်ဆက်​လိုက်​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 13,
      "text": "ငါ့​နိုင်ငံ​အတွင်း​ရှိ အစ္စရေး​လူမျိုး​များ​ဖြစ်​သည့် ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​တို့​သည် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လို​သော် မည်သူမဆို သင်​နှင့်အတူ ပြန်လိုက်​နိုင်​ကြောင်း​ကို ငါ​အမိန့်​ထုတ်ပြန်​ပြီ​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 14,
      "text": "သင်​လက်စွဲ​ထား​သော သင့်​ဘုရားသခင်​၏​ပညတ်တရား​နှင့်​ပတ်သက်၍ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို စစ်ဆေး​ရန် ရှင်ဘုရင်​နှင့်​အကြံပေး​ပုဂ္ဂိုလ်​ခုနစ်​ဦး​တို့​သည် သင့်​ကို စေလွှတ်​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 15,
      "text": "ဂျေရုဆလင်​မြို့​၌​ကိန်းဝပ်​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အား ရှင်ဘုရင်​နှင့်​အကြံပေး​ပုဂ္ဂိုလ်​တို့ စေတနာစိတ်​ဖြင့် ပေးလှူ​လိုက်​သော​ရွှေ​ငွေ​များ​၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 16,
      "text": "ဘေဘီလုံ​နယ်​တစ်ဝန်းလုံး​မှ ပေးလှူ​ထောက်ပံ့​သော​ရွှေ​ငွေ​များ​၊ ဂျေရုဆလင်​မြို့​ရှိ​ဘုရားသခင်​၏​အိမ်​တော်​အဖို့ အစ္စရေး​လူမျိုး​နှင့် ယဇ်ပုရောဟိတ်​တို့ စေတနာစိတ်​ဖြင့်​ပေးလှူ​လိုက်​သော ရွှေ​ငွေ​များ​ကို​လည်း ယူဆောင်​သွား​လော့​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 17,
      "text": "ထို​ငွေ​တို့​ဖြင့် နွား​၊ သိုးထီး​၊ သိုးသငယ်​နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ချက်ချင်း​ဝယ်​၍ ဂျေရုဆလင်​မြို့​ရှိ သင်​တို့​၏​ဘုရားသခင်​အိမ်​တော်​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​လော့​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 18,
      "text": "ကျန်ရှိ​မည့်​ရွှေ​ငွေ​တို့​ကို သင်​နှင့်​သင့်​ညီအစ်ကို​တို့ ကောင်း​မည်​ဟု​ထင်​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​အလို​တော်​နှင့်အညီ အသုံးပြု​နိုင်​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 19,
      "text": "သင်​၌​အပ်ထား​သော သင်​၏​ဘုရားသခင်​အိမ်​တော်​ဝတ်ပြု​ခြင်း​ဆိုင်ရာ​အသုံးအဆောင်​များ​ကို​လည်း ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​ထံ ပြန်လည်​ဆက်သ​လော့​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 20,
      "text": "သင်​၏​ဘုရားသခင်​အိမ်​တော်​အဖို့ အခြား​လိုအပ်​သည်​များ​ကို ပေး​ရ​မည်​ဆို​လျှင် ဘုရင့်​ဘဏ္ဍာတိုက်​မှ ထုတ်ယူ​ပေး​လော့​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 21,
      "text": "ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘဏ္ဍာစိုး​အပေါင်း​တို့​အား ငါ​အာတဇေရဇ်​မင်းကြီး အမိန့်​တော်​ထုတ်ပြန်​လိုက်​သည်​ကား သင်​တို့​အား ကောင်းကင်ဘုံရှင်​ဘုရားသခင်​၏​ပညတ်တရား​ကို ကောင်း​စွာ​သိနားလည်​သော​ကျမ်းပြုဆရာ ယဇ်ပုရောဟိတ်​ဧဇရ တောင်းဆို​လာ​သော​အရာ​ရှိသမျှ​ကို ချက်ချင်း​ဖြည့်ဆည်း​ပေး​ရ​မည်​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 22,
      "text": "ငွေ​တာလန် တစ်ရာ ​၊ ဂျုံ​ကောရ တစ်ရာ ​၊ စပျစ်ဝိုင် ဗတ်​တစ်ရာ ​၊ ဆီ ဗတ်​တစ်ရာ​၊ ဆား​အလိုရှိ​သမျှ​တို့​ကို ဖြည့်ဆည်း​ပေး​ရ​မည်​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 23,
      "text": "ကောင်းကင်ဘုံရှင်​ဘုရားသခင်​၏​အိမ်​တော်​အဖို့ ကောင်းကင်ဘုံရှင်​ဘုရားသခင်​မိန့်မှာ​သည့်​အတိုင်း ကြိုးစား​လုပ်ဆောင်​ကြ​လော့​။ ရှင်ဘုရင်​၏​နိုင်ငံ​နှင့် သားမြေး​အပေါ် အဘယ်ကြောင့် အမျက်​တော်​ကျရောက်​စေ​ရ​မည်နည်း​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 24,
      "text": "ယဇ်ပုရောဟိတ်​၊ လေဝိ​သား​၊ သီချင်းသည်​၊ တံခါးစောင့်​၊ ဗိမာန်တော်​အစေအပါး​၊ ဘုရားသခင်​၏​အိမ်​တော်​၌​အမှုဆောင်​သူ စသည်​တို့​ထံမှ အခွန်​အကောက်​၊ ဆက်ကြေး ကောက်ခံ​ခွင့်​မ​ရှိ​ကြောင်း သိမှတ်​လော့​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 25,
      "text": "သင်​ဧဇရ​သည်​လည်း သင်​ခံယူ​ရရှိ​သော​ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​နှင့်အညီ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရားသခင်​၏​ပညတ်တရား​ကို သိနားလည်​သူ​အပေါင်း​တို့​အား စီရင်အုပ်ချုပ်​ရန် အုပ်ချုပ်​သူ​များ​နှင့် တရားသူကြီး​များ​ကို​ခန့်အပ်​ရ​မည်​။ ပညတ်တရား​မ​သိ​သော​သူ​တို့​ကို​လည်း သွန်သင်​ပေး​ရ​မည်​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 26,
      "text": "ဘုရားသခင်​၏​ပညတ်တရား​၊ ရှင်ဘုရင်​ထုတ်ပြန်​သော​ဥပဒေ​တို့​ကို မ​လိုက်နာ​သော​သူ မည်သူမဆို သေဒဏ်​၊ ပြည်နှင်ဒဏ်​၊ အိမ်ရာ​မြေ​သိမ်းယူ​ခြင်း​ဒဏ်​၊ ထောင်ဒဏ် စသည့်​ပြစ်ဒဏ်​တစ်ခုခု​ကို ချက်ချင်း​ကျ​ခံ​စေ​”​ဟု ပါရှိ​၏​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 27,
      "text": "ဧဇရ​က “ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​အား ခန့်ညား​ထည်ဝါ​အောင် ပြု​ပေး​လို​သော​စိတ်​ကို ရှင်ဘုရင်​၌ ရှိ​စေ​တော်မူ​သော အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 28,
      "text": "ကိုယ်တော်​သည် ရှင်ဘုရင်​နှင့်​အတိုင်ပင်ခံ​အမတ်​များ​ရှေ့​၊ အာဏာ​ရှိ​သော​ဘုရင့်​မှူးမတ်​များ​ရှေ့​တွင် ငါ့​အား မေတ္တာကရုဏာ​ကို ပြ​တော်မူ​၏​။ ငါ​၏​ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည် အားရှိ​လျက် ငါ​နှင့်အတူ​လိုက်​ရန် အစ္စရေး​ခေါင်းဆောင်​များ​ကို စုရုံး​နိုင်​ခဲ့​၏”​ဟု ဆို​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 1,
      "text": "အာတဇေရဇ်​မင်းကြီး​လက်ထက်​တွင် ဘေဘီလုံ​မြို့​မှ ငါ​နှင့်အတူ​ပြန်​လိုက်လာ​သော​သူ​တို့​၏​ဘိုးဘေး​အကြီးအမှူး​များ​နှင့် သူ​တို့​၏​ဆွေစဉ်မျိုးဆက်​စာရင်း​မှာ"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 2,
      "text": "ဖိနဟတ်​သားမြေး​မှ ဂေရရှုံ​၊ ဣသမာ​သားမြေး​မှ ဒံယေလ​၊ ဒါဝိဒ်​သားမြေး​မှ ဟတ္တုတ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 3,
      "text": "ရှေခနိ​အမျိုး ပါရုတ်​သားမြေး​မှ ဆင်းသက်​လာ​သော​ဇာခရိ​နှင့်အတူ စာရင်းဝင်​ယောက်ျား​ပေါင်း အယောက်​တစ်ရာ့​ငါးဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 4,
      "text": "ပါဟတ်မောဘ​သားမြေး​မှ ဇေရဟိ​၏​သား​ဧလဲဩနဲ​နှင့်အတူ ယောက်ျား​အယောက်​နှစ်ရာ​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 5,
      "text": "ရှေခနိ​သားမြေး​မှ ယဟာဇေလ​၏​သား​နှင့်အတူ ယောက်ျား​အယောက်​သုံး​ရာ​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 6,
      "text": "အာဒိန်​သားမြေး​မှ ယောနသန်​၏​သား​ဧဗက်​နှင့်အတူ ယောက်ျား​အယောက်​ငါးဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 7,
      "text": "ဧလံ​သားမြေး​မှ အာသလိ​၏​သား​ယေရှာယ​နှင့်အတူ ယောက်ျား​အယောက်​ခုနစ်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 8,
      "text": "ရှေဖတိ​သားမြေး​မှ မိက္ခေလ​၏​သား​ဇေဗဒိ​နှင့်အတူ ယောက်ျား​အယောက်​ရှစ်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 9,
      "text": "ယွာဘ​သားမြေး​မှ ယေဟေလ​၏​သား​ဩဗဒိ​နှင့်အတူ ယောက်ျား​နှစ်ရာ​တစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 10,
      "text": "ရှေလောမိတ်​သားမြေး​မှ ယောသိဖိ​၏​သား​နှင့်အတူ ယောက်ျား​အယောက်​တစ်ရာ့​ခြောက်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 11,
      "text": "ဗေဗဲ​သားမြေး​မှ ဗေဗဲ​၏​သား​ဇာခရိ​နှင့်အတူ ယောက်ျား​နှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 12,
      "text": "အာဇဂဒ်​သားမြေး​မှ ဟက္ကတန်​၏​သား​ယောဟနန်​နှင့်အတူ ယောက်ျား​အယောက်​တစ်ရာ့​တစ်ဆယ်​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 13,
      "text": "နောက်ဆုံး​မှ​ရောက်လာ​သော​သူ​များ​တွင် အဒေါနိကံ​သားမြေး​များ​ဖြစ်​သော ဧလိဖလက်​၊ ယွေလ​၊ ရှေမာယ​တို့​နှင့်အတူ ယောက်ျား​အယောက်​ခြောက်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 14,
      "text": "ဗိဂဝဲ​သားမြေး​မှ ဥသဲ​၊ ဇက္ကုရ​တို့​နှင့်အတူ ယောက်ျား​ပေါင်း​အယောက်​ခုနစ်ဆယ်​တို့​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 15,
      "text": "အဟာဝ​မြို့​သို့​စီးဆင်း​သော​မြစ်ကမ်း​နံဘေး​၌ သူ​တို့​ကို​စုဝေး​စေ​ပြီး သုံး​ရက်​ခန့် စခန်းချ​ကြ​၏​။ ထို​နေရာ​တွင် အစ္စရေး​လူအုပ်​ကြား​၊ ယဇ်ပုရောဟိတ်​တို့​ကြား​တွင် ငါ​စစ်ဆေး​ကြည့်​ရာ လေဝိ​သား​တစ်ယောက်​ကို​မျှ မ​တွေ့​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 16,
      "text": "ထို့ကြောင့် အကြီးအမှူး​များ​ဖြစ်​သော ဧလျေဇာ​၊ အရေလ​၊ ရှေမာယ​၊ ဧလနာသန်​၊ ယာရိပ်​၊ ဧလနာသန်​၊ နာသန်​၊ ဇာခရိ​၊ မေရှုလံ​နှင့် ပညာရှင် ယောယရိပ်​နှင့် ဧလနာသန်​တို့​ကို ခေါ်​ပြီးလျှင်"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 17,
      "text": "ကသိဖိ​အရပ်​ရှိ အကြီးအမှူး​ဣဒေါ​ထံသို့ စေလွှတ်​၍ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​မည့်​သူ​များ​ကို ပို့ဆောင်​ပေး​ပါ​ဟု ကသိဖိ​အရပ်​ရှိ​ဣဒေါ​နှင့် သူ့​ညီအစ်ကို​ဗိမာန်တော်​အစေအပါး​တို့​အား အမှာစကား ပါးလိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 18,
      "text": "ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် အစ္စရေး​လူမျိုး လေဝိ​အနွယ်ဝင် မဟာလိ​သားမြေး​မှ ကျမ်းတတ်ဆရာ ရှေရဘိ​နှင့်အတူ သူ​၏​သား​များ​နှင့် သူ​၏​ဆွေမျိုးသားချင်း စုစုပေါင်း​တစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 19,
      "text": "ဟာရှဘိ​နှင့်အတူ မေရာရိ​သားမြေး​မှ ယေရှာယ​၏​ညီအစ်ကို​များ​နှင့် သူ​တို့​၏​သား​များ စုစုပေါင်း အယောက်​နှစ်ဆယ်​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 20,
      "text": "ဗိမာန်တော်​အစေအပါး​တို့​တွင် လေဝိ​အမျိုး​တို့​အမှု​တော်​ထမ်း​ရာ​၌ ကူညီ​ပေး​ရန် ဒါဝိဒ်​မင်းကြီး​နှင့်​အကြီးအကဲ​တို့ ခန့်ထား​ခဲ့​သော​ဗိမာန်တော်​အစေအပါး အယောက်​နှစ်ရာ့​နှစ်ဆယ်​တို့​ကို တစ်ယောက်မကျန်​အမည်​စာရင်း​နှင့်တကွ ပို့ဆောင်​ပေး​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 21,
      "text": "လမ်းခရီး​တွင် ငါ​တို့​နှင့်​ကလေးသူငယ်​များ​အပါအဝင် ပစ္စည်းဥစ္စာ​များ လုံခြုံမှု​ရှိ​စေရန် ဘုရားသခင်​ရှေ့​တော်​၌ ကိုယ်​ကို​နှိမ့်ချ​၍ အစာရှောင်​ဆုတောင်း​ကြ​မည့်​အကြောင်း အဟာဝ​မြစ်​နား​တွင် ငါ​ကြေညာ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 22,
      "text": "အကြောင်းမှာ “​ငါ​တို့​ဘုရားသခင်​၏​လက်​တော်​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​တို့ ကောင်းစား​ဖို့​ဖြစ်​၏​။ ကိုယ်တော်​ကို​စွန့်​သော​သူ​တို့​၌​ကား ကိုယ်တော်​၏​ကြီးမား​သော​အမျက်​တော် တည်​လျက်​ရှိ​၏​”​ဟု ရှင်ဘုရင်​ကို ငါ​တို့ ပြော​ထား​နှင့်​ပြီ​ဖြစ်၍ လမ်းခရီး​တွင် ရန်သူ​လက်​မှ​ကာကွယ်​ပေး​ရန် ရှင်ဘုရင်​ထံ စစ်သည်​နှင့် မြင်းစီးသူရဲ​များ တောင်းဆို​ရ​မည်​ကို ငါ​ရှက်​လှ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 23,
      "text": "ထို့ကြောင့် လမ်းခရီး​အတွက် ငါ​တို့​သည် ဘုရားသခင်​ထံ အစာရှောင်​ဆုတောင်း​ကြ​၏​။ ကိုယ်တော်​သည် ငါ​တို့​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 24,
      "text": "ထို့နောက် ငါ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ တစ်ဆယ့်​နှစ်​ယောက်​ကို ခန့်ထား​၏​။ ထို​သူ​တို့​မှာ ရှေရဘိ​၊ ဟာရှဘိ​နှင့် သူ​တို့​၏​ညီအစ်ကို ဆယ်​ယောက် ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 25,
      "text": "ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​အဖို့ ရှင်ဘုရင်​နှင့် သူ​၏​အတိုင်ပင်ခံ​အမတ်​များ​၊ အကြီးအကဲ​များ​၊ ထို​အရပ်​ရှိ​အစ္စရေး​လူမျိုး​များ​က ပေးလှူ​လိုက်​သော​ရွှေ​ငွေ​နှင့် အသုံးအဆောင်​ပစ္စည်း​တို့​ကို ချိန်တွယ်​ပြီး သူ​တို့​ကို ပေး​လိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 26,
      "text": "သူ​တို့​လက်​ထဲသို့ ငွေ​တာလန်​ခြောက်​ရာ​ငါးဆယ် ​၊ ငွေ​အသုံးအဆောင်​တာလန်​တစ်ရာ ​၊ ရွှေ​တာလန်​တစ်ရာ​၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 27,
      "text": "ရွှေဒင်္ဂါး​တစ်ထောင်​အဖိုးထိုက် ​သော ရွှေ​ဖလား​အခု​နှစ်ဆယ်​၊ ရွှေ​နှင့်အမျှ​အဖိုးတန်​သော သန့်စင်​ပြီး​ကြေးနီ​အသုံးအဆောင်​နှစ်​ခု​တို့​ကို ပေးလိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 28,
      "text": "ထို့နောက် သူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​၏​။ အသုံးအဆောင်​များ​လည်း သန့်ရှင်း​၏​။ ရွှေ​ငွေ​တို့​သည်​လည်း သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 29,
      "text": "ဂျေရုဆလင်​မြို့​ရှိ​ထာဝရဘုရား​၏​အိမ်​တော်​ခန်း​တွင် ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​သား​တို့​၏​ခေါင်းဆောင်​များ​၊ အစ္စရေး​လူမျိုး ဘိုးဘေး​တို့​၏​အကြီးအကဲ​များ​ရှေ့​တွင် ထို​ပစ္စည်း​တို့​ကို ချိန်တွယ် မ​ပြီး​မ​ချင်း ဂရုတစိုက်​စောင့်ရှောက်​ရ​မည်​”​ဟု မှာလိုက်​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 30,
      "text": "ဤသို့ဖြင့် ယဇ်ပုရောဟိတ်​အပါအဝင် လေဝိ​အမျိုး​တို့​သည် ဂျေရုဆလင်​မြို့​ရှိ​ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​သွား​ရန် ချိန်တွယ်​ထား​သော ရွှေ​ငွေ​များ​၊ အသုံးအဆောင်​များ​ကို လက်ခံ​ယူ​ထား​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 31,
      "text": "ပထမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​နေ့​တွင် ငါ​တို့​သည် အဟာဝ​မြစ်​မှ​ထွက်ခွာ​၍ ဂျေရုဆလင်​မြို့​သို့ သွား​ကြ​၏​။ ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ပါရှိ​၍ လမ်း​တစ်လျှောက်လုံး​တွင် ရန်သူ​များ​၊ ချောင်းမြောင်း​နေ​သူ​များ​၏​ရန်​မှ ကွယ်ကာ​ပေး​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 32,
      "text": "ဤသို့ဖြင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ သုံး​ရက်​နေ​ပြီးမှ"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 33,
      "text": "စတုတ္ထ​နေ့​တွင် ဘုရားသခင်​၏​အိမ်​တော်​၌ ရွှေ​ငွေ​နှင့် အသုံးအဆောင်​များ​ကို ချိန်တွယ်​ပြီး ယဇ်ပုရောဟိတ်​ဥရိယ​၏​သား မေရမုတ်​လက်​သို့ ပေးအပ်​လိုက်​၏​။ ထို​နေရာ​တွင် ဖိနဟတ်​၏​သား​ဧလာဇာ​၊ လေဝိ​အမျိုး​ယေရွှာ​၏​သား ယောဇဗဒ်​နှင့် ဗိနွိ​၏​သား နောဒိ​တို့​လည်း ရှိ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 34,
      "text": "ထို​ပစ္စည်း​အားလုံး​ကို ရေတွက်​ချိန်တွယ်​ပြီး​သည်​နှင့်​တစ်ပြိုင်နက် အလေးချိန်​စာရင်း​ကို​ပါ ရေးမှတ်​ထား​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 35,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သုံ့ပန်း​တို့​သည် ပြန်လာ​၍ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​၏​။ အစ္စရေး​တစ်မျိုးသားလုံး​အတွက် နွားထီး တစ်ဆယ့်​နှစ်​ကောင်​၊ သိုးထီး ကိုးဆယ့်​ခြောက်​ကောင်​၊ သိုးသငယ် ခုနစ်ဆယ့်​ခုနစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီး တစ်ဆယ့်​နှစ်​ကောင်​တို့​ကို ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 36,
      "text": "ရှင်ဘုရင်​၏​အမိန့်စာ​ကို​လည်း ယူဖရေးတီး​မြစ် ​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ပေးလိုက်​ရာ သူ​တို့​က​လည်း ဘုရားသခင်​၏​အိမ်​တော်​နှင့် လူမျိုး​တော်​ကို ကူညီ​ပံ့ပိုး​ပေး​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 1,
      "text": "ထို့နောက်တွင် အကြီးအကဲ​တို့​သည် ငါ့​ထံ​လာ​၍ “​အစ္စရေး​ပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​အပါအဝင် လေဝိ​သား​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​ပြည်သားရင်း​များ​ဖြစ်​သည့် ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ မောဘ​လူမျိုး​၊ အီဂျစ်​လူမျိုး​၊ အာမောရိ​လူမျိုး​တို့​နှင့် ကင်းရှင်း​စွာ​မ​နေ​ကြ​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 2,
      "text": "ထို​သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ပြီး မိမိ​သား​တို့​နှင့်​လည်း ပေးစား​ကြ​၏​။ ဤသို့ဖြင့် သန့်ရှင်း​သော​အမျိုးအနွယ်​သည် ထို​ပြည်သား​တို့​နှင့်​ရောနှော​လေ​ပြီ​။ ဤ​သစ္စာမဲ့မှု​ကို အကြီးအကဲ​များ​၊ မင်းအရာရှိ​များ​က ထိပ်ဆုံး​မှ​ပြု​ကြ​၏”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 3,
      "text": "ထို​အကြောင်း​ကို​ကြား​လျှင် ငါ​သည် အတွင်းအင်္ကျီ​၊ အပြင်​ဝတ်လုံ​ကို​ဆွဲဆုတ်​ပြီး ဆံပင်​၊ မုတ်ဆိတ်​တို့​ကို ဆွဲနုတ်​ကာ လက်မှိုင်ချ​လျက်​ထိုင်​နေ​မိ​၏​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 4,
      "text": "ညနေ​ပူဇော်သက္ကာ​ချိန်​တိုင်အောင် ငါ​သည် လက်မှိုင်ချ​လျက်​ထိုင်​နေ​စဉ်တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်လာ​သော​သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​ကြောင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အမိန့်​တော်​ကို ကြောက်ရွံ့​သော​သူ​တို့​သည် ငါ့​ထံ စုရုံး​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 5,
      "text": "ညနေ​ပူဇော်သက္ကာ​ချိန်​ရောက်​လျှင် ငါ​သည် ထို​ဆုတ်ဖြဲ​ထား​သော​အင်္ကျီ​နှင့် ဝတ်လုံ​ကို​ဝတ်​လျက်ပင် စိတ်ပျက်​ရာ​မှ​ထ​၍ ဒူးထောက်​ကာ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ လက်​ကို​ဖြန့်​လျက်"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 6,
      "text": "“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် အလွန်​ရှက်​လှ​ပါ​၏​။ အသရေပျက်​လျက် ရှိ​ပါ​၏​။ ကိုယ်တော့်​ကို မ​မျှော်ကြည့်​ဝံ့​ပါ​။ အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​များ​သည် ဦးခေါင်း​ကို​ပင် ကျော်လွန်​၍ မိုးကောင်းကင်​ထိ​တိုင် ရောက်​ပါ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​သည် အပြစ်​ကြီး​လှ​ပါ​၏​။ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​သည် ယခု​မြင်​ရ​သည့်​အတိုင်း တစ်ပါးအမျိုးသား​၏​ဘုရင်​တို့​လက်​ထဲသို့​ရောက်သွား​ရ​ပြီး ဓား​ဖြင့်​သတ်ဖြတ်​ခြင်း​၊ သုံ့ပန်း​ဖြစ်​ခြင်း​၊ လုယက်​ခြင်း​နှင့် အရှက်ခွဲ​ခြင်း​တို့​ကို ခံရ​ကြ​ပါ​၏​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 8,
      "text": "သို့သော် တစ်ခဏချင်း​တွင် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို ခံစား​ရ​၍ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထဲမှ​ကြွင်းကျန်​သူ​တို့​ကို လွတ်မြောက်​စေ​ပြီး ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​တွင် လုံခြုံ​ရာ ​ကို ပေး​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ကို မျက်စိ​အလင်း​ပေး​တော်မူ​ပြီ​။ ကျွန်ခံ​ရ​ရာ​တွင် အနည်းငယ်​သက်သာ​ခွင့်​ကို ပေး​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​သည် ကျွန်​များ​သာ ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​ကို ကျွန်ခံ​ရာ​၌ စွန့်ပစ်​မ​ထား​ဘဲ ပါးရှား​ဘုရင်​ရှေ့​တွင် မေတ္တာကရုဏာ​ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​အသက်​ကို ကာကွယ်​စောင့်ရှောက်​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​စေ​၍ ပြိုပျက်​ရာ​များ​ကို​လည်း ပြန်လည်​ပြုပြင်​စေ​တော်မူ​ပြီ​။ ယုဒ​ပြည် ဂျေရုဆလင်​မြို့​တွင် ကျွန်ုပ်​တို့​ကို တံတိုင်း​သဖွယ် အကာအကွယ်​ပေး​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 10,
      "text": "အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤသို့​ဖြစ်ပျက်​ပြီးမှ ယခု အကျွန်ုပ်​တို့ မည်သို့​လျှောက်​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​သည် ပညတ်တော်​ကို စွန့်ပယ်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 11,
      "text": "ကိုယ်တော်​၏​အစေအပါး​ပရောဖက်​များ​အားဖြင့် ကိုယ်တော်​က ‘​သင်​တို့​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​သည် ပြည်သား​တို့​၏​မစင်ကြယ်​ခြင်း​နှင့် သူ​တို့​၏​စက်ဆုပ်​ရွံရှာဖွယ်​ရာ​များ​ဖြင့် ပြည်​တစ်ပြည်လုံး​ကို ပြည့်​စေ​ခြင်း​တို့​ကြောင့် ညစ်ညူး​သော​ပြည်​ဖြစ်​၏​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 12,
      "text": "သို့ဖြစ်၍ သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့် မ​ပေးစား​ကြ​နှင့်​။ သူ​တို့​၏​သမီး​များ​ကို​လည်း သင်​တို့​၏​သား​များ​နှင့် မ​ပေးစား​ကြ​နှင့်​။ သူ​တို့ အစဉ်​အေးအေးချမ်းချမ်း​နေ​ရ​ဖို့​၊ ကောင်းစား​ဖို့ သင်​တို့​မ​ပြု​ကြ​နှင့်​။ သို့မှ သင်​တို့​သည် အင်အားကြီး​မည်​။ ကောင်း​သော​ပြည်​ထွက်​အစားအစာ​များ​ကို စား​ရ​မည်​။ သင်​တို့​၏​သားမြေး​တို့​သည်​လည်း ထို​ပြည်​ကို အစဉ်​ပိုင်ဆိုင်​နိုင်​လိမ့်မည်​’​ဟု မိန့်ဆို​တော်မူ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 13,
      "text": "အကျွန်ုပ်​တို့​ပြု​သော​ဆိုးညစ်မှု​များ​၊ အပြစ်​ကြီး​များ​ကြောင့် ဤသို့​ခံရ​သော်လည်း အကျွန်ုပ်​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​ခံထိုက်​သည်​ထက်​လျော့​၍ အပြစ်ဒဏ်​ပေး​တော်မူ​၏​။ ဤမျှလောက် လွတ်မြောက်​ခွင့်​ပေး​တော်မူ​သည်​ကို​ပင်"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 14,
      "text": "အကျွန်ုပ်​တို့​သည် ပညတ်တော်​များ​ကို ထပ်မံ​ချိုးဖောက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​သော​လူမျိုး​နှင့် ထိမ်းမြား​မည်​ဆို​လျှင် အကျွန်ုပ်​တို့​သည် အသက်​ဘေး​မှ​မ​လွတ်​၊ ကြွင်းကျန်သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် ကိုယ်တော်​သည် အမျက်ထွက်​၍ ဖျက်ဆီး​တော်မူ​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 15,
      "text": "အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ယနေ့ လွတ်မြောက်​၍ ကြွင်းကျန်​သော​သူ​များ ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အပြစ်​ရှိ​လျက်ပင် ကိုယ်တော့်​ရှေ့​တွင် ရပ်​နေ​ခွင့်​ရ​ပါ​ပြီ​။ သို့သော် ကိုယ့်​အပြစ်​ကြောင့် ရှေ့​တော်​တွင် ရပ်​နေ​နိုင်​သူ တစ်ဦးမျှ​မ​ရှိ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 1,
      "text": "ထိုသို့ ဧဇရ​သည် ဘုရားသခင်​၏​အိမ်​တော်​ရှေ့​တွင် မျက်ရည်ကျ​လျက် ပျပ်ဝပ်​၍ အပြစ်​ဝန်ချ​တောင်းပန်​နေစဉ် ယောက်ျား​၊ မိန်းမ​၊ ကလေးသူငယ်​များ​ပါမကျန် အစ္စရေး​လူအုပ်​ကြီး​သည် သူ့​ထံ​လာ​၍ အော်ဟစ်ငိုကြွေး​ကြ​လေ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 2,
      "text": "ထိုအခါ ဧလံ​သားမြေး​ဖြစ်​သော ယေဟေလ​၏​သား​ရှေခနိ​က ဧဇရ​အား “​အကျွန်ုပ်​တို့​သည် ဤ​ပြည်​ရှိ​တစ်ပါးအမျိုးသား မိန်းမပျို​တို့​နှင့်​စုံဖက်​ခြင်း​ဖြင့် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ သို့သော်လည်း အစ္စရေး​လူမျိုး​တို့​အဖို့ မျှော်လင့်စရာ​ရှိ​ပါ​သေး​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 3,
      "text": "ယခု အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​နှင့် ပဋိညာဉ်​ပြု​ကြ​ကုန်​စို့​။ အကျွန်ုပ်​၏​အရှင်သခင်​နှင့် အကျွန်ုပ်​တို့​ဘုရားသခင်​၏​ပညတ်တော်​ကို ရိုသေခန့်ညား​သော​သူ​တို့​၏​အကြံပေးချက်​အတိုင်း အကျွန်ုပ်​တို့​သည် ထို​မိန်းမ​များ​နှင့်တကွ သူ​တို့​နှင့်​ရ​သော​ကလေး​များ​ကို စွန့်​၍ ပညတ်တရားတော်​နှင့်အညီ ပြုကျင့်​ကြ​ပါ​မည်​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 4,
      "text": "သို့ဖြစ်၍ ထ​ပါ​။ ဤ​အမှု​ကို ဦးဆောင်​ပါ​။ အကျွန်ုပ်​တို့​သည် သင်​နှင့်အတူ ပါရှိ​မည်​ဖြစ်​၍ ရဲရင့်​စွာ​လုပ်ဆောင်​ပါ​”​ဟု ဆို​ကြ​သဖြင့်"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 5,
      "text": "ဧဇရ​သည် ထ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၊ လေဝိ​လူ​များ​နှင့် အစ္စရေး​လူအုပ်​တို့​အား ထို​စကား​အတိုင်း​ပြု​ရန် ကျိန်ဆို​စေ​သောအခါ သူ​တို့​လည်း ကျိန်ဆို​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 6,
      "text": "ထို့နောက် ဧဇရ​သည် ဘုရားသခင်​၏​အိမ်​တော်​ရှေ့​မှ ဧလျာရှိပ်​၏​သား​ယေဟောဟနန်​အခန်း​သို့ ထ​သွား​၍ ထို​နေရာ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ​ပြန်လာ​သော​သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​ကြောင့် ငိုကြွေးမြည်တမ်း​လျက် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ​နေ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 7,
      "text": "ထို့နောက် သုံ့ပန်း​သားမြေး​အားလုံး ဂျေရုဆလင်​မြို့​၌​စုဝေး​ရ​မည်​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 8,
      "text": "သုံး​ရက်​အတွင်း မ​ရောက်လာ​သော​သူ​အား အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​အကြံပေးချက်​အတိုင်း သူ​၏​ဥစ္စာ​ရှိသမျှ​ကို သိမ်းယူ​ပြီး သုံ့ပန်း​သားမြေး​အဖွဲ့​ထဲမှ ခွဲထုတ်​ခံရ​မည်​ဟု ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​ပြည်​တစ်ပြည်လုံး​သို့ လိုက်လံကြေညာ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 9,
      "text": "ယုဒ​နှင့် ဗင်္ယာမိန်​အမျိုး ယောက်ျား​အပေါင်း​တို့​သည်​လည်း သုံး​ရက်​အတွင်း ဂျေရုဆလင်​မြို့​သို့ စုရုံး​ရောက်ရှိ​လာ​ကြ​၏​။ နဝမ​လ​၊ နှစ်ဆယ်​ရက်​နေ့​တွင် လူ​အပေါင်း​တို့​သည် ဤ​အမှု​များ​ကြောင့်​လည်းကောင်း ၊ မိုး​လည်း သည်းထန်​စွာ​ရွာ​နေ​သောကြောင့်​လည်းကောင်း ဘုရားသခင်​၏​အိမ်​တော်​ကွင်းပြင်​တွင် တုန်ရီ​စွာ​ဖြင့် ထိုင်​နေ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 10,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​ဧဇရ​က ထ​၍ သူ​တို့​အား “​သင်​တို့​သည် သစ္စာမဲ့​ကြ​ပြီ​။ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့် စုံဖက်​ပြီး အစ္စရေး​လူမျိုး​တွင် အပြစ်​များသည်ထက်များ​အောင် ပြု​ကြ​ပြီ​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 11,
      "text": "ယခုမှာ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဝန်ချတောင်းပန်​၍ အလို​တော်​ကို ဆောင်​ကြ​လော့​။ ဤ​ပြည်သူပြည်သား​တို့​နှင့်​လည်းကောင်း​၊ တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​လည်းကောင်း ခွဲ​နေ​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 12,
      "text": "လူထု​တစ်ရပ်လုံး​က​လည်း ကျယ်လောင်​သော​အသံ​ဖြင့် “​မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အရှင့်​စကား​အတိုင်း ပြု​ပါ​မည်​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 13,
      "text": "သို့သော် လူ​များ​၍ မိုးရာသီ​လည်း​ဖြစ်​သောကြောင့် ကွင်းပြင်​တွင် ရပ်​နိုင်​မည်​မ​ဟုတ်​ပါ​။ ဤ​အပြစ်​ကို​ကျူးလွန်​သူ များ​သောကြောင့် ဤ​အမှု​သည် တစ်​ရက်​နှစ်​ရက်​နှင့် မ​ပြီး​နိုင်​ပါ​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 14,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​တို့​၏​အကြီးအကဲ​များ​သည် လူထု​တစ်ရပ်လုံး​အတွက် တာဝန်ယူ​ပါစေ​။ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့်​စုံဖက်​သော​သူ​အားလုံး ကိုယ့်​မြို့​ကိုယ့်​ရွာ​ရှိ​သက်ကြီးဝါကြီး​များ​၊ တရားသူကြီး​များ​နှင့်အတူ သတ်မှတ်​ထား​သော​အချိန်​တွင် လာ​၍ ဤ​ကိစ္စ​နှင့်ပတ်သက်​ပြီး အကျွန်ုပ်​တို့​၏​ဘုရားသခင် အမျက်​တော်​ပြေ​သည့်​တိုင်အောင် အစစ်ဆေး​ခံ​ပါစေ​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 15,
      "text": "ဤ​အစီအစဉ်​ကို အာသဟေလ​၏​သား​ယောနသန်​နှင့် တိကဝ​၏​သား​ယဟာဇိ​တို့​သာ ကန့်ကွက်​ကြ​၍ လေဝိ​အမျိုး မေရှုလံ​နှင့် ရှဗ္ဗေသဲ​တို့​က သူ​တို့​ကို ထောက်ခံ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 16,
      "text": "သုံ့ပန်း​သားမြေး​တို့​မူကား ဝန်ခံ​ကြ​၏​။ ယဇ်ပုရောဟိတ်​ဧဇရ​သည်​လည်း အိမ်ထောင်စု​အကြီးအမှူး​တို့​ကို ဘိုးဘေး​တို့​မျိုးနွယ်​အလိုက် အားလုံး​ကို​နာမည်​နှင့်တကွ သီးခြားခွဲထား​ပြီးလျှင် ဒသမ​လ​၊ တစ်​ရက်​နေ့​၌ အမှု​ကို​စစ်ဆေး​ရန် စုဝေး​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 17,
      "text": "ပထမ​လ​၊ တစ်​ရက်​နေ့​တွင် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​သော​သူ​အားလုံး​၏​အမှု​ကို စီရင်​ပြီးစီး​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 18,
      "text": "ယဇ်ပုရောဟိတ်​သားမြေး​တို့​တွင် ယောဇဒက်​၏​သား​ဖြစ်​သော ယေရွှာ​၏​သား​များ​နှင့် ယေရွှာ​၏​ညီအစ်ကို​များ​ဖြစ်​သော မာသေယ​၊ ဧလျေဇာ​၊ ယာရိပ်​၊ ဂေဒလိ​တို့​သည် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​ကြ​သည်​ကို တွေ့ရှိ​ရ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 19,
      "text": "သူ​တို့​က​လည်း မိမိ​တို့​မယား​များ​ကို ကွာ​မည်​ဟု ဝန်ခံ ​ကြ​ပြီး ကိုယ့်​အပြစ်​အတွက် သိုးအုပ်​ထဲမှ​သိုးထီး​တစ်​ကောင်​ကို ယဇ်ပူဇော်​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 20,
      "text": "ထို့ပြင် ဣမေရ​သားမြေး​တွင် ဟာနနိ​၊ ဇေဗဒိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 21,
      "text": "ဟာရိမ်​သားမြေး​တွင် မာသေယ​၊ ဧလိယ​၊ ရှေမာယ​၊ ယေဟေလ​၊ ဩဇိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 22,
      "text": "ပါရှုရ​သားမြေး​တွင် ဧလိဩနဲ​၊ မာသေယ​၊ ဣရှမေလ​၊ နာသနေလ​၊ ယောဇဗဒ်​၊ ဧလာသ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 23,
      "text": "လေဝိ​အမျိုး​တွင် ယောဇဗဒ်​၊ ရှိမိ​၊ ကေလာယ ခေါ် ကေလိတ​၊ ပေသဟိ​၊ ယုဒ​၊ ဧလျေဇာ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 24,
      "text": "သီချင်းသည်​များ​ထဲတွင် ဧလျာရှိပ်​၊ တံခါးစောင့်​များ​ထဲတွင် ရှလ္လုံ​၊ တေလင်​၊ ဥရိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 25,
      "text": "အစ္စရေး​လူထု​ထဲတွင် ပါရုတ်​သားမြေး​မှ ရာမိ​၊ ယေဇိ​၊ မာလခိယ​၊ မိယာမိန်​၊ ဧလာဇာ​၊ မာလခိယ​၊ ဗေနာယ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 26,
      "text": "ဧလံ​သားမြေး​တွင် မတ္တနိ​၊ ဇာခရိ​၊ ယေဟေလ​၊ အာဗဒိ​၊ ယေရမုတ်​၊ ဧလိယ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 27,
      "text": "ဇတ္တု​သားမြေး​တွင် ဧလိဩနဲ​၊ ဧလျာရှိပ်​၊ မတ္တနိ​၊ ယေရမုတ်​၊ ဇာဗဒ်​၊ အာဇိဇ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 28,
      "text": "ဗေဗဲ​သားမြေး​တွင် ယေဟောဟနန်​၊ ဟာနနိယ​၊ ဇဗ္ဗဲ​၊ အာသလဲ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 29,
      "text": "ဗာနိ​သားမြေး​တွင် မေရှုလံ​၊ မလ္လုတ်​၊ အဒါယ​၊ ယာရှုပ်​၊ ရှာအာလ​၊ ယေရမုတ်​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 30,
      "text": "ပါဟတ်မောဘ​သားမြေး​တွင် အာဒန​၊ ခေလာလ​၊ ဗေနာယ​၊ မာသေယ​၊ မတ္တနိ​၊ ဗေဇလေလ​၊ ဗိနွိ​၊ မနာရှေ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 31,
      "text": "ဟာရိမ်​သားမြေး​တွင် ဧလျေဇာ​၊ ဣရှိယ​၊ မာလခိယ​၊ ရှေမာယ​၊ ရှိမောင်​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 32,
      "text": "ဗင်္ယာမိန်​၊ မလ္လုတ်​၊ ရှေမရိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 33,
      "text": "ဟာရှုံ​သားမြေး​တွင် မတ္တနဲ​၊ မတ္တသ​၊ ဇာဗဒ်​၊ ဧလိဖလက်​၊ ယေရမဲ​၊ မနာရှေ​၊ ရှိမိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 34,
      "text": "ဗာနိ​သားမြေး​တွင် မာဒဲ​၊ အာမရံ​၊ ဝေလ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 35,
      "text": "ဗေနာယ​၊ ဗေဒိ​၊ ခေလု​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 36,
      "text": "ဝါနိ​၊ မေရမုတ်​၊ ဧလျာရှိပ်​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 37,
      "text": "မတ္တနိ​၊ မတ္တနဲ​၊ ယာသော​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 38,
      "text": "ဗာနိ​၊ ဗိနွိ​၊ ရှိမိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 39,
      "text": "ရှေလမိ​၊ နာသန်​၊ အဒါယ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 40,
      "text": "မာခနဒေဗဲ​၊ ရှာရှဲ​၊ ရှာရဲ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 41,
      "text": "အာဇရေလ​၊ ရှေလမိ​၊ ရှေမရိ​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 42,
      "text": "ရှလ္လုံ​၊ အာမရိ​၊ ယောသပ်​၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 43,
      "text": "နေဗော​သားမြေး​တွင် ယေယေလ​၊ မတ္တိသိ​၊ ဇာဗဒ်​၊ ဇေဗိန​၊ ယာဒေါ​၊ ယောလ​၊ ဗေနာယ​တို့ ပါ​ကြ​၏​။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 44,
      "text": "ထို​သူ​အပေါင်း​တို့​သည် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​ကြ​သူ​များ​ဖြစ်​ပြီး ထို​မိန်းမ​များ​နှင့် သားသမီး​များ​ပင် ရရှိ​ကြ​ပြီ​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 1,
      "text": "ဟာခလိ​၏​သား​နေဟမိ​၏​စကား​များ​ကား ဤသို့​တည်း​။ အာတဇေရဇ်​မင်းကြီး​နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ ခိသလု​လ​တွင် ငါ​သည် ရှုရှန်​နန်းတော်​၌ ရှိ​နေစဉ်"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 2,
      "text": "ငါ့​ညီ​တစ်​ဦး​ဖြစ်​သော​ဟာနနိ​နှင့် ယုဒ​လူ​တို့ ရောက်လာ​သဖြင့် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ဂျူး​လူမျိုး​များ​အကြောင်း​၊ ဂျေရုဆလင်​မြို့​အကြောင်း​တို့​ကို မေးမြန်း​ကြည့်​ရာ"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 3,
      "text": "သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 4,
      "text": "ထို​စကား​ကို ငါ​ကြား​လျှင် ရက်​ပေါင်း​များစွာ​ထိုင်​၍​ငိုကြွေး​မြည်တမ်း​လျက်​၊ အစာရှောင်​လျက် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​လျက်​နေ​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 5,
      "text": "ထိုအခါ ငါ​က “အို ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ ကြောက်ရွံ့ရိုသေ​ဖွယ် ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို ချစ်​၍ ပညတ်တော်​ကို စောင့်ထိန်း​သော​သူ​တို့​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တော်​ကို တည်​စေ​သော​ဘုရား​၊ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 6,
      "text": "မျက်စိ​ကို​ဖွင့်​၊ နား​ကို​စွင့်​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​အစ္စရေး​လူမျိုး​တို့​အတွက် ရှေ့​တော်​၌ နေ့ညမပြတ်​ဆုတောင်း​ပေး​သော​ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ အစ္စရေး​လူမျိုး​တို့ ကျူးလွန်​မိ​သော​အပြစ်​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ဘိုးဘေး​အမျိုးအနွယ်​တို့ ကျူးလွန်​မိ​သော​အပြစ်​တို့​ကို ဝန်ချတောင်းပန်​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 7,
      "text": "ကိုယ်တော်​၏​အစေအပါး​မောရှေ​အား မိန့်မှာ​တော်မူ​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို မ​လိုက်နာ​ဘဲ ကိုယ်တော့်​ရှေ့မှောက်​တွင် ဆိုးညစ်မိုက်မဲ​သော​အမှု​ကို အကျွန်ုပ်​တို့ ပြု​ကြ​ပါ​ပြီ​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 8,
      "text": "ကိုယ်တော်​၏​အစေအပါး​မောရှေ​အား ‘​သင်​တို့ သစ္စာမဲ့​လျှင် သင်​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 9,
      "text": "သို့သော် သင်​တို့​သည် ငါ့​ထံ​ပြန်လာ​၍ ငါ့​ပညတ်​တို့​ကို လိုက်နာ​စောင့်ထိန်း​မည်​ဆို​လျှင် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​သော်လည်း ထို​အရပ်​မှ​ပြန်လည်​စုစည်း​၍ ငါ့​နာမ​တည်​စေရန် ငါ​ရွေးချယ်​ထား​သော​အရပ်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​မည်​’​ဟု ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 10,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော​တန်ခိုး​တော်​၊ အားကြီး​သော​လက်​တော်​ဖြင့် ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​လူမျိုး​တော် ဖြစ်​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 11,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 1,
      "text": "အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ နိသန်​လ​တွင် ရှေ့​တော်​၌ ရှိ​သော စပျစ်ဝိုင်​ကို ငါ​သည် ယူ​၍ ရှင်ဘုရင်​ထံ ဆက်သ​၏​။ ထိုစဉ် ငါ​သည် ယခင်​က မဖြစ်စဖူး မျက်နှာ​ညှိုးငယ်​လျက်​ရှိ​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 2,
      "text": "ထိုအခါ ရှင်ဘုရင်​က “​သင်​ကျန်းမာ​ပါ​လျက်​နှင့် အဘယ်ကြောင့် မျက်နှာ​ညှိုးငယ်​နေ​ရ​သနည်း​။ ဝမ်းနည်းစရာ​အကြောင်း ရှိ​နေ​သည်​မ​ဟုတ်​လော​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် အလွန်​ကြောက်ရွံ့​လျက်"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 3,
      "text": "မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ ရှင်ဘုရင်​က “​သင်​မည်သို့​ပြု​လို​သနည်း​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 5,
      "text": "ထို့နောက် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​၍ အရှင့်​အစေအပါး​အား မျက်နှာသာ​ပေး​မည်​ဆိုလျှင် အကျွန်ုပ်​တို့​ဘိုးဘေး​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​ကို ပြန်လည်​တည်ဆောက်​ရန် ယုဒ​ပြည်​သို့ ပြန်ခွင့်​ပေး​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 6,
      "text": "ထိုအခါ မိဖုရား​နှင့်အတူ​ထိုင်​နေ​သော​ရှင်ဘုရင်​က “​သင့်​ခရီးစဉ် မည်မျှ​ကြာ​မည်နည်း​။ မည်သည့်​အချိန်​၌ ပြန်လာ​မည်နည်း​”​ဟု ငါ့​အား မေးမြန်း​လျှင် ငါ​သည် ကြာ​မည့်​အချိန်​ကို ပြောပြ​ရာ မင်းကြီး​က သဘောတူ​သဖြင့် ငါ့​ကို ပြန်ခွင့်​ပြု​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 7,
      "text": "ထို့ပြင် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​လျှင် ယုဒ​ပြည်​သို့​ပြန်သွား​ရာ​တွင် ယူဖရေးတီး​မြစ် ​အနောက်ဘက်ကမ်း​ကို​ဖြတ်သန်း​ခွင့်​ပြု​ရန် ထို​ဒေသ​၏​ဘုရင်ခံ​တို့​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 8,
      "text": "ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 9,
      "text": "ငါ​သည် ယူဖရေးတီး​မြစ် ​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​တို့​ထံသို့​ရောက်​သောအခါ ရှင်ဘုရင်​၏​အမိန့်စာ​ကို သူ​တို့​အား ပေး​၏​။ ရှင်ဘုရင်​သည် ငါ​နှင့်အတူ စစ်သူကြီး​များ​၊ မြင်းစီးသူရဲ​များ​ကို​လည်း စေလွှတ်​ပေး​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 10,
      "text": "အစ္စရေး​အမျိုးသား​တို့​၏​ကောင်းကျိုး​ကို ပြုစု​ပေး​မည့်​သူ​တစ်ဦး ရောက်လာ​ကြောင်း ဟောရနိ​လူမျိုး သမ္ဘာလတ်​နှင့် အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​တို့ ကြားသိ​လျှင် အကြီးအကျယ်​စိတ်အနှောင့်အယှက်​ဖြစ်​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 11,
      "text": "ငါ​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​၍ ထို​မြို့​၌ သုံး​ရက်​နေ​ပြီးမှ"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 12,
      "text": "ငါ​၏​ဘုရားသခင် ငါ့​အား​ဖွင့်ပြ​ပေး​သော ဂျေရုဆလင်​မြို့​နှင့်​ဆိုင်​သည့် လုပ်ဆောင်​ရ​မည့်​အရာ​ကို မည်သူ့​ကို​မျှ​မ​ပြော​၊ ငါ​နှင့်​ပါလာ​သော​လူ​အချို့​တို့​နှင့် ညအချိန်​တွင်​ထ​၍ ငါ​စီးလာ​သော​မြင်း​မှတစ်ပါး အခြား​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​ပါ​ဘဲ"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 13,
      "text": "ထို​ညအချိန်​တွင်​ပင် ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ​ထွက်​၍ မြွေနဂါး​ရေတွင်း​နှင့်​မျက်နှာချင်းဆိုင် နောက်ချေးပုံ​တံခါး​သို့​သွား​ပြီး ပြိုပျက်​သွား​သော​ဂျေရုဆလင်​မြို့ရိုး​နှင့် မီး​လောင်ကျွမ်း​သွား​သော​တံခါး​များ​ကို ကြည့်ရှု​စစ်ဆေး​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 14,
      "text": "ထို့နောက် စမ်းရေတွင်း​တံခါး​နှင့် ဘုရင့်​ရေကန်​ဘက်​သို့ သွား​ရာ ငါ​စီးလာ​သော​မြင်း​သွား​ဖို့​ရာ လမ်း​မ​ရှိ​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 15,
      "text": "ထို့ကြောင့် ထို​ည​၌​ပင် ချောင်း​နား​သို့​သွား​၍ မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီးလျှင် ပြန်လှည့်​လာ​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ ပြန်​ဝင်လာ​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 16,
      "text": "ဂျူး​လူမျိုး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ မှူးမတ်​များ​၊ မင်းအရာရှိ​များ​နှင့် အခြား​အလုပ်သမား​များ​ကို ဘာမျှ ငါ​မ​ပြောပြ​သေး​သဖြင့် မည်သည့်​နေရာ​သို့ ငါ​သွား​၍ မည်သည့်​အရာ​ပြု​သည်​ကို မင်းအရာရှိ​တို့​သည် မ​သိ​ကြ​ပေ​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 17,
      "text": "ထို့နောက်မှ ငါ​က “​ငါ​တို့​ခံရ​သော​ဒုက္ခ​ကို သင်​တို့​တွေ့​ပြီ​လော​။ ဂျေရုဆလင်​မြို့​လည်း ပျက်စီး​ပြီ​။ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​ပြီ​။ လာ​ကြ​။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချ​မ​ခံရ​အောင် ဂျေရုဆလင်​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 18,
      "text": "ထို့ပြင် ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​ကြောင်း​နှင့် ငါ့​အား ရှင်ဘုရင် ပြော​ခဲ့​သော​စကား​များ​ကို သူ​တို့​အား​ပြောပြ​သောအခါ သူ​တို့​က “​ငါ​တို့ ထ​၍​တည်ဆောက်​ကြ​စို့​”​ဟု ဆို​လျက် ထို​ကောင်းသောအမှု​ကို အားတက်သရော စတင်​လုပ်ဆောင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 19,
      "text": "ထို​အကြောင်း​ကို ဟောရနိ​လူမျိုး​သမ္ဘာလတ်​၊ အမ္မုန်​လူမျိုး အမှုထမ်း​တောဘိ​နှင့် အာရပ်​လူမျိုး​ဂေရှင်​တို့ ကြား​သောအခါ သူ​တို့​သည် ငါ​တို့​ကို ပြက်ရယ်ပြု​လှောင်ပြောင်​ကာ “​သင်​တို့ မည်သည့်​အမှု​ကို​ပြု​ကြ​သနည်း​။ ရှင်ဘုရင်​ကို ပုန်ကန်​ကြ​ပြီ​လော​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 20,
      "text": "ငါ​က​လည်း သူ​တို့​အား “​ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် ငါ​တို့​အား အောင်မြင်​ခွင့်​ကို ပေး​တော်မူ​မည်​။ ကိုယ်တော်​၏​အစေအပါး​များ​ဖြစ်​သော​ငါ​တို့​သည် ထ​၍ ပြန်လည်​တည်ဆောက်​ခြင်း​အမှု​ကို ပြု​မည်​။ သင်​တို့​မူကား ဂျေရုဆလင်​မြို့​တွင် သင်​တို့​အဖို့ မည်သည့်​ဝေစု​၊ မည်သည့်​အခွင့်အရေး​၊ မည်သည့်​အမှတ်ရစရာ​မျှ မ​ရှိ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 1,
      "text": "ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​နှင့် သူ​၏​ညီအစ်ကို​ယဇ်ပုရောဟိတ်​တို့​က​လည်း သိုး​တံခါး​ကို ပြန်လည်​တည်ဆောက်​၍ ဆက်ကပ်​ကြ​ပြီး တံခါးရွက်​များ​ကို တပ်ဆင်​ကြ​၏​။ မေအာ​ရဲတိုက်​အထိ​၊ ထိုမှ ဟာနနေလ​ရဲတိုက်​အထိ မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ပြီး ဆက်ကပ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 2,
      "text": "သူ​တို့​ဘေး​တွင် ဂျေရိခေါ​မြို့သား​တို့ တည်ဆောက်​ပြီး ထိုမှ​ဆက်၍ ဣမရိ​၏​သား​ဇက္ကုရ တည်ဆောက်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 3,
      "text": "ဟသေန​သားမြေး​တို့​သည် ငါး​တံခါး​ကို ပြန်လည်​တည်ဆောက်​ကြ​၏​။ တံခါးထုပ်​များ​၊ တံခါးရွက်​များ​၊ မင်းတုပ်​များ​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 4,
      "text": "သူ​တို့​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် မေရှဇဗေလ​၏​မြေး​၊ ဗေရခိ​၏​သား​မေရှုလံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဗာနာ​၏​သား​ဇာဒုတ် ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 5,
      "text": "သူ​၏​ဘေး​တွင် တေကော​မြို့သား​တို့ ပြုပြင်​ကြ​၏​။ သို့သော် သူ​တို့​၏​ခေါင်းဆောင်​တို့​သည် သခင်​စေခိုင်း​သည်​ကို မ​ထမ်းဆောင်​လို​ကြ​ပေ​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 6,
      "text": "ပါသာ​၏​သား​ယောယဒ​နှင့် ဗေသောဒေယ​၏​သား​မေရှုလံ​တို့​သည် ယေရှန​တံခါး ​ကို ပြုပြင်​ကြ​၏​။ တံခါးထုပ်​များ​၊ တံခါးရွက်​များ​၊ မင်းတုပ်​များ​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 7,
      "text": "သူ​တို့​၏​ဘေး​တွင် ဂိဗောင်​မြို့သား​မေလတိ​၊ မေရောနုတ်​မြို့သား​ယာဒုန်​နှင့်တကွ ဂိဗောင်​မြို့သား​များ​၊ မိဇပါ​မြို့သား​များ​သည် ဘုရင်ခံ​အုပ်ချုပ်​သော ယူဖရေးတီး​မြစ် ​အနောက်ဘက်​အထိ ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 8,
      "text": "သူ​တို့​၏​ဘေး​တွင် ဟာဟာယ​၏​သား ပန်းထိမ်ဆရာ​ဩဇေလ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် အမွှေးနံ့သာ​ဖော်​ဆရာ​ဟာနနိယ ပြုပြင်​၏​။ သူ​တို့​သည် ဂျေရုဆလင်​မြို့ရိုး​ကို မြို့ရိုး​ကျယ်​အထိ ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 9,
      "text": "သူ​တို့​၏​ဘေး​တွင် ဟုရ​၏​သား ဂျေရုဆလင်​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ ရေဖာယ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 10,
      "text": "သူ​၏​ဘေး​တွင် ဟာရုမပ်​၏​သား​ယေဒါယ​သည် သူ​၏​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဟာရှဗနိ​၏​သား​ဟတ္တုတ် ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 11,
      "text": "ဟာရိမ်​၏​သား​မာလခိယ​နှင့် ပါဟတ်မောဘ​၏​သား​ဟာရှုပ်​တို့​သည် မြို့ရိုး​နောက်​တစ်ပိုင်း​နှင့် မီးခိုး​ခေါင်းတိုင်​ကို ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 12,
      "text": "သူ​တို့​၏​ဘေး​တွင် ဟာလောဟက်​၏​သား ဂျေရုဆလင်​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ရှလ္လုံ​နှင့် သူ​၏​သမီး​များ ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 13,
      "text": "ဟာနုန်​နှင့် ဇာနော​မြို့သား​တို့​သည် ချိုင့်ဝှမ်း​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​၏​။ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​ကြ​၏​။ နောက်ချေးပုံ​တံခါး​တိုင်အောင် မြို့ရိုး​အတောင်​တစ်ထောင် ​ကို ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 14,
      "text": "ဗေသက္ကရင်​နယ်​ကို​အုပ်ချုပ်ရသူ​၊ ရေခပ်​၏​သား​မာလခိယ​သည် နောက်ချေးပုံ​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​တို့​ကို တပ်ဆင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 15,
      "text": "ကောလဟောဇ​၏​သား မိဇပါ​နယ်​ကို​အုပ်ချုပ်ရသူ​ရှလ္လုံ​သည် စမ်းရေတွင်း​တံခါး​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ အမိုးမိုး​၍ တံခါးရွက်​၊ မင်းတုပ်​၊ ကန့်လန့်ကျင်​များ​ကို တပ်ဆင်​၏​။ ရှင်ဘုရင်​၏​ဥယျာဉ်​တော်​နား​ရှိ ရှိလောင်​ရေကန်​နှင့်​ကပ်​လျက်​မြို့ရိုး​ကို ဒါဝိဒ်​မြို့​မှ​ဆင်းလာ​သော​လှေကား​အထိ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 16,
      "text": "သူ​၏​ဘေး​တွင် အာဇဗုတ်​၏​သား ဗက်ဇုရ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​နေဟမိ​သည် ဒါဝိဒ်​၏​သင်္ချိုင်း​နှင့်​မျက်နှာချင်းဆိုင်​မှစ၍ တူး​ထား​သော​ရေကန်​အထိ​၊ ထိုမှ စစ်သူရဲ​နေအိမ်​အထိ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 17,
      "text": "သူ​၏​ဘေး​တွင် လေဝိ​အမျိုး ဗာနိ​၏​သား​ရေဟုံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ကိလ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ဟာရှဘိ​သည် သူ့​နယ်​နှင့်ဆိုင်သော​အပိုင်း​ကို ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 18,
      "text": "သူ​၏​ဘေး​တွင် သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော ဟေနဒဒ်​၏​သား ကိလ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ​ဗာဝဲ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 19,
      "text": "သူ​၏​ဘေး​တွင် ယေရွှာ​၏​သား မိဇပါ​နယ်​တစ်ဝက်​ကို​အုပ်ချုပ်ရသူ ဧဇာ​သည် လက်နက်တိုက်​သို့​တက်သွား​ရာ​လမ်း​နှင့်​မျက်နှာချင်းဆိုင် ထောင့်ချိုး​အထိ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 20,
      "text": "သူ​၏​ဘေး​တွင် ဇဗ္ဗဲ​၏​သား​ဗာရုတ်​သည် နောက်တစ်ပိုင်း​ဖြစ်​သည့် မြို့ရိုး​ထောင့်​မှစ၍ ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​၏​အိမ်​တံခါးဝ​အထိ အားကြိုးမာန်တက်​ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 21,
      "text": "သူ​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ်​သည် ဧလျာရှိပ်​၏​အိမ်​တံခါးဝ​မှ ဧလျာရှိပ်​၏​အိမ်​အစွန်း​ပိုင်း​အထိ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 22,
      "text": "သူ​၏​ဘေး​တွင် အနီး​ဝန်းကျင်​ရှိ​ယဇ်ပုရောဟိတ်​တို့ ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 23,
      "text": "သူ​တို့​၏​ဘေး​တွင် ဗင်္ယာမိန်​နှင့်​ဟာရှုပ်​သည် မိမိ​တို့​၏​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​ကြ​၏ ။ ထိုမှ​ဆက်၍ အာနနိ​၏​မြေး​၊ မာသေယ​၏​သား​အာဇရိ​သည် မိမိ​အိမ်​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​ကို ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 24,
      "text": "သူ​၏​ဘေး​တွင် ဟေနဒဒ်​၏​သား​ဗိနွိ​သည် နောက်တစ်ပိုင်း​ဖြစ်​သော အာဇရိ​အိမ်​မှ​ကွေ့​၍ ထောင့်ချိုး​အထိ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 25,
      "text": "ဥဇဲ​၏​သား​ပါလလ​သည် ထောင့်ချိုး​နှင့်​မျက်နှာချင်းဆိုင်​အပိုင်း​နှင့် ထောင်ဝင်း​အနီး ဘုရင့်​အထက်​နန်းတော်​ရှိ ထိုးထွက်​နေ​သော​မျှော်စင်​ကို ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ပါရုတ်​၏​သား​ပေဒါယ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 26,
      "text": "ဩဖေလ​အရပ်​၌​နေထိုင်​သော​ဗိမာန်တော်​အစေအပါး​တို့​သည် မျက်နှာချင်းဆိုင်​ရှိ​အရှေ့​ဘက်​ရေ​တံခါး​မှ ထိုးထွက်​နေ​သော​မျှော်စင်​အထိ ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 27,
      "text": "သူ​တို့​၏​ဘေး​တွင် တေကော​မြို့သား​တို့​သည် ထိုးထွက်​နေ​သော​မျှော်စင်​ကြီး​မှ ဩဖေလ​တံတိုင်း​အထိ မြို့ရိုး​နောက်တစ်ပိုင်း​ကို ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 28,
      "text": "မြင်း​တံခါး​အထက်​ဘက်​တွင်​မူ ယဇ်ပုရောဟိတ်​တို့​သည် မိမိ​တို့​အိမ်​ရှေ့​တွင် အသီးသီး ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 29,
      "text": "သူ​တို့​၏​ဘေး​တွင် ဣမေရ​၏​သား​ဇာဒုတ်​သည် သူ့​အိမ်​ရှေ့​တွင် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ရှေခနိ​၏​သား အရှေ့​တံခါးမှူး​ရှေမာယ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 30,
      "text": "သူ​၏​ဘေး​တွင် ရှေလမိ​၏​သား​ဟာနနိယ​နှင့် ဇာလပ်​၏​ဆဋ္ဌမ​မြောက်​သား​ဟာနုန်​တို့ ပြုပြင်​ကြ​၏​။ သူ​တို့​၏​ဘေး​တွင် ဗေရခိ​၏​သား​မေရှုလံ​သည် မိမိ​အိမ်​ရှေ့​တွင် ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 31,
      "text": "သူ​၏​ဘေး​တွင် ပန်းထိမ်ဆရာ​၏​သား​မာလခိယ​သည် မိဖကဒ်​တံခါး​ရှေ့​ရှိ ဗိမာန်တော်​အစေအပါး​များ​နှင့် ကုန်သည်​များ​နေရာ​အိမ်​အထိ​၊ ထိုမှ အထက်ခန်း​မြို့ရိုး​ထောင့်​အထိ ပြုပြင်​၏​။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 32,
      "text": "ထို​အထက်ခန်း​မြို့ရိုး​ထောင့်​မှ သိုး​တံခါး​အထိ​ကို ပန်းထိမ်သမား​များ​နှင့် ကုန်သည်​များ ပြုပြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 1,
      "text": "ငါ​တို့​သည် မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြောင်း သမ္ဘာလတ်​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လျက် ဂျူး​လူမျိုး​တို့​အား ကဲ့ရဲ့လှောင်ပြောင်​ကာ"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 2,
      "text": "သူ့​ညီအစ်ကို​များ​၊ ရှမာရိ​စစ်သည်​များ​ရှေ့​တွင် “​ချည့်နဲ့​နေ​သော​ဂျူး​လူမျိုး​များ​က မည်သို့​ပြု​ကြ​မည်နည်း​။ ကိုယ့်ဘာသာ မြို့ရိုး​ပြန်တည်ဆောက်​ကြ​မည်လော​။ ယဇ်ပူဇော်​ကြ​မည်လော​။ တစ်နေ့ချင်း​အပြီး လုပ်​နိုင်​မည်လော​။ မီး​လောင်ကျွမ်း​ထား​သော​ကျောက်တုံး​များ​ကို အမှိုက်ပုံ​ထဲမှ​ထုတ်​၍ ပြန်လည်​အသက်သွင်း​မည်လော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 3,
      "text": "သူ့​အနား​ရှိ အမ္မုန်​လူမျိုး​တောဘိ​က​လည်း “​သူ​တို့​တည်ဆောက်​နေ​သော​ကျောက်​မြို့ရိုး​သည် မြေခွေး​ခုန်တက်​ရုံ​မျှ​နှင့်​ပင် ပြိုသွား​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 4,
      "text": "ထို့ကြောင့် ငါ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကဲ့ရဲ့​ခံရ​သည်​ကို နားထောင်​တော်မူ​ပါ​။ သူ​တို့​ကဲ့ရဲ့​သည့်​စကား​ကို သူ​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​တော်မူ​ပါ​။ သူ​တို့​ကို လုယက်ပစ္စည်း​ကဲ့သို့​ဖြစ်​စေ​၍ သုံ့ပန်းဘဝ​သို့ ရောက်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 5,
      "text": "မြို့ရိုး​တည်ဆောက်​သော​သူ​တို့​ကို ပြောင်ပြောင်တင်းတင်း​စော်ကား​ပြောဆို​လေ​ပြီ​ဖြစ်၍ သူ​တို့​ဒုစရိုက်​ကို ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သူ​တို့​အပြစ်​ကို မ​ပယ်ဖျက်​ပါ​နှင့်​”​ဟု ဆုတောင်း​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 6,
      "text": "မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ရာ​တွင် တည်ဆောက်​သူ​တို့​သည် စိတ်အားထက်သန်​စွာ​လုပ်ဆောင်​သောကြောင့် မြို့ရိုး​တစ်ခုလုံး​အမြင့် တစ်ဝက်​တိုင်အောင် ပြီးစီး​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 7,
      "text": "ဂျေရုဆလင်​မြို့ရိုး​ကို ဆက်​၍​ပြုပြင်​နေ​ကြောင်း​၊ ပြိုပျက်​ရာ​များ​ကို စ​၍​ဖာထေး​နေ​ကြောင်း​ကို သမ္ဘာလတ်​၊ တောဘိ​မှစ၍ အာရပ်​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ အာဇုတ်​လူမျိုး​တို့​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 8,
      "text": "ထို့ကြောင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို လာတိုက်​ရန်​နှင့် အနှောင့်အယှက်​ပေး​ရန် ပူးပေါင်း​ကြံစည်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 9,
      "text": "ငါ​တို့​သည် ငါ​တို့​ဘုရားသခင်​ထံ​ဆုတောင်း​ပြီး သူ​တို့​ရန်​ကြောင့် နေ့ရောညပါ ကင်းချ​ထား​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 10,
      "text": "ထိုအခါ ယုဒ​လူမျိုး​တို့​က “​ဝန်သယ်ပိုး​သော​သူ​များ အားယုတ်​လာ​လေ​ပြီ​။ အမှိုက်သရိုက် များ​လှ​သေး​၏​။ ဤအတိုင်း​ဆို​လျှင် မြို့ရိုး​ကို ငါ​တို့ ပြန်လည်​တည်ဆောက်​နိုင်​မည်​မ​ဟုတ်​”​ဟု ဆို​လာ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 11,
      "text": "ရန်သူ​တို့​က​လည်း “​သူ​တို့​မ​သိ​လိုက်​ချိန်​မှာ သူ​တို့​ထဲ​သို့​ဝင်​၍ သူ​တို့​ကို​သတ်ပစ်​မည်​။ သူ​တို့​အလုပ်​ကို ရပ်တန့်​စေ​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 12,
      "text": "ရန်သူ​တို့​အနီး​၌​နေ​သော​ဂျူး​လူမျိုး​တို့​က​လည်း “​မည်သည့်​အရပ်​သို့​လှည့်​သည်​ဖြစ်စေ ငါ​တို့​အတိုက်​ခံရ​မည်​”​ဟု ဆယ်​ကြိမ်​မက လာ​၍​ပြော​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 13,
      "text": "ထို့ကြောင့် ငါ​သည် မြို့ရိုး​အနောက်ဘက် မြေနိမ့်ပိုင်း​ကွင်းပြင်​တွင် မျိုးနွယ်စု​အလိုက် ဓား​၊ လှံ​၊ လေး​တို့​နှင့်တကွ အစောင့်ချ​ထား​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 14,
      "text": "ငါ​သည် အခြေအနေ​သုံးသပ်​ကြည့်​ပြီးနောက် ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် ကျန်​လူ​တို့​အား “​ရန်သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။ ကြီးမြတ်​၍​ကြောက်ရွံ့ရိုသေ​ရ​သော​ဘုရားသခင်​ကို သတိရ​ကြ​လော့​။ သင်​တို့​၏​ညီအစ်ကို​၊ သား​သမီး​၊ ဇနီး​များ စသော​ကိုယ့်​အိမ်သား​များ​အတွက် တိုက်ပွဲဝင်​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 15,
      "text": "သူ​တို့​အကြံ​ကို ငါ​တို့​သိ​သွား​ခြင်း​ဖြင့် သူ​တို့​၏​အကြံ​ကို ဘုရားသခင်​ပယ်ဖျက်​လိုက်​ပြီ​ဖြစ်ကြောင်း ရန်သူ​တို့​ကြားသိ​ကြ​၏​။ ငါ​တို့​အားလုံး​လည်း မြို့ရိုး​သို့​ပြန်လာ​၍ အသီးသီး​ကိုယ့်​အလုပ်​ကိုယ်​လုပ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 16,
      "text": "ထို​နေ့​မှစ၍ ငါ​တို့​သည် လူ​တစ်ဝက်​အလုပ်​လုပ်​ပြီး ကျန်​တစ်ဝက်​မှာ သံချပ်အင်္ကျီ​ဝတ်​လျက် လှံ​၊ ဒိုင်းလွှား​၊ လေး​လက်နက်​တို့​နှင့်တကွ ကင်းစောင့်​ကြ​၏​။ အကြီးအကဲ​တို့​က​လည်း ယုဒ​အမျိုးသား​အပေါင်း​တို့​ကို နောက်တန်း​မှ​ထောက်မ​ပေး​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 17,
      "text": "မြို့ရိုး​ကို​တည်ဆောက်​သူ​များ​၊ ပစ္စည်းထမ်း​သော​သူ​များ​နှင့် ပစ္စည်း​မတင်​ပေး​သော​သူ​တို့​သည် လက်​တစ်​ဖက်​ဖြင့် အလုပ်​လုပ်​ပြီး ကျန်​လက်​တစ်​ဖက်​ဖြင့် လက်နက်​ကိုင်ဆောင်​ထား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 18,
      "text": "မြို့ရိုး​ဆောက်လုပ်​သူ​တိုင်း ခါး​၌​ဓား​ချိတ်ဆွဲ​၍ အလုပ်​လုပ်​ကြ​ရ​၏​။ တံပိုးမှုတ်​သော​သူ​သည် ငါ့​အနား​၌ ရပ်​နေ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 19,
      "text": "ငါ​က​လည်း ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် ကျန်​လူ​တို့​အား “​အလုပ်​မှာ များမြောင်​ကျယ်ပြန့်​လှ​သည်​ဖြစ်​၍ ငါ​တို့​သည် မြို့ရိုး​တစ်လျှောက် တစ်ဦး​နှင့်​တစ်ဦး ခပ်ဝေးဝေး​မှာ ခွဲ​၍​အလုပ်​လုပ်​နေ​ကြ​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 20,
      "text": "ထို့ကြောင့် တံပိုးမှုတ်သံ​ကို​ကြား​လျှင် ရှိ​သည့်​နေရာ​မှ ငါ့​ထံသို့​စုရုံး​လာ​ကြ​လော့​။ ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​အတွက် စစ်တိုက်​တော်မူ​မည်​”​ဟု မှာကြား​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 21,
      "text": "ဤနည်းဖြင့် နံနက်​အရုဏ်တက်​ချိန်​မှစ၍ ည​ကြယ်​ထွက်လာ​သည့်​အချိန်​ထိ ငါ​တို့​အလုပ်​လုပ်​နေ​စဉ် လူ​တစ်ဝက်​မှာ လှံ​များ​ကိုင်ဆောင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 22,
      "text": "တစ်ချိန်တည်း​မှာပင် ငါ​က လူ​တို့​အား “​ညအချိန် ကင်းစောင့်​၍ နေ့​အချိန် အလုပ်​လုပ်​နိုင်​ရန် လူ​တိုင်း ကိုယ့်​အလုပ်သမား​ကိုယ်စီ​နှင့် ဂျေရုဆလင်​မြို့​တွင် ညအိပ်နား​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 23,
      "text": "ငါ​မှစ၍ ငါ့​ညီအစ်ကို​များ​၊ ငါ့​ငယ်သား​များ​၊ ငါ့​နောက်လိုက်​အစောင့်​များ​အားလုံး​သည် ဝတ်စုံ​ကို​မ​ချွတ်​၊ ရေသောက်​သွား​လျှင်ပင် လက်နက်​ကိုင်​သွား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 1,
      "text": "ထို့နောက်တွင် ယောက်ျား​များ​နှင့်​သူ​တို့​၏​မိန်းမ​တို့​သည် သူ​တို့​၏​ညီအစ်ကိုချင်း​ဂျူး​လူမျိုး​တို့​အား အကြီးအကျယ်​အော်ဟစ်ကြိမ်းမောင်း​ကြ​လျက်"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 2,
      "text": "အချို့​က “​ငါ​တို့​၌ သား​သမီး​အများ​ရှိ​၏​။ ငါ​တို့​စား​၍ အသက်ရှင်​ဖို့ ကောက်ပဲသီးနှံ​များ လို​၏​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 3,
      "text": "အချို့​က​လည်း “​ငါ​တို့​သည် ငတ်မွတ်ခေါင်းပါး​ချိန်​၌ ကောက်ပဲသီးနှံ​ရ​ဖို့ ငါ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​၊ အိမ်​များ​ကို ပေါင်​ထား​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 4,
      "text": "အချို့​က​လည်း “​ငါ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​အတွက် ဘုရင့်​ထံ​အခွန်ဆောင်​ဖို့ ငွေ​ချေး​ကြ​ရ​ပြီ​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 5,
      "text": "စင်စစ် ငါ​တို့​နှင့် ငါ​တို့​ညီအစ်ကို​တို့​သည် တစ်သွေးတစ်သား​တည်း​ဖြစ်​၏​။ ငါ​တို့​သားသမီး​သည် သူ​တို့​သားသမီး ဖြစ်​၏​။ သို့ရာတွင် ကိုယ့်​သားသမီး​များ​ကို အတင်းအကျပ်​ကျွန်ခံ​စေ​ရ​တော့​မည်​။ ငါ​တို့​သမီး​အချို့​ပင် ကျွန်ခံ​နေ​ရ​ပြီ​။ ငါ​တို့​လယ်မြေ​နှင့်​စပျစ်ခြံ​များ အခြား​သူ​လက်​သို့ ရောက်သွား​ပြီ​ဖြစ်၍ ယခုမူ ငါ​တို့ မည်သို့​မျှ​မ​တတ်နိုင်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 6,
      "text": "ထိုသို့ သူ​တို့​အော်ဟစ်​ပြောဆို​သော​စကား​များ​ကို ကြား​သောအခါ ငါ​အလွန်​အမျက်ထွက်​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 7,
      "text": "ထို​အကြောင်း​ကို သေချာ​တွေးဆ​ကြည့်​ပြီးမှ ငါ​က ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​အား “​သင်​တို့​သည် ကိုယ့်​အမျိုးသားချင်း​ကို​ပင် အတိုးစား​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား​”​ဟု ပြစ်တင်​ပြောဆို​လျက် အစည်းအဝေး​ကြီး​ကို ခေါ်​၍"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 8,
      "text": "သူ​တို့​အား “​လူမျိုးခြား​တို့​ထံ အရောင်းစားခံ​လိုက်​ရ​သော ငါ​တို့​အမျိုးသားချင်း​ဂျူး​လူမျိုး​တို့​ကို ငါ​တို့ မဖြစ်မနေ​ပြန်​ဝယ်ယူ​ခဲ့​ပြီးမှ သင်​တို့​သည် ကိုယ့်​အမျိုးသားချင်း​ကို ပြန်​ရောင်းစား​ပါ​ပြီ​တကား​။ ငါ​တို့​ထံ ပြန်​ရောင်းစား​ကြ​ပါ​ပြီ​တကား​”​ဟု ဆို​သောအခါ သူ​တို့​သည် ဘာမျှ​ပြန်​မ​ပြော​ဘဲ ဆိတ်ဆိတ်​နေ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 9,
      "text": "ငါ​က​လည်း ဆက်​၍ “​သင်​တို့​လုပ်ရပ်​သည် ဆိုးဝါး​လှ​၏​။ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ရ​မည်​မ​ဟုတ်​လော​။ သို့မှ ငါ​တို့​ရန်သူ လူမျိုးခြား​တို့​၏​ကဲ့ရဲ့ရှုတ်ချ​ခြင်း​နှင့် ကင်း​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 10,
      "text": "ငါ​နှင့် ငါ့​ညီအစ်ကို​များ​၊ ငါ့​လူ​များ​သည်​လည်း ငွေ​နှင့်​ကောက်ပဲသီးနှံ​များ​ကို ချေး​ပေး​၏​။ ဤသို့ အတိုးစား​ခြင်း​အမှု​ကို ရပ်တန်းကရပ်​ကြ​ပါစို့​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 11,
      "text": "ယခုပင် သူ​တို့​၏​လယ်​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ အိမ်​များ​နှင့် သူ​တို့​ထံမှ​ယူ​ထား​သော ငွေ​၊ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​တို့​၏​အတိုး​များ​ကို ပြန်ပေး​ကြ​လော့​”​ဟု သူ​တို့​အား ပြော​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့​က​လည်း “​အကျွန်ုပ်​တို့ ပြန်ပေး​ပါ​မည်​။ သူ​တို့​ထံမှ ထပ်​မ​တောင်း​တော့​ပါ​။ သင်​ဆို​သည့်​အတိုင်း ပြု​ပါ​မည်”​ဟု ဆို​ကြ​သဖြင့် ငါ​သည် ယဇ်ပုရောဟိတ်​တို့​ကို ခေါ်​၍ ထို​သူ​တို့​အား သူ​တို့​၏​ကတိ​အတိုင်း​ပြု​ရန် ကျိန်ဆို​စေ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 13,
      "text": "ထို့နောက် ငါ​သည် ခါးပိုက်​ကို​ခါပြ​ပြီး “​ဘုရားသခင်​သည် ဤ​ကတိ​ကို ဖောက်ဖျက်​သော​သူ​အား သူ့​အိမ်​၊ သူ​ပိုင်ဆိုင်​သမျှ​တို့​မှ ဤသို့​ခါထုတ်​တော်မူ​ပါစေသော​။ ထို​သူ​သည် ဘာမျှ​မ​ကျန် ခါထုတ်​ခြင်း​ခံရ​ပါစေသော​”​ဟု ဆို​လျှင် လူစုလူဝေး​အပေါင်း​တို့​က “​အာမင်​”​ဟု ဆို​လျက် ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​၏​။ ကတိ​အတိုင်း​လည်း သူ​တို့​ပြု​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 14,
      "text": "အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မှ သုံးဆယ့်​နှစ်​နှစ်​အထိ တစ်ဆယ့်​နှစ်​နှစ်​တိုင်တိုင် ငါ​သည် ယုဒ​ပြည်​၌ ဘုရင်ခံ​အဖြစ် ခန့်အပ်​ခံရ​သော​အချိန်​တွင်​လည်း ငါ​နှင့်​ငါ့​ညီအစ်ကို​တို့​သည် ဘုရင်ခံ​ရိက္ခာ​ကို မ​စား​ပေ​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 15,
      "text": "ငါ​မတိုင်ခင် ဘုရင်ခံ​လုပ်​သော​သူ​တို့​သည် ပြည်သူပြည်သား​တို့​အား ဝန်လေး​အောင်​ပြု​ခဲ့​ကြ​၏​။ ငွေ​ရှယ်ကယ်​လေးဆယ် ​အပြင် မုန့်​နှင့် စပျစ်ဝိုင်​ကို​ပါ ယူ​ကြ​၏​။ သူ​တို့​၏​လက်အောက်ငယ်သား​တို့​သည်​လည်း ပြည်သူပြည်သား​တို့​ကို နိုင်လိုမင်းထက်​ပြု​ကြ​၏​။ ငါ​မူကား ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သောကြောင့် ထိုသို့​မ​ပြု​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 16,
      "text": "ငါ​သည် မြို့ရိုး​ကို​သာ ကြိုးစား​ပြီး ပြန်လည်​ပြုပြင်​တည်ဆောက်​၏​။ ငါ​တို့​သည် မြေ​ကို​မ​ဝယ်​။ ငါ့​လက်အောက်ငယ်သား​တို့​သည်​လည်း မြို့ရိုး​တည်ဆောက်​ခြင်း​အမှု​၌ ဝိုင်းဝန်းကူညီ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 17,
      "text": "ဂျူး​လူမျိုး​များ​နှင့် ကြီးကြပ်​သူ​တစ်ရာ့​ငါးဆယ်​အပါအဝင် ဝန်းကျင်​မှ​ရောက်လာ​သော​လူမျိုးခြား​များ​ကို​လည်း ငါ့​စားပွဲ​တွင် ငါ​ကျွေးမွေး​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 18,
      "text": "ထို​အတွက် နေ့တိုင်း နွား​တစ်​ကောင်​၊ ဆူဖြိုး​သော​သိုး​ခြောက်​ကောင်​နှင့် ကြက်ငှက်​များ​ကို ပြင်ဆင်​ပေး​ရ​၏​။ စပျစ်ဝိုင်​အမျိုးမျိုး​ကို​လည်း ဆယ်​ရက်​တစ်ခါ အလျှံအပယ်​ချပေး​၏​။ ထိုမျှ​ကုန်​သော်လည်း ငါ​သည် ဘုရင်ခံ​ရထိုက်​သော​ရိက္ခာ​ကို လုံးဝ​မ​တောင်း​။ အကြောင်းမှာ ဤ​အမှု​သည် ပြည်သူပြည်သား​တို့​အတွက် ဝန်ထုပ်ဖြစ်​လှ​၏​။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 19,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​လူမျိုး​အတွက် အကျွန်ုပ်​ပြု​သော​ကောင်းမှု​အလုံးစုံ​ကို သတိရ​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 1,
      "text": "ငါ​သည် မြို့ရိုး​ကို​အပေါက်​ရာ​ပင်​မ​ကျန်​အောင် ပြန်လည်​တည်ဆောက်​ပြီးစီး​ကြောင်း သမ္ဘာလတ်​၊ တောဘိ​၊ အာရပ်​လူမျိုး​ဂေရှင်​နှင့် အခြား​ရန်သူ​တို့ ကြားသိ​လေ​၏​။ ထို​အချိန်​က မြို့​တံခါး​များ​ပင် မ​တပ်ဆင်​ရ​သေး​ချေ​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 2,
      "text": "ထိုအခါ သမ္ဘာလတ်​နှင့် ဂေရှင်​က “​လာ​ပါ ဩနော​လွင်ပြင်​၊ ခေဖိရိမ်​ရွာ​တွင် ဆုံ​ကြ​ပါစို့​”​ဟု ငါ့​ထံ သတင်းပို့​လာ​၏​။ စင်စစ် သူ​တို့​သည် ငါ့​ကို လုပ်ကြံ​ရန် ကြံစည်​ကြ​ခြင်း​သာ ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 3,
      "text": "ထို့ကြောင့် ငါ​က​လည်း သူ​တို့​ထံ တမန်​ကို​လွှတ်​၍ “​ငါ​သည် အရေးကြီး​သော​လုပ်ငန်း​ကို ဆောင်ရွက်​နေ​ရ​သည်​ဖြစ်၍ သင်​တို့​ထံ မ​လာ​နိုင်​။ သင်​တို့​ထံ​လာ​ခြင်း​ဖြင့် အဘယ်ကြောင့် ကိုယ့်​အလုပ်​ကို ရပ်​ထား​ရ​မည်နည်း​”​ဟု အကြောင်းပြန်​လိုက်​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 4,
      "text": "သူ​တို့​သည် ငါ့​ထံသို့ ထို​သတင်း​ကို လေး​ကြိမ်​တိုင်တိုင် ပို့လာ​၏​။ ငါ​က​လည်း ယခင်​အတိုင်း​သာ ပြန်ပြော​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 5,
      "text": "သမ္ဘာလတ်​သည် ယခင်​ကဲ့သို့ သူ့​လက်အောက်ငယ်သား​ကို ငါ့​ထံ ငါး​ကြိမ်​မြောက်​စေလွှတ်​၏​။ ထို​ငယ်သား​လက်​ထဲတွင်​လည်း တံဆိပ်​မ​ခတ်​ထား​သော​စာ ပါလာ​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 6,
      "text": "ထို​စာ​တွင် “​သင်​နှင့်​ဂျူး​လူမျိုး​တို့​သည် ပုန်ကန်​ရန်​အကြံ​ရှိ​ကြောင်း လူမျိုးခြား​တို့​နှင့်တကွ ဂေရှင်​ပါ ပြော​လေ​ပြီ​။ ဤ​သတင်း​အရ သင်​သည် ဂျူး​လူမျိုး​၏​ဘုရင်​ဖြစ်​လို​သောကြောင့် ဤ​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ပြီ​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 7,
      "text": "သင်​သည် သင့်ကိုယ်သင်​ရည်ညွှန်း​၍ ‘​ယုဒ​ပြည်​၌ ရှင်ဘုရင်​ရှိ​သည်​’​ဟု ဂျေရုဆလင်​မြို့​တွင် ဟောပြော​စေရန် ပရောဖက်​တို့​ကို​ခန့်ထား​ပြီ​။ ထို​သတင်း​ကို ရှင်ဘုရင်​အား ကြားလျှောက်​ကောင်း ကြားလျှောက်​ကြ​လိမ့်မည်​။ သို့ဖြစ်၍ ယခု လာ​ပါ​။ ငါ​တို့​အတူတကွ ဆွေးနွေး​ကြ​စို့​”​ဟု ပါရှိ​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 8,
      "text": "ငါ​က​လည်း သူ့​ထံ လူ​လွှတ်​၍ “​သင်​ဆို​သည့်​အတိုင်း ဖြစ်လာ​မည်​မ​ဟုတ်​။ ဤ​စကား​များ​သည် သင့်​စိတ်ကူး​ဖြင့် လုပ်ကြံ​ပြောဆို​ခြင်း​သာ ဖြစ်​၏​”​ဟု အကြောင်းပြန်ကြား​လိုက်​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 9,
      "text": "သူ​တို့​က ငါ​တို့​ကို ခြိမ်းခြောက်​ပြီး “​သူ​တို့​အလုပ်​ကို လက်စ​မ​သတ်​နိုင်​ဘဲ အားလျော့​သွား​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အို အဖ​၊ အကျွန်ုပ်​ကို ခွန်အား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 10,
      "text": "မဟေတဗေလ​၏​မြေး​၊ ဒေလာယ​၏​သား​ရှေမာယ​သည် အိမ်​ထဲ၌ ပုန်းအောင်း​နေ​သဖြင့် ငါ​သည် သူ့​ဆီသို့​သွား​၏​။ ထိုအခါ သူ​က “​ဗိမာန်တော်​အတွင်း ဘုရားသခင်​၏​အိမ်​တော်​မှာ နေ​ကြ​စို့​။ ဗိမာန်တော်​တံခါး​များ​လည်း ပိတ်​ထား​ကြ​စို့​။ အကြောင်းမှာ သင့်​ကို လာ​သတ်​ကြ​လိမ့်မည်​။ ညအချိန်​မှာ သင့်​ကို လာ​သတ်​ကြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ ငါ​က “​ငါ​ကဲ့သို့သော​လူ​က ပြေးပုန်း​ရ​မည်လော​။ အသက်ချမ်းသာ​ရာ​ရ​ရန် ဗိမာန်တော်​ထဲ ဝင်ပုန်း​ရ​မည်လော​။ ငါ​မ​ဝင်​နိုင်​ပါ​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 12,
      "text": "ရှေမာယ​သည် ဘုရားသခင်​စေလွှတ်​၍​မ​ဟုတ်​၊ တောဘိ​နှင့်​သမ္ဘာလတ်​တို့​က ငှားရမ်း​ထား​သူ​ဖြစ်​သဖြင့် ငါ့​ကို ဆန့်ကျင်​ပြီး ပရောဖက်ပြု​နေ​သည်​ကို ငါ​ကောင်းကောင်း​သိ​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 13,
      "text": "ငါ​ကြောက်ရွံ့​ပြီး သူ​ဆို​သည့်​အတိုင်း​ပြု​မည်​ဆို​လျှင် ငါ​သည် အပြစ်ပြု​မိ​မည်​။ သို့ဖြစ်လျှင် ငါ့​နာမည်​ပျက်​၍ သူ​တို့​ကဲ့ရဲ့ရှုတ်ချ​နိုင်​မည်​။ ထို့အတွက် ရှေမာယ​ကို ငှားရမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 14,
      "text": "သို့ဖြစ်၍ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ တောဘိ​နှင့် သမ္ဘာလတ်​တို့​၏​လုပ်ရပ်​ကို မှတ်​တော်မူ​ပါ​။ ပရောဖက်မ နောဒိ​နှင့် ကျန်​ပရောဖက်​တို့​၏​ခြိမ်းခြောက်​မှု​ကို​လည်း မှတ်​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 15,
      "text": "ဤသို့ဖြင့် ရက်​ပေါင်း​ငါးဆယ့်​နှစ်​ရက်​အကြာ​၊ ဧလုလ​၊ နှစ်ဆယ့်​ငါး​ရက်​နေ့​တွင် မြို့ရိုး​ကို အပြီးသတ်​တည်ဆောက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 16,
      "text": "ထို​အကြောင်း​ကို ရန်သူ​တို့​ကြား​၍ ငါ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့ မြင်​သောအခါ အလွန်အမင်း​မျက်စိ​မျက်နှာပျက်​လေ​၏​။ အကြောင်းမှာ ဤ​အမှု​ကို ငါ​တို့​ဘုရားသခင် ပြု​တော်မူ​ကြောင်း သူ​တို့ ကောင်းကောင်း​သိမြင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 17,
      "text": "ထို​နေ့ရက်​တို့​၌ ယုဒ​ခေါင်းဆောင်​တို့​သည် တောဘိ​ထံသို့ စာလွှာ​များ​ရေးပို့​၍ တောဘိ​က​လည်း သူ​တို့​ထံ စာပြန်​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 18,
      "text": "တောဘိ​သည် အာရာ​၏​သား​ဖြစ်​သော​ရှေခနိ​၏​သမက်​ဖြစ်​သည်​သာမက သူ့​သား​ယေဟောဟနန်​သည် ဗေရခိ​၏​သား​ဖြစ်​သူ​မေရှုလံ​၏​သမီး​နှင့် စုံဖက်​သောကြောင့် ယုဒ​လူ​အများအပြား​တို့​က သူ့​ထံ သစ္စာခံ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 19,
      "text": "သူ​တို့​က တောဘိ​ကောင်း​ကြောင်း​ကို ငါ့​အား​ပြောပြ​၍ ငါ​ပြော​သော​စကား​တို့​ကို တောဘိ​အား ပြန်ပြော​ကြ​၏​။ ထိုအခါ တောဘိ​သည် ငါ့​အား ခြိမ်းခြောက်​စာ​များ​ကို ပို့​လေ့​ရှိ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 1,
      "text": "မြို့ရိုး​ကို​လက်စသတ်​ပြီး​သောအခါ ငါ​သည် တံခါး​များ​ကို တပ်ဆင်​၍ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ လေဝိ​အမျိုး​များ​ကို တာဝန်​ခွဲဝေ​ခန့်အပ်​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 2,
      "text": "ငါ့​ညီ​ဟာနနိ​နှင့် ရဲတိုက်မှူး​ဟာနနိယ​တို့​အား ဂျေရုဆလင်​မြို့​ကို အုပ်ချုပ်​ရန် ခန့်အပ်​၏​။ ဟာနနိယ​သည် သစ္စာရှိ​သော​သူ​၊ အခြားသူ​တို့​ထက် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 3,
      "text": "ငါ​က သူ​တို့​အား “​နေ​မ​မြင့်​မ​ချင်း ဂျေရုဆလင်​မြို့​တံခါး​ကို မ​ဖွင့်​နှင့်​။ တံခါးစောင့်​တို့​သည် တာဝန်ချိန်​တွင် တံခါး​များ​ကို​ပိတ်​၍ ချက်​များ​ကို ချထား​ရ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​သည် ကိုယ့်​အိမ်​ရှေ့​၊ ကိုယ့်​ကင်းတဲ​၌ အစောင့်​များ​ကို ချထား​ရ​မည်​”​ဟု မှာထား​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 4,
      "text": "မြို့​သည်​ကြီးမား​ကျယ်ဝန်း​၍ နေထိုင်သူ အနည်းငယ်​သာ ရှိ​၏​။ အိမ်​များ​လည်း ပြန်လည်​မ​ဆောက်​ရ​သေး​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 5,
      "text": "ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် လူ​များ​ကို စုဝေး​၍ မျိုးရိုးစဉ်ဆက်​စာရင်းကောက်​ရန် ဘုရားသခင်​သည် ငါ့​စိတ်​ကို​နှိုးဆော်​၏​။ ထို့ကြောင့် ပထမဆုံး​ပြန်လည်​ရောက်ရှိ​လာ​သူ​တို့​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို စစ်ဆေး​ရာ စာရင်း​တွင် ဤသို့​ရေးသွင်း​ထား​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 6,
      "text": "ဤ​သူ​တို့​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ပြီးနောက် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ဘေဘီလုံ​ပြည်​မှ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၊ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 7,
      "text": "ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ အာဇရိ​၊ ရာမိ​၊ နာဟမာနိ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပေရက်​၊ ဗိဂဝဲ​၊ နေဟုံ​၊ ဗာနာ​တို့​နှင့်အတူ လိုက်ပါ​လာ​သော​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 8,
      "text": "ပါရုတ်​သားမြေး နှစ်ထောင့်​တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 9,
      "text": "ရှေဖတိ​သားမြေး သုံး​ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 10,
      "text": "အာရာ​သားမြေး ခြောက်​ရာ​ငါးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 11,
      "text": "ယေရွှာ​နှင့် ယွာဘ​သားမြေး​တို့​မှ​ဆင်းသက်​လာ​သော ပါဟတ်မောဘ​သားမြေး နှစ်ထောင့်​ရှစ်​ရာ​တစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 12,
      "text": "ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 13,
      "text": "ဇတ္တု​သားမြေး ရှစ်​ရာ​လေးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 14,
      "text": "ဇက္ခဲ​သားမြေး အယောက်​ခုနစ်​ရာ့​ခြောက်ဆယ်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 15,
      "text": "ဗိနွိ​သားမြေး ခြောက်​ရာ​လေးဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 16,
      "text": "ဗေဗဲ​သားမြေး ခြောက်​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 17,
      "text": "အာဇဂဒ်​သားမြေး နှစ်ထောင့်​သုံး​ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 18,
      "text": "အဒေါနိကံ​သားမြေး ခြောက်​ရာ​ခြောက်ဆယ့်​ခုနစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 19,
      "text": "ဗိဂဝဲ​သားမြေး နှစ်ထောင့်​ခြောက်ဆယ့်​ခုနစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 20,
      "text": "အာဒိန်​သားမြေး ခြောက်​ရာ​ငါးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 21,
      "text": "ဟေဇကိ​အမျိုး​မှ ဆင်းသက်​လာ​သော အာတာ​သားမြေး ကိုးဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 22,
      "text": "ဟာရှုံ​သားမြေး သုံး​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 23,
      "text": "ဗေဇဲ​သားမြေး သုံး​ရာ​နှစ်ဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 24,
      "text": "ဟာရိပ်​သားမြေး တစ်ရာ​တစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 25,
      "text": "ဂိဗောင်​သားမြေး ကိုးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 26,
      "text": "ဗက်လင်​မြို့သား​နှင့် နေတောဖ​မြို့သား​ပေါင်း တစ်ရာ​ရှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 27,
      "text": "အာနသုတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 28,
      "text": "ဗေသာဇမာဝက်​မြို့သား လေးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 29,
      "text": "ကိရယတ်ယာရိမ်​မြို့သား​၊ ခေဖိရ​မြို့သား​၊ ဗေရုတ်​မြို့သား​ပေါင်း ခုနစ်​ရာ​လေးဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 30,
      "text": "ရာမ​မြို့သား​နှင့် ဂေဗ​မြို့သား​ပေါင်း ခြောက်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 31,
      "text": "မိတ်မတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 32,
      "text": "ဗေသလ​မြို့သား​နှင့် အာဣ​မြို့သား​ပေါင်း တစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 33,
      "text": "အခြား​နေဗော​မြို့သား ငါးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 34,
      "text": "အခြား​ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 35,
      "text": "ဟာရိမ်​သားမြေး အယောက်​သုံး​ရာ့​နှစ်ဆယ်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 36,
      "text": "ဂျေရိခေါ​မြို့သား သုံး​ရာ​လေးဆယ့်​ငါး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 37,
      "text": "လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား​ပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 38,
      "text": "သေနာ​မြို့သား အယောက်​သုံး​ထောင်​ကိုး​ရာ့​သုံးဆယ်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 39,
      "text": "ယဇ်ပုရောဟိတ်​များ​ကား ယေရွှာ​အမျိုး​မှ​ဆင်းသက်​လာ​သော ယေဒါယ​သားမြေး ကိုး​ရာ​ခုနစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 40,
      "text": "ဣမေရ​သားမြေး တစ်ထောင့်​ငါးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 41,
      "text": "ပါရှုရ​သားမြေး တစ်ထောင့်​နှစ်ရာ​လေးဆယ့်​ခုနစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 42,
      "text": "ဟာရိမ်​သားမြေး တစ်ထောင့်​တစ်ဆယ့်​ခုနစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 43,
      "text": "လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 44,
      "text": "သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​လေးဆယ့်​ရှစ်​ယောက်​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 45,
      "text": "တံခါးစောင့်​တို့​တွင် ရှလ္လုံ​သားမြေး​၊ အာတာ​သားမြေး​၊ တာလမုန်​သားမြေး​၊ အက္ကုပ်​သားမြေး​၊ ဟတိတ​သားမြေး​၊ ရှောဗဲ​သားမြေး​ပေါင်း တစ်ရာ​သုံးဆယ့်​ရှစ်​ယောက် ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 46,
      "text": "ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 47,
      "text": "ကေရုတ်​သားမြေး​၊ သယ​သားမြေး​၊ ပါဒုန်​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 48,
      "text": "လေဗန​သားမြေး​၊ ဟာဂဘ​သားမြေး​၊ ရှာလမဲ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 49,
      "text": "ဟာနန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊ ဂါဟာ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 50,
      "text": "ရာယ​သားမြေး​၊ ရေဇိန်​သားမြေး​၊ နေကောဒ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 51,
      "text": "ဂဇ္ဇမ်​သားမြေး​၊ ဩဇ​သားမြေး​၊ ပါသာ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 52,
      "text": "ဗေသဲ​သားမြေး​၊ မဟုနိမ်​သားမြေး​၊ နေဖိရှေသိမ်​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 53,
      "text": "ဗာကဗုတ်​သားမြေး​၊ ဟကုဖ​သားမြေး​၊ ဟာရဟုရ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 54,
      "text": "ဗာဇလိတ်​သားမြေး​၊ မဟိဒ​သားမြေး​၊ ဟာရရှ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 55,
      "text": "ဗာရကုတ်​သားမြေး​၊ သိသရ​သားမြေး​၊ တာမ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 56,
      "text": "နေဇိ​သားမြေး​၊ ဟတိဖ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 57,
      "text": "ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​တွင် သောတဲ​သားမြေး​၊ သောဖရက်​သားမြေး​၊ ပေရိဒ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 58,
      "text": "ယာလ​သားမြေး​၊ ဒါကုန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 59,
      "text": "ရှေဖတိ​သားမြေး​၊ ဟတ္တိလ​သားမြေး​၊ ပေါခရက်​ဇေဗိမ်​သားမြေး​၊ အာမုန်​သားမြေး​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 60,
      "text": "ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ စုစုပေါင်း သုံး​ရာ​ကိုးဆယ့်​နှစ်​ယောက် ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 61,
      "text": "မည်သည့်​ဘိုးဘေး​အိမ်ထောင်စု​ထဲမှ​ဆင်းသက်​လာ​သည်​ကို သက်သေ​မ​ပြ​နိုင်​၊ အစ္စရေး​လူမျိုး​ထဲမှ ဟုတ်​၊ မ​ဟုတ် မ​သေချာ​ဘဲ တေလမေလ​မြို့​၊ တေလဟာရရှ​မြို့​၊ ခေရုပ်​မြို့​၊ အဒ္ဒုန်​မြို့​၊ ဣမေရ​မြို့​တို့​မှ လိုက်ပါ​လာ​သူ​များ​မှာ"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 62,
      "text": "ဒေလာယ​သားမြေး​၊ တောဘိ​သားမြေး​၊ နေကောဒ​သားမြေး စုစုပေါင်း ခြောက်​ရာ​လေးဆယ့်​နှစ်​ယောက် ရှိ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 63,
      "text": "ယဇ်ပုရောဟိတ်​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို စုံဖက်​၍ ထို​နာမည်​ကို ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 64,
      "text": "သူ​တို့​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် မိမိ​တို့​မျိုးရိုး​ကို​ရှာ​သော်လည်း မ​တွေ့​သဖြင့် ယဇ်ပုရောဟိတ်​အရိုက်အရာ​မှ ဖယ်ရှား​ခြင်း​ခံရ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 65,
      "text": "ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 66,
      "text": "ဤသို့​လိုက်ပါ​လာ​သော​လူထုကြီး​မှာ စုစုပေါင်း လေး​သောင်း​နှစ်ထောင်​သုံး​ရာ​ခြောက်ဆယ် ရှိ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 67,
      "text": "ထို့ပြင် သူ​တို့​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်​ထောင့်​သုံး​ရာ​သုံးဆယ့်​ခုနစ်​ယောက်​နှင့် သီချင်းသည်​ယောက်ျား​၊ သီချင်းသည်​မိန်းမ စုစုပေါင်း နှစ်ရာ​လေးဆယ့်​ငါး​ယောက်​တို့​လည်း ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 68,
      "text": "မြင်း ခုနစ်​ရာ​သုံးဆယ့်​ခြောက်​ကောင်​၊ လား နှစ်ရာ​လေးဆယ့်​ငါး​ကောင် ​၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 69,
      "text": "ကုလားအုတ် လေး​ရာ​သုံးဆယ့်​ငါး​ကောင်​၊ မြည်း အကောင်​ခြောက်​ထောင်​ခုနစ်​ရာ့​နှစ်ဆယ်​လည်း ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 70,
      "text": "အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ပြန်လည်​တည်ဆောက်မှု​လုပ်ငန်း​အတွက် ပေးလှူ​ကြ​၏​။ ဘုရင်ခံ​သည်​လည်း ရွှေ​ဒင်္ဂါးပြား တစ်ထောင်​၊ အင်တုံ ငါးဆယ်​၊ ယဇ်ပုရောဟိတ်​ဝတ်စုံ ငါး​ရာ​သုံးဆယ်​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 71,
      "text": "အိမ်ထောင်စု​အကြီးအမှူး​အချို့​တို့​သည် ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင့်​နှစ်ရာ ​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 72,
      "text": "အခြားသူ​တို့​က​လည်း ရွှေ​ဒင်္ဂါးပြား​နှစ်သောင်း​၊ ငွေ​မိနာ့​နှစ်ထောင် ​၊ ယဇ်ပုရောဟိတ်​ဝတ်စုံ ခြောက်ဆယ့်​ခုနစ်​စုံ​ကို ပေးလှူ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 73,
      "text": "ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ပြည်သား​အချို့​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​သို့ ပြန်လာ​နေထိုင်​ကြ​၏​။ ခုနစ်​လ​မြောက်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ကိုယ့်​မြို့​ကိုယ့်​ရွာ​တွင် အခြေတကျ​ဖြစ်လာ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 1,
      "text": "လူ​အပေါင်း​တို့​သည် ရေ​တံခါး​ရှေ့​ရှိ​ကွင်းပြင်​တွင် တစ်စိတ်တစ်သဘောတည်း​စုရုံး​လာ​ကြ​ပြီး မောရှေ​အားဖြင့် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​သော ပညတ်တရား​ကျမ်း​ကို ယူဆောင်​ခဲ့​ရန် ကျမ်းပြုဆရာ​ဧဇရ​အား တောင်းဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 2,
      "text": "ခုနစ်​လ​ပိုင်း ပထမ​နေ့​တွင် ယဇ်ပုရောဟိတ်​ဧဇရ​သည် နားထောင်​၍​နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​ရှိ​ရာ​သို့ ပညတ်တရားကျမ်း​ကို​ယူလာ​၍"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 3,
      "text": "ရေ​တံခါး​ရှေ့​ရှိ​ကွင်းပြင်​တွင် မိုးလင်းချိန်​မှစ၍ မွန်းတည့်ချိန်​တိုင်အောင် နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​တို့​ရှေ့​၌ ဖတ်ပြ​၏​။ လူ​အပေါင်း​တို့​က​လည်း ထို​ပညတ်တရား​ကျမ်း​ကို စိတ်ဝင်တစား​နားထောင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 4,
      "text": "ကျမ်းဖတ်​ရန်​အတွက် သူ​တို့​ပြုလုပ်​ထား​သော သစ်သား​စင်မြင့်​ပေါ်တွင် ကျမ်းပြုဆရာ​ဧဇရ ရပ်​၏​။ သူ​၏​လက်ယာ​ဘက်​ဘေး​တွင် မတ္တိသိ​၊ ရှေမာ​၊ အနာယ​၊ ဥရိယ​၊ ဟိလခိ​၊ မာသေယ​တို့ ရပ်​နေ​၍ သူ​၏​လက်ဝဲ​ဘက်​ဘေး​တွင် ပေဒါယ​၊ မိရှေလ​၊ မာလခိယ​၊ ဟာရှုံ​၊ ဟာရှဗဒါန​၊ ဇာခရိ​၊ မေရှုလံ​တို့ ရပ်​နေ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 5,
      "text": "ဧဇရ​သည် လူ​အပေါင်း​တို့​ထက်​မြင့်​သော​နေရာ​တွင်​ရပ်​၍ လူ​အပေါင်း​တို့​ရှေ့​တွင် ကျမ်းစာအုပ်​ကို​ဖွင့်​လိုက်​၏​။ ထိုသို့ ကျမ်းစာအုပ်​ကို​ဖွင့်လိုက်​သောအခါ လူ​အပေါင်း​တို့​သည် မတ်တတ်ရပ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 6,
      "text": "ဧဇရ​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​သောအခါ လူ​အပေါင်း​တို့​သည် လက်​ကို​မြှောက်​လျက် “​အာမင် အာမင်​”​ဟု ဝန်ခံ​ကြ​၏​။ ထို့နောက် မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 7,
      "text": "လူ​အပေါင်း​တို့ ရပ်​နေ​ကြ​စဉ် ယေရွှာ​၊ ဗာနိ​၊ ရှေရဘိ​၊ ယာမိန်​၊ အက္ကုပ်​၊ ရှဗ္ဗေသဲ​၊ ဟောဒိယ​၊ မာသေယ​၊ ကေလိတ​၊ အာဇရိ​၊ ယောဇဗဒ်​၊ ဟာနန်​၊ ပေလာယ​နှင့်​လေဝိ​သား​တို့​သည် လူ​တို့​အား ပညတ်တရား​ကို​နားလည်​အောင်​ရှင်းပြ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 8,
      "text": "ထိုသို့ ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​ကို သေသေချာချာ​ဖတ်ပြ​၍ အဓိပ္ပာယ်​ကို​ရှင်းပြ​သဖြင့် သူ​တို့​ဖတ်ပြ​သည်​ကို လူ​အပေါင်း​တို့ နားလည်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 9,
      "text": "လူ​အပေါင်း​တို့​သည် ပညတ်တရား​စကား​များ​ကို ကြား​ရ​သောအခါ ငိုကြွေး​ကြ​၏​။ ထို့ကြောင့် ဘုရင်ခံ​နေဟမိ​၊ ကျမ်းပြုဆရာ​ယဇ်ပုရောဟိတ်​ဧဇရ​နှင့် လူ​တို့​အား အဓိပ္ပာယ်​ကို​ရှင်းပြ​သော​လေဝိ​သား​တို့​က “​ယနေ့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​နေ့ ဖြစ်​၏​။ ထို့ကြောင့် မ​ညည်းတွား​ကြ​နှင့်​၊ မ​ငိုကြွေး​ကြ​နှင့်​”​ဟု လူ​အပေါင်း​တို့​အား ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 10,
      "text": "ထို့နောက် နေဟမိ​က လူ​တို့​အား “​ချိုမြိန်​သော​စားကောင်းသောက်ဖွယ်​တို့​ကို သွား​၍ စား​သောက်​ကြ​လော့​။ စားသောက်စရာ​မ​ရှိ​သူ​တို့​အား ဝေငှ​ပေး​လော့​။ ယနေ့​သည် ငါ​တို့​အရှင်သခင်​အဖို့ သန့်ရှင်း​သော​နေ့​ဖြစ်​၍ ဝမ်း​မ​နည်း​ကြ​နှင့်​။ ထာဝရဘုရား​ထံ​တော်​မှ ဝမ်းမြောက်​ခြင်း​သည် သင်​တို့​အဖို့ ခွန်အား​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 11,
      "text": "လေဝိ​သား​တို့​က​လည်း လူ​အပေါင်း​တို့​အား “​ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ဝမ်း​မ​နည်း​ကြ​နှင့်​။ ယနေ့​သည် သန့်ရှင်း​သော​နေ့​ဖြစ်​၏​”​ဟု နှစ်သိမ့်​ပေး​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 12,
      "text": "လူ​အပေါင်း​တို့​သည်​လည်း သူ​တို့​အား ရှင်းပြ​သော​စကား​များ​ကို ကောင်း​စွာ​နားလည်​သဖြင့် စား​သောက်​ရန်​၊ အစားအစာ​ဝေငှ​ရန်​နှင့် ပျော်ပွဲရွှင်ပွဲ​ကြီး​ကျင်းပ​ရန် ထွက်သွား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 13,
      "text": "ဒုတိယ​နေ့​တွင် လူ​အပေါင်း​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​သည် ပညတ်တရား​စကား​များ​ကို လေ့လာသင်ယူ​ရန် ကျမ်းပြုဆရာ​ဧဇရ​ထံ စုဝေး​လာ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 14,
      "text": "မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပညတ်တရားကျမ်း​၌ သတ္တမ​လ​ပွဲခံ​ချိန်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ယာယီတဲ​၌​နေ​ရ​ကြ​မည်​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 15,
      "text": "ထို့ကြောင့် သူ​တို့​က “​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲ​ကို ဆောက်​ဖို့​ရန် တောင်​ပေါ်သို့​သွား​၍ သံလွင်ခက်​၊ ထင်းရှူးခက်​၊ မုရတု​ခက်​၊ စွန်ပလွံခက်​မှစ၍ အရွက်ဝေဆာ​သော​သစ်ခက်​တို့​ကို ယူလာ​ကြ​လော့​”​ဟူသော​သတင်း​ကို ဂျေရုဆလင်​မြို့​မှစ၍ မြို့ရွာ​ရှိသမျှ​အနှံ့ ကြေညာ​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 16,
      "text": "ထို့ကြောင့် လူ​တို့​သည် ထွက်သွား​၍ သစ်ခက်​များ​ကို​ယူဆောင်​လာ​ကြ​ပြီး မိမိ​တို့​အိမ်ခေါင်မိုးပြင်​၊ အိမ်ဝင်း​အတွင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ဝင်း​အတွင်း​၊ ရေ​တံခါး​ရှေ့​ကွင်းပြင်​၊ ဧဖရိမ်​တံခါး​ရှေ့​ကွင်းပြင် စသည်​တို့​၌ ယာယီတဲ​ကို ဆောက်လုပ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 17,
      "text": "သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍​ပြန်လာ​သော​လူအုပ်ကြီး​က​လည်း ယာယီတဲ​များ​ကို​ဆောက်လုပ်​၍ ထို​တဲ​များ​တွင် နေထိုင်​ကြ​၏​။ နုန်​၏​သား​ယောရှု​လက်ထက်​မှစ၍ ဤ​နေ့ရက်​အထိ အစ္စရေး​အမျိုးသား​တို့​သည် ထိုသို့ မ​ကျင်းပ​ဖူး​သောကြောင့် လွန်စွာ​အားရဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 18,
      "text": "ပွဲတော်​ပထမ​ရက်​မှစ၍ နောက်ဆုံး​ရက်​အထိ ဧဇရ​သည် ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​ကို နေ့စဉ်​ဖတ်ပြ​၏​။ ပွဲတော်​ကို ခုနစ်​ရက်​ပတ်လုံး​ကျင်းပ​ပြီး ရှစ်​ရက်​မြောက်​သော​နေ့​တွင် စီရင်ထုံးဖွဲ့ချက်​အတိုင်း ဓမ္မစည်းဝေးပွဲ​ကြီး​ကို ကျင်းပ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 1,
      "text": "ထို​လ နှစ်ဆယ့်​လေး​ရက်​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အစာရှောင်​လျက်​၊ လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ ခေါင်း​ပေါ်မှာ မြေမှုန့်​ကို​တင်​လျက် စုဝေး​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 2,
      "text": "အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုင်းတစ်ပါးသား​တို့​နှင့် ခပ်ခွာခွာ​နေ​၍ ရပ်​လျက် မိမိ​တို့​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​များ​ကို ဝန်ချတောင်းပန်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 3,
      "text": "သူ​တို့​သည် ကိုယ်​ရှိ​ရာ​နေရာ​၌ ရပ်​လျက် နေ့​တစ်​နေ့​၏​လေးပုံတစ်ပုံ​တွင် ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တရား​ကျမ်း​ကို ဖတ်​ပြီး နောက်​လေးပုံတစ်ပုံ​တွင် အပြစ်​များ​ကို​ဝန်ချတောင်းပန်​ကာ ဘုရားသခင်​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 4,
      "text": "ထို့နောက် ယေရွှာ​၊ ဗာနိ​၊ ကပ်မျေလ​၊ ရှေဗနိ​၊ ဗုန္နိ​၊ ရှေရဘိ​၊ ဗာနိ​၊ ခေနနိ​တို့​သည် လေဝိ​အမျိုး​တို့​၏​စင်​ပေါ်တွင်​ရပ်​၍ ဘုရားသခင်​ထာဝရဘုရား​ထံ ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ဆုတောင်း​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 5,
      "text": "လေဝိ​အမျိုး ယေရွှာ​၊ ကပ်မျေလ​၊ ဗာနိ​၊ ဟာရှဗနိ​၊ ရှေရဘိ​၊ ဟောဒိယ​၊ ရှေဗနိ​၊ ပေသဟိ​တို့​က “​မတ်တတ်ရပ်​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ဘုန်းကြီး​သော​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ဂုဏ်ပြု​ခြင်း​၊ ချီးမွမ်း​ခြင်း​ရှိသမျှ​တို့​ထက် ချီးမြှောက်​ကြ​လော့​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 6,
      "text": "ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ထာဝရဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​၊ အမြင့်ဆုံးသောကောင်းကင်​နှင့်​ကောင်းကင်တန်ဆာ​အားလုံး​၊ မြေကြီး​နှင့်​မြေကြီး​တန်ဆာ​အားလုံး​၊ ပင်လယ်​နှင့်​ပင်လယ်တန်ဆာ​အားလုံး​ကို ဖန်ဆင်း​တော်မူ​၍ ထို​အရာ​အားလုံး​ကို​လည်း အသက်ရှင်​စေ​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 7,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အာဗြံ​ကို​ရွေးကောက်​တော်မူ​၍ သူ့​ကို ခါလဒဲ​ပြည် ဥရ​မြို့​မှ​ထုတ်ဆောင်​ခဲ့​ပြီး အာဗြဟံ​ဟူသော​အမည်​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 8,
      "text": "သူ​သည် ရှေ့​တော်​တွင် စိတ်သဘော​ဖြောင့်မှန်​သော​သူ​ဖြစ်ကြောင်း ကိုယ်တော်​တွေ့မြင်​သဖြင့် ခါနာန်​ပြည်​၊ ဟိတ္တိ​ပြည်​၊ အာမောရိ​ပြည် ၊ ဖေရဇိ​ပြည်​၊ ယေဗုသိ​ပြည်​၊ ဂိရဂါရှိ​ပြည်​တို့​ကို သူ​၏​သားစဉ်မြေးဆက်​တို့​အား​ပေး​ရန် သူ​နှင့်​ပဋိညာဉ်​ပြု​တော်မူ​၏​။ ကိုယ်တော်​သည်​လည်း ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ ကတိ​တော်​ကို​တည်​စေ​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 9,
      "text": "အီဂျစ်​ပြည်​တွင် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ဖိစီးနှိပ်စက်မှု​ခံရ​သည်​ကို ကိုယ်တော်​သိမြင်​တော်မူ​ပါ​၏​။ ဧဒုံ​ပင်လယ်​နား​တွင် သူ​တို့​၏​အော်ဟစ်သံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 10,
      "text": "ဖာရော​မင်းကြီး​အပါအဝင် သူ​၏​အစေအပါး​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​ကို ဆန့်ကျင်​၍ နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ကို ကိုယ်တော်​ပြ​တော်မူ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ဘိုးဘေး​တို့​အား ဖိနှိပ်ညှဉ်းဆဲ​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​၍ ကိုယ်တော်​သည် နာမ​တော်​ကို ယနေ့​တိုင် ထင်ရှား​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 11,
      "text": "သူ​တို့​ရှေ့​၌​ပင် ကိုယ်တော်​သည် ပင်လယ်​ကို​ခွဲ​တော်မူ​၍ ပင်လယ်​အလယ် ခြောက်သွေ့​သော​မြေ​ပေါ်တွင် သူ​တို့​ကို ဖြတ်ကူး​စေ​၏​။ သူ​တို့​ကို လိုက်​သော​သူ​တို့​အား ကျောက်တုံး​ကို ရေနက်​ထဲ​ပစ်ချ​သကဲ့သို့ ပင်လယ်နက်​ထဲသို့​ပစ်ချ​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 12,
      "text": "ထို့ပြင် သူ​တို့​အား နေ့​အချိန်​၌ မိုးတိမ်​တိုင်​ဖြင့်​လည်းကောင်း​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင် အလင်း​ရ​ဖို့ မီး​တိုင်​ဖြင့်​လည်းကောင်း ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 13,
      "text": "ကိုယ်တော်​သည် သိနာ​တောင်​ပေါ်သို့​ကြွဆင်း​တော်မူ​၏​။ သူ​တို့​အား ကောင်းကင်​မှ​နှုတ်မြွက်​တော်မူ​၏​။ သူ​တို့​အား ဖြောင့်မှန်​သော​စီရင်ထုံးဖွဲ့ချက်​၊ မှန်ကန်​သော​တရား​၊ ကောင်းမြတ်​သော​ပြဋ္ဌာန်းချက်​နှင့် ပညတ်ချက်​တို့​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 14,
      "text": "သူ​တို့​အား ကိုယ်တော်​၏​သန့်ရှင်းမြင့်မြတ်​သော​ဥပုသ်နေ့​ကို သိ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​မှတစ်ဆင့် ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ တရားတော်​များ​ကို ပေးအပ်​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 15,
      "text": "သူ​တို့​ဆာလောင်​သောအခါ သူ​တို့​အား ကောင်းကင်​မှ​မုန့်​ကို ချပေး​တော်မူ​၏​။ သူ​တို့​ရေဆာ​သောအခါ ကျောက်​ထဲမှ​ရေ​ကို ထွက်​စေ​တော်မူ​၏​။ ထို​ပြည်​ကို သူ​တို့​အား ပေး​မည်​ဟု ကျိန်ဆို​ထား​သည့်​အတိုင်း ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရန် မိန့်​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 16,
      "text": "သို့သော် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​သည် အတင့်ရဲ​၍ ခေါင်းမာ ​ကြ​၏​။ ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​နာခံ​ကြ​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 17,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​စကား​ကို နားမထောင်​။ သူ​တို့​အလယ်​တွင် ပြု​တော်မူ​သော အံ့ဖွယ်​အမှု​တို့​ကို​မ​အောက်မေ့​ဘဲ ခေါင်းမာ ​လျက် ကိုယ်တော်​ကို ပုန်ကန်​ကြ​၍ ကျွန်ခံ​ရာ​ပြည်​သို့​ပြန်​ရန် ခေါင်းဆောင်​ကို​ခန့်ထား​ကြ​၏​။ သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တတ်​သော​၊ ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​တော်​ကြီးမား​သော​ဘုရား​ဖြစ်​တော်မူ​၍ သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​ခဲ့​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 18,
      "text": "ထို့ပြင် သူ​တို့​သည် နွားသငယ်​ရုပ်တု​ကို သွန်းလုပ်​၍ ‘​ဤ​ဘုရား​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရား​ဖြစ်​သည်​’​ဟု ပြောဆို​လျက် လွန်စွာ​ပြစ်မှားစော်ကား​ကြ​သော်လည်း"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 19,
      "text": "ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 20,
      "text": "သူ​တို့​အား​လမ်းပြသွန်သင်​ပေး​ရန် ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​ကို ချပေး​တော်မူ​၏​။ ကိုယ်တော်​၏​မန္နမုန့်​ကို သူ​တို့​ပါးစပ်​နှင့်​မ​ပြတ်​စေ​ဘဲ ရေဆာ​သောအခါ​တွင်​လည်း ရေ​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 21,
      "text": "တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး ကျွေးမွေး​တော်မူ​သဖြင့် သူ​တို့​၌ မည်သည့် လိုအပ်​ချက်​မျှ​မ​ရှိ​။ သူ​တို့​၏​အဝတ်​များ​သည် မ​ဟောင်းနွမ်း​၊ သူ​တို့​၏​ခြေ​တို့​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 22,
      "text": "ကိုယ်တော်​သည် တိုင်းနိုင်ငံ​များ​နှင့် လူမျိုး​တို့​ကို သူ​တို့​လက်​သို့ အပ်​တော်မူ​၏​။ နယ်မြေ​ကို​လည်း သူ​တို့​အား ပိုင်းခြား​ခွဲဝေ​ပေး​တော်မူ​၏​။ သူ​တို့​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ပြည်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​ပြည်​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 23,
      "text": "သူ​တို့​၏​သားမြေး​များ​ကို မိုးကောင်းကင်​ကြယ်​ကဲ့သို့ များပြား​စေ​တော်မူ​၏​။ ဘိုးဘေး​တို့​ဝင်ရောက်​ပိုင်ဆိုင်​ရန် ကိုယ်တော်​မိန့်မှာ​သည့်​ပြည်​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 24,
      "text": "သူ​တို့​၏​သားမြေး​တို့​သည် ထို​ပြည်​ကို​ဝင်ရောက်​သိမ်းပိုက်​သောအခါ ကိုယ်တော်​သည် ထို​ပြည်သား​ခါနာန်​လူမျိုး​တို့​ကို သူ​တို့​ရှေ့​တွင်​နှိမ်နင်း​တော်မူ​၏​။ ရှင်ဘုရင်​နှင့်တကွ ပြည်သူပြည်သား​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၍ သူ​တို့​အလိုရှိ​သည့်​အတိုင်း​ပြု​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 25,
      "text": "သူ​တို့​သည် ခိုင်ခံ့​သော​မြို့​များ​နှင့် မြေဩဇာကောင်း​သော​ပြည်​ကို သိမ်းပိုက်​ကြ​၏​။ ဥစ္စာ​ရတနာ​နှင့်​ပြည့်​သော​အိမ်​များ​၊ တူး​ပြီး​သော​ရေတွင်း​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​၊ သီးစားပင်​များစွာ​ကို သိမ်းယူ​ကြ​၏​။ သူ​တို့​သည် ဝလင်​စွာ​စား​ကြ​ပြီး ဝဖြိုး​ကြ​၏​။ ကိုယ်တော်​၏​ကြီးမား​လှ​သော​ကောင်းမြတ်​ခြင်း​ကြောင့် သူ​တို့ ပျော်ရွှင်ကြည်နူး​ကြ​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 26,
      "text": "သို့သော် သူ​တို့​သည် နာခံမှု​မ​ရှိ​။ ကိုယ်တော်​ကို​ပုန်ကန်​ကြ​၏​။ ပညတ်တရား​ကို ကျောခိုင်း​ကြ​၏​။ ကိုယ်တော့်​ထံသို့​ပြန်လာ​ရန် သူ​တို့​ကို​သတိပေး​သော ကိုယ်တော်​၏​ပရောဖက်​များ​ကို​သတ်ဖြတ်​ကြ​၏​။ လွန်စွာ​ပြစ်မှားစော်ကား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 27,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​အား ရန်သူ​တို့​လက်​သို့​အပ်​သဖြင့် ရန်သူ​တို့​သည် သူ​တို့​ကို​ညှဉ်းပန်းနှိပ်စက်​လေ​၏​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ကိုယ်တော့်​ထံ​အော်ဟစ်​သဖြင့် ကိုယ်တော်​သည် ကောင်းကင်​မှ​ကြား​တော်မူ​၏​။ ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် ကယ်တင်​မည့်​သူ​များ​ကို ပြင်ဆင်​ပေး​တော်မူ​၍ သူ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်တင်​စေ​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 28,
      "text": "သူ​တို့​သည် အေးအေးချမ်းချမ်း​နေ​ရ​သောအခါ ကိုယ်တော်​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​ကြ​ပြန်​သဖြင့် သူ​တို့​ကို အုပ်ချုပ်​မည့်​ရန်သူ​တို့​လက်​သို့ အပ်လိုက်​တော်မူ​၏​။ သူ​တို့​သည် ပြန်လာ​၍ ကိုယ်တော့်​ထံ အော်ဟစ်​သောအခါ ကိုယ်တော်​သည် ကောင်းကင်​မှ နားညောင်း​တော်မူ​၏​။ ကိုယ်တော်​၏ ကရုဏာ​တော်​နှင့်အညီ သူ​တို့​ကို​အကြိမ်ကြိမ်​ကယ်နုတ်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 29,
      "text": "ပညတ်တရားတော်​ကို လိုက်နာ​ရန် ကိုယ်တော်​သည် သူ​တို့​ကို သတိပေး​ခဲ့​၏​။ သို့သော် သူ​တို့​သည် မာနထောင်လွှား​လျက် ကိုယ်တော်​၏​ပညတ်ချက်​တို့​ကို မ​နာခံ​ကြ​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော စီရင်ထုံးဖွဲ့ချက်​များ​ကို ဆန့်ကျင်​၍ အပြစ်ပြု​ကြ​၏​။ သူ​တို့​သည် ကိုယ်တော့်​ကို ကျောခိုင်း​၍ ဆန့်ကျင်ပုန်ကန်​လျက်​၊ ခေါင်းမာ ​လျက် မ​နာခံ​ဘဲ​နေ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 30,
      "text": "ကိုယ်တော်​သည် သူ​တို့​အား​နှစ်​ပေါင်း​များစွာ​သည်းခံ​တော်မူ​၍ ကိုယ်တော်​၏​ဝိညာဉ်​တော်​ခံရ​သော ပရောဖက်​များ​အားဖြင့် သူ​တို့​ကို သတိပေး​သော်လည်း ဂရု​မ​စိုက်​ကြ​သောကြောင့် သူ​တို့​ကို ဤ​ပြည်​ရှိ လူမျိုးခြား​တို့​လက်​သို့ အပ်လိုက်​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 31,
      "text": "သို့သော် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​ဘုရား​ဖြစ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို အဆုံးတိုင် မ​ဖျက်ဆီး​ခဲ့​။ သူ​တို့​ကို စွန့်ပစ်​တော်​မ​မူ​ခဲ့​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 32,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 33,
      "text": "အကျွန်ုပ်​တို့​အား ကြုံတွေ့​စေ​သော​အဖြစ်အပျက်​အလုံးစုံ​တို့​၌ ကိုယ်တော်​သည် တရား​ပါ​၏​။ ကိုယ်တော်​သည် သစ္စာရှိ​စွာ​ပြု​သော်လည်း အကျွန်ုပ်​တို့​ကား ဆိုးယုတ်​စွာ​ပြု​တတ်​ကြ​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 34,
      "text": "အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ဘိုးဘေး​များ​သည် ကိုယ်တော်​၏​ပညတ်တရား​ကို​မ​လိုက်နာ​ကြ​။ သူ​တို့​သည် ကိုယ်တော်​၏​ပညတ်တော်​များ​၊ သူ​တို့​အား​ကိုယ်တော်​ပေး​တော်မူ​သော​သက်သေ​များ​ကို​လည်း အလေး​မ​ထား​ကြ​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 35,
      "text": "သူ​တို့​သည် ကိုယ့်​နိုင်ငံ​နှင့်​ကိုယ်​နေ​ရ​ပြီး ကိုယ်တော်​ပေးသနား​တော်မူ​သော ကောင်းမြတ်​ခြင်း​အလုံးစုံ​ခံစား​ရ​လျက်​၊ ကျယ်ဝန်း​၍​မြေဩဇာ​ကောင်း​သော​ပြည်​ကို သူ​တို့​အား ပေးသနား​တော်မူ​လျက်​နှင့်​ပင် ကိုယ်တော်​ကို​ဝတ်​မ​ပြု​ကြ​၊ သူ​တို့​ပြု​သော​မကောင်းမှု​ကို​မ​စွန့်​ကြ​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 36,
      "text": "ယခု အကျွန်ုပ်​တို့​သည် ကျွန်​ဖြစ်​ရ​ကြ​ပြီ​။ ပြည်​ထွက်​သီးနှံ​များ​၊ ကောင်း​သော​အစားအစာ​များ စားသုံး​ရ​စေရန် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​အား ကိုယ်တော်​ပေး​သော​ပြည်​၌ အကျွန်ုပ်​တို့​သည် ကျွန်​ဖြစ်​ရ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 37,
      "text": "အကျွန်ုပ်​တို့​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​တို့​ကို​အုပ်ချုပ်​ရန် ကိုယ်တော်​ခန့်ထား​တော်မူ​သော​ရှင်ဘုရင်​တို့​သည် ဤ​ပြည်​ထွက်​သီးနှံ​များ​ကို အလျှံအပယ်​စားသုံး​နေ​ကြ​ရ​ပါ​၏​။ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​ကို အလိုရှိ​သည့်​အတိုင်း ခိုင်းစေ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​အကြီးအကျယ်​ခံရ​ပါ​၏”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 38,
      "text": "ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကြောင့် ငါ​တို့​သည် ပဋိညာဉ်​ကို​ရေးဆွဲ​၍ ဝန်ခံ​ကတိပြု​ကြ​၏​။ ငါ​တို့​၏​အကြီးအကဲ​များ​၊ လေဝိ​သား​များ​၊ ယဇ်ပုရောဟိတ်​များ​သည်​လည်း တံဆိပ်ခတ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 1,
      "text": "တံဆိပ်ခတ်​ရာ​တွင် ပါဝင်​သော​သူ​များ​မှာ ဟာခလိ​၏​သား ဘုရင်ခံ​နေဟမိ​နှင့် ဇေဒကိ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 2,
      "text": "စရာယ​၊ အာဇရိ​၊ ယေရမိ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 3,
      "text": "ပါရှုရ​၊ အာမရိ​၊ မာလခိယ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 4,
      "text": "ဟတ္တုတ်​၊ ရှေဗနိ​၊ မလ္လုတ်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 5,
      "text": "ဟာရိမ်​၊ မေရမုတ်​၊ ဩဗဒိ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 6,
      "text": "ဒံယေလ​၊ ဂိန္နေသုန်​၊ ဗာရုတ်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 7,
      "text": "မေရှုလံ​၊ အဘိယ​၊ မိယာမိန်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 8,
      "text": "မာဇိ​၊ ဗိလဂဲ​၊ ရှေမာယ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 9,
      "text": "ထို့ပြင် လေဝိ​အမျိုး​ဖြစ်​သော အာဇနိ​၏​သား ယေရွှာ​၊ ဟေနဒဒ်​အမျိုးအနွယ်​မှ ဗိနွိ​၊ ကပ်မျေလ တို့​လည်း​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 10,
      "text": "သူ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သော ရှေဗနိ​၊ ဟောဒိယ​၊ ကေလိတ​၊ ပေလာယ​၊ ဟာနန်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 11,
      "text": "မိက္ခာ​၊ ရဟောဘ​၊ ဟာရှဘိ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 12,
      "text": "ဇက္ကုရ​၊ ရှေရဘိ​၊ ရှေဗနိ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 13,
      "text": "ဟောဒိယ​၊ ဗာနိ​၊ ဗေနိနု တို့​လည်း​ပါဝင်​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 14,
      "text": "လူထု​အကြီးအမှူး​များ​ဖြစ်​သော ပါရုတ်​၊ ပါဟတ်မောဘ​၊ ဧလံ​၊ ဇတ္တု​၊ ဗာနိ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 15,
      "text": "ဗုန္နိ​၊ အာဇဂဒ်​၊ ဗေဗဲ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 16,
      "text": "အဒေါနိယ​၊ ဗိဂဝဲ​၊ အာဒိန်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 17,
      "text": "အာတာ​၊ ဟေဇကိ​၊ အဇ္ဇုရ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 18,
      "text": "ဟောဒိယ​၊ ဟာရှုံ​၊ ဗေဇဲ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 19,
      "text": "ဟာရိပ်​၊ အာနသုတ်​၊ နေဗဲ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 20,
      "text": "မာဂပျာရှ​၊ မေရှုလံ​၊ ဟေဇိရ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 21,
      "text": "မေရှဇဗေလ​၊ ဇာဒုတ်​၊ ယာဒွါ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 22,
      "text": "ပေလတိ​၊ ဟာနန်​၊ အနာယ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 23,
      "text": "ဟောရှေ​၊ ဟာနနိယ​၊ ဟာရှုပ်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 24,
      "text": "ဟာလောဟက်​၊ ပိလဟ​၊ ရှောဗက်​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 25,
      "text": "ရေဟုံ​၊ ဟာရှဗန​၊ မာသေယ​၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 26,
      "text": "အဟိယ​၊ ဟာနန်​၊ အာနန်"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 27,
      "text": "မလ္လုတ်​၊ ဟာရိမ်​နှင့် ဗာနာ တို့​လည်း​ပါဝင်​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 28,
      "text": "ကျန်​ပြည်သူပြည်သား​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ ဗိမာန်တော်​အစေခံ​များ​၊ ဘုရားသခင်​၏​ပညတ်တရား​အတွက် ထို​ပြည်သူပြည်သား​တို့​နှင့်​ကင်းရှင်း​စွာ​နေ​သော​သူ​အပေါင်း​နှင့် သူ​တို့​၏​မယား​များ​၊ သား​သမီး​များ​၊ သိ​နားလည်​သော​သူ​အပေါင်း​တို့​သည်"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 29,
      "text": "သူ​တို့​၏​ဆွေမျိုးသားချင်း​ခေါင်းဆောင်​များ​နှင့်အတူ ဘုရားသခင်​၏​အစေအပါး​မောရှေ​အားဖြင့်​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ပညတ်တရား​ကို လိုက်နာ​ပါ​မည်​။ ဘုရားရှင်​ထာဝရဘုရား​၏​ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​ပါ​မည်​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 30,
      "text": "ငါ​တို့​၏​သမီးပျို​များ​ကို ထို​ပြည်သား​တို့​နှင့်​မ​ပေးစား​။ သူ​တို့​၏​သမီးပျို​များ​ကို​လည်း ငါ​တို့​၏​သား​များ​နှင့်​မ​စုံဖက်​စေ​ပါ​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 31,
      "text": "ထို​ပြည်သား​တို့​သည် ဥပုသ်နေ့​တွင် ကုန်ပစ္စည်း​များ​နှင့် အစားအစာ​များ​ကို လာရောက်​ရောင်းချ​ပါက ဥပုသ်နေ့​ဖြစ်စေ​၊ သန့်ရှင်း​သော​နေ့​ဖြစ်စေ ထို​နေ့​တို့​တွင် သူ​တို့​ထံမှ ငါ​တို့​ဝယ်​မည်​မ​ဟုတ်​။ ငါ​တို့​သည် ခုနစ်​နှစ်​မြောက်​သော​နှစ်​၌ သီးနှံ​မ​စိုက်​၊ လက်ဝယ်​ရှိ အကြွေး​အားလုံး​ကို​လည်း လျှော်ပစ်​မည်​ဟု အတူတကွ တိုင်တည်​ကျိန်ဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 32,
      "text": "ထို့ပြင် ငါ​တို့​ဘုရားသခင့်​အိမ်​တော်​၏​အမှု​တော်​လုပ်ငန်း​အတွက် တစ်​နှစ်​လျှင် တစ်​ယောက်​ကို တစ်​ရှယ်ကယ်​၏​သုံးပုံတစ်ပုံ ​ပေးလှူ​ပါ​မည်​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 33,
      "text": "ရှေ့တော်မုန့်​၊ ပုံမှန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​၊ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ဓမ္မ​ပွဲတော်​၊ သန့်ရှင်း​သော​အသုံးအဆောင်​များ​၊ အစ္စရေး​လူမျိုး​တို့​အပြစ်ဖြေ​ရန်​အတွက် အပြစ်ဖြေရာယဇ်​များ​နှင့် ဘုရားသခင့်​အိမ်​တော်​၏​အမှု​အလုံးစုံ​တို့​အတွက် ပေးလှူ​ပါ​မည်​ဟူသော ပညတ်ချက်​ကို ချမှတ်​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 34,
      "text": "ပညတ်တရား​တွင် ရေး​ထား​သည့်​အတိုင်း နှစ်စဉ်​သတ်မှတ်​ထား​သော​အချိန်​များ​၌ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်သက္ကာ​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​နှင့် ပြည်သူပြည်သား​တို့​က ငါ​တို့​ဘိုးဘေး​တို့​၏​မိသားစု​အလိုက် ဘုရားသခင်​၏​အိမ်​တော်​သို့​ယူဆောင်​လာ​ရ​မည့်​ထင်း​ကို ငါ​တို့​မဲချ​ဆုံးဖြတ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 35,
      "text": "မြေ​ထွက်​ကောက်ပဲသီးနှံ​၏​အသီးဦး​များ​နှင့် သီးစားပင်​ရှိသမျှ​တို့​မှ အသီးဦး​ရှိသမျှ​တို့​ကို​လည်း ထာဝရဘုရား​၏​အိမ်​တော်​သို့ နှစ်စဉ် ယူဆောင်​လာ​ပါ​မည်​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 36,
      "text": "ပညတ်တရားကျမ်း​တွင် ရေးထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​သားဦး​များ​နှင့် တိရစ္ဆာန်​သားဦး​များ​၊ သိုးအုပ်​နွားအုပ်​ထဲမှ အဦးဆုံး​မွေး​သော​အကောင်​တို့​ကို ဘုရားသခင်​၏​အိမ်​တော်​၌​အမှု​တော်​ဆောင်ရွက်​သော​သူ​များ​ဖြစ်​သည့် ယဇ်ပုရောဟိတ်​တို့​ရှိ​ရာ ဘုရားသခင်​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ပါ​မည်​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 37,
      "text": "အဦးဆုံး​မုန့်ညက်​၊ အလှူပစ္စည်း​၊ သစ်သီး​အမျိုးမျိုး​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​လည်း ဘုရားသခင်​၏​အိမ်​တော်​ခန်း​ရှိ ယဇ်ပုရောဟိတ်​ထံသို့​ယူဆောင်​လာ​ပါ​မည်​။ လေဝိ​အမျိုး​တို့​သည် မြို့ရွာ​တိုင်း​မှာ စိုက်ပျိုး​သော​သီးနှံ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို ရထိုက်​သူ​များ​ဖြစ်​သောကြောင့် မြေ​ထွက်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ကို​လည်း လေဝိ​အမျိုး​တို့​ထံ ယူဆောင်​လာ​ပါ​မည်​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 38,
      "text": "လေဝိ​အမျိုး​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​လက်ခံ​သောအခါ အာရုန်​အမျိုးအနွယ်​ယဇ်ပုရောဟိတ်​သည် လေဝိ​အမျိုး​တို့​နှင့်အတူ​ရှိ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ဆယ်ဖို့တစ်ဖို့​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို ဘုရားသခင်​၏​အိမ်​တော် သိုလှောင်တိုက်​အခန်း​များ​ထဲသို့ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 39,
      "text": "အစ္စရေး​လူမျိုး​တို့​နှင့် လေဝိ​အမျိုး​တို့​သည် အလှူပစ္စည်း​များ​ဖြစ်​သည့် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို သိုလှောင်တိုက်​သို့ ယူဆောင်​လာ​ရ​မည်​။ ထို​နေရာ​တွင် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ ထားရှိ​၍ အမှု​တော်​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ နေ​ကြ​၏​။ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို ငါ​တို့​စွန့်ပစ်​ထား​မည်​မ​ဟုတ်​ဟု ဝန်ခံ​ကတိပြု​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 1,
      "text": "လူထု​အကြီးအကဲ​တို့​သည် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​၏​။ ကျန်​သော​သူ​တို့​မူကား မဲချ​ဆုံးဖြတ်​သည့်​အတိုင်း လူ​ဆယ်​ယောက်​တွင် တစ်​ယောက်​သည် သန့်ရှင်း​ရာ​အရပ်​ဂျေရုဆလင်​မြို့​တွင် နေထိုင်​ရ​မည်​ဖြစ်​ပြီး ကျန်​ကိုး​ယောက်​ကား အခြား​သော​မြို့ရွာ​များ​တွင် နေထိုင်​ရ​မည်​ဖြစ်​သည်​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 2,
      "text": "မိမိ​တို့​ဆန္ဒ​အလျောက် ဂျေရုဆလင်​မြို့​၌​နေထိုင်​လို​သော​သူ​အပေါင်း​တို့​ကို လူ​တို့​သည် ကောင်းချီးပေး​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 3,
      "text": "ဤသို့ဖြင့် နယ်မြေ​ခေါင်းဆောင်​များ​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ကြ​ပြီး အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 4,
      "text": "ဂျေရုဆလင်​မြို့​တွင် ယုဒ​အမျိုးသား​အချို့​နှင့် ဗင်္ယာမိန်​အမျိုးသား​အချို့​တို့ နေထိုင်​ကြ​၏​။ ထို​သူ​တို့​မှာ ယုဒ​အမျိုးသား​တွင် ဖာရက်​သားမြေး​မှ​ဆင်းသက်​လာ​သော​မဟာလေလ​၏​တွတ်​၊ ရှေဖတိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဇာခရိ​၏​မြေး​၊ ဩဇိ​၏​သား​အသာယ​နှင့်"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 5,
      "text": "ရှိလော​သားမြေး​မှ​ဆင်းသက်​လာ​သော ရှိလော​၏​ဆက်​၊ ဇာခရိ​၏​ကျွတ်​၊ ယောယရိပ်​၏​တွတ်​၊ အဒါယ​၏​တီ​၊ ဟဇာယ​၏​မြစ်​၊ ကောလဟောဇ​၏​မြေး​၊ ဗာရုတ်​၏​သား မာသေယ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 6,
      "text": "ဂျေရုဆလင်​မြို့​၌​နေထိုင်​သော ဖာရက်​သားမြေး​မှာ စုစုပေါင်း​လေး​ရာ​ခြောက်ဆယ့်​ရှစ်​ယောက် ဖြစ်​၏​။ သူ​တို့​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​များ ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 7,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​တွင် ယေရှာယ​၏​ဆက်​၊ ဣသေလ​၏​ကျွတ်​၊ မာသေယ​၏​တွတ်​၊ ကောလာယ​၏​တီ​၊ ပေဒါယ​၏​မြစ်​၊ ယောဒ​၏​မြေး​၊ မေရှုလံ​၏​သား သလ္လု​နှင့်"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 8,
      "text": "သူ့​နောက်မှ​ရောက်လာ​သော ဂဗ္ဗဲ​အမျိုး​၊ သလ္လဲ​အမျိုး တို့​အပါအဝင် စုစုပေါင်း ကိုး​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 9,
      "text": "ထို​သူ​တို့​ကို ဇိခရိ​၏​သား ယောလ​က ကြီးကြပ်​၍ ဟာသေနွာ​၏​သား ယုဒ​က မြို့​ကို​ကြီးကြပ်သူ​၏​လက်ထောက်​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​တို့​တွင် ယောယရိပ်​၏​သား ယေဒါယ​၊ ယာခိန်​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 11,
      "text": "အဟိတုပ်​၏​တွတ်​၊ မေရာယုတ်​၏​တီ​၊ ဇာဒုတ်​၏​မြစ်​၊ မေရှုလံ​၏​မြေး​၊ ဟိလခိ​၏​သား ဘုရားသခင်​၏​အိမ်တော်အုပ်​စရာယ​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 12,
      "text": "အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော သူ​တို့​၏​ညီအစ်ကို​ရှစ်​ရာ​နှစ်ဆယ့်​နှစ်​ယောက်​အပါအဝင် မာလခိယ​၏​ကျွတ်​၊ ပါရှုရ​၏​တွတ်​၊ ဇာခရိ​၏​တီ​၊ အံဇိ​၏​မြစ်​၊ ပေလလိ​၏​မြေး​၊ ယေရောဟံ​၏​သား အဒါယ​နှင့်"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 13,
      "text": "သူ​၏​ညီအစ်ကို​ဖြစ်​သော​ဘိုးဘေး​ခေါင်းဆောင်​ပေါင်း နှစ်ရာ​လေးဆယ့်​နှစ်​ယောက်​အပါအဝင် ဣမေရ​၏​တီ​၊ မေရှိလမုတ်​၏​မြစ်​၊ အဟာသဲ​၏​မြေး​၊ အာဇရေလ​၏​သား အာမရှဲ​နှင့်"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 14,
      "text": "သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော​စစ်သူရဲ​တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက် ဖြစ်​၏​။ သူ​တို့​ကို​ကြီးကြပ်သူ​မှာ ဟဂဒေါလိမ်​၏​သား ဇာဗဒေလ ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 15,
      "text": "လေဝိ​အမျိုး​တို့​တွင် ဗုန္နိ​၏​တီ​၊ ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 16,
      "text": "ဘုရားသခင်​၏​အိမ်​တော်​အပြင်ဘက်​အမှုထမ်း​ရ​သူ လေဝိ​အမျိုး အကြီးအမှူး ရှဗ္ဗေသဲ​၊ ယောဇဗဒ်​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 17,
      "text": "အာသပ်​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ မိက္ခာ​၏​သား​ဖြစ်​သည့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​၊ ဆုတောင်း​ခြင်း​တို့​၌ ပထမ​ခေါင်းဆောင် မတ္တနိ​နှင့် ညီအစ်ကို​များ​တွင် လက်ထောက်​ဖြစ်​သည့် ဗာကဗုကိ​အပါအဝင် ယေဒုသုန်​၏​မြစ်​၊ ဂလာလ​၏​မြေး​၊ ရှမွာ​၏​သား အာဗဒ​နှင့်"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 18,
      "text": "သန့်ရှင်း​သော​မြို့​တွင်​နေထိုင်​သော​လေဝိ​အမျိုး​ပေါင်း နှစ်ရာ​ရှစ်ဆယ့်​လေး​ယောက်​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 19,
      "text": "တံခါးစောင့်​များ​တွင် တံခါးစောင့်​အက္ကုပ်​၊ တာလမုန်​နှင့် သူ​တို့​၏​ညီအစ်ကို​ပေါင်း တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 20,
      "text": "ကျန်​သော​အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 21,
      "text": "ဗိမာန်တော်​အစေအပါး​တို့​သည် ဩဖေလ​အရပ်​၌​နေထိုင်​ကြ​၏​။ ထို​ဗိမာန်တော်​အစေအပါး​တို့​ကို ဇိဟ​နှင့်​ဂိသပ​တို့​က အုပ်ချုပ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 22,
      "text": "ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​စီမံ​ရ​သော သီချင်းသည်​များ​ဖြစ်​သည့် အာသပ်​သားမြေး​မှ​ဆင်းသက်​သော မိက္ခာ​၏​တီ​၊ မတ္တနိ​၏​မြစ်​၊ ဟာရှဘိ​၏​မြေး​၊ ဗာနိ​၏​သား ဩဇိ​သည် ဂျေရုဆလင်​မြို့​ရှိ လေဝိ​အမျိုး​ကို အုပ်ချုပ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 23,
      "text": "ရှင်ဘုရင်​သည် သီချင်းသည်​များ​နေ့စဉ်နေ့တိုင်း​ပုံမှန်​ပြု​ရ​မည့်​အမှု​ကို စီရင်ချမှတ်​ထား​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 24,
      "text": "ယုဒ​၏​သား ဇေရ​သားမြေး​မှ ဆင်းသက်​လာ​သော​မေရှဇဗေလ​၏​သား ပေသဟိ​သည် ပြည်သူပြည်သား​တို့​၏​အမှုကိစ္စ​အားလုံး​ကို စီမံ​ရ​သော ရှင်ဘုရင်​၏​လက်ရုံး​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 25,
      "text": "ယုဒ​အမျိုးအနွယ်​အချို့​သည် ကိရယအာဘ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒိဘုန်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ယေကပ်ဇေလ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​တွင် မိမိ​တို့​အပိုင်​မြို့ရွာ​လယ်မြေ​များ​အဖြစ် အခြေချ​နေထိုင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 26,
      "text": "ထို့ပြင် ယေရွှာ​မြို့​၊ မောလဒါ​မြို့​၊ ဗက်ပါလက်​မြို့​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 27,
      "text": "ဟာဇာရွာလ​မြို့​၊ ဗေရရှေဘ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 28,
      "text": "ဇိကလတ်​မြို့​၊ မေကောန​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 29,
      "text": "အင်ရိမ္မုန်​မြို့​၊ ဇောရာ​မြို့​၊ ယာမုတ်​မြို့​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 30,
      "text": "ဇာနော​မြို့​၊ အဒုလံ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ လာခိရှ​မြို့​နှင့် လယ်ယာမြေ​များ​၊ အဇေကာ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​စသည်​ဖြင့် ဗေရရှေဘ​မြို့​မှ ဟိန္နုံ​ချိုင့်ဝှမ်း​တိုင်အောင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 31,
      "text": "ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မူကား ဂေဗ​မြို့​မှ​မိတ်မတ်​မြို့​၊ အာဣ​မြို့​၊ ဗေသလ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 32,
      "text": "အာနသုတ်​မြို့​၊ နောဗ​မြို့​၊ အာနနိ​မြို့​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 33,
      "text": "ဟာဇော်​မြို့​၊ ရာမ​မြို့​၊ ဂိတ္တိမ်​မြို့​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 34,
      "text": "ဟာဒိဒ်​မြို့​၊ ဇေဘိုင်​မြို့​၊ နေဗလ္လတ်​မြို့​၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 35,
      "text": "လောဒ​မြို့​၊ ဩနော​မြို့​နှင့် လက်မှုပညာသည်​ချိုင့်ဝှမ်း​တို့​၌​လည်း နေထိုင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 36,
      "text": "ယုဒ​ပြည်​ရှိ လေဝိ​အမျိုး​အချို့​တို့​သည် ဗင်္ယာမိန်​ပြည်​၌ နေထိုင်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 1,
      "text": "ရှာလသေလ​၏​သား ဇေရုဗဗေလ​၊ ယေရွှာ​တို့​နှင့်အတူ​ပြန်လိုက်လာ​သော ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အမျိုး​များ​မှာ စရာယ​၊ ယေရမိ​၊ ဧဇရ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 2,
      "text": "အာမရိ​၊ မလ္လုတ်​၊ ဟတ္တုတ်​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 3,
      "text": "ရှေခနိ​၊ ရေဟုံ​၊ မေရမုတ်​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 4,
      "text": "ဣဒေါ​၊ ဂိန္နေသုန်​၊ အဘိယ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 5,
      "text": "မိယာမိန်​၊ မာဒိယ​၊ ဗိလဂ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 6,
      "text": "ရှေမာယ​၊ ယောယရိပ်​၊ ယေဒါယ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 7,
      "text": "သလ္လု​၊ အာမောက်​၊ ဟိလခိ​၊ ယေဒါယ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ယေရွှာ​လက်ထက်​၌ ယဇ်ပုရောဟိတ်​ခေါင်းဆောင်​များ​နှင့် သူ​တို့​၏​ဆွေမျိုးသားချင်း​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 8,
      "text": "လေဝိ​အမျိုး​များ​တွင် ယေရွှာ​၊ ဗိနွိ​၊ ကပ်မျေလ​၊ ရှေရဘိ​၊ ယုဒ​၊ မတ္တနိ​တို့ ဖြစ်​ကြ​၏​။ မတ္တနိ​သည် မိမိ​ညီအစ်ကို​များ​နှင့်အတူ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ဦးဆောင်သူ​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 9,
      "text": "သူ​တို့​၏​ညီအစ်ကို ဗာကဗုကိ​နှင့် ဥန္နိ​သည် သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​နေရာ​တွင် အမှုဆောင်​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 10,
      "text": "ယေရွှာ​၏​သား​မှာ ယောယကိမ်​၊ ယောယကိမ်​၏​သား​မှာ ဧလျာရှိပ်​၊ ဧလျာရှိပ်​၏​သား​မှာ​ယောယဒ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 11,
      "text": "ယောယဒ​၏​သား​မှာ ယောနသန်​၊ ယောနသန်​၏​သား​မှာ ယာဒွါ ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 12,
      "text": "ယောယကိမ်​လက်ထက်​၌ အိမ်ထောင်စု​အကြီးအမှူး​ယဇ်ပုရောဟိတ်​များ​မှာ စရာယ​အမျိုး​မှ မေရာယ​၊ ယေရမိ​အမျိုး​မှ ဟာနနိယ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 13,
      "text": "ဧဇရ​အမျိုး​မှ မေရှုလံ​၊ အာမရိ​အမျိုး​မှ ယေဟောဟနန်​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 14,
      "text": "မလ္လုတ်​အမျိုး​မှ ယောနသန်​၊ ရှေဗနိ​အမျိုး​မှ ယောသပ်​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 15,
      "text": "ဟာရိမ်​အမျိုး​မှ အာဒန​၊ မေရာယုတ်​အမျိုး​မှ ဟေလကဲ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 16,
      "text": "ဣဒေါ​အမျိုး​မှ ဇာခရိ​၊ ဂိန္နေသုန်​အမျိုး​မှ မေရှုလံ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 17,
      "text": "အဘိယ​အမျိုး​မှ ဇိခရိ​၊ မိညာမိန်​အမျိုး​၊ မာဒျာ​အမျိုး​မှ ပိလတဲ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 18,
      "text": "ဗိလဂ​အမျိုး​မှ ရှမွာ​၊ ရှေမာယ​အမျိုး​မှ ယေဟောနသန်​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 19,
      "text": "ယောယရိပ်​အမျိုး​မှ မတ္တနဲ​၊ ယေဒါယ​အမျိုး​မှ ဩဇိ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 20,
      "text": "သလ္လဲ​အမျိုး​မှ ကာလဲ​၊ အာမောက်​အမျိုး​မှ ဧဗာ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 21,
      "text": "ဟိလခိ​အမျိုး​မှ ဟာရှဘိ​၊ ယေဒါယ​အမျိုး​မှ နာသနေလ တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 22,
      "text": "ပါးရှား​ဘုရင် ဒါရိ​မင်းကြီး​လက်ထက်​၊ ယဇ်ပုရောဟိတ် ဧလျာရှိပ်​၊ ယောယဒ​၊ ယောဟနန်​၊ ယာဒွါ​တို့​အမှု​တော်​ထမ်း​ချိန်​တွင် လေဝိ​အမျိုး​အိမ်ထောင်စု​အကြီးအမှူး​များ​နှင့် ယဇ်ပုရောဟိတ်​တို့​၏​အမည်​ကို မှတ်တမ်း​တင်​ထား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 23,
      "text": "ဧလျာရှိပ်​၏​သား ယောဟနန်​လက်ထက်​တိုင်အောင် လေဝိ​အမျိုး​အိမ်ထောင်စု​အကြီးအမှူး​တို့​၏​အမည်​ကို ရာဇဝင်ချုပ်​မှတ်တမ်း​စာလိပ်​ထဲတွင် မှတ်တမ်း​တင်​ထား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 24,
      "text": "ဘုရားသခင်​၏​လူ​ဒါဝိဒ် စီရင်ချမှတ်​ထား​သည့်​အတိုင်း လေဝိ​အကြီးအမှူး​များ​ဖြစ်​သော ဟာရှဘိ​၊ ရှေရဘိ​နှင့် ကပ်မျေလ​၏​သား ယေရွှာ​တို့​သည် ညီအစ်ကို​များ​နှင့်​မျက်နှာချင်းဆိုင်​ရပ်​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​သီချင်း​ကို တစ်ဖွဲ့​နှင့်​တစ်ဖွဲ့ အပြန်အလှန် သီဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 25,
      "text": "မတ္တနိ​၊ ဗာကဗုကိ​၊ ဩဗဒိ​၊ မေရှုလံ​၊ တာလမုန်​၊ အက္ကုပ်​တို့​သည် သိုလှောင်ခန်း​တံခါး​တွင်​စောင့်ကြပ်​သော တံခါးစောင့်​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 26,
      "text": "ဤ​သူ​တို့​သည် ယောဇဒက်​၏​မြေး​၊ ယေရွှာ​၏​သား ယောယကိမ်​လက်ထက်​၊ ဘုရင်ခံ​နေဟမိ​နှင့် ကျမ်းပြုဆရာ​ယဇ်ပုရောဟိတ်​ဧဇရ​တို့​ခေတ်​တွင် အမှု​တော်​ကို ထမ်းဆောင်​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 27,
      "text": "ဂျေရုဆလင်​မြို့ရိုး​ဆက်ကပ်ပွဲ​ကျင်းပ​ရာ​တွင် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​တို့​ကို​တီးမှုတ်​၍ ဝမ်းမြောက်​စွာ ကျေးဇူးတော်​ချီးမွမ်းသီဆို​လျက် ဆက်ကပ်ပွဲ​ကို​ကျင်းပ​နိုင်​ရန် လေဝိ​အမျိုး​တို့​ကို​ရှာ​၍ သူ​တို့​နေထိုင်​ရာ​အရပ်ရပ်​မှ ဂျေရုဆလင်​မြို့​သို့ လာရောက်​စေ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 28,
      "text": "သီချင်းသည်​သားမြေး​တို့​သည် အတူတကွ​စုဝေး​ကြ​ပြီး ဂျေရုဆလင်​မြို့​ဝန်းကျင်​ရှိ​ဒေသ​နှင့် နေတောဖာသိ​မြို့ရွာ​များ​မှ​လည်းကောင်း​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 29,
      "text": "ဂိလဂါလ​မြို့​နှင့် ဂေဗ​၊ အာဇမာဝက်​နယ် တို့​မှ​လည်းကောင်း ရောက်လာ​ကြ​၏​။ သီချင်းသည်​တို့​သည် ဂျေရုဆလင်​မြို့​ဝန်းကျင်​တွင် မိမိ​တို့​နေထိုင်​ရန် မြို့ရွာ​များ​ကို တည်ဆောက်​ထား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 30,
      "text": "ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​သည် ကိုယ့်ကိုယ်ကိုယ်​စင်ကြယ်​စေ​ပြီးမှ လူထု​များ​၊ မြို့​တံခါး​များ​နှင့် မြို့ရိုး​ကို စင်ကြယ်​စေ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 31,
      "text": "ထို့နောက် ငါ​သည် ယုဒ​အကြီးအကဲ​တို့​ကို မြို့ရိုး​ပေါ်​သို့ တက်သွား​စေ​၏​။ ကျေးဇူးတော်​ချီးမွမ်း​မည့်​သံစုံသီချင်း​အဖွဲ့ကြီး​ကို​လည်း နှစ်​ဖွဲ့​ခွဲ​ထား​၍ တစ်ဖွဲ့​ကို နောက်ချေးပုံ​တံခါး​ဘက်​သို့​ဦးတည်​၍ မြို့ရိုး​ပေါ်​တွင် လက်ယာရစ်​စီတန်း​သွား​စေ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 32,
      "text": "သူ​တို့​နောက်တွင် ဟောရှာယ​နှင့် ယုဒ​အကြီးအကဲ​တစ်ဝက် လိုက်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 33,
      "text": "အာဇရိ​၊ ဧဇရ​၊ မေရှုလံ​၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 34,
      "text": "ယုဒ​၊ ဗင်္ယာမိန်​၊ ရှေမာယ​၊ ယေရမိ တို့​လည်း​ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 35,
      "text": "သူ​တို့​နောက်​တွင် ယဇ်ပုရောဟိတ်​သားမြေး​အချို့​သည် တံပိုးခရာ​မှုတ်​၍​လိုက်​ကြ​၏​။ ထို​သူ​တို့​မှာ အာသပ်​၏​သား ဇက္ကုရ​၊ ဇက္ကုရ​၏​သား မိက္ခာယ​၊ မိက္ခာယ​၏​သား မတ္တနိ​၊ မတ္တနိ​၏​သား ရှေမာယ​၊ ရှေမာယ​၏​သား ယောနသန်​၊ ယောနသန်​၏​သား ဇာခရိ​နှင့်"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 36,
      "text": "သူ​၏​ညီအစ်ကို​များ​ဖြစ်​သော ရှေမာယ​၊ အာဇရေလ​၊ မိလလဲ​၊ ဂိလလဲ​၊ မာဣ​၊ နာသနေလ​၊ ယုဒ​၊ ဟာနနိ တို့​သည်​လည်း ဘုရားသခင်​၏​လူ​ဒါဝိဒ်​၏​ဂီတ​တူရိယာ​မျိုး​ကို တီးမှုတ်​၍ လိုက်​ကြ​၏​။ သူ​တို့​ကို ကျမ်းပြုဆရာ​ဧဇရ​က ဦးဆောင်​သွား​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 37,
      "text": "သူ​တို့​သည် စမ်းရေတွင်း​တံခါးဝ​သို့​ရောက်​သောအခါ ဒါဝိဒ်​မြို့​အတက်လမ်း​အတိုင်း မြို့ရိုး​ရှိ​ရာ​သို့​တက်သွား​ပြီး ဒါဝိဒ်​နန်းတော်​အထက်​ရေ​တံခါး​မှ အရှေ့ဘက်​သို့ သွား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 38,
      "text": "ကျေးဇူးတော်​ချီးမွမ်း​မည့်​သံစုံသီချင်း​အဖွဲ့ နောက်​တစ်​ဖွဲ့​သည် လက်ဝဲ​ဘက်​သို့​လှည့်လည်​စီတန်း​သွား​၏​။ ငါ​နှင့်​လူထု​တစ်ဝက်​သည် မြို့ရိုး​ပေါ်​တွင် သူ​တို့​နောက်မှ​လိုက်​၍ မီးခိုး​ခေါင်းတိုင်​ကို​ဖြတ်​ပြီး မြို့ရိုး​ကျယ်​အထိ သွား​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 39,
      "text": "ထိုမှ ဧဖရိမ်​တံခါး​၊ ယေရှန​တံခါး ​၊ ငါး​တံခါး​၊ ဟာနနေလ​ရဲတိုက်​၊ မေအာ​ရဲတိုက်​၊ သိုး​တံခါး တို့​ကို​ဖြတ်​၍ ထောင်​တံခါး​သို့​ရောက်​သောအခါ ရပ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 40,
      "text": "ထို့နောက် ကျေးဇူးတော်​ချီးမွမ်း​မည့်​သံစုံသီချင်း​အဖွဲ့​နှစ်​ဖွဲ့​သည် ဘုရားသခင်​၏​အိမ်​တော်​ထဲတွင် ရပ်​နေ​ကြ​၏​။ ငါ​နှင့် ကြီးကြပ်​သူ​တစ်ဝက်​လည်း ပါ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 41,
      "text": "တံပိုးခရာ​မှုတ်​သူ ယဇ်ပုရောဟိတ်​ဧလျာကိမ်​၊ မာသေယ​၊ မိညာမိန်​၊ မိက္ခာယ​၊ ဧလိဩနဲ​၊ ဇာခရိ​၊ ဟာနနိယ တို့​နှင့်"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 42,
      "text": "မာသေယ​၊ ရှေမာယ​၊ ဧလာဇာ​၊ ဩဇိ​၊ ယေဟောဟနန်​၊ မာလခိယ​၊ ဧလံ​၊ ဧဇာ တို့​လည်း​ပါ​၏​။ ယေဇရာဟိ​ကြီးကြပ်​သော သီချင်းသည်​အဖွဲ့​သည် ကျယ်လောင်​စွာ​သီချင်းဆို​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 43,
      "text": "ထို​နေ့​တွင် သူ​တို့​သည် ယဇ်ပူဇော်ပွဲ​ကြီး​ကို ကျင်းပ​ကြ​၏​။ ဘုရားသခင်​သည် သူ​တို့​အား အထူး​ဝမ်းမြောက်​သော​အခွင့်​ကို ပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​ဝမ်းမြောက်​ကြ​၏​။ မိန်းမ​များ​နှင့် ကလေးသူငယ်​များ​ပါ​မ​ကျန် ဝမ်းမြောက်​ပျော်ရွှင်​ကြ​၏​။ ဂျေရုဆလင်​မြို့​၏​ဝမ်းမြောက်​သံ​သည် အဝေး​ကပင် ကြား​ရ​လေ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 44,
      "text": "ထို​နေ့​တွင် အလှူပစ္စည်း​များ​၊ အသီးဦး​များ​၊ ဆယ်ဖို့တစ်ဖို့​များ​ထားရှိ​ရာ သိုလှောင်တိုက်​အခန်း​များ​အုပ်ထိန်း​မည့်​သူ​တို့​ကို ခန့်ထား​ကြ​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ​အဖို့ ပညတ်တရားကျမ်း​တွင်​ပါ​သော​ဝေစု​အတိုင်း မြို့ရွာ​များ​ရှိ​လယ်ယာ​များ​မှ ကောက်ခံ​စုသိမ်း​ပေး​ရ​၏​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ အမှု​တော်​ထမ်း​နေ​သည်​ကို ယုဒ​အမျိုး​တို့ နှစ်သက်​ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 45,
      "text": "ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ​သည် ဘုရားသခင်​၏​အမှု​၊ စင်ကြယ်​ခြင်း​အမှု​တို့​ကို ဆောင်ရွက်​ပေး​ကြ​၏​။ သီချင်းသည်​များ​၊ တံခါးစောင့်​များ​လည်း ဒါဝိဒ်​မင်းကြီး​နှင့် သား​တော်​ရှောလမုန်​မင်းကြီး​တို့ စီစဉ်ချမှတ်​ထား​ခဲ့​သည့်​အတိုင်း​ပြု​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 46,
      "text": "အကြောင်းမူကား ရှေးယခင် ဒါဝိဒ်​မင်းကြီး​နှင့်​အာသပ်​လက်ထက်​ကပင် ဘုရားသခင်​ထံ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​သီချင်း​သီဆို​သော သီချင်းသည်​များ​ကို ဦးဆောင်​ပေး​သော​သူ​များ​ရှိ​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 47,
      "text": "ဇေရုဗဗေလ​နှင့် နေဟမိ​တို့​ခေတ်​တွင်​လည်း အစ္စရေး​လူ​အပေါင်း​တို့​သည် သီချင်းသည်​များ​နှင့် တံခါးစောင့်​များ​အတွက် နေ့စဉ်​လိုအပ်​သည်​များ​ကို ပေးလှူ​ကြ​၏​။ လေဝိ​အမျိုး​တို့​အတွက်​လည်း သီးသန့်​ပေးလှူ​ကြ​၏​။ လေဝိ​အမျိုး​တို့​သည်​လည်း အာရုန်​သားမြေး​တို့​အတွက် သီးသန့်​ပေးလှူ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 1,
      "text": "ထို​နေ့​၌ မောရှေ​၏​ပညတ္တိကျမ်း​ကို​လူ​တို့ ကြားသိ​အောင် ဖတ်ပြ​ရာ​တွင် “အမ္မုန်​လူမျိုး​နှင့် မောဘ​လူမျိုး​တို့​သည် ဘုရားသခင်​၏​လူမျိုး​တော်​စာရင်း​တွင် ဘယ်သောအခါ​မျှ​ဝင်​ခွင့်​မ​ရှိ​စေ​ရ”​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 2,
      "text": "အကြောင်းမှာ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို အစာ​ရေစာ​ဖြင့်​ဧည့်​မ​ခံ​ဘဲ ဗာလမ်​ကို​ငှားရမ်း​၍ ကျိန်ဆဲ​စေ​ခဲ့​၏​။ သို့သော် ငါ​တို့​၏​ဘုရားသခင်​သည် ကျိန်ဆဲ​ခြင်း​ကို ကောင်းချီးမင်္ဂလာ​ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 3,
      "text": "ထို​ပညတ်ချက်​ကို ကြား​ကြ​သောအခါ အစ္စရေး​လူမျိုး​တို့​ထဲရှိ အမျိုး​မ​စစ်​သော​သူ​အားလုံး​ကို ဖယ်ထုတ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 4,
      "text": "ယခင်က ယဇ်ပုရောဟိတ်​ဧလျာရှိပ်​သည် ငါ​တို့​ဘုရားသခင်​အိမ်​တော်​ခန်း​ကို ကွပ်ကဲ​သူ​ဖြစ်​၏​။ သူ​သည် တောဘိ​နှင့်​ဆွေမျိုး​တော်စပ်​သည်​ဖြစ်၍"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 5,
      "text": "သူ့​အား အခန်း​ကြီး​တစ်ခန်း​ကို ပေး​ထား​၏​။ ထို​အခန်း​သည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ​၊ နံ့သာပေါင်း​၊ အသုံးအဆောင်​ပစ္စည်း​များ​နှင့်တကွ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​ကို ပညတ်တော်​အတိုင်း​ပေး​ရ​သော ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အတွက် အလှူပစ္စည်း​တို့​ကို သိုထား​သော​အခန်း​ဖြစ်​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 6,
      "text": "ဘေဘီလုံ​ဘုရင်​အာတဇေရဇ်​မင်းကြီး​နန်းစံ သုံးဆယ့်​နှစ်​နှစ်​တွင် ငါ​သည် ဘုရင့်​ထံသို့​ပြန်သွား​ရ​သည်​ဖြစ်​၍ ထိုစဉ်က ဂျေရုဆလင်​မြို့​တွင် ငါ​မ​ရှိ​။ အချိန်​အတော်ကြာ​မှ ငါ​သည် ဘုရင့်​ထံ​ခွင့်ပန်​၍"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 7,
      "text": "ဂျေရုဆလင်​မြို့​သို့​ပြန်လာ​၏​။ ထိုအခါ ဧလျာရှိပ်​သည် ဘုရားသခင်​၏​အိမ်​တော်​ဝင်း​အတွင်း​ရှိ​အခန်း​ကို တောဘိ​အား ပေး​လိုက်​သည်​ဟူသော ဧလျာရှိပ်​ပြု​သည့် မကောင်းမှု​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​သည် အလွန်​စိတ်ဆိုး​၍ တောဘိ​၏​အိမ်သုံး​ပစ္စည်း​အားလုံး​ကို အခန်း​အပြင်​သို့​လွှင့်ပစ်​ပြီး"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 9,
      "text": "အခန်း​များ​ကို သန့်ရှင်း​စေ​ပြီးမှ ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် နံ့သာပေါင်း တို့​ကို ပြန်ထား​စေ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 10,
      "text": "လေဝိ​အမျိုး​တို့​၏​ဝေစု​ကို မ​ပေး​ကြ​သဖြင့် အမှု​တော်​ထမ်း​သော​လေဝိ​အမျိုး​နှင့်​သီချင်းသည်​တို့​သည် မိမိ​တို့​လယ်ယာမြေ​အသီးသီး​သို့ ပြန်သွား​ကြ​ရ​သည်​ကို​လည်း ငါ​သိ​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 11,
      "text": "ငါ​သည် ကြီးကြပ်​သူ​တို့​အား “​ဘုရားသခင်​၏​အိမ်​တော်​ကို အဘယ်ကြောင့်​ပစ်ပယ်​ထား​ကြ​သနည်း​”​ဟု အပြစ်တင်​ပြောဆို​ပြီး လေဝိ​အမျိုး​တို့​ကို စုဝေး​စေ​၍ သူ့​နေရာ​နှင့်​သူ ပြန်​ခန့်ထား​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 12,
      "text": "ထိုအခါ ယုဒ​လူ​အပေါင်း​တို့​သည် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သိုလှောင်ခန်း​သို့​ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 13,
      "text": "ငါ​သည် ယဇ်ပုရောဟိတ်​ရှေလမိ​၊ ကျမ်းပြုဆရာ​ဇာဒုတ်​၊ လေဝိ​အမျိုး​ပေဒါယ​တို့​ကို သိုလှောင်တိုက်​တာဝန်ခံ​အဖြစ်​ခန့်ထား​၍ မတ္တနိ​၏​မြေး​၊ ဇက္ကုရ​၏​သား ဟာနန်​ကို သူ​တို့​၏​လက်ထောက်​အဖြစ် ခန့်ထား​၏​။ အကြောင်းမှာ သူ​တို့​သည် သစ္စာရှိ​သော​သူ​များ​ဖြစ်​၏​။ သူ​တို့​သည် ညီအစ်ကို​များ​ကို ဝေစုခွဲဝေ​ပေး​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 14,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ ဘုရားသခင်​၏​အိမ်​တော်​နှင့်​အမှု​တော်​အတွက် အကျွန်ုပ်​ကောင်း​စွာ​လုပ်ဆောင်​ခဲ့​သည်​ကို လျစ်လျူရှု​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 15,
      "text": "ထို​နေ့​များ​တွင် ယုဒ​ပြည်​၌ ဥပုသ်နေ့​တွင် စပျစ်သီးနင်းနယ်​သူ​များ​၊ ကောက်နှံစည်း​များ​ကို သယ်​နေ​သူ​များ​၊ မြည်း​များ​ပေါ်တွင် စပျစ်ဝိုင်​၊ စပျစ်သီး​၊ သဖန်းသီး​နှင့် အထုပ်အပိုး​များ​ကို​တင်​၍ ဂျေရုဆလင်​မြို့​တွင်း​သို့ ယူဆောင်​လာ​သူ​များ​ကို အကျွန်ုပ်​တွေ့​ရ​၏​။ ဥပုသ်နေ့​၌ အစားအစာ​ရောင်းဝယ်​ဖောက်ကား​နေ​ကြ​သည်​ကို​လည်း သူ​တို့​အား အကျွန်ုပ်​သတိပေး​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 16,
      "text": "ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​တိုင်ရာ​မြို့သား​တို့​သည်​လည်း ငါး​နှင့်​ကုန်စည်​အမျိုးမျိုး​ကို​ယူဆောင်​လာ​၍ ဥပုသ်နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ ယုဒ​လူ​တို့​အား ရောင်းချ​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 17,
      "text": "ထို့ကြောင့် အကျွန်ုပ်​သည် ယုဒ​ခေါင်းဆောင်​တို့​အား “​သင်​တို့​ပြု​သော ဤ​ဆိုးညစ်မှု​ကား မည်သို့​နည်း​။ သင်​တို့​သည် ဥပုသ်နေ့​ကို ညစ်ညူး​စေ​ကြ​ပြီ​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 18,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​သည် ထိုသို့​ပြု​ခဲ့​သဖြင့် ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့် ဤ​မြို့​ကို ဘေးအန္တရာယ်​အပေါင်း​တို့​နှင့် ကြုံတွေ့​စေ​ခဲ့​ပြီ မ​ဟုတ်​လော​။ ယခုမှာ​လည်း အစ္စရေး​လူမျိုး​တို့ ထပ်၍​အမျက်​တော်​ခံရ​အောင် သင်​တို့​သည် ဥပုသ်နေ့​ကို​ညစ်ညူး​စေ​ကြ​ပြီ​”​ဟု ဆူပူကြိမ်းမောင်း​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 19,
      "text": "ဂျေရုဆလင်​မြို့​တံခါး​များ​ကို ဥပုသ်နေ့​မတိုင်မီ​တစ်​ရက် မှောင်ရီပျိုး​အချိန်​မှစ၍ ပိတ်​ထား​ရ​မည်​။ ထို​တံခါး​တို့​ကို ဥပုသ်နေ့​ကုန်​မှ​ပြန်​ဖွင့်​ရ​မည်​ဟု ငါ​မှာထား​၏​။ ဥပုသ်နေ့​တွင် အထုပ်အပိုး​များ မ​သယ်ဆောင်​လာ​ရန် မြို့​တံခါး​များ​တွင် ငါ့​လူ​အချို့​ကို အစောင့်​ချထား​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 20,
      "text": "သို့ဖြစ်၍ ကုန်သည်​များ​၊ ကုန်ပစ္စည်း​မျိုးစုံ​ရောင်းချ​သူ​များ​သည် ဂျေရုဆလင်​မြို့​အပြင်ဘက်​၌ တစ်ခါ​နှစ်ခါ ညအိပ်​စောင့်​ကြ​သေး​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 21,
      "text": "ထို့ကြောင့် ငါ​က သူ​တို့​အား “​သင်​တို့​သည် အဘယ်ကြောင့် မြို့ရိုး​ရှေ့​တွင် ညအိပ်​ကြ​သနည်း​။ ထိုသို့ ထပ်၍​ပြု​လျှင် သင်​တို့​ကို ဖမ်း​မည်​” ဟု သတိပေး​၏​။ ထို​အချိန်​မှစ၍ ဥပုသ်နေ့​တွင် သူ​တို့​မ​လာ​တော့​ချေ​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 22,
      "text": "လေဝိ​အမျိုး​တို့​ကို​လည်း ဥပုသ်နေ့​သန့်ရှင်း​အောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်​စေ​ပြီး မြို့​တံခါး​တို့​တွင် သွား​၍​စောင့်ကြပ်​ကြ​လော့​ဟု ငါ​မှာကြား​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ မေတ္တာကရုဏာ​ကြွယ်ဝ​သည့်​အတိုင်း အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 23,
      "text": "ထို​ကာလ​တွင် အာဇုတ်​အမျိုးသမီး​၊ အမ္မုန်​အမျိုးသမီး​၊ မောဘ​အမျိုးသမီး​တို့​နှင့်​စုံဖက်​သော ဂျူး​လူမျိုး​တို့​ကို​လည်း ငါ​တွေ့​ရ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 24,
      "text": "သူ​တို့​၏​သားသမီး​တစ်ဝက်​သည် အာဇုတ်​ဘာသာစကား​ကို​ပြော​၏​။ သူ​တို့​သည် ယုဒ​ဘာသာစကား​ကို​ကား မ​ပြော​တတ်​ကြ​ပေ​။ အခြား​သော​လူမျိုး​တစ်မျိုးမျိုး​၏​ဘာသာစကား​ကို​သာ ပြော​တတ်​ကြ​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 25,
      "text": "သို့ဖြစ်၍ ငါ​သည် သူ​တို့​ကို ဆူပူကြိမ်းမောင်း​ပြီး ကျိန်ဆဲ​၏​။ အချို့​ကို​ရိုက်နှက်ဆုံးမ​၏​။ ဆံပင်​ကို​ဆွဲနုတ်​၏​။ ဘုရားသခင်​ရှေ့​၌​ကျိန်ဆို​စေ​ပြီးလျှင် သူ​တို့​အား “​သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့်​မ​ပေးစား​ရ​၊ သင်​တို့​နှင့် သင်​တို့​၏​သား​များ​သည်​လည်း သူ​တို့​၏​သမီး​များ​ကို မ​ယူ​ရ​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 26,
      "text": "အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​သည်​လည်း ဤနည်းဖြင့် အပြစ်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ တိုင်းနိုင်ငံ​များ​တွင် သူ​နှင့်​တူ​သော​ဘုရင်​မ​ရှိ​။ ဘုရားသခင်​သည် သူ့​ကို​ချစ်​တော်မူ​၍ အစ္စရေး​လူမျိုး​အားလုံး​တို့​၏​ဘုရင်​အဖြစ် သူ့​ကို​ခန့်ထား​တော်မူ​၏​။ သို့သော် သူ​သည် တစ်ပါးအမျိုးသား​မိန်းမပျို​တို့​အားဖြင့် အပြစ်​ကျူးလွန်​ခဲ့​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 27,
      "text": "ယခု​လည်း သင်​တို့​ပြု​သော ဤ​မကောင်းမှု​ကြီး​ကို ငါ​တို့​လက်ခံ​ရ​မည်လော​။ ဘုရားသခင်​အပေါ် သစ္စာမဲ့​၍ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့်​စုံဖက်​သည်​ကို ငါ​တို့​လက်ခံ​ရ​မည်လော​”​ဟု ငါ​ပြော​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 28,
      "text": "ထို့ပြင် ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​၏​မြေး ယောယဒ​၏​သား​တစ်​ယောက်​သည် ဟောရနိ​လူမျိုး သမ္ဘာလတ်​၏​သမက်​ဖြစ်​သောကြောင့် သူ့​ကို ငါ​နှင်ထုတ်​ပစ်​၏​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 29,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ သူ​တို့​သည် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရှုတ်ချ​၍ ယဇ်ပုရောဟိတ်​အရိုက်အရာ​နှင့် လေဝိ​အမျိုး​တို့​၏​ပဋိညာဉ်​ကို ဖောက်ဖျက်​သောကြောင့် သူ​တို့​ကို မှတ်​တော်မူ​ပါ​။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 30,
      "text": "ငါ​သည် သူ​တို့​ကို တိုင်းတစ်ပါးသား​အပေါင်း​တို့​နှင့်​ကင်းကင်းရှင်းရှင်း​နေ​စေ​ပြီးမှ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား သူ​တို့​လုပ်​ရ​မည့်​အလုပ်​အသီးသီး​ကို ပြန်လည်​ချမှတ်​ပေး​၍"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 31,
      "text": "သတ်မှတ်​ထား​သော​အချိန်​တွင် လှူ​ရ​မည့်​ထင်း​နှင့် အဦးဆုံးသီးနှံ​များ​ကို စီမံ​ပေး​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ ကျေးဇူး​ပြု​တော်မူ​ပါ​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 1,
      "text": "အာရွှေရု​မင်းကြီး​လက်ထက်​တွင် ဖြစ်ပျက်​သော​အရာ​များ​ကား ဤသို့​ဖြစ်​၏​။ အာရွှေရု​မင်းကြီး​သည် အိန္ဒိယ​ပြည်​မှ​အီသီယိုးပီးယား​ပြည်​တိုင်အောင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​ကို စိုးစံ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 2,
      "text": "ထို​ကာလ​တွင် အာရွှေရု​မင်းကြီး​သည် ရှုရှန်​နန်းတော် ရာဇပလ္လင်​ထက်​တွင် နန်းထိုင်​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 3,
      "text": "နန်းစံ​တတိယ​နှစ်​တွင် မင်းကြီး​သည် မိမိ​၏​မှူးမတ်​နှင့် မင်းမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ကို​ကျင်းပ​လေ​၏​။ ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​စစ်သည်ဗိုလ်ပါ​များ​၊ ပြည်တကာ​တို့​မှ မင်းညီမင်းသား​များ​နှင့် မှူးမတ်​များ​လည်း သူ​နှင့်အတူ ပွဲခံ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 4,
      "text": "ထို​ပွဲ​တွင် မင်းကြီး​သည် မိမိ​နိုင်ငံ​တော်​၏​ဘုန်း​စည်းစိမ်​၊ မိမိ​၏​ကြီးမြတ်​သော​ဂုဏ်​အရှိန်အဝါ​တို့​ကို ရက်ပေါင်း​တစ်ရာ့​ရှစ်ဆယ်​တိုင်တိုင် ရက်​များစွာ​ခင်းကျင်း​ပြသ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 5,
      "text": "ထို​နေ့ရက်​စေ့​ပြီးနောက် မင်းကြီး​သည် ရှုရှန်​နန်းတော်​အတွင်း အကြီးဆုံး​မှစ၍​အငယ်ဆုံး​တိုင်အောင် ရှိသမျှ​လူ​အပေါင်း​တို့​အတွက် ဘုရင့်​နန်းတော်​ဥယျာဉ်​ဝင်း​တွင် ခုနစ်​ရက်​တိုင်တိုင်​စားသောက်ပွဲ​ကျင်းပ​ပေး​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 6,
      "text": "အဖြူရောင်​၊ အပြာရောင်​ချည်ချော​ကန့်လန့်ကာ​တို့​ကို ခရမ်းရောင်​ချည်ချော​ကြိုး​တို့​ဖြင့် ချည်​၍​ငွေ​ကွင်း​တပ်​ထား​သော​စကျင်ကျောက်​တိုင်​၌ ချည်ဆွဲ​ထား​၏​။ ကျောက်နီ​၊ စကျင်ကျောက်​၊ ကျောက်ဖြူ​၊ ကျောက်နက်​တို့​ခင်း​ထား​သော​တလင်းပြင်​ပေါ်တွင် ရွှေ​ညောင်စောင်း​၊ ငွေ​ညောင်စောင်း​များ ခင်းကျင်း​ထား​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 7,
      "text": "စပျစ်ဝိုင်​ကို ရွှေ​ခွက်​များ​ဖြင့်​တိုက်​၏​။ ရွှေ​ခွက်​များ​မှာ​လည်း တစ်ခွက်​နှင့်​တစ်ခွက်​မတူ​။ မင်းကြီး​သည် တော်ဝင်​စပျစ်ဝိုင်​ကို ရက်ရက်ရောရော အလျှံပယ်​တိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 8,
      "text": "လူတိုင်း စပျစ်ဝိုင်​ကို စိတ်တိုင်းကျ​သောက်​ခွင့်​ပြု​ရန် နန်းတော်​အရာရှိ​အပေါင်း​တို့​အား မှာကြား​ထား​သည်​ဖြစ်​၍ ထို​အမိန့်​တော်​အတိုင်း လွတ်လွတ်လပ်လပ် သောက်​ရ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 9,
      "text": "မိဖုရား​ဝါရှတိ​သည်​လည်း အာရွှေရု​မင်းကြီး​၏​တော်ဝင်​နန်းတွင်း​တွင် မောင်းမမိဿံ​များ​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 10,
      "text": "ခုနစ်​ရက်​မြောက်​သော​နေ့​တွင် အာရွှေရု​မင်းကြီး​သည် စပျစ်ဝိုင်​အရှိန်​ကြောင့် စိတ်မြူး​လာ​ပြီး မိမိ​ရှေ့​တော်​၌​ခစား​သော မိန်းမစိုး​ခုနစ်​ဦး​ဖြစ်​ကြ​သည့် မဟုမန်​၊ ဗိဇသ​၊ ဟာဗောန​၊ ဗိဂသ​၊ အဗာဂသ​၊ ဇေသာ​နှင့် ကာကက် တို့​ကို​ခေါ်​၍"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 11,
      "text": "မိဖုရား​ဝါရှတိ​၏​အလှ​ကို လူ​အများ​နှင့်​မှူးမတ်​များ​ရှေ့​တွင် ပွဲထုတ်​ပြသ​ရန် သူ့​အား တော်ဝင်​သရဖူ​ဆောင်း​စေ​၍ ဘုရင့်​ရှေ့​တော်​သို့​ခေါ်လာ​စေ​၏​။ မိဖုရား​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 12,
      "text": "သို့သော် မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့်​မိန့်မှာ​လိုက်​သည့် ရှင်ဘုရင်​အမိန့်​ကို​ငြင်းဆန်​ပြီး မ​လာ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် အမျက်ထွက်​၍ ဒေါသ​မီး​တောက်လောင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 13,
      "text": "ရှင်ဘုရင်​သည် ဥပဒေ​စီရင်ထုံး​ကို​နားလည်​သူ​အပေါင်း​တို့​နှင့် တိုင်ပင်​လေ့​ရှိ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် ကာလ​ဒေသ​ကို​သိနားလည်​သော ပညာရှိ​အမတ်​များ​နှင့် ဆွေးနွေးတိုင်ပင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 14,
      "text": "ရှင်ဘုရင်​ရှေ့​တော်​တွင် ခစား​ရ​ပြီး နိုင်ငံ​တော်​၌ အမြင့်ဆုံး​ရာထူး​ရရှိ​ထား​သူ​၊ ရှင်ဘုရင်​နှင့်​အနီးကပ်​နေ​ရ​သူ​များ​မှာ ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​အကြီးအကဲ​ခုနစ်​ဦး​ဖြစ်​သော ကာရှေန​၊ ရှေသာ​၊ အာဒမာသ​၊ တာရှု​၊ မေရက်​၊ မာသေန​၊ မမုကန်​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 15,
      "text": "ရှင်ဘုရင်​က သူ​တို့​အား “​မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့် အာရွှေရု​မင်းကြီး​မိန့်မှာ​သည့်​အမိန့်​ကို​မ​နာခံ​သောကြောင့် သူ့​အား ဥပဒေ​အရ မည်သို့​ပြု​ရ​မည်နည်း​”​ဟု မေး​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 16,
      "text": "ထိုအခါ မမုကန်​က ရှင်ဘုရင်​နှင့် မှူးမတ်​တို့​ရှေ့​တွင် “​မိဖုရား​ဝါရှတိ​သည် အရှင်မင်းကြီး​ကို​သာ ငြင်းဆန်​သည်​မ​ဟုတ်​။ မှူးမတ်​အားလုံး​နှင့် အရှင်မင်းကြီး​အာရွှေရု​၏​ပြည်​တစ်ပြည်လုံး​ရှိ ပြည်သူပြည်သား​အားလုံး​တို့​ကို​လည်း ဆန့်ကျင်​လေ​ပြီ​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 17,
      "text": "မိဖုရား​၏​အပြုအမူ​ကို မိန်းမ​အပေါင်း​တို့​ကြားသိ​လျှင် ‘အာရွှေရု​မင်းကြီး​သည် မိဖုရား​ဝါရှတိ​ကို ရှေ့မှောက်​သို့ အခစားဝင်​စေ​သည်​ကို​ပင် သူ​မ​ဝင်’​ဟု ပြောဆို​ကြ​ပြီး ကိုယ့်​ခင်ပွန်း​ကို မထီမဲ့မြင်ပြု​ကြ​လိမ့်မည်​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 18,
      "text": "ယနေ့​လည်း မိဖုရား​၏​အပြုအမူ​ကို​ကြားသိ​ကြ​သော ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​အကြီးအကဲ​ကတော်​တို့​သည် အရှင်မင်းကြီး​ခန့်ထား​သော​အကြီးအကဲ​အပေါင်း​တို့​ကို ထို​အတိုင်း ပြောဆို​ဆက်ဆံ​ကြ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ မထီလေးစားပြု​ခြင်း​နှင့် အမျက်ထွက်​ခြင်း​တို့ များပြား​လာ​ပါ​လိမ့်မည်​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 19,
      "text": "သို့ဖြစ်၍ အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် မိဖုရား​ဝါရှတိ​သည် အာရွှေရု​မင်းကြီး​ရှေ့​တော်​သို့​မည်သည့်​အခါ​မျှ အခစား​မ​ဝင်​ရ​ဟု ရာဇ​အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။ သူ့​အရိုက်အရာ​ကို သူ့​ထက်​သာ​သော​အခြားသူ​တစ်​ယောက်​အား အရှင်မင်းကြီး​လွှဲပေး​တော်မူ​ပါ​။ ဤ​အမိန့်​ကို​ပယ်ဖျက်​၍​မ​ရ​အောင် ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​တို့​၏​ဥပဒေ​တွင် ရေးမှတ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 20,
      "text": "အရှင်မင်းကြီး​ချမှတ်​သော​အမိန့်​ကို ကျယ်ပြော​လှ​သော​နိုင်ငံ​တစ်ဝန်းလုံး​သို့ ကြေညာ​လျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမ​အပေါင်း​တို့​သည် ကိုယ့်​ယောက်ျား​ကို ကိုယ်​ရိုသေနာခံ​ကြ​လိမ့်မည်”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 21,
      "text": "ထို​စကား​ကို ရှင်ဘုရင်​နှင့်​မှူးမတ်​တို့ သဘောကျ​နှစ်သက်​သဖြင့် ရှင်ဘုရင်​သည် မမုကန်​ပြော​သည့်​အတိုင်း ပြု​၏​။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 22,
      "text": "ယောက်ျား​တိုင်း ကိုယ့်​အိမ်ထောင်​ကို​ဦးစီး​ရ​မည်​။ ကိုယ့်​လူမျိုး​၏​ဘာသာစကား​ကို​သာ ပြောဆို​ရ​မည် ဟူသော​အမိန့်စာ​ကို နယ်မြေဒေသ​အလိုက် သူ့​စာပေ​၊ သူ့​လူမျိုး​၏​ဘာသာစကား​အတိုင်း ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အားလုံး​သို့ ပေးပို့​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အမျက်ပြေ​၍ ဝါရှတိ​ကို​သတိရ​လေ​၏​။ ဝါရှတိ​ပြုမူ​ခဲ့​ပုံ​နှင့် သူ့​အပေါ် အပြစ်ဒဏ်​ချ​ခဲ့​ပုံ​တို့​ကို​လည်း သတိရ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 2,
      "text": "ထိုအခါ မင်း​ခစား​အမှုထမ်း​တို့​က “​အရှင်မင်းကြီး​အဖို့ ရုပ်ရည်​လှပ​သော​အပျိုကညာ​များ​ကို ရှာ​ပါရစေ​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 3,
      "text": "ရုပ်ဆင်းသွင်ပြင်​ချောမော​သော အပျိုကညာ​အားလုံး​ကို ရှုရှန်​နန်းတော်​ရှိ အပျိုတော်​နန်းဆောင်​သို့ ပို့​စေရန် အရှင်မင်းကြီး​၏​တိုင်းနိုင်ငံ​ရှိ နယ်မြေဒေသ​အသီးသီး​တွင် ကြီးကြပ်သူ​များ​ကို​ခန့်ထား​တော်မူ​ပါ​။ ဘုရင့်​နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ​လက်​သို့​အပ်​၍ အလှပြင်​စေ​ပါ​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 4,
      "text": "ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာ​တစ်ဦး​ကို ဝါရှတိ​အစား မိဖုရား​မြှောက်​ပါ​”​ဟု လျှောက်​ကြ​၏​။ ရှင်ဘုရင်​သည် ထို​စကား​ကို​နှစ်သက်​သဖြင့် ထို​အတိုင်း​ပြု​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 5,
      "text": "ရှုရှန်​နန်းတော်​တွင် မော်ဒကဲ​ဟု​ခေါ်​သော ဂျူး​လူမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဗင်္ယာမိန်​အမျိုး ကိရှ​၏​မြစ်​၊ ရှိမိ​၏​မြေး​၊ ယာဣရ​၏​သား​ဖြစ်​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 6,
      "text": "ကိရှ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​ကို ဂျေရုဆလင်​မြို့​မှ ဖမ်းခေါ်​သွား​စဉ်တွင် သုံ့ပန်း​အဖြစ် ပါသွား​ခဲ့​သူ​ဖြစ်​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 7,
      "text": "မော်ဒကဲ​သည် မိမိ​ဘထွေး​၏​သမီး ဟဒဿ ခေါ် ဧသတာ​ကို ထိန်းကျောင်း​ပေး​ခဲ့​ရ​၏​။ အကြောင်းမှာ ထို​မိန်းကလေး​သည် မိဘ​မ​ရှိ​၊ ရုပ်ရည်​မှာ ချစ်စရာကောင်း​၍ လှပ​သော​အဆင်း​ရှိ​၏​။ သူ​၏​မိဘ​များ သေဆုံး​သွား​သဖြင့် မော်ဒကဲ​သည် သူ့​ကို​သမီး​သဖွယ် စောင့်ရှောက်​ပေး​ခဲ့​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 8,
      "text": "ရှင်ဘုရင်​ထုတ်ပြန်​သည့်​အမိန့်​ကို ကြေညာ​သဖြင့် မိန်းမပျို​အမြောက်အမြား​တို့​ကို ရှုရှန်​နန်းတော်​ရှိ ဟေဂဲ​၏​လက်​ထဲသို့​လာအပ်​ကြ​ရာ ဧသတာ​ကို​လည်း ဘုရင့်​နန်းတော်​သို့ ခေါ်ဆောင်​လာ​၍ အပျိုတော်အုပ်​ဟေဂဲ​၏​လက်​သို့​အပ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 9,
      "text": "ဟေဂဲ​သည် ဧသတာ​ကို သဘောကျ​နှစ်သက်​သဖြင့် မျက်နှာသာ​ပေး​၏​။ သူ့​ကို​အလှပြင်​ပေး​ရန်​နှင့် အစားအစာ​ကျွေးမွေး​ရန် ချက်ချင်း​ပြင်ဆင်​၏​။ ရှင်ဘုရင်​၏​နန်းတော်​မှ လက်ရွေးစင် အပျိုတော်​ခုနစ်​ဦး​ကို ပေး​ထား​၏​။ ထို​အပျိုတော်​များ​နှင့်တကွ သူ့​ကို အမျိုးသမီး​နန်းဆောင်​တွင် အကောင်းဆုံး​နေရာ​၌ ထား​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 10,
      "text": "ကိုယ့်​လူမျိုး​၊ ကိုယ့်​ဇာတိ​အကြောင်း ထုတ်ဖော်​မ​ပြ​ရန် မော်ဒကဲ​သည် ဧသတာ​အား မှာထား​သဖြင့် ဧသတာ​လည်း ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 11,
      "text": "ထို့ပြင် မော်ဒကဲ​သည် ဧသတာ​၏​အခြေအနေ​အကျိုးအကြောင်း​ကို​သိရှိ​ရန် အပျိုတော်​နန်းဆောင်​ဝင်း​ရှေ့​သို့ နေ့တိုင်း သွား​လေ့​ရှိ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 12,
      "text": "အပျိုတော်​တို့​အတွက် အလှပြင်​သော​အချိန်​မှာ မုရန်​ဆီ​ဖြင့်​ခြောက်​လ​၊ အမွှေးနံ့သာ​နှင့် အလှပြင်​ပစ္စည်း​တို့​ဖြင့် ခြောက်​လ​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အလှပြင်​ချိန် တစ်ဆယ့်​နှစ်​လ​ပြည့်​ပြီးမှ​သာ အပျိုတော်​တို့​သည် အာရွှေရု​မင်းကြီး​ထံသို့ အလှည့်ကျ​ဝင်​ကြ​ရ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 13,
      "text": "ရှင်ဘုရင်​ထံသို့​ဝင်​ရ​သောအခါ အပျိုတော်​သည် အလိုရှိ​သမျှ​ကို​တောင်းယူ​၍ အပျိုတော်​နန်းဆောင်​မှ ဘုရင့်​နန်းဆောင်​သို့ ယူသွား​ခွင့်​ရှိ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 14,
      "text": "နေဝင်ချိန်​တွင် ရှင်ဘုရင်​ထံ​ဝင်​၍ နံနက်​ရောက်​လျှင် ပြန်​ထွက်လာ​ပြီး ရံရွှေတော်​ထိန်း ဘုရင့်​နန်းတွင်း​မိန်းမစိုး​ရှာရှဂါဇ​အုပ်ထိန်း​သော နောက်​မောင်းမဆောင်​တစ်​ခု​တွင် နေ​ရ​၏​။ ရှင်ဘုရင်​နှစ်သက်​၍ နာမည်​နှင့်​မ​ခေါ်​မ​ချင်း ရှင်ဘုရင်​ထံ ထပ်၍​မ​ဝင်​ရ​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 15,
      "text": "မော်ဒကဲ​က မိမိ​သမီး​သဖွယ်​စောင့်ရှောက်​ထား​သော မော်ဒကဲ​၏​ဘထွေး​အဘိဟဲလ​၏​သမီး​ဧသတာ​သည် ရှင်ဘုရင်​ထံ​ဝင်​ရ​မည့်​အလှည့်​ရောက်လာ​၏​။ သူ​သည် မည်သည့်​အရာ​ကို​မျှ မ​တောင်းဆို​ဘဲ နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ အကြံပေး​သည့်​အတိုင်း​သာ သွား​၏​။ ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူ​တို့​သည် သူ့​ကို သဘောကျ​နှစ်သက်​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 16,
      "text": "ဤသို့ဖြင့် အာရွှေရု​မင်းကြီး​နန်းစံ သတ္တမ​နှစ်​၊ တေဗက်​လ​ဟု​ခေါ်​သော ဒသမ​လ​တွင် ဧသတာ​ကို ဘုရင့်​နန်းဆောင်​သို့ ခေါ်သွင်း​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 17,
      "text": "ရှင်ဘုရင်​သည် အခြား​အပျိုတော်​တို့​ထက် ဧသတာ​ကို ချစ်​၏​။ ထို့ကြောင့် ဧသတာ​သည် အခြား​အပျိုတော်​တို့​ထက် မျက်နှာသာရ​၍ မေတ္တာကရုဏာ​ကို ခံရ​၏​။ ထို့ပြင် ရှင်ဘုရင်​သည် သူ့​ခေါင်း​ပေါ်၌ တော်ဝင်​သရဖူ​ကို​ဆောင်းပေး​၍ ဝါရှတိ​အစား သူ့​ကို မိဖုရား​မြှောက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 18,
      "text": "ထို့နောက် ရှင်ဘုရင်​သည် မှူးမတ်​နှင့်​မင်းမှုထမ်း အပေါင်း​တို့​ပါ​သော စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၏​။ ဤ​ပွဲ​သည် ဧသတာ​အတွက်​ကျင်းပ​သော​ပွဲ​ဖြစ်​၏​။ မိမိ​ပိုင်နက်​တစ်ဝန်းလုံး​တွင် ထို​နေ့​ကို အားလပ်ရက်​အဖြစ်​သတ်မှတ်​၍ တော်ဝင်​လက်ဆောင်​များ​ကို​လည်း ရက်ရက်ရောရော​ပေးကမ်း​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 19,
      "text": "အပျိုကညာ​များ​ကို ဒုတိယအသုတ်​ခေါ်ဆောင်​လာ​ချိန်​တွင် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 20,
      "text": "ဧသတာ​သည် မော်ဒကဲ​မှာထား​သည့်​အတိုင်း မိမိ​လူမျိုး​၊ မိမိ​ဇာတိ​ကို ထုတ်ဖော်​မ​ပြ​ဘဲ​နေ​၏​။ မိမိ​ကို မော်ဒကဲ​ကျွေးမွေး​စောင့်ရှောက်​ခဲ့​စဉ်​အချိန်​က​ကဲ့သို့ပင် ယခု​လည်း မော်ဒကဲ​၏​စကား​ကို နားထောင်​လျက်​ရှိ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 21,
      "text": "မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​တွင် ထိုင်​လျက်​နေ​သော​ကာလ​တွင် ဘုရင့်​အမှုထမ်း​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို အမျက်ထွက်​၍ လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​နေ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 22,
      "text": "ထို​အကြောင်း​ကို မော်ဒကဲ​သိ​၍ မိဖုရား​ဧသတာ​အား ပြောပြ​၏​။ ဧသတာ​သည်​လည်း မော်ဒကဲ​ကိုယ်စား ရှင်ဘုရင်​ထံ လျှောက်တင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 23,
      "text": "ထို​အကြောင်း​ကို​စုံစမ်း​တွေ့ရှိ​သောအခါ ထို​သူ​နှစ်​ဦး​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ထား​၏​။ ထို​အကြောင်း​ကို ရှင်ဘုရင်​ရှေ့မှောက်​၌ ရာဇဝင်ချုပ်​မှတ်တမ်း​စာလိပ်​ထဲတွင် မှတ်တမ်းတင်​ထား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 1,
      "text": "ထို့နောက်တွင် အာရွှေရု​မင်းကြီး​သည် အာဂတ်​အမျိုး​ဟမ္မေဒါသ​၏​သား​ဟာမန်​ကို ချီးမြှင့်မြှောက်စား​လေ​၏​။ သူ​၌​ရှိ​သော​မှူးမတ်​အပေါင်း​တို့​ထက် ရာထူး​တိုးမြှင့်​ပေး​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 2,
      "text": "ဘုရင့်​နန်းတော်​တံခါး​ရှိ မင်းမှုထမ်း​အပေါင်း​တို့​သည် ဘုရင့်​အမိန့်​တော်​အတိုင်း ဟာမန်​ကို​ညွတ်တွား​ခယ​ကြ​၏​။ သို့သော် မော်ဒကဲ​သည် ဟာမန်​ကို​မ​ညွတ်တွား မ​ခယ​ပေ​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 3,
      "text": "ထို့ကြောင့် ဘုရင့်​နန်းတော်​တံခါး​ရှိ မင်းမှုထမ်း​တို့​က မော်ဒကဲ​အား “​သင်​သည် ရှင်ဘုရင်​၏​အမိန့်​ကို အဘယ်ကြောင့် မနာခံ​သနည်း​”​ဟု မေး​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 4,
      "text": "မော်ဒကဲ​က မိမိ​သည် ဂျူး​လူမျိုး​ဖြစ်ကြောင်း​ကို ပြောပြ​ထား​ပြီး​ဖြစ်၍ ထို​သူ​တို့ နေ့စဉ်နေ့တိုင်း ပြောဆို​နေ​သော်လည်း မ​ကြား​ချင်​ယောင်ဆောင်​နေ​၏​။ ထိုအခါ မော်ဒကဲ​၏​လုပ်ရပ်​ကို​သည်းခံ​မည်​၊ မ​သည်းခံ​မည်​ကို သိ​လို​၍ ထို​သူ​တို့​သည် ဟာမန်​အား​ပြောပြ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 5,
      "text": "ဟာမန်​သည် မိမိ​အား မော်ဒကဲ မ​ညွတ်တွား မ​ခယ​ကြောင်း​ကို သိရှိ​သောအခါ အမျက်ဒေါသ​ပြင်း​စွာ​ထွက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 6,
      "text": "မော်ဒကဲ​၏​လူမျိုး​အကြောင်း​ကို ဟာမန်​အား ပြောပြ​ထား​ကြ​ပြီး​ဖြစ်​၏​။ ဟာမန်​သည် မော်ဒကဲ​တစ်ဦးတည်း​ကို​သာ​သုတ်သင်​ပစ်​လျှင် မတန်​ဟု မြင်​သဖြင့် အာရွှေရု​မင်းကြီး​၏​နိုင်ငံ​တစ်ဝန်းလုံး​ရှိ မော်ဒကဲ​၏​လူမျိုး​ဖြစ်​သည့် ဂျူး​လူမျိုး​အားလုံး​ကို​ပါ ဖျက်ဆီး​ပစ်​ရန် ကြံစည်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 7,
      "text": "ထို့ကြောင့် အာရွှေရု​မင်းကြီး​နန်းစံ​တစ်ဆယ့်​နှစ်​နှစ်​၊ နိသန်​ဟု​ခေါ်​သော​ပထမ​လ​တွင် ဟာမန်​ရှေ့​၌ တစ်ရက်​ပြီး​တစ်ရက်​၊ တစ်လ​ပြီး​တစ်လ ပုရ​မဲ​ကို​ချ​ရာ အာဒါ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​တွင် မဲကျ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 8,
      "text": "ထို့နောက် ဟာမန်​က အာရွှေရု​မင်းကြီး​အား “​အရှင်မင်းကြီး​ပိုင်​နိုင်ငံ​တော်​တစ်ဝန်းလုံး​ရှိ နယ်မြေဒေသ​အသီးသီး​မှ​ပြည်သူပြည်သား​များ​ကြားတွင် ကွဲလွင့်​ပျံ့နှံ့​နေ​သော​လူမျိုး​တစ်​မျိုး​ရှိ​ပါ​၏​။ သူ​တို့​၏​စည်းမျဉ်း​ဥပဒေ​များ​သည် အခြား​လူမျိုး​အပေါင်း​တို့​နှင့်​မတူ​။ သူ​တို့​သည် အရှင်မင်းကြီး​၏​စည်းမျဉ်း​ဥပဒေ​များ​ကို မ​လိုက်နာ​သောကြောင့် သူ​တို့​ကို ဤ​အတိုင်း​လွှတ်​ထား​လျှင် အရှင်မင်းကြီး​အတွက် အကျိုး​မ​ရှိ​နိုင်​ပါ​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 9,
      "text": "အရှင်မင်းကြီး​အလို​တော်​ရှိ​လျှင် သူ​တို့​ကို​ဖျက်ဆီး​ပစ်​ရန် အမိန့်စာ​ထုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည်​လည်း အရှင်မင်းကြီး​၏​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​ရန် ငွေ​တာလန်​တစ်သောင်း ​ကို ဤ​အမှု​ဆောင်ရွက်​သူ​တို့​၏​လက်​သို့ အပ်​ပါ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 10,
      "text": "ထိုအခါ ရှင်ဘုရင်​သည် မိမိ​လက်​မှ​တံဆိပ်တုံးလက်စွပ်​တော်​ကို​ချွတ်​၍ ဂျူး​လူမျိုး​တို့​၏​ရန်သူ​ဖြစ်​သော အာဂတ်​အမျိုး​ဟမ္မေဒါသ​၏​သား​ဟာမန်​အား ပေး​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 11,
      "text": "ရှင်ဘုရင်​က ဟာမန်​အား “​ဤ​ငွေ​ကို သင့်​အား​ပေး​ပြီ​။ ဤ​လူမျိုး​ကို​လည်း သင်​အလိုရှိ​သည့်​အတိုင်း​ပြု​နိုင်​၏​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 12,
      "text": "ထိုအခါ ပထမ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့​တွင် ဘုရင့်​စာရေးတော်ကြီး​များ​ကို ဆင့်ခေါ်​၍ ဟာမန်​ပြောကြား​သည့်​အတိုင်း အမိန့်စာ​ကို​ရေးသား​စေ​ပြီး အုပ်ချုပ်ရေး​အရာရှိ​မင်း​များ​၊ နယ်မြေဒေသ​အသီးသီး​ကို​အုပ်ချုပ်​သော​ဘုရင်ခံ​များ​နှင့် လူမျိုး​အသီးသီး​တို့​၏​အကြီးအကဲ​များ​ထံသို့ နယ်မြေဒေသ​အလိုက် သူ့​စာပေ​၊ သူ့​လူမျိုး​၏​ဘာသာစကား​ဖြင့် ပေးပို့​၏​။ ထို​စာ​ကို အာရွှေရု​မင်းကြီး​၏​နာမည်​တပ်​၍ ရှင်ဘုရင်​၏​တံဆိပ်တုံးလက်စွပ်​တော်​ဖြင့် ခတ်နှိပ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 13,
      "text": "ထို​စာ​ကို ခြေမြန်​တော်​များ​ဖြင့် ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အသီးသီး​သို့ ပေးပို့​လိုက်​၏​။ ထို​စာ​တွင် အာဒါ​ဟု​ခေါ်​သော တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက် တစ်နေ့ချင်း​တွင် ဂျူး​လူမျိုး​လူကြီး​လူငယ်​၊ မိန်းမ​နှင့်​ကလေး​ပါ​မ​ကျန် အားလုံး​သုတ်သင်​သတ်ဖြတ်​ပြီး သူ​တို့​၏​စည်းစိမ်ဥစ္စာ​တို့​ကို​သိမ်းယူ​ရ​မည်​ဟု ပါရှိ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 14,
      "text": "ထို​နေ့ရက်​တွင် အဆင်သင့်​ဖြစ်စေ​ရန် ထို​စာ​၏​မိတ္တူ​ကို အမိန့်​တော်​စာ​အဖြစ် နယ်မြေဒေသ​အသီးသီး​ရှိ လူမျိုး​အားလုံး​တို့​ထံသို့ ထုတ်ပြန်​ကြေညာ​စေ​၏​။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 15,
      "text": "ဘုရင့်​အမိန့်​တော်​အတိုင်း ခြေမြန်​တော်​တို့​သည် အလျင်အမြန်​ထွက်သွား​ကြ​၏​။ ထို​အမိန့်စာ​ကို ရှုရှန်​နန်းတော်​တွင် ထုတ်ပြန်​ကြေညာ​၏​။ ထိုစဉ် ရှင်ဘုရင်​နှင့်​ဟာမန်​တို့​သည် ထိုင်​၍​စားသောက်​လျက်​နေ​၏​။ ရှုရှန်​မြို့​ထဲတွင်​မူကား ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 1,
      "text": "ထို​အကြောင်းအရာ​အလုံးစုံ​ကို မော်ဒကဲ ကြားသိ​သောအခါ မိမိ​အဝတ်​တို့​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင် ပြာ​၌​လူး​လေ​၏​။ ထို့နောက် မြို့​လယ်ခေါင်​သို့​သွား​ကာ ကျယ်လောင်​စွာ ခါးခါးသီးသီး အော်ဟစ်​ငိုကြွေး​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 2,
      "text": "လျှော်တေ​အဝတ်​ဖြင့် ဘုရင့်​နန်းတော်​တံခါး​သို့ ဝင်​ခွင့်​မ​ရှိ​သောကြောင့် သူ​သည် ဘုရင့်​နန်းတော်​တံခါး​နား​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 3,
      "text": "ဘုရင့်​အမိန့်​စာ​ရောက်ရှိ​သည့် နယ်မြေဒေသ​အသီးသီး​တို့​မှ ဂျူး​လူမျိုး​တို့​သည် အကြီးအကျယ်​ငိုကြွေးမြည်တမ်း​ကြ​လေ​၏​။ အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​၊ မြည်တမ်း​လျက် လူ​အများ​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​၍ ပြာ​၌​လူး​ကြ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 4,
      "text": "ဧသတာ​၏​အစေခံ​မိန်းကလေး​များ​နှင့် မိန်းမစိုး​တို့​သည်​လာ​၍ မော်ဒကဲ​အကြောင်း​ကို လျှောက်ထား​ကြ​သောအခါ မိဖုရား​သည် အလွန်ပင်​စိတ်မကောင်း​ဖြစ်​လေ​၏​။ လျှော်တေအဝတ်​ကို​လဲ​ဝတ်​ရန် အဝတ်​များ​ကို​ပေးလိုက်​သော်လည်း မော်ဒကဲ​သည် လက်​မ​ခံ​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 5,
      "text": "ထိုအခါ ဧသတာ​သည် မိမိ​အဖို့ ရှင်ဘုရင်​ခန့်ထား​ပေး​သော​မိန်းမစိုး​ဟာတက်​ကို ဆင့်ခေါ်​၍ မော်ဒကဲ​သည် မည်သည့်​အကြောင်း​ကြောင့်​၊ မည်သည့်​အတွက်​ကြောင့် ဤသို့​ပြုမူ​နေ​သည်​ကို စုံစမ်း​ကြည့်​ရန် စေလွှတ်​လိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 6,
      "text": "ဟာတက်​သည်​လည်း မော်ဒကဲ​ရှိ​ရာ ဘုရင့်​နန်းတော်​တံခါး​ရှေ့ မြို့​တော်​ရင်ပြင်​သို့ သွား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 7,
      "text": "မော်ဒကဲ​သည်​လည်း သူ​ကြုံတွေ့​နေ​ရ​သော​အဖြစ်အပျက်​အားလုံး​နှင့် ဟာမန်​က ဂျူး​လူမျိုး​တို့​ကို​သုတ်သင်​ပစ်​ရန် ဘုရင့်​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​မည်​ဟု ကတိပြု​သည့်​ငွေသား​ပမာဏအတိအကျ​ကို​ပါ ဟာတက်​အား ပြောပြ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 8,
      "text": "ထို့ပြင် ဂျူး​လူမျိုး​တို့​ကို​ဖျက်ဆီး​မည့်​အကြောင်း ရှုရှန်​မြို့​တွင် ကြေညာ​သည့် အမိန့်​စာ​မိတ္တူ​ကို​လည်း ပေး​လိုက်​၏​။ ဤ​စာ​ကို ဧသတာ​အား​ပြ​၍ သူ့​ကို​ရှင်းပြ​ရန်​နှင့် ဧသတာ​အား ရှင်ဘုရင်​ထံသို့​ဝင်​၍ ကိုယ့်​လူမျိုး​တို့​အတွက် မင်းကြီး​ထံ​အသနားခံ​တောင်းလျှောက်​ရန် မှာလိုက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 9,
      "text": "ဟာတက်​သည်​လည်း ပြန်လာ​၍ မော်ဒကဲ​၏​စကား​ကို ဧသတာ​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 10,
      "text": "ထိုအခါ ဧသတာ​က မော်ဒကဲ​အား"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 11,
      "text": "“​ရှင်ဘုရင်​က ဆင့်ခေါ်​ခြင်း​မ​ရှိ​ဘဲ နန်းတွင်းဆောင်​ရှိ ရှင်ဘုရင်​ထံသို့ ဝင်လာ​သော​သူ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ထို​သူ​အတွက် တစ်ခုတည်း​သော​အမိန့်​မှာ သေဒဏ်​ဖြစ်​၏​။ ရှင်ဘုရင်​၏​ရွှေ​ရာဇလှံတံ​ကမ်းလှမ်း​ခြင်း​ခံရ​သော​သူ​သာ အသက်ချမ်းသာ​ခွင့်​ရ​၏​။ ဤ​အမိန့်​ကို ရှင်ဘုရင်​၏​အမှုထမ်း​အားလုံး​မှစ၍ ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အသီးသီး​မှ​လူ​တို့ သိ​ကြ​၏​။ အကျွန်ုပ်​သည်​လည်း ရှင်ဘုရင်​ထံသို့​ဝင်​ရန်​ဆင့်ခေါ်​ခြင်း​မ​ခံရ​သည်​မှာ ရက်​ပေါင်း​သုံးဆယ်​ရှိ​ပြီ​”​ဟု ဟာတက်​မှတစ်ဆင့် အကြောင်းပြန်​လိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 12,
      "text": "ဧသတာ​ပြော​သော​စကား​တို့​ကို မော်ဒကဲ​အား ပြန်​ပြောပြ​သောအခါ"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 13,
      "text": "မော်ဒကဲ​က ဧသတာ​အား “​ဂျူး​လူမျိုး​အပေါင်း​တို့ မ​လွတ်မြောက်​လျှင် ဘုရင့်​နန်းတော်​ထဲ၌ နေ​သော​သင်​သည်​လည်း လွတ်မြောက်​မည်​ဟု မ​ထင်​နှင့်​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 14,
      "text": "ဤ​အချိန်​တွင် သင်​နှုတ်ဆိတ်​နေ​မည်​ဆိုပါက ဂျူး​လူမျိုး​တို့​ကို လွတ်မြောက်​အောင် ကယ်တင်​ပေး​မည့်​သူ​သည် အခြား​တစ်နေရာ​မှ​ပေါ်လာ​လိမ့်မည်​။ သင်​နှင့်​သင့်​ဖခင်​အမျိုးအနွယ်​မူကား ပျက်စီး​ရ​လိမ့်မည်​။ ဤ​အချိန်​ကာလ​အတွက် သင်​သည် မိဖုရား​ဖြစ်လာ​ခဲ့​သလော​ဟု အဘယ်သူ သိ​နိုင်​မည်နည်း​”​ဟု မှာကြား​လိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 15,
      "text": "ဧသတာ​က​လည်း မော်ဒကဲ​အား"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 16,
      "text": "“​ရှုရှန်​မြို့​တွင် ရှိသမျှ​သော​ဂျူး​လူမျိုး​တို့​ကို သွား​၍​စုစည်း​ပြီး နေ့​ရော​ည​ပါ သုံး​ရက်​ပတ်လုံး မ​စား​မ​သောက်​ဘဲ အကျွန်ုပ်​အတွက် အစာရှောင်​ဆုတောင်း​ကြ​ပါ​။ အကျွန်ုပ်​နှင့် အစေခံ​မိန်းကလေး​များ​သည်​လည်း ထိုနည်းတူ အစာရှောင်​ဆုတောင်း​ကြ​ပါ​မည်​။ ထို့နောက် ဥပဒေ​နှင့်​ဆန့်ကျင်​သော်လည်း ရှင်ဘုရင်​ထံ​အခစား​ဝင်​မည်​။ သေ​ရ​မည်​ဆိုလျှင်​လည်း အသေ​ခံ​ပါ​မည်​”​ဟု ပြန်ပြော​လိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 17,
      "text": "မော်ဒကဲ​သည်​လည်း ဧသတာ​မှာကြား​သမျှ​အတိုင်း သွား​၍​လုပ်ဆောင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 1,
      "text": "ထို့နောက် သုံး​ရက်​မြောက်​နေ့​တွင် ဧသတာ​သည် နန်းဝတ်နန်းစား​ကို​ဝတ်ဆင်​၍ ဘုရင့်​ခန်းမဆောင်​နှင့်​မျက်နှာချင်းဆိုင် နန်းတွင်း​ဆောင်​တွင် ရပ်​နေ​၏​။ ရှင်ဘုရင်​သည်​လည်း ဘုရင့်​ခန်းမဆောင်​အဝင်ဝ​သို့​မျက်နှာမူ​လျက် ခန်းမ​တွင်း​ရှိ​ရာဇ​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 2,
      "text": "ရှင်ဘုရင်​သည် နန်းတော်​ဝင်း​အတွင်း​၌​ရပ်​နေ​သော မိဖုရား​ဧသတာ​ကို မြင်​လျှင် ချစ်​ကြင်နာ​စိတ်​ဖြစ်၍ ရှင်ဘုရင်​သည်​လည်း လက်​ထဲ​ရှိ​ရွှေ​ရာဇလှံတံ​ကို ဧသတာ​အား​ကမ်းပေး​လေ​၏​။ ဧသတာ​လည်း အနီး​သို့​လာ​၍ ရာဇလှံတံ​၏​ထိပ်ဖျား​ကို တို့​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 3,
      "text": "ထိုအခါ ရှင်ဘုရင်​က “​မိဖုရား​ဧသတာ​၊ သင်​ဘာ​အလိုရှိ​သနည်း​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ သင်​တောင်းဆို​သမျှ နိုင်ငံ​တော်​တစ်ဝက်​အထိ သင့်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 4,
      "text": "ဧသတာ​က​လည်း “​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် အရှင်မင်းကြီး​အတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ဟာမန်​နှင့်အတူ ကြွရောက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 5,
      "text": "ထိုအခါ ရှင်ဘုရင်​က “​ဧသတာ​တောင်းဆို​သည့်​အတိုင်း ပြု​နိုင်​ရန် ဟာမန်​ကို​အလျင်အမြန်​ခေါ်​ခဲ့​လော့​”​ဟု အမိန့်ပေး​၏​။ ထို့နောက် ရှင်ဘုရင်​သည် ဟာမန်​နှင့်အတူ ဧသတာ​ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ကြွ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 6,
      "text": "စပျစ်ဝိုင်​သောက်​ချိန်​တွင် ရှင်ဘုရင်​က ဧသတာ​အား “​သင်​ဘာ​အလိုရှိ​သနည်း​။ သင့်​အား​ငါ​ပေး​မည်​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ နိုင်ငံ​တော်​တစ်ဝက်​ကို​ပင် သင့်​အား ငါ​ပေး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 7,
      "text": "ဧသတာ​က​လည်း “​ကျွန်တော်မျိုးမ အလိုရှိ​သော​အရာ​၊ တောင်းဆို​လို​သော​အရာ​မှာ"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 8,
      "text": "အရှင်မင်းကြီး​သည် ကျွန်တော်မျိုးမ​ကို မျက်နှာသာပေး​၍ ကျွန်တော်မျိုးမ တောင်းဆို​သော​အရာ​ကို အရှင်မင်းကြီး​ပေးသနား​လို​သော​စေတနာစိတ်​ရှိ​လျှင် ကျွန်တော်မျိုးမ ပြင်ဆင်​မည့်​စားသောက်ပွဲ​သို့ အရှင်မင်းကြီး​နှင့်​ဟာမန်​တို့ နောက်တစ်ဖန်​ကြွရောက်​တော်မူ​ပါ​။ အရှင်မင်းကြီး​မိန့်ဆို​သော​အရာ​ကို​လည်း နက်ဖြန်နေ့​တွင် ဖြေကြား​ပါ​မည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 9,
      "text": "ထို​နေ့​၌ ဟာမန်​သည် စိတ်နှလုံး​ဝမ်းမြောက်​ရွှင်မြူး​လျက် ပြန်လာ​၏​။ သို့သော် ဘုရင့်​နန်းတော်​တံခါး​သို့​ရောက်​လျှင် မော်ဒကဲ​သည် မတ်တတ်​မ​ရပ်​၊ သူ့​အား မ​ကြောက်ရွံ့ မ​ရိုသေ​သည်​ကို မြင်​သောအခါ ဟာမန်​သည် မော်ဒကဲ​အား ပြင်းစွာ​အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 10,
      "text": "သို့သော် ဟာမန်​သည် စိတ်​ကို​ထိန်း​၍ အိမ်​သို့​ရောက်​ပြီးမှ မိမိ​ဇနီး​ဇေရက်​နှင့် မိမိ​မိတ်ဆွေ​တို့​ကို လူ​လွှတ်​ခေါ်​စေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 11,
      "text": "ဟာမန်​က သူ​တို့​အား မိမိ​မည်မျှ ဓနဥစ္စာ​ဂုဏ်ရှိန်​ကြီး​ကြောင်း​၊ သားသမီး​များပြား​ကြောင်း​၊ ရှင်ဘုရင်​သည်​လည်း မိမိ​အား မည်မျှ​ချီးမြှင့်မြှောက်စား​ကြောင်း​၊ အခြား​မှူးမတ်​များ​နှင့် မင်းမှုထမ်း​များ​ထက် ရာထူး​တိုးမြှင့်​ပေး​ကြောင်း​တို့​ကို ဝါကြွား​ပြောဆို​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 12,
      "text": "တစ်ဖန် ဟာမန်​က “​ထိုမျှမက မိဖုရား​ဧသတာ​သည် သူ​တည်ခင်း​သော​စားသောက်ပွဲ​သို့ ရှင်ဘုရင်​နှင့်အတူ ငါ​မှလွဲ၍ အခြားသူ​ကို မ​ဖိတ်ခေါ်​ပါ​။ နက်ဖြန်​နေ့​တွင်​လည်း ရှင်ဘုရင်​နှင့်အတူ ငါ့​ကို​ဖိတ်ခေါ်​ထား​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 13,
      "text": "သို့သော် ဘုရင့်​နန်းတော်​တံခါး​တွင် ဂျူး​လူမျိုး​မော်ဒကဲ​ထိုင်​နေ​သည်​ကို ငါ​မြင်​နေ​ရ​သရွေ့ ဤ​အရာ​အားလုံး​သည် ငါ့​အတွက် ဘာမျှ​အကျိုး​မ​ရှိ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 14,
      "text": "ထိုအခါ သူ့​ဇနီး​ဇေရက်​နှင့် သူ့​မိတ်ဆွေ​အပေါင်း​တို့​က “​အတောင်​ငါးဆယ် ​မြင့်​သော​သစ်တိုင်​တစ်​ခု​ကို​ပြုလုပ်​စေ​ပြီး မော်ဒကဲ​ကို ထို​သစ်တိုင်​ပေါ်တွင်​ဆွဲ​ထား​မည့်​အကြောင်း မနက်ဖြန်​မနက်​တွင် ရှင်ဘုရင်​ထံ အခွင့်တောင်း​ပါ​။ ပြီးမှ ရှင်ဘုရင်​နှင့်အတူ စားသောက်ပွဲ​သို့ ဝမ်းမြောက်​စွာ​သွား​ပါ​”​ဟု အကြံပေး​ကြ​၏​။ ဟာမန်​သည်​လည်း ထို​အကြံ​ကို​နှစ်သက်​သဖြင့် သစ်တိုင်​ကို​ပြုလုပ်​စေ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 1,
      "text": "ထို​ည​တွင် ရှင်ဘုရင်​သည် အိပ်မပျော်​သဖြင့် ရာဇဝင်မှတ်တမ်း​စာလိပ်​ကို ယူလာ​ရန် အမိန့်ပေး​၏​။ သူ​တို့​သည်​လည်း​ယူလာ​၍ ဘုရင့်​ရှေ့မှောက်​၌ ဖတ်ပြ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 2,
      "text": "ထို​မှတ်တမ်း​ထဲတွင် ဘုရင့်​မိန်းမစိုး​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို​လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​သည့်​အကြောင်း​ကို မော်ဒကဲ​ထုတ်ဖော်​ပြောကြား​ခဲ့​ကြောင်း ရေးမှတ်​ထား​သည်​ကို​တွေ့ရှိ​ရ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 3,
      "text": "ထို့ကြောင့် ရှင်ဘုရင်​က “​မော်ဒကဲ ဤသို့​ပြု​ပေး​သည်​ကို သူ့​အား မည်သည့်​ဘွဲ့ထူး​ဖြင့် ဂုဏ်​ပြု​ခဲ့​သနည်း​”​ဟု မေး​ရာ မိမိ​ထံပါး​၌​ခစား​သော​မင်းလုလင်​တို့​က “​သူ့​ကို မည်သည့်​အရာ​မျှ မ​ပြု​ပေး​ခဲ့​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 4,
      "text": "ထိုအခါ ရှင်ဘုရင်​က “​နန်းတော်​ဝင်း​ထဲတွင် မည်သူ​ရှိ​သနည်း​”​ဟု မေး​၏​။ ထို​အချိန်​တွင် ဟာမန်​သည် သူ​လုပ်​ထား​သော​သစ်တိုင်​တွင် မော်ဒကဲ​ကို​ချိတ်ဆွဲ​မည့်​အကြောင်း ရှင်ဘုရင်​ထံ​ခွင့်ပန်​ရန် ဘုရင့်​နန်းတော်​ဝင်း​အပြင်ဘက်​တွင် ရောက်​နေ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 5,
      "text": "မင်းလုလင်​တို့​က “​ကြည့်ရှု​တော်မူ​ပါ​။ နန်းတော်​ဝင်း​ထဲတွင် ဟာမန်​ရပ်​လျက်​နေ​ပါ​၏​”​ဟု လျှောက်​လျှင် ရှင်ဘုရင်​က “​အထဲ​သို့​ဝင်​စေ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 6,
      "text": "ဟာမန်​ဝင်လာ​လျှင် ရှင်ဘုရင်​က “​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို မည်သို့​ဂုဏ်ပြု​သင့်​သနည်း​”​ဟု မေး​၏​။ ဟာမန်​က​လည်း “​ငါ​မှတစ်ပါး ရှင်ဘုရင်​ဂုဏ်​ပြု​လို​သော​သူ​ရှိ​မည်​မ​ဟုတ်​”​ဟု အတွေး​ဝင်​၍"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 7,
      "text": "ဟာမန်​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​ဂုဏ်ပြု​လို​သော​သူ​အတွက်"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 8,
      "text": "အရှင်မင်းကြီး​ဆင်မြန်း​သော​မင်းဝတ်တန်ဆာ​၊ ခေါင်း​ပေါ်တွင် တော်ဝင်​သရဖူ​ဆင်မြန်း​ပေး​ထား​သော​အရှင်မင်းကြီး​၏​စီး​တော်​မြင်း​ကို​ယူလာ​စေ​၍"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 9,
      "text": "ထို​မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို ဘုရင့်​မှူးကြီးမတ်ရာ​တစ်ပါးပါး​လက်​သို့​ပေးအပ်​ပြီး အရှင်မင်းကြီး​ဂုဏ်ပြု​လို​သော​သူ​အား ဆင်ယင်​ပေး​စေ​ပါ​။ ထို့နောက် စီးတော်မြင်း​ကို​စီး​စေ​၍ မြို့​လမ်းမ​တစ်လျှောက်​လှည့်လည်​စေ​ပြီးလျှင် ‘​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို ဤသို့​ဂုဏ်ပြု​ပေး​ရ​သည်​’​ဟူ၍ ရှေ့​မှ ကြွေးကြော်​သွား​စေ​ရ​မည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 10,
      "text": "ထိုအခါ ရှင်ဘုရင်​က ဟာမန်​အား “​သင်​ဆို​သည့်​အတိုင်း မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို ယခု​ချက်ချင်း​သွား​ယူ​၍ ဘုရင့်​နန်းတော်​တံခါး​၌​ထိုင်​နေ​သော​ဂျူး​လူမျိုး​မော်ဒကဲ​အား ပြု​လော့​။ သင်​ပြော​ခဲ့​သမျှ တစ်​ခု​မျှ မ​ကျန်​စေ​နှင့်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 11,
      "text": "ဟာမန်​သည်​လည်း မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို​ယူ​၍ မော်ဒကဲ​အား မင်းဝတ်တန်ဆာ​ကို​ဝတ်ဆင်​စေ​ပြီး စီးတော်မြင်း​ကို​စီး​စေ​လျက် မြို့​လမ်းမ​တစ်လျှောက် “ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို ဤသို့​ဂုဏ်ပြု​ရ​သည်”​ဟု ရှေ့​မှ ကြွေးကြော်​သွား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 12,
      "text": "ထို့နောက် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​သို့ ပြန်လာ​၏​။ ဟာမန်​မူကား စိတ်မသာမယာ​ဖြင့် ခေါင်း​ကို​အုပ်​လျက် မိမိ​အိမ်​သို့​အလျင်အမြန်​ပြန်သွား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 13,
      "text": "ထို့နောက် ဟာမန်​သည် မိမိ​ဇနီး​ဇေရက်​နှင့် မိမိ​မိတ်ဆွေ​အပေါင်း​တို့​အား ဖြစ်ပျက်​ခဲ့​သမျှ​တို့​ကို ပြောပြ​ရာ သူ့​ဇနီး​ဇေရက်​နှင့် သူ့​ကို အကြံပေးသူ​တို့​က “​ယခု သင်​သည် မော်ဒကဲ​ကို စတင်​ပြီး​ရှုံးနိမ့်​လေ​ပြီ​။ သူ​သည် ဂျူး​လူမျိုး​မှန်​လျှင် သူ့​ကို သင်​အနိုင်ရ​လိမ့်မည်​မ​ဟုတ်​။ သူ့​ကို သင်​မုချ​ရှုံး​လိမ့်မည်​”​ဟု ပြန်ပြော​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 14,
      "text": "ထိုသို့ ပြောဆို​နေ​ကြ​စဉ်​တွင်ပင် မိန်းမစိုး​တို့​ရောက်လာ​၍ ဧသတာ​ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ဟာမန်​ကို အလျင်အမြန်​ခေါ်သွား​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 1,
      "text": "ဤသို့ဖြင့် ရှင်ဘုရင်​နှင့် ဟာမန်​သည် မိဖုရား​ဧသတာ​၏​စားသောက်ပွဲ​သို့ ရောက်လာ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 2,
      "text": "ဒုတိယ​နေ့ စပျစ်ဝိုင်​သောက်​ချိန်​တွင်​လည်း ရှင်ဘုရင်​က မိဖုရား​ဧသတာ​အား “​မိဖုရား​ဧသတာ​၊ သင်​ဘာ​အလိုရှိ​သနည်း​။ သင့်​ကို ငါ​ပေး​မည်​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ သင်​တောင်း​သမျှ နိုင်ငံ​တော်​တစ်ဝက်​အထိ သင့်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 3,
      "text": "မိဖုရား​ဧသတာ​က​လည်း “​အို အရှင်မင်းကြီး​၊ ကျွန်တော်မျိုးမ​ကို မျက်နှာသာ​ပေး​မည်​ဆိုလျှင်​၊ အရှင်မင်းကြီး စေတနာစိတ်​ရှိ​မည်​ဆိုလျှင် ကျွန်တော်မျိုးမ​၏​အသက်​ကို ချမ်းသာပေး​စေ​လို​ပါ​၏​။ ကျွန်တော်မျိုးမ​၏​လူမျိုး​တို့ အသက်​ကို​လည်း ချမ်းသာပေး​မည့်​အကြောင်း တောင်းဆို​လို​ပါ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 4,
      "text": "ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 5,
      "text": "ထိုအခါ အာရွှေရု​မင်းကြီး​က မိဖုရား​ဧသတာ​အား “​ထိုသို့​ပြု​ရန် စိတ်ရဲတင်း​သူ​ကား အဘယ်သူ​နည်း​။ အဘယ်မှာ နေ​သနည်း​”​ဟု မေး​လျှင်"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 6,
      "text": "ဧသတာ​က​လည်း “​ကျွန်တော်မျိုးမ​ကို ရန်ပြု​သော​ရန်သူ​ကား ဤ​လူ​ယုတ်မာ​ဟာမန်​ဖြစ်​ပါ​သည်​”​ဟု ဆို​လျှင် ဟာမန်​သည် ရှင်ဘုရင်​နှင့် မိဖုရား​ရှေ့​တွင် ကြောက်လန့်​တုန်လှုပ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 7,
      "text": "ရှင်ဘုရင်​သည် ဒေါသတကြီး​နှင့် စပျစ်ဝိုင်​သောက်​ရာ​မှ​ထ​၍ နန်းတော်​ဥယျာဉ်​ဘက်​သို့ ထွက်သွား​လေ​၏​။ ဟာမန်​မူကား ရှင်ဘုရင်​သည် မိမိ​အား ကျိန်းသေ​အပြစ်ဒဏ်​ပေး​တော့​မည်​ကို သိ​သဖြင့် မိမိ​ကို​အသက်​ချမ်းသာ​ပေး​မည့်​အကြောင်း မိဖုရား​ဧသတာ​ရှေ့​တွင်​ရပ်​လျက် တောင်းပန်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 8,
      "text": "ရှင်ဘုရင်​သည် နန်းတော်​ဥယျာဉ်​မှ စပျစ်ဝိုင်​သောက်​ရာ​နေရာ​သို့ ပြန်​ဝင်လာ​၍ ဧသတာ​လျောင်း​ရာ​ညောင်စောင်း​တွင် ဟာမန်​ပျပ်ဝပ်​နေ​သည်​ကို မြင်​လျှင် ရှင်ဘုရင်​က “​ငါ့​မျက်စိ​ရှေ့ နန်းတွင်း​မှာ​ပင် မိဖုရား​ကို ကိုယ်ထိလက်ရောက်​စော်ကား​မည်လော​”​ဟု ရှင်ဘုရင်​နှုတ်​မှ ဆို​လိုက်​သည်​နှင့် မင်းမှုထမ်း​တို့​သည် ဟာမန်​၏​မျက်နှာ​ကို ဖုံးအုပ်​လိုက်​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 9,
      "text": "ထိုအခါ မိန်းမစိုး​တစ်​ဦး​ဖြစ်​သော ဟာဗောန​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​ကောင်းကျိုး​အတွက် လျှောက်တင်​ခဲ့​သော​မော်ဒကဲ​ကို ချိတ်ဆွဲ​ရန် ဟာမန်​ပြုလုပ်​ထား​သည့် အတောင်​ငါးဆယ် ​မြင့်​သော​သစ်တိုင်​သည် ဟာမန်​အိမ်​၌​စိုက်ထူ​ထား​ပါ​သည်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​က “​ထို​သစ်တိုင်​ပေါ်တွင် သူ့​ကို​ချိတ်ဆွဲ​ထား​စေ​”​ဟု အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 10,
      "text": "ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 1,
      "text": "ထို​နေ့​တွင်ပင် အာရွှေရု​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ရန်သူ​ဟာမန်​၏​အိမ်​ကို မိဖုရား​ဧသတာ​အား ပေး​လေ​၏​။ ဧသတာ​က မော်ဒကဲ​သည် မိမိ​နှင့်​မည်သို့​တော်စပ်​သည်​ကို လျှောက်တင်​ရာ ရှင်ဘုရင်​က မော်ဒကဲ​အား ရှေ့​တော်​သို့​ခစား​ခွင့်​ပေး​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 2,
      "text": "ရှင်ဘုရင်​သည် ဟာမန်​ထံမှ ပြန်သိမ်းယူ​ထား​သော တံဆိပ်တုံးလက်စွပ်​ကို​ချွတ်​၍ မော်ဒကဲ​အား ပေး​လေ​၏​။ ဧသတာ​သည်​လည်း ဟာမန်​၏​အိမ်​ကို မော်ဒကဲ​အား ကြီးကြပ်​ကွပ်ကဲ​စေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 3,
      "text": "ထို့ပြင် ဧသတာ​သည် ရှင်ဘုရင်​၏​ခြေရင်း​တွင် ပျပ်ဝပ်​လျက် ဂျူး​လူမျိုး​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​ရန် အာဂတ်​လူမျိုး လူယုတ်မာ​ဟာမန် ကြံစည်​သော​အကြံအစည်​ကို ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း ငိုကြွေး​လျက် အသနားခံ​လျှောက်ထား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 4,
      "text": "ရှင်ဘုရင်​သည် ဧသတာ​အား ရွှေ​ရာဇလှံတံ​ကို ကမ်းပေး​သဖြင့် ဧသတာ​သည်​ထ​၍ ရှင်ဘုရင်​ရှေ့​တွင် ရပ်​လျက်"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 5,
      "text": "“​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​၍ ကျွန်တော်မျိုးမ​ကို မျက်နှာသာ​ပေး​မည်​ဆိုလျှင်​လည်းကောင်း​၊ ဤ​အမှု​လျောက်ပတ်​သည်​ဟု​ထင်​၍ ကျွန်တော်မျိုးမ​ကို အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင်​လည်းကောင်း အရှင်မင်းကြီး​ပိုင်​နယ်မြေဒေသ​အသီးသီး​ရှိ​ဂျူး​လူမျိုး​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု အာဂတ်​လူမျိုး​၊ ဟမ္မေဒါသ​၏​သား​ဟာမန် မကောင်းကြံစည်​၍ ရေးသား​သည့်​အမိန့်စာ​ကို ပြန်လည်​ရုပ်သိမ်း​မည့်​အကြောင်း အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 6,
      "text": "ကျွန်တော်မျိုးမ​၏​လူမျိုး​အပေါ်​ကျရောက်​မည့်​ဘေးဆိုး​ကို အဘယ်သို့ ကြည့်​နေ​နိုင်​ပါ​မည်နည်း​။ ကျွန်တော်မျိုးမ​၏​ဆွေမျိုးသားချင်း​တို့ ဖျက်ဆီး​ခံရ​မည်​ကို အဘယ်သို့ ကြည့်​နေ​နိုင်​ပါ​မည်နည်း​”​ဟု လျှောက်တင်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 7,
      "text": "ထိုအခါ အာရွှေရု​မင်းကြီး​က မိဖုရား​ဧသတာ​နှင့် ဂျူး​လူမျိုး​မော်ဒကဲ​အား “​ဟာမန်​သည် ဂျူး​လူမျိုး​တို့​ကို လုပ်ကြံ​သတ်ဖြတ်​ရန် ကြံစည်​သောကြောင့် သူ့​ကို သစ်တိုင်​မှာ​ဆွဲထား​စေ​လေ​ပြီ​။ ဟာမန်​၏​အိမ်​ကို​လည်း ဧသတာ​အား ပေးအပ်​လေ​ပြီ​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 8,
      "text": "ဘုရင့်​နာမည်​နှင့် ရေးသား​ထား​၍ ဘုရင့်​တံဆိပ်တုံးလက်စွပ်​နှင့် ခတ်နှိပ်​ထား​သော​စာ​ကို​မူ အဘယ်သူ​မျှ​ပြန်လည်​ရုပ်သိမ်း​ခွင့်​မ​ရှိ​သည်​ဖြစ်၍ သင်​တို့​ကောင်း​မည်​ထင်​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​နှင့်​ပတ်သက်​သော​အမိန့်စာ​ကို ဘုရင့်​နာမည်​နှင့် ရေးသား​၍ ဘုရင့်​တံဆိပ်တုံးလက်စွပ်​နှင့် ခတ်နှိပ်​ကြ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 9,
      "text": "သိဝန်​ဟု​ခေါ်​သော တတိယ​လ​၊ နှစ်ဆယ့်​သုံး​ရက်​နေ့​တွင် ရှင်ဘုရင်​၏​စာရေးတော်​များ​ကို ဆင့်ခေါ်​၍ အိန္ဒိယ​ပြည်​မှ အီသီယိုးပီးယား​ပြည်​တိုင်အောင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​၌​ရှိ​သော ဂျူး​လူမျိုး​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် အကြီးအကဲ​များ​ထံသို့ အမိန့်စာ​ကို​ရေးသားပေးပို့​စေ​၏​။ ထို​စာ​ကို ဒေသ​အလိုက် သူ့​စာပေ​၊ လူမျိုး​အလိုက်​သူ့​ဘာသာစကား​ဖြင့်​လည်းကောင်း​၊ ဂျူး​လူမျိုး​အတွက်​လည်း သူ့​စာပေ​၊ သူ့​ဘာသာစကား​ဖြင့်​လည်းကောင်း မော်ဒကဲ​ပြောကြား​သမျှ​အတိုင်း ရေးသား​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 10,
      "text": "ထို​စာ​ကို အာရွှေရု​မင်းကြီး​၏​နာမည်​နှင့် ရေးသား​၍ ဘုရင်​၏​တံဆိပ်တုံးလက်စွပ်​နှင့် ခတ်နှိပ်​ပြီးလျှင် ခြေမြန်​တော်​တို့​အား ဘုရင့်​မြင်းဇောင်း​တွင်​မွေး​ထား​သော​၊ အပြေးမြန်​သော​မြင်း​တို့​ကို​စီး​စေ​၍ ပေးပို့​စေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 11,
      "text": "ထို​စာ​တွင် ရှင်ဘုရင်​က မြို့ရွာ​အသီးသီး​ရှိ ဂျူး​လူမျိုး​တို့​သည် စုရုံး​၍ ကိုယ့်​အသက်​ကို​ကာကွယ်​ရန်​နှင့် ဂျူး​လူမျိုး​တို့​ကို​ရန်ပြု​သည့် မည်သည့်​လူမျိုး​၊ မည်သည့်​ဒေသ​မှ​စစ်သည်​တို့​ကို​မဆို သူ​တို့​နှင့် သူ​တို့​၏​မိန်းမ​များ​၊ သူ​တို့​၏​ကလေး​များ​ပါ​မ​ကျန် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ပစ်​၍ သူ​တို့​၏​ဥစ္စာပစ္စည်း​များ​ကို​လည်း သိမ်းယူ​ရန် ခွင့်ပြု​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 12,
      "text": "ထို​အမှု​ကို အာရွှေရု​မင်းကြီး​ပိုင် နယ်မြေ​အားလုံး​ထဲ၌ အာဒါ​လ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့ တစ်နေ့ချင်း​တွင် ပြု​ရ​မည်​ဟု ပါရှိ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 13,
      "text": "ဤသို့ဖြင့် ထို​နေ့ရက်​တွင် ဂျူး​လူမျိုး​တို့ အဆင်သင့်​ဖြစ်​လျက် ရန်သူ​များ​ကို​တုံ့ပြန်​နိုင်​အောင် ထို​စာ​၏​မိတ္တူ​ကို အမိန့်​တော်​စာ​အဖြစ် နယ်မြေဒေသ​အသီးသီး​ရှိ လူမျိုး​အားလုံး​ထံသို့ ထုတ်ပြန်​ကြေညာ​စေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 14,
      "text": "ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ခြေမြန်​တော်​တို့​သည် တော်ဝင်​မြင်း​များ​ကို ဒုန်းစိုင်း​စီး​ထွက်သွား​ကြ​၏​။ ထို​အမိန့်စာ​ကို ရှုရှန်​နန်းတော်​တွင်​လည်း ကြေညာ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 15,
      "text": "မော်ဒကဲ​သည် အပြာရောင်​နှင့်​အဖြူရောင်​ချည်ချောထည် မင်းအဝတ်တန်ဆာ​ဝတ်ဆင်​၍ ရွှေ သရဖူ ​ကြီး ကို ​ဆောင်း​လျက်​၊ ခရမ်းရောင်​ပိတ်ချော​ဝတ်လုံ​ကို​ခြုံ​လျက် ဘုရင့်​ထံမှ​ထွက်လာ​သောအခါ ရှုရှန်​နန်းတော်​တစ်ခုလုံး ဝမ်းမြောက်​စွာ ကြွေးကြော်​ကြ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 16,
      "text": "ဂျူး​လူမျိုး​တို့​အဖို့ ထွန်းလင်းတောက်ပ​ခြင်း​၊ ဝမ်းမြောက်​ရွှင်မြူး​ခြင်း​၊ ဂုဏ်ကျက်သရေ​ရှိ​ခြင်း ဖြစ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 17,
      "text": "ဘုရင့်​စာ​၊ ဘုရင့်​အမိန့်​ရောက်ရှိ​သော နယ်မြေဒေသ​အသီးသီး​ရှိ မြို့ရွာ​တိုင်း​တွင် ဂျူး​လူမျိုး​တို့ ဝမ်းမြောက်​ပျော်ရွှင်​ကြ​ပြီး နေ့ထူးနေ့မြတ်​အဖြစ် စားသောက်ပွဲ​ကျင်းပ​ကြ​၏​။ ပြည်သား​အမြောက်အမြား​တို့​သည် ဂျူး​လူမျိုး​တို့​ကို ကြောက်ရွံ့​သဖြင့် ဂျူး​လူမျိုး​အဖြစ် ခံယူ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 1,
      "text": "ဤသို့ဖြင့် ဘုရင့်​စာ​နှင့် ဘုရင့်​အမိန့်​အတိုင်း​လုပ်ဆောင်​ရန် အာဒါ​လ​ဟု​ခေါ်​သော တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့​ရောက်လာ​၏​။ ထို​နေ့​တွင် ရန်သူ​တို့​က ဂျူး​လူမျိုး​တို့​ကို အနိုင်ယူ​စိုးမိုး​တော့​မည်​ဟု ထင်​ထား​သော်လည်း မ​ထင်မှတ်​ဘဲ အခြေအနေ​မှာ​ပြောင်းပြန်​ဖြစ်​သွား​၍ ဂျူး​လူမျိုး​တို့​သည် သူ​တို့​ကို​မုန်း​သော​ရန်သူ​တို့​အား အနိုင်ယူ​စိုးမိုး​သွား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 2,
      "text": "အာရွှေရု​မင်းကြီး​၏​နယ်မြေဒေသ​အသီးသီး​ရှိ ဂျူး​လူမျိုး​တို့​သည် မိမိ​တို့​အား လုပ်ကြံ​သတ်ဖြတ်​မည့်​သူ​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် မိမိ​တို့​၏​မြို့ရွာ​တို့​တွင် စုရုံး​ကြ​၏​။ လူ​အပေါင်း​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်ရွံ့​ကြ​သဖြင့် မည်သူ​မျှ သူ​တို့​ကို မ​တိုက်ခိုက်​ဝံ့​ကြ​ပေ​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 3,
      "text": "နယ်မြေဒေသ​အသီးသီး​ရှိ အကြီးအကဲ​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် ဘုရင့်​အမှုထမ်း​အပေါင်း​တို့​သည် မော်ဒကဲ​ကို​ကြောက်ရွံ့​ကြ​သဖြင့် ဂျူး​လူမျိုး​တို့​ကို ကူညီ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 4,
      "text": "အကြောင်းမူကား မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တွင် တန်ခိုးဩဇာ​ကြီးမား​၍ သူ​၏​ဂုဏ်​သတင်း​သည်​လည်း နယ်မြေဒေသ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သဖြင့် မော်ဒကဲ​၏​တန်ခိုးဩဇာ​သည်​လည်း ပို၍​ပို၍​ကြီးလာ​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 5,
      "text": "ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​ရန်သူ​အားလုံး​ကို​ဓား​ဖြင့် တိုက်ခိုက်​သတ်ဖြတ်​ဖျက်ဆီး​ပစ်​၏​။ သူ​တို့​ကို​မုန်း​သော​သူ​တို့​အား စိတ်တိုင်းကျ​ပြု​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 6,
      "text": "ဂျူး​လူမျိုး​တို့​သည် ရှုရှန်​နန်းတော်​တွင် လူ​ငါး​ရာ​ကို သတ်ဖြတ်​ဖျက်ဆီး​ပစ်​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 7,
      "text": "ထို့ပြင် ပါရှန်ဒါသ​၊ ဒါလဖုန်​၊ အာသပါသ​၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 8,
      "text": "ပေါရသ​၊ အာဒလိ​၊ အာရိဒါသ​၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 9,
      "text": "ပါမရှာတ​၊ အရိသဲ​၊ အရိဒဲ​နှင့် ဝါယေဇာသ စသော"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 10,
      "text": "ဂျူး​လူမျိုး​တို့​၏​ရန်သူ​၊ ဟမ္မေဒါသ​၏​သား​ဖြစ်​သော ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သတ်ပစ်​ကြ​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 11,
      "text": "ထို​နေ့​၌ ရှုရှန်​နန်းတော်​တွင် အသတ်​ခံရ​သော​သူ​များ​၏​စာရင်း​ကို ရှင်ဘုရင်​ထံ​တင်ပြ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 12,
      "text": "ထိုအခါ ရှင်ဘုရင်​က မိဖုရား​ဧသတာ​အား “​ဂျူး​လူမျိုး​တို့​သည် ရှုရှန်​နန်းတော်​တွင် လူ​ငါး​ရာ​နှင့် ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သတ်ဖြတ်​ဖျက်ဆီး​ကြ​ပြီ​။ ကျန်​ဘုရင့်​နယ်မြေ​များ​တွင်​လည်း မည်သို့​ပြု​ကြ​ပြီ​နည်း​။ ယခု သင်​မည်သည်​ကို​အလိုရှိ​သေး​သနည်း​။ သင့်​အား ငါ​ပေး​မည်​။ သင်​မည်သည့်​အရာ​တောင်းဆို​လို​သေး​သနည်း​။ သင်​တောင်းဆို​သည်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 13,
      "text": "ဧသတာ​က​လည်း “​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် ယနေ့​အမိန့်စာ​အတိုင်း ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့ ပြု​သကဲ့သို့ နက်ဖြန်​နေ့​၌​လည်း ပြု​ခွင့်​ပေး​တော်မူ​ပါ​။ ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို​လည်း သစ်တိုင်​၌ ဆွဲထား​ခွင့်​ပြု​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 14,
      "text": "ရှင်ဘုရင်​သည်​လည်း ထိုသို့​ပြု​ရန်​အမိန့်ပေး​လိုက်​၏​။ ထို​အမိန့်​ကို ရှုရှန်​မြို့​၌​ထုတ်ပြန်​ကြေညာ​ပြီး ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သစ်တိုင်​၌ ဆွဲထား​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 15,
      "text": "အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့ စုရုံး​ပြီး ရှုရှန်​မြို့သား​သုံး​ရာ​ကို သုတ်သင်​ပစ်​၏​။ သို့သော် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 16,
      "text": "ဘုရင့်​နယ်မြေ​အတွင်း​ရှိ ကျန်​ဂျူး​လူမျိုး​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ကာကွယ်​ရန် စုရုံး​ကြ​၍ သူ​တို့​ကို မုန်း​သော​သူ​ခုနစ်သောင်း​ငါးထောင်​ကို သုတ်သင်​ပစ်​ပြီး ရန်သူ့​လက်​မှ​လွတ်မြောက်​ခွင့်​ရ​ကြ​၏​။ သို့သော် ရန်သူ​တို့​၏​ဥစ္စာပစ္စည်း​ကို မ​သိမ်းယူ​ကြ​ပေ​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 17,
      "text": "ထို​နေ့​သည် အာဒါ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့ ဖြစ်​၏​။ တစ်ဆယ့်​လေး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 18,
      "text": "ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့​မူကား တစ်ဆယ့်​သုံး​ရက်​၊ တစ်ဆယ့်​လေး​ရက်​တို့​တွင် စုရုံး​ကြ​ပြီး တစ်ဆယ့်​ငါး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 19,
      "text": "ကျေးလက်တောရွာ​များ​တွင် နေထိုင်​သော​ဂျူး​လူမျိုး​တောသူတောင်သား​တို့​မူကား အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ကာ ထို​နေ့​ကို နေ့ထူးနေ့မြတ်​အဖြစ် သတ်မှတ်​၍ အိမ်နီးချင်း​တစ်ဦး​နှင့်​တစ်ဦး​စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 20,
      "text": "မော်ဒကဲ​သည် ထို​အဖြစ်အပျက်​တို့​ကို မှတ်တမ်း​တင်​ထား​၏​။ ထို့ပြင် အာရွှေရု​မင်းကြီး​ပိုင်​နယ်မြေ​တစ်ဝန်းလုံး ရပ်နီး​ရပ်ဝေး​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​ပေးပို့​လိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 21,
      "text": "ထို​စာ​တွင် နှစ်စဉ်နှစ်တိုင်း အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​နှင့် တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲတော်​ကျင်းပ​ရန် ပြဋ္ဌာန်း​ထား​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 22,
      "text": "ထို​နေ့ရက်​များ​သည် ရန်သူ​တို့​လက်​မှ ဂျူး​လူမျိုး​တို့ လွတ်မြောက်​သော​နေ့​ဖြစ်​၏​။ ထို​လ​သည် ဝမ်းနည်း​ရာ​မှ ဝမ်းမြောက်​ရ​သော​လ​၊ ငိုကြွေးမြည်တမ်း​ရာ​မှ ပျော်ပွဲ​ကျင်းပ​ရ​သော​လ ဖြစ်​၏​။ ထို့ကြောင့် ထို​နေ့​တို့​၌ စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ရ​မည်​။ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ရ​မည်​။ နွမ်းပါး​သူ​တို့​ကို ပေးကမ်း​စွန့်ကြဲ​ရ​မည်​ဟု ပါရှိ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 23,
      "text": "ထိုသို့ ဂျူး​လူမျိုး​တို့ စတင်​ကျင်းပ​သည့်​ပွဲ​နှင့်​ပတ်သက်၍ မော်ဒကဲ​ရေးသား​ထား​သည့်​အတိုင်း ဆက်လက်​ကျင်းပ​ရန် သဘောတူ​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 24,
      "text": "အကြောင်းမူကား ဂျူး​တစ်မျိုးသားလုံး​၏​ရန်သူ အာဂတ်​လူမျိုး ဟမ္မေဒါသ​၏​သား​ဟာမန်​သည် ဂျူး​လူမျိုး​တို့​ကို​ဖျက်ဆီး​ရန် ကြံစည်​ခဲ့​၏​။ ဂျူး​တစ်မျိုးသားလုံး ပျောက်ကွယ်​သွား​အောင် ဖျက်ဆီး​ရ​မည့်​နေ့ရက်​ကို ပုရ​မဲ​ချ​ဆုံးဖြတ်​ခဲ့​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 25,
      "text": "သို့သော် ထို​သတင်း ဘုရင့်​ထံ​ပေါက်ကြား​သောအခါ ရှင်ဘုရင်​က ဂျူး​လူမျိုး​တို့​အား ဖျက်ဆီး​ရန်​ကြံစည်​သော ဟာမန်​၏​ယုတ်မာ​သော​အကြံအစည်​ကို သူ့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​ဟူ၍​လည်းကောင်း​၊ သူ​နှင့်​သူ့​သား​များ​ကို သစ်တိုင်​၌ ဆွဲထား​ရ​မည်​ဟူ၍​လည်းကောင်း အမိန့်စာ​ထုတ်ပြန်​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 26,
      "text": "ဂျူး​လူမျိုး​တို့​သည် ပုရ​ဟူသော​အမည်​ကို​အစွဲပြု​၍ ထို​နေ့ရက်​တို့​ကို ပုရိမ်​ဟု​ခေါ်ဝေါ်​ကြ​၏​။ အမိန့်စာ​တွင်​ပါ​သော​အကြောင်းအရာ​များ​၊ သူ​တို့​ကိုယ်တိုင် ကြုံတွေ့​သိမြင်​ခဲ့​ရ​သော ဤ​အဖြစ်အပျက်​များ​ကြောင့်"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 27,
      "text": "ဂျူး​လူမျိုး​တို့​ကိုယ်တိုင်​မှစ၍ သားစဉ်မြေးဆက်​အပါအဝင် သူ​တို့​နှင့်​ပူးပေါင်း​လာ​သူ​အပေါင်း​တို့​သည် ထို​စာ​ပါ​သတ်မှတ်​ထား​သော​အချိန်​ရောက်​တိုင်း ထို​နေ့ရက်​နှစ်​ရက်​တွင် ပွဲတော်​ကို မပျက်မကွက် နှစ်စဉ်​ကျင်းပ​ကြ​မည်​ဟု အတည်ပြု​သဘောတူ​ခဲ့​ကြ​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 28,
      "text": "ဤ​ပွဲ​နေ့​များ​ကို မြို့ရွာ​တိုင်း​၊ ဒေသ​တိုင်း​ရှိ မျိုးနွယ်စု​အားလုံး​၊ မျိုးဆက်​အားလုံး အစဉ်​အမှတ်ရ​၍​ကျင်းပ​ရ​မည်​။ ဤ​ပုရိမ်​ပွဲ​နေ့​တို့​သည် ဂျူး​လူမျိုး​တို့​တွင် မ​ပပျောက်​စေ​ရ​။ ဤ​အမှတ်ရစရာ​သည် သူ​တို့​၏​သားစဉ်မြေးဆက်​တိုင်အောင် မ​ပျောက်ပျက်​သွား​စေ​ရ​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 29,
      "text": "ထို့နောက် အဘိဟဲလ​၏​သမီး မိဖုရား​ဧသတာ​နှင့် ဂျူး​လူမျိုး​မော်ဒကဲ​တို့​သည် ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ ဤ​ဒုတိယ​စာ​ကို အမိန့်အာဏာ​အပြည့်​နှင့် အတည်ပြု​ရေးသား​ပြီးလျှင်"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 30,
      "text": "မော်ဒကဲ​သည် အာရွှေရု​မင်းကြီး​ပိုင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ မေတ္တာ​စကား​နှင့် သစ္စာစကား​ဖြင့် စာ​ပေးပို့​လိုက်​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 31,
      "text": "ထို​စာ​သည် ဂျူး​လူမျိုး​မော်ဒကဲ​နှင့်​မိဖုရား​ဧသတာ​တို့ သတ်မှတ်​ပေး​ထား​သည့်​အတိုင်း​၊ သူ​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အတွက် ဤ​နေ့​ကို အစာရှောင်​မြည်တမ်း​ရာ​နေ့​အဖြစ် သတ်မှတ်​ပေး​ထား​သည့်​အတိုင်း ပုရိမ်​ပွဲ​နေ့​ကို သတ်မှတ်​အတည်ပြု​ပေး​သော​စာ​ဖြစ်​၏​။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 32,
      "text": "ဤ​ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ​အကြောင်းအရာ​များ​ကို ဧသတာ​၏​အမိန့်​အရ အတည်ပြု​၍ မှတ်တမ်း​တွင် ရေးမှတ်​ထား​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက် အာရွှေရု​မင်းကြီး​သည် ပြည်​တော်​တစ်ခွင် ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​ပါမကျန် အခွန်​စည်းကြပ်​လေ​၏​။"
    },
    {
      "book": 17,
      "chapter": 10,
      "verse": 2,
      "text": "ဘုရင်​၏​စွမ်းဆောင်ရည်​နှင့် တန်ခိုးသြဇာ​ကြီးမားပုံ​၊ ရှင်ဘုရင်​ချီးမြှောက်​သဖြင့် မော်ဒကဲ​ဘုန်းတန်ခိုး​ကြီးမားပုံ​တို့​ကို မေဒိ​နှင့်​ပါးရှား​ရှင်ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​စာလိပ်​၌ မှတ်တမ်း​တင်​ထား​၏ ​။"
    },
    {
      "book": 17,
      "chapter": 10,
      "verse": 3,
      "text": "စင်စစ် ဂျူး​လူမျိုး​မော်ဒကဲ​သည် အာရွှေရု​မင်းကြီး​ပြီးလျှင် ရာထူး​အကြီးဆုံး​ဖြစ်​၏​။ သူ​သည် ကိုယ့်​အမျိုးအနွယ်​အပေါင်း​တို့​အား မေတ္တာစကား​ကို​သာ​ပြောဆို​တတ်​ပြီး ကိုယ့်​လူမျိုး​ကောင်းကျိုး​ကို ရှာကြံ​တတ်​သူ​ဖြစ်​သဖြင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကြီးမြတ်​သော​ပုဂ္ဂိုလ်​ဖြစ်​၏​။ ဆွေမျိုးသားချင်း​တို့​၏​ချစ်မြတ်နိုး​မှု​ကို ရရှိ​သူ​လည်း ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 1,
      "text": "ဥဇ​ပြည်​တွင် ယောဘ​အမည်​ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 2,
      "text": "သူ​၌ သား​ခုနစ်​ယောက်​၊ သမီး​သုံး​ယောက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 3,
      "text": "သူ​သည် သိုး​ခုနစ်​ထောင်​၊ ကုလားအုတ်​သုံး​ထောင်​၊ နွား​အရှဉ်း​ငါး​ရာ​၊ မြည်း​ငါး​ရာ​နှင့် အစေခံ​အများအပြား ပိုင်ဆိုင်​ထား​၏​။ အရှေ့​ပြည်သား​အပေါင်း​တို့​တွင် သူ​သည် အချမ်းသာဆုံး​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 4,
      "text": "သူ့​သား​တို့​သည် သတ်မှတ်​ထား​သော​နေ့​အတိုင်း သူ​တို့​အိမ်​အသီးသီး​၌ စားသောက်ပွဲ​ကို အလှည့်ကျ​ကျင်းပ​၍ သူ​တို့​၏​နှမ​သုံး​ယောက်​ကို​လည်း အတူ​စား​သောက်​ကြ​ရန် လူ​လွှတ်​၍ ဖိတ်ကြား​လေ့​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 5,
      "text": "စားသောက်ပွဲ​အလှည့်ကျ​ကျင်းပ​သော​နေ့​များ​ပြီး​သောအခါ​တွင်​လည်း ယောဘ​က “​ငါ့​သားသမီး​တို့​စိတ်​ထဲတွင် ဘုရားသခင်​ကို ကျိန်ဆဲ​၍ အပြစ်​ပြု​မိ​ကောင်း​ပြု​မိ​ကြ​လိမ့်မည်​”​ဟု တွေး​၍ သူ​တို့​ကို ခေါ်​ပြီး ကိုယ်ကို​သန့်ရှင်း​စေ​လျက် နံနက်​စောစောထ​၍ သူ​တို့​အားလုံး​အရေအတွက်​အတိုင်း မီးရှို့ရာယဇ်​ကို ပူဇော်​၏​။ ယောဘ​သည် ထိုသို့ အမြဲ​ပြု​လေ့​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 6,
      "text": "တစ်နေ့တွင် ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သောအခါ စာတန်​သည်​လည်း သူ​တို့​နှင့်အတူ​ရောက်လာ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 7,
      "text": "ထာဝရဘုရား​က စာတန်​အား “​သင် ဘယ်​အရပ်​က​လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 8,
      "text": "ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 9,
      "text": "စာတန်​က​လည်း ထာဝရဘုရား​အား “​ယောဘ​သည် ဘုရားသခင်​ကို အကြောင်းမဲ့​ကြောက်ရွံ့ရိုသေ​ပါ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 10,
      "text": "သူ​နှင့်​သူ့​အိမ်သူအိမ်သား​များ​၊ သူ​၌​ရှိသမျှ​တို့​ကို ကိုယ်တော် ဝိုင်းရံ​ကာကွယ်​ပေး​ထား​သည်​မ​ဟုတ်​ပါ​လော​။ သူ​လုပ်ဆောင်​သမျှ​တို့​ကို ကောင်းချီးပေး​သဖြင့် သူ​ပိုင်​သော​တိရစ္ဆာန်​များ​သည်​လည်း မြေကြီး​တစ်ခွင် တိုးပွား​နေ​သည်​မ​ဟုတ်​ပါ​လော​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 11,
      "text": "ယခု လက်​တော်​ကို​ဆန့်​၍ သူ​၌​ရှိသမျှ​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော့်​ကို မျက်ဝါးထင်ထင်​ကျိန်ဆဲ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 12,
      "text": "ထာဝရဘုရား​က​လည်း စာတန်​အား “​ကြည့်​လော့​။ သူ​၌​ရှိသမျှ​ကို သင့်​လက်​၌ ငါ​အပ်​ပြီ​။ သူ့​ကို​မူ ကိုယ်ထိလက်ရောက်​မ​ပြု​ရ​”​ဟု မိန့်​တော်မူ​၏​။ စာတန်​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ထွက်သွား​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 13,
      "text": "တစ်နေ့သ၌ ယောဘ​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 14,
      "text": "ထိုအခါ ယောဘ​ထံသို့ တမန်​တစ်ဦး​ရောက်လာ​ပြီး “​နွား​များ ထွန်ယက်​နေ​၍ မြည်း​များ အနီးအနား​၌ ကျက်စား​နေ​ကြ​စဉ်"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 15,
      "text": "ရှေဘ​ပြည်သား​တို့​သည် နွား​နှင့်​မြည်း​တို့​ကို တိုက်ခိုက်​သိမ်းယူ​သွား​ပါ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​၍ အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 16,
      "text": "ထိုသို့ ကြားလျှောက်​နေစဉ်​တွင်ပင် အခြား​တမန်​တစ်ဦး​ရောက်လာ​၍ “​ဘုရားသခင်​၏​မီး​သည် ကောင်းကင်​မှ​ကျလာ​၍ သိုး​နှင့်​အစေခံ​တို့​ကို လောင်​ကျွမ်း​လေ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 17,
      "text": "ထိုသို့​ကြားလျှောက်​နေစဉ် အခြား​တစ်ဦး​လည်း​ရောက်လာ​၍ “​ခါလဒဲ​လူမျိုး​တို့​သည် အဖွဲ့​သုံး​ဖွဲ့​ခွဲ​ပြီး ကုလားအုတ်​များ​ကို တိုက်ခိုက်​သိမ်းယူ​သွား​ကြ​ပြီ​။ အစေခံ​တို့​ကို​လည်း ဓား​နှင့်​သတ်ပစ်​ပါ​၏​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 18,
      "text": "ထိုသို့ ကြားလျှောက်​နေ​စဉ်တွင်ပင် အခြား​တစ်ဦး​ရောက်လာ​၍ “​အရှင်​၏​သား​သမီး​တို့​သည် မိမိ​တို့​၏​အစ်ကို​အကြီးဆုံး​အိမ်​တွင် အစာစား​၍ စပျစ်ဝိုင်​သောက်​လျက်​နေ​ကြ​စဉ်"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 19,
      "text": "တောကန္တာရ​ဘက်​မှ လေပြင်းမုန်တိုင်း​သည် လေးဘက်လေးတန်​မှ​တိုက်​လာ​သဖြင့် ထို​လုလင်​တို့​အပေါ်​သို့ အိမ်​ပြိုကျ​ပြီး သူ​တို့​သေ​ကုန်​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တစ်ဦးတည်း​သာ လွတ်မြောက်​လာ​သဖြင့် အရှင့်​ထံ လာရောက်​ကြားလျှောက်​ပါ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 20,
      "text": "ထိုအခါ ယောဘ​သည် ထ​၍ ဝတ်လုံ​ကို​ဆုတ်​လေ​၏​။ ဆံပင်​ကို​လည်း​ရိတ်​ပြီး မြေ​ပေါ်တွင် ပျပ်ဝပ်​ကိုးကွယ်​လျက်"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 21,
      "text": "“​ငါ​သည် အဝတ်မပါ​ဘဲ အမိ​ဝမ်း​ထဲမှ​ထွက်လာ​၏​။ အဝတ်မပါ​ဘဲ ပြန်သွား​ရ​တော့​မည်​။ ထာဝရဘုရား ပေးသနား​တော်မူ​၏​။ ထာဝရဘုရား ပြန်​ရုပ်သိမ်း​တော်မူ​၏​။ ထာဝရဘုရား​၏​နာမ​တော်​သည် မင်္ဂလာရှိ​ပါစေ​သတည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 22,
      "text": "ယောဘ​သည် ထို​အမှုအရာ​များ​ကြောင့် အပြစ်​မ​ပြု​၊ ဘုရားသခင်​ကို​လည်း အပြစ်​မ​တင်​ဘဲ​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 1,
      "text": "ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သော​နေ့​ရောက်လာ​ပြန်​လျှင် စာတန်​သည်​လည်း သူ​တို့​နှင့်အတူ ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်လာ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 2,
      "text": "ထာဝရဘုရား​က စာတန်​အား “သင် ဘယ်​အရပ်​က လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​။ အကြောင်းမရှိ​ဘဲ သူ့​ကို​ဖျက်ဆီး​ရန် သင်​သည် ငါ့​ကို​တိုက်တွန်း​သော်လည်း သူ​သည် ဖြောင့်မတ်တည်ကြည်​ခြင်း​ကို စွဲကိုင်​ထား​လျက်​ရှိ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ စာတန်​က ထာဝရဘုရား​အား “​အရေပြား​အဖို့ အရေပြား​ဆို​သကဲ့သို့ပင် လူ​သည် မိမိ​အသက်​အဖို့ အရာ​အားလုံး​ကို​ပင် ပေးဆပ်​နိုင်​မည်​သာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 5,
      "text": "လက်​တော်​ကို​ဆန့်​၍ သူ​၏​အရိုး​အသား​တို့​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော်​ကို မျက်ဝါးထင်ထင် ကျိန်ဆဲ​မည်​မှာ မ​လွဲ​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 6,
      "text": "ထာဝရဘုရား​က​လည်း စာတန်​အား “​ကြည့်​လော့​။ သူ​သည် သင့်​လက်​၌ ရှိ​၏​။ သူ့​အသက်​ကို​မူ ချမ်းသာ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 7,
      "text": "စာတန်​သည် ထာဝရဘုရား​ထံ​မှ ထွက်သွား​၍ ယောဘ​ကို ဦးခေါင်း​မှ ခြေဖဝါး​အထိ ဆိုးရွား​သော​အနာစိမ်း​များ​ကို ပေါက်​စေ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 8,
      "text": "ယောဘ​သည် အိုးခြမ်းပဲ့​တစ်​ခု​ကို​ယူ​၍ ပြာ​ထဲ​တွင် ထိုင်​လျက် မိမိကိုယ်ကို​ကုတ်ခြစ်​နေ​ရ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 9,
      "text": "ထိုအခါ သူ​၏​ဇနီး​က သူ့​အား “​ယခု​ချိန်​ထိ ဖြောင့်မတ်တည်ကြည်​ခြင်း​ကို စွဲကိုင်​ထား​ဦး​မည်လော​။ ဘုရားသခင်​ကို ကျိန်ဆဲ​ပြီး သေ​လိုက်​ပါ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 10,
      "text": "ယောဘ​က သူ့​ဇနီး​အား “​သင်​သည် မိန်းမမိုက်​တစ်​ယောက် ပြော​တတ်​သကဲ့သို့ ပြော​ပါ​သည်​တကား​။ ဘုရားသခင်​ထံမှ အကောင်း​ကို​လက်ခံ​၍ အဆိုး​ကို လက်​မ​ခံ​ဘဲ​နေ​ရ​မည်လော​”​ဟု ပြန်ပြော​၏​။ ယောဘ​သည် ဤသို့​ကြုံတွေ့​ရ​သော်လည်း မိမိ​နှုတ်​ဖြင့်​မျှ မ​ပြစ်မှား​ဘဲ​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 11,
      "text": "ယောဘ​သည် ထို​အဖြစ်ဆိုး​အလုံးစုံ​တို့​ကို ကြုံတွေ့​နေ​ရ​ကြောင်း ကြားသိ​ကြ​လျှင် တေမန်​အမျိုးသား ဧလိဖတ်​၊ ရှုအာ​အမျိုးသား ဗိလဒဒ်​၊ နေမတ်​အမျိုးသား ဇောဖာ စသော​သူ​၏​သူငယ်ချင်း​သုံး​ဦး​တို့​သည် ယောဘ​ကို​စာနာ​သဖြင့် နှစ်သိမ့်ပေး​ရန် မိမိ​တို့​နေရပ်​မှ​ထွက်လာ​၍ အတူတကွ​တွေ့ဆုံ​ကာ ယောဘ​ထံသို့ အတူ​သွား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 12,
      "text": "သူ​တို့​သည် အဝေး​မှ​လှမ်းကြည့်​၍ ယောဘ​ကို​မ​မှတ်မိ​သောအခါ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ မိမိ​တို့​ဝတ်လုံ​ကို​ဆုတ်​၍ မြေမှုန့်​ကို​လည်း မိုး​ပေါ်​ပစ်တင်​ကာ ခေါင်း​ပေါ်သို့​ကျ​စေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 13,
      "text": "သူ​တို့​သည် ယောဘ​ခံစား​ရ​သော​ဝေဒနာ​အလွန်​ပြင်းထန်​သည်​ကို မြင်​သဖြင့် မည်သူ​မျှ​စကား​မ​ပြော​ဘဲ သူ​နှင့်အတူ​မြေ​ပေါ်တွင် ခုနစ်​ရက်​ခုနစ်​ည​ထိုင်​နေ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 1,
      "text": "နောက်ဆုံးတွင် ယောဘ​သည် နှုတ်​ကို​ဖွင့်​၍ မိမိ​မွေး​သော​နေ့​ကို ကျိန်ဆဲ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 2,
      "text": "ယောဘ​က"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 3,
      "text": "“​ငါ​မွေးဖွား​သော​နေ့ ‘​သားယောက်ျား သန္ဓေတည်​ပြီ​’​ဟု ဆို​သော​ည​သည် ပျက်စီး​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 4,
      "text": "ထို​နေ့ရက်​သည် မှောင်မိုက်​ဖြစ်​ပါစေ​။ အထက်​အရပ်​ရှိ​ဘုရားသခင်​သည် ထို​နေ့ရက်​ကို အမှတ်​မ​ထား​ပါစေ​နှင့်​။ ထို​နေ့ရက်​သည် အလင်း မ​ထွန်းလင်း​ပါစေ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 5,
      "text": "ထို​နေ့ရက်​ကို မှောင်မိုက်​ခြင်း​နှင့် သေမင်း​အရိပ်​တို့​သည် သိမ်းယူ​ပါစေ​။ တိမ်တိုက်​ဖုံးလွှမ်း​ပါစေ​။ နေ့​၏​အမှောင်ထု​သည် ထို​နေ့ရက်​ကို ခြောက်လှန့်​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 6,
      "text": "ထို​ည​ကို​လည်း အမှောင်ထု သိမ်းပိုက်​သွား​ပါစေ​။ တစ်နှစ်တာ​၏​နေ့ရက်​များ​တွင် ထို​ည​သည် ဝမ်းသာအားရ​ခွင့် မ​ရ​ပါစေ​နှင့်​။ လ​တို့​၏​အရေအတွက်​ထဲတွင်​လည်း စာရင်း​မ​ဝင်​ပါစေ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 7,
      "text": "ကြည့်ရှု​လော့​။ ထို​ည​သည် မြုံ​ပါစေ​။ ရွှင်လန်း​ခြင်း​အသံ​မျှ မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 8,
      "text": "နေ့​ကို​ကျိန်ဆဲ​သူ​များ​၊ လဝိသန် ​ကို​နှိုးဆွ​ဖို့ အသင့်ရှိ​သော​သူ​များ​သည် ထို​ည​ကို ကျိန်ဆဲ​ကြ​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 9,
      "text": "ထို​ည​၏​ညဥ့်ဦးယံ​ကြယ်​တို့ ကွယ်​ပါစေ​။ အလင်း​ကို​စောင့်မျှော်​သော်လည်း မ​ရ​ပါစေ​နှင့်​။ အရုဏ်ဦး​လင်းရောင်ခြည်​ကို​လည်း မ​တွေ့​ရ​ပါစေ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 10,
      "text": "အကြောင်းမူကား ငါ့​အမိ​ဝမ်း​ကို​မ​ပိတ်​ပေး​ပါ​။ အခက်အခဲ​ပြဿနာ​ကို​လည်း ငါ့​ထံမှ မ​လွှဲပေး​ပါ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 11,
      "text": "ငါ​သည် မွေးစ​ကပင် အဘယ်ကြောင့် မ​သေ​ရ​သနည်း​။ အမိ​ဝမ်း​ထဲက​ထွက်လာ​စဉ်ကပင် အဘယ်ကြောင့် အသက်​မ​ချုပ်ငြိမ်း​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 12,
      "text": "ဒူး​တို့​သည်​လည်း အဘယ်ကြောင့် ငါ့​ကို​ကြိုဆို​ကြ​သနည်း​။ အဘယ်ကြောင့် နို့​ကို ငါ​စို့​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 13,
      "text": "ထိုသို့​သာ​မ​ဖြစ်​ခဲ့​လျှင် ငါ​သည် ယခု ငြိမ်းချမ်း​စွာ​လဲလျောင်း​ရ​လေ​ပြီ​။ အိပ်စက်​အနားယူ​ရ​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 14,
      "text": "မိမိ​တို့​အတွက် ပြိုပျက်​ရာ​များ​ကို​ပြန်လည်​တည်ဆောက်​နေ​ကြ​သော ရှင်ဘုရင်​များ​၊ လောကီ​အကြံပေးသူ​များ​၊"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 15,
      "text": "ရွှေ​ကို​ပိုင်ဆိုင်​၍ မိမိ​တို့​အိမ်​ကို ငွေ​ဖြင့်​ပြည့်​စေ​သော မင်းညီမင်းသား​များ​နှင့်အတူ အိပ်စက်​အနားယူ​နေ​ရ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 16,
      "text": "သို့မဟုတ် ငါ​သည် မြေမြှုပ်​ခံရ​သည့်​အသေမွေး​သော​ကလေး​ကဲ့သို့​လည်းကောင်း​၊ အလင်း​မ​မြင်​လိုက်​ရ​သော​ကလေး​ကဲ့သို့​လည်းကောင်း အဘယ်ကြောင့် မ​ဖြစ်​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 17,
      "text": "ထို​နေရာ​တွင် လူဆိုး​တို့​ဒုက္ခ​မ​ပေး​နိုင်​။ ထို​နေရာ​တွင် မောပန်း​သူ​တို့ ငြိမ်းချမ်း​စွာ​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 18,
      "text": "ထို​နေရာ​တွင် အဓမ္မစေခိုင်းသံ​များ​မ​ကြား​ရ​ဘဲ အကျဉ်းသား​တို့ အေးချမ်း​စွာ​နေ​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 19,
      "text": "ထို​နေရာ​တွင် အယုတ်​အမြတ်​ဟူ၍ မ​ရှိ​။ ကျွန်​သည်​လည်း သခင့်​လက်​မှ​လွတ်မြောက်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 20,
      "text": "ဒုက္ခရောက်​နေ​သူ​ကို အဘယ်ကြောင့် အလင်း​ပေး​သနည်း​။ ခါးသီး​စွာ​ခံစား​နေ​ရ​သူ​တို့​ကို အဘယ်ကြောင့် အသက်ရှင်​ခွင့်​ပေး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 21,
      "text": "သေ​ခြင်း​ကို​တောင့်တ​သော​သူ​တို့​သည် သေ​ခွင့်​ကို မ​ရ​ကြ​။ သူ​တို့​သည် ဝှက်ထား​သော​ဘဏ္ဍာ​ထက် သေ​ခြင်း​ကို သာ၍​ရှာဖွေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 22,
      "text": "သင်္ချိုင်း​ကို​သာ​ရှာတွေ့​လျှင် အဘယ်​မျှ​လောက် ဝမ်းမြောက်​ပျော်ရွှင်​ကြ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 23,
      "text": "လမ်း​ပျောက်​နေ​သူ​၊ ဘုရားသခင်​ဆီးတားပိတ်ဆို့​ထား​သော​သူ​ကို အဘယ်ကြောင့် အလင်း​ပေး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 24,
      "text": "ငါ​သည် စားသောက်​ရ​မည့်​အစား ငိုကြွေး​နေ​ရ​ပါ​၏​။ ရေ​စီးဆင်း​သကဲ့သို့ ညည်းတွား​နေ​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 25,
      "text": "ငါ​ကြောက်ရွံ့​ထိတ်လန့်​သော​အရာ​သည် ငါ့​အပေါ်​သို့ ကျရောက်​လာ​ပြီ​။ ငါ​စိုးရိမ်​သော​အမှု​ကို ငါ​ကြုံ​ရ​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 26,
      "text": "ဒုက္ခဆင်းရဲ​နှင့်​ကြုံ​နေ​ရ​ပြီ​ဖြစ်၍ ငါ​၌ ဝမ်းမြောက်​ခြင်း​မ​ရှိ​။ ငြိမ်သက်​ခြင်း​မ​ရှိ​။ အေးအေးချမ်းချမ်း​နေ​ခွင့်​မ​ရ​တော့​ပြီ​”​ဟု ညည်းဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 1,
      "text": "ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​က"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 2,
      "text": "“​သင်​နှင့် စကားပြော​လျှင် သင်​စိတ်အနှောင့်အယှက်​ဖြစ်​မည်လော​။ သို့သော် မည်သူ​သည် စကား​မ​ပြော​ဘဲ​နေ​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 3,
      "text": "ကြည့်ရှု​လော့​။ သင်​သည် လူ​အများ​ကို ဆုံးမ​ပေး​ခဲ့​ပြီ​။ အားနည်း​သော​လက်​တို့​ကို​လည်း ခိုင်ခံ့​စေ​ခဲ့​ပြီ​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 4,
      "text": "သင်​၏​စကား​များ​သည် လဲကျ​နေ​သော​သူ​ကို ပြန်ထ​စေ​ပြီ​။ ညွတ်ကျ​သွား​သော​ဒူး​များ​ကို​လည်း သန်မာ​စေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 5,
      "text": "ယခုမှာ သင်ကိုယ်တိုင်​ကြုံတွေ့​ရ​ပြီ​ဖြစ်၍ သင်​ပင်ပန်း​နေ​ရ​ပြီ​။ သင်​ထိခိုက်​ခံ​နေ​ရ​ပြီ​ဖြစ်၍ သင်​ထိတ်လန့်​နေ​ရ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 6,
      "text": "သင်​၏​ကြည်ညိုကိုင်းရှိုင်း​ခြင်း​သည် သင်​၏​ယုံကြည်အားထား​ရာ မ​ဟုတ်​လော​။ တည်ကြည်​စွာ ပြုမူကျင့်ကြံ​ခြင်း​သည် သင်​၏​မျှော်လင့်ရာ မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 7,
      "text": "ယခု ဆင်ခြင်​ကြည့်​ပါ​လော့​။ မည်သူ​သည် အပြစ်​မ​ရှိ​ဘဲ ပျက်စီး​ဖူး​သနည်း​။ ဖြောင့်မှန်​သော​သူ​သည် အဘယ်မှာ ဖျက်ဆီး​ခံရ​ဖူး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 8,
      "text": "ငါ​သတိပြု​မိ​သည်​မှာ အပြစ်ဒုစရိုက်​ကို​ထွန်ယက်​၍ အခက်အခဲ​ပြဿနာ​ကို​ကြဲ​သော​သူ​သည် ထို​အရာ​တို့​ကို ပြန်​ရိတ်သိမ်း​ရ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 9,
      "text": "ဘုရားသခင်​ထံ​တော်​မှ ထွက်သက်လေ​တစ်ချက်တည်း​နှင့် ထို​သူ​တို့ ပျက်စီး​ရ​၏​။ အမျက်​တော်​အရှိန်​နှင့် ထို​သူ​တို့ ဘဝ​နိဂုံးချုပ်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 10,
      "text": "ခြင်္သေ့​၏​မာန်ဖီသံ​၊ ခြင်္သေ့ကြီး​၏​ဟိန်းဟောက်သံ ဆိတ်သုဉ်း​ရ​၏​။ ခြင်္သေ့ပျို​တို့​၏​အစွယ်​များ ကျိုးသွား​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 11,
      "text": "သားကောင်​မဲ့​သောကြောင့် ခြင်္သေ့​တို့ သေကျေ​ကြ​ရ​၏​။ ခြင်္သေ့ပေါက်လေး​တို့​လည်း ကွဲလွင့်​ကုန်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 12,
      "text": "ငါ့​နား​ထဲတွင် တိုးညှင်း​သော​စကားသံ​တစ်​ခု​ကို သဲ့သဲ့လေး​ကြား​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 13,
      "text": "လူ​တို့​အိပ်မောကျ​နေ​ချိန် ည​စိတ်အာရုံ​ထဲတွင် ပူပန်စရာ​အတွေး​များ ရောက်လာ​၍"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 14,
      "text": "ကြောက်ရွံ့​ထိတ်လန့်​ခြင်း​သည် ငါ့​ကို​ဝိုင်းရံ​သဖြင့် ငါ့​အရိုး​ရှိသမျှ​တို့​သည် တုန်လှုပ်​ကြ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 15,
      "text": "ဝိညာဉ်​တစ်ပါး​သည် ငါ့​ရှေ့​မှ​ရွေ့လျား​သွား​သဖြင့် ငါ့​တစ်ကိုယ်လုံး ကြက်သီးထ​မိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 16,
      "text": "ထို​ဝိညာဉ်​သည် မလှုပ်မယှက်​ရပ်​နေ​၏​။ သို့သော် သူ့​ရုပ်သွင်​ကို ငါ​မ​ဖော်ပြ​တတ်​။ သူ့​သဏ္ဌာန်​ကို​သာ ငါ​မြင်​ရ​၏​။ တိတ်ဆိတ်​နေ​၏​။ ထို့နောက် အသံ​တစ်​ခု​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 17,
      "text": "သေမျိုး​ဖြစ်​သော​လူ​သည် ဘုရားသခင်​ရှေ့​တွင် ဖြောင့်မတ်​နိုင်​မည်လော​။ လူ​သည် သူ့​ကို​ဖန်ဆင်း​သော​အရှင်​ရှေ့​တွင် စင်ကြယ်​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 18,
      "text": "မိမိ​အစေအပါး​တို့​ကို အယုံအကြည်​ရှိ​တော်​မ​မူ​၊ မိမိ​ကောင်းကင်တမန်​တို့​ကို​ပင် အပြစ်ရှိ​သည်​ဟု စီရင်​တော်မူ​လျှင်"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 19,
      "text": "မြေမှုန့်​တွင်​အုတ်မြစ်​ချ​ထား​သော​ရွှံ့​အိမ်​၌ နေထိုင်​ကြ​ပြီး ပိုးကောင်​ကဲ့သို့ အမှုန့်ချေ​၍​ရ​သော​သူ​တို့​ကို​မူ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 20,
      "text": "သူ​တို့​သည် နေထွက်ချိန်​နှင့် နေဝင်ချိန်​ကြား​၌​ပင် အမှုန့်​ဖြစ်သွား​နိုင်​၏​။ သတိ​မ​ထား​မိ​ချိန်​မှာပင် အစဉ်​ပျက်စီး​သွား​နိုင်​၏​။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 21,
      "text": "သူ​တို့​တဲဆိုင်းကြိုး​ဆွဲဖြုတ်​ခံရ​၏​။ သူ​တို့​သည် ဉာဏ်ပညာမဲ့​လျက် သေသွား​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 1,
      "text": "ယခု အော်ခေါ်​ပါ​လော့​။ သင့်​ကို မည်သူ​ထူး​မည်နည်း​။ မည်သည့်​သန့်ရှင်း​သူ​တို့​ထံသို့ သင်​လှည့်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 2,
      "text": "အကယ်စင်စစ် ဒေါသ​သည် ဆိုးမိုက်​သော​သူ​ကို သတ်​တတ်​၏​။ မနာလိုစိတ်​သည်​လည်း ဉာဏ်နုံ့​သော​သူ​ကို သေ​စေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 3,
      "text": "ဆိုးမိုက်​သော​သူ အမြစ်တွယ်​နေ​သည်​ကို ငါ​မြင်​လျှင် သူ့​နေရာ​ကို ငါ ချက်ချင်း​ကျိန်ဆဲ​မိ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 4,
      "text": "သူ့​သားသမီး​တို့​သည် လုံခြုံမှု​နှင့် ကင်းဝေး​၏​။ မြို့​တံခါး​၌ ညှဉ်းဆဲ​ခံ​နေ​ရ​သည်​ကို​ပင် ကယ်နုတ်​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 5,
      "text": "သူ​ရိတ်သိမ်း​ထား​သော​သီးနှံ​များ ဆူးပင်​ကြား​၌​ဝှက်ထား​လျှင်ပင် ဆာလောင်မွတ်သိပ်​သော​သူ​သည် ယူ​စား​လိမ့်မည်​။ သူခိုး​ဓားပြ​တို့​သည် သူ​၏​ဥစ္စာပစ္စည်း​ကို တိုက်ယူ​သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 6,
      "text": "ဆင်းရဲဒုက္ခ​သည် မြေမှုန့်​ထဲမှ ပေါ်ထွက်​လာ​သည်​မ​ဟုတ်​။ အခက်အခဲ​ပြဿနာ​သည်​လည်း မြေကြီး​ထဲမှ ပေါ်ပေါက်​လာ​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 7,
      "text": "မီးပွား​တို့​သည် အထက်​သို့​လွင့်သွား​သကဲ့သို့ လူ​သည် အခက်အခဲ​ပြဿနာ​၌​ကျင်လည်​ရန် မွေးဖွား​လာ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 8,
      "text": "ငါ​မူကား ဘုရားသခင်​ကို​ရှာ​မည်​။ ငါ​၏​အမှုအရာ​ကို ဘုရားသခင်​ထံ အပ်​မည်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 9,
      "text": "ကိုယ်တော်​သည် ကြီးမြတ်​သော​အမှု​၊ စစ်​၍​မ​ကုန်​နိုင်​သော​အမှု​၊ မ​ရေတွက်​နိုင်​သော​အံ့ဖွယ်​အမှု​တို့​ကို ပြု​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 10,
      "text": "မြေ​မျက်နှာပြင်​ပေါ်တွင် မိုးရွာ​စေ​သော​အရှင်​၊ လယ်ကွင်း​များ​သို့ ရေ​ကို​ရောက်​စေ​သော​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 11,
      "text": "နိမ့်ကျ​သော​သူ​တို့​ကို မြှင့်တင်​၍ ဝမ်းနည်းပူဆွေး​သော​သူ​တို့​ကို ကူမ​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 12,
      "text": "ဉာဏ်များ​သော​သူ​၏​အကြံ​ကို ဖျက်​တော်မူ​သဖြင့် သူ​တို့​လုပ်ဆောင်​သော​အရာ​တို့​သည် မ​အောင်မြင်​ပေ​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 13,
      "text": "ပညာရှိ​တို့​ကို သူ​တို့​၏​အတတ်ပညာ​အားဖြင့် ပြန်​၍​အဖမ်း​ခံရ​စေ​၏​။ ဉာဏ်များ​သော​သူ​တို့​၏​အကြံ​ကို​လည်း ရုတ်ခြည်း​ဖျက်ဆီး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 14,
      "text": "နေ့​အချိန်​၌ပင် သူ​တို့​ကို အမှောင်ထု​ဖုံးလွှမ်း​၍ မွန်းတည့်အချိန်​၌ပင် ညအချိန်​ကဲ့သို့ စမ်းတဝါးဝါး​သွားလာ​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 15,
      "text": "ကိုယ်တော်​သည် နွမ်းပါး​သော​သူ​တို့​ကို ဓားသွား​နှုတ်ခမ်း​ဘေး​မှ​လည်းကောင်း​၊ အားကြီး​သော​လက်​ဘေး​မှ​လည်းကောင်း ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 16,
      "text": "ထို့ကြောင့် ဆင်းရဲ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၍ မတရား​သော​သူ​ကား နှုတ်ဆိတ်​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 17,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​၏​ဆုံးမ​ခြင်း​ကို ခံရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ထို့ကြောင့် အနန္တတန်ခိုးရှင်​ဆုံးမ​တော်မူ​သည်​ကို မထီမဲ့မြင်​မ​ပြု​ပါ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 18,
      "text": "အကြောင်းမူကား ထို​အရှင်​သည် နာကျင်​စေ​သော်လည်း အနာ​ကို ပတ်စည်း​ပေး​တော်မူ​၏​။ ဒဏ်ရာ​ရ​စေ​သော်လည်း ဒဏ်ရာ​ကို​ပျောက်ကင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 19,
      "text": "ဆင်းရဲဒုက္ခ​ခြောက်​မျိုး​ထဲမှ သင့်​ကို ကယ်နုတ်​တော်မူ​မည်​။ ခုနစ်​မျိုး​သော​ဘေးအန္တရာယ်​သည်​လည်း သင့်​ကို ထိခိုက်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 20,
      "text": "ငတ်မွတ်ခေါင်းပါး​သောအခါ သေဘေး​မှ​လည်းကောင်း​၊ စစ်တိုက်​သောအခါ ဓားလက်နက်ဘေး​မှ​လည်းကောင်း သင့်​ကို ကယ်နုတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 21,
      "text": "ကျာပွတ်​ကဲ့သို့သော​လျှာ​ဘေး​မှ သင့်​ကို ကွယ်ကာ​လိမ့်မည်​။ ပျက်စီး​ခြင်း​ဘေး​ရောက်လာ​လျှင်​လည်း သင်​ကြောက်ရွံ့​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 22,
      "text": "ဖျက်ဆီး​ခြင်း​ဘေး​၊ ငတ်မွတ်​ခြင်း​ဘေး​တို့​ကို သင်​လှောင်ရယ်​ရ​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​တို့​ကို​လည်း သင်​ကြောက်ရွံ့​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 23,
      "text": "အကြောင်းမူကား ကွင်းပြင်​၌​ရှိ​သော​ကျောက်တုံး​များ​သည် သင်​နှင့်​မိတ်ဖွဲ့​ကြ​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​တို့​သည် သင်​နှင့်​သင့်မြတ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 24,
      "text": "သင်​၏​တဲ​သည် ငြိမ်းချမ်း​လျက်​ရှိ​ကြောင်း သင်​သိ​ရ​လိမ့်မည်​။ သင်​နေထိုင်​ရာ​အရပ်​ကို စစ်ဆေးကြည့်​လျှင်​လည်း တစ်စုံတစ်ရာ​မျှ ပျောက်ဆုံး​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 25,
      "text": "သင့်​သားသမီး များပြား​၍ သင့်​သားမြေး​များ​သည်​လည်း မြေ​ပေါ်​ပေါက်​သော​မြက်ပင်​ကဲ့သို့ များပြား​သည်​ကို သင်​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 26,
      "text": "အချိန်တန်​လျှင် စုသိမ်း​ခြင်း​ကို​ခံရ​သော​ကောက်လှိုင်း​ကဲ့သို့ သင်​သည်​လည်း အိုမင်း​သောအခါ သင်္ချိုင်းတွင်း​သို့ ရောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 27,
      "text": "ဤသည်ကား ငါ​တို့​ရှာဖွေ​သိရှိ​သော​အရာ​ဖြစ်​၏​။ ဤ​အမှန်တရား​ကို သင်​နာယူ​သိမှတ်​ပါ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 2,
      "text": "“​ငါ​ခံရ​သော ပူဆွေး​ခြင်း​နှင့် ပျက်စီးဆုံးရှုံး​ခြင်း​များ​ကို ချိန်ခွင်​တွင် စုပုံ​ချိန်တွယ်​ကြည့်​မည်​ဆို​လျှင်"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 3,
      "text": "သမုဒ္ဒရာ​သဲလုံး​ထက်ပင် ပို​လေး​လိမ့်မည်​။ ထို့ကြောင့် ငါ​သည် စကား​ကို မဆင်မခြင်​ပြော​မိ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 4,
      "text": "အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 5,
      "text": "မြည်းရိုင်း​သည် မြက်နု​ရှိ​လျက်​နှင့် ဟီ​မည်လော​။ နွား​သည်​လည်း အစာ​ရှိ​လျက်​နှင့် အော်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 6,
      "text": "အရသာမရှိ​သော​အစာ​ကို ဆား​မပါ​ဘဲ စား​နိုင်​သလော​။ ကြက်ဥ​အကာ​၌ အရသာ​ရှိ​သလော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 7,
      "text": "ငါ့​အဖို့ ရွံရှာဖွယ်​သော​အစာ​ကဲ့သို့​ဖြစ်​၍ တို့ထိ​လို​စိတ်​ပင်​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 8,
      "text": "ငါ​တောင်းဆို​သော​အရာ​ကို ရ​ပါစေသော​။ ဘုရားသခင်​သည် ငါ့​မျှော်လင့်ချက်​ကို ဖြည့်ဆည်း​ပေး​ပါစေသော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 9,
      "text": "ဘုရားသခင်​သည် ငါ့​ကို အမှုန့်ချေ​ပစ်​ဖို့​ရန် အလို​တော်​ရှိ​ပါစေသော​။ လက်​တော်​ကို​ဆန့်​၍ ငါ့​ကို ကွပ်မျက်​ပါစေသော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 10,
      "text": "သို့မှ ငါ​ခံစား​ရ​သက်သာ​လိမ့်မည်​။ မညှာမတာ​ခံစား​ရ​သော​ဝေဒနာ​များ​ထဲမှ ဝမ်းမြောက်​မိ​ပါ​လိမ့်မည်​။ ငါ​သည် သန့်ရှင်း​သော​အရှင်​၏​စကား​တော်​ကို မ​ငြင်းဆန်​ခဲ့​ပါ​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 11,
      "text": "မည်သည့်​ခွန်အား​ဖြင့် ငါ​စောင့်မျှော်​နေ​ရ​မည်နည်း​။ ငါ​စိတ်ရှည်​သည်းခံ​ရ​အောင် ငါ့​ဘဝနိဂုံး​ကား မည်သို့​နည်း​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 12,
      "text": "ငါ့​ခွန်အား​ကား ကျောက်တုံး​ခွန်အား​လော​။ ငါ့​အသား​ကား ကြေးနီ​အသား​လော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 13,
      "text": "ငါ​သည် ကိုယ့်ကိုယ်ကိုယ် မ​ကယ်​နိုင်​။ ဉာဏ်ပညာ​သည် ငါ့​ထံမှ ထွက်သွား​လေ​ပြီ​တကား​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 14,
      "text": "မျှော်လင့်ချက်မဲ့​သူ​အဖို့ မိတ်ဆွေ​ထံမှ မေတ္တာ​ကို ခံရ​သင့်​ပေ​၏​။ သို့ဖြစ်လျှင် သူ​သည် အနန္တတန်ခိုးရှင်​အား ကြောက်ရွံ့ရိုသေ​ခြင်း​ကို စွန့်ပယ်​မည်​မ​ဟုတ်​ပေ​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 15,
      "text": "ငါ့​ညီအစ်ကို​တို့​သည် ချောင်းရေ​ကဲ့သို့​လည်းကောင်း​၊ ဖြတ်သန်းစီးဆင်း​သွား​သော​တောင်ကျချောင်းရေ​ကဲ့သို့​လည်းကောင်း သစ္စာမဲ့​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 16,
      "text": "ထို​ချောင်းရေ​သည် အရည်ပျော်​သွား​သော ရေခဲ​၊ နှင်းခဲ​များ​ကြောင့် နောက်ကျိ​သွား​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 17,
      "text": "နွေရာသီ​ရောက်​သောအခါ ခန်းခြောက်​ပျောက်ကွယ်​သွား​၏​။ ပူပြင်း​သောအခါ ရှိ​သည့်​နေရာ​၌​ပင် ခြောက်သွေ့​သွား​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 18,
      "text": "ရေစီးကြောင်း​လမ်းလွဲ​သွား​၍ လွင်တီးခေါင်ပြင်​အရပ်​သို့​ရောက်သွား​ပြီး ပျောက်ကွယ်​သွား​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 19,
      "text": "တေမ​ခရီးသည်​တို့​သည် လိုက်ရှာ​ကြ​၏​။ ရှေဘ​ကုန်သည်​တို့​သည်​လည်း စောင့်မျှော်​နေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 20,
      "text": "ယုံကြည်စိတ်ချ​မိ​၍ သူ​တို့​အရှက်ကွဲ​ရ​လေ​ပြီ​။ ထို​အရပ်​သို့​ရောက်​သောအခါ သူ​တို့​စိတ်ပျက်​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 21,
      "text": "သင်​တို့​သည်​လည်း အချည်းနှီး​ဖြစ်​ကြ​၏​။ ကြောက်မက်ဖွယ်​အဖြစ်​ကို​မြင်​ပြီး သင်​တို့​ကြောက်ရွံ့​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 22,
      "text": "ငါ​က ‘ငါ့​ကို တစ်စုံတစ်ရာ​ယူလာ​ပေး​ပါ​။ သင်​တို့​စည်းစိမ်ချမ်းသာ​များ​ထဲမှ ငါ့​ကို​လက်ဆောင်​ပေး​ကြ​ပါ​’​ဟု တောင်း​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 23,
      "text": "‘ရန်သူ့​လက်​မှ ငါ့​ကို​ကယ်တင်​ကြ​ပါ​။ ကြမ်းကြုတ်​သူ​တို့​လက်​မှ ငါ့​ကို​ရွေးနုတ်​ကြ​ပါ’​ဟု တောင်းဆို​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 24,
      "text": "ငါ့​ကို​သွန်သင်​ပါ​။ ငါ​ဆိတ်ဆိတ်​နေ​ပါ​မည်​။ ငါ​မည်သည့်​အမှားလုပ်​မိ​သည်​ကို ပြောပြ​ကြ​ပါ​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 25,
      "text": "မှန်ကန်​သော​စကား​သည် မည်မျှ​နာကျင်​စေ​သနည်း​။ သင်​တို့​ဆုံးမ​သော​ဆုံးမစကား​မူကား မည်သို့​နည်း​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 26,
      "text": "မျှော်လင့်ရာမဲ့​သော​ဤ​လူ​၏​စကား​မှာ လေ​သက်သက်​သာ​ဖြစ်​သည်​ဟု ထင်မှတ်​၍ သင်​တို့​သည် ထို​စကား​တို့​ကို ပြစ်တင်ရှုတ်ချ​နေ​ကြ​သလော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 27,
      "text": "ဖတဆိုး​ကို​ပင် သင်​တို့​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ကိုယ့်​မိတ်ဆွေရင်း​ကို​ပင် သင်​တို့​ရောင်းစား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 28,
      "text": "သို့သော် ယခု ငါ့​ကို​ကြည့်​ကြ​ပါ​လော့​။ ငါ​သည် သင်​တို့​ရှေ့​မှာ လိမ်ပြော​နေ​သလော​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 29,
      "text": "ယခု ပြန်ဆင်ခြင်​ကြ​ပါ​။ မတရား​သော​သူ​များ မ​ဖြစ်​ကြ​နှင့်​။ ထပ်ပြီး​ဆင်ခြင်​ကြည့်​ကြ​ပါ​။ ဤ​အမှု​၌ ငါ​ဖြောင့်မတ်​ပါ​သေး​၏​။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 30,
      "text": "ငါ့​လျှာ​၌ မတရားမှု​ရှိ​သလော​။ ငါ့​ခံတွင်း​သည် ပျက်စီး​ခြင်း​ကို မ​သိ​ဘဲ​နေ​လိမ့်မည်​လော​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 1,
      "text": "လူ​သည် မြေကြီး​ပေါ်တွင် ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​ကြ​ရ​ပါ​သည်​တကား​။ လူ​အသက်ရှင်​သော​နေ့ရက်​တို့​သည် သူရင်းငှား​၏​နေ့ရက်​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 2,
      "text": "ကျွန်​သည် အရိပ်​ကို​တောင့်တ​မိ​သကဲ့သို့​၊ သူရင်းငှား​သည် လုပ်အားခ​ကို မျှော်နေ​ရ​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 3,
      "text": "ထိုနည်းတူ ငါ​သည်​လည်း အဓိပ္ပာယ်မဲ့​သော​လ​များ​ကို​သာ ဖြတ်သန်း​ရ​ပြီ​။ ငါ့​အတွက် ဒုက္ခည​များ​ကို​လည်း သတ်မှတ်​ထား​ပြီ​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 4,
      "text": "‘​မည်သည့်​အချိန်​မှ နိုးထ​လာ​ရ​ပါ​မည်နည်း​’​ဟူသော​အတွေး​ဖြင့် ငါ​အိပ်စက်​ရ​၏​။ ညတာ​လည်း ရှည်လွန်း​လှ​သဖြင့် မိုးသောက်ချိန်​တိုင် တစ်ချိန်လုံး​လူးလိမ့်​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 5,
      "text": "ငါ့​တစ်ကိုယ်လုံး​လည်း လောက်ကောင်​နှင့်​ရွှံ့ဖတ်​များ ကပ်​နေ​၏​။ ငါ့​အရေပြား​မှာ​လည်း ပြည်ဖု​တို့​ပေါက်ပြဲ​ယိုကျ​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 6,
      "text": "ငါ​၏​နေ့ရက်​တို့​သည် ရက်ကန်းလွန်း​ထက်​မြန်​၍ မျှော်လင့်ချက်​ကင်းမဲ့​စွာ ကုန်ဆုံး​သွား​၏​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 7,
      "text": "ငါ့​အသက်​သည် လေ​သက်သက်သာ​ဖြစ်ကြောင်း အောက်မေ့​တော်မူ​ပါ​။ ကောင်းစား​ခြင်း​ကို ပြန်​ကြုံတွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 8,
      "text": "ငါ့​ကို မြင်​ခဲ့​ရ​သော​မျက်စိ​များ​သည် ငါ့​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ငါ့​ကို​ရှာ​သော်လည်း ငါ​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 9,
      "text": "လေလွင့်​ပျောက်ကွယ်​သွား​တတ်​သော​မိုးတိမ်​ကဲ့သို့ မရဏာနိုင်ငံ​သို့​ဆင်းသွား​သော​သူ​လည်း ပြန်တက်လာ​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 10,
      "text": "သူ့​အိမ်​သို့ သူ​ပြန်လာ​နိုင်​တော့​မည်​မ​ဟုတ်​။ သူ့​နေရာ​သည်​လည်း သူ့​ကို​သိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 11,
      "text": "ထို့ကြောင့် ငါ​သည် နှုတ်ဆိတ်​၍​မ​နေ​နိုင်​ပါ​။ နာကြည်း​သော​စိတ်​ဖြင့် ငါ​ပြော​မည်​။ ခါးသီး​သော​စိတ်ဝိညာဉ်​ဖြင့် ငါ​ညည်းတွား​မည်​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 12,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို စောင့်ကြပ်​ထား​သည်​မှာ အကျွန်ုပ်​သည် ပင်လယ်​ကြီး​လော​၊ မြွေနဂါး​ကြီး​လော​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 13,
      "text": "အကျွန်ုပ်​က ‘​ငါ့​ခုတင်​သည် ငါ့​ကို​နှစ်သိမ့်ပေး​လိမ့်မည်​။ ငါ့​အိပ်ရာ​သည် ငါ့​စိတ်ဒုက္ခ​ကို​သက်သာ​စေ​လိမ့်မည်​’​ဟု တွေး​နေ​စဉ်မှာပင်"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 14,
      "text": "ကိုယ်တော်​သည် အိပ်မက်​များ​ဖြင့် အကျွန်ုပ်​ကို ခြောက်လှန့်​ပြီး စိတ်အာရုံ​များ​ဖြင့် အကျွန်ုပ်​ကို ခြိမ်းခြောက်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 15,
      "text": "ထို့ကြောင့် ဤ​ကိုယ်ခန္ဓာ​နှင့် နေ​ရ​သည်​ထက် အသက်ရှူကြပ်​ပြီး သေသွား​ခြင်း​ကို လိုလား​မိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 16,
      "text": "ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာ​မိ​ပါ​၏​။ ထာဝစဉ်​အသက်ရှင်​ရ​မည်​လည်း မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​နေ့ရက်​များ​လည်း အချည်းနှီး​ပင်​ဖြစ်​သောကြောင့် အကျွန်ုပ်​ကို ပစ်ထား​လိုက်​ပါ​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 17,
      "text": "လူ​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို ချီးမြှောက်​ပြီး ကိုယ်တော်​၏​စိတ်​ထဲတွင် သူ့​ကို အလေးထား​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 18,
      "text": "ကိုယ်တော်​သည် သူ့​ကို နံနက်တိုင်း အကြည့်အရှု​ကြွလာ​၍ မခြားမလပ်​စစ်ဆေး​တော်မူ​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 19,
      "text": "မည်သည့်​အချိန်​အထိ အကျွန်ုပ်​ထံမှ မျက်နှာ​တော်​မ​လွှဲ​ဘဲ​နေ​တော်မူ​မည်နည်း​။ တံတွေး​မျိုချ​ချိန်​မှာပင် အလွတ်​မ​ပေး​ဘဲ​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 20,
      "text": "လူ​ကို​စောင့်ကြည့်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​အပြစ်​ပြု​မိ​ပြီ​လော​။ ကိုယ်တော့်​ကို​မည်သို့​ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုး​ဖြစ်​ရ​သည်​အထိ အဘယ်ကြောင့်​အကျွန်ုပ်​ကို​ပစ်မှတ်​ထား​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 21,
      "text": "အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 1,
      "text": "ထိုအခါ ရှုအာ​အမျိုးသား ဗိလဒဒ်​က"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 2,
      "text": "“မည်သည့်​အချိန်​ထိ ဤသို့​ပြော​နေ​ဦး​မည်နည်း​။ သင့်​နှုတ်ထွက်စကား​များ​မှာ လေပြင်း​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 3,
      "text": "ဘုရားသခင်​သည် တရားမျှတမှု​ကို မတရားမှု​ဖြစ်​စေ​မည်လော​။ အနန္တတန်ခိုးရှင်​သည် ဖြောင့်မတ်​ခြင်း​ကို ကောက်ကွေ့​စေ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 4,
      "text": "သင့်​သားသမီး​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​လျှင် သူ​တို့​ကျူးလွန်​သော​အပြစ်​လက်​ထဲသို့ သူ​တို့​ကို​အပ်​တော်မူ​မည်​သာ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 5,
      "text": "သင်​သည် ဘုရားသခင်​ကို ကြိုးစားရှာ​၍ အနန္တတန်ခိုးရှင်​ထံ အသနားခံ​တောင်းလျှောက်​မည်​ဆို​လျှင်​၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 6,
      "text": "သင်​သာ သန့်ရှင်း​ဖြောင့်မတ်​မည်​ဆို​လျှင် ယခုပင် ကိုယ်တော်​သည် ထ​၍ သင်​၏​ဖြောင့်မတ်​ခြင်း​တည်​ရာ​ကို ပြန်ပေး​တော်မူ​မည်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 7,
      "text": "သင်​သည် အစ​တွင် သိမ်ငယ်​နေ​ရ​သော်လည်း အဆုံး​တွင် အလွန်​ကြီးပွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 8,
      "text": "ယခင်​မျိုးဆက်​တို့​ကို မေးမြန်း​ကြည့်​လော့​။ သူ​တို့​ဘိုးဘေး​တို့ စူးစမ်းလေ့လာ​ခဲ့​သော​အရာ​ကို ဆင်ခြင်​ကြည့်​လော့​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 9,
      "text": "အကြောင်းမူကား ငါ​တို့​သည် မနေ့တနေ့​က​မှ လူ​ဖြစ်လာ​သဖြင့် ဘာမျှ​မ​သိ​နား​မ​လည်​ကြ​ပါ​။ ကမ္ဘာမြေ​ပေါ်တွင် ငါ​တို့​၏​နေ့ရက်​များ​သည် အရိပ်​မျှသာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 10,
      "text": "သူ​တို့​သည် သင့်​ကို မ​သွန်သင်​၊ မ​ပြောပြ​ဘဲ​နေ​မည်လော​။ သူ​တို့​နှလုံးသား​ထဲမှ​စကား​များ​ကို​လည်း ထုတ်ဖော်​မ​ပြော​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 11,
      "text": "ရွှံ့နွံ​မ​ရှိ​ဘဲ ကျူပင်ကြီး​ပေါက်​နိုင်​မည်လော​။ ရေ​မ​ရှိ​ဘဲ ကျူတော​ထူထပ်​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 12,
      "text": "ထို​အပင်​သည် ခုတ်ပစ်​ခြင်း​ကို​မ​ခံရ​၊ စိမ်းစို​လျက်​ရှိ​နေ​စဉ်​မှာပင် အခြား​အပင်​တို့​ထက်​အလျင် ခြောက်သွေ့​သွား​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 13,
      "text": "ဘုရားသခင်​ကို​မေ့လျော့​သော​သူ​အပေါင်း​တို့​၏​လမ်းခရီး​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​၏​မျှော်လင့်​ခြင်း​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 14,
      "text": "သူ​ယုံကြည်အားထား​သော​အရာ​သည် မတည်တံ့​။ သူ​ကိုးစားသောအရာ​သည်​လည်း ပင့်ကူ​အိမ်​မျှသာ ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 15,
      "text": "သူ့​အိမ်​သည် မှီ​၍​ရ​အောင် ခိုင်ခံ့​သည်​မ​ဟုတ်​။ ဖမ်းဆွဲ​ထား​နိုင်​အောင် ခိုင်မြဲ​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 16,
      "text": "သူ​သည် နေရောင်​အောက်​တွင် စိမ်းလန်း​၍ သူ​၏​အညွန့်​သည် ဥယျာဉ်​အနှံ့ ဖြာထွက်​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 17,
      "text": "သူ​၏​အမြစ်​များ​သည် ကျောက်ပုံ​ကို ရစ်ပတ်​ထား​ပြီး ကျောက်တုံး​များ​ကြား​တွင် နေရာ​ရှာ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 18,
      "text": "သို့သော် ထို​နေရာ​မှ ဆွဲနုတ်​ခြင်း​ခံရ​သောအခါ ထို​နေရာ​က ‘​သင့်​ကို ငါ​မ​တွေ့​မ​မြင်​ဖူး​ပါ​’​ဟု သူ့​ကို ငြင်းဆို​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 19,
      "text": "ကြည့်ရှု​လော့​။ ဤသည်ကား သူ​နှစ်သက်​သော​ခရီးလမ်း​ဖြစ်​၏​။ မြေကြီး​မှ​လည်း အခြား​အပင်​တို့ ထပ်​ပေါက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 20,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် အပြစ်တင်စရာမရှိ​သော​သူ​ကို စွန့်ပယ်​မ​ထား​။ ဆိုးညစ်​သော​သူ​တို့​ကို အားပေးထောက်မ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 21,
      "text": "သင့်​နှုတ်​ကို ရယ်မော​ခြင်း​ဖြင့်​လည်းကောင်း​၊ သင့်​နှုတ်ခမ်း​ကို ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​ဖြင့်​လည်းကောင်း ပြည့်ဝ​စေ​တော်မူ​မည်​။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 22,
      "text": "သင့်​ကို​မုန်း​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​ကို ဝတ်ဆင်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​တဲ​သည်​လည်း ပျောက်ကွယ်​သွား​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 2,
      "text": "“​ဤ​အမှန်တရား​ကို ငါ​သိ​ပါ​၏​။ သို့သော် လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 3,
      "text": "လူ​သည် ကိုယ်တော်​နှင့် အငြင်းအခုံ​ပြု​မည်​ဆိုလျှင်​ပင် မေးခွန်း​တစ်ထောင်​တွင် တစ်​ခု​မျှ ဖြေ​နိုင်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 4,
      "text": "ဉာဏ်ပညာ​တန်ခိုး​ကြီး​တော်မူ​သော​ဘုရား​ကို မည်သူ​သည် ဆန့်ကျင်အာခံ​ပြီး အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 5,
      "text": "ကိုယ်တော်​သည် တောင်​တို့​ကို ရွှေ့ပစ်​လိုက်​၏​။ အမျက်​တော်​ဖြင့် တောင်​တို့​ကို​မှောက်လှန်​တော်မူ​သောအခါ မည်သူ​မျှ မ​သိ​နား​မ​လည်​ကြ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 6,
      "text": "မြေကြီး​ကို သူ့​နေရာ​၌​လှုပ်ခတ်​စေ​သဖြင့် မြေကြီး​တိုင်လုံး​တို့​သည် တုန်လှုပ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 7,
      "text": "နေ​ကို အမိန့်ပေး​တော်မူ​သဖြင့် နေ​မ​ထွက်​။ ကြယ်​တို့​ကို​လည်း ချိပ်ပိတ်​ထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 8,
      "text": "ကောင်းကင်​မျက်နှာကြက်​ကို တစ်ပါးတည်း​ဖြန့်ကြက်​တော်မူ​၍ ပင်လယ်​လှိုင်းလုံး​များ​ကို နင်း​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 9,
      "text": "ဓူဝံကြယ်​၊ သရဝဏ်ကြယ်​၊ ဖျောက်ဆိပ်ကြယ်​၊ တောင်ပိုင်း​ကြယ်​တို့​ကို ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 10,
      "text": "စူးစမ်း​၍​မ​ကုန်​နိုင်​သည့် ကြီးမြတ်​သော​အမှု​များ​၊ ရေတွက်​၍​မ​ကုန်​နိုင်​သည့် အံ့ဖွယ်​သော​အမှု​များ​ကို ပြု​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 11,
      "text": "ငါ့​အနား​မှ ဖြတ်သွား​သည်​ကို ငါ​မ​မြင်​။ ငါ့​ကို ကျော်သွား​သော်လည်း ကိုယ်တော်​ကို ငါ​မ​မှတ်မိ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 12,
      "text": "ကိုယ်တော်​သိမ်းယူ​တော်မူ​လျှင် မည်သူ​တား​နိုင်​သနည်း​။ ‘​မည်သို့​ပြု​တော်မူ​သနည်း​’​ဟု ကိုယ်တော်​အား မည်သူ​မေးလျှောက်​ဝံ့​သနည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 13,
      "text": "ဘုရားသခင်​သည် အမျက်​ကို ပြန်ထိန်း​တော်မူ​မည်​မ​ဟုတ်​။ ရာဟပ်​အား ကူညီ​သူ​တို့​ပင် ခြေ​တော်​အောက်​၌ ပြားပြားဝပ်​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 14,
      "text": "ထို့ကြောင့် ကိုယ်တော်​ကို ငါ​မည်သို့​တုံ့ပြန်​နိုင်​မည်နည်း​။ တုံ့ပြန်​နိုင်​မည့်​စကား​ကို​လည်း ငါ​မည်သို့​ရှာ​နိုင်​ပါ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 15,
      "text": "ငါ​ဖြောင့်မတ်​နေ​လျှင်ပင် တုံ့ပြန်​၍​မ​ရ​။ ငါ့​အား တရားစီရင်​မည့်​သူ​ကို အသနားခံ​ရန်​သာ​ရှိ​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 16,
      "text": "ငါ​ခေါ်​၍ ကိုယ်တော်​ပြန်ထူး​လျှင်ပင် ငါ့​အသံ​ကို နားညောင်း​တော်မူ​သည်​ဟု ငါ​မ​ယုံ​နိုင်​ပါ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 17,
      "text": "အကြောင်းမှာ ကိုယ်တော်​သည် မိုးသက်မုန်တိုင်း​ဖြင့် ငါ့​ကို​ကြေမွ​စေ​တော်မူ​ပြီ​။ အကြောင်းမရှိ​ဘဲ ငါ​၌ ဒဏ်ရာ​များပြား​စေ​တော်မူ​ခဲ့​ပြီ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 18,
      "text": "ငါ့​အား အသက်ရှူ​ခွင့်​ကို​ပင်​မ​ပေး​ဘဲ ခါးသီးမှု​များ​နှင့် ပြည့်​စေ​တော်မူ​ခဲ့​ပြီ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 19,
      "text": "ကြည့်ရှု​လော့​။ တန်ခိုး​နှင့်ပတ်သက်​လျှင် ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ တရားမျှတမှု​နှင့်ပတ်သက်​လျှင်​လည်း ကိုယ်တော်​ကို မည်သူ​စိန်ခေါ်​ဝံ့​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 20,
      "text": "ငါ​ဖြောင့်မတ်​လျှင်ပင် ငါ့​နှုတ်​သည် ငါ့​ကို​သာ အပြစ်တင်​လိမ့်မည်​။ ငါ​၌​အပြစ်တင်စရာ​မ​ရှိ​လျှင်ပင် ငါ့​ကို​ကောက်ကျစ်​သော​သူ​ဟု မိန့်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 21,
      "text": "ငါ​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ဖြစ်​လျက်ပင် ငါ့ကိုယ်ငါ​မ​သိ​နိုင်​။ ငါ့​အသက်​ကို​ပင် ငါ​အလေးမထား​နိုင်​တော့​ပါ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 22,
      "text": "အားလုံး​တို့​သည် အတူတူပင်​ဖြစ်​၏​။ ထို့ကြောင့် ‘ကိုယ်တော်​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​ကို​လည်းကောင်း ဖျက်ဆီး​တော်မူ​မည်’​ဟု ငါ​ဆို​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 23,
      "text": "ဘေးဆိုး​ရောက်လာ​၍ ရုတ်တရက်​သေဆုံး​ကြ​ရ​သောအခါ​၊ အပြစ်မဲ့​သူ​တို့​စုံစမ်း​ခြင်း​ခံရ​သောအခါ ကိုယ်တော်​ပြုံးရယ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 24,
      "text": "ကမ္ဘာမြေကြီး​ကို ဆိုးယုတ်​သော​သူ​တို့​လက်​သို့​အပ်​၍ တရားသူကြီး​တို့​၏​မျက်နှာ​ကို ဖုံးအုပ်​ထား​တော်မူ​သော​အရှင်​မှာ ကိုယ်တော်​မ​ဟုတ်​လျှင် မည်သူ​ဖြစ်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 25,
      "text": "ငါ​၏​နေ့ရက်​တို့​သည် အပြေးသမား​ထက်ပင် လျင်မြန်​၏​။ မည်သည့်​ကောင်းကျိုးချမ်းသာ​ကို​မျှ​မ​တွေ့​မ​မြင်​ရ​ဘဲ ကုန်လွန်​သွား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 26,
      "text": "ကျူရိုး​လှေ​များ​ကဲ့သို့​လည်းကောင်း​၊ သားကောင်​ကို​ထိုးသုတ်​သော​လင်းယုန်​ကဲ့သို့​လည်းကောင်း လျင်မြန်​လွန်း​လှ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 27,
      "text": "‘ငါ​သည် ကိုယ့်​စိတ်ဒုက္ခ​ကို မေ့ထား​ပြီး မျက်နှာ​ကို ကြည်ကြည်ရွှင်ရွှင်​ထား​မည်’​ဟု ငါ​ဆို​လျှင်​လည်း"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 28,
      "text": "ငါ​ခံစား​ရ​သော​ဒုက္ခဝေဒနာ​အလုံးစုံ​ကြောင့် ငါ​ကြောက်ရွံ့​နေ​၏​။ ကိုယ်တော်​သည် ငါ့​ကို​အပြစ်ဒဏ်​နှင့် ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 29,
      "text": "ငါ​၌​အပြစ်ရှိ​သည်​ဟု စီရင်​ခြင်း​ကို​ခံရ​မည်​ဆိုလျှင် အဘယ်ကြောင့် ဤသို့​အချည်းနှီး​ကြိုးစားအားထုတ်​နေ​ရ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 30,
      "text": "ငါ​သည် နှင်းရည်​ဖြင့် ရေချိုး​၍ ငါ့​လက်​ကို ပြာရည်​ဖြင့် စင်ကြယ်​အောင်​ဆေးကြော​လျှင်​လည်း"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 31,
      "text": "ကိုယ်တော်​သည် ငါ့​ကို​တွင်း​ထဲသို့​ပစ်ချ​တော်မူ​မည်​ဖြစ်၍ ငါ့​အဝတ်​တို့​ပင် ငါ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 32,
      "text": "ငါ​သည် ကိုယ်တော်​နှင့်အတူ တရားရုံး​သို့​သွား​၍ တရားရင်ဆိုင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​ကဲ့သို့ လူ​ဖြစ်​တော်မူ​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 33,
      "text": "ငါ​တို့​နှစ်​ဦး​စပ်ကြား​တွင် ကြားဝင်​စီရင်ဆုံးဖြတ်​ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 34,
      "text": "ကိုယ်တော်​သည် မိမိ​၏​ကြိမ်လုံး​ကို ငါ့​ထံမှ​ဖယ်ရှား​တော်မူ​ပါစေသော​။ ကြောက်ရွံ့ထိတ်လန့်ဖွယ်​သော​အရာ​တို့​ဖြင့် ငါ့​ကို​မ​ခြောက်လှန့်​ပါစေ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 35,
      "text": "သို့ဖြစ်လျှင် ငါ​သည် မ​ကြောက်​မ​ရွံ့​လျှောက်တင်​ဝံ့​လိမ့်မည်​။ ယခုမူ ထိုသို့ မ​လျှောက်တင်​ဝံ့​ပါ​တကား​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 1,
      "text": "ငါ​အသက်ရှင်​ရ​သည်​ကို ရွံမုန်း​လှ​ပြီ​။ ငါ​၏​စိတ်ဒုက္ခ​ကို ဖွင့်ချ​တော့​မည်​။ ငါ့​စိတ်​ထဲမှ​ခါးသီးမှု​ကို ရင်ဖွင့်​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 2,
      "text": "ငါ​သည် ဘုရားသခင်​အား ‘​အကျွန်ုပ်​ကို အပြစ်ရှိ​သည်​ဟု မ​စီရင်​ပါ​နှင့်​။ အဘယ်ကြောင့် အကျွန်ုပ်​အား စွဲချက်တင်​တော်မူ​သည်​ကို အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 3,
      "text": "ဆိုးယုတ်​သော​သူ​၏​အကြံဉာဏ်​ကို လက်ခံ​၍ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ဖန်ဆင်း​တော်မူ​သော​သူ​ကို နှိပ်စက်​ပြီး စွန့်ပစ်​ထား​သော​အမှု​ကို ကိုယ်တော်​အလိုရှိ​တော်မူ​ပါ​သလော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 4,
      "text": "ကိုယ်တော်​၏​မျက်စိ​သည် လူ​၏​မျက်စိ​နှင့်​တူ​သလော​။ လူ​တို့​မြင်​တတ်​သကဲ့သို့ ကိုယ်တော်​မြင်​တော်မူ​သလော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 5,
      "text": "ကိုယ်တော်​၏​နေ့ရက်​တို့​သည် လူ​၏​နေ့ရက်​တို့​နှင့် တူ​သလော​။ ကိုယ်တော်​၏​နှစ်​တို့​သည် လူ​၏​နှစ်​တို့​နှင့် တူ​သလော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 6,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှား​ကို ရှာ​၍ အကျွန်ုပ်​၏​အပြစ်​ကို စိစစ်​နေ​သလော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 7,
      "text": "အကျွန်ုပ်​သည် ဆိုးယုတ်​သော​သူ​မ​ဟုတ်​ကြောင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို ကိုယ်တော့်​လက်​မှ ကယ်နုတ်​မည့်​သူ​မ​ရှိ​ကြောင်း​ကို​လည်းကောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 8,
      "text": "ကိုယ်တော့်​လက်​ဖြင့် အကျွန်ုပ်​ကို စေ့စပ်သေချာ​စွာ​ပုံဖော်​ဖန်ဆင်း​တော်မူ​ခဲ့​ပါ​၏​။ ယခု​မူကား အကျွန်ုပ်​ကို ဖျက်ဆီး​တော်မူ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 9,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​အား ရွှံ့စေး​ကဲ့သို့ ပုံသွင်း​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။ ယခု အကျွန်ုပ်​ကို မြေမှုန့်​ပြန်ဖြစ်​စေ​တော်မူ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 10,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို နွားနို့​ကဲ့သို့ လောင်းချ​ပြီး ဒိန်ခဲ​ကဲ့သို့ ခဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 11,
      "text": "အကျွန်ုပ်​ကို အရေပြား​နှင့်​အသား​တို့​ဖြင့် ဖုံးအုပ်​ပြီး အရိုး​နှင့်​အရွတ်​တို့​ဖြင့် ဖွဲ့စည်း​တော်မူ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 12,
      "text": "အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပြီး မေတ္တာကရုဏာ​ကို​လည်း ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​ဝိညာဉ်​ကို​လည်း ကြည့်ရှု​စောင့်ထိန်း​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 13,
      "text": "သို့သော် အကျွန်ုပ်​၌ ဖြစ်​နေ​သည့်​အမှု​တို့​သည် ကိုယ်တော့်​စိတ်​ထဲမှ တိတ်တဆိတ်​ကြံစည်​ခြင်း​များ​ဖြစ်ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 14,
      "text": "အကျွန်ုပ်​အပြစ်ပြု​မိ​လျှင် ကိုယ်တော်​မှတ်​တော်မူ​ပြီး အပြစ်​မှ​ကင်းလွတ်​ခွင့်​ကို အကျွန်ုပ်​အား ပေး​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 15,
      "text": "အကျွန်ုပ်​ဆိုးယုတ်​လျှင် အကျွန်ုပ်​၌ အမင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​ဖြောင့်မတ်​လျှင်ပင် ခေါင်း​မ​မော့​ဝံ့​ဘဲ အရှက်ကွဲ​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဆင်းရဲဒုက္ခ​ကို ကြည့်ရှုလှည့်​ပါ​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 16,
      "text": "ခေါင်းထောင်​မိ​လျှင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ခြင်္သေ့​ကဲ့သို့​လိုက်ဖမ်း​၍ အကျွန်ုပ်​အား ကြောက်မက်ဖွယ်​အမှု​ကို ပြ​တော်မူ​ဦး​မည်​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 17,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဆန့်ကျင်​သော​သက်သေ​များ​ကို တစ်​ခု​ပြီး​တစ်​ခု​ဖော်ပြ​တော်မူ​၏​။ အကျွန်ုပ်​ကို ပို၍​အမျက်ထွက်​တော်မူ​ပြီး အပြောင်းအလဲ​၊ အတိုက်အခိုက်​များ​နှင့်​လည်း ကြုံတွေ့​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 18,
      "text": "အဘယ်ကြောင့် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ ထွက်လာ​စေ​သနည်း​။ မည်သူ​မျှ​မ​မြင်​ရ​မီ အကျွန်ုပ်​သေ​ခဲ့​သင့်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 19,
      "text": "သို့ဖြစ်လျှင် အကျွန်ုပ်​သည် တစ်ခါမျှ​မ​ရှိ​ခဲ့​ဖူး​သော​သူ​ကဲ့သို့​ဖြစ်​၍ အမိ​ဝမ်း​ထဲမှ သင်္ချိုင်း​သို့​တစ်ခါတည်း​ရောက်သွား​မည်​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 20,
      "text": "အကျွန်ုပ်​၏​နေ့ရက်​တို့​သည် တိုတောင်း​သည်​မ​ဟုတ်​လော​။ ရပ်တန့်​တော်မူ​ပါ​။ တစ်ခဏလေး​ပျော်ရွှင်​နိုင်​ရန် အကျွန်ုပ်​တစ်ယောက်တည်း​နေ​ပါရစေ​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 21,
      "text": "အကျွန်ုပ်​သည် မ​ကြာ​မီ ပြန်​လမ်း​မ​ရှိ မှောင်မိုက်​၍ သေမင်းအရိပ်​လွှမ်းမိုး​သော​ပြည်​သို့ သွား​ရ​ပါ​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 22,
      "text": "ပိန်းပိတ်​အောင်​မှောင်မိုက်​နေ​ပြီး သေမင်းအရိပ်​ဖုံးလွှမ်း​နေ​၍ အလင်း​သည်ပင် အမှောင်​ကဲ့သို့​ဖြစ်​နေ​သော​ပြည်​သို့ ငါ​သွား​ရ​တော့​မည်​’​ဟူ၍ လျှောက်ဆို​မည်​”​ဟု ညည်းဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 1,
      "text": "ထိုအခါ နေမတ်​အမျိုးသား​ဇောဖာ​က"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 2,
      "text": "“​မြားမြောင်​သော​စကား​တို့​အတွက် ပြန်​မ​ပြော​ဘဲ​နေ​ရ​မည်လော​။ အပြောကောင်း​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​ဆို​ရ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 3,
      "text": "သင်​ရောက်တတ်ရာရာ​ပြောဆို​သည်​ကို လူ​တို့​နှုတ်ဆိတ်​နေ​ရ​မည်လော​။ သင်​ပြက်ရယ်ပြု​သောအခါ လူ​တို့​မ​ရှက်​ဘဲ​နေ​ရ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 4,
      "text": "သင်​က ‘​ငါ​၏​သွန်သင်ချက်​သည် စင်ကြယ်​၏​။ ကိုယ်တော့်​ရှေ့​တွင် ငါ​သန့်ရှင်း​၏​’​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 5,
      "text": "သို့သော် ဘုရားသခင်​သည် နှုတ်​တော်​ကို​ဖွင့်​လျက် သင့်​ကို ပြန်ပြော​တော်မူ​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 6,
      "text": "ပြီးပြည့်စုံ​သော​ဉာဏ်ပညာ​သည် အသွား​နှစ်​ဖက်​ပါ​သည်​ဖြစ်၍ ဉာဏ်ပညာ​၏​လျှို့ဝှက်ချက်​ကို သင့်​အား ဖော်ပြ​တော်မူ​ပါစေ​။ ဘုရားသခင်​သည် သင့်​အပြစ်​များ​ကို မေ့လျော့​တော်မူ​ကြောင်း သိမှတ်​လော့​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 7,
      "text": "သင်​သည် ဘုရားသခင်​၏​လျှို့ဝှက်နက်နဲ​သော​အရာ​ကို ရှာတွေ့​နိုင်​မည်လော​။ အနန္တတန်ခိုးရှင်​၏​ပကတိ​အဖြစ်​တော်​ကို တွေ့ရှိ​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 8,
      "text": "ကောင်းကင်​ထက်​မြင့်​သည်​ဖြစ်၍ သင်​မည်သို့​တတ်နိုင်​မည်နည်း​။ မရဏာနိုင်ငံ​ထက်​နက်​သည်​ဖြစ်၍ သင်​မည်သို့​သိ​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 9,
      "text": "တိုင်းတာ​ကြည့်​လျှင် မြေကြီး​ထက် ရှည်လျား​၍ ပင်လယ်​ထက် ကျယ်ဝန်း​၏​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 10,
      "text": "ကိုယ်တော်​ကြွလာ​၍ ဖမ်းဆီးချုပ်နှောင်​မည်​၊ လူစုလူဝေး​ဖြစ်​စေ​မည်​ဆို​လျှင် မည်သူ​ဟန့်တား​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 11,
      "text": "ကိုယ်တော်​သည် လှည့်စား​တတ်​သော​သူ​ကို သိ​တော်မူ​၏​။ သူ​ပြု​သော​ဒုစရိုက်​ကို​မြင်​လျှင် မ​မှတ်ထား​ဘဲ​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 12,
      "text": "မြည်းရိုင်း​သည် လူ​ကို​မွေးထုတ်​သောအခါ​မှသာ ပညာမဲ့​သော​သူ​သည် ပညာရှိ​ဖြစ်လာ​နိုင်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 13,
      "text": "သင်​သည် ကိုယ့်​စိတ်နှလုံး​ကို ပြင်ဆင်​၍ ကိုယ်တော့်​ထံ လက်ဖြန့်​လျှင်​၊"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 14,
      "text": "သင်​ပြု​သော​အပြစ်​ကို စွန့်ပစ်​ပြီး သင့်​တဲ​များ​၌ မကောင်းမှု​ကို လက်​မ​ခံ​လျှင်"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 15,
      "text": "သင်​သည် အပြစ်​ကင်း​လျက် မျက်နှာ​မော်​နိုင်​လိမ့်မည်​။ ကြောက်ရွံ့​ခြင်း​မ​ရှိ လုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 16,
      "text": "အခက်အခဲ​ပြဿနာ​ကို​မေ့လျော့​၍ စီးဆင်း​သွား​သော​ရေ​ကဲ့သို့သာ အောက်မေ့​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 17,
      "text": "သင့်​အသက်တာ​သည်​လည်း မွန်းတည့်ချိန်​ထက် ထွန်းလင်း​၍ မှောင်မိုက်​ခြင်း​သည်​ပင်လျှင် နံနက်ခင်း​ကဲ့သို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 18,
      "text": "မျှော်လင့်ချက်​ရှိ​သည်​ဖြစ်၍ စိတ်အေးလက်အေး​နေ​ရ​လိမ့်မည်​။ သင့်​ပတ်ဝန်းကျင်​ကို​ကြည့်​လျှင် လုံခြုံမှု​ရှိ​သည်​ဖြစ်၍ နှစ်ခြိုက်​စွာ​အိပ်​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 19,
      "text": "သင်​သည် ခြောက်လှန့်​မည့်​သူ မ​ရှိ​ဘဲ လဲလျောင်း​ရ​လိမ့်မည်​။ လူ​များစွာ​တို့​သည် သင်​၏​မျက်နှာသာပေးမှု​ကို လိုချင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 20,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​မျက်စိ​သည် မှုန်ဝါး​သွား​၍ လွတ်မြောက်​ရာ​လမ်း​လည်း​ရှိ​လိမ့်မည်​မ​ဟုတ်​။ သူ​တို့​၏​မျှော်လင့်ချက်​မှာ သေ​ခြင်း​သာ​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 2,
      "text": "“သင်​တို့​သည် လူ​ဖြစ်​၍ သင်​တို့​သေ​လျှင် ဉာဏ်ပညာ​သည်​လည်း သင်​တို့​နှင့်အတူ သေ​သွား​လိမ့်မည်​မှာ ယုံမှားဖွယ်​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 3,
      "text": "ငါ​သည်​လည်း သင်​တို့​ကဲ့သို့ အသိစိတ်​ရှိ​၍ သင်​တို့​ထက် မ​ညံ့​။ ဤကဲ့သို့သော​အရာ​များ​ကို အဘယ်သူ​မ​သိ​ဘဲ​နေ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 4,
      "text": "ယခုမှာ ငါ​သည် မိတ်ဆွေ​တို့ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​ရ​လေ​ပြီ​။ ဘုရားသခင်​ကို​ခေါ်​လျှင် ဘုရားသခင်​ထူး​သော​သူ​၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်​သော​သူ​သည် ပြက်ရယ်ပြုစရာ ဖြစ်​ရ​လေ​ပြီ​တကား​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 5,
      "text": "ဘေးဆိုး​ကို​မ​ကြုံ​ဖူး​သူ​သည် ဘေးဆိုး​အား လှောင်ရယ်စရာ​တစ်​ခု​အဖြစ်​လည်းကောင်း​၊ ခြေချော်​သူ​တို့​ကြုံတွေ့​ရန် အသင့်ရှိ​သော​အရာ​တစ်​ခု​အဖြစ်​လည်းကောင်း ထင်မှတ်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 6,
      "text": "ဓားပြ​တို့​၏​တဲ​သည် အေးချမ်း​လျက်​ရှိ​၏​။ ကိုယ့်​လက်​ဖြင့် ဘုရား​ကို​လုပ်​၍ ဘုရားသခင်​၏​အမျက်​တော်​ကို​နှိုးဆွ​သော​သူ​တို့​သည် ဘေးကင်းလုံခြုံ​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 7,
      "text": "တိရစ္ဆာန်​တို့​ကို မေးကြည့်​လော့​။ သင့်​ကို​သွန်သင်​လိမ့်မည်​။ မိုးကောင်းကင်​ငှက်​တို့​ကို မေးကြည့်​လော့​။ သင့်​ကို​ပြောပြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 8,
      "text": "သို့မဟုတ်လျှင် မြေကြီး​အကြောင်း​ကို ဆင်ခြင်​ကြည့်​ပါ​။ သင့်​ကို သွန်သင်​လိမ့်မည်​။ ပင်လယ်​ငါး​တို့​သည်​လည်း သင့်​ကို​ပြောပြ​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 9,
      "text": "ဤ​အမှုအရာ​အား ထာဝရဘုရား​စီရင်​တော်မူ​ကြောင်း​ကို သတ္တဝါ​အပေါင်း​တို့ မ​သိ​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 10,
      "text": "သက်ရှိသတ္တဝါ​တိုင်း​၏​အသက်​၊ လူသား​တိုင်း​၏​ထွက်သက်ဝင်သက်​သည် ထာဝရဘုရား​လက်​တော်​၌​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 11,
      "text": "လျှာ​သည် အစားအစာ​၏​အရသာ​ကို ခံစား​တတ်​သကဲ့သို့ နား​သည်​လည်း စကား​တို့​ကို ဆန်းစစ်​တတ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 12,
      "text": "အသက်ကြီးရင့်​သော​သူ​တို့​သည် ဉာဏ်ပညာ​ရှိ​ပြီး အသက်ရှည်​သော​သူ​တို့​သည် ထိုးထွင်းဉာဏ်​ရှိ​ကြ​သည် မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 13,
      "text": "ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​၊ အကြံဉာဏ်​နှင့် ထိုးထွင်းဉာဏ်​တို့​သည် ကိုယ်တော်​၌ ရှိ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 14,
      "text": "ကိုယ်တော်​ဖြိုဖျက်​တော်မူ​လျှင် မည်သူ​မျှ​ပြန်လည်​မ​တည်ဆောက်​နိုင်​။ လူ​ကို​ချုပ်ထား​တော်မူ​လျှင် မည်သူ​မျှ​မ​လွှတ်ပေး​နိုင်​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 15,
      "text": "ရေ​ကို​တား​တော်မူ​လျှင် ခန်းခြောက်​သွား​တတ်​၏​။ ရေ​ကို​လွှတ်ပေး​လိုက်​လျှင် မြေကြီး​ကို လွှမ်းမိုး​သွား​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 16,
      "text": "ကိုယ်တော်​၌ အစွမ်းသတ္တိ​နှင့် ပြီးပြည့်စုံ​သော​ဉာဏ် ရှိ​တော်မူ​၏​။ လမ်းလွဲ​သွား​သော​သူ​နှင့် လမ်းလွဲ​စေ​သော​သူ​ပါ ကိုယ်တော့်​လက်​တော်​၌​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 17,
      "text": "ကိုယ်တော်​သည် အတိုင်ပင်ခံအမတ်​တို့​ကို ခြေဗလာ​ဖြင့် ဖမ်းခေါ်​သွား​စေ​၍ တရားသူကြီး​တို့​ကို​လည်း ရူးသွပ်​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 18,
      "text": "ရှင်ဘုရင်​တို့​ချည်နှောင်​သော​ကြိုး​ကို ဖြေ​၍ သူ​တို့​ခါး​ကို ခါးပတ်​နှင့် စည်း​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 19,
      "text": "ယဇ်ပုရောဟိတ်​တို့​ကို ခြေဗလာ​ဖြင့် ဖမ်းခေါ်​သွား​စေ​၍ အားကြီး​သော​သူ​တို့​ကို​လည်း ရှုံးနိမ့်​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 20,
      "text": "ယုံကြည်စိတ်ချ​ရ​သော​သူ​တို့​ကို နှုတ်ဆိတ်​စေ​တော်မူ​၍ သက်ကြီးဝါကြီး​တို့​၏​ဆင်ခြင်ဉာဏ်​ကို နုတ်ယူ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 21,
      "text": "မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ အားကြီးသူ​တို့​ကို ခွန်အား​ယုတ်လျော့​စေ ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 22,
      "text": "မှောင်မိုက်​ထဲမှ လျှို့ဝှက်​သော​အရာ​တို့​ကို ဖော်ထုတ်ပြ​၏​။ အမှောင်ထု​ကို အလင်း​သို့ ရောက်စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 23,
      "text": "တိုင်းနိုင်ငံ​တို့​ကို အားကြီး​စေ​ပြီးမှ ဖျက်ဆီး​ပစ်​တော်မူ​၏​။ တိုင်းနိုင်ငံ​တို့​ကို ကျယ်ပြန့်​စေ​ပြီးမှ ကွဲလွင့်​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 24,
      "text": "ပြည်သူပြည်သား​တို့​ကို ဦးဆောင်​သော​သူ​များ​၏​အသိတရား​ကို နုတ်ယူ​တော်မူ​ပြီး လမ်း​မ​ရှိ​သော​လွင်တီးခေါင်​တွင် တလည်လည်​ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 25,
      "text": "အလင်း​မ​ရှိ​သော​မှောင်မိုက်​ထဲ၌ စမ်းတဝါးဝါး​သွားလာ​စေ​၍ အရက်မူး​သော​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 1,
      "text": "စင်စစ် ဤ​အရာ​အားလုံး​ကို ငါ့​မျက်စိ​ဖြင့်​မြင်​ရ​ပြီ​၊ ငါ့​နား​ဖြင့်​ကြား​ရ​၍ နားလည်​ပြီ​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 2,
      "text": "သင်​တို့​သိ​သကဲ့သို့ ငါ​လည်း သိ​ပါ​၏​။ သင်​တို့​ထက် ငါ​ညံ့ဖျင်း​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 3,
      "text": "ငါ​မူကား အနန္တတန်ခိုးရှင်​ကို​သာ လျှောက်တင်​လို​ပါ​၏​။ ဘုရားသခင်​ထံသို့​သာ လျှောက်လဲ​လို​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 4,
      "text": "သင်​တို့​သည် မုသား​ကို ဖုံးကွယ်​ထား​သော​သူ​များ​၊ သင်​တို့​အားလုံး​သည် အသုံးမဝင်​သော​သမားတော်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 5,
      "text": "သင်​တို့​နှုတ်ဆိတ်​နေ​ကြ​လော့​။ နှုတ်ဆိတ်​နေ​ခြင်း​ကသာ သင်​တို့​ကို ပညာ​ရှိ​ရာ​ရောက်​စေ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 6,
      "text": "ယခု ငါ​ပြန်ပြော​သော​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​နှုတ်​ဖြင့် လျှောက်လဲ​သော​စကား​များ​ကို အာရုံစိုက်​ကြ​လော့​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 7,
      "text": "သင်​တို့​သည် ဘုရားသခင်​ဘက်​မှ​နေ​၍ ကောက်ကျစ်​သော​စကား​၊ လိမ်လည်လှည့်စား​သော​စကား​တို့​ကို ပြောဆို​ကြ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 8,
      "text": "သင်​တို့​သည် ကိုယ်တော့်​ဘက်မှာ​နေ​ကြ​မည်လော​။ ဘုရားသခင်​အတွက် လျှောက်လဲ​ပေး​ကြ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 9,
      "text": "သင်​တို့​ကို​စစ်ကြော​တော်မူ​လျှင် သင်​တို့​အတွက် အကျိုးရှိ​ပါ​မည်လော​။ လူ​ကို​လှည့်စား​သကဲ့သို့ ကိုယ်တော်​ကို သင်​တို့​လှည့်စား​၍​ရ​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 10,
      "text": "ကွယ်ရာ​၌ သင်​တို့​မျက်နှာလိုက်​တတ်​ကြ​လျှင် သင်​တို့​ကို ကိုယ်တော် ဧကန်​ဆုံးမ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 11,
      "text": "ကိုယ်တော်​၏​တန်ခိုး​တော်​သည် သင်​တို့​ကို ကြောက်ရွံ့​စေ​မည်​မ​ဟုတ်​လော​။ ကိုယ်တော့်​ထံမှ ကြောက်မက်ဖွယ်ဘေး​သည် သင်​တို့​အပေါ် ကျရောက်​မည် မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 12,
      "text": "သင်​တို့​၏​မှတ်သားစရာ​စကား​များ​သည် ပြာပုံ​စကားပုံ​မျှသာ​ဖြစ်​၏​။ သင်​တို့​ချေပ​သော​စကား​များ​သည်​လည်း ကွဲလွယ်​သော​မြေထည်​ကဲ့သို့​သာ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 13,
      "text": "ငါ့​ရှေ့​မှာ တိတ်တိတ်နေ​ကြ​လော့​။ ငါ​ပြော​ပါရစေ​။ ငါ​၌ ဖြစ်ချင်​ရာ​ဖြစ်​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 14,
      "text": "အဘယ်ကြောင့် ကိုယ့်​အသား​ကို ကိုယ့်​သွား​နှင့် ကိုက်​ထား​ရ​မည်နည်း​။ အဘယ်ကြောင့် ကိုယ့်​အသက်​ကို ကိုယ့်​လက်​၌ ထည့်​ထား​ရ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 15,
      "text": "ငါ့​ကို ကွပ်မျက်​တော်မူ​မည်​ဆို​လျှင်ပင် ကိုယ်တော့်​ကို ငါ​မျှော်လင့်​နေ​ဦး​မည်​။ ငါ့​အမှု​ကို မျက်မှောက်​တော်​၌ လျှောက်လဲ​မည်​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 16,
      "text": "ထိုသို့​ပြု​လျှင် ငါ့​အတွက် ကယ်တင်​ခြင်း​အကြောင်း​ဖြစ်​လိမ့်မည်​။ အကြောင်းမူကား ဘုရားတရားမဲ့​သော​သူ​တို့​သည် ဘုရားသခင်​ရှေ့​တော်​သို့ ဝင်ခွင့်​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 17,
      "text": "ငါ့​စကား​ကို သေချာ​နားထောင်​ကြ​လော့​။ ငါ​ရှင်းပြ​သည်​ကို အာရုံစိုက်​ကြ​လော့​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 18,
      "text": "ငါ့​အမှု​ကို ငါ​ပြင်ဆင်​ထား​ပြီ​။ ငါ​ဖြောင့်မတ်​ကြောင်း​ကို ငါ​သိ​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 19,
      "text": "ငါ့​ကို မည်သူ​စွဲချက်တင်​မည်နည်း​။ ထိုသို့​ပြု​လျှင် ငါ​သည် နှုတ်ဆိတ်​နေ​၍ သေ​ပါ​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 20,
      "text": "အကျွန်ုပ်​အား အချက်​နှစ်​ချက်​သာလျှင် မ​ပြု​ဘဲ နေ​တော်မူ​ပါ​။ သို့ပြုလျှင် ကိုယ်တော့်​ထံ​မှ ပုန်းရှောင်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 21,
      "text": "လက်​တော်​ကို အကျွန်ုပ်​အပေါ်​မှ ရုပ်သိမ်း​တော်မူ​ပါ​။ ကိုယ်တော့်​ထံမှ ကြောက်မက်ဖွယ်​ရာ​များ​ဖြင့် အကျွန်ုပ်​ကို ခြောက်လှန့်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 22,
      "text": "ထိုအခါ အကျွန်ုပ်​ကို​ခေါ်​လျှင် အကျွန်ုပ်​ထူး​ပါ​မည်​။ အကျွန်ုပ်​လျှောက်​လျှင်​လည်း အကျွန်ုပ်​ကို ပြန်​၍​ဖြေကြား​တော်မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 23,
      "text": "အကျွန်ုပ်​၏​ဒုစရိုက်​အပြစ်​တို့​သည် အဘယ်မျှလောက်​များ​ပါ​သနည်း​။ အကျွန်ုပ်​ကျူးလွန်​သော​အမှု​နှင့် အကျွန်ုပ်​၏​အပြစ်​တို့​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 24,
      "text": "အဘယ်ကြောင့် အကျွန်ုပ်​ထံမှ မျက်နှာလွှဲ​တော်မူ​၍ အကျွန်ုပ်​ကို ရန်သူ​ကဲ့သို့ ထင်မှတ်​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 25,
      "text": "လေနှင်ရာ​လွင့်ပါ​သွား​သော​သစ်ရွက်​ကို ခြောက်လှန့်​တော်မူ​မည်လော​။ ကောက်ရိုး​ခြောက်​ကို လိုက်​တော်မူ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 26,
      "text": "အကျွန်ုပ်​အဖို့ ပြင်းထန်​သော​စွဲချက်​များ​ကို ရေးမှတ်​ထား​၍ အကျွန်ုပ်​ငယ်စဉ်​က ပြု​မိ​သော​ဒုစရိုက်​များ​ကို ပြန်၍​ခံရ​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 27,
      "text": "အကျွန်ုပ်​၏​ခြေ​ကို ထိတ်တုံးခတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​သွား​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​၍ အကျွန်ုပ်​ကို ခြေရာခံ​လိုက်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 28,
      "text": "ထို့ကြောင့် အကျွန်ုပ်​သည် ဆွေးမြည့်​တတ်​သော​အရာ​ကဲ့သို့​လည်းကောင်း​၊ ပိုးကိုက်​တတ်​သော​အဝတ်​ကဲ့သို့​လည်းကောင်း ယိုယွင်းပျက်စီး​ရ​ပါ​ပြီ​တကား​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 1,
      "text": "မိန်းမ​မှ​မွေး​လာ​သော​လူ​သည် အသက်တာ​တိုတောင်း​၍ ဆင်းရဲဒုက္ခ​များ​နှင့် ပြည့်နှက်​နေ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 2,
      "text": "ပန်း​ကဲ့သို့​ပွင့်​ပြီး ညှိုးနွမ်း​သွား​ရ​ပါ​၏​။ အရိပ်​ကဲ့သို့​ရွေ့လျား​ပြီး ပျောက်ကွယ်​သွား​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 3,
      "text": "ထိုသို့သော​သူ​ကို ကိုယ်တော်​ကြည့်မှတ်​တော်မူ​မည်လော​။ အကျွန်ုပ်​ကို​လည်း တရားစီရင်​ရန် ရှေ့​တော်​သို့ လာ​စေ​တော်မူ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 4,
      "text": "မစင်ကြယ်​သော​အရာ​ထဲမှ စင်ကြယ်​သော​အရာ​ကို အဘယ်သူ ပေါ်ထွက်​စေ​နိုင်​သနည်း​။ အဘယ်သူ​မျှ​မ​ရှိ​ပါ​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 5,
      "text": "လူ့​သက်တမ်း​သည် သတ်မှတ်​ထား​ပြီးသား​ဖြစ်​၏​။ သူ​အသက်ရှင်​ရ​မည့်​လ​များ​သည် ကိုယ်တော့်​ထံ၌ ရှိ​၏​။ သူ​မ​ကျော်လွန်​နိုင်​သော​အသက်​အပိုင်းအခြား​ကို ကိုယ်တော်​သတ်မှတ်​ထား​ပြီး​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 6,
      "text": "သူရင်းငှား​ကဲ့သို့ သူ​သည် တစ်နေ့တာ​ကုန်ဆုံး​ပြီးနောက် အနားယူ​အပန်းဖြေ​ရ​မည့်​အကြောင်း သူ့​ထံမှ​မျက်နှာလွှဲ​၍ တစ်ဦးတည်း​နေ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 7,
      "text": "သစ်ပင်​၌ပင် မျှော်လင့်ချက်​ရှိ​၏​။ ခုတ်လှဲ​ခံရ​သော်လည်း သေ​မ​သွား​ဘဲ အတက်​ပြန်ပေါက်​၍ အညွန့်​များ​ထွက်လာ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 8,
      "text": "အမြစ်​တို့​သည် မြေ​အောက်​တွင်​အို​သွား​၍ အငုတ်​သည် မြေ​ပေါ်တွင်​သေ​သွား​လျှင်​လည်း"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 9,
      "text": "ရေ​အငွေ့အသက်​ရ​သောအခါ အတက်ပေါက်​၍ အပင်ပေါက်​ကဲ့သို့ အခက်အလက် ထွက်လာ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 10,
      "text": "လူ​မူကား သေ​သွား​ပြီးလျှင် ဆွေးမြည့်​သွား​၏​။ အသက်ချုပ်ငြိမ်း​ပြီးလျှင် အဘယ်မှာ​ရှိ​နိုင်​တော့​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 11,
      "text": "ပင်လယ်​ရေ​သည် အငွေ့ပြန်​သွား​တတ်​၏​။ မြစ်​သည်​လည်း ခန်းခြောက်​တိမ်ကော​သွား​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 12,
      "text": "လူ​သည်​လည်း အိပ်ပျော်​ရာ​မှ နိုးလာ​မည်​မ​ဟုတ်​။ မိုးကောင်းကင်​မ​ပြို​မ​ချင်း သူ​တို့​နိုး​လာ​ကြ​မည်​မ​ဟုတ်​။ သူ​တို့​ကို အိပ်စက်​ရာ​မှ နိုးလာ​စေ​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 13,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို မရဏာနိုင်ငံ​တွင် ဝှက်​ထား​ပါစေသော​။ အမျက်​တော်​ပြေ​သည်​အထိ အကျွန်ုပ်​ကို မျက်နှာလွှဲ​ထား​ပါစေသော​။ အကျွန်ုပ်​အား အောက်မေ့​ရ​မည့်​အချိန်​ကို​လည်း သတ်မှတ်​ထား​ပါစေသော​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 14,
      "text": "လူ​သည် သေ​ပြီးလျှင် ပြန်ရှင်​နိုင်​ပါ​ဦး​မည်လော​။ ပင်ပန်း​ခြင်း​ဝန်​ကို​ထမ်း​နေ​ရ​သော​ကာလ​ပတ်လုံး သက်သာ​ရာ​ရ​မည့်​အချိန်​ကို အကျွန်ုပ်​စောင့်ဆိုင်း​လျက်​နေ​ပါ​မည်​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 15,
      "text": "ကိုယ်တော်​ခေါ်​တော်မူ​လျှင် အကျွန်ုပ်​ထူး​ပါ​မည်​။ ကိုယ်တော်​သည် ဖန်ဆင်း​တော်မူ​သော​သူ​ကို အောက်မေ့​တော်မူ​မည်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 16,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို ရေတွက်​တော်မူ​သော်လည်း အကျွန်ုပ်​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 17,
      "text": "အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အိတ်​ထဲ၌​ချိပ်ပိတ်​ထား​၍ အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖုံးကွယ်​ထား​တော်မူ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 18,
      "text": "တောင်​သည် ပြိုလဲ​ပြီးလျှင် တစ်စစီ​ဖြစ်သွား​တတ်​ပါ​၏​။ ကျောက်ဆောင်​သည်​လည်း မိမိ​နေရာ​မှ ရွေ့သွား​တတ်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 19,
      "text": "ကျောက်တုံး​များ​ကို ရေ​တိုက်စား​သွား​သကဲ့သို့​၊ မြေကြီး​များ​လည်း ရေစီး​နှင့်​မျောပါ​သွား​သကဲ့သို့ ကိုယ်တော်​သည် လူ​၏​မျှော်လင့်ချက်​ကို ဖျက်ဆီး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 20,
      "text": "ကိုယ်တော်​သည် လူ​ကို​အစဉ်​နိုင်​တော်မူ​၍ သူ​သည် ကွယ်ပျောက်​သွား​ရ​၏​။ သူ​၏​မျက်နှာရုပ်သွင်​ကို​ပြောင်းလဲ​ပစ်​၍ သူ့​ကို အဝေး​သို့​နှင်ထုတ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 21,
      "text": "သူ့​သား​တို့​ချီးမြှောက်​ခံရ​လျှင်​လည်း သူ​မ​သိ​ရ​ပါ​။ သူ​တို့​အထင်သေး​ခံရ​လျှင်​လည်း သူ​နား​မ​လည်​ပါ​။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 22,
      "text": "ကိုယ်ခန္ဓာ​နာကျင်မှု​ကို​သာ သူ​ခံစား​ရ​၍ သူ့​အတွက်​သာ သူ​ညည်းတွား​လျက်​နေ​ရ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 1,
      "text": "ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​က"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 2,
      "text": "“ပညာရှိ​သော​သူ​သည် အသိပညာမဲ့​သော​အချည်းနှီးစကား​ဖြင့် ပြန်ပြော​သင့်​သလော​။ သူ​၏​ဝမ်းစာ​ကို အရှေ့​လေ​ဖြင့် ဖြည့်​သင့်​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 3,
      "text": "အသုံး​မ​ဝင်​သော​စကား​၊ အကျိုးမဲ့​သော​စကား​များ​ဖြင့် ငြင်းခုံ​သင့်​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 4,
      "text": "အကယ်စင်စစ် သင်​၌ အကြောက်အလန့် မ​ရှိ​တော့​ပြီ​။ ဘုရားသခင်​ထံ အာရုံပြုလိုစိတ်​လည်း ပပျောက်​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 5,
      "text": "သင့်​အပြစ်​သည် သင့်​နှုတ်​ကို သင်ပြ​ပေး​၍ သင်​သည် ကောက်ကျစ်​သော​စကား​ကို ရွေးသုံး​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 6,
      "text": "သင့်​ကို အပြစ်တင်​သူ​မှာ ငါ​မ​ဟုတ်​။ သင့်​နှုတ်​ပင်​ဖြစ်​၏​။ သင့်​နှုတ်ခမ်း​သည် သင့်​ကို ဆန့်ကျင်​၍​သက်သေထွက်ဆို​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 7,
      "text": "သင်​သည် အဦးဆုံး​မွေးဖွား​လာ​သော​လူ​လော​။ တောင်ကုန်း​များ မ​ဖြစ်တည်​မီ သင်​ဖြစ်တည်​လာ​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 8,
      "text": "ဘုရားသခင်​၏​အစည်းအဝေး​ကို သင်​တက်ရောက်​ကြားနာ​ဖူး​သလော​။ ဉာဏ်ပညာ​ကို ကိုယ့်အတွက်ကိုယ် ကန့်သတ်​ထားရှိ​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 9,
      "text": "ငါ​တို့​မ​သိ​ဘဲ သင်​သာ​သိ​သော​အရာ​ရှိ​သလော​။ ငါ​တို့​နား​မ​လည်​ဘဲ သင်​သာ​နားလည်​သော​အရာ​ရှိ​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 10,
      "text": "ငါ​တို့​တွင် ဆံပင်​လည်း​ဖြူ​၊ အသက်​လည်း​ကြီး​သော​သူ​တို့ ရှိ​ကြ​၏​။ သင့်​ဖခင်​ထက်ပင် အသက်ပိုကြီး​ကြ​သေး​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 11,
      "text": "ဘုရားသခင်​၏​နှစ်သိမ့်မှု​နှင့် ညင်သာ​စွာ​ပြောဆို​မှု​တို့​သည် သင့်​အဖို့ မ​လုံလောက်​သေး​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 12,
      "text": "အဘယ်ကြောင့် သင့်​စိတ်အလို​ကို သင်​လိုက်​ရ​သနည်း​။ အဘယ်ကြောင့် သင့်​မျက်လုံး​များ​အရောင်တောက်​နေ​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 13,
      "text": "သင်​သည် ဘုရားသခင်​ကို စိတ်ဆိုး​၍ ဤကဲ့သို့သော​စကား​မျိုး နှုတ်​မှ​ထွက်လာ​ရ​သလော​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 14,
      "text": "လူ​သည် မည်သို့သော​သူ​ဖြစ်၍ သန့်ရှင်းစင်ကြယ်​နိုင်​မည်နည်း​။ မိန်းမ​မှ​မွေးလာ​သော​လူ​သည် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 15,
      "text": "ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​ပင် ယုံကြည်​သည်​မ​ဟုတ်​။ ကောင်းကင်​သည်​ပင် ကိုယ်တော့်​ရှေ့​တွင် စင်ကြယ်​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 16,
      "text": "ထိုသို့ဆိုလျှင် ရေ​သောက်​သကဲ့သို့ မကောင်းမှု​ကို​ပြု​၍ စက်ဆုပ်ရွံရှာဖွယ်​ကောင်း​သော​သူ​၊ အကျင့်ပျက်ပြား​သော​သူ​တို့​မူကား အဘယ်သို့​ဆိုဖွယ်​ရာ​ရှိ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 17,
      "text": "သင့်​ကို ငါ​ရှင်းပြ​မည်​။ နားထောင်​ပါ​။ ငါ​မြင်​ဖူး​သော​အရာ​ကို​လည်း ငါ​ပြောပြ​မည်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 18,
      "text": "ဘိုးဘေး​တို့​လက်ထက်​မှစ၍ ပညာရှိ​တို့ တစ်စုံတစ်ရာ​ကွယ်ဝှက်​ခြင်း​မ​ရှိ​ဘဲ အဆင့်ဆင့်​ပြောပြ​သည့်​အတိုင်း ငါ​ပြန်​ပြောပြ​မည်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 19,
      "text": "ဘိုးဘေး​တို့​တစ်မျိုးတည်း​ကို​သာ ပြည်​တော်​ကို ပေး​တော်မူ​ခဲ့​၏​။ ထို​ပြည်​တွင် မည်သည့်​လူမျိုးခြား​မျှ ဖြတ်သန်းသွားလာ​ခွင့်​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 20,
      "text": "ဆိုးယုတ်​သော​သူ​သည် ဝေဒနာ​များ​ကို​သာ တစ်သက်လုံး​ခံစား​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​သူ​တို့​အဖို့​လည်း ဝေဒနာ​နှစ်​ကာလ​များ သိုထား​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 21,
      "text": "ကြောက်မက်ဖွယ်​အသံ​များ​ကို​သာ သူ့​နား​တွင် ကြား​နေ​ရ​၏​။ ငြိမ်းချမ်း​နေ​ချိန်​တွင်ပင် သူ့​ထံ ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 22,
      "text": "အမှောင်​ထဲမှ ပြန်လှည့်​လာ​နိုင်​မည်​ဟု သူ​မ​ယုံ​နိုင်​။ ဓား​သည်​လည်း သူ့​ကို​စောင့်ကြို​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 23,
      "text": "သူ​က ‘​အဘယ်မှာ​နည်း​’​ဟု ဆို​လျက် စားစရာ​ကို​လှည့်လည်​ရှာဖွေ​၏​။ မှောင်မိုက်​သော​နေ့ရက်​သည်​လည်း သူ​၏​လက်တစ်ကမ်း​တွင် ရှိ​နေ​ကြောင်း​ကို သူ​သိ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 24,
      "text": "ဆင်းရဲဒုက္ခ​နှင့် ပူပင်သောက​တို့​သည် သူ့​ကို​ခြောက်လှန့်​လျက်​ရှိ​၏​။ စစ်တိုက်​ရန် အသင့်ရှိ​နေ​သော​ရှင်ဘုရင်​ကဲ့သို့ သူ့​ကို အနိုင်ယူ​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 25,
      "text": "အကြောင်းမှာ သူ​သည် ဘုရားသခင်​ကို လက်သီးလက်မောင်း​တန်းပြ​ခဲ့​၏​။ အနန္တတန်ခိုးရှင်​ကို အာခံ​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 26,
      "text": "သူ​သည် ထူထဲ​သော​ဒိုင်းလွှားကြီး​ကို​ကိုင်​လျက် ကိုယ်တော့်​ကို တိုက်ခိုက်​ရန် တဇွတ်ထိုး​ပြေးလာ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 27,
      "text": "သူ​၏​မျက်နှာ​သည် အဆီ​နှင့်​အစ်​လျက်​၊ ခါး​သည်​လည်း အဆီ​နှင့်​တုတ်​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 28,
      "text": "သို့သော် သူ​သည် မြို့ပျက်​များ​၊ လူ​မ​နေ​ပြိုပျက်​လု​သော​အိမ်​များ​တွင် နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 29,
      "text": "သူ​သည် ချမ်းသာ​မည်​မ​ဟုတ်​။ သူ့​ဥစ္စာပစ္စည်း​လည်း တည်မြဲ​မည်​မ​ဟုတ်​။ မြေကြီး​ပေါ်တွင် သူ​ပိုင်ဆိုင်​သော​အရာ​လည်း တိုးပွား​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 30,
      "text": "သူ​သည် အမှောင်​ထဲမှ လွတ်မြောက်​နိုင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သူ့​အညွန့်​တို့​ကို ခြောက်သွေ့​စေ​လိမ့်မည်​။ နှုတ်​တော်​မှ​ထွက်သက်လေ​တစ်ချက်တည်း​ဖြင့် သူ​သည် ကွယ်ပျောက်​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 31,
      "text": "အကျိုးမရှိ​သော​အရာ​ကို ယုံစား​ခြင်း​ဖြင့် သူ့ကိုယ်သူ မ​လှည့်စား​သင့်​ပါ​။ အကြောင်းမူကား သူ​ပြန်ရရှိ​မည့်​အရာ​သည်​လည်း အကျိုးမရှိ​သော​အရာ​ပင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 32,
      "text": "အချိန်​မ​တန်​မီ သူ​သည် အစုံအလင်​ပြန်ခံရ​မည်​။ သူ​၏​အကိုင်းအခက်​သည်​လည်း စိမ်းလန်း​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 33,
      "text": "သူ​သည် မမှည့်​ခင်​အသီး​ကြွေကျ​သွား​သော​စပျစ်ပင်​ကဲ့သို့​၊ အပွင့်​ကြွေ​သွား​သော​သံလွင်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 34,
      "text": "ဘုရားတရားမဲ့​သော​လူအပေါင်း​တို့​သည် ဖြစ်ထွန်း​မည်​မ​ဟုတ်​။ တံစိုးစား​သော​သူ​တို့​၏​တဲ​များ​သည်​လည်း မီး​လောင်ကျွမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 35,
      "text": "သူ​တို့​သည် အခက်အခဲ​ပြဿနာ​ကို သန္ဓေတည်​၍ အပြစ်ဒုစရိုက်​ကို မွေးဖွား​၏​။ သူ​တို့​၏​ဝမ်း​သည် လိမ်လည်လှည့်ဖြား​ခြင်း​အတွက် အသင့်ရှိ​တတ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 2,
      "text": "“​ဤသို့သော အကြောင်းအရာ​ကို ငါ​များစွာ​ကြား​ဖူး​ခဲ့​ပြီ​။ ငါ့​ကို နှစ်သိမ့်ပေး​သော​သင်​တို့​အားလုံး​ကို ငါ​စိတ်ပျက်​လှ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 3,
      "text": "အဓိပ္ပာယ်မဲ့​သော​စကား​များ​မှာ မ​ပြီးဆုံး​နိုင်​သေး​သလော​။ မည်သည့်​အရာ​က သင့်​ကို နှိုးဆော်​၍ ဤသို့​ပြန်ပြော​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 4,
      "text": "ငါ​သည်​လည်း သင်​တို့​ကဲ့သို့ ပြော​တတ်​ပါ​၏​။ သင်​တို့​နေရာ​မှာ ငါ​ဖြစ်​လျှင် ငါ​သည် ခေါင်းခါ​လျက် ရေပက်မဝင်​အောင် သင်​တို့​ကို ပြန်ပြော​နိုင်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 5,
      "text": "ငါ့​နှုတ်​ဖြင့် သင်​တို့​ကို အားပေး​မည်​။ ငါ့​နှုတ်ခမ်း​မှ​နှစ်သိမ့်ပေးမှု​သည် သက်သာ​ရာ​ကို ရ​စေ​မည်​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 6,
      "text": "ယခုမှာ ငါ​စကားပြော​လျှင်လည်း ငါ့​ဝေဒနာ မ​သက်သာ​ပါ​။ ငါ​မပြော​ဘဲ​နေ​လျှင်လည်း ငါ့​ဝေဒနာ ပျောက်ကင်း​သွား​ပါ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 7,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် ငါ့​ကို အားအင်ကုန်ခန်း​စေ​တော်မူ​ပြီ​။ ငါ့​မိသားစု​အသိုက်အမြုံ​အားလုံး​ကို ဖျက်ဆီး​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 8,
      "text": "ငါ့​ကို ပိန်ရှုံ့​စေ​တော်မူ​သည်​မှာ သက်သေ​ဖြစ်​၏​။ ချည့်နဲ့​ခြင်း​သည်​လည်း ငါ့​ရှေ့​တွင်​ရပ်​လျက် သက်သေထူ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 9,
      "text": "ငါ့​ကို အမျက်​တော်​ဖြင့် ဆွဲဆုတ်​၍ ညှဉ်းဆဲ​တော်မူ​၏​။ ငါ့​ကို အံကြိတ်ပြ​တော်မူ​၏​။ ငါ့​ရန်သူ​သည် ငါ့​ကို စိန်းစိန်းဝါးဝါး​ကြည့်​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 10,
      "text": "လူ​တို့​သည် ငါ့​ကို​ဝိုင်းအုံ​၍ ပါးစပ်​ဖြဲပြ​ကြ​၏​။ ငါ့​ကို​ကဲ့ရဲ့​၍ ပါး​ရိုက်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 11,
      "text": "ဘုရားသခင်​သည် ငါ့​ကို လူမိုက်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​။ လူဆိုး​တို့​လက်​သို့ ထိုးအပ်​လိုက်​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 12,
      "text": "အေးချမ်း​စွာ​နေ​ရ​စဉ် ငါ့​ကို တစ်စစီချိုးဖဲ့​တော်မူ​ပြီ​။ ငါ့​လည်ပင်း​ကို ဖမ်းကိုင်​ပြီးလျှင် ငါ့​ကို တစ်စစီ​ခြေမွှ​တော်မူ​ပြီ​။ ငါ့​ကို ပစ်မှတ်​အဖြစ်​ထား​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 13,
      "text": "ကိုယ်တော်​၏​လေးသည်တော်​တို့​သည် ငါ့​ကို ဝိုင်း​ထား​ကြ​၏​။ ကိုယ်တော်​သည် ငါ့​ကျောက်ကပ်​ကို မ​ညှာ​မ​တာ​ပစ်ခတ်​တော်မူ​၏​။ ငါ့​သည်းခြေ​ကို​လည်း မြေ​ပေါ်သို့ ဖောက်ချ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 14,
      "text": "စစ်သူရဲ​ကဲ့သို့ ငါ့​ထံသို့ ပြေးလာ​ပြီး အနာ​ပေါ်​ထပ်၍ အနာ​ဖြစ်​အောင် ထိုးဖောက်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 15,
      "text": "အရေပြား​ပေါ်တွင် လျှော်တေအဝတ်​ကို ချုပ်ဝတ်​ထား​ရ​ပါ​၏​။ ငါ့​ဦးချို​ကို​လည်း မြေမှုန့်​ထဲ၌ မြှုပ်​ထား​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 16,
      "text": "ငိုကြွေး​နေ​ရ​သောကြောင့် မျက်နှာ​မှာ​နီရဲ​၍ မျက်ကွင်း​များ​လည်း ညိုမဲ​နေ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 17,
      "text": "သို့သော်လည်း ငါ​သည် မတရားမှု​ကို​မ​ပြု​။ ငါ​၏​ဆုတောင်း​ခြင်း​သည်​လည်း သန့်ရှင်း​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 18,
      "text": "အို မြေကြီး​၊ ငါ့​သွေး​ကို ဖုံး​မ​ထား​ပါ​နှင့်​။ ငါ့​အော်ဟစ်သံ​ရပ်စဲ​ရာ​အရပ်​ဟူ၍ မ​ရှိ​စေ​ပါ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 19,
      "text": "ကြည့်ရှု​လော့​။ ယခုပင် ငါ့​အတွက် သက်သေထွက်ဆို​ပေး​မည့်​သူ​သည် ကောင်းကင်​၌​ရှိ​တော်မူ​၏​။ ငါ့​အတွက် လျှောက်လဲ​ပေး​မည့်​သူ​သည် အမြင့်ဆုံးအရပ်​တွင်​ရှိ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 20,
      "text": "ငါ့​မိတ်ဆွေ​တို့​သည် ငါ့​ကို ပြက်ရယ်ပြု​ကြ​၏​။ ငါ​သည် ဘုရားသခင်​ရှေ့​တော်​တွင် မျက်ရည်​ကျ​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 21,
      "text": "လူ​အချင်းချင်း​ကြားတွင် စီရင်ဆုံးဖြတ်​ပေး​သူ​ရှိ​သကဲ့သို့ လူ​နှင့်​ဘုရားသခင်​ကြားတွင် စီရင်ဆုံးဖြတ်​ပေး​မည့်​သူ ရှိ​ပါစေသော​။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 22,
      "text": "နှစ်​များ​လည်း ကုန်ဆုံး​လု​ပြီ​။ ပြန်​လမ်း​မ​ရှိ​သော​ခရီး​ကို ငါ​သွား​ရ​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 1,
      "text": "ငါ့​အသက်​ဝိညာဉ် ချုပ်ငြိမ်း​ပြီ​။ ငါ​နေ​ရ​မည့်​နေ့ရက်​တို့ ကုန်ဆုံး​ပြီ​။ သင်္ချိုင်း​လည်း ငါ့​ကို စောင့်ကြို​နေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 2,
      "text": "အကယ်စင်စစ် လှောင်ပြောင်​သူ​တို့​သည် ငါ့​ကို ဝိုင်းရံ​လျက်​ရှိ​၏​။ သူ​တို့​လှောင်ပြောင်​ထေ့ငေါ့​သည်​ကို ငါ​ကြည့်​နေ​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 3,
      "text": "ကိုယ်တော်တိုင် အကျွန်ုပ်​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မည်သူ​သည် အကျွန်ုပ်​အတွက် အာမခံ​ပေး​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 4,
      "text": "ကိုယ်တော်​သည် သူ​တို့​စိတ်​ကို အသိဉာဏ်​နှင့်​ကင်း​စေ​တော်မူ​ပြီ​။ သူ​တို့​ကို ချီးမြှောက်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 5,
      "text": "ဝေစု​ရရှိ​ရန် ကိုယ့်​မိတ်ဆွေ​ကို သစ္စာဖောက်​သော​သူ​၏​သားသမီး​တို့​သည်​လည်း မျက်စိကွယ်​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 6,
      "text": "ကိုယ်တော်​သည် ငါ့​ကို လူ​တို့​ပုံခိုင်းစရာ​ဖြစ်​စေ​ပြီ​။ ငါ့​မျက်နှာ​ကို တံတွေးထွေးစရာ​ဖြစ်​စေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 7,
      "text": "ပူဆွေးသောက​များ​ကြောင့် ငါ့​မျက်စိ​များ​လည်း မှုန်​လေ​ပြီ​။ ငါ့​ကိုယ်အင်္ဂါ​ရှိသမျှ​လည်း အရိပ်​သဖွယ် ဖြစ်​ကုန်​ပါ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 8,
      "text": "ဤ​အဖြစ်​ကြောင့် ဖြောင့်မှန်​သော​သူ​တို့​သည် အံ့ဩထိတ်လန့်​ကြ​ပြီ​။ အပြစ်မဲ့​သော​သူ​တို့​သည်​လည်း ဘုရားတရားမဲ့​သော​သူ​တို့​အပေါ် မခံမရပ်​နိုင်​ဖြစ်​ကြ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 9,
      "text": "ဖြောင့်မတ်​သော​သူ​မူကား မိမိ​လမ်း​အတိုင်း တည်ကြည်​စွာ​လျှောက်လှမ်း​၍ လက်​စင်ကြယ်​သော​သူ​သည်​လည်း ပို၍​ပို၍​အားကြီး​လာ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 10,
      "text": "သင်​တို့​အားလုံး ထပ်လာ​၍ ငြင်းခုံ​ကြ​။ သင်​တို့​တွင် ပညာရှိ​ဟူ၍​တစ်ယောက်​မျှ ငါ​တွေ့​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 11,
      "text": "ငါ​နေ​ရ​မည့်​နေ့ရက်​များ ကုန်လွန်​သွား​ပြီ​။ ငါ့​ရည်ရွယ်ချက်​၊ ငါ့​စိတ်​အလိုဆန္ဒ​များ​လည်း ပျက်လွင့်​ကုန်​ပြီ​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 12,
      "text": "သူ​တို့​သည် ည​ကို​ပင် နေ့​ဟု​ဆို​လျက် မှောင်​နေ​သည်​ကို​ပင် ‘​မိုးလင်း​တော့​မည်​’​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 13,
      "text": "မရဏာနိုင်ငံ​သည် ငါ​မျှော်လင့်​ရာ​အိမ်​ဖြစ်၍ ငါ့​အိပ်ရာ​ကို မှောင်မိုက်​၌ ခင်းထား​ရ​လျှင်"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 14,
      "text": "သေတွင်း​ကို အဖေ​၊ လောက်ကောင်​ကို အမေ​၊ နှမ ဟူ၍ ငါ​ခေါ်​ရ​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 15,
      "text": "ငါ​၏​မျှော်လင့်​ခြင်း​ကား အဘယ်မှာ​နည်း​။ ငါ​၏​မျှော်လင့်​ခြင်း​ကို အဘယ်သူ​မြင်​ရ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 16,
      "text": "ထို​အရာ​တို့​သည် မရဏာ​တံခါးပေါက်​ထဲသို့ ဝင်သွား​မည်လော​။ ငါ​နှင့်အတူ မြေမှုန့်​ထဲတွင် ဆင်း​နေ​မည်လော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 1,
      "text": "ထိုအခါ ရှုအာ​အမျိုးသား ဗိလဒဒ်​က"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 2,
      "text": "“​မည်သည့်​အချိန်​မှ သင်​တို့​စကား​ဆုံး​မည်နည်း​။ ဆင်ခြင်သုံးသပ်​ပြီးမှ ငါ​တို့​စကားပြော​ကြ​မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 3,
      "text": "အဘယ်ကြောင့် ငါ​တို့​ကို တိရစ္ဆာန်​ကဲ့သို့ မှတ်​ရ​သနည်း​။ အဘယ်ကြောင့် ငါ​တို့​ကို လူတုံးလူအ​ဟု မြင်​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 4,
      "text": "သင်​အမျက်ထွက်​၍ သင့်ကိုယ်သင် ဆွဲဆုတ်​ပစ်​လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်း​သွား​ရ​မည်လော​။ ကျောက်ဆောင်​လည်း နေရာ​မှ​ရွေ့ပေး​ရ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 5,
      "text": "အကယ်စင်စစ် လူဆိုး​တို့​၏​မီးအိမ်​သည် ငြိမ်း​သွား​လိမ့်မည်​။ သူ​၏​မီးလျှံ​သည်​လည်း လင်းထိန်​နေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 6,
      "text": "သူ​၏​တဲ​ရှိ​အလင်း​သည် မှောင်မိုက်​ဖြစ်​လိမ့်မည်​။ သူ​၏​ဘေး​ရှိ​မီးခွက်​သည်​လည်း ငြိမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 7,
      "text": "အားမာန်ပြည့်​သော​ခြေလှမ်း​များ​သည် အားလျော့​သွား​လိမ့်မည်​။ သူ့​အကြံ​နှင့်​သူ လဲပြို​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 8,
      "text": "အကြောင်းမူကား သူ့​ခြေ​တို့​သည် ပိုက်ကွန်​နှင့်​ငြိ​၍ သူ​သည်​လည်း ကွန်ရက်​ထဲတွင် လည်​နေ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 9,
      "text": "သူ​၏​ဖနောင့်​သည် ကျော့ကွင်း​၌ မိ​လိမ့်မည်​။ ညွှတ်ကွင်း​သည်​လည်း သူ့​ကို​ဆွဲ​ထား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 10,
      "text": "သူ့​ကို​ထောင်ဖမ်း​မည့်​ကြိုးကွင်း​ကို မြေကြီး​တွင် ဝှက်ထား​လိမ့်မည်​။ သူ​သွား​မည့်​လမ်း​တွင် ထောင်ချောက်​ဆင်​ထား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 11,
      "text": "ထိတ်လန့်ဖွယ်​ရာ​တို့​သည် သူ့​ကို​ပတ်လည်ဝိုင်း​၍ ခြောက်လှန့်​ပြီး သူ​သွား​လေရာရာ​သို့ ထက်ကြပ်မကွာ​လိုက်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 12,
      "text": "ဆင်းရဲဒုက္ခ​သည် သူ့​ကို အာသာပြင်းပြ​လေ​ပြီ​။ ဘေးဒုက္ခ​သည်​လည်း သူ့​ကို လှဲချ​ရန်​အသင့်ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 13,
      "text": "သူ့​အသားအရေ​ကို တစ်စပြီးတစ်စ​စား​ပစ်​လိမ့်မည်​။ သေမင်း​၏​သားဦး​သည်​လည်း သူ့​ခြေလက်အင်္ဂါ​များ​ကို ဝါးမျို​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 14,
      "text": "သူ​ခိုလှုံ​ရာ​တဲ​ထဲမှ သူ့​ကို​ဆွဲထုတ်​ပြီး ထိတ်လန့်​ခြင်း​ဘုရင်​ထံသို့ သူ့​ကို​ခေါ်ဆောင်​သွား​မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 15,
      "text": "သူ​နှင့်​မဆိုင်​သော​သတ္တဝါ​တို့​သည် သူ့​တဲ​၌​နေထိုင်​ကြ​လိမ့်မည်​။ သူ့​နေရာ​ကို ကန့်မှုန့်​များ​ဖြင့် ကြဲ​ထား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 16,
      "text": "သူ့​အမြစ်​တို့​သည် ခြောက်သွေ့​သွား​လိမ့်မည်​။ သူ့​အခက်အလက်​တို့​သည်​လည်း ညှိုးနွမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 17,
      "text": "မြေကြီး​ပေါ်တွင် သူ့​ကို​အမှတ်ရစရာ​မကျန်​။ လမ်း​ပေါ်တွင် သူ့​နာမည်​ကျန်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 18,
      "text": "သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 19,
      "text": "သူ့​လူမျိုး​တွင် သူ​သည် သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။ သားမြေးအစဉ်အဆက်​လည်း ရှိ​မည်​မ​ဟုတ်​။ သူ​နေထိုင်​ရာ​အရပ်​တွင် အသက်ရှင်​ကျန်ရစ်​သူ​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 20,
      "text": "ထိုသို့ သူ​ခံရ​သော​နေ့ရက်​တွင် အနောက်​အရပ်​မှ​လူ​တို့​သည် တုန်လှုပ်ချောက်ချား​ကြ​လိမ့်မည်​။ အရှေ့​အရပ်​မှ​လူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 21,
      "text": "ဤသည်ကား ဒုစရိုက်သမား​တို့​နေထိုင်​ရာ​၊ ဘုရား​ကို​မ​သိ​သော​သူ​တို့​နေရာ​ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 2,
      "text": "“​သင်​တို့​သည် ငါ့​ကို မည်သည့်​အချိန်​ထိ ညှဉ်းဆဲ​ကြ​မည်နည်း​။ မည်သည့်​အချိန်​ထိ စကား​နှင့်​ချိုးဖဲ့​ကြ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 3,
      "text": "ငါ့​ကို ဆယ်​ကြိမ်​တိုင်တိုင် ပုတ်ခတ်ပြောဆို​ကြ​ပြီ​။ ငါ့​ကို စော်ကားပြောဆို​ကြ​ပြီ​။ သင်​တို့​မ​ရှက်​ကြ​သလော​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 4,
      "text": "ငါ​အမှန်ပင်​မှား​ခဲ့​လျှင်​လည်း ငါ့​အမှား​နှင့်​ငါ​သာ ရှိ​ပါစေ​တော့​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 5,
      "text": "သင်​တို့​သည် ဘဝင်မြင့်​၍ ငါ​ကဲ့ရဲ့​ခံရ​သည်​ကို ငါ့​အား ကဲ့ရဲ့ရှုတ်ချ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 6,
      "text": "သင်​တို့​သိထား​ရ​မည်​မှာ ဘုရားသခင်​သည် ငါ့​အမှု​ကို ကောက်​စေ​တော်မူ​၍ ငါ့​ပတ်ပတ်လည်​တွင် ထောင်ချောက်​များ​ဖြင့် ဝိုင်းရံ​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 7,
      "text": "‘​ရက်စက်လွန်း​ပါ​သည်​တကား​’​ဟု ငါ​အော်ဟစ်​သော်လည်း ငါ့​ကို​နားညောင်း​တော်​မ​မူ​ပါ​။ ငါ​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း တရားသဖြင့်​စီရင်​ပေး​တော်​မ​မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 8,
      "text": "ငါ​သွား​မည့်​လမ်း​ကို ပိတ်​ထား​တော်မူ​သဖြင့် ငါ​ဖြတ်​မ​သွား​နိုင်​။ ငါ​လျှောက်​မည့်​လမ်း​ကို​လည်း အမှောင်​ချထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 9,
      "text": "ငါ့​ဂုဏ်သိက္ခာ​ကို ဖယ်ရှား​တော်မူ​ပြီ​။ ငါ့​ဦးခေါင်း​မှ​သရဖူ​ကို ချွတ်ပစ်​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 10,
      "text": "ငါ့​ကို အဘက်ဘက်​မှ​ချိုးဖဲ့​တော်မူ​သဖြင့် ငါ​ကျိုးပဲ့​ရ​ပြီ​။ ငါ့​မျှော်လင့်ချက်​များ​ကို​လည်း သစ်ပင်​ကဲ့သို့ ဆွဲနုတ်​ပစ်​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 11,
      "text": "ငါ့​ကို အမျက်ထွက်​၍ ရန်သူ​ကဲ့သို့ မှတ်​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 12,
      "text": "ကိုယ်တော်​၏​ဗိုလ်ခြေ​တို့​သည် အတူတကွ​ချီတက်​လာ​ကြ​၍ ကျုံး​များ​ကို​တူး​လျက် ငါ့​တဲ​ပတ်ပတ်လည်​တွင် စခန်းချ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 13,
      "text": "ငါ့​ညီအစ်ကို​တို့​ကို ငါ​နှင့် ဝေးကွာ​စေ​တော်မူ​ပြီ​။ ငါ​နှင့်​သိကျွမ်း​သော​သူ​တို့​သည်​လည်း ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 14,
      "text": "ငါ့​ဆွေမျိုးသားချင်း​တို့​သည် ငါ့​ကို စွန့်ခွာ​သွား​ကြ​၏​။ ငါ​နှင့်​သိကျွမ်း​သော​သူ​တို့​သည်​လည်း ငါ့​ကို မေ့သွား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 15,
      "text": "ငါ့​အိမ်​တွင် တည်းခိုနေထိုင်​သော​သူ​များ​၊ ငါ့​ကျွန်မ​များ​လည်း ငါ့​ကို သူစိမ်း​ကဲ့သို့ သဘောထား​ကြ​၏​။ သူ​တို့​အမြင်​တွင် ငါ​သည် တစ်ပါးအမျိုးသား​ဖြစ်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 16,
      "text": "ငါ့​အစေအပါး​လည်း ငါ​ခေါ်​သည်​ကို​ပင် ပြန်​မ​ထူး​။ ငါ့​နှုတ်​ဖြင့် သူ့​ကို အသနားခံ​တောင်းပန်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 17,
      "text": "ငါ​အသက်ရှူ​ခြင်း​သည် ငါ့​မိန်းမ​အဖို့ ရွံရှာစရာ​၊ ငါ့​ညီအစ်ကို​တို့​အဖို့ စက်ဆုပ်စရာ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 18,
      "text": "ကလေးသူငယ်​များ​ပင်လျှင် ငါ့​ကို မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​မတ်တတ်ရပ်​နေ​လျှင် ငါ့​ကို သရော်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 19,
      "text": "ငါ​နှင့်​ရင်းနှီးကျွမ်းဝင်​သော​မိတ်ဆွေ​အားလုံး​တို့​သည် ငါ့​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ကို​ကျောခိုင်း​သွား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 20,
      "text": "ငါ့​အသားအရေ​သည် အရိုး​၌​ကပ်​နေ​ပါ​၏​။ သွားဖုံး​သာ​ကျန်​လျက် အသက်လွတ်​ရုံ​သာ​ရှိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 21,
      "text": "အို ငါ့​မိတ်ဆွေ​တို့​၊ ငါ့​ကို သနား​ကြ​ပါ​။ သနား​ကြ​ပါ​။ ဘုရားသခင်​သည် ငါ့​ကို ရိုက်နှက်​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 22,
      "text": "သင်​တို့​သည် ဘုရားသခင်​နည်းတူ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​ကြ​သနည်း​။ ငါ့​အသား​ညှဉ်းဆဲ​ခံရ​သည်​ကို​ပင် သင်​တို့​မ​ကျေနပ်​သေး​သလော​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 23,
      "text": "ငါ့​စကား​တို့​ကို မှတ်တမ်းတင်​ပေး​မည့်​သူ ရှိ​ပါစေသော​။ စာလိပ်​တွင် ရေးမှတ်​ထား​ပေး​မည့်​သူ ရှိ​ပါစေသော​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 24,
      "text": "ကြာရှည်တည်တံ့​ရန် သံ​ကညစ်​နှင့် ခဲ​တို့​ဖြင့် ကျောက်ပြား​ပေါ်တွင် ကမ္ပည်းထိုး​ထား​စေ​ချင်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 25,
      "text": "ငါ့​ကို ရွေးနုတ်​တော်မူ​မည့်​အရှင်​သည် အသက်ရှင်​တော်မူ​၍ နောက်ဆုံး​၌ မြေကြီး​ပေါ်တွင် ပေါ်ထွန်း​တော်မူ​မည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 26,
      "text": "ငါ့​အရေပြား​များ ပျက်စီး​သွား​သော်လည်း ဤ​ကိုယ်ခန္ဓာ​ဖြင့် ဘုရားသခင်​အား ဖူးမြင်​ရ​မည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 27,
      "text": "ငါ​ကိုယ်တိုင် ဖူးမြင်​ရ​မည်​။ အခြား​သူ​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင် မျက်စိ​ဖြင့် မြင်​ရ​မည်​။ ထိုသို့ ငါ့​ရင်​ထဲ​၊ နှလုံးသား​ထဲမှ တမ်းတ​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 28,
      "text": "သင်​တို့​က ‘သူ့​ကို ငါ​တို့ မည်သို့​ညှဉ်းဆဲ​ရ​မည်နည်း’​ဟု ဆို​ကြ​လျှင်​လည်း ပြဿနာ​အရင်းအမြစ်​သည် ငါ​၌​သာ​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 29,
      "text": "အမျက်​တော်​သည် ဓားဘေး​ဖြင့် ဒဏ်ခတ်​တတ်​သည်​ဖြစ်၍ သင်​တို့​က​သာ ဓားဘေး​ကို ကြောက်​ကြ​လော့​။ ဤသို့ တရားစီရင်​ခြင်း​ရှိ​သည်​ကို သင်​တို့​သိမှတ်​ကြ​လော့”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 1,
      "text": "ထိုအခါ နေမတ်​အမျိုးသား ဇောဖာ​က"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 2,
      "text": "“​တုံ့ပြန်ပြောဆို​လို​သော​စိတ် ပြင်းပြ​လွန်း​သဖြင့် ငါ့​စိတ်​မငြိမ်မသက်​ဖြစ်​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 3,
      "text": "ငါ့​အား ပြစ်တင်ရှုတ်ချ​သော​စကား​ကို ကြား​ရ​၏​။ ထို့ကြောင့် ငါ​နားလည်​သလို ငါ​ပြန်ပြော​မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 4,
      "text": "ရှေးယခင် မြေကြီး​ပေါ်တွင် လူ​ဟူ၍​စဖြစ်လာ​စဉ်​ကတည်းက"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 5,
      "text": "ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 6,
      "text": "သူ​သည် မိုး​ထိအောင်​ဘဝင်မြင့်​၍ သူ့​ခေါင်း​သည် မိုးတိမ်​နှင့်​ထိ​လျှင်ပင်"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 7,
      "text": "သူ​သည် မိမိ​မစင်​ကဲ့သို့ ပျက်စီး​ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ သူ့​ကို​မြင်​ဖူး​သော​သူ​တို့​က ‘​သူ​ဘယ်ရောက်​သွား​သနည်း​’​ဟု မေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 8,
      "text": "သူ​သည် အိပ်မက်​ကဲ့သို့ ပျောက်ပျက်​သွား​၍ သူ့​ကို တွေ့​ရ​တော့​မည်​မ​ဟုတ်​။ ညအချိန်​မြင်​ရ​သော​စိတ်အာရုံ​ကဲ့သို့ ထွက်ပြေး​သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 9,
      "text": "သူ့​ကို မြင်​ဖူး​ခဲ့​သူ​တို့​သည် သူ့​ကို နောက်ထပ်​မြင်​ရ​တော့​မည်​မ​ဟုတ်​။ သူ့​နေရာ​ကို​လည်း မြင်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 10,
      "text": "သူ့​သားသမီး​တို့​သည် ဆင်းရဲသား​တို့​၏​အလို​ကို​လိုက်​ရ​လိမ့်မည်​။ သူ​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​များ​ကို​လည်း သူ့​လက်​ဖြင့် ပြန်ပေး​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 11,
      "text": "သူ့​အရိုး​တို့​သည် နုပျိုသန်စွမ်း​သော်လည်း သူ​နှင့်အတူ မြေမှုန့်​ထဲ၌ လဲလျောင်း​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 12,
      "text": "မကောင်းမှု​သည် သူ့​ခံတွင်း​အဖို့ ချိုမြိန်​သဖြင့် လျှာ​အောက်​တွင် ဝှက်​ထား​မည်​ဆိုလျှင်​၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 13,
      "text": "ထွေးထုတ်​ဖို့​နှမြော​သဖြင့် ခံတွင်း​၌​သာ ငုံ​ထား​မည်​ဆိုလျှင်"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 14,
      "text": "ထို​အစာ​တို့​သည် ဝမ်း​ထဲတွင် မြွေဟောက်​အဆိပ်​အဖြစ်​သို့ ပြောင်းသွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 15,
      "text": "သူ​ဝါးမျို​ထား​သော​ဥစ္စာပစ္စည်း​တို့​ကို ပြန်​အန်ထုတ်​ရ​လိမ့်မည်​။ ဘုရားသခင်​သည် ထို​အရာ​တို့​ကို သူ့​ဝမ်း​ထဲမှ ထုတ်ပစ်​တော်မူ​မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 16,
      "text": "သူ​သည် မြွေဟောက်​အဆိပ်​ကို စုပ်ယူ​လိမ့်မည်​။ မြွေပွေး​၏​လျှာ​သည် သူ့​ကို သတ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 17,
      "text": "နို့​နှင့်​ပျားရည်​စီး​သော စမ်းချောင်း​များ​၊ မြစ်​များ​ကို သူ​တွေ့မြင်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 18,
      "text": "ပင်ပန်း​စွာ​ရှာဖွေ​ထား​သော​အရာ​များ​ကို​လည်း မ​စား​ရ​ဘဲ စွန့်လွှတ်​ရ​လိမ့်မည်​။ ကုန်သွယ်​၍​ရ​သော​အမြတ်​ကို​လည်း ခံစား​ခွင့်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 19,
      "text": "အကြောင်းမူကား သူ​သည် ဆင်းရဲသား​တို့​ကို ညှဉ်းဆဲ​စွန့်ပစ်​ထား​ပြီး ကိုယ်တိုင်​မ​ဆောက်​သော​အိမ်​ကို​လည်း လုယူ​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 20,
      "text": "ထို့ကြောင့် သူ့​စိတ်​သည် ငြိမ်းချမ်းမှု​ကို​မ​သိ​နိုင်​။ သူ​၏​တပ်မက်စိတ်​သည် သူ့​ကို​လွတ်မြောက်ခွင့်​မ​ပေး​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 21,
      "text": "သူ​ဝါးမျိုစရာ တစ်စုံတစ်ရာ​ကျန်​မည်​မ​ဟုတ်​။ သူ့​စည်းစိမ်​များ​လည်း တည်မြဲ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 22,
      "text": "သူ​သည် ကြွယ်ဝ​ချမ်းသာ​လျက်​နေ​စဉ်​မှာပင် ဒုက္ခရောက်​ရ​လိမ့်မည်​။ ဆင်းရဲဒုက္ခ​သည်​လည်း သူ့​ထံသို့ အစုလိုက်​အပြုံလိုက်​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 23,
      "text": "သူ​ဝမ်း​ပြည့်​အောင်​စား​နေ​စဉ်မှာပင် ကိုယ်တော်​သည် အမျက်​တော်​မီး​ကို​လွှတ်​၍ သူ့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 24,
      "text": "သူ​သည် သံ​လက်နက်​ဘေး​မှ ထွက်ပြေး​တိမ်းရှောင်​နိုင်​သော်လည်း ကြေးဝါ​မြား​သည် သူ့​ကို ထိုးဖောက်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 25,
      "text": "ကျော​တွင်​စိုက်ဝင်​နေ​သော​မြား​ကို​ဆွဲနုတ်​သောအခါ သည်းခြေ​၌​စူး​နေ​သော မြားဦး​သည်​လည်း ထွက်လာ​၍ သူ​သည် ကြောက်ရွံ့ထိတ်လန့်​လျက်​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 26,
      "text": "အမှောင်ထုကြီး​သည် သူ​၏​စည်းစိမ်ဘဏ္ဍာ​ကို ချောင်းမြောင်း​နေ​၏​။ မ​မွှေး​ရ​သော​မီး​သည် သူ့​ကို​ဝါးမျို​၍ သူ့​တဲ​၌​ကြွင်းကျန်​သော​သူ​တို့​ကို​လည်း လောင်ကျွမ်း​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 27,
      "text": "မိုးကောင်းကင်​သည် သူ့​အပြစ်​များ​ကို ဖော်ထုတ်​ပြီး မြေကြီး​သည် သူ့​ကို​ဆန့်ကျင်​ထကြွ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 28,
      "text": "သူ့​အိမ်​၌​ရှိ​သော​ဥစ္စာ​တို့​သည် သိမ်းသွား​ခြင်း ခံရ​လိမ့်မည်​။ အမျက်​တော်​နေ့ရက်​တွင် သုတ်သင်ပယ်ရှင်း​ခြင်း ခံရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 29,
      "text": "ဤသည်ကား ဆိုးယုတ်​သော​သူ​အဖို့ ဘုရားသခင်​ထံမှ ဝေစု​ဖြစ်​၏​။ သူ့​အဖို့ ဘုရားသခင်​သတ်မှတ်​ထား​သော​အမွေ​လည်း ဖြစ်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 2,
      "text": "“​ငါ့​စကား​ကို သေချာ​နားထောင်​ကြ​လော့​။ သို့ပြုလျှင် ငါ့​အား နှစ်သိမ့်​ရာ​ရောက်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 3,
      "text": "ငါ​ပြော​သည်​ကို သည်းခံ​ကြ​လော့​။ ငါ​ပြော​ပြီးမှ ငါ့​ကို ပြက်ရယ်ပြု​လို​က ပြု​ကြ​လော့​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 4,
      "text": "ငါ​သည် လူ​တို့​ကို ညည်းတွား​ပြ​နေ​သလော​။ အဘယ်ကြောင့် ငါ​စိတ်​မ​တို​သင့်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 5,
      "text": "ငါ့​ကို​ကြည့်​၍ အံ့အားသင့်​လျက် လက်​နှင့်​ပါးစပ်​ကို ပိတ်​ထား​ကြ​လော့​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 6,
      "text": "ငါ​ပြန်​တွေးမိ​တိုင်း ထိတ်လန့်​ပြီး အသား​များ​လည်း တဆတ်ဆတ်တုန်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 7,
      "text": "အဘယ်ကြောင့် ဆိုးယုတ်​သော​သူ​တို့​သည် အိုမင်း​သည်​အထိ အသက်ရှင်​၍ သြဇာ​အာဏာကြီး​နေ​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 8,
      "text": "သူ​တို့​သည် သားသမီး​များ​ဝိုင်းရံ​လျက် နေ​ကြ​ရ​၏​။ သူ​တို့​၏​သားမြေး​တို့​သည်​လည်း သူ​တို့​၏​မျက်စိ​အောက်​တွင်​ပင် နေ​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 9,
      "text": "သူ​တို့​၏​အိမ်​သည် ကြောက်စရာ​မ​ရှိ​။ ဘေးကင်းလုံခြုံ​လျက်​ရှိ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို ဒဏ်ခတ်​တော်​မ​မူ​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 10,
      "text": "သူ​တို့​ပိုင်​သော​နွားထီး​များ​သည် မျိုးကောင်း​၍ မျိုးမအောင်​ခြင်း​မ​ရှိ​။ နွားမ​များ​သည်​လည်း သားပေါက်​၍ သားလျှော​ခြင်း​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 11,
      "text": "သူ​တို့​၏​သားသမီး​များ​ကို သိုးအုပ်​ကဲ့သို့ လွှတ်လိုက်​၍ သူ​တို့​၏​ကလေးသူငယ်​များ​သည်​လည်း ကခုန်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 12,
      "text": "သူ​တို့​သည် ပတ်သာ​၊ စောင်း​တို့​ကို​တီး​လျက် သီချင်းဆို​ကြ​၏​။ ပလွေသံ​များ​ဖြင့် ဝမ်းမြောက်ပျော်ရွှင်​လျက် နေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 13,
      "text": "သူ​တို့​သည် အသက်ရှင်​စဉ် စည်းစိမ်ချမ်းသာ​များ​ကို သုံးဖြုန်း​ကြ​၏​။ တစ်ခဏချင်း​တွင် မရဏာနိုင်ငံ​သို့ ရောက်သွား​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 14,
      "text": "သူ​တို့​က ဘုရားသခင်​အား ‘ငါ​တို့​ထံမှ ထွက်သွား​လော့​။ ကိုယ်တော်​၏​တရားနည်းလမ်း​တို့​ကို ငါ​တို့​မ​သိ​လို​ပါ​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 15,
      "text": "အနန္တတန်ခိုးရှင်​သည် မည်သူ​ဖြစ်​၍ ငါ​တို့​ဝတ်ပြု​ရ​မည်နည်း​။ သူ့​ထံ​ဆုတောင်း​လျှင် မည်သည့်​အကျိုး​ကို​ရ​မည်နည်း​’​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 16,
      "text": "အကယ်စင်စစ် သူ​တို့​၏​စည်းစိမ်​သည် သူ​တို့​လက်​၌ပင်​မ​ရှိ​။ ဆိုးယုတ်​သော​သူ​တို့​၏​အကြံအစည်​မျိုး ငါ​၌​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 17,
      "text": "လူဆိုး​တို့​၏​မီးခွက်​သည် ဘယ်နှကြိမ် ငြိမ်း​ဖူး​သနည်း​။ သူ​တို့​သည် ဘယ်နှကြိမ် ဒုက္ခ​ရောက်​ဖူး​သနည်း​။ ဘုရားသခင်​၏​အမျက်​တော်​ဒဏ်​ကို ဘယ်နှကြိမ် ခံရ​ဖူး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 18,
      "text": "သူ​တို့​သည် လေနှင်​ရာ​လွင့်​သော​ကောက်ရိုး​ကဲ့သို့​လည်းကောင်း​၊ လေပွေ​တွင်​ပါသွား​သော​ဖွဲ​ကဲ့သို့​လည်းကောင်း ဖြစ်​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 19,
      "text": "သင်​တို့​က ‘​သူ​ပြု​ခဲ့​သော​အပြစ်​အတွက် သူ့​သားသမီး​အဖို့ ဘုရားသခင်​သည် သို​ထား​တော်မူ​၏​’​ဟု ဆို​ကြ​သော်လည်း သူ​တို့​သိ​သွား​အောင် ကိုယ်တော်​သည် သူ​တို့​ကို​သာ ပြန်​ပေးဆပ်​စေ​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 20,
      "text": "သူ​ပျက်စီး​သွား​သည်​ကို သူ့​မျက်စိ​မြင်​ရ​ပါစေ​။ အနန္တတန်ခိုးရှင်​၏​အမျက်​တော်​ကို သူ​သောက်​ရ​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 21,
      "text": "သူ​၏​လ​အပိုင်းအခြား​များ​ကုန်ဆုံး​သွား​သောအခါ သူ့​နောက်တွင်​ကျန်ခဲ့​မည့်​သားမြေး​တို့​ကို သူ​မည်သို့​ကြည့်ရှု​နိုင်​တော့​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 22,
      "text": "အာဏာရ​မင်း​တို့​ကို​ပင် စီရင်ပိုင်​သော​ဘုရားသခင်​ကို အသိပညာ​သင်ကြား​ပေး​နိုင်​သူ​ရှိ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 23,
      "text": "လူ​တစ်​ယောက်​သည် အရိုး​များ​အားပြည့်​လျက်​၊ တစ်ကိုယ်လုံး​ကျန်းမာသန်စွမ်း​လျက်​၊ လုံခြုံ​အေးချမ်း​လျက်​၊"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 24,
      "text": "ကိုယ်ခန္ဓာ​ဆူဖြိုး​လျက်​၊ ရိုးတွင်းခြင်ဆီ အားကောင်း​လျက်​နှင့်ပင် သေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 25,
      "text": "အခြား​တစ်​ယောက်​မူကား ကောင်းစား​ခြင်း​ကို တစ်ခါမျှ​မ​ခံစား​ရ​ဘဲ စိတ်​ထဲ၌ ခါးသီး​စွာ​ခံစား​ရ​ပြီးမှ သေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 26,
      "text": "ထို​သူ​နှစ်ဦးလုံး​သည် မြေမှုန့်​ထဲ၌ အတူတူ​လဲလျောင်း​လျက် သူ​တို့​ကို လောက်ကောင်​များ ဖုံးလွှမ်း​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 27,
      "text": "ငါ့​ကို ဒုက္ခပေး​မည့် သင်​တို့​၏​အတွေး​များ​နှင့် သင်​တို့​၏​ကောက်ကျစ်​သော​အကြံအစည်​များ​ကို​လည်း ငါ​သိ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 28,
      "text": "အကြောင်းမူကား သင်​တို့​က ‘​မင်းအရာရှိ​အိမ်​ကား အဘယ်မှာ​နည်း​။ လူဆိုး​တို့​နေ​သော​တဲ​ကား အဘယ်မှာ​နည်း​’​ဟု မေး​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 29,
      "text": "ခရီးသည်​တို့​ကို မ​မေး​ဖူး​သလော​။ သူ​တို့​၏​အမှတ်အသား​များ​ကို မ​မှတ်​ကြ​သလော​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 30,
      "text": "အကယ်စင်စစ် ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် မကောင်းမှု​ပြု​သော​သူ​သည် လွတ်မြောက်​ရ​တတ်​၏​။ အမျက်​တော်​နေ့​တွင် ကယ်တင်​ခံရ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 31,
      "text": "မည်သူ​သည် သူ့​အပြုအမူ​ကို သူ့​ရှေ့​တွင် ဖော်ပြ​သနည်း​။ မည်သူ​သည် သူ​ပြု​ခဲ့​သော​အမှု​အတွက် ပြန်​ပေးဆပ်​စေ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 32,
      "text": "သူ့​ကို သင်္ချိုင်းတွင်း​သို့ အရောက်ပို့​ပြီး သူ့​အုတ်ဂူ​ကို စောင့်ကြပ်​ထား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 33,
      "text": "ချိုင့်ဝှမ်း​ရှိ​မြေခဲရွှံ့ခဲ​တို့​သည် သူ့​အဖို့ ချိုမြိန်​လိမ့်မည်​။ လူ​အပေါင်း​တို့​သည် သူ့​နောက်သို့ လိုက်​ကြ​လိမ့်မည်​။ သူ့​ရှေ့​၌​သွား​နှင့်​သော​သူ​တို့​သည်​လည်း မ​ရေ​မ​တွက်​နိုင်​အောင် များပြား​၏​။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 34,
      "text": "သို့ဖြစ်၍ သင်​တို့​သည် အဓိပ္ပာယ်မရှိ​သော​စကား​များ​ဖြင့် ငါ့​ကို မည်သို့​နှစ်သိမ့်​ပေး​နိုင်​မည်နည်း​။ သင်​တို့​ပြော​သော​စကား​တို့​သည် မုသား​အဖြစ်​သာ ကျန်ခဲ့​သည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 1,
      "text": "ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​က"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 2,
      "text": "“​ပညာရှိ​သည် မိမိ​ကောင်းကျိုး​အတွက် ပြု​နိုင်​သကဲ့သို့ လူ​သည် ဘုရားသခင်​၏​ကောင်းကျိုး​အတွက် ပြု​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 3,
      "text": "သင်​၏​ဖြောင့်မတ်​ခြင်း​သည် အနန္တတန်ခိုးရှင်​ကို နှစ်သက်​စေ​မည်လော​။ သင်​၏​အပြစ်ကင်း​သော​အပြုအမူ​များ​သည်​လည်း ကိုယ်တော့်​ကို အကျိုးစီးပွား​ဖြစ်​စေ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 4,
      "text": "သင်​၏​ကြောက်ရွံ့ရိုသေမှု​ကြောင့် သင့်​ကို ဆုံးမ​တော်မူ​သလော​။ သင်​နှင့် တရားပြိုင်​တော်မူ​သလော​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 5,
      "text": "သင်​ပြု​သော​မကောင်းမှု​များ​မှာ များပြား​လွန်း​သည်​မ​ဟုတ်​လော​။ သင်​ပြု​သော​အပြစ်​များ​မှာ​လည်း အဆုံး​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 6,
      "text": "သင်​သည် ကိုယ့်​ညီအစ်ကို​တို့​၏​အပေါင်ပစ္စည်း​ကို​ပင် အကြောင်းမဲ့​သိမ်းယူ​၍ သူ​တို့​၏​အဝတ်​ကို ချွတ်ယူ​ကာ အဝတ်မပါ​အချည်းစည်း ရှိ​စေ​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 7,
      "text": "မောပန်း​သူ​ကို ရေ​မ​တိုက်​၊ ဆာလောင်မွတ်သိပ်​သူ​ကို အစာ​မ​ကျွေး​ဘဲ နေ​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 8,
      "text": "အာဏာရှိ​သော​သူ​တို့​သည် မြေ​များ​ကို ပိုင်ဆိုင်​၍ ဂုဏ်သရေရှိ​သော​သူ​တို့​သည် ထို​မြေ​ပေါ်တွင် နေထိုင်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 9,
      "text": "မုဆိုးမ​တို့​ကို လက်ဗလာ​နှင့်​ပြန်လွှတ်​ပြီး မိဘမဲ့​တို့​၏​လက်ရုံး​များ​ကို ချိုးဖျက်​ပစ်​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 10,
      "text": "ထို့ကြောင့် ကျော့ကွင်း​များ​သည် သင့်​ကို​ဝိုင်းရံ​ထား​ပြီး ရုတ်တရက်​ကျရောက်​သော​ကြောက်မက်ဖွယ်ဘေး​သည်​လည်း သင့်​ကို ထိတ်လန့်​စေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 11,
      "text": "အမှောင်ကျ​သဖြင့် သင်​ဘာမျှ​မ​မြင်​နိုင်​။ ရေထုကြီး​သည် သင့်​ကို​လွှမ်းမိုး​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 12,
      "text": "ဘုရားသခင်​သည် အမြင့်ဆုံး​မိုးကောင်းကင်​တွင် စံမြန်း​တော်မူ​သည်​မ​ဟုတ်​လော​။ အမြင့်ဆုံး​သော​ကြယ်​များ​သည်​လည်း မည်မျှပင်​မြင့်​လှ​သည်​ကို ကြည့်​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 13,
      "text": "သို့ပါလျက် သင်​က ‘​ဘုရားသခင်​သည် မည်သို့​သိမြင်​တော်မူ​သနည်း​။ အမှောင်ထု​ကို ထိုးထွင်း​ပြီး တရားစီရင်​တော်မူ​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 14,
      "text": "တိမ်ထုကြီး​သည် ကိုယ်တော့်​ကို ကာ​ထား​သဖြင့် ကိုယ်တော်​သည် ဘာမျှ​မ​မြင်​နိုင်​။ မိုးကောင်းကင်​အဝန်းအဝိုင်း​တွင်​သာ သွားလာ​လျက်​နေ​တော်မူ​သည်​’​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 15,
      "text": "ဒုစရိုက်သမား​တို့​လျှောက်​သော​လမ်းဟောင်း​အတိုင်း သင်​လိုက်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 16,
      "text": "ထို​သူ​တို့​သည် အချိန်​မတိုင်မီ ဖျက်ဆီး​ခြင်း ခံရ​နိုင်​၏​။ သူ​တို့​ရပ်တည်​ရာ​မဏ္ဍိုင်​သည်​လည်း ရေစုန်မျော​သွား​နိုင်​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 17,
      "text": "သူ​တို့​က ဘုရားသခင်​အား ‘​ငါ​တို့​ထံမှ ထွက်သွား​လော့​။ အနန္တတန်ခိုးရှင်​သည် ငါ​တို့​အား မည်သို့​ပြု​နိုင်​မည်နည်း​’​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 18,
      "text": "သို့သော် ကိုယ်တော်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အရာ​များ​နှင့် ပြည့်​စေ​၏​။ လူဆိုး​တို့​၏​အကြံဉာဏ်​မူကား ငါ​နှင့်​ဝေး​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 19,
      "text": "ဖြောင့်မတ်​သော​သူ​တို့​သည် မြင်​၍ ဝမ်းသာအားရ​ဖြစ်​ကြ​၏​။ အပြစ်ကင်း​သော​သူ​သည်​လည်း သူ​တို့​အား ပြက်ရယ်ပြု​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 20,
      "text": "သူ​တို့​က ‘​အကယ်စင်စစ် ငါ​တို့​၏​ရန်သူ ပျက်စီး​လေ​ပြီ​။ သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို​လည်း မီး​လောင်ကျွမ်း​လေ​ပြီ​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 21,
      "text": "ဘုရားသခင်​နှင့် အကျွမ်းဝင်​၍ သင့်မြတ်​အောင်​နေ​လော့​။ သို့ပြုလျှင် ကောင်းကျိုးချမ်းသာ​ကို သင်​စံစား​ရ​မည်​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 22,
      "text": "နှုတ်​တော်​ထွက်​တရားတော်​တို့​ကို နာခံ​၍ စကား​တော်​တို့​ကို နှလုံးသွင်း​လော့​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 23,
      "text": "အနန္တတန်ခိုးရှင်​ထံ​ပြန်လာ​လျှင် သင့်​ကို ပြန်တည်ဆောက်​တော်မူ​မည်​။ မတရားမှု​များ​ကို သင့်​တဲ​များ​နှင့် ဝေးကွာ​စေ​၍"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 24,
      "text": "ရွှေ​ကို မြေမှုန့်​ထဲ၌​၊ ဩဖိရ​ရွှေ​ကို မြစ်​ထဲမှ​ကျောက်​ကြား​၌ ပစ်ထား​မည်​ဆိုလျှင်"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 25,
      "text": "အနန္တတန်ခိုးရှင်​သည် သင့်​အဖို့ ရွှေ​၊ သင့်​အဖို့​ငွေစင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 26,
      "text": "အကယ်စင်စစ် သင်​သည် အနန္တတန်ခိုးရှင်​၌ မွေ့လျော်​၍ ဘုရားသခင်​ကို ဖူးမြော်​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 27,
      "text": "သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 28,
      "text": "သင်​ကြံစည်​ထား​သော​အရာ​သည် အထမြောက်​လိမ့်မည်​။ သင်​၏​လမ်း​များ​သည်​လည်း ထွန်းလင်း​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 29,
      "text": "နှိမ့်ချ​ခံ​နေ​ရ​သူ​တို့​အဖို့ သင်​က ‘​သူ​တို့​ကို ချီးမြှောက်​တော်မူ​ပါ​’​ဟု ဆုတောင်း​ပေး​လျှင် ကိုယ်တော်​သည် နိမ့်ကျ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​မည်​။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 30,
      "text": "အပြစ်​မ​ကင်း​သော​သူ​ကို​ပင်လျှင် လွတ်မြောက်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။ စင်ကြယ်​သော​သင့်​လက်​ကြောင့် သူ့​ကို လွတ်မြောက်​စေ​တော်မူ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 2,
      "text": "“​ယနေ့​တွင် ဝေဒနာ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​ပါ​၏​။ ညည်းတွား​ရ​လွန်း​၍ ငါ​လက်ပန်းကျ​ကုန်​ပြီ​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 3,
      "text": "ကိုယ်တော်​အား မည်သည့်​အရပ်​၌​တွေ့​နိုင်​မည်​ကို ငါ​သိလို​ပါ​၏​။ စံမြန်း​တော်မူ​ရာ​သို့ ငါ​ရောက်​လို​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 4,
      "text": "သို့မှသာ ငါ့​အမှု​ကို ကိုယ်တော့်​ရှေ့​တွင် တင်ပြ​နိုင်​မည်​။ ငါ့​နှုတ်​ဖြင့် အလုံးစုံ​ချေပပြောဆို​နိုင်​မည်​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 5,
      "text": "ကိုယ်တော်​ပြန်​၍​မိန့်​တော်မူ​မည့်​စကား​တို့​ကို​လည်း ငါ​သိ​ရ​မည်​။ ကိုယ်တော်​မိန့်ဆို​သော​စကား​တို့​ကို​လည်း ငါ​နားလည်​နိုင်​မည်​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 6,
      "text": "ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ဖြင့် ငါ့​ကို ငြင်းဆန်​မည်လော​။ ထိုသို့​မ​ဟုတ်​ပါ​။ အကယ်စင်စစ် ကိုယ်တော်​သည် ငါ့​စကား​ကို နားထောင်​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 7,
      "text": "ထို​အရပ်​တွင် ဖြောင့်မှန်​သော​သူ​တို့ လျှောက်လဲ​ခွင့်​ရှိ​၏​။ ငါ့​ကို​စီရင်​သော​အရှင်​သည် ငါ့​ကို​ထာဝရ​လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 8,
      "text": "ယခု​မူကား အရှေ့ဘက်​သို့​သွား​လျှင်​လည်း ကိုယ်တော်​မ​ရှိ​။ အနောက်ဘက်​သို့​သွား​လျှင်လည်း ကိုယ်တော့်​ကို​မ​တွေ့​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 9,
      "text": "မြောက်ဘက်​တွင် အလုပ်လုပ်​တော်မူ​သည်​ဟု​ဆို​သော်လည်း ငါ​မ​တွေ့​ရ​။ တောင်ဘက်​သို့​လှည့်​တော်မူ​ပြီ​ဟု​ဆို​ပြန်​သော်လည်း ငါ​မ​မြင်​ရ​ပါ​တကား​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 10,
      "text": "သို့သော် ကိုယ်တော်​သည် ငါ​သွား​ရာ​လမ်း​ကို သိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို စစ်ဆေး​တော်မူ​ပြီးမှ ငါ​သည် ရွှေ​ကဲ့သို့ ပေါ်လာ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 11,
      "text": "ငါ​သည် ခြေတော်ရာ​အတိုင်း ထက်ကြပ်မကွာ​လိုက်​ပါ​၏​။ လမ်း​တော်​ကို​မ​လွှဲ​မ​ရှောင်​ဘဲ လိုက်လျှောက်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 12,
      "text": "နှုတ်​တော်​ထွက်​ပညတ်တော်​တို့​ကို ငါ​မ​ပယ်​၊ နှုတ်​တော်​ထွက်​စကား​တော်​တို့​ကို အစားအစာ​ထက် ပို၍​နှစ်သက်​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 13,
      "text": "သို့သော် ကိုယ်တော်​သည် ပြောင်းလဲ​ခြင်း​မ​ရှိ​။ ကိုယ်တော်​ကို မည်သူ​မျှ ပြောင်းလဲ​အောင်​မ​ပြု​နိုင်​။ စိတ်​အလို​တော်​ရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 14,
      "text": "ငါ့​အဖို့ ကြံရွယ်​ထား​သော​အရာ​ကို ပြု​တော်မူ​လိမ့်မည်​။ ထိုသို့ ပြု​တော်မူ​မည့်​အရာ များစွာ​ရှိ​သေး​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 15,
      "text": "ထို့ကြောင့် ငါ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​နေ​ရ​ပါ​၏​။ တွေးမိ​တိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​နေ​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 16,
      "text": "ဘုရားသခင်​သည် ငါ့​ကို စိတ်​အားလျော့​စေ​တော်မူ​ပြီ​။ အနန္တတန်ခိုးရှင်​သည် ငါ့​ကို ထိတ်လန့်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 17,
      "text": "ငါ့​မျက်နှာ​ကို အမှောင်ထုကြီး ဖုံးလွှမ်း​နေ​၍ ငါ့​ရှေ့​တွင် အမှောင်ထု​ကာ​နေ​သော်လည်း ငါ​နှုတ်ဆိတ်​နေ​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 1,
      "text": "အနန္တတန်ခိုးရှင်​သည် အချိန်​ကာလ​ကို အဘယ်ကြောင့် သတ်မှတ်​တော်​မ​မူ​သနည်း​။ ကိုယ်တော်​နှင့်​သိကျွမ်း​သော​သူ​တို့​သည် ကိုယ်တော်​၏​နေ့ရက်​ကို အဘယ်ကြောင့် မ​မြင်​ရ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 2,
      "text": "လူ​တို့​သည် နယ်နိမိတ်စည်း​များ​ကို ရွှေ့ပစ်​တတ်​ကြ​၏​။ လုယူ​သော​တိရစ္ဆာန်​များ​ကို ထိန်းကျောင်း​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 3,
      "text": "မိဘမဲ့​တို့​၏​မြည်း​ကို ယူဆောင်​သွား​တတ်​ကြ​၏​။ မုဆိုးမ​၏​နွား​ကို​ပင် အပေါင်ပစ္စည်း​အဖြစ် သိမ်းယူ​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 4,
      "text": "လူ​တို့​သည် နွမ်းပါး​သော​သူ​တို့​ကို လမ်း​ပေါ်မှ​တွန်းဖယ်​တတ်​ကြ​၏​။ အဖိနှိပ်​ခံရ​သော​ပြည်သား​တို့​သည် စု​ပြီး​ပုန်းရှောင်​နေ​ရ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 5,
      "text": "ကြည့်ရှု​လော့​။ သူ​တို့​သည် ကန္တာရ​မြည်းရိုင်း​ကဲ့သို့ အစာ​ကို ကြိုးစား​၍​လိုက်လံ​ရှာဖွေ​စား​ရ​၏​။ ကန္တာရ​သည်​သာ သူ​တို့​၏​သားသမီး​အဖို့ အစားအစာ​ကို ရ​ရှိ​စေ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 6,
      "text": "တိရစ္ဆာန်​အစာ​ကို လယ်ကွင်း​တွင် လိုက်ရိတ်​ရ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​စပျစ်ခြံ​တွင် ကောက်သင်းကောက်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 7,
      "text": "ညအိပ်​သောအခါ အဝတ်မပါ​ဘဲ အချည်းစည်း​အိပ်​ရ​၏​။ ချမ်းအေး​သောအခါ​တွင်​လည်း ခြုံစရာ​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 8,
      "text": "တောင်​ပေါ်​မိုး​ကြောင့် စိုရွှဲ​ကုန်​၏​။ ခိုလှုံစရာ​မ​ရှိ​သောကြောင့် ကျောက်ဆောင်​များ​ကြားတွင် ခို​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 9,
      "text": "လူ​တို့​သည် ဖတဆိုး​ကို အမိ​ရင်ခွင်​မှ ဆွဲထုတ်​၏​။ ဆင်းရဲသား​ထံမှ အပေါင်ပစ္စည်း​ကို သိမ်းယူ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 10,
      "text": "ဆင်းရဲသား​တို့​သည် အဝတ်မပါ ကိုယ်ဗလာ​နှင့် သွားလာ​ကြ​ရ​၏​။ ဆာလောင်​လျက်​နှင့်​ပင် ကောက်လှိုင်းစည်း​ကို သယ်​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 11,
      "text": "သံလွင်ပင်တန်း​များ​ကြားတွင် ဆီကြိတ်​လျက်​၊ စပျစ်သီးနင်းနယ်​လျက်​နှင့်​ပင် ရေငတ်​နေ​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 12,
      "text": "မြို့သား​တို့​သည် ညည်းတွား​လျက်​၊ ဒဏ်ရာ​ရ​သူ​တို့​သည်​လည်း အကူအညီ​အော်ဟစ်​တောင်းခံ​လျက် နေ​ရ​ပါ​၏​။ သို့သော် ထို​မတရားမှု​ကို ဘုရားသခင် အရေးစိုက်​တော်​မ​မူ​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 13,
      "text": "အချို့​သော​သူ​တို့​သည် အလင်း​ကို ဆန့်ကျင်​ကြ​၏​။ အလင်း​၏​လမ်းစဉ်​များ​ကို အသိအမှတ်​မ​ပြု​ကြ​။ အလင်း​၏​လမ်းစဉ်​အတိုင်း မ​နေထိုင်​လို​ကြ​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 14,
      "text": "လူသတ်သမား​သည် အရုဏ်တက်​ချိန်​တွင် ထ​၍ ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို သတ်​တတ်​၏​။ ညဘက်​တွင်​မူကား သူ​သည် သူခိုး​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 15,
      "text": "အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည်​လည်း ‘မည်သူ​မျှ ငါ့​ကို မ​မြင်’​ဟု တွေးထင်​လျက် မျက်နှာ​ကို​ဖုံး​ကာ မှောင်ရီပျိုး​ချိန်​ကို စောင့်မျှော်​နေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 16,
      "text": "သူခိုး​တို့​သည် မှောင်ရိပ်ခို​ပြီး အိမ်​ကို​ဖောက်ထွင်း​၏​။ နေ့​အချိန်​တွင်​မူကား အလင်း​ကို​ရှောင်​၍ အိမ်​ထဲတွင် ပုန်းအောင်း​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 17,
      "text": "နံနက်အချိန်​သည် သူ​တို့​အဖို့ သေမင်း​အရိပ်​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​သည် ထိတ်လန့်ဖွယ်​သော​သေမင်းအရိပ်​နှင့် အကျွမ်းဝင်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 18,
      "text": "သူ​တို့​သည် ရေ​မျက်နှာပြင်​ပေါ်တွင် မျောပါ​သွား​လိမ့်မည်​။ သူ​တို့​၏​အမွေ​မြေ​သည် ကျိန်ဆဲ​ခံရ​သဖြင့် မည်သူ​မျှ ကိုယ့်​စပျစ်ခြံ​များ​သို့ သွား​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 19,
      "text": "မိုးခေါင်​၍​အပူရှိန်​သည် နှင်းပွင့်​ကို ဝါးမျို​သကဲ့သို့ မရဏာနိုင်ငံ​သည် အပြစ်ပြု​သော​သူ​တို့​ကို ဝါးမျို​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 20,
      "text": "သူ့​မိခင်​သည်​ပင် သူ့​ကို မေ့လျော့​ပြီး လောက်ကောင်​များ​သည် သူ့​အသား​ကို မြိန်ရှက်​စွာ​စားသောက်​သွား​သဖြင့် သူ့​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။ မတရား​သော​သူ​သည် သစ်ပင်​ကဲ့သို့ ကျိုးပဲ့​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 21,
      "text": "သူ​သည် မြုံ​နေ​၍ သား​မ​ဖွား​သော​မိန်းမ​ကို အနိုင်ကျင့်​တတ်​၏​။ မုဆိုးမ​ကို​လည်း ကျေးဇူး​မ​ပြု​တတ်​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 22,
      "text": "သို့သော် ကိုယ်တော်​သည် အားကြီး​သော​သူ​ကို တန်ခိုး​တော်​ဖြင့် လှဲချ​တော်မူ​မည်​။ သူ​ပြန်​ထလာ​လျှင်ပင် သူ့​အသက်​အတွက် အာမခံချက် ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 23,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို ဘေးကင်းလုံခြုံ​စွာ​ဖြင့် နား​နေ​ရ​သော​အခွင့်ပေး​တော်မူ​၍ သူ​တို့​သွား​သော​လမ်း​များ​ကို​လည်း စောင့်ကြည့်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 24,
      "text": "သူ​တို့​သည် ခဏတာ​ချီးမြှောက်​ခံရ​ပြီးမှ ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ နှိမ့်ချ​ခြင်း​ခံရ​၍ အများသူငါ​ကဲ့သို့ စုသိမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်နှံ​ကဲ့သို့ ရိတ်ဖြတ်​ခြင်း ခံရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 25,
      "text": "သို့မဟုတ်လျှင် ငါ​လိမ်ပြော​သည်​ဟု မည်သူ​သက်သေပြ​မည်နည်း​။ ငါ့​စကား​သည် အဓိပ္ပာယ်​မ​ရှိ​ဟု မည်သူ​ထောက်ပြ​မည်နည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 1,
      "text": "ထိုအခါ ရှုအာ​အမျိုးသား ဗိလဒဒ်​က"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 2,
      "text": "“​အထက်ကောင်းကင်ဘုံ​၌ ငြိမ်သက်​ခြင်း​ကို ရှိ​စေ​တော်မူ​သော​အရှင်​သည် အုပ်စိုး​ခြင်း​အရှင်​၊ ကြောက်ရွံ့ရိုသေဖွယ်​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 3,
      "text": "ကိုယ်တော်​၏​စစ်သည်​တော်​များ​ကို ရေတွက်​နိုင်​သလော​။ ကိုယ်တော့်​ထံမှ​အလင်း​တော်​ကို မ​ခံယူ​ရ​သူ ရှိ​သလော​။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 4,
      "text": "လူ​သည် ဘုရားသခင်​ရှေ့​တွင် မည်သို့​ဖြောင့်မတ်​နိုင်​မည်နည်း​။ မိန်းမ​မှ​မွေး​သော​လူ​သည် မည်သို့​သန့်ရှင်းစင်ကြယ်​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 5,
      "text": "ကိုယ်တော့်​ရှေ့​တွင် လ​သည်​ပင် တောက်ပ​သည်​မ​ဟုတ်​။ ကြယ်​များ​လည်း စင်ကြယ်​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 6,
      "text": "သို့ဖြစ်၍ လောက်ကောင်​၊ ပိုးကောင်​နှင့်တူသော​လူသား​မှာ အဘယ်​ဆိုဖွယ်​ရှိ​သနည်း”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 2,
      "text": "“​ခွန်အား​မဲ့​သော​သူ​ကို သင်​မည်သို့​ကူညီ​လိုက်​သနည်း​။ လက်ရုံး​အားမရှိ​သော​သူ​ကို သင်​မည်သို့​ထောက်မ​လိုက်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 3,
      "text": "ဉာဏ်ပညာ​မ​ရှိ​သော​သူ​ကို သင်​မည်သို့​အကြံပေး​လိုက်​သနည်း​။ ကိုယ့်​အတတ်ပညာ​ကို ကိုယ်​အစွမ်းကုန်​ပြသ​လိုက်​ပါ​ပြီ​တကား​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 4,
      "text": "သင်​မည်သူ့​ကို စကား​ပြော​နေ​သနည်း​။ သင်​ပြော​သော​စကား မည်သူ့​ထံမှ​လာ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 5,
      "text": "ရေ​အောက်​မှာ ကျင်လည်ကျက်စား​နေ​သော လူသေ​တို့​၏​ဝိညာဉ်​သည် တုန်လှုပ်​နေ​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 6,
      "text": "ရှေ့​တော်​တွင် မရဏာနိုင်ငံ​သည် ဟင်းလင်း​ဖြစ်​ပါ​၏​။ ပျက်စီး​ခြင်း​နိုင်ငံ​သည် အဖုံးအကွယ်​မ​ရှိ​ပါ​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 7,
      "text": "မြောက်​မျက်နှာ​လဟာပြင်​ကို ပြန့်ကား​စေ​ပြီး ကမ္ဘာမြေ​ကို လဟာပြင်​တွင် ချိတ်ဆွဲ​ထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 8,
      "text": "ရေ​ကို တိမ်ထု​နှင့် ရစ်ပတ်​ထား​တော်မူ​သဖြင့် ရေ​သည် တိမ်ထု​ကို မ​ထိုးဖောက်​နိုင်​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 9,
      "text": "ပလ္လင်​တော်​ကို မိုးတိမ်​ဖြင့် ဖြန့်မိုး​ကာ​ထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 10,
      "text": "အလင်း​နှင့်​အမှောင်​ဆုံရာ​ရေ​မျက်နှာပြင်​တွင် စက်ဝိုင်း​နှင့်​မှတ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 11,
      "text": "ကိုယ်တော်​ဆုံးမ​တော်မူ​လျှင် ကောင်းကင်​တိုင်​တို့ အံ့အားသင့်​လျက် တုန်လှုပ်​ကြ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 12,
      "text": "တန်ခိုး​တော်​ဖြင့် ပင်လယ်ရေ​ကို ငြိမ်သက်​စေ​တော်မူ​၏​။ ဉာဏ်​တော်​အားဖြင့် ရာဟပ်​ကို ချေမှုန်း​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 13,
      "text": "ထွက်သက်လေ​တစ်​ချက်​ကြောင့် ကောင်းကင်​သည် ကြည်လင်​သွား​၏​။ ပြေး​နေ​သော​မြွေ​ကို လက်​တော်​ဖြင့် ထိုးဖောက်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 14,
      "text": "ဤ​အရာ​တို့​သည် ဘုရား​ပြု​တော်မူ​သော​အမှု​တို့​တွင် အရိပ်အမြွက်​မျှသာ ဖြစ်​၏​။ အသံ​တော်​ကို သဲ့သဲ့လေး​သာ ကြား​နေ​ရ​ခြင်း​ဖြစ်​၏​။ တန်ခိုး​တော်​ထစ်ချုန်းသံ​ကို မည်သူ​နားလည်​နိုင်​မည်နည်း​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 1,
      "text": "ထိုအခါ ယောဘ​သည် မိမိကိုယ်ကို ပုံဆောင်​၍ ဆက်လက်​ပြောဆို​၏​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 2,
      "text": "“ငါ့​ကို မတရားစီရင်​သော​ဘုရား​၊ ငါ့​စိတ်ဝိညာဉ်​ကို ခါးသီး​စွာ​ခံစား​ရ​စေ​သော​အနန္တတန်ခိုးရှင် အသက်ရှင်​တော်မူ​သည်​နှင့်အညီ"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 3,
      "text": "ငါ့​အထဲ​၌ ဇီဝအသက်​ရှိ​နေ​သေးသရွေ့​၊ ငါ့​နှာခေါင်း​ထဲတွင် ဘုရားသခင်​ပေး​သော​လေ​ရှူ​နေ​ရ​သေးသရွေ့"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 4,
      "text": "ငါ့​နှုတ်ခမ်း​သည် ကောက်ကျစ်​သော​စကား​ကို မ​ပြော​၊ ငါ့​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို မ​ဆို​ဘဲ နေ​မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 5,
      "text": "သင်​တို့​မှန်​ပါ​သည်​ဟု​ဆို​သော​စကား​သည် ငါ​နှင့် ဝေး​ပါစေ​။ ငါ​သေ​သွား​သည့်​တိုင်အောင် ဖြောင့်မတ်တည်ကြည်​ခြင်း​ကို ငါ​စွန့်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 6,
      "text": "ဖြောင့်မတ်​ခြင်း​ကို လက်​မ​လွှတ်​ဘဲ စွဲကိုင်​ထား​မည်​။ ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်​မ​တင်​ရ​အောင် နေ​မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 7,
      "text": "ငါ့​ရန်သူ​သည် ဆိုးယုတ်​သော​သူ​ကဲ့သို့​လည်းကောင်း​၊ ငါ့​ကို​ဆန့်ကျင်​သော​သူ​သည် လူဆိုးသူခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 8,
      "text": "ဘုရားတရားမဲ့​သော​သူ​သည် ပျက်စီး​၍ သူ့​အသက်​ကို ဘုရားသခင် နုတ်ယူ​ပစ်​လိုက်​သောအခါ သူ​၏​မျှော်လင့်​ရာ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 9,
      "text": "သူ​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အော်ဟစ်ငိုကြွေး​သောအခါ ဘုရားသခင် နားညောင်း​တော်မူ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 10,
      "text": "သူ​သည် အနန္တတန်ခိုးရှင်​ကို နှစ်သက်​လိမ့်မည်​လော​။ ဘုရားသခင်​ထံ အစဉ်​အော်ဟစ်​ဆုတောင်း​လိမ့်မည်​လော​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 11,
      "text": "ဘုရားသခင်​ပြု​သော​အမှု​ကို သင်​တို့​အား ငါ​ဖော်ပြ​မည်​။ အနန္တတန်ခိုးရှင်​၌​ရှိသမျှ​သော​အရာ​တို့​ကို မ​ထိမ်​မ​ဝှက်​ဖော်ပြ​မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 12,
      "text": "ကြည့်​ပါ​။ သင်​တို့​အားလုံး ကိုယ်တိုင်​မြင်​လျက်​နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီး​သော​စကား​တို့​ကို ပြောဆို​ကြ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 13,
      "text": "ဆိုးယုတ်​သော​သူ​တို့ ဘုရားသခင်​ထံမှ ခံရ​မည့်​ဝေစု​၊ ကြမ်းကြုတ်​သော​သူ​တို့ အနန္တတန်ခိုးရှင်​ထံမှ ခံရ​မည့်​အမွေ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 14,
      "text": "သူ​၌ သားသမီး​များစွာ​ရှိ​လျှင်လည်း ဓားစာ​သာ ဖြစ်သွား​မည်​။ သူ့​သားမြေး​တို့​သည်​လည်း ဘယ်သောအခါ​မျှ အစာရေစာ​လုံလောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 15,
      "text": "သူ​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း ကပ်ဘေး​ကြောင့် သင်္ဂြိုဟ်​ခြင်း​ကို ခံရ​လိမ့်မည်​။ ထို့အတွက် မုဆိုးမ​တို့​သည် ငိုကြွေး​ကြ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 16,
      "text": "သူ​သည် ငွေ​ကို မြေမှုန့်​ကဲ့သို့ ပုံထား​နိုင်​သော်လည်း​၊ အဝတ်အစား​ကို ရွှံ့​ကဲ့သို့ စုပုံ​ထား​နိုင်​သော်လည်း"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 17,
      "text": "သူ့​အဝတ်​ပုံ​ကို ဖြောင့်မတ်​သူ​က ဝတ်ဆင်​၍ သူ့​ငွေ​ကို အပြစ်မဲ့သူ​တို့​က ခွဲဝေ​ယူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 18,
      "text": "သူ​ဆောက်​ထား​သော​အိမ်​သည် ပိုးအိမ်​နှင့် တူ​၏​။ ကင်းစောင့်​ဆောက်​သော​တဲ​နှင့် တူ​၏​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 19,
      "text": "သူ​သည် သူဌေး​ကဲ့သို့ အိပ်​ရ​သော်လည်း ထို​အဖြစ်​မျိုး နောက်ထပ်​ရှိ​တော့​မည်​မ​ဟုတ်​။ မျက်စိ​ဖွင့်ကြည့်​သောအခါ ဘာမျှ​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 20,
      "text": "ရေလွှမ်းမိုး​သကဲ့သို့ ထိတ်လန့်ဖွယ်​အဖြစ်​များ​သည် သူ့​ကို လွှမ်းမိုး​လိမ့်မည်​။ ညအချိန်​တွင် လေပွေ​သည် သူ့​ကို တိုက်သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 21,
      "text": "အရှေ့​လေ​သည် သူ့​ကို​တိုက်သွား​သဖြင့် သူ​ရှိ​တော့​မည်​မ​ဟုတ်​။ သူ့​ကို သူ့​နေရာ​မှ လွင့်ထွက်​သွား​စေ​မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 22,
      "text": "လေအရှိန်​မှ​လွတ်​အောင် အသည်းအသန်​ထွက်ပြေး​သော်လည်း လေ​သည် သူ့​ကို မ​ညှာ​မ​တာ​တိုက်သွား​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 23,
      "text": "လေ​သည် လက်ခုပ်လက်ဝါးတီး​လျက်​၊ ပြောင်လှောင်​လျက် သူ့​ကို သူ့​နေရာ​မှ​တိုက်ထုတ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 1,
      "text": "ငွေ​ထွက်​သော​မိုင်းတွင်း ရှိ​၏​။ ရွှေ​ကို သန့်စင်​သော​နေရာ​လည်း ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 2,
      "text": "သံ​ကို မြေကြီး​ထဲမှ တူးယူ​ရ​၏​။ ကြေးဝါ​ကို သတ္တုရိုင်း​မှ သန့်စင်​ယူ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 3,
      "text": "မိုင်းတူးသမား​သည် အမှောင်​ကို​ခွင်း​၍ တွင်းနက်​အဆုံးစွန်​ထိ သတ္တုရိုင်း​များ​ကို သေမင်းအရိပ်​လွှမ်းမိုး​ရာ​အမှောင်ထုကြီး​ထဲ၌ ရှာဖွေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 4,
      "text": "လူသူမရောက်မပေါက်​နိုင်​သော​နေရာ​၊ ခြေလျင်သွားသူ​တို့​မမှတ်မိ​သော​နေရာ​တွင် မိုင်းတွင်း​များ​ကို ထိုးဖောက်​ပြီး လူသူ​ဝေး​ရာ​တွင် ကြိုး​ကို တွဲလွဲခို​၍ အလုပ်လုပ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 5,
      "text": "မြေကြီး​ပေါ်မှ စားစရာ​ရ​၏​။ မြေ​အောက်​တွင်​မူ မီး​နှင့်​အမြိုက်​ခံရ​သကဲ့သို့ ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 6,
      "text": "ထို​နေရာ​ရှိ​ကျောက်​တို့​မှ နီလာ​ထွက်​၏​။ မြေမှုန့်​တို့​မှ ရွှေ​ထွက်​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 7,
      "text": "ထို​နေရာ​သို့​သွား​ရာ​လမ်း​ကို သိမ်းငှက်​တို့​မ​သိ​။ လင်းတ​တို့​လည်း မ​မြင်​ဖူး​ပေ​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 8,
      "text": "ထို​လမ်း​ကို သားရဲ​တို့​လည်း မ​နင်း​ဖူး​၊ ခြင်္သေ့​တို့​လည်း မ​ရောက်​ဖူး​ပေ​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 9,
      "text": "မိုင်းတူးသမား​သည် မီးခတ်ကျောက်​ကို ဖောက်ထွင်း​ပြီး တောင်​များ​ကို အောက်ခြေ​မှ မှောက်လှန်​ပစ်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 10,
      "text": "ကျောက်ဆောင်​များ​ကို အမြှောင်းမြှောင်း​ဖောက်​ပြီး အဖိုးတန်ရတနာ​အားလုံး​ကို မတွေ့တွေ့​အောင် ရှာ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 11,
      "text": "စီးဆင်း​နေ​သော​ချောင်း​များ​ကို ဆည်ဖို့​၍ ဖုံးကွယ်​နေ​သော​အရာ​တို့​ကို ဖော်ထုတ်​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 12,
      "text": "သို့သော် ဉာဏ်ပညာ​ကို အဘယ်မှာ​ရှာတွေ့​နိုင်​မည်နည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 13,
      "text": "လူ​သည် ဉာဏ်ပညာ​၏​တန်ဖိုး​ကို မ​သိ​။ ဉာဏ်ပညာ​ကို သက်ရှိ​လောက​တွင် ရှာတွေ့​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 14,
      "text": "သမုဒ္ဒရာ​က ‘ငါ့​မှာ မ​ရှိ’​ဟု ဆို​၏​။ ပင်လယ်​က​လည်း ‘ငါ​နှင့်အတူ မ​ရှိ’​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 15,
      "text": "ဉာဏ်ပညာ​ကို ရွှေစင်​ဖြင့် ဝယ်​၍​မ​ရ​နိုင်​။ ဉာဏ်ပညာ​၏​တန်ဖိုး​ကို​လည်း ငွေ​နှင့်​ချိန်​၍​မ​ရ​နိုင်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 16,
      "text": "ဩဖိရ​ရွှေ​၊ အဖိုးတန်​မဟူရာကြောင်ဝင်​၊ နီလာ​တို့​နှင့်​လည်း တန်ဖိုး​မ​ဖြတ်​နိုင်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 17,
      "text": "ရွှေ​၊ သလင်းကျောက်​တို့​လည်း သူ့​ကို မ​ယှဉ်​နိုင်​။ ရွှေ​တန်ဆာ​များ​ဖြင့်​လည်း လဲလှယ်​၍​မ​ရ​နိုင်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 18,
      "text": "သန္တာကျောက်​၊ ပုလဲ​တို့​မူကား ဆိုဖွယ်​ရာ​မ​ရှိ​။ ဉာဏ်ပညာ​သည် ပတ္တမြား​ထက် အဖိုးထိုက်တန်​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 19,
      "text": "အီသီယိုးပီးယား​ပြည်​ထွက် ဥဿဖရား​လည်း ယှဉ်​၍​မ​ရ​နိုင်​။ ရွှေ​စင်​ဖြင့်​လည်း တန်ဖိုးဖြတ်​၍ မ​ရ​နိုင်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 20,
      "text": "သို့ဖြစ်လျှင် ဉာဏ်ပညာ​သည် အဘယ်​က လာ​သနည်း​။ အသိဉာဏ်​၏​တည်​ရာ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 21,
      "text": "သက်ရှိသတ္တဝါ​တိုင်း​လည်း မမြင်​နိုင်​။ မိုးကောင်းကင်​ငှက်​တို့​လည်း မ​တွေ့​နိုင်​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 22,
      "text": "ပျက်စီး​ခြင်း​နိုင်ငံ​နှင့် သေမင်း​တို့​က ‘ဉာဏ်ပညာ​အကြောင်း​ကို ငါ​တို့ နား​ဖြင့်​ကြား​ဖူး​ရုံ​မျှသာ​ရှိ​သည်’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 23,
      "text": "ဘုရားသခင်​မူကား ဉာဏ်ပညာ​လမ်း​နှင့် ဉာဏ်ပညာ​တည်​ရာ​ကို သိ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 24,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် မြေကြီး​စွန်း​တိုင်အောင် ကြည့်ရှု​တော်မူ​၏​။ မိုးကောင်းကင်​အောက် ရှိသမျှ​တို့​ကို မြင်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 25,
      "text": "လေ​ကို အားပြင်း​စေ​တော်မူ​၏​။ ရေ​ကို ချိန်ဆ​သတ်မှတ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 26,
      "text": "မိုး​နှင့်ဆိုင်သော​စည်းမျဉ်း​၊ လျှပ်စီး​နှင့်ဆိုင်သော​လမ်းကြောင်း​ကို စီရင်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 27,
      "text": "ကိုယ်တော်​သည် ဉာဏ်ပညာ​ကို သိ​တော်မူ​၏​။ ဖော်ပြ​ပေး​တော်မူ​၏​။ ဉာဏ်ပညာ​ကို စစ်ကြော​၍ တည်မြဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 28,
      "text": "ကိုယ်တော်​က လူ​အား ‘​ကြည့်ရှု​လော့​။ ဘုရားရှင်​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​ဖြစ်​၏​။ မကောင်းမှု​ကို​ရှောင်ကြဉ်​ခြင်း​သည် အသိဉာဏ်​ဖြစ်​၏​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က ဆက်၍"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 2,
      "text": "“​ကုန်ဆုံး​သွား​သော​လ​များ​ကဲ့သို့​၊ ငါ့​ကို ဘုရားသခင် စောင့်ရှောက်​တော်မူ​သော​နေ့ရက်​များ​ကဲ့သို့ ပြန်ဖြစ်​ချင်​မိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 3,
      "text": "ထိုစဉ်က ကိုယ်တော်​၏​မီးခွက်​သည် ငါ့​ဦးခေါင်း​ထက်​တွင် မီးခွက်​သဖွယ် ထွန်းလင်း​တော်မူ​သဖြင့် ထို​အလင်း​ဖြင့် မှောင်မိုက်​ထဲတွင် ငါ​သွားလာ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 4,
      "text": "ငါ​အရွယ်ကောင်း​စဉ်က ဘုရားသခင်​သည် ငါ့​တဲ​နှင့် ရင်းနှီးကျွမ်းဝင်​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 5,
      "text": "ငါ​နှင့်အတူ အနန္တတန်ခိုးရှင်​ရှိ​ခဲ့​၏​။ ငါ​နှင့်အတူ ငါ့​သားသမီး​တို့ ရှိ​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 6,
      "text": "ငါ​လျှောက်​သော​လမ်း​တွင် နို့ရည်​စီး​၏​။ ငါ့​အဖို့ ကျောက်ဆောင်​မှ​လည်း ဆီ​များ ချောင်း​သဖွယ်​စီးဆင်း​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 7,
      "text": "လူစည်ကား​ရာ​မြို့​တံခါး​သို့​သွား​လျှင်​လည်း ထိုင်စရာ​နေရာ​အသင့်ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 8,
      "text": "လူငယ်​တို့​သည်​လည်း ငါ့​ကို​မြင်​လျှင် ရှောင်ပေး​ကြ​၏​။ အသက်ကြီး​သူ​တို့​သည်​လည်း ထ​၍​ရပ်​ပေး​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 9,
      "text": "အကြီးအကဲ​များ​ပင် စကားပြော​ရာ​မှ​ရပ်​၍ နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 10,
      "text": "အုပ်ချုပ်သူမင်း​များ​လည်း အသံတိတ်​သွား​ကြ​ပြီး သူ​တို့​၏​လျှာ​သည် အာခေါင်​တွင်​ကပ်​၍​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 11,
      "text": "ငါ့​အကြောင်း​ကို​ကြား​သောအခါ ငါ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်ဆို​ကြ​၏​။ ငါ့​ကို​မြင်​လျှင် ငါ့​ကို​ချီးကျူး​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 12,
      "text": "ငါ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သော​ဆင်းရဲသား​နှင့် အကူအညီမဲ့​သော​ဖတဆိုး​တို့​ကို ကယ်မ​ပေး​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 13,
      "text": "ဘဝပျက်လု​သူ​များ​ကပင် ငါ့​ကို လာ​၍​ချီးကျူး​ကြ​၏​။ ငါ​သည် မုဆိုးမ​တို့​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 14,
      "text": "ငါ​သည် ဖြောင့်မတ်​ခြင်း​ကို လွှမ်းခြုံ​ဝတ်ဆင်​ထား​၏​။ တရားမျှတ​ခြင်း​သည် ငါ့​ဝတ်လုံ​၊ ငါ့​ခေါင်းပေါင်း​ကဲ့သို့ ဖြစ်​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 15,
      "text": "ငါ​သည် မျက်မမြင်​သူ​အဖို့ မျက်စိ​၊ ခြေမသန်သူ​အဖို့ ခြေ​ဖြစ်​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 16,
      "text": "နွမ်းပါး​သူ​တို့​အဖို့ ဖခင်​၊ သူစိမ်း​တို့​၏​အမှုကိစ္စ​ကို ကူညီဖြေရှင်း​ပေး​ခဲ့​သူ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 17,
      "text": "ဒုစရိုက်ပြု​သော​သူ​တို့​၏​အစွယ်​ကို ချိုး​ပြီး သူ့​သွား​မှ သားကောင်​ကို ကယ်နုတ်​ပေး​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 18,
      "text": "‘​ငါ့​အသိုက်အမြုံ​တွင် ငါ​သေ​ရ​လိမ့်မည်​။ ငါ​အသက်ရှင်​ရ​သော​နေ့​တို့​သည် သဲပွင့်​နှင့်အမျှ များ​ဦး​မည်​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 19,
      "text": "ငါ့​အမြစ်​သည် ရေ​ရှိ​ရာ​အထိ ဖြာထွက်​ပြီး ငါ့​အခက်အလက်​တို့​သည်​လည်း နှင်းစက်​များ​ဖြင့် တစ်ညလုံး​စို​နေ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 20,
      "text": "ငါ့​ဂုဏ်သရေ​သည် အစဉ်​ပွင့်လန်း​လိမ့်မည်​။ ငါ့​လေး​သည်​လည်း ငါ့​လက်​၌​သစ်လွင်​နေ​လိမ့်မည်’​ဟု ငါ​ထင်မှတ်​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 21,
      "text": "လူ​တို့​သည် ငါ​ပြော​မည့်​စကား​ကို နားစွင့်​ပြီး မျှော်​တတ်​ကြ​၏​။ ငါ​အကြံပေး​မည်​ကို တိတ်ဆိတ်​စွာ​စောင့်​နေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 22,
      "text": "ငါ​စကားပြော​ပြီးလျှင် မည်သူ​မျှ​စောဒက​မ​တက်​ကြ​။ ငါ့​စကား​သည် သူ​တို့​အပေါ် နှင်းစက်​ကဲ့သို့​ကျ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 23,
      "text": "သူ​တို့​သည် မိုး​ကို​မျှော်​သကဲ့သို့ ငါ့​ကို မျှော်​တတ်​ကြ​၏​။ သူ​တို့​၏​ပါးစပ်​ကို ကျယ်ကျယ်​ဖွင့်​ထား​၍ မိုးနှောင်း​ကို မျှော်​သကဲ့သို့ ငါ့​ကို မျှော်​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 24,
      "text": "ငါ​ပြုံးပြ​သောအခါ သူ​တို့ မ​ယုံ​နိုင်​အောင်​ဖြစ်​ကြ​၏​။ ကြည်လင်ဝင်းပ​နေ​သော​ငါ့​မျက်နှာ​ကို မညှိုးနွမ်း​စေ​ကြ​။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 25,
      "text": "ငါ​သည် ခေါင်းဆောင်​နေရာ​တွင်​နေ​၍ သူ​တို့​ကို လမ်းညွှန်​ပြသ​ပေး​ခဲ့​၏​။ စစ်သည်​တို့​ခြံရံ​ထား​သော​ရှင်ဘုရင်​ကဲ့သို့​လည်းကောင်း​၊ ငိုကြွေးမြည်တမ်း​သူ​ကို နှစ်သိမ့်ပေး​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 1,
      "text": "ယခု​မူကား ငါ့​ထက်​အသက်ငယ်​သော​သူ​တို့​သည် ငါ့​ကို လှောင်ပြောင်​ကြ​လေ​ပြီ​။ သူ​တို့​၏​ဖခင်​များ​သည် ငါ့​သိုး​တို့​ကို​ထိန်းပေး​သော​ခွေး​များ​နှင့်အတူ​ထား​ဖို့​ပင် မတန်​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 2,
      "text": "သူ​တို့​သည် အားယုတ်​ကြ​ပြီ​ဖြစ်၍ သူ​တို့​၏​လက်ရုံးအား​ကို ငါ​ဘာလုပ်​ရ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 3,
      "text": "သူ​တို့​သည် ဆင်းရဲ​ငတ်မွတ်​သောကြောင့် ပိန်ချုံး​ကြ​၏​။ ညအချိန်​တွင် ပျက်စီး​ဆိတ်သုဉ်း​ရာ ခြောက်သွေ့​သော​မြေ​သို့ ပြေးသွား​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 4,
      "text": "သူ​တို့​သည် ငန်ကျိ​နေ​သော​ချုံပင်ရွက်​များ​ကို ခူးစား​ခဲ့​ရ​၍ ရှားမြစ်​သည်​လည်း သူ​တို့​၏​အစာ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 5,
      "text": "သူခိုး​ကို အော်ဟစ်​မောင်းထုတ်​သကဲ့သို့ သူ​တို့​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ မောင်းထုတ်​ခံရ​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 6,
      "text": "လျှိုမြောင်ချိုင့်ဝှမ်း​များ​၊ မြေတွင်း​များ​နှင့် ကျောက်တွင်း​များ​တွင် နေထိုင်​ရ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 7,
      "text": "ချုံပုတ်​များ​အောက်​တွင် ဟီသံပြု​၍ ပေါင်းပင်​များ​ကြားတွင် တိုးဝှေ့​နေ​ရ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 8,
      "text": "လူမိုက်​သားသမီး​များ​၊ နာမည်ပျက်သူ​၏​သားသမီး​များ​ဖြစ်၍ သူ​တို့​၏​ပြည်​မှ​နှင်ထုတ်​ခံရ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 9,
      "text": "ယခုမှာ ငါ​သည် သူ​တို့​အဖို့ လှောင်ပြောင်​သီဆိုစရာ​၊ သူ​တို့​အလယ်​တွင် ပုံခိုင်းပြောဆိုစရာ ဖြစ်​ရ​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 10,
      "text": "သူ​တို့​သည် ငါ့​ကို စက်ဆုပ်ရွံရှာ​သဖြင့် ဝေးဝေးရှောင်​နေ​ကြ​၏​။ ငါ့​မျက်နှာ​ကို တံတွေးထွေး​ဖို့​ပင် ဝန်​မ​လေး​ကြ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 11,
      "text": "ကိုယ်တော်​သည် ငါ့​လေးကြိုး​ကို လျော့ရဲ​စေ​၍ ငါ့​ကို ဒုက္ခရောက်​စေ​၏​။ သူ​တို့​သည်​လည်း ငါ့​ရှေ့​တွင် ဇက်ကြိုး​ကို ဖြတ်တောက်​ပစ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 12,
      "text": "သူ​တို့​သည် လက်ယာ​ဘက်​မှ​နေ​၍ အုပ်စုလိုက် ထကြွ​ကြ​လျက် ငါ့​ခြေ​ကို တွန်း​ကြ​၏​။ ငါ့​ကို ဖျက်ဆီး​ရန် နည်းလမ်း​ရှာကြံ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 13,
      "text": "ငါ​သွား​မည့်​လမ်း​ကို​ဖျက်ဆီး​၍ ငါ့​ကို ပို​ပြီး​ဒုက္ခပေး​ကြ​၏​။ သူ​တို့​ကို ဆီးတား​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 14,
      "text": "အပေါက်​အကျယ်ကြီး​ကို ဖြတ်ဝင်လာ​သကဲ့သို့ သူ​တို့​သည် ဝင်လာ​ကြ​၍ တစ်ဟုန်ထိုး​ပြေးလာ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 15,
      "text": "ထိတ်လန့်ဖွယ်ဘေး​တို့​သည် ငါ့​ထံသို့ ပြေးဝင်​လာ​၍ ငါ့​ဂုဏ်သရေ​ကို လေ​ကဲ့သို့ တိုက်ချ​လေ​ပြီ​။ ငါ​၏​စည်းစိမ်ဥစ္စာ​ကို​လည်း တိမ်တိုက်​ကဲ့သို့ လွင့်မျော​သွား​စေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 16,
      "text": "ယခုမှာ ငါ့​စိတ်ဝိညာဉ် မြေခ​လု​ပြီ​။ ဒုက္ခ​နေ့ရက်​များ​သည်​လည်း ငါ့​ကို ဆုပ်ကိုင်​ထား​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 17,
      "text": "ညဘက်​ရောက်​လျှင် ငါ့​အရိုး​တို့​သည် အလွန်​ကိုက်ခဲ​၏​။ ဝေဒနာ​များ​သည်​လည်း သက်သာ​ခြင်း မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 18,
      "text": "ငါ့​အဝတ်​သည် အား​ပြင်းပြင်း​နှင့်​ဆွဲဆုတ်​ခံရ​သဖြင့် ပုံပျက်ပန်းပျက်​ဖြစ်​ကာ လည်ပင်း​ကြပ်​နေ​သော​အင်္ကျီ​ကဲ့သို့ ငါ့​ကို ရစ်ပတ်​ထား​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 19,
      "text": "ငါ့​ကို ရွှံ့​ထဲသို့​ပစ်ချ​တော်မူ​သဖြင့် ငါ​သည် မြေမှုန့်​၊ ပြာမှုန့်​ကဲ့သို့ ဖြစ်​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 20,
      "text": "ကိုယ်တော့်​ထံ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ထူး​တော်​မ​မူ​။ မတ်တတ်ရပ်​ပြ​သော်လည်း အကျွန်ုပ်​ကို ဤအတိုင်း​ကြည့်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 21,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို ရက်စက်​စွာ​ပြု​တော်မူ​ပြီ​။ အားကြီး​သော​လက်​တော်​ဖြင့် ညှဉ်းဆဲ​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 22,
      "text": "အကျွန်ုပ်​ကို ဆွဲမ​ပြီး လေ​ထဲသို့ ပစ်လွှတ်​လိုက်​သဖြင့် အကျွန်ုပ်​သည် လေပြင်းမုန်တိုင်း​ထဲတွင် လူးလွန့်လွင့်ပါ​သွား​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 23,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​သို့​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အားလုံး​စုတေ့​ရာ​သို့​လည်းကောင်း အရောက်ပို့​မည်​ကို အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 24,
      "text": "အကယ်စင်စစ် ဒုက္ခရောက်​နေ​သော​သူ​သည် လက်​မ​ဆန့်​ဘဲ​နေ​မည်လော​။ ဒုက္ခ​ရောက်​သောအခါ အကူအညီ​မ​တောင်း​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 25,
      "text": "ဒုက္ခ​ရောက်​သော​သူ​အတွက် ငါ​မ​ငိုကြွေး​ဘဲ​နေ​ခဲ့​သလော​။ နွမ်းပါး​သော​သူ​အတွက် ငါ​ဝမ်း​မ​နည်း​ဘဲ​နေ​ခဲ့​သလော​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 26,
      "text": "အကောင်း​ကို စောင့်မျှော်​သောအခါ အဆိုး​များ​သာ ရောက်လာ​၏​။ အလင်း​ကို မျှော်လင့်​သောအခါ အမှောင်​သာ ရောက်လာ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 27,
      "text": "ငါ့​ရင်​ထဲတွင် မနားတမ်း​ဗလောင်ဆူ​နေ​၏​။ ဒုက္ခ​နေ့ရက်​များ​ကို​သာ ငါ​ကြုံ​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 28,
      "text": "ငါ​သည် နေရောင်​ကွယ်​ရာ အမှောင်​ထဲတွင် သွားလာ​ရ​၏​။ လူစုလူဝေး​ထဲတွင်​ရပ်​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 29,
      "text": "ခွေးအ​တို့​နှင့် ညီအစ်ကို​တော်​ရ​၏​။ ငှက်ကုလားအုတ်​တို့​နှင့် မိတ်ဆွေ​ဖွဲ့​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 30,
      "text": "ငါ့​အရေပြား​များ ညိုမဲ​သွား​ပြီး ကွာကျ​ကုန်​ပါ​ပြီ​။ ငါ့​ကိုယ်ခန္ဓာ​သည်​လည်း အဖျား​ကြောင့် ပူခြစ်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 31,
      "text": "ငါ့​စောင်း​သည် မြည်တမ်းသီချင်း​သီဆို​ရန်​၊ ငါ့​ပလွေ​သည်​လည်း ငိုကြွေးသီချင်း​သီဆို​ရန် ဖြစ်သွား​ရ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 1,
      "text": "ငါ့​မျက်စိ​နှင့် ကတိ​ပြု​ထား​ပြီ​ဖြစ်၍ မိန်းမပျို​ကို အဘယ်သို့​ကြည့်​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 2,
      "text": "အထက်​အရပ်​ရှိ​ဘုရားသခင်​ထံမှ မည်သည့်​ဝေစု​ကို ရ​မည်နည်း​။ မြင့်ရာအရပ်​ရှိ​အနန္တတန်ခိုးရှင်​ထံမှ မည်သည့်​အမွေ​ကို ရ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 3,
      "text": "ဘေးဒုက္ခ​သည် ဒုစရိုက်ပြု​သော​သူ​တို့​အဖို့​၊ ကပ်ဘေး​သည် အပြစ်​ကျူးလွန်​သော​သူ​တို့​အဖို့ မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 4,
      "text": "ကိုယ်တော်​သည် ငါ​လျှောက်​သော​လမ်း​ကို မြင်​တော်မူ​သည်​ဖြစ်၍ ငါ​၏​ခြေလှမ်း​တိုင်း​ကို ရေတွက်​တော်မူ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 5,
      "text": "အကယ်၍ ငါ​သည် လမ်းမှား​ကို လိုက်လျှောက်​၍ ငါ့​ခြေ​သည် လိမ်လည်လှည့်ဖြား​ခြင်း​နောက်​သို့ ပြေးလိုက်​ခဲ့​မိ​လျှင်"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 6,
      "text": "ဖြောင့်မတ်​ခြင်း​ချိန်ခွင်​ဖြင့် ချိန်စက်​ကြည့်​ပါစေ​။ ငါ​ဖြောင့်မတ်တည်ကြည်​ကြောင်း​ကို ဘုရားသခင် သိ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 7,
      "text": "ငါ​သည် သွား​နေ​သော​လမ်း​မှ ခြေလှမ်း​လွဲ​ခဲ့​လျှင်​၊ ငါ့​စိတ်နှလုံး​သည် မျက်စိ​အလို​နောက်သို့ လိုက်​ခဲ့​လျှင်​၊ ငါ့​လက်​သည် အညစ်အကြေး​စွန်းထင်း​ခဲ့​လျှင်"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 8,
      "text": "ငါ​ကြဲ​သော​မျိုးစေ့​ကို အခြား​သူ​စား​ပါစေ​။ ငါ့​ကောက်ပဲသီးနှံ​များ​သည်​လည်း နုတ်ပစ်​ခြင်း​ခံရ​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 9,
      "text": "ငါ​သည် မိန်းမ​၏​သွေးဆောင်​ရာ​သို့ စိတ်ပါ​သွား​ပြီး အိမ်နီးချင်း​တံခါးဝ​တွင် ချောင်းမြောင်း​မိ​လျှင်"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 10,
      "text": "ငါ့​မိန်းမ​သည် အခြား​သူ​၏​မိန်းမ​အတွက် ကြိတ်ဆုံကြိတ်​ရ​ပါစေ​။ အခြား​သူ​တို့​သည် သူ့​ကို ရှုတ်ချ​ကြ​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 11,
      "text": "အကြောင်းမူကား ဤသို့​ပြု​ခြင်း​သည် ညစ်ညမ်းသောအမှု​၊ အပြစ်ဒဏ်​ခံထိုက်​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 12,
      "text": "ပျက်စီး​ခြင်း​နိုင်ငံ​တိုင်အောင် လောင်ကျွမ်း​သော​မီး​၊ ငါ​၏​ကောက်ပဲသီးနှံပင်​အားလုံး​ကို အမြစ်ပါမကျန် လောင်ကျွမ်း​သော​မီး​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 13,
      "text": "ငါ့​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် ငါ့​အပေါ်​မကျေမနပ်​ဖြစ်​သောအခါ ငါ​သည် တရားမျှတ​စွာ​မစီရင်​ပေး​သဖြင့်"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 14,
      "text": "ဘုရားသခင်​ထ​တော်မူ​လျှင် ငါ​မည်သို့​ပြု​ရ​မည်နည်း​။ စစ်ဆေး​တော်မူ​လျှင် ငါ​မည်သို့​လျှောက်​ရ​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 15,
      "text": "ငါ့​ကို အမိ​ဝမ်း​ထဲ၌ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သူ​တို့​ကို​လည်း ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို အမိ​ဝမ်း​ထဲ၌ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် တစ်ပါးတည်း​ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 16,
      "text": "ငါ​သည် ဆင်းရဲသား​တို့ တောင်းဆို​သည်​ကို မဖြည့်ဆည်း​ပေး​ဘဲ မုဆိုးမ​မျက်နှာ​ကို​လည်း ညှိုးငယ်​စေ​ခဲ့​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 17,
      "text": "မိဘမဲ့​အား မ​ကျွေး​ဘဲ ကိုယ့်​မုန့်​ကို ကိုယ်​တစ်ယောက်တည်း​စား​ခဲ့​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 18,
      "text": "ငါ​သည် ငယ်စဉ်​ကပင် မိဘမဲ့​ကို ဖခင်​သဖွယ် ကျွေးမွေးစောင့်ရှောက်​ခဲ့​၏​။ အမိ​ဝမ်းတွင်း​မှ​ထွက်လာ​ကတည်းက မုဆိုးမ​ကို မစ​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 19,
      "text": "ဝတ်စရာ​မ​ရှိ​၊ ခြုံစရာ​မ​ရှိ​သဖြင့် ဘဝပျက်​နေ​ရ​သည့်​နွမ်းပါး​သူ​တစ်စုံတစ်ဦး​ကို မြင်​ရ​သောအခါ"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 20,
      "text": "ငါ့​သိုးမွေးထည်​ဖြင့် သူ့​ကို နွေး​အောင်​မ​လုပ်ပေး​ခဲ့​၍ သူ​၏​ကိုယ် ​သည်​လည်း ငါ့​ကို ကျေးဇူး​မ​တင်​ခဲ့​လျှင်​၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 21,
      "text": "မြို့​တံခါး​တွင် ငါ့​ကို​ကူညီ​မည့်​သူ​ကို​တွေ့​သောကြောင့် မိဘမဲ့​တို့​ကို ငါ​လက်ရွယ်​ခဲ့​မိ​လျှင်"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 22,
      "text": "ငါ့​လက်မောင်း​သည် ပခုံး​မှ ပြုတ်ထွက်​ပါစေ​။ လက်မောင်း​အဆစ် ကျိုး​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 23,
      "text": "ဘုရားသခင်​ထံမှ​လာ​မည့်​ဘေးဒုက္ခ​ကို ငါ​ကြောက်​၏​။ ဘုန်း​တော်​ကြောင့် မည်သည့်​အမှု​ကို​မျှ ငါ​မ​ပြု​ဝံ့​ပါ​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 24,
      "text": "ငါ​သည် ရွှေ​ကို​အားကိုး​၍ ရွှေစင်​ကို ကိုးစား​ခဲ့​မိ​လျှင်​၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 25,
      "text": "ငါ​၌ ဥစ္စာပစ္စည်း​များစွာ​ရှိ​၍ ငါ့​လက်ဝယ်ငွေ​အမြောက်အမြား​ရှိ​သောကြောင့် ငါ​ဝမ်းမြောက်​မိ​ခဲ့​လျှင်​၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 26,
      "text": "ငါ​သည် တောက်ပ​သော​နေမင်း​နှင့် ကျက်သရေရှိရှိ ရွေ့​နေ​သော​လ​ကို ကြည့်​ပြီး"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 27,
      "text": "ငါ့​စိတ်​သည် တိတ်တဆိတ်​သွေးဆောင်​ခံရ​၍ လက်အုပ်ချီ​ရှိခိုး ​မိ​လျှင်"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 28,
      "text": "ဤသို့​ပြု​ခြင်း​သည်​လည်း အထက်​အရပ်​ရှိ​ဘုရားသခင်​ကို ငြင်းဆန်​ရာ​ရောက်​သဖြင့် ဒဏ်ခံထိုက်​သော​အပြစ် ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 29,
      "text": "ငါ့​ကို​မုန်း​သော​သူ​တို့ ဘဝပျက်​သောအခါ ငါ​ဝမ်းမြောက်​၍ ဒုက္ခ​ရောက်​သောအခါ ငါ​ကခုန်​ခဲ့​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 30,
      "text": "သူတစ်ပါး​အသက်ဘေး​ရောက်​အောင် ကျိန်ဆဲ​ခြင်း​ဖြင့် ငါ့​နှုတ်​ကို​အပြစ်ပြု​ခွင့် မ​ပေး​ခဲ့​ပါ​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 31,
      "text": "ငါ့​တဲ​၌​နေ​သော​သူ​တို့​က ‘​သူ​ကျွေး​သော​အသား​ကို ဝလင်​စွာ​မ​စား​ရ​သော​သူ ရှိ​သလော’​ဟု ဆို​လေ့​ရှိ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 32,
      "text": "ခရီးသွားဧည့်သည်​တို့ လမ်း​ပေါ်တွင် မ​အိပ်​ရ​အောင် ခရီးသည်​အဖို့ ငါ့​အိမ်​တံခါး​ကို ဖွင့်​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 33,
      "text": "ငါ​သည် အခြား​သော​သူ​တို့​ပြု​တတ်​သကဲ့သို့ ကိုယ့်​အပြစ်​ကို ဖုံးကွယ်​ဖူး​သလော​။ ကိုယ့်​ဒုစရိုက်​ကို စိတ်​ထဲ၌​ဝှက်​ထား​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 34,
      "text": "ငါ​သည် လူအုပ်​ကြီး​ကို ကြောက်​၍ ဆွေမျိုးသားချင်း​တို့ ကဲ့ရဲ့​မည်​ကို စိုးရိမ်​သဖြင့် တံခါး​အပြင်​သို့​မ​ထွက်​ဘဲ တိတ်ဆိတ်​စွာ​နေ​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 35,
      "text": "ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 36,
      "text": "သို့ပြုလျှင် ထို​စွဲချက်​ကို ငါ့​ပခုံး​ထက်​တွင် တင်​ထား​မည်​။ သရဖူ​ကဲ့သို့ ဆောင်း​ထား​မည်​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 37,
      "text": "ငါ​လျှောက်​သည့်​လမ်း​ကို ကိုယ်တော့်​အား လျှောက်တင်​မည်​။ အုပ်ချုပ်သူမင်း​တစ်​ပါး​ကဲ့သို့ ကိုယ်တော့်​ထံ ချဉ်းကပ်​မည်​။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 38,
      "text": "ငါ့​မြေကွက်​သည် ငါ့​ကို ဆန့်ကျင်​လျက်​အော်ဟစ်​၍ ထွန်ကြောင်း​များ တစ်ပြိုင်တည်း​ငိုကြွေး​ကြ​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 39,
      "text": "ငါ​သည် မြေ​အသီးအနှံ​ကို အဖိုးအခ​မ​ပေး​ဘဲ စားသုံး​၍ မြေရှင်​၏​အသက်​ကို ဆုံးရှုံး​စေ​ခဲ့​လျှင်​လည်းကောင်း"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 40,
      "text": "ဂျုံပင်​အစား ဆူးပင်​ပေါက်​ပါစေ​။ မုယောပင်​အစား ပေါင်းပင်​ပေါက်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။ ယောဘ​ပြောဆို​သော​စကား ပြီးဆုံး​ပါ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 1,
      "text": "ယောဘ​သည် မိမိကိုယ်မိမိ ဖြောင့်မတ်​သည်​ဟု ခံယူ​သောကြောင့် ထို​သူ​သုံး​ဦး​လည်း ဘာမျှ​ဆက်​မ​ပြော​တော့​ပေ​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 2,
      "text": "ထိုသို့ ယောဘ​က မိမိကိုယ်မိမိ ဘုရားသခင်​ထက် ဖြောင့်မတ်​မှန်ကန်​သည်​ဟု ဆို​သောကြောင့် ရာမ​မျိုးနွယ်စု​၊ ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​သည် ယောဘ​ကို အမျက်ထွက်​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 3,
      "text": "ယောဘ​ကို ပြန်​မ​ချေပ​နိုင်​ဘဲ အပြစ်​ကို​သာ​တင်​ကြ​သော ယောဘ​၏​မိတ်ဆွေ​သုံး​ယောက်​ကို​လည်း အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 4,
      "text": "ထို​သူ​တို့​သည် ဧလိဟု​ထက်​အသက်ကြီး​သောကြောင့် ဧလိဟု​သည် ယောဘ​နှင့်​စကားပြော​ရ​ဖို့ စောင့်​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 5,
      "text": "သူ​တို့​သုံး​ဦး​စလုံး​၏​နှုတ်​၌ ချေပစရာ​စကား​တစ်ခွန်း​မျှ​မ​ရှိ​သည်​ကို မြင်​သောအခါ ဧလိဟု​အမျက်ထွက်​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 6,
      "text": "ထို့ကြောင့် ဗုဇ​အမျိုး​၊ ဗာရခေလ​၏​သား ဧလိဟု​က “​အကျွန်ုပ်​သည် အသက်ငယ်​၍ သင်​တို့​သည် အသက်ကြီး​သောကြောင့် အကျွန်ုပ်​၏​ထင်မြင်ချက်​ကို ထုတ်ဖော်ပြ​ဖို့ ကြောက်ရွံ့​လျက် မဝံ့မရဲ ဖြစ်​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 7,
      "text": "‘အသက်ကြီးသူ​သည် ပြောဆို​သင့်​၏​၊ နှစ်​ပေါင်း​များစွာ​အသက်ရှင်​ခဲ့​သူ​သည် ဉာဏ်ပညာ​အကြောင်း​ကို သွန်သင်​ပေး​သင့်​၏’​ဟု အကျွန်ုပ်​တွေး​မိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 8,
      "text": "သို့သော် လူ​၌ ဝိညာဉ်​ရှိ​၏​။ အနန္တတန်ခိုးရှင်​၏​ဝိညာဉ်​တော်​သည် လူ​တို့​အား နားလည်နိုင်စွမ်း​ကို ပေး​တော်မူ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 9,
      "text": "အသက်ကြီး​တိုင်း ပညာရှိ​သည်​မ​ဟုတ်​။ သက်ကြီးဝါကြီး​တိုင်း အမှန်တရား​ကို နားလည်​သည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 10,
      "text": "ထို့ကြောင့် ‘​အကျွန်ုပ်​စကား​ကို နားထောင်​ပေး​ကြ​ပါ​။ အကျွန်ုပ်​၏​ထင်မြင်ချက်​ကို အကျွန်ုပ်​ပြော​ပါ​မည်​’​ဟု ဆို​ရ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 11,
      "text": "ကြည့်​ပါ​။ သင်​တို့​ပြော​မည့်​စကား​ကို အကျွန်ုပ်​စောင့်မျှော်​နေ​ခဲ့​၏​။ သင်​တို့​ပြန်ပြော​ရ​မည့်​စကား​ကို​ရှာကြံ​နေစဉ် သင်​တို့​၏​အကျိုးသင့်​အကြောင်းသင့်​စကား​ကို အကျွန်ုပ်​နားစွင့်​နေ​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 12,
      "text": "အကျွန်ုပ်​စေ့စေ့​နားထောင်​နေ​ခဲ့​သော်လည်း သင်​တို့​တွင် ယောဘ​၏​စကား​ကို ပြန်လည်​ချေပ​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 13,
      "text": "‘​ဉာဏ်ပညာ​ကို ငါ​တို့​တွေ့​ပြီ​’​ဟု သင်​တို့​မ​ပြော​မိ​စေ​ကြ​နှင့်​။ သူ့​ကို နိုင်​သော​သူ​မှာ လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 14,
      "text": "ယောဘ​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​၍ တိုက်ရိုက်​ပြော​သည်​မ​ဟုတ်​။ ထို့ကြောင့် သင်​တို့​ပြော​သကဲ့သို့ သူ့​ကို အကျွန်ုပ်​ပြန်ပြော​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 15,
      "text": "သူ​တို့ စိတ်ပျက်​ကုန်​ကြ​ပြီ​။ ဘာမျှ​ပြန်​မ​ပြော​ကြ​တော့​ပါ​။ ပြောစရာ​စကား​ပင် မ​ရှိ​ကြ​တော့​ပါ​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 16,
      "text": "သူ​တို့ ဘာမျှ​မ​ပြော​၊ ဘာမျှ​မ​တုံ့ပြန်​နိုင်​ဘဲ ရပ်​နေ​သည်​ကို အကျွန်ုပ်​စောင့်​နေ​ရ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 17,
      "text": "အကျွန်ုပ်​လည်း ပြော​သင့်​သည်​ကို ပြော​၍ အကျွန်ုပ်​၏​ထင်မြင်ချက်​ကို ဖော်ပြ​မည်​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 18,
      "text": "အကြောင်းမူကား အကျွန်ုပ်​မှာ ပြောစရာ​စကား အများအပြား​ရှိ​၏​။ အကျွန်ုပ်​အတွင်း​ရှိ ဝိညာဉ်​သည် အကျွန်ုပ်​ကို နှိုးဆော်​လျက်​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 19,
      "text": "ကြည့်​ပါ​။ အကျွန်ုပ်​အထဲ​၌ ပိတ်ဆို့​ထား​သော​စပျစ်ဝိုင်​ကဲ့သို့​၊ ကွဲထွက်​တော့​မည့်​ဝိုင်သားရေဘူး​အသစ်​ကဲ့သို့ ဖြစ်​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 20,
      "text": "အကျွန်ုပ်​ပြော​မှ စိတ်သက်သာရာ​ရ​တော့​မည်​။ နှုတ်ခမ်း​ကို​ဖွင့်​၍ ပြန်ပြော​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 21,
      "text": "မည်သူ့​ကို​မျှ မျက်နှာ​မ​လိုက်​ပါ​။ မည်သူ့​ကို​မျှ မျက်နှာချိုသွေး​ပြီး မ​ပြော​ပါ​။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 22,
      "text": "မည်ကဲ့သို့ မျက်နှာချိုသွေး​ရ​မည်​ကို​လည်း မ​သိ​ပါ​။ ထိုသို့​ပြု​မိ​ခဲ့​လျှင် အကျွန်ုပ်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အကျွန်ုပ်​ကို ချက်ချင်း​ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 1,
      "text": "သို့ဖြစ်၍ အို ယောဘ​၊ ယခု အကျွန်ုပ်​ပြော​မည့်​စကား​ကို နားထောင်​ပါ​လော့​။ အကျွန်ုပ်​ပြော​သမျှ​ကို အာရုံစိုက်​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 2,
      "text": "ယခု အကျွန်ုပ်​သည် နှုတ်​ကို​ဖွင့်​တော့​မည်​။ ခံတွင်း​ထဲမှ​လျှာ​သည်​လည်း ပြောဆို​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 3,
      "text": "ဖြောင့်မှန်​သော​စိတ်သဘော​ဖြင့် ပြော​ပါ​မည်​။ သိ​ထား​သော​အရာ​များ​ကို နှုတ်ခမ်း​ဖြင့် ရိုးသား​စွာ​ပြော​ပါ​မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 4,
      "text": "ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို ဖန်ဆင်း​တော်မူ​၏​။ အနန္တတန်ခိုးရှင်​၏​ဇီဝအသက်​သည် အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 5,
      "text": "သင်​ပြန်ပြော​နိုင်​လျှင် ပြန်ပြော​ပါ​လော့​။ အကျွန်ုပ်​ကို​ချေပ​နိုင်​ရန် အသင့်ပြင်​ထား​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 6,
      "text": "ဘုရားသခင်​ရှေ့​တော်​တွင် သင်​နှင့်​အကျွန်ုပ်​သည် အတူတူပင်​ဖြစ်​၏​။ အကျွန်ုပ်​ကို​လည်း မြေမှုန့်​ဖြင့် ပုံဖော်ဖန်ဆင်း​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 7,
      "text": "အကျွန်ုပ်​ခြိမ်းခြောက်​သော​စကား​ကြောင့် ကြောက်လန့်စရာ​မ​လို​ပါ​။ သင့်​ကို အကျွန်ုပ် ကိုယ်ထိလက်ရောက်​မ​ပြု​နိုင်​ပါ​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 8,
      "text": "အကယ်စင်စစ် သင်​ပြောပြ​၍ သင့်​စကားသံ​ကို အကျွန်ုပ်​ကြား​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 9,
      "text": "သင်​က ‘​ငါ​သန့်ရှင်း​၏​။ ကျူးလွန်​သော​အပြစ်​မ​ရှိ​။ ငါ​အပြစ်ကင်း​၏​။ ငါ​၌​အပြစ်​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 10,
      "text": "သို့သော် ဘုရားသခင်​သည် ငါ့​ကို အပြစ်​ရှာ​၍ ရန်သူ​ကဲ့သို့​မှတ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 11,
      "text": "ငါ့​ခြေ​ကို ထိတ်တုံးခတ်​ပြီး ငါ​သွား​သော​လမ်း​ဟူသမျှ​ကို စောင့်ကြည့်​တော်မူ​၏​’​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 12,
      "text": "ဤသို့ သင်​ပြော​သော​စကား​တို့​သည် မ​မှန်ကန်​ဟု အကျွန်ုပ်​ဆို​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​ထက် ပို၍​ကြီးမြတ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 13,
      "text": "အဘယ်ကြောင့် ကိုယ်တော်​ကို ရန်တွေ့​ရ​သနည်း​။ သင်​ပြော​သမျှ​ကို ကိုယ်တော်​မ​တုံ့ပြန်​သောကြောင့်​လော​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 14,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် တစ်ကြိမ်​မက နှစ်ကြိမ်​မိန့်​တော်မူ​သော်လည်း မည်သူ​မျှ​သတိ​မ​မူ​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 15,
      "text": "လူ​တို့ နှစ်ခြိုက်​စွာ​အိပ်ပျော်​နေ​ချိန်​၊ အိပ်ရာ​ထက်​၌ အိပ်မောကျ​နေ​ချိန် အိပ်မက်​ထဲ​၊ ညအချိန်​မြင်​ရ​သော​စိတ်အာရုံ​ထဲတွင်"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 16,
      "text": "လူ​တို့​၏​နား​ကို ဖွင့်​၍ သူ​တို့​၏​သွန်သင်ချက်​ကို တံဆိပ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 17,
      "text": "ဤသို့ဖြင့် လူ​အား ကိုယ့်​အကျင့်ဆိုး​မှ လွှဲရှောင်​စေ​တော်မူ​၏​။ လူ​၏​မာန်မာန​ကို​လည်း ချိုးနှိမ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 18,
      "text": "သူ​၏​စိတ်ဝိညာဉ်​ကို သေတွင်း​နှင့်​လည်းကောင်း​၊ သူ့​အသက်​ကို ဖျက်ဆီး​မည့်​ဓားဘေး​နှင့်​လည်းကောင်း ကင်းဝေး​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 19,
      "text": "သူ​သည် အိပ်ရာ​ပေါ်တွင် နာကျင်​ခြင်း​ဝေဒနာ​ကို ခံစား​ရ​လျက်​၊ သူ​၏​အရိုး​များ​သည်​လည်း တဆစ်ဆစ်​ကိုက်ခဲနာကျင်​လျက် ဆုံးမ​ခြင်း​ကို ခံ​နေ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 20,
      "text": "ထို့ကြောင့် သူ့​စိတ်​သည် အစားအစာ​ကို ရွံရှာ​၍ သူ့​ဝိညာဉ်​သည် စားကောင်းသောက်ဖွယ်​ကို ရွံရှာ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 21,
      "text": "သူ​၏​အသားအရေ​များ​လည်း မမြင်​ရ​လောက်အောင် ပိန်လှီ​သွား​ပြီး သူ​၏​မ​ထင်ရှား​ဖူး​သော​အရိုး​များ​မှာ​လည်း ငေါထွက်​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 22,
      "text": "သူ​၏​စိတ်ဝိညာဉ်​သည် သေတွင်း​သို့ ရောက်​လု​နီး​ပြီ​။ သူ​၏​အသက်​သည်​လည်း သေဆုံး​လု​နီး​ပြီ​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 23,
      "text": "လူ​အား သူ​ဖြောင့်မှန်​ကြောင်း​ဖော်ပြ​ပေး​နိုင်​ရန် သူ့​အတွက် ကြားဝင်စေ့စပ်​ပေး​နိုင်​သော​ကောင်းကင်တမန် တစ်ထောင်​တွင် တစ်ပါးသာ​ရှိ​ခဲ့​လျှင်"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 24,
      "text": "သူ့​ကို သနား​သော​အားဖြင့် ကောင်းကင်တမန်​က ‘သူ့​ကို သေတွင်း​မှ ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ရွေးနုတ်စရာ​အဖိုးအခ​ကို တွေ့​ပါ​ပြီ’​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 25,
      "text": "သူ​၏​အသားအရေ​သည် ကလေး​အသားအရေ​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သူ​သည် ပျိုရွယ်​စဉ်​နေ့ရက်​များ​က​ကဲ့သို့ ပြန်ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 26,
      "text": "သူ​သည် ဘုရားသခင်​ထံ​ဆုတောင်း​မည်​။ ဘုရားသခင်​သည်​လည်း သူ့​ကို​လက်ခံ​တော်မူ​မည်​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် မျက်နှာ​တော်​ကို ဖူးမြင်​ရ​လိမ့်မည်​။ သူ့​ကို နဂိုမူလအတိုင်း​ပြန်လည်​ဖြောင့်မတ်​စေ​တော်မူ​မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 27,
      "text": "သူ​သည် လူ​တို့​ကို​ကြည့်ရှု​၍ ‘​ငါ​သည် ဖြောင့်မှန်​သော​လမ်း​မှ​လွဲ​၍ အပြစ်ပြု​မိ​ပြီ​။ သို့သော် ငါ​ခံထိုက်​သော​အပြစ်​ကို ခံ​စေ​တော်​မ​မူ​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 28,
      "text": "ငါ့​ဝိညာဉ်​ကို သေတွင်း​သို့​မ​ရောက်​အောင် ရွေးနုတ်​တော်မူ​၏​။ ငါ့​အသက်​သည်​လည်း အလင်း​ကို တွေ့မြင်​ခွင့်​ရ​၏​’​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 29,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ဤ​အမှု​အလုံးစုံ​ကို လူ​တို့​အဖို့ နှစ်ကြိမ်​၊ သုံး​ကြိမ်​မက ပြု​တော်မူ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 30,
      "text": "သူ​၏​စိတ်ဝိညာဉ်​ကို သေတွင်း​မှ​ပြန်​ဆွဲထုတ်​ပြီး အသက်​၏​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 31,
      "text": "အို ယောဘ​၊ အကျွန်ုပ်​ကို အာရုံစိုက်​နားထောင်​ပါ​လော့​။ တိတ်တိတ်နေ​ပါ​လော့​။ အကျွန်ုပ်​ပြော​မည်​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 32,
      "text": "သင်​ပြောစရာ​ရှိ​လျှင် ပြန်ပြော​ပါ​လော့​။ သင်​ဖြောင့်မတ်​ကြောင်း​ကို ငါ​ဖော်ပြ​လို​သည်​ဖြစ်၍ ပြော​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 33,
      "text": "အကျွန်ုပ်​ကို ပြန်ပြောစရာ​မ​ရှိ​လျှင် နားထောင်​ပါ​လော့​။ တိတ်တိတ်နေ​ပါ​လော့​။ အကျွန်ုပ်​သည် သင့်​ကို ဉာဏ်ပညာ​အကြောင်း သွန်သင်​ပေး​မည်”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 1,
      "text": "တစ်ဖန် ဧလိဟု​က"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 2,
      "text": "“အို ပညာရှိ​တို့​၊ အကျွန်ုပ်​စကား​ကို နားထောင်​ကြ​ပါ​လော့​။ အို အသိတရား​ရှိ​သူ​တို့​၊ အကျွန်ုပ်​ကို စူးစိုက်​နားထောင်​ကြ​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 3,
      "text": "အကြောင်းမူကား နား​သည် စကား​တို့​ကို ဆန်းစစ်​တတ်​သကဲ့သို့ လျှာ​သည် အစားအစာ​ကို အရသာခံ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 4,
      "text": "ကိုယ့်​အဖို့ မှန်ကန်သောအရာ​ကို ရွေးချယ်​ကြ​စို့​။ အကျွန်ုပ်​တို့​ထဲ​တွင် မည်သည့်​အရာ​ကောင်း​သည်​ကို သိမှတ်​ကြ​စို့​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 5,
      "text": "အကြောင်းမှာ ယောဘ​က ‘​ငါ​ဖြောင့်မတ်​သော်လည်း ဘုရားသခင်​သည် ငါ့​အဖို့ တရားမျှတ​စွာ​မ​စီရင်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 6,
      "text": "ငါ​မှန်ကန်​သော်လည်း ငါ​လိမ်လည်​သည်​ဟု အထင်ခံရ​၏​။ ငါ​အပြစ်​မ​ကျူးလွန်​သော်လည်း ကုသ​၍​မ​ပျောက်​သော​အနာ​ကို ငါ​ခံစား​ရ​၏​’​ဟု ဆို​ပြီ​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 7,
      "text": "ယောဘ​နှင့်​တူ​သော​သူ ရှိ​သလော​။ သူ​သည် ကဲ့ရဲ့လှောင်ပြောင်​ခြင်း​ကို ရေ​ကဲ့သို့​သောက်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 8,
      "text": "သူ​သည် ဒုစရိုက်သမား​တို့​နှင့်​အဖော်ပြု​၍ ခရီးသွား​၏​။ လူဆိုး​တို့​နှင့် သွားလာ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 9,
      "text": "အကြောင်းမူကား သူ​က ‘ဘုရားသခင်​၏​အလို​တော်​ကို​လိုက်လျှောက်​ခြင်း​သည် ဘာမျှ​အကျိုး​မ​ရှိ​’​ဟု ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 10,
      "text": "သို့ဖြစ်၍ အသိတရား​ရှိ​သော​သူ​တို့​၊ နားထောင်​ကြ​ပါ​လော့​။ ဆိုးယုတ်​သော​အမှု​သည် ဘုရားသခင်​နှင့် ဝေး​ပါစေ​။ မကောင်းမှု​သည် အနန္တတန်ခိုးရှင်​နှင့် ဝေး​ပါစေ​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 11,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် လူ​ကို သူ​၏​လုပ်ဆောင်မှု​အတိုင်း ပြန်ပေးဆပ်​စေ​မည်​။ လူ​ကို သူ​၏​အကျင့်​အတိုင်း ပြန်​ခံရ​စေ​မည်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 12,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် ဆိုးယုတ်မှု​ကို ပြု​တော်​မ​မူ​။ အနန္တတန်ခိုးရှင်​သည် တရားမျှတမှု​ကို ဖောက်ဖျက်​တော်​မ​မူ​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 13,
      "text": "မည်သူ​သည် ကမ္ဘာမြေကြီး​ကို ကိုယ်တော့်​လက်​သို့ အပ်​သနည်း​။ မည်သူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ကိုယ်တော့်​အား တာဝန်ယူ​စေ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 14,
      "text": "ကိုယ်တော်​သည် ဝိညာဉ်​နှင့် ဇီဝအသက်​ကို မိမိ​ထံ ပြန်​ရုပ်သိမ်း​မည်​ဟု စိတ်ပိုင်းဖြတ်​တော်မူ​လျှင်"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 15,
      "text": "လူသား​အားလုံး တစ်ပြိုင်တည်း​သေ​သွား​ရ​လိမ့်မည်​။ လူ​သည် မြေမှုန့်​ဘဝ​သို့ ပြန်သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 16,
      "text": "သင်​တို့​၌ အသိဉာဏ်​ရှိ​လျှင် နားထောင်​ကြ​ပါ​လော့​။ အကျွန်ုပ်​ပြော​သော​စကား​ကို စူးစိုက်​နားထောင်​ကြ​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 17,
      "text": "တရားမျှတမှု​ကို​မုန်း​သော​သူ​က အုပ်ချုပ်​ရ​မည်လော​။ ဖြောင့်မတ်​သော​အရှင်​၊ တန်ခိုးကြီး​သော​အရှင်​ကို သင်​ပြစ်တင်ရှုတ်ချ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 18,
      "text": "ရှင်ဘုရင်​အား ‘ဆိုးညစ်​သော​သူ’​၊ လူဆိုး​အား ‘မြင့်မြတ်​သော​သူ’​ဟု ခေါ်ဆို​သင့်​သလော​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 19,
      "text": "ကိုယ်တော်​သည် အကြီးအကဲ​တို့​ကို မျက်နှာလိုက်​သည်​မ​ဟုတ်​။ သူဌေး​ကို ဆင်းရဲသား​ထက် ပို၍​အသိအမှတ်ပြု​သည်​မ​ဟုတ်​။ အကြောင်းမူကား လူ​အားလုံး​သည် ဖန်ဆင်းခံလက်ရာ​တော်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 20,
      "text": "သူ​တို့​သည် တစ်ခဏချင်း​တွင် သေသွား​နိုင်​၏​။ ညသန်းခေါင်​ချိန်​တွင်ပင် လူ​တို့​သည် တုန်လှုပ်ချောက်ချား​၍ သေဆုံး​သွား​တတ်​ကြ​၏​။ အားကြီး​သူ​တို့​ပင် လူ့​လက်​ဖြင့်​မ​ဟုတ် မိမိ​အလိုလို​ပျောက်ကွယ်​သွား​ရ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 21,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် လူ​သွား​သော​လမ်း​တို့​ကို စောင့်ကြည့်​၍ သူ့​ခြေလှမ်း​တိုင်း​ကို မြင်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 22,
      "text": "မကောင်းမှု​ပြု​သူ​တို့​အတွက် ပုန်းရှောင်စရာ​အမှောင်ထု​၊ အမှောင်ကမ္ဘာ​ဟူ၍​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 23,
      "text": "အကယ်စင်စစ် လူ​သည် ဘုရားသခင်​ရှေ့​တော်​သို့​လာ​၍ စီရင်​ခြင်း​ကို​ခံ​မည်​။ ထို့အတွက် ကိုယ်တော်​သည် ပြန်၍​သုံးသပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 24,
      "text": "တန်ခိုးအာဏာကြီး​သူ​တို့​ကို​ပင် စစ်ဆေးစရာ​မ​လို​ဘဲ ဖယ်ရှား​ပြီး သူ​တို့​နေရာ​တွင် အခြား​သူ​တို့​အား ခန့်ထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 25,
      "text": "သူ​တို့​ပြု​သော​အမှု​ကို သိ​တော်မူ​သည်​ဖြစ်၍ ညအချိန်​တွင် သူ​တို့​ကို ဖျက်ဆီး​လိုက်​သောအခါ သူ​တို့​ပျက်စီး​သွား​ရ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 26,
      "text": "သူ​တို့​ဆိုးယုတ်​သောကြောင့် လူ​မြင်ကွင်း​တွင်ပင် သူ​တို့​ကို ဆုံးမ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 27,
      "text": "အကြောင်းမှာ သူ​တို့​သည် ကိုယ်တော့်​နောက်​လိုက်​ရာ​မှ ပြန်လှည့်​သွား​ကြ​၏​။ နည်းလမ်း​တော်​များ​ကို အလေး​မ​ထား​ကြ​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 28,
      "text": "ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 29,
      "text": "ကိုယ်တော်​နှုတ်ဆိတ်​နေ​လျှင် မည်သူ​အပြစ်တင်​ဝံ့​မည်နည်း​။ ကိုယ်တော်​မျက်နှာလွှဲ​တော်မူ​လျှင် လူမျိုး​တစ်​မျိုး​ဖြစ်စေ​၊ လူ​တစ်ဦးချင်း​ဖြစ်စေ မည်သူ​မြင်​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 30,
      "text": "သို့ဖြစ်၍ ဘုရားတရားမဲ့​သော​သူ​သည် အုပ်စိုးခွင့်​ရှိ​တော့​မည်​မ​ဟုတ်​၊ လူ​တို့​ကို​လည်း ထောင်ချောက်ဆင်​နိုင်​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 31,
      "text": "လူ​က ဘုရားသခင်​အား ‘​အကျွန်ုပ်​အပြစ်ပေး​ခံရ​ပါ​၏​။ အကျွန်ုပ်​မ​ဆိုးညစ်​တော့​ပါ​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 32,
      "text": "အကျွန်ုပ်​မ​မြင်​သော​အရာ​ကို သွန်သင်ပြသ​ပါ​။ အမှား​လုပ်​မိ​လျှင်လည်း နောက်​မ​လုပ်​တော့​ပါ​’​ဟု ဆို​ပါ​လိမ့်မည်​လော​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 33,
      "text": "သင်​လက်မခံ​ဘဲ​နှင့် ကိုယ်တော်​က သင့်​ကို​ဆုချ​ပေး​မည်​ဟု သင်​ထင်​သလော​။ ရွေးချယ်​ရ​မည့်​သူ​မှာ အကျွန်ုပ်​မ​ဟုတ်​ပါ​၊ သင်​ဖြစ်​၏​။ ထို့ကြောင့် သင်​သိ​သော​အရာ​ကို ပြော​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 34,
      "text": "အသိတရား​ရှိ​သော​သူ​တို့​သည် အကျွန်ုပ်​ကို ပြော​ပါစေ​။ ပညာရှိ​သော​သူ​သည် အကျွန်ုပ်​စကား​ကို နားထောင်​၍"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 35,
      "text": "‘​ယောဘ​တစ်​ယောက် အသိတရား​မ​ရှိ​ဘဲ ပြော​လေ​ပြီ​။ ပညာသတိ​မ​ရှိ​သော​စကား​တို့​ကို ပြော​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 36,
      "text": "ယောဘ​သည် အပြစ်ဒုစရိုက်သား​ကဲ့သို့ တုံ့ပြန်ပြောဆို​သည်​ဖြစ်၍ အဆုံးထိ​စစ်ဆေး​ခြင်း​ခံရ​တော့​မည်​။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 37,
      "text": "သူ​သည် အပြစ်​အပေါ် ထပ်ဆင့်​အပြစ်ကျူးလွန်​ပြီ​။ ငါ​တို့​ကို လက်ခုပ်တီး​ပြောင်လှောင်​လေ​ပြီ​။ ဘုရားသခင်​ကို ဆန့်ကျင်​သော​စကား များစွာ​ပြောဆို​လေ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 1,
      "text": "ဧလိဟု​က ဆက်၍"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 2,
      "text": "“​သင်​က ‘​ဘုရားသခင်​ထက် ငါ​ဖြောင့်မတ်​သည်​’​ဟု ဆို​သည်​မှာ မှန်ကန်​သည်​ဟု သင်​ထင်​သလော​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 3,
      "text": "‘​ငါ​အပြစ်​မ​ပြု​လျှင် ကိုယ်တော့်​အဖို့ မည်သို့​အကျိုးရှိ​မည်နည်း​။ ငါ့​အဖို့​လည်း မည်သို့​အကျိုးရှိ​မည်နည်း​’​ဟု သင်​ဆို​၏​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 4,
      "text": "သင်​နှင့် သင့်​မိတ်ဆွေ​တို့​၏​စကား​များ​ကို အကျွန်ုပ်​ချေပ​လို​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 5,
      "text": "မိုးကောင်းကင်​ကို မော့ကြည့်​၍ သိမြင်​ပါ​လော့​။ သင့်​ထက်​မြင့်​သော​မိုးတိမ်​ကို စူးစမ်းကြည့်​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 6,
      "text": "သင်​အပြစ်ပြု​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ထိခိုက်​စေ​နိုင်​မည်နည်း​။ သင်​အပြစ်​များစွာ​ကျူးလွန်​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 7,
      "text": "သင်​ဖြောင့်မတ်​လျှင်လည်း ကိုယ်တော့်​ကို မည်သို့​ပြု​ပေး​နိုင်​မည်နည်း​။ သင့်​လက်​မှ ကိုယ်တော် မည်သည့်​အရာ​ကို ရရှိ​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 8,
      "text": "သင်​ဆိုးယုတ်​လျှင် သင်​ကဲ့သို့သော​လူ​ကို ထိခိုက်​နိုင်​၏​။ သင်​ဖြောင့်မတ်​လျှင် လူသား​ကို အကျိုးပြု​နိုင်​၏​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 9,
      "text": "လူ​တို့​သည် အပြင်းအထန်​ညှဉ်းပန်းနှိပ်စက်​ခံရ​သောကြောင့် အော်ဟစ်​ငိုယို​တတ်​ကြ​၏​။ အားကြီး​သူ​တို့ နှိပ်စက်​သောကြောင့် အကူအညီ​အော်ဟစ်​တောင်းခံ​တတ်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 10,
      "text": "သို့သော် ‘​ငါ့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​၊ ညအချိန်​သီချင်းဆို​ရ​သော​အခွင့်​ကို ပေး​တော်မူ​သော​အရှင်​၊"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 11,
      "text": "မြေ​တိရစ္ဆာန်​တို့​ထက် ငါ​တို့​ကို ပို၍​သွန်သင်​ပေး​သော​အရှင်​၊ မိုးကောင်းကင်​ငှက်​တို့​ထက် ငါ​တို့​ကို​ပညာရှိ​စေ​သော​အရှင်​ကား အဘယ်မှာ​နည်း’​ဟု မေးမြန်း​သူ​တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 12,
      "text": "မာနထောင်လွှား​၍​ဆိုးညစ်​ကြ​သောကြောင့် သူ​တို့​အော်ဟစ်​သော်လည်း ကိုယ်တော်​နားညောင်း​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 13,
      "text": "အကယ်စင်စစ် အချည်းနှီး​သော​စကား​ကို ဘုရားသခင် နားထောင်​တော်မူ​မည်​မ​ဟုတ်​။ အနန္တတန်ခိုးရှင် အာရုံစိုက်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 14,
      "text": "‘​ကိုယ်တော့်​ကို မ​မြင်​ရ​’​ဟု သင်​မည်သို့​ပင်​ဆို​စေ​ကာ​မူ သင့်​အမှု​သည် ရှေ့​တော်​သို့​ရောက်​နှင့်​နေ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​သာ စောင့်မျှော်​လျက်​နေ​ပါ​တော့​။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 15,
      "text": "ကိုယ်တော်​က အမျက်ထွက်​၍ ဒဏ်ခတ်​တော်မူ​သည်​မ​ဟုတ်​။ လွန်ခဲ့​သော​အပြစ်​များ​ကို​လည်း မှတ်​တော်မူ​သည်​မ​ဟုတ်​သောကြောင့်"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 16,
      "text": "ယောဘ​သည် နှုတ်​ကို အချည်းနှီး​ဖွင့်​လေ​ပြီ​။ အသိတရားမဲ့​သော​စကား​များစွာ​ကို ပြော​မိ​လေ​ပြီ​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 1,
      "text": "ဧလိဟု​ကပင် ဆက်၍"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 2,
      "text": "“အကျွန်ုပ်​ကို အနည်းငယ်​သည်းခံ​ပါ​လော့​။ ဘုရားသခင်​ကိုယ်စား ပြောစရာ​စကား​ကျန်သေး​သဖြင့် အကျွန်ုပ်​ပြော​လို​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 3,
      "text": "အစ​ကတည်းက အကျွန်ုပ်​ရရှိ​ထား​သော​အသိပညာ​အရ အကျွန်ုပ်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း အကျွန်ုပ်​ဖော်ပြ​ပါ​မည်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 4,
      "text": "အကယ်စင်စစ် အကျွန်ုပ်​သည် မုသား​စကား​ကို မ​ပြော​။ အသိပညာ​နှင့်​ပြည့်စုံ​သော​သူ​သည် သင်​နှင့်အတူ​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 5,
      "text": "ဘုရားသခင်​သည် တန်ခိုးကြီး​တော်မူ​သော်လည်း မည်သူ့​ကို​မျှ မထီမဲ့မြင်ပြု​တော်​မ​မူ​။ စိတ်ဓာတ်​ခွန်အား​လည်း ကြီးမား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 6,
      "text": "ဆိုးယုတ်​သော​သူ​တို့​ကို ရှင်သန်ခွင့်​ပေး​တော်​မ​မူ​။ အဖိနှိပ်​ခံရ​သော​သူ​တို့​ကို​မူကား တရားမျှတ​စွာ စီရင်​ပေး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 7,
      "text": "ဖြောင့်မတ်​သော​သူ​တို့​ကို မျက်နှာလွှဲ​တော်​မ​မူ​။ သူ​တို့​ကို ရှင်ဘုရင်​တို့​နှင့်အတူ ပလ္လင်​ပေါ်တွင် အစဉ်​စံမြန်း​စေ​၍ ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 8,
      "text": "သို့သော် သူ​တို့​သည် သံကြိုး​နှင့်​တုပ်နှောင်​ခံရ​၍ ဒုက္ခ​ကြိုး​များ​နှင့် ချည်နှောင်​ခံရ​လျှင်​လည်း"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 9,
      "text": "မာန်မာနထောင်လွှား​၍ သူ​တို့​ပြု​မိ​သော​အမှု​နှင့် ကျူးလွန်​မိ​သော​အပြစ်​များ​ကို သူ​တို့​အား ဖော်ပြ​ပေး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 10,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို နာခံ​စေ​တော်မူ​၏​။ မကောင်းမှု​ကို စွန့်လွှတ်​ရန် သွန်သင်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 11,
      "text": "သူ​တို့​သည် နာခံ​၍ အမှု​တော်​ကို​ဆောင်ရွက်​လျှင် ကောင်းစား​သော​နေ့ရက်​များ​၊ နှစ်လိုဖွယ်​သော​နှစ်ကာလ​များ​ကို ဖြတ်သန်း​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 12,
      "text": "မ​နာခံ​လျှင် သူ​တို့​သည် ဓားဘေး​ဖြင့် ပျက်စီးဆုံးရှုံး​၍ အသိပညာ​မဲ့​လျက် သေသွား​ရ​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 13,
      "text": "ဘုရားတရားမဲ့​သူ​တို့​မူကား အမျက်ထွက်​၍ စိတ်​တွင်​အငြိုးထား​တတ်​ကြ​၏​။ ကိုယ်တော်​ချုပ်နှောင်​တော်မူ​လျှင်ပင် အကူအညီ​အော်ဟစ်​တောင်းခံ​ခြင်း​ကို မ​ပြု​ကြ​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 14,
      "text": "အသက်​ငယ်ရွယ်​စဉ်​မှာပင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​အလယ်​တွင် အသက်​သေဆုံး​သွား​ရ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 15,
      "text": "သို့သော် ကိုယ်တော်​သည် ဆင်းရဲဒုက္ခ​ရောက်​သူ​တို့​ကို ထို​ဆင်းရဲဒုက္ခ​ထဲမှ ကယ်နုတ်​တော်မူ​၏​။ အဖိနှိပ်ခံ​စေ​ခြင်း​ဖြင့် နာခံ​ခြင်း​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 16,
      "text": "သင့်​ကို​လည်း ဆင်းရဲတွင်း​ထဲမှ အတိုင်းမသိ​ကျယ်ဝန်း​ရာ​သို့ ဆောင်ယူ​တော်မူ​၏​။ သင့်​အဖို့ စားပွဲ​ပေါ်တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​ကို တည်ခင်း​ပေး​ထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 17,
      "text": "သို့သော် သင်​သည် လူဆိုး​တို့​ခံရ​မည့်​စီရင်​ခြင်း​မျိုး​ကို အယုတ်အလျော့​မ​ရှိ​ခံရ​၍ မှန်ကန်​သော​တရားစီရင်ခြင်း​သည်​လည်း သင့်​ကို ဖမ်းကိုင်​လိမ့်မည်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 18,
      "text": "အမျက်​တော်​ကြောင့် သင်​သည် အပြစ်ဒဏ်​မ​ခံရ​စေရန် သတိပြု​လော့​။ များစွာ​သော​တံစိုးလက်ဆောင်​ကြောင့် သင်​လမ်း​မ​လွဲ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 19,
      "text": "သင်​၏​ချမ်းသာကြွယ်ဝ​ခြင်း​သည် သင့်​ကို ဆင်းရဲဒုက္ခ​နှင့် ကင်းဝေး​စေ​နိုင်​မည်လော​။ သင်​၏​စွမ်းအား​ရှိသမျှ​တို့​သည်​လည်း ထိုသို့​ပြု​ပေး​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 20,
      "text": "လူ​တို့​အား သူ​တို့​ရှိ​ရာ​နေရာ​မှ​နုတ်ယူ​သွား​တတ်​သော​ညအချိန်​မျိုး​ကို မ​တောင့်တ​ပါ​နှင့်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 21,
      "text": "မကောင်းမှု​ဘက်​သို့​မ​လှည့်​မိ​စေရန် သတိပြု​ပါ​လော့​။ အကြောင်းမူကား ဖိစီးမှု​ကို​ခံ​သည်​ထက် မကောင်းမှု​ကို​ပြု​ရန် သင်​ဆန္ဒရှိ​လေ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 22,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​သည် တန်ခိုး​တော်​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​၏​။ ထိုသို့ ကိုယ်တော်​နှင့်​တူ​သော​ဆရာ မည်သူ​ရှိ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 23,
      "text": "ကိုယ်တော်​၏​နည်းလမ်း​တော်​ကို မည်သူ​သွန်သင်ပြ​နိုင်​သနည်း​။ ‘ကိုယ်တော်​မှား​သည်’​ဟု မည်သူ​ပြော​နိုင်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 24,
      "text": "ကိုယ်တော်​ပြု​သော​အမှု​တော်​အကြောင်း​ကို လူ​တို့​သီဆိုချီးမွမ်း​ကြ​၏​။ သင်​လည်း သီဆို​ချီးမွမ်း​ဖို့ သတိရ​ပါ​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 25,
      "text": "ထို​အမှု​တော်​ကို လူ​အပေါင်း​တို့ မြင်​ကြ​၏​။ လူ​သည် အဝေး​ကသာ ကြည့်​ခွင့်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 26,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​ကို ငါ​တို့​မ​သိ​နိုင်​၊ စူးစမ်း​၍​လည်း မ​ရ​နိုင်​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 27,
      "text": "အကြောင်းမှာ ကိုယ်တော်​သည် ရေစက်ရေပေါက်​တို့​ကို အငွေ့ပြန်​စေ​၍ မိုးရေ​အဖြစ် ငွေ့ရည်​ဖွဲ့​စေ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 28,
      "text": "ထို့နောက် မိုးတိမ်​များ​မှ မိုးရွာသွန်း​စေ​၏​။ လူ​တို့​အဖို့ မိုး​များစွာ​ရွာသွန်း​စေ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 29,
      "text": "ထိုမျှမက တိမ်​များ ပြန့်​နေ​ခြင်း​၊ တဲ​တော်​မှ​မိုးခြိမ်းသံ​ထွက်​ခြင်း​တို့​ကို နားလည်​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 30,
      "text": "ကြည့်ရှု​လော့​။ ကိုယ်တော်​သည် ရောင်ခြည်​တော်​ကို ဝန်းကျင်​တစ်ခွင်လုံး ဖြာထွက်​စေ​၏​။ ပင်လယ်​အောက်ခြေ​ကို ဖုံးအုပ်​ထား​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 31,
      "text": "ဤသို့ဖြင့် လူ​တို့​ကို တရားသဖြင့်စီရင်​တော်မူ​၏​။ အစားအစာ​များ​ကို​လည်း အလျှံအပယ်​ပေး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 32,
      "text": "လျှပ်စီး​ကို လက်​တော်​ထဲတွင်​ဆုပ်ကိုင်​ထား​တော်မူ​၍ အမိန့်ပေး​စေလွှတ်​လိုက်​လျှင် ပစ်မှတ်​ကို ထိမှန်​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 33,
      "text": "မိုးခြိမ်းသံ​သည် ကိုယ်တော်​ရှိ​တော်မူ​ကြောင်း​ကို ကြေညာ​လိုက်​သည်​နှင့် မည်သို့​ဖြစ်လာ​မည်​ကို တိရစ္ဆာန်​များ​ပင် သိရှိ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 1,
      "text": "ဤ​အမှု​ကြောင့် အကျွန်ုပ်​သည် နှလုံးတုန်​ရင်ခုန်​ရ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 2,
      "text": "ကိုယ်တော့်​ထံမှ မြည်ဟိန်း​သော​အသံ​၊ နှုတ်​တော်​မှ​ထွက်​သော​အသံ​တော်​ကို သေချာ​စွာ​နားထောင်​ကြ​လော့​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 3,
      "text": "ကိုယ်တော်​သည် အသံ​တော်​ကို ကောင်းကင်​အောက်​တစ်ခွင်လုံး​သို့ လွှတ်​တော်မူ​၍ မြေကြီး​စွန်း​တိုင်အောင် လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 4,
      "text": "လျှပ်စီးလက်​ပြီးမှ အသံ​တော်​မြည်ဟိန်း​ထွက်လာ​၏​။ ဘုန်းကြီး​သော​အသံ​တော်​ဖြင့် မိုးခြိမ်း​စေ​တော်မူ​၏​။ အသံ​တော်​ကို​ကြား​ရ​သည်​နှင့် လျှပ်စီး​ကို အတားအဆီး​မ​ရှိ လွှတ်လိုက်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 5,
      "text": "ဘုရားသခင်​သည် အံ့ဖွယ်​သော​အသံ​တော်​ဖြင့် မိုးခြိမ်း​စေ​တော်မူ​၏​။ ကြီးမြတ်​သော​အမှု​၊ ငါ​တို့​နား​မ​လည်​နိုင်​သော​အမှု​ကို ပြု​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 6,
      "text": "နှင်းပွင့်​ကို ‘မြေကြီး​ပေါ်သို့​ကျ​စေ’​၊ မိုးစက်​များ​ကို ‘​သည်းထန်​စွာ​ရွာသွန်း​စေ​’​ဟု အမိန့်ပေး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 7,
      "text": "ကိုယ်တော်​သည် မိမိ​ပြု​တော်မူ​သော​အမှု​ကို လူ​အပေါင်း​တို့​သိ​မည့်​အကြောင်း လူ​တို့​လုပ်​သော​အလုပ်​ကို ရပ်စဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 8,
      "text": "ထိုအခါ တိရစ္ဆာန်​တို့​သည် သားအောင်းဂူ​ထဲသို့ ဝင်သွား​ကြ​၍ တွင်း​ထဲတွင် အောင်း​နေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 9,
      "text": "လေပွေ​သည် တောင်​အရပ်​မှ​လည်းကောင်း​၊ အေးမြ​သော​လေ​သည် မြောက်​အရပ်​မှ​လည်းကောင်း တိုက်ခတ်​လာ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 10,
      "text": "ဘုရားသခင်​၏​ထွက်သက်လေ​ဖြင့် ရေခဲ​၍ ရေ​မျက်နှာပြင် အေးခဲ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 11,
      "text": "တိမ်တိုက်​ကို ရေငွေ့​များ​နှင့်​ဖွဲ့​ထား​၍ လျှပ်စီးလက်​သောအခါ မိုးတိမ်​များ​ကို​ကွဲလွင့်​သွား​စေ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 12,
      "text": "ကိုယ်တော်​စေညွှန်​ရာ​သို့ မိုးတိမ်​များ​လွင့်ပါ​သွား​၏​။ အမိန့်​တော်​အတိုင်း​ပြု​ဖို့​ရန် ကမ္ဘာ​လောက​တစ်ခွင်လုံး​သို့ လွင့်မျော​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 13,
      "text": "ဒဏ်ခတ်​ဖို့​ဖြစ်စေ​၊ မြေကြီး​ဖို့​ဖြစ်စေ​၊ မေတ္တာပြ​ဖို့​ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်​များ​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 14,
      "text": "အို ယောဘ​၊ နားထောင်​ပါ​လော့​။ ငြိမ်ဝပ်​စွာ​နေ​၍ ဘုရားသခင်​ပြု​သော​အံ့ဖွယ်အမှု​တို့​ကို ဆင်ခြင်​ကြည့်​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 15,
      "text": "ဘုရားသခင်​သည် မိုးတိမ်​များ​ကို မည်သို့​ထိန်းချုပ်​ထား​သည်​ကို​လည်းကောင်း​၊ မိုးတိမ်​ထဲမှ မည်သို့​လျှပ်စီးလက်​စေ​သည်​ကို​လည်းကောင်း သင်​သိ​ပါ​သလော​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 16,
      "text": "တိမ်တိုက်​များ မည်သို့​လွင့်မျော​နေ​သည်​ကို သင်​သိ​ပါ​သလော​။ ထို​အမှု​သည် အလုံးစုံ​ကို​သိမြင်​သော​အရှင် ပြု​တော်မူ​သည့် အံ့ဖွယ်​အမှု​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 17,
      "text": "တောင်​လေ​ကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်​သွား​ချိန်​တွင် အဘယ်ကြောင့် သင့်​အဝတ် ပူနွေး​နေ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 18,
      "text": "သင်​သည် ကိုယ်တော်​နှင့်အတူ မိုးကောင်းကင်​ကို ကြေးမုံပြင်​ကဲ့သို့​သွန်းလုပ်​၍ ခိုင်ခံ့​စွာ​ဖြန့်ကြက်​ထား​သလော​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 19,
      "text": "ကိုယ်တော်​အား မည်သို့​ပြန်လျှောက်​ရ​မည်​ကို အကျွန်ုပ်​တို့​အား သင်ပြ​ပါ​။ အကျွန်ုပ်​တို့​မှာ အသိ​မှောင်မိုက်​သောကြောင့် အစီအစဉ်တကျ​မ​တင်ပြ​တတ်​ပါ​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 20,
      "text": "‘​ငါ ပြောစရာ​ရှိ​သည်​’​ဟု ကိုယ်တော့်​အား ဆို​သင့်​သလော​။ လူ​သည် အသက်ဆုံးရှုံး​ခံ​ပြီး ထိုသို့​ဆို​သင့်​သလော​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 21,
      "text": "လေတိုက်​၍ မိုးတိမ်​များ​ကင်းစင်​သွား​သောအခါ ကောင်းကင်​၌​တောက်ပ​သော​အလင်း​ကို လူ​တို့​မ​ကြည့်​နိုင်​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 22,
      "text": "မြောက်အရပ်​မှ ရွှေ​ရောင်​အလင်းတန်း ဖြာထွက်​လာ​၏​။ ဘုရားသခင်​၏​ဘုန်းကျက်သရေ​တော်​မှာ အံ့မခန်းဖွယ်​ပါ​တကား​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 23,
      "text": "အနန္တတန်ခိုးရှင်​ကို အကျွန်ုပ်​တို့ လိုက်​၍​မ​မီ​နိုင်​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင် ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့် ပြည့်စုံ​တော်မူ​၏​။ မတရား​သော​အမှု​ကို ပြု​တော်​မ​မူ​။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 24,
      "text": "သို့ဖြစ်၍ လူ​တို့​သည် ကိုယ်တော့်​ကို ကြောက်ရွံ့​ကြ​ပါ​၏​။ မိမိကိုယ်ကို ပညာရှိ​ဟု မှတ်ယူ​သူ​တို့​အား ကိုယ်တော် အရေးစိုက်​တော်​မ​မူ”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 1,
      "text": "နောက်ဆုံး​တွင် ထာဝရဘုရား​က ယောဘ​အား"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 2,
      "text": "“ပညာမဲ့​သော​စကား​များ​ဖြင့် ငါ့​အကြံအစည်​ကို မှောင်မိုက်​စေ​သော ဤ​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 3,
      "text": "ယခု ယောက်ျား​ပီသ​စွာ ခါး​ကို​စည်းထား​လော့​။ ငါ​မေး​သော​မေးခွန်း​ကို ဖြေ​လော့​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 4,
      "text": "ငါ​သည် မြေကြီး​ကို​အုတ်မြစ်ချ​စဉ်က သင်​အဘယ်မှာ​ရှိ​သနည်း​။ သင်​သိ​လျှင် ပြော​ပါ​လော့​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 5,
      "text": "မြေကြီး​ကို မည်သူ​တိုင်းတာ​သတ်မှတ်​သနည်း​။ သင်​အမှန်တကယ်​သိ​သလော​။ မြေကြီး​ပေါ်တွင် မျဉ်းကြိုး​ကို မည်သူ​ဆန့်ထား​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 6,
      "text": "မြေကြီး​အုတ်မြစ်​ကို မည်သည့်​နေရာ​တွင် မြှုပ်​ထား​သနည်း​။ မြေကြီး​ထောင့်ချုပ်ကျောက်​ကို မည်သူ​ချထား​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 7,
      "text": "ထိုစဉ်က မိုးသောက်ကြယ်​တို့ ဝိုင်းဖွဲ့​သီချင်းဆို​လျက်​၊ ဘုရား​သား​အပေါင်း​တို့​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 8,
      "text": "ရေ​သည် ပင်လယ်​ဝမ်း​ထဲမှ​ပေါက်ထွက်​လာ​၍ ပြည့်လျှံ​သောအခါ ပင်လယ်​တံခါး​ကို မည်သူ​ပိတ်​လိုက်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 9,
      "text": "ငါ​သည် ပင်လယ်ပြင်​ကို မိုးတိမ်​အဝတ်​ဖြင့်​လွှမ်းခြုံ​စေ​၍ အမှောင်ထု​နှင့်​ပတ်ရစ်​ပေး​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 10,
      "text": "ပင်လယ်ပြင်​စည်း​ကို သတ်မှတ်​ပြီး ကန့်လန့်ကျင်​များ​၊ တံခါး​များ​ကို ချထား​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 11,
      "text": "ပင်လယ်​အား ‘​သင်​တက်လာ​နိုင်​၏​။ ဤ​နေရာ​ထက်​မ​ကျော်​ရ​၊ ဤ​နေရာ​သည် လှိုင်းလုံး​ကြီး​များ​ရှိ​ရ​မည့်​နေရာ ဖြစ်​၏​’​ဟု ငါ​မှာထား​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 12,
      "text": "သင့်​တစ်သက်​တွင် နံနက်အချိန်​ကို အမိန့်ပေး​ဖူး​သလော​။ အရုဏ်​အား မိမိ​တက်​ရ​မည့်​နေရာ​ကို ပြပေး​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 13,
      "text": "မြေကြီး​စွန်း​တို့​ကို​ဆုပ်ကိုင်​ပြီး မြေကြီး​ပေါ်ရှိ​လူဆိုး​တို့​ကို ခါထုတ်​ရန် သူ​တို့​ကို အမိန့်ပေး​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 14,
      "text": "မြေကြီး​သည် မြေစေး​ပေါ်တွင်​တံဆိပ်ခတ်နှိပ်​သကဲ့သို့ ပုံပြောင်း​သွား​၏​။ အဝတ်တန်ဆာ​ဝတ်ဆင်​ထား​သကဲ့သို့ ပေါ်လာ​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 15,
      "text": "လူဆိုး​တို့​ထံမှ အလင်း​ကို​ရုပ်သိမ်း​တော်မူ​၏​။ မြှောက်ထား​သော​လက်​ကို ချိုး​ပစ်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 16,
      "text": "ပင်လယ်​ရေထွက်ပေါက်​များ​ရှိ​ရာ​သို့ သင်​ရောက်​ဖူး​သလော​။ အနက်​တကာ့​အနက်ဆုံး​နေရာ​တွင် သင်​သွားလာ​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 17,
      "text": "သေမင်း​တံခါး​များ​က သင့်​ကို​ဖွင့်ပေး​ဖူး​သလော​။ သေမင်းအရိပ်​၏​တံခါး​များ​ကို သင်​မြင်​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 18,
      "text": "မြေ​မျက်နှာပြင်​အကျယ်အဝန်း​ကို သင်​သိ​သလော​။ ဤ​အရာ​အားလုံး​ကို သင်​သိ​လျှင် ပြောပြ​ပါ​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 19,
      "text": "အလင်း​ရှိ​ရာ​သို့ ရောက်​သော​လမ်း​ကား အဘယ်မှာ​နည်း​။ အမှောင်ထု​၏​နေရာ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 20,
      "text": "သူ့​နေရာ​သို့ သူ့​ကို သင်​ခေါ်သွား​ပေး​နိုင်​သလော​။ သူ့​အိမ်​သို့​သွား​သော​လမ်း​ကို သင်​သိ​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 21,
      "text": "သင်​သိ​ရ​အောင် ထိုစဉ်​ကတည်းက သင်​မွေးဖွား​ပြီး သင်​အသက်ရှင်​နေ​ရ​သော​နေ့ရက် များပြား​နေ​ပြီ​လော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 22,
      "text": "နှင်းပွင့်​ဘဏ္ဍာတိုက်​များ​ထဲသို့ သင်​ဝင်​ဖူး​သလော​။ မိုးသီး​ဘဏ္ဍာတိုက်​များ​ကို သင်​မြင်​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 23,
      "text": "ဤ​ဘဏ္ဍာတိုက်​တို့​ကို ဆင်းရဲဒုက္ခ​ရောက်​သည့်​ကာလ​၊ စစ်မက်​ဖြစ်ပွား​သည့်​ကာလ​အဖို့ ငါ​သိုထား​ပြီ​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 24,
      "text": "အလင်း​ဖြာထွက်​ရာ​လမ်းကြောင်း​ကား အဘယ်မှာ​နည်း​။ အရှေ့​လေ​သည် မည်သည့်​အရပ်​မှ မြေကြီး​ပေါ်သို့ တိုက်ခတ်​လာ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 25,
      "text": "မိုးရေစီး​ရာ​မြောင်း​နှင့် မိုးကြိုးစီး​ရာ​လမ်းကြောင်း​တို့​ကို မည်သူ​ဖောက်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 26,
      "text": "လူ​မ​နေ​သော​မြေ​၊ လူသူမနေ​သော​တောကန္တာရ​တွင် မည်သူ​မိုးရွာ​စေ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 27,
      "text": "မြေရိုင်းမြေကော​များ​ကို ရေဝ​စေ​ပြီး မြက်နု​များ​ကို ပေါက်​စေ​သူ​မှာ မည်သူ​နည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 28,
      "text": "မိုးရေ​၌​ဖခင်​ရှိ​သလော​။ နှင်းစက်​တို့​ကို မည်သူ​ဖြစ်ပွား​စေ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 29,
      "text": "မည်သူ့​ဝမ်း​မှ ရေခဲ​ထွက်လာ​သနည်း​။ ကောင်းကင်​နှင်းခဲ​တို့​ကို မည်သူ​ဖြစ်ပွား​စေ​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 30,
      "text": "ရေ​သည် ကျောက်​ကဲ့သို့​မာကျော​သွား​ပြီး နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​သည်​လည်း အေးခဲ​လျက်​ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 31,
      "text": "ခုနစ်စင်ကြယ်​စု​ကို သင်​ချည်​ထား​နိုင်​သလော​။ သရဝဏ်ကြယ်​ကြိုး​ကို သင်​ဖြေပေး​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 32,
      "text": "ကြယ်စု​တို့​ကို ရာသီ​အလိုက် သင်​ပေါ်ထွက်​စေ​နိုင်​သလော​။ ဓူဝံကြယ်ကြီး​နှင့် အရံ​ကြယ်​တို့​ကို သင်​ထိန်းချုပ်​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 33,
      "text": "ကောင်းကင်​ဥပဒေသ​တို့​ကို သင်​သိ​သလော​။ ထို​ဥပဒေသ​တို့​ကို မြေကြီး​ပေါ်တွင်​လွှမ်းမိုး​တည်မြဲ​အောင် သင်​ပြု​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 34,
      "text": "သင့်​ကို မိုးရေ​များ ရွှဲနစ်​သွား​စေ​မည့်​အကြောင်း မိုးတိမ်​ကို အော်ခေါ်​ပြီး အမိန့်ပေး​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 35,
      "text": "လျှပ်စီးကြောင်း​တို့​ကို သင်​စေလွှတ်​နိုင်​သလော​။ လျှပ်စီးကြောင်း​တို့​က သင့်​ကို ‘​အကျွန်ုပ်​တို့​ရှိ​ပါ​သည်​’​ဟု ပြန်ပြော​ပြီး ထွက်သွား​လိမ့်မည်​လော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 36,
      "text": "ပညာ​ရှိ​သော​စိတ်​ကို မည်သူ​သွင်းပေး​နိုင်​သနည်း​။ နားလည်​နိုင်​သော​နှလုံးသား​ကို မည်သူ​ပေး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 37,
      "text": "မိုးတိမ်​များ​ကို ရေတွက်​နိုင်​လောက်အောင် မည်သူ​ဉာဏ်ပညာ​ရှိ​သနည်း​။ ကောင်းကင်​အိုး​တို့​ကို မည်သူ​သွန်ချ​နိုင်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 38,
      "text": "ထို​အိုး​တို့​ကို မြေမှုန့်​များ မာကျော​ပြီး မြေစိုင်​များ စေးကပ်​ကုန်​သည့်​အချိန်​တွင် မည်သူ​သွန်ချ​နိုင်​သနည်း​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 39,
      "text": "ခြင်္သေ့မ​အဖို့ သားကောင်​ကို သင်​ဖမ်း​ပေး​ဖူး​သလော​။ ခြင်္သေ့ပျို​တို့ အဆာပြေ​အောင် သင်​လုပ်ပေး​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 40,
      "text": "သူ​တို့​သည် တွင်း​ထဲ၌​ဝပ်​နေ​၍ ချုံ​ထဲ၌ လဲလျောင်း​ချောင်းမြောင်း​လျက်​နေ​စဉ်တွင် သူ​တို့​ကို အဆာပြေ​စေ​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 41,
      "text": "ကျီးသားငယ်​တို့ စားစရာ​မ​ရှိ​သောကြောင့် လှည့်လည်​ပျံဝဲ​လျက် ဘုရားသခင်​ထံ အကူညီ​အော်ဟစ်​တောင်းခံ​သောအခါ ကျီးကန်း​အတွက် စားစရာ မည်သူ​ပြင်ဆင်​ပေး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 1,
      "text": "တောင်ဆိတ်​တို့ မွေးဖွား​ချိန်​ကို သင်​သိ​သလော​။ သမင်မ​သားဖွား​သည်​ကို သင်​စောင့်ကြည့်​ပေး​ဖူး​သလော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 2,
      "text": "သူ​တို့​ဇီးကပ်​သော​လ​တို့​ကို သင်​မှတ်​ဖူး​သလော​။ သူ​တို့​သားပေါက်​မည့်​အချိန်​ကို သင်​သိ​သလော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 3,
      "text": "သူ​တို့​သည် ဝပ်​၍ သားပေါက်​ကို မွေးဖွား​ပြီးမှ သားဖွားဝေဒနာ​ကင်းငြိမ်း​သွား​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 4,
      "text": "သားပေါက်​တို့​သည် ကွင်းပြင်​တွင်ပင် ကြီးပြင်း​သန်စွမ်း​လာ​၍ အမိ​ထံမှ ထွက်သွား​ပြီး ပြန်လာ​လေ့​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 5,
      "text": "မြည်းရိုင်း​ကို မည်သူ လွတ်လပ်ခွင့်​ပေး​ထား​သနည်း​။ ချည်နှောင်​ထား​သော​မြင်းရိုင်း​ကြိုး​ကို မည်သူ​ဖြေ​ပေး​သနည်း​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 6,
      "text": "ကန္တာရ​ကို သူ​၏​နေအိမ်​၊ ဆားမြေ​ကို သူ​နေစရာမြေ​အဖြစ် ငါ​ပေး​ထား​ပြီ​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 7,
      "text": "သူ​သည် မြို့ပြ​ဆူညံသံ​ကို ဂရုမစိုက်​။ မောင်းနှင်​သော​သူ​တို့​၏​အော်ငေါက်သံ​ကို​လည်း နား​မ​ထောင်​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 8,
      "text": "စားကျက်​ရှိ​ရာ​တောင်ကုန်း​များ​ကို စူးစမ်း​ပြီးနောက် စိမ်းလန်း​သော​အပင်​အမျိုးမျိုး​ကို ရှာဖွေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 9,
      "text": "နွားရိုင်း​သည် သင်​စေခိုင်း​သော​အရာ​ကို လုပ်ပေး​မည်လော​။ သင်​ထား​သော​တင်းကုပ်​တွင် နေ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 10,
      "text": "နွားရိုင်း​ကို ကြိုးချည်​ပြီး လယ်ထွန်​ခိုင်း​၍ ရ​မည်လော​။ သင့်​နောက်သို့​လိုက်​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တွင် လယ်ထွန်​လိမ့်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 11,
      "text": "သူ​သည် ခွန်အား​ကြီး​သည်​ဆို​ပြီး သူ့​ကို ယုံစား​၍​ရ​မည်လော​။ သင်​လုပ်ဆောင်​ရ​မည့်​အလုပ်ကြမ်း​များ​ကို သူ့​အား လွှဲပေး​၍​ရ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 12,
      "text": "သင်​၏​ကောက်လှိုင်း​များ​ကို ယူဆောင်​လာ​၍ ကောက်နယ်တလင်း​တွင် စုသိမ်း​ပေး​မည်​ဟု သင်​ယုံ​သလော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 13,
      "text": "ငှက်ကုလားအုတ်​သည် အတောင်ပံ​ကို ဂုဏ်ယူဝင့်ကြွား​စွာ​ခတ်ပြ​သော်လည်း သူ့​အတောင်ပံ​၊ သူ့​အမွေး​သည် ငှက်ကျား​နှင့် ယှဉ်​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 14,
      "text": "သူ​သည် မြေ​ပေါ်တွင် ဥ​ပြီး ထို​ဥ​တို့​အနွေးဓာတ်​ရရှိ​စေရန် မြေမှုန့်​တွင် ထားခဲ့​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 15,
      "text": "ထို​ဥ​တို့​ကို တက်နင်း​မိ​မည်​၊ တောရိုင်းတိရစ္ဆာန်​တို့ နင်းခွဲ​မိ​မည်​ကို​လည်း သတိမထား​တတ်​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 16,
      "text": "မိမိ​သားပေါက်​တို့​ကို​လည်း ကိုယ့်​သားပေါက်​မ​ဟုတ်​သကဲ့သို့ ကြမ်းတမ်း​စွာ​ပြု​၏​။ သူ​လုပ်ဆောင်​သမျှ အချည်းနှီး​ဖြစ်​မည်​ကို​လည်း မ​ကြောက်​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 17,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် သူ့​အား ဉာဏ်ပညာ​ရှိ​ခွင့်​မပေး​။ အသိဉာဏ်​ကို​လည်း မ​ပေး​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 18,
      "text": "သို့သော် အတောင်ပံ​ကို​အမြင့်ဆုံး​ဖြန့်​ပြီး​သော​အချိန်​တွင် မြင်း​နှင့်​မြင်းစီး​သူ​ကို​ပင် လှောင်ရယ်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 19,
      "text": "မြင်း​ကို သင်​ခွန်အား​ပေး​နိုင်​သလော​။ မြင်း​၏​လည်ဆံမွေး​ကို သင်​ပေါက်​စေ​သလော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 20,
      "text": "သူ့​ကို ကျိုင်းကောင်​ကဲ့သို့ ခုန်ပေါက်​တတ်​စေ​နိုင်​သလော​။ သူ့​နှာမှုတ်သံကြီး​မှာ ကြောက်မက်ဖွယ်​ကောင်း​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 21,
      "text": "သူ​သည် ချိုင့်ဝှမ်းမြေ​တို့​ကို ခွာ​နှင့်​ပေါက်​တတ်​၏​။ ခွန်အားကြီး​ခြင်း​၌ ဂုဏ်ယူ​တတ်​၏​။ စစ်ပွဲ​သို့ ဒုန်းစိုင်း​ပြေးသွား​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 22,
      "text": "ကြောက်မက်ဖွယ်​ရာ​ကို​ပင် လှောင်ရယ်​တတ်​၏​။ မည်သည့်​အရာ​ကို​မျှ မ​ကြောက်​တတ်​။ ဓား​ရှေ့​မှ ရှောင်သွား​လေ့​မ​ရှိ​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 23,
      "text": "သူ့​အနီး​တွင် မြားကျည်တောက်သံ တတောက်တောက်မြည်​၍ လှံတို​လှံရှည်​တို့ တလက်လက်​တောက်ပ​နေ​သော်လည်း သူ​မ​ကြောက်​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 24,
      "text": "အားမာန်ပြင်းစွာ မြေကြီး​ပေါ် ဒုန်းစိုင်းပြေး​သွား​တတ်​၏​။ တံပိုးမှုတ်သံ​ကြား​လျှင် ဂနာမငြိမ်​ဖြစ်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 25,
      "text": "တံပိုးမှုတ်​လိုက်​သည်​နှင့် ဟီးကနဲ​အော်မြည်​တတ်​၏​။ တိုက်ပွဲ​ထဲမှ တပ်မှူး​တို့​၏​စစ်ငြာသံ​နှင့် ကြွေးကြော်သံ​တို့​ကို အဝေး​မှ အာရုံရ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 26,
      "text": "သိမ်းငှက်​က သူ​၏​အတောင်ပံ​တို့​ကို​ဖြန့်​ပြီး တောင်​အရပ်​သို့ ပျံသန်း​သွား​သည်​မှာ သင်​ပညာသင်​ပေး​ထား​၍​လော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 27,
      "text": "လင်းယုန်ငှက်​က အမြင့်​သို့​ပျံသန်း​၍ အသိုက်​ကို​လည်း အမြင့်ဆုံး​နေရာ​၌​ဆောက်လုပ်​တတ်​သည်​မှာ သင်​အမိန့်ပေး​ထား​၍​လော​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 28,
      "text": "သူ​သည် ကျောက်ဆောင်​များ​ကြား​တွင် နေထိုင်​တတ်​၏​။ ကျောက်အငူ​များ​၊ လိုဏ်ဂူ​များ​တွင် ညအိပ်နား​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 29,
      "text": "ထို​အရပ်​တို့​မှ​နေ​၍ အစာ​ကို ရှာ​တတ်​၏​။ သူ​၏​မျက်စိ​တို့​သည် အဝေး​သို့​လှမ်းမြင်​နိုင်​၏​။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 30,
      "text": "သူ​၏​သားပေါက်​များ​သည်ပင် သွေးစုပ်​သောက်​တတ်​ကြ​၏​။ အသေကောင်​များ​ရှိ​ရာ​အရပ်​တွင် သူ​ရှိ​တတ်​၏​”​ဟု မုန်တိုင်း​ထဲမှ မိန့်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 1,
      "text": "ထာဝရဘုရား​က ဆက်၍ ယောဘ​အား"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 2,
      "text": "“​အပြစ်တင်​ပြောဆို​တတ်​သော​သူ​၊ သင်​သည် အနန္တတန်ခိုးရှင်​ကို ဖက်ပြိုင်​မည်လော​။ ဘုရားသခင်​နှင့် ငြင်းခုံ​လို​သော​သူ​၊ သင်​ပြန်ပြော​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 3,
      "text": "ယောဘ​က ထာဝရဘုရား​အား"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 4,
      "text": "“​ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် ယုတ်ညံ့​သော​သူ​ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ပါ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 5,
      "text": "အကျွန်ုပ်​သည် တစ်ကြိမ် နှစ်ကြိမ်​မက ပြောဆို​မိ​ပါ​ပြီ​။ ယခုမှာ နောက်ထပ်​မ​ပြော​တော့​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​က ယောဘ​အား"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 7,
      "text": "“ယခု ယောက်ျား​ပီသ​စွာ ခါး​ကို​စည်းထား​လော့​။ ငါ​မေး​သော​မေးခွန်း​များ​ကို ဖြေ​လော့​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 8,
      "text": "သင်​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​ကို ပယ်ဖျက်​မည်လော​။ သင့်ကိုယ်သင် ဖြောင့်မတ်​ကြောင်း​ပြသ​ရန် ငါ့​ကို အပြစ်တင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 9,
      "text": "ငါ​ဘုရားသခင်​၏​လက်ရုံး​မျိုး သင်​၌​ရှိ​သလော​။ မိုးချုန်းသံ​ကဲ့သို့သော​အသံ​မျိုး သင်​၌​ရှိ​သလော​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 10,
      "text": "ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်​များ​၊ ထည်ဝါမှု​များ​နှင့် တန်ဆာဆင်​လိုက်​ပါ​။ ကျက်သရေ​မင်္ဂလာ​များ​နှင့် ဆင်ယင်​လိုက်​ပါ​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 11,
      "text": "သင်​၏​ဒေါသအိုး​ကို ဖောက်ခွဲ​လိုက်​ပြီး မောက်မာ​သော​သူ​အပေါင်း​တို့​ကို မာန်စွယ်ချိုး​ကြည့်​လိုက်​ပါ​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 12,
      "text": "မောက်မာ​သော​သူ​တို့​ကို နှိမ့်ချ​ကြည့်​လိုက်​ပါ​။ လူယုတ်မာ​တို့​ကို သူ​တို့​ရှိ​သော​နေရာ​တွင်ပင် နင်းချေ​လိုက်​ပါ​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 13,
      "text": "သူ​တို့​ကို မြေမှုန့်​ထဲမှာ အတူ​မြှုပ်​ပစ်​လိုက်​ပါ​။ မှောင်မိုက်​ထဲ၌ သူ​တို့​မျက်နှာ​ကို စည်းထား​လိုက်​ပါ​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 14,
      "text": "ထိုသို့​ပြု​နိုင်​လျှင် သင့်​လက်ရုံး​သည် သင့်​ကို ကာကွယ်​နိုင်​ပါ​သည်​တကား​ဟု ငါ​အသိအမှတ်ပြု​မည်​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 15,
      "text": "ဗေဟမုတ် ​ကို ကြည့်​လော့​။ သင့်​ကို​ငါ​ဖန်ဆင်း​သကဲ့သို့ သူ့​ကို​လည်း ငါ​ဖန်ဆင်း​ခဲ့​၏​။ သူ​သည် နွား​ကဲ့သို့ မြက်​ကို​စား​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 16,
      "text": "သူ့​ခွန်အား​သည် သူ့​ခါး​၌​ရှိ​၍ သူ့​စွမ်းအား​သည် သူ့​ဝမ်းဗိုက်​ကြွက်သား​များ​၌ ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 17,
      "text": "သူ့​အမြီး​သည် သစ်ကတိုးပင်​ကဲ့သို့ မာကျော​၏​။ သူ့​ပေါင်​ကြော​တို့​သည်​လည်း လိမ်ခွေယှက်ဖြာ​လျက် ရှိ​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 18,
      "text": "သူ့​အရိုး​တို့​သည် ကြေးဝါ​ချောင်း​များ​နှင့်​တူ​၏​။ ခြေချောင်း​လက်ချောင်း​တို့​သည်​လည်း သံ​ချောင်း​နှင့်​တူ​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 19,
      "text": "သူ​သည် ဘုရားသခင်​၏​အဦးဆုံး​ဖန်ဆင်းခံလက်ရာ ဖြစ်​၏​။ သူ့​ကို​ဖန်ဆင်း​ထား​သော​အရှင်​သာလျှင် ဓား​ဖြင့် သူ့​ထံ​ချဉ်းကပ်​နိုင်​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 20,
      "text": "အကယ်စင်စစ် သူ့​အဖို့ အစားအစာ​ကို တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကျက်စား​ရာ တောင်တန်း​တို့​မှ ရ​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 21,
      "text": "ကြာပင်​အောက်​မှာ​၊ စိမ့်စမ်းတော​ရှိ ကျူပင်​အကွယ်​မှာ ဝပ်​နေ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 22,
      "text": "ကြာပင်​သည် သူ့​ကို အရိပ်​မိုး​ပေး​၏​။ ချောင်း​နံဘေး​ရှိ​မိုးမခပင်​များ​သည် သူ့​ကို​ဝိုင်းရံ​ထား​၏​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 23,
      "text": "မြစ်ရေကြီး​သော်လည်း သူ​သည် ထိတ်လန့်​ခြင်း​မ​ရှိ​။ ဂျော်ဒန်​မြစ်ရေ​သည် သူ့​နှုတ်သီး​ကို အရှိန်​နှင့်​တိုက်သွား​လျှင်ပင် သူ​မမှု​ပါ​။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 24,
      "text": "သူ့​ကို ပေါ်ပေါ်ထင်ထင်​ဖမ်း​နိုင်​မည်လော​။ သူ့​ကို​ထောင်ဖမ်း​ပြီး နဖားကြိုး တပ်​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 1,
      "text": "လဝိသန် ​ကို ငါးမျှားချိတ်​ဖြင့် သင်​ဆွဲယူ​နိုင်​သလော​။ သူ့​လျှာ​ကို ကြိုး​နှင့်​ချည်​ထား​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 2,
      "text": "သူ့​နှာခေါင်း​ထဲသို့ ကြိုး​လျှိုသွင်း​နိုင်​သလော​။ သူ့​မေးရိုး​ကို သံချိတ်​နှင့် ဖောက်​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 3,
      "text": "သူ​သည် သင့်​ကို အကြိမ်ပေါင်း​များစွာ​အသနားခံ​လိမ့်မည်​လော​။ သင့်​ကို ညင်သာ​စွာ​ပြောဆို​လိမ့်မည်​လော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 4,
      "text": "သူ့​ကို ကျွန်​အဖြစ် တစ်သက်လုံး​သိမ်းပိုက်​ရန် သူ​သည် သင်​နှင့် ပဋိညာဉ်​ပြု​မည်လော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 5,
      "text": "ငှက်​နှင့်​ဆော့ကစား​သကဲ့သို့ သူ​နှင့် ဆော့ကစား​နိုင်​မည်လော​။ လုံမပျို​တို့​အဖို့ သူ့​ကို သင်​ဖမ်းချည်​ပေး​နိုင်​မည်လော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 6,
      "text": "ဈေးသည်​တို့​သည် သူ့​ကို​အရောင်းအဝယ်​လုပ်​ကြ​မည်လော​။ ကုန်သည်​တို့​သည် သူ့​ကို ခွဲဝေ​ယူ​ကြ​မည်လော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 7,
      "text": "သူ့​အရေခွံ​ကို မှိန်း​များ​နှင့်​လည်းကောင်း​၊ သူ့​ဦးခေါင်း​ကို ငါးထိုးလှံ​နှင့်​လည်းကောင်း ထိုးဖောက်​နိုင်​သလော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 8,
      "text": "သူ့​ကို သင်​လက်ရွယ်​လိုက်​သည်​နှင့် တိုက်ခိုက်​ခံရ​တတ်​သည်​ကို သတိရ​ပါ​။ ထို့ကြောင့် သင်​လက်ရွယ်​ရဲ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 9,
      "text": "သူ့​ကို​အနိုင်ရ​ဖို့​မျှော်လင့်​သော​သူ​သည် အမှားကြီးမှား​လိမ့်မည်​။ သူ့​ကို​မြင်​လိုက်​ရုံ​နှင့် မေ့မျောလဲကျ​သွား​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 10,
      "text": "သူ့​ကို သွားဆွ​ရဲ​လောက်အောင် မည်သူ​မျှ​သတ္တိ​မ​ရှိ​။ သို့ဖြစ်လျှင် ငါ့​ကို ဆန့်ကျင်​ပြီး မည်သူ​ခံရပ်​နိုင်​မည်နည်း​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 11,
      "text": "မည်သူ​သည် ငါ့​ကို အလျင်​ပေး​၍ ငါ​ပြန်​ပြီး​ပေး​ရ​မည်နည်း​။ မိုးကောင်းကင်​အောက် ရှိသမျှ​တို့​သည် ငါ့​အပိုင် ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 12,
      "text": "လဝိသန်​၏​ခြေလက်အင်္ဂါ​အကြောင်း​၊ ခွန်အားကြီး​ကြောင်း​၊ ကိုယ်လုံးကိုယ်ထည်​တောင့်တင်း​ကြောင်း​ကို ငါ မ​ပြောပြ​ဘဲ နေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 13,
      "text": "သူ​၏​အပေါ်ယံ​အရေခွံ ​ကို မည်သူ​ခွာချွတ်​နိုင်​သနည်း​။ ဇက်ကြိုး​နှစ်​ချောင်း​ဖြင့် သူ့​ထံ မည်သူ​လာ​ဝံ့​သနည်း​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 14,
      "text": "သူ့​ခံတွင်း​တံခါး​ကို မည်သူ​ဖွင့်​ဝံ့​သနည်း​။ ခံတွင်း​ထဲရှိ​သွားတန်း​သည်​လည်း ကြောက်မက်ဖွယ်​ကောင်း​လှ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 15,
      "text": "ချိတ်​ပိတ်​ထား​သလို တစ်​ခု​နှင့်​တစ်​ခု​ပူးကပ်​နေ​သော ဒိုင်းလွှား​သဖွယ် သူ့​အကြေးခွံ​များ​သည် သူ့​အဖို့ ဂုဏ်မောက်စရာ ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 16,
      "text": "အကြေးခွံ​တို့ ပူးကပ်​နေ​သောကြောင့် တစ်​ခု​နှင့်​တစ်​ခု​ကြားတွင် လေ​ပင်​မ​တိုး​နိုင်​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 17,
      "text": "တစ်ခု​နှင့်​တစ်ခု ထပ်​နေ​၏​။ ခွာ​၍​မ​ရ​နိုင်​လောက်အောင်​ကပ်​နေ​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 18,
      "text": "သူ​နှာချေ​လိုက်​လျှင် အလင်း​များ​ဖြာထွက်​၏​။ သူ့​မျက်လုံး​များ​သည် အရုဏ်ဦး​လင်းရောင်ခြည်​နှင့်​တူ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 19,
      "text": "ခံတွင်း​ထဲမှ မီးရှူးမီးပန်း​များ ဖြာထွက်​လာ​တတ်​၏​။ မီးပွား​များ လွင့်ထွက်​လာ​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 20,
      "text": "ဆူပွက်​နေ​သော​အိုး​၊ မီးတောက်​နေ​သော​ကျူရိုး​တို့​မှ မီးခိုး​ထွက်​သကဲ့သို့ သူ့​နှာခေါင်း​ထဲမှ မီးခိုး​ထွက်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 21,
      "text": "သူ​အသက်ရှူ​သောအခါ မီးသွေးခဲ​တို့ မီးတောက်​သွား​တတ်​၏​။ သူ့​နှုတ်​ထဲမှ မီးလျှံ​ထွက်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 22,
      "text": "သူ့​ခွန်အား​သည် သူ့​လည်ပင်း​၌ ရှိ​၏​။ သူ့​ရှေ့​ရောက်​သည်​နှင့် ကြောက်လန့်​၍ ပြန်ထွက်ပြေး​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 23,
      "text": "သူ့​အသားစိုင်​တို့​သည် ပူးကပ်​လျက်​ရှိ​၍ မ​ရွေ့​မ​လျား​နိုင်​အောင် တောင့်တင်းမာကျော​နေ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 24,
      "text": "သူ့​စိတ်နှလုံး​သည် ကျောက်​ကဲ့သို့​မာကျော​၏​။ အောက်ခံ​ကြိတ်ဆုံ​ကျောက်​ကဲ့သို့ မာကျော​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 25,
      "text": "သူ​ထ​လိုက်​ပြီ​ဆိုလျှင် လူစွမ်းကောင်း​များ​ပင် ကြောက်လန့်​သွား​ရ​၏​။ တဝုန်းဝုန်း​အသံ​ကြောင့် ကယောင်ချောက်ချား​ဖြစ်​သွား​ကြ​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 26,
      "text": "သူ့​ကို ဓား​နှင့်​တိုက်​လျှင်လည်း အရာရောက်​မည်​မ​ဟုတ်​။ လှံတို​၊ လှံရှည်​၊ မြား​တို့​နှင့်​လည်း ထိုနည်းတူပင်​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 27,
      "text": "သူ​သည် သံ​ကို ကောက်ရိုး​ကဲ့သို့​လည်းကောင်း​၊ ကြေးဝါ​ကို​သစ်​ဆွေး​ကဲ့သို့​လည်းကောင်း ထင်မှတ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 28,
      "text": "လေးမြား​သည် သူ့​ကို မ​ထွက်ပြေး​စေ​နိုင်​။ လောက်စာလုံး​သည်​လည်း သူ့​အဖို့ ရိုးပြတ်​ကဲ့သို့သာ ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 29,
      "text": "သူ​သည် တင်းပုတ်​ကို​လည်း ရိုးပြတ်​ဟု​သာ​ထင်မှတ်​ပြီး လှံ​ကို​ဝှေ့ယမ်း​ပြ​လျှင်ပင် လှောင်ရယ်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 30,
      "text": "သူ့​ဝမ်းဘက်​ပိုင်း​သည် အိုးခြမ်းကွဲ​ကဲ့သို့ အချွန်အတက်​များ​ပါရှိ​၏​။ ရွှံ့နွံ​ပေါ်တွင် သူ့ကိုယ်ကို​ဆန့်​လိုက်​သောအခါ ကောက်နယ်တလင်းပြားအရာ​ကဲ့သို့ ထင်ကျန်​ခဲ့​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 31,
      "text": "ရေထုကြီး​ကို​ပင် ရေနွေးအိုး​ကဲ့သို့ ဆူပွက်​စေ​နိုင်​၏​။ ဆီအိုးမွှေ​သကဲ့သို့ ပင်လယ်​ကို မွှေနှောက်​တတ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 32,
      "text": "သူ​သွား​ရာ​လမ်း​တွင် ရေ​များ​ဖွေးဖွေးလှုပ်​ကျန်​ခဲ့​ပြီး ရေထုကြီး​မှာ ဆံပင်ဖြူ​နေ​သယောင်ပင် ထင်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 33,
      "text": "မြေကြီး​ပေါ်တွင် သူ​နှင့်​နှိုင်းစရာ မ​ရှိ​။ သူ​သည် ကြောက်ရွံ့​ခြင်း​ကင်း​သော​သတ္တဝါ​ဖြစ်​၏​။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 34,
      "text": "မာန်တက်​သော​သတ္တဝါ​များ​ကို ခပ်မာမာ​ပင် ပြန်ကြည့်​တတ်​၏​။ သားရဲ​အပေါင်း​တို့​တွင် သူ​သည် ရှင်ဘုရင်​ပင် ဖြစ်​၏​”​ဟု မုန်တိုင်း​ထဲမှ မြွက်ဆို​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 1,
      "text": "ထိုအခါ ယောဘ​က ထာဝရဘုရား​အား"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 2,
      "text": "“​ကိုယ်တော်​သည် အရာခပ်သိမ်း​ကို​တတ်နိုင်​တော်မူ​၍ ကိုယ်တော်​၏​အကြံအစည်​ကို မည်သူ​မျှ မ​ဆီးတား​နိုင်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 3,
      "text": "‘​အသိဉာဏ်​မ​ရှိ​ဘဲ အကြံအစည်​တော်​ကို မျက်ကွယ်​ပြု​သူ​ကား မည်သူ​နည်း’​ဟု ကိုယ်တော်​မေး​တော်မူ​ပါ​၏​။ မှန်​ပါ​၏​။ အကျွန်ုပ်​နား​မ​လည်​သော​အရာ​၊ အကျွန်ုပ်​အတွက် အံ့မခန်း​ဖြစ်​သော​အရာ​၊ အကျွန်ုပ်​မ​သိ​နိုင်​သော​အရာ​များ​ကို ပြောဆို​မိ​ပါ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 4,
      "text": "ယခု အကျွန်ုပ်​လျှောက်ဆို​သည်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​မေးလျှောက်​သည်​များ​ကို ဖြေကြား​တော်မူ​ပါ​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 5,
      "text": "ကိုယ်တော့်​အကြောင်း​ကို နား​ဖြင့်​သာ​ကြား​ဖူး​ခဲ့​သော်လည်း ယခုမှာ အကျွန်ုပ်​သည် ကိုယ်တော့်​ကို မျက်မြင်ကိုယ်တွေ့​ဖူးမြင်​ရ​ပါ​ပြီ​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 6,
      "text": "ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 7,
      "text": "ဤသို့ ထာဝရဘုရား​သည် ယောဘ​နှင့်​စကား​ပြောဆို​ပြီးမှ ထာဝရဘုရား​က တေမန်​အမျိုးသား ဧလိဖတ်​အား “သင်​နှင့်​သင့်​မိတ်ဆွေ​နှစ်​ဦး​တို့​သည် ငါ့​အစေအပါး​ယောဘ​ကဲ့သို့ ငါ့​အကြောင်း​ကို မှန်မှန်ကန်ကန်​မ​ပြော​သောကြောင့် သင်​တို့​ကို ငါ​အမျက်ထွက်​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 8,
      "text": "ထို့ကြောင့် နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို​ယူ​၍ ငါ့​အစေအပါး​ယောဘ​ဆီ​သွား​ပြီး မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​လော့​။ ငါ့​အစေအပါး​ယောဘ​သည် သင်​တို့​အဖို့ ဆုတောင်း​ပေး​လိမ့်မည်​။ သင်​တို့​သည် ငါ့​အကြောင်း​ကို ယောဘ​ကဲ့သို့ မှန်မှန်ကန်ကန်​မ​ပြော​သောကြောင့် သင်​တို့​မိုက်မဲ​ခဲ့​သည့်​အတိုင်း သင်​တို့​ကို​မ​စီရင်​မည့်​အကြောင်း သူ​ဆုတောင်း​ပေး​လျှင် သူ့​မျက်နှာ​ကို​ထောက်​ပြီး ငါ​လက်ခံ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 9,
      "text": "ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​၊ ရှုအာ​အမျိုးသား ဗိလဒဒ်​၊ နေမတ်​အမျိုးသား​ဇောဖာ​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သွား​၍​ပြု​ကြ​၏​။ ထာဝရဘုရား​သည်​လည်း ယောဘ​၏​မျက်နှာ​ကို​ထောက်​၍ လက်ခံ​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 10,
      "text": "မိတ်ဆွေ​များ​အတွက် ယောဘ​ဆုတောင်း​ပေး​ပြီး​နောက်တွင် ထာဝရဘုရား​သည် ယောဘ​ဆုံးရှုံး​ခဲ့​ရ​သော​ဥစ္စာ​တို့​ကို ပြန်ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ယောဘ​အား သူ​ပိုင်ဆိုင်​ခဲ့​သမျှ​၏​နှစ်ဆ​ကို ပြန်ပေး​တော်မူ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 11,
      "text": "ထိုအခါ ယောဘ​၏​ညီအစ်ကို​မောင်နှမ​အပေါင်း​တို့​နှင့် ယခင်က သိကျွမ်း​ခဲ့​သူ​အပေါင်း​တို့​သည် သူ့​ထံသို့​ရောက်လာ​၍ သူ့​အိမ်​၌ အတူ​စားသောက်​ကြ​၏​။ သူ့​အား ထာဝရဘုရား ကြုံတွေ့​စေ​သော​ဆင်းရဲဒုက္ခ​အပေါင်း​တို့​အတွက် သူ့​ကို အားပေး​နှစ်သိမ့်​ကြ​၏​။ သူ့​အား ငွေစ​တစ်​စ​နှင့် ရွှေ​လက်စွပ်​တစ်​ကွင်း​စီ​လည်း ပေး​ကြ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 12,
      "text": "ယောဘ​၏​ဘဝ​အစပိုင်း​ထက် နောက်ပိုင်း​ကို ထာဝရဘုရား ပို၍​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​၌ သိုး တစ်သောင်းလေးထောင်​၊ ကုလားအုတ် ခြောက်​ထောင်​၊ နွား​အရှဉ်း တစ်ထောင်​၊ မြည်းမ တစ်ထောင် ရှိ​လေ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 13,
      "text": "သူ​သည် သား ခုနစ်​ယောက်​၊ သမီး သုံး​ယောက်​ကို​လည်း ရ​ပြန်​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 14,
      "text": "အကြီးဆုံး​သမီး​ကို ယေမိမ​၊ ဒုတိယ​သမီး​ကို ကေဇိ​၊ တတိယ​သမီး​ကို ကေရင်္ဟပ္ပုတ်​ဟု အမည်​မှည့်ခေါ်​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 15,
      "text": "တစ်ပြည်လုံး​တွင် ယောဘ​၏​သမီး​များ​ကဲ့သို့ အဆင်းလှ​သော​မိန်းမ​မျိုး တစ်ယောက်​မျှ​မ​ရှိ​။ သူ​တို့​၏​ဖခင်​သည် သူ​တို့​အား အစ်ကို​များ​၊ မောင်​များ​ကဲ့သို့ပင် အမွေ​ပေး​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 16,
      "text": "ယောဘ​သည် နှစ်​ပေါင်း​တစ်ရာ့​လေးဆယ် ဆက်လက်​အသက်ရှင်​၍ သားမြေး​မြစ် မျိုးဆက်​လေး​ဆက်​ကို​မြင်​ရ​၏​။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 17,
      "text": "ယောဘ​သည် အိုမင်းရင့်ရော်​၍ သက်တမ်း​စေ့​သောအခါ ကွယ်လွန်​သွား​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 1,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​အကြံဉာဏ်​အတိုင်း မ​လိုက်​မ​လျှောက်​၊ အပြစ်သား​တို့​၏​လမ်း​တွင်​မ​ရပ်​မ​နေ​၊ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​စုဝေး​ရာ​အရပ်​၌​မ​ထိုင်​၊"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 2,
      "text": "ထာဝရဘုရား​၏​တရားတော်​၌​မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်အောက်မေ့​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 3,
      "text": "ထို​သူ​ကား ရေစီး​သော​ချောင်း​နားမှာ စိုက်​ထား​၍ မိမိ​အချိန်တန်​သောအခါ​အသီး​သီး​ပြီး အရွက်​မ​ညှိုးနွမ်း​တတ်​သော​အပင်​နှင့်​တူ​၏​။ ပြု​လေသမျှ​တို့​၌​အောင်မြင်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 4,
      "text": "ဆိုးယုတ်​သော​သူ​တို့​မူကား ထိုကဲ့သို့​မ​ဟုတ်​။ လေတိုက်​၍ လွင့်သွား​သော​ဖွဲ​နှင့်​တူ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 5,
      "text": "ထို့ကြောင့် ဆိုးယုတ်​သော​သူ​တို့​သည် တရားစီရင်​တော်မူ​ရာ​ကာလ​၌​လည်းကောင်း​၊ အပြစ်သား​တို့​သည် ဖြောင့်မတ်​သော​သူ​တို့​၏ အစုအဝေး​ထဲ၌​လည်းကောင်း ရပ်တည်​နိုင်​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 6,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​ကို သိ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား ပျက်စီး​သွား​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 1,
      "text": "တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း​။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 2,
      "text": "ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 3,
      "text": "“​သူ​တို့​၏​အချည်အနှောင်​များ​ကို ငါ​တို့​ဖြတ်​ကြ​စို့​။ သူ​တို့​ချည်​သော​ကြိုး​များ​ကို ငါ​တို့​ထံမှ​ပယ်ရှား​ကြ​စို့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 4,
      "text": "ကောင်းကင်ဘုံ​၌ ထိုင်​တော်မူ​သော​အရှင်​သည် ရယ်မော​တော်မူ​၏​။ ဘုရားရှင်​သည် သူ​တို့​ကို​ပြက်ရယ်ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 5,
      "text": "ထို့နောက် ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ဖြင့် သူ​တို့​ကို​မိန့်​တော်မူ​၍ မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ကာ"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 6,
      "text": "“​ငါ​၏​သန့်ရှင်း​သော​ဇိအုန်​တောင်​ပေါ်တွင် ငါ​၏​ရှင်ဘုရင်​ကို ငါ​ခန့်အပ်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 7,
      "text": "ထာဝရဘုရား​၏​ပြဋ္ဌာန်းချက်​ကို ငါ​ပြောကြား​မည်​။ ကိုယ်တော်​က “​သင်​သည် ငါ​၏​သား​ဖြစ်​၏​။ ယနေ့​ပင် သင့်​ကို​ငါ​ဖွားမြင်​စေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 8,
      "text": "ငါ့​ထံမှ​တောင်း​လော့​။ တောင်း​လျှင် တိုင်းနိုင်ငံ​တို့​ကို သင်​၏​အမွေ​အဖြစ် ငါ​ပေး​၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် သင်​၏​ပိုင်ဆိုင်​ရာ​ဖြစ်စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 9,
      "text": "သင်​သည် သံ​လှံတံ​ဖြင့် သူ​တို့​ကို​ကျိုးပဲ့​စေ​၍ သူ​တို့​ကို မြေအိုး​ကဲ့သို့ ရိုက်ခွဲ​လိမ့်မည်​” ​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 10,
      "text": "ထို့ကြောင့် ရှင်ဘုရင်​တို့​၊ ပညာသတိ​ရှိ​ကြ​လော့​။ ကမ္ဘာမြေကြီး​ပေါ်ရှိ​တရားစီရင်​သူ​တို့​၊ ပဲ့ပြင်​ခြင်း​ကို​ခံယူ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 11,
      "text": "ကြောက်ရွံ့​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို ဆောင်ရွက်​ကြ​လော့​။ ထိတ်လန့်တုန်လှုပ်​လျက် ရွှင်လန်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 12,
      "text": "သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ များစွာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 2,
      "text": "များစွာ​သော​သူ​တို့​က “​ဘုရားသခင်​သည် သူ့​ကို​ကယ်တင်​မည်​မ​ဟုတ်​”​ဟု အကျွန်ုပ်​၏​စိတ်ဝိညာဉ်​နှင့်​ပတ်သက်၍ ပြောဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 3,
      "text": "သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​ဒိုင်းလွှား​၊ အကျွန်ုပ်​၏​ဘုန်းအသရေ​နှင့် အကျွန်ုပ်​၏​ဦးခေါင်း​ကို ချီးမြှောက်​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 4,
      "text": "ငါ​သည် အသံ​ကို​လွှင့်​၍ ထာဝရဘုရား​ကို​ခေါ်​သောအခါ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်မှ ငါ့​ကို​ထူး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ငါ့​ကို​ဖေးမ​တော်မူ​သောကြောင့် ငါ​သည် လဲလျောင်း​၍​အိပ်ပျော်​ရ​သော​အခွင့်​၊ နိုး​ရ​သော​အခွင့်​ကို​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 6,
      "text": "ငါ့​ကို​ဆန့်ကျင်​လျက် ပတ်လည်​မှ​သောင်းချီ​ဝိုင်းရံ​ထား​သော​လူ​တို့​ကို ငါ​ကြောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​ရှိသမျှ​တို့​၏​ပါး​ကို​ရိုက်​၍ ဆိုးယုတ်​သော​သူ​တို့​၏​သွား​ကို ချိုး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 8,
      "text": "ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် သက်ရောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 1,
      "text": "အကျွန်ုပ်​ကို​ဖြောင့်မတ်​စေ​တော်မူ​သော ဘုရားသခင်​၊ အကျွန်ုပ်​ခေါ်​သောအခါ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​ပေး​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို​သနား​၍ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 2,
      "text": "အချင်း​လူသား​တို့​၊ ငါ​၏​ဘုန်းအသရေ​ကို​မည်မျှ​ကြာ​အောင် ရှုတ်ချ​ကြ​မည်နည်း​။ မည်သည့်​အချိန်​အထိ အချည်းနှီး​သော​အရာ​ကို​နှစ်သက်​၍ လိမ်လည်​ခြင်း​ကို​လိုက်ရှာ​ကြ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 3,
      "text": "ထာဝရဘုရား​သည် သန့်ရှင်း​သူ​ကို မိမိ​အတွက် သီးသန့်ခွဲ​ထား​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 4,
      "text": "အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်​။ သင်​တို့​အိပ်ရာ​ပေါ်တွင် သင်​တို့​စိတ်နှလုံး​၌​စဉ်းစားဆင်ခြင်​လျက် တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 5,
      "text": "ဖြောင့်မတ်​ခြင်း​ယဇ်​များ​ကို​ပူဇော်​၍ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 6,
      "text": "များစွာ​သော​သူ​တို့​က “​ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​အား​မည်သူ​ပြ​နိုင်​မည်နည်း​”​ဟု ပြောဆို​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို အကျွန်ုပ်​တို့​အပေါ် ထွန်းလင်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 7,
      "text": "အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ပေး​တော်မူ​သော​ဝမ်းမြောက်​ခြင်း​သည် သူ​တို့​၏​ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ပေါများ​သော​အချိန်​တွင် သူ​တို့​၌​ရှိ​သော​ဝမ်းမြောက်​ခြင်း​ထက် သာလွန်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 8,
      "text": "အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​လဲလျောင်း​၍ အိပ်ပျော်​ပါ​မည်​။ အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် အကျွန်ုပ်​အား ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စကား​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​ညည်းညူသံ​ကို သတိပြု​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ရှင်ဘုရင်​နှင့်​အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံ ဆုတောင်း​သည်​ဖြစ်၍ အကျွန်ုပ်​၏​အော်ဟစ်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ နံနက်အချိန်​၌ အကျွန်ုပ်​၏​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် တိုးလျှိုး​အသနားခံ​၍ စောင့်​လျက်​နေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ဆိုးယုတ်မှု​ကို​နှစ်သက်​သော​ဘုရား​မ​ဟုတ်​ပါ​။ မကောင်းမှု​ပြု​သော​သူ​သည် ကိုယ်တော်​နှင့်အတူ​နေထိုင်​ခွင့်​ရ​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 5,
      "text": "ဝါကြွား​သော​သူ​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ရပ်​နိုင်​ကြ​မည်​မ​ဟုတ်​ပါ​။ ကိုယ်တော်​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​ကို မုန်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 6,
      "text": "လိမ်လည်​ပြောဆို​သော​သူ​တို့​ကို​ဖျက်ဆီး​တော်မူ​၏​။ ထာဝရဘုရား​သည် လူ​အသက်​ကို​သတ်​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော​သူ​တို့​ကို စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 7,
      "text": "အကျွန်ုပ်​မူကား ကိုယ်တော်​၏ ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကြောင့် ကိုယ်တော်​၏​အိမ်​တော်​သို့​ရောက်​၍ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​စိတ်​ဖြင့် ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ဘက်​သို့ မျက်နှာမူ​လျက် ရှိခိုးကိုးကွယ်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​ရှေ့​မှာ ဖြောင့်တန်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 9,
      "text": "အကြောင်းမူကား သူ​တို့​၏​နှုတ်​တွင် တည်ကြည်မှု​မ​ရှိ​ပါ​။ သူ​တို့​စိတ်​ထဲ၌ ယုတ်မာစဉ်းလဲမှု​ရှိ​၍ သူ​တို့​၏​လည်ချောင်း​သည် ပွင့်​နေ​သော​သင်္ချိုင်းတွင်း​ဖြစ်​ပါ​၏​။ သူ​တို့​၏​လျှာ​သည် မြှောက်ပင့်​ပြောဆို​တတ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 10,
      "text": "အို ဘုရားသခင်​၊ သူ​တို့​အပေါ် အပြစ်​သင့်ရောက်​စေ​တော်မူ​ပါ​။ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​များ​ဖြင့် လဲကျ​ကြ​ပါစေသော​။ သူ​တို့​သည် ကိုယ်တော်​ကို​ပုန်ကန်​ကြ​သည်​ဖြစ်၍ သူ​တို့​ကျူးလွန်​သည့်​များစွာ​သော​အပြစ်​အတွက် သူ​တို့​ကို​နှင်ထုတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 11,
      "text": "သို့သော် ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် ဝမ်းမြောက်​ကြ​ပါစေသော​။ အစဉ်အမြဲ​ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။ ကိုယ်တော်​သည် သူ​တို့​ကို အုပ်မိုး​ကွယ်ကာ​တော်မူ​သည်​ဖြစ်၍ နာမ​တော်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကိုယ်တော်​၌ ရွှင်လန်း​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 12,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို ကောင်းချီးပေး​၍ သူ့​ကို​ကျေးဇူး​တော်​ဖြင့် ဒိုင်းကာ​ကဲ့သို့ ဝန်းရံ​ကာကွယ်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို​ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို​ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 2,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အားအင်ချည့်နဲ့​နေ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အရိုး​တို့​သည် ထိတ်လန့်​လျက်​ရှိ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 3,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်​လည်း အလွန်​ထိတ်လန့်​နေ​ပါ​၏​။ အို ထာဝရဘုရား​၊ မည်မျှ​ကြာ​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ တစ်ဖန်​ကြွလာ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ကယ်မ​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 5,
      "text": "အကြောင်းမူကား သေလွန်သူ​တို့​အလယ်​တွင် ကိုယ်တော်​ကို​အောက်မေ့​ခြင်း​မ​ရှိ​ပါ​။ မရဏာနိုင်ငံ​တွင် ကိုယ်တော်​ကို​မည်သူ​ချီးမွမ်း​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 6,
      "text": "အကျွန်ုပ်​သည် ညည်းတွား​ရ​သဖြင့်​ပင်ပန်း​လှ​ပါ​၏​။ ညစဉ်ညတိုင်း အကျွန်ုပ်​၏​မျက်ရည်​များ​ဖြင့် အကျွန်ုပ်​၏​ညောင်စောင်း​သည် အိုင်ထွန်း​၍ အကျွန်ုပ်​၏​ခုတင်​သည် စိုရွှဲ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 7,
      "text": "အကျွန်ုပ်​၏​မျက်စိ​သည် ပူဆွေး​ခြင်း​ကြောင့်​အားယုတ်​၍ အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​ကြောင့် မှုန်ဝါး​သွား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 8,
      "text": "အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ငိုကြွေး​သံ​ကို​ကြား​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 9,
      "text": "ထာဝရဘုရား​သည် ငါ​၏​အသနားခံချက်​ကို ကြား​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ငါ​၏​ဆုတောင်းချက်​ကို လက်ခံ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 10,
      "text": "ငါ​၏​ရန်သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​၍ အလွန်​ထိတ်လန့်​ကြ​လိမ့်မည်​။ သူ​တို့​သည် ပြန်လှည့်​၍ ချက်ချင်း​ပင်​အရှက်ကွဲ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 1,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​၍ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 2,
      "text": "သို့မဟုတ်လျှင် ကယ်နုတ်​သူ​မ​ရှိ​စဉ် သူ​တို့​သည် ခြင်္သေ့​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆုတ်ဖြဲ​၍ အပိုင်းပိုင်း​ကိုက်ဖြတ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 3,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကယ်၍ အကျွန်ုပ်​သည် ဤ​အမှု​တို့​ကို​ပြု​ခဲ့​သည်​ဆိုလျှင် တစ်နည်း​အားဖြင့် အကျွန်ုပ်​လက်​၌ မတရားမှု​ရှိ​ခဲ့​သည်​ဆို​လျှင်​၊"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 4,
      "text": "အကျွန်ုပ်​နှင့်​သင့်မြတ်​သော​သူ​အပေါ် မကောင်းမှု​ပြု​ခဲ့​၍ အကျွန်ုပ်​ရန်သူ​၏​ဥစ္စာ​ကို အကြောင်းမဲ့​လုယူ​ခဲ့​သည်​ဆို​လျှင်"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 5,
      "text": "ရန်သူ​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို လိုက်​၍​မီ​ပါစေ​။ အကျွန်ုပ်​၏​အသက်​ကို မြေ​ပေါ်မှာ​နင်းချေ​ပါစေ​။ အကျွန်ုပ်​၏​ဘုန်းအသရေ​ကို​လည်း မြေမှုန့်​ထဲမှာ​ချ​ထား​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 6,
      "text": "အို ထာဝရဘုရား​၊ အမျက်​တော်​နှင့်​ထ​တော်မူ​ပါ​။ အကျွန်ုပ်​ရန်သူ​တို့​၏​ဒေါသ​ကို​ဆန့်ကျင်​လျက် ရပ်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက် နိုးကြွ​တော်မူ​ပါ​။ ကိုယ်တော်​သည် တရားစီရင်​ခြင်း​ကို​စီမံ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 7,
      "text": "လူမျိုး​တို့​၏​အစုအဝေး​သည် ကိုယ်တော်​ကို​ဝိုင်းရံ​ကြ​ပါစေ​။ ထို​သူ​တို့​အထက် မြင့်သောအရပ်​သို့ ပြန်ကြွ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 8,
      "text": "ထာဝရဘုရား​သည် လူမျိုးတကာ​တို့​ကို စစ်ကြောစီရင်​တော်မူ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​၊ အကျွန်ုပ်​၏​တည်ကြည်​ခြင်း​နှင့်အညီ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 9,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​မကောင်းမှု​သည် ပပျောက်​သွား​ပါစေ​။ သို့သော် ဖြောင့်မတ်​သော​သူ​ကို​တည်မြဲ​စေ​တော်မူ​ပါ​။ ဖြောင့်မတ်​တော်မူ​သော​ဘုရားသခင်​သည် စိတ်နှလုံး​အတွင်းသဘော​ကို စစ်ဆေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 10,
      "text": "စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 11,
      "text": "ဘုရားသခင်​သည် ဖြောင့်မတ်​စွာ​တရားစီရင်​သော​အရှင်​ဖြစ်​တော်မူ​ပြီး ဆိုးယုတ်​သော​သူ​ကို နေ့စဉ်​နှင့်အမျှ​အမျက်ထွက်​တော်မူ​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 12,
      "text": "သူ​သည် နောင်တ​မ​ရ​လျှင် ကိုယ်တော်​သည် ဓား​တော်​ကို​သွေး​ထား​လိမ့်မည်​။ လေး​တော်​ကို​တင်​၍ ချိန်ရွယ်​ထား​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 13,
      "text": "သေ​စေ​တတ်​သော​လက်နက်​တို့​ကို​လည်း ထို​သူ​အတွက်​ပြင်ဆင်​၍ မီး​မြား​တို့​ကို ပြင်ဆင်​ထား​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 14,
      "text": "ကြည့်ရှု​လော့​။ ထို​သူ​သည် အပြစ်ဒုစရိုက်​ကို​သန္ဓေလွယ်​၍ အခက်အခဲ​ပြဿနာ​ကို ကိုယ်ဝန်ဆောင်​ကာ မုသား​ကို​မွေးဖွား​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 15,
      "text": "သူ​သည် တွင်း​တူး​၍ ၎င်း​ကို​ယက်ထုတ်​ကာ မိမိ​တူး​ထား​သော​တွင်း​ထဲသို့ ကျ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 16,
      "text": "သူ​ဖန်တီး​သော​အခက်အခဲ​ပြဿနာ​သည် သူ့​ခေါင်း​ပေါ်​ပြန်ရောက်​၍ သူ​၏​ရက်စက်ကြမ်းကြုတ်မှု​သည် သူ​၏​ဦးခေါင်းထိပ်​ပေါ်​ကျ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 17,
      "text": "ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​ခြင်း ရှိ​သည့်​အတိုင်း ငါ​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ အမြင့်ဆုံး​သော​ထာဝရဘုရား​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 1,
      "text": "အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​ဘုန်းကျက်သရေ​ကို ကောင်းကင်​ပေါ်မှာ တည်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 2,
      "text": "ကိုယ်တော်​ကို​ရန်ဖက်ပြု​သူ​များ​ကြောင့် ကလေးသူငယ်​များ​နှင့်​နို့စို့ကလေးငယ်​များ​၏​နှုတ်​တွင် အစွမ်းသတ္တိ​ကို​တည်​စေ​တော်မူ​၏​။ ဤသည်ကား ရန်သူ​နှင့် လက်တုံ့ပြန်​သူ​တို့​ကို တိတ်ဆိတ်​စေရန်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 3,
      "text": "ကိုယ်တော်​၏​လက်ချောင်း​တို့​ဖြင့်​ပြု​တော်မူ​သော ကိုယ်တော်​၏​ကောင်းကင်​ကို​လည်းကောင်း​၊ ကိုယ်တော်​တည်​တော်မူ​သော လ​နှင့်​ကြယ်​များ​ကို​လည်းကောင်း အကျွန်ုပ်​ကြည့်ရှုဆင်ခြင်​သောအခါ"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 4,
      "text": "လူ​သည်​မည်သို့သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​အောက်မေ့​တော်မူ​ရ​သနည်း​။ လူ့​သား​သည် မည်သို့သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​ကြည့်ရှု​တော်မူ​ရ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 5,
      "text": "ကိုယ်တော်​သည် သူ့​ကို​ဘုရားသခင် ​ထက် ခေတ္တခဏ​နိမ့်ကျ​စေ​ပြီးလျှင် ဘုန်း​တော်​နှင့်​ဂုဏ်တော်​တို့​ဖြင့် သူ့​ကို​သရဖူ​ဆောင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 6,
      "text": "သူ့​အား ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို​အုပ်စိုး​စေ​၍ အရာ​ခပ်သိမ်း​တို့​ကို​သူ​၏​ခြေ​အောက်​၌ ချထား​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 7,
      "text": "ထို​အရာ​တို့​တွင် သိုး​နွား​အားလုံး​နှင့် တောတိရစ္ဆာန်​များ​အပြင်"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 8,
      "text": "မိုးကောင်းကင်​ငှက်​များ​၊ ပင်လယ်​ငါး​များ​နှင့် သမုဒ္ဒရာ​ရေကြောင်း​တို့​၌ ကူးခပ်သွားလာ​သည့် သတ္တဝါ​များ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 1,
      "text": "အကျွန်ုပ်​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 2,
      "text": "အို အမြင့်ဆုံး​သော​အရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ရွှင်လန်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 3,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​သည် နောက်ပြန်ဆုတ်​သောအခါ ခလုတ်တိုက်​၍ ကိုယ်တော်​၏​ရှေ့​တော်​၌ ပျက်စီး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​၍ အကျွန်ုပ်​၏​အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​တော်မူ​ပြီ​။ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ဖြောင့်မတ်​စွာ​တရားစီရင်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 5,
      "text": "ကိုယ်တော်​သည် တိုင်းနိုင်ငံ​တို့​ကို ဆုံးမ​၍ ဆိုးယုတ်​သော​သူ​တို့​ကို​ဖျက်ဆီး​ကာ သူ​တို့​၏​အမည်​များ​ကို ကာလ​အစဉ်အဆက် ပယ်ဖျက်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 6,
      "text": "ရန်သူ​တို့​သည် ထာဝရ​ပျက်စီး​ခြင်း​ထဲ၌ ပျက်စီး​ကုန်ဆုံး​ကြ​ပါ​ပြီ​။ မြို့​တို့​ကို​ဖြိုဖျက်​တော်မူ​သဖြင့် ၎င်း​တို့​နှင့်​ပတ်သက်​သည့်​အောက်မေ့စရာ​သည် ပျောက်ကွယ်​သွား​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 7,
      "text": "ထာဝရဘုရား​မူကား အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။ ကိုယ်တော်​သည် တရားစီရင်ခြင်း​အတွက် မိမိ​ပလ္လင်​တော်​ကို​တည်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 8,
      "text": "ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​စွာ​တရားစီရင်​၍ လူမျိုး​အပေါင်း​တို့​ကို သမာသမတ်​ရှိ​စွာ​စစ်ကြောစီရင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 9,
      "text": "ထာဝရဘုရား​သည် ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​ခိုကိုး​ရာ​၊ ဘေးဒုက္ခ​ရောက်​ချိန်​၌ ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 10,
      "text": "ကိုယ်တော်​၏​နာမ​တော်​ကို​သိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​အား စွန့်ပစ်​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 11,
      "text": "ဇိအုန်​၌​စိုးစံ​တော်မူ​သော​ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​ပြု​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အလယ်​၌ ပြောကြား​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 12,
      "text": "အကြောင်းမူကား သွေးကြွေး​ပြန်တောင်း​တတ်​သော ကိုယ်တော်​သည် ထို​သူ​တို့​ကို​အောက်မေ့​တော်မူ​၏​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏ အော်ဟစ်တောင်းလျှောက်သံ​ကို မေ့လျော့​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ သေ​ခြင်း​၏​တံခါးဝ​မှ အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို​ကြည့်ရှု​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 14,
      "text": "ထိုအခါ အကျွန်ုပ်​သည် ဇိအုန်​သမီး​၏​တံခါးဝ​တို့​၌ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို ပြောကြား​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​နိုင်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 15,
      "text": "လူမျိုးတကာ​တို့​သည် မိမိ​တို့​တူး​ထား​သော​တွင်း​ထဲသို့ ကျ​ကြ​ပြီ​။ သူ​တို့​ခြေ​သည် မိမိ​တို့​လျှို့ဝှက်​စွာ​ထောင်​ထား​သော ပိုက်ကွန်​၌​မိ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 16,
      "text": "ထာဝရဘုရား​သည် တရားစီရင်​တော်မူ​ခြင်း​အားဖြင့် မိမိ​အကြောင်း​ကို​ထင်ရှား​စေ​တော်မူ​ပြီ​။ ဆိုးယုတ်​သော​သူ​သည် မိမိ​လက်​ဖြင့်​ပြုလုပ်​ထား​သော​အရာ​၌ ကျော့မိ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 17,
      "text": "ဆိုးယုတ်​သော​သူ​တို့​နှင့် ဘုရားသခင်​ကို​မေ့လျော့​သော​လူမျိုး​အပေါင်း​တို့​သည် မရဏာနိုင်ငံ​သို့​လှည့်သွား​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 18,
      "text": "သို့သော် နွမ်းပါး​သော​သူ​တို့​သည် အစဉ်​မေ့လျော့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ထာဝစဉ်​ပျက်စီး​သွား​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 19,
      "text": "အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ လူ​သည် အနိုင်​မ​ရ​ပါစေ​နှင့်​။ လူမျိုးတကာ​တို့​သည် ရှေ့​တော်​၌​တရားစီရင်​ခြင်း​ခံ​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 20,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​ကို​ကြောက်လန့်​စေ​တော်မူ​ပါ​။ မိမိ​တို့​သည် လူသက်သက်​သာ​ဖြစ်ကြောင်း လူမျိုးတကာ​တို့​အား​သိ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အဝေး​၌​ရပ်​နေ​တော်မူ​သနည်း​။ ဘေးဒုက္ခ​ရောက်​ချိန်​၌ အဘယ်ကြောင့် ပုန်းကွယ်​၍​နေ​တော်မူ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 2,
      "text": "ဆိုးယုတ်​သော​သူ​သည် အဖိနှိပ်​ခံရ​သော​သူ​ကို မာန်မာန​ဖြင့် အပြင်းအထန်​လိုက်​တတ်​၏​။ သူ​တို့​သည် မိမိ​တို့​ကြံစည်​ထား​သည့် ကောက်ကျစ်​သော​အကြံအစည်​များ​ဖြင့် ပြန်​၍​ဖမ်းဆီး​ခြင်း​ခံရ​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 3,
      "text": "အကြောင်းမူကား ဆိုးယုတ်​သော​သူ​သည် မိမိ​စိတ်ဝိညာဉ်​၏​အလိုဆန္ဒ​များ​၌ ဂုဏ်ယူဝါကြွား​၍ လောဘကြီး​သော​သူ​သည် ထာဝရဘုရား​ကို​ကျိန်ဆဲ​လျက် မထီလေးစား​ပြု​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 4,
      "text": "ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။ “​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 5,
      "text": "သူ​၏​လမ်းခရီး​တို့​သည် အစဉ်အမြဲ​ချောမွေ့​နေ​တတ်​၏​။ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် သူ​နှင့်​အလှမ်းဝေး​သည့် မြင့်သောအရပ်​၌​ရှိ​၏​။ သူ​သည် မိမိ​ရန်သူ​ရှိသမျှ​တို့​ကို ပြောင်လှောင်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 6,
      "text": "သူ​၏​စိတ်နှလုံး​ထဲ၌ “​ငါ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ မျိုးဆက်​အစဉ်အဆက် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 7,
      "text": "သူ​၏​နှုတ်​သည် ကျိန်ဆဲ​ခြင်း​၊ လိမ်လည်လှည့်ဖြား​ခြင်း​၊ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​ပြည့်​လျက်​ရှိ​၏​။ သူ​၏​လျှာ​အောက်​၌ အခက်အခဲ​ပြဿနာ​နှင့် အပြစ်ဒုစရိုက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 8,
      "text": "သူ​သည် ရွာ​များ​တွင် ချုံခိုတိုက်ခိုက်​ရန်​ထိုင်စောင့်​လျက် အပြစ်ကင်း​သော​သူ​ကို​ကွယ်​ရာ​၌ သတ်ဖြတ်​တတ်​၏​။ သူ​၏​မျက်လုံး​တို့​သည် ခိုကိုးရာမဲ့သောသူ​ကို ချောင်းမြောင်း​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 9,
      "text": "သူ​သည် ပုန်းအောင်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ကွယ်​ရာ​မှ ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို​ဖမ်းဆီး​ရန် ချောင်းမြောင်း​နေ​တတ်​၏​။ အဖိနှိပ်​ခံရ​သော​သူ​ကို သူ​၏​ပိုက်ကွန်​ထဲသို့​ဆွဲယူ​ဖမ်းဆီး​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 10,
      "text": "သူ​သည် အင်အားကြီး​သောကြောင့် ခိုကိုးရာမဲ့​သော​သူ​တို့​သည် သူ​၏​ချေမှုန်း​ခြင်း​ကို​ခံရ​၍ ပြားပြားဝပ်​လျက်​ကျဆုံး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 11,
      "text": "သူ​က “​ဘုရားသခင် မေ့လျော့​တော်မူ​ပြီ​။ မျက်နှာ​တော်​လွှဲ​၍ မည်သည့်​အခါ​မျှ မြင်​တော်​မ​မူ​”​ဟု စိတ်နှလုံး​ထဲ၌​ပြောဆို​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 12,
      "text": "အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ အို ဘုရားသခင်​၊ လက်​တော်​ကို​မြှောက်​တော်မူ​ပါ​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 13,
      "text": "ဆိုးယုတ်​သော​သူ​သည် အဘယ်ကြောင့် ဘုရားသခင်​ကို​မထီလေးစား​ပြု​၍ “​ကိုယ်တော်​သည် စစ်ကြောစီရင်​တော်မူ​မည်​မ​ဟုတ်​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​ရ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 14,
      "text": "သို့သော် ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​နှင့် ပူဆွေး​ခြင်း​တို့​ကို​မြင်​၍ လက်​တော်​ဖြင့်​ဖြေရှင်း​ရန် ကြည့်ရှုဆင်ခြင်​တော်မူ​၏​။ ခိုကိုးရာမဲ့သောသူ​သည် ကိုယ်တော်​ထံ၌ မိမိကိုယ်ကို​အပ်နှံ​ပါ​၏​။ ကိုယ်တော်​သည် မိဘမဲ့သူ​ကို ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 15,
      "text": "ဆိုးယုတ်​သော​သူ​နှင့် မကောင်းမှု​ပြု​သော​သူ​တို့​၏​လက်ရုံး​ကို ချိုး​တော်မူ​ပါ​။ သူ​တို့​၏​ဆိုးယုတ်မှု​ကို တစ်ခုမကျန်​တွေ့ရှိ​အောင်​စစ်ဆေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 16,
      "text": "ထာဝရဘုရား​သည် ကာလ​အစဉ်အဆက် ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ တိုင်းနိုင်ငံ​တို့​သည် ကိုယ်တော်​၏​ပြည်​တော်​ထဲမှ ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 17,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက် သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 18,
      "text": "မြေကြီး​မှ​ဖြစ်လာ​သော​သူ​သည် နောက်တစ်ဖန် မ​ခြောက်လှန့်​နိုင်​မည့်​အကြောင်း ကိုယ်တော်​သည် အာရုံစိုက်​နားထောင်​လျက် မိဘမဲ့သူ​နှင့်​ဖိနှိပ်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 1,
      "text": "ငါ​သည် ထာဝရဘုရား​ကို​ခိုလှုံ​၏​။ သင်​တို့​သည် ငါ​၏​စိတ်ဝိညာဉ်​အား “​ငှက်​ကဲ့သို့ သင်​၏​တောင်​ပေါ်သို့ ထွက်ပြေး​လော့​”​ဟု မည်သို့​ဆို​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 2,
      "text": "ကြည့်ရှု​လော့​။ ဆိုးယုတ်​သော​သူ​တို့​သည် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို မှောင်ကြီးမည်းကြီး​ထဲမှ​ပစ်ခတ်​ရန် လေးကြိုး​ပေါ်တွင် မြား​ကို​တင်​၍ ချိန်ရွယ်​ထား​ကြ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 3,
      "text": "အခြေအမြစ်​တို့​ပြိုပျက်​သောအခါ ဖြောင့်မတ်​သော​သူ​သည် မည်သို့​ပြု​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 4,
      "text": "ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သော​ဗိမာန်တော်​၌ စံနေ​တော်မူ​၏​။ ထာဝရဘုရား​၏​ပလ္လင်​တော်​သည် ကောင်းကင်ဘုံ​၌​ရှိ​၏​။ ကိုယ်တော်​သည် မျက်စိ​တော်​ဖြင့်​ကြည့်ရှု​၍ မျက်ခမ်း​တော်​ဖြင့် လူသား​တို့​ကို စစ်ဆေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို စစ်ဆေး​တော်မူ​၏​။ သို့သော် ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဆိုးယုတ်​သော​သူ​နှင့် ရက်စက်ကြမ်းကြုတ်မှု​ကို​နှစ်သက်​သော​သူ​အား မုန်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 6,
      "text": "ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 7,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​သည် မျက်နှာ​တော်​ကို​ဖူးမြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​မရှိ​တော့​ပါ​။ သစ္စာရှိ​သော​သူ​တို့​သည်​လည်း လူသား​တို့​ထဲတွင် ပျောက်ကွယ်​သွား​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 2,
      "text": "လူ​တို့​သည် မိမိ​၏​အိမ်နီးချင်း​တို့​ကို မဟုတ်မမှန်​ပြောဆို​ကြ​ပါ​၏​။ မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် နှစ်ခွ​သော​စိတ်​ဖြင့် ပြောဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 3,
      "text": "ထာဝရဘုရား​သည် မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် ဝါကြွား​ပြောဆို​တတ်​သော​လျှာ​ရှိသမျှ​တို့​ကို ဖယ်ရှား​တော်မူ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 4,
      "text": "သူ​တို့​က “​ငါ​တို့​သည် ငါ​တို့​၏​စကား ​ဖြင့်​အောင်နိုင်​မည်​။ ငါ​တို့​နှုတ်​ကို ငါ​တို့​ပိုင်​၏​။ ငါ​တို့​၏​သခင်​ကား အဘယ်သူ​ဖြစ်​မည်နည်း​”​ဟု ပြောဆို​တတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 5,
      "text": "ထာဝရဘုရား​က “​အဖိနှိပ်​ခံရ​သော​သူ​တို့​ကြုံ​ရ​သည့်​ညှဉ်းဆဲ​ခြင်း​နှင့် နွမ်းပါး​သော​သူ​တို့​၏​ညည်းတွား​ခြင်း​ကြောင့် ယခုပင် ငါ​ထ​မည်​။ သူ​တို့​တမ်းတ​သော​လုံခြုံ​ရာ​အရပ်​၌ သူ​တို့​ကို​ငါ​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 6,
      "text": "ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​တို့​သည် စင်ကြယ်​သော​မိန့်​တော်မူ​ချက်​များ​ဖြစ်​ကြ​ပြီး မြေ​နှင့်​လုပ်​ထား​သည့်​မီးပြင်းဖို​၌​ချွတ်​၍ ခုနစ်​ကြိမ်​တိုင်တိုင်​သန့်စင်​ထား​သော ငွေ​ကဲ့သို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​စောင့်ရှောက်​၍ အကျွန်ုပ်​တို့ ​ကို ဤ​မျိုးဆက်​၏​လက်​မှ အစဉ်အမြဲ​ကာကွယ်​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 8,
      "text": "ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အစဉ်​မေ့လျော့​တော်မူ​မည်လော​။ မျက်နှာ​တော်​ကို အကျွန်ုပ်​ထံမှ မည်မျှ​ကြာ​အောင် လွှဲ​၍​နေ​တော်မူ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 2,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မည်မျှ​ကြာ​အောင် တွေးတောပူပန်​လျက် နေ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​၏​စိတ်နှလုံး​တွင် တစ်နေ့လုံး​ဝမ်းနည်း​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​သည် အကျွန်ုပ်​အထက်​၌ မည်မျှ​ကြာ​အောင် မြှောက်စား​ခြင်း​ခံရ​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 3,
      "text": "အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကြည့်ရှုဆင်ခြင်​၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်စိ​ကို​အလင်းပေး​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သည် သေ​ခြင်း​၌​အိပ်ပျော်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 4,
      "text": "အကျွန်ုပ်​၏​ရန်သူ​က​လည်း “​သူ့​ကို​ငါ​နိုင်​ပြီ​”​ဟု ဆို​ပါ​လိမ့်မည်​။ အကျွန်ုပ်​တုန်လှုပ်​သောအခါ အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​တို့​သည် ရွှင်လန်း​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 5,
      "text": "သို့ရာတွင် အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်လန်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 6,
      "text": "ထာဝရဘုရား​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်းဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 1,
      "text": "မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​အမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 2,
      "text": "ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန် ထာဝရဘုရား​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 3,
      "text": "လူ​အပေါင်း​တို့​သည်​လမ်းလွဲ​ကြ​ပြီ​။ တညီတညွတ်တည်း​ဖောက်ပြန်ယိုယွင်း​ကြ​ပြီ​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​။ တစ်​ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 4,
      "text": "အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဘာမျှ​မ​သိ​ကြ​သလော​။ သူ​တို့​သည် မုန့်​စား​သကဲ့သို့ ငါ​၏​လူမျိုး​ကို​ဝါးမျို​ကြ​၏​။ ထာဝရဘုရား​ကို​လည်း ခေါ်ဆို​ပတ္ထနာပြု​ခြင်း​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 5,
      "text": "ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​၏ မျိုးဆက်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​ပြီ​တကား​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 6,
      "text": "သင်​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​၏​အကြံဉာဏ်​ကို အရှက်ကွဲ​စေ​တတ်​သော်လည်း ထာဝရဘုရား​သည် သူ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 7,
      "text": "အစ္စရေး​အတွက် ကယ်တင်​ခြင်း​သည် ဇိအုန်​မှ​ပေါ်ထွန်း​ပါစေသော​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​မိမိ​လူမျိုး​တော်​ကို ထာဝရဘုရား​ပြန်လာ​စေ​တော်မူ​သောအခါ ယာကုပ်​သည်​ရွှင်လန်း​ပါစေ​။ အစ္စရေး​သည်​ဝမ်းမြောက်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တဲ​တော်​၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 2,
      "text": "ထို​သူ​ကား အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​၊ ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ မိမိ​စိတ်နှလုံး​မှ သစ္စာစကား​ကို​ပြောဆို​သော​သူ​၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 3,
      "text": "မိမိ​နှုတ် ​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 4,
      "text": "ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 5,
      "text": "မိမိ​ငွေ​ကို အတိုး​ဖြင့်​ချေးငှား​ခြင်း​မ​ပြု​၊ အပြစ်ကင်း​သော​သူ​ကို​ထိခိုက်​စေ​သည့် တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​သော​သူ​ပင်တည်း​။ ဤသို့​ပြု​သော​သူ​သည် မည်သည့်​အခါ​မျှ​တုန်လှုပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 2,
      "text": "ငါ​သည်​ထာဝရဘုရား​အား “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​မှတစ်ပါး အခြား​သော​ကောင်းကျိုးချမ်းသာ အကျွန်ုပ်​၌​မ​ရှိ​ပါ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 3,
      "text": "ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။ ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 4,
      "text": "အခြား​ဘုရား​များ​ကို ဆည်းကပ်​သော​သူ​တို့​သည် မိမိ​တို့​၏​ဝမ်းနည်းပူဆွေးမှု​ကို​တိုးပွား​စေ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​နှင့်ဆိုင်သော​သွေး​ကို သွန်းလောင်း​မည်​မ​ဟုတ်​။ ထို​ဘုရား​တို့​၏​နာမ​ကို​လည်း ငါ့​နှုတ်​ဖြင့်​ရွတ်ဆို​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ငါ​ခွဲဝေ​ရရှိ​ထား​သော​ငါ​၏​ဝေစု​၊ ငါ​၏​ခွက်ဖလား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ရရှိ​မည့်​အမွေဝေစု​ကို ထိန်းသိမ်း​ပေး​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 6,
      "text": "ငါ့​အတွက်​သတ်မှတ်​ထား​သော​နယ်မြေ​သည် နှစ်လို​ဖွယ်​ကောင်း​သော​အရပ်​တို့​၌ ကျ​လေ​ပြီ​။ အမှန်ပင် သာယာ​ကြည်နူး​ဖွယ်​ကောင်း​သော အမွေ​ကို ငါ​ခံရ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 7,
      "text": "ငါ့​ကို​အကြံပေး​တော်မူ​သော​ထာဝရဘုရား​ကို ငါ​ကောင်းချီးထောမနာ​ပြု​မည်​။ ညအချိန်​၌​လည်း ငါ​၏​အတွင်းသဘော​သည် ငါ့​ကို​ပဲ့ပြင်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 8,
      "text": "ငါ​သည် ထာဝရဘုရား​ကို​အစဉ်မပြတ် မျက်မှောက်​ပြု​၏​။ ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည်​တုန်လှုပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 9,
      "text": "ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည်​ဝမ်းမြောက်​၍ ငါ​၏​ဝိညာဉ်​သည်​ရွှင်လန်း​၏​။ ငါ​၏​ကိုယ်ခန္ဓာ​သည်​လည်း ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 10,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အား ပုပ်ပျက်​ခြင်း​နှင့်​ကြုံတွေ့​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 11,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​လိမ့်မည်​။ နှစ်လို​ဖွယ်​ကောင်း​သော​အရာ​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌ အစဉ်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ဖြောင့်မတ်​သော​လျှောက်လဲချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ​သော အကျွန်ုပ်​၏​နှုတ်​မှ​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 2,
      "text": "အကျွန်ုပ်​အတွက်​တရားစီရင်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​ပါစေသော​။ ကိုယ်တော်​၏​မျက်စိ​သည် သမာသမတ်​ရှိ​ခြင်း​ကို​မြင်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 3,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​၏​။ ညအချိန်​၌ အကျွန်ုပ်​ကို စစ်ကြော​တော်မူ​၏​။ အကျွန်ုပ်​ကို​စစ်ကြော​လျှင်​လည်း အကျွန်ုပ်​၌​မည်သည့်​အရာ​မျှ​တွေ့​ရ​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​နှုတ်​သည် အပြစ်​မ​ကျူးလွန်​မိ​စေရန် အကျွန်ုပ်​စိတ်ပိုင်းဖြတ်​ထား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 4,
      "text": "လူ​တို့​၏​လုပ်ဆောင်မှု​များ​နှင့်​ပတ်သက်၍​မူကား ကြမ်းကြုတ်​သော​လမ်း​များ​ကို ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​အားဖြင့် အကျွန်ုပ်​ရှောင်ကြဉ်​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 5,
      "text": "အကျွန်ုပ်​၏​ခြေလှမ်း​များ​သည် ကိုယ်တော်​၏​လမ်း​တော်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ခြေ​ချော်​ခြင်း​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 6,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​မည်​ဖြစ်၍ ကိုယ်တော်​ကို​အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​၏​စကား​ကို​နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 7,
      "text": "လက်ယာ​လက်​တော်​၌​ခိုလှုံ​သော​သူ​တို့​ကို သူ​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​များ​လက်​မှ ကယ်တင်​တော်မူ​သော​ဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အံ့ဩဖွယ်​ပြသ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 8,
      "text": "အကျွန်ုပ်​ကို​နိုင်ထက်စီးနင်း​ပြု​သည့် ဆိုးယုတ်​သော​သူ​တို့​၏​ရှေ့​မှ​လည်းကောင်း​၊ အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​လျက် အကျွန်ုပ်​ကို​သတ်​လို​သော​ရန်သူ​တို့​ရှေ့​မှ​လည်းကောင်း အကျွန်ုပ်​ကို ကိုယ်တော်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ရှောက်​တော်မူ​ပါ​။ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 10,
      "text": "သူ​တို့​သည် အကြင်နာစိတ်​ကင်းမဲ့​၍ သူ​တို့​နှုတ်​သည် မောက်မာ​စွာ​ပြောဆို​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 11,
      "text": "သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ခြေရာခံ​၍ ယခု အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ကြ​ပြီး အကျွန်ုပ်​တို့​ကို​မြေကြီး​ပေါ်​လှဲချ​ရန် စောင့်ကြည့်​နေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 12,
      "text": "သူ​တို့​သည် ကိုက်ဖဲ့​လို​စိတ်​ပြင်းထန်​သော ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ ကွယ်​ရာ​မှ​ချောင်းမြောင်း​နေ​သော ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ သူ့​ကို​ထိပ်တိုက်ရင်ဆိုင်​၍ ညွတ်တွား​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​ဓား​ဖြင့် ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​၏​အသက်​ကို ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 14,
      "text": "အို ထာဝရဘုရား​၊ ဤ​လောက​၏​အမွေ​ကို​သာ ခံစား​ကြ​ရ​သော လောကီသား​တို့​၏​လက်​မှ ကိုယ်တော်​၏​လက်​တော်​ဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် သူ​တို့​၏​ဝမ်း​ကို ကိုယ်တော်​၏​ဘဏ္ဍာ​တော်​နှင့်​ပြည့်​စေ​တော်မူ​၏​။ သူ​တို့​သည် သားသမီး​အများအပြား​ထွန်းကား​၍ သူ​တို့​၏​ကလေး​များ​အတွက်​လည်း သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို ချန်ထား​တတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 15,
      "text": "အကျွန်ုပ်​မူကား ဖြောင့်မတ်​ခြင်း​ကြောင့် ကိုယ်တော်​၏​မျက်နှာ​တော်​ကို​ဖူးမြော်​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​၏​သဏ္ဌာန်​တော်​ကို​မြင်​၍ အလိုပြည့်စုံ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စွမ်းပကား​ဖြစ်​တော်မူ​သော​ကိုယ်တော်​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​နှင့် ငါ​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 3,
      "text": "ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 4,
      "text": "သေ​ခြင်း​၏​ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည် ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 5,
      "text": "မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 6,
      "text": "ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တော်​၊ ကိုယ်တော်​၏​နား​တော်​သို့​ရောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 7,
      "text": "ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ တောင်​များ​၏​အခြေအမြစ်​တို့​သည်​လည်း ယိမ်းထိုး​ခါယမ်း​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 8,
      "text": "ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။ ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 9,
      "text": "ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 10,
      "text": "ကိုယ်တော်​သည် ခေရုဗိမ် ​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 11,
      "text": "ကိုယ်တော်​သည် အမှောင်​ကို မိမိ​၏​လျှို့ဝှက်​သော​နေရာ​ဖြစ်​စေ​တော်မူ​၏​။ မိုး​ရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော အခြံအရံ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 12,
      "text": "ရှေ့​တော်​ရှိ​ရောင်ခြည်​တော်​ကြောင့် မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​သည် ကိုယ်တော်​၏​တိမ်တိုက်​များ​ကို ဖြတ်ကျော်​၍​ထွက်လာ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 13,
      "text": "ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် မိမိ​အသံ​ကို မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​နှင့်တကွ လွှင့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 14,
      "text": "မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏​။ လျှပ်စီးလက်​စေ​၍ သူ​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 15,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 16,
      "text": "ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ ငါ့​ကို​ဆယ်ယူ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 17,
      "text": "ငါ​မ​ပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 18,
      "text": "ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 19,
      "text": "ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။ ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ငါ့​ကို​ကယ်မ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 20,
      "text": "ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 21,
      "text": "အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။ ငါ​၏​ဘုရားသခင်​ထံမှ ကျောခိုင်း​မ​သွား​ပါ​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 22,
      "text": "အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်​ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 23,
      "text": "ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ဒုစရိုက်​မ​ပြု​မိ​အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 24,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 25,
      "text": "ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 26,
      "text": "သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 27,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​မျက်နှာ​ကို​ကား နိမ့်ကျ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 28,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ကို ထွန်းလင်း​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 29,
      "text": "အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 30,
      "text": "ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 31,
      "text": "အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 32,
      "text": "ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 33,
      "text": "ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 34,
      "text": "ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 35,
      "text": "ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​၍ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 36,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 37,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ကို​လိုက်​၍​မီ​ပြီး သူ​တို့​ကို​အပြီးသတ်​မ​သုတ်သင်​မီ​တိုင်အောင် နောက်ပြန်​မ​လှည့်​ခဲ့​ပါ​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 38,
      "text": "အကျွန်ုပ်​သည် သူ​တို့​မ​ထ​နိုင်​အောင် ချေမှုန်း​ခဲ့​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​အောက်​တွင် လဲကျ​ခဲ့​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 39,
      "text": "ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 40,
      "text": "အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ်​ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 41,
      "text": "သူ​တို့​အော်ဟစ်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ကြ​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 42,
      "text": "ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို လေ​ထဲ​လွင့်ပါ​သော​မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​သွန်ပစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 43,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​တိုက်ခိုက်​သော လူ​တို့​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​၍ လူမျိုးတကာ​တို့​၏​အကြီးအမှူး ဖြစ်စေ​တော်မူ​၏​။ အကျွန်ုပ်​မ​သိ​ဖူး​သော​လူ​တို့​သည် အကျွန်ုပ်​ကို​အစေခံ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 44,
      "text": "သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို​ကြား​ရ​သည်​နှင့် အကျွန်ုပ်​စကား​ကို​နာခံ​ကြ​ပါ​၏​။ တိုင်းတစ်ပါးသား​တို့​သည် အကျွန်ုပ်​ကို ခယဝပ်တွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 45,
      "text": "တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 46,
      "text": "ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 47,
      "text": "ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 48,
      "text": "ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 49,
      "text": "ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 50,
      "text": "ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 1,
      "text": "ကောင်းကင်​သည် ဘုရားသခင်​၏ ဘုန်းအသရေ​တော်​ကို​ပြောကြား​၍ မိုးမျက်နှာကြက်​သည် ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​ကို​ဖော်ပြ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 2,
      "text": "၎င်း​တို့​သည် တစ်​နေ့​ပြီး​တစ်​နေ့ မြွက်ဟ​ပြောဆို​၍ တစ်​ည​ပြီး​တစ်​ည​အသိပညာ​ကို​ပြသ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 3,
      "text": "နှုတ်မြွက်​ခြင်း​မ​ရှိ​၊ စကားပြော​ခြင်း​လည်း​မ​ရှိ​။ သူ​တို့​၏​အသံ​ကို​လည်း​မ​ကြား​ရ​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 4,
      "text": "သို့သော် သူ​တို့​၏​အသံ​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​သို့​ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်း​တိုင်အောင်​ရောက်​လေ​၏​။ ကိုယ်တော်​သည် ကောင်းကင်​၌ နေ​အတွက် ဗိမာန်​ကို​တည်​တော်မူ​သဖြင့်"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 5,
      "text": "နေ​သည် မိမိ​အခန်း​ထဲမှ​ထွက်လာ​သော သတို့သား​ကဲ့သို့​ဖြစ်​ပြီး ပြေး​လမ်း​တွင်​ပြေး​တော့မည့် ခွန်အားကြီး​သော​သူ​ကဲ့သို့ ရွှင်မြူး​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 6,
      "text": "၎င်း​သည် ကောင်းကင်​အစွန်း​တစ်ဖက်​မှ​ထွက်လာ​၍ အခြား​အစွန်း​တစ်ဖက်​တိုင်အောင်​လှည့်ပတ်​သွား​၏​။ ၎င်း​၏​အပူအရှိန်​မှ ပုန်းရှောင်​နိုင်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 7,
      "text": "ထာဝရဘုရား​၏​တရားတော်​သည် ပြည့်ဝစုံလင်​၍ စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​၏​။ ထာဝရဘုရား​၏​သက်သေခံချက်​သည် ယုံကြည်​စိတ်ချ​ရ​၍ အသိပညာ​နည်းပါး​သော​သူ​တို့​ကို ပညာရှိ​စေ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 8,
      "text": "ထာဝရဘုရား​၏​ဥပဒေသ​တို့​သည် ဖြောင့်မှန်​၍ စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​၏​။ ထာဝရဘုရား​၏​ပညတ်တော်​သည် သန့်ရှင်း​၍ မျက်စိ​ကို​အလင်းပေး​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 9,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် စင်ကြယ်​၍ ထာဝရ​တည်​၏​။ ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် မှန်ကန်​၍ တညီတညွတ်တည်း​ဖြောင့်မတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 10,
      "text": "၎င်း​တို့​သည် ရွှေ​ထက်​မက များစွာ​သော​ရွှေစင်​ထက်​ပင် နှစ်လိုဖွယ်​ဖြစ်​ပြီး ပျားရည်​ထက်​မက ပျားလပို့​မှ​ပျားရည်​ထက်ပင် ချိုမြိန်​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 11,
      "text": "၎င်း​တို့​အားဖြင့် ကိုယ်တော်​၏​အစေအပါး​သည် သတိပေး​ခြင်း​ကို​ခံရ​ပါ​၏​။ ၎င်း​တို့​ကို​စောင့်ထိန်း​ခြင်း​အကျိုး​သည် ကြီးမား​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 12,
      "text": "မည်သူ​သည် မိမိ​၏​အမှား​များ​ကို သိနားလည်​နိုင်​ပါ​သနည်း​။ ကွယ်ဝှက်​နေ​သော​အပြစ်​များ​နှင့် အကျွန်ုပ်​ကို​ကင်းလွတ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 13,
      "text": "ကိုယ်တော်​၏​အစေအပါး​ကို တမင်​ကျူးလွန်​သော​အပြစ်​များ​နှင့်​လည်း ကင်းဝေး​စေ​တော်မူ​ပါ​။ ထို​အပြစ်​များ​သည် အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။ သို့မှသာ အကျွန်ုပ်​သည် အပြစ်ကင်း​၍ ကြီးမား​သော​အပြစ်​ကျူးလွန်​ခြင်း​နှင့် ကင်းလွတ်​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 14,
      "text": "အကျွန်ုပ်​၏​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​သော​အရှင် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​များ​နှင့် အကျွန်ုပ်​စိတ်နှလုံး​၏​အတွေးအကြံ​သည် ရှေ့​တော်​၌​နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 1,
      "text": "ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ထာဝရဘုရား​သည် သင့်​ကို​ထူး​တော်မူ​ပါစေသော​။ ယာကုပ်​၏​ဘုရားသခင်​နာမ​တော်​သည် သင့်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 2,
      "text": "ကိုယ်တော်​သည် သင့်​အတွက်​ကူညီမစမှု​ကို သန့်ရှင်းရာဌာန​တော်​ထဲမှ​စေလွှတ်​၍ သင့်​ကို ဇိအုန်​မှ ဖေးမ​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 3,
      "text": "သင်​၏​ပူဇော်သက္ကာ​အားလုံး​ကို​အောက်မေ့​၍ သင်​၏​မီးရှို့ရာယဇ်​ကို လက်ခံ​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 4,
      "text": "ကိုယ်တော်​သည် သင်​၏​စိတ်​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​၍ သင်​၏​အကြံဉာဏ်​ရှိသမျှ​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 5,
      "text": "ငါ​တို့​သည် သင်​၏​အောင်မြင်​ခြင်း​ကြောင့် ရွှင်လန်း​စွာ​ကြွေးကြော်​၍ ငါ​တို့​ဘုရားသခင်​၏​နာမ​တော်​၌ အောင်လံ​ကို​စိုက်ထူ​ကြ​မည်​။ ထာဝရဘုရား​သည် သင်​တောင်းလျှောက်​သမျှ​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 6,
      "text": "ထာဝရဘုရား​သည် မိမိ​ဘိသိက်ပေး​ထား​သော​သူ​ကို ကယ်တင်​တော်မူ​ကြောင်း ယခု​ငါ​သိ​၏​။ ကိုယ်တော်​သည် သူ့​အား လက်ယာ​လက်​တော်​၏​အစွမ်းတန်ခိုး​တော်​များ​ဖြင့် ကယ်တင်​တော်မူ​၏​။ မိမိ​၏​သန့်ရှင်း​သော​ကောင်းကင်ဘုံ​မှ သူ့​ကို​ထူး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 7,
      "text": "အချို့​တို့​သည် စစ်ရထား​များ​အတွက်​၊ အချို့​တို့​သည် မြင်း​များ​အတွက် ဂုဏ်ယူဝင့်ကြွား​ကြ​၏​။ ငါ​တို့​မူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂုဏ်ယူဝင့်ကြွား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 8,
      "text": "သူ​တို့​သည် ခွေယိုင်​လဲကျ​သွား​ကြ​၏​။ ငါ​တို့​မူကား ထ​၍​ခိုင်မြဲ​စွာ​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 9,
      "text": "အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​ကို ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေါ်​သောအခါ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​၌ ဝမ်းမြောက်​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ အလွန်​ရွှင်လန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 2,
      "text": "ကိုယ်တော်​သည် သူ​၏​စိတ်နှလုံး​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​၍ သူ့​နှုတ်​တောင်းဆို​သော​အရာ​ကို ငြင်းပယ်​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 3,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​များ​ဖြင့် သူ့​ကို​ကြိုဆို​လျက် သူ​၏​ဦးခေါင်း​ပေါ်တွင် ရွှေစင်​သရဖူ​ကို​တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 4,
      "text": "သူ​သည် ကိုယ်တော့်​ထံမှ အသက်ရှင်​ခြင်း​ကို​တောင်းလျှောက်​ရာ ကိုယ်တော်​သည် ကာလအစဉ်​အသက်တာ​ရှည်​ခြင်း​ကို သူ့​အား​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 5,
      "text": "ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် သူ​၏​ဘုန်းအသရေ​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို သူ့​အား​အပ်နှင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 6,
      "text": "ကိုယ်တော်​သည် သူ့​အား ကောင်းချီးမင်္ဂလာ​များ​ကို ထာဝစဉ်​ချပေး​၍ ရှေ့​တော်​မှ​ဝမ်းမြောက်​ခြင်း​ဖြင့် သူ့​ကို​ဝမ်းသာအားရ​ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 7,
      "text": "အကြောင်းမူကား ဘုရင်မင်းကြီး​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​၍ အမြင့်ဆုံး​သော​အရှင်​၏​မေတ္တာကရုဏာ​တော်​ကို ခံစား​ရ​သဖြင့် သူ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 8,
      "text": "ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​ရန်သူ​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ကိုယ်တော့်​ကို​မုန်း​သော​သူ​တို့​အပေါ် ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 9,
      "text": "ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ကိုယ်တော်​သည် သူ​တို့​ကို တောက်လောင်​နေ​သော​မီးပြင်းဖို​ကဲ့သို့ ဖြစ်​စေ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် အမျက်​တော်​ဖြင့် သူ​တို့​ကို​ဝါးမျို​လိမ့်မည်​။ မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 10,
      "text": "ကိုယ်တော်​သည် သူ​တို့​ထံမှ​ပေါက်ဖွား​လာ​သော သူ​တို့​ကို ကမ္ဘာမြေ​ပေါ်မှ​လည်းကောင်း​၊ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​ကို လူသား​တို့​ထဲမှ​လည်းကောင်း ဖျက်ဆီး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 11,
      "text": "သူ​တို့​သည် ကိုယ်တော့်​အပေါ် မကောင်း​ကြံ​၍ ကောက်ကျစ်​သော​အကြံအစည်​ကို ကြံစည်​ကြ​သော်လည်း အောင်မြင်​ကြ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 12,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ကိုယ်တော်​၏​လေးကြိုး​ကို​တင်​လျက် သူ​တို့​၏​မျက်နှာ​ကို​ချိန်​ထား​၍ သူ​တို့​ကို​နောက်​လှည့်ပြေး​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​အားဖြင့် ချီးမြှောက်​ခြင်း​ရှိ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏ အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​သီကျူး​လျက် သီဆိုချီးမွမ်း​ကြ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 1,
      "text": "အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​ကို​အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း​။ အကျွန်ုပ်​ကို​ကယ်တင်​တော်​မ​မူ​၊ အကျွန်ုပ်​ညည်းတွား​သော​စကား​တို့​ကို​လည်း နားထောင်​တော်​မ​မူ​ဘဲ အဘယ်ကြောင့် ဝေး​စွာ​နေ​တော်မူ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​၊ နေ့​အချိန်​၌​အကျွန်ုပ်​ခေါ်​သော်လည်း ကိုယ်တော်​သည် ထူး​တော်​မ​မူ​ပါ​။ ညအချိန်​၌​လည်း အကျွန်ုပ်​တွင် ငြိမ်သက်ချမ်းသာမှု​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 3,
      "text": "သို့သော် ကိုယ်တော်​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​၏​ချီးမွမ်း​ခြင်း​၌ စိုးစံ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ခဲ့​ကြ​ပါ​၏​။ သူ​တို့​ယုံကြည်ကိုးစား​ကြ​သည့်​အတိုင်း ကိုယ်တော်​သည် သူ​တို့​ကို ကယ်တင်​တော်မူ​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 5,
      "text": "သူ​တို့​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​၍ လွတ်မြောက်​ရ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​သဖြင့် အရှက်ကွဲ​ခြင်း​နှင့်​ကင်းလွတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 6,
      "text": "အကျွန်ုပ်​မူကား လူ​မ​ဟုတ်​၊ ပိုးကောင်​မျှသာ​ဖြစ်​ပါ​၏​။ လူ​တို့​ကဲ့ရဲ့ပြစ်တင်စရာ​နှင့် လူ​အများ​မထီမဲ့မြင်ပြုစရာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 7,
      "text": "အကျွန်ုပ်​ကို​မြင်​သော​သူ​အားလုံး​သည် အကျွန်ုပ်​ကို​ပြက်ရယ်ပြု​၍ နှုတ်ခမ်း​မဲ့ရွဲ့​ကာ ခေါင်း​ကို​ခါယမ်း​လျက်"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 8,
      "text": "“​သူ​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ခဲ့​၏​။ ကိုယ်တော်​သည် သူ့​ကို​ကယ်တင်​ပါစေ​။ ကိုယ်တော်​သည် သူ့​ကို​နှစ်သက်​တော်မူ​သည်​ဖြစ်၍ သူ့​ကို​ကယ်နုတ်​ပါစေ​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 9,
      "text": "သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ​ထုတ်ဆောင်​၍ အကျွန်ုပ်​မိခင်​၏​ရင်ခွင်​၌ အကျွန်ုပ်​ကို​ဘေးကင်းလုံခြုံ​စွာ​နေ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 10,
      "text": "အကျွန်ုပ်​သည် မွေးဖွား​လာ​သည်​နှင့် လက်​တော်​ထဲသို့​ရောက်​ပါ​၏​။ အမိ​ဝမ်း​ထဲ၌​ရှိ​ခဲ့​စဉ်ကပင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 11,
      "text": "အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား ဆင်းရဲဒုက္ခ​သည် နီးကပ်​လာ​ပါ​ပြီ​။ ကူညီမစ​မည့်​သူ​လည်း​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 12,
      "text": "များစွာ​သော​နွားထီး​တို့​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဗာရှန်​နွားလား​တို့​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 13,
      "text": "၎င်း​တို့​သည် ကိုက်ဖဲ့​ဟိန်းဟောက်​နေ​သော ခြင်္သေ့​ကဲ့သို့ မိမိ​တို့​ပါးစပ်​ကို အကျွန်ုပ်​ဘက်​သို့​ဟ​ထား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 14,
      "text": "အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 15,
      "text": "အကျွန်ုပ်​၏​ခွန်အား​သည် အိုးခြမ်းပဲ့​ကဲ့သို့​ခန်းခြောက်​၍ အကျွန်ုပ်​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​မြေမှုန့်​ထဲ၌​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 16,
      "text": "အမှန်စင်စစ် ခွေး​များ​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဆိုးညစ်​သော​အမှု​ကို​ပြု​သော​လူတစ်စု​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​နှင့်​အကျွန်ုပ်​၏​လက်​ကို ထိုးဖောက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 17,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​၏​အရိုး​ရှိသမျှ​တို့​ကို ရေတွက်​နိုင်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​စေ့စေ့ကြည့်​၍ အားရ​လျက်​နေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 18,
      "text": "သူ​တို့​သည် အကျွန်ုပ်​၏​အဝတ်​တို့​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​ဝတ်လုံ​အတွက် မဲ​ချ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 19,
      "text": "သို့သော် အို ထာဝရဘုရား​၊ ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အို အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 20,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဓားဘေး​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​တစ်ခုတည်း​သော​အသက်​ကို ခွေး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 21,
      "text": "အကျွန်ုပ်​ကို ခြင်္သေ့​၏​ခံတွင်း​မှ​လည်းကောင်း​၊ နွားရိုင်း​တို့​၏​ဦးချို​မှ​လည်းကောင်း ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 22,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်​။ လူအစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 23,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​တို့​၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ယာကုပ်​၏​အမျိုးအနွယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ကြောက်ရွံ့ရိုသေ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 24,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​ကြုံတွေ့​ရ​သည့်​ဖိနှိပ်မှု​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။ ရွံရှာ​ခြင်း​လည်း​ရှိ​တော်​မ​မူ​။ မျက်နှာ​တော်​ကို​လည်း သူ့​ထံမှ​လွှဲ​တော်​မ​မူ​ဘဲ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ သူ့​ကို​နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 25,
      "text": "လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 26,
      "text": "ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ သင် တို့​စိတ်နှလုံး​သည် ထာဝစဉ်​ရှင်သန်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 27,
      "text": "ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 28,
      "text": "အကြောင်းမူကား ဘုရင့်​အရိုက်အရာ​သည် ထာဝရဘုရား​နှင့်​ဆိုင်​တော်မူ​၏​။ ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို​အုပ်စိုး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 29,
      "text": "ကမ္ဘာမြေကြီး​ပေါ်ရှိ ကြွယ်ဝ​သော​သူ​အပေါင်း​တို့​သည် စားသောက်​လျက် ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။ မိမိ​၏​စိတ်ဝိညာဉ်​ကို မ​ရှင်သန်​စေ​နိုင်​ဘဲ မြေမှုန့်​သို့​ဆင်းသွား​ရ​သော​သူ​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ညွတ်တွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 30,
      "text": "သူ​တို့​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​ပြီး လာမည့်​မျိုးဆက်​အား ဘုရားရှင်​အကြောင်း​ကို​ပြောကြား​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 31,
      "text": "သူ​တို့​သည် လာ​၍ မွေးဖွား​လာ​မည့်​လူမျိုး​အား ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ပြောကြား​ကြ​လိမ့်မည်​။ အကြောင်းမူကား ထို​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 1,
      "text": "ထာဝရဘုရား​သည် ငါ​၏​သိုးထိန်း ဖြစ်​တော်မူ​၏​။ ငါ​သည်​ချို့တဲ့​ခြင်း​မ​ရှိ​ရ​။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 2,
      "text": "စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်​၌ ငါ့​ကို​လဲလျောင်း​စေ​တော်မူ​၏​။ သာယာ​သော​မြစ်​နား​သို့ ငါ့​ကို​လမ်းပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 3,
      "text": "ငါ​၏​စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​တော်မူ​၏​။ နာမ​တော်​ကို​ထောက်၍ ဖြောင့်မတ်​ခြင်း​လမ်း​ထဲ၌ ငါ့​ကို​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 4,
      "text": "အကယ်၍ သေ​ခြင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်ဝှမ်း​၌ လျှောက်သွား​ရ​သော်လည်း အကျွန်ုပ်​သည် ဘေးအန္တရာယ်​ကို​မ​ကြောက်​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်မူ​၏​။ ကိုယ်တော်​၏​လှံတံ​တော်​နှင့်​တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို​နှစ်သိမ့်ပေး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 5,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​ရှေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​အတွက်​စားပွဲ​ကို တည်ခင်း​တော်မူ​၏​။ အကျွန်ုပ်​၏​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်မူ​၏​။ အကျွန်ုပ်​၏​ခွက်ဖလား​သည် လျှံ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 6,
      "text": "အကယ်စင်စစ် အကျွန်ုပ်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကောင်းမြတ်​တော်မူ​ခြင်း​နှင့်​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​နှင့်အတူ​လိုက်ပါ​လာ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​၌ အစဉ်အမြဲ​နေ​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 1,
      "text": "ထာဝရဘုရား​သည် မြေကြီး​နှင့် မြေကြီး​ပေါ်၌ ရှိသမျှ​သော​အရာ​တို့​ကို​လည်းကောင်း​၊ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​၌ နေထိုင်​သော​သူ​တို့​ကို​လည်းကောင်း ပိုင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ၎င်း​ကို သမုဒ္ဒရာ​ပေါ်တွင်​တည်​၍ မြစ်​များ​ပေါ်တွင်​မြဲမြံ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 3,
      "text": "ထာဝရဘုရား​၏​တောင်​တော်​ပေါ်သို့ မည်သူ​တက်​ရ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နေရာ​တွင် မည်သူ​ရပ်​ရ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 4,
      "text": "ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 5,
      "text": "ထို​သူ​သည် ထာဝရဘုရား​ထံ​မှ ကောင်းချီးမင်္ဂလာ​ကို​လည်းကောင်း​၊ သူ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထံမှ ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 6,
      "text": "ထိုသို့​သော​သူ​သည် ကိုယ်တော်​ကို​ရှာ​သော​သူ​၏ မျိုးဆက်​ဖြစ်​၏​။ ယာကုပ်​ကဲ့သို့​ကိုယ်တော်​၏​မျက်နှာ​တော်​ကို ရှာ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 7,
      "text": "အချင်း​တံခါး​တို့​၊ သင်​တို့​၏​မုခ်ဦး​ကို​ကြွ​လိုက်​ကြ​လော့​။ အချင်း​ထာဝရ​တံခါး​တို့​၊ ကိုယ်ကို​ကြွ​လိုက်​ကြ​လော့​။ ဘုန်းကြီး​သော​ဘုရင်​ဝင်​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 8,
      "text": "ဘုန်းကြီး​သော​ဘုရင်​ကား မည်သူ​နည်း​။ အင်အားကြီးမား​၍ တန်ခိုးကြီး​သော​ထာဝရဘုရား​၊ စစ်မက်​၌​တန်ခိုးကြီး​သော​ထာဝရဘုရား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 9,
      "text": "အချင်း​တံခါး​တို့​၊ သင်​တို့​၏​မုခ်ဦး​ကို​ကြွ​လိုက်​ကြ​လော့​။ အချင်း​ထာဝရ​တံခါး​တို့​၊ ကိုယ်ကို​ကြွ​လိုက်​ကြ​လော့​။ ဘုန်းကြီး​သော​ဘုရင်​ဝင်​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 10,
      "text": "ဘုန်းကြီး​သော​ဘုရင်​ကား မည်သူ​နည်း​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​သည် ဘုန်းကြီး​သော​ဘုရင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အပေါ် အောင်ပွဲ​မ​ခံ​ကြ​ရ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 3,
      "text": "အကယ်စင်စစ် ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အကြောင်းမဲ့ သစ္စာဖောက်​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​တို့​ကို အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 5,
      "text": "ကိုယ်တော်​၏​သမ္မာတရား​ထဲ၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​၍ အကျွန်ုပ်​ကို သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​စောင့်မျှော်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 6,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​များ​နှင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အောက်မေ့​တော်မူ​ပါ​။ အကြောင်းမူကား ၎င်း​တို့​သည် ရှေးကာလ​မှစ၍ တည်​ခဲ့​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 7,
      "text": "အကျွန်ုပ်​၏​ပျိုရွယ်​စဉ်က​အပြစ်​များ​နှင့် အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ကို​ထောက်၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ကောင်းမြတ်​၍ ဖြောင့်မှန်​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​သည် အပြစ်သား​တို့​အား လမ်း​တော်​ကို သွန်သင်ပြသ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 9,
      "text": "စိတ်နှိမ့်ချ​သော​သူ​တို့​ကို တရားမျှတ​ခြင်း​ထဲ၌ ဦးဆောင်​လမ်းပြ​တော်မူ​၏​။ မိမိ​၏​လမ်း​တော်​ကို​လည်း စိတ်နှိမ့်ချ​သော​သူ​တို့​အား သင်ကြား​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 10,
      "text": "ထာဝရဘုရား​၏​လမ်းစဉ်​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့်​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သော​သူ​တို့​အတွက် မေတ္တာကရုဏာ​နှင့်​လည်းကောင်း​၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဒုစရိုက်​သည်​ကြီးမား​လှ​သောကြောင့် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ ခွင့်လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 12,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​သည် မည်သူ​နည်း​။ ကိုယ်တော်​သည် ထို​သူ​ရွေးချယ်​ရ​မည့်​လမ်း​ကို သူ့​အား​သွန်သင်ပြသ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 13,
      "text": "သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းမွန်​စွာ​နေထိုင်​ရ​၍ သူ​၏​သားစဉ်မြေးဆက်​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 14,
      "text": "ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 15,
      "text": "ထာဝရဘုရား​သည် အကျွန်ုပ်​၏​ခြေ​ကို ပိုက်ကွန်​ထဲမှ ထုတ်ပေး​တော်မူ​မည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​ကို​အစဉ်​မျှော်ကြည့်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 16,
      "text": "အကျွန်ုပ်​သည် တစ်ကိုယ်တည်း​ဖြစ်​လျက် အဖိနှိပ်​ခံရ​သောကြောင့် အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 17,
      "text": "အကျွန်ုပ်​၏​စိတ်​ဒုက္ခ​များ​သည် များပြား​လာ​သဖြင့် အကျွန်ုပ်​၏​ပူပင်သောက​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 18,
      "text": "အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​နှင့် အကျွန်ုပ်​၏​အခက်အခဲ​ပြဿနာ​ကို ကြည့်ရှု​၍ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို ခွင့်လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 19,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​သည် မည်မျှ​များပြား​ကြ​သည်​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို မည်မျှ​ရက်စက်ကြမ်းကြုတ်​သော မုန်းတီးမှု​ဖြင့် မုန်းတီး​ကြ​သည်​ကို​လည်းကောင်း ကြည့်ရှု​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 20,
      "text": "အကျွန်ုပ်​၏​အသက်​ကို​စောင့်ရှောက်​၍ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခိုလှုံ​သည်​ဖြစ်၍ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 21,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​ကို စောင့်မျှော်​နေ​သည်​ဖြစ်၍ တည်ကြည်​ခြင်း​နှင့်​ဖြောင့်မှန်​ခြင်း​သည် အကျွန်ုပ်​ကို​ကာကွယ်​စောင့်ရှောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 22,
      "text": "အို ဘုရားသခင်​၊ အစ္စရေး​လူမျိုး​ကို ခပ်သိမ်း​သော​ဆင်းရဲဒုက္ခ​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် တည်ကြည်​စွာ​လျှောက်လှမ်း​၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 2,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​ကို​စမ်းသပ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​အတွင်းသဘော​ကို စစ်ကြော​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 3,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​၏​မျက်မှောက်​တွင်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 4,
      "text": "အကျွန်ုပ်​သည် မဟုတ်မမှန်​သော​သူ​တို့​နှင့်အတူ မ​ထိုင်​ပါ​။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​နှင့်​လည်း အတူ​သွားလာ​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 5,
      "text": "ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အစုအဝေး​ကို မုန်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​နှင့်​လည်း အတူ​ထိုင်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 6,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍ ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 7,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​ကို​လွှင့်​၍ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​ရာ​အိမ်​တော်​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တည်ရှိ​ရာ​အရပ်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 9,
      "text": "အပြစ်သား​တို့​နှင့်အတူ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လည်းကောင်း​၊ လူ့​အသက်​သတ်​သော​သူ​တို့​နှင့်အတူ အကျွန်ုပ်​၏​အသက်​ကို​လည်းကောင်း ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 10,
      "text": "ထို​သူ​တို့​လက်​ထဲ၌ ဆိုးညစ်​သော​အကြံ​ရှိ​၍ သူ​တို့​၏​လက်ယာ​လက်​သည် တံစိုးလက်ဆောင်​နှင့်​ပြည့်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 11,
      "text": "အကျွန်ုပ်​မူကား တည်ကြည်​စွာ​လျှောက်လှမ်း​ပါ​၏​။ အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 12,
      "text": "အကျွန်ုပ်​၏​ခြေ​သည် ညီညာ​သော​အရပ်​၌​ရပ်​နေ​ပါ​၏​။ အကျွန်ုပ်​သည် လူထုပရိသတ်​ကြီး​အလယ်​တွင် ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 1,
      "text": "ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 2,
      "text": "ငါ့​ကို​ရန်ဖက်ပြု​သော​သူ​များ​နှင့် ငါ​၏​ရန်သူ​များ​ဖြစ်​ကြ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ငါ့​အသား​ကို​ကိုက်စား​ရန် ငါ့​ထံသို့​ချဉ်းကပ်​လာ​ကြ​သောအခါ ခလုတ်တိုက်​၍​လဲကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 3,
      "text": "တပ်​တစ်​တပ်​သည် ငါ့​တစ်ဖက်​၌​စခန်းချ​ထား​လျှင်လည်း ငါ့​စိတ်နှလုံး​သည်​ကြောက်​လိမ့်မည်​မ​ဟုတ်​။ ငါ့​ကို​တိုက်ခိုက်​သည့်​စစ်ပွဲ​ဖြစ်ပွား​လျှင်လည်း ထို​စစ်ပွဲ​တွင် ငါ​ရဲရင့်တည်ကြည်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 4,
      "text": "ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန် ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 5,
      "text": "အကြောင်းမူကား ဒုက္ခ​ရောက်​သော​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​ကိန်းအောင်း​ရာ​အရပ်​၌ ငါ့​ကို​ဝှက်​ထား​တော်မူ​လိမ့်မည်​။ ကိုယ်တော်​၏​တဲ​တော်​၌​ရှိ​သည့် ကွယ်ကာ​ရာ​အရပ်​၌ ငါ့​ကို​ဖုံးကွယ်​ထား​၍ ကျောက်ဆောင်​ပေါ်၌ ငါ့​ကို​ဆွဲတင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 6,
      "text": "ယခုအခါ ငါ​၏​ဦးခေါင်း​သည် ငါ့​ပတ်လည်​ရှိ ငါ့​ရန်သူ​တို့​အထက်၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ ထို့ကြောင့် ငါ​သည် ကိုယ်တော်​၏​တဲ​တော်​၌ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​တည်းဟူသော ယဇ်​များ​ကို​ပူဇော်​ပါ​မည်​။ ငါ​သည် သီချင်းဆို​လျက် ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ခေါ်​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​ကို သနား​၍​ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 8,
      "text": "အကျွန်ုပ်​စိတ်နှလုံး​က “​ငါ​၏​မျက်နှာ​ကို​ရှာ​ကြ​လော့​”​ဟု ကိုယ်တော်​ကိုယ်စား​ဆို​သောအခါ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​ကို အကျွန်ုပ်​ရှာ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 9,
      "text": "အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အမျက်​တော်​ထွက်​၍ ကိုယ်တော်​၏​အစေအပါး​ကို ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 10,
      "text": "ငါ​၏​မိဘ​တို့​သည် ငါ့​ကို​စွန့်ပစ်​ကြ​လျှင်​လည်း ထာဝရဘုရား​သည် ငါ့​ကို​ခေါ်ထား​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် အကျွန်ုပ်​ကို​ညီညာ​သော​လမ်း​၌​ပို့ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 12,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​အလို​အတိုင်း​ပြု​ကြ​စေရန် အကျွန်ုပ်​ကို​အပ်​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား မုသား​သက်သေ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌​ထ​ကြ​လျက် ရက်စက်ကြမ်းကြုတ်​သော​စကား​ကို တရစပ်​ပြောဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 13,
      "text": "အကယ်စင်စစ် အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကို တွေ့မြင်​ရ​မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏​။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 14,
      "text": "ထာဝရဘုရား​ကို စောင့်မျှော်​လော့​။ အားယူ​၍ သင်​၏​စိတ်နှလုံး​ကို​ရဲရင့်​စေ​လော့​။ ထာဝရဘုရား​ကို စောင့်မျှော်​လော့​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 1,
      "text": "အကျွန်ုပ်​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​မထူး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​မကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​လျှင် အကျွန်ုပ်​သည် သေတွင်း​ထဲသို့​ဆင်းသွား​သော​သူ​ကဲ့သို့ ဖြစ်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 2,
      "text": "အကျွန်ုပ်​သည် ကိုယ်တော့်​ထံ အကူအညီ အော်ဟစ်​တောင်းခံ​သောအခါ​၌​လည်းကောင်း​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​ဗျာဒိတ်ဌာန​ဘက်​သို့ အကျွန်ုပ်​လက်​ကို​မြှောက်​သောအခါ​၌​လည်းကောင်း​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 3,
      "text": "မိမိ​တို့​၏​အိမ်နီးချင်း​များ​အား ငြိမ်းချမ်း​စွာ​ပြောဆို​တတ်​သော်လည်း မိမိ​တို့​စိတ်နှလုံး​၌ မကောင်းမှု​များ​ရှိ​ကြ​သည့် ဆိုးယုတ်​သော​သူ​များ​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​များ​နှင့်အတူ အကျွန်ုပ်​ကို​ဆွဲခေါ်​သွား​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 4,
      "text": "သူ​တို့​၏​လုပ်ဆောင်ချက်​နှင့် သူ​တို့​ပြု​သော​ဆိုးညစ်မှု​အတိုင်း သူ​တို့​ကို​ဆပ်ပေး​တော်မူ​ပါ​။ သူ​တို့​လက်​ဖြင့်​ပြု​သော​အမှု​အတိုင်း သူ​တို့​ကို​ဆပ်ပေး​တော်မူ​ပါ​။ သူ​တို့​ခံထိုက်​သော​အရာ​ကို သူ​တို့​အား ပြန်​၍​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 5,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏ လုပ်ဆောင်မှု​တို့​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြု​သော အမှု​ကို​လည်းကောင်း အလေးအနက်​ဆင်ခြင်​ခြင်း​မ​ရှိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖြိုဖျက်​၍ မည်သည့်​အခါ​မျှ သူ​တို့​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 6,
      "text": "ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ငါ​၏​အစွမ်းသတ္တိ​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ ငါ​၏​စိတ်နှလုံး​သည် ကိုယ်တော်​ကို ယုံကြည်ကိုးစား​သဖြင့် ငါ​သည် ကူညီမစ​တော်မူ​ခြင်း​ကို​ခံရ​၏​။ ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည် ရွှင်မြူး​၏​။ ငါ​သည် ငါ့​သီချင်း​ဖြင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 8,
      "text": "ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏ အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​ဘိသိက်ပေး​ထား​သော​သူ​အတွက် ကယ်တင်​ခြင်း​ရဲတိုက်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 9,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​ကို​ကယ်တင်​၍ ကိုယ်တော်​၏​အမွေ​တော်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ သူ​တို့​ကို​ထိန်းကျောင်း​၍ သူ​တို့​ကို​အစဉ်အမြဲ ပွေ့ချီ​ခေါ်ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 1,
      "text": "အို ကောင်းကင်​သား​တို့​၊ ထာဝရဘုရား​ကို​သိမှတ်ဝန်ခံ​ကြ​လော့​။ ဘုန်းအသရေ​နှင့်​အစွမ်းသတ္တိ​သည် ထာဝရဘုရား​နှင့်​ဆိုင်​ကြောင်း သိမှတ်ဝန်ခံ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 2,
      "text": "နာမ​တော်​၏​ဘုန်းအသရေ​သည် ထာဝရဘုရား​နှင့်​ဆိုင်​ကြောင်း သိမှတ်ဝန်ခံ​ကြ​လော့​။ သန့်ရှင်း​ခြင်း​အသရေ​တော်​နှင့်​ပြည့်စုံ​သော ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 3,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် ရေ​ပေါ်၌​ရှိ​တော်မူ​၏​။ ဘုန်းကြီး​သော​ဘုရား​သည် ထစ်ချုန်း​တော်မူ​၏​။ ထာဝရဘုရား​သည် များစွာ​သော​ရေ​ပေါ်၌​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 4,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​၏​။ ထာဝရဘုရား​၏​အသံ​တော်​သည် ဘုန်းအာနုဘော်​နှင့်​ပြည့်စုံ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 5,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် သစ်ကတိုးပင်​တို့​ကို ကျိုး​စေ​တော်မူ​၏​။ အကယ်စင်စစ် ထာဝရဘုရား​သည် လက်ဘနွန်​သစ်ကတိုးပင်​တို့​ကို ကျိုး​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 6,
      "text": "ကိုယ်တော်​သည် လက်ဘနွန်​ကို နွားသငယ်​ကဲ့သို့​လည်းကောင်း​၊ စိရုန်​ကို နွားရိုင်းကလေး​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 7,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် မီးတောက်​မီးလျှံ​များ​ကို ထွက်ပေါ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 8,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် တောကန္တာရ​ကို​တုန်လှုပ်​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် ကာဒေရှ​တောကန္တာရ​ကို တုန်လှုပ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 9,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် သမင်​တို့​ကို​သားဖွား​စေ​၍ သစ်တော​များ​ကို ပြောင်တလင်းခါ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​ဗိမာန်တော်​၌​ရှိသမျှ​တို့​က “​ဘုန်းကြီး​စေ​သတည်း​”​ဟု ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 10,
      "text": "ထာဝရဘုရား​သည် လွှမ်းမိုး​သော​ရေပြင်​အထက်​တွင် စိုးစံ​တော်မူ​၏​။ ထာဝရဘုရား​သည် ရှင်ဘုရင်​အဖြစ် အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 11,
      "text": "ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​အား အစွမ်းသတ္တိ​ကို​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​အား ငြိမ်းချမ်း​ခြင်း​ကောင်းချီးမင်္ဂလာ​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​ပြီး အကျွန်ုပ်​၏​ရန်သူ​တို့​အား အကျွန်ုပ်​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်​မ​မူ​သောကြောင့် ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 2,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ရာ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​ထဲမှ​ထုတ်ဆောင်​တော်မူ​၍ အကျွန်ုပ်​ကို သေတွင်း​ထဲသို့​မ​ဆင်းသွား​စေ​ဘဲ ဆက်၍​အသက်ရှင်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 4,
      "text": "ထာဝရဘုရား​၏​သန့်ရှင်း​သူ​တို့​၊ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 5,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​သည် ခဏသာ​ဖြစ်​၏​။ ကိုယ်တော်​၏​ကျေးဇူး​တော်​မူကား တစ်သက်လုံး​တည်​၏​။ နေဝင်ချိန်​၌ ငိုကြွေးခြင်း​သည် လာ​၍​တည်းခို​သော်လည်း နံနက်အချိန်​၌ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​သည် ရောက်လာ​၏​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 6,
      "text": "“​ငါ​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​မည်​မ​ဟုတ်​”​ဟု ငါ​၌​လုံခြုံစိတ်ချမှု​ရှိ​စဉ်​အခါက ငါ​ပြောဆို​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျေးဇူး​တော်​အားဖြင့် အကျွန်ုပ်​၏​တောင်​ကို ခိုင်ခံ့​စွာ​တည်​စေ​တော်မူ​ပြီ​။ မျက်နှာ​တော်​လွှဲ​တော်မူ​သောအခါ အကျွန်ုပ်​ထိတ်လန့်​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားရှင်​ထံ အသနားခံ​တောင်းလျှောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 9,
      "text": "အကျွန်ုပ်​သေဆုံး​ခြင်း​အားဖြင့်​၊ သေတွင်း​သို့​အကျွန်ုပ်​ဆင်းသွား​ခြင်း​အားဖြင့် မည်သည့်​အကျိုး​ရှိ​ပါ​မည်နည်း​။ မြေမှုန့်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်လော​။ ကိုယ်တော်​၏​သမ္မာတရား​ကို ပြောကြား​ပါ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 10,
      "text": "အို ထာဝရဘုရား​၊ နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 11,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​မြည်တမ်း​ခြင်း​ကို ကခုန်​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​လျှော်တေအဝတ်​ကို​ချွတ်​၍ ဝမ်းမြောက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 12,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 2,
      "text": "အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​၍ အကျွန်ုပ်​ကို အလျင်အမြန်​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက် မှီခို​ရာ​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သည့် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 3,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကျောက်​၊ အကျွန်ုပ်​၏​ရဲတိုက်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​ပို့ဆောင်​လျက် အကျွန်ုပ်​ကို​လမ်းပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 4,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏ မှီခို​ရာ​ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​အတွက် လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 5,
      "text": "အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့​အပ်နှံ​ပါ​၏​။ သမ္မာတရား​နှင့်​ပြည့်စုံ​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 6,
      "text": "အချည်းနှီး​သော​ရုပ်တု​များ​ကို ဆည်းကပ်​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။ ထာဝရဘုရား​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 7,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​၌ ရွှင်လန်း​၍​ဝမ်းမြောက်​ပါ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို​မြင်​၍ အကျွန်ုပ်​စိတ်ဝိညာဉ်​၏​ဆင်းရဲဒုက္ခ​ကို သိ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 8,
      "text": "အကျွန်ုပ်​ကို ရန်သူ​၏​လက်​သို့​အပ်​တော်​မ​မူ​ဘဲ အကျွန်ုပ်​၏​ခြေ​ကို ကျယ်ဝန်း​သော​အရပ်​၌ ရပ်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 9,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။ ပူဆွေး​ခြင်း​ကြောင့် အကျွန်ုပ်​၏​မျက်စိ​၊ အကျွန်ုပ်​၏​ဝိညာဉ်​နှင့်​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အားလျော့​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 10,
      "text": "အကြောင်းမူကား အကျွန်ုပ်​၏​အသက်တာ​သည် ဝမ်းနည်း​ခြင်း​ဖြင့်​လည်းကောင်း​၊ အကျွန်ုပ်​၏​နှစ်ကာလ​တို့​သည် ညည်းတွား​ခြင်း​ဖြင့်​လည်းကောင်း ကုန်လွန်​ခဲ့​ပါ​ပြီ​။ အကျွန်ုပ်​၏​ဒုစရိုက်​ကြောင့် အကျွန်ုပ်​၏​ခွန်အား​သည် ချည့်နဲ့​သွား​၍ အကျွန်ုပ်​၏​အရိုး​တို့​သည် အားလျော့​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 11,
      "text": "အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​အပေါင်း​တို့​ကြောင့် အကျွန်ုပ်​သည် အထူးသဖြင့် အကျွန်ုပ်​၏​အိမ်နီးချင်း​များ​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​၍ အကျွန်ုပ်​၏​အသိ​မိတ်ဆွေ​များ​အတွက်​လည်း ကြောက်ရွံ့စရာ​ဖြစ်​ပါ​ပြီ​။ လမ်း​၌ အကျွန်ုပ်​ကို တွေ့မြင်​သော​သူ​တို့​သည် အကျွန်ုပ်​ထံမှ​ထွက်ပြေး​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 12,
      "text": "အကျွန်ုပ်​သည် သေလွန်​ပြီး​သော​သူ​ကဲ့သို့ လူ​တို့​၏​စိတ်​ထဲမှ​မေ့လျော့​ခြင်း​ခံရ​၍ ကွဲပျက်​သော​အိုး​ကဲ့သို့​ဖြစ်​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 13,
      "text": "အကြောင်းမူကား “​ပတ်လည်​၌​ကြောက်လန့်စရာ​ရှိ​၏​”​ဟူသည့် များစွာ​သော​သူ​တို့​၏​ရှုတ်ချသောစကား​ကို အကျွန်ုပ်​ကြား​ရ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌ အတူတကွ​စုဝေး​ကြ​သောအခါ အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ကြံဆ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 14,
      "text": "သို့သော် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု အကျွန်ုပ်​ဆို​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 15,
      "text": "အကျွန်ုပ်​၏​အချိန်​ကာလ​တို့​သည် ကိုယ်တော်​၏​လက်​တော်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​တို့​နှင့် အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 16,
      "text": "ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ် ထွန်းလင်း​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 17,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သည်​ဖြစ်၍ အကျွန်ုပ်​အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​သည် အရှက်ကွဲ​လျက် မရဏာနိုင်ငံ​ထဲ၌ တိတ်ဆိတ်​စွာ​နေ​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 18,
      "text": "ဖြောင့်မတ်​သော​သူ​တစ်ဖက်​၌ မာန်မာန​ဖြင့်​လည်းကောင်း​၊ မထီမဲ့မြင်ပြု​ခြင်း​ဖြင့်​လည်းကောင်း မောက်မာ​စွာ​ပြောဆို​တတ်​သည့် မုသား​နှုတ်ခမ်း​သည် တိတ်ဆိတ်​စွာ​နေ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 19,
      "text": "ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အတွက် သိုမှီး​ထား​၍ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် လူသား​တို့​ရှေ့​တွင်​ပြု​တော်မူ​သော ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​သည် ကြွယ်ဝ​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 20,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို လူ​တို့​၏​လျှို့ဝှက်ကြံစည်မှု​များ​မှ​ကင်းလွတ်​စေရန် ရှေ့​တော်​ရှိ​ကွယ်ကာ​ရာ​အရပ်​၌ ဖုံးကွယ်​ထား​တော်မူ​၏​။ ခိုက်ရန်ဖြစ်ပွား​တတ်​သော​လျှာ​များ​နှင့်​ကင်းဝေး​စေရန် သူ​တို့​ကို​ယာယီတဲ​၌​ဝှက်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 21,
      "text": "ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကြောင်းမူကား ဝိုင်း​ထား​ခြင်း​ခံရ​သော​မြို့​ထဲ၌ အကျွန်ုပ်​ရှိ​စဉ် ကိုယ်တော်​သည် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို အကျွန်ုပ်​အား​အံ့ဩဖွယ်​ပြသ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 22,
      "text": "“​ကိုယ်တော်​၏​မျက်မှောက်​တော်​မှ အဆက်ဖြတ်​ခံရ​ပြီ​”​ဟု အကျွန်ုပ်​အလန့်တကြား​ပြောဆို​မိ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 23,
      "text": "ထာဝရဘုရား​၏​သန့်ရှင်း​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ချစ်​ကြ​လော့​။ ထာဝရဘုရား​သည် သစ္စာစောင့်​သော​သူ​တို့​ကို ကာကွယ်​စောင့်ရှောက်​တော်မူ​၏​။ မာန်မာန​ဖြင့်​ပြုမူ​သော​သူ​တို့​ကို​မူကား မလျှော့မပေါ့​အပြစ်ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 24,
      "text": "ထာဝရဘုရား​ကို​မျှော်လင့်ကိုးစား​သူ​အပေါင်း​တို့​၊ အားယူ​၍ သင်​တို့​စိတ်နှလုံး​ကို​ရဲရင့်​စေ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 1,
      "text": "ကျူးလွန်​သော​အပြစ်​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​၊ အပြစ်​ဖုံးအုပ်​ခြင်း​ခံရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 2,
      "text": "ထာဝရဘုရား​အပြစ်​မ​ယူ​သော​သူ​၊ မိမိ​စိတ်ဝိညာဉ်​၌​လိမ်လည်ကောက်ကျစ်မှု မ​ရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 3,
      "text": "အကျွန်ုပ်​သည် တိတ်ဆိတ်​စွာ​နေ​သောအခါ တစ်နေ့လုံး​ညည်းတွား​ရ​၍ အကျွန်ုပ်​၏​အရိုး​တို့​သည် ဆွေးမြည့်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​အပေါ်​၌ နေ့​ည​မပြတ်​လေးလံ​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စိုပြည်လန်းဆန်းမှု​သည် နွေကာလ​၏​အပူရှိန်​၌​ကဲ့သို့ ကုန်ခန်း​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 5,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​၏​အပြစ်​ကို ကိုယ်တော်​ထံ​ဝန်ချ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို​လည်း ဖုံးအုပ်​မ​ထား​ပါ​။ “​အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ထာဝရဘုရား​ထံ​ဖော်ပြဝန်ခံ​မည်​”​ဟု အကျွန်ုပ်​ပြောဆို​ခဲ့​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​အပြစ်​ဒုစရိုက်​ကို ခွင့်လွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 6,
      "text": "ထို့ကြောင့် ကိုယ်တော်​ကို​တွေ့​နိုင်​သည့်​ကာလ​တွင် သန့်ရှင်း​သူ​အပေါင်း​တို့​သည် ကိုယ်တော့်​ထံ​ဆုတောင်း​ကြ​ပါစေ​။ အကယ်စင်စစ် လျှံတက်​လာ​သည့် များစွာ​သော​ရေ​ပင်လျှင် သူ​တို့​ထံသို့​ရောက်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 7,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏ ကွယ်ကာ​ရာ​အရပ်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​ကို ဘေးရန်​မှ​ကာကွယ်​လျက် ကယ်တင်​ခြင်း​သီချင်း​များ​ဖြင့် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 8,
      "text": "ငါ​သည် သင့်​ကို​ပညာသတိ​ရှိ​စေ​၍ သင်​သွား​ရ​မည့်​လမ်း​ကို​သွန်သင်ပြသ​မည်​။ သင့်​ကို​ကြည့်ရှု​လျက် အကြံပေး​မည်​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 9,
      "text": "အသိဉာဏ်​မ​ရှိ​သော​မြင်း​၊ သို့မဟုတ် လား​ကဲ့သို့​မ​ဖြစ်​နှင့်​။ ၎င်း​တို့​ကို ဇက်သွား​နှင့်​ဇက်ကြိုး​တန်ဆာ​ဖြင့် ထိန်း​ရ​၏​။ သို့မဟုတ်လျှင် သင့်​ထံသို့​လာ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 10,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် များစွာ​သော​ဒုက္ခဝေဒနာ​ကို​ခံစား​ကြ​ရ​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား မေတ္တာကရုဏာ​တော်​ဖြင့် ဝိုင်းရံ​ထား​ခြင်း​ကို​ခံရ​၏​။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 11,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌​ဝမ်းမြောက်​၍​ရွှင်လန်း​ကြ​လော့​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​၊ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 1,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​ထံသို့ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။ ချီးမွမ်း​ခြင်း​သည် ဖြောင့်မှန်​သော​သူ​တို့​နှင့် သင့်လျော်​ပေ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 2,
      "text": "စောင်း​တီး​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​လော့​။ ဆယ်​ကြိုး​တပ်​စောင်းပြား​တီး​၍ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 3,
      "text": "ကိုယ်တော်​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​နှင့်တကွ ကျွမ်းကျင်​စွာ​တီးခတ်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 4,
      "text": "အကြောင်းမူကား ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဖြောင့်မှန်​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ရှိသမျှ​တို့​သည် သစ္စာ​နှင့်​ပြည့်စုံ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 5,
      "text": "ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​တို့​ကို နှစ်သက်​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​၏ မေတ္တာကရုဏာ​တော်​နှင့်​ပြည့်ဝ​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 6,
      "text": "ကောင်းကင်​သည် ထာဝရဘုရား​၏ နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း​၊ ကောင်းကင်တန်ဆာ​ရှိသမျှ​တို့​သည် နှုတ်​တော်​မှ​ထွက်သက်လေ​အားဖြင့်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 7,
      "text": "ကိုယ်တော်​သည် ပင်လယ်​ရေ​များ​ကို တာတမံ​ကဲ့သို့​စုဝေး​စေ​၍ နက်ရှိုင်း​သော​ရေထု​များ​ကို သိုလှောင်​တိုက်​ထဲ၌ ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 8,
      "text": "မြေကြီးသား​အပေါင်း​တို့​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​ပါစေ​။ ကမ္ဘာလောက​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 9,
      "text": "အကြောင်းမူကား ကိုယ်တော်​မြွက်ဆို​တော်မူ​သောအခါ ထို​အတိုင်း​ဖြစ်​၏​။ ကိုယ်တော်​အမိန့်ပေး​တော်မူ​သောအခါ ထို​အတိုင်း​တည်​လျက်​နေ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 10,
      "text": "ထာဝရဘုရား​သည် တိုင်းနိုင်ငံ​တို့​၏​အကြံဉာဏ်​ကို ပယ်ဖျက်​၍ လူမျိုး​တို့​၏​အကြံအစည်​များ​ကို ဟန့်တား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 11,
      "text": "ထာဝရဘုရား​၏​အကြံဉာဏ်​သည် အစဉ်အမြဲ​တည်​၍ ကိုယ်တော်​၏​စိတ်နှလုံး​အကြံအစည်​တို့​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 12,
      "text": "ထာဝရဘုရား​ကို မိမိ​ဘုရား​အဖြစ်​ကိုးကွယ်​သော​တိုင်းနိုင်ငံ​နှင့် ကိုယ်တော်​၏​အမွေခံ​အဖြစ် ကိုယ်တော်​ရွေးချယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 13,
      "text": "ထာဝရဘုရား​သည် ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​၍ လူသား​အပေါင်း​တို့​ကို မြင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 14,
      "text": "ကိုယ်တော်​သည် ကမ္ဘာမြေ​ပေါ် နေထိုင်​သော​သူ​အပေါင်း​တို့​ကို မိမိ​စံပယ်​ရာ​အရပ်​မှ ကြည့်ရှု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 15,
      "text": "သူ​တို့​အားလုံး​၏​စိတ်နှလုံး​ကို ပုံဖော်ဖန်ဆင်း​၍ သူ​တို့​ပြု​သော​အမှု​အားလုံး​တို့​ကို သိရှိနားလည်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 16,
      "text": "ရှင်ဘုရင်​သည် စစ်သည်​အလုံးအရင်း​ကြောင့် ကယ်တင်​ခြင်း​ခံရ​သည်​မ​ဟုတ်​။ စစ်သူရဲ​သည် ကြီးမား​သော​ခွန်အား​ကြောင့် လွတ်မြောက်​ခွင့်​ရ​သည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 17,
      "text": "မြင်း​သည် အောင်ပွဲ​အတွက် အချည်းနှီး​သော​မျှော်လင့်ချက်​ဖြစ်​၏​။ ၎င်း​၏​ကြီးမား​သော​ခွန်အား​က​လည်း မ​ကယ်ယူ​နိုင်​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 18,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့် မိမိ​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​တို့​၏​စိတ်ဝိညာဉ်​ကို ကြည့်ရှု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 19,
      "text": "ထိုသို့​ကြည့်ရှု​တော်မူ​ခြင်း​မှာ သူ​တို့​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​ရန်​နှင့် ငတ်မွတ်ခေါင်းပါး​သည့်​ကာလ​၌ သူ​တို့​ကို​ဆက်၍​အသက်ရှင်​စေရန်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 20,
      "text": "ငါ​တို့​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​ကို​စောင့်မျှော်​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို​ကူညီမစ​သော​အရှင်​၊ ငါ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 21,
      "text": "အကြောင်းမူကား ငါ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ယုံကြည်ကိုးစား​ကြ​သောကြောင့် ငါ​တို့​၏​စိတ်နှလုံး​သည် ကိုယ်တော်​၌​ဝမ်းမြောက်​ခြင်း​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 22,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​မျှော်လင့်ကိုးစား​ကြ​သည်​နှင့်အညီ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​တို့​အပေါ်​သက်ရောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 1,
      "text": "ငါ​သည် ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​၏​။ ငါ​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို အစဉ်​မြွက်ဆို​မည်​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 2,
      "text": "ငါ​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၌​ဂုဏ်ယူဝါကြွား​မည်​။ စိတ်နှိမ့်ချ​သော​သူ​တို့​သည် ကြားသိ​၍​ဝမ်းမြောက်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 3,
      "text": "ထာဝရဘုရား​ကြီးမြတ်​တော်မူ​ကြောင်း​ကို ငါ​နှင့်အတူ​ဖော်ပြ​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို အတူတကွ​ချီးမြှောက်​ကြ​စို့​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 4,
      "text": "ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက် ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 5,
      "text": "ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍ မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 6,
      "text": "အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 7,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ပတ်လည်​၌ တပ်ချ​၍ သူ​တို့​ကို​ကယ်မ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 8,
      "text": "ထာဝရဘုရား​ကောင်းမြတ်​တော်မူ​ကြောင်း မြည်းစမ်း​၍​သိမြင်​ကြ​လော့​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 9,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​တို့​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ချို့တဲ့​နွမ်းပါး​ခြင်း​မ​ရှိ​ရ​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 10,
      "text": "ခြင်္သေ့ပျို​တို့​သည် အစာ​ချို့တဲ့​၍ ဆာလောင်မွတ်သိပ်​တတ်​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 11,
      "text": "သားသမီး​တို့​၊ လာ​ကြ​လော့​။ ငါ့​ကို​နားထောင်​ကြ​လော့​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အကြောင်း​ကို သင်​တို့​အား ငါ​သင်ကြား​ပေး​မည်​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 12,
      "text": "အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​အရာ​ကို​တွေ့မြင်​ရ​ရန် နေ့ရက်​ကာလ​တို့​ကို​လိုလား​သော​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 13,
      "text": "မိမိ​လျှာ​ကို မကောင်းမှု​မှ​လည်းကောင်း​၊ မိမိ​နှုတ်ခမ်း​ကို လိမ်လည်လှည့်ဖြား​ပြောဆို​ခြင်း​မှ​လည်းကောင်း ကင်းဝေး​အောင်​စောင့်စည်း​လော့​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 14,
      "text": "မကောင်းမှု​မှ​ဖယ်ခွာ​၍ ကောင်း​သော​အမှု​ကို​ပြု​လော့​။ ငြိမ်းချမ်းမှု​ကို​ရှာဖွေ​၍ ၎င်း​ကို​လက်ကိုင်ပြု​လော့​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 15,
      "text": "ထာဝရဘုရား​၏​မျက်စိ​တော်​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​၍ ကိုယ်တော်​၏​နား​တော်​သည် သူ​တို့​၏​အော်ဟစ်သံ​ကို​နားထောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 16,
      "text": "ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​တို့​နှင့် ပတ်သက်​သည့်​အောက်မေ့စရာ​ကို ကမ္ဘာမြေကြီး​ပေါ်မှ​ဖယ်ရှား​ရန် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 17,
      "text": "ဖြောင့်မတ်​သော​သူ​တို့ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ထာဝရဘုရား​သည်​နားညောင်း​၍ သူ​တို့​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 18,
      "text": "ထာဝရဘုရား​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​နှင့် နီး​တော်မူ​၍ စိတ်ကြေမွ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 19,
      "text": "ဖြောင့်မတ်​သော​သူ​သည် ဒုက္ခ​များစွာ​ခံရ​သော်လည်း ထို​ဒုက္ခ​အားလုံး​ထဲမှ သူ့​ကို ထာဝရဘုရား​ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 20,
      "text": "သူ​၏​အရိုး​ရှိသမျှ​တို့​ကို​စောင့်ရှောက်​တော်မူ​၍ ထို​အရိုး​တစ်ချောင်းမျှ​ချိုးဖဲ့​ခြင်း​မ​ခံရ​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 21,
      "text": "မကောင်းမှု​သည် ဆိုးယုတ်​သော​သူ​တို့​ကို​သေဆုံး​စေ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​ကို​မုန်း​သော​သူ​တို့​သည်​လည်း ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 22,
      "text": "ထာဝရဘုရား​သည် မိမိ​အစေအပါး​တို့​၏ စိတ်ဝိညာဉ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တစ်စုံတစ်ဦး​မျှ ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို ဆန့်ကျင်ဘက်​ပြု​တော်မူ​ပါ​။ အကျွန်ုပ်​ကို​တိုက်ခိုက်​သော​သူ​တို့​ကို တိုက်ခိုက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 2,
      "text": "ဒိုင်းလွှား​၊ ဒိုင်းကာ​ကို​ကိုင်ဆောင်​၍ အကျွန်ုပ်​ကို​ကူညီမစ​ရန် ထ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 3,
      "text": "လှံ​နှင့်​အဲမောင်း​ကို​လည်း​ဆွဲယူ​၍ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို ရင်ဆိုင်​တော်မူ​ပါ​။ “​ငါ​သည် သင့်​ကို​ကယ်တင်​သော​သူ​ဖြစ်​သည်​”​ဟု အကျွန်ုပ်​၏​စိတ်ဝိညာဉ်​အား မိန့်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 4,
      "text": "အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ အသရေပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ကြံစည်​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 5,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ​တို့​ကို​မောင်းထုတ်​၍ သူ​တို့​သည် လေ​ထဲ​လွင့်ပါ​သွား​သော​ဖွဲ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 6,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် သူ​တို့​ကို​လိုက်လံ​၍ သူ​တို့​လမ်း​သည် မှောင်​လျက်​ချော်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 7,
      "text": "အကြောင်းမူကား သူ​တို့​သည် အကြောင်းမဲ့ အကျွန်ုပ်​အတွက် ပိုက်ကွန်​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​၏​။ အကြောင်းမဲ့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဖမ်းမိ​ရန် တွင်း​ကို​တူး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 8,
      "text": "ပျက်စီးဆုံးပါး​ခြင်း​သည် ထိုသို့​သော​သူ​အပေါ် အမှတ်မထင်​ကျရောက်​ပါစေသော​။ သူ​လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​၌ သူ​ကိုယ်တိုင်​ပြန်မိ​၍ ထို​ပျက်စီးဆုံးပါး​ခြင်း​ထဲသို့​ပင် ကျရောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 9,
      "text": "ထိုအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၌​ရွှင်လန်း​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ ရွှင်မြူး​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 10,
      "text": "အကျွန်ုပ်​၏​အရိုး​ရှိသမျှ​တို့​က “​အို ထာဝရဘုရား​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​ကို သူ့​ထက်​အားကြီး​သော​သူ​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​။ အကယ်စင်စစ် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လုယူ​တတ်​သော​သူ​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​”​ဟု လျှောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 11,
      "text": "ရက်စက်ကြမ်းကြုတ်​သော​သက်သေ​တို့​သည် ထ​ကြ​၍ ငါ​မ​သိ​သော​အရာ​များ​ကို ငါ့​အား​မေးမြန်း​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 12,
      "text": "သူ​တို့​သည် ငါ့​အား အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​၍ ငါ​၏​စိတ်ဝိညာဉ်​ကို အထီးကျန်​ညှိုးငယ်​စေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 13,
      "text": "ငါ​မူကား သူ​တို့​ဖျားနာ​သောအခါ လျှော်တေအဝတ်​ကို​ဝတ်​၍ အစာရှောင်​လျက် မိမိကိုယ်မိမိ​ချိုးနှိမ်​၏​။ ငါ​၏​ဆုတောင်းချက် ငါ့​ရင်ခွင်​သို့​သာ ပြန်လှည့်​လာ​သောအခါ"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 14,
      "text": "ငါ​သည် ငါ​၏​မိတ်ဆွေ​၊ ငါ​၏​ညီအစ်ကို​အတွက်​ကဲ့သို့ ကြေကွဲ​လျက် မိခင်​အတွက် ငိုကြွေးမြည်တမ်း​သကဲ့သို့ ခေါင်း​ငိုက်စိုက်ချ​၍ ဝမ်းနည်း​ပူဆွေး​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 15,
      "text": "သို့သော် ငါ​လဲ​သောအခါ သူ​တို့​သည် ဝမ်းမြောက်​လျက်​စုဝေး​ကြ​၏​။ ရန်ပြု​ရိုက်ပုတ်​သော​သူ​တို့​သည် ငါ့​တစ်ဖက်​၌​စုဝေး​ကြ​၏​။ ထို​သူ​တို့​ကို​လည်း ငါ​မ​သိ​ရ​။ သူ​တို့​သည် ငါ့​ကို​မ​ရပ်​မ​နား​ဆုတ်ဖြဲ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 16,
      "text": "ပွဲ​၌​လှောင်ပြောင်​ကဲ့ရဲ့​တတ်​သော ဘုရားတရားမဲ့​သူ​များ​ကဲ့သို့ သူ​တို့​သည် ငါ့​ကို​ကြည့်​လျက် အံကြိတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 17,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော်​သည် မည်မျှ​ကြာ​အောင် ကြည့်​လျက်​နေ​တော်မူ​မည်နည်း​။ အကျွန်ုပ်​၏​အသက်​ကို သူ​တို့​၏​ဖျက်ဆီး​ခြင်း​ဘေး​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​တစ်ခုတည်း​သော​အသက်​ကို ခြင်္သေ့ပျို​တို့​၏​ဘေး​မှ​လည်းကောင်း ကယ်မ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 18,
      "text": "ထိုအခါ အကျွန်ုပ်​သည် လူအစုအဝေး​ကြီး​အလယ်​တွင် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​မည်​။ လူထုပရိသတ်​ကြီး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 19,
      "text": "လှည့်ဖြား​တတ်​သော​အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။ အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည်​လည်း မျက်စိ​မှိတ်ပြ​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 20,
      "text": "အကြောင်းမူကား သူ​တို့​သည် ငြိမ်းချမ်းရေး​စကား​ကို​မ​ပြော​ဘဲ အေးချမ်း​စွာ​နေထိုင်​သော​ပြည်သား​တို့​တစ်ဖက်​၌ လိမ်လည်လှည့်ဖြား​သော​စကား​တို့​ကို လုပ်ကြံ​ပြောဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 21,
      "text": "သူ​တို့​သည် အကျွန်ုပ်​ကို​ကြည့်​လျက် မိမိ​တို့​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​ကာ “​ဟား​ဟား​၊ ငါ​တို့​မျက်စိ​နှင့် မြင်​ခဲ့​ရ​ပြီ​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 22,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ အို ဘုရားရှင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 23,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​အရှင်​၊ တရားမျှတမှု​ကို​အကျွန်ုပ်​ရရှိ​ရန်​နှင့် အကျွန်ုပ်​၏​အမှုကိစ္စ​အတွက် နိုးကြွ​၍​ထ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 24,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်အညီ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း​စီရင်​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 25,
      "text": "သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​ထဲ၌ “​ဟား​ဟား​၊ ငါ​တို့​အလို​ပြည့်စုံ​ပြီ​”​ဟု အောက်မေ့​ခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။ “​သူ့​ကို ငါ​တို့​ဝါးမျို​ပြီ​”​ဟု ပြောဆို​ခွင့်​မ​ရ​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 26,
      "text": "အကျွန်ုပ်​ဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​နှင့်ယှဉ်၍ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​ကို ဝတ်ဆင်​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 27,
      "text": "အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​ကို နှစ်သက်​သော​သူ​တို့​သည် ဝမ်းမြောက်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။ “​မိမိ​အစေအပါး​၏​ကောင်းစား​ခြင်း​ကို နှစ်သက်​တော်မူ​သော​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု သူ​တို့​သည် အစဉ်မပြတ်​မြွက်ဆို​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 28,
      "text": "ထိုအခါ အကျွန်ုပ်​၏​နှုတ် ​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 1,
      "text": "ဆိုးယုတ်​သော​သူ​ကျူးလွန်​သော​အပြစ်​နှင့်​ပတ်သက်၍ ငါ​၏​စိတ်နှလုံး​အထဲ​မှ​မိန့်ကြား​တော်မူ​ချက်​မှာ “​သူ​၏​မျက်စိ​ရှေ့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 2,
      "text": "အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​မြှောက်ပင့်​ပြောဆို​၍ မိမိ​ဒုစရိုက်​ကို​မ​မြင်​နိုင်​၊ မ​မုန်း​နိုင်​ချေ​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 3,
      "text": "သူ​၏​နှုတ်ထွက်​စကား​တို့​သည် ယုတ်ညံ့​၍​လိမ်လည်လှည့်ဖြား​တတ်​၏​။ သူ​သည် ပညာသတိ​ရှိ​ခြင်း​နှင့် ကောင်း​သော​အမှု​ပြု​ခြင်း​ကို စွန့်​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 4,
      "text": "သူ​သည် မိမိ​အိပ်ရာ​ပေါ်၌​ပင် အပြစ်ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ မ​ကောင်း​သော​လမ်း​သို့​အမြဲ​လိုက်​၍ မကောင်းမှု​ကို စွန့်ပယ်​ခြင်း​မ​ရှိ​။​”"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 6,
      "text": "ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 7,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 8,
      "text": "သူ​တို့​သည် ကိုယ်တော့်​အိမ်​တော်​၏​ကြွယ်ဝခြင်း​ဖြင့် ကျေနပ်အားရ​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် ကိုယ်တော်​၏ ကြည်နူးခြင်း​စမ်းရေ​ကို​လည်း သူ​တို့​အား​တိုက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 9,
      "text": "အကြောင်းမူကား ကိုယ်တော့်​ထံ၌​အသက်​စမ်းရေတွင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​အလင်း​တော်​ထဲ၌ အကျွန်ုပ်​တို့​သည် အလင်း​ကို​မြင်​ရ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 10,
      "text": "ကိုယ်တော်​ကို​သိ​သော​သူ​တို့​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း​၊ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​၌ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း တည်မြဲတည်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 11,
      "text": "မာန်မာန​ရှိ​သော​ခြေ​သည် အကျွန်ုပ်​အပေါ်​မ​ရောက်လာ​ပါစေ​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​၏​လက်​သည်​လည်း အကျွန်ုပ်​ကို​နှင်ထုတ်​ခွင့်​မ​ရ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 12,
      "text": "ကြည့်​လော့​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​သည် လဲကျ​သွား​ကြ​ပြီ​။ သူ​တို့​သည် တွန်းချ​ခံရ​၍ ပြန်​မ​ထ​နိုင်​ကြ​ပါ​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 1,
      "text": "ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ မတရားမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 2,
      "text": "အကြောင်းမူကား သူ​တို့​သည် မြက်ပင်​ကဲ့သို့ လျင်မြန်​စွာ​ညှိုးခြောက်​၍ စိမ်းလန်း​သော​မြက်နု​ကဲ့သို့ ညှိုးနွမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 3,
      "text": "ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​လျက် ကောင်း​သော​အမှု​ကို​ပြု​လော့​။ ပြည်​တော်​၌​နေထိုင်​၍ သစ္စာတရား​၌​ကျက်စား​လော့​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 4,
      "text": "ထာဝရဘုရား​၌ မွေ့လျော်​ခြင်း​ရှိ​လော့​။ သို့ပြုလျှင် သင်​၏​စိတ်နှလုံး​ဆန္ဒ​များ​ကို သင့်​အား​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 5,
      "text": "သင်​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​ထံ​အပ်နှံ​၍ ကိုယ်တော်​ကို ယုံကြည်ကိုးစား​လော့​။ သို့ပြုလျှင် ကိုယ်တော်​စီရင်​ဆောင်ရွက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 6,
      "text": "ကိုယ်တော်​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကို အလင်း​ကဲ့သို့​လည်းကောင်း​၊ သင်​၏​တရားမျှတ​ခြင်း​ကို မွန်းတည့်​နေ​ကဲ့သို့​လည်းကောင်း ထွန်းလင်း​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 7,
      "text": "ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။ မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊ ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 8,
      "text": "အမျက်​ကို​ပြေ​စေ​လော့​။ အမျက်ဒေါသ​ကို​စွန့်ပယ်​လော့​။ စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ ၎င်း​သည် ဆိုးကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 9,
      "text": "အကြောင်းမူကား ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​စောင့်မျှော်​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 10,
      "text": "ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။ သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 11,
      "text": "စိတ်နှိမ့်ချ​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ကြွယ်ဝ​သော​ငြိမ်းချမ်း​ခြင်း​၌ မွေ့လျော်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 12,
      "text": "ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အပေါ် မကောင်း​ကြံစည်​ကာ သူ့​ကို​ကြည့်​လျက် အံကြိတ်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 13,
      "text": "သို့သော် သူ​၏​နေ့ရက်​ရောက်လာ​တော့​မည်​ကို ဘုရားရှင်​သည် သိမြင်​တော်မူ​၍ သူ့​ကို​ရယ်မော​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 14,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လဲကျ​စေရန်​လည်းကောင်း​၊ ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​တို့​ကို သတ်ဖြတ်​ရန်​လည်းကောင်း ဓား​ကို​ထုတ်​၍ လေး​ကို​တင်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 15,
      "text": "သူ​တို့​၏​ဓား​သည် သူ​တို့​၏​နှလုံး​ကို​ထိုးဖောက်​၍ သူ​တို့​၏​လေး​များ​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 16,
      "text": "ဖြောင့်မတ်​သော​သူ​၏​အနည်းငယ်​သော​ဥစ္စာ​သည် ဆိုးယုတ်​သော​သူ​တို့​၏​များစွာ​သော စည်းစိမ်ဘဏ္ဍာ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 17,
      "text": "အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​၏​လက်ရုံး​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ထောက်မ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 18,
      "text": "ထာဝရဘုရား​သည် အပြစ်တင်စရာမရှိ​သော​သူ​တို့​၏ နေ့ရက်​များ​ကို​သိ​တော်မူ​၏​။ သူ​တို့​၏​အမွေ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 19,
      "text": "သူ​တို့​သည် ဆိုးရွား​သော​ကာလ​၌ အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အစာခေါင်းပါး​သော​နေ့​၌​လည်း ဝလင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 20,
      "text": "ဆိုးယုတ်​သော​သူ​တို့​မူကား ပျက်စီး​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​၏​ရန်သူ​တို့​သည် မြက်ခင်းပြင်​၏​အသရေ​ကဲ့သို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။ မီးခိုး​ကဲ့သို့ ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 21,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် ချေးငှား​ပြီး ပြန်​မ​ဆပ်​တတ်​ကြ​ပေ​။ ဖြောင့်မတ်​သော​သူ​တို့​မူကား သနား​၍ ပေးကမ်း​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 22,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​ကို ခံစား​ရ​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ကိုယ်တော်​၏​ကျိန်​ခြင်း​ကို​ခံရ​သော​သူ​တို့​မူကား ဖယ်ရှား​ခြင်း​ခံရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 23,
      "text": "ထာဝရဘုရား​သည် လူ​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​၍ သူ​သွား​ရာ​လမ်း​ကို နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 24,
      "text": "ထာဝရဘုရား​သည် သူ့​ကို မိမိ​လက်​တော်​ဖြင့် ထောက်မ​တော်မူ​သောကြောင့် သူ​သည်​လဲကျ​လျှင်လည်း ပြန်မထ​နိုင်​တော့​သည့်​အဖြစ်​သို့ ရောက်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 25,
      "text": "ငါ​သည် လူငယ်​တစ်​ဦး​ဖြစ်​ခဲ့​ပြီး ယခု​အသက်ကြီး​လေ​ပြီ​။ သို့သော် ဖြောင့်မတ်​သော​သူ​သည် စွန့်ပစ်​ခြင်း​ခံရ​သည်​ကို​လည်းကောင်း​၊ သူ​၏​သားမြေး​တို့​သည် အစာ​တောင်းရမ်း​နေ​ကြ​ရ​သည်​ကို​လည်းကောင်း မ​တွေ့​မ​မြင်​ဖူး​ပေ​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 26,
      "text": "သူ​သည် အစဉ်အမြဲ​သနား​တတ်​၍ ချေးငှား​ပေး​တတ်​၏​။ သူ​၏​သားမြေး​တို့​သည်​လည်း ကောင်းချီးမင်္ဂလာ ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 27,
      "text": "မကောင်းမှု​မှ​ဖယ်ခွာ​၍ ကောင်း​သော​အမှု​ကို​ပြု​လော့​။ သို့ပြုလျှင် အစဉ်အမြဲ​နေထိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 28,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​တော်မူ​၏​။ မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​လည်း စွန့်ပစ်​တော်​မ​မူ​။ သူ​တို့​သည် အစဉ်အမြဲ​စောင့်ရှောက်​တော်မူ​ခြင်း​ကို ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​၏​သားမြေး​တို့​မူကား ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 29,
      "text": "ဖြောင့်မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ၎င်း​တွင် ထာဝစဉ်​နေထိုင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 30,
      "text": "ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​တတ်​၏​။ သူ​၏​လျှာ​သည်​လည်း တရားမျှတ​သော​စကား​ကို​ပြောဆို​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 31,
      "text": "သူ့​ဘုရားသခင်​၏​တရားတော်​သည် သူ့​စိတ်နှလုံး​ထဲ၌​ရှိ​သည်​ဖြစ်၍ သူ​သည် ခြေ​ချော်​ခြင်း​ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 32,
      "text": "ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​ကို စောင့်ကြည့်​၍ သူ့​ကို​သတ်​ရန်​ရှာကြံ​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 33,
      "text": "သို့သော် ထာဝရဘုရား​သည် သူ့​ကို ထို​ဆိုးယုတ်​သော​သူ​၏​လက်​ထဲ၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။ သူ​သည် တရားစီရင်​ခြင်း​ခံရ​သောအခါ​၌​လည်း အပြစ်​ရှိ​သည်​ဟု​စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 34,
      "text": "ထာဝရဘုရား​ကို​စောင့်မျှော်​၍ ကိုယ်တော်​၏​လမ်း​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ရန် ကိုယ်တော်​သည် သင့်​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​ဖယ်ရှား​ခြင်း​ခံရ​သည်​ကို သင်​မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 35,
      "text": "ဆိုးယုတ်​၍​ကြမ်းကြုတ်​သော​သူ​သည် မူရင်း​ဒေသ​ပေါက် စိမ်းလန်း​သော​အပင်​ကဲ့သို့ ပြန့်ကား​ကြီးထွား​နေ​သည်​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 36,
      "text": "သို့သော် သူ​သည်​ကွယ်ပျောက်​သွား​၏ ​။ ကြည့်ရှု​လော့​။ သူ​မ​ရှိ​တော့​ပေ​။ သူ့​ကို ငါ​ရှာ​သော်လည်း မ​တွေ့​ရ​တော့​ပေ​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 37,
      "text": "အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို မှတ်သားဆင်ခြင်​လော့​။ ဖြောင့်မှန်​သော​သူ​ကို ကြည့်ရှု​လော့​။ အကြောင်းမူကား ငြိမ်းချမ်း​ခြင်း​ဆောင်ကြဉ်း​သူ​အတွက် အနာဂတ်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 38,
      "text": "သို့သော် အပြစ်ကျူးလွန်​သော​သူ​တို့​သည် အတူတကွ​ဖျက်ဆီး​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​အနာဂတ်​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 39,
      "text": "ဖြောင့်မတ်​သော​သူ​ကို​ကယ်တင်​ခြင်း​အကြောင်း​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သော​အချိန်​တွင် ကိုယ်တော်​သည် သူ​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 40,
      "text": "ထာဝရဘုရား​သည် သူ​တို့​ကို​ကူညီမစ​၍ ကယ်တင်​တော်မူ​၏​။ သူ​တို့​သည် ကိုယ်တော်​၌​ခိုလှုံ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ လွတ်မြောက်​စေ​တော်မူ​၏​။ ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​ဖြင့် အကျွန်ုပ်​ကို ဆုံးမ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အမျက်ဒေါသ​ဖြင့် အကျွန်ုပ်​ကို ပဲ့ပြင်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​မြား​တို့​သည် အကျွန်ုပ်​၌​စူးဝင်​၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖိထား​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 3,
      "text": "ကိုယ်တော်​၏​အမျက်​တော်​ကြောင့် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​၌ အနာတရကင်း​သော​နေရာ​မ​ရှိ​ပါ​။ အကျွန်ုပ်​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​၏​အရိုး​တို့​သည် သန်စွမ်း​ခြင်း​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 4,
      "text": "အကြောင်းမူကား အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို လွှမ်းမိုး​သည်​အထိ များပြား​၍ ဝန်ထုပ်ကြီး​ကဲ့သို့ အကျွန်ုပ်​အတွက် လေးလံ​လွန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 5,
      "text": "အကျွန်ုပ်​၏​မိုက်မဲမှု​ကြောင့် အကျွန်ုပ်​၏​ဒဏ်ရာ​များ​သည် ပုပ်စော်နံ​၍ ရိရွဲ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 6,
      "text": "အကျွန်ုပ်​သည် ခေါင်း​ကို​ငုံ့​လျက်​၊ လုံးလုံး​ငိုက်စိုက်ချ​လျက်​၊ တစ်နေ့လုံး​ဝမ်းနည်း​ပူဆွေး​လျက် သွားလာ​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 7,
      "text": "အကြောင်းမူကား အကျွန်ုပ်​၏​ခါး​တစ်ဝိုက်လုံး​သည် ပူလောင်​နာကျင်​၍ အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​၌ အနာတရကင်း​သော​နေရာ​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 8,
      "text": "အကျွန်ုပ်​သည် အားလျော့​လျက် လုံးလုံး​ကြေမွ​ရ​ပါ​၏​။ အကျွန်ုပ်​စိတ်နှလုံး​ပူဆွေး​သဖြင့် အော်ဟစ်​နေ​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 9,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အလိုဆန္ဒ​ရှိသမျှ​သည် ကိုယ်တော်​၏​ရှေ့​၌ ထင်ရှား​ပါ​၏​။ အကျွန်ုပ်​၏​ညည်းတွား​ခြင်း​သည်​လည်း ကိုယ်တော့်​ထံမှ ကွယ်ဝှက်​၍​မ​နေ​ပါ​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 10,
      "text": "အကျွန်ုပ်​၏​နှလုံး​သည် ပြင်းစွာ​ခုန်​၍ အကျွန်ုပ်​၏​ခွန်အား​သည် အကျွန်ုပ်​ကို​စွန့်ခွာ​သွား​ပါ​ပြီ​။ အကျွန်ုပ်​၏​မျက်စိ​အလင်း​သည်​လည်း အကျွန်ုပ်​ထံ၌​မ​ရှိ​တော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 11,
      "text": "အကျွန်ုပ်​ချစ်​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​မိတ်ဆွေ​တို့​သည် အကျွန်ုပ်​၏​အနာ​ကြောင့် အကျွန်ုပ်​ကို​ရှောင်ဖယ်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​သည်​လည်း အဝေး​၌​ရပ်​နေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 12,
      "text": "အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ထောင်ဖမ်း​ကြ​ပါ​၏​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ရှာကြံ​သော​သူ​တို့​သည် ပျက်စီး​ခြင်း​အကြောင်း​များ​ပြောဆို​၍ လိမ်လည်လှည့်ဖြားမှု​များ​ကို တစ်နေ့လုံး​ကြံစည်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 13,
      "text": "သို့သော် အကျွန်ုပ်​သည် နားမကြား​သူ​ကဲ့သို့ မည်သည့်​အရာ​ကို​မျှ​မ​ကြား​ပါ​။ မိမိ​နှုတ်​ကို​မ​ဖွင့်​သော​ဆွံ့အ​သူ​ကဲ့သို့​လည်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 14,
      "text": "အမှန်စင်စစ် အကျွန်ုပ်​သည် မ​ကြား​ရ​သော​သူ​ကဲ့သို့​လည်းကောင်း​၊ မိမိ​နှုတ်​၌​ပြန်ပြောစရာ​စကား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 15,
      "text": "အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၊ ကိုယ်တော်​သည် ထူး​တော်မူ​မည်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 16,
      "text": "သို့ဖြစ်၍ “​အကျွန်ုပ်​ခြေ​ချော်​သောအခါ သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကြောင့်​ဝမ်းမြောက်​ခြင်း​၊ အကျွန်ုပ်​အပေါ်​မိမိကိုယ်ကို​ချီးမြှောက်​ခြင်း မ​ရှိ​ကြ​ပါစေ​နှင့်​”​ဟု အကျွန်ုပ်​လျှောက်​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 17,
      "text": "အကြောင်းမူကား အကျွန်ုပ်​သည် လဲ​လုမတတ်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​ဒုက္ခဝေဒနာ​သည်​လည်း အကျွန်ုပ်​ရှေ့​၌​အစဉ်​ရှိ​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 18,
      "text": "အမှန်စင်စစ် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖော်ပြ​ဝန်ခံ​ပါ​၏​။ အကျွန်ုပ်​၏​အပြစ်​ကြောင့် စိုးရိမ်ပူပန်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 19,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​သည် သန်မာ​အားကြီး​ကြ​ပါ​၏​။ အကြောင်းမဲ့ အကျွန်ုပ်​ကို မုန်းတီး​သော​သူ​တို့​သည်​လည်း များစွာ​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 20,
      "text": "အကျွန်ုပ်​သည် ကောင်းမြတ်​သော​အရာ​ကို လက်ကိုင်ပြု​သောကြောင့် အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 21,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 22,
      "text": "အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားရှင်​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 1,
      "text": "“​ငါ​သည် နှုတ်​ဖြင့်​မ​ပြစ်မှား​မိ​စေရန် ငါ​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို​စောင့်ထိန်း​မည်​။ ငါ​၏​ရှေ့​၌​ဆိုးယုတ်​သော​သူ​တို့​ရှိ​နေစဉ် နှုတ်စွပ်​တပ်​၍ ငါ့​နှုတ်​ကို​စောင့်ထိန်း​မည်​”​ဟု ငါ​ဆို​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 2,
      "text": "ငါ​သည် ကောင်း​သော​အရာ​ကို​ပင်​မပြော​ဘဲ တိတ်ဆိတ်​ငြိမ်သက်​စွာ​နေ​၏​။ ထိုအခါ ငါ​၏​ဝေဒနာ​သည် ပိုမို​ပြင်းထန်​လာ​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 3,
      "text": "ငါ​၏​စိတ်နှလုံး​သည် ငါ့​အထဲ​၌​ပူလောင်​လာ​၏​။ ငါ​ညည်းညူမြည်တမ်း​သောအခါ မီး​တောက်လောင်​၏​။ ထိုအခါ ငါ​၏​နှုတ်​ဖြင့် ငါ​ပြောဆို​သည်​မှာ"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 4,
      "text": "“​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဘဝနိဂုံး​ကို​လည်းကောင်း​၊ အကျွန်ုပ်​အသက်တာ​၏​နေ့ရက်​ပမာဏ မည်မျှ​ရှိ​သည်​ကို​လည်းကောင်း အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​သည် အခိုက်အတန့်​မျှသာ တည်​ကြောင်း​ကို​လည်း သိ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 5,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​အသက်တာ​၏ နေ့ရက်​များ​ကို လက်တစ်ဝါး ​သာ​ရှည်​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​အသက်တာ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တွင် ဘာမျှ​မ​ဟုတ်​သကဲ့သို့​ဖြစ်​ပါ​၏​။ အကယ်စင်စစ် လူ​တိုင်း​သည် မြဲမြံ​စွာ​ရပ်တည်​လျက်​နေ​စဉ်မှာပင် အခိုးအငွေ့​သက်သက်​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 6,
      "text": "အကယ်စင်စစ် လူ​သည်​အရိပ်​ကဲ့သို့​သွားလာ​ပါ​၏​။ သူ​တို့​သည် အချည်းနှီး​သော​အရာ​ကြောင့်သာ မငြိမ်မသက်​ဖြစ်​တတ်​ကြ​ပါ​၏​။ လူ​သည် ဥစ္စာ​များ​စုဆောင်း​သော်လည်း ၎င်း​တို့​အား မည်သူ​ရ​မည်​ကို​မ​သိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 7,
      "text": "သို့ဖြစ်၍ အို ဘုရားရှင်​၊ ယခု အကျွန်ုပ်​သည် မည်သည့်​အရာ​ကို​စောင့်မျှော်​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​မျှော်မှန်း​သော​အရာ​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 8,
      "text": "အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​ကို မိုက်မဲ​သော​သူ​၏​ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 9,
      "text": "ကိုယ်တော်​သည် ဤသို့​ပြု​တော်မူ​သောကြောင့် အကျွန်ုပ်​သည် တိတ်ဆိတ်​စွာ​နေ​လျက် အကျွန်ုပ်​၏​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 10,
      "text": "ကိုယ်တော်​၏​ဒဏ်ခတ်​ခြင်း​ကို အကျွန်ုပ်​ထံ​မှ ဖယ်ရှား​တော်မူ​ပါ​။ လက်​တော်​၏​ရိုက်နှက်မှု​ကြောင့် အကျွန်ုပ်​သည် အားအင်ကုန်ခန်း​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 11,
      "text": "ကိုယ်တော်​သည် ဒုစရိုက်​အတွက်​ဆိုဆုံးမ​ခြင်း​အားဖြင့် လူ​ကို​ပဲ့ပြင်​တော်မူ​၍ လူ​တပ်မက်​သော​အရာ​ကို ပိုးဖလံ​ကဲ့သို့​ဖျက်ဆီး​တော်မူ​၏​။ လူ​တိုင်း​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 12,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​အော်ဟစ်သံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျက်ရည်​ကို​ကြည့်​၍ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော့်​ထံ၌​ရှိ​သော တိုင်းတစ်ပါးသား​ဖြစ်၍ အကျွန်ုပ်​၏​ဘိုးဘေး​အပေါင်း​တို့​နည်းတူ ဧည့်သည်​မျှသာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 13,
      "text": "အကျွန်ုပ်​ထွက်ခွာ​သွား​၍ ပျောက်ကွယ်​မ​သွား​မီ အကျွန်ုပ်​ရွှင်လန်း​ခြင်း​ရှိ​စေရန် အကျွန်ုပ်​ထံမှ အကြည့်လွှဲ​တော်မူ​ပါ​။​”"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 1,
      "text": "ငါ​သည် ထာဝရဘုရား​ကို စေ့စေ့​စောင့်မျှော်​လျက်​နေ​၏​။ ကိုယ်တော်​သည် ငါ့​ဘက်​သို့​လှည့်​၍ ငါ​၏​အော်ဟစ်သံ​ကို ကြား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 2,
      "text": "ကိုယ်တော်​သည် ကြောက်မက်ဖွယ်​သေတွင်း​နှင့် ရွှံ့​နွံ​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​ပြီးလျှင် အကျွန်ုပ်​၏​ခြေ​ကို ကျောက်​ပေါ်၌​ရပ်​စေ​၍ အကျွန်ုပ်​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 3,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ရာ​သီချင်း​အသစ်​ကို​လည်း အကျွန်ုပ်​၏​နှုတ်​၌ သွင်းပေး​တော်မူ​၏​။ များစွာ​သော​လူ​တို့​သည် မြင်​၍​ကြောက်ရွံ့​လျက် ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 4,
      "text": "မာနထောင်လွှား​သော​သူ​တို့​နှင့် လိမ်လည်မှု​နောက်သို့​လိုက်သွား​သော​သူ​တို့​ထံသို့ မ​လှည့်​ဘဲ ထာဝရဘုရား​ကို ကိုးစား​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 5,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တည်းဟူသော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​နှင့် အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​၏​အကြံအစည်​များ​သည် များပြား​လှ​ပါ​၏​။ ကိုယ်တော်​နှင့်​နှိုင်းယှဉ်​ရ​မည့်​သူ​မ​ရှိ​ပါ​။ ထို​အမှု​တို့​ကို အကျွန်ုပ်​ထုတ်ဖော်​၍​ပြောဆို​သောအခါ ရေတွက်​မကုန်​နိုင်​အောင် များပြား​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 6,
      "text": "ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​ကို နှစ်သက်​တော်​မ​မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​နား​ကို​ဖွင့်​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မီးရှို့ရာယဇ်​နှင့်​အပြစ်ဖြေရာယဇ်​ကို တောင်း​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 7,
      "text": "ထိုအခါ အကျွန်ုပ်​က “​ကျမ်းစာလိပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​လာ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 8,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အလို​တော်​ဆောင်ရွက်​ရ​သည်​ကို အကျွန်ုပ်​နှစ်သက်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ​၌​ရှိ​ပါ​၏​”​ဟု လျှောက်​၏​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 9,
      "text": "အကျွန်ုပ်​သည် လူအစုအဝေး​ကြီး​အလယ်​၌ ဖြောင့်မတ်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် မိမိ​နှုတ်​ကို​ပိတ်​၍​မ​နေ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 10,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ဖုံးကွယ်​မ​ထား​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​အကြောင်း​ကို အကျွန်ုပ်​ပြောကြား​ပါ​ပြီ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​ထိမ်ဝှက်​မ​ထား​ပါ​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​အား သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​သည် အကျွန်ုပ်​ကို အစဉ်​ကာကွယ်​စောင့်ရှောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 12,
      "text": "အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကယ်နုတ်​ရန် အလိုရှိ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 14,
      "text": "အကျွန်ုပ်​အသက်​ကို​ဖျက်ဆီး​ရန် ရှာကြံ​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို​ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 15,
      "text": "အကျွန်ုပ်​ကို “​ဟား​ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် တုန်လှုပ်ချောက်ချား​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 16,
      "text": "ကိုယ်တော်​ကို​ရှာ​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​၌​ရွှင်မြူး​လျက်​ဝမ်းမြောက်​ကြ​ပါစေသော​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​မြတ်နိုး​သော​သူ​တို့​က “​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု အစဉ်​မြွက်ဆို​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 17,
      "text": "အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​ဖြစ်​ပါ​၏​။ ဘုရားရှင်​သည် အကျွန်ုပ်​အတွက်​စဉ်းစား​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 1,
      "text": "ဆင်းရဲ​သော​သူ​ကို ဂရုပြု​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ဒုက္ခ​ရောက်​သော​နေ့​၌ ထာဝရဘုရား​သည် သူ့​ကို​လွတ်မြောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 2,
      "text": "ထာဝရဘုရား​သည် သူ့​ကို​စောင့်ရှောက်​လျက် ဆက်၍​အသက်ရှင်​စေ​တော်မူ​လိမ့်မည်​။ သူ​သည် ပြည်​တော်​တွင်​မင်္ဂလာ​ရှိ​သူ​ဖြစ်​လိမ့်မည်​။ ကိုယ်တော်​သည် သူ့​ကို ရန်သူ​တို့​အလို​အတိုင်း​ပြု​ကြ​စေရန် အပ်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 3,
      "text": "ခုတင်​ပေါ်၌ သူ​ဖျားနာ​လျက်​နေစဉ် ထာဝရဘုရား​သည် သူ့​ကို​ဖေးမ​တော်မူ​၍ အနာရောဂါ​ခံစား​ရာ​အိပ်ရာ​ထဲမှ သူ့​ကို​အပြည့်အဝ​ပြန်လည်​ကျန်းမာ​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 4,
      "text": "ငါ​က “​အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ပြစ်မှား​ခဲ့​သည်​ဖြစ်၍ အကျွန်ုပ်​စိတ်ဝိညာဉ်​၏​အနာ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 5,
      "text": "ငါ​၏​ရန်သူ​တို့​က “​မည်သည့်​အချိန်​မှ သူ​သေ​၍ သူ​၏​အမည်​ပျောက်ကွယ်​သွား​မည်နည်း​”​ဟု ငါ့​ကို​မကောင်း​ပြောဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 6,
      "text": "ငါ့​ကို​လာ​ကြည့်​သော​သူ​သည်​လည်း မဟုတ်မမှန်​ပြောဆို​၏​။ သူ​၏​စိတ်နှလုံး​တွင် ယုတ်ညံ့​သော​အရာ​ကို စုဆောင်း​လျက် အပြင်​သို့​ထွက်သွား​သောအခါ ထို​အရာ​ကို​ပြောဆို​၏​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 7,
      "text": "ငါ့​ကို​မုန်း​သော​သူ​အပေါင်း​တို့​သည် ငါ့​အကြောင်း​ကို အတူတကွ​တီးတိုးပြောဆို​ကြ​၏​။ သူ​တို့​သည် ငါ့​အပေါ်​မကောင်းမှု​ကို​ကြံစည်​လျက်"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 8,
      "text": "“​သူ​၌ ဆိုးညစ်​သော​အရာ​စွဲကပ်​နေ​သည်​ဖြစ်၍ သူ​သည် လဲလျောင်း​ရာ​မှ နောက်တစ်ဖန်​ပြန်​ထ​နိုင်​မည်​မ​ဟုတ်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 9,
      "text": "ငါ့​မုန့်​ကို​စား​သော ငါ​ယုံကြည်စိတ်ချ​ခဲ့​သည့် ငါ​၏​မိတ်ဆွေရင်းချာ​ပင်လျှင် ငါ့​ကို​ဖနောင့်​နှင့်​ပေါက်​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 10,
      "text": "သို့ရာတွင် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် သူ​တို့​ကို​တုံ့ပြန်​နိုင်​ရန် ကိုယ်တော်​သည် အကျွန်ုပ်​ကို​သနား​တော်မူ​၍ အကျွန်ုပ်​ကို​ပြန်ထ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 11,
      "text": "အကျွန်ုပ်​၏​ရန်သူ​သည် အကျွန်ုပ်​အပေါ် အောင်ပွဲခံ​ကြွေးကြော်​ခွင့်​မ​ရ​သည်​ကို​ထောက်၍ ကိုယ်တော်​သည် အကျွန်ုပ်​ကို​နှစ်သက်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 12,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​တည်ကြည်မှု​ကြောင့် အကျွန်ုပ်​ကို​ထောက်မ​တော်မူ​၍ ကိုယ်တော်​၏​ရှေ့​တော်​၌ အကျွန်ုပ်​ကို​အစဉ်အမြဲ​တည်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 13,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 1,
      "text": "သမင်​ဒရယ်​သည် ရေ​စီး​သော​ချောင်း​တို့​ကို​တောင့်တ​သကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​တောင့်တ​ပါ​၏​ဘုရား​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 2,
      "text": "ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​တည်းဟူသော အသက်ရှင်​တော်မူ​သော​ဘုရား​ကို ဆာငတ်​၏​။ ငါ​သည် မည်သည့်​အချိန်​မှ​လာ​၍ ဘုရားသခင်​၏​မျက်နှာ​တော်​ကို​ဖူးမြင်​ရ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 3,
      "text": "လူ​တို့​က “​သင်​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု ငါ့​ကို တစ်နေ့လုံး​ပြောဆို​ကြ​သောအခါ ငါ​၏​မျက်ရည်​သည် နေ့​ည​မပြတ် ငါ့​အတွက်​စားစရာ​ဖြစ်​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 4,
      "text": "ဤ​အရာ​တို့​ကို​ငါ​အောက်မေ့​သောအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ငါ့​အထဲ​၌​ယိုဖိတ်​လျက်​ရှိ​၏​။ အကြောင်းမူကား ငါ​သည် လူအုပ်ကြီး​နှင့်အတူ​လျှောက်သွား​၍ ပွဲတော်​ကျင်းပ​နေ​သည့်​ထို​လူအုပ်​နှင့်အတူ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​နှင့် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​ဖြင့် ဘုရားသခင်​၏​အိမ်​တော်​သို့ တရွေ့ရွေ့သွား​လေ့​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 5,
      "text": "အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို ထပ်၍​ချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 6,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ ညှိုးငယ်​လျက်​ရှိ​ပါ​၏​။ ထို့ကြောင့် အကျွန်ုပ်​သည် ဂျော်ဒန်​မြစ်ဝှမ်း​နှင့် ဟေရမုန်​တောင်ရိုး​တို့​မှ​လည်းကောင်း​၊ မိဇရ​တောင်​မှ​လည်းကောင်း ကိုယ်တော်​ကို​အောက်မေ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 7,
      "text": "ကိုယ်တော်​၏​ရေတံခွန်​တို့​မြည်ဟည်းသံ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​သည် နက်ရှိုင်း​ရာ​အရပ်​ကို​ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​၏​လှိုင်းလုံး​များ​နှင့် လှိုင်းတံပိုး​အပေါင်း​တို့​သည် အကျွန်ုပ်​အပေါ်​လွှမ်းမိုး​သွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 8,
      "text": "ထာဝရဘုရား​သည် နေ့အချိန်​၌ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို ပြ​တော်မူ​သည်​ဖြစ်၍ ညအချိန်​၌ ငါ့​အသက်​၏​အရှင်​၊ ဘုရားသခင်​ထံ ငါ​ဆုတောင်း​၏​။ ကိုယ်တော်​အား ချီးမွမ်း​သော​သီချင်း​ကို ငါ​သီဆို​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 9,
      "text": "ငါ​၏​ကျောက်​ဖြစ်​တော်မူ​သော​ဘုရားသခင်​အား “​အကျွန်ုပ်​ကို အဘယ်ကြောင့် မေ့လျော့​တော်မူ​သနည်း​။ အကျွန်ုပ်​သည် အဘယ်ကြောင့် ရန်သူ​တို့​၏​ဖိနှိပ်မှု​ထဲ၌ ဝမ်းနည်း​ပူဆွေး​လျက်​သွားလာ​ရ​ပါ​သနည်း​”​ဟု ငါ​လျှောက်​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 10,
      "text": "ငါ​၏​ရန်သူ​တို့​က “​သင်​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု ငါ့​ကို​တစ်နေ့လုံး ပြောဆို​လျက် ငါ​၏​အရိုး​ကွဲ​လုမတတ် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 11,
      "text": "အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့်​မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရားသခင်​ကို ထပ်၍​ချီးမွမ်း​မည် ​။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၌ အပြစ်​မ​ရှိ​ကြောင်း​စီရင်​တော်မူ​ပါ​။ ဘုရားတရားမဲ့​သော​လူမျိုး​ကို​ဆန့်ကျင်​လျက် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​တော်မူ​ပါ​။ လိမ်လည်လှည့်ဖြား​၍ မတရားမှု​ပြု​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​မှီခို​ရာ​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ အဘယ်ကြောင့် အကျွန်ုပ်​ကို ငြင်းပယ်​တော်မူ​သနည်း​။ အကျွန်ုပ်​သည် အဘယ်ကြောင့် ရန်သူ​တို့​၏​ဖိနှိပ်မှု​ထဲ၌ ဝမ်းနည်း​ပူဆွေး​လျက်​သွားလာ​ရ​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 3,
      "text": "ကိုယ်တော်​၏​အလင်း​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို စေလွှတ်​တော်မူ​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​ကို ကိုယ်တော်​၏ သန့်ရှင်း​သော​တောင်​တော်​သို့​လည်းကောင်း​၊ ကိုယ်တော်​၏​ကိန်းဝပ်​တော်မူ​ရာ တဲ​တော်​သို့​လည်းကောင်း ဦးဆောင်​လမ်းပြ​လျက် ခေါ်ဆောင်​သွား​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 4,
      "text": "ထိုအခါ အကျွန်ုပ်​သည် ဘုရားသခင်​၏​ယဇ်ပလ္လင်​တော်​သို့​လည်းကောင်း​၊ အကျွန်ုပ်​၏​ဝမ်းမြောက်​ရွှင်လန်း​ခြင်း​ဖြစ်​တော်မူ​သော ဘုရား​ထံသို့​လည်းကောင်း သွား​ပါ​မည်​။ အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် စောင်း​တီး​၍ ကိုယ်တော်​ကို ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 5,
      "text": "အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​သည် အဘယ်ကြောင့်​ညှိုးငယ်​သနည်း​။ ငါ့​အထဲ​၌ အဘယ်ကြောင့် မငြိမ်မသက်​ဖြစ်​သနည်း​။ ဘုရားသခင်​ကို​မျှော်လင့်ကိုးစား​လော့​။ ငါ​သည် ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရားသခင်​ကို ထပ်၍​ချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​က သူ​တို့​လက်ထက် ရှေး​ကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို အကျွန်ုပ်​တို့​အား​ပြောပြ​ကြ​၍ အကျွန်ုပ်​တို့​၏​နား​ဖြင့် ကြား​ရ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 2,
      "text": "ကိုယ်တော်​သည် လူမျိုးခြား​တို့​ကို ကိုယ်တော်​၏​လက်​တော်​ဖြင့်​နှင်ထုတ်​ပြီး ဘိုးဘေး​တို့​ကို အခြေချ​စေ​တော်မူ​၏​။ တိုင်းသူပြည်သား​တို့​ကို​နှိမ်နင်း​၍ ဘိုးဘေး​တို့​ကို​ပြန့်ပွား​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 3,
      "text": "အမှန်စင်စစ် ဘိုးဘေး​တို့​သည် ထို​ပြည်​ကို မိမိ​တို့​ဓားလက်နက်​ဖြင့် သိမ်းယူ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​။ သူ​တို့​အောင်ပွဲ​ရ​သည်​မှာ သူ​တို့​၏​လက်ရုံး​ကြောင့်​လည်း မ​ဟုတ်​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​၊ ကိုယ်တော်​၏​လက်ရုံး​တော်​နှင့် ကိုယ်တော်​၏ မျက်နှာ​တော်​အလင်း​ကြောင့်သာ​ဖြစ်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 4,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ ယာကုပ်​၏​အောင်ပွဲ​ကို​စီမံ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 5,
      "text": "အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​အား ရန်ဖက်ပြု​သော​သူ​တို့​ကို ကိုယ်တော်​အားဖြင့် တွန်းလှန်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နင်းချေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 6,
      "text": "အကြောင်းမူကား အကျွန်ုပ်​သည် အကျွန်ုပ်​၏​လေး​ကို​မ​ကိုးစား​ပါ​။ အကျွန်ုပ်​၏​ဓား​သည်​လည်း အကျွန်ုပ်​ကို​မ​ကယ်တင်​နိုင်​ပါ​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 7,
      "text": "ကိုယ်တော်​သာလျှင် အကျွန်ုပ်​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်တင်​တော်မူ​၏​။ အကျွန်ုပ်​တို့​အား မုန်း​သော​သူ​တို့​ကို​လည်း အရှက်ကွဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 8,
      "text": "အကျွန်ုပ်​တို့​သည် ဘုရားသခင်​၌ တစ်နေ့လုံး​ဂုဏ်ယူဝါကြွား​၍ ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ချီးမွမ်း​ကြ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 9,
      "text": "သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို​ငြင်းပယ်​၍ အသရေပျက်​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​များ​နှင့်အတူ​လည်း ချီတက်​တော်​မ​မူ​တော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 10,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ရန်သူ​တို့​ထံမှ နောက်ဆုတ်​စေ​တော်မူ​၍ အကျွန်ုပ်​တို့​ကို​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​တို့​ကို​တိုက်ခိုက်လုယက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 11,
      "text": "ကိုယ်တော်​သည် သတ်စားစရာ​သိုး​များ​ကဲ့သို့ အကျွန်ုပ်​တို့​ကို​အပ်​လိုက်​၍ လူမျိုးခြား​တို့​အလယ်​တွင် အကျွန်ုပ်​တို့​ကို​ကွဲလွင့်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 12,
      "text": "ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အဖိုး​အနည်းငယ်​ဖြင့်​ရောင်းချ​ပြီး သူ​တို့​ကို​ရောင်းချ​ခြင်း​မှ မည်သည့်​အကျိုးအမြတ်​မျှ​ရရှိ​တော်​မ​မူ​ခဲ့​ပါ​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 13,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​၏​အိမ်နီးချင်း​များ​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​၊ အကျွန်ုပ်​တို့​၏​ပတ်လည်​၌​ရှိ​သော​သူ​တို့​အတွက် အထင်အမြင်သေးစရာ​နှင့် ပြက်ရယ်ပြုစရာ​ဖြစ်စေ​တော်မူ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 14,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို တိုင်းနိုင်ငံ​တို့​အလယ်​တွင် လူ​အများ​ပြောစရာ​ဖြစ်စေ​ပြီး လူ​တို့​အလယ်​တွင် ဟားစရာ​ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 15,
      "text": "ကဲ့ရဲ့ပြစ်တင်​သော​သူ​၊ စော်ကားပြောဆို​သော​သူ​များ​၏​အသံ​ကြောင့်​လည်းကောင်း​၊ ရန်သူ​နှင့် လက်တုံ့ပြန်​သူ​ရှိ​နေ​သောကြောင့်​လည်းကောင်း အကျွန်ုပ်​သည် တစ်နေ့လုံး​အသရေပျက်​ရ​ပါ​၏​။ အကျွန်ုပ်​၏​မျက်နှာ​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 17,
      "text": "ဤ​အရာ​အားလုံး အကျွန်ုပ်​တို့​အပေါ်​ကျရောက်​ခဲ့​သော်လည်း အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​မ​မေ့လျော့​ခဲ့​ပါ​။ ကိုယ်တော်​၏​ပဋိညာဉ်​တော်​ကို​လည်း မ​ဖောက်ဖျက်​ခဲ့​ပါ​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 18,
      "text": "အကျွန်ုပ်​တို့​၏​စိတ်နှလုံး​သည် နောက်ပြန်​မ​ဆုတ်​ခဲ့​ပါ​။ အကျွန်ုပ်​တို့​၏​ခြေလှမ်း​များ​သည်​လည်း ကိုယ်တော်​၏​လမ်းစဉ်​မှ သွေဖည်​မ​သွား​ခဲ့​ပါ​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 19,
      "text": "သို့သော် ကိုယ်တော်​သည် ခွေးအ​တို့​နေရာ​အရပ်​တွင် အကျွန်ုပ်​တို့​ကို​ကြေမွ​စေ​၍ သေ​ခြင်း​၏​အရိပ်​ဖြင့် အကျွန်ုပ်​တို့​ကို​ဖုံးလွှမ်း​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 20,
      "text": "အကျွန်ုပ်​တို့​သည် မိမိ​တို့​ဘုရားသခင်​၏​နာမ​တော်​ကို မေ့လျော့​ခဲ့​လျှင်​လည်းကောင်း​၊ အခြား​သော​ဘုရား​ထံသို့ အကျွန်ုပ်​တို့​၏​လက်​ကို ဆန့်​ခဲ့​လျှင်​လည်းကောင်း"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 21,
      "text": "ဘုရားသခင်​သည် ထို​အမှု​ကို မ​စစ်ကြော​ဘဲ​နေ​တော်မူ​မည်လော​။ အကြောင်းမူကား ကိုယ်တော်​သည် စိတ်နှလုံး​၏​လျှို့ဝှက်​ချက်​များ​ကို သိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 22,
      "text": "အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏​။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 23,
      "text": "အို ဘုရားရှင်​၊ နိုး​တော်မူ​ပါ​။ အဘယ်ကြောင့် ကျိန်းစက်​နေ​တော်မူ​သနည်း​။ ထ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ကို အစဉ်​ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 24,
      "text": "ကိုယ်တော်​သည် အဘယ်ကြောင့် မျက်နှာ​လွှဲ​တော်မူ​ပါ​သနည်း​။ အကျွန်ုပ်​တို့​ခံစား​ရ​သော ဖိစီးနှိပ်စက်မှု​နှင့်​ညှဉ်းပန်း​မှု​ကို အဘယ်ကြောင့် မေ့လျော့​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 25,
      "text": "အကြောင်းမူကား အကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​သို့​တိုင်အောင် ဝပ်တွား​ရ​ပြီး အကျွန်ုပ်​တို့​၏​ဝမ်းဗိုက်​သည် မြေကြီး​ပေါ်တွင် ပြားကပ်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 26,
      "text": "ထ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 1,
      "text": "ငါ့​စိတ်နှလုံး​သည် ကောင်းမြတ်​သော​စကား​နှင့် ပြည့်လျှံ​လျက်​ရှိ​၏​။ ရှင်ဘုရင်​အတွက် ငါ​စီကုံး​သော​အရာ​များ​ကို ငါ​ရွတ်ဆို​မည်​။ ငါ့​လျှာ​သည် ကျွမ်းကျင်​သော​စာရေးဆရာ​၏ ကလောင်တံ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 2,
      "text": "ကိုယ်တော်​သည် လူသား​တို့​ထက် အဆင်းလှ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ခမ်း​သည် ကျေးဇူး​တော်​ဖြင့် ဘိသိက်​ခံရ​ပါ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ကောင်းချီးပေး​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 3,
      "text": "တန်ခိုးကြီး​သော​အရှင်​၊ ကိုယ်တော်​၏​ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​တည်းဟူသော ကိုယ်တော်​၏​ဓား​ကို​နံဘေး​တွင် စည်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 4,
      "text": "သမ္မာတရား​၊ နှိမ့်ချ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့်ဆိုင်သော​အရေးကိစ္စ​အတွက် ကိုယ်တော်​၏​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် အောင်မြင်​စွာ​စီးနင်း​ကြွမြန်း​တော်မူ​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အံ့ဩဖွယ်​အမှု​တို့​ကို ကိုယ်တော်​အား​ပြသ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 5,
      "text": "ကိုယ်တော်​၏​မြား​တို့​သည် ချွန်ထက်​၍ ရှင်ဘုရင်​၏​ရန်သူ​တို့​နှလုံးသား​ထဲသို့​စူးဝင်​ကြ​၏​။ လူမျိုးတကာ​တို့​သည် ခြေ​တော်​အောက်​၌​လဲ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 6,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​ပလ္လင်​တော်​သည် ကာလ​အစဉ်အဆက်​တည်​၍ တရားမျှတ​သော​ရာဇလှံတံ​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​ရာဇလှံတံ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 7,
      "text": "ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏​။ ထို့ကြောင့် ဘုရားသခင်​တည်းဟူသော ကိုယ်တော်​၏​ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 8,
      "text": "ကိုယ်တော်​၏​အဝတ်​ရှိသမျှ​တို့​သည် မုရန်​၊ သစ်မွှေး​၊ သစ်ကြံပိုး​တို့​ဖြင့် မွှေးကြိုင်​လျက်​ရှိ​ပါ​၏​။ ဆင်စွယ်​နန်းတော်​များ​မှ ကြိုးတပ်​တူရိယာ​တို့​သည် ကိုယ်တော်​ကို​ဝမ်းမြောက်​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 9,
      "text": "ကိုယ်တော်​၏​မြင့်မြတ်​သော​အမျိုးသမီး​များ​ထဲတွင် ရှင်ဘုရင်​တို့​၏​သမီး​တော်​များ​ပါဝင်​ကြ​ပါ​၏​။ မိဖုရား​သည် ဩဖိရ​ရွှေ ဆင်မြန်း​လျက် ကိုယ်တော်​၏​လက်ယာ​ဘက်​တွင် ရပ်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 10,
      "text": "သမီး​၊ နားထောင်​လော့​။ ကြည့်ရှုဆင်ခြင်​၍​နားစွင့်​လော့​။ သင့်​လူမျိုး​နှင့် သင့်​ဖခင်​၏​အိမ်​ကို မေ့ထား​လော့​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 11,
      "text": "ရှင်ဘုရင်​သည် သင်​၏​အလှ​ကို လိုလားနှစ်သက်​တော်မူ​လိမ့်မည်​။ သူ​သည် သင်​၏​သခင်​ဖြစ်​သောကြောင့် သူ့​ရှေ့​၌ ပျပ်ဝပ်​လော့​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 12,
      "text": "တိုင်ရာ​မြို့​၏​သမီး​သည် လက်ဆောင်ပဏ္ဏာ​ပါ​လျက်​လာ​၍ လူ​တို့​ထဲမှ​ချမ်းသာ​သော​သူ​တို့​သည် သင့်​ထံ​မျက်နှာရ​ရန် ကြိုးစား​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 13,
      "text": "ရှင်ဘုရင်​၏​သမီး​တော်​သည် ဂုဏ်ကျက်သရေ​အပေါင်း​နှင့်​ပြည့်စုံ​လျက် အတွင်းဆောင်​၌​ရှိ​၏​။ သူ​၏​အဝတ်တန်ဆာ​ကို ရွှေ​ချည်​ဖြင့်​ရောစပ်​ရက်လုပ်​ထား​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 14,
      "text": "ဇာပန်းထိုးထည်​ဆင်မြန်း​ထား​သော​သူ့​ကို ရှင်ဘုရင်​ထံသို့​ပို့ဆောင်​ကြ​၏​။ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော သူ့​နောက်လိုက်​သည့်​အပျိုတော်​တို့​ကို​လည်း ကိုယ်တော့်​ထံသို့​ခေါ်ဆောင်​လာ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 15,
      "text": "သူ​တို့​ကို ဝမ်းမြောက်​ခြင်း​နှင့်​ရွှင်လန်း​ခြင်း​ဖြင့် ပို့ဆောင်​ကြ​၍ သူ​တို့​သည် ဘုရင့်​နန်းတော်​သို့ ဝင်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 16,
      "text": "ကိုယ်တော်​၏​သား​တို့​သည် ကိုယ်တော့်​ဘိုးဘေး​တို့​၏ အရိုက်အရာ​ကို​ဆက်ခံ​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အကြီးအကဲ​များ​ဖြစ်​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 17,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို မျိုးဆက်​အစဉ်အဆက်​အား အောက်မေ့​စေ​ပါ​မည်​။ ထို့ကြောင့် လူမျိုးတကာ​တို့​သည် ကာလ​အစဉ်အဆက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 1,
      "text": "ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​နှင့် အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ အမှန်တကယ်​တွေ့​ရ​သည့် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 2,
      "text": "ထို့ကြောင့် မြေကြီး​သည် ပြောင်းလဲ​သွား​၍ တောင်​များ​သည် သမုဒ္ဒရာ​၏​အလယ်ဗဟို​သို့ ရွေ့သွား​ကြ​လျှင်ပင်​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 3,
      "text": "ထို​သမုဒ္ဒရာ​၏​ရေ​တို့​သည် ဟုန်းဟုန်းမြည်​လျက် ပွက်ပွက်ထ​ကာ တစ်ဟုန်ထိုး​တက်လာ​၍ တောင်​များ​တုန်ခါ​ကြ​လျှင်ပင်​လည်းကောင်း ငါ​တို့​သည် ကြောက်ရွံ့​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 4,
      "text": "မြစ်​တစ်​မြစ်​ရှိ​၏​။ ၎င်း​၏​ရေစီးကြောင်း​တို့​သည် အမြင့်ဆုံး​သော​အရှင်​၏ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တည်းဟူသော ဘုရားသခင်​၏​မြို့​တော်​ကို ဝမ်းမြောက်​စေ​၏​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 5,
      "text": "ဘုရားသခင်​သည် ထို​မြို့​တော်​အလယ်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ထို​မြို့​တော်​သည် တုန်လှုပ်​မည်​မ​ဟုတ်​။ နံနက်အချိန်​ရောက်​သောအခါ ဘုရားသခင်​သည် ထို​မြို့​တော်​ကို​ကူညီမစ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 6,
      "text": "လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 7,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 8,
      "text": "ကမ္ဘာမြေကြီး​ပေါ်တွင် ကြီးစွာ​သော​ပျက်စီး​ခြင်း​များ​ဖြစ်ပေါ်​စေ​သည့် ထာဝရဘုရား​၏​အမှု​တော်​များ​ကို လာ​၍​ကြည့်ရှု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 9,
      "text": "ကိုယ်တော်​သည် ကမ္ဘာမြေကြီး​အစွန်း​တိုင်အောင် စစ်ပွဲ​တို့​ကို​အဆုံးသတ်​စေ​တော်မူ​၏​။ လေး​ကို​ချိုး​လျက် လှံ​ကို​အပိုင်းပိုင်း​ဖြတ်​ကာ စစ်ရထား​တို့​ကို မီး​ဖြင့်​ရှို့​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 10,
      "text": "“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။ ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​”"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 11,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 1,
      "text": "လူမျိုး​အပေါင်း​တို့​၊ လက်ခုပ်တီး​ကြ​လော့​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​အသံ​ဖြင့် ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 2,
      "text": "အကြောင်းမူကား အမြင့်ဆုံး​သော​အရှင် ထာဝရဘုရား​သည် အံ့ဩဖွယ်​အရှင်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အုပ်စိုး​သော ကြီးမြတ်​သည့်​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 3,
      "text": "ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို ငါ​တို့​အောက်​၌​လည်းကောင်း​၊ တိုင်းသူပြည်သား​တို့​ကို ငါ​တို့​၏​ခြေဖဝါး​အောက်​၌​လည်းကောင်း ငြိမ်ဝပ်​ပိပြား​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 4,
      "text": "ကိုယ်တော်​သည် မိမိ​ချစ်​တော်မူ​သည့် ယာကုပ်​၏​ဂုဏ်ယူဝင့်ကြွားစရာ​တည်းဟူသော ငါ​တို့​၏​အမွေ​ကို ငါ​တို့​အတွက်​ရွေးချယ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 5,
      "text": "ဘုရားသခင်​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​သော အသံ​နှင့် တက်သွား​တော်မူ​၏​။ ထာဝရဘုရား​သည် တံပိုးမှုတ်သံ​နှင့် တက်သွား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 6,
      "text": "ဘုရားသခင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ သီဆိုချီးမွမ်း​ကြ​လော့​။ ငါ​တို့​၏​ရှင်ဘုရင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 7,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ အလိမ္မာ​သီချင်း​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 8,
      "text": "ဘုရားသခင်​သည် လူမျိုးတကာ​တို့​ကို​စိုးစံ​တော်မူ​၏​။ ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်း​သော ပလ္လင်​တော်​ပေါ်၌​ထိုင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 9,
      "text": "လူမျိုးတကာ​တို့​၏​မင်းအရာရှိ​တို့​သည် အာဗြဟံ​၏​ဘုရားသခင်​ပိုင်​တော်မူ​သော လူမျိုး​တော်​အဖြစ် စုဝေး​လာ​ကြ​၏​။ အကြောင်းမူကား ကမ္ဘာမြေကြီး​၏​ဒိုင်းလွှား​တို့​ကို ဘုရားသခင်​ပိုင်​တော်မူ​၏​။ ကိုယ်တော်​သည် ချီးမြှောက်​ခြင်း​ကို အထူး​ခံရ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 1,
      "text": "ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​၌ အလွန်​ချီးမွမ်းဖွယ် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​သည်"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 2,
      "text": "မြင့်မား​တင့်တယ်​၍ ကမ္ဘာမြေ​တစ်ခွင်လုံး​၏ ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်​၏​။ မြောက်ဘက်​စွန်း​ရှိ​ဇိအုန်​တောင်​သည် ကြီးမြတ်​သော ရှင်ဘုရင်​၏​မြို့​တော်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 3,
      "text": "ဘုရားသခင်​သည် ထို​မြို့​၏​ခံတပ်​များ​တွင် ခိုကိုး​ရာ​ဖြစ်ကြောင်း မိမိကိုယ်ကို​ထင်ရှား​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 4,
      "text": "ကြည့်ရှု​လော့​။ ရှင်ဘုရင်​တို့​သည် စုဝေး​လျက် အတူတကွ​ချီတက်​လာ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 5,
      "text": "သူ​တို့​သည် ၎င်း​ကို​မြင်​ရ​ကြ​သည်​နှင့် အံ့အားသင့်​လျက် ထိတ်လန့်​၍​ပြေးလွှား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 6,
      "text": "ထို​အရပ်​တွင် ထိတ်လန့်တုန်လှုပ်​ခြင်း​သည် သူ​တို့​ကို​ဖမ်းဆုပ်​ထား​၍ သူ​တို့​သည် သားဖွား​နေ​သော​အမျိုးသမီး​ကဲ့သို့ ဝေဒနာ​ခံစား​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 7,
      "text": "ကိုယ်တော်​သည် တာရှု​သင်္ဘော​တို့​ကို အရှေ့​လေ​ဖြင့်​ကျိုးပဲ့​စေ​တော်မူ​၏ ​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 8,
      "text": "ငါ​တို့​ကြား​ခဲ့​ရ​သည့်​အတိုင်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏ မြို့​တော်​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​တွင် ငါ​တို့​မြင်​ရ​ကြ​လေ​ပြီ​။ ဘုရားသခင်​သည် ထို​မြို့​တော်​ကို ကာလ​အစဉ်အဆက်​တည်​စေ​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 9,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို ကိုယ်တော်​၏​ဗိမာန်တော်​ထဲ​၌ အကျွန်ုပ်​တို့​အောက်မေ့ဆင်ခြင်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 10,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ကိုယ်တော်​၏​နာမ​တော်​နည်းတူ ကမ္ဘာမြေ​အစွန်း​တိုင်အောင် ပျံ့နှံ့​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ဖြောင့်မတ်​ခြင်း​နှင့်​ပြည့်ဝ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 11,
      "text": "ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။ ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 12,
      "text": "ဇိအုန်​အနှံ့​လှည့်ပတ်သွားလာ​၍ မျှော်စင်​တို့​ကို​ရေတွက်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 13,
      "text": "လာမည့်​မျိုးဆက်​ကို​ပြောပြ​နိုင်​ရန် ထို​မြို့​တော်​၏​တံတိုင်း​ကို သင်​တို့​၏​စိတ်နှလုံး​၌​မှတ်သား​ထား​၍ ခံတပ်​များ​ကို​စစ်ဆေး​ကြည့်ရှု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 14,
      "text": "အကြောင်းမူကား ဤ​ဘုရားသခင်​သည် ကာလ​အစဉ်အဆက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​သေဆုံး​သည့်​တိုင်အောင် ငါ​တို့​ကို ပို့ဆောင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 1,
      "text": "လူမျိုး​အပေါင်း​တို့​၊ ဤ​အရာ​ကို​နားထောင်​ကြ​လော့​။ ကမ္ဘာလောက​၌​နေထိုင်​သူ​အပေါင်း​တို့​၊ စူးစိုက်​နားထောင်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 2,
      "text": "အယုတ်​အမြတ်​၊ ဆင်းရဲ​ချမ်းသာ​မရွေး အတူတကွ​စူးစိုက်​နားထောင်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 3,
      "text": "ငါ​၏​နှုတ်​သည် ဉာဏ်ပညာ​စကား​ကို​မြွက်ဆို​မည်​။ ငါ့​စိတ်နှလုံး​၏​စဉ်းစားဆင်ခြင်မှု​သည် ထိုးထွင်းဉာဏ်​ကို​ပေး​မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 4,
      "text": "ငါ​သည် သုတ္တံ​စကား​တို့​ကို​ဂရုစိုက်​နားထောင်​မည်​။ ငါ​၏​ပဟေဠိ​ကို စောင်း​တီး​၍​ဖွင့်ပြ​မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 5,
      "text": "ငါ့​ကို​လိမ်လည်​လှည့်စား​သော​သူ​တို့​၏​ဒုစရိုက်​က ငါ့​ကို​ဝိုင်းရံ​၍ ငါ​ဒုက္ခ​ရောက်​သော​နေ့ရက်​များ​၌ ငါ​သည် အဘယ်ကြောင့် ကြောက်ရွံ့​ရ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 6,
      "text": "ထို​သူ​တို့​သည် မိမိ​တို့​၏​ဥစ္စာပစ္စည်း​ကို​ကိုးစား​၍ မိမိ​တို့​၏​ဓနဥစ္စာ​ကြွယ်ဝမှု​၌ ဂုဏ်ယူဝါကြွား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 7,
      "text": "လူ​သည် သူတစ်ပါး​ကို လုံးဝ​ရွေးနုတ်ကယ်တင်​၍​မ​ရ​နိုင်​။ မိမိ​အတွက်​ရွေးနုတ်စရာ​အဖိုးအခ​ကို​လည်း ဘုရားသခင်​အား မ​ပေး​နိုင်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 8,
      "text": "အကြောင်းမူကား လူ​၏​အသက်​ကို​ရွေးနုတ်​ရန် အဖိုးအခ​သည် အလွန်ကြီး​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 9,
      "text": "သို့ဖြစ်၍ လူ​သည် ပုပ်ပျက်​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ထာဝရ​အသက်ရှင်​နိုင်​ရေး​ကို လုံးဝ​စွန့်လွှတ်​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 10,
      "text": "အကြောင်းမူကား ပညာရှိ​တို့​သည် သေ​ကြ​ရ​သည့်​နည်းတူ မိုက်မဲ​သော​သူ​နှင့် အသိတရားမဲ့​သော​သူ​သည်​လည်း ပျက်စီး​သွား​၍ မိမိ​တို့​၏​ဥစ္စာပစ္စည်း​ကို သူတစ်ပါး​တို့​အတွက်​ထားခဲ့​ရ​သည်​ကို လူ​သည်​တွေ့မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 11,
      "text": "ထို​သူ​တို့​က မိမိ​တို့​အိမ်​သည် အစဉ်အမြဲ​တည်​၍ မိမိ​တို့​နေထိုင်ရာအရပ်​သည် မျိုးဆက်​အစဉ်အဆက်​တည်​လိမ့်မည်​ဟု ထင်မှတ်​လျက် မြေကွက်​တို့​ကို မိမိ​တို့​အမည်​ဖြင့်​မှည့်ခေါ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 12,
      "text": "သို့သော် လူ​သည် ဂုဏ်အရှိန်အဝါ​၌ တည်မြဲ​ရ​သည်​မ​ဟုတ်​။ သူ​သည် သေကျေပျက်စီး​တတ်​သော​တိရစ္ဆာန်​နှင့်​တူ​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 13,
      "text": "ဤသည်ကား မိမိကိုယ်မိမိ​ယုံကြည်အားထား​သော​သူ​တို့​နှင့် ထို​သူ​တို့​၏​စကား​ကို​နှစ်သက်​၍ သူ​တို့​နောက်​သို့​လိုက်​သော​သူ​တို့​၏​လမ်း​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 14,
      "text": "သူ​တို့​သည် မရဏာနိုင်ငံ​အတွက် သိုး​ကဲ့သို့ လျာထား​ခြင်း​ခံရ​၍ သေ​ခြင်း​သည် သူ​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​သည် နံနက်အချိန်​၌ ထို​သူ​တို့​ကို​အုပ်စိုး​ကြ​လိမ့်မည်​။ ထို​သူ​တို့​၏​ရုပ်သဏ္ဌာန်​သည် မိမိ​တို့​နေထိုင်​ရာ​အရပ်​မှ​ဝေးကွာ​သည့် မရဏာနိုင်ငံ​၌​ဆွေးမြည့်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 15,
      "text": "သို့သော် ဘုရားသခင်​သည် ငါ့​ကို​ခေါ်ယူ​တော်မူ​မည်​ဖြစ်​သောကြောင့် ငါ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​လက်​မှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 16,
      "text": "လူ​တစ်​ဦး​သည် ချမ်းသာကြွယ်ဝ​လာ​၍ သူ့​အိမ်​၏​ဘုန်းစည်းစိမ်​တိုးပွား​လာ​သောအခါ သင်​သည် မဝံ့မရဲ​မ​ဖြစ်​နှင့်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 17,
      "text": "အကြောင်းမူကား သူ​သေဆုံး​သောအခါ မည်သည့်​အရာ​ကို​မျှ ယူဆောင်​သွား​နိုင်​မည်​မ​ဟုတ်​။ သူ​၏​ဘုန်းအသရေ​သည် သူ့​နောက်​လိုက်ပါ​ဆင်းသွား​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 18,
      "text": "သူ​သည် အသက်ရှင်​နေစဉ် မိမိကိုယ်ကို​ကောင်းချီးပေး​တတ်​၏​။ သင်​သည် မိမိ​အတွက် ကောင်း​သော​အမှု​ကို​ပြု​သည့်အခါ​လည်း လူ​တို့​သည် သင့်​ကို​ချီးမွမ်း​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 19,
      "text": "သို့သော် သူ​သည် မိမိ​ဘိုးဘေး​တို့​၏​မျိုးဆက်​ရှိ​ရာ​အရပ်​တည်းဟူသော အလင်း​ကို​မည်သည့်​အခါ​မျှ​မ​မြင်​ရ​သည့်​အရပ်​သို့ ရောက်သွား​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 20,
      "text": "လူ​သည် ဂုဏ်အရှိန်အဝါ​၌​ရှိ​သော်လည်း အသိဉာဏ်​မ​ရှိ​လျှင် သေကျေပျက်စီး​တတ်​သော​တိရစ္ဆာန်​များ​နှင့်​တူ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 1,
      "text": "ဘုန်းတန်ခိုးရှင်​ဘုရားသခင် ထာဝရဘုရား​သည် အမိန့်​တော်​ရှိ​၍ နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် ကမ္ဘာမြေ​ကို​ဆင့်ခေါ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 2,
      "text": "ဘုရားသခင်​သည် လှပ​ခြင်း​နှင့်​ပြည့်စုံ​သော ဇိအုန်​ပေါ်မှ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 3,
      "text": "ငါ​တို့​၏​ဘုရားသခင်​သည် ကြွလာ​တော်မူ​မည်​။ ကိုယ်တော်​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​ရှေ့​တော်​၌ ဝါးမျို​တတ်​သော​မီး​ရှိ​၍ ကိုယ်တော်​၏​ပတ်လည်​၌ ပြင်းထန်​သော​မုန်တိုင်း​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 4,
      "text": "ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို စစ်ကြောစီရင်​ရန် အထက်​ကောင်းကင်​နှင့် ကမ္ဘာမြေကြီး​ကို​ဆင့်ခေါ်​လျက်"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 5,
      "text": "“​ယဇ်ပူဇော်​ခြင်း​အားဖြင့် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​သည့် ငါ​၏​သန့်ရှင်း​သူ​တို့​ကို ငါ့​ထံသို့​စုဝေး​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 6,
      "text": "ထိုအခါ ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​ပြောကြား​၏​။ အကြောင်းမူကား ဘုရားသခင်​ကိုယ်တော်တိုင်​သည် တရားစီရင်​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 7,
      "text": "“​အို ငါ့​လူမျိုး​တော်​၊ နားထောင်​လော့​။ ငါ​မိန့်ဆို​မည်​။ အို အစ္စရေး​လူမျိုး​၊ ငါ​သည် သင့်​တစ်ဖက်​၌​သက်သေခံ​မည်​။ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 8,
      "text": "ငါ​သည် သင်​၏​ပူဇော်သက္ကာ​များ​အတွက် သင့်​ကို​ဆုံးမ​သည်​မ​ဟုတ်​။ သင်​၏​မီးရှို့ရာယဇ်​တို့​သည်​လည်း ငါ့​ရှေ့​၌​အစဉ်မပြတ်​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 9,
      "text": "သင့်​အိမ်​က​နွားထီး​ကို​လည်းကောင်း​၊ သင့်​ခြံ​ထဲက​ဆိတ်ထီး​တို့​ကို​လည်းကောင်း ငါ​မ​ယူ​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 10,
      "text": "အကြောင်းမူကား တော​ထဲရှိ​တိရစ္ဆာန်​ရှိသမျှ​နှင့် ထောင်​နှင့်​ချီ​သော​တောင်ကုန်း​များ​ပေါ်ရှိ တိရစ္ဆာန်​တို့​ကို ငါ​ပိုင်​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 11,
      "text": "တောင်​များ​ပေါ်ရှိ​ကျေးငှက်​အားလုံး​ကို​ငါ​သိ​၏​။ တော​သတ္တဝါ​များ​ကို​လည်း​ငါ​ပိုင်​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 12,
      "text": "ငါ​ဆာလောင်မွတ်သိပ်​ခဲ့​လျှင်ပင် သင့်​ကို ငါ​ပြော​မည်​မ​ဟုတ်​။ အကြောင်းမူကား ကမ္ဘာလောက​မှစ၍ ၎င်း​တွင်​ရှိသမျှ​သော​အရာ​တို့​ကို ငါ​ပိုင်​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 13,
      "text": "နွားလား​တို့​၏​အသား​ကို ငါ​စား​မည်လော​။ ဆိတ်ထီး​တို့​၏​သွေး​ကို ငါ​သောက်​မည်လော​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 14,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 15,
      "text": "ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​”"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 16,
      "text": "သို့သော် ဘုရားသခင်​သည် ဆိုးယုတ်​သော​သူ​အား “​ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို​ပြောကြား​၍ ငါ​၏​ပဋိညာဉ်​ကို​နှုတ်​၌​ဆောင်​ထား​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 17,
      "text": "အကြောင်းမူကား သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၏​။ ငါ​၏​စကား​တို့​ကို သင့်​နောက်၌​သာ ပစ်ထား​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 18,
      "text": "သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 19,
      "text": "သင်​၏​နှုတ်​ကို မကောင်းမှု​အတွက်​အသုံးပြု​ပြီး သင်​၏​လျှာ​ကို လိမ်လည်လှည့်ဖြားမှု​၌ မှီဝဲဆည်းကပ်​စေ​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 20,
      "text": "သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 21,
      "text": "ဤ​အမှု​တို့​ကို​သင်​ပြု​၍ ငါ​သည် တိတ်ဆိတ်​စွာ​နေ​သဖြင့် ငါ​သည် သင်​နှင့်​တူ​သည်​ဟု သင်​ထင်မှတ်​၏​။ ငါ​သည် သင့်​ကို​ဆုံးမ​၍ သင်​၏​အပြစ်​ကို သင့်​ရှေ့မှောက်​၌​ခင်းပြ​မည်​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 22,
      "text": "ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 23,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ဒုစရိုက်​ကို အကုန်အစင်​ဆေးကြော​၍ အကျွန်ုပ်​၏​အပြစ်​မှ အကျွန်ုပ်​ကို​စင်ကြယ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 3,
      "text": "အကြောင်းမူကား အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အကျွန်ုပ်​သိ​ပါ​၏​။ အကျွန်ုပ်​၏​အပြစ်​သည် အကျွန်ုပ်​၏​ရှေ့မှောက်​၌ အစဉ်​ရှိ​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 4,
      "text": "အကျွန်ုပ်​သည် ကိုယ်တော့်​ကို​၊ ကိုယ်တော့်​ကို​သာ ပြစ်မှား​၍ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ မကောင်း​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​။ သို့ဖြစ်၍ ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ ဖြောင့်မတ်​ပါ​၏​။ ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ သန့်ရှင်းစင်ကြယ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 5,
      "text": "အကျွန်ုပ်​သည် ဒုစရိုက်​ထဲ၌​မွေးဖွား​လာ​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​သည် အကျွန်ုပ်​ကို ကိုယ်ဝန်​ရ​စဉ်ကပင် အကျွန်ုပ်​သည် အပြစ်​ထဲ၌​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 6,
      "text": "ကိုယ်တော်​သည် အတွင်းစိတ်​၌​မှန်ကန်မှု​ရှိ​ခြင်း​ကို နှစ်သက်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​အတွင်း​နှလုံးသား​ထဲ၌ ဉာဏ်ပညာ​ကို သွန်သင်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 7,
      "text": "အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 8,
      "text": "အကျွန်ုပ်​အား ရွှင်မြူး​ခြင်း​နှင့်​ဝမ်းမြောက်​ခြင်း​ကို ကြား​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကြေမွ​စေ​သော​အရိုး​တို့​ကို​လည်း ရွှင်လန်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 9,
      "text": "အကျွန်ုပ်​၏​အပြစ်​များ​မှ မျက်နှာ​တော်​လွှဲ​၍ အကျွန်ုပ်​၏​ဒုစရိုက်​အားလုံး​ကို ပယ်ဖျက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 10,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 11,
      "text": "အကျွန်ုပ်​ကို ကိုယ်တော်​၏​ရှေ့မှောက်​မှ နှင်ထုတ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အကျွန်ုပ်​ထံမှ​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 12,
      "text": "ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော ရွှင်မြူး​ခြင်း​ကို အကျွန်ုပ်​အား ပြန်လည်ခံစား​စေ​၍ စေတနာထက်သန်​သော​ဝိညာဉ်​တော်​ဖြင့် အကျွန်ုပ်​ကို ထောက်မ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 13,
      "text": "ထိုအခါ အကျွန်ုပ်​သည် အပြစ်ကျူးလွန်​သော​သူ​တို့​အား ကိုယ်တော်​၏​လမ်း​တို့​ကို​သင်ကြား​ပေး​ပါ​မည်​။ အပြစ်သား​တို့​သည်​လည်း ကိုယ်တော်​ထံ ပြန်လာ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 14,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ လူသတ်​ခြင်း​အပြစ်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 15,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​၏​နှုတ်ခမ်း​ကို ဖွင့်​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 16,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ယဇ်ပူဇော်​ခြင်း​ကို အလိုရှိ​တော်​မ​မူ​ပါ​။ အလိုရှိ​တော်မူ​လျှင် အကျွန်ုပ်​ပူဇော်​ခဲ့​ပါ​လိမ့်မည်​။ မီးရှို့ရာယဇ်​ကို​လည်း နှစ်သက်​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 17,
      "text": "ဘုရားသခင်​နှစ်သက်​တော်မူ​သော​ယဇ်​များ​မှာ ကျိုးပဲ့​သော​စိတ်သဘော​ဖြစ်​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး​ကို မထီမဲ့မြင်ပြု​တော်မူ​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 18,
      "text": "ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဇိအုန်​ကို​ကောင်းစား​စေ​တော်မူ​ပါ​။ ဂျေရုဆလင်​မြို့ရိုး​တို့​ကို တည်ဆောက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 19,
      "text": "ထိုအခါ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ယဇ်​များ​တည်းဟူသော မီးရှို့ရာယဇ်​နှင့် တစ်ကောင်လုံး​ရှို့​ရ​သော​ယဇ်​ကို နှစ်သက်​တော်မူ​လိမ့်မည်​။ ထိုအခါ လူ​တို့​သည် နွားထီး​တို့​ကို ကိုယ်တော်​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 1,
      "text": "အို ခွန်အားကြီး​သော​သူ​၊ သင်​သည် မကောင်းမှု​၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွား​သနည်း​။ ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 2,
      "text": "အို လိမ်လည်ကောက်ကျစ်မှု​ကို​ပြု​သော​သူ​၊ သင်​၏​လျှာ​သည် ထက်​သော​သင်တုန်းဓား​ကဲ့သို့ ပျက်စီး​ခြင်း​ဘေး​များ​ကို ကြံစည်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 3,
      "text": "သင်​သည် ကောင်းမှု​ထက် မကောင်းမှု​ကို​လည်းကောင်း​၊ ဖြောင့်မတ်​စွာ​ပြောဆို​ခြင်း​ထက် မုသား​ပြောဆို​ခြင်း​ကို​လည်းကောင်း နှစ်သက်​၏​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 4,
      "text": "အို လိမ်လည်လှည့်ဖြား​သော​လျှာ​၊ သင်​သည် ထိခိုက်နစ်နာ​စေ​သော​စကား​ရှိသမျှ​တို့​ကို နှစ်သက်​၏​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 5,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် သင့်​ကို​ထာဝရ​ဖြိုဖျက်​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် သင့်​ကို​ဖမ်းဆုပ်​၍ တဲ​ထဲမှ​ဆွဲထုတ်​တော်မူ​လိမ့်မည်​။ အသက်ရှင်​သော​သူ​တို့​နေထိုင်​ရာ​မြေ​ပေါ်မှ​လည်း သင့်​ကို​နုတ်ပယ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 6,
      "text": "ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည်​မြင်​၍ ကြောက်ရွံ့​ကြ​လိမ့်မည်​။ သူ​တို့​က"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 7,
      "text": "“​ဘုရားသခင်​ကို မိမိ​၏​မှီခို​ရာ​မ​ဖြစ်စေ​ဘဲ မိမိ​၏​ဓနဥစ္စာ​ကြွယ်ဝမှု​ကို​ယုံကြည်ကိုးစား​သော​သူ​ကို ကြည့်​ကြ​လော့​။ သူ​သည် မိမိ​၏​ယုတ်မာစဉ်းလဲမှု​အားဖြင့် အားကြီး​လာ​၏​”​ဟု ဆို​လျက် သူ့​ကို​ရယ်မော​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 8,
      "text": "သို့သော် ငါ​သည် ဘုရားသခင်​၏​အိမ်​တော်​၌ စိမ်းလန်း​သော​သံလွင်ပင်​ကဲ့သို့​ဖြစ်​၏​။ ငါ​သည် ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ယုံကြည်ကိုးစား​၏​။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 9,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​ပြု​သော​အမှု​အတွက် ကိုယ်တော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။ နာမ​တော်​ကို​လည်း စောင့်မျှော်​လျက်​နေ​ပါ​မည်​။ အကြောင်းမူကား ထို​အမှု​သည် ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​ရှေ့​တွင် ကောင်းမြတ်​ပေ​၏​။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 1,
      "text": "မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​ကောင်း​သော​မတရားမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို ပြု​သော​သူ​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 2,
      "text": "ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန် ဘုရားသခင်​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 3,
      "text": "လူ​အပေါင်း​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ တညီတညွတ်တည်း​ဆွေးမြည့်ယိုယွင်း​ကြ​ပြီ​။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ​၊ တစ်​ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 4,
      "text": "အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​သည် ဘာမျှ​မ​သိ​ကြ​သလော​။ သူ​တို့​သည် မုန့်​စား​သကဲ့သို့ ငါ​၏​လူမျိုး​ကို​ဝါးမျို​ကြ​၏​။ ဘုရားသခင်​ကို​လည်း ခေါ်ဆို​ပတ္ထနာပြု​ခြင်း​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 5,
      "text": "သူ​တို့​သည် ကြောက်ရွံ့စရာ​မ​ရှိ​ဘဲ အလွန်​ကြောက်ရွံ့​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​သည် သင့်​တစ်ဖက်​၌ တပ်ချ​ထား​သော​သူ​တို့​၏​အရိုး​များ​ကို ပြန့်ကျဲ​စေ​တော်မူ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို​စွန့်ပယ်​တော်မူ​သောကြောင့် သင်​သည် သူ​တို့​ကို​အရှက်ကွဲ​စေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 6,
      "text": "အစ္စရေး​အတွက် ကယ်တင်​ခြင်း​သည် ဇိအုန်​မှ​ပေါ်ထွန်း​ပါစေသော​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော မိမိ​လူမျိုး​တော်​ကို ဘုရားသခင်​ပြန်လာ​စေ​တော်မူ​သောအခါ ယာကုပ်​သည် ရွှင်လန်း​ပါစေ​။ အစ္စရေး​သည် ဝမ်းမြောက်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အားဖြင့် အကျွန်ုပ်​ကို​စစ်ကြောစီရင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 2,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​တို့​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 3,
      "text": "အကြောင်းမူကား သူစိမ်း​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​သူ​တို့​သည်​လည်း အကျွန်ုပ်​အသက်​ကို​ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ဘုရားသခင်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 4,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ဘုရားရှင်​သည် ငါ့​အသက်​ကို ထောက်မ​သော​သူ​တို့​နှင့်အတူ ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 5,
      "text": "ငါ​၏​ရန်သူ​တို့​အပေါ် မကောင်းမှု​အကျိုး​ကို ကိုယ်တော်​ဆပ်ပေး​ပါစေသော​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့်အညီ ထို​သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 6,
      "text": "အကျွန်ုပ်​သည် စေတနာ့​ပူဇော်သက္ကာ​ကို ကိုယ်တော်​အား ပူဇော်​ပါ​မည်​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ကောင်းမြတ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 7,
      "text": "အမှန်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​ကို ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ​ကယ်နုတ်​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​နိုင်​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဆုတောင်းသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သည်​ကို​လည်း လျစ်လျူရှု​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 2,
      "text": "အကျွန်ုပ်​ကို​အာရုံစိုက်​နားထောင်​၍ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​စိတ်ဒုက္ခ​ကြောင့် နေမထိထိုင်မသာ​ဖြစ်​ပြီး စိတ်ရှုပ်ထွေး​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 3,
      "text": "ရန်သူ​၏​အသံ​နှင့် ဆိုးယုတ်​သော​သူ​၏​ဖိစီးမှု​ကြောင့် စိတ်ရှုပ်ထွေး​နေ​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​အပေါ် ဆင်းရဲဒုက္ခ​ကျရောက်​စေ​၍ အကျွန်ုပ်​ကို​အမျက်​ထွက်​လျက် အငြိုးထား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 4,
      "text": "အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်​လျက်​နေ​ပါ​၏​။ သေ​ခြင်း​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​သည် အကျွန်ုပ်​အပေါ်​ကျရောက်​လာ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 5,
      "text": "ကြောက်ရွံ့​ခြင်း​နှင့်​ထိတ်လန့်တုန်လှုပ်​ခြင်း​သည် အကျွန်ုပ်​အပေါ်​ကျရောက်​၍ ကြောက်ရွံ့စိတ်​သည်​လည်း အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 6,
      "text": "ထိုအခါ ငါ​က “​ငါ​၌ ချိုးငှက်​ကဲ့သို့​အတောင်​ရှိ​ခဲ့​လျှင် ငါ​သည် ပျံသန်း​သွား​၍ နားနေ​ပေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 7,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် ဝေး​ရာ​သို့​ထွက်ပြေး​၍ တောကန္တာရ​၌​နေ​ပေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 8,
      "text": "လေပြင်းဘေး​မှ​လည်းကောင်း​၊ မုန်တိုင်းဘေး​မှ​လည်းကောင်း လွတ်မြောက်​ရာ​သို့ ငါ​အလျင်အမြန်​သွား​ပေ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 9,
      "text": "အို ဘုရားရှင်​၊ သူ​တို့​၏​စကား​ကို ရှုပ်ထွေး​ကွဲပြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် မြို့​ထဲ၌ ရက်စက်ကြမ်းကြုတ်မှု​၊ ခိုက်ရန်ဖြစ်ပွားမှု​ကို တွေ့မြင်​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 10,
      "text": "သူ​တို့​သည် ထို​မြို့​ကို ၎င်း​၏​မြို့ရိုး​ပေါ်မှ နေ့​ည​မပြတ်​လှည့်ပတ်​ကြ​ပါ​၏​။ အပြစ်ဒုစရိုက်​နှင့်​အခက်အခဲ​ပြဿနာ​သည်​လည်း ထို​မြို့​ထဲ​၌​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 11,
      "text": "ယုတ်မာစဉ်းလဲမှု​သည် ထို​မြို့​ထဲ​၌​ရှိ​၍ ဖိနှိပ်ခြယ်လှယ်​ခြင်း​နှင့်​လိမ်လည်လှည့်ဖြား​ခြင်း​သည် ထို​မြို့​၏​လမ်းမ​ပေါ်မှ မည်သည့်​အခါ​မျှ ထွက်ခွာ​လိမ့်မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 12,
      "text": "အမှန်စင်စစ် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​သည် ရန်သူ​မ​ဟုတ်​။ ဟုတ်​လျှင် ငါ​ခံနိုင်​ခဲ့​ပေ​လိမ့်မည်​။ ငါ့​တစ်ဖက်​၌ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်​။ ဟုတ်​လျှင် သူ​မ​မြင်​အောင် ငါ​ပုန်းရှောင်​ခဲ့​ပေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 13,
      "text": "သို့သော် ထို​သူ​မှာ ငါ​ကဲ့သို့သော​လူသား​တစ်ဦး​ဖြစ်ပြီး ငါ့​အပေါင်းအဖော်​၊ ငါ့​အသိမိတ်ဆွေ​ဖြစ်​သော သင်​ပင်​ဖြစ်​ပါ​သည်​တကား​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 14,
      "text": "ငါ​တို့​သည် အချင်းချင်း ရင်းနှီး​စွာ​ဆွေးနွေးတိုင်ပင်​ကြ​ပြီး ဘုရားသခင်​၏​အိမ်​တော်​သို့ လူ​အစုအဝေး​နှင့်အတူ သွား​ခဲ့​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 15,
      "text": "သေ​ခြင်း​သည် သူ​တို့​ကို ရုတ်တရက်​ဖမ်း​ပါစေ​။ သူ​တို့​သည် မရဏာနိုင်ငံ​သို့ အရှင်လတ်လတ်​ဆင်းသွား​ကြ​ရ​ပါစေ​။ အကြောင်းမူကား မကောင်းမှု​တို့​သည် သူ​တို့​တည်းခိုနေထိုင်​ရာ​နေရာ သူ​တို့​အလယ်​၌​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 16,
      "text": "ငါ​သည် ဘုရားသခင်​ကို​ခေါ်​၍ ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 17,
      "text": "နေဝင်ချိန်​၊ နံနက်ချိန်​၊ မွန်းတည့်ချိန်​တွင် ငါ​သည် ညည်းတွားပြောဆို​လျက် အော်ဟစ်မြည်တမ်း​သောအခါ ကိုယ်တော်​သည် ငါ​၏​အသံ​ကို​ကြား​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 18,
      "text": "များစွာ​သော​သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ကြ​သော်လည်း ကိုယ်တော်​သည် ငါ​ရင်ဆိုင်​ရ​သော​စစ်မက်​ထဲမှ ငါ​၏​စိတ်ဝိညာဉ်​ကို ဘေးကင်း​စွာ ရွေးနုတ်ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 19,
      "text": "ရှေးကာလ​ကပင် စိုးစံ​တော်မူ​သော​ဘုရားသခင်​သည် ကြား​၍ သူ​တို့​ကို​နှိမ့်ချ​တော်မူ​လိမ့်မည်​။ သူ​တို့​သည် မည်သည့်​အခါ​မျှ​ပြောင်းလဲ​ခြင်း​မ​ရှိ​ကြ​။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 20,
      "text": "ထိုသို့သော​သူ​သည် သူ​၏​မိတ်ဆွေ​များ​ကို လက်ရောက်​ကျူးလွန်​၍ သူ​၏​ပဋိညာဉ်​ကို ရှုတ်ချ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 21,
      "text": "သူ​၏​နှုတ်​သည် ထောပတ်​ကဲ့သို့​ညက်ညော​သော်လည်း သူ​၏​စိတ်နှလုံး​၌ စစ်မက်​ရှိ​၏​။ သူ​၏​စကား​တို့​သည် ဆီ​ထက်​ချောမွတ်​သော်လည်း ဆွဲထုတ်​ထား​သော​ဓား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 22,
      "text": "သင်​၏​ဝန်ထုပ်ဝန်ပိုး​ကို ထာဝရဘုရား​ထံ၌ ချထား​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို​ထောက်မ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို မည်သည့်​အခါ​မျှ တုန်လှုပ်​စေ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 23,
      "text": "သို့သော် အို ဘုရားသခင်​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို ပုပ်ပျက်ရာ​တွင်း​ထဲသို့​ဆင်းသွား​စေ​တော်မူ​၏​။ သွေးဆာ​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော သူ​တို့​သည် မိမိ​တို့​နေ့ရက်​ကာလ​၏​ထက်ဝက်​မျှပင် အသက်ရှင်​ရ​မည်​မ​ဟုတ်​။ အကျွန်ုပ်​မူကား ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား လူ​တို့​သည် အကျွန်ုပ်​ကို​နင်းချေ​၍ တစ်နေ့လုံး​တိုက်ခိုက်​ညှဉ်းဆဲ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို တစ်နေ့လုံး​နင်းချေ​ကြ​ပါ​၏​။ အမှန်စင်စစ် များစွာ​သော​သူ​တို့​သည် ထောင်လွှား​သော​စိတ်​ဖြင့် အကျွန်ုပ်​ကို​တိုက်ခိုက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 3,
      "text": "အကျွန်ုပ်​သည် ကြောက်ရွံ့​သောအခါ ကိုယ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 4,
      "text": "ဘုရားသခင်​ကို​အမှီပြု​၍ နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 5,
      "text": "သူ​တို့​သည် ငါ​၏​စကား​တို့​ကို တစ်နေ့လုံး လိုရာဆွဲ​၍ မမှန်မကန်​ပြောဆို​ကြ​၏​။ သူ​တို့​၏​အကြံအစည်​ရှိသမျှ​တို့​သည် ငါ့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေရန်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 6,
      "text": "သူ​တို့​သည် ငါ့​အသက်​ကို​သတ်​ရန် စောင့်မျှော်​နေ​ကြ​သည်​နှင့်အညီ ပူးပေါင်းကြံစည်​လျက်​၊ ချောင်းမြောင်း​လျက် ငါ​၏​ခြေလှမ်း​များ​ကို​စောင့်ကြည့်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 7,
      "text": "သူ​တို့​သည် ထို​အပြစ်ဒုစရိုက်​နှင့်​ပင် လွတ်မြောက်​ကြ​မည်လော​။ အို ဘုရားသခင်​၊ အမျက်​တော်​အားဖြင့် လူမျိုး​တို့​ကို နိမ့်ကျ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 8,
      "text": "အကျွန်ုပ်​၏​လှည့်လည်​သွားလာ​နေ​ရ​ခြင်း​ကို ကိုယ်တော်​မှတ်တမ်းတင်​တော်မူ​ပြီ​။ အကျွန်ုပ်​၏​မျက်ရည်​တို့​ကို ကိုယ်တော်​၏​သားရေဘူး​ထဲ၌​ထည့်​ထား​တော်မူ​ပါ​။ ၎င်း​တို့​သည် ကိုယ်တော်​၏​မှတ်တမ်း​ထဲတွင် ရှိ​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 9,
      "text": "သို့ဖြစ်၍ ကိုယ်တော်​ကို ငါ​ခေါ်​သော​နေ့​၌ ငါ​၏​ရန်သူ​တို့​သည် နောက်ပြန်ဆုတ်​ကြ​လိမ့်မည်​။ ဤ​အမှု​အားဖြင့် ဘုရားသခင်​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 10,
      "text": "ဘုရားသခင်​အားဖြင့် နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ ထာဝရဘုရား​အားဖြင့် နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 11,
      "text": "ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 12,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော့်​ထံ​ပြု​ထား​သော​ကတိသစ္စာ​များ​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​အား ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ၎င်း​ကို​ပြည့်စုံ​စေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 13,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အသက်​၏​အလင်း​ထဲတွင် လျှောက်လှမ်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​နှင့် ကင်း​စေ​တော်မူ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။ ပျက်စီး​ခြင်း​ဘေး​များ​ကျော်လွန်​သွား​သည်​အထိ ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ခိုလှုံ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 2,
      "text": "ငါ့​အမှု​ကို​ပြီးပြည့်စုံ​စေ​တော်မူ​သော​ဘုရား တည်းဟူသော အမြင့်ဆုံး​သော​ဘုရားသခင်​ကို ငါ​ခေါ်​၏​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 3,
      "text": "ကိုယ်တော်​သည် ကောင်းကင်​မှ​စေလွှတ်​၍ ငါ့​ကို​ကယ်တင်​တော်မူ​လိမ့်မည်​။ ငါ့​ကို​နင်းချေ​သော​သူ​တို့​ကို ပြစ်တင်ဆုံးမ​တော်မူ​လိမ့်မည်​။ ဘုရားသခင်​သည် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့် သမ္မာတရား​ကို စေလွှတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 4,
      "text": "ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။ သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 5,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကောင်းကင်​အထက်၌​ချီးမြှောက်​ခြင်း​ရှိ​ပါစေသော​။ ကိုယ်တော်​၏​ဘုန်းအသရေ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို လွှမ်းမိုး​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 6,
      "text": "သူ​တို့​သည် အကျွန်ုပ်​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ကို ဖြန့်​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​သွား​မည့်​လမ်း​၌ ထောင်ချောက်​တွင်း​ကို တူး​ထား​ပြီး သူ​တို့​ကိုယ်တိုင် ထို​တွင်း​ထဲ​သို့ ကျ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 7,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။ အကျွန်ုပ်​သည် သီချင်းဆို​၍ သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 8,
      "text": "အို ငါ့​ဝိညာဉ်​၊ နိုးကြွ​လော့​။ စောင်းပြား​နှင့်​စောင်းကောက်​တို့​၊ နိုးကြွ​ကြ​လော့​။ ငါ​သည် အရုဏ်ဦး​ကို နိုးကြွ​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 9,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​တွင် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 10,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​ထိ​တိုင်အောင်​ကြီးမား​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင်​ရောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 11,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကောင်းကင်​အထက်၌​ချီးမြှောက်​ခြင်း​ရှိ​ပါစေသော​။ ကိုယ်တော်​၏​ဘုန်းအသရေ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို လွှမ်းမိုး​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 1,
      "text": "အို အားကြီး​သော​သူ​တို့​၊ အကယ်စင်စစ် သင်​တို့​သည် ဖြောင့်မတ်​စွာ​ပြောဆို​ကြ​သလော​။ လူသား​တို့​ကို သမာသမတ်​ရှိ​စွာ တရားစီရင်​ကြ​သလော​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 2,
      "text": "သင်​တို့​သည် ထိုသို့​မ​ပြု​ဘဲ မတရားမှု​များ​ကို စိတ်နှလုံး​ထဲ၌ ကျင့်ကြံ​၍ သင်​တို့​လက်​၏​ရက်စက်ကြမ်းကြုတ်မှု​ကို ကမ္ဘာမြေကြီး​ပေါ်တွင် ချိန်တွယ်​ဖြန့်ဝေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 3,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် အမိ​ဝမ်း​ထဲကပင် ဖောက်ပြန်​သော​သဘော​ရှိ​ကြ​၏​။ သူ​တို့​သည် မွေးစ​ကပင် လမ်းလွဲ​၍ လိမ်လည်​ပြောဆို​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 4,
      "text": "သူ​တို့​၏​အဆိပ်​သည် မြွေ​၏​အဆိပ်​နှင့်​တူ​၏​။ သူ​တို့​သည် ဂါထာမန္တန်​ကို ကျွမ်းကျင်​စွာ​မန်းမှုတ်​တတ်​သော အလမ္ပာယ်ဆရာ​၏​အသံ​ကို​မ​ကြား​အောင် မိမိ​နား​ကို​ပိတ်​ထား​သည့် နားမကြား​သော မြွေဟောက်​နှင့်​တူ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 6,
      "text": "အို ဘုရားသခင်​၊ သူ​တို့​ပါးစပ်​ထဲမှ သူ​တို့​၏​သွား​ကို ချိုး​ပစ်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ခြင်္သေ့ပျို​တို့​၏​အစွယ်​များ​ကို ချိုး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 7,
      "text": "သူ​တို့​သည် စီးသွား​သော​ရေ​ကဲ့သို့ ပျောက်ကွယ်​သွား​ကြ​ပါစေ​။ လေး​ကို​တင်​သောအခါ မြား​တို့​သည် မြားဦးကျိုး​သကဲ့သို့​ဖြစ်​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 8,
      "text": "သူ​တို့​သည် သွားရင်း​လာရင်း အကျိအချွဲ​ဖြစ်သွား​သော ပက်ကျိ​ကဲ့သို့​လည်းကောင်း​၊ နေရောင်​ကို​မ​တွေ့မြင်​ရ​သည့် အသေမွေး​သော​ကလေး​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 9,
      "text": "ဆူးလေပင်​နှင့်​မွှေး​သော​မီး​၏​အပူရှိန်​ကို သင်​တို့​အိုး​များ​မ​သိ​ရ​မီ ထို​ဆူး​များ​သည် စို​နေ​သည်​ဖြစ်စေ​၊ ခြောက်​နေ​သည်​ဖြစ်စေ ကိုယ်တော်​လွင့်ပါး​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 10,
      "text": "ဖြောင့်မတ်​သော​သူ​သည် လက်စားချေ​ခြင်း​ကို​မြင်​ရ​သဖြင့် ဝမ်းမြောက်​လိမ့်မည်​။ သူ​သည် ဆိုးယုတ်​သော​သူ​၏​သွေး​၌ မိမိ​၏​ခြေ​ကို ဆေးကြော​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 11,
      "text": "ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 1,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရန်သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​၏​ဘေး​မှ အကျွန်ုပ်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 2,
      "text": "အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​ထံမှ အကျွန်ုပ်​ကို​ကယ်နုတ်​၍ သွေးဆာ​သော​သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 3,
      "text": "အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ချောင်းမြောင်း​ကြ​ပါ​၏​။ ခွန်အားကြီး​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ပူးပေါင်းကြံစည်​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​ကြောင့် မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​အပြစ်​ကြောင့်​လည်း​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 4,
      "text": "အကျွန်ုပ်​၌ ဒုစရိုက်​မ​ရှိ​ဘဲ​လျက် သူ​တို့​သည် ပြေးလာ​၍ အသင့်ပြင်​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​မစ​ရန် နိုးကြွ​၍​ကြည့်ရှု​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 5,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဖြစ်​ပါ​၏​။ လူမျိုး​အပေါင်း​တို့​ကို​ဒဏ်ခတ်​ရန် ထ​တော်မူ​ပါ​။ သစ္စာမဲ့​သော​ယုတ်ညံ့​သူ​တစ်စုံတစ်ဦး​ကို​မျှ သနား​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 6,
      "text": "သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​၍ ခွေး​ကဲ့သို့ မာန်ဖီဟိန်းဟောက်​လျက် မြို့​ကို​လှည့်ပတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 7,
      "text": "သူ​တို့​သည် မိမိ​တို့​ပါးစပ်​ဖြင့် မြွက်ဟ​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​၌ ဓား​များ​ရှိ​ပါ​၏​။ သူ​တို့​က “​မည်သူ​ကြား​သနည်း​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 8,
      "text": "သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို​ရယ်မော​တော်မူ​၏​။ လူမျိုး​အပေါင်း​တို့​ကို ပြက်ရယ်ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 9,
      "text": "အို အကျွန်ုပ် ​၏​အစွမ်းသတ္တိ​၊ ကိုယ်တော်​ကို အကျွန်ုပ်​စောင့်စား​ပါ​၏​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 10,
      "text": "အကျွန်ုပ်​၏​မေတ္တာကရုဏာ​ရှင် ဘုရားသခင်​သည် အကျွန်ုပ်​ကို​ကြိုဆို​တော်မူ​လိမ့်မည်​။ ဘုရားသခင်​သည် အကျွန်ုပ်​အား ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 11,
      "text": "ထို​သူ​တို့​ကို​သတ်​တော်​မ​မူ​ပါ​နှင့်​။ သတ်​လျှင် အကျွန်ုပ်​၏​လူမျိုး​တို့​သည် မေ့လျော့​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​တန်ခိုး​တော်​အားဖြင့် သူ​တို့​ကို​လှည့်လည်​သွားလာ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​သော​ဘုရားရှင်​၊ သူ​တို့​ကို​နိမ့်ကျ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 12,
      "text": "သူ​တို့​နှုတ်​၏​အပြစ်​နှင့် သူ​တို့​နှုတ်ထွက်​စကား​ကြောင့်​လည်းကောင်း​၊ သူ​တို့​ရေရွတ်​သော ကျိန်ဆဲစကား​နှင့်​မုသားစကား​ကြောင့်​လည်းကောင်း သူ​တို့​သည် မိမိ​တို့​၏​မာနကြီး​ခြင်း​ထဲ၌ ကျော့မိ​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 13,
      "text": "သူ​တို့​ကို အမျက်ဒေါသ​ဖြင့် အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ သူ​တို့​မ​ရှိ​တော့​သည်​အထိ အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။ ထိုအခါ ဘုရားသခင်​သည် ယာကုပ်​မှစ၍ ကမ္ဘာမြေ​အစွန်း​တိုင်အောင် အုပ်စိုး​တော်မူ​ကြောင်း သိ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 14,
      "text": "သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​လျက် ခွေး​ကဲ့သို့​မာန်ဖီဟိန်းဟောက်​ကာ မြို့​အနှံ့​လှည့်လည်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 15,
      "text": "သူ​တို့​သည် အစာ​အတွက်​လှည့်လည်​သွားလာ​ကြ​ပြီး အစာ​မ​ဝ​ပါက အော်မြည်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 16,
      "text": "အကျွန်ုပ်​မူကား ကိုယ်တော်​၏ အစွမ်းသတ္တိ​အကြောင်း​ကို သီကျူး​ပါ​မည်​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို ရွှင်လန်း​စွာ​ကြွေးကြော်​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဘေးဥပဒ်​နှင့်​ကြုံတွေ့​ရ​သော​အချိန်​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​နှင့် ဘေးလွတ်​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 17,
      "text": "အို အကျွန်ုပ်​၏​အစွမ်းသတ္တိ​၊ ကိုယ်တော်​ကို အကျွန်ုပ်​သီဆိုချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​၏​မေတ္တာကရုဏာ​ရှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို​ငြင်းပယ်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​ကို​ဖြိုဖျက်​ခဲ့​ပါ​၏​။ ကိုယ်တော်​သည် အမျက်​တော်​ထွက်​ခဲ့​ပါ​၏​။ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 2,
      "text": "ကိုယ်တော်​သည် မြေကြီး​ကို တုန်ခါ​စေ​၍ ၎င်း​ကို​ကွဲအက်​စေ​ခဲ့​ပါ​၏​။ ထို​ကွဲအက်ရာ​တို့​ကို ပြုပြင်​တော်မူ​ပါ​။ အကြောင်းမူကား ၎င်း​သည် တုန်လှုပ်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 3,
      "text": "ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို ကြမ်းတမ်း​မှု​များ​နှင့် ကြုံတွေ့​စေ​ခဲ့​ပါ​၏​။ ဒယီးဒယိုင်​ဖြစ်​စေ​သော​စပျစ်ဝိုင်​ကို အကျွန်ုပ်​တို့​အား​တိုက်​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 4,
      "text": "ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် လေးသမား​ရှေ့​မှ​ထွက်ပြေး​နိုင်​ရန် အချက်ပြအလံ​ကို ကိုယ်တော်​လွှင့်ထူ​ပေး​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 5,
      "text": "ကိုယ်တော်​ချစ်​တော်မူ​သော​သူ​တို့​သည် လွတ်မြောက်​ခြင်း​သို့​ရောက်​မည့်​အကြောင်း ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့်​ကယ်တင်​ပြီး အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 6,
      "text": "ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ “​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 7,
      "text": "ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။ ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်​ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 8,
      "text": "မောဘ​ပြည်​သည် ငါ​၏​ခြေဆေးအိုး​ဖြစ်​၏​။ ဧဒုံ​ပြည်​အပေါ် ငါ့​ဖိနပ်​ကို​ငါ​ပစ်ချ​မည်​။ ဖိလိတ္တိ​ပြည်​ကို အောင်​နိုင်​သောကြောင့် ငါ​ကြွေးကြော်​မည်​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 9,
      "text": "ငါ့​ကို ခံတပ်​မြို့​သို့ မည်သူ​ခေါ်ဆောင်​သွား​မည်နည်း​။ ငါ့​ကို​ဧဒုံ​ပြည်​သို့ မည်သူ​ပို့ဆောင်​ပေး​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 10,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ငြင်းပယ်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​တို့​နှင့်အတူ မ​ချီတက်​ဘဲ​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 11,
      "text": "ရန်သူ့​လက်​မှ​လွတ်​ရန် အကျွန်ုပ်​တို့​ကို​ကူညီမစ​တော်မူ​ပါ​။ အကြောင်းမူကား လူ​ပေး​သော​ကယ်တင်​ခြင်း​သည် အချည်းနှီး​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 12,
      "text": "ငါ​တို့​သည် ဘုရားသခင်​အားဖြင့် ရဲရင့်​စွာ​ပြု​ကြ​မည်​။ ကိုယ်တော်​သည် ငါ​တို့​အား​ရန်ဖက်ပြု​သော​သူ​များ​ကို နင်းချေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 2,
      "text": "အကျွန်ုပ်​သည် စိတ်နှလုံး​ညှိုးငယ်​သောအခါ ကိုယ်တော်​ကို ကမ္ဘာမြေကြီး​အစွန်း​မှ ခေါ်​ပါ​၏​။ အကျွန်ုပ်​ထက်​မြင့်မား​သော​ကျောက်ဆောင်​ပေါ်သို့ အကျွန်ုပ်​ကို​ပို့ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 3,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​၊ ရန်သူ့​ရှေ့​မှာ ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 4,
      "text": "ကိုယ်တော်​၏​တဲ​တော်​၌​အစဉ်အမြဲ​နေထိုင်​၍ ကိုယ်တော်​၏​အတောင်​တော်​ကွယ်ကာ​ရာ​အရပ်​၌ ခိုလှုံခွင့်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 5,
      "text": "အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကတိသစ္စာ​စကား​များ​ကို ကြား​တော်မူ​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​သော​သူ​တို့​ဆက်ခံ​ရ​သည့်​အမွေ​ကို အကျွန်ုပ်​အား ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 6,
      "text": "ရှင်ဘုရင်​၏​နေ့ရက်​များ​ကို ထပ်၍​တိုးပေး​တော်မူ​ပါ​။ သူ​၏​နှစ်ကာလ​တို့​ကို​လည်း မျိုးဆက်​အစဉ်အဆက် တည်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 7,
      "text": "သူ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အစဉ်အမြဲ​စိုးစံ​ပါစေသော​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် သူ့​ကို​ကာကွယ်​စောင့်ရှောက်​မည့်​အကြောင်း စီရင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 8,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​သည် နေ့စဉ်နေ့တိုင်း အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေရန် ကိုယ်တော်​၏​နာမ​တော်​ကို ထာဝစဉ်​သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 1,
      "text": "ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ ငါ့​ကို​ကယ်တင်​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 2,
      "text": "ကိုယ်တော်​သာလျှင် ငါ​၏​ကျောက်ဆောင်​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် လွန်စွာ​တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 3,
      "text": "သင်​တို့​သည် မည်မျှ​ကြာ​အောင် လူ​ကို​ပြင်းထန်​စွာ​တိုက်ခိုက်​ကြ​မည်နည်း​။ သင်​တို့​အားလုံး​သည် တိမ်းစောင်း​နေ​သော​နံရံ​နှင့် လှုပ်နဲ့​နေ​သော​ခြံစည်းရိုး​ကဲ့သို့​သော​သူ​ကို သတ်ဖြတ်​ကြ​မည်​လော​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 4,
      "text": "ထို​သူ​ကို မြင့်​သော​သူ​၏​ရာထူး​မှ ဆွဲချ​ရန်​သာ သူ​တို့​လျှို့ဝှက်ကြံစည်​ကြ​၏​။ သူ​တို့​သည် လိမ်လည်ခြင်း​ကို​နှစ်သက်​ကြ​၏​။ သူ​တို့​နှုတ်​ဖြင့် ကောင်းချီးပေး​ကြ​သော်လည်း သူ​တို့​စိတ်​ထဲ၌ ကျိန်ဆဲ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 5,
      "text": "ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ အကြောင်းမူကား ငါ​၏​မျှော်လင့်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 6,
      "text": "ကိုယ်တော်​သာလျှင် ငါ​၏​ကျောက်ဆောင်​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 7,
      "text": "ဘုရားသခင်​ထံ​တော်​၌ ငါ​၏​ကယ်တင်​ခြင်း​နှင့် ငါ​၏​ဘုန်းအသရေ​ရှိ​၏​။ ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ကျောက်ဆောင်​၊ ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 8,
      "text": "အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 9,
      "text": "အဆင့်အတန်း​နိမ့်​သော​သူ​တို့​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပြီး အဆင့်အတန်း​မြင့်​သော​သူ​တို့​သည် လိမ်လည်ခြင်း​သာ​ဖြစ်​ကြ​၏​။ ချိန်ခွင်​၌​ချိန်​လျှင် သူ​တို့​နှစ်မျိုး​ပေါင်း​သည် အခိုးအငွေ့​ထက်​ပေါ့​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 10,
      "text": "ဖိနှိပ်ချုပ်ချယ်မှု​ကို ယုံကြည်ကိုးစား​ခြင်း​မ​ပြု​ကြ​နှင့်​။ လုယက်မှု​အပေါ်​၌​လည်း အချည်းနှီး​မ​မျှော်လင့်​ကြ​နှင့်​။ ဥစ္စာပစ္စည်း​တိုးပွား​လျှင်လည်း ထို​အရာ​တို့​ကို စိတ်​စွဲလမ်း​ခြင်း​မ​ရှိ​ကြ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 11,
      "text": "ဘုရားသခင်​က တစ်ကြိမ်​မိန့်​တော်မူ​ပြီး နှစ်ကြိမ် ငါ​ကြား​ရ​သော​အရာ​ဟူမူကား အစွမ်းသတ္တိ​ကို ဘုရားသခင်​ပိုင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 12,
      "text": "အို ဘုရားရှင်​၊ မေတ္တာကရုဏာ​ကို ကိုယ်တော်​ပိုင်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုးအပြစ်​ကို ဆပ်ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။ ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 2,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တို့​ကို​တွေ့မြင်​ရ​ရန် ကိုယ်တော်​ကို သန့်ရှင်းရာဌာန​တော်​၌​ဖူးမြော်​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 3,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အသက်​ထက်​သာ၍​ကောင်းမြတ်​သောကြောင့် အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ကိုယ်တော်​ကို​ထောမနာပြု​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 4,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​၏​လက်​ကို မြှောက်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 5,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​မြိန်ရှက်​သော​အစာ​ကို စား​ရ​သည့်​အလား အားရကျေနပ်​လျက်​ရှိ​ပါ​၏​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​နှုတ်ခမ်း​ဖြင့် အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 6,
      "text": "အကျွန်ုပ်​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် ကိုယ်တော်​ကို​သတိရ​သောအခါ ညဥ့်ယံ​တို့​၌ ကိုယ်တော်​အကြောင်း​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 7,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 8,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဖက်တွယ်​ထား​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ထောက်မ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 9,
      "text": "အကျွန်ုပ်​၏​အသက်​ကို​ပျက်စီးဆုံးပါး​စေရန် ရှာကြံ​သော​သူ​တို့​သည် မြေကြီး​၏​နက်သောအရပ်​သို့ ရောက်သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 10,
      "text": "သူ​တို့​သည် ဓားသွား​အောက်​ကျရောက်​၍ တောခွေး​တို့​၏​အစာ​ဖြစ်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 11,
      "text": "သို့သော် ရှင်ဘုရင်​သည် ဘုရားသခင်​၌​ဝမ်းမြောက်​လိမ့်မည်​။ ကိုယ်တော်​ကို တိုင်တည်​၍ ကျိန်ဆို​သော​သူ​အပေါင်း​တို့​သည် ချီးမွမ်း​ကြ​လိမ့်မည်​။ မုသား​ပြောဆို​သော​သူ​တို့​၏​နှုတ်​မူကား အပိတ်​ခံရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ညည်းတွား​သံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​အသက်​ကို ရန်သူ​၏​ကြောက်မက်ဖွယ်ဘေး​မှ ကာကွယ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 2,
      "text": "ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏ လျှို့ဝှက်​ကြံစည်​မှု​မှ​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​၏​စုဝေးရာ​မှ​လည်းကောင်း အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 3,
      "text": "သူ​တို့​သည် မိမိ​တို့​လျှာ​ကို ဓား​ကဲ့သို့​ထက်​စေ​ပြီး မိမိ​တို့​၏​ခါးသီး​သော​စကား​များ​ကို မြား​ကဲ့သို့​ချိန်ရွယ်​လျက်"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 4,
      "text": "အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို ကွယ်​ရာ​မှ​ပစ်ခတ်​တတ်​ကြ​၏​။ သူ​တို့​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ထို​သူ​ကို ရုတ်တရက်​ပစ်ခတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 5,
      "text": "သူ​တို့​သည် မကောင်း​သော​အမှုအရာ​အတွက် သူ​တို့​ကိုယ်​သူ​တို့​အားပေး​ကြ​၏​။ ထောင်ချောက်​များ​ကို​လျှို့ဝှက်​စွာ​ထောင်​ရန် တိုင်ပင်​လျက် “​၎င်း​တို့​ကို မည်သူ​မြင်​မည်နည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 6,
      "text": "သူ​တို့​သည် မတရားမှု​များ​ကို​ကြံစည်​လျက် “​ငါ​တို့​သည် ပြည့်စုံ​သော​အကြံအစည်​ကို ကြံစည်​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။ အကယ်စင်စစ် လူ​၏​အတွင်း​နှလုံးသား​သည် နက်​လှ​၏​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 7,
      "text": "သို့သော် ဘုရားသခင်​သည် သူ​တို့​ကို​မြား​နှင့်​ပစ်​တော်မူ​၍ သူ​တို့​သည် ရုတ်တရက် ဒဏ်ရာ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 8,
      "text": "ကိုယ်တော်​သည် သူ​တို့​လျှာ​ကြောင့် သူ​တို့​ကို​လဲကျ​စေ​တော်မူ​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထွက်ပြေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 9,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍ ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 10,
      "text": "ဖြောင့်မတ်​သော​သူ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​၍ ကိုယ်တော်​ကို​ခိုလှုံ​လိမ့်မည်​။ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ ချီးမွမ်း​ခြင်း​သည် ဇိအုန်​၌ ကိုယ်တော်​ကို စောင့်ကြို​နေ​ပါ​၏​။ ပြု​ထား​သော​ကတိသစ္စာ​ကို​လည်း ကိုယ်တော်​ထံ ပြည့်စုံ​စေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 2,
      "text": "ဆုတောင်းချက်​ကို​နားညောင်း​တော်မူ​သော​အရှင်​၊ လူ​အပေါင်း​တို့​သည် ကိုယ်တော့်​ထံသို့ လာ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 3,
      "text": "ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကျူးလွန်​သော အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 4,
      "text": "ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​၌​နေထိုင်​စေရန် ကိုယ်တော်​ရွေးချယ်​၍ အထံ​တော်​သို့​ခေါ်ဆောင်​လာ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​ဗိမာန်တော်​တည်းဟူသော ကိုယ်တော်​၏​အိမ်​တော်​မှ​ကောင်းမြတ်​သော​အရာ​ဖြင့် ပြည့်စုံကြွယ်ဝ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 5,
      "text": "အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော်​သည် အံ့ဩဖွယ်​အမှု​များ​ဖြင့် ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​နှင့် ဝေးလံ​သော​ပင်လယ်​၌​နေ​သော​သူ​တို့​၏ ကိုးစား​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 6,
      "text": "ကိုယ်တော်​သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုး​တော်​နှင့်​ပတ်စည်း​လျက် တောင်​များ​ကို မိမိ​၏​တန်ခိုး​တော်​ဖြင့် တည်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 7,
      "text": "ကိုယ်တော်​သည် သမုဒ္ဒရာ​တို့​၏​မြည်ဟည်းသံ​၊ ၎င်း​တို့​ထဲမှ​လှိုင်းတံပိုး​များ​၏​မြည်ဟည်းသံ​နှင့် တိုင်းသူပြည်သား​တို့​၏ အုတ်အော်သောင်းနင်း​ဖြစ်​ခြင်း​တို့​ကို ငြိမ်သက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 8,
      "text": "သို့ဖြစ်၍ အဝေးဆုံး​သော​အရပ်​တို့​၌ နေထိုင်​သော​သူ​တို့​သည် ကိုယ်တော်​၏​နိမိတ်လက္ခဏာ​များ​ကြောင့် ကြောက်ရွံ့​ကြ​ပါ​၏​။ ကိုယ်တော်​သည် နံနက်​မိုးသောက်ချိန်​၊ နေဝင်ချိန်​တို့​၌ ရွှင်လန်း​စွာ​သီချင်း​သီဆိုသံ​ကို ထွက်ပေါ်​စေ​တော်မူ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 9,
      "text": "ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ၎င်း​အပေါ် ရေ​ကို​သွန်းဖြိုး​စေ​လျက် အလွန်​ကြွယ်ဝ​စေ​တော်မူ​၏​။ ဘုရားသခင်​၏​မြစ်​သည် ရေ​နှင့်​ပြည့်​လျက်​ရှိ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို ထိုသို့​ပြင်ဆင်​၍ လူ​တို့​အား ကောက်ပဲသီးနှံ​များ​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 10,
      "text": "ကိုယ်တော်​သည် ထို​မြေ​ပေါ်မှ​ထွန်ကြောင်း​တို့​ကို စိုစွတ်​စေ​၍ ထယ်စာ​တို့​ကို ညီညာ​စေ​တော်မူ​၏​။ ရွာသွန်း​သော​မိုး​အားဖြင့် ထို​မြေ​ကို​ပျော့ပျောင်း​စေ​၍ ၎င်း​၌​ပေါက်​သော​အပင်​ကို ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 11,
      "text": "ကိုယ်တော်​သည် တစ်နှစ်တာကာလ​ကို မိမိ​၏​ကောင်းမြတ်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​သည်​လည်း ကြွယ်ဝခြင်း​နှင့်​ပြည့်လျှံ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 12,
      "text": "တောကန္တာရ​မှ​ကျက်စား​ရာ​အရပ်​တို့​သည် ပြည့်လျှံ​လျက်​ရှိ​၍ တောင်ကုန်း​များ​သည် ရွှင်လန်း​ခြင်း​ဖြင့် လွှမ်းခြုံ​လျက်​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 13,
      "text": "မြက်ခင်းပြင်​တို့​သည် သိုးအုပ်​နှင့်​ပြည့်စုံ​လျက် ချိုင့်ဝှမ်း​တို့​သည် ဂျုံစပါး​နှင့်​ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။ ၎င်း​တို့​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​၍ သီချင်းဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 1,
      "text": "မြေကြီးသား​အပေါင်း​တို့​၊ ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 2,
      "text": "နာမ​တော်​၏​ဘုန်းအသရေ​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​အား ချီးမွမ်း​ခြင်း​ဘုန်းအသရေ​ကို ဆက်သ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 3,
      "text": "“​ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​လှ​ပါ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကြီးမားမှု​ကြောင့် ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ ခယဝပ်တွား​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 4,
      "text": "မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​၍ သီဆိုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​ပါ​လိမ့်မည်​”​ဟု ဘုရားသခင်​အား လျှောက်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 5,
      "text": "ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​တို့​ကို လာ​၍​ကြည့်​ကြ​လော့​။ လူသား​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​ပေ​၏​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 6,
      "text": "ကိုယ်တော်​သည် ပင်လယ်​ကို ကုန်းမြေ​အဖြစ်​သို့​ပြောင်းလဲ​စေ​တော်မူ​၏​။ လူ​တို့​သည် မြစ်​ကို​ခြေကျင်​ဖြတ်ကူး​ကြ​၏​။ ထို​အရပ်​တွင် ငါ​တို့​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 7,
      "text": "ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ဖြင့် အစဉ်အမြဲ​အုပ်စိုး​တော်မူ​၏​။ ကိုယ်တော်​၏​မျက်စိ​တော်​သည် လူမျိုးတကာ​တို့​ကို သေချာ​စွာ​ကြည့်ရှု​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​သည် သူ​တို့​ကိုယ်​သူ​တို့ မ​ချီးမြှောက်​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 8,
      "text": "အို လူ​များ​တို့​၊ ငါ​တို့​ဘုရားသခင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​ကို​ချီးမွမ်း​သော​အသံ​ကို ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 9,
      "text": "ကိုယ်တော်​သည် ငါ​တို့​ကို ဆက်၍​အသက်​ရှင်​စေ​တော်မူ​ပြီး ငါ​တို့​ခြေ​ကို ချော်​ခွင့်​ပေး​တော်​မ​မူ​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 10,
      "text": "အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို စစ်ဆေး​တော်မူ​ပြီ​။ ငွေ​ကို​သန့်စင်​စေ​သကဲ့သို့ အကျွန်ုပ်​တို့​ကို​သန့်စင်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 11,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ပိုက်ကွန်​ထဲသို့​ကျ​စေ​၍ အကျွန်ုပ်​တို့​၏​ကျော​ပေါ်တွင် ဝန်ထုပ်​ကို​တင်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 12,
      "text": "လူ​တို့​ကို အကျွန်ုပ်​တို့​၏​ခေါင်း​ပေါ်၌ ကျော်နင်း​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​သည် မီး​ထဲ၌​လည်းကောင်း​၊ ရေ​ထဲ၌​လည်းကောင်း ဖြတ်သွား​ကြ​ရ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကြွယ်ဝသောအရပ်​သို့​ခေါ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 13,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​အိမ်​တော်​သို့ မီးရှို့ရာယဇ်​များ​ပါ​လျက်​လာ​ပါ​မည်​။ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို ကိုယ်တော့်​ထံ​ပြည့်စုံ​စေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 14,
      "text": "၎င်း​တို့​သည် အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​စဉ်က အကျွန်ုပ်​၏​နှုတ်ခမ်း​ကို​ဖွင့်ဟ​၍ အကျွန်ုပ်​၏​နှုတ်​ဖြင့်​မြွက်ဆို​ခဲ့​သည့် ကတိသစ္စာ​များ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 15,
      "text": "အကျွန်ုပ်​သည် သိုးထီး​နံ့သာပေါင်း​နှင့်အတူ ဆူဖြိုး​သော​တိရစ္ဆာန်​တို့​ကို မီးရှို့ရာယဇ်​အဖြစ် ကိုယ်တော့်​ထံ​ပူဇော်​ပါ​မည်​။ နွား​နှင့်​ဆိတ်ထီး​တို့​ကို​လည်း ပူဇော်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 16,
      "text": "ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အပေါင်း​တို့​၊ လာ​၍​နားထောင်​ကြ​လော့​။ ငါ​၏​စိတ်ဝိညာဉ်​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အရာ​ကို ငါ​ပြောပြ​မည်​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 17,
      "text": "ငါ​၏​နှုတ်​သည် ကိုယ်တော်​ကို​ခေါ်​၍ ဂုဏ်တော်ချီးမွမ်း​ခြင်း​သည် ငါ​၏​လျှာ​ပေါ်တွင်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 18,
      "text": "ငါ​၏​စိတ်နှလုံး​ထဲ၌ အပြစ်ဒုစရိုက်​ကို ငါ​ထွေးပိုက်​ထား​ခဲ့​လျှင် ဘုရားရှင်​သည် နားညောင်း​တော်မူ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 19,
      "text": "သို့သော် ဘုရားသခင်​သည် နားညောင်း​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းသံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 20,
      "text": "ငါ​၏​ဆုတောင်းချက်​ကို​လည်းကောင်း​၊ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ငါ့​ထံမှ​ပယ်ရှား​တော်​မ​မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 1,
      "text": "ဘုရားသခင်​သည် ငါ​တို့​ကို​သနား​၍ ကောင်းချီးပေး​တော်မူ​ပါစေသော​။ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​သည် ငါ​တို့​အပေါ် ထွန်းလင်း​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 2,
      "text": "ထိုသို့​သော​အားဖြင့် ကိုယ်တော်​၏​လမ်း​သည် မြေကြီး​ပေါ်၌​လည်းကောင်း​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း ထင်ရှား​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 3,
      "text": "အို ဘုရားသခင်​၊ လူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။ လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 4,
      "text": "လူမျိုး​တို့​သည် ဝမ်းမြောက်​၍ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေသော​။ အကြောင်းမူကား ကိုယ်တော်​သည် လူ​တို့​ကို မျှတစွာ​တရားစီရင်​၍ ကမ္ဘာမြေကြီး​ပေါ်ရှိ​လူမျိုး​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 5,
      "text": "အို ဘုရားသခင်​၊ လူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။ လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 6,
      "text": "မြေကြီး​သည် မိမိ​၏​အသီးအနှံ​တို့​ကို​ဖြစ်ထွန်း​စေ​ပြီ​။ ဘုရားသခင်​တည်းဟူသော ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 7,
      "text": "ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 1,
      "text": "ဘုရားသခင်​ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ရန်သူ​တို့​သည် ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​မှ​ထွက်ပြေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 2,
      "text": "မီးခိုး​သည် လွင့်သွား​သကဲ့သို့ ကိုယ်တော်​သည် သူ​တို့​ကို​လွင့်သွား​စေ​တော်မူ​လိမ့်မည်​။ ဖယောင်း​သည် မီး​ရှေ့​တွင် အရည်ပျော်​သကဲ့သို့ ဆိုးယုတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​ရှေ့​တော်​တွင် ပျက်စီး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 3,
      "text": "သို့သော် ဖြောင့်မတ်​သော​သူ​တို့​သည် ဝမ်းမြောက်​၍ ဘုရားသခင်​၏​ရှေ့​တော်​၌​ရွှင်လန်း​ကြ​လိမ့်မည်​။ သူ​တို့​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 4,
      "text": "ဘုရားသခင်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ မိုးတိမ်​များ​ကို​စီး​တော်မူ​သော​အရှင်​ကို ချီးကျူး​ထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကား ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​၏​ရှေ့​တော်​၌ ရွှင်မြူး​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 5,
      "text": "ဖတဆိုး​တို့​၏​ဖခင်​၊ မုဆိုးမ​တို့​အတွက်​တရားစီရင်​ပေး​သော​အရှင်​မှာ မိမိ​၏​သန့်ရှင်း​သော​ကိန်းဝပ်​ရာ​အရပ်​၌ ရှိ​တော်မူ​သော ဘုရားသခင်​ပေတည်း​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 6,
      "text": "ဘုရားသခင်​သည် အထီးကျန်​သော​သူ​တို့​အား အတူ​နေထိုင်​ရန်​မိသားစု​ကို​ပေး​၍ အချုပ်အနှောင်​ခံရ​သော​သူ​တို့​ကို ကောင်းစားရာ​သို့​ပို့ဆောင်​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​မူကား ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌​နေထိုင်​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 7,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​၏​ရှေ့​မှ​ကြွ​ပြီး ကန္တာရမြေ​ကို​ကျော်ဖြတ်​ချီတက်​တော်မူ​သောအခါ"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 8,
      "text": "သိနာ​တောင်​၏​အရှင်​ဘုရားသခင်​၏​ရှေ့​တော်​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​၏​ရှေ့​တော်​၌ မြေကြီး​သည် တုန်ခါ​၍ ကောင်းကင်​သည် မိုး​ရွာသွန်း​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 9,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိုး​ကို​များစွာ​ရွာသွန်း​စေ​၍ ကိုယ်တော်​၏​အမွေ​တော်​သည် အားအင်ကုန်ခန်း​သောအခါ ၎င်း​ကို ပြန်လည်​လန်းဆန်း​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 10,
      "text": "ကိုယ်တော်​၏​လူစု​တော်​သည် ထို​အရပ်​၌​အခြေချ​ခဲ့​ကြ​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ထဲမှ ပြင်ဆင်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 11,
      "text": "ဘုရားရှင်​သည် နှုတ်မြွက်​ပြောကြား​တော်မူ​၏​။ ထို​ကောင်းမြတ်​သော​သတင်း​ကို ပြောကြား​သော​အမျိုးသမီး​တို့​သည် အတိုင်းမသိ​များပြား​လှ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 12,
      "text": "“​ဗိုလ်ခြေ​များ​၏​ရှင်ဘုရင်​တို့​သည် အလျင်အမြန်​ထွက်ပြေး​ကြ​၍ အိမ်​၌​နေရစ်​သော​အမျိုးသမီး​တို့​သည် လုယက်ပစ္စည်း​များ​ကို ခွဲဝေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 13,
      "text": "သင်​တို့​သည် သိုးခြံ​ထဲ၌​အိပ်​ကြ​ရ​လျှင်ပင် ငွေ​ဖြင့်​ဖုံးအုပ်​ထား​သော​ချိုးငှက်​၏ တောင်ပံ​များ​ကဲ့သို့​လည်းကောင်း​၊ ရွှေ​ဖြင့်​တောက်ပ​လျက်​ရှိ​သော ထို​ငှက်​၏​အမွေးအတောင်​များ​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​၏​။​”"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 14,
      "text": "အနန္တတန်ခိုးရှင်​သည် ရှင်ဘုရင်​တို့​ကို ထို​အရပ်​တွင် ကွဲလွင့်​စေ​တော်မူ​သောအခါ ဇာလမုန်​တောင်​ပေါ်၌​နှင်းပွင့်​ကျ​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 15,
      "text": "ဘုရားသခင်​၏​တောင်​တော်​သည် ဗာရှန်​တောင်​ဖြစ်​၏​။ တောင်​ထိပ်​များစွာ​ရှိ​သော ဗာရှန်​တောင်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 16,
      "text": "တောင်ထိပ်​များစွာ​ရှိ​သော​တောင်​တို့​၊ ဘုရားသခင်​သည် မိမိ​စံပယ်​ရာ​အရပ် ဖြစ်စေ​လို​သော​တောင်​ကို သင်​တို့​သည် အဘယ်ကြောင့်​မနာလိုစိတ်​နှင့်​ကြည့်​နေ​ကြ​သနည်း​။ အမှန်စင်စစ် ထာဝရဘုရား​သည် ထို​အရပ်​၌ အစဉ်​ကိန်းဝပ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 17,
      "text": "ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 18,
      "text": "ကိုယ်တော်​သည် မြင့်သောအရပ်​သို့ တက်သွား​တော်မူ​သောအခါ သုံ့ပန်း​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​၍ လူ​တို့​ထံမှ​မက ငြင်းဆန်​သော​သူ​တို့​ထံမှ​ပင် လက်ဆောင်​များ​ကို​ခံယူ​တော်မူ​၏​။ ဤသည်ကား ထာဝရအရှင်​ဘုရားသခင်​သည် ထို​အရပ်​၌​ကိန်းဝပ်​တော်မူ​ရန်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 19,
      "text": "ငါ​တို့​၏​ဝန်ထုပ်​များ​ကို နေ့စဉ်နေ့တိုင်း​ထမ်း​ပေး​တော်မူ​သော​ဘုရားရှင်​သည် မင်္ဂလာရှိ​ပါစေသော​။ ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 20,
      "text": "ငါ​တို့​၏​ဘုရားသခင်​သည် ကယ်တင်​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ သေ​ခြင်း​မှ​လွတ်မြောက်​ခွင့်​သည်​လည်း ဘုရားရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 21,
      "text": "သို့သော် ဘုရားသခင်​သည် မိမိ​ရန်သူ​တို့​၏​ဦးခေါင်း​ကို​လည်းကောင်း​၊ မိမိ​ဒုစရိုက်အပြစ်​များ​၌​လျှောက်လှမ်း​နေ​သော​သူ​၏ ဆံထုံးထုံး​ထား​သော​ဦးထိပ်​ကို​လည်းကောင်း ကြေမွ​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 22,
      "text": "ဘုရားရှင်​က “​ငါ​သည် သူ​တို့​ကို ဗာရှန်​ပြည်​မှ ပြန်ခေါ်လာ​မည်​။ ပင်လယ်​၏​ရေနက်​ရာ​အရပ်​မှ ပြန်ခေါ်လာ​မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 23,
      "text": "ထိုသို့​သော​အားဖြင့် သင်​၏​ခြေ​သည် ရန်သူ​တို့​၏​သွေး​ကို​နင်းနယ်​နိုင်​၍ သင့်​ခွေး​တို့​၏​လျှာ​သည်​လည်း မိမိ​ခွဲတမ်း​ကို သူ​တို့​ထံမှ​ရ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 24,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​နှင့်အတူ စီတန်း​လှည့်လည်​သွား​သော​လူတန်း​တည်းဟူသော အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​နှင့်အတူ သန့်ရှင်းရာဌာန​တော်​သို့ စီတန်း​လှည့်လည်​သွား​သော​လူတန်း​ကို လူ​တို့​မြင်​ရ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 25,
      "text": "ရှေ့​၌ကား သီချင်းဆို​သော​သူ​များ​၊ နောက်​၌ကား စောင်းတီး​သော​သူ​များ​၊ အလယ်​၌ကား ပတ်သာတီး​သော​မိန်းမပျို​များ​သည် လိုက်ပါ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 26,
      "text": "ဘုရားသခင်​ကို လူထုပရိသတ်​ကြီး​အလယ်​တွင် ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ထာဝရဘုရား​ကို အစ္စရေး​၏​စမ်းရေတွင်း​မှ ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 27,
      "text": "ထို​အရပ်​တွင် သူ​တို့​ကို​အုပ်စိုး​သည့် အသေးငယ်ဆုံး​သော​ဗင်္ယာမိန်​အနွယ်​ရှိ​၍ သူ​တို့​၏​အုပ်စု​ထဲတွင် ယုဒ​အနွယ်​၏​အကြီးအကဲ​များ​၊ ဇာဗုလုန်​အနွယ်​၏​အကြီးအကဲ​များ​နှင့် နဿလိ​အနွယ်​၏​အကြီးအကဲ​များ​ပါရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 28,
      "text": "သင်​၏​ဘုရားသခင်​သည် သင်​၏​အစွမ်းသတ္တိ​ကို​မိန့်မှာ​တော်မူ​ပြီ​။ အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​အတွက် ပြု​တော်မူ​သည့်​အတိုင်း တန်ခိုး​တော်​ကို​ပြသ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 29,
      "text": "ဂျေရုဆလင်​မြို့​ရှိ ကိုယ်တော်​၏​ဗိမာန်တော်​ကြောင့် ရှင်ဘုရင်​တို့​သည် ကိုယ်တော့်​ထံသို့ လက်ဆောင်ပဏ္ဏာ​ယူဆောင်​လာ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 30,
      "text": "ကျူတော​သားရဲတိရစ္ဆာန်​နှင့် လူမျိုး​နွားသငယ်​များ​အလယ်​ရှိ နွားလား​အုပ်ကြီး​တို့​ကို ဆုံးမ​တော်မူ​ပါ​။ ငွေ​ချောင်း​များ​ရှိ​သော​သူ​ကို ခြေ​ဖြင့်​နင်းချေ​လျက် စစ်မက်​ကို​နှစ်သက်​သော​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 31,
      "text": "သံတမန်​တို့​သည် အီဂျစ်​ပြည်​မှ​ရောက်လာ​ကြ​လိမ့်မည်​။ အီသီယိုးပီးယား​ပြည်​သည် ဘုရားသခင်​ထံသို့ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 32,
      "text": "ကမ္ဘာမြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​တို့​၊ ဘုရားသခင်​ထံသို့ သီချင်းဆို​ကြ​လော့​။ ဘုရားရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 33,
      "text": "ရှေးကာလ​ကပင်​တည်ရှိ​သည့် အမြင့်ဆုံးကောင်းကင်​ကို​စီး​တော်မူ​သော​အရှင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​အသံ​၊ တန်ခိုးကြီး​သော​အသံ​ကို လွှင့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 34,
      "text": "ဘုရားသခင်​၏​အစွမ်းသတ္တိ​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ ကိုယ်တော်​၏​အာနုဘော်​တော်​သည် အစ္စရေး​အပေါ်​၌​ရှိ​၍ ကိုယ်တော်​၏​အစွမ်းသတ္တိ​သည် မိုးတိမ်​တို့​၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 35,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် လူမျိုး​တော်​အား အစွမ်းသတ္တိ​နှင့်​ခွန်အား​များ​ကို​ပေး​တော်မူ​၏​။ ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ရေ​သည် အကျွန်ုပ်​၏​လည်မျို ​တိုင်အောင် ရောက်လာ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 2,
      "text": "အကျွန်ုပ်​သည် နက်​သော​နွံ​ထဲ၌​နစ်​နေ​ပါ​ပြီ​။ ရပ်စရာမြေမာ​လည်း​မ​ရှိ​ပါ​။ အကျွန်ုပ်​သည် နက်ရှိုင်း​သော​ရေ​ထဲသို့​ရောက်​နေ​ပါ​ပြီ​။ လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 3,
      "text": "အကျွန်ုပ်​သည် ဟစ်ခေါ်​ရ​၍ ပင်ပန်း​ပါ​ပြီ​။ အကျွန်ုပ်​၏​အာခေါင်​သည် ခြောက်​ပါ​ပြီ​။ အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ဘုရားသခင်​ကို​မျှော်ကြည့်​ရ​၍ အားအင်ကုန်ခန်း​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 4,
      "text": "အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​ပေါ်ရှိ​ဆံပင်​များ​ထက် ပို၍​များပြား​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​ဖယ်ရှားသုတ်သင်​လို​သည့် လှည့်ဖြား​တတ်​သော အကျွန်ုပ်​၏​ရန်သူ​တို့​သည် အားကြီး​ကြ​ပါ​၏​။ အကျွန်ုပ်​မ​လုယူ​ခဲ့​သည့်​အရာ​ကို အကျွန်ုပ်​ပြန်ပေး​ရ​ပါ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 5,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မိုက်မဲမှု​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ကိုယ်တော့်​ရှေ့​မှ​ဖုံးကွယ်​ထား​၍​မ​ရ​ပါ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 6,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​တို့​သည် အကျွန်ုပ်​ကြောင့် အရှက်​မ​ကွဲ​ကြ​ရ​ပါစေ​နှင့်​။ အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကြောင့် အသရေ​မ​ပျက်​ကြ​ရ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 7,
      "text": "အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​အတွက် ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​ခံရ​ပါ​၏​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​၏​မျက်နှာ​ကို ဖုံးလွှမ်း​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 8,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​၏​ညီအစ်ကို​များ​အတွက် သူစိမ်း​ဖြစ်​သွား​၍ အကျွန်ုပ်​မိခင်​၏​သား​များ​အတွက် တစ်ပါးအမျိုးသား​ဖြစ်သွား​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 9,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​၏ ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 10,
      "text": "အကျွန်ုပ်​သည် ငိုကြွေး​၍ စိတ်နှလုံး​ပါ​လျက်​အစာရှောင်​သောအခါ ထို​အမှု​ကြောင့် ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 11,
      "text": "လျှော်တေအဝတ်​ကို ဝတ်​သောအခါ လူ​တို့​အတွက် ပြောစရာ​ဖြစ်လာ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 12,
      "text": "မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား နှစ်သက်​ဖွယ်​သော​အချိန်​၌ ကိုယ်တော့်​ထံ ဆုတောင်း​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကြီးမား​သော​မေတ္တာကရုဏာ​နှင့်အညီ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော သမ္မာတရား​ဖြင့် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 14,
      "text": "အကျွန်ုပ်​ကို​ရွှံ့​ထဲမှ ကယ်နုတ်​တော်မူ​ပါ​။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ​လည်းကောင်း​၊ နက်ရှိုင်း​သော​ရေ​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကယ်နုတ်​ခြင်း​ခံရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 15,
      "text": "ရေ​လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​မ​လွှမ်းမိုး​ပါစေ​နှင့်​။ နက်​သော​ရေ​သည်​လည်း အကျွန်ုပ်​ကို​မ​မျို​ပါစေ​နှင့်​။ တွင်း​ဝ​သည်​လည်း အကျွန်ုပ်​အပေါ်​၌ ပိတ်​မ​ထား​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 16,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 17,
      "text": "ကိုယ်တော်​၏​အစေအပါး​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 18,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ထံသို့​ချဉ်းကပ်​၍ ရွေးနုတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​ရန်သူ​များ​ကြောင့် အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 19,
      "text": "အကျွန်ုပ်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​၊ အရှက်ကွဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​တို့​ကို ကိုယ်တော်​သိ​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ရှေ့မှောက်​၌​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 20,
      "text": "ကဲ့ရဲ့ပြစ်တင်​ခြင်း​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ကျိုးပဲ့​စေ​၍ အကျွန်ုပ်​သည် အလွန်​စိတ်ပျက်​အားငယ်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် စာနာထောက်ထား​မည့်​သူ​ကို စောင့်မျှော်​သော်လည်း မ​ရှိ​ခဲ့​ပါ​။ နှစ်သိမ့်ပေး​မည့်​သူ​များ​ကို​ရှာ​သော်လည်း မ​တွေ့​ခဲ့​ပါ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 21,
      "text": "သူ​တို့​သည် အကျွန်ုပ်​၏​အစာ​အတွက် ဆေးခါး ​ကို​ကျွေး​၍ အကျွန်ုပ်​ရေငတ်​သောအခါ ဝိုင်ချဉ်​ကို တိုက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 22,
      "text": "သူ​တို့​ရှေ့​၌​ရှိ​သော​စားပွဲ​သည် ကျော့ကွင်း​သော်​လည်းကောင်း​၊ လက်တုံ့ပြန်စရာ​သော်​လည်းကောင်း​၊ ထောင်ချောက်​သော်​လည်းကောင်း ဖြစ်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 23,
      "text": "သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါစေ​။ သူ​တို့​၏​ကျော​သည်​လည်း အစဉ်​ကုန်း​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 24,
      "text": "ကိုယ်တော်​၏​အမျက်​တော်​ကို သူ​တို့​အပေါ်​သွန်းလောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​သည် သူ​တို့​ကို​ကျော်နင်း​လွှမ်းမိုး​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 25,
      "text": "သူ​တို့​၏​နေရပ်စခန်း​သည် လူသူကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ​။ သူ​တို့​၏​တဲ​များ​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 26,
      "text": "အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​ဒဏ်ခတ်​ထား​သော​သူ​ကို လိုက်လံညှဉ်းဆဲ​ကြ​ပြီး ကိုယ်တော်​ဒဏ်ရာရ​စေ​သော​သူ​တို့​၏ ဒုက္ခဝေဒနာ​အကြောင်း​ကို ပြောဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 27,
      "text": "သူ​တို့​၏​ဒုစရိုက်​အပေါ် ဒုစရိုက်​ကို​ထပ်၍​တိုး​စေ​တော်မူ​ပါ​။ သူ​တို့​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲသို့ ဝင်ရောက်​ခွင့်​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 28,
      "text": "သူ​တို့​သည် အသက်​စာစောင်​မှ ပယ်ဖျက်​ခြင်း​ခံရ​၍ ဖြောင့်မတ်​သော​သူ​တို့​ထဲတွင် စာရင်းဝင်​ခြင်း​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 29,
      "text": "အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​၍ နာကျင်​နေ​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် အကျွန်ုပ်​ကို​လုံခြုံ​စွာ​စောင့်ရှောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 30,
      "text": "ငါ​သည် ဘုရားသခင်​၏​နာမ​တော်​ကို သီချင်း​ဖြင့်​ချီးမွမ်း​၍ ကိုယ်တော်​ကြီးမြတ်​တော်မူ​ကြောင်း​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ဖော်ပြ​မည်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 31,
      "text": "ထာဝရဘုရား​သည် ထို​အမှု​ကို နွား​တည်းဟူသော ချို​နှင့်​ခွာ​များ​ဖြင့်​ပြည့်စုံ​သော​နွားထီး​ထက် နှစ်သက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 32,
      "text": "စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထို​အမှု​ကို​မြင်​၍ ဝမ်းမြောက်​ကြ​လိမ့်မည်​။ ဘုရားသခင်​ကို​ရှာ​သော​သူ​တို့​၊ သင်​တို့​၏​စိတ်နှလုံး​သည် ရှင်သန်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 33,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် နွမ်းပါး​သော​သူ​တို့​ကို နားညောင်း​တော်မူ​၏​။ အချုပ်အနှောင်​ခံရ​သော​မိမိ​၏​လူ​တို့​ကို​လည်း မထီမဲ့မြင်ပြု​တော်​မ​မူ​ပေ​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 34,
      "text": "ကောင်းကင်​နှင့်​မြေကြီး​၊ သမုဒ္ဒရာ​နှင့် သမုဒ္ဒရာ​၌​လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 35,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် ဇိအုန်​ကို​ကယ်တင်​၍ ယုဒ​ပြည်​ရှိ​မြို့​များ​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​။ ထိုအခါ သူ​တို့​သည် ထို​အရပ်​တွင်​နေထိုင်​လျက် ၎င်း​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 36,
      "text": "ကိုယ်တော့်​အစေအပါး​တို့​၏​သားမြေးစဉ်ဆက်​တို့​သည် ထို​အရပ်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​သည်​လည်း ထို​အရပ်​၌​နေ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 2,
      "text": "အကျွန်ုပ်​အသက်​ကို ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 3,
      "text": "အကျွန်ုပ်​ကို “​ဟား ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် နောက်ပြန်ဆုတ်​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 4,
      "text": "ကိုယ်တော်​ကို​ရှာ​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​၌ ရွှင်မြူး​လျက်​ဝမ်းမြောက်​ကြ​ပါစေသော​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို မြတ်နိုး​သော​သူ​တို့​က “​ဘုရားသခင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု အစဉ်​မြွက်ဆို​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 5,
      "text": "အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​ဖြစ်​ပါ​၏​။ အို ဘုရားသခင်​၊ အကျွန်ုပ်​ထံသို့ အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင်​ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၌​အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​ကို မည်သည့်​အခါ​မျှ အရှက်တကွဲ​ဖြစ်စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 2,
      "text": "ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​ကို​ကယ်နုတ်​၍ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​ပြီး အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 3,
      "text": "အကျွန်ုပ်​အစဉ်မပြတ်​ဝင်ရောက်​မှီခို​နိုင်​သော​ကျောက်ဆောင်​ဖြစ်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ကယ်တင်​ရန် ကိုယ်တော်​အမိန့်ရှိ​တော်မူ​ပြီ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကျောက်​နှင့် အကျွန်ုပ်​၏​ရဲတိုက်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 4,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း​၊ မတရား​သော​သူ​နှင့်​ကြမ်းကြုတ်​သော​သူ​၏​လက်​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 5,
      "text": "အကြောင်းမူကား အို ဘုရားရှင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မျှော်လင့်ရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ပျိုရွယ်​စဉ်​မှစ၍ အကျွန်ုပ်​၏​ကိုးစား​ရာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 6,
      "text": "အကျွန်ုပ်​သည် မွေးဖွား​ချိန်​မှစ၍ ကိုယ်တော်​ကို​မှီခိုအားထား​ပါ​၏​။ အကျွန်ုပ်​၏​မိခင်​ဝမ်း​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​ခဲ့​သော​အရှင်​မှာ ကိုယ်တော်​သာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို အစဉ်​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 7,
      "text": "အကျွန်ုပ်​သည် များစွာ​သော​သူ​တို့​အတွက် ရှေ့ပြေးနိမိတ်​ကဲ့သို့​ဖြစ်​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုင်ခံ့​သော​ခိုလှုံ​ရာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 8,
      "text": "အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ဖြင့် တစ်နေ့လုံး​ပြည့်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 9,
      "text": "အကျွန်ုပ်​အိုမင်း​သောအခါ အကျွန်ုပ်​ကို​ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​ခွန်အား​ကုန်ခန်း​သောအခါ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 10,
      "text": "အကြောင်းမူကား အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်​ကို စောင့်ကြည့်​နေ​သော​သူ​တို့​သည်​လည်း အတူတကွ​လျှို့ဝှက်ကြံစည်​ကြ​လျက်"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 11,
      "text": "“​ဘုရားသခင်​သည် သူ့​ကို​စွန့်ပစ်​လေ​ပြီ​။ ကယ်နုတ်​မည့်​သူ​မ​ရှိ​သည်​ဖြစ်၍ သူ့​ကို​လိုက်​၍​ဖမ်းဆီး​ကြ​လော့​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 12,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 13,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​တို့​သည် အရှက်ကွဲ​၍ ပျက်စီး​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန် ရှာကြံ​သော​သူ​တို့​သည် ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့်​အသရေပျက်​ခြင်း​၌ နစ်မွန်း​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 14,
      "text": "အကျွန်ုပ်​မူကား ကိုယ်တော်​ကို အစဉ်မပြတ်​မျှော်လင့်ကိုးစား​၍ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို ပို၍​ပို၍​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 15,
      "text": "ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 16,
      "text": "အကျွန်ုပ်​သည် ဘုရားရှင်​ထာဝရဘုရား​၏ အစွမ်းတန်ခိုး​တော်​များ​ဖြင့် သွား​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​သာ ထုတ်ဖော်​ပြောဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 17,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​ပျိုရွယ်​စဉ်​မှစ၍ အကျွန်ုပ်​ကို​သွန်သင်​တော်မူ​ပါ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ယခု​တိုင်အောင် ပြောကြား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 18,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဘုန်းလက်ရုံး​တော်​အကြောင်း​ကို ဤ​မျိုးဆက်​အား​လည်းကောင်း​၊ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို နောင်လာနောက်သား​အပေါင်း​တို့​အား​လည်းကောင်း မ​ပြောကြား​မီ​တိုင်အောင် အကျွန်ုပ်​သည် အိုမင်း​၍ ဆံပင်ဖြူ​လျက်​ရှိ​လျှင်ပင် အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 19,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် အထက်ကောင်းကင်​တိုင်အောင်​ရောက်​ပါ​၏​။ ကြီးမြတ်​သော​အမှု​တို့​ကို​ပြု​တော်မူ​သော ဘုရားသခင်​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 20,
      "text": "အကျွန်ုပ်​အား များစွာ​သော​ဆင်းရဲဒုက္ခ​နှင့် ဘေးအန္တရာယ်​တို့​ကို ကြုံတွေ့​စေ​တော်မူ​သော​ကိုယ်တော်​သည် အကျွန်ုပ်​ကို အသက်ရှင်​စေ​၍ မြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​ထဲမှ အကျွန်ုပ်​ကို ပြန်​တက်လာ​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 21,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပို၍​ကြီးမြတ်​စေ​လျက် အကျွန်ုပ်​ကို တစ်ဖန် နှစ်သိမ့်ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 22,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သစ္စာ​တော်​အတွက် စောင်းပြား​တူရိယာ​တီး​၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​မည်​။ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို စောင်း​တီး​၍ သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 23,
      "text": "ကိုယ်တော်​ကို​သီဆိုချီးမွမ်း​သောအခါ အကျွန်ုပ်​၏​နှုတ်ခမ်း​သည်​လည်းကောင်း​၊ ကိုယ်တော်​ရွေးနုတ်ကယ်တင်​တော်မူ​သော အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်​လည်းကောင်း ရွှင်လန်း​စွာ​ကြွေးကြော်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 24,
      "text": "အကျွန်ုပ်​၏​လျှာ​သည်​လည်း ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဒုက္ခ​ရောက်​စေရန် ရှာကြံ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို ရှင်ဘုရင်​အား​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရှင်ဘုရင်​၏​သား​တော်​အား​လည်းကောင်း ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 2,
      "text": "ထို​မင်း​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ အဖိနှိပ်​ခံရ​သော ကိုယ်တော်​၏​လူ​တို့​ကို တရားမျှတ​ခြင်း​ဖြင့်​လည်းကောင်း စစ်ကြောစီရင်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 3,
      "text": "တောင်​များ​သည်​ငြိမ်းချမ်း​ခြင်း​ကို​လည်းကောင်း​၊ တောင်ကုန်း​များ​သည် ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း လူမျိုး​တော်​ထံသို့ ယူဆောင်​လာ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 4,
      "text": "သူ​သည် လူမျိုး​တော်​ထဲမှ အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​၍ နွမ်းပါး​သော​သူ​၏​သားသမီး​များ​ကို ကယ်တင်​လျက် နှိပ်စက်​သော​သူ​တို့​ကို နှိမ်နင်း​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 5,
      "text": "နေ​နှင့်​လ​တည်နေသရွေ့ လူ​တို့​သည် ကိုယ်တော်​ကို မျိုးဆက်​အစဉ်အဆက်​ကြောက်ရွံ့​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 6,
      "text": "ထို​မင်း​သည် ရိတ်​ထား​သော​မြက်ခင်း​ပေါ်တွင် ရွာသွန်း​သည့် မိုး​ကဲ့သို့​လည်းကောင်း​၊ မြေကြီး​ကို​စိုစွတ်​စေ​သည့် မိုးစက်​မိုးပေါက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 7,
      "text": "သူ​၏​လက်ထက်​၌ ဖြောင့်မတ်​သော​သူ​သည် ကြီးပွား​၍ လ​ကွယ်ပျောက်​သွား​သည်​အထိ ငြိမ်းချမ်းမှု​အပြည့်​ရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 8,
      "text": "သူ​သည် ပင်လယ်​တစ်​ခု​မှ အခြား​ပင်လယ်​တစ်​ခု​တိုင်အောင်​လည်းကောင်း​၊ မြစ်​တစ်​စင်း​မှ ကမ္ဘာမြေ​အစွန်း​တိုင်အောင်​လည်းကောင်း အုပ်စိုး​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 9,
      "text": "ကန္တာရ​၌​နေထိုင်​သော​လူမျိုး​တို့​သည် သူ့​ရှေ့​၌​ညွတ်တွား​၍ သူ​၏​ရန်သူ​တို့​သည် မြေမှုန့်​ကို​လျက်​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 10,
      "text": "တာရှု​ဘုရင်​နှင့်​ကမ်းရိုးတန်း​နိုင်ငံ​များ​မှ ရှင်ဘုရင်​တို့​သည် လက်ဆောင်ပဏ္ဏာ​ကို ယူဆောင်​လာ​ကြ​ပါစေသော​။ ရှေဘ​ဘုရင်​နှင့်​သေဘ​ဘုရင်​တို့​သည်​လည်း အခွန်​ကို ဆက်သ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 11,
      "text": "ထိုမျှမက ဘုရင်​အပေါင်း​တို့​သည် သူ​၏​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေသော​။ လူမျိုး​အပေါင်း​တို့​သည်​လည်း သူ့​ကို​အစေခံ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 12,
      "text": "အကြောင်းမူကား သူ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သည့် နွမ်းပါး​သော​သူ​ကို​လည်းကောင်း​၊ ကူညီမစ​မည့်​သူ​မ​ရှိ​သည့် အဖိနှိပ်​ခံရ​သော​သူ​ကို​လည်းကောင်း ကယ်နုတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 13,
      "text": "သူ​သည် ဆင်းရဲ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို သနား​၍ နွမ်းပါး​သော​သူ​တို့​၏​အသက်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 14,
      "text": "သူ​သည် သူ​တို့​၏​အသက်​ကို ဖိနှိပ်​ခြယ်လှယ်​ခြင်း​နှင့် ရက်စက်ကြမ်းကြုတ်​ခြင်း​တို့​ထဲမှ ရွေးနုတ်​တော်မူ​လိမ့်မည်​။ အကြောင်းမူကား သူ့​အဖို့ သူ​တို့​၏​သွေး​သည် တန်ဖိုးကြီး​လှ​၏​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 15,
      "text": "သူ​သည် သက်တော်ရှည်​ပါစေသော​။ လူ​တို့​သည် ရှေဘ​ရွှေ​ကို သူ့​အား​ဆက်သ​၍ သူ့​အတွက် အစဉ်မပြတ်​ဆုတောင်း​ပေး​ကာ သူ့​ကို​တစ်နေ့လုံး​ကောင်းချီးပေး​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 16,
      "text": "ပြည်​တော်​၌ များစွာ​သော​ဂျုံစပါး​ရှိ​၍ တောင်​များ​ပေါ်​၌​ယိမ်းနွဲ့​လျက်​ရှိ​ကြ​ပါစေသော​။ ၎င်း​၏​အသီးအနှံ​တို့​သည် လက်ဘနွန်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ လူ​တို့​သည် တော​၌​ရှိ​သော​မြက်ပင်​များ​ကဲ့သို့ မြို့ရွာ​တွင် ရှင်သန်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 17,
      "text": "သူ​၏​နာမ​သည် အစဉ်အမြဲ​တည်​ပါစေသော​။ နေ​သည်​တည်​နေ​သရွေ့ သူ​၏​နာမ​သည် ဆက်၍​တည်​ပါစေသော​။ လူ​တို့​သည် သူ့​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​၍ လူမျိုး​အပေါင်း​တို့​သည် သူ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 18,
      "text": "အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 19,
      "text": "ကိုယ်တော်​၏​ဘုန်းကြီး​သော​နာမ​တော်​သည် အစဉ်အမြဲ​မင်္ဂလာရှိ​တော်မူ​ပါစေသော​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​နှင့်​ပြည့်​ပါစေသော​။ အာမင်​နှင့်​အာမင်​။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 20,
      "text": "ယေရှဲ​၏​သား​ဒါဝိဒ်​၏​ဆုတောင်းချက်​များ​ပြီးဆုံး​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 1,
      "text": "အကယ်စင်စစ် ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အပေါ်​၊ စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 2,
      "text": "သို့သော် ငါ​မူကား ခြေ​ချော်​လုမတတ်​၊ ခြေလှမ်း​လွဲ​လုမတတ်​ဖြစ်​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 3,
      "text": "အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​ကောင်းစား​ကြ​သည်​ကို​ငါ​မြင်​၍ ဝါကြွား​တတ်​သော​သူ​တို့​ကို ငါ​ငြူစူ​မိ​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 4,
      "text": "အကြောင်းမှာ ထို​သူ​တို့​သည် သေ​သည့်​အချိန်​အထိ ဝေဒနာ​ကို မ​ခံစား​ကြ​ရ​ပေ​။ သူ​တို့​၏​ကိုယ်ခန္ဓာ​သည်​လည်း ဝဖြိုး​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 5,
      "text": "လူ​တို့​ကြုံ​ရ​သည့်​အခက်အခဲ​ပြဿနာ​မျိုး သူ​တို့​၌​မ​ရှိ​။ အခြားသောသူ​များ​ကဲ့သို့ ထိပါး​နှောင့်ယှက်​ခြင်း​ကို​လည်း မ​ခံရ​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 6,
      "text": "ထို့ကြောင့် မာန်မာန​သည် သူ​တို့​၏​လည်ဆွဲ​ဖြစ်​၏​။ ရက်စက်ကြမ်းကြုတ်မှု​အဝတ်​သည် သူ​တို့​ကို​လွှမ်းခြုံ​ထား​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 7,
      "text": "သူ​တို့​၏​မျက်စိ​သည် အဆီ​ဖြင့်​မို့မောက်​လျက်​ရှိ​၏​။ သူ​တို့​၏​စိတ်အာရုံ​သည် အထိန်းအကွပ်မဲ့​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 8,
      "text": "သူ​တို့​သည် ပြက်ရယ်​ပြု​၍ ဆိုးညစ်​စွာ​ပြောဆို​တတ်​ကြ​၏​။ ထောင်လွှား​သော​စိတ်​ဖြင့် ဖိနှိပ်ချုပ်ချယ်မှု​အကြောင်း​ကို ပြောဆို​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 9,
      "text": "သူ​တို့​၏​နှုတ်​သည် ကောင်းကင်​နှင့်​ဆန့်ကျင်ဘက်​ပြု​၍ သူ​တို့​၏​လျှာ​သည်​လည်း ကမ္ဘာမြေကြီး​ကို လှည့်လည်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 10,
      "text": "ထို့ကြောင့် ကိုယ်တော်​၏​လူမျိုး​တော်​တို့​သည် သူ​တို့​ဘက်​သို့​လှည့်သွား​၍ သူ​တို့​၏​ချမ်းသာကြွယ်ဝ​ခြင်း​ရေ​ကို သောက်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 11,
      "text": "သူ​တို့​က “​ဘုရားသခင်​သည် မည်သို့​သိ​မည်နည်း​။ အမြင့်ဆုံး​သော​အရှင်​၌ အသိပညာ​ရှိ​ပါ​မည်လော​”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 12,
      "text": "ကြည့်ရှု​လော့​။ ဤသည်ကား အစဉ်အမြဲ​အေးချမ်း​စွာ​နေ​ရ​သည့် ဆိုးယုတ်​သော​သူ​တို့​ပေတည်း​။ သူ​တို့​သည် ဥစ္စာပစ္စည်း​တိုးပွား​တတ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 13,
      "text": "အကယ်စင်စစ် ငါ​သည် ငါ​၏​စိတ်နှလုံး​ကို​သန့်ရှင်းစင်ကြယ်​စေ​၍ ငါ​၏​လက်​ကို အပြစ်ကင်း​ခြင်း​ထဲ၌ ဆေးကြော​ခဲ့​သည်​မှာ အချည်းနှီး​သာ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 14,
      "text": "ငါ​သည် ထိပါး​နှောင့်ယှက်​ခြင်း​ကို တစ်နေ့လုံး​ခံရ​၏​။ ဆိုဆုံးမ​ခြင်း​ကို​လည်း နံနက်တိုင်း​ခံရ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 15,
      "text": "“​ဤသို့​ပြောဆို​မည်​”​ဟု အကျွန်ုပ်​ဆို​ခဲ့​လျှင် ကိုယ်တော့်​သားသမီး​များ​၏​မျိုးဆက်​အပေါ် သစ္စာဖောက်​ရာ​ရောက်​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 16,
      "text": "ဤ​အမှု​ကို​နားလည်​ရန် အကျွန်ုပ်​စဉ်းစား​သောအခါ အကျွန်ုပ်​အမြင်​၌ ခက်ခဲ​သော​အမှု​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 17,
      "text": "အကျွန်ုပ်​သည် ဘုရားသခင်​၏ သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​သည့်အခါမှသာ သူ​တို့​၏​နိဂုံး​ကို သိရှိနားလည်​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 18,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် ချော​သော​နေရာ​များ​တွင် သူ​တို့​ကို​ထား​၍ ပျက်စီး​ဆိတ်သုဉ်း​သော​အရပ်​သို့ သူ​တို့​ကို​ကျ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 19,
      "text": "သူ​တို့​သည် ချက်ချင်းပင် ကြီးစွာ​သော​ပျက်စီး​ခြင်း​သို့​ရောက်​၍ ထိတ်လန့်ဖွယ်​ရာ​များ​ဖြင့် အကုန်အစင် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​ပါ​သည်​တကား​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 20,
      "text": "အိပ်မက်​မှ နိုးလာ​သကဲ့သို့ အို ဘုရားရှင်​၊ ကိုယ်တော်​နိုး​တော်မူ​သောအခါ သူ​တို့​၏​ရုပ်သွင်​ကို မေ့ပျောက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 21,
      "text": "အကျွန်ုပ်​၏​စိတ်နှလုံး​သည် မခံချိမခံသာ​ဖြစ်​၍ အကျွန်ုပ်​၏​အတွင်းသဘော​သည် ထိုးဆွ​ခြင်း​ခံရ​သောအခါ"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 22,
      "text": "အကျွန်ုပ်​သည် အသိတရားမဲ့​၍ မည်သည့်​အရာ​မျှ​မ​သိ​။ ကိုယ်တော်​၏​ရှေ့​တော်​၌ တိရစ္ဆာန်​ကဲ့သို့​ဖြစ်​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 23,
      "text": "သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ အစဉ်မပြတ်​ရှိ​ခဲ့​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​လက်ယာ​လက်​ကို ကိုင်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 24,
      "text": "ကိုယ်တော်​၏​အကြံဉာဏ်​အားဖြင့် အကျွန်ုပ်​ကို​ရှေ့ဆောင်​လမ်းပြ​တော်မူ​ပြီးနောက် ဘုန်းအသရေ​တော်​ထဲသို့ ခေါ်ဆောင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 25,
      "text": "ကောင်းကင်ဘုံ​၌ ကိုယ်တော်​မှတစ်ပါး အကျွန်ုပ်​တွင် မည်သူ​ရှိ​သနည်း​။ မြေကြီး​ပေါ်၌​လည်း ကိုယ်တော်​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ အကျွန်ုပ်​အလို​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 26,
      "text": "အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားအင်ကုန်ခန်း​သော်လည်း ဘုရားသခင်​သည် အစဉ်အမြဲ အကျွန်ုပ်​စိတ်နှလုံး​၏​အစွမ်းသတ္တိ​၊ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 27,
      "text": "အကယ်စင်စစ် ကိုယ်တော်​နှင့်​ဝေးကွာ​သော​သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။ ကိုယ်တော်​အပေါ်​သစ္စာ​မ​ရှိ​၊ ဖောက်ပြန်မှားယွင်း​သော​သူ​ရှိသမျှ​တို့​ကို ကိုယ်တော်​သည် ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 28,
      "text": "အကျွန်ုပ်​အတွက်​မူကား ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ခြင်း​သည် ကောင်းမြတ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အမှု​တော်​ရှိသမျှ​တို့​ကို ပြောကြား​ရန် ဘုရားရှင်​ထာဝရဘုရား​ကို အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​ငြင်းပယ်​တော်မူ​သနည်း​။ ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​အပေါ် အဘယ်ကြောင့်​တငွေ့ငွေ့​လောင်​တော်မူ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 2,
      "text": "ရှေးကာလ​က ကိုယ်တော်​ဝယ်ယူ​ထား​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ အမွေ​တော်​အဖြစ် ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​အမျိုးအနွယ်​နှင့် ကိုယ်တော်​ကိန်းဝပ်​တော်မူ​ခဲ့​ရာ ဇိအုန်​တောင်​ကို အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 3,
      "text": "ထာဝရ​ပျက်စီး​ဆိတ်သုဉ်း​သော​အရပ်​သို့ ခြေဦးလှည့်​တော်မူ​ပါ​။ ရန်သူ​တို့​သည် သန့်ရှင်းရာဌာန​တော်​ထဲ၌ ရှိသမျှ​တို့​ကို ဖျက်ဆီး​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 4,
      "text": "ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏ တွေ့ဆုံစည်းဝေးရာ​နေရာ​တွင် အော်ဟစ်​ကြ​ပါ​၏​။ သူ​တို့​၏​အောင်လံ​များ​ကို အမှတ်လက္ခဏာ​အဖြစ်​စိုက်ထူ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 5,
      "text": "သူ​တို့​သည် သစ်ပင်​ထူထပ်​သော​အရပ်​တွင် ပုဆိန်​ကို​ဝှေ့ယမ်း​သော​သူ​ကဲ့သို့​ဖြစ်​ပြီး"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 6,
      "text": "ယခုတွင် ဗိမာန်တော်​ထဲမှ​ပန်းပုရုပ်​အားလုံး​တို့​ကို ပုဆိန်​နှင့်​တူ​တို့​ဖြင့် ရိုက်ချိုး​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 7,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို မီးရှို့​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​တည်ရာအရပ်​ကို မြေ​သို့​ကျ​သည့်​တိုင်အောင် ရှုတ်ချ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 8,
      "text": "“​သူ​တို့​ကို အပြီးတိုင်​ချေမှုန်း​ကြ​မည်​”​ဟု မိမိ​တို့​စိတ်​ထဲ၌ ဆို​ကြ​ပါ​၏​။ ပြည်​တော်​အတွင်း​ရှိ ဘုရားသခင်​၏​တွေ့ဆုံစည်းဝေးရာ​နေရာ​ရှိသမျှ​တို့​ကို မီးရှို့​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​၏​အမှတ်လက္ခဏာ​များ​ကို အကျွန်ုပ်​တို့​မ​မြင်​ရ​ပါ​။ ပရောဖက်​လည်း​မ​ရှိ​တော့​ပါ​။ မည်မျှ​အထိ ဤသို့​ဖြစ်​မည်​ကို​သိ​သော​သူ​လည်း အကျွန်ုပ်​တို့​ထဲတွင်​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 10,
      "text": "အို ဘုရားသခင်​၊ ရန်ဖက်ပြု​သော​သူ​သည် မည်မျှ​ကြာ​အောင် ကဲ့ရဲ့ပြစ်တင်​လျက်​နေ​လိမ့်​မည်နည်း​။ ရန်သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်​မထီလေးစား​ပြု​မည်လော​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 11,
      "text": "ကိုယ်တော်​၏​လက်​တော်​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ကို​ပင် အဘယ်ကြောင့်​ရုပ်သိမ်း​တော်မူ​သနည်း​။ လက်​တော်​ကို လျှိုထား​ရာ​မှ​ထုတ်​၍ သူ​တို့​ကို အပြီးသတ်​သုတ်သင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 12,
      "text": "သို့သော် ဘုရားသခင်​သည် ရှေးကာလ​မှစ၍ အကျွန်ုပ်​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေ​အလယ်​၌ ကယ်တင်​ခြင်း​အမှု​ကို​ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 13,
      "text": "ကိုယ်တော်​သည် အစွမ်းသတ္တိ​အားဖြင့် ပင်လယ်​ကို​ပိုင်းခြား​၍ ရေ​ထဲ​ရှိ​သတ္တဝါကြီး​တို့​၏​ဦးခေါင်း​ကို ခွဲ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 14,
      "text": "ကိုယ်တော်​သည် လဝိသန် ​၏​ဦးခေါင်း​တို့​ကို ကြေမွ​စေ​၍ ကန္တာရ​သတ္တဝါ​တို့​အား စားစရာ​အဖြစ်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 15,
      "text": "ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍ အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 16,
      "text": "နေ့​ကို ကိုယ်တော်​ပိုင်​တော်မူ​သကဲ့သို့ ည​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။ ကိုယ်တော်​သည် အလင်းအိမ်​နှင့်တကွ နေ​ကို​တည်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 17,
      "text": "ကိုယ်တော်​သည် ကမ္ဘာမြေကြီး​၏ နယ်နိမိတ်​အားလုံး​ကို သတ်မှတ်​၍ နွေရာသီ​နှင့်​ဆောင်းရာသီ​ကို ဖြစ်ပေါ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 18,
      "text": "အို ထာဝရဘုရား​၊ ရန်သူ​သည် ကိုယ်တော့်​ကို​ကဲ့ရဲ့ပြစ်တင်​သည်​ကို​လည်းကောင်း​၊ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို မထီလေးစား​ပြု​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 19,
      "text": "ကိုယ်တော့်​ချိုးငှက်​၏​အသက်​ကို သားရဲတိရစ္ဆာန်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အဖိနှိပ်​ခံရ​သော​လူ​တို့​၏​အသက်​ကို အစဉ်​မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 20,
      "text": "ပဋိညာဉ်​တော်​ကို ကြည့်ရှုဆင်ခြင်​တော်မူ​ပါ​။ အကြောင်းမူကား ကမ္ဘာမြေကြီး​ပေါ်​ရှိ​မှောင်မိုက်​သော​အရပ်​တို့​သည် ရက်စက်ကြမ်းကြုတ်မှု​ကျက်စား​ရာ​အရပ်​သက်သက် ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 21,
      "text": "ဖိနှိပ်ချုပ်ချယ်​ခြင်း​ခံရ​သော​သူ​သည် အသရေပျက်​၍ ပြန်လှည့်​လာ​ရ​ခြင်း မ​ရှိ​ပါစေ​နှင့်​။ အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 22,
      "text": "အို ဘုရားသခင်​၊ ထ​တော်မူ​ပါ​။ ကိုယ်တော်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​တော်မူ​ပါ​။ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်​သည်​ကို အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 23,
      "text": "ကိုယ်တော့်​ရန်သူ​တို့​၏​အသံ​တည်းဟူသော ကိုယ်တော်​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ထံမှ အစဉ်မပြတ်​ထွက်ပေါ်​လာ​သည့် အုတ်အုတ်ကျက်ကျက်​အသံ​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​သည် နီး​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​၏​။ လူ​တို့​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 2,
      "text": "“​ငါ​ရွေးချယ်​သတ်မှတ်​ထား​သော​အချိန်​၌ ငါ​သည် သမာသမတ်​ရှိ​စွာ​တရားစီရင်​မည်​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 3,
      "text": "မြေကြီး​နှင့် မြေကြီး​ပေါ်၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည် စိုးရိမ်​တုန်လှုပ်​ကြ​သောအခါ ငါ​သည် မြေကြီး​၏​တိုင်​တို့​ကို တည်ငြိမ်​စေ​၏​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 4,
      "text": "ဝါကြွား​သော​သူ​တို့​အား ‘​မ​ဝါကြွား​ကြ​နှင့်​’ ဟူ၍​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​အား ‘​ချို​မ​ထောင်​ကြ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 5,
      "text": "အထက်ကောင်းကင်​ထိ​တိုင်အောင် သင်​တို့​ချို​မ​ထောင်​ကြ​နှင့်​။ မောက်မာ​စွာ​မ​ပြောဆို​ကြ​နှင့်​’ ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။​”"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 6,
      "text": "အကြောင်းမူကား ချီးမြှောက်​ခြင်း​သည် အရှေ့​အရပ်​၊ အနောက်​အရပ်​၊ သို့မဟုတ် တောကန္တာရ​အရပ်​မှ​လာ​သည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 7,
      "text": "တရားစီရင်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း​။ ထို​အရှင်​သည် တစ်ဦး​ကို​နှိမ့်ချ​၍ တစ်ဦး​ကို​ချီးမြှောက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 8,
      "text": "အကြောင်းမူကား ထာဝရဘုရား​၏​လက်​တော်​၌​ခွက်ဖလား​ရှိ​၍ ၎င်း​ထဲတွင် သမအောင်​ရောစပ်​ထား​သည့် အမြှုပ်ထ​နေ​သော​စပျစ်ဝိုင်​ရှိ​၏​။ ကိုယ်တော်​သည် ထို​စပျစ်ဝိုင်​ကို​သွန်ချ​တော်မူ​၍ ကမ္ဘာမြေကြီး​ပေါ်ရှိ​ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ၎င်း​၏​အနည်​ကို​ပင် အကုန်အစင် သောက်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 9,
      "text": "ငါ​မူကား ကိုယ်တော်​အကြောင်း​ကို အစဉ်အမြဲ​ပြောကြား​၍ ယာကုပ်​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 10,
      "text": "“​ဆိုးယုတ်​သော​သူ​တို့​၏​ဦးချို​ရှိသမျှ​တို့​ကို ငါ​ပိုင်းဖြတ်​မည်​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဦးချို​သည် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။​”"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 1,
      "text": "ယုဒ​ပြည်​၌ ဘုရားသခင်​ကို​သိ​ကြ​၏​။ အစ္စရေး​ပြည်​၌ ကိုယ်တော်​၏​နာမ​တော်​သည် ကြီးမြတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 2,
      "text": "ကိုယ်တော်​၏​တဲ​တော်​သည် ဆလင်​မြို့​၌​ရှိ​၍ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဇိအုန်​၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 3,
      "text": "ထို​အရပ်​တွင် ကိုယ်တော်​သည် မီးတောက်​နေ​သော​မြား​၊ ဒိုင်းလွှား​၊ ဓား​နှင့်​စစ်လက်နက်​တို့​ကို ချိုးဖျက်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 4,
      "text": "ကိုယ်တော်​သည် အရောင်အဝါ​တောက်ပ​တော်မူ​၏​။ သားကောင်​ရှိ​ရာ​တောင်​များ​ထက် ပို၍​အသရေတင့်တယ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 5,
      "text": "ရဲရင့်​သော​သူ​တို့​သည် အလုယက်​ခံရ​၍ အပြီးတိုင်​အိပ်ပျော်​သွား​ကြ​ပြီ​။ စစ်သူရဲ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​လက်စွမ်း​ကို မ​ပြ​နိုင်​ခဲ့​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 6,
      "text": "အို ယာကုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​ကြောင့် စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည် အိပ်မောကျ​သွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 7,
      "text": "ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်​ထွက်​တော်မူ​သောအခါ မည်သူ​သည် ကိုယ်တော်​၏​ရှေ့​တွင် ရပ်​နေ​နိုင်​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 8,
      "text": "ကိုယ်တော်​သည် တရားစီရင်ချက်​ကို ကောင်းကင်​မှ ကြေညာ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 9,
      "text": "ဘုရားသခင်​သည် ကမ္ဘာမြေကြီး​ပေါ်ရှိ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​ကို ကယ်တင်​ဖို့ တရားစီရင်​ရန်​ထ​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် ကြောက်ရွံ့​၍ ငြိမ်သက်​စွာ​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 10,
      "text": "အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။ ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 11,
      "text": "သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​၍ ပြည့်စုံ​စေ​ကြ​လော့​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့ရိုသေ​ရ​သော​အရှင်​ထံသို့ လက်ဆောင်ပဏ္ဏာ​ကို​ယူဆောင်​လာ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 12,
      "text": "ကိုယ်တော်​သည် အုပ်ချုပ်သူမင်း​တို့​၏​စိတ်​ကို နှိမ့်ချ​တော်မူ​၏​။ ကမ္ဘာမြေကြီး​ပေါ်ရှိ ရှင်ဘုရင်​တို့​အတွက် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 1,
      "text": "ငါ​သည် ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​၍ အော်ဟစ်​တောင်းလျှောက်​၏​။ ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​သောအခါ ကိုယ်တော်​သည် ငါ့​ကို စူးစိုက်​နားထောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 2,
      "text": "ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ဘုရားရှင်​ကို​ငါ​ရှာ​၏​။ ညအချိန်​၌ ငါ​၏​လက်​တို့​ကို လက်ပန်း​မ​ကျ​စေ​ဘဲ ဆန့်တန်း​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် နှစ်သိမ့်ပေး​ခြင်း​ကို ငြင်းပယ်​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 3,
      "text": "ငါ​သည် ဘုရားသခင်​ကို​အောက်မေ့​၍ မငြိမ်မသက်​ဖြစ်​၏​။ ငါ​တွေးတောဆင်ခြင်​သောအခါ ငါ​၏​စိတ်ဝိညာဉ်​သည် ညှိုးငယ်​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 4,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​မျက်ခွံ​ကို မ​ပိတ်​နိုင်​အောင်​ကိုင်ထား​တော်မူ​၏​။ အကျွန်ုပ်​သည် မငြိမ်မသက်​ဖြစ်​၍ စကား​ပင်​မ​ပြော​နိုင်​ပါ​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 5,
      "text": "ငါ​သည် လွန်ခဲ့သော​နေ့ရက်​များ​နှင့် ရှေးယခင်​နှစ်​များ​အကြောင်း​ကို စဉ်းစား​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 6,
      "text": "ညအခါ​၌ ငါ​၏​တေးသီချင်း​ကို​သတိရ​လျက် ငါ့​စိတ်နှလုံး​ထဲ၌ တွေးတောဆင်ခြင်​၏​။ ငါ​၏​ဝိညာဉ်​သည်​လည်း စူးစမ်း​သုံးသပ်​လျက်​နေ​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 7,
      "text": "ဘုရားရှင်​သည် အစဉ်အမြဲ​ငြင်းပယ်​တော်မူ​မည်လော​။ ကိုယ်တော်​သည် နောက်တစ်ဖန်​ထပ်၍ ကျေးဇူး​မ​ပြု​ဘဲ နေ​တော်မူ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 8,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ထာဝရ​ကုန်ခန်း​သွား​ပြီ​လော​။ ကိုယ်တော်​၏​ကတိ​တော်​များ​သည် မျိုးဆက်​အစဉ်အဆက် ပျက်ပြား​သွား​ပြီ​လော​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 9,
      "text": "ဘုရားသခင်​သည် သနား​ကြင်နာ​ရန် မေ့လျော့​တော်မူ​ပြီ​လော​။ သို့မဟုတ် အမျက်​တော်​ထွက်​၍ မိမိ​၏​သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်မူ​ပြီ​လော​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 10,
      "text": "ထိုအခါ “​အမြင့်ဆုံး​သော​အရှင်​၏​လက်ယာ​လက်​တော်​သည် ပြောင်းလဲ​သွား​သဖြင့် ငါ​အားနည်း​ရ​ချေ​ပြီ​”​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 11,
      "text": "အကျွန်ုပ်​သည် ထာဝရဘုရား​၏ လုပ်ဆောင်​တော်မူ​ချက်​တို့​ကို အောက်မေ့​ပါ​မည်​။ ရှေးကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော အံ့ဖွယ်​သော​အမှု​တို့​ကို အမှန်ပင် အောက်မေ့​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 12,
      "text": "ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက် ရှိသမျှ​တို့​ကို​လည်း အကျွန်ုပ်​ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို​လည်း တွေးတောဆင်ခြင်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 13,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​လမ်း​သည် သန့်ရှင်း​ပါ​၏​။ မည်သည့်​ဘုရား​သည် ဘုရားသခင်​ကဲ့သို့ ကြီးမြတ်​သနည်း​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 14,
      "text": "ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို လူမျိုး​တကာ​တို့​အား သိမြင်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 15,
      "text": "ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​တည်းဟူသော ယာကုပ်​နှင့်​ယောသပ်​၏​အမျိုးအနွယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​ရွေးနုတ်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 16,
      "text": "အို ဘုရားသခင်​၊ ရေ​တို့​သည် ကိုယ်တော်​ကို​မြင်​ကြ​ပါ​၏​။ ရေ​တို့​သည် ကိုယ်တော်​ကို​မြင်​၍ တုန်လှုပ်​ကြ​ပါ​၏​။ နက်ရှိုင်း​သော​ရေထု​များ​သည်​လည်း လှုပ်ခတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 17,
      "text": "တိမ်တိုက်​တို့​သည် ရေ​များ​ကို​သွန်းချ​၍ မိုးကောင်းကင်​တို့​သည် ထစ်ချုန်းသံ​ကို​ပေး​ကြ​ပါ​၏​။ ကိုယ်တော်​၏​မြား​တို့​သည်​လည်း အရပ်ရပ်​သို့​ရောက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 18,
      "text": "ကိုယ်တော်​၏​ထစ်ချုန်းသံ​သည် လေပွေ​၌​ပါ​၍ လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို​လင်းလက်​စေ​ပါ​၏​။ ကမ္ဘာမြေကြီး​သည် တုန်ခါ​လှုပ်ရမ်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 19,
      "text": "ကိုယ်တော်​၏​လမ်း​သည် ပင်လယ်​ကို​ဖြတ်ကျော်​၍ ကိုယ်တော်​၏​လမ်းခရီး​သည် ကျယ်ဝန်း​သော​ရေပြင်​ကို ဖြတ်ကျော်​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ခြေရာ​တော်​တို့​ကို မ​သိ​မ​မြင်​ရ​ပါ​။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 20,
      "text": "ကိုယ်တော်​သည် မောရှေ​နှင့်​အာရုန်​တို့​လက်​ဖြင့် မိမိ​၏​လူမျိုး​တော်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 1,
      "text": "အို ငါ​၏​လူမျိုး​တော်​၊ ငါ​၏​တရား​ကို စူးစိုက်​နားထောင်​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို နားစွင့်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 2,
      "text": "ငါ​သည် ပုံဥပမာ​များ​ဆောင်​လျက် ငါ့​နှုတ်​ကို​ဖွင့်​၍ ရှေးကာလ​မှ ပဟေဠိ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 3,
      "text": "ထို​အရာ​တို့​သည် ငါ​တို့​ကြား​၍ သိ​ထား​သော​အရာ​များ​၊ ငါ​တို့​၏​ဘိုးဘေး​များ​က ငါ​တို့​ကို​ပြောပြ​သော​အရာ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 4,
      "text": "ထို​အရာ​တို့​ကို သူ​တို့​၏​သားသမီး​များ​မ​သိ​အောင် ငါ​တို့​ထိမ်ဝှက်​ထား​မည်​မ​ဟုတ်​။ ငါ​တို့​သည် ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​များ​နှင့်​တန်ခိုး​တော်​ကို​လည်းကောင်း​၊ ကိုယ်တော်​ပြု​သော အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း လာမည့်​မျိုးဆက်​အား ပြောကြား​မည်​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 5,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် သက်သေခံချက်​ကို ယာကုပ်​၌​တည်​စေ​၍ တရားတော်​ကို အစ္စရေး​၌​ထား​တော်မူ​၏​။ ၎င်း​တို့​ကို သားသမီး​များ​အား​သင်ကြား​ပေး​ရန် ငါ​တို့​၏​ဘိုးဘေး​တို့​ကို မိန့်မှာ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 6,
      "text": "ဤသည်ကား လာမည့်​မျိုးဆက်​တည်းဟူသော နောင်​မွေးဖွား​လာ​မည့်​သားသမီး​တို့​သည် ထို​အရာ​တို့​ကို​သိမှတ်​၍ သူ​တို့​၏​သားသမီး​များ​ကို လက်ဆင့်ကမ်း​ပြောပြ​နိုင်​ရန်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 7,
      "text": "ထိုအခါ သူ​တို့​သည် ဘုရားသခင်​ကို ယုံကြည်အားထား​၍ ဘုရားသခင်​၏ လုပ်ဆောင်​တော်မူ​ချက်​တို့​ကို​မ​မေ့လျော့​ဘဲ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 8,
      "text": "ထိုသို့​အားဖြင့် သူ​တို့​သည် သူ​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ ဖြစ်​ကြ​တော့​မည်​မ​ဟုတ်​။ ထို​ဘိုးဘေး​တို့​သည် ခေါင်းမာ​၍ ပုန်ကန်​တတ်​သည့်​မျိုးဆက်​၊ သူ​တို့​၏​စိတ်နှလုံး​တည်ကြည်​ခြင်း​မ​ရှိ​သကဲ့သို့ သူ​တို့​၏​ဝိညာဉ်​သည်​လည်း ဘုရားသခင်​အပေါ် သစ္စာ​မ​ရှိ​သော​မျိုးဆက်​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 9,
      "text": "လေး​လက်နက်​စွဲကိုင်​သော​ဧဖရိမ်​အမျိုးသား​တို့​သည် စစ်တိုက်​သော​နေ့​တွင် နောက်​ပြန်လှည့်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 10,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​တော်​ကို မ​စောင့်ထိန်း​ကြ​။ တရားတော်​အတိုင်း​လျှောက်လှမ်း​ရန်​လည်း ငြင်းဆန်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 11,
      "text": "ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့် သူ​တို့​အား ပြ​တော်မူ​သည့် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​ကို​လည်း မေ့လျော့​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 12,
      "text": "ကိုယ်တော်​သည် အီဂျစ်​ပြည်​၊ ဇောန​အရပ်​၌ သူ​တို့​၏​ဘိုးဘေး​များ​ရှေ့​တွင် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 13,
      "text": "ပင်လယ်​ကို​ခွဲ​၍ သူ​တို့​ကို​ဖြတ်သွား​စေ​တော်မူ​၏​။ ရေ​များ​ကို တာတမံ​ကဲ့သို့ မတ်မတ်တည်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 14,
      "text": "နေ့​အချိန်​၌ မိုးတိမ်​အားဖြင့်​လည်းကောင်း​၊ ညအချိန်​၌ တစ်ညလုံး မီး​အလင်းရောင်​အားဖြင့်​လည်းကောင်း သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 15,
      "text": "တောကန္တာရ​ထဲ၌ ကျောက်ဆောင်​များ​ကို​ခွဲ​၍ နက်ရှိုင်း​သော​သမုဒ္ဒရာ​မှ​ရေ​ကဲ့သို့ များစွာ​သော​ရေ​ကို သူ​တို့​အား တိုက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 16,
      "text": "ကျောက်​ထဲမှ ရေ​စီး​ထွက်​စေ​၍ မြစ်​ရေ​များ​ကဲ့သို့ စီးဆင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 17,
      "text": "သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​အရှင်​ကို ခြောက်သွေ့​သော​အရပ်​တွင်​ပုန်ကန်​သော​အားဖြင့် နောက်တစ်ဖန်​ထပ်၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 18,
      "text": "မိမိ​တို့​အလိုရှိ​သော​အစားအစာ​ကို​လည်း တောင်းဆို​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​ကို​စမ်းသပ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 19,
      "text": "သူ​တို့​က “​ဘုရားသခင်​သည် တောကန္တာရ​တွင် စားပွဲ​ကို​တည်ခင်း​နိုင်​ပါ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 20,
      "text": "ကျောက်ဆောင်​ကို​ရိုက်​သောအခါ ရေ​များ​စီးထွက်​လာ​ပါ​၏​။ စမ်းချောင်း​များ​စီးဆင်း​ပါ​၏​။ သို့သော် မုန့်​ကို​ကား ပေး​နိုင်​ပါ​မည်​လော​။ မိမိ​လူမျိုး​တော်​အတွက် အသား​ကို ပြင်ဆင်​ပေး​နိုင်​ပါ​မည်​လော​”​ဟု ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 21,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ထို​စကား​ကို​ကြား​၍ အမျက်ထွက်​တော်မူ​၏​။ မီး​သည် ယာကုပ်​အမျိုး​ပေါ်၌ ထလောင်​၍ အမျက်​တော်​သည်​လည်း အစ္စရေး​လူမျိုး​အပေါ် သက်ရောက်​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 22,
      "text": "အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မ​ယုံကြည်​ကြ​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​လည်း ယုံကြည်ကိုးစား​ခြင်း​မ​ရှိ​ကြ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 23,
      "text": "သို့သော် ကိုယ်တော်​သည် အထက်​အရပ်​မှ​မိုးတိမ်​တို့​ကို​အမိန့်ပေး​၍ ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​ကာ"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 24,
      "text": "သူ​တို့​စား​ရန် မန္နမုန့်​ကို​သူ​တို့​အပေါ်​ရွာကျ​စေ​ပြီး ကောင်းကင်​မှ​ကောက်ပဲသီးနှံ​ကို သူ​တို့​အား​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 25,
      "text": "လူ​သည် ကောင်းကင်တမန်​တို့​၏​မုန့်​ကို စား​ခဲ့​ရ​၏​။ ကိုယ်တော်​သည် သူ​တို့​အား စားနပ်ရိက္ခာ​ကို ပြည့်စုံကြွယ်ဝ​စွာ​ပို့ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 26,
      "text": "ကိုယ်တော်​သည် အရှေ့​လေ​ကို ကောင်းကင်​မှ​ထွက်ခွာ​စေ​ပြီး မိမိ​၏​အစွမ်းသတ္တိ​အားဖြင့် တောင်​လေ​ကို​တိုက်ခတ်​လာ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 27,
      "text": "ဤသို့ဖြင့် အသား​ကို မြေမှုန့်​နှင့်အမျှ​၊ တောင်ပံ​ပါ​သော​ငှက်​တို့​ကို သမုဒ္ဒရာ​၏​သဲပွင့်​နှင့်အမျှ သူ​တို့​အပေါ်​ရွာကျ​စေ​တော်မူ​ပြီး"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 28,
      "text": "သူ​တို့​၏​စခန်း​အတွင်း​နှင့် သူ​တို့​နေထိုင်ရာအရပ်​ပတ်လည်​၌ ကျ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 29,
      "text": "ထိုသို့ သူ​တို့​၏​အာသာဆန္ဒ​အတိုင်း သူ​တို့​အား ပေး​တော်မူ​သဖြင့် သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 30,
      "text": "သို့သော် သူ​တို့​၏​အာသာဆန္ဒ​မ​ပြေ​မီ သူ​တို့​၏​အစားအစာ​သည် သူ​တို့​၏​ပါးစပ်​ထဲ၌​ရှိ​စဉ်​ပင်"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 31,
      "text": "ဘုရားသခင်​၏​အမျက်​တော်​သည် သူ​တို့​အပေါ်​သက်ရောက်​သဖြင့် သူ​တို့​ထဲမှ အကြံ့ခိုင်​ဆုံး​သော​သူ​တို့​ကို ကွပ်မျက်​၍ အစ္စရေး​လူပျို​တို့​ကို လှဲချ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 32,
      "text": "သူ​တို့​သည် ဤ​အရာ​အားလုံး​နှင့်​ကြုံတွေ့​ရ​သော်လည်း ဆက်၍​သာ အပြစ်ပြု​ကြ​ပြီး ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို မ​ယုံကြည်​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 33,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​၏​နေ့ရက်​များ​ကို အချည်းနှီး​သော​အဖြစ်​၌​လည်းကောင်း​၊ သူ​တို့​၏​နှစ်ကာလ​များ​ကို ထိတ်လန့်​ခြင်း​၌​လည်းကောင်း ကုန်လွန်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 34,
      "text": "သူ​တို့​ကို ကိုယ်တော်​ကွပ်မျက်​တော်မူ​သောအခါ သူ​တို့​သည် ကိုယ်တော်​ကို​ရှာ​ကြ​၏​။ သူ​တို့​သည် နောင်တရ​လျက် ဘုရားသခင်​ကို​ကြိုးစား​၍​ရှာ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 35,
      "text": "ဘုရားသခင်​သည် သူ​တို့​၏​ကျောက်ဆောင်​၊ သူ​တို့​ကို​ရွေးနုတ်​တော်မူ​သည့် အမြင့်ဆုံး​သော​ဘုရားသခင်​ဖြစ်ကြောင်း သူ​တို့​သတိရ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 36,
      "text": "သို့သော် သူ​တို့​သည် မိမိ​တို့​နှုတ်​ဖြင့် ကိုယ်တော်​ကို​မြှောက်ပင့်​၍ မိမိ​တို့​လျှာ​ဖြင့် ကိုယ်တော်​ကို​လိမ်လည်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 37,
      "text": "သူ​တို့​၏​စိတ်နှလုံး​သည် ကိုယ်တော့်​အပေါ်​မ​တည်ကြည်​။ ကိုယ်တော်​၏​ပဋိညာဉ်​တော်​အပေါ်​၌​လည်း သစ္စာ​မ​ရှိ​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 38,
      "text": "သို့သော် သနားစုံမက်​တတ်​သော​ကိုယ်တော်​သည် သူ​တို့​ကို​မ​ဖျက်ဆီး​ဘဲ သူ​တို့​၏​ဒုစရိုက်​ကို​ဖြေလွှတ်​တော်မူ​၏​။ မိမိ​၏​အမျက်​တော်​ကို​လည်း အကြိမ်ကြိမ်​ချုပ်တည်း​၍ မိမိ​၏​အမျက်ဒေါသ​ကို အကုန်အစင်​နှိုးဆော်​တော်​မ​မူ​ခဲ့​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 39,
      "text": "သူ​တို့​သည် အသွေးအသား​ဖြစ်ကြောင်း​နှင့် ထွက်ခွာ​သွား​ပြီးလျှင် ပြန်​မ​လာ​တော့​သည့်​လေ​ဖြစ်ကြောင်း ကိုယ်တော်​အောက်မေ့​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 40,
      "text": "သူ​တို့​သည် တောကန္တာရ​၌ ဘယ်နှကြိမ်​ဘယ်နှခါ​မျှ ကိုယ်တော်​ကို​ပုန်ကန်​ကြ​ပြီး ကန္တာရမြေ​၌ ကိုယ်တော်​ကို​စိတ်ထိခိုက်​စေ​ခဲ့​ကြ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 41,
      "text": "သူ​တို့​သည် ဘုရားသခင်​ကို​အကြိမ်ကြိမ်​စမ်းသပ်​လျက် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​စိတ်​တော်​ကို ဆွ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 42,
      "text": "သူ​တို့​သည် ကိုယ်တော်​၏ တန်ခိုး​တော်​ကို​လည်းကောင်း​၊ သူ​တို့​ကို​ရန်သူ​၏​လက်​မှ ရွေးနုတ်ကယ်တင်​တော်မူ​ရာ​နေ့ရက်​တည်းဟူသော"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 43,
      "text": "အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့် ဇောန​အရပ်​၌ တန်ခိုးလက္ခဏာ​များ​ပြု​တော်မူ​ရာ နေ့ရက်​ကို​လည်းကောင်း မ​အောက်မေ့​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 44,
      "text": "ကိုယ်တော်​သည် ထို​ပြည်သား​တို့​၏​မြစ်​များ​ကို သွေး​အဖြစ်​ပြောင်းလဲ​စေ​တော်မူ​သဖြင့် သူ​တို့​သည် မိမိ​တို့​၏​မြစ်ရေ​ကို သောက်​၍​မ​ရ​ခဲ့​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 45,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​ဝါးမျို​မည့် ယင်ရဲအုပ်​ကို​လည်းကောင်း​၊ သူ​တို့​ကို​ဖျက်ဆီး​မည့် ဖား​တို့​ကို​လည်းကောင်း သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 46,
      "text": "သူ​တို့​၏​အသီးအနှံ​ကို နှံကောင်​တို့​အား​လည်းကောင်း​၊ သူ​တို့​လုပ်ဆောင်​ရရှိ​သော​အရာ​ကို ကျိုင်းကောင်​တို့​အား​လည်းကောင်း ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 47,
      "text": "သူ​တို့​၏​စပျစ်ပင်​များ​ကို မိုးသီး​ဖြင့်​လည်းကောင်း​၊ သူ​တို့​၏​သင်္ဘောသဖန်းပင်​များ​ကို နှင်းခဲ​ဖြင့်​လည်းကောင်း ဖျက်ဆီး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 48,
      "text": "သူ​တို့​၏​တိရစ္ဆာန်​တို့​ကို မိုးသီး​လက်​သို့​လည်းကောင်း​၊ သူ​တို့​၏​သိုးနွား​တို့​ကို မိုးကြိုး​လက်​သို့​လည်းကောင်း အပ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 49,
      "text": "ကိုယ်တော်​သည် ဖျက်ဆီး​တတ်​သော ကောင်းကင်တမန်​တပ်ဖွဲ့​အားဖြင့် မိမိ​၏​ပြင်းထန်​သော​အမျက်​၊ ဒေါသ​၊ အမျက်​မာန်ဟုန်​နှင့်​ဆင်းရဲဒုက္ခ​ကို သူ​တို့​ထံသို့​စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 50,
      "text": "ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ကို လမ်း​ဖွင့်​ပေး​လျက် သူ​တို့​၏​စိတ်ဝိညာဉ်​ကို သေဘေး​မှ​လွတ်ကင်း​ခွင့်​မ​ပေး​ဘဲ သူ​တို့​၏​အသက်​ကို ကပ်ရောဂါ​လက်​သို့ အပ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 51,
      "text": "ဟာမ​၏​တဲ​များ​မှ ယောက်ျား​အားမာန်​၏​အသီးဦး​တည်းဟူသော အီဂျစ်​ပြည်​မှ သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 52,
      "text": "သို့သော် ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို သိုး​များ​ကဲ့သို့​ထုတ်ဆောင်​ပြီး တောကန္တာရ​ထဲ၌ သူ​တို့​ကို သိုးအုပ်​ကဲ့သို့ ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 53,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို ဘေးကင်းလုံခြုံ​စွာ​ပို့ဆောင်​တော်မူ​သဖြင့် သူ​တို့​သည် မ​ကြောက်​ကြ​ရ​ပေ​။ သို့သော် ပင်လယ်​ရေ​သည် သူ​တို့​၏​ရန်သူ​များ​ကို ဖုံးလွှမ်း​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 54,
      "text": "ဤသို့ဖြင့် ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သော​နယ်မြေ​သို့​လည်းကောင်း​၊ မိမိ​၏​လက်ယာ​လက်​တော်​ဖြင့်​ရယူ​ထား​သော ဤ​တောင်​သို့​လည်းကောင်း သူ​တို့​ကို​ခေါ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 55,
      "text": "ထို့နောက် လူမျိုးခြား​တို့​ကို သူ​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​ပြီး အမွေ​အဖြစ် တိုင်းတာ​သတ်မှတ်​ထား​သော​နယ်မြေ​အလိုက် သူ​တို့​ကို​ခွဲဝေ​ပေး​၍ အစ္စရေး​အမျိုးအနွယ်​တို့​အား မိမိ​တို့​တဲ​များ​၌ နေထိုင်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 56,
      "text": "သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​ကို အကဲစမ်း​၍​ပုန်ကန်​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ဘဲ"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 57,
      "text": "မိမိ​တို့​ဘိုးဘေး​များ​ကဲ့သို့ ဖောက်ပြန်​၍ သစ္စာမဲ့​သော​သူ​များ​ဖြစ်​ကြ​၏​။ လိမ်ကောက်​သော​လေး​ကဲ့သို့ အသုံးမကျ​သော​သူ​များ​လည်း​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 58,
      "text": "သူ​တို့​သည် မိမိ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​အားဖြင့် ကိုယ်တော်​ကို​အမျက်ထွက်​စေ​ပြီး မိမိ​တို့​၏​ရုပ်တု​များ​အားဖြင့် ကိုယ်တော်​ကို​သဝန်တို​စေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 59,
      "text": "ဘုရားသခင်​သည် ကြားသိ​၍ အမျက်ထွက်​ကာ အစ္စရေး​အမျိုးသား​တို့​ကို လုံးလုံး​စွန့်ပယ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 60,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် ရှိလော​အရပ်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဖြစ်​သည့် လူ​တို့​အလယ်​၌ တည်ဆောက်​ထား​တော်မူ​သော​တဲ​တော်​ကို ပစ်ပယ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 61,
      "text": "ကိုယ်တော်​သည် မိမိ​၏​အစွမ်းသတ္တိ​ကို သုံ့ပန်း​အဖြစ်​သို့​လည်းကောင်း​၊ မိမိ​၏​ဂုဏ်ကျက်သရေ​ကို ရန်သူ​တို့​၏​လက်​သို့​လည်းကောင်း ပေးအပ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 62,
      "text": "မိမိ​၏​လူမျိုး​တော်​ကို​လည်း ဓားဘေး​သို့​အပ်နှံ​၍ မိမိ​၏​အမွေ​တော်​ကို အမျက်ထွက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 63,
      "text": "မီး​သည် ကိုယ်တော်​၏​လူပျို​တို့​ကို​လောင်ကျွမ်း​၍ ကိုယ်တော်​၏​အပျိုကညာ​တို့​သည် မင်္ဂလာ​သီချင်း​များ​ကို မ​ဆို​ရ​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 64,
      "text": "ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​တို့​သည် ဓားဘေး​ဖြင့်​ကျဆုံး​ကြ​၍ ကိုယ်တော်​၏​မုဆိုးမ​တို့​သည် မ​ငိုကြွေး​ရ​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 65,
      "text": "ထိုအခါ ဘုရားရှင်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သော​သူ​ကဲ့သို့​လည်းကောင်း​၊ စပျစ်ဝိုင်​အရှိန်ပြေ​သွား​သော စစ်သူရဲ​ကဲ့သို့​လည်းကောင်း နိုးထ​တော်မူ​၍"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 66,
      "text": "မိမိ​၏​ရန်သူ​တို့​ကို ရိုက်ထုတ်​တွန်းလှန်​ကာ ထာဝရ​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို သူ​တို့​အပေါ်​သက်ရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 67,
      "text": "ထို့နောက် ကိုယ်တော်​သည် ယောသပ်​၏​တဲ​ကို​စွန့်ပယ်​၍ ဧဖရိမ်​အမျိုးအနွယ်​ကို​လည်း ရွေးချယ်​တော်​မ​မူ​ဘဲ"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 68,
      "text": "ယုဒ​အမျိုးအနွယ်​နှင့် မိမိ​ချစ်​တော်မူ​သော​ဇိအုန်​တောင်​ကို ရွေးချယ်​တော်မူ​ပြီး"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 69,
      "text": "မိမိ​၏​သန့်ရှင်းရာဌာန​တော်​ကို အထွတ်အထိပ်​ကဲ့သို့​လည်းကောင်း​၊ အစဉ်အမြဲ​တည်​စေ​တော်မူ​သော ကမ္ဘာမြေကြီး​ကဲ့သို့​လည်းကောင်း တည်ဆောက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 70,
      "text": "တစ်ဖန် မိမိ​၏​အစေအပါး​ဒါဝိဒ်​ကို​ရွေးချယ်​ပြီး သူ့​ကို​သိုး​ခြံ​များ​ထဲမှ​ခေါ်ယူ​တော်မူ​၍"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 71,
      "text": "သားငယ်​ရှိ​သော​သိုးမ​များ​ကို​ထိန်းကျောင်း​ရာ​မှ မိမိ​၏​လူမျိုး​တော်​ဖြစ်​သော​ယာကုပ်​၊ မိမိ​၏​အမွေ​တော်​ဖြစ်​သော​အစ္စရေး​ကို ထိန်းကျောင်း​စေရန် သူ့​ကို​ခေါ်ဆောင်​လာ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 72,
      "text": "သူ​သည်​လည်း တည်ကြည်​သော​စိတ်နှလုံး​ဖြင့် သူ​တို့​ကို​ထိန်းကျောင်း​၍ ကျွမ်းကျင်​လိမ္မာ​သော​လက်​ဖြင့် သူ​တို့​ကို​ပို့ဆောင်​၏​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ လူမျိုးခြား​တို့​သည် ကိုယ်တော်​၏​အမွေ​တော်​ထဲသို့ ဝင်ရောက်​လာ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ကို ညစ်ညူး​စေ​ကြ​ပါ​ပြီ​။ ဂျေရုဆလင်​မြို့​ကို​လည်း အပြိုအပျက်ပုံ​ဖြစ်​စေ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 2,
      "text": "သူ​တို့​သည် ကိုယ်တော့်​အစေအပါး​တို့​၏ အလောင်း​များ​ကို မိုးကောင်းကင်​ငှက်​တို့​အား​လည်းကောင်း​၊ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​၏​အသား​ကို တောရိုင်းတိရစ္ဆာန်​တို့​အား​လည်းကောင်း စားစရာ​အဖြစ်​ပေး​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 3,
      "text": "ထို​သူ​တို့​၏​သွေး​ကို​လည်း ဂျေရုဆလင်​မြို့​ပတ်လည်​တွင် ရေ​ကဲ့သို့​သွန်း​ကြ​ပါ​ပြီ​။ သူ​တို့​ကို​သင်္ဂြိုဟ်​မည့်​သူ​လည်း မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏ အိမ်နီးချင်း​များ ကဲ့ရဲ့ပြစ်တင်စရာ​၊ အကျွန်ုပ်​တို့​၏​ပတ်လည်​၌​ရှိ​သော​သူ​များ အထင်အမြင်သေးစရာ​၊ ပြက်ရယ်ပြုစရာ​ဖြစ်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ် အမျက်ထွက်​တော်မူ​မည်လော​။ ကိုယ်တော်​၏​သဝန်တို​ခြင်း​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 6,
      "text": "ကိုယ်တော်​ကို​မ​သိ​သော လူမျိုး​တို့​အပေါ်​သို့​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို တသခေါ်ဆို​ခြင်း​မ​ပြု​သော တိုင်းနိုင်ငံ​တို့​အပေါ်​သို့​လည်းကောင်း ကိုယ်တော်​၏​အမျက်ဒေါသ​ကို သွန်းလောင်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 7,
      "text": "အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍ သူ​၏​မှီတင်း​နေထိုင်​ရာ​အရပ်​ကို ဖျက်ဆီး​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 8,
      "text": "ယခင်​က​ဒုစရိုက်​များ​ကို အကျွန်ုပ်​တို့​အပေါ်​မှတ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​သည် အခြေအနေ အလွန်​နိမ့်ပါး​လျက်​ရှိ​သည်​ဖြစ်၍ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည် အကျွန်ုပ်​တို့​ကို​ကြိုဆို​ရန် အလျင်အမြန်​ရောက်လာ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော့်​နာမ​တော်​၏​ဘုန်းအသရေ​တော်​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို​ကယ်နုတ်​ပြီး အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 10,
      "text": "လူမျိုးခြား​တို့​က “​သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု အဘယ်ကြောင့်​ပြောဆို​ရ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​တို့ သွေးမြေကျ​ရ​ခြင်း​အတွက် လက်တုံ့ပြန်​တော်မူ​ကြောင်း​ကို အကျွန်ုပ်​တို့​မျက်စိ​ရှေ့​တွင် လူမျိုးခြား​တို့​သိမြင်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 11,
      "text": "အချုပ်အနှောင်​ခံရ​သော​သူ​၏​ညည်းတွားသံ​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​ရောက်​ပါစေသော​။ သေဘေး​ရင်ဆိုင်​နေ​ရ​သော​သူ​တို့​ကို ကိုယ်တော်​၏​တန်ခိုးကြီး​သော လက်ရုံး​တော်​အားဖြင့် အသက်ချမ်းသာ​ရာ​ရ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 12,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​တို့​၏​အိမ်နီးချင်း​တို့​သည် ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​ကြ​သည်​ဖြစ်၍ သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို သူ​တို့​ရင်ခွင်​ထဲသို့ ခုနစ်ဆ​ပြန်ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 13,
      "text": "ထိုအခါ ကိုယ်တော်​၏​လူမျိုး​တော်​နှင့် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​ဖြစ်​သော အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ချီးမွမ်း​၍ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို မျိုးဆက်​အစဉ်အဆက်​ပြောကြား​ကြ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 1,
      "text": "အစ္စရေး​၏​သိုးထိန်း​ဖြစ်​တော်မူ​၍ ယောသပ်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​သော​အရှင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။ ခေရုဗိမ် ​တို့​အလယ်​၌ စံပယ်​တော်မူ​သော​အရှင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 2,
      "text": "ဧဖရိမ်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​နှင့် မနာရှေ​အမျိုးအနွယ်​တို့​ရှေ့​တွင် ကိုယ်တော်​၏​အစွမ်းတန်ခိုး​ကို​နှိုးဆော်​၍ အကျွန်ုပ်​တို့​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 3,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 4,
      "text": "အို ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော့်​လူမျိုး​တော်​၏​ဆုတောင်း​ခြင်း​အပေါ် မည်မျှ​ကြာ​အောင် တငွေ့ငွေ့​လောင်​တော်မူ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 5,
      "text": "ကိုယ်တော်​သည် သူ​တို့​အား မျက်ရည်​မုန့်​ကို​ကျွေး​တော်မူ​၏​။ များစွာ​သော​မျက်ရည်​တို့​ကို​လည်း တိုက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 6,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အိမ်နီးချင်း​တို့​အတွက် အငြင်းပွားစရာ​အကြောင်း​ဖြစ်​စေ​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ရန်သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 7,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 8,
      "text": "ကိုယ်တော်​သည် စပျစ်ပင်​တစ်​ပင်​ကို အီဂျစ်​ပြည်​မှ​ဆောင်ယူ​ခဲ့​၍ လူမျိုးခြား​တို့​ကို​နှင်ထုတ်​ပြီးလျှင် ၎င်း​ကို စိုက်ပျိုး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 9,
      "text": "ထို​အပင်​အတွက် နေရာ​ကို​ရှင်းလင်း​ပေး​တော်မူ​သဖြင့် ၎င်း​သည် အမြစ်စွဲ​၍ ပြည်​တော်​၌​ပြန့်ပွား​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 10,
      "text": "ထို​အပင်​သည် တောင်​များ​ကို မိမိ​၏​အရိပ်​ဖြင့်​လည်းကောင်း​၊ မြင့်မား​သော​သစ်ကတိုးပင်​တို့​ကို မိမိ​၏​အကိုင်းအခက်​များ​ဖြင့်​လည်းကောင်း ဖုံးလွှမ်း​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 11,
      "text": "မိမိ​၏​အခက်အလက်​တို့​ကို ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ မိမိ​၏​အညွန့်​တို့​ကို မြစ်ကြီး​တိုင်အောင်​လည်းကောင်း ဖြာထွက်​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 12,
      "text": "ကိုယ်တော်​သည် အဘယ်ကြောင့် ၎င်း​၏​ခြံစည်းရိုး​တို့​ကို​ဖြိုဖျက်​တော်မူ​သနည်း​။ ယခုမှာမူ လမ်း​၌​ဖြတ်သွား​သော​သူ​အားလုံး​သည် ၎င်း​၏​အသီး​ကို​ဆွတ်ခူး​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 13,
      "text": "တော​ဝက်​သည် ထို​အပင်​ကို​ကိုက်ဖြတ်​၍ တော​သတ္တဝါ​တို့​သည်​လည်း ဝိုင်းဖွဲ့စား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 14,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​၊ ပြန်ကြွလာ​တော်မူ​ပါ​။ ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​၍ ရှုမြင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 15,
      "text": "ဤ​စပျစ်ပင်​တည်းဟူသော လက်ယာ​လက်​တော်​ဖြင့် စိုက်ပျိုး​ထား​သော​မျိုးခံပင်​၊ ကိုယ်တော်တိုင်​အတွက် သန်မာ​စေ​သော​ပျိုးပင်​ကို အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 16,
      "text": "ထို​အပင်​သည် မီး​ရှို့​ခြင်း​၊ ခုတ်လှဲ​ခြင်း​ခံရ​ပါ​ပြီ​။ သူ​တို့​သည် ရှေ့​တော်​၌ ဆုံးမ​ခြင်း​ခံရ​၍ ပျက်စီး​ကြ​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 17,
      "text": "ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌​ရှိ​သော​လူ​တည်းဟူသော ကိုယ်တော်တိုင်​အတွက် ကြံ့ခိုင်​စေ​တော်မူ​သော လူ့​သား​အပေါ် တည်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 18,
      "text": "သို့ပြုလျှင် အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ကျောခိုင်း​သွား​ကြ​တော့​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​ကြ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 19,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 1,
      "text": "ငါ​တို့​၏​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော ဘုရားသခင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 2,
      "text": "တေးသီချင်း​ကို​သီဆို​၍ ပတ်သာ​၊ အသံ​သာယာ​သော​စောင်းကောက်​နှင့် စောင်းပြား​တို့​ကို တီးခတ်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 3,
      "text": "ငါ​တို့​၏​ပွဲ​နေ့​တည်းဟူသော လဆန်း​နေ့​၊ လပြည့်​နေ့​၌ တံပိုး​ကို​မှုတ်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 4,
      "text": "အကြောင်းမူကား ဤ​အရာ​သည် အစ္စရေး​အတွက်​ပြဋ္ဌာန်းချက်​၊ ယာကုပ်​၏​ဘုရားသခင်​၏​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 5,
      "text": "ကိုယ်တော်​သည် အီဂျစ်​ပြည်​ကို​ဆန့်ကျင်​ရန် ကြွ​တော်မူ​သောအခါ ထို​အရာ​ကို ယောသပ်​အမျိုး​အတွက် သက်သေခံချက်​အဖြစ် တည်​စေ​တော်မူ​၏​။ ငါ​မ​သိ​မ​ကျွမ်း​သော​ဘာသာစကား​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 6,
      "text": "“​ငါ​သည် ဝန်ထုပ်​ကို သူ့​ပခုံး​ပေါ်မှ​ဖယ်ရှား​ပြီ​။ သူ့​လက်​သည် ခြင်းတောင်း​သယ်​ရ​ခြင်း​မှ လွတ်မြောက်​ပြီ​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 7,
      "text": "သင်​သည် ဆင်းရဲဒုက္ခ​ထဲမှ​ခေါ်​သောအခါ သင့်​ကို​ငါ​ကယ်မ​ခဲ့​၏​။ မမြင်​နိုင်​သော​မိုးချုန်းသံ​ကြားမှ သင့်​ကို​ငါ​ထူး​ခဲ့​၏​။ မေရိဘ​စမ်းရေ​အနား​တွင် သင့်​ကို ငါ​စစ်ဆေး​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 8,
      "text": "အို ငါ့​လူမျိုး​တော်​၊ နားထောင်​လော့​။ ငါ​သည် သင့်​ကို​သတိပေး​မည်​။ အို အစ္စရေး​လူမျိုး​၊ သင့်​အား ငါ့​စကား​ကို​နားထောင်​စေ​လို​၏​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 9,
      "text": "သင့်​အထဲ​၌ အခြား​သော​ဘုရား​မ​ရှိ​ရ​။ တိုင်းတစ်ပါးသား​၏​ဘုရား​ကို​လည်း သင်​မ​ရှိခိုး​မ​ကိုးကွယ်​ရ​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 10,
      "text": "ငါ​သည် သင့်​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ သင်​၏​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​လော့​။ သင့်​ကို ဝပြော​စွာ ငါ​ကျွေး​မည်​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 11,
      "text": "သို့သော် ငါ့​လူမျိုး​တော်​သည် ငါ့​အသံ​ကို​နား​မ​ထောင်​ခဲ့​ပေ​။ အစ္စရေး​လူမျိုး​သည် ငါ့​ကို​မ​နာခံ​ခဲ့​ပေ​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 12,
      "text": "သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​အတိုင်း လျှောက်လှမ်း​ကြ​စေရန် သူ​တို့​နှလုံးသား​၏​မာကျောမှု​လက်​သို့ ငါ​အပ်​လိုက်​၏​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 13,
      "text": "ငါ့​လူမျိုး​တော်​သည် ငါ့​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​သည် ငါ​၏​လမ်း​အတိုင်း​လျှောက်လှမ်း​ခဲ့​လျှင်"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 14,
      "text": "ငါ​သည် သူ​တို့​၏​ရန်သူ​များ​ကို လျင်မြန်​စွာ​ရှုံးနိမ့်​စေ​၍ ငါ​၏​လက်​ကို သူ​တို့​၏​ရန်သူ​များ​ဘက်​သို့ ပြန်လှည့်​စေ​ခဲ့​ပေ​လိမ့်မည်​။​”"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 15,
      "text": "ထာဝရဘုရား​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​၌ ခယဝပ်တွား​ကြ​သော်လည်း သူ​တို့​အပြစ်ဒဏ်​ခံရ​သော​ကာလ​သည် အစဉ်​ထာဝရ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​ကို​ကား အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် ကိုယ်တော်​ကျွေးမွေး​တော်မူ​လိမ့်မည်​။ “​ငါ​သည် ကျောက်ဆောင်​မှ​ထွက်​သော​ပျားရည်​ဖြင့် သင့်​ကို​ဝပြော​စေ​မည်​။​”"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 1,
      "text": "ဘုရားသခင်​သည် ဘုရား​အစုအဝေး​၌ နေရာယူ​တော်မူ​၏​။ ဘုရား​များ​၏​အလယ်​တွင် တရားစီရင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 2,
      "text": "“​သင်​တို့​သည် မည်မျှ​ကြာ​အောင် မတရားသဖြင့်​စီရင်​၍ ဆိုးယုတ်​သော​သူ​တို့​ကို မျက်နှာလိုက်​ကြ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 3,
      "text": "ဆင်းရဲ​သော​သူ​နှင့်​မိဘမဲ့သူ​အတွက် တရားစီရင်​ပေး​ကြ​လော့​။ အဖိနှိပ်​ခံရ​သော​သူ​နှင့်​ဆင်းရဲသား​အတွက် ဖြောင့်မတ်​စွာ​စီရင်​ပေး​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 4,
      "text": "ဆင်းရဲ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ ကယ်နုတ်​၍ လွတ်မြောက်​စေ​ကြ​လော့​။​”"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 5,
      "text": "သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ မည်သည့်​အရာ​ကို​မျှ​လည်း နား​မ​လည်​ဘဲ အမှောင်​ထဲ၌ သွားလာ​ကြ​၏​။ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​အပေါင်း​တို့​သည် တုန်လှုပ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 6,
      "text": "ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏​။ သင်​တို့​အားလုံး​သည် အမြင့်ဆုံး​သော​အရှင်​၏ သားသမီး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 7,
      "text": "သို့သော် သင်​တို့​သည် သာမန်​လူသား​ကဲ့သို့​သေ​ကြ​ရ​လိမ့်မည်​။ အခြား​သော​အကြီးအကဲ​များ​ကဲ့သို့ ကျဆုံး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 8,
      "text": "အို ဘုရားသခင်​၊ ထ​၍ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​ပါ​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏​အမွေ​တော် ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ နှုတ်ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်​။ အို ဘုရားသခင်​၊ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ ငြိမ်သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​ရန်သူ​တို့​သည် ဆူပူသောင်းကျန်း​ကြ​ပြီး ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ခေါင်း​ထောင်​လာ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 3,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် ဉာဏ်နီဉာဏ်နက်​ထုတ်​၍ ကိုယ်တော်​ကာကွယ်​ထား​သော​သူ​တို့​အပေါ် လျှို့ဝှက်ကြံစည်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 4,
      "text": "သူ​တို့​က “​လာ​ကြ​၊ အစ္စရေး​ဟူသော​အမည်နာမ​ကို နောက်တစ်ဖန် အောက်မေ့စရာ​အကြောင်း​မ​ရှိ​စေရန် သူ​တို့​ကို လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ကြ​ကုန်စို့​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 5,
      "text": "အမှန်စင်စစ် သူ​တို့​သည် စိတ်သဘော​တညီတညွတ်တည်း​ဖြင့် လျှို့ဝှက်ကြံစည်​ကြ​၍ ကိုယ်တော်​ကို​ဆန့်ကျင်​လျက် မဟာမိတ်​ဖွဲ့​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 6,
      "text": "ထို​သူ​တို့​တွင် ဧဒုံ​ပြည်သား​များ​နှင့်​ဣရှမေလ​လူမျိုး​များ​၊ မောဘ​ပြည်သား​များ​နှင့်​ဟာဂရိ​လူမျိုး​များ​၊"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 7,
      "text": "ဂေဗလ​လူမျိုး​၊ အမ္မုန်​လူမျိုး​နှင့်​အာမလက်​လူမျိုး​များ​၊ တိုင်ရာ​မြို့သား​များ​နှင့် ဖိလိတ္တိ​ပြည်သား​များ ပါဝင်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 8,
      "text": "အဆီးရီးယား​လူမျိုး​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ပူးပေါင်း​လျက် လောတ​၏​အမျိုးအနွယ်​များ​အတွက် လက်ရုံး​အင်အား​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 9,
      "text": "မိဒျန်​လူမျိုး​အပေါ်​၌​လည်းကောင်း​၊ ကိရှုန်​ချောင်း​နားတွင် သိသရ​နှင့်​ယာဘိန်​မင်းကြီး​တို့​အပေါ်​၌​လည်းကောင်း ကိုယ်တော်​ပြု​သကဲ့သို့ သူ​တို့​အပေါ်​၌ ပြု​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 10,
      "text": "သူ​တို့​သည် အင်္ဒေါရ​အရပ်​တွင် ဖျက်ဆီး​ခြင်း​ခံရ​၍ မြေကြီး​ပေါ်မှ မြေဆွေး​ဖြစ်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 11,
      "text": "သူ​တို့​၏​မင်းအရာရှိ​တို့​ကို ဩရဘ​မင်းကြီး​နှင့်​ဇေဘ​မင်းကြီး​ကဲ့သို့​လည်းကောင်း​၊ သူ​တို့​၏​မင်းညီမင်းသား​အပေါင်း​တို့​ကို ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​ကဲ့သို့​လည်းကောင်း ဖြစ်စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 12,
      "text": "ထို​သူ​တို့​က “​ဘုရားသခင်​ပိုင်​သော​စားကျက်​များ​ကို ငါ​တို့​အတွက်​သိမ်းယူ​ကြ​ကုန်စို့​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 13,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင်​၊ သူ​တို့​ကို လေတိုက်ရာ​သို့​လုံးထွေး​လိမ့်ပါ​သွား​တတ်​သော ချုံပင်​ကဲ့သို့​လည်းကောင်း​၊ လေတိုက်​ရာ​သို့​လွင့်ပါ​သွား​တတ်​သည့် ကောက်ရိုးမျှင်​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 14,
      "text": "မီး​သည် တော​ကို​လောင်​သကဲ့သို့​လည်းကောင်း​၊ မီးလျှံ​သည် တောင်​ကို လောင်ကျွမ်း​သကဲ့သို့​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 15,
      "text": "ကိုယ်တော်​၏​မုန်တိုင်း​အားဖြင့် သူ​တို့​ကို​လိုက်လံညှဉ်းဆဲ​၍ ကိုယ်တော်​၏​လေပွေ​အားဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 16,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ရှာ​ကြ​စေရန် သူ​တို့​၏​မျက်နှာ​ကို အရှက်ကွဲ​ခြင်း​နှင့်​ပြည့်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 17,
      "text": "သူ တို့​သည် ထာဝစဉ်​အရှက်ကွဲ​၍ ထိတ်လန့်​ကြ​ရ​ပါစေသော​။ မျက်နှာပျက်​၍ ပျက်စီး​ကြ​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 18,
      "text": "ထိုသို့ဖြင့် ထာဝရဘုရား​ဟူသော​နာမ​တော်​ရှိ​သည့် ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အမြင့်ဆုံး​သော​အရှင်​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 1,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် နှစ်သက်ဖွယ်​ကောင်း​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 2,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၏​တံတိုင်း​တော်​များ​ကို လွမ်းဆွတ်​၍ မူးမေ့​မတတ်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​နှင့် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အသက်ရှင်​သော​ဘုရားသခင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 3,
      "text": "အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ယဇ်ပလ္လင်​အနီး​တွင် စာငှက်​ပင်လျှင် နေစရာ​အရပ်​ကို​လည်းကောင်း​၊ ပျံလွှားငှက်​ပင်လျှင် မိမိ​သားငယ်​မွေး​ရန် မိမိ​အသိုက်​ကို​လည်းကောင်း တွေ့ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 4,
      "text": "ကိုယ်တော်​၏​အိမ်​တော်​၌ နေထိုင်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 5,
      "text": "ကိုယ်တော်​၌ အားယူ​သော​သူ​၊ ဇိအုန်​သို့​သွား​ရာ​လမ်း​ကို နှလုံး​သွင်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 6,
      "text": "သူ​တို့​သည် ဗာကာ​ချိုင့်ဝှမ်း ​ကို ဖြတ်သွား​ကြ​ရ​သော်လည်း ၎င်း​ကို စမ်းရေ​ထွက်​ရာ​အရပ်​ဖြစ်စေ​ပါ​၏​။ မိုးဦး​သည်​လည်း ထို​နေရာ​ကို ကောင်းချီးမင်္ဂလာ​များ​နှင့် ဖုံးလွှမ်း​ပေး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 7,
      "text": "သူ​တို့​သည် ခွန်အားတိုးသည်ထက်တိုးလာ​လျက်​၊ သွား​ကြ​လျက် ဇိအုန်​၌​ရှိ​တော်မူ​သော​ဘုရားသခင်​ကို ဖူးမြင်​ရ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 8,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အို ယာကုပ်​၏​ဘုရားသခင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 9,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​ကို​ကြည့်ရှု​တော်မူ​ပါ​။ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​၏​မျက်နှာ​ကို စေ့စေ့ကြည့်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 10,
      "text": "အကယ်စင်စစ် ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​၌ တစ်ရက်​နေ​ရ​ခြင်း​သည် အခြား​သော​အရပ်​၌ ရက်​တစ်ထောင်​နေ​ရ​ခြင်း​ထက် ပို၍​ကောင်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​၏​တဲ​တွင်​နေ​ရ​ခြင်း​ထက် အကျွန်ုပ်​ဘုရားသခင်​၏​အိမ်​တော်​၌ တံခါးစောင့်​ဖြစ်​ရ​ခြင်း​ကို အကျွန်ုပ်​ပို၍​နှစ်သက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 11,
      "text": "အကြောင်းမူကား ဘုရားသခင်​ထာဝရဘုရား​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူး​တော်​နှင့်​ဘုန်းအသရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 12,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို ယုံကြည်ကိုးစား​သော​သူ​သည် မင်္ဂလာ​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မိမိ​ပြည်​တော်​ကို နှစ်သက်​တော်မူ​၍ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော ယာကုပ်​အမျိုး​ကို ပြန်လာ​စေ​တော်မူ​ပြီ ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 2,
      "text": "ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​၏​ဒုစရိုက်​ကို ခွင့်လွှတ်​၍ သူ​တို့​၏​အပြစ်​ရှိသမျှ​တို့​ကို ဖုံးအုပ်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 3,
      "text": "မိမိ​၏​ဒေါသ​ကို အကုန်အစင်​ရုပ်သိမ်း​၍ မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ကို ပြေငြိမ်း​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​အပေါ်​ထွက်​တော်မူ​သော အမျက်​ဒေါသ​ကို ဖယ်ရှား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 5,
      "text": "အကျွန်ုပ်​တို့​အပေါ် အစဉ်အမြဲ​အမျက်ထွက်​တော်မူ​မည်လော​။ ကိုယ်တော်​၏​အမျက်​တော်​ကို မျိုးဆက်​အစဉ်အဆက် ကြာရှည်​စေ​တော်မူ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 6,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၌​ဝမ်းမြောက်​မည့်​အကြောင်း အကျွန်ုပ်​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို အကျွန်ုပ်​တို့​အား​ပြ​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​တို့​အား ပေးသနား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 8,
      "text": "ငါ​သည် ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​အရာ​ကို နားထောင်​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​တည်းဟူသော မိမိ​၏​သန့်ရှင်း​သူ​တို့​အား ငြိမ်းချမ်းရေး​စကား​ကို မြွက်ဆို​တော်မူ​လိမ့်မည်​။ သို့သော် သူ​တို့​သည် မိုက်မဲ​ခြင်း​ဘက်​သို့ ပြန်​မ​လှည့်​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 9,
      "text": "ငါ​တို့​ပြည်​၌ ဘုန်းအသရေ​တည်​စေရန် ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​၏​အနီး​၌ အမှန်ပင်​ရှိ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 10,
      "text": "မေတ္တာကရုဏာ​နှင့် သမ္မာတရား​သည် တွေ့ဆုံ​ကြ​ပြီ​။ ဖြောင့်မတ်​ခြင်း​နှင့် ငြိမ်းချမ်း​ခြင်း​သည် အချင်းချင်း​နမ်း​ကြ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 11,
      "text": "သမ္မာတရား​သည် မြေကြီး​ထဲမှ ပေါက်လာ​လိမ့်မည်​။ ဖြောင့်မတ်​ခြင်း​သည်​လည်း ကောင်းကင်​ပေါ်မှ ငုံ့ကြည့်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 12,
      "text": "အကယ်စင်စစ် ထာဝရဘုရား​သည် ကောင်းမြတ်​သော​အရာ​ကို ပေးသနား​တော်မူ​၍ ငါ​တို့​၏​ပြည်​သည်​လည်း ၎င်း​၏​အသီးအနှံ​တို့​ကို​ပေး​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 13,
      "text": "ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍ ကိုယ်တော်​၏​ခြေလှမ်း​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 2,
      "text": "အကျွန်ုပ်​သည် ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို စောင့်ရှောက်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​ပါ​၏​။ ကိုယ်တော်​ကို ယုံကြည်ကိုးစား​သော ကိုယ်တော်​၏​အစေအပါး​ကို ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 3,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​ခေါ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 4,
      "text": "ကိုယ်တော့်​အစေအပါး​၏​စိတ်ဝိညာဉ်​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။ အကြောင်းမူကား အို ဘုရားရှင်​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 5,
      "text": "အကြောင်းမူကား အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကောင်းမြတ်​၍ ခွင့်လွှတ်​တော်မူ​တတ်​၏​။ ကိုယ်တော်​ကို​ခေါ်​သော​သူ​အပေါင်း​တို့​အပေါ်​၌​လည်း မေတ္တာကရုဏာ​တော်​ကြွယ်ဝ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 6,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို အာရုံစိုက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 7,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​မည် ဖြစ်​သောကြောင့် အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ကိုယ်တော်​ကို​ခေါ်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 8,
      "text": "အို ဘုရားရှင်​၊ ဘုရား​များ​ထဲတွင် ကိုယ်တော်​နှင့်တူသော​ဘုရား​မ​ရှိ​ပါ​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့်တူသော အမှု​လည်း မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 9,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော်​ဖန်ဆင်း​တော်မူ​သော လူမျိုး​အပေါင်း​တို့​သည် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို​လည်း ဂုဏ်ပြုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 10,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်​ကို​စုစည်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 12,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်အမြဲ​ဂုဏ်ပြုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 13,
      "text": "အကြောင်းမူကား အကျွန်ုပ်​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို နက်ရှိုင်း​သော​မရဏာနိုင်ငံ​မှ ကယ်နုတ်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 14,
      "text": "အို ဘုရားသခင်​၊ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​လူတစ်စု​သည်​လည်း အကျွန်ုပ်​၏​အသက်​ကို ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 15,
      "text": "သို့သော် အို ဘုရားရှင်​၊ ကိုယ်တော်​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​နှင့်​ပြည့်စုံ​သော ဘုရားသခင်​ဖြစ်​တော်မူ​ပြီး စိတ်ရှည်​သော​သဘော​၊ သမ္မာတရား​နှင့်​မေတ္တာကရုဏာ​ကြွယ်ဝ​သော သဘော​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 16,
      "text": "အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကို ကိုယ်တော်​၏​အစေအပါး​အား ပေး​၍ ကိုယ်တော့်​ကျွန်မ​၏​သား​ကို ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 17,
      "text": "အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​သည် မြင်​၍ အရှက်ကွဲ​ကြ​မည့်​အကြောင်း ကောင်းမြတ်​တော်မူ​ခြင်း​၏​အမှတ်လက္ခဏာ​ကို အကျွန်ုပ်​အား​ပြ​တော်မူ​ပါ​။ အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ကူညီမစ​၍ အကျွန်ုပ်​ကို နှစ်သိမ့်ပေး​တော်မူ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 1,
      "text": "ကိုယ်တော်​ချထား​တော်မူ​သော အုတ်မြစ်​သည် သန့်ရှင်း​သော​တောင်​များ​ပေါ်၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ယာကုပ်​အမျိုး​နေထိုင်​ရာ အရပ်​အားလုံး​တို့​ထက် ဇိအုန်​၏​မြို့​တံခါး​တို့​ကို ပို၍​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 3,
      "text": "အို ဘုရားသခင်​၏​မြို့​တော်​၊ သင်​နှင့်​ပတ်သက်​သည့် ဂုဏ်ပြုချီးမွမ်း​ဖွယ်​ရာ​များ​ကို မြွက်ဆို​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 4,
      "text": "“​ငါ့​ကို​သိ​သော​သူ​တို့​ထဲတွင် ရာဟပ်​နှင့်​ဘေဘီလုံ​ကို ငါ​မှတ်သား​ထား​မည်​။ ဖိလိတ္တိ​ပြည်​၊ တိုင်ရာ​ပြည်​နှင့် အီသီယိုးပီးယား​ပြည်​တို့​ကို​လည်း ကြည့်ရှု​လော့​။ ဤ​သူ​သည် ထို​အရပ်​၌ မွေးဖွား​၏​။​”"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 5,
      "text": "ဇိအုန်​မြို့​နှင့်​ပတ်သက်၍​မူကား “​ဤ​သူ​သည် ဇိအုန်​မြို့​၌ မွေးဖွား​၏​။ ထို​သူ​သည် ဇိအုန်​မြို့​၌ မွေးဖွား​၏​”​ဟု မြွက်ဆို​လိမ့်မည်​။ အမြင့်ဆုံး​သော​အရှင်​ကိုယ်တိုင်​သည်​လည်း ထို​မြို့​ကို တည်မြဲ​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 6,
      "text": "ထာဝရဘုရား​သည် လူမျိုး​တို့​ကို စာရင်းသွင်း​သောအခါ “​ဤ​သူ​သည် ထို​မြို့​၌ မွေးဖွား​၏​”​ဟု ရေးမှတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 7,
      "text": "သီချင်းဆို​သူ​များ​နှင့်အတူ ကခုန်​သူ​များ​က​လည်း “​ငါ​၏​စမ်းရေတွင်း​ရှိသမျှ​တို့​သည် သင်​၌​ရှိ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 1,
      "text": "အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​၌ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ဆုတောင်းသံ​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​ရောက်​ပါစေသော​။ အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို ဂရုစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 3,
      "text": "အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ဘေးအန္တရာယ်​နှင့်​ပြည့်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​အသက်​သည်​လည်း မရဏာနိုင်ငံ​နှင့်​ကပ်​နေ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 4,
      "text": "အကျွန်ုပ်​သည် သေတွင်း​ထဲသို့ ဆင်းသွား​သော​သူ​တို့​တွင် ရေတွက်​ခြင်း​ခံရ​ပြီး အား​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 5,
      "text": "သတ်ဖြတ်​ခြင်း​ခံရ​ပြီး သင်္ချိုင်းတွင်း​၌ လဲလျောင်း​နေ​ကြ​သူ​များ​တည်းဟူသော နောက်တစ်ဖန် ကိုယ်တော်​၏​အောက်မေ့​ခြင်း​ကို မ​ခံရ​ဘဲ လက်​တော်​၏​မစ​ခြင်း​မှ အဆက်ပြတ်​နေ​သော​သူ​များ​ကဲ့သို့ သေ​သော​သူ​တို့​အလယ်​တွင် ပစ်ထား​ခြင်း​ခံရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 6,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို အမှောင်ဆုံး​၊ အနက်ဆုံး တွင်းနက်​ထဲ၌ ချထား​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 7,
      "text": "ကိုယ်တော်​၏​အမျက်ဒေါသ​သည် အကျွန်ုပ်​အပေါ်​၌ လေးလံ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​လှိုင်းလုံး​ရှိသမျှ​တို့​သည်​လည်း အကျွန်ုပ်​ကို ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 8,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​အသိမိတ်ဆွေ​များ​ကို အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်စေ​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​သည် ပိတ်​မိ​နေ​သဖြင့် မ​ထွက်​နိုင်​ပါ​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 9,
      "text": "ဖိစီးနှိပ်စက်မှု​ကြောင့် အကျွန်ုပ်​၏​မျက်စိ​သည် မှုန်ဝါး​နေ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို နေ့စဉ်နေ့တိုင်း​ခေါ်​လျက် ကိုယ်တော့်​ထံ အကျွန်ုပ်​၏​လက်​ကို ဆန့်တန်း​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 10,
      "text": "ကိုယ်တော်​သည် သေလွန်​သော​သူ​တို့​အတွက် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​ပါ​သလော​။ သေသူ၏ဝိညာဉ်​များ​သည် ထ​၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​သလော​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 11,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို သင်္ချိုင်းတွင်း​၌​လည်းကောင်း​၊ ကိုယ်တော်​၏​သစ္စာ​တော်​ကို ပျက်စီး ​ခြင်း​နိုင်ငံ​၌​လည်းကောင်း ပြောကြား​ကြ​ပါ​သလော​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 12,
      "text": "ကိုယ်တော်​ပြု​တော်မူ​သော​အံ့ဖွယ်​သော​အမှု​တို့​ကို အမှောင်​ထဲ၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို မေ့လျော့​ရာ​ပြည်​၌​လည်းကောင်း သိမှတ်​ကြ​ပါ​သလော​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော့်​ထံသို့​ရောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 14,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​စွန့်ပယ်​၍ အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 15,
      "text": "အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ အဖိနှိပ်​ခံရ​လျက် သေလုနီးပါး​ဖြစ်​ရ​ပါ​၏​။ ကိုယ်တော်​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​နှင့်​ကြုံ​ရ​၍ စိတ်ပျက်​အားငယ်​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 16,
      "text": "ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​သွား​၍ ကိုယ်တော်​၏​ကြောက်မက်ဖွယ်​ရာ​များ​သည် အကျွန်ုပ်​ကို ဖယ်ရှားသုတ်သင်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 17,
      "text": "၎င်း​တို့​သည် ရေ​ကဲ့သို့ အကျွန်ုပ်​ကို တစ်နေ့လုံး​ဝိုင်း​ထား​၍ အဘက်ဘက်​မှ အကျွန်ုပ်​ကို ဝန်းရံ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 18,
      "text": "ချစ်​သော​သူ​နှင့်​မိတ်ဆွေ​ကို ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။ အကျွန်ုပ်​သည် မှောင်မိုက်​နှင့်​သာ မိတ်ဖွဲ့​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အစဉ်အမြဲ​သီကျူး​ပါ​မည်​။ အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​သစ္စာ​တော်​ကို မျိုးဆက်​အစဉ်အဆက်​အား သိ​စေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 2,
      "text": "အကြောင်းမူကား “​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​သည် မိမိ​သစ္စာ​တော်​ကို ကောင်းကင်​၌ တည်မြဲ​စေ​တော်မူ​လိမ့်မည်​”​ဟု အကျွန်ုပ်​ဆို​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 3,
      "text": "“​ငါ​ရွေးချယ်​သော​သူ​နှင့် ငါ​ပဋိညာဉ်​ဖွဲ့​ပြီ​။ ငါ​၏​အစေအပါး​ဒါဝိဒ်​အား ငါ​ကျိန်ဆို​ထား​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 4,
      "text": "ငါ​သည် သင်​၏​အမျိုးအနွယ်​ကို ထာဝရ​မြဲမြံ​စေ​မည်​။ သင်​၏​ပလ္လင်​ကို​လည်း မျိုးဆက်​အစဉ်အဆက် တည်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ ကောင်းကင်​သည် ကိုယ်တော်​ပြု​တော်မူ​သော​အံ့ဖွယ်​သော​အမှု​တို့​ကို ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​၏​သစ္စာ​တော်​ကို​လည်း သန့်ရှင်း​သော​သူ​တို့​၏​အစုအဝေး​ထဲတွင် ချီးမွမ်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 6,
      "text": "အကြောင်းမူကား မိုးကောင်းကင်​တွင် မည်သူ့​ကို ထာဝရဘုရား​နှင့်​နှိုင်းယှဉ်​နိုင်​ပါ​သနည်း​။ ကောင်းကင်​သား​တို့​တွင် မည်သူ​သည် ထာဝရဘုရား​နှင့်​တူ​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 7,
      "text": "ဘုရားသခင်​သည် သန့်ရှင်း​သော​သူ​တို့​၏ အစည်းအဝေး​တွင် အလွန်​ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံရ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​ထက် အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 8,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ မည်သူ​သည် ကိုယ်တော်​ကဲ့သို့ ခွန်အားကြီး​ပါ​သနည်း​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သစ္စာ​တော်​သည် ကိုယ်တော်​ကို​ဝန်းရံ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 9,
      "text": "ကိုယ်တော်​သည် လှိုင်းထန်​သော​ပင်လယ်​ကို အုပ်စိုး​တော်မူ​၏​။ ထို​ပင်လယ်​၏​လှိုင်းတံပိုး​များ​ထလာ​သောအခါ ၎င်း​တို့​ကို ငြိမ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 10,
      "text": "ကိုယ်တော်​သည် ရာဟပ်​ကို အသေကောင်​ကဲ့သို့ ချေမှုန်း​တော်မူ​၏​။ ကိုယ်တော်​၏​တန်ခိုးကြီး​သော​လက်ရုံး​တော်​ဖြင့် ကိုယ်တော်​၏​ရန်သူ​တို့​ကို ဖရိုဖရဲ​ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 11,
      "text": "ကောင်းကင်​ကို ကိုယ်တော်​ပိုင်​တော်မူ​၏​။ မြေကြီး​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။ ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိသမျှ​သော​အရာ​တို့​ကို ကိုယ်တော်​တည်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 12,
      "text": "မြောက်အရပ်​နှင့်​တောင်​အရပ်​ကို ကိုယ်တော်​ဖန်ဆင်း​တော်မူ​၏​။ တာဗော်​တောင်​နှင့် ဟေရမုန်​တောင်​တို့​သည်​လည်း ကိုယ်တော်​၏​နာမ​တော်​ကို ရွှင်လန်း​စွာ ကြွေးကြော်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 13,
      "text": "ကိုယ်တော်​၌ အစွမ်းတန်ခိုး​နှင့်​ပြည့်စုံ​သော​လက်ရုံး​တော်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် တန်ခိုးကြီး​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 14,
      "text": "ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​ပါ​၏​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​သွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 15,
      "text": "အို ထာဝရဘုရား​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​ကို သိကျွမ်း​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ထဲ၌ သွားလာ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 16,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​၌ တစ်နေ့လုံး​ရွှင်လန်း​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 17,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​အစွမ်းသတ္တိ​၏​ဂုဏ်ကျက်သရေ​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ဦးချို​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 18,
      "text": "အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​သည် ထာဝရဘုရား​၏​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​၏​။ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​သည်​လည်း အစ္စရေး​၏​သန့်ရှင်း​သော​အရှင်​၏ ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 19,
      "text": "တစ်ခါက ကိုယ်တော်​သည် ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အား ဗျာဒိတ်နိမိတ်​အားဖြင့် မြွက်ဆို​တော်မူ​သည်​မှာ “​ငါ​သည် ခွန်အားကြီး​သော​သူ​တစ်​ဦး​ကို ကူညီမစ​ပြီ​။ လူ​တို့​ထဲမှ ရွေးချယ်​ထား​သော​သူ​တစ်​ဦး​ကို ချီးမြှောက်​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 20,
      "text": "ငါ​၏​အစေအပါး​ဒါဝိဒ်​ကို ငါ​ရှာတွေ့​၍ ငါ​၏​သန့်ရှင်း​သော​ဆီ​ဖြင့် သူ့​ကို​ဘိသိက်ပေး​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 21,
      "text": "ငါ့​လက်​သည် သူ့​ကို​မြဲမြံ​စေ​မည်​။ ငါ့​လက်ရုံး​သည်​လည်း သူ့​ကို အင်အားကြီးမား​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 22,
      "text": "ရန်သူ​သည် သူ့​အပေါ် နိုင်ထက်စီးနင်း​ပြု​နိုင်​မည်​မ​ဟုတ်​။ မတရား​သော​သူ​သည်​လည်း သူ့​ကို နှိပ်စက်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 23,
      "text": "ငါ​သည် သူ​၏​ရန်သူ​များ​ကို သူ့​ရှေ့​တွင် ချေမှုန်းတိုက်ဖျက်​၍ သူ့​ကို​မုန်း​သော​သူ​တို့​ကို ရှုံးနိမ့်​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 24,
      "text": "ငါ​၏​သစ္စာ​နှင့် ငါ​၏​မေတ္တာကရုဏာ​သည် သူ​နှင့်အတူ​ရှိ​လိမ့်မည်​။ သူ​၏​ဦးချို​သည်​လည်း ငါ​၏​နာမ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 25,
      "text": "ငါ​သည် သူ​၏​လက်​ကို ပင်လယ်​ပေါ်တွင်​လည်းကောင်း​၊ သူ​၏​လက်ယာ​လက်​ကို မြစ်​တို့​အပေါ်​တွင်​လည်းကောင်း တည်​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 26,
      "text": "သူ​က​လည်း ‘​ကိုယ်တော်​သည် အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ကယ်တင်​ခြင်း​ကျောက်ဆောင် ဖြစ်​တော်မူ​၏​’​ဟု ငါ့​ထံသို့ ဟစ်ခေါ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 27,
      "text": "ငါ​သည်​လည်း သူ့​ကို သားဦး​အဖြစ်​ခန့်ထား​၍ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​တို့​တွင် အမြင့်ဆုံး​သော​အရှင်​ဖြစ်​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 28,
      "text": "သူ့​အပေါ်​ထားရှိ​သည့် ငါ​၏​မေတ္တာကရုဏာ​ကို ငါ​အစဉ်အမြဲ​စောင့်ထိန်း​မည်​။ သူ​နှင့်​ပြု​ထား​သော​ငါ​၏​ပဋိညာဉ်​သည်​လည်း မြဲမြံ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 29,
      "text": "ငါ​သည် သူ​၏​အမျိုးအနွယ်​ကို ထာဝစဉ်​တည်​စေ​မည်​။ သူ​၏​ရာဇပလ္လင်​ကို​လည်း ကောင်းကင်​နေ့ရက်​များ​ကဲ့သို့ တည်​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 30,
      "text": "သူ​၏​သားသမီး​တို့​သည် ငါ​၏​တရား​ကို​စွန့်ပယ်​၍ ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း မ​လိုက်လျှောက်​ကြ​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 31,
      "text": "ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို ရှုတ်ချ​၍ ငါ​၏​ပညတ်​တို့​ကို မ​စောင့်ထိန်း​ကြ​လျှင်​လည်းကောင်း"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 32,
      "text": "ငါ​သည် သူ​တို့​ကျူးလွန်​သော​အပြစ်​အတွက် ကြိမ်လုံး​ဖြင့်​ဒဏ်ခတ်​၍ သူ​တို့​၏​ဒုစရိုက်​အတွက် ကျာပွတ်​ဖြင့်​ပြစ်ဒဏ်​ပေး​မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 33,
      "text": "သို့သော် ငါ​၏​မေတ္တာကရုဏာ​ကို သူ့​ထံမှ​ဖယ်ရှား​မည်​မ​ဟုတ်​။ ငါ​၏​သစ္စာ​ကို​လည်း ဖောက်ဖျက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 34,
      "text": "ငါ​၏​ပဋိညာဉ်​ကို​လည်း ရှုတ်ချ​မည်​မ​ဟုတ်​။ ငါ​၏​နှုတ်ထွက်​စကား​ကို​လည်း ပြောင်းလဲ​စေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 35,
      "text": "ငါ​သည် ဒါဝိဒ်​ကို လိမ်လည်​မည်​မ​ဟုတ်​ဟု ငါ​၏​သန့်ရှင်း​ခြင်း​ကို​တိုင်တည်​၍ တစ်ကြိမ်​နှင့်​အပြီး​ကျိန်ဆို​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 36,
      "text": "သူ​၏​အမျိုးအနွယ်​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။ သူ​၏​ပလ္လင်​သည်​လည်း ငါ့​ရှေ့​တွင် နေ​ကဲ့သို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 37,
      "text": "၎င်း​သည် လ​ကဲ့သို့​လည်းကောင်း​၊ မိုးကောင်းကင်​ရှိ သစ္စာရှိ​သော​သက်သေ​ကဲ့သို့​လည်းကောင်း အစဉ်​တည်မြဲ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 38,
      "text": "သို့ရာတွင် ကိုယ်တော်​သည် သူ့​ကို ငြင်းပယ်​၍​စွန့်ပစ်​တော်မူ​ပြီ​။ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို အမျက်ထွက်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 39,
      "text": "ကိုယ်တော်​၏​အစေအပါး​နှင့်​ဖွဲ့​တော်မူ​သော ပဋိညာဉ်​ကို​ပယ်ဖျက်​၍ သူ​၏​ဘုန်းသရဖူ​ကို မြေ​တိုင်အောင်​ရှုတ်ချ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 40,
      "text": "ကိုယ်တော်​သည် သူ​၏​တံတိုင်း​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ သူ​၏​ခံတပ်​များ​ကို ဖျက်ဆီး​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 41,
      "text": "လမ်း​၌​ဖြတ်သွား​သော​သူ​အပေါင်း​တို့​သည် သူ့​ကို​တိုက်ခိုက်လုယက်​ကြ​ပါ​ပြီ​။ သူ​သည် မိမိ​အိမ်နီးချင်း​တို့​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​ရ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 42,
      "text": "ကိုယ်တော်​သည် သူ့​အား​ရန်ဖက်ပြု​သော​သူ​တို့​၏ လက်ယာ​လက်​ကို ချီးမြှောက်​၍ သူ​၏​ရန်သူ​အပေါင်း​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 43,
      "text": "သူ​၏​ဓား​သွား​ကို​လည်း လိပ်​စေ​၍ စစ်ပွဲ​တွင်​လည်း သူ့​ကို​ထောက်မ​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 44,
      "text": "ကိုယ်တော်​သည် သူ​၏​ဘုန်းရောင်​ကို​ကွယ်ပျောက်​စေ​၍ သူ​၏​ပလ္လင်​ကို မြေ​သို့​ချပစ်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 45,
      "text": "သူ​၏​ပျိုရွယ်​သော​နေ့ရက်​တို့​ကို​လည်း တိုတောင်း​စေ​၍ သူ့​ကို​အရှက်​ဖြင့် ဖုံးလွှမ်း​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 46,
      "text": "အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ်​ပုန်းရှောင်​လျက် နေ​တော်မူ​မည်လော​။ ကိုယ်တော်​၏​အမျက်ဒေါသ​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 47,
      "text": "အကျွန်ုပ်​၏​အသက်တာ​သည် မည်မျှ​တိုတောင်း​သည်​ကို​လည်းကောင်း​၊ လူသား​အပေါင်း​တို့​ကို အချည်းနှီး​သော​အရာ​အဖြစ် ဖန်ဆင်း​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း သတိရ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 48,
      "text": "မည်သူ​သည် သေ​ခြင်း​ကို​မ​မြင်​ရ​ဘဲ အသက်ရှင်​နိုင်​သနည်း​။ မည်သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​တန်ခိုး​မှ လွတ်မြောက်​စေ​နိုင်​သနည်း​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 49,
      "text": "အို ဘုရားရှင်​၊ ဒါဝိဒ်​အား ကိုယ်တော်​၏​သစ္စာ​တော်​ဖြင့် ကျိန်ဆို​ထား​တော်မူ​သော ကိုယ်တော်​၏​ရှေးဦး​မေတ္တာကရုဏာ​တော်​သည် အဘယ်မှာ​ရှိ​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 50,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော်​၏​အစေအပါး​တို့​ခံရ​သော ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​သည် လူ​အပေါင်း​တို့​၏​ထိပါးစော်ကား​ခြင်း​ကို အကျွန်ုပ်​၏​ရင်ခွင်​ထဲ၌ ဆောင်​ထား​ရ​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 51,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ရန်သူ​တို့​သည် ထိုကဲ့သို့​ထိပါးစော်ကား​ခြင်း​အားဖြင့် ကဲ့ရဲ့ပြစ်တင်​ကြ​ပါ​၏​။ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​၏​ခြေရာ​တို့​ကို ထိုကဲ့သို့​ကဲ့ရဲ့ပြစ်တင်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 52,
      "text": "ထာဝရဘုရား​သည် ထာဝရ​မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 1,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော်​သည် မျိုးဆက်​အစဉ်အဆက် အကျွန်ုပ်​တို့​၏​မှီခို​ရာ​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 2,
      "text": "တောင်​များ​မ​ဖြစ်ပေါ်​မီ​၊ မြေကြီး​နှင့်​ကမ္ဘာလောက​ကို ကိုယ်တော်​ဖြစ်ပွား​စေ​တော်​မ​မူ​မီ ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 3,
      "text": "ကိုယ်တော်​က “​အချင်း​လူသား​တို့​၊ ပြန်သွား​ကြ​လော့​”​ဟု မိန့်​တော်မူ​လျက် လူ​ကို မြေမှုန့်​သို့ ပြန်သွား​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​ရှေ့မှောက်​တွင် အနှစ်​တစ်ထောင်​သည် ကုန်လွန်​ပြီး​သော ယမန်နေ့​ကဲ့သို့​လည်းကောင်း​၊ ညဥ့်ယံ​တစ်​ယံ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 5,
      "text": "ကိုယ်တော်​သည် လူ​တို့​ကို လွှမ်းမိုး​တိုက်သွား​တော်မူ​၍ သူ​တို့​သည် အိပ်ပျော်​သွား​ကြ​ရ​ပါ​၏​။ လူ​သည် နံနက်အချိန်​တွင် ကြီးထွား​လာ​သည့် မြက်ပင်​ကဲ့သို့​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 6,
      "text": "မြက်ပင်​သည် နံနက်အချိန်​တွင် ရှင်သန်​ကြီးထွား​လာ​သော်လည်း နေဝင်ချိန်​၌ ညှိုး​၍​ခြောက်သွေ့​သွား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 7,
      "text": "အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ပျက်စီး​ကြ​ရ​ပါ​၏​။ ကိုယ်တော်​၏​အမျက်ဒေါသ​ကြောင့် ထိတ်လန့်​ခြင်း​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 8,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို ရှေ့​တော်​၌​လည်းကောင်း​၊ အကျွန်ုပ်​တို့​ဝှက်ထား​သော​အပြစ်​များ​ကို မျက်နှာ​တော်​၏​အလင်း​၌​လည်းကောင်း ချထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 9,
      "text": "အကြောင်းမူကား အကျွန်ုပ်​တို့​၏​နေ့ရက်​အားလုံး​သည် ကိုယ်တော်​၏​အမျက်​တော်​အောက်​၌ ကုန်လွန်​သွား​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​၏​နှစ်ကာလ​တို့​သည် သက်ပြင်း​တစ်​ချက်​အချ​မှာပင် ကုန်ဆုံး​သွား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 10,
      "text": "အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။ ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။ သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင် အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။ အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍ အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 11,
      "text": "ကိုယ်တော့်​အမျက်​တော်​တန်ခိုး​ကို​လည်းကောင်း​၊ အမျက်ထွက်​သည့်​ပမာဏ​နှင့်အညီ ကြောက်ရွံ့​ရ​ကြောင်း​ကို​လည်းကောင်း မည်သူ​သိ​နိုင်​ပါ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 12,
      "text": "အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 14,
      "text": "နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​တို့​ကို​ပြည့်စုံကြွယ်ဝ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အသက်တာ​တစ်လျှောက်လုံး ရွှင်လန်း​စွာ​သီချင်းဆို​၍ ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 15,
      "text": "အကျွန်ုပ်​တို့​ကို နှိမ့်ချ​တော်မူ​ခဲ့​သည့်​နေ့ရက်​များ​၊ အကျွန်ုပ်​တို့ ဒုက္ခ​နှင့်​ကြုံတွေ့​ခဲ့​ရ​သည့် နှစ်ကာလ​များ​နှင့်အမျှ အကျွန်ုပ်​တို့​ကို ဝမ်းမြောက်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 16,
      "text": "ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ကိုယ်တော်​၏​အစေအပါး​တို့​ထံ၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအာနုဘော်​သည် သူ​တို့​၏ သားသမီး​တို့​ထံ၌​လည်းကောင်း ထင်ရှား​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 17,
      "text": "အကျွန်ုပ်​၏​အရှင် ဘုရားသခင်​၏ ကျေးဇူးပြု​တော်မူ​ခြင်း​သည် အကျွန်ုပ်​တို့​အပေါ် သက်ရောက်​ပါစေသော​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့်​ပြု​သော​အမှု​တို့​ကို အကျွန်ုပ်​တို့​အတွက် မြဲမြံ​စေ​တော်မူ​ပါ​။ ဟုတ်​ပါ​၏​။ အကျွန်ုပ်​တို့​၏​လက်​ဖြင့် ပြု​သော​အမှု​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 1,
      "text": "အမြင့်ဆုံး​သော​အရှင်​၏​ကွယ်ကာ​ရာ​အရပ်​၌ နေ​သော​သူ​သည် အနန္တတန်ခိုးရှင်​၏​အရိပ်​ကို ခို​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 2,
      "text": "“​ငါ​၏​ခိုလှုံ​ရာ​၊ ငါ​၏​ရဲတိုက်​၊ ငါ​ယုံကြည်ကိုးစား​သော ငါ​၏​ဘုရားသခင်​”​ဟု ထာဝရဘုရား​နှင့်​ပတ်သက်၍ ငါ​ဆို​၏​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 3,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် ငှက်မုဆိုး​၏​ကျော့ကွင်း​မှ​လည်းကောင်း​၊ သေ​စေ​တတ်​သော​ကပ်ရောဂါ​ဘေး​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 4,
      "text": "ကိုယ်တော်​သည် မိမိ​၏​အတောင်​တော်​အမွေး​ဖြင့် သင့်​ကို​အုပ်မိုး​တော်မူ​လိမ့်မည်​။ သင်​သည်​လည်း ကိုယ်တော်​၏ အတောင်​တော်​အောက်​၌ ခိုလှုံ​ရ​လိမ့်မည်​။ ကိုယ်တော်​၏​သစ္စာ​တော်​သည် ဒိုင်းကာ​နှင့်​ဒိုင်းလွှား​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 5,
      "text": "သင်​သည် ညအချိန်​၌​ဖြစ်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊ နေ့​အချိန်​၌​လွင့်ပျံ​သော​မြား​ကို​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 6,
      "text": "မှောင်ကြီးမည်းကြီး​ထဲ၌​လှည့်လည်​တတ်​သော ကပ်ရောဂါ​ကို​လည်းကောင်း​၊ မွန်းတည့်အချိန်​၌​ဖျက်ဆီး​တတ်​သော ဘေးဥပဒ်​ကို​လည်းကောင်း ကြောက်ရွံ့​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 7,
      "text": "သင်​၏​အနီး​တွင် လူ​တစ်ထောင်​၊ သင်​၏​လက်ယာ​ဘက်​တွင် လူ​တစ်သောင်း လဲကျ​သော်လည်း ထို​ဘေး​တို့​သည် သင့်​ထံသို့ ရောက်လာ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 8,
      "text": "သင်​သည် ဆိုးယုတ်​သော​သူ​တို့​အပေါ် ကျရောက်​သည့်​ပြစ်ဒဏ်​ကို သင့်​မျက်စိ​ဖြင့်​ကြည့်​၍ မြင်ရုံ​မျှသာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 9,
      "text": "“​ထာဝရဘုရား​သည် ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​”​ဟု သင်​သည်​ဆို​လျက် အမြင့်ဆုံး​သော​အရှင်​ကို သင်​၏​မှီခို​ရာ​ဖြစ်စေ​သောကြောင့်"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 10,
      "text": "ဘေးအန္တရာယ်​သည် သင့်​အပေါ်​သို့ ကျရောက်​မည်​မ​ဟုတ်​။ ဘေးဒဏ်​သည်​လည်း သင်​၏​တဲ​အနီး​သို့ ချဉ်းကပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 11,
      "text": "အကြောင်းမူကား သင်​၏​လမ်းခရီး​ရှိသမျှ​တို့​၌ သင့်​ကို​စောင့်ရှောက်​စေရန် ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့ မိန့်မှာ​တော်မူ​မည်​ဖြစ်၍"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 12,
      "text": "သင်​၏​ခြေ​ကို​ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို​လက်​ဖြင့်​ချီပင့်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 13,
      "text": "သင်​သည် ခြင်္သေ့​နှင့်​မြွေဟောက်​အပေါ်​နင်းသွား​၍ ခြင်္သေ့ပျို​နှင့်​မြွေနဂါး​ကို နင်းချေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 14,
      "text": "“​သူ​သည် ငါ့​ကို​ချစ်​သောကြောင့် ငါ​သည် သူ့​ကို​ကယ်တင်​မည်​။ ငါ​၏​နာမ​ကို​သိ​သောကြောင့် သူ့​ကို လုံခြုံ​စွာ​စောင့်ရှောက်​မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 15,
      "text": "သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 16,
      "text": "ရှည်​သော​အသက်​ဖြင့် သူ့​ကို​ပြည့်စုံကြွယ်ဝ​စေ​၍ ငါ​၏​ကယ်တင်​ခြင်း​ကို သူ့​အား​ပြ​မည်​။​”"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 1,
      "text": "အို အမြင့်ဆုံး​သော​အရှင်​၊ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​သည်​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ခြင်း​သည်​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 2,
      "text": "နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​၊ ညအချိန်​၌ ကိုယ်တော်​၏​သစ္စာ​တော်​ကို"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 3,
      "text": "စောင်းကောက်​သံစဉ်​နှင့်အတူ စောင်းပြား​နှင့် ကြိုး​ဆယ်​ချောင်း​တပ်​တူရိယာ​ဖြင့် ထုတ်ဖော်​ပြောဆို​ခြင်း​သည်​လည်းကောင်း ကောင်းမြတ်​ပေ​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 4,
      "text": "အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​အားဖြင့် အကျွန်ုပ်​ကို ဝမ်းမြောက်​စေ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော အရာ​များ​အတွက် အကျွန်ုပ်​သည် ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​သည် ကြီးမြတ်​လှ​ပါ​၏​။ ကိုယ်တော်​၏​အကြံအစည်​တို့​သည် အလွန်​နက်နဲ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 6,
      "text": "ဤ​အရာ​သည် အသိတရားမဲ့​သော​သူ​မ​သိ​နိုင်​သကဲ့သို့ မိုက်မဲ​သော​သူ​နား​မ​လည်​နိုင်​သည့်​အရာ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 7,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် မြက်ပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍ အပြစ်ဒုစရိုက်​ပြု​သော​သူ အပေါင်း​တို့​သည် ရှင်သန်​ကြ​ခြင်း​မှာ ထာဝရ​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​မူကား မြင့်သောအရပ်​၌ အစဉ်အမြဲ​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 9,
      "text": "အို ထာဝရဘုရား​၊ အကယ်စင်စစ် ကိုယ်တော်​၏​ရန်သူ​တို့​သည်​၊ အကယ်စင်စစ် ကိုယ်တော်​၏​ရန်သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည်​လည်း ကွဲလွင့်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 10,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးချို​ကို နွားရိုင်း​ဦးချို​ကဲ့သို့​ချီးမြှောက်​၍ သန့်စင်​ကောင်းမွန်​သော​ဆီ​ဖြင့် အကျွန်ုပ်​ကို ဘိသိက်ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 11,
      "text": "အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အဖြစ်​ကို​မြင်​ရ​ပါ​၏​။ အကျွန်ုပ်​၏​နား​သည်​လည်း အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အဖြစ်​ကို ကြား​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 12,
      "text": "ဖြောင့်မတ်​သော​သူ​သည် စွန်ပလွံပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍ လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​ကဲ့သို့​ကြီးထွား​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 13,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌ စိုက်ပျိုး​ခြင်း​ခံရ​သော​သူ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​တံတိုင်း​တော်​များ​အတွင်း​၌ ကြီးပွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 14,
      "text": "အိုမင်း​သော​အရွယ်​၌​ပင် ဆက်၍​အသီးသီး​လျက်​၊ စိမ်းလန်း​စိုပြည်​လျက်​ရှိ​ခြင်း​အားဖြင့်"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 15,
      "text": "ထာဝရဘုရား ဖြောင့်မှန်​တော်မူ​ကြောင်း ပြောကြား​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌​မတရားမှု​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 1,
      "text": "ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 2,
      "text": "ကိုယ်တော်​၏​ပလ္လင်​တော်​သည် ရှေးကာလ​မှစ၍ တည်​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​သည် ထာဝရ​ကတည်းကပင် ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ မြစ်​တို့​သည် ဟုန်းဟုန်း​မြည်​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​အသံ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​လှိုင်းခတ်သံ​များ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 4,
      "text": "မြင့်သောအရပ်​၌​ရှိ​တော်မူ​သော​ထာဝရဘုရား​သည် များစွာ​သော​ရေ​တို့​၏​မြည်ဟည်းသံ​ထက်​တန်ခိုးကြီး​တော်မူ​၏​။ ပင်လယ်​လှိုင်းတံပိုး​များ​ထက် တန်ခိုးကြီး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 5,
      "text": "ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ သန့်ရှင်း​ခြင်း​သည် ကိုယ်တော်​၏ အိမ်​တော်​ကို အစဉ်အမြဲ​တင့်တယ်​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 1,
      "text": "လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 2,
      "text": "ကမ္ဘာမြေကြီး​ကို​တရားစီရင်​တော်မူ​သော​အရှင်​၊ ထ​တော်မူ​ပါ​။ မောက်မာ​သော​သူ​တို့​အား အကျိုးအပြစ်​ကို ပြန်ပေးဆပ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 3,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင်​၊ အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင် ရွှင်မြူး​ကြ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 4,
      "text": "သူ​တို့​သည် မောက်မာ​သော​စကား​များ​ကို မြွက်ဟ​ပြောဆို​ကြ​ပါ​၏​။ အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည် ဝါကြွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို နှိမ်နင်း​၍ ကိုယ်တော်​၏​အမွေ​တော်​ကို နှိပ်စက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 6,
      "text": "သူ​တို့​သည် မုဆိုးမ​နှင့် တိုင်းတစ်ပါးသား​ကို သတ်ဖြတ်​ကြ​ပါ​၏​။ ဖတဆိုး​တို့​ကို​လည်း သတ်​၍"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 7,
      "text": "“​ထာဝရဘုရား​က မ​မြင်​၊ ယာကုပ်​၏​ဘုရားသခင်​က မ​သိ​”​ဟု ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 8,
      "text": "လူ​တို့​ထဲမှ အသိတရား​ကင်းမဲ့​သော​သူ​တို့​၊ နားလည်​ကြ​လော့​။ မိုက်မဲ​သော​သူ​တို့​၊ မည်သည့်​အချိန်​မှ ပညာသတိ​ရှိ​လာ​ကြ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 9,
      "text": "နား​ကို​စိုက်ထား​သော​အရှင်​သည် မ​ကြား​ဘဲ​နေ​တော်မူ​မည်လော​။ မျက်စိ​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် မ​မြင်​ဘဲ​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 10,
      "text": "လူမျိုးတကာ​တို့​ကို ပဲ့ပြင်​သော​အရှင်​၊ လူ​ကို အသိပညာ​သင်ကြား​ပေး​သော​အရှင်​သည် မ​ဆုံးမ​ဘဲ​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 11,
      "text": "လူ​၏​အကြံအစည်​တို့​သည် အချည်းနှီး​ဖြစ်ကြောင်း​ကို ထာဝရဘုရား​သိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 12,
      "text": "အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​တို့​အတွက် တွင်း​တူး​စဉ်အခါ ဒုက္ခ​ရောက်​သော​နေ့ရက်​များ​မှ​လွတ်ငြိမ်း​စေရန် ကိုယ်တော်​ပဲ့ပြင်​သော​သူ​၊ ကိုယ်တော်​၏​တရားတော်​ကို ကိုယ်တော်​သင်ကြား​ပေး​သော​သူ​သည် မင်္ဂလာ​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 14,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။ မိမိ​၏​အမွေ​တော်​ကို​လည်း စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 15,
      "text": "အကယ်စင်စစ် တရားစီရင်​ခြင်း​သည် ဖြောင့်မတ်​ခြင်း​ထံသို့ ပြန်လှည့်​လာ​၍ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​အပေါင်း​တို့​သည် ၎င်း​၏​နောက်​သို့​လိုက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 16,
      "text": "မည်သူ​သည် ဆိုးညစ်​သော​အမှု​ပြု​သော​သူ​တို့​ကို ဆန့်ကျင်​ပြီး ငါ့​အတွက်​ထ​မည်နည်း​။ မည်သူ​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​ကို ဆန့်ကျင်​ပြီး ငါ့​အတွက် ရပ်တည်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 17,
      "text": "ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်​မ​မူ​လျှင် ငါ​၏​စိတ်ဝိညာဉ်​သည် တစ်ခဏချင်း​တွင် ဆိတ်ငြိမ်​ရာ​အရပ်​၌ နေ​ရ​ပေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 18,
      "text": "“​ငါ့​ခြေ​ချော်​ပြီ​”​ဟု အကျွန်ုပ်​ဆို​သောအခါ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 19,
      "text": "အကျွန်ုပ်​စိတ်​ထဲ၌ စိုးရိမ်ပူပန်မှု များပြား​သောအခါ ကိုယ်တော်​၏​နှစ်သိမ့်မှု​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ချမ်းမြေ့​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 20,
      "text": "ပြဋ္ဌာန်းချက်​အားဖြင့် အခက်အခဲ​ပြဿနာ​ကို ဖြစ်ပေါ်​စေ​သော ယုတ်မာစဉ်းလဲ​သည့်​ရာဇပလ္လင်​သည် ကိုယ်တော်​နှင့်​မိတ်ဖွဲ့​နိုင်​ပါ​မည်လော​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 21,
      "text": "သူ​တို့​သည် ဖြောင့်မတ်​သော​သူ​၏​အသက်​ကို ရန်ရှာ​ရန်​စုဝေး​၍ အပြစ်ကင်း​သော​သူ​ကို သေဒဏ်​စီရင်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 22,
      "text": "သို့သော် ထာဝရဘုရား​သည် ငါ​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ငါ​၏​ဘုရားသခင်​သည် ငါ​ခိုလှုံ​ရာ ကျောက်ဆောင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 23,
      "text": "ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍ သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 1,
      "text": "လာ​ကြ​၊ ထာဝရဘုရား​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ကုန်စို့​။ ငါ​တို့​၏​ကယ်တင်​ခြင်း​ကျောက်ဆောင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 2,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​သို့​ဝင်​၍ တေးသီချင်း​များ​ဖြင့် ကိုယ်တော့်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 3,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ဘုရား​ရှိသမျှ​တို့​ထက်​ကြီးမြတ်​တော်မူ​သော ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 4,
      "text": "ကမ္ဘာမြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​တို့​သည် ကိုယ်တော်​၏​လက်​တော်​ထဲ၌​ရှိ​ကြ​၏​။ တောင်​ထိပ်​တို့​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 5,
      "text": "ကိုယ်တော်​သည် ပင်လယ်​ကို​ဖန်ဆင်း​၍ ပိုင်​တော်မူ​၏​။ ကုန်းမြေ​ကို​လည်း လက်​တော်​ဖြင့် ပုံဖော်ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 6,
      "text": "လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။ ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 7,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​စားကျက်​၌ ကျက်စား​သော​သူ​၊ ကိုယ်တော်​၏​လက်​တော်​ထဲမှ သိုးစု​ဖြစ်​ကြ​၏​။ ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင်"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 8,
      "text": "မေရိဘ​အရပ်​၌​ကဲ့သို့​လည်းကောင်း​၊ တောကန္တာရ​ရှိ မဿာ​အရပ်​၌​ရှိ​စဉ်က​ကဲ့သို့​လည်းကောင်း သင်​တို့​၏​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 9,
      "text": "ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ​ပြု​သော အမှု​ကို မြင်​လျက်ပင် ငါ့​ကို​စမ်းသပ်​၍​စစ်ဆေး​ခဲ့​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 10,
      "text": "ငါ​သည် အနှစ်​လေးဆယ်​အတွင်း ထို​မျိုးဆက်​ကို​စက်ဆုပ်​၍ “​သူ​တို့​သည် စိတ်သဘော​မှားယွင်း​သော​လူမျိုး​ဖြစ်​ကြ​၏​။ ငါ​၏​လမ်း​တို့​ကို​လည်း မ​သိ​ကြ​”​ဟု ဆို​၏​။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 11,
      "text": "ထို့ကြောင့် “​သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်​” ​ဟု အမျက်​တော်​ဖြင့် ငါ​ကျိန်ဆို​၏​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 1,
      "text": "ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ သီကျူး​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 2,
      "text": "ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို တစ်​နေ့​ပြီး​တစ်​နေ့ ဟောပြော​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 3,
      "text": "ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို တိုင်းနိုင်ငံ​တို့​အလယ်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း ပြောကြား​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 4,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ကိုယ်တော်​သည် ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ်​ကောင်း​လှ​၏​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 5,
      "text": "အကယ်စင်စစ် လူမျိုးခြား​တို့​၏​ဘုရား​ရှိသမျှ​တို့​သည် ရုပ်တု​များ​သာ​ဖြစ်​ကြ​၏​။ ထာဝရဘုရား​မူကား ကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 6,
      "text": "ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ အစွမ်းတန်ခိုး​နှင့်​ဂုဏ်ကျက်သရေ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 7,
      "text": "လူမျိုး​တို့​၏​မျိုးနွယ်စု​တို့​၊ ထာဝရဘုရား​ကို​သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၌ ဘုန်းအသရေ​နှင့်​အစွမ်းတန်ခိုး​ရှိ​ကြောင်း သိမှတ်ဝန်ခံ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 8,
      "text": "ထာဝရဘုရား​၏​နာမ​တော်​သည် ဘုန်းကြီး​တော်မူ​သည်​ဟု သိမှတ်ဝန်ခံ​ကြ​လော့​။ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​၍ ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​သို့ ဝင်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 9,
      "text": "သန့်ရှင်း​ခြင်း​အသရေ​တော်​နှင့်​ပြည့်စုံ​သော​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 10,
      "text": "“​ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​”​ဟု လူမျိုးတကာ​တို့​အလယ်​၌ ပြောဆို​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် တည်ထား​တော်မူ​၏​။ ကိုယ်တော်​သည် လူ​တို့​ကို သမာသမတ်​ရှိ​စွာ စစ်ကြောစီရင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 11,
      "text": "မိုးကောင်းကင် ဝမ်းမြောက်​ပါစေ​။ ကမ္ဘာမြေကြီး ရွှင်လန်း​ပါစေ​။ ပင်လယ်​နှင့် ပင်လယ်​ထဲရှိ​အရာ​အားလုံး​တို့​လည်း မြည်ဟည်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 12,
      "text": "ကွင်းပြင်​နှင့် ကွင်းပြင်​ရှိ​အရာ​အားလုံး ရွှင်မြူး​ကြ​ပါစေ​။ ထိုအခါ တော​သစ်ပင်​အားလုံး ထာဝရဘုရား​၏​ရှေ့​တော်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 13,
      "text": "အကြောင်းမူကား ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို မိမိ​၏​သစ္စာ​တော်​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 1,
      "text": "ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ရွှင်လန်း​ပါစေ​။ များစွာ​သော​ကမ်းရိုးတန်း​နိုင်ငံ​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 2,
      "text": "မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။ ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 3,
      "text": "မီး​သည် ကိုယ်တော်​၏​ရှေ့​မှ​သွား​၍ ကိုယ်တော်​၏​ရန်သူ​တို့​ကို လှည့်ပတ်​လောင်ကျွမ်း​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 4,
      "text": "ကိုယ်တော်​၏​လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို လင်းလက်​စေ​၏​။ ကမ္ဘာမြေကြီး​သည်​လည်း မြင်​၍​တုန်လှုပ်​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 5,
      "text": "ထာဝရဘုရား​၏​ရှေ့​တော်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အစိုးရ​သော အရှင်​၏​ရှေ့​တော်​၌ တောင်​များ​သည် ဖယောင်း​ကဲ့သို့ အရည်ပျော်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 6,
      "text": "ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ပြောကြား​၍ လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏ ဘုန်းအသရေ​တော်​ကို မြင်​ရ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 7,
      "text": "ထုလုပ်​ထား​သော​အရုပ်​ကို​ဝတ်ပြု​သော​သူ​၊ ရုပ်တု​များ​၌ ဂုဏ်ယူဝါကြွား​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​ကြ​ရ​ပါစေ​။ ဘုရား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကြောင့် ဇိအုန်​သည် ကြား​၍ ဝမ်းမြောက်​ပါ​၏​။ ယုဒ​ပြည်​၏​သမီး​တို့​သည်​လည်း ရွှင်လန်း​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 9,
      "text": "အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​တွင် အမြင့်ဆုံး​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုရား​အပေါင်း​တို့​ထက် အလွန်​ချီးမြှောက်​ခြင်း​ခံရ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 10,
      "text": "ထာဝရဘုရား​ကို ချစ်​သော​သူ​တို့​၊ မကောင်းမှု​ကို မုန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​စိတ်ဝိညာဉ်​ကို စောင့်ရှောက်​၍ သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 11,
      "text": "အလင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အပေါ်​၌​လည်းကောင်း​၊ ဝမ်းမြောက်​ခြင်း​သည် စိတ်နှလုံး​ဖြောင့်မှန်​သော သူ​တို့​အပေါ်​၌​လည်းကောင်း ဖြာကျ​လျက်​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 12,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၊ ထာဝရဘုရား​၌ ဝမ်းမြောက်​ကြ​လော့​။ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 1,
      "text": "ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​နှင့် ကိုယ်တော်​၏​သန့်ရှင်း​သော​လက်ရုံး​တော်​သည် ကိုယ်တော့်​အဖို့ ကယ်တင်​ခြင်း​အမှု​ကို ပြု​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 2,
      "text": "ထာဝရဘုရား​သည် မိမိ​၏​ကယ်တင်​ခြင်း​ကို ထင်ရှား​စေ​၍ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို လူမျိုးတကာ​တို့​ရှေ့​၌ ဖော်ပြ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 3,
      "text": "ကိုယ်တော်​သည် အစ္စရေး​အမျိုးအနွယ်​အပေါ် ထားရှိ​သည့် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့် သစ္စာ​တော်​တို့​ကို အောက်မေ့​တော်မူ​ပြီ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏ ကယ်တင်​ခြင်း​ကို မြင်​ရ​ကြ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 4,
      "text": "မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ ဟစ်ကြော်​လျက်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လျက် သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 5,
      "text": "ထာဝရဘုရား​ကို စောင်း​တီး​၍ သီဆိုချီးမွမ်း​ကြ​လော့​။ စောင်း​တီး​၍ တေးသီချင်း​သံ​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 6,
      "text": "တံပိုးခရာ​နှင့် သိုးချိုမှုတ်သံ​များ​ဖြင့် ရှင်ဘုရင်​တည်းဟူသော ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 7,
      "text": "ပင်လယ်​နှင့် ၎င်း​၌​ရှိသမျှ​သော​အရာ​တို့​သည် မြည်ဟည်း​ကြ​ပါစေ​။ ကမ္ဘာလောက​နှင့် ၎င်း​၌​နေထိုင်​သော​သူ​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 8,
      "text": "မြစ်​တို့​သည် လက်ခုပ်တီး​ကြ​ပါစေ​။ တောင်​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အတူတကွ​ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 9,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို သမာသမတ်​ရှိ​ခြင်း​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 1,
      "text": "ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ လူမျိုးတကာ​တို့​သည် ထိတ်လန့်တုန်လှုပ်​ကြ​ပါစေ​။ ကိုယ်တော်​သည် ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​၏​။ မြေကြီး​သည် လှုပ်ခါ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ဇိအုန်​၌​ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​သည် လူမျိုး​အပေါင်း​တို့​အထက်၌ ချီးမြှောက်​ခြင်း​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 3,
      "text": "ကြီးမြတ်​၍ အံ့ဩ​ဖွယ်​ကောင်း​သော ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​သည် သန့်ရှင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 4,
      "text": "တန်ခိုးကြီး​သော​ရှင်ဘုရင်​သည် တရားမျှတ​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် သမာသမတ်​ရှိ​ခြင်း​ကို တည်မြဲ​စေ​တော်မူ​၏​။ ယာကုပ်​အမျိုး​ထဲတွင် တရားမျှတ​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​ကို စီရင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 5,
      "text": "ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမြှောက်​ကြ​လော့​။ ကိုယ်တော်​၏​ခြေတင်ခုံ​ရှေ့​၌ ပျပ်ဝပ်​ကြ​လော့​။ ကိုယ်တော်​သည် သန့်ရှင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 6,
      "text": "ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​များ​ထဲတွင် မောရှေ​နှင့်​အာရုန်​တို့​ပါ​၍ ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​တို့​တွင် ရှမွေလ ပါ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 7,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို မိုးတိမ်​တိုင်​ထဲမှ မြွက်ဆို​တော်မူ​၏​။ သူ​တို့​သည် ကိုယ်တော်​၏ သက်သေခံချက်​များ​ကို​လည်းကောင်း​၊ သူ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သော ပြဋ္ဌာန်းချက်​ကို​လည်းကောင်း စောင့်ထိန်း​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 8,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။ ကိုယ်တော်​သည် သူ​တို့​ပြု​သော​မကောင်းမှု​များ​အတွက် အပြစ်ပေး​သော်လည်း သူ​တို့​ကို ခွင့်လွှတ်​သော ဘုရားသခင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 9,
      "text": "ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမြှောက်​ကြ​လော့​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​၌ ရှိခိုးကိုးကွယ်​ကြ​လော့​။ အကြောင်းမူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 1,
      "text": "မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 2,
      "text": "ဝမ်းမြောက်​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 3,
      "text": "ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​ကို သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​ပိုင်ဆိုင်​ရာ​၊ ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​စားကျက်​မှ သိုးစု​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 4,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​တံခါး​များ​ထဲသို့​လည်းကောင်း​၊ ဂုဏ်တော်ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​အိမ်တော်ဝင်း​ထဲသို့​လည်းကောင်း ဝင်​ကြ​လော့​။ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 5,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 1,
      "text": "အကျွန်ုပ်​သည် မေတ္တာကရုဏာ​တော်​နှင့် တရားမျှတ​တော်မူ​ခြင်း​အကြောင်း​ကို သီကျူး​ပါ​မည်​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 2,
      "text": "စုံလင်​သော​တရားလမ်း​ကို ဂရုပြု​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ မည်သည့်​အချိန်​မှ ကြွလာ​တော်မူ​မည်နည်း​။ အကျွန်ုပ်​သည် မိမိ​အိမ်​ထဲ​၌ တည်ကြည်​သော စိတ်နှလုံး​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 3,
      "text": "ဆိုးညစ်​သော​အမှုအရာ​ကို အကျွန်ုပ်​မျက်မှောက်​မ​ပြု​ပါ​။ လမ်းလွဲ​သော​သူ​တို့​ပြု​သော​အမှု​ကို​လည်း အကျွန်ုပ်​မုန်း​သည်​ဖြစ်၍ အကျွန်ုပ်​ကို ငြိတွယ်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 4,
      "text": "ကောက်ကျစ်​သော​စိတ်နှလုံး​သည် အကျွန်ုပ်​ထံမှ ထွက်ခွာ​သွား​ရ​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည် မကောင်းမှု​နှင့် ပတ်သက်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 5,
      "text": "မိမိ​၏​အိမ်နီးချင်း​ကို ကွယ်ရာ​တွင် မတရား​စွပ်စွဲ​ပြောဆို​သော​သူ​ကို အကျွန်ုပ်​ဖယ်ရှားသုတ်သင်​ပါ​မည်​။ ဘဝင်မြင့်​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​ရှိ​သူ​ကို အကျွန်ုပ်​သည်းခံ​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 6,
      "text": "သစ္စာရှိ​သော​ပြည်သား​တို့​သည် အကျွန်ုပ်​နှင့်အတူ​နေထိုင်​ရ​မည့်​အကြောင်း သူ​တို့​ကို​အကျွန်ုပ်​ကြည့်ရှု​ပါ​မည်​။ စုံလင်​သော​တရားလမ်း​၌ လျှောက်လှမ်း​သော​သူ​သည် အကျွန်ုပ်​၏​အမှု​ကို ဆောင်ရွက်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 7,
      "text": "လိမ်လည်ကောက်ကျစ်မှု​ကို​ပြု​သော​သူ​သည် အကျွန်ုပ်​၏​အိမ်​ထဲ​၌ နေထိုင်​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ မုသား​ပြောဆို​သော​သူ​သည် အကျွန်ုပ်​၏​မျက်စိ​ရှေ့​တွင် ရပ်တည်​နိုင်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 8,
      "text": "အကျွန်ုပ်​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​၏​မြို့​တော်​မှ ပယ်ဖျက်​မည့်​အကြောင်း ဆိုးယုတ်​သော​ပြည်သား​အပေါင်း​တို့​ကို နံနက်တိုင်း ဖယ်ရှားသုတ်သင်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​၏​အော်ဟစ်သံ​သည် ကိုယ်တော့်​ထံသို့ ရောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 2,
      "text": "ဘေးဥပဒ်​နှင့် အကျွန်ုပ်​ကြုံတွေ့​ရ​သော​အချိန်​တွင် အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို ဂရုစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​ခေါ်​သောအခါ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 3,
      "text": "အကြောင်းမူကား အကျွန်ုပ်​၏​နေ့ရက်​များ​သည် မီးခိုး​ကဲ့သို့​ကုန်လွန်​သွား​ကြ​ပြီး အကျွန်ုပ်​၏​အရိုး​များ​သည် မီးကျီးခဲ​များ​ကဲ့သို့ တောက်လောင်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 4,
      "text": "အကျွန်ုပ်​၏​စိတ်နှလုံး​သည် မြက်ပင်​ကဲ့သို့ အထိအခိုက်​ခံရ​၍ ခြောက်သွေ့​လျက်​ရှိ​သဖြင့် အကျွန်ုပ်​သည် အစာ​စား​ရန်​ပင် မေ့လျော့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 5,
      "text": "အကျွန်ုပ်​၏​ညည်းတွား​ခြင်း​အသံ​ကြောင့် အကျွန်ုပ်​သည် အရိုး​ပေါ်​အရေ​တင်​ဖြစ်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 6,
      "text": "အကျွန်ုပ်​သည် တောကန္တာရ​ထဲမှ ငှက်ကြီးဝန်ပို​ကဲ့သို့​လည်းကောင်း​၊ ပြိုပျက်​ရာ​အရပ်​များ​မှ ဇီးကွက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 7,
      "text": "အကျွန်ုပ်​အိပ်မပျော်​နိုင်​ပါ​။ အိမ်ခေါင်မိုး​ပေါ် တစ်ကောင်တည်း​နေ​သော ငှက်​ကဲ့သို့​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 8,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​စော်ကား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ပုံဆောင်​၍ ကျိန်ဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 9,
      "text": "အကယ်စင်စစ် အကျွန်ုပ်​သည် ပြာ​ကို​အစာ​အဖြစ်​စား​ရ​ပါ​၏​။ အကျွန်ုပ်​၏​သောက်စရာ​ကို​လည်း မျက်ရည်​နှင့်​ရောစပ်​ရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 10,
      "text": "ဤသည်ကား ကိုယ်တော်​၏​ဒေါသ​၊ ကိုယ်တော်​၏​အမျက်​တော်​ကြောင့် ဖြစ်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချီးမြှောက်​ပြီးမှ ပစ်ချ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 11,
      "text": "အကျွန်ုပ်​၏​နေ့ရက်​များ​သည် ညနေစောင်း​အရိပ်​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​သည် မြက်ပင်​ကဲ့သို့​ခြောက်သွေ့​သွား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 12,
      "text": "သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။ ကိုယ်တော်​၏​ဂုဏ်​သတင်း​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 13,
      "text": "ကိုယ်တော်​သည် ထ​၍ ဇိအုန်​ကို သနားစုံမက်​တော်မူ​လိမ့်မည်​။ အကြောင်းမူကား ဇိအုန်​ကို​သနား​ရ​မည့်​အချိန်​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အချိန်​သည်​လည်း ရောက်လာ​ပြီ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 14,
      "text": "အကယ်စင်စစ် ကိုယ်တော်​၏​အစေအပါး​တို့​သည် ဇိအုန်​၏​ကျောက်တုံး​များ​ကို နှစ်သက်​၍ ၎င်း​၏​မြေမှုန့်​ကို​ပင် စုံမက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 15,
      "text": "လူမျိုးတကာ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို​လည်းကောင်း​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို​လည်းကောင်း ကြောက်ရွံ့​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 16,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ဇိအုန်​ကို ပြန်လည်​တည်ဆောက်​၍ မိမိ​၏​ဘုန်းအသရေ​တော်​နှင့်တကွ ထင်ရှား​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 17,
      "text": "ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 18,
      "text": "ဖန်ဆင်း​ခြင်း​ခံရ​မည့်​လူ​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း ဤ​အရာ​ကို နောင်လာမည့်​မျိုးဆက်​အတွက် ရေးမှတ်​ထား​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 19,
      "text": "ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သည့် မြင့်သောအရပ်​မှ ငုံ့ကြည့်​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 20,
      "text": "ဤသည်ကား အချုပ်အနှောင်​ခံရ​သော​သူ​တို့​၏ ညည်းတွားသံ​ကို နားထောင်​ရန်​နှင့် သေဘေး​ရင်ဆိုင်​နေ​ရ​သော​သူ​တို့​ကို လွတ်ငြိမ်း​ခွင့်​ပေး​ရန်​အတွက် ဖြစ်​ပြီး"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 21,
      "text": "တိုင်းနိုင်ငံ​တို့​နှင့်​လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ကို​ဝတ်ပြု​ရန် အတူတကွ​စုဝေး​ကြ​သောအခါ ထာဝရဘုရား​၏​နာမ​တော်​ကို ဇိအုန်​တောင်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ဂျေရုဆလင်​မြို့​၌​လည်းကောင်း ပြောကြား​ကြ​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 23,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​ကို ဘဝ​လမ်းခရီး​ထဲ၌​ပင် လျော့နည်း​စေ​ပြီး အကျွန်ုပ်​၏​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 24,
      "text": "ငါ​က​လည်း “​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​အသက်တာ​၏​ခရီး​တစ်ဝက်​တွင် အကျွန်ုပ်​ကို​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 25,
      "text": "ကိုယ်တော်​သည် ရှေးကာလ​၌ မြေကြီး​ကို​တည်​တော်မူ​၏​။ ကောင်းကင်​သည်​လည်း ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 26,
      "text": "ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏​။ ထို​အရာ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို အဝတ်​လဲ​သကဲ့သို့ လဲ​တော်မူ​သဖြင့် ၎င်း​တို့​သည် ပြောင်းလဲ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 27,
      "text": "ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 28,
      "text": "ကိုယ်တော့်​အစေအပါး​များ​၏​သားသမီး​တို့​သည် ဆက်လက်​တည်​၍ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မြဲမြံ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်ထား​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 1,
      "text": "အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ငါ​၏​အထဲ​၌ ရှိသမျှ​တို့​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 2,
      "text": "အို ငါ့​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ကိုယ်တော်​၏​ကျေးဇူး​တော်​အပေါင်း​ကို မ​မေ့လျော့​နှင့်​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 3,
      "text": "ကိုယ်တော်​သည် သင်​၏​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​၍ သင်​၏​အနာရောဂါ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 4,
      "text": "သင်​၏​အသက်​ကို သေတွင်း​ထဲမှ​ရွေးနုတ်​၍ သင့်​ကို မေတ္တာကရုဏာ​နှင့်​သနားစုံမက်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 5,
      "text": "သင်​၏​ဘဝ​ကို ကောင်းမြတ်​သော​အရာ​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​သဖြင့် သင်​၏​ပျိုရွယ်မှု​သည် လင်းယုန်​ကဲ့သို့ အသစ်ပြုပြင်​ခြင်း​ကို​ခံရ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 6,
      "text": "ထာဝရဘုရား​သည် နှိပ်စက်​ခြင်း​ခံရ​သူ အပေါင်း​တို့​အတွက် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို စီရင်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 7,
      "text": "မိမိ​၏​လမ်း​တော်​များ​ကို မောရှေ​အား​လည်းကောင်း​၊ မိမိ​ပြု​တော်မူ​သော​အမှု​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား​လည်းကောင်း သိ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 8,
      "text": "ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​၊ စိတ်ရှည်​သော​သဘော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​သဘော​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 9,
      "text": "အစဉ် အပြစ်တင်​တော်မူ​မည်​မ​ဟုတ်​။ အမျက်​တော်​ကို ထာဝရ​သို​ထား​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 10,
      "text": "ငါ​တို့​၏​အပြစ်​နှင့်အညီ ငါ​တို့​အား ပြု​တော်​မ​မူ​။ ငါ​တို့​၏​ဒုစရိုက်​နှင့်အညီ ငါ​တို့​အား တုံ့ပြန်​တော်​မ​မူ​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 11,
      "text": "အကြောင်းမူကား မြေကြီး​အပေါ်​၌ ကောင်းကင်​သည် မြင့်မား​လှ​သည့်​အတိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပေ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 12,
      "text": "အရှေ့​အရပ်​သည် အနောက်​အရပ်​နှင့်​ဝေးကွာ​သည့်​အတိုင်း ကိုယ်တော်​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ငါ​တို့​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 13,
      "text": "ဖခင်​သည် မိမိ​၏​သားသမီး​များ​ကို သနားစုံမက်​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​အား​ကြောက်ရွံ့​သော​သူ​တို့​ကို သနားစုံမက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 14,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ခန္ဓာကိုယ်​ဖွဲ့စည်း​ပုံ​ကို​သိ​တော်မူ​၏​။ ငါ​တို့​သည် မြေမှုန့်​ဖြစ်ကြောင်း​ကို သတိရ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 15,
      "text": "လူ​၏​အသက်တာ​နေ့ရက်​တို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ကွင်းပြင်​ရှိ​ပန်းပွင့်​ကဲ့သို့ ရှင်သန်​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 16,
      "text": "လေ​တိုက်ခတ်​သောအခါ ထို​ပန်းပွင့်​သည် ပျောက်ကွယ်​သွား​၍ သူ့​နေရာ​ပင်လျှင် သူ့​ကို​မ​သိ​တော့​ပေ​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 17,
      "text": "သို့ရာတွင် ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင်​တည်​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း သူ​တို့​၏​သားမြေးစဉ်ဆက်​အပေါ်​၌​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 18,
      "text": "ပဋိညာဉ်​တော်​ကို​စောင့်ထိန်း​၍ ဥပဒေသ​တို့​ကို လိုက်နာ​ရန် သတိရ​သော​သူ​တို့​အပေါ်​၌​လည်းကောင်း တည်​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 19,
      "text": "ထာဝရဘုရား​သည် မိမိ​၏​ပလ္လင်​ကို ကောင်းကင်ဘုံ​၌ တည်​တော်မူ​၏​။ ကိုယ်တော်​၏​နိုင်ငံ​တော်​သည်​လည်း အရာခပ်သိမ်း​တို့​ကို အုပ်စိုး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 20,
      "text": "ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​၍ အမိန့်​တော်​သံ​ကို​နာခံ​ကြ​သည့် တန်ခိုး​ခွန်အားကြီး​သော ကိုယ်တော်​၏​ကောင်းကင်တမန်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 21,
      "text": "ကိုယ်တော်​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ အလို​တော်​အတိုင်း​လုပ်ဆောင်​သော ကိုယ်တော်​၏​ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 22,
      "text": "ကိုယ်တော်​အုပ်စိုး​သော​အရပ်​ရှိသမျှ​တို့​မှ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 1,
      "text": "အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အလွန်​ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို ဆင်မြန်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 2,
      "text": "အလင်း​ကို ခြုံထည်​ကဲ့သို့​လွှမ်းခြုံ​ထား​၍ ကောင်းကင်​ကို ရွက်ထည်​ကဲ့သို့ ဖြန့်ကြက်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 3,
      "text": "ကိုယ်တော်​သည် မိမိ​အထက်ခန်း​တို့​၏​ရက်မ​များ​ကို ရေ​ပေါ်တွင်​တည်​ထား​ပြီး တိမ်တိုက်​များ​ကို မြင်းရထား​အဖြစ်​စီး​လျက် လေ​၏​တောင်ပံ​များ​ဖြင့် သွားလာ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 4,
      "text": "မိမိ​၏​ကောင်းကင်တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း​၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သော​သူ​တို့​အား လောင်ကျွမ်း​သော​မီး​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 5,
      "text": "မြေကြီး​ကို ၎င်း​၏​အုတ်မြစ်​များ​ပေါ်တွင် တည်​ထား​တော်မူ​၍ ၎င်း​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 6,
      "text": "ကိုယ်တော်​သည် ထို​မြေကြီး​ကို အဝတ်​နှင့်​ဖုံးလွှမ်း​သကဲ့သို့ နက်ရှိုင်း​သော​ရေထု​ဖြင့် ဖုံးလွှမ်း​တော်မူ​၏​။ ရေထု​သည် တောင်​များ​ပေါ်တွင် တည်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 7,
      "text": "ကိုယ်တော်​ဆုံးမ​တော်မူ​သောအခါ ထွက်ပြေး​သွား​ပါ​၏​။ မိုးချုန်း​သံ​နှင့်တူသော​အသံ​တော်​ကြောင့် အလျင်အမြန်​ထွက်ပြေး​သွား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 8,
      "text": "တောင်​များ​ပေါ်​တက်သွား​၍ ချိုင့်ဝှမ်း​များ​ထဲသို့​စီးဆင်း​လျက် မိမိ​တို့​အတွက် ကိုယ်တော်​ချမှတ်​ထား​သော​နေရာ​သို့ သွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 9,
      "text": "ရေထု​သည် ပြန်လှည့်​လာ​၍ ကမ္ဘာမြေကြီး​ကို မ​ဖုံးလွှမ်း​စေရန် သူ​တို့​မ​ကျော်​ရ​မည့်​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 10,
      "text": "ကိုယ်တော်​သည် လျှိုမြောင်​များ​ထဲ၌ စမ်းရေ​တို့​ကို​ထွက်​စေ​တော်မူ​၍ တောင်​များ​ကြား​၌ စီးဆင်း​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 11,
      "text": "ထို​စမ်းရေ​တို့​သည် တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​အား သောက်စရာ​ရေ​ကို​ပေး​၍ မြည်းရိုင်း​တို့​ကို ရေငတ်​ပြေ​စေ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 12,
      "text": "မိုးကောင်းကင်​ငှက်​တို့​သည် ၎င်း​တို့​အနီး​တွင် နေ​ကြ​ပြီး သစ်ကိုင်း​များ​ကြား​တွင် တွန်ကျူး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 13,
      "text": "ကိုယ်တော်​သည် တောင်​များ​ကို မိမိ​၏​အထက်ခန်း​တို့​မှ ရေလောင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​၏​အသီးအပွင့်​ကြောင့် ပြည့်စုံကြွယ်ဝ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 14,
      "text": "ကိုယ်တော်​သည် တိရစ္ဆာန်​အတွက် မြက်ပင်​ကို​လည်းကောင်း​၊ လူ​တို့​စိုက်ပျိုး​ရန်​အတွက် အပင်​ကို​လည်းကောင်း ပေါက်​စေ​တော်မူ​၍ မြေကြီး​ထဲမှ အစားအစာ​ကို​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 15,
      "text": "လူ​၏​စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​သော စပျစ်ဝိုင်​ကို​လည်းကောင်း​၊ မျက်နှာ​ကို​ဝင်းပြောင်​စေ​သော​ဆီ​ကို​လည်းကောင်း​၊ လူ​၏​စိတ်နှလုံး​ကို​လန်းဆန်း​စေ​သော အစားအစာ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 16,
      "text": "ထာဝရဘုရား​၏​သစ်ပင်​များ​၊ ကိုယ်တော်​စိုက်ပျိုး​ထား​သည့် လက်ဘနွန်​ရှိ​သစ်ကတိုးပင်​များ​သည် ရေဝ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 17,
      "text": "ထို​အပင်​တို့​၌ ငှက်​တို့​သည် အသိုက်​လုပ်​ကြ​၏​။ ထင်းရှူးပင်​တို့​သည် ငှက်ကျား​၏​အိမ်​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 18,
      "text": "မြင့်​သော​တောင်​များ​သည် တောင်ဆိတ်​တို့​အတွက်​ဖြစ်ပြီး ကျောက်​တို့​သည် ရှာဖန်ယုန်​များ​အတွက် ခိုလှုံ​ရာ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 19,
      "text": "ကိုယ်တော်​သည် အချိန်အခါ​များ​အတွက် လ​ကို​ဖန်ဆင်း​တော်မူ​၏​။ နေ​သည် မိမိ​ဝင်​ရ​မည့်​အချိန်​ကို​သိ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 20,
      "text": "ကိုယ်တော်​သည် အမှောင်​ကို​ဖြစ်​စေ​သောအခါ ၎င်း​သည် ည​ဖြစ်လာ​ပါ​၏​။ ထို​အချိန်​တွင် တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​သည် လှုပ်ရှားသွားလာ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 21,
      "text": "ခြင်္သေ့ပျို​တို့​သည် သားကောင်​ရ​ရန် ဟိန်းဟောက်​လျက် ဘုရားသခင်​ထံမှ မိမိ​တို့​၏​အစားအစာ​ကို တောင်း​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 22,
      "text": "နေ​ထွက်လာ​သောအခါ ၎င်း​တို့​သည် ဆုတ်သွား​၍ မိမိ​တို့​၏​တွင်း​ထဲ၌​လဲလျောင်း​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 23,
      "text": "လူ​သည် မိမိ​၏​လုပ်ငန်းခွင်​သို့​သွား​၍ နေဝင်ချိန်​တိုင်အောင် မိမိ​အလုပ်​ကို​လုပ်ဆောင်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 24,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အလွန်​များပြား​လှ​ပါ​၏​။ ကိုယ်တော်​သည် ထို​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ဖန်ဆင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ဖန်ဆင်း​သော အရာ​များ​ဖြင့် ပြည့်နှက်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 25,
      "text": "ထို​နေရာ​၌ ကြီးမား​ကျယ်ဝန်း​သည့် ပင်လယ်​ရှိ​၍ ၎င်း​တွင် တွားသွားသတ္တဝါ​များ​နှင့် မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များ​သော သက်ရှိသတ္တဝါ​အကြီး​အငယ်​တို့​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 26,
      "text": "သင်္ဘော​များ​သည်​လည်း ထို​ပင်လယ်​၌ သွားလာ​ကြ​ပြီး ၎င်း​ထဲ၌ ပျော်မြူး​စေရန် ကိုယ်တော်​ပုံဖော်ဖန်ဆင်း​ထား​သော လဝိသန် ​လည်း​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 27,
      "text": "ထို​သတ္တဝါ​အပေါင်း​တို့​သည် အချိန်တန်​လျှင် သူ​တို့​ကို​အစာ​ကျွေး​တော်မူ​ရန် ကိုယ်တော်​ကို စောင့်မျှော်​နေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 28,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​ပေး​တော်မူ​သောအခါ သူ​တို့​သည် စုသိမ်း​ရ​ကြ​ပါ​၏​။ လက်​တော်​ကို​ဖွင့်​တော်မူ​သောအခါ သူ​တို့​သည် ကောင်း​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 29,
      "text": "မျက်နှာ​လွှဲ​တော်မူ​သောအခါ သူ​တို့​သည် ထိတ်လန့်​ကြ​ပါ​၏​။ သူ​တို့​၏​အသက်​ကို ရုပ်သိမ်း​တော်မူ​သောအခါ သူ​တို့​သည်​သေ​၍ မိမိ​တို့​ဖြစ်လာ​ရာ မြေမှုန့်​သို့​ပြန်သွား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 30,
      "text": "ဝိညာဉ်​တော်​ကို စေလွှတ်​တော်မူ​သောအခါ သူ​တို့​သည် ဖန်ဆင်း​ခြင်း​ခံရ​ကြ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​မျက်နှာပြင်​ကို​လည်း အသစ်ပြုပြင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 31,
      "text": "ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အစဉ်အမြဲ​တည်ရှိ​ပါစေသော​။ ထာဝရဘုရား​သည် မိမိ​ပြု​တော်မူ​သော အမှု​များ​အတွက် ဝမ်းမြောက်​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 32,
      "text": "ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို စေ့စေ့ကြည့်​တော်မူ​သောအခါ ၎င်း​သည် တုန်လှုပ်​၏​။ တောင်​များ​ကို​တို့ထိ​တော်မူ​သောအခါ ၎င်း​တို့​မှ မီးခိုး​ထွက်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 33,
      "text": "ငါ​သည် အသက်ရှင်​နေ​သရွေ့ ထာဝရဘုရား​ထံသို့ သီချင်းဆို​မည်​။ ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 34,
      "text": "ငါ​၏​ဆင်ခြင်တွေးတောမှု​သည် ကိုယ်တော်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။ ငါ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​မည်​။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 35,
      "text": "အပြစ်သား​တို့​သည် ကမ္ဘာမြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​ကြ​ပါစေသော​။ ဆိုးယုတ်​သော​သူ​တို့​သည်​လည်း ဆက်၍​မ​ရှိ​ကြ​ပါစေ​နှင့်​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 1,
      "text": "ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ နာမ​တော်​ကို​ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အား ကြားသိ​စေ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 2,
      "text": "ကိုယ်တော့်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 3,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​၌ ဂုဏ်ယူဝါကြွား​ကြ​လော့​။ ထာဝရဘုရား​ကို ရှာ​သော​သူ​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 4,
      "text": "ထာဝရဘုရား​နှင့် ကိုယ်တော်​၏​တန်ခိုး​တော်​ကို ရှာဖွေ​ကြ​လော့​။ ကိုယ်တော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ရှာ​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 5,
      "text": "ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၏​အမျိုးအနွယ်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​၏​သားသမီး​တို့​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း​၊ ပြု​တော်မူ​သော​တန်ခိုးလက္ခဏာ​များ​နှင့် နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်းကောင်း အောက်မေ့​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 7,
      "text": "ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 8,
      "text": "ကိုယ်တော်​သည် မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။ ၎င်း​မှာ မျိုးဆက်​ပေါင်း​တစ်ထောင်​တို့​အား မိန့်​တော်မူ​ထား​သော​စကား​တော်​၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 9,
      "text": "အာဗြဟံ​နှင့်​ပြု​ခဲ့​သော​ပဋိညာဉ်​တော်​၊ ဣဇက်​အား​ကျိန်ဆို​သော​ကတိ​တော်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 10,
      "text": "ကိုယ်တော်​သည် ၎င်း​ကို ယာကုပ်​အတွက် ပြဋ္ဌာန်းချက်​အဖြစ်​လည်းကောင်း​၊ အစ္စရေး​အတွက် အစဉ်အမြဲ​တည်​သော ပဋိညာဉ်​အဖြစ်​လည်းကောင်း တည်​စေ​တော်မူ​၍"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 11,
      "text": "“​ခါနာန်​ပြည်​ကို သင်​တို့​၏​အမွေ​ဝေစု​အဖြစ် သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 12,
      "text": "ထိုစဉ်က သူ​တို့​သည် အရေအတွက်​အားဖြင့် အနည်းငယ်​မျှသာ​ရှိ​ကြ​ပြီး ထို​ပြည်​၌ ဧည့်သည်​အဖြစ် တည်းခိုနေထိုင်​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 13,
      "text": "လူမျိုး​တစ်​မျိုး​မှ​တစ်မျိုး​၊ နိုင်ငံ​တစ်​နိုင်ငံ​မှ​တစ်​နိုင်ငံ ​သို့ လှည့်လည်​သွားလာ​ခဲ့​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 14,
      "text": "သို့သော် သူ​တို့​ကို​နှိပ်စက်​ရန် ကိုယ်တော်​သည် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ​။ သူ​တို့​အတွက် ရှင်ဘုရင်​တို့​ကို ဆုံးမ​တော်မူ​ပြီး"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 15,
      "text": "“​ငါ​ဘိသိက်ပေး​ထား​သော​သူ​တို့​ကို မ​ထိ​ကြ​နှင့်​။ ငါ​၏​ပရောဖက်​တို့​ကို​လည်း အန္တရာယ်​မ​ပြု​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 16,
      "text": "တစ်ဖန် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို​ဆိုက်ရောက်​စေ​၍ အစားအစာ​ထောက်ပံ့မှု​ရှိသမျှ​ကို ဖြတ်တောက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 17,
      "text": "ကိုယ်တော်​သည် ကျွန်​အဖြစ်​ရောင်းစား​ခြင်း​ခံရ​သူ ယောသပ်​ကို သူ​တို့​ရှေ့​မှ​စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 18,
      "text": "လူ​တို့​သည် သူ​၏​ခြေ​ကို ခြေချင်း​နှင့်​နာကျင်​စေ​ကြ​၏​။ သူ​၏​လည်ပင်း​တွင်​လည်း သံလည်ပတ်​ကို တပ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 19,
      "text": "သူ​၏​စကား​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် သူ့​ကို​စစ်ကြော​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 20,
      "text": "ရှင်ဘုရင်​သည် လူ​ကို​စေလွှတ်​၍ သူ့​ကို​လွှတ်ပေး​၏​။ လူ​တို့​ကို​အုပ်စိုး​သူ​သည် သူ့​ကို​ချမ်းသာ​ခွင့်​ပေး​၍"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 21,
      "text": "မိမိ​၏​နန်းတော်​တွင် သခင်​အဖြစ်​လည်းကောင်း​၊ မိမိ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို အုပ်စိုး​သူ​အဖြစ်​လည်းကောင်း သူ့​ကို​ခန့်ထား​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 22,
      "text": "ထိုသို့​ခန့်ထား​ခြင်း​မှာ မိမိ​၏​အကြီးအကဲ​တို့​ကို သူ​၏​စိတ်ဆန္ဒ​အတိုင်း ဆုံးမ​စေရန်​နှင့် မိမိ​၏​သက်ကြီးဝါကြီး​တို့​ကို ဉာဏ်ပညာရှိ​စေရန် အတွက်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 23,
      "text": "ထို့နောက် အစ္စရေး​လူမျိုး​တို့​သည် အီဂျစ်​ပြည်​သို့​ရောက်လာ​ပြီး ယာကုပ်​သည် ဟာမ​ပြည်​တွင် ဧည့်သည်​အဖြစ် တည်းခိုနေထိုင်​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 24,
      "text": "ထို့နောက် ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အလွန်​ပွားများ​စေ​၍ သူ​တို့​၏​ရန်သူ​များ​ထက် ပို၍​အားကြီး​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 25,
      "text": "မိမိ​လူမျိုး​တော်​ကို​မုန်း​စေရန်​နှင့် မိမိ​အစေအပါး​တို့​အပေါ် ပရိယာယ်သုံး​ကြ​စေရန် ထို​ရန်သူ​တို့​၏​စိတ်နှလုံး​ကို ပြောင်းလဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 26,
      "text": "ကိုယ်တော်​သည် မိမိ​အစေအပါး​မောရှေ​နှင့် မိမိ​ရွေးချယ်​ထား​သော အာရုန်​တို့​ကို စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 27,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​နိမိတ်လက္ခဏာ​နှင့် ဆိုင်သော​အမှု​များ​ကို ထို​သူ​တို့​အလယ်​၌​လည်းကောင်း​၊ တန်ခိုးလက္ခဏာ​များ​ကို ဟာမ​၏​ပြည်​၌​လည်းကောင်း ပြု​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 28,
      "text": "ကိုယ်တော်​သည် အမှောင်​ကို​စေလွှတ်​၍ ထို​ပြည်​ကို မှောင်မည်း​စေ​တော်မူ​၏​။ ထို​သူ​တို့​သည် ကိုယ်တော်​၏​အမိန့်​တော်​ကို ဖီဆန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 29,
      "text": "ကိုယ်တော်​သည် သူ​တို့​၏​ရေ​များ​ကို သွေး​ဖြစ်​စေ​၍ သူ​တို့​၏​ငါး​များ​ကို သေ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 30,
      "text": "သူ​တို့​၏​ပြည်​ကို​သာမက သူ​တို့​ရှင်ဘုရင်​များ​၏​အတွင်းဆောင်​တို့​၌ပင် ဖား​များ​နှင့်​ပြည့်နှက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 31,
      "text": "ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ ယင်ရဲအုပ်​နှင့်​မှက်​တို့​သည် သူ တို့​ပြည်​တစ်ဝန်းလုံး​သို့​ပျံ့နှံ့​သွား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 32,
      "text": "ကိုယ်တော်​သည် သူ​တို့​အား မိုးရေ​အစား မိုးသီး​ကို​ပေး​၍ သူ​တို့​ပြည်​၌ လျှပ်စီးလျှပ်နွယ်​များ​ကို ပြက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 33,
      "text": "သူ​တို့​၏​စပျစ်ပင်​များ​နှင့်​သဖန်းပင်​များ​ကို​လည်း ဖျက်ဆီး​၍ သူ​တို့​ပြည်​ရှိ သစ်ပင်​များ​ကို​ချိုး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 34,
      "text": "ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ မ​ရေ​မ​တွက်​နိုင်​သော ကျိုင်းကောင်​နှင့်​နှံကောင်​တို့​သည် ရောက်လာ​၍"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 35,
      "text": "သူ​တို့​ပြည်​၌​ရှိ​သော​အပင်​အားလုံး​ကို ကိုက်စား​ကြ​၏​။ သူ​တို့​မြေ​ပေါ်မှ အသီးအနှံ​တို့​ကို​လည်း ကိုက်စား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 36,
      "text": "ကိုယ်တော်​သည် သူ​တို့​၏ ယောက်ျား​အားမာန်​အားလုံး​၏​အသီးဦး​ဖြစ်​သော သူ​တို့​ပြည်​မှ​သားဦး​ရှိသမျှ​တို့​ကို ဆုံးပါး​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 37,
      "text": "ထို့နောက် သူ​တို့​ကို ရွှေ​၊ ငွေ​နှင့်တကွ ထုတ်ဆောင်​တော်မူ​၏​။ ထိုစဉ် ကိုယ်တော်​၏​လူမျိုးစု​များ​တွင် အားနည်း​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ချေ​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 38,
      "text": "သူ​တို့​ထွက်ခွာ​သွား​သောအခါ အီဂျစ်​ပြည်​သည် ဝမ်းမြောက်​၏​။ အကြောင်းမူကား သူ​တို့​ကို​ကြောက်ရွံ့​သော​စိတ်​သည် ထို​ပြည်သား​တို့​ကို လွှမ်းမိုး​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 39,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​အုပ်မိုး​ရန် မိုးတိမ်​ကို​လည်းကောင်း​၊ ညအချိန်​တွင် အလင်းပေး​ရန် မီး​ကို​လည်းကောင်း ဖြန့်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 40,
      "text": "သူ​တို့​တောင်း​သောအခါ ကိုယ်တော်​သည် ငုံး​ကို​ယူဆောင်​လာ​ပြီး ကောင်းကင်​မှ​မုန့်​ဖြင့် သူ​တို့​ကို​ဝပြော​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 41,
      "text": "ကိုယ်တော်​သည် ကျောက်ဆောင်​ကို ဖွင့်​တော်မူ​သောအခါ ရေ​များ​စီးထွက်​၍ ခြောက်သွေ့​သော​နေရာ​တွင် မြစ်​ကဲ့သို့​စီးဆင်း​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 42,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​အာဗြဟံ​အား ပေး​ထား​သည့် သန့်ရှင်း​သော​ကတိ​တော်​ကို သတိရ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 43,
      "text": "ဤသို့ဖြင့် မိမိ​လူမျိုး​တော်​ကို ရွှင်မြူး​စေ​လျက်​၊ မိမိ​ရွေးကောက်​သော​သူ​တို့​ကို ရွှင်လန်း​စွာ​ကြွေးကြော်​စေ​လျက် ထုတ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 44,
      "text": "ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​အား ပေး​တော်မူ​သဖြင့် သူ​တို့​သည် ထို​လူမျိုး​တို့​၏​ကြိုးပမ်းအားထုတ်မှု​အကျိုး​ကို အမွေဆက်ခံ​ရ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 45,
      "text": "ဤသည်ကား သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​၍ တရားတော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​မည့်​အကြောင်း​တည်း​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 1,
      "text": "ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သောကြောင့် ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 2,
      "text": "ထာဝရဘုရား​၏​အစွမ်းတန်ခိုး​တော်​များ​အကြောင်း​ကို မည်သူ​ထုတ်ဖော်​ပြောဆို​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို မည်သူ​ဖော်ပြ​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 3,
      "text": "တရားမျှတ​သော​အမှု​ကို​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​အမှု​ကို အစဉ်အမြဲ​ပြုကျင့်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ရွေးကောက်​သော​သူ​တို့​၏ ကောင်းကျိုးချမ်းသာ​ကို မြင်​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော့်​လူမျိုး​တော်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်ဝမ်းမြောက်​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော်​၏​အမွေ​တော်​၌ ဂုဏ်ယူဝါကြွား​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို ကျေးဇူးပြု​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ​။ သူ​တို့​ကို ကယ်တင်​တော်မူ​သောအခါ အကျွန်ုပ်​ကို​လည်း စာရင်းဝင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 6,
      "text": "အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​နှင့်အတူ အပြစ်ပြု​ကြ​ပါ​ပြီ​။ ဒုစရိုက်​ကို​ပြု​ကြ​ပါ​ပြီ​။ ဆိုးယုတ်​သော​အမှု​ကို​ပြု​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် အီဂျစ်​ပြည်​၌​ရှိ​စဉ် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ဂရု​မ​ပြု​ခဲ့​ကြ​ပါ​။ သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​ကို မ​အောက်မေ့​ဘဲ ပင်လယ်​အနီး​၊ ပင်လယ်​နီ​အနီး​တွင် ပုန်ကန်​ခဲ့​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 8,
      "text": "သို့သော် ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ထင်ရှား​စေရန် မိမိ​၏​နာမ​တော်​ကို​ထောက်၍ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 9,
      "text": "ကိုယ်တော်​သည် ပင်လယ်​နီ​ကို ဆုံးမ​တော်မူ​ရာ ၎င်း​သည်​ခန်းခြောက်​လေ​၏​။ ထို့နောက် တောကန္တာရ​ကို​ဖြတ်​သကဲ့သို့ နက်ရှိုင်း​သော​ရေထု​ကို ဖြတ်​၍ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 10,
      "text": "မုန်း​သော​သူ​၏​လက်​မှ သူ​တို့​ကို​ကယ်တင်​တော်မူ​၍ ရန်သူ​၏​လက်​မှ သူ​တို့​ကို​ရွေးနုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 11,
      "text": "ရေ​သည် သူ​တို့​၏​ရန်သူ​များ​ကို​ဖုံးလွှမ်း​သဖြင့် ရန်သူ​ထဲတွင် အသက်ရှင်​ကျန်ရစ်​ခဲ့​သူ​တစ်​ဦး​မျှ​မ​ရှိ​ပေ​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 12,
      "text": "ထိုအခါ သူ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​ယုံကြည်​လျက် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို သီကျူး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 13,
      "text": "သို့သော် သူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို အလျင်အမြန်​မေ့လျော့​ကြ​၏​။ ကိုယ်တော်​၏​အကြံဉာဏ်​ကို​လည်း မ​စောင့်မျှော်​ဘဲ"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 14,
      "text": "သူ​တို့​သည် တောကန္တာရ​၌ အလိုဆန္ဒ​ပြင်းပြ​ကြ​၍ ကန္တာရမြေ​၌ ဘုရားသခင်​ကို​စမ်းသပ်​ခဲ့​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 15,
      "text": "ထိုအခါ ကိုယ်တော်​သည် သူ​တို့​တောင်း​သော​အရာ​ကို သူ​တို့​အား ပေး​တော်မူ​သော်လည်း သူ​တို့​အပေါ်​၌ ပိန်ချုံး​ခြင်း​ဝေဒနာ​ကို သက်ရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 16,
      "text": "သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့် ထာဝရဘုရား​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 17,
      "text": "မြေ​သည် ကွဲအက်​လျက် ဒါသန်​ကို​မျို​၍ အဘိရံ​နှင့်​အပေါင်းပါ​တို့​ကို ဖုံးအုပ်​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 18,
      "text": "မီး​သည်​လည်း သူ​တို့​၏​အပေါင်းပါ​ထဲတွင် တောက်လောင်​၍ မီးလျှံ​သည် ဆိုးယုတ်​သော​သူ​တို့​ကို လောင်ကျွမ်း​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 19,
      "text": "သူ​တို့​သည် ဟောရပ်​တောင်​နား​တွင် နွားသငယ်ရုပ်​ကို သွန်းလုပ်​၍ ထို​သွန်းလုပ်​သော​ရုပ်တု​ကို ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 20,
      "text": "ထိုသို့ဖြင့် မိမိ​တို့​၏​ဘုန်းအသရေ​ကို မြက်​စား​သော​နွား​၏​ရုပ်တု​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 21,
      "text": "အီဂျစ်​ပြည်​၌ ကြီးမား​သော​အမှု​များ​၊ ဟာမ​ပြည်​၌ အံ့ဖွယ်​သော​အမှု​များ​၊ ပင်လယ်​နီ​၌ ကြောက်ရွံ့ဖွယ်​သော အမှု​များ​ကို ပြု​တော်မူ​သော​အရှင်​တည်းဟူသော မိမိ​တို့​အား ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို သူ​တို့​သည် မေ့လျော့​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 23,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​၏​။ သို့ရာတွင် ကိုယ်တော်​ရွေးကောက်​တော်မူ​သော မောရှေ​သည် ရှေ့​တော်​မှ ကျိုးပေါက်​မည့်​နေရာ​တွင်​ရပ်​လျက် သူ​တို့​ကို​ဖျက်ဆီး​မည့် ကိုယ်တော်​၏​အမျက်ဒေါသ​ကို တားဆီး​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 24,
      "text": "တစ်ဖန် သူ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​ကို မ​ယုံ​၊ သာယာ​သော​ပြည်​ကို အလေးမထား​ဘဲ"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 25,
      "text": "မိမိ​တို့​၏​တဲ​များ​တွင် ညည်းတွား​ကာ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ခဲ့​ကြ​ချေ​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 26,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို တောကန္တာရ​ထဲတွင် ကျဆုံး​စေ​မည်​ဟူ၍​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 27,
      "text": "သူ​တို့​၏​သားစဉ်မြေးဆက်​တို့​ကို အပြည်ပြည်​အရပ်ရပ်​သို့​ကွဲလွင့်​စေ​လျက် လူမျိုးခြား​တို့​အလယ်​တွင် ကျဆုံး​စေ​မည်​ဟူ၍​လည်းကောင်း လက်​တော်​ကို​မြှောက်​၍​ကျိန်ဆို​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 28,
      "text": "တစ်ဖန် သူ​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​၍ လူသေ​တို့​အား​ပူဇော်​သော​ယဇ်​ကို စား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 29,
      "text": "ထိုသို့ မိမိ​တို့​၏​အပြုအမူ​များ​ဖြင့် အမျက်​တော်​ထွက်​စေ​သဖြင့် သူ​တို့​အလယ်​တွင် ကပ်ရောဂါ​ဖြစ်ပွား​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 30,
      "text": "သို့သော် ဖိနဟတ်​သည်​ထ​၍ ကြားဝင်​ဖြေရှင်း​ပေး​သောကြောင့် ကပ်ရောဂါ​သည်​ငြိမ်း​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 31,
      "text": "ထို​အမှု​ကြောင့် သူ​သည် မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​ဖြောင့်မတ်​သည်​ဟု အသိအမှတ်​ပြု​ခြင်း​ခံရ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 32,
      "text": "သူ​တို့​သည် မေရိဘ​စမ်းရေ​အနား​တွင်​လည်း အမျက်​တော်​ထွက်​စေ​ကြ​သဖြင့် မောရှေ​သည် သူ​တို့​ကြောင့် ဒုက္ခရောက်​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 33,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို သူ​တို့​ဖီဆန်​ကြ​သောကြောင့် သူ​သည် မိမိ​နှုတ်​ဖြင့် မဆင်မခြင်​ပြောဆို​မိ​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 34,
      "text": "လူမျိုးခြား​တို့​ကို ဖျက်ဆီး​ရန် သူ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည် မ​ပြု​ဘဲ"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 35,
      "text": "လူမျိုးခြား​တို့​နှင့် ရောနှော​ဆက်ဆံ​၍ ထို​သူ​တို့​၏​ဓလေ့ထုံးစံ​များ​ကို သင်ယူ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 36,
      "text": "မိမိ​တို့​အတွက် ထောင်ချောက်​ဖြစ်​စေ​မည့် ထို​သူ​တို့​၏​ရုပ်တု​များ​ကို​လည်း ဝတ်ပြု​ကြ​ပြီး"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 37,
      "text": "မိမိ​တို့​၏​သား​သမီး​များ​ကို နတ်ဆိုး​တို့​အား ပူဇော်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 38,
      "text": "ထိုသို့ ခါနာန်​ရုပ်တု​များ​အား မိမိ​တို့​သား​သမီး​တို့​ကို​ပူဇော်​ခြင်း​အားဖြင့် အပြစ်ကင်း​သော​သွေး​တည်းဟူသော ထို​သား​သမီး​တို့​၏​သွေး​ကို​သွန်း​၍ ထို​ပြည်​ကို သွေး​ဖြင့်​ညစ်ညူး​စေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 39,
      "text": "သူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​ဖြင့် မိမိ​တို့​ကိုယ်​ကို​ညစ်ညူး​စေ​၍ မိမိ​တို့​၏​အပြုအမူ​များ​ဖြင့် ဖောက်ပြန်မှားယွင်း​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 40,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​အပေါ်​အမျက်ထွက်​၍ မိမိ​၏​အမွေ​တော်​ကို စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 41,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​လူမျိုးခြား​တို့​၏​လက်​သို့ အပ်​တော်မူ​သဖြင့် သူ​တို့​ကို​မုန်း​သော​သူ​တို့​သည် သူ​တို့​ကို​အုပ်စိုး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 42,
      "text": "သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ညှဉ်းဆဲ​၍ သူ​တို့​သည် ရန်သူ​တို့​လက်​အောက်​၌​ရှုံးနိမ့်​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 43,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို အကြိမ်ပေါင်း​များစွာ ကယ်နုတ်​ခဲ့​သော်လည်း သူ​တို့​သည် မိမိ​တို့​အကြံဉာဏ်​အားဖြင့် ပုန်ကန်​ပြီး မိမိ​တို့​ဒုစရိုက်​အားဖြင့် ယိုယွင်း​နိမ့်ကျ​သွား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 44,
      "text": "သို့သော် သူ​တို့​၏​ဟစ်ကြော်သံ​ကို ကိုယ်တော်​ကြား​၍ သူ​တို့​၏​ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 45,
      "text": "ထိုအခါ သူ​တို့​အတွက် မိမိ​၏​ပဋိညာဉ်​တော်​ကို သတိရ​လျက် မိမိ​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​နှင့်အညီ စိတ်​တော်​ပြောင်းလဲ​၍"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 46,
      "text": "သူ​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​သော​သူ အပေါင်း​တို့​သည် သူ​တို့​ကို​သနားစုံမက်​ကြ​စေရန် ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 47,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​၍ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ထောမနာပြု​နိုင်​မည့်​အကြောင်း အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ကို တိုင်းနိုင်ငံ​တို့​ထဲမှ ခေါ်ယူစုစည်း​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 48,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင် မင်္ဂလာရှိ​ပါစေသော​။ လူမျိုး​အပေါင်း​တို့​သည် အာမင်​ဟု​ဆို​ကြ​ပါစေသော​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 1,
      "text": "ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 2,
      "text": "ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။ ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 3,
      "text": "သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 4,
      "text": "အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 5,
      "text": "သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊ သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 6,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 7,
      "text": "သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 8,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 9,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ဆာငတ်​သော​စိတ်ဝိညာဉ်​ကို ဝလင်​စေ​၍ ဆာလောင်မွတ်သိပ်​သော​စိတ်ဝိညာဉ်​ကို ကောင်း​သော​အရာ​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 10,
      "text": "အချို့​တို့​သည် မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲ၌ ထိုင်​နေ​ရ​သော​သူ​များ​၊ ဖိစီးနှိပ်စက်မှု​နှင့်​သံကြိုး​၏​ချည်နှောင်​ခြင်း​ကို ခံရ​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 11,
      "text": "အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို ဖီဆန်​၍ အမြင့်ဆုံး​သော​အရှင်​၏​အကြံဉာဏ်​ကို မထီလေးစား​ပြု​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 12,
      "text": "သို့ဖြစ်၍ ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို​ချိုးနှိမ်​တော်မူ​၏​။ သူ​တို့​လဲကျ​သောအခါ ကူညီမစ​မည့်​သူ​မ​ရှိ​ပေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 13,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 14,
      "text": "သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍ သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 15,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 16,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ကြေးနီ​တံခါး​များ​ကို ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​များ​ကို ပိုင်းဖြတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 17,
      "text": "အချို့​တို့​သည် မိမိ​တို့​ကျူးလွန်​သော အပြစ်​၏​လမ်းစဉ်​ကြောင့် ဆိုးမိုက်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​ဒုစရိုက်​များ​ကြောင့် ဒုက္ခဝေဒနာ​ခံစား​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 18,
      "text": "သူ​တို့​၏​စိတ်ဝိညာဉ်​သည် အစားအစာ​မှန်သမျှ​ကို စက်ဆုပ်ရွံရှာ​၍ သေ​ခြင်း​၏​တံခါးဝ​အနီး​သို့ ရောက်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 19,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 20,
      "text": "မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​ပြီး သူ​တို့​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ လွတ်မြောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 21,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 22,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 23,
      "text": "အချို့​တို့​သည် သင်္ဘော​ဖြင့် ပင်လယ်​ကို​ကူး​၍ ကျယ်ပြော​သော​ရေပြင်​ပေါ်တွင် လုပ်ငန်း​လုပ်ကိုင်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 24,
      "text": "သူ​တို့​သည် ထာဝရဘုရား​ပြု​တော်မူ​သော အမှု​များ​တည်းဟူသော ရေနက်​ရာ​အရပ်​တွင် ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​ရ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 25,
      "text": "အကြောင်းမူကား ကိုယ်တော်​မိန့်​တော်မူ​သောအခါ လေ​မုန်တိုင်း​တိုက်ခတ်​၍ လှိုင်းတံပိုး​များ​ထ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 26,
      "text": "သူ​တို့​သည် ကောင်းကင်​သို့​မြှောက်တက်​သွား​ပြီး ရေနက်​ထဲသို့ ကျဆင်း​ကြ​ရ​၍ သူ​တို့​သည် ဘေးအန္တရာယ်​ကြောင့် စိတ်ပျက်အားလျော့ ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 27,
      "text": "သူ​တို့​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်​လျက်​၊ ရှေ့နောက်​ယိမ်းထိုး​လျက်​နေ​ကြ​၏​။ သူ​တို့​၏​အကြံဉာဏ်​အားလုံး​သည်​လည်း ကုန်ခန်း​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 28,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 29,
      "text": "မုန်တိုင်း​ကို အရှိန်ပြယ်​ရပ်စဲ​စေ​တော်မူ​သဖြင့် လှိုင်းတံပိုး​များ​သည် ငြိမ်​သွား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 30,
      "text": "ထိုသို့ ငြိမ်သက်​သွား​သောကြောင့် သူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​အလိုရှိ​ရာ​ဆိပ်ကမ်း​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 31,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 32,
      "text": "လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမြှောက်​၍ သက်ကြီးဝါကြီး​တို့​စုဝေး​ရာ​အရပ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 33,
      "text": "ကိုယ်တော်​သည် မြစ်​များ​ကို တောကန္တာရ​အဖြစ်​သို့​လည်းကောင်း​၊ စမ်းရေ​ထွက်​ရာ​အရပ်​များ​ကို ခြောက်ကပ်​သော​အရပ်​အဖြစ်​သို့​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 34,
      "text": "အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 35,
      "text": "တစ်ဖန် ကိုယ်တော်​သည် တောကန္တာရ​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊ ခြောက်သွေ့​သော​မြေ​ကို စမ်းရေ​ထွက်​ရာ​အရပ်​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​ပြီး"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 36,
      "text": "ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို ထို​အရပ်​တို့​၌​နေထိုင်​စေ​တော်မူ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​နေထိုင်​ရန်​မြို့​ကို တည်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 37,
      "text": "လယ်ယာ​များ​၌ မျိုးစေ့ကြဲ​၍ စပျစ်ခြံ​များ​ကို​စိုက်ပျိုး​ကာ ရိတ်သိမ်းစရာ​အသီးအနှံ​တို့​ကို​ရရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 38,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။ သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 39,
      "text": "ထို့နောက် သူ​တို့​သည် ဖိစီးမှု​၊ ဘေးအန္တရာယ်​နှင့်​ဝမ်းနည်း​ခြင်း​ကြောင့် လျော့နည်း​လာ​၍ နှိမ့်ချ​လျက်​နေ​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 40,
      "text": "ကိုယ်တော်​သည် မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ သူ​တို့​ကို လမ်း​မ​ရှိ​သော လွင်တီးခေါင်အရပ်​၌ လှည့်လည်သွားလာ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 41,
      "text": "နွမ်းပါး​သော​သူ​တို့​ကို​ကား ဖိစီးနှိပ်စက်မှု​ထဲမှ​ကယ်နုတ်​၍ လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​၏​။ သူ​တို့​၏​မျိုးနွယ်စု​များ​ကို​လည်း သိုးအုပ်​ကဲ့သို့ ပွားများ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 42,
      "text": "ဖြောင့်မှန်​သော​သူ​တို့​သည် ထို​အမှုအရာ​ကို​မြင်​၍ ဝမ်းမြောက်​ကြ​၏​။ မတရားမှု​ရှိသမျှ​တို့​မူကား နှုတ်ဆိတ်​နေ​ကြ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 43,
      "text": "မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။ ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 1,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။ အကျွန်ုပ်​သည် သီချင်းဆို​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ဖြင့် သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 2,
      "text": "စောင်းပြား​နှင့်​စောင်းကောက်​တို့​၊ နိုးထ​ကြ​လော့​။ အရုဏ်ဦး​ကို​လည်း ငါ​နိုးထ​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​တွင် ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ပါ​မည်​။ လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​ထိ​တိုင်အောင်​ကြီးမား​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင်​ရောက်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 5,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကောင်းကင်​အထက်​၌​ချီးမြှောက်​ခြင်း​ရှိ​ပါစေသော​။ ကိုယ်တော်​၏​ဘုန်းအသရေ​တော်​သည်​လည်း ကမ္ဘာမြေ​တစ်ခွင်လုံး​ကို လွှမ်းမိုး​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 6,
      "text": "ကိုယ်တော်​ချစ်​တော်မူ​သော​သူ​တို့​သည် လွတ်မြောက်​ခြင်း​သို့​ရောက်​မည့်​အကြောင်း ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့်​ကယ်တင်​ပြီး အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 7,
      "text": "ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ “​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 8,
      "text": "ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။ ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 9,
      "text": "မောဘ​ပြည်​သည် ငါ​၏​ခြေဆေးအိုး​ဖြစ်​၏​။ ဧဒုံ​ပြည်​အပေါ် ငါ့​ဖိနပ်​ကို​ငါ​ပစ်ချ​မည်​။ ဖိလိတ္တိ​ပြည်​အပေါ် ငါ​အောင်ပွဲခံ​ကြွေးကြော်​မည်​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 10,
      "text": "မည်သူ​သည် ငါ့​ကို ခံတပ်​မြို့​သို့ ခေါ်ဆောင်​သွား​မည်နည်း​။ မည်သူ​သည် ငါ့​ကို​ဧဒုံ​ပြည်​သို့ ပို့ဆောင်​ပေး​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 11,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ငြင်းပယ်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​များ​နှင့်အတူ ချီတက်​တော်​မ​မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 12,
      "text": "ရန်သူ့​လက်​မှ​လွတ်​ရန် အကျွန်ုပ်​တို့​ကို​ကူညီမစ​တော်မူ​ပါ​။ အကြောင်းမူကား လူ​ပေး​သော​ကယ်တင်​ခြင်း​သည် အချည်းနှီး​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 13,
      "text": "ငါ​တို့​သည် ဘုရားသခင်​အားဖြင့် ရဲရင့်​စွာ​ပြု​ကြ​မည်​။ ကိုယ်တော်​သည် ငါ​တို့​အား​ရန်ဖက်ပြု​သော​သူ​များ​ကို နင်းချေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 1,
      "text": "အကျွန်ုပ်​၏​ချီးမွမ်း​ရာ​ဖြစ်​တော်မူ​သော ဘုရားသခင်​၊ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 2,
      "text": "အကြောင်းမူကား ဆိုးယုတ်​သော​သူ​၊ လိမ်လည်လှည့်ဖြား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် မိမိ​တို့​နှုတ်​ကို​ဖွင့်ဟ​ကြ​ပါ​၏​။ မုသား​သုံး​သော​လျှာ​ဖြင့် အကျွန်ုပ်​ကို ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 3,
      "text": "သူ​တို့​သည် အကျွန်ုပ်​ကို မုန်းတီး​သော​စကား​များ ဝိုင်းပြော​ကြ​ပါ​၏​။ အကြောင်းမဲ့​တိုက်ခိုက်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 4,
      "text": "အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို ပြစ်တင်စွပ်စွဲ​ခြင်း​ဖြင့် တုံ့ပြန်​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား ဆုတောင်း​လျက်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 5,
      "text": "သူ​တို့​သည် အကျွန်ုပ်​အား အကောင်း​ကို​အဆိုး​ဖြင့်​လည်းကောင်း​၊ အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို မုန်းတီး​ခြင်း​ဖြင့်​လည်းကောင်း ပြန်ဆပ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 6,
      "text": "ထိုသို့သော​သူ​အပေါ်မှာ ဆိုးယုတ်​သော​သူ​ကို ခန့်ထား​တော်မူ​ပါ​။ ပြစ်တင်​စွပ်စွဲ​သူ​သည် သူ​၏​လက်ယာ​ဘက်​တွင် ရပ်​နေ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 7,
      "text": "သူ​သည် တရားစီရင်​ခြင်း​ခံရ​သောအခါ သူ​၌​အပြစ်ရှိ​ကြောင်း​ထင်ရှား​ပါစေ​။ သူ​၏​ဆုတောင်း​ခြင်း​သည်​လည်း အပြစ်​ဖြစ်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 8,
      "text": "သူ​၏​အသက်တာ​နေ့ရက်​တို့​သည် တိုတောင်း​ပါစေ​။ သူ​၏​အရိုက်အရာ​ကို အခြားသူ​ယူ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 9,
      "text": "သူ​၏​သားသမီး​တို့​သည် ဖတဆိုး​များ​ဖြစ်​ကြ​ပြီး သူ​၏​မယား​သည် မုဆိုးမ​ဖြစ်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 10,
      "text": "သူ​၏​သားသမီး​တို့​သည် အရပ်ရပ်​လှည့်လည်​၍ တောင်းရမ်း​ကြ​ရ​ပါစေ​။ ပြိုပျက်​သော​မိမိ​တို့​နေရာ​များ​မှ​ထွက်​၍ အစာ​ကို​ရှာ​ကြ​ရ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 11,
      "text": "ကြွေးရှင်​သည် သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို သိမ်းယူ​ပြီး သူစိမ်း​တို့​သည် သူ​လုပ်ဆောင်​ရရှိ​သော​အရာ​ကို လုယူ​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 12,
      "text": "သူ့​အပေါ် မေတ္တာကရုဏာ​ထား​မည့်​သူ​၊ ဖတဆိုး​ဖြစ်​ကြ​သော သူ​၏​သားသမီး​တို့​ကို သနား​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 13,
      "text": "သူ​၏​နောင်လာနောက်သား​သည် မျိုးပြတ်​သွား​ပါစေ​။ ထို​နောင်လာနောက်သား​တို့​၏​နာမည်​သည် နောက်​မျိုးဆက်​၌​ပင်လျှင် ပယ်ဖျက်​ခြင်း​ခံ​ကြ​ရ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 14,
      "text": "သူ့​ဘိုးဘေး​တို့​၏​ဒုစရိုက်​သည် ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့​ခြင်း​ခံရ​ပါစေ​။ သူ့​မိခင်​၏​အပြစ်​သည်​လည်း မည်သည့်​အခါ​မျှ ပယ်ဖျက်​ခြင်း​မ​ခံရ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 15,
      "text": "ထို​အပြစ်​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​ရှိ​နေ​ပါစေ​။ သူ့​ဘိုးဘေး​တို့​နှင့်​ပတ်သက်​သည့် အောက်မေ့စရာ​ကို​လည်း ကမ္ဘာမြေကြီး​ပေါ်မှ ဖယ်ရှား​တော်မူ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 16,
      "text": "အကြောင်းမူကား သူ​သည် မေတ္တာကရုဏာ​ပြ​ရန် မ​စဉ်းစား​ဘဲ အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​နှင့် စိတ်နှလုံး​ကြေကွဲ​သော​သူ​ကို လိုက်လံ​သတ်ဖြတ်​ခဲ့​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 17,
      "text": "သူ​သည် ကျိန်ဆဲ​ခြင်း​ကို နှစ်သက်​သည်​ဖြစ်၍ သူ့​အပေါ်​ကျရောက်​ပါစေ​။ ကောင်းချီးမင်္ဂလာ​ကို အလို​မ​ရှိ​သည်​ဖြစ်၍ သူ​နှင့်​ဝေးကွာ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 18,
      "text": "ကျိန်ဆဲ​ခြင်း​ကို မိမိ​အဝတ်​ကဲ့သို့ ဝတ်ဆင်​ထား​သည်​ဖြစ်၍ ၎င်း​သည် သူ​၏​ကိုယ်ခန္ဓာ​ထဲသို့ ရေ​ကဲ့သို့​လည်းကောင်း​၊ သူ​၏​အရိုး​များ​ထဲသို့ ဆီ​ကဲ့သို့​လည်းကောင်း စိမ့်ဝင်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 19,
      "text": "ထို​ကျိန်ဆဲ​ခြင်း​သည် သူ​လွှမ်းခြုံ​ထား​သော အဝတ်​ကဲ့သို့​လည်းကောင်း​၊ သူ​အစဉ်မပြတ်​ပတ်​ထား​သော ခါးပတ်​ကဲ့သို့​လည်းကောင်း သူ​၌​ဖြစ်​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 20,
      "text": "အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​များ​နှင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆန့်ကျင်​လျက် မကောင်း​ပြောဆို​သော​သူ​များ​သည် ထိုသို့သော​အကျိုး​ကို ထာဝရဘုရား​ထံ​မှ ခံ​ကြ​ရ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 21,
      "text": "သို့သော် အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​ကျေးဇူး​ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းမြတ်​သည်​ဖြစ်​၍ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 22,
      "text": "အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည်​လည်း အကျွန်ုပ်​အထဲ​၌ နာကျင်​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 23,
      "text": "အကျွန်ုပ်​သည် ညနေစောင်း​အရိပ်​ကဲ့သို့ မှေးမှိန်​ပျောက်ကွယ်​သွား​ပါ​၏​။ ကျိုင်းကောင်​ကဲ့သို့ ခါချ​ခြင်း​ခံရ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 24,
      "text": "အကျွန်ုပ်​၏​ဒူး​သည် အစာရှောင်​ခြင်း​ကြောင့် ချည့်နဲ့​၍ အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အဆီ​မ​ရှိ​သဖြင့် ပိန်ချုံး​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 25,
      "text": "အကျွန်ုပ်​သည် သူ​တို့​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ မိမိ​တို့​ခေါင်း​ကို​ခါယမ်း​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 26,
      "text": "အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 27,
      "text": "ထို​အမှုအရာ​သည် ကိုယ်တော်​၏ လက်​တော်​အားဖြင့်​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​ပါစေ​။ အို ထာဝရဘုရား​၊ ထို​အမှုအရာ​ကို ကိုယ်တော်​ပြု​တော်မူ​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 28,
      "text": "သူ​တို့​သည် ကျိန်ဆဲ​သော်လည်း ကိုယ်တော်​သည် ကောင်းချီးပေး​တော်မူ​လိမ့်မည်​။ သူ​တို့​သည် ထကြွ​သော်လည်း အရှက်ကွဲ​ကြ​ရ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစေအပါး​မူကား ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 29,
      "text": "အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​တို့​သည် အသရေပျက်​ခြင်း​ကို​ဝတ်ဆင်​ကြ​ရ​၍ သူ​တို့​၏​အရှက်ကွဲ​ခြင်း​သည် ဝတ်လုံ​ကဲ့သို့ သူ​တို့​ကို​ဖုံးလွှမ်း​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 30,
      "text": "အကျွန်ုပ်​သည် အကျွန်ုပ်​၏​နှုတ်​ဖြင့် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို အလွန်​ချီးမွမ်း​ပါ​မည်​။ များစွာ​သော​လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 31,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် နွမ်းပါး​သော​သူ​၏​စိတ်ဝိညာဉ်​ကို အပြစ်စီရင်​သော​သူ​တို့​ထံမှ​ကယ်တင်​ရန် ထို​သူ​၏​လက်ယာ​ဘက်​၌ ရပ်​နေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 1,
      "text": "ထာဝရဘုရား​သည် ငါ​၏​သခင်​အား “​သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေတင်ခုံ​အောက်​၌ ငါ​ချထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 2,
      "text": "ထာဝရဘုရား​သည် သင်​၏​တန်ခိုးကြီး​သော ရာဇလှံတံ​ကို ဇိအုန်​မှ​စေလွှတ်​တော်မူ​လိမ့်မည်​။ သင်​၏​ရန်သူ​များ​အလယ်​၌ အုပ်စိုး​လော့​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 3,
      "text": "သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။ သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 4,
      "text": "ထာဝရဘုရား​က “​သင်​သည် မေလခိဇေဒက်​နှင့်တူ​သော ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏​”​ဟု ကျိန်ဆို​တော်မူ​သည်​ဖြစ်၍ စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 5,
      "text": "ဘုရားရှင်​သည် သင်​၏​လက်ယာ​ဘက်​တွင် ရှိ​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​နေ့​၌ ရှင်ဘုရင်​တို့​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 6,
      "text": "တိုင်းနိုင်ငံ​တို့​ကို စစ်ကြောစီရင်​လျက် အလောင်း​နှင့်​ပြည့်နှက်​စေ​ကာ ကမ္ဘာမြေ​တစ်ဝန်းလုံး​ရှိ​ခေါင်းဆောင်​များ​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 7,
      "text": "လမ်း​အနား​ရှိ စမ်းချောင်း​မှ​ရေ​ကို သောက်​တော်မူ​လိမ့်မည်​။ ထို့ကြောင့် ကိုယ်တော်​သည် ဦးခေါင်း​တော်​ကို ချီးမြှောက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 1,
      "text": "ဟာလေလုယ​။ ငါ​သည် ဖြောင့်မှန်​သော​သူ​တို့​၏ အစည်းအဝေး​နှင့် လူထုပရိသတ်​အလယ်​တွင် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 2,
      "text": "ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​လှ​ပေ​၏​။ ထို​အမှု​တို့​ကို နှစ်သက်​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကို ရှာဖွေ​လေ့လာ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 3,
      "text": "ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​ဖြင့် ပြည့်စုံ​တော်မူ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း ထာဝရ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 4,
      "text": "ကိုယ်တော်​သည် မိမိ​၏​အံ့ဖွယ်​သော​အမှု​တို့​ကို အောက်မေ့စရာ​ဖြစ်​စေရန် စီရင်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 5,
      "text": "ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​အား စားစရာ​ကို​ပေး​၍ မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 6,
      "text": "ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​အမွေ​ကို မိမိ​၏​လူမျိုး​တော်​အား ပေး​တော်မူ​ခြင်း​ဖြင့် မိမိ​ပြု​သော​အမှု​တို့​၏​တန်ခိုး​ကို သူ​တို့​အား​ဖော်ပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 7,
      "text": "ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​တို့​သည် သစ္စာ​နှင့်​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့်​လည်းကောင်း ညီညွတ်​ကြ​၏​။ ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် ယုံကြည်​စိတ်ချ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 8,
      "text": "ထို​ဥပဒေသ​တို့​သည် ကာလ​အစဉ်အဆက်​တည်မြဲ​၍ ၎င်း​တို့​ကို သစ္စာ​နှင့်​ဖြောင့်မှန်​ခြင်း​ဖြင့် စီရင်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 9,
      "text": "ကိုယ်တော်​သည် ရွေးနုတ်ကယ်တင်​ခြင်း​ကို မိမိ​၏​လူမျိုး​တော်​ထံ​စေလွှတ်​၍ မိမိ​၏​ပဋိညာဉ်​တော်​ကို ထာဝရ​အတွက် ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​၍ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 10,
      "text": "ထာဝရဘုရား​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာ​သော​သူ အပေါင်း​တို့​သည် ကောင်း​သော​ဉာဏ်စွမ်း​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ထာဝရ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 1,
      "text": "ဟာလေလုယ​။ ထာဝရဘုရား​ကို ကြောက်ရွံ့​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို အလွန်​နှစ်သက်​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 2,
      "text": "သူ​၏​သားမြေးစဉ်ဆက်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်တွင်​ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​၏​မျိုးဆက်​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 3,
      "text": "သူ​၏​အိမ်​၌ စည်းစိမ်​ဥစ္စာ​ရှိ​၏​။ သူ​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း ထာဝရ​တည်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 4,
      "text": "ဖြောင့်မှန်​သော​သူ​အတွက် အမှောင်​ထဲတွင် အလင်း​ပေါ်ထွန်း​တတ်​၏​။ သူ​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​၊ ဖြောင့်မတ်​သော​သဘော​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 5,
      "text": "သနား​တတ်​သော​သူ​၊ ချေးငှား​ပေး​တတ်​သော​သူ​နှင့် မိမိ​၏​အမှုကိစ္စ​တို့​ကို တရားမျှတ​စွာ စီမံခန့်ခွဲ​တတ်​သော​သူ​သည် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 6,
      "text": "အကယ်စင်စစ် ထိုသို့သော​သူ​သည် မည်သည့်​အခါ​မျှ​တုန်လှုပ်​ရ​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​သည် အစဉ်အမြဲ အောက်မေ့စရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 7,
      "text": "သူ​သည် သတင်း​ဆိုး​ကို​ကြောက်​ရ​လိမ့်မည်​မ​ဟုတ်​။ သူ​၏​စိတ်နှလုံး​သည် တည်ကြည်​လျက် ထာဝရဘုရား​ကို ယုံကြည်ကိုးစား​၏​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 8,
      "text": "သူ​၏​စိတ်နှလုံး​သည် တည်ငြိမ်​သည်​ဖြစ်၍ သူ​သည် မိမိ​၏​ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​ရ​သည်​အထိ ကြောက်ရွံ့​ခြင်း​ရှိ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 9,
      "text": "သူ​သည်​စွန့်ကြဲ​၍ နွမ်းပါး​သော​သူ​တို့​အား ပေးကမ်း​၏​။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​တည်​၏​။ သူ​၏​ဦးချို​သည် ဘုန်းအသရေ​ရှိ​စွာ ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 10,
      "text": "ဆိုးယုတ်​သော​သူ​သည် ထို​အမှုအရာ​ကို​မြင်​သောအခါ အမျက်ထွက်​၍ အံကြိတ်​ကာ ချုံးချုံးကျ​သွား​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​အလိုဆန္ဒ​သည် ပျက်စီး​သွား​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 1,
      "text": "ဟာလေလုယ​။ ထာဝရဘုရား​၏​အစေအပါး​တို့​၊ ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 2,
      "text": "ထာဝရဘုရား​၏​နာမ​တော်​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 3,
      "text": "နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် ထာဝရဘုရား​၏​နာမ​တော်​သည် ချီးမွမ်းဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 4,
      "text": "ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့ အထက်၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအသရေ​သည် ကောင်းကင်​အထက်​၌​လည်းကောင်း ချီးမြှောက်​ခြင်း​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 5,
      "text": "မည်သူ​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် တူ​သနည်း​။ ကိုယ်တော်​သည် မြင့်မြတ်​သော​အရပ်​၌ စိုးစံ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 6,
      "text": "မည်သူ​သည် မိမိကိုယ်ကို​ကိုင်းညွတ်​လျက် ကောင်းကင်​နှင့်​မြေကြီး​ကို ကြည့်ရှု​သနည်း​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 7,
      "text": "ကိုယ်တော်​သည် ဆင်းရဲ​သော​သူ​ကို မြေမှုန့်​ထဲမှ​ထ​စေ​၍ နွမ်းပါး​သော​သူ​ကို ပြာပုံ​ထဲမှ​ချီးမြှောက်​ကာ"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 8,
      "text": "သူ​တို့​ကို မင်းအရာရှိ​များ​နှင့်အတူ​၊ မိမိ​လူမျိုး​တော်​၏​မင်းအရာရှိ​များ​နှင့်အတူ ထိုင်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 9,
      "text": "ကိုယ်တော်​သည် မြုံ​သော​မိန်းမ​အား မိသားစု​ကို​ပေး​၍ သားသမီး​ရှိ​သဖြင့် ဝမ်းမြောက်​သော​မိခင်​ဖြစ်စေ​တော်မူ​၏​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​သည် အီဂျစ်​ပြည်​မှ​၊ ယာကုပ်​၏​အမျိုးအနွယ်​သည် တိုင်းတစ်ပါး​ဘာသာ​စကား​ပြောဆို​သော​လူမျိုး​ထံမှ ထွက်လာ​သောအခါ"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 2,
      "text": "ယုဒ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၊ အစ္စရေး​သည် ကိုယ်တော်​အုပ်စိုး​သော နိုင်ငံ​တော်​ဖြစ်လာ​၏​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 3,
      "text": "ပင်လယ်​သည် မြင်​၍​ထွက်ပြေး​လေ​၏​။ ဂျော်ဒန်​မြစ်​သည် နောက်​သို့​ပြန်လှည့်​လေ​၏​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 4,
      "text": "တောင်​တို့​သည် သိုးထီး​ကဲ့သို့​လည်းကောင်း​၊ တောင်ကုန်း​တို့​သည် သိုးသငယ်​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 5,
      "text": "အချင်း​ပင်လယ်​၊ သင်​သည် အဘယ်ကြောင့်​ထွက်ပြေး​ရ​သနည်း​။ အချင်း​ဂျော်ဒန်​မြစ်​၊ သင်​သည် အဘယ်ကြောင့် နောက်​သို့​ပြန်လှည့်​ရ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 6,
      "text": "အချင်း​တောင်​တို့​၊ သင်​တို့​သည် အဘယ်ကြောင့် သိုးထီး​ကဲ့သို့​လည်းကောင်း​၊ အချင်း​တောင်ကုန်း​တို့​၊ သင်​တို့​သည် အဘယ်ကြောင့် သိုးသငယ်​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​ကြ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 7,
      "text": "အချင်း​မြေကြီး​၊ အရှင်​၏​ရှေ့​တော်​တည်းဟူသော ယာကုပ်​၏​ဘုရားသခင့်​ရှေ့​တော်​၌ တုန်လှုပ်​လျက်​နေ​လော့​။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 8,
      "text": "ကိုယ်တော်​သည် ကျောက်ဆောင်​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊ မာကျော​သော​ကျောက်​ကို စမ်းရေတွင်း​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 1,
      "text": "အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ​၊ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​နာမ​တော်​၌​သာ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကြောင့် ဘုန်းအသရေ​ရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 2,
      "text": "လူမျိုးခြား​တို့​က “​သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု အဘယ်ကြောင့် ဆို​ကြ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 3,
      "text": "ငါ​တို့​၏​ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​၏​။ ကိုယ်တော်​သည် အလို​တော်​ရှိသမျှ​အတိုင်း ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 4,
      "text": "သူ​တို့​၏​ရုပ်တု​များ​မူကား ရွှေ​၊ ငွေ​ဖြစ်​ကြ​ပြီး လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 5,
      "text": "၎င်း​တို့​သည် နှုတ်​ရှိ​သော်လည်း စကား​မ​ပြော​နိုင်​ကြ​။ မျက်စိ​ရှိ​သော်လည်း မ​မြင်​နိုင်​ကြ​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 6,
      "text": "နား​ရှိ​သော်လည်း မ​ကြား​နိုင်​ကြ​။ နှာခေါင်း​ရှိ​သော်လည်း အနံ့ခံ​၍​မ​ရ​နိုင်​ကြ​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 7,
      "text": "လက်​ရှိ​သော်လည်း မ​ထိ​မ​ကိုင်​နိုင်​ကြ​။ ခြေ​ရှိ​သော်လည်း လမ်း​မ​လျှောက်​နိုင်​ကြ​။ ၎င်း​တို့​၏​လည်ချောင်း​ဖြင့်​လည်း အသံ​မ​ပြု​နိုင်​ကြ​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 8,
      "text": "၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 9,
      "text": "အို အစ္စရေး​လူမျိုး​တို့​၊ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လော့​။ ကိုယ်တော်​သည် ထို​လူမျိုး​တို့​ကို ကူညီမစ​သော​အရှင်​၊ သူ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 10,
      "text": "အို အာရုန်​၏​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လော့​။ ကိုယ်တော်​သည် ထို​အမျိုးအနွယ်​တို့​ကို ကူညီမစ​သော​အရှင်​၊ သူ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 11,
      "text": "ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​တို့​၊ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လော့​။ ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို ကူညီမစ​သော​အရှင်​၊ သူ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 12,
      "text": "ထာဝရဘုရား​သည် ငါ​တို့​ကို အောက်မေ့​၍ ကောင်းချီးပေး​တော်မူ​မည်​။ အစ္စရေး​အမျိုးအနွယ်​ကို ကောင်းချီးပေး​တော်မူ​မည်​။ အာရုန်​၏​အမျိုးအနွယ်​ကို ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 13,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ အကြီး​အငယ်​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 14,
      "text": "ထာဝရဘုရား​သည် သင်​တို့​ကို​လည်းကောင်း​၊ သင်​တို့​မှစ၍ သင်​တို့​၏​သားသမီး​တို့​ကို​လည်းကောင်း တိုးပွား​စေ​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 15,
      "text": "သင်​တို့​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 16,
      "text": "ကောင်းကင်​သည် ထာဝရဘုရား​၏​ကောင်းကင်​ဖြစ်​၏​။ ကမ္ဘာမြေကြီး​ကို​ကား လူသား​တို့​အား ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 17,
      "text": "သေလွန်​သော​သူ​၊ ဆိတ်ငြိမ်​ရာ​အရပ်​ထဲသို့ ဆင်းသွား​သော​သူ​တစ်စုံတစ်ဦး​မျှ ထာဝရဘုရား​ကို မ​ချီးမွမ်း​ကြ​ပေ​။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 18,
      "text": "ငါ​တို့​မူကား ထာဝရဘုရား​ကို ယခု​မှစ၍​ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​မည်​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 1,
      "text": "ထာဝရဘုရား​သည် ငါ​၏​အသံ​၊ ငါ​၏​အသနားခံ​ခြင်း​ကို နားညောင်း​တော်မူ​သောကြောင့် ငါ​သည် ကိုယ်တော်​ကို ချစ်​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 2,
      "text": "ကိုယ်တော်​သည် ငါ့​ကို ဂရုစိုက်​နားထောင်​တော်မူ​သောကြောင့် ငါ​သည် အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ခေါ်​မည်​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 3,
      "text": "သေ​ခြင်း​၏​နှောင်ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​၍ မရဏာနိုင်ငံ​၏​ပြင်းပြ​သော​ဝေဒနာ​တို့​သည် ငါ့​အပေါ်​ကျရောက်​ကြ​၏​။ ငါ​သည် ဆင်းရဲဒုက္ခ​နှင့်​ဝမ်းနည်း​ခြင်း​ကို​တွေ့ကြုံ​ရ​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 4,
      "text": "ထိုအခါ ငါ​သည် “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို လွတ်မြောက်​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​၍​တောင်းလျှောက်​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ ဖြောင့်မတ်​သော​သဘော​ရှိ​တော်မူ​၏​။ ငါ​တို့​၏​ဘုရားသခင်​သည် သနားစုံမက်​တော်မူ​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 6,
      "text": "ထာဝရဘုရား​သည် အသိဉာဏ်​နည်းပါး​သော​သူ​တို့​ကို စောင့်ရှောက်​တော်မူ​၏​။ ငါ​သည် အခြေအနေ​နိမ့်ပါး​လျက်​ရှိ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 7,
      "text": "အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​၏​ငြိမ်ဝပ်​ရာ​အရပ်​သို့​ပြန်လာ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် သင့်​ကို​ကျေးဇူးပြု​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 8,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​မျက်စိ​ကို ငိုကြွေး​ခြင်း​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​မှ​လည်းကောင်း လွတ်မြောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 9,
      "text": "ငါ​သည် အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ ထာဝရဘုရား​၏​ရှေ့မှောက်​တွင် အသက်ရှင်​လျှောက်လှမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 10,
      "text": "“​ငါ​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​၏​”​ဟု ပြော​စဉ်ပင် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 11,
      "text": "“​လူ​အပေါင်း​တို့​သည် လိမ်လည်​သော​သူ​များ​သာ​ဖြစ်​ကြ​၏​”​ဟု ငါ​အလန့်တကြား​ပြောဆို​မိ​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 12,
      "text": "ငါ့​အပေါ် ထာဝရဘုရား​ပြု​တော်မူ​သော ကျေးဇူး​အပေါင်း​တို့​အတွက် ကိုယ်တော်​ကို ငါ​မည်သို့​ပြန်ဆပ်​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 13,
      "text": "ငါ​သည် ကယ်တင်​ခြင်း​ခွက်ဖလား​ကို​မြှောက်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​မည်​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 14,
      "text": "ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌ ငါ​ပြည့်စုံ​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 15,
      "text": "ထာဝရဘုရား​၏​ရှေ့​တော်​၌ မိမိ​သန့်ရှင်း​သူ​တို့​၏​သေဆုံး​ခြင်း​သည် အဖိုးတန်​လှ​၏​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 16,
      "text": "အို ထာဝရဘုရား​၊ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော့်​ကျွန်မ​၏​သား​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော အချည်အနှောင်​များ​မှ ကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 17,
      "text": "အကျွန်ုပ်​သည် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ရှေ့​တော်​၌​ပူဇော်​၍ ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 18,
      "text": "ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 19,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​၌​လည်းကောင်း​၊ အို ဂျေရုဆလင်​မြို့​၊ သင်​၏​အလယ်​၌​လည်းကောင်း ငါ​ပြည့်စုံ​စေ​မည်​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 117,
      "verse": 1,
      "text": "တိုင်းနိုင်ငံ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​လော့​။ လူ​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ထောမနာပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 117,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ငါ​တို့​အပေါ်​၌ ကြီးမား​လှ​ပေ​၏​။ ထာဝရဘုရား​၏​သစ္စာ​တော်​သည်​လည်း အစဉ်အမြဲ​တည်​၏​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 1,
      "text": "ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 2,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ကြောင်း အစ္စရေး​အမျိုး​သည် ဝန်ခံ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 3,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ကြောင်း အာရုန်​၏​အမျိုးအနွယ်​သည် ဝန်ခံ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 4,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ကြောင်း ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ဝန်ခံ​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 5,
      "text": "ငါ​သည် ပြင်းပြ​သော​ဝေဒနာ​ထဲမှ ထာဝရဘုရား​ကို​ခေါ်​၏​။ ထာဝရဘုရား​သည် ငါ့​ကို​ထူး​တော်မူ​ပြီး ကျယ်ဝန်း​သော​အရပ်​၌ ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 6,
      "text": "ထာဝရဘုရား​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​သော​အရှင်​အဖြစ် ငါ့​ဘက်​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ့​ကို​မုန်း​သော​သူ​တို့​ကို အပေါ်စီး​မှ ငါ​ကြည့်မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 8,
      "text": "ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် လူ​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 9,
      "text": "ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် မင်းအရာရှိ​တို့​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 10,
      "text": "လူမျိုး​အပေါင်း​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​သုတ်သင်ရှင်းလင်း​ပစ်​မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 11,
      "text": "သူ​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ အကယ်စင်စစ် သူ​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​ဖြတ်ပယ်​ရှင်းလင်း​မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 12,
      "text": "သူ​တို့​သည် ပျား​များ​ကဲ့သို့ ငါ့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း ဆူးပင်​ကို​လောင်​သော​မီး​ကဲ့သို့ ငြိမ်း​သွား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​ဖြတ်ပယ်​ရှင်းလင်း​မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 13,
      "text": "သင်​သည် ငါ့​ကို​လဲ​စေရန် ကြမ်းတမ်း​စွာ​တွန်းချ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 14,
      "text": "ထာဝရဘုရား​သည် ငါ​၏​ခွန်အား​နှင့်​တေးသီချင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 15,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၏​တဲ​များ​၌ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​အသံ​နှင့် ကယ်တင်​ခြင်း​အသံ​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 16,
      "text": "ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​၏​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​သည် တန်ခိုးကြီး​သော​အမှု​ကို​ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 17,
      "text": "ငါ​မ​သေ​ရ​သေး​ဘဲ အသက်ရှင်​လျက် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ဦး​မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 18,
      "text": "ထာဝရဘုရား​သည် ငါ့​ကို​ပြင်းထန်​စွာ​ပဲ့ပြင်​သော်လည်း သေ​ခြင်း​လက်​သို့ ငါ့​ကို​အပ်​တော်​မ​မူ​ခဲ့​ပေ​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 19,
      "text": "ဖြောင့်မတ်​ခြင်း​တံခါး​တို့​ကို ငါ့​အတွက်​ဖွင့်ပေး​ကြ​လော့​။ ငါ​သည် ထို​တံခါး​တို့​မှ​ဝင်​၍ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 20,
      "text": "ဤ​တံခါး​သည် ထာဝရဘုရား​၏​တံခါး​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​သည် ဤ​တံခါး​မှ​ဝင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 21,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​သောကြောင့် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 22,
      "text": "တိုက်ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်ကျောက် ဖြစ်လာ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 23,
      "text": "ဤ​အမှု​သည် ထာဝရဘုရား​အားဖြင့် ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့ဩဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 24,
      "text": "ဤ​နေ့ရက်​သည် ထာဝရဘုရား​စီရင်​တော်မူ​သော​နေ့ရက်​ဖြစ်​၏​။ ဤ​နေ့ရက်​၌ ငါ​တို့​ရွှင်လန်း​၍ ဝမ်းမြောက်​ကြ​ကုန်စို့​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 25,
      "text": "အို ထာဝရဘုရား​၊ ကယ်တင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 26,
      "text": "ထာဝရဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ထာဝရဘုရား​၏​အိမ်​တော်​ထဲမှ ကောင်းချီးထောမနာ​ပြု​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 27,
      "text": "ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​အား အလင်း​ကို​လည်း ပေး​တော်မူ​၏​။ ပွဲတော်​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​၏​ဦးချို​၌ ကြိုး​နှင့်​ချည်​ထား​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 28,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၍ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 29,
      "text": "ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 1,
      "text": "ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍ စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 2,
      "text": "ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 3,
      "text": "ထို​သူ​တို့​သည် မတရားမှု​ကို​မ​ပြု​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 4,
      "text": "ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 5,
      "text": "ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​လမ်းခရီး​တို့​သည် တည်မြဲ​ခြင်း​ရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 6,
      "text": "ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 7,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ယူ​ရ​သောအခါ ဖြောင့်မှန်​သော​စိတ်နှလုံး​ဖြင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 8,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​ကို အလျှင်း​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 9,
      "text": "လူငယ်​သည် မိမိ​၏​ဘဝလမ်း​ကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်​စေ​နိုင်​ပါ​မည်နည်း​ဟူမူကား ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း စောင့်ထိန်း​ရ​မည်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 10,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ အကျွန်ုပ်​ကို ကိုယ်တော်​၏​ပညတ်တော်​တို့​မှ လမ်းလွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 11,
      "text": "ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 12,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 13,
      "text": "အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 14,
      "text": "အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 15,
      "text": "ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​လျက် ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို ကြည့်ရှုဆင်ခြင်​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 16,
      "text": "ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 17,
      "text": "ကိုယ်တော်​၏​အစေအပါး​သည် အသက်ရှင်​၍ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​စောင့်ထိန်း​နိုင်​ရန် ကျေးဇူးပြု​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 18,
      "text": "ကိုယ်တော်​၏​တရားတော်​ထဲမှ အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​နိုင်​ရန် အကျွန်ုပ်​၏​မျက်စိ​ကို ဖွင့်ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 19,
      "text": "အကျွန်ုပ်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် ဧည့်သည်​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ဝှက်ထား​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 20,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အစဉ်အမြဲ စွဲလမ်း​တောင့်တ​သော​အားဖြင့် ကြေကွဲ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 21,
      "text": "ကိုယ်တော်​၏​ပညတ်တော်​တို့​မှ​လမ်းလွဲ​သွား​ကြ​၍ မာနထောင်လွှား​သော​သူ​တို့​နှင့် ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့​ကို ကိုယ်တော်​ဆုံးမ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 22,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့် မထီမဲ့မြင်ပြု​ခြင်း​ကို အကျွန်ုပ်​ထံမှ​ဖယ်ရှား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 23,
      "text": "အကြီးအကဲ​တို့​သည် ထိုင်​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​သော်လည်း ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​လျက်​နေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 24,
      "text": "ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊ အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 25,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 26,
      "text": "အကျွန်ုပ်​၏​ဘဝလမ်း​အကြောင်း​တို့​ကို အကျွန်ုပ်​ဖော်ပြ​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 27,
      "text": "ကိုယ်တော်​၏​ဥပဒေသ​လမ်း​ကို အကျွန်ုပ်​အား နားလည်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 28,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ပူဆွေးခြင်း​ကြောင့် ငိုယို​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အားဖြည့်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 29,
      "text": "မုသား​လမ်း​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​၍ ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 30,
      "text": "အကျွန်ုပ်​သည် သစ္စာတရား​လမ်း​ကို ရွေးချယ်​ပါ​ပြီ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို မျက်မှောက်ပြု​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 31,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ဖက်တွယ်​ထား​ပါ​၏​။ အကျွန်ုပ်​ကို အရှက်ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 32,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 33,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 34,
      "text": "အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ ထို​အရာ​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 35,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 36,
      "text": "အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 37,
      "text": "အချည်းနှီး​သော​အရာ​ကို​မ​ကြည့်​မိ​စေရန် အကျွန်ုပ်​၏​မျက်စိ​ကို​လွှဲ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 38,
      "text": "ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 39,
      "text": "အကျွန်ုပ်​ကြောက်​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို လွှဲဖယ်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကောင်းမြတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 40,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 41,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် အကျွန်ုပ်​ထံ ရောက်လာ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 42,
      "text": "ထိုအခါ အကျွန်ုပ်​အား​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​ကို တုံ့ပြန်​ပြောဆို​နိုင်​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 43,
      "text": "ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​သည်​ဖြစ်၍ သမ္မာတရား​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​၏​နှုတ်​မှ အလျှင်း​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 44,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို ကာလ​အစဉ်အဆက် အမြဲမပြတ်​စောင့်ထိန်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 45,
      "text": "ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ လွတ်လပ်​ခြင်း​ထဲ၌ သွားလာ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 46,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ရှင်ဘုရင်​များ​ရှေ့​တွင်​ပြောကြား​ပါ​မည်​။ အကျွန်ုပ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 47,
      "text": "အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​၌ အကျွန်ုပ်​မွေ့လျော်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 48,
      "text": "အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​အတွက် အကျွန်ုပ်​၏​လက်​ကို​မြှောက်​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 49,
      "text": "ကိုယ်တော်​၏​အစေအပါး​အား မိန့်​တော်မူ​သော​နှုတ်ကပတ်တော်​ကို အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ထို​နှုတ်ကပတ်တော်​၌ မျှော်လင့်ကိုးစား​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 50,
      "text": "ကိုယ်တော်​၏​ကတိ​တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​သည်​ဖြစ်၍ အကျွန်ုပ်​ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် အကျွန်ုပ်​အတွက်​နှစ်သိမ့်စရာ​အကြောင်း​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 51,
      "text": "မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​လွန်စွာ​ပြက်ရယ်​ပြု​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​မှ သွေဖည်​မ​သွား​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 52,
      "text": "အို ထာဝရဘုရား​၊ ရှေးကာလ​မှ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​အောက်မေ့​သောအခါ နှစ်သိမ့်မှု​ကို​ရရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 53,
      "text": "ကိုယ်တော်​၏​တရားတော်​ကို​စွန့်ပယ်​သည့် ဆိုးယုတ်​သော​သူ​တို့​ကြောင့် ပူလောင်​သော​ဒေါသ​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 54,
      "text": "ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​သည် အကျွန်ုပ်​တည်းခိုနေထိုင်​ရာ​အိမ်​၌ အကျွန်ုပ်​အတွက်​တေးသီချင်း​များ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 55,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ညအချိန်​၌ ကိုယ်တော်​၏​နာမ​တော်​ကို သတိရ​၍ ကိုယ်တော်​၏​တရားတော်​ကို စောင့်ထိန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 56,
      "text": "ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​ခြင်း​သည် အကျွန်ုပ်​အတွက်​အလေ့အကျင့်​ဖြစ်လာ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 57,
      "text": "ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကတိပြု​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 58,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 59,
      "text": "အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍ အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 60,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန် တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 61,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​သည် အကျွန်ုပ်​ကို​ပတ်ရစ်​ထား​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​တို့​ကို မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 62,
      "text": "ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ရန် ည​သန်းခေါင်​အချိန်​တွင် အကျွန်ုပ်​ထ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 63,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​သော​သူ​ရှိသမျှ​တို့​၏ အပေါင်းအဖော်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 64,
      "text": "အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ပြည့်ဝ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 65,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အပေါ် ကောင်းမြတ်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 66,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ယုံကြည်​စိတ်ချ​သည်​ဖြစ်၍ ကောင်းမြတ်​သော​ဆင်ခြင်တုံတရား​နှင့် အသိပညာ​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 67,
      "text": "အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။ ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 68,
      "text": "ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ ကောင်း​သော​အမှု​ကို​လည်း​ပြု​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 69,
      "text": "မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မုသား​ဖြင့် ညစ်ပေ​စေ​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့​လိုက်နာကျင့်သုံး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 70,
      "text": "သူ​တို့​၏​စိတ်နှလုံး​သည် အဆီ​ကဲ့သို့ ထူပိန်း​ထိုင်းမှိုင်း​ပါ​၏​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​တရားတော်​၌ မွေ့လျော်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 71,
      "text": "ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။ သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 72,
      "text": "ကိုယ်တော်​၏​နှုတ်​တော်​ထွက်​တရား​သည် အကျွန်ုပ်​အတွက် ထောင်​ပေါင်း​များစွာ​သော​ရွှေ​ငွေ​တို့​ထက် ပို၍​ကောင်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 73,
      "text": "ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​သင်ယူ​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 74,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​သည်​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 75,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ဖြောင့်မတ်​ကြောင်း​ကို​လည်းကောင်း​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သစ္စာ​တော်​နှင့်အညီ ဒုက္ခဝေဒနာ​ခံစား​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 76,
      "text": "ကိုယ်တော်​၏​အစေအပါး​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 77,
      "text": "ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည် အကျွန်ုပ်​အပေါ်​သက်ရောက်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 78,
      "text": "မာနထောင်လွှား​သော​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​တလွဲစီရင်​ကြ​သည်​ဖြစ်၍ အရှက်ကွဲ​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 79,
      "text": "ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​သက်သေခံချက်​များ​ကို သိ​သော​သူ​တို့​သည် အကျွန်ုပ်​ထံသို့ ပြန်လှည့်​လာ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 80,
      "text": "အကျွန်ုပ်​သည် အရှက်ကွဲ​ခြင်း​နှင့် ကင်းလွတ်​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​နှင့်​ပတ်သက်၍ အပြစ်တင်စရာ​ကင်း​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 81,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 82,
      "text": "အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​သဖြင့် “​ကိုယ်တော်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​တော်မူ​မည်နည်း​”​ဟု ဆို​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 83,
      "text": "အကျွန်ုပ်​သည် အခိုးရိုက်​သော သားရေဘူး​ကဲ့သို့​ဖြစ်​သော်လည်း ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​ကို မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 84,
      "text": "ကိုယ်တော့်​အစေအပါး​၏​နေ့ရက်​တို့​သည် မည်မျှ​ကြာ​ပါ​မည်နည်း​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို မည်သည့်​အချိန်​မှ တရားစီရင်​တော်မူ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 85,
      "text": "မာနထောင်လွှား​သော​သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့်အညီ လိုက်လျှောက်​ခြင်း​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ထောင်ချောက်​တွင်း​များ​ကို​တူး​ကြ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 86,
      "text": "ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် သစ္စာ​နှင့်​ပြည့်စုံ​ကြ​ပါ​၏​။ ထို​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို ကူညီမစ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 87,
      "text": "သူ​တို့​သည် အကျွန်ုပ်​ကို ကမ္ဘာမြေကြီး​ပေါ်မှ အပြီးသတ်​သုတ်သင်​လုနီးပါး​ဖြစ်​ခဲ့​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​စွန့်ပယ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 88,
      "text": "ကိုယ်တော်​၏​နှုတ်​တော်​ထွက်​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​နိုင်​ရန် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 89,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် ကောင်းကင်ဘုံ​၌ အစဉ်အမြဲ​တည်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 90,
      "text": "ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​မြဲမြံ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​ကို​တည်​တော်မူ​သဖြင့် ၎င်း​သည်​တည်မြဲ​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 91,
      "text": "ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၏​အသုံးတော်ခံ​များ​ဖြစ်၍ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ ယနေ့​တိုင်အောင် တည်မြဲ​လျက်​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 92,
      "text": "ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ မ​ဖြစ်​ခဲ့​ပါ​လျှင် အကျွန်ုပ်​သည် ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် ပျက်စီး​ခဲ့​ပေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 93,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​ကို မည်သည့်​အခါ​မျှ​မ​မေ့လျော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ထို​ဥပဒေသ​များ​အားဖြင့် အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 94,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပိုင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 95,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဖျက်ဆီး​ရန် စောင့်​နေ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အလေးအနက်​ဆင်ခြင်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 96,
      "text": "ပြည့်စုံ​မှု​ရှိသမျှ​တို့​၌ အကန့်အသတ်​ရှိ​ကြောင်း​ကို အကျွန်ုပ်​မြင်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​မူကား အလွန်​ကျယ်ပြန့်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 97,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို အလွန်​မြတ်နိုး​ပါ​၏​။ ထို​တရားတော်​သည် တစ်နေ့လုံး အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 98,
      "text": "ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။ အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 99,
      "text": "ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 100,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 101,
      "text": "ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 102,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို သွန်သင်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​မှ ဖယ်ခွာ​မ​သွား​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 103,
      "text": "ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။ အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 104,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​အားဖြင့် အသိဉာဏ်​ကို​ရရှိ​ပါ​၏​။ ထို့ကြောင့် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 105,
      "text": "ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​ခြေ​အတွက် မီးခွက်​ဖြစ်ပြီး အကျွန်ုပ်​၏​လမ်းခရီး​အတွက် အလင်း​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 106,
      "text": "ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 107,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 108,
      "text": "အို ထာဝရဘုရား​၊ နှလုံးသား​ပါ​လျက်​အကျွန်ုပ်​နှုတ်​၏​ချီးမွမ်းခြင်းယဇ်​ကို လက်ခံ​တော်မူ​ပါ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 109,
      "text": "အကျွန်ုပ်​သည် အသက်အန္တရာယ်​နှင့် အစဉ်​ကြုံတွေ့​နေ​ရ ​သော်လည်း ကိုယ်တော်​၏​တရားတော်​ကို မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 110,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​အတွက် ကျော့ကွင်း​ထောင်​ထား​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​မှ လမ်းလွဲ​မ​သွား​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 111,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အမွေ​အဖြစ် ထာဝရ​ဆက်ခံ​ရရှိ​ပါ​၏​။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ရွှင်မြူးရာ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 112,
      "text": "ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အဆုံး​တိုင်အောင် အစဉ်အမြဲ​လိုက်နာ​ရန် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ပြင်ဆင်​ထား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 113,
      "text": "အကျွန်ုပ်​သည် စိတ်​နှစ်ခွ​ရှိ​သော​သူ​တို့​ကို မုန်း​ပါ​၏​။ သို့သော် ကိုယ်တော်​၏​တရားတော်​ကို မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 114,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​ကွယ်ကာ​ရာ​၊ အကျွန်ုပ်​၏​ဒိုင်းလွှား ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 115,
      "text": "ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။ ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 116,
      "text": "အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​ထောက်မ​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျှော်လင့်ချက်​အတွက် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 117,
      "text": "အကျွန်ုပ်​ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အစဉ်မပြတ် အရေးတယူ​ပြု​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 118,
      "text": "ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ လမ်းလွဲ​သော​သူ​အပေါင်း​တို့​ကို ကိုယ်တော်​ပယ်​တော်မူ​၏​။ အကြောင်းမူကား သူ​တို့​၏​လှည့်စားမှု​သည် အချည်းနှီး​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 119,
      "text": "ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ပေါ်​ရှိ ဆိုးယုတ်​သော​သူ​ရှိသမျှ​တို့​ကို ချော်​ကဲ့သို့ ဖယ်ရှား​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 120,
      "text": "ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 121,
      "text": "အကျွန်ုပ်​သည် တရားမျှတ​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို ပြု​ပါ​ပြီ​။ အကျွန်ုပ်​ကို​နှိပ်စက်​သော​သူ​တို့​ထံ၌ အကျွန်ုပ်​ကို​ထားခဲ့​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 122,
      "text": "ကိုယ်တော့်​အစေအပါး​၏​ကောင်းကျိုးချမ်းသာ​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မ​နှိပ်စက်​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 123,
      "text": "အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​သော​မိန့်​တော်မူ​ချက်​ကို တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 124,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ ကိုယ်တော်​၏​အစေအပါး​အပေါ် ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 125,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို နားလည်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 126,
      "text": "အို ထာဝရဘုရား​၊ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​ကြ​သည်​ဖြစ်၍ ကိုယ်တော် စီရင်​တော်မူ​ချိန်​ရောက်​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 127,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ရွှေ​ထက်မက ရွှေစင်​ထက် ပို၍​မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 128,
      "text": "ထို့ကြောင့် ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် အကုန်အစင်​ဖြောင့်မှန်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​လျက် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို မုန်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 129,
      "text": "ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အံ့ဩဖွယ်​ဖြစ်​ကြ​ပါ​၏​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ၎င်း​တို့​ကို လိုက်နာကျင့်သုံး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 130,
      "text": "ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍ အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 131,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို တောင့်တ​အားကြီး​သဖြင့် ပါးစပ်​ဟ​လျက် မောဟိုက်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 132,
      "text": "ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 133,
      "text": "ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။ မည်သည့်​အပြစ်ဒုစရိုက်​မျှ အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 134,
      "text": "ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​ကို လူ​တို့​၏​ဖိနှိပ်ချုပ်ချယ်မှု​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 135,
      "text": "ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ်​ထွန်းလင်း​စေ​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 136,
      "text": "လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 137,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 138,
      "text": "ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို ဖြောင့်မတ်​ခြင်း​နှင့်​လည်းကောင်း​၊ ကြီးမား​သော​သစ္စာ​နှင့်​လည်းကောင်း ချမှတ်​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 139,
      "text": "အကျွန်ုပ်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မေ့လျော့​ကြ​သောကြောင့် အကျွန်ုပ်​၏​စိတ်အားထက်သန်​ခြင်း​သည် အကျွန်ုပ်​ကို​ဖိစီးလွှမ်းမိုး​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 140,
      "text": "ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အလွန်​ခိုင်လုံ​မှန်ကန်​သည်​ဖြစ်၍ ကိုယ်တော်​၏​အစေအပါး​သည် ၎င်း​ကို​မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 141,
      "text": "အကျွန်ုပ်​သည် ငယ်ရွယ်​သော​သူ​ဖြစ်​ပါ​၏​။ မထီမဲ့မြင်ပြု​ခြင်း​ကို​လည်း​ခံရ​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 142,
      "text": "ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​ဖြောင့်မတ်​ခြင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း မှန်ကန်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 143,
      "text": "ဘေးရန်​နှင့်​ကျပ်တည်းမှု​တို့​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ကြ​သော်လည်း ကိုယ်တော်​၏​ပညတ်တော်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 144,
      "text": "ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အစဉ်အမြဲ​ဖြောင့်မတ်​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 145,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာကျင့်သုံး​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 146,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 147,
      "text": "အကျွန်ုပ်​သည် မိုး​မ​လင်း​မီ​ထ​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 148,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ကတိ​တော်​ကို ဆင်ခြင်အောက်မေ့​ရန် ညဥ့်ယံ​တို့​၌ နိုး​လျက်​နေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 149,
      "text": "ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 150,
      "text": "ဆိုးညစ်​သော​အမှု​၌​ကျင်လည်​သော​သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့် ဝေးကွာ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 151,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် နီး​တော်မူ​၏​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည်​လည်း မှန်ကန်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 152,
      "text": "ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို အစဉ်အမြဲ​တည်​စေ​တော်မူ​ကြောင်း ထို​သက်သေခံချက်​တို့​အားဖြင့် ရှေးယခင်​ကပင် အကျွန်ုပ်​သိ​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 153,
      "text": "အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​၍ အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 154,
      "text": "အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 155,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​ရှာမှီး​ကြ​သောကြောင့် ကယ်တင်​ခြင်း​သည် သူ​တို့​နှင့်​ဝေး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 156,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သဘော​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 157,
      "text": "အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံ​တော်မူ​ချက်​တို့​မှ သွေဖည်​မ​သွား​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 158,
      "text": "အကျွန်ုပ်​သည် သစ္စာမဲ့​သော​သူ​တို့​ကို​မြင်​သောအခါ စက်ဆုပ်​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 159,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မည်မျှ​မြတ်နိုး​ကြောင်း ကြည့်ရှု​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 160,
      "text": "ကိုယ်တော်​၏​နှုတ်ကပတ်တော်​ရှိသမျှ​တို့​သည် မှန်ကန်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက် ရှိသမျှ​တို့​သည်​လည်း အစဉ်အမြဲ​တည်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 161,
      "text": "အကြီးအကဲ​တို့​သည် အကျွန်ုပ်​ကို​အကြောင်းမဲ့ လိုက်လံညှဉ်းဆဲ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ကြောက်ရွံ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 162,
      "text": "အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့ ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 163,
      "text": "အကျွန်ုပ်​သည် မုသား​ကို​မုန်းတီး​၍ စက်ဆုပ်ရွံရှာ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​ကို​ကား မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 164,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​များ​အတွက် ကိုယ်တော်​ကို တစ်ရက်​လျှင်​ခုနစ်​ကြိမ်​ချီးမွမ်း​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 165,
      "text": "ကိုယ်တော်​၏​တရား​ကို​မြတ်နိုး​သော​သူ​တို့​၌ ကြီးစွာ​သော​ငြိမ်သက်​ခြင်း​ရှိ​ပါ​၏​။ မည်သည့်​အရာ​မျှ သူ​တို့​အတွက် ခလုတ်တံသင်း​ဖြစ်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 166,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 167,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ ၎င်း​တို့​ကို အကျွန်ုပ်​အလွန်​မြတ်နိုး​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 168,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​နှင့် သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ အကြောင်းမူကား အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ကိုယ်တော့်​ရှေ့​၌​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 169,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​သည် ရှေ့​တော်​သို့​ရောက်​ပါစေသော​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 170,
      "text": "အကျွန်ုပ်​၏​အသနားခံချက်​သည် ရှေ့​တော်​သို့ ရောက်​ပါစေသော​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 171,
      "text": "ကိုယ်တော်​သည် မိမိ​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ချီးမွမ်း​ခြင်း​ကို​မြွက်ဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 172,
      "text": "ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို တေးဖွဲ့​သီဆို​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 173,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရွေးချယ်​ခဲ့​သည်​ဖြစ်၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​ရန် အဆင်သင့်​ဖြစ်​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 174,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 175,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အသက်ရှင်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ပါစေသော​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း အကျွန်ုပ်​ကို​ကူညီမစ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 176,
      "text": "အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 1,
      "text": "ငါ​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 2,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မုသား​နှုတ်ခမ်း​မှ​လည်းကောင်း​၊ လိမ်လည်ကောက်ကျစ်​သော​လျှာ​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 3,
      "text": "အို လိမ်လည်ကောက်ကျစ်​သော​လျှာ​၊ ကိုယ်တော်​သည် သင့်​ကို မည်သို့​ပြု​မည်နည်း​၊ သင့်​ကို မည်သည့်​အရာ​ဖြင့် ထပ်၍​ဒဏ်ခတ်​မည်နည်း​ဟူမူကား"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 4,
      "text": "စစ်သူရဲ​၏​ချွန်ထက်​သော​မြား​နှင့် ရှား​မီးခဲ​တို့​ဖြင့်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 5,
      "text": "ငါ​သည် မေရှက်​ပြည်​၌​တည်းခို​ပြီး ကေဒါ​အမျိုးသား​တို့​၏​တဲ​များ​တွင်​နေ​ရ​သောကြောင့် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 6,
      "text": "ငါ​၏​စိတ်ဝိညာဉ်​သည် ငြိမ်းချမ်းရေး​ကို မုန်း​သော​သူ​တို့​နှင့်အတူ နေထိုင်​ရ​သည်​မှာ ကြာမြင့်​လှ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 7,
      "text": "ငါ​သည် ငြိမ်းချမ်းရေး​ကို​လိုလား​၏​။ သို့သော် ငါ​ပြောဆို​သောအခါ သူ​တို့​သည် စစ်​ကို​သာ​လိုလား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 1,
      "text": "ငါ​သည် တောင်​များ​ဆီသို့ မျှော်ကြည့်​၏​။ ငါ့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည် မည်သည့်​အရပ်​မှ​လာ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 2,
      "text": "ငါ့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 3,
      "text": "ကိုယ်တော်​သည် သင်​၏​ခြေ​ကို​ချော်​စေ​တော်​မ​မူ​။ သင့်​ကို စောင့်ရှောက်​တော်မူ​သော​အရှင်​သည် ငိုက်မျဉ်း​ခြင်း​ရှိ​တော်​မ​မူ​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 4,
      "text": "အကယ်စင်စစ် အစ္စရေး​အမျိုး​ကို စောင့်ရှောက်​တော်မူ​သော​အရှင်​သည် ငိုက်မျဉ်း​အိပ်ပျော်​ခြင်း ရှိ​တော်​မ​မူ​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 5,
      "text": "ထာဝရဘုရား​သည် သင့်​ကို​စောင့်ရှောက်​တော်မူ​၏​။ ထာဝရဘုရား​သည် သင်​၏​လက်ယာ​ဘက်​၌​ရှိ​သော​အရိပ် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 6,
      "text": "နေ့​အချိန်​၌ နေ​သည်​လည်းကောင်း​၊ ညအချိန်​၌ လ​သည်​လည်းကောင်း သင့်​ကို​ထိခိုက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ဘေးအန္တရာယ်​အပေါင်း​တို့​မှ သင့်​ကို​စောင့်ရှောက်​တော်မူ​လိမ့်မည်​။ သင်​၏​အသက်​ကို​စောင့်ရှောက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 8,
      "text": "ထာဝရဘုရား​သည် သင်​၏​သွား​ခြင်း​၊ လာ​ခြင်း​တို့​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် စောင့်ရှောက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 1,
      "text": "“​ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်စို့​”​ဟု ငါ့​ကို​ပြော​ကြ​သောအခါ ငါ​သည် ဝမ်းမြောက်​၏​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 2,
      "text": "အို ဂျေရုဆလင်​မြို့​၊ ငါ​တို့​၏​ခြေ​သည် သင်​၏​တံခါး​တို့​အတွင်း​၌ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 3,
      "text": "ဂျေရုဆလင်​မြို့​ကို ကျစ်လျစ်​စုစည်း​သော​မြို့​အဖြစ် တည်ဆောက်​ထား​၏​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 4,
      "text": "လူမျိုးစု​တည်းဟူသော ထာဝရဘုရား​၏​လူမျိုးစု​တို့​သည် အစ္စရေး​အမျိုး​၌​ထားရှိ​တော်မူ​သော သက်သေခံချက်​နှင့်အညီ ထာဝရဘုရား​၏​နာမ​တော်​ကို​ချီးမွမ်း​ရန် ထို​အရပ်​သို့​တက်သွား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 5,
      "text": "အကြောင်းမူကား ထို​အရပ်​၌ တရားစီရင်​ရာ​ပလ္လင်​များ​တည်းဟူသော ဒါဝိဒ်​အမျိုးအနွယ်​၏​ပလ္လင်​များ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 6,
      "text": "“​သင့်​ကို​မြတ်နိုး​သော​သူ​တို့​သည် ကောင်းစား​ကြ​ပါစေသော​။ သင်​၏​တံတိုင်း​အတွင်း​၌ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​ပါစေသော​။ သင်​၏​ခံတပ်​များ​အတွင်း​၌ လုံခြုံစိတ်ချမှု​ရှိ​ပါစေသော​”​ဟု ဂျေရုဆလင်​မြို့​၏​ငြိမ်းချမ်းသာယာ​ခြင်း​အတွက် ဆုတောင်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 8,
      "text": "ငါ​၏​ညီအစ်ကို​များ​နှင့် ငါ​၏​မိတ်ဆွေ​များ​ကို ထောက်ထား​၍ “​သင့်​အထဲ​၌ ငြိမ်းချမ်းမှု​ရှိ​ပါစေသော​”​ဟု ငါ​ဆို​မည်​။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 9,
      "text": "ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အိမ်​တော်​ကို​ထောက်ထား​၍ သင်​၏​ကောင်းကျိုးချမ်းသာ​ကို ငါ​ရှာ​မည်​။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 1,
      "text": "ကောင်းကင်ဘုံ​၌​စိုးစံ​တော်မူ​သော​အရှင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​မျှော်ကြည့်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 2,
      "text": "ကျွန်ယောက်ျား​တို့​သည် မိမိ​တို့​သခင်​၏​လက်​ကို မျှော်ကြည့်​သကဲ့သို့​လည်းကောင်း​၊ ကျွန်မိန်းမ​သည် မိမိ​သခင်မ​၏​လက်​ကို မျှော်ကြည့်​သကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ကို သနား​တော်မူ​သည်​အထိ အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို မျှော်ကြည့်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 3,
      "text": "အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ်​သည် မောက်မာထောင်လွှား​သော​သူ​တို့​၏​အထင်အမြင်သေး​ခြင်း​နှင့် မာနကြီး​သော​သူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​သည်​မှာ လွန်စွာ​ငြီးငွေ့​လှ​ပါ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 1,
      "text": "“​ထာဝရဘုရား​သည် ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​”​ဟု အစချီ​၍ အစ္စရေး​လူမျိုး​တို့​ဆို​ကြ​ရ​မည်​မှာ"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 2,
      "text": "“​ထာဝရဘုရား​သည် ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင် လူ​တို့​သည် ငါ​တို့​ကို​ဆန့်ကျင်​လျက် ထကြွ​စဉ်က"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 3,
      "text": "ငါ​တို့​ကို အရှင်လတ်လတ်​ဝါးမျို​ခဲ့​ကြ​ပေ​လိမ့်မည်​။ သူ​တို့​သည် ငါ​တို့​အပေါ် အမျက်ထွက်​စဉ်က"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 4,
      "text": "ရေ​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက် ရေစီးကြောင်း​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​ကို ဖြတ်ကျော်​သွား​ခဲ့​ပေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 5,
      "text": "အဟုန်ပြင်း​သော​ရေ​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​ကို ဖြတ်ကျော်​သွား​ခဲ့​ပေ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 6,
      "text": "သူ​တို့​၏​သွား​အတွက် သားကောင်​အဖြစ် ငါ​တို့​ကို​အပ်​တော်​မ​မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 7,
      "text": "ငါ​တို့​၏​စိတ်ဝိညာဉ်​သည် မုဆိုး​တို့​၏​ကျော့ကွင်း​မှ လွတ်မြောက်​သော​ငှက်​ကဲ့သို့ လွတ်မြောက်​လေ​ပြီ​။ ကျော့ကွင်း​ပြတ်​၍ ငါ​တို့​လွတ်မြောက်​ကြ​လေ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 8,
      "text": "ငါ​တို့​ကို​ကူညီမစ​ခြင်း​အကြောင်း​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏​နာမ​တော်​၌​တည်ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 1,
      "text": "ထာဝရဘုရား​ကို ယုံကြည်ကိုးစား​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်​၊ အစဉ်အမြဲ​တည်​သော ဇိအုန်​တောင်​ကဲ့သို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 2,
      "text": "တောင်​များ​သည် ဂျေရုဆလင်​မြို့​ကို​ဝန်းရံ​ထား​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက်​ဝန်းရံ​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 3,
      "text": "ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လက်​ကို မကောင်းမှု​အတွက်​အသုံး​မ​ပြု​မိ​စေရန် ဆိုးယုတ်​သော​သူ​၏​ရာဇလှံတံ​သည် ဖြောင့်မတ်​သော​သူ​တို့​၏​ဝေစု​နယ်မြေ​ပေါ်၌ မ​တည်​မ​နေ​ရ​။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ သူတော်ကောင်း​နှင့် စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကောင်းစား​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 5,
      "text": "မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 1,
      "text": "ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော ဇိအုန်​သား​တို့​ကို ပြန်လာ​စေ​တော်မူ​သောအခါ ငါ​တို့​သည် အိပ်မက်မက်​နေ​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 2,
      "text": "ထိုအခါ ငါ​တို့​နှုတ်​သည် ရယ်မော​ခြင်း​နှင့်​လည်းကောင်း​၊ ငါ​တို့​လျှာ​သည် ရွှင်လန်း​စွာ ကြွေးကြော်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​၏​။ လူ​တို့​က​လည်း “​ထာဝရဘုရား​သည် သူ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​ပြီ​”​ဟု တိုင်းနိုင်ငံ​တို့​အလယ်​တွင်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 3,
      "text": "ထာဝရဘုရား​သည် ငါ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ငါ​တို့​သည် ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​အကျွန်ုပ်​တို့​ကို နေဂေ့​အရပ်​မှ​ချောင်းရေ​များ​ကဲ့သို့ ပြန်လာ​စေ​တော်မူ​ပါ ​။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 5,
      "text": "မျက်ရည်​ဖြင့် မျိုးစေ့ကြဲ​သော​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ရိတ်သိမ်း​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 6,
      "text": "မျက်ရည်ကျ​လျက် ကြဲစရာ​မျိုးစေ့​ကို​သယ်ဆောင်​၍ ထွက်သွား​သော​သူ​သည် မိမိ​၏​ကောက်လှိုင်း​များ​ကို​သယ်ဆောင်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် မုချ​ပြန်လာ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 1,
      "text": "ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 2,
      "text": "စောစော​ထ​လျက်​၊ ညဥ့်နက်​မှ​အိပ်​လျက်​၊ ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​စားသောက်​လျက်​နေ​ခြင်း​သည် သင့်​အတွက် အချည်းနှီး​ဖြစ်​၏​။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ချစ်​တော်မူ​သော​သူ​အား အိပ်စက်​ရ​သော​အခွင့်​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 3,
      "text": "သားသမီး​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​ဖြစ်​ကြ​၏​။ ဖွားမြင်​သော​ရင်သွေး​သည် ဆုလာဘ်​တော်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 4,
      "text": "ပျိုရွယ်​စဉ်​ရ​သော​သားသမီး​တို့​သည် စစ်သူရဲ​လက်​၌​ရှိ​သော​မြား​တို့​နှင့်​တူ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 5,
      "text": "မိမိ​၏​မြားကျည်တောက်​ကို ထို​မြား​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ သူ​သည် တံခါးဝ​၌ ရန်သူ​များ​နှင့်​ရင်ဆိုင်​ပြောဆို​သောအခါ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 1,
      "text": "ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​သော​သူ​ရှိသမျှ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 2,
      "text": "သင်​သည် မိမိ​လက်​ဖြင့် လုပ်ဆောင်​ရရှိ​သော အသီးအပွင့်​ကို အမှန်ပင် စား​ရ​လိမ့်မည်​။ သင်​သည် မင်္ဂလာ​ရှိ​၍ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 3,
      "text": "သင့်​အိမ်​တွင် သင်​၏​မယား​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သင်​၏​သားသမီး​တို့​သည်​လည်း သံလွင်​ပျိုးပင်​များ​ကဲ့သို့ သင့်​စားပွဲ​ပတ်လည်​၌​ရှိ​နေ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 4,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​သည် ထိုကဲ့သို့ ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 5,
      "text": "ထာဝရဘုရား​သည် သင့်​ကို ဇိအုန်​မှ ကောင်းချီးပေး​တော်မူ​ပါစေသော​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဂျေရုဆလင်​မြို့​၏​ကောင်းကျိုးချမ်းသာ​ကို တွေ့မြင်​ရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 6,
      "text": "သင့်​သားသမီး​တို့​၏​သားသမီး​များ​ကို​လည်း တွေ့မြင်​ရ​ပါစေသော​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 1,
      "text": "“​ငါ​ငယ်ရွယ်​စဉ်ကပင် သူ​တို့​သည် ငါ့​ကို များစွာ​ညှဉ်းပန်းနှိပ်စက်​ကြ​၏​”​ဟု အစ္စရေး​လူမျိုး​တို့​သည် ဆို​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 2,
      "text": "ငါ​ငယ်ရွယ်​စဉ်ကပင် သူ​တို့​သည် ငါ့​ကို​များစွာ​ညှဉ်းပန်းနှိပ်စက်​ကြ​၏​။ သို့သော် ငါ့​ကို​အနိုင်​မ​ရ​ကြ​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 3,
      "text": "ထွန်ယက်​သော​သူ​တို့​သည် ငါ​၏​ကျောကုန်း​ပေါ်မှာ ရှည်လျား​သော​ထွန်ကြောင်း​များ​ကို ထွန်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 4,
      "text": "သို့သော် ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​ကို အပိုင်းပိုင်း​ဖြတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 5,
      "text": "ဇိအုန်​ကို​မုန်း​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​လျက် နောက်​သို့​ပြန်ဆုတ်​ကြ​ရ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 6,
      "text": "သူ​တို့​သည် အပင်​မ​ကြီး​မီ​ခြောက်သွေ့​သွား​သည့် အိမ်ခေါင်မိုး​ပေါ်မှ​မြက်ပင်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 7,
      "text": "ထို​မြက်ပင်​သည် ရိတ်​သော​သူ​အတွက် လက်တစ်ဆုပ်စာ​မျှ​မ​ရှိ​။ စည်း​သော​သူ​အတွက်​လည်း လက်​တစ်ပွေ့​စာ​မျှ​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 8,
      "text": "ဖြတ်သွား​သော​သူ​တို့​က​လည်း “​ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် သင်​တို့​အပေါ်​၌​ရှိ​ပါစေ​။ ငါ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​၌ သင်​တို့​ကို ကောင်းချီးပေး​ကြ​၏​”​ဟု​လည်း မ​ပြောဆို​ကြ​ချေ​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် နက်ရှိုင်း​ရာ​နေရာ​မှ ကိုယ်တော်​ကို​ခေါ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 2,
      "text": "အို ဘုရားရှင်​၊ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားစွင့်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 3,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဒုစရိုက်​များ​ကို မှတ်​ထား​တော်မူ​လျှင် မည်သူ​သည်​ခံရပ်​နိုင်​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 4,
      "text": "သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 5,
      "text": "ငါ​သည် ထာဝရဘုရား​ကို စောင့်မျှော်​၏​။ ငါ​၏​စိတ်ဝိညာဉ်​သည် စောင့်မျှော်​၏​။ ငါ​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​၏​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 6,
      "text": "ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက် အကယ်စင်စစ် ကင်းစောင့်​တို့​သည် နံနက်အချိန်​ကို​စောင့်မျှော်​ကြ​သည်​ထက် ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားရှင်​ကို စောင့်မျှော်​၏​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 7,
      "text": "အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။ အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။ ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 8,
      "text": "ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို သူ​တို့​၏​ဒုစရိုက်​ရှိသမျှ​တို့​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 131,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘဝင်မြင့်​ခြင်း​မ​ရှိ​ပါ​။ မျက်နှာ​ထောင်လွှား​ခြင်း​လည်း​မ​ရှိ​ပါ​။ ကြီးမား​၍ အကျွန်ုပ်​အတွက် အံ့မခန်း​ဖြစ်​ရ​သော​အမှု​များ​နှင့် ပတ်သက်​ခြင်း​လည်း​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 131,
      "verse": 2,
      "text": "အကယ်စင်စစ် မိမိ​၏​မိခင်​နှင့်အတူ​ရှိ​သည့် နို့ပြတ်​ပြီး​သော​ကလေးငယ်​ကဲ့သို့ အကျွန်ုပ်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ငြိမ်သက်​တိတ်ဆိတ်​စွာ​နေ​စေ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ နို့ပြတ်​ပြီး​သော​ကလေးငယ်​ကဲ့သို့​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 131,
      "verse": 3,
      "text": "အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက်​မျှော်လင့်ကိုးစား​လော့​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ဒါဝိဒ်​ကို​လည်းကောင်း​၊ သူ​ခံ​ခဲ့​ရ​သော​နှိပ်စက်​ခြင်း​အပေါင်း​တို့​ကို​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 2,
      "text": "သူ​သည် ထာဝရဘုရား​ကို​တိုင်တည်​၍ မည်သို့​ကျိန်ဆို​ခဲ့​သည်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင်​ကို မည်သို့​ကတိသစ္စာ​ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 3,
      "text": "သူ​က “​အကျွန်ုပ်​သည် ထာဝရဘုရား​စံမြန်း​တော်မူ​ရာ​အရပ်​တည်းဟူသော ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို မ​တွေ့​ရ​မ​ချင်း ကိုယ့်​နေရာ​အိမ်​သို့​မ​ပြန်​၊ ကိုယ့်​အိပ်ရာ​ခုတင်​ပေါ်သို့​မ​တက်​၊ ကိုယ့်​မျက်စိ​ကို​အိပ်​ခွင့်​၊ ကိုယ့်​မျက်လွှာ​ကို​ပိတ်​ခွင့်​မ​ပေး​ဘဲ​နေ​မည်​”​ဟု ကျိန်ဆို​၍​ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 6,
      "text": "ကြည့်ရှု​လော့​။ ဤ​အရာ​ကို ဧဖရတ်​အရပ်​တွင် ငါ​တို့​ကြား​၍ ယာအာ​တော​ထဲတွင် တွေ့​ခဲ့​ကြ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 7,
      "text": "ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သို့ သွား​ကြ​ကုန်စို့​။ ကိုယ်တော်​၏​ခြေတင်ခုံ​ရှေ့​၌ ပျပ်ဝပ်​ကြ​ကုန်စို့​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ထ​တော်မူ​၍ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော သေတ္တာ​တော်​နှင့်အတူ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​အရပ်​သို့ ကြွ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 9,
      "text": "ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​တို့​သည် ဖြောင့်မတ်​ခြင်း​ကို​ဝတ်ဆင်​ရ​ကြ​ပါစေသော​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​သည်​လည်း ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 10,
      "text": "ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​၏​မျက်နှာ​ကို​ထောက်၍ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 11,
      "text": "ထာဝရဘုရား​သည် ဒါဝိဒ်​အား သစ္စာ​နှင့်​ကျိန်ဆို​ပြီး ပြန်လည်​ရုပ်သိမ်း​တော်မူ​မည်​မ​ဟုတ်​သော​စကား​မှာ “​ငါ​သည် သင်​မှ​ပေါက်ဖွား​သော​ရင်သွေး​တစ်ဦး​ကို သင်​၏​ရာဇပလ္လင်​ပေါ်​ထိုင်​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 12,
      "text": "သင်​၏​သား​တို့​သည် ငါ​၏​ပဋိညာဉ်​နှင့် သူ​တို့​အား ငါ​သင်ကြား​ပေး​သော ငါ​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ကြ​လျှင် သူ​တို့​၏​သား​များ​သည်​လည်း သင်​၏​ရာဇပလ္လင်​ပေါ် အစဉ်အမြဲ​ထိုင်​ရ​ကြ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 13,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ဇိအုန်​ကို​ရွေးချယ်​ပြီး မိမိ​၏​ကိန်းဝပ်​ရာ​အရပ် ဖြစ်​စေရန် အလိုရှိ​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 14,
      "text": "“​ထို​အရပ်​သည် ငါ​၏​ငြိမ်ဝပ်​ရာ​အရပ် အစဉ်​ဖြစ်​၏​။ ထို​အရပ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ထို​အရပ်​၌ ငါ​ကိန်းဝပ်​မည်​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 15,
      "text": "ထို​အရပ်​ကို ကောင်းချီးပေး​မည်​။ စားနပ်ရိက္ခာ​ပေါများ​စေ​မည်​။ နွမ်းပါး​သော​သူ​တို့​ကို အစားအစာ​နှင့် ဝပြော​စေ​မည်​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 16,
      "text": "ထို​အရပ်​ရှိ ယဇ်ပုရောဟိတ်​တို့​ကို ကယ်တင်​ခြင်း​ဖြင့် ငါ​လွှမ်းခြုံ​မည်​။ ထို​အရပ်​မှ သန့်ရှင်း​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​လျက်​သီချင်းဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 17,
      "text": "ထို​အရပ်​၌ ဒါဝိဒ်​အတွက် ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ ငါ​ဘိသိက်ပေး​ထား​သော​သူ​အတွက် မီးခွက်​ကို ငါ​ပြင်ဆင်​ပြီ​။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 18,
      "text": "ငါ​သည် သူ​၏​ရန်သူ​တို့​အား အရှက်ကွဲ​ခြင်း​ကို​ဝတ်ဆင်​စေ​မည်​။ သူ့​အပေါ်​၌​မူကား သူ​၏​ဘုန်းသရဖူ​သည် ပွင့်လန်း​တောက်ပ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 133,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ညီအစ်ကို​တို့​သည် ညီညွတ်​စွာ​အတူတကွ နေထိုင်​ကြ​သည်​မှာ အလွန်​ကောင်းမြတ်​၍ အလွန်​နှစ်သက်​ကြည်နူး​ဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 133,
      "verse": 2,
      "text": "ခေါင်း​ပေါ်၌​သွန်းလောင်း​၍ မုတ်ဆိတ်​သို့​စီးဆင်း​သော​ဆီ​တည်းဟူသော အာရုန်​၏​မုတ်ဆိတ်​မှသည် သူ​၏​ဝတ်ရုံ​လည်ခွံ​တိုင်အောင်​စီးဆင်း​သည့် အဖိုးတန်​သော​ဆီ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 133,
      "verse": 3,
      "text": "ဇိအုန်​တောင်​များ​ပေါ်သို့​ကျ​သည့် ဟေရမုန်​တောင်​၏​နှင်းစက်​ကဲ့သို့​လည်း​ဖြစ်​၏​။ အကြောင်းမူကား ထိုသို့​နေထိုင်​ကြ​သော​အရပ်​၌ အစဉ်အမြဲ​အသက်ရှင်​ခြင်း​တည်းဟူသော ကောင်းချီးမင်္ဂလာ​ကို ထာဝရဘုရား​အပ်နှင်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 134,
      "verse": 1,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌ ည​စဉ်​အမှုထမ်း​ကြ​သော ထာဝရဘုရား​၏​အစေအပါး​အပေါင်း​တို့​၊ လာ​ကြ​လော့​။ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 134,
      "verse": 2,
      "text": "သန့်ရှင်းရာဌာန​တော်​ဘက်​သို့ သင်​တို့​၏​လက်​ကို​မြှောက်​၍ ထာဝရဘုရား​ကို​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 134,
      "verse": 3,
      "text": "ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​သည် ဇိအုန်​မှ သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 1,
      "text": "ဟာလေလုယ​။ ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​၏​အစေအပါး​တို့​၊"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 2,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌​လည်းကောင်း​၊ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တံတိုင်း​၌​လည်းကောင်း အမှုထမ်း​ကြ​သော ထာဝရဘုရား​၏​အစေအပါး​တို့​၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 3,
      "text": "ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​သည်​ဖြစ်၍ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် နှစ်လို​ဖွယ်​ကောင်း​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 4,
      "text": "အကယ်စင်စစ် ထာဝရဘုရား​သည် ယာကုပ်​ကို မိမိ​အတွက်​လည်းကောင်း​၊ အစ္စရေး​ကို မိမိ​၏​ဘဏ္ဍာ​အဖြစ်​လည်းကောင်း ရွေးချယ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 5,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​ကြောင်း​၊ ငါ​တို့​၏​အရှင်​သည် ဘုရား​တကာ​တို့​ထက် မြင့်မြတ်​တော်မူ​ကြောင်း​ကို ငါ​သိ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 6,
      "text": "ထာဝရဘုရား​သည် ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌​လည်းကောင်း​၊ ပင်လယ်​နှင့်​နက်ရှိုင်း​ရာ​အရပ်​ရှိသမျှ​တို့​၌​လည်းကောင်း အလို​တော်​ရှိ​သော​အရာ​အားလုံး​ကို ပြု​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 7,
      "text": "ကိုယ်တော်​သည် မိုးတိမ်​များ​ကို ကမ္ဘာမြေကြီး​အစွန်း​မှ​တက်လာ​စေ​၍ မိုး​နှင့်အတူ​လျှပ်စီး​များ​ကို​ဖြစ်ပေါ်​စေ​ကာ လေ​ကို မိမိ​၏​သိုလှောင်​တိုက်​မှ ထုတ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 8,
      "text": "ကိုယ်တော်​သည် အီဂျစ်​ပြည်​တွင် လူ​မှစ၍​တိရစ္ဆာန်​တိုင်အောင် သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 9,
      "text": "အို အီဂျစ်​ပြည်​၊ ကိုယ်တော်​သည် နိမိတ်လက္ခဏာ​များ​နှင့်​တန်ခိုးလက္ခဏာ​တို့​ကို သင်​၏​အလယ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 10,
      "text": "ကိုယ်တော်​သည် များစွာ​သော​လူမျိုး​ကို ဒဏ်ခတ်​လျက် အင်အားကြီး​သော​ရှင်ဘုရင်​တို့​ကို ကွပ်မျက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 11,
      "text": "၎င်း​တို့​တွင် အာမောရိ​ဘုရင် ရှိဟုန်​၊ ဗာရှန်​ဘုရင် ဩဃ​နှင့် ခါနာန်​တိုင်းနိုင်ငံ​အပေါင်း​တို့​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 12,
      "text": "ထို့နောက် ထို​သူ​တို့​၏​ပြည်​ကို အမွေ​အဖြစ်​၊ မိမိ​၏​လူမျိုး​တော်​အစ္စရေး​အတွက် အမွေ​အဖြစ်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 13,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဂုဏ်​သတင်း​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 14,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို​စစ်ကြောစီရင်​၍ မိမိ​၏​အစေအပါး​တို့​အပေါ် သနား​ကရုဏာ​ထား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 15,
      "text": "လူမျိုးခြား​တို့​၏​ရုပ်တု​များ​သည် ရွှေ​ငွေ​များ​ဖြစ်​ကြ​၏​။ လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 16,
      "text": "၎င်း​တို့​သည် နှုတ်​ရှိ​သော်လည်း စကား​မ​ပြော​နိုင်​ကြ​။ မျက်စိ​ရှိ​သော်လည်း မ​မြင်​နိုင်​ကြ​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 17,
      "text": "နား​ရှိ​သော်လည်း မ​ကြား​နိုင်​ကြ​။ ၎င်း​တို့​၏​ပါးစပ်​၌​လည်း ထွက်သက်ဝင်သက်​မ​ရှိ​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 18,
      "text": "၎င်း​တို့​ကို ပြုလုပ်​သော​သူ​နှင့် ယုံကြည်ကိုးစား​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကဲ့သို့​ဖြစ်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 19,
      "text": "အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ အို အာရုန်​၏​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 20,
      "text": "အို လေဝိ​၏​အမျိုးအနွယ်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 21,
      "text": "ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​တော်မူ​သော​ထာဝရဘုရား​သည် ဇိအုန်​၌ မင်္ဂလာရှိ​တော်မူ​၏​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 1,
      "text": "ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 2,
      "text": "ဘုရား​တကာ​တို့​၏​ဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 3,
      "text": "အရှင်​တကာ​တို့​၏​အရှင်​ကို ကျေးဇူးတင်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 4,
      "text": "ကြီးမား​၍​အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ ပြု​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 5,
      "text": "ဉာဏ်​တော်​အားဖြင့် ကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 6,
      "text": "မြေကြီး​ကို ရေပြင်​ပေါ်၌ ဖြန့်ကြက်​ထား​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 7,
      "text": "ကြီးမား​သော​အလင်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 8,
      "text": "ကိုယ်တော်​သည် နေ့​ကို​အုပ်စိုး​စေရန် နေ​ကို​ဖန်ဆင်း​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 9,
      "text": "ည​ကို​အုပ်စိုး​စေရန် လ​နှင့်​ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 10,
      "text": "အီဂျစ်​လူမျိုး​တို့​၏​သားဦး​များ​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 11,
      "text": "ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို ထို​သူ​တို့​အထဲ​မှ ထုတ်ဆောင်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 12,
      "text": "တန်ခိုးကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​ဖြင့် ထုတ်ဆောင်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 13,
      "text": "ပင်လယ်​နီ​ကို နှစ်​ပိုင်း​ခွဲ​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 14,
      "text": "ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို ထို​ပင်လယ်​၏​အလယ်​မှ​ဖြတ်သွား​စေ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 15,
      "text": "ဖာရော​မင်းကြီး​နှင့်​သူ​၏​တပ်​ကို​မူကား ပင်လယ်​နီ​ထဲ၌ လှဲချ​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 16,
      "text": "မိမိ​၏​လူမျိုး​တော်​ကို တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 17,
      "text": "ကြီးမြတ်​သော​ရှင်ဘုရင်​တို့​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 18,
      "text": "ကိုယ်တော်​သည် တန်ခိုးကြီး​သော​ရှင်ဘုရင်​များ​ကို ကွပ်မျက်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 19,
      "text": "၎င်း​တို့​တွင် အာမောရိ​ဘုရင် ရှိဟုန်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 20,
      "text": "ဗာရှန်​ဘုရင် ဩဃ​လည်း​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 21,
      "text": "ထို့နောက် ထို​သူ​တို့​၏​ပြည်​ကို အမွေ​အဖြစ်​ပေး​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 22,
      "text": "မိမိ​၏​အစေအပါး​အစ္စရေး​အတွက် အမွေ​အဖြစ်​ပေး​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 23,
      "text": "ငါ​တို့​နိမ့်ကျ​လျက်​ရှိ​စဉ် ကိုယ်တော်​သည် ငါ​တို့​ကို​အောက်မေ့​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 24,
      "text": "ငါ​တို့​၏​ရန်သူ​များ​ထံမှ​လည်း ငါ​တို့​ကို​ကယ်နုတ်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 25,
      "text": "ကိုယ်တော်​သည် ခပ်သိမ်း​သော​သတ္တဝါ​တို့​အား အစာ​ကို​ပေး​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 26,
      "text": "ကောင်းကင်ဘုံရှင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 1,
      "text": "ငါ​တို့​သည် ဘေဘီလုံ​မြစ်​တို့​အနား​တွင် ထိုင်​၍ ဇိအုန်​ကို​သတိရ​လျက် ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 2,
      "text": "ငါ​တို့​၏​စောင်း​များ​ကို မိုးမခပင်​များ​ပေါ်၌ ချိတ်​ထား​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 3,
      "text": "အကြောင်းမူကား ငါ​တို့​ကို​ဖမ်းဆီးခေါ်ဆောင်​လာ​သော​သူ​တို့​က ထို​အရပ်​၌ ငါ​တို့​ကို သီချင်း​များ​တောင်းဆို​ကြ​၏​။ ငါ​တို့​ကို​ညှဉ်းဆဲသောသူ​တို့​က​လည်း မိမိ​တို့​ပျော်ရွှင်မှု​အတွက် “​ဇိအုန်​သီချင်း​ကို ငါ​တို့​အား​ဆိုပြ​ကြ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 4,
      "text": "ငါ​တို့​သည် တိုင်းတစ်ပါးသား​တို့​ပြည်​၌ ထာဝရဘုရား​၏​သီချင်း​ကို မည်သို့​သီဆို​နိုင်​ကြ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 5,
      "text": "အို ဂျေရုဆလင်​မြို့​၊ သင့်​ကို​ငါ​မေ့လျော့​ခဲ့​လျှင် ငါ​၏​လက်ယာ​လက်​သည် မိမိ​၏​အတတ်​ကို​မေ့လျော့​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 6,
      "text": "သင့်​ကို ငါ​သတိ​မ​ရ​ခဲ့​လျှင်​လည်းကောင်း​၊ ဂျေရုဆလင်​မြို့​ကို ငါ့​ဝမ်းမြောက်​ခြင်း​၏​ထိပ်ဆုံး​၌ မ​ထားခဲ့​လျှင်​လည်းကောင်း ငါ​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​၏​နေ့ရက်​၌ “​ဖြိုဖျက်​ကြ​။ အောက်ခြေ​အထိ ဖြိုဖျက်​ကြ​”​ဟု ဆို​ကြ​သော ဧဒုံ​အမျိုးသား​တို့​ကို အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 8,
      "text": "အို ပျက်စီး​ခြင်း​သို့​ရောက်​မည့် ဘေဘီလုံ​၏​သမီး​၊ ငါ​တို့​အပေါ် သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​၌​ဆပ်ပေး​မည့်​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 9,
      "text": "သင်​၏​ကလေးသူငယ်​တို့​ကို​ဆွဲကိုင်​၍ ကျောက်​ပေါ်မှာ​ပစ်ပေါက်​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။ ဘုရား​များ​ရှေ့​၌ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 2,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​သန့်ရှင်း​သော ဗိမာန်တော်​သို့​မျက်နှာမူ​၍ ရှိခိုးကိုးကွယ်​ပါ​မည်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်​သမ္မာတရား​အတွက် နာမ​တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် နာမ​တော်​နှင့်​ကတိ​တော်​တို့​ကို အရာခပ်သိမ်း​တို့​ထက် ချီးမြှောက်​တော်မူ​ပြီ​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 3,
      "text": "အကျွန်ုပ်​ခေါ်​သော​နေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အစွမ်းသတ္တိ​နှင့်​ပြည့်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 5,
      "text": "ထာဝရဘုရား​၏​လမ်း​တော်​တို့​အကြောင်း​ကို​လည်း သီကျူး​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ကြီးမား​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 6,
      "text": "အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 7,
      "text": "အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲ​၌ ကျင်လည်​ရ​သော်လည်း ကိုယ်တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အမျက်ဒေါသ​အပေါ်​၌ မိမိ​၏​လက်​တော်​ကို​ဆန့်​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​မည်​။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ငါ့​အမှု​ကို ပြီးပြည့်စုံ​စေ​တော်မူ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​များ​ကို ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို စစ်ကြော​၍ သိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ထိုင်​ခြင်း​နှင့် ထ​ခြင်း​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အတွေးအကြံ​ကို အဝေး​ကပင် သိနားလည်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 3,
      "text": "အကျွန်ုပ်​၏​သွားလာ​ခြင်း​နှင့် အိပ်စက်နားနေ​ခြင်း​ကို ခွဲခြား​သိမြင်​တော်မူ​၏​။ အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​နှင့်​လည်း ကျွမ်းဝင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 4,
      "text": "အကျွန်ုပ်​၏​နှုတ်​၌ စကား​တစ်​ခွန်း​မျှ​မ​ရှိ​သော်လည်း အို ထာဝရဘုရား​၊ ထို​စကား​အလုံးစုံ​တို့​ကို ကိုယ်တော်​သိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 5,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို ရှေ့​နောက်​မှ​ကာဆီး​ပေး​၍ အကျွန်ုပ်​အပေါ်​၌ လက်​တော်​ကို​တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 6,
      "text": "ထိုသို့သော​အသိပညာ​သည် အကျွန်ုပ်​အတွက်​အံ့ဩဖွယ်​ကောင်း​လွန်း​ပါ​၏​။ မြင့်မား​လှ​သည်​ဖြစ်၍ အကျွန်ုပ်​မ​မီ​နိုင်​ပါ​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 7,
      "text": "ကိုယ်တော်​၏​ဝိညာဉ်​တော်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​သွား​နိုင်​ပါ​မည်နည်း​။ ကိုယ်တော်​၏​ရှေ့​တော်​မှောက်​မှ​လွတ်​ရန် မည်သည့်​အရပ်​သို့ အကျွန်ုပ်​ထွက်ပြေး​နိုင်​ပါ​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 8,
      "text": "အကျွန်ုပ်​သည် ကောင်းကင်​သို့​တက်​လျှင် ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။ မရဏာနိုင်ငံ​၌​အိပ်ရာခင်း​လျှင်​လည်း ထို​အရပ်​၌ ကိုယ်တော်​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 9,
      "text": "အရုဏ်ဦး​၏​တောင်ပံ​တို့​ကို​ဆောင်ယူ​လျက် သမုဒ္ဒရာ​၏​အစွန်အဖျား​၌ နေထိုင်​လျှင်​လည်း"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 10,
      "text": "ထို​အရပ်​၌ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ပို့ဆောင်​လျက်​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဆွဲကိုင်​လျက်​ရှိ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 11,
      "text": "“​အကယ်စင်စစ် အမှောင်​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​၍ အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​အလင်း​သည် ည​ဖြစ်သွား​လိမ့်မည်​”​ဟု အကျွန်ုပ်​ဆို​လျှင်​လည်း"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 12,
      "text": "ကိုယ်တော်​အတွက် အမှောင်​သည် မ​မှောင်​ပါ​။ ည​သည် နေ့​ကဲ့သို့​လင်း​ပါ​၏​။ မှောင်မည်း​ခြင်း​သည်​လည်း အလင်း​ကဲ့သို့​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 13,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​အတွင်းပိုင်း​တို့​ကို ဖန်ဆင်း​၍ အမိ​ဝမ်းတွင်း​၌ အကျွန်ုပ်​ကို​ဆက်စပ်​ဖွဲ့စည်း​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 14,
      "text": "အကျွန်ုပ်​ကို ကြောက်ရွံ့​အံ့ဩဖွယ်​ကောင်း​သော လက္ခဏာ​တို့​ဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩဖွယ်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကောင်း​စွာ​သိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 15,
      "text": "အကျွန်ုပ်​ကို မထင်ရှား​သော​အရပ်​၌ ဖန်ဆင်း​၍ မြေကြီး​၏​နက်သောအရပ်​၌ ယှက်ဖွဲ့​တော်မူ​သောအခါ အကျွန်ုပ်​၏​ကိုယ်ထည်​အကြမ်း​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကွယ်ဝှက်​၍​မ​နေ​ပါ​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 16,
      "text": "ကိုယ်တော်​၏​မျက်စိ​တော်​သည် ရုပ်လုံး​မ​ပေါ်​သေး​သော​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ကို မြင်​တော်မူ​၏​။ အကျွန်ုပ်​အတွက် စီမံ​ထား​သော​နေ့ရက်​များ တစ်​ရက်​မျှ​မ​ရှိ​မီ​ကပင် ၎င်း​တို့​ကို ကိုယ်တော်​၏​စာစောင်​၌ အကုန်အစင်​ရေးသား​ထား​ပြီး​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 17,
      "text": "အို ဘုရားသခင်​၊ ကိုယ်တော်​၏​အတွေးအကြံ​တို့​သည် အကျွန်ုပ်​အတွက် တန်ဖိုးကြီး​လှ​ပါ​၏​။ ၎င်း​တို့​အားလုံး​၏​ပမာဏ​သည် များပြား​လှ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 18,
      "text": "ထို​အတွေးအကြံ​တို့​ကို ရေတွက်​မည်​ဆို​လျှင် သဲပွင့်​များ​ထက်မက များပြား​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​နှင့်အတူ ဆက်၍​ရှိ​နေ​ဦး​မည်​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 19,
      "text": "အို ဘုရားသခင်​၊ ဆိုးယုတ်​သော​သူ​တို့​ကို ကိုယ်တော် ကွပ်မျက်​တော်မူ​လျှင် ကောင်း​ပေ​လိမ့်မည်​။ သွေးဆာ​သော​သူ​တို့​၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 20,
      "text": "ထို​သူ​တို့​သည် ကောက်ကျစ်​သော​သဘော​ဖြင့် ကိုယ်တော်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ ကိုယ်တော်​၏​ရန်သူ​တို့​သည် နာမ​တော်​ကို​အလွဲသုံးစား​ပြု​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 21,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို​လည်း အကျွန်ုပ် စက်ဆုပ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 22,
      "text": "အကျွန်ုပ်​သည် သူ​တို့​ကို​အမုန်းကြီး​မုန်း​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​များ​အဖြစ် မှတ်ယူ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 23,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​စစ်ကြော​၍ အကျွန်ုပ်​၏​စိတ်နှလုံး​ကို သိမြင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​၏​စိုးရိမ်ပူပန်မှု​တို့​ကို သိမြင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 24,
      "text": "အကျွန်ုပ်​သည် မှားယွင်း​သော​လမ်း​သို့​လိုက်​သည်​၊ မ​လိုက်​သည်​ကို ကြည့်ရှု​၍ အကျွန်ုပ်​ကို ထာဝရ​လမ်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ဆိုးညစ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို ကာကွယ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 2,
      "text": "သူ​တို့​သည် စိတ်နှလုံး​ထဲ၌ မကောင်းမှု​များ​ကို ကြံစည်​လျက် စစ်ပွဲ​များ​ဖြစ်ပွား​အောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်​တတ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 3,
      "text": "သူ​တို့​သည် မိမိ​တို့​လျှာ​ကို မြွေ​၏​လျှာ​ကဲ့သို့ ချွန်ထက်​စေ​တတ်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​အောက်​တွင် မြွေဆိုး​၏​အဆိပ်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 4,
      "text": "အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ခြေ​ထိုး​ရန်​ကြံစည်​သည့် ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို​ကာကွယ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 5,
      "text": "မောက်မာ​သော​သူ​တို့​သည် ကြိုး​များ​ဖြင့် အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။ သူ​တို့​သည် လမ်း​ပေါ်တွင်​ပိုက်ကွန်​ကို​ဖြန့်​ထား​လျက် အကျွန်ုပ်​အတွက် ထောင်ချောက်​များ​ဆင်​ထား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 6,
      "text": "“​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​အား အကျွန်ုပ်​လျှောက်ထား​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 7,
      "text": "အကျွန်ုပ်​အတွက် ကယ်တင်​ခြင်း​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော အို ဘုရားရှင်​ထာဝရဘုရား​၊ စစ်တိုက်​ရ​သော​နေ့​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို အုပ်မိုး​ကွယ်ကာ​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​တော်​မ​မူ​ပါ​နှင့်​။ သူ​၏​အကြံ​ကို​ထမြောက်​စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 9,
      "text": "အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​သော​သူ​တို့​သည် မာန်ထောင်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​မှ​ထွက်​သော​မကောင်းကျိုး​သည် သူ​တို့​ကို​ဖုံးလွှမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 10,
      "text": "မီးခဲ​များ​သည် သူ​တို့​အပေါ်​သို့​ကျရောက်​ပါစေသော​။ သူ​တို့​သည် မီး​ထဲသို့​လည်းကောင်း​၊ တွင်းနက်​ထဲသို့​လည်းကောင်း ပစ်ချ​ခြင်း​ခံရ​ပါစေသော​။ တစ်ဖန် မ​ထ​ကြ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 11,
      "text": "သူတစ်ပါး​ကို​အသရေပျက်​အောင် ပြောဆို​သော​သူ​တို့​သည် မြေကြီး​ပေါ်၌ တည်မြဲ​ခြင်း​မ​ရှိ​ကြ​ပါစေ​နှင့်​။ ဘေးအန္တရာယ်​သည် ရက်စက်ကြမ်းကြုတ်​သော​သူ​ကို လိုက်​၍ နှိမ်နင်း​ဖျက်ဆီး​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 12,
      "text": "ထာဝရဘုရား​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​၏ အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​တော်မူ​ကြောင်း ငါ​သိ​၏​။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 13,
      "text": "ဖြောင့်မတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို အမှန်ပင်​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နေထိုင်​ရ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​ထံသို့ အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သောအခါ အကျွန်ုပ်​၏​အသံ​ကို​စူးစိုက်​နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 2,
      "text": "အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း​၊ အကျွန်ုပ်​လက်​ကို​မြှောက်ချီ​ခြင်း​သည် နေဝင်ချိန်​၏​ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နှုတ်​ကို ကင်းချ​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​နှုတ်ခမ်း​တံခါး​ကို စောင့်ကြပ်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 4,
      "text": "အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ ဆိုးယုတ်​သော​အမှု​တို့​ကို​ပြု​စေရန် အကျွန်ုပ်​၏​စိတ်နှလုံး​ကို မကောင်းမှု​ဘက်​သို့​တိမ်းညွတ်​စေ​တော်​မ​မူ​ပါ​နှင့်​။ ထို​သူ​တို့​၏​စားကောင်းသောက်ဖွယ်​များ​ကို​လည်း အကျွန်ုပ်​မ​စား​ရ​ပါ​စေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 5,
      "text": "ဖြောင့်မတ်​သော​သူ​သည် အကျွန်ုပ်​ကို​ရိုက်​ပါစေသော​။ ဤသည်ကား မေတ္တာကရုဏာ​ထားရှိ​ခြင်း​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​ဆုံးမ​ပါစေသော​။ ဤသည်ကား ဦးခေါင်း​ကို​လိမ်း​သော​ဆီ​ဖြစ်​ပါ​၏​။ ထို့အတွက် အကျွန်ုပ်​၏​ဦးခေါင်း​သည် မ​ငြင်း​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် မကောင်းမှု​ပြု​သော​သူ​တို့​ကို ဆက်၍​ဆန့်ကျင်​ဆုတောင်း​နေ​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 6,
      "text": "သူ​တို့​ကို​စီရင်အုပ်ချုပ်​သော​သူ​တို့​သည် ချောက်ကမ်းပါး​အစွန်း​မှ တွန်းချ​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ထိုအခါ အကျွန်ုပ်​၏​စကား​များ​သည် နှစ်သက်ဖွယ်​ကောင်း​ကြောင်း သူ​တို့​ကြားသိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 7,
      "text": "မြေ​ကို​တူး​၍​ခွဲခြေ​လိုက်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အရိုး​များ​သည် မရဏာနိုင်ငံ​အဝင်ဝ​တွင် ပြန့်ကျဲ​လျက်​ရှိ​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 8,
      "text": "သို့သော် အို ဘုရားရှင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​မျှော်ကြည့်​ပါ​၏​။ ကိုယ်တော်​ကို​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ခိုကိုးရာမဲ့​ဖြစ်စေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 9,
      "text": "အကျွန်ုပ်​အတွက် သူ​တို့​ထောင်​ထား​သော ကျော့ကွင်း​မှ​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​၏ ထောင်ချောက်​မှ​လည်းကောင်း အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 10,
      "text": "အကျွန်ုပ်​သည် ထို​ကျော့ကွင်း​တို့​ကို ကျော်လွန်​သွား​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် မိမိ​တို့​ထောင်​ထား​သော ကျော့ကွင်း​ထဲသို့ အတူတကွ​ကျ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 1,
      "text": "ငါ​သည် ထာဝရဘုရား​ထံသို့ ငါ့​အသံ​ကို​လွှင့်​၍ အော်ဟစ်​၏​။ ထာဝရဘုရား​ထံသို့ ငါ့​အသံ​ကို​လွှင့်​၍ အသနားခံ​တောင်းလျှောက်​၏​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 2,
      "text": "ငါ​၏​စိတ်ဒုက္ခ​ကို ကိုယ်တော်​၏​ရှေ့​တော်​၌​ဖွင့်ဟ​လျက် ငါ​၏​ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ကြားလျှောက်​၏​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 3,
      "text": "အကျွန်ုပ်​၏​အတွင်း​ဝိညာဉ်​ညှိုးငယ်​သောအခါ ကိုယ်တော်​သာလျှင် အကျွန်ုပ်​၏​လမ်း​ကို​သိ​တော်မူ​၏​။ လူ​တို့​သည် အကျွန်ုပ်​လျှောက်​သော​လမ်း​၌ အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 4,
      "text": "လက်ယာ​ဘက်​သို့​ကြည့်​၍ သိမြင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​အသိအမှတ်​ပြု​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ထွက်ပြေးစရာ​လမ်း​လည်း​မ​ရှိ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဂရုစိုက်​သူ​လည်း​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​ပါ​၏​။ “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပြီး အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု အကျွန်ုပ်​ပြောဆို​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 6,
      "text": "အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် အခြေအနေ​အလွန်​နိမ့်ပါး​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ထံမှ ကယ်နုတ်​တော်မူ​ပါ​။ အကြောင်းမူကား ထို​သူ​တို့​သည် အကျွန်ုပ်​ထက် အင်အားကြီးမား​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 7,
      "text": "ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ချီးမွမ်း​နိုင်​ရန် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အချုပ်အနှောင်​ထဲမှ​ထုတ်ဆောင်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ကျေးဇူးပြု​တော်မူ​မည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို ဝန်းရံ​ထား​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​အသနားခံ​ခြင်း​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​အားဖြင့်​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့်​လည်းကောင်း အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 2,
      "text": "ကိုယ်တော်​၏​အစေအပါး​နှင့်အတူ တရားစီရင်​ရာ​သို့ ဝင်​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား အသက်ရှင်​သော​သူ​တစ်စုံတစ်ဦး​မျှ ကိုယ်တော်​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟူ၍​မ​ရှိ​ပါ​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 3,
      "text": "အကယ်စင်စစ် ရန်သူ​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လိုက်လံညှဉ်းဆဲ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မြေပြင်​အထိ​ချိုးဖဲ့ခြေမွှ​ပါ​၏​။ အကျွန်ုပ်​ကို ကာလ​ကြာမြင့်​စွာ​က​သေဆုံး​သွား​သူ​ကဲ့သို့ မှောင်မိုက်​သော​အရပ်​ထဲ၌​နေ​စေ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 4,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် အကျွန်ုပ်​အထဲ​၌ ညှိုးငယ်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အထဲ​၌ တုန်လှုပ်ချောက်ချား​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 5,
      "text": "အကျွန်ုပ်​သည် လွန်ခဲ့သော​နေ့ရက်​များ​ကို သတိရ​လျက် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ကို အကျွန်ုပ်​တွေးတောဆင်ခြင်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 6,
      "text": "အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို အလျင်အမြန်​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဝိညာဉ်​သည် အားအင်ကုန်ခန်း​ပါ​ပြီ​။ အကျွန်ုပ်​သည် သေတွင်း​ထဲသို့ ဆင်းသွား​သော​သူ​တို့​ကဲ့သို့ မ​ဖြစ်​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 8,
      "text": "နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အကျွန်ုပ်​အား​ကြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သွား​ရ​မည့်​လမ်း​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 9,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၌​ခိုလှုံ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 10,
      "text": "ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​နိုင်​ရန် အကျွန်ုပ်​ကို​သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို ညီညာ​သော​မြေပြင်​ပေါ်မှာ ပို့ဆောင်​တော်မူ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဆင်းရဲဒုက္ခ​ထဲမှ ထုတ်ဆောင်​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 12,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး ဖြစ်​သောကြောင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​၏​ရန်သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ရန်ဖက်ပြု​သော​သူ​အားလုံး​ကို​လည်း ဖျက်ဆီး​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 1,
      "text": "ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​၏​လက်​ကို စစ်မက်​အတွက်​လည်းကောင်း​၊ ငါ​၏​လက်ချောင်း​များ​ကို တိုက်ပွဲ​အတွက်​လည်းကောင်း လေ့ကျင့်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 2,
      "text": "ကိုယ်တော်​သည် ငါ​၏​မေတ္တာကရုဏာ​ရှင်​၊ ငါ​၏​ရဲတိုက်​၊ ငါ​၏​ခိုကိုး​ရာ​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ ငါ​သည် ကိုယ်တော်​ကို ခိုလှုံ​၏​။ ကိုယ်တော်​သည် ငါ​၏​လူမျိုး​ကို ငါ​အုပ်စိုး​ရ​သော​အခွင့်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ လူ​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​သိမှတ်​တော်မူ​ရ​သနည်း​။ လူ့​သား​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို​ပမာဏပြု​တော်မူ​ရ​သနည်း​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 4,
      "text": "လူ​သည် အခိုးအငွေ့​ကဲ့သို့​ဖြစ်​ပါ​၏​။ သူ​၏​နေ့ရက်​တို့​သည် ရိပ်ကနဲ​ဖြတ်သွား​သော အရိပ်​ကဲ့သို့​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 5,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းကင်​ကို​ညွှတ်​၍ ကြွဆင်း​တော်မူ​ပါ​။ တောင်​များ​မှ မီးခိုး​ထွက်လာ​စေရန် ၎င်း​တို့​ကို တို့ထိ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 6,
      "text": "လျှပ်စီး​ကို​လက်​စေ​လျက် ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​မြား​တို့​ကို​ပစ်လွှတ်​၍ သူ​တို့​ကို​အရေးနိမ့်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 7,
      "text": "မြင့်သောအရပ်​မှ လက်​တော်​ကို​ဆန့်​တော်မူ​ပါ​။ များစွာ​သော​ရေ​ထဲမှ​လည်းကောင်း​၊ တိုင်းတစ်ပါးသား​တို့​၏​လက်​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကို​ကယ်နုတ်​ပြီး လွတ်မြောက်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 8,
      "text": "သူ​တို့​၏​နှုတ်​သည် မဟုတ်မမှန်​ပြောဆို​တတ်​ပါ​၏​။ သူ​တို့​၏​လက်ယာ​လက်​သည်​လည်း လှည့်ဖြား​တတ်​သော​လက်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 9,
      "text": "အို ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ပါ​မည်​။ ဆယ်​ကြိုး​တပ်​စောင်းပြား​တီး​၍ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 10,
      "text": "ကိုယ်တော်​သည် ရှင်ဘုရင်​တို့​အား အောင်ပွဲ​ကို​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​ကို​လည်း ဆိုးဝါး​သော​ဓားဘေး​မှ​လွတ်မြောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 11,
      "text": "တိုင်းတစ်ပါးသား​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​ပြီး လွတ်မြောက်​စေ​တော်မူ​ပါ​။ သူ​တို့​၏​နှုတ်​သည် မဟုတ်မမှန်​ပြောဆို​တတ်​ပါ​၏​။ သူ​တို့​၏​လက်ယာ​လက်​သည်​လည်း လှည့်ဖြား​တတ်​သော​လက်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 12,
      "text": "အကျွန်ုပ်​တို့​၏​သား​များ​သည် သူ​တို့​ပျိုရွယ်​ချိန်​တွင် ကြီးထွား​တတ်​သော​ပျိုးပင်​များ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ အကျွန်ုပ်​တို့​၏​သမီး​များ​သည် နန်းတော်​အတွက် ထွင်းထု​ထား​သော ထောင့်ကျောက်​တိုင်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 13,
      "text": "အကျွန်ုပ်​တို့​၏​ကျီ​များ​သည် လယ်ယာထွက်ကုန် အမျိုးမျိုး​တို့​ဖြင့် ပြည့်​ကြ​ပါစေသော​။ အကျွန်ုပ်​တို့​၏​သိုး​များ​သည် အကျွန်ုပ်​တို့​၏ ကွင်းပြင်​များ​ထဲတွင် ထောင်သောင်း​မက ပွားများ​ကြ​ပါစေသော​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 14,
      "text": "အကျွန်ုပ်​တို့​၏​နွား​တို့​သည် ထမ်းပိုး​ကောင်း​ကြ​ပါစေသော​။ မြို့ရိုး​ကျိုးပေါက်​ခြင်း​မ​ရှိ​၊ သိမ်းသွား​ခံရ​ခြင်း​လည်း​မ​ရှိ​၊ အကျွန်ုပ်​တို့​၏​လမ်း​များ​၌ ငိုကြွေးပူဆွေး​ခြင်း​လည်း မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 15,
      "text": "ထိုသို့​သော​ကောင်းချီး​များ​ကို​ခံစား​ရ​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကို မိမိ​၏​ဘုရား​အဖြစ် ကိုးကွယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 1,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ကောင်းချီးထောမနာ​ပြု​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 2,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​ကို နေ့စဉ်နေ့တိုင်း​ကောင်းချီးထောမနာ​ပြု​၍ ကိုယ်တော်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက် ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 3,
      "text": "ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 4,
      "text": "မျိုးဆက်​တစ်​ဆက်​သည် နောက်​မျိုးဆက်​တစ်​ဆက်​အား ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ထောမနာပြု​ပြောဆို​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ အကြောင်း​ကို​လည်း ပြောကြား​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 5,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏ ဘုန်းကျက်သရေ​နှင့်​ဆိုင်​သည့် ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း ဆင်ခြင်အောက်မေ့​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 6,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​အံ့ဩ​ဖွယ်​ကောင်း​သော တန်ခိုး​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ကိုယ်တော်​၏ ကြီးမြတ်​တော်မူ​ခြင်း​အကြောင်း​ကို ပြောကြား​ပါ​မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 7,
      "text": "သူ​တို့​သည် ကိုယ်တော်​၏ ကြွယ်ဝ​သော​ကောင်းမြတ်​ခြင်း​နှင့်​ဆိုင်​သည့် အောက်မေ့စရာ​ကို မြွက်ဆို​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။ စိတ်ရှည်​၍ မေတ္တာကရုဏာ​ကြီးမား​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 9,
      "text": "ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။ မိမိ​ပြုလုပ်​ဖန်ဆင်း​သော​အရာ​အားလုံး​ကို​လည်း သနားစုံမက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 10,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​ပြုလုပ်​ဖန်ဆင်း​သော​အရာ​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 11,
      "text": "သူ​တို့​သည် ကိုယ်တော့်​နိုင်ငံ​၏ ဘုန်းအသရေ​တော်​အကြောင်း​ကို ပြောဆို​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​လည်း မြွက်ဆို​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 12,
      "text": "ဤသို့ဖြင့် ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ​နှင့် ကိုယ်တော့်​နိုင်ငံ​၏​ဘုန်းအသရေ​ခန့်ညားထည်ဝါမှု​ကို လူသား​တို့​အား သိမြင်​စေ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 13,
      "text": "ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​အုပ်စိုးမှု​သည်​လည်း မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 14,
      "text": "ထာဝရဘုရား​သည် လဲကျ​သော​သူ​ရှိသမျှ​တို့​ကို ထောက်မ​၍ ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​အပေါင်း​တို့​ကို ထူမ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 15,
      "text": "လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို မျှော်ကြည့်​ကြ​ပါ​၏​။ ကိုယ်တော်​သည်​လည်း အချိန်တန်​လျှင် သူ​တို့​အား အစားအစာ​ကို ပေး​တော်မူ​ပါ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 16,
      "text": "လက်​တော်​ကို​ဖွင့်​၍ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​၏ အလို​ကို ပြည့်စုံကြွယ်ဝ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 17,
      "text": "ထာဝရဘုရား​သည် မိမိ​၏​လမ်း​တော်​ရှိသမျှ​တို့​၌ ဖြောင့်မတ်​၍ မိမိ​ပြု​တော်မူ​သော​အမှု​ရှိသမျှ​တို့​၌ သစ္စာရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 18,
      "text": "ထာဝရဘုရား​သည် မိမိ​ကို​ခေါ်​သော​သူ​အားလုံး​၊ သမ္မာတရား​နှင့်အညီ မိမိ​ကို​ခေါ်​သော​သူ​အားလုံး​၏ အနီး​တွင်​ရှိ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 19,
      "text": "ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​၏ အလို​ကို ပြည့်စုံ​စေ​တော်မူ​၏​။ သူ​တို့​၏​အော်ဟစ်သံ​ကို​လည်း​ကြား​၍ သူ​တို့​ကို ကယ်တင်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 20,
      "text": "ထာဝရဘုရား​သည် မိမိ​ကို​ချစ်​သော​သူ​အပေါင်း​တို့​ကို စောင့်ရှောက်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​အပေါင်း​တို့​ကို​ကား ဖျက်ဆီး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 21,
      "text": "ငါ​၏​နှုတ်​သည် ထာဝရဘုရား​၏ ဂုဏ်ကျေးဇူး​တော်​ကို​မြွက်ဆို​မည်​။ သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​နာမ​တော်​ကို ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 1,
      "text": "ဟာလေလုယ​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို​ချီးမွမ်း​လော့​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 2,
      "text": "ငါ​သည် အသက်ရှင်​စဉ်အခါ ထာဝရဘုရား​ကို​ချီးမွမ်း​မည်​။ ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 3,
      "text": "မင်းအရာရှိ​များ​မှစ၍ ကယ်တင်​ခြင်း​မ​ပေး​နိုင်​သော လူသား​ကို မ​ကိုးစား​ကြ​နှင့်​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 4,
      "text": "သူ​တို့​၏​ဝိညာဉ်​ထွက်သွား​သောအခါ မြေကြီး​သို့ ပြန်သွား​ရ​၏​။ ထို​နေ့​၌ပင် သူ​တို့​၏​အကြံအစည်​တို့​သည် ပျက်စီး​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 5,
      "text": "ယာကုပ်​၏​ဘုရားသခင်​ကို မိမိ​၏​ကူညီမစ​သော​အရှင်​ဖြစ်စေ​သော​သူ​၊ မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​ကို မျှော်လင့်​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 6,
      "text": "ထို​ဘုရားသခင်​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။ သစ္စာ​တော်​သည် အစဉ်အမြဲ​တည်​၏​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 7,
      "text": "နှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​၍ ဆာလောင်မွတ်သိပ်​သော​သူ​တို့​အား အစားအစာ​ကို​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် ချုပ်ထား​ခြင်း​ခံရ​သော​သူ​တို့​ကို လွှတ်ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 8,
      "text": "ထာဝရဘုရား​သည် မျက်မမြင်​တို့​ကို မြင်​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​တို့​ကို ထူမ​တော်မူ​၏​။ ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ချစ်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 9,
      "text": "ထာဝရဘုရား​သည် တိုင်းတစ်ပါးသား​တို့​ကို စောင့်ရှောက်​၍ ဖတဆိုး​နှင့်​မုဆိုးမ​ကို ကူညီစောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ကို​ကား ကွေ့ကောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 10,
      "text": "ထာဝရဘုရား​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​လိမ့်မည်​။ အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​သည် ခေတ်ကာလ​အစဉ်အဆက် စိုးစံ​တော်မူ​လိမ့်မည်​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 1,
      "text": "ဟာလေလုယ​။ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ခြင်း​သည် အမှန်ပင်​ကောင်းမြတ်​ပေ​၏​။ ကိုယ်တော်​ကို​ချီးမွမ်း​ခြင်း​သည် သင့်လျော်​၍ အမှန်ပင်​နှစ်လို​ဖွယ်​ကောင်း​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့​ကို တည်ဆောက်​၍ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​ကို စုဝေး​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 3,
      "text": "ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 4,
      "text": "ကိုယ်တော်​သည် ကြယ်​တို့​၏​အရေအတွက်​ကို သတ်မှတ်​၍ ၎င်း​တို့​အားလုံး​ကို အမည်​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 5,
      "text": "ငါ​တို့​၏​အရှင်​သည် ကြီးမြတ်​တော်မူ​၏​။ တန်ခိုး​တော်​လည်း ကြီးမား​တော်မူ​၏​။ ကိုယ်တော်​၏​ထိုးထွင်းဉာဏ်​သည် အနန္တ​ဖြစ်​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 6,
      "text": "ထာဝရဘုရား​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​ကို မြေပြင်​အထိ​နိမ့်ကျ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 7,
      "text": "ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ထာဝရဘုရား​ထံ တေးဖွဲ့​သီဆို​ကြ​လော့​။ စောင်း​တီး​၍ ငါ​တို့​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 8,
      "text": "ကိုယ်တော်​သည် ကောင်းကင်​ကို​တိမ်တိုက်​များ​ဖြင့် ဖုံးလွှမ်း​လျက် မြေကြီး​အတွက် မိုးရေ​ကို​ပြင်ဆင်​၍ တောင်​များ​ပေါ်၌ မြက်ပင်​ကို​ပေါက်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 9,
      "text": "တိရစ္ဆာန်​မှစ၍ အော်မြည်​သော ကျီးကန်း​ကလေး​တို့​အား အစာ​ကို​ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 10,
      "text": "ကိုယ်တော်​သည် မြင်း​၏​ခွန်အား​ကို အလိုရှိ​တော်​မ​မူ​။ လူ​၏​ခြေ​တို့​ကို နှစ်သက်​တော်​မ​မူ​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 11,
      "text": "ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​များ​နှင့် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​များ​ကို နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 12,
      "text": "အို ဂျေရုဆလင်​၊ ထာဝရဘုရား​ကို​ထောမနာပြု​လော့​။ အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​ကို​ချီးမွမ်း​လော့​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 13,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​မြို့​တံခါး​ကန့်လန့်ကျင်​တို့​ကို ခိုင်ခံ့​စေ​၍ သင့်​အထဲ​၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 14,
      "text": "ကိုယ်တော်​သည် သင်​၏​နယ်နိမိတ်​ထဲ၌ ငြိမ်းချမ်းမှု​ရှိ​စေ​၍ အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် သင့်​ကို​ဝပြော​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 15,
      "text": "ကိုယ်တော်​သည် မိမိ​၏​မိန့်​တော်မူ​ချက်​ကို ကမ္ဘာမြေကြီး​ပေါ်သို့ စေလွှတ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် လျင်မြန်​စွာ​ပြေး​တတ်​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 16,
      "text": "ကိုယ်တော်​သည် နှင်းပွင့်​ကို သိုးမွေး​ကဲ့သို့​ချထား​တော်မူ​၏​။ နှင်းခဲ​ကို ပြာ​ကဲ့သို့​ပြန့်ကြဲ​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 17,
      "text": "မိမိ​၏​မိုးသီး​ကို မုန့်အစအန​များ​ကဲ့သို့ ပစ်ချ​တော်မူ​၏​။ ကိုယ်တော်​ချမ်းအေး​စေ​တော်မူ​ခြင်း​ကို မည်သူ​ခံနိုင်​မည်နည်း​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 18,
      "text": "ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ ၎င်း​တို့​ကို အရည်ပျော်​စေ​တော်မူ​၏​။ မိမိ​၏​လေ​ကို​တိုက်​စေ​တော်မူ​သောအခါ ရေ​တို့​သည် စီးဆင်း​ကြ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 19,
      "text": "ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ မိမိ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း ဖွင့်ပြ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 20,
      "text": "ကိုယ်တော်​သည် မည်သည့် လူမျိုးခြား​၌​မျှ ဤကဲ့သို့​ပြု​တော်​မ​မူ​ခဲ့​ပေ​။ ထို​လူမျိုးခြား​တို့​သည် ကိုယ်တော်​၏ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​သိ​ကြ​ပေ​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 1,
      "text": "ဟာလေလုယ​။ ထာဝရဘုရား​ကို ကောင်းကင်​ပေါ်မှ ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​ကို မြင့်မြတ်သောအရပ်​၌ ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 2,
      "text": "ကိုယ်တော်​၏​ကောင်းကင်တမန်​အပေါင်း​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 3,
      "text": "နေ​နှင့်​လ​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ တောက်ပ​သော​ကြယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 4,
      "text": "အမြင့်ဆုံးသောကောင်းကင်​နှင့် ကောင်းကင်​အထက်​မှ​ရေ​များ​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 5,
      "text": "၎င်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​ဖြင့် ဖန်ဆင်း​ခြင်း​ခံရ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​၏​နာမ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 6,
      "text": "ကိုယ်တော်​သည် ၎င်း​တို့​ကို ကာလ​အစဉ်အဆက်​တည်​စေ​၍ မ​ပျောက်ပျက်​နိုင်​သော​ပြဋ္ဌာန်းချက်​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 7,
      "text": "ရေသတ္တဝါကြီး​များ​နှင့် နက်ရှိုင်း​ရာ​အရပ်​ရှိသမျှ​၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 8,
      "text": "မီး​နှင့်​မိုးသီး​၊ နှင်းပွင့်​နှင့်​မြူခိုး​၊ ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​သော လေ​မုန်တိုင်း​၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 9,
      "text": "တောင်​များ​နှင့် တောင်ကုန်း​ရှိသမျှ​၊ သီးစားပင်​နှင့်​သစ်ကတိုးပင်​ရှိသမျှ​၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 10,
      "text": "တောရိုင်းတိရစ္ဆာန်​နှင့် ယဉ်ပါးသောတိရစ္ဆာန်​ရှိသမျှ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် ပျံသန်း​တတ်​သော​ငှက်​၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 11,
      "text": "ကမ္ဘာမြေကြီး​ပေါ်ရှိ ရှင်ဘုရင်​များ​နှင့် လူမျိုး​ရှိသမျှ​၊ အကြီးအကဲ​များ​နှင့် ကမ္ဘာမြေကြီး​ပေါ်ရှိ​စီရင်အုပ်ချုပ်​သူ​ရှိသမျှ​၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 12,
      "text": "လူပျို​များ​နှင့်​အပျို​များ​၊ အသက်ကြီး​သော​သူ​များ​နှင့်​ကလေးသူငယ်​များ​တို့​၊ ထာဝရဘုရား​ကို ကမ္ဘာမြေကြီး​ပေါ်မှ ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 13,
      "text": "ကိုယ်တော်​၏​နာမ​တော်​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​ဘုန်းကျက်သရေ​သည် မြေကြီး​နှင့် ကောင်းကင်​အထက်၌​ရှိ​တော်မူ​သောကြောင့် သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 14,
      "text": "ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​အတွက် ဦးချို​ကို​ချီးမြှောက်​တော်မူ​၏​။ ၎င်း​သည် မိမိ​၏​သန့်ရှင်း​သူ​အားလုံး​အတွက်​၊ မိမိ​အနီး​တွင်​ရှိ​သည့်​လူမျိုး​တည်းဟူသော အစ္စရေး​အမျိုးသား​တို့​အတွက် ချီးမွမ်း​ရာ​ဖြစ်​၏​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 1,
      "text": "ဟာလေလုယ​။ ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီဆို​ကြ​လော့​။ သန့်ရှင်း​သူ​တို့​၏​အစုအဝေး​၌ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 2,
      "text": "အစ္စရေး​လူမျိုး​သည် မိမိ​ကို​ဖန်ဆင်း​သော​အရှင်​၌ ဝမ်းမြောက်​ပါစေ​။ ဇိအုန်​သားသမီး​တို့​သည် မိမိ​တို့​၏​ရှင်ဘုရင်​၌ ရွှင်လန်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 3,
      "text": "သူ​တို့​သည် ကခုန်​လျက် ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေ​။ ပတ်သာ​နှင့်​စောင်း​ကို​တီး​၍ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 4,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို ကယ်တင်​ခြင်း​နှင့်​တင့်တယ်​စေ​တော်မူ​၏​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 5,
      "text": "သန့်ရှင်း​သူ​တို့​သည် ဘုန်းအသရေ​တော်​၌​ရွှင်မြူး​ကြ​ပါစေ​။ မိမိ​တို့​၏​အိပ်ရာ​ပေါ်၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 6,
      "text": "သူ​တို့​၏​နှုတ်​၌ ဘုရားသခင်​၏​ဂုဏ်တော်ချီးမွမ်း​ခြင်း​ရှိ​ကြ​ပါစေ​။ သူ​တို့​၏​လက်​၌​လည်း အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကို ကိုင်​ထား​ကြ​ပါစေ​။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 7,
      "text": "သူ​တို့​သည် တိုင်းနိုင်ငံ​များ​ကို​လက်တုံ့ပြန်​ခြင်း​နှင့် လူ​တို့​ကို​ဆုံးမ​ခြင်း​အမှု​တို့​ကို​ပြု​ရန်​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 8,
      "text": "ထို​သူ​တို့​၏​ရှင်ဘုရင်​များ​ကို သံကြိုး​ဖြင့်​ချည်နှောင်​၍ ထို​သူ​တို့​ထဲမှ​ဂုဏ်သရေရှိ​ပုဂ္ဂိုလ်​များ​ကို သံ​ခြေချင်း​ခတ်​ရန်​လည်းကောင်း​၊"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 9,
      "text": "ရေးသား​ထား​သော​တရားစီရင်ချက်​ကို ထို​သူ​တို့​အပေါ် သက်ရောက်​စေရန်​လည်းကောင်း​ဖြစ်​၏​။ ဤသည်ကား ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​၌​ရှိ​သော ခန့်ညားထည်ဝါမှု​ဖြစ်​၏​။ ဟာလေလုယ​။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 1,
      "text": "ဟာလေလုယ​။ သန့်ရှင်းရာဌာန​တော်​၌ ဘုရားသခင်​ကို​ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​တန်ခိုး​တော်​ထင်ရှား​ရာ မိုးမျက်နှာကြက်​ပေါ်မှာ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 2,
      "text": "ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​များ​ကြောင့် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အလွန်​ကြီးမြတ်​တော်မူ​ခြင်း​အတွက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 3,
      "text": "တံပိုး​မှုတ်​လျက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ စောင်းပြား​နှင့်​စောင်းကောက်​ကို​တီး​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 4,
      "text": "ပတ်သာတီး​လျက်​၊ ကခုန်​လျက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ကြိုးတပ်​တူရိယာ​များ​တီး​လျက်​၊ ပလွေ​များ​မှုတ်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 5,
      "text": "အသံလွင်​သော​လင်းကွင်း​များ​တီး​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။ အသံကျယ်​သော​လင်းကွင်း​များ​တီး​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 6,
      "text": "သက်ရှိသတ္တဝါ​အပေါင်း​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​ပါစေ​။ ဟာလေလုယ​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 1,
      "text": "ဒါဝိဒ်​၏​သား​တော်​၊ အစ္စရေး​ဘုရင်​၊ ရှောလမုန်​၏​သုတ္တံ​စကား​များ​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 2,
      "text": "ဤ​စကား​တို့​သည် ဉာဏ်ပညာ​နှင့်​ဆုံးမပဲ့ပြင်​ခြင်း​ကို သိရှိ​စေရန်​အတွက်​လည်းကောင်း​၊ အသိဉာဏ်​နှင့်ဆိုင်သော​စကား​တို့​ကို နားလည်​စေရန်​အတွက်​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 3,
      "text": "ပညာသတိ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​၊ ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​နှင့် သမာသမတ်​ရှိ​ခြင်း​ကို ရရှိ​စေရန်​အတွက်​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 4,
      "text": "အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား ဆင်ခြင်ဉာဏ်​ကို​ပေး​၍ လူငယ်​တို့​အား အသိပညာ​နှင့်​အလိမ္မာဉာဏ်​ကို ပေး​ရန်​အတွက်​လည်းကောင်း ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 5,
      "text": "ပညာရှိ​သော​သူ​သည် နားထောင်​၍ ပညာ​တိုးပွား​ပါစေ​။ အသိဉာဏ်​ရှိ​သော​သူ​သည်​လည်း လမ်းညွှန်​မှု​များ​ရရှိ​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 6,
      "text": "ဤသည်ကား သုတ္တံ​စကား​၊ ဥပစာ​စကား​မှစ၍ ပညာရှိ​တို့​၏​စကား​များ​နှင့် သူ​တို့​၏​ပဟေဠိ​များ​ကို နားလည်​စေရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 7,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသိပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။ ဆိုးမိုက်​သော​သူ​တို့​သည် ဉာဏ်ပညာ​နှင့် ဆုံးမပဲ့ပြင်​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 8,
      "text": "ငါ့​သား​၊ သင့်​ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို နားထောင်​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို​လည်း မ​ပစ်ပယ်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 9,
      "text": "အကြောင်းမူကား ထို​အရာ​တို့​သည် သင်​၏​ဦးခေါင်း​အတွက် တင့်တယ်​သော​ပန်းဦးရစ်​၊ သင်​၏​လည်ပင်း​အတွက် လည်ဆွဲ​ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 10,
      "text": "ငါ့​သား​၊ အပြစ်သား​တို့​သည် သင့်​ကို​သွေးဆောင်​လျှင် မ​လိုက်လျော​နှင့်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 11,
      "text": "အကယ်၍ သူ​တို့​က “​ငါ​တို့​နှင့်အတူ​လိုက်​ခဲ့​လော့​။ တစ်စုံတစ်ယောက်​ကို​သတ်ဖြတ်​ရန် ငါ​တို့​ချောင်းမြောင်း​ကြ​စို့​။ အကြောင်းမရှိ​ဘဲ အပြစ်ကင်း​သော​သူ​ကို ပုန်းအောင်း​တိုက်ခိုက်​ကြ​စို့​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 12,
      "text": "မရဏာနိုင်ငံ​ကဲ့သို့ သူ​တို့​ကို အရှင်လတ်လတ်​ဝါးမျို​လျက် သေတွင်း​ထဲသို့ တစ်ကိုယ်လုံး​ဆင်းသွား​ရ​သူ​များ​ကဲ့သို့ ဖြစ်​စေ​ကြ​စို့​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 13,
      "text": "ငါ​တို့​သည် အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​မျိုးစုံ​ကို တွေ့ရှိ​၍ လုယက်ပစ္စည်း​များ​ဖြင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 14,
      "text": "ငါ​တို့​နှင့် ဆိုးတူကောင်းဖက်​ပူးပေါင်း​လော့​။ ငါ​တို့​အားလုံး ပိုက်ဆံအိတ်​တစ်အိတ်တည်း​ထဲမှ ဝေမျှ​သုံးစွဲ​ကြ​စို့​”​ဟု ဆို​လျှင်လည်း"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 15,
      "text": "ငါ့​သား​၊ သူ​တို့​နှင့်အတူ ထို​လမ်း​ကို​မ​လိုက်​နှင့်​။ သူ​တို့​သွား​ရာ​လမ်း​သို့​မ​လိုက်​မိ​စေရန် သင်​၏​ခြေ​ကို​ထိန်းချုပ်​လော့​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 16,
      "text": "အကြောင်းမူကား သူ​တို့​၏​ခြေ​သည် မကောင်းမှု​ပြု​ရာ​သို့​ပြေးသွား​၍ သူ​တို့​သည် လူ​ကို​သတ်ဖြတ်​ရန် လျင်မြန်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 17,
      "text": "အမှန်စင်စစ် မည်သည့်​ကျေးငှက်​၏​မျက်စိ​ရှေ့​၌​မဆို ပိုက်ကွန်​ကို​ထောင်​လျှင် အလဟဿ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 18,
      "text": "ထို​သူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတ်ဖြတ်​ရန် ချောင်းမြောင်း​၍ ကိုယ့်​အသက်​ကို​ကိုယ် ပုန်းအောင်း​တိုက်ခိုက်​နေ​ကြ​ခြင်း​သာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 19,
      "text": "မတရား​သော​အကျိုး​စီးပွား​ကို တပ်မက်​သော​သူ​တိုင်း​၏​လမ်း​တို့​သည် ထိုကဲ့သို့​ဖြစ်​ကြ​၏​။ ထိုသို့သော​အကျိုးစီးပွား​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​တို့​၏​အသက်​ကို နုတ်ယူ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 20,
      "text": "ဉာဏ်ပညာ​သည် လမ်း​ပေါ်၌​ကြွေးကြော်​၍ လမ်းဆုံ​များ​၌ မိမိ​အသံ​ကို​လွှင့်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 21,
      "text": "ဆူညံ​သော​လမ်း​ထိပ်​မှ ဟစ်ခေါ်​၍ မြို့​တံခါး​အဝင်ဝ​တို့​၌​မြွက်ဆို​သော​စကား​ဟူမူကား"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 22,
      "text": "“​အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် အသိဉာဏ်​နည်းပါး​ခြင်း​ကို​နှစ်သက်​လျက်​၊ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည် မိမိ​တို့​၏​ပြက်ရယ်​ပြု​ခြင်း​၌​မွေ့လျော်​လျက်​၊ မိုက်မဲ​သော​သူ​တို့​သည် အသိပညာ​ကို​မုန်းတီး​လျက် မည်မျှ​ကြာ​အောင်​နေ​ကြ​ဦး​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 23,
      "text": "ငါ​ဆိုဆုံးမ​သော​စကား​ကို လိုက်နာ​ကြ​လော့​။ ကြည့်ရှု​လော့​။ ငါ​သည် ငါ​၏​ဝိညာဉ်​ကို သင်​တို့​အပေါ်​သို့​သွန်းလောင်း​မည်​။ ငါ​၏​စကား​များ​ကို သင်​တို့​အား သိ​စေ​မည်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 24,
      "text": "သို့သော် ငါ​ခေါ်​သောအခါ သင်​တို့​သည် ငြင်းပယ်​ကြ​၏​။ ငါ့​လက်​ကို​ဆန့်တန်း​သောအခါ မည်သူမျှ အလေး​မ​ထား​ကြ​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 25,
      "text": "သင်​တို့​သည် ငါ​ပေး​သော​အကြံဉာဏ်​အားလုံး​ကို လျစ်လျူရှု​ကြ​ပြီး ငါ​၏​ဆိုဆုံးမ​ခြင်း​ကို​လည်း အလို​မ​ရှိ​ကြ​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 26,
      "text": "ထို့ကြောင့် သင်​တို့​ဘေးဒုက္ခ​ရောက်​သောအခါ ငါ​ရယ်မော​မည်​။ ကြောက်မက်ဖွယ်ဘေး​သည် သင်​တို့​ထံသို့​ရောက်​သောအခါ ငါ​ပြက်ရယ်ပြု​မည်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 27,
      "text": "ကြောက်မက်ဖွယ်ဘေး​သည် လေပြင်းမုန်တိုင်း​ကဲ့သို့ သင်​တို့​အပေါ်​သက်ရောက်​သောအခါ​၌​လည်းကောင်း​၊ ဘေးဒုက္ခ​သည် လေပွေ​ကဲ့သို့ သင်​တို့​ထံ​ရောက်လာ​သောအခါ​၌​လည်းကောင်း​၊ ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​သည် သင်​တို့​အပေါ်​သက်ရောက်​သောအခါ​၌​လည်းကောင်း"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 28,
      "text": "သူ​တို့​သည် ငါ့​ကို​ခေါ်​ကြ​လိမ့်မည်​။ သို့သော် ငါ​သည် ထူး​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ့​ကို​ကြိုးစား​၍​ရှာ​ကြ​လိမ့်မည်​။ သို့သော် ငါ့​ကို​တွေ့​ရ​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 29,
      "text": "အကြောင်းမူကား သူ​တို့​သည် အသိပညာ​ကို​မုန်း​၍ ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို မ​ရွေးချယ်​ကြ​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 30,
      "text": "ငါ​၏​အကြံဉာဏ်​ကို​အလို​မ​ရှိ​ကြ​။ ငါ​၏​ဆိုဆုံးမစကား​အားလုံး​ကို​လည်း မထီလေးစား​ပြု​ခဲ့​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 31,
      "text": "ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ပြုမူကျင့်ကြံ​သော​အမှုအရာ​၏​အသီး​ကို​စား​၍ မိမိ​တို့​၏​အကျင့်အကြံ​များ​နှင့် ဝအီ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 32,
      "text": "အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။ မိုက်မဲ​သော​သူ​တို့​သည်​လည်း မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 33,
      "text": "သို့သော် ငါ့​စကား​ကို​နားထောင်​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​၍ ဘေးအန္တရာယ်​ကို မ​ကြောက်​ဘဲ အေးချမ်း​စွာ​နေ​ရ​လိမ့်မည်​။​”"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 1,
      "text": "ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 2,
      "text": "ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​လျက် ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​စိတ်နှလုံး​ကို တိမ်းညွတ်​စေ​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 3,
      "text": "အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 4,
      "text": "ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 5,
      "text": "သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍ ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 6,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 7,
      "text": "ကိုယ်တော်​သည် ဖြောင့်မှန်​သော​သူ​တို့​အတွက် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ကို​သိုမှီး​ထား​၍ တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​တို့​အတွက် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 8,
      "text": "တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 9,
      "text": "ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့် ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 10,
      "text": "ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍ အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 11,
      "text": "အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍ ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့်"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 12,
      "text": "မကောင်း​သော​လမ်း​မှ​လည်းကောင်း​၊ ဖောက်ပြန်လွဲမှား​သော​အရာ​တို့​ကို ပြောဆို​တတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 13,
      "text": "သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 14,
      "text": "မကောင်းမှု​ပြု​ခြင်း​၌​ဝမ်းမြောက်​၍ ဖောက်ပြန်လွဲမှား​သော​မကောင်းမှု​၌ ပျော်မွေ့​သော​သူ​များ​၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 15,
      "text": "ကွေ့ကောက်​သော​လမ်းစဉ်​နှင့် သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 16,
      "text": "အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့် စကား​တို့​ဖြင့်​မြှူဆွယ်​တတ်​သော ကိုယ်ကျင့်​တရား​ပျက်ပြား​သည့်​မိန်းမ​၏​လက်​မှ​လည်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 17,
      "text": "ထို​မိန်းမ​သည် မိမိ​ပျိုရွယ်​စဉ်​ကတည်းက ပေါင်းဖော်​ခဲ့​သော​သူ​ကို​စွန့်ပစ်​၍ မိမိ​ဘုရားသခင်​၏​ပဋိညာဉ်​ကို မေ့လျော့​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 18,
      "text": "သူ​၏​အိမ်​သည် သေ​ခြင်း​သို့​လည်းကောင်း​၊ သူ​၏​လမ်း​တို့​သည် သေသူ​၏ ဝိညာဉ်​များ ရှိ​ရာ​သို့​လည်းကောင်း ဆင်းသွား​၏​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 19,
      "text": "သူ့​ထံသို့​သွား​သော​သူ​တစ်စုံတစ်ဦး​မျှ ပြန်​မ​လာ​တော့​ပေ​။ အသက်ရှင်​ခြင်း​လမ်း​သို့​လည်း မ​ရောက်​နိုင်​တော့​ပေ​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 20,
      "text": "သို့ဖြစ်၍ သင်​သည် သူတော်ကောင်း​တို့​၏​လမ်း​ကို​လိုက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​လမ်းစဉ်​တို့​ကို စောင့်ထိန်း​ရ​မည်​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 21,
      "text": "ဖြောင့်မှန်​သော​သူ​တို့​သည် ပြည်​တော်​၌​နေထိုင်​ရ​၍ အပြစ်တင်စရာမရှိ​သော​သူ​တို့​သည် ထို​ပြည်​၌​မြဲ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 22,
      "text": "ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​မှ ဖယ်ရှား​ခြင်း​ခံရ​၍ သစ္စာမဲ့​သော​သူ​တို့​သည် ထို​ပြည်​မှ​နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 1,
      "text": "ငါ့​သား​၊ ငါ​၏​သွန်သင်ချက်​ကို မ​မေ့လျော့​နှင့်​။ ငါ​၏​ပညတ်ချက်​တို့​ကို​လည်း သင်​၏​စိတ်နှလုံး​သည် ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 2,
      "text": "အကြောင်းမူကား ၎င်း​တို့​သည် အသက်ရှည်​ခြင်း​၊ အသက်တာ​၏​နှစ်ကာလ​နှင့် ငြိမ်းချမ်းမှု​ကို သင်​၌ ထပ်ဖြည့်​ပေး​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 3,
      "text": "မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို သင့်​ထံမှ​စွန့်ခွာ​မ​သွား​စေ​နှင့်​။ ၎င်း​တို့​ကို သင်​၏​လည်ပင်း​၌​ဆွဲ​ထား​၍ သင့်​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 4,
      "text": "ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍ ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 5,
      "text": "ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 6,
      "text": "သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 7,
      "text": "ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 8,
      "text": "ထိုသို့​ပြု​ခြင်း​သည် သင်​၏​ကိုယ်ခန္ဓာ ​ကို ကျန်းမာ​စေ​၍ သင်​၏​အရိုး​တို့​ကို သန်စွမ်း​စေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 9,
      "text": "သင်​၏​စည်းစိမ်ဥစ္စာ​နှင့် သင်​ရရှိ​သမျှ​သော​အသီးအနှံ​၏​အသီးဦး​ဖြင့် ထာဝရဘုရား​ကို​ဂုဏ်ပြုချီးမွမ်း​လော့​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 10,
      "text": "သို့ပြုလျှင် သင်​၏​ကျီ​တို့​သည် ပြည့်နှက်​လျှံကျ​လျက် သင်​၏​စပျစ်သီးနယ်ရာကျင်း​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ပြည့်လျှံ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 11,
      "text": "ငါ့​သား​၊ ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်​။ ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ​၌​လည်း စိတ်​မ​ပျက်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 12,
      "text": "အကြောင်းမူကား ဖခင်​သည် နှစ်သက်​သော​သား​ကို ဆုံးမ​တတ်​သကဲ့သို့ ထာဝရဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 13,
      "text": "ဉာဏ်ပညာ​ကို​တွေ့ရှိ​သော​သူ​နှင့် ထိုးထွင်းဉာဏ်​ကို​ရရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 14,
      "text": "အကြောင်းမူကား ဉာဏ်ပညာ​မှ​ရရှိ​သော​အကျိုးအမြတ်​သည် ငွေ​မှ​ရရှိ​သော​အကျိုးအမြတ်​ထက် ပို၍​ကောင်း​၏​။ ၎င်း​၏​အမြတ်အစွန်း​သည်​လည်း ရွှေ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 15,
      "text": "ဉာဏ်ပညာ​သည် ပတ္တမြား​ထက်​အဖိုးတန်​၍ သင်​နှစ်သက်​သော​မည်သည့်​အရာ​နှင့်​မျှ နှိုင်းယှဉ်​၍​မ​ရ​နိုင်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 16,
      "text": "၎င်း​၏​လက်ယာ​လက်​၌ အသက်​ရှည်​ခြင်း​၊ လက်ဝဲ​လက်​၌ ဓနဥစ္စာ​နှင့် ဂုဏ်သရေ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 17,
      "text": "ဉာဏ်ပညာ​၏​လမ်း​များ​သည် နှစ်လို​ဖွယ်​သော​လမ်း​များ​ဖြစ်​ကြ​ပြီး ၎င်း​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ငြိမ်းချမ်း​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 18,
      "text": "ဉာဏ်ပညာ​သည် ၎င်း​ကို​ဆုပ်ကိုင်​ထား​သော သူ​တို့​အတွက် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စွဲကိုင်​ထား​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 19,
      "text": "ထာဝရဘုရား​သည် ဉာဏ်ပညာ​အားဖြင့် မြေကြီး​ကို​တည်​၍ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို မြဲမြံ​စေ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 20,
      "text": "ကိုယ်တော်​၏​အသိပညာ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​တို့​သည် ပေါက်ထွက် ၍ မိုးတိမ်​တို့​သည် နှင်း​ကို​တဖွဲဖွဲကျ​စေ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 21,
      "text": "ငါ့​သား​၊ မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​နှင့် အလိမ္မာဉာဏ်​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။ ၎င်း​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 22,
      "text": "သို့ပြုလျှင် ၎င်း​တို့​သည် သင်​၏​စိတ်ဝိညာဉ်​အတွက် အသက်​ဖြစ်​ပြီး သင်​၏​လည်ပင်း​အတွက် တင့်တယ်​သော​တန်ဆာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 23,
      "text": "ထိုအခါ သင်​သည် သင်​၏​လမ်းခရီး​တွင် ဘေးကင်းလုံခြုံ​စွာ​သွားလာ​ရ​၍ သင်​၏​ခြေ​သည် ခလုတ်တိုက်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 24,
      "text": "သင်​အိပ်​သောအခါ ကြောက်ရွံ့​ခြင်း​မ​ရှိ​ရ​။ သင်​အိပ်​သောအခါ နှစ်ခြိုက်​စွာ​အိပ်စက်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 25,
      "text": "ရုတ်တရက်​ကျရောက်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​အပေါ်​ကျရောက်​တတ်​သော ဖျက်ဆီး​ခြင်း​ဘေး​ကို​လည်းကောင်း ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 26,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် သင်​ယုံကြည်အားထား​ရာ​ဖြစ်​၍ သင်​၏​ခြေ​ကို ကျော့ကွင်း​၌​မ​မိ​စေရန် စောင့်ထိန်း​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 27,
      "text": "သင့်​လက်​ထဲ၌ ကောင်းကျိုး​ပြု​နိုင်စွမ်း​ရှိ​လျက်​နှင့် ထို​ကောင်းကျိုး​ကို​ခံထိုက်​သော​သူ​တို့​အား မပြု​ပေး​ဘဲ​မ​နေ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 28,
      "text": "သင်​၌​အဆင်သင့်​ရှိ​လျက်​နှင့် သင်​၏​အိမ်နီးချင်း​အား “​သွား​လော့​။ နောက်တစ်ဖန်​ပြန်လာ​လော့​။ မနက်ဖြန်​မှ ငါ​ပေး​မည်​”​ဟု မ​ပြော​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 29,
      "text": "သင့်​အနီး​တွင် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​သော သင်​၏​အိမ်နီးချင်း​အပေါ် မကောင်းမှု​ပြု​ရန် တွေးတော​ကြံစည်​ခြင်း​မ​ရှိ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 30,
      "text": "သင့်​အပေါ် မကောင်းမှု​မ​ပြု​သော​သူ​ကို အကြောင်းမဲ့​ရန်​မ​တွေ့​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 31,
      "text": "ရက်စက်ကြမ်းကြုတ်​သော​သူ​ကို​မ​ငြူစူ​နှင့်​။ သူ​ပြုမူကျင့်ကြံ​သော​အမှုအရာ​တစ်စုံတစ်ခု​ကို​မျှ မ​ရွေးချယ်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 32,
      "text": "အကြောင်းမူကား သွေဖည်​လွဲမှား​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​နှင့်​ကား ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 33,
      "text": "ထာဝရဘုရား​၏​ကျိန်​ခြင်း​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ပေါ်သို့​သက်ရောက်​၏​။ သို့သော် ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​ကို ကောင်းချီးပေး​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 34,
      "text": "ကိုယ်တော်​သည် ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​ကို ပြက်ရယ်​ပြု​တော်မူ​၏​။ စိတ်နှိမ့်ချ​သော​သူ​တို့​ကို​ကား ကျေးဇူး​တော်​ခံစား​စေ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 35,
      "text": "ပညာရှိ​သော​သူ​တို့​သည် ဂုဏ်သရေ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​မူကား အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 1,
      "text": "သားသမီး​တို့​၊ ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​နားထောင်​ကြ​လော့​။ အသိဉာဏ်​ကို​ရရှိ​ရန် အာရုံစိုက်​ကြ​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 2,
      "text": "အကြောင်းမူကား ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​ပညာ​ကို ပေး​၏​။ ငါ​၏​သွန်သင်ချက်​ကို မ​စွန့်ပယ်​ကြ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 3,
      "text": "ငါ​သည် ငါ့​ဖခင်​အတွက် သား​တစ်​ဦး​ဖြစ်​ပြီး ငါ့​မိခင်​ရှေ့​၌ နုနယ်​သည့်​တစ်ဦးတည်း​သော​သား​ဖြစ်​စဉ်က"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 4,
      "text": "ငါ​၏​ဖခင်​သည် ငါ့​ကို​သွန်သင်​လျက် မြွက်ဆို​သည်​မှာ “​ငါ့​စကား​တို့​ကို သင်​၏​စိတ်နှလုံး​ထဲ၌ စွဲမှတ်​ထား​လော့​။ ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 5,
      "text": "ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ အသိဉာဏ်​ကို​ဆည်းပူး​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို မ​မေ့လျော့​နှင့်​။ ၎င်း​တို့​မှ​သွေဖည်​မ​သွား​နှင့်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 6,
      "text": "ဉာဏ်ပညာ​ကို မ​စွန့်ပယ်​နှင့်​။ ၎င်း​သည် သင့်​ကို​စောင့်ထိန်း​လိမ့်မည်​။ ဉာဏ်ပညာ​ကို​ချစ်​လော့​။ ၎င်း​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 7,
      "text": "ဉာဏ်ပညာ​သည် အထွတ်အမြတ်​ဖြစ်​၏ ​။ ဉာဏ်ပညာ​ကို​ဆည်းပူး​လော့​။ သင်​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​ဖြင့် အသိဉာဏ်​ကို​ဆည်းပူး​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 8,
      "text": "ဉာဏ်ပညာ​ကို​မြတ်နိုး​လော့​။ ၎င်း​သည် သင့်​ကို ချီးမြှောက်​လိမ့်မည်​။ ဉာဏ်ပညာ​ကို​ပွေ့ဖက်​လျှင် ၎င်း​သည် သင့်​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 9,
      "text": "၎င်း​သည် တင့်တယ်​သော​ပန်းဦးရစ်​ကို သင်​၏​ခေါင်း​ပေါ်၌​တင်ပေး​၍ ဂုဏ်ကျက်သရေ​ရှိ​သော​သရဖူ​ကို သင့်​အား အပ်နှင်း​လိမ့်မည်​။​”"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 10,
      "text": "ငါ့​သား​၊ နားထောင်​လော့​။ ငါ့​စကား​ကို​ခံယူ​လော့​။ သို့ပြုလျှင် သင့်​အသက်တာ​၏​နှစ်ကာလ​တို့​သည် များပြား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 11,
      "text": "ငါ​သည် သင့်​အား ဉာဏ်ပညာ​လမ်း​ကို သွန်သင်ပြသ​၍ ဖြောင့်မှန်​သော​လမ်း​များ​ထဲ၌ သင့်​ကို​ဦးဆောင်​လမ်းပြ​ခဲ့​ပြီ​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 12,
      "text": "သင်​လမ်းလျှောက်​သောအခါ သင်​၏​ခြေလှမ်း​သည် တားဆီးနှောင့်ယှက်​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။ သင်​ပြေး​သောအခါ​လည်း ခလုတ်တိုက်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 13,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို​ဆုပ်ကိုင်​ထား​လော့​။ လွတ်​မ​သွား​စေ​နှင့်​။ ၎င်း​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် သင်​၏​အသက်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 14,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ထဲသို့ မ​ဝင်​နှင့်​။ မကောင်းမှု​ပြု​သော​သူ​တို့​သွား​ရာ​လမ်း​ကို​လည်း မ​လိုက်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 15,
      "text": "ထို​လမ်း​ကို​ရှောင်​လော့​။ ဖြတ်​မ​သွား​နှင့်​။ ထို​လမ်း​မှ​ဖယ်ခွာ​၍​ဆက်သွား​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 16,
      "text": "အကြောင်းမူကား သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို​မ​ပြု​ရ​လျှင် အိပ်​မ​ပျော်​နိုင်​ကြ​။ တစ်စုံတစ်ဦး​ကို​ခလုတ်တိုက်​အောင်​မ​ပြု​ရ​လျှင် မအိပ်စက်​နိုင်​ကြ​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 17,
      "text": "အကယ်စင်စစ် သူ​တို့​သည် ဆိုးယုတ်ခြင်း​မုန့်​ကို​စား​၍ ရက်စက်ကြမ်းကြုတ်​ခြင်း​စပျစ်ဝိုင်​ကို သောက်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 18,
      "text": "သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 19,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​သည် မှောင်မိုက်​ကဲ့သို့​ဖြစ်၍ သူ​တို့​သည် မည်သည့်​အရာ​နှင့်​ခလုတ်တိုက်​မိ​သည်​ကို မ​သိ​ကြ​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 20,
      "text": "ငါ့​သား​၊ ငါ​ပြောဆို​သော​အရာ​တို့​ကို အာရုံစိုက်​နားထောင်​လော့​။ ငါ့​စကား​တို့​ကို နားစွင့်​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 21,
      "text": "ထို​စကား​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။ သင်​၏​စိတ်နှလုံး​အတွင်း​၌ ထိန်းသိမ်း​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 22,
      "text": "အကြောင်းမူကား ထို​စကား​တို့​သည် ၎င်း​တို့​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် အသက်​ဖြစ်​ပြီး သူ​တို့​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ကျန်းမာ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 23,
      "text": "သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 24,
      "text": "ကောက်ကျစ်​သော​နှုတ်​ကို သင့်​ထံမှ​ဖယ်ရှား​လော့​။ စဉ်းလဲ​သော​နှုတ်ခမ်း​ကို​လည်း သင်​နှင့်​ဝေးကွာ​စေ​လော့​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 25,
      "text": "သင်​၏​မျက်စိ​သည် ရှေ့​သို့​စေ့စေ့ကြည့်​ပါစေ​။ သင်​၏​မျက်လွှာ​သည်​လည်း သင့်​ရှေ့​တည့်တည့်​အာရုံ​ပြု​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 26,
      "text": "သင်​လျှောက်​ရာ​လမ်း ​ကို​ချင့်ချိန်သုံးသပ်​လော့​။ သို့ပြုလျှင် သင်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် တည်မြဲ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 27,
      "text": "လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လှည့်​နှင့်​။ သင်​၏​ခြေ​ကို မကောင်းမှု​မှ ဖယ်ခွာ​စေ​လော့​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 1,
      "text": "ငါ့​သား​၊ ငါ​၏​ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​၍ ငါ​၏​ထိုးထွင်းဉာဏ်​ကို​နားစွင့်​လော့​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 2,
      "text": "သို့ပြုလျှင် သင်​သည် အလိမ္မာဉာဏ်​ကို​စောင့်ထိန်း​နိုင်​၍ သင်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​နိုင်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 3,
      "text": "အကြောင်းမူကား အကျင့်​ဖောက်ပြား​သော​မိန်းမ​၏​နှုတ်ခမ်း​မှ ပျားရည်​ယိုစီး​၍ သူ​၏​နှုတ်​သည် ဆီ​ထက်​ချောမွေ့​၏​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 4,
      "text": "သို့သော် နောက်ဆုံး​၌ သူ​သည် ဒေါန​ကဲ့သို့​ခါး​၍ အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကဲ့သို့ ထက်​၏​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 5,
      "text": "သူ​၏​ခြေ​သည် သေ​ခြင်း​သို့​ဆင်းသွား​၍ သူ​၏​ခြေလှမ်း​တို့​သည် မရဏာနိုင်ငံ​သို့ ဦးတည်​လျက်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 6,
      "text": "သူ​သည် အသက်ရှင်​ခြင်း​လမ်း​ကို ချင့်ချိန်သုံးသပ်​ခြင်း​မ​ရှိ​။ သူ​၏​လမ်း​တို့​သည် ဦးတည်ရာမဲ့​ဖြစ်​နေ​သည်​ကို သူ​မ​သိ​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 7,
      "text": "သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​မှ​လည်း ဖယ်ခွာ​မ​သွား​ကြ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 8,
      "text": "သင်​၏​လမ်း​ကို ထိုသို့သော​မိန်းမ​နှင့် ဝေးကွာ​စေ​လော့​။ သူ​၏​အိမ်​တံခါး​အနီး​သို့​လည်း မ​ချဉ်းကပ်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 9,
      "text": "သို့မဟုတ်လျှင် သင်​သည် သင်​၏​ဂုဏ်သိက္ခာ​ကို သူတစ်ပါး​တို့​အား​လည်းကောင်း​၊ သင်​၏​နှစ်ကာလ​များ​ကို ရက်စက်​သော​သူ​အား​လည်းကောင်း ပေးအပ်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 10,
      "text": "သူစိမ်း​တို့​သည် သင်​၏​စည်းစိမ်​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​၍ သင်​ခက်ခဲပင်ပန်း​စွာ​ရှာထား​သော​အရာ​တို့​သည် တစ်ပါးအမျိုးသား​၏​အိမ်​သို့ ရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 11,
      "text": "နောက်ဆုံး​၌ သင်​၏​အသွေးအသား​နှင့် သင်​၏​ကိုယ်ခန္ဓာ​သည် ပျက်စီး​သောအခါ သင်​သည် ညည်းတွား​လျက်"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 12,
      "text": "“​ငါ​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၍ ငါ​၏​စိတ်နှလုံး​သည် ဆိုဆုံးမစကား​ကို မထီလေးစား​ပြု​ခဲ့​၏​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 13,
      "text": "ငါ့​ဆရာ​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​၊ ငါ့​ကို​သင်ကြား​ပေး​သော​သူ​တို့​ကို​လည်း နားစွင့်​ခြင်း​မ​ရှိ​ခဲ့​ပေ​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 14,
      "text": "ငါ​သည် လူအစုအဝေး​နှင့်​လူထုပရိသတ်​အလယ်​၌ လုံးလုံး​ပျက်စီး​သော​သူ​ဖြစ်​လုနီး​ပြီ​တကား​”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 15,
      "text": "သင်​၏​ရေလှောင်တွင်း​ထဲမှ​ရေ​၊ သင်​၏​ရေတွင်း​ထဲမှ​ထွက်​သော​ရေ​ကို သောက်​လော့​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 16,
      "text": "သင်​၏​စမ်းရေ​များ​ကို လမ်း​ပေါ်သို့​လျှံထွက်​စေ​၍ လမ်းမ​များ​ကို ရေစီး​သော​ချောင်း​များ​ဖြစ်​စေ​ရ​သလော​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 17,
      "text": "၎င်း​တို့​ကို သင်​တစ်ဦးတည်း​အတွက်​သာ ဖြစ်​စေ​လော့​။ သင့်​ထံ၌​ရှိ​သော​သူစိမ်း​များ​အတွက် မ​ဖြစ်​စေ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 18,
      "text": "သင်​၏​စမ်းရေတွင်း​သည် မင်္ဂလာရှိ​ပါစေ​။ သင်​ပျိုရွယ်​စဉ်​ကတည်းက​ပေါင်းဖက်​ခဲ့​သော​မယား​၌ ဝမ်းမြောက်​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 19,
      "text": "သူ​သည် ချစ်ဖွယ်​ကောင်း​သော​သမင်မ​၊ တင့်တယ်​သော​ဒရယ်မ​ကဲ့သို့​ဖြစ်​၏​။ သူ​၏​သားမြတ်​သည် သင့်​ကို​အစဉ်အမြဲ ကျေနပ်အားရ​စေ​၍ သူ​၏​အချစ်​၌ သင်​သည် အစဉ်မပြတ်​ယစ်မူး​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 20,
      "text": "ငါ့​သား​၊ သင်​သည် အဘယ်ကြောင့် အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့်​ယစ်မူး​၍ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ရင်​ကို ပွေ့ဖက်​ရ​သနည်း​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 21,
      "text": "အကယ်စင်စစ် လူ​သွား​ရာ​လမ်း​တို့​သည် ထာဝရဘုရား​၏​မျက်မှောက်​တော်​၌​ရှိ​၍ ကိုယ်တော်​သည် သူ​၏​လမ်း​ရှိသမျှ​တို့​ကို ချင့်ချိန်သုံးသပ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 22,
      "text": "ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 23,
      "text": "သူ​သည် ဆုံးမပဲ့ပြင်​ခြင်း​မ​ခံရ​သောကြောင့် သေ​ရ​လိမ့်မည်​။ သူ​၏​ကြီးမား​သော​မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 1,
      "text": "ငါ့​သား​၊ သင်​သည် သင်​၏​အိမ်နီးချင်း​အတွက် အာမခံ​မိ​၍ သူစိမ်း​အတွက် တာဝန်ခံ​မိ​လျှင်"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 2,
      "text": "ကိုယ့်​နှုတ်ထွက်​စကား​နှင့်​ကိုယ်​ကျော့မိ​၍ ကိုယ့်​နှုတ်ထွက်​စကား​နှင့်​ကိုယ် အဖမ်း​ခံရ​လေ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 3,
      "text": "ယခု​သင်​သည် သင်​၏​အိမ်နီးချင်း​လက်​သို့ ကျရောက်​လေ​ပြီ​။ ထို့ကြောင့် ငါ့​သား​၊ ဤသို့​ပြု​၍ ကိုယ့်ကိုယ်ကိုယ်​ကယ်နုတ်​လော့​။ သင်​၏​အိမ်နီးချင်း​ထံ​သွား​၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​လျက် ကြပ်ကြပ်​တောင်းပန်​လော့​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 4,
      "text": "သင့်​မျက်စိ​ကို အိပ်စက်​ခွင့်​မ​ပြု​နှင့်​။ သင့်​မျက်လွှာ​ကို​လည်း ပိတ်​ခွင့်​မ​ပြု​နှင့်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 5,
      "text": "ဒရယ်​သည် အမဲလိုက်သူ​လက်​မှ​လည်းကောင်း​၊ ငှက်​သည် ငှက်မုဆိုး​လက်​မှ​လည်းကောင်း လွတ်မြောက်​သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်​လွတ်မြောက်​အောင်​ပြု​လော့​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 6,
      "text": "အချင်း​လူပျင်း​၊ ပုရွက်ဆိတ်​ထံသို့​သွား​၍ ၎င်း​၏​လုပ်ဆောင်မှု​တို့​ကို​ကြည့်ရှုဆင်ခြင်​လျက် ဉာဏ်ပညာရှိ​လော့​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 7,
      "text": "ပုရွက်ဆိတ်​သည် ဦးစီးဦးဆောင်​သူ​မ​ရှိ​၊ ကြီးကြပ်သူ​မ​ရှိ​၊ အုပ်စိုး​သူ​လည်း​မ​ရှိ​ဘဲ​လျက်"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 8,
      "text": "နွေရာသီ​၌ မိမိ​အစားအစာ​ကို​ပြင်ဆင်​၍ ရိတ်သိမ်း​ချိန်​၌ မိမိ​စားစရာ​ကို ရှာဖွေ​စုဆောင်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 9,
      "text": "အချင်း​လူပျင်း​၊ သင်​သည် မည်မျှ​ကြာ​အောင် အိပ်​လျက်​နေ​မည်နည်း​။ မည်သည့်​အချိန်​မှ အိပ်ရာ​ထ​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 10,
      "text": "ခဏ​အိပ်​လျက်​၊ ခဏ​ငိုက်​လျက်​၊ ခဏ​လက်ပိုက်​အနားယူ​လျက်​နေစဉ်"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 11,
      "text": "ဆင်းရဲ​ခြင်း​သည် သူခိုးဓားပြ​ကဲ့သို့​လည်းကောင်း​၊ ချို့တဲ့​နွမ်းပါး​ခြင်း​သည် လက်နက်​ကိုင်ဆောင်​သူ​ကဲ့သို့​လည်းကောင်း သင့်​ထံသို့​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 12,
      "text": "ဆိုးညစ်​သော​သူ​နှင့် ယုတ်ညံ့​သော​သူ​သည် ကောက်ကျစ်​သော​နှုတ်​ဖြင့်​လှည့်လည်​သွားလာ​ကာ"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 13,
      "text": "မျက်စိ​ကို​မှိတ်ပြ​လျက်​၊ ခြေ​ဖြင့်​အမှတ်ပြု​လျက်​၊ လက်ချောင်း​တို့​ဖြင့်​အချက်ပေး​လျက်​၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 14,
      "text": "ဖောက်ပြန်လွဲမှား​သော​စိတ်နှလုံး​ဖြင့် မကောင်းမှု​ကို​တွေးတော​ကြံစည်​လျက် ငြင်းခုံ​ရန်တွေ့​ခြင်း​ကို အစဉ်အမြဲ​ဖြစ်ပွား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 15,
      "text": "ထို့ကြောင့် ဘေးဒုက္ခ​သည် သူ့​အပေါ်​ရုတ်တရက်​ကျရောက်​သဖြင့် သူ​သည် ချမ်းသာ​ရာ​မ​ရ​ဘဲ ချက်ချင်း​ပျက်စီး​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 16,
      "text": "ထာဝရဘုရား​မုန်း​တော်မူ​သော​အရာ​ခြောက်​ပါး​မက ကိုယ်တော်​၏​စိတ်ဝိညာဉ် စက်ဆုပ်ရွံရှာ​တော်မူ​သော​အရာ​ခုနစ်​ပါး​မှာ"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 17,
      "text": "ထောင်လွှား​သော​မျက်နှာ​၊ မုသားသုံး​သော​လျှာ​၊ အပြစ်ကင်း​သော​သူ​ကို​သတ်ဖြတ်​သော​လက်​၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 18,
      "text": "ယုတ်ညံ့​သော​အကြံအစည်​များ​ကို တွေးတော​ကြံစည်​သော​စိတ်နှလုံး​၊ မကောင်းမှု​ပြု​ရာ​သို့ အလျင်အမြန်​ပြေး​သော​ခြေ​၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 19,
      "text": "လိမ်လည်​ထွက်ဆို​သော​မုသား​သက်သေ​နှင့် ညီအစ်ကို​တို့​ကြား​၌ အငြင်းပွားမှု​များ​ဖြစ်ပွား​စေ​သော သူ​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 20,
      "text": "ငါ့​သား​၊ သင့်​ဖခင်​၏​ပညတ်ချက်​ကို လိုက်နာကျင့်သုံး​လော့​။ သင့်​မိခင်​၏​သွန်သင်ချက်​ကို မ​ပစ်ပယ်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 21,
      "text": "၎င်း​တို့​ကို သင်​၏​စိတ်နှလုံး​တွင် အစဉ်မပြတ်​ချည်​ထား​၍ သင်​၏​လည်ပင်း​၌​ဆွဲထား​လော့​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 22,
      "text": "၎င်း​တို့​သည် သင်​သွားလာ​သောအခါ သင့်​ကို​ပို့ဆောင်​လိမ့်မည်​။ သင်​အိပ်​သောအခါ သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။ သင်​နိုး​သောအခါ သင့်​ကို​စကားပြော​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 23,
      "text": "အကြောင်းမူကား ပညတ်ချက်​သည် မီးခွက်​ဖြစ်​၍ သွန်သင်ချက်​သည် အလင်း​ဖြစ်​၏​။ ဆုံးမပဲ့ပြင်​ပေး​သော​ဆိုဆုံးမစကား​တို့​သည်​လည်း အသက်​လမ်း​ဖြစ်၍"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 24,
      "text": "မကောင်း​သော​မိန်းမ​၏​ဘေးရန်​မှ​လည်းကောင်း​၊ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ချော့မြှူ​သော​စကား​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 25,
      "text": "သင်​၏​စိတ်နှလုံး​ထဲတွင် ထို​မိန်းမ​၏​အလှ​ကို မ​တပ်မက်​နှင့်​။ သူ့​မျက်လွှာ​ဖြင့် ညှို့ယူ​ဖမ်းစား​ခြင်း​ကို​မ​ခံ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 26,
      "text": "အကြောင်းမူကား ပြည့်တန်ဆာ​မ​တစ်​ယောက်​ကို မုန့်​တစ်​လုံး​ဖြင့်​ရ​နိုင်​၏​။ လင်ရှိမယား​မူကား အဖိုးတန်​သော​အသက်​ကို လိုက်ဖမ်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 27,
      "text": "လူ​သည် မိမိ​အဝတ်​ကို မ​လောင်​စေ​ဘဲ မိမိ​ရင်ခွင်​၌ မီး​ကို​ပွေ့ပိုက်​နိုင်​မည်လော​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 28,
      "text": "သို့မဟုတ် သူ​သည် မိမိ​ခြေ​ကို မ​လောင်မြိုက်​စေ​ဘဲ မီးခဲ​ပေါ်တွင် လမ်းလျှောက်​နိုင်​မည်လော​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 29,
      "text": "မိမိ​အိမ်နီးချင်း​၏​မယား​ထံသို့ ဝင်​သော​သူ​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ထို​မိန်းမ​နှင့်​ထိတွေ့​သော​သူ​မှန်သမျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 30,
      "text": "သူခိုး​သည် ဆာလောင်မွတ်သိပ်​သောကြောင့် အငတ်​ပြေ​စေရန် ခိုးယူ​ခဲ့​လျှင် လူ​တို့​သည် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 31,
      "text": "သို့သော် သူ​သည် အဖမ်း​ခံရ​လျှင် ခုနစ်ဆ​ပြန်လျော်​ရ​မည်​။ မိမိ​အိမ်​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​အားလုံး​ကို​ပင် ပေး​ရ​မည်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 32,
      "text": "သူတစ်ပါး​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည် အသိစိတ်​မ​ရှိ​။ ထို​အမှု​ကို​ပြု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​ဖျက်ဆီး​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 33,
      "text": "ထို​သူ​သည် ရိုက်နှက်​ခြင်း​နှင့် အရှက်ခွဲခြင်း​ကို​ခံရ​လိမ့်မည်​။ သူ​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​သည်​လည်း မည်သည့်​အခါ​မျှ​ပျောက်ပျက်​သွား​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 34,
      "text": "အကြောင်းမူကား သဝန်တိုမှု​သည် ခင်ပွန်းသည်​ကို အမျက်ဒေါသ​ထွက်​စေ​သဖြင့် သူ​သည် လက်စားချေ​သော​နေ့​၌ ညှာတာ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 35,
      "text": "မည်သည့်​လျော်ကြေး​ကို​မျှ လက်ခံ​လိမ့်မည်​မ​ဟုတ်​။ များစွာ​သော​တံစိုးလက်ဆောင်​ကို​လည်း အလိုရှိ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 1,
      "text": "ငါ့​သား​၊ ငါ့​စကား​တို့​ကို​စောင့်ထိန်း​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 2,
      "text": "ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။ ငါ​၏​သွန်သင်ချက်​ကို သင်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ထိန်း​လော့​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 3,
      "text": "၎င်း​တို့​ကို သင်​၏​လက်ချောင်း​တို့​တွင်​ချည်​ထား​၍ သင်​၏​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 4,
      "text": "ဉာဏ်ပညာ​အား “​သင်​သည် ငါ​၏​အစ်မ​ဖြစ်​သည်​”​ဟု ဆို​၍ အသိဉာဏ်​အား “​ဆွေမျိုးသားချင်း​”​ဟု ခေါ်​လော့​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 5,
      "text": "သို့ပြုလျှင် ၎င်း​တို့​သည် အကျင့်​ဖောက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း​၊ စကား​များ​ဖြင့်​မြှူဆွယ်​တတ်​သည့် ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 6,
      "text": "ငါ​သည် ငါ​၏​အိမ်​ပြတင်းပေါက်​ရာဇမတ်ကွက်​ကြားမှ မျှော်ကြည့်​သောအခါ"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 7,
      "text": "အသိဉာဏ်​နည်းပါး​သော​သူ​များ​ကြား​တွင် အသိစိတ်​မ​ရှိ​သော​လုလင်​တစ်​ဦး​ကို ငါ​မြင်​၍ လူငယ်​များ​အလယ်​တွင် သူ့​ကို​သတိပြု​မိ​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 8,
      "text": "ထို​သူ​သည် မိန်းမ​တစ်​ဦး​နေထိုင်​ရာ လမ်း​ထောင့်​နား​မှ​ဖြတ်သွား​၍ ထို​မိန်းမ​၏​အိမ်​ရှိ​ရာ​လမ်း​သို့​လျှောက်သွား​လေ​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 9,
      "text": "အချိန်​ကား မှောင်ရီပျိုး​ချိန်​၊ နေဝင်ချိန်​၊ ည​သန်းခေါင်​အချိန်​နှင့် မှောင်မိုက်​သော​အချိန်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 10,
      "text": "ထိုအခါ ပြည့်တန်ဆာ​အဝတ်​ကို​ဝတ်​၍ စိတ်နှလုံး​ထဲ၌ လျှို့ဝှက်​သော​အကြံ​ရှိ​သည့်​မိန်းမ​သည် သူ့​ကို​ကြိုဆို​လေ​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 11,
      "text": "ထို​မိန်းမ​သည် အာကျယ်​၍​ခေါင်းမာ​၏​။ ခြေ​မ​ငြိမ်​၊ အိမ်​မ​ကပ်​၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 12,
      "text": "ယခုပင် အပြင်​၌​၊ ယခုပင် လမ်းဆုံ​၌​ရှိ​လျက် လမ်း​ထောင့်​ရှိသမျှ​တို့​၌ ချောင်းမြောင်း​နေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 13,
      "text": "သူ​သည် ထို​လုလင်​ကို​ဆွဲ​၍ နမ်း​ပြီးလျှင်"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 14,
      "text": "“​ကျွန်မ​သည် မိတ်သဟာယယဇ်​များ​ပူဇော်​ရန်​ရှိ​၍ ယနေ့​ပင် ကျွန်မ​၏​ကတိသစ္စာ​တို့​ကို ပြည့်စုံ​စေ​ပါ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 15,
      "text": "ထို့ကြောင့် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​၏​။ သင့်​ကို​ကြိုးစားရှာ​၍ ယခု​တွေ့​ပါ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 16,
      "text": "ကျွန်မ​၏​ခုတင်​ကို အီဂျစ်​ပြည်​ဖြစ် ရောင်စုံ​ပိတ်ချော​အိပ်ရာခင်း​ဖြင့်​ခင်း​ထား​၍"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 17,
      "text": "ကျွန်မ​၏​အိပ်ရာ​ကို မုရန်​၊ သစ်မွှေး​နှင့် သစ်ကြံပိုး​နံ့သာ​တို့​ဖြင့် ထုံသင်း​မွှေးကြိုင်​စေ​ပါ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 18,
      "text": "လာ​ပါ​။ မိုးလင်း​သည်​အထိ ချစ်တင်းနှော​၍ ချစ်ကြိုက်​ပျော်ပါး​ကြ​စို့​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 19,
      "text": "အကြောင်းမူကား ကျွန်မ​၏​ခင်ပွန်း​သည် အိမ်​မှာ​မ​ရှိ​။ ရပ်ဝေး​သို့ ခရီး​သွား​နေ​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 20,
      "text": "ငွေ​အိတ်​ကို​ပါ ယူဆောင်​သွား​၏​။ လပြည့်​နေ့​မှ အိမ်​သို့​ပြန်လာ​မည်​”​ဟု ထို​လုလင်​အား မျက်နှာ​ပြောင်တိုက်​ပြောဆို​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 21,
      "text": "ထို​မိန်းမ​သည် ဆွဲဆောင်​သော​စကား​များစွာ​တို့​ဖြင့် သူ့​ကို​မြှူဆွယ်​၍ မိမိ​နှုတ်ခမ်း​မှ ချိုသာ​သော​စကား​ဖြင့် သူ့​ကို​သွေးဆောင်​လေ​ရာ"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 22,
      "text": "နွား​သည် အသတ်​ခံရ​မည့်​နေရာ​သို့ လိုက်သွား​သကဲ့သို့​လည်းကောင်း​၊ ဆိုးမိုက်​သော​သူ​သည် မိမိ​အသည်း​ကို မြား​စူးဝင်​သည့်​တိုင်အောင် အပြစ်ဒဏ်​ခံ​ရာ​သို့ ခြေချင်းခတ်​ခံရ​လျက်​သွား ​သကဲ့သို့​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 23,
      "text": "ငှက်​သည် ကျော့ကွင်း​ထဲသို့ အလျင်အမြန်​ဝင်သွား​သကဲ့သို့​လည်းကောင်း သူ​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏​။ ထို​အမှု​သည် သူ့​အသက်​ကို​ဆုံးရှုံး​စေ​နိုင်​ကြောင်း​ကို သူ​မ​သိ​ပေ​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 24,
      "text": "သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို​လည်း အာရုံစိုက်​နားထောင်​ကြ​လော့​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 25,
      "text": "သင်​၏​စိတ်နှလုံး​ကို ထို​မိန်းမ​၏​လမ်း​များ​ဘက်​သို့ မ​လှည့်​စေ​နှင့်​။ လမ်းလွဲ​၍ သူ​သွား​ရာ​လမ်း​များ​ထဲသို့ မ​သွား​နှင့်​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 26,
      "text": "အကြောင်းမူကား သူ​သည် များစွာ​သော​သူ​တို့​ကို​ဒဏ်ရာ​ရ​စေ​၍ လဲကျ​စေ​ခဲ့​၏​။ သူ​၏​သတ်ဖြတ်​ခြင်း​ခံရ​သော​သူ​အားလုံး​သည် အင်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 27,
      "text": "သူ​၏​အိမ်​သည် သေ​ခြင်း​၏​အတွင်းခန်း​များ​သို့ ဆင်းသွား​သည့် မရဏာနိုင်ငံ​သို့​သွား​ရာ​လမ်း​များ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 1,
      "text": "ဉာဏ်ပညာ​သည် ဟစ်ခေါ်​၍ ထိုးထွင်းဉာဏ်​သည် မိမိ​၏​အသံ​ကို​လွှင့်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 2,
      "text": "၎င်း​သည် မြင့်သောအရပ်​၏​ထိပ်​၊ လမ်း​ဘေး​၊ လမ်းဆုံလမ်းခွ​တို့​၌​ရပ်​လျက်"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 3,
      "text": "မြို့​တံခါး​တို့​အနား​၊ မြို့​အဝင်ဝ​၊ တံခါး​တို့​၏​အပေါက်ဝ​၌ ကြွေးကြော်​သည်​မှာ"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 4,
      "text": "အချင်း​လူ​တို့​၊ သင်​တို့​ကို​ငါ​ခေါ်​၏​။ ငါ့​အသံ​ကို လူသား​တို့​ထံသို့ ငါ​လွှင့်​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 5,
      "text": "အသိဉာဏ်​နည်းပါး​သော​သူ​တို့​၊ ဆင်ခြင်ဉာဏ်​ကို ရယူ​ကြ​လော့​။ မိုက်မဲ​သော​သူ​တို့​၊ အသိဉာဏ်​ကို ရယူ​ကြ​လော့​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 6,
      "text": "နားထောင်​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ကောင်းမြတ်​သော​အရာ​များ​ကို ပြောဆို​မည်​။ ငါ့​နှုတ်​မြွက်ဟသောအရာ​သည်​လည်း ဟုတ်မှန်​သော​အရာ​များ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 7,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​၏​နှုတ်​သည် သမ္မာတရား​ကို​ပြောဆို​၍ ငါ​၏​နှုတ်ခမ်း​သည် ဆိုးယုတ်မှု​ကို​စက်ဆုပ်ရွံရှာ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 8,
      "text": "ငါ​၏​နှုတ်ထွက်​စကား​ရှိသမျှ​သည် ဖြောင့်မတ်​၍ ၎င်း​တို့​တွင် ဉာဏ်များ​သော​သဘော​၊ ကောက်ကျစ်​သော​သဘော​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 9,
      "text": "ထို​စကား​အားလုံး​တို့​သည် အသိဉာဏ်​ရှိ​သော​သူ​အတွက် မှန်ကန်​၍ အသိပညာ​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် ဖြောင့်မှန်​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 10,
      "text": "ငွေ​အစား ငါ​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​ရယူ​ကြ​လော့​။ ရွှေ​စင်​အစား အသိပညာ​ကို ရယူ​ကြ​လော့​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 11,
      "text": "အကြောင်းမူကား ဉာဏ်ပညာ​သည် ပတ္တမြား​တို့​ထက်​ကောင်းမြတ်​၍ မည်သည့်​နှစ်သက်​ဖွယ်​သော​အရာ​နှင့်​မျှ နှိုင်းယှဉ်​၍​မ​ရ​နိုင်​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 12,
      "text": "ငါ ဉာဏ်ပညာ​သည် ဆင်ခြင်ဉာဏ်​နှင့်အတူ​နေ​၍ အလိမ္မာဉာဏ်​နှင့်ဆိုင်သော​အသိပညာ​ကို ငါ​တွေ့​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 13,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် မကောင်းမှု​ကို​မုန်းတီး​ခြင်း​ဖြစ်​၏​။ မောက်မာထောင်လွှား​ခြင်း​နှင့် မာနကြီး​ခြင်း​၊ မကောင်း​သော​လမ်း​နှင့် ဖောက်ပြန်လွဲမှား​သော​စကား​ကို ငါ​မုန်း​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 14,
      "text": "ငါ​၌ အကြံဉာဏ်​နှင့် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ရှိ​၏​။ ငါ​သည် အသိဉာဏ်​ဖြစ်ပြီး ငါ​၌​အစွမ်းတန်ခိုး​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 15,
      "text": "ငါ့​အားဖြင့် ရှင်ဘုရင်​တို့​သည် စိုးစံ​ရ​၍ အုပ်ချုပ်​သူ​တို့​သည် ဖြောင့်မတ်​သော​လမ်းစဉ်​ကို ပြဋ္ဌာန်း​နိုင်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 16,
      "text": "အကြီးအကဲ​များ​၊ မင်းအရာရှိ​များ​နှင့် ဖြောင့်မတ်​စွာ​တရားစီရင်​သော​သူ​အားလုံး​တို့​သည် ငါ့​အားဖြင့် အုပ်စိုး​ရ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 17,
      "text": "ငါ့​ကို​ချစ်​သော​သူ​တို့​ကို ငါ​ချစ်​၏​။ ငါ့​ကို​ကြိုးစား​၍​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 18,
      "text": "ဓနဥစ္စာ​နှင့်​ဂုဏ်သရေ​၊ တည်မြဲ​သော​စည်းစိမ်ဥစ္စာ​နှင့် ဖြောင့်မတ်​ခြင်း​သည် ငါ​နှင့်အတူ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 19,
      "text": "ငါ​၏​အသီးအပွင့်​သည် ရွှေ​ထက်မက ရွှေစင်​ထက်ပင် ပို၍​ကောင်း​၏​။ ငါ့​အားဖြင့်​ရ​သော​အမြတ်အစွန်း​သည်​လည်း ငွေ​စင်​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 20,
      "text": "ငါ​သည် ဖြောင့်မတ်​ခြင်း​လမ်း​၊ တရားမျှတ​ခြင်း​လမ်း​၏​အလယ်​၌ လျှောက်သွား​၍"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 21,
      "text": "ငါ့​ကို​ချစ်​သော​သူ​တို့​အား စည်းစိမ်​ချမ်းသာ​ကို​အမွေဆက်ခံ​စေ​လျက် သူ​တို့​၏​ဘဏ္ဍာတိုက်​များ​ကို ပြည့်​စေ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 22,
      "text": "ထာဝရဘုရား​သည် ရှေးယခင် မိမိ​၏​အမှု​တော်​များ​ကို​မ​စတင်​မီ​၊ မိမိ​လုပ်ဆောင်မှု​၏​အစအဦး​ကပင် ငါ့​ကို​ပိုင်သ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 23,
      "text": "ထာဝရ​ကာလ​၊ ကနဦး​ကာလ​၊ မြေကြီး​ကို​မဖန်ဆင်းမီ​ကာလ​ကပင် ငါ​သည် ခန့်အပ်​ထား​ခြင်း​ခံရ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 24,
      "text": "နက်ရှိုင်း​သော​ရေထု​များ​မ​ရှိ​မီ​၊ ရေ​နှင့်​ပြည့်လျှံ​သော​စမ်းရေတွင်း​များ​မ​ဖြစ်ပေါ်​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 25,
      "text": "တောင်​များ​ကို​မ​ဖြစ်ပေါ်​စေ​မီ​၊ တောင်ကုန်း​များ​မ​ရှိ​မီ​၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 26,
      "text": "မြေကြီး​၊ ကွင်းပြင်​များ​နှင့် ကမ္ဘာကြီး​၏​အဦးဆုံး​သော​မြေမှုန့်​များ​ကို ဖန်ဆင်း​တော်​မ​မူ​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 27,
      "text": "မိုးကောင်းကင်​ကို ကိုယ်တော်​တည်​တော်မူ​သောအခါ ငါ​သည် ထို​အရပ်​၌​ရှိ​၏​။ နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​ပေါ်တွင် မိုးကုပ်စက်ဝိုင်း​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 28,
      "text": "အထက်​မိုးတိမ်​တို့​ကို​တည်​စေ​တော်မူ​ပြီး နက်ရှိုင်း​သော​ရေထု​ထွက်လာ​ရာ​အပေါက်​များ​ကို ခိုင်ခံ့​စေ​တော်မူ​သောအခါ​၌​လည်းကောင်း​၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 29,
      "text": "ရေ​သည် ကိုယ်တော်​၏​အမိန့်​ကို မ​ကျူးလွန်​မည့်​အကြောင်း ပင်လယ်​၏​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​သောအခါ​၌​လည်းကောင်း​၊ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​တို့​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 30,
      "text": "ငါ​သည် လက်မှုပညာရှင်​ကဲ့သို့ ကိုယ်တော်​၏​အနား​တွင်​ရှိ​၍ နေ့စဉ်နေ့တိုင်း ကိုယ်တော်​၏​ကြည်နူး​တော်မူ​ရာ​ဖြစ်​ခဲ့​ပြီး ရှေ့​တော်​၌ အစဉ်အမြဲ​ပျော်မြူး​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 31,
      "text": "ငါ​သည် ကိုယ်တော်​၏​ကမ္ဘာမြေကြီး​တစ်ခုလုံး​အတွက် ပျော်မြူး​၍ လူသား​တို့​၌ ကြည်နူး​လျက်​နေ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 32,
      "text": "သို့ဖြစ်၍ သားသမီး​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​လမ်း​များ​ကို​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 33,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို​နားထောင်​၍ ဉာဏ်ပညာရှိ​ကြ​လော့​။ ၎င်း​ကို​လျစ်လျူ​မ​ရှု​ကြ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 34,
      "text": "ငါ့​စကား​ကို​နားထောင်​၍ ငါ့​တံခါး​တို့​အနား​တွင် နေ့စဉ်နေ့တိုင်း​စောင့်ကြည့်​လျက် ငါ့​တံခါး​တိုင်​တို့​အနား​တွင် စောင့်မျှော်​လျက်​နေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 35,
      "text": "အကြောင်းမူကား ငါ့​ကို​တွေ့​သော​သူ​သည် အသက်​ကို​တွေ့​၍ ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 36,
      "text": "ငါ​နှင့်​လွဲသွား​သော​သူ​မူကား ကိုယ့်ကိုယ်ကိုယ်​အကျိုးနည်း​စေ​၏​။ ငါ့​ကို​မုန်း​သော​သူ​ရှိသမျှ​တို့​သည် သေ​ခြင်း​ကို​ချစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 1,
      "text": "ဉာဏ်ပညာ​သည် မိမိ​အိမ်​ကို တည်ဆောက်​လေ​ပြီ​။ တိုင်​ခုနစ်​တိုင်​ကို​စိုက်ထူ​လေ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 2,
      "text": "မိမိ​တိရစ္ဆာန်​ကို​သတ်​လေ​ပြီ​။ စပျစ်ဝိုင်​ကို​ရောစပ်​၍ စားပွဲ​ကို​တည်ခင်း​လေ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 3,
      "text": "မိမိ​အစေခံ​မိန်းကလေး​များ​ကို​စေလွှတ်​ပြီး မြို့​၏​အမြင့်ဆုံးနေရာ​များ​မှ​နေ​၍"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 4,
      "text": "“​အသိဉာဏ်​နည်းပါး​သော​သူ​မည်သူမဆို ဤ​နေရာ​သို့​လှည့်လာ​ပါစေ​”​ဟု ဟစ်ခေါ်​၏​။ အသိစိတ်​မ​ရှိ​သော​သူ​အား​လည်း"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 5,
      "text": "“​လာ​လော့​။ ငါ့​မုန့်​ကို​စား​၍ ငါ​ရောစပ်​ထား​သော​စပျစ်ဝိုင်​ကို သောက်​လော့​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 6,
      "text": "အသိဉာဏ်​နည်းပါး​ခြင်း​ကို​စွန့်ပယ်​၍ အသက်ရှင်​လော့​။ အသိဉာဏ်​လမ်း​ကို​လိုက်​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 7,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​ကို ပဲ့ပြင်​သော​သူ​သည် အရှက်ခွဲခြင်း​ကို​ခံရ​၍ ဆိုးယုတ်​သော​သူ​ကို ဆုံးမ​သော​သူ​သည် ကိုယ်တိုင် အနာတရ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 8,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​ကို မ​ဆုံးမ​နှင့်​။ ဆုံးမ​လျှင် သူ​သည် သင့်​ကို​မုန်း​လိမ့်မည်​။ ပညာရှိ​သော​သူ​ကို ဆုံးမ​လော့​။ သို့ပြုလျှင် သူ​သည် သင့်​ကို​ချစ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 9,
      "text": "ပညာရှိ​သော​သူ​အား ပညာ​ကို​ပေး​လော့​။ သို့ပြုလျှင် သူ​သည် ပို၍​ပညာရှိ​လာ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​ကို သွန်သင်​လော့​။ သို့ပြုလျှင် သူ​သည် ပညာ​တိုးပွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 10,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​မူလအစ​ဖြစ်​၏​။ သန့်ရှင်း​သော​အရှင်​ကို​သိ​သော​ဉာဏ်​သည် အသိဉာဏ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 11,
      "text": "အကြောင်းမူကား ဉာဏ်ပညာ​အားဖြင့် သင်​၏​နေ့ရက်​တို့​သည် များပြား​၍ သင့်​အသက်တာ​၏​နှစ်ကာလ​တို့​သည် ထပ်တိုး​လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 12,
      "text": "သင်​သည် ဉာဏ်ပညာရှိ​လျှင် ထို​ဉာဏ်ပညာရှိ​ခြင်း​သည် သင့်​အတွက်​ဖြစ်​၏​။ သင်​သည် ပြက်ရယ်​ပြု​လျှင် သင်​သာ ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 13,
      "text": "မိုက်မဲ​သော​မိန်းမ​သည် အာကျယ်​၍ ဉာဏ်တိမ်​ပြီး မည်သည့်​အရာ​ကို​မျှ​မ​သိ​တတ်​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 14,
      "text": "သူ​သည် မိမိ​၏​အိမ်​တံခါးဝ​၌​လည်းကောင်း​၊ မြို့​၏​မြင့်သောအရပ်​ရှိ​ထိုင်ခုံ​ပေါ်၌​လည်းကောင်း ထိုင်​လျက်"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 15,
      "text": "လမ်း​၌​ဖြတ်သန်းသွားလာ​သော​သူ​များ​၊ မိမိ​တို့​လမ်းခရီး​ကို ဖြောင့်တန်း​စွာ​သွား​နေ​သော​သူ​များ​အား"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 16,
      "text": "“​အသိဉာဏ်​နည်းပါး​သော​သူ​မည်သူမဆို ဤ​နေရာ​သို့​လှည့်လာ​ပါစေ​”​ဟု ဟစ်ခေါ်​၏​။ အသိစိတ်​မ​ရှိ​သော​သူ​အား​လည်း"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 17,
      "text": "“​ခိုး​သောက်​သော​ရေ​သည် ချို​၍ ဝှက်​စား​သော​မုန့်​သည် အရသာ​ရှိ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 18,
      "text": "သို့ရာတွင် ထို​အရပ်​၌ သေသူ၏ဝိညာဉ်​များ​ရှိ​ကြ​သည်​ကို​လည်းကောင်း​၊ ထို​မိန်းမ​၏​ဧည့်သည်​များ​သည် မရဏာနိုင်ငံ​၏​နက်​ရာ​အရပ်​များ​၌ ရှိ​ကြ​သည်​ကို​လည်းကောင်း ထို​သူ​မ​သိ​ချေ​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 1,
      "text": "ရှောလမုန်​၏​သုတ္တံ​စကား​များ​။ ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​၏​။ မိုက်မဲ​သော​သား​မူကား သူ​၏​မိခင်​အတွက် ပူဆွေးစရာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 2,
      "text": "မတရား​သဖြင့်​ရ​သော​ဥစ္စာဘဏ္ဍာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​လွတ်မြောက်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 3,
      "text": "ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို ဆာလောင်မွတ်သိပ်​စေ​တော်​မ​မူ​။ ဆိုးယုတ်​သော​သူ​တို့​၏​အလိုရမ္မက်​ကို​ကား ပယ်ချ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 4,
      "text": "လုံ့လနည်း​သော​လက်​သည် ဆင်းရဲ​ခြင်း​ကို​ဖြစ်​စေ​၏​။ ဝီရိယ​ရှိ​သော​လက်​မူကား ချမ်းသာကြွယ်ဝ​စေ​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 5,
      "text": "နွေရာသီ​၌ ရှာဖွေ​စုဆောင်း​သော​သူ​သည် ပညာသတိ​ရှိ​သော​သား​ဖြစ်​၏​။ ရိတ်သိမ်း​ချိန်​၌ အိပ်မောကျ​နေ​သော​သူ​မူကား အရှက်ကွဲ​စေ​သော​သား​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 6,
      "text": "ဖြောင့်မတ်​သော​သူ​၏​ဦးခေါင်း​ပေါ်၌ ကောင်းချီးမင်္ဂလာ​များ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​သည် ရက်စက်ကြမ်းကြုတ်မှု​ကို​ဖုံးကွယ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 7,
      "text": "ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အောက်မေ့စရာ​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​အမည်​မူကား ပျောက်ပျက်​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 8,
      "text": "စိတ်နှလုံး​၌​ပညာရှိ​သော​သူ​သည် ပညတ်ချက်​တို့​ကို လက်ခံ​တတ်​၏​။ နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့ ရောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 9,
      "text": "တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​လျှောက်လှမ်း​ရ​လိမ့်မည်​။ မိမိ​လမ်း​တို့​ကို​ကွေ့ကောက်​စေ​သော​သူ​၏ သဘော​မူကား သိသာထင်ရှား​လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 10,
      "text": "မျက်စိ​မှိတ်ပြ​သော​သူ​သည် ဝမ်းနည်းပူဆွေးမှု​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။ နှုတ်ဖွာ​သည့် ဆိုးမိုက်​သော​သူ​ကား ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 11,
      "text": "ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ရက်စက်ကြမ်းကြုတ်မှု​ကို ဖုံးကွယ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 12,
      "text": "မုန်းတီး​ခြင်း​သည် အငြင်းပွားမှု​များ​ဖြစ်​စေရန် လှုံ့ဆော်​တတ်​၏​။ ချစ်ခြင်းမေတ္တာ​မူကား ကျူးလွန်​သော​အပြစ်​ရှိသမျှ​ကို ဖုံးအုပ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 13,
      "text": "အသိဉာဏ်​ရှိ​သော​သူ​၏​နှုတ်ခမ်း​တွင် ဉာဏ်ပညာ​ကို​တွေ့​ရ​၏​။ အသိစိတ်​မ​ရှိ​သော​သူ​၏​ကျောကုန်း​အတွက်​မူကား ကြိမ်လုံး​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 14,
      "text": "ပညာရှိ​သော​သူ​သည် အသိပညာ​ကို​သိုမှီး​တတ်​၏​။ ဆိုးမိုက်​သော​သူ​၏​နှုတ်​မူကား ပျက်စီး​ခြင်း​နှင့်​နီးကပ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 15,
      "text": "ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​တို့​၏​ပျက်စီး​ခြင်း​အကြောင်း​သည် သူ​တို့​၏​ဆင်းရဲ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 16,
      "text": "ဖြောင့်မတ်​သော​သူ​ရရှိ​သော​အဖိုးအခ​သည် အသက်​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​ရရှိ​သော​အမြတ်အစွန်း​သည် အပြစ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 17,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို စောင့်ထိန်း​သော​သူ​သည် အသက်ရှင်​ခြင်း​လမ်း​၌​ရှိ​၏​။ ဆိုဆုံးမစကား​ကို​ငြင်းပယ်​သော​သူ​မူကား လမ်းလွဲ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 18,
      "text": "မုန်းတီး​ခြင်း​ကို​ဖုံးကွယ်​ထား​သော​သူ​၌ မုသား​နှုတ်ခမ်း​ရှိ​၏​။ အသရေပျက်​စေ​သော​စကား​ကို ဖြန့်​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 19,
      "text": "စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။ မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 20,
      "text": "ဖြောင့်မတ်​သော​သူ​၏​လျှာ​သည် ငွေ​စင်​နှင့်​တူ​၏​။ ဆိုးယုတ်​သော​သူ​၏​စိတ်နှလုံး​မူကား တန်ဖိုးနည်း​လှ​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 21,
      "text": "ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် များစွာ​သော​သူ​တို့​ကို ကျွေးမွေး​တတ်​၏​။ ဆိုးမိုက်​သော​သူ​တို့​မူကား အသိစိတ်​မ​ရှိ​သောကြောင့် သေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 22,
      "text": "ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​သည် လူ​ကို​ချမ်းသာကြွယ်ဝ​စေ​၏​။ ကိုယ်တော်​သည် ထို​ချမ်းသာကြွယ်ဝမှု​၌ မည်သည့်​ခက်ခဲပင်ပန်းမှု​ကို​မျှ ထပ်ပေါင်း​တော်​မ​မူ​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 23,
      "text": "မိုက်မဲ​သော​သူ​သည် ညစ်ညမ်း​သော​အမှု​ကို​ပြု​ခြင်း​၌ ပျော်မွေ့​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဉာဏ်ပညာ​၌ ပျော်မွေ့​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 24,
      "text": "ဆိုးယုတ်​သော​သူ​ကြောက်လန့်​သော​အမှု​သည် သူ့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​ကို​ကား ကိုယ်တော်​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 25,
      "text": "လေပွေ​တိုက်ခတ်​သွား​သောအခါ ဆိုးယုတ်​သော​သူ​သည် ပျောက်ကွယ်​သွား​၏​။ ဖြောင့်မတ်​သော​သူ​၌​ကား အစဉ်အမြဲ​တည်​သော​အုတ်မြစ်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 26,
      "text": "ပျင်းရိ​သော​သူ​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက် သွား​ကို​ထိ​သော​ရှာလကာရည်​ကဲ့သို့​လည်းကောင်း​၊ မျက်စိ​ထဲ​ဝင်​သော​မီးခိုး​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 27,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​ကို​ရှည်​စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှစ်ကာလ​မူကား တို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 28,
      "text": "ဖြောင့်မတ်​သော​သူ​တို့​မျှော်မှန်း​သော​အရာ​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား ပျက်စီး​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 29,
      "text": "ထာဝရဘုရား​၏​လမ်း​တော်​သည် တည်ကြည်​သော​သူ​အတွက် မှီခို​ရာ​ဖြစ်​၏​။ အပြစ်ဒုစရိုက်​ကို​ပြုကျင့်​သော​သူ​တို့​အတွက်​မူကား ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 30,
      "text": "ဖြောင့်မတ်​သော​သူ​သည် မည်သည့်​အခါ​မျှ​မ​ရွေ့​ရာ​။ ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​၌ နေထိုင်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 31,
      "text": "ဖြောင့်မတ်​သော​သူ​၏​နှုတ်​သည် ဉာဏ်ပညာ​ကို​တိုးပွား​စေ​၏​။ ဖောက်ပြန်လွဲမှား​သော​လျှာ​မူကား အဖြတ်​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 32,
      "text": "ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် နှစ်သက်​ဖွယ်​သော​အရာ​ကို သိ​၏​။ ဆိုးယုတ်​သော​သူ​၏​နှုတ်​မူကား ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို​သာ သိ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 1,
      "text": "မမှန်ကန်​သော​ချိန်ခွင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မှန်​သော​အလေး​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 2,
      "text": "မာနထောင်လွှား​ခြင်း​လာ​သောအခါ အရှက်ကွဲ​ခြင်း​လိုက်လာ​တတ်​၏​။ ဉာဏ်ပညာ​ကား စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ လိုက်လာ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 3,
      "text": "ဖြောင့်မှန်​သော​သူ​တို့​၏​သမာဓိ​သည် သူ​တို့​ကို​ဦးဆောင်​လမ်းပြ​တတ်​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​ကောက်ကျစ်စဉ်းလဲ​ခြင်း​မူကား သူ​တို့​ကို​ဖျက်ဆီး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 4,
      "text": "အမျက်​တော်​ထင်ရှား​ရာ​နေ့​၌ စည်းစိမ်ဥစ္စာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​ကယ်နုတ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 5,
      "text": "အပြစ်တင်စရာမရှိ​သော​သူ​၏​ဖြောင့်မတ်​ခြင်း​သည် သူ​၏​လမ်း​ကို​ဖြောင့်တန်း​စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား မိမိ​၏​ဆိုးယုတ်မှု​ကြောင့် ကျဆုံး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 6,
      "text": "ဖြောင့်မှန်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​သည် သူ​တို့​ကို​ကယ်နုတ်​တတ်​၏​။ သစ္စာမဲ့​သော​သူ​တို့​မူကား မိမိ​တို့​၏​အလိုရမ္မက်​အားဖြင့် ဖမ်းဆီး​ခြင်း​ခံရ​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 7,
      "text": "ဆိုးယုတ်​သော​သူ​သေ​သောအခါ သူ​၏​မျှော်လင့်ချက်​သည် ပျက်စီး​တတ်​၏​။ ဓနဥစ္စာ​တို့​အပေါ်​ထား​သော သူ​၏​မျှော်မှန်း​ချက်​သည်​လည်း ပျက်စီး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 8,
      "text": "ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲဒုက္ခ​ထဲမှ​လွတ်မြောက်​၍ ဆိုးယုတ်​သော​သူ​သည် သူ့​အစား​ဝင်​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 9,
      "text": "ဘုရားတရားမဲ့​သော​သူ​သည် နှုတ်​ဖြင့် မိမိ​၏​အိမ်နီးချင်း​ကို ဖျက်ဆီး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​မူကား အသိပညာ​အားဖြင့် လွတ်မြောက်​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 10,
      "text": "ဖြောင့်မတ်​သော​သူ​တို့​ကောင်းစား​သောအခါ တစ်မြို့လုံး ရွှင်လန်း​ကြ​၏​။ ဆိုးယုတ်​သော​သူ​တို့​ပျက်စီး​သောအခါ​၌​လည်း ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 11,
      "text": "မြို့​သည် ဖြောင့်မှန်​သော​သူ​တို့​၏ ကောင်းချီးမင်္ဂလာ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​တတ်​၏​။ သို့သော် ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​အားဖြင့် ဖြိုဖျက်​ခြင်း​ခံရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 12,
      "text": "အသိစိတ်​မ​ရှိ​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား တိတ်ဆိတ်​စွာ​နေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 13,
      "text": "အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို​ပေါက်ကြား​စေ​တတ်​၏​။ ယုံကြည်​စိတ်ချ​ရ​သော​စိတ်သဘော​ရှိ​သူ​မူကား အမှုကိစ္စ​ကို ဖုံးကွယ်​ထား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 14,
      "text": "လမ်းညွှန်​မှု​မ​ရှိ​လျှင် လူမျိုး​တစ်​မျိုး​သည် ကျဆုံး​တတ်​၏​။ အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အောင်မြင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 15,
      "text": "သူစိမ်း​အတွက်​အာမခံ​သော​သူ​သည် အမှန်တကယ်​ဒုက္ခရောက်​လိမ့်မည်​။ တာဝန်ခံ​ပေး​ရ​သည်​ကို​မုန်း​သော​သူ​မူကား ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 16,
      "text": "ယဉ်ကျေး​သိမ်မွေ့​သော​မိန်းမ​သည် ဂုဏ်သရေ​ကို​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​ယောက်ျား​တို့​မူကား ဓနဥစ္စာ​ကို​ရ​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 17,
      "text": "မေတ္တာကရုဏာ​ထား​တတ်​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အကျိုးပြု​တတ်​၏​။ ရက်စက်​သော​သူ​မူကား ကိုယ့်ကိုယ်ကိုယ်​ဒုက္ခပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 18,
      "text": "ဆိုးယုတ်​သော​သူ​သည် လှည့်ဖြား​သော​အဖိုးအခ​ကို​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​သော​သူ​မူကား မှန်ကန်​သော​အကျိုး​ကို​ရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 19,
      "text": "ဖြောင့်မတ်​ခြင်း​၌​တည်မြဲ​သော​သူ​သည် အသက်ရှင်​ခြင်း​သို့​ရောက်​လိမ့်မည်​။ မကောင်းမှု​နောက်​သို့​လိုက်​သော​သူ​မူကား သေ​ခြင်း​သို့​ရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 20,
      "text": "စိတ်နှလုံး​ကောက်ကျစ်​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ပြည့်ဝစုံလင်​သော​လမ်း​ကို လိုက်​သော​သူ​တို့​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 21,
      "text": "မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 22,
      "text": "အဆင်းလှ​သော်လည်း ဆင်ခြင်တုံတရား​ကင်းမဲ့​သော​မိန်းမ​သည် ဝက်​နှာခေါင်း​၌​တပ်​ထား​သော ရွှေ​နှာဆွဲ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 23,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​သည် ကောင်းကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား အမျက်​ကို​ဖြစ်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 24,
      "text": "စွန့်ကြဲ​သော်လည်း ဥစ္စာ​ပို၍​တိုးပွား​သူ​ရှိ​၏​။ ပေး​သင့်​သည့်​အရာ​ကို​ပင် ဆုပ်ကိုင်​ထား​သော်လည်း ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​သူ​လည်း​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 25,
      "text": "စိတ်စေတနာ​ကောင်း​သော​သူ​သည် ကြွယ်ဝ​၍ ရေလောင်း​ပေး​သော​သူ​သည် ကိုယ်တိုင်​လည်း ရေလောင်း​ပေး​ခြင်း​ကို​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 26,
      "text": "ဂျုံစပါး​သိုလှောင်​ထား​သော​သူ​ကို တိုင်းသူပြည်သား​တို့ ကျိန်ဆဲ​ကြ​လိမ့်မည်​။ ရောင်းချ​ပေး​သော​သူ​၏​ဦးခေါင်း​အပေါ်​၌​မူကား ကောင်းချီးမင်္ဂလာ​ရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 27,
      "text": "ကောင်းမြတ်​သော​အရာ​ကို​ကြိုးစား​၍​ရှာ​သော​သူ​သည် ကျေးဇူး​ကို​ရှာတွေ့​လိမ့်မည်​။ မကောင်းမှု​ကို​ရှာ​သော​သူ​မူကား သူ့​ထံသို့ မကောင်းမှု​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 28,
      "text": "မိမိ​၏​ဓနဥစ္စာ​ကို ကိုးစား​သော​သူ​သည် ကျဆုံး​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သစ်ရွက်​ကဲ့သို့ ပွင့်လန်းဝေဆာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 29,
      "text": "မိမိ​အိမ်သူအိမ်သား​တို့​ကို​ဒုက္ခပေး​သော​သူ​သည် လေ​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။ ဆိုးမိုက်​သော​သူ​သည်​လည်း စိတ်နှလုံး​၌ ပညာရှိ​သော​သူ​၏​အစေအပါး​ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 30,
      "text": "ဖြောင့်မတ်​သော​သူ​၏​အသီးအပွင့်​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ စိတ်ဝိညာဉ်​များ​ကို​ဆွဲဆောင်​စည်းရုံး​နိုင်​သော​သူ​သည် ပညာရှိ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 31,
      "text": "ကမ္ဘာမြေကြီး​ပေါ်တွင် ဖြောင့်မတ်​သော​သူ​ပင် အကျိုးအပြစ်​ကို​ခံစား​ရ​သည်​ဆို​လျှင် ဆိုးယုတ်​သော​သူ​နှင့် အပြစ်ပြု​သော​သူ​မူကား အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 1,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို​နှစ်သက်​သော​သူ​သည် အသိပညာ​ကို​နှစ်သက်​သော​သူ​ဖြစ်​၏​။ ဆိုဆုံးမ​ခြင်း​ကို​မုန်း​သော​သူ​မူကား အသိတရားမဲ့​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 2,
      "text": "သူတော်ကောင်း​သည် ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​လိမ့်မည်​။ ကောက်ကျစ်​သော​ဉာဏ်​ရှိ​သော​သူ​မူကား အပြစ်စီရင်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 3,
      "text": "လူ​သည် ဆိုးယုတ်မှု​အားဖြင့် မ​တည်မြဲ​နိုင်​ရာ​။ ဖြောင့်မတ်​သော​သူ​တို့​၏​အမြစ်​မူကား မ​ရွေ့​ရာ​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 4,
      "text": "စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​သည် မိမိ​ခင်ပွန်း​၏​သရဖူ​ဖြစ်​၏​။ အရှက်ကွဲ​စေ​သော​မယား​မူကား ခင်ပွန်း​၏​အရိုး​ထဲမှ ဆွေးမြည့်​သော​အရာ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 5,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၏​အကြံအစည်​တို့​သည် တရားမျှတ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်းညွှန်​မှု​တို့​သည် လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 6,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​စကား​သည် လူ​ကို​သတ်ဖြတ်​ရန် ချောင်းမြောင်း​တတ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​နှုတ်​မူကား လူ​တို့​ကို​ကယ်နုတ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 7,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် ဖြိုလှဲ​ခြင်း​ခံရ​၍ ပျောက်ကွယ်​သွား​ကြ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​မူကား တည်မြဲ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 8,
      "text": "လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 9,
      "text": "ဂုဏ်နိမ့်​သော်လည်း အစေအပါး​ရှိ​သော​သူ​သည် ဂုဏ်ဖော်ဝါကြွား​သော်လည်း စားစရာ​မ​ရှိ​သော​သူ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 10,
      "text": "ဖြောင့်မတ်​သော​သူ​သည် မိမိ​တိရစ္ဆာန်​၏​အသက်​ကို ဂရုစိုက်​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​သနားစုံမက်​ခြင်း​မူကား ရက်စက်မှု​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 11,
      "text": "မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား အသိစိတ်​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 12,
      "text": "ဆိုးယုတ်​သော​သူ​သည် မကောင်းမှု​ပြု​သော​သူ​တို့ သုံး​သော​ထောင်ပိုက်​ကို တပ်မက်​ကြ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အမြစ်​မူကား ရှင်သန်သီးပွင့်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 13,
      "text": "မကောင်းမှု​ပြု​သော​သူ​သည် မိမိ​နှုတ်​ကျူးလွန်​သော​အပြစ်​အားဖြင့် ထောင်ချောက်​မိ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ဆင်းရဲဒုက္ခ​ထဲမှ လွတ်မြောက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 14,
      "text": "လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​အားဖြင့် ကောင်း​သော​အရာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ သူ့​လက်​၏​လုပ်ဆောင်မှု​သည်​လည်း သူ့​ထံသို့​ပြန်လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 15,
      "text": "ဆိုးမိုက်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို မှန်​သည်​ဟု ထင်မြင်​တတ်​၏​။ ပညာရှိ​သော​သူ​မူကား အကြံဉာဏ်​ကို​နားထောင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 16,
      "text": "ဆိုးမိုက်​သော​သူ​သည် မိမိ​၏​အမျက်​ဒေါသ​ကို ချက်ချင်း​ထင်ရှား​စေ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား အရှက်ခွဲ​ခံရ​ခြင်း​ကို​ပင် ဥပေက္ခာပြု​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 17,
      "text": "ဖြောင့်မတ်​စွာ​ပြောဆို​သော​သူ​သည် သစ္စာစကား​ကို​ထွက်ဆို​တတ်​၏​။ မုသား​သက်သေ​မူကား လိမ်လည်လှည့်ဖြား​သော​စကား​ကို​ထွက်ဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 18,
      "text": "ဓား​နှင့်​ထိုး​သကဲ့သို့ မဆင်မခြင်​ပြောဆို​တတ်​သော​သူ​ရှိ​၏​။ ပညာရှိ​သော​သူ​တို့​၏​စကား​မူကား ဒဏ်ရာဒဏ်ချက်​ကို ပျောက်ကင်း​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 19,
      "text": "မှန်ကန်​သော​နှုတ်ခမ်း​သည် ထာဝစဉ်​တည်မြဲ​၏​။ မုသားသုံး​သော​လျှာ​မူကား တစ်ခဏ​မျှသာ​တည်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 20,
      "text": "မကောင်းမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​၏ စိတ်နှလုံး​ထဲ၌ လိမ်လည်လှည့်ဖြား​ခြင်း​ရှိ​၏​။ ငြိမ်းချမ်းရေး​အတွက် အားပေး​လှုံ့ဆော်​သော​သူ​တို့​၌​ကား ဝမ်းမြောက်​ခြင်း​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 21,
      "text": "ဖြောင့်မတ်​သော​သူ​အပေါ် မည်သည့်​အမင်္ဂလာ​မျှ​ကျရောက်​လိမ့်မည်​မ​ဟုတ်​။ ဆိုးယုတ်​သော​သူ​တို့​မူကား ဒုက္ခ​နှင့်​ပြည့်ဝ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 22,
      "text": "မုသား​နှုတ်ခမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သစ္စာရှိ​စွာ​ပြုကျင့်​သော​သူ​တို့​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 23,
      "text": "ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် အသိပညာ​ကို ဖုံးကွယ်​ထား​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား မိုက်မဲမှု​ကို​ကြေညာ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 24,
      "text": "ဝီရိယ​ရှိ​သော​သူ​၏​လက်​သည် အုပ်စိုး​ရ​လိမ့်မည်​။ လုံ့လနည်း​သော​သူ​မူကား အတင်းအကျပ်​စေခိုင်း​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 25,
      "text": "လူ​၏​စိတ်နှလုံး​တွင်​ရှိ​သော​စိုးရိမ်ပူပန်​ခြင်း​သည် သူ့​ကို​ညှိုးငယ်​စေ​တတ်​၏​။ ကောင်း​သော​စကား​မူကား သူ့​ကို​ဝမ်းမြောက်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 26,
      "text": "ဖြောင့်မတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို လမ်းပြ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား သူ​တို့​ကို​ပင် မှားယွင်း​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 27,
      "text": "လုံ့လနည်း​သော​သူ​သည် မိမိ​လိုက်​သော​သားကောင်​ကို ကင်​၍​မ​စား​ရ​။ ဝီရိယ​ရှိ​သော​သူ​မူကား အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​ကို​ရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 28,
      "text": "ဖြောင့်မတ်​သော​လမ်း​၌​အသက်ရှင်​ခြင်း​ရှိ​၍ ထို​လမ်းခရီး​တစ်လျှောက်​၌ သေ​ခြင်း​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 1,
      "text": "ပညာရှိ​သော​သား​သည် ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို နားထောင်​တတ်​၏​။ ပြက်ရယ်​ပြု​သော​သား​မူကား ဆုံးမ​စကား​ကို နား​မ​ထောင်​တတ်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 2,
      "text": "လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​မှ ကောင်း​သော​အရာ​ကို​စား​ရ​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​စိတ်ဆန္ဒ​ကား ရက်စက်ကြမ်းကြုတ်မှု​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 3,
      "text": "မိမိ​နှုတ်​ကို​စောင့်စည်း​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ရှောက်​၏​။ နှုတ်​ဖွာ​သော​သူ​သည် ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 4,
      "text": "ပျင်းရိ​သော​သူ​၏​စိတ်ဝိညာဉ်​သည် တောင့်တ​သော်လည်း မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်​။ ဝီရိယ​ရှိ​သော​သူ​တို့​၏​စိတ်ဝိညာဉ်​မူကား ကြွယ်ဝ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 5,
      "text": "ဖြောင့်မတ်​သော​သူ​သည် မုသား​စကား​ကို မုန်း​၏​။ ဆိုးယုတ်​သော​သူ​မူကား စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၍ မျက်နှာပျက်​ရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 6,
      "text": "ဖြောင့်မတ်​ခြင်း​သည် တည်ကြည်​သော​လမ်း​သို့​လိုက်​သော​သူ​ကို ကာကွယ်​စောင့်ရှောက်​တတ်​၏​။ ဆိုးယုတ်​ခြင်း​မူကား အပြစ်သား​ကို မှားယွင်း​ချွတ်ချော်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 7,
      "text": "ဘာမျှ​မ​ရှိ​ဘဲ​လျက် ချမ်းသာဟန်ဆောင်​သော​သူ​ရှိ​၏​။ စည်းစိမ်ဥစ္စာ​များစွာ​ရှိ​လျက်​နှင့် ဆင်းရဲ​ဟန်ဆောင်​သော​သူ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 8,
      "text": "လူ​၏​ဓနဥစ္စာ​သည် သူ့​အသက်​ကို​ပြန်ရွေး​သော အဖိုးအခ​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​မူကား မည်သည့်​ခြိမ်းခြောက်​သံ​ကို​မျှ မ​ကြား​ရ​ပေ​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 9,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည် ​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 10,
      "text": "မာနထောင်လွှား​ခြင်း​သည် ခိုက်ရန်​ကို​သာ​ဖြစ်ပွား​စေ​တတ်​၏​။ အကြံပေး​ခြင်း​ကို​လက်ခံ​သော​သူ​၌​ကား ဉာဏ်ပညာ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 11,
      "text": "လွယ်လွယ်​ရ​သော​စည်းစိမ်ဥစ္စာ​သည် လျော့နည်း​သွား​တတ်​၏​။ နည်းနည်းချင်း​စုဆောင်း​သော​သူ​မူကား စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 12,
      "text": "မျှော်မှန်း​သော​အရာ​ကြန့်ကြာ​နေ​ပါက စိတ်​မသာမယာ​ဖြစ်​တတ်​၏​။ အလိုဆန္ဒ​ပြည့်ဝ​ခြင်း​မူကား အသက်​ပင်​သဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 13,
      "text": "နှုတ်ကပတ်တော်​ကို​မထီမဲ့မြင်ပြု​သော​သူ​သည် မိမိ​အပေါ်​မိမိ ပျက်စီး​ခြင်း​ကို​သက်ရောက်​စေ​လိမ့်မည်​။ ပညတ်တော်​ကို​ရိုသေ​သော​သူ​မူကား ဆုလာဘ်​ကို​ရရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 14,
      "text": "ပညာရှိ​သော​သူ​၏​သွန်သင်ချက်​သည် အသက်​စမ်းရေတွင်း​ဖြစ်၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ​ဖယ်ခွာ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 15,
      "text": "ကောင်း​သော​ဉာဏ်စွမ်း​သည် မျက်နှာရ​စေ​တတ်​၏​။ သစ္စာမဲ့​သော​သူ​၏​လမ်းခရီး​ကား ကြမ်းတမ်း​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 16,
      "text": "ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တိုင်း​သည် အသိပညာ​ရှိ​စွာ​ပြုကျင့်​တတ်​၏​။ မိုက်မဲ​သော​သူ​မူကား မိမိ​၏​မိုက်မဲမှု​ကို ပေါ်လွင်​ထင်ရှား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 17,
      "text": "ဆိုးယုတ်​သော​စေတမန်​သည် ဒုက္ခတွင်း​ထဲသို့​ကျရောက်​တတ်​၏​။ သစ္စာရှိ​သော​သံတမန်​မူကား ဒဏ်ရာဒဏ်ချက်​ကို ပျောက်ကင်း​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 18,
      "text": "ဆင်းရဲ​ခြင်း​နှင့်​အရှက်ကွဲ​ခြင်း​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​ထံသို့ ရောက်လာ​လိမ့်မည်​။ ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 19,
      "text": "အလိုဆန္ဒ​ပြည့်ဝ​ခြင်း​သည် စိတ်ဝိညာဉ်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​၏​။ သို့သော် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 20,
      "text": "ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 21,
      "text": "ဒုက္ခ​သည် အပြစ်သား​တို့​၏​နောက်​သို့ လိုက်​တတ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​မူကား ကောင်း​သော​ဆုလာဘ်​ကို​ရရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 22,
      "text": "သူတော်ကောင်း​သည် သားမြေး​တို့​အတွက် အမွေ​ကို​ချန်ထား​တတ်​၏​။ အပြစ်ပြု​သော​သူ​၏​ဥစ္စာပစ္စည်း​မူကား ဖြောင့်မတ်​သော​သူ​အတွက် သိုမှီး​ထား​ခြင်း​ခံရ​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 23,
      "text": "ဆင်းရဲ​သော​သူ​တီ​သော​လယ်မြေ​သည် များစွာ​သော​အစားအစာ​ကို ဖြစ်ထွန်း​စေ​တတ်​၏​။ သို့သော် မတရားမှု​ကြောင့် ဖျက်ဆီး​ခြင်း​ခံရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 24,
      "text": "ကြိမ်လုံး​ကို​မသုံး​သော​သူ​သည် မိမိ​သား​ကို​မုန်း​သော​သူ​ဖြစ်​၏​။ သား​ကို​ချစ်​သော​သူ​မူကား သူ့​ကို​ကြိုးစား​၍​ဆုံးမပဲ့ပြင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 25,
      "text": "ဖြောင့်မတ်​သော​သူ​သည် မိမိ​စိတ်ဆန္ဒ ပြည့်စုံကြွယ်ဝ​သည့်​တိုင်အောင် စား​ရ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​ဝမ်း​မူကား ဟာ​နေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 1,
      "text": "ပညာရှိ​သော​မိန်းမ​သည် မိမိ​အိမ်​ကို​တည်ဆောက်​တတ်​၏​။ မိုက်မဲ​သော​မိန်းမ​မူကား ၎င်း​ကို မိမိ​လက်​ဖြင့် ဖြိုဖျက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 2,
      "text": "ဖြောင့်မှန်​စွာ​လျှောက်လှမ်း​သော​သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​တတ်​၏​။ သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​မူကား ကိုယ်တော်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 3,
      "text": "ဆိုးမိုက်​သော​သူ​၏​နှုတ်​တွင် မာန်မာန​အတက်​ပေါက်​လျက်​ရှိ​၏​။ ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​မူကား သူ​တို့​ကို​စောင့်ရှောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 4,
      "text": "နွား​မ​ရှိ​လျှင် တင်းကုပ်​သည် သန့်ရှင်း​၏​။ သို့သော် နွား​၏​ခွန်အား​ဖြင့် များစွာ​သော​အသီးအနှံ​တို့​ကို​ရရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 5,
      "text": "သစ္စာရှိ​သော​သက်သေ​သည် လိမ်လည်​ခြင်း​မ​ပြု​။ မုသား​သက်သေ​မူကား လိမ်လည်​ထွက်ဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 6,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​သော်လည်း မ​တွေ့​ပေ​။ အသိဉာဏ်​ရှိ​သော​သူ​မူကား အသိပညာ​ကို​ရ​လွယ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 7,
      "text": "မိုက်မဲ​သော​သူ​၏​ရှေ့မှောက်​မှ ထွက်သွား​လော့​။ အကြောင်းမူကား သူ့​ထံမှ အသိပညာ​စကား​ကို သင်​ရရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 8,
      "text": "ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​၏​ဉာဏ်ပညာ​မှာ မိမိ​လမ်း​ကို​သိရှိနားလည်​ခြင်း​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား လိမ်လည်လှည့်ဖြား​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 9,
      "text": "ဆိုးမိုက်​သော​သူ​တို့​သည် ဒုစရိုက်ဖြေရာယဇ်​ကို ပြက်ရယ်​ပြု​တတ်​ကြ​၏​။ ဖြောင့်မှန်​သော​သူ​တို့​ကြား​၌​ကား နှစ်သက်​လက်ခံ​ခြင်း​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 10,
      "text": "စိတ်နှလုံး​သည် မိမိ​၏​နာကြည်း​ခြင်း​ကို မိမိ​သိ​၏​။ မိမိ​၏​ဝမ်းမြောက်​ခြင်း​ကို​လည်း အခြား​မည်သူ​က​မျှ ဝင်ရောက်​ခံစား​၍​မ​ရ​ပေ​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 11,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​အိမ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​၏​တဲ​မူကား ပွင့်လန်းဝေဆာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 12,
      "text": "လူ့​အမြင်​၌ မှန်​သော​လမ်း​ဖြစ်​သော်လည်း အဆုံး​၌ သေ​ခြင်း​သို့​ရောက်​စေ​သော​လမ်း​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 13,
      "text": "ရယ်မော​လျက်​နေ​စဉ်ပင် စိတ်နှလုံး​သည် နာကျင်​နေ​တတ်​၏​။ ဝမ်းမြောက်​ခြင်း​၏​အဆုံး​၌​လည်း ပူဆွေးခြင်း​ရှိ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 14,
      "text": "စိတ်သဘော​ဖောက်ပြန်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ဝအီ​လိမ့်မည်​။ သူတော်ကောင်း​မူကား မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 15,
      "text": "အသိဉာဏ်​နည်းပါး​သော​သူ​သည် အရာ​အားလုံး​ကို​ယုံ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား မိမိ​၏​ခြေလှမ်း​ကို ဆင်ခြင်သုံးသပ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 16,
      "text": "ပညာရှိ​သော​သူ​သည် ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​တတ်​၏​။ မိုက်မဲ​သော​သူ​မူကား ချုပ်တည်း​မှု​ကင်းမဲ့​၍ အတင့်ရဲ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 17,
      "text": "စိတ်တို​သော​သူ​သည် မိုက်မဲ​သော​အမှု​ကို​ပြု​တတ်​၏​။ ကောက်ကျစ်​သော​ဉာဏ်​ရှိ​သော​သူ​သည်​လည်း အမုန်းခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 18,
      "text": "အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိုက်မဲမှု​ကို​အမွေဆက်ခံ​ရ​ကြ​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တို့​မူကား အသိပညာ​သရဖူ​ကို​ဆောင်း​ရ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 19,
      "text": "မကောင်းမှု​ပြု​သော​သူ​တို့​သည် သူတော်ကောင်း​တို့​၏​ရှေ့​၌​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​သည် ဖြောင့်မတ်​သော​သူ​၏ တံခါးဝ​၌​လည်းကောင်း ဦးညွှတ်​ကြ​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 20,
      "text": "ဆင်းရဲ​သော​သူ​သည် မိမိ​အိမ်နီးချင်း​၏​မုန်းတီး​ခြင်း​ကို​ပင်​ခံရ​၏​။ ချမ်းသာ​သော​သူ​မူကား ချစ်ခင်​သူ​များ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 21,
      "text": "မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​သော​သူ​သည် အပြစ်ပြု​သော​သူ​ဖြစ်​၏​။ ဆင်းရဲချို့တဲ့​သော​သူ​တို့​ကို သနား​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 22,
      "text": "မကောင်းမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​သည် လမ်းလွဲ​သွား​ကြ​သည်​မ​ဟုတ်​လော​။ ကောင်း​သော​အမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​မူကား မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို တွေ့ရှိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 23,
      "text": "ခက်ခဲပင်ပန်း​သော​အလုပ်​ရှိသမျှ​တို့​၌ အကျိုးအမြတ်​ရှိ​၏​။ အပြော​သက်သက်​မူကား ချို့တဲ့​နွမ်းပါး​ခြင်း​ကို​သာ​ဖြစ်​စေ​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 24,
      "text": "ပညာရှိ​သော​သူ​တို့​၏​သရဖူ​သည် သူ​တို့​၏​ဓနဥစ္စာ​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား မိုက်မဲမှု​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 25,
      "text": "မှန်ကန်​သော​သက်သေ​သည် အသက်​ကို​ကယ်နုတ်​တတ်​၏​။ လိမ်လည်​ထွက်ဆို​သော​သူ​မူကား လိမ်လည်လှည့်ဖြား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 26,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​၌ တန်ခိုးကြီး​သော​ကိုးစား​ရာ​ရှိ​၍ ၎င်း​သည် သူ​၏​သားသမီး​တို့​အတွက် ခိုလှုံ​ရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 27,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ ဖယ်ခွာ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 28,
      "text": "ပြည်သူပြည်သား​များပြားခြင်း​သည် ရှင်ဘုရင်​အတွက် အသရေ​ဖြစ်​၏​။ တိုင်းသူပြည်သား​မ​ရှိ​ခြင်း​မူကား အုပ်ချုပ်သူ​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 29,
      "text": "စိတ်ရှည်​သော​သူ​၌ ကြီးမား​သော​ထိုးထွင်းဉာဏ်​ရှိ​၏​။ စိတ်တို​သော​သူ​မူကား မိုက်မဲမှု​ကို​ချီးမြှောက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 30,
      "text": "တည်ငြိမ်​သော​စိတ်နှလုံး​သည် ကိုယ်ခန္ဓာ​၏​အသက်​ဖြစ်​၏​။ မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ဆွေးမြည့်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 31,
      "text": "ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 32,
      "text": "ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 33,
      "text": "ဉာဏ်ပညာ​သည် အသိဉာဏ်​ရှိ​သော​သူ​၏ စိတ်နှလုံး​ထဲ၌ ကိန်းဝပ်​၍ မိုက်မဲ​သော​သူ​တို့​၏​အလယ်​၌​ပင် ကိုယ့်ကိုယ်ကိုယ်​ဖော်ပြ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 34,
      "text": "ဖြောင့်မတ်​ခြင်း​သည် တိုင်းပြည်​ကို​ချီးမြှောက်​တတ်​၏​။ အပြစ်​မူကား တိုင်းသူပြည်သား​တို့​ကို အရှက်ကွဲ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 35,
      "text": "ပညာသတိ​ရှိ​သော​အစေအပါး​ကို ရှင်ဘုရင်​နှစ်သက်​တတ်​၏​။ အရှက်ကွဲ​စေ​သော​သူ​အပေါ်​၌​မူကား အမျက်​တော်​သက်ရောက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 1,
      "text": "ညင်သာ​စွာ​ဖြေကြား​သော​စကား​သည် အမျက်ဒေါသ​ကို​ပြေ​စေ​တတ်​၏​။ ကြမ်းတမ်း​သော​စကား​မူကား အမျက်​ကို​လှုံ့ဆော်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 2,
      "text": "ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 3,
      "text": "ထာဝရဘုရား​၏​မျက်စိ​တော်​သည် နေရာ​တိုင်း​၌​ရှိ​၍ မကောင်းမှု​ပြု​သော​သူ​တို့​နှင့် သူတော်ကောင်း​တို့​ကို စောင့်ကြည့်​နေ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 4,
      "text": "ညင်သာ​သော ​လျှာ​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ ကောက်ကျစ်စဉ်းလဲ​သော​လျှာ​မူကား စိတ်​ကို​ကြေကွဲ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 5,
      "text": "ဆိုးမိုက်​သော​သူ​သည် မိမိ​ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို မထီလေးစား​ပြု​တတ်​၏​။ ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား နှိုင်းချင့်မျှော်ခေါ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 6,
      "text": "ဖြောင့်မတ်​သော​သူ​၏​အိမ်​၌ စည်းစိမ်​များစွာ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​၏​အမြတ်အစွန်း​မူကား ဒုက္ခပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 7,
      "text": "ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​သည် အသိပညာ​ကို​ပြန့်ပွား​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ထိုသို့​မ​ဟုတ်​ပေ​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 8,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 9,
      "text": "ဆိုးယုတ်​သော​သူ​၏​လမ်း​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မတ်​ခြင်း​ကို​လက်ကိုင်ပြု​သော​သူ​ကို​ကား ကိုယ်တော်​ချစ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 10,
      "text": "လမ်း​မှန်​ကို​စွန့်ပယ်​သော​သူ​အတွက် ပြင်းထန်​သော​ဆုံးမပဲ့ပြင်​ခြင်း​ရှိ​၏​။ ဆိုဆုံးမစကား​ကို​မုန်း​သော​သူ​သည် သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 11,
      "text": "မရဏာနိုင်ငံ​နှင့် ပျက်စီး​ခြင်း​နိုင်ငံ​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ထင်ရှား​လျက်​ရှိ​၏​။ ထို့ထက်မက လူသား​တို့​၏​စိတ်နှလုံး​သည် ပို၍ပင်​ထင်ရှား​လျက်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 12,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​သည် မိမိ​အား​ဆုံးမ​သော​သူ​ကို​ချစ်​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​ထံသို့​လည်း သွား​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 13,
      "text": "ဝမ်းမြောက်​သော​စိတ်နှလုံး​သည် မျက်နှာ​ကို​ရွှင်လန်း​စေ​တတ်​၏​။ သို့သော် ဝမ်းနည်းပူဆွေး​သော​စိတ်နှလုံး​ကြောင့် စိတ်​ထိခိုက်​နာကျင်​ရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 14,
      "text": "အသိဉာဏ်​ရှိ​သော​သူ​၏​စိတ်နှလုံး​သည် အသိပညာ​ကို​ရှာဖွေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​၌​ကျက်စား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 15,
      "text": "အဖိနှိပ်​ခံရ​သော​သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဆိုးရွား​၏​။ ကြည်ရွှင်​သော​စိတ်နှလုံး​၌​မူကား အစဉ်မပြတ်​ကျင်းပ​သော​စားသောက်ပွဲ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 16,
      "text": "ဥစ္စာဘဏ္ဍာ​အနည်းငယ်​သာ​ရှိ​ပြီး ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဥစ္စာဘဏ္ဍာ​များစွာ​ရှိ​ပြီး ရှုပ်ထွေး​သော​ပြဿနာ​နှင့်​ကြုံ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 17,
      "text": "ချစ်ခြင်းမေတ္တာ​ရှိ​ရာ​အရပ်​၌ ဟင်းသီးဟင်းရွက်​ကို​စား​ရ​ခြင်း​သည် မုန်းတီး​ခြင်း​ရှိ​ရာ​အရပ်​၌ ဆူဖြိုး​သော​နွား​ကို​စား​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 18,
      "text": "ဒေါသကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန်​လှုံ့ဆော်​တတ်​၏​။ စိတ်ရှည်​သော​သူ​မူကား ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ငြိမ်း​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 19,
      "text": "ပျင်းရိ​သော​သူ​၏​လမ်း​သည် ဆူး​စည်းရိုး​သဖွယ်​ဖြစ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​လမ်းခရီး​မူကား ပြန့်ပြူး​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 20,
      "text": "ပညာရှိ​သော​သား​သည် ဖခင်​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ မိုက်မဲ​သော​သား​မူကား မိမိ​၏​မိခင်​ကို​မထီမဲ့မြင်ပြု​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 21,
      "text": "အသိစိတ်​မ​ရှိ​သော​သူ​သည် မိုက်မဲ​ခြင်း​၌​ဝမ်းမြောက်​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား ဖြောင့်မှန်​စွာ​လျှောက်လှမ်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 22,
      "text": "ဆွေးနွေးတိုင်ပင်​ခြင်း​မ​ရှိ​လျှင် အကြံအစည်​များ​ပျက်​တတ်​၏​။ အကြံပေးသူ​များစွာ​ရှိ​လျှင်​မူကား အကြံအစည်​ထမြောက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 23,
      "text": "လူ​သည် မိမိ​နှုတ်​၏​တုံ့ပြန်​စကား​အားဖြင့် ဝမ်းမြောက်​ခြင်း​ကို​ခံစား​ရ​၏​။ သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်​လည်း ကောင်းမြတ်​လှ​ပေ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 24,
      "text": "အသက်ရှင်​ခြင်း​လမ်း​သည် ပညာသတိ​ရှိ​သော​သူ​ကို အထက်​အရပ်​သို့​ပို့ဆောင်​ပေး​၏​။ ထိုသို့​အားဖြင့် သူ​သည် အောက်​မရဏာနိုင်ငံ​မှ​ဖယ်ခွာ​နိုင်​မည်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 25,
      "text": "ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။ မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 26,
      "text": "မကောင်းမှု​ပြု​သော​သူ​၏​အကြံအစည်​များ​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သို့သော် နှစ်လို​ဖွယ်​စကား​တို့​သည် စင်ကြယ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 27,
      "text": "မတရား​သော​အကျိုး​စီးပွား​ကို​တပ်မက်​သော​သူ​သည် မိမိ​အိမ်သူအိမ်သား​တို့​ကို ဒုက္ခပေး​တတ်​၏​။ တံစိုးလက်ဆောင်​ကို​မုန်း​သော​သူ​မူကား အသက်ရှင်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 28,
      "text": "ဖြောင့်မတ်​သော​သူ​၏​စိတ်နှလုံး​သည် မည်သို့​ဖြေကြား​ရ​မည်​ကို တွေးဆ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​မူကား မကောင်း​သော​အရာ​များ​ကို သွန်ထုတ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 29,
      "text": "ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​နှင့် ဝေးကွာ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား နားညောင်း​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 30,
      "text": "မျက်စိ​အလင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ ကောင်း​သော​သတင်းစကား​သည်​လည်း အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 31,
      "text": "အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ဆိုဆုံးမစကား​ကို နားထောင်​သော​သူ​သည် ပညာရှိ​သော​သူ​တို့​အလယ်​၌ နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 32,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အလေးမထား​တတ်​။ ဆိုဆုံးမစကား​ကို​နားထောင်​သော​သူ​မူကား အသိဉာဏ်​ကို​ရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 33,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 1,
      "text": "စိတ်နှလုံး​၏​တွေးတောကြံစည်မှု​တို့​သည် လူ​နှင့်​ဆိုင်​၏​။ လျှာ​ဖြေကြား​သော​စကား​မူကား ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 2,
      "text": "လူ​သည် မိမိ​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​ကို သန့်ရှင်းစင်ကြယ်​သည်​ဟု ထင်မြင်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် စိတ်သဘော​ကို​ချိန်တွယ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 3,
      "text": "သင်​ပြု​သော​အမှု​တို့​ကို ထာဝရဘုရား​ထံ​အပ်နှံ​လော့​။ သို့ပြုလျှင် သင်​၏​အကြံအစည်​တို့​သည် တည်​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 4,
      "text": "ထာဝရဘုရား​သည် ခပ်သိမ်း​သော​အရာ​တို့​ကို မိမိ​ရည်ရွယ်​ချက်​အတွက် ပြင်ဆင်​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​ကို​ပင်လျှင် ဒုက္ခခံရာ​နေ့ရက်​အတွက် ပြင်ဆင်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 5,
      "text": "ဘဝင်မြင့်​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သူ​တို့​သည် မည်သို့မျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 6,
      "text": "မေတ္တာကရုဏာ​နှင့်​သမ္မာတရား​အားဖြင့် အပြစ်​ဖြေလွှတ်​ခြင်း​ခံရ​၍ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မကောင်းမှု​မှ​ဖယ်ခွာ​နိုင်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 7,
      "text": "လူ​တစ်ဦး​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​နှစ်သက်​တော်မူ​သောအခါ ထို​သူ​၏​ရန်သူ​များ​ကို​ပင် သူ​နှင့်​သင့်မြတ်​စေ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 8,
      "text": "တရားသဖြင့်​ရ​သော အမြတ်အစွန်း​အနည်းငယ်​သည် မတရား​သဖြင့်​ရ​သော အမြတ်အစွန်း​များစွာ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 9,
      "text": "လူ​၏​စိတ်နှလုံး​သည် မိမိ​သွား​ရာ​လမ်း​ကို ကြံစည်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် သူ​၏​ခြေလှမ်း​များ​ကို တည့်မတ်​စေ​တော်မူ​မည်​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 10,
      "text": "ရှင်ဘုရင်​၏​နှုတ်ခမ်း​တွင် နိမိတ်စကား​ရှိ​၏​။ တရားစီရင်​ရာ​၌ သူ​၏​နှုတ်​သည် မှားယွင်း​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 11,
      "text": "မှန်ကန်​သော​ကတ္တား​နှင့်​ချိန်ခွင်​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။ အိတ်​ထဲ၌​ရှိ​သော​အလေး​အားလုံး​ကို​လည်း ကိုယ်တော်​ပြုလုပ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 12,
      "text": "ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် တည်မြဲ​သည်​ဖြစ်၍ ရှင်ဘုရင်​တို့​သည် ဆိုးယုတ်​သော​အမှု​ပြု​ရ​မည်​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 13,
      "text": "ရှင်ဘုရင်​တို့​သည် ဖြောင့်မတ်​သော​နှုတ်ခမ်း​ကို​နှစ်သက်​၍ ဖြောင့်မှန်​စွာ​ပြောဆို​သော​သူ​ကို ချစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 14,
      "text": "ရှင်ဘုရင်​၏​အမျက်ဒေါသ​သည် သေ​ခြင်း​၏​စေတမန်​ဖြစ်​၏​။ သို့သော် ပညာရှိ​သော​သူ​သည် ၎င်း​ကို​ပြေ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 15,
      "text": "ရှင်ဘုရင်​၏​မျက်နှာ​တော်​ကြည်လင်​တောက်ပ​ရာ​၌ အသက်ရှင်​ခြင်း​ရှိ​၏​။ သူ​၏​ကျေးဇူး​ပြု​ခြင်း​သည် နွေဦးမိုး​ကို​ရွာ​စေ​သည့် တိမ်တိုက်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 16,
      "text": "ရွှေ​ကို​ရရှိ​ခြင်း​ထက် ဉာဏ်ပညာ​ကို​ရရှိ​ခြင်း​သည် အလွန်​ကောင်း​၏​။ ငွေ​ကို​ရရှိ​ခြင်း​ထက် အသိဉာဏ်​ရရှိ​ခြင်း​ကို ရွေးချယ်​ရန်​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 17,
      "text": "ဖြောင့်မှန်​သော​သူ​တို့​၏​လမ်း​သည် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​ဖြစ်​၏​။ မိမိ​သွား​ရာ​လမ်း​ကို ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 18,
      "text": "ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် မာနကြီး​ခြင်း​ဖြစ်​၏​။ ပြိုလဲ​ခြင်း​၏​ရှေ့ပြေး​ကား ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 19,
      "text": "ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​နှင့်အတူ စိတ်နှိမ့်ချ​လျက်​နေ​ခြင်း​သည် မောက်မာ​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 20,
      "text": "နှုတ်ကပတ်တော်​ကို ဂရုပြု​သော​သူ​သည် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​သော​သူ​သည်​လည်း မင်္ဂလာ​ရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 21,
      "text": "စိတ်နှလုံး​၌​ပညာရှိ​သော​သူ​သည် အသိဉာဏ်​ရှိ​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်​။ နှစ်လို​ဖွယ်​စကား​တို့​သည် ပညာ​ကို​တိုးပွား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 22,
      "text": "ဉာဏ်စွမ်း​ကို​ပိုင်ဆိုင်​သော​သူ​အတွက် ထို​ဉာဏ်စွမ်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။ မိုက်မဲ​ခြင်း​မူကား ဆိုးမိုက်​သော​သူ​တို့​ခံရ​သော အပြစ်ဒဏ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 23,
      "text": "ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် မိမိ​နှုတ်​ကို​ပညာသတိ​ရှိ​စေ​၍ မိမိ​နှုတ်ခမ်း​တွင် ပညာ​ကို​တိုးပွား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 24,
      "text": "နှစ်လို​ဖွယ်​စကား​တို့​သည် ပျားလပို့​မှ​ပျားရည်​ကဲ့သို့ စိတ်ဝိညာဉ်​၌​ချိုမြိန်​၍ အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 25,
      "text": "လူ့​အမြင်​၌ မှန်​သော​လမ်း​ဖြစ်​သော်လည်း အဆုံး​၌ သေ​ခြင်း​သို့​ရောက်​စေ​သော​လမ်း​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 26,
      "text": "အလုပ်လုပ်​သော​သူ​၏​ပါးစပ်​သည် သူ့​ကို​တွန်းအား​ပေး​သောကြောင့် သူ​၏​စိတ်ဆန္ဒ​သည် သူ့​အတွက် ကြိုးပမ်းအားထုတ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 27,
      "text": "ဆိုးညစ်​သော​သူ​သည် မကောင်းမှု​ကို​တူးဆွ​တတ်​၏​။ သူ​၏​စကား​သည်​လည်း တောက်လောင်​နေ​သော မီး​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 28,
      "text": "ဖောက်ပြန်လွဲမှား​သော​သူ​သည် အငြင်းပွားမှု​ကို​ဖြစ်ပွား​စေ​တတ်​၏​။ အတင်းအဖျင်း​ပြောဆို​သော​သူ​သည်​လည်း အပေါင်းအဖော်​ကို​ကွဲပြား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 29,
      "text": "ရက်စက်ကြမ်းကြုတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို​သွေးဆောင်​၍ မ​ကောင်း​သော​လမ်း​သို့ လိုက်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 30,
      "text": "မျက်စိ​မှိတ်ပြ​သော​သူ​သည် ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို ကြံစည်​နေ​ခြင်း​ဖြစ်​၏​။ မိမိ​၏​နှုတ်ခမ်း​ကို​ဖိပိတ်​ထား​သော​သူ​သည်​လည်း မကောင်းမှု​ကို​ပြီးမြောက်​စေ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 31,
      "text": "ဖြူသောဆံပင်​သည် အသရေ​ရှိ​သော​သရဖူ​ဖြစ်၍ ဖြောင့်မတ်​စွာ​ပြုမူကျင့်ကြံ​ခြင်း​အားဖြင့် ၎င်း​ကို​ရရှိ​နိုင်​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 32,
      "text": "စိတ်ရှည်​သော​သူ​သည် သူရဲကောင်း​ထက် ပို၍​ကောင်း​၏​။ မိမိ​၏​စိတ်​ကို ထိန်းချုပ်​နိုင်​သော​သူ​သည်​လည်း မြို့​ကို​သိမ်းပိုက်​နိုင်​သော​သူ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 33,
      "text": "မဲ​ကို ပေါင်ခွင်​၌​ချ​တတ်​ကြ​၏​။ သို့သော် စီရင်ဆုံးဖြတ်ချက်​အားလုံး​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 1,
      "text": "ငြိမ်းချမ်းမှု​နှင့်ယှဉ်တွဲ​လျက်​ရှိ​သော မုန့်​ခြောက်​အနည်းငယ်​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​နှင့်ယှဉ်တွဲ​လျက်​ရှိ​သည့် စားသောက်ဖွယ်​အပြည့်​ရှိ​သော​အိမ်​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 2,
      "text": "ပညာသတိ​ရှိ​သော​အစေအပါး​သည် အရှက်ကွဲ​စေ​သော​သား​ကို​အုပ်စိုး​၍ ညီအစ်ကို​တို့​နှင့်အတူ အမွေ​ဝေစု​ကို​ရရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 3,
      "text": "ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​တတ်​၏​။ စိတ်နှလုံး​ကို​ကား ထာဝရဘုရား​စစ်ဆေး​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 4,
      "text": "ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​သည် ယုတ်ညံ့​သော​စကား​ကို အာရုံစိုက်​နားထောင်​တတ်​၏​။ မုသား​ပြောဆို​သော​သူ​သည်​လည်း ယုတ်မာစဉ်းလဲ​သော​စကား​ကို စူးစိုက်​နားထောင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 5,
      "text": "ဆင်းရဲ​သော​သူ​ကို​ပြက်ရယ်ပြု​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ သူတစ်ပါး​ဘေးဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 6,
      "text": "မြေး​တို့​သည် အသက်ကြီး​သော​သူ​တို့​၏​သရဖူ​ဖြစ်​၏​။ သားသမီး​တို့​၏​ဂုဏ်ကျက်သရေ​ကား သူ​တို့​၏​မိဘ​ဘိုးဘွား​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 7,
      "text": "မွန်မြတ်​သော​နှုတ်ခမ်း​သည် မိုက်မဲ​သော​သူ​နှင့်​မ​သင့်လျော်​ပေ​။ ထို့ထက်မက မုသား​နှုတ်ခမ်း​သည် မင်းအရာရှိ​နှင့် ပို၍ပင်​မ​သင့်လျော်​ပေ​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 8,
      "text": "တံစိုးလက်ဆောင်​သည် ပေးသူ​၏​အမြင်​တွင် တင့်တယ်​သော​ကျောက်မျက်​ဖြစ်၍ မျက်နှာမူ​ရာ​အရပ်ရပ်​၌ အောင်မြင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 9,
      "text": "သူတစ်ပါး​ကျူးလွန်​သော​အပြစ်​ကို ဖုံးအုပ်​ပေး​သော​သူ​သည် ချစ်ခြင်းမေတ္တာ​ကို​ပြုစု​၏​။ အမှုအရာ​ကို​ထပ်တလဲလဲ​ပြောဆို​သော​သူ​မူကား အပေါင်းအဖော်​ကို ကွဲပြား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 10,
      "text": "အသိဉာဏ်​ရှိ​သော​သူ​ကို တစ်ကြိမ်​ဆုံးမ​ခြင်း​သည် မိုက်မဲ​သော​သူ​ကို အကြိမ်​တစ်ရာ​ရိုက်​ခြင်း​ထက် ပို၍​အရာ​ရောက်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 11,
      "text": "ဆိုးညစ်​သော​သူ​သည် ပုန်ကန်မှု​ကို​သာ​ရှာကြံ​တတ်​သည်​ဖြစ်၍ ရက်စက်​သော​စေတမန်​သည် သူ့​ထံသို့​စေလွှတ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 12,
      "text": "မိုက်မဲစိတ်​မွှန်​နေ​သော လူမိုက်​နှင့်​တွေ့​ရ​ခြင်း​ထက် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​နှင့်​တွေ့​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 13,
      "text": "တစ်စုံတစ်ဦး​သည် ကောင်းမှု​ကို မကောင်းမှု​ဖြင့်​တုံ့ပြန်​လျှင် မကောင်းမှု​သည် သူ့​အိမ်​မှ ထွက်ခွာ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 14,
      "text": "အငြင်းပွားမှု​၏​အစ​သည် ရေ​ပေါက်ထွက်​ခါစကဲ့သို့​ဖြစ်​သောကြောင့် ခိုက်ရန်​မ​ဖြစ်ပွား​မီ အငြင်းပွားမှု​ကို​ရပ်စဲ​လော့​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 15,
      "text": "ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​သော​သူ​နှင့် ဖြောင့်မတ်​သော​သူ​ကို အပြစ်ရှိ​သည်​ဟု​စီရင်​သော​သူ​နှစ်ဦးစလုံး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 16,
      "text": "မိုက်မဲ​သော​သူ​သည် ဉာဏ်​မ​ရှိ​ဘဲ​လျက် ဉာဏ်ပညာ​ကို​ဝယ်ယူ​ရန် လက်​ထဲ၌​ငွေ​ကိုင်​ထား​သည်​မှာ အဘယ်ကြောင့်​နည်း​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 17,
      "text": "မိတ်ဆွေ​သည် အစဉ်အမြဲ ချစ်ခင်​တတ်​၏​။ ညီအစ်ကို​သည်​လည်း ဆင်းရဲဒုက္ခ​ရောက်​ချိန်​အတွက် မွေးဖွား​လာ​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 18,
      "text": "အသိဉာဏ်​မ​ရှိ​သော​သူ​သည် သူတစ်ပါး​အတွက် တာဝန်ခံ​ပေး​၍ မိမိ​၏​အိမ်နီးချင်း​အတွက် အာမခံ​ပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 19,
      "text": "အပြစ်​ကျူးလွန်​ခြင်း​ကို​နှစ်သက်​သော​သူ​သည် ခိုက်ရန်​ပြု​ခြင်း​ကို​နှစ်သက်​တတ်​၏​။ မိမိ​၏​တံခါး​ကို​မြှင့်​သော​သူ​သည် ပျက်စီး​ခြင်း​ကို​ရှာကြံ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 20,
      "text": "စိတ်နှလုံး​ကောက်ကျစ်​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့​ရ​မည်​မ​ဟုတ်​။ လိမ်လည်​ပြောဆို​သော​သူ​သည်​လည်း ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 21,
      "text": "မိုက်မဲ​သော​သား​ကို​ရ​သော​သူ​၌ ပူဆွေးခြင်း​ရှိ​၏​။ မိုက်မဲ​သော​သူ​၏​ဖခင်​၌​လည်း ဝမ်းမြောက်​ခြင်း​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 22,
      "text": "ဝမ်းမြောက်​သော​စိတ်နှလုံး​သည် ဆေး​ကောင်း​တစ်​လက်​ဖြစ်​၏​။ စိတ်​ထိခိုက်​နာကျင်​ခြင်း​မူကား အရိုး​ကို​ခြောက်သွေ့​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 23,
      "text": "ဆိုးယုတ်​သော​သူ​သည် တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​ဖျက်​ရန် တံစိုးလက်ဆောင်​ကို လျှို့ဝှက်​စွာ​ယူ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 24,
      "text": "အသိဉာဏ်​ရှိ​သော​သူ​၏​မျက်နှာ​သည် ဉာဏ်ပညာ​ဘက်​သို့​ရှေးရှု​တတ်​၏​။ မိုက်မဲ​သော​သူ​၏​မျက်စိ​မူကား ကမ္ဘာမြေကြီး​အစွန်း​သို့​ရှေးရှု​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 25,
      "text": "မိုက်မဲ​သော​သား​သည် သူ​၏​ဖခင်​အတွက် ပူဆွေး​စရာ​ဖြစ်၍ သူ့​ကို​မွေးဖွား​သော​သူ​အတွက် ခါးသီး​စရာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 26,
      "text": "ဖြောင့်မတ်​သော​သူ​ကို အပြစ်ဒဏ်​ပေး​ခြင်း​၊ မင်းအရာရှိ​တို့​ကို ဖြောင့်မှန်မှု​အတွက်​ရိုက်​ခြင်း​သည် မ​ကောင်း​ပေ​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 27,
      "text": "မိမိ​စကား​ကို​ထိန်းချုပ်​သော​သူ​သည် အသိပညာ​ရှိ​၏​။ စိတ်​အေးဆေး​တည်ငြိမ်​သော​သူ​သည် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 28,
      "text": "ဆိုးမိုက်​သော​သူ​ပင် တိတ်ဆိတ်​စွာ​နေ​လျှင် ပညာရှိ​ဟူ၍​လည်းကောင်း​၊ မိမိ​၏​နှုတ်​ကို​ပိတ်​ထား​လျှင် အသိဉာဏ်​ရှိ​သော​သူ​ဟူ၍​လည်းကောင်း မှတ်ယူ​ခြင်း​ခံရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 1,
      "text": "သူတစ်ပါး​နှင့်​မရောနှော​သော​သူ​သည် မိမိ​အလိုဆန္ဒ​ကို​သာ​ရှာကြံ​၍ မှန်ကန်​ပြည့်စုံ​သော​ဉာဏ်ပညာ​ရှိသမျှ​ကို ဆန့်ကျင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 2,
      "text": "မိုက်မဲ​သော​သူ​သည် ထိုးထွင်းဉာဏ်​ကို​အလို​မ​ရှိ​ဘဲ မိမိ​စိတ်သဘော​ကို​သာ ဖော်ပြ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 3,
      "text": "ဆိုးယုတ်​သော​သူ​ရောက်လာ​သောအခါ မထီမဲ့မြင်ပြု​ခြင်း​လည်း ရောက်လာ​တတ်​၏​။ ကဲ့ရဲ့ပြစ်တင်​ခြင်း​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့်အတူ​ရောက်လာ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 4,
      "text": "လူ​၏​နှုတ်​မှ​ထွက်​သော​စကား​တို့​သည် နက်​သော​ရေ​ကဲ့သို့​ဖြစ်​၏​။ ဉာဏ်ပညာ​၏​စမ်းရေတွင်း​သည် စီးဆင်း​နေ​သော​စမ်းချောင်း​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 5,
      "text": "ဆိုးယုတ်​သော​သူ​ကို​မျက်နှာလိုက်​ခြင်း​၊ ဖြောင့်မတ်​သော​သူ​ကို မတရားသဖြင့်​စီရင်​ခြင်း​သည် မ​ကောင်း​ပေ​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 6,
      "text": "မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​သည် ခိုက်ရန်ဖြစ်ပွားမှု​ထဲ​ဝင်ပါ​တတ်​၏​။ သူ​၏​နှုတ်​သည်​လည်း ကြိမ်ဒဏ်​ကို​ဖိတ်ခေါ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 7,
      "text": "မိုက်မဲ​သော​သူ​၏​နှုတ်​သည် သူ့​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ သူ​၏​နှုတ်ခမ်း​သည်​လည်း သူ​၏​စိတ်ဝိညာဉ်​ကို​ဖမ်းမိ​သော​ထောင်ချောက်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 8,
      "text": "အတင်းအဖျင်း​ပြောဆို​သော​သူ​၏​စကား​တို့​သည် စားကောင်းသောက်ဖွယ်​များ​ကဲ့သို့​ဖြစ်၍ အတွင်း​အကျဆုံး​နေရာ​များ​သို့​ဆင်းသွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 9,
      "text": "မိမိ​၏​အလုပ်​၌​ပျင်းရိ​သော​သူ​သည် အဖျက်သမား​နှင့်​ညီအစ်ကို​တော်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 10,
      "text": "ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 11,
      "text": "ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။ ၎င်း​ကို မြင့်မား​သော​တံတိုင်း​နှင့်​တူ​သည်​ဟု သူ​ထင်မှတ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 12,
      "text": "ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် လူ​၏​ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 13,
      "text": "ကောင်း​စွာ​နား​မ​ထောင်​မီ ဖြေဆို​ခြင်း​သည် ထိုသို့​ဖြေဆို​သော​သူ​အတွက် မိုက်မဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​ဖြစ်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 14,
      "text": "လူ​၏​စိတ်​သည် သူ​၏​ရောဂါဝေဒနာ​ကို ခံရပ်​နိုင်​၏​။ သို့သော် စိတ်​ထိခိုက်​နာကျင်​ခြင်း​ကို​ကား မည်သူ​ခံနိုင်​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 15,
      "text": "အသိဉာဏ်​ရှိ​သော​သူ​၏​စိတ်နှလုံး​သည် အသိပညာ​ကို​ဆည်းပူး​တတ်​၏​။ ပညာရှိ​သော​သူ​တို့​၏​နား​သည်​လည်း အသိပညာ​ကို​ရှာဖွေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 16,
      "text": "လူ​နှင့်​ပါလာ​သော​လက်ဆောင်​သည် သူ့​ကို​လမ်း​ဖွင့်​ပေး​၍ ကြီးမြတ်​သော​သူ​တို့​၏​ရှေ့မှောက်​သို့ သူ့​ကို​ပို့ဆောင်​ပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 17,
      "text": "မိမိ​အမှု​ကို​ဦးစွာ​တင်ပြ​သော​သူ​သည် အခြားသူ​ရောက်လာ​၍ ထို​အမှု​ကို မ​စစ်ကြော​မီ​အထိ ဖြောင့်မတ်​ဟန်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 18,
      "text": "မဲချခြင်း​သည် ငြင်းခုံ​ရန်တွေ့​ခြင်း​ကို​အဆုံးသတ်​စေ​၍ အင်အားကြီး​သော​သူ​တို့​အကြား ဖျန်ဖြေ​ပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 19,
      "text": "စော်ကားပြစ်မှား​ခြင်း​ခံရ​သော​ညီအစ်ကို​သည် ခိုင်ခံ့​သော​မြို့​ထက် ပို၍​မာကျော​၏​။ ငြင်းခုံ​ရန်တွေ့​ခြင်း​သည်​လည်း ခံတပ်​၏​ကန့်လန့်ကျင်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 20,
      "text": "လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​ဖြင့် မိမိ​ဝမ်း​ကို​ပြည့်​စေ​၍ မိမိ​နှုတ်ခမ်း​၏​အမြတ်အစွန်း​ဖြင့် အလိုပြည့်စုံ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 21,
      "text": "သေ​ခြင်း​နှင့်​အသက်ရှင်​ခြင်း​သည် လျှာ​၏​တန်ခိုး​အောက်​၌​ရှိ​သည်​ဖြစ်၍ လျှာ​ကို​ချစ်ခင်​သော​သူ​သည် ၎င်း​၏​အသီး​ကို​စား​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 22,
      "text": "မယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အရာ​ကို​ရ​၍ ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 23,
      "text": "ဆင်းရဲ​သော​သူ​သည် အသနားခံ​ပြောဆို​တတ်​၏​။ ချမ်းသာ​သော​သူ​မူကား ကြမ်းတမ်း​စွာ​တုံ့ပြန်​ပြောဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 24,
      "text": "အပေါင်းအသင်း​များ​သော​သူ​သည် ပျက်စီး​တတ်​၏​။ သို့ရာတွင် ညီအစ်ကို​ထက် ပို၍​ခင်တွယ်​တတ်​သော​မိတ်ဆွေ​လည်း ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 1,
      "text": "တည်ကြည်​စွာ​လျှောက်လှမ်း​သော ဆင်းရဲသား​သည် ကောက်ကျစ်​သော​စကား​ကို​ပြောဆို​သည့် လူမိုက်​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 2,
      "text": "အသိပညာ​ကင်းမဲ့​သော​စိတ်ဆန္ဒ​သည် မ​ကောင်း​ပေ​။ အလျင်စလို​ခြေ​လှမ်း​သော​သူ​သည် လွဲချော်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 3,
      "text": "လူ​သည် မိမိ​၏​မိုက်မဲမှု​ကြောင့် မိမိ​လမ်းခရီး​မှားယွင်း​ချွတ်ချော်​သောအခါ​ပင် သူ​၏​စိတ်နှလုံး​တွင် ထာဝရဘုရား​ကို​စိတ်ဆိုး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 4,
      "text": "စည်းစိမ်ဥစ္စာ​သည် အပေါင်းအသင်း​များစွာ​တိုးပွား​စေ​တတ်​၏​။ ဆင်းရဲ​သော​သူ​မူကား သူ့​မိတ်ဆွေ​၏​စွန့်ခွာ​ခြင်း​ကို​ခံရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 5,
      "text": "မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း လွတ်မြောက်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 6,
      "text": "များစွာ​သော​သူ​တို့​သည် မင်းအရာရှိ​ထံမှ​မျက်နှာရ​ရန်​ကြိုးစား​တတ်​ကြ​၏​။ လူ​တိုင်း​သည်​လည်း လက်ဆောင်​ပေး​သော​သူ​နှင့်​မိတ်ဆွေ​ဖြစ်​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 7,
      "text": "ဆင်းရဲ​သော​သူ​ကို သူ​၏​ညီအစ်ကို​အားလုံး​ကပင် မုန်း​တတ်​ကြ​၏​။ သူ​၏​မိတ်ဆွေ​တို့​သည် သူ့​ကို​ဝေးဝေးရှောင်​ကြ​သည်​မှာ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။ သူ​သည် သူ​တို့​နောက်​သို့​လိုက်​၍ စကားပြော​သော်လည်း မည်သူ​မျှ သူ​နှင့်​စကား​မ​ပြော​ကြ​ပေ​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 8,
      "text": "အသိဉာဏ်​ကို​ရရှိ​သော​သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို​ချစ်​၏​။ ထိုးထွင်းဉာဏ်​ကို​စောင့်ထိန်း​သော​သူ​သည် ကောင်း​သော​အရာ​ကို​တွေ့ရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 9,
      "text": "မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 10,
      "text": "မိုက်မဲ​သော​သူ​သည် ပျော်ရွှင်ကြည်နူး​ရန်​မ​သင့်လျော်​ပေ​။ ထို့ထက်မက ကျွန်​သည် အကြီးအကဲ​တို့​ကို​အုပ်စိုး​ရန် ပို၍ပင်​မ​သင့်လျော်​ပေ​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 11,
      "text": "ပညာသတိ​ရှိ​သော​သူ​သည် မိမိ​၏​ဒေါသ​ကို​ချုပ်တည်း​တတ်​၏​။ သူ​၏​ဂုဏ်ကျက်သရေ​ကား သူတစ်ပါး​ကျူးလွန်​သော​အပြစ်​ကို ဖြေလွှတ်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 12,
      "text": "ရှင်ဘုရင်​၏​အမျက်ဒေါသ​သည် ခြင်္သေ့ပျို​ဟောက်​သကဲ့သို့​ဖြစ်​၏​။ သူ​၏​ကျေးဇူး​ပြု​ခြင်း​မူကား မြက်ပင်​ပေါ်မှ​နှင်းစက်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 13,
      "text": "မိုက်မဲ​သော​သား​သည် သူ့​ဖခင်​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​သည်​လည်း အဆက်မပြတ် တစက်စက်​ယိုကျ​သော​မိုးရေ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 14,
      "text": "အိမ်ရာ​နှင့်​စည်းစိမ်ဥစ္စာ​သည် မိဘ​ဘိုးဘွား​တို့​ပေး​သော​အမွေ​ဖြစ်​၏​။ ပညာသတိ​ရှိ​သော​မယား​မူကား ထာဝရဘုရား​ပေးသနား​တော်မူ​ရာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 15,
      "text": "ပျင်းရိ​ခြင်း​သည် အအိပ်ကြီး​စေ​တတ်​၏​။ လုံ့လနည်း​သော​သူ​သည်​လည်း ငတ်မွတ်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 16,
      "text": "ပညတ်တော်​ကို​စောင့်ထိန်း​သော​သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။ ကိုယ်တော်​၏​လမ်း​တော်​တို့​ကို မထီမဲ့မြင်ပြု​သော​သူ​မူကား သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 17,
      "text": "ဆင်းရဲ​သော​သူ​ကို​သနား​သော​သူ​သည် ထာဝရဘုရား​အား ချေးငှား​ခြင်း​ဖြစ်၍ ကိုယ်တော်​သည် သူ​၏​လုပ်ဆောင်မှု​အတွက် သူ့​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 18,
      "text": "မျှော်လင့်​ခြင်း​ရှိ​စဉ်အခါ သင်​၏​သား​ကို​ပဲ့ပြင်​လော့​။ သူ့​ကို​သေ​ခြင်း​သို့​ရောက်​စေ​လို​သည့် စိတ်ထား​မျိုး​မ​ရှိ​စေ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 19,
      "text": "အမျက်ဒေါသ​ကြီးမား​သော​သူ​သည် အပြစ်ဒဏ်​ခံရ​လိမ့်မည်​။ သူ့​ကို​ကယ်နုတ်​လျှင်​လည်း နောက်တစ်ဖန်​ထပ်၍ ကယ်နုတ်​ရ​ဦး​မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 20,
      "text": "အကြံဉာဏ်​ကို​နားထောင်​၍ ဆုံးမပဲ့ပြင်​ခြင်း​ကို​လက်ခံ​လော့​။ သို့ပြုလျှင် နောက်ဆုံး​၌ သင်​သည် ဉာဏ်ပညာ​ကို​ရရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 21,
      "text": "လူ​၏​စိတ်နှလုံး​ထဲ၌ အကြံအစည်​များစွာ​ရှိ​၏​။ သို့ရာတွင် ထာဝရဘုရား​၏​အကြံဉာဏ်​သည်​သာ တည်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 22,
      "text": "လူ့​ထံမှ​အလို​ရှိအပ်​သော​အရာ​ကား သူ​၏​မေတ္တာကရုဏာ​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​သည် လိမ်လည်​သော​သူ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 23,
      "text": "ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​ပေး​သည်​ဖြစ်၍ ထို​စိတ်သဘော​ရှိ​သော​သူ​သည် ပြည့်စုံ​စွာ​နေ​ရ​လျက် ဘေးအန္တရာယ်​နှင့်​ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 24,
      "text": "ပျင်းရိ​သော​သူ​သည် မိမိ​၏​လက်​ကို​ပန်းကန်​ထဲသို့​နှိုက်​သော်လည်း ၎င်း​ကို မိမိ​ပါးစပ်​ထဲသို့ ပြန်​၍​မ​သွင်း​လို​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 25,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​ကို​ရိုက်​လော့​။ သို့ပြုလျှင် အသိဉာဏ်​နည်းပါး​သော​သူ​သည် နှိုင်းချင့်မျှော်ခေါ်​တတ်​လာ​လိမ့်မည်​။ အသိဉာဏ်​ရှိ​သော​သူ​ကို​ဆုံးမ​လော့​။ သို့ပြုလျှင် သူ​သည် အသိပညာ​ကို​ရရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 26,
      "text": "ဖခင်​အပေါ်​ကြမ်းကြုတ်​စွာ​ပြုမူ​ပြီး မိခင်​ကို​နှင်ထုတ်​သော​သား​သည် အရှက်ကွဲ​စေ​သော​သား​၊ မျက်နှာပျက်​စေ​သော​သား​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 27,
      "text": "ငါ့​သား​၊ သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​နားမထောင်​တော့​လျှင် အသိပညာ​စကား​တို့​မှ လမ်းလွဲ​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 28,
      "text": "ဆိုးညစ်​သော​သက်သေ​သည် တရားမျှတမှု​ကို ပြက်ရယ်​ပြု​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​သည်​လည်း အပြစ်ဒုစရိုက်​ကို ဝါးမျို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 29,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​အတွက် အပြစ်ဒဏ်​သည်​လည်းကောင်း​၊ မိုက်မဲ​သော​သူ​တို့​၏​ကျောကုန်း​အတွက် ကြိမ်ဒဏ်​သည်​လည်းကောင်း အဆင်သင့်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 1,
      "text": "စပျစ်ဝိုင်​သည် ပြက်ရယ်​ပြု​စေ​တတ်​၏​။ သေရည်သေရက်​သည်​လည်း ဆူပူသောင်းကျန်း​စေ​တတ်​၏​။ ၎င်း​တို့​ကြောင့် လမ်းလွဲ​သော​သူ​ရှိသမျှ​သည် ဉာဏ်ပညာ​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 2,
      "text": "ရှင်ဘုရင်​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​သော​အရာ​သည် ခြင်္သေ့ပျို​ဟောက်​သကဲ့သို့​ဖြစ်​၏​။ သူ့​ကို​အမျက်ထွက်​စေ​သော​သူ​သည် မိမိ​အသက်​ကို​ဆုံးရှုံး​ရ ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 3,
      "text": "ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ရှောင်ရှား​သော​သူ​သည် ဂုဏ်သရေ​ရှိ​၏​။ ဆိုးမိုက်​သော​သူ​တိုင်း​ကား ခိုက်ရန်​ဖြစ်​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 4,
      "text": "ပျင်းရိ​သော​သူ​သည် စိုက်ပျိုး​ရာသီ​၌ ထွန်ယက်​စိုက်ပျိုး​ခြင်း​မ​ပြု​သောကြောင့် ရိတ်သိမ်း​ချိန်​၌ တောင်းရမ်း​သော်လည်း ဘာမျှ​မ​ရ​ချေ​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 5,
      "text": "လူ​၏​စိတ်နှလုံး​၌​ရှိ​သော​အကြံဉာဏ်​သည် နက်​သော​ရေ​နှင့်​တူ​၏​။ သို့သော် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် ၎င်း​ကို​ခပ်ယူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 6,
      "text": "များစွာ​သော​လူ​တို့​သည် မိမိ​တို့​၏​မေတ္တာကရုဏာ​ကို ထုတ်ဖော်​ပြောဆို​တတ်​ကြ​၏​။ သို့သော် သစ္စာရှိ​သော​သူ​ကို မည်သူ​ရှာတွေ့​နိုင်​သနည်း​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 7,
      "text": "ဖြောင့်မတ်​သော​သူ​သည် တည်ကြည်​စွာ​လျှောက်လှမ်း​တတ်​၏​။ နောင်လာမည့် သူ​၏​သားမြေး​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 8,
      "text": "တရားစီရင်​ရာ​ပလ္လင်​ပေါ်တွင်​ထိုင်​သော ရှင်ဘုရင်​သည် မကောင်းမှု​ရှိသမျှ​ကို မိမိ​၏​မျက်စိ​ဖြင့် လွင့်သွား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 9,
      "text": "“​ငါ​သည် ငါ​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​ပြီ​၊ ငါ​သည် အပြစ်​မှ​စင်ကြယ်​ပြီ​”​ဟု မည်သူ​ပြောဆို​နိုင်​သနည်း​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 10,
      "text": "အချိန်ချင်း​မတူ​သော​အလေး​၊ အဝင်ချင်းမတူ​သော​ခြင်တောင်း​၊ ထို​နှစ်မျိုးစလုံး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 11,
      "text": "ကလေးသူငယ်​ပင်လျှင် သူ​၏​လုပ်ဆောင်ချက်​သည် သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​၊ မ​ရှိ​၊ ဖြောင့်မှန်​ခြင်း​ရှိ​၊ မ​ရှိ သူ​၏​အပြုအမူ​အားဖြင့် ထင်ရှား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 12,
      "text": "ကြား​တတ်​သော​နား​၊ မြင်​တတ်​သော​မျက်စိ​၊ ဤ​အရာ​နှစ်ပါးစလုံး​ကို ထာဝရဘုရား​ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 13,
      "text": "အအိပ်​မ​မက်​နှင့်​။ အအိပ်မက်​လျှင် ဆင်းရဲ​သွား​လိမ့်မည်​။ သင်​၏​မျက်စိ​ကို ဖွင့်​ထား​လော့​။ သို့ပြုလျှင် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 14,
      "text": "ဝယ်​သော​သူ​သည် “​မကောင်း​ဘူး​၊ မကောင်း​ဘူး​”​ဟု ဆို​တတ်​၏​။ သို့သော် ဝယ်​၍​ထွက်သွား​ပြီးမှ ဝါကြွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 15,
      "text": "ရွှေ​ရှိ​၏​။ ပတ္တမြား​လည်း​များစွာ​ရှိ​၏​။ သို့သော် အသိပညာ​ရှိ​သော​နှုတ်ခမ်း​သည် အဖိုးတန်​သော​ရတနာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 16,
      "text": "သူစိမ်း​အတွက် အာမခံ​သော​သူ​၏​အဝတ်​ကို​ယူ​ထား​လော့​။ ကိုယ်ကျင့်တရားပျက်ပြား​သော​မိန်းမ​အတွက် အာမခံ​သော​သူ​ထံမှ အပေါင်ပစ္စည်း​ကို​ယူထား​လော့​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 17,
      "text": "လှည့်ဖြား​၍​ရ​သော​အစားအစာ​သည် စားသူ​အတွက်​ချိုမြိန်​သော်လည်း နောက်မှ သူ​၏​နှုတ်​သည် ကျောက်စရစ်​များ​နှင့်​ပြည့်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 18,
      "text": "အကြံဉာဏ်​ယူ​ခြင်း​အားဖြင့် အကြံအစည်​များ တည်​တတ်​၏​။ လမ်းညွှန်​မှု​များ​ကို​ခံယူ​၍ စစ်ပွဲ​ကို​ဆင်နွှဲ​လော့​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 19,
      "text": "အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို ပေါက်ကြား​စေ​တတ်​၏​။ သို့ဖြစ်၍ နှုတ်ဖွာ​သော​သူ​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 20,
      "text": "မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို ကျိန်ဆဲ​သော​သူ​၏​မီးခွက်​သည် မှောင်မည်း​သော​အမှောင်​ထဲတွင် ငြိမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 21,
      "text": "အစ​၌ အလျင်စလို​ရယူ​သော​အမွေ​သည် အဆုံး​၌ ကောင်းချီးမင်္ဂလာ မ​ဖြစ်​ပေ​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 22,
      "text": "“​မကောင်းမှု​ကို​ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။ ထာဝရဘုရား​ကို​သာ စောင့်မျှော်​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 23,
      "text": "အချိန်ချင်း​မတူ​သော​အလေး​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ မမှန်ကန်​သော​ချိန်ခွင်​သည်​လည်း မ​ကောင်း​ပေ​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 24,
      "text": "လူ​၏​ခြေလှမ်း​တို့​ကို ထာဝရဘုရား​စီရင်​တော်မူ​၏​။ သို့ဖြစ်၍ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မည်သို့​သိရှိနားလည်​နိုင်​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 25,
      "text": "တစ်စုံတစ်ခု​ကို သန့်ရှင်းသောအရာ​အဖြစ် အလျင်စလို​ဆက်ကပ်​၍ ကတိသစ္စာ​ပေး​ပြီးမှ ထောက်ရှုဆင်ခြင်​ခြင်း​သည် လူ​တစ်ဦး​အတွက် ထောင်ချောက်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 26,
      "text": "ပညာရှိ​သော​ရှင်ဘုရင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လှေ့​၍ သူ​တို့​အပေါ်​၌ စပါးခြွေ​သော​ဘီး​ကို​လှိမ့်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 27,
      "text": "လူ​၏​ဝိညာဉ်​သည် အတွင်း​အကျဆုံး​နေရာ​ရှိသမျှ​တို့​ကို ရှာဖွေ​တတ်​သော ထာဝရဘုရား​၏​မီးခွက်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 28,
      "text": "မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် ရှင်ဘုရင်​ကို​ကာကွယ်​စောင့်ရှောက်​တတ်​၏​။ ရာဇပလ္လင်​သည်​လည်း မေတ္တာကရုဏာ​အားဖြင့် မြဲမြံ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 29,
      "text": "လူပျို​တို့​၏​ဂုဏ်ကျက်သရေ​သည် သူ​တို့​၏​ခွန်အား​ဖြစ်​၏​။ အသက်ကြီး​သော​သူ​တို့​၏​ခန့်ညားထည်ဝါမှု​ကား ဖြူသောဆံပင်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 30,
      "text": "ဒဏ်ရာ​ဒဏ်ချက်​သည် မကောင်းမှု​ကို​လည်းကောင်း​၊ ရိုက်နှက်​ခြင်း​သည် အတွင်း​အကျဆုံး​နေရာ​များ​ကို​လည်းကောင်း ဆေးကြော​သန့်စင်​ပေး​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 1,
      "text": "ရှင်ဘုရင်​၏​စိတ်နှလုံး​သည် ထာဝရဘုရား​၏​လက်​တော်​၌​ရှိ​၍ ရေစီး​သော​ချောင်း​များ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​သည် ၎င်း​ကို အလို​တော်​ရှိ​သည့် နေရာတိုင်း​သို့ လှည့်​စေ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 2,
      "text": "လူ​သည် မိမိ​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​ကို မှန်​သည်​ဟု ထင်မြင်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် စိတ်နှလုံး​ကို​ချိန်တွယ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 3,
      "text": "ထာဝရဘုရား​သည် ယဇ်ပူဇော်​ခြင်း​ထက် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို ပို၍​နှစ်သက်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 4,
      "text": "ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​တည်းဟူသော ထောင်လွှား​သော​မျက်နှာ​နှင့် မော်ကြွား​သော​စိတ်နှလုံး​တို့​သည် အပြစ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 5,
      "text": "ဝီရိယ​ရှိ​သော​သူ​၏​အကြံအစည်​တို့​သည် အကျိုးအမြတ်​ကို ဧကန်​ဖြစ်​စေ​၏​။ အလျင်စလို​ပြုမူ​သော​သူ​တိုင်း​ကား ချို့တဲ့​နွမ်းပါး​ခြင်း​သို့​သာ​ရောက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 6,
      "text": "မုသားသုံး​သော​လျှာ​ဖြင့် ဥစ္စာဘဏ္ဍာ​များ​ကို​ဆည်းပူး​ခြင်း​သည် လွင့်သွား​သော​အခိုးအငွေ့​ဖြစ်​ပြီး သေ​ခြင်း​ကို​ရှာဖွေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 7,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် တရား​သော​အမှု​ကို​မ​ပြု​လို​ကြ​သောကြောင့် သူ​တို့​၏​အကြမ်းဖက်မှု​သည် သူ​တို့​ကို​သုတ်သင်​ရှင်းလင်း​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 8,
      "text": "အပြစ်ရှိ​သော​သူ​၏​လမ်း​သည် ကွေ့ကောက်​၏​။ သန့်ရှင်းစင်ကြယ်​သော​သူ​၏​လုပ်ဆောင်ချက်​မူကား ဖြောင့်မှန်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 9,
      "text": "ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် တစ်​အိမ်​တည်း​အတူ​နေ​ရ​ခြင်း​ထက် ခေါင်မိုးပြင်​ထောင့်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 10,
      "text": "ဆိုးယုတ်​သော​သူ​၏​စိတ်ဝိညာဉ်​သည် မကောင်းမှု​ကို တောင့်တ​တတ်​၏​။ သူ​၏​အိမ်နီးချင်း​သည် သူ့​မျက်ဝန်း​၌ သနား​တတ်​သော​သဘော​ကို​ရှာ​မ​တွေ့​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 11,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ အပြစ်ဒဏ်​ခံရ​သောအခါ အသိဉာဏ်​နည်းပါး​သော​သူ​သည် ဉာဏ်ပညာရှိ​လာ​တတ်​၏​။ ပညာရှိ​သော​သူ​သည် သွန်သင်​ခြင်း​ခံရ​သောအခါ အသိပညာ​တိုးပွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 12,
      "text": "ဖြောင့်မတ်​တော်မူ​သော​အရှင်​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ကို​မှတ်​၍ ထို​ဆိုးယုတ်​သော​သူ​တို့​ကို ပျက်စီး​ခြင်း​ထဲသို့ ပစ်ချ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 13,
      "text": "ဆင်းရဲ​သော​သူ​၏​ငိုကြွေးသံ​ကို​မ​ကြား​လို​၍ မိမိ​နား​ကို​ပိတ်​ထား​သော​သူ​သည် ကိုယ်တိုင်​ဟစ်ခေါ်​သောအခါ မည်သူမျှ သူ့​ကို​ထူး​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 14,
      "text": "တိတ်တဆိတ်​ပေး​သော​လက်ဆောင်​သည် အမျက်​ကို​လည်းကောင်း​၊ လျှို့ဝှက်​စွာ​ပေး​သော​တံစိုးလက်ဆောင်​သည် ပြင်းထန်​သော​အမျက်ဒေါသ​ကို​လည်းကောင်း ပြေ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 15,
      "text": "တရား​သော​အမှု​ကို​ပြု​ခြင်း​သည် ဖြောင့်မတ်​သော​သူ​တို့​အတွက် ဝမ်းမြောက်​ခြင်း​ဖြစ်​၍ အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​အတွက် ထိတ်လန့်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 16,
      "text": "ပညာသတိ​လမ်း​မှ​လွဲသွား​သော​သူ​သည် သေသူ၏ဝိညာဉ်​အစုအဝေး​ထဲ၌ နေရာ​ကျ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 17,
      "text": "အပျော်အပါး​ကို​နှစ်သက်​သော​သူ​သည် ချို့တဲ့​နွမ်းပါး​သော​သူ​ဖြစ်​သွား​လိမ့်မည်​။ စပျစ်ဝိုင်​နှင့်​ဆီ​ကို​နှစ်သက်​သော​သူ​သည်​လည်း ချမ်းသာကြွယ်ဝ​လာ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 18,
      "text": "ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အတွက်​လည်းကောင်း​၊ သစ္စာမဲ့​သော​သူ​သည် ဖြောင့်မှန်​သော​သူ​အတွက်​လည်းကောင်း ရွေးနုတ်စရာ​အဖိုးအခ​ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 19,
      "text": "စိတ်ဆတ်​၍ ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် နေ​ရ​ခြင်း​ထက် တောကန္တာရ​အရပ်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 20,
      "text": "ပညာရှိ​သော​သူ​၏​အိမ်​၌ နှစ်လိုဖွယ်​ကောင်း​သော​ဥစ္စာဘဏ္ဍာ​နှင့် ဆီ​ရှိ​၏​။ မိုက်မဲ​သော​သူ​ကား ထို​အရာ​တို့​ကို သုံးဖြုန်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 21,
      "text": "ဖြောင့်မတ်​ခြင်း​နှင့် မေတ္တာကရုဏာ​ကို လက်ကိုင်ပြု​သော​သူ​သည် အသက်ရှင်​ခြင်း​၊ ဖြောင့်မတ်​ခြင်း​နှင့် ဂုဏ်သရေ​ကို တွေ့ရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 22,
      "text": "ပညာရှိ​သော​သူ​သည် သူရဲကောင်း​တို့​၏​မြို့​သို့ ချီတက်​၍ သူ​တို့​ကိုးစား​သော ခိုင်ခံ့​သည့်​နေရာ​ကို ဖြိုချ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 23,
      "text": "မိမိ​နှုတ်​နှင့် လျှာ​ကို စောင့်ထိန်း​သော​သူ​သည် မိမိ​အသက်​ကို ဆင်းရဲဒုက္ခ​မှ စောင့်ထိန်း​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 24,
      "text": "မာနထောင်လွှား​လျက် ခက်ထန်​မောက်မာ​သော​သူ​၏​အမည်​မှာ “​ပြက်ရယ်​ပြု​တတ်​သော​သူ​” ဟူ၍​ဖြစ်​၏​။ သူ​သည် အလွန်​မာနထောင်လွှား​သော​စိတ်​နှင့် ပြုမူ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 25,
      "text": "ပျင်းရိ​သော​သူ​၏​လက်​သည် အလုပ်​လုပ်​ရန်​ငြင်းဆန်​သောကြောင့် သူ​၏​အလိုဆန္ဒ​သည် သူ့​ကို​သေ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 26,
      "text": "သူ​သည် အလိုရှိ​သည့်​အရာ​ကို တစ်နေ့လုံး တောင့်တ​နေ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား တွန့်တို​ခြင်း​မ​ရှိ​ဘဲ ပေးကမ်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 27,
      "text": "ဆိုးယုတ်​သော​သူ​၏​ယဇ်ကောင်​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ထို့ထက်မက ၎င်း​ကို ဆိုးညစ်​သော​အကြံ​ဖြင့် ယူဆောင်​လာ​လျှင် ပို၍​ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 28,
      "text": "လိမ်လည်​သော​သက်သေ​သည် ပျက်စီး​သွား​လိမ့်မည်​။ ကိုယ်တိုင်​ကြား​ရ​သော​သူ​မူကား အစဉ်​ပြောဆို​နေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 29,
      "text": "ဆိုးယုတ်​သော​သူ​သည် မျက်နှာ​ပြောင်တိုက်​တတ်​၏​။ ဖြောင့်မှန်​သော​သူ​မူကား မိမိ​သွား​ရာ​လမ်း​ကို သိရှိနားလည်​၏​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 30,
      "text": "မည်သည့်​ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​၊ အကြံဉာဏ်​မျှ ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မ​တည်​နိုင်​။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 31,
      "text": "စစ်တိုက်​ရ​မည့်​နေ့​အတွက် မြင်း​ကို​ပြင်ဆင်​ထား​သော်လည်း အောင်ပွဲ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 1,
      "text": "များစွာ​သော​ဓနဥစ္စာ​ထက် ဂုဏ်သတင်း​ကျော်စော​ခြင်း​ကို ရွေးချယ်​သင့်​၏​။ မျက်နှာရ​ခြင်း​သည် ရွှေ​၊ ငွေ​တို့​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 2,
      "text": "ချမ်းသာ​သော​သူ​နှင့် ဆင်းရဲ​သော​သူ​တို့​၏ တူညီ​သော​အချက်​မှာ သူ​တို့​အားလုံး​ကို ထာဝရဘုရား​ဖန်ဆင်း​တော်မူ​ခြင်း​ပင်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 3,
      "text": "ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။ အသိပညာ​နည်းပါး​သော​သူ​မူကား ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 4,
      "text": "စိတ်နှိမ့်ချ​ခြင်း​နှင့် ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အကျိုး​ကား ဓနဥစ္စာ​၊ ဂုဏ်သရေ​နှင့် အသက်ရှင်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 5,
      "text": "ကောက်ကျစ်​သော​သူ​၏​လမ်း​၌ ဆူးပင်​များ​နှင့် ကျော့ကွင်း​များ​ရှိ​ကြ​၏​။ မိမိ​၏​စိတ်ဝိညာဉ်​ကို​စောင့်ထိန်း​သော​သူ​သည် ထို​အရာ​တို့​ကို ဝေးဝေးရှောင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 6,
      "text": "ကလေးသူငယ်​ကို​သွန်သင်​၍ သူ​သွား​ရ​မည့်​လမ်း​သို့​ဦးတည့်​ပေး​လော့​။ သို့ပြုလျှင် သူ​သည်​အသက်ကြီး​သောအခါ ထို​လမ်း​မှ​မ​ဖယ်ခွာ​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 7,
      "text": "ချမ်းသာ​သော​သူ​သည် ဆင်းရဲ​သော​သူ​ကို အုပ်စိုး​ရ​၏​။ ချေးယူ​သော​သူ​သည်​လည်း ချေး​ပေး​သော​သူ​၏ ကျွန်​ဖြစ်​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 8,
      "text": "မတရားမှု​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် ဆင်းရဲဒုက္ခ​ကို​ရိတ်သိမ်း​ရ​၍ သူ​၏​ဒေါသ​ကြိမ်လုံး​သည် ပျက်စီး​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 9,
      "text": "စေတနာ​စိတ်​ရှိ​သော​သူ​သည် မိမိ​၏​အစားအစာ​ကို ဆင်းရဲ​သော​သူ​အား ပေးကမ်း​သောကြောင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 10,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​ကို နှင်ထုတ်​လော့​။ သို့ပြုလျှင် အငြင်းပွားမှု​သည် ထွက်သွား​၍ ခိုက်ရန်​ဖြစ်​ခြင်း​နှင့်​အရှက်ကွဲ​ခြင်း​သည်​လည်း အဆုံးသတ်​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 11,
      "text": "စိတ်နှလုံး​စင်ကြယ်​ခြင်း​ကို​နှစ်သက်​၍ ယဉ်ကျေး​သိမ်မွေ့​စွာ​ပြောဆို​တတ်​သော​သူ​သည် ရှင်ဘုရင်​၏​မိတ်ဆွေ​ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 12,
      "text": "ထာဝရဘုရား​၏​မျက်စိ​တော်​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​တော်မူ​၏​။ သစ္စာမဲ့​သော​သူ​၏​စကား​တို့​ကို​ကား မှားယွင်း​ချွတ်ချော်​စေ​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 13,
      "text": "ပျင်းရိ​သော​သူ​က “​အပြင်ဘက်​၌ ခြင်္သေ့​ရှိ​၏​။ ငါ​သည် လမ်းမ​ပေါ်တွင် ကိုက်သတ်​ခံရ​လိမ့်မည်​”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 14,
      "text": "အကျင့်​ဖောက်ပြား​သော​မိန်းမ​တို့​၏​နှုတ်​သည် နက်​သော​တွင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​အမျက်​တော်​သင့်​သော​သူ​သည် ထို​တွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 15,
      "text": "မိုက်မဲ​ခြင်း​သည် ကလေးသူငယ်​၏​စိတ်နှလုံး​တွင် နှောင်ဖွဲ့​လျက်​ရှိ​၏​။ သို့သော် ဆုံးမပဲ့ပြင်​သော​ကြိမ်လုံး​သည် ၎င်း​ကို သူ​နှင့်​ဝေးကွာ​စေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 16,
      "text": "မိမိ​ဥစ္စာ​တိုးပွား​စေရန် ဆင်းရဲ​သော​သူ​ကို​နှိပ်စက်​သော​သူ​၊ သို့မဟုတ် ချမ်းသာ​သော​သူ​ကို ပေးကမ်း​သော​သူ​သည် အမှန်ပင် ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 17,
      "text": "သင့်​နား​ကို​စွင့်​၍ ပညာရှိ​တို့​၏​စကား​များ​ကို နားထောင်​လော့​။ သင့်​စိတ်နှလုံး​၌ ငါ​၏​အသိပညာ​ကို သွင်း​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 18,
      "text": "အကြောင်းမူကား ထို​အရာ​တို့​ကို သင့်​အထဲ​၌ စောင့်ထိန်း​ထား​၍ ထို​အရာ​ရှိသမျှ​တို့​ကို သင်​၏​နှုတ်​၌​အသင့်ရှိ​စေ​လျှင် နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 19,
      "text": "သင်​သည် ထာဝရဘုရား​ကို​ကိုးစား​မည့်​အကြောင်း သင့်​ကို အထူးသဖြင့်​သင့်​ကို ယနေ့ ငါ​သွန်သင်​လေ​ပြီ​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 20,
      "text": "ငါ​သည် အကြံပြုချက်​နှင့်​အသိပညာ​ဆိုင်ရာ စကား​အခွန်း​သုံးဆယ်​ကို သင့်​အတွက် ရေးထား​ပြီ​မ​ဟုတ်​လော​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 21,
      "text": "ဤသည်ကား သင်​သည် မှန်ကန်​သော​စကား​စစ်စစ်​တို့​ကို သိ​စေရန်​နှင့် သင့်​ကို​စေလွှတ်​သော​သူ​များ​အား မှန်ကန်​သော​စကား​တို့​ဖြင့် ဖြေကြား​နိုင်​ရန်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 22,
      "text": "ဆင်းရဲ​သော​သူ​ကို ဆင်းရဲ​သည်​ဆို​၍ ခေါင်းပုံ​မ​ဖြတ်​နှင့်​။ အဖိနှိပ်​ခံရ​သော​သူ​ကို​လည်း မြို့​တံခါး​၌ မ​ညှဉ်းဆဲ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 23,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ သူ​တို့​ထံမှ​လုယူ​သော​သူ​တို့​၏​အသက်​ကို လုယူ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 24,
      "text": "စိတ်တို​သော​သူ​နှင့် မ​ပေါင်းဖော်​နှင့်​။ ဒေါသကြီး​သော​သူ​နှင့်အတူ မ​လိုက်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 25,
      "text": "လိုက်​လျှင် သင်​သည် သူ​၏​လမ်းစဉ်​တို့​ကို​သင်ယူ​၍ သင်​ကိုယ်တိုင် ထောင်ချောက်​မိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 26,
      "text": "ကတိ​ခံဝန်​ချက်​ပေး​သော​သူ​များ​နှင့် ကြွေးမြီ​များ​အတွက် အာမခံ​သော​သူ​များ​ထဲတွင် မ​ပါ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 27,
      "text": "သင်​၌​ပေးလျော်​ရန်​မ​ရှိ​သောအခါ သင့်​ကိုယ်​အောက်​မှ သင့်​အိပ်ရာ​ကို​ယူသွား​လျှင် မည်သို့နည်း​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 28,
      "text": "သင်​၏​ဘိုးဘေး​များ​စိုက်ထူ​ခဲ့​သော ရှေးယခင်​နယ်နိမိတ်​ကို မ​ရွှေ့​နှင့်​။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 29,
      "text": "မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 1,
      "text": "သင်​သည် အုပ်စိုး​သူ​မင်း​နှင့်အတူ စားသောက်​ရန် ထိုင်​သောအခါ သင်​၏​ရှေ့​၌​ရှိ​သော​အရာ​တို့​ကို သတိ​နှင့်​ဆင်ခြင်သုံးသပ်​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 2,
      "text": "သင်​သည် အစားကြီး​သော​သူ​ဖြစ်​ပါက သင်​၏​လည်ပင်း​ကို ဓား​နှင့်​ရွယ်​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 3,
      "text": "သူ​၏​စားကောင်း​သောက်ဖွယ်​များ​ကို မ​တောင့်တ​နှင့်​။ အကြောင်းမူကား ၎င်း​သည် လိမ်လည်မှု​နှင့်ဆိုင်သော​အစားအစာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 4,
      "text": "ချမ်းသာကြွယ်ဝ​စေရန် ပင်ပန်းကြီး​စွာ​မ​ပြု​နှင့်​။ သင်​၏​အသိဉာဏ်​အားဖြင့် ထိုသို့​ပြု​ခြင်း​ကို​ရပ်တန့်​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 5,
      "text": "ထို​ချမ်းသာကြွယ်ဝမှု​ကို သင်​၏​မျက်စိ​ဖြင့် ဝေ့ကြည့်​လိုက်​သောအခါ ၎င်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ၎င်း​သည် ရုတ်တရက်​အတောင်​ပေါက်​၍ လင်းယုန်​ကဲ့သို့ ကောင်းကင်​သို့​ပျံသန်း​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 6,
      "text": "စေးနှဲ​သော​သူ​၏​အစားအစာ​ကို​မ​စား​နှင့်​။ သူ​၏​စားကောင်း​သောက်ဖွယ်​များ​ကို​လည်း မ​တောင့်တ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 7,
      "text": "အကြောင်းမူကား သူ​သည် မိမိ​စိတ်​ထဲ၌ တွက်ချက်​တတ်​သော​သူ​မျိုး​ဖြစ်​၏​။ သူ​သည် သင့်​အား “​စား​လော့​။ သောက်​လော့​”​ဟု ဆို​သော်လည်း သင့်​အပေါ် စေတနာ​စိတ်​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 8,
      "text": "သင်​စား​ပြီး​သော တစ်လုတ်စာ​ကို အန်ထုတ်​ရ​လိမ့်မည်​။ သင်​၏​နှစ်လို​ဖွယ်​ကောင်း​သော​စကား​တို့​သည်​လည်း အလဟဿ​ဖြစ်သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 9,
      "text": "မိုက်မဲ​သော​သူ​၏​ရှေ့​တွင် စကား​မ​ပြော​နှင့်​။ အကြောင်းမူကား သူ​သည် သင်​၏​စကား​များ​၌​ပါ​သော​ဉာဏ်စွမ်း​ကို မထီမဲ့မြင်ပြု​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 10,
      "text": "ရှေးယခင်​နယ်နိမိတ်​အမှတ်အသား​ကို မ​ရွှေ့​နှင့်​။ ဖတဆိုး​တို့​၏​လယ်ယာ​များ​ကို မ​ကျူးကျော်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 11,
      "text": "သူ​တို့​ကို​ရွေးနုတ်​သော​အရှင်​သည် တန်ခိုးကြီး​တော်မူ​သောကြောင့် သင့်​ကို​ဆန့်ကျင်​လျက် သူ​တို့​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 12,
      "text": "ဆုံးမပဲ့ပြင်​ခြင်း​ကို နှလုံး​သွင်း​၍ အသိပညာ​စကား​တို့​ကို နားစွင့်​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 13,
      "text": "ကလေးသူငယ်​ကို ဆုံးမပဲ့ပြင်​ခြင်း​မပြု​ဘဲ​မ​နေ​နှင့်​။ သူ့​ကို​ကြိမ်လုံး​နှင့်​ရိုက်​သော်လည်း သူ​မ​သေ​နိုင်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 14,
      "text": "သင်​သည် သူ့​ကို​ကြိမ်လုံး​နှင့်​ရိုက်​၍ သူ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​မှ​ကယ်နုတ်​ရ​မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 15,
      "text": "ငါ့​သား​၊ သင်​၏​စိတ်နှလုံး​သည် ဉာဏ်ပညာရှိ​လျှင် ငါ​၏​စိတ်နှလုံး​သည်​လည်း အမှန်ပင်​ဝမ်းမြောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 16,
      "text": "သင်​၏​နှုတ်ခမ်း​သည် ဟုတ်မှန်​သော​အရာ​များ​ကို​ပြောဆို​သောအခါ ငါ​၏​အတွင်းသဘော​သည် ရွှင်မြူး​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 17,
      "text": "သင်​၏​စိတ်နှလုံး​သည် အပြစ်သား​တို့​ကို မ​ငြူစူ​နှင့်​။ တစ်နေ့လုံး ထာဝရဘုရား​ကို ကြောက်ရွံ့​၍​သာ​နေ​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 18,
      "text": "သို့ပြုလျှင် သင့်​အတွက် အနာဂတ် မုချ​ရှိ​လိမ့်မည်​။ သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 19,
      "text": "ငါ့​သား​၊ သင်​သည်​နားထောင်​၍ ဉာဏ်ပညာရှိ​လော့​။ သင်​၏​စိတ်နှလုံး​ကို​လည်း လမ်း​တော်​သို့ လိုက်​စေ​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 20,
      "text": "စပျစ်ဝိုင်​သောက်ကြူး​သော​သူ​များ​၊ အသား​စားကြူး​သော​သူ​များ​နှင့် မ​ပေါင်းဖော်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 21,
      "text": "အကြောင်းမူကား အသောက်ကြူး​သော​သူ​နှင့် အစားကြူး​သော​သူ​သည် ဆင်းရဲ​သွား​လိမ့်မည်​။ ငိုက်မျဉ်း​ခြင်း​သည်​လည်း လူ​ကို​အဝတ်စုတ်​များ​ဝတ်​စေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 22,
      "text": "သင့်​ကို​မွေးဖွား​လာ​စေ​သော သင့်​ဖခင်​၏​စကား​ကို နားထောင်​လော့​။ သင့်​မိခင်​အိုမင်း​သောအခါ​လည်း မထီမဲ့မြင်​မ​ပြု​နှင့်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 23,
      "text": "သမ္မာတရား​ကို​ဝယ်ယူ​လော့​။ မ​ရောင်း​နှင့်​။ ဉာဏ်ပညာ​၊ ဆုံးမပဲ့ပြင်​ခြင်း​နှင့် အသိဉာဏ်​ကို​လည်း ထိုနည်းတူ​ပြု​လော့​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 24,
      "text": "ဖြောင့်မတ်​သော​သူ​၏​ဖခင်​သည် အလွန်​ရွှင်လန်း​လိမ့်မည်​။ ပညာရှိ​သော​သား​ကို​ရ​သော​သူ​သည်​လည်း ထို​သား​အတွက် ဝမ်းမြောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 25,
      "text": "သင်​၏​မိခင်​နှင့်​ဖခင်​တို့​သည် ဝမ်းမြောက်​ကြ​ပါစေ​။ သင့်​ကို​မွေးဖွား​သော​သူ​သည် ရွှင်လန်း​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 26,
      "text": "ငါ့​သား​၊ သင်​၏​စိတ်နှလုံး​ကို ငါ့​အား​ပေး​လော့​။ သင်​၏​မျက်စိ​သည်​လည်း ငါ​၏​လမ်း​တို့​ကို ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 27,
      "text": "အကြောင်းမူကား ပြည့်တန်ဆာ​သည် နက်​သော​တွင်း​ဖြစ်​၏​။ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​သည်​လည်း ကျဉ်း​သော​ရေတွင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 28,
      "text": "ထို​မိန်းမ​သည် ဓားပြ​ကဲ့သို့​ချောင်းမြောင်း​၍ ယောက်ျား​တို့​ထဲတွင် သစ္စာမဲ့​သော​သူ​ကို​များပြား​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 29,
      "text": "မည်သူ​သည် အမင်္ဂလာ​ရှိ​သနည်း​။ မည်သူ​သည် စိတ်ပျက်​ဝမ်းနည်း​တတ်​သနည်း​။ မည်သူ​သည် ငြင်းခုံ​ရန်တွေ့​တတ်​သနည်း​။ မည်သူ​သည် ညည်းတွား​တတ်​သနည်း​။ မည်သူ​သည် အကြောင်းမဲ့​ဒဏ်ရာ​များ​ရ​တတ်​သနည်း​။ မည်သူ​သည် မျက်စိ​နီရဲ​နေ​တတ်​သနည်း​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 30,
      "text": "ထိုသို့​ဖြစ်​သူ​များ​မှာ စပျစ်ဝိုင်​ကို​အချိန်​ကြာမြင့်​စွာ သောက်​တတ်​သူ​များ​၊ ရောစပ်​ထား​သော​စပျစ်ဝိုင်​ကို သွား​၍​ရှာ​တတ်​သူ​များ​ပင်​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 31,
      "text": "အရောင်​နီ​လျက်​၊ ခွက်ဖလား​ထဲ၌​အရောင်တောက်​လျက် ချိုမြိန်​စွာ​စီးဝင်​သွား​သော​စပျစ်ဝိုင်​ကို​မ​ကြည့်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 32,
      "text": "ထို​အရာ​သည် အဆုံး​၌ မြွေ​ကဲ့သို့​ကိုက်​၍ မြွေပွေး​ကဲ့သို့​အဆိပ်သင့်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 33,
      "text": "သင်​၏​မျက်စိ​သည် ထူးဆန်း​သော​အရာ​တို့​ကို​မြင်​၍ သင်​၏​စိတ်နှလုံး​သည် ဖောက်ပြန်လွဲမှား​သော​စကား​တို့​ကို​ပြောဆို​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 34,
      "text": "သင်​သည် ပင်လယ်​အလယ်ဗဟို​၌ လဲလျောင်း​နေ​သော​သူ​ကဲ့သို့​လည်းကောင်း​၊ သင်္ဘော​ရွက်တိုင်​၏​ထိပ်ဖျား​၌ လဲလျောင်း​နေ​သော​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 35,
      "text": "“​သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​သော်လည်း ငါ​မ​နာ​။ ငါ့​ကို​ထုရိုက်​ကြ​သော်လည်း ငါ​မ​သိ​။ မည်သည့်​အချိန်​မှ ငါ​နိုး​မည်နည်း​။ နောက်ထပ်​သောက်​ရန် ငါ​ရှာ​ဦး​မည်​”​ဟု သင်​ပြောဆို​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 1,
      "text": "မကောင်းမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။ သူ​တို့​နှင့်​ပေါင်းဖော်​ရန်​လည်း အလို​မ​ရှိ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 2,
      "text": "အကြောင်းမူကား သူ​တို့​၏​စိတ်နှလုံး​သည် အကြမ်းဖက်မှု​ကို ကြံစည်​တတ်​၏​။ သူ​တို့​၏​နှုတ်ခမ်း​သည်​လည်း ပြဿနာ​ဖြစ်စေ​သော​စကား​ကို ပြောဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 3,
      "text": "ဉာဏ်ပညာ​အားဖြင့် အိမ်​ကို​တည်ဆောက်​၍ ထိုးထွင်းဉာဏ်​အားဖြင့် ၎င်း​ကို​မြဲမြံ​စေ​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 4,
      "text": "အသိပညာ​အားဖြင့် အခန်း​များ​သည် အဖိုးတန်​၍ နှစ်လို​ဖွယ်​ကောင်း​သော​စည်းစိမ်ဥစ္စာ​အပေါင်း​တို့​နှင့် ပြည့်​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 5,
      "text": "ပညာရှိ​သော​သူ​သည် အစွမ်းသတ္တိ​ရှိ​၏​။ အသိပညာ​ရှိ​သော​သူ​သည်​လည်း ခွန်အား​တိုးပွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 6,
      "text": "အကယ်စင်စစ် သင်​သည် လမ်းညွှန်​မှု​ခံယူ​ခြင်း​အားဖြင့် သင်​၏​စစ်ပွဲ​ကို​ဆင်နွှဲ​ရ​မည်​။ အကြံပေးသူ​များစွာ​ရှိ​ခြင်း​အားဖြင့် အောင်ပွဲ​ရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 7,
      "text": "ဆိုးမိုက်​သော​သူ​အတွက် ဉာဏ်ပညာ​သည် မြင့်မား​လွန်း​၏​။ သူ​သည် မြို့​တံခါး​၌ မိမိ​နှုတ်​ကို​မ​ဖွင့်​ပေ​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 8,
      "text": "ဆိုးညစ်​သော​အမှု​ပြု​ရန်​ကြံစည်​သော​သူ​ကို အကြံသမား​ဟု​ခေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 9,
      "text": "မိုက်မဲ​ဆိုးညစ်​သော​အကြံ​သည် အပြစ်​ဖြစ်​၏​။ ပြက်ရယ်​ပြု​တတ်​သော​သူ​သည်​လည်း လူ​တို့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 10,
      "text": "သင်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ စိတ်အားလျော့​လျှင် သင်​၏​ခွန်အား​သည် နည်း​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 11,
      "text": "သေ​ရာ​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သူ​တို့​နှင့် ကွပ်မျက်​ရာ​သို့​ဒယိမ်းဒယိုင်​သွား​နေ​သော​သူ​တို့​ကို ကယ်နုတ်​လော့​။ အကယ်၍ ထိုသို့​မ​ပြု​ဘဲ"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 12,
      "text": "“​ထို​အမှု​ကို ငါ​တို့​မ​သိ​ခဲ့​ပါ​”​ဟု သင်​ဆို​လျှင်​လည်း စိတ်နှလုံး​တို့​ကို​ချိန်တွယ်​တော်မူ​သော​အရှင်​သည် ထို​အရာ​ကို​မ​သိ​နား​မ​လည်​ဘဲ​နေ​မည်လော​။ သင်​၏​စိတ်ဝိညာဉ်​ကို ထိန်းသိမ်းစောင့်ရှောက်​တော်မူ​သော​အရှင်​သည် မ​သိ​ဘဲ​နေ​မည်လော​။ ကိုယ်တော်​သည် လူ​တို့​အား မိမိ​လုပ်ဆောင်မှု​နှင့်အညီ မ​ဆပ်ပေး​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 13,
      "text": "ငါ့​သား​၊ ပျားရည်​သည် ကောင်း​သောကြောင့် စားသုံး​လော့​။ ပျားလပို့​မှ​ပျားရည်​သည် သင်​၏​လျှာ​၌​ချိုမြိန်​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 14,
      "text": "ထိုနည်းတူ ဉာဏ်ပညာ​သည် သင်​၏​စိတ်ဝိညာဉ်​အတွက် ချိုမြိန်​ကြောင်း​သိမှတ်​လော့​။ ဉာဏ်ပညာ​ကို သင်​တွေ့ရှိ​ပါက သင့်​အတွက် အနာဂတ်​ရှိ​လိမ့်မည်​။ သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း ခံရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 15,
      "text": "အချင်း​ဆိုးယုတ်​သော​သူ​၊ ဖြောင့်မတ်​သော​သူ​၏​အိမ်​ကို မ​ချောင်းမြောင်း​နှင့်​။ သူ​အနားယူရာအရပ်​ကို မ​ဖျက်ဆီး​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 16,
      "text": "အကြောင်းမူကား ဖြောင့်မတ်​သော​သူ​သည် ခုနစ်​ကြိမ်​လဲကျ​သော်လည်း ပြန်ထ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​မူကား ဘေးအန္တရာယ်​ကြောင့် ကျရှုံး​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 17,
      "text": "သင်​၏​ရန်သူ​လဲကျ​သောအခါ ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။ သူ​ခလုတ်တိုက်​သောအခါ​၌​လည်း သင်​၏​စိတ်နှလုံး​ရွှင်လန်း​ခြင်း​မ​ရှိ​စေ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 18,
      "text": "ရှိ​လျှင်​မူကား ထာဝရဘုရား​သည်​မြင်​၍ မနှစ်မြို့​သဖြင့် မိမိ​၏​အမျက်​တော်​ကို သူ့​ထံမှ​လွှဲဖယ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 19,
      "text": "ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 20,
      "text": "အကြောင်းမူကား ဆိုးညစ်​သော​သူ​တို့​အတွက် အနာဂတ်​မ​ရှိ​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​သည် ငြိမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 21,
      "text": "ငါ့​သား​၊ ထာဝရဘုရား​နှင့်​ရှင်ဘုရင်​ကို ကြောက်ရွံ့​လော့​။ ဖောက်ပြန်​ပြောင်းလဲ​သော​သူ​တို့​နှင့် ရောနှော​ဆက်ဆံ​ခြင်း​မ​ပြု​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 22,
      "text": "အကြောင်းမူကား ဘေးဒုက္ခ​သည် သူ​တို့​ထံမှ​ရုတ်တရက်​ရောက်လာ​တတ်​၏​။ ထို​အရှင်​နှစ်​ပါး​ထံမှ​ရောက်လာ​မည့်​ဘေးဆိုး​ကို မည်သူ​သိ​နိုင်​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 23,
      "text": "ထို့ပြင် ဤ​အရာ​များ​ကား ပညာရှိ​တို့​၏​စကား​ဖြစ်​၏​။ တရားစီရင်​ရာ​၌ မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 24,
      "text": "ဆိုးယုတ်​သော​သူ​အား “​သင်​သည် ဖြောင့်မတ်​သည်​”​ဟု ပြောဆို​သော​သူ​ကို လူ​တို့​သည် ကျိန်ဆဲ​၍ တိုင်းသူပြည်သား​တို့​သည် ရှုတ်ချ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 25,
      "text": "သို့သော် ထို​ဆိုးယုတ်​သော​သူ​ကို ဆုံးမ​သော​သူ​တို့​သည် ရွှင်လန်း​ဝမ်းမြောက်​ကြ​လိမ့်မည်​။ ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​သည်​လည်း သူ​တို့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 26,
      "text": "မှန်ကန်​စွာ​ဖြေကြား​သော​သူ​သည် နှုတ်ခမ်း​ကို​နမ်း​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 27,
      "text": "အပြင်​၌ သင်​၏​အလုပ်​ကို ပြင်ဆင်​၍ လယ်ယာ​၌ အရာရာ​ကို သင့်​အတွက်​အဆင်သင့်​ပြင်​ထား​လော့​။ ထို့နောက်မှ သင့်​အိမ်​ကို​ဆောက်​လော့​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 28,
      "text": "အကြောင်းမရှိ​ဘဲ သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ သက်သေ​မ​ထွက်ဆို​နှင့်​။ သင်​၏​နှုတ်ခမ်း​ဖြင့် မ​လှည့်စား​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 29,
      "text": "“​ငါ့​အပေါ်​သူ​ပြု​ခဲ့​သည့်​အတိုင်း သူ့​အပေါ်​ငါ​ပြု​မည်​။ သူ​၏​လုပ်ဆောင်မှု​နှင့်အညီ သူ့​ကို ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 30,
      "text": "ငါ​သည် ပျင်းရိ​သော​သူ​၏​လယ်ယာ​နား​၊ အသိစိတ်​မ​ရှိ​သော​သူ​၏​စပျစ်ခြံ​နားမှ ဖြတ်သွား​ရာ"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 31,
      "text": "ကြည့်ရှု​လော့​။ ဆူးပင်​များ​အပြည့်​ပေါက်​လျက် တစ်ပြင်လုံး​ပေါင်းပင်​များ​ဖုံးလွှမ်း​ကာ ၎င်း​၏​ကျောက်​တံတိုင်း​လည်း ပြိုပျက်​လျက်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 32,
      "text": "ငါ​သည် ထို​အဖြစ်​ကို​မြင်​သောအခါ နှလုံးသွင်း​၍ ငါ​တွေ့မြင်​သော​အရာ​ကို သင်ခန်းစာ​ယူ​၏​။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 33,
      "text": "ခဏ​အိပ်​လျက်​၊ ခဏ​ငိုက်​လျက်​၊ ခဏ​လက်ပိုက်​အနားယူ​လျက်​နေစဉ်"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 34,
      "text": "ဆင်းရဲ​ခြင်း​သည် သူခိုးဓားပြ​ကဲ့သို့​လည်းကောင်း​၊ ချို့တဲ့​နွမ်းပါး​ခြင်း​သည် လက်နက်​ကိုင်ဆောင်​သူ​ကဲ့သို့​လည်းကောင်း သင့်​ထံသို့​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 1,
      "text": "ဤ​စကား​တို့​သည်​လည်း ယုဒ​ရှင်ဘုရင်​ဟေဇကိ​၏​လူ​တို့ ကူးရေး​ထား​သော ရှောလမုန်​၏ သုတ္တံ​စကား​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 2,
      "text": "ဘုရားသခင်​၏​ဘုန်းအသရေ​ကား အမှုကိစ္စ​ကို​ဝှက်ထား​ခြင်း​ဖြစ်​၏​။ ရှင်ဘုရင်​တို့​၏​ဘုန်းအသရေ​ကား အမှုကိစ္စ​ကို​စူးစမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 3,
      "text": "မိုးကောင်းကင်​၏​အမြင့်​နှင့်​မြေကြီး​၏​အနက်​ကို စူးစမ်း​၍​မ​ရ​သကဲ့သို့ ရှင်ဘုရင်​တို့​၏​စိတ်နှလုံး​ကို စူးစမ်း​၍​မ​ရ​နိုင်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 4,
      "text": "ငွေ​ထဲမှ ချော်​ကို​ဖယ်ထုတ်​လျှင် ပန်းထိမ်သမား​အတွက် အသုံးအဆောင်​ပစ္စည်း​ထွက်လာ​မည်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 5,
      "text": "ရှင်ဘုရင်​၏​ရှေ့မှောက်​မှ ဆိုးယုတ်​သော​သူ​ကို​ဖယ်ထုတ်​လျှင် သူ​၏​ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​၌ တည်မြဲ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 6,
      "text": "ရှင်ဘုရင်​၏​ရှေ့မှောက်​၌ သင့်ကိုယ်သင် အမွှမ်း​မ​တင်​နှင့်​။ ကြီးမြတ်​သော​သူ​တို့​၏​နေရာ​၌​လည်း မ​ရပ်​နှင့်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 7,
      "text": "အကြောင်းမူကား မြင့်မြတ်​သော​သူ​၏​ရှေ့​တွင် နှိမ့်ချ​ခြင်း​ခံရ​သည်​ထက် “​ဤ​နေရာ​သို့​တက်လာ​ပါ​”​ဟု ဖိတ်ခေါ်​ခြင်း​ခံရ​သည်​က ပို၍​ကောင်း​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​သော​အရာ​ကို"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 8,
      "text": "အလျင်စလို​သွား​၍ မ​တိုင်တန်း​နှင့်​။ နောက်ဆုံး​၌ သင်​၏​အိမ်နီးချင်း​သည် သင့်​ကို​အရှက်ရ​စေ​လျှင် သင်​မည်သို့​ပြု​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 9,
      "text": "သင်​၏​အမှုကိစ္စ​ကို သင်​၏​အိမ်နီးချင်း​နှင့် ရင်ဆိုင်ဖြေရှင်း​လော့​။ အခြား​သော​သူ​၏​လျှို့ဝှက်ချက်​ကို​လည်း မ​ဖော်ပြ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 10,
      "text": "ဖော်ပြလျှင် ကြား​သော​သူ​သည် သင့်​ကို​အရှက်ခွဲ​သဖြင့် သင်​၏​မကောင်းသတင်း​သည် မည်သည့်​အခါ​မျှ ပျောက်ကွယ်​သွား​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 11,
      "text": "သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည် အပြောက်အမွမ်းခြယ်မှုန်း​ထား​သော​ငွေထည်​ပေါ်မှ ရွှေ​ပန်းသီး​များ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 12,
      "text": "ပညာရှိ​၏​အဆုံးအမ​သည် နားထောင်​တတ်​သော​သူ​၏​နား​အတွက် ရွှေ​နားကွင်း​၊ သို့မဟုတ် ရွှေစင်​ဖြင့်​ပြုလုပ်​ထား​သော​အဆင်တန်ဆာ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 13,
      "text": "သစ္စာရှိ​သော​စေတမန်​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက် ရိတ်သိမ်း​ရာ​ကာလ​၌​ကျ​သော အေးမြ​သည့်​နှင်းပွင့်​ကဲ့သို့​ဖြစ်၍ သူ့​သခင်​တို့​၏​စိတ်ဝိညာဉ်​ကို လန်းဆန်း​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 14,
      "text": "လက်ဆောင်​မပေး​ဘဲ ပေး​သည်​ဟု ဝါကြွား​သော​သူ​သည် မိုးရေ​မ​ပါ​သော မိုးတိမ်​များ​နှင့်​လေ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 15,
      "text": "စိတ်ရှည်​ခြင်း​အားဖြင့် ဦးစီးဦးဆောင်​သူ​ကို ဖျောင်းဖျ​နိုင်​၏​။ နူးညံ့သိမ်မွေ့​သော​စကား​သည်​လည်း အရိုး​ကို​ကျိုး​စေ​နိုင်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 16,
      "text": "ပျားရည်​ကို​တွေ့​လျှင် သင့်​အတွက် လုံလောက်​ရုံ​မျှသာ​စား​လော့​။ ထိုသို့​မ​စား​ဘဲ ဝအီ​အောင်​စား​လျှင် ၎င်း​ကို​အန်ထုတ်​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 17,
      "text": "သင်​၏​အိမ်နီးချင်း​အိမ်​သို့ တစ်ခါတစ်ရံ​သာ ခြေဦးလှည့်​လော့​။ သို့မဟုတ်လျှင် သူ​သည် သင့်​ကို​ငြီးငွေ့​၍ မုန်း​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 18,
      "text": "မိမိ​၏​အိမ်နီးချင်း​တစ်ဖက်​၌ မုသား​သက်သေ​ထွက်ဆို​သော​သူ​သည် တင်းပုတ်​၊ ဓား​၊ ချွန်ထက်​သော​မြား​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 19,
      "text": "ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သစ္စာမဲ့​သော​သူ​ကို​အားထား​ခြင်း​သည် ကျိုးပဲ့​သော​သွား​၊ တုန်ချည့်​နေ​သော​ခြေ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 20,
      "text": "စိတ်​ဒုက္ခရောက်​နေ​သော​သူ​အား သီချင်း​ဆိုပြ​သော​သူ​သည် ချမ်းအေး​သော​နေ့​တွင် အဝတ်​ကို​ချွတ်​သော​သူ​နှင့်​လည်းကောင်း​၊ ချွတ်ဆေး​ပေါ်မှာ ရှာလကာရည်​ကို လောင်း​သော​သူ​နှင့်​လည်းကောင်း တူ​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 21,
      "text": "သင့်​ရန်သူ ဆာလောင်မွတ်သိပ်​လျှင် သူ့​ကို​စားစရာ​ပေး​လော့​။ ရေငတ်​လျှင် သူ့​ကို​ရေ​တိုက်​လော့​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 22,
      "text": "ထိုသို့​ပြု​လျှင် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​များ​ကို​ပုံ​ထား​လိမ့်မည်​။ ထာဝရဘုရား​သည်​လည်း သင့်​ကို ဆုလာဘ်​ပေး​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 23,
      "text": "မြောက်​လေ​သည် မိုး​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။ အတင်းပြော​သော​လျှာ​သည်​လည်း ဒေါသ​မျက်နှာထား​ကို ဖြစ်ပေါ်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 24,
      "text": "ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် တစ်အိမ်တည်း​အတူ​နေ​ရ​ခြင်း​ထက် ခေါင်မိုးပြင်​ထောင့်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 25,
      "text": "ဝေးလံ​သော​ပြည်​မှ ရောက်လာ​သော​သတင်း​ကောင်း​သည် မောပန်း​သော​စိတ်ဝိညာဉ်​အတွက် အေးမြ​သော​ရေ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 26,
      "text": "ဆိုးယုတ်​သော​သူ​ကို အလျှော့ပေး​လိုက်လျော​သည့် ဖြောင့်မတ်​သော​သူ​သည် နောက်ကျိ​သော​စမ်းရေတွင်း​၊ သို့မဟုတ် ညစ်ညမ်း​သော​ရေတွင်း​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 27,
      "text": "ပျားရည်​ကို များစွာ​စားသုံး​ခြင်း​သည်​မ​ကောင်း​ပေ​။ ဂုဏ်သရေ​ပေါ် ဂုဏ်သရေ​ထပ်၍​ရှာခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 28,
      "text": "မိမိ​၏​စိတ်​ကို​မ​ချုပ်တည်း​နိုင်​သော​သူ​သည် ပြိုပျက်​၍​တံတိုင်း​မ​ရှိ​သော​မြို့​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 1,
      "text": "နွေရာသီ​၌​ကျ​သော နှင်းပွင့်​ကဲ့သို့​လည်းကောင်း​၊ ရိတ်သိမ်း​ချိန်​၌ ရွာ​သော​မိုး​ကဲ့သို့​လည်းကောင်း ဂုဏ်သရေ​သည် မိုက်မဲ​သော​သူ​နှင့်​မ​သင့်လျော်​ပေ​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 2,
      "text": "လူးလာပျံဝဲ​သည့် စာငှက်​ကဲ့သို့​လည်းကောင်း​၊ ပျံသန်း​သွားလာ​သည့် ပျံလွှားငှက်​ကဲ့သို့​လည်းကောင်း အကြောင်းမဲ့​ကျိန်ဆဲ​ခြင်း​သည် လာရောက်​ရပ်နား​ခြင်း​မ​ရှိ​တတ်​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 3,
      "text": "မြင်း​အတွက်​ကျာပွတ်​၊ မြည်း​အတွက်​ဇက်ကြိုး​ရှိ​၏​။ မိုက်မဲ​သော​သူ​၏​ကျောကုန်း​အတွက်​ကား ကြိမ်လုံး​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 4,
      "text": "မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ မ​ဖြေကြား​နှင့်​။ ဖြေကြား​လျှင် သင်​သည်​လည်း သူ​နှင့်​တူ​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 5,
      "text": "မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ ဖြေကြား​လော့​။ သို့မဟုတ်လျှင် သူ​သည် မိမိကိုယ်ကို​ပညာရှိ​ဟု ထင်မြင်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 6,
      "text": "မိုက်မဲ​သော​သူ​၏​လက်​ဖြင့် သတင်း​ပေးပို့​သော​သူ​သည် မိမိ​၏​ခြေ​ကို​ဖြတ်​၍ ရက်စက်ကြမ်းကြုတ်မှု​ကို သောက်သုံး​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 7,
      "text": "မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မှ​သုတ္တံ​စကား​သည် ခြေမသန်စွမ်း​သော​သူ​၏​တွဲလျား​ကျ​နေ​သည့် ခြေ​တို့​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 8,
      "text": "မိုက်မဲ​သော​သူ​ကို ဂုဏ်ပြု​ခြင်း​သည် လောက်လွှဲ​တွင် ကျောက်ခဲ​ကို​ချည်​ထား​ခြင်း​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 9,
      "text": "မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မှ​သုတ္တံ​စကား​သည် ယစ်မူး​သူ​၏​လက်​ထဲ​ရောက်သွား​သော ဆူးပင်​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 10,
      "text": "မိုက်မဲ​သော​သူ​ကို ငှားရမ်း​သော​သူ​သည်​လည်းကောင်း​၊ ဖြတ်သန်းသွားလာ​သော​သူ​တို့​ကို ငှားရမ်း​သော​သူ​သည်​လည်းကောင်း လူ​တိုင်း​ကို​ထိခိုက်ဒဏ်ရာ​ရ​စေ​သော လေးသမား​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 11,
      "text": "ခွေး​သည် မိမိ​အန်ဖတ်​ကို​ပြန်စား​တတ်​သကဲ့သို့ မိုက်မဲ​သော​သူ​သည် မိမိ​ပြု​သော​မိုက်မဲမှု​ကို ထပ်တလဲလဲပြု​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 12,
      "text": "မိမိကိုယ်ကို ပညာရှိ​ဟု ထင်မြင်​သော​သူ​ကို သင်​တွေ့မြင်​သလော​။ ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 13,
      "text": "ပျင်းရိ​သော​သူ​က “​လမ်း​ပေါ်၌ ခြင်္သေ့ကြီး​ရှိ​၏​။ လမ်းမ​၌ ခြင်္သေ့​ရှိ​၏​”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 14,
      "text": "တံခါးရွက်​သည် ပတ္တာ​တွင်​လည်​သကဲ့သို့ ပျင်းရိ​သော​သူ​သည် မိမိ​၏​အိပ်ရာ​ပေါ်တွင် လူးလိမ့်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 15,
      "text": "ပျင်းရိ​သော​သူ​သည် မိမိ​၏​လက်​ကို​ပန်းကန်​ထဲသို့ နှိုက်​သော်လည်း ၎င်း​ကို​မိမိ​ပါးစပ်​ထဲသို့ ပြန်သွင်း​ရ​မည်​ကို ပင်ပန်း​နေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 16,
      "text": "ပျင်းရိ​သော​သူ​သည် ဆင်ခြင်တုံတရား​ဖြင့် ဖြေကြား​နိုင်​သူ​ခုနစ်​ဦး​ထက် ပညာရှိ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​ထင်မြင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 17,
      "text": "မိမိ​နှင့်​မဆိုင်​သော​ခိုက်ရန်ဖြစ်ပွားမှု​ကို ဝင်စွက်​သော​သူ​သည် ခွေးလေခွေးလွင့်​၏​နားရွက်​ကို ဖမ်းဆွဲ​သော​သူ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 18,
      "text": "မိမိ​၏​အိမ်နီးချင်း​ကို လှည့်စား​ပြီး “​ငါ​သည် ကျီစား​ရုံသာ​ဖြစ်​၏​”​ဟု ပြောဆို​သော​သူ​သည် သေ​စေ​တတ်​သော​မီးတုတ်​နှင့် မြား​ကို ပစ်ခတ်​တတ်​သော​အရူး​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 20,
      "text": "ထင်း​မ​ရှိ​လျှင် မီး​သည်​ငြိမ်းသွား​တတ်​၏​။ အတင်းအဖျင်း​ပြောဆို​သော​သူ​မ​ရှိ​လျှင်​လည်း အငြင်းပွားမှု​သည် ငြိမ်သက်​သွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 21,
      "text": "မီးသွေး​သည် မီးခဲရှိန်​ကို​လည်းကောင်း​၊ ထင်း​သည် မီးရှိန်​ကို​လည်းကောင်း လှုံ့ဆော်​သကဲ့သို့ ငြင်းခုံ​ရန်တွေ့​တတ်​သော​သူ​သည် ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို လှုံ့ဆော်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 22,
      "text": "အတင်းအဖျင်း​ပြောဆို​သော​သူ​၏​စကား​တို့​သည် စားကောင်းသောက်ဖွယ်​များ​ကဲ့သို့​ဖြစ်​၍ အတွင်း​အကျဆုံး​နေရာ​များ​သို့ ဆင်းသွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 23,
      "text": "မကောင်း​သော​စိတ်နှလုံး​မှ​လာ​သည့် ချိုသာ​သော​စကား​တို့​သည် ငွေ​ချော်​ဖြင့်​မံ​ထား​သော မြေအိုး​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 24,
      "text": "အမုန်းထား​သော​သူ​သည် မိမိ​၏​နှုတ်​ဖြင့် ဟန်ဆောင်​ပြောဆို​သော်လည်း သူ​၏​စိတ်နှလုံး​ထဲ၌ လိမ်လည်လှည့်ဖြား​သော​သဘော​ကို ဆောင်​ထား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 25,
      "text": "သူ​၏​စကား​သည် ချို​သော်လည်း သူ့​ကို​မ​ယုံ​နှင့်​။ အကြောင်းမူကား သူ​၏​စိတ်နှလုံး​ထဲ၌ စက်ဆုပ်ရွံရှာဖွယ်​ရာ ခုနစ်​ပါး​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 26,
      "text": "သူ​သည် အမုန်းထား​ခြင်း​ကို ပရိယာယ်​ဖြင့်​ဖုံးကွယ်​ထား​သော်လည်း သူ​၏​မကောင်းမှု​သည် လူပုံ​အလယ်​တွင် ထင်ရှား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 27,
      "text": "တွင်း​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​လိမ့်မည်​။ ကျောက်တုံး​ကို​လှိမ့်​သော​သူ​သည် သူ့​အပေါ်​သို့ ထို​ကျောက်တုံး ပြန်လိမ့်​လာ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 28,
      "text": "မုသားသုံး​သော​လျှာ​သည် မိမိ​ကြောင့် ထိခိုက်​နာကျင်​ရ​သော​သူ​တို့​ကို​မုန်း​တတ်​၏​။ မြှောက်ပင့်​တတ်​သော​နှုတ်​သည်​လည်း ပျက်စီး​ခြင်း​ကို ဖြစ်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 1,
      "text": "မနက်ဖြန်​အတွက် မ​ဝါကြွား​နှင့်​။ အကြောင်းမူကား တစ်ရက်​အတွင်း မည်သို့​ဖြစ်​မည်​ကို သင်​မ​သိ​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 2,
      "text": "သင့်​နှုတ်​မ​ဟုတ်​ဘဲ အခြား​သော​သူ​က​လည်းကောင်း​၊ သင့်​နှုတ်ခမ်း​မ​ဟုတ်​ဘဲ သူတစ်ပါး​က​လည်းကောင်း သင့်​ကို​ချီးမွမ်း​ပါစေ​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 3,
      "text": "ကျောက်ခဲ​သည်​လေး​၍ သဲ​သည်​အချိန်စီး​၏​။ သို့သော် ဆိုးမိုက်​သော​သူ​၏​အမျက်​ဒေါသ​သည် ထို​အရာ​နှစ်​ပါး​ထက် ပို၍​လေး​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 4,
      "text": "အမျက်ဒေါသ​သည် ရက်စက်​၍ အမျက်​သည် လွှမ်းမိုး​တတ်​၏​။ သို့သော် မနာလိုဝန်တိုမှု​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 5,
      "text": "ပွင့်လင်း​စွာ​ဆိုဆုံးမ​ခြင်း​သည် လျှို့ဝှက်​စွာ​ချစ်​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 6,
      "text": "မိတ်ဆွေ​ပေး​သော​ဒဏ်ရာ​များ​သည် သစ္စာ​နှင့်​ယှဉ်​၏​။ ရန်သူ​ပေး​သော​အနမ်း​များ​မူကား လှည့်စား​ခြင်း​နှင့်​ယှဉ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 7,
      "text": "အစာဝ​သော​သူ​သည် ပျားလပို့​မှ​ပျားရည်​ကို​ပင် နင်းချေ​တတ်​၏​။ ဆာလောင်မွတ်သိပ်​သော​သူ​အတွက်​မူကား ခါး​သော​အရာ​ရှိသမျှ​သည် ချိုမြိန်​နေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 8,
      "text": "မိမိ​အိမ်​မှ​ထွက်သွား​၍ လှည့်လည်​သွားလာ​သော​သူ​သည် မိမိ​၏​အသိုက်​မှ​ထွက်သွား​၍ လှည့်လည်​သွားလာ​သော​ငှက်​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 9,
      "text": "နံ့သာဆီ​နှင့်​နံ့သာပေါင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ မိတ်ဆွေ​ထံမှ​နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ကား စေတနာစိတ်​ဖြင့် သူ​ပေး​သော​အကြံဉာဏ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 10,
      "text": "သင်​၏​မိတ်ဆွေ​နှင့် သင့်​ဖခင်​၏​မိတ်ဆွေ​ကို မ​စွန့်ပယ်​နှင့်​။ သင်​ဘေးဒုက္ခ​ရောက်​ချိန်​၌ သင်​၏​ညီအစ်ကို​အိမ်​သို့​မ​သွား​နှင့်​။ အနီး​၌​ရှိ​သော​အိမ်နီးချင်း​သည် အဝေး​၌​ရှိ​သော​ညီအစ်ကို​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 11,
      "text": "ငါ့​သား​၊ ဉာဏ်ပညာရှိ​လော့​။ ငါ​၏​စိတ်နှလုံး​ကို​လည်း ဝမ်းမြောက်​စေ​လော့​။ သို့ပြုလျှင် ငါ့​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​အား တုံ့ပြန်ပြောဆို​နိုင်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 12,
      "text": "ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​သည် ဘေးအန္တရာယ်​ကို​မြင်​၍ ပုန်းရှောင်​တတ်​၏​။ အသိဉာဏ်​နည်းပါး​သော​သူ​သည် ဆက်သွား​၍ အပြစ်ဒဏ်​ခံရ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 13,
      "text": "သူစိမ်း​အတွက် အာမခံ​သော​သူ​၏​အဝတ်​ကို ယူထား​လော့​။ ကိုယ်ကျင့်တရားပျက်ပြား​သော​မိန်းမ​အတွက် အာမခံ​သော​သူ​ထံမှ အပေါင်ပစ္စည်း​ကို​ယူ​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 14,
      "text": "နံနက်​စောစောထ​၍ မိမိ​၏​အိမ်နီးချင်း​ကို ကျယ်လောင်​သော​အသံ​နှင့် ကောင်းချီးပေး​သော​သူ​သည် ကျိန်ဆဲ​နေ​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 15,
      "text": "ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​သည် မိုးရွာ​သော​နေ့​တွင် အဆက်မပြတ် တစက်စက်​ယိုကျ​သော​မိုးရေ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 16,
      "text": "သူ့​ကို​ထိန်းချုပ်​ရ​ခြင်း​သည် လေ​ကို​ထိန်းချုပ်​ခြင်း​၊ သို့မဟုတ် ဆီ​ကို​လက်ယာ​လက်​ဖြင့် ဆုပ်ထား​ခြင်း​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 17,
      "text": "သံ​သည် သံ​ကို​ထက်​စေ​သကဲ့သို့ လူ​သည်​လည်း အခြားသောသူ​ကို​ထက်မြက်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 18,
      "text": "သဖန်းပင်​ကို​ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် သဖန်းသီး​ကို​စား​ရ​လိမ့်မည်​။ မိမိ​၏​သခင်​ကို စောင့်ရှောက်​သော​သူ​သည် ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 19,
      "text": "ရေ​မျက်နှာပြင်​သည် လူ​၏​မျက်နှာ​ကို​ထင်ဟပ်​စေ​သကဲ့သို့ လူ​၏​စိတ်နှလုံး​သည်​လည်း လူ​ကို​ထင်ဟပ်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 20,
      "text": "မရဏာနိုင်ငံ​နှင့် ပျက်စီး​ခြင်း​နိုင်ငံ​သည် မည်သည့်​အခါ​မျှ​အလို​မ​ပြည့်စုံ​သကဲ့သို့ လူ​၏​မျက်စိ​သည်​လည်း မည်သည့်​အခါ​မျှ​အလို​မ​ပြည့်စုံ​တတ်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 21,
      "text": "ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​ရ​၏​။ လူ​ကို​ကား သူ​ခံရ​သော​ချီးမွမ်း​စကား​ဖြင့် စစ်​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 22,
      "text": "ဆိုးမိုက်​သော​သူ​ကို ဂျုံစေ့​နှင့်အတူ ဆုံ​ထဲ​ထည့်​၍ ကျည်ပွေ့​နှင့်​ထောင်း​သော်လည်း သူ​၏​မိုက်မဲမှု​သည် သူ့​ထံမှ​ဖယ်ခွာ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 23,
      "text": "သင့်​သိုးစု​၏​အခြေအနေ​တို့​ကို ကောင်းစွာ​သိရှိ​ပြီး သင်​၏​စိတ်​ကို​တိရစ္ဆာန်အုပ်​အပေါ် စူးစိုက်​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 24,
      "text": "အကြောင်းမူကား စည်းစိမ်​သည် အစဉ်အမြဲ​တည်​သည်​မ​ဟုတ်​။ ရာဇသရဖူ​သည်​လည်း မျိုးဆက်​အစဉ်အဆက် တည်​သည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 25,
      "text": "မြက်ပင်​ကို​ရှင်း​ပြီးနောက် မြက်နု​များ​ပေါက်လာ​တတ်​၏​။ တောင်​များ​ပေါ်မှ အပင်​တို့​ကို စုသိမ်း​ပြီး​သောအခါ​တွင်"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 26,
      "text": "သိုးငယ်​တို့​သည် သင်​၏​အဝတ်တန်ဆာ​အတွက်​ဖြစ်​ပြီး ဆိတ်ထီး​တို့​သည် လယ်ယာ​အတွက်​အဖိုးအခ​ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 27,
      "text": "ဆိတ်​နို့​သည်​လည်း သင်​စား​ဖို့​၊ သင့်​အိမ်သူအိမ်သား​များ​စား​ဖို့​နှင့် သင့်​အစေခံ​မိန်းကလေး​များ​ကို​ကျွေး​ဖို့ အလုံအလောက်​ရှိ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 1,
      "text": "ဆိုးယုတ်​သော​သူ​သည် လိုက်​သော​သူ​မ​ရှိ​ဘဲ​လျက် ထွက်ပြေး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ခြင်္သေ့ပျို​ကဲ့သို့​ရဲရင့်တည်ကြည်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 2,
      "text": "တိုင်းပြည်​၌​အပြစ်​ကျူးလွန်​ခြင်း​ရှိ​သောအခါ အုပ်ချုပ်သူ​များပြား​လာ​တတ်​၏​။ သို့သော် သိမြင်​နားလည်​တတ်​သော​သူ​အားဖြင့် တိုင်းပြည်​သည် ကြာရှည်တည်တံ့​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 3,
      "text": "ဆင်းရဲ​သော​သူ​တို့​ကို​နှိပ်စက်​သော ဆင်းရဲသား​သည် မည်သည့်​အစားအစာ​မျှ​မ​ကျန်​အောင် တိုက်ချ​သွား​သော​မိုးရေ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 4,
      "text": "ပညတ်တရား​ကို​စွန့်ပယ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​သူ​ကို​ချီးမွမ်း​တတ်​၏​။ ပညတ်တရား​ကို​စောင့်ထိန်း​သော​သူ​တို့​မူကား ဆိုးယုတ်​သော​သူ​တို့​ကို​ဆန့်ကျင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 5,
      "text": "မကောင်းမှု​ပြု​သော​သူ​တို့​သည် တရားမျှတမှု​ကို​နား​မ​လည်​ကြ​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား အပြည့်အဝ​နားလည်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 6,
      "text": "တည်ကြည်​စွာ​လျှောက်လှမ်း​သော ဆင်းရဲ​သော​သူ​သည် ကွေ့ကောက်​သော​လမ်း​ကို​လိုက်​သည့် ချမ်းသာ​သော​သူ​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 7,
      "text": "ပညတ်တရား​ကို​လိုက်နာကျင့်သုံး​သော​သူ​သည် အသိဉာဏ်​ရှိ​သော​သား​ဖြစ်​၏​။ အစားကြူး​သော​သူ​များ​နှင့်​ပေါင်းဖော်​သော​သူ​ကား မိမိ​ဖခင်​ကို​အရှက်ရ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 8,
      "text": "အတိုးချ​ခြင်း​နှင့် အမြတ်​ကြီးစား​ခြင်း​ဖြင့် မိမိ​၏​စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​သော​သူ​သည် ဆင်းရဲ​သော​သူ​တို့​ကို​သနား​တတ်​သော​သူ​အတွက် စုဆောင်း​နေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 9,
      "text": "တစ်စုံတစ်ဦး​သည် ပညတ်တရား​ကို​နာယူနာခံ​ခြင်း​မ​ရှိ​လျှင် သူ​၏​ဆုတောင်းချက်​သည်ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 10,
      "text": "ဖြောင့်မှန်​သော​သူ​ကို မကောင်း​သော​လမ်း​ထဲသို့ လမ်းလွဲ​စေ​သော​သူ​သည် မိမိ​၏​တွင်း​ထဲသို့ မိမိကိုယ်တိုင်​ကျ​လိမ့်မည်​။ အပြစ်တင်စရာမရှိ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 11,
      "text": "ချမ်းသာ​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု ထင်မြင်​တတ်​၏​။ သို့သော် အသိဉာဏ်​ရှိ​သော​ဆင်းရဲသား​သည် သူ့​ကို​စစ်ကြော​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 12,
      "text": "ဖြောင့်မတ်​သော​သူ​တို့ အောင်ပွဲခံ​ကြ​သောအခါ ကြီးစွာ​သော​ဂုဏ်ကျက်သရေ​ရှိ​၏​။ ဆိုးယုတ်​သော​သူ​တို့ ခေါင်းထောင်​လာ​သောအခါ​၌​မူကား လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 13,
      "text": "မိမိ​ကျူးလွန်​သော​အပြစ်​များ​ကို ဖုံးကွယ်​ထား​သော​သူ​သည် ကြီးပွား​မည်​မ​ဟုတ်​။ ထို​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​၍ စွန့်ပယ်​သော​သူ​မူကား ကရုဏာ​တော်​ကို​ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 14,
      "text": "ဩတ္တပ္ပစိတ်​အစဉ်အမြဲ​ရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ မိမိ​၏​စိတ်နှလုံး​ကို​မာကျော​စေ​သော​သူ​မူကား ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 15,
      "text": "ဆင်းရဲ​သော​ပြည်သူပြည်သား​တို့​ကို အုပ်စိုး​သည့်​ဆိုးယုတ်​သော​မင်း​သည် ဟောက်​သော​ခြင်္သေ့​၊ သို့မဟုတ် တစ်ဟုန်ထိုး​တိုက်ခိုက်​သော​ဝက်ဝံ​နှင့်​တူ​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 16,
      "text": "ထိုးထွင်းဉာဏ်​ကင်းမဲ့​သော​အုပ်ချုပ်သူမင်း​သည် အလွန်​ဖိနှိပ်​ညှဉ်းပန်း​တတ်​၏​။ မတရား​သော​အကျိုး​စီးပွား​ကို​ရွံမုန်း​သော​သူ​သည် အသက်​ရှည်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 17,
      "text": "လူ့​အသက်​သတ်ခြင်း​အပြစ်ဝန်​ကို ထမ်း​သော​သူ​သည် သေတွင်း​ထဲ​ရောက်​သည့်​တိုင်အောင် ထွက်ပြေး​တိမ်းရှောင်​နေ​ရ​လိမ့်မည်​။ မည်သူ​မျှ​သူ့​ကို​မ​ထောက်မ​စေ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 18,
      "text": "အပြစ်တင်စရာမရှိ​အောင်​လျှောက်လှမ်း​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ ကွေ့ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူကား ရုတ်တရက်​လဲကျ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 19,
      "text": "မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။ အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား ဆင်းရဲ​ခြင်း​နှင့်​ပြည့်ဝ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 20,
      "text": "သစ္စာရှိ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​များစွာ​ခံစား​ရ​လိမ့်မည်​။ အလျင်စလို​ချမ်းသာကြွယ်ဝ​လို​သော​သူ​မူကား အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 21,
      "text": "မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။ သို့သော် လူ​သည် မုန့်​တစ်လုတ်စာ​အတွက် အပြစ်ကျူးလွန်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 22,
      "text": "စေးနှဲ​သော​သူ​သည် စည်းစိမ်ဥစ္စာ​ရ​ရန် အလျင်စလို​လုပ်ဆောင်​သော်လည်း ဆင်းရဲ​ခြင်း​သည် သူ့​ထံသို့​ရောက်လာ​မည်​ကို သူ​မ​သိ​ချေ​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 23,
      "text": "လူ​ကို​ဆုံးမ​သော​သူ​သည် နောက်ဆုံးတွင် မြှောက်ပင့်​ပြောဆို​သော​သူ​ထက် ပို၍​မျက်နှာရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 24,
      "text": "မိမိ​၏​ဖခင်​၊ သို့မဟုတ် မိခင်​၏​ဥစ္စာ​ကို​လုယူ​ပြီးမှ ငါ​အပြစ်​ကျူးလွန်​သည်​မ​ဟုတ်​ဟု ပြောဆို​သော​သူ​သည် အဖျက်သမား​၏​အပေါင်းအဖော်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 25,
      "text": "လောဘကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်​ရန်​လှုံ့ဆော်​တတ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား ပြည့်စုံကြွယ်ဝ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 26,
      "text": "မိမိ​စိတ်နှလုံး​ကို ကိုးစား​သော​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။ ဉာဏ်ပညာ​အားဖြင့်​လျှောက်လှမ်း​သော​သူ​မူကား ဘေးလွတ်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 27,
      "text": "ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​သော​သူ​သည် ချို့တဲ့​နွမ်းပါး​လိမ့်မည်​မ​ဟုတ်​။ မျက်ကွယ်​ပြု​သော​သူ​မူကား များစွာ​သော​ကျိန်ဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 28,
      "text": "ဆိုးယုတ်​သော​သူ​တို့​ခေါင်းထောင်​လာ​သောအခါ လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။ သူ​တို့​ပျက်စီး​သွား​သောအခါ​၌​မူကား ဖြောင့်မတ်​သော​သူ​တို့​သည် တိုးပွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 1,
      "text": "ဆိုဆုံးမ​ခြင်း​ကို​အကြိမ်ကြိမ်​ခံရ​သော်လည်း ခေါင်းမာ ​လျက်​နေ​သော​သူ​သည် ချမ်းသာ​ရာ​မ​ရ​ဘဲ ချက်ချင်း​ပျက်စီး​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 2,
      "text": "ဖြောင့်မတ်​သော​သူ​တို့​တိုးပွား​သောအခါ လူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။ ဆိုးယုတ်​သော​သူ​အုပ်စိုး​သောအခါ​၌​မူကား လူ​တို့​သည် ညည်းတွား​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 3,
      "text": "ဉာဏ်ပညာ​ကို​ချစ်​သော​သူ​သည် မိမိ​၏​ဖခင်​ကို​ဝမ်းမြောက်​စေ​၏​။ ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​သော​သူ​မူကား စည်းစိမ်ဥစ္စာ​ကို​ဆုံးရှုံး​စေ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 4,
      "text": "ရှင်ဘုရင်​သည် တရားမျှတမှု​အားဖြင့် တိုင်းပြည်​ကို​တည်မြဲ​စေ​တတ်​၏​။ အခွန်​မတရား​ကောက်ခံ​သော​သူ​မူကား တိုင်းပြည်​ကို​ပြိုပျက်​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 5,
      "text": "မိမိ​၏​အိမ်နီးချင်း​ကို​မြှောက်ပင့်​ပြောဆို​သော​သူ​သည် မိမိ​ခြေလှမ်း​မည့်​နေရာ​တွင် ပိုက်ကွန်​ဖြန့်​ထား​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 6,
      "text": "မကောင်းမှု​ပြု​သော​သူ​သည် အပြစ်​ကျူးလွန်​ခြင်း​ထဲ၌ ထောင်ချောက်​မိ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ရွှင်လန်း​စွာ​သီချင်းဆို​လျက် ဝမ်းမြောက်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 7,
      "text": "ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲ​သော​သူ​တို့​၏​အမှုအခင်း​ကို သိမြင်​တတ်​၏​။ ဆိုးယုတ်​သော​သူ​သည် ထိုသို့သော​အသိ​မျိုး​ကို နား​မ​လည်​တတ်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 8,
      "text": "ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည် မြို့​ကို​ဆူပူအုံကြွ​စေ​တတ်​၏​။ ပညာရှိ​တို့​မူကား အမျက်​ကို​ပြေ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 9,
      "text": "ပညာရှိ​သော​သူ​သည် ဆိုးမိုက်​သော​သူ​နှင့်​အမှု​ဖြစ်​သောအခါ ဆိုးမိုက်​သော​သူ​သည် အမျက်ထွက်​လျက်​၊ ပြောင်လှောင်​လျက်​နေ​သဖြင့် အေးချမ်းမှု​မ​ရ​နိုင်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 10,
      "text": "သွေးဆာ​သော​သူ​တို့​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​မုန်း​၍ ဖြောင့်မှန်​သော​သူ​၏​အသက်​ကို​သတ်​ရန် ရှာကြံ​တတ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 11,
      "text": "မိုက်မဲ​သော​သူ​သည် မိမိ​၏​စိတ်ခံစားချက်​ရှိသမျှ​ကို ထုတ်ဖော်​တတ်​၏​။ ပညာရှိ​သော​သူ​မူကား ၎င်း​ကို ပြန်​၍​ထိန်း​ထား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 12,
      "text": "အုပ်စိုး​သူ​မင်း​သည် မုသား​စကား​ကို​အာရုံစိုက်​လျှင် သူ​၏​အမှုထမ်း​အပေါင်း​တို့​သည် ဆိုးယုတ်​သော​သူ​များ​ဖြစ်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 13,
      "text": "ဆင်းရဲ​သော​သူ​နှင့် ဖိနှိပ်​ခြယ်လှယ်​သော​သူ​တို့​၏​တူညီ​သော​အချက်​မှာ သူ​တို့​နှစ်ဦးလုံး​၏​မျက်စိ​တွင် ထာဝရဘုရား​အလင်းပေး​တော်မူ​ခြင်း​ပင်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 14,
      "text": "ဆင်းရဲ​သော​သူ​တို့​ကို မှန်ကန်​စွာ​တရားစီရင်​သော​ရှင်ဘုရင်​၏ ရာဇပလ္လင်​သည် ထာဝစဉ်​တည်မြဲ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 15,
      "text": "ကြိမ်လုံး​နှင့်​ဆိုဆုံးမစကား​သည် ဉာဏ်ပညာ​ကို​ပေး​၏​။ လွှတ်​ထား​သော​ကလေးသူငယ်​မူကား သူ​၏​မိခင်​ကို​အရှက်ကွဲ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 16,
      "text": "ဆိုးယုတ်​သော​သူ​တို့​များပြား​လာ​သောအခါ အပြစ်​ကျူးလွန်​ခြင်း​သည်​လည်း များပြား​လာ​၏​။ သို့သော် သူ​တို့​၏​ပြိုလဲ​ခြင်း​ကို ဖြောင့်မတ်​သော​သူ​တို့​သည် တွေ့မြင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 17,
      "text": "သင်​၏​သား​ကို​ပဲ့ပြင်​လော့​။ သို့ပြုလျှင် သူ​သည် သင့်​ကို​ငြိမ်းချမ်း​မှု​ပေး​၍ သင်​၏​စိတ်ဝိညာဉ်​ကို ကြည်နူး​စေ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 18,
      "text": "ဗျာဒိတ်နိမိတ်​မ​ရှိ​လျှင် လူ​တို့​သည် စည်းလွတ်ဝါးလွတ်​ပြုမူ​တတ်​ကြ​၏​။ ပညတ်တရား​ကို​စောင့်ထိန်း​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 19,
      "text": "အစေအပါး​ကို စကား​အားဖြင့်​သာ ပဲ့ပြင်​၍​မ​ရ​နိုင်​။ သူ​သည် နားလည်​သော်လည်း တုံ့ပြန်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 20,
      "text": "အလျင်စလို​စကား​ပြောဆို​တတ်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 21,
      "text": "မိမိ​၏​အစေအပါး​ကို ငယ်ရွယ်​စဉ်​မှစ၍ အလိုလိုက်​လျှင် နောက်ဆုံး​တွင် သူ​သည် မိုက်ရိုင်း​စော်ကား​တတ်​သူ​ဖြစ်​သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 22,
      "text": "စိတ်တို​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန် လှုံ့ဆော်​တတ်​၏​။ ဒေါသကြီး​သော​သူ​သည်​လည်း အပြစ်​များစွာ​ကျူးလွန်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 23,
      "text": "လူ​၏​မာန်မာန​သည် သူ့​ကို​နိမ့်ကျ​စေ​တတ်​၏​။ စိတ်နှိမ့်ချ​သော​သူ​မူကား ဂုဏ်သရေ​ကို​ရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 24,
      "text": "သူခိုး​နှင့်​ဝေစုခွဲဝေ​သော​သူ​သည် မိမိ​အသက်​ကို​မုန်း​သော​သူ​ဖြစ်​၏​။ သူ​သည် ကျိန်​ခြင်း​ကို​ကြား​သော်လည်း မည်သည့်​အရာ​ကို​မျှ ထုတ်ဖော်​ပြောဆို​ခြင်း​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 25,
      "text": "လူ​ကို​ကြောက်ရွံ့​ခြင်း​သည် ထောင်ချောက်​ဖြစ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား လုံခြုံ​စွာ​နေ​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 26,
      "text": "များစွာ​သော​လူ​တို့​သည် အုပ်စိုး​သူ​မင်း​ထံမှ မျက်နှာရ​ရန်​ရှာကြံ​တတ်​ကြ​၏​။ သို့ရာတွင် လူ​သည် တရားမျှတမှု​ကို ထာဝရဘုရား​ထံ​တော်​မှ​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 27,
      "text": "ဖြောင့်မတ်​သော​သူ​သည် မတရား​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။ ဆိုးယုတ်​သော​သူ​မူကား ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​ကို စက်ဆုပ်ရွံရှာ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 1,
      "text": "ယာကေ​၏​သား​အာဂုရ​၏​ဩဝါဒ​စကား​များ​။ အာဂုရ​သည် ဣသေလ​အား​၊ ဣသေလ​နှင့်​ဥကလ​တို့​အား မိန့်ကြား​သည်​ကား"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 2,
      "text": "အကယ်စင်စစ် ငါ​သည် လူ​တကာ​တို့​ထက် အသိတရားမဲ့​၍ ငါ​၌​လူ့​အသိဉာဏ်​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 3,
      "text": "ငါ​သည် ဉာဏ်ပညာ​ကို​မ​သင်ယူ​။ သန့်ရှင်း​သော​အရှင်​ကို​သိ​သော​ဉာဏ်​လည်း ငါ​၌​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 4,
      "text": "မည်သူ​သည် ကောင်းကင်​သို့​တက်​ပြီး ပြန်ဆင်းလာ​သနည်း​။ မည်သူ​သည် လေ​ကို မိမိ​လက်ခုပ်​ထဲ ထည့်​ထား​သနည်း​။ မည်သူ​သည် ရေ​ကို မိမိ​၏​အဝတ်​ဖြင့် ထုပ်​ထား​သနည်း​။ မည်သူ​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​ကို တည်​ထား​သနည်း​။ ထို​သူ​၏​အမည်​ကား မည်သို့နည်း​။ သူ့​သား​၏​အမည်​ကား မည်သို့နည်း​။ သင်​သိ​သလော​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 5,
      "text": "ဘုရားသခင်​၏​မိန့်​တော်မူ​ချက်​ရှိသမျှ​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် ကိုယ်တော်​သည် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 6,
      "text": "ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​အပေါ် ထပ်မံ​၍​မ​ဖြည့်စွက်​နှင့်​။ ဖြည့်စွက်​လျှင် ကိုယ်တော်​သည် သင့်​ကို​ဆုံးမ​သဖြင့် သင်​သည် လိမ်လည်​သော​သူ​ဖြစ်သွား​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 7,
      "text": "ကိုယ်တော်​ထံမှ​ဆု​နှစ်​ပါး​ကို အကျွန်ုပ်​တောင်းလျှောက်​ပါ​၏​။ အကျွန်ုပ်​မ​သေ​မီ ထို​အရာ​တို့​ကို အကျွန်ုပ်​အား​မပေး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 8,
      "text": "မဟုတ်မမှန်​သော​အရာ​နှင့် လိမ်လည်​သော​စကား​ကို အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​ပါ​။ ဆင်းရဲ​ခြင်း​ကို​လည်းကောင်း​၊ ကြွယ်ဝချမ်းသာ​ခြင်း​ကို​လည်းကောင်း အကျွန်ုပ်​အား ပေး​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​အတွက်​လိုအပ်​သော​အစာ​ကို​သာ အကျွန်ုပ်​အား ပေး​တော်မူ​ပါ​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 9,
      "text": "သို့မဟုတ်လျှင် အကျွန်ုပ်​သည် ပြည့်စုံကြွယ်ဝ​၍ “​ထာဝရဘုရား​သည် မည်သူ​နည်း​”​ဟု ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မိ​ပါ​လိမ့်မည်​။ သို့တည်းမဟုတ် အကျွန်ုပ်​သည် ဆင်းရဲ​၍​ခိုးယူ​ကာ အကျွန်ုပ်​ဘုရားသခင်​၏​နာမ​တော်​ကို ထိခိုက်​မိ​စေ​ပါ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 10,
      "text": "အစေအပါး​အကြောင်း​ကို သူ့​သခင်​ထံ မတရား​စွပ်စွဲ​ပြောဆို​ခြင်း​မ​ပြု​နှင့်​။ ထိုသို့​ပြု​လျှင် ထို​အစေအပါး​သည် သင့်​ကို​ကျိန်ဆဲ​၍ သင်​၌​အပြစ်​သင့်ရောက်​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 11,
      "text": "မိမိ​၏​ဖခင်​ကို​ကျိန်ဆဲ​၍ မိမိ​၏​မိခင်​ကို ကောင်းချီး​မ​ပေး​သော​သူ​များ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 12,
      "text": "မိမိ​၏​အညစ်အကြေး​ကို မ​ဆေးကြော​ဘဲ ကိုယ့်ကိုယ်ကိုယ်​စင်ကြယ်​သည်​ဟု ထင်မြင်​သော​သူ​များ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 13,
      "text": "မျက်နှာ​အလွန်​ထောင်လွှား​၍ မိမိ​မျက်လွှာ​ကို ပင့်​ထား​သော​သူ​များ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 14,
      "text": "အဖိနှိပ်​ခံရ​သော​သူ​တို့​ကို မြေကြီး​ပေါ်မှ​လည်းကောင်း​၊ နွမ်းပါး​သော​သူ​တို့​ကို လူထု​ထဲမှ​လည်းကောင်း ဝါးမျို​ပစ်​ရန် သန်လျက်​ကဲ့သို့သော​သွား​နှင့် ဓား​ကဲ့သို့သော​အစွယ်​ရှိ​သော​သူ​များ​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 15,
      "text": "မျှော့​၌ “​ပေး​ပါ​၊ ပေး​ပါ​”​ဟု ဆို​သော​သမီး​နှစ်​ယောက်​ရှိ​၏​။ အလို​မ​ပြည့်စုံ​နိုင်​သော​အရာ​သုံး​ပါး​မက “​တော်​ပါ​ပြီ​”​ဟု မ​ဆို​တတ်​သော​အရာ​လေး​ပါး​မှာ"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 16,
      "text": "မရဏာနိုင်ငံ​၊ မြုံ​သော​ဝမ်း​၊ ရေ​မ​ဝ​နိုင်​သော​မြေကြီး​နှင့် “​တော်​ပါ​ပြီ​”​ဟု မ​ဆို​တတ်​သော​မီး​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 17,
      "text": "ဖခင်​ကို​ပြက်ရယ်ပြု​၍ မိခင်​အား​နာခံ​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​သော​မျက်စိ​ကို လျှိုမြောင်​၌​ရှိ​သော​ကျီးကန်း​တို့​သည် ဖောက်ထုတ်​၍ လင်းတ​၏​သားပေါက်​တို့​သည် စား​ကြ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 18,
      "text": "ငါ​အံ့မခန်း​ဖြစ်​ရ​သော​အရာ​သုံး​ပါး​မက ငါ​နား​မ​လည်​နိုင်​သော​အရာ​လေး​ပါး​မှာ"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 19,
      "text": "မိုးကောင်းကင်​၌​လင်းယုန်​သွား​ရာ​လမ်း​၊ ကျောက်ဆောင်​ပေါ်၌​မြွေ​သွား​ရာ​လမ်း​၊ ပင်လယ်​အလယ်​၌​သင်္ဘော​သွား​ရာ​လမ်း​နှင့် မိန်းမပျို​နှင့်အတူ​ယောက်ျား​သွား​ရာ​လမ်း​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 20,
      "text": "အိမ်ထောင်ရေးဖောက်ပြန်​သော မိန်းမ​၏​လမ်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ သူ​သည် စားသောက်​ပြီးမှ မိမိ​၏​ပါးစပ်​ကို​သုတ်​ပြီး “​မည်သည့်​အပြစ်ဒုစရိုက်​ကို​မျှ ငါ​မ​ပြု​”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 21,
      "text": "မြေကြီး​လှုပ်ခတ်​ရ​သော​အကြောင်းခြင်း​ရာ​သုံး​ပါး​မက မြေကြီး​မ​ခံ​နိုင်​သော​အကြောင်းခြင်း​ရာ​လေး​ပါး​မှာ"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 22,
      "text": "ကျွန်​က မင်းပြု​ခြင်း​၊ မိုက်မဲ​သော​သူ​က အစာ​ဝ​ခြင်း​၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 23,
      "text": "မုန်းစရာ​ကောင်း​သော​မိန်းမ​က လက်ထပ်​ရ​ခြင်း​နှင့် ကျွန်မ​က သူ့​သခင်မ​၏​အမွေ​ကို​ဆက်ခံ​ရ​ခြင်း​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 24,
      "text": "ကမ္ဘာမြေကြီး​ပေါ်မှာ သေးငယ်​သော်လည်း အလွန်​ပညာရှိ​သည့် အရာ​လေး​ပါး​မှာ"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 25,
      "text": "ခွန်အားကြီး​သော​အမျိုး​မ​ဟုတ်​သော်လည်း နွေရာသီ​၌ မိမိ​တို့​၏​အစားအစာ​ကို ပြင်ဆင်​တတ်​သော​ပုရွက်ဆိတ်​များ​၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 26,
      "text": "အင်အားကြီး​သော​အမျိုး​မ​ဟုတ်​သော်လည်း မိမိ​တို့​အိမ်​ကို ကျောက်​ထဲတွင်​တည်​တတ်​သော ရှာဖန်ယုန်​များ​၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 27,
      "text": "ဘုရင်​မ​ရှိ​သော်လည်း တစ်စုတစ်ပေါင်း​တည်း စီတန်း​သွားလာ​တတ်​သော​ကျိုင်းကောင်​များ​နှင့်"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 28,
      "text": "လက်​ဖြင့်​ပင်​ဖမ်းယူ​နိုင်​သော်လည်း ဘုရင့်​နန်းတော်​တို့​တွင်​နေ​တတ်​သော​အိမ်မြှောင်​တို့ ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 29,
      "text": "ခံ့ညား​စွာ​ခြေလှမ်း​လှမ်း​တတ်​သော​အရာ​သုံး​ပါး​မက ခံ့ညား​စွာ​လှမ်းလျှောက်​တတ်​သော​အရာ​လေး​ပါး​မှာ"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 30,
      "text": "တိရစ္ဆာန်​ထဲတွင်​ခွန်အားကြီး​၍ မည်သည့်​အရာ​၏​ရှေ့​က​မျှ နောက်ပြန်​မ​လှည့်​တတ်​သော​ခြင်္သေ့​၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 31,
      "text": "ဟန်ပါမာန်ပါ​လျှောက်​တတ်​သော​ကြက်ဖ ​၊ သို့မဟုတ် ဆိတ်ထီး​၊ စစ်သည်​အလုံးအရင်း​ခြံရံ​ထား​သော ရှင်ဘုရင်​တို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 32,
      "text": "သင်​သည် မိမိကိုယ်ကို​ချီးမြှောက်​လျက် မိုက်မဲ​စွာ​ပြုမူ​ခဲ့​လျှင်​၊ သို့မဟုတ် မကောင်း​ကြံစည်​ခဲ့​လျှင် သင်​၏​နှုတ်​ကို​လက်​နှင့်​ပိတ်​ထား​လော့​။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 33,
      "text": "အကြောင်းမူကား နို့​ကို​မွှေ​လျှင် ထောပတ်​ကို​ရ​၍ နှာခေါင်း​ကို​ဆွဲလိမ်​လျှင် သွေး​ထွက်​တတ်​သကဲ့သို့ ဒေါသ​ကို​မွှေ​လျှင် ခိုက်ရန်​ဖြစ်ပွား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 1,
      "text": "လေမွေလ​မင်းကြီး​၏​စကား​များ​။ သူ​၏​မယ်တော်​က သူ့​ကို​သွန်သင်​သော​ဩဝါဒ​စကား​မှာ"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 2,
      "text": "ငါ့​သား​၊ ငါ​မည်သို့​ပြော​ရ​မည်နည်း​။ ငါ့​ဝမ်း​မှ​ဖွား​သော​သား​၊ ငါ​မည်သို့​ပြော​ရ​မည်နည်း​။ ငါ​၏​ကတိသစ္စာ​နှင့်ဆိုင်သော​သား​၊ ငါ​မည်သို့​ပြော​ရ​မည်နည်း​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 3,
      "text": "သင်​၏​ခွန်အား​ကို မိန်းမ​တို့​အား​လည်းကောင်း​၊ သင်​၏​အားမာန်​တို့​ကို ရှင်ဘုရင်​တို့​ကို​ဖျက်ဆီး​တတ်​သော​သူ​တို့​အား​လည်းကောင်း မ​ပေး​နှင့်​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 4,
      "text": "အို လေမွေလ​၊ စပျစ်ဝိုင်​သောက်​ခြင်း​သည် ရှင်ဘုရင်​တို့​နှင့်​မ​သင့်လျော်​ပေ​။ ရှင်ဘုရင်​တို့​နှင့်​မ​သင့်လျော်​ပေ​။ သေရည်သေရက်​ကို​တောင့်တ​ခြင်း​သည်​လည်း အုပ်ချုပ်​သူ​တို့​အတွက် မ​သင့်လျော်​ပေ​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 5,
      "text": "သူ​တို့​သည် သောက်​သောအခါ ပြဋ္ဌာန်း​ထား​သော​အရာ​ကို​မေ့လျော့​၍ ဖိစီးနှိပ်စက်မှု​ခံရ​သော​သူ​အပေါင်း​တို့​၏ အမှုအခင်း​ကို လွဲမှား​စွာ​စီရင်​မည်​ကို စိုးရိမ်​ရ​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 6,
      "text": "ဆုံးပါး​တော့​မည့်​သူ​အား သေရည်သေရက်​ကို​လည်းကောင်း​၊ စိတ်​ဒုက္ခရောက်​နေ​သော​သူ​အား စပျစ်ဝိုင်​ကို​လည်းကောင်း ပေး​လော့​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 7,
      "text": "သူ​တို့​သည် သောက်​သောအခါ မိမိ​တို့​၏​ဆင်းရဲ​ခြင်း​ကို​မေ့လျော့​သွား​လိမ့်မည်​။ မိမိ​တို့​၏​အခက်အခဲ​ပြဿနာ​ကို​လည်း သတိရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 8,
      "text": "သင်​သည် ပြောဆို​နိုင်စွမ်း​မ​ရှိ​သူ​အတွက်​လည်းကောင်း​၊ မှီခိုရာမဲ့​သော​သူ​အားလုံး​၏ အမှုအခင်း​အတွက်​လည်းကောင်း သင်​၏​နှုတ်​ကို​ဖွင့်​လော့​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 9,
      "text": "သင်​၏​နှုတ်​ကို​ဖွင့်​လျက် ဖြောင့်မတ်​စွာ​တရားစီရင်​လော့​။ အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​၏​အခွင့်အရေး​ကို ကာကွယ်စောင့်ရှောက်​ပေး​လော့​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 10,
      "text": "စွမ်းရည်​နှင့်​ပြည့်စုံ​သော​မယား​ကို မည်သူ​တွေ့​နိုင်​သနည်း​။ ထိုသို့သော​မယား​သည် ပတ္တမြား​ထက်​များစွာ​အဖိုးထိုက်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 11,
      "text": "သူ့​ခင်ပွန်း​သည် စိတ်နှလုံး​ထဲ၌ သူ့​ကို​ယုံကြည်စိတ်ချ​သဖြင့် စည်းစိမ်ဥစ္စာ​ချို့တဲ့​သည်​ဟူ၍​မ​ရှိ​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 12,
      "text": "ထို​မယား​သည် မိမိ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ခင်ပွန်းသည်​အား ဆိုးကျိုး​မ​ပြု​၊ ကောင်းကျိုး​ကို​သာ​ပြု​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 13,
      "text": "သူ​သည် သိုးမွေး​နှင့်​ဗီသွာလျှော်​ကို​ရှာ​ပြီးလျှင် မိမိ​၏​လက်​ဖြင့် စိတ်ပါလက်ပါ​လုပ်ဆောင်​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 14,
      "text": "ကုန်သွယ်​သင်္ဘော​များ​ကဲ့သို့ မိမိ​၏​အစားအစာ​ကို ဝေးလံ​သော​အရပ်​မှ​သယ်ဆောင်​လာ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 15,
      "text": "မိုးမလင်းမီ​ထ​ပြီး မိမိ​အိမ်သူအိမ်သား​များ​အတွက် စားစရာ​ကို​ပြင်ဆင်​၍ အစေခံ​မိန်းကလေး​များ​ကို အလုပ်​ခွဲဝေ​သတ်မှတ်​ပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 16,
      "text": "လယ်ယာ​ကို​ကြည့်ရှု​သုံးသပ်​ပြီးမှ ၎င်း​ကို​ဝယ်ယူ​၍ မိမိ​လက်​နှင့် လုပ်ကိုင်​ရရှိ​သော​အကျိုးအမြတ်​ဖြင့် စပျစ်ခြံ​ကို​စိုက်ပျိုး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 17,
      "text": "မိမိ​ခါး​ကို အစွမ်းသတ္တိ​နှင့်​စည်း​၍ မိမိ​လက်မောင်း​တို့​ကို သန်မာ​စေ​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 18,
      "text": "မိမိ​၏​ကုန်ပစ္စည်း​သည် အကျိုးအမြတ်​ရှိ​ကြောင်း​ကို သိမြင်​တတ်​၏​။ သူ​၏​မီးခွက်​သည် ညအချိန်​၌ မ​ငြိမ်း​တတ်​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 19,
      "text": "သူ​သည် မိမိ​၏​လက်​တွင် ဗိုင်းလိပ်တံ​ကို​ကိုင်​ထား​လျက် မိမိ​၏​လက်​ထဲ၌ ရစ်လုံး​ကို​ဆုပ်ကိုင်​ထား​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 20,
      "text": "အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် မိမိ​လက်​ကို​ဖြန့်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် မိမိ​လက်​တို့​ကို​ကမ်းပေး​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 21,
      "text": "သူ​၏​အိမ်သူအိမ်သား​အားလုံး​သည် ကတ္တီပါနီ​ကို​ဝတ်ဆင်​ထား​သည်​ဖြစ်၍ နှင်းပွင့်​ကျ​သော်လည်း သူ​သည် မိမိ​အိမ်သူအိမ်သား​များ​အတွက် မ​စိုးရိမ်​ရ​ပေ​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 22,
      "text": "သူ​သည် မိမိ​အတွက် အိပ်ရာခင်း​များ​ကို​ပြုလုပ်​၍ သူ​၏​အဝတ်တန်ဆာ​သည် ဗီသွာချည်ထည်​နှင့် ခရမ်းရောင်​အထည်​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 23,
      "text": "သူ​၏​ခင်ပွန်း​သည် အရပ်​လူကြီး​တို့​နှင့်အတူ မြို့​တံခါး​၌​ထိုင်​လေ့​ရှိ​၍ လူသိ​များ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 24,
      "text": "သူ​သည် ပိတ်ချော​ဝတ်ရုံ​များ​ကို​ပြုလုပ်​ရောင်းချ​ကာ ခါးဝတ်တန်ဆာ​များ​ကို​လည်း ကုန်သည်​များ​ထံ​သွင်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 25,
      "text": "အစွမ်းသတ္တိ​နှင့်​ခန့်ညားထည်ဝါမှု​သည် သူ​၏​အဝတ်တန်ဆာ​ဖြစ်၍ သူ​သည် လာ​မည့်​နေ့ရက်​များ​အတွက် ရယ်မော​နိုင်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 26,
      "text": "သူ​သည် ဉာဏ်ပညာ​ဖြင့် မိမိ​နှုတ်​ကို​ဖွင့်​တတ်​၏​။ သူ​၏​လျှာ​ပေါ်၌ မေတ္တာကရုဏာ​နှင့်​ပြည့်စုံ​သော သွန်သင်ချက်​ရှိ​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 27,
      "text": "မိမိ​အိမ်သူအိမ်သား​တို့​၏​အရေးကိစ္စ​များ​ကို သေချာ​စွာ​ကြည့်ရှု​တတ်​၏​။ ပျင်းရိ​ခြင်း​အစာ​ကို မ​စား​တတ်​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 28,
      "text": "သူ​၏​သားသမီး​တို့​သည်​ထ​၍ သူ့​ကို မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​တတ်​ကြ​၏​။ သူ​၏​ခင်ပွန်း​သည်​လည်း"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 29,
      "text": "“​စွမ်းရည်ရှိရှိ​လုပ်ဆောင်​တတ်​သော​အမျိုးသမီး​များစွာ​ရှိ​သော်လည်း သင်​သည် ထို​သူ​အားလုံး​ထက်​သာလွန်​၏​”​ဟု သူ့​ကို​ချီးမွမ်း​တတ်​၏​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 30,
      "text": "တင့်တယ်​ခြင်း​သည် လှည့်ဖြား​တတ်​၏​။ လှပ​ခြင်း​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ သို့သော် ထာဝရဘုရား​ကို​ကြောက်ရွံ့​သော မိန်းမ​သည် ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 31,
      "text": "ထိုသို့သော​မိန်းမ​အား သူ့​လက်​ဖြင့် လုပ်ကိုင်​ရရှိ​သော​အကျိုးအမြတ်​ကို​ပေး​လော့​။ သူ​ပြု​သော​အမှု​အတွက် မြို့​တံခါး​တို့​၌ သူ့​ကို​ချီးမွမ်း​ကြ​ပါစေ​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 1,
      "text": "ဂျေရုဆလင်​မြို့​၌​စိုးစံ​သော​ရှင်ဘုရင်​၊ ဒါဝိဒ်​၏​သား​တော်​၊ ဒေသနာဆရာ​၏​စကား​များ​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 2,
      "text": "အချည်းနှီး​၊ အချည်းနှီး​ဟု ဒေသနာဆရာ​ဆို​၏​။ အချည်းနှီး​၊ အချည်းနှီး​၊ ခပ်သိမ်း​သော​အရာ​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 3,
      "text": "လူ​သည် နေ​အောက်​တွင် သူ​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​တို့​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 4,
      "text": "မျိုးဆက်​တစ်​ဆက်​လွန်သွား​၍ မျိုးဆက်​တစ်​ဆက်​ပေါ်လာ​၏​။ သို့သော် ကမ္ဘာမြေကြီး​သည် အစဉ်အမြဲ​တည်​နေ​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 5,
      "text": "နေ​ထွက်လာ​၍ နေ​ဝင်သွား​၏​။ ထို့နောက် ထွက်လာ​ရာ​သူ့​နေရာ​သို့ လျင်မြန်​စွာ​ပြန်သွား​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 6,
      "text": "လေ​သည် တောင်ဘက်​သို့​တိုက်​ပြီးလျှင် မြောက်ဘက်​သို့​ပြန်လှည့်​တတ်​၏​။ လေ​သည် လှည့်​၍​လှည့်​၍​တိုက်​ပြီးလျှင် မိမိ​ပတ်လမ်းကြောင်း​အတိုင်း​ပြန်လှည့်​လာ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 7,
      "text": "မြစ်​အားလုံး​သည် ပင်လယ်​ထဲသို့​စီးဆင်း​ကြ​၏​။ သို့ရာတွင် ပင်လယ်​သည် မည်သည့်​အခါ​မျှ မ​ပြည့်​တတ်​။ မြစ်​တို့​သည် မိမိ​တို့​စီးဆင်း​လာ​ရာ​အရပ်​သို့ ပြန်သွား​၍ တစ်ဖန်​စီးဆင်း​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 8,
      "text": "ခပ်သိမ်း​သော​အရာ​တို့​သည် မ​ပြောပြ​နိုင်​အောင် ပင်ပန်း​ငြီးငွေ့​ဖွယ်​ကောင်း​၏​။ မျက်စိ​သည် ကြည့်​၍​ဝ​သည်​ဟူ၍​မ​ရှိ​။ နား​သည်​လည်း နားထောင်​၍​အလို​ပြည့်ဝ​သည်​ဟူ၍​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 9,
      "text": "ဖြစ်​ပြီး​သော​အရာ​သည် တစ်ဖန်​ပြန်​ဖြစ်လာ​လိမ့်မည်​။ ပြု​ပြီး​သော​အရာ​ကို​လည်း တစ်ဖန်​ပြန်​၍​ပြု​လိမ့်မည်​။ နေ​အောက်​တွင် အသစ်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 10,
      "text": "ကြည့်ရှု​လော့​။ ဤ​အရာ​သည် အသစ်​ဖြစ်​၏​ဟု ဆို​နိုင်​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော​။ ထို​အရာ​သည် ရှေး​က ဖြစ်​ခဲ့​ပြီး​သော​အရာ​၊ ငါ​တို့​မ​ရှိ​မီ​က​ဖြစ်​ခဲ့​ပြီး​သော​အရာ​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 11,
      "text": "ယခင်​က​အရာ​တို့​ကို မှတ်မိ​ခြင်း​မ​ရှိ​။ နောင်​ဖြစ်​မည့်​အရာ​တို့​ကို​လည်း ၎င်း​တို့​၏​နောက်​တွင် ပေါ်လာ​မည့်​သူ​တို့​သည် မှတ်မိ​ကြ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 12,
      "text": "ငါ​ဒေသနာဆရာ​သည် ဂျေရုဆလင်​မြို့​တွင် အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​သော​ရှင်ဘုရင်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 13,
      "text": "ငါ​သည် မိုးကောင်းကင်​အောက်​၌​ပြု​သမျှ​သော​အရာ​တို့​ကို ဉာဏ်ပညာ​အားဖြင့် ရှာဖွေ​ရန်​နှင့်​စူးစမ်း​ရန် ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​၏​။ ၎င်း​မှာ လူ​သား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 14,
      "text": "နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 15,
      "text": "ကောက်​သော​အရာ​ကို မ​ဖြောင့်​စေ​နိုင်​။ လို​နေ​သော​အရာ​ကို​လည်း မ​ရေတွက်​နိုင်​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 16,
      "text": "“​ကြည့်ရှု​လော့​။ ငါ​သည် ငါ့​ထက်​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​ခဲ့​သော​သူ​အားလုံး​တို့​ထက်​ကြီးမြတ်​၍ ဉာဏ်ပညာ​အရာ​၌​လည်း​တိုးပွား​၏​။ ငါ​၏​စိတ်နှလုံး​သည်​လည်း များစွာ​သော​ဉာဏ်ပညာ​နှင့် အသိပညာ​တို့​ကို​မြင်တွေ့​ပြီ​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 17,
      "text": "တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 18,
      "text": "အကြောင်းမူကား ဉာဏ်ပညာ​များပြား​သောအခါ ပူဆွေး​ခြင်း​လည်း များပြား​၏​။ အသိပညာ​တိုးပွား​သောအခါ ဒုက္ခဝေဒနာ​လည်း တိုးပွား​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 1,
      "text": "ငါ​သည် ငါ့​စိတ်နှလုံး​အား “​ယခု​လာ​လော့​။ အပျော်အပါး​အားဖြင့် သင့်​ကို ငါ​စမ်းသပ်​မည်​။ ကောင်း​သော​အရာ​ကို​လည်း ခံစား​သိရှိ​လော့​”​ဟု မြွက်ဆို​၏​။ သို့ရာတွင် ကြည့်ရှု​လော့​။ ထို​အမှုအရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 2,
      "text": "ရယ်မော​ခြင်း​သည် “​ရူးသွပ်​ခြင်း​ဖြစ်​၏​” ဟူ၍​လည်းကောင်း​၊ အပျော်အပါး​သည် “​မည်သည့်​အကျိုးရှိ​သနည်း​” ဟူ၍​လည်းကောင်း ငါ​ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 3,
      "text": "လူသား​တို့​သည် မိမိ​တို့​၏​အနည်းငယ်​သော အသက်တာ​နေ့ရက်​များ​၌ မိုးကောင်းကင်​အောက်​တွင် မည်သည့်​အရာ​ပြု​ကောင်း​သည်​ကို ငါ​မြင်​ရ​သည်​အထိ ငါ့​စိတ်နှလုံး​ကို ဉာဏ်ပညာ​ဖြင့်​ဦးဆောင်​ရင်း မိုက်မဲ​သော​အမှု​၌​ကျင်လည်​၍ ငါ့​ကိုယ်ခန္ဓာ​ကို​စပျစ်ဝိုင်​ဖြင့်​အားတက်​စေ​မည်​ဟု ငါ့​စိတ်နှလုံး​ထဲတွင် ငါ​ကြံစည်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 4,
      "text": "ငါ​သည် ငါ​ပြု​သော​အမှု​များ​ကို တိုးပွား​စေ​၏​။ ငါ့​အတွက် အိမ်​များ​ကို ငါ​တည်ဆောက်​၍ စပျစ်ခြံ​များ​ကို ငါ​စိုက်ပျိုး​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 5,
      "text": "ဥယျာဉ်​များ​နှင့် သစ်သီးခြံ​များ​ကို​လည်း ငါ​လုပ်​၍ ထို​နေရာ​များ​တွင် သီးစားပင်​အမျိုးမျိုး​ကို ငါ​စိုက်ပျိုး​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 6,
      "text": "သစ်ပင်​များ​ပေါက်​နေ​သော​တော​ထဲသို့​ရေ​သွင်း​ရန် ရေလှောင်ကန်​များ​ကို​လည်း ငါ​တည်ဆောက်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 7,
      "text": "ငါ​သည် ကျွန်ယောက်ျား​နှင့် ကျွန်မိန်းမ​တို့​ကို ဝယ်ယူ​၏​။ ငါ့​ထံ၌ ကျွန်သပေါက်​များ​လည်း​ရှိ​၏​။ ငါ့​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​နှင့်​သူ​အားလုံး​တို့​ထက် များစွာ​သော​တိရစ္ဆာန်​တို့​လည်း ငါ​၌​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 8,
      "text": "ရွှေ​နှင့်​ငွေ​တို့​ကို​လည်းကောင်း​၊ ရှင်ဘုရင်​များ​နှင့်​တိုင်းပြည်​တို့​၏​ဘဏ္ဍာ​ကို​လည်းကောင်း ငါ​စုဆောင်း​၏​။ အမျိုးသား​သီချင်းသည်​နှင့် အမျိုးသမီး​သီချင်းသည်​တို့​ကို​လည်းကောင်း​၊ လူ​သား​တို့​ပျော်မွေ့​ရာ​ဖြစ်​သော​မောင်းမမိဿံ​များ​ကို​လည်းကောင်း ငါ​ခေါ်ယူ​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 9,
      "text": "ဤသို့ဖြင့် ငါ​သည် ကြီးမြတ်​လာ​၍ ငါ့​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​နှင့်​သူ​အားလုံး​တို့​ထက်​သာလွန်​၏​။ ငါ​၏​ဉာဏ်ပညာ​သည်​လည်း ငါ​၌​တည်မြဲတည်​နေ​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 10,
      "text": "ငါ​သည် ငါ့​မျက်စိ​လိုချင်​တပ်မက်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ​မ​ငြင်း​။ ငါ့​စိတ်နှလုံး​ကို​လည်း အပျော်အပါး​ရှိသမျှ​ကို ခံစားခွင့်​ပေး​ထား​၏​။ အမှန်စင်စစ် ငါ​၏​စိတ်နှလုံး​သည် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ ဝမ်းမြောက်​၏​။ ဤသည်ကား ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက် ငါ​ရရှိ​သော​ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 11,
      "text": "သို့သော် ငါ့​လက်​ဖြင့်​ပြု​ခဲ့​သော​အမှု​အားလုံး​တို့​ကို​လည်းကောင်း​၊ ထို​အမှု​တို့​ကို​ပြုလုပ်​ရန် ငါ​ကြိုးပမ်းအားထုတ်​ခဲ့​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​ကို​လည်းကောင်း ငါ​ပြန်​၍​ဆန်းစစ်​သောအခါ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ နေ​အောက်​တွင် အကျိုး​ဖြစ်စေ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 12,
      "text": "ရှင်ဘုရင်​နောက်မှ​ပေါ်ထွန်း​လာ​သော​သူ​သည် မည်သည့်​အရာ​ကို​ပြု​နိုင်​သနည်း​။ ထို​ရှင်ဘုရင်​ပြု​ပြီး​သော​အရာ​ကို​သာ​ပြု​နိုင်​၏​။ ထို့ကြောင့် ငါ​သည် ဉာဏ်ပညာ​ကို​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို​လည်းကောင်း ပြန်​၍​ဆန်းစစ်​ကြည့်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 13,
      "text": "ထိုအခါ အလင်း​သည် အမှောင်​ထက် ပို၍​အကျိုး​ရှိ​သကဲ့သို့ ဉာဏ်ပညာ​သည် မိုက်မဲ​ခြင်း​ထက် ပို၍​အကျိုး​ရှိ​သည်​ကို ငါ​တွေ့မြင်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 14,
      "text": "ပညာရှိ​သော​သူ​၏​မျက်စိ​သည် သူ​၏​ဦးခေါင်း​ထဲ၌​ရှိ​၏​။ မိုက်မဲ​သော​သူ​မူကား အမှောင်​ထဲ၌​လျှောက်လှမ်း​တတ်​၏​။ သို့ရာတွင် တစ်ခုတည်း​သော​အဖြစ်​သည် သူ​တို့​အားလုံး​၌​ဖြစ်ပျက်​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 15,
      "text": "ထိုအခါ ငါ​က “​မိုက်မဲ​သော​သူ​၌​ဖြစ်ပျက်​သော​အဖြစ်မျိုး​သည် ငါ​၌​လည်း​ဖြစ်ပျက်​လိမ့်မည်​။ သို့ဖြစ်လျှင် ငါ​ဉာဏ်ပညာရှိ​ခြင်း​သည် ငါ့​အတွက် မည်သို့​အကျိုးထူး​သနည်း​”​ဟု ငါ့​စိတ်​ထဲ၌​မြွက်ဆို​၏​။ တစ်ဖန် “​ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​”​ဟု ငါ့​စိတ်​ထဲ၌ ပြောဆို​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 16,
      "text": "အမှန်စင်စစ် မိုက်မဲ​သော​သူ​ကဲ့သို့ပင် ပညာရှိ​သော​သူ​သည်​လည်း အစဉ်အမြဲ​အောက်မေ့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ နောင်လာမည့်​နေ့ရက်​များ​တွင် အားလုံး​သည် မေ့လျော့​ခြင်း​ခံရ​လိမ့်မည်​။ ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​နည်းတူ သေ​တတ်​ပါ​သည်​တကား​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 17,
      "text": "ထို့ကြောင့် ငါ​သည် အသက်ရှင်​ရ​ခြင်း​ကို​မုန်း​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင်​ပြု​သော​အမှု​သည် ငါ့​အတွက် ငြီးငွေ့ဖွယ်​ကောင်း​၏​။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 18,
      "text": "နေ​အောက်​တွင် ငါ​ကြိုးပမ်းအားထုတ်​သော ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို​လည်း ငါ​မုန်း​၏​။ အကြောင်းမူကား ငါ့​နောက်​လာ​မည့်​သူ​အား ၎င်း​တို့​ကို​ချန်ထား​ခဲ့​ရ​မည်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 19,
      "text": "ထို​သူ​သည် ပညာရှိ​သော​သူ​ဖြစ်​မည်လော​၊ သို့မဟုတ် မိုက်မဲ​သော​သူ​ဖြစ်​မည်လော မည်သူ​သိ​နိုင်​သနည်း​။ သို့သော် နေ​အောက်​တွင် ဉာဏ်ပညာရှိ​စွာ​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို ထို​သူ​သည် စိုးမိုး​ရ​လိမ့်မည်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 20,
      "text": "ထို့ကြောင့် နေ​အောက်​တွင်​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ် ငါ​သည် မျှော်လင့်စရာကင်းမဲ့​လာ​လေ​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 21,
      "text": "အကြောင်းမူကား ဉာဏ်ပညာ​၊ အသိပညာ​နှင့် ကျွမ်းကျင်မှု​တို့​ဖြင့် ကြိုးပမ်းအားထုတ်​သော​သူ​ရှိ​သော်လည်း ထို​သူ​သည် မိမိ​၏​ဝေစု​ကို ကြိုးပမ်းအားထုတ်​မှု​မ​ရှိ​သော​သူ​အား ပေးအပ်​ရ​မည်​ဖြစ်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး အလွန်​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 22,
      "text": "လူ​သည် နေ​အောက်​တွင်​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက်​လည်းကောင်း​၊ သူ​၏​စိတ်နှလုံး​စွဲလမ်းသောအရာ​များ​အတွက်​လည်းကောင်း မည်သည့်​အရာ​ကို​ရရှိ​သနည်း​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 23,
      "text": "သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဒုက္ခဝေဒနာ​နှင့်​ပြည့်​လျက် သူ​၏​အလုပ်​သည်​ပူဆွေး​စရာ​ဖြစ်​၏​။ သူ​၏​စိတ်နှလုံး​သည် ညအခါ​၌​ပင် မ​နား​ရ​ပေ​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 24,
      "text": "လူ​သည် စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အပေါ် စိတ်​ကျေနပ်အားရ​လျက်​နေ​ခြင်း​မှတစ်ပါး သူ့​အတွက်​အခြား​ကောင်း​သော​အရာ​မ​ရှိ​။ ထို​အရာ​သည်​လည်း ဘုရားသခင်​၏​လက်​တော်​မှ​လာ​သည်​ကို ငါ​တွေ့မြင်​၏​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 25,
      "text": "အကြောင်းမူကား ကိုယ်တော်​နှင့်​ကင်း​၍ မည်သူ​သည် စား​နိုင်​မည်နည်း​။ မည်သူ​သည် စိတ်ပျော်ရွှင်​နိုင်​မည်နည်း​။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 26,
      "text": "အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 1,
      "text": "ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 2,
      "text": "မွေးဖွား​ရ​သော​အချိန်​နှင့် သေဆုံး​ရ​သော​အချိန်​ရှိ​၏​။ စိုက်ပျိုး​ရ​သော​အချိန်​နှင့် စိုက်ပျိုး​ထား​သော​အရာ​ကို မြေလှန်​ဖျက်ဆီး​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 3,
      "text": "သတ်​ရ​သော​အချိန်​နှင့် ကျန်းမာ​စေ​ရ​သော​အချိန်​ရှိ​၏​။ ဖြိုဖျက်​ရ​သော​အချိန်​နှင့် တည်ဆောက်​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 4,
      "text": "ငိုကြွေး​ရ​သော​အချိန်​နှင့် ရယ်မော​ရ​သော​အချိန်​ရှိ​၏​။ မြည်တမ်း​ရ​သော​အချိန်​နှင့် ကခုန်​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 5,
      "text": "ကျောက်​များ​ကို​လွှင့်ပစ်​ရ​သော​အချိန်​နှင့် ကျောက်​များ​ကို​စု​ရ​သော​အချိန်​ရှိ​၏​။ ပွေ့ဖက်​ရ​သော​အချိန်​နှင့် ပွေ့ဖက်​ခြင်း​ကို​ရှောင်ကြဉ်​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 6,
      "text": "ရှာဖွေ​ရ​သော​အချိန်​နှင့် ဆုံးရှုံး​ရ​သော​အချိန်​ရှိ​၏​။ ထိန်းသိမ်း​ရ​သော​အချိန်​နှင့် လွှင့်ပစ်​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 7,
      "text": "ဆုတ်ဖြဲ​ရ​သော​အချိန်​နှင့် ချုပ်လုပ်​ရ​သော​အချိန်​ရှိ​၏​။ တိတ်တဆိတ်​နေ​ရ​သော​အချိန်​နှင့် စကားပြော​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 8,
      "text": "ချစ်​ရ​သော​အချိန်​နှင့် မုန်း​ရ​သော​အချိန်​ရှိ​၏​။ စစ်တိုက်​ရ​သော​အချိန်​နှင့် စစ်ပြေငြိမ်း​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 9,
      "text": "အလုပ်​လုပ်​သော​သူ​သည် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 10,
      "text": "လူသား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် အလုပ်​ကို ငါ​တွေ့မြင်​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 11,
      "text": "ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို သူ့​အချိန်​နှင့်​သူ​လှပ​အောင်​ပြင်ဆင်​တော်မူ​ပြီး လူ​၏​စိတ်နှလုံး​ထဲ၌ ထာဝရ​ကာလ​ကို​လည်း ထည့်သွင်း​ထား​တော်မူ​၏​။ သို့သော် အစ​မှ​အဆုံး​အထိ​ဘုရားသခင်​ပြု​တော်မူ​သော​အမှု​ကို လူ​သည် ရှာဖွေ​၍​မ​တွေ့​နိုင်​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 12,
      "text": "လူ​တို့​သည် အသက်ရှင်​စဉ်တွင် ဝမ်းမြောက်​လျက်​၊ ကောင်း​သော​အမှု​ကို​ပြု​လျက်​နေ​ခြင်း​မှတစ်ပါး သူ​တို့​အတွက် အခြား​ကောင်း​သော​အရာ​မ​ရှိ​ကြောင်း ငါ​သိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 13,
      "text": "လူ​တိုင်း စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ်​၌ ကျေနပ်အားရ​လျက်​နေ​ခြင်း​သည်​လည်း ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်ကြောင်း ငါ​သိ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 14,
      "text": "ဘုရားသခင်​ပြု​တော်မူ​သမျှ​အားလုံး​သည် ထာဝရ​တည်​ကြောင်း​ကို​လည်း ငါ​သိ​၏​။ ၎င်း​အပေါ်​၌ မည်သည့်​အရာ​ကို​မျှ​ဖြည့်စွက်​၍​မ​ရ​နိုင်​သကဲ့သို့ ၎င်း​အထဲ​မှ မည်သည့်​အရာ​ကို​မျှ​နုတ်ယူ​၍​မ​ရ​နိုင်​။ လူ​တို့​သည် ရှေ့​တော်​၌​ကြောက်ရွံ့​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ထိုသို့​ပြု​တော်မူ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 15,
      "text": "ယခု​ဖြစ်​နေ​သော​အရာ​သည် ဖြစ်ပြီး​သော​အရာ​ဖြစ်​၏​။ နောင်​ဖြစ်​မည့်​အရာ​သည်​လည်း ဖြစ်ပြီး​သော​အရာ​ဖြစ်​၏​။ ဘုရားသခင်​သည် လွန်ခဲ့ပြီး​သော​အရာ​ကို​လည်း ပြန်လည်​ရှာဖွေ​တော်မူ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 16,
      "text": "တစ်ဖန် နေ​အောက်​တွင် တရားစီရင်​ခြင်း​နှင့်ဆိုင်သော​အရပ်​၌ ဆိုးယုတ်ခြင်း​ရှိ​ကြောင်း​နှင့် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​အရပ်​၌​လည်း ဆိုးယုတ်ခြင်း​ရှိ​ကြောင်း ငါ​တွေ့မြင်​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 17,
      "text": "“​ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​တို့​ကို တရားစီရင်​တော်မူ​မည်​။ အကြောင်းမူကား ခပ်သိမ်း​သော​အကြောင်းကိစ္စ​နှင့် ခပ်သိမ်း​သော​အမှု​အတွက် သူ့​အချိန်​ရှိ​၏​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 18,
      "text": "တစ်ဖန် လူသား​တို့​နှင့်​ပတ်သက်၍ “​သူ​တို့​သည် တိရစ္ဆာန်​ကဲ့သို့သာ​ဖြစ်ကြောင်း​ကို သူ​တို့​တွေ့မြင်​ကြ​စေရန် ဘုရားသခင်​သည် သူ​တို့​ကို​စိစစ်​တော်မူ​၏​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 19,
      "text": "အကြောင်းမူကား လူသား​တို့​ကြုံတွေ့​ရ​သော​အဖြစ်​နှင့် တိရစ္ဆာန်​တို့​ကြုံတွေ့​ရ​သော​အဖြစ်​သည် တစ်ခုတည်း​ဖြစ်၍ တစ်​မျိုး​သည် သေ​ရ​သကဲ့သို့ အခြား​တစ်​မျိုး​လည်း သေ​ရ​၏​။ ၎င်း​တို့​အားလုံး​၌ တူညီ​သော​ထွက်သက်ဝင်သက်​ရှိ​၏​။ သို့ဖြစ်၍ လူ​သည် တိရစ္ဆာန်​ထက် သာလွန်​သည်​မ​ဟုတ်​။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​သည် အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 20,
      "text": "အားလုံး​သည် တစ်ခုတည်း​သော​အရပ်​သို့ သွား​ကြ​၏​။ အားလုံး​သည် မြေမှုန့်​မှ​ဖြစ်လာ​၍ အားလုံး​သည် မြေမှုန့်​သို့​ပြန်သွား​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 21,
      "text": "လူသား​တို့​၏​ဝိညာဉ်​သည် အထက်​အရပ်​သို့​တက်သွား​၍ တိရစ္ဆာန်​၏​ဝိညာဉ်​သည် အောက်​အရပ်​မြေကြီး​ထဲသို့​ဆင်းသွား​သည်​ဟု မည်သူ​သေချာ​သိ​နိုင်​သနည်း​။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 22,
      "text": "သို့ဖြစ်၍ လူ​သည် မိမိ​ပြုလုပ်​သော​အမှု​၌ ဝမ်းမြောက်​ခြင်း​မှတစ်ပါး အခြား​ကောင်း​သော​အရာ​မ​ရှိ​ကြောင်း ငါ​တွေ့မြင်​၏​။ အကြောင်းမူကား ထို​အရာ​သည် သူ​၏​ဝေစု​ဖြစ်​၏​။ အဘယ်ကြောင့်​ဆိုသော် သူ့​နောက်တွင် ဖြစ်လာ​မည့်​အရာ​ကို​မြင်​ရ​ရန် မည်သူ​သည် သူ့​ကို​ခေါ်ဆောင်​သွား​နိုင်​မည်နည်း​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 1,
      "text": "တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 2,
      "text": "ထို့ကြောင့် အသက်ရှင်​နေ​သေး​သော​လူရှင်​တို့​ထက် သေ​လွန်​ပြီး​သော​လူသေ​တို့​ကို ငါ​ထောမနာပြု​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 3,
      "text": "သို့ရာတွင် လူ​ဖြစ်​မ​လာ​သေး​သော​သူ​၊ နေ​အောက်​တွင်​ပြု​သော​မကောင်းမှု​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​တို့​ထက်​ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 4,
      "text": "တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 5,
      "text": "မိုက်မဲ​သော​သူ​သည် မိမိ​လက်​ကို​ပိုက်​ထား​၍ မိမိ​အသား​ကို​စား​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 6,
      "text": "လက်တစ်ဆုပ်စာ​အေးချမ်းမှု​သည် လက်ခုပ်တစ်ခုပ်စာ​ကြိုးပမ်းအားထုတ်မှု​နှင့် လေ​ကို​လိုက်ဖမ်း​ခြင်း​တို့​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 7,
      "text": "တစ်ဖန် နေ​အောက်​တွင် အချည်းနှီး​သော​အရာ​ကို ငါ​ပြန်​၍​တွေ့မြင်​သည်​မှာ"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 8,
      "text": "တစ်ကိုယ်တည်း​ဖြစ်​လျက် အပေါင်းအဖော်​မ​ရှိ​၊ သား​လည်း​မ​ရှိ​၊ ညီအစ်ကို​လည်း​မ​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ သို့သော် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ အဆုံး​မ​ရှိ​။ သူ​၏​မျက်စိ​သည်​လည်း ဓနဥစ္စာ​၌​ကျေနပ်တင်းတိမ်​သည်​ဟူ၍​မ​ရှိ​။ “​ငါ​သည် မည်သူ့​အတွက် ကြိုးပမ်းအားထုတ်​လျက် ငါ​၌​ကောင်းကျိုးချမ်းသာ​ချို့တဲ့​စေ​ရ​သနည်း​”​ဟူ၍​လည်း​မ​မေး​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 9,
      "text": "နှစ်​ဦး​သည် တစ်​ဦး​ထက် ပို၍​ကောင်း​၏​။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​၏​ကြိုးပမ်းအားထုတ်မှု​အတွက် ကောင်း​သော​ဆုလာဘ်​ကို​သူ​တို့​ရရှိ​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 10,
      "text": "အကြောင်းမူကား တစ်ဦး​လဲ​လျှင် အခြား​တစ်​ဦး​သည် မိမိ​၏​အပေါင်းအဖော်​ကို ထူမ​ပေး​လိမ့်မည်​။ သို့သော် လဲ​သောအခါ ထူမ​ပေး​မည့်​သူ​မ​ရှိ​သော တစ်ကိုယ်တည်းသမား​သည် အကျိုးနည်း​လှ​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 11,
      "text": "တစ်ဖန် နှစ်​ဦး​အတူ​အိပ်​လျှင် နွေး​၏​။ တစ်ကိုယ်တည်းဖြစ်သောသူ​မူကား မည်သို့​နွေး​နိုင်​မည်နည်း​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 12,
      "text": "တစ်စုံတစ်ဦး​သည် သူ​တို့​တစ်ဦးဦး​ကို​အနိုင်ယူ​လျှင်​လည်း နှစ်​ဦး​အားဖြင့် ထို​သူ​ကို​တောင့်ခံ​နိုင်​၏​။ သုံးလွန်းတင်​သော​ကြိုး​သည် အလွယ်တကူ​မ​ပြတ်​နိုင်​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 13,
      "text": "ဆင်းရဲ​သော်လည်း ပညာရှိ​သော​လူငယ်​သည် အသက်ကြီး​သော်လည်း သတိပေး​ချက်​ကို​လက်​မ​ခံ​တော့​သည့် မိုက်မဲ​သော​ရှင်ဘုရင်​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 14,
      "text": "အကြောင်းမူကား ထို​လူငယ်​သည် မိမိ​၏​နိုင်ငံ​တွင်​ဆင်းရဲ​သော​သူ​အဖြစ်​မွေးဖွား​လာ​သော်လည်း နန်းစံ​ရန်​အတွက် အကျဉ်းထောင်​မှ​ထွက်လာ​ခဲ့​သူ​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 15,
      "text": "နေ​အောက်​တွင်​အသက်ရှင်​သွားလာ​သော​သူ​အပေါင်း​တို့​သည် ရှင်ဘုရင်​အရိုက်အရာ​ကို​ခံရ​သည့် ဒုတိယ​လူ​ဖြစ်​သော​ထို​လူငယ်​ဘက်​၌ နေ​တတ်​ကြ​သည်​ကို ငါ​တွေ့မြင်​၏​။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 16,
      "text": "ထို​ရှင်ဘုရင်​မတိုင်မီ​ရှိ​ခဲ့​သူ​အားလုံး​တည်းဟူသော လူ​အပေါင်း​တို့​သည် မ​ဆုံး​နိုင်​။ သို့သော် နောက်ဖြစ်ပေါ်​လာ​သော​သူ​တို့​သည် သူ့​ကို​နှစ်သက်​ကြ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 1,
      "text": "ဘုရားသခင်​၏​အိမ်​တော်​သို့​သွား​သောအခါ သင်​၏​ခြေလှမ်း​ကို​စောင့်ထိန်း​လော့​။ နားထောင်​ရန်​ချဉ်းကပ်​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​နှင့်ဆိုင်သော​ယဇ်​ကို​ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​မကောင်းမှု​ပြု​နေ​သည်​ကို မ​သိ​ကြ​ချေ​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 2,
      "text": "ဘုရားသခင်​၏​ရှေ့​တော်​၌​နှုတ်မြွက်​ရန် သင်​၏​နှုတ်​ကို​မ​လော​စေ​နှင့်​။ သင်​၏​စိတ်​ကို​လည်း မ​မြန်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​ပြီး သင်​သည် မြေကြီး​ပေါ်၌​ရှိ​၏​။ ထို့ကြောင့် သင်​၏​စကား​ကို နည်း​စေ​လော့​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 3,
      "text": "အလုပ်​များပြားခြင်း​အားဖြင့် အိပ်မက်မက်​တတ်​သကဲ့သို့ စကား​များပြားခြင်း​အားဖြင့် မိုက်မဲ​သော​သူ​၏​အသံ​ပါ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 4,
      "text": "ဘုရားသခင်​အား ကတိသစ္စာ​ပြု​သောအခါ ၎င်း​ကို​ပြည့်စုံ​စေရန် မ​နှောင့်နှေး​စေ​နှင့်​။ အကြောင်းမူကား ကိုယ်တော်​သည် မိုက်မဲ​သော​သူ​ကို နှစ်သက်​တော်​မ​မူ​။ သင်​ကတိသစ္စာ​ပြု​ထား​သည့်​အတိုင်း ပြည့်စုံ​စေ​လော့​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 5,
      "text": "ကတိသစ္စာ​ပြု​ပြီး မ​ပြည့်စုံ​စေ​ဘဲ​နေ​ခြင်း​ထက် ကတိသစ္စာ​မ​ပြု​ဘဲ​နေ​ခြင်း​က ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 6,
      "text": "သင်​၏​နှုတ်​ကြောင့် သင့်​အပေါ်​၌ အပြစ်​မ​ရောက်​စေ​နှင့်​။ စေတမန်​ရှေ့​၌ “​ထို​ကတိသစ္စာ​ကို မတော်တဆ​ပြု​မိ​ပါ​သည်​”​ဟု ပြော​ရ​သော​အကြောင်း​မ​ရှိ​စေ​နှင့်​။ အဘယ်ကြောင့် သင်​၏​စကား​အားဖြင့် ဘုရားသခင်​ကို အမျက်ထွက်​စေ​၍ သင်​၏​လက်​ဖြင့်​ပြု​သော​အမှု​ကို ဖျက်ဆီး​စေ​မည်နည်း​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 7,
      "text": "အိပ်မက်​များပြားခြင်း​အားဖြင့် အချည်းနှီး​သော​အရာ​နှင့် စကား​တို့​သည်​လည်း များပြား​လာ​တတ်​၏​။ သို့ဖြစ်၍ ဘုရားသခင်​ကို ကြောက်ရွံ့​လော့​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 8,
      "text": "နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 9,
      "text": "မြေကြီး​မှ​ရ​သော​အကျိုး​သည် အားလုံး​အတွက်​ဖြစ်​၏​။ ရှင်ဘုရင်​သည်​လည်း လယ်ယာ​၏​ကျေးဇူး​ကို​ခံရ​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 10,
      "text": "ငွေ​ကို​တပ်မက်​သော​သူ​သည် ငွေ​အားဖြင့် အလို​မ​ပြည့်စုံ​နိုင်​။ စည်းစိမ်ဘဏ္ဍာ​ကို​တပ်မက်​သော​သူ​သည်​လည်း မိမိ​ရရှိ​သော​အရာ​အားဖြင့် အလို​မ​ပြည့်စုံ​နိုင်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 11,
      "text": "ဥစ္စာ​တိုးပွား​သောအခါ ၎င်း​ကို​စားသုံး​သူ​လည်း များပြား​လာ​တတ်​၏​။ ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​သည်​လည်း မိမိ​၏​မျက်စိ​ဖြင့် ကြည့်​နေ​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အကျိုး​ကျေးဇူး​ကို​ရရှိ​သနည်း​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 12,
      "text": "အလုပ်​လုပ်​သော​သူ​သည် အနည်းငယ်​စား​သည်​ဖြစ်စေ​၊ များစွာ​စား​သည်​ဖြစ်စေ နှစ်ခြိုက်​စွာ​အိပ်စက်​တတ်​၏​။ ချမ်းသာ​သော​သူ​၏​ဝပြော​ခြင်း​မူကား ထို​ချမ်းသာ​သော​သူ​ကို​အိပ်ပျော်​ခွင့်​မ​ပေး​တတ်​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 13,
      "text": "နေ​အောက်​တွင် ငါ​တွေ့မြင်​ရ​သည့် ဆိုးရွား​၍​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​တစ်​ခု​ရှိ​၏​။ ထို​အမှု​မှာ ဓနဥစ္စာ​သည် ၎င်း​ကို​ထိန်းသိမ်း​ထား​သော​ပိုင်ရှင်​အား ဒုက္ခပေး​ခြင်း​ပင်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 14,
      "text": "ထို​ဓနဥစ္စာ​သည် အဖြစ်​ဆိုး​တစ်​ခု​ကြောင့်​ဆုံးရှုံး​သွား​၍ ထို​သူ​သည် သား​ကို​ရ​သော်လည်း ထို​သား​၏​လက်​တွင် မည်သည့်​အရာ​မျှ​မ​ရှိ​ချေ​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 15,
      "text": "သူ​သည် အမိ​ဝမ်း​ထဲမှ အဝတ်မပါ​အချည်းစည်း​ထွက်လာ​သည့်​နည်းတူ ပြန်​သည့်အခါ​၌​လည်း မိမိ​လာ​သည့်​အတိုင်း ပြန်သွား​ရ​မည်​။ မိမိ​၏​လက်​တွင် မိမိ​ကြိုးပမ်းအားထုတ်မှု​ထဲမှ ဘာမျှ​မ​ယူဆောင်​ဘဲ​သွား​ရ​မည်​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 16,
      "text": "ဤ​အရာ​သည်​လည်း ဆိုးရွား​၍​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​ဖြစ်​၏​။ လူ​သည် မိမိ​လာ​သည့်​အတိုင်း အလျှင်း​မ​ခြားနား​ဘဲ ပြန်သွား​ရ​မည်​။ သူ​သည် လေ​အတွက်​ကြိုးပမ်းအားထုတ်​သည်​ဖြစ်၍ သူ​၌​မည်သည့်​အကျိုး​ရှိ​သနည်း​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 17,
      "text": "သူ​သည် မိမိ​၏​နေ့ရက်​အားလုံး​တို့​၌ များစွာ​စိတ်ပျက်​ခြင်း​၊ ဝေဒနာ​ခံစား​ရ​ခြင်း​နှင့် အမျက်ထွက်​ခြင်း​ဖြင့် အမှောင်​ထဲတွင်​စားသောက်​ရ​မည်​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 18,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​ပေး​တော်မူ​သည့် အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ​သည် စား​လျက်​၊ သောက်​လျက်​၊ နေ​အောက်​၌ ကြိုးပမ်းအားထုတ်​သည့် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ် ကျေနပ်အားရ​လျက်​နေ​ခြင်း​သည် ကောင်းမြတ်​၍​တင့်တယ်​ကြောင်း ငါ​တွေ့မြင်​၏​။ အကြောင်းမူကား ဤ​အရာ​သည် လူ​၏​ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 19,
      "text": "ဘုရားသခင်​သည် ဓနဥစ္စာ​နှင့် စည်းစိမ်​ချမ်းသာ​ကို​ပေး​တော်မူ​သော​သူ​တိုင်း​အား ထို​အရာ​တို့​ကို​ခံစား​သုံးဆောင်​ရ​သော​အခွင့်​ကို​လည်းကောင်း​၊ မိမိ​၏​ဝေစု​ကို​ယူ​၍ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​၌ ဝမ်းမြောက်​ရ​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏​။ ဤ​အရာ​သည် ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 20,
      "text": "အကြောင်းမူကား ထို​သူ​သည် မိမိ​အသက်တာ​၏​နေ့ရက်​များ​ကို လွန်ကဲ​စွာ​အောက်မေ့​ခြင်း​မ​ရှိ​။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် သူ​၏​စိတ်နှလုံး​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်ဝ​စေ​တော်မူ​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 1,
      "text": "နေ​အောက်​တွင်​ငါ​တွေ့မြင်​သော အဖြစ်ဆိုး​တစ်​ခု​ရှိ​၍ ၎င်း​သည် လူ​ကို​ဝန်ပိ​စေ​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 2,
      "text": "ဘုရားသခင်​သည် လူ​တစ်​ဦး​အား ဓနဥစ္စာ​၊ စည်းစိမ်​ချမ်းသာ​နှင့် ဂုဏ်သရေ​တို့​ကို​ပေး​တော်မူ​သဖြင့် သူ​သည် သူ​၏​စိတ်ဝိညာဉ်​၌​တောင့်တ​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​ခြင်း​မ​ရှိ​။ သို့သော် ဘုရားသခင်​သည် သူ့​အား ထို​အရာ​ကို​ခံစား​သုံးဆောင်​ရ​သော​အခွင့်ပေး​တော်​မ​မူ​သောကြောင့် သူတစ်ပါး​သည် ထို​အရာ​ကို​ခံစား​သုံးဆောင်​ရ​၏​။ ဤ​အရာ​သည် အချည်းနှီး​ဖြစ်ပြီး ရောဂါ​ဆိုး​တစ်​ခု​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 3,
      "text": "လူ​သည် သား​တစ်ရာ​မွေးဖွား​၍ နှစ်ပေါင်း​များစွာ​အသက်ရှင်​ရ​လျက် သူ့​အသက်တာ​၏​နေ့ရက်​သည် များပြား​လျှင်လည်း သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းကျိုးချမ်းသာ​ကြောင့် အလိုပြည့်စုံ​သည်​ဟူ၍​မ​ရှိ​သကဲ့သို့ သူ့​ကို သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​လည်း​မ​ရှိ​လျှင် အသေမွေး​သော​ကလေး​သည် ထို​သူ​ထက်​ပို၍​ကောင်း​သည်​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 4,
      "text": "အကြောင်းမူကား ထို​ကလေး​သည် အချည်းနှီး​ထဲသို့​ရောက်လာ​၍ အမှောင်​ထဲသို့​ထွက်သွား​၏​။ သူ​၏​အမည်​သည်​လည်း အမှောင်​ထဲ၌​ဖုံးအုပ်​ခြင်း​ခံရ​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 5,
      "text": "သူ​သည် နေ​ကို​လည်း​မ​မြင်​ရ​၊ မည်သည့်​အရာ​ကို​မျှ​လည်း​မ​သိ​ရ​။ သို့သော် ထို​ကလေး​သည် အထက်​ဖော်ပြ​ပါ​လူ​ထက် ပို၍​အေးချမ်းမှု​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 6,
      "text": "အကယ်၍ ထို​လူ​သည် အနှစ်​တစ်ထောင်​ကို​နှစ်ဆ​တိုး​၍​အသက်ရှင်​ရ​သော်လည်း ကောင်းကျိုးချမ်းသာ​ကို​မ​တွေ့​ရ​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ အားလုံး​သည် တစ်ခုတည်း​သော​အရပ်​သို့​သွား​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 7,
      "text": "လူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​သည် မိမိ​ပါးစပ်​အတွက်​ဖြစ်​၏​။ သို့သော် သူ​၏​အာသာ​သည် မည်သည့်​အခါ​မျှ​မ​ပြေ​နိုင်​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 8,
      "text": "ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​ထက် မည်သို့​အကျိုးထူး​သနည်း​။ အသက်ရှင်​သော​သူ​များ​ရှေ့​တွင် မည်သို့​ကျင့်ကြံ​ပြုမူ​ရ​မည်​ကို​သိ​သော​ဆင်းရဲသား​သည်​လည်း မည်သို့​အကျိုးထူး​သနည်း​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 9,
      "text": "မျက်စိ​ဖြင့်​မြင်​ရ​ခြင်း​သည် စိတ်ကူးယဉ်​နေ​ခြင်း​ထက် ပို၍​ကောင်း​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 10,
      "text": "ယခု​ရှိ​နေ​သော​အရာ​၏​အမည်​ကို မှည့်ခေါ်​ထား​ပြီး​ဖြစ်​၏​။ လူ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်း သိ​ထား​ပြီး​ဖြစ်၍ သူ​သည် မိမိ​ထက်​တန်ခိုးကြီး​သော​သူ​နှင့် ဖက်ပြိုင်​၍​မ​ရ​နိုင်​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 11,
      "text": "စကား​များစွာ​ပြော​လျှင် အချည်းနှီး​သော​အရာ​လည်း များပြား​လာ​တတ်​သည်​ဖြစ်၍ လူ​အတွက် မည်သည့်​အကျိုး​ရှိ​သနည်း​။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 12,
      "text": "အရိပ်​ကဲ့သို့​ဖြတ်သန်း​သွား​၍ အချည်းနှီး​ဖြစ်​သည့် လူ​၏​အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ့​အသက်တာ​အတွက် မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို မည်သူ​သိ​နိုင်​သနည်း​။ သူ့​နောက်တွင် နေ​အောက်​၌ မည်သည့်​အရာ​ဖြစ်ပျက်​မည်​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​သနည်း​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 1,
      "text": "မွှေး​သော​ဂုဏ်သတင်း​သည် မွှေး​သော​နံ့သာဆီ​ထက် ပို၍​ကောင်း​၏​။ သေ​သော​နေ့​သည်​လည်း မွေးဖွား​သော​နေ့​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 2,
      "text": "အသုဘ​အိမ်​သို့​သွား​ခြင်း​သည် စားသောက်ပွဲခံရာ​အိမ်​သို့​သွား​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား သေ​ခြင်း​သည် လူ​အားလုံး​၏​နိဂုံး​ဖြစ်၍ အသက်ရှင်​လျက်​ရှိ​သော​သူ​သည် ထို​အမှုအရာ​ကို​ဆင်ခြင်​နှလုံး​သွင်း​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 3,
      "text": "ပူဆွေး​ခြင်း​သည် ရယ်မော​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား မျက်နှာ​ညှိုးငယ်​သော​အားဖြင့် စိတ်နှလုံး​ကောင်း​လာ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 4,
      "text": "ပညာရှိ​သော​သူ​တို့​၏​စိတ်နှလုံး​သည် အသုဘ​အိမ်​၌​ရှိ​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ပျော်ပါးရာ​အိမ်​၌​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 5,
      "text": "ပညာရှိ​သော​သူ​ဆုံးမ​သွန်သင်​သော​စကား​ကို​နားထောင်​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​ဆို​သော​သီချင်း​ကို​နားထောင်​ခြင်း​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 6,
      "text": "အကြောင်းမူကား မိုက်မဲ​သော​သူ​၏​ရယ်မောသံ​သည် အိုး​အောက်​မှ​လောင်​နေ​သော​ဆူးခက်​များ​၏​အသံ​နှင့်​တူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 7,
      "text": "အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်​ခြင်း​သည် ပညာရှိ​သော​သူ​ကို ရူးမိုက်​စေ​တတ်​၍ တံစိုးလက်ဆောင်​သည် စိတ်နှလုံး​ကို ပျက်စီး​စေ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 8,
      "text": "အမှုအရာ​၏​အဆုံး​သည် ၎င်း​၏​အစ​ထက် ပို၍​ကောင်း​၏​။ သည်းခံ​သော​စိတ်​သည် ထောင်လွှား​သော​စိတ်​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 9,
      "text": "အမျက်​ဒေါသ​သည် မိုက်မဲ​သော​သူ​တို့​၏​ရင်ခွင်​ထဲ၌ ကိန်းအောင်း​တတ်​သည်​ဖြစ်၍ သင့်​စိတ်​ထဲတွင် အမျက်​ဒေါသ အလျင်စလို​မ​ထွက်​ပါစေ​နှင့်​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 10,
      "text": "ယခင်​နေ့ရက်​များ​သည် ယခု​နေ့ရက်​များ​ထက် အဘယ်ကြောင့် ပို၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်​။ အကြောင်းမူကား ထိုသို့​မေးမြန်း​ခြင်း​သည် ဉာဏ်ပညာ​မှ​လာ​သည်​မ​ဟုတ်​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 11,
      "text": "ဉာဏ်ပညာ​သည် အမွေ​ဥစ္စာ​နှင့်အမျှ​ကောင်းမြတ်​၍ နေ​ကို​မြင်​သော​သူ​တို့​အတွက် အကျိုးရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 12,
      "text": "အကြောင်းမူကား ငွေ​သည် အကာအကွယ်​ဖြစ်​သကဲ့သို့ ဉာဏ်ပညာ​သည် အကာအကွယ်​ဖြစ်​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​အား အသက်ရှင်​စေ​တတ်​၏​။ ဤသည်ကား အသိပညာ​၏​အကျိုး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 13,
      "text": "ဘုရားသခင်​ပြု​တော်မူ​သော​အမှု​ကို ဆင်ခြင်​လော့​။ ကိုယ်တော်​ကောက်​စေ​တော်မူ​သော​အရာ​ကို မည်သူ​ဖြောင့်​စေ​နိုင်​သနည်း​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 14,
      "text": "ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 15,
      "text": "ငါ​၏​အချည်းနှီး​သော​နေ့ရက်​များ​၌ ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တွေ့မြင်​ပြီ​။ မိမိ​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ ပျက်စီး​ရ​သည့် ဖြောင့်မတ်​သော​သူ​ရှိ​သကဲ့သို့ မိမိ​၏​ဆိုးယုတ်​ခြင်း​ထဲ၌ အသက်ရှည်​ရ​သည့်​ဆိုးယုတ်​သော​သူ​လည်း​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 16,
      "text": "သင်​သည် လွန်ကဲ​စွာ​မ​ဖြောင့်မတ်​နှင့်​။ ဉာဏ်ပညာ​လည်း အလွန်အကျွံ​မ​ရှိ​စေ​နှင့်​။ အဘယ်ကြောင့် သင့်ကိုယ်သင်​ဖျက်ဆီး​လို​သနည်း​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 17,
      "text": "လွန်ကဲ​စွာ​မ​ဆိုးယုတ်​နှင့်​။ မိုက်မဲ​သော​သူ​လည်း မ​ဖြစ်​နှင့်​။ သင်​၏​အချိန်​မ​ရောက်​မီ အဘယ်ကြောင့် သေ​လို​သနည်း​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 18,
      "text": "ဤ​အချက်​ကို​ဆုပ်ကိုင်​ထား​လျှင်​ကောင်း​၏​။ အခြား​တစ်​ချက်​ကို​လည်း လက်​မ​လွတ်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​သည် ထို​အရာ​အားလုံး​ကို အောင်နိုင်​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 19,
      "text": "ဉာဏ်ပညာ​သည် ပညာရှိ​သော​သူ​ကို မြို့​ထဲ၌​ရှိ​သော​အုပ်ချုပ်​သူ​ဆယ်​ဦး​ထက် ပို၍​အားကြီး​စေ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 20,
      "text": "အမှန်စင်စစ် အပြစ်​မ​ပြု​ဘဲ ကောင်း​သော​အမှု​ကို​သာ​ပြု​သည့်​ဖြောင့်မတ်​သော​သူ​ဟူ၍ ကမ္ဘာမြေကြီး​ပေါ်၌​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 21,
      "text": "လူ​တို့​ပြော​သမျှ​သော​စကား​တို့​ကို အာရုံ​မ​စိုက်​နှင့်​။ အာရုံစိုက်​လျှင် သင်​၏​ကျွန်​က သင့်​ကို​ကျိန်ဆဲ​သော​စကား​ကို ကြား​မိ​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 22,
      "text": "သင်ကိုယ်တိုင်​လည်း အခြား​သော​သူ​များ​ကို​အကြိမ်​ပေါင်း​များစွာ​ကျိန်ဆဲ​ခဲ့​ကြောင်း သင့်​စိတ်​က​သိ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 23,
      "text": "ဤ​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ငါ​စမ်းသပ်​ပြီ​။ “​ငါ​သည်​ပညာရှိ​ဖြစ်​မည်​”​ဟု ပြောဆို​သော်လည်း ထို​အရာ​သည် ငါ​နှင့်​ဝေးကွာ​လျက်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 24,
      "text": "ရှိ​ခဲ့​ပြီး​သော​အရာ​သည် အလှမ်းဝေး​လျက် အလွန်​နက်ရှိုင်း​၏​။ ထို​အရာ​ကို မည်သူ​တွေ့ရှိ​နိုင်​မည်နည်း​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 25,
      "text": "ငါ​သည် ဉာဏ်ပညာ​နှင့်​အကြောင်းအကျိုး​တို့​ကို သိရှိ​၍​စူးစမ်း​ရှာဖွေ​ရန်​လည်းကောင်း​၊ စဉ်းစားဉာဏ်​ကင်းမဲ့​ခြင်း​၏​ဆိုးယုတ်မှု​နှင့် ရူးသွပ်​ခြင်း​၏​မိုက်မဲမှု​တို့​ကို သိရှိ​ရန်​လည်းကောင်း ငါ့​စိတ်အာရုံ​ကို​ပြန်လှည့်​လိုက်​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 26,
      "text": "တစ်ဖန် ပိုက်ကွန်​နှင့်​ထောင်ပိုက်​ကဲ့သို့သော​စိတ်နှလုံး​ရှိ​၍ လက်ထိတ်​ကဲ့သို့သော​လက်​ရှိ​သည့်​မိန်းမ​သည် သေ​ခြင်း​ထက် ပို၍​ခါး​သည်​ကို ငါ​တွေ့​ရ​၏​။ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​သည် ထို​မိန်းမ​၏​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ အပြစ်ပြု​သော​သူ​မူကား သူ​၏​ဖမ်းမိ​ခြင်း​ကို​ခံရ​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 27,
      "text": "ဒေသနာဆရာ​ဆို​သည်​ကား ကြည့်ရှု​လော့​။ ငါ​၏​စိတ်ဝိညာဉ်​သည် အကြိမ်ကြိမ်​ရှာဖွေ​သော်လည်း မ​တွေ့​ခဲ့​သော​အကြောင်းအကျိုး​ကို​တွေ့ရှိ​နိုင်​ရန် တစ်ခု​အပေါ်​တစ်ခု​ပေါင်းစပ်​လိုက်​ရာ ဤ​အချက်​ကို ငါ​တွေ့ရှိ​ရ​၏​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 28,
      "text": "၎င်း​မှာ ယောက်ျား​တစ်ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့ရှိ​ရ​၏​။ သို့သော် မိန်းမ​တစ်ထောင်​တို့​တွင် တစ်ယောက်​ကို​မျှ ငါ​မ​တွေ့ရှိ​ခဲ့​ပေ​။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 29,
      "text": "ကြည့်ရှု​လော့​။ ငါ​တွေ့ရှိ​သည့် တစ်ခုတည်း​သော​အရာ​ကား ဘုရားသခင်​သည် လူ​ကို​ဖြောင့်မှန်​သော​သူ​အဖြစ် ဖန်ဆင်း​တော်မူ​သော်လည်း လူ​တို့​သည် များစွာ​သော​အကြောင်းအချက်​တို့​ကို​ရှာဖွေ​ကြ​သည်​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 1,
      "text": "မည်သူ​သည် ပညာရှိ​ကဲ့သို့​ဖြစ်​သနည်း​။ မည်သူ​သည် အမှုအရာ​၏​အနက်အဓိပ္ပာယ်​ကို​သိ​သနည်း​။ လူ​တစ်​ဦး​၏​ဉာဏ်ပညာ​သည် ထို​သူ​၏​မျက်နှာ​ကို​ထွန်းလင်း​စေ​၍ သူ​၏​တင်းမာ​သော​မျက်နှာ​ကို ပြောင်းလဲ​စေ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 2,
      "text": "ငါ​ဆို​သည်​ကား “​ဘုရားသခင်​၏​ရှေ့​တော်​၌​ကျိန်ဆို​ထား​သည်​ဖြစ်၍ ရှင်ဘုရင်​၏​အမိန့်​ကို​နာခံ​လော့​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 3,
      "text": "သူ​၏​ရှေ့မှောက်​မှ အလျင်စလို​မ​ထွက်သွား​နှင့်​။ မကောင်း​သော​အမှု​ဘက်​၌ မ​ရပ်တည်​နှင့်​။ အကြောင်းမူကား သူ​သည် အရာ​အားလုံး​ကို​အလိုရှိ​သည့်​အတိုင်း စီရင်​တတ်​၏​။​”"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 4,
      "text": "ရှင်ဘုရင်​၏​အမိန့်​၌ အခွင့်အာဏာ​ရှိ​၏​။ “​သင်​ဘာ​လုပ်​နေ​သနည်း​”​ဟု သူ့​ကို​မည်သူ​ပြော​နိုင်​သနည်း​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 5,
      "text": "သူ​၏​အမိန့်​ကို​စောင့်ထိန်း​သော​သူ​သည် မကောင်း​သော​အမှုအရာ​နှင့်​တွေ့ကြုံ​ရ​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် အချိန်​နှင့်​စီရင်ထုံး​တို့​ကို သိ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 6,
      "text": "လူ့​အပေါ်​၌ များစွာ​သော​ဒုက္ခ​ကျရောက်​တတ်​သော်လည်း ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​၊ သူ့​စီရင်ထုံး​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 7,
      "text": "အကြောင်းမူကား နောင်​ဖြစ်​မည့်​အရာ​ကို မည်သူမျှ​မ​သိ​သည်​ဖြစ်၍ မည်သည့်​အရာ​ဖြစ်လာ​မည်​ကို မည်သူ​ပြော​နိုင်​သနည်း​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 8,
      "text": "လေ ​ကို​တားဆီး​ရန် မည်သူ​မျှ​လေ​ကို​မ​ထိန်းချုပ်​နိုင်​သကဲ့သို့ သေ​ရ​မည့်​နေ့ရက်​အပေါ် အခွင့်အာဏာ​ရှိ​သော​သူ​မ​ရှိ​။ (စစ်ဖြစ်ချိန်​၌) စစ်ပွဲ​မှ​မည်သူ​မျှ​ထွက်ခွာ​ခွင့်​မ​ရှိ​သကဲ့သို့ ဆိုးယုတ်မှု​သည် ဆိုးယုတ်​သော​သူ​ကို လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 9,
      "text": "ငါ​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှုအရာ​ကို ဆင်ခြင်​နှလုံးသွင်း​သောအခါ ဤ​အရာ​အားလုံး​ကို တွေ့မြင်​၏​။ လူ​သည် အခြားသောသူ​ကို​စိုးမိုး​၍ သူ​ကိုယ်တိုင် ဒုက္ခ​ရောက်​ရ​သော​အချိန်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 10,
      "text": "တစ်ဖန် သန့်ရှင်း​သော​နေရာ​၌ ဝင်ထွက်​သွားလာ​ခဲ့​သည့် ဆိုးယုတ်​သော​သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​သည်​ကို​ငါ​တွေ့မြင်​၏​။ သူ​တို့​သည် ထိုသို့​ပြု​ခဲ့​ရာ​မြို့​တွင် မေ့လျော့​ခြင်း​ခံရ​ကြ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 11,
      "text": "မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 12,
      "text": "အပြစ်ပြု​သော​သူ​သည် မကောင်းမှု​ကို​အကြိမ်​တစ်ရာ​ပြု​လျက်ပင် အသက်ရှည်​သော်လည်း ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ကြ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​ကြောင်း ငါ​အမှန်​သိ​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 13,
      "text": "ဆိုးယုတ်​သော​သူ​မူကား ဘုရားသခင်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​လိမ့်မည်​မ​ဟုတ်​။ သူ​၏​နေ့ရက်​ကာလ​များ​သည်​လည်း အရိပ်​ကဲ့သို့​ဖြစ်၍ ရှည်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 14,
      "text": "ကမ္ဘာမြေကြီး​ပေါ်တွင်​ဖြစ်​တတ်​သည့် အချည်းနှီး​သော​အမှု​တစ်​ခု​ရှိ​၏​။ ၎င်း​မှာ ဆိုးယုတ်​သော​သူ​တို့​ခံထိုက်​သော​ဆိုးကျိုး​ကို ခံရ​သည့်​ဖြောင့်မတ်​သော​သူ​များ​ရှိ​သကဲ့သို့ ဖြောင့်မတ်​သော​သူ​တို့​ခံထိုက်​သော​ကောင်းကျိုး​ကို ခံရ​သည့်​ဆိုးယုတ်​သော​သူ​များ​လည်း​ရှိ​ကြ​သည်​ဟူ၍​ဖြစ်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​သည်​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 15,
      "text": "သို့ဖြစ်၍ ပျော်ရွှင်မှု​ကို​ငါ​ထောမနာပြု​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင် စား​လျက်​၊ သောက်​လျက်​၊ ဝမ်းမြောက်​လျက်​နေ​ခြင်း​ထက် လူ့​အတွက်​ကောင်း​သည့်​အရာ​မ​ရှိ​။ ဤသည်ကား နေ​အောက်​တွင် လူ​ကို​ဘုရားသခင်​ပေး​တော်မူ​သော အသက်တာ​၏​နေ့ရက်​ကာလ​များ​၌ လူ​၏​ကြိုးပမ်းအားထုတ်မှု​ထဲတွင် သူ​နှင့်အတူ​လိုက်ပါ​လာ​သော​အရာ​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 16,
      "text": "ငါ​သည် ဉာဏ်ပညာ​ကို​သိရှိ​ရန်​လည်းကောင်း​၊ လူ​သည် နေ့​ရော​ည​ပါ​မ​အိပ်​ဘဲ ကမ္ဘာမြေကြီး​ပေါ်တွင်​လုပ်ဆောင်​တတ်​သော​အလုပ်​ကို​တွေ့မြင်​ရန်​လည်းကောင်း ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​သောအခါ"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 17,
      "text": "ဘုရားသခင်​ပြု​တော်မူ​သော​အမှု​အားလုံး​ကို ငါ​တွေ့မြင်​၏​။ အမှန်စင်စစ် နေ​အောက်​တွင်​ပြု​သော​အမှု​ကို လူ​သည်​ရှာဖွေ​၍ မ​တွေ့ရှိ​နိုင်​။ မည်မျှ​ကြိုးပမ်းအားထုတ်​၍​ရှာဖွေ​လျှင်လည်း မ​တွေ့ရှိ​နိုင်​။ ထို​အရာ​ကို​သိ​ကြောင်း ပညာရှိ​တစ်​ဦး​က​ပြောဆို​လျှင်​လည်း မ​တွေ့ရှိ​နိုင်​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 1,
      "text": "ငါ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို နှလုံးသွင်းဆင်ခြင်​၍ ဤ​အရာ​အားလုံး​ကို​ဆန်းစစ်​၏​။ ၎င်း​မှာ ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ​၊ ပညာရှိ​သော​သူ​များ​ဖြစ်စေ​၊ သူ​တို့​၏​လုပ်ဆောင်မှု​များ​ဖြစ်စေ ဘုရားသခင်​၏​လက်​တော်​၌​ရှိ​သည်​ဟူ၍​ဖြစ်​၏​။ ချစ်​သည်​ဖြစ်စေ​၊ မုန်း​သည်​ဖြစ်စေ လူ​သည် ရှေ့​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​သိ​ပေ​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 2,
      "text": "ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​ဖြစ်စေ​၊ ကောင်း​သော​သူ​နှင့် မကောင်း​သော​သူ ​ဖြစ်စေ​၊ စင်ကြယ်​သော​သူ​နှင့် မစင်ကြယ်​သော​သူ​ဖြစ်စေ​၊ ယဇ်ပူဇော်​သော​သူ​နှင့် ယဇ်​မ​ပူဇော်​သော​သူ​ဖြစ်စေ​၊ သူတော်ကောင်း​နှင့် အပြစ်ပြု​သော​သူ​ဖြစ်စေ​၊ ကျိန်ဆို​သော​သူ​နှင့် ကျိန်ဆို​ခြင်း​ကို​ကြောက်​သော​သူ​ဖြစ်စေ အားလုံး​သည် အားလုံး​နည်းတူ တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 3,
      "text": "အားလုံး​သည် တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​သည်​ဟူသော​ဤ​အချက်​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​ထဲမှ မကောင်း​သော​အမှု​ဖြစ်​၏​။ လူသား​တို့​၏​စိတ်နှလုံး​သည်​လည်း မကောင်းမှု​နှင့်​ပြည့်နှက်​လျက်​ရှိ​၍ သူ​တို့​အသက်ရှင်​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ရူးသွပ်​ခြင်း​ရှိ​၏​။ ထို့နောက်တွင် သူ​တို့​သည် သေဆုံး​ကြ​ရ​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 4,
      "text": "အမှန်စင်စစ် အသက်ရှင်​သော​သူ​အားလုံး​တို့​တွင်​ပါဝင်​လျက်​ရှိ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၏​။ အသက်ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် ပို၍​ကောင်း​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 5,
      "text": "အကြောင်းမူကား အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​သေ​ရ​မည်​ကို သိ​ကြ​၏​။ သေ​သော​သူ​တို့​မူကား မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ သူ​တို့​နှင့်ဆိုင်သော​အောက်မေ့စရာ​များ​ပင်လျှင် မေ့လျော့​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​တို့​အတွက် ဆုလာဘ်​လည်း နောက်ထပ်​မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 6,
      "text": "သူ​တို့​၏​ချစ်ခြင်းမေတ္တာ​၊ သူ​တို့​၏​မုန်းတီး​ခြင်း​၊ သူ​တို့​၏​မနာလိုဝန်တို​ခြင်း​တို့​သည်​လည်း ပျက်စီး​ပြီ​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​၌ သူ​တို့​အတွက် နောက်တစ်ဖန်​မည်သည့်​ဝေစု​မျှ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 7,
      "text": "သွား​လော့​။ သင်​၏​အစားအစာ​ကို ဝမ်းမြောက်​စွာ​စား​လော့​။ သင်​၏​စပျစ်ဝိုင်​ကို​လည်း ကြည်ရွှင်​သော​စိတ်နှလုံး​ဖြင့် သောက်​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် သင်​ပြုလုပ်​သော​အမှု​များ​ကို နှစ်သက်​တော်မူ​ပြီ​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 8,
      "text": "သင်​၏​အဝတ်​များ​သည် အစဉ်အမြဲ​ဖြူ​နေ​ပါစေ​။ သင်​၏​ခေါင်း​ပေါ်မှ​နံ့သာဆီ​ကို​လည်း မ​ခန်းခြောက်​စေ​နှင့်​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 9,
      "text": "နေ​အောက်​တွင်​ရှိ​သည့် သင်​၏​အချည်းနှီး​သော​နေ့ရက်​အားလုံး​ဖြစ်​သည့် နေ​အောက်​တွင် သင့်​အား​ပေးသနား​တော်မူ​သော သင်​၏​အချည်းနှီး​သော​အသက်တာ​၏​နေ့ရက်​အားလုံး​တို့​၌ သင်​ချစ်​သော​မယား​နှင့်အတူ ရွှင်လန်း​စွာ​အသက်ရှင်​လော့​။ အကြောင်းမူကား ဤ​အရာ​သည် သင်​၏​အသက်တာ​၌​လည်းကောင်း​၊ နေ​အောက်​တွင် သင်​ကြိုးပမ်းအားထုတ်​သော သင်​၏​ကြိုးပမ်းအားထုတ်မှု​၌​လည်းကောင်း သင်​ရရှိ​သော​ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 10,
      "text": "သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 11,
      "text": "တစ်ဖန် နေ​အောက်​တွင် ငါ​ပြန်​၍​တွေ့မြင်​သည်​ကား ပြိုင်ပွဲ​သည် လျင်မြန်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ စစ်ပွဲ​သည် ခွန်အားကြီး​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အစားအစာ​သည် ပညာရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ ဓနဥစ္စာ​သည် အသိဉာဏ်​ရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ မျက်နှာရ​ခြင်း​သည်​လည်း တတ်သိ​နားလည်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အကြောင်းမူကား အချိန်​ကာလ​နှင့်​အကြောင်းတိုက်ဆိုင်မှု​သည် ထို​သူ​အားလုံး​တို့​၌ ရောက်လာ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 12,
      "text": "အမှန်စင်စစ် လူ​သည် မိမိ​၏​အချိန်​ကာလ​ကို မ​သိ​တတ်​။ ဘေးအန္တရာယ်​ရှိ​သော​ပိုက်ကွန်​၌ ဖမ်းမိ​ခြင်း​ခံရ​သော​ငါး​များ​နှင့် ကျော့ကွင်း​၌​မိ​သော​ငှက်​များ​ကဲ့သို့ လူသား​တို့​သည် သူ​တို့​အပေါ်​သို့ ဆိုးရွား​သော​အချိန်​ကာလ ရုတ်တရက်​ကျရောက်​သောအခါ ထို​အရာ​အားဖြင့် ကျော့မိ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 13,
      "text": "တစ်ဖန် ဉာဏ်ပညာ​နှင့်ဆိုင်သော ဤ​ဥပမာ​တစ်​ခု​ကို နေ​အောက်​တွင် ငါ​တွေ့မြင်​၏​။ ၎င်း​သည် ငါ့​အတွက်​ကြီးမား​သော​အရာ​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 14,
      "text": "လူ​အနည်းငယ်​သာ​ရှိ​သော​မြို့​ငယ်​တစ်​မြို့​ရှိ​၏​။ ကြီးမြတ်​သော​ရှင်ဘုရင်​တစ်​ပါး​သည် ထို​မြို့​ကို​တိုက်​ရန် ချီတက်​လာ​၍ ထို​မြို့​ကို​ဝိုင်းရံ​ထား​ကာ မြို့​ပတ်လည်​၌ ကြီးမား​သော​ကတုတ်​ကို တည်ဆောက်​လေ​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 15,
      "text": "သို့သော် ထို​မြို့​၌ ပညာရှိ​သည့်​ဆင်းရဲ​သော​သူ​တစ်​ယောက်​ရှိ​၍ သူ​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ထို​မြို့​ကို​ကယ်တင်​၏​။ သို့ရာတွင် ထို​ဆင်းရဲ​သော​သူ​ကို မည်သူ​မျှ​အောက်မေ့​ခြင်း​မ​ရှိ​ကြ​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 16,
      "text": "သို့ဖြစ်၍ ငါ​ဆို​သည်​ကား ဉာဏ်ပညာ​သည် အစွမ်းတန်ခိုး​ထက်​ပို၍​ကောင်း​၏​။ သို့သော် ဆင်းရဲသား​၏​ဉာဏ်ပညာ​သည် အထင်အမြင်​သေး​ခြင်း​ခံရ​၍ သူ​၏​စကား​တို့​ကို မည်သူမျှ​နား​မ​ထောင်​ကြ​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 17,
      "text": "မိုက်မဲ​သော​သူ​တို့​ထဲမှ​အုပ်စိုး​သော​သူ​၏​အော်ဟစ်သံ​ထက် ပညာရှိ​တို့​၏​တည်ငြိမ်​သော​စကား​များ​ကို ပို၍​နားထောင်​တတ်​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 18,
      "text": "ဉာဏ်ပညာ​သည် စစ်​လက်နက်​များ​ထက် ပို၍​ကောင်း​၏​။ သို့သော် အပြစ်ပြု​သော​သူ​တစ်​ဦး​သည် ကောင်း​သော​အမှု​များစွာ​တို့​ကို ဖျက်ဆီး​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 1,
      "text": "သေ​သော​ယင်ကောင်​သည် အမွှေးနံ့သာ​ဖော်စပ်​သူ​၏​နံ့သာဆီ​ကို အပုပ်နံ့ထွက်​စေ​သကဲ့သို့ အနည်းငယ်​သော​မိုက်မဲ​ခြင်း​သည် ဉာဏ်ပညာ​နှင့် ဂုဏ်သရေ​ထက် အလေးသာ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 2,
      "text": "ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် သူ့​ကို​လက်ယာ​ဘက်​သို့ တိမ်းညွတ်​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​၏​စိတ်နှလုံး​မူကား သူ့​ကို​လက်ဝဲ​ဘက်​သို့​တိမ်းညွတ်​စေ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 3,
      "text": "မိုက်မဲ​သော​သူ​သည် လမ်း​၌​လျှောက်သွား​စဉ်တွင်​ပင် အသိစိတ်​ကင်းမဲ့​၍ မိမိ​သည်​မိုက်မဲ​သော​သူ​ဖြစ်ကြောင်း လူ​အပေါင်း​တို့​ရှေ့​၌​ဖော်ပြ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 4,
      "text": "အုပ်စိုး​သူ​မင်း​သည် သင့်​ကို​စိတ်ဆိုး​လျှင်လည်း သင်​၏​နေရာ​ကို​မ​စွန့်ခွာ​နှင့်​။ အကြောင်းမူကား တည်ငြိမ်​ခြင်း​သည် ကြီးစွာ​သော​အမှား​ကို ပြေပျောက်​စေ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 5,
      "text": "နေ​အောက်​တွင် ငါ​တွေ့မြင်​သော​မကောင်းမှု​တစ်​ခု​ရှိ​၏​။ ၎င်း​မှာ အုပ်ချုပ်​သူ​က မတော်တဆ​ပြု​မိ​သော​အမှား​မျိုး​ဖြစ်​ပြီး"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 6,
      "text": "မိုက်မဲ​သော​သူ​အား အလွန်​မြင့်သောနေရာ​ကို​ပေး​၍ ချမ်းသာ​သော​သူ​တို့​သည် နိမ့်ပါး​သော​နေရာ​၌​ထိုင်​နေ​ရ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 7,
      "text": "ကျွန်​တို့​သည် မြင်း​ကို​စီး​၍ အကြီးအကဲ​တို့​သည် ကျွန်​များ​ကဲ့သို့ မြေ​ပေါ်မှာ​လျှောက်​နေ​ကြ​ရ​သည်​ကို ငါ​တွေ့မြင်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 8,
      "text": "တွင်း​ကို​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​တတ်​၏​။ တံတိုင်း​ကို​ဖြိုဖျက်​သော​သူ​သည်​လည်း မြွေ​ကိုက်​ခံရ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 9,
      "text": "ကျောက်​တို့​ကို တူးဖော်​သော​သူ​သည် ထို​ကျောက်​များ​ကြောင့် ဒဏ်ရာ​ရ​တတ်​၏​။ ထင်း​ခွဲ​သော​သူ​သည် ထို​ထင်း​များ​ကြောင့် ထိခိုက်​ခံရ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 10,
      "text": "ပုဆိန်​တုံး​သောအခါ ၎င်း​၏​အသွား​ကို​မ​သွေး​ဘဲ​နေ​လျှင် ခွန်အား​ပို၍​စိုက်ထုတ်​ရ​လိမ့်မည်​။ ဉာဏ်ပညာ​မူကား အောင်မြင်​စေ​သော​အကျိုး​ကျေးဇူး​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 11,
      "text": "မန္တန်မန်းမှုတ်​ခြင်း​မ​ပြု​မီ မြွေ​ကိုက်​လျှင် အလမ္ပာယ်သမား​သည် အကျိုး​မ​ရှိ​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 12,
      "text": "ပညာရှိ​သော​သူ​၏​နှုတ်ထွက်​စကား​သည် မျက်နှာရ​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​မူကား သူ့​ကို​ဝါးမျို​ဖျက်ဆီး​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 13,
      "text": "သူ​၏​နှုတ်ထွက်​စကား​အစ​သည် မိုက်မဲ​ခြင်း​ဖြစ်ပြီး သူ့​စကား​၏​အဆုံး​သည် ဆိုးရွား​သော​ရူးသွပ်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 14,
      "text": "မိုက်မဲ​သော​သူ​သည် စကား​များစွာ​ပြောဆို​တတ်​၏​။ သို့သော် လူ​သည် မည်သည့်​အရာ​ဖြစ်လာ​မည်​ကို​မ​သိ​ပေ​။ သူ့​နောက်​တွင် ဖြစ်လာ​မည့်​အရာ​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​မည်နည်း​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 15,
      "text": "မိုက်မဲ​သော​သူ​တို့​သည် မြို့​သို့​သွား​သော​လမ်း​ကို​ပင် မ​သိ​သောကြောင့် သူ​တို့​၏​ကြိုးပမ်းအားထုတ်မှု​သည် သူ​တို့​ကို​ပင်ပန်း​စေ​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 16,
      "text": "အချင်း​တိုင်းနိုင်ငံ​၊ သင်​၏​ရှင်ဘုရင်​သည် သူငယ်​ဖြစ်​ပြီး သင်​၏​အကြီးအကဲ​တို့​သည် နံနက်အချိန်​၌ပင် စားသောက်ပွဲ​ကျင်းပ​လျှင် သင်​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 17,
      "text": "အချင်း​တိုင်းနိုင်ငံ​၊ သင်​၏​ရှင်ဘုရင်​သည် မြင့်မြတ်​သော​သူ​တို့​၏​အမျိုးအနွယ်​ဖြစ်​ပြီး သင်​၏​အကြီးအကဲ​တို့​သည် ယစ်မူး​ရန်​မ​ဟုတ်​ဘဲ ခွန်အား​ရရှိ​ရန် သူ့​အချိန်​နှင့်​သူ စားသောက်ပွဲ​ကျင်းပ​လျှင် သင်​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 18,
      "text": "ပျင်းရိ​ခြင်း​ကြောင့် အမိုးဒိုင်း​သည် ဆွေးမြည့်​တတ်​၏​။ ပျင်းတွဲ​သော​လက်​ကြောင့် အိမ်​သည် မိုးယို​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 19,
      "text": "ပျော်ရွှင်​ရန် စားသောက်ပွဲ​ကို​ကျင်းပ​တတ်​ကြ​၏​။ စပျစ်ဝိုင်​သည် အသက်တာ​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ ငွေ​သည် ခပ်သိမ်းသောအမှု​ကို​ဖြေရှင်း​ပေး​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 20,
      "text": "ရှင်ဘုရင်​ကို သင်​၏​စိတ်ကူး​ထဲ၌​ပင် မ​ကျိန်ဆဲ​နှင့်​။ ချမ်းသာ​သော​သူ​ကို​လည်း သင်​၏​အိပ်ခန်း​ထဲ၌ပင် မ​ကျိန်ဆဲ​နှင့်​။ အကြောင်းမူကား မိုးကောင်းကင်​ငှက်​သည် ထို​အသံ​ကို ဆောင်ယူ​သွား​လိမ့်မည်​။ တောင်ပံ​ရှိ​သော​အကောင်​သည်​လည်း ထို​စကား​ကို ပြောကြား​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 1,
      "text": "သင်​၏​အစာ​ကို ရေပြင်​ပေါ်သို့ ပစ်​လိုက်​လော့​။ အကြောင်းမူကား နေ့ရက်​များစွာ​လွန်​ပြီးနောက် ၎င်း​ကို​သင်​ပြန်တွေ့​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 2,
      "text": "သင်​၏​ဝေစု​ကို လူ​ခုနစ်​ဦး​မက ရှစ်​ဦး​တို့​အား ပေးအပ်​ထား​လော့​။ အကြောင်းမူကား ကမ္ဘာမြေကြီး​ပေါ်တွင် မည်သို့သော​ဘေးဒုက္ခ​ကျရောက်​လာ​မည်​ကို သင်​မ​သိ​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 3,
      "text": "တိမ်တိုက်​များ​သည် မိုးရေ​နှင့်​ပြည့်​သောအခါ မြေကြီး​ပေါ်သို့ ရွာသွန်း​တတ်​၏​။ သစ်ပင်​သည်​လည်း တောင်ဘက်​သို့​ဖြစ်စေ​၊ မြောက်ဘက်​သို့​ဖြစ်စေ လဲကျ​လျှင် လဲကျ​ရာ​အရပ်​၌​ရှိ​နေ​တတ်​၏​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 4,
      "text": "လေ​ကို​စောင့်ကြည့်​နေ​သော​သူ​သည် မျိုးစေ့​ကို​ကြဲ​ရ​လိမ့်မည်​မ​ဟုတ်​။ မိုးတိမ်​ကို​ကြည့်​နေ​သော​သူ​သည်​လည်း ရိတ်သိမ်း​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 5,
      "text": "သင်​သည် လေ​၏​လမ်းကြောင်း​ကို​လည်းကောင်း​၊ ကိုယ်ဝန်ဆောင်​အမျိုးသမီး​၏​ဝမ်း​ထဲတွင် အရိုး​များ​မည်သို့​ဖြစ်တည်​လာ​သည်​ကို​လည်းကောင်း မ​သိ​နိုင်​သကဲ့သို့ ခပ်သိမ်း​သော​အရာ​ကို​ဖန်ဆင်း​သော ဘုရားသခင်​၏​အမှု​တော်​ကို​လည်း မ​သိ​နိုင်​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 6,
      "text": "နံနက်အချိန်​၌ သင်​၏​မျိုးစေ့​ကို​ကြဲ​လော့​။ ညနေခင်း​၌​လည်း သင်​၏​လက်​ကို​အနား​မ​ပေး​နှင့်​။ အကြောင်းမူကား မည်သည်​က​အောင်မြင်​မည်နည်း​။ ဤသည်လော​၊ ထိုသည်လော​၊ သို့မဟုတ် နှစ်ခုစလုံး​အညီအမျှ ကောင်း​မည်လော​ဟူ၍ သင်​မ​သိ​နိုင်​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 7,
      "text": "အလင်း​သည် ချိုမြိန်​၏​။ နေ​ကို​တွေ့မြင်​ရ​ခြင်း​သည်​လည်း မျက်စိ​အတွက်​နှစ်လိုဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 8,
      "text": "သို့ဖြစ်၍ လူ​သည် နှစ်​ပေါင်း​များစွာ​အသက်ရှင်​လျှင် ထို​နှစ်​ကာလ​အားလုံး​၌ ဝမ်းမြောက်​ခြင်း​ရှိ​ပါစေ​။ သို့သော် မှောင်မိုက်​သော​နေ့ရက်​များ​သည်​လည်း များစွာ​ရှိ​မည်​ဖြစ်ကြောင်း အောက်မေ့​ပါစေ​။ ဖြစ်လာ​မည့်​အရာ​အားလုံး​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 9,
      "text": "အချင်း​လူပျို​၊ သင်​ပျိုရွယ်​စဉ်တွင် ဝမ်းမြောက်​လော့​။ သင်​၏​အသက် ပျိုရွယ်​သော​နေ့ရက်​များ​၌​လည်း သင်​၏​စိတ်နှလုံး​သည် ရွှင်လန်း​ပါစေ​။ သင့်​စိတ်နှလုံး​အလိုရှိ​ရာ​လမ်း​များ​နောက်​သို့​လည်းကောင်း​၊ သင့်​မျက်စိ​ပသာဒ​နောက်​သို့​လည်းကောင်း လိုက်​လော့​။ သို့ရာတွင် ထို​အရာ​အားလုံး​အတွက် ဘုရားသခင်​သည် သင့်​ကို​တရားသဖြင့်​စီရင်​တော်မူ​မည်​ဖြစ်ကြောင်း သိမှတ်​လော့​။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 10,
      "text": "သို့ဖြစ်၍ ပူဆွေး​ခြင်း​ကို သင်​၏​စိတ်နှလုံး​ထဲမှ​ဖယ်ရှား​လော့​။ ဒုက္ခ​ကို​လည်း သင်​၏​ကိုယ်ခန္ဓာ​မှ​ပယ်ထုတ်​လော့​။ အကြောင်းမူကား ပျိုရွယ်​ခြင်း​နှင့် အရွယ်ကောင်း​ခြင်း​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 1,
      "text": "သင်​၏​အသက်​ပျိုရွယ်​သော​နေ့ရက်​များ​၌ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို အောက်မေ့​လော့​။ ဘေးဒုက္ခခံရာ​နေ့ရက်​များ​ရောက်လာ​သဖြင့် “​ငါ​၌​မည်သည့်​ပျော်ရွှင်မှု​မျှ​မ​ရှိ​”​ဟု သင်​ပြောဆို​သော​နှစ်ကာလ​များ​မ​ကျရောက်​မီ​၊"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 2,
      "text": "နေ​နှင့်​အလင်း​၊ လ​နှင့်​ကြယ်​တို့ မှောင်​မ​သွား​မီ​၊ မိုးရွာ​ပြီးနောက် တိမ်တိုက်​များ​ပြန်​မ​လာ​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 3,
      "text": "ထို​နေ့ရက်​၌ အိမ်​ကို​စောင့်​သော​သူ​တို့​သည် တုန်လှုပ်​လျက်​၊ ခွန်အား​ရှိ​သော​သူ​တို့​သည် ညွတ်ကိုင်း​လျက်​၊ ကြိတ်ဆုံကြိတ်​သော​သူ​တို့​သည် နည်းပါး​သဖြင့် ရပ်သွား​လျက်​၊ ပြတင်းပေါက်​များ​မှ​ကြည့်​သော​သူ​တို့​သည် အမြင်မှုန်ဝါး​လျက်​ရှိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 4,
      "text": "လမ်း​၌​ရှိ​သော​တံခါးရွက်​တို့​သည် ပိတ်​ထား​ခြင်း​ခံရ​လျက် ကြိတ်ဆုံကြိတ်သံ​သည် တိုးသွား​လျက်​၊ လူ​သည် ငှက်​သံ​ကြောင့်​ထ​လျက်​၊ သီချင်းဆို​သော​သမီးပျို​အပေါင်း​တို့​သည် အားပျော့​သွား​လျက်​ရှိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 5,
      "text": "လူ​တို့​သည် မြင့်​သော​နေရာ​နှင့်​လမ်း​ပေါ်မှ​အန္တရာယ်​များ​ကို ကြောက်​ကြ​လိမ့်မည်​။ ဗာဒံပင်​သည် ပွင့်​လိမ့်မည်​။ နှံကောင်​သည် လေးကန်​စွာ​လျှောက်သွား​လိမ့်မည်​။ အလိုရမ္မက်​သည် ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်​။ လူ​သည် ထာဝရ​အိမ်​သို့​သွား​နေ​သည်​ဖြစ်၍ မြည်တမ်း​သော​သူ​တို့​သည် လမ်း​၌ လှည့်ပတ်​သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 6,
      "text": "ငွေ​ကြိုး​သည် ဖြတ်တောက်​ခြင်း​ခံရ​လျက်​၊ ရွှေ​ဖလား​သည် ချိုးဖျက်​ခြင်း​ခံရ​လျက်​၊ ရေအိုး​သည်​စမ်းရေတွင်း​နား၌ ခွဲဖျက်​ခြင်း​ခံရ​လျက်​၊ စက်သီး​သည် ရေတွင်း​နား​၌ ချိုးဖျက်​ခြင်း​ခံရ​လျက်"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 7,
      "text": "မြေမှုန့်​သည် လာ​ရင်း​မြေ​သို့​ပြန်သွား​သကဲ့သို့ အသက်​ဝိညာဉ်​သည် ၎င်း​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ထံသို့​ပြန်သွား​မည့်​အချိန်​မ​ရောက်​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 8,
      "text": "အချည်းနှီး​၊ အချည်းနှီး​၊ ခပ်သိမ်း​သော​အရာ​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​ဟု ဒေသနာဆရာ​ဆို​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 9,
      "text": "ထိုမျှမက ဒေသနာဆရာ​သည် ပညာရှိ​ဖြစ်​သည့်​အလျောက် လူ​တို့​အား အသိပညာ​ကို​လည်း သင်ကြား​ပေး​၏​။ သူ​သည် ချင့်ချိန်​တွေးဆ​၍ ရှာဖွေ​စူးစမ်း​ပြီး များစွာ​သော​သုတ္တံ​စကား​တို့​ကို စီကုံးရေးသား​ခဲ့​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 10,
      "text": "ဒေသနာဆရာ​သည် နှစ်သက်​ဖွယ်​စကား​တို့​ကို​တွေ့​အောင်​ရှာ​၍ သမ္မာတရား​နှင့်ဆိုင်သော​စကား​တို့​ကို မှန်ကန်​စွာ​ရေးသား​ခဲ့​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 11,
      "text": "ပညာရှိ​တို့​၏​စကား​များ​သည် နှင်တံ​ကဲ့သို့​ဖြစ်​ပြီး တစ်ပါးတည်း​သော​သိုးထိန်းကြီး​ပေးအပ်​ထား​သည့် စုစည်း​ထား​သော​စကား​များ​သည် ခိုင်မြဲ​စွာ​ရိုက်​ထား​သော​သံ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 12,
      "text": "ထို့ပြင် ငါ့​သား​၊ ဤ​အချက်​တို့​ကို​လည်း သတိပြု​လော့​။ များစွာ​သော​စာအုပ်​တို့​ကို​ရေးသား​ပြုစု​ခြင်း​သည် အဆုံး​မ​ရှိ​။ များစွာ​လေ့လာ​ဆည်းပူး​ခြင်း​သည်​လည်း ကိုယ်ခန္ဓာ​ကို​ပင်ပန်း​နွမ်းနယ်​စေ​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 13,
      "text": "အားလုံး​ကို​ကြား​ရ​ပြီးသည့်နောက် နိဂုံးချုပ်​စကား​ဟူမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​စောင့်ထိန်း​လော့​။ အဘယ်ကြောင့်​ဆိုသော် ဤ​အရာ​သည် လူ​တို့​ပြု​ရ​မည့်​အရာ​အလုံးစုံ​၏​အချုပ်​ဖြစ်​၏​။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 14,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ကောင်း​သော​အမှု​ဖြစ်စေ​၊ မကောင်း​သော​အမှု​ဖြစ်စေ​၊ ဝှက်ထား​သော​အမှု​အားလုံး​အပါအဝင် ခပ်သိမ်း​သော​အမှု​တို့​ကို တရားသဖြင့်​စီရင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 1,
      "text": "သီချင်း​တကာ​တို့​တွင် အသာယာဆုံး​ဖြစ်​သည့် ရှောလမုန်​မင်းကြီး​၏​သီချင်း​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 2,
      "text": "“​အရှင်​သည် အကျွန်ုပ်​ကို နှုတ်ခမ်း​အနမ်း​ဖြင့် နမ်း​ပါစေသော​။ အရှင့်​မေတ္တာ​သည် စပျစ်ဝိုင်​ထက် ချိုမြိန်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 3,
      "text": "အရှင်​၏​နံ့သာဆီရနံ့​သည် အလွန်​မွှေးကြိုင်​ပါ​၏​။ အရှင့်​နာမ​သည် ဆွတ်​ထား​သော​နံ့သာဆီ​ကဲ့သို့ မွှေး​ပါ​၏​။ ထို့ကြောင့် မိန်းမပျို​တိုင်း အရှင့်​ကို ချစ်နှစ်သက်​ကြ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 4,
      "text": "အကျွန်ုပ်​ကို ဆွဲခေါ်​သွား​ပါ​။ အကျွန်ုပ်​တို့ ပြေး​ကြ​ပါစို့​။ ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အတွင်းခန်း​သို့ ခေါ်ဆောင်​သွား​ပါ​၏​။” “အကျွန်ုပ်​တို့ ရွှင်လန်း​ဝမ်းမြောက်​ကြ​ပါ​၏​။ စပျစ်ဝိုင်​ထက် အရှင့်​မေတ္တာ​အကြောင်း​ကို ချီးမွမ်း​ကြ​ပါ​မည်​။ အရှင့်​ကို အမှန်တကယ်​ချစ်​ကြ​ပါ​၏​။”"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 5,
      "text": "“အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​သည် အသားမည်း​သော်လည်း ချစ်စရာကောင်း​ပါ​၏​။ ကေဒါ​တဲ​များ​၊ ရှောလမုန်​မင်းကြီး​၏​ရွက်ထည်​များ​နှင့် တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 6,
      "text": "အကျွန်ုပ်​သည် နေလောင်​ခံရ​၍ အသားမည်း​သဖြင့် အကျွန်ုပ်​ကို မ​ကြည့်​ပါ​နှင့်​။ အကျွန်ုပ်​နှင့်​တစ်မိတည်း​ဖွား​သော​သား​တို့​သည် အကျွန်ုပ်​ကို စိတ်ဆိုး​၍ စပျစ်ခြံစောင့်​အဖြစ် ထား​ပါ​၏​။ ကိုယ့်​စပျစ်ခြံ​ကို​ပင် ကိုယ်​မ​စောင့်​ရ​ပါ​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 7,
      "text": "အကျွန်ုပ်​ချစ်မြတ်နိုး​ရ​သော​အရှင်​၊ သိုး​တို့​ကို အဘယ်မှာ ထိန်းကျောင်း​သနည်း​။ မွန်းတည့်​သောအခါ အဘယ်မှာ​လဲလျောင်း​နား​နေ​စေ​သနည်း​။ အကျွန်ုပ်​ကို ပြောပြ​ပါ​။ အဘယ်ကြောင့် အရှင့်​မိတ်ဆွေ​တို့​၏ သိုးအုပ်​များ​ကြားတွင် အကျွန်ုပ်​သည် ပုန်းလျှိုးကွယ်လျှိုး​နေ​ရ​ပါ​မည်နည်း​။”"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 8,
      "text": "“မိန်းမ​တကာ​တို့​ထက် အဆင်းလှ​သော​မိန်းမ​၊ သင်​မ​သိ​လျှင် သိုး​တို့​နောက်သို့ ခြေရာခံ​လိုက်​ပါ​။ သိုးထိန်း​တို့​၏​တဲ​နား​တွင် သင့်​ဆိတ်သငယ်​တို့​ကို ထိန်းကျောင်း​ပါ​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 9,
      "text": "ငါ့​ချစ်သူလေး​၊ သင့်​ကို ဖာရော​မင်းကြီး​၏ စစ်ရထား​၌​က​သော မြင်းမလေး​နှင့် တင်စား​မည်​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 10,
      "text": "ခြယ်သ​ထား​သော​သင့်​ပါး​တို့​သည် တင့်တယ်​လှ​ပေ​၏​။ သင့်​လည်တိုင်​သည်​လည်း လည်ဆွဲရတနာ​တို့​ဖြင့် တင့်တယ်​လှ​ပေ​၏​။​”"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 11,
      "text": "“​သင့်​အဖို့ ငွေ​ပုတီးလုံး​စီချယ်​ထား​သော ရွှေ​တန်ဆာ​များ​ကို ငါ​တို့​ပြုလုပ်​ပေး​မည်​။​”"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 12,
      "text": "“ရှင်ဘုရင်​သည် စားပွဲဝိုင်း​၌​ထိုင်​စဉ် အကျွန်ုပ်​၏​နာဒု​ဆီမွှေး​ရနံ့​သည် ပျံ့လွင့်​မွှေးကြိုင်​လျက် ရှိ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 13,
      "text": "အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​၏​ရင်သား​ကြား​၌ တစ်ညလုံး​ရှိ​နေ​သော မုရန်​အိတ်ငယ်​နှင့် တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 14,
      "text": "အကျွန်ုပ်​ချစ်သူ​သည် အင်္ဂေဒိ​စပျစ်ခြံ​မှ ဟင်္နာ​ပန်း​ခိုင်​နှင့် တူ​ပါ​၏​။”"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 15,
      "text": "“​ကြည့်​ပါ​။ ငါ့​ချစ်သူလေး​၊ သင်​သည် အဆင်းလှ​ပေ​၏​။ ကြည့်​ပါ​။ သင်​သည် အဆင်းလှ​ပေ​၏​။ သင့်​မျက်လုံး​များ​လည်း ချိုးငှက်​မျက်လုံး​နှင့် တူ​ပါ​၏​။​”"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 16,
      "text": "“​ကြည့်​ပါ​လော့​။ အကျွန်ုပ်​ချစ်သူ​၊ အရှင်​သည် အလွန်​ခန့်ညား​ပါ​၏​။ နှစ်လိုဖွယ်​ကောင်း​ပါ​၏​။ အကျွန်ုပ်​တို့​အိပ်ရာ​သည် စိမ်းလန်းစိုပြည်​လှ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 17,
      "text": "သစ်ကတိုး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ရက်မ​၊ ထင်းရှူး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ဒိုင်း ဖြစ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 1,
      "text": "အကျွန်ုပ်​သည် ရှာရုန်​အရပ်​၌​ပွင့်​သော​နှင်းဆီပန်း​၊ လွင်ပြင်​၌​ပွင့်​သော​နှင်းပန်း ဖြစ်​ပါ​၏​။”"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 2,
      "text": "“မိန်းမပျို​တို့​အလယ်​တွင် ငါ့​ချစ်သူလေး​သည် ဆူးပင်​များ​ကြားမှ​နှင်းပန်း​ကဲ့သို့ ဖြစ်​ပါ​၏​။”"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 3,
      "text": "“ယောက်ျား​များ​အလယ်​တွင် အကျွန်ုပ်​ချစ်သူ​သည် တော​သစ်ပင်​တို့​အလယ်​မှ ပန်းသီး​ပင်​ကဲ့သို့ ဖြစ်​ပါ​၏​။ သူ့​အရိပ်​၌ ခိုနား​ရ​သည်​ကို အကျွန်ုပ်​အလွန်​နှစ်သက်​ပါ​၏​။ သူ့​အသီး​သည်​လည်း အကျွန်ုပ်​အဖို့ အလွန်​ချိုမြိန်​၍ အရသာ​ရှိ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 4,
      "text": "အရှင်​သည် အကျွန်ုပ်​ကို စားသောက်ပွဲ​ကျင်းပ​ရာ​အိမ်​သို့ ခေါ်သွား​ပါ​၏​။ အကျွန်ုပ်​ပေါ်၌​ရှိ​သော​အရှင်​၏​အောင်လံ​သည် မေတ္တာ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 5,
      "text": "အချစ်နာကျ​နေ​သော​အကျွန်ုပ်​ကို စပျစ်သီးခြောက်​ကျွေး​၍ အားဖြည့်​ပေး​ပါ​၏​။ ပန်းသီး​ကျွေး​၍​လည်း လန်းဆန်း​စေ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 6,
      "text": "အရှင်​၏​လက်ဝဲ​လက်​သည် အကျွန်ုပ်​အဖို့ ခေါင်းအုံး ဖြစ်​ပါ​၏​။ လက်ယာ​လက်​သည် အကျွန်ုပ်​ကို ပွေ့ဖက်​ထား​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 7,
      "text": "အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 8,
      "text": "အကျွန်ုပ်​ချစ်သူ​၏​အသံ​ပါတကား​။ ကြည့်​ပါ​။ တောင်တန်း​များ​ကို ကျော်လွှား​လျက်​၊ တောင်ကုန်း​များ​တွင် ခုန်ပျံ​လျက် လာ​နေ​ပြီ​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 9,
      "text": "အကျွန်ုပ်​ချစ်သူ​သည် ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် ဖြစ်​ပါ​၏​။ ကြည့်​ပါ​။ အကျွန်ုပ်​တို့​အိမ်​နောက်​နံရံ​တွင် ရပ်​နေ​၏​။ ပြတင်းပေါက်​များ​မှ ကြည့်​နေ​၏​။ ရာဇမတ်ကွက်​များ​ကြား​မှ စိုက်ကြည့်​နေ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 10,
      "text": "အကျွန်ုပ်​ချစ်သူ​က အကျွန်ုပ်​အား ‘လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 11,
      "text": "ကြည့်​ပါ​။ ဆောင်းရာသီ ကုန်​ပြီ​။ မိုး​လည်း ကုန်ဆုံး​ဆုတ်ခွာ​သွား​လေ​ပြီ​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 12,
      "text": "မြေ​ပေါ်မှာ ပန်း​များ ပွင့်​လေ​ပြီ​။ တေးသီချင်း​သီဆို​ချိန်​ရောက်​ပြီ​။ ငါ​တို့​ပြည်​တွင် ချိုးကူသံ​လည်း​ကြား​ရ​ပြီ​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 13,
      "text": "သဖန်းပင်​မှ သဖန်းသီး​စိမ်း​များ​လည်း မှည့်စ​ပြု​လာ​ပြီ​။ စပျစ်ပင်​များ​လည်း အပွင့်​ပွင့်​၍ မွှေးကြိုင်​လေ​ပြီ​။ လှပ​သော​ငါ့​ချစ်သူလေး​၊ ထ​ပါ​။ ငါ​နှင့်အတူ လိုက်​ခဲ့​ပါ​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 14,
      "text": "ကျောက်ဆောင်​များ​ကြား​၊ ချောက်ကမ်းပါး​များ​ကြား​တွင် ခိုအောင်း​နေ​သော ငါ​၏​ချိုးငှက်လေး​ရေ​၊ သင့်​မျက်နှာ​ကို မြင်​လို​ပါ​၏​။ သင့်​အသံ​ကို ကြား​လို​ပါ​၏​။ သင့်​အသံ​သည် နားဝင်ချို​လှ​၏​။ သင့်​မျက်နှာ​သည်​လည်း တင့်တယ်လှပ​ပေ​၏’​ဟု ဆို​၏​။”"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 15,
      "text": "“​အကျွန်ုပ်​တို့​၏​စပျစ်ပင်​တို့ ပွင့်​လေ​ပြီ​။ စပျစ်ပင်​တို့​ကို ဖျက်ဆီး​နေ​သော မြေခွေးကြီး​မြေခွေးငယ်​များ​ကို ဖမ်းဆီး​ပေး​ကြ​ပါ​။​”"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 16,
      "text": "“​အကျွန်ုပ်​ချစ်သူ​ကို အကျွန်ုပ်​ပိုင်​ပါ​၏​။ အကျွန်ုပ်​ကို​လည်း အကျွန်ုပ်​ချစ်သူ ပိုင်​ပါ​၏​။ သူ​သည် နှင်းပန်း​တော​တွင် သိုးထိန်း​လေ့​ရှိ​၏​။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 17,
      "text": "အကျွန်ုပ်​ချစ်သူ​၊ နေ့မကျိုးမီ​၊ အရိပ်​တို့​မ​ကွယ်ပျောက်​မီ ဗေသာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် ပြန်လာ​ခဲ့​ပါ​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 1,
      "text": "ညအချိန်​များ​၌ အိပ်ရာ​ပေါ်တွင် အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို ရှာဖွေ​မိ​ပါ​၏​။ ရှာ​သော်လည်း မ​တွေ့​ပါ​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 2,
      "text": "‘ငါ​ထ​ပြီး မြို့​ထဲ​သွား​မည်​။ လမ်း​တကာ​၊ လမ်းဆုံလမ်းခွ​တို့​တွင် ငါ​ချစ်မြတ်နိုး​သော​အရှင်​ကို ရှာ​ပါ​မည်’​ဟု ဆို​ပြီး ရှာ​သော်လည်း မ​တွေ့​ပါ​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 3,
      "text": "မြို့​ထဲတွင် ကင်းလှည့်​နေ​သူ​တို့​သည် အကျွန်ုပ်​ကို​တွေ့​ကြ​၏​။ အကျွန်ုပ်​က ‘​အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို သင်​တို့​တွေ့​မိ​ပါ​သလား​’​ဟု မေး​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 4,
      "text": "ကင်းစောင့်​တို့​ကို အနည်းငယ်​ကျော်လွန်​သွား​သောအခါ အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို တွေ့​ရ​ပါ​၏​။ အကျွန်ုပ်​ကို​မွေးဖွား​သော​အမေ့​အိမ်​အတွင်းခန်း​ထဲသို့ သူ့​ကို အကျွန်ုပ်​ခေါ်ဆောင်​လာ​ပါ​၏​။ မ​ရောက်​မ​ချင်း သူ့​ကို မ​လွတ်တမ်း​ဆုပ်ကိုင်​ထား​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 5,
      "text": "အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။​”"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 6,
      "text": "“​မုရန်​၊ လော်ဗန်​တို့​မှစ၍ ကုန်သည်​တို့​၏​နံ့သာမှုန့်​အမျိုးမျိုး​တို့​ရနံ့​နှင့် သင်းထုံ​နေ​သော​မီးခိုးလုံး​ကဲ့သို့ တောကန္တာရ​မှ​တက်လာ​သော​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 7,
      "text": "ကြည့်​ပါ​။ အစ္စရေး​စစ်သူရဲ​ခြောက်ဆယ်​တို့​နှင့် ခြံရံ​ထား​သော ရှောလမုန်​မင်းကြီး​၏​ဝေါယာဉ်​ပါ​တကား​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 8,
      "text": "ထို​စစ်သူရဲ​အားလုံး​တို့​သည် ဓားကိုင်သူရဲ​များ​၊ စစ်မှုရေးရာ​ကျွမ်းကျင်​သော​သူရဲ​များ​ဖြစ်​ကြ​၏​။ ညအချိန်​များ​၌​ကျရောက်​မည့်​ဘေး​ကို​ကာကွယ်​ရန် ဓား​ကို နံဘေး​၌​ဆောင်​ထား​ကြ​၏​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 9,
      "text": "ရှောလမုန်​မင်းကြီး​သည် ကိုယ့်​အဖို့ ထို​ဝေါယာဉ်​ကို လက်ဘနွန်​သစ်သား​များ​ဖြင့် ပြုလုပ်​ထား​၏​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 10,
      "text": "ဝေါယာဉ်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း​၊ အောက်ခြေ​ကို ရွှေ​ဖြင့်​လည်းကောင်း​၊ ထိုင်ခုံအခင်း​ကို ခရမ်းရောင်​အထည်​ဖြင့်​လည်းကောင်း ပြုလုပ်​ထား​၏​။ ဂျေရုဆလင်​သမီးပျို​တို့​သည် အတွင်းပိုင်း​ကို ချစ်စဖွယ်​ဖြစ်​အောင် ပြင်ဆင်​ပေး​ထား​၏​။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 11,
      "text": "အို ဇိအုန်​သမီးပျို​တို့​၊ ထိမ်းမြားပွဲ​နေ့​၊ စိတ်နှလုံး​ရွှင်လန်း​ရာ​နေ့​တွင် မယ်တော်​ကိုယ်တိုင်​ဆောင်း​ပေး​သော​သရဖူ​ကို ဆောင်း​ထား​သော ရှောလမုန်​မင်းကြီး​ကို ထွက်​ကြည့်​ကြ​ပါ​လော့​။​”"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 1,
      "text": "“ကြည့်​ပါ​။ ငါ့​ချစ်သူလေး​၊ သင်​သည် အဆင်းလှ​ပေ​၏​။ ကြည့်​ပါ​။ သင်​သည် အဆင်းလှ​ပေ​၏​။ မျက်နှာလွှား​အောက်​မှ သင့်​မျက်လုံး​များ​သည် ချိုးငှက်​မျက်လုံး​နှင့် တူ​ပါ​၏​။ သင့်​ဆံကေသာလေး​များ​သည်​လည်း ဂိလဒ်​တောင်​ပေါ်မှ ခုန်ပေါက်​၍​ဆင်းလာ​သော ဆိတ်အုပ်​နှင့် တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 2,
      "text": "သင့်​သွား​များ​သည်​လည်း အမွေးညှပ်​ပြီး​ရေချိုး​ရာ​မှ​တက်လာ​သော သိုးအုပ်​နှင့် တူ​ပါ​၏​။ ထို​သိုး​တို့​သည် တစ်​ကောင်​မျှ​သား​မ​လျှော​၊ အမြွှာ​သာ ဖွား​တတ်​ကြ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 3,
      "text": "သင့်​နှုတ်ခမ်း​များ​သည်​လည်း အနီရောင်​ဖဲကြိုး​နှင့် တူ​ပါ​၏​။ သင့်​နှုတ်​သည်​လည်း ချစ်စရာကောင်း​လှ​ပါ​၏​။ မျက်နှာလွှား​အောက်​မှ သင့်​ပါးပြင်​သည်​လည်း ထက်ခြမ်းခွဲ​ထား​သော​သလဲသီး​နှင့် တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 4,
      "text": "သင့်​လည်တိုင်​သည်​လည်း ကျောက်​များ​ဖြင့်​စီတန်း​ဆောက်လုပ်​ထား​သော ဒါဝိဒ်​မင်းကြီး​၏​ရဲတိုက်​နှင့် တူ​ပါ​၏​။ ထို​ရဲတိုက်​တွင် ဒိုင်းလွှား​အခု​တစ်ထောင် ချိတ်ဆွဲ​ထား​ပြီး ဒိုင်းလွှား​တစ်ခုစီ​သည် စစ်သူရဲ​တို့ ကိုင်ဆောင်​သော​ဒိုင်းလွှား​များ​ဖြစ်​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 5,
      "text": "သင့်​ရင်သား​နှစ်မြွှာ​သည်​လည်း နှင်းပန်း​ကြား​တွင် ကျက်စား​သော သမင်ငယ်လေး​နှစ်​ကောင်​၊ အမြွှာ​ဒရယ်ငယ်လေး​နှစ်​ကောင်​တို့​နှင့် တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 6,
      "text": "နေ့မကျိုးမီ​၊ အရိပ်​တို့​မ​ကွယ်ပျောက်​မီ မုရန်​တောင်​နှင့် လော်ဗန်​တောင်ကုန်း​သို့ ငါ​သွား​မည်​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 7,
      "text": "ငါ့​ချစ်သူလေး​၊ သင်​သည် ပြစ်မျိုးမှဲ့မထင် တစ်ကိုယ်လုံး​အဆင်းလှ​ပေ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 8,
      "text": "အို ငါ့​သတို့သမီး​၊ လက်ဘနွန်​တောင်​မှ ငါ​နှင့်​လိုက်​ခဲ့​ပါ​။ လက်ဘနွန်​တောင်​မှ ငါ​ခေါ်​ရာ​သို့​လိုက်​ခဲ့​ပါ​။ အာမန​တောင်ထိပ်​၊ စနိရ​တောင်ထိပ်​တို့​မှစ၍ ဟေရမုန်​တောင်​၊ ခြင်္သေ့​တွင်း​၊ ကျားသစ်​တို့​ကျက်စား​ရာ​တောင်​တို့​မှ ဆင်းလာ​ခဲ့​ပါ​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 9,
      "text": "အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​သည် ငါ့​နှလုံးသား​ကို အပိုင်သိမ်း​လေ​ပြီ​။ သင်​၏​အကြည့်​တစ်​ချက်​၊ ကျောက်မျက်​လည်ဆွဲ​တစ်​ကုံး​ဖြင့် ငါ့​နှလုံးသား​ကို အပိုင်သိမ်း​လေ​ပြီ​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 10,
      "text": "အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​၏​ချစ်ခြင်းမေတ္တာ​သည် တင့်တယ်​လှ​ပါ​၏​။ သင်​၏​ချစ်ခြင်းမေတ္တာ​သည် စပျစ်ဝိုင်​ထက်​သာ၍ နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ သင်​၏​နံ့သာဆီ​သည်​လည်း အမွှေးနံ့သာ​တကာ​တို့​ထက် သာ၍​မွှေး​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 11,
      "text": "အို ငါ့​သတို့သမီး​၊ သင့်​နှုတ်ခမ်း​တို့​သည် ပျားလပို့​မှ ပျားရည်​ယို​သကဲ့သို့ ဖြစ်​ပါ​၏​။ သင့်​လျှာ​အောက်​တွင် ပျားရည်​၊ နို့ရည်​တို့ ရှိ​ပါ​၏​။ သင့်​အဝတ်အစား​တို့​၏​ရနံ့​သည်​လည်း လက်ဘနွန်​ရနံ့​နှင့် တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 12,
      "text": "အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​သည် ပိတ်​ထား​သော​ဥယျာဉ်​၊ ပိတ်​ထား​သော​ရေကန်​၊ ပိတ်ဆို့​ထား​သော​စမ်းရေပေါက် ဖြစ်​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 13,
      "text": "သင့်​အစို့အညှောက်​သည် အကောင်းဆုံး​အသီး​ကို​သီး​သော​သလဲ​တော​၊ နာဒုပင်​ရော​ပေါက်​သော ဟင်္နာ​တော​၊"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 14,
      "text": "နာဒု​နှင့်​ကုံကုမံ​၊ ခါနဲ ​နှင့်​သစ်ကြံပိုး စသည့်​အမွှေးနံ့သာ​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော​၊ မုရန်​၊ သစ်မွှေး​နှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော ဖြစ်​၏​။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 15,
      "text": "ဥယျာဉ်​ထဲမှ​စမ်းချောင်း​၊ စမ်းရေ​တွင်း​၊ လက်ဘနွန်​တောင်​မှ စီးဆင်း​လာ​သော​ရေ ဖြစ်​၏​။​”"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 16,
      "text": "“အို မြောက်​လေ​၊ နိုး​ပါ​။ အို တောင်​လေ​၊ လာ​ပါ​။ အကျွန်ုပ်​ဥယျာဉ်​တွင် တိုက်ခတ်​ပါ​။ သို့မှ အရှင့်​ထံမှ​အမွှေးနံ့သာ​တို့ ပျံ့သွား​မည်​။ အကျွန်ုပ်​ချစ်သူ​သည် မိမိ​ဥယျာဉ်​ထဲသို့ လာ​ပါစေ​။ အကောင်းဆုံး​အသီး​ကို စား​ပါစေ​။”"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 1,
      "text": "“အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ ငါ့​ဥယျာဉ်​ထဲသို့ ငါ​လာ​ပြီ​။ မုရန်​နှင့် အမွှေးနံ့သာ​တို့​ကို ငါ​စုသိမ်း​ပြီ​။ ပျားလပို့​မှ​ပျားရည်​တို့​ကို ငါ​စား​ပြီ​။ စပျစ်ဝိုင်​နှင့် နို့​ကို​လည်း ငါ​သောက်​ရ​ပြီ​။” “အို မိတ်ဆွေ​တို့​၊ စား​ကြ​ပါ​။ အို ချစ်သူ​တို့​၊ သောက်​၍ ယစ်မူး​ကြ​ပါ​။”"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 2,
      "text": "“​အကျွန်ုပ်​သည် အိပ်​သော်လည်း စိတ်​မှာ​နိုး​လျက်​နေ​၏​။ အကျွန်ုပ်​ချစ်သူ​က ‘​ငါ့​နှမ​၊ ငါ့​ချစ်သူလေး​၊ ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ​၊ ငါ့​ကို တံခါး​ဖွင့်​ပေး​ပါ​။ ငါ့​ခေါင်း​သည် နှင်းစက်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​။ ငါ့​ဆံပင်​သည် ည​နှင်းရည်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​’​ဟု ဆို​လျက် တံခါးခေါက်​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 3,
      "text": "အကျွန်ုပ်​သည် ဝတ်ရုံ​ကို​ချွတ်​ပြီး​ပါ​ပြီ​၊ ပြန်ဝတ်​ရ​မည်လော​။ ခြေ​ကို​ဆေး​ပြီး​ပါ​ပြီ​၊ ညစ်ပေ​အောင် ပြန်လုပ်​ရ​မည်လော​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 4,
      "text": "အကျွန်ုပ်​ချစ်သူ​သည် တံခါးပေါက်​မှ လက်လှမ်းလျှို​လိုက်​သောအခါ အကျွန်ုပ်​၏​အသဲနှလုံး တုန်ခါ​သွား​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 5,
      "text": "အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​ဖို့ ထ​လိုက်​သောအခါ အကျွန်ုပ်​လက်​ကြား​မှ မုရန်​ဆီ​တို့​ယို​၍ လက်ချောင်း​များ​ကြား​မှ တံခါးလက်ကိုင်​ပေါ်သို့ စီးကျ​လာ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 6,
      "text": "အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​သော်လည်း ချစ်သူ​မှာ ထွက်သွား​နှင့်​လေ​ပြီ​။ သူ​စကားပြော​သောအခါ အကျွန်ုပ်​ရင်ခုန်​လွန်းလှ​ပါ​၏​။ သူ့​ကို​ရှာ​သော်လည်း မ​တွေ့​ပါ​။ ခေါ်​သော်လည်း မ​ထူး​ပါ​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 7,
      "text": "မြို့​လှည့်​ကင်းစောင့်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​တွေ့​သောအခါ ရိုက်နှက်​ကြ​သဖြင့် အကျွန်ုပ်​ဒဏ်ရာ​ရ​ပါ​၏​။ မြို့ရိုးအစောင့်​တို့​သည်​လည်း အကျွန်ုပ်​ခြုံပဝါ​ကို လုယူ​ကြ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 8,
      "text": "အို ဂျေရုဆလင်​သမီးပျို​တို့​၊ အကျွန်ုပ်​ချစ်သူ​ကို​တွေ့​လျှင် အကျွန်ုပ်​အချစ်နာကျ​နေ​သည်​ကို သူ့​အား​ပြောပြ​ပေး​ပါ​မည်​ဟု ကျိန်ဆို​ကြ​ပါ​လော့​။​”"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 9,
      "text": "“​မိန်းမ​တကာ​တို့​ထက် အဆင်းလှ​သော​မိန်းကလေး​၊ သင့်​ချစ်သူ​သည် အခြားသူ​တို့​၏​ချစ်သူ​ထက် မည်မျှ​သာ​သနည်း​။ သင်​သည် အကျွန်ုပ်​တို့​ကို ကျိန်ဆို​စေ​ရ​လောက်အောင် သင့်​ချစ်သူ​သည် အခြား​သူ​တို့​၏​ချစ်သူ​ထက် မည်မျှ​သာ​သနည်း​။​”"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 10,
      "text": "“​အကျွန်ုပ်​ချစ်သူ​သည် စိုပြည်​နီမြန်း​သော​အသားအရောင်​ရှိ​ပါ​၏​။ လူ​တစ်သောင်း​အလယ်​တွင်​ပင် ထင်းကနဲ​ပေါ်လွင်​သူ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 11,
      "text": "အကျွန်ုပ်​ချစ်သူ​၏​ဦးခေါင်း​မှာ ရွှေစင်​နှင့်​တူ​ပါ​၏​။ ဆံပင်​မှာ ကျီးကန်း​ကဲ့သို့ မည်းနက်​ပြီး လှိုင်းတွန့်ပုံ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 12,
      "text": "သူ့​မျက်လုံး​များ​ကား နို့ရည်​ချိုး​ပြီး ရေပြည့်လျှံ​သည့်​ချောင်း​နံဘေး​တွင်​နေ​လေ့​ရှိ​သော ချိုးငှက်​၏​မျက်လုံး​နှင့်​တူ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 13,
      "text": "သူ့​ပါးပြင်​တို့​သည် မွှေးကြိုင်​သော​အိပ်ရာ​၊ အမွှေးနံ့သာ​ထုံသင်း​သော​ရဲတိုက်​နှင့်​တူ​၏​။ သူ့​နှုတ်ခမ်း​သည်​လည်း မုရန်​ဆီ​ယို​စီး​သော နှင်းပန်း​နှင့်​တူ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 14,
      "text": "သူ​၏​လက်​များ​သည်​လည်း ကျောက်မျက်ရွဲ​စီခြယ်​ထား​သော ရွှေ​လက်စွပ်​နှင့်​တူ​၏​။ ဝမ်းဗိုက်​သည်​လည်း နီလာ​ကျောက်​စီခြယ်​ထား​သော ပြောင်လက်​သည့်​ဆင်စွယ်​နှင့်​တူ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 15,
      "text": "သူ့​ခြေထောက်​များ​သည် ရွှေစင်​အုတ်ခုံ​ပေါ်တွင် စိုက်ထူ​ထား​သော စကျင်ကျောက်​တိုင်​နှင့်​တူ​၏​။ သူ့​ရုပ်သွင်​သည်​လည်း အကောင်းဆုံး​သစ်ကတိုးပင်​များ​ပေါက်​ရာ လက်ဘနွန်​တောင်​နှင့်​တူ​၏​။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 16,
      "text": "နှုတ်​ချို​၍ သူ့​တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်​ဖြစ်​၏​။ အို ဂျေရုဆလင်​သမီးပျို​တို့​၊ ဤ​သူ​ကား အကျွန်ုပ်​၏​ချစ်သူ​၊ ဤ​သူ​သည် အကျွန်ုပ်​မိတ်ဆွေ ဖြစ်​၏​။​”"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 1,
      "text": "“မိန်းမ​တကာ​တို့​ထက်​အဆင်းလှ​သူ​၊ သင့်​ချစ်သူ အဘယ်​အရပ်​သို့ ထွက်သွား​သနည်း​။ သင်​နှင့်အတူ​လိုက်ရှာ​ရ​အောင် သင့်​ချစ်သူ အဘယ်​အရပ်​သို့ သွား​သနည်း​။”"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 2,
      "text": "“အကျွန်ုပ်​ချစ်သူ​သည် ဥယျာဉ်​ထဲတွင် သိုး​ထိန်း​ရင်း နှင်းပန်း​များ​ကို​ခူးဆွတ်​ဖို့​ရန် မွှေးကြိုင်​သော​အိပ်ရာ​ရှိ​ရာ သူ​၏​ဥယျာဉ်​သို့ ဆင်းသွား​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 3,
      "text": "အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​ကို​ပိုင်​ပါ​၏​။ အကျွန်ုပ်​လည်း အကျွန်ုပ်​ချစ်သူ​ကို​ပိုင်​ပါ​၏​။ သူ​သည် နှင်းပန်း​တော​တွင် သိုးထိန်း​လေ့​ရှိ​ပါ​၏​။​”"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 4,
      "text": "“​အို ငါ့​ချစ်သူလေး​၊ သင်​သည် တိရဇာ​မြို့​ကဲ့သို့​လှပ​၍ ဂျေရုဆလင်​မြို့​ကဲ့သို့ တင့်တယ်​၏​။ အောင်လံလွှင့်ထူ​သော​သူ​များ​ကဲ့သို့ ခန့်ညား​လှ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 5,
      "text": "သင့်​မျက်လုံး​ကို ငါ့​ထံ​မှ​လွှဲ​လိုက်​ပါ​။ သင့်​မျက်လုံး​များ​သည် ငါ့​ကို​လွှမ်းမိုး​လွန်း​လှ​၏​။ သင့်​ဆံကေသာလေး​သည် ဂိလဒ်​တောင်​ပေါ်မှ​ခုန်ပေါက်​၍​ဆင်းလာ​သော ဆိတ်အုပ်​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 6,
      "text": "သင့်​သွား​များ​သည် ရေချိုး​ရာ​မှ​တက်လာ​သော သိုးအုပ်​နှင့်​တူ​ပါ​၏​။ ထို​သိုး​တို့​သည် တစ်​ကောင်​မျှ​သားမလျှော​၊ အမြွှာ​သာ ဖွား​တတ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 7,
      "text": "မျက်နှာလွှား​အောက်​မှ သင့်​ပါးပြင်​သည်​လည်း ထက်ခြမ်းခွဲ​ထား​သော​သလဲသီး​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 8,
      "text": "မိဖုရား ခြောက်ဆယ်​၊ မောင်းမ ရှစ်ဆယ်​နှင့် မ​ရေတွက်​နိုင်​သော အပျိုတော်​တို့ ရှိ​သော်လည်း"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 9,
      "text": "ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ တစ်ဦးတည်း​သာ​ရှိ​ပါ​၏​။ သူ့​မိခင်​အဖို့ သူ​သည် တစ်ဦးတည်း​သော​သမီး​၊ သူ့​ကို​မွေး​သော​မိခင်​အဖို့ သူ​သည် အနှစ်သက်ဆုံး​သော​သမီး​ဖြစ်​၏​။ မိန်းမပျို​တို့​သည် သူ့​ကို​မြင်​လျှင် မင်္ဂလာ​ရှိ​သော​သူ ဟု​ခေါ်​ကြ​၏​။ မိဖုရား​များ​၊ မောင်းမ​များ​လည်း သူ့​ကို​ချီးမွမ်း​ကြ​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 10,
      "text": "အရုဏ်ဦး​အလင်း​ကဲ့သို့ ပေါ်ထွက်​သူ​၊ လ​ကဲ့သို့ တင့်တယ်​သူ​၊ နေ​ကဲ့သို့ တောက်ပ​သူ​၊ အောင်လံလွှင့်ထူ​သော​သူ​များ​ကဲ့သို့ ခန့်ညား​သူ​ကား မည်သူ​နည်း​။​”"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 11,
      "text": "“​ချိုင့်ဝှမ်းလွင်ပြင်​ရှိ​အပင်ငယ်​တို့​ကို ကြည့်ရှု​ရန်​နှင့် စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ သလဲပင် ပွင့်​မ​ပွင့် တွေ့မြင်​ဖို့​ရန် သစ်သီးခြံ​သို့ အကျွန်ုပ်​ဆင်းသွား​၏​။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 12,
      "text": "အကျွန်ုပ် မ​သိ​လိုက်​မီ​မှာပင် အကျွန်ုပ်​စိတ်​သည် အကျွန်ုပ်​၏​အမျိုးအနွယ်​စီး​သည့်​တော်ဝင်​ရထား​ပေါ်သို့ ရောက်​နှင့်​လေ​ပြီ​။​”"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 13,
      "text": "“​အို ရှုလံ​သမီးပျို​၊ ပြန်လာ​ပါ​၊ ပြန်လာ​ပါ​။ သင့်​ကို အကျွန်ုပ်​တို့ မြင်​ရ​မည့်​အကြောင်း ပြန်လာ​ပါ​၊ ပြန်လာ​ပါ​။​” “​စစ်တပ်​နှစ်​တပ် ကခုန်​နေ​သည်​ကို ကြည့်ရှု​သကဲ့သို့ ရှုလံ​သမီးပျို​ကို အဘယ်ကြောင့် ကြည့်​နေ​ကြ​သနည်း​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 1,
      "text": "အို မင်းသမီး​၊ ခြေနင်း​စီး​ထား​သော​သင့်​ခြေထောက်​များ​သည် အလွန်​လှပ​ပါ​သည်​တကား​။ သင်​၏​တင်​သည် လက်မှုပညာသည်​က​ဖန်တီး​လိုက်​သော အနုပညာလက်ရာ​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 2,
      "text": "သင်​၏​ချက်​သည် စပျစ်ဝိုင်​အမြဲ​ဖြည့်​ထား​သည့် လုံးဝန်း​သော​ဖလား​နှင့်​တူ​ပါ​၏​။ ဝမ်းဗိုက်​သည် နှင်းပန်း​ရံ​ထား​သော​ဂျုံစပါး​ပုံ​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 3,
      "text": "သင့်​ရင်သား​နှစ်မြွှာ​သည် သမင်ငယ်လေး​နှစ်​ကောင်​၊ အမြွှာ​ဒရယ်ငယ်လေး​နှစ်​ကောင်​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 4,
      "text": "သင့်​လည်တိုင်​သည် ဆင်စွယ်​မျှော်စင်​နှင့်​တူ​ပါ​၏​။ သင့်​မျက်လုံး​များ​သည် ဗာသရဗ္ဗိမ်​တံခါး​နား​ရှိ ဟေရှဘုန်​ရေကန်​တို့​နှင့်​တူ​ပါ​၏​။ သင့်​နှာခေါင်း​သည် ဒမတ်စကပ်​မြို့​ကို မျက်နှာမူ​ထား​သော​လက်ဘနွန်​မျှော်စင်​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 5,
      "text": "သင့်​ဦးခေါင်း​သည် ကရမေလ​တောင်​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​ဆံနွယ်​များ​သည် ပိတုန်းရောင်သန်း​လျက်​ရှိ​ပါ​၏​။ ထို​ဆံနွယ်စု​များ​သည် ရှင်ဘုရင်​ကို ရစ်ပတ်​နှောင်တွယ်​ထား​လေ​ပြီ​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 6,
      "text": "အို အချစ်လေး​၊ သင်​သည် အလွန်​အဆင်းလှ​ပါ​၏​။ အလွန်​နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ အလွန်​စွဲမက်စရာ​ကောင်း​လှ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 7,
      "text": "သင်​၏​အရပ်အမောင်း​သည် စွန်ပလွံပင်​နှင့်​တူ​၍ ရင်သား​တို့​သည်​လည်း စွန်ပလွံသီးပြွတ်​နှင့်​တူ​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 8,
      "text": "‘ငါ​သည် စွန်ပလွံပင်​ပေါ်​တက်​ပြီး အကိုင်း​ကို​ကိုင်​မည်’​ဟု ငါ​ဆို​၏​။ သင့်​ရင်သား​တို့​သည် စပျစ်သီးခိုင်​ကဲ့သို့​၊ သင်​အသက်ရှူထုတ်​သော​လေ​သည် ပန်းသီးရနံ့​ကဲ့သို့ ဖြစ်​ပါစေ​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 9,
      "text": "သင့်​နှုတ်​သည် အကောင်းစား​စပျစ်ဝိုင်​ဖြစ်​ပါစေ​။” “အကျွန်ုပ်​ချစ်သူ​အဖို့ ထို​စပျစ်ဝိုင်​သည် နှုတ်ခမ်း​နှင့် သွား​များ​မှတစ်ဆင့် ချောမွေ့​စွာ​စီးဆင်း​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 10,
      "text": "အကျွန်ုပ်​ချစ်သူ​သည် အကျွန်ုပ်​ကို​ပိုင်​၍ အကျွန်ုပ်​ကို​သာ လိုအပ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 11,
      "text": "အကျွန်ုပ်​ချစ်သူ​၊ လာ​ပါ​။ ကျေးလက်​များ​သို့ သွား​ကြ​စို့​။ တောရွာ​များ​တွင် ညအိပ်နား​ကြ​စို့​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 12,
      "text": "စောစောထ​၍ စပျစ်ခြံ​သို့​သွား​ကြ​စို့​။ စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ အပွင့် ပွင့်​မ​ပွင့်​၊ သလဲပင် ပွင့်​မ​ပွင့် သွားကြည့်​ကြ​စို့​။ ထို​နေရာ​တွင် အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို အရှင့်​အား ပေးအပ်​ပါ​မည်​။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 13,
      "text": "ဒူးဒဲပင်​တို့ ရနံ့​မွှေးကြိုင်​လေ​ပြီ​။ အို အကျွန်ုပ်​ချစ်သူ​၊ အရှင့်​အဖို့ အရသာ​ရှိ​သော သစ်သီး​အစိမ်း​အမှည့်​အမျိုးမျိုး​ကို တံခါး​နား​တွင် အကျွန်ုပ်​သို​ထား​ပါ​ပြီ​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 1,
      "text": "အရှင့်​ကို အကျွန်ုပ်​နှင့် အမိ​နို့စို့ဖက်​မောင်နှမ ဖြစ်​စေ​ချင်​ပါ​၏​။ သို့ဖြစ်ပါက အရှင်​နှင့် အပြင်​မှာ​တွေ့​၍ အရှင့်​ကို​နမ်း​လျှင်​လည်း အကျွန်ုပ်​ကို တစ်ပါးသူ​တို့ မထီမဲ့မြင်ပြု​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 2,
      "text": "အကျွန်ုပ်​အား သွန်သင်​လမ်းပြ​ပေး​ခဲ့​သော အကျွန်ုပ်​၏​မိခင်​အိမ်​သို့ အရှင့်​ကို ဦးဆောင်​ခေါ်သွား​ပါ​မည်​။ အရှင့်​ကို ရနံ့သင်း​သော​ဝိုင်​ဖြစ်​သည့် သလဲသီး​ဝိုင်အသစ်​ကို တိုက်​ပါ​မည်​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 3,
      "text": "အရှင်​၏​လက်ဝဲ​လက်​သည် အကျွန်ုပ်​အဖို့ ခေါင်းအုံး​ဖြစ်​ပါ​၏​။ လက်ယာ​လက်​သည် အကျွန်ုပ်​ကို​ပွေ့ဖက်​ထား​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 4,
      "text": "အို ဂျေရုဆလင်​သမီးပျို​၊ အကျွန်ုပ်​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို​မ​နှိုး​ပါ​၊ မ​ထ​စေ​ပါ​ဟု ကျိန်ဆို​ပါ​လော့​။”"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 5,
      "text": "“ကိုယ့်​ချစ်သူ​ကို​မှီ​၍ တောကန္တာရ​မှ​လာ​သော​သူ​ကား မည်သူ​နည်း​။” “ပန်းသီးပင်​အောက်​တွင် အရှင့်​ကို အကျွန်ုပ်​နှိုး​ခဲ့​ပြီ​။ ထို​အရပ်​တွင် အရှင့်​မိခင်​သည် အရှင့်​ကို​သန္ဓေတည်​ခဲ့​ပါ​၏​။ အရှင့်​ကို သန္ဓေလွယ်​၍ ဖွားမြင်​ခဲ့​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 6,
      "text": "အကျွန်ုပ်​ကို အရှင့်​နှလုံးသား​ထဲတွင် တံဆိပ်ခတ်​ထား​ပါ​။ အရှင့်​လက်မောင်း​ပေါ်တွင် တံဆိပ်ရိုက်​ထား​ပါ​။ အချစ်​သည် သေမင်း​ကဲ့သို့ အားကြီး​တတ်​ပါ​၏​။ သဝန်တို​ခြင်း​သည် မရဏာနိုင်ငံ​ကဲ့သို့ ကြမ်းကြုတ်​ပါ​၏​။ အချစ်​၏​ပူလောင်မှု​သည် မီးတောက်​၊ အရှိန်ပြင်း​သော​မီးတောက်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 7,
      "text": "အချစ်​ကို ရေလုံးကြီး​နှင့် ငြှိမ်းသတ်​၍​မ​ရ​။ မြစ်ရေ​များ​လည်း မ​တိုက်စား​နိုင်​။ လူ​သည် အချစ်​ကို​ရ​ဖို့ အိမ်​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​အားလုံး​ကို​ပေး​လျှင်ပင် လှောင်ပြောင်​ကဲ့ရဲ့​ခြင်း​ကို​သာ​ခံရ​လိမ့်မည်​။”"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 8,
      "text": "“အကျွန်ုပ်​တို့​၌ ငယ်ရွယ်​သော​ညီမ​တစ်ဦး​ရှိ​ပါ​၏​။ သူ​သည် သားမြတ်​ပင်​မ​ပေါ်​သေး​။ သူ့​ကို လာရောက်​တောင်းရမ်း​သော​နေ့​တွင် အကျွန်ုပ်​တို့ မည်သို့​ပြု​ပေး​ရ​ပါ​မည်နည်း​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 9,
      "text": "သူ​သည် မြို့ရိုး​ဖြစ်​လျှင် ထို​အပေါ်​တွင် ငွေ​ပြအိုး​ကို​တည်​မည်​။ သူ​သည် တံခါး​ဖြစ်​လျှင် သူ့​ကို​သစ်ကတိုးသား​ဖြင့် ဆောက်လုပ်​မည်​။”"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 10,
      "text": "“အကျွန်ုပ်​သည် မြို့ရိုး​ဖြစ်၍ အကျွန်ုပ်​၏​သားမြတ်​တို့​သည် မျှော်စင်​နှင့်​တူ​ပါ​၏​။ ထို့ကြောင့် အရှင့်​မျက်လုံး​ထဲတွင် အကျွန်ုပ်​သည် အေးချမ်းမှု​ကို​ပေး​သော​သူ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 11,
      "text": "ဗာလဟာမုန်​အရပ်​တွင် ရှောလမုန်​မင်းကြီး​၏​စပျစ်ခြံ​ရှိ​၏​။ ထို​စပျစ်ခြံ​ကို ခြံလုပ်သား​တို့​လက်​သို့ အပ်ထား​၏​။ သူ​တို့​သည် စပျစ်သီး​ဖိုး ငွေစ​တစ်ထောင်​စီ ဆက်သ​ရ​၏​။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 12,
      "text": "အကျွန်ုပ်​ပိုင်​သော စပျစ်ခြံ​သည် အကျွန်ုပ်​ရှေ့​၌ ရှိ​ပါ​၏​။ အို ရှောလမုန်​မင်းကြီး​၊ အရှင်​က ငွေစ​တစ်ထောင်​ယူ​ပါ​။ စပျစ်ခြံလုပ်သား​တို့​ကား ငွေစ​နှစ်ရာ​ယူ​ပါ​။”"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 13,
      "text": "“ဥယျာဉ်​များ​တွင်​နေ​သော​သူ​၊ သင့်​အသံ​ကို သင့်​အပေါင်းအဖော်​တို့ နားစွင့်​နေ​ပါ​၏​။ ငါ​လည်း သင့်​အသံ​ကို​ကြား​ပါရစေ​။”"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 14,
      "text": "“အို အကျွန်ုပ်​ချစ်သူ​၊ အမွှေးနံ့သာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် အပြေးလာ​ပါ​လော့​။”"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 1,
      "text": "ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး လက်ထက်​၌ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား​ဟေရှာယ မြင်​ရ​သော​ဗျာဒိတ်နိမိတ်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 2,
      "text": "အို ကောင်းကင်​၊ နားထောင်​လော့​။ အို မြေကြီး​၊ စူးစိုက်​နားထောင်​လော့​။ ထာဝရဘုရား​က “​ငါ​သည် သားသမီး​တို့ ​ကို ကျွေးမွေး​ပြုစု​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်ပုန်ကန်​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 3,
      "text": "နွား​သည် မိမိ​ပိုင်ရှင်​ကို​သိ​၏​။ မြည်း​သည်​လည်း သခင်​ကျွေး​သော​စားခွက်​ကို​သိ​၏​။ သို့သော် အစ္စရေး​လူမျိုး​သည် မ​သိ​။ ငါ​၏​လူမျိုး​တော်​သည် နား​မ​လည်​ပါတကား​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 4,
      "text": "အပြစ်ပြု​သော​လူမျိုး​၊ အပြစ်​ကြီးလေး​သော​လူစု​၊ ဆိုးညစ်​သော​သူ​တို့​၏​အမျိုးအနွယ်​၊ ဖောက်ပြန်​သော​သားသမီး​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​သွား​ကြ​ပြီ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို မထီလေးစား​ပြု​၍ ကျောခိုင်း​သွား​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​သည် အဘယ်ကြောင့် ထပ်၍​အရိုက်​ခံ​လို​သေး​သနည်း​။ အဘယ်ကြောင့် ထပ်၍​ပုန်ကန်​ကြ​သနည်း​။ ဦးခေါင်း​တစ်ခုလုံး အနာ​ဖြစ်​ပြီ​။ စိတ်နှလုံး​လည်း ညှိုးနွမ်း​ကုန်​ပြီ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 6,
      "text": "ဦးခေါင်း​မှ ခြေဖျား​တိုင်အောင် အနာနှင့်ကင်း​သည်​ဟူ၍ မ​ရှိ​။ ထိခိုက်ဒဏ်ရာ​၊ ပွန်းပဲ့ဒဏ်ရာ​၊ သွေးစိမ်းထွက်​သော​အနာ​တို့​ဖြင့်​သာ​ပြည့်​နေ​၏​။ အနာ​ကို​မ​ဆေးကြော​၊ မ​ပတ်စည်း​၊ ဆီ​နှင့်​မ​လူး​ကြ​ပါ​တကား​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ​။ သင်​တို့​၏​မြို့​များ​ကို​လည်း မီး​လောင်​လေ​ပြီ​။ တစ်ပါးအမျိုးသား​တို့​သည် သင်​တို့​၏​မြေ​ကို သင်​တို့​ရှေ့​၌ ဝါးမျို​ကြ​ပြီ​။ တစ်ပါးအမျိုးသား​တို့​ဖျက်ဆီး​သဖြင့် လူသူကင်းမဲ့​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 8,
      "text": "ဇိအုန်​သမီး​သည် စပျစ်ခြံ​ထဲက တဲ​ကဲ့သို့​၊ သခွားခင်း​ထဲက ယာတဲ​ကဲ့သို့​၊ ရန်သူဝိုင်း​ထား​သော​မြို့​ကဲ့သို့ ကျန်ရစ်​ခဲ့​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​တွင် အသက်ရှင်​ကျန်ရစ်​သူ​အနည်းငယ်​ကို​မျှ ချန်ထား​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်၍ ဂေါမောရ​မြို့​နှင့်​တူ​ပေ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 10,
      "text": "သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 11,
      "text": "ထာဝရဘုရား​က “​သင်​တို့​၏​များစွာ​သော​ယဇ်​တို့​သည် ငါ့​အတွက်​မည်သည့်​အကျိုး​ရှိ​သနည်း​။ မီးရှို့​ပူဇော်​သော​သိုးထီး​၊ ဆူဖြိုး​သော​တိရစ္ဆာန်​၏​အဆီ​ကို ငါ​မလို​တော့​ပြီ​။ နွားထီး​၊ သိုးသငယ်​၊ ဆိတ်ထီး​တို့​၏​သွေး​ကို​လည်း ငါ​မ​နှစ်သက်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​သည် ငါ့​ထံ၌ မျက်နှာလာပြ​ကြ​သောအခါ ငါ့​အိမ်​တော်​ဝင်း​ကို နင်းချေ​၍ ထိုသို့သော​ယဇ်​ကို​ပူဇော်​ရန် မည်သူ​တောင်းဆို​သနည်း​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 13,
      "text": "အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 14,
      "text": "ငါ့​ဝိညာဉ်​သည် သင်​တို့​ကျင်းပ​သော လဆန်းနေ့ပွဲ​များ​၊ သတ်မှတ်​ထား​သော​ပွဲ​များ​ကို မုန်း​၏​။ ငါ့​အတွက် ဝန်ထုပ်ဝန်ပိုး​ကဲ့သို့​ဖြစ်​၏​။ ငါ​ထမ်း​ထား​ရ​သည်​မှာ ပင်ပန်း​လှ​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 15,
      "text": "သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း ​လျက်​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 16,
      "text": "ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်​အောင်​ဆေးကြော​ကြ​လော့​။ သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​တို့​ကို ငါ့​မျက်မှောက်​မှ ဖယ်ရှား​ကြ​လော့​။ ဆိုးညစ်​သော​အမှု​ပြု​ခြင်း​ကို ရပ်တန့်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 17,
      "text": "ကောင်း​သော​အမှု​ကို​ပြု​ရန် သင်ယူ​ကြ​လော့​။ တရားမျှတမှု​ကို ရှာ​ကြ​လော့​။ အဖိနှိပ်​ခံရ​သူ​ကို ကူမ​ကြ​လော့​။ ဖတဆိုး​ဘက်​မှ တရားသဖြင့်စီရင်​ကြ​လော့​။ မုဆိုးမ​ဘက်​မှ ရင်ဆိုင်ဖြေရှင်း​ပေး​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 18,
      "text": "ထာဝရဘုရား​က “ယခု လာ​ကြ​။ အတူတကွ​အချေအတင်ဆွေးနွေး​ကြ​စို့​။ သင်​တို့​အပြစ်​သည် အနီရောင်​ကဲ့သို့​ဖြစ်​သော်လည်း နှင်းပွင့်​ကဲ့သို့​ဖြူ​လိမ့်မည်​။ ကြက်သွေးရောင်​ကဲ့သို့​ဖြစ်​သော်လည်း သိုးမွေး​ကဲ့သို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 19,
      "text": "သင်​တို့​သည် စိတ်ဆန္ဒ​အပြည့်အဝ​ဖြင့် နာခံ​ကြ​လျှင် မြေကြီး​၏​အကောင်းဆုံး​သော​အရာ​ကို စား​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 20,
      "text": "သို့သော် သင်​တို့ ငြင်းဆန်​ပုန်ကန်​ကြ​လျှင် ဓား​ဖြင့်​အသတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ဤသည်ကား ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 21,
      "text": "သစ္စာစောင့်​သော​မြို့​သည် ပြည့်တန်ဆာ​ကဲ့သို့​ဖြစ်သွား​ပါ​သည်​တကား​။ ယခင်က တရားမျှတမှု​နှင့်​ပြည့်ဝ​ရာ​၊ ဖြောင့်မတ်​ခြင်း​တည်​ရာ မြို့​သည် ယခုအခါ လူသတ်သမား​တို့​နေရာ ဖြစ်​သွား​ပါ​သည်​တကား​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 22,
      "text": "သင်​၏​ငွေ​သည် ချော်​ဖြစ်သွား​ပြီ​။ သင်​၏​အကောင်းဆုံးဝိုင်​သည် ရေ​နှင့်​ရော​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 23,
      "text": "သင်​၏​အကြီးအကဲ​တို့​သည် သူပုန်​ဖြစ်​ကြ​ပြီ​။ သူခိုး​လက်ခံ​ဖြစ်​ကြ​ပြီ​။ သူ​တို့​အားလုံး​သည် တံစိုးလက်ဆောင်​ကို​နှစ်သက်​၍ ဂုဏ်ပကာသန​နောက်​သို့​လိုက်​ကြ​ပြီ​။ သူ​တို့​သည် ဖတဆိုး​ဘက်​မှ တရားသဖြင့်​မ​စီရင်​ကြ​။ မုဆိုးမ​၏​အမှု​ကို​လည်း မ​ဖြေရှင်း​ကြ​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 24,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​တို့​၏​တန်ခိုးကြီး​သော​အရှင်​က “​ငါ့​ကို​ရန်ပြုသောသူ​တို့​ကို ငါ​ကျေနပ်​သည်​အထိ ငါ​ပြု​မည်​။ ငါ့​ရန်သူ​တို့​ကို ငါ​ကိုယ်တိုင် လက်တုံ့ပြန်​မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 25,
      "text": "ပြီးလျှင် ငါ့​လက်​ကို သင့်​အပေါ်​သို့ ပြန်ရောက်​စေ​မည်​။ သင်​၌​ကပ်​နေ​သော​ချော်​ကို ပြာရည်​ဖြင့်​ချွတ်ပစ်​၍ သင်​၌​ရောနေသောခဲ​ကို ငါ​အကုန်​ဖယ်ရှား​မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 26,
      "text": "သင်​၏​တရားသူကြီး​တို့​ကို ယခင်​က​ကဲ့သို့​၊ သင်​၏​အကြံပေးသူ​တို့​ကို မူလအစ​က​ကဲ့သို့ ပြန်လည်​ခန့်ထား​မည်​။ သို့ပြီးမှ သင်​၏​မြို့​ကို ဖြောင့်မတ်​သော​မြို့​၊ သစ္စာရှိ​သော​မြို့​ဟု ခေါ်ဝေါ်​ကြ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 27,
      "text": "ဇိအုန်​မြို့​သည် တရားမျှတမှု​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ထို​မြို့​မှ နောင်တရ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 28,
      "text": "ဆန့်ကျင်ပုန်ကန်​သူ​နှင့် အပြစ်​ကျူးလွန်​သူ​တို့​သည် အတူတကွ​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထာဝရဘုရား​ကို စွန့်ခွာ​သော​သူ​တို့​သည် အပြီးသတ်​သုတ်သင်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 29,
      "text": "အကယ်စင်စစ် သူ​တို့​သည် သင်​တို့​တပ်မက်​ခဲ့​သော​ဝက်သစ်ချပင်​တို့​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ သင်​တို့ ရွေးချယ်​ခဲ့​သော​ဥယျာဉ်​တို့​ကြောင့် မျက်နှာပျက်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 30,
      "text": "အမှန်ပင် သင်​တို့​သည် အရွက်​ညှိုးနွမ်း​သော​သပိတ်ပင်​ကဲ့သို့​၊ ရေ​မ​ရှိ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 31,
      "text": "ခွန်အားကြီး​သော​သူ​သည် လောင်စာ​ကဲ့သို့​ဖြစ်၍ သူ​၏​လုပ်ဆောင်ချက်​သည် မီးပွား​ကဲ့သို့ ဖြစ်​မည်​။ နှစ်မျိုးစလုံး အတူ​လောင်ကျွမ်း​၍ မည်သူ​မျှ​ငြှိမ်းသတ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 1,
      "text": "ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား​ဟေရှာယ မြင်​ရ​သော​ဗျာဒိတ်​တော်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 2,
      "text": "နောက်ဆုံး​သော​ကာလ​၌ ထာဝရဘုရား​အိမ်​တော်​တည်​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်အထိပ်​၌​တည်​၍ တောင်ကုန်း​တို့​အထက်​၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည်​လည်း ထို​တောင်​သို့ စုဝေး​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 3,
      "text": "လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 4,
      "text": "ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို တရားစီရင်​၍ လူ​များစွာ​တို့​ကို ဆုံးမ​တော်မူ​မည်​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​များ​အဖြစ်​၊ မိမိ​တို့​၏​လှံ​များ​ကို တံစဉ်​များ​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​ကို​မြှောက်​၍ တိုက်ခိုက်​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 5,
      "text": "အို ယာကုပ်​အမျိုးအနွယ်​တို့​၊ လာ​ကြ​လော့​။ ထာဝရဘုရား​၏​အလင်း​တော်​၌ လျှောက်လှမ်း​ကြ​ကုန်​စို့​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 6,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် ယာကုပ်​အမျိုးအနွယ်​ဖြစ်​သော ကိုယ်တော်​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​ပြီ​။ အကြောင်းမူကား သူ​တို့​သည် အရှေ့​ပြည်​၏​ဓလေ့​ကို​ကျင့်သုံးသူ​နှင့်​ပြည့်​၍ ဖိလိတ္တိ​လူမျိုး​များ​ကဲ့သို့ ဗေဒင်အတတ်​ကို ကျင့်သုံး​ကြ​၏​။ တစ်ပါးအမျိုးသား​တို့​၏​သားသမီး​များ​နှင့်​လည်း လက်ဝါးချင်းရိုက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​ပြည်​သည် ရွှေ​ငွေ​နှင့်​ပြည့်​၍ သူ​တို့​၏​ဥစ္စာဘဏ္ဍာ​သည် အတိုင်းမသိ​များပြား​၏​။ သူ​တို့​၏​ပြည်​သည် မြင်း​များ​နှင့်​ပြည့်​၍ သူ​တို့​၏​စစ်ရထား​တို့​သည် အတိုင်းမသိ​များပြား​၏​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 8,
      "text": "သူ​တို့​ပြည်​သည် ရုပ်တု​များ​နှင့်​ပြည့်​၍ သူ​တို့​သည် မိမိ​တို့​လက်​ဖြင့်​လုပ်​သော​အရာ​၊ မိမိ​တို့​လက်ချောင်း​များ​ဖြင့် ပြုလုပ်​သော​အရာ​တို့​ကို ရှိခိုးကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 9,
      "text": "သို့ဖြစ်၍ လူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ လူတိုင်း နိမ့်ကျ​ကြ​ရ​လိမ့်မည်​။ သူ​တို့​ကို​ခွင့်လွှတ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 10,
      "text": "ထာဝရဘုရား​၏​ကြောက်မက်ဖွယ်​အမှု​နှင့် ဘုန်းတန်ခိုး​အရှိန်အဝါ​ရှေ့​မှ ပုန်းရှောင်​ရန် ကျောက်ဆောင်​ထဲသို့​ဝင်​၍ မြေကြီး​ထဲ၌​ပုန်း​နေ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 11,
      "text": "ထို​နေ့ရက်​တွင် မျက်နှာ​မောက်မာ​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 12,
      "text": "အကယ်စင်စစ် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့ရက်​၌ မောက်မာ​ထောင်လွှား​သော​သူ​၊ ကိုယ့်ကိုယ်ကိုယ်​ချီးမြှောက်​သော​သူ​အပေါင်း​တို့​၏​မာန်စွယ်​ကို ချိုး​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 13,
      "text": "ထို​နေ့ရက်​၌ လက်ဘနွန်​တောင်​ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ ဗာရှန်​တောင်​ရှိ​ဝက်သစ်ချပင်​၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 14,
      "text": "မြင့်မား​သော​တောင်​၊ ချီးမြှောက်​ထား​သော​တောင်ကုန်း​၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 15,
      "text": "မြင့်မား​သော​မျှော်စင်​၊ ခိုင်ခံ့​သော​မြို့ရိုး​၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 16,
      "text": "တာရှု​သင်္ဘော​နှင့် နှစ်သက်ဖွယ်​သော​ရေယာဉ် အစ​ရှိသမျှ​တို့​ကို အားလုံး​ဖျက်ဆီး​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 17,
      "text": "ထို​နေ့ရက်​၌ မောက်မာ​သော​သူ​သည် ဦးကျိုး​သွား​ရ​မည်​။ ထောင်လွှား​သော​သူ​သည် မာန်စွယ်ကျိုး​သွား​ရ​မည်​။ ထာဝရဘုရား​တစ်ပါးတည်းသာ ချီးမြှောက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 18,
      "text": "ရုပ်တု​တို့​သည်​လည်း လုံးဝ​ပျောက်ကွယ်​သွား​မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 19,
      "text": "ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို​ခြောက်လှန့်​ရန် ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ကြောက်မက်ဖွယ်​အမှု​နှင့် ဘုန်းတန်ခိုး​အရှိန်အဝါ​ရှေ့​မှ ပုန်းရှောင်​ရန် လူ​တို့​သည် ကျောက်​လိုဏ်ဂူ​များ​၊ မြေ​တွင်း​များ​ထဲသို့ ပြေးဝင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 20,
      "text": "ထို​နေ့ရက်​၌ လူ​တို့​သည် မိမိ​တို့​ရှိခိုးကိုးကွယ်​ရန် ထုလုပ်​ထား​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​တို့​ကို ပွေး​များ​၊ လင်းနို့​များ​အလယ်​၌ ပစ်ထား​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 21,
      "text": "ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို​ခြောက်လှန့်​ရန် ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ကြောက်မက်ဖွယ်​အမှု​နှင့် ဘုန်းတန်ခိုး​အရှိန်အဝါ​ရှေ့​မှ ပုန်းရှောင်​ရန် လူ​တို့​သည် ကျောက်ဆောင်​အက်ကွဲကြောင်း​များ​၊ ကျောက်ဂူ​များ​ထဲသို့ ပြေးဝင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 22,
      "text": "နှာခေါင်း​နှင့်​အသက်ရှူ​တတ်​သော​လူ​ကို မ​ကိုးစား​နှင့်​။ ထိုသို့​သော​သူ​၌ အဘယ်​အားထားစရာ​ရှိ​သနည်း​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် အစာ​အထောက်အပံ့​၊ ရေ​အထောက်အပံ့ စသည့် ကူညီ​ပံ့ပိုးမှု​အားလုံး​ကို ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တစ်ပြည်လုံး​မှ ဖယ်ရှား​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 2,
      "text": "သူရဲကောင်း​နှင့်​စစ်သည်​မှစ၍ တရားသူကြီး​၊ ပရောဖက်​၊ ဂမ္ဘီရပညာ​တတ်မြောက်​သူ​၊ သက်ကြီးဝါကြီး​၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 3,
      "text": "လူ​ငါးဆယ်​အုပ်​၊ ဂုဏ်သရေရှိသူ​၊ အကြံပေးသူ​၊ လက်မှုအတတ်​ကျွမ်းကျင်​သူ​၊ မန်းမှုတ်​သော​အတတ်​ကျွမ်းကျင်​သူ​တို့​ကို​လည်း ဖယ်ရှား​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 4,
      "text": "ငါ​သည် သူငယ်​တို့​ကို သူ​တို့​၏​အကြီးအကဲ​များ​ဖြစ်​စေ​မည်​။ ကလေးငယ်​တို့​သည် သူ​တို့​ကို အုပ်စိုး​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 5,
      "text": "လူ​တစ်ဦး​ကို​တစ်ဦး​၊ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး ညှဉ်းဆဲ​ကြ​လိမ့်မည်​။ လူငယ်​သည် လူကြီး​ကို​လည်းကောင်း​၊ လူယုတ်​သည် လူမြတ်​ကို​လည်းကောင်း စော်ကား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 6,
      "text": "ထို့ကြောင့် လူ​သည် မိသားစု​ထဲမှ မိမိ​၏​ညီအစ်ကို​ကို ကိုင်ဆွဲ​ပြီး “​သင်​၌ အဝတ်အစား​ရှိ​သေး​၏​။ ငါ​တို့​ကို ဦးဆောင်​ပေး​ပါ​။ ဤ​အပျက်အစီး​များ​ကို သင်​အုပ်စိုး​ပါ​”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 7,
      "text": "ထို​သူ​က​လည်း “​ငါ​သည် ကုသ​နိုင်​သော​သူ​မ​ဟုတ်​။ ငါ့​အိမ်​၌ အစားအစာ​လည်း​မ​ရှိ​။ အဝတ်အစား​လည်း​မ​ရှိ​။ ငါ့​ကို လူ​တို့​အား ဦးဆောင်သူ​မ​ဖြစ်​စေ​ကြ​နှင့်​”​ဟု ထို​နေ့ရက်​တွင်ပင် ပြန်ပြော​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 8,
      "text": "ဂျေရုဆလင်​မြို့ ခလုတ်တိုက်​ပြီ​။ ယုဒ​ပြည် လဲကျ​ပြီ​။ သူ​တို့​၏​စကား​၊ သူ​တို့​၏​အပြုအမူ​တို့​သည် ထာဝရဘုရား​ကို​ဆန့်ကျင်​ကြ​၏​။ ဘုန်းအသရေ​တော်​ရှေ့​တွင် ပုန်ကန်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 9,
      "text": "သူ​တို့​၏​မျက်နှာထား​သည် သူ​တို့​ကို သက်သေခံ​နေ​၏​။ သူ​တို့​သည် မိမိ​တို့​အပြစ်​ကို​ထိမ်ဝှက်​မ​ထား​ဘဲ သောဒုံ​မြို့​ကဲ့သို့ ပြောကြား​ကြ​၏​။ မကောင်းမှု​ကို ကိုယ့်​အပေါ်​ကိုယ် ကျရောက်​စေ​ကြ​သောကြောင့် သူ​တို့​၏​စိတ်ဝိညာဉ်​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 10,
      "text": "ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လုပ်ဆောင်မှု​၏​အသီးအပွင့်​ကို​စား​ရ​မည်​ဖြစ်​သောကြောင့် ကောင်း​ပေ​သည်​ဟု သူ​တို့​အား ပြောကြား​လော့​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 11,
      "text": "ဆိုးယုတ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၌ ဆိုးညစ်​သော​အမှု သက်ရောက်​မည်​။ သူ​၏​လုပ်ဆောင်မှု​အတိုင်း သူ​၌​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 12,
      "text": "ငါ​၏​လူမျိုး​တော်​ကို ကလေးသူငယ်​တို့​က ညှဉ်းဆဲ​ကြ​၏​။ မိန်းမ​တို့​က အုပ်စိုး​ကြ​၏​။ အို ငါ့​လူမျိုး​တော်​၊ သင်​တို့​ကို​လမ်းပြ​သော​သူ​တို့​သည် သင်​တို့​ကို လမ်းလွဲ​စေ​၍ သင်​တို့​၏​လမ်းခရီး​ကို ရှုပ်ထွေး​စေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 13,
      "text": "ထာဝရဘုရား​သည် စွဲချက်တင်​ရန် ရပ်​တော်မူ​၏​။ လူ​တို့​ကို တရားစီရင်​ရန် ထ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 14,
      "text": "ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​သက်ကြီးဝါကြီး​များ​၊ အကြီးအကဲ​များ​ကို တရားစီရင်​ရန် ကြွလာ​တော်မူ​မည်​။ “​သင်​တို့​သည် စပျစ်ခြံ​ကို ဝါးမျို​ဖျက်ဆီး​ကြ​ပြီ​။ ဆင်းရဲသား​တို့​၏​ပစ္စည်း​ကို လုယူ​၍ သင်​တို့​အိမ်​၌ သိမ်းထား​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 15,
      "text": "သင်​တို့​သည် မည်သည့်​အကြောင်း​ကြောင့် ငါ​၏​လူမျိုး​တော်​ကို ချိုးဖဲ့ခြေမွှ​၍ ဆင်းရဲသား​တို့​၏​မျက်နှာ​ကို ကြိတ်​ကြ​ရ​သနည်း​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ဇိအုန်​သမီး​တို့​သည် ဘဝင်မြင့်​ကြ​၏​။ လည်​ကို​ဆန့်​လျက်​၊ မျက်လုံး​ကစား​လျက်​၊ သူ​တို့​၏​ခြေချင်း​မြည်​အောင် ဖွဖွရွရွ​လမ်းလျှောက်​တတ်​ကြ​သောကြောင့်"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 17,
      "text": "ဘုရားရှင်​သည် ဇိအုန်​သမီး​တို့​၏​ဦးခေါင်း​ကို ယားနာပေါက်​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို အဝတ်​အချည်းစည်း​ဖြစ်​စေ​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 18,
      "text": "ထို​နေ့ရက်​၌ ဘုရားရှင်​သည် သူ​တို့​၏​တင့်တယ်​သော​ခြေချင်း​၊ ခေါင်းစည်း​၊ လခြမ်းကွေးလည်ဆွဲ​၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 19,
      "text": "နားဆွဲ​၊ လက်ကောက်​၊ မျက်နှာလွှားဇာ​၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 20,
      "text": "ခေါင်းစည်းပဝါ​၊ ခြေပတ်ကြိုး​၊ ခါးစည်း​၊ ရေမွှေး​၊ အဆောင်လက်ဖွဲ့​၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 21,
      "text": "တံဆိပ်တုံးလက်စွပ်​၊ နှာဆွဲ​၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 22,
      "text": "ပွဲနေပွဲထိုင်​အဝတ်အစား​၊ အပေါ်ဝတ်ရုံ​၊ ခြုံထည်​၊ ပိုက်ဆံအိတ်​၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 23,
      "text": "မှန်​၊ ပိတ်ချော​ဝတ်ရုံ​၊ ခေါင်းပေါင်း​၊ ခြုံပဝါ စသည်​တို့​ကို ဖယ်ရှား​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 24,
      "text": "အမွှေးနံ့သာ​အစား အပုပ်နံ့​၊ ခါးစည်း​အစား ကြိုး​၊ ဆံထုံး​အစား ခေါင်းတုံး​၊ ဝတ်ကောင်းစားလှ​အစား လျှော်တေအဝတ်​၊ လှပတင့်တယ်​ခြင်း​အစား အမာရွတ် ဖြစ်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 25,
      "text": "သင်​၏​လူ​တို့​သည် ဓား​ဖြင့်​လည်းကောင်း​၊ သင်​၏​စစ်သူရဲ​သည် စစ်ပွဲ​၌​လည်းကောင်း ကျဆုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 26,
      "text": "ဇိအုန်​မြို့​တံခါး​တို့​သည် ညည်းတွား​၍ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဇိအုန်​မြို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ မြေကြီး​ပေါ်​ထိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 1,
      "text": "ထို​နေ့ရက်​၌ မိန်းမ​ခုနစ်​ယောက်​သည် ယောက်ျား​တစ်​ယောက်​ကို​ဖမ်းဆွဲ​လျက် “​ကျွန်မ​တို့​သည် ကိုယ့်​အစာ​ကိုယ်​စား​ပါ​မည်​။ ကိုယ့်​အဝတ်​ကိုယ်​ဝတ်​ပါ​မည်​။ ကျွန်မ​တို့ ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ခံရ​စေရန် ကျွန်မ​တို့​ကို သင့်​နာမည်​ဖြင့်​ခေါ်​သော​အခွင့်​ကို​သာ ပြု​ပါ​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 2,
      "text": "ထို​နေ့ရက်​၌ ထာဝရဘုရား​၏​အကိုင်း​သည် လှပ​၍​ဘုန်းအသရေ​ရှိ​မည်​။ မြေ​၏​အသီးအနှံ​သည်​လည်း အသက်​ဘေးလွတ်​သော​အစ္စရေး​လူမျိုး​တို့​အတွက် ဂုဏ်ယူဝင့်ကြွားစရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 3,
      "text": "ဇိအုန်​တောင်​၌​ကြွင်းကျန်​သော​သူ​၊ ဂျေရုဆလင်​မြို့​၌​ကျန်ရစ်​သော​သူ စသည့် ဂျေရုဆလင်​မြို့​တွင်​အသက်ရှင်​သော​သူ​တို့​စာရင်း​၌ ရေးမှတ်​ထား​သော​သူ​အားလုံး​သည် သန့်ရှင်း​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 4,
      "text": "ဘုရားရှင်​သည် တရားစီရင်​ခြင်း​ဝိညာဉ်​၊ လောင်ကျွမ်း​ခြင်း​ဝိညာဉ်​တို့​ဖြင့် ဇိအုန်​သမီး​တို့​၏​အညစ်အကြေး​ကို​ဆေးကြော​၍ ဂျေရုဆလင်​မြို့​ထဲ​မှ သွေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ဇိအုန်​တောင်​၏​ဓမ္မစည်းဝေး​ရာ​နေရာ​မှစ၍ ထို​တောင်​၏​နေရာ​အနှံ့​တွင် နေ့အချိန်​၌ မိုးတိမ်​နှင့်​မီးခိုး​ကို​လည်းကောင်း​၊ ညအချိန်​၌ တောက်ပ​သော​မီးလျှံ​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​တော်မူ​မည်​။ အကယ်စင်စစ် ဘုန်းအသရေ​ရှိသမျှ​တို့​အပေါ်​၌ မျက်နှာကြက်​ရှိ​မည်​။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 6,
      "text": "နေ့​အချိန် အပူရှိန်​ကို​ကာကွယ်​ပေး​သော​အရိပ်​၊ မိုးသက်မုန်တိုင်း​ဘေး​မှ ခိုလှုံ​ရာ​၊ ကွယ်ကာ​ရာ​အဖြစ် တဲ​လည်း​ရှိ​မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 1,
      "text": "ငါ​ချစ်​သော​သူ​အတွက် သူ​၏​စပျစ်ခြံ​ကို​ရည်စူး​၍ မေတ္တာ​သီချင်း​ကို ငါ​သီဆို​မည်​။ မြေဆီမြေနှစ်​ကောင်း​သော​တောင်ကုန်း​ပေါ်တွင် ငါ​ချစ်​သော​သူ​၏​စပျစ်ခြံ​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 2,
      "text": "သူ​သည် မြေ​ကို​တူးဆွ​၍ ကျောက်ခဲ​တို့​ကို​ရှင်းလင်း​ပြီးမှ အကောင်းဆုံး​စပျစ်ပင်​ကို​စိုက်​၏​။ ထို​ခြံ​အလယ်​တွင် လင့်စင်​တစ်​ခု​ကို​ဆောက်​ပြီး စပျစ်သီးနယ်ရာကျင်း​ကို​လည်း တူး​၏​။ သူ​သည် ကောင်း​သော​စပျစ်သီး သီး​လာ​ရန် စောင့်မျှော်​ခဲ့​သော်လည်း စပျစ်သီး​အရိုင်း​များ​သာ သီး​ပါ​သည်​တကား​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 3,
      "text": "ယခုမှာ အို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ ငါ​နှင့်​ငါ့​စပျစ်ခြံ​အမှု​ကို တရားစီရင်​ပေး​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 4,
      "text": "ငါ​၏​စပျစ်ခြံ​အတွက် မည်သည့်​အရာ​ကို ထပ်​လုပ်ပေး​ရ​မည်နည်း​။ ငါ​မ​လုပ်ပေး​ခဲ့​သည့်​အရာ ရှိ​သေး​သလော​။ ကောင်း​သော​စပျစ်သီး သီး​လာ​ရန် ငါ​စောင့်မျှော်​ခဲ့​သော်လည်း အဘယ်ကြောင့် စပျစ်သီး​အရိုင်း​များ သီး​ရ​သနည်း​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 5,
      "text": "ယခု ငါ​၏​စပျစ်ခြံ​ကို ငါ​မည်သို့​ပြု​မည်​ကို သင်​တို့​အား ငါ​ပြော​မည်​။ ခြံစည်းရိုး​ကို ငါ​ဖယ်ရှား​သဖြင့် စပျစ်ခြံ​သည် ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ တံတိုင်း​ကို ငါ​ဖြိုဖျက်​သဖြင့် စပျစ်ခြံ​သည် နင်းချေ​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 6,
      "text": "ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 7,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 8,
      "text": "နေရာလပ်​မ​ရှိ​တော့​သည်​အထိ အိမ်​တစ်​အိမ်​နှင့်​တစ်​အိမ်​ကပ်နေအောင်​၊ လယ်​တစ်​ကွက်​နှင့်​တစ်​ကွက်​ဆက်နေအောင် ပြု​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ထို​မြေ​အလယ်​၌ သင်တစ်ဦးတည်း နေထိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် အိမ်​များစွာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​၊ ကြီးမား​ထည်ဝါ​သော​အိမ်​တို့​သည် နေထိုင်​သူ​ကင်းမဲ့​လိမ့်မည်​”​ဟူ၍ မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 10,
      "text": "စပျစ်ခြံ​ဆယ်​ဧက​သည် တစ်​ဗတ် ​သာ ထွက်​မည်​။ မျိုးစေ့​တစ်​ဟောမဲ ​သည် တစ်​ဧဖာ ​သာ​ထွက်​မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 11,
      "text": "နံနက်​စောစောထ​၍ သေရည်သေရက်​နောက်လိုက်​သော​သူ​၊ ညဥ့်နက်​သည်​အထိ စပျစ်ဝိုင်​နှင့်​ယစ်မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့​၏​စားသောက်ပွဲ​များ​၌ စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ ပလွေ​၊ စပျစ်ဝိုင်​တို့​ပါရှိ​၏​။ သူ​တို့​သည် ထာဝရဘုရား​ပြု​သော​အမှု​ကို အလေး​မ​ထား​ကြ​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​လုပ်​သော​အရာ​ကို​လည်း မ​မြင်​ကြ​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 13,
      "text": "ငါ​၏​လူမျိုး​တော်​သည် ထိုသို့ အသိပညာ​မဲ့​သဖြင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ ဂုဏ်သရေ​ရှိ​သော​သူ​တို့​သည် ငတ်မွတ်​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ လူအလုံးအရင်း​သည် ရေငတ်​၍ သေ ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 14,
      "text": "မရဏာနိုင်ငံ​သည် အလိုရမ္မက်​ကြီးစွာ​ဖြင့် မိမိ​ပါးစပ်​ကို​အတိုင်းအဆ​မ​ရှိ ကျယ်​စွာ​ဖွင့်​လျက်​ရှိ​၍ ဇိအုန်​မြို့​ဂုဏ်သရေရှိသူ​များ​၊ ဆူညံ​နေ​သော​လူအုပ်ကြီး​၊ သောက်စားပျော်ပါး​နေ​သူ​များ​သည် မရဏာနိုင်ငံ​သို့ ဆင်းသွား​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 15,
      "text": "လူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ လူတိုင်း နိမ့်ကျ​ကြ​ရ​လိမ့်မည်​။ မျက်နှာ​မောက်မာ ​သော​သူ​တို့​သည် မာန်စွယ်ကျိုး​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 16,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မူကား တရားမျှတ​ခြင်း​ကြောင့် ချီးမြှောက်​ခြင်း​ခံရ​မည်​။ သန့်ရှင်း​သော​အရှင်​သည် မိမိ​သန့်ရှင်း​တော်မူ​ကြောင်း​ကို ဖြောင့်မတ်​ခြင်း​အားဖြင့် ထင်ရှား​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 17,
      "text": "သိုးသငယ်​တို့​သည် မိမိ​တို့​စားကျက်​၌ ကျက်စား​ကြ​လိမ့်မည်​။ သူစိမ်းတစ်ရံဆံ​တို့​သည် သူဌေး​တို့​၏​ပြိုပျက်​ရာ​ကို ဝါးမျို​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 18,
      "text": "ဒုစရိုက်​ကို မုသား​ကြိုး​ဖြင့်​ဆွဲ​သော​သူ​၊ အပြစ်​ကို လှည်း​ကြိုး​ဆွဲ​သကဲ့သို့ ဆွဲ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 19,
      "text": "သူ​တို့​က “​ငါ​တို့​တွေ့​ဖို့ ကိုယ်တော်​သည် မိမိ​အမှု​ကို အလျင်အမြန်​ပြု​ပါစေ​။ အလျင်အမြန်​ပြု​ပါစေ​။ ငါ​တို့​သိ​ဖို့ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​အကြံဉာဏ်​သည် နီးလာ​ပါစေ​။ ရောက်လာ​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 20,
      "text": "အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​ဟု ဆို​တတ်​သော​သူ​၊ အလင်း​ကို အမှောင်​၊ အမှောင်​ကို အလင်း ဖြစ်စေ​သော​သူ​၊ အခါး​ကို အချို​၊ အချို​ကို အခါး ဖြစ်စေ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 21,
      "text": "မိမိကိုယ်မိမိ​ပညာရှိ​သူ​၊ အသိဉာဏ်​ရှိ​သူ​ဟု ထင်မှတ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 22,
      "text": "စပျစ်ဝိုင်​အလွန်အကြူး​သောက်​သူ​၊ သေရည်သေရက်​ရောစပ်​ရာ​တွင်​ကျွမ်းကျင်သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 23,
      "text": "ထို​သူ​တို့​သည် တံစိုးလက်ဆောင်​ကြောင့် ဆိုးယုတ်​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​စီရင်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​ဖြောင့်မတ်​ခြင်း​ကို ဖယ်ရှား​တတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 24,
      "text": "သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 25,
      "text": "ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 26,
      "text": "ကိုယ်တော်​သည် ဝေး​သော​အရပ်​မှ​လူမျိုး​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​တော်မူ​၏​။ မြေကြီး​စွန်း​အရပ်​ရှိ​လူ​တို့​ကို လေချွန်​၍​ခေါ်​တော်မူ​၏​။ ကြည့်ရှု​လော့​။ သူ​တို့​သည် အလျင်အမြန်​ပြေးလာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 27,
      "text": "သူ​တို့​တွင် မောပန်း​သော​သူ​မ​ရှိ​၊ ခလုတ်တိုက်​၍​လဲ​သော​သူ​မ​ရှိ​၊ ငိုက်မျဉ်း​သော​သူ​မ​ရှိ​၊ အိပ်ပျော်​သော​သူ​မ​ရှိ​။ သူ​တို့​၏​ခါးပန်း​မ​ပြေ​။ သူ​တို့​၏​ဖိနပ်​ကြိုး​မ​ပြတ်​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 28,
      "text": "သူ​တို့​၏​မြား​တို့​သည် ချွန်ထက်​၍ သူ​တို့​၏​လေး​ရှိသမျှ​တို့​သည်​လည်း တင်​ထား​လျက်​ရှိ​၏​။ မြင်း​တို့​၏​ခွာ​သည် မီးခတ်ကျောက်​နှင့်​တူ​သည်​ဟု​ထင်​ရ​၏​။ စစ်ရထား​ဘီး​တို့​သည် လေပွေ​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 29,
      "text": "သူ​တို့​၏​အော်ဟစ်သံ​သည် ခြင်္သေ့​ဟိန်းဟောက်​သံ​နှင့်​တူ​၏​။ သူ​တို့​သည် ခြင်္သေ့ပျို​ကဲ့သို့​ဟိန်းဟောက်​မာန်ဖီ​လျက် သားကောင်​ကို​ဖမ်း​ပြီး ဆောင်ယူ​သွား​လိမ့်မည်​။ ကယ်​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 30,
      "text": "ထို​နေ့ရက်​တွင် သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟည်း​သကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​။ ထို​ပြည်​ကို​ကြည့်​လျှင် ဆင်းရဲဒုက္ခ​အမှောင်ထု​သာ​ရှိ​၏​။ မိုးတိမ်​များ​ကြောင့် အလင်း​သည် မှောင်မိုက်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 1,
      "text": "ဩဇိ​မင်းကြီး​အနိစ္စရောက်​သော​နှစ်​၌ ဘုရားရှင်​သည် မြင့်မြတ်​ထည်ဝါ​သော​ပလ္လင်​ပေါ်တွင် ထိုင်​နေ​တော်မူ​သည်​ကို ငါ​မြင်​၏​။ ကိုယ်တော်​၏​ဝတ်ရုံ​တော်​အနားစွန်း​သည် ဗိမာန်တော်​အပြည့်​ဖုံး​နေ​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 2,
      "text": "သရပ် ​တို့​သည် ပလ္လင်​တော်​၏​အထက်​၌​ရပ်​နေ​ကြ​၏​။ သူ​တို့​တစ်ပါးစီ​၌ တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ တောင်ပံ​နှစ်​ခု​ဖြင့် မျက်နှာ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ခြေ​ကို​ဖုံး​၏​။ တောင်ပံ​နှစ်​ခု​ဖြင့် ပျံသန်း​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 3,
      "text": "ထို့နောက် သူ​တို့​က “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ သန့်ရှင်း​တော်မူ​၏​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​နှင့်​ပြည့်​လျက်​နေ​တော်မူ​၏​” ​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေးကြော်​မြွက်ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 4,
      "text": "ထို​ကြွေးကြော်​သံ​ကြောင့် တံခါး​တိုင်​တို့​သည်​ခါယမ်း​၍ အိမ်​တော်​သည် မီးခိုး​နှင့်​ပြည့်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 5,
      "text": "ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 6,
      "text": "ထို့နောက် သရပ် ​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 7,
      "text": "ထို​မီးခဲ​ဖြင့် ငါ့​နှုတ်​ကို​တို့​ပြီးလျှင် “​ကြည့်ရှု​လော့​။ ဤ​မီးခဲ​သည် သင့်​နှုတ်ခမ်း​ကို​ထိ​ပြီ​။ သင်​၏​ဒုစရိုက်​ကို​ဖယ်ရှား​ပြီ​။ သင်​၏​အပြစ်​ကို​လည်း ဖြေလွှတ်​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 8,
      "text": "ထို့နောက် “​ငါ​မည်သူ့​ကို​စေလွှတ်​ရ​မည်နည်း​။ မည်သူ​သည် ငါ​တို့​အတွက် သွား​မည်နည်း​”​ဟု ဘုရားရှင်​မိန့်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။ ထိုအခါ ငါ​က “​အကျွန်ုပ်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 9,
      "text": "ကိုယ်တော်​က​လည်း “​ဤ​လူမျိုး​ထံ​သွား​၍ ‘​သင်​တို့​သည် ကြား​လျက်ပင် နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်​။ မြင်​လျက်ပင် သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​’ ​ဟု ပြော​လော့​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 10,
      "text": "ဤ​လူမျိုး​၏​စိတ်နှလုံး​ကို ထုံထိုင်း ​စေ​၍ သူ​တို့​၏​နား​ကို လေး​စေ​လော့​။ သူ​တို့​မျက်စိ​ကို​လည်း ကန်း​စေ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​လျက် ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​လိမ့်မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 12,
      "text": "ထာဝရဘုရား​သည် လူ​တို့​ကို​ဝေး​ရာ​သို့ နှင်ထုတ်​တော်မူ​၍ ပြည်​ထဲ​၌ စွန့်ခွာ​ထား​သော​နေရာ​များ​သာ​ကျန်ရှိ​သည့်​တိုင်အောင် ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 13,
      "text": "သပိတ်ပင်​နှင့်​ဝက်သစ်ချပင်​တို့​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ အငုတ်​သာ​ကျန်​သကဲ့သို့ ဆယ်ပုံတစ်ပုံ​သာ​ကြွင်းကျန်​သော​ထို​ပြည်​သည် ထပ်၍​ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ သန့်ရှင်း​သော​အမျိုးအနွယ်​သည် အငုတ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 1,
      "text": "ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ​၊ ယောသံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​လက်ထက်​တွင် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​၊ ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​၏​။ သို့သော် မ​အောင်​နိုင်​ခဲ့​ပေ​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 2,
      "text": "“​ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်​နှင့် မဟာမိတ်ဖွဲ့​သည်​”​ဟု ဒါဝိဒ်​အမျိုးအနွယ်​ကြားသိ​သောအခါ တော​ထဲမှ​သစ်ပင်​တို့​သည် လေတိုက်​၍​လှုပ်ခါ​သကဲ့သို့ အာခတ်​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့​၏​စိတ်နှလုံး​သည် လှုပ်ခါ​သွား​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ် ​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 4,
      "text": "‘​သတိပြု​လျက် ငြိမ်ဝပ်​စွာ​နေ​လော့​။ မီးခိုး​ထွက်​နေ​သော​ထင်းစ​နှစ်​ခု​နှင့်တူသော ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား​တို့ ပြင်းစွာ​အမျက်ထွက်​သည်​ကို မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 5,
      "text": "ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်သား​ဖြစ်​သော​ရေမလိ​၏​သား​နှင့်အတူ သင့်​ကို မကောင်း​ကြံစည်​လျက်"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 6,
      "text": "ငါ​တို့​သည် ယုဒ​ပြည်​သို့​စစ်ချီ​ပြီး ထို​ပြည်​ကို တစ်စစီ​ဖြိုခွဲ​၍ ခွဲဝေ​ယူ​ကြ​စို့​။ တဗာလ​၏​သား​ကို ထို​ပြည်​၏​ရှင်ဘုရင်​အဖြစ်​တင်မြောက်​ကြ​စို့​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 7,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ထို​အကြံ​အထ​မ​မြောက်​ရ​၊ ထိုသို့​မ​ဖြစ်​ရ​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 8,
      "text": "အကြောင်းမူကား ဆီးရီးယား​ပြည်​၏​ဦးခေါင်း​သည် ဒမတ်စကပ်​မြို့​၊ ဒမတ်စကပ်​မြို့​၏​ဦးခေါင်း​သည် ရေဇိန်​မင်းကြီး​ဖြစ်​၏​။ ဧဖရိမ်​သည် ခြောက်ဆယ့်​ငါး​နှစ်​အတွင်း လူမျိုး​တစ်​မျိုး​အဖြစ်​မှ တစ်စစီပြိုကွဲ​သွား​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 9,
      "text": "ဧဖရိမ်​ပြည်​၏​ဦးခေါင်း​သည် ရှမာရိ​မြို့​၊ ရှမာရိ​မြို့​၏​ဦးခေါင်း​သည် ရေမလိ​၏​သား​ဖြစ်​၏​။ သင်​တို့​၌ ယုံကြည်​ခြင်း​မ​ရှိ​လျှင် သင်​တို့​တည်မြဲ​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 10,
      "text": "တစ်ဖန် ထာဝရဘုရား​က အာခတ်​မင်းကြီး​အား"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 11,
      "text": "“​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ နိမိတ်လက္ခဏာ​ကို တောင်း​လော့​။ နက်​သော​မရဏာနိုင်ငံ​မှ​ဖြစ်စေ​၊ မြင့်​သော​အထက်​အရပ်​မှ​ဖြစ်စေ တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 12,
      "text": "သို့သော် အာခတ်​မင်းကြီး​က “​အကျွန်ုပ်​မ​တောင်း​ပါ​။ ထာဝရဘုရား​ကို အကျွန်ုပ်​မ​စမ်းသပ်​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 13,
      "text": "ထိုအခါ ဟေရှာယ​က “​ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နားထောင်​လော့​။ သင်​တို့​သည် လူ​တို့​ကို​စိတ်ပင်ပန်း​စေ​သည်​မှာ နည်း​သေး​၍ ငါ​၏​ဘုရားသခင်​ကို​ပါ စိတ်ပင်ပန်း​စေ​ကြ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 14,
      "text": "ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ ​ဟု​ခေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 15,
      "text": "သူ​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​ရွေးချယ်​တတ်​သည်​အထိ ထောပတ်​နှင့်​ပျားရည်​ကို​သာ စားသုံး​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 16,
      "text": "အကြောင်းမူကား ထို​သူငယ်​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​မ​ရွေးချယ်​တတ်​မီ သင်​တို့​ကြောက်ရွံ့​သော​ရှင်ဘုရင်​နှစ်​ပါး​၏​ပြည်​သည် စွန့်ပစ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 17,
      "text": "ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို သင့်​ထံသို့​လည်းကောင်း​၊ သင့်​လူမျိုး​ထံသို့​လည်းကောင်း​၊ သင့်​ဖခင်​၏​အမျိုးအနွယ်​ထံသို့​လည်းကောင်း ခေါ်ဆောင်​လာ​တော်မူ​မည်​ဖြစ်၍ ယုဒ​အမျိုး​ထံမှ ဧဖရိမ်​အမျိုး​ထွက်သွား​သော​နေ့​မှစ၍ မ​ကြုံ​ဖူး​သော​နေ့ရက်​များ​ကို သင်​တို့​ကြုံ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 18,
      "text": "ထို​နေ့ရက်​၌ ထာဝရဘုရား​သည် အီဂျစ်​ပြည်​ရှိ​နိုင်း​မြစ်​ဖျား​မှ​ယင်ကောင်​များ​ကို​လည်းကောင်း​၊ အဆီးရီးယား​ပြည်​မှ​ပျား​များ​ကို​လည်းကောင်း လေချွန်​၍​ခေါ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 19,
      "text": "ထို​အကောင်​အားလုံး​သည် လူသူကင်းမဲ့​သော​ချိုင့်ဝှမ်း​၊ ကျောက်​ကြား​၊ ဆူးချုံ​၊ စားကျက် ရှိသမျှ​တို့​၌ စွဲ​နေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 20,
      "text": "ထို​နေ့ရက်​၌ ဘုရားရှင်​သည် ယူဖရေးတီး​မြစ် ​တစ်ဖက်​မှ အဆီးရီးယား​ဘုရင်​တည်းဟူသော သင်တုန်းဓား​ကို​ငှား​၍ ခေါင်း​နှင့်​ခြေ​မွေး​ကို ရိတ်​တော်မူ​လိမ့်မည်​။ မုတ်ဆိတ်​ကို​လည်း သုတ်သင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 21,
      "text": "ထို​နေ့ရက်​၌ လူ​တစ်​ဦး​သည် နွားမတမ်း​တစ်​ကောင်​နှင့် သိုး​နှစ်​ကောင်​ကို​မွေးမြူ​လျှင်ပင်"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 22,
      "text": "နို့​များစွာ​ထွက်​သဖြင့် သူ​သည် ထောပတ်​ကို​စား​ရ​လိမ့်မည်​။ အကယ်စင်စစ် ထို​ပြည်​၌ ကြွင်းကျန်​သော​သူ​အပေါင်း​တို့​သည် ထောပတ်​နှင့်​ပျားရည်​ကို စား​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 23,
      "text": "ထို​နေ့ရက်​၌ စပျစ်ပင်​တစ်ထောင်​ပါရှိ​သော တစ်ထောင်​တန်​စပျစ်ခြံ​တိုင်း​သည် ချုံတော​၊ ဆူးတော​များ​ဖြစ်သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 24,
      "text": "မြေ​တစ်ပြင်လုံး ချုံတော​၊ ဆူးတော ဖြစ်သွား​သောကြောင့် လူ​တို့​သည် ထို​နေရာ​သို့​သွား​လျှင် လေး​၊ မြား ဆောင်​လျက် သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 25,
      "text": "ပေါက်တူး​ဖြင့်​တူးဆွ​ခဲ့​သော တောင်ယာ​ရှိသမျှ​တို့​သည် ဆူးတော​၊ ချုံတော​များ​သာ ဖြစ်သွား​သောကြောင့် ထို​နေရာ​သို့ သင်​သွားဝံ့​မည်​မ​ဟုတ်​။ ထို​နေရာ​သည် နွား​လွှတ်ရာ​၊ သိုး​များ​သွားလာ​ရာ​နေရာ ဖြစ်သွား​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​သင်​သည် ကျောက်ပြား​ကြီး​တစ်​ချပ်​ကို​ယူ​၍ ကညစ်တံ ​ဖြင့် ‘​မဟေရရှာလလဟာရှဗတ် ​’​ဟူ၍ ရေးသား​လော့​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 2,
      "text": "ယုံကြည်​ရ​သော​သက်သေ​များ​အဖြစ် ယဇ်ပုရောဟိတ်​ဥရိယ​နှင့် ယေဗရခိ​၏​သား​ဇာခရိ​တို့​ကို ငါ​ခေါ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 3,
      "text": "ထို့နောက် ငါ​သည် ပရောဖက်ကတော်​ကို​ချဉ်းကပ်​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို​မွေးဖွား​လေ​၏​။ ထာဝရဘုရား​က ငါ့​အား “​ထို​သား​၏​အမည်​ကို ‘​မဟေရရှာလလဟာရှဗတ်​’​ဟု မှည့်ခေါ်​လော့​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 4,
      "text": "အကြောင်းမူကား ထို​သူငယ်​သည် အဖေ​၊ အမေ​ဟု မ​ခေါ်​တတ်​မီ ဒမတ်စကပ်​မြို့​၏​ဥစ္စာပစ္စည်း​၊ ရှမာရိ​မြို့​၏​လုယက်ပစ္စည်း​တို့​ကို အဆီးရီးယား​ဘုရင် သိမ်းယူ​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 5,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 6,
      "text": "“​ဤ​လူမျိုး​သည် ညင်သာ​စွာ​စီးဆင်း​သော ရှိလောင်​ရေ​ကို​စွန့်ပယ်​၍ ရေဇိန်​နှင့် ရေမလိ​၏​သား​တို့​နှင့် သာယာ​နေ​သောကြောင့်"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 7,
      "text": "ကြည့်ရှု​လော့​။ ဘုရားရှင်​သည် အဆီးရီးယား​ဘုရင်​နှင့် သူ​၏​အင်အား​ရှိသမျှ​တည်းဟူသော အဟုန်ပြင်း​၍​များပြား​သော မြစ် ​ရေ​တို့​ကို သူ​တို့​ထံ​ရောက်​စေ​တော်မူ​မည်​။ မြစ်ချောင်း​၊ ကမ်းပါး​ရှိသမျှ​ကို ဖုံးလွှမ်း​လျှံတက်​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 8,
      "text": "ယုဒ​ပြည်​ထဲသို့​ဖြတ်သန်း​စီးဝင်​၍ လည်ပင်း​တိုင်အောင် လွှမ်းမိုး​သွား​မည်​။ မိမိ​၏​တောင်ပံ​များ​ကို​ဖြန့်​၍ သင့်​ပြည်​တစ်ပြည်လုံး​သို့ ရောက်​လိမ့်မည်​၊ အို ဧမာနွေလ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 9,
      "text": "အချင်း​လူမျိုး​တို့​၊ ဆိုးသွမ်း​ကြ​။ ပြိုကွဲ​ကြ​။ ဝေးလံ​သော​ပြည်​အပေါင်း​တို့​၊ စူးစိုက်​နားထောင်​ကြ​။ စစ်တိုက်​ဖို့​အသင့်ပြင်​ကြ​။ ပြိုကွဲ​ကြ​။ စစ်တိုက်​ဖို့​အသင့်ပြင်​ကြ​။ ပြိုကွဲ​ကြ​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 10,
      "text": "အကြံ​ထုတ်​ကြ​။ သို့သော် ပျက်သွား​လိမ့်မည်​။ တိုင်ပင်ဆွေးနွေး​ကြ​။ သို့သော် တည်​လိမ့်မည်​မ​ဟုတ်​။ အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 11,
      "text": "အကယ်စင်စစ် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ကို ငါ့​အပေါ်​တင်​လျက် ဤ​လူမျိုး​၏​လမ်း​သို့​မ​လိုက်​ရန် ငါ့​ကို​ပဲ့ပြင်​တော်မူ​သည်​ကား"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 12,
      "text": "“​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​ဟု ဤ​လူမျိုး​တို့​ပြောဆို​တိုင်း လျှို့ဝှက်ကြံစည်မှု​ပါ​တကား​ဟု သင်​တို့​လိုက်​မ​ပြော​ကြ​နှင့်​။ သူ​တို့​ကြောက်ရွံ့​သော​အရာ​ကို မ​ကြောက်ရွံ့​ကြ​နှင့်​။ မ​ထိတ်လန့်​ကြ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 13,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သန့်ရှင်း​သည်​ဟု သိမှတ်​ရ​မည်​။ ကိုယ်တော်​သည်​သာ သင်​တို့​ကြောက်ရွံ့​ရာ​၊ သင်​တို့​ထိတ်လန့်​ရာ ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 14,
      "text": "ကိုယ်တော်​သည် သန့်ရှင်းရာဌာန​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ သို့သော် အစ္စရေး​အမျိုးအနွယ်​နှစ်မျိုးစလုံး​အတွက် ခလုတ်တိုက်စရာ​ကျောက်​၊ ထိမိ​၍​လဲစရာ​ကျောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​အတွက် ကျော့ကွင်း​၊ ထောင်ချောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 15,
      "text": "သူ​တို့​ထဲမှ လူ​များစွာ​တို့​သည် ခလုတ်တိုက်မိ​ကြ​လိမ့်မည်​။ လဲကျ​၍ ကျိုးပဲ့​ကြ​လိမ့်မည်​။ ကျော့မိ​၍ ဖမ်းဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 16,
      "text": "အကျွန်ုပ်​၏​တပည့်​တို့​တွင် သက်သေခံ​တော်မူ​ချက်​ကို​ချည်​ထား​၍ ပညတ်တရား​ကို တံဆိပ်ခတ်​တော်မူ​ပါ​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 17,
      "text": "ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 18,
      "text": "ဇိအုန်​တောင်​၌​ကိန်းဝပ်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ပေး​တော်မူ​သော အမှတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု​တို့​မှာ ငါ​နှင့် ထာဝရဘုရား​ငါ့​အား​ပေး​တော်မူ​သော သားသမီး​တို့​ပင်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 19,
      "text": "“​တီးတိုး​ရွတ်ဆို​တတ်​သော နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​ထံ မေးမြန်း​ကြ​လော့​”​ဟု လူ​တို့​က သင်​တို့​အား​ပြောလာ​လျှင် လူ​သည် မိမိ​ဘုရားသခင်​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ အသက်ရှင်​သော​သူ​အတွက် သေ​သော​သူ​ကို မေးမြန်း​သင့်​သလော​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 20,
      "text": "ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 21,
      "text": "သူ​တို့​သည် ခက်ခဲ​ပင်ပန်း​လျက်​၊ ဆာလောင်မွတ်သိပ်​လျက် ပြည်​တစ်လျှောက်​ဖြတ်သန်း​သွား​ရ​မည်​။ ဆာလောင်​သောအခါ အမျက်ထွက်​၍ မိမိ​ဘုရင်​၊ မိမိ​ဘုရားသခင်​ကို ကျိန်ဆဲ​မည်​။ အထက်​သို့ မော့ကြည့်​လျှင်​ဖြစ်စေ​၊"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 22,
      "text": "ကမ္ဘာမြေကြီး​ကို​ကြည့်​လျှင်​ဖြစ်စေ ဆင်းရဲဒုက္ခ​နှင့် ဘေးဥပဒ်​အရိပ်​ဖြင့် မှောင်မည်း​နေ​သည်​ကို​သာ​မြင်​ရ​၍ မှောင်မိုက်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 1,
      "text": "သို့သော် ဒုက္ခဝေဒနာ​ခံစား​ခဲ့​ရ​သော​ပြည်​၌ အမှောင်​ဖုံး​တော့​မည်​မ​ဟုတ်​။ ယခင်​အချိန်​က ဇာဗုလုန်​နယ်​နှင့် နဿလိ​နယ်​ကို နှိမ့်ချ​ခဲ့​သော်လည်း နောင်တွင် ထို​နယ်​၏​ပင်လယ်​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ လူမျိုးခြား​တို့​နေရာ​ဂါလိလဲ​နယ်​တို့​ကို အသရေတင့်တယ်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 2,
      "text": "အမှောင်​ထဲ၌ လျှောက်လှမ်း​သော​လူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ပြီ​။ သေမင်းအရိပ်​လွှမ်းမိုး​သော​ပြည်​၌​နေထိုင်​သော​သူ​တို့​တွင် အလင်း​ထွန်းလင်း​ပြီ​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 3,
      "text": "ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် မိဒျန်​လူမျိုး​လက်​မှ​ကယ်တင်​ခဲ့​စဉ်က ပြု​သကဲ့သို့ သူ​ထမ်း​ရ​သော​ထမ်းပိုး​၊ သူ့​ကျော​ကို​ရိုက်​သော​တုတ်​၊ သူ့​ကို​ညှဉ်းဆဲ​သော​ကြိမ်လုံး​တို့​ကို ချိုး​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 5,
      "text": "စစ်မြေပြင်​၌​စီး​သော​စစ်သည်ဖိနပ်​၊ သွေး​လူး​သော​အဝတ်​ရှိသမျှ​တို့​သည် လောင်စာ​ဖြစ်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 6,
      "text": "အကြောင်းမူကား သူငယ်​သည် ငါ​တို့​အဖို့ ဖွားမြင်​တော်မူ​ပြီ​။ ငါ​တို့​အား သား​ကို​ပေး​တော်မူ​ပြီ​။ သူ​၏​ပခုံး​ပေါ်၌ အာဏာစက်​ရှိ​လိမ့်မည်​။ နာမ​တော်​ကို အံ့ဩဖွယ်​၊ တိုင်ပင်ဖက်​၊ တန်ခိုးကြီး​သော​ဘုရားသခင်​၊ ထာဝရ​အဖ​၊ ငြိမ်သက်​ခြင်း​အရှင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 7,
      "text": "သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း ၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 8,
      "text": "ဘုရားရှင်​သည် နှုတ်ကပတ်တော်​ကို ယာကုပ်​ထံသို့ စေလွှတ်​တော်မူ​မည်​။ အစ္စရေး​လူမျိုး​အပေါ်​သို့ သက်ရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 9,
      "text": "ဧဖရိမ်​အမျိုး​နှင့် ရှမာရိ​မြို့​၌​နေထိုင်​သော​လူ​အပေါင်း​တို့​သည် ကြားသိ​ကြ​လိမ့်မည်​။ သူ​တို့​သည် ခက်ထန်​မောက်မာ​သော​စိတ်​ဖြင့်"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 10,
      "text": "“​အုတ်​များ​ပြိုလဲ​လျှင်လည်း ထုဆစ်​ထား​သော​ကျောက်​နှင့် ပြန်တည်ဆောက်​မည်​။ သင်္ဘောသဖန်းပင်​များ​ခုတ်လှဲ​ခံရ​လျှင်လည်း သစ်ကတိုးပင်​များ​နှင့် အစားထိုး​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် ရေဇိန်​မင်းကြီး​၏​ရန်ဖက်​တို့​ကို​ချီးမြှောက်​တော်မူ​မည်​။ သူ​၏​ရန်သူ​တို့​ကို လှုံ့ဆော်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 12,
      "text": "အရှေ့ဘက်​မှ ဆီးရီးယား​လူမျိုး​၊ အနောက်ဘက်​မှ ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​ကို အငမ်းမရ​ဝါးမျို​ကြ​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 13,
      "text": "သို့သော် လူမျိုး​တော်​သည် မိမိ​အား ဒဏ်ခတ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​မ​လာ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို မ​ရှာ​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 14,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ထဲမှ ဦးခေါင်း​နှင့်​အမြီး​ကို​လည်းကောင်း​၊ စွန်ပလွံ​အကိုင်းအခက်​နှင့်​ကျူပင်​ကို​လည်းကောင်း တစ်နေ့တည်း​တွင် ခုတ်ပစ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 15,
      "text": "ဦးခေါင်း​ကား သက်ကြီးဝါကြီး​နှင့်​အသရေ​ရှိ​သော​သူ​တို့​တည်း​။ အမြီး​ကား မဟုတ်မမှန်​သွန်သင်​ပေး​သော​ပရောဖက်​တို့​တည်း​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 16,
      "text": "လမ်းပြ​ပေး​သော​ထို​သူ​တို့​သည် လူမျိုး​တော်​ကို​လမ်းလွဲ​စေ​သော​သူ​များ​ပေတည်း​။ သူ​တို့​လမ်းပြ​ရာ​နောက်သို့​လိုက်​သော​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 17,
      "text": "သူ​တို့​အားလုံး​သည် ဘုရားတရားမဲ့​သော​သူ​၊ ဆိုးညစ်​သော​သူ​တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​၏​နှုတ်​သည်​လည်း မိုက်မဲ​သော​စကား​ကို ပြောဆို​တတ်​ကြ​၏​။ ထို့ကြောင့် ဘုရားရှင်​သည် လူပျို​တို့​အပေါ် နှစ်သက်​တော်​မ​မူ​။ မိဘမဲ့​နှင့် မုဆိုးမ​တို့​ကို သနား​တော်​မ​မူ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 18,
      "text": "အကယ်စင်စစ် ဆိုးယုတ်မှု​သည် မီး​ကဲ့သို့​လောင်ကျွမ်း​တတ်​၏​။ ချုံပင်​၊ ဆူးပင်​များ​ကို​လောင်မြိုက်​လျက်​၊ တောအုပ်​ကို​စွဲလောင်​လျက် အခိုး​တလူလူ​တက်​စေ​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 19,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ပြည်​သည် မီးသင့်​၍ လူ​တို့​သည် လောင်စာ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ မည်သူမျှ မိမိ​ညီအစ်ကို​ကို မ​သနား​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 20,
      "text": "လူ​တိုင်း​မိမိ​လက်မောင်း​အသား​ကို စား​ကြ​ရ​၏​။ လက်ယာ​ဘက်​ကို ခုတ်ဖြတ်​သော်လည်း ဆာလောင်​သေး​၏​။ လက်ဝဲ​ဘက်​ကို စား​သော်လည်း မ​ဝ​ကြ​။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 21,
      "text": "မနာရှေ​အမျိုး​က ဧဖရိမ်​အမျိုး​ကို​၊ ဧဖရိမ်​အမျိုး​က မနာရှေ​အမျိုး​ကို ဝါးမျို​၏​။ သူ​တို့​အတူတကွ ယုဒ​အမျိုး​ကို ဆန့်ကျင်​ကြ​၏​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 1,
      "text": "ဆင်းရဲ​သော​သူ​တို့​၏​အမှု​ကို ရှောင်လွှဲ​ဖို့​၊ အဖိနှိပ်​ခံရ​သော ငါ​၏​လူမျိုး​တော်​၏​အခွင့်အရေး​ကို ပိတ်ပင်​ဖို့​၊ မုဆိုးမ​တို့​ကို သားကောင်​ဖြစ်စေ​ဖို့​၊ မိဘမဲ့​တို့​၏​ဥစ္စာ​ကို​လုယူ​ဖို့ မတရား​သော​ဥပဒေ​ကို ပြဋ္ဌာန်း​သော​သူ​နှင့် ကြပ်တည်း​သော​စည်းမျဉ်း​ကို​ရေးဆွဲ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 3,
      "text": "စစ်ကြောစီရင်​ရာ​နေ့​၊ ဝေး​သော​အရပ်​မှ​ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​သော​နေ့​၌ သင်​တို့​မည်သို့​ပြု​ကြ​မည်နည်း​။ မည်သူ့​ထံ​ပြေး​၍ အကူအညီ​တောင်း​ကြ​မည်နည်း​။ သင်​တို့​၏​စည်းစိမ်ဥစ္စာ​များ​ကို မည်သည့်​နေရာ​၌​ထားခဲ့​ကြ​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 4,
      "text": "အကျဉ်းသား​တို့​တွင် ဝပ်တွား​ခြင်း​၊ သတ်ဖြတ်​ခံရ​သော​သူ​တို့​တွင် လဲကျ​ခြင်း​မှတစ်ပါး အခြား​မ​ရှိ​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 5,
      "text": "အဆီးရီးယား​လူမျိုး​သည် အမင်္ဂလာ​ရှိ​၏​။ ထို​လူမျိုး​သည် ငါ့​အမျက်​တော်​ကြိမ်လုံး​ဖြစ်​၏​။ သူ​တို့​ကိုင်ဆောင်​သော​တုတ်​သည် ငါ​၏​အမျက်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 6,
      "text": "သူ့​ကို ဘုရားတရားမဲ့​သော​လူမျိုး​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​အမျက်​ထွက်​သော​လူ​တို့​တိုက်ယူ​ထား​သော​ပစ္စည်း​ကို လုယက်​သိမ်းယူ​၍ လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ သူ​တို့​ကို​နင်းချေ​ရန် ငါ​မိန့်မှာ​ထား​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 7,
      "text": "သို့သော် သူ​သည် ထိုသို့​မ​ကြံရွယ်​။ သူ​၏​စိတ်နှလုံး​သည် ထိုသို့​မ​စဉ်းစား​။ သူ​၏​စိတ်နှလုံး​ထဲ၌ လူမျိုး​များစွာ​တို့​ကို ဖျက်ဆီး​ပယ်ရှား​ရန် ကြံရွယ်​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 8,
      "text": "အကြောင်းမူကား သူ​က “​ငါ​၏​တပ်မှူး​အားလုံး​သည် ဘုရင်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 9,
      "text": "ကာလနော​မြို့​သည် ကာခေမိတ်​မြို့​ကဲ့သို့​၊ ဟာမတ်​မြို့​သည် အာပဒ်​မြို့​ကဲ့သို့​၊ ရှမာရိ​မြို့​သည် ဒမတ်စကပ်​မြို့​ကဲ့သို့ ဖြစ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 10,
      "text": "ဂျေရုဆလင်​မြို့​နှင့်​ရှမာရိ​မြို့​တို့​တွင်​ရှိ​သော​ရုပ်တုဆင်းတု​ထက် ရုပ်တု​ဆင်းတု​ပေါများ​သော​တိုင်းနိုင်ငံ​များ​သည်​ပင် ငါ့​လက်​အောက်​သို့​ရောက်​ခဲ့​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 11,
      "text": "ရှမာရိ​မြို့​နှင့်​ထို​မြို့​မှ​ရုပ်တု​များ​ကို ငါ​ပြု​သကဲ့သို့ ဂျေရုဆလင်​မြို့​နှင့်​ထို​မြို့​မှ​ရုပ်တု​များ​ကို ငါ​ပြု​မည်​မ​ဟုတ်​လော​”​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 12,
      "text": "ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော ​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 13,
      "text": "အကြောင်းမူကား ထို​ဘုရင်​က “​ငါ​၌ အသိဉာဏ်​ရှိ​၏​။ ငါ့​လက်ရုံးရည်​၊ ငါ့​ဉာဏ်ပညာ​ဖြင့် ငါ​ပြု​ပြီ​။ လူမျိုး​တို့​၏​နယ်နိမိတ်​ကို ငါ​ရွှေ့​ပြီ​။ သူ​တို့​၏​ဘဏ္ဍာ​ကို တိုက်ခိုက်လုယက်​ပြီ​။ စိုးစံ​သော​ဘုရင်​တို့​ကို စစ်သူရဲ​သဖွယ် ငါ​ဖြုတ်ချ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 14,
      "text": "ငှက်သိုက်​ကို​ရယူ​နိုင်​သကဲ့သို့ ငါ့​လက်​သည် လူမျိုး​တို့​၏​ဥစ္စာပစ္စည်း​ကို ရယူ​နိုင်​ပြီ​။ စွန့်ပစ်​ထား​သော​ငှက်ဥ​တို့​ကို ကောက်သိမ်း​သကဲ့သို့ ငါ​သည် မြေ​တစ်ပြင်လုံး​ကို ကောက်သိမ်း​ပြီ​။ တောင်ပံ​ခတ်​ခြင်း​၊ နှုတ်​ဟ​ခြင်း​၊ မြည်တွန်​ခြင်း မ​ရှိ​”​ဟု ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 15,
      "text": "ပုဆိန်​သည် သူ့​ကို​ကိုင်​သော​သူ​ထက် မိမိကိုယ်မိမိ​အမွှမ်းတင်​မည်လော​။ လွှ​သည် သူ့​ကို​အသုံးပြု​သော​သူ​ထက် မိမိကိုယ်မိမိ​ချီးမြှောက်​မည်လော​။ ကြိမ်လုံး​က ကိုင်မြှောက်​သော​သူ​ကို ပြန်​၍​လွှဲယမ်း​သကဲ့သို့​၊ တောင်ဝှေး​က သစ်သား​မ​ဟုတ်​သော​လူ​ကို ပြန်​၍​ကိုင်မြှောက်​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 16,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ထို​ဘုရင်​၏​အကြံ့ခိုင်ဆုံးစစ်သည်​တို့​ထံ ပိန်ချုံး​ခြင်း​ရောဂါ​ကို လွှတ်​တော်မူ​မည်​။ သူ​၏​ဘုန်းအသရေ​တောက်လောင်​သွား​အောင် အောက်​မှ​ရှို့​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​၏​အလင်း​သည် မီး​သဖွယ်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် မီးလျှံ​သဖွယ်​ဖြစ်​၏​။ တစ်နေ့ချင်း​တွင် ထို​ဘုရင်​၏​ဆူးပင်​၊ ချုံပင်​များ​ကို လောင်ကျွမ်း​ဝါးမျို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 18,
      "text": "တော​၏​ဘုန်းအသရေ​နှင့် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ကို အကာ ​မှ​အနှစ် ​တိုင်အောင် ဖျက်ဆီး​တော်မူ​မည်​။ ထို​ဘုရင်​သည် နေမကောင်း​သော​သူ​ကဲ့သို့ ချုံးကျ​သွား​မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 19,
      "text": "ကလေးသူငယ်​ပင် စာရင်းမှတ်​နိုင်​လောက်အောင် တော​၌​သစ်ပင်​အနည်းငယ်​သာ​ကြွင်းကျန်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 20,
      "text": "ထို​နေ့ရက်​တွင် ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​နှင့် အသက်​ဘေးလွတ်​သော​ယာကုပ်​အမျိုးအနွယ်​တို့​သည် မိမိ​တို့​အား ရိုက်နှက်​သော​သူ​ကို နောက်တစ်ဖန်​မ​ကိုးစား​တော့​ဘဲ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ကို အမှန်ပင်​ကိုးစား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 21,
      "text": "ယာကုပ်​အမျိုး​၏​အကြွင်းအကျန်​တို့​သည် တန်ခိုးကြီး​တော်မူ​သော ဘုရားသခင်​ထံ ပြန်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 22,
      "text": "အို အစ္စရေး​၊ သင်​၏​လူမျိုး​သည် ပင်လယ်​သဲပွင့်​နှင့်အမျှ​များ​သော်လည်း အကြွင်းအကျန်​သာ ပြန်လာ​ကြ​လိမ့်မည်​။ သုတ်သင်ဖျက်ဆီး​ခြင်း​ကို စီရင်​တော်မူ​ပြီ​။ ဖြောင့်မတ်​ခြင်း လွှမ်းမိုး​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 23,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ပြဋ္ဌာန်း​ထား​သော​သုတ်သင်ဖျက်ဆီး​ခြင်း​ကို မြေ​တစ်ပြင်လုံး​တွင် စီရင်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 24,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​က “​ဇိအုန်​မြို့​နေ​ငါ့​လူမျိုး​တော်​တို့​၊ အီဂျစ်​လူမျိုး​ပြု​သကဲ့သို့ သင့်​ကို ကြိမ်လုံး​နှင့်​ရိုက်နှက်​၍ သင့်​အပေါ်​တုတ်​မြှောက်​ထား​သော အဆီးရီးယား​လူမျိုး​ကို​မ​ကြောက်​နှင့်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 25,
      "text": "အကြောင်းမူကား သင်​တို့​အပေါ် ထား​သော​ငါ့​အမျက်​သည် မကြာမီ​ပြေ​လိမ့်မည်​။ ငါ​၏​အမျက်​ဒေါသ​သည် သူ​တို့​ဖက်​သို့​ရောက်​၍ သူ​တို့​ကို​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 26,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိဒျန်​လူမျိုး​တို့​ကို ဩရဘ​ကျောက်​နား၌​ဒဏ်ခတ်​သကဲ့သို့ သူ​တို့​ကို ကျာပွတ်​နှင့်​ရိုက်​တော်မူ​မည်​။ အီဂျစ်​လူမျိုး​ကို​ပြု​သကဲ့သို့ ပင်လယ်​ပေါ်တွင် တောင်ဝှေး​တော်​ကို မြှောက်​ထား​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 27,
      "text": "ထို​နေ့ရက်​၌ သူ​၏​ဝန်​ကို သင်​၏​ပခုံး​ပေါ်​မှ​လည်းကောင်း​၊ သူ​၏​ထမ်းပိုး​ကို သင်​၏​လည်ပင်း​ပေါ်​မှ​လည်းကောင်း ဖယ်ရှား​တော်မူ​မည်​။ ထမ်းပိုး​သည်​လည်း အဆီ​ကြောင့် ကျိုးသွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 28,
      "text": "သူ​သည် အာဣ​မြို့​သို့​ရောက်​လေ​ပြီ​။ မိဂရုန်​မြို့​ကို​ဖြတ်သွား​ပြီ​။ မိတ်မတ်​မြို့​၌ သူ​၏​အထုပ်အပိုး​များ​ကို ချ​ထား​ပြီ​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 29,
      "text": "သူ​တို့​သည် တောင်ကြားလမ်း​ကို​ဖြတ်​၍ ဂေဗ​မြို့​၌ စခန်းချ​ကြ​၏​။ ရာမ​မြို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ရှိ​၏​။ ရှောလု​မင်းကြီး​စံမြန်း​ရာ ဂိဗာ​မြို့​သည် ထွက်ပြေး​ပြီ​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 30,
      "text": "အို ဂလ္လိမ်​မြို့​သမီးပျို​၊ ကြွေးကြော်​လော့​။ အို လဲရှ​မြို့​၊ အာရုံစိုက်​နားထောင်​လော့​။ အို အာနသုတ်​မြို့​၊ သနားစရာ​ကောင်း​လှ​ပါတကား​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 31,
      "text": "မာဒမေန​မြို့​သည် ထွက်ပြေး​ပြီ​။ ဂေဗိပ်​မြို့သား​တို့​သည် လုံခြုံ​ရာ​သို့​ပြေး​ပြီ​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 32,
      "text": "ယနေ့​တွင် နောဗ​မြို့​၌​ရပ်နား​ကြ​၏​။ ဇိအုန်​သမီး​၏​တောင်​ဖြစ်​သော ဂျေရုဆလင်​တောင်ကုန်း​ကို လက်သီး​ထောင်ပြ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 33,
      "text": "ကြည့်ရှု​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် အကိုင်း​တို့​ကို ကြမ်းတမ်း​စွာ​ချိုင်​တော်မူ​မည်​။ မြင့်​သော​အပင်​တို့​ကို ခုတ်ဖြတ်​၍ ကြီးမား​သော​အပင်​တို့​ကို လှဲချ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 34,
      "text": "တောအုပ်​ကို ပုဆိန်​နှင့်​ခုတ်ပစ်​တော်မူ​မည်​။ လက်ဘနွန်​တောင်​သည် အားကြီး​သော​သူ​ကြောင့် ပြိုလဲ​သွား​မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 1,
      "text": "ယေရှဲ​၏​အငုတ်​မှ အတက်​ထွက်လာ​မည်​။ သူ​၏​အမြစ်​မှ​အကိုင်း​သည် အသီး​သီး​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 2,
      "text": "ထာဝရဘုရား​၏​ဝိညာဉ်​တော်​ဖြစ်​သည့် ဉာဏ်ပညာ​နှင့်​အသိဉာဏ်​ကို ပေး​သော​ဝိညာဉ်​၊ အကြံဉာဏ်​နှင့်​အစွမ်းတန်ခိုး​ကို ပေး​သော​ဝိညာဉ်​၊ အသိပညာ​နှင့်​ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို ပေး​သော​ဝိညာဉ်​သည် သူ့​အပေါ်​တွင် ကိန်းဝပ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 3,
      "text": "သူ​သည် ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​၌ မွေ့လျော်​၍ မိမိ​မျက်စိ​မြင်​သည့်​အတိုင်း​မ​စီရင်​၊ နား​ကြား​သည့်​အတိုင်း မ​ဆုံးဖြတ်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 4,
      "text": "ဆင်းရဲ​သော​သူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​မည်​။ နိမ့်ကျ​သော​မြေကြီးသား​တို့​အတွက် တရားမျှတ​စွာ​ဆုံးဖြတ်​မည်​။ မြေကြီး​ကို သူ​၏​နှုတ်​ကြိမ်လုံး​ဖြင့် ရိုက်နှက်​၍ ဆိုးယုတ်​သော​သူ​တို့​ကို နှုတ်ထွက်​လေ​ဖြင့် ကွပ်မျက်​မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 5,
      "text": "ဖြောင့်မတ်​ခြင်း​သည် သူ​၏​ခါးပန်း​၊ သစ္စာတရား​သည် သူ​၏​ခါးစည်း​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 6,
      "text": "ဝံပုလွေ​သည် သိုးသငယ်​နှင့်အတူ​နေထိုင်​၍ ကျားသစ်​သည် ဆိတ်သငယ်​နှင့်အတူ​လဲလျောင်း​လိမ့်မည်​။ နွားသငယ်​၊ ခြင်္သေ့ပျို​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​တို့​သည် အတူ​နေ​ကြ​၍ ကလေး​သူငယ်​သည် ထို​အကောင်​တို့​ကို ထိန်းကျောင်း​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 7,
      "text": "နွားမ​နှင့်​ဝက်ဝံမ​သည် အတူတူ​အစာ​စား​ကြ​၍ သူ​တို့​၏​သားငယ်​များ​သည် အတူတူ​လဲလျောင်း​ကြ​လိမ့်မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို စား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 8,
      "text": "နို့စို့ကလေးငယ်​သည် မြွေဟောက်​တွင်း​ပေါ်၌ ကစား​လိမ့်မည်​။ နို့ပြတ်​သော​ကလေးငယ်​သည်​လည်း မြွေပွေး​တွင်း​ထဲသို့ လက်​ကို​ထည့်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 9,
      "text": "ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​။ အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့်​ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​ကို သိကျွမ်း​ခြင်း​နှင့်​ပြည့်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 10,
      "text": "ထို​နေ့ရက်​၌ ယေရှဲ​၏​အမြစ်​သည် လူ​တို့​အတွက် အောင်လံ​သဖွယ်​ရပ်တည်​လိမ့်မည်​။ လူမျိုး​တို့​သည် သူ့​ကို မေးမြန်း​စူးစမ်း​ကြ​လိမ့်မည်​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဘုန်းအသရေ​ရှိ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 11,
      "text": "ထို​နေ့ရက်​၌ ဘုရားရှင်​သည် အဆီးရီးယား​ပြည်​၊ အီဂျစ်​ပြည်​၊ ပါသရု​ပြည်​၊ အီသီယိုးပီးယား​ပြည်​၊ ဧလံ​ပြည်​၊ ရှိနာ​ပြည်​၊ ဟာမတ်​ပြည်​နှင့် ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​မှ ကြွင်းကျန်​နေ​သော မိမိ​၏​လူမျိုး​တော်​တို့​ကို ပြန်သိမ်းယူ​ရန် ဒုတိယအကြိမ် လက်​ကို​ဆန့်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 12,
      "text": "လူမျိုး​အပေါင်း​တို့​အတွက် အချက်ပြအလံ​လွှင့်ထူ​တော်မူ​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်​စုဝေး​စေ​တော်မူ​မည်​။ ကွဲလွင့်​နေ​သော​ယုဒ​အမျိုး​တို့​ကို မြေကြီး​အရပ်​လေး​မျက်နှာ​မှ ခေါ်ယူစုစည်း​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 13,
      "text": "ဧဖရိမ်​အမျိုး​၏​မနာလိုဝန်တိုစိတ်​သည် ပျောက်သွား​မည်​။ ယုဒ​အမျိုး​အား ရန်ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။ ဧဖရိမ်​အမျိုး​သည် ယုဒ​အမျိုး​ကို မနာလို​မ​ဖြစ်​။ ယုဒ​အမျိုး​သည်​လည်း ဧဖရိမ်​အမျိုး​ကို ရန်​မ​ပြု​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 14,
      "text": "သူ​တို့​သည် အနောက်​အရပ်​ရှိ​ဖိလိတ္တိ​လူမျိုး​တို့​ကို အနောက်​မှ​တိုက်ခိုက်​လိမ့်မည်​။ အရှေ့​ပြည်သား​တို့​ကို​လည်း အတူတကွ လုယူ​လိမ့်မည်​။ မိမိ​တို့​လက်​ကို ဧဒုံ​ပြည်​၊ မောဘ​ပြည်​ပေါ်သို့ ရောက်​စေ​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် သူ​တို့​၏​လက်အောက်ခံ​ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 15,
      "text": "ထာဝရဘုရား​သည် အီဂျစ်​ပင်လယ်​ကွေ့ ​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ ယူဖရေးတီး ​မြစ်​အပေါ်​ကို​လည်း ပြင်းထန်​သော​လေ ​နှင့်အတူ လက်​တော်​ကို​ဝှေ့ယမ်း​တော်မူ​၍ ထို​မြစ်​ကို ချောင်း​ခုနစ်​သွယ်​ဖြစ်​အောင်​ရိုက်​တော်မူ​သဖြင့် လူ​တို့​သည် ဖိနပ်​စီး​လျက် ဖြတ်သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 16,
      "text": "အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​၌ သူ​တို့​အတွက် လမ်းမကြီး​ဖြစ်​ခဲ့​သကဲ့သို့ အဆီးရီးယား​ပြည်​မှ အသက်ရှင်​ကျန်ရစ်​သော​လူမျိုး​တော်​အတွက် လမ်းမကြီး​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 1,
      "text": "ထို​နေ့ရက်​၌ သင်​က “​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အမျက်ထွက်​တော်မူ​သော်လည်း အမျက်​တော်​ပြေ​၍ အကျွန်ုပ်​ကို​နှစ်သိမ့်​တော်မူ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 2,
      "text": "ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 3,
      "text": "သင်​တို့​သည် ကယ်တင်​ခြင်း​စမ်းရေတွင်း​များ​မှ​ရေ​ကို ဝမ်းမြောက်​စွာ ခပ်ယူ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 4,
      "text": "ထို​နေ့ရက်​၌ သင်​တို့​က “​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ ကိုယ်တော်​ပြု​သော​အမှု​တော်​တို့​ကို လူမျိုး​တို့​အလယ်​၌ ဖော်ပြ​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​မြင့်မြတ်​တော်မူ​ကြောင်း​ကို ထုတ်ဖော်​ပြောဆို​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 5,
      "text": "ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​၏​။ ဤ​အမှု​ကို မြေကြီး​တစ်ပြင်လုံး သိ​စေ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 6,
      "text": "အို ဇိအုန်​မြို့သား​တို့​၊ ကြွေးကြော်​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမူကား သင်​တို့​တွင် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 1,
      "text": "ဘေဘီလုံ​မြို့​နှင့်​ပတ်သက်၍ အာမုတ်​၏​သား ဟေရှာယ​မြင်​ရ​သော​ဗျာဒိတ်​တော်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 2,
      "text": "တောင်​ကတုံး​ပေါ်၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ သူ​တို့​ထံ အသံ​ကို​လွှင့်​ကြ​။ လက်​ကို​ဝှေ့ယမ်း​ကြ​။ ထိုအခါ မင်းအရာရှိ​တံခါး​တို့​မှ သူ​တို့​ဝင်လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 3,
      "text": "ငါ​၏​သန့်ရှင်း​သူ​တို့​ကို ငါ​မိန့်မှာ​ထား​ပြီ​။ ငါ့​အမျက်​တော်​အတိုင်း​လုပ်ဆောင်​ရန် ငါ​ဂုဏ်ယူဝင့်ကြွား​ရာ​စစ်သူရဲ​များ​ကို ငါ​ဆင့်ခေါ်​ပြီ​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 4,
      "text": "လူအုပ်​ကြီး​မှ​ထွက်​သော​အသံ​ကဲ့သို့ တောင်​ပေါ်မှ ဆူဆူညံညံ​အသံ​၊ တိုင်းနိုင်ငံ​တို့​မှ လူမျိုး​တို့ အတူတကွ​စုဝေး​၍ အုတ်အုတ်ကျက်ကျက်​ဖြစ်​သော​အသံ​ပါတကား​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်ပွဲ​အတွက် စစ်သည်​အလုံးအရင်း​ကို ခင်းကျင်း​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 5,
      "text": "ထာဝရဘုရား​နှင့် အမျက်​တော်​လက်နက်​သည် မြေ​တစ်ပြင်လုံး​ကို​ဖျက်ဆီး​ရန် ကောင်းကင်​အစွန်း​၊ ဝေးလံ​သော​အရပ်​မှ လာ​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 6,
      "text": "ညည်းတွားငိုကြွေး​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ရောက်​လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံမှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 7,
      "text": "ထို့ကြောင့် လူ​တိုင်း လက်​အားယုတ်​လိမ့်မည်​။ လူ​တိုင်း စိတ်ပျက်အားလျော့​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 8,
      "text": "ထိတ်လန့်​လိမ့်မည်​။ ပြင်းထန်​သော​ဝေဒနာ​၊ မချိတင်ကဲဝေဒနာ​သည် သူ​တို့​ကို ဆုပ်ကိုင်​ထား​လိမ့်မည်​။ သားဖွား​သော​မိန်းမ​ကဲ့သို့ လူးလွန့်​ရ​လိမ့်မည်​။ တစ်ယောက်​ကို​တစ်ယောက် အံ့အားသင့်​လိမ့်မည်​။ သူ​တို့​မျက်နှာ​သည် မီးလျှံ​ကဲ့သို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 9,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ပြင်းထန်​သော​အမျက်​ဒေါသ​ဖြင့် ရက်စက်ကြမ်းတမ်း​စွာ​လာ​နေ​ပြီ​။ ကမ္ဘာမြေကြီး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မြေပြင်​ပေါ်မှ​အပြစ်သား​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 10,
      "text": "ကောင်းကင်​ကြယ်​၊ ကောင်းကင်ကြယ်စု​တို့​သည် အလင်း​ကို​မ​ပေး​။ နေ​ထွက်​ချိန်​၌ မှောင်မည်း​နေ​မည်​။ လ​သည်​လည်း အလင်း​ကို​မ​ပေး​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 11,
      "text": "ဆိုးညစ်​သော​ကမ္ဘာကြီး​၊ ဆိုးယုတ်​သော​ဒုစရိုက်သမား​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ မာနထောင်လွှား​သော​သူ​တို့​၏​မာန​ကို ငါ​ချုပ်ငြိမ်း​စေ​မည်​။ ကြမ်းကြုတ်​သော​သူ​တို့​၏​မာန​ကို ငါ​ချိုး​ပစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 12,
      "text": "လူ​ကို ရွှေစင်​ထက်​၊ လူသား​ကို ဩဖိရ​ရွှေ​ထက် ငါ​ရှားပါး​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 13,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​သော​နေ့ရက်​၌ မိုးကောင်းကင်​ကို ငါ​လှုပ်ခတ်​စေ​မည်​။ မြေကြီး​သည်​လည်း မိမိ​နေရာ​မှ ရွေ့သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 14,
      "text": "လူ​အသီးသီး​တို့​သည် အမဲလိုက်​ခံရ​သော​ဒရယ်​ကဲ့သို့​၊ စုစည်းပေး​မည့်​သူ​မ​ရှိ​သော​သိုး​ကဲ့သို့ ဖြစ်​လိမ့်မည်​။ မိမိ​လူမျိုး​ထံ ပြန်လှည့်​၍ မိမိ​ပြည်​သို့ ပြန်ပြေး​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 15,
      "text": "တွေ့ရှိ​ဖမ်းမိ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​သည် ဓား​ဖြင့်​သတ်ဖြတ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 16,
      "text": "သူ​တို့​ကလေးငယ်​များ​သည် သူ​တို့​မျက်စိ​ရှေ့​တွင် ကိုင်ပေါက်​ခံရ​လိမ့်မည်​။ သူ​တို့​အိမ်​သည် တိုက်ခိုက်လုယက်​ခံရ​၍ သူ​တို့​မယား​သည်​လည်း အဓမ္မပြုကျင့်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 17,
      "text": "ကြည့်ရှု​လော့​။ ငွေ​ကို​ပဓာန​မ​ထား​၊ ရွှေ​ကို​မ​နှစ်သက်​သော မေဒိ​လူမျိုး​တို့​ကို ငါ​လှုံ့ဆော်​မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 18,
      "text": "သူ​တို့​သည် လူငယ်​တို့​ကို လေး​ဖြင့်​ဖြိုခွင်း​ကြ​လိမ့်မည်​။ ရင်သွေးငယ် ​တို့​ကို မ​သနား​။ ကလေးငယ်​တို့​အပေါ် ညှာတာ​သော​အကြည့်​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 19,
      "text": "တိုင်းနိုင်ငံ​တို့​၏​ဂုဏ်သရေ​၊ ခါလဒဲ​လူမျိုး​တို့​ဂုဏ်ယူ​ဝါကြွား​ရာ​ဖြစ်​သော ဘေဘီလုံ​မြို့​သည် ဘုရားသခင်​ဖြိုဖျက်​ခဲ့​သော သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​ကဲ့သို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 20,
      "text": "ထို​မြို့​၌ မျိုးဆက်အဆက်ဆက် ကာလ​အစဉ် မည်သူမျှ​မှီတင်း​နေထိုင်​မည်​မ​ဟုတ်​။ ထို​မြို့​၌ အာရပ်​လူမျိုး​တစ်ယောက်မျှ တဲဆောက်​မည်​မ​ဟုတ်​။ သိုးထိန်း​တစ်ယောက်မျှ သိုး​တို့​ကို​ထိန်းကျောင်း​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 21,
      "text": "ကန္တာရ​သတ္တဝါ​တို့​သည် ထို​မြို့​၌ ကျက်စား​ကြ​လိမ့်မည်​။ သူ​တို့​၏​အိမ်​များ​သည် အူ​တတ်​သော​တိရစ္ဆာန်​များ​နှင့်​ပြည့်​လိမ့်မည်​။ ထို​မြို့​၌ ငှက်ကုလားအုတ် ​များ နေ​ကြ​၍ တောဆိတ်​များ ခုန်ပေါက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 22,
      "text": "တောခွေး​တို့​သည် ထို​မြို့​၏​ခံတပ်​တို့​၌​လည်းကောင်း​၊ ခွေးအ​တို့​သည် ဇိမ်ခံ​ရာ​နန်းတော်​တို့​၌​လည်းကောင်း အူ​ကြ​လိမ့်မည်​။ ထိုသို့ ထို​မြို့​၏​အချိန်​သည် မကြာမီ​ရောက်လာ​မည်​။ ထို​မြို့​တည်​ရ​မည့်​နေ့ရက် ကြာရှည်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 1,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို​သနား​တော်မူ​မည်​။ အစ္စရေး​လူမျိုး​ကို နောက်တစ်ဖန်​ရွေးချယ်​တော်မူ​မည်​။ သူ​တို့​ပြည်​၌ သူ​တို့​ကို​နေရာချ​တော်မူ​မည်​။ တိုင်းတစ်ပါးသား​တို့​သည် သူ​တို့​နှင့်​ပူးပေါင်း​မည်​။ ယာကုပ်​အမျိုး​နှင့် ပေါင်းဖော်​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 2,
      "text": "လူမျိုးခြား​တို့​သည် သူ​တို့​ကို​ခေါ်​၍ သူ​တို့​၏​နေရပ်​သို့ ပို့ဆောင်​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် ထို​လူမျိုးခြား​တို့​ကို ထာဝရဘုရား​၏​ပြည်​တော်​၌ ကျွန်ယောက်ျား​နှင့်​ကျွန်မိန်းမ​များ​အဖြစ် ပိုင်ဆိုင်​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ခဲ့​သော​သူ​တို့​အား ပြန်​၍​ဖမ်းဆီးခေါ်ဆောင်​လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​တို့​အား အုပ်စိုး​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 3,
      "text": "ထို​နေ့ရက်​၌ ထာဝရဘုရား​သည် သင်​၏​ဝမ်းနည်းပူဆွေး​ခြင်း​၊ ဆင်းရဲဒုက္ခ​၊ အလုပ်​ကြမ်း​လုပ်​ရ​ခြင်း​တို့​မှ သင့်​အား​လွတ်ငြိမ်းချမ်းသာ​ခွင့်​ကို​ပေး​တော်မူ​၍"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 4,
      "text": "သင်​သည် ဘေဘီလုံ​ဘုရင်​အား “​ညှဉ်းဆဲ​တတ်​သော​သူ​သည် အဆုံးသတ်​လေ​ပြီ​တကား​။ သူ​၏​ဒေါသမီး​သည်​လည်း ချုပ်ငြိမ်း​လေ​ပြီ​တကား​”​ဟု ပြောင်လှောင်​သော​စကား​ကို​ဆို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 5,
      "text": "လူ​တို့​ကို ဒေါသ​ဖြင့် တစ်ချိန်လုံး​ရိုက်နှက်​၍ တိုင်းနိုင်ငံ​တို့​ကို မငဲ့မညှာ​နှိပ်စက်​လျက် အမျက်​နှင့်​အုပ်စိုး​သောကြောင့် ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​၏​တုတ်​၊ အုပ်စိုး​သူ​မင်း​တို့​၏​ရာဇလှံတံ​ကို ချိုး​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 7,
      "text": "ကမ္ဘာမြေ​တစ်ခွင်လုံး ငြိမ်းချမ်း​သာယာ​သွား​၍ လူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 8,
      "text": "ထင်းရှူးပင်​၊ လက်ဘနွန်​တောင်​ရှိ​သစ်ကတိုးပင်​တို့​ပင်လျှင် သင့်​အဖြစ်​ကြောင့် ဝမ်းမြောက်​ကြ​၏​။ “​သင်​အိပ်ပျော်​သွား​သော​အချိန်​မှစ၍ ငါ​တို့​ကို​ခုတ်လှဲ​မည့်​သူ မ​တက်လာ​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 9,
      "text": "သင်​ရောက်လာ​မည်​ဖြစ်၍ အောက်​အရပ်​ရှိ​မရဏာနိုင်ငံ​သည် စိတ်လှုပ်ရှား​စွာ​ဖြင့်​ကြိုဆို​နေ​၏​။ သေလွန်​ပြီး​သော ကမ္ဘာမြေကြီး​၏​ခေါင်းဆောင်​အပေါင်း​တို့​ကို လှုံ့ဆော်​၏​။ တိုင်းနိုင်ငံ​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​ကို ရာဇပလ္လင်​မှ​ထ​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 10,
      "text": "ထို​သူ​အပေါင်း​တို့​က “​သင်​သည်​လည်း ငါ​တို့​ကဲ့သို့​အားနည်း​ပါ​သည်​တကား​၊ ငါ​တို့​နှင့်​တူ​ပါ​ပြီ​တကား​”​ဟု တုံ့ပြန်​ပြောဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 11,
      "text": "သင်​၏​ဘုန်းတန်ခိုး​၊ သင်​၏​စောင်း​သံ​သည် မရဏာနိုင်ငံ​သို့​ဆင်းသွား​ပြီ​။ လောက်ကောင်​များ​သည် သင့်​အောက်​၌​ပြန့်​နေ​၍ ပိုးကောင်​များ​သည် သင့်​ကို​ဖုံးလွှမ်း​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 12,
      "text": "အို နံနက်​သား​၊ မိုးသောက်ကြယ်​၊ သင်​သည် ကောင်းကင်​မှ ကျ​လေ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​ကို အောင်နိုင်​သော​သင်​သည် မြေ​သို့​တိုင်​ခုတ်လှဲ​ခြင်း​ခံရ​လေ​ပြီ​တကား​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 13,
      "text": "သင်​က “​ကောင်းကင်​သို့​ငါ​တက်​မည်​။ ဘုရားသခင်​၏​ကြယ်​တို့​အထက်​၌ ငါ့​ပလ္လင်​ကို​ငါ​တည်​မည်​။ မြောက်ဘက်​စွန်း ​ရှိ တွေ့ဆုံစည်းဝေးရာ​တောင်​ပေါ်မှာ ငါ​ထိုင်​မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 14,
      "text": "မြင့်ရာအရပ်​ရှိ​တိမ်တိုက်​များ​အထက်​သို့ ငါ​တက်​မည်​။ အမြင့်ဆုံး​သော​ဘုရား​ကဲ့သို့ ငါ့ကိုယ်ငါ ဖြစ်စေ​မည်​”​ဟု သင့်​စိတ်​ထဲ၌​ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 15,
      "text": "သို့သော် သင်​သည် မရဏာနိုင်ငံ​၊ တွင်း​၏​အနက်ဆုံး​နေရာ​သို့ ကျသွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 16,
      "text": "သင့်​ကို​တွေ့​သော​သူ​တို့​သည် သင့်​ကို​စိုက်ကြည့်​ပြီးလျှင် “​ကမ္ဘာမြေကြီး​ကို​လှုပ်ခတ်​စေ​သော​သူ​၊ တိုင်းနိုင်ငံ​များ​ကို တုန်လှုပ်​စေ​သော​သူ​၊"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 17,
      "text": "ကမ္ဘာကြီး​ကို တောကန္တာရ​ကဲ့သို့​ဖြစ်စေ​သော​သူ​၊ မြို့​များ​ကို​ဖြိုဖျက်​သော​သူ​၊ အချုပ်​ခံရ​သော​သူ​တို့​ကို အိမ်​သို့​ပြန်ခွင့်​မ​ပေး​သော​သူ​ကား ဤ​သူ​လော​”​ဟု တွေးဆ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 18,
      "text": "တိုင်းနိုင်ငံ​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​သည် မိမိ​တို့​၏​ဂူဗိမာန်​အသီးသီး​၌ ဘုန်းအသရေ​ရှိရှိ​လဲလျောင်း​ကြ​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 19,
      "text": "သင်​မူကား သင်​၏​သင်္ချိုင်းဂူ​နှင့်​ဝေး​ရာ​၌ ဆွေးမြည့်​သော​သစ်ကိုင်း​ကဲ့သို့ လွှင့်ပစ်​ခြင်း​ခံရ​၏​။ အသတ်​ခံရ​သော​သူ​၊ ဓား​ထိုး​ခံရ​သော​သူ​၊ ကျောက်​တွင်း​ထဲသို့​ကျ​သော​သူ​တို့​၏​အသေကောင်​များ​ဖြင့် ဖုံးအုပ်​ခြင်း​ခံရ​လျက် အနင်း​ခံရ​သော အလောင်းကောင်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 20,
      "text": "သင်​သည် မိမိ​ပြည်​ကို​ဖျက်ဆီး​၍ မိမိ​လူမျိုး​ကို​သတ်ဖြတ်​သောကြောင့် သူ​တို့​နှင့်အတူ​ရော​၍​သင်္ဂြိုဟ်​ခြင်း​မ​ခံရ​။ ဆိုးညစ်​သော​သူ​တို့​၏​သားစဉ်မြေးဆက်​အကြောင်း​ကို မည်သည့်​အခါ​မျှ ထုတ်ဖော်​ပြောဆို​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 21,
      "text": "ဘိုးဘေး​တို့​၏​ဒုစရိုက်​ကြောင့် သားမြေး​တို့​အား​ကွပ်မျက်​မည့်​နေရာ​ကို ပြင်ဆင်​ကြ​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် ထ​၍​ကမ္ဘာမြေ​ကို​သိမ်းယူ​ကြ​လိမ့်မည်​။ ကမ္ဘာ​မြေပြင်​ကို မြို့​များ​နှင့်​ပြည့်​စေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 22,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို ထ​၍​ဆန့်ကျင်​မည်​။ ဘေဘီလုံ​ဟူသော​အမည်နာမ​မှစ၍ ကြွင်းကျန်​သော​သူ​များ​၊ သားသမီး​နှင့် သားမြေးအစဉ်အဆက်​တို့​ကို ငါ​ပယ်ရှား​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 23,
      "text": "တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် ထို​မြို့​ကို ဖြူကောင် ​နေရာ​အရပ်​၊ ရေအိုင်ထွန်း​ရာ​အရပ်​ဖြစ်စေ​မည်​။ ဖျက်ဆီး​ခြင်း​တံမြက်စည်း​ဖြင့် လှည်းကျင်း​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 24,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​ကြံရွယ်​သည့်​အတိုင်း ဖြစ်လာ​မည်​။ ငါ​ကြံစည်​သည့်​အတိုင်း ဖြစ်ပျက်​မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 25,
      "text": "အဆီးရီးယား​လူမျိုး​ကို ငါ့​ပြည်​တွင် ချိုးဖဲ့​မည်​။ ငါ့​တောင်​များ​ပေါ်တွင် ငါ​နင်းချေ​မည်​။ သူ​၏​ထမ်းပိုး​ကို အစ္စရေး​လူမျိုး​တို့​အပေါ်​မှ ဖယ်ရှား​မည်​။ သူ​၏​ဝန်​ကို အစ္စရေး​လူမျိုး​တို့​၏​ပခုံး​ပေါ်​မှ​ဖယ်ရှား​မည်​”​ဟု ကျိန်ဆို​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 26,
      "text": "ဤသည်ကား ကမ္ဘာမြေ​တစ်ခွင်လုံး​အတွက် ကြံစည်​ထား​သော​အကြံအစည်​တော်​ဖြစ်​၏​။ ဤသည်ကား တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် ဆန့်​သော​လက်​တော်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 27,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ကြံစည်​တော်မူ​သည်​ကို မည်သူ​ဖျက်​မည်နည်း​။ ဆန့်ထား​လျက်​ရှိ​သော​လက်​တော်​ကို မည်သူ​ပြန်ရုပ်သိမ်း​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 28,
      "text": "အာခတ်​မင်းကြီး အနိစ္စရောက်​သော​နှစ်​တွင် ဤ​ဗျာဒိတ်​တော် ရောက်လာ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 29,
      "text": "ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ သင့်​ကို ရိုက်​သော​ကြိမ်လုံး​ကျိုး​သောကြောင့် ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား မြွေ​အမျိုး​ထဲက မြွေပွေး​ပေါက်လာ​လိမ့်မည်​။ သူ​၏​သားပေါက်​သည်​လည်း ပျံသန်း​တတ်​သော​မီးမြွေ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 30,
      "text": "ဆင်းရဲ​သော​သူ​တို့​၏​သားဦး​တို့​သည် ကျွေးမွေး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ နွမ်းပါး​သော​သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်​ရ​ကြ​လိမ့်မည်​။ သို့သော် သင်​၏​အမြစ်​ကို ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် ငါ​သေ​စေ​မည်​။ သင်​၏​အကြွင်းအကျန်​သည်​လည်း သတ်ဖြတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 31,
      "text": "အို မြို့​တံခါး​၊ ညည်းတွားငိုကြွေး​လော့​။ အို မြို့​၊ အော်ဟစ်​လော့​။ မြောက်အရပ်​မှ​မီးခိုး​ထွက်လာ​၏​။ စစ်သည်​အလုံးအရင်း​တွင် တစ်ယောက်တည်း​ကွဲထွက်​သွား​သော​သူ​မ​ရှိ​။ ထို့ကြောင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 32,
      "text": "တိုင်းနိုင်ငံ​၏​သံတမန်​တို့​ကို မည်သို့​ပြန်ပြော​ရ​မည်နည်း​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို​တည်​တော်မူ​ပြီ​။ ထို​မြို့​၌ အဖိနှိပ်​ခံရ​သော​လူမျိုး​တော်​တို့ ခိုလှုံ​ကြ​လိမ့်မည်​ဟု ပြန်ပြော​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 1,
      "text": "မောဘ​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ မောဘ​ပြည်​၊ အာရ​မြို့​သည် ညတွင်းချင်း​ဖျက်ဆီး​ခြင်း​ခံရ​သဖြင့် ပျက်စီး​လေ​ပြီ​။ မောဘ​ပြည်​၊ ကိရ​မြို့​သည် ညတွင်းချင်း​ဖျက်ဆီး​ခြင်း​ခံရ​သဖြင့် ပျက်စီး​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 2,
      "text": "မောဘ​ပြည်သား​တို့​သည် မြင့်ရာအရပ်​ရှိ အိမ်​တော်​သို့​၊ ဒိဘုန်​မြို့​သို့ တက်သွား​၍ ငိုကြွေး​ကြ​ပြီ​။ နေဗော​မြို့​၊ မေဒဘ​မြို့​အတွက် ညည်းတွားငိုကြွေး​ကြ​ပြီ​။ သူ​တို့​အားလုံး ခေါင်းတုံးတုံး​ကြ​၏​။ မုတ်ဆိတ်​ရိတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 3,
      "text": "ပြည်သား​ရှိသမျှ​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​၍ လမ်း​များ​၊ ခေါင်မိုးပြင်​များ​၊ လူစည်ကား​ရာ​အရပ်​များ​၌ ညည်းတွားငိုကြွေး​၍ မျက်ရည်ချောင်းစီး​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 4,
      "text": "ဟေရှဘုန်​မြို့​၊ ဧလာလေ​မြို့​တို့​သည်​လည်း အော်ဟစ်​ကြ​၏​။ သူ​တို့​၏​အသံ​ကို ယာဟတ်​မြို့​တိုင်အောင်​ကြား​ရ​သဖြင့် မောဘ​စစ်သည်​တို့​ပါ စိတ်​တုန်လှုပ်​ချောက်ချား​၍ အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 5,
      "text": "ငါ့​စိတ်နှလုံး​သည် မောဘ​ပြည်​အတွက် အော်ဟစ်​၏​။ ထို​ပြည်​မှ​ထွက်ပြေး​သော​သူ​တို့​သည် ဇောရ​မြို့​၊ ဧဂလတ်ရှလိရှ​မြို့​အထိ ပြေး​ကြ​၏​။ လုဟိတ်​မြို့​သို့​တက်သွား​သောအခါ ငိုကြွေး​လျက်​တက်သွား​ကြ​၏​။ ပျက်စီး​ခြင်း​ကြောင့် ဟောရနိမ်​မြို့​သို့​သွား​ရာ​လမ်း​၌ အသံ​ကို​လွှင့်​၍ အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 6,
      "text": "နိမရိမ်​မြို့​၏​ရေ​တို့​သည် ခန်းခြောက်​၍ မြက်ပင်​သည် ညှိုးနွမ်း​လေ​၏​။ မြက်နု​တို့​လည်း​မ​ရှိ​။ စိမ်းလန်း​သော​အပင်​လည်း မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 7,
      "text": "ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​သိုမှီး​ထား​သော​ဥစ္စာ​နှင့် သိုလှောင်​ထား​သော​အရာ​များ​ကို မိုးမခပင်​ပေါက်​ရာ​ချောင်း​တစ်ဖက်ကမ်း​သို့ သယ်ဆောင်​သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 8,
      "text": "အော်ဟစ်သံ​သည် မောဘ​ပြည်​နယ်စပ်​အထိ​ရောက်​လေ​၏​။ မြည်တမ်းသံ​သည် ဧဂလိမ်​မြို့​၊ ဗေရဧလိမ်​မြို့​တိုင်အောင် ရောက်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 9,
      "text": "ဒိမုန်​မြို့​၏​ရေ​တို့​သည် သွေး​နှင့်​ပြည့်​လေ​ပြီ​။ ထိုမျှမက မောဘ​ပြည်​မှ​လွတ်မြောက်​လာ​သော​သူ​၊ ပြည်​၌​ကြွင်းကျန်​သော​သူ​တို့​ထံ ခြင်္သေ့​ကို​လွှတ်​ခြင်း​ဖြင့် ဒိမုန်​မြို့​ကို ဘေး​ထပ်​ရောက်​စေ​ဦး​မည်​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 1,
      "text": "ပြည်​ကို​အုပ်စိုး​သော​မင်း​ထံ သိုးသငယ်​ကို ပို့​လိုက်​လော့​။ တောကန္တာရ​ကို​ဖြတ်​၍ သေလ​မြို့​မှ ဇိအုန်​သမီး​၏​တောင်​ပေါ်သို့ ပို့​လိုက်​လော့​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 2,
      "text": "အသိုက်​အဖျက်​ခံရ​၍ ထွက်ပြေး​သော​ငှက်​များ​ကဲ့သို့ မောဘ​သမီး​တို့​သည် အာနုန်​မြစ်​ဆိပ်​၌ ရောက်​နေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 3,
      "text": "သူ​တို့​က “​အကြံဉာဏ်​ပေး​ပါ​။ ဆုံးဖြတ်​ပေး​ပါ​။ မွန်းတည့်​ချိန်​မှာ သင့်​အရိပ်​ကို​ည​ကဲ့သို့ ဖြစ်စေ​ပါ​။ နှင်ထုတ်​ခံရ​သော​သူ​တို့​ကို ဝှက်ထား​ပါ​။ ထွက်ပြေး​သော​သူ​တို့​ကို မ​ဖော်ထုတ်​ပါ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 4,
      "text": "မောဘ​ပြည်​မှ​နှင်ထုတ်​ခံရ​သော​သူ​တို့​သည် သင်​နှင့်အတူ​နေထိုင်​ကြ​ပါစေ​။ သူ​တို့​ကို ဖျက်ဆီး​သော​သူ​၏​ရှေ့​မှ ကာကွယ်​ပေး​ပါ​”​ဟု ဆို​ကြ​၏​။ ဖိနှိပ်သောသူ​မ​ရှိ​တော့​ပြီ​။ ဖျက်ဆီး​ခြင်း​လည်း ရပ်သွား​ပြီ​။ နင်းချေ​တတ်​သော​သူ​သည် မြေကြီး​ပေါ်မှ​ပျောက်ကွယ်​သွား​ပြီ​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 5,
      "text": "ရာဇပလ္လင်​သည် မေတ္တာကရုဏာ​တော်​အားဖြင့် တည်​လိမ့်မည်​။ ဒါဝိဒ်​မင်းကြီး​၏​တဲ​တော်​ရှိ ထို​ပလ္လင်​ပေါ်၌ သစ္စာရှိ​သော​သူ​သည် ထိုင်​တော်မူ​လျက် တရားစီရင်​မည်​။ တရားမျှတ​ခြင်း​ကို​ရှာဖွေ​မည်​။ ဖြောင့်မတ်​ခြင်း​၌ စိတ်အားထက်သန်​မည်​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 6,
      "text": "မောဘ​၏​မာန​ကို ငါ​တို့​ကြားသိ​၏​။ အလွန်​ကြီး​သော​မာန​ဖြစ်​၏​။ သူ​၏​မာန်မာနကြီး​ခြင်း​၊ သူ​၏​ထောင်လွှား​ခြင်း​၊ သူ​၏​ဒေါသ​တို့​သည် ဘာမျှ​မ​ဟုတ်​။ ဝါကြွား​ခြင်း​သာ ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 7,
      "text": "ထို့ကြောင့် မောဘ​ပြည်သား​သည် မောဘ​ပြည်​ကြောင့် ညည်းတွားငိုကြွေး​ကြ​ရ​မည်​။ လူ​တိုင်း ညည်းတွားငိုကြွေး​ကြ​ရ​မည်​။ သင်​တို့​သည် ကိရဟရက်​မြို့​မှ စပျစ်ခြောက်မုန့်​များ​ကြောင့် ညည်းတွား​ကြ​ရ​မည်​။ အမှန်ပင် ပူဆွေးသောက​ရောက်​ကြ​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 8,
      "text": "စိဗမာ​၏​အကောင်းဆုံး​စပျစ်ပင်​များ​သည် ယာဇာ​မြို့​တိုင်အောင်​ရောက်​၍ တောကန္တာရ​အထိ​ပြန့်ပွား​သွား​ပြီး အခက်အလက်​တို့​သည် ဆန့်ထွက်​လျက် ပင်လယ်​ကို​ကျော်လွန်​သွား​၏​။ ထို​စပျစ်ပင်​များ​ကို တိုင်းနိုင်ငံ​တို့​၏​အရှင်သခင်​တို့​သည် ချိုး​ကြ​၏​။ ဟေရှဘုန်​လယ်ပြင်​များ​၊ စိဗမာ​စပျစ်ပင်​များ​သည် ညှိုးနွမ်းခြောက်သွေ့​ကြ​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 9,
      "text": "ထို့ကြောင့် ယာဇာ​မြို့​အတွက် ငိုကြွေး​သကဲ့သို့ စိဗမာ​စပျစ်ပင်​အတွက်​လည်း ငါ​ငိုကြွေး​၏​။ အို ဟေရှဘုန်​မြို့​၊ အို ဧလာလေ​မြို့​၊ သင့်​ကို ငါ့​မျက်ရည်​ဖြင့် ရွှဲရွှဲစို​စေ​မည်​။ အကြောင်းမူကား သင်​၏​နွေရာသီသီးနှံ​အတွက်​၊ သင်​၏​သီးနှံရိတ်သိမ်း​ခြင်း​အတွက် ကြွေးကြော်​သံ ငြိမ်း​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 10,
      "text": "သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်ခြံ​၌ ရွှင်လန်း​စွာ​သီချင်းဆို​ခြင်း​မ​ရှိ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​လည်း​မ​ရှိ​။ စပျစ်သီးနယ်ရာကျင်း​၌ စပျစ်သီး​နင်းနယ်​သော​သူ​မ​ရှိ​။ ကြွေးကြော်​သံ​ကို ငါ​ရပ်စဲ​စေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 11,
      "text": "ထို့ကြောင့် ငါ့​စိတ်​သည် မောဘ​ပြည်​အတွက်​၊ ငါ့​အသည်းနှလုံး​သည် ကိရဟရက်​မြို့​အတွက် စောင်း​သံ​ကဲ့သို့ မြည်တမ်း​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 12,
      "text": "မောဘ​ပြည်သား​တို့​သည် မြင့်ရာအရပ်​၌ ဖူးမြော်​ကြ​သော်လည်း​၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံ​ကြ​သော်လည်း​၊ သူ​တို့​၏​ဗိမာန်​သို့​သွား​၍ ဆုတောင်း​ကြ​သော်လည်း အောင်နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 13,
      "text": "ဤသည်ကား ထို​အချိန်အခါ​က မောဘ​ပြည်​နှင့်​ပတ်သက်၍ ထာဝရဘုရား မိန့်မြွက်​ခဲ့​သော​စကား​တော်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 14,
      "text": "တစ်ဖန် ထာဝရဘုရား​က “​သူရင်းငှား​၏​နှစ်ကာလ​အရ သုံး​နှစ်​အတွင်း မောဘ​ပြည်​၏​ဘုန်းအသရေ​သည် လူထု​ကြီး​နှင့်အတူ ရှုတ်ချ​ခြင်း​ခံရ​မည်​။ လူ​အနည်းငယ်​သာ​ကြွင်းကျန်​၍ အားနည်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 1,
      "text": "ဒမတ်စကပ်​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ “​ကြည့်ရှု​လော့​။ ဒမတ်စကပ်​မြို့​သည် မြို့​အဖြစ်​ရှိ​နေ​တော့​မည်​မ​ဟုတ်​။ ယိုယွင်းပျက်စီးရာ​အစုအပုံ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 2,
      "text": "အာရော်​မြို့ရွာ​များ​သည် စွန့်ပစ်​ခြင်း​ခံရ​၍ တိရစ္ဆာန်အုပ်​တို့​နေစရာ​ဖြစ်​လိမ့်မည်​။ တိရစ္ဆာန်​တို့​သည် ခြောက်လှန့်​မည့်​သူ​မ​ရှိ​ဘဲ ထို​နေရာ​တွင် အိပ်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 3,
      "text": "ဧဖရိမ်​ပြည်​၌ ခံတပ်​ရှိ​တော့​မည်​မ​ဟုတ်​။ ဒမတ်စကပ်​မြို့​၌​လည်း အုပ်စိုးသူမင်း ရှိ​တော့​မည်​မ​ဟုတ်​။ ကြွင်းကျန်​သော​ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​၏​ဘုန်းအသရေ​ကဲ့သို့​ဖြစ်​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 4,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ယာကုပ်​အမျိုး​၏​ဘုန်းအသရေ​သည် မှေးမှိန်​သွား​လိမ့်မည်​။ ဝဖြိုး​သော​ကိုယ်ခန္ဓာ​သည်​လည်း ပိန်ချုံး​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 5,
      "text": "ရိတ်သိမ်းသူ​သည် စပါးပင်​ကို​စု​၍ မိမိ​လက်ရုံး​အားဖြင့် ရိတ်သိမ်း​သကဲ့သို့​လည်းကောင်း​၊ ရေဖိမ်​ချိုင့်ဝှမ်း​၌ စပါးနှံ​များ​ကို ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 6,
      "text": "သံလွင်သီး​ကို​ရိုက်ခြွေ​သောအခါ အပင်​ထိပ်ဖျား​၌ သံလွင်သီး​နှစ်​လုံး​သုံး​လုံး​၊ အသီး​များ​သော အခက်အလက်​တို့​၌ လေး​ငါး​လုံး ကောက်သင်းကောက်​ရန်​ကြွင်းကျန်​သကဲ့သို့ ကြွင်းကျန်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 7,
      "text": "ထို​နေ့ရက်​၌ လူ​သည် မိမိ​၏​ဖန်ဆင်းရှင်​ကို မျှော်ကြည့်​၍ သူ​၏​မျက်စိ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို ဖူးမြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 8,
      "text": "မိမိ​လက်​နှင့်​လုပ်​သော ယဇ်ပလ္လင်​တို့​ကို မျှော်ကြည့်​မည်​မ​ဟုတ်​။ မိမိ​လက်ချောင်း​နှင့်​လုပ်​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖူးမြင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 9,
      "text": "ထို​နေ့ရက်​၌ သူ​၏​ခိုင်ခံ့​သော​မြို့​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် သူ​တို့​စွန့်ပစ်​ခဲ့​သော​တော​၊ သူ​တို့​စွန့်ပစ်​ခဲ့​သော​တောင်ထိပ်​ကဲ့သို့ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 10,
      "text": "သင်​သည် သင့်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို မေ့လျော့​၍ သင်​၏​မှီခို​ရာ​ကျောက်ဆောင်​ကို မ​အောက်မေ့​။ ထို့ကြောင့် နှစ်သက်​ဖွယ်​သော​အပင်​တို့​ကို​စိုက်ပျိုး​လိမ့်မည်​။ တစ်ပါးအမျိုးသား​၏​စပျစ်ကိုင်း​ကို စိုက်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 11,
      "text": "သင်​စိုက်ပျိုး​သော​နေ့​၌​ပင် အပင်​ကြီးထွားအောင် ​၊ သင်​မျိုးစေ့​ချ​သော​နံနက်​၌​ပင် ဖူးပွင့်​အောင် ပြု​သော်လည်း မ​ပျောက်​နိုင်​သော​ဝေဒနာဆိုး ကျရောက်​သော​နေ့ရက်​၌ ရိတ်သိမ်း​ခြင်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 12,
      "text": "အလို​၊ လူမျိုး​များစွာ​တို့​၏​မြည်ဟိန်းသံ​ပါ​တကား​။ သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟိန်း​သကဲ့သို့ မြည်ဟိန်း​ကြ​၏​။ အလို​၊ လူ​တို့​၏​မြည်ဟည်းသံ​ပါ​တကား​။ သူ​တို့​သည် ရေလုံးကြီး​၏​မြည်ဟည်းသံ​ကဲ့သို့ မြည်ဟည်း​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 13,
      "text": "လူ​တို့​သည် ရေလုံးကြီး​တို့​၏​မြည်ဟည်းသံ​ကဲ့သို့ မြည်ဟည်း​ကြ​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​တော်မူ​သောအခါ အဝေး​သို့​ထွက်ပြေး​ကြ​ရ​လိမ့်မည်​။ တောင်​ပေါ်မှ​ဖွဲ​ကို လေ​တိုက်​သကဲ့သို့​၊ ဖုန်မှုန့်​ကို လေပွေ​တိုက်​၍ လုံးထွေး​လိမ့်ပါ​သွား​သကဲ့သို့ အလိုက်​ခံရ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 14,
      "text": "ကြည့်ရှု​လော့​။ နေဝင်​ချိန်​၌ ထိတ်လန့်ဖွယ်ဘေး​ရောက်လာ​သောကြောင့် နံနက်​ရောက်သော် သူ​တို့​မ​ရှိ​တော့​ချေ​။ ဤသည်ကား ငါ​တို့​ကို တိုက်ခိုက်လုယက်​ခဲ့​သော​သူ​တို့​၏​ဝေစု​၊ ငါ​တို့​ကို သိမ်းပိုက်​ခဲ့​သော​သူ​တို့​၏​ပေါက်မဲ ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 1,
      "text": "အီသီယိုးပီးယား​မြစ်​များ​တစ်ဖက်​ရှိ တောင်ပံ​သံ​တဝီဝီမြည်​သော​ပြည်​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 2,
      "text": "ထို​ပြည်​သည် ပင်လယ်​လမ်း​ဖြင့်​လည်းကောင်း​၊ ရေပြင်​ပေါ်တွင် ကျူရိုး​လှေ​များ​ဖြင့်​လည်းကောင်း သံတမန်​တို့​ကို စေလွှတ်​သော​ပြည်​ဖြစ်​၏​။ အို လျင်မြန်​သော​စေတမန်​တို့​၊ အရပ်ရှည်​၍​အသားအရေ​ချောမွတ်​သော​လူမျိုး​၊ အနီး​အဝေး​ရှိ​လူ​တို့​ကြောက်ရွံ့​ရ​သော​လူမျိုး​၊ မြစ်​များ​ဖြာထွက်​သော​ပြည်​၌​နေ​သည့် ခွန်အားကြီး​၍ နိုင်ထက်စီးနင်း​ပြု​တတ်​သော​လူမျိုး​ထံသို့ သွား​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 3,
      "text": "လောကသား​အပေါင်း​တို့​၊ မြေကြီးသား​အပေါင်း​တို့​၊ တောင်​များ​ပေါ်တွင် အချက်ပြအလံ​ကို​လွှင့်ထူ​သောအခါ သင်​တို့​ကြည့်​ကြ​လော့​။ တံပိုး​ကို​မှုတ်​သောအခါ သင်​တို့ နားထောင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 4,
      "text": "ထာဝရဘုရား​က “​ငါ​သည် တောက်ပ​သော​နေ​အပူရှိန်​ကဲ့သို့​၊ ပူပြင်း​သော​ရိတ်သိမ်း​ချိန်​၌ ကျ​သော​နှင်း​ထု​ကဲ့သို့ ငါ​ကိန်းဝပ်​ရာ​အရပ်​မှ တိတ်ဆိတ်​စွာ ငါ​ကြည့်ရှု​မည်​”​ဟု ငါ့​အား ထိုသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 5,
      "text": "စပျစ်ပင်​သည် အပွင့်​ပွင့်​ပြီး အပွင့်​မှ ရင့်မှည့်​သော​စပျစ်သီး​သီး​လာ​၍ ဆွတ်ခူး​ချိန်​မရောက်မီမှာ​ပင် အညွန့်​များ​ကို တံစဉ်​ဖြင့်​ဖြတ်​၍ အခက်အလက်​များ​ကို​လည်း ခုတ်ဖြတ်​ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 6,
      "text": "သူ​တို့​အားလုံး​ကို တောင်​ပေါ်မှာ​နေ​သော အသားစားငှက်​၊ မြေကြီး​ပေါ်မှာ​နေ​သော တိရစ္ဆာန်​တို့​အတွက် စွန့်ပစ်​ထား​မည်​။ အသားစားငှက်​တို့​သည် နွေကာလ​တစ်လျှောက်လုံး​၊ မြေကြီး​တိရစ္ဆာန်​အပေါင်း​တို့​သည် ဆောင်းကာလ​တစ်လျှောက်လုံး အသေကောင်​ကို စား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 7,
      "text": "ထို​အချိန်​တွင် အရပ်ရှည်​၍​အသားအရေ​ချောမွတ်​သော​လူမျိုး​၊ အနီး​အဝေး​ရှိ​လူ​တို့​ကြောက်ရွံ့​ရ​သော​လူမျိုး​၊ မြစ်​များ​ဖြာထွက်​သော​ပြည်​၌​နေ​သည့် ခွန်အားကြီး​၍ နိုင်ထက်စီးနင်း​ပြု​တတ်​သော​လူမျိုး​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အတွက် လက်ဆောင်ပဏ္ဏာ​ကို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဇိအုန်​တောင်​သို့ ယူဆောင်​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 1,
      "text": "အီဂျစ်​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် လျင်မြန်​သော​တိမ်တိုက်​ကို​စီး​၍ အီဂျစ်​ပြည်​သို့ ကြွလာ​တော်မူ​၏​။ အီဂျစ်​ပြည်​၏​ရုပ်တု​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ လှုပ်ခါ​ကြ​၍ အီဂျစ်​ပြည်သား​တို့​သည် စိတ်ပျက်အားလျော့​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 2,
      "text": "“​ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို အချင်းချင်း​ဆန့်ကျင်​ရန် လှုံ့ဆော်​၍ သူ​တို့​သည် ညီအစ်ကို​အချင်းချင်း​၊ အိမ်နီးချင်း​အချင်းချင်း​၊ မြို့​အချင်းချင်း​၊ နိုင်ငံ​အချင်းချင်း ဆန့်ကျင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 3,
      "text": "အီဂျစ်​ပြည်သား​တို့​သည် စိတ်ပျက်​ကြ​လိမ့်မည်​။ သူ​တို့​၏​အကြံအစည်​ကို​လည်း ငါ​ဖျက်ဆီး​မည်​။ ထိုအခါ သူ​တို့​သည် ရုပ်တု​၊ နတ်​၊ နတ်ဝင်သည်​၊ နတ်ထိန်း​တို့​ထံ မေးမြန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 4,
      "text": "အီဂျစ်​ပြည်သား​တို့​ကို ကြမ်းကြုတ်​သော​သခင်​တို့​၏​လက်​သို့ ငါ​အပ်​မည်​။ ခက်ထန်​သော​ဘုရင်​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 5,
      "text": "ပင်လယ်​ရေ​တို့​သည် ကုန်ခန်း​သွား​လိမ့်မည်​။ မြစ်ရေ​သည် ခန်း​ခြောက်​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 6,
      "text": "မြစ်​များ​နံဟောင်​၍ အီဂျစ်​ပြည်​၏​မြစ်ချောင်း​များ​သည် တိမ်ကော​ခန်းခြောက်​သွား​လိမ့်မည်​။ ကျူပင်​၊ ကိုင်းပင်​တို့​သည်​လည်း ညှိုးနွမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 7,
      "text": "နိုင်း​မြစ်​ဝ​ရှိ အပင်​များ​နှင့် နိုင်း​မြစ်​ဘေး​ရှိ စိုက်ခင်း​ရှိသမျှ​သည်​လည်း ဘာမျှ​မ​ကျန်​၊ ခြောက်သွေ့​လွင့်ပျောက်​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 8,
      "text": "တံငါသည်​တို့​သည် ညည်းတွား​ကြ​၍ နိုင်း​မြစ်​၌​ငါးမျှား​သော​သူ​အားလုံး ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ရေပြင်​ပေါ်၌ ပိုက်​ချ​သော​သူ​တို့​သည်​လည်း အားလျော့​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 9,
      "text": "ဗီသွာလျှော်​ငင်​သော​သူ​များ​၊ အဖြူရောင်​ပိတ်ချော​ရက်လုပ်​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 10,
      "text": "အီဂျစ်​ပြည်​၏​ရက်ကန်းသည်​တို့​သည် စိတ်ဓာတ်ကျ​၍ အလုပ်သမား​အပေါင်း​တို့​သည် စိတ်ပျက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 11,
      "text": "အကယ်စင်စစ် ဇောန​မြို့​၏​အကြီးအကဲ​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ဖာရော​မင်းကြီး​၏​ပညာရှိ​သော အတိုင်ပင်ခံအမတ်​တို့​သည် မိုက်မဲ​သော​အကြံဉာဏ်​ကို​ပေး​ကြ​၏​။ ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ပညာရှိ​တို့​၏​အမျိုး​၊ ရှေး​ဘုရင်​တို့​၏​အမျိုး ဖြစ်​ပါ​သည်​”​ဟု မည်သို့​လျှောက်ဆို​နိုင်​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 12,
      "text": "သင်​၏​ပညာရှိ​တို့​သည် အဘယ်မှာ​နည်း​။ သူ​တို့​သည် အီဂျစ်​ပြည်​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ကြံစည်​တော်မူ​သော​အရာ​ကို သင့်​အား ပြောပြ​ကြ​ပါစေ​။ ဖော်ပြ​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 13,
      "text": "ဇောန​မြို့​၏​အကြီးအကဲ​တို့​သည် မိုက်မဲ​ကြ​ပြီ​။ မင်ဖစ်​မြို့​၏​အကြီးအကဲ​တို့​သည် လှည့်စား​ကြ​ပြီ​။ အီဂျစ်​ပြည်​၏​ခေါင်းဆောင်​တို့​သည် ပြည်သူပြည်သား​တို့​ကို လမ်းလွဲ​စေ​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 14,
      "text": "ထာဝရဘုရား​သည် အီဂျစ်​ပြည်​ထဲ​သို့ ရှုပ်ထွေး​သော​သဘော​ကို သွင်း​တော်မူ​သဖြင့် ယစ်မူး​သူ​သည် မိမိ​အန်ဖတ်​ပေါ်မှာ ဒယီးဒယိုင်​ဖြစ်​နေ​သကဲ့သို့ သူ​တို့​သည် အီဂျစ်​ပြည်​၏​အမှုကိစ္စ​ရှိသမျှ​တို့​ကို လမ်းလွဲ​စေ​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 15,
      "text": "ဦးခေါင်း​ဖြစ်စေ​၊ အမြီး​ဖြစ်စေ​၊ စွန်ပလွံကိုင်း​ဖြစ်စေ​၊ ကျူပင်​ဖြစ်စေ အီဂျစ်​ပြည်​အတွက် လုပ်ဆောင်​ပေး​နိုင်​သော​အရာ​တစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 16,
      "text": "ထို​နေ့ရက်​၌ အီဂျစ်​ပြည်သား​တို့​သည် မိန်းမ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လက်​တော်​ကို ဝှေ့​တော်မူ​သောကြောင့် သူ​တို့​သည် ထိတ်လန့်​တုန်လှုပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 17,
      "text": "အီဂျစ်​ပြည်​ကို​ဆန့်ကျင်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား အကြံအစည်​တော်​ကြောင့် အီဂျစ်​ပြည်​သည် ယုဒ​ပြည်​ကို ကြောက်​လိမ့်မည်​။ ယုဒ​ပြည်​ဟု​ပြောရုံ​မျှ​နှင့် လူတိုင်း ကြောက်ရွံ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 18,
      "text": "ထို​နေ့ရက်​တွင် အီဂျစ်​ပြည်​၌ ခါနာန်​ဘာသာစကား​ပြော​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အား တိုင်တည်ကျိန်ဆို​သော​မြို့ ငါး​မြို့​ရှိ​လိမ့်မည်​။ တစ်​မြို့​ကို ပျက်စီး​ခြင်း​မြို့ ​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 19,
      "text": "ထို​နေ့ရက်​တွင် အီဂျစ်​ပြည်​အလယ်​၌ ထာဝရဘုရား​အတွက် ယဇ်ပလ္လင်​တစ်​ခု​ရှိ​လိမ့်မည်​။ ထို​ပြည်​၏​နယ်စပ်​၌ ထာဝရဘုရား​အတွက် ကျောက်တိုင်​တစ်​တိုင်​ရှိ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 20,
      "text": "ထို​ကျောက်တိုင်​သည် အီဂျစ်​ပြည်​တွင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အမှတ်လက္ခဏာ​သဖွယ်​၊ သက်သေ​သဖွယ် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ညှဉ်းဆဲ​ခြင်း​ခံရ​သောကြောင့် ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​သောအခါ ကိုယ်တော်​သည် ကယ်တင်​ပေး​သူ​၊ ကာကွယ်​ပေး​သူ​ကို သူ​တို့​ထံ​စေလွှတ်​တော်မူ​၍ သူ​တို့​ကို ကယ်တင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 21,
      "text": "ထာဝရဘုရား​သည် အီဂျစ်​ပြည်သား​တို့​အား မိမိ​ကို​သိ​စေ​တော်မူ​သဖြင့် ထို​နေ့ရက်​၌ အီဂျစ်​ပြည်သား​တို့​သည် ထာဝရဘုရား​ကို​သိလာ​ကြ​ပြီး ယဇ်​နှင့်​ပူဇော်သက္ကာ​တို့​ဖြင့် ဝတ်ပြု​ကြ​လိမ့်မည်​။ ထာဝရဘုရား​အား ကတိသစ္စာ​ပြု​၍ ပြည့်စုံ​စေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 22,
      "text": "ထာဝရဘုရား​သည် အီဂျစ်​ပြည်​ကို​ဒဏ်ခတ်​တော်မူ​မည်​။ ဒဏ်ခတ်​ပြီးမှ ဒဏ်ရာ​ကို​ပျောက်ကင်း​စေ​တော်မူ​မည်​။ သူ​တို့​သည် ထာဝရဘုရား​ထံ ပြန်လာ​ကြ​မည်​။ ကိုယ်တော်​သည် သူ​တို့​၏​ဆုတောင်း​သံ​ကို နားညောင်း​၍ သူ​တို့​ဒဏ်ရာ​ကို ပျောက်ကင်း​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 23,
      "text": "ထို​နေ့ရက်​၌ အီဂျစ်​ပြည်​မှ အဆီးရီးယား​ပြည်​သို့ လမ်းမကြီး​ပေါက်​လိမ့်မည်​။ အဆီးရီးယား​ပြည်သား​တို့​သည် အီဂျစ်​ပြည်​သို့​လည်းကောင်း​၊ အီဂျစ်​ပြည်သား​တို့​သည် အဆီးရီးယား​ပြည်​သို့​လည်းကောင်း သွားလာ​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်သား​တို့​သည် အဆီးရီးယား​ပြည်သား​တို့​နှင့်အတူ ဝတ်ပြု​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 24,
      "text": "ထို​နေ့ရက်​၌ အစ္စရေး​ပြည်​သည် အီဂျစ်​ပြည်​၊ အဆီးရီးယား​ပြည်​တို့​နှင့်အတူ တတိယ​မြောက်​ပြည်​အဖြစ်​ပူးပေါင်း​၍ ကမ္ဘာမြေကြီး​အလယ်​၌ ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 25,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​၏​လူ​ဖြစ်​သော​အီဂျစ်​လူမျိုး​၊ ငါ့​လက်​ဖြင့်​ပုံဖော်ဖန်ဆင်း​ထား​သူ​ဖြစ်​သော​အဆီးရီးယား​လူမျိုး​၊ ငါ့​အမွေဥစ္စာ​ဖြစ်​သော​အစ္စရေး​လူမျိုး​တို့​၌ မင်္ဂလာရှိ​ကြ​စေ​သတည်း​”​ဟု သူ​တို့​ကို ကောင်းချီးပေး​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 1,
      "text": "အဆီးရီးယား​ဘုရင်​သာဂုန်​မင်းကြီး​စေလွှတ်​သော တာတန် ​သည် အာဇုတ်​မြို့​သို့​လာ​ပြီး အာဇုတ်​မြို့​ကို​တိုက်ခိုက်​သိမ်းပိုက်​သော ထို​နှစ်​၊"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 2,
      "text": "ထို​အချိန်​တွင် ထာဝရဘုရား​သည် အာမုတ်​၏​သား ဟေရှာယ​အား “​သင့်​ခါး​မှ​လျှော်တေအဝတ်​နှင့် သင့်​ခြေ​မှ​ဖိနပ်​ကို သွား​၍​ချွတ်ပစ်​လော့​”​ဟု မိန့်​တော်မူ​ရာ သူ​သည် ထိုအတိုင်း​ပြု​၍ အဝတ်မပါ​၊ ဖိနပ်မပါ​ဘဲ သွားလာ​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 3,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ငါ​၏​အစေအပါး ဟေရှာယ​သည် အီဂျစ်​ပြည်​၊ အီသီယိုးပီးယား​ပြည်​တို့​နှင့်ဆိုင်သော နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​ရာ​အဖြစ် အဝတ်မပါ​၊ ဖိနပ်မပါ​ဘဲ သုံး​နှစ်​ပတ်လုံး​သွားလာ​သကဲ့သို့"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 4,
      "text": "အဆီးရီးယား​ဘုရင်​သည် အီဂျစ်​ပြည်​သုံ့ပန်း​များ​နှင့် အီသီယိုးပီးယား​ပြည်​မှ​ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သူ လူကြီး​လူငယ်​တို့​ကို အဝတ်မပါ​၊ ဖိနပ်မပါ​၊ တင်ပါး​ကို​လည်း​မဖုံး​စေ​ဘဲ ခေါ်ဆောင်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​၏​အရှက်ရစရာ​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 5,
      "text": "သူ​တို့​အားထား​သော အီသီယိုးပီးယား​ပြည်​ကြောင့်​၊ သူ​တို့​ဂုဏ်ယူ​သော အီဂျစ်​ပြည်​ကြောင့် ကြောက်လန့်​အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 6,
      "text": "ထို​နေ့ရက်​၌ ဤ​ကမ်းရိုးတန်း​တွင် နေထိုင်​သော​သူ​တို့​က ‘​ကြည့်​ပါ​လော့​။ ငါ​တို့​အားထားရာ​ပြည်​၊ ငါ​တို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ​ကယ်နုတ်​ရန် ငါ​တို့​ပြေး​၍​အကူအညီ​တောင်း​ခဲ့​သော​ပြည်​သည် ဤသို့​ဖြစ်​ပါ​သည်​တကား​။ ငါ​တို့​မည်သို့​လွတ်မြောက်​နိုင်​ကြ​ပါ​မည်နည်း​’​ဟူ၍ ဆို​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 1,
      "text": "ပင်လယ်​နား​ရှိ​တောကန္တာရ​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ နေဂေ့​အရပ်​၌​တိုက်ခတ်​သော​လေပွေ​ကဲ့သို့ ဘေး​သည် တောကန္တာရ​၊ ကြောက်မက်​ဖွယ်​ပြည်​မှ​လာ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 2,
      "text": "“သစ္စာမဲ့​သော​သူ​သည် သစ္စာမဲ့​လျက်​နေ​၏​။ ဖျက်ဆီး​သော​သူ​သည်​လည်း ဖျက်ဆီး​လျက်​နေ​၏​။ ဧလံ​ပြည်သား​တို့​၊ တက်သွား​ကြ​လော့​။ မေဒိ​ပြည်သား​တို့​၊ ဝိုင်း​ထား​ကြ​လော့​။ ညည်းတွား​ခြင်း​ရှိသမျှ​ကို ငါ​အဆုံးသတ်​စေ​မည်”​ဟူသော ကြောက်မက်ဖွယ်​နိမိတ်​ကို ငါ​အား​ဖော်ပြ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 3,
      "text": "ထို့ကြောင့် ငါ့​ခါး​သည် အလွန်​နာ​၏​။ ငါ​ခံရ​သော​ဝေဒနာ​သည် သားဖွားမိန်းမ​ခံရ​သော​ဝေဒနာ​ကဲ့သို့ ဖြစ်​၏​။ ငါ​ကြား​ရ​သော​အရာ​ကြောင့် စိတ်ရှုပ်ထွေး​၏​။ မြင်​ရ​သော​အရာ​ကြောင့် ထိတ်လန့်​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 4,
      "text": "ငါ​သည် စိတ်​ချောက်ချား​၍ ကြောက်စိတ်​ကြောင့် တုန်လှုပ်​လျက်​ရှိ​၏​။ ငါ​နှစ်သက်​ခဲ့​သော​ညနေဆည်းဆာ​သည် ငါ့​အတွက် ကြောက်စရာ​ဖြစ်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 5,
      "text": "စားပွဲ​ပြင်ဆင်​ကြ​၏​။ ကော်ဇော​ခင်း​ကြ​၏ ​။ သောက်​စား​ကြ​၏​။ အို မှူးမတ်​တို့​၊ ထ​ကြ​လော့​။ ဒိုင်းလွှား​များ​ကို​ဆီ​လူး​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 6,
      "text": "အကြောင်းမူကား ဘုရားရှင်​က “​သွား​လော့​။ ကင်းစောင့်​ကို​ချ​ထား​လော့​။ သူ​မြင်​သော​အရာ​ကို ပြော​စေ​လော့​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 7,
      "text": "သူ​သည် မြင်း​ကို​အတွဲလိုက်​စီးလာသူ​၊ မြည်း​စီးလာသူ​၊ ကုလားအုတ်​စီးလာသူ​တို့​ကို မြင်​သောအခါ သတိရှိရှိ စောင့်ကြည့်​စေ​လော့​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 8,
      "text": "ကင်းစောင့်​က “​သခင်​၊ အကျွန်ုပ်​သည် နေ့အချိန်​၌ ကင်းမျှော်စင်​ပေါ်တွင် တစ်နေ့လုံး​ရပ်​နေ​ပါ​၏​။ ညတိုင်း အကျွန်ုပ်​တာဝန်ကျ​ရာ​နေရာ​၌ ရပ်​နေ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 9,
      "text": "ယခု မြင်း​အတွဲလိုက်​စီးလာသူ​ကို တွေ့​ရ​ပါ​၏​”​ဟု ခြင်္သေ့​ကဲ့သို့ ဟစ်ကြော်​လေ​၏​။ ထို့နောက် “​ပြိုလဲ​ပြီ​။ ဘေဘီလုံ​မြို့ ပြိုလဲ​ပြီ​။ သူ​၏​ဘုရား​ရုပ်တုဆင်းတု​ရှိသမျှ​တို့​သည်​လည်း မြေကြီး​ပေါ်သို့ ကျိုးပဲ့ကျ​ကြ​ပြီ​” ​ဟု ဆို​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 10,
      "text": "အနင်းနယ်​ခံရ​သော တလင်းပြင်​မှ​ငါ့​လူ​တို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ​တော်​မှ ငါ​ကြား​ရ​သည့်​အရာ​ကို သင်​တို့​အား ငါ​ပြောကြား​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 11,
      "text": "ဒုမာ​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ “​အို ကင်းစောင့်​၊ ညအချိန် မည်သို့​ဖြစ်​သနည်း​။ အို ကင်းစောင့်​၊ ညအချိန် မည်သို့​ဖြစ်​သနည်း​”​ဟု စိရ​တောင်​ပေါ်မှ​နေ​၍ ငါ့​ကို​ဟစ်ခေါ်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 12,
      "text": "ကင်းစောင့်​က “​နံနက်​ရောက်လာ​ပါ​၏​။ ည​လည်း​ရောက်လာ​ပါ​၏​။ မေးမြန်း​လို​လျှင် မေးမြန်း​ကြ​ပါ​လော့​။ ပြန်လာ​ကြ​လော့​။ ပြန်လာ​ကြ​လော့​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 13,
      "text": "အာရေဗျ​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ ဒေဒန်​လူမျိုး​ခရီးသွားသူ​တို့​၊ သင်​တို့​သည် အာရေဗျ​တော​၌ ညအိပ်နား​ကြ​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 14,
      "text": "တေမ​ပြည်​၌​နေထိုင်​သော​သူ​တို့​၊ ရေငတ်​သော​သူ​ကို ရေ​ယူလာ​၍​ကြိုဆို​လော့​။ ထွက်ပြေး​လာ​သော​သူ​ကို မုန့်​နှင့်​ဆီးကြို​လော့​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 15,
      "text": "အကယ်စင်စစ် သူ​တို့​သည် ဓားအိမ်​မှ​ဆွဲထုတ်​ထား​သော​ဓား​၊ တင်​ထား​သော​လေး​၊ ပြင်းထန်​သော​စစ်ပွဲ​မှ ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 16,
      "text": "ဘုရားရှင်​က ငါ့​အား “​သူရင်းငှား​၏​နှစ်ကာလ​အရ တစ်​နှစ်​အတွင်း​တွင် ကေဒါ​အမျိုး​၏​ဘုန်းအသရေ​အားလုံး ပျောက်ကွယ်​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 17,
      "text": "ကေဒါ​အမျိုး လေး​စစ်သည်​တို့​၏​အရေအတွက်​သည်​လည်း အနည်းငယ်​သာ ကြွင်းကျန်​လိမ့်မည်​။ အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 1,
      "text": "စိတ်အာရုံ​ချိုင့်ဝှမ်း​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ မည်သည့်​အကြောင်း​ကြောင့် သင်​တို့​အားလုံး ခေါင်မိုးပြင်​ပေါ်သို့​တက်သွား​ကြ​သနည်း​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 2,
      "text": "သင်​သည် ဆူညံသံ​နှင့်​ပြည့်​သော​မြို့​၊ အုတ်အုတ်ကျက်ကျက်​ဖြစ်​သော​မြို့​၊ အပျော်အပါး​များ​နှင့်​စည်ကား​ခဲ့​သော​မြို့ ဖြစ်​ပါ​သည်​တကား​။ အသတ်ခံရ​သော သင်​၏​လူ​တို့​သည် ဓား​ဖြင့် သေဆုံးသူ​မ​ဟုတ်​။ စစ်ပွဲ​၌ ကျဆုံး​သူ​များ​လည်း​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 3,
      "text": "သင့်​ကို အုပ်ချုပ်သူ​အပေါင်း​တို့​သည် အတူတကွ​ထွက်ပြေး​ကြ​၏​။ လေး​ကို​ပင်​မ​သုံး​ရ​ဘဲ ဖမ်းဆီးတုပ်နှောင်​ခြင်း​ခံရ​၏​။ အဝေး​သို့​ထွက်ပြေး​ကြ​သော်လည်း အတွေ့​ခံရ​သော​သူ​အားလုံး အတူတကွ​ဖမ်းဆီးတုပ်နှောင်​ခြင်း​ခံရ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 4,
      "text": "“​ငါ့​ကို​မကြည့်​ကြ​နှင့်​။ အားရပါးရ​ငိုကြွေး​ပါရစေ​။ ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သည်​ဖြစ်၍ ငါ့​ကို​နှစ်သိမ့်​ဖို့ မ​ကြိုးစား​ကြ​နှင့်​”​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 5,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့​၌ စိတ်အာရုံ​ချိုင့်ဝှမ်း​တွင် ထိတ်လန့်ချောက်ချား​ခြင်း​ရှိ​မည်​၊ နိုင်ထက်စီးနင်း​ခံရ​မည်​၊ ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​။ မြို့ရိုး​ပြိုပျက်​၍ တောင်​များ​ဆီသို့ အော်ဟစ်သံ​များ ရောက်သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 6,
      "text": "ဧလံ​အမျိုး​သည် မြားကျည်တောက်​ကို​ယူ​၍ မြင်းရထားစီးသူရဲ​နှင့်တကွ လာ​၏​။ ကိရ​ပြည်သား​သည်​လည်း ဒိုင်းလွှား​ကို ထုတ်​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 7,
      "text": "သင်​၏​အကောင်းဆုံး​ချိုင့်ဝှမ်း​တို့​သည် စစ်ရထား​နှင့်​ပြည့်​၏​။ မြင်းစီးသူရဲ​တို့​သည် မြို့​တံခါး​၌ အခိုင်အမာ​နေရာယူ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 8,
      "text": "ကိုယ်တော်​သည် ယုဒ​ပြည်​၏​အကာအရံ​ကို ဖယ်ရှား​တော်မူ​ပြီ​။ ထို​နေ့ရက်​တွင် သင်​သည် တော​နန်းတော်​ရှိ​လက်နက်​ကို ကြည့်ရှု​ခဲ့​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 9,
      "text": "သင်​တို့​သည် ဒါဝိဒ်​၏​မြို့​၌ ကျိုးပေါက်​သည့်​နေရာ​များစွာ​ရှိ​သည်​ကို တွေ့မြင်​ရ​၏​။ အောက်​ရေကန်​၏​ရေ​တို့​ကို သို​ထား​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 10,
      "text": "ဂျေရုဆလင်​မြို့​ရှိ​အိမ်​များ​ကို​ရေတွက်​၍ မြို့ရိုး​ကို အခိုင်အမာ​ပြုပြင်​ရန် အိမ်​များ​ကို ဖြိုဖျက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 11,
      "text": "သင်​တို့​သည် ရေကန်​ဟောင်း​မှ​ရေ​ကို​သိုလှောင်​ရန် မြို့ရိုး​နှစ်​ခု​ကြားတွင် ရေလှောင်ကန်​ဆောက်လုပ်​ကြ​၏​။ သို့သော် သင်​တို့​သည် ဤ​အမှု​ကို စီရင်​တော်မူ​သော​အရှင်​ကို မ​ကြည့်​ကြ​။ ရှေးယခင်​ကပင် ဤ​အမှု​ကို စီမံ​ထား​တော်မူ​သော​အရှင်​ကို မ​မြင်​ကြ​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 12,
      "text": "ထို​နေ့ရက်​၌ ငိုကြွေး​မြည်တမ်း​ကြ​ရန်​နှင့် ခေါင်းတုံးတုံး​ပြီး လျှော်တေအဝတ်​ဝတ်​ကြ​ရန်​အတွက် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား နှိုးဆော်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 13,
      "text": "“​ငါ​တို့​သည် မနက်ဖြန်​သေ​ရ​မည်​ဖြစ်၍ စား​ကြ​သောက်​ကြ​ကုန်စို့​”​ဟု ဆို​လျက် သိုး​နွား​တို့​ကို​သတ်​၍ အသား​စား​ကြ​၏​။ စပျစ်ဝိုင်​သောက်​လျက် ရွှင်မြူး​ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 14,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို ဗျာဒိတ်​ပေး​တော်မူ​၏​။ “​သင်​တို့​၏​အပြစ်​ကို သင်​တို့​သေ​သည့်​တိုင်အောင် ဖြေလွှတ်​လိမ့်မည်​မ​ဟုတ်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 15,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ “​နန်းတော်အုပ်​ဖြစ်​သော ဘဏ္ဍာစိုး​ရှေဗန​ထံသို့​သွား​လော့​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 16,
      "text": "‘​ဤ​နေရာ​၌ မိမိ​အတွက်​သင်္ချိုင်းဂူ​ထွင်း​သော​သူ​၊ မြင့်ရာအရပ်​၌ မိမိ​၏​သင်္ချိုင်းဂူ​ထွင်း​သော​သူ​၊ ကျောက်​ကို​ထွင်း​၍ မိမိ​နေရာ​ကို​လုပ်​သော​သူ သင်​သည် ဤ​နေရာ​နှင့် မည်သို့​ဆိုင်​သနည်း​။ မည်သူ​က သင့်​ကို​အခွင့်ပေး​သနည်း​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 17,
      "text": "အချင်း​လူ​၊ ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် သင့်​ကို ကြမ်းတမ်း​စွာ​လွှင့်ပစ်​တော်မူ​မည်​။ သင့်​ကို မြဲမြဲ​ကိုင်ထား​၍"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 18,
      "text": "ဘောလုံး​ကို လှိမ့်​သကဲ့သို့ ကျယ်​သော​ပြည်​သို့ သင့်​ကို အရှိန်​နှင့်​လှိမ့်​တော်မူ​မည်​။ သင်​သည် ထို​ပြည်​၌ သေ​ရ​မည်​။ ဂုဏ်သရေ​ရှိ​သော သင်​၏​စစ်ရထား​တို့​သည် သင့်​သခင်​တို့​၏​အမျိုးအနွယ်​အတွက် ထို​ပြည်​၌ အရှက်ကွဲစရာ​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 19,
      "text": "ငါ​သည် သင့်​ကို သင့်​အရိုက်အရာ​မှ ဖယ်ရှား​မည်​။ သင့်​တာဝန်​မှ သင့်​ကို​ဖြုတ်ချ​မည်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 20,
      "text": "ထို​နေ့ရက်​၌ ငါ​သည် ဟိလခိ​၏​သား ငါ့​အစေအပါး​ဧလျာကိမ်​ကို​ခေါ်​၍"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 21,
      "text": "သူ့​အား သင့်​ဝတ်ရုံ​ကို​ဝတ်​စေ​၍ သင့်​ခါးစည်း​ကို​စည်း​စေ​မည်​။ သင့်​အာဏာ​ကို သူ့​လက်​သို့ ငါ​အပ်​မည်​။ သူ​သည် ဂျေရုဆလင်​မြို့သား​နှင့် ယုဒ​အမျိုးအနွယ်​တို့​၏​ဖခင်​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 22,
      "text": "ဒါဝိဒ်​၏​နန်းတော်​သော့​ကို သူ့​ပခုံး​ပေါ်မှာ ငါ​တင်​ထား​မည်​။ သူ​ဖွင့်​လျှင် မည်သူမျှ​ပိတ်​နိုင်​မည်​မ​ဟုတ်​။ သူ​ပိတ်​လျှင်​လည်း မည်သူမျှ​ဖွင့်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 23,
      "text": "သူ့​ကို မြဲမြံ​သော​နေရာ​တွင် ငုတ်တိုင်​ကဲ့သို့ ငါ​စိုက်​မည်​။ သူ​သည် မိမိ​ဖခင်​၏​အမျိုးအနွယ်​အတွက် ဘုန်းအသရေ​ပလ္လင်​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 24,
      "text": "သူ့​ဖခင်​အမျိုးအနွယ်​၏​ဘုန်းအသရေ​ဖြစ်​သည့် သားမြေး​များ​၊ အဆွယ်အပွား​များ​၊ သေးငယ်​သော​တန်ဆာပလာ​များ​ဖြစ်​သည့် အင်တုံ​တန်ဆာပလာ​များ​မှစ၍ အိုးခွက်​တန်ဆာပလာ​အားလုံး​ကို သူ​၌​ချိတ်​ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 25,
      "text": "ထို​နေ့ရက်​၌ မြဲမြံ​သော​နေရာ​၌ စိုက်​ထား​သော​ငုတ်​သည် ဆွဲနုတ်​ခံရ​မည်​။ ခုတ်ဖြတ်​လှဲချ​ခံရ​မည်​။ သူ​၏​ဝန်ထုပ်​သည်​လည်း ဖယ်ရှား​ခြင်း​ခံရ​မည်​’​ဟူ၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 1,
      "text": "တိုင်ရာ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အကြောင်းမူကား တိုင်ရာ​မြို့​သည် အိမ်​မ​ရှိ​၊ ဆိပ်ကမ်း​မ​ရှိ​တော့​သည့်​တိုင်အောင် ဖျက်ဆီး​ခံရ​လေ​ပြီ​ဟု ဆိုက်ပရပ် ​ပြည်​မှတစ်ဆင့် ကြားသိ​ရ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 2,
      "text": "ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​သူ​တို့​၊ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ပင်လယ်​ကို​ဖြတ်သန်းသွားလာ​သော ဆီဒုန်​ကုန်သည်​တို့​သည် သင်​တို့​ကို ကြွယ်ဝ​စေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 3,
      "text": "ပင်လယ်လမ်း​မှ​ဝင်ရောက်​လာ​သော ရှိဟောရ​မြစ်​၏​မျိုးစေ့​၊ နိုင်း​မြစ်​၏​အသီးအနှံ​သည် တိုင်ရာ​မြို့​အတွက် အမြတ်အစွန်း​ဖြစ်​၏​။ ထို​မြို့​သည် တိုင်းနိုင်ငံ​တို့​ကူသန်းရောင်းဝယ်ရာ​အရပ်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 4,
      "text": "အို ဆီဒုန်​မြို့​၊ ရှက်ကြောက်​လော့​။ ပင်လယ်​က ပြော​လေ​ပြီ​။ ပင်လယ်​ခံတပ်​မြို့​က “​ငါ​သည် ဝမ်း​မ​နာ​ခဲ့​၊ သား​မ​ဖွား​ခဲ့​။ လူပျို အပျို​တို့​ကို​လည်း မ​ကျွေးမွေး​၊ မ​ပြုစု​ခဲ့​”​ဟု ဆို​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 5,
      "text": "တိုင်ရာ​မြို့​၏​သတင်း​သည် အီဂျစ်​ပြည်​သို့​ရောက်လာ​သောအခါ ထို​သတင်း​ကြောင့် သူ​တို့​တုန်လှုပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 6,
      "text": "အို ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​သူ​တို့​၊ တာရှု​မြို့​သို့​ကူးသွား​ကြ​လော့​။ ညည်းတွားငိုကြွေး​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 7,
      "text": "ထို​မြို့​သည် သင်​တို့​အဖို့ ပျော်ပါးစရာ​ကောင်း​သော​မြို့​လော​။ ထို​မြို့​သည် ရှေး​ရှေးကတည်း​က တည်ရှိ​ခဲ့​၏​။ မြို့သား​တို့​သည် ခြေဆန့်​၍ ရပ်ဝေး​သို့​သွားရောက်နေထိုင်​တတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 8,
      "text": "တိုင်ရာ​မြို့​သည် အခြား​မြို့​များ​ကို သရဖူ​ဆောင်း​ပေး​တတ်​သော​မြို့​ဖြစ်​၏​။ ထို​မြို့​၏​ကုန်သည်​တို့​သည် မှူးမတ်​များ​၊ ကူးသန်း​ရောင်းဝယ်​သူ​တို့​သည် မြေကြီး​ပေါ်တွင် ချီးမြှောက်​ခံရ​သူ​များ​ဖြစ်​ကြ​၏​။ ထို​မြို့​ကို ထိုသို့​ဖြစ်​အောင် မည်သူ​ကြံစည်​သနည်း​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ထိုသို့ ကြံစည်​တော်မူ​၏​။ ဤသည်ကား ဂုဏ်သရေ​မာန်တက်​ခြင်း​အလုံးစုံ​ကို ရှုတ်ချ​ရန်​နှင့် မြေကြီး​ပေါ်တွင် ချီးမြှောက်​ခံရ​သော​သူ​အပေါင်း​တို့​ကို နှိမ့်ချ​ရန်​အတွက် ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 10,
      "text": "အို တာရှု​မြို့​သမီးပျို​၊ အထိန်းအချုပ် ​မ​ရှိ​တော့​ပြီ​ဖြစ်၍ နိုင်း​မြစ်​ကဲ့သို့ ကိုယ့်​မြေ​ပေါ်မှာ ဖြတ်သန်းသွားလာ​လော့​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 11,
      "text": "ထာဝရဘုရား​သည် ပင်လယ်ပြင်​ပေါ် လက်​တော်​ကို​ဆန့်​တော်မူ​ပြီ​။ တိုင်းနိုင်ငံ​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​တော်မူ​ပြီ​။ ခါနာန်​ပြည်​၏​ခံတပ်​များ​ကို​ဖျက်ဆီး​ရန် မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 12,
      "text": "ကိုယ်တော်​က “​နှိပ်စက်​ခြင်း​ခံရ​သော​ဆီဒုန်​သမီး​ပျို​၊ သင်​သည် နောက်တစ်ဖန် ရွှင်မြူး​ရ​တော့​မည်​မ​ဟုတ်​။ ထ​၍ ဆိုက်ပရပ်​ပြည်​သို့ ကူးသွား​လော့​။ ထို​အရပ်​၌​လည်း သင့်​အတွက်​ငြိမ်းချမ်း​ခြင်း​ရှိ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 13,
      "text": "ခါလဒဲ​ပြည်​ကို ကြည့်​ကြ​လော့​။ လူ​မ​ရှိ​တော့​ပြီ​။ အဆီးရီးယား​လူမျိုး​သည် ထို​ပြည်​ကို ကန္တာရ​သတ္တဝါ​တို့​နေစရာနေရာ ဖြစ်စေ​၏​။ သူ​တို့​သည် မျှော်စင်​တို့​ကို တည်ဆောက်​၍ ထို​ပြည်​၏​နန်းတော်​ကို​ဖြိုဖျက်​၏​။ ထို​ပြည်​ကို ပြိုပျက်​ရာ​ဖြစ်စေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 14,
      "text": "တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ သင်​တို့​၏​ခံတပ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 15,
      "text": "ထို​နေ့ရက်​၌ တိုင်ရာ​မြို့​သည် ရှင်ဘုရင်​တစ်​ပါး​၏​နန်းသက်​အတိုင်း နှစ်​ပေါင်း​ခုနစ်ဆယ် မေ့လျော့​ခြင်း​ခံရ​မည်​။ နှစ်​ပေါင်း​ခုနစ်ဆယ်​အဆုံး​၌ တိုင်ရာ​မြို့​သည် သီချင်း​ထဲက ပြည့်တန်ဆာမ​ကဲ့သို့ ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 16,
      "text": "အို အမေ့​ခံရ​သော​ပြည့်တန်ဆာမ​၊ စောင်း​ကို​ယူ​၍ မြို့​ထဲတွင်​လှည့်ပတ်​လော့​။ သာသာယာယာ​တီးခတ်​လော့​။ သီချင်း​များများ​သီဆို​လော့​။ သို့မှ သင့်​ကို သတိရ​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 17,
      "text": "နှစ်​ပေါင်း​ခုနစ်ဆယ်​အဆုံး​တွင် ထာဝရဘုရား​သည် တိုင်ရာ​မြို့​ကို အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထို​မြို့​သည် တစ်ဖန် အခကြေးငွေ​နောက်​သို့ လိုက်​ပြန်​၍ ကမ္ဘာ​မြေပြင်​ပေါ်​ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​နှင့် ကာမဂုဏ်ခံစား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 18,
      "text": "သို့သော် ထို​မြို့​၏​အကျိုးအမြတ်​နှင့် ဝင်ငွေ​တို့​ကို ထာဝရဘုရား​အား ဆက်ကပ်​ကြ​ရ​မည်​။ စုဆောင်းခွင့်​မ​ရှိ​၊ သိုမှီးခွင့်​မ​ရှိ​။ ထို​မြို့​၏​အကျိုးအမြတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌​နေ​သော​သူ​တို့ ဝဝလင်လင်​စား​ရ​ရန်​နှင့် ကောင်းကောင်းမွန်မွန်​ဝတ်​ရ​ရန်​အတွက် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို ဟင်းလင်းပြင်​ဖြစ်​စေ​တော်မူ​မည်​။ လူသူကင်းမဲ့​ရာ​ဖြစ်​စေ​တော်မူ​မည်​။ မြေ​မျက်နှာပြင်​ကို တွန့်လိမ်​စေ​တော်မူ​မည်​။ မြေကြီးသား​တို့​ကို ကွဲလွင့်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 2,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​သည် လူ​ကဲ့သို့​၊ သခင်​သည် ကျွန်ယောက်ျား​ကဲ့သို့​၊ သခင်မ​သည် ကျွန်မိန်းမ​ကဲ့သို့​၊ ရောင်း​သူ​သည် ဝယ်​သူ​ကဲ့သို့​၊ မြီရှင်​သည် မြီစား​ကဲ့သို့​၊ အတိုးစား​သူ​သည် အတိုးဆပ်​သူ​ကဲ့သို့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 3,
      "text": "ကမ္ဘာမြေကြီး​သည် အမှန်ပင် ဟင်းလင်းပြင် ဖြစ်​လိမ့်မည်​။ အကုန်အစင်​လုယူ​ခံရ​မည်​။ ဤ​စကား​ကို ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 4,
      "text": "ကမ္ဘာမြေကြီး​သည် ငိုကြွေးမြည်တမ်း​၍ ညှိုးနွမ်း​၏​။ ကမ္ဘာလောက​သည် အားလျော့​ချည့်နဲ့​၏​။ ဂုဏ်မြင့်​သူ မြေကြီးသား​တို့​သည် အားလျော့​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 5,
      "text": "ကမ္ဘာမြေကြီး​သည် မြေကြီးသား​တို့​ကြောင့် ညစ်ညူး​လေ​ပြီ​။ အကြောင်းမူကား သူ​တို့​သည် ပညတ်တရား​များ​ကို ကျူးလွန်​ကြ​၏​။ ပြဋ္ဌာန်းချက်​ကို ဖောက်ဖျက်​ကြ​၏​။ ထာဝရ​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 6,
      "text": "ထို့ကြောင့် ကျိန်​ခြင်း​သည် ကမ္ဘာမြေကြီး​ကို လောင်ကျွမ်း​လေ​ပြီ​။ မြေကြီးသား​တို့​အပေါ် အပြစ်​သက်ရောက်​လေ​ပြီ​။ မြေကြီးသား​တို့​ကို အမျက်မီး​လောင်ကျွမ်း​၍ လူ​အနည်းငယ်​သာ ကြွင်းကျန်​၏​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 7,
      "text": "စပျစ်ဝိုင်​အသစ်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီ​။ စပျစ်ပင်​သည် ညှိုးနွမ်းခြောက်သွေ့​သွား​ပြီ​။ စိတ်နှလုံး​ဝမ်းမြောက်​ခဲ့​သော​သူ​အပေါင်း​တို့​သည်​လည်း ညည်းတွား​ကြ​ရ​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 8,
      "text": "ပတ်သာ​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။ သောက်စားပျော်ပါး​သော​သူ​တို့​၏​အသံ​သည် ရပ်တန့်​လေ​ပြီ​။ စောင်း​၏​သာယာသံ​သည် ငြိမ်း​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 9,
      "text": "သီချင်းသံ​နှင့်အတူ စပျစ်ဝိုင်​သောက်​သော​သူ မ​ရှိ​တော့​ပေ​။ သေရည်သေရက်​သည် သောက်​သော​သူ​တို့​အတွက် ခါးသီး​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 10,
      "text": "ဖရိုဖရဲ​ဖြစ်​နေ​သော​မြို့​သည် ပြိုပျက်​လေ​ပြီ​။ လူ​တို့​မ​ဝင်​နိုင်​အောင် အိမ်​တိုင်း​ပိတ်​ထား​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 11,
      "text": "စပျစ်ဝိုင်​ပြတ်​သောကြောင့် လမ်း​များ​ပေါ်တွင် အော်ဟစ်တောင့်တ​ကြ​၏​။ ဝမ်းမြောက်​ခြင်း​ရှိသမျှ​တို့​သည် ချုပ်ငြိမ်း​သွား​လေ​ပြီ​။ ကမ္ဘာမြေ​ပေါ်ရှိ ပျော်ရွှင်​ခြင်း​သည် ပျောက်ကွယ်​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 12,
      "text": "မြို့​ထဲ၌ လူသူကင်းမဲ့​ကျန်​ခဲ့​ပြီ​။ မြို့​တံခါး​သည်​လည်း ရိုက်ချိုး​ခံရ​၍ ပျက်စီး​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 13,
      "text": "သံလွင်သီး​ကို​ရိုက်ခြွေ​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း​၊ စပျစ်သီး​ဆွတ်ခူး​ပြီးနောက် ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း ကမ္ဘာမြေကြီး​အလယ်​ရှိ တိုင်းနိုင်ငံ​တို့​တွင် ထိုသို့ ဧကန်အမှန်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 14,
      "text": "သူ​တို့​သည် အသံ​ကို​လွှင့်​၍ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ ထာဝရဘုရား​၏​ဘုန်းတန်ခိုး​ကြီးမြတ်​တော်မူ​ကြောင်း​ကို အနောက်​အရပ် ​မှ ကြွေးကြော်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 15,
      "text": "ထို့ကြောင့် အရှေ့​အရပ် ​၌​လည်း ထာဝရဘုရား​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​၌​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 16,
      "text": "“​ဖြောင့်မတ်​တော်မူ​သော​အရှင်​သည် ဘုန်းကြီး​စေ​သတည်း​”​ဟူသော ချီးမွမ်းသီချင်း​ကို ကမ္ဘာမြေကြီး​စွန်း​မှ ငါ​တို့​ကြား​ရ​၏​။ သို့သော် “​ငါ ချုံးချုံးကျ​သွား​ပြီ​။ ငါ ချုံးချုံးကျ​သွား​ပြီ​။ ငါ​၌ အမင်္ဂလာ​ရှိ​၏​။ သစ္စာမဲ့​သော​သူ​တို့​သည် သစ္စာမဲ့​စွာ​ပြု​ကြ​ပြီ​။ သစ္စာမဲ့​သော​သူ​တို့​သည် သစ္စာမဲ့​စွာ​ပြု​ကြ​ပြီ​”​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 17,
      "text": "အို မြေကြီးသား​တို့​၊ သင်​သည် ကြောက်မက်ဖွယ်ဘေး​၊ မြေတွင်း​၊ ကျော့ကွင်း​ထဲသို့ ကျရောက်​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 18,
      "text": "ကောင်းကင်​ပြတင်းပေါက်​တို့​သည်​ပွင့်​၍ မြေကြီး​အုတ်မြစ်​တို့​သည် တုန်ခါ​လေ​ပြီ​။ ကြောက်မက်ဖွယ်​ရာ​အသံ​ကြောင့် ထွက်ပြေး​သော​သူ​သည် မြေတွင်း​ထဲသို့​ကျ​လိမ့်မည်​။ မြေတွင်း​ထဲ​မှ​တက်လာ​သော​သူ​သည် ကျော့ကွင်း​၌​မိ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 19,
      "text": "ကမ္ဘာမြေကြီး​သည် အစိတ်စိတ်အမွှာမွှာ​ကွဲ​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် လုံးလုံး​ကွဲအက်​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် သွက်သွက်​ခါလှုပ်​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 20,
      "text": "ကမ္ဘာမြေကြီး​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ယိမ်းထိုး​နေ​၏​။ ပုခက်​ကဲ့သို့​ခါယမ်း​နေ​၏​။ ကမ္ဘာမြေကြီး​ကျူးလွန်​သော​အပြစ်​သည် လေးလံ​သဖြင့် လဲကျ​သွား​၍ ပြန်​ထ​နိုင်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 21,
      "text": "ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ကောင်းကင်​ဗိုလ်ခြေ​တို့​ကို ကောင်းကင်​၌​လည်းကောင်း​၊ မြေကြီး​ဘုရင်​တို့​ကို မြေကြီး​ပေါ်၌​လည်းကောင်း ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 22,
      "text": "အကျဉ်းသား​များ​ကို တွင်း​ထဲ၌ တစ်စုတည်း​စုထည့်​ထား​သကဲ့သို့ သူ​တို့​သည် ထောင်​ထဲ၌ ချုပ်နှောင်​ထား​ခြင်း​ခံရ​မည်​။ နေ့ရက်​များစွာ​ကုန်လွန်​ပြီးမှ ဒဏ်ခတ်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 23,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ် ဂျေရုဆလင်​မြို့​၌​စိုးစံ​လျက် မိမိ​၏​သက်ကြီးဝါကြီး​များ​ရှေ့​တွင် ဘုန်းအသရေ​ထွန်းတောက်​တော်မူ​မည်​ဖြစ်၍ လ​သည် မျက်နှာပျက်​၍ နေ​သည်​လည်း အရှက်ကွဲ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော့်​ကို ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ရှေး​အကြံအစည်​တော်​တို့​ကို မြဲမြံ​သော​သစ္စာ​နှင့်​ပြု​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 2,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် မြို့​ကို​ကျောက်ပုံ​ဖြစ်စေ​၍ ခိုင်ခံ့​သော​မြို့​ကို ပြိုပျက်​ရာ​ဖြစ်စေ​၏​။ တစ်ပါးအမျိုးသား​တို့​၏​နန်းတော်​တည်​ရာ​မြို့​သည် မြို့​အဖြစ်​ရှိ​တော့​မည်​မ​ဟုတ်​။ မည်သည့်​အခါ​မျှ ပြန်လည်​တည်ဆောက်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 3,
      "text": "ထို့ကြောင့် အားကြီး​သော​လူမျိုး​သည် ကိုယ်တော်​ကို ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။ ကြမ်းကြုတ်​သော​လူမျိုး​တို့​နေ​သော​မြို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ဆင်းရဲသား​တို့​မှီခို​ရာ​၊ ဒုက္ခ​ရောက်​နေ​သော​နွမ်းပါး​သူ​တို့​မှီခို​ရာ​၊ မုန်တိုင်း​ထဲမှ ခိုလှုံ​ရာ​၊ အပူရှိန်​မှ​ကာကွယ်​ပေး​သော အရိပ်အာဝါသ ဖြစ်​တော်မူ​၏​။ ကြမ်းကြုတ်​သော​သူ​တို့​၏​ဒေါသ​သည် နံရံ​ကို​တိုက်ဖြို​သော​မုန်တိုင်း​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 5,
      "text": "ခြောက်သွေ့​သော​အရပ်​မှ အပူရှိန်​ကဲ့သို့ ဖြစ်​၏​။ ကိုယ်တော်​သည် တစ်ပါးအမျိုးသား​တို့​၏​ဆူညံသံ​ကို တိတ်ဆိတ်​စေ​တော်မူ​၏​။ တိမ်တိုက်​၏​အရိပ်​အားဖြင့် အပူရှိန်​လျော့ကျ​သွား​သကဲ့သို့ ကြမ်းကြုတ်​သော​သူ​တို့​၏​သီချင်းသံ​သည် တိတ်ဆိတ်​သွား​၏​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 6,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လူ​အပေါင်း​တို့​အတွက် အကောင်းဆုံး​အစားအစာ​နှင့် နှစ်ချို့စပျစ်ဝိုင်​စားသောက်ပွဲ​ကို ဤ​တောင်​ပေါ်၌ ပြင်ဆင်​တော်မူ​မည်​။ ထို​စားသောက်ပွဲ​တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အကောင်းဆုံး​အစားအစာ​များ​၊ သန့်စင်​ထား​သော​နှစ်ချို့စပျစ်ဝိုင်​များ​ဖြင့် တည်ခင်း​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 7,
      "text": "ကိုယ်တော်​သည် လူ​အားလုံး​တို့​ကို ဖုံးအုပ်​သော​အဝတ်စ​၊ တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် လွှမ်း​ထား​သော​ခြုံထည်​တို့​ကို ဤ​တောင်​ပေါ်တွင် ဖျက်ဆီး​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 8,
      "text": "သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 9,
      "text": "ထို​နေ့ရက်​၌ လူ​တို့​က “​ကြည့်ရှု​လော့​။ ဤ​အရှင်​ကား ငါ​တို့​၏​ဘုရားသခင်​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​၍ ကိုယ်တော်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၏​။ ဤ​အရှင်​ကား ငါ​တို့​စောင့်မျှော်​သော ထာဝရဘုရား​ပေတည်း​။ ငါ​တို့​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် ရွှင်လန်း​ဝမ်းမြောက်​ကြ​ကုန်​စို့​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 10,
      "text": "ထာဝရဘုရား​သည် လက်​တော်​ကို ဤ​တောင်​ပေါ်တွင်​တင်ထား​တော်မူ​မည်​။ နွားချေးပုံ​၌ ကောက်ရိုး​ကို​နင်းနယ်​သကဲ့သို့ မောဘ​ပြည်​ကို နင်းနယ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 11,
      "text": "ရေကူး​သော​သူ​သည် ရေကူး​ရန်​လက်​ကို​ဆန့်​သကဲ့သို့ မောဘ​ပြည်​သည် ပြည်​အလယ်​၌ မိမိ​လက်​ကို​ဆန့်​လိမ့်မည်​။ သို့သော် ကိုယ်တော်​သည် ထို​ပြည်​၏​မာန်မာန​၊ ထို​ပြည်​၏​လက်စွမ်း​ကို ချိုးနှိမ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 12,
      "text": "ထို​ပြည်​၏​မြင့်မား​သော​ခံတပ်​မြို့ရိုး​ကို နှိမ့်ချ​ဖြိုလှဲ​တော်မူ​မည်​။ မြေ​တိုင်အောင်​၊ မြေမှုန့်​တိုင်အောင် ရောက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 1,
      "text": "ထို​နေ့ရက်​၌ ယုဒ​ပြည်​တွင် ဤ​သီချင်း​ကို သီဆို​လိမ့်မည်​။ “​ငါ​တို့​၌ ခိုင်ခံ့​သော​မြို့​ရှိ​၏​။ ကိုယ်တော်​သည် ကယ်တင်​ခြင်း​ကို မြို့ရိုး​သဖွယ်​၊ တံတိုင်း​သဖွယ် တည်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 2,
      "text": "မြို့​တံခါး​တို့​ကို ဖွင့်​ကြ​လော့​။ သစ္စာ​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​လူမျိုး​ဝင်လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 3,
      "text": "စိတ်နှလုံး​တည်ကြည်​သော​သူ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​သောကြောင့် ကိုယ်တော်​သည် သူ့​ကို​စောင့်ရှောက်​၍ ငြိမ်သက်​ခြင်း​အတိ ရှိ​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 4,
      "text": "ထာဝရဘုရား​ကို အစဉ်​ယုံကြည်ကိုးစား​ကြ​လော့​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​သော​ကျောက်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 5,
      "text": "ကိုယ်တော်​သည် မြင့်ရာအရပ်​၌​နေ​သော​သူ​တို့​ကို နှိမ့်ချ​တော်မူ​၏​။ မြင့်မား​သော​မြို့​ကို နိမ့်ကျ​စေ​တော်မူ​၏​။ ထို​မြို့​ကို မြေကြီး​တိုင်အောင်​နိမ့်ကျ​စေ​တော်မူ​၏​။ မြေမှုန့်​တိုင်အောင်​ရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 6,
      "text": "ခြေ​သည် ထို​မြို့​ကို​နင်းချေ​လိမ့်မည်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ခြေ​၊ ဆင်းရဲ​သော​သူ​တို့​၏​ခြေ​တို့​သည် ထို​မြို့​ကို​နင်းချေ​လိမ့်မည်​”​ဟု သီဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 7,
      "text": "ဖြောင့်မတ်​သော​သူ​သွားရာလမ်းခရီး​သည် ညီညာ​၏​။ အို ဖြောင့်မတ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​သွား​ရာ​လမ်း​ကို ဖြောင့်ဖြူး​စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တရား​လမ်း​၌ ကိုယ်တော်​ကို အကျွန်ုပ်​တို့​စောင့်မျှော်​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှတ်ရစရာ​ကို ကျွန်ုပ်​တို့​၏​စိတ်ဝိညာဉ် တောင့်တ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 9,
      "text": "အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ညအချိန်​၌ ကိုယ်တော်​ကို တောင့်တ​ပါ​၏​။ အကျွန်ုပ်​အထဲ​ရှိ ဝိညာဉ်​သည်​လည်း ကိုယ်တော့်​ကို ကြိုးစားရှာ​ပါ​၏​။ ကမ္ဘာမြေကြီး​ကို ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ လောကသား​တို့​သည် ဖြောင့်မတ်​ခြင်း​တရား​ကို သင်ယူ​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 10,
      "text": "ဆိုးယုတ်​သော​သူ​သည် သနား​ခြင်း​ကို​ခံရ​သော်လည်း ဖြောင့်မတ်​ခြင်း​တရား​ကို မ​သင်ယူ​။ သူ​သည် တရား​သော​ပြည်​၌ မတရား​သဖြင့်​ပြု​လျက် ထာဝရဘုရား​၏​ဘုန်းတန်ခိုး​တော်​ကို မ​မြင်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 11,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 12,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား ငြိမ်သက်​ခြင်း​ကို ပေး​တော်မူ​ပါ​ပြီ​။ အကယ်စင်စစ် အကျွန်ုပ်​တို့​၏​အမှု​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 13,
      "text": "အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော့်​အပြင် အခြား​သော​သခင်​တို့​သည် အကျွန်ုပ်​တို့​ကို အုပ်စိုး​ကြ​ပြီ​။ သို့သော် ကိုယ်တော်​၏​နာမ​တော်​ကို​သာ အကျွန်ုပ်​တို့​အောက်မေ့​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 14,
      "text": "သေ​သော​သူ​တို့​သည် ပြန်​မ​ရှင်​။ သေသောသူ​တို့​၏​ဝိညာဉ်​သည် မ​ထမြောက်​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​အပြစ်ဒဏ်​ပေး​၍ ဖျက်ဆီး​တော်မူ​၏​။ သူ​တို့​နှင့်ဆိုင်သည့်​အမှတ်တရ​အားလုံး​ကို ဖယ်ရှား​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 15,
      "text": "ကိုယ်တော်​သည် လူမျိုး​တော်​ကို တိုးပွား​စေ​တော်မူ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူမျိုး​တော်​ကို တိုးပွား​စေ​ခြင်း​ဖြင့် ဘုန်း​တော်​ကို​ထင်ရှား​စေ​တော်မူ​ပြီ​။ ပြည်​တော်​၏​နယ်နိမိတ်​အားလုံး​ကို ပို၍​ကျယ်ဝန်း​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 16,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ကိုယ်တော့်​ကို​ရှာ​ကြ​ပါ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမပဲ့ပြင်​တော်မူ​သောအခါ သူ​တို့​သည် ဆုတောင်း​ပတ္ထနာပြု​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 17,
      "text": "ကိုယ်ဝန်ဆောင်​မိန်းမ​သည် သားဖွား​လုဆဲဆဲ​၌ မိမိ​၏​နာကျင်​ခြင်း​ဝေဒနာ​ကြောင့် လူးလွန့်​လျက် အော်ဟစ်​ငိုကြွေး​သကဲ့သို့ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ထိုနည်းတူ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 18,
      "text": "အကျွန်ုပ်​တို့​သည် ကိုယ်ဝန်ဆောင်​သော်လည်း​၊ လူးလွန့်​ရ​သော်လည်း လေ​ကို​ဖွားမြင်​ကြ​၏​။ အကျွန်ုပ်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်သို့ ကယ်တင်​ခြင်း​ကို မ​ယူဆောင်​လာ​နိုင်​ပါ​။ လောကသား​တို့​ကို​လည်း မ​လဲကျ​စေ​နိုင်​ပါ​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 19,
      "text": "ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 20,
      "text": "ငါ့​လူမျိုး​တော်​တို့​၊ သွား​လော့​။ သင့်​အခန်း​ထဲသို့​ဝင်​၍ တံခါး​ကို ပိတ်​ထား​လော့​။ အမျက်​တော်​ပြေ​သည့်​တိုင်အောင် ခေတ္တ​ခဏ​ပုန်း​နေ​လော့​။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 21,
      "text": "အကြောင်းမူကား ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မြေကြီးသား​တို့​ကို အပြစ်​ဒဏ်ပေး​ရန် ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​၏​။ ထိုအခါ မြေကြီး​သည် မိမိ​၌ အသတ်​ခံရ​သော​သူ​တို့​ကို ထုတ်ပြ​မည်​။ သတ်​သော​သူ​တို့​ကို​လည်း ဝှက်ထား​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 1,
      "text": "ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ထွက်ပြေး​နေ​သော​မြွေကြီး​လဝိသန် ​၊ တွန့်လိမ်​နေ​သော​မြွေကြီး​လဝိသန်​ကို ခိုင်မာ​၍​အစွမ်းထက်​သော မိမိ​ဓား​ကြီး​ဖြင့်​အပြစ်ဒဏ်​ပေး​တော်မူ​မည်​။ ပင်လယ်​မြွေနဂါး​ကို​လည်း သတ်ဖြတ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 2,
      "text": "ထို​နေ့ရက်​၌ သာယာ​သော​စပျစ်​ဥယျာဉ်​အကြောင်း​ကို သီဆို​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 3,
      "text": "ငါ​ထာဝရဘုရား​သည် ထို​ဥယျာဉ်​ကို စောင့်ရှောက်​၏​။ မကြာခဏ ရေလောင်း​ပေး​၏​။ မည်သူ​မျှ မ​ဖျက်ဆီး​စေရန် နေ့ညမပြတ် စောင့်ရှောက်​၏​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 4,
      "text": "ငါ အမျက်​မ​ထွက်​ပါ​။ မည်သူ​သည် ငါ့​ကို ချုံပင်​၊ ဆူးပင်​များ​နှင့် တိုက်ပွဲ​ဝင်​စေ​မည်နည်း​။ ချီတက်​တိုက်ခိုက်​ပြီး အားလုံး​မီးရှို့​ပစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 5,
      "text": "သို့မဟုတ် သူ​သည် ငါ့​ထံသို့ လာရောက်​ခိုလှုံ​ပါစေ​။ ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​ပါစေ​။ ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 6,
      "text": "နောင်တစ်ချိန်​မှာ ယာကုပ်​သည် အမြစ်တွယ်​လာ​လိမ့်မည်​။ အစ္စရေး​သည် ဖူးငုံ​ပွင့်လန်း​လာ​လိမ့်မည်​။ ကမ္ဘာမြေ​တစ်ပြင်လုံး​ကို အသီး​နှင့်​ပြည့်​စေ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 7,
      "text": "သူ့​ကို​ရိုက်နှက်​သော​သူ​အား ကိုယ်တော်​ဒဏ်ခတ်​တော်မူ​သကဲ့သို့ သူ့​ကို​ဒဏ်ခတ်​တော်မူ​သလော​။ သူ့​ကို​သတ်​သော​သူ​တို့ အသတ်​ခံရ​သကဲ့သို့ သူ​အသတ်​ခံရ​သလော​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 8,
      "text": "ကိုယ်တော်​သည် ပြည်နှင်ဒဏ်ပေး​ခြင်း​ဖြင့် အတိုင်းအတာ​တစ်ခု​အထိ ဒဏ်ခတ်​တော်မူ​၏​။ အရှေ့​လေ​လာ​သော​နေ့ရက်​၌ ပြင်းထန်​သော​လေ ​ဖြင့် သူ့​ကို​တိုက်ထုတ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 9,
      "text": "ဤနည်းဖြင့် ကိုယ်တော်​သည် ယာကုပ်​အမျိုး​၏​အပြစ်​ကို ဖြေလွှတ်​တော်မူ​၏​။ ယဇ်ပလ္လင်​ကျောက်​ရှိသမျှ​တို့​ကို ထုံး​ကျောက်​ကဲ့သို့ အစိတ်စိတ်အမွှာမွှာ​ကျိုးပဲ့​စေ​၍ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို ဖြိုလှဲ​ခြင်း​သည် သူ​၏​အပြစ်​ကို​ဖယ်ရှား​သည့်​အကြောင်းရင်း ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 10,
      "text": "ခိုင်ခံ့​သော​မြို့​သည် အထီးကျန်​၍ တောကန္တာရ​ကဲ့သို့ စွန့်ခွာ​သွား​ခြင်း​၊ စွန့်ပစ်​ထား​ခြင်း​ခံရ​သော​နေရာ​ဖြစ်​လိမ့်မည်​။ နွားသငယ်​သည် ထို​နေရာ​တွင် ကျက်စား​လိမ့်မည်​၊ လဲလျောင်း​လိမ့်မည်​။ ထို​နေရာ​ရှိ​အခက်အလက်​တို့​ကို အကုန်အစင်​စား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 11,
      "text": "အကိုင်းအခက်​တို့​သည် ခြောက်သွေ့​လျှင် ချိုး​ပစ်​ခြင်း​ခံရ​လိမ့်မည်​။ မိန်းမ​တို့​သည် လာ​၍ ချိုးယူ​မီးဆိုက်​ကြ​လိမ့်မည်​။ ဤ​လူမျိုး​သည် အသိဉာဏ်​မ​ရှိ​သောကြောင့် သူ့​ကို​ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​သနား​တော်မူ​မည်​မ​ဟုတ်​။ သူ့​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​မျက်နှာသာပေး​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 12,
      "text": "အို အစ္စရေး​အမျိုးသား​တို့​၊ ထို​နေ့ရက်​၌ ထာဝရဘုရား​သည် ယူဖရေးတီး​မြစ် ​လက်တက်​မှ အီဂျစ်​ပြည်​စမ်းချောင်း​တိုင်အောင် သင်​တို့​ကို တလင်းနယ်​၍ တစ်​ယောက်​ပြီး​တစ်​ယောက် ကောက်သိမ်း​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 13,
      "text": "ထို​နေ့ရက်​၌ တံပိုး​ကြီး​ကို​မှုတ်​လိမ့်မည်​။ အဆီးရီးယား​ပြည်​၌​ပျောက်ဆုံး​သော​သူ​၊ အီဂျစ်​ပြည်​သို့​နှင်ထုတ်​ခြင်း​ခံရ​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​၊ သန့်ရှင်း​သော​တောင်​ပေါ်သို့​လာ​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 1,
      "text": "စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 2,
      "text": "ကြည့်ရှု​လော့​။ ဘုရားရှင်​၌ တန်ခိုး​ခွန်အားကြီး​သော​သူ​ရှိ​၏​။ ထို​သူ​သည် မိုးသီး​မုန်တိုင်း​၊ ဖျက်ဆီး​တတ်​သော လေပြင်းမုန်တိုင်း​၊ ရေလွှမ်းမိုး​စေ​သည့် ပြင်းထန်​သော​မိုးသက်မုန်တိုင်း​ကဲ့သို့ သေသောက်ကြူးသူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​ကို မိမိ​လက်​ဖြင့် မြေကြီး​ပေါ်သို့​ပစ်ချ​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 3,
      "text": "သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် ခြေ​အောက်​၌ နင်းချေ​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 4,
      "text": "မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် နွေရာသီ​မတိုင်မီ အဦးဆုံးမှည့်သောအသီး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ထို​အသီး​ကို မြင်​သော​သူ​သည် ခူး​၍ ချက်ချင်း​စားပစ်​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 5,
      "text": "ထို​နေ့ရက်​၌ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​လူမျိုး​တော်​တို့​အတွက် ဘုန်းကြီး​သော​သရဖူ​၊ ဂုဏ်ကျက်သရေ​ရှိ​သော​ဦးရစ် ဖြစ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 6,
      "text": "တရားပလ္လင်​ပေါ်​ထိုင်​သော​သူ​အတွက် တရားမျှတ​ခြင်း​ဝိညာဉ်​၊ မြို့​တံခါး​၌ ရန်သူ​ကို​တွန်းလှန်​သော​သူ​တို့​အတွက် ရဲစွမ်းသတ္တိ ဖြစ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 7,
      "text": "ဤ​သူ​တို့​သည် စပျစ်ဝိုင်​ကြောင့် ယိမ်းထိုး​၍ သေရည်သေရက်​ကြောင့် ဒယီးဒယိုင်​ဖြစ်​ကြ​ပြီ​။ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် သေရည်သေရက်​ကြောင့် ယိမ်းထိုး​၍ စပျစ်ဝိုင်​ကြောင့်​အာရုံ​ထွေပြား ​ကြ​ပြီ​။ သေရည်သေရက်​ကြောင့် လမ်းလွဲ​၍ စိတ်အာရုံ​ကို လွဲမှား​စွာ​မြင်​ကြ​ပြီ​။ ဆုံးဖြတ်ချက်​ချ​ရာ​တွင်​လည်း အလွဲလွဲအချော်ချော်​ဖြစ်​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 8,
      "text": "စားပွဲ​ရှိသမျှ​သည် အန်ဖတ်​နှင့်​ပြည့်​နေ​၏​။ နေရာလပ်​မ​ကျန် ညစ်ပေ​နေ​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 9,
      "text": "သူ​တို့​က “​ကိုယ်တော်​သည် မည်သူ​အား အသိပညာ​ကို​သင်ကြား​ပေး​မည်နည်း​။ မည်သူ​အား သတင်းစကား​ကို သိနားလည်​စေ​မည်နည်း​။ နို့ပြတ်​သော​ကလေးငယ်​တို့​ကို​လော​။ နို့ဖြတ်​ထား​သော​ကလေးငယ်​တို့​ကို​လော​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 10,
      "text": "ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 11,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် ထစ်ငေါ့​သော​နှုတ်​နှင့် အခြား​သော​လျှာ​ဖြင့် ဤ​လူမျိုး​အား မိန့်မြွက်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 12,
      "text": "“​ဤ​အရပ်​သည် နားနေ​ရာ​အရပ်​ဖြစ်​၏​။ မောပန်း​သော​သူ​တို့​သည် အနားယူ​ကြ​စေ​။ ဤ​အရပ်​သည် ငြိမ်းချမ်း​ရာ​အရပ်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​သော်လည်း သူ​တို့​သည် နား​မ​ထောင်​လို​ကြ​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 13,
      "text": "ထို့ကြောင့် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ​တို့​၌ ပညတ်ချက်​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ စည်းမျဉ်း​တစ်​ခု​ပေါ်​တစ်​ခု​၊ တစ်​ခု​ပေါ်​တစ်​ခု​၊ သည်​နည်းနည်း​ဟို​နည်းနည်း ဖြစ်​လိမ့်မည်​။ သူ​တို့​သွား​သောအခါ နောက်ပြန်​လဲကျ​မည်​၊ ကျိုးပဲ့​မည်​၊ ကျော့ကွင်း​မိ​မည်​၊ အဖမ်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 14,
      "text": "ဤ​လူမျိုး​ကို​အုပ်စိုး​သော ဂျေရုဆလင်​မြို့​ရှိ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 15,
      "text": "သင်​တို့​က “​ငါ​တို့​သည် သေ​ခြင်း​နှင့် ပဋိညာဉ်​ဖွဲ့​ကြ​ပြီ​။ မရဏာနိုင်ငံ​နှင့် သဘောတူညီမှု ပြု​ကြ​ပြီ​။ လွှမ်းမိုး​သော​ဘေးဆိုး​ဖြတ်သွား​သည့်အခါ ငါ​တို့​ထံ​လာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​တို့​သည် လိမ်လည်မှု​ကို ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်စေ​လျက် မုသား​ထဲ၌ ပုန်း​နေ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 16,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစစ်ခံ​ပြီး​သော​ကျောက်​၊ တည်​ထား​သော​အုတ်မြစ်​အတွက် အဖိုးတန်​သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်​တောင်​ပေါ်တွင် ငါ​ချ​ထား​၏​။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် စိုးရိမ်​တုန်လှုပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 17,
      "text": "ငါ​သည် တရားမျှတမှု​ကို မျဉ်းကြိုး​ဖြစ်​စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို မှန်ထုပ်​ဖြစ်စေ​မည်​။ မိုးသီး​သည် လိမ်လည်မှု​တို့​ခိုလှုံ​ရာ​အရပ်​ကို ဖယ်ရှား​မည်​။ ရေ​သည် ပုန်းခို​ရာ​အရပ်​ကို​လွှမ်းမိုး​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 18,
      "text": "သင်​တို့​၏​သေ​ခြင်း​နှင့်​ဖွဲ့​သော​ပဋိညာဉ်​သည် ပျက်​လိမ့်မည်​။ သင်​တို့​၏​မရဏာနိုင်ငံ​နှင့်​ပြု​သော​သဘောတူညီမှု​သည် တည်​လိမ့်မည်​မ​ဟုတ်​။ လွှမ်းမိုး​သော​ဘေးဆိုး​ဖြတ်သွား​သည့်​အခါ သင်​တို့​ကို နင်းချေ​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 19,
      "text": "ဖြတ်သွား​သည့်​အခါတိုင်း သင်​တို့​ကို​ယူဆောင်​သွား​မည်​။ နံနက်တိုင်း​၊ နေ့တိုင်း​၊ ညတိုင်း​ဖြတ်သွား​မည်​။ သတင်း​ကြား​ရုံ​ဖြင့် ထိတ်လန့်​ခြင်း​ကို ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 20,
      "text": "ခုတင်​သည် ကိုယ်ကို​ဆန့်​ထား​၍​မ​ရ​လောက်အောင် တို​၏​။ စောင်​သည်​လည်း ခြုံ​၍​မ​ရ​လောက်အောင် သေး​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 21,
      "text": "ထာဝရဘုရား​သည် ပေရဇိန်​တောင်​ပေါ်မှာ ထ​တော်မူ​သကဲ့သို့​၊ ဂိဗောင်​ချိုင့်ဝှမ်း​မှာ အမျက်ထွက်​တော်မူ​သကဲ့သို့ ထူးဆန်း​သော​အမှု​တော်​ကို လုပ်ဆောင်​တော်မူ​မည်​။ ဆန်းသစ်​သော​အမှု​တော်​ကို ပြု​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 22,
      "text": "ထို့ကြောင့် ပြက်ရယ်​မ​ပြု​ကြ​နှင့်​။ ပြု​လျှင် သင်​တို့​ကို ချည်နှောင်​သော​ကြိုး​တို့​သည် ပိုမို​တင်းကျပ်​လိမ့်မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သုတ်သင်ဖျက်ဆီး​မည်​ဟု ဆုံးဖြတ်ချက်​ချ​တော်မူ​ကြောင်း​ကို ငါ​ကြားသိ​ရ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 23,
      "text": "ငါ့​စကား​ကို စူးစိုက်​နားထောင်​၍ နာခံ​ကြ​လော့​။ ငါ​မိန့်မြွက်​သော​စကား​ကို အာရုံစိုက်​နားထောင်​၍ နာခံ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 24,
      "text": "လယ်ထွန်​သော​သူ​သည် မျိုး​မ​ကြဲ​ဘဲ တစ်နေ့လုံး​လယ်ထွန်​နေ​မည်လော​။ တစ်နေ့လုံး မြေ​ကို တူးဆွ​ထွန်ယက်​နေ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 25,
      "text": "လယ်​မျက်နှာပြင်​ကို​ညှိ​ပြီး​သောအခါ စမုန်နက်​ကို​မ​ကြဲ​ဘဲ​နေ​မည်လော​။ ဇီရာ​ကို မ​ပျိုး​ဘဲ​နေ​မည်လော​။ ဂျုံ​ကို​လည်း အတန်းလိုက်​မ​စိုက်​၊ မုယောစပါး​ကို​လည်း သတ်မှတ်​ထား​သော​နေရာ​၌​မ​စိုက်​၊ ပန်းဂျုံ​ကို​လည်း လယ်​အစပ်​၌ မ​စိုက်​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 26,
      "text": "သူ​၏​ဘုရားသခင်​သည် သူ့​အား နည်းမှန်လမ်းမှန်​ကို​ပြပေး​တော်မူ​ပြီ​။ ညွှန်ကြား​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 27,
      "text": "အကယ်စင်စစ် စမုန်နက်​ကို ကောက်တလင်း​နယ်​သည့်​ပျဉ်ပြား​ဖြင့် နယ်​လေ့​မ​ရှိ​။ ဇီရာ​ကို​လည်း လှည်း​ဘီး​ဖြင့် လှိမ့်​လေ့​မ​ရှိ​။ စမုန်နက်​ကို တုတ်​ဖြင့်​၊ ဇီရာ​ကို ကြိမ်လုံး​ဖြင့် ရိုက်နယ်​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 28,
      "text": "ဂျုံ​ကို အမှုန့်ကြိတ်​ရ​မည်​။ တလင်း​ကို​ကား အစဉ်​နယ်​ရ​သည်​မ​ဟုတ်​။ ဂျုံ​ကို မြင်း​လှည်း​ဖြင့် ကြိတ်​သော်လည်း ညက်ညက်ကြေ​စေ​သည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 29,
      "text": "ထို​အမှုအရာ​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​သော အမှုအရာ​ဖြစ်​၏​။ ကိုယ်တော်​၏​အကြံဉာဏ်​သည် အံ့ဖွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​ဉာဏ်ပညာ​သည် ကြီးမြတ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 1,
      "text": "အရေလ​မြို့​၊ အရေလ​မြို့​၊ ဒါဝိဒ်​မင်းကြီး​စခန်းချ​ရာ​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ တစ်​နှစ်​ပြီး​တစ်​နှစ် ထပ်၍​ထပ်၍ ပွဲ​တို့​ကို အလှည့်ကျ​ကျင်းပ​ကြ​ပါစေ​ဦး​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 2,
      "text": "သို့သော် ငါ​သည် အရေလ​မြို့​ကို အကျပ်အတည်း​ထဲသို့​ရောက်​စေ​မည်​။ ထို​မြို့​၌ ဝမ်းနည်း​ခြင်း​၊ မြည်တမ်း​ခြင်း ရှိ​လိမ့်မည်​။ ထို​မြို့​သည် ငါ့​အဖို့ အရေလ ​ကဲ့သို့ ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 3,
      "text": "ငါ​သည် သင့်​ပတ်လည်​၌ တပ်စခန်းချ​မည်​။ သင့်​ကို တံတိုင်း​ကာ​ပြီး​ဝိုင်းထား​မည်​။ မြေကတုတ်​များ​ကို​လည်း တူး​မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 4,
      "text": "သင်​သည် နိမ့်ကျ​၍ မြေကြီး​ထဲမှ စကားပြော​လိမ့်မည်​။ သင့်​စကားသံ​သည် မြေမှုန့်​ထဲမှ မပွင့်တပွင့်​ထွက်ပေါ်​လာ​မည်​။ သင့်​အသံ​သည် တစ္ဆေ​၏​အသံ​ကဲ့သို့ မြေကြီး​ထဲမှ ထွက်ပေါ်​လာ​မည်​။ သင့်​စကားသံ​သည် မြေမှုန့်​ထဲမှ တိုးတိုး​သာ​ထွက်ပေါ်​လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 5,
      "text": "သို့သော် သင့်​ရန်သူ​အလုံးအရင်း​သည် ဖုန်မှုန့်​ကဲ့သို့​ဖြစ်​မည်​။ ကြမ်းကြုတ်​သူ​အလုံးအရင်း​သည် လွင့်မျော​နေ​သော​ဖွဲ​ကဲ့သို့ ဖြစ်​မည်​။ ထိုကဲ့သို့ ရုတ်ခြည်း​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 6,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိုးချုန်း​ခြင်း​၊ ငလျင်လှုပ်​၍​အသံ​မြည်ဟည်းခြင်း​၊ လေပွေ​နှင့်​မုန်တိုင်း​တိုက်ခတ်​ခြင်း​၊ မီးတောက်​မီးလျှံ​လောင်ကျွမ်း​ခြင်း​တို့​ဖြင့် သင့်​ကို ဒဏ်ခတ်​မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 7,
      "text": "အရေလ​မြို့​ကို တိုက်ခိုက်​လာ​ကြ​သော တိုင်းနိုင်ငံ​အသီးသီး​မှ​လူအလုံးအရင်း​၊ ထို​မြို့​၏​ခံတပ်​ကို​တိုက်ခိုက်​၍ ထို​မြို့​ကို​အကျပ်အတည်း​ထဲသို့​ရောက်​စေ​သော​သူ​အပေါင်း​တို့​သည် ည​အိပ်မက်​ဗျာဒိတ်နိမိတ်​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 8,
      "text": "ဆာလောင်မွတ်သိပ်​သော​သူ​သည် အိပ်မက်​ထဲ၌ စား​ရ​သည်​ဟု​မက်​သော်လည်း နိုးလာ​သောအခါ ဆာလောင်​လျက်ပင်​ရှိ​သကဲ့သို့​၊ ရေငတ်​သော​သူ​သည် အိပ်မက်​ထဲ၌ ရေ​သောက်​ရ​သည်​ဟု​မက်​သော်လည်း နိုးလာ​သောအခါ မောပန်း​၍​ရေဆာ​လျက်ပင်​ရှိ​သကဲ့သို့ ဇိအုန်​တောင်​ကို​တိုက်ခိုက်​လာ​ကြ​သော တိုင်းနိုင်ငံ​အသီးသီး​မှ​လူအလုံးအရင်း​တို့​သည် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 9,
      "text": "မိန်းမောတွေဝေ​ကြ​လော့​။ အံ့အားသင့်​ကြ​လော့​။ ကိုယ့်​မျက်စိ​ကို ကိုယ်​ကန်း​စေ​၍ မျက်မမြင်​ဖြစ်​ကြ​လော့​။ သူ​တို့​သည် စပျစ်ဝိုင်​မ​သောက်​ဘဲ ယစ်မူး​ကြ​၏​။ သေရည်သေရက်​မ​သောက်​ဘဲ ယိမ်းထိုး​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 10,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် နှစ်ခြိုက်​စွာ​အိပ်မောကျ​သော​ဝိညာဉ်​ကို သင်​တို့​အပေါ်​သွန်းလောင်း​လျက် ပရောဖက်​များ​ဖြစ်​သော သင်​တို့​၏​မျက်စိ​ကို​ပိတ်​တော်မူ​၍ ဗျာဒိတ်ရသူ​များ​ဖြစ်​သော သင်​တို့​၏​ဦးခေါင်း​များ​ကို ဖုံးအုပ်​ထား​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 11,
      "text": "နိမိတ်​ရှိသမျှ​သည် သင်​တို့​အတွက် ချိပ်ပိတ်​ထား​သော​စာလိပ်​ကဲ့သို့ ဖြစ်​ပြီ​။ ထို​စာလိပ်​ကို စာ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု​ဆို​လျှင် ထို​သူ​က “​ဤ​စာလိပ်​ကို ချိပ်ပိတ်​ထား​သည်​ဖြစ်၍ ငါ​မ​ဖတ်​နိုင်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 12,
      "text": "ထို​စာလိပ်​ကို စာ​မ​ဖတ်တတ်​သော​သူ​အား​ပေး​၍ “​ဤ​စာ​ကို ဖတ်​ပါ​လော့​”​ဟု ဆို​လျှင် ထို​သူ​က “​ငါ စာ​မ​ဖတ်တတ်​ပါ​”​ဟု ပြန်ပြော​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 13,
      "text": "ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 14,
      "text": "ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ကို​အံ့ဩ​စေ​မည့် အံ့ဖွယ်​အမှု​တစ်​ခု​ပြီး​တစ်​ခု ပြု​မည်​။ သူ​တို့​ထဲမှ ပညာရှိ​တို့​၏​ဉာဏ်ပညာ​သည် ပျက်စီး​သွား​မည်​။ အသိဉာဏ်​ရှိ​သူ​တို့​၏​အသိဉာဏ်​သည်​လည်း ကွယ်ပျောက်​သွား​မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 15,
      "text": "ထာဝရဘုရား​မ​သိ​အောင် မိမိ​တို့​အကြံအစည်​ကို အစွမ်းကုန်​ဖုံးကွယ်​၍ မိမိ​တို့​၏​အမှု​ကို မှောင်မိုက်​ထဲ၌​ပြု​လျက် “​ငါ​တို့​ကို​မည်သူ​မြင်​မည်နည်း​။ မည်သူ​သိ​မည်နည်း​”​ဟု ပြောဆို​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 16,
      "text": "သင်​တို့​သည် ကပြောင်းကပြန်​လုပ်​ကြ​ပါ​သည်​တကား​။ အိုးထိန်းသည်​ကို ရွှံ့စေး​ကဲ့သို့​မှတ်ယူ​သင့်​သလော​။ အပြုခံ​က ပြု​သူ​အား “​ဤ​သူ​သည် ငါ့​ကို​ပြုလုပ်​ခဲ့​သည်​မ​ဟုတ်​”​ဟု ဆို​သင့်​သလော​။ ဖန်ဆင်းခံ​က ဖန်ဆင်း​သူ​အား “​ဤ​သူ​သည် အသိဉာဏ်​မ​ရှိ​”​ဟု ဆို​သင့်​သလော​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 17,
      "text": "တစ်ခဏတာ​အတွင်း လက်ဘနွန်​တောင်​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ဖြစ်သွား​မည်​။ သီးနှံ​ဖြစ်ထွန်း​သော​မြေ​သည် တောအုပ်​ကဲ့သို့​ထင်မှတ်​ခံရ​မည် မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 18,
      "text": "ထို​နေ့ရက်​၌ နားမကြား​သော​သူ​တို့​သည် စာလိပ်​ထဲမှ​စာ​ကို ကြား​ကြ​လိမ့်မည်​။ မျက်စိ​ကန်း​သော​သူ​တို့​သည် အမှောင်​အမိုက်​ထဲမှ မြင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 19,
      "text": "စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထာဝရဘုရား​၌ တစ်ဖန်​ဝမ်းမြောက်​ကြ​လိမ့်မည်​။ လူ​တို့​တွင် နွမ်းပါး​သော​လူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၌ ရွှင်လန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 20,
      "text": "အကြောင်းမူကား ကြမ်းကြုတ်​သော​သူ​တို့​သည် ရှိ​တော့​မည်​မ​ဟုတ်​။ ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​သည်​လည်း ပျောက်ကွယ်​သွား​လိမ့်မည်​။ ဒုစရိုက်​ပြု​ရန် ချောင်းမြောင်း​နေ​သော​သူ​၊"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 21,
      "text": "စကား​အားဖြင့် လူ​ကို​အပြစ်ပြု​စေ​သော​သူ​၊ မြို့​တံခါးဝ​တွင် အဆုံးအဖြတ်​ပေး​သူ​ကို​ထောင်ချောက်​ဆင်​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို အကြောင်းမဲ့​ဘေးဖယ်​သူ အပေါင်း​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 22,
      "text": "အာဗြဟံ​ကို ရွေးနုတ်ကယ်တင်​သော​ထာဝရဘုရား​က ယာကုပ်​အမျိုးအနွယ်​အား “​ယာကုပ်​သည် အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။ မျက်နှာပျက်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 23,
      "text": "ငါ​ပြု​သော​အမှု​ကြောင့် သူ့​သားသမီး​တို့​သည် သူ​နှင့်အတူ​ရှိ​နေ​သည်​ကို မြင်​သောအခါ ငါ့​နာမ​ကို​သန့်ရှင်း​စေ​လိမ့်မည်​။ ယာကုပ်​၏​သန့်ရှင်း​သော​အရှင်​ကို ရိုသေ​၍ အစ္စရေး​တို့​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 24,
      "text": "စိတ်သဘော​လွဲမှား​သော​သူ​တို့​သည် အသိဉာဏ်​ကို​ရရှိ​ကြ​လိမ့်မည်​။ ညည်းတွား​သော​သူ​တို့​သည် ပညာ​ကို ခံယူ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ဆန့်ကျင်ပုန်ကန်​သော​သားသမီး​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ငါ့​အကြံအစည်​မ​ဟုတ်​သော အကြံအစည်​ကို​ကြံစည်​ကြ​၏​။ ငါ​၏​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​ဘဲ သူ​တို့​သဘော​အတိုင်း မဟာမိတ်​ဖွဲ့​ကြ​၏​။ ဤသို့ဖြင့် အပြစ်​တစ်​ခု​ပြီး​တစ်​ခု​ထပ်ဆင့်​ပြု​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 2,
      "text": "ငါ​၏​ဗျာဒိတ်​တော်​ကို​မ​မေးမြန်း​ဘဲ ဖာရော​မင်းကြီး​၏​အကာအကွယ်​အောက်​၌ နားခို​ရာ​ကို​ရှာ​ပြီး အီဂျစ်​ပြည်​၏​အရိပ်​ကို​ခိုလှုံ​ရန် အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 3,
      "text": "သို့သော် ဖာရော​မင်းကြီး​၏​အကာအကွယ်​သည် သင်​တို့​အတွက် အရှက်ကွဲစရာ​ဖြစ်ပြီး အီဂျစ်​ပြည်​၏​အရိပ်​ကို​ခိုလှုံ​ခြင်း​သည် သင်​တို့​အတွက် အသရေပျက်စရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 4,
      "text": "သူ​၏​အကြီးအကဲ​တို့​သည် ဇောန​မြို့​၌​ရှိ​၍ သူ​၏​သံတမန်​တို့​သည် ဟာနက်​မြို့​သို့​ရောက်​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 5,
      "text": "သူ​တို့​ကို​အကျိုး​မ​ပြု​သော​လူမျိုး​ကြောင့် အားလုံး​အရှက်ကွဲ​ကြ​ရ​၏​။ ထို​လူမျိုး​သည် သူ​တို့​အတွက် အထောက်အကူ​မ​ဖြစ် အကျိုး​မ​ပြု​ဘဲ အရှက်ကွဲစရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​သာ​ဖြစ်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 6,
      "text": "နေဂေ့​အရပ်​ရှိ တိရစ္ဆာန်​များ​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​ကား သူ​တို့​သည် မိမိ​တို့​ဥစ္စာပစ္စည်း​များ​ကို မြည်း​တို့​၏​ကျော​ပေါ်​၊ မိမိ​တို့​၏​ဥစ္စာဘဏ္ဍာ​များ​ကို ကုလားအုတ်​တို့​၏​ဘို့​ပေါ်​တင်​၍ ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​၊ ခြင်္သေ့မ​နှင့်​ခြင်္သေ့ပျို​၊ အဆိပ်ပြင်း​သော​မြွေပွေး​နှင့် ပျံသန်း​တတ်​သော​မီးမြွေ​ရှိ​ရာ​အရပ်​ကို ဖြတ်သန်း​ပြီး အကျိုး​မ​ပြု​သော​လူမျိုး​ထံ သယ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 7,
      "text": "အီဂျစ်​ပြည်​၏​အကူအညီ​သည် အချည်းနှီး​သက်သက်​ဖြစ်​၏​။ ထို့ကြောင့် ထို​ပြည်​ကို ရာဟပ်ဟိမ်ရှာဗက် ​ဟု ငါ​ခေါ်ဝေါ်​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 8,
      "text": "နောင်လာမည့်​ကာလ​အတွက် ထာဝရ​သက်သေ​ဖြစ်​စေရန် ယခု သွား​၍ သူ​တို့​ရှေ့​၌ ထို​စာ​ကို ကျောက်ပြား​ပေါ်တွင် အက္ခရာတင်​ထား​လော့​။ စာလိပ်​တွင် ရေးမှတ်​ထား​လော့​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 9,
      "text": "အကြောင်းမူကား သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​၊ လိမ်ညာ​တတ်​သော​သားသမီး​များ​၊ ထာဝရဘုရား​၏​ပညတ်တရား​ကို မ​နာခံ​လို​သော သားသမီး​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 10,
      "text": "သူ​တို့​က စိတ်အာရုံမြင်ရသူ​တို့​အား “​စိတ်အာရုံ မ​မြင်​ကြ​နှင့်​”​ဟု ဆို​တတ်​ကြ​၏​။ ဗျာဒိတ်ရသူ​တို့​အား​လည်း “​ငါ​တို့​အား မှန်​သော​အရာ​များ​ကို မ​ဟော​ကြ​နှင့်​။ မြှောက်ပင့်​သော​စကား​များ​ကို ပြော​ကြ​ပါ​။ လှည့်စား​သော​စကား​များ​ကို ဟော​ကြ​ပါ​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 11,
      "text": "ဤ​လမ်း​မှ ထွက်သွား​ကြ​ပါ​။ ဤ​လမ်း​မှ ရှောင်သွား​ကြ​ပါ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို ငါ​တို့​ရှေ့​မှ ကွယ်ပျောက်​စေ​ကြ​ပါ​”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 12,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ဤ​နှုတ်ကပတ်တော်​ကို​ပယ်​၍ ဖိနှိပ်ချုပ်ချယ်​သူ​၊ သွေဖည်လွဲမှား​သူ​တို့​ကို ကိုးစား​မှီဝဲ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 13,
      "text": "ဤ​ဒုစရိုက်​သည် ဖောင်းကြွ​လာ​၍ ပြိုလဲ​တော့​မည့် မြင့်မား​သော​မြို့ရိုး​ပေါ်က အက်ကွဲ​ရာ​ကဲ့သို့​ဖြစ်​၍ ရုတ်ခြည်း​ကျိုးပဲ့​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 14,
      "text": "အိုးထိန်းသည်​သည် အိုး​ကို​မ​နှမြော​ဘဲ ခွဲ​လိုက်​သဖြင့် အကျိုးအပဲ့​များ​ကြား​တွင် မီးဖို​ထဲမှ​မီး​ကို​ကော်ယူ​၍​ရ​လောက်​သော​၊ ရေတိုင်ကီ​ထဲမှ​ရေ​ကို​ခပ်ယူ​၍​ရ​လောက်​သော အိုးခြမ်းပဲ့​တစ်​ခု​မျှ​မ​တွေ့​ရ​သည်​အထိ ကွဲကြေ​သွား​သော​အိုး​ကဲ့သို့ ကျိုးပဲ့​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 15,
      "text": "အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဘုရားရှင်​ထာဝရဘုရား​က “​သင်​တို့​သည် နောင်တရ ​၍ ငြိမ်းချမ်း​စွာ​နေ​လျှင် ကယ်တင်​ခြင်း​ခံရ​မည်​။ ငြိမ်ဝပ်​ခြင်း​သည် သင်​တို့​၏​ခွန်အား​၊ ယုံကြည်​ခြင်း​သည် သင်​တို့​၏​ခွန်အား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။ သို့သော် သင်​တို့​သည် ထိုသို့ အလို​မ​ရှိ​ကြ​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 16,
      "text": "သင်​တို့​က “​ငါ​တို့​သည် ထိုသို့​မ​နေ​၊ မြင်း​စီး​၍​ထွက်ပြေး​မည်​”​ဟု ဆို​သောကြောင့် သင်​တို့​ထွက်ပြေး​ရ​လိမ့်မည်​။ “​ငါ​တို့​သည် အပြေးမြန်​သော​မြင်း​ကို​စီးသွား​မည်​”​ဟု ဆို​သောကြောင့် သင်​တို့​ကို​လိုက်​သော​သူ​တို့​သည် အလျင်အမြန်​လိုက်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 17,
      "text": "ခြိမ်းခြောက်​သူ​တစ်​ယောက်​၏​ရှေ့​တွင် လူ​တစ်​ထောင်​ပြေး​ရ​လိမ့်မည်​။ တောင်​ထိပ်​ပေါ်မှ​အလံတိုင်​ကဲ့သို့​၊ တောင်ကုန်း​ပေါ်မှ အချက်ပြအလံ​ကဲ့သို့ ကျန်ရစ်​ရ​သည့်​တိုင်အောင် ခြိမ်းခြောက်​သူ​ငါး​ယောက်​ရှေ့​တွင် သင်​တို့​ထွက်ပြေး​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 18,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို ကျေးဇူးပြု​တော်မူ​ရန် စောင့်မျှော်​နေ​၏​။ သင်​တို့​ကို ကရုဏာ​ပြ​တော်မူ​ရန် ထ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတ​သော​ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​ကို စောင့်မျှော်​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 19,
      "text": "ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော အို ဇိအုန်​မြို့သား​တို့​၊ သင်​တို့ ငိုကြွေး​ရ​တော့​မည်​မ​ဟုတ်​။ ကိုယ်တော်​သည် သင်​တို့​အော်ဟစ်​သောအခါ သင်​တို့​ကို အမှန်ပင်​သနား​တော်မူ​မည်​။ သင်​တို့​အော်ဟစ်​သံ​ကို ကြား​သောအခါ ထူး​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 20,
      "text": "ဘုရားရှင်​သည် သင်​တို့​အား ဒုက္ခ​မုန့်​၊ ဖိနှိပ်ခြင်း​ရေ​ကို ပေး​တော်မူ​သော်လည်း သင်​တို့​၏​ဆရာ​တို့​သည် ပုန်းရှောင်​ကြ​ရ​တော့​မည်​မ​ဟုတ်​။ သင်​တို့​၏​ဆရာ​တို့​ကို သင်​တို့​မျက်စိ​ဖြင့် မြင်​ကြ​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 21,
      "text": "သင်​တို့​သည် လက်ယာ​ဘက်​၊ သို့မဟုတ် လက်ဝဲ​ဘက်​သို့ လှည့်​သောအခါ “​ဤ​လမ်း​သည် မှန်​၏​။ ဤ​လမ်း​အတိုင်း သွား​လော့​”​ဟု သင်​တို့​နောက်​၌​ပြော​သော​စကား​ကို သင်​တို့​၏​နား​ဖြင့် ကြား​ကြ​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 22,
      "text": "သင်​တို့​သည် ငွေ​ဖြင့်​မွမ်းမံ​သော​ရုပ်တု​၊ ရွှေ​ဖြင့်​သွန်းလုပ်​သော​ရုပ်တု​တို့​ကို ညစ်ညူး​သည်​ဟု​မှတ်​လျက် ရာသီသွေး​စွန်း​သော​အဝတ်​ကဲ့သို့ လွှင့်ပစ်​၍ “​သွား​တော့​”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 23,
      "text": "ကိုယ်တော်​သည် မြေ​၌​သင်​ကြဲ​သော​မျိုးစေ့​အတွက် မိုး​ကို​ရွာ​စေ​တော်မူ​သဖြင့် မြေ​မှ​ထွက်​သော​အစားအစာ​သည် ပေါများ​ကြွယ်ဝ​မည်​။ ထို​နေ့ရက်​တွင် သင်​၏​တိရစ္ဆာန်​တို့​သည် ကျယ်ပြန့်​သော​မြက်ခင်းပြင်​၌ ကျက်စား​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 24,
      "text": "လယ်မြေ​ထွန်ယက်​သော​နွား​၊ မြည်း​တို့​သည်​လည်း ဂေါ်ပြား​၊ ကောက်ဆွ​တို့​ဖြင့် ရွေးထုတ်​ထား​သည့် သန့်စင်​သော​အစာ​ကို စား​ရ​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 25,
      "text": "သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 26,
      "text": "ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပတ်စည်း​ပေး​၍ မိမိ​ဒဏ်ခတ်​တော်မူ​သည့်​အနာ​ကို ပျောက်ကင်း​စေ​တော်မူ​သော​နေ့ရက်​၌ လ​၏​အလင်း​သည် နေ​၏​အလင်း​ကဲ့သို့​ဖြစ်​မည်​။ နေ​၏​အလင်း​သည် ခုနစ်ဆ​တိုး​၍ ခုနစ်​ရက်​အလင်း​ကဲ့သို့ လင်း​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 27,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နာမ​တော်​သည် တောက်လောင်​နေ​သော​အမျက်​တော်​၊ ထူထပ်​သည့်​မီးခိုးလုံး​တို့​ဖြင့် ဝေးလံ​သော​အရပ်​မှ​လာ​၏​။ ကိုယ်တော်​၏​နှုတ်​သည် အမျက်ဒေါသ​နှင့်​ပြည့်​၏​။ ကိုယ်တော်​၏​လျှာ​သည် တောက်လောင်​နေ​သော​မီး​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 28,
      "text": "ကိုယ်တော်​၏​ထွက်သက်လေ​သည် လည်ပင်း​အထိ​ရောက်​သည့် တစ်ဟုန်ထိုးစီးဆင်း​သော​မြစ်ရေ​ကဲ့သို့​ဖြစ်​၏​။ တိုင်းနိုင်ငံ​တို့​ကို ဖျက်ဆီး​ခြင်း​ဆန်ခါ​ဖြင့် စစ်ချ​မည်​။ လမ်းလွဲ​စေ​သော​ဇက်ကြိုး​ကို လူ​တို့​၏​မေးရိုး​၌ တပ်​ထား​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 29,
      "text": "သင်​တို့​သည် သန့်ရှင်း​သော​ပွဲတော်​ကျင်းပ​သည့်​ည​၌​ကဲ့သို့ သီချင်းဆို​ရ​မည်​။ အစ္စရေး​လူမျိုး​တို့​၏​ကျောက်ဆောင်​ဖြစ်​သော ထာဝရဘုရား​၏​တောင်​သို့ ပလွေ​မှုတ်​လျက်​သွား​သော​သူ​ကဲ့သို့ စိတ်နှလုံး​ဝမ်းမြောက်​ခြင်း​ရှိ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 30,
      "text": "ထာဝရဘုရား​သည် မိမိ​၏​ဘုန်းကြီး​သော​အသံ​ကို ကြား​စေ​တော်မူ​မည်​။ ပြင်းထန်​သော​အမျက်​တော်​၊ တောက်လောင်​နေ​သော​မီးတောက်​မီးလျှံ​နှင့်တကွ သည်းထန်​သော​မိုး​၊ မုန်တိုင်း​၊ မိုးသီး​တို့​ဖြင့် လက်ရုံး​တော်​ကြွဆင်း​လာ​သည်​ကို မြင်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 31,
      "text": "အကယ်စင်စစ် အဆီးရီးယား​ပြည်​သည် ထာဝရဘုရား​၏​အသံ​တော်​ကြောင့် ကြောက်လန့်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် သူ​တို့​ကို ကြိမ်လုံး​တော်​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 32,
      "text": "ထာဝရဘုရား​က သူ​တို့​ကို အပြစ်ဒဏ်​ပေး​သည့် တုတ်​တော်​၏​ရိုက်ချက်​တိုင်း​မှာ ပတ်သာ​နှင့် စောင်း​သံ​တို့ ထွက်ပေါ်​လိမ့်မည်​။ ကိုယ်တော်​သည် လက်​ကို​ဝှေ့ယမ်း​လျက် သူ​တို့​ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 33,
      "text": "အကယ်စင်စစ် တောဖက် ​အရပ်​ကို ရှေးယခင်​ကပင် ပြင်ဆင်​ထား​လေ​ပြီ​။ ထို​အရပ်​ကို ရှင်ဘုရင်​အတွက် အဆင်သင့်​ဖြစ်စေ​ပြီ​။ ထို​အရပ်​သည် နက်​၍​ကျယ်ဝန်း​ပြီး မီးရှို့​ရန်​ထင်း​အမြောက်အမြား​ပုံထား​၏​။ ထာဝရဘုရား​၏​ထွက်သက်လေ​သည် ကန့်ရည်စီးကြောင်း​ကဲ့သို့​ထွက်လာ​၍ ထို​အရပ်​ကို မီးစွဲလောင်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ကို မ​မျှော်ကြည့်​၊ ထာဝရဘုရား​ကို မ​ရှာ​ဘဲ အီဂျစ်​ပြည်​၏​မြင်း​များ​၊ များစွာ​သော​စစ်ရထား​၊ အလွန်​အားကြီး​သော​မြင်းစီးသူရဲ​တို့​ကို ကိုးစား​မှီဝဲ​ပြီး အီဂျစ်​ပြည်​သို့​သွား​၍ အကူအညီ​တောင်း​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 2,
      "text": "ကိုယ်တော်​သည် ဉာဏ်ပညာ​ရှိ​တော်မူ​၏​။ ဘေးအန္တရာယ်​ကို ကျရောက်​စေ​မည်​။ စကား​တော်​ကို မ​ရုပ်သိမ်း​ဘဲ ဆိုးညစ်​သော​အမျိုး​ကို ဆန့်ကျင်​ရန် ထ​တော်မူ​မည်​။ အပြစ်ဒုစရိုက်​ပြု​သူ​တို့​အား ကူညီ​သူ​ကို ဆန့်ကျင်​ရန် ထ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 3,
      "text": "အီဂျစ်​ပြည်သား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ​မျှသာ​ဖြစ်​၏​။ သူ​တို့​၏​မြင်း​သည်​လည်း ဝိညာဉ်​မ​ဟုတ်​၊ အသွေးအသား​မျှသာ​ဖြစ်​၏​။ ထာဝရဘုရား လက်​တော်​ကို​ဆန့်​သောအခါ ကူညီ​သော​သူ​သည် ခလုတ်တိုက်​၍ အကူညီ​ခံရ​သူ​သည် လဲကျ​လိမ့်မည်​။ သူ​တို့​အားလုံး​သည် အတူတကွ​ပျက်စီး​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 4,
      "text": "ထာဝရဘုရား​က “​ခြင်္သေ့ကြီး​နှင့် ခြင်္သေ့ပျို​က သားကောင်​ကို မာန်ဖီ​သောအခါ သိုးထိန်း​အပေါင်း​တို့​ကို​ခေါ်​၍ ခြောက်လှန့်​စေ​သော်လည်း သိုးထိန်း​တို့​၏​အသံ​ကို​မ​ကြောက်​၊ သူ​တို့​၏​ဆူဆူညံညံအသံ​ကို မ​လန့်​။ ထိုနည်းတူ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်တိုက်​ရန် ဇိအုန်​တောင်​၊ ဇိအုန်​တောင်ကုန်း​ပေါ်၌​ဆင်းသက်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 5,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့​ကို ကာကွယ်​တော်မူ​မည်​။ ရစ်ဝဲ​နေ​သော​ငှက်​ကဲ့သို့ ကာကွယ်​၍ ကယ်နုတ်​တော်မူ​မည်​။ ချမ်းသာ​ပေး​၍ လွတ်မြောက်​စေ​တော်မူ​မည်​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 6,
      "text": "အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့ ပြင်းပြင်းထန်ထန်​ဆန့်ကျင်​ပုန်ကန်​ခဲ့​သော အရှင်​ထံသို့ ပြန်လာ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 7,
      "text": "ထို​နေ့ရက်​၌ သင်​တို့​လက်​ဖြင့်​လုပ်​သော​၊ သင်​တို့​ကို​အပြစ်​ဖြစ်​စေ​သော ငွေ​ရုပ်တု​၊ ရွှေ​ရုပ်တု​များ​ကို လူ​တိုင်း စွန့်ပစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 8,
      "text": "“​အဆီးရီးယား​သည် လူ့​ဓား​မ​ဟုတ်​သော​ဓား​ဖြင့် ကျဆုံး​လိမ့်မည်​။ လူ့​ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဝါးမျို​မည်​။ သူ​သည် ဓားဘေး​မှ​ထွက်ပြေး​ရ​မည်​။ သူ​၏​လူပျို​တို့​သည် အခိုင်းအစေ​ဖြစ်​ကြ​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 9,
      "text": "သူ​၏​ကျောက်​သည် ကြောက်လန့်​၍ ပျောက်ကွယ်​သွား​လိမ့်မည်​။ သူ​၏​အကြီးအကဲ​တို့​သည် အချက်ပြအလံ​ကြောင့် စိတ်ပျက်​ကြ​လိမ့်မည်​”​ဟု ဇိအုန်​တောင်​ပေါ်တွင်​မီး​၊ ဂျေရုဆလင်​မြို့​တွင် မီးဖို​တည်​တော်မူ​သော ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ရှင်ဘုရင်​တစ်​ပါး​သည် ဖြောင့်မတ်​စွာ စိုးစံ​မည်​။ အကြီးအကဲ​တို့​သည်​လည်း တရားမျှတ​စွာ အုပ်ချုပ်​မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 2,
      "text": "သူ​တို့​သည် လေဘေး​မှ​ခိုလှုံ​ရာ​၊ မုန်တိုင်းဘေး​မှ​ကွယ်ကာ​ရာ​ကဲ့သို့​၊ ခြောက်သွေ့​သော​အရပ်​မှ စမ်းချောင်း​ကဲ့သို့​၊ ပူပြင်း​သော​အရပ်​မှ ကျောက်ဆောင်​ကြီး​၏​အရိပ်​ကဲ့သို့ ဖြစ်​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 3,
      "text": "မျက်စိ​မြင်​သော​သူ​တို့​သည် အမှောင်ကျ​တော့​မည်​မ​ဟုတ်​။ နား​ကြား​သော​သူ​တို့​သည် အာရုံစိုက်​နားထောင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 4,
      "text": "စိတ်လိုက်မာန်ပါ​လုပ်​တတ်​သူ​တို့​သည် သိရှိ​နားလည်​လာ​လိမ့်မည်​။ စကားထစ်​သော​သူ​၏​နှုတ်​သည် သွက်လက်​ပီသ​စွာ​ပြောဆို​နိုင်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 5,
      "text": "မိုက်မဲ​သော​သူ​ကို မြင့်မြတ်​သော​သူ​ဟု ခေါ်ဝေါ်​တော့​မည်​မ​ဟုတ်​။ လူလိမ်လူကောက်​ကို လေးစားထိုက်သူ​ဟု ဆို​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 6,
      "text": "မိုက်မဲ​သော​သူ​သည် မိုက်မဲ​သော​စကား​ကို​ပြောဆို​တတ်​၏​။ သူ​၏​စိတ်နှလုံး​သည် ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ သူတော်ကောင်း​ယောင်ဆောင်​ပြီး ထာဝရဘုရား​အကြောင်း​ကို မဟုတ်မမှန်​ပြောဆို​တတ်​၏​။ ဆာလောင်မွတ်သိပ်​သော​သူ​ကို အစာ​မကျွေး​၊ ရေငတ်​သော​သူ​ကို ရေ​မ​တိုက်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 7,
      "text": "လူလိမ်လူကောက်​၏​လက်နက်​ကား မကောင်းမှု​ဖြစ်​၏​။ ဆင်းရဲသား​ပြော​သော​စကား မှန်ကန်​ခဲ့​လျှင်ပင် ဆင်းရဲသား​တို့​ကို မုသား​စကား​ဖြင့် ဖျက်ဆီး​ရန် ဆိုးညစ်​သော​အမှု​ကို ကြံစည်​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 8,
      "text": "မြင့်မြတ်​သော​သူ​ကား မြင့်မြတ်​သော​အကြံ​ကို ကြံစည်​တတ်​၏​။ မြင့်မြတ်​သော​အမှု​၌ တည်​၏​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 9,
      "text": "မိမိကိုယ်မိမိ အားရကျေနပ်​နေ​သော​မိန်းမ​တို့​၊ ထ​ကြ​လော့​။ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချ​နေ​သော​သမီး​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 10,
      "text": "မိမိကိုယ်မိမိ ယုံကြည်စိတ်ချ​နေ​သော​သမီး​တို့​၊ တစ်​နှစ်​ကျော်​လျှင် သင်​တို့ ထိတ်လန့်တုန်လှုပ်​ရ​လိမ့်မည်​။ အကြောင်းမူကား စပျစ်သီး​ဆွတ်ခူး​ခြင်း ရှိ​မည်​မ​ဟုတ်​။ သီးနှံရိတ်သိမ်း​ခြင်း ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 11,
      "text": "မိမိကိုယ်မိမိ အားရကျေနပ်​နေ​သော​မိန်းမ​တို့​၊ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချ​နေ​သော​သူ​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။ အဝတ်​ချွတ်​၍ ကိုယ်ဗလာကျင်း နေ​ကြ​လော့​။ ခါး​စည်း​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 12,
      "text": "သီးနှံပင်နှင့်ပြည့်​ခဲ့​သော​လယ်ယာ​၊ အသီး​များစွာ​သီး​ခဲ့​သော​စပျစ်ပင်​၊"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 13,
      "text": "ဆူးပင်​၊ ချုံပင်​တို့​ပေါက်​နေ​သော ငါ့​လူမျိုး​၏​မြေ​၊ အပျော်အပါး​များ​နှင့်​စည်ကား​ခဲ့​သော​မြို့​၊ ဝမ်းမြောက်​ပျော်ရွှင်​ခဲ့​သော​မိသားစု​အားလုံး​အတွက် ရင်ဘတ်​စည်တီး​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 14,
      "text": "အကြောင်းမူကား နန်းတော်​သည် စွန့်ထား​ခြင်း​ခံရ​၍ လူ​စည်ကား​သော​မြို့​သည် စွန့်ခွာ​ခြင်း​ခံရ​မည်​။ ရဲတိုက်​၊ ကင်းစောင့်မျှော်စင်​တို့​သည် သားရဲ​တို့​အစဉ်​ခိုအောင်းရာ ဖြစ်သွား​လိမ့်မည်​။ မြည်းရိုင်း​များ​နေပျော်​ရာ​၊ တိရစ္ဆာန်​တို့​ကျက်စား​ရာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 15,
      "text": "ငါ​တို့​အပေါ် ဝိညာဉ်​တော်​ကို အထက်အရပ်​မှ​သွန်းလောင်း​၍ တောကန္တာရ​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ဖြစ်​ပြီး သီးနှံ​ဖြစ်ထွန်း​သော​မြေ​ကို တောအုပ်​ဟု​ထင်မှတ်​ရ​သည့်​အချိန်​အထိ ထိုသို့​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 16,
      "text": "တရားမျှတ​ခြင်း​သည် တောကန္တာရ​၌​တည်​၍ ဖြောင့်မတ်​ခြင်း​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ တည်ရှိ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 17,
      "text": "ဖြောင့်မတ်​ခြင်း​၏​အကျိုး​သည် ငြိမ်သက်​ခြင်း​ဖြစ်​၏​။ ဖြောင့်မတ်​ခြင်း​၏​ရလဒ်​သည် ထာဝရ​ငြိမ်းချမ်း​ခြင်း​၊ ထာဝရ​လုံခြုံ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 18,
      "text": "ငါ​၏​လူမျိုး​သည် ငြိမ်းချမ်း​သော​နေရာ​၊ လုံခြုံ​သော​အိမ်​၊ ငြိမ်းအေး​သော​ခိုနား​ရာ​၌ နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 19,
      "text": "မိုးသီးကျ​၍ တောအုပ်​သည် ပြိုလဲ​သွား​မည်​။ မြို့​သည် မြေ​နှင့်​တစ်ညီတည်း​ပြိုကျပျက်စီးသွား​မည်​။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 20,
      "text": "ရေ​ရှိ​ရာ​အရပ်ရပ်​တို့​၌ မျိုးစေ့ကြဲ​၍ နွား​၊ မြည်း​တို့​၏​ခြေ​ကို လွှတ်ပေး​သော​သင်​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 1,
      "text": "ကိုယ်တိုင်​ဖျက်ဆီး​ခြင်း​မ​ခံရ​ဘဲ သူတစ်ပါး​ကို ဖျက်ဆီး​သော​သူ​၊ ကိုယ်တိုင် သစ္စာဖောက်​မ​ခံရ​ဘဲ သူတစ်ပါး​ကို သစ္စာဖောက်​သော​သူ​၊ သင်​သည် အမင်္ဂလာ​ရှိ​၏​။ သင်​သည် သူတစ်ပါး​ကို​ဖျက်ဆီး​ပြီး​လျှင် ပြန်​၍​အဖျက်ဆီး​ခံရ​မည်​။ သူတစ်ပါး​ကို သစ္စာဖောက်​ပြီး​လျှင် ပြန်​၍​သစ္စာအဖောက်​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 2,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို စောင့်မျှော်​ကြ​ပါ​၏​။ နံနက်အချိန်​၌ အကျွန်ုပ်​တို့​ကို ခွန်အား​ပေး​တော်မူ​ပါ​။ ဆင်းရဲဒုက္ခ​ရောက်​သည့်​ကာလ​၌ အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 3,
      "text": "မြည်ဟိန်း​သော​အသံ​တော်​ကြောင့် လူ​တို့​ထွက်ပြေး​ကြ​၏​။ ကိုယ်တော်​ထ​တော်မူ​သောအခါ လူမျိုး​တို့​သည် ကွဲလွင့်​သွား​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 4,
      "text": "လူ​တို့​သည် သင်​တို့​၏​လုယက်ပစ္စည်း​ကို ကျိုင်းကောင်​အစုအအုံ​ကဲ့သို့ စုပုံ​ထား​ကြ​မည်​။ ကျိုင်းကောင်​များ​ခုန်ပေါက်​ပြေးလွှား​သကဲ့သို့ ထို​ပစ္စည်း​တို့​အပေါ် ပြေးလွှား​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 5,
      "text": "ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သည်​ဖြစ်၍ မြင့်ရာအရပ်​၌​ကိန်းဝပ်​တော်မူ​၏​။ ဇိအုန်​တောင်​ကို တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​ဖြင့် ပြည့်​စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 6,
      "text": "ကိုယ်တော်​သည် သင်​အသက်ရှင်​သည့်​ကာလ​တွင် တည်ငြိမ်​ခြင်း​၊ ကယ်တင်​ခြင်း​စည်းစိမ်​၊ ဉာဏ်ပညာ​၊ အသိပညာ​ဖြစ်​တော်မူ​မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် သင်​၏​ဘဏ္ဍာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 7,
      "text": "သူရဲကောင်း​တို့​သည် လမ်း​ပေါ်၌ အော်ဟစ်​ကြ​၏​။ ငြိမ်းချမ်းရေး​စေတမန်​တို့​သည် ခါးသီး​စွာ​ငိုကြွေး​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 8,
      "text": "လမ်းမ​ပေါ်တွင် လူသူကင်းမဲ့​၏​။ လမ်း​ပေါ်တွင် လူသွားလူလာ​မ​ရှိ​။ ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​။ မြို့ ​များ​ကို​ပမာဏ​မ​ပြု​။ လူ​ကို​အလေး​မ​ထား​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 9,
      "text": "တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​၍ အားလျော့​လေ​ပြီ​။ လက်ဘနွန်​တောင်​သည် အရှက်ရ​၍ ညှိုးနွမ်း​လေ​ပြီ​။ ရှာရုန်​အရပ်​သည် အရာဗ​လွင်ပြင်​နှင့်​တူ​လေ​ပြီ​။ ဗာရှန်​တောင်​၊ ကရမေလ​တောင်​သည် မိမိ​တို့​အရွက်​များ​ကို​ခါချ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 10,
      "text": "ထာဝရဘုရား​က “​ယခုပင် ငါ​ထ​မည်​။ ငါ့ကိုယ်ငါ​ချီးမြှောက်​မည်​။ ငါ​သည် ချီးမြှောက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 11,
      "text": "သင်​တို့​သည် ဖွဲ​ကို​ကိုယ်ဝန်ဆောင်​၍ ကောက်ရိုး​ကို မွေး​မည်​။ သင်​တို့​၏​ထွက်သက်လေ​သည် မီး​ကဲ့သို့​ဖြစ်၍ သင်​တို့​ကို​ဝါးမျို​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 12,
      "text": "လူ​တို့​သည် ထုံးမှုန့်​ဖြစ်​သည်​အထိ လောင်မြိုက်​ခြင်း​ခံရ​မည်​။ ဆူးပင်​ကို​ခုတ်လှဲ​၍ မီး​ရှို့​လိုက်​သကဲ့သို့ ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 13,
      "text": "ရပ်ဝေး​ရှိ​လူ​တို့​၊ ငါ​ပြု​သော​အမှု​ကို ကြားသိ​ကြ​လော့​။ ရပ်နီး​ရှိ​လူ​တို့​၊ ငါ့​အစွမ်းတန်ခိုး​ကို သိမှတ်​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 14,
      "text": "ဇိအုန်​မြို့​ရှိ​အပြစ်သား​တို့​သည် ကြောက်ရွံ့​ကြ​လေ​ပြီ​။ ထိတ်လန့်တုန်လှုပ်​ခြင်း​သည် ဘုရားတရားမဲ့​သူ​တို့​ကို လွှမ်းမိုး​လေ​ပြီ​။ သူ​တို့​က “​ငါ​တို့​တွင် မည်သူ​သည် တောက်လောင်​သော​မီး​ထဲ၌ နေ​နိုင်​သနည်း​။ ငါ​တို့​တွင် မည်သူ​သည် ထာဝရ​မီးတောက်​ထဲ၌ နေ​နိုင်​သနည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 15,
      "text": "ဖြောင့်မတ်​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ ဟုတ်မှန်​သော​စကား​ကို​ပြော​သူ​၊ ဖိနှိပ်​ညှဉ်းပန်း​ခြင်း​ဖြင့်​ရ​သော​အကျိုးစီးပွား​ကို​ငြင်းပယ်​၍ တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ဘဲ ငြင်းဆို​သူ​၊ သတ်ဖြတ်မှု​အကြောင်း​ကို မ​ကြား​မိ​အောင် နား​ပိတ်​ထား​သူ​၊ မကောင်း​သော​အရာ​များ​ကို မ​ကြည့်မိ​အောင် မျက်စိ​ပိတ်​ထား​သူ​၊"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 16,
      "text": "ထို​သူ​သည် မြင့်ရာအရပ်​၌ နေ​ရ​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တောင်​၌ ခိုလှုံ​ရ​၍ သူ့​အား အစားအစာ​ပေး​ကြ​၏​။ သူ​၌ သောက်ရေ​မပြတ်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 17,
      "text": "သင့်​မျက်စိ​သည် တင့်တယ်​သော​ရှင်ဘုရင်​ကို တွေ့မြင်​ရ​မည်​။ အဝေး၌ရှိ​သော​ပြည်​ကို ရှုမြင်​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 18,
      "text": "“​စာရေးတော်ကြီး အဘယ်မှာ​ရှိ​သနည်း​၊ အခွန်ကောက်ခံ​သူ အဘယ်မှာ​ရှိ​သနည်း​၊ ပြအိုး​ရေတွက်​သူ အဘယ်မှာ​ရှိ​သနည်း​”​ဟု သင့်​စိတ်နှလုံး​သည် ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​ကို ပြန်တွေး​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 19,
      "text": "နားမလည်​နိုင်​အောင် ထူးဆန်း​သော​ဘာသာစကား​ပြောဆို​သော​၊ နား​မ​လည်​နိုင်​အောင် မပီမသ​စကား​ပြောဆို​သော ရိုင်းစိုင်း​သည့်​လူမျိုး​ကို သင်​တွေ့​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 20,
      "text": "ငါ​တို့​ပွဲတော်​မြို့​ဖြစ်​သည့် ဇိအုန်​မြို့​ကို​ကြည့်ရှု​လော့​။ အပြောင်းအရွှေ့​မ​ရှိ​သော​တဲ​ဖြစ်​သည့် ငြိမ်းအေး​ရာ​ဂျေရုဆလင်​မြို့​ကို သင်​သည် ကိုယ့်​မျက်စိ​နှင့် မြင်​ရ​လိမ့်မည်​။ ထို​တဲ​၏​တိုင်​များ​သည် မည်သည့်​အခါ​မျှ ဆွဲနုတ်ခြင်း​ခံရ​မည်​မ​ဟုတ်​။ ကြိုး​များ​သည်​လည်း တစ်ချောင်းမျှ​ဖြတ်တောက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 21,
      "text": "ထို​အရပ်​၌ တန်ခိုးကြီး​သော​ထာဝရဘုရား​သည် ငါ​တို့​အတွက် မြစ်ကြီး​၊ ချောင်း​ကြီး​များ ဖြစ်​တော်မူ​မည်​။ ထို​နေရာ​တွင် တက်​ခတ်​လှေ​လည်း မ​သွား​နိုင်​၊ သင်္ဘော​ကြီး​လည်း ဖြတ်​မ​ကူး​နိုင်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 22,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 23,
      "text": "သင်​၏​ကြိုး​တို့​သည် လျော့​၍ ရွက်တိုင်​ကို မြဲမြံ​စွာ​မ​ဆွဲ​ထား​နိုင်​၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်​။ ထိုအခါ သင်​တိုက်ခိုက်လုယူ​ထား​သည့် ဥစ္စာပစ္စည်း​များစွာ​တို့​ကို ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ ခြေမသန်သူ​တို့​ပင် တိုက်ရာပါပစ္စည်း​ကို သိမ်းယူ​နိုင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 24,
      "text": "မြို့သူမြို့သား​တစ်​ဦး​မျှ “​ငါ​ဖျားနာ​၏​”​ဟု ပြော​မည်​မ​ဟုတ်​။ ထို​မြို့​၌ နေထိုင်​သော​လူ​တို့​သည် အပြစ်​လွတ်ခွင့်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 1,
      "text": "အို တိုင်းနိုင်ငံ​တို့​၊ ချဉ်းကပ်​၍ နားထောင်​ကြ​လော့​။ အို လူမျိုး​တို့​၊ အာရုံစိုက်​နားထောင်​ကြ​လော့​။ မြေကြီး​နှင့် မြေကြီး​ပေါ်​ရှိသမျှ​တို့ ကြား​ကြ​ပါစေ​။ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​ထဲ၌ ရှိသမျှ​တို့​ကြား​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 2,
      "text": "အကယ်စင်စစ် ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို အမျက်ထွက်​တော်မူ​၍ အမျက်​တော်​သည် သူ​တို့​၏​စစ်သည်ဗိုလ်ပါ​အားလုံး​အပေါ် သက်ရောက်​လေ​ပြီ​။ ကိုယ်တော်​သည် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ သူ​တို့​ကို သတ်ဖြတ်​သူ​လက်​သို့ အပ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 3,
      "text": "သူ​တို့​ထဲမှ အသတ်ခံရ​သူ​တို့​ကို အပြင်​သို့​ပစ်​လိုက်​၍ သူ​တို့​အလောင်း​များ​မှ အပုပ်နံ့​များ​ထွက်လာ​မည်​။ တောင်​များ​ပေါ်၌ သွေးချောင်း​စီး​မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 4,
      "text": "ကောင်းကင်​တန်ဆာ​တို့​သည် ပျက်စီးပျောက်ကွယ်​သွား​၍ ကောင်းကင်​သည် စာလိပ်​ကဲ့သို့​လိပ်​သွား​မည်​။ ကောင်းကင်တန်ဆာ​တို့​သည် စပျစ်ပင်​မှ အရွက်​ကြွေကျ​သကဲ့သို့​၊ သဖန်းပင်​မှ အရွက်​ကြွေကျ​သကဲ့သို့ ကြွေကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 5,
      "text": "ကောင်းကင်​၌ ငါ့​ဓား​သည် ကျေနပ်အားရ​စွာ​စီရင်​ပြီးမှ ကြည့်ရှု​လော့​။ ဧဒုံ​ပြည်​အပေါ်​၊ ငါ​ကျိန်​သော​လူမျိုး​အပေါ် တရားစီရင်​ရန်​ဆင်းလာ​မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 6,
      "text": "ထာဝရဘုရား​၏​ဓား​တော်​သည် သွေး​နှင့်​ဝ​ပြီ​၊ အဆီ​နှင့်​အီ​ပြီ​။ သိုးသငယ်​နှင့်​ဆိတ်ထီး​တို့​၏​သွေး​၊ သိုးထီး​တို့​၏​ကျောက်ကပ်​အဆီ​တို့​နှင့် ဝအီ​လေ​ပြီ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဗောဇရ​မြို့​၌ ယဇ်ပူဇော်ပွဲ​၊ ဧဒုံ​ပြည်​၌ ကြီးမား​သော​သားသတ်ပွဲ ကျင်းပ​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 7,
      "text": "နွားရိုင်း​တို့​သည် ပြည်သား​တို့​နှင့်အတူ​၊ နွားထီးပျို​တို့​သည် နွားလား​တို့​နှင့်အတူ လဲကျ​ကြ​လိမ့်မည်​။ သူ​တို့​၏​မြေ​သည် သွေး​နှင့်​ဝ​၍ သူ​တို့​၏​မြေမှုန့်​သည် အဆီ​နှင့်​အီ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 8,
      "text": "ထာဝရဘုရား​၌ လက်စားချေ​ရာ​နေ့​၊ ဇိအုန်​မြို့​ကို ရန်ပြု​သော​သူ​ကို ဒဏ်ပေး​သော​နှစ် ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 9,
      "text": "ဧဒုံ​ပြည်​၏​ချောင်း​တို့​သည် ကတ္တရာစေး​အဖြစ်​သို့ ပြောင်းသွား​လိမ့်မည်​၊ မြေမှုန့်​သည် ကန့်​အဖြစ်​သို့ ပြောင်းသွား​လိမ့်မည်​။ ထို​ပြည်​သည် လောင်ကျွမ်း​နေ​သော​ကတ္တရာစေး ဖြစ်​သွား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 10,
      "text": "နေ့ညမပြတ် မီးငြိမ်း​လိမ့်မည်​မ​ဟုတ်​။ မီးခိုး​သည် အစဉ်အမြဲ​တက်​လိမ့်မည်​။ ထို​ပြည်​သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​။ ထို​ပြည်​ကို ကာလ​အစဉ်အဆက် မည်သူ​မျှ ဖြတ်သန်းသွားလာ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 11,
      "text": "ငှက်ကြီးဝန်ပို​၊ ဖြူကောင်​တို့​သည် ထို​ပြည်​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။ ဒီးဒုတ်​၊ ကျီးကန်း​တို့​သည် ထို​ပြည်​၌​နေ​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​ပြည်​ကို လဟာ​မျဉ်းကြိုး​၊ ဗလာနတ္တိ​ချိန်ထုပ်​တို့​ဖြင့် တန်း​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 12,
      "text": "နိုင်ငံ​တော်​ဟု ခေါ်​ရ​လောက်အောင် ထို​ပြည်​၌ မှူးမတ်​မ​ရှိ​၊ ဘာမျှ​မ​ရှိ​။ ထို​ပြည်​၏​အကြီးအကဲ​အပေါင်း​တို့​သည် အရာရောက်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 13,
      "text": "ထို​ပြည်​၏​ခံတပ်​များ​၌ ဆူးပင်​များ​ပေါက်​လိမ့်မည်​။ ရဲတိုက်​များ​၌ ဖက်ယားပင်​၊ ဆူးချုံရိုင်း​များ ပေါက်​လိမ့်မည်​။ ထို​ပြည်​သည် ခွေးအ​တို့​ကျက်စား​ရာ​၊ ငှက်ကုလားအုတ် ​တို့​နေထိုင်​ရာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 14,
      "text": "ထို​အရပ်​၌ ကန္တာရ​သတ္တဝါ​နှင့် တောခွေး​တို့ ဆုံ​ကြ​လိမ့်မည်​။ တောဆိတ်​တို့​သည် တစ်​ကောင်​နှင့်​တစ်​ကောင် အသံ​ပေး​ကြ​လိမ့်မည်​။ ငှက်ဆိုး ​သည် လာနား​လိမ့်မည်​။ နားခို​ရာ​ကို တွေ့ရှိ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 15,
      "text": "ထို​အရပ်​၌ ဇီးကွက်​ကြီး​သည် အသိုက်​လုပ်​၍ ဥ​လိမ့်မည်​။ ဥ​ပေါက်​သောအခါ မိမိ​အတောင်​အောက်​၌ စုစည်း​ထား​လိမ့်မည်​။ သိမ်းငှက်​တို့​သည်​လည်း ထို​အရပ်​၌ ဖိုမ​အစုံအစုံ စုရုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 16,
      "text": "ထာဝရဘုရား​၏​ကျမ်းစာလိပ်​ထဲ၌ ရှာဖွေ​ဖတ်ရှု​ကြ​။ ထို​အကောင်​တို့​သည် တစ်​ကောင်​မျှ​မ​ပျောက်​။ ဖိုမ​အစုံအစုံ ရှိ​ကြ​လိမ့်မည်​။ ထိုသို့ နှုတ်​တော်​ထွက်​ရှိ​နှင့်​ပြီ​။ ဝိညာဉ်​တော်​သည် ထို​အကောင်​တို့​ကို စုရုံး​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 17,
      "text": "ထို​အကောင်​တို့​အတွက် နေရာ​ချ​ပေး​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်​တော်​သည် မျဉ်းကြိုး​တန်း​၍ နေရာ​ခွဲဝေ​ပေး​တော်မူ​ပြီ​။ ထို​အကောင်​တို့​သည် ထို​ပြည်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​၍ မျိုးဆက်အဆက်ဆက် နေထိုင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 1,
      "text": "တောကန္တာရ​နှင့်​ခြောက်သွေ့​သော​အရပ်​သည် ရွှင်မြူး​ကြ​လိမ့်မည်​။ သဲကန္တာရ​သည် ရွှင်လန်း​၍ နှင်းဆီပန်း​ကဲ့သို့ ဖူးပွင့်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 2,
      "text": "ဝေဝေဆာဆာ​ဖူးပွင့်​၍ ဝမ်းမြောက်​ပျော်ရွှင်​စွာ သီချင်းဆို​လိမ့်မည်​။ လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​၊ ကရမေလ​တောင်​နှင့် ရှာရုန်​လွင်ပြင်​တို့​၏​ခန့်ညားထည်ဝါမှု​ကို ရရှိ​လိမ့်မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​၊ ငါ​တို့​ဘုရားသခင်​၏​ခန့်ညားထည်ဝါမှု​ကို မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 3,
      "text": "အားနည်း​သော​လက်​တို့​ကို ခိုင်ခံ့​စေ​ကြ​လော့​။ ချည့်နဲ့​သော​ဒူး​တို့​ကို သန်မာ​စေ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 4,
      "text": "စိတ်အားငယ်​သော​သူ​တို့​အား “​အားယူ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ ကြည့်ရှု​လော့​။ သင်​တို့​၏​ဘုရားသခင်​သည် လက်စားချေ​ရန် ကြွလာ​မည်​။ အကျိုးအပြစ်​ပေး​ရန် ကြွလာ​မည်​။ ဘုရားသခင်​ကိုယ်တော်တိုင်​ကြွလာ​၍ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​”​ဟု ဆို​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 5,
      "text": "ထိုအခါ မျက်မမြင်​သူ​တို့​သည် မျက်စိ​မြင်​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​သည် နား​ကြား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 6,
      "text": "ခြေမသန်သူ​တို့​သည် သမင်​ကဲ့သို့​ခုန်ပေါက်​ကြ​လိမ့်မည်​။ ဆွံ့အ​သော​လျှာ​သည် ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်​။ တောကန္တာရ​၌​ရေ​ပန်းထွက်​၍ သဲကန္တာရ​၌​စမ်းချောင်း​စီး​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 7,
      "text": "ခြစ်ခြစ်တောက်​ပူ​သော​သဲမြေ​သည် ရေအိုင်​ဖြစ်​လိမ့်မည်​။ ခြောက်ကပ်​သော​မြေ​သည် စမ်းရေတွင်း​ဖြစ်​လိမ့်မည်​။ ခွေးအ​တို့​ကျက်စား​ရာ​နေရာ​၊ လဲလျောင်း​ရာ​နေရာ​၌ မြက်ပင်​နှင့်အတူ ကျူပင်​နှင့်​ကျူပင်ကြီး​တို့ ပေါက်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 8,
      "text": "ထို​အရပ်​၌ လမ်းမကြီး​တစ်​လမ်း​ရှိ​၏​။ ထို​လမ်း​ကို သန့်ရှင်း​သော​လမ်း​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ထို​လမ်း​၌ မစင်ကြယ်​သော​သူ သွားလာ​ရ​မည်​မ​ဟုတ်​။ ထို​လမ်း​သည် ထို​လမ်း​ပေါ် လျှောက်​မည့်​သူ​တို့​အတွက်​သာ​ဖြစ်​၏​။ ဆိုးမိုက်​ခဲ့​သော​သူ​တို့​ပင် ထို​လမ်း​ပေါ်​ရောက်​လျှင် လမ်းလွဲ​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 9,
      "text": "ထို​လမ်း​၌ ခြင်္သေ့​မ​ရှိ​။ ကြမ်းကြုတ်​သော တောရိုင်းတိရစ္ဆာန် တစ်​ကောင်​မျှ ထို​လမ်း​ပေါ်သို့ မ​တက်လာ​။ မည်သည့်​တိရစ္ဆာန်​ကို​မျှ မ​တွေ့​ရ​။ ရွေးနုတ်​ခံရ​သော​သူ​တို့​သာ ထို​လမ်း​၌ သွားလာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 10,
      "text": "ထာဝရဘုရား ရွေးနုတ်ကယ်တင်​တော်မူ​သော​သူ​တို့​သည် ပြန်လာ​ကြ​မည်​။ သီချင်းဆို​လျက် ဇိအုန်​မြို့​ထဲသို့ ဝင်လာ​ကြ​မည်​။ သူ​တို့​၏​ခေါင်း​ပေါ်၌ ဝမ်းမြောက်​ခြင်း​သရဖူ​ကို အစဉ်အမြဲ​ဆောင်း​ကြ​ရ​မည်​။ ဝမ်းနည်း​ခြင်း​၊ ညည်းတွား​ခြင်း​သည် ထွက်ပြေး​သွား​၍ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​ကို ရရှိ​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 1,
      "text": "ဟေဇကိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​လေး​နှစ်​တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် ယုဒ​ပြည်​၏​ခံတပ်​မြို့​အားလုံး​ကို တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 2,
      "text": "အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​လေ​၏​။ ရာဗရှာခ​သည် ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 3,
      "text": "ထိုအခါ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ့​ထံသို့ လာ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 4,
      "text": "ရာဗရှာခ​က သူ​တို့​အား “​ဟေဇကိ​မင်းကြီး​အား ပြန်လျှောက်​ကြ​လော့​။ အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​က ‘သင်​သည် အဘယ်အရာ​ကို ကိုးစား​၍ စိတ်အေးလက်အေး​နေ​နိုင်​သနည်း​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 5,
      "text": "သင်​၌ စစ်ဗျူဟာ​၊ စစ်အင်အား​ရှိ​သည်​ဆို​သည်​မှာ အပြောသက်သက်​သာ​ဖြစ်​၏​။ ယခု သင်​သည် အဘယ်သူ​ကို​ကိုးစား​၍ ငါ့​ကို ပုန်ကန်​သနည်း​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 6,
      "text": "ကြည့်ရှု​လော့​။ သင်​သည် ကျိုး​နေ​သော​ကျူ​တောင်ဝှေး​ဖြစ်​သည့် အီဂျစ်​ပြည်​ကို ကိုးစား​၏​။ ထို​တောင်ဝှေး​ကို​မှီ​လျှင် မှီသောသူ​၏​လက်​ကို ထုတ်ချင်းပေါက်​အောင် စူး​တတ်​၏​။ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် မိမိ​အား ကိုးစား​သော​သူ​အပေါင်း​တို့​ကို ထိုသို့​ပြု​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 7,
      "text": "သင်​တို့​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ယုံကြည်ကိုးစား​သည်​ဟု ဆို​လျှင်​လည်း ဟေဇကိ​မင်းကြီး​က ထို​ဘုရား​နှင့်ဆိုင်သော အထွတ်အမြတ်​ထား​ရာ​နေရာ​နှင့် ယဇ်ပလ္လင်​တို့​ကို​ပင် ဖယ်ရှား​လိုက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ဂျေရုဆလင်​မြို့​ရှိ ဤ​ယဇ်ပလ္လင်​ရှေ့​၌​သာ သင်​တို့​ကိုးကွယ်​ရ​မည်​ဟူ၍ မိန့်မှာ​ခဲ့​သည် မ​ဟုတ်​လော’​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 8,
      "text": "ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 9,
      "text": "စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်​တွန်းလှန်​နိုင်​မည်လော​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 10,
      "text": "ထာဝရဘုရား​အခွင့်​မ​ရှိ​ဘဲ ဤ​ပြည်​ကို ငါ​လာ​၍​ဖျက်ဆီး​သည်​ဟု ထင်​သလော​။ ထာဝရဘုရား​က ‘​ထို​ပြည်​သို့​စစ်ချီ​၍​ဖျက်ဆီး​လော့​’​ဟူ၍ ငါ့​အား​မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 11,
      "text": "ထိုအခါ ဧလျာကိမ်​၊ ရှေဗန​၊ ယောအာ​တို့​က ရာဗရှာခ​အား “​အာရမိတ်​ဘာသာ​စကား​ကို ကျွန်တော်မျိုး​တို့​နားလည်​သည်​ဖြစ်၍ ကျွန်တော်မျိုး​တို့​အား အာရမိတ်​ဘာသာ​စကား​နှင့်​ပြော​ပါ​လော့​။ မြို့ရိုး​ပေါ်​ရှိ​လူ​တို့​ကြားသိ​အောင် ယုဒ​ဘာသာစကား​ဖြင့် မ​ပြော​ပါ​နှင့်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 12,
      "text": "သို့သော် ရာဗရှာခ​က “​ငါ့​သခင်​သည် သင်​တို့​၏​သခင်​နှင့် သင်​တို့​ကို​သာ ဤ​စကား​တို့​ကို​ပြောကြား​ရန် ငါ့​ကို​စေလွှတ်​သည်​မ​ဟုတ်​။ သင်​တို့​နှင့်အတူ ကိုယ့်​မစင်​ကိုယ်​စား​၊ ကိုယ့်​ဆီး​ကိုယ်​သောက်​ကြ​သည့် မြို့ရိုး​ပေါ်တွင်​ထိုင်​သော​သူ​တို့​ကို​လည်း ပြောကြား​ရန် စေလွှတ်​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 13,
      "text": "ထို့နောက် ရာဗရှာခ​သည် မတ်တတ်ရပ်​၍ ယုဒ​ဘာသာ​စကား​ဖြင့် “​အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​၏​အမိန့်​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 14,
      "text": "ရှင်ဘုရင်​က ‘​ဟေဇကိ လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်​။ သူ​သည် သင်​တို့​ကို​မ​ကယ်နုတ်​နိုင်​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 15,
      "text": "ထာဝရဘုရား​သည် ငါ​တို့​ကို အမှန်ပင်​ကယ်နုတ်​တော်မူ​မည်​။ ဤ​မြို့​သည် အဆီးရီးယား​ဘုရင်​လက်​သို့​မ​ရောက်​ရ​ဟု ဆို​လျက် ထာဝရဘုရား​ကို ကိုးစား​လာ​အောင် ဟေဇကိ​လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့် ’ ​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 16,
      "text": "ဟေဇကိ​၏​စကား​ကို​နား​မ​ထောင်​ကြ​နှင့်​။ အဆီးရီးယား​ဘုရင်​က ‘​ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​၍ ငါ့​ဘက်​သို့ လာ​ကြ​။ ငါ​လာ​၍ သင်​တို့​ကို မ​ခေါ်ဆောင်​သွား​မီ​အထိ သင်​တို့​အသီးသီး ကိုယ့်​စပျစ်သီး​၊ ကိုယ့်​သဖန်းသီး​တို့​ကို​စား​နှင့်​ကြ​။ ကိုယ့်​ရေတွင်း​မှ​ရေ​ကို​သောက်​နှင့်​ကြ​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 17,
      "text": "နောက်မှ ငါ​လာ​၍ သင်​တို့​ပြည်​ကဲ့သို့ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ထွက်​သော​ပြည်​၊ အစားအစာ​နှင့် စပျစ်ခြံ​ပေါများ​သော​ပြည်​သို့ သင်​တို့​ကို ငါ​ခေါ်ဆောင်​သွား​မည်​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 18,
      "text": "ဟေဇကိ​က ထာဝရဘုရား​သည် ငါ​တို့​ကို​ကယ်နုတ်​တော်မူ​မည်​ဟု ဆို​လျက် လှည့်စား​သည်​ကို မ​ခံ​ကြ​နှင့်​။ မည်သည့်​လူမျိုး​တစ်မျိုးမျိုး​၏​ဘုရား​တို့​သည် မိမိ​ပြည်​ကို အဆီးရီးယား​ဘုရင်​၏​လက်​မှ ကယ်နုတ်​နိုင်​ခဲ့​သနည်း​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 19,
      "text": "ဟာမတ်​ပြည်​၊ အာပဒ်​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ သေဖရဝိမ်​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ စင်စစ် ထို​ဘုရား​တို့​သည် ရှမာရိ​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​ခဲ့​ပြီ​လော​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 20,
      "text": "ဤ​ပြည်​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​ပြည်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ ထာဝရဘုရား​သည်​လည်း ဂျေရုဆလင်​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​မည်လော​’​ဟူ၍ မိန့်ဆို​သည်​”​ဟု အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 21,
      "text": "ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်​ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 22,
      "text": "ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့ ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 1,
      "text": "ဟေဇကိ​မင်းကြီး​သည် ထို​စကား​ကို​ကြား​လျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 2,
      "text": "မင်းကြီး​သည် လျှော်တေအဝတ်​ဝတ်​ထား​သည့် နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အသက်ကြီး​သော​ယဇ်ပုရောဟိတ်​တို့​ကို အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​ထံသို့ စေလွှတ်​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 3,
      "text": "သူ​တို့​က ဟေရှာယ​အား “​ဟေဇကိ​မင်းကြီး​က ‘ယနေ့​သည် ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​၊ ဆုံးမ​ခြင်း​ခံရ​သော​နေ့​၊ အရှက်ကွဲ​ရ​သော​နေ့ ဖြစ်​၏​။ သားဖွား​ချိန်​ရောက်​သော်လည်း သားဖွား​ရန်​ခွန်အား​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 4,
      "text": "ရာဗရှာခ​၏​သခင် အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်း​ပတ္ထနာပြု​ပါ’​ဟူ၍ မိန့်မှာ​သည်​”​ဟု ပြောကြား​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 5,
      "text": "ဟေဇကိ​မင်းကြီး​၏​မင်းမှုထမ်း​တို့​သည် ဟေရှာယ​ထံသို့​ရောက်လာ​လျှင်"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 6,
      "text": "ဟေရှာယ​က သူ​တို့​အား “​သင်​တို့​သခင်​ကို ဤသို့​လျှောက်ထား​ကြ​လော့​။ ထာဝရဘုရား​က ‘​ငါ့​အား အဆီးရီးယား​ဘုရင်​၏​ငယ်သား​တို့ စော်ကားပြောဆို​သည့်​စကား​ကို သင်​ကြား​ရ​သည့်​အတွက် မ​ကြောက်​နှင့်​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 7,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု သူ​တို့​အား ဆင့်ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 8,
      "text": "အဆီးရီးယား​ဘုရင်​သည် လာခိရှ​မြို့​မှ​ထွက်သွား​ကြောင်း ရာဗရှာခ​ကြား​သဖြင့် ပြန်သွား​ရာ ရှင်ဘုရင်​သည် လိဗန​မြို့​အား​တိုက်ခိုက်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 9,
      "text": "“​အီသီယိုးပီးယား​ဘုရင်​တိရက္က​မင်းကြီး​သည် သင့်​ကို​တိုက်​ရန်​စစ်ချီ​လာ​ပြီ​”​ဟူသော သတင်း​ကို အဆီးရီးယား​ဘုရင် ကြား​ရ​၏​။ သို့သော် ဟေဇကိ​မင်းကြီး​ထံသို့ စေတမန်​တို့​ကို​စေလွှတ်​၍"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 10,
      "text": "“​သင်​တို့​သည် ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​အား ဤသို့​ပြောကြား​လော့​။ သင်​ယုံကြည်ကိုးစား​သော​သင်​၏​ဘုရားသခင်​က ‘ဂျေရုဆလင်​မြို့​သည် အဆီးရီးယား​ဘုရင်​၏​လက်​သို့ ရောက်​မည်​မ​ဟုတ်’​ဟု မိန့်ဆို​၍ လှည့်စား​သည်​ကို သင်​မ​ခံ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 11,
      "text": "ကြည့်ရှု​လော့​။ အဆီးရီးယား​ဘုရင်​တို့​သည် တိုင်းပြည်​အားလုံး အကုန်အစင်​ပျက်စီး​သွား​အောင် မည်သို့​ပြု​ခဲ့​သည်​ကို သင်​ကြား​ရ​ပြီ​။ သင်​လည်း လွတ်မြောက်​မည်​ဟု​မ​ထင်​နှင့်​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 12,
      "text": "ငါ့​ဘိုးဘေး​တို့​ဖျက်ဆီး​ခဲ့​သော​လူမျိုး​များ​ဖြစ်​သည့် ဂေါဇန်​လူမျိုး​၊ ဟာရန်​လူမျိုး​၊ ရေဇပ်​လူမျိုး​၊ တေလသာ​မြို့​ရှိ ဧဒင်​အမျိုးသား​တို့​၏​ဘုရား​များ​သည် သူ​တို့​ကို ကယ်​ခဲ့​ဖူး​သလော​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 13,
      "text": "ဟာမတ်​ဘုရင်​၊ အာပဒ်​ဘုရင်​တို့​အဘယ်မှာ​ရှိ​တော့​သနည်း​။ သေဖရဝိမ်​မြို့​၊ ဟေန​မြို့​၊ ဣဝါ​မြို့​တို့​၏​ဘုရင်​တို့​သည်​လည်း အဘယ်မှာ​ရှိ​တော့​သနည်း”​ဟု ပြောကြား​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 14,
      "text": "ဟေဇကိ​မင်းကြီး​သည် စေတမန်​တို့​လက်​မှ စာ​ကို​ယူ​၍ ဖတ်​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထို​စာ​ကို​ဖြန့်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 15,
      "text": "ထို့နောက် ဟေဇကိ​မင်းကြီး​က ထာဝရဘုရား​ထံ​တော်​သို့"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 16,
      "text": "“​ခေရုဗိမ် ​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 17,
      "text": "အို ထာဝရဘုရား​၊ နား​တော်​ကို​လှည့်​၍ နားထောင်​တော်မူ​ပါ​။ မျက်စိ​တော်​ကို​ဖွင့်​၍ ကြည့်ရှု​တော်မူ​ပါ​။ သနာခရိပ်​မင်းကြီး ပေးပို့​လိုက်​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​အား စော်ကားပြောဆို​သော​စကား​အလုံးစုံ​ကို နားထောင်​တော်မူ​ပါ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 18,
      "text": "အို ထာဝရဘုရား​၊ အကယ်စင်စစ် အဆီးရီးယား​ဘုရင်​တို့​သည် လူမျိုး​အပေါင်း​တို့​နှင့် သူ​တို့​၏​ပြည်​ကို ဖျက်ဆီး​ပါ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 19,
      "text": "သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​၊ ကျောက်​များ​သာ​ဖြစ်​သောကြောင့် ပျက်စီး​ကြ​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 20,
      "text": "အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်းသာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 21,
      "text": "အာမုတ်​၏​သား​ဟေရှာယ​သည်​လည်း ဟေဇကိ​မင်းကြီး​ထံသို့​လူ​လွှတ်​၍ “​အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် အဆီးရီးယား​ဘုရင်​သနာခရိပ်​နှင့်​ပတ်သက်၍ ငါ့​ထံ​ဆုတောင်း​သောကြောင့်"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 22,
      "text": "ထို​ဘုရင်​ကို​ရည်ညွှန်း​၍ ထာဝရဘုရား​က ဇိအုန်​သမီး​ပျို​သည် သင့်​ကို​မထီမဲ့မြင်ပြု​လေ​ပြီ​။ သင့်​ကို​ပြက်ရယ်ပြု​လေ​ပြီ​။ ဂျေရုဆလင်​သမီးပျို​သည် သင့်​နောက်မှ​နေ​၍ ခေါင်းခါယမ်း​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 23,
      "text": "သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 24,
      "text": "သင်​သည် သင့်​မင်းမှုထမ်း​တို့​အားဖြင့် ဘုရားရှင်​ကို​ကဲ့ရဲ့ပြစ်တင်​လျက် ငါ​၏​စစ်ရထား​များစွာ​ဖြင့် လက်ဘနွန်​တောင်​ထိပ်​အစွန်အဖျား​သို့ ငါ​တက်​ခဲ့​ပြီ​။ ထို​တောင်​ပေါ်ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ အကောင်းဆုံး​ထင်းရှူးပင်​တို့​ကို ငါ​ခုတ်လှဲ​ခဲ့​ပြီ​။ တောနက်ကြီး​၏​အစွန်အဖျား​သို့​လည်း ငါ​ရောက်​ခဲ့​ပြီ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 25,
      "text": "ငါ​သည် တွင်းတူး​၍ ရေ​ကို​သောက်​ခဲ့​ပြီ​။ ငါ​၏​ခြေ​ဖဝါး​ဖြင့် အီဂျစ်​ပြည်​၏​မြစ်ချောင်း​ရှိသမျှ​ကို ခန်းခြောက်​စေ​ခဲ့​ပြီ ဟု​ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 26,
      "text": "ဤ​အမှု​ကို ရှေးယခင်​ကပင် ငါ​ချမှတ်​ခဲ့​ကြောင်း သင်​မ​ကြား​ဖူး​သလော​။ သင်​သည် ခိုင်ခံ့​သော​မြို့​တို့​ကို အပျက်အစီး​ကျောက်ပုံ​ဖြစ်စေ​မည်​ကို ရှေးယခင်​ကပင် ငါ​စီမံ​ထား​၍ ယခု ငါ​ဖြစ်​စေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 27,
      "text": "ထို​မြို့သား​တို့ အားလျော့​စိတ်ပျက်​ကြ​ပြီ​။ ရှက်ကြောက်​ကြ​ပြီ​။ သူ​တို့​သည် မ​ကြီး​မီ​ညှိုးနွမ်း​သွား​သော တော​မြက်ပင်​ကဲ့သို့​၊ မြက်နုစိမ်း​ကဲ့သို့​၊ ခေါင်မိုး​ပေါ်မှ​မြက်ပင်​ကဲ့သို့ ဖြစ်​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 28,
      "text": "သင်​၏​နေထိုင်​သွား​လာ​ခြင်း​၊ ငါ့​အပေါ် အမျက်ထွက်​ခြင်း​တို့​ကို ငါ​သိ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 29,
      "text": "သင်​သည် ငါ့​ကို​အမျက်ထွက်​သောကြောင့်​၊ သင်​စော်ကားပြောဆို​သော​စကား​ကို ငါ​ကြား​ရ​သောကြောင့် ငါ​သည် သင့်​ကို နဖားကြိုး​တပ်​မည်​၊ ဇက်ကြိုး​တပ်​မည်​။ သင်​လာ​သော​လမ်း​ဖြင့် သင့်​ကို​ပြန်​စေ​မည် ဟူ၍​မိန့်ဆို​ပြီ​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 30,
      "text": "သင့်​အတွက် နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ ယခု​နှစ်​တွင် အလေ့ကျ​ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ ဒုတိယ​နှစ်​တွင် ထို​သီးနှံ​တို့​မှ​ပြန်ပေါက်​သော​သီးနှံ​များ​ကို စား​ရ​မည်​။ တတိယ​နှစ်​တွင်​မူ မျိုးကြဲ​ကြ​လော့​၊ ရိတ်သိမ်း​ကြ​လော့​၊ စပျစ်ပင်​ကို​စိုက်​ကြ​လော့​၊ စပျစ်သီး​ကို​စား​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 31,
      "text": "အသက်​ဘေး​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​သည် အောက်​ဘက်​တွင် ပြန်​၍​အမြစ်​စွဲ​မည်​။ အပေါ်​ဘက်​တွင် ပြန်​၍​အသီး​သီး​မည်​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 32,
      "text": "ကြွင်းကျန်​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း​၊ လွတ်မြောက်​သော​သူ​တို့​သည် ဇိအုန်​တောင်​ပေါ်မှ​လည်းကောင်း ထွက်ပေါ်​လာ​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 33,
      "text": "ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို ရည်ညွှန်း​၍ ‘​သူ​သည် ဤ​မြို့​သို့​ဝင်​ရ​မည်​မ​ဟုတ်​။ ထို​အရပ်​၌ မြား​ကို​ပစ်​ရ​မည်​မ​ဟုတ်​။ ဤ​မြို့​ရှေ့​သို့ ဒိုင်းလွှား​ဖြင့် ချဉ်းကပ်​ရ​မည်​မ​ဟုတ်​။ မြေကတုတ်​လည်း ဆောက်​ရ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 34,
      "text": "ထာဝရဘုရား​က ‘​သူ​သည် လာ​သော​လမ်း​ဖြင့် ပြန်သွား​ရ​မည်​။ ဤ​မြို့​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 35,
      "text": "အကြောင်းမူကား ငါ​သည် ငါ့​အတွက်​၊ ငါ့​အစေအပါး​ဒါဝိဒ်​အတွက် ဤ​မြို့​ကို ကာကွယ်​မည်​။ ဤ​မြို့​ကို​ကယ်တင်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 36,
      "text": "ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ထွက်လာ​၍ အဆီးရီးယား​တပ်စခန်း​ထဲတွင် စစ်သည်​တစ်သိန်း​ရှစ်သောင်း​ငါးထောင်​ကို သတ်​လေ​၏​။ နံနက်​စောစောထ​ကြ​သောအခါ အလောင်းကောင်​များ​သာ တွေ့​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 37,
      "text": "ထိုအခါ အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် တပ်စခန်းသိမ်း​၍​လှည့်ပြန်​သွား​ပြီး နိနေဝေ​မြို့​၌ စံမြန်း​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 38,
      "text": "သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေ​စဉ် သား​တော် အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့် သတ်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 1,
      "text": "ထို​ကာလ​၌ ဟေဇကိ​မင်းကြီး​သည် သေလုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​သည် သူ့​ထံသို့​လာ​၍ “​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည် ​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 2,
      "text": "ထိုအခါ ဟေဇကိ​မင်းကြီး​သည် နံရံ​ဘက်​သို့ မျက်နှာ​လှည့်​၍"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 3,
      "text": "“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး အော်ဟစ်ငိုကြွေး​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 4,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟေရှာယ​ထံသို့​ရောက်လာ​သည်​မှာ"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 5,
      "text": "“​သင်​သည် ဟေဇကိ​မင်းကြီး​ထံသို့​သွား​၍ သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင်​၏​ဆုတောင်း​သံ​ကို ငါ​ကြား​ပြီ​။ သင်​၏​မျက်ရည်​ကို​လည်း ငါ​မြင်​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 6,
      "text": "သင်​နှင့်​ဤ​မြို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ငါ​ကယ်တင်​မည်​။ ဤ​မြို့​ကို ငါ​ကာကွယ်​မည်​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 7,
      "text": "ထာဝရဘုရား​သည် မိန့်​တော်မူ​သည့်​အတိုင်း ပြု​မည်​ဖြစ်ကြောင်း သင့်​အား ထာဝရဘုရား​ပေး​တော်မူ​သော​နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 8,
      "text": "ကြည့်ရှု​လော့​။ နေ​ရွေ့​သည်​နှင့်အမျှ​လိုက်​ရွေ့သွား​သော အာခတ်​မင်းကြီး​၏​လှေကားထစ်​များ​ပေါ်မှ အချိန်တိုင်း​အရိပ်​ကို အနောက်​သို့​ဆယ်​ထစ် ငါ​ပြန်ဆုတ်​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ပြောကြား​လော့​။ ထို့ကြောင့် လှေကားထစ်​ပေါ်မှ ရွေ့သွား​ပြီး​သည့်​နေ​၏​အရိပ်​သည် နောက်သို့​ဆယ်​ထစ်​ပြန်ဆုတ်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 9,
      "text": "ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​သည် နာမကျန်း​ဖြစ်​ပြီးမှ ပြန်လည်​ကျန်းမာ​လာ​သောအခါ သူ​ရေး​ထား​သည့်​စာ​ဟူမူကား"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 10,
      "text": "“​ငါ​သည် အရွယ်ကောင်း​ချိန် ​တွင်ပင် မရဏာနိုင်ငံ​တံခါး​ရှိ​ရာ​သို့ သွား​ရ​တော့​မည်​။ ကြွင်းကျန်​သော ငါ​၏​နှစ်လ​များ​ကို ငါ​ဆုံးရှုံး​လိုက်​ရ​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 11,
      "text": "သက်ရှိ​ကမ္ဘာမြေ​၌ ထာဝရဘုရားရှင်​ကို ငါ​ဖူးမြင်​ရ​တော့​မည်​မ​ဟုတ်​။ ကမ္ဘာလောက​၌​နေထိုင်​သော လူသား​တို့​ကို တွေ့မြင်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 12,
      "text": "ငါ့​အိမ်​ကို သိုးထိန်း​တဲ​ကဲ့သို့ ဆွဲထုတ်​၍ ငါ့​ထံမှ​ဖယ်ရှား​လေ​ပြီ​။ ရက်ကန်း​သည် အဝတ်​လိပ်​သကဲ့သို့ ငါ့​အသက်​ကို ငါ​လိပ်​ရ​လေ​ပြီ​။ ရက်ကန်းစင်​မှ​ချည်​ကို​ဖြတ်​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ဖြတ်​တော်မူ​ပြီ​။ နေ့ချင်းညချင်း ငါ့​ကို အဆုံးသတ်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 13,
      "text": "ငါ့​အရိုး​ရှိသမျှ​တို့​ကို ခြင်္သေ့​ကဲ့သို့​ချိုး​တော်မူ​သည်​ဖြစ်၍ နံနက်​တိုင်အောင် ငါ​အော်ဟစ်​ရ​ပြီ​။ ကိုယ်တော်​သည် နေ့ချင်းညချင်း ငါ့​ကို​အဆုံးသတ်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 14,
      "text": "ကြိုးကြာ​ကဲ့သို့​၊ ပျံလွှား​ကဲ့သို့ ငါ​အော်မြည်​ရ​၏​။ ချိုးငှက်​ကဲ့သို့ ငါ​ညည်းတွား​ရ​၏​။ အထက်ကောင်းကင်​သို့ မျှော်ကြည့်​ရ​သဖြင့် ငါ့​မျက်စိ​သည် အားနည်း​ပါ​ပြီ​။ အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ဝေဒနာ​ခံစား​ရ​သဖြင့် အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 15,
      "text": "ငါ​ဘာများ​ပြောဆို​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငါ့​ကို​မိန့်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ စိတ်​ဒုက္ခဝေဒနာ​ကို ငါ​ခံစား​ခဲ့​ရ​သည်​ဖြစ်၍ ငါ့​အသက်တာ​တစ်လျှောက်လုံး သတိရှိရှိ​လျှောက်လှမ်း​ပါ​မည်​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 16,
      "text": "အို ဘုရားရှင်​၊ ထိုသို့​သော​အားဖြင့် လူ​တို့​အသက်ရှင်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​အသက်​ဝိညာဉ်​သည်​လည်း ထို​အရာ​အားလုံး​ထဲ၌ တည်​ပါ​၏​။ အကျွန်ုပ်​ကို​ပြန်လည်​ကျန်းမာ​စေ​၍ အသက်ရှင်​စေ​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 17,
      "text": "ကြည့်ရှု​လော့​။ အကျွန်ုပ်​ခံစား​ရ​သော​ဒုက္ခဝေဒနာ​သည် အကျွန်ုပ်​ကောင်း​ဖို့​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ နုတ်ယူ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို နောက်​တော်​သို့ ပစ်လိုက်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 18,
      "text": "မရဏာနိုင်ငံ​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​ကို မ​ချီးမွမ်း​နိုင်​ပါ​။ သေ​ခြင်း​သည် ကိုယ်တော်​၏​ဂုဏ်တော်​ကို မ​ချီးမွမ်း​နိုင်​ပါ​။ တွင်း​ထဲသို့​ဆင်းသွား​သော​သူ​တို့​သည် ကိုယ်တော်​၏​သစ္စာ​တော်​ကို မ​မျှော်လင့်​နိုင်​ကြ​ပါ​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 19,
      "text": "ယနေ့ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို အကျွန်ုပ်​ချီးမွမ်း​သကဲ့သို့ အသက်ရှင်​သော​သူ​သာလျှင် ပြု​နိုင်​ပါ​၏​။ ဖခင်​သည် သားသမီး​တို့​အား ကိုယ်တော်​၏​သစ္စာ​တော်​ကို သိ​စေ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 20,
      "text": "ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​မည်​။ ငါ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် ကြိုးတပ်​တူရိယာ​များ​ကို​တီးခတ်​ကြ​ပါ​မည်​ဟု ငါ​ဆို​၏​”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 21,
      "text": "ဟေရှာယ​က​လည်း “​သဖန်းပျဉ်​ကို​ယူ​၍ အနာစိမ်း​ကို​အုံပေး​ကြ​ပါ​။ မင်းကြီး ပြန်ကောင်း​လာ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 22,
      "text": "ဟေဇကိ​မင်းကြီး​က​လည်း “​ထာဝရဘုရား​၏​အိမ်​တော်​သို့ အကျွန်ုပ်​တက်သွား​ရ​မည့် နိမိတ်လက္ခဏာ​ကား အဘယ်နည်း​”​ဟု မေး​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 1,
      "text": "ထိုအခါ ဟေဇကိ​မင်းကြီး ဖျားနာ​ရာ​မှ ပြန်လည်​ကျန်းမာ​လာ​ပြီ​ဖြစ်ကြောင်း ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​တို့​ကို ပေးပို့​၏​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 2,
      "text": "ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်​တိုက်​အားလုံး​နှင့် တွေ့​သမျှ​အဖိုးတန်ရတနာ​တို့​ကို သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 3,
      "text": "ထိုအခါ ပရောဖက်​ဟေရှာယ​သည် ဟေဇကိ​မင်းကြီး​ထံသို့​လာ​ပြီး “​ထို​သူ​တို့​သည် မည်သည့်​အကြောင်း​ကို ပြောဆို​ကြ​သနည်း​။ မည်သည့်​အရပ်​မှ လာ​ကြ​သနည်း​”​ဟု မေး​လျှင် ဟေဇကိ​မင်းကြီး​က “​သူ​တို့​သည် ဝေးလံ​သော​အရပ် ဘေဘီလုံ​မြို့​မှ လာ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 4,
      "text": "ဟေရှာယ​က “​နန်းတော်​တွင် မည်သည့်​အရာ​ကို မြင်​ကြ​ပြီနည်း​”​ဟု မေး​လျှင် ဟေဇကိ​မင်းကြီး​က “​နန်းတော်​၌​ရှိသမျှ​တို့​ကို သူ​တို့​မြင်​ကြ​ပြီ​။ ဥစ္စာဘဏ္ဍာ​များ​ထဲမှ သူ​တို့​အား ငါ​မ​ပြ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 5,
      "text": "ထိုအခါ ဟေရှာယ​က ဟေဇကိ​မင်းကြီး​အား “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 6,
      "text": "‘ကြည့်ရှု​လော့​။ သင်​၏​နန်းတော်​ထဲ​ရှိ​အရာ​အားလုံး​၊ သင်​၏​ဘိုးဘေး​တို့​စုဆောင်း​ထား​၍ ယနေ့​တိုင်အောင်​ရှိ​နေ​သည့်​အရာ​အားလုံး​တို့​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။ တစ်စုံတစ်ခု​မျှ​ကြွင်းကျန်​လိမ့်မည်​မ​ဟုတ်’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 7,
      "text": "သင်​မှ​ဆင်းသက်​၍ သင်​ရ​သော​သားသမီး​အချို့​တို့​ကို​လည်း ဖမ်းဆီး​သွား​လိမ့်မည်​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​၏​နန်းတော်​၌ မိန်းမစိုး​များ​ဖြစ်​ရ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 8,
      "text": "ဟေဇကိ​မင်းကြီး​က “​အကယ်စင်စစ် ငါ့​လက်ထက်​၌ ငြိမ်းချမ်း​လုံခြုံ​မည်​ဆို​လျှင် ရ​ပါ​ပြီ​”​ဟု တွေး​၍ ဟေရှာယ​အား “​သင်​ဆင့်ဆို​သော ထာဝရဘုရား​၏​စကား​တော်​သည် ကောင်း​ပါ​၏​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 1,
      "text": "သင်​တို့​၏​ဘုရားသခင်​က “​ငါ​၏​လူမျိုး​တော်​ကို နှစ်သိမ့်​ပေး​ကြ​။ နှစ်သိမ့်​ပေး​ကြ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 2,
      "text": "“​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 3,
      "text": "ကြွေးကြော်​သံ​တစ်​ခု​မှာ “​တောကန္တာရ​၌ ထာဝရဘုရား​ကြွ​တော်မူ​မည့်​လမ်း​ကို ပြင်ဆင်​ကြ​လော့​။ သဲကန္တာရ​၌ ငါ​တို့​၏​ဘုရားသခင်​ကြွ​တော်မူ​မည့် လမ်းမကြီး​ကို ဖြောင့်တန်း​စေ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 4,
      "text": "ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 5,
      "text": "ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ထင်ရှား​တော်မူ​မည်​။ လူ​အပေါင်း​တို့​သည် အတူတကွ​ဖူးမြင်​ရ​ကြ​လိမ့်မည်​။ အကယ်စင်စစ် ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​ပြီ​”​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 6,
      "text": "အသံ​တစ်​ခု​က “​ဟစ်ကြော်​လော့​”​ဟု ဆို​လျှင် တစ်ယောက်​က “​မည်သည့်​အရာ​ကို ဟစ်ကြော်​ရ​မည်နည်း​”​ဟု မေး​သော် “​လူ​အပေါင်း​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ သူ​တို့​၏​ကောင်းမြတ်​ခြင်း​ရှိသမျှ​သည်​လည်း ကွင်းပြင်​၌​ရှိ​သော​ပန်းပွင့်​ကဲ့သို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 7,
      "text": "ထာဝရဘုရား​အသက်​ရှူထုတ်​လိုက်​သောအခါ မြက်ပင်​သည် ခြောက်သွေ့​၍ ပန်းပွင့်​သည် ညှိုးနွမ်း​သွား​၏​။ အကယ်စင်စစ် လူ​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 8,
      "text": "မြက်ပင်​သည် ခြောက်သွေ့​တတ်​၏​။ ပန်းပွင့်​သည် ညှိုးနွမ်း​တတ်​၏​။ ငါ​တို့​ဘုရားသခင်​၏​နှုတ်ကပတ်တော်​မူကား အစဉ်အမြဲ​တည်​လိမ့်မည်​” ​ဟု ဆို​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 9,
      "text": "အို ဇိအုန်​တောင်​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ မြင့်မား​သော​တောင်​ပေါ်သို့ တက်​လော့​။ အို ဂျေရုဆလင်​မြို့​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ သင့်​အသံ​ကို အစွမ်း​ကုန်​လွှင့်​လော့​။ အသံ​ကို​လွှင့်​လော့​။ မ​ကြောက်​နှင့်​။ “​ကြည့်ရှု​လော့​။ ဤသည်ကား သင်​တို့​၏​ဘုရားသခင်​ပေတည်း​”​ဟု ယုဒ​မြို့​တို့​အား ပြောကြား​လော့​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 10,
      "text": "ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တန်ခိုး​ဖြင့်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် လက်ရုံး​တော်​ဖြင့် အုပ်စိုး​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 11,
      "text": "ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 12,
      "text": "ရေ​ကို လက်ခုပ်​ဖြင့် ခြင်တွယ်​သော​သူ​၊ ကောင်းကင်​ကို လက်​ဖြင့်​တိုင်းထွာ​သော​သူ​၊ မြေမှုန့်​ကို ခြင်တောင်း​ဖြင့်​ချင့်​သော​သူ​၊ တောင်ကြီး​ကို ကတ္တား​ဖြင့်​လည်းကောင်း​၊ တောင်ငယ်​ကို ချိန်ခွင်​ဖြင့်​လည်းကောင်း ချိန်တွယ်​သော​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 13,
      "text": "ထာဝရဘုရား​၏​ဝိညာဉ်​တော်​ကို မည်သူ​လမ်းညွှန် ​နိုင်​သနည်း​။ ကိုယ်တော့်​ကို အကြံပေးသူ​၊ ညွှန်ကြား​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 14,
      "text": "ကိုယ်တော်​သည် မည်သူ​နှင့်​တိုင်ပင်​တော်မူ​သနည်း​။ အသိဉာဏ်​ကို ကိုယ်တော်​အား မည်သူ​ပေး​သနည်း​။ တရားမျှတ​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ အသိပညာ​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ ထိုးထွင်းသိမြင်​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​ပြသ​ပေး​သနည်း​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 15,
      "text": "လူမျိုး​တို့​ကို ရေပုံး​ထဲမှ​ရေတစ်စက်​ကဲ့သို့​၊ ချိန်ခွင်​ပေါ်မှ ဖုန်မှုန့်​ကဲ့သို့ ထင်မှတ်​၍ ကျွန်း​တို့​ကို မြူမှုန်​ကဲ့သို့ ကိုင်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 16,
      "text": "လက်ဘနွန်​တော​သည် မီးမွှေး​ရန်​မ​လုံလောက်​။ ထို​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တို့​သည်​လည်း မီးရှို့ရာယဇ်​အတွက်​မ​လုံလောက်​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 17,
      "text": "လူမျိုး​အားလုံး​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ဘာမျှ​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို အနတ္တသက်သက်​၊ အချည်းနှီးသက်သက်​ထက် သာ၍​ငယ်​သည်​ဟု ထင်မှတ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 18,
      "text": "ဘုရားသခင်​သည် မည်သူ​နှင့်​တူ​သနည်း​။ သင်​သည် ဘုရားသခင်​ကို မည်သည့်​ပုံသဏ္ဌာန်​နှင့် နှိုင်းယှဉ်​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 19,
      "text": "ပန်းတဉ်းသမား​သည် ရုပ်တုဆင်းတု​ကို​သွန်းလုပ်​တတ်​၏​။ ပန်းထိမ်သမား​သည်​လည်း ထို​ရုပ်တု​ကို​ရွှေ​ဖြင့်​မွမ်းမံ​ပြီး ငွေ​ဆွဲကြိုး​များ လုပ်ပေး​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 20,
      "text": "ဆင်းရဲသား​မူကား မ​ဆွေးမြည့်​နိုင်​သော​သစ်သား​ကို​ရွေးယူ​ပြီးလျှင် မ​လဲ​နိုင်​သော​ရုပ်တု​ကို ထုလုပ်​ပေး​ရန် ကျွမ်းကျင်​သော​ပန်းပုဆရာ​ကို ရှာဖွေ​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 21,
      "text": "သင်​တို့​မ​သိ​ကြ​သလော​။ သင်​တို့​မ​ကြား​ဖူး​ကြ​သလော​။ အစအဦး​ကတည်းက သင်​တို့​ကို​မ​ပြောပြ​ခဲ့​ကြ​သလော​။ မြေကြီး​စတည်​ကတည်းက သင်​တို့​နား​မ​လည်​ခဲ့​ကြ​သလော​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 22,
      "text": "ကိုယ်တော်​သည် မြေကြီး​စက်ဝိုင်း​အထက်​တွင် စံပယ်​တော်မူ​၏​။ မြေကြီးသား​တို့​သည် နှံကောင်​သဖွယ်​ဖြစ်​၏​။ မိုးကောင်းကင်​ကို မျက်နှာကြက်​ကဲ့သို့ ဖြန့်ကြက်​တော်မူ​၏​၊ နေစရာ​တဲ​ကဲ့သို့ ဖြန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 23,
      "text": "အုပ်ချုပ်​သူ​တို့​ကို ဘာမျှမဟုတ်​သော​သူ​များ​၊ မြေကြီး​ပေါ်ရှိ​တရားသူကြီး​တို့​ကို အရာမဝင်သောသူ​များ ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 24,
      "text": "သူ​တို့​သည် စိုက်​ခါစ​ပျိုးပင်​၊ ကြဲ​ခါစ​မျိုးစေ့​၊ မြေကြီး​ထဲ၌​အမြစ်​စွဲ​ခါစ​အပင်ပေါက်​ကဲ့သို့​ဖြစ်၍ သူ​တို့​ကို မှုတ်​တော်မူ​သဖြင့် သူ​တို့​သည် ခြောက်သွေ့​သွား​မည်​။ ဖွဲ​ကဲ့သို့ လေပွေ​တိုက်​ရာ လွင့်ပါ​သွား​မည်​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 25,
      "text": "သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ငါ့​ကို မည်သူ​နှင့်​နှိုင်းယှဉ်​မည်နည်း​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 26,
      "text": "အထက်​သို့ မျှော်ကြည့်​ကြ​လော့​။ ကောင်းကင်တန်ဆာ​များ​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ထို​တန်ဆာ​အလုံးအရင်း​ကို အရေအတွက်​အလိုက် ပေါ်ထွက်​စေ​သော​သူ​၊ အလုံးစုံ​ကို အမည်​ဖြင့်​မှည့်ခေါ်​သော​သူ​ပင်တည်း​။ တန်ခိုး​၊ ခွန်အား​ကြီးမား​တော်မူ​သောကြောင့် ကြွင်းကျန်​ခဲ့​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 27,
      "text": "အို ယာကုပ်​အမျိုး​၊ အို အစ္စရေး​လူမျိုး​၊ “​ထာဝရဘုရား​သည် ငါ့​လမ်း​ကို မမြင်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​အမှု​ကို ဂရုမစိုက်​”​ဟု အဘယ်ကြောင့်​ပြော​ဆို​ရ​သနည်း​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 28,
      "text": "သင်​မ​သိ​သလော​။ သင်​မ​ကြား​ဖူး​သလော​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင်​၊ မြေကြီး​စွန်း​တိုင်အောင် ဖန်ဆင်း​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အားအင်​ကုန်ခန်း​တော်​မ​မူ​။ မောပန်း​တော်​မ​မူ​။ ကိုယ်တော်​၏​ဉာဏ်​ကို စစ်​၍​မ​ကုန်​နိုင်​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 29,
      "text": "ကိုယ်တော်​သည် မောပန်း​သော​သူ​တို့​ကို ခွန်အား​ပေး​တော်မူ​၏​။ အစွမ်း​မ​ရှိ​သော​သူ​တို့​ကို စွမ်းအား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 30,
      "text": "လူငယ်​တို့​ပင်လျှင် အားအင်​ကုန်ခန်း​၍ မောပန်း​ကြ​လိမ့်မည်​။ သန်မာ​သော​လူငယ်​တို့​သည်​လည်း ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 31,
      "text": "ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​တို့​မူကား ခွန်အား​သစ်​နှင့်​ပြည့်​လိမ့်မည်​။ သူ​တို့​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ဖြင့် အထက်​သို့​ပျံတက်​ကြ​လိမ့်မည်​။ ပြေး​သောအခါ မောပန်း​ကြ​မည်​မ​ဟုတ်​။ သွားလာ​သောအခါ​လည်း အားအင်​ကုန်ခန်း​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 1,
      "text": "ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​ရှေ့​မှာ​တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ လူမျိုးတကာ​တို့​၊ အား​သစ်​မွေး​ကြ​။ လာ​၍ တိုင်ပင်ဆွေးနွေး​ကြ​။ တရားဆိုင်​ဖို့ အတူတူ​ဆုံ​၍ တရားဆိုင်​ကြ​စို့​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 2,
      "text": "ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 3,
      "text": "မိမိ​ခြေ​မ​ချ​ဖူး​သော​လမ်း​ဖြင့် ထို​သူ​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​၌ ဘေးကင်းလုံခြုံ​ခွင့်​ကို​ပေး​သော​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 4,
      "text": "အစအဦး​ကပင် မျိုးဆက်​တစ်ဆက်​ပြီး​တစ်ဆက် ပေါ်ထွန်း​စေ​သော​အမှု​ကို ပြု​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​ကား အဦးဆုံး​သော​သူ​ဖြစ်၍ နောက်ဆုံး​သော​သူ​တို့​နှင့်အတူ​ရှိ​သော ငါ​ထာဝရဘုရား​ပင်တည်း​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 5,
      "text": "ကမ်းရိုးတန်းဒေသ​တို့​သည် မြင်​၍ ကြောက်ရွံ့​ကြ​ပြီ​။ မြေကြီး​စွန်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​ပြီ​။ သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 6,
      "text": "သူ​တို့​အချင်းချင်း ကူညီမစ​ကြ​၏​။ မိမိ​ညီအစ်ကို​အား “​အားယူ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 7,
      "text": "ပန်းတဉ်းသမား​သည် ပန်းထိမ်သမား​ကို အားပေး​၏​။ တူ​နှင့်​အချောသပ်​သော​သူ​သည် ပေ​ပေါ်တွင် ထု​သော​သူ​ကို အားပေး​၏​။ ဂဟေဆက်​ထား​သည်​မှာ “​ကောင်း​သည်​”​ဟု ဆို​၏​။ သူ​တို့​သည် ရုပ်တု​ကို ခိုင်ခံ့​စေရန် သံ​ဖြင့် ရိုက်​ထား​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 8,
      "text": "သို့သော် ငါ့​အစေအပါး အစ္စရေး​၊ ငါ​ရွေးချယ်​သော​သူ ယာကုပ်​၊ ငါ့​မိတ်ဆွေ အာဗြဟံ​၏​သားစဉ်မြေးဆက်​၊"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 9,
      "text": "မြေကြီး​စွန်း​မှ ငါ​ဆွဲလာ​သူ​၊ အဝေးဆုံး​အရပ်​မှ ငါ​ခေါ်လာ​သူ “​သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ရွေးချယ်​ပြီ​။ သင့်​ကို ငါ​မ​စွန့်ပစ်​”​ဟု သင့်​အား ငါ​မိန့်ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 10,
      "text": "မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 11,
      "text": "သင့်​ကို အမျက်ထွက်​သော​သူ​အားလုံး အရှက်ကွဲ​ရ​လိမ့်မည်​၊ အသရေပျက်​ရ​လိမ့်မည်​။ သင့်​ကို​ရန်ပြု​သော​သူ​တို့​သည် ဘာမျှမဟုတ်​သော​သူ​ကဲ့သို့​ဖြစ်သွား​ပြီး ပျက်စီး​ခြင်း​သို့​ရောက်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 12,
      "text": "သင့်​ကို ရန်မူ​သော​သူ​တို့​ကို သင်​ရှာ​သော်လည်း တွေ့​လိမ့်မည်​မ​ဟုတ်​။ သင့်​ကို တိုက်ခိုက်​သော​သူ​တို့​သည် ဘာမျှမဟုတ်​သော​သူ​၊ အရာမရောက်​သော​သူ​ကဲ့သို့ ဖြစ်သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 13,
      "text": "သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သင်​၏​လက်ယာ​လက်​ကို​ကိုင်​လျက် သင့်​အား “​မ​ကြောက်​နှင့်​။ သင့်​ကို​ငါ​ကူညီမစ​မည်​”​ဟု မြွက်ဆို​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 14,
      "text": "“​အို ပိုးကောင်​ယာကုပ်​၊ အို အစ္စရေး​လူမျိုး​တို့​၊ မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ကူညီမစ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ သင့်​ကို​ရွေးနုတ်​သော​သူ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 15,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို အသွား​ထက်​သည့် ကောက်နယ်​တန်ဆာပလာ​အသစ်​ဖြစ်စေ​မည်​။ သင်​သည် တောင်ကြီး​တို့​ကို နင်းနယ်​၍ ညက်ညက်ကြေ​စေ​မည်​။ တောင်ငယ်​တို့​ကို ဖွဲ​ကဲ့သို့​ဖြစ်စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 16,
      "text": "ထို​တောင်​တို့​ကို သင်​သည် လှေ့​မည်​။ လေ​သည် သယ်ဆောင်​သွား​မည်​။ မုန်တိုင်း​သည် လွင့်စဉ်​စေ​မည်​။ သင်​သည် ထာဝရဘုရား​၌ ရွှင်လန်း​မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​၌ ဝါကြွား​မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 17,
      "text": "ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် ရေ​ကို​ရှာ​ကြ​၏​။ ရေ​မ​ရှိ​သောကြောင့် သူ​တို့​သည် ရေငတ်​၍ အာခေါင်​ခြောက်ကပ်​သောအခါ ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​ထူး​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ငါ​သည် သူ​တို့​ကို စွန့်ပစ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 18,
      "text": "ငါ​သည် တောင်ကတုံး​ပေါ်တွင် မြစ်​ကို​လည်းကောင်း​၊ ချိုင့်ဝှမ်း​အလယ်​တွင် စမ်းရေ​ကို​လည်းကောင်း စီးဆင်း​စေ​မည်​။ တောကန္တာရ​ကို ရေအိုင်​ဖြစ်စေ​၍ ခြောက်သွေ့​သော​အရပ်​ကို စမ်းရေတွင်း​ဖြစ်စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 19,
      "text": "တောကန္တာရ​၌ သစ်ကတိုးပင်​၊ အကေရှားပင် ​၊ မုရတုပင် ​၊ သံလွင်ပင်​တို့​ကို ပေါက်​စေ​မည်​။ သဲကန္တာရ​၌ ထင်းရှူးပင်​၊ တဒေရပင် ​၊ ကျောက်ပန်းပင်​တို့​ကို အတူတကွ ပေါက်ရောက်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 20,
      "text": "ထိုသို့​သော​အားဖြင့် ထာဝရဘုရား​၏​လက်​တော်​သည် ဤ​အမှု​ကို​ပြု​တော်မူ​ကြောင်း​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ဤ​အမှု​ကို​ဖြစ်စေ​တော်မူ​ကြောင်း လူ​အားလုံး တွေ့မြင်​သိရှိ​ကြ​လိမ့်မည်​။ ဆင်ခြင်​နားလည်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 21,
      "text": "“​သင်​တို့​၏​အမှု​ကို တင်ပြ​ကြ​လော့​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ “​သင်​တို့​၏​ခိုင်လုံ​သော​သက်သေ​တို့​ကို ယူဆောင်​လာ​ကြ​လော့​”​ဟု ယာကုပ်​အမျိုး​၏​ရှင်ဘုရင်​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 22,
      "text": "သူ​တို့​သည် ထို​သက်သေ​တို့​ကို ယူဆောင်​လာ​ကြ​ပါစေ​။ မည်သည့်​အရာ​များ ဖြစ်ပျက်​လိမ့်မည်​ကို ငါ​တို့​အား ပြောပြ​ကြ​ပါစေ​။ ယခင်က မည်သည့်​အရာ​များ​ဖြစ်ပျက်​ခဲ့​သည်​ကို ငါ​တို့​အား​ပြောပြ​ကြ​လော့​။ သို့မှသာ ငါ​တို့​ဆင်ခြင်​၍ ထို​အရာ​တို့​၏​အကျိုးဆက်​ကို​သိ​နိုင်​မည်​။ သို့မဟုတ် ဖြစ်လာ​မည့်​အရာ​များ​ကို ငါ​တို့​အား​ပြောကြား​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 23,
      "text": "သင်​တို့​သည် ဘုရား​များ​ဖြစ်​သည်​ကို ငါ​တို့​သိရှိ​နိုင်​မည့်​အကြောင်း နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို ပြောပြ​ကြ​လော့​။ ငါ​တို့​အားလုံး မြင်​၍ အံ့ဩ​တုန်လှုပ်​သွား​အောင် ကောင်း​သော​အမှု​ကို​ဖြစ်စေ​၊ ဆိုးညစ်​သော​အမှု​ကို​ဖြစ်စေ လုပ်ပြ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 24,
      "text": "သင်​တို့​သည် ဘာမျှမဟုတ်​သော​အရာ​ဖြစ်​၏​။ သင်​တို့​၏​လုပ်ဆောင်ချက်​သည် အချည်းနှီးသက်သက်​ဖြစ်​၏​။ သင်​တို့​ကို ရွေးချယ်​သော​သူ​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 25,
      "text": "မြောက်အရပ်​မှ တစ်စုံတစ်ဦး​ကို ငါ​လှုံ့ဆော်​၍ သူ​သည် နေထွက်​ရာ​အရပ်​မှ​လာ​လေ​ပြီ​။ သူ​သည် ငါ့​နာမ​ကို​ဟစ်ခေါ်​လိမ့်မည်​။ အိုးထိန်းသည်​သည် မြေစေး​ကို​နင်း​သကဲ့သို့ သူ​သည် မင်းအရာရှိ​တို့​ကို ရွှံ့​သဖွယ်​နင်း​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 26,
      "text": "ငါ​တို့ သိရှိ​နိုင်​ရန် အစအဦး​ကတည်းက မည်သူ​ပြောပြ​ဖူး​သနည်း​။ “​မှန်ပေ​၏​”​ဟု ငါ​တို့​ပြော​နိုင်​ရန် မည်သူ​ကြိုတင်​ပြောပြ​ဖူး​သနည်း​။ ပြောပြ​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ ပြောကြား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ သင်​တို့​စကား​ကို ကြား​ဖူး​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 27,
      "text": "ဇိအုန်​တောင်​အား “​ကြည့်ရှု​လော့​။ သူ​တို့​ကို​ကြည့်ရှု​လော့​”​ဟု အဦးဆုံး ပြော​သော​သူ​မှာ ငါ​ဖြစ်​၏​။ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​ကို ဂျေရုဆလင်​မြို့​သို့ ငါ​စေလွှတ်​၏​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 28,
      "text": "ငါ​ကြည့်ရှု​သောအခါ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​။ ငါ​မေးမြန်း​သောအခါ သူ​တို့​ထဲတွင် ပြန်​ဖြေကြား​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​၊ အကြံပေး​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 29,
      "text": "သူ​တို့​အားလုံး​သည် အနတ္တသက်သက်​၊ သူ​တို့​ပြု​သော​အမှု​တို့​သည် အချည်းနှီးသက်သက်​၊ သူ​တို့​သွန်းလုပ်သောရုပ်တု​တို့​သည် အလဟဿ​၊ အချည်းနှီး​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 1,
      "text": "ဤ​သူ​ကား ငါ​ထောက်မ​သော ငါ့​အစေအပါး​၊ ငါ​ရွေးကောက်​သော​၊ ငါ​နှစ်သက်မြတ်နိုး​သော​သူ​ပင်တည်း​။ ငါ့​ဝိညာဉ်​ကို သူ့​အပေါ် တည်​စေ​ပြီ​။ သူ​သည် တရားမျှတမှု​ကို လူမျိုးတကာ​တို့​ထံသို့ ယူဆောင်​လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 2,
      "text": "သူ​သည် အော်ဟစ်​မည်​မ​ဟုတ်​။ ကြွေးကြော်​မည်​မ​ဟုတ်​။ လမ်း​ပေါ်မှာ သူ့​အသံ​ကို ကြား​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 3,
      "text": "ကျိုးခါနီး​ကျူပင်​ကို မ​ချိုး​။ ငြိမ်းခါနီး​မီးစာ​ကို မ​ငြှိမ်းသတ်​။ တရားမျှတ​ခြင်း​အကြောင်း​ကို သစ္စာရှိ​စွာ ထုတ်ဖော်​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 4,
      "text": "သူ​သည် အား​မ​လျော့​၊ စိတ်​မ​ပျက်​ဘဲ မြေကြီး​ပေါ်တွင် တရားမျှတမှု​ကို တည်​စေ​မည်​။ ကမ်းရိုးတန်းဒေသ​များ​သည် သူ​၏​တရားတော်​ကို မျှော်လင့်စောင့်စား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 5,
      "text": "မိုးကောင်းကင်​ကို​ဖန်ဆင်း​၍ ဖြန့်ကြက်​တော်မူ​သော​အရှင်​၊ မြေကြီး​နှင့်​မြေကြီး​မှ​ဖြစ်လာ​သော​အရာ​တို့​ကို ခင်းကျင်း​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်​ရှိ​လူ​တို့​အား ဇီဝ​အသက်​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်တွင် အသက်ရှင်​သွားလာ​သော​သူ​တို့​အား ဝိညာဉ်​ကို​လည်းကောင်း ပေး​တော်မူ​သော​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 6,
      "text": "ငါ​သည် ဖြောင့်မတ်​ခြင်း​အတွက် သင့်​ကို​ခေါ်​သော ထာဝရဘုရား​ဖြစ်​၏​။ သင့်​ကို ငါ​ခေါ်​မည်​။ သင့်​လက်​ကို ငါ​ကိုင်ဆွဲ​ထား​မည်​။ သင့်​ကို ငါ​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​အဖြစ်​လည်းကောင်း​၊ လူမျိုးတကာ​အတွက် အလင်း​အဖြစ်​လည်းကောင်း သင့်​ကို ငါ​ခန့်ထား​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 7,
      "text": "သင်​သည် မျက်မမြင်​တို့​အား မျက်စိ​မြင်​စေ​မည်​။ အကျဉ်းသား​တို့​ကို အကျဉ်းထောင်​ထဲမှ​လည်းကောင်း​၊ ထောင်​အမှောင်​ခန်း​ထဲ၌ ထိုင်​နေ​သော​သူ​တို့​ကို​လည်းကောင်း လွတ်မြောက်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 8,
      "text": "ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 9,
      "text": "ကြည့်ရှု​လော့​။ ယခင်​ဟော​ခဲ့​သော​အရာ​တို့​သည် ဖြစ်လာ​ပြီ​။ အသစ်​သော​အရာ​တို့​ကို ငါ​ဟောပြော​၏​။ ထို​အရာ​တို့ ဖြစ်​မ​လာ​မီ သင်​တို့​ကို ငါ​သိ​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 10,
      "text": "ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 11,
      "text": "တောကန္တာရ​နှင့် တောကန္တာရ​ရှိ​မြို့​များ​၊ ကေဒါ​အမျိုး​နေထိုင်​သော​ရွာ​များ​သည် မိမိ​တို့​အသံ​ကို လွှင့်​ကြ​ပါစေ​။ သေလ​မြို့သား​တို့​သည် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ တောင်​ထိပ်​တွင် ကြွေးကြော်​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 12,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ကမ်းရိုးတန်းဒေသ​တို့​၌ ပြောကြား​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 13,
      "text": "ထာဝရဘုရား​သည် သူရဲကောင်း​ကဲ့သို့​ကြွ​တော်မူ​မည်​။ စိတ်အားထက်သန်မှု​ကို စစ်သူရဲ​ကဲ့သို့ လှုံ့ဆော်​တော်မူ​မည်​။ ကိုယ်တော်​သည် ကြွေးကြော်​တော်မူ​မည်​။ ဟစ်အော်​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​ကို အောင်​နိုင်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 14,
      "text": "ငါ​သည် အချိန်​ကြာကြာ တိတ်ဆိတ်​စွာ​နေ​ခဲ့​ပြီ​။ ငါ​သည် နှုတ်ဆိတ်​နေ​လျက် ကိုယ့်ကိုယ်ကိုယ်​ချုပ်တည်း​ခဲ့​ပြီ​။ ယခုမှာ သားဖွား​သော​မိန်းမ​ကဲ့သို့ အသက်ပြင်းပြင်းရှူ​လျက်​၊ မောပန်း​လျက် အော်ဟစ်​နေ​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 15,
      "text": "ငါ​သည် တောင်ကြီး​၊ တောင်ငယ်​များ​ကို ဖျက်ဆီး​မည်​။ အပင်​ရှိသမျှ​တို့​ကို ခြောက်သွေ့​စေ​မည်​။ မြစ်​များ​ကို ကျွန်း ​ဖြစ်စေ​မည်​။ ရေအိုင်​များ​ကို ခန်းခြောက်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 16,
      "text": "ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 17,
      "text": "ရုပ်တုဆင်းတု​ကို ကိုးစား​လျက် ရုပ်တု​အား “​အရှင်​သည် အကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​၏​”​ဟု ဆို​သော​သူ​တို့​သည် နောက်ပြန်ဆုတ်​၍ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 18,
      "text": "နားမကြား​သူ​တို့​၊ နားထောင်​ကြ​လော့​။ မျက်မမြင်​သူ​တို့​၊ မြင်​အောင် ကြည့်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 19,
      "text": "ငါ့​အစေအပါး​မှတစ်ပါး မည်သူ​မျက်စိကန်း​သနည်း​။ ငါ​စေလွှတ်​သော​ငါ့​စေတမန်​ကဲ့သို့ မည်သူ​နားပင်း​သနည်း​။ ငါ့​မိတ်ဆွေ​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ ထာဝရဘုရား​၏​အစေအပါး​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 20,
      "text": "သင်​သည် အမှုအရာ​များစွာ​ကို မြင်တွေ့​သော်လည်း အလေး​မ​ထား​။ နား​ပွင့်​နေ​သော်လည်း မ​ကြား​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 21,
      "text": "ထာဝရဘုရား​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​အတွက် ကျေနပ်အားရ​တော်မူ​၏​။ ကိုယ်တော်​သည် ပညတ်တရား​ကို ကြီးမြတ်​စေ​တော်မူ​၏​။ အထွတ်အမြတ်​ဖြစ်စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 22,
      "text": "ဤ​လူမျိုး​သည် သိမ်းသွား​ခြင်း​ခံရ​၏​။ တိုက်ခိုက်လုယက်​ခြင်း​ခံရ​၏​။ သူ​တို့​အားလုံး​သည် တွင်း​ထဲ၌ ထောင်ချောက်​မိ​၏​။ ထောင်​ထဲတွင် လှောင်​ထား​ခြင်း​ခံရ​၏​။ သူ​တို့​သည် သားကောင်​ကဲ့သို့​ဖြစ်​၍ ကယ်နုတ်​မည့်​သူ​မ​ရှိ​။ လုယက်ပစ္စည်း​ဖြစ်၍ “​ပြန်ပေး​လော့​”​ဟု ပြော​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 23,
      "text": "သင်​တို့​တွင် မည်သူ​သည် ဤ​အကြောင်းအရာ​ကို စူးစိုက်​နားထောင်​မည်နည်း​။ နောင်ကာလ​တွင် မည်သူ​သည် အာရုံစိုက်​နားထောင်​၍ ကြား​လိမ့်​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 24,
      "text": "ယာကုပ်​အမျိုး​ကို လုယက်သူ​လက်​သို့ မည်သူ​အပ်​သနည်း​။ အစ္စရေး​လူမျိုး​ကို လုယူ​သူ​တို့​လက်​သို့ မည်သူ​အပ်​သနည်း​။ ငါ​တို့​ပြစ်မှား​ခဲ့​သော ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ သူ​တို့​သည် ကိုယ်တော်​၏​လမ်း​၌ မ​လျှောက်​လို​ကြ​။ ကိုယ်တော်​၏​ပညတ်တရားတော်​ကို​လည်း မ​နာခံ​ကြ​။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 25,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် ပြင်းစွာ​သော​အမျက်​တော်​၊ ပြင်းထန်​သော​စစ်ပွဲ​ကို သူ​တို့​အပေါ် ကျရောက်​စေ​တော်မူ​သဖြင့် သူ​တို့​ပတ်လည်​၌ မီး​တောက်လောင်​သော်လည်း သူ​တို့​မ​သိမှတ်​ကြ​။ သူ​တို့​ကို​မီးလောင်ကျွမ်း​သော်လည်း သူ​တို့​နှလုံး​မ​သွင်း​ကြ​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 1,
      "text": "အို ယာကုပ်​အမျိုး​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား​က “​မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ရွေးနုတ်​ပြီ​။ သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​ပြီ​။ သင့်​ကို ငါ​ပိုင်​ပြီ​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 2,
      "text": "သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 3,
      "text": "အကြောင်းမူကား ငါ​သည် သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ဖြစ်​၏​။ သင်​၏​ကယ်တင်ရှင်​ဖြစ်​၏​။ သင့်​ကို ရွေးနုတ်စရာ​အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို​လည်းကောင်း​၊ သင့်​ကိုယ်စား အီသီယိုးပီးယား​ပြည်​နှင့် သေဘ​ပြည်​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 4,
      "text": "ငါ့​အဖို့ သင်​သည် အဖိုးတန်​၏​။ သင်​သည် ဂုဏ်သရေ​ရှိ​၏​။ ငါ​သည် သင့်​ကို​ချစ်​၏​။ ထို့ကြောင့် သင့်​ကိုယ်စား လူ​တို့​ကို​လည်းကောင်း​၊ သင်​၏​အသက်​ကိုယ်စား လူမျိုး​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​မည်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 5,
      "text": "မ​ကြောက်​နှင့်​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ အရှေ့​အရပ်​မှ သင်​၏​အမျိုးအနွယ်​ကို ငါ​ဆောင်​ခဲ့​မည်​။ အနောက်​အရပ်​မှ သင့်​ကို ငါ​စုစည်း​မည်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 6,
      "text": "မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 7,
      "text": "သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 8,
      "text": "မျက်စိ​ရှိ​သော်လည်း မမြင်​သော​သူ​၊ နား​ရှိ​သော်လည်း မကြား​သော​သူ​တို့​ကို ထုတ်ဆောင်​ခဲ့​လော့​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 9,
      "text": "လူမျိုး​အပေါင်း​တို့​သည် အတူတကွ​စုရုံး​ကြ​၏​။ လူ​တို့​သည် စုဝေး​ကြ​၏​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​ကို ပြောကြား​မည်နည်း​။ ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ကျွန်ုပ်​တို့​အား မည်သူ ကြားသိ​စေ​မည်နည်း​။ သူ​တို့​မှန်ကန်​ကြောင်း​သက်သေ​ပြ​ရန် သူ​တို့​၏​သက်သေ​များ​ကို ယူဆောင်​လာ​ကြ​ပါစေ​။ လူ​တို့​သည် ကြား​၍ မှန်​သည်​ဟု ပြောဆို​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 10,
      "text": "ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 11,
      "text": "ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး ကယ်တင်​သော​အရှင်​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 12,
      "text": "ငါ​ကိုယ်တော်တိုင်​ပြောကြား​ခဲ့​ပြီ​၊ ကယ်တင်​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​။ သင်​တို့​တွင်​ရှိ​သော အခြား​ဘုရား​က ပြု​ခဲ့​သည်​မ​ဟုတ်​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 13,
      "text": "ရှေးကာလ​မှစ၍ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ ငါ့​လက်​မှ ကယ်တင်​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ ငါ​ပြု​သော​အမှု​ကို မည်သူ​ပြောင်းပြန်​ဖြစ်စေ​နိုင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင်​တို့​ကို​ရွေးနုတ်​သော​အရှင် ထာဝရဘုရား​က “​သင်​တို့​အတွက် ဘေဘီလုံ​မြို့​သို့ စစ်သည်​တို့​ကို ငါ​စေလွှတ်​၍ ခါလဒဲ​လူမျိုး​အပါအဝင် ထို​မြို့​၌​ရှိ​သော​လူ​အားလုံး​တို့​ကို မိမိ​တို့​ဂုဏ်ယူ​ရ​သော​သင်္ဘော​ဖြင့် ထွက်ပြေး​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 15,
      "text": "ငါ​ထာဝရဘုရား​သည် သင်​တို့​၏​သန့်ရှင်း​သော​အရှင်​၊ အစ္စရေး​လူမျိုး​ကို​ဖန်ဆင်း​သော​အရှင်​၊ သင်​တို့​၏​ရှင်ဘုရင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 16,
      "text": "ပင်လယ်ပြင်​၌ လမ်းမ​ကို​လည်းကောင်း​၊ လှိုင်းထန်​သော​ရေပြင်​၌ လမ်း​ကို​လည်းကောင်း ဖြစ်​စေ​တော်မူ​သော​၊"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 17,
      "text": "ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 18,
      "text": "“​ယခင်က ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို မ​အောက်မေ့​ကြ​နှင့်​။ လွန်ခဲ့ပြီး​သော​အရာ​တို့​ကို မ​စဉ်းစား​ကြ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 19,
      "text": "ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 20,
      "text": "ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 21,
      "text": "ငါ​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ဖို့​ရန် လူမျိုး​တော်​ကို ငါ​ပုံဖော်ဖန်ဆင်း​ခဲ့​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 22,
      "text": "သို့သော်လည်း အို ယာကုပ်​အမျိုး​၊ သင်​သည် ငါ့​ကို​မ​ခေါ်​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ့​ကို​ငြီးငွေ့​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 23,
      "text": "သင်​သည် မီးရှို့ရာယဇ်​အတွက် သိုး​ကို ငါ့​ထံသို့​မ​ယူဆောင်​ခဲ့​။ ယဇ်ပူဇော်​ခြင်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ခြင်း​မ​ပြု​။ ငါ​သည် ပူဇော်သက္ကာ​အားဖြင့် သင့်​ကို ဝန်လေး​စေ​သည်​မ​ဟုတ်​။ လော်ဗန်​အားဖြင့်​လည်း သင့်​ကို ပင်ပန်း​စေ​ခဲ့​သည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 24,
      "text": "သင်​သည် ခါနဲ ​ကို ငါ့​အတွက် ငွေ​ဖြင့်​မ​ဝယ်​။ သင့်​ယဇ်ကောင်​တို့​၏​အဆီ​နှင့် ငါ့​အား ကျေနပ်အားရမှု​ကို​မ​ဖြစ်​စေ​။ သင့်​အပြစ်​များ​ဖြင့် ငါ့​ကို​ဝန်လေး​စေ​၏​။ သင့်​ဒုစရိုက်​များ​ဖြင့် ငါ့​ကို​ပင်ပန်း​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 25,
      "text": "ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 26,
      "text": "ငါ့​ကို သတိပေး​လော့​။ အတူတကွ တရားဆိုင်​ကြ​စို့​။ သင်​ဖြောင့်မတ်​ကြောင်း တင်ပြ​လော့​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 27,
      "text": "အဦးဆုံး​ဖခင်​သည် အပြစ်ပြု​ခဲ့​ပြီ​။ သင့်​အတွက် ကြားဝင်စေ့စပ်​ပေး​သူ​တို့​သည် ငါ့​ကို​ပြစ်မှား​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 28,
      "text": "ထို့ကြောင့် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​တို့​ကို ငါ​ရှုတ်ချ​မည်​။ ယာကုပ်​အမျိုး​ကို ကျိန်​ခြင်း​လက်​သို့​၊ အစ္စရေး​လူမျိုး​ကို ကဲ့ရဲ့စော်ကား​ခြင်း​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 1,
      "text": "ငါ့​အစေအပါး​ယာကုပ်​၊ ငါ​ရွေးချယ်​သော​အစ္စရေး​၊ ယခု နားထောင်​လော့​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 2,
      "text": "သင့်​ကို​ဖန်ဆင်း​သော​အရှင်​၊ သင့်​ကို ဝမ်း​ထဲကပင်​ပုံဖော်ဖန်ဆင်း​တော်မူ​၍ သင့်​ကို​ကူညီမစ​သော​ထာဝရဘုရား​က “​ငါ့​အစေအပါး ယာကုပ်​၊ ငါ​ရွေးချယ်​သော​ယေရှုရုန်​၊ မ​ကြောက်​နှင့်​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 3,
      "text": "အကြောင်းမူကား ငါ​သည် ရေငတ်​နေ​သော​ပြည်​အပေါ် ရေ​ကို​သွန်းလောင်း​မည်​။ ခြောက်သွေ့​သော​မြေ​ပေါ်တွင် စမ်းရေ​စီး​စေ​မည်​။ သင်​၏​သားစဉ်မြေးဆက်​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သင်​၏​သားမြေး​တို့​အပေါ် ငါ့​ကောင်းချီးမင်္ဂလာ​ကို သွန်းလောင်း​မည်​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 4,
      "text": "သူ​တို့​သည် ချောင်း​ဘေး​ရှိ မိုးမခပင်​ကဲ့သို့ မြက်ပင်​ကြား​တွင် ပေါက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 5,
      "text": "တစ်​ယောက်​က ‘​ငါ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​’​ဟု ဆို​လိမ့်မည်​။ တစ်​ယောက်​က​လည်း မိမိ​အမည်​ကို ယာကုပ်​ဟု မှည့်ခေါ်​လိမ့်မည်​။ တစ်​ယောက်​က​လည်း ‘​ထာဝရဘုရား​နှင့်​ဆိုင်​၏​’​ဟု မိမိ​လက်​တွင်​ရေး​ထား​လျက် အစ္စရေး​အမည်​ကို ခံယူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 6,
      "text": "အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 7,
      "text": "ရှေးခေတ်​လူမျိုး​ကို ငါ​တည်​စေ​သည့်​ကာလ​မှစ၍ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ ထို​သူ ဖော်ပြ​ပါစေ​၊ ပြောပြ​ပါစေ​၊ ငါ့​ရှေ့​၌ အစီအစဉ်​တကျ​ချပြ​ပါစေ​။ သူ​တို့​သည် ဖြစ်ဆဲ​နှင့်​ဖြစ်လာ​မည့်​အရာ​များ​ကို​လည်း ကြိုပြော​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 8,
      "text": "မ​ကြောက်​ကြ​နှင့်​။ မ​စိုးရိမ်​ကြ​နှင့်​။ ရှေးယခင်​ကတည်းက သင်​တို့​ကို ငါ​ပြောကြား​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​မ​ဟုတ်​လော​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​ရှိ​သလော​။ အခြား​ကျောက်ဆောင်​မ​ရှိ​၊ ရှိ​သည်​ကို ငါ​မ​သိ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 9,
      "text": "ရုပ်တုဆင်းတု​ကို​ထုလုပ်​သော​သူ​အားလုံး​တို့​သည် အချည်းနှီး​သက်သက်​ဖြစ်​ကြ​၏​။ သူ​တို့​တပ်မက်​သော​အရာ​တို့​သည် အကျိုး​မ​ရှိ​။ သူ​တို့​၏​သက်သေ​တို့​သည်​လည်း မ​မြင်​တတ်​၊ မ​သိ​တတ်​သောကြောင့် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 10,
      "text": "မည်သူ​သည် အကျိုး​မ​ပေး​နိုင်​သော​ဘုရား​ရုပ်တု​ကို ထုလုပ်​သနည်း​။ မည်သူ​သည် အကျိုး​မ​ပေး​နိုင်​သော​ရုပ်တုဆင်းတု​ကို သွန်းလုပ်​သနည်း​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 11,
      "text": "သူ​၏​အပေါင်းအဖော်​အားလုံး အရှက်ကွဲ​ရ​လိမ့်မည်​။ လက်မှုပညာသည်​တို့​သည် လူ​မျှသာ​ဖြစ်​၏​။ သူ​တို့​အားလုံး စုရုံး​၍ ရပ်​နေ​ကြ​ပါစေ​။ သူ​တို့​သည် ကြောက်ရွံ့​လျက် အတူတကွ​အရှက်ကွဲ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 12,
      "text": "ပန်းပဲသမား​သည် သံ​ကို မီးညှပ်​ဖြင့် မီးခဲ​ပေါ်​တင်​၍ အလုပ်​လုပ်​၏​။ သူ​သည် တူ​ဖြင့်​ပုံသွင်း​တတ်​၏​။ သူ​၏​လက်ရုံး​ခွန်အား​ဖြင့် လုပ်ဆောင်​တတ်​၏​။ သူ​သည် ဆာလောင်မွတ်သိပ်​၍ ခွန်အား​မ​ရှိ​။ ရေ​မ​သောက်​ရ​သဖြင့် အားအင်​ကုန်ခန်း​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 13,
      "text": "ပန်းပုသမား​သည် သစ်သား​ကို မျဉ်းကြိုး​ဖြင့်​တိုင်း​၍ စူး ​နှင့်​မှတ်သား​တတ်​၏​။ ဆောက်​နှင့်​ထွင်း​ပြီး ကွန်ပါ​နှင့်​မှတ်သား​တတ်​၏​။ တင့်တယ်​သော​လူ​၏​ပုံသဏ္ဌာန်​ကဲ့သို့ ထုလုပ်​ပြီး ဝတ်ကျောင်း​ထဲတွင် စံပယ်​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 14,
      "text": "သူ​သည် မိမိ​အတွက် သစ်ကတိုးပင်​ကို ခုတ်ယူ​၏​။ ကျောက်ပန်းပင်​၊ ဝက်သစ်ချပင်​ကို ရွေးယူ​၍ တော​သစ်ပင်​များ​အလယ်​တွင် သန်မာကြီးထွား​အောင် စိုက်ပျိုး​၏​။ ထင်းရှူးပင်​ကို​လည်း​စိုက်​၍ မိုးရေ​သည် ကြီးထွား​စေ​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 15,
      "text": "လူ​သည် ထို​အပင်​တို့​ကို ထင်း​အဖြစ်​သုံး​၏​။ တစ်ပိုင်း​ကို​ယူ​၍ မီးလှုံ​၏​။ မီးမွှေး​၍​လည်း မုန့်​ဖုတ်​တတ်​၏​။ ဘုရား​ရုပ်တု​ကို​လည်း ပြုလုပ်​၍ ကိုးကွယ်​တတ်​၏​။ ရုပ်တုဆင်းတု​ထုလုပ်​၍ ပျပ်ဝပ်​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 16,
      "text": "သစ်​တစ်ပိုင်း​ကို မီးရှို့​၏​။ ထို​သစ်​တစ်ပိုင်း​အပေါ်​၌​ပင် အသား​ကို​ကင်​၏​။ အသားကင်​ကို ဝစွာ​စား​၏​။ မီးလှုံ​၍ ‘​အယ်​၊ ငါ​နွေး​ပြီ​။ မီး​ကို​တွေ့​ပြီ​’​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 17,
      "text": "သူ​သည် ကျန်တစ်ပိုင်း​ဖြင့် သူ​၏​ဘုရား​ဖြစ်​သော ရုပ်တုဆင်းတု​ကို ထုလုပ်​တတ်​၏​။ ထို​ရုပ်တု​ကို ပျပ်ဝပ်​ကိုးကွယ်​လျက် ‘​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​’​ဟု ဆုတောင်း​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 18,
      "text": "သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​၊ သူ​တို့​၏​စိတ်နှလုံး​သည် နား​မ​လည်​နိုင်​အောင်​ပိတ်​လျက်​ရှိ​သဖြင့် သူ​တို့​သည် ဘာမျှ​မ​သိ​၊ ဘာမျှ​နား​မ​လည်​ကြ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 19,
      "text": "‘​ငါ​သည် သစ်​တစ်ပိုင်း​ကို​မီးရှို့​၍ မီးခဲ​ပေါ်တွင် မုန့်​ဖုတ်​လေ​ပြီ​။ အသား​ကို​လည်း ကင်​၍ စား​လေ​ပြီ​။ ကျန်တစ်ပိုင်း​ကို စက်ဆုပ်ရွံရှာဖွယ်​သော​အရာ​ဖြစ်စေ​ရ​မည်လော​။ သစ်တုံး​ရှေ့​တွင် ငါ​ပျပ်ဝပ်​ရ​မည်လော​’​ဟု ဆို​နိုင်​လောက်အောင် မည်သူ​မျှ မ​ဆင်ခြင်​၊ မည်သူ​မျှ အသိတရား​မ​ရှိ​၊ ဉာဏ်​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 20,
      "text": "သူ​သည် ပြာပုံ​တွင်​ကျက်စား​၏​။ သူ​၏​စိတ်နှလုံး​သည် လှည့်စား​ခြင်း​ခံရ​၍ သူ့​ကို​လမ်းလွဲ​စေ​ပြီ​။ သူ​သည် ကိုယ့်​ဝိညာဉ်​ကို ကိုယ်​မ​ကယ်တင်​နိုင်​။ ‘​ငါ့​လက်ယာ​လက်​ထဲ၌​ရှိ​သော​အရာ​ကား မုသား​သာ​မ​ဟုတ်​လော​’​ဟု ပြော​နိုင်​စွမ်း​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 21,
      "text": "အို ယာကုပ်​အမျိုး​၊ ဤ​အရာ​တို့​ကို သတိရ​လော့​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​ကို ငါ​ပုံဖော်ဖန်ဆင်း​သည်​ဖြစ်၍ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို ငါ​မေ့လျော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 22,
      "text": "သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 23,
      "text": "အို မိုးကောင်းကင်​၊ ထိုသို့ ထာဝရဘုရား ပြု​တော်မူ​ပြီ​ဖြစ်၍ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ မြေကြီး​၏​နက်ရှိုင်း​သော​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ အို တောင်​တို့​၊ ဟစ်ကြော်​ကြ​လော့​။ တော​နှင့်တကွ သစ်ပင်​အပေါင်း​တို့​၊ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​၌ ဘုန်းထင်ရှား​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 24,
      "text": "သင့်​ကို ရွေးနုတ်​တော်မူ​သော​အရှင်​၊ သင့်​ကို အမိ​ဝမ်း​ထဲကပင် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင်​ထာဝရဘုရား​က “​ငါ​ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​ကို​ဖန်ဆင်း​၏​။ မိုးကောင်းကင်​ကို ငါ​တစ်ပါးတည်း​ဖြန့်ကြက်​၏​။ မြေကြီး​ကို ငါ​တစ်ပါးတည်း​ခင်းကျင်း​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 25,
      "text": "ငါ​သည် ပရောဖက်​အတုအယောင်​တို့​၏​နိမိတ်လက္ခဏာ​များ​ကို ပယ်ဖျက်​၏​။ ဂမ္ဘီရပညာ​တတ်မြောက်​သူ​တို့​ကို ရူးသွပ်​စေ​၏​။ ပညာရှိ​တို့​ကို နောက်ပြန်​လှန်​စေ​၍ သူ​တို့​၏​အသိပညာ​ကို မိုက်မဲ​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 26,
      "text": "ငါ​သည် ငါ့​အစေအပါး​၏​စကား​ကို တည်​စေ​၏​။ ငါ့​စေတမန်​တို့​၏​အကြံဉာဏ်​ကို အထမြောက်​စေ​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​သည် လူ​တို့​နေထိုင်​ရာ​အရပ်​ဖြစ်​လိမ့်မည်​’​ဟူ၍​လည်းကောင်း​၊ ယုဒ​မြို့​တို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​တို့​သည် တည်ဆောက်​ခြင်း​ခံရ​မည်​။ မြို့​၏​ပြိုပျက်​ရာ​တို့​ကို ငါ​ပြန်လည်​ထူထောင်​မည်​’​ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 27,
      "text": "ငါ​သည် သမုဒ္ဒရာ​ကို ‘​ခန်းခြောက်​လော့​။ သင်​၏​မြစ်​တို့​ကို​လည်း ငါ​ခြောက်သွေ့​စေ​မည်​’​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 28,
      "text": "ကုရု​မင်းကြီး​နှင့်​ပတ်သက်၍ ‘​သူ​သည် ငါ​၏​သိုးထိန်း​ဖြစ်၍ ငါ့​အလိုဆန္ဒ​ရှိသမျှ​ကို သူ​ပြည့်စုံ​စေ​မည်​’​ဟု ငါ​မိန့်ဆို​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​ကို တည်ဆောက်​ကြ​လိမ့်မည်​’​၊ ဗိမာန်တော်​နှင့်​ပတ်သက်၍ ‘​ဗိမာန်တော်​ကို အုတ်မြစ်ချ​ကြ​လိမ့်မည်​’​ဟု ငါ​မိန့်ဆို​၏​”​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 1,
      "text": "ရှင်ဘုရင်​တို့​၏​ခါးပန်း​ကို​ဖြေချ​ပြီး တိုင်းနိုင်ငံ​တို့​ကို သူ့​အဖို့​နှိမ်နင်း​ပေး​ဖို့​၊ မြို့​တံခါး​ကို ပိတ်​မ​ထား​ဘဲ သူ့​အဖို့​အစဉ်​ပွင့်​နေ​စေဖို့ ငါ​ကိုယ်တိုင် သူ​၏​ညာလက်​ကို​ဆွဲကိုင်​ထား​သော​သူ ငါ​၏​ဘိသိက်ခံ​ကုရု​မင်းကြီး​အား ငါ​ထာဝရဘုရား​က"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 2,
      "text": "“​သင့်​ရှေ့​မှ ငါ​သွား​၍ ကုန်းမြင့်​တို့​ကို ညီညာ​စေ​မည်​။ ကြေးဝါ​တံခါး​တို့​ကို​ချိုးဖျက်​၍ သံ​ကန့်လန့်ကျင်​တို့​ကို ငါ​ဖြတ်ပစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 3,
      "text": "ငါ​သည် သင့်​ကို အမည်​ဖြင့်​ခေါ်​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​ကြောင်း​ကို သင်​သိရှိ​စေရန် အမှောင်​ထဲမှ​ဥစ္စာဘဏ္ဍာ​၊ လျှို့ဝှက်​သော​အရပ်​မှ​ဝှက်ထား​သော​ဘဏ္ဍာ​တို့​ကို သင့်​အား​ငါ​ပေး​မည်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 4,
      "text": "ငါ့​အစေအပါး​ယာကုပ်​၊ ငါ​ရွေးချယ်​သော​အစ္စရေး​အတွက် သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​၏​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ဘွဲ့နာမ​ပေး​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 5,
      "text": "ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ခွန်အား​နှင့်​ပတ်စည်း​မည်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 6,
      "text": "ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို အရှေ့​အရပ်​မှ အနောက်​အရပ်​တိုင်အောင် လူ​တို့​သိမြင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 7,
      "text": "ငါ​သည် အလင်း​ကို​ပုံဖော်ဖန်ဆင်း​၏​၊ အမှောင်​ကို​လည်း​ဖန်ဆင်း​၏​။ ငြိမ်းချမ်းမှု​ကို​ဖြစ်စေ​၏​၊ ဘေးအန္တရာယ်​ကို​လည်း ဖြစ်ပေါ်​စေ​၏​။ ဤ​အရာ​အားလုံး​တို့​ကို ငါ​ထာဝရဘုရား စီရင်​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 8,
      "text": "အို မိုးကောင်းကင်​၊ အထက်​မှ တဖွဲဖွဲရွာချ​လော့​။ မိုးတိမ်​တို့​သည် ဖြောင့်မတ်​ခြင်း​ကို ရွာသွန်း​ပါစေ​။ မြေကြီး​သည် ပွင့်ဟ​၍ ကယ်တင်​ခြင်း သီးပွင့်​ပါစေ​။ ဖြောင့်မတ်​ခြင်း​လည်း ပေါက်​ပါစေ​။ ဤ​အမှု​ကို ငါ​ထာဝရဘုရား​ဖန်ဆင်း​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 9,
      "text": "မိမိ​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​အား ရန်တွေ့​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​သည် မြေ​အိုးကွဲ​များ​ထဲမှ အိုးကွဲ​တစ်​ခု​သာ​ဖြစ်​၏​။ အိုးမြေ​က မိမိ​ကို​ပုံသွင်း​သော​သူ​အား ‘​မည်သည့်​အရာ​ကို သင်​ပြုလုပ်​နေ​သနည်း​။ သင်​ပြုလုပ်​ထား​သော​အရာ​၌ လက်​မ​ရှိ​ပါ​လား​’​ဟု ဆို​ရ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 10,
      "text": "ဖခင်​အား ‘​သင်​သည် မည်သည့်​အရာ​ကို မွေးဖွား​စေ​သနည်း​’​ဟူ၍​လည်းကောင်း​၊ မိခင်​အား ‘​သင်​သည် မည်သည့်​အရာ​ကို မွေးဖွား​သနည်း​’​ဟူ၍​လည်းကောင်း ဆို​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 11,
      "text": "အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ ထို​လူမျိုး​ကို​ပုံဖော်ဖန်ဆင်း​သော ထာဝရဘုရား​က “​ဖြစ်လာ​မည့်​အရာ​တို့​နှင့်​ပတ်သက်၍ ငါ့​ကို မေးခွန်းထုတ်​ကြ​သလော​။ ငါ့​သားသမီး​တို့​နှင့်​ပတ်သက်၍​၊ ငါ့​လက်​ပြု​သော​အမှု​နှင့်​ပတ်သက်၍ ငါ့​ကို အမိန့်ပေး​ကြ​သလော​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 12,
      "text": "ငါ​ကိုယ်တော်တိုင် မြေကြီး​ကို​တည်​၍ မြေကြီး​ပေါ်၌ လူ​ကို​ဖန်ဆင်း​ပြီ​။ ငါ​သည် မိုးကောင်းကင်​ကို ငါ့​လက်​နှင့်​ဖြန့်ကြက်​၍ မိုးကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို အမိန့်ပေး​ပြီ​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 13,
      "text": "ငါ​ကိုယ်တော်တိုင် ကုရု​မင်းကြီး​ကို ဖြောင့်မတ်​ခြင်း​အတွက် နိုးထ​စေ​ပြီ​။ သူ​သွား​ရာ​လမ်း​ရှိသမျှ​ကို ဖြောင့်ဖြူး​စေ​မည်​။ သူ​သည် ငါ​၏​မြို့​ကို ပြန်လည်​တည်ဆောက်​လိမ့်မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​ငါ့​လူ​တို့​ကို အဖိုးအခ​၊ တံစိုးလက်ဆောင်​မ​ယူ​ဘဲ လွှတ်​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 14,
      "text": "ထာဝရဘုရား​က “​အီဂျစ်​ပြည်​၏ စည်းစိမ်ဥစ္စာ​၊ အီသီယိုးပီးယား​ပြည်သား​နှင့် အရပ်​မြင့်​သော​သေဘ​အမျိုးသား​တို့​၏ ကုန်ပစ္စည်း​တို့​သည် သင့်​ထံသို့​ရောက်​၍ သင်​ပိုင်ဆိုင်​ရ​လိမ့်မည်​။ သူ​တို့​သည် သင့်​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ သံခြေချင်း​ဖြင့်​သွားလာ​ရ​၍ သင့်​ရှေ့​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။ ‘​အကယ်စင်စစ် သင်​နှင့်အတူ ဘုရားသခင်​ရှိ​တော်မူ​၏​။ ထို​ဘုရား​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​’​ဟူ၍ သင့်​ကို​လျှောက်ထား​ကြ​လိမ့်မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 15,
      "text": "အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကယ်တင်ရှင်​၊ အကယ်စင်စစ် ကိုယ်တော်​သည် လျှို့ဝှက်နက်နဲ​သော​ဘုရား ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 16,
      "text": "ရုပ်တု​ထုလုပ်​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​၍ အသရေပျက်​ရ​လိမ့်မည်​။ အသရေပျက်​လျက် အတူတကွ​ထွက်သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အားဖြင့် ထာဝရ​တည်​သော​ကယ်တင်​ခြင်း​ကို​ရရှိ​မည်​။ သင်​တို့​သည် ကာလ​အစဉ်အဆက် အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ အသရေပျက်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 18,
      "text": "မိုးကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​၊ မြေကြီး​ကို​ပုံဖော်ဖန်ဆင်း​သော​၊ ဖြစ်​တည်​စေ​သော​၊ အချည်းနှီးသက်သက်​မ​ဖန်ဆင်း​ဘဲ သက်ရှိ​တို့​နေထိုင်​ရာ​အဖြစ် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင် ထာဝရဘုရား​က “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 19,
      "text": "ငါ​သည် မြေကြီး​၏​မှောင်မိုက်​သော​အရပ်​၌ လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ယာကုပ်​၏​သားစဉ်မြေးဆက်​အား “​ငါ့​ကို အချည်းနှီး​ရှာ​ကြ​လော့​”​ဟု ငါ​မ​ပြော​။ ငါ​သည် ဖြောင့်မတ်​သော​စကား​ကို မြွက်ဆို​၍ ဟုတ်မှန်​သော​အရာ​တို့​ကို ဖော်ပြ​သော ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 20,
      "text": "လူမျိုး​အပေါင်း​တို့​လက်​မှ ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၊ စုရုံး​၍ လာ​ကြ​လော့​။ အတူတကွ ချဉ်းကပ်​ကြ​လော့​။ သစ်သား​ရုပ်တုဆင်းတု​ကို ဆောင်​ထား​သော​သူ​၊ မ​ကယ်တင်​နိုင်​သော​ဘုရား​ထံ ဆုတောင်း​သော​သူ​တို့​သည် အသိဉာဏ်​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 21,
      "text": "ပြောပြ​ကြ​လော့​။ တင်ပြ​ကြ​လော့​။ သူ​တို့ အတူတကွ​တိုင်ပင်​ကြ​ပါစေ​။ ဤ​အမှု​ကို ရှေးကာလ​မှစ၍ မည်သူ​ကြားသိ​စေ​ခဲ့​သနည်း​။ ထို​အချိန်​မှစ၍ မည်သူ​ပြောကြား​ခဲ့​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် ဖြောင့်မတ်​သော​ဘုရား​၊ ကယ်တင်​သော​အရှင်​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 22,
      "text": "မြေကြီး​စွန်း​ရှိသမျှ​တို့​၊ ငါ့​ထံသို့​ပြန်လှည့်​လာ​၍ ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 23,
      "text": "အကယ်စင်စစ် “​ငါ့​ရှေ့မှောက်​၌ လူ​တိုင်း​ဒူးထောက်​ကြ​ရ​လိမ့်မည်​။ လူ​တိုင်း​၏​နှုတ်​သည် သစ္စာဆို​ကြ​ရ​လိမ့်မည်​” ​ဟု ငါ​ကိုယ်တိုင် ကျိန်ဆို​ပြီ​။ ဤ​ဖြောင့်မှန်​သော​စကား​သည် ငါ့​နှုတ်​မှ​ထွက်လာ​သည်​ဖြစ်၍ ပြန်လှည့်​လာ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 24,
      "text": "“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​၏​သားစဉ်မြေးဆက်​အပေါင်း​တို့​သည် ထာဝရဘုရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု အသိအမှတ်ပြု​ခြင်း​ခံရ​မည်​။ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 1,
      "text": "ဗေလ​ဘုရား​သည် ညွတ်တွား​ရ​လေ​ပြီ​။ နေဗော​ဘုရား​သည် ခါးကိုင်း​ရ​လေ​ပြီ​။ ထို​ဘုရား​ရုပ်တု​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ သိုးနွား​တိရစ္ဆာန်​များ​အပေါ် တင်​ကြ​၏​။ သင်​တို့​ယူဆောင်​သော​ထို​အရာ​တို့​သည် တိရစ္ဆာန်​တို့​အတွက် လေးလံ​စွာ​ထမ်း​ရ​သော​ဝန်ထုပ်ဝန်ပိုး​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 2,
      "text": "ထို​ဘုရား​တို့​သည် ခါးကိုင်း​၍ အတူတကွ ဦးညွှတ်​ရ​၏​။ ကိုယ့်​ရုပ်တု​ကို ကိုယ်​မ​ကယ်​နိုင်​ဘဲ ဖမ်းခေါ်​သွား​ရာ​သို့​လိုက်ပါ​သွား​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 3,
      "text": "အို ယာကုပ်​အမျိုးအနွယ်​တို့​၊ ကြွင်းကျန်​သော​အစ္စရေး​အမျိုးသား​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဝမ်းဗိုက်​ထဲကပင် သင့်​ကို ငါ​လွယ်​ထား​၏​။ မွေးစ​ကပင် သင့်​ကို ငါ​ချီမ​ထား​၏​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 4,
      "text": "ငါ​သည် သင်​တို့​အိုမင်း​သည့်​တိုင်အောင် ထိုသို့​ပြု​ပေး​မည့်​အရှင်​ဖြစ်​၏​။ သင်​တို့​ဆံပင်ဖြူ​သည့်​တိုင်အောင် သင်​တို့​ကို ချီပိုး​ထား​မည်​။ သင်​တို့​ကို ငါ​ဖန်ဆင်း​ခဲ့​ပြီ​။ သင်​တို့​ကို ငါ​ချီမ​ထား​မည်​။ ငါ​သည် သင်​တို့​ကို ထမ်းထား​မည်​။ ကယ်မ​မည်​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 5,
      "text": "သင်​တို့​သည် ငါ့​ကို​မည်သူ​နှင့်​နှိုင်းယှဉ်​မည်နည်း​။ မည်သူ့​ကို ငါ​နှင့်​တူ​သည်​ဟု သတ်မှတ်​မည်နည်း​။ မည်သူ့​ကို ငါ​နှင့်​တူ​သည်​ဟု နှိုင်းယှဉ်​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 6,
      "text": "ရွှေ​ကို အိတ်​ထဲမှ​သွန်ချ​သော​သူ​၊ ငွေ​ကို ချိန်ခွင်​နှင့်​ချိန်​သော​သူ​တို့​သည် ပန်းထိမ်သမား​ကို​ငှားရမ်း​၍ ဘုရား​ရုပ်တု​ထုလုပ်​စေ​ပြီး ပျပ်ဝပ်​ကိုးကွယ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 7,
      "text": "သူ​တို့​သည် ထို​ရုပ်တု​ကို ပခုံး​ပေါ်​ထမ်း​၍ သယ်ဆောင်​သွား​ကြ​၏​။ ထို​ရုပ်တု​သည် ချထား​သော​နေရာ​၌ မတ်တတ်​နေ​ရ​၏​။ နေရာ​မှ​မ​ရွေ့​နိုင်​။ အော်ဟစ်​အသနားခံ​သော​သူ​ကို​လည်း ပြန်​မ​ထူး​နိုင်​။ သူ့​ကို​လည်း ဆင်းရဲဒုက္ခ​ထဲမှ မ​ကယ်တင်​နိုင်​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 8,
      "text": "ဆန့်ကျင်ပုန်ကန်​သူ​တို့​၊ ဤသည်ကို မှတ်သား​၍ ရဲရင့်တည်ကြည်​လော့​။ နှလုံးသွင်း​ဆင်ခြင်​လော့​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 9,
      "text": "ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို အောက်မေ့​လော့​။ ငါ​သာလျှင် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။ ငါ​နှင့်တူသော​ဘုရား​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 10,
      "text": "အစအဦး​ကပင် အဆုံး​ကို​ဖော်ပြ​သော​အရှင်​၊ ရှေးကာလ​ကပင် မ​ဖြစ်​သေး​သော​အရာ​တို့​ကို​ဖော်ပြ​သော​အရှင်​က “​ငါ့​အကြံအစည်​သည် တည်​မည်​။ ငါ​အလို​ရှိသမျှ​ကို ငါ​ပြု​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 11,
      "text": "အရှေ့​အရပ်​မှ အသားစားငှက်​ကို ငါ​ခေါ်​ခဲ့​မည်​။ ဝေးလံ​သော​အရပ်​မှ ငါ့​အကြံအစည်​ကို ပြည့်စုံ​စေ​သော​သူ​အား ငါ​ခေါ်​ခဲ့​မည်​။ ငါ​မိန့်ဆို​ပြီ​၊ အကယ်စင်စစ် ငါ​ဖြစ်စေ​မည်​။ ငါ​ကြံရွယ်​ပြီ​၊ အကယ်စင်စစ် ငါ​ပြု​မည်​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 12,
      "text": "စိတ်နှလုံး​မာကျော​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဖြောင့်မတ်​ခြင်း​နှင့်​ဝေး​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 13,
      "text": "ငါ​၏​ဖြောင့်မတ်​ခြင်း​ကို အနီး​သို့​ငါ​ဆောင်​ခဲ့​ပြီ​။ အဝေး​၌​ရှိ​သည်​မ​ဟုတ်​။ ငါ​၏​ကယ်တင်​ခြင်း​သည် နှောင့်နှေး​မည်​မ​ဟုတ်​။ ကယ်တင်​ခြင်း​ကို ဇိအုန်​တောင်​၌ ငါ​ထား​မည်​။ ငါ​၏​ဂုဏ်ကျက်သရေ​ကို အစ္စရေး​လူမျိုး​အား ငါ​ပေး​မည်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 1,
      "text": "အို ဘေဘီလုံ​သမီး​ပျို​၊ မြေမှုန့်​ပေါ်တွင် ဆင်း​ထိုင်​လော့​။ အို ခါလဒဲ​သမီး​၊ ရာဇပလ္လင်​ပေါ်​မ​ဟုတ်​၊ မြေကြီး​ပေါ်တွင် ထိုင်​လော့​။ သင့်​ကို နူးညံ့​သိမ်မွေ့​သော​သူ​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 2,
      "text": "ကြိတ်ဆုံ​ကို​ယူ​၍ မုန့်ညက်​ကြိတ်​လော့​။ သင်​၏​မျက်နှာလွှား​ကို ဖယ်​လော့​။ ဝတ်ရုံ​ကို ချွတ်​လော့​။ အဝတ်​ကို ပေါင်​အထိ​ပင့်​၍ မြစ်​ကို​ကူး​လော့​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 3,
      "text": "သင်​၏​အရှက် ပေါ်​လိမ့်မည်​။ မမြင်အပ်သောအရာ​ကို မြင်​ကြ​လိမ့်မည်​။ ငါ​သည် လက်စားချေ​မည်​။ မည်သူ့​ကို​မျှ ချမ်းသာ​ပေး​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 4,
      "text": "ငါ​တို့​ကို ရွေးနုတ်​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 5,
      "text": "အို ခါလဒဲ​သမီး​၊ တိတ်ဆိတ်​စွာ ထိုင်​လော့​။ အမှောင်​ထဲသို့ သွား​လော့​။ သင့်​ကို တိုင်းနိုင်ငံ​တို့​၏​ဘုရင်မ​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 6,
      "text": "ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 7,
      "text": "သင်​က “​ငါ​သည် သခင်မ ထာဝစဉ်​ဖြစ်​နေ​မည်​”​ဟု ဆို​လျက် ဤ​အရာ​တို့​ကို​နှလုံး​မ​သွင်း​၊ အဆုံး​ကို​လည်း မ​အောက်မေ့​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 8,
      "text": "“​ငါ​တစ်ပါးတည်း ရှိ​၏​။ ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​။ ငါ​သည် မုဆိုးမ​ဖြစ်​မည်​မ​ဟုတ်​။ သားသမီး​ဆုံးရှုံး​ခြင်း​ကို ငါ​ခံစား​ရ​မည်​မ​ဟုတ်​”​ဟု ကိုယ့်​စိတ်​ထဲ၌​ပြောဆို​၍ စိတ်အေးလက်အေး​နေထိုင်​ပြီး ကာမဂုဏ်ခံစား​နေ​သော​သူ​၊ ယခု ဤ​အရာ​ကို နားထောင်​လော့​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 9,
      "text": "သင်​သည် မှော်အတတ်​မည်မျှပင်​တတ်​သော်လည်း​၊ သင်​၏​ဂါထာမန္တန်​မည်မျှပင်​စွမ်း​သော်လည်း သားသမီး​ဆုံးရှုံး​ခြင်း​၊ မုဆိုးမ​ဖြစ်​ခြင်း နှစ်မျိုးလုံး​သည် တစ်နေ့တည်း တစ်ခဏချင်း​တွင် သင့်​ထံ​ရောက်လာ​မည်​။ မလွဲမသွေ​ရောက်လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 10,
      "text": "သင်​သည် မကောင်း​သော​အတတ်ပညာ​ကို ယုံကြည်ကိုးစား​၏​။ “​ငါ့​ကို မည်သူ​မျှ​မ​မြင်​”​ဟု​သင်​ဆို​၏​။ သင်​၏​ဉာဏ်ပညာ​၊ သင်​၏​အသိပညာ​သည် သင့်​ကို​လမ်းလွဲ​စေ​သဖြင့် သင်​က “​ငါ​တစ်ပါးတည်း ရှိ​၏​။ ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု သင့်​စိတ်​ထဲ၌​ပြောဆို​၏​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 11,
      "text": "ထို့ကြောင့် ဘေးအန္တရာယ်​သည် သင့်​အပေါ်​သက်ရောက်​မည်​။ ထို​ဘေးအန္တရာယ်​ကို ကာကွယ်​ပေး​မည့်​ဂါထာ​ကို သင်​သိ​မည်​မ​ဟုတ်​။ ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​မည်​။ သင်​တားဆီး​နိုင်​မည်​မ​ဟုတ်​။ သင်​မ​သိ​လိုက်​မီ​မှာပင် ဖျက်ဆီး​ခြင်း​ဘေး​သည် သင့်​အပေါ် ရုတ်တရက်​သက်ရောက်​မည်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 12,
      "text": "သင်​ငယ်စဉ်​ကတည်းက လေ့လာလိုက်စား​ခဲ့​သော ဂါထာမန္တန်​နှင့် မှော်အတတ်​အမျိုးမျိုး​တို့​ကို ဆက်၍​လိုက်စား​လော့​။ အကျိုး​ရှိ​ကောင်း​ရှိ​လိမ့်မည်​။ ဖျက်ဆီး​ခြင်း​ဘေး​ကို ခြောက်လှန့်​နိုင်​ကောင်း​ခြောက်လှန့်​နိုင်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 13,
      "text": "သင့်​ကို​ပေး​သော​အကြံဉာဏ်​များစွာ​တို့​ကြောင့် သင်​စိတ်ပင်ပန်း​လှ​ပြီ​။ မိုးကောင်းကင်​၊ ကြယ်နက္ခတ်​တို့​ကို​ကြည့်ရှု​ပြီး နက္ခတ်ဗေဒပညာ​ဖြင့် သင်​၌​ဖြစ်လာ​မည့်​အရာ​ကို လ​စဉ် ဟောကိန်း​ထုတ်​သော​သူ​များ​သည် ယခု သင့်​ကို ထ​၍​ကယ်တင်​ကြ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 14,
      "text": "ကြည့်ရှု​လော့​။ သူ​တို့​သည် ရိုးပြတ်​ကဲ့သို့​ဖြစ်​၍ မီး​လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ မီးတောက်မီးလျှံ​မှ မိမိကိုယ်မိမိ မ​ကယ်​နိုင်​ကြ​။ အနွေးဓာတ်​ရ​ဖို့​မီးခဲ​၊ ထိုင်လှုံစရာ​မီး​အဖြစ်​ပင် ကျန်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 15,
      "text": "သင့်​အတွက် ကြိုးစားအားထုတ်​လုပ်ဆောင်​ပေး​ခဲ့​သူ​၊ သင်​ငယ်စဉ်​ကတည်းက သင်​နှင့်​ရောင်းဝယ်ဖောက်ကား​ခဲ့​သူ​တို့​သည် ထိုသို့​ဖြစ်​လိမ့်မည်​။ သူ​တို့​သည် အသီးသီး ခြေဦးတည့်ရာ​သို့ လှည့်လည်သွားလာ​ရ​ကြ​၍ သင့်​ကို​ကယ်တင်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 1,
      "text": "အို ယာကုပ်​အမျိုးအနွယ်​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​သည် အစ္စရေး​ဟူသော​အမည်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​၊ ယုဒ​စမ်းရေတွင်း​များ​မှ စီး​ထွက်လာ​သူ​၊ သစ္စာတရား​အားဖြင့်​မ​ဟုတ်​၊ ဖြောင့်မတ်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ ထာဝရဘုရား​၏​နာမ​တော်​ကို တိုင်တည်ကျိန်ဆို​သူ​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ ပတ္ထနာပြု​သော​သူ​၊"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 2,
      "text": "မိမိကိုယ်မိမိ သန့်ရှင်း​သော​မြို့သား​ဟု ခံယူ​သော​သူ​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟု အမည်​ရှိ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ကို အမှီပြု​သော​သူ​တို့ ဖြစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 3,
      "text": "ထာဝရဘုရား​က “​ယခင်​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ရှေးမဆွ​ကပင် ငါ​ပြောကြား​ခဲ့​ပြီ​။ ငါ့​နှုတ်​မှ​ထွက်ဆို​ခဲ့​ပြီ​။ ငါ​ကြားသိ​စေ​ခဲ့​ပြီ​။ ငါ​ချက်ချင်း​လုပ်ဆောင်​၍ ထို​အရာ​တို့ ဖြစ်လာ​ခဲ့​ပြီ​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 4,
      "text": "သင်​၏​လည်ပင်း​သည် သံချောင်း​ကဲ့သို့​၊ သင်​၏​နဖူး​သည် ကြေးဝါ​ကဲ့သို့​ဖြစ်၍ သင်​သည် ခေါင်းမာ​သော​သူ​ဖြစ်ကြောင်း ငါ​သိ​သောကြောင့်"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 5,
      "text": "‘​ငါ​၏​ရုပ်တု​သည် ထို​အရာ​တို့​ကို​ပြု​ခဲ့​၏​။ ငါ​၏​သစ်သား​ရုပ်တု​၊ ကြေးရုပ်တု​တို့​သည် ထို​အရာ​တို့​ကို အမိန့်ပေး​ခဲ့​ကြ​၏​’​ဟု သင်​မ​ပြော​နိုင်​အောင် ရှေးမဆွ​ကပင် သင့်​ကို ငါ​ပြော​ခဲ့​၏​။ မ​ဖြစ်လာ​မီ​ကပင် သင့်​ကို ကြားသိ​စေ​ခဲ့​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 6,
      "text": "သင်​ကြား​ခဲ့​ရ မြင်​ခဲ့​ရ​သော​ဤ​အမှုအရာ​အားလုံး​ကို သင်​ပြန်​မ​ပြော​ဘဲ​နေ​မည်လော​။ အသစ်​သော​အရာ​များ​၊ သင်​မ​သိ​သေး​သော ဝှက်ထား​သော​အရာ​များ​ကို ယခု​မှစ၍ သင့်​အား​ငါ​ပြောကြား​မည်​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 7,
      "text": "ထို​အရာ​တို့​သည် ရှေးယခင်​က​မ​ဟုတ် ယခုပင် ဖန်ဆင်း​ခြင်း​ခံရ​၏​။ ယနေ့​ထိ သင်​မ​ကြား​ဖူး​သေး​။ ထို့ကြောင့် ‘​ကြည့်ရှု​လော့​။ ထို​အရာ​တို့​ကို ငါ​သိ​နှင့်​ပြီ​’​ဟု သင်​ပြော​၍​မ​ရ​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 8,
      "text": "သင်​ကြား​လည်း​မ​ကြား​၊ သိ​လည်း​မ​သိ​၊ အစ​ကတည်းက သင်​နား​ပိတ်​လျက်​နေ​၏​။ သင်​သည် အလွန်​သစ္စာမဲ့​၍ ဖွားစ​ကပင် သင့်​ကို ဆန့်ကျင်ပုန်ကန်​သော​သူ​ဟု​ခေါ်​ကြ​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 9,
      "text": "ငါ့​နာမ​ကို​ထောက်​၍ ငါ့​အမျက်​ကို ရွှေ့ဆိုင်း​မည်​။ သင့်​ကို ငါ​မ​ဖျက်ဆီး​မိ​စေရန် ငါ့​ဂုဏ်သရေ​ကို​ထောက်​၍ ငါ့​အမျက်​ကို ငါ​ထိန်းချုပ်​မည်​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 10,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို​သန့်စင်​စေ​ခဲ့​ပြီ​။ သို့သော် ငွေ​ကဲ့သို့​မ​ဟုတ်​။ ဆင်းရဲဒုက္ခ​တည်းဟူသော​မီးပြင်းဖို​ထဲ၌ သင့်​ကို ငါ​စမ်းသပ်​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 11,
      "text": "ငါ့​အတွက်​၊ ငါ့​အတွက်​သာလျှင် ငါ​ပြု​၏​။ ငါ့​နာမ​သည် မည်သည့်​အတွက်ကြောင့် အရှုတ်ချ​ခံ​မည်နည်း​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သူ​အား ငါ​မ​ပေး​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 12,
      "text": "အို ယာကုပ်​အမျိုး​၊ ငါ​ခေါ်ယူ​တော်မူ​သော အစ္စရေး​လူမျိုး​၊ ငါ့​စကား​ကို နားထောင်​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​။ ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 13,
      "text": "အကယ်စင်စစ် ငါ့​လက်​ဖြင့် မြေကြီး​ကို​တည်​၏​။ ငါ့​လက်ယာ​လက်​ဖြင့် မိုးကောင်းကင်​ကို ကြက်​၏​။ ၎င်း​တို့​ကို ငါ​မိန့်​တော်မူ​လျှင် အတူတကွ​ပေါ်လာ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 14,
      "text": "သင်​တို့​အားလုံး စုရုံး​၍ နားထောင်​ကြ​လော့​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​တို့​ကို ပြန်ပြော​ခဲ့​သနည်း​။ ထာဝရဘုရား ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​အလို​တော်​အတိုင်း ဘေဘီလုံ​မြို့​ကို​ပြု​မည်​။ သူ​၏​လက်​သည် ခါလဒဲ​လူမျိုး​ကို ဆန့်ကျင်​မည်​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 15,
      "text": "ငါ​ကိုယ်တော်တိုင် မိန့်မြွက်​ပြီ​။ အကယ်စင်စစ် သူ့​ကို ငါ​ခေါ်​ပြီ​။ သူ့​ကို ငါ​ဆောင်​ခဲ့​ပြီ​။ သူ​သွား​ရာ​လမ်း​သည် အောင်မြင်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 16,
      "text": "ငါ့​ထံသို့​ချဉ်းကပ်​၍ ဤ​စကား​ကို​နားထောင်​ကြ​လော့​။ အစအဦး​ကပင် ငါ​သည် လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ထို​အမှု​ဖြစ်လာ​သော​အချိန်​၌ ထို​နေရာ​တွင် ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​၏​ဝိညာဉ်​တော်​နှင့်အတူ ယခု ငါ့​ကို​စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​ထာဝရဘုရား​က “​ငါ​သည် သင့်​အကျိုး​အတွက် သွန်သင်​ပေး​သော​အရှင်​၊ သင်​သွား​သော​လမ်း​တွင် သင့်​ကို​ပို့ဆောင်​ပေး​သော​အရှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 18,
      "text": "သင်​သည် ငါ​၏​ပညတ်ချက်​တို့​ကို အာရုံစိုက်​နားထောင်​ခဲ့​လျှင် သင်​၏​ကောင်းကျိုးချမ်းသာ​သည် မြစ်ရေ​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် ပင်လယ်​လှိုင်း​ကဲ့သို့​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 19,
      "text": "သင်​၏​အမျိုးအနွယ်​သည် သဲပွင့်​ကဲ့သို့ များပြား​မည်​။ သင်​၏​သားမြေး​တို့​သည် သဲလုံး​ကဲ့သို့ များပြား​မည်​။ သူ​တို့​၏​အမည်​သည် ငါ့​ရှေ့မှောက်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ ဖျောက်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 20,
      "text": "ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 21,
      "text": "သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 22,
      "text": "ထာဝရဘုရား​က “​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 1,
      "text": "ကမ်းရိုးတန်းဒေသ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ရပ်ဝေး​ရှိ​လူမျိုး​တို့​၊ အာရုံစိုက်​နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ငါ​မ​မွေး​မီ​ကပင် ငါ့​ကို​ခေါ်​တော်မူ​၏​။ အမိ​ဝမ်း​ထဲ​ရှိ​စဉ်​ကပင် ငါ​၏​နာမည်​ကို​မှတ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 2,
      "text": "ငါ​၏​နှုတ်​ကို ထက်​သော​ဓား​ကဲ့သို့​ဖြစ်စေ​တော်မူ​၏​။ လက်​တော်​အရိပ်​၌ ငါ့​ကို​ဝှက်​ထား​တော်မူ​၏​။ ချွန်ထက်​သော​မြား​ကဲ့သို့ ငါ့​ကို​ဖြစ်စေ​လျက် မြားကျည်တောက်​ထဲ၌ ငါ့​ကို​ပုန်း​နေ​စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 3,
      "text": "ကိုယ်တော်​က “​အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ​၏​အစေအပါး​ဖြစ်​၏​။ သင့်​အားဖြင့် ငါ​ဘုန်းထင်ရှား​မည်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 4,
      "text": "ငါ​က​လည်း “​ငါ​သည် အချည်းနှီး​ကြိုးစား​အားထုတ်​ခဲ့​ပြီ​။ ငါ့​ခွန်အား​ကို​အလဟဿ အချည်းနှီး​ကုန်​စေ​ပြီ​။ အကယ်စင်စစ် ငါ့​အတွက်​တရားမျှတမှု​သည် ထာဝရဘုရား​ထံ၌​ရှိ​၏​။ ငါ့​အတွက်​ဆုလာဘ်​သည် ငါ​၏​ဘုရားသခင်​ထံ၌​သာ​ရှိ​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 5,
      "text": "ငါ့​ကို အမိ​ဝမ်း​ထဲကပင် မိမိ​၏​အစေအပါး​အဖြစ် ပုံဖော်ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့ အထံ​တော်​၌​စုဝေး​ကြ​မည့်​အကြောင်း ယာကုပ်​အမျိုး​ကို အထံ​တော်​သို့​ပြန်ခေါ်ဆောင်​လာ​ရန် မိန့်မှာ​တော်မူ​ခဲ့​၏​။ ငါ​သည် ထာဝရဘုရား​၏​မျက်မှောက်​တော်​၌ ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​သူ​ဖြစ်​၏​။ ဘုရားသခင်​သည် ငါ​၏​ခွန်အား​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 6,
      "text": "ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​၊ ထို​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​က လူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ခံရ​သော​၊ လူမျိုးတကာ​တို့​၏​စက်ဆုပ်ရွံရှာ​ခြင်း​ခံရ​သော​၊ အုပ်စိုး​သော​မင်း​တို့​ထံ၌​ကျွန်ခံရ​သော​သူ​အား “​သင့်​ကို​ရွေးချယ်​တော်မူ​၍ သစ္စာရှိ​တော်မူ​သော အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ထာဝရဘုရား​ကို ရှင်ဘုရင်​တို့​သည် မြင်​၍ အကြီးအကဲ​တို့​မတ်တတ်ရပ်​ကြ​ပြီး သူ​တို့​အတူတကွ ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 8,
      "text": "ထာဝရဘုရား​က “​နှစ်သက်​လက်ခံ​ဖွယ်​အချိန်​၌ သင့်​ကို​ငါ​ထူး​ပြီ​။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ငါ​ကူညီမစ​ပြီ​။ သင်​သည် ပြည်​တော်​ကို ပြန်လည်​ထူထောင်​ရန်​၊ လူသူကင်းမဲ့​သော​အမွေ​ပြည်​ကို အမွေဆက်ခံ​ရန် ငါ​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​ဖြစ်စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 9,
      "text": "အချုပ်​ခံရ​သော​သူ​တို့​အား ‘​ထွက်လာ​ကြ​’​၊ အမှောင်​ထဲ၌​ရှိ​သော​သူ​တို့​အား ‘​ထွက်​ခဲ့​ကြ​’​ဟု သင်​ဆို​လိမ့်မည်​။ ထို​သူ​တို့​သည် လမ်းခရီး​တစ်လျှောက် အစာ​စား​ရ​မည်​။ တောင်ကတုံး​တို့​သည် သူ​တို့​ကျက်စား​ရာ​အရပ်​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 10,
      "text": "သူ​တို့​သည် ဆာလောင်​မည်​မ​ဟုတ်​၊ ရေငတ်​မည်​မ​ဟုတ်​။ အပူဒဏ်​၊ နေ​ဒဏ်​ကို​လည်း မ​ခံရ​။ အကြောင်းမူကား သူ​တို့​ကို​သနား​သော​သူ​သည် သူ​တို့​ကို​ဦးဆောင်​ပေး​လိမ့်မည်​။ စမ်းရေတွင်း​သို့ လမ်းပြ​ပေး​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 11,
      "text": "ငါ​သည် တောင်​ရှိသမျှ​တို့​ကို လမ်း​ဖြစ်စေ​မည်​။ လမ်းမကြီး​တို့​ကို​လည်း ဖို့​မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 12,
      "text": "ကြည့်ရှု​လော့​။ သူ​တို့​သည် ရပ်ဝေး​မှ​လာ​ကြ​လိမ့်မည်​။ မြောက်အရပ်​၊ အနောက်​အရပ် ​မှ​လည်းကောင်း​၊ သိနိမ်​ပြည်​မှ​လည်းကောင်း လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 13,
      "text": "အို မိုးကောင်းကင်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အို မြေကြီး​၊ ရွှင်လန်း​လော့​။ အို တောင်​များ​တို့​၊ သီချင်း​ဟစ်ကြော်​သီဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို နှစ်သိမ့်​တော်မူ​မည်​။ အဖိနှိပ်​ခံရ​သော​မိမိ​လူမျိုး​တော်​ကို သနား​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 14,
      "text": "သို့သော် ဇိအုန်​မြို့​က “​ထာဝရဘုရား​သည် ငါ့​ကို​စွန့်ပယ်​တော်မူ​ပြီ​။ ဘုရားရှင်​သည် ငါ့​ကို​မေ့လျော့​တော်မူ​ပြီ​”​ဟု ဆို​လေ​ပြီ​တကား​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 15,
      "text": "မိခင်​သည် မိမိ​နို့စို့ကလေး​ကို မေ့လျော့​နိုင်​မည်လော​။ မိမိ​ဝမ်း​နှင့်​လွယ်​သော​သားသမီး​ကို မ​သနား​ဘဲ​နေ​မည်လော​။ ထိုသို့​မေ့လျော့​နိုင်​ခဲ့​လျှင်ပင် ငါ​သည် သင့်​ကို​မေ့လျော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 16,
      "text": "ငါ​သည် သင့်​ကို ငါ​၏​လက်ဖဝါး​ပေါ်တွင် ရေးထိုး​ထား​ပြီ​။ သင်​၏​မြို့ရိုး​တို့​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 17,
      "text": "သင်​၏​သားသမီး​တို့​သည် အလျင်အမြန်​ပြန်လာ​ကြ​ပြီ​။ သင့်​ကို​ဖြိုချ​သော​သူ​၊ သင့်​ကို​ဖျက်ဆီး​သော​သူ​တို့​သည် သင့်​ထံမှ​ထွက်သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 18,
      "text": "ပတ်ပတ်လည်​သို့ မျှော်ကြည့်​လော့​။ သူ​တို့​အားလုံး​သည် စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ ထာဝရဘုရား​က “​ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အားလုံး​ကို အဆင်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​လိမ့်မည်​။ သတို့သမီး​ကဲ့သို့ ဆင်မြန်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 19,
      "text": "ပြိုပျက်​ခဲ့​သော​၊ လူသူကင်းမဲ့​ခဲ့​သော​၊ ဖျက်ဆီး​ခြင်း​ခံရ​သော​သင်​၏​ပြည်​သည် နေထိုင်​သူ​များ​သောကြောင့် ကျဉ်းကျပ်​လိမ့်မည်​။ သင့်​ကို ဝါးမျို​ခဲ့​သော​သူ​တို့​သည်​လည်း အဝေး​သို့​လွင့်သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 20,
      "text": "သင်​၏​အလျင်​သားသမီး​များ​ဆုံးပါး​ပြီးနောက် ထပ်မွေး​လာ​သော သားသမီး​တို့​က “​အကျွန်ုပ်​အတွက် နေရာ​ကျဉ်းကျပ်​၏​။ နေစရာ​နေရာပေး​ပါ​”​ဟု သင့်​ကို ပြော​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 21,
      "text": "သင်​က “​မည်သူ​သည် ငါ့​အတွက် ဤ​သူ​တို့​ကို မွေးဖွား​ခဲ့​သနည်း​။ ငါ​သည် သားသမီး​များ​ဆုံးပါး​၍ သားသမီး​မ​ရ​နိုင်​သော​သူ​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​၊ အပယ်​ခံရ​သူ​ဖြစ် ၏​။ ဤ​သူ​တို့​ကို မည်သူ​ကျွေးမွေးစောင့်ရှောက်​ခဲ့​သနည်း​။ ငါ​သည် တစ်ယောက်တည်း​ကျန်ရစ်​ခဲ့​၏​။ ဤ​သူ​တို့​သည် မည်သည့်​အရပ်​မှ​ရောက်လာ​ကြ​သနည်း​”​ဟု သင့်​စိတ်​ထဲ၌ တွေး​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 22,
      "text": "ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် တိုင်းနိုင်ငံ​တို့​ကို လက်​မြှောက်ပြ​မည်​။ လူမျိုးတကာ​တို့​ကို အချက်ပြအလံ ထူပြ​မည်​။ သူ​တို့​သည် သင်​၏​သား​တို့​ကို လက် ​ထဲ၌​ပွေ့ချီ​လာ​မည်​။ သင်​၏​သမီး​တို့​ကို ပခုံး​ပေါ်၌ ထမ်းလာ​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 23,
      "text": "ရှင်ဘုရင်​တို့​သည် သင့်​ကို ကြည့်ရှု​စောင့်ရှောက်​သူ​၊ မိဖုရား​တို့​သည် သင်​၏​နို့ထိန်း ဖြစ်​ကြ​လိမ့်မည်​။ သူ​တို့​သည် မြေ​ပေါ်​မျက်နှာ​အပ်​၍ သင့်​ရှေ့​၌​ပျပ်ဝပ်​ကာ သင်​၏​ခြေ​မှ မြေမှုန့်​ကို လျက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။ ငါ့​ကို​စောင့်မျှော်​သော​သူ​တို့​သည် အရှက်​မ​ကွဲ​ရ​ကြ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 24,
      "text": "စစ်သူရဲ တိုက်ယူ​ထား​သော​ပစ္စည်း​ကို သူ့​ထံမှ​ပြန်​တိုက်ယူ​နိုင်​မည်လော​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဖြောင့်မတ်​သူ​တို့ လွတ်မြောက်​နိုင်​မည်လော​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 25,
      "text": "ထာဝရဘုရား​က “​အကယ်စင်စစ် ငါ​သည် စစ်သူရဲ​ဖမ်းခေါ်​သွား​သော​သူ​ကို ဆောင်ယူ​ခဲ့​မည်​။ ကြမ်းကြုတ်​သော​သူ​ထံမှ လုယူပစ္စည်း​ကို ပြန်သိမ်းယူ​မည်​။ သင့်​ကို​ရန်ပြု​သော​သူ​အား ငါ​ကိုယ်တော်တိုင် ရန်ပြု​မည်​။ သင်​၏​သားသမီး​တို့​ကို ငါ​ကိုယ်တော်တိုင် ကယ်တင်​မည်​။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 26,
      "text": "သင့်​ကို နိုင်ထက်စီးနင်း​ပြု​သော​သူ​တို့​အား ကိုယ့်​အသား​ကိုယ်​ပြန်​စား​စေ​မည်​။ စပျစ်ဝိုင်​ကဲ့သို့ ကိုယ့်​သွေး​ကိုယ်​ပြန်သောက်​စေ​မည်​။ သို့ဖြစ်၍ ငါ​ထာဝရဘုရား​သည် သင့်​ကို​ကယ်တင်​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​အရှင်​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင် ဖြစ်ကြောင်း လူ​အပေါင်း​တို့​သိ​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 1,
      "text": "ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 2,
      "text": "ငါ​လာ​သောအခါ အဘယ်ကြောင့် လူ​တစ်ယောက်​မျှ​မ​ရှိ​သနည်း​။ ငါ​ခေါ်​သောအခါ အဘယ်ကြောင့် ထူး​သော​သူ​မ​ရှိ​သနည်း​။ ငါ့​လက်​သည် မ​ရွေးနုတ်​နိုင်​လောက်အောင် တိုလွန်း​သလော​။ ငါ​၌ ကယ်တင်​နိုင်​သော​တန်ခိုး​မ​ရှိ​သလော​။ ငါ​ဆုံးမ​သဖြင့် ပင်လယ်​သည် ခန်းခြောက်​၏​။ ငါ​သည် မြစ်​တို့​ကို တောကန္တာရ​ဖြစ်စေ​၍ ငါး​တို့​သည် ရေ​မ​ရှိ​သောကြောင့် အပုပ်နံ့ထွက်​ကြ​၏​။ ရေငတ်​၍​သေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 3,
      "text": "ငါ​သည် မိုးကောင်းကင်​ကို အနက်ရောင်​အဝတ် ဝတ်​စေ​၍ လျှော်တေအဝတ် ခြုံ​စေ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 4,
      "text": "မောပန်း​သော​သူ​အမောပြေ​စေရန် မည်သို့​ပြောဆို​ရ​မည်​ကို သိရှိ​ဖို့ ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​အား နှုတ်မှုပညာ​ကို​သွန်သင်​ပေး​တော်မူ​၏​။ နံနက်တိုင်း ငါ့​ကို​နှိုးဆော်​တော်မူ​၏​။ စာသင်သား​ကဲ့သို့ နားထောင်​ဖို့ ငါ့​ကို​နှိုးဆော်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 5,
      "text": "ဘုရားရှင်​ထာဝရဘုရား​သည် နာခံ​တတ်​သော​သဘော​ကို​ပေး​တော်မူ​သဖြင့် ငါ​သည် ဖီဆန်​ခြင်း​မ​ပြု​၊ ကျောခိုင်း​၍​မ​သွား​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 6,
      "text": "ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 7,
      "text": "ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သောကြောင့် ငါ​သည် အသရေ​မ​ပျက်​ရ​။ ကိုယ့်​မျက်နှာ​ကို မီးခတ်ကျောက်​ကဲ့သို့​ထား​၏​။ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 8,
      "text": "ငါ့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​သော​သူ​သည် အနီး​တွင်​ရှိ​၏​။ မည်သူ​သည် ငါ့​ကို ဆန့်ကျင်ဘက်​ပြု​မည်နည်း​။ ငါ​တို့ အတူတကွ မတ်တတ်ရပ်​ကြ​မည်​။ မည်သူ​သည် ငါ​နှင့်​တရားဆိုင်​မည်နည်း​။ သူ​သည် ငါ့​ထံသို့​လာ​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 9,
      "text": "ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​၏​။ ငါ​အပြစ်ရှိ​သည်​ဟု မည်သူ​စီရင်​မည်နည်း​။ စီရင်​သော​သူ​အပေါင်း​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်​။ သူ​တို့​ကို ပိုး​ကိုက်စား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 10,
      "text": "သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 11,
      "text": "မီး​မွှေး​သော​သူ​အပေါင်း​တို့​၊ မီးတုတ် အသင့်ပြင်​ထား​သော​သူ​အပေါင်း​တို့​၊ သင်​တို့​၏​မီး​၊ သင်​တို့​မီးစွဲ​စေ​သော​မီးတုတ်​၏​အလင်း​ထဲ၌ သွားလာ​ကြ​လော့​။ ငါ့​လက်​မှ​သင်​တို့​ရရှိ​မည့်​အကျိုး​ကား သင်​တို့​သည် ဆင်းရဲ​ခြင်း​ဝေဒနာ​ထဲ၌ အိပ်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 1,
      "text": "ဖြောင့်မတ်​ခြင်း​နောက်​သို့​လိုက်​၍ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ သင်​တို့​ကို ခုတ်ဖြတ်ယူ​ရာ​ကျောက်ဆောင်​၊ သင်​တို့​ကို တူးယူ​ရာ​မိုင်းတွင်း​ကို ကြည့်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 2,
      "text": "သင်​တို့​အဖ အာဗြဟံ​၊ သင်​တို့​ကို​မွေးဖွား​သော​စာရာ​ကို ကြည့်​ကြ​လော့​။ ငါ​ခေါ်​စဉ်က အာဗြဟံ​တစ်ဦးတည်း​ရှိ​၏​။ ငါ​သည် သူ့​ကို ကောင်းချီးပေး​၍ များပြား​စေ​၏​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 3,
      "text": "အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 4,
      "text": "ငါ​၏​လူ​တို့​၊ ငါ့​စကား​ကို​အာရုံစိုက်​နားထောင်​ကြ​လော့​။ ငါ​၏​လူမျိုး​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ပညတ်တရား ​သည် ငါ့​ထံ​မှ​ထွက်ပေါ်​လာ​မည်​။ ငါ​၏​တရားမျှတမှု​ကို လူ​တို့​အတွက်​အလင်း​ဖြစ်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 5,
      "text": "ငါ​၏​ဖြောင့်မတ်​ခြင်း​သည် အနီး​တွင်​ရှိ​၏​။ ငါ​၏​ကယ်တင်​ခြင်း​သည် ထွက်လာ​ပြီ​။ ငါ့​လက်ရုံး​သည် လူမျိုး​တို့​ကို​တရားစီရင်​မည်​။ ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​၍ ငါ့​လက်ရုံး​ကို မျှော်လင့်ကိုးစား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 6,
      "text": "မိုးကောင်းကင်​ကို မျှော်ကြည့်​ကြ​လော့​။ အောက်​အရပ်​ကမ္ဘာမြေကြီး​ကို​လည်း ကြည့်​ကြ​လော့​။ မိုးကောင်းကင်​သည် မီးခိုး​ကဲ့သို့​ကွယ်ပျောက်​သွား​မည်​။ ကမ္ဘာမြေကြီး​သည်​လည်း အဝတ်​ကဲ့သို့​ဟောင်းနွမ်း​သွား​မည်​။ မြေကြီးသား​တို့​သည်​လည်း မှက်ကောင်​ကဲ့သို့ သေဆုံး​ကြ​မည်​။ သို့သော် ငါ​၏​ကယ်တင်​ခြင်း​သည် အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​သည် ပျောက်ပျက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 7,
      "text": "ဖြောင့်မတ်​ခြင်း​ကို​သိ​၍ ငါ​၏​ပညတ်တရား ​ကို နှလုံး​သွင်း​သော​သူ​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ လူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်​။ သူ​တို့​၏​ကဲ့ရဲ့စော်ကား​ခြင်း​ကို မ​လန့်​ကြ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 8,
      "text": "အကြောင်းမူကား ပိုးကောင်​တို့​သည် အဝတ်​ကို​ကိုက်စား​သကဲ့သို့ ထို​သူ​တို့​ကို ကိုက်စား​မည်​။ ပိုးရွ​တို့​သည် သိုးမွေး​ကို​ကိုက်စား​သကဲ့သို့ ထို​သူ​တို့​ကို ကိုက်စား​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​မူကား အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ကယ်တင်​ခြင်း​သည် မျိုးဆက်အဆက်ဆက် တည်​မည်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 9,
      "text": "အို ထာဝရဘုရား​၏​လက်ရုံး​တော်​၊ နိုးထ​တော်မူ​ပါ​။ နိုးထ​တော်မူ​ပါ​။ ခွန်အား​ကို​ဆင်ယင်​တော်မူ​ပါ​။ ရှေးကာလ​နေ့ရက်​များ​က​ကဲ့သို့​၊ ရှေးလွန်လေ​ပြီး​သော​မျိုးဆက်​တို့​ခေတ်​က​ကဲ့သို့ နိုးထ​တော်မူ​ပါ​။ ရာဟပ်​ကို​ခုတ်ဖြတ်​သော​သူ​၊ မြွေနဂါး​ကို​ထိုးဖောက်​သော​သူ​သည် ကိုယ်တော်​ပင်​မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 10,
      "text": "အလွန်​နက်ရှိုင်း​သော​ပင်လယ်​ရေထု​ကို​ခန်းခြောက်​စေ​သော​သူ​၊ ရွေးနုတ်​ခံရ​သော​သူ​များ​ဖြတ်ကူး​နိုင်​ရန် နက်ရှိုင်း​သော​ပင်လယ်​ကို လမ်း​ဖြစ်စေ​သော​သူ​ကား ကိုယ်တော်​ပင်​မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 11,
      "text": "ထာဝရဘုရား ရွေးနုတ်ကယ်တင်​သော​သူ​တို့ ပြန်လာ​ကြ​မည်​။ သီချင်းဆို​လျက် ဇိအုန်​မြို့​ထဲသို့​ဝင်လာ​ကြ​မည်​။ သူ​တို့​၏​ခေါင်း​ပေါ်၌ ဝမ်းမြောက်​ခြင်း​သရဖူ​ကို အစဉ်အမြဲ​ဆောင်း​ကြ​ရ​မည်​။ ဝမ်းနည်း​ခြင်း​၊ ညည်းတွား​ခြင်း​သည် ထွက်ပြေး​သွား​၍ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​ကို ရရှိ​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 12,
      "text": "ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 13,
      "text": "မိုးကောင်းကင်​ကို​ဖြန့်ကြက်​တော်မူ​သော​၊ မြေကြီး​ကို​အုတ်မြစ်ချ​တော်မူ​သော​၊ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ကို သင်​မေ့လျော့​၏​။ သင့်​ကို​ဖျက်ဆီး​ရန် အသင့်ရှိ​နေ​သည့် နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကြောင့် သင်​သည် နေ့စဉ်​မပြတ်​ကြောက်ရွံ့​နေ​၏​။ နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 14,
      "text": "ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သူ​သည် အလျင်အမြန်​လွတ်မြောက်​လာ​မည်​။ သူ​သည် ထောင်တွင်း​ထဲ၌​သေ​ရ​မည်​မ​ဟုတ်​။ သူ​၌ အစားအစာ ချို့တဲ့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 15,
      "text": "ငါ​သည် ပင်လယ်​ရေ​ကို​ထကြွ​စေ​၍ လှိုင်းတံပိုး​တို့​ကို​မြည်ဟိန်း​စေ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ နာမ​တော်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 16,
      "text": "မိုးကောင်းကင်​ကို​နေရာချ​ထား​ရန်​၊ ကမ္ဘာမြေကြီး​ကို အုတ်မြစ်ချ​ထား ​ရန်​နှင့် ဇိအုန်​မြို့သား​အား ‘​သင်​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၏​’​ဟု ပြောကြား​ရန် သင့်​နှုတ်​၌ ငါ့​စကား​ကို သွင်း​ထား​ပြီ​။ သင့်​ကို ငါ့​လက်​အရိပ်​ဖြင့် မိုး​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 17,
      "text": "ထာဝရဘုရား​၏​လက်​တော်​မှ အမျက်​တော်​ဖလား​ကို​သောက်​သော အသင်​ဂျေရုဆလင်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ ထ​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​ထဲမှ​အနည်အဖတ်​ကို သင်​အကုန်အစင်​သောက်​ပြီ​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 18,
      "text": "သူ​မွေးဖွား​သော​သား​အပေါင်း​တို့​တွင် သူ့​ကို​လမ်းပြ​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ သူ​ကျွေးမွေးစောင့်ရှောက်​သော​သား​အပေါင်း​တို့​တွင် သူ့​ကို​လက်​ဖြင့်​ဆွဲခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 19,
      "text": "ဘေး​နှစ်​ခု​သည် သင့်​အပေါ်​ကျရောက်​လေ​ပြီ​။ မည်သူ​သည် သင့်​အတွက် ဝမ်းနည်း​မည်နည်း​။ ဖျက်ဆီး​၍​ပျက်စီးခြင်းဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​နှင့်​ဓားဘေး​တို့​သည် သင့်​အပေါ်​ကျရောက်​လေ​ပြီ​။ သင့်​ကို ငါ​မည်သို့​နှစ်သိမ့်​ပေး​ရ​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 20,
      "text": "သင်​၏​သား​တို့​သည် အားနည်း​မောပန်း​နေ​ကြ​ပြီ​။ လမ်း​ရှိသမျှ​၌ ကျော့ကွင်း​မိ​သော​တောဆိတ်​ကဲ့သို့ လဲလျောင်း​နေ​ကြ​ပြီ​။ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​၊ သင်​၏​ဘုရားသခင်​ဆုံးမ​တော်မူ​ခြင်း​နှင့် ပြည့်​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 21,
      "text": "ထို့ကြောင့် အဖိနှိပ်​ခံရ​သော​သူ​၊ စပျစ်ဝိုင်​မ​သောက်​ဘဲ ယစ်မူး​သော​သူ​၊ ယခု နားထောင်​လော့​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 22,
      "text": "သင်​၏​အရှင်သခင်​၊ မိမိ​လူမျိုး​တော်​ကို​ကာကွယ်​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​၊ ငါ့​အမျက်​တော်​ဖလား​ထဲမှ အနည်အဖတ်​ကို သင့်​လက်​မှ ငါ​သိမ်းယူ​ပြီ​။ သင်​သည် ထို​ဖလား​ကို နောက်တစ်ဖန်​မ​သောက်​ရ​။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 23,
      "text": "‘​ငါ​တို့ ဖြတ်သွား​မည်​။ ဝပ်​နေ​လော့​’​ဟု ဆို​ကြ​သဖြင့် ဖြတ်သွား​သော​သူ​တို့​အတွက် သင်​သည် သင့်​ကျောကုန်း​ကို မြေပြင်​သဖွယ်​၊ လမ်း​သဖွယ်​ခင်းပေး​ခဲ့​ရ​၏​။ ထိုသို့ သင့်​ကို အနိုင်ကျင့်​ခဲ့​သော​သူ​တို့​လက်​ထဲသို့ ထို​ဖလား​ကို ငါ​ထည့်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 1,
      "text": "အို ဇိအုန်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ သင့်​ခွန်အား​ကို ဝတ်ဆင်​လော့​။ အို သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​၊ သင်​၏​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​လော့​။ အကြောင်းမူကား အရေဖျားမလှီး​သော​သူ​၊ ညစ်ညူး​သော​သူ​တို့​သည် သင့်​အထဲ​သို့ နောက်တစ်ဖန်​ဝင်​ရ​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 2,
      "text": "အို ဂျေရုဆလင်​မြို့​၊ မြေမှုန့်​ကို​ခါချ​၍ ထ​လော့​။ အို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဇိအုန်​သမီးပျို​၊ သင့်​လည်ပင်း​မှ​ကြိုး​ကို​ဖြေ​လော့​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 3,
      "text": "ထာဝရဘုရား​က “​သင်​တို့​သည် အဖိုးမဲ့​ရောင်းစား​ခံရ​သည်​ဖြစ်၍ ငွေ​မ​ပေး​ရ​ဘဲ ရွေးနုတ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 4,
      "text": "ဘုရားရှင်​ထာဝရဘုရား​က “​ငါ​၏​လူမျိုး​တော်​သည် ယခင်က အီဂျစ်​ပြည်​တွင်​နေထိုင်​ရန် ဆင်းသွား​ကြ​၏​။ အဆီးရီးယား​လူမျိုး​တို့​သည် သူ​တို့​ကို အကြောင်းမဲ့ နှိပ်စက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 5,
      "text": "ယခု ငါ​ဘာ​ပြု​ရ​မည်နည်း​။ ငါ့​လူမျိုး​တော်​ကို အကြောင်းမဲ့ ခေါ်ဆောင်​သွား​ကြ​ပြီ​။ သူ​တို့​ကို​အုပ်စိုး​သော​သူ​တို့​သည် ဟစ်ကြွေး​ကြ​၏​။ ငါ့​နာမ​ကို တစ်နေ့လုံး မထီလေးစား​ပြု​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 6,
      "text": "ငါ​၏​လူမျိုး​တော်​သည် ငါ့​နာမ​ကို​သိ​ကြ​ရ​မည်​။ ‘​ကြည့်ရှု​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​’​ဟု မိန့်​တော်မူ​သော​သူ​သည် ငါ​ပင်​ဖြစ်ကြောင်း​ကို ထို​နေ့ရက်​၌ သိ​ကြ​ရ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 7,
      "text": "ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ငြိမ်းချမ်း​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ကယ်တင်​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ “​သင်​၏​ဘုရားသခင်​သည် စိုးစံ​တော်မူ​၏​”​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ​၏​ခြေ​သည် တောင်​ပေါ်တွင် အလွန်​တင့်တယ်​စွ​ပါ​တကား​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 8,
      "text": "သင်​၏​ကင်းစောင့်​တို့​အသံ​ပါတကား​။ သူ​တို့​သည် အသံ​လွှင့်​၍ အတူတကွ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် ဇိအုန်​မြို့​သို့​ထာဝရဘုရား​ပြန်လာ​တော်မူ​သည်​ကို မျက်ဝါးထင်ထင် မြင်​ကြ​ရ​သောကြောင့်​တည်း​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 9,
      "text": "ဂျေရုဆလင်​မြို့​၏​ပြိုပျက်​ရာ​အရပ်​တို့​၊ ဝမ်းမြောက်​စွာ​ဟစ်ကြော်​ကြ​လော့​။ အတူတကွ သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို​နှစ်သိမ့်​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​ကို ရွေးနုတ်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 10,
      "text": "ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 11,
      "text": "ထွက်သွား​ကြ​။ ထွက်သွား​ကြ​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​။ မစင်ကြယ်​သော​အရာ​ကို မ​ထိ​ကြ​နှင့်​။ ထို​အရပ်​မှ ထွက်ခွာ​သွား​ကြ​လော့​။ ထာဝရဘုရား​၏​တဲ​တော်​တန်ဆာပလာ​များ​ကို ထမ်း​သော​သူ​တို့​၊ သန့်ရှင်းစင်ကြယ်​ခြင်း​ရှိ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 12,
      "text": "သင်​တို့​သည် အလျင်စလို​မ​ထွက်သွား​ရ​ကြ​။ ပြေး​၍​လည်း​မ​သွား​ရ​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ရှေ့​၌​ကြွ​တော်မူ​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် အနောက်​မှ​လည်း သင်​တို့​ကို ကာကွယ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ ငါ့​အစေအပါး​သည် ပညာသတိ​ရှိ​စွာ​လုပ်ဆောင် ​မည်​။ သူ​သည် ချီးမြှင့်​မြှောက်စား​ခြင်း​ခံရ​၍ အထွတ်အမြတ်​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 14,
      "text": "သူ​၏​ရုပ်ရည်​သည် လူ​မ​ဟုတ်​သကဲ့သို့​၊ သူ​၏​ရုပ်ဆင်းသဏ္ဌာန်​သည် လူသား​မ​ဟုတ်​သကဲ့သို့ ရုပ်ပျက်ဆင်းပျက်​ဖြစ်​သဖြင့် လူ​များစွာ​တို့​သည် သူ့​ကို​အလွန်​အံ့အားသင့်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 15,
      "text": "သူ​သည် လူမျိုး​များစွာ​တို့​ကို သန့်ရှင်း​စေ ​မည်​။ ရှင်ဘုရင်​တို့​သည် သူ့​ကြောင့် နှုတ်​ပိတ်​လျက်​နေ​မည်​။ အကြောင်းမူကား သူ​တို့​အား မ​ပြောပြ​ဖူး​သော​အရာ​ကို သူ​တို့​သိမြင်​ကြ​လိမ့်မည်​။ သူ​တို့​မ​ကြား​ဖူး​သော​အရာ​ကို​လည်း သူ​တို့​နားလည်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 1,
      "text": "ငါ​တို့​ဟောပြော​သော​သတင်းစကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း​။ ထာဝရဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 2,
      "text": "အကြောင်းမှာ သူ​သည် နုနယ်​သော​အပင်​ကဲ့သို့​၊ ခြောက်သွေ့​သော​မြေ​မှ အမြစ်​ကဲ့သို့ ကိုယ်တော်​၏​ရှေ့​တော်​၌ ရှင်သန်​၏​။ သူ​သည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်​မ​ရှိ​။ ခန့်ညားထည်ဝါမှု​လည်း​မ​ရှိ​။ နှစ်သက်ဖွယ် ရုပ်ရည်​လည်း​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 3,
      "text": "သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ် ​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 4,
      "text": "အကယ်စင်စစ် သူ​သည် ငါ​တို့​၏​အနာရောဂါ​များ​ကို ယူဆောင်​သွား​၏​။ ငါ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ထမ်းသွား​၏​။ ငါ​တို့​မူကား သူ့​အား ဘုရားသခင်​၏​ဒဏ်ခတ်​ခြင်း​ကို​ခံရ​သော​သူ​၊ ရိုက်နှက်​ခြင်း​ကို​ခံရ​သော​သူ​၊ နှိပ်စက်​ခြင်း​ကို​ခံရ​သော​သူ​ဟု ထင်မှတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 5,
      "text": "သူ​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် ထိုးဖောက်​ခြင်း​ခံရ​၏​။ ငါ​တို့​၏​ဒုစရိုက်​များ​အတွက် ချိုးဖဲ့ခြေမွှ​ခြင်း​ခံရ​၏​။ ငါ​တို့​အတွက် ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်စေ​သော ဆုံးမ​ခြင်း​သည် သူ့​အပေါ်​ကျရောက်​၍ သူ​ခံရ​သော​ဒဏ်ရာဒဏ်ချက်​အားဖြင့် ငါ​တို့​သည် အနာပျောက်ကင်း​လျက်​ရှိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 6,
      "text": "ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 7,
      "text": "သူ​သည် ညှဉ်းဆဲ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။ အသတ်​ခံရ​မည့်​နေရာ​သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သိုးသငယ်​ကဲ့သို့​၊ အမွေးညှပ်​သော​သူ​ရှေ့​၌ တိတ်ဆိတ်​စွာ​နေ​သော​သိုး​ကဲ့သို့ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 8,
      "text": "သူ​သည် ဖိနှိပ်​ခြင်း​ခံရ​၏​။ စီရင်ခြင်း​လည်း​ခံရ​၏​။ သူ့​ကို​ခေါ်ဆောင်​သွား​ကြ​၏​။ သူ​သည် သက်ရှိ​ကမ္ဘာမြေ​မှ​ဖယ်ထုတ်​ခြင်း​ခံရ​ကြောင်း​၊ ငါ့​လူမျိုး​တော်​တို့ ကျူးလွန်​သော​အပြစ်​ကြောင့် ရိုက်နှက်​ခြင်း​ခံရ​ကြောင်း​ကို သူ​၏​မျိုးဆက်​မှ မည်သူ​သည် ဆင်ခြင်အောက်မေ့​မည်နည်း​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 9,
      "text": "သူ​သည် ရက်စက်ကြမ်းကြုတ်မှု​ကို​မ​ပြု​။ သူ​၏​နှုတ်​၌ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ ​သော်လည်း သူ့​ကို ဆိုးယုတ်​သော​သူ​တို့​နှင့်အတူ​မြှုပ်နှံ​ရန် စီရင်​ကြ​၏​။ သူ​သေ​သောအခါ ချမ်းသာ​သော​သူ​၌​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 10,
      "text": "ထာဝရဘုရား​သည် သူ့​ကို​ချိုးဖဲ့ခြေမွှ​ရန် အလို​တော်​ရှိ​၏​။ သူ့​ကို​နာကျင်​စေ ​တော်မူ​၏​။ သူ​၏​စိတ်ဝိညာဉ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ကို ပူဇော်​ပြီးလျှင် သူ​သည် သားစဉ်မြေးဆက်​ကို​မြင်​ရ​မည်​။ သူ​၏​နေ့ရက်​တို့​သည် ရှည်​၍ ထာဝရဘုရား​၏​အလို​တော်​သည် သူ​၏​လက်​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 11,
      "text": "သူ​သည် မိမိ​စိတ်ဝိညာဉ်​ခံစား​ရ​သော ဒုက္ခဝေဒနာ​၏​အကျိုး​ကို​မြင်​၍ အားရကျေနပ်​မည်​။ ဖြောင့်မတ်​သော​ငါ​၏​အစေအပါး​သည် သူ​၏​အသိပညာ​အားဖြင့် လူ​များစွာ​တို့​ကို ဖြောင့်မတ်​သော​သူ​ဖြစ်စေ​မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ထမ်းသွား​မည်​။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 12,
      "text": "သူ​သည် အသက်​စွန့်​၍ အသေခံ​ခဲ့​၏​။ အပြစ်ကျူးလွန်​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏​။ သူ​သည် လူ​များစွာ​တို့​၏​အပြစ်​ကို​ထမ်းသွား​၍ အပြစ်ကျူးလွန်​သော​သူ​တို့​အတွက် ကြားဝင်စေ့စပ်​ပေး​၏​။ ထို့ကြောင့် ငါ​သည် သူ့​အား ကြီးမြတ်​သော​သူ​တို့​နှင့်အတူ ဝေစု​တစ်​စု​ခွဲဝေ​ပေး​မည်​။ သူ​သည် အားကြီး​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 1,
      "text": "ထာဝရဘုရား​က “​သား​မ​ဖွား​ဖူး​သော​အမြုံမ​၊ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ ကလေး​မ​မွေး​ဖူး​သော​မိန်းမ​၊ သီချင်း​ဟစ်ကြော်​သီဆို​လော့​။ ကြွေးကြော်​လော့​။ အကြောင်းမူကား စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​သည် ယောက်ျားရှိ​သော​မိန်းမ​၏​သားသမီး​ထက် သာ၍​များ​၏​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 2,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “သင်​၏​တဲ​နေရာ​ကို​ကျယ်ဝန်း​စေ​လော့​။ သင်​၏​တဲ​ရွက်ထည်​များ​ကို​လည်း ဖြန့်ကြက်​လော့​။ ချုံ့​မ​ထား​နှင့်​။ ကြိုး​တို့​ကို​ရှည်ရှည်​ထား​လော့​။ ငုတ်တိုင်​တို့​ကို​လည်း ခိုင်ခံ့​စေ​လော့​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 3,
      "text": "အကြောင်းမူကား သင်​သည် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ ပျံ့နှံ့​ရောက်ရှိ​မည်​။ သင်​၏​သားစဉ်မြေးဆက်​တို့​သည် တိုင်းနိုင်ငံ​တို့​ကို​ပိုင်ဆိုင်​မည်​။ လူသူကင်းမဲ့​သော​မြို့​တို့​၌ နေထိုင်​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 4,
      "text": "သင်​မ​ကြောက်​နှင့်​၊ အရှက်ကွဲ​ရ​မည်​မ​ဟုတ်​။ သင်​မ​ရှက်​နှင့်​၊ မျက်နှာပျက်​ရ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ငယ်ရွယ်စဉ်​က​အရှက်ကွဲ​ခဲ့​ရ​သည်​ကို သင်​မေ့လျော့​သွား​မည်​။ မုဆိုးမ​ဘဝ​က​ကဲ့ရဲ့​ခံ​ခဲ့​ရ​သည်​ကို သင်​သတိရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 5,
      "text": "အကြောင်းမူကား သင့်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် သင်​၏​ခင်ပွန်း​ဖြစ်​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ သင့်​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ဖြစ်​၏​။ မြေကြီး​တစ်ပြင်လုံး​၏​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 6,
      "text": "စွန့်ပစ်​ခြင်း​ခံရ​၍ စိတ်​ထိခိုက်​နေ​သော​၊ ငယ်ရွယ်​စဉ်က​ပေါင်းဖော်​ခဲ့​ပြီးမှ ငြင်းပယ်​ခံရ​သော​မိန်းမ​ကို ပြန်ခေါ်​သကဲ့သို့ သင့်​ကို​ထာဝရဘုရား​ပြန်ခေါ်​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 7,
      "text": "သင့်​ကို​ရွေးနုတ်​သော​အရှင်​ထာဝရဘုရား​က “​သင့်​ကို ခေတ္တ​ခဏသာ ငါ​စွန့်ပစ်​၏​။ ကြီးမား​သော​ကရုဏာ​ဖြင့် သင့်​ကို ပြန်လည်​စုစည်း​မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 8,
      "text": "ငါ ပြင်းစွာ​အမျက်ထွက်​၍ ငါ့​မျက်နှာ​ကို သင့်​ထံမှ ခေတ္တ​လွှဲ​သော်လည်း ထာဝရ​မေတ္တာကရုဏာ​ဖြင့် သင့်​ကို​ငါ​သနားစုံမက်​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 9,
      "text": "သင့်​ကို​သနားစုံမက်​တော်မူ​သော​ထာဝရဘုရား​က “​ဤ​အမှု​သည် နောဧ​လက်ထက် ရေလွှမ်းမိုး ​သကဲ့သို့​ဖြစ်​၏​။ နောဧ​လက်ထက်​၌ ရေလွှမ်းမိုး​သကဲ့သို့ ကမ္ဘာမြေကြီး​ကို နောက်တစ်ဖန်​ရေ​မ​လွှမ်းမိုး​ရ​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​နည်းတူ သင့်​ကို​အမျက်​မ​ထွက်​၊ အပြစ်တင်ဆုံးမ​ခြင်း​လည်း​မ​ပြု​ဟု ငါ​ကျိန်ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 10,
      "text": "တောင်ကြီး​တို့​သည်​ရွေ့သွား​၍ တောင်ငယ်​တို့​သည် တုန်လှုပ်​ကြ​လျှင်လည်း ငါ​၏​မေတ္တာကရုဏာ​သည် သင့်​ထံမှ​မ​ရွေ့​ရ​။ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ငါ​၏​ပဋိညာဉ်​သည်​လည်း မ​ရွေ့​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 11,
      "text": "ထာဝရဘုရား​က “​မုန်တိုင်းဒဏ်​အလူးအလိမ့်​ခံရ​၍ နှစ်သိမ့်​ခြင်း​မ​ရ​သော အချင်း​အဖိနှိပ်​ခံရ​သူ​၊ ကြည့်ရှု​လော့​။ သင်​၏​တိုက်​ကို စိမ်းပြာရောင်​ကျောက်​ဖြင့်​တည်​၍ နီလာ​ဖြင့်​အုတ်မြစ်ချ​မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 12,
      "text": "သင်​၏​သူရဲခို​တို့​ကို ပတ္တမြား​ဖြင့်​လည်းကောင်း​၊ မြို့​တံခါး​တို့​ကို သလင်းကျောက် ​များ​ဖြင့်​လည်းကောင်း​၊ မြို့​တံတိုင်း ​ကို အဖိုးတန်​ကျောက်​များ​ဖြင့်​လည်းကောင်း ငါ​တည်​မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 13,
      "text": "သင်​၏​သားသမီး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​သွန်သင်​တော်မူ​ခြင်း​ကို​ခံရ​မည်​။ သူ​တို့​၌ ငြိမ်သက်​ခြင်း​အတိ​ရှိ​မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 14,
      "text": "သင့်​ကို ဖြောင့်မတ်​ခြင်း​၌ တည်​စေ​မည်​။ သင်​သည် အနိုင်အထက်ပြုသူ​နှင့်​ဝေး​သောကြောင့် ကြောက်ရွံ့​ရ​မည်​မ​ဟုတ်​။ ထိတ်လန့်​ခြင်း​သည် သင့်​ထံသို့​ရောက်လာ​မည်​မ​ဟုတ်​သောကြောင့် ထိတ်လန့်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 15,
      "text": "တစ်စုံတစ်ဦး​သည် သင့်​ကို ရန်ပြု​ခဲ့​လျှင် ထို​အမှု​သည် ငါ့​ထံမှ​လာ​သည်​မ​ဟုတ်​။ သင့်​ကို​ရန်ပြု​သော​သူ​သည် သင့်​ရှေ့​၌​ကျဆုံး​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 16,
      "text": "ကြည့်ရှု​လော့​။ မီးခဲ​ကို မီးတောက်​အောင်​မှုတ်​ပြီး လက်နက်​ကို​ထုတ်လုပ်​တတ်​သော ပန်းပဲဆရာ​ကို ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။ ဖျက်ဆီး​တတ်​သော အဖျက်သမား​ကို​လည်း ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​၏​။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 17,
      "text": "သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 1,
      "text": "အို ရေငတ်​သော​သူ​အပေါင်း​တို့​၊ ရေ​ရှိ​ရာ​သို့​လာ​ကြ​လော့​။ မိမိ​၌​ငွေ​မ​ရှိ​သော​သူ​တို့​၊ လာ​ကြ​။ ဝယ်​၍​စား​ကြ​လော့​။ ငွေ​မ​ပါ​ဘဲ​၊ အဖိုးအခ​မ​ပေး​ဘဲ စပျစ်ဝိုင်​၊ နို့​တို့​ကို လာ​၍​ဝယ်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 2,
      "text": "အစားအစာ​မ​ဟုတ်​သော​အရာ​အတွက် သင်​တို့​ငွေ​ကို​လည်းကောင်း​၊ ရောင့်ရဲမှု​မ​ပေး​သော​အရာ​အတွက် သင်​တို့​ချွေးနှဲစာ​ကို​လည်းကောင်း အဘယ်ကြောင့် သင်​တို့​အသုံးပြု​ကြ​သနည်း​။ ငါ့​စကား​ကို စေ့စေ့​နားထောင်​လော့​။ ကောင်း​သော​အစားအစာ​ကို စား​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​နှင့် ဝအီ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 3,
      "text": "ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​ထံသို့​လာ​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ် အသက်ရှင်​မည့်​အကြောင်း နားထောင်​ကြ​လော့​။ ဒါဝိဒ်​အပေါ်​ထားရှိ​သော မြဲမြံ​သည့်​မေတ္တာကရုဏာ​နှင့်အညီ ထာဝရ​ပဋိညာဉ်​ကို သင်​တို့​နှင့်​ငါ​ပြု​မည်​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 4,
      "text": "ငါ​သည် သူ့​ကို​လူမျိုးတကာ​တို့​အတွက်​သက်သေ​၊ လူမျိုးတကာ​တို့​အတွက် အုပ်ချုပ်သူမင်း​၊ တရားမင်း​ဖြစ်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 5,
      "text": "သင်​မ​သိ​သော​လူမျိုး​ကို သင်​ဆင့်ခေါ်​ရ​မည်​။ သင့်​ကို​မ​သိ​သော​လူမျိုး​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကြောင့် သင့်​ထံသို့​ပြေးလာ​ကြ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​ဘုန်း​ကို ထင်ရှား​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 6,
      "text": "တွေ့​နိုင်​သည့်​ကာလ​တွင် ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ အနီး​၌​ရှိ​တော်မူ​သည့်​ကာလ​တွင် ကိုယ်တော့်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 7,
      "text": "ဆိုးယုတ်​သော​သူ​သည် မိမိ​လမ်း​ကို​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​သည် မိမိ​အကြံအစည်​တို့​ကို​လည်းကောင်း စွန့်ပစ်​၍ ထာဝရဘုရား​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ သို့ပြုလျှင် ကိုယ်တော်​သည် သူ့​ကို သနား​တော်မူ​မည်​။ ငါ​တို့​၏​ဘုရားသခင်​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ အကြွင်းမဲ့​ခွင့်လွှတ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 8,
      "text": "ထာဝရဘုရား​က “​ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​နှင့်​မ​တူ​။ ငါ​၏​နည်းလမ်း​သည်​လည်း သင်​တို့​၏​နည်းလမ်း​နှင့်​မ​တူ​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 9,
      "text": "မိုးကောင်းကင်​သည် ကမ္ဘာမြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​နည်းလမ်း​သည် သင်​တို့​၏​နည်းလမ်း​ထက်​၊ ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​ထက် သာ၍​မြင့်​၏​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 10,
      "text": "မိုးရေ​နှင့်​နှင်းပွင့်​တို့​သည် မိုးကောင်းကင်​မှ​ကျလာ​ပြီး မိုးကောင်းကင်​သို့​ပြန်​မ​တက်​ဘဲ မြေ​ကို​စိုစွတ်​စေ​လျက်​၊ အပင်ပေါက်​စေ​လျက်​၊ သီးပွင့်​စေ​လျက် မျိုးကြဲ​သော​သူ​အတွက် မျိုးစေ့​၊ စား​သော​သူ​အတွက် အစားအစာ​ကို ပေး​သကဲ့သို့"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 11,
      "text": "ငါ့​နှုတ်​မှ​ထွက်​သော​စကား​သည်​လည်း ထိုနည်းတူ​ဖြစ်​မည်​။ ငါ့​ထံသို့​အချည်းနှီး ပြန်လာ​မည်​မ​ဟုတ်​။ ငါ့​အလို​ကို ပြည့်စုံ​စေ​မည်​။ ငါ​စေခိုင်း​သော​အမှု​ကို အောင်မြင်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 12,
      "text": "သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 13,
      "text": "ဆူးချုံ​အစား ထင်းရှူးပင်​ပေါက်​၍ နှင်းဆီရိုင်းပင်​အစား မုရတုပင် ပေါက်​လိမ့်မည်​။ ဤ​အမှု​သည် ထာဝရဘုရား​အတွက်​အထိမ်းအမှတ်​၊ ဖျက်ဆီး​၍​မ​ရ​သော ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 1,
      "text": "ထာဝရဘုရား​က “​တရားမျှတ​ခြင်း​ကို​စောင့်ထိန်း​၍ ဖြောင့်မတ်​စွာ​ပြုကျင့်​ကြ​လော့​။ အကြောင်းမူကား ငါ​၏​ကယ်တင်​ခြင်း​သည် ရောက်​လု​နီး​ပြီ​။ ငါ​၏​ဖြောင့်မတ်​ခြင်း​တရား​သည်​လည်း ထင်ရှား​လုနီး​ပြီ​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 2,
      "text": "ထိုသို့​ပြု​သော​သူ​၊ ထို​အရာ​ကို​ဆုပ်ကိုင်​ထား​သော​လူသား​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေ​ဘဲ စောင့်ထိန်း​သော​သူ​၊ မည်သည့်​မကောင်းမှု​ကို​မျှ​မ​ပြု​မိ​စေရန် မိမိ​လက်​ကို​ချုပ်တည်း​သော​သူ​သည် မင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 3,
      "text": "ထာဝရဘုရား​၌ မှီဝဲဆည်းကပ်​သော​တိုင်းတစ်ပါးသား​က “​ထာဝရဘုရား​သည် ငါ့​ကို မိမိ​လူမျိုး​တော်​နှင့် သီးခြားခွဲထား​တော်မူ​လိမ့်မည်​”​ဟု မ​ဆို​စေ​နှင့်​။ မိန်းမစိုး​က​လည်း “​ငါ​သည်​ခြောက်သွေ့​သော​သစ်ပင်​ဖြစ်​၏​”​ဟု မ​ဆို​စေ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 4,
      "text": "ထာဝရဘုရား​က “​ငါ​၏​ဥပုသ်နေ့​ကို​စောင့်ထိန်း​သော​၊ ငါ​နှစ်သက်​သော​အရာ​ကို​ရွေးချယ်​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော မိန်းမစိုး​တို့​အား"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 5,
      "text": "သား​သမီး​တို့​ထက်​ပို၍​မြတ်​သော အမှတ်ရစရာ​နှင့်​နာမည်​ကို ငါ့​အိမ်​တော်​အတွင်း​၊ ငါ့​တံတိုင်း​တော်​အတွင်း​၌ ငါ​ပေး​မည်​။ ပယ်ဖျက်​၍​မ​ရ​သော​ထာဝရ​အမည်နာမ​ကို သူ​တို့​အား ငါ​ပေး​မည်​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 6,
      "text": "ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​၍ နာမ​တော်​ကို​ချစ်မြတ်နိုး​သော​ကိုယ်တော်​၏​အစေအပါး​ဖြစ်​ရန် ထာဝရဘုရား​၌​မှီဝဲဆည်းကပ်​သော တိုင်းတစ်ပါးသား​တို့​ကို​လည်းကောင်း​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေရန် စောင့်ထိန်း​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော​သူ​အပေါင်း​တို့​ကို​လည်းကောင်း"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 7,
      "text": "ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 8,
      "text": "နှင်ထုတ်​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို စုစည်း​တော်မူ​သော ဘုရားရှင်​ထာဝရဘုရား​က “​စုစည်း​ပြီး​သော​သူ​တို့​အပြင် အခြား​သော​သူ​တို့​ကို အစ္စရေး​လူမျိုး​တို့​ထံ၌ ငါ​ထပ်၍​စုစည်း​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 9,
      "text": "ကွင်းပြင်​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။ တော​ထဲ​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 10,
      "text": "သူ​၏​ကင်းစောင့်​တို့​သည် မျက်မမြင်​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် မည်သည့်​အရာ​မျှ​မ​သိ​ကြ​။ ဆွံ့အ​သော​ခွေး​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် မ​ဟောင်​နိုင်​ကြ​။ အိပ်​လျက်​၊ လဲလျောင်း​လျက်​၊ ငိုက်မျဉ်း​ခြင်း​ကို​တပ်မက်​လျက် နေ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 11,
      "text": "စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 12,
      "text": "“​လာ​ကြ​။ စပျစ်ဝိုင်​ကို ငါ​ယူ​ခဲ့​မည်​။ သေရည်သေရက်​ကို အဝသောက်​ကြ​စို့​။ မနက်ဖြန်​သည်​လည်း ယနေ့​ကဲ့သို့ပင်​ဖြစ်​လိမ့်မည်​။ ထိုထက် ကောင်း​လျှင်​လည်း ကောင်း​ဦး​မည်​”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 1,
      "text": "ဖြောင့်မတ်​သော​သူ​ဆုံးပါး​သွား​သည်​ကို မည်သူ​မျှ​နှလုံး​မ​သွင်း​ကြ​။ ကျေးဇူးပြု​တတ်​သော​သူ​တို့ ရုပ်သိမ်း​ခြင်း​ခံရ​သည်​ကို မည်သူ​မျှ​နား​မ​လည်​ကြ​။ အကယ်စင်စစ် ဖြောင့်မတ်​သော​သူ​သည် မကောင်းမှု​ထဲမှ​ရုပ်သိမ်း​ခံရ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 2,
      "text": "ဖြောင့်မတ်​စွာ​လျှောက်လှမ်း​သော​သူ​တို့​သည် နားနေရာ​၌​လဲလျောင်းခွင့်​ရ​၏​။ ငြိမ်းချမ်း​ရာ​သို့ ဝင်စား​ခွင့်​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 3,
      "text": "စုန်းမ​သား​၊ အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ ပြည့်တန်ဆာ​အမျိုးအနွယ်​တို့​၊ ချဉ်းကပ်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 4,
      "text": "သင်​တို့​သည် မည်သူ့​ကို သရော်​ကြ​သနည်း​။ မည်သူ့​ကို​ပါးစပ်​ဟ​၍ လျှာ​ထုတ်​ပြ​ကြ​သနည်း​။ သင်​တို့​သည် အပြစ်​ကျူးလွန်​သော​သားသမီး​များ​၊ မုသား​ပြောဆို​သော​အမျိုးအနွယ်​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 5,
      "text": "ဝက်သစ်ချပင်​တို့​ကြား​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ရမ္မက်မီး​တောက်လောင်​သော​သူ​များ​၊ လျှိုမြောင်​ရှိ ကျောက်တောင်​အက်ကွဲကြောင်း​များ​တွင် သားသမီး​များ​ကို သတ်ဖြတ်​ပူဇော်​သော​သူ​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 6,
      "text": "လျှိုမြောင်​ထဲမှ​ချော​သော​ကျောက်​များ​ထဲတွင် သင်​၏​ဝေစု​ရှိ​၏​။ ထို​ကျောက်​တို့​သည် သင်​၏​ပေါက်မဲ​ဖြစ်​၏​။ အကယ်စင်စစ် သင်​သည် ထို​ကျောက်​တို့​အား သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​၏​။ ဤ​သည်​ကို ငါ​လိုက်လျော​ရ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 7,
      "text": "သင်​သည် မြင့်မား​သော​တောင်​ပေါ်တွင် သင်​၏​အိပ်ရာ​ကို​ခင်း​၏​။ ထို​တောင်​ပေါ်သို့​တက်​၍​လည်း ယဇ်​ပူဇော်​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 8,
      "text": "သင်​၏​အမှတ်သင်္ကေတ​ကို တံခါး​၊ တံခါးတိုင်​နောက်၌ သင်​ထား​၏​။ အဝတ်အချည်းစည်း​ဖြင့် ငါ့​ထံ​မှ သင်​ထွက်သွား​၍ တောင်​ပေါ်သို့​တက်သွား​၏​။ သင့်​အိပ်ရာ​ကို​ကျယ်​စွာ​ဖြန့်​၍ အခြား​သူ​တို့​နှင့်​ပဋိညာဉ်ဖွဲ့​၏​။ သူ​တို့​၏​အိပ်ရာ​ကို သင်​နှစ်သက်​၍ သူ​တို့​အဝတ်မဝတ်​ဘဲ​နေ​သည်​ကို ငေးကြည့်​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 9,
      "text": "သင်​သည် ရှင်ဘုရင်​ထံသို့ နံ့သာဆီ​ဖြင့် သွား​၏​။ နံ့သာ​မျိုး​များစွာ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မွှေးကြိုင်​စေ​၏​။ သင်​၏​သံတမန်​တို့​ကို​လည်း အဝေး​သို့​စေလွှတ်​၏​။ သင်​သည် မရဏာနိုင်ငံ​တိုင်အောင် နိမ့်ကျ​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 10,
      "text": "သင်​သည် ဝေး​စွာ​ခရီး​သွား​၍ ပင်ပန်း​သော်လည်း “​မျှော်လင့်စရာ​မ​ရှိ​”​ဟု သင်​မ​ဆို​။ ခွန်အား​သစ်​ကို တွေ့​သောကြောင့် သင်​သည် အား​မ​လျော့ ​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 11,
      "text": "မည်သူ့​ကို ထိတ်လန့်​ကြောက်ရွံ့​၍ သင်​လိမ်လည်​သနည်း​၊ ငါ့​ကို သင်​မ​အောက်မေ့​၊ ငါ့​ကို သင့်​စိတ်​ထဲ၌ မ​ထား​။ ငါ ကြာမြင့်​စွာ​တိတ်ဆိတ်​နေ​သောကြောင့် သင်​ငါ့​ကို​မ​ကြောက်​သည် မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 12,
      "text": "ဖြောင့်မတ်​သည်​ဟု​ဆို​သော သင်​၏​လုပ်ရပ်​တို့​ကို ငါ​ကိုယ်တော်တိုင် ဖော်ထုတ်​မည်​။ ထို​အရာ​တို့​သည် သင့်​ကို​အကျိုးပြု​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 13,
      "text": "သင်​အော်ဟစ်​သောအခါ ရုပ်တု​တို့​သည် သင့်​ကို​ကယ်နုတ်​ပါစေ​။ သို့သော် ထို​အရာ​အားလုံး​ကို လေ​တိုက်သွား​မည်​။ ထွက်သက်လေ​တစ်​ချက်​က လွင့်သွား​စေ​မည်​။ ငါ​၌​ခိုလှုံ​သော​သူ​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​ကို ပိုင်ဆိုင်​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 14,
      "text": "တစ်စုံတစ်ယောက်​က “​မြေဖို့​ကြ​။ မြေဖို့​ကြ​။ လမ်း​ကို​ပြင်​ကြ​။ ငါ​၏​လူ​တို့​သွား​ရာ​လမ်း​မှ ခလုတ်တံသင်း​ကို​ဖယ်ရှား​ကြ​လော့​”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 15,
      "text": "မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 16,
      "text": "ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဝိညာဉ်​၊ ငါ​ကိုယ်တော်တိုင်​ဖန်ဆင်း​သော​ဇီဝအသက်​တို့​သည် ငါ့​ရှေ့​မှာ မ​ညှိုးငယ်​စေရန် ငါ​သည် အစဉ်​အပြစ်တင်​မည်​မ​ဟုတ်​။ အစဉ်​အမျက်ထွက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 17,
      "text": "မတရား​အကျိုးစီးပွား​ရှာ​သော​အပြစ်​ကြောင့် ငါ​သည် အမျက်ထွက်​၍ သူ့​ကို​ရိုက်​၏​။ ငါ​သည် အမျက်ထွက်​၍ မျက်နှာ​လွှဲ​သော်လည်း သူ​သည် မိမိ​စိတ်​အလိုရှိ​ရာ​လမ်း​သို့ ဆက်သွား​၍ လမ်းလွဲ​လျက်​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 18,
      "text": "သူ​၏​လမ်း​တို့​ကို ငါ​မြင်​ပြီ​။ သို့သော် ငါ​သည် သူ့​ကို​ကုသ​၍ လမ်းပြ​ပေး​မည်​။ သူ့​ကို​လည်းကောင်း​၊ သူ​နှင့်အတူ​ငိုကြွေးမြည်တမ်း​သော​သူ​တို့​ကို​လည်းကောင်း ပြန်လည်​နှစ်သိမ့်​ပေး​မည်​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 19,
      "text": "နှုတ်ခမ်း​အသီး​ကို ငါ​ဖန်ဆင်း​၏​။ ဝေး​သော​သူ​၊ နီး​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း ရှိ​စေ​သော​။ ငါ​သည် သူ့​ကို ကုသ​ပေး​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 20,
      "text": "ဆိုးယုတ်​သော​သူ​တို့​သည် မ​ငြိမ်​မ​သက်​လှိုင်းထ​နေ​သော​ပင်လယ်​နှင့်​တူ​၏​။ ပင်လယ်​ရေ​သည် ရွှံ့​နှင့်​အမှိုက်​တို့​ကို ထကြွလှုပ်ရှား​စေ​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 21,
      "text": "“​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု ငါ​၏​ဘုရားသခင်​မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 1,
      "text": "ကျယ်လောင်​စွာ​ဟစ်ကြော်​လော့​။ ထိန်းချုပ်​မ​ထား​နှင့်​။ တံပိုးမှုတ်သံ​ကဲ့သို့ သင်​၏​အသံ​ကို​လွှင့်​၍ ငါ့​လူမျိုး​တော်​တို့​အား သူ​တို့​ကျူးလွန်​သော​အပြစ်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုးအနွယ်​အား သူ​တို့​၏​အပြစ်​များ​ကို​လည်းကောင်း ဖော်ပြ​လော့​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 2,
      "text": "သို့သော် ဖြောင့်မတ်​စွာ​ပြုကျင့်​၍ မိမိ​တို့​ဘုရားသခင်​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​စွန့်ပယ်​သော​လူမျိုး​ကဲ့သို့ သူ​တို့​သည် နေ့တိုင်း ငါ့​ကို​ရှာ​၍ ငါ​၏​တရားလမ်း​တို့​ကို သိလို​ကြ​၏​။ ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​ကို မေးမြန်း​ကြ​၏​။ ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ခြင်း​ကို နှစ်သက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 3,
      "text": "သူ​တို့​က “​အကျွန်ုပ်​တို့ အဘယ်ကြောင့် အစာရှောင်​ရ​မည်နည်း​။ အကျွန်ုပ်​တို့​အစာရှောင်​သည်​ကို ကိုယ်တော်​မြင်​တော်​မ​မူ​။ အကျွန်ုပ်​တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်​နှိမ့်ချ​ရ​မည်နည်း​။ အကျွန်ုပ်​တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​သည်​ကို ကိုယ်တော်​သိမှတ်​တော်​မ​မူ​”​ဟု ဆို​ကြ​၏​။ အကယ်စင်စစ် သင်​တို့​သည် အစာရှောင်​ရာ​နေ့​၌ ကိုယ့်​အလိုရှိ​ရာ​ကို ကိုယ်​လုပ်​ကြ​၏​။ အလုပ်သမား​များ​ကို အဓမ္မ​စေခိုင်း​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 4,
      "text": "သင်​တို့​သည် အငြင်းပွား​လျက်​၊ ခိုက်ရန်​ဖြစ်​လျက်​၊ လက်သီး​ဖြင့်​ကြမ်းကြမ်းတမ်းတမ်း​ထိုးကြိတ်​လျက် အစာရှောင်​ကြ​၏​။ ထိုသို့ အစာ​မ​ရှောင်​ကြ​နှင့်​။ သင်​တို့​၏​အသံ​ကို အထက်အရပ်​က နားထောင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 5,
      "text": "ငါ​နှစ်သက်​သော​အစာရှောင်​ခြင်း​ကား ဤသို့​လော​။ လူ​သည် မိမိကိုယ်မိမိ​နှိမ့်ချ​၍ ကျူပင်​ကဲ့သို့ ခေါင်း​ကို​ကိုင်းညွတ်​ကာ လျှော်တေ​နှင့်​ပြာ​အပေါ်​လဲလျောင်း​သော​နေ့​လော​။ ဤ​သည်​ကို အစာရှောင်​ရာ​နေ့​၊ ထာဝရဘုရား​လက်ခံ​တော်မူ​သော​နေ့​ဟု သင်​တို့​ခေါ်​မည်လော​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 6,
      "text": "ငါ​နှစ်သက်​သော​အစာရှောင်​ခြင်း​ဟူမူကား မတရား​သော​အချည်အနှောင်​ကို ဖြေပေး​ခြင်း​၊ ထမ်းပိုး​ကြိုး​တို့​ကို ချွတ်ပေး​ခြင်း​၊ ဖိနှိပ်ချုပ်ချယ်​ခံရ​သော​သူ​တို့​ကို လွတ်လပ်​ခွင့်​ပေး​ခြင်း​၊ ထမ်းပိုး​ရှိသမျှ​တို့​ကို​ချိုး​ခြင်း​ပင် မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 7,
      "text": "ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို စားစရာ​ဝေပေး​ခြင်း​၊ အိုးမဲ့အိမ်မဲ့​ဆင်းရဲသား​များ​ကို အိမ်​သို့​ခေါ်လာ​ခြင်း​၊ အဝတ်မရှိ​သော​သူ​ကို​မြင်​လျှင် ဝတ်ပေး​ခြင်း​၊ မိမိ​သွေးသားချင်း​ကို လျစ်လျူ​မ​ရှု​ခြင်း​ပင် မ​ဟုတ်​လော​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 8,
      "text": "ထိုသို့​ပြု​လျှင် သင်​၏​အလင်း​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ သင်​၏​အနာရောဂါ​သည် အလျင်အမြန်​ပျောက်ကင်း​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် သင့်​ရှေ့​၌​သွား​မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​သည် သင့်​ကို အနောက်မှ​ကာကွယ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 9,
      "text": "သင်​ခေါ်​သောအခါ ထာဝရဘုရား ထူး​တော်မူ​မည်​။ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ “​ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​မည်​။ သင်​သည် သူတစ်ပါး​ကို​လက်ညှိုးထိုး​ခြင်း​၊ ယုတ်ညံ့​သော​စကား​ပြောဆို​ခြင်း​ဟူသော သင့်​တွင်​ရှိ​သော​ထမ်းပိုး​ကို ဖယ်ရှား​၍"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 10,
      "text": "ဆာလောင်မွတ်သိပ်​သော​သူ​အား စိတ်စေတနာ​ဖြင့်​ကျွေးမွေး​၍ နှိပ်စက်​ခြင်း​ခံရ​သော​သူ​၏​အလို​ကို ပြည့်စုံ​စေ​လျှင် သင်​၏​အလင်း​သည် အမှောင်​ထဲ၌ ထွန်းလင်း​မည်​။ သင်​၏​မှောင်မိုက်​သည် မွန်းတည့်​အလင်း​ကဲ့သို့​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 11,
      "text": "ထာဝရဘုရား​သည် သင့်​ကို အစဉ်​လမ်းပြ​တော်မူ​မည်​။ ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌ သင့်​ကို​ဝပြော​စေ​လျက် သင်​၏​အရိုး​တို့​ကို သန်မာ​စေ​တော်မူ​မည်​။ သင်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​၊ ရေ​မ​ပြတ်​သော​စမ်းရေတွင်း​ကဲ့သို့ ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 12,
      "text": "သင့်​လူမျိုး​တို့​သည် ရှေး​အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​မည်​။ ခေတ်ကာလ​အဆက်ဆက်​မှ ပျက်စီး​ခဲ့​သော​အုတ်မြစ်​တို့​ကို ပြန်ချ​မည်​။ သင့်​ကို​လည်း ပြိုပျက်​သော​မြို့ရိုး​ကို​ပြန်တည်ဆောက်​သူ​၊ လူ​နေ​လမ်း​များ​ကို​ပြန်​ပြုပြင်​သူ​ဟု ခေါ်ဆို​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 13,
      "text": "ငါ​၏​သန့်ရှင်း​ရာ​နေ့​၌ မိမိ​အလို​သို့​မ​လိုက်​ဘဲ ဥပုသ်နေ့​ကို​စောင့်ထိန်း​လျှင်​၊ ဥပုသ်နေ့​ကို ပျော်မွေ့​ရာ​နေ့​၊ ထာဝရဘုရား​၏​သန့်ရှင်း​သော​နေ့​ကို ရိုသေ​ဖွယ်​ရာ​နေ့​ဟု​ခေါ်​လျှင်​၊ ကိုယ့်​လမ်း​သို့​မ​လိုက်​၊ ကိုယ့်​အလို​အတိုင်း​မ​ပြု​၊ ကိုယ့်​အလို​အတိုင်း​မ​ပြော​ဘဲ ထို​နေ့​ကို​ရိုသေ​လျှင်"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 14,
      "text": "သင်​သည် ထာဝရဘုရား​၌​ပျော်မွေ့​ရ​လိမ့်မည်​။ ငါ​သည်​လည်း သင့်​အား မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာချ​ထား​၍ သင့်​အဖ ယာကုပ်​၏​အမွေဥစ္စာ​နှင့် သင့်​ကို ငါ​ကျွေးမွေး​မည်​။ ဤသို့ ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​လက်​တော်​သည် မ​ကယ်တင်​နိုင်​အောင် တို​သည်​မ​ဟုတ်​။ နား​တော်​သည်​လည်း မ​ကြား​နိုင်​အောင် ထိုင်း​သည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 2,
      "text": "သင်​တို့​၏​ဒုစရိုက်​များ​က​သာ သင်​တို့​ကို ဘုရားသခင်​နှင့် ကွဲကွာ​စေ​၏​။ သင်​တို့​အပြစ်​များ​က​သာ မျက်နှာ​တော်​ကို သင်​တို့​ထံမှ​လွှဲ​စေ​၍ သင်​တို့​စကား​ကို​ကြား​တော်​မ​မူ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 3,
      "text": "သင်​တို့​လက်​သည် သွေး​နှင့်​လည်းကောင်း​၊ သင်​တို့​လက်ချောင်း​သည် ဒုစရိုက်​နှင့်​လည်းကောင်း ညစ်ညူး​၏​။ သင်​တို့​၏​နှုတ်​သည် မုသား​ကို​ပြောဆို​၍ သင်​တို့​၏​လျှာ​မှ ကောက်ကျစ်​သော​စကား​ထွက်​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 4,
      "text": "တရားမျှတမှု​ကို​တောင်းလျှောက်​သော​သူ​မ​ရှိ​။ သစ္စာ​ဖြင့် တရားစီရင်​သော​သူ​မ​ရှိ​။ အချည်းနှီး​သော​အရာ​ကို​ယုံကြည်ကိုးစား​၍ မုသား​ကို​ပြောဆို​ကြ​၏​။ အခက်အခဲ​ပြဿနာ​ကို​ကိုယ်ဝန်ဆောင်​၍ အပြစ်ဒုစရိုက်​ကို​မွေးဖွား​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 5,
      "text": "သူ​တို့​သည် မြွေပွေး​ဥ​များ​ကို​ပေါက်​စေ​၏​။ ပင့်ကူ​အိမ်​များ​ကို​ရက်​ကြ​၏​။ မြွေပွေး​ဥ​များ​ကို​စား​သော​သူ​သည် သေ​တတ်​၏​။ ဥ​ကို​ခွဲ​လျှင် အဆိပ်ပြင်း​သော​မြွေပွေး​ပေါက်​တတ်​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 6,
      "text": "သူ​တို့​ရက်​သော​ပင့်ကူအိမ်​သည် အဝတ်​ဖြစ်​မ​လာ​နိုင်​။ သူ​တို့​လုပ်​သော ထို​အရာ​များ​ဖြင့် သူတို့ကိုယ်သူတို့ မ​ဖုံးအုပ်​နိုင်​။ သူ​တို့​ပြု​သော​အမှု​သည် ဒုစရိုက်​အမှု​ဖြစ်​၏​။ သူ​တို့​လက်​၌ ရက်စက်ကြမ်းကြုတ်​သော​လုပ်ရပ်​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 7,
      "text": "သူ​တို့​ခြေ​သည် မကောင်းမှု​ရှိ​ရာ​သို့ ပြေးသွား​တတ်​၏​။ သူ​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်ဖြတ်​ရန် လျင်မြန်​၏​။ သူ​တို့​၏​အကြံ​သည် မကောင်း​သော​အကြံ​ဖြစ်​၏​။ သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 8,
      "text": "ငြိမ်းချမ်း​ရာ​လမ်း​ကို သူ​တို့​မ​သိ​ကြ​။ သူ​တို့​လျှောက်ရာလမ်း​၌ တရားမျှတမှု​မ​ရှိ​။ မိမိ​တို့​သွား​ရာ​လမ်း​ကို ကွေ့ကောက်​စေ​ကြ​၏​။ ကွေ့ကောက်သောလမ်း​ကို​လျှောက်​သော​သူ​အပေါင်း​တို့​သည် ငြိမ်းချမ်း​ခြင်း​ဆို​သည်​ကို မ​သိ​ကြ​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 9,
      "text": "ထို့ကြောင့် တရားမျှတမှု​သည် ငါ​တို့​နှင့်​ဝေး​၏​။ ဖြောင့်မတ်​ခြင်း​သည် ငါ​တို့​ကို​မ​မီ​။ ငါ​တို့​သည် အလင်း​ကို​စောင့်မျှော်​သော်လည်း အမှောင်​သာ​တွေ့​၏​။ တောက်ပ​သော​အလင်း​ကို​စောင့်မျှော်​သော်လည်း မှောင်မိုက်​ထဲ၌​သာ လျှောက်​ရ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 10,
      "text": "ငါ​တို့​သည် မျက်မမြင်​ကဲ့သို့ နံရံ​ကို​လိုက်စမ်း​ရ​၏​။ မျက်စိ​မ​ပါ​သော​သူ​ကဲ့သို့ လိုက်စမ်း​ရ​၏​။ မှောင်ရီပျိုး​ချိန်​၌ ခလုတ်တိုက်​သကဲ့သို့ မွန်းတည့်ချိန်​မှာပင် ခလုတ်တိုက်​ကြ​၏​။ သန်မာ​သော​သူ​များ​ကြား​၌ လူသေ​ကဲ့သို့​ဖြစ်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 11,
      "text": "ငါ​တို့​ရှိသမျှ​သည် ဝက်ဝံ​ကဲ့သို့​မာန်ဖီ​၍ ခိုငှက်​ကဲ့သို့ အလွန်​ညည်း​ကြ​၏​။ တရားမျှတမှု​ကို​စောင့်မျှော်​သော်လည်း မ​ရ​နိုင်​။ ကယ်တင်​ခြင်း​ကို​စောင့်မျှော်​သော်လည်း ငါ​တို့​နှင့်​ဝေးလှ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 12,
      "text": "အကြောင်းမူကား ငါ​တို့​ကျူးလွန်​သော​အပြစ်​သည် ရှေ့​တော်​၌​များပြား​လှ​၏​။ ငါ​တို့​၏​အပြစ်​များ​သည် ငါ​တို့​အကြောင်း သက်သေထွက်ဆို​၏​။ ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ငါ​တို့​၏​ဒုစရိုက်​များ​ကို ငါ​တို့​သိ​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 13,
      "text": "ထာဝရဘုရား​ကို​ပြစ်မှား​ကြ​၏​။ ငြင်းပယ်​ကြ​၏​။ ဘုရားသခင်​နောက်​တော်​သို့​လိုက်​ခြင်း​မှ ပြန်ဆုတ်​သွား​ကြ​၏​။ ဖိနှိပ်ချုပ်ချယ်​ခြင်း​၊ ဆန့်ကျင်​ပုန်ကန်​ခြင်း​အကြောင်း​ကို ပြောဆို​ကြ​၏​။ စိတ်နှလုံး​ထဲ၌​သန္ဓေတည်​နေ​သော မုသား​စကား​ကို မြွက်ဆို​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 14,
      "text": "ထို့ကြောင့် တရားမျှတမှု​သည် နောက်​သို့​ပြန်ဆုတ်​သွား​၍ ဖြောင့်မတ်​ခြင်း​သည် အဝေး​၌​ရပ်​နေ​၏​။ သစ္စာတရား​သည်​လည်း လမ်း​၌​ခလုတ်တိုက်​လဲကျ​၍ မှန်ကန်​ခြင်း​သဘော​သည်​လည်း ဝင်ရောက်​မ​လာ​နိုင်​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 15,
      "text": "သစ္စာ​သည် ပျောက်ဆုံး​သွား​လေ​ပြီ​။ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​သည် လုယက်​ခြင်း​ခံရ​ပါ​သည်​တကား​။ ထို​အမှု​ကို ထာဝရဘုရား​မြင်​တော်မူ​၍ တရားမျှတမှု​မ​ရှိ​သောကြောင့် နှစ်မြို့​တော်​မ​မူ​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 16,
      "text": "ကိုယ်တော်​သည် ကြားဝင်စေ့စပ်​သော​သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ကြောင်း​ကို မြင်​၍ အံ့ဩ​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​လက်ရုံး​တော်​သည် ကယ်တင်​ခြင်း​အမှု​ကို​ပြု​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ကိုယ်တော့်​ကို​ထောက်မ​ပေး​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 17,
      "text": "ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​ရင်အုပ်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​တော်မူ​၏​။ ခေါင်း​ပေါ်၌ ကယ်တင်​ခြင်း​သံခမောက်​ကို ဆောင်း​တော်မူ​၏​။ လက်စားချေ​ခြင်း​ဝတ်ရုံ​ကို​ဝတ်ဆင်​၍ စိတ်အားထက်သန်​ခြင်း​ဝတ်လုံ​ကို လွှမ်းခြုံ​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 18,
      "text": "သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ ရန်ပြု​သော​သူ​တို့​အား အမျက်​တော်​ကို​လည်းကောင်း​၊ ရန်သူ​တို့​အား အကျိုးအပြစ်​ကို​လည်းကောင်း ပေးဆပ်​တော်မူ​မည်​။ ကမ်းရိုးတန်းဒေသ​တို့​အား အကျိုးအပြစ်​ကို ပေးဆပ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 19,
      "text": "ထို့ကြောင့် သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို အနောက်​အရပ်​မှ​လည်းကောင်း​၊ ဘုန်းအသရေ​တော်​ကို နေထွက်​ရာ​အရပ်​မှ​လည်းကောင်း ကြောက်ရွံ့​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ထွက်သက်လေ​မှုတ်ထုတ်​တော်မူ​၍ အရှိန်အဟုန်​နှင့်​စီးဆင်း​သော​မြစ်ရေ​ကဲ့သို့ ကိုယ်တော်​ကြွလာ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 20,
      "text": "ထာဝရဘုရား​က “​ရွေးနုတ်​တော်မူ​သော​အရှင်​သည် ဇိအုန်​တောင်​သို့​ကြွလာ​တော်မူ​မည်​။ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​သော​ယာကုပ်​အမျိုးအနွယ်​တို့​ထံသို့ ကြွလာ​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 21,
      "text": "ထာဝရဘုရား​က “​ဤသည်ကား သူ​တို့​နှင့်​ပြု​သော ငါ​၏​ပဋိညာဉ်​ဖြစ်​၏​။ သင်​၌​တည်​နေ​သော​ငါ​၏​ဝိညာဉ်​တော်​၊ သင့်​နှုတ်​၌​ငါ​ထား​သော ငါ​၏​နှုတ်ကပတ်တော်​သည် သင့်​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​၏​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​အဆက်ဆက်​၏​နှုတ်​မှ​လည်းကောင်း ယခု​မှစ၍ ကာလ​အစဉ်အဆက် တည်ရှိ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 1,
      "text": "ထ​လော့​။ လင်း​လော့​။ သင်​၏​အလင်း​သည်​ရောက်လာ​ပြီ​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သင်​၌ ပေါ်ထွန်း​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 2,
      "text": "ကြည့်ရှု​လော့​။ မှောင်မိုက်​သည် မြေကြီး​ကို​လည်းကောင်း​၊ အမှောင်ထု​သည် လူ​တို့​ကို​လည်းကောင်း ဖုံးလွှမ်း​မည်​။ သို့သော်လည်း ထာဝရဘုရား​သည် သင့်​ထံ၌ ပေါ်ထွန်း​တော်မူ​မည်​။ ဘုန်းအသရေ​တော်​သည် သင်​၌​ထင်ရှား​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 3,
      "text": "လူမျိုးတကာ​တို့​သည် သင်​၏​အလင်း​သို့​လည်းကောင်း​၊ ရှင်ဘုရင်​တို့​သည် သင်​၌ ထွန်းလင်း​သော​ရောင်ခြည်​သို့​လည်းကောင်း လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 4,
      "text": "ပတ်ပတ်လည်​သို့​မျှော်ကြည့်​လော့​။ လူ​အပေါင်း​တို့​သည်​စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ သင်​၏​သား​တို့​သည် အဝေး​က​လာ​၍ သင်​၏​သမီး​တို့​ကို ပွေ့​ချီလာ​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 5,
      "text": "သင်​သည် မြင်​၍ ဝမ်းသာ​ပီတိ​ဖြစ်​မည်​။ ဝမ်းမြောက်ဝမ်းသာ​ဖြစ်၍ စိတ်​လှုပ်ရှား​မည်​။ အကြောင်းမူကား ပင်လယ်​၏​စည်းစိမ်ဘဏ္ဍာ​သည် သင့်​ထံသို့​လှည့်လာ​၍ လူမျိုးတကာ​တို့​၏​ဥစ္စာပစ္စည်း​သည် သင့်​ထံသို့​ရောက်လာ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 6,
      "text": "မိဒျန်​ပြည်​နှင့်​ဧဖာ​ပြည်​တို့​မှ ကုလားအုတ်ပျို​အလုံးအရင်း​တို့​သည် သင့်​ပြည်​၌ ပြည့်လျှံ​လိမ့်မည်​။ ရှေဘ​ပြည်သား​အပေါင်း​တို့​သည် ရွှေ​နှင့်​လော်ဗန်​ကို​ယူဆောင်​လာ​၍ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 7,
      "text": "ကေဒါ​ပြည်​၏​သိုးစု​ရှိသမျှ​တို့​သည် သင့်​ထံ၌​စုဝေး​လိမ့်မည်​။ နဗာယုတ်​ပြည်​၏​သိုးထီး​တို့​သည် သင်​၏​အမှု​ကို​ထမ်းဆောင်​၍ လက်ခံဖွယ်​ရာ​ယဇ်​အဖြစ် ငါ​၏​ယဇ်ပလ္လင်​ပေါ်သို့ တက်​ကြ​ရ​လိမ့်မည်​။ ငါ​သည် ဂုဏ်ကျက်သရေ​ရှိ​သော​ငါ​၏​အိမ်​တော်​ကို ဘုန်းထင်ရှား​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 8,
      "text": "တိမ်တိုက်​ကဲ့သို့​လည်းကောင်း​၊ အသိုက်​ရှိ​ရာ​သို့​ပျံသန်း​လာ​သော​ချိုးငှက်​ကဲ့သို့​လည်းကောင်း ပျံသန်း​လာ​ကြ​သည့် ဤ​သူ​တို့​သည် မည်သူ​တို့​နည်း​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 9,
      "text": "အကယ်စင်စစ် ကမ်းရိုးတန်းဒေသ​တို့​သည် ငါ့​ကို​စောင့်မျှော်​ကြ​လိမ့်မည်​။ သင့်​ကို ဘုန်းထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အတွက်​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​အတွက် တာရှု​သင်္ဘော​တို့​သည် သင်​၏​သား​တို့​ကို သူ​တို့​၏​ရွှေ​ငွေ​များ​နှင့်အတူ အဝေး​မှ အဦးဆုံး​ခေါ်ဆောင်​လာ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 10,
      "text": "တိုင်းတစ်ပါးသား​တို့​သည် သင်​၏​မြို့ရိုး​တို့​ကို​တည်ဆောက်​ကြ​ရ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​တို့​သည် သင်​၏​အမှု​ကို​ထမ်းဆောင်​ကြ​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင့်​ကို အမျက်ထွက်​၍ ဒဏ်ခတ်​သော်လည်း ကရုဏာထား​၍ ကျေးဇူးပြု​ဦး​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 11,
      "text": "လူမျိုးတကာ​တို့​၏​ဥစ္စာပစ္စည်း​ကို သင့်​ထံသို့​ယူဆောင်​လာ​နိုင်​မည့်​အကြောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​များ​ကို သင့်​ထံသို့​ခေါ်ဆောင်​လာ​နိုင်​မည့်​အကြောင်း သင်​၏​တံခါး​တို့​ကို ပိတ်​မ​ထား​ရ​၊ နေ့နေ့ညည​အစဉ်​ဖွင့်​ထား​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 12,
      "text": "သင်​၏​အမှု​ကို​မ​ထမ်းဆောင်​သော​လူမျိုး​ဖြစ်စေ​၊ တိုင်းနိုင်ငံ​ဖြစ်စေ ပျက်စီး​ရ​လိမ့်မည်​။ ထို​လူမျိုး​တို့​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 13,
      "text": "ထင်းရှူးပင်​၊ တဒေရပင်​၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​တို့​သည် သင့်​ထံသို့​အတူတကွ​ရောက်လာ​ပြီး ငါ​၏​သန့်ရှင်းရာဌာန​ကို​တင့်တယ်​စေ​မည်​။ ငါ​သည် ငါ​၏​ခြေ​တင်​ရာ​အရပ်​ကို ဘုန်းကျက်သရေ​ရှိ​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 14,
      "text": "သင့်​ကို​နှိပ်စက်​ခဲ့​သော​သူ​၏​သား​တို့​သည် သင့်​ထံသို့​လာ​၍ ဦးညွှတ်​ကြ​လိမ့်မည်​။ သင့်​ကို​မထီလေးစား​ပြု​သော​သူ​အပေါင်း​တို့​သည် သင်​၏​ခြေရင်း​၌​ပျပ်ဝပ်​ကြ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို​ထာဝရဘုရား​၏​မြို့​၊ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၏​ဇိအုန်​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 15,
      "text": "သင့်​ကို​စွန့်ပစ်​မုန်းတီး​ကြ​ပြီး မည်သူ​မျှ​မ​ဖြတ်သန်း​ကြ​သော်လည်း ငါ​သည် သင့်​ကို ထာဝရ​ဂုဏ်ယူဝင့်ကြွားစရာ​၊ မျိုးဆက်အဆက်ဆက်​ပျော်ရွှင်စရာ​ဖြစ်စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 16,
      "text": "သင်​သည် လူမျိုးတကာ​တို့​၏​နို့​ကို​စို့​ရ​လိမ့်မည်​။ ရှင်ဘုရင်​တို့​၏​သားမြတ်​ကို စို့​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် သင့်​ကို​ကယ်တင်​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​အရှင်​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင်​ဖြစ်ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 17,
      "text": "ငါ​သည် ကြေးနီ​အစား ရွှေ​၊ သံ​အစား ငွေ​၊ သစ်သား​အစား ကြေးနီ​၊ ကျောက်​အစား သံ​ကို ယူ​ခဲ့​မည်​။ ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​၏​ကြီးကြပ်ကွပ်ကဲ​သူ​ဖြစ်စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို သင်​၏​အုပ်ချုပ်သူ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 18,
      "text": "သင်​၏​ပြည်​၌ ရက်စက်ကြမ်းကြုတ်မှု​အကြောင်း​၊ သင်​၏​နယ်နိမိတ်​အတွင်း​၌ ပျက်စီး​ပြိုပျက်​ခြင်း​အကြောင်း ကြား​ရ​တော့​မည်​မ​ဟုတ်​။ သင်​၏​မြို့ရိုး​တို့​ကို “​ကယ်တင်​ခြင်း​”​၊ သင်​၏​မြို့​တံခါး​တို့​ကို “​ချီးမွမ်း​ခြင်း​”​ဟူ၍ သင်​ခေါ်ဆို​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 19,
      "text": "နေ့​အချိန် သင်​ရ​သော​အလင်း​သည် နေ​၏​အလင်း​မ​ဟုတ်​တော့​ပေ​။ တောက်ပ​သော​လ​သည်​လည်း သင့်​အပေါ်​ထွန်းလင်း​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌ ထာဝရ​အလင်း​ဖြစ်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​သည် သင်​၏​ဂုဏ်ကျက်သရေ​ဖြစ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 20,
      "text": "သင်​၌ နေ​ဝင်​ခြင်း​၊ လ​ကွယ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌​ထာဝရ​အလင်း​ဖြစ်​တော်မူ​၍ သင်​ငိုကြွေးမြည်တမ်း​ရ​သော​နေ့ရက်​တို့ အဆုံးသတ်​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 21,
      "text": "သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 22,
      "text": "လူ​အနည်းငယ်​သည် လူ​တစ်ထောင်​ဖြစ်လာ​မည်​။ အားနည်း​သော​လူမျိုး​သည် အားကြီး​သော​လူမျိုး​ဖြစ်လာ​မည်​။ ငါ​ထာဝရဘုရား​သည် အချိန်တန်​လျှင် ထို​အရာ​ကို အလျင်အမြန်​ဖြစ်စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 1,
      "text": "ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့် ​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း ​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 2,
      "text": "ထာဝရဘုရား​၏​မင်္ဂလာ​နှစ်ကာလ​နှင့် ငါ​တို့​ဘုရားသခင်​၏​လက်စားချေ​ရာ​နေ့​ကို ဟောပြော​ရန်​၊ ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​ကို နှစ်သိမ့်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 3,
      "text": "ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 4,
      "text": "သူ​တို့​သည် ရှေး​ပြိုပျက်​ရာ​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​လိမ့်မည်​။ ယခင်က လူသူကင်းမဲ့​သော​အရပ်​တို့​ကို ပြန်လည်ထူထောင်​ကြ​လိမ့်မည်​။ မျိုးဆက်အဆက်ဆက်​လူသူကင်းမဲ့​၍ ပြိုပျက်​နေ​သော​မြို့​တို့​ကို ပြုပြင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 5,
      "text": "သူစိမ်း​တို့​သည် သင်​တို့​ကို ခစား​၍ သင်​တို့​သိုးစု​များ​ကို ထိန်းကျောင်း​ကြ​လိမ့်မည်​။ တိုင်းတစ်ပါးသား​တို့​သည် သင်​တို့​၏​လယ်လုပ်သား​များ​၊ စပျစ်ခြံလုပ်သား​များ​ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 6,
      "text": "သင်​တို့​ကို ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ဘုရားသခင်​၏​အမှု​တော်​ဆောင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ သင်​တို့​သည် လူမျိုးခြား​တို့​၏​ဥစ္စာပစ္စည်း​ကို စံစား​ရ​လိမ့်မည်​။ သူ​တို့​၏​ဂုဏ်သရေ​၌ ဝါကြွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 7,
      "text": "အရှက်ကွဲ​ခြင်း​အစား ဝေစု​နှစ်ဆ​ပြန်​ရ​မည်​။ သူ​တို့​သည် အသရေပျက်​ခြင်း​အစား သူ​တို့​၏​ဝေစု​ကြောင့် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ သူ​တို့​၏​မြေ​၌ ဝေစု​နှစ်ဆ​ပိုင်ဆိုင်​၍ ထာဝရ​ဝမ်းမြောက်​ခြင်း​ရှိ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 8,
      "text": "ငါ​ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​၏​။ မတရား​လုယက်မှု​ကို မုန်းတီး​၏​။ ငါ​သည် သစ္စာတရား​နှင့်အညီ သူ​တို့​အား အကျိုးအပြစ် ​ကို​ပေး​မည်​။ သူ​တို့​နှင့်​ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 9,
      "text": "သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် လူမျိုးခြား​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​၏​သားမြေး​တို့​သည် လူမျိုးတကာ​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကောင်းချီး​ကို​ခံစား​ရ​သော​အမျိုးအနွယ်​ဟု အသိအမှတ်​ပြု​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 10,
      "text": "ငါ​သည် ထာဝရဘုရား​၌ အလွန်​ဝမ်းမြောက်​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌ ရွှင်လန်း​မည်​။ အကြောင်းမူကား သတို့သား​သည် ခေါင်းပေါင်း​ပေါင်း​ထား​သကဲ့သို့​၊ သတို့သမီး​သည် ရတနာ​များ​ဖြင့် ကိုယ်​ကို​တန်ဆာဆင်​ထား​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ကယ်တင်​ခြင်း​အဝတ်တန်ဆာ​ဆင်ယင်​ပေး​၍ ဖြောင့်မတ်​ခြင်း​ဝတ်ရုံ​လွှမ်းခြုံ​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 11,
      "text": "မြေကြီး​သည် အစို့အညှောက်​ကို​ထွက်​စေ​သကဲ့သို့​၊ ဥယျာဉ်​သည် ကြဲ​ထား​သော​မျိုးစေ့​ကို​ပေါက်​စေ​သကဲ့သို့ ဘုရားရှင်​ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဖြောင့်မတ်​ခြင်း​၊ ချီးမွမ်း​ခြင်း​ကို ပေါက်​စေ​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 1,
      "text": "ငါ​သည် ဇိအုန်​မြို့​အတွက် တိတ်တိတ်နေ​မည်​မ​ဟုတ်​။ ဂျေရုဆလင်​မြို့​၏​ဖြောင့်မတ်​ခြင်း​သည် တောက်ပ​သော​အလင်း​ကဲ့သို့​၊ ကယ်တင်​ခြင်း​သည် ထွန်းတောက်​သော​မီးရှူးတိုင်​ကဲ့သို့ မ​ထွက်ပေါ်​မ​ချင်း ငါ​သည် ငြိမ်​နေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 2,
      "text": "လူမျိုးတကာ​တို့​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း​၊ ရှင်ဘုရင်​အပေါင်း​တို့​သည် သင်​၏​ဘုန်းအသရေ​ကို​လည်းကောင်း မြင်​ရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​နာမည်​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 3,
      "text": "သင်​သည် ထာဝရဘုရား​လက်​တော်​မှ တင့်တယ်​သော​သရဖူ​၊ သင်​၏​ဘုရားသခင်​လက်​တော်​မှ တော်ဝင်​သရဖူ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 4,
      "text": "သင့်​ကို “​စွန့်ပစ်​ခံရ​သူ​”​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ သင်​၏​မြေ​ကို​လည်း “​လူသူကင်းမဲ့​ရာ​အရပ်​”​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ သင့်​ကို “​ငါ​နှစ်သက်မြတ်နိုးသူ​”​ဟူ၍​လည်းကောင်း​၊ သင်​၏​မြေ​ကို “​လက်ထပ်​ပြီး​သူ​”​ဟူ၍​လည်းကောင်း ခေါ်ဝေါ်​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင့်​ကို​နှစ်သက်မြတ်နိုး​တော်မူ​၏​။ သင်​၏​မြေ​သည်​လည်း လက်ထပ်​ခွင့်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 5,
      "text": "လူပျို​သည် အပျိုကညာ​နှင့်​လက်ထပ်​သကဲ့သို့ သင်​၏​သား​တို့​သည် သင်​နှင့်​လက်ထပ်​လိမ့်မည်​။ သတို့သား​သည် သတို့သမီး​ကြောင့် ဝမ်းမြောက်ပျော်ရွှင်​ရ​သကဲ့သို့ သင်​၏​ဘုရားသခင်​သည် သင့်​ကြောင့် ဝမ်းမြောက်ပျော်ရွှင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 6,
      "text": "အို ဂျေရုဆလင်​မြို့​၊ ကင်းစောင့်​တို့​ကို သင်​၏​မြို့ရိုး​များ​ပေါ်တွင် ငါ​ချထား​ပြီ​။ သူ​တို့​သည် နေ့နေ့​ညည တိတ်တိတ်နေ​မည်​မ​ဟုတ်​။ ထာဝရဘုရား​ကို အောက်မေ့​စေ​သော​သူ​တို့​၊ နှုတ်ဆိတ်​မ​နေ​ကြ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 7,
      "text": "ဂျေရုဆလင်​မြို့​ကို​တည်တံ့​စေ​၍ မြေကြီး​ပေါ်တွင် ချီးမွမ်းစရာ​ဖြစ်စေ​တော်​မ​မူ​မ​ချင်း ကိုယ်တော်​ကို ငြိမ်ငြိမ်​မ​နေ​စေ​နှင့်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 8,
      "text": "ထာဝရဘုရား​က “​သင်​၏​ကောက်ပဲသီးနှံ​ကို သင်​၏​ရန်သူ​တို့​အား စား​ခွင့်​ပေး​တော့​မည်​မ​ဟုတ်​။ သင်​ကြိုးစား​အားထုတ်​၍​ရရှိ​သော စပျစ်ဝိုင်​အသစ်​ကို​လည်း တိုင်းတစ်ပါးသား​များ သောက်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 9,
      "text": "ရိတ်သိမ်း​သူ​တို့​ကသာ​စား​ရ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ စုသိမ်း​သူ​တို့​ကသာ စပျစ်ဝိုင်​အသစ်​ကို သန့်ရှင်း​သော​ငါ့​တံတိုင်း ​အတွင်း​၌ သောက်​ရ​ကြ​လိမ့်မည်​”​ဟု လက်ယာ​လက်​တော်​၊ တန်ခိုးကြီး​သော​လက်ရုံး​တော်​ဖြင့် ကျိန်ဆို​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 10,
      "text": "ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 11,
      "text": "ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် ကြားသိ​စေ​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​အား “​ကြည့်ရှု​လော့​။ သင့်​ကို​ကယ်တင်​သော​အရှင် လာ​နေ​ပြီ​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​” ​ဟု ပြောကြား​လော့​။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 12,
      "text": "သူ​တို့​ကို “​ထာဝရဘုရား​ရွေးနုတ်​တော်မူ​သည့် သန့်ရှင်း​သော​လူမျိုး​”​ဟု ခေါ်​ကြ​လိမ့်မည်​။ သင့်​ကို “​စွန့်ပစ်​မ​ခံရ​ဘဲ ပြန်ရှာ​ထား​သော​မြို့​”​ဟု ခေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 1,
      "text": "အနီရောင်​ဝတ်ရုံ​ကို​ဝတ်​လျက် ဧဒုံ​ပြည်​၊ ဗောဇရ​မြို့​မှ​လာ​သော ဤ​သူ​ကား မည်သူ​နည်း​။ ထည်ဝါ​သော​အဝတ်တန်ဆာ​ကို​ဆင်​လျက် ကြီးမား​သော​ခွန်အား​နှင့် ချီတက်​လာ​သော ဤ​သူ​ကား မည်သူ​နည်း​။ ဖြောင့်မတ်​စွာ​မိန့်ဆို​သော​၊ ကယ်တင်​နိုင်​စွမ်း​ရှိ​သော ငါ​ပင်​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 2,
      "text": "ကိုယ်တော်​၏​အဝတ်တန်ဆာ​သည် အဘယ်ကြောင့် နီ​နေ​ပါ​သနည်း​။ ကိုယ်တော်​၏​ဝတ်ရုံ​သည် အဘယ်ကြောင့် စပျစ်သီးနယ်ရာကျင်း​၌ နင်းနယ်​သော​သူ​၏​အဝတ်​ကဲ့သို့ ဖြစ်​နေ​ပါ​သနည်း​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 3,
      "text": "စပျစ်သီး​နယ်​ရာ​ကျင်း​၌ ငါ တစ်ပါးတည်း နင်းနယ်​၏​။ လူ​တစ်​ယောက်​မျှ ငါ​နှင့်​မ​ရှိ​။ သူ​တို့​ကို ငါ့​အမျက်​ဖြင့် နင်းနယ်​ပြီ​။ ငါ့​ဒေါသ​ဖြင့် နင်းချေ​ပြီ​။ သူ​တို့​သွေး​သည် ငါ့​ဝတ်ရုံ​ကို​စဉ်​သဖြင့် ငါ့​အဝတ်အစား​ရှိသမျှ စွန်းထင်း​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 4,
      "text": "လက်တုံ့ပြန်​ရာ​နေ့​ကို ငါ့​စိတ်​ထဲ၌​မှတ်ထား​၏​။ ငါ​ရွေးနုတ်​ရာ​နှစ်​သည် ရောက်လာ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 5,
      "text": "ငါ​ကြည့်လိုက်​သော် ကူညီမစ​မည့်​သူ​မ​ရှိ​။ ထောက်မ​မည့်​သူ​လည်း​မ​ရှိ​သည်​ကို ငါ​အံ့ဩ​၏​။ ထို့ကြောင့် ငါ့​လက်ရုံး​သည် ကယ်တင်​ခြင်း​အမှု​ကို​ပြု​ပြီ​။ ငါ့​အမျက်ဒေါသ​သည် ငါ့​ကို​ထောက်မ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 6,
      "text": "လူ​တို့​ကို ငါ့​အမျက်​ဖြင့်​နင်းချေ​ပြီ​။ ငါ့​ဒေါသ​ဖြင့် ယစ်မူး​စေ​ပြီ​။ သူ​တို့​၏​သွေး​ကို မြေ​ပေါ်သို့​ကျ​စေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 7,
      "text": "ငါ​တို့​အတွက် ထာဝရဘုရား ပြု​တော်မူ​ခဲ့​သော​အရာ​အလုံးစုံ​နှင့်အညီ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​၊ ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​တို့​ကို ငါ​ဖော်ပြ​မည်​။ ကိုယ်တော်​၏​ကြွယ်ဝ​သော​မေတ္တာ​ကရုဏာ​တော်​နှင့်အညီ အစ္စရေး​အမျိုးသား​တို့​အတွက် ပြု​တော်မူ​ခဲ့​သည့် ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို ငါ​ဖော်ပြ​မည်​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 8,
      "text": "ကိုယ်တော်​က “​စင်စစ် သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၏​။ သူ​တို့​သည် သစ္စာ​မ​ပျက်​သော​သားသမီး​များ​ဖြစ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကိုယ်တော်​သည်​လည်း သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 9,
      "text": "သူ​တို့​ခံရ​သမျှ​သော​ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​လည်း ခံ​တော်မူ​ခဲ့​၏​။ မျက်မှောက်​တော်​ရှိ ကောင်းကင်တမန်​သည် သူ​တို့​ကို ကယ်တင်​ခဲ့​၏​။ ကိုယ်တော်​သည် မေတ္တာ​ကရုဏာ​တော်​ဖြင့် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​၏​။ ရှေး​ကာလ​ပတ်လုံး သူ​တို့​ကို​ချီ​ဆောင်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 10,
      "text": "သို့သော် သူ​တို့​သည်​ပုန်ကန်​ခြင်း​ဖြင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ကိုယ်တော်​သည် သူ​တို့​၏​ရန်သူ​ဖြစ်သွား​၍ သူ​တို့​ကို​တိုက်ခိုက်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 11,
      "text": "ထိုအခါ ကိုယ်တော်​သည် မောရှေ​နှင့်​လူမျိုး​တော်​တို့​ခေတ်​မှ​အချိန်​ကာလ​ကို အောက်မေ့​တော်မူ​၏​။ သိုးစု​ကို သိုးထိန်း​တို့​နှင့်အတူ ပင်လယ်​ထဲမှ​ခေါ်ဆောင်​လာ​သော​သူ​ကား အဘယ်မှာ​နည်း​။ သူ​တို့​အလယ်​၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ချပေး​သော​သူ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 12,
      "text": "ဘုန်းကြီး​သော​လက်ရုံး​တော်​ကို မောရှေ​၏​လက်ယာ​လက်​နှင့်အတူ ရှိ​စေ​သော​သူ​၊ နာမ​တော်​အစဉ်​ထင်ရှား​စေရန် သူ​တို့​ရှေ့​တွင် ရေ​ကို​ခွဲ​သော​သူ​၊"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 13,
      "text": "နက်ရှိုင်း​ရာ​အရပ်​ကို ဖြတ်သွား​စေ​သော​သူ​ကား အဘယ်မှာ​နည်း​။ သူ​တို့​သည် လွင်ပြင်​၌​သွား​သော​မြင်း​ကဲ့သို့ ခလုတ်​မ​တိုက်​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 14,
      "text": "ချိုင့်ဝှမ်း​ထဲသို့​ဆင်းလာနား​သော တိရစ္ဆာန်​ကဲ့သို့ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို အနားယူ​စေ​တော်မူ​၏​။ ထိုနည်းတူ ကိုယ်တော်​သည် နာမ​တော်​ဘုန်းကြီး​စေရန် လူမျိုး​တော်​ကို ဦးဆောင်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 15,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​၊ ဘုန်းအသရေ​ရှိ ​သော ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ ကြည့်​၍ သိမြင်​တော်မူ​ပါ​။ ကိုယ်တော်​၏​စိတ်အားထက်သန်မှု​၊ ကိုယ်တော်​၏​အစွမ်းတန်ခိုး​သည် အဘယ်မှာ​နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အပေါ်​ထားရှိ​သည့် သနားကြင်နာ​ခြင်း​စိတ်​ကို ချုပ်တည်း​တော်မူ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 16,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အဖ​ဖြစ်​တော်မူ​၏​။ အာဗြဟံ​သည် အကျွန်ုပ်​တို့​ကို​မ​သိ​။ အစ္စရေး​သည်​လည်း အကျွန်ုပ်​တို့​ကို​အသိအမှတ်​မ​ပြု​။ အို ထာဝရဘုရား​၊ ကိုယ်တော်​မူကား အကျွန်ုပ်​တို့​၏​အဖ​ဖြစ်​တော်မူ​၏​။ ရှေးကာလ​ကပင် ကိုယ်တော်​၏​နာမ​တော်​သည် “​အကျွန်ုပ်​တို့​ကို​ရွေးနုတ်​သော​အရှင်​” ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 17,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကို အဘယ်ကြောင့် လမ်း​တော်​မှ​လမ်းလွဲ​စေ​သနည်း​။ ကိုယ်တော်​ကို မ​ကြောက်ရွံ့​စေရန် ကျွန်ုပ်​တို့​၏​စိတ်​ကို အဘယ်ကြောင့် ခိုင်မာ​စေ​သနည်း​။ ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​အမွေ​တော်​လူမျိုးစု​အတွက် ပြန်လာ​တော်မူ​ပါ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 18,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​လူမျိုး​တော်​တို့ ခဏသာ​ပိုင်ဆိုင်​ရ​ပြီး ရန်သူ​တို့​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​ကို နင်းချေ​ကြ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 19,
      "text": "အကျွန်ုပ်​တို့​သည် ရှေးကာလ​ကပင် ကိုယ်တော်​မ​အုပ်စိုး​သော​သူ​များ​၊ ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​မ​ခံရ​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 1,
      "text": "ကိုယ်တော်​သည် မိုးကောင်းကင်​ကို​ဆုတ်ဖြဲ​၍ ဆင်းသက်​တော်မူ​လျှင် တောင်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် လှုပ်​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 2,
      "text": "မီး​သည် သစ်ခက်​တို့​ကို​လောင်​သကဲ့သို့​၊ မီး​သည် ရေ​ကို​ပွက်ပွက်ဆူ​စေ​သကဲ့သို့ ဖြစ်​လိမ့်မည်​။ ကိုယ်တော့်​ကို​ရန်ပြု​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​သိ​၍ လူမျိုးတကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ထိတ်လန့်တုန်လှုပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 3,
      "text": "အကျွန်ုပ်​တို့​မ​မျှော်လင့်​သည့် ကြောက်မက်ဖွယ်​ရာ​တို့​ကို ကိုယ်တော်​ပြု​တော်မူ​သောအခါ​၊ ကိုယ်တော်​ကြွဆင်း​တော်မူ​သောအခါ တောင်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ လှုပ်​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 4,
      "text": "ကိုယ်တော်​မှတစ်ပါး မျှော်လင့်စောင့်စား​သော​သူ​အား ကျေးဇူးပြု​ပေး​တော်မူ​သော​ဘုရား​ဟူ၍ မ​ရှိ​။ ရှိ​သည်​ဟု ရှေးကာလ​ကတည်းက မည်သူ​မျှ​မ​ကြား​ဖူး​၊ မ​သိ​ဖူး​၊ မျက်စိ​ဖြင့်​လည်း မ​မြင်​ဖူး​ပေ​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 5,
      "text": "ကိုယ်တော်​သည် ဝမ်းမြောက်​သော​စိတ်​ဖြင့် ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ ကိုယ်တော်​၏​တရားလမ်း​တော်​ကို​အောက်မေ့​သော​သူ​တို့​အား ကြိုဆိုလက်ခံ​တော်မူ​၏​။ သို့သော် အကျွန်ုပ်​တို့​အပြစ်ပြု​၍ ကိုယ်တော်​အမျက်ထွက်​တော်မူ​၏​။ အဆက်မပြတ်​အပြစ်ပြု​သော​အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 6,
      "text": "အကျွန်ုပ်​တို့​အားလုံး​သည် မစင်ကြယ်​သော​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ အကျွန်ုပ်​တို့​၏​ဖြောင့်မတ်​သော​လုပ်ဆောင်မှု​ရှိသမျှ​သည်​လည်း ညစ်ပေ​သော​အဝတ်​နှင့်​တူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် သစ်ရွက်​ကဲ့သို့​ညှိုးနွမ်း​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​သည်​လည်း လေ​ကဲ့သို့ အကျွန်ုပ်​တို့​ကို တိုက်ချ​၏​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 7,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 8,
      "text": "သို့ရာတွင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အဖ​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​တို့​သည် မြေစေး​ဖြစ်​၏​။ ကိုယ်တော်​သည် အိုးထိန်း​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် ကိုယ်တော်​၏​လက်​တော်​ဖြင့် ဖန်ဆင်း​ထား​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 9,
      "text": "အို ထာဝရဘုရား​၊ ပြင်းစွာ​အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အပြစ်​များ​ကို အစဉ်​မှတ်​တော်​မ​မူ​ပါ​နှင့်​။ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​အားလုံး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ပါ​၏​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 10,
      "text": "ကိုယ်တော်​၏​သန့်ရှင်း​သော​မြို့​တို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ဇိအုန်​မြို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ဂျေရုဆလင်​မြို့​သည် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 11,
      "text": "အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ကိုယ်တော်​ကို​ချီးမွမ်း​ရာ​အရပ်​ဖြစ်​သည့် သန့်ရှင်း​၍ ဂုဏ်ကျက်သရေ​ရှိ ​သော အကျွန်ုပ်​တို့​၏​အိမ်​တော်​သည် မီးလောင်​သွား​လေ​ပြီ​။ ကျွန်ုပ်​တို့​နှစ်သက်မြတ်နိုး​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီး​သွား​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 12,
      "text": "ဤသို့​ဖြစ်​လျက်ပင် ကိုယ်တော်​သည် ငြိမ်ငြိမ်နေ​တော်မူ​မည်လော​။ အို ထာဝရဘုရား​၊ တိတ်ဆိတ်​စွာ​နေ​တော်မူ​မည်လော​။ အကျွန်ုပ်​တို့​ကို ပြင်းစွာ​နှိပ်စက်​တော်မူ​မည်လော​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ငါ့​ကို​မ​မေးမြန်း​သော​သူ​တို့​ထံ ငါ့ကိုယ်ငါ ထင်ရှား​ပြ​၏​။ ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့ရှိ​ကြ​၏​။ ငါ့​နာမ​ကို​မ​ခေါ်​သော​လူမျိုး​အား ‘​ဤ​နေရာ​တွင် ငါ​ရှိ​၏​။ ဤ​နေရာ​တွင် ငါ​ရှိ​၏​’ ​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 2,
      "text": "မိမိ​တို့​အကြံအစည်​အတိုင်း မ​ကောင်း​သော​လမ်း​၌​လျှောက်လှမ်း​လျက် ဆန့်ကျင်​ပုန်ကန်​တတ်​သော လူမျိုး​တို့​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 3,
      "text": "ဤ​လူမျိုး​တို့​သည် ငါ့​ရှေ့မှောက်​တွင် ဥယျာဉ်​များ​ထဲ၌ ယဇ်ပူဇော်​၍ အုတ်​ယဇ်ပလ္လင်​ပေါ်တွင် နံ့သာပေါင်း​ကို​မီးရှို့​ခြင်း​ဖြင့် ငါ့​အမျက်​ကို အစဉ်​နှိုးဆော်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 4,
      "text": "သူ​တို့​သည် သင်္ချိုင်း​များ​တွင်​ထိုင်​ကြ​၏​။ ကွယ်​ရာ​အရပ်​တို့​၌ ညအိပ်​ကြ​၏​။ ဝက်​သား​ကို​စား​ကြ​၏​။ သူ​တို့​ခွက်​များ​ထဲ၌ ရွံရှာဖွယ်​အသားပြုတ်ရည်​ရှိ​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 5,
      "text": "သူ​တို့​က ‘​တသီးတခြား​နေ​လော့​။ ငါ​သည် သင့်​ထက်​သန့်ရှင်း​၏​။ ငါ့​အနီး​သို့​မ​လာ​နှင့်​’​ဟု ပြောဆို​ကြ​၏​။ ဤ​သူ​တို့​သည် ငါ့​နှာခေါင်း​ထဲမှ မီးခိုး​၊ တစ်နေ့လုံး​တောက်လောင်​နေ​သော​မီး​နှင့်​တူ​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 6,
      "text": "ကြည့်ရှု​လော့​။ ထို​အရာ​တို့​ကို ငါ့​ရှေ့မှောက်​တွင်​ရေးမှတ်​ထား​ပြီ​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ပြန်ပေးဆပ်​စေ​မည်​။ သူ​တို့​ကို အပြည့်အဝ ပြန်ပေးဆပ်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 7,
      "text": "တောင်ကြီး​များ​ပေါ်တွင် နံ့သာပေါင်း​ကို​မီးရှို့​၍ တောင်ငယ်​များ​ပေါ်တွင် ငါ့​ကို​စော်ကားပြုမူ​ကြ​သော သင်​တို့​၏​ဒုစရိုက်​များ​နှင့် သင်​တို့​ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကို အတူတကွ ငါ​ပြန်ပေးဆပ်​စေ​မည်​။ ထို့ကြောင့် ငါ​သည် သူ​တို့​၏​ယခင်​လုပ်ရပ်​တို့​ကို အကုန်အစင် ​စစ်ဆေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 8,
      "text": "ထာဝရဘုရား​က “​စပျစ်ဝိုင်​အသစ်​ထွက်​နိုင်​သေး​သော စပျစ်ခိုင်​ကို တွေ့ရှိ​သောအခါ ‘​မ​ဖျက်ဆီး​နှင့်​၊ ကောင်းချီးမင်္ဂလာ​ရှိ​သည်​’​ဟု လူ​တို့​ပြောဆို​တတ်​၏​။ ငါ​သည်​လည်း ငါ့​အစေအပါး​တို့​ကို​ထောက်၍ ထို့အတူ​ပြု​မည်​။ ငါ​သည် အကုန်အစင်​မ​ဖျက်ဆီး​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 9,
      "text": "ယာကုပ်​မှ သားမြေး​များ​ကို​ထွန်းကား​စေ​၍ ယုဒ​အမျိုးအနွယ်​မှ ငါ့​တောင်​များ​ပိုင်ဆိုင်​မည့်​သူ​ကို ငါ​ထွက်ပေါ်​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​များ​သည် အမွေဆက်ခံ​၍ ငါ​၏​အစေအပါး​များ​သည် ထို​အရပ်​၌​နေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 10,
      "text": "ငါ့​ကို​ရှာဖွေ​သော ငါ​၏​လူ​တို့​အတွက် ရှာရုန်​လွင်ပြင်​သည် သိုး​စားကျက်​ဖြစ်​မည်​။ အာခေါ်​ချိုင့်ဝှမ်း​သည် နွားအုပ် လဲလျောင်း​ရာ​အရပ်​ဖြစ်​မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 11,
      "text": "သို့သော် ထာဝရဘုရား​ကို​စွန့်ပယ်​သော​သူ​များ​၊ ငါ​၏​သန့်ရှင်း​သော​တောင်​ကို မေ့လျော့​သော​သူ​များ​၊ ဂါဒ​ဘုရား​ရှေ့ စားပွဲ​ခင်း​သော​သူ​များ​၊ မေနိ​ဘုရား​ရှေ့ ရောစပ်​ထား​သော​ဝိုင်​ကို ခွက်​ထဲသို့ ဖြည့်​ပေး​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​အတွက်"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 12,
      "text": "ဓားဘေး​ကို ငါ​စီမံ​ထား​ပြီ​။ သင်​တို့​အားလုံး​သည် သတ်ဖြတ်သူ​ရှေ့​၌ လည်စင်း​ပေး​ရ​လိမ့်မည်​။ အကြောင်းမူကား ငါ​ခေါ်​သောအခါ သင်​တို့​မ​ထူး​။ ငါ​မိန့်​သောအခါ သင်​တို့​နား​မ​ထောင်​။ ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​ကို သင်​တို့​ရွေးချယ်​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 13,
      "text": "ထို့ကြောင့် အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အစေအပါး​တို့​စား​ရ​သော်လည်း သင်​တို့​ဆာလောင်မွတ်သိပ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​သောက်​ရ​သော်လည်း သင်​တို့​ရေငတ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​ဝမ်းမြောက်​ရ​သော်လည်း သင်​တို့​အရှက်ကွဲ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 14,
      "text": "ကြည့်ရှု​လော့​။ ငါ့​အစေအပါး​တို့​သည် ရွှင်လန်း​သော​စိတ်​နှင့် သီချင်းဆို​ကြ​လိမ့်မည်​။ သင်​တို့​မူကား နာကျင်​သော​စိတ်​နှင့် အော်ဟစ်​ကြ​၍ ကြေကွဲ​သော​စိတ်​နှင့် ညည်းတွားမြည်တမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 15,
      "text": "သင်​တို့​၏​နာမည်​သည် ငါ​ရွေးချယ်​သော​သူ​တို့ ကျိန်ဆဲစရာ​အဖြစ် ကျန်ရစ်​မည်​။ အရှင်​ထာဝရဘုရား​သည် သင့်​ကို​ကွပ်မျက်​တော်မူ​မည်​။ မိမိ​၏​အစေအပါး​များ​ကို​ကား အခြား​နာမည်​ဖြင့် ခေါ်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 16,
      "text": "မြေကြီး​ပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေး​သော​သူ​သည် သစ္စာရှိ​သော​ဘုရားသခင်​ကို​အမှီပြု​၍ ကောင်းချီးပေး​လိမ့်မည်​။ မြေကြီး​ပေါ်၌​ကျိန်ဆို​သော​သူ​သည်​လည်း သစ္စာရှိ​သော​ဘုရားသခင်​ကို​တိုင်တည်​၍ ကျိန်ဆို​လိမ့်မည်​။ အကယ်စင်စစ် ယခင်​ဆင်းရဲဒုက္ခ​တို့​ကို ငါ​မေ့လျော့​ပြီ​။ ငါ့​မျက်မှောက်​မှ ကွယ်ပျောက်​ပြီ​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 17,
      "text": "ကြည့်ရှု​လော့​။ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်​။ အတိတ်မှ​အဖြစ်အပျက်​တို့​ကို မှတ်မိ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ​ဝင်လာ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 18,
      "text": "ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ကို ပျော်ရွှင်ဖွယ်​ရာ​မြို့​အဖြစ်​၊ မြို့သား​တို့​ကို ဝမ်းမြောက်​သော​သူ​များ​အဖြစ် ငါ​ဖန်ဆင်း​သည်​ဖြစ်၍ ငါ​ဖန်ဆင်း​သော​အရာ​၌ အစဉ်ထာဝရ​ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 19,
      "text": "ငါ​သည်​လည်း ဂျေရုဆလင်​မြို့​ကြောင့် ရွှင်လန်း​မည်​။ ငါ​၏​လူ​တို့​ကြောင့် ဝမ်းမြောက်​မည်​။ ထို​မြို့​၌ ငိုကြွေးသံ​၊ အော်ဟစ်သံ​ကို ကြား​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 20,
      "text": "ထို​အရပ်​၌ ရက်​အနည်းငယ်​သာ​အသက်ရှင်​ပြီး​သေ​သွား​သော နို့စို့ကလေး​၊ သက်တမ်းစေ့​မ​နေ​ရ​သော လူကြီး ဟူ၍​ရှိ​တော့​မည်​မ​ဟုတ်​။ အသက်​တစ်ရာ​အရွယ်​၌​ကွယ်လွန်​သော​သူ​ကို လူငယ်​ဟု​သာ​မှတ်​ရ​မည်​။ အသက်​တစ်ရာ​မ​နေ​ရ​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 21,
      "text": "သူ​တို့​သည် အိမ်​ကို​ဆောက်​ပြီး နေထိုင်​ကြ​မည်​။ စပျစ်ခြံ​ကို​လည်း​စိုက်​ပြီး အသီး​ကို​စား​ကြ​မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 22,
      "text": "သူ​တို့​ဆောက်​သော​အိမ်​၌ အခြားသူ နေ​ရ​မည်​မ​ဟုတ်​။ သူ​တို့​စိုက်​သော​စပျစ်သီး​ကို​လည်း အခြားသူ​စား​ရ​မည်​မ​ဟုတ်​။ ငါ့​လူ​တို့​၏​သက်တမ်း​သည် သစ်ပင်​၏​သက်တမ်း​တမျှ ရှည်​မည်​။ ငါ​ရွေးချယ်​သော​သူ​တို့​သည် သူ​တို့​လက်​ဖြင့်​လုပ်ဆောင်​သော​အရာ​ကို ရေရှည်အကျိုး​ခံစား​ရ​မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 23,
      "text": "သူ​တို့​၏​ကြိုးစားအားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​မ​ဟုတ်​။ သူ​တို့​မွေးဖွား​သော​သားသမီး​များ ဒုက္ခရောက်​မည်​မ​ဟုတ်​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​သော​အမျိုးအနွယ် ဖြစ်​လိမ့်မည်​။ သူ​တို့​နှင့်အတူ သူ​တို့​သားမြေး​တို့​လည်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 24,
      "text": "သူ​တို့​မ​ခေါ်​မီ ငါ​ထူး​မည်​။ သူ​တို့​တောင်းလျှောက်​နေစဉ် ငါ​နားထောင်​မည်​။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 25,
      "text": "ဝံပုလွေ​နှင့်​သိုးကလေး​တို့ အတူ​အစာ​စား​ကြ​မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို​စား​မည်​။ မြွေ​သည် မြေမှုန့်​ကို​စား​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 2,
      "text": "ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 3,
      "text": "နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 4,
      "text": "ငါ​ခေါ်​သောအခါ မည်သူ​မျှ​မ​ထူး​။ ငါ​မိန့်​သောအခါ နား​မ​ထောင်​။ သူ​တို့​သည် ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​တို့​ကို ရွေးချယ်​ကြ​သောကြောင့် ငါ​ကိုယ်တော်တိုင် သူ​တို့​ကို စိတ်အနှောင့်အယှက်​ဖြစ်​စေ​မည်​။ သူ​တို့​ကြောက်လန့်​သော​အရာ​များ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 5,
      "text": "ထာဝရဘုရား​၏​စကား​တော်​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​တို့​၊ စကား​တော်​ကို​နားထောင်​ကြ​လော့​။ သင်​တို့​ကို​မုန်း​၍ ငါ့​နာမ​ကြောင့် သင်​တို့​ကို​နှင်ထုတ်​သော ညီအစ်ကို​တို့​က ‘​သင်​တို့​ဝမ်းမြောက်​သည်​ကို ငါ​တို့​မြင်​ရ​မည့်​အကြောင်း ထာဝရဘုရား​သည် ဘုန်းထင်ရှား​ပါစေသော​’​ဟု ကဲ့ရဲ့ပြောဆို​ကြ​၏​။ သို့သော်လည်း သူ​တို့​သည် အရှက်ကွဲ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 6,
      "text": "မြို့​ထဲမှ​ဆူဆူညံညံ​အသံ​၊ ဗိမာန်တော်​ထဲမှ​အသံ​သည် ရန်သူ​တို့​အား အကျိုးအပြစ်​အလျောက် ပြန်ပေးဆပ်​တော်မူ​သော ထာဝရဘုရား​၏​အသံ​ပေတည်း​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 7,
      "text": "ဇိအုန်​သမီး​သည် သားဖွားဝေဒနာ​မ​ခံရ​မီ သားဖွား​၏​။ ဗိုက်​မ​နာ​မီ သားယောက်ျား​ကို မွေးဖွား​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 8,
      "text": "ဤသို့သော​အမှု​ကို မည်သူ​ကြား​ဖူး​သနည်း​။ ဤသို့သော​အမှု​များ​ကို မည်သူ​မြင်​ဖူး​သနည်း​။ တိုင်းပြည်​တစ်​ပြည်​ကို တစ်​ရက်​အတွင်း မွေးဖွား​နိုင်​သလော​။ လူမျိုး​တစ်​မျိုး​ကို တစ်ခဏအတွင်း မွေးဖွား​နိုင်​သလော​။ သို့သော် ဇိအုန်​မြို့​သည် မီးဖွား​ချိန်​ရောက်​သည်​နှင့် သားသမီး​များ​ကို မွေးဖွား​လေ​ပြီ​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 9,
      "text": "သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ငါ​သည် သားဖွား​ချိန်​ရောက်​စေ​ပြီးမှ သား​မ​ဖွား​စေ​ဘဲ​နေ​မည်လော​။ သားဖွား​ခြင်း​အမှု​ကို​ဖြစ်​စေ​သော​ငါ​သည် သားအိမ်​ကို​ပိတ်​ထား​မည်လော​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 10,
      "text": "ဂျေရုဆလင်​မြို့​ကို​ချစ်​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ ဂျေရုဆလင်​မြို့​အတွက် ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ပျော်ရွှင်​ကြ​လော့​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 11,
      "text": "သင်​တို့​သည် သူ​၏​နို့ရည်ကြွယ်ဝ​သော​သားမြတ်​ကို​စို့​၍ ဝလင်​ကြ​လိမ့်မည်​။ နို့ရည်ကြွယ်ဝ​သော​သားမြတ်​ကို အလို​ရှိသမျှ​သောက်​၍ နှစ်သက်အားရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 12,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ငြိမ်းချမ်းမှု​ကို မြစ်ရေ​ကဲ့သို့​လည်းကောင်း​၊ လူမျိုးတကာ​တို့​၏​ဘုန်းအသရေ​ကို စီးဆင်း​သော​စမ်းချောင်း​ကဲ့သို့​လည်းကောင်း ဂျေရုဆလင်​မြို့​ထဲသို့ စီးဆင်း​စေ​မည်​။ သင်​တို့​ကို နို့တိုက်​မည်​၊ ခါးစောင်း​၌ ချီထား​မည်​၊ ကလေး​ကဲ့သို့ ဒူး​ပေါ်တွင်​မြှူ​မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 13,
      "text": "မိခင်​သည် ကလေးငယ်​ကို​နှစ်သိမ့်​သကဲ့သို့ ငါ​သည် သင်​တို့​ကို​နှစ်သိမ့်​မည်​။ သင်​တို့​သည် ဂျေရုဆလင်​မြို့​အတွက် နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 14,
      "text": "ထိုသို့ သင်​တို့​တွေ့မြင်​သောအခါ သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​လိမ့်မည်​။ သင်​တို့​၏​အရိုး​များ​သည်​လည်း မြက်​ကဲ့သို့ သန်​လိမ့်မည်​။ ထာဝရဘုရား​၏​လက်​တော်​သည် မိမိ​အစေအပါး​တို့​ထံ ထင်ရှား​မည်​။ မိမိ​၏​ရန်သူ​တို့​ကို​မူ အမျက်ထွက်​တော်မူ​မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 15,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မီး​နှင့်​ကြွလာ​တော်မူ​မည်​။ လေပွေ​ကဲ့သို့ စစ်ရထား​နှင့်​ကြွလာ​တော်မူ​မည်​။ ရန်သူ​တို့​ကို အမျက်ပြင်း​စွာ​တုံ့ပြန်​မည်​။ မီးလျှံ​ဖြင့်​ဆုံးမ​မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 16,
      "text": "ထာဝရဘုရား​သည် လူသား​အားလုံး​ကို မီး​ဖြင့်​လည်းကောင်း​၊ ဓား​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​မည်​။ ထာဝရဘုရား​ကွပ်မျက်​သော​သူ​တို့​သည် များပြား​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 17,
      "text": "ထာဝရဘုရား​က “​ဥယျာဉ်​ထဲသို့​သွား​ရန် မိမိကိုယ်မိမိ သန့်ရှင်း​စင်ကြယ်​စေ​ပြီး တစ်ယောက်ယောက်​နောက်သို့​လိုက်သွား​သော​သူ​နှင့် ဝက်​သား​၊ ကြွက်သား စသည့် ရွံရှာဖွယ်​တို့​ကို​စား​သော​သူ​တို့​သည် အတူတကွ​ပျက်စီး​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 18,
      "text": "ထာဝရဘုရား​က “​သူ​တို့​ပြု​သော​အမှု​များ​၊ အကြံအစည်​များ​ကို ငါ​သိ​၏​။ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​တို့​ကို စုစည်း​မည့်​အချိန်​ရောက်လာ​မည်​။ သူ​တို့​သည်​လာ​၍ ငါ​၏​ဘုန်းအသရေ​ကို​မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 19,
      "text": "သူ​တို့​တွင် နိမိတ်လက္ခဏာ​ပြ​မည်​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို တာရှု​ပြည်​၊ ပုလ​ပြည်​၊ လေးပစ်ကျွမ်းကျင်​သော​လုဒ​ပြည်​၊ တုဗလ​ပြည်​၊ ယာဝန်​ပြည်​၊ ဝေးလံ​သော​ကမ်းရိုးတန်းဒေသ​များ​စသော ငါ​၏​ဂုဏ်​သတင်း​ကို​မ​ကြား​ဖူး​၊ ဘုန်းအသရေ​ကို​လည်း မ​မြင်​ဖူး​သည့်​လူမျိုး​များ​ထံသို့ ငါ​စေလွှတ်​မည်​။ ထို​လူမျိုး​များ​တွင် ငါ​၏​ဘုန်းအသရေ​ကို သူ​တို့​ပြောကြား​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 20,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ စင်ကြယ်​သော​တန်ဆာပလာ​ဖြင့် ပူဇော်သက္ကာ​ကို ယူဆောင်​ခဲ့​ကြ​သကဲ့သို့ ထို​သူ​တို့​သည် ခပ်သိမ်း​သော​ပြည်​မှ သင်​တို့​၏​ညီအစ်ကို​ရှိသမျှ​တို့​ကို ထာဝရဘုရား​ထံ ပူဇော်သက္ကာ​အဖြစ် မြင်း​များ​၊ စစ်ရထား​များ​၊ ထမ်းစင်​များ​၊ လား​များ​၊ ကုလားအုတ်​များ​ပေါ်တွင်​တင်​၍ ငါ​၏​သန့်ရှင်း​သော​တောင်​၊ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​ခဲ့​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 21,
      "text": "ထာဝရဘုရား​က “​ထို​သူ​အချို့​တို့​ကို ယဇ်ပုရောဟိတ်​အဖြစ်​၊ လေဝိ​အမျိုးသား​အဖြစ် ငါ​ခေါ်ယူ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 22,
      "text": "ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​မည့်​ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​တည်​သကဲ့သို့ သင်​တို့​၏​အမျိုးအနွယ်​၊ သင်​တို့​၏​အမည်နာမ​သည် အစဉ်​တည်​လိမ့်မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 23,
      "text": "ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 24,
      "text": "သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​သော​လူ​တို့​၏​အလောင်းကောင်​များ​ကို ထွက်​ကြည့်​ကြ​လိမ့်မည်​။ ထို​အလောင်းကောင်​တို့​ကို​စား​သော​လောက်ကောင်​သည် မ​သေ​၊ လောင်​သော​မီး​လည်း မ​ငြိမ်း​။ လူ​ခပ်သိမ်း​တို့​အတွက် စက်ဆုပ်ဖွယ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 1,
      "text": "ဗင်္ယာမိန်​ပြည်​၊ အာနသုတ်​မြို့​မှ ယဇ်ပုရောဟိတ်​တစ်​ပါး​ဖြစ်​သော ဟိလခိ​၏​သား ယေရမိ​ဆင့်ဆို​သော​နှုတ်ကပတ်တော်​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 2,
      "text": "အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှစ၍"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 3,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 4,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 5,
      "text": "“​သင့်​ကို အမိ​ဝမ်း​ထဲမှာ ပုံ​မ​သွင်း​မီ​ကပင် သင့်​ကို​ငါ​သိ​၏​။ သင်​မ​မွေး​မီ​ကပင် သင့်​ကို​ငါ​သန့်ရှင်း​စေ​ပြီ​။ လူမျိုးတကာ​တို့​အတွက် ပရောဖက်​အဖြစ် ငါ​ခန့်ထား​ပြီ​” ​ဟု မိန့်ဆို​သော်"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 6,
      "text": "ငါ​က​လည်း “​အို​၊ ဘုရားရှင်​ထာဝရဘုရား အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်၍ မ​ပြော​မ​ဆို​တတ်​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 7,
      "text": "သို့သော် ထာဝရဘုရား​က ငါ့​အား “ ‘အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်​ပါ​သည်’​ဟု မ​ဆို​နှင့်​။ သင့်​ကို​ငါ​စေလွှတ်​သော လူ​အပေါင်း​တို့​ထံသို့ သင်​သွား​ရ​မည်​။ ငါ​မိန့်မှာ​သော​စကား​အလုံးစုံ​တို့​ကို သင်​ပြောကြား​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 8,
      "text": "သူ​တို့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ​ရှိ​၏​”​ဟု မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 9,
      "text": "ထာဝရဘုရား​သည် လက်​တော်​ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​တော်မူ​၏​။ ထို့နောက် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​၏​နှုတ်ကပတ်တော်​ကို သင့်​နှုတ်​၌ ငါ​ထား​ပြီ​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 10,
      "text": "လူမျိုးခြား​များ​နှင့် တိုင်းနိုင်ငံ​များ​ကို နုတ်ပယ်​ဖြိုချ​ရန်​၊ ဖျက်ဆီး​မှောက်လှန်​ရန်​၊ တည်ထောင်​ပြုစု​ရန် ယနေ့ သင့်​အား ငါ​ခန့်ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ “ယေရမိ​၊ သင်​သည် မည်သည့်​အရာ​ကို​မြင်​သနည်း​”​ဟု မိန့်​တော်မူ​လျှင် ငါ​က “​ဗာဒံ​ကိုင်း​ကို​မြင်​ပါ​သည်​”​ဟု လျှောက်​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 12,
      "text": "ထိုအခါ ထာဝရဘုရား​က “​သင်​မြင်​သည့်​အတိုင်း မှန်​ပေ​၏​။ အကြောင်းမူကား ငါ့​စကား​ပြည့်စုံ​သည်​ကို ငါ​စောင့်ကြည့်​နေ​၏​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 13,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဒုတိယအကြိမ် ငါ့​ထံသို့​ရောက်လာ​၍ “သင်​သည် မည်သည့်​အရာ​ကို​မြင်​သနည်း​”​ဟု မိန့်​တော်မူ​လျှင် ငါ​က “​မြောက်ဘက်​မှ​မျက်နှာမူ​သည့် ဆူပွက်​နေ​သော​အိုး​ကို​မြင်​ပါ​၏​”​ဟု လျှောက်​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 14,
      "text": "ထိုအခါ ထာဝရဘုရား​က “​မြောက်ဘက်​မှ​ဘေးအန္တရာယ်​သည် ဤ​ပြည်သူပြည်သား​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 15,
      "text": "အကြောင်းမူကား ငါ​သည် မြောက်ဘက်​တိုင်းနိုင်ငံ​များ​ရှိ လူမျိုး​အပေါင်း​တို့​ကို ဆင့်ခေါ်​မည်”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “သူ​တို့​သည် ရောက်လာ​၍ ဂျေရုဆလင်​မြို့​တံခါး​ဝ​များ​တွင် ရာဇပလ္လင်​ကို အသီးသီး​တည်​ကြ​မည်​။ မြို့ရိုး​အားလုံး​ကို​ဝိုင်းရံ​ထား​၍ ယုဒ​မြို့​အားလုံး​ကို တိုက်ခိုက်​ကြ​မည်​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 16,
      "text": "ပြည်သူပြည်သား​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် မိမိ​တို့​လက်​ဖြင့်​လုပ်​သော​အရာ​များ​ကို ရှိခိုးကိုးကွယ်​သောကြောင့် ငါ​သည် သူ​တို့​၏​မကောင်းမှု​အားလုံး​အတွက် တရားစီရင်ချက်​ကို ချမှတ်​ကြေညာ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 17,
      "text": "“​သင်​သည် ခါး​ကို​စည်း​၍ ထ​ပြီးလျှင် သင့်​အား ငါ​မိန့်မှာ​ထား​သော​စကား​အလုံးစုံ​ကို သူ​တို့​အား ဆင့်ဆို​လော့​။ သူ​တို့​ကို မ​ကြောက်​နှင့်​။ ကြောက်​လျှင် သင့်​ကို သူ​တို့​ရှေ့​တွင် ငါ​ခြောက်လှန့်​မည်​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 18,
      "text": "ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပြည်သူပြည်သား​များ​မှစ၍ ပြည်​တစ်ပြည်လုံး​ကို ဆန့်ကျင်​နိုင်​ရန် ယနေ့ ငါ​သည် သင့်​ကို ခိုင်ခံ့​သော​မြို့​၊ သံ​တိုင်​၊ ကြေးနီ​မြို့ရိုး​ကဲ့သို့ ဖြစ်စေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 19,
      "text": "သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ ငါ​ရှိ​မည်​ဖြစ်၍ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 2,
      "text": "“​ဂျေရုဆလင်​မြို့​ကြားသိ​အောင်​သွား​၍​ဟစ်အော်​လော့​။ ထာဝရဘုရား​မိန့်​တော်မူ​သည်​မှာ ‘သင်​ငယ်ရွယ်​စဉ်က ငါ့​အပေါ်​မေတ္တာ​ထား​ခဲ့​သည်​ကို​လည်းကောင်း​၊ သတို့သမီး​အချစ်​နှင့် ချစ်​ခဲ့​သည်​ကို​လည်းကောင်း​၊ မြေရိုင်းမြေကော​တောကန္တာရ​၌ ငါ့​နောက်​လိုက်​ခဲ့​သည်​ကို​လည်းကောင်း ငါ​အောက်မေ့​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​၊ ကိုယ်တော်​၏​အသီးအနှံ​တို့​တွင် အသီးဦး​ဖြစ်​၏​။ သူ့​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​အပေါ် အပြစ်​သက်ရောက်​မည်​၊ ဘေးအန္တရာယ်​ကျရောက်​မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 4,
      "text": "အို ယာကုပ်​အမျိုးအနွယ်​တို့​၊ အစ္စရေး​မျိုးနွယ်စု​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 5,
      "text": "ထာဝရဘုရား​က “​သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ​၌​မည်သည့်​မတရားမှု​ကို​တွေ့​၍ ငါ​နှင့်​ဝေးဝေးနေ​ကြ​သနည်း​။ အဘယ်ကြောင့် အချည်းနှီး​သော​အရာ​နောက်သို့​လိုက်​၍ အသုံးမကျ​သော​သူ​ဖြစ်​ကြ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 6,
      "text": "သူ​တို့​က ‘ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပြီးလျှင် ချောက်​ပေါများ​သော​သဲကန္တာရ​၊ ခြောက်သွေ့​၍​သေမင်းအရိပ်​လွှမ်းမိုး​ရာ​၊ နေထိုင်​သွားလာ​သူ​မ​ရှိ​ရာ တောကန္တာရ​တစ်လျှောက် ပို့ဆောင်​တော်မူ​သော​ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 7,
      "text": "ကောင်း​သော​အသီးအနှံ​တို့​ကို စား​ရ​မည့်​အကြောင်း သင်​တို့​အား သီးနှံ​ဖြစ်ထွန်း​သော​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​၏​။ သို့သော် သင်​တို့​ရောက်လာ​၍ ငါ့​ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ အမွေ​ပြည်​ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 8,
      "text": "ယဇ်ပုရောဟိတ်​တို့​က​လည်း ‘ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။ ပညတ်တရား​ကို စွဲကိုင်​သော​သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ​။ အုပ်ချုပ်​သူ​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ပရောဖက်​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ကြ​၏​။ အကျိုး​မ​ပေး​သော​အရာ​တို့​နောက်သို့​လိုက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 9,
      "text": "ထို့ကြောင့် ငါ​သည် သင်​တို့​ကို စွဲချက်တင်​မည်​။ သင်​တို့​၏​သားမြေး​တို့​ကို​လည်း စွဲချက်တင်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 10,
      "text": "“​ဆိုက်ပရပ်​ကမ်းရိုးတန်းဒေသ​များ​ကို ဖြတ်​၍ ကြည့်ရှု​လော့​။ ကေဒါ​ပြည်​သို့​လူ​လွှတ်​၍ အသေအချာ​စူးစမ်း​စေ​လော့​။ ဤသို့​ဖြစ်​ခဲ့​ဖူး​ပြီ​လော​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 11,
      "text": "လူမျိုးခြား​တို့​သည် ဘုရား​မ​ဟုတ်​သော သူ​တို့​၏​ဘုရား​များ​ကို​ပင် အလဲအလှယ်​ပြု​ဖူး​ကြ​သလော​။ ငါ့​လူမျိုး​တို့​မူကား မိမိ​တို့​၏​ဘုန်းအသရေ​ကို အကျိုး​မ​ပေး​သော​အရာ​နှင့် အလဲအလှယ်​ပြု​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 12,
      "text": "အို မိုးကောင်းကင်​၊ ဤ​အမှုအရာ​၌ တုန်လှုပ်ချောက်ချား​လျက်​နေ​လော့​။ အလွန်​ကြောက်လန့်​လျက်​၊ မှင်တက်​လျက်​နေ​လော့​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 13,
      "text": "“အကယ်စင်စစ် ငါ့​လူမျိုး​တော်​သည် မကောင်းမှု​နှစ်​မျိုး​ကို ပြု​ကြ​ပြီ​။ သက်​စမ်းရေတွင်း​ဖြစ်​သည့် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ​။ ရေကန်​များ​ကို​တူး​ကြ​ပြီ​။ ထို​ရေကန်​တို့​သည် ကွဲအက်​သဖြင့် ရေ​လှောင်​၍​မ​ရ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​သည် ကျွန်​ဖြစ်​သလော​၊ ကျွန်သပေါက်​ဖြစ်​သလော​။ အဘယ်ကြောင့် လုယူဖျက်ဆီး​ခြင်း​ခံရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 15,
      "text": "သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 16,
      "text": "မင်ဖစ်​မြို့သား​၊ တာပနက်​မြို့သား​တို့​သည်​လည်း သင်​၏​ဦးထိပ်​ကို ထိုးဖောက်​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 17,
      "text": "သင့်​ကို လမ်းခရီး​၌ ပို့ဆောင်​ခဲ့​စဉ်က သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​စွန့်ပယ်​သောကြောင့် သင်​၌ ဤသို့ ဖြစ်​ရ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 18,
      "text": "ယခု ရှိဟောရ​မြစ်ရေ​ကို​သောက်​ဖို့ အီဂျစ်​ပြည်​သို့ သင်​သွား​သည်​မှာ အဘယ်​အတွက်​နည်း​။ ယူဖရေးတီး​မြစ် ​ရေ​ကို​သောက်​ဖို့ အဆီးရီးယား​ပြည်​သို့ သင်​သွား​သည်​မှာ အဘယ်​အတွက်​နည်း​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 19,
      "text": "သင်​၏​မကောင်းမှု​သည် သင့်​ကို​အပြစ်ဒဏ်​ပေး​လိမ့်မည်​။ သင်​၏​လမ်းလွဲဖောက်ပြန်မှု​သည် သင့်​ကို​ဆုံးမ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​၊ ငါ့​ကို မ​ကြောက်ရွံ့​ခြင်း​သည် ဆိုး​သော​အမှု​၊ ခါးသီး​သော​အမှု​ဖြစ်​သည်​ကို သိ​မှတ်​လော့​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 20,
      "text": "“​ရှေးကာလ​၌ သင်​၏​ထမ်းပိုး​ကို ငါ​ချိုး​၍ သင်​၏​အချည်အနှောင်​တို့​ကို ငါ​ဖြတ်​ခဲ့​၏​။ သင်​က ‘​အကျွန်ုပ် ဝတ်​မ​ပြု​ပါ​’​ဟု ဆို​၏​။ အကယ်စင်စစ် သင်​သည် ရှိရှိသမျှ​ကုန်း​မြင့်​ပေါ်တွင်​လည်းကောင်း​၊ ရှိရှိသမျှ​စိမ်းလန်း​သော​သစ်ပင်​အောက်​တွင်​လည်းကောင်း ပြည့်တန်ဆာ​လုပ်​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 21,
      "text": "ငါ​သည် သင့်​ကို အရည်အသွေး​အကောင်းဆုံး​မျိုးစေ့​မှ အကောင်းဆုံး​စပျစ်ပင်​အဖြစ် စိုက်ပျိုး​ခဲ့​၏​။ သို့သော် သင်​သည် စပျစ်ရိုင်းပင်​အဖြစ် မည်သို့​ပေါက်လာ​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 22,
      "text": "သင်​သည် သင့်ကိုယ်သင် ပြာရည်​နှင့် မည်မျှ​ဆေးကြော​သည်​ဖြစ်စေ​၊ ဆပ်ပြာ​မည်မျှ​သုံး​သည်​ဖြစ်စေ သင်​၏​ဒုစရိုက်​သည် ငါ့​ရှေ့​၌ စွန်းထင်း​လျက်​ရှိ​သည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 23,
      "text": "“သင်​က ‘ငါ​သည် မ​ညစ်ညူး​၊ ဗာလ​ဘုရား​တို့​နောက်သို့​မ​လိုက်’​ဟု မည်သို့​ဆို​နိုင်​သနည်း​။ ချိုင့်ဝှမ်း​ထဲ၌ သင်​ပြု​ခဲ့​သော​အမှု​ကို ကြည့်​လော့​။ သင်​ပြု​ခဲ့​သော​အရာ​ကို သိမှတ်​လော့​။ သင်​သည် လမ်း​ပေါ်၌​ဟိုဟိုသည်သည်​ပြေးလွှား​သည့် လျင်မြန်​သော​ကုလားအုတ်မ​ပါ​တကား​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 24,
      "text": "ရာဂစိတ်​ထကြွ​နေ​သော​၊ တောကန္တာရ​၌​ကျက်စား​နေ​သော မြည်းရိုင်းမ​ပါ​တကား​။ မိတ်လိုက်​ချိန်​၌ သူ့​ကို အဘယ်သူ ထိန်းချုပ်​နိုင်​သနည်း​။ မိတ်လိုက်​ချိန်​၌ သူ့​ကို​အပင်ပန်းခံ​ပြီး​ရှာစရာ​မ​လို​ဘဲ တွေ့​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 25,
      "text": "‘​ဖိနပ်မပါ​ဘဲ​မသွား​နှင့်​၊ အာခေါင်​မ​ခြောက်​စေ​နှင့်​’​ဟု သတိပေး​သော်လည်း သင်​က ‘​မမျှော်လင့်​နှင့်​။ သူစိမ်း​ကို ငါ​တကယ်​ချစ်​မိ​ပြီ​ဖြစ်၍ သူ​တို့​နောက်သို့​လိုက်​တော့​မည်​’​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 26,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် ဖမ်းမိ​သော​သူခိုး​အရှက်ကွဲ​သကဲ့သို့ အရှက်ကွဲ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 27,
      "text": "သူ​တို့​က သစ်ပင်​အား ‘​အကျွန်ုပ်​၏​ဖခင်​’​၊ ကျောက်တုံး​အား ‘​အကျွန်ုပ်​တို့​ကို​မွေးဖွား​သူ​’​ဟု ဆို​ကြ​၏​။ ငါ့​ကို​ကား မျက်နှာလွှဲ​၍ ကျောခိုင်း​သွား​ကြ​၏​။ သို့သော် ဒုက္ခ​ရောက်​ချိန်​၌ ‘​ထ​တော်မူ​ပါ​၊ အကျွန်ုပ်​တို့​ကို​ကယ်​တော်မူ​ပါ​’​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 28,
      "text": "သင့်​အတွက် သင်​လုပ်​သော ဘုရား​များ​သည် အဘယ်မှာ​နည်း​။ သင်​ဒုက္ခ​ရောက်​ချိန်​၌ ထို​ဘုရား​တို့​သည် သင့်​ကို ကယ်တင်​နိုင်​လျှင် ထ​၍​ကယ်​ကြ​ပါစေ​။ အို ယုဒ​ပြည်​၊ သင့်​မြို့​အရေအတွက်​များ​သည်​နှင့်အမျှ သင့်​ဘုရား​သည်​လည်း များ​ပါ​သည်​တကား​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 29,
      "text": "အဘယ်ကြောင့် ငါ့​ကို​ရန်တွေ့​ကြ​သနည်း​။ သင်​တို့​အားလုံး​သည် ငါ့​ကို ပုန်ကန်​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 30,
      "text": "“ငါ​သည် သင်​တို့​၏​သားသမီး​များ​ကို ဆုံးမ​သော်လည်း အကျိုးမရှိ​။ သူ​တို့​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​လက်​မ​ခံ​ကြ​။ သင်​တို့​၏​ဓား​သည် သွေးဆာ​နေ​သော​ခြင်္သေ့​ကဲ့သို့ ပရောဖက်​များ​ကို ဝါးမျို​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 31,
      "text": "ယခု​မျိုးဆက်​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဆင်ခြင်​ကြ​လော့​။ ငါ​သည် အစ္စရေး​လူမျိုး​အဖို့ တောကန္တာရ​ကဲ့သို့ ဖြစ်​ဖူး​သလော​။ အမှောင်ထု​လွှမ်း​သော​ပြည်​ကဲ့သို့ ဖြစ်​ဖူး​သလော​။ ငါ​၏​လူမျိုး​တော်​က ‘ငါ​တို့​သည် လွတ်လပ်​သော​သူ​ဖြစ်​၏​။ ကိုယ်တော်​ထံ ပြန်​မ​လာ​တော့​ပါ’​ဟု အဘယ်ကြောင့်​ဆို​ကြ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 32,
      "text": "အပျိုကညာ​သည် မိမိ​အဆင်တန်ဆာ​ကို​လည်းကောင်း​၊ သတို့သမီး​သည် မိမိ​မင်္ဂလာဆောင်ဝတ်စုံ​ကို​လည်းကောင်း မေ့လျော့​နိုင်​မည်လော​။ သို့သော် ငါ​၏​လူ​တို့​သည် ကာလ​ကြာမြင့်​စွာ ငါ့​ကို​မေ့လျော့​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 33,
      "text": "အချစ်​ရှာ​နည်း​ကို သင်​ကျွမ်းကျင်​လှ​ပါ​သည်​တကား​။ ဆိုးသောမိန်းမ​တို့​ကို​လည်း သင်​၏​နည်းလမ်း​တို့​ကို သင်ကြား​ပေး​ပါ​သည်​တကား​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 34,
      "text": "အပြစ်မဲ့​သော​ဆင်းရဲသား​တို့​ဖောက်ထွင်းသည်​ကို သင်​မ​တွေ့​။ သို့သော် သင့်​အဝတ်​အောက်စွန်း​၌ သူ​တို့​၏​သွေးစွန်း​သည်​ကို တွေ့​ရ​၏​။ ထိုသို့​ဖြစ်​လျက်​နှင့်​ပင်"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 35,
      "text": "သင်​က ‘ငါ​၌ အပြစ်မရှိ​။ အမျက်​တော်​သည် အမှန်ပင် ငါ့​ထံမှ​လှည့်သွား​ပြီ’​ဟု ဆို​၏​။ ငါ​သည် ‘ အပြစ်​မ​ပြု’​ဟု သင်​ဆို​သောကြောင့် သင့်​ကို ငါ​တရားစီရင်​မည်​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 36,
      "text": "သင်​သည် အဘယ်ကြောင့် ဤမျှလောက်​လှည့်လည်​သွားလာ​၍ သင်​၏​အပြုအမူ​ကို ပြောင်းလဲ​ရ​သနည်း​။ အဆီးရီးယား​ပြည်​အားဖြင့် အရှက်ကွဲ​ရ​သကဲ့သို့ အီဂျစ်​ပြည်​အားဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 37,
      "text": "သင်​သည် မိမိ​ခေါင်း​ပေါ်၌ လက်​ကို​တင်​လျက် ထို​ပြည်​မှ​ထွက်သွား​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် သင်​ကိုးစားသောသူ​တို့​ကို ပယ်​တော်မူ​ပြီ​ဖြစ်၍ သင်​သည် သူ​တို့​အားဖြင့် ကောင်းစား​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 1,
      "text": "ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 2,
      "text": "တောင်ကတုံး​များ​ပေါ်သို့ မျှော်ကြည့်​လော့​။ ယောက်ျား​တို့​နှင့် သင်​မ​အိပ်​ဖူး​သော​နေရာ ရှိ​သလော​။ တောကန္တာရ​မှ အာရပ်​လူမျိုး​ကဲ့သို့ သင်​သည် လမ်း​များ​၌​ထိုင်​၍ သူ​တို့​ကို စောင့်​နေ​၏​။ သင်​သည် ဖောက်ပြန်​သော​အပြစ်​အားဖြင့်​လည်းကောင်း​၊ မကောင်းမှု​အားဖြင့်​လည်းကောင်း ပြည်​ကို​ညစ်ညူး​စေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 3,
      "text": "ထို့ကြောင့် မိုး​ခေါင်​၍ နွေဦးမိုး​လည်း မ​ရွာ​တော့​ပေ​။ ထိုသို့​ဖြစ်​သော်လည်း သင်​သည် ပြည့်တန်ဆာ​ကဲ့သို့ ခေါင်းမာ​၍​အရှက်အကြောက်​မ​ရှိ​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 4,
      "text": "ယခုပင် သင် ​က “အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​ငယ်ရွယ်စဉ်​မှစ၍ ကိုယ်တော်​သည် အကျွန်ုပ်​၏​မိတ်ဆွေ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 5,
      "text": "ကိုယ်တော်​သည် အမျက်​အစဉ်​ထွက်​တော်မူ​မည်လော​။ အမျက်မပြေ​ဘဲ နေ​တော်မူ​မည်လော”​ဟု ဟစ်ခေါ်​ပြောဆို​ခဲ့​ပြီးမှ သင်​သည် မကောင်းမှု​များ​ကို အစွမ်းကုန်​ပြု​ပါ​သည်​တကား​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 6,
      "text": "ယောရှိ​မင်းကြီး​လက်ထက်​တွင်​လည်း ငါ့​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​၏​။ “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​ပြု​သော​အမှု​ကို သင်​မြင်​ပြီ​လော​။ သူ​သည် မြင့်မား​သော​တောင်​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက် ရှိသမျှ​တို့​သို့​သွား​၍ ပြည့်တန်ဆာလုပ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 7,
      "text": "သူ​သည် ထိုသို့​အလုံးစုံ​ပြု​ပြီးနောက် ငါ​က ‘ငါ့​ထံသို့​ပြန်လာ​ပါ’ ဟု ဆို​သော်လည်း သူ​သည် ပြန်​မ​လာ​ဘဲ​နေ​၏​။ သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် ထို​အရာ​ကို မြင်​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 8,
      "text": "သစ္စာမဲ့​သော​အစ္စရေး​လူမျိုး​သည် အိမ်ထောင်ရေးဖောက်ပြန်​သည်​ကို ငါ​မြင်​သောကြောင့် သူ့​ကို ကွာရှင်း​စာ​ပေး​ပြီး နှင်ထုတ်​ခဲ့​သည်​ကို​ပင် သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် မ​ကြောက်​ဘဲ ပြည့်တန်ဆာ​သွား​လုပ်​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 9,
      "text": "သူ​သည် ဖောက်ပြန်​သော​အပြစ်​ကို ပေါ့ပေါ့တန်တန်​သဘောထား​၍ ကျောက်တုံး​၊ သစ်တုံး​တို့​နှင့် ဖောက်ပြန်​ခြင်း​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 10,
      "text": "ထို​အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် စိတ်နှလုံး​အကြွင်းမဲ့ ငါ့​ထံသို့​ပြန်​မ​လာ​။ ပြန်လာ​ဟန်ဆောင်​သည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​က မိမိကိုယ်မိမိ သစ္စာမဲ့​သော​ယုဒ​အမျိုး​ထက် သာ၍​ဖြောင့်မတ်​သည်​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 12,
      "text": "ထို့ကြောင့် သင်​သည် မြောက်အရပ်​သို့​သွား​၍ ဤ​သတင်းစကား​တို့​ကို ဟစ်ကြော်​ပြောဆို​လော့​။ ‘​အို လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​၊ ပြန်လာ​လော့​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘​ငါ​သည် ကရုဏာ​ထား​သည်​ဖြစ်၍ သင့်​အပေါ် အမျက်​ကျရောက်​စေ​မည်​မ​ဟုတ်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘​ငါ​သည် အမျက်​အစဉ်​ထွက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 13,
      "text": "သင်​၏​ဒုစရိုက်​တို့​ကို ဝန်ခံ​လော့​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပုန်ကန်​၍ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌ တစ်ပါးအမျိုးသား​တို့​နှင့် မွေ့လျော်​၏​။ ငါ့​စကား​ကို​လည်း သင်​နား​မ​ထောင်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 14,
      "text": "အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လာ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထာဝရဘုရား​က “ငါ​သည် သင်​တို့​၏​ခင်ပွန်း​ဖြစ်​၏​။ သင်​တို့​ကို မြို့​တစ်​မြို့​လျှင်​တစ်ယောက်​၊ မျိုးနွယ်စု​တစ်​စု​လျှင်​နှစ်​ယောက် ရွေးယူ​၍ ဇိအုန်​မြို့​သို့​ပို့ဆောင်​မည်​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 15,
      "text": "ငါ​နှစ်သက်​သော​သိုးထိန်း​များ​ကို သင်​တို့​အား ငါ​ပေး​မည်​။ သူ​တို့​သည် သင်​တို့​ကို အသိပညာ​၊ ဉာဏ်ပညာ​ဖြင့် အုပ်ထိန်း​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 16,
      "text": "ထို​ကာလ​၌ ပြည်​တော်​တွင် သင်​တို့​သည် များစွာ​ပွားများ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ထိုအခါ လူ​တို့​သည် ‘ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်’​ဟု ပြောဆို​ကြ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ၌ ရှိ​တော့​မည်​မ​ဟုတ်​၊ အောက်မေ့​သတိရ​တော့​မည်​မ​ဟုတ်​။ ထို​သေတ္တာ​တော်​ကို ပြုလုပ်​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 17,
      "text": "“ထို​ကာလ​၌ သူ​တို့​သည် ဂျေရုဆလင်​မြို့​ကို ‘ထာဝရဘုရား​၏​ပလ္လင်’​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ စုဝေး​ကြ​လိမ့်မည်​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့ လိုက်​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 18,
      "text": "ထို​ကာလ​၌ ယုဒ​အမျိုးအနွယ်​သည် အစ္စရေး​အမျိုးအနွယ်​တို့​နှင့်အတူ သွားလာ​ကြ​လိမ့်မည်​။ သူ​တို့​သည် သင်​တို့​ဘိုးဘေး​တို့​အား ငါ​အမွေပေး​သော​ပြည်​သို့ မြောက်ဘက်​အရပ်​မှ အတူတကွ​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 19,
      "text": "သို့သော် ‘​ငါ​သည် သင့်​ကို သား​တို့​တွင် မည်သို့​နေရာပေး​ရ​မည်နည်း​။ သာယာ​သော​ပြည်​နှင့် လူမျိုး​အားလုံး​တို့​၏​လှပ​သော​အမွေ​ကို သင့်​အား မည်သို့​ပေး​ရ​မည်နည်း’​ဟု ငါ​ဆို​ခဲ့​၏​။ ‘သင်​သည် ငါ့​ကို အကျွန်ုပ်​၏​အဖ​ဟု ခေါ်ဆို​ပြီး ငါ့​ထံမှ ပြန်လှည့်​သွား​မည် မ​ဟုတ်​’​ဟု ငါ​ထင်​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 20,
      "text": "သို့သော် အို အစ္စရေး​လူမျိုး​၊ မိန်းမ​သည် မိမိ​ယောက်ျား​ကို သစ္စာမဲ့​သကဲ့သို့ သင်​တို့​သည် ငါ့​ကို သစ္စာမဲ့​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 21,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ဖောက်ပြန်​လမ်းလွဲ​၍ ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ကြ​သောကြောင့် တောင်ကတုံး​များ​ပေါ်၌ သူ​တို့​ငိုကြွေး​သော​အသံ​၊ အသနားခံ​သော​အသံ​ကို ကြား​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 22,
      "text": "“​အို လမ်းလွဲ​သော​သားသမီး​တို့​၊ ပြန်လှည့်​လာ​ကြ​လော့​။ သင်​တို့​၏​လမ်းလွဲဖောက်ပြန်မှု​ကို ငါ​ကုသ​ပေး​မည်​”​ဟု မိန့်​တော်မူ​သော် သူ​တို့​က “​ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​ထံသို့ အကျွန်ုပ်​တို့ လာ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 23,
      "text": "အကယ်စင်စစ် တောင်ကြီး​၊ တောင်ငယ်​များ​ပေါ်မှ ဆူညံ​သော​အသံ​သည် လှည့်ဖြား​ခြင်း​သာ​ဖြစ်​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 24,
      "text": "အကျွန်ုပ်​တို့​ငယ်ရွယ်​စဉ်​ကပင် ရှက်ကြောက်ဖွယ်​ဘုရား​များ​က အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​သိုး​နွား​များ​၊ သား​သမီး​များ စသည့် ဘိုးဘေး​တို့​၏​စည်းစိမ်ဥစ္စာ​ကို ဝါးမျို​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 25,
      "text": "အကျွန်ုပ်​တို့​သည် အရှက်ကွဲ​ခြင်း​၌ လဲလျောင်း​ရ​ပါစေ​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​တို့​ကို ဖုံးလွှမ်း​ပါစေ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ငယ်စဉ်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​ဘိုးဘေး​များ​သည် ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို နား​မ​ထောင်​ကြ​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 1,
      "text": "ထာဝရဘုရား​က “​အို အစ္စရေး​လူမျိုး​တို့​၊ သင်​ပြန်လာ​မည်​ဆိုလျှင်​၊ ငါ့​ထံသို့​ပြန်လာ​ပါ​။ သင်​၏​ရွံရှာဖွယ်​ရာ​တို့​ကို ငါ့​ရှေ့​မှ​ဖယ်ရှား​ပြီး တည်တည်ကြည်ကြည်​နေ​မည်​ဆိုလျှင်​၊"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 2,
      "text": "‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 3,
      "text": "ထာဝရဘုရား​က ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား “​သင်​တို့​၏​လယ်မြေ​ကို ထွန်ယက်​ကြ​လော့​။ ဆူးပင်​များ​ကြားတွင် မျိုး​မ​ကြဲ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 4,
      "text": "ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ အရေဖျားလှီး​ခြင်း​ကို​ခံ​၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရား​ထံ​ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို ဖယ်ရှား​ကြ​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မီး​ကဲ့သို့ မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် တောက်လောင်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 5,
      "text": "ယုဒ​ပြည်​၌ ဟောပြော​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ ပြည်​တစ်လျှောက်လုံး တံပိုး​မှုတ်​ကြ​လော့​။ ‘စုဝေး​ကြ​စို့​။ ခံတပ်​မြို့​များ​အတွင်း​သို့​ဝင်​ကြ​စို့’​ဟု ကြွေးကြော်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 6,
      "text": "ဇိအုန်​တောင်​ရှိ​ရာ​ဘက်​သို့ အချက်ပြအလံ​ကို လွှင့်ပြ​လော့​။ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ ရပ်​မ​နေ​ကြ​နှင့်​။ အကြောင်းမူကား ငါ​သည် ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​ကို မြောက်အရပ်​မှ ရောက်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 7,
      "text": "ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 8,
      "text": "ထို့ကြောင့် လျှော်တေအဝတ်​ကို​ဝတ်​၍ ငိုကြွေး​မြည်တမ်း​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​သည် ငါ​တို့​ထံမှ ပြန်လှည့်​မ​သွား​သေး​ပေ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 9,
      "text": "ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ရှင်ဘုရင်​နှင့်​အကြီးအကဲ​တို့​သည် စိတ်ပျက်​အားလျော့​ကြ​လိမ့်မည်​။ ယဇ်ပုရောဟိတ်​တို့​သည် တုန်လှုပ်ချောက်ချား​၍ ပရောဖက်​တို့​သည် အံ့အားသင့်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 10,
      "text": "ထိုအခါ ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ဓား​သည် လည်မျို​ကို​ထောက်​နေ​လျက်ပင် ‘​သင်​တို့​တွင် ငြိမ်သက်​ခြင်း​ရှိ​လိမ့်မည်​’​ဟု ကိုယ်တော်​မိန့်​တော်မူ​သည်​မှာ ဂျေရုဆလင်​မြို့သား​နှင့်တကွ ဤ​လူမျိုး​တို့​ကို အမှန်​လှည့်စား​ခြင်း​ဖြစ်​ပါ​ပြီ​တကား​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 11,
      "text": "ထို​နေ့ရက်​၌ ဂျေရုဆလင်​မြို့သား​နှင့်တကွ ဤ​လူမျိုး​တို့​အား “​တောကန္တာရ​ရှိ​တောင်ကတုံး​မှ လေ​ပူ​သည် ငါ​၏​လူမျိုး​သမီးပျို​ထံ​လာ​လိမ့်မည်​။ သန့်ရှင်း​သွား​စေရန် လှေ့ထုတ်​သော​လေ​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 12,
      "text": "ထို​ထက်​အားကောင်း​သော​လေ​သည် ငါ့​ထံမှ​လာ​လိမ့်မည်​။ ယခု ငါ​ကိုယ်တိုင် သူ​တို့​ကို စစ်ကြော​စီရင်​မည်​”​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ ဖျက်ဆီး​သော​သူ​သည် မိုးတိမ်​ကဲ့သို့​တက်လာ​မည်​။ သူ​၏​စစ်ရထား​သည် လေပွေ​ကဲ့သို့ ဖြစ်​မည်​။ သူ​၏​မြင်း​တို့​သည် လင်းယုန်​ထက်​လျင်မြန်​၏​။ ငါ​တို့​၌ အမင်္ဂလာ​ရှိ​၏​။ ငါ​တို့​သည် ဖျက်ဆီး​ခြင်း​ခံ​ကြ​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 14,
      "text": "အို ဂျေရုဆလင်​မြို့​၊ ကယ်တင်​ခြင်း​ခံရ​ရန် ဆိုးညစ်​သော​သင်​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​လော့​။ ယုတ်ညံ့​သော​အကြံအစည်​များ​ကို သင့်​စိတ်​ထဲ​၌ မည်မျှ​ကြာ​အောင် ရှိ​နေ​စေ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 15,
      "text": "ဒန်​မြို့​မှ ကြွေးကြော်​သံ​၊ ဧဖရိမ်​တောင်​ပေါ်မှ သတင်းဆိုး​ကြေညာ​သံ ကြား​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 16,
      "text": "“​လူမျိုးတကာ​တို့​အား အသိပေး​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ မြို့​ကို​ဝိုင်း​ထား​မည့်​သူ​တို့​သည် ဝေး​သော​ပြည်​မှ​လာ​နေ​ပြီ​။ ယုဒ​ပြည်​ရှိ​မြို့​များ​ကို စစ်ငြာသံ​ပေး​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 17,
      "text": "လယ်​စောင့်​များ​ကဲ့သို့ သူ​တို့​သည် ယုဒ​ပြည်​ကို​ဝိုင်းရံ​ထား​ကြ​ပြီ​။ အကြောင်းမူကား ယုဒ​ပြည်​သည် ငါ့​ကို​ပုန်ကန်​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 18,
      "text": "သင်​၏​အပြုအမူ​၊ အကျင့်အကြံ​တို့​ကြောင့် ဤ​အမှု​တို့​သည် သင့်​အပေါ် ကျရောက်​လေ​ပြီ​။ ဤသည်ကား သင်​၏​ဆိုးညစ်မှု​ပေတည်း​။ မည်မျှ ခါးသီး​သနည်း​။ မည်မျှ စိတ်​နာကျင်ဖွယ်​ကောင်း​သနည်း​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 19,
      "text": "ငါ့​အူ​ထဲ​၊ အသည်း​ထဲ​အထိ နာကျင်​နေ​၏​။ ငါ့​စိတ် မငြိမ်မသက်​ဖြစ်​နေ​၏​။ ငါ​သည် တိတ်ဆိတ်​စွာ​မ​နေ​နိုင်​။ တံပိုးမှုတ်သံ​၊ စစ်ပွဲ​ကြွေးကြော်သံ​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 20,
      "text": "ပျက်စီး​ခြင်း​တစ်​ခု​ပြီး​တစ်​ခု လိုက်လာ​ပြီ​။ တစ်ပြည်လုံး ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ငါ့​တဲ​တို့​သည် ရုတ်တရက်​ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ငါ့​ရွက်ထည်​တို့​သည် တစ်ခဏချင်း​တွင် ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 21,
      "text": "အချက်ပြအလံ​ကို မည်သည့်​အချိန်​အထိ ငါ​မြင်​နေ​ရ​မည်နည်း​။ တံပိုးမှုတ်သံ​ကို မည်သည့်​အချိန်​အထိ ငါ​ကြား​နေ​ရ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 22,
      "text": "“ငါ့​လူမျိုး​တော်​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ငါ့​ကို​မ​သိ​ကြ​။ မိုက်မဲ​သော​သားသမီး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​ကြ​။ ဆိုးညစ်​သော​အမှု​ကို​ပြု​ရာ​၌ ကျွမ်းကျင်​၍ ကောင်း​သော​အမှု​ကို​မ​ပြု​ကြ​။”"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 23,
      "text": "ငါ​သည် မြေကြီး​ကို​ကြည့်​လိုက်​သော် ၎င်း​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ မိုးကောင်းကင်​သည်​လည်း အလင်း​မ​ရှိ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 24,
      "text": "ငါ​သည် တောင်ကြီး​တို့​ကို​ကြည့်​လိုက်​သော် ၎င်း​တို့​သည် တုန်ခါ​လျက်​၊ တောင်ငယ်​ရှိသမျှ​လည်း လှုပ်ယမ်း​လျက်​နေ​၏​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 25,
      "text": "ငါ​ကြည့်​လိုက်​သော် လူ​တစ်ယောက်​မျှ​မ​ရှိ​။ မိုးကောင်းကင်​ရှိ​ငှက်​ရှိသမျှ​တို့​သည်​လည်း ပျံသန်း​သွား​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 26,
      "text": "ငါ​ကြည့်​လိုက်​သော် သီးနှံ​ဖြစ်ထွန်း​သော​မြေ​တို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ထာဝရဘုရား​ရှေ့​၊ ပြင်းထန်​သော​အမျက်​တော်​ရှေ့​၌ မြို့​အားလုံး ပြိုပျက်​သွား​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 27,
      "text": "ထာဝရဘုရား​က “​ငါ​သည် ပြည်​တစ်ပြည်လုံး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ သို့သော် အကုန်အစင်​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 28,
      "text": "ထို့ကြောင့် မြေကြီး​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ အထက်​ကောင်းကင်​သည် မှောင်မည်း​လိမ့်မည်​။ ငါ​မိန့်ဆို​ခဲ့​ပြီ​။ ကြံစည်​ခဲ့​ပြီ​။ စိတ်ပြောင်းလဲ​မည်​မ​ဟုတ်​။ နောက်ပြန်လှည့်​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 29,
      "text": "မြင်းသည်တော်​၊ လေးသည်တော်​တို့​၏​အသံ​ကြောင့် မြို့သား​အားလုံး ထွက်ပြေး​ကြ​၏​။ သူ​တို့​သည် တောနက်​ထဲသို့​ဝင်​၍ ကျောက်ဆောင်​များ​ပေါ်သို့​တက်​ကြ​၏​။ မြို့​ရှိသမျှ​တို့​သည် စွန့်ပစ်​ခြင်း​ကို​ခံရ​၍ နေထိုင်​သူ​တစ်ယောက်​မျှ​မ​ရှိ​ပေ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 30,
      "text": "အို ဖျက်ဆီး​ခြင်း​ခံရ​သော​သူ​၊ သင်​မည်သို့​ပြု​မည်နည်း​။ ကတ္တီပါနီ​ကို​ဝတ်ဆင်​ခြင်း​၊ ရွှေ​တန်ဆာ​ဆင်ယင်​ခြင်း​၊ မျက်လုံး​အလှပေါ်​အောင်​အရောင်ခြယ်​ခြင်း​ဖြင့် သင့်ကိုယ်သင် အချည်းနှီး​လှပ​စေ​ပြီ​။ သင်​ချစ်​သော​သူ​တို့​သည် သင့်​ကို​စွန့်ပစ်​ပြီ​။ သင့်​အသက်​ကို​သတ်​ရန် ရှာကြံ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 31,
      "text": "သားဦး​ဖွား​၍ ဝေဒနာ​ခံစား​ရ​သော​မိန်းမ​၏​ညည်းတွား​သံ​ကဲ့သို့ ဇိအုန်​သမီး​၏​အသံ​ကို ငါ​ကြား​ရ​၏​။ သူ​သည် မောဟိုက်​လျက်​၊ လက်​ကို​ဖြန့်ထား​လျက် ‘ငါ​၌ အမင်္ဂလာ​ရှိ​၏​။ လူသတ်သမား​များ​ကြောင့် ငါ့​စိတ်နှလုံး မောပန်း​လှ​သည်’​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 1,
      "text": "ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ ခေါက်တုံ့ခေါက်ပြန်​သွားလာ​လျက် ကြည့်ရှု​လော့​။ ဆင်ခြင်သုံးသပ်​လော့​။ ထို​မြို့​၏​လမ်းဆုံလမ်းခွ​များ​၌ ရှာဖွေ​လော့​။ တရားမျှတ​စွာ​ပြု​သော​သူ​၊ သစ္စာတရား​ကို​ရှာဖွေ​သော​သူ​တစ်ဦးတစ်ယောက်​တွေ့​လျှင်ပင် ထို​မြို့​ကို ငါ​ခွင့်လွှတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 2,
      "text": "သူ​တို့​က ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ဆို​ကြ​လျက်ပင် မဟုတ်မမှန်​ကျိန်ဆို​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သစ္စာတရား​ကို လိုလား​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သူ​တို့​ကို​ဒဏ်ခတ်​သော်လည်း သူ​တို့​မ​နာ​ကြ​။ သူ​တို့​ကို​ဖျက်ဆီး​သော်လည်း ဆုံးမပဲ့ပြင်​ခြင်း​ကို​မခံယူ​ကြ​။ သူ​တို့​သည် မိမိ​တို့​၏​မျက်နှာ​ကို ကျောက်တုံး​ထက်​ပင် မာကျော​စေ​ကြ​၏​။ ကိုယ်တော့်​ထံ ပြန်လာ​ရန် ငြင်းဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 4,
      "text": "ထို့ကြောင့် ငါ​က “သူ​တို့​သည် မိုက်မဲ​သော​ဆင်းရဲသား​များ​သာ​ဖြစ်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​တရားလမ်း​၊ ဘုရားသခင်​၏​တရားစီရင်​ခြင်း​ကို မ​သိ​ကြ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 5,
      "text": "ထာဝရဘုရား​၏​တရားလမ်း​၊ ဘုရားသခင်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​သိ​သော လူကြီး​တို့​ကို ငါ​သွား​ပြော​မည်”​ဟု ဆို​၏​။ သို့သော် သူ​တို့​သည်​လည်း အတူတကွ​ထမ်းပိုး​ကို​ချိုး​၍ အချည်အနှောင်​များ​ကို​ဖြတ်​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 6,
      "text": "ထို့ကြောင့် တော​ထဲမှ​ခြင်္သေ့​သည် သူ​တို့​ကို တိုက်ခိုက်​လိမ့်မည်​။ သဲကန္တာရ​မှ​ဝံပုလွေ​သည် သူ​တို့​ကို​ဖျက်ဆီး​လိမ့်မည်​။ ကျားသစ်​သည် သူ​တို့​၏​မြို့​များ​ကို ချောင်းမြောင်း​လိမ့်မည်​။ မြို့​ထဲမှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် တစ်စစီကိုက်ဖြတ်​ခြင်း​ခံရ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​ကျူးလွန်​သော​အပြစ်​သည် များပြား​၏​။ သူ​တို့​၏​ဖောက်ပြန်သွေဖည်မှု​သည် မရေမတွက်​နိုင်​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 7,
      "text": "“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 8,
      "text": "အစာ​ဝ​၍ ရာဂစိတ်ကြီး​သော​မြင်း​များ​ကဲ့သို့​ဖြစ်​ပြီး အိမ်နီးချင်း​၏​မယား​ကို ဟီ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 9,
      "text": "ထိုသို့​သော​အမှုအရာ​များ​ကြောင့် ငါ​သည် ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်လော​၊ ထိုသို့သော​လူမျိုး​ကို ငါ​ကိုယ်တိုင် လက်တုံ့​မ​ပြန်​ဘဲ​နေ​ရ​မည်လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 10,
      "text": "“စပျစ်စိုက်ခင်း​သို့​သွား​၍ ဖျက်ဆီး​ကြ​လော့​။ သို့သော်လည်း အကုန်အစင်​မ​ဖျက်ဆီး​နှင့်​။ အခက်အလက်​များ​သည် ထာဝရဘုရား​နှင့် မဆိုင်​သောကြောင့် ဖယ်ပစ်​လော့​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 11,
      "text": "အကယ်စင်စစ် အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​သည် ငါ့​ကို သစ္စာမဲ့​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့​သည် ထာဝရဘုရား​အကြောင်း လိမ်လည်​ပြောဆို​လျက် “​သူ​သည် ထာဝရဘုရား​မ​ဟုတ်​။ ငါ​တို့​အပေါ် ဘေးအန္တရာယ် ကျရောက်​မည်​မ​ဟုတ်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ငါ​တို့ ကြုံတွေ့​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 13,
      "text": "ပရောဖက်​တို့​၏​စကား​သည် လေ​သက်သက်​ဖြစ်​၏​။ သူ​တို့​သည် ဗျာဒိတ်ရ​သည်​မ​ဟုတ်​။ သူ​တို့​ပြော​သည့်​အတိုင်း သူ​တို့​၌ ဖြစ်​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 14,
      "text": "သို့ဖြစ်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​က “​ထိုသို့ သူ​တို့​ပြော​သောကြောင့် ငါ့​စကား​ကို သင့်​နှုတ်​၌ မီး​ကဲ့သို့​ဖြစ်​စေ​၍ ဤ​လူမျိုး​ကို ထင်း​ကဲ့သို့​ဖြစ်​စေ​မည်​။ မီး​သည် သူ​တို့​ကို လောင်ကျွမ်း​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 15,
      "text": "ထာဝရဘုရား​က “အို အစ္စရေး​လူမျိုး​၊ ကြည့်ရှု​လော့​။ ဝေး​သော​အရပ်​မှ လူမျိုးခြား​တစ်မျိုး​ကို သင့်​ထံ ငါ​ခေါ်ဆောင်​လာ​မည်​။ ထို​လူမျိုး​သည် အားကြီး​သော​လူမျိုး​၊ ရှေးကာလ​ကပင် ရှိ​နှင့်​သော​လူမျိုး​၊ သူ​တို့​ဘာသာစကား​ကို သင်​မ​သိ​၊ သူ​တို့​ပြော​သော​စကား​ကို သင်​နား​မ​လည်​သော လူမျိုး​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 16,
      "text": "သူ​တို့​၏​မြားကျည်တောက်​သည် ပွင့်​နေ​သော​သင်္ချိုင်းဂူ​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​အားလုံး​သည် ခွန်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 17,
      "text": "ထို​လူမျိုး​သည် သင်​၏​အသီးအနှံ​၊ အစားအစာ​တို့​ကို ဝါးမျို​လိမ့်မည်​။ သင်​၏​သားသမီး​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​၏​သိုးအုပ်​၊ နွားအုပ်​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​၏​စပျစ်ပင်​၊ သင်္ဘောသဖန်းပင်​တို့​ကို​လည်း ဝါးမျို​လိမ့်မည်​။ သင်​ကိုးစား​သော​သင်​၏​ခံတပ်​မြို့​များ​ကို​ပါ​မ​ချန် ဓားလက်နက်​ဖြင့်​ဖျက်ဆီး​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 18,
      "text": "ထာဝရဘုရား​က “​သို့သော်လည်း ထို​နေ့ရက်​တွင် သင်​တို့​ကို ငါ​အကုန်အစင်​ဖျက်ဆီး​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 19,
      "text": "‘​ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို အဘယ်ကြောင့် ဤ​အမှု​အလုံးစုံ​တို့​နှင့် ကြုံ​စေ​သနည်း​’​ဟု သူ​တို့​မေး​ကြ​လျှင် ‘​သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ သင်​တို့​၏​ပြည်​၌ပင် တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို အစေခံ​သည့်​နည်းတူ သင်​တို့​ပြည်​မ​ဟုတ်​သော​ပြည်​၌ သူစိမ်း​တို့​ကို အစေခံ​ရ​လိမ့်မည်​’​ဟု သင်​ပြန်ဖြေ​လော့​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 20,
      "text": "ဤ​အကြောင်းအရာ​ကို ယာကုပ်​အမျိုးအနွယ်​အား ပြောကြား​လော့​။ ယုဒ​ပြည်​၌ ကြေညာ​လော့​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 21,
      "text": "‘​မျက်စိ​ရှိ​သော်လည်း မ​မြင်​၊ နား​ရှိ​သော်လည်း မ​ကြား​၊ မိုက်မဲ​၍ အသိဉာဏ်​မ​ရှိ​သော​လူ​တို့​၊ ယခု ဤ​စကား​ကို​နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 22,
      "text": "သင်​တို့​သည် ငါ့​ကို မ​ကြောက်ရွံ့​ကြ​သလော​။ ငါ့​ရှေ့​၌​မ​တုန်လှုပ်​ကြ​သလော​။ ပင်လယ်​ရေ​မ​ကျော်လွန်​နိုင်​အောင် သဲ​နယ်နိမိတ်​ကို အရံအတား​အဖြစ် ငါ​နေရာချ​ထား​၏​။ ပင်လယ်​သည် ဟုန်းဟုန်းမြည်​သော်လည်း နယ်နိမိတ်​ကို​မ​ကျော်​နိုင်​။ လှိုင်းတံပိုး​ထ​သော်လည်း နယ်နိမိတ်​ကို မ​လွှမ်းမိုး​နိုင်​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 23,
      "text": "သို့သော်လည်း ဤ​လူမျိုး​မူကား ခေါင်းမာ​၍ ပုန်ကန်​တတ်​သော​သဘော​ရှိ​၏​။ လမ်းလွဲ​၍ ထွက်သွား​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 24,
      "text": "မိုးဦး​၊ မိုးနှောင်း​ကို အချိန်မှန် ရွာ​စေ​တော်မူ​ပြီး ငါ​တို့​အဖို့ သီးနှံရိတ်သိမ်း​ရ​မည့်​သီတင်းပတ်​များ​ကို သတ်မှတ်​ပေး​၍ တည်မြဲ​စေ​တော်မူ​သော​ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​ကုန်စို့​ဟု စိတ်​ထဲ၌​ပင် သူ​တို့​မ​တွေး​ကြ​ပေ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 25,
      "text": "သင်​တို့​ပြု​သော​ဒုစရိုက်​များ​ကြောင့် ထို​အရာ​တို့​နှင့် သင်​တို့​လွဲသွား​ရ​လေ​ပြီ​။ သင်​တို့​၏​အပြစ်​များ​သည် ကောင်းကျိုးချမ်းသာ​ကို တားဆီး​လေ​ပြီ’​ဟု ထာဝရဘုရား သင်​တို့​ကို မိန့်ဆို​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 26,
      "text": "‘ငါ့​လူမျိုး​တော်​တွင် ဆိုးယုတ်​သော​သူ​များ​ကို တွေ့​ရ​၏​။ သူ​တို့​သည် ဝပ်​လျက်​ချောင်းမြောင်း​နေ​သော​ငှက်မုဆိုး​ကဲ့သို့ ချောင်းမြောင်း​တတ်​ကြ​၏​။ လူ​တို့​ကို​ဖမ်းဆီး​ရန် ထောင်ချောက်​ဆင်​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 27,
      "text": "လှောင်အိမ်​သည် ငှက်​တို့​နှင့်​ပြည့်​သကဲ့သို့ သူ​တို့​၏​အိမ်​များ​သည်​လည်း လိမ်လည်လှည့်ဖြားမှု​နှင့် ပြည့်​၏​။ ထိုသို့​သော​အားဖြင့် ကြီးပွား​ချမ်းသာ​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 28,
      "text": "သူ​တို့​သည် ဝဖြိုး​စိုပြည်​ကြ​၏​။ မကောင်းမှု​ကို အတောမသတ်​ပြု​ကြ​၏​။ သူ​တို့​ကောင်းစားရေး​အတွက် မိဘမဲ့​တို့​၏​အမှု​ကို မတရားသဖြင့်​စီရင်​ကြ​၏​။ နွမ်းပါး​သူ​တို့​အတွက် တရားမျှတ​စွာ​မ​စီရင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 29,
      "text": "ထိုသို့​သော​အမှုအရာ​များ​ကြောင့် ငါ​သည် ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်လော​။ ထိုသို့​သော​လူမျိုး​ကို ငါ​ကိုယ်တိုင် လက်တုံ့​မ​ပြန်​ဘဲ​နေ​ရ​မည်လော’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 30,
      "text": "ဤ​ပြည်​၌ ထိတ်လန့်​ကြောက်မက်ဖွယ်​ရာ​များ ဖြစ်လာ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 31,
      "text": "ပရောဖက်​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိ​တို့​သဘော​အတိုင်း အုပ်ချုပ်​ကြ​၏​။ ထိုသို့သော​အမှုအရာ​တို့​ကို ငါ့​လူမျိုး​တော်​သည် နှစ်သက်​ကြ​၏​။ အဆုံး​၌ သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 1,
      "text": "အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 2,
      "text": "နူးညံ့​လှပ​သော ဇိအုန်​သမီးပျို​ကို ငါ​သုတ်သင်ပယ်ရှင်း​မည်​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 3,
      "text": "သိုးထိန်း​တို့​သည် မိမိ​တို့​၏​သိုးအုပ်​များ​နှင့်အတူ လာ​၍ ဇိအုန်​မြို့​ပတ်ပတ်လည်​၌ တဲထိုး​ကြ​မည်​။ အသီးသီး မိမိ​စားကျက်​၌ ကျက်စား​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 4,
      "text": "ဇိအုန်​မြို့​ကို စစ်တိုက်​ရန် ပြင်ဆင်​ကြ​။ ထ​ကြ​။ မွန်းတည့်ချိန်​၌ စစ်ချီ​ကြ​စို့​။ အလို ငါ​တို့​ခက်​ပြီ​။ ညနေစောင်း​ပြီ​။ နေဝင်​တော့​မည်​။ နေ့​အချိန်​ကုန်လွန်​ပြီ​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 5,
      "text": "ထ​ကြ​။ ညအချိန် စစ်ချီသွား​၍ ဇိအုန်​မြို့​၏​ခံတပ်​များ​ကို ဖျက်ဆီး​ကြ​စို့​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 6,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ကို​တိုက်ခိုက်​ရန် သစ်ပင်​ကို​ခုတ်လှဲ​၍ မြေကတုတ်​ဖို့​ကြ​လော့​။ ဤ​မြို့​သည် ဒဏ်ခတ်​ခံရ​မည့်​မြို့​ဖြစ်​၏​။ မြို့​ထဲ​တွင် ဖိနှိပ်ချုပ်ချယ်မှု​ဖြင့် ပြည့်​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 7,
      "text": "ရေတွင်း​မှ​ရေ​ထွက်လာ​သကဲ့သို့ ထို​မြို့​ထဲမှ​မကောင်းမှု​ထွက်လာ​၏​။ မြို့​ထဲ၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​သတင်း​ကို ကြား​ရ​၏​။ ရောဂါဝေဒနာ​၊ ထိခိုက်ဒဏ်ရာ​သည် ငါ့​ရှေ့​၌ အစဉ်​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 8,
      "text": "အို ဂျေရုဆလင်​မြို့​၊ ဆုံးမပဲ့ပြင်​ခြင်း​ကို​ခံယူ​လော့​။ သို့မဟုတ်လျှင် သင့်​ကို ငါ​စွန့်ခွာ​သွား​မည်​။ သင့်​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​စပျစ်သီး​အကြွင်းအကျန်​တို့​ကို တစ်လုံးမကျန်​ဆွတ်ခူး​သကဲ့သို့ အစ္စရေး​လူမျိုး​အကြွင်းအကျန်​တို့​ကို ဆွတ်ခူး​ကြ​လိမ့်မည်​။ စပျစ်သီး​ဆွတ်ခူး​သော​သူ​ကဲ့သို့ သင့်​လက်​ကို စပျစ်နွယ်​များ​ကြား​သို့ လှမ်းလိုက်​ဦး​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 10,
      "text": "သူ​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​ကြ​မည့်​အကြောင်း မည်သူ့​ကို​ပြော​ရ​မည်နည်း​၊ မည်သူ့​ကို​သတိပေး​ရ​မည်နည်း​။ သူ​တို့​၏​နား​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​နား​ဖြစ်၍ နား​မ​ထောင်​နိုင်​ကြ​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို မ​နှစ်သက်​၊ ပြက်ရယ်ပြု​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 11,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​၏​အမျက်ဒေါသ​သည် အကျွန်ုပ်​ထဲ၌​ပြည့်​၍ မထမ်း​နိုင်​လောက်အောင် ပင်ပန်း​လှ​၏​။ “​ထို​အမျက်ဒေါသ​ကို လမ်း​ပေါ်​ရှိ ကလေးသူငယ်​များ​နှင့်တကွ လူငယ်​အစုအဝေး​တို့​အပေါ် သွန်ချ​လော့​။ လင်​မယား​၊ သက်ကြီးရွယ်အို​တို့​သည်​လည်း ဖမ်းဆီး​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 12,
      "text": "ထို​ပြည်သား​တို့​အပေါ် ငါ​၏​လက်​ကို​ဆန့်​မည်​ဖြစ်၍ သူ​တို့​၏​မယား​များ​နှင့်တကွ အိမ်​များ​၊ လယ်ယာ​များ​သည် အခြား​သူ​များ​လက်​ထဲသို့ ရောက်သွား​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 13,
      "text": "“​အဘယ်ကြောင့်​ဆိုသော် အငယ်ဆုံး​မှစ၍ အကြီးဆုံး​တိုင်အောင် ထို​သူ​အပေါင်း​တို့​သည် မတရား​သော​အကျိုးစီးပွား​ကို တပ်မက်​ကြ​၏​။ ပရောဖက်​မှစ၍ ယဇ်ပုရောဟိတ်​အပေါင်း​တို့​သည်​လည်း မဟုတ်မမှန်​ပြုမူ​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 14,
      "text": "ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ‘​ငြိမ်းချမ်း​သည်​၊ ငြိမ်းချမ်း​သည်​’​ဟု ဆို​လျက် ငါ့​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပေါ့ပေါ့တန်တန်​ကုသ​ပေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 15,
      "text": "သူ​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 16,
      "text": "ထာဝရဘုရား​က “​လမ်း​များ​၌​ရပ်​၍ ကြည့်​ကြ​လော့​။ ရှေးလမ်းဟောင်း​ကို ရှာဖွေ​လျက် ကောင်း​သော​လမ်း​အဘယ်မှာ​ရှိ​သနည်း​ဟု မေးမြန်း​၍ ထို​လမ်း​ကို​လိုက်​လျှင် သင်​တို့​၏​စိတ်ဝိညာဉ် သက်သာ​ရာ​ရ​လိမ့်မည်​။ သို့သော် သူ​တို့​က ‘​ထို​လမ်း​သို့ ငါ​တို့​မ​လိုက်​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 17,
      "text": "ငါ​သည် ကင်းစောင့်​တို့​ကို​ခန့်ထား​၍ ‘​တံပိုးမှုတ်သံ​ကို အာရုံစိုက်​နားထောင်​ကြ​’​ဟု ဆို​သော်လည်း သူ​တို့​က ‘​ငါ​တို့ နား​မ​ထောင်​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 18,
      "text": "ထို့ကြောင့် အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို လူအစုအဝေး​တို့​၊ သူ​တို့​၌​ဖြစ်လာ​မည့်​အရာ​ကို စောင့်ကြည့်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 19,
      "text": "အို ကမ္ဘာမြေကြီး​၊ နားထောင်​လော့​။ ဤ​လူမျိုး​သည် ငါ့​စကား​ကို အာရုံ​မ​စိုက်​။ ငါ​၏​ပညတ်တရား​ကို​လည်း ငြင်းပယ်​ကြ​သောကြောင့် ငါ​သည် သူ​တို့​ထံသို့ သူ​တို့​အကြံအစည်​၏​အကျိုးဆက်​ဖြစ်​သည့် ဘေးအန္တရာယ်​ကို ယူဆောင်​လာ​မည်​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 20,
      "text": "ငါ့​ထံ သင်​တို့​ယူလာ​သော ရှေဘ​ပြည်​မှ​လော်ဗန်​၊ ဝေး​သော​ပြည်​မှ​မွှေးကြိုင်​သော​ခါနဲ ​ကို ငါ​ဘာ​လုပ်​ရ​မည်နည်း​။ သင်​တို့​၏​မီးရှို့ရာယဇ်​ကို ငါ​လက်​မ​ခံ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​မ​နှစ်သက်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 21,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ရှေ့​တွင် ခလုတ်တံသင်း​ကို​ချထား​မည်​။ အဖေ​နှင့်​သား​တို့​သည် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ အိမ်နီးနားချင်း​နှင့်​အပေါင်းအဖော်​တို့​သည် ပျက်စီး​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 22,
      "text": "ထာဝရဘုရား​က “​မြောက်​အရပ်​မှ လူမျိုး​တစ်​မျိုး​ရောက်လာ​မည်​။ မြေကြီး​စွန်း​မှ လူမျိုး​ကြီး​တစ်​မျိုး ထကြွ​မည်​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 23,
      "text": "သူ​တို့​သည် လေး​နှင့်​လှံ​ကို​စွဲကိုင်​သော​လူမျိုး​၊ ရက်စက်ကြမ်းကြုတ်​သော​လူမျိုး​၊ ကရုဏာ​ကင်း​သော​လူမျိုး​ဖြစ်​၏​။ သူ​တို့​၏​အသံ​သည် သမုဒ္ဒရာ​မြည်ဟိန်းသံ​ကဲ့သို့​ဖြစ်​၏​။ အို ဇိအုန်​သမီးပျို​၊ ထို​သူ​တို့​သည် မြင်း​ကို​စီး​၍ စစ်သူရဲ​ကဲ့သို့​စစ်ခင်းကျင်း​ပြီး သင့်​ကို​လာ​တိုက်​နေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 24,
      "text": "ထို​သတင်း​ကို​ကြား​သောအခါ ငါ​တို့​၏​လက်​များ ပျော့ခွေ​သွား​၏​။ ဆင်းရဲဒုက္ခ​သည် ငါ​တို့​ကို ဖိစီး​ပြီ​။ ငါ​တို့​သည် သားဖွား​မိန်းမ​ကဲ့သို့​ဝေဒနာ​ခံစား​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 25,
      "text": "ရန်သူ​၌ ဓား​ပါ​၍ ပတ်ပတ်လည်​၌ အန္တရာယ်​ရှိ​သောကြောင့် ကွင်းပြင်​သို့​မ​သွား​နှင့်​။ လမ်းမ​ပေါ် မ​ထွက်​နှင့်​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 26,
      "text": "အို ငါ့​လူမျိုး​သမီးပျို​၊ ပျက်စီး​ခြင်း​သည် ငါ​တို့​ထံ ရုတ်တရက်​ရောက်လာ​မည်​ဖြစ်၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ပြာ​၌​လူး​လော့​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​သကဲ့သို့ ခါးသီး​စွာ​ငိုကြွေး​လော့​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 27,
      "text": "“သတ္တုစစ်​သော​သူ​ကဲ့သို့ ငါ့​လူမျိုး​တော်​ကို စစ်ဆေးသူ​အဖြစ်​သင့်​ကို ငါ​ခန့်ထား​ပြီ​။ ငါ့​လူမျိုး​တော်​၏​အကျင့်အကြံ​တို့​ကို သိရှိ​ဖို့ သူ​တို့​ကို စစ်ဆေး​ရ​မည်​။”"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 28,
      "text": "သူ​တို့​အားလုံး​သည် ကြေးနီ​ကဲ့သို့​၊ သံ​ကဲ့သို့ ခေါင်းမာ​၍ ပုန်ကန်​တတ်​၏​။ အတင်းအဖျင်း​လိုက်ပြော​တတ်​၏​။ သူ​တို့​အားလုံး အကျင့်ပျက်ပြား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 29,
      "text": "ဖားဖို​၌ မီးတောက်​နေ​ပြီ​။ ခဲ​ကို မီး​လောင်​ကုန်​ပြီ​။ သို့သော် သန့်စင်​သော​သူ​သည် အချည်းနှီး​သန့်စင်​ပြီ​။ ဆိုးညစ်​သော​သူ​များ မ​ပပျောက်​။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 30,
      "text": "ထို​သူ​တို့​ကို ထာဝရဘုရား​ပယ်​တော်မူ​ပြီ​ဖြစ်၍ သူ​တို့​သည် ပယ်​ထား​သော​ငွေ​ဟူ၍ အခေါ်​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 1,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 2,
      "text": "“​သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​တံခါးဝ​၌ ရပ်​လျက် ‘​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ရန် ဤ​တံခါး​ကို​ဖြတ်​၍ ဝင်လာ​သော ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​ကြ​လော့’​ဟူသော ဤ​သတင်းစကား​ကို ကြေညာ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ​လော့​။ သို့ပြုလျှင် ငါ​သည် သင်​တို့​ကို ဤ​အရပ်​၌ နေထိုင်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 4,
      "text": "‘​ဤသည်ကား ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​ဖြစ်​သည်​’​ဟု ဆို​တတ်​သော​သူ​တို့​၏​မုသား​စကား​ကို သင်​တို့​မ​ယုံ​ကြ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 5,
      "text": "သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို အမှန်​ပြုပြင်​လျှင်​၊ သင်​တို့​သည် အိမ်နီးချင်း​အချင်းချင်း​ကြား တရားမျှတ​စွာ​စီရင်​လျှင်​၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 6,
      "text": "ဧည့်သည်​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ကို​မ​နှိပ်စက်​၊ အပြစ်မဲ့​သူ​၏​အသက်​ကို ဤ​အရပ်​၌ မ​သတ်​၊ ကိုယ့်​ကို​ဒုက္ခ​ပေး​မည့် အခြား​ဘုရား​များ​နောက်​သို့​မ​လိုက်​ဘဲ​နေ​လျှင်"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 7,
      "text": "သင်​တို့​ဘိုးဘေး​တို့​အား ငါ​အပိုင်​ပေး​သော ဤ​ပြည်​၊ ဤ​အရပ်​၌ သင်​တို့​ကို နေထိုင်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 8,
      "text": "“ကြည့်ရှု​လော့​။ သင်​တို့​သည် အကျိုး​မ​ရှိ​သော မုသား​စကား​ကို ယုံ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 9,
      "text": "သင်​တို့​သည် ခိုး​လျက်​၊ လူသတ်​လျက်​၊ အိမ်ထောင်ရေးဖောက်ပြန်​လျက်​၊ မဟုတ်မမှန်​ကျိန်ဆို​လျက်​၊ ဗာလ​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက်​၊ သင်​တို့​မ​သိ​သော​အခြား​ဘုရား​များ​နောက်သို့​လိုက်​လျက်​နှင့်"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 10,
      "text": "ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​တွင် ငါ့​ရှေ့​၌ လာ​၍​ရပ်​ပြီးလျှင် ‘​ငါ​တို့​အပြစ်လွတ်​ပြီ​။ ဤ​စက်ဆုပ်ရွံရှာဖွယ်​အားလုံး​ကို ဆက်လက်​ပြု​နိုင်​ပြီ​’​ဟု သင်​တို့​ဆို​ကြ​မည်လော​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 11,
      "text": "ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​ကို ဓားပြ​ခိုအောင်းရာ​ဖြစ်​သည်​ဟု သင်​တို့​ထင်​ကြ​သလော​။ သင်​တို့​ပြု​သော​အမှု​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 12,
      "text": "“​ငါ​၏​နာမ​တော် အဦးဆုံး​တည်​ရာ ရှိလော​အရပ်​ရှိ ငါ​ကိန်းဝပ်​ရာ​အရပ်​သို့ ယခု​သွား​ကြ​လော့​။ ငါ့​လူမျိုး​တော်​ဖြစ်​သည့် အစ္စရေး​လူမျိုး​၏​ဆိုးညစ်မှု​ကြောင့် ထို​အရပ်​ကို ငါ​မည်သို့​ပြု​ခဲ့​သည်​ကို ကြည့်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 13,
      "text": "သင်​တို့​သည် ထို​အမှု​အလုံးစုံ​တို့​ကို ပြု​ကြ​သောကြောင့် သင်​တို့​ကို ငါ​အကြိမ်ကြိမ်​သတိပေး​၏​။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ​။ ငါ​ခေါ်​သော်လည်း သင်​တို့​မ​ထူး​ကြ​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 14,
      "text": "သို့ဖြစ်၍ သင်​တို့​ယုံကြည်ကိုးစား​ရာ​ဖြစ်​သည့် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​ကို​လည်းကောင်း​၊ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​ကို​လည်းကောင်း ရှိလော​အရပ်​၌ ပြု​ခဲ့​သည့်​နည်းတူ ငါ​ပြု​မည်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် သင်​တို့​ညီအစ်ကို​ဖြစ်​သော ဧဖရိမ်​၏​သားစဉ်မြေးဆက်​ရှိသမျှ​ကို နှင်ထုတ်​သကဲ့သို့ သင်​တို့​ကို ငါ့​ရှေ့မှောက်​မှ​နှင်ထုတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 16,
      "text": "“သင်​သည်​လည်း ဤ​လူမျိုး​အတွက် အသနား​မ​ခံ​နှင့်​။ သူ​တို့​အတွက် ဟစ်ကြော်​ခြင်း​၊ ဆုတောင်း​ခြင်း​ကို​မ​ပြု​နှင့်​။ ကြားဝင်စေ့စပ်​ခြင်း​မ​ပြု​နှင့်​။ သင်​၏​စကား​ကို ငါ​နားထောင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 17,
      "text": "သူ​တို့​သည် ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ မည်သို့​ပြု​ကြ​သည်​ကို သင်​မ​မြင်​သလော​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 18,
      "text": "ကောင်းကင်​မိဖုရား​ထံ မုန့်​ပူဇော်​ရန် သားသမီး​တို့​က ထင်း​ကောက်​ကြ​၏​။ ဖခင်​တို့​က မီး​မွှေး​ကြ​၏​။ မိခင်​တို့​က မုန့်​နယ်​ကြ​၏​။ သူ​တို့​သည် အခြား​သော​ဘုရား​များ​ရှေ့​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခြင်း​ဖြင့်​လည်း ငါ့​ကို​အမျက်ထွက်​စေ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 19,
      "text": "ဤသို့​ပြု​ခြင်း​မှာ ငါ့​ကို အမျက်ထွက်​စေ​သည်​မ​ဟုတ်​ဘဲ သူ​တို့​ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲ​ကြ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 20,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အမျက်​ဒေါသ​သည် ဤ​အရပ်​နှင့်တကွ လူ​၊ တိရစ္ဆာန်​၊ ကွင်းပြင်​ရှိ​သစ်ပင်​၊ မြေ​အသီးအနှံ​တို့​အပေါ် သွန်ချ​မည်​။ ငါ​၏​ဒေါသ​သည် မ​ငြိမ်း​ဘဲ​တောက်လောင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​ပူဇော်​သော​ယဇ်​တို့​တွင် မီးရှို့ရာယဇ်​ကို ပေါင်းထည့်​လော့​။ အသား​ကို စား​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 22,
      "text": "အကြောင်းမူကား သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​စဉ်က မီးရှို့ရာယဇ်​အကြောင်း​၊ ယဇ်ပူဇော်​ခြင်း​အကြောင်း​ကို သူ​တို့​အား ငါ​မ​ဆင့်ဆို​၊ မ​မိန့်မှာ​ခဲ့​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 23,
      "text": "သို့သော် သူ​တို့​အား ‘​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​ပညတ်​သော​နည်းလမ်း​ရှိသမျှ​တို့​ကို သင်​တို့​လိုက်လျှောက်​လျှင် သင်​တို့​ကောင်းစား​ကြ​ရ​မည်​’ ဟူသော​စကား​ကို​ကား ငါ​မိန့်မှာ​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 24,
      "text": "သို့သော် သူ​တို့ နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ သူ​တို့​၏​အကျင့်အကြံ​၊ သူ​တို့​၏​ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း လိုက်လျှောက်​ကြ​၏​။ ရှေ့​မ​တိုး​ဘဲ နောက်ဆုတ်​သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 25,
      "text": "အီဂျစ်​ပြည်​မှ သင်​တို့​၏​ဘိုးဘေး​များ​ထွက်လာ​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် ငါ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 26,
      "text": "သို့သော် သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​၊ ခေါင်းမာ ​ကြ​၏​။ သူ​တို့​၏​ဘိုးဘေး​တို့​ထက် သာ၍​ဆိုးညစ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 27,
      "text": "ထို့ကြောင့် သင်​သည် ဤ​စကား​အလုံးစုံ​တို့​ကို သူ​တို့​အား ပြောပြ​ရ​မည်​။ သို့သော် သူ​တို့​နားထောင်​မည်​မ​ဟုတ်​။ သင်​ခေါ်​သော်လည်း သူ​တို့​ထူး​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 28,
      "text": "သင်​က သူ​တို့​အား ‘​ဤ​လူမျိုး​သည် သူ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို နား​မ​ထောင်​ကြ​။ ဆုံးမပဲ့ပြင်​ခြင်း​ကို​မ​ခံယူ​ကြ​။ သစ္စာ​ပျက်​သော​လူမျိုး​၊ ဟုတ်မှန်​ရာ​ကို​မပြော​သော​လူမျိုး​ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 29,
      "text": "သင်​တို့​၏​ဆံပင်​ကို​ရိတ်​၍ လွှင့်ပစ်​လော့​။ တောင်ကတုံး​များ​ပေါ်၌ မြည်တမ်း​ခြင်း​ပြု​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အမျက်​တော်​ခံထိုက်​သော​မျိုးဆက်​ကို ပယ်​တော်မူ​ပြီ​၊ စွန့်ပစ်​တော်မူ​ပြီ’​ဟူ၍ ပြောကြား​ရ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 30,
      "text": "ထာဝရဘုရား​က “အကယ်စင်စစ် ယုဒ​အမျိုးသား​တို့​သည် ငါ့​ရှေ့​၌ မကောင်းမှု​ကို​ပြု​ကြ​ပြီ​။ သူ​တို့​သည် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​၌ ရွံရှာဖွယ်​ရုပ်တု​များ​ကို​ထား​၍ ညစ်ညူး​စေ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 31,
      "text": "ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် သူ​တို့​သည် သား​သမီး​များ​ကို မီးရှို့ပူဇော်​ရန် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ တောဖက်​ဟူသော​နေရာ​တွင် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​ကို တည်​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 32,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​က “​ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက်​ရောက်လာ​လိမ့်မည်​။ အကြောင်းမူကား တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် လူသေကောင်​များ များပြား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 33,
      "text": "ဤ​လူမျိုး​အသေကောင်​တို့​ကို မိုးကောင်းကင်​ရှိ​ငှက်​များ​၊ မြေကြီး​ပေါ်ရှိ​တိရစ္ဆာန်​များ​သည် ခြောက်လှန့်​မည့်​သူ​မ​ရှိ​ဘဲ စား​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 34,
      "text": "ငါ​သည် ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်မှ ရွှင်မြူး​ခြင်း​အသံ​၊ ဝမ်းမြောက်​ခြင်း​အသံ​၊ သတို့သား​အသံ​၊ သတို့သမီး​အသံ​တို့​ကို ရပ်စဲ​စေ​မည်​။ သို့ဖြစ်၍ ထို​ပြည်​သည်​လည်း ဆိတ်ညံ​ရာ​အရပ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ထို​ကာလ​၌ ယုဒ​ဘုရင်​တို့​၏​အရိုး​များ​၊ အကြီးအကဲ​တို့​၏​အရိုး​များ​၊ ယဇ်ပုရောဟိတ်​တို့​၏​အရိုး​များ​၊ ပရောဖက်​တို့​၏​အရိုး​များ​၊ ဂျေရုဆလင်​မြို့သား​တို့​၏​အရိုး​များ​ကို သူ​တို့​၏​သင်္ချိုင်းတွင်း​များ​ထဲမှ ထုတ်ပစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 2,
      "text": "ထို​အရိုး​တို့​သည် သူ​တို့​ချစ်​၍​အစေခံ​သော​၊ သူ​တို့​လိုက်စား​သော​၊ သူ​တို့​ဆည်းကပ်​ကိုးကွယ်​သော​အရာ​များ​ဖြစ်​သည့် နေ​၊ လ စသော ကောင်းကင်​တန်ဆာ​အားလုံး​တို့​အောက်​၌ ဖြန့်ထား​ခြင်း​ခံရ​လိမ့်မည်​။ စုသိမ်း​သင်္ဂြိုဟ်​ခြင်း ခံရ​မည်​မ​ဟုတ်​။ မြေပြင်​ပေါ်တွင် နောက်ချေး​ကဲ့သို့​ဖြစ်​သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 3,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​နှင်ထုတ်​၍ အရပ်ရပ်​သို့​ရောက်သွား​သော​သူ​တို့​ထဲမှ ကြွင်းကျန်​သော​သူ​တည်းဟူသော ဤ​မကောင်း​သော​မျိုးနွယ်စု​ထဲမှ အသက်ရှင်​ကျန်ရစ်​သူ​အားလုံး​တို့​သည် အသက်ရှင်​ခြင်း​ထက် သေ​ခြင်း​ကို​ရွေးချယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 4,
      "text": "သင်​သည် သူ​တို့​အား “​ထာဝရဘုရား​က ‘လဲကျ​သော​သူ​သည် ပြန်​မ​ထ​ဘဲ​နေ​မည်လော​။ ထွက်သွား​သော​သူ​သည် ပြန်​မ​လာ​ဘဲ​နေ​မည်လော​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 5,
      "text": "ဤ​ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် အဘယ်ကြောင့် ထွက်သွား​၍ ဖောက်ပြန်​မြဲ​ဖောက်ပြန်​ကြ​သနည်း​။ သူ​တို့​သည် လှည့်စားမှု​ကို​ဆုပ်ကိုင်​ထား​ကြ​၏​။ ပြန်လှည့်​လာ​ရန် ငြင်းဆန်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 6,
      "text": "ငါ​သည် အာရုံစိုက်​၍ နားထောင်​၏​။ မှန်မှန်ကန်ကန်​မ​ပြော​ကြ​။ “ငါ​အဘယ်​အမှု ပြု​ခဲ့​မိ​ပါ​သနည်း”​ဟု ဆို​လျက် မိမိ​ဆိုးညစ်မှု​အတွက် နောင်တရ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ တိုက်ပွဲ​ထဲသို့ ဒုန်းစိုင်းပြေးဝင်​သော​မြင်း​ကဲ့သို့ အသီးသီး မိမိ​တို့​၏​လမ်း​သို့​ပြေးလိုက်​သွား​ကြ​၏’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြောကြား​လော့​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 7,
      "text": "“မိုးကောင်းကင်​၌​ပျံဝဲ​သော​ငှက်ကျား​ပင်လျှင် ရာသီ​အချိန်​ကို​သိ​၏​။ ချိုးငှက်​၊ ကြိုးကြာ​၊ ပျံလွှား​တို့​သည်​လည်း သွားလာ​ရ​မည့်​အချိန်​ကို မှတ်​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​မူကား ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​ကို မ​သိ​ကြ​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 8,
      "text": "‘​ငါ​တို့​သည် ပညာရှိ​ဖြစ်​၏​။ ထာဝရဘုရား​၏​ပညတ်တရား​သည် ငါ​တို့​နှင့်အတူ​ရှိ​၏​’​ဟု သင်​တို့ မည်သို့​ပြော​နိုင်​မည်နည်း​။ အကယ်စင်စစ် ကျမ်းတတ်ဆရာ​တို့​၏​မုသား​ကညစ်​မှ မုသားတရား​ထွက်​လေ​ပြီ​တကား​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 9,
      "text": "ပညာရှိ​တို့​သည် အရှက်ကွဲ​ကြ​လိမ့်မည်​၊ ကြောက်လန့်​ကြ​လိမ့်မည်​၊ ဖမ်းဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို​စွန့်ပယ်​ကြ​၏​။ သူ​တို့​၌ မည်သည့်​ဉာဏ်ပညာ​ရှိ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 10,
      "text": "သို့ဖြစ်၍ သူ​တို့​၏​မယား​များ​ကို အခြား​သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​၏​လယ်ယာ​များ​ကို​လည်း အခြားသူ​တို့​ပိုင်ဆိုင်​စေ​မည်​။ အကြောင်းမူကား လူကြီး​လူငယ်​အားလုံး မတရား​သော​အကျိုးစီးပွား​ကို တပ်မက်​ကြ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​အားလုံး​သည်​လည်း မဟုတ်မမှန်​ပြုမူ​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 11,
      "text": "ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ‘​ငြိမ်းချမ်း​သည်​၊ ငြိမ်းချမ်း​သည်​’​ဟု ဆို​တတ်​ကြ​၏​။ ငါ့​လူမျိုး​တော်​၏​ဒဏ်ရာ​ကို ပေါ့ပေါ့တန်တန်​ကုသ​ပေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 12,
      "text": "သူ​တို့​သည် မိမိ​တို့​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 13,
      "text": "ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​မည်​။ စပျစ်ပင်​၌ စပျစ်သီး​မကျန်​။ သဖန်းပင်​၌ သဖန်းသီး​မကျန်​။ အရွက်​လည်း ညှိုးနွမ်း​သွား​လိမ့်မည်​။ သူ​တို့​အား ငါ​ပေး​သော​အရာ​များ​ကို သူ​တို့​လက်လွတ်ဆုံးရှုံး​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 14,
      "text": "ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 15,
      "text": "ငြိမ်းချမ်းမှု​ကို​စောင့်မျှော်​သော်လည်း အကျိုး​ကို​မ​ခံစား​ရ​ပါ​။ ကုသ​ရာ​ကာလ​ကို​စောင့်မျှော်​သော်လည်း ကြောက်လန့်စရာ​နှင့်​သာ​ကြုံ​ရ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 16,
      "text": "ဒန်​ပြည်​မှ မြင်း​နှာမှုတ်သံ​ကို​ကြား​ရ​၏​။ စစ်မြင်း​တို့​၏​ဟီ​သံ​ကြောင့် တစ်ပြည်လုံး​တုန်ခါ​လေ​၏​။ ရန်သူ​တို့​သည် ရောက်လာ​၍ ပြည်​နှင့်​ပြည်​ထဲရှိ​အရာ​အားလုံး​တို့​ကို​လည်းကောင်း​၊ မြို့​နှင့်​မြို့သူမြို့သား​တို့​ကို​လည်းကောင်း ဝါးမျို​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 17,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ရှိ​ရာ​သို့ မြွေ​များ​ကို​စေလွှတ်​မည်​။ အလမ္ပာယ်ဆရာ​မန်းမှုတ်​၍​မ​နိုင်​သည့်​မြွေပွေး​တို့​သည် သင်​တို့​ကို​ပေါက်သတ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 18,
      "text": "ငါ​သည် ဖြေမဆည်​နိုင်​လောက်အောင် ဝမ်းနည်း​၏​။ ငါ့​စိတ်နှလုံး​သည် ညှိုးနွမ်း​လျက်​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 19,
      "text": "“ဇိအုန်​မြို့​၌ ထာဝရဘုရား မ​ရှိ​သလော​။ ထို​မြို့​၌​ရှင်ဘုရင် မ​ရှိ​သလော ဟူ၍​ဝေးလံ​သော​ပြည်​မှ ငါ့​လူမျိုး​သမီးပျို​၏​အော်ဟစ်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တုဆင်းတု​များ​၊ တိုင်းတစ်ပါးသား​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့် သူ​တို့​သည် ငါ့​ကို အဘယ်ကြောင့် အမျက်ထွက်​စေ​ကြ​သနည်း​။”"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 20,
      "text": "ရိတ်သိမ်း​ချိန်​ကျော်လွန်​ပြီ​။ နွေရာသီ​ကုန်ဆုံး​ပြီ​။ ငါ​တို့​မူကား ကယ်တင်​ခြင်း​မ​ခံရ​သေး​ပါတကား​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 21,
      "text": "ငါ့​လူမျိုး​သမီးပျို​ဒဏ်ရာ​ရ​သောကြောင့် ငါ​ကြေကွဲ​၏​၊ ငါ​ဝမ်းနည်းပူဆွေး​၏​၊ ထိတ်လန့်​ခြင်း​သည် ငါ့​ကို​ဖမ်းစား​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 22,
      "text": "ဂိလဒ်​ပြည်​၌ လိမ်းဆေး မ​ရှိ​သလော​၊ ဆေးဆရာ မ​ရှိ​သလော​။ ငါ့​လူမျိုး​၏​သမီးပျို​သည် အဘယ်ကြောင့် အနာ​မ​ပျောက်​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 1,
      "text": "မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 2,
      "text": "မည်သူ​သည် တောကန္တာရ​၌ ခရီးသွား​ဧည့်သည်​များ စခန်းချ​ရာ​နေရာ​လေး​တစ်နေရာ​ကို ငါ့​အား ပေး​မည်နည်း​။ သို့ပြုလျှင် ငါ​သည် ငါ​၏​လူမျိုး​တော်​ကို​စွန့်​၍ သူ​တို့​ထံမှ​ထွက်သွား​မည်​။ သူ​တို့​အားလုံး​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ သစ္စာမဲ့​သော​လူစု​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 3,
      "text": "“သူ​တို့​သည် မုသား​လေး​ကို မိမိ​တို့​လျှာ​ပေါ် တင်​ကြ​၏​။ တိုင်းပြည်​တွင် သစ္စာတရား​မ​လွှမ်းမိုး​နိုင်​။ သူ​တို့​သည် မကောင်းမှု​ကို​တစ်​ခု​ပြီး​တစ်​ခု​ပြု​ကြ​၏​။ ငါ့​ကို​ကား အသိအမှတ်​မ​ပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 4,
      "text": "“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 5,
      "text": "လူတိုင်း မိမိ​အိမ်နီးချင်း​ကို​လှည့်စား​ကြ​၏​။ မှန်မှန်ကန်ကန်​မ​ပြောဆို​ကြ​။ သူ​တို့​၏​လျှာ​ကို မုသား​ပြောဆို​ရန် လေ့ကျင့်​ထား​ကြ​ပြီ​။ ဒုစရိုက်​ကို​ပြု​ခြင်း​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ပင်ပန်း​စေ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 6,
      "text": "သင်​သည် လိမ်လည်လှည့်ဖြားမှု​အလယ်​၌ နေထိုင်​၏​။ သူ​တို့​သည် လိမ်လည်လှည့်ဖြား​ကြ​၏​။ ငါ့​ကို အသိအမှတ်​မပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 7,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို​သန့်အောင်​စစ်ထုတ်​မည်​၊ စစ်ဆေး​မည်​။ ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​မည်သို့​ပြု​နိုင်​ဦး​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 8,
      "text": "သူ​တို့​၏​လျှာ​သည် သေ​စေ​နိုင်​သော​မြား​ဖြစ်​၏​။ သူ​၏​နှုတ်​သည် လိမ်လည်လှည့်ဖြား​ပြောဆို​တတ်​၏​။ အိမ်နီးချင်း​ကို ချိုချိုသာသာ​ပြောဆို​သော်လည်း စိတ်​ထဲ၌ အလစ်ချောင်း​လျက်​နေ​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 9,
      "text": "“ထိုသို့သော​အမှုအရာ​များ​ကြောင့် ငါ​သည် သူ​တို့​ကို ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်လော​။ ထိုသို့​သော​လူမျိုး​ကို ငါ​ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ နေ​ရ​မည်လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 10,
      "text": "ငါ​သည် တောင်​များ​အတွက် ငိုကြွေး​မြည်တမ်း​မည်​။ စားကျက်​တောကြီး​များ​အတွက် ကြေကွဲဝမ်းနည်း​မည်​။ အကြောင်းမူကား ထို​နေရာ​တို့​ကို မီးလောင်​သွား​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ သိုးနွား​တို့​၏​အသံ​ကို​မ​ကြား​ရ​။ ကောင်းကင်​ငှက်​များ​၊ တိရစ္ဆာန်​များ​သည်​လည်း အဝေး​သို့​ထွက်ပြေး​သွား​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 11,
      "text": "“ငါ​သည် ဂျေရုဆလင်​မြို့​ကို ကျောက်ပုံ​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ ဖြစ်စေ​မည်​။ ယုဒ​မြို့​များ​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​။”"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 12,
      "text": "ဤ​အမှုအရာ​ကို နားလည်​နိုင်​အောင် မည်သူ​ပညာရှိ​သနည်း​။ ဤ​အမှုအရာ​ကို ပြောကြား​နိုင်​အောင် ထာဝရဘုရား​သည် မည်သူ့​အား ဖော်ပြ​တော်မူ​သနည်း​။ ပြည်​သည် ဖြတ်သန်းသွားလာ​သူ​မ​ရှိ​သော​တောကန္တာရ​ကဲ့သို့ အဘယ်ကြောင့် ပျက်စီး​၍ ဆိတ်ညံ​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 13,
      "text": "ထာဝရဘုရား​က “​သူ​တို့​သည် ငါ​ပေး​ထား​သော​ပညတ်တရား​ကို စွန့်ပယ်​ကြ​၏​။ ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​စကား​အတိုင်း မ​လိုက်လျှောက်​ဘဲ"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 14,
      "text": "သူ​တို့​၏​စိတ်​တပ်မက်မှု​နောက်သို့​လိုက်​ကြ​၏​။ သူ​တို့​ဘိုးဘေး​များ သင်ကြား​ပေး​ခဲ့​သည့်​အတိုင်း ဗာလ​ဘုရား​နောက်သို့​လိုက်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 15,
      "text": "ထို့ကြောင့် အစ္စရေး​၏​ဘုရားသခင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို​သောက်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 16,
      "text": "သူ​တို့​နှင့်​သူ​တို့​၏​ဘိုးဘေး​များ​မ​သိ​ဖူး​သော လူမျိုးခြား​တို့​တွင် သူ​တို့​ကို ကွဲလွင့်​စေ​မည်​။ သူ​တို့​လုံးဝ​ပျက်စီး​သွား​သည့်​တိုင်အောင် ဓားဘေး​သင့်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 17,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဆင်ခြင်​ကြ​လော့​။ အမျိုးသမီးငိုချင်းသည်​တို့​ကို​ခေါ်​လော့​။ သူ​တို့​လာ​ပါစေ​။ ကျွမ်းကျင်​သော​အမျိုးသမီးငိုချင်းသည်​တို့​ကို လွှတ်လိုက်​လော့​။ သူ​တို့​လာ​ပါစေ​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 18,
      "text": "အလျင်အမြန်​လာ​၍ ငါ​တို့​ကို မြည်တမ်း​ပြ​ကြ​ပါစေ​။ သို့မှ ငါ​တို့​ငိုကြွေး​၍ မျက်ရည်ဖြိုင်ဖြိုင်​ကျ​မည်​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 19,
      "text": "‘​ငါ​တို့ ဖျက်ဆီး​ခြင်း​ခံရ​ပြီ​တကား​။ ငါ​တို့ အရှက်တကွဲ​အကျိုးနည်း​ဖြစ်​ရ​ပြီ​တကား​။ သူ​တို့​သည် ငါ​တို့​နေထိုင်ရာအရပ်​ကို ဖြိုဖျက်​ပြီ​ဖြစ်၍ ငါ​တို့​သည် ပြည်​ကို​စွန့်ခွာ​ကြ​ရ​ပြီ​’​ဟူသော ဇိအုန်​မြို့​၌ မြည်တမ်း​သော​အသံ​ကို ကြား​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 20,
      "text": "အို မိန်းမ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို နားစွင့်​ကြ​လော့​။ သင်​တို့​၏​သမီးပျို​တို့​အား မြည်တမ်း​ခြင်း​ကို သင်ကြား​ပေး​ကြ​လော့​။ မိန်းမ​အချင်းချင်း ငိုချင်း​ကို သင်ကြား​ပေး​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 21,
      "text": "သေမင်း​သည် လမ်း​ပေါ်မှ​ကလေးသူငယ်​များ​၊ ကွင်းပြင်​မှ​လူပျို​များ​ကို ဖျက်ဆီး​ရန် ပြတင်းပေါက်​ကို ကျော်တက်​လာ​ပြီ​။ ခံတပ်​များ​ထဲသို့ ဝင်လာ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 22,
      "text": "ထာဝရဘုရား​က “​လူသေကောင်​တို့​သည် လယ်ပြင်​ရှိ​နောက်ချေး​ကဲ့သို့​လည်းကောင်း​၊ စုသိမ်း​သူ​မ​ရှိ​၊ ရိတ်သိမ်း​သူ​နောက်​၌​ပုံထား​သော ကောက်လှိုင်း​ကဲ့သို့​လည်းကောင်း ပြန့်ကျဲ​နေ​လိမ့်မည်​”​ဟု မိန့်​တော်မူ​ကြောင်း ပြောကြား​လော့​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 23,
      "text": "ထာဝရဘုရား​က “​ပညာရှိ​သော​သူ​သည် မိမိ​ဉာဏ်ပညာ​၌ မ​ဝါကြွား​စေ​နှင့်​။ ခွန်အားကြီး​သော​သူ​သည် မိမိ​ခွန်အား​၌ မ​ဝါကြွား​စေ​နှင့်​။ ချမ်းသာ​သော​သူ​သည် မိမိ​ဓနဥစ္စာ​၌ မ​ဝါကြွား​စေ​နှင့်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 24,
      "text": "ထာဝရဘုရား​က “ဝါကြွား​သော​သူ​မူကား ငါ​ထာဝရဘုရား​သည် ကမ္ဘာမြေ​ပေါ်တွင် မေတ္တာကရုဏာ​ပြ​သော​ဘုရား​၊ တရားမျှတ​သော​ဘုရား​၊ ဖြောင့်မတ်​သော​ဘုရား​ဖြစ်၍ ထိုသို့​ပြု​ခြင်း​ကို ငါ​နှစ်သက်​ကြောင်း သိ​နားလည်​ခြင်း​၌​သာ ဝါကြွား​စေ​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 25,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ကိုယ်ကာယ​အရေဖျားလှီး​ခြင်း​ကို​သာ​ခံ​သော​သူ​ရှိသမျှ​အား အပြစ်ဒဏ်​ပေး​မည့်​နေ့ရက် ရောက်လာ​မည်​။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 26,
      "text": "ငါ​သည် အီဂျစ်​လူမျိုး​၊ ယုဒ​လူမျိုး​၊ ဧဒုံ​လူမျိုး​၊ အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် တောကန္တာရ​၌​နေထိုင်​ကြ​သည့်​နားသယ်မွေး​ရိတ်​လေ့​ရှိ​သော​သူ​အားလုံး​တို့​ကို အပြစ်ဒဏ်​ပေး​မည်​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​ရှိသမျှ​တို့​သည်​လည်း စိတ်နှလုံး​အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 1,
      "text": "အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 2,
      "text": "ထာဝရဘုရား​က “​လူမျိုးခြား​တို့​၏​နည်းလမ်း​ကို မ​သင်ယူ​ကြ​နှင့်​။ လူမျိုးခြား​တို့​သည် မိုးကောင်းကင်​မှ​နိမိတ်လက္ခဏာ​တို့​ကို ကြောက်လန့်​တတ်​ကြ​သကဲ့သို့ သင်​တို့ မ​ကြောက်လန့်​ကြ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 3,
      "text": "အကြောင်းမူကား လူမျိုး​တို့​၏​ဓလေ့စရိုက်​တို့​သည် အချည်းနှီး ​ဖြစ်​၏​။ သူ​တို့​သည် တော​ထဲမှ​သစ်ပင်​ကို​ခုတ်​၍ လက်မှုပညာသည်​တို့​သည် ပုဆိန်​ဖြင့်​ထွင်းထု​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 4,
      "text": "ရွှေ​ငွေ​တို့​နှင့် တန်ဆာဆင်​၍ မ​ယိမ်း​မ​ယိုင်​အောင် သံ​နှင့်​တူ​ဖြင့် ရိုက်​ထား​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 5,
      "text": "ထို​အရာ​သည် သခွားခင်း​ရှိ စာခြောက်ရုပ်​နှင့်​တူ​၏​။ စကား​လည်း​မ​ပြော​နိုင်​။ လမ်း​လည်း​မ​လျှောက်​နိုင်​သဖြင့် ထမ်းသွား​ရ​၏​။ အန္တရာယ်​မ​ပေး​နိုင်​သလို ကောင်းကျိုး​လည်း မ​ပေး​နိုင်​သောကြောင့် ထို​အရာ​တို့​ကို မ​ကြောက်​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 6,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​နှင့်​တူ​သော​သူ​မ​ရှိ​ပါ​။ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​၏​။ နာမ​တော်​သည် တန်ခိုး​တော်​ကြောင့် ကြီးမြတ်​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 7,
      "text": "အို လူမျိုးတကာ​တို့​၏​ဘုရင်​၊ ကိုယ်တော်​သည် ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံထိုက်​တော်မူ​ပါ​၏​။ မည်သူ​သည် ကိုယ်တော့်​ကို မ​ကြောက်ရွံ့​ဘဲ​နေ​ပါ​သနည်း​။ လူမျိုးတကာ​တို့​၏​ပညာရှိ​အပေါင်း​တို့​တွင်​လည်းကောင်း​၊ တိုင်းနိုင်ငံ​ရှိသမျှ​တို့​တွင်​လည်းကောင်း ကိုယ်တော်​နှင့်​တူ​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 8,
      "text": "ထို​သူ​အပေါင်း​တို့​သည် အသိတရား​မ​ရှိ​၊ မိုက်မဲ​ကြ​၏​။ အချည်းနှီး​သော​အရာ​ကို​သွန်သင်​ပေး​သူ​မှာ သစ်သား​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 9,
      "text": "ကျွမ်းကျင်​သော​လက်မှုပညာသည်​နှင့် ပန်းထိမ်သမား​တို့​က တာရှု​မြို့​မှ​လာ​သည့်​ငွေပြား​၊ ဥဖတ်​မြို့​မှ​လာ​သော​ရွှေ​တို့​ဖြင့် တန်ဆာဆင်​ပေး​ကြ​၏​။ ကျွမ်းကျင်သူ​တို့​က အပြာရောင်​အထည်​၊ ခရမ်းရောင်​အထည်​တို့​ဖြင့်​လည်း တန်ဆာဆင်​ပေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 10,
      "text": "ထာဝရဘုရား​မူကား စစ်မှန်​သော​ဘုရား​ဖြစ်​၏​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရား​၊ ထာဝရ​ဘုရင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်ထွက်​တော်မူ​လျှင် မြေကြီး​တုန်ခါ​ပါ​၏​။ လူမျိုး​အပေါင်း​တို့​သည် အမျက်​တော်​ကို မ​ခံနိုင်​ကြ​ပါ​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 11,
      "text": "သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 12,
      "text": "ကိုယ်တော်​သည် တန်ခိုး​တော်​အားဖြင့် မြေကြီး​ကို​ဖန်ဆင်း​တော်မူ​၏​။ ဉာဏ်ပညာ​အားဖြင့် ကမ္ဘာကြီး​ကို တည်​တော်မူ​၏​။ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို ဖြန့်ကြက်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 13,
      "text": "ကိုယ်တော်​အသံ​ပေး​တော်မူ​သောအခါ ကောင်းကင်​ရှိ​ရေ​တို့​သည် ဟုန်းဟုန်းမြည်​ကြ​ပါ​၏​။ မိုးတိမ်​ကို မြေကြီး​စွန်း​မှ တက်လာ​စေ​၏​။ မိုး​ကို​ရွာ​စေ​တော်မူ​၏​။ လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။ ဘဏ္ဍာတိုက်​ထဲမှ လေ​ကို​ထုတ်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 14,
      "text": "လူ​အပေါင်း​တို့​သည် အသိတရား​ကင်းမဲ့​၏​။ ပညာ​လည်း​မ​ရှိ​။ ပန်းထိမ်သမား​အပေါင်း​တို့​သည်​လည်း ရုပ်တုဆင်းတု​အားဖြင့် အရှက်ကွဲ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​သွန်းလုပ်သောရုပ်တု​တို့​သည် လှည့်စား​ခြင်း​သာ​ဖြစ်​၏​။ အသက်​မ​ရှိ​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 15,
      "text": "ထို​အရာ​တို့​သည် အချည်းနှီး​သော​အရာ​ဖြစ်​၏​။ လှည့်စား​တတ်​သော​အရာ​ဖြစ်​၏​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် ပျက်စီး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 16,
      "text": "ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အကြောင်းမူကား ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​သည် ကိုယ်တော်​၏​အမွေ​တော်​အမျိုးအနွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 17,
      "text": "အို ဝိုင်းထား​ခံရ​သော​သူ​၊ မြေကြီး​ပေါ်မှ သင့်​ပစ္စည်း​ကို​စုသိမ်း​လော့​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 18,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ထို​ကာလ​တွင် ငါ​သည် ပြည်သား​တို့​ကို လွှင့်ပစ်​မည်​။ သူ​တို့​ကို ငါ​ဒုက္ခရောက်​စေ​မည်​။ သူ​တို့​အဖမ်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 19,
      "text": "ငါ​၏​ဒဏ်ရာ​ကြောင့် ငါ​၌ အမင်္ဂလာ​ရှိ​၏​။ ငါ့​အနာ ပြင်းထန်​လှ​၏​။ သို့သော်လည်း ငါ​က “​ဤသည်ကား ဆိုးဝါး​သော​ဝေဒနာ​ဖြစ်​၏​။ ဤ​ဝေဒနာ​ကို ငါ​တင်းခံ​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 20,
      "text": "ငါ့​တဲ​သည် ဖျက်ဆီး​ခြင်း​ခံရ​ပြီ​။ ကြိုး​ရှိသမျှ​တို့​သည် ပြတ်​လေ​ပြီ​။ ငါ့​သား​တို့​သည်​လည်း ငါ့​ထံမှ​ထွက်သွား​ကြ​ပြီ​။ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။ ငါ့​တဲ​ကို ပြန်ဆောက်​မည့်​သူ​၊ ရွက်ထည်​များ​ကို​ကာ​မည့်​သူ တစ်ယောက်မျှ​မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 21,
      "text": "အကြောင်းမူကား သိုးထိန်း​တို့​သည် အသိတရား​ကင်းမဲ့​ကြ​၏​။ ထာဝရဘုရား​ကို​မ​ရှာ​ကြ​။ ထို့ကြောင့် အောင်မြင်မှု​မ​ရရှိ​ကြ​။ သူ​တို့​၏​သိုးစု​အားလုံး​တို့​သည်​လည်း ကွဲလွင့်​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 22,
      "text": "သတင်း​တစ်​ခု​ရောက်လာ​၏​။ ကြည့်ရှု​လော့​။ တုန်ဟည်းသံ​ကြီး​သည် မြောက်​အရပ်​မှ​လာ​၍ ယုဒ​မြို့ရွာ​များ​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 23,
      "text": "အို ထာဝရဘုရား​၊ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မိမိ​မ​ပိုင်​၊ လမ်းလျှောက်​နေ​သော​သူ​သည် ကိုယ့်​ခြေလှမ်း​ကို ကိုယ်​မ​တည့်မတ်​စေ​နိုင်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 24,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ပဲ့ပြင်​တော်မူ​သောအခါ အမျက်​တော်​ဖြင့်​မ​ဟုတ်​ဘဲ တရားမျှတမှု​ဖြင့် ပဲ့ပြင်​တော်မူ​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​အကျိုးနည်း​ရ​ပါ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 25,
      "text": "ကိုယ်တော်​ကို​မ​သိ​သော လူမျိုးခြား​တို့​အပေါ်​သို့​လည်းကောင်း​၊ ကိုယ်တော်​၏​နာမ​တော်​ကို​မ​ခေါ်​သော မျိုးနွယ်စု​တို့​အပေါ်​သို့​လည်းကောင်း အမျက်​တော်​ကို သွန်ချ​တော်မူ​ပါ​။ အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။ သူ​နေထိုင်​ရာ​အရပ်​ကို​လည်း ဖျက်ဆီး​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 1,
      "text": "ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 2,
      "text": "ဤ​ပဋိညာဉ်​၌​ပါရှိ​သော​အချက်​တို့​ကို နားထောင်​၍ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “ဤ​ပဋိညာဉ်​၌​ပါရှိ​သော​အချက်​တို့​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 4,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​သံ​မီးပြင်းဖို​မှ ငါ​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ငါ့​စကား​ကို​နားထောင်​၍ ငါ​ဆင့်ဆို​သမျှ​တို့​ကို​ပြု​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၍ ငါ​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​မည်​ဟု ငါ​ပဋိညာဉ်​ပြု​ထား​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 5,
      "text": "ဤသို့ဖြင့် သင်​တို့​၏​ဘိုးဘေး​တို့​အား နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ကတိ​ကို​တည်​စေ​နိုင်​ခဲ့​ပြီး ယနေ့ ထိုကဲ့သို့​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ငါ​က “​အို ထာဝရဘုရား​၊ အာမင်​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 6,
      "text": "ထာဝရဘုရား​က ငါ့​အား “​ဤ​စကား​အလုံးစုံ​တို့​ကို ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်၌ ကြွေးကြော်​လော့​။ ‘​သင်​တို့​သည် ဤ​ပဋိညာဉ်​ပါ​စကား​တို့​ကို နားထောင်​ရ​မည်​၊ လိုက်လျှောက်​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 7,
      "text": "အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ့​စကား​ကို​နားထောင်​ကြ​လော့​ဟု သူ​တို့​အား အကြိမ်ကြိမ်​သတိပေး​ခဲ့​သော်လည်း"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 8,
      "text": "သူ​တို့ နား​မ​ထောင်​ကြ​၊ အလေး​မ​ထား​ကြ​။ သူ​တို့​သည် ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်​သို့ အသီးသီး​လိုက်သွား​ကြ​၏​။ ငါ​မိန့်မှာ​ခဲ့​သော​ပဋိညာဉ်​ကို မ​လိုက်နာ​၊ မ​ပြုကျင့်​ကြ​သောကြောင့် ဤ​ပဋိညာဉ်​ပါ​ကျိန်​ခြင်း​ရှိသမျှ​တို့​ကို သူ​တို့​အပေါ်​ကျရောက်​စေ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 9,
      "text": "ထာဝရဘုရား​က “​ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​၌ လျှို့ဝှက်ကြံစည်မှု​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 10,
      "text": "သူ​တို့​သည် ငါ့​စကား​ကို နားမထောင်​သော ရှေး​ဘိုးဘေး​တို့​၏​ဒုစရိုက်​ကို ပြန်ပြု​ကြ​ပြီ​။ အခြား​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​တို့​ကို ဝတ်ပြု​ကြ​ပြီ​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​သည် သူ​တို့​၏​ဘိုးဘေး​များ​နှင့် ငါ​ပြု​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သူ​တို့​ပြေး​၍​မ​လွတ်​နိုင်​သော​ဘေးအန္တရာယ်​ကို သူ​တို့​အပေါ် ငါ​ကျရောက်​စေ​မည်​။ ငါ့​ကို​ဟစ်အော်​သော်လည်း ငါ​နားထောင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 12,
      "text": "ထိုအခါ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​သည် နံ့သာပေါင်း​ဖြင့်​မီးရှို့ပူဇော်​ရ​သော အခြား​ဘုရား​များ​ထံသို့​သွား​၍ အော်ဟစ်​ကြ​လိမ့်မည်​။ သို့သော် ဘေးအန္တရာယ်​ရောက်​ချိန်​၌ ထို​ဘုရား​တို့​သည် သူ​တို့​ကို​ကယ်တင်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 13,
      "text": "အို ယုဒ​ပြည်​၊ သင်​၏​မြို့​အရေအတွက်​များပြား​သည်​နှင့်အမျှ သင်​၏​ဘုရား​တို့​သည်​လည်း​များပြား​၏​။ ဂျေရုဆလင်​မြို့​ရှိ​လမ်း​အရေအတွက်​နှင့်အမျှ ရှက်ဖွယ်​သော​ဘုရား​အတွက် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​၊ ဗာလ​ဘုရား​အတွက် နံ့သာပေါင်း​မီးရှို့ပူဇော်​ရန် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​သည်​လည်း များပြား​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 14,
      "text": "သင်​သည်​လည်း ဤ​လူမျိုး​အတွက် အသနား​မ​ခံ​နှင့်​။ သူ​တို့​အတွက် ဟစ်ကြော်​ခြင်း​၊ ဆုတောင်း​ခြင်း​ကို​မ​ပြု​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ဘေးအန္တရာယ်​ရောက်​ချိန်​၌ ငါ့​ကို​ခေါ်​သောအခါ ငါ​နားထောင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 15,
      "text": "ဆိုးယုတ်မှု​များစွာ​ပြုကျင့်​သော ငါ့​ချစ်သူ​သည် ငါ့​အိမ်​တော်​နှင့် မည်သို့​ဆိုင်​သနည်း​။ သန့်ရှင်း​သော​အသား​သည် သင့်​ကို ကျော်လွန်​သွား​ပြီ​။ မကောင်းမှု​ကို​ပြု​စဉ်ပင် သင်​ဝမ်းမြောက်​နေ​ပါ​သည်​တကား​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 16,
      "text": "ထာဝရဘုရား​က သင့်​အား စိမ်းလန်း​လှပ​၍ အသီး​ကောင်း​သော​သံလွင်ပင်​ဟု နာမည်​မှည့်ခေါ်​ခဲ့​၏​။ သို့သော် ကြီးမား​သော​မြည်ဟိန်းသံ​ဖြင့် မီး​ရှို့​ပစ်​၍ အကိုင်းအခက်​တို့​သည်​လည်း လောင်ကျွမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 17,
      "text": "အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​သည် ငါ့​အမျက်​ကို​နှိုးဆော်​၍ ဗာလ​ရှေ့​၌ နံ့သာပေါင်း​ကို​မီးရှို့​ခြင်း​ဖြင့် မကောင်းမှု​ကို​ပြု​သောကြောင့် သင့်​ကို​စိုက်ပျိုး​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​အပေါ် ဘေးအန္တရာယ်​ကျရောက်​မည့်​အကြောင်း မိန့်ဆို​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 18,
      "text": "ထာဝရဘုရား​သည် ငါ့​အား ဖော်ပြ​တော်မူ​သောကြောင့် ငါ​သိ​ရ​၏​။ သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ့​အား ပြ​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 19,
      "text": "ငါ​သည် သတ်​ရန်​ခေါ်ဆောင်​သွား​သည့် နူးညံ့​သော​သိုးသငယ်​ကဲ့သို့​ဖြစ်​၏​။ “​သူ​၏​အပင်​ကို အသီး​နှင့်တကွ ဖျက်ဆီး​ကြ​ကုန်​စို့​။ သူ​၏​အမည်​ကို နောက်ထပ်​အမှတ်​မ​ရ​စေရန် လူ့လောက​မှ သူ့​ကို​ဖယ်ရှား​ကြ​ကုန်​စို့​”​ဟု ဆို​လျက် ငါ့​ကို လျှို့ဝှက်ကြံစည်​နေ​ကြ​သည်​ကို ငါ​မ​သိ​ခဲ့​ပေ​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 20,
      "text": "စိတ်နှလုံး​အတွင်းသဘော​ကို စစ်ဆေး​၍ ဖြောင့်မတ်​စွာ​တရားစီရင်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ သူ​တို့​အား လက်တုံ့ပြန်​တော်မူ​သည်​ကို အကျွန်ုပ်​မြင်တွေ့​ပါရစေ​။ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော်​ထံ လျှောက်ထား​ပါ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 21,
      "text": "ထို့ကြောင့် “​ငါ​တို့​လက်​ဖြင့် သင်​မ​သေ​ရ​မည့်​အကြောင်း ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ပရောဖက်​မ​ပြု​နှင့်”​ဟု ဆို​လျက် သင့်​အသက်​ကို​ရန်ရှာ​သော အာနသုတ်​မြို့သား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 22,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​မည်​။ လူပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 23,
      "text": "ကြွင်းကျန်​သော​သူ မ​ရှိ​ရ​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် အာနသုတ်​မြို့သား​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော့်​ထံ ယူဆောင်​လာ​သောအခါ ကိုယ်တော်​သည် ဖြောင့်မတ်​စွာ​စီရင်​ပေး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​အား တရားမျှတမှု​အကြောင်း​ကို မေးလျှောက်​လို​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​သည် အဘယ်ကြောင့် ကြီးပွား​ကြ​ပါ​သနည်း​။ သစ္စာမဲ့​သော​သူ​တို့​သည် အဘယ်ကြောင့် ကောင်းစား​ကြ​ပါ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 2,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို စိုက်ပျိုး​တော်မူ​သဖြင့် သူ​တို့​သည် အမြစ်စွဲ​၍​ကြီးထွား​လျက် အသီး​သီး​ကြ​ပါ​၏​။ သို့သော် သူ​တို့​သည် ကိုယ်တော့်​ကို နှုတ်​ဖြင့်​သာ ချဉ်းကပ်​၏​။ သူ​တို့​၏​အတွင်းသဘော​မူကား ကိုယ်တော်​နှင့် ဝေးကွာ​လျက်​နေ​၏​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 3,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သိ​မြင်​တော်မူ​ပါ​၏​။ အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ရှိ​သည်​၊ မ​ရှိ​သည်​ကို စစ်ဆေး​တော်မူ​ပါ​၏​။ သူ​တို့​ကို​မူကား အသတ်​ခံရ​မည့်​သိုး​ကဲ့သို့ ဆွဲထုတ်​တော်မူ​ပါ​။ သတ်ရာ​နေ့​အဖို့ သီးခြား​ထား​တော်မူ​ပါ​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 4,
      "text": "တိုင်းပြည်​သည် မည်သည့်​အချိန်​ထိ ငိုကြွေးမြည်တမ်း​ရ​မည်နည်း​။ ကွင်းပြင်​ရှိ​မြက်​တို့​သည် မည်သည့်​အချိန်​ထိ ခြောက်သွေ့​ရ​မည်နည်း​။ “​ငါ​တို့​၏​အဆုံး​ကို ကိုယ်တော်​မ​မြင်​”​ဟု ပြောဆို​ကြ​သော ပြည်သား​တို့​၏​မကောင်းမှု​ကြောင့် တိရစ္ဆာန်​များ​၊ ငှက်​များ သေကျေပျက်စီး​ကုန်​ပါ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 5,
      "text": "သင်​သည် ခြေသည်သူရဲ​တို့​နှင့် အပြေးပြိုင်​၍​ပင်ပန်း​လျှင် မြင်း​တို့​နှင့် မည်သို့​ပြိုင်​နိုင်​မည်နည်း​။ သင်​သည် ငြိမ်းချမ်း​သော​ပြည်​၌ စိတ်မော​နေ​လျှင် ဂျော်ဒန်​တောအုပ်ကြီး​၌ သင်​မည်သို့​ပြု​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 6,
      "text": "သင့်​ညီအစ်ကို​၊ သင့်​ဖခင်​၏​အိမ်သူအိမ်သား​တို့​ပင်လျှင် သင့်​ကို သစ္စာဖောက်​လေ​ပြီ​။ သူ​တို့​သည် သင့်​နောက်သို့​လိုက်​၍ ကျယ်လောင်​စွာ​ဟစ်ခေါ်​လေ​ပြီ​။ သူ​တို့​သည် သင့်​အား ချိုသာ​စွာ​ပြော​လျှင်လည်း မ​ယုံ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 7,
      "text": "ငါ့​အိမ်​ကို ငါ​စွန့်ပစ်​ပြီ​။ ငါ့​အမွေ​ကို​လည်း ငါ​ပစ်ထား​ပြီ​။ ငါ့​အသက်တမျှ​ချစ်​ရ​သော​သူ​ကို ရန်သူ​လက်​သို့ ငါ​အပ်​လိုက်​ပြီ​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 8,
      "text": "ငါ့​အမွေ​သည် တော​၌​ရှိ​သော​ခြင်္သေ့​ကဲ့သို့​ဖြစ်​၍ ငါ့​ကို ဟိန်းဟောက်​သောကြောင့် ငါ​မုန်း​၏​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 9,
      "text": "ငါ့​အမွေ​သည် အရောင်အသွေး​စုံ​သော​သိမ်းငှက်​နှင့်​တူ​၏​။ အခြား​သိမ်းငှက်​တို့​သည် ငါ့​အမွေ​ကို ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၊ စုဝေး​၍​လာ​ကြ​။ ဝါးမျို​ရန်​လာ​ကြ​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 10,
      "text": "သိုးထိန်း​အမြောက်အမြား​တို့​သည် ငါ့​စပျစ်ခြံ​ကို ဖျက်ဆီး​ကြ​ပြီ​။ ငါ့​လယ်ကွင်း​ကို နင်းချေ​ကြ​ပြီ​။ ငါ​တန်ဖိုး​ထား​သော​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​တောကန္တာရ​ကဲ့သို့ ဖြစ်​စေ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 11,
      "text": "သူ​တို့​သည် ငါ့​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​ပြီ​။ လူသူကင်းမဲ့​သော​လယ်မြေ​သည် ငါ့​အား ငိုကြွေးမြည်တမ်း​ပြ​ပြီ​။ မည်သူ​မျှ​အလေး​မ​ထား​ကြ​သောကြောင့် ပြည်​တစ်ပြည်လုံး​ပျက်စီး​သွား​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 12,
      "text": "အဖျက်သမား​တို့​သည် တောကန္တာရ​ရှိ​တောင်ကတုံး​များ​ပေါ်သို့ တက်လာ​ကြ​ပြီ​။ ထာဝရဘုရား​၏​ဓား​တော်​သည် မြေကြီး​စွန်းတစ်ဘက်​မှ အခြား​မြေကြီး​စွန်းတစ်ဘက်​တိုင်အောင် ဝါးမျို​လိမ့်မည်​။ မည်သူမျှ ငြိမ်းချမ်း​စွာ​နေ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 13,
      "text": "သူ​တို့​သည် ဂျုံစေ့​ကို​ကြဲ​သော်လည်း ဆူးပင်​များ​ကို​သာ ရိတ်သိမ်း​ရ​၏​။ ပင်ပန်း​စွာ​ကြိုးစား​ကြ​သော်လည်း အကျိုး​မ​ခံစား​ရ​ကြ​။ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ကြောင့် သူ​တို့​သည် အရှက်ကွဲ​ခြင်း​သီးနှံ​ကို ရိတ်သိမ်း​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 14,
      "text": "ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့ အမွေဆက်ခံ​ရန် ငါ​ပေး​ထား​သော​အမွေ​ပြည်​ကို​ထိပါး​လာ​သော အိမ်နီးချင်း​ဆိုး​အပေါင်း​တို့​ကို သူ​တို့​ပြည်​မှ ထုတ်ပစ်​မည်​။ ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သူ​တို့​ထဲ​မှ ထုတ်ပစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 15,
      "text": "ငါ​သည် သူ​တို့​ကို ထုတ်ပစ်​ပြီးမှ ပြန်​၍​သနားစုံမက်​ဦး​မည်​။ သူ​တို့​ကို သူ​တို့​ပိုင်​သော​အမွေမြေ​အသီးသီး​၊ သူ​တို့​ပြည်​အသီးသီး​သို့ ပြန်ခေါ်လာ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 16,
      "text": "ထာဝရဘုရား​က “ဗာလ​ဘုရား​ကို တိုင်တည်ကျိန်ဆို​ရန် ငါ့​လူမျိုး​ကို သူ​တို့​သင်ကြား​ပေး​သကဲ့သို့ ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ငါ့​နာမ​ကို​တိုင်တည်ကျိန်ဆို​၍ ငါ့​လူမျိုး​၏​နည်းလမ်း​ကို သူ​တို့​ကြိုးစား​သင်ယူ​မည်​ဆို​လျှင် သူ​တို့​ကို ငါ့​လူမျိုး​ထဲ​တွင် တည်နေခွင့်ပြု​မည်​။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 17,
      "text": "သူ​တို့​နား​မ​ထောင်​လျှင် ထို​လူမျိုး​ကို ငါ​ရှင်းရှင်း​ထုတ်ပစ်​ဖျက်ဆီး​လိုက်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ချည်ချော​ခါးပတ်​တစ်​ခု​ကို သွား​ဝယ်​ပြီးလျှင် သင့်​ခါး​၌​စည်း​လော့​။ ရေ​မ​စိမ်​နှင့်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 2,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​သည် ခါးပတ်​ကို​ဝယ်​၍ ခါး​၌​စည်း​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 3,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ဒုတိယအကြိမ် ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 4,
      "text": "“​သင်​ဝယ်​၍ ခါး​၌​စည်းထား​သော​ခါးပတ်​ကို​ယူ​ပြီး ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့ ထ​သွား​လော့​။ ထို​နေရာ​ရှိ ကျောက်တုံး​ကြား​တွင် ဝှက်​ထား​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 5,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​သည် ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့​သွား​၍ ထို​ခါးပတ်​ကို ဝှက်​ထား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 6,
      "text": "နေ့ရက်​များစွာ​လွန်​ပြီးမှ ထာဝရဘုရား​က “​ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့ သင်​ထ​သွား​လော့​။ ငါ​မိန့်မှာ​ထား​၍ ထို​နေရာ​တွင်​သင်​ဝှက်​ထား​သော ခါးပတ်​ကို ယူ​ခဲ့​လော့​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 7,
      "text": "ငါ​သည်​လည်း ယူဖရေးတီး​မြစ်​ရှိ​ရာ​သို့​သွား​၍ ခါးပတ်​ကို ဝှက်​ထား​ခဲ့​သော​နေရာ​မှ တူး​ယူ​လေ​၏​။ ထိုအခါ ခါးပတ်​သည် ဆွေး​၍​သုံး​မ​ရ​တော့​ချေ​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 9,
      "text": "ထာဝရဘုရား​က “ယုဒ​ပြည်​၏​မာန​၊ ဂျေရုဆလင်​မြို့​၏​မာန​ကြီး​ခြင်း​ကို ထို​ခါးပတ်​ကဲ့သို့ ငါ​ဖျက်ဆီး​မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 10,
      "text": "ငါ့​စကား​ကို နားမထောင်​၊ ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့​လိုက်​၍ အခြား​သော​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​သော ဤ​လူမျိုး​တို့​သည် သုံး​မ​ရ​သော​ခါးပတ်​ကဲ့သို့ ဖြစ်​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က “လူ​သည် ခါး​၌​ခါးပတ်​ကို စည်းထား​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​နှင့် ယုဒ​အမျိုးအနွယ်​အပေါင်း​တို့​ကို ငါ့​လူမျိုး​တော်​၊ ငါ့​နာမ​တော်​၊ ငါ့​ဘုန်း​တော်​၊ ငါ့​ဂုဏ်တော်​အဖြစ် ငါ့​ခါး​၌​စည်းထား​သော်လည်း သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 12,
      "text": "သင်​သည်​လည်း သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြော​လော့​။ ထိုအခါ သူ​တို့​က “အိုး​ရှိသမျှ​သည် စပျစ်ဝိုင်​နှင့်​ပြည့်​ရ​မည်​ကို ငါ​တို့​မ​သိ​သလော”​ဟု ပြန်ပြော​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 13,
      "text": "ထိုအခါ သင်​က သူ​တို့​အား “​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ငါ​သည် ဤ​ပြည်​၌​နေထိုင်​သော​သူ​အားလုံး​အပါအဝင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သော​ရှင်ဘုရင်​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဂျေရုဆလင်​မြို့သား​အားလုံး​တို့​ကို ယစ်မူး​သော​သူ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 14,
      "text": "သူ​တို့​အချင်းချင်း​ကို​သာမက သား​အဖ​ချင်း​ကို​ပင် ကွဲပြား​စေ​မည်​။ မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ သူ​တို့​ကို​ဖျက်ဆီး​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 15,
      "text": "ထာဝရဘုရား​အမိန့်​တော်​ရှိ​၏​။ နားထောင်​ကြ​။ အာရုံစိုက်​ကြ​လော့​။ မ​ထောင်လွှား​ကြ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 16,
      "text": "ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 17,
      "text": "သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 18,
      "text": "ရှင်ဘုရင်​နှင့်​မယ်တော်​အား “​သင်​တို့​၏​ဘုန်း​သရဖူ​သည် သင်​တို့​၏​ခေါင်း​မှ ပြုတ်ကျ​ပြီ​ဖြစ်၍ နိမ့်ကျ​သော​နေရာ​၌ ထိုင်​လော့​”​ဟု ပြော​လော့​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 19,
      "text": "တောင်ဘက်​အရပ်​ရှိ​မြို့​များ ပိတ်​ထား​ခြင်း​ခံရ​ပြီ​။ ဖွင့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယုဒ​ပြည်သား​အပေါင်း​တို့​သည် တစ်ယောက်မကျန်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 20,
      "text": "မြောက်ဘက်​အရပ်​မှ​လာ​သော​သူ​တို့​ကို မျှော်ကြည့်​လော့​။ သင့်​အား ပေးအပ်​ထား​သော​သိုးစု​၊ သင်​ဂုဏ်ယူရာ​သိုး​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 21,
      "text": "သင်ကိုယ်တိုင်​သင်ကြား​ပေး​သော​သူ​၊ သင်​၏​မိတ်ဆွေ​ဖြစ်​သော​သူ​ကို သင်​၏​ခေါင်းဆောင်​အဖြစ်​ခန့်ထား​တော်မူ​လျှင် သင်​မည်သို့​ဆို​မည်နည်း​။ သားဖွား​သော​မိန်းမ​ကဲ့သို့ သင်​နာကျင်​ခံစား​ရ​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 22,
      "text": "သင်​သည် မိမိ​စိတ်​ထဲ၌ “​အဘယ်ကြောင့် ဤသို့​ဖြစ်​ရ​သနည်း​”​ဟု တွေး​လျှင် သင်​၏​ဒုစရိုက်​များ​ကြောင့် သင်​အဝတ်​အချွတ်​ခံရ​၏​၊ သင်​အကြမ်းဖက်​ခံရ​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 23,
      "text": "အီသီယိုးပီးယား​လူ​သည် မိမိ​အသားအရေ​ကို​လည်းကောင်း​၊ ကျားသစ်​သည် အကွက်အကျား​ဖြစ်​နေ​သည်​ကို​လည်းကောင်း ပြောင်းလဲ​ပစ်​နိုင်​သလော​။ ပြောင်းလဲ​နိုင်​မည်​ဆို​လျှင် ဆိုးညစ်​သော​အမှု​ကို​ပြုမြဲပြု​တတ်​သော​သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​လာ​နိုင်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 24,
      "text": "သို့ဖြစ်၍ ကန္တာရ​လေ​တိုက်သွား​သော​ဖွဲ​ကဲ့သို့ သူ​တို့​ကို ငါ​ကွဲလွင့်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 25,
      "text": "ထာဝရဘုရား​က “​သင်​သည် ငါ့​ကို​မေ့လျော့​၍ အချည်းနှီး​သော​အရာ​ကို ယုံကြည်ကိုးစား​သောကြောင့် ဤသည်ကား သင့်​ကို ငါ​ခွဲဝေ​ပေး​သော ဝေစု​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 26,
      "text": "ငါ​ကိုယ်တော်တိုင် သင့်​အဝတ်​ကို မျက်နှာ​ဖုံး​သည်​အထိ​လှန်ပစ်​မည်​။ သင့်​အရှက် ထင်ရှား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 27,
      "text": "သင်​ဖောက်ပြန်​ခြင်း​၊ ဟီသံပေး​ခြင်း​၊ ညစ်ညမ်း​သော​ပြည့်တန်ဆာအလုပ်လုပ်​ခြင်း စသည့် ရွံရှာဖွယ်​ရာ​တို့​ကို ကွင်းပြင်​၊ တောင်ကုန်း​ပေါ်၌​ပြု​နေ​သည်​ကို ငါ​မြင်​၏​။ အို ဂျေရုဆလင်​၊ သင်​၌​အမင်္ဂလာ​ရှိ​၏​။ မည်မျှ​ကြာ​အောင် ညစ်ညူး​နေ​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 1,
      "text": "မိုးခေါင်​မည့်​အကြောင်း​နှင့်​ပတ်သက်၍ ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 2,
      "text": "ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 3,
      "text": "မှူးမတ်​တို့​က ငယ်သား​များ​အား ရေ​ခပ်​စေ​၍ သူ​တို့​သည် ရေတွင်း​သို့​ရောက်​သောအခါ ရေ​မ​တွေ့​ရ​လျှင် စိတ်ပျက်​လျက် ရှက်ရှက်​နှင့် မျက်နှာ​ဖုံး​လျက် အိုးချည်းသက်သက်​ဖြင့် ပြန်လာ​ကြ​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 4,
      "text": "မြေကြီး​ပေါ်၌ မိုး​မ​ရွာ​ဘဲ မြေ​အက်ကွဲ​သောကြောင့် လယ်သမား​တို့​သည် ရှက်ရှက်​နှင့် ခေါင်းခြုံ​ထား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 5,
      "text": "သမင်မ​ပင်လျှင် ကွင်းပြင်​၌ သားပေါက်​ပြီး မြက်ပင်​မ​ရှိ​သောကြောင့် သားငယ်​ကို​စွန့်ပစ်​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 6,
      "text": "မြည်းရိုင်း​တို့​သည် တောင်ကတုံး​ပေါ်၌​ရပ်​၍ ခွေးအ​ကဲ့သို့ အသက်ရှူ​ကြ​၏​။ မြက်​မ​စား​ရ ​သောကြောင့် မျက်စိမှုန်ဝေ​ကြ​ကုန်​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​၏​အပြစ်​များ​က အကျွန်ုပ်​တို့​ကို​သက်သေထူ​နေ​သော်လည်း အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်​၍ စီရင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကြိမ်ဖန်​များစွာ​လမ်းလွဲဖောက်ပြန်​၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 8,
      "text": "အို အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ကယ်တင်​ရာ​ဖြစ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​တို့​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့​ဖြစ်​ရ​သနည်း​၊ အဘယ်ကြောင့် တစ်ညသာ​လာရောက်​တည်းခို​သွား​သော ခရီးသွား​ဧည့်သည်​ကဲ့သို့​ဖြစ်​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 9,
      "text": "အဘယ်ကြောင့် အံ့ဩမှင်တက်​မိ​သူ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အဘယ်ကြောင့် မ​ကယ်တင်​နိုင်​သော​စစ်သူရဲ​ကဲ့သို့​ဖြစ်​ရ​သနည်း​။ အို ထာဝရဘုရား​၊ စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​တို့​နှင့်အတူ​ရှိ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​များ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 10,
      "text": "ထာဝရဘုရား​က ဤ​လူမျိုး​အား “​သူ​တို့​သည် ဟိုဟိုသည်သည်​သွားလာ​ရ​သည်​ကို နှစ်သက်အားရ​ကြ​၏​။ ကိုယ့်​ခြေ​ကိုယ်​မ​ထိန်းချုပ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို နှစ်သက်​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်​တော်မူ​မည်​။ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 11,
      "text": "ထာဝရဘုရား​က ငါ့​အား “​ဤ​လူမျိုး​ကောင်းစား​ဖို့ ဆု​မ​တောင်း​ပေး​နှင့်​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 12,
      "text": "သူ​တို့​အစာရှောင်​အော်ဟစ်​လျှင်လည်း ငါ​နားညောင်း​မည်​မ​ဟုတ်​။ မီးရှို့ရာယဇ်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်လည်း ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သူ​တို့​ကို ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 13,
      "text": "ငါ​က​လည်း “​အို ဘုရားရှင်​ထာဝရဘုရား​၊ ပရောဖက်​တို့​က ‘​သင်​တို့​သည် ဓားဘေး​နှင့်​ကြုံ​ရ​မည်​မ​ဟုတ်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည် သင်​တို့​ထံ​ရောက်လာ​မည်​မ​ဟုတ်​။ ဤ​အရပ်​၌ သင်​တို့​အား စစ်မှန်​သော​ငြိမ်သက်​ခြင်း​ကို ငါ​ပေး​မည်​’​ဟူ၍ သူ​တို့​အား ဆင့်ဆို​ကြ​ပါ​သည်​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 14,
      "text": "ထာဝရဘုရား​က​လည်း “​ထို​ပရောဖက်​တို့​သည် ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ငါ​သည် သူ​တို့​ကို​မ​စေလွှတ်​၊ မ​မိန့်မှာ​၊ မ​မြွက်ဆို​။ သူ​တို့​သည် သင်​တို့​အား မဟုတ်မမှန်​သော​ဗျာဒိတ်နိမိတ်​၊ ဂမ္ဘီရအတတ်​၊ အကျိုးမဲ့​သော​အရာ​၊ သူ​တို့​စိတ်​ထဲရှိ​လှည့်စားမှု​အတိုင်း ပရောဖက်ပြု​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 15,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ထို​ပရောဖက်​တို့​သည် ငါ​မ​စေလွှတ်​ဘဲ ငါ့​နာမ​ဖြင့် ‘​ဤ​ပြည်​၌ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ရှိ​’​ဟု ပရောဖက်ပြု​ဟောပြော​ကြ​သောကြောင့် သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဆုံး​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 16,
      "text": "ပရောဖက်ပြု​ခံရ​သော​ပြည်သား​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ကြောင့် သေဆုံး​၍ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်၌ ပစ်ထား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​နှင့်တကွ သူ​တို့​၏​မယား​၊ သား​သမီး​တို့​ကို သင်္ဂြိုဟ်​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ သူ​တို့​ပြု​ခဲ့​သော​မကောင်းမှု​ကို သူ​တို့​အပေါ်​သို့ ငါ​သွန်ချ​မည်​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 17,
      "text": "ထို့ကြောင့် သင်​သည် သူ​တို့​အား ‘​ငါ့​လူမျိုး​သမီးပျို​သည် ကျိုးပဲ့ကြေမွ​သော​ဒဏ်ရာ​ရ​၍ ပြင်းထန်စွာ​ဝေဒနာ​ခံစား​ရ​သောကြောင့် ငါ​သည် အငို​မ​ရပ်​၊ နေ့နေ့​ညည​ငို​မည်​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 18,
      "text": "ကွင်းပြင်​သို့​ထွက်သွား​သော် ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ မြို့​ထဲသို့​ဝင်​သော် ငတ်မွတ်ခေါင်းပါး​ခြင်း​ဝေဒနာ​ခံစား​နေ​ရ​သော​သူ​တို့​ကို တွေ့​ရ​၏​။ ပရောဖက်​နှင့် ယဇ်ပုရောဟိတ်​တို့​သည် သူ​တို့​မ​သိ​သော​ပြည်​သို့ သွား​ကြ​ပြီ​’​ဟူသော​စကား​ကို ပြောကြား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 19,
      "text": "ကိုယ်တော်​သည် ယုဒ​ပြည်​ကို လုံးလုံး​စွန့်ပစ်​တော်မူ​ပြီ​လော​။ ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဇိအုန်​မြို့​ကို ရွံရှာ​တော်မူ​ပြီ​လော​။ အကျွန်ုပ်​တို့​ကို ကုသ​၍​မ​ရ​နိုင်​သည့်​တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်​တော်မူ​သနည်း​။ ငြိမ်းချမ်းမှု​ကို​စောင့်မျှော်​သော်လည်း အကျိုး​မ​ခံစား​ရ​ပါ​။ ကုသ​ရာ​ကာလ​ကို​စောင့်မျှော်​သော်လည်း ကြောက်လန့်စရာ​နှင့်​သာ​ကြုံ​ရ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 20,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ဆိုးယုတ်မှု​၊ ဘိုးဘေး​တို့​၏​အပြစ်​တို့​ကို ဝန်ခံ​ပါ​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ပြစ်မှား​မိ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 21,
      "text": "ကိုယ်တော်​၏​နာမ​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​ဘုန်းအသရေ​ပလ္လင်​တော်​ကို အသရေဖျက်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​နှင့်​ဖွဲ့​သော ကိုယ်တော်​၏​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ပါ​၊ ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 22,
      "text": "လူမျိုးခြား​တို့​၏​ရုပ်တု​တို့​သည် မိုး​ကို​ရွာ​စေ​နိုင်​သလော​။ ကောင်းကင်​သည်​လည်း မိုး​ကို​ရွာ​စေ​နိုင်​သလော​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သာလျှင် တတ်နိုင်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် အလုံးစုံ​ကို တတ်နိုင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​မောရှေ​နှင့်​ရှမွေလ​သည် ငါ့​ရှေ့​၌​လာရပ်​လျှင်ပင် ဤ​လူမျိုး​ထံ ငါ့​စိတ်​ပြန်လည်​လာ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ့​ရှေ့​မှ နှင်ထုတ်​လော့​။ ငါ့​ရှေ့​မှ ထွက်သွား​စေ​လော့​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 2,
      "text": "သူ​တို့​က ‘​အကျွန်ုပ်​တို့​သည် မည်သည့်​အရပ်​သို့ သွား​ရ​မည်နည်း​’​ဟု သင့်​အား​မေး​လျှင် သင်​က သူ​တို့​အား ထာဝရဘုရား​က ‘​သေ​သင့်​သော​သူ​တို့​သည် သေဘေး​ရှိ​ရာ​သို့​၊ ဓားဘေး​သင့်​မည့်​သူ​တို့​သည် ဓားဘေး​ရှိ​ရာ​သို့​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သင့်​မည့်​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ရှိ​ရာ​သို့​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည့်​သူ​တို့​သည် ဖမ်းခေါ်​သွား​ရာ​သို့ သွား​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 3,
      "text": "တစ်ဖန် ထာဝရဘုရား​က “​သတ်ဖြတ်​မည့်​ဓား​၊ ကိုက်ဆွဲ​သွား​မည့်​ခွေး​၊ ဝါးမျို​ဖျက်ဆီး​မည့် ကောင်းကင်​ငှက်​နှင့်​မြေ​တိရစ္ဆာန် စသည့်​ဘေး​လေး​မျိုး​ကို သူ​တို့​ထံ ငါ​စေလွှတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 4,
      "text": "ဂျေရုဆလင်​မြို့​၌ ဟေဇကိ​၏​သား​၊ ယုဒ​ဘုရင်​မနာရှေ​ပြု​ခဲ့​သော​အမှု​ကြောင့် ငါ​သည် သူ​တို့​အား မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 5,
      "text": "အို ဂျေရုဆလင်​မြို့​၊ သင့်​ကို​မည်သူ​သနား​မည်နည်း​။ မည်သူ​စာနာထောက်ထား​မည်နည်း​။ မည်သူ​သည် သင့်​အား သာကြောင်းမာကြောင်း လှည့်​၍​နှုတ်ခွန်းဆက်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​က “​သင်​သည် ငါ့​ကို ပစ်ပယ်​လေ​ပြီ​။ ငါ့​ကို ကျောခိုင်း​သွား​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ဖျက်ဆီး​မည်​။ သင့်​ကို သက်ညှာ​ရ​သည်​မှာ ငါ​ပင်ပန်း​လှ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 7,
      "text": "ငါ​သည် သူ​တို့​ကို ဤ​ပြည်​ရှိ​မြို့​တံခါး​များ​၌ ဆန်ကော​ဖြင့်​လှေ့​မည်​။ သူ​တို့​၏​သားသမီး​များ​ကို ဆုံးပါး​စေ​မည်​။ ငါ့​လူမျိုး​သည် လမ်းလွဲရာ​မှ ပြန်​မ​လာ​သောကြောင့် သူ​တို့​ကို ငါ​ဖျက်ဆီး​မည်​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 8,
      "text": "မုဆိုးမ​တို့​သည် သမုဒ္ဒရာ​သဲလုံး​ထက်မက များပြား​လိမ့်မည်​။ မွန်းတည့်ချိန်​၌ပင် သား​လူပျို​ရှိ​သော​အမိ​တို့​ထံ အဖျက်သမား​ကို ငါ​စေလွှတ်​မည်​။ သူ​တို့​အပေါ် ထိတ်လန့်​ခြင်း​၊ နာကျင်​ခြင်း​ကို ရုတ်တရက် ကျရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 9,
      "text": "“​သား​ခုနစ်​ယောက်​မိခင်​သည် အားလျော့​၍ အသက်ငင်​လေ​ပြီ​။ နေ့​အချိန်​၌ပင် သူ့​ဘဝ​နေဝင်ချိန်​ရောက်​လေ​ပြီ​။ သူ​သည် အရှက်ကွဲ​သော​သူ​၊ မျက်နှာပျက်​သော​သူ ဖြစ်​ရ​လေ​ပြီ​။ သူ​တို့​ထဲမှ​ကြွင်းကျန်​သော​သူ​တို့​ကို​လည်း သူ​တို့​ရန်သူ​တို့​၏​ဓား​ဖြင့် ဆုံး​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 10,
      "text": "အို ငါ့​မွေးသမိခင်​၊ ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် မြေ​တစ်ပြင်လုံး​နှင့်​ခိုက်ရန်ဖြစ်ပွား​သော​သူ​၊ အငြင်းပွား​သော​သူ ဖြစ်​ရ​ပါ​ပြီ​တကား​။ ငါ​သည် သူ​တို့​ကို မ​ချေးငှား​ပေး​ဖူး​ပါ​။ သူ​တို့​ထံမှ မ​ချေးယူ​ဖူး​ပါ​။ သို့ရာတွင် သူ​တို့​အားလုံး​က ငါ့​ကို​ကျိန်ဆဲ​ကြ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 11,
      "text": "ထာဝရဘုရား​က “​အကယ်စင်စစ် သင်​၏​ကောင်းကျိုးချမ်းသာ​အတွက် သင့်​ကို ငါ​ကယ်တင်​မည်​။ ဘေး​ရောက်​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ရန်သူ​တို့​က သင့်​ကို တောင်းပန်​လာ​စေ​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 12,
      "text": "သံ​၊ အထူးသဖြင့် မြောက်အရပ်​မှ​သံ​၊ သို့မဟုတ် ကြေးနီ​ကို ချိုး​နိုင်​သော​သူ​ရှိ​သလော​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 13,
      "text": "သင့်​ပြည်​တစ်လျှောက်လုံး​တွင် သင်​ပြု​သော​အပြစ်​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် အဖိုးအခမဲ့ ငါ​ပေး​လိုက်​မည်​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 14,
      "text": "တောက်လောင်​သော​ငါ့​အမျက်​မီး​သည် သင်​တို့​ကို​လောင်ကျွမ်း​မည်​ဖြစ်၍ သင်​မ​သိ​သော​ပြည်​သို့ ရန်သူ​တို့​နှင့်အတူ သင်​လိုက်ပါ​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 15,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို​အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သူ​တို့​အား လက်တုံ့ပြန်​ပေး​တော်မူ​ပါ​။ ကိုယ်တော်​သည် စိတ်ရှည်​သည်းခံ​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အဝေး​သို့​မ​နှင်​လိုက်​ပါ​နှင့်​။ ကိုယ်တော်​ကြောင့် အကျွန်ုပ်​ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ကြောင်း​ကို သိမှတ်​တော်မူ​ပါ​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 16,
      "text": "ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို တွေ့ရှိ​ပါ​ပြီ​၊ မှီဝဲ​ပါ​ပြီ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ပါ​၏​။ အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 17,
      "text": "အပျော်အပါး​လိုက်စား​သော​သူ​တို့​၏​အစည်းအဝေး​၌ အကျွန်ုပ်​မ​ထိုင်​ပါ​။ ပျော်ပါး​၍​လည်း မ​နေ​ပါ​။ အကျွန်ုပ်​အပေါ်​၌ ကိုယ်တော်​၏​လက်​တော်​သက်ရောက်​သောကြောင့် အကျွန်ုပ်​တစ်ယောက်တည်း​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အမျက်ဒေါသ​နှင့်​ပြည့်​စေ​တော်မူ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 18,
      "text": "အကျွန်ုပ်​၏​ဝေဒနာ​သည် အဘယ်ကြောင့် အတောမသတ်​နိုင်​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒဏ်ရာ​သည် အဘယ်ကြောင့် ကုသ​၍ မပျောက်ကင်း​နိုင်​ပါ​သနည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အားထား​၍​မ​ရ​သော​၊ အကျွန်ုပ်​ကို​လှည့်စား​သော​စမ်းရေ​ကဲ့သို့ ဖြစ်​တော်မူ​၍​လော​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 19,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​သင်​ပြန်လာ​လျှင် သင့်​ကို ငါ​လက်ခံ​မည်​။ ငါ့​ရှေ့​၌ သင်​ရပ်​ရ​လိမ့်မည်​။ အကျိုးမဲ့​သော​စကား​ထက် အကျိုးရှိ​သော​စကား​ကို​ပြော​လျှင် သင်​သည် ငါ​၏​နှုတ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်​မ​သွား​ရ​။ သူ​တို့​သည် သင်​ရှိ​ရာ​သို့ ပြန်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 20,
      "text": "ငါ​သည် ဤ​လူ​တို့​ရှေ့​၌ သင့်​ကို ခိုင်ခံ့​သော​ကြေးနီ​မြို့ရိုး​ဖြစ်​စေ​မည်​။ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၍ သင့်​ကို​ရွေးနုတ်​ကယ်တင်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 21,
      "text": "ထာဝရဘုရား​က “ဆိုးညစ်​သော​သူ​တို့​လက်​ထဲမှ သင့်​ကို​ကယ်နုတ်​မည်​။ ကြမ်းကြုတ်​သော​သူ​၏​လက်​ထဲမှ သင့်​ကို​ရွေးနုတ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 2,
      "text": "“​သင်​သည် ဤ​အရပ်​၌ အိမ်ထောင်​မ​ပြု​ရ​။ သား​သမီး မ​မွေးဖွား​ရ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 3,
      "text": "အကြောင်းမူကား ဤ​အရပ်​၌​မွေးဖွား​သော သား​သမီး​များ​၊ ဤ​ပြည်​၌ သူ​တို့​ကို​မွေးဖွား​သော​သူ​တို့​၏​မွေး​မိခင်​၊ သူ​တို့​၏​မွေး​ဖခင်​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 4,
      "text": "“​သူ​တို့​သည် ရောဂါဆိုး​ဖြင့် သေ​လိမ့်မည်​။ သူ​တို့​အတွက် ငိုကြွေးမြည်တမ်း​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို သင်္ဂြိုဟ်​မည့်​သူ​မ​ရှိ​။ မြေ​ပေါ်​၌ နောက်ချေး​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ပျက်စီး​လိမ့်မည်​။ အလောင်းကောင်​တို့​သည် မိုးကောင်းကင်​ငှက်​နှင့် မြေ​တိရစ္ဆာန်​တို့​အတွက် အစာ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 5,
      "text": "ထာဝရဘုရား​က “​ငါ​သည် ဤ​လူမျိုး​တို့​ထံ​မှ ငါ​၏​ငြိမ်သက်​ခြင်း​၊ မေတ္တာကရုဏာ​၊ သနားစုံမက်​ခြင်း​တို့​ကို ရုပ်သိမ်း​ပြီ​။ သို့ဖြစ်၍ အသုဘ​အိမ်​ကို မ​ဝင်​နှင့်​။ သွား​၍​ငိုကြွေးမြည်တမ်း​ခြင်း​၊ နှစ်သိမ့်​ခြင်း မ​ပြု​နှင့်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 6,
      "text": "ထာဝရဘုရား​က “ဤ​ပြည်​ရှိ လူ​အယုတ်အမြတ်​၊ အကြီး​အငယ်​မ​ရွေး သေ​ကြ​ရ​မည်​။ သို့သော် သင်္ဂြိုဟ်​ခံရ​မည်​မ​ဟုတ်​။ သူ​တို့​အတွက် ငိုကြွေးမြည်တမ်း​မည့်​သူ​၊ ကိုယ့်​အသား​ကို ကိုယ်​မွှမ်း​မည့်​သူ​၊ ခေါင်းတုံးတုံး​မည့်​သူ ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 7,
      "text": "အသုဘရှင်​ကို နှစ်သိမ့်​ဖို့ ငိုကြွေးမြည်တမ်း​မည့်​သူ​၊ အစားအစာ​ပေး​မည့်​သူ ရှိ​မည်​မ​ဟုတ်​။ မိဘ​ဆုံး​သွား​လျှင်ပင် နှစ်သိမ့်​ခြင်း​ခွက်​ကို ကမ်းပေး​မည့်​သူ ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 8,
      "text": "ထို့အတူ စားသောက်ပွဲခံရာ​အိမ်​သို့ မ​ဝင်​နှင့်​။ သူ​တို့​နှင့်အတူ ထိုင်​၍​မ​စား​မ​သောက်​နှင့်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 9,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဤ​အရပ်​၌ ရွှင်မြူး​သော​အသံ​၊ ဝမ်းမြောက်​သော​အသံ​၊ သတို့သား​၊ သတို့သမီး​အသံ​တို့​ကို သင်​တို့​ရှေ့မှောက်​၊ သင်​တို့​လက်ထက်​၌ပင် ငါ​ရပ်စဲ​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 10,
      "text": "ဤ​စကား​အလုံးစုံ​ကို ဤ​လူမျိုး​အား သင်​ပြောပြ​သောအခါ သူ​တို့​က ‘​ထာဝရဘုရား​သည် ဤမျှလောက်​ကြီးမား​သော​ဘေးအန္တရာယ်​ကို ငါ​တို့​အား အဘယ်ကြောင့် ပေး​တော်မူ​သနည်း​။ ငါ​တို့​၏​အပြစ်​ကား အဘယ်နည်း​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​သော​အပြစ်​ကား အဘယ်နည်း​’​ဟု မေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 11,
      "text": "ထိုအခါ သင်​က သူ​တို့​အား ‘ထာဝရဘုရား​က သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ အခြား​ဘုရား​များ​နောက်သို့ လိုက်​ကြ​ပြီ​။ ထို​ဘုရား​တို့​ကို အစေခံ​ကြ​ပြီ​။ ပျပ်ဝပ်​ကြ​ပြီ​။ ငါ​ပညတ်​ထား​သော​တရား​ကို မ​စောင့်ထိန်း​ကြ​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 12,
      "text": "သင်​တို့​သည် သင်​တို့​၏​ဘိုးဘေး​တို့​ထက် ဆိုးညစ်​သော​အမှု​ကို သာ၍​ပြု​ကြ​၏​။ ကြည့်ရှု​လော့​။ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့ အသီးသီး​လိုက်သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 13,
      "text": "ထို့ကြောင့် ဤ​ပြည်​မှ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​မ​သိ​သော​ပြည်​သို့ သင်​တို့​ကို ငါ​နှင်ထုတ်​မည်​။ ထို​ပြည်​၌ အခြား​ဘုရား​များ​ကို နေ့နေ့ညည​အစေခံ​ရ​မည်​။ ငါ​သည် သင်​တို့​ကို မျက်နှာသာပေး​မည်​မ​ဟုတ်ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 14,
      "text": "ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော​ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​သည်​ဟု နောက်တစ်ဖန် မ​ပြောဆို​ကြ​တော့​ဘဲ"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 15,
      "text": "မြောက်ဘက်​အရပ်​သို့​လည်းကောင်း​၊ အပြည်ပြည်​သို့​လည်းကောင်း နှင်ထုတ်​ခံရ​သော အစ္စရေး​အမျိုးသား​တို့​ကို ပြန်လည်​ခေါ်ဆောင်​လာ​သော​ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​သည်​ဟု ပြောဆို​ရ​မည့်​အချိန် ရောက်လာ​မည်​။ ငါ​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ပေး​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို​ပြန်လည်​ခေါ်ဆောင်​လာ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 16,
      "text": "ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် တံငါသည်​အမြောက်အမြား​စေလွှတ်​၍ သူ​တို့​ကို​မျှား​စေ​မည်​။ မုဆိုး​အမြောက်အမြား​တို့​ကို​လည်း စေလွှတ်​၍ တောင်ကြီး​တောင်ငယ်​၊ ကျောက်ကြိုကျောက်ကြား​မှ သူ​တို့​ကို လိုက်လံဖမ်းဆီး​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 17,
      "text": "ငါ့​မျက်စိ​သည် သူ​တို့​သွား​သော​လမ်း​ရှိသမျှ​တို့​ကို မြင်​၏​။ သူ​တို့​သည် ငါ့​ရှေ့​မှ မ​ပုန်းရှောင်​နိုင်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ငါ့​မျက်မှောက်​မှ မ​ဝှက်ထား​နိုင်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 18,
      "text": "ငါ​၏​ပြည်​ကို ရွံရှာဖွယ်​လူသေကောင်​ဖြင့် ညစ်ညူး​စေ​၍ ငါ​၏​အမွေမြေ​ကို စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ပြည့်​စေ​သော သူ​တို့​၏​ဒုစရိုက်​၊ သူ​တို့​၏​အပြစ်​များ​ကြောင့် ငါ​သည် သူ​တို့​ကို နှစ်ဆ​တုံ့ပြန်​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 19,
      "text": "အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 20,
      "text": "လူ​သည် ကိုယ့်​အဖို့ ဘုရား​ကို ပြုလုပ်​နိုင်​သလော​။ ပြုလုပ်​နိုင်​လျှင်​လည်း ဘုရား​စစ်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 21,
      "text": "ကြည့်ရှု​လော့​။ ယခု သူ​တို့​ကို ငါ​သိ​စေ​မည်​။ ငါ့​လက်ရုံးရည်​၊ ငါ့​အစွမ်းတန်ခိုး​ကို သူ​တို့​အား သိမြင်​စေ​မည်​။ “​ထာဝရဘုရား​”​ဟူသည်မှာ ငါ​၏​နာမ​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 1,
      "text": "ယုဒ​အမျိုး​၏​အပြစ်​ကို သူ​တို့​၏​နှလုံးသား​ပြင်​၊ သူ​တို့​၏​ယဇ်ပလ္လင်​ဦးချို​များ​ပေါ်တွင် သံ​ကညစ်​ဖြင့် ရေးထိုး​ထား​၏​။ စိန်​ချွန်​ဖြင့် ရေးထွင်း​ထား​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 2,
      "text": "သူ​တို့​၏​သားသမီး​များ​ပင် ကုန်း​မြင့်​များ​ပေါ်ရှိ စိမ်းလန်း​သော​သစ်ပင်​များ​အနီး​၌ မိမိ​တို့​တည်​ထား​သော​ယဇ်ပလ္လင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို စွဲလမ်း​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 3,
      "text": "အို ကွင်းပြင်​ရှိ​ငါ့​တောင်​၊ ပြည်​တစ်ပြည်လုံး​ရှိ အပြစ်​များ​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​အလုံးစုံ​တို့​နှင့် သင်​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် ငါ​ပေးလိုက်​မည်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 4,
      "text": "သင့်​အား ငါ​ပေး​သော​အမွေ​ကို သင်​လက်လွတ်​ရ​မည်​။ သင်​မ​သိ​သော​ပြည်​တွင် သင်​၏​ရန်သူ​တို့​အား သင်​အစေခံ​ရ​မည်​။ အစဉ်အမြဲ​တောက်လောင်​နေ​မည့် ငါ့​အမျက်​မီး​ကို သင်​မွှေး​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 5,
      "text": "ထာဝရဘုရား​က “​လူ​ကို​ကိုးစား​သော​သူ​၊ လူ​၏​လက်ရုံးအား​ကို​မှီခို​သော​သူ​၊ ထာဝရဘုရား​ထံမှ ကျောခိုင်း​သွား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 6,
      "text": "ထို​သူ​သည် သဲကန္တာရ​ရှိ​ချုံပုတ်​ကဲ့သို့​ဖြစ်​မည်​။ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​မည်​မ​ဟုတ်​။ ခြောက်သွေ့​သော​တောကန္တာရ​ရှိ မည်သူ​မျှ​မ​နေထိုင်​သော​ဆား​မြေ​၌ နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 7,
      "text": "ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​၊ ထာဝရဘုရား​ကို မိမိ​ကိုးစား​ရာ​ဖြစ်​စေ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 8,
      "text": "ထို​သူ​သည် ရေ​ရှိ​ရာ​တွင်​စိုက်​ထား​၍ မြစ်​နား​အထိ​အမြစ်​ဖြာ​သော​အပင်​ကဲ့သို့​ဖြစ်​မည်​။ နေအပူဒဏ်​ကို မ​ကြောက်​၊ မိုးခေါင်​သော​နှစ်​တွင်​လည်း မ​စိုးရိမ်​။ အရွက်​များ စိမ်းလန်း​လျက်​ရှိ​၏​၊ အသီး​လည်း ပြတ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 9,
      "text": "စိတ်နှလုံး​သည် အရာ​အားလုံး​ထက် စဉ်းလဲ​၏​။ ကုသ​၍​မ​ရ​သော​ရောဂါ​ဖြစ်​၏​။ စိတ်နှလုံး​သဘော​ကို မည်သူ​နားလည်​နိုင်​သနည်း​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 10,
      "text": "ငါ​ထာဝရဘုရား​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူ​တို့​၏​စိတ်နှလုံး​ကို စစ်ကြော​တတ်​၏​။ အတွင်းသဘော ​ကို စစ်ဆေး​တတ်​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 11,
      "text": "ခါငှက်​သည် မိမိ​မ​ဥ​သော​ဥ​ကို​ဝပ်​သကဲ့သို့ မတရား​သော​သူ​သည် ဓနဥစ္စာ​သိုမှီး​တတ်​၏​။ သို့သော်လည်း သူ​သည် သက်တမ်း​တစ်ဝက်​၌ပင် မိမိ​ဓနဥစ္စာ​ကို စွန့်ထား​ခဲ့​ရ​၍ အဆုံး​၌ မိုက်မဲ​သော​သူ​ဖြစ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 12,
      "text": "အစအဦး​ကပင် မြင့်မြတ်​၍ ဘုန်းကြီး​သော​ပလ္လင်​တော်​သည် ငါ​တို့​၏​သန့်ရှင်းရာဌာန​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 13,
      "text": "အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​ဖြစ်​တော်မူ​သော​ထာဝရဘုရား​၊ ကိုယ်တော်​ကို​စွန့်ပယ်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ ကိုယ်တော့် ​ထံမှ​ထွက်သွား​သော​သူ​တို့​သည် အသက်စမ်းရေ​ဖြစ်​သည့်​ထာဝရဘုရား​ကို စွန့်ပယ်​ကြ​သောကြောင့် မြေ​ပေါ်၌​သာ စာရင်းဝင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 14,
      "text": "အို ထာဝရဘုရား အကျွန်ုပ်​ကို ကျန်းမာ​စေ​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ် ကျန်းမာ​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ် ကယ်တင်​ခြင်း​ခံရ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ချီးမွမ်း​ရာ​ဖြစ်​တော်မူ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 15,
      "text": "ကြည့်ရှု​လော့​။ ထို​သူ​တို့​က ငါ့​အား “​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အဘယ်မှာ​နည်း​။ ယခုပင် ရောက်လာ​ပါလေစေ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 16,
      "text": "အကျွန်ုပ်​မူကား ကိုယ်တော်​၏​နောက်သို့​လိုက်​သော​သိုးထိန်း​အဖြစ်​မှ ထွက်​မ​ပြေး​ပါ​။ ဆိုးဝါး​သော​နေ့​ကို အကျွန်ုပ်​မ​တောင့်တ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​သည် ရှေ့​တော်​၌​ရှိ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 17,
      "text": "အကျွန်ုပ်​ကို ထိတ်လန့်​စေ​တော်​မ​မူ​ပါ​နှင့်​။ ဘေးအန္တရာယ်​ကျရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 18,
      "text": "အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ သူ​တို့​သည် စိတ်ပျက်​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား စိတ်​မ​ပျက်​ရ​ပါစေ​နှင့်​။ သူ​တို့​ကို ဆိုးရွား​သော​နေ့ရက်​နှင့် ကြုံတွေ့​စေ​တော်မူ​ပါ​။ ဖျက်ဆီး​ခြင်း​ဘေး​နှစ်ဆ​ဖြင့် သူ​တို့​ကို ဖျက်ဆီး​တော်မူ​ပါ​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 19,
      "text": "ထာဝရဘုရား​က ငါ့​အား “​ယုဒ​ဘုရင်​များ ဝင်ထွက်​သွားလာ​ရာ ပြည်သူ့​တံခါးဝ​နှင့် ဂျေရုဆလင်​မြို့​တံခါးဝ​အားလုံး​၌ သွား​ရပ်​၍"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 20,
      "text": "‘ဤ​မြို့​တံခါး​ဖြင့် ဝင်ထွက်​သွားလာ​ကြ​သော ယုဒ​ဘုရင်​နှင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 21,
      "text": "ထာဝရဘုရား​က သင်တို့ကိုယ်သင်တို့ သတိပြု​ကြ​လော့​။ ဥပုသ်နေ့​၌ ဝန်ထုပ်​များ မ​သယ်ဆောင်​ရ​။ ဂျေရုဆလင်​မြို့​တံခါး​ကို ဖြတ်​၍ မ​ယူဆောင်​လာ​ရ​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 22,
      "text": "ဥပုသ်နေ့​၌ အိမ်​ထဲမှ​ဝန်ထုပ်​များ​ကို မ​သယ်ထုတ်​ရ​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 23,
      "text": "သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​။ ခေါင်းမာ ​ကြ​သောကြောင့် နား​မ​ထောင်​ကြ​။ ဆုံးမပဲ့ပြင်​ခြင်း​ကို မ​ခံယူ​ကြ​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 24,
      "text": "တစ်ဖန် ထာဝရဘုရား​က သင်​တို့​သည် ငါ့​စကား​ကို အသေအချာ​နားထောင်​၍ ဥပုသ်နေ့​၌ မြို့​တံခါး​ကို​ဖြတ်​ပြီး ဝန်ထုပ်​ကို မ​သယ်ဆောင်​ဘဲ​နေ​လျှင်​၊ ဥပုသ်နေ့​ကို သန့်ရှင်း​စေ​၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ဘဲ​နေ​လျှင်"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 25,
      "text": "ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် စိုးစံ​တော်မူ​သော​ရှင်ဘုရင်​နှင့် မင်းညီမင်းသား​တို့​သည် ရထား​စီး​လျက်​၊ မြင်း​စီး​လျက် သူ​တို့​၏​အကြီးအကဲ​များ​၊ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​များ​ပါ​လျက် ဤ​မြို့​တံခါး​ကို ဖြတ်​၍​ဝင်​ရ​လိမ့်မည်​။ ဤ​ပြည်​၌ အစဉ်​နေထိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 26,
      "text": "သူ​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ ဗင်္ယာမိန်​ပြည်​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​မှ ရောက်လာ​ကြ​လိမ့်မည်​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ ယဇ်ကောင်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ လော်ဗန်​နှင့်တကွ ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 27,
      "text": "သင်​တို့​သည် ဥပုသ်နေ့​၌ ဂျေရုဆလင်​မြို့​တံခါး​ကို​ဖြတ်​၍ ဝန်ထုပ်​ကို​မ​သယ်ဆောင်​ရ​။ ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရ​မည်​ဟူသော ငါ့​စကား​ကို နား​မ​ထောင်​လျှင် ငါ​သည် မြို့​တံခါး​ကို​မီး​ရှို့​၍ ဂျေရုဆလင်​မြို့​၏​ခံတပ်​များ​ကို လောင်ကျွမ်း​စေ​မည်​။ ထို​မီး​သည် ငြိမ်း​လိမ့်မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 1,
      "text": "ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​မှာ"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 2,
      "text": "“​ထ​၍ အိုးထိန်းသည်​အိမ်​သို့ သွား​လော့​။ ထို​အိမ်​၌ သင်​သည် ငါ​၏​နှုတ်ကပတ်တော်​ကို ကြား​ရ​မည်​”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 3,
      "text": "ငါ​သည်​လည်း အိုးထိန်းသည်​အိမ်​သို့​သွား​၍ ရောက်​သောအခါ သူ​သည် အိုးထိန်းစက်​နှင့် အလုပ်​လုပ်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 4,
      "text": "အိုးထိန်းသည်​သည် ရွှံ့စေး​ဖြင့် အိုး​တစ်​လုံး​ကို​ပြုလုပ်​ရာ ပုံပျက်​သွား​သဖြင့် အခြား​အိုး​တစ်​လုံး​ကို သူ​နှစ်သက်​သော​ပုံ​ဖြင့် တစ်ဖန်​ပြုလုပ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 5,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 6,
      "text": "ထာဝရဘုရား​က “​အို အစ္စရေး​အမျိုးအနွယ်​တို့​၊ အိုးထိန်းသည် ပြု​သကဲ့သို့ သင်​တို့​ကို ငါ​ပြု​နိုင်​သည်​မ​ဟုတ်​လော​။ ကြည့်ရှု​လော့​။ ရွှံ့စေး​သည် အိုးထိန်းသည်​လက်​၌​ရှိ​သကဲ့သို့ အစ္စရေး​အမျိုးအနွယ်​တို့​သည် ငါ့​လက်​၌​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 7,
      "text": "ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်နိုင်ငံ​ကို တစ်ခဏအတွင်း နုတ်ပယ်​ဖြိုချ​မည်​၊ ဖျက်ဆီး​မည်​ဟု ငါ​သတိပေး​ခဲ့​ပြီ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 8,
      "text": "သတိပေး​ခံရ​သော​လူမျိုး​သည် မိမိ​ပြု​သော​မကောင်းမှု​မှ နောင်တရ​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော​အကြံအစည်​မှ စိတ်ပြောင်းလဲ​မည်​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 9,
      "text": "ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်​နိုင်ငံ​ကို တစ်ခဏအတွင်း တည်ထောင်​ပြုစု​နိုင်​သည်​ဟု ငါ​မိန့်ဆို​ခဲ့​ပြီ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 10,
      "text": "ငါ​မိန့်ဆို​သော​စကား​ကို​နား​မ​ထောင်​ဘဲ ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​လျှင် ကောင်းစား​စေ​မည်​ဟု​ငါ​မိန့်ဆို​ခဲ့​သည်​မှ စိတ်ပြောင်းလဲ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ခံရ​မည့် ဘေးအန္တရာယ်​ကို ပြင်ဆင်​နေ​ပြီ​။ သင်​တို့​ကို​ဆန့်ကျင်​မည့်​အကြံအစည်​ကို ကြံစည်​နေ​ပြီ​။ မကောင်း​သော​လမ်း​မှ အသီးသီး​ပြန်လာ​ကြ​။ သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ”​ဟူ၍ မိန့်​တော်မူ​ကြောင်း ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​အား ယခု ဆင့်ဆို​လော့​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 12,
      "text": "သို့သော် သူ​တို့​က “မျှော်လင့်စရာ​မ​ရှိ​။ ထို့ကြောင့် ငါ​တို့​သည် ကိုယ့်​အကြံအစည်​နောက်​သို့ ကိုယ်​လိုက်​မည်​။ ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း ပြု​မည်”​ဟု ပြောဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 13,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​က “​လူမျိုးခြား​တို့​တွင်​မေးကြည့်​လော့​။ ဤသို့သော​အမှု​ကို မည်သူ​ကြား​ဖူး​သနည်း​။ အစ္စရေး​အပျိုကညာ​သည် စက်ဆုပ်ဖွယ်​အမှု​ကို ပြု​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 14,
      "text": "လက်ဘနွန်​တောင်​နှင်းပွင့်​သည် ကျောက်တောင်စောင်း ​ကို စွန့်သွား​တတ်​သလော​။ အဝေး​မှ​စီးဆင်း​လာ​သည့် အေးမြ​သော​ရေ​သည် ခန်းခြောက် ​သွား​တတ်​သလော​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 15,
      "text": "သို့သော် ငါ​၏​လူမျိုး​သည် ငါ့​ကို​မေ့လျော့​ပြီ​။ သူ​တို့​သည် အချည်းနှီး​သော​အရာ​ရှေ့​၌ နံ့သာပေါင်း​ကို​မီးရှို့​ကြ​လေ​ပြီ​။ သူ​တို့​သည် ရှေးလမ်းဟောင်း​များ​တွင် ခလုတ်တိုက်​လဲကျ​ကြ​လေ​ပြီ​။ လမ်းမ မ​ဟုတ်​သော လမ်းကြား​များ​တွင် လိုက်လျှောက်​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 16,
      "text": "သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ အစဉ်​ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်​စေ​သဖြင့် ထို​ပြည်​နား ဖြတ်သန်းသွားလာ​သူ​တိုင်း အံ့ဩ​လျက် ခေါင်း​ကို​ခါယမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 17,
      "text": "ငါ​သည် အရှေ့​လေ​ကဲ့သို့ သူ​တို့​ကို ရန်သူ​ရှေ့​တွင် ကွဲလွင့်​စေ​မည်​။ သူ​တို့​ဘေးဒုက္ခ​ရောက်​သော​နေ့​၌ သူ​တို့​ကို မျက်နှာ​မ​ပြ​၊ ကျောခိုင်း​ထား​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 18,
      "text": "လူ​တို့​က “​လာ​ကြ​၊ ယေရမိ​ကို လုပ်ကြံ​ကြ​စို့​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​ထံမှ​လာ​သော တရားတော်​၊ ပညာရှိ​ထံမှ​လာ​သော အကြံဉာဏ်​၊ ပရောဖက်​ထံမှ​လာ​သော နှုတ်ကပတ်တော်​သည် ငါ​တို့​၌ ပျောက်ပျက်​မည်​မ​ဟုတ်​။ လာ​ကြ​၊ သူ့​ကို အပြစ်ရှာ ​ကြ​စို့​။ သူ့​စကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 19,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တောင်းလျှောက်သံ​ကို နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​အား ရန်ပြု​သော​သူ​တို့​၏​စကား​ကို ကြား​တော်မူ​ပါ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 20,
      "text": "အကောင်း​ကို အဆိုး​ဖြင့် တုံ့ပြန်​သင့်​ပါ​သလော​။ သို့သော် သူ​တို့​သည် အကျွန်ုပ်​အတွက် သေတွင်း​ကို​တူး​ကြ​ပါ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ရပ်​လျက် သူ​တို့​ကောင်းစား​မည့်​အကြောင်း​၊ သူ​တို့​ထံမှ အမျက်​တော်​လွှဲသွား​မည့်​အကြောင်း တောင်းလျှောက်​ပေး​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 21,
      "text": "ထို့ကြောင့် သူ​တို့​၏​သားသမီး​များ​ကို ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​နှင့် ကြုံတွေ့​စေ​ပါ​၊ ဓား​ဖြင့်​ကျဆုံး​စေ​ပါ​။ သူ​တို့​၏​မိန်းမ​များ​ကို သားသမီး​များ​ဆုံးပါး​စေ​ပါ​၊ မုဆိုးမ​ဖြစ်​စေ​ပါ​။ ယောက်ျား​တို့​ကို သေမင်း​လက်​သို့​ရောက်​စေ​ပါ​။ လူပျို​တို့​ကို တိုက်ပွဲ​၌ ဓား​ဖြင့်​သေ​စေ​ပါ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 22,
      "text": "ဓားပြ​တို့​သည် သူ​တို့​ကို ရုတ်တရက်​ဝင်ရောက်​တိုက်ခိုက်​သဖြင့် သူ​တို့​၏​အိမ်သား​များ အော်ဟစ်​ကြ​ရ​ပါစေ​။ အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​ကို​ဖမ်းဆီး​ရန် တွင်း​ကို​တူး​ကြ​ပါ​ပြီ​။ ကျော့ကွင်း​ကို​ထောင်​ထား​ကြ​ပါ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 23,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သတ်မည့်သူ​တို့​၏​အကြံဉာဏ်​အားလုံး​ကို ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​ဒုစရိုက်​ကို ဖြေလွှတ်​တော်​မ​မူ​ပါ​နှင့်​။ သူ​တို့​၏​အပြစ်​ကို ရှေ့​တော်​မှ​ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ရှေ့​တော်​၌ သူ​တို့​လဲကျ​ကြ​ပါစေ​။ အမျက်​တော်​သင့်​ရာ​ကာလ​၌ သူ​တို့​ကို​စီရင်​တော်မူ​ပါ​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 1,
      "text": "ထာဝရဘုရား​က “​အိုးထိန်းသည်​ထံ​သွား​၍ မြေအိုး​ကို​ဝယ်ယူ​ပြီးလျှင် သက်ကြီးဝါကြီး​လူ​အချို့​၊ သက်ကြီးဝါကြီး​ယဇ်ပုရောဟိတ်​အချို့​တို့​နှင့်အတူ"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 2,
      "text": "အိုးခြမ်းပဲ့​တံခါး​နား​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​သို့​သွား​၍ သင့်​အား ငါ​မိန့်မှာ​သော​စကား​တို့​ကို ထို​အရပ်​၌​ကြွေးကြော်​လော့​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 3,
      "text": "‘အို ယုဒ​ဘုရင်​နှင့် ဂျေရုဆလင်​မြို့သား​တို့​၊ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို​နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် ဤ​အရပ်​၌​ဘေးအန္တရာယ် ကျရောက်​စေ​မည်​။ ကြား​ရ​သူ​တိုင်း နားခါး​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 4,
      "text": "အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ ဤ​အရပ်​ကို ညစ်ညမ်း​စေ​ပြီ​။ သူ​တို့​ကိုယ်တိုင်​မ​သိ​၊ ယုဒ​ဘုရင်​တို့​လည်း​မ​သိ​၊ သူ​တို့​၏​ဘိုးဘေး​တို့​လည်း​မ​သိ​သော အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြ​ပြီ​။ ဤ​အရပ်​ကို​လည်း အပြစ်မဲ့​သော​သူ​တို့​အား​သတ်​သော​အပြစ်​နှင့်​ပြည့်​စေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 5,
      "text": "ငါ​မိန့်မှာ​ပြောဆို​ခဲ့​ခြင်း မ​ရှိ​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် သူ​တို့​သည် ယဇ်ပလ္လင်​များ​ကို​တည်ဆောက်​ကြ​ပြီး သူ​တို့​၏​သားသမီး​များ​ကို မီးရှို့ရာယဇ်​အဖြစ် ဗာလ​ဘုရား​အား ပူဇော်​ကြ​၏​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 6,
      "text": "သို့ဖြစ်၍ ထာဝရဘုရား​က ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက် ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 7,
      "text": "ဤ​အရပ်​၌ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​၏​အကြံအစည်​များ​ကို ပျက်ပြား​စေ​မည်​။ သူ​တို့​ကို ရန်သူ​တို့​ရှေ့​တွင် ဓား​ဖြင့်​ကျဆုံး​စေ​မည်​။ သူ​တို့​၏​အသက်​ကို ရန်ရှာ​သော​သူ​တို့​လက်​ဖြင့် ကျဆုံး​စေ​မည်​။ အလောင်းကောင်​တို့​ကို မိုးကောင်းကင်​ငှက်​နှင့် မြေ​တိရစ္ဆာန်​တို့​အတွက် အစာ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 8,
      "text": "ဤ​မြို့​ကို လူသူကင်းမဲ့​ရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​စေ​မည်​။ ဤ​မြို့​ခံရ​သော​ဘေးဒဏ်​ကြောင့် ဤ​မြို့​နား ဖြတ်သန်း​သွား​သော​သူ​တိုင်း အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 9,
      "text": "သူ​တို့​အသက်​ကို​ရန်ရှာ​သော​ရန်သူ​တို့​သည် သူ​တို့​ကို ဝိုင်းရံ​ထား​သဖြင့် အကျပ်အတည်း​ထဲသို့​ရောက်​သောအခါ သူ​တို့​သား​သမီး​များ​၏​အသား​ကို သူ​တို့​အား ပြန်စား​စေ​မည်​။ သူ​တို့​သည် အချင်းချင်း​တို့​၏​အသား​ကို ပြန်စား​ကြ​ရ​မည်​ဟူ၍ မိန့်​တော်မူ​ပြီ’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 10,
      "text": "သင်​နှင့်အတူ​လိုက်ပါ​သော​လူ​တို့​၏​ရှေ့​၌ မြေအိုး​ကို​ခွဲ​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 11,
      "text": "သူ​တို့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အိုးထိန်းသည် ပြန်​ဆက်စပ်​၍​မ​ရ​နိုင်​အောင် မြေအိုး​ကို​ခွဲ​သကဲ့သို့ ဤ​လူမျိုး​နှင့်​ဤ​မြို့​ကို ငါ​ခွဲ​မည်​။ တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 12,
      "text": "တစ်ဖန် ထာဝရဘုရား​က ဤ​မြို့​နှင့်​မြို့သား​တို့​ကို ထိုသို့ ငါ​ပြု​မည်​။ ဤ​မြို့​ကို တောဖက်​အရပ်​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 13,
      "text": "သူ​တို့​သည် ခေါင်မိုး​များ​ပေါ်တွင် ကောင်းကင်​တန်ဆာ​ရှိသမျှ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​၏​။ အခြား​သော​ဘုရား​များ​ရှေ့​တွင် သွန်းလောင်းရာပူဇော်သက္ကာ​ကို​ပူဇော်​၏​။ ထို့ကြောင့် ဂျေရုဆလင်​မြို့​ရှိ​အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​သည် တောဖက်​အရပ်​ကဲ့သို့ ညစ်ညူး​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 14,
      "text": "ထို့နောက် ပရောဖက်ပြု​ရန်​ထာဝရဘုရား​စေလွှတ်​တော်မူ​သော ယေရမိ​သည် တောဖက်​အရပ်​မှ​ပြန်လာ​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​၌​ရပ်​လျက် လူ​အပေါင်း​တို့​အား"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 15,
      "text": "“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သူ​တို့​သည် ခေါင်းမာ ​၍ ငါ့​စကား​ကို​နား​မ​ထောင်​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို ဤ​မြို့​နှင့်​ရွာ​ရှိသမျှ​အပေါ် ကျရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 1,
      "text": "ယေရမိ ပရောဖက်ပြု​ဟောပြော​သော​အကြောင်းအရာ​တို့​ကို ဣမေရ​၏​သား​၊ ထာဝရဘုရား​၏​အိမ်​တော်​ကို​ကြီးကြပ်အုပ်ချုပ်သူ ယဇ်ပုရောဟိတ်​ပါရှုရ​ကြား​လျှင်"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 2,
      "text": "ပါရှုရ​သည် ပရောဖက်​ယေရမိ​အား ရိုက်နှက်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ အထက်​ဗင်္ယာမိန်​တံခါး​၌ ထိတ်ခတ်​ထား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 3,
      "text": "နောက်တစ်နေ့​တွင် ပါရှုရ​သည် ယေရမိ​ကို​ထိတ်ခတ်​ထား​ရာ​မှ လွှတ်ပေး​သောအခါ ယေရမိ​က ပါရှုရ​အား “​ထာဝရဘုရား​သည် သင်​၏​အမည်​ကို ပါရှုရ ဟု မ​ခေါ်​၊ မာဂေါမိဿဘိတ် ဟု မှည့်ခေါ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 4,
      "text": "အကြောင်းမှာ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို သင်ကိုယ်တိုင်​အတွက်​သော်​လည်းကောင်း​၊ သင်​၏​အပေါင်းအဖော်​အားလုံး​အတွက်​သော်​လည်းကောင်း ကြောက်လန့်စရာ​ဖြစ်စေ​မည်​။ သင်​၏​အပေါင်းအဖော်​များ​သည် ရန်သူ​၏​ဓား​ဖြင့်​လဲကျ​သေဆုံး​ကြ​သည်​ကို သင်​မြင်တွေ့​ရ​မည်​။ ယုဒ​အမျိုး​အားလုံး​ကို ဘေဘီလုံ​ဘုရင်​၏​လက်​သို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ပြီး ဓား​ဖြင့်​ကွပ်မျက်​မည်​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 5,
      "text": "ငါ​သည် ဤ​မြို့​၏​စည်းစိမ်ဥစ္စာ​၊ ချွေးနှဲစာ​၊ အဖိုးတန်ရတနာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ ယုဒ​ဘုရင်​တို့​၏​ဥစ္စာဘဏ္ဍာ​ရှိသမျှ​တို့​ကို​လည်းကောင်း ရန်သူ့​လက်​သို့ အပ်​မည်​။ ရန်သူ​တို့​သည် သူ​တို့​ကို လုယူတိုက်ခိုက်​၍ ဘေဘီလုံ​မြို့​သို့ ယူ​ဆောင်သွား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 6,
      "text": "အို ပါရှုရ​၊ သင်​နှင့် သင်​၏​အိမ်သူအိမ်သား​အားလုံး ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။ သင်​နှင့် သင်​မုသား​သုံး​၍​ပရောဖက်ပြု​သည်​ကို နာယူ​ခဲ့​သော သင့်​အပေါင်းအဖော်​တို့​သည် ဘေဘီလုံ​မြို့​သို့​ရောက်သွား​၍ ထို​အရပ်​၌​သေဆုံး​ကြ​လိမ့်မည်​။ ထို​အရပ်​၌ သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 7,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွေးဆောင်​တော်မူ​ပြီ​။ အကျွန်ုပ် သွေးဆောင်​ခံရ​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ထက် ခွန်အားကြီး​သဖြင့် နိုင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် နေ့စဉ် လှောင်ပြောင်​ခြင်း​ခံရ​ပါ​၏​။ လူ​တိုင်း အကျွန်ုပ်​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 8,
      "text": "အကျွန်ုပ်​ဟောပြော​လေရာရာ​၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​အကြောင်း​များ​ကို​သာ အော်ဟစ်​ကြွေးကြော်​ရ​ပါ​၏​။ အကြောင်းမူကား ထာဝရဘုရား​၏​စကား​တော်​သည် အကျွန်ုပ်​၌ နေ့စဉ် ကဲ့ရဲ့စရာ​၊ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​စေ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 9,
      "text": "ငါ​က “​ကိုယ်တော်​ကို မ​အောက်မေ့​၊ နာမ​တော်​ဖြင့် မ​ဟောပြော​လို​တော့​ပြီ​”​ဟု ဆို​သော်လည်း ငါ့​စိတ်နှလုံး​ထဲ၌ မီး​တောက်လောင်​သကဲ့သို့ ပူလောင်​၏​။ ငါ့​အရိုး​ထဲထိ ပူလောင်​၏​။ ငါ​မ​ခံ​မ​ရပ်​နိုင်​အောင် ပင်ပန်း​လှ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 10,
      "text": "အကြောင်းမူကား လူ​အများ​တို့​က “​ပတ်ပတ်လည်​၌ ကြောက်လန့်စရာ​ရှိ​၏​။ သတင်းပို့​ကြ​စို့​။ ငါ​တို့​သတင်းပို့​ကြ​စို့​”​ဟူ၍ တီးတိုးပြောသံ​ကို​သာ ငါ​ကြား​ရ​၏​။ အကျွန်ုပ်​၏​မိတ်ဆွေရင်းချာ​အပေါင်း​တို့​လည်း အကျွန်ုပ်​ပြိုလဲ​သည်​ကို စောင့်ကြည့်​၍ “​သူ့​ကို လှည့်စား​၍ ရ​ကောင်း​ရ​နိုင်​လိမ့်မည်​။ သူ့​ကို အနိုင်ယူ​မည်​။ လက်တုံ့ပြန်​မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 11,
      "text": "သို့သော် ထာဝရဘုရား​သည် အားကြီး​သော​စစ်သူရဲ​အဖြစ် ငါ့​ဘက်​၌ ရှိ​တော်မူ​၏​။ ထို့ကြောင့် အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​သည် အနိုင်​မ​ရ​ဘဲ လဲကျ​ကြ​လိမ့်မည်​။ မ​အောင်မြင်​ဘဲ အရှက်ကွဲ​အကျိုးနည်း ဖြစ်​ကြ​လိမ့်မည်​။ မ​မေ့ပျောက်​နိုင်​အောင် အစဉ်​အသရေပျက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 12,
      "text": "စိတ်နှလုံး​အတွင်းသဘော ​ကို​မြင်​၍ ဖြောင့်မတ်​သော​သူ​ကို စစ်ဆေး​တော်မူ​သော အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော်​လက်​သို့ အပ်​ပါ​ပြီ​။ သူ​တို့​အား လက်တုံ့ပြန်​တော်မူ​သည်​ကို အကျွန်ုပ်​တွေ့မြင်​ပါရစေ​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 13,
      "text": "ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် နွမ်းပါး​သူ​၏​အသက်​ကို ဆိုးညစ်​သူ​လက်​မှ ကယ်နုတ်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 14,
      "text": "ငါ​မွေး​သော​နေ့​သည် ကျိန်​ခြင်း​ခံရ​ပါစေ​။ ငါ့​ကို ငါ့​မိခင်​မွေး​သော​နေ့​သည် မင်္ဂလာ​မ​ရှိ​ပါစေ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 15,
      "text": "ငါ့​ဖခင်​ဝမ်းသာ​ရ​အောင် “​သင်​သည် သားယောက်ျား​ကို ရ​ပါ​ပြီ​”​ဟု သူ့​ထံ​သတင်းယူဆောင်​လာ​သော​သူ​သည် ကျိန်​ခြင်း​ခံရ​ပါစေ​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 16,
      "text": "ထာဝရဘုရား မ​နှမြော​ဘဲ ဖျက်ဆီး​ပစ်​သော​မြို့​များ​ကဲ့သို့ ထို​သူ​ဖြစ်​ပါစေ​။ နံနက်အချိန်​၌ အော်ဟစ်သံ​၊ မွန်းတည့်​အချိန်​၌ အချက်ပေးသံ​တို့​ကို ကြား​ရ​ပါစေ​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 17,
      "text": "ငါ့​ကို အမိ​ဝမ်း​ထဲကပင် သတ်​ခဲ့​သင့်​၏​။ သို့ပြုလျှင် မိခင်​၏​ဝမ်း​သည် ငါ​၏​သင်္ချိုင်း​၊ ငါ့​ကို အစဉ်​ကိုယ်ဝန်ဆောင်ရာ​နေရာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 18,
      "text": "ငါ​သည် အခက်အခဲ​ပြဿနာ​၊ ဝမ်းနည်း​ခြင်း​များ​နှင့် ကြုံတွေ့​ရ​၍ ငါ​၏​နေ့ရက်​တို့​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ကုန်ဆုံး​သွား​ရ​စေရန် အဘယ်ကြောင့် မွေးလာ​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 1,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။ ထို​အချိန်​တွင် ဇေဒကိ​မင်းကြီး​သည် မာလခိယ​သား ပါရှုရ​နှင့် မာသေယ​သား ယဇ်ပုရောဟိတ်​ဇေဖနိ​တို့​ကို ယေရမိ​ထံသို့ စေလွှတ်​လိုက်​၏​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 2,
      "text": "ထို​သူ​တို့​က “​ငါ​တို့​ကို ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး တိုက်ခိုက်​နေ​ပါ​သည်​။ ထာဝရဘုရား​သည် အံ့ဖွယ်​အမှု​ပြု​လေ့​ရှိ​သည့်​အတိုင်း ငါ​တို့​ထံမှ သူ​ဆုတ်ခွာ​သွား​အောင် ပြု​ကောင်း​ပြု​တော်မူ​မည်​ဖြစ်၍ ငါ​တို့​အတွက် ထာဝရဘုရား​ထံ မေးမြန်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 3,
      "text": "ထိုအခါ ယေရမိ​က ထို​သူ​တို့​အား “​သင်​တို့​သည် ဇေဒကိ​မင်းကြီး​အား"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 4,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ မြို့ရိုး​အပြင်ဘက်​၌​ဝိုင်း​ထား​သော ဘေဘီလုံ​ဘုရင်​နှင့် ခါလဒဲ​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် သင်​တို့​ကိုင်စွဲ​ထား​သော​လက်နက်​များ​ကို သင်​တို့​ထံ​ပြန်လှည့်​စေ​မည်​။ ထို​လက်နက်​တို့​ကို မြို့​ထဲ၌ ငါ​စုသိမ်း​မည်​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 5,
      "text": "ငါ​ကိုယ်တိုင် အားကြီး​သော​လက်ရုံး​၊ ပြင်းစွာ​သော​အမျက်ဒေါသ​တို့​ဖြင့် လက်​ကို​ဆန့်​၍ သင်​တို့​ကို​တိုက်ခိုက်​မည်​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 6,
      "text": "ဤ​မြို့​၌​နေ​သော လူ​နှင့်​တိရစ္ဆာန်​တို့​ကို ငါ​ဒဏ်ခတ်​သဖြင့် ကပ်ရောဂါ​ဘေး​ကြီး​ဖြင့် သေဆုံး​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 7,
      "text": "တစ်ဖန် ထာဝရဘုရား​က ‘ကပ်ရောဂါ​ဘေး​၊ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​မှ အသက်ရှင်​ကျန်ရစ်​သော ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ မြို့သူမြို့သား​များ​ကို သူ​တို့​အသက်​ကို​ရန်ရှာ​သော​၊ သူ​တို့​၏​ရန်သူ​ဖြစ်​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​ထဲသို့ ငါ​အပ်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ ဓား​ဖြင့် ကွပ်မျက်​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု လျှောက်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 8,
      "text": "သင်​သည် ဤ​လူမျိုး​တို့​အား “ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ အသက်ရှင်​ခြင်း​လမ်း​နှင့် သေ​ခြင်း​လမ်း​ကို သင်​တို့​ရှေ့​၌ ငါ​ချထား​၏​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 9,
      "text": "မြို့​တွင်း​၌ နေရစ်​သော​သူ​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​လိမ့်မည်​။ သင်​တို့​ကို​ဝိုင်း​ထား​သော​ခါလဒဲ​တပ်​ထံ ဝင်ရောက်​ခိုလှုံ​သော​သူ​မူကား သူ​၏​အသက်​သည် တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​၍ အသက်ချမ်းသာ​ရာ​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 10,
      "text": "အကြောင်းမူကား ဤ​မြို့​ကို အကောင်း​မ​ဟုတ် အဆိုး​အတွက် ငါ​ထား​ထား​၏​။ ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​သဖြင့် သူ​သည် မီး​ရှို့​ပစ်​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 11,
      "text": "ယုဒ​ဘုရင်​၏​မင်းမျိုးမင်းနွယ်​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 12,
      "text": "ထာဝရဘုရား​က “အို ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နံနက်တိုင်း တရားသဖြင့်​စစ်ကြောစီရင်​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်​သော​သူ​၏​လက်​မှ ကယ်နုတ်​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် မီး​ကဲ့သို့​တောက်လောင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 13,
      "text": "“မည်သူ​သည် ငါ​တို့​ရှိ​ရာ​သို့​ဆင်းလာ​နိုင်​သနည်း​။ မည်သူ​သည် ငါ​တို့​၏​ခိုလှုံ​ရာ​အရပ်​သို့​ဝင်​နိုင်​သနည်း”​ဟု ပြောဆို​တတ်​သော “အို ချိုင့်ဝှမ်း​၌​နေ​သော​သူ​၊ အို ကျောက်​ကုန်းရိုး​၌​နေ​သော​သူ​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​စီရင်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 14,
      "text": "ထာဝရဘုရား​က “ငါ​သည် သင်​တို့​လုပ်ဆောင်မှု​အကျိုးအပြစ်​အလျောက် သင်​တို့​ကို ဒဏ်ခတ်​မည်​။ သင်​တို့​တော​ကို​မီး​ရှို့​သဖြင့် သင်​တို့​နေရာ​ပတ်ပတ်လည်​ကို လောင်ကျွမ်း​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ယုဒ​ဘုရင်​၏​နန်းတော်​သို့​ဆင်းသွား​လော့​။ ထို​အရပ်​၌ ဤ​စကား​ကို သင်​ပြောကြား​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 2,
      "text": "‘ဤ​မြို့​တံခါး​ကို​ဖြတ်သန်းသွားလာ​သော ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သည့် ယုဒ​ဘုရင်​မှစ၍ အစေအပါး​များ​၊ ပြည်သူပြည်သား​များ​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 3,
      "text": "ထာဝရဘုရား​က တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​ပြု​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်သူ​၏​လက်​မှ​ကယ်နုတ်​လော့​။ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ​တို့​ကို နိုင်ထက်စီးနင်း​မ​ပြု​နှင့်​။ အကြမ်း​မ​ဖက်​နှင့်​။ ဤ​အရပ်​၌ အပြစ်မဲ့​သော​သူ​ကို မ​သတ်​နှင့်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 4,
      "text": "ဤ​စကား​အတိုင်း သင်​တို့​အမှန်တကယ်​လိုက်နာ​လျှင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် စိုးစံ​သော​ရှင်ဘုရင်​တို့​သည် ရထားစီး​လျက်​၊ မြင်းစီး​လျက် သူ​တို့​၏​အမှုထမ်း​များ​၊ ပြည်သူပြည်သား​များ​ပါ​လျက် ဤ​နန်းတော်​တံခါး​ကို ဖြတ်သန်း​သွားလာ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 5,
      "text": "ဤ​စကား​အတိုင်း သင်​တို့​မ​လိုက်နာ​လျှင် ဤ​နန်းတော်​ကို ပြိုပျက်​ရာ​အရပ်​ဖြစ်​စေ​မည်​ဟု ငါ​ထာဝရဘုရား​သည် ကိုယ့်ကိုယ်ကိုယ်​တိုင်တည်​၍ ကျိန်ဆို​၏ဟု​မိန့်​တော်မူ​ပြီ’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 6,
      "text": "ယုဒ​ဘုရင်​၏​နန်းတော်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင်​သည် ဂိလဒ်​ပြည်​ကဲ့သို့​၊ လက်ဘနွန်​တောင်ထိပ်​ကဲ့သို့ ဖြစ်​သော်လည်း ငါ​သည် သင့်​ကို တောကန္တာရ​ကဲ့သို့​၊ လူ​မ​နေ​သော​မြို့​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 7,
      "text": "လက်နက်​ကိုယ်စီ​ပါ​သော အဖျက်သမား​များ​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ သူ​တို့​သည် သင်​တို့​၏​အကောင်းဆုံး​သစ်ကတိုးပင်​များ​ကို ခုတ်လှဲ​၍ မီး​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 8,
      "text": "ဤ​မြို့​နား​ဖြတ်သွား​သော​လူ​အများ​တို့​က ‘​ထာဝရဘုရား​သည် ဤ​မြို့​ကြီး​ကို အဘယ်ကြောင့် ဤသို့​ပြု​တော်မူ​သနည်း​’​ဟု တစ်ယောက်​ကို​တစ်ယောက် မေးမြန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 9,
      "text": "‘​သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို စွန့်ပယ်​၍ အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​ကြ​သောကြောင့်​ဖြစ်​သည်​’​ဟူ၍ ပြန်ပြော​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 10,
      "text": "သေ​သော​သူ​အတွက် မ​ငိုကြွေး​နှင့်​၊ ဝမ်း​မ​နည်း​နှင့်​။ သို့သော် အဝေး​သို့​ထွက်သွား​သော​သူ​အတွက် ဝမ်းနည်းပက်လက်​ငိုကြွေး​လော့​။ သူ​သည် နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။ သူ​၏​မွေးရပ်​မြေ​ကို ပြန်မြင်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 11,
      "text": "ခမည်းတော်​ယောရှိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​သော ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရှလ္လုံ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “သူ​သည် ဤ​ပြည်​မှ​ထွက်သွား​၍ နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 12,
      "text": "ရန်သူ​ဖမ်းခေါ်​သွား​ရာ​အရပ်​၌ပင် သေ​ရ​မည်​။ ဤ​ပြည်​ကို မြင်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 13,
      "text": "မသမာ​သော​နည်း​ဖြင့် မိမိ​နန်းတော်​ကို တည်ဆောက်​သော​သူ​၊ မတရား​သော​နည်း​ဖြင့် ဘုံဗိမာန်​များ​ကို တည်ဆောက်​သော​သူ​၊ အမျိုးသားချင်း​တို့​ကို ခိုင်းစေ​ပြီး လုပ်အားခ​မ​ပေး​သော​သူ​၊"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 14,
      "text": "‘​ငါ့​အတွက် ကြီးမား​သော​နန်းတော်​၊ ကျယ်ဝန်း​သော​ဘုံဗိမာန်​များ​ကို တည်ဆောက်​မည်​။ ပြတင်းပေါက်​များ​ကို​ဖောက်​၍ သစ်ကတိုး​နှင့်​အကွက်ဖော်​ပြီးလျှင် အနီရောင်​သုတ်​မည်’​ဟု ဆို​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 15,
      "text": "ထာဝရဘုရား​က “​သစ်ကတိုး​နန်းတော်​တွင်​စံမြန်း​ရ​သောကြောင့် သင်​ဘုရင်​ဖြစ်​သည်​ဟု သင်​ထင်​သလော​။ သင်​၏​ဖခင်​လည်း စား​သောက်​ခဲ့​ရ​သည်​မ​ဟုတ်​လော​။ သူ​သည် တရားမျှတ​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ဖြစ်​သောကြောင့် ကောင်းစား​ခဲ့​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 16,
      "text": "ဆင်းရဲ​နွမ်းပါး​သူ​တို့​၏​အမှု​ကို တရားသဖြင့်စီရင်​သောကြောင့် ကောင်းစား​ခဲ့​သည်​မ​ဟုတ်​လော​။ ဤသည်ကား ငါ့​ကို​သိကျွမ်း​ခြင်း​ကြောင့်​ပင်​မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 17,
      "text": "သင့်​မျက်စိ​၊ သင့်​စိတ်နှလုံး​ထဲတွင်​မူကား မတရား​စီးပွားရှာ​ခြင်း​၊ အပြစ်မဲ့​သော​သူ​ကို​သတ်ဖြတ်​ခြင်း​၊ ဖိနှိပ်ချုပ်ချယ်​ခြင်း​၊ နှိပ်စက်​ခြင်း​တို့​သာ​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 18,
      "text": "ထို့ကြောင့် ယောရှိ​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အလို ငါ့​အစ်ကို​၊ အလို ငါ့​နှမ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။ အလို သခင်​၊ အလို ဘုန်းကြီးသောသူ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 19,
      "text": "မြည်း​ကို​သင်္ဂြိုဟ်​သကဲ့သို့ သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​တံခါး​အပြင်ဘက်​သို့ ဆွဲထုတ်​၍ ပစ်ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 20,
      "text": "လက်ဘနွန်​တောင်​ပေါ်သို့​တက်သွား​၍ အော်ဟစ်​လော့​။ ဗာရှန်​ပြည်​၌ သင့်​အသံ​ကို​လွှင့်​လော့​။ အာဗရိမ်​အရပ်​မှ အော်ဟစ်​လော့​။ သင်​ချစ်​သော​သူ​အားလုံး ပျက်စီး​ကုန်​ပြီ​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 21,
      "text": "သင်​ကောင်းစား​စဉ်​အခါက သင့်​အား ငါ​သတိပေး​သော်လည်း သင်​က ‘​ငါ​နား​မ​ထောင်​’​ဟု ပြန်ပြော​၏​။ ငယ်စဉ်​ကပင် ငါ့​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​သည်​မှာ သင်​၏​အကျင့်​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 22,
      "text": "သင်​၏​သိုးထိန်း​အားလုံး​တို့​သည် လေတိုက်​ရာ​သို့ လွင့်ပါ​သွား​ရ​မည်​။ သင်​ချစ်​သော​သူ​တို့​သည် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​သွား​ရ​မည်​။ သင်​၏​မကောင်းမှု​အလုံးစုံ​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ အသရေပျက်​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 23,
      "text": "သစ်ကတိုးပင်​၌​အသိုက်လုပ်​၍ လက်ဘနွန်​တောင်​၌​နေ​သော​သူ​၊ သားဖွား​ဝေဒနာ​ကဲ့သို့ နာကျင်​ခြင်း​ဝေဒနာ​ကို သင်​ခံစား​ရ​သောအခါ သင်​မည်မျှ​ညည်းတွား​လိမ့်​မည်နည်း”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 24,
      "text": "ထာဝရဘုရား​က “ငါ​အသက်ရှင်​သည်​နှင့်အညီ ယောယကိမ်​၏​သား ယုဒ​ဘုရင်​ခေါနိ​သည် ငါ့​လက်ယာ​လက်​၌​ရှိ​သော တံဆိပ်​ဖြစ်​ခဲ့​လျှင်​လည်း သင့်​ကို ငါ​ဖယ်ပစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 25,
      "text": "သင့်​အသက်​ကို​ရန်ရှာ​သော​သူ​၊ သင်​ကြောက်​သော​သူ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​နှင့် ခါလဒဲ​တပ်​၏​လက်​သို့ သင့်​ကို ငါ​အပ်​မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 26,
      "text": "ငါ​သည် သင်​နှင့် သင့်​မွေးသမိခင်​ကို သင်​တို့​မွေးဖွား​ရာ​အရပ်​မ​ဟုတ်​သော​အခြား​ပြည်​သို့ နှင်ထုတ်​လိုက်​မည်​။ ထို​ပြည်​၌ပင် သင်​တို့​သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 27,
      "text": "သူ​တို့​ပြည်​သို့​ပြန်လာ​လို​သော်လည်း ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 28,
      "text": "“​ခေါနိ​ဟူသော ဤ​လူ​သည် အသုံးမဝင်​သော​အိုး​ကွဲ​လော​။ မည်သူ​မျှ​အလို​မ​ရှိ​သော​အိုး​လော​။ အဘယ်ကြောင့် သူ​နှင့်​သူ့​အမျိုးအနွယ်​ကို စွန့်ပစ်​ရ​သနည်း​။ အဘယ်ကြောင့် သူ​တို့​မ​သိ​သော​ပြည်​သို့ သူ​တို့​ကို နှင်ထုတ်​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 29,
      "text": "အို မြေကြီး မြေကြီး မြေကြီး​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 30,
      "text": "‘​ဤ​လူ​ကို သားသမီး​မ​ထွန်းကား​သော​သူ​၊ တစ်သက်လုံး အောင်မြင်မှု​မ​ရ​သော​သူ​’​ဟု မှတ်တမ်းတင်​ကြ​လော့​။ သူ​၏​အမျိုးအနွယ်​တစ်စုံတစ်ယောက်​မျှ ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်၌ စံမြန်း​ခွင့်​၊ ယုဒ​ပြည်​ကို အုပ်စိုးခွင့် ရ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ငါ​၏​စားကျက်​မှ​သိုး​တို့​ကို ဖျက်ဆီး​သော​သိုးထိန်း​၊ ကွဲလွင့်​စေ​သော​သိုးထိန်း​တို့​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 2,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​လူမျိုး​တော်​ကို​ထိန်းကျောင်း​သော သိုးထိန်း​တို့​အား “​သင်​တို့​သည် ငါ​၏​သိုးစု​ကို​ကွဲလွင့်​စေ​၏​။ နှင်ထုတ်​၏​။ သူ​တို့​ကို ဂရု​မ​စိုက်​။ ကြည့်ရှု​လော့​။ သင်​တို့​ပြု​သော​ဆိုးညစ်မှု​ကြောင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 3,
      "text": "“​ကြွင်းကျန်​သော ငါ​၏​သိုးစု​ကို ငါ​နှင်ထုတ်​ရာ​အရပ်ရပ်​မှ ငါ​စုသိမ်း​မည်​။ သူ​တို့​၏​စားကျက်မြေ​သို့ သူ​တို့​ကို ပြန်ခေါ်​လာ​မည်​။ သူ​တို့​သည် တိုးပွား​များပြား​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 4,
      "text": "သူ​တို့​ကို ထိန်းကျောင်း​မည့်​သိုးထိန်း​များ​ကို ငါ​ခန့်ထား​မည်​။ သူ​တို့ ကြောက်ရွံ့​ထိတ်လန့်​ရ​တော့​မည်​မ​ဟုတ်​။ ပျောက်ဆုံး​ခြင်း​လည်း​ရှိ​တော့​မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 5,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အချိန်​ကျရောက်​ပြီ​။ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​မှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် ဘုရင်​အဖြစ်​အုပ်စိုး​မည်​။ ပညာသတိ​ရှိ​လျက် ပြည်​တော်​၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 6,
      "text": "ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 7,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ‘​အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု နောက်တစ်ဖန် မ​ပြောဆို​ကြ​တော့​ဘဲ"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 8,
      "text": "‘​မြောက်ဘက်​အရပ်​မှ​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ အစ္စရေး​အမျိုးသား သားစဉ်မြေးဆက်​တို့​ကို ပြန်လည်​ခေါ်ဆောင်​လာ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု ပြောဆို​ရ​မည့်​အချိန် ရောက်လာ​မည်​။ သူ​တို့​သည် နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 9,
      "text": "ပရောဖက်​တို့​နှင့်​ပတ်သက်၍ ငါ့​စိတ်နှလုံး​သည် ကျိုးပဲ့​လျက်​၊ အရိုး​ရှိသမျှ​တို့​သည်​လည်း တုန်လှုပ်​လျက်​ရှိ​၏​။ ထာဝရဘုရား​ကြောင့်​၊ သန့်ရှင်း​သော​စကား​တော်​ကြောင့် ငါ​သည် အမူးသမား​ကဲ့သို့​၊ စပျစ်ဝိုင်​ယစ်မူး​သူ​ကဲ့သို့ ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 10,
      "text": "အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်​သူ​တို့​နှင့် ပြည့်​လျက်​နေ​၏​။ အကျိန်​ခံရ​သောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်း​ကြ​၏​။ တောကန္တာရ​စားကျက်မြေ​များ​လည်း ခြောက်သွေ့​လျက်​ရှိ​၏​။ သူ​တို့​သည် ဆိုးညစ်​စွာ​အသက်ရှင်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို မမှန်မကန်​အသုံးချ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 11,
      "text": "“​ပရောဖက်​နှင့်တကွ ယဇ်ပုရောဟိတ်​တို့​သည် ညစ်ညူး​ကြ​ပြီ​။ ငါ့​အိမ်​တော်​၌ပင် မကောင်းမှု​ပြု​ကြ​သည်​ကို ငါ​မြင်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 12,
      "text": "“​သူ​တို့​သွား​သော​လမ်း​သည် မှောင်မိုက်​၍ ချော်​သော​လမ်း​ဖြစ်​မည်​။ သူ​တို့​သည် ထို​လမ်း​တွင် တွန်းထိုး​ခံရ​၍ လဲကျ​ကြ​လိမ့်မည်​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 13,
      "text": "ရှမာရိ​ပရောဖက်​တို့​တွင် ရွံရှာဖွယ်အမှု​ကို ငါ​တွေ့​၏​။ သူ​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြင့် ငါ့​လူမျိုး​တော်​ကို လမ်းလွဲ​စေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 14,
      "text": "ဂျေရုဆလင်​ပရောဖက်​တို့​တွင်​လည်း ကြောက်မက်ဖွယ်​ရာ​ကို ငါ​တွေ့​ပြီ​။ သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ မုသား​လမ်း​ကို လိုက်လျှောက်​ကြ​၏​။ ဆိုးညစ်​သူ​တို့​ကို အားပေး​သောကြောင့် မည်သူ​မျှ မိမိ​မကောင်းမှု​မှ နောင်တ​မ​ရ​ကြ​။ ပရောဖက်​အားလုံး​သည် ငါ့​ရှေ့​၌ သောဒုံ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။ ဂျေရုဆလင်​မြို့သား​တို့​သည်​လည်း ဂေါမောရ​မြို့သား​ကဲ့သို့ ဖြစ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 15,
      "text": "ထို့ကြောင့် ပရောဖက်​တို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ရှိ​ပရောဖက်​တို့ အစပြု​လိုက်​သော မကောင်းမှု​သည် တစ်ပြည်လုံး​သို့ ပျံ့နှံ့​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် သူ​တို့​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို သောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 16,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် သင်​တို့​အား အဓိပ္ပာယ်မဲ့​သော​စကား​ကို ဟောပြော​ကြ​၏​။ ထာဝရဘုရား​၏​နှုတ်ထွက်​စကား​မ​ဟုတ်​ဘဲ မိမိ​တို့​စိတ်သဘော​အတိုင်း ဗျာဒိတ်နိမိတ်​ကို ဟောပြော​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 17,
      "text": "ထို​ပရောဖက်​တို့​က ငါ့​ကို မထီလေးစား​ပြု​သူ​တို့​အား ‘​ထာဝရဘုရား​က သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု အထပ်ထပ်​ဟော​တတ်​ကြ​၏​။ စိတ်သဘော​မာကျော​သော​သူ​အားလုံး​အား ‘​သင်​တို့ ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟူ၍ ဟော​တတ်​ကြ​သည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 18,
      "text": "သို့သော် မည်သူ​သည် ထာဝရဘုရား​၏​အစည်းအဝေး​၌​ရပ်​သနည်း​။ မည်သူ​သည် ဗျာဒိတ်​တော်​ကို​မြင်​၍ စကား​တော်​ကို ကြား​သနည်း​။ မည်သူ​သည် စကား​တော်​ကို ကြား​၍ အာရုံစိုက်​နားထောင်​သနည်း​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 19,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ဒေါသ​မုန်တိုင်း တိုက်ခတ်​လိမ့်မည်​။ ပြင်းစွာ​သော​မုန်တိုင်း​သည် ဆိုးယုတ်​သော​သူ​တို့​၏​ခေါင်း​ပေါ်သို့ ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 20,
      "text": "ထာဝရဘုရား​သည် အကြံအစည်​တော် မ​ထမြောက်​မ​ချင်း​၊ မ​ပြီးမြောက်​မ​ချင်း အမျက်​တော်​ပြေ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​ကို နောက်ဆုံး​သော​ကာလ​၌ သင်​တို့ ရှင်းရှင်းလင်းလင်း​နားလည်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 21,
      "text": "“​ထို​ပရောဖက်​တို့​ကို ငါ​မ​စေလွှတ်​သော်လည်း သူ​တို့​အပြေးအလွှား​သွား​ကြ​ပြီ​။ ငါ​မ​မိန့်မှာ​သော်လည်း သူ​တို့​သဘော​နှင့်​သူ​တို့ ဟောပြော​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 22,
      "text": "သို့သော် သူ​တို့​သည် ငါ​၏​အစည်းအဝေး​၌​ရပ်​ခဲ့​မည်​ဆို​လျှင် ငါ့​စကား​ကို ငါ့​လူမျိုး​တော်​တို့​အား ဆင့်ဆို​ကြ​လိမ့်မည်​။ ငါ့​လူမျိုး​တော်​တို့​ကို အကျင့်ဆိုး​၊ စရိုက်ဆိုး​မှ ပြန်လှည့်​လာ​စေ​ခဲ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 23,
      "text": "ငါ​သည် အနီး​၌​သာ ရှိ​သော​ဘုရား​လော​။ အဝေး​၌​လည်း ရှိ​သော​ဘုရား​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 24,
      "text": "“ငါ​မ​မြင်​နိုင်​အောင် ကွယ်​ရာ​၌ ပုန်းနိုင်​သော​သူ တစ်စုံတစ်ယောက်​ရှိ​သလော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။ “​ငါ​သည် ကောင်းကင်​၊ မြေကြီး​အနှံ့ ရှိ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 25,
      "text": "“ငါ့​နာမ​ဖြင့် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​က ‘​ငါ​အိပ်မက်​ရ​ပြီ​၊ ငါ​အိပ်မက်​ရ​ပြီ​’​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 26,
      "text": "မုသား​သည် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စိတ်​ထဲ၌ မည်မျှ​ကြာ​အောင်​ရှိ​နေ​ဦး​မည်နည်း​။ သူ​တို့​သည် သူ​တို့​စိတ်​ထဲ၌​ရှိ​သည့် လှည့်စားမှု​အတိုင်း ပရောဖက်​ပြု​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 27,
      "text": "ဘိုးဘေး​တို့​သည် ဗာလ​ကို ကိုးကွယ်​ပြီး ငါ့​နာမ​ကို​မေ့လျော့​သကဲ့သို့ သူ​တို့​က သူ​တို့​အချင်းချင်း​ပြောဆို​သော​အိပ်မက်​များ​အားဖြင့် ငါ့​လူမျိုး​တို့ ငါ့​နာမ​ကို​မေ့လျော့​အောင် ကြံစည်​နေ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 28,
      "text": "အိပ်မက်​နိမိတ်​ရ​သော​ပရောဖက်​သည် သူ့​အိပ်မက်​ကို ဟော​ပါစေ​။ နှုတ်ကပတ်တော်​ကို​ရ​သော​သူ​သည် နှုတ်ကပတ်တော်​ကို သစ္စာရှိ​စွာ​ဟော​ပါစေ​။ အဖျင်း​နှင့်​စပါး မည်သို့​ဆိုင်​သနည်း​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 29,
      "text": "“​ငါ့​နှုတ်ထွက်စကား​သည် မီး​ကဲ့သို့​လည်းကောင်း​၊ ကျောက်​ကို​ထုခွဲ​သော​တူ​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 30,
      "text": "ထို့ကြောင့် “​ကြည့်ရှု​လော့​။ ငါ့​နှုတ်ထွက်စကား​ကို တစ်ယောက်​ထံမှ​တစ်ယောက် ခိုးယူ​သော​ပရောဖက်​တို့​ကို ငါ​စီရင်​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 31,
      "text": "“​ကြည့်ရှု​လော့​။ ကိုယ်​အလိုအလျောက်​ဟောပြော​ပြီးမှ ‘​ထာဝရဘုရား​မိန့်​တော်မူ​၏​’​ဟု ဆို​တတ်​သော​ပရောဖက်​တို့​ကို ငါ​စီရင်​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 32,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ မဟုတ်မမှန်​သော​အိပ်မက်​ကို ပရောဖက်ပြု​ဟောပြော​၍ လိမ်လည်​ကြွားဝါ​ခြင်း​ဖြင့် ငါ​၏​လူမျိုး​တော်​အား လမ်းလွဲ​စေ​သော ပရောဖက်​တို့​ကို ငါ​စီရင်​မည်​။ သူ​တို့​ကို​ငါ​မ​စေလွှတ်​၊ ငါ​မ​မိန့်မှာ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို ဘာမျှ​အကျိုး​မ​ပြု​သော​သူ​များ​ဖြစ်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 33,
      "text": "“​ဤ​လူမျိုး​ထဲမှ တစ်ယောက်ယောက်​ဖြစ်စေ​၊ ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကား အဘယ်သို့နည်း​’​ဟု သင့်​ကို​မေး​လာ​လျှင် ‘​အဘယ်​ဗျာဒိတ်​နည်း​။ သင်​တို့​ကို ငါ​ပစ်ပယ်​ပြီ’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 34,
      "text": "ထာဝရဘုရား​က “ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ​၊ ဤ​လူမျိုး​ထဲမှ​တစ်ယောက်ယောက်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု ပြောဆို​သော​သူ​ကို သူ​နှင့်အတူ သူ​၏​အိမ်သူအိမ်သား​များ​ကို​ပါ ငါ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 35,
      "text": "‘​ထာဝရဘုရား မည်သို့​ပြန်ပြော​တော်မူ​သနည်း​။ ထာဝရဘုရား မည်သို့​မိန့်မြွက်​တော်မူ​သနည်း​’​ဟူ၍သာ အိမ်နီးချင်း​အချင်းချင်း​၊ ညီအစ်ကို​အချင်းချင်း မေးမြန်း​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 36,
      "text": "လူ​တိုင်း ကိုယ့်​စကား​ကို ဗျာဒိတ်စကား​ဖြစ်​သည်​ဟု​ဆို​လျက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​သော​၊ အသက်ရှင်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စကား​တော်​ကို ကပြောင်းကပြန်​ဖြစ်​စေ​ကြ​သောကြောင့် ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ဟူ၍ ဘယ်​သောအခါ​မျှ သင်​တို့​မ​ပြော​ရ​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 37,
      "text": "‘​ထာဝရဘုရား​က သင့်​ကို​မည်သို့​ပြန်ပြော​တော်မူ​သနည်း​၊ ထာဝရဘုရား​က သင့်​ကို​မည်သို့​မိန့်မြွက်​တော်မူ​သနည်း​’​ဟူ၍သာ ပရောဖက်​အား သင်​တို့​မေး​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 38,
      "text": "‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု မ​ပြောဆို​ရန် ငါ​မိန့်မှာ​ခဲ့​သော်လည်း သင်​တို့​က ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု ပြောဆို​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​က ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု သင်​တို့​ပြောဆို​ကြ​သောကြောင့်"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 39,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို လုံးဝ​မေ့ပစ်​မည်​။ သင်​တို့​နှင့်တကွ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​မြို့​ကို ငါ​၏​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 40,
      "text": "သင်​တို့​သည် အစဉ်​ကဲ့ရဲ့​ခြင်း​၊ အစဉ်​အရှက်ခွဲ​ခြင်း​ခံရ​မည်​။ ဘယ်​သောအခါ​မျှ မေ့ပျောက်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 1,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​ရှိ ယောယကိမ်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အကြီးအကဲ​များ​၊ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်း​ခေါ်သွား​ပြီး​နောက်ပိုင်း​တွင် ထာဝရဘုရား​သည် ငါ့​အား ထာဝရဘုရား​၏​ဗိမာန်တော်​ရှေ့​၌​ရှိ​သော သဖန်းသီး​ခြင်းတောင်း​နှစ်​တောင်း​ကို​ပြ​၏​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 2,
      "text": "ခြင်းတောင်း​တစ်​တောင်း​ထဲတွင် အဦးဆုံးမှည့်​သော​အသီး​ကဲ့သို့ အလွန်​ကောင်း​သော​သဖန်းသီး​များ​ရှိ​၏​။ ကျန်​ခြင်းတောင်း​တစ်​တောင်း​ထဲတွင် မကောင်း​သော​သဖန်းသီး​ရှိ​၏​။ စား​၍​မ​ရ​အောင် ပုပ်​နေ​၏​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ယေရမိ​၊ မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​သဖန်းသီး​များ​ကို မြင်​ပါ​၏​။ ကောင်း​သော​သဖန်းသီး​များ​သည် အလွန်​ကောင်း​ပါ​၏​။ မကောင်း​သော​သဖန်းသီး​များ​သည် စား​၍​မ​ရ​အောင် ပုပ်​နေ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 4,
      "text": "ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 5,
      "text": "“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ယုဒ​ပြည်​မှ ခါလဒဲ​ပြည်​သို့ ငါ​ပို့​လိုက်​သော​၊ ယုဒ​ပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​သည် ဤ​ကောင်း​သော​သဖန်းသီး​များ​ကဲ့သို့ ဖြစ်​ကြ​၏​။ သူ​တို့​ကို ကောင်း​သော​သူ​များ​အဖြစ် ငါ​မှတ်ယူ​မည်​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 6,
      "text": "သူ​တို့​ကောင်းကျိုး​အတွက် သူ​တို့​ကို ငါ​ကြည့်ရှု​မည်​။ သူ​တို့​ကို ဤ​ပြည်​သို့​ပြန်ခေါ်​လာ​မည်​။ မ​ဖြိုဖျက်​ဘဲ တည်ဆောက်​မည်​။ မ​နုတ်ပစ်​ဘဲ စိုက်ပျိုး​မည်​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 7,
      "text": "ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သိကျွမ်း​သော​စိတ်နှလုံး​ကို သူ​တို့​အား ငါ​ပေး​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ အကြောင်းမူကား သူ​တို့​သည် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့​ပြန်လာ​ကြ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 8,
      "text": "ထာဝရဘုရား​က ‘ငါ​သည် ယုဒ​ဘုရင်​ဇေဒကိ​မှစ၍ သူ​၏​မှူးမတ်​များ​နှင့် ဤ​ပြည်​၌​ကျန်ရစ်​သော ဂျေရုဆလင်​မြို့သူမြို့သား​များ​၊ အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်​သော​သူ​များ​ကို စား​၍​မ​ရ​အောင်​ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 9,
      "text": "မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ရွံရှာစရာ​၊ ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။ ငါ​နှင်ထုတ်​၍ သူ​တို့​ရောက်လေရာ​အရပ်ရပ်​တို့​၌ ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ​၊ ကျိန်ဆဲစရာ ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 10,
      "text": "သူ​တို့​နှင့် သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​တွင် သူ​တို့​တစ်ယောက်​မျှ​မ​ကြွင်းကျန်​တော့​သည့်​တိုင်အောင် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကို သူ​တို့​ထံ စေလွှတ်​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​လေး​နှစ်​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နန်းစံ ပထမ​နှစ်​တွင် ယုဒ​ပြည်သူပြည်သား​အားလုံး​နှင့်​ပတ်သက်၍ ယေရမိ​ထံသို့​ရောက်လာ​သော နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 2,
      "text": "ပရောဖက်​ယေရမိ​က ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​အား"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 3,
      "text": "“​အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှ ယခု​ချိန်​ထိ နှစ်ဆယ့်​သုံး​နှစ်​ပတ်လုံး ထာဝရဘုရား​၏​ဗျာဒိတ်စကား ငါ့​ထံသို့​ရောက်လာ​ခဲ့​၏​။ ငါ​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​ဗျာဒိတ်စကား​ကို အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 4,
      "text": "ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 5,
      "text": "သူ​တို့​က ‘​သင်​တို့​၏​အကျင့်ဆိုး​၊ စရိုက်ဆိုး​များ​ကို​စွန့်​၍ ပြန်လာ​ကြ​လော့​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တွင် ကာလ​အစဉ်အဆက်​နေထိုင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 6,
      "text": "အခြား​ဘုရား​များ​နောက်သို့​လိုက်​၍ မ​ပျပ်ဝပ် မ​ကိုးကွယ်​ကြ​နှင့်​။ သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို မ​နှိုးဆော်​ကြ​နှင့်​။ သို့ပြုလျှင် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​မ​ဟုတ်​’​ဟု ဆင့်ဆို​ခဲ့​ကြ​သော်လည်း"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 7,
      "text": "‘သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​။ သင်​တို့​ဒုက္ခ​ရောက်​အောင် သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 8,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဤသို့ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​သောကြောင့်"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 9,
      "text": "ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 10,
      "text": "ထာဝရဘုရား​က ‘ဝမ်းမြောက်​ရွှင်မြူး​သော​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ကြိတ်ဆုံကြိတ်သံ​၊ မီးခွက်​အလင်း​တို့​ကို​ပါ ချုပ်ငြိမ်း​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 11,
      "text": "တိုင်းပြည်​တစ်ပြည်လုံး​သည် ပြိုပျက်​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ ဤ​ပြည်သူပြည်သား​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အနှစ်​ခုနစ်ဆယ် အစေခံ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 12,
      "text": "အနှစ်​ခုနစ်ဆယ်​ပြည့်​ပြီးမှ ဘေဘီလုံ​ဘုရင်​မှစ၍ သူ​၏​လူမျိုး​များ​နှင့်တကွ ခါလဒဲ​ပြည်​ကို​ပါ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ ထို​ပြည်​ကို အစဉ်​လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 13,
      "text": "ထာဝရဘုရား​က ‘ဤ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ယေရမိ​ပရောဖက်ပြု​ဟောပြော​ခဲ့​သော​၊ ကျမ်းစာ​၌​ရေးထား​သမျှ​သော​စကား​များ​တည်းဟူသော ဤ​ပြည်​ကို​ရည်ဆောင်​၍ ငါ​ပြော​ခဲ့​သော​စကား​ကို ဤ​ပြည်​အပေါ် ကျရောက်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 14,
      "text": "လူမျိုး​တကာ​တို့​နှင့် တန်ခိုးကြီး​သော​ရှင်ဘုရင်​တို့​သည် သူ​တို့​အား စေခိုင်း​ကြ​လိမ့်မည်​။ သူ​တို့​၏​အကျင့်​အတိုင်း​၊ သူ​တို့​၏​လုပ်ရပ်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပေးဆပ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 15,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “​ငါ့​လက်​မှ ဤ​အမျက်​တော်​စပျစ်ဝိုင်​ခွက်​ကို​ယူ​၍ သင့်​အား ငါ​စေလွှတ်​သော​အရပ်​ရှိ လူမျိုး​အားလုံး​ကို တိုက်​လော့​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 16,
      "text": "သူ​တို့​သောက်​သောအခါ သူ​တို့​တွင် ငါ​စေလွှတ်​သော​ဓား​ကြောင့် သူ​တို့​သည် မူး​ရူး​သွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 17,
      "text": "ထိုအခါ ငါ​သည် ထာဝရဘုရား​၏​လက်​တော်​မှ​ခွက်​ကို​ယူ​၍ ငါ့​ကို ထာဝရဘုရား​စေလွှတ်​တော်မူ​သော​အရပ်​ရှိ လူမျိုး​အားလုံး​ကို သောက်​စေ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 18,
      "text": "ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​များ​၊ ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​သည် ယနေ့​ကဲ့သို့ပင် ပြိုပျက်​ရာ​၊ ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ​၊ ကျိန်ဆဲစရာ​ဖြစ်​စေရန် သူ​တို့​ကို သောက်​စေ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 19,
      "text": "ထို့နောက်မှ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ အကြီးအကဲ​များ​၊ သူ့​လူမျိုး​များ​၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 20,
      "text": "အီဂျစ်​ပြည်​ရှိ​လူမျိုးခြား​များ​အားလုံး​၊ ဥဇ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ ဖိလိတ္တိ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ အာရှကေလုန်​ပြည်သား​များ​၊ ဂါဇ​ပြည်သား​များ​၊ ဧကြုန်​ပြည်သား​များ​၊ ကြွင်းကျန်​သော အာဇုတ်​ပြည်သား​များ​၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 21,
      "text": "ဧဒုံ​ပြည်သား​များ​၊ မောဘ​ပြည်သား​များ​၊ အမ္မုန်​ပြည်သား​များ​၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 22,
      "text": "တိုင်ရာ​ဘုရင်​အားလုံး​၊ ဆီဒုန်​ဘုရင်​အားလုံး​၊ ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကမ်းရိုးတန်းဒေသ​များ​မှ​ဘုရင်​များ​၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 23,
      "text": "ဒေဒန်​ပြည်သား​များ​၊ တေမ​ပြည်သား​များ​၊ ဗုဇ​ပြည်သား​များ​နှင့် နားသယ်မွေး​ရိတ်​လေ့​ရှိ​သော​ပြည်သား​အားလုံး"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 24,
      "text": "အာရေဗျ​ဘုရင်​အားလုံး​၊ တောကန္တာရ​၌​နေထိုင်​သော လူမျိုးခြား​တို့​၏​ဘုရင်​အားလုံး"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 25,
      "text": "ဇိမရိ​ဘုရင်​အားလုံး​၊ ဧလံ​ဘုရင်​အားလုံး​၊ မေဒိ​ဘုရင်​အားလုံး"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 26,
      "text": "မြောက်ဘက်​အရပ်​ရှိ ရပ်နီး​၊ ရပ်ဝေး​ဘုရင်​အားလုံး​ကို တစ်ပါး​ပြီး​တစ်ပါး သောက်​စေ​၏​။ ကမ္ဘာမြေပြင်​ပေါ်ရှိ ကမ္ဘာ့​တိုင်းနိုင်ငံ​အားလုံး​ကို​လည်း သောက်​စေ​၏​။ နောက်ဆုံး ရှေရှက်​ဘုရင်​လည်း သောက်​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 27,
      "text": "ထို့နောက် ထို​သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​ထံ ငါ​စေလွှတ်​သော​ဓား​ကြောင့် သောက်​၍ မူး​ကြ​၊ အန်​ကြ​၊ လဲ​ကြ​။ သင်​တို့ ပြန်ထ​နိုင်​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု သင်​ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 28,
      "text": "သူ​တို့​သည် သင့်​လက်​ထဲမှ ခွက်​ကို​ယူ​၍ မသောက်​လို​လျှင် သင်​က သူ​တို့​အား “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​သောက်​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 29,
      "text": "ကြည့်ရှု​လော့​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော​မြို့​ကို​ပင် ဘေးဒုက္ခ စ​ရောက်​စေ​မည်​ဖြစ်၍ သင်​တို့​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​လော​။ ငါ​သည် မြေကြီးသား​အပေါင်း​တို့​ထံ ဓား​ကို စေလွှတ်​မည်​ဖြစ်၍ သင်​တို့​သည် အပြစ်ဒဏ်​မ​ခံရ​ဘဲ​နေ​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 30,
      "text": "သင်​သည် သူ​တို့​အား ဤ​စကား​အလုံးစုံ​ကို ပရောဖက်ပြု​ဟောပြော​ရ​မည်​။ သူ​တို့​အား “ထာဝရဘုရား​၏​အသံ​တော်​သည် အထက်ကောင်းကင်​မှ မြည်ဟိန်း​ထွက်ပေါ်​လာ​မည်​။ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ အသံ​ကို​လွှင့်​တော်မူ​မည်​။ မိမိ​သိုးစု​ကို ကျယ်လောင်​စွာ​ဟိန်းဟောက်​တော်မူ​မည်​။ စပျစ်သီး​နင်းနယ်​သော​သူ​တို့ အော်ဟစ်​သကဲ့သို့ မြေကြီးသား​တို့​ကို အော်ဟစ်​တော်မူ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 31,
      "text": "ဆူညံပွက်လောရိုက်​သော​အသံ​သည် မြေကြီး​စွန်း​အထိ ပဲ့တင်ထပ်​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို စွဲချက်တင်​တော်မူ​မည်​။ သတ္တဝါ​အားလုံး​ကို တရားစီရင်​တော်မူ​မည်​။ ဆိုးယုတ်​သော​သူ​တို့​ကို ဓား​လက်​သို့ အပ်​တော်မူ​မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 32,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဘေးအန္တရာယ်​သည် လူမျိုး​တစ်မျိုး​မှ​တစ်မျိုး​သို့ ရောက်သွား​မည်​။ ပြင်းထန်​သော​မုန်တိုင်း​သည် မြေကြီး​စွန်း​မှ တိုက်ခတ်​လာ​မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 33,
      "text": "ထို​နေ့ရက်​၌ ထာဝရဘုရား​ကွပ်မျက်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​တို့​သည် မြေကြီး​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​တိုင်အောင် အနှံ့​ရှိ​ကြ​လိမ့်မည်​။ မြည်တမ်း​ပေး​မည့်​သူ​မ​ရှိ​။ စုပုံ​ထား​ပေး​မည့်​သူ​မ​ရှိ​။ သင်္ဂြိုဟ်​ပေး​မည့်​သူ​မ​ရှိ​။ မြေ​ပေါ်​၌ နောက်ချေး​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 34,
      "text": "အို သိုးထိန်း​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အော်ဟစ်​ကြ​လော့​။ အို သိုးစု​ခေါင်းဆောင်​တို့​၊ ပြာ​၌​လူး​ကြ​လော့​။ သင်​တို့​ကို​သတ်ဖြတ်​မည့်​နေ့ရက်​၊ တကွဲတပြား​ဖြစ်​စေ​မည့်​နေ့ရက် ရောက်လာ​ပြီ​။ အဖိုးတန်​ပစ္စည်း​ပျက်စီး​သကဲ့သို့ သင်​တို့​ပျက်စီး​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 35,
      "text": "သိုးထိန်း​တို့ ထွက်ပြေးစရာ​လမ်း​မ​ရှိ​။ သိုးစု​ခေါင်းဆောင်​တို့ လွတ်မြောက်​ရာ​လမ်း​မ​ရှိ​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 36,
      "text": "သိုးထိန်း​တို့​၏​အော်ဟစ်ငိုကြွေးသံ​၊ သိုးစု​ခေါင်းဆောင်​တို့​၏​မြည်တမ်းသံ​ကို ကြား​ရ​၏​။ ထာဝရဘုရား​သည် သူ​တို့​၏​စားကျက်​ကို ဖျက်ဆီး​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 37,
      "text": "ငြိမ်းချမ်း​သာယာ​သော​နေထိုင်​ရာ​အရပ်​တို့​သည် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် ပျက်စီး​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 38,
      "text": "ခြင်္သေ့ပျို​သည် ပုန်းအောင်း​ရာ​နေရာ​ကို​စွန့်ခွာ​သကဲ့သို့ ထာဝရဘုရား​သည် သူ​တို့​၏​ပြည်​ကို​စွန့်ခွာ​တော်မူ​ပြီ​။ သူ​တို့​၏​ပြည်​သည် နိုင်ထက်စီးနင်း​ပြု​သော​သူ​နှင့် ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းတက်​စ​၌ ထာဝရဘုရား​ထံ​တော်​မှ ဤ​နှုတ်ကပတ်တော်​ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 2,
      "text": "ထာဝရဘုရား​က “ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​၌​ရပ်​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့ လာရောက်​ရှိခိုးကိုးကွယ်​ကြ​သော ယုဒ​ပြည်သူပြည်သား​အားလုံး​တို့​အား ငါ​မိန့်မှာ​ထား​သော​စကား​ရှိသမျှ​တို့​ကို ဆင့်ဆို​လော့​။ စကား​တစ်ခွန်း​ကို​မျှ မ​ချန်ထား​နှင့်​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 3,
      "text": "သူ​တို့​သည် နားထောင်​၍ သူ​တို့​၏​မကောင်း​သော​လမ်း​မှ အသီးသီး​ပြန်လှည့်​ကောင်း​ပြန်လှည့်​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​များ​ကြောင့် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော​အကြံအစည်​မှ စိတ်ပြောင်းလဲ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 4,
      "text": "တစ်ဖန် သူ​တို့​အား “​ထာဝရဘုရား​က ‘ငါ့​စကား​ကို သင်​တို့​နား​မ​ထောင်​၊ သင်​တို့​ကို ငါ​ချပေး​ထား​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​၊"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 5,
      "text": "သင်​တို့​ရှိ​ရာ​သို့ ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို ငါ​အကြိမ်ကြိမ်​စေလွှတ်​၍ ဆင့်ဆို​စေ​သော်လည်း သူ​တို့​၏​စကား​ကို သင်​တို့​နား​မ​ထောင်​လျှင်"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 6,
      "text": "ဤ​အိမ်​တော်​ကို ရှိလော​အရပ်​ကဲ့သို့ ငါ​ဖြစ်​စေ​မည်​။ ဤ​မြို့​ကို​လည်း မြေကြီး​ပေါ်ရှိ လူမျိုး​တကာ​တို့ ကျိန်ဆဲ​ရာ​မြို့​ဖြစ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 7,
      "text": "ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​ထဲ၌ ယေရမိ​ဆင့်ဆို​သော စကား​ကို ကြား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 8,
      "text": "ယေရမိ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို ပြည်သူပြည်သား​အပေါင်း​တို့​အား ဆင့်ဆို​ပြီး​သောအခါ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​သည် သူ့​ကို​ဖမ်းဆီး​၍ “​သင်​သည် မုချ​သေ​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 9,
      "text": "‘​ဤ​အိမ်​တော်​သည် ရှိလော​အရပ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ဤ​မြို့​သည် နေထိုင်​သော​သူ​မ​ရှိ​ဘဲ တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​’​ဟု ထာဝရဘုရား​၏​နာမ​တော်​ဖြင့် အဘယ်ကြောင့် ပရောဖက်ပြု​ဟောပြော​ရ​သနည်း​”​ဟု ဆို​ပြီးလျှင် လူ​တို့​သည် ထာဝရဘုရား​အိမ်​တော်​၌ ယေရမိ​ထံ ဝိုင်းအုံ​လာ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 10,
      "text": "ထို​အကြောင်း​တို့​ကို ယုဒ​လူမျိုး​မှူးမတ်​တို့​ကြား​ကြ​သောအခါ ရှင်ဘုရင်​၏​နန်းတော်​မှ ထာဝရဘုရား​၏​အိမ်​တော်​သို့​တက်လာ​ကြ​ပြီး ထာဝရဘုရား​၏​အိမ်​တော်​တံခါး​သစ်​အဝင်ဝ​၌ ထိုင်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 11,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​က မှူးမတ်​များ​နှင့်​ပြည်သူပြည်သား​အပေါင်း​တို့​အား “​သင်​တို့​နား​နှင့်​ဆတ်ဆတ်​ကြား​ကြ​သည့်​အတိုင်း သူ​သည် ဤ​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​သောကြောင့် သေဒဏ်​ခံထိုက်​သည်​”​ဟု ပြောဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 12,
      "text": "ယေရမိ​က​လည်း မှူးမတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​အား “​ဤ​အိမ်​တော်​နှင့် ဤ​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​သော​စကား​ကို သင်​တို့​အလုံးစုံ​ကြား​ရ​ပြီ​။ ထိုသို့​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 13,
      "text": "ထို့ကြောင့် ယခု သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ပြုပြင်​ကြ​လော့​။ ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ သို့ပြုလျှင် ထာဝရဘုရား​သည် သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​မည်​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 14,
      "text": "ငါ​သည် သင်​တို့​၏​လက်​ထဲတွင်​ရှိ​၏​။ ကောင်း​သည်​၊ မှန်​သည်​ဟု သင်​တို့​ထင်​သည့်​အတိုင်း ငါ့​ကို​ပြု​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 15,
      "text": "အကယ်စင်စစ် ဤ​စကား​အလုံးစုံ​ကို သင်​တို့​အား​ကြားပြော​ရန် ထာဝရဘုရား ငါ့​ကို​စေလွှတ်​တော်မူ​သည်​ဖြစ်၍ ငါ့​ကို​သတ်​လျှင် သင်​တို့​နှင့်တကွ ဤ​မြို့​နှင့်​မြို့သူမြို့သား​တို့​သည် အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​သင့်​လိမ့်မည်​ကို သိမှတ်​ကြ​လော့​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 16,
      "text": "ထိုအခါ မှူးမတ်​တို့​နှင့် ပြည်သူပြည်သား​တို့​က ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​ဤ​သူ​သည် ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ငါ​တို့​အား ဟောပြော​သည်​ဖြစ်၍ သေဒဏ်​မ​ခံထိုက်​ပါ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 17,
      "text": "ပြည်သား​သက်ကြီးဝါကြီး​အချို့​တို့​က​လည်း ထ​၍ လူ​အစုအဝေး​အပေါင်း​တို့​အား"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 18,
      "text": "“​ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​လက်ထက်​တွင် မောရရှက်​မြို့သား​မိက္ခာ​က ယုဒ​လူမျိုး​အပေါင်း​တို့​အား ‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဇိအုန်​တောင်​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်​ရာ​တောင်​သည် တောအုပ်​ဖြစ်​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​ကို"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 19,
      "text": "ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​နှင့် ယုဒ​လူမျိုး​တို့​သည် ထို​ပရောဖက်​ကို သတ်​ခဲ့​သလော​။ ထို​ဘုရင်​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ ထာဝရဘုရား​၏​မျက်နှာ​တော်​ကို ရှာ​သောကြောင့် သူ​တို့​အပေါ် ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ ထာဝရဘုရား စိတ်ပြောင်းလဲ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​မူကား ငါ​တို့​အပေါ် ကြောက်မက်ဖွယ်​ဘေးအန္တရာယ်​ကို ကျရောက်​စေ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 20,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ပရောဖက်ပြု​သော​သူ​တစ်​ယောက် ရှိ​သေး​၏​။ ထို​သူ​ကား ကိရယတ်ယာရိမ်​မြို့​မှ ရှေမာယ​၏​သား ဥရိယ​ဖြစ်​၏​။ သူ​သည် ယေရမိ​ဟောပြော​သော​စကား​နှင့်​တစ်ထပ်တည်း ဤ​မြို့​ဤ​ပြည်​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 21,
      "text": "ယောယကိမ်​မင်းကြီး​နှင့် မှူးမတ်​စစ်သူရဲ​အပေါင်း​တို့​သည် သူ​ဟောပြော​သော​စကား​များ​ကို ကြား​ကြ​၏​။ ထိုအခါ ရှင်ဘုရင်​သည် သူ့​ကို​သတ်​ရန်​ရှာကြံ​လေ​၏​။ ထို​သတင်း​ကို ဥရိယ​ကြား​သောအခါ ကြောက်ရွံ့​၍ အီဂျစ်​ပြည်​သို့​ထွက်​ပြေးသွား​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 22,
      "text": "ထိုအခါ ယောယကိမ်​မင်းကြီး​သည် အာခဗော်​၏​သား ဧလနာသန်​နှင့်အတူ လူ​အချို့​ကို အီဂျစ်​ပြည်​သို့​လိုက်​စေ​၍"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 23,
      "text": "ထို​သူ​တို့​သည် ဥရိယ​အား အီဂျစ်​ပြည်​မှ ယောယကိမ်​မင်းကြီး​ထံသို့ ဖမ်းဆီး​ခေါ်ဆောင်​လာ​ခဲ့​ကြ​၏​။ ရှင်ဘုရင်​သည် သူ့​ကို​ဓား​ဖြင့်​ကွပ်မျက်​၍ သူ​၏​ကိုယ်ခန္ဓာ​ကို အများပြည်သူ​သင်္ချိုင်း​၌ ပစ်​ထား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 24,
      "text": "သို့ရာတွင် ရှာဖန်​၏​သား အဟိကံ​သည် ယေရမိ​ကို​ကာကွယ်​ပေး​သဖြင့် သူ့​ကို​သတ်​မည့်​သူ​တို့​လက်​မှ သူ​လွတ်မြောက်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းတက်​စ​၌ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 2,
      "text": "ထာဝရဘုရား​က “​ကြိုး​များ​၊ ထမ်းပိုး​များ​ကို​ပြုလုပ်​ပြီး သင်​၏​ပခုံး ​ပေါ် တင်​လော့​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 3,
      "text": "ထို့နောက် ဂျေရုဆလင်​မြို့​ရှိ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​ရှိ​ရာ​သို့ ရောက်လာ​သော သံတမန်​တို့​မှတစ်ဆင့် ဧဒုံ​ဘုရင်​၊ မောဘ​ဘုရင်​၊ အမ္မုန်​ဘုရင်​၊ တိုင်ရာ​ဘုရင်​၊ ဆီဒုန်​ဘုရင်​တို့​ထံသို့ ကြိုး​နှင့်​ထမ်းပိုး​တို့​ကို ပေးပို့​လော့​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 4,
      "text": "သူ​တို့​၏​သခင်​တို့​အား​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 5,
      "text": "‘ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကမ္ဘာမြေကြီး​နှင့် မြေ​မျက်နှာပြင်​ပေါ်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖန်ဆင်း​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၍ ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​ပြီ​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 6,
      "text": "ယခု ဤ​ပြည်​အားလုံး​ကို ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ ငါ​အပ်​ပြီ​။ တောရိုင်းတိရစ္ဆာန်​များ​ကို​ပင် သူ​၏​အစေ​ကို​ခံ​ရန် ငါ​အပ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 7,
      "text": "သူ​၏​နိုင်ငံ​အဆုံး​မ​ရောက်​မီ​အထိ လူမျိုး​အပေါင်း​တို့​သည် သူ​နှင့်​သူ​၏​သား​မြေး​တို့​ထံ၌ အစေခံ​ရ​လိမ့်မည်​။ ထို့နောက်မှ သူ​သည် လူမျိုး​ကြီး​များ​၊ တန်ခိုးကြီး​သော​ဘုရင်​များ​ထံ အစေခံ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​နိုင်ငံ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို အစေ​မ​ခံ​၊ ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို မ​ထမ်း​လျှင် ဤ​လူမျိုး​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ ထို​ဘုရင်​၏​လက်​ဖြင့် ရှင်းရှင်း​ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 9,
      "text": "သို့ဖြစ်၍ သင်​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အစေခံ​ရ​မည်​မ​ဟုတ်​ဟု ဆို​သော ပရောဖက်​များ​၊ ဂမ္ဘီရအတတ်​ပညာရှင်​များ​၊ အိပ်မက်​နိမိတ်​ရ​သူ​များ​၊ ဗေဒင်ဆရာ​များ​နှင့် မှော်ဆရာ​များ​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 10,
      "text": "သင်​တို့​အား သင်​တို့​၏​ပြည်​မှ အဝေး​သို့​လွင့်ထွက်​သွား​စေရန်​နှင့် ငါ​သည် သင်​တို့​ကို​နှင်ထုတ်​၍ သင်​တို့​ပျက်စီး​သွား​စေရန် သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 11,
      "text": "သို့သော် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​ကို​အစေခံ​သော​လူမျိုး​ကို သူ​တို့​၏​နေရင်းပြည်​၌ ငါ​ထား​မည်​။ နေရင်းပြည်​၌ ထွန်ယက်​လုပ်ကိုင်​ရ​လိမ့်မည်​။ နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​စေ​လော့​”​ဟု ငါ့​အား မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 12,
      "text": "ငါ​သည် ထို​စကား​အလုံးစုံ​တို့​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား လျှောက်တင်​၏​။ “​အရှင်​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​နှင့် သူ​၏​လူ​များ​ကို အစေခံ​လျက် အသက်ရှင်​ပါ​လော့​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 13,
      "text": "ဘေဘီလုံ​ဘုရင်​ကို အစေ​မ​ခံ​သော​လူမျိုး​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မင်းကြီး​နှင့်​မင်းကြီး​၏​လူ​တို့​သည် အဘယ်ကြောင့် ထိုကဲ့သို့​သေ​ရ​ပါ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 14,
      "text": "‘​သင်​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အစေခံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ပရောဖက်​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 15,
      "text": "ထာဝရဘုရား​က ‘ငါ​သည် သူ​တို့​ကို​မ​စေလွှတ်​။ သင်​တို့​ကို ငါ​နှင်ထုတ်​၍ သင်​တို့​နှင့် သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော​ပရောဖက်​တို့ ပျက်စီး​ခြင်း​သို့​ရောက်​စေရန် သူ​တို့​သည် ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ငါ​ဆင့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 16,
      "text": "ထို့နောက် ငါ​က ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​အား “​ထာဝရဘုရား​က ‘​ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို ဘေဘီလုံ​မြို့​မှ အမြန်ဆုံး​ပြန်ယူဆောင်​လာ​မည်​ဟု သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 17,
      "text": "သူ​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​၍ အသက်ရှင်​ကြ​လော့​။ အဘယ်ကြောင့် ဤ​မြို့​သည် ပြိုပျက်​ရာ​အရပ်​ဖြစ်​ရ​ပါ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 18,
      "text": "သူ​တို့​သည် ပရောဖက်​ဖြစ်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ​တို့​နှင့်အတူ​ရှိ​မည်​ဆို​လျှင် ထာဝရဘုရား​၏​အိမ်​တော်​၊ ယုဒ​ဘုရင်​၏​နန်းတော်​၊ ဂျေရုဆလင်​မြို့​၌ ကျန်ရစ်​သော​အသုံးအဆောင်​များ​ကို ဘေဘီလုံ​မြို့​သို့​ယူဆောင်​မ​သွား​ရန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အား တောင်းပန်​ကြ​စေ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 19,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဤ​မြို့​၌​ကျန်ရစ်​သော တိုင်​များ​၊ ရေကန်​၊ တွန်းလှည်း​များ​၊ အခြား​အသုံးဆောင်​ပစ္စည်း​များ​နှင့်​ပတ်သက်၍ ဤသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 20,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ယောယကိမ်​၏​သား ယုဒ​ဘုရင်​ယေခေါနိ​မှစ၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၌​ရှိ​သော​မှူးမတ်​များ​အားလုံး​ကို ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​သောအခါ ထို​အသုံးအဆောင်​တို့​ကို မ​ယူသွား​ဘဲ​ချန်ထား​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 21,
      "text": "ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​၊ ယုဒ​ဘုရင်​၏​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​တွင် ကျန်ရစ်​သော​အသုံးအဆောင်​ပစ္စည်း​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 22,
      "text": "‘ထို​အသုံးအဆောင်​တို့​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​ကြ​လိမ့်မည်​။ ငါ​အကြည့်အရှု​ကြွလာ​မည့်​နေ့​အထိ ထို​မြို့​တွင် ထား​ကြ​လိမ့်မည်​။ ထို့နောက်မှ ထို​အသုံးအဆောင်​တို့​ကို ပြန်ယူဆောင်​လာ​၍ ဤ​နေရာ​၌​ထား​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 1,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ​ကာလ အစပိုင်း စတုတ္ထ​နှစ်​၊ ပဉ္စမ​လ​တွင်​ပင် ဂိဗောင်​မြို့​မှ အဇ္ဇုရ​၏​သား ပရောဖက်​ဟာနနိယ​က ထာဝရဘုရား​၏​အိမ်​တော်​၊ ယဇ်ပုရောဟိတ်​နှင့် လူ​အပေါင်း​တို့​ရှေ့​တွင် ငါ့​အား"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 2,
      "text": "“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို ငါ​ချိုး​မည်​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 3,
      "text": "ဤ​အရပ်​မှ ဘေဘီလုံ​မြို့​သို့ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သိမ်းဆည်း​ယူဆောင်​သွား​သည့် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​ရှိသမျှ​တို့​ကို နှစ်​နှစ်​အတွင်း ဤ​အရပ်​သို့ ငါ​ပြန်ယူဆောင်​လာ​မည်​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 4,
      "text": "ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယောယကိမ်​၏​သား ယုဒ​ဘုရင်​ယေခေါနိ​မင်းကြီး​နှင့်တကွ ယုဒ​လူမျိုး​အပေါင်း​တို့​ကို​လည်း ဤ​မြို့​သို့ ပြန်ခေါ်ဆောင်​လာ​မည်​။ အကြောင်းမူကား ငါ​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို ချိုး​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 5,
      "text": "ထိုအခါ ပရောဖက်​ယေရမိ​က ထာဝရဘုရား​၏​အိမ်​တော်​၌ ရပ်​နေ​ကြ​သော ယဇ်ပုရောဟိတ်​နှင့် လူ​အပေါင်း​တို့​ရှေ့​၌ ပရောဖက်​ဟာနနိယ​အား"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 6,
      "text": "“​အာမင်​၊ ထိုသို့ ထာဝရဘုရား ပြု​တော်မူ​ပါစေသော​။ ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​ပစ္စည်း​များ​နှင့် သုံ့ပန်း​အားလုံး​ကို ဘေဘီလုံ​မြို့​မှ ဤ​အရပ်​သို့ ပြန်ခေါ်ဆောင်​လာ​မည်​ဟူ၍ သင်​ပရောဖက်ပြု​ဟောပြော​သည့်​အတိုင်း ထာဝရဘုရား ပြည့်စုံ​စေ​ပါစေ​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 7,
      "text": "သို့ရာတွင် သင်​နှင့်တကွ လူ​အပေါင်း​တို့​အား ငါ​ပြော​သော​စကား​ကို နားထောင်​လော့​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 8,
      "text": "သင်​နှင့်​ကျွန်ုပ်​မ​ရှိ​မီ ယခင်​က​ရှိ​နှင့်​သော ပရောဖက်​တို့​သည် တိုင်းနိုင်ငံ​ကြီး​များ​နှင့်တကွ အပြည်ပြည်​တို့​တွင် စစ်ဘေး​၊ ဆင်းရဲဒုက္ခဘေး​နှင့် ကပ်ရောဂါ​ဘေး​တို့​ဖြစ်​မည့်​အကြောင်း ပရောဖက်ပြု​ဟောပြော​ခဲ့​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 9,
      "text": "ပရောဖက်​တစ်​ဦး​က ငြိမ်းချမ်း​ခြင်း​အကြောင်း​ကို ပရောဖက်ပြု​ဟောပြော​၍ သူ​ဟော​သည့်​အတိုင်း​ဖြစ်လာ​လျှင် သူ​သည် ထာဝရဘုရား​စေလွှတ်​တော်မူ​သော​ပရောဖက်​ဖြစ်ကြောင်း သိ​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 10,
      "text": "ထိုအခါ ပရောဖက်​ဟာနနိယ​သည် ပရောဖက်​ယေရမိ​၏​ပခုံး ​မှ ထမ်းပိုး​ကို​ယူ​၍ ချိုး​ပစ်​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 11,
      "text": "ဟာနနိယ​က လူ​အပေါင်း​တို့​ရှေ့​၌ “​ထာဝရဘုရား​က ‘​လူမျိုး​အပေါင်း​တို့​၏​ပခုံး ​ပေါ်​တင်​ထား​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​၏​ထမ်းပိုး​ကို နှစ်​နှစ်​အတွင်း ငါ​ချိုး​ပစ်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ပြော​လေ​၏​။ ထိုအခါ ပရောဖက်​ယေရမိ​သည် ထို​နေရာ​မှ ထွက်သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 12,
      "text": "ပရောဖက်​ယေရမိ​၏​ပခုံး ​မှ​ထမ်းပိုး​ကို ပရောဖက်​ဟာနနိယ​ချိုး​ပြီးနောက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 13,
      "text": "“ဟာနနိယ​ထံသို့​သွား​ပြီး ထာဝရဘုရား​က ‘သင်​ချိုး​လိုက်​သော​သစ်သား​ထမ်းပိုး​အစား သံ​ထမ်းပိုး​ကို သင်​ပြုလုပ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 14,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ဤ​လူမျိုး​အပေါင်း​တို့​၏​ပခုံး ​ပေါ်၌ သံ​ထမ်းပိုး​ကို ငါ​တင်​ပြီ​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို စင်စစ်​အစေခံ​ရ​မည်​။ တောရိုင်းတိရစ္ဆာန်​များ​ကို​လည်း သူ့​အား ငါ​ပေးအပ်​လေ​ပြီ’​ဟူ၍ မိန့်​တော်မူ​ကြောင်း​ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 15,
      "text": "ပရောဖက်​ယေရမိ​က ပရောဖက်​ဟာနနိယ​အား “​ဟာနနိယ ယခု​နားထောင်​လော့​။ ထာဝရဘုရား​သည် သင့်​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်​။ သင်​သည် ဤ​လူမျိုး​အား မုသား​ကို ယုံစား​စေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 16,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ သင်​သည် ထာဝရဘုရား​အား ပုန်ကန်​ပြောဆို​သည်​ဖြစ်၍ သင့်​ကို ကမ္ဘာမြေ​ပေါ်မှ ထွက်သွား​စေ​မည်​။ ဤ​နှစ်​တွင် သင်​သေ​ရ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 17,
      "text": "ထို​နှစ်​၊ သတ္တမ​လ​တွင်​ပင် ပရောဖက်​ဟာနနိယ သေဆုံး​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 1,
      "text": "ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ နေဗုခဒ်နေဇာ​မင်းကြီး​ဖမ်းခေါ်​သွား​သော​သူ​ထဲမှ သုံ့ပန်း​အဖြစ်​အသက်ရှင်​ကျန်ရှိ​သော​သက်ကြီးဝါကြီး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​ထံသို့ ပရောဖက်​ယေရမိ​က ဂျေရုဆလင်​မြို့​မှ စာ​ရေးသား​ပေးပို့​လိုက်​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 2,
      "text": "ယေခေါနိ​မင်းကြီး​၊ မယ်တော်​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယုဒ​ပြည်​ဂျေရုဆလင်​မြို့​၏​မှူးမတ်​များ​မှစ၍ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီးနောက်​တွင် ရေးသား​၍"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 3,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ထံသို့ ရှာဖန်​သား​ဧလာသ​နှင့် ဟိလခိ​သား​ဂေမရိ​တို့​ကို​စေလွှတ်​၍ ဤ​စာ​ကို ပေးပို့​လိုက်​ခြင်း​ဖြစ်​၏​။ စာ​ထဲတွင်"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 4,
      "text": "“ဂျေရုဆလင်​မြို့​မှ​ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သုံ့ပန်း​အပေါင်း​တို့​အား အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 5,
      "text": "အိမ်​ကို​ဆောက်​၍ နေထိုင်​ကြ​လော့​။ ဥယျာဉ်​များ​၌​စိုက်ပျိုး​၍ အသီးအနှံ​ကို စား​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 6,
      "text": "မိန်းမ​ယူ​၍ သား​သမီး​များ​ကို မွေးဖွား​ကြ​လော့​။ သား​များ​ကို​လည်း မိန်းမ​ယူ​စေ​လော့​။ သမီး​များ​ကို​လည်း ယောက်ျား​ယူ​စေ​လော့​။ သား​သမီး​များ မွေးဖွား​စေ​ကြ​လော့​။ ထို​အရပ်​၌ မ​လျော့နည်း​ဘဲ တိုးပွား​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 7,
      "text": "သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​သော​မြို့​၌ အေးအေးချမ်းချမ်း​နေထိုင်​လျက် ထို​မြို့​အတွက် ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ကြ​လော့​။ အကြောင်းမူကား ထို​မြို့​အေးချမ်း​လျှင် သင်​တို့​လည်း အေးအေးချမ်းချမ်း​နေ​ရ​မည်​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 8,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​တွင်​ရှိ​သော ပရောဖက်​များ​၊ ဂမ္ဘီရအတတ်ပညာရှင်​များ​၏​လှည့်စား​ခြင်း​ကို မ​ခံ​နှင့်​။ သင်​တို့​မြင်မက်​သော အိပ်မက်​တို့​ကို​လည်း မ​ယုံ​ကြ​နှင့်​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 9,
      "text": "ထာဝရဘုရား​က သူ​တို့​ကို ငါ​မ​စေလွှတ်​ဘဲ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 10,
      "text": "တစ်ဖန် ထာဝရဘုရား​က ဘေဘီလုံ​မြို့​တွင် အနှစ်​ခုနစ်ဆယ်​ပြည့်​သောအခါ ငါ​သည် သင်​တို့​ကို အကြည့်အရှု​ကြွလာ​မည်​။ ဤ​ပြည်​သို့ သင်​တို့​ကို ပြန်ခေါ်​လာ​မည်​ဟူသော ငါ​၏​ကတိ​ကို ပြည့်စုံ​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 11,
      "text": "အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား ​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 12,
      "text": "သင်​တို့​သည် ငါ့​ကို​ခေါ်​လိမ့်မည်​။ ငါ့​ထံသို့ လာ​၍​ဆုတောင်း​လိမ့်မည်​။ ငါ​သည်​လည်း သင်​တို့​ကို နားထောင်​မည်​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 13,
      "text": "သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 14,
      "text": "သင်​တို့​သည် ငါ့​ကို တွေ့​လိမ့်မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဖမ်းဆီးခေါ်ဆောင်​သွား​ရာ​မှ သင်​တို့​ကို ငါ​ပြန်ခေါ်​လာ​မည်​။ လူမျိုး​တကာ​တို့​ထံမှ​လည်းကောင်း​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ​လည်းကောင်း သင်​တို့​အား ပြန်စုဝေး​စေ​မည်​ဟု​လည်း ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​ရာ​အရပ်​မှ သင်​တို့​ကို​ပြန်ခေါ်​လာ​မည်​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 15,
      "text": "သင်​တို့​က ထာဝရဘုရား​သည် ဘေဘီလုံ​မြို့​၌ ပရောဖက်​များ​ကို ပေါ်ထွန်း​စေ​တော်မူ​ပြီ​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 16,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော ဘုရင်​နှင့်​ပတ်သက်၍​လည်းကောင်း​၊ သင်​တို့​နှင့်အတူ သုံ့ပန်း​အဖြစ်​ပါ​မ​သွား​သော သင်​တို့​ညီအစ်ကို​များ​ဖြစ်​သည့် ဤ​မြို့​တွင်​ကျန်နေ​ခဲ့​သော​သူ​အပေါင်း​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ဤသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 17,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ကြုံတွေ့​စေ​မည်​။ စား​၍​မ​ရ​အောင် ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 18,
      "text": "သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် လိုက်လံညှဉ်းဆဲ​မည်​။ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​အတွက် ရွံရှာစရာ​ဖြစ်​စေ​မည်​။ ငါ​နှင်ထုတ်​၍​သူ​တို့​ရောက်လေရာ​အရပ်ရပ်​တို့​၌ ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ လှောင်ပြောင်စရာ​၊ ကဲ့ရဲ့စရာ ဖြစ်​စေ​မည်​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 19,
      "text": "အကြောင်းမူကား ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို သူ​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သူ​တို့​နား​မ​ထောင်​ကြ​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​သည်​လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 20,
      "text": "ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ငါ​နှင်ထုတ်​လိုက်​၍ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​အား ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​သော ကောလာယ​၏​သား အာဟပ်​နှင့် မာသေယ​၏​သား​ဇေဒကိ​တို့​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​ထဲသို့ ငါ​အပ်​လိုက်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို သင်​တို့​မျက်စိ​ရှေ့​၌​ပင် ကွပ်မျက်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 22,
      "text": "ထို​သူ​တို့​ကြောင့် ဘေဘီလုံ​မြို့​ရှိ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယုဒ​လူ​အပေါင်း​တို့​က ‘ဇေဒကိ​နှင့် အာဟပ်​ကို ဘေဘီလုံ​ဘုရင် မီးရှို့​သတ်​သကဲ့သို့ သင့်​ကို ထာဝရဘုရား​ပြု​ပါစေ’​ဟု အချင်းချင်း​ကျိန်ဆဲ​ရာ​တွင် ခိုင်းနှိုင်း​ကျိန်ဆဲ​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 23,
      "text": "သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၌ ယုတ်ညံ့​သော​အမှု​ကို​ပြု​ကြ​၏​။ အိမ်နီးချင်း​တို့​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။ ငါ​မ​မိန့်မှာ​ဘဲ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​သော​စကား​ကို ပြောဆို​ကြ​၏​။ ငါ​သည် သိ​၏​။ ငါ​သည် သက်သေ​ဖြစ်​၏​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ပါရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 24,
      "text": "သင်​သည် နဟေလံ​အမျိုး ရှေမာယ​အား"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 25,
      "text": "“အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​သည် ယဇ်ပုရောဟိတ်​မာသေယ​၏​သား​ဇေဖနိ​မှစ၍ ယဇ်ပုရောဟိတ်​အပေါင်း​တို့​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​ထံသို့ သင့်​နာမည်​ဖြင့်​စာ​ပို့​၍"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 26,
      "text": "ထာဝရဘုရား​သည် ယဇ်ပုရောဟိတ်​ယောယဒ​နေရာ​တွင် သင့်​ကို​ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​တော်မူ​ပြီ​။ သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို​ကြီးကြပ်​ရ​သူ​ဖြစ်​ပြီ​။ ပရောဖက်​အယောင်ဆောင်​သော​သူရူး​ရှိသမျှ​တို့​ကို အချုပ်​ထဲတွင် ထိပ်ခတ်​ထား​ရ​မည်​ဟု သင်​ဆို​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 27,
      "text": "ယခု သင်​တို့​တွင် ပရောဖက်ပြု​ဟောပြော​နေ​သော အာနသုတ်​မြို့သား​ယေရမိ​ကို အဘယ်ကြောင့် မ​ဆုံးမ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 28,
      "text": "သူ​က ဘေဘီလုံ​မြို့​တွင်​ရှိ​သော ငါ​တို့​ထံသို့​စာ​ပို့​ပြီး ဘေဘီလုံ​မြို့​တွင် ကြာမြင့်​စွာ​နေ​ရ​ဦး​မည်​။ ထို့ကြောင့် အိမ်​ကို​ဆောက်​၍ နေထိုင်​ကြ​လော့​။ ဥယျာဉ်​များ​၌ စိုက်ပျိုး​၍ အသီးအနှံ​ကို​စား​ကြ​လော့​ဟု ဆို​လေ​ပြီ​တကား’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ပြောကြား​လော့​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 29,
      "text": "ယဇ်ပုရောဟိတ်​ဇေဖနိ​သည် ထို​စာ​ကို ပရောဖက်​ယေရမိ​အား ဖတ်ပြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 30,
      "text": "ထို့နောက် ယေရမိ​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 31,
      "text": "“သုံ့ပန်း​အားလုံး​တို့​အား ဤသို့​မှာလိုက်​လော့​။ နဟေလံ​ရွာသား ရှေမာယ​နှင့်​ပတ်သက်၍ ထာဝရဘုရား​က ရှေမာယ​သည် သင်​တို့​ကို ပရောဖက်ပြု​ဟောပြော​လေ​ပြီ​။ သူ့​ကို​ငါ​စေလွှတ်​သည်​မ​ဟုတ်​။ သူ​သည် သင်​တို့​အား မုသား​ကို ကိုးစား​စေ​ပြီ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 32,
      "text": "ထာဝရဘုရား​က နဟေလံ​အမျိုး ရှေမာယ​သည် ငါ့​ကို ပုန်ကန်​ပြောဆို​သောကြောင့် ကြည့်ရှု​လော့​။ ငါ​သည် သူ​နှင့်​သူ​၏​သားစဉ်မြေးဆက်​တို့​ကို ဒဏ်ခတ်​မည်​။ ဤ​လူမျိုး​ထဲ​တွင် သူ​၏​သားစဉ်မြေးဆက်​တစ်​ယောက်​မျှ အသက်ရှင်​နေထိုင်​ရ​မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က ငါ့​လူမျိုး​တော်​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​ကို သူ​တို့​ခံစား​ရ​မည်​မ​ဟုတ်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 1,
      "text": "ယေရမိ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 2,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “သင့်​အား ငါ​မိန့်ဆို​သော​စကား​တို့​ကို စာလိပ်​တွင် ရေးမှတ်​ထား​လော့​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 3,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သည်မှာ ‘ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ငါ့​လူမျိုး​တော်​အစ္စရေး​နှင့်​ယုဒ​တို့​ကို ငါ​ပြန်လာ​စေ​သော​နေ့ ရောက်လာ​ပြီ​။ ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို ပြန်လာ​စေ​သဖြင့် ထို​ပြည်​ကို သူ​တို့​ပြန်လည်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟူ၍ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 4,
      "text": "ဤသည်ကား အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 5,
      "text": "ထာဝရဘုရား​က “​ကြောက်ရွံ့​အော်ဟစ်သံ​ကို ကြား​ရ​၏​။ ငြိမ်သက်​ခြင်း​မ​ရှိ​၊ ကြောက်ရွံ့​ခြင်း​အတိ​သာ​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 6,
      "text": "သင်​တို့ မေးမြန်း​ကြည့်​ကြ​လော့​။ ယောက်ျား​သည် သားဖွား​နိုင်​သလော​။ ယောက်ျား​အပေါင်း​တို့​သည် သားဖွား​သော​မိန်းမ​ကဲ့သို့ မိမိ​တို့​ခါး​ကို​နှိပ်​၍ မျက်နှာ​ဖြူဖပ်ဖြူရော်​ဖြစ်​နေ​ကြ​သည်​ကို အဘယ်ကြောင့် ငါ​မြင်​ရ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 7,
      "text": "အမင်္ဂလာ​နေ့​ကြီး​ပါ​တကား​။ ဤ​နေ့​နှင့်​တူ​သော​နေ့​မ​ရှိ​။ ယာကုပ်​အမျိုး​တို့ ဒုက္ခ​ရောက်​သော​နေ့​ဖြစ်​၏​။ သို့သော် သူ​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 8,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​၌ သူ​တို့​၏​ပခုံး ​ပေါ်​မှ ထမ်းပိုး​ကို ငါ​ချိုး​မည်​။ သူ​တို့​ကို​ချည်နှောင်​သော​ကြိုး​များ​ကို ငါ​ဖြတ်​မည်​။ သူ​တို့​သည် တစ်ပါးအမျိုးသား​တို့​ကို အစေခံ​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 9,
      "text": "သူ​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​နှင့် သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည့် သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို​အစေခံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 10,
      "text": "ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​၊ စိတ်​မ​ပျက်​နှင့်​။ သင့်​ကို ဝေး​သော​အရပ်​မှ​၊ သင်​၏​အမျိုးအနွယ်​ကို သုံ့ပန်း​အဖြစ်​နေ​ရ​သော​ပြည်​မှ ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 11,
      "text": "ထာဝရဘုရား​က “​ငါ​သည် သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ကယ်တင်​မည်​။ သင့်​ကို ငါ​ကွဲလွင့်​စေ​ရာ​အရပ်ရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 12,
      "text": "ထာဝရဘုရား​က “​သင့်​ဒဏ်ရာ​သည် မပျောက်​နိုင်​။ သင့်​အနာ​သည် ဆိုးရွား​လှ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 13,
      "text": "သင့်​အမှု​ကို လျှောက်လဲ​ပေး​မည့်​သူ​မ​ရှိ​။ သင့်​အနာ​အတွက် ဆေး​မ​ရှိ​။ သင့်​ကို ကုသပေး​မည့်​သူ​မ​ရှိ​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 14,
      "text": "သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 15,
      "text": "သင့်​ဒဏ်ရာ​အတွက် အဘယ်ကြောင့်​အော်ဟစ်​ရ​သနည်း​။ သင်​၏​ဝေဒနာ ပျောက်ကင်း​နိုင်​မည်​မ​ဟုတ်​။ သင်​၏​အပြစ်​ကြီးမား​၍ သင်​၏​ဒုစရိုက်​များပြား​သောကြောင့် သင့်​ကို ငါ​ဤသို့​ပြု​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 16,
      "text": "သင့်​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​သည် ဝါးမျို​ခြင်း​ကို​ခံရ​လိမ့်မည်​။ သင်​၏​ရန်သူ​အပေါင်း​တို့​သည် တစ်ယောက်မကျန် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​ရ​လိမ့်မည်​။ သင့်​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​သည်​လည်း တိုက်ခိုက်လုယက်​ခြင်း​ခံရ​မည်​။ သင့်​ကို သိမ်းပိုက်​သော​သူ​အပေါင်း​တို့​သည် သိမ်းပိုက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 17,
      "text": "ထာဝရဘုရား​က “​ထို​သူ​တို့​သည် သင့်​ကို ‘​အပယ်​ခံရ​သော​သူ​၊ မည်သူမျှ​ဂရု​မ​စိုက်​သော​ဇိအုန်​မြို့​’​ဟု ခေါ်​ကြ​သောကြောင့် ငါ​သည် သင့်​ကို ပြန်လည်​ကျန်းမာ​စေ​မည်​။ သင့်​အနာ​ကို ကုသ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 18,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ပျက်စီး​သွား​သော​ယာကုပ်​၏​တဲ​များ​ကို နဂိုအတိုင်း​ပြန်ဖြစ်​စေ​မည်​။ သူ​တို့​အိမ်သူအိမ်သား​များ ​ကို ကရုဏာ​ထား​မည်​။ မြို့​ကို အပျက်အစီးပုံ​ပေါ်မှာ ပြန်တည်ဆောက်​စေ​မည်​။ နန်းတော်​သည်​လည်း မူလ​အတိုင်း တည်ရှိ​မည်​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 19,
      "text": "သူ​တို့​ထံမှ ချီးမွမ်း​ခြင်း​သီချင်း​နှင့် ပျော်မြူး​သော​အသံ​ထွက်ပေါ်​လာ​မည်​။ သူ​တို့​ကို ငါ​တိုးပွား​စေ​မည်​၊ လျော့နည်း​စေ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ​ဂုဏ်ပြု​မည်​၊ အထင်သေး​ခြင်း ခံရ​စေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 20,
      "text": "သူ​၏​သားသမီး​တို့​သည် ယခင်က​ကဲ့သို့​ဖြစ်​လိမ့်မည်​။ လူထု​တစ်ရပ်လုံး ငါ့​ရှေ့မှောက်​၌ တည်နေ​လိမ့်မည်​။ သူ့​အား ညှဉ်းဆဲ​သော​သူ​အားလုံး​ကို ငါ​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 21,
      "text": "ထာဝရဘုရား​က “​သူ​၏​ခေါင်းဆောင်​သည် သူ့​အမျိုး​ထဲမှ​ဖြစ်​လိမ့်မည်​။ သူ့​ကို​အုပ်စိုး​သော​သူ​သည် သူ့​အမျိုး​ထဲမှ​ပေါ်ထွန်း​လိမ့်မည်​။ သူ့​ကို ငါ​ခေါ်​၍ သူ​သည် ငါ့​ထံ​ချဉ်းကပ်​လိမ့်မည်​။ အဘယ်သူ​သည် ကိုယ့်​အလိုအလျောက် ငါ့​ထံ​ချဉ်းကပ်​ဝံ့​သနည်း​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 22,
      "text": "သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 23,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ဒေါသ​မုန်တိုင်း တိုက်ခတ်​လိမ့်မည်​။ မုန်တိုင်း​သည် ဆိုးယုတ်​သော​သူ​တို့​၏​ခေါင်း​ပေါ်သို့ ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 24,
      "text": "ထာဝရဘုရား​၏​အကြံအစည်​တော် အထ​မ​မြောက်​မီ​၊ မ​ပြီးမြောက်​မီ ပြင်းထန်​သော​အမျက်​တော်​ပြေ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​ကို နောက်ဆုံး​သော​ကာလ​၌ သင်​တို့​နားလည်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ထို​ကာလ​၌ ငါ​သည် အစ္စရေး​မျိုးနွယ်စု​အပေါင်း​တို့​၏​ဘုရား​ဖြစ်​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 2,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ဓားဘေး​မှ​အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် တောကန္တာရ​၌ ကျေးဇူး​တော်​ခံစား​ရ​ပြီ​။ အစ္စရေး​လူမျိုး​တို့​သည် ငြိမ်ဝပ်ချမ်းသာရာ​သို့ ချီ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 3,
      "text": "ရှေးယခင်​ကပင် ထာဝရဘုရား​သည် ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် သင့်​ကို ထာဝရ​မေတ္တာ​နှင့်​ချစ်​၏​။ ထို့ကြောင့် ငါ​၏​မေတ္တာကရုဏာ​ကို သင်​၌ တည်​စေ​ပြီ ​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 4,
      "text": "အို အစ္စရေး​အပျိုကညာ​၊ ငါ​သည် သင့်​ကို ပြန်လည်​တည်ဆောက်​မည်​။ သင်​သည် ပြန်လည်​တည်ဆောက်​ခြင်း​ခံရ​မည်​။ သင်​သည် ပတ်သာ​ကို​ဆောင်​လျက် ပျော်မြူး​ကခုန်​သော​သူ​တို့​နောက်​သို့ တစ်ဖန် လိုက်သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 5,
      "text": "သင်​သည် ရှမာရိ​တောင်​ပေါ်တွင် စပျစ်ခြံ​ကို ပြန်လည်​စိုက်ပျိုး​ရ​လိမ့်မည်​။ စိုက်ပျိုး​သော​သူ​တို့​သည် အသီး​ကို စား​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 6,
      "text": "‘​လာ​ကြ​။ ဇိအုန်​တောင်​သို့ သွား​ကြ​စို့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အထံ​တော်​သို့ သွား​ကြ​စို့​’​ဟူ၍ ဧဖရိမ်​တောင်​ပေါ်မှ​ကင်းစောင့်​တို့ ကြွေးကြော်​သော​အချိန်​ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 7,
      "text": "ထာဝရဘုရား​က “​ယာကုပ်​အမျိုး​အတွက် ဝမ်းမြောက်ပျော်ရွှင်​စွာ​သီချင်းဆို​ကြ​လော့​။ လူမျိုးတကာ​တို့​၏​အထွတ်​အား ကြွေးကြော်​ချီးမွမ်း​၍ ‘​အို ထာဝရဘုရား​၊ ကြွင်းကျန်​သော ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​ကို ကယ်တင်​တော်မူ​ပါ​’​ဟု မြွက်ဆို​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 8,
      "text": "ငါ​သည် ထို​သူ​တို့​ကို မြောက်ဘက်​အရပ်​မှ ခေါ်ဆောင်​လာ​မည်​။ မြေကြီး​စွန်း​မှ ခေါ်ယူစုစည်း​မည်​။ သူ​တို့​နှင့်အတူ မျက်စိမမြင်​သူ​၊ ခြေမသန်သူ​၊ ကိုယ်ဝန်ဆောင်​သူ​၊ မီးဖွားခါနီးသူ​ပါ​သော လူအုပ်​ကြီး​သည် ဤ​အရပ်​သို့ ပြန်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 9,
      "text": "သူ​တို့​သည် ငိုကြွေး​လျက် ပြန်လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို နှစ်သိမ့်​လျက် ငါ​ပြန်ခေါ်​လာ​မည်​။ သူ​တို့​ကို စမ်းချောင်း​နား​၊ သူ​တို့​ခလုတ်​မ​တိုက်​နိုင်​သည့် ဖြောင့်ဖြူး​သော​လမ်း​ဖြင့် ငါ​ပို့ဆောင်​မည်​။ ငါ​သည် အစ္စရေး​လူမျိုး​၏​အဖ​ဖြစ်​၏​။ ဧဖရိမ်​အမျိုး​သည် ငါ​၏​သားဦး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 10,
      "text": "အို လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဝေး​သော​အရပ်​ရှိ ကမ်းရိုးတန်းဒေသ​တို့​တွင် ကြွေးကြော်​ကြ​လော့​။ “​အစ္စရေး​လူမျိုး​ကို ကွဲလွင့်​စေ​သော​အရှင်​သည် အစ္စရေး​လူမျိုး​ကို ပြန်စုသိမ်း​မည်​။ သိုးထိန်း​သည် မိမိ​၏​သိုးစု​ကို​စောင့်ထိန်း​သကဲ့သို့ သူ​တို့​ကို စောင့်ထိန်း​တော်မူ​မည်​”​ဟု ပြောကြား​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 11,
      "text": "အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​။ သူ့​ထက်​အားကြီး​သော​သူ​၏​လက်​မှ သူ့​ကို ရွေးနုတ်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 12,
      "text": "သူ​တို့​သည် ဇိအုန်​တောင်ထိပ်​သို့​လာ​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လိမ့်မည်​။ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ သိုးသငယ်​၊ နွားသငယ် စသည်​တို့​ဖြင့် ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကြောင့် ဝမ်းမြောက်​ကြ​လိမ့်မည်​။ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရေဝ​သော​ဥယျာဉ်​ကဲ့သို့​ဖြစ်​မည်​။ ဝမ်းနည်းပူဆွေး​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 13,
      "text": "အပျိုကညာ​တို့​သည် ဝမ်းမြောက်​ကခုန်​ကြ​လိမ့်မည်​။ လူပျို​၊ လူအို​တို့​လည်း ဝမ်းမြောက်​ကခုန်​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​၏​ငိုကြွေးမြည်တမ်း​ခြင်း​ကို ပျော်ရွှင်​ခြင်း​ဖြစ်စေ​မည်​။ သူ​တို့​ကို နှစ်သိမ့်ပေး​၍ ဝမ်းနည်း​ခြင်း​အစား ဝမ်းမြောက်​ခြင်း​ကို​ပေး​မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 14,
      "text": "ထာဝရဘုရား​က “​ငါ​သည် ယဇ်ပုရောဟိတ်​တို့​၏​စိတ်ဝိညာဉ်​ကို အဆီအနှစ်​နှင့်​ပြည့်​သော​အစာ​ဖြင့် ကျေနပ်အားရ​စေ​မည်​။ ငါ​၏​လူမျိုး​တော်​သည် ကောင်းမြတ်​သော​အရာ​များ​နှင့် ပြည့်စုံကြွယ်ဝ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 15,
      "text": "ထာဝရဘုရား​က “​ရာမ​မြို့​၌ မြည်တမ်း​သံ​၊ ခါးသီး​စွာ​ငိုကြွေး​သံ​ကို​ကြား​ရ​၏​။ ရာခေလ​သည် မိမိ​၏​သား​များ​ကြောင့် ငိုကြွေး​၏​။ သူ​၏​သား​များ​မ​ရှိ​တော့​သဖြင့် နှစ်သိမ့်​ပေး​ကြ​သည်​ကို လက်မခံ​ပြီ​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 16,
      "text": "ထာဝရဘုရား​က “​သင်​မ​ငို​နှင့်​တော့​၊ မျက်ရည်​မ​ကျ​နှင့်​တော့​။ သင်​၏​ကြိုးစားအားထုတ်မှု​အတွက် ဆုလာဘ်​ရှိ​၏​။ သူ​တို့​သည် ရန်သူ​၏​ပြည်​မှ ပြန်လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 17,
      "text": "ထာဝရဘုရား​က “​သင်​၏​အနာဂတ်​မှာ မျှော်လင့်​ခြင်း​ရှိ​၏​။ သင်​၏​သားသမီး​တို့​သည် သူ​တို့​၏​ပြည်​သို့​ပြန်လာ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 18,
      "text": "ဧဖရိမ်​က “​ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပဲ့ပြင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ရိုင်း​သော​နွားသငယ်​ကဲ့သို့ ပဲ့ပြင်​ခြင်း​ကို​ခံရ​ပါ​ပြီ​။ အကျွန်ုပ်​ကို ပြန်ခေါ်​ပါ​။ အကျွန်ုပ် ပြန်လာ​ပါရစေ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ထာဝရအရှင်​ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 19,
      "text": "အကျွန်ုပ်​လမ်းလွဲ​ပြီးမှ အမှန်ပင် နောင်တရ​ပါ​ပြီ​။ သွန်သင်​ခြင်း​ခံရ​ပြီးမှ အကျွန်ုပ်​သည် ရင်ထုမနာ​ဖြစ်​ရ​ပါ​၏​။ အကျွန်ုပ်​သည် ငယ်ရွယ်စဉ်​၌ ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​သောကြောင့် အရှက်ကွဲ​ရ​ပါ​၏​။ အသရေပျက်​ရ​ပါ​၏​”​ဟူ၍ မြည်တမ်း​သည်​ကို ငါ​သေချာ​စွာ​ကြား​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 20,
      "text": "ထာဝရဘုရား​က “​ဧဖရိမ်​သည် ငါ​ချစ်​သော​သား​၊ ငါ​မြတ်နိုး​သော​သားလေး​ဖြစ်​သည်​မ​ဟုတ်​လော​။ ငါ​သည် သူ့​ကို အပြစ်တင်​ပြောဆို​လေ​တိုင်း သူ့​ကို အစဉ်​သတိရ​လျက်​ရှိ​ပါ​၏​။ ထို့ကြောင့် သူ့​အတွက် စိုးရိမ်ပူပန်​၏​။ သူ့​ကို အလွန်​သနား​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 21,
      "text": "မှတ်တိုင်​များ​ကို စိုက်သွား​လော့​။ ကျောက်ပုံ​များ​ဖြင့် အမှတ်အသားပြု​သွား​လော့​။ သင်​သွား​သော​လမ်းမကြီး​ကို သင့်​စိတ်​ထဲ၌ မှတ်သား​သွား​လော့​။ အို အစ္စရေး​အပျိုကညာ​၊ ပြန်လာ​လော့​။ ဤ​မြို့​များ​သို့ ပြန်လာ​လော့​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 22,
      "text": "အို ဖောက်ပြန်​သော​သမီးပျို​၊ မည်သည့်​အချိန်​အထိ လှည့်လည်​နေ​မည်နည်း​။ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် အသစ်သောအရာ​ကို ဖန်ဆင်း​တော်မူ​ပြီ​။ မိန်းမ​သည် ယောက်ျား​ကို ဝိုင်းရံ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 23,
      "text": "အစ္စရေး​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သူ​တို့​ကို ငါ​ပြန်ခေါ်လာ​သောအခါ ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​တို့​တွင် ‘​အို ဖြောင့်မတ်​ခြင်း​တည်​ရာ သန့်ရှင်း​သော​တောင်​၊ ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေ​’​ဟူသော ဤ​စကား​ကို တစ်ဖန် ပြောဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 24,
      "text": "ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​အားလုံး​တွင် လယ်လုပ်သူ​များ​၊ သိုးအုပ်​ကို ထိန်းကျောင်းသူ​များ အတူတကွ​နေထိုင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 25,
      "text": "ငါ​သည် ပင်ပန်း​နွမ်းနယ်​သူ​ကို နှစ်သိမ့်​ပေး​မည်​။ အားငယ်​သူ​အပေါင်း​တို့​ကို အားပေး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 26,
      "text": "ဤ​တွင် ငါ​နိုးလာ​၍ မော်ကြည့်​လိုက်​၏​။ ငါ​သည် နှစ်နှစ်ခြိုက်ခြိုက်​အိပ်ပျော်​ပါ​သည်​တကား​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 27,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​တွင် လူသား​မျိုးစေ့​နှင့်​တိရစ္ဆာန်​မျိုးစေ့​တို့​ကို ငါ​ကြဲ​မည့်​အချိန် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 28,
      "text": "ထာဝရဘုရား​က “​ငါ​သည် သူ​တို့​ကို နုတ်ပယ်​ဖြိုချ​မှောက်လှန်​ဖျက်ဆီး​ပြီး ဒုက္ခရောက်​စေဖို့ စောင့်ကြည့်​သကဲ့သို့ တည်ထောင်​ပြုစု​ဖို့ စောင့်ကြည့်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 29,
      "text": "ထို​ကာလ​တွင် “​ဖခင်​တို့​က ချဉ်​သော​စပျစ်သီး​ကို​စား​၍ သား​တို့​က သွား​ကျိန်း​၏​”​ဟု နောက်တစ်ဖန် ပြောဆို​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 30,
      "text": "လူတိုင်း ကိုယ့်​အပြစ်​ကြောင့် ကိုယ်​သေ​ရ​မည်​။ ချဉ်​သော​စပျစ်သီး​ကို​စား​သော​သူ​တိုင်း သွား​ကျိန်း​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 31,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးအနွယ်​၊ ယုဒ​အမျိုးအနွယ်​တို့​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​မည့်​နေ့ရက် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 32,
      "text": "ထာဝရဘုရား​က “​ထို​ပဋိညာဉ်​သည် သူ​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ လက်ဆွဲ​၍​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကဲ့သို့​မ​ဟုတ်​။ ငါ​သည် သူ​တို့​၏​ခင်ပွန်း​ဖြစ်​သော်လည်း ငါ​၏​ပဋိညာဉ်​ကို သူ​တို့​ချိုးဖောက်​ခဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 33,
      "text": "ထာဝရဘုရား​က “​ထို​ကာလ​ပြီးနောက် အစ္စရေး​လူမျိုး​တို့​နှင့် ငါ​ဖွဲ့​မည့်​ပဋိညာဉ်​သစ်​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ငါ​၏​ပညတ်တရား​ကို သွင်းပေး​မည်​။ သူ​တို့​၏​နှလုံးသား​ပေါ်တွင် ရေး​ထား​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 34,
      "text": "ထာဝရဘုရား​က “​သူ​တို့​သည် အိမ်နီးချင်း​၊ ညီအစ်ကိုချင်း​တို့​အား ‘​ထာဝရဘုရား​နှင့် သိကျွမ်း​ခြင်း​ရှိ​လော့​’​ဟု သင်ကြား​ပေး​စရာ​မ​လို​။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​တိုင်း ငါ့​ကို သိကျွမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ခွင့်လွှတ်​မည်​။ သူ​တို့​၏​အပြစ်​များ​ကို အောက်မေ့​တော့​မည်​မ​ဟုတ်​” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 35,
      "text": "နေ့​အချိန်​၌ အလင်းရောင်​ရရှိ​ရန် နေ​ကို​ပေး​သော​အရှင်​၊ ညအချိန်​၌ အလင်းရောင်​ပေး​ရန် လ​နှင့်​ကြယ်​များ​ကို ပြဋ္ဌာန်း​သော​အရှင်​၊ ပင်လယ်​ရေ​ကို​ထကြွ​စေ​သော​အရှင်​၊ လှိုင်းတံပိုး​ကို​မြည်ဟိန်း​စေ​သော​အရှင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟု ဘွဲ့နာမ​ရှိ​တော်မူ​သော ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 36,
      "text": "ထာဝရဘုရား​က “​ဤ​ပြဋ္ဌာန်းချက်​တို့​သည် ငါ့​ရှေ့မှောက်​မှ​ကွယ်ပျောက်​သွား​လျှင် အစ္စရေး​လူမျိုး​၏​သားစဉ်မြေးဆက်​တို့​သည်​လည်း ငါ့​ရှေ့မှောက်​၌ လူမျိုး​တော်​အဖြစ်​မှ အစဉ်​ကွယ်ပျောက်​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 37,
      "text": "ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 38,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဟာနနေလ​ရဲတိုက်​မှ မြို့​ထောင့်​တံခါး​အထိ ထာဝရဘုရား​အတွက် မြို့​တော်​ကို ပြန်လည်​တည်ဆောက်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 39,
      "text": "နယ်နိမိတ်​မျဉ်း​သည် ဂါရက်​တောင်ကုန်း​သို့​တည့်တည့်ရောက်​ပြီး ဂေါသ​အရပ်​သို့ ကွေ့သွား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 40,
      "text": "အလောင်းကောင်​များ​၊ ပြာ​များ​စွန့်ပစ်​ရာ ချိုင့်ဝှမ်း​တစ်ခုလုံး​၊ ကေဒြုန်​ချောင်း​မှ အရှေ့​ဘက်​မြင်း​တံခါး​ထောင့်​အထိ ကွင်းပြင်​တစ်ခုလုံး​သည် ထာဝရဘုရား​အတွက် သန့်ရှင်း​သော​နေရာ​ဖြစ်လာ​မည်​။ ဘယ်သောအခါ​မျှ ဖြိုဖျက်​မှောက်လှန်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 1,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး​နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​၊ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ​ဆယ်​နှစ်​တွင် ထာဝရဘုရား​ထံ​တော်​မှ နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 2,
      "text": "ထို​အချိန်​သည် ဘေဘီလုံ​ဘုရင်​၏​စစ်သည်​တို့ ဂျေရုဆလင်​မြို့​ကို ဝိုင်း​ထား​ကြ​သော​အချိန်​၊ ပရောဖက်​ယေရမိ​သည်​လည်း ယုဒ​ဘုရင်​၏​နန်းတော်​ရှိ​ထောင်ဝင်း​ထဲတွင် ချုပ်နှောင်​ထား​ခြင်း​ခံ​နေ​ရ​သော​အချိန်​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 3,
      "text": "ထိုသို့ ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ခံရ​သော​ယေရမိ​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​က “သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​က ‘ဤ​မြို့​ကို ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့ ငါ​အပ်​မည်​။ သူ​သည် ထို​မြို့​ကို သိမ်းယူ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 4,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​သည် ခါလဒဲ​တပ်​၏​လက်​မှ​လွတ်​မည်​မ​ဟုတ်​။ ဘေဘီလုံ​ဘုရင်​၏​လက်​အောက်​သို့ အမှန်​ရောက်​ရ​လိမ့်မည်​။ သူ​သည် ဘေဘီလုံ​ဘုရင်​နှင့် မျက်နှာချင်းဆိုင် တစ်ယောက်​ကို​တစ်ယောက်​ကြည့်​ပြီး စကားပြော​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 5,
      "text": "ဇေဒကိ​ကို ဘေဘီလုံ​မြို့​သို့​ခေါ်ဆောင်​သွား​လိမ့်မည်​။ သူ့​ကို ငါ​ထာဝရဘုရား​အကြည့်အရှု​မ​ကြွလာ​မ​ချင်း ထို​မြို့​၌ သူ​နေ​ရ​လိမ့်မည်​။ သင်​တို့​သည် ခါလဒဲ​၏​တပ်​ကို တိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်​ဟု ပရောဖက်ပြု​ဟောပြော​ရ​သနည်း”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 6,
      "text": "ယေရမိ​က “ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ ဤသို့​မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 7,
      "text": "‘သင်​၏​ဘထွေး ရှလ္လုံ​၏​သား​ဟာနမေလ​သည် သင့်​ဆီသို့​လာ​၍ အာနသုတ်​မြို့​ရှိ ငါ​၏​လယ်​ကို သင်​ရွေးနုတ်ပိုင်ခွင့်​ရှိ​သည်​ဖြစ်၍ ရွေးနုတ်​ဝယ်ယူ​ပါ​လော့​’​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 8,
      "text": "ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ငါ့​ဘထွေး​၏​သား ဟာနမေလ​သည် ငါ​ရှိ​ရာ​ထောင်ဝင်း​သို့​လာ​၍ ငါ့​အား ‘သင်​သည် ပိုင်ဆိုင်ခွင့်​၊ ရွေးနုတ်ပိုင်ခွင့်​ရှိ​သူ​ဖြစ်​၍ ဗင်္ယာမိန်​ပြည်​၊ အာနသုတ်​မြို့​ရှိ ကျွန်ုပ်​၏​လယ်​ကို ဝယ်ယူ​ပါ​လော့​။ သင့်​အတွက် ဝယ်ယူ​ပါ​လော့’​ဟု ဆို​၏​။ ထိုအခါ ဤ​စကား​သည် ထာဝရဘုရား​၏​စကား​တော်​ဖြစ်ကြောင်း​ကို ငါ​သိ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 9,
      "text": "ထို့ကြောင့် ငါ​သည် အာနသုတ်​မြို့​ရှိ ငါ့​ဘထွေး​၏​သား ဟာနမေလ​ထံ​မှ လယ်​ကို​ဝယ်ယူ​လေ​၏​။ သူ့​ကို ငွေ​တစ်ဆယ့်​ခုနစ်​ရှယ်ကယ် ချိန်​ပေး​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 10,
      "text": "သက်သေ​များ​ကို​လည်း​ခေါ်​၍ စာချုပ်​တွင် လက်မှတ်ရေးထိုး​ပြီး တံဆိပ်ခတ်​၏​။ ငွေ​ကို ချိန်ခွင်​၌ ချိန်တွယ်​ပေး​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 11,
      "text": "သတ်မှတ်​ထား​သော​စည်းမျဉ်းစည်းကမ်း​နှင့်အညီ တံဆိပ်ခတ်​ထား​သော​အဝယ်​စာချုပ်​နှင့် တံဆိပ်မခတ်​ထား​သော​အဝယ်စာချုပ်​ကို ယူ​ပြီး"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 12,
      "text": "ငါ့​ဘထွေး​၏​သား ဟာနမေလ​ရှေ့​၊ အဝယ်​စာချုပ်​၌ လက်မှတ်​ရေးထိုး​သော​သက်သေ​များ​ရှေ့​၊ ထောင်ဝင်း​၌​ထိုင်​နေ​ကြ​သော ဂျူး​လူမျိုး​အားလုံး​ရှေ့​တွင် မာသေယ​၏​မြေး​၊ နေရိ​၏​သား ဗာရုတ်​လက်​သို့ အဝယ်​စာချုပ်​ကို​ပေးအပ်​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 13,
      "text": "ထို့နောက် ထို​သူ​တို့​ရှေ့​၌ ဗာရုတ်​အား"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 14,
      "text": "‘​အစ္စရေး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က တံဆိပ်ခတ်​ထား​သော​အဝယ်​စာချုပ်​နှင့် တံဆိပ်မခတ်​ထား​သော​အဝယ်​စာချုပ်​တို့ မ​ပျောက်ပျက်​ဘဲ အချိန်​ကြာမြင့်​စွာ​ရှိ​နေ​စေရန် ထို​စာချုပ်​တို့​ကို​ယူ​၍ အိုး​ထဲ၌​ထား​ရ​မည်​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 15,
      "text": "အကြောင်းမူကား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က နောင်တွင် ဤ​ပြည်​၌ အိမ်​များ​၊ လယ်ယာ​များ​၊ စပျစ်ခြံ​များ​ကို ဝယ်​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ငါ​ပြော​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 16,
      "text": "ငါ​သည် အဝယ်​စာချုပ်​ကို နေရိ​၏​သား ဗာရုတ်​ထံ​ပေးအပ်​ပြီးနောက် ထာဝရဘုရား​ထံ ဆုတောင်း​လျက်"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 17,
      "text": "‘အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီ​။ ကိုယ်တော်​အတွက် ခက်ခဲလွန်း​သော​အမှု​တစ်စုံတစ်ခု​မျှ​မ​ရှိ​ပေ​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 18,
      "text": "ကိုယ်တော်​သည် မျိုးဆက်​အထောင်​အသောင်း​ကို မေတ္တာကရုဏာ​ပြ​သော​အရှင်​ဖြစ်​သကဲ့သို့ ဘိုးဘေး​တို့​၏​အပြစ်​ကို သားသမီး​တို့​အား အပြည့်အဝ​ပြန်ပေးဆပ်​စေ​သော​အရှင်​လည်း​ဖြစ်​၏​။ နာမ​တော်​ကား ကြီးမြတ်​သော​၊ တန်ခိုးကြီး​သော​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 19,
      "text": "ကိုယ်တော်​၏​အကြံအစည်​တော်​သည် ထူးကဲ​ပါ​၏​။ ပြု​တော်မူ​သော​အမှု​တော်​သည် ကြီးမြတ်​ပါ​၏​။ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူသား​တို့​လျှောက်​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 20,
      "text": "ကိုယ်တော်​သည် အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ကို ပြု​တော်မူ​သကဲ့သို့ ယနေ့​အထိ​လည်း အစ္စရေး​လူမျိုး​နှင့်​လူမျိုး​တကာ​တို့​တွင် ပြု​တော်မူ​၍ နာမ​တော်​ကို ယနေ့​ကဲ့သို့ ထင်ရှား​စေ​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 21,
      "text": "နိမိတ်လက္ခဏာ​များ​၊ အံ့ဖွယ်အမှု​များ​ပြု​လျက်​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကြောက်မက်ဖွယ်​အမှု​ကြီး​တို့​ကို​ပြု​၍ ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သော အစ္စရေး​လူမျိုး​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 22,
      "text": "ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ကျိန်ဆို​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​အား ပေး​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 24,
      "text": "ကြည့်ရှု​တော်မူ​ပါ​။ မြို့​ကို​သိမ်းယူ​ရန် မြေကတုတ်​ကို တည်ဆောက်​ကြ​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် တိုက်ခိုက်​လာ​သော​ခါလဒဲ​တပ်​၏​လက်​သို့ ရောက်​ရ​လိမ့်မည်​။ ကြည့်ရှု​တော်မူ​ပါ​။ မိန့်​တော်မူ​သည့်​အတိုင်း ဖြစ်လာ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 25,
      "text": "အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​က အကျွန်ုပ်​အား အသိသက်သေ​ခေါ်​၍ ထို​လယ်​ကို ငွေ​ပေး​ဝယ်ယူ​လော့​ဟု မိန့်ဆို​သော်လည်း ဤ​မြို့​သည် ခါလဒဲ​တပ်​၏​လက်​သို့​ရောက်သွား​ပါ​ပြီ​တကား’​ဟူ၍ လျှောက်ဆို​သည်”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 26,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 27,
      "text": "“​ကြည့်ရှု​လော့​။ ငါ​သည် သတ္တဝါ​အပေါင်း​တို့​ကို​ဖန်ဆင်း​သော ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ့​အတွက် ခက်ခဲလွန်း​သော​အရာ​ရှိ​မည်လော​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 28,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ဤ​မြို့​ကို ခါလဒဲ​တပ်​၏​လက်​သို့​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​၏​လက်​သို့ အပ်​မည်​။ သူ​သည် မြို့​ကို​သိမ်းပိုက်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 29,
      "text": "ဤ​မြို့​ကို​တိုက်ခိုက်​လာ​သော ခါလဒဲ​စစ်သည်​တို့​သည် မြို့​ထဲသို့​ဝင်ရောက်​မီး​ရှို့​ကြ​လိမ့်မည်​။ ခေါင်မိုးပြင်​ပေါ်တွင် ဗာလ​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​၍ အခြား​ဘုရား​တို့​အား သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခြင်း​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​သော​သူ​တို့​၏​အိမ်​အားလုံး မီးလောင်​သွား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 30,
      "text": "အစ္စရေး​အမျိုးသား​၊ ယုဒ​အမျိုးသား​တို့​သည် ငယ်စဉ်​ကတည်းက မကောင်းမှု​ကို​သာ ငါ့​မျက်စိ​ရှေ့​တွင် ပြု​ကြ​ပြီ​။ အကယ်စင်စစ် အစ္စရေး​အမျိုးသား​တို့​သည် ကိုယ့်​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 31,
      "text": "ထာဝရဘုရား​က ‘ဤ​မြို့​သည် တည်​သည့်​အချိန်​မှစ၍ ယနေ့​အထိ ငါ့​အမျက်​ဒေါသ​ကို နှိုးဆော်​လေ​ပြီ​။ ငါ​သည် ဤ​မြို့​ကို ငါ့​ရှေ့မှောက်​မှ​ဖယ်ရှား​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 32,
      "text": "အကြောင်းမူကား အစ္စရေး​အမျိုးသား​၊ ယုဒ​အမျိုးသား​တို့​နှင့်တကွ သူ​တို့​၏​ဘုရင်​များ​၊ မှူးမတ်​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​သည် မကောင်းမှု​ကို​ပြု​၍ ငါ့​အမျက်​ကို​နှိုးဆော်​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 33,
      "text": "သူ​တို့​ကို အကြိမ်ကြိမ်​ဆုံးမ​သွန်သင်​သော်လည်း သူ​တို့​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို မ​နာခံ​ဘဲ ငါ့​ကို​မျက်နှာလွှဲ​၍ ကျောခိုင်း​သွား​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 34,
      "text": "ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်​သော ငါ့​အိမ်​တော်​၌ ရွံရှာဖွယ်​ရာ​များ​ကို​ထားရှိ​ခြင်း​ဖြင့် ငါ့​အိမ်​တော်​ကို ညစ်ညူး​စေ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 35,
      "text": "ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် ရွံရှာဖွယ်​အမှု​ဖြစ်​သည့် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​၌ ဗာလ​ကုန်းမြင့်​ကို​တည်​ခြင်း​၊ သူ​တို့​၏​သား​သမီး​များ​ကို မောလုတ်​ဘုရား​အား​ပူဇော်​ခြင်း​ကို ပြု​ကြ​၏​။ ဤသို့ဖြင့် ယုဒ​အမျိုး​တို့​ကို အပြစ်​ဖြစ်​စေ​ကြ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 36,
      "text": "ထို့ကြောင့် ‘ဤ​မြို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဘေဘီလုံ​ဘုရင်​လက်​သို့ ရောက်​ရ​လိမ့်မည်’​ဟု သင်​တို့​ဆို​သော ဤ​မြို့​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 37,
      "text": "‘ကြည့်ရှု​လော့​။ ငါ​သည် ပြင်းစွာ​သော​အမျက်ဒေါသ​ဖြင့် သူ​တို့​ကို​နှင်ထုတ်​ခဲ့​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုဝေး​စေ​ပြီး ဤ​အရပ်​သို့ ပြန်လာ​စေ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 38,
      "text": "သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 39,
      "text": "ငါ့​ကို အစဉ်​ကြောက်ရွံ့ရိုသေ​ခြင်း​အားဖြင့် သူ​တို့​နှင့် နောင်လာမည့်​သူ​တို့​၏​သားသမီး​များ ကောင်းစား​ဖို့ တစ်ခုတည်း​သော​စိတ်သဘော​၊ တစ်ခုတည်း​သော​နည်းလမ်း​ကို သူ​တို့​အား ငါ​ပေး​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 40,
      "text": "သူ​တို့​ကို မ​စွန့်ပစ်​ဘဲ အစဉ်​ကောင်းစား​စေ​မည့်​အကြောင်း ငါ​သည် သူ​တို့​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​သည် ငါ့​ထံမှ မ​ထွက်သွား​မည့်​အကြောင်း ငါ့​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​သဘော​ကို သူ​တို့​စိတ်နှလုံး​ထဲသို့ သွင်းပေး​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 41,
      "text": "သူ​တို့​ကို ကောင်းစား​စေ​ရာ​၌ ငါ​နှစ်သက်အားရ​မည်​။ ငါ​သည် စိတ်စေတနာ​အပြည့်အဝ​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် သူ​တို့​ကို ဤ​ပြည်​ထဲ၌ အခိုင်အမာ​နေရာချ​ထား​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 42,
      "text": "ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ဤ​လူမျိုး​အပေါ် ကြီးမား​သော​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​သည့်​နည်းတူ ငါ​ကတိထား​သော ကောင်းကျိုးချမ်းသာ​အလုံးစုံ​ကို​လည်း သူ​တို့​အပေါ် သက်ရောက်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 43,
      "text": "လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ ဆိတ်ညံ​သော​ပြည်​၊ ခါလဒဲ​တပ်​၏​လက်​သို့ ရောက်သွား​သော​ပြည်​ဖြစ်​၏​ဟု သင်​တို့​ပြော​သော ထို​ပြည်​မှ​လယ်​ကို ဝယ်ယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 44,
      "text": "ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို ငါ​ပြန်လာ​စေ​သဖြင့် ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၌ လယ်​တို့​ကို အသိသက်သေ​များ​ခေါ်​၍ စာချုပ်​တွင် လက်မှတ်ရေးထိုး​တံဆိပ်ခတ်​ပြီး ငွေ​ဖြင့်​ဝယ်ယူ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 1,
      "text": "ထောင်ဝင်း​ထဲ၌ ယေရမိ​ချုပ်နှောင်​ထား​ခြင်း​ခံ​နေ​ရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့ ဒုတိယ​အကြိမ်​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 2,
      "text": "“ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 3,
      "text": "‘ငါ့​ကို​ခေါ်​လော့​။ ငါ​ထူး​မည်​။ သင်​မ​သိ နား​မ​လည်​နိုင်​သော ကြီးမြတ်​သော​အရာ​၊ ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို သင့်​အား​ပြောပြ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 4,
      "text": "ခါလဒဲ​လူ​တို့​၏​မြေကတုတ်​နှင့် ဓားဘေး​ကို​ခုခံကာကွယ်​ရန် ဖြိုဖျက်​ခံရ​သော ဤ​မြို့​တွင်း​ရှိ အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 5,
      "text": "‘သူ​တို့​သည် ခါလဒဲ​တပ်​နှင့်​တိုက်ခိုက်​ရန်​သွား​ကြ​သော်လည်း သူ​တို့​၏​မကောင်းမှု​များ​ကြောင့် ဤ​မြို့​ကို ငါ​မျက်နှာ​လွှဲ​ပြီ​ဖြစ်၍ မြို့​ထဲ၌ ငါ့​အမျက်​ဒေါသ​ဖြင့်​ကွပ်မျက်​သော အလောင်းကောင်​တို့​နှင့်​သာ ပြည့်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 6,
      "text": "သို့သော် ငါ​သည် ဤ​မြို့​၏​အနာ​ကို ကုသ​ပေး​မည်​။ ပြန်လည်​ကျန်းမာ​စေ​မည်​။ ငြိမ်းချမ်း​ခြင်း​၊ ဘေးကင်းလုံခြုံ​ခြင်း အပြည့်အဝ​ခံစား​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 7,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​ကို ပြန်လာ​စေ​မည်​။ ယခင်က​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 8,
      "text": "ငါ့​ကို​ပြစ်မှား​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​နှင့် သူ​တို့​ကို​ကင်းစင်​စေ​မည်​။ ငါ့​ကို​ပြစ်မှား​ခြင်း​၊ ငါ့​ကို​ပုန်ကန်​ခြင်း​အပြစ်​ရှိသမျှ​တို့​ကို ငါ​ခွင့်လွှတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 9,
      "text": "ဤ​မြို့​သည် ငါ့​အဖို့ ဝမ်းမြောက်စရာ​၊ ချီးမွမ်းစရာ​၊ ဂုဏ်ပြုစရာ ဖြစ်​လိမ့်မည်​။ ဤ​မြို့​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​တို့​ကို ကမ္ဘာမြေ​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ကြားသိ​ကြ​လိမ့်မည်​။ ဤ​မြို့​ကို ကောင်းကျိုးချမ်းသာ​အတိ​၊ ငြိမ်သက်​ခြင်း​အတိ​ရှိ​စေ​သည်​ကို သူ​တို့ အံ့ဩ​တုန်လှုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 10,
      "text": "ထာဝရဘုရား​က ‘​ဤ​အရပ်​တွင် လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​ဟု သင်​တို့​ပြောဆို​ကြ​သော လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ နေထိုင်​သူ​မ​ရှိ ဆိတ်ညံ​သော​ယုဒ​မြို့​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင်"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 11,
      "text": "ဝမ်းမြောက်​ရွှင်မြူး​ခြင်း​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​အစဉ်အမြဲ​တည်​သောကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​ဟု ဆို​လျက် ထာဝရဘုရား​၏​အိမ်​တော်​သို့ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ယူဆောင်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လိမ့်မည်​။ အကြောင်းမူကား ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​၍ ယခင်​က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 12,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​ခဲ့​သော ဤ​အရပ်​ရှိ​မြို့ရွာ​အားလုံး​တွင် သိုးထိန်း​တို့ သိုး​များ​ကို​ထိန်းကျောင်း​ရာ စားကျက်မြေ​ရှိ​လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 13,
      "text": "ထာဝရဘုရား​က ‘ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​၊ တောင်ပေါ်ဒေသ​ရှိ​မြို့ရွာ​များ​၊ နေဂေ့​အရပ်​ရှိ​မြို့ရွာ​များ​၌ သိုးထိန်း​သည် သိုးစု​ကို ပြန်လည်​ရေတွက်​လိမ့်မည် ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 14,
      "text": "ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ယုဒ​အမျိုးအနွယ်​၊ အစ္စရေး​အမျိုးအနွယ်​တို့​ကို ကောင်းကျိုးချမ်းသာ​ပြု​ပေး​မည်​ဟူသော ငါ့​ကတိ​ကို ပြည့်စုံ​စေ​မည့်​နေ့​ရောက်လာ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 15,
      "text": "ထို​နေ့ ထို​အချိန်​၌ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​ထဲမှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် မြေကြီး​ပေါ်၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 16,
      "text": "ထို​နေ့​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​မြို့​အား ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​ဟူ၍ ခေါ်ဆို​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 17,
      "text": "ထာဝရဘုရား​က ‘အစ္စရေး​အမျိုးအနွယ်​၏​ရာဇပလ္လင်​ပေါ်တွင်​စိုးစံ​သော ဒါဝိဒ်​မင်းမျိုး​မ​ပြတ်​ရ​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 18,
      "text": "နေ့စဉ်​နှင့်အမျှ ငါ့​မျက်မှောက်​၌ မီးရှို့ရာယဇ်​ကို​ပူဇော်​ခြင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို​မီးရှို့​ခြင်း​၊ ယဇ်ပူဇော်​ခြင်း​ကို​ပြု​ရ​သော လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​သည်​လည်း မ​ပြတ်​ရ’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 19,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 20,
      "text": "“​ထာဝရဘုရား​က ‘နေ့​နှင့်​ည​တို့ သူ့​အချိန်​နှင့်​သူ ရောက်​မ​လာ​အောင် နေ့​နှင့်ဆိုင်သော​ပဋိညာဉ်​၊ ည​နှင့်ဆိုင်သော​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​နိုင်​လျှင်"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 21,
      "text": "ငါ​၏​အစေအပါး​ဒါဝိဒ်​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ပျက်​ပြီး သူ​၏​ရာဇပလ္လင်​ပေါ် စိုးစံ​သော​မင်းမျိုး​ပြတ်​မည်​။ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​နှင့်​ဖွဲ့​သော​ပဋိညာဉ်​လည်း ပျက်​မည်​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 22,
      "text": "ကောင်းကင်​ကြယ်​များ မ​ရေတွက်​နိုင်​အောင်​များပြား​သကဲ့သို့​၊ သမုဒ္ဒရာ​သဲလုံး​များ အတိုင်းအဆ​မ​ရှိ​များပြား​သကဲ့သို့ ငါ့​အစေအပါး​ဒါဝိဒ်​အမျိုးအနွယ်​၊ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး​တို့​ကို ငါ​များပြား​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 23,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 24,
      "text": "“လူ​တို့​က ‘ထာဝရဘုရား​သည် မိမိ​ရွေးချယ်​တော်မူ​သော​လူမျိုး​နှစ်​မျိုး​ကို စွန့်ပယ်​တော်မူ​ပြီ’​ဟု ပြောဆို​ကြ​သော​စကား​ကို သင်​သတိ​မ​ပြု​မိ​သလော​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို မထီလေးစား​ပြု​ကြ​လေ​ပြီ​။ လူမျိုး​တစ်​မျိုး​အဖြစ် မမှတ်​ကြ​တော့​ပေ​။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 25,
      "text": "ထာဝရဘုရား​က ‘ငါ​သည် နေ့​နှင့်​ည​အတွက် ပဋိညာဉ်​မ​ဖွဲ့​ထား​ခဲ့​လျှင်​၊ ကောင်းကင်​နှင့်​မြေကြီး​အတွက် ပြဋ္ဌာန်းချက် မ​စီရင်​ထား​ခဲ့​လျှင်"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 26,
      "text": "ယာကုပ်​အမျိုးအနွယ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​စွန့်ပယ်​မည်​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​အမျိုးအနွယ်​တို့​ကို အုပ်စိုး​မည့်​သူ​ကို​လည်း သူ​တို့​ထဲမှ ငါ​ပေါ်ထွန်း​စေ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​ကို ငါ​ပြန်လာ​စေ​မည်​၊ သနားစုံမက်​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 1,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အားလုံး​၊ သူ​၏​လက်အောက်ခံ​တိုင်းနိုင်ငံ​များ​၊ လူမျိုး​များ​အားလုံး​သည် ဂျေရုဆလင်​မြို့ရွာ​ရှိသမျှ​တို့​ကို တိုက်ခိုက်​လာ​စဉ် ထာဝရဘုရား​ထံ​တော်​မှ​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 2,
      "text": "“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​သည် ယုဒ​ဘုရင်​ဇေဒကိ​ထံသို့​သွား​၍ ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ဤ​မြို့​ကို ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​မည်​။ သူ​သည် ဤ​မြို့​ကို မီး​ရှို့​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 3,
      "text": "သင်​သည် ဘေဘီလုံ​ဘုရင်​၏​လက်​မှ​လွတ်မြောက်​မည်​မ​ဟုတ်​။ ဖမ်းဆီး​ခြင်း အမှန်​ခံရ​မည်​။ ထို​ဘုရင်​လက်အောက်​သို့ ရောက်​ရ​လိမ့်မည်​။ သူ​နှင့် မျက်နှာချင်းဆိုင် တစ်ယောက်​ကို​တစ်ယောက်​ကြည့်​ပြီး စကားပြော​ရ​လိမ့်မည်​။ ဘေဘီလုံ​မြို့​သို့ လိုက်ပါ​သွား​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​ဟု ပြောကြား​လော့​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 4,
      "text": "အို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ ထာဝရဘုရား​က ‘​သင်​သည် ဓား​ဖြင့်​သေ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 5,
      "text": "သင်​သည် ငြိမ်းချမ်း​စွာ​သေ​ရ​လိမ့်မည်​။ ရှေးယခင် သင့်​ဘိုးဘေး​ဘုရင်​တို့​ကို ပြု​ပေး​သကဲ့သို့ နံ့သာပေါင်း​ကို​ရှို့​လျက် အလို သခင်​ဟု ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ငါ​ကိုယ်တော်တိုင် သင့်​အဖို့ မိန့်ဆို​ထား​ခဲ့​ပြီ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 6,
      "text": "ပရောဖက်​ယေရမိ​က​လည်း ဂျေရုဆလင်​မြို့​ရှိ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား ဤ​စကား​အလုံးစုံ​ကို ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 7,
      "text": "ထို​အချိန်​ကား ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​စစ်သည်​များ​က ဂျေရုဆလင်​မြို့​နှင့် ယုဒ​ပြည်​၌​ကျန်ရှိ​သော​မြို့​များ​ဖြစ်​သည့် လာခိရှ​မြို့​၊ အဇေကာ​မြို့​တို့​ကို တိုက်ခိုက်​နေ​သော​အချိန်​ဖြစ်​၏​။ ဤ​ကျန်ရှိ​သော​မြို့​တို့​သည် ယုဒ​ခံတပ်​မြို့​များ​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 8,
      "text": "ဇေဒကိ​မင်းကြီး​က ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ပြီး ကျွန်ဘဝ​မှ​လွတ်မြောက်​ပြီ​ဟု ကြေညာ​ပြီးနောက်မှ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​ပြန်​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 9,
      "text": "ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​ဖြစ်​သည့် ဟေဗြဲ​အမျိုးသား​၊ ဟေဗြဲ​အမျိုးသမီး​တို့​ကို အသီးသီး​လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ ဂျူး​လူမျိုး​တို့​တွင် မည်သူ​မျှ ကိုယ့်​အချင်းချင်း​ကျွန်​မ​ပြု​ရ​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 10,
      "text": "ပဋိညာဉ်​ဖွဲ့​ရာ​တွင် ပါဝင်​သော​အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​က ကိုယ့်​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ ဘယ်သောအခါမှ ကျွန်​ပြန်​မ​ပြု​ရ​ဟူသော​ပဋိညာဉ်​ပါ​အချက်​ကို သဘောတူ​နာခံ​၍ ကျွန်​တို့​ကို လွှတ်ပေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 11,
      "text": "ထို့နောက်မှ သူ​တို့​စိတ်ပြောင်း​၍ လွတ်မြောက်​သွား​သော​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို ပြန်ခေါ်​ပြီး ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ကျွန်​ပြန်​ပြု​စေ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 12,
      "text": "ထို့ကြောင့် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 13,
      "text": "“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ငါ​သည် သင့်​ဘိုးဘေး​တို့​ကျွန်ခံရာ​အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​လာ​ခဲ့​စဉ်က သူ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​၍"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 14,
      "text": "သင့်​ထံ ကိုယ့်ကိုယ်ကိုယ် ကျွန်​အဖြစ်​ရောင်း​လိုက်​သော ဟေဗြဲ​အမျိုးသားချင်း​တို့​ကို သတ္တမ​နှစ်​အဆုံး​တွင် လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ သင့်​ထံ ခြောက်​နှစ်​အစေခံ​ပြီးလျှင် သူ့​ကို​လွတ်မြောက်​ခွင့်​ပေး​ရ​မည်​ဟု ဆို​သော်လည်း သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 15,
      "text": "ယခုတွင် သင်​တို့​သည် နောင်တရ​၍ ငါ့​မျက်မှောက်​၌ မှန်​သော​အရာ​ကို ပြု​ကြ​၏​။ အိမ်းနီးချင်း​အချင်းချင်း​အား လွတ်မြောက်​ခွင့်​ရ​ပြီ​ဟု ကြေညာ​ကြ​၏​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ငါ့​အိမ်​တော်​၊ ငါ့​မျက်မှောက်​တွင် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 16,
      "text": "ထို့နောက်မှ သင်​တို့​စိတ်ပြောင်း​၍ ငါ့​နာမ​ကို ရှုတ်ချ​ကြ​၏​။ သင်​တို့​အားလုံး​သည် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သူ​တို့​သဘော​အတိုင်း လွတ်မြောက်​ခွင့်​ပေး​ပြီးမှ သူ​တို့​ကို​ပြန်ခေါ်​၍ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ကျွန်​ပြန်​ပြု​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 17,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ‘သင်​တို့​သည် ကိုယ့်​ညီအစ်ကိုချင်း​၊ ကိုယ့်​အိမ်နီးချင်း​အတွက် လွတ်မြောက်​ခွင့်​ကြေညာ​ရာ​၌ ငါ့​စကား​ကို နား​မ​ထောင်​ကြ’​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သင်​တို့​အတွက် လွတ်မြောက်​ခွင့်​ကို ငါ​ကြေညာ​မည်​။ မြေကြီး​ပေါ်ရှိ တိုင်းနိုင်ငံ​အားလုံး​က သင်​တို့​ကို ကြောက်လန့်စရာ​အဖြစ် မြင်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 18,
      "text": "နွားသငယ်​ကို​ထက်ဝက်ခြမ်း​ပြီး အလယ်​၌ ဖြတ်လျှောက်​၍ ငါ့​ရှေ့​၌​ပဋိညာဉ်ဖွဲ့​ခဲ့​ပြီးမှ ထို​ပဋိညာဉ်​ပါ​အချက်​ကို မ​ပြုကျင့်​၊ ပဋိညာဉ်​ကို ချိုးဖောက်​သော​သူ​ဖြစ်​သော"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 19,
      "text": "နွားသငယ်​ထက်ခြမ်း​အလယ်​၌ လျှောက်သွား​သော ယုဒ​လူမျိုး​အကြီးအကဲ​များ​နှင့်တကွ ဂျေရုဆလင်​မြို့​အကြီးအကဲ​များ​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 20,
      "text": "သူ​တို့​အသက်​ကို ရန်ရှာ​သော​သူ​တို့​၏​ရန်သူ​တို့​လက်​သို့ ငါ​အပ်​မည်​။ အလောင်းကောင်​တို့​သည် ကောင်းကင်​ငှက်​၊ မြေ​တိရစ္ဆာန်​တို့​အတွက် အစာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 21,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​မှူးမတ်​များ​အား သူ​တို့​အသက်​ကို​ရန်ရှာ​သော သူ​တို့​၏​ရန်သူ​ဖြစ်​သည့် ဆုတ်ခွာ​သွား​သော​ဘေဘီလုံ​ဘုရင်​၏​စစ်သည်​တို့​လက်​သို့ ငါ​အပ်လိုက်​မည်​။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 22,
      "text": "ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ရန်သူ​တို့​ကို​အမိန့်ပေး​၍ ဤ​မြို့​သို့ ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဤ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​၍ မီး​ရှို့​ကြ​လိမ့်မည်​။ ငါ​သည် ယုဒ​မြို့ရွာ​တို့​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 2,
      "text": "“​သင်​သည် ရေခပ်​အမျိုးသား​တို့​ထံ သွား​၍​စကားပြော​လော့​။ သူ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အခန်း​တစ်​ခု​သို့ ခေါ်လာ​၍ စပျစ်ဝိုင်​ကို​တိုက်​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 3,
      "text": "ငါ​က​လည်း ဟာဗဇိညာ​၏​သား​ဖြစ်​သော ယေရမိ​၏​သား ယာဇညာ​နှင့်တကွ သူ့​ညီအစ်ကို​များ​၊ သူ့​သား​များ​အပါအဝင် ရေခပ်​တစ်မျိုးသားလုံး​ကို ခေါ်​၍"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 4,
      "text": "ဘုရားသခင်​၏​လူ ဣဂဒါလိ​၏​သား​ဖြစ်​သော ဟာနန်​၏​သား​တို့ အခန်း​သို့ သွား​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွင်း​ရှိ ရှလ္လုံ​၏​သား တံခါးစောင့်​မာသေယ​နေ​သော​အခန်း​၏​အပေါ်​ထပ်​၌​ရှိ​သော အကြီးအကဲ​များ​၏​အခန်း​နှင့်​ကပ်​လျက်​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 5,
      "text": "ထို့နောက် စပျစ်ဝိုင်​အပြည့်​ထည့်​ထား​သော​ကရား​နှင့်​ခွက်​တို့​ကို ရေခပ်​အမျိုးသား​တို့​ရှေ့​၌​ချပေး​၍ “​စပျစ်ဝိုင်​သောက်​ကြ​ပါ​”​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 6,
      "text": "သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် စပျစ်ဝိုင်​ကို​မ​သောက်​ပါ​။ အကျွန်ုပ်​တို့​ဘိုးဘေး ရေခပ်​၏​သား​ယောနဒပ်​က ‘​သင်​တို့​မှစ၍ သင်​တို့​သားစဉ်မြေးဆက်​တိုင် စပျစ်ဝိုင်​ကို တစ်သက်လုံး​မ​သောက်​ရ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 7,
      "text": "အိမ်​မ​ဆောက်​ရ​။ မျိုးစေ့​မ​ကြဲ​ရ​။ စပျစ်ခြံ​မ​စိုက်ပျိုး​ရ​။ မ​ပိုင်ဆိုင်​ရ​။ သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး တဲ​ဖြင့်​သာ​နေ​ရ​မည်​။ သို့ပြုလျှင် ဧည့်သည်​အဖြစ် သင်​တို့​တည်းခိုနေထိုင်​ရ​သော​ထို​ပြည်​၌ အသက်တာ​ရှည်​မည်​’​ဟု မှာထား​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 8,
      "text": "အကျွန်ုပ်​တို့​ဘိုးဘေး ရေခပ်​၏​သား​ယောနဒပ် မှာထား​သမျှ​စကား​တို့​ကို အကျွန်ုပ်​တို့​နာခံ​ပါ​၏​။ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​မယား​၊ သား​သမီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး စပျစ်ဝိုင်​ကို မ​သောက်​ကြ​ပါ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​နေထိုင်​ရန် အိမ်​ကို​လည်း မ​ဆောက်​ကြ​ပါ​။ အကျွန်ုပ်​တို့​၌ စပျစ်ခြံ​၊ လယ်​၊ မျိုးစေ့​တို့​လည်း မ​ရှိ​ပါ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 10,
      "text": "အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ယောနဒပ် မှာထား​သမျှ​အတိုင်း လိုက်နာ​ပြုကျင့်​၍ တဲ​များ​၌​သာ​နေထိုင်​ကြ​ပါ​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 11,
      "text": "ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဤ​ပြည်​ကို လာတိုက်​သောအခါ အကျွန်ုပ်​တို့​က ‘​ခါလဒဲ​စစ်သည်​၊ ဆီးရီးယား​စစ်သည်​တို့​၏​ရန်​ကြောင့် ဂျေရုဆလင်​မြို့​သို့​သွား​မည်​’​ဟု ဆို​လျက် ဂျေရုဆလင်​မြို့​သို့ သွားရောက်​နေထိုင်​ကြ​ပါ​သည်​”​ဟူ၍ ပြန်လည်​ပြောဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 12,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 13,
      "text": "“အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​သည် ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ထံ​သွား​၍ သူ​တို့​အား ‘ထာဝရဘုရား​က ငါ​ဆုံးမပဲ့ပြင်​သော​စကား​ကို သင်​တို့​နား​မ​ထောင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 14,
      "text": "ရေခပ်​၏​သား​ယောနဒပ်​က မိမိ​အမျိုးသား​တို့​အား စပျစ်ဝိုင်​မ​သောက်​ရ​ဟု မှာကြား​ခဲ့​သည့်​ပညတ်​ကို သူ​တို့​စောင့်ထိန်း​ကြ​၏​။ ရေခပ်​အမျိုးသား​တို့​သည် သူ​တို့​ဘိုးဘေး​၏​စကား​ကို နားထောင်​လျက် ယနေ့​ထိတိုင် စပျစ်ဝိုင်​မ​သောက်​ဘဲ​နေ​ကြ​၏​။ သင်​တို့​မူကား ငါ​အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း ငါ့​စကား​ကို​နား​မ​ထောင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 15,
      "text": "ငါ့​အစေအပါး​ပရောဖက်​တို့​ကို သင်​တို့​ထံ အကြိမ်ကြိမ်​စေလွှတ်​၍ သင်​တို့​နှင့် သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​၌ သင်​တို့​နေထိုင်​ရ​မည့်​အကြောင်း သင်​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကြ​။ သင်​တို့​၏​အကျင့်စရိုက်​များ​ကို ပြုပြင်​ကြ​။ အခြား​ဘုရား​များ​နောက်​သို့​မ​လိုက်​နှင့်​၊ ဝတ်​မ​ပြု​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​သော်လည်း သင်​တို့​ဂရု​မ​စိုက်​၊ နား​မ​ထောင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 16,
      "text": "ရေခပ်​၏​သား ယောနဒပ်​၏​သားစဉ်မြေးဆက်​တို့​သည် သူ​တို့​အား​မှာကြား​ထား​ခဲ့​သည့် သူ​တို့​ဘိုးဘေး​တို့​၏​စကား​ကို လိုက်နာ​ကြ​သော်လည်း ဤ​လူမျိုး​မူကား ငါ့​စကား​ကို နား​မ​ထောင်​ကြ​ပါ​တကား​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​သည် ငါ​မိန့်ဆို​သော်လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ငါ​ခေါ်​သော်လည်း သူ​တို့​မ​ထူး​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 18,
      "text": "ယေရမိ​က​လည်း ရေခပ်​အမျိုးသား​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​တို့​၏​ဘိုးဘေး​ယောနဒပ်​၏​စကား​ကို သင်​တို့​နားထောင်​ကြ​လေ​ပြီ​။ သူ​ပညတ်​ထား​သည်​ကို သင်​တို့​စောင့်ထိန်း​လေ​ပြီ​။ သူ​မှာကြား​ခဲ့​သည့်​အတိုင်း သင်​တို့​လိုက်လျှောက်​ကြ​လေ​ပြီ​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 19,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ရေခပ်​၏​သား​ယောနဒပ်​အမျိုးသား​တို့​သည် ငါ့​ရှေ့မှောက်​၌ အစဉ်မပြတ် အမှုထမ်း​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နန်းစံ​လေး​နှစ်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 2,
      "text": "“​သင်​သည် စာလိပ်​တစ်​လိပ်​ကို ယူ​ပြီးလျှင် ယောရှိ​မင်းကြီး​လက်ထက်​မှစ၍ ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​အပါအဝင်​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ သင့်​အား ငါ​မိန့်မှာ​ခဲ့​သော​စကား​အလုံးစုံ​တို့​ကို ရေးမှတ်​လော့​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 3,
      "text": "ယုဒ​အမျိုးသား​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ​၏​အကြံအစည်​ကို သူ​တို့​ကြား​လျှင် သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ ပြန်လာ​ကောင်း​ပြန်လာ​ကြ​လိမ့်မည်​။ သို့ပြုလျှင် သူ​တို့​၏​အပြစ်​ဒုစရိုက်​များ​ကို ငါ​ခွင့်လွှတ်​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 4,
      "text": "ထိုအခါ ယေရမိ​သည် နေရိ​၏​သား ဗာရုတ်​ကို​ခေါ်​ပြီး ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​သည် စာလိပ်​တစ်လိပ်​ပေါ်တွင် ရေးမှတ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 5,
      "text": "ထို့နောက် ယေရမိ​က ဗာရုတ်​အား “​ငါ​အချုပ်ခံ​နေ​ရ​သဖြင့် ထာဝရဘုရား​၏​အိမ်​တော်​သို့ မ​သွား​နိုင်​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 6,
      "text": "ထို့ကြောင့် ငါ့​နှုတ်​မှ​ခေါ်ပေး​၍ စာလိပ်​ထဲ၌​သင်​ရေး​ထား​ခဲ့​သည့် ထာဝရဘုရား​၏​စကား​တော်​များ​ကို အစာရှောင်​မည့်​နေ့​တွင် သင်​သွား​၍ ထာဝရဘုရား​၏​အိမ်​တော်​ရှိ​လူ​တို့​ကြားသိ​စေရန် ဖတ်ပြ​ရ​မည်​။ ထို့ပြင် ကိုယ့်​မြို့​အသီးသီး​မှ​ရောက်လာ​ကြ​သော ယုဒ​လူမျိုး​အားလုံး​တို့ ကြားသိ​စေရန် ဖတ်ပြ​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 7,
      "text": "သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပျပ်ဝပ်​လျက် အသနားခံ​ကောင်း​ခံ​ကြ​လိမ့်မည်​။ အကြောင်းမူကား ဤ​လူမျိုး​တို့​ကို ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 8,
      "text": "နေရိ​၏​သား​ဗာရုတ်​သည် ပရောဖက်​ယေရမိ​မှာထား​သည့်​အတိုင်း စာလိပ်​ထဲ၌​ရေးမှတ်​ထား​သော ထာဝရဘုရား​၏​စကား​တော်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ဖတ်ပြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 9,
      "text": "ယောရှိ​မင်းကြီး​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​ငါး​နှစ်​၊ နဝမ​လ​တွင် ဂျေရုဆလင်​မြို့သူမြို့သား​အပေါင်း​နှင့် ယုဒ​မြို့ရွာ​တို့​မှ ဂျေရုဆလင်​မြို့​သို့​ရောက်လာ​သော​သူ​အပေါင်း​တို့​အား ထာဝရဘုရား​ရှေ့​တော်​၌ အစာရှောင်​ကြ​ရန် ကြေညာ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 10,
      "text": "ထိုအခါ ဗာရုတ်​သည် စာလိပ်​ပါ​ယေရမိ​ဆင့်ဆို​သော​စကား​များ​ကို လူ​အားလုံး​ကြားသိ​စေရန် ထာဝရဘုရား​၏​အိမ်​တော်​ရှိ ဂေမရိ​၏​သား စာရေးတော်ကြီး​ရှာဖန်​၏​အခန်း​မှ​နေ​၍ ဖတ်ပြ​လေ​၏​။ ထို​အခန်း​သည် ထာဝရဘုရား​၏​အိမ်​တော်​အထက်​ဝင်း​တံခါး​သစ်​အဝင်ဝ​နားတွင်​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 11,
      "text": "ရှာဖန်​၏​မြေး​၊ ဂေမရိ​၏​သား​မိက္ခာယ​သည် စာလိပ်​ပါ​ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို ကြား​သောအခါ"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 12,
      "text": "စာရေးတော်ကြီး​ဧလိရှမာ​၊ ရှေမာယ​၏​သား​ဒေလာယ​၊ အာခဗော်​၏​သား​ဧလနာသန်​၊ ရှာဖန်​၏​သား​ဂေမရိ​၊ ဟာနနိယ​၏​သား​ဇေဒကိ စသော အကြီးအကဲ​အပေါင်း​တို့​ထိုင်​နေ​သော ဘုရင့်​နန်းတော်ဝင်း​အတွင်း​ရှိ စာရေးတော်ကြီး​အခန်း​သို့ ဆင်းသွား​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 13,
      "text": "မိက္ခာယ​သည် လူ​အားလုံး​ကြားသိ​စေရန် ဗာရုတ်​ဖတ်ပြ​ခဲ့​သော စာလိပ်​ပါ​အကြောင်းအရာ​များ​ကို မိမိ​ကြား​ခဲ့​သည့်​အတိုင်း သူ​တို့​အား ပြောပြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 14,
      "text": "ထိုအခါ အကြီးအကဲ​တို့​က ကုရှိ​၏​မြစ်​၊ ရှေလမိ​၏​မြေး​၊ နေသနိ​၏​သား ယေဟုဒိ​ကို ဗာရုတ်​ထံသို့​စေလွှတ်​၍ “​လူ​တို့​ကြားသိ​စေရန် သင်​ဖတ်ပြ​ခဲ့​သော​စာလိပ်​ကို သင်​ကိုယ်တိုင်​ယူလာ​လော့​”​ဟု ဆို​စေ​သဖြင့် နေရိ​သား​ဗာရုတ်​လည်း ထို​စာလိပ်​ကို ကိုယ်တိုင်​ယူ​၍ လာ​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 15,
      "text": "သူ​တို့​က​လည်း ဗာရုတ်​အား “​ထိုင်​၍ ငါ​တို့​အား ဖတ်ပြ​လော့​”​ဟု ဆို​သဖြင့် ဗာရုတ်​လည်း သူ​တို့​ကြားသိ​စေရန် ဖတ်ပြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 16,
      "text": "သူ​တို့​သည် စကား​တော်​အလုံးစုံ​ကို ကြား​ရ​သောအခါ အသီးသီး​ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ ဗာရုတ်​အား​လည်း “​ဤ​စကား​အလုံးစုံ​တို့​ကို ရှင်ဘုရင်​ထံ မဖြစ်မနေ​တင်ပြ​ရ​မည်​”​ဟု ဆို​ပြီး"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 17,
      "text": "ဗာရုတ်​အား “​ငါ​တို့​ကို ပြောပြ​လော့​။ ယေရမိ​နှုတ်​မှ​ပြော​သော ဤ​စကား​အလုံးစုံ​တို့​ကို သင်​မည်ကဲ့သို့ ရေးမှတ်​ခဲ့​သနည်း​”​ဟု ပြောဆို​မေးမြန်း​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 18,
      "text": "ဗာရုတ်​က​လည်း “​ဤ​စကား​အလုံးစုံ​တို့​ကို သူ့​နှုတ်​မှ​ခေါ်ပေး​၍ အကျွန်ုပ်​က မင်​ဖြင့် စာလိပ်​ပေါ်တွင် ရေးမှတ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 19,
      "text": "အကြီးအကဲ​တို့​က ဗာရုတ်​အား “​သင်​နှင့်​ယေရမိ သွား​၍​ပုန်းရှောင်​နေ​လော့​။ သင်​တို့​ရှိ​သည့်​နေရာ​ကို မည်သူ​မျှ​မ​သိ​စေ​နှင့်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 20,
      "text": "သူ​တို့​သည် စာလိပ်​ကို စာရေးတော်ကြီး​ဧလိရှမာ​အခန်း​တွင် ထား​ခဲ့​ပြီး နန်းတော်ဝင်း​ရှိ ရှင်ဘုရင်​ထံသို့​သွား​၍ ထို​အကြောင်းအရာ​အလုံးစုံ​တို့​ကို ရှင်ဘုရင်​ကြားသိ​စေရန် လျှောက်ထား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 21,
      "text": "ထိုအခါ ရှင်ဘုရင်​သည် ယေဟုဒိ​ကို​စေလွှတ်​၍ စာလိပ်​ကို​ယူ​စေ​၏​။ ယေဟုဒိ​သည် စာရေးတော်ကြီး​ဧလိရှမာ​အခန်း​ရှိ​စာလိပ်​ကို ယူလာ​ပြီးလျှင် ရှင်ဘုရင်​နှင့်တကွ ရှင်ဘုရင်​၏​ထံပါး​တွင်​ခစား​သော အကြီးအကဲ​အားလုံး​တို့​ကြားသိ​စေရန် ဖတ်ပြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 22,
      "text": "ထို​အချိန်​သည် နဝမ​လ​ဖြစ်၍ ရှင်ဘုရင်​သည် ဆောင်းရာသီ​စံ​နန်းဆောင်​တွင် စံမြန်း​နေ​၏​။ သူ့​ရှေ့​၌ မီးတောက်​နေ​သော မီးလင်းဖို​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 23,
      "text": "စာ​သုံး​လေး​ပိုင်း​မျှ ဖတ်​အပြီး​တွင် ရှင်ဘုရင်​သည် စာရေးတော်ကြီး​၏​ဓား​ဖြင့် စာလိပ်​ကို​ဖြတ်​၍ မီးတောက်​နေ​သော​မီးလင်းဖို​ထဲသို့​ပစ်ချ​ရာ စာလိပ်​တစ်ခုလုံး မီးလင်းဖို​ထဲတွင် လောင်ကျွမ်း​ကုန်​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 24,
      "text": "ထို​စကား​အလုံးစုံ​တို့​ကို​ကြား​ရ​သော ရှင်ဘုရင်​နှင့် သူ​၏​အစေအပါး​အားလုံး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ခြင်း​မ​ရှိ​ကြ​၊ အဝတ်​ကို​မ​ဆုတ်​ကြ​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 25,
      "text": "ဧလနာသန်​၊ ဒေလာယ​၊ ဂေမရိ​တို့​က စာလိပ်​ကို​မီး​မ​ရှို့​ရန် ရှင်ဘုရင်​အား တောင်းပန်​ကြ​သော်လည်း ရှင်ဘုရင်​သည် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 26,
      "text": "ရှင်ဘုရင်​သည် သား​တော်​ယေရမေလ​၊ အာဇရေလ​၏​သား​စရာယ​နှင့် အာဗဒေလ​၏​သား​ရှေလမိ​တို့​အား စာရေးတော်ကြီး​ဗာရုတ်​နှင့်​ပရောဖက်​ယေရမိ​တို့​ကို ဖမ်းဆီး​ရန် အမိန့်ပေး​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို ဝှက်​ထား​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 27,
      "text": "ယေရမိ​နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​ရေးမှတ်​ထား​သော​စကား​တော်​ပါ စာလိပ်​ကို ရှင်ဘုရင်​မီးရှို့​ပြီးနောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 28,
      "text": "“စာလိပ်​နောက်​တစ်​လိပ်​ကို​ယူ​ပြီး ယုဒ​ဘုရင်​ယောယကိမ် မီးရှို့​လိုက်​သော ပထမ​စာလိပ်​၌​ပါ​သည့်​စကား​အတိုင်း နောက်​စာလိပ်​ပေါ်၌ ရေးမှတ်​လော့​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 29,
      "text": "သင်​သည် ယုဒ​ဘုရင်​ယောယကိမ်​အား ‘သင်​က ထို​စာလိပ်​ပေါ်တွင် ဘေဘီလုံ​ဘုရင်​အမှန်​လာ​၍ ဤ​ပြည်​ကို​ဖျက်ဆီး​မည်​။ ဤ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖယ်ရှား​ပစ်​မည်​ဟူ၍ အဘယ်ကြောင့် ရေးမှတ်​သနည်း​ဟု ဆို​လျက် စာလိပ်​ကို သင်​မီးရှို့​လေ​ပြီ​’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​”​ဟု ဆင့်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 30,
      "text": "ထို့ကြောင့် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သူ​၏​အမျိုးအနွယ်​သည် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​ခွင့်​ရ​မည်​မ​ဟုတ်​။ သူ​၏​အလောင်း​ကို နေ့​အချိန်​တွင် နေပူ​ထဲ၌​၊ ညအချိန်​တွင် နှင်းတော​ထဲ၌ ပစ်​ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 31,
      "text": "သူ​နှင့် သူ​၏​သားစဉ်မြေးဆက်​၊ သူ​၏​အစေအပါး​တို့​ပြု​သော​ဒုစရိုက်​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​နှင့်တကွ ဂျေရုဆလင်​မြို့သား​၊ ယုဒ​အမျိုးသား​တို့​အပေါ် ငါ​မိန့်ဆို​ထား​သည့်​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​မည်​ဖြစ်​သော်လည်း သူ​တို့​ဂရု​မ​စိုက်​ကြ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 32,
      "text": "ထို့နောက် ယေရမိ​သည် စာလိပ်​နောက်​တစ်​လိပ်​ကို​ယူ​၍ နေရိ​၏​သား စာရေးတော်ကြီး​ဗာရုတ်​အား ပေး​လေ​၏​။ ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး မီး​ရှို့​ပစ်​သော​စာလိပ်​၌​ပါ​သည့်​စကား​အတိုင်း ယေရမိ​သည် နှုတ်​မှ​ခေါ်ပေး​၍ ဗာရုတ်​ရေးမှတ်​လေ​၏​။ ထိုသို့သော နှုတ်ထွက်​စကား​များစွာ​ကို​လည်း ထပ်၍​ဖြည့်စွက်​ခေါ်ပေး​သေး​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 1,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က မင်းမြှောက်​လိုက်​သော ယောရှိ​မင်းကြီး​၏​သား​တော်​ဇေဒကိ​သည် ယောယကိမ်​မင်းကြီး​၏​သား​တော်​ခေါနိ​၏​နေရာ​၌ ယုဒ​ပြည်​ကို စိုးစံ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 2,
      "text": "ထို​မင်း​နှင့် သူ​၏​အစေအပါး​များ​၊ ပြည်သူပြည်သား​များ​တို့​သည် ပရောဖက်​ယေရမိ​အားဖြင့် မိန့်ဆို​ထား​သည့် ထာဝရဘုရား​၏​စကား​တော်​တို့​ကို နား​မ​ထောင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 3,
      "text": "ဇေဒကိ​မင်းကြီး​သည် ရှေလမိ​၏​သား ယေဟုကလ​နှင့် မာသေယ​၏​သား ယဇ်ပုရောဟိတ်​ဇေဖနိ​တို့​ကို ပရောဖက်​ယေရမိ​ထံသို့​စေလွှတ်​၍ “​ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ငါ​တို့​အတွက် ဆုတောင်း​ပေး​လော့​”​ဟု မှာလိုက်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 4,
      "text": "ထိုစဉ်က ယေရမိ ထောင်​မ​ကျ​သေး​၊ လူ​ကြား​တွင် သွား​လာ​ရ​လျက်​ရှိ​သေး​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 5,
      "text": "ထို​အချိန်​တွင်​ပင် ဖာရော​မင်းကြီး​၏​စစ်တပ်ကြီး အီဂျစ်​ပြည်​မှ​ချီတက်​လာ​ကြောင်း ဂျေရုဆလင်​မြို့​ကို ဝိုင်း​ထား​လျက်​ရှိ​သော ခါလဒဲ​စစ်သည်​တို့ သတင်း​ကြား​သောအခါ ဂျေရုဆလင်​မြို့​မှ တပ်ဆုတ်​သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 7,
      "text": "“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ငါ့​ကို​မေးလျှောက်​ရန် သင့်​ကို​စေလွှတ်​လိုက်​သော ယုဒ​ဘုရင်​အား ပြန်ပြော​လော့​။ သင့်​ကို​စစ်ကူ​လာ​သော ဖာရော​မင်းကြီး​၏​စစ်တပ်​သည် မိမိ​နေရင်း​အီဂျစ်​ပြည်​သို့ လှည့်ပြန်​သွား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 8,
      "text": "ခါလဒဲ​တပ်​သည်​လည်း ပြန်လာ​၍ ဤ​မြို့​ကို​တိုက်ခိုက်​သိမ်းပိုက်​ပြီး မီး​ရှို့​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 9,
      "text": "ထာဝရဘုရား​က ‘​ခါလဒဲ​တပ်​သည် အပြီးအပိုင်​တပ်ဆုတ်​သွား​ကြ​မည်​ဟု ဆို​ပြီး ကိုယ့်ကိုယ်ကိုယ် မ​လှည့်စား​ကြ​နှင့်​။ သူ​တို့ တပ်ဆုတ်​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 10,
      "text": "သင်​တို့​ကို​တိုက်ခိုက်​လာ​သော ခါလဒဲ​တပ်​တစ်တပ်လုံး​ကို သင်​တို့​အနိုင်ရ​လျှင်ပင် ကျန်​ခဲ့​သော​ဒဏ်ရာရ​သော​သူ​တို့​သည် ကိုယ့်​တဲ​မှ​ထလာ​ပြီး ဤ​မြို့​ကို မီး​ရှို့​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 11,
      "text": "ခါလဒဲ​တပ်​သည် ဖာရော​မင်းကြီး​၏​စစ်တပ်ကြီး​ကို ကြောက်​သဖြင့် ဂျေရုဆလင်​မြို့​မှ တပ်ဆုတ်​သွား​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 12,
      "text": "ယေရမိ​သည် ဗင်္ယာမိန်​ပြည်သား​တို့​နှင့်အတူ အမွေခွဲဝေ​ရယူ​ရန် ဂျေရုဆလင်​မြို့​မှ ဗင်္ယာမိန်​ပြည်​သို့ သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 13,
      "text": "ဗင်္ယာမိန်​တံခါး​သို့​ရောက်​သောအခါ ဟာနနိယ​မြေး​၊ ရှေလမိ​၏​သား ဣရိယ​အမည်​ရှိ​ကင်းမှူး​သည် ပရောဖက်​ယေရမိ​ကို​ဖမ်း​၍ “​ခါလဒဲ​တပ်​ဘက်​သို့ သင်​ကူးသွား​သည်​မ​ဟုတ်​လော​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 14,
      "text": "ယေရမိ​က​လည်း “​မ​ဟုတ်​ပါ​၊ ခါလဒဲ​တပ်​ဘက်​သို့ ငါ​မ​ကူး​ပါ​”​ဟု ဆို​သော်လည်း ဣရိယ​သည် သူ​၏​စကား​ကို​နား​မ​ထောင်​ဘဲ ယေရမိ​ကို မှူးမတ်​များ​ထံသို့ ခေါ်ဆောင်​သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 15,
      "text": "မှူးမတ်​တို့​သည်​လည်း ယေရမိ​ကို​အမျက်ထွက်​၍ ရိုက်နှက်​ပြီးလျှင် အကျဉ်းထောင်​အဖြစ်​ပြုလုပ်​ထား​သော စာရေးတော်ကြီး​ယောနသန်​၏​အိမ်​၌ အကျဉ်းချ​ထား​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 16,
      "text": "ယေရမိ​သည် မြေအောက်​အကျဉ်းထောင်​ထဲ၌ ရက်​ပေါင်း​များစွာ​အကျဉ်းချ​ခံ​နေ​ရ​စဉ်"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 17,
      "text": "ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ယေရမိ​ကို နန်းတော်​သို့​ခေါ်လာ​စေ​ပြီးလျှင် “​ထာဝရဘုရား​ထံ​တော်​မှ နှုတ်ကပတ်တော်​ရောက်လာ​သေး​သလော​”​ဟု လျှို့ဝှက်​စွာ​မေးမြန်း​၏​။ ယေရမိ​က “​နှုတ်ကပတ်တော်​ရောက်လာ​ပါ​၏​။ အရှင်မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့​ရောက်​ရ​လိမ့်မည်​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 18,
      "text": "ထို့ပြင် ယေရမိ​က ဇေဒကိ​မင်းကြီး​အား “​အကျွန်ုပ်​ကို ထောင်ချ​ရ​အောင် အကျွန်ုပ်​သည် မင်းကြီး​နှင့် မင်းကြီး​၏​အစေအပါး​များ​၊ ဤ​ပြည်သူပြည်သား​များ​ကို မည်သို့​ပြစ်မှား​မိ​သနည်း​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 19,
      "text": "‘​ဘေဘီလုံ​ဘုရင်​သည် သင်​တို့​နှင့်​သင်​တို့​ပြည်​ကို လာတိုက်​မည်​မ​ဟုတ်​’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သော သင်​တို့​၏​ပရောဖက်​တို့​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 20,
      "text": "အို အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ အကျွန်ုပ်​တောင်းဆို​သည်​ကို နားထောင်​၍ လိုက်လျော​ပေး​ပါ​။ အကျွန်ုပ်​ကို စာရေးတော်ကြီး​ယောနသန်​၏​အိမ်​သို့ ပြန်​မ​ပို့​ပါ​နှင့်​။ ပြန်ပို့​လျှင် ထို​အိမ်​၌ အကျွန်ုပ်​သေ​ရ​ပါ​လိမ့်မည်​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 21,
      "text": "ထို့နောက် ဇေဒကိ​မင်းကြီး​၏​အမိန့်​တော်​ဖြင့် ယေရမိ​ကို ထောင်ဝင်း​ထဲ၌ ထား​ကြ​၏​။ မြို့​ထဲရှိ မုန့်​များ​မ​ရှိ​တော့​သည်​အထိ သူ့​အား မုန့်ဖုတ်တန်း​မှ မုန့်​တစ်​လုံး​ကို နေ့စဉ်​ပေး​ရ​၏​။ ဤသို့ ယေရမိ​သည် ထောင်ဝင်း​ထဲ၌ နေ​ရ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 1,
      "text": "လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​သော​စကား​ကို မဿန်​၏​သား ရှေဖတိ​၊ ပါရှုရ​၏​သား ဂေဒလိ​၊ ရှေလမိ​၏​သား ယေဟုကလ​၊ မာလခိယ​၏​သား ပါရှုရတို့ ကြား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 2,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သည်​မှာ “ဤ​မြို့​တွင် နေထိုင်​သော​သူ​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​လိမ့်မည်​။ ခါလဒဲ​လူမျိုး​တို့​ဘက်​သို့ လိုက်သွား​သော​သူ​တို့​မူကား သူ​တို့​၏​အသက်​သည် တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​၍ အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 3,
      "text": "စင်စစ် ဤ​မြို့​သည် ဘေဘီလုံ​ဘုရင်​၏​စစ်တပ်ကြီး​လက်​သို့ ရောက်​ရ​လိမ့်မည်​။ ဤ​မြို့​ကို သူ​တို့​သိမ်းပိုက်​လိမ့်မည်”​ဟူ၍​လည်း ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 4,
      "text": "ထိုအခါ မှူးမတ်​တို့​က ရှင်ဘုရင်​အား “​ဤ​သူ သေ​သင့်​ပါ​၏​။ သူ​ပြော​သော​စကား​အားဖြင့် ဤ​မြို့​၌​ကျန်ခဲ့​သော စစ်သည်​တို့​နှင့်​လူ​အပေါင်း​တို့​ကို စိတ်အားလျော့​စေ​ပါ​ပြီ​။ သူ​သည် ဤ​လူမျိုး​ငြိမ်းချမ်း​ဖို့​ထက် ဘေးအန္တရာယ်​ပြု​ဖို့​ကို​သာ ရှာကြံ​ပါ​ပြီ​”​ဟု လျှောက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 5,
      "text": "ဇေဒကိ​မင်းကြီး​က​လည်း “​သူ​သည် သင်​တို့​လက်​၌​ရှိ​၏​။ ရှင်ဘုရင်​သည် သင်​တို့​ကို​ဆန့်ကျင်​၍ မည်သည့်​အရာ​မျှ​မ​ပြု​နိုင်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 6,
      "text": "ထို့ကြောင့် သူ​တို့​သည် ယေရမိ​ကို​ခေါ်သွား​၍ ထောင်ဝင်း​အတွင်း​ရှိ ဘုရင့်​သား​တော်​မာလခိယ​၏​ရေတွင်း​ထဲသို့ ကြိုး​ဖြင့်​လျှောချ​ကြ​၏​။ ရေတွင်း​ထဲတွင် ရေ​မ​ရှိ​၊ ရွှံ့​သာ​ရှိ​သဖြင့် ယေရမိ​သည် ရွှံ့​ထဲ​နစ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 7,
      "text": "ယေရမိ​အား ရေတွင်း​ထဲသို့ ပစ်ချ​ကြောင်း​ကို ဘုရင့်​နန်းတော်​ရှိ အီသီယိုးပီးယား​အမျိုးသား မိန်းမစိုး ဧဗဒမေလက်​ကြားသိ​လျှင် ဗင်္ယာမိန်​တံခါး​၌ ရှင်ဘုရင်​ထိုင်​နေ​စဉ်"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 8,
      "text": "ဧဗဒမေလက်​သည် နန်းတော်​ထဲမှ​ထွက်လာ​ပြီး ရှင်ဘုရင်​အား"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 9,
      "text": "“​အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ ဤ​သူ​တို့​သည် ပရောဖက်​ယေရမိ​ကို ရေတွင်း​ထဲ​ပစ်ချ​ခြင်း​ဖြင့် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​လေ​ပြီ​။ မြို့​ထဲတွင်​လည်း မုန့်​မ​ရှိ​တော့​ပေ​။ ထို့ကြောင့် ယေရမိ​သည် ထို​တွင်း​ထဲတွင် ငတ်မွတ်​၍ သေ​ရ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 10,
      "text": "ရှင်ဘုရင်​က​လည်း အီသီယိုးပီးယား​အမျိုးသား​ဧဗဒမေလက်​အား “ပရောဖက်​ယေရမိ​မသေမီ သင့်​လက်အောက်ငယ်သား လူ​အယောက်​သုံးဆယ်​ကို​ခေါ်​၍ သူ့​ကို ရေတွင်း​ထဲမှ ထုတ်ယူ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 11,
      "text": "ဧဗဒမေလက်​သည်​လည်း သူ​၏​လက်အောက်ငယ်သား​တို့​ကို​ခေါ်​ပြီး ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​အောက်​သို့​ဝင်​၍ ထို​နေရာ​မှ အဝတ်စုတ်​၊ အဝတ်ဟောင်း​တို့​ကို​ယူ​ပြီးလျှင် ထို​အဝတ်​တို့​ကို ယေရမိ​ရှိ​ရာ​တွင်း​ထဲသို့ ကြိုး​နှင့်​လျှောချ​ပေး​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 12,
      "text": "ထိုအခါ အီသီယိုးပီးယား​အမျိုးသား ဧဗဒမေလက်​က ယေရမိ​အား “​ဤ​အဝတ်ဟောင်း​အဝတ်စုတ်​တို့​ကို သင့်​ချိုင်း​နှင့် ကြိုး​အကြား​၌ ခံထား​လော့​”​ဟု ပြော​သည့်​အတိုင်း ယေရမိ​ပြု​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 13,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ယေရမိ​အား ကြိုး​ဖြင့် တွင်း​ထဲမှ​ဆွဲ​တင်​ကြ​၏​။ ယေရမိ​လည်း ထောင်ဝင်း​ထဲ၌​နေ​ရ​ပြန်​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 14,
      "text": "တစ်ဖန် ဇေဒကိ​မင်းကြီး​သည် လူ​လွှတ်​၍ ထာဝရဘုရား​အိမ်​တော် တတိယ​ဝင်ပေါက်​သို့ ပရောဖက်​ယေရမိ​ကို ခေါ်လာ​စေ​၏​။ ရှင်ဘုရင်​က ယေရမိ​အား “သင့်​ကို​ငါ​မေးစရာ​ရှိ​၏​။ ဘာမျှ​ဖုံးကွယ်​မ​ထား​နှင့်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 15,
      "text": "ယေရမိ​က​လည်း ဇေဒကိ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ အကျွန်ုပ်​ဖြေ​လျှင် စင်စစ် အကျွန်ုပ်​ကို မ​သတ်​ဘဲ​နေ​မည်လော​။ အကျွန်ုပ်​အကြံပေး​လျှင်​လည်း အကျွန်ုပ်​၏​စကား​ကို အရှင်မင်းကြီး နားထောင်​မည်​မ​ဟုတ်​ပါ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 16,
      "text": "ထိုအခါ ဇေဒကိ​မင်းကြီး​က ယေရမိ​အား “​ငါ​တို့​အား ဇီဝအသက်​ပေး​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​ကို​ငါ​မ​သတ်​။ သင့်​အသက်​ကို ရန်ရှာ​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​မ​အပ်​”​ဟု တိတ်တဆိတ်​ကျိန်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 17,
      "text": "ထိုအခါ ယေရမိ​က ဇေဒကိ​မင်းကြီး​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​သည် ဘေဘီလုံ​ဘုရင်​၏​တပ်မှူး​တို့​ထံ​သွား​၍ အညံ့ခံ​လျှင် သင်​အသက်ချမ်းသာ​ရာ​ရ​မည်​။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခံရ​မည်​မ​ဟုတ်​။ သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့ အသက်ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 18,
      "text": "ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​တို့​ထံ သွား​၍​အညံ့​မ​ခံ​လျှင် ဤ​မြို့​သည် ခါလဒဲ​လူမျိုး​တို့​လက်​သို့ ကျရောက်​လိမ့်မည်​။ သူ​တို့​သည်​လည်း ဤ​မြို့​ကို မီး​ရှို့​ကြ​လိမ့်မည်​။ သင်​သည်​လည်း သူ​တို့​လက်​မှ လွတ်​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 19,
      "text": "ဇေဒကိ​မင်းကြီး​က​လည်း ယေရမိ​အား “​ခါလဒဲ​လူမျိုး​တို့​ဘက်​သို့​ရောက်သွား​သော ဂျူး​လူမျိုး​တို့​ကို ငါ​ကြောက်​၏​။ ငါ့​ကို သူ​တို့​လက်​သို့​အပ်​ကြ​၍ ငါ​သည် အညှဉ်းဆဲ​ခံရ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 20,
      "text": "ယေရမိ​က​လည်း “​မင်းကြီး​ကို သူ​တို့​လက်​သို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​။ အကျွန်ုပ်​ဆင့်ဆို​သော ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ သို့ပြုလျှင် မင်းကြီး​အသက်ချမ်းသာ​ရာ​ရ​၍ ကောင်းစား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 21,
      "text": "သို့သော် မင်းကြီး​က အညံ့ခံ​ဖို့ ငြင်းဆို​လျှင် ထာဝရဘုရား​က အကျွန်ုပ်​အား"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 22,
      "text": "‘​ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​နန်းတော်​၌ ကျန်ရစ်​သော​မိန်းမ​အပေါင်း​တို့​ကို ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​တို့​ထံ ခေါ်ဆောင်​သွား​ကြ​မည်​။ ထို​မိန်းမ​တို့​က မင်းကြီး​ယုံကြည်​ရ​သော​မိတ်ဆွေ​တို့​သည် မင်းကြီး​ကို သွေးဆောင်​ကြ​ပြီ​၊ အနိုင်ရ​ကြ​ပြီ​။ မင်းကြီး​၏​ခြေ​သည် ရွှံ့​ထဲ​နစ်​သွား​လေ​ပြီ​။ မိတ်ဆွေ​တို့​လည်း ကျောခိုင်း​သွား​လေ​ပြီ​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 23,
      "text": "သင့်​မိဖုရား​နှင့် သား​တော်​၊ သမီး​တော် အားလုံး​ကို ခါလဒဲ​စစ်သည်​တို့ ခေါ်ဆောင်​သွား​လိမ့်မည်​။ သင်​သည်​လည်း သူ​တို့​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ဘေဘီလုံ​ဘုရင်​၏​လက်အောက်​သို့ ရောက်​ရ​လိမ့်မည်​။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခြင်း​ခံရ​လိမ့်မည်​’​ဟူ၍ ဖော်ပြ​တော်မူ​ပြီ​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 24,
      "text": "ဇေဒကိ​မင်းကြီး​က​လည်း ယေရမိ​အား “​ဤ​စကား​များ​ကို မည်သူမျှ​မ​သိ​စေ​နှင့်​။ သိ​စေ​လျှင် သင်​အသတ်​ခံရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 25,
      "text": "ငါ​သည် သင်​နှင့်​စကားပြော​ကြောင်း​ကို မှူးမတ်​တို့​ကြားသိ​ပြီး သင့်​ထံသို့​လာ​၍ ‘​သင်​သည် ရှင်ဘုရင်​အား မည်သည့်​စကား​လျှောက်ဆို​၍ ရှင်ဘုရင်​က​လည်း သင့်​အား မည်သည့်​စကား​မိန့်ဆို​သည်​ကို ငါ​တို့​အား ပြောပြ​ပါ​။ ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သင့်​ကို​မ​သတ်​ပါ​’​ဟု ဆို​လာ​လျှင်"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 26,
      "text": "သင်​က ‘​အကျွန်ုပ်​ကို ယောနသန်​အိမ်​သို့ ပြန်​မ​ပို့​ပါ​နှင့်​။ ပြန်ပို့​လျှင် ထို​အိမ်​၌ အကျွန်ုပ်​သေ​ရ​ပါ​လိမ့်မည်​ဟု မင်းကြီး​အား အကျွန်ုပ်​တောင်းဆို​ပါ​၏​’​ဟူ၍ ပြန်ဖြေ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 27,
      "text": "မှူးမတ်​အပေါင်း​တို့​က​လည်း ယေရမိ​ထံ လာ​၍​မေးမြန်း​ကြ​လေ​၏​။ သူ​က​လည်း ရှင်ဘုရင်​မှာထား​သည့်​အတိုင်း သူ​တို့​အား ပြန်ပြော​၏​။ ရှင်ဘုရင်​နှင့် ပြောဆို​ခဲ့​သော​စကား​များ​ကို မည်သူ​မျှ​မ​ကြားသိ​ကြ​သောကြောင့် သူ​တို့​လည်း ဆက်မမေး​ကြ​တော့​ချေ​။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 28,
      "text": "ယေရမိ​သည် ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သည့်​နေ့​တိုင်အောင် ထောင်ဝင်း​ထဲတွင်​နေ​ရ​၏​။ ဂျေရုဆလင်​မြို့ သိမ်းပိုက်​ခံရ​သော​အချိန်​၌ သူ​သည် ထောင်ဝင်း​ထဲတွင်​ရှိ​နေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 1,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ ကိုး​နှစ်​၊ ဒသမ​လ​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ချီတက်​လာ​၍ ဂျေရုဆလင်​မြို့​ကို ဝိုင်းရံ​ထား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 2,
      "text": "ဇေဒကိ​မင်းကြီး​နန်းစံ တစ်ဆယ့်တစ်​နှစ်​၊ စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲသို့ ထိုးဖောက်​ဝင်ရောက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 3,
      "text": "ထိုအခါ ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​များ​ဖြစ်​ကြ​သော နေရဂါလရှရေဇာ​၊ သံဂါနေဗော​၊ ရာဗသာရိပ်​စာသခိမ်​၊ ရာမက်​နေရဂါလရှရေဇာ​နှင့် ဘေဘီလုံ​ဘုရင်​၏​အခြား​မှူးမတ်​အပေါင်း​တို့​သည် မြို့​ထဲသို့​ဝင်လာ​၍ အလယ်​တံခါးဝ​၌ နေရာယူ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 4,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​သည် ထို​သူ​တို့​ကို​မြင်​သောအခါ ညအချိန်​တွင်​ပင် ဘုရင့်​ဥယျာဉ်​တော်​လမ်း​အတိုင်း​ပြေး​၍ မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ မြို့ပြင်​သို့​ထွက်​ပြီး အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 5,
      "text": "ခါလဒဲ​စစ်သည်​တို့​က​လည်း သူ​တို့​နောက်သို့​လိုက်​ရာ ဂျေရိခေါ​လွင်ပြင်​တွင် ဇေဒကိ​မင်းကြီး​ကို​မီ​သဖြင့် သူ့​ကို​ဖမ်း​ပြီး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် ဇေဒကိ​မင်းကြီး​ကို စီရင်ချက်​ချ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 6,
      "text": "ဘေဘီလုံ​ဘုရင်​သည် ရိဗလ​မြို့​၌ ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​၏​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ယုဒ​မှူးမတ်​အပေါင်း​တို့​ကို​လည်း သတ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 7,
      "text": "ဇေဒကိ​မင်းကြီး​၏​မျက်လုံး​များ​ကို​လည်း ဖောက်ထုတ်​ပြီး သူ့​ကို ကြေးနီ​ခြေချင်းခတ်​လျက် ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 8,
      "text": "ခါလဒဲ​စစ်သည်​တို့​သည် ဘုရင့်​နန်းတော်​နှင့် လူနေအိမ်​တို့​ကို​မီး​ရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို​လည်း ဖြိုဖျက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 9,
      "text": "ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် မြို့​ထဲမှ​ကြွင်းကျန်သူ​များ​၊ သူ့​ထံ​ခိုလှုံ​လာ​သူ​များ​၊ အသက်ရှင်​ကျန်ရစ်သူ​များ​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 10,
      "text": "သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဘာမျှ​မ​ရှိ​သော​ဆင်းရဲသား​တို့​ကို ယုဒ​ပြည်​၌​ထားခဲ့​၍ သူ​တို့​အား စပျစ်ခြံ​နှင့်​လယ်ယာမြေ​တို့​ကို ပေး​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 11,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ယေရမိ​နှင့်​ပတ်သက်၍ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အား"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 12,
      "text": "“​ယေရမိ​ကို ခေါ်ထုတ်​၍ ကောင်းမွန်​စွာ​ကြည့်ရှု​လော့​။ သူ့​ကို အန္တရာယ်​မ​ပြု​နှင့်​။ သူ​ပြော​သည့်​အတိုင်း ပြု​ပေး​လော့​”​ဟု မိန့်မှာ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 13,
      "text": "သို့ဖြစ်၍ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ရာဗသာရိပ်​နေဗုရှာဇဗန်​၊ ရာမက်​နေရဂါလရှရေဇာ​နှင့် ဘေဘီလုံ​ဘုရင်​၏​မှူးမတ်​အပေါင်း​တို့​ကို စေလွှတ်​၍"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 14,
      "text": "သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 15,
      "text": "ထောင်ဝင်း​ထဲ၌ ယေရမိ​အကျဉ်းချ​ခံရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 16,
      "text": "“​သင်​သည် အီသီယိုးပီးယား​လူမျိုး ဧဗဒမေလက်​ထံသို့​သွား​ပြီးလျှင် ‘အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ဤ​မြို့​ကို ကောင်းစား​စေ​မည်​မ​ဟုတ်​၊ ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ့​နှုတ်ထွက်စကား​တို့​ကို ပြည့်စုံ​စေ​မည်​။ ထို​နေ့​ရောက်​သောအခါ ဤ​အမှုအရာ​တို့​သည် သင့်​မျက်စိ​ရှေ့​တွင်​ပင် ဖြစ်ပျက်​လိမ့်မည်​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 17,
      "text": "ထာဝရဘုရား​က ထို​နေ့​၌ သင့်​ကို ငါ​ကယ်နုတ်​မည်​။ သင်​ကြောက်​သော​သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ​။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 18,
      "text": "သင်​သည် ငါ့​ကို ယုံကြည်ကိုးစား​သောကြောင့် အကယ်စင်စစ် သင့်​ကို ငါ​လွတ်မြောက်​စေ​မည်​။ သင်​သည် ဓားဘေး​ဖြင့် မ​ကျဆုံး​ရ​။ သင့်​အသက်​ကို တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​စေ​မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 1,
      "text": "ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​နှင့်အတူ ယေရမိ​လည်း ကြိုး​နှင့်​ချည်နှောင်​ခံရ​လျက် ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ရာမ​မြို့​သို့​ရောက်​သောအခါ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​က သူ့​ကို​ပြန်လွှတ်​ပေး​ပြီးနောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 2,
      "text": "ကိုယ်ရံတော်မှူး​သည်​လည်း ယေရမိ​ကို​ခေါ်​၍ “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​က ဤ​ပြည်​တွင် ဘေးအန္တရာယ်​ကျရောက်​မည့်​အကြောင်း မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 3,
      "text": "သင်​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​၊ ထာဝရဘုရား​ကို ပြစ်မှား​ကြ​သောကြောင့် ဤ​အမှု​ဖြစ်ပျက်​လေ​ပြီ​။ ထာဝရဘုရား​သည် ဘေးအန္တရာယ်​ကို ကျရောက်​စေ​ပြီ​။ မိန့်​တော်မူ​သည့်​အတိုင်း ပြု​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 4,
      "text": "ကြည့်ရှု​လော့​။ ယခုတွင် သင့်​လက်​၌​ချည်နှောင်​ထား​သော​ကြိုး​ကို ဖြေပေး​မည်​။ ငါ​နှင့်အတူ ဘေဘီလုံ​မြို့​သို့​လိုက်​လို​လျှင်​လိုက်​ပါ​။ သင့်​ကို ကောင်းစွာ​ကြည့်ရှု​ပါ​မည်​။ ဘေဘီလုံ​မြို့​သို့ ငါ​နှင့်​သင်​မ​လိုက်​လို​လျှင်​လည်း မလိုက်​ပါ​နှင့်​။ တိုင်းပြည်​တစ်ပြည်လုံး သင့်​ရှေ့မှောက်​တွင်​ရှိ​၏​။ ကောင်း​မည်​၊ အဆင်ပြေ​မည်​ဟု သင်​ထင်​သည့်​နေရာ​များ​သို့ သင်​သွား​နိုင်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 5,
      "text": "ယေရမိ​ထွက်​မ​သွား​မီ ကိုယ်ရံတော်မှူး​က “​ယုဒ​ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ ပြန်သွား​၍ ပြည်သူ​တို့​နှင့်အတူ နေထိုင်​ပါ​လော့​။ သို့မဟုတ်လျှင်လည်း ကောင်း​မည်​ဟု သင်​ထင်​သည့်​နေရာ​သို့ သွား​ပါ​လော့​”​ဟု ဆို​လျက် ယေရမိ​အား လက်ဆောင်​နှင့် စားနပ်ရိက္ခာ​ကို​ပေး​၍ ပြန်လွှတ်​လိုက်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 6,
      "text": "ယေရမိ​သည်​လည်း အဟိကံ​၏​သား ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ပြန်သွား​၍ ပြည်​၌​ကျန်ရစ်​သော​ပြည်သား​တို့​နှင့်အတူ နေထိုင်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 7,
      "text": "ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 8,
      "text": "နေသနိ​၏​သား ဣရှမေလ​၊ ကာရာ​၏​သား ယောဟနန်​နှင့်​ယောနသန်​၊ တာနုမက်​၏​သား စရာယ​၊ နေတောဖာသိ​လူမျိုး ဧဖဲ​၏​သား​များ​၊ မာခါသိ​အမျိုးသား ယေဇနိ​တို့​သည်​လည်း သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 9,
      "text": "ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​က​လည်း သူ​တို့​နှင့်​သူ​တို့​၏​လူ​များ​အား “​ခါလဒဲ​လူမျိုး​တို့​ကို အစေခံ​ရ​မည်​ကို မ​ကြောက်​ကြ​နှင့်​။ ဤ​ပြည်​၌ နေထိုင်​ကြ​လော့​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​ကောင်းစား​ရ​လိမ့်မည်​ဟု ကျိန်ဆို​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 10,
      "text": "ငါ​မူကား မိဇပါ​မြို့​တွင်​နေထိုင်​ပြီး ငါ​တို့​ထံ​ရောက်လာ​မည့် ခါလဒဲ​လူမျိုး​တို့​ကို ရင်ဆိုင်​ပေး​မည်​။ သင်​တို့​မူကား စပျစ်ဝိုင်​မှစ၍ နွေရာသီသီးနှံ​၊ ဆီ​တို့​ကို စုသိမ်း​ပြီး အိုး​များ​၌ သို​ထား​ကြ​လော့​။ သင်​တို့​ရ​ထား​သော​မြို့​တို့​တွင် နေထိုင်​ကြ​လော့​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 11,
      "text": "ဘေဘီလုံ​ဘုရင်​သည် လူ​အချို့​ကို ယုဒ​ပြည်​၌ ချန်​ထားခဲ့​၍ ထို​သူ​တို့​ကို​အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​အား ခန့်ထား​ကြောင်း​ကို မောဘ​ပြည်​၊ အမ္မုန်​အမျိုးသား​တို့​ပြည်​၊ ဧဒုံ​ပြည်​မှစ၍ အပြည်ပြည်​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 12,
      "text": "သူ​တို့​နှင်ထုတ်​ခံရ​၍ ရောက်​ရာ​အရပ်ရပ်​တို့​မှ ယုဒ​ပြည်​၊ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့ ပြန်လာ​ကြ​၏​။ ဂျူး​လူမျိုး​အပေါင်း​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​၍ စပျစ်ဝိုင်​၊ နွေရာသီသီးနှံ​နှင့် ဆီ​တို့​ကို အများအပြား​စုသိမ်း​ကြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 13,
      "text": "တစ်နေ့တွင် ကာရာ​၏​သား​ယောဟနန်​နှင့် တော​ထဲ၌​ပုန်းခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့​သည် ဂေဒလိ​ရှိ​ရာ​မိဇပါ​မြို့​သို့ လာ​ကြ​၍"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 14,
      "text": "“​အမ္မုန်​ဘုရင်​ဗာလိတ်​မင်းကြီး​သည် သင့်​ကို​သတ်​ရန် နေသနိ​၏​သား​ဣရှမေလ​ကို စေလွှတ်​ကြောင်း သင်​မ​သိ​သလော​”​ဟု မေး​လေ​၏​။ သို့သော် အဟိကံ​၏​သား​ဂေဒလိ​သည် သူ​တို့​၏​စကား​ကို​မ​ယုံ​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 15,
      "text": "ထိုအခါ ကာရာ​၏​သား​ယောဟနန်​က “​နေသနိ​၏​သား​ဣရှမေလ​ကို သွား​၍​သတ်​ရ​သော​အခွင့်​ကို ပေး​ပါ​။ မည်သူမျှ မ​သိ​စေ​ရ​။ အဘယ်ကြောင့် သူ​သည် သင့်​ကို​သတ်​၍ သင့်​ကို​ခိုလှုံ​လာ​သော​ယုဒ​လူ​အပေါင်း​တို့​ကို ကွဲလွင့်​စေ​မည်နည်း​။ အဘယ်ကြောင့် ယုဒ​ပြည်​၌​ကြွင်းကျန်​သော​သူ​တို့ ပျက်စီး​ကြ​ရ​မည်နည်း​”​ဟု ဂေဒလိ​အား မိဇပါ​မြို့​၌ တိတ်တဆိတ်​လျှောက်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 16,
      "text": "သို့သော် အဟိကံ​၏​သား​ဂေဒလိ​က ကာရာ​၏​သား​ယောဟနန်​အား “​သင်​ထိုသို့​မ​ပြု​ရ​။ ဣရှမေလ​နှင့်​ပတ်သက်၍ သင်​မဟုတ်မမှန် ပြောဆို​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 1,
      "text": "သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ်"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 2,
      "text": "နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​ဆယ်​ယောက်​တို့​သည် ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ထ​၍​ဓား​ဖြင့်​ခုတ်​သတ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 3,
      "text": "မိဇပါ​မြို့​၌ ဂေဒလိ​နှင့်အတူ​ရှိ​နေ​သော ဂျူး​လူမျိုး​အားလုံး​နှင့် သူ​တို့​တွေ့ရှိ​သော ခါလဒဲ​စစ်သူရဲ​တို့​ကို​ပါ သတ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 4,
      "text": "ဂေဒလိ​အသတ်​ခံရ​သည်​ကို မည်သူမျှ​မ​သိ​။ နှစ်​ရက်​မြောက်​သော​နေ့​၌"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 5,
      "text": "ရှေခင်​မြို့​၊ ရှိလော​မြို့​၊ ရှမာရိ​မြို့​တို့​မှ လူ​အယောက်​ရှစ်ဆယ်​တို့ ရောက်လာ​ကြ​၏​။ သူ​တို့​သည် မုတ်ဆိတ်​ရိတ်​ထား​ကြ​၏​။ သူ​တို့​၏​အဝတ်​လည်း စုတ်ပြဲ​နေ​၏​။ ကိုယ်​ကို​လည်း မွှမ်း​ထား​ကြ​၏​။ လက်​ထဲတွင်​လည်း ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ဘောဇဉ်ပူဇော်သက္ကာ​နှင့် လော်ဗန်​တို့​ကို ယူဆောင်​လာ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 6,
      "text": "နေသနိ​၏​သား​ဣရှမေလ​သည်​လည်း ထို​သူ​တို့​ကို​ကြိုဆို​ရန် မိဇပါ​မြို့​မှ​ထွက်လာ​၏​။ သူ​သည် လမ်းတစ်လျှောက်လုံး​ငိုကြွေး​လျက် ထို​သူ​တို့​နှင့်​တွေ့​သောအခါ “​အဟိကံ​၏​သား​ဂေဒလိ​ထံသို့ ဝင်​ကြ​ပါ​ဦး​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 7,
      "text": "မြို့​ထဲ​သို့​ရောက်​သောအခါ နေသနိ​၏​သား​ဣရှမေလ​နှင့် သူ​နှင့်အတူ​ပါလာ​သော​လူ​တို့​သည် ထို​သူ​တို့​ကို​သတ်​ပြီးလျှင် တွင်း​ထဲ​သို့​ပစ်ချ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 8,
      "text": "ထိုအခါ ထို​သူ​တို့​ထဲမှ​လူ​ဆယ်​ယောက်​တို့​က “​အကျွန်ုပ်​တို့​ကို မ​သတ်​ပါ​နှင့်​။ အကျွန်ုပ်​တို့​မှာ တော​၌​ဝှက်​ထား​သော ဂျုံ​၊ မုယော​၊ ဆီ​၊ ပျားရည်​တို့ ရှိ​ပါ​သည်​”​ဟု ဣရှမေလ​အား​ဆို​သောကြောင့် သူ​တို့​ကို သူ​တို့​အဖော်​တို့​နှင့်အတူ မ​သတ်​ဘဲ ထားခဲ့​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 9,
      "text": "ဣရှမေလ​သတ်​ခဲ့​သော ဂေဒလိ​နှင့်​လူ​တို့​၏​အလောင်း​များ​ကို ပစ်ချ​ခဲ့​ရာ​တွင်း​သည် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​ကို​ကြောက်​၍ အာသ​မင်းကြီး တူး​ထား​ခဲ့​သော​တွင်း​ဖြစ်​၏​။ ဤသို့ဖြင့် နေသနိ​၏​သား​ဣရှမေလ​သည် ထို​တွင်း​ကို လူသေအလောင်း​များ​ဖြင့် ပြည့်​စေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 10,
      "text": "ဣရှမေလ​သည် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​ကို ဖမ်းသွား​၏​။ ဖမ်းသွား​သော​သူ​တို့​တွင် အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​အပ်ထား​ခဲ့​သော ဘုရင့်​သမီး​တော်​များ​နှင့် မိဇပါ​မြို့​တွင် ကြွင်းကျန်​သော​သူ​အားလုံး​တို့​ပါ​ကြ​၏​။ နေသနိ​၏​သား​ဣရှမေလ​သည် သူ​တို့​ကို သုံ့ပန်း​အဖြစ် အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 11,
      "text": "ကာရာ​၏​သား​ယောဟနန်​နှင့် သူ့​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​တို့​သည် နေသနိ​၏​သား​ဣရှမေလ​ပြု​ခဲ့​သော မကောင်းမှု​အလုံးစုံ​ကို ကြား​သောအခါ"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 12,
      "text": "နေသနိ​၏​သား​ဣရှမေလ​ကို တိုက်ခိုက်​ရန် လူ​အပေါင်း​တို့​ကို​ခေါ်​၍​လိုက်သွား​ရာ ဂိဗောင်​မြို့​ရှိ ရေကန်​ကြီး​အနား​တွင် မီ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 13,
      "text": "ဣရှမေလ​ဖမ်းသွား​သော​လူ​အပေါင်း​တို့​သည် ကာရာ​၏​သား​ယောဟနန်​နှင့် သူ​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​တို့​ကို မြင်​သောအခါ ဝမ်းမြောက်​ကြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 14,
      "text": "မိဇပါ​မြို့​မှ ဣရှမေလ​ဖမ်းဆီးခေါ်ဆောင်​ခဲ့​သော လူ​အားလုံး​တို့​သည် ကာရာ​၏​သား​ယောဟနန်​ဘက်​သို့ ပြန်​ခိုဝင်​လာ​ကြ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 15,
      "text": "နေသနိ​၏​သား​ဣရှမေလ​မူကား လူ​ရှစ်​ယောက်​နှင့်အတူ ယောဟနန်​ထံ​မှ အမ္မုန်​အမျိုးသား​တို့​ပြည်​သို့ ထွက်ပြေး​လွတ်မြောက်​သွား​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 16,
      "text": "အဟိကံ​၏​သား​ဂေဒလိ​ကို နေသနိ​၏​သား​ဣရှမေလ​သတ်​ပြီးနောက် ကာရာ​၏​သား​ယောဟနန်​နှင့် သူ​နှင့်အတူ​ပါလာ​သော​စစ်သည်​အကြီးအကဲ​အပေါင်း​တို့​သည် စစ်သူရဲ​များ​၊ မိန်းမ​များ​၊ ကလေးငယ်​များ​နှင့် မင်းမှုထမ်း​များ​ဖြစ်​သည့် မိဇပါ​မြို့​မှ​ကြွင်းကျန်​သော​သူ​အပေါင်း​တို့​ကို ဣရှမေလ​လက်​မှ​ကယ်တင်​ပြီး ဂိဗောင်​မြို့​မှ ပြန်​ခေါ်ဆောင်​လာ​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 17,
      "text": "ထို့နောက် သူ​တို့​သည် ဗက်လင်​မြို့​နား​ရှိ ဂေရု​ခိမဟံ​အရပ်​တွင် သွား​၍​နေထိုင်​ကြ​ပြီး ထိုမှတစ်ဆင့် အီဂျစ်​ပြည်​သို့​သွား​ရန် ကြံရွယ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 18,
      "text": "အကြောင်းမူကား နေသနိ​၏​သား​ဣရှမေလ​သည် ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော အဟိကံ​၏​သား​ဂေဒလိ​ကို သတ်လိုက်​သောကြောင့် သူ​တို့​သည် ခါလဒဲ​လူမျိုး​တို့​ကို​ကြောက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 1,
      "text": "ထို့နောက် ကာရာ​၏​သား​ယောဟနန်​၊ ဟောရှာယ​၏​သား​ယေဇနိ​အပါအဝင် စစ်သည်​အကြီးအကဲ​များ​နှင့် လူ​ကြီး​လူငယ်​အပေါင်း​တို့​သည်"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 2,
      "text": "ပရောဖက်​ယေရမိ​ထံသို့​လာ​၍ “​အရှင့်​ထံ အကျွန်ုပ်​တို့ အသနားခံ​ပါ​သည်​။ အရှင်​မြင်​သည့်​အတိုင်း လူ​အများ​သည် ယခု​အနည်းငယ်​သာ​ကျန်​ပါ​သည်​။ အကျွန်ုပ်​တို့​နှင့် ဤ​ကြွင်းကျန်​သော​လူ​အားလုံး​တို့​အဖို့ ထာဝရအရှင်​ဘုရားသခင်​ထံ ဆုတောင်း​ပေး​ပါ​လော့​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 3,
      "text": "အကျွန်ုပ်​တို့ လျှောက်​ရ​မည့်​လမ်း​၊ ပြု​ရ​မည့်​အမှု​ကို အရှင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​ပါစေ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 4,
      "text": "ပရောဖက်​ယေရမိ​က​လည်း “​ငါ​ကြား​ပြီ​။ သင်​တို့​တောင်းဆို​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ငါ​ဆုတောင်း​ပေး​မည်​။ ထာဝရဘုရား​က သင်​တို့​အား မိန့်ဆို​သမျှ​တို့​ကို တစ်ခုမကျန် သင်​တို့​အား ငါ​ပြန်ဆင့်ဆို​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 5,
      "text": "သူ​တို့​က​လည်း ယေရမိ​အား “​အရှင်​မှတစ်ဆင့် အကျွန်ုပ်​တို့​အား အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်ဆို​သမျှ​ကို အကျွန်ုပ်​တို့​မ​ပြု​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​အတွက် မှန်ကန်​သော​သက်သေ​၊ သစ္စာရှိ​သော​သက်သေ​ဖြစ်​တော်မူ​ပါစေ​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 6,
      "text": "ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ရန် အရှင့်​ကို​အကျွန်ုပ်​တို့​တောင်းဆို​သည်​ဖြစ်​၍ မိန့်ဆို​တော်မူ​မည့်​စကား​သည် ကောင်း​သည်​ဖြစ်စေ​၊ မကောင်း​သည်​ဖြစ်စေ အကျွန်ုပ်​တို့ နားထောင်​ပါ​မည်​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ခြင်း​ဖြင့် အကျွန်ုပ်​တို့ ကောင်းစား​ပါ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 7,
      "text": "ထို့နောက် ဆယ်​ရက်​လွန်​သောအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 8,
      "text": "ယေရမိ​သည် ကာရာ​၏​သား​ယောဟနန်​မှစ၍ သူ​နှင့်အတူ​ရှိ​သော​စစ်သည်​အကြီးအကဲ​များ​နှင့် လူ​ကြီး​လူငယ်​အပေါင်း​တို့​ကို​ခေါ်​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 9,
      "text": "သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အသနားခံ​ရန် သင်​တို့ ငါ့​ကို​တောင်းဆို​စေ​သည့်​အတိုင်း ကိုယ်တော်​က"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 10,
      "text": "‘​ဤ​ပြည်​၌​သာ သင်​တို့​နေထိုင်​မည်​ဆို​လျှင် သင်​တို့​ကို တည်ဆောက်​မည်​၊ ဖြိုဖျက်​မည်​မ​ဟုတ်​။ သင်​တို့​ကို စိုက်ပျိုး​မည်​၊ နုတ်ပစ်​မည်​မ​ဟုတ်​။ သင်​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံ​စေ​ခဲ့​သောကြောင့် ငါ​ဝမ်းနည်း​၏​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 11,
      "text": "ထာဝရဘုရား​က ‘​သင်​တို့​ကြောက်​ရ​သော ဘေဘီလုံ​ဘုရင်​ကို သင်​တို့​မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်အတူ ငါ​ရှိ​သည်​ဖြစ်၍ ထို​ဘုရင်​လက်​မှ သင်​တို့​ကို ငါ​ရွေးနုတ်​ကယ်တင်​မည်​။ သူ့​ကို သင်​တို့​မ​ကြောက်​ကြ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 12,
      "text": "ငါ​သည် သင်​တို့​အား သနားစုံမက်​မည်​။ သို့ဖြစ်၍ ထို​ဘုရင်​သည် သင်​တို့​ကို သနားစုံမက်​၍ သင်​တို့​နေရင်းပြည်​သို့ သင်​တို့​ကို ပြန်လာ​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 13,
      "text": "သို့ရာတွင် သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို နား​မ​ထောင်​ဘဲ ‘​ဤ​ပြည်​တွင် အကျွန်ုပ်​တို့​မ​နေ​လို​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 14,
      "text": "စစ်ပွဲ​မ​ကြုံ​၊ တံပိုးမှုတ်သံ​မ​ကြား​၊ အစာ​မွတ်သိပ်ခြင်း​မ​ရှိ​ရာ အီဂျစ်​ပြည်​သို့​သွား​၍ ထို​အရပ်​၌​နေ​မည်​’​ဟု ဆို​လျှင်"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 15,
      "text": "ကြွင်းကျန်​သော​ယုဒ​အမျိုး​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​တို့​သည် အီဂျစ်​ပြည်​သို့​သွား​ရန် စိတ်အားပြင်းပြ​မည်​ဆို​လျှင်​၊ ထို​ပြည်​၌ပင် သွားရောက်​နေထိုင်​မည်​ဆို​လျှင်"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 16,
      "text": "ထို​အီဂျစ်​ပြည်​၌ပင် သင်​တို့​ကြောက်ရွံ့​သော​ဓားဘေး​သည် သင်​တို့​ကို​မီ​လိမ့်မည်​။ သင်​တို့​ထိတ်လန့်​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည်​လည်း အီဂျစ်​ပြည်​အထိပင် သင်​တို့​နောက်သို့ ကပ်လိုက်​လာ​လိမ့်မည်​။ ထို​အရပ်​၌​ပင် သင်​တို့​သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 17,
      "text": "အီဂျစ်​ပြည်​သို့ သွားရောက်​နေထိုင်​ရန် စိတ်အားပြင်းပြ​နေ​သော​သူ​အားလုံး​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​ကြ​လိမ့်မည်​။ သူ​တို့​အပေါ် ငါ​ကျရောက်​စေ​သော​ဘေးအန္တရာယ်​မှ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 18,
      "text": "အကယ်စင်စစ် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့သား​တို့​အပေါ်​သို့ ငါ့​အမျက်​ဒေါသ​ကို​သွန်ချ​ခဲ့​သကဲ့သို့ အီဂျစ်​ပြည်​သို့ သင်​တို့​သွား​သောအခါ သင်​တို့​အပေါ်​သို့ ငါ့​အမျက်ဒေါသ​ကို သွန်ချ​မည်​။ သင်​တို့​သည် ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ​ဖြစ်​မည်​။ ဤ​ပြည်​ကို သင်​တို့ ပြန်​မြင်​ရ​တော့​မည်​မ​ဟုတ်​’​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 19,
      "text": "အို ကြွင်းကျန်​သော​ယုဒ​အမျိုး​တို့​၊ ထာဝရဘုရား​က ‘​အီဂျစ်​ပြည်​သို့ မ​သွား​ကြ​နှင့်​’​ဟု သင်​တို့​အား မိန့်​တော်မူ​ကြောင်း​ကို ယနေ့ သင်​တို့​အား ငါ​သတိပေး​၏​။ အသေအချာ​မှတ်​ထား​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 20,
      "text": "သင်​တို့​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သမျှ​ကို ပြောပြ​ပါ​လော့​။ အကျွန်ုပ်​တို့ လိုက်နာ​ပါ​မည်​’​ဟု ငါ့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​စေ​သည်​မှာ လိမ်လည်​ခြင်း​သာ​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 21,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​စကား​ကို​လည်းကောင်း​၊ ငါ့​ကို သင်​တို့​ထံ​စေလွှတ်​၍ ဆင့်ဆို​စေ​သမျှ​ကို​လည်းကောင်း ယနေ့ သင်​တို့​အား ငါ​ပြောပြ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 22,
      "text": "ထို့ကြောင့် သင်​တို့​သွားရောက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​မည်​ကို အသေအချာ​မှတ်​ထား​ကြ​လော့​”​ဟု ပြောဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 1,
      "text": "သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ယေရမိ​ကို​စေလွှတ်​၍​ဆင့်ဆို​စေ​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​အလုံးစုံ​ကို လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​ပြီး​သောအခါ"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 2,
      "text": "ဟောရှာယ​၏​သား​အာဇရိ​၊ ကာရာ​၏​သား​ယောဟနန်​မှစ၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​က ယေရမိ​အား “​သင်​သည် မုသားစကား​ကို ပြော​ပြီ​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို ‘​အီဂျစ်​ပြည်​သို့ မ​သွားရောက်​၊ မ​နေထိုင်​ရ​’​ဟု သင့်​ကို ဆင့်ဆို​စေ​သည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 3,
      "text": "ငါ​တို့​ကို ခါလဒဲ​လူမျိုး​တို့​လက်​သို့​အပ်နှံ​၍ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ရန်​၊ သို့မဟုတ် သတ်ပစ်​ရန် သင့်​ကို နေရိ​၏​သား​ဗာရုတ်​က နှိုးဆော်​လေ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 4,
      "text": "ဤသို့ဖြင့် ကာရာ​၏​သား​ယောဟနန်​နှင့်တကွ စစ်သည်​အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​သည် ယုဒ​ပြည်​၌ နေထိုင်​ရ​မည်​ဟူသော ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​ကြ​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 5,
      "text": "ထို့ပြင် ယုဒ​ပြည်​၌​နေထိုင်​ရန် နှင်ထုတ်​ခံရ​ရာ​အတိုင်းတိုင်း​အပြည်ပြည်​မှ​ပြန်လာ​ကြ​သော ယုဒ​အမျိုး​အကြွင်းအကျန်​တို့​ကို ကာရာ​၏​သား​ယောဟနန်​နှင့် စစ်သည်​အကြီးအကဲ​တို့​သည် ခေါ်ဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 6,
      "text": "ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန် အပ်နှံ​ထား​ခဲ့​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ ဘုရင့်​သမီး​တော်​တို့​နှင့်တကွ လူ​အပေါင်း​တို့​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ ပရောဖက်​ယေရမိ​နှင့် နေရိ​၏​သား​ဗာရုတ်​ကို​လည်း ခေါ်ဆောင်​သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 7,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို​မ​နာခံ​ဘဲ အီဂျစ်​ပြည်​သို့​ထွက်သွား​၍ တာပနက်​မြို့​တိုင်အောင် ရောက်သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 8,
      "text": "တာပနက်​မြို့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 9,
      "text": "“ယုဒ​အမျိုးသား​တို့​မျက်စိ​ရှေ့​တွင် ကျောက်တုံး​ကြီး​တို့​ကို​ယူ​၍ တာပနက်​မြို့​ရှိ ဖာရော​မင်းကြီး​၏​နန်းတော်​အဝင်ဝ အုတ်ဖို​မြေ​၌ မြှုပ်​ထား​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 10,
      "text": "ထို့နောက် သူ​တို့​အား ‘အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​၏​အစေအပါး​ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​ကို ငါ​စေလွှတ်​မည်​။ ယေရမိ​အား ငါ​မြှုပ်​စေ​ခဲ့​သော​ကျောက်တုံး​များ​ပေါ်တွင် ထို​ဘုရင်​၏​ရာဇပလ္လင်​ကို ငါ​တည်​မည်​။ သူ​သည်​လည်း ယာယီစံနန်း​ကို တည်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 11,
      "text": "သူ​သည် ရောက်လာ​၍ အီဂျစ်​ပြည်​ကို တိုက်ခိုက်​လိမ့်မည်​။ သေဘေး​သင့်​သော​သူ​တို့​အား သေ​ခြင်း​သို့​လည်းကောင်း​၊ ဖမ်းခေါ်​သွား​ခြင်း​ဘေး​သင့်​သော​သူ​တို့​အား ဖမ်းခေါ်​သွား​ခြင်း​သို့​လည်းကောင်း​၊ ဓားဘေး​သင့်​သော​သူ​တို့​အား ဓားဘေး​သို့​လည်းကောင်း အပ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 12,
      "text": "ငါ​သည် အီဂျစ်​နတ်ဘုရား​ကျောင်း​များ​ကို မီး​ရှို့​မည်​။ ဘေဘီလုံ​ဘုရင်​သည်​လည်း ထို​နတ်ဘုရားကျောင်း​တို့​ကို​မီးရှို့​၍ နတ်ဘုရား​တို့​ကို သိမ်းယူ​သွား​လိမ့်မည်​။ သိုးထိန်း​သည် အဝတ်​ဖြင့် မိမိကိုယ်ကို ပတ်စည်း​သကဲ့သို့ ထို​ဘုရင်​သည်​လည်း အီဂျစ်​ပြည်​ဖြင့် မိမိကိုယ်ကို​ပတ်စည်း​လိမ့်မည်​။ ထို​ပြည်​မှ သာသာယာယာ​ထွက်သွား​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 13,
      "text": "အီဂျစ်​ပြည်​ရှိ ဗက်ရှေမက်​မြို့​၏​အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို​လည်း ချိုးဖျက်​လိမ့်မည်​။ အီဂျစ်​နတ်ဘုရား​ကျောင်း​များ​ကို​လည်း မီး​ရှို့​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 1,
      "text": "အီဂျစ်​ပြည်​၊ မိဂဒေါလ​မြို့​၊ တာပနက်​မြို့​၊ မင်ဖစ်​မြို့​၊ ပါသရု​မြို့​တို့​၌ နေထိုင်​သော ဂျူး​လူမျိုး​အပေါင်း​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 2,
      "text": "“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​အားလုံး​အပေါ် ငါ​ကျရောက်​စေ​သည့် ဘေးအန္တရာယ်​အလုံးစုံ​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ ယခု ထို​မြို့ရွာ​တို့​သည် ပြိုပျက်​ရာ​ဖြစ်​၍ နေထိုင်​သူ​ပင် မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 3,
      "text": "အကြောင်းမူကား ထို​မြို့သူမြို့သား​တို့​သည် သူတို့ကိုယ်တိုင်​မ​သိ​၊ သင်​တို့​လည်း​မ​သိ​၊ သင်​တို့​ဘိုးဘေး​လည်း​မ​သိ​သော အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြ​၏​၊ ဝတ်ပြု​ကြ​၏​။ ထိုသို့သော မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 4,
      "text": "ငါ့​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​၍ ငါ​မုန်း​သော ဤ​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို မ​ပြု​ကြ​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 5,
      "text": "သို့သော် သူ​တို့ နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​။ သူ​တို့ ပြု​သော​မကောင်းမှု​အတွက် နောင်တ​မ​ရ​ဘဲ အခြား​သော​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 6,
      "text": "ထို့ကြောင့် ငါ့​အမျက်​ဒေါသ​မီး​ကို ငါ​သွန်ချ​သဖြင့် ယုဒ​မြို့ရွာ​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။ ယခု​ကဲ့သို့ ပြိုပျက်​ရာ​အရပ်​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 7,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘အဘယ်ကြောင့် ဤ​ဘေးအန္တရာယ်​ကြီး​ကို သင်​တို့​အပေါ်​ကျရောက်​စေ​ရ​သနည်း​။ ယုဒ​ပြည်​တွင် ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ နို့စို့သူငယ်​တစ်ယောက်မျှ​မ​ကြွင်း​မ​ကျန် သုတ်သင်ပယ်ရှင်း​ခံရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 8,
      "text": "သင်​တို့​သွားရောက်​နေထိုင်​ရာ​အီဂျစ်​ပြည်​၌ သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြစ်​သည့် အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​ဖြင့် အဘယ်ကြောင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​သနည်း​။ ယခုမှာမူ သင်​တို့​သည် ပျက်စီး​၍ မြေကြီး​ပေါ်ရှိ​လူမျိုး​တကာ​တို့​တွင် ကဲ့ရဲ့ပြစ်တင်စရာ​၊ ကျိန်ဆဲစရာ ဖြစ်​ရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 9,
      "text": "ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင် သင်​တို့​ဘိုးဘေး​များ​၊ ယုဒ​ရှင်ဘုရင်​များ​၊ မိဖုရား​များ​၊ သင်​တို့​နှင့်​သင်​တို့​၏​ဇနီး​များ ပြု​ခဲ့​ကြ​သော မကောင်းမှု​များ​ကို သင်​တို့​မေ့လျော့​ကြ​ပြီ​လော​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 10,
      "text": "ယနေ့​တိုင်အောင် သူ​တို့​သည် နှိမ့်ချ​သော​စိတ်​၊ ကြောက်ရွံ့​သော​စိတ် မ​ရှိ​ကြ​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ချမှတ်​ပေး​ထား​သော​ပညတ်တရား​နှင့် ပြဋ္ဌာန်းချက်​များ​ကို သူ​တို့​မ​လိုက်လျှောက်​ကြ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 11,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။ ယုဒ​ပြည်​တစ်ပြည်လုံး​ကို ဖျက်ဆီး​မည်​ဟု ငါ​ဆုံးဖြတ်​ချက်​ချ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 12,
      "text": "အီဂျစ်​ပြည်​သို့​သွားရောက်​နေထိုင်​ရန် စိတ်ပိုင်းဖြတ်​သော ယုဒ​လူမျိုး​အကြွင်းအကျန်​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ သူ​တို့​အားလုံး အီဂျစ်​ပြည်​၌ပင် လဲကျ​သေဆုံး​ကြ​ရ​မည်​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​ရ​မည်​။ အကြီးဆုံး​မှစ၍ အငယ်ဆုံး​တိုင်အောင် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ကြ​ရ​မည်​။ ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ ရွံရှာစရာ​၊ ကဲ့ရဲ့စရာ ဖြစ်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 13,
      "text": "ငါ​သည် ဂျေရုဆလင်​မြို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ဒဏ်ခတ်​သကဲ့သို့ အီဂျစ်​ပြည်​၌ နေထိုင်​သော​သူ​တို့​ကို​လည်း ဒဏ်ခတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 14,
      "text": "အီဂျစ်​ပြည်​သို့​သွားရောက်​နေထိုင်​သော​ယုဒ​အမျိုး​အကြွင်းအကျန်​တို့​တွင် လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ တစ်ယောက်မျှ​ရှိ​မည်​မ​ဟုတ်​။ ယုဒ​ပြည်​သို့ ပြန်လာ​နေထိုင်​လို​သော်လည်း ပြန်လာ​ခွင့်​ရ​မည်​မ​ဟုတ်​။ လွတ်မြောက်​သော​သူ​သာ ပြန်လာ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 15,
      "text": "လူအုပ်​ကြီး​ဖြစ်​သော မိမိ​တို့​မယား​က အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြောင်း​ကို သိ​သော​ယောက်ျား​များ​နှင့် သူ​တို့​အနီး​တွင်​ရပ်​နေ​သော​မိန်းမ​များ​အားလုံး​၊ အီဂျစ်​ပြည် ပါသရု​မြို့သား​အားလုံး​က ယေရမိ​အား"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 16,
      "text": "“​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ငါ​တို့​အား သင်​ဆင့်ဆို​သော​စကား​ကို ငါ​တို့​နား​မ​ထောင်​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 17,
      "text": "ငါ​တို့​ပြော​ထား​သည့်​အတိုင်း ငါ​တို့​ဆက်ဆက်​ပြု​မည်​။ ငါ​တို့​၏​ဘိုးဘေး​များ​၊ ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​က ယုဒ​မြို့ရွာ​များ​၊ ဂျေရုဆလင်​မြို့​လမ်း​များ​တွင် ပြု​ခဲ့​ကြ​သည့်​အတိုင်း ကောင်းကင်​မိဖုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​မည်​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​မည်​။ ထိုစဉ်က ငါ​တို့ ဝလင်​စွာ​စား​ရ​၏​။ ကောင်းစား​ခဲ့​၏​။ ဘေးအန္တရာယ်​နှင့်​မ​ကြုံ​ရ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 18,
      "text": "ကောင်းကင်​မိဖုရား​များ​အား နံ့သာပေါင်း​ကို မီးရှို့​မ​ပူဇော်​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို မ​သွန်းလောင်း​ဘဲ ရပ်တန့်​လိုက်​သည့်​အချိန်​မှစ၍ အရာရာ​၌​ချို့တဲ့​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် ပျက်စီး​ရ​ကြ​ပြီ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 19,
      "text": "မိန်းမ​တို့​က​လည်း “​ငါ​တို့​သည် ကောင်းကင်​မိဖုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သောအခါ​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​သောအခါ ငါ​တို့​၏​ခင်ပွန်းသည်​မ​ပါ​ဘဲ မိဖုရားပုံတူ​မုန့်​များ​ကို လုပ်​ခဲ့​သလော​။ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခဲ့​သလော​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 20,
      "text": "ယေရမိ​က​လည်း သူ့​အား​တုံ့ပြန်ပြောဆို​လာ​သော ယောက်ျား​၊ မိန်းမ​၊ လူ​အပေါင်း​တို့​အား"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 21,
      "text": "“​သင်​တို့​နှင့် သင်​တို့​၏​ဘိုးဘေး​များ​၊ ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင် နံ့သာပေါင်း​မီးရှို့ပူဇော်​ခဲ့​ကြ​သည်​ကို ထာဝရဘုရား မ​အောက်မေ့​ဘဲ​နေ​တော်မူ​မည်လော​။ မ​မှတ်​ဘဲ​နေ​တော်မူ​မည်လော​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 22,
      "text": "သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​၊ သင်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ထာဝရဘုရား​သည် ဆက်​၍​သည်း​မ​ခံ​နိုင်​တော့​ပေ​။ ထို့ကြောင့် သင်​တို့​ပြည်​သည် ယခု​ကဲ့သို့ ပြိုပျက်​ရာ​၊ ထိတ်လန့်စရာ​၊ ကျိန်ဆဲစရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 23,
      "text": "သင်​တို့​သည် နံ့သာပေါင်း​မီးရှို့ပူဇော်​ခြင်း​ဖြင့် ထာဝရဘုရား​ကို​ပြစ်မှား​ကြ​၏​။ ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​။ ထာဝရဘုရား​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ သွန်သင်ချက်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ထို့ကြောင့် ယခု​ကဲ့သို့ ဤ​ဘေးအန္တရာယ်​သည် သင်​တို့​အပေါ် ကျရောက်​လေ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 24,
      "text": "တစ်ဖန် ယေရမိ​က မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​အား “​အီဂျစ်​ပြည်​ရှိ ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 25,
      "text": "သင်​တို့​နှင့် သင်​တို့​၏​မယား​တို့​က ‘​ကောင်းကင်​မိဖုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​မည်​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​မည်​ဟူသော ငါ​တို့​ကတိသစ္စာ​အတိုင်း ငါ​တို့​ဆက်ဆက်ပြု​မည်’​ဟု သင်​တို့​နှုတ်​ဖြင့်​ဆို​လျက် လက်​ဖြင့်​ပြီးမြောက်​စေ​တတ်​ကြ​သည်​ဖြစ်၍ သင်​တို့​၏​ကတိသစ္စာ​ကို ဆက်ဆက်တည်​စေ​ကြ​။ သင်​တို့​၏​ကတိသစ္စာ​ကို ဆက်ဆက်ပြု​ကြ​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 26,
      "text": "ထို့ကြောင့် အီဂျစ်​ပြည်​၌​နေထိုင်​သော ယုဒ​လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​ရှိ ယုဒ​လူမျိုး​တို့​၏​နှုတ်​မှ ဘုရားရှင်​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​ဟူ၍ ငါ​၏​နာမ​ကို တိုင်တည်​ရ​တော့​မည်​မ​ဟုတ်​’​ဟု ငါ​၏​ကြီးမြတ်​သော​နာမ​ကို တိုင်တည်​၍ မိန့်ဆို​ပြီ​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 27,
      "text": "ကြည့်ရှု​လော့​။ သူ​တို့​ကို အကောင်း မ​ဟုတ်​၊ အဆိုး​ပြု​ရန် ငါ​ကြည့်​နေ​၏​။ အီဂျစ်​ပြည်​ရှိ ယုဒ​လူမျိုး​အပေါင်း​တို့ တစ်ယောက်မကျန် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​တို့​ဖြင့် ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 28,
      "text": "ဓားဘေး​မှ​လွတ်မြောက်​သော​သူ​အနည်းငယ်​တို့​သည် အီဂျစ်​ပြည်​မှ​ယုဒ​ပြည်​သို့ ပြန်လာ​ကြ​လိမ့်မည်​။ ထိုအခါ သူ​တို့​စကား​တည်​သလော​၊ ငါ့​စကား​တည်​သလော​။ မည်သူ့​စကား​တည်​သည်​ကို အီဂျစ်​ပြည်​သို့ သွားရောက်​နေထိုင်​သော ယုဒ​လူ​အကြွင်းအကျန်​ရှိသမျှ​တို့ သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 29,
      "text": "ထာဝရဘုရား​က ‘​ဤသည်ကား သင်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​၏​။ သင်​တို့​ကို ဤ​ပြည်​တွင် ငါ​ဒဏ်ခတ်​မည်​။ ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟူသော ငါ့​စကား​အမှန်​တည်​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 30,
      "text": "ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား သူ့​အသက်​ကို​ရန်ရှာ​သော​သူ​၏​ရန်သူ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ ငါ​အပ်​သကဲ့သို့ အီဂျစ်​ဘုရင်​ဖာရော​ဟောဖရာ​ကို​လည်း သူ​၏​အသက်​ကို​ရန်ရှာ​သော သူ​၏​ရန်သူ​တို့​လက်​သို့ ငါ​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 1,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​စတုတ္ထ​နှစ်​၌ နေရိ​၏​သား​ဗာရုတ်​သည် ယေရမိ​နှုတ်​မှ​ခေါ်ပေး​သည့်​နှုတ်ကပတ်တော်​များ​ကို စာလိပ်​ပေါ်၌​ရေးသား​ပြီးသည့်နောက် ပရောဖက်​ယေရမိ​က"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 2,
      "text": "“အို ဗာရုတ်​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​အား"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 3,
      "text": "‘​သင်​က ငါ​၌ အမင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​သည် ငါ့​ဒုက္ခဝေဒနာ​အပေါ် ဝမ်းနည်း​ခြင်း​ကို ထပ်ဆင့်တင်​တော်မူ​သဖြင့် ငါ​သည် ညည်းတွား​ရ​၍ ပင်ပန်း​လှ​ပြီ​၊ သက်သာ​ရာ​မ​ရ​ဟူ၍ ဆို​လေ​ပြီ​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 4,
      "text": "ထို့ကြောင့် ဗာရုတ်​အား ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​တည်ထောင်​ခဲ့​သော​၊ ငါ​စိုက်ပျိုး​ခဲ့​သော ဤ​ပြည်​တစ်ပြည်လုံး​ကို ငါ​ဖြိုဖျက်​မည်​၊ နုတ်ပစ်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 5,
      "text": "ထာဝရဘုရား​က ‘ကြီးမြတ်​သော​အရာ​ကို သင်​ရှာ​နေ​သလော​။ မ​ရှာ​ပါ​နှင့်​။ ကြည့်ရှု​လော့​။ ငါ​သည် လူ​အပေါင်း​တို့​ကို ဘေးအန္တရာယ်​သင့်​စေ​မည်​။ သင့်​ကို​ကား သင်​ရောက်​လေရာရာ​အရပ်​တို့​၌ တိုက်ယူပစ္စည်း​ကဲ့သို့ သင့်​အသက်​ကို ငါ​ပေး​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 1,
      "text": "လူမျိုးခြား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့​ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 2,
      "text": "ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နန်းစံ​လေး​နှစ်​၊ ယူဖရေးတီး​မြစ် ​နား ကာခေမိတ်​အရပ်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို စစ်ရှုံး​ခဲ့​သော အီဂျစ်​ဘုရင်​ဖာရော​နေခေါ​မင်းကြီး​၏​စစ်သည်​နှင့်တကွ အီဂျစ်​ပြည်သား​တို့​နှင့်​ပတ်သက်၍"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 3,
      "text": "ထာဝရဘုရား​က “​ဒိုင်းလွှားကြီး​၊ ဒိုင်းလွှားငယ်​တို့​ကို ပြင်ဆင်​ကြ​။ စစ်ချီတက်​ကြ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 4,
      "text": "မြင်းစီးသူရဲ​တို့​၊ မြင်း​များ​ကို ကကြိုးဆင်​ကြ​၊ စီး​ကြ​။ နေရာယူ​ကြ​။ သံခမောက်​ဆောင်း​ကြ​။ လှံ​တို့​ကို သွေး​ကြ​။ သံချပ်​အင်္ကျီ​တို့​ကို ဝတ်ဆင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 5,
      "text": "ငါ​မြင်​ရ​သော​အရာ​ကား အဘယ်နည်း​။ သူ​တို့ ကြောက်​၍ နောက်ပြန်ဆုတ်​ကြ​ပါ​သည်​တကား​။ သူ​တို့​၏​စစ်သူရဲ​တို့​သည် ချေမှုန်း​ခြင်း​ခံရ​သဖြင့် နောက်ပြန်လှည့်​မ​ကြည့်​ဘဲ ဘေးလွတ်​ရာ​သို့​ထွက်ပြေး​ကြ​ပါ​သည်​တကား​။ ကြောက်လန့်စရာ​များ ဝိုင်းရံ​နေ​ပါ​သည်​တကား​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 6,
      "text": "အပြေးမြန်​သော​သူ​လည်း ပြေး​မ​လွတ်​။ ခွန်အားကြီး​သော​သူ​လည်း မ​လွတ်မြောက်​။ သူ​တို့​သည် မြောက်အရပ် ယူဖရေးတီး​မြစ် ​အနား​၌ လဲကျ​သေဆုံး​ကြ​ပြီ​တကား​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 7,
      "text": "နိုင်း​မြစ်ရေ​ကဲ့သို့ ဟုန်းဟုန်းထ​နေ​သော​သူ​ကား မည်သူ​နည်း​။ မြစ်​ရေ​ကဲ့သို့ လှုပ်ခါ​နေ​သော​သူ​ကား မည်သူ​နည်း​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 8,
      "text": "နိုင်း​မြစ်​ကဲ့သို့ ဟုန်းဟုန်းထ​နေ​သော​၊ မြစ်​ရေ​ကဲ့သို့ လှုပ်ခါ​နေ​သော​သူ​ကား အီဂျစ်​ဘုရင်​ပေတည်း​။ သူ​က “​ငါ​သည် မြေကြီး​ကို ထ​၍​လွှမ်းမိုး​မည်​။ ငါ​သည် မြို့​နှင့်တကွ ထို​မြို့သား​တို့​ကို ဖျက်ဆီး​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 9,
      "text": "အို စစ်မြင်း​တို့​၊ စစ်ချီ​ကြ​။ အို စစ်ရထား​တို့​၊ ဒုန်းစိုင်းနှင်​ကြ​။ ဒိုင်းလွှား​ကို​စွဲကိုင်​သော အီသီယိုးပီးယား​လူမျိုး​နှင့် ဖုတ​လူမျိုး စစ်သူရဲ​တို့​၊ လေးသည်တော် လုဒိမ်​လူမျိုး​စစ်သူရဲ​တို့​၊ ချီတက်​ကြ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 10,
      "text": "ထို​နေ့ရက်​သည် ရန်သူ​တို့​ကို ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားရှင်​ထာဝရဘုရား လက်တုံ့ပြန်​ရာ​နေ့​ဖြစ်​၏​။ ဓား​သည် ရန်သူ​တို့​ကို ကျေနပ်​သည်​အထိ ဝါးမျို​မည်​။ သူ​တို့​သွေး​ကို သောက်​မည်​။ မြောက်ဘက်​အရပ်​၊ ယူဖရေးတီး​မြစ် ​နား​၌ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ ယဇ်ပူဇော်ပွဲ​ကျင်းပ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 11,
      "text": "အို အီဂျစ်​သမီး​ပျို​၊ ဂိလဒ်​ပြည်​သို့​သွား​၍ လိမ်းဆေး​ကို​ယူ​လော့​။ သင်​သည် ဆေး​အမျိုးစုံ​လိမ်း​သော်လည်း အချည်းနှီး​သာ​ဖြစ်​၏​။ သင့်​အနာ ပျောက်ကင်း​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 12,
      "text": "သင်​အရှက်ကွဲ​သည်​ကို လူမျိုးတကာ​တို့ ကြားသိ​လေ​ပြီ​။ သင့်​အော်ဟစ်ငိုကြွေးသံ​သည်​လည်း မြေ​တစ်ပြင်လုံး​ကို ဖုံးလွှမ်း​လေ​ပြီ​။ စစ်သူရဲ​အချင်းချင်း​တိုက်မိ​၍ သူ​တို့​နှစ်​ယောက်​စလုံး အတူတကွ​လဲကျ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 13,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် အီဂျစ်​ပြည်​ကို လာရောက်​တိုက်ခိုက်​မည့်​အကြောင်း​ကို ထာဝရဘုရား​က ပရောဖက်​ယေရမိ​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 14,
      "text": "“​ဓား​သည် သင့်​ပတ်လည်​ရှိ​ပြည်​တို့​ကို ဝါးမျို​လေ​ပြီ​။ သင်​လည်း အသင့်ပြင်​၊ နေရာယူ​လော့​”​ဟု အီဂျစ်​ပြည်​၌​ကြွေးကြော်​လော့​။ မိဂဒေါလ​မြို့​၌ ကြေညာ​လော့​။ မင်ဖစ်​မြို့​၊ တာပနက်​မြို့​၌ ကြေညာ​လော့​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 15,
      "text": "သင်​၏​စစ်သူရဲ​တို့​သည် အဘယ်ကြောင့် ဝမ်းလျားမှောက်​လဲကျ​ကုန်​ကြ​သနည်း​။ ထာဝရဘုရား​သည် သူ​တို့​ကို​လှဲချ​လိုက်​သောကြောင့် သူ​တို့​မ​ရပ်တည်​နိုင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 16,
      "text": "သူ​တို့​ကို အတုံးအရုံး​လဲကျ​စေ​သဖြင့် သူ​တို့ တစ်ဦး​အပေါ်​တစ်ဦး​လဲကျ​ကြ​ပြီ​။ သူ​တို့​က “​နိုင်ထက်စီးနင်း​ပြု​သူ​၏​ဓားဘေး​ကြောင့် ငါ​တို့​လူမျိုး​ရှိ​ရာ ငါ​တို့​မွေးရပ်​မြေ​သို့ ထ​ပြန်​ကြ​စို့​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 17,
      "text": "“​အပြောကြီး​သော အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ အခွင့်ကောင်း​ကို သင်​လက်လွတ်​ရ​ပြီ​”​ဟူ၍​လည်း အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 18,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​အကယ်စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ တောင်​များ​တွင် တာဗော်​တောင်​ကဲ့သို့​၊ ပင်လယ်​ကမ်းနား​တွင် ကရမေလ​တောင်​ကဲ့သို့ ထင်ပေါ်​သော​သူ​တစ်​ဦး ရောက်လာ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 19,
      "text": "အီဂျစ်​ပြည်​၌​နေထိုင်​သော​သမီးပျို​၊ အထုပ်အပိုး​ပြင်ဆင်​ထား​လော့​။ သင်​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​တော့​မည်​။ မင်ဖစ်​မြို့​သည် ဖျက်ဆီး​ခံရ​၍ နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 20,
      "text": "အီဂျစ်​ပြည်​သည် အဆင်းလှ​သော​နွားမတမ်း​နှင့်​တူ​၏​။ မြောက်အရပ်​မှ မှက်ကောင်​ရောက်လာ​နေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 21,
      "text": "အီဂျစ်​ပြည်​၏​ကြေးစားစစ်သည်​တို့​သည် ဆူဖြိုး​သော​နွားထီးပျို​ကဲ့သို့ ဖြစ်​သော်လည်း ဘေးဒုက္ခ​ရောက်​သော​အချိန်​၊ အပြစ်ဒဏ်​ပေး​ခံရ​သော​အချိန်​၌ ခံနိုင်ရည်​မ​ရှိ​။ အတူတကွ​နောက်လှည့်​ပြေး​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 22,
      "text": "သစ်ခုတ်သမား​သည် သစ်ခုတ်​ထွက်လာ​သကဲ့သို့ ရန်သူ​တို့​သည် ပုဆိန်​ကို​ကိုင်​လျက်​အလုံးအရင်း​နှင့် ချီတက်​လာ​ပြီ​ဖြစ်၍ အီဂျစ်​ပြည်​ထဲမှ​အသံ​သည်​လည်း လျှောကနဲ​ပြေးထွက်​သွား​သော​မြွေ​သံ​ကဲ့သို့ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 23,
      "text": "ထာဝရဘုရား​က “​သူ​တို့​သည် မ​ရေ​မ​တွက်​နိုင်​အောင် ကျိုင်းကောင်​ကဲ့သို့​များပြား​သဖြင့် ပိန်းပိတ်​နေ​သော​အီဂျစ်​တောအုပ်ကြီး​ကို ခုတ်လှဲ​ပစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 24,
      "text": "အီဂျစ်​သမီးပျို အရှက်ကွဲ​လေ​ပြီ​။ မြောက်​ပြည်သား​တို့​လက်​သို့ ရောက်​ရ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 25,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ နော​မြို့​ရှိ​အာမုန်​ဘုရား​၊ ဖာရော​မင်းကြီး​၊ အီဂျစ်​ပြည်​နှင့် အီဂျစ်​ပြည်​၏​ဘုရား​များ​၊ ဘုရင်​များ​၊ ဖာရော​ကို ကိုးစား​သော​သူ​များ စသည်​တို့​ကို ငါ​ဒဏ်ခတ်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 26,
      "text": "ထာဝရဘုရား​က “သူ​တို့​၏​အသက်​ကို​ရန်ရှာ​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ့​အစေအပါး​များ​လက်​သို့ သူ​တို့​ကို ငါ​အပ်​မည်​။ နောက်မှ အီဂျစ်​ပြည်​တွင် ယခင်က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 27,
      "text": "ထာဝရဘုရား​က “​အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ အို အစ္စရေး​လူမျိုး​၊ စိတ်​မ​ပျက်​နှင့်​။ ကြည့်ရှု​လော့​။ ဝေး​သော​ပြည်​မှ သင့်​ကို ငါ​ကယ်တင်​မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်​မှ သင့်​သားစဉ်မြေးဆက်​ကို ငါ​ကယ်တင်​မည်​။ ယာကုပ်​သည် ပြန်လာ​၍ ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ ငြိမ်းချမ်း​သာယာ​စွာ နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 28,
      "text": "အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 1,
      "text": "ဂါဇ​မြို့​ကို ဖာရော​မင်းကြီး မ​တိုက်ခိုက်​မီ ဖိလိတ္တိ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 2,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ရေ​သည် မြောက်အရပ်​မှ​တက်လာ​၍ မြစ်ရေ​လျှံ​သကဲ့သို့ လျှံတက်​လိမ့်မည်​။ ထို​ရေ​သည် ပြည်​နှင့်​ထို​ပြည်​၌​ရှိသမျှ​၊ မြို့​နှင့်​မြို့သား​ရှိသမျှ​တို့​ကို လွှမ်းမိုး​လိမ့်မည်​။ လူ​တို့ အော်ဟစ်​ကြ​လိမ့်မည်​။ ပြည်သူပြည်သား​တို့ ညည်းတွားငိုကြွေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 3,
      "text": "မြင်းခွာသံ​တခွပ်ခွပ်​၊ စစ်ရထား​သံ​တဂျုန်းဂျုန်း​၊ ဘီးလိမ့်​သံ​တဒုန်းဒုန်း​ကြောင့် ဖခင်​တို့​သည် လက်မှိုင်ချ​၍ သူ​တို့​၏​ကလေး​များ​ကို​ပင် လှည့်​မ​ကြည့်​နိုင်​ကြ​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 4,
      "text": "ဖိလိတ္တိ​လူမျိုး​အားလုံး​ကို ဖျက်ဆီး​မည့်​နေ့​၊ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​ကို စစ်ကူပေး​သော​ကြွင်းကျန်သူ​ရှိသမျှ​တို့​ကို ပယ်ဖျက်​မည့်​နေ့ ရောက်လာ​ပြီ​။ ထာဝရဘုရား​သည် ကတ္တောရ​ကျွန်း​ရှိ ကြွင်းကျန်​သော​ဖိလိတ္တိ​လူမျိုး​တို့​ကို ဖျက်ဆီး​မည်​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 5,
      "text": "ဂါဇ​မြို့​သည် ခေါင်းတုံး​ဖြစ်​လေ​ပြီ​။ အာရှကေလုန်​မြို့​သည် ဆိတ်ညံ​လေ​ပြီ​။ အို ချိုင့်ဝှမ်း​၌ ကြွင်းကျန်​သော​သူ​တို့​၊ မည်သည့်​အချိန်​အထိ ကိုယ့်​အသား​ကို ကိုယ်​မွှမ်း​ကြ​မည်နည်း​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 6,
      "text": "အို ထာဝရဘုရား​၏​ဓား​တော်​၊ မည်မျှ​ကြာ​အောင်​အငြိမ်​မ​နေ​ဘဲ တိုက်ခိုက်​နေ​ဦး​မည်နည်း​။ ဓားအိမ်​သို့​ပြန်ဝင်​ပါ​တော့​။ ရပ်​ပါ​တော့​။ ငြိမ်ငြိမ်​နေ​ပါ​တော့​။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ဓား​ကို​အမိန့်ပေး​ထား​သည်​ဖြစ်၍ ဓား​က မည်သို့​ငြိမ်ငြိမ်​နေ​နိုင်​မည်နည်း​။ အာရှကေလုန်​မြို့​နှင့် ပင်လယ်​ကမ်းခြေဒေသ​တို့​ကို တိုက်ခိုက်​ရန် ဓား​ကို​အမိန့်ပေး​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 1,
      "text": "မောဘ​ပြည်​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​နေဗော​မြို့​သည် အမင်္ဂလာ​ရှိ​၏​၊ ဖျက်ဆီး​ခံရ​ပြီ​။ ကိရယသိမ်​မြို့​သည် အရှက်ကွဲ​ပြီ​၊ သိမ်းပိုက်​ခံရ​ပြီ​။ ခံတပ်​မြို့​သည် အရှက်ကွဲ​ပြီ​၊ ပြိုကွဲ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 2,
      "text": "မောဘ​ပြည်​သည် ဂုဏ်သရေ​မ​ရှိ​တော့​ပြီ​။ ရန်သူ​တို့​က ‘​လာ​ကြ​။ မောဘ​ပြည်​ကို တိုင်းနိုင်ငံ​အဖြစ်​မှ ငါ​တို့​ဖယ်ရှား​ကြ​စို့​’​ဟု ဟေရှဘုန်​မြို့​တွင်ပင် မောဘ​ပြည်​ကို ကြံစည်​ကြ​ပြီ​။ အို မာဒမေန​မြို့​၊ သင်​သည်​လည်း ဆိတ်ညံ​ရ​လိမ့်မည်​။ ဓား​သည် သင့်​ကို​လိုက်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 3,
      "text": "‘​ဖျက်ဆီး​ခံရ​ပြီ​။ အကြီးအကျယ်​ပျက်စီး​လေ​ပြီ​’​ဟု ဟောရနိမ်​မြို့​မှ အော်ဟစ်ငိုကြွေးသံ​ကြား​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 4,
      "text": "မောဘ​ပြည်​သည် ဖျက်ဆီး​ခံရ​ပြီ​။ ကလေးငယ်​တို့​အော်ဟစ်​သော​အသံ​ကို ကြား​ရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 5,
      "text": "လုဟိတ်​မြို့​သို့​တက်သွား​သောအခါ ငိုကြွေး​လျက် တက်သွား​ကြ​၏​။ ပျက်စီး​ခြင်း​ကြောင့် ဟောရနိမ်​မြို့​သို့​ဆင်း​သော​လမ်း​၌ အော်ဟစ်ငိုကြွေးသံ​ကို ရန်သူ​တို့​ကြား​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 6,
      "text": "သင်​တို့​အသက်ဘေး​လွတ်​အောင် ထွက်ပြေး​ကြ​လော့​။ သင်​တို့​သည် သဲကန္တာရ​ရှိ ချုံပုတ်​ကဲ့သို့ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 7,
      "text": "သင်​လုပ်​သော​အရာ​၊ သင်​၏​ဥစ္စာဘဏ္ဍာ​ကို ယုံကြည်ကိုးစား​သောကြောင့် သင်​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။ ခေမုရှ​ဘုရား​သည်​လည်း သူ​နှင့်ဆိုင်သော​ယဇ်ပုရောဟိတ်​များ​၊ အကြီးအကဲ​များ​နှင့်အတူ ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​သွား​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 8,
      "text": "ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖျက်ဆီး​သော​သူ​သည် မြို့ရွာ​တိုင်း​သို့​ရောက်လာ​မည်​။ မြို့​တစ်​မြို့ ရွာ​တစ်​ရွာ​မျှ​လွတ်​မည်​မ​ဟုတ်​။ ချိုင့်ဝှမ်း​လည်း ပျက်စီး​မည်​။ လွင်ပြင်​လည်း ပျက်စီး​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 9,
      "text": "အဝေး​သို့​ပျံသန်း​သွား​ရ​မည့် မောဘ​ပြည်​ကို အတောင်ပံ​ပေး​လော့​။ မောဘ​မြို့​တို့​သည် နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 10,
      "text": "ထာဝရဘုရား​၏​အမှု​တော်​ကို လုံ့လစိုက်​၍ မ​လုပ်ဆောင်​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​။ လူ​ကို​မ​သတ်​ဘဲ မိမိ​၏​ဓား​ကို ပြန်ရုပ်သိမ်း​သော​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 11,
      "text": "မောဘ​ပြည်သား​သည် ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​။ ငယ်စဉ်​ကပင် အေးချမ်း​စွာ​နေ​ရ​၏​။ အနည်ထိုင်​ကျန်ခဲ့​သော​စပျစ်ဝိုင်​ကဲ့သို့ အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ အပြောင်း​မ​ခံရ​။ ထို့ကြောင့် အရသာမပျက်​၊ ရနံ့​လည်း​မ​ပြယ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 12,
      "text": "သို့သော် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ မောဘ​ပြည်​အား သွန်ပစ်​မည့်​သူ​များ​ကို ငါ​စေလွှတ်​သော​နေ့ရက် ရောက်လာ​မည်​။ သူ​တို့​သည် မောဘ​ပြည်​ကို သွန်ပစ်​ကြ​မည်​။ အိုး​တို့​ကို မှောက်ပစ်​ကြ​မည်​။ ဘူး​များ​ကို​လည်း ရိုက်ခွဲ​ကြ​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 13,
      "text": "အစ္စရေး​အမျိုးအနွယ်​သည် သူ​တို့​ကိုးစား​သော ဗေသလ​ဘုရား​ကြောင့် အရှက်ကွဲ​ခဲ့​ကြ​ရ​သကဲ့သို့ မောဘ​ပြည်သား​တို့​သည်​လည်း ခေမုရှ​ဘုရား​ကြောင့် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 14,
      "text": "‘​ငါ​တို့​သည် စစ်တိုက်​ရာ​တွင် သူရဲကောင်း​များ​၊ ရဲစွမ်းသတ္တိ​ရှိ​သူ​များ ဖြစ်​၏​’​ဟူ၍ သင်​တို့ မည်သို့​ပြောဝံ့​ကြ​သနည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 15,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​မောဘ​ပြည် ပျက်စီး​ပြီ​။ မောဘ​မြို့​များ​သို့ ရန်သူ​ချီလာ​ပြီ​။ ရဲစွမ်းသတ္တိ​ရှိ​သော​လူငယ်​တို့​သည် အသတ်ခံ​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 16,
      "text": "“​မောဘ​ပြည်​ခံရ​မည့်​ဘေးဒုက္ခ နီးကပ်​လာ​ပြီ​။ သူ​ခံရ​မည့်​ဘေးအန္တရာယ် အမြန်ဆုံး​ရောက်လာ​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 17,
      "text": "သူ့​ဝန်းကျင်​၌​ရှိ​သော​သူ​၊ သူ့​ဂုဏ်သတင်း​ကို​သိ​သော​သူ​အပေါင်း​တို့​၊ ဝမ်းနည်း​ကြ​လော့​။ ‘​တန်ခိုးကြီး​သော​လှံတံ​၊ အသရေ​ရှိ​သော​တောင်ဝှေး​သည် ကျိုးသွား​ကြ​ပြီ​တကား​’​ဟု ပြောဆို​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 18,
      "text": "အို ဒိဘုန်​မြို့​၌​နေထိုင်​သော​သမီးပျို​၊ ဘုန်းအသရေ​ရှိ​သော​ပလ္လင်​မှ​ဆင်း​၍ ခြောက်ကပ်​သော​မြေပြင်​ပေါ်၌ ထိုင်​လော့​။ အကြောင်းမူကား မောဘ​ပြည်​ကို​ဖျက်ဆီး​သော​သူ​သည် စစ်ချီ​လာ​ပြီ​။ သင်​၏​ခံတပ်​တို့​ကို ဖျက်ဆီး​တော့​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 19,
      "text": "အို အာရော်​မြို့သား​တို့​၊ လမ်း​၌​ရပ်​လျက် စောင့်ကြည့်​ကြ​လော့​။ ထွက်ပြေး​လာ​သော​ယောက်ျား​၊ လွတ်မြောက်​လာ​သော​မိန်းမ​တို့​ကို ‘​ဘာ​ဖြစ်​သနည်း​’​ဟု မေးမြန်း​လော့​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 20,
      "text": "မောဘ​ပြည် ပြိုလဲ​ပြီ​ဖြစ်၍ အရှက်ကွဲ​ပြီ​။ ငိုကြွေး​မြည်တမ်း​ကြ​လော့​။ မောဘ​ပြည် ဖျက်ဆီး​ခံရ​ကြောင်း​ကို အာနုန်​ချောင်း​တစ်လျှောက် ကြေညာ​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 21,
      "text": "တရားစီရင်​ခြင်း​သည် မြေပြန့်​ဒေသ​ဖြစ်​သော ဟောလုန်​မြို့​၊ ယာဇ​မြို့​၊ မေဖတ်​မြို့​၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 22,
      "text": "ဒိဘုန်​မြို့​၊ နေဗော​မြို့​၊ ဗက်ဒိဗလသမ်​မြို့​၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 23,
      "text": "ကိရယသိမ်​မြို့​၊ ဗက်ဂမုလ​မြို့​၊ ဗက်မောင်​မြို့​၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 24,
      "text": "ကေရုတ်​မြို့​၊ ဗောဇရ​မြို့​မှစ၍ မောဘ​ပြည်​နှင့် နီးနီး​ဝေးဝေး​ရှိသမျှ​မြို့​များ​တိုင်အောင် ရောက်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 25,
      "text": "မောဘ​ပြည်​ဦးချို​သည် ချိုးဖြတ်​ခံရ​ပြီ​။ သူ​၏​လက်ရုံး​သည် ကျိုး​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 26,
      "text": "မောဘ​ပြည်​သည် ထာဝရဘုရား​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​သောကြောင့် သူ့​ကို ယစ်မူး​စေ​ကြ​လော့​။ သူ​သည် မိမိ​အန်ဖတ်​၌ လူးလိမ့်​၍ ပြက်ရယ်ပြုစရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 27,
      "text": "သင့်​အတွက် အစ္စရေး​လူမျိုး​သည် ပြက်ရယ်ပြုစရာ ဖြစ်​သည်​မ​ဟုတ်​လော​။ သူ့​အကြောင်း​ကို ခေါင်းတခါခါ​နှင့်​ပြော​လေ့​ရှိ​သည်​မှာ သူ​သည် သူခိုး​တို့​နှင့်အတူ အဖမ်း​ခံရ​ဖူး​သလော​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 28,
      "text": "အို မောဘ​ပြည်သား​တို့​၊ ချောက်ကမ်းပါး​၌ အသိုက်​ကို​လုပ်​တတ်​သော ချိုးငှက်​ကဲ့သို့ မြို့​တို့​ကို​စွန့်​၍ ကျောက်ဆောင်​၌​နေထိုင်​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 29,
      "text": "မောဘ​၏​မာန​ကို ငါ​တို့​ကြားသိ​ရ​ပြီ​။ သူ​သည် အလွန်​မောက်မာ​၏​၊ ဘဝင်မြင့်​၍ မာနကြီး​၏​၊ ဝါကြွား​၍ ထောင်လွှား​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 30,
      "text": "ထာဝရဘုရား​က “​သူ​၏​ဒေါသ​ကို ငါ​သိ​၏​။ ဘာမျှ​မ​ဟုတ်​။ သူ​ဝါကြွား​သည်​မှာ အချည်းနှီး​သာ​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 31,
      "text": "သို့ဖြစ်၍ မောဘ​ပြည်​ကြောင့် ငါ​ညည်းတွားငိုကြွေး​မည်​။ မောဘ​ပြည်​တစ်ပြည်လုံး​ကြောင့် ငါ​အော်ဟစ်​မည်​။ ကိရဟရက်​မြို့သား​တို့​ကြောင့် ငါ​ညည်းတွား​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 32,
      "text": "အို စိဗမာ​မြို့​ရှိ​စပျစ်နွယ်ပင်​၊ ယာဇာ​မြို့​ကြောင့် ငိုကြွေး​သည်​ထက် သင့်​ကြောင့် ငါ​ငိုကြွေး​မည်​။ သင်​၏​အကိုင်း​တို့​သည် ဖြာထွက်​၍ ယာဇာ​ပင်လယ်​တိုင်အောင် ရောက်ရှိ​ကြ​၏​။ သို့သော် သင်​၏​နွေရာသီသီးနှံ​နှင့် စပျစ်သီး​တို့​သည် အဖျက်ဆီး​ခံရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 33,
      "text": "သီးနှံ​ဖြစ်ထွန်း​သော​မြေ​နှင့် မောဘ​ပြည်​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ဝိုင်​ပြတ်​လေ​ပြီ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် စပျစ်သီး​ကို​နင်းနယ်​ကြ​တော့​မည်​မ​ဟုတ်​။ ကြွေးကြော်​သော​အသံ​သည်​လည်း ဝမ်းမြောက်​သော​ကြွေးကြော်​သံ​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 34,
      "text": "နိမရိမ်​ချောင်းရေ​ပင်လျှင် ခန်းခြောက်​သွား​သောကြောင့် ဟေရှဘုန်​မြို့သား​တို့​၏​အော်ဟစ်သံ​သည် ဧလာလေ​မြို့​နှင့် ယာဟတ်​မြို့​တိုင်အောင် ရောက်​လေ​ပြီ​။ ဇောရ​မြို့​မှ ဟောရနိမ်​မြို့​နှင့်​ဧဂလတ်ရှလိရှ​မြို့​တိုင်အောင် သူ​တို့​၏​အသံ​ကို​လွှင့်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 35,
      "text": "တစ်ဖန် ထာဝရဘုရား​က “​မောဘ​ပြည်​၌ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တွင် ယဇ်ပူဇော်​သော​သူ​၊ မိမိ​တို့​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​သော​သူ​ကို ငါ​ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 36,
      "text": "သူ​တို့​ပိုင်ဆိုင်​သော​စည်းစိမ်ဥစ္စာ ပျက်ပြုန်း​လေ​ပြီ​ဖြစ်၍ ငါ့​စိတ်နှလုံး​သည် မောဘ​ပြည်​ကြောင့် ပလွေသံ​ကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​။ ငါ့​စိတ်နှလုံး​သည် ကိရဟရက်​မြို့သား​ကြောင့် ပလွေ​သံ​ကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 37,
      "text": "“​သူ​တို့​အားလုံး ခေါင်းတုံးတုံး​၍ မုတ်ဆိတ်​ရိတ်​ကြ​၏​၊ လက်​ကို​မွှမ်း​၍ ခါး​၌​လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 38,
      "text": "မောဘ​ပြည်​ရှိ ခေါင်မိုးပြင်​များ​၊ လမ်းမ​များ​မှစ၍ နေရာ​အနှံ့ မြည်တမ်း​ကြ​လိမ့်မည်​။ အကြောင်းမူကား မည်သူမျှ​အလို​မ​ရှိ​သော​အိုး​ကဲ့သို့ မောဘ​ပြည်​ကို ငါ​ခွဲပစ်​လိုက်​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 39,
      "text": "မောဘ​ပြည် ပြိုလဲ​ပြီ​တကား​။ ပြည်သား​တို့ ညည်းတွားငိုကြွေး​ကြ​ပြီ​တကား​။ မောဘ​ပြည် အရှက်ကွဲ​၍ လှည့်ထွက်​သွား​ပြီ​။ သူ့​ဝန်းကျင်​ရှိ​လူ​အားလုံး​အတွက် ပြက်ရယ်ပြုစရာ​၊ ထိတ်လန့်စရာ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 40,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ရန်သူ​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ကို​ဖြန့်​၍ မောဘ​ပြည်​ရှိ​ရာ​သို့ ထိုးဆင်း​လာ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 41,
      "text": "ကေရုတ်​မြို့​ကို ဝိုင်း​ထား​ကြ​၍ ရဲတိုက်​များ​ကို သိမ်းပိုက်​လိမ့်မည်​။ ထို​နေ့ရက်​၌ မောဘ​စစ်သူရဲ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​ခံစား​ရ​သော​မိန်းမ​ကဲ့သို့ ကြောက်လန့်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 42,
      "text": "ထာဝရဘုရား​က “​မောဘ​ပြည်​သည် ထာဝရဘုရား​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​သောကြောင့် လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 43,
      "text": "အို မောဘ​ပြည်သား​တို့​၊ ကြောက်မက်ဖွယ်ဘေး​၊ မြေတွင်း​၊ ကျော့ကွင်း​တို့​သည် သင့်​အတွက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 44,
      "text": "ထာဝရဘုရား​က “​မောဘ​ပြည်​ကို စစ်ကြောစီရင်​ရာ​နှစ် ရောက်လာ​ပြီ​ဖြစ်၍ ကြောက်မက်ဖွယ်ဘေး​ကြောင့် ထွက်ပြေး​သော​သူ​သည် မြေတွင်း​ထဲသို့ ကျ​လိမ့်မည်​။ မြေတွင်း​မှ လွတ်မြောက်​သော​သူ​သည် ကျော့ကွင်း​မိ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 45,
      "text": "“​ထွက်ပြေး​သော​သူ​တို့​သည် အရုပ်ကြိုးပြတ်​ရပ်​နေ​ရ​၏​။ အကြောင်းမှာ ဟေရှဘုန်​မြို့​ကို​ခိုလှုံ​ရန်​လာ​ကြ​သော်လည်း ဟေရှဘုန်​မြို့​မှ​ထွက်​သော​မီး​၊ ရှိဟုန်​မင်းကြီး​ထံ​မှ​မီးလျှံ​သည် မောဘ​၏​နဖူး​၊ အော်ဟစ်ဆူညံနေသူ​တို့​၏​ခေါင်း​ကို လောင်ကျွမ်း​နှင့်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 46,
      "text": "အို မောဘ​ပြည်​၊ သင်​သည် အမင်္ဂလာ​ရှိ​၏​။ အို ခေမုရှ​ဘုရား​၏​လူ​တို့​၊ သင်​တို့ ပျက်စီး​ကြ​ပြီ​။ သင့်​သား​တို့​သည် သုံ့ပန်း​အဖြစ်​ပါသွား​ပြီ​။ သင့်​သမီး​တို့​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 47,
      "text": "သို့သော် နောင်ကာလ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​မောဘ​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဤသည်ကား မောဘ​ပြည်​အတွက် တရားစီရင်​ခြင်း​ပေတည်း​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 1,
      "text": "အမ္မုန်​အမျိုးသား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​၌ သား​မ​ရှိ​သလော​၊ အမွေခံ​မ​ရှိ​သလော​။ အဘယ်ကြောင့် မိလကုံ​ဘုရား​သည် ဂဒ်​ပြည်​ကို သိမ်းပိုက်​သနည်း​။ အဘယ်ကြောင့် သူ့​လူမျိုး​တို့​သည် ဂဒ်​ပြည်​ရှိ​မြို့​များ​တွင် နေထိုင်​ကြ​သနည်း​”​ဟု မိန့်ဆို​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 2,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အမ္မုန်​အမျိုးသား​တို့​နေ​ရာ ရဗ္ဗာ​မြို့​၌ စစ်ပွဲ​သံ​ကြား​ရ​သော​အချိန် ရောက်​စေ​မည်​။ ထို​မြို့​သည် အပျက်အစီး​ပုံ​ကြီး​ဖြစ်​၍ မြို့ငယ်​တို့​သည်​လည်း မီး​လောင်​သွား​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း မိမိ​အား သိမ်းပိုက်​ခဲ့​သူ​ကို ပြန်​၍​သိမ်းပိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 3,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဟေရှဘုန်​မြို့​၊ ညည်းတွားငိုကြွေး​လော့​။ အာဣ​မြို့ ပျက်စီး​လေ​ပြီ​။ အို ရဗ္ဗာ​သမီးပျို​၊ အော်ဟစ်​လော့​။ လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ တံတိုင်း​အတွင်း ပြေးလွှား​လျက် ငိုကြွေးမြည်တမ်း​ကြ​လော့​။ အကြောင်းမူကား မိလကုံ​ဘုရား​သည် သူ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​များ​၊ အကြီးအကဲ​များ​နှင့်အတူ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 4,
      "text": "အို ဖောက်ပြန်​သော​သမီးပျို​၊ သင်​သည် ဥစ္စာဘဏ္ဍာ​ကို ကိုးစား​၍ ‘​ငါ့​ကို မည်သူ​ဆန့်ကျင်​ဝံ့​သနည်း​’​ဟု ဆို​လျက် အဘယ်ကြောင့် ချိုင့်ဝှမ်း​တို့​၌ ဝါကြွား​သနည်း​။ ထို​ချိုင့်ဝှမ်း​တို့ ယိုယွင်းပျက်စီး​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 5,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သင့်​ဝန်းကျင်​မှ ကြောက်မက်ဖွယ်​အန္တရာယ်​ကို သင့်​ထံ​ရောက်​စေ​မည်​။ သင်​တို့​အားလုံး နှင်ထုတ်​ခြင်း​ခံရ​မည်​။ ထွက်ပြေးကွဲလွင့်​သွား​သော​သူ​တို့​ကို ပြန်လည်​စုစည်း​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 6,
      "text": "ထာဝရဘုရား​က “​ထို့နောက်မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​အမ္မုန်​အမျိုးသား​တို့​ကို ပြန်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 7,
      "text": "ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​တေမန်​မြို့​၌ ပညာရှိ မ​ရှိ​တော့​သလော​။ အသိဉာဏ်​ရှိ​သော​သူ​တို့​သည် အကြံ​မ​ပေး​နိုင်​တော့​သလော​။ သူ​တို့ ဉာဏ်ပညာမဲ့​ကြ​ပြီ​လော​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 8,
      "text": "အို ဒေဒန်​မြို့သူမြို့သား​တို့​၊ နောက်ဆုတ်​ထွက်ပြေး​ကြ​။ ပုန်းအောင်း​နေ​ကြ​။ အကြောင်းမူကား သူ့​ကို​ဒဏ်ခတ်​သော​အချိန်​၌ ဧသော​ခံရ​သော​ဘေးဒုက္ခ​မျိုး​ကို သူ့​အပေါ်​သက်ရောက်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 9,
      "text": "စပျစ်သီး​ခူး​သူ​တို့​သည် စပျစ်သီး​လာခူး​သောအခါ ကောက်သင်းကောက်သူ​အတွက် ချန်ထား​တတ်​၏​။ သူခိုး​သည်​လည်း ညအချိန် လာ​ခိုး​သောအခါ လိုချင်​သော​အရာ​ကို​သာ ခိုးယူ​သွား​တတ်​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 10,
      "text": "သို့သော် ငါ​သည် ဧသော​ကို ပြောင်တလင်းခါ​စေ​မည်​။ သူ​သည် ပုန်းရှောင်​၍​မ​ရ​အောင် သူ​၏​ပုန်းခို​ရာ​ကို ငါ​ဖော်ပြ​မည်​။ သူ​၏​သားမြေး​၊ ညီအစ်ကို​၊ အိမ်နီးချင်း​တို့​ပျက်စီး​လိမ့်မည်​။ သူ​လည်း ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 11,
      "text": "သင်​၌​ရှိ​သော မိဘမဲ့​ကလေး​တို့​ကို ထားခဲ့​လော့​။ ငါ​ကြည့်ရှု​မည်​။ သင်​၌​ရှိ​သော​မုဆိုးမ​တို့​သည်​လည်း ငါ့​ကို​ယုံကြည်ကိုးစား​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 12,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ခွက်ဖလား​ကို​သောက်စရာ​မ​လို​သော​သူ​တို့​ပင် သောက်​ရ​သည်​ဆို​လျှင် သင်​သည်​လည်း အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်​မည်လော​။ သင်​သည် အပြစ်ဒဏ်​နှင့်​မ​လွတ်​။ မလွဲမသွေ​သောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 13,
      "text": "ထာဝရဘုရား​က “​ဗောဇရ​ပြည်​သည် ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ​၊ လူသူကင်းမဲ့​ရာ​၊ ကျိန်ဆဲစရာ ဖြစ်​ရ​လိမ့်မည်​။ ထို​ပြည်​ထဲရှိ​မြို့​များ​သည် ပြိုပျက်​ရာ​အစဉ်​ဖြစ်​ရ​မည်​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 14,
      "text": "ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံ သံတမန်​ကို​စေလွှတ်​၍ “​သင်​တို့​စုဝေး​ကြ​၊ ချီတက်​ကြ​၊ ဧဒုံ​ပြည်​ကို စစ်တိုက်​ကြ​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​ကြား​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 15,
      "text": "ထာဝရဘုရား​က “​ငါ​သည် သင့်​ကို လူမျိုးခြား​တို့​တွင် သေးသိမ်​သော​သူ​၊ လူ​တို့​တွင် အထင်သေး​ခံရ​သော​သူ ဖြစ်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 16,
      "text": "အို ကျောက်ဆောင်​ကြား​များ​၌​နေထိုင်​သူ​၊ ကုန်း​မြင့်​၌​နေရာယူသူ​၊ သင့်​ကို ကြောက်ရွံ့​ကြ​သောကြောင့် သင့်​မာန​သည် သင့်​ကို​လှည့်စား​လေ​ပြီ​။ သင်​သည် လင်းယုန်​ကဲ့သို့ အမြင့်​၌ အသိုက်​ကို​ဆောက်​သော်လည်း ထို​နေရာ​မှ သင့်​ကို ငါ​ဆွဲချ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 17,
      "text": "ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။ ဤ​ပြည်​ခံရ​သော​ဘေးဒဏ်​များ​ကြောင့် ဤ​ပြည်​နား ဖြတ်သန်းသွား​သော​သူ​တိုင်း အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 18,
      "text": "သောဒုံ​မြို့​၊ ဂေါမောရ​မြို့​မှစ၍ အိမ်နီးချင်း​မြို့​တို့​ဖျက်ဆီး​ခံရ​သကဲ့သို့ ပျက်စီး​မည်​။ မည်သူ​မျှ ထို​ပြည်​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 19,
      "text": "ကြည့်ရှု​လော့​။ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့ ခြင်္သေ့​တက်လာ​သောအခါ သားကောင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 20,
      "text": "ထို့ကြောင့် ဧဒုံ​ပြည်​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ တေမန်​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် ကိုယ့်​ကြောင့် ကိုယ့်​စားကျက်မြေ ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 21,
      "text": "သူ​တို့​လဲကျ​သော​အသံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို ပင်လယ်နီ​တိုင်အောင် ကြား​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 22,
      "text": "ကြည့်ရှု​လော့​။ ရန်သူ​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ကို​ဖြန့်​၍ ပျံတက်​ပြီးမှ ဗောဇရ​မြို့​သို့ ထိုးဆင်း​လာ​လေ​ပြီ​။ ထို​နေ့ရက်​၌ ဧဒုံ​စစ်သူရဲ​တို့​၏​စိတ်နှလုံး​သည် သားဖွား​ခြင်း​ဝေဒနာ​ခံစား​ရ​သော​မိန်းမ​ကဲ့သို့ ကြောက်လန့်​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 23,
      "text": "ဒမတ်စကပ်​မြို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဟာမတ်​မြို့​၊ အာပဒ်​မြို့​သည် မကောင်းသတင်း​ကို​ကြား​ရ​သောကြောင့် အရှက်ကွဲ​လေ​ပြီ​၊ စိတ်အားလျော့​လေ​ပြီ​၊ ပင်လယ်​လှိုင်း​ကဲ့သို့ မ​ငြိမ်​မ​သက်​ဖြစ်​ပြီး စိုးရိမ်ပူပန်​နေ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 24,
      "text": "ဒမတ်စကပ်​မြို့​သည် အားလျော့​လေ​ပြီ​၊ လှည့်​၍​ထွက်ပြေး​လေ​ပြီ​။ ကြောက်ရွံ့​ခြင်း​သည် သူ့​ကို​ဖမ်းစား​လေ​ပြီ​။ သားဖွားဝေဒနာ​ကဲ့သို့ ဆင်းရဲဒုက္ခ​နှင့် နာကျင်​ခြင်း​တို့​ကို ခံစား​ရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 25,
      "text": "ငါ​နှစ်သက်​သော​မြို့​၊ နာမည်ကြီး​သော​မြို့​သည် စွန့်ပယ်​ခြင်း​ခံရ​ပါ​ပြီ​တကား​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 26,
      "text": "ထို့ကြောင့် လူပျို​တို့​သည် မြို့​လမ်းမ​များ​၌ လဲကျ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ စစ်သူရဲ​အပေါင်း​တို့​သည် ကျဆုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 27,
      "text": "ငါ​သည် ဒမတ်စကပ်​မြို့ရိုး​ကို​မီး​ရှို့​၍ ဗင်္ဟာဒဒ်​၏​ခံတပ်​တို့​သည်​လည်း လောင်ကျွမ်း​သွား​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 28,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချေမှုန်း​နိုင်​ခဲ့​သော​ကေဒါ​အမျိုး​နှင့်​ပတ်သက်၍​၊ ဟာဇော်​နိုင်ငံ​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​ထ​ကြ​။ ကေဒါ​အမျိုး​ကို တိုက်ခိုက်​ကြ​။ အရှေ့​ပြည်သား​များ​ကို ဖျက်ဆီး​ကြ​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 29,
      "text": "သူ​တို့​၏​တဲ​များ​၊ သိုးအုပ်​များ သိမ်းယူ​သွား​ခြင်း​ခံရ​မည်​။ သူ​တို့​၏​ရွက်ထည်​များ​မှစ၍ အသုံးအဆောင်​ရှိသမျှ​နှင့် ကုလားအုတ်​များ​သည်​လည်း ဆောင်ယူ​သွား​ခြင်း​ခံရ​မည်​။ သူ​တို့​အား ‘​ကြောက်လန့်စရာ​များ ပတ်လည်​ဝိုင်း​နေ​ပြီ​’​ဟူ၍ ဟစ်အော်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 30,
      "text": "ထာဝရဘုရား​က “​အို ဟာဇော်​မြို့သူမြို့သား​တို့​၊ ပြေး​ကြ​။ အဝေး​သို့ ပြေး​ကြ​။ ပုန်းအောင်း​နေ​ကြ​။ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သင်​တို့​ကို​ဦးတည်​၍ လျှို့ဝှက်​ကြံစည်​လေ​ပြီ​။ စစ်ပြင်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 31,
      "text": "ထာဝရဘုရား​က “​ထ​ကြ​။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချ​ပြီး စိုးရိမ်ကြောင့်ကြမှု​မ​ရှိ​သော​လူမျိုး​၊ မြို့​တံခါး​မ​ရှိ​၊ ကန့်လန့်ကျင်​မ​ရှိ​၊ တသီးတခြား​နေထိုင်​သော​လူမျိုး​ထံ စစ်ချီ​ကြ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 32,
      "text": "ထာဝရဘုရား​က “​သူ​တို့​၏​ကုလားအုတ်​များ​ကို လုယူ​၍ တိရစ္ဆာန်​အလုံးအရင်း​ကို သိမ်းယူ​သွား​မည်​။ နားသယ်မွေး​ရိတ်​သော​သူ​တို့​ကို လေနှင်​ရာ​အရပ်ရပ်​သို့ ငါ​ကွဲလွင့်​စေ​မည်​။ လေးဘက်လေးတန်​မှ​ဘေးဒုက္ခ​ကို သူ​တို့​ထံ ငါ​ရောက်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 33,
      "text": "ဟာဇော်​မြို့​သည် ခွေးအ​တို့​ခိုအောင်း​ရာ​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 34,
      "text": "ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းတက်​စ​၌ ဧလံ​ပြည်​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံ ရောက်လာ​၍"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 35,
      "text": "“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ဧလံ​ပြည်​၏​ခွန်အား​အရင်းအမြစ်​ဖြစ်​သော​သူ​တို့​၏​လေး​ကို ချိုးဖျက်​မည်​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 36,
      "text": "ကောင်းကင်​အရပ်​လေး​မျက်နှာ​မှ လေ​လေး​မျိုး​ကို ဧလံ​ပြည်​သို့​ဆောင်​ခဲ့​၍ ဧလံ​ပြည်သား​တို့​ကို ထို​လေ​တို့​နှင့်အတူ ကွဲလွင့်ပါသွား​စေ​မည်​။ နှင်ထုတ်​ခံရ​သော​ဧလံ​ပြည်သား​များ မ​ရောက်​သည့်​တိုင်းနိုင်ငံ​ဟူ၍ ရှိ​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 37,
      "text": "ထာဝရဘုရား​က ‘ငါ​သည် ဧလံ​ပြည်သား​တို့​ကို သူ​တို့​၏​ရန်သူ​၊ သူ​တို့​၏​အသက်​ကို​ရန်ရှာ​သူ​တို့​ရှေ့​၌ ပြိုလဲ​စေ​မည်​။ ငါ​သည် ပြင်းစွာ​အမျက်​ထွက်​၍ သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။ သူ​တို့​လုံးဝ​ပျက်စီး​သွား​သည့်​တိုင်အောင် ဓားဘေး​သင့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 38,
      "text": "ထာဝရဘုရား​က ‘ဧလံ​ဘုရင်​နှင့် မှူးမတ်​တို့​ကို သုတ်သင်ဖျက်ဆီး​ပြီး ထို​နေရာ​တွင် ငါ့​ပလ္လင်​ကို ငါ​တည်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 39,
      "text": "ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ဧလံ​ပြည်သား​တို့​ကို နောင်ကာလ​တွင် ငါ​ပြန်လာ​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 1,
      "text": "ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့ ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 2,
      "text": "ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 3,
      "text": "မြောက်အရပ်​မှ​လူမျိုး​တစ်​မျိုး​သည် ဘေဘီလုံ​မြို့​ကို ချီတက်​တိုက်ခိုက်​လိမ့်မည်​။ ထို​မြို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​ကြ​တော့​မည်​မ​ဟုတ်​။ လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် ထွက်ပြေး​သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 4,
      "text": "“ထို​နေ့ရက်​၊ ထို​အချိန်​၌ အစ္စရေး​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည် အတူ​ပြန်လာ​ကြ​မည်​။ ငိုကြွေး​လျက် ပြန်လာ​၍ သူ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ရှာဖွေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 5,
      "text": "‘​လာ​ကြ​။ မ​ပျက်ပြယ်​နိုင်​သော​ထာဝရ​ပဋိညာဉ်​ဖြင့် ထာဝရဘုရား​နှင့်​မိတ်သဟာယဖွဲ့​ကြ​စို့​’​ဟု ဆို​လျက် ဇိအုန်​မြို့​ဘက်​သို့​လှည့်​၍ ဇိအုန်​မြို့​သို့​သွား​သော​လမ်း​ကို မေးမြန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 6,
      "text": "ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 7,
      "text": "သူ​တို့​ကို​တွေ့​သူ​တိုင်း သူ​တို့​ကို​ဝါးမျို​ကြ​ပြီ​။ သူ​တို့​၏​ရန်သူ​တို့​က ‘​ငါ​တို့​၌​အပြစ်​မ​ရှိ​။ အကြောင်းမူကား သူ​တို့​၏​စစ်မှန်​သော​ခိုလှုံ​ရာ​ထာဝရဘုရား​၊ သူ​တို့​ဘိုးဘေး​တို့​၏​မျှော်လင့်ရာ​ထာဝရဘုရား​ကို သူ​တို့​ပြစ်မှား​ကြ​ပြီ​’​ဟု ဆို​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 8,
      "text": "ဘေဘီလုံ​မြို့​မှ ထွက်ပြေး​လော့​။ ခါလဒဲ​ပြည်​မှ ထွက်သွား​လော့​။ သိုးအုပ်​ရှေ့​မှ​သွား​သော​ဆိတ်ထီး​ကဲ့သို့ ပြု​လော့​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 9,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် မြောက်​အရပ်​မှ လူမျိုးခြား​အစုအဝေး​ကြီး​ကို နှိုးဆော်​၍ ဘေဘီလုံ​မြို့​သို့ စစ်ချီ​စေ​မည်​။ သူ​တို့​သည် ဘေဘီလုံ​မြို့​ကို စစ်ခင်းကျင်း​၍ သိမ်းပိုက်​လိမ့်မည်​။ သူ​တို့​ပစ်​သော​မြား​သည် ကျွမ်းကျင်​သော​လေးသည်တော်​ပစ်​သော​မြား​ကဲ့သို့ မ​ထိမှန်​ဘဲ​မ​နေ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 10,
      "text": "ခါလဒဲ​ပြည်​သည် တိုက်ခိုက်လုယူ​ခြင်း​ခံရ​မည်​။ ထို​ပြည်​ကို တိုက်ခိုက်လုယူ​သော​သူ​တို့​သည် ပြည့်စုံကြွယ်ဝ​ကြ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 11,
      "text": "ငါ့​အမွေ​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​၊ သင်​တို့​သည် ဝမ်းမြောက်​လျက်​၊ ရွှင်လန်း​လျက်​၊ တလင်းနယ်​သော​နွားမတမ်း​ကဲ့သို့ နင်းချေ​လျက်​၊ စစ်မြင်း​များ​ကဲ့သို့ ဟီ​လျက်​ရှိ​ကြ​သော်လည်း"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 12,
      "text": "သင်​တို့​အမိ​သည် အရှက်တကွဲ​အကျိုးနည်း ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​ကို မွေးဖွား​သော​အမိ​သည် မျက်နှာပျက်​ရ​လိမ့်မည်​။ ကြည့်ရှု​လော့​။ တိုင်းနိုင်ငံ​တို့​တွင် သင်​တို့​သည် အသိမ်ငယ်ဆုံး​သော​နိုင်ငံ​၊ တောကန္တာရ​၊ ခြောက်သွေ့​သော​လွင်ပြင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 13,
      "text": "ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ဘေဘီလုံ​မြို့​တစ်မြို့လုံး လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ မည်သူမျှ နေထိုင်​တော့​မည်​မ​ဟုတ်​။ ထို​မြို့​ခံရ​သော​ဘေးဒဏ်​များ​ကြောင့် ထို​မြို့​နား​ဖြတ်သွား​သော​သူ​အပေါင်း​တို့​သည် အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 14,
      "text": "လေးသည်တော်​အပေါင်း​တို့​၊ ဘေဘီလုံ​မြို့​ပတ်ပတ်လည်​၌ တပ်ခင်း​ကြ​။ သူ​သည် ထာဝရဘုရား​ကို ပြစ်မှား​သောကြောင့် မြား​ကို​မ​နှမြော​ဘဲ ပစ်​ကြ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 15,
      "text": "မြို့​ပတ်ပတ်လည်​၌ ငြာသံ​ပေး​ကြ​။ ဘေဘီလုံ​မြို့ လက်နက်ချ​အရှုံးပေး​ပြီ​။ မျှော်စင်​များ ပြိုလဲ​ပြီ​။ မြို့ရိုး​လည်း ပြိုပျက်​ပြီ​။ ဤသည်ကား ထာဝရဘုရား​၏​လက်တုံ့ပြန်​ခြင်း​ဖြစ်​၏​။ သူ​ပြု​ခဲ့​ဖူး​သည့်​အတိုင်း သူ့​ကို ပြန်ပြု​ကြ​။ သူ့​ကို လက်တုံ့ပြန်​ကြ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 16,
      "text": "မျိုးစေ့ကြဲ​သော​သူ​၊ တံစဉ်​ကိုင်​ပြီး ရိတ်သိမ်း​သော​သူ​ကို ဘေဘီလုံ​မြို့​မှ ဖယ်ရှား​ကြ​လော့​။ ကြမ်းတမ်း​သော​ဓားဘေး​မှ​လွတ်​အောင် လူတိုင်း ကိုယ့်​လူမျိုး​ရှိ​ရာ​သို့ ပြန်သွား​ကြ​လိမ့်မည်​။ လူတိုင်း ကိုယ့်​ပြည်​သို့ ပြန်ပြေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 18,
      "text": "ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အဆီးရီးယား​ဘုရင်​ကို ဒဏ်ခတ်​သကဲ့သို့ ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​ပြည်​ကို ဒဏ်ခတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 19,
      "text": "အစ္စရေး​လူမျိုး​ကို​ကား သူ​တို့​စားကျက်မြေ​သို့ ပြန်ခေါ်လာ​မည်​။ သူ​တို့​သည် ကရမေလ​တောင်​၊ ဗာရှန်​တောင်​၌ ကျက်စား​ကြ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ဂိလဒ်​ပြည်​ရှိ​တောင်ကုန်း​တို့​၌ ဝလင်​စွာ​စား​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 20,
      "text": "ထာဝရဘုရား​က “​ထို​နေ့ရက်​၊ ထို​အချိန်​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ငါ​ခွင့်လွှတ်​မည်​ဖြစ်၍ အစ္စရေး​လူမျိုး​၏​ဒုစရိုက်​ကို ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ယုဒ​လူမျိုး​၏​အပြစ်​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 21,
      "text": "ထာဝရဘုရား​က “​မေရသိမ်​ပြည်​သို့ ချီတက်​လော့​။ ပေကုပ်​ပြည်သား​တို့​ကို တိုက်ခိုက်​လော့​။ သူ​တို့​ကို​သတ်​လော့​။ အကုန်လုံး​ဖျက်ဆီး​လော့​။ သင့်​ကို ငါ​မိန့်မှာ​ခဲ့​သမျှ​အတိုင်း​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 22,
      "text": "ထို​ပြည်​၌ စစ်တိုက်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ အကြီးအကျယ်​ပျက်စီး​ပါ​ပြီ​တကား​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 23,
      "text": "မြေ​တစ်ပြင်လုံး​ကို ထုနှက်​ခဲ့​သော​တူကြီး အချိုး​ခံ​လိုက်​ရ​ပါ​ပြီ​တကား​။ ကျိုးပဲ့​သွား​ပါ​ပြီ​တကား​။ ဘေဘီလုံ​မြို့​သည် လူမျိုးတကာ​တို့​တွင် ထိတ်လန့်စရာ​ဖြစ်​လေ​ပြီ​တကား​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 24,
      "text": "အို ဘေဘီလုံ​မြို့​၊ သင်​သည် ငါ​ထောင်​ထား​သော ကျော့ကွင်း​၌​မိ​ပြီ​။ သင်​သည် ထာဝရဘုရား​ကို အာခံ​သောကြောင့် သင်​မ​သိ​မ​မြင်​လိုက်​သော​အချိန်​တွင်​ပင် ကျော့မိ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 25,
      "text": "ထာဝရဘုရား​သည် လက်နက်တိုက်​ကို​ဖွင့်​၍ အမျက်​တော်​လက်နက်​ကို ထုတ်​တော်မူ​ပြီ​။ ဤသည်ကား ခါလဒဲ​ပြည်​၌ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​ဖြစ်​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 26,
      "text": "ဘေဘီလုံ​မြို့​ကို အဘက်ဘက်​မှ​ဝင်တိုက်​ကြ​။ သိုလှောင်ရုံ​များ​ကို ဖွင့်ဖောက်​ပြီး စပါးပုံ​ကဲ့သို့ ပုံထား​ကြ​။ မြို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ကြ​။ အကြွင်းအကျန် မ​ရှိ​စေ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 27,
      "text": "နွားထီးပျို​အားလုံး​ကို သတ်​ပစ်​ကြ​။ သူ​တို့​ကို စစ်ကြောစီရင်​မည့်​နေ့ရက်​ကာလ ရောက်လာ​ပြီ​ဖြစ်၍ သူ​တို့​ကို​သတ်​မည့်​နေရာ​သို့ ဆင်းသွား​စေ​လော့​။ သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 28,
      "text": "ဘေဘီလုံ​မြို့​မှ​ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လေ​ပြီ​။ သူ​တို့​သည် ငါ​တို့​ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်​ခြင်း​အကြောင်း​၊ ဗိမာန်တော်​အတွက် လက်တုံ့ပြန်​ခြင်း​အကြောင်း​ကို ဇိအုန်​မြို့​တွင် ကြွေးကြော်​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 29,
      "text": "ဘေဘီလုံ​မြို့​ကို​တိုက်ခိုက်​ရန် လေး​ပစ်ကျွမ်း​သော​လေးသည်တော်​အပေါင်း​တို့​ကို ခေါ်​ကြ​။ မြို့​ပတ်ပတ်လည်​၌ တပ်ချ​ကြ​။ ထို​မြို့​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ကို ဆန့်ကျင်​သည်​ဖြစ်​၍ ထို​မြို့​ပြု​ခဲ့​သမျှ​အတိုင်း ပြန်​၍​ပြု​ကြ​။ ထို​မြို့​ကျင့်​သည့်​အတိုင်း ပြန်ပေးဆပ်​စေ​။ မည်သူမျှ မ​လွတ်မြောက်​စေ​နှင့်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 30,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “လူပျို​တို့​သည် လမ်းမ​များ​၌ လဲကျ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ စစ်သူရဲ​အပေါင်း​တို့ ကျဆုံး​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 31,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို မာနထောင်လွှား​သော​သူ​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​ဒဏ်ခတ်​မည့်​အချိန် ရောက်​ပြီ​ဖြစ်၍ သင့်​ကို ငါ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 32,
      "text": "မာနထောင်လွှား​သော​သူ​သည် ခလုတ်တိုက်​လဲကျ​လိမ့်မည်​။ ထူ​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ သူ့​မြို့​များ​ကို ငါ​မီး​ရှို့​မည်​။ သူ့​ပတ်ပတ်လည်​ရှိ​အရာ​အားလုံး လောင်ကျွမ်း​သွား​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 33,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အစ္စရေး​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည် အတူတကွ နှိပ်စက်​ခြင်း​ခံရ​ကြ​ပြီ​။ သူ​တို့​ကို ဖမ်းသွား​သော​သူ​တို့​သည် သူ​တို့​ကို မ​လွှတ်ပေး​ဘဲ ချုပ်ထား​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 34,
      "text": "သူ​တို့​ကို ရွေးနုတ်​တော်မူ​သော​အရှင်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​သည် သူ​တို့​အမှု​ကို ဖြေရှင်း​ပေး​မည်​ဖြစ်၍ သူ​တို့​ပြည်​သည် အေးချမ်း​မည်​။ ဘေဘီလုံ​မြို့သား​တို့​မူကား ဆောက်တည်​ရာ​မ​ရ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 35,
      "text": "ထာဝရဘုရား​က “​ခါလဒဲ​လူမျိုး​၊ ဘေဘီလုံ​မြို့သား​တို့​အပါအဝင် အကြီးအကဲ​များ​၊ ပညာရှိ​များ​အပေါ်​သို့ ဓားဘေး​ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 36,
      "text": "ဓားဘေး​ကြောင့် ပရောဖက်​အတုအယောင်​တို့​သည် ရူးသွပ်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် စစ်သူရဲ​တို့ ကြောက်လန့်​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 37,
      "text": "ဓားဘေး​ကြောင့် မြင်း​များ​၊ စစ်ရထား​များ​၊ ပြည်​ထဲ​ရှိ​လူမျိုးခြား​များ​သည် မိန်းမ​ကဲ့သို့ ကြောက်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် ဘဏ္ဍာတိုက်​များ အသိမ်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 38,
      "text": "ထို​ပြည်​သည် ရုပ်တု​ပေါများ​ရာ​ပြည်​ဖြစ်​၏​။ ရုပ်တု​များ​ကို အရူးအမူး​စွဲလမ်း​ကြ​၏​။ ထို့ကြောင့် ထို​ပြည်​၌ မိုးခေါင်​လေ​ပြီ​၊ ရေ​များ​ခန်းခြောက်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 39,
      "text": "ထို​ပြည်​၌ ကန္တာရ​သတ္တဝါ​များ​၊ တောခွေး​များ​၊ ငှက်ကုလားအုတ်​များ နေထိုင်​ကြ​လိမ့်မည်​။ မည်သူ​မျှ နေထိုင်​တော့​မည်​မ​ဟုတ်​။ မျိုးဆက်အဆက်ဆက် နေထိုင်​မည့်​သူ ရှိ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 40,
      "text": "ထာဝရဘုရား​က “​ထို​ပြည်​သည် ဘုရားသခင်​ဖျက်ဆီး​ပစ်​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​နှင့် အိမ်နီးချင်း​မြို့​တို့​ကဲ့သို့ ဖြစ်​မည်​။ မည်သူ​မျှ ထို​ပြည်​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 41,
      "text": "ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​တစ်​မျိုး​ရောက်လာ​ပြီ​။ မြေကြီး​စွန်း​မှ လူမျိုး​ကြီး​နှင့် ကြီးမြတ်​သော​ရှင်ဘုရင်​တို့ ထကြွ​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 42,
      "text": "သူ​တို့​သည် လေး​နှင့်​လှံ​ကို​စွဲကိုင်​သော​လူမျိုး​၊ ရက်စက်ကြမ်းကြုတ်​သော​လူမျိုး​၊ ကရုဏာ​ကင်း​သော​လူမျိုး​ဖြစ်​၏​။ သူ​တို့​မြင်း​ကို​စီး​၍ စစ်ချီ​လာ​သော​အသံ​သည် သမုဒ္ဒရာ​မြည်ဟိန်းသံ​ကဲ့သို့​ဖြစ်​၏​။ အို ဘေဘီလုံ​သမီးပျို​၊ သူ​တို့​သည် စစ်သူရဲ​ကဲ့သို့​စစ်ခင်းကျင်း​ပြီး သင့်​ကို​လာ​တိုက်​နေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 43,
      "text": "ထို​သတင်း​ကို​ကြား​သောအခါ ဘေဘီလုံ​ဘုရင်​သည် လက်​များ​ပျော့ခွေ​သွား​၏​။ ဆင်းရဲဒုက္ခ​သည် သူ့​ကို​ဖိစီး​ပြီ​။ သူ​သည် သားဖွားမိန်းမ​ကဲ့သို့​ဝေဒနာ​ခံစား​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 44,
      "text": "ကြည့်ရှု​လော့​။ ရန်သူ​သည် ခြင်္သေ့​ကဲ့သို့ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့​တက်လာ​သောအခါ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 45,
      "text": "ထို့ကြောင့် ဘေဘီလုံ​မြို့​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ ခါလဒဲ​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် သူ​တို့​ကြောင့် စားကျက်မြေ​များ ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 46,
      "text": "“ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ”​ဟူသော​အော်ဟစ်သံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို လူမျိုးတကာ​တို့ ကြား​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 1,
      "text": "ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဘေဘီလုံ​မြို့​၊ လက်ကမိုင်​ပြည်သား​တို့​အပေါ်​သို့ ဖျက်ဆီး​ခြင်း​လေ​ကို သင့်ရောက်​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 2,
      "text": "ဘေဘီလုံ​မြို့​သို့ ခြွေလှေ့​သူ​တို့​ကို စေလွှတ်​မည်​။ သူ​တို့​သည် ထို​မြို့​ကို လှေ့​၍ သုတ်သင်ရှင်းလင်း​လိမ့်မည်​။ ဘေးအန္တရာယ်​ကျရောက်​မည့်​နေ့​၌ အဘက်ဘက်​မှ​တိုက်ခိုက်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 3,
      "text": "လေးသမား​တို့​ကို လေး​တင်​ရ​သော​အခွင့်​၊ သံချပ်​အင်္ကျီ ဝတ်ဆင်​ရ​သော​အခွင့် မ​ပေး​ကြ​နှင့်​။ လူပျို​တို့​ကို မ​နှမြော​နှင့်​။ စစ်သည်ဗိုလ်ပါ​အပေါင်း​တို့​ကို အကုန်အစင်​ဖျက်ဆီး​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 4,
      "text": "သူ​တို့​သည် အသတ်ခံရ​၍ ခါလဒဲ​ပြည်​တွင် လဲကျ​ကြ​လိမ့်မည်​။ ထိုးသတ်​ခံရ​၍ လမ်းမ​များ​ပေါ်တွင် လဲကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 5,
      "text": "အကြောင်းမူကား အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကို သူ​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စွန့်ပစ်​တော်​မ​မူ​။ ခါလဒဲ​ပြည်​ကား သန့်ရှင်း​သော​အရှင်​ကို ပြစ်မှားသောအပြစ်​နှင့်​ပြည့်နှက်​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 6,
      "text": "ဘေဘီလုံ​မြို့​မှ ထွက်ပြေး​ကြ​။ အသက်ဘေး​လွတ်​အောင် ပြေး​ကြ​။ ထို​မြို့​၏​အပြစ်​ကြောင့် အဖျက်ဆီး​မ​ခံ​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​လက်တုံ့ပြန်​ရာ​အချိန်​ကျရောက်​ပြီ​။ ထို​မြို့​ခံထိုက်​သော​အပြစ်​ကို ပြန်ပေးဆပ်​စေ​တော်မူ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 7,
      "text": "ဘေဘီလုံ​မြို့​သည် ထာဝရဘုရား​၏​လက်​တော်​၌​ကိုင်ထား​သော ရွှေ​ဖလား​ဖြစ်​၏​။ မြေ​တစ်ပြင်လုံး​ကို ယစ်မူး​စေ​၏​။ လူမျိုးတကာ​တို့​သည် ထို​ဖလား​မှ​စပျစ်ဝိုင်​ကို​သောက်​ကြ​သဖြင့် မူးရူး​သော​လူမျိုး​များ ဖြစ်​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 8,
      "text": "ဘေဘီလုံ​မြို့​ကြီး ရုတ်ခြည်း​ပြိုလဲ​ပျက်စီး​သွား​ပြီ​။ သူ့​အတွက် ညည်းတွားငိုကြွေး​ကြ​လော့​။ ဝေဒနာ​ပျောက်​ကောင်း​ပျောက်​နိုင်​မည်​ဖြစ်၍ လိမ်းဆေး​ယူလာ​ပေး​ကြ​လော့​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 9,
      "text": "ငါ​တို့​သည် ဘေဘီလုံ​မြို့​ကို ကုသ​ပေး​သော်လည်း ကုသ​၍​မ​ရ​။ သူ့​ကို​ထားခဲ့​ပြီး ကိုယ့်​ပြည်​ကိုယ်​ပြန်​ကြ​စို့​။ အကြောင်းမူကား သူ​ခံရ​သော​စီရင်​ခြင်း​သည် မိုး​ထိတိုင် ရောက်​လေ​ပြီ​။ မိုးတိမ်​ထိတိုင် မြင့်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 10,
      "text": "ငါ​တို့​ဖြောင့်မတ်​ကြောင်း ထာဝရဘုရား​ပြသ​တော်မူ​ပြီ​။ လာ​ကြ​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​ကို ဇိအုန်​မြို့​တွင် ပြောကြား​ကြ​စို့​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 11,
      "text": "မြား​တို့​ကို ချွန်ထက်​စေ​ကြ​။ ဒိုင်းလွှား​တို့​ကို ကိုင်စွဲ​ကြ​။ ထာဝရဘုရား​သည် ဘေဘီလုံ​မြို့​ကို ဖျက်ဆီး​ပစ်​ရန် အကြံ​ရှိ​တော်မူ​သည်​ဖြစ်၍ မေဒိ​ဘုရင်​တို့​၏​စိတ်​ကို နှိုးဆော်​တော်မူ​ပြီ​။ ထာဝရဘုရား လက်တုံ့ပြန်​တော်မူ​ပြီ​။ ဗိမာန်တော်​အဖို့ လက်တုံ့ပြန်​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 12,
      "text": "ဘေဘီလုံ​မြို့ရိုး​ကို​ဖြိုဖျက်​ရန် အချက်ပြအလံ​ကို လွှင့်ထူ​ကြ​။ အစောင့်​များ​ကို ကြပ်ကြပ်ချ​ထား​ကြ​။ ကင်းစောင့်​တို့​ကို​နေရာချ​ထား​ကြ​။ ကင်းပုန်း​များ​ကို ပြင်ဆင်​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဘေဘီလုံ​မြို့သား​များ​နှင့်​ပတ်သက်၍ မိန့်ဆို​ထားခဲ့​သည့်​အတိုင်း ကြံစည်​တော်မူ​မည်​၊ ပြု​တော်မူ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 13,
      "text": "မြစ်​နား ​၌​နေ​၍ ဥစ္စာ​ကြွယ်ဝ​သော​မြို့​၊ သင်​၏​မတရား​အကျိုးစီးပွားရှာ​ခြင်း​များ အဆုံးသတ်​မည့်​အချိန်​ရောက်လာ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 14,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် သင့်​နေရာ​သို့ ကျိုင်းကောင်​ကဲ့သို့ လူအုပ်​ကြီး​ကို ရောက်လာ​စေ​မည်​။ သူ​တို့​သည် စစ်အောင်သံ​ကို ကြွေးကြော်​ကြ​လိမ့်မည်​”​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​တော်မူ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 15,
      "text": "ကိုယ်တော်​သည် တန်ခိုး​တော်​အားဖြင့် မြေကြီး​ကို​ဖန်ဆင်း​တော်မူ​၏​။ ဉာဏ်ပညာ​အားဖြင့် ကမ္ဘာကြီး​ကို တည်​တော်မူ​၏​။ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို ဖြန့်ကြက်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 16,
      "text": "ကိုယ်တော်​အသံ​ပေး​တော်မူ​သောအခါ ကောင်းကင်​ရှိ​ရေ​တို့​သည် ဟုန်းဟုန်းမြည်​ကြ​ပါ​၏​။ မိုးတိမ်​ကို မြေကြီး​စွန်း​မှ တက်လာ​စေ​တော်မူ​၏​။ မိုး​ကို​ရွာ​စေ​တော်မူ​၏​။ လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။ ဘဏ္ဍာတိုက်​ထဲမှ လေ​ကို​ထုတ်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 17,
      "text": "လူ​အပေါင်း​တို့​သည် အသိတရား​ကင်းမဲ့​၏​။ ပညာ​လည်း​မ​ရှိ​။ ပန်းထိမ်သမား​တို့​သည်​လည်း ရုပ်တုဆင်းတု​အားဖြင့် အရှက်ကွဲ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​သွန်းလုပ်သောရုပ်တု​သည် လှည့်စား​ခြင်း​သာ​ဖြစ်​၏​။ အသက်​မ​ရှိ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 18,
      "text": "ထို​အရာ​တို့​သည် အချည်းနှီး​သော​အရာ​ဖြစ်​၏​။ လှည့်စား​တတ်​သော​အရာ​ဖြစ်​၏​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် ပျက်စီး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 19,
      "text": "ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ ယာကုပ်​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမွေ​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 20,
      "text": "ထာဝရဘုရား​က “​သင်​သည် ငါ့​အဖို့ စစ်တင်းပုတ်​၊ စစ်​လက်နက်​ဖြစ်​၏​။ ငါ​သည် သင့်​အားဖြင့် လူမျိုးတကာ​တို့​ကို တကွဲတပြား​ဖြစ်စေ​မည်​။ တိုင်းနိုင်ငံ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 21,
      "text": "သင့်​အားဖြင့် မြင်း​နှင့်​မြင်းစီးသူရဲ​၊ စစ်ရထား​နှင့်​စစ်ရထားစီးသူ​တို့​ကို တကွဲတပြား​ဖြစ်စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 22,
      "text": "သင့်​အားဖြင့် ယောက်ျား​နှင့်​မိန်းမ​၊ လူကြီး​နှင့်​လူငယ်​၊ လူပျို​နှင့်​အပျို​တို့​ကို တကွဲတပြား​ဖြစ်စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 23,
      "text": "သင့်​အားဖြင့် သိုးထိန်း​နှင့်​သိုးစု​၊ လယ်သမား​နှင့်​လယ်ထွန်နွား​၊ ဘုရင်ခံ​နှင့်​အုပ်ချုပ်သူ​တို့​ကို တကွဲတပြား​ဖြစ်စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 24,
      "text": "ဇိအုန်​မြို့သူမြို့သား​အပေါ် ဘေဘီလုံ​မြို့သူ ခါလဒဲ​ပြည်သား​တို့​ကျူးလွန်​ခဲ့​သည့် လုပ်ရပ်​အတိုင်း သူ​တို့​ကို သင်​တို့​မျက်စိ​ရှေ့​တွင် ပြန်ပေးဆပ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 25,
      "text": "ထာဝရဘုရား​က “​အို ဖျက်ဆီး​တတ်​သော​တောင်​၊ မြေကြီး​တစ်ပြင်လုံး​ကို ဖျက်ဆီး​သော​တောင်​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​စီရင်​မည်​။ ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ချောက်ကမ်းပါး​ပေါ်မှ လှိမ့်ချ​ပစ်​မည်​။ သင့်​အား မီးကျွမ်း​တောင်​ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 26,
      "text": "ထာဝရဘုရား​က “ထောင့်ချုပ်ကျောက်​၊ အုတ်မြစ်​ကျောက်​တစ်လုံးမျှ သင့်​ထံမှ ရ​နိုင်​တော့​မည်​မ​ဟုတ်​။ သင်​သည် လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 27,
      "text": "ထို​ပြည်​၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ လူမျိုးတကာ​တို့​ကို တံပိုးမှုတ်သံ​ပေး​ကြ​။ ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ အာရရတ်​၊ မိန္နိ​နှင့် အာရှကေနတ် စသော တိုင်းနိုင်ငံ​တို့​ကို ဆင့်ခေါ်​ကြ​။ စစ်ဦးစီး​ကို​ခန့်ထား​ကြ​။ မြင်း​တို့​ကို ကျိုင်းကောင်​အုပ်​ကဲ့သို့ ချီတက်​စေ​ကြ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 28,
      "text": "ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ မေဒိ​ဘုရင်​များ​၊ ဘုရင်ခံ​များ​အပါအဝင် မင်းအရာရှိ​အားလုံး​နှင့် လက်အောက်ခံ​နိုင်ငံ​အားလုံး​ကို အသင့်ပြင်ဆင်​စေ​ကြ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 29,
      "text": "ကမ္ဘာမြေကြီး တုန်ခါ​လေ​ပြီ​၊ တုန်လှုပ်​လေ​ပြီ​။ အကြောင်းမူကား ဘေဘီလုံ​မြို့​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​ဟူသော ထာဝရဘုရား​၏​အကြံအစည်​တော်​အတိုင်း ထို​မြို့​၌ ဖြစ်လာ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 30,
      "text": "ဘေဘီလုံ​စစ်သူရဲ​တို့​သည် စစ်မတိုက်​ဝံ့​တော့​ဘဲ ရဲတိုက်​များ​၌​သာ နေ​ကြ​လေ​ပြီ​။ သူ​တို့​သည် ရဲစွမ်းသတ္တိ​ကုန်ခန်း​၍ မိန်းမ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ သူ​တို့​နေရာ​ကို မီးရှို့​ပစ်​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို​လည်း ချိုး​ပစ်​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 31,
      "text": "ဘေဘီလုံ​မြို့​တစ်မြို့လုံး​သိမ်းပိုက်​ခံရ​ကြောင်း​ကို ခြေမြန်​တော်​တစ်ယောက်​မှ တစ်ယောက်​၊ စေတမန်​တစ်ယောက်​မှ တစ်ယောက် တစ်ဆင့်​ပြီး​တစ်ဆင့် ဘေဘီလုံ​ဘုရင်​ထံ သတင်းပို့​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 32,
      "text": "ဆိပ်ကမ်း​တို့​ကို သိမ်းပိုက်​ကြ​ပြီ​။ ခံတပ် ​များ​ကို မီး​ရှို့​ပစ်​ကြ​ပြီ​။ စစ်သူရဲ​တို့​လည်း ဆောက်တည်​ရာ​မ​ရ​ကြောက်လန့်​ကြ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 33,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဘေဘီလုံ​သမီးပျို​သည် တလင်းနယ်​ချိန်​၌ နင်းနယ်​ခံရ​သော​ကောက်နယ်တလင်း​နှင့်​တူ​၏​။ တစ်ခဏချင်း​တွင် ရိတ်သိမ်း​ချိန်​ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 34,
      "text": "“​ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ငါ့​ကို ကိုက်စား​လေ​ပြီ​။ နင်းချေ​လေ​ပြီ​။ ငါ့​ကို အိုး​လွတ်​ဖြစ်​စေ​ပြီ​။ မြွေနဂါး​ကဲ့သို့ ငါ့​ကို ဝါးမျို​လေ​ပြီ​။ ငါ​၏​စားကောင်းသောက်ဖွယ်​တို့​နှင့် သူ့​ဝမ်း​ကို​ပြည့်​စေ​ပြီ​။ ပြီးမှ ငါ့​ကို အန်ထုတ် ​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 35,
      "text": "ငါ့​ကိုယ်​၊ ငါ့​အသား ခံရ​သော​ရက်စက်ကြမ်းကြုတ်မှု​သည် ဘေဘီလုံ​ပြည်​အပေါ် ကျရောက်​ပါစေ​”​ဟု ဇိအုန်​မြို့သား​တို့ ဆို​လိမ့်မည်​။ “​ငါ​တို့​သွန်း​ခဲ့​ရ​သော​သွေး​သည် ခါလဒဲ​ပြည်သား​တို့​အပေါ် ကျရောက်​ပါစေ​”​ဟု ဂျေရုဆလင်​မြို့သား​တို့ ဆို​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 36,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သင့်​အမှုကိစ္စ​ကို ငါ​ရင်ဆိုင်ဖြေရှင်း​ပေး​မည်​။ သင့်​အစား ငါ​အမှန် လက်တုံ့ပြန်​မည်​။ သူ​၏​ပင်လယ်ရေ​ကို ခန်း​စေ​မည်​၊ စမ်းရေတွင်း​ကို ခြောက်သွေ့​စေ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 37,
      "text": "ဘေဘီလုံ​ပြည်​သည် နေထိုင်​သူ​မ​ရှိ​ဘဲ အပျက်အစီးပုံကြီး​၊ ခွေးအ​တို့​ခိုအောင်း​ရာ​၊ ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ ဖြစ်​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 38,
      "text": "သူ​တို့​အားလုံး ခြင်္သေ့ပျို​ကဲ့သို့ ဟိန်းဟောက်​ကြ​လိမ့်မည်​၊ ခြင်္သေ့ငယ်​ကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 39,
      "text": "ထာဝရဘုရား​က “​သူ​တို့ အာသာငမ်းငမ်း​ဖြစ်​နေ​ချိန်​တွင် ငါ​သည် စားသောက်ပွဲ ခင်းကျွေး​မည်​။ သူ​တို့​ကို မူး​အောင်​တိုက်​မည်​။ သူ​တို့​သည်​လည်း အပျော်ကြူး​၍ မ​နိုး​သော​အိပ်​ခြင်း​ဖြင့် ထာဝရ​အိပ်ပျော်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 40,
      "text": "ထာဝရဘုရား​က “​သူ​တို့​ကို သိုးသငယ်​ကဲ့သို့​၊ သိုးထီး​ဆိတ်ထီး​ကဲ့သို့ ဆွဲထုတ်​၍ သတ်​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 41,
      "text": "ရှေရှက်​မြို့​ကြီး အသိမ်း​ခံရ​လေ​ပြီ​တကား​။ မြေ​တစ်ပြင်လုံး​ချီးမွမ်း​ရာ​မြို့​ကြီး အသိမ်း​ခံရ​လေ​ပြီ​တကား​။ ဘေဘီလုံ​မြို့​သည် လူမျိုးတကာ​တို့​တွင် ထိတ်လန့်စရာ​ဖြစ်​လေ​ပြီ​တကား​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 42,
      "text": "ဘေဘီလုံ​မြို့​ကို ပင်လယ်ရေ လွှမ်းမိုး​လေ​ပြီ​။ လှိုင်းလုံးကြီး​များ ဖုံးအုပ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 43,
      "text": "မြို့ရွာ​တို့​သည် လူသူကင်းမဲ့​၍ ခြောက်သွေ့​သော​ကန္တာရ​မြေ ဖြစ်​လိမ့်မည်​။ နေထိုင်​သူ​မ​ရှိ​၊ ဖြတ်သန်းသွားလာ​သူ​မ​ရှိ​သော​မြေ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 44,
      "text": "ဘေဘီလုံ​မြို့​ရှိ ဗေလ​ဘုရား​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​ဝါးမျို​ခဲ့​သမျှ​ကို သူ့​ပါးစပ်​မှ ပြန်​အန်ထုတ်​စေ​မည်​။ လူမျိုးတကာ​တို့​သည် သူ့​ကို ဆည်းကပ်​ကြ​တော့​မည်​မ​ဟုတ်​။ ဘေဘီလုံ​မြို့ရိုး​ကြီး ပြိုလဲ​သွား​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 45,
      "text": "ငါ့​လူမျိုး​တော်​တို့​၊ ဘေဘီလုံ​မြို့​ထဲမှ ထွက်​ခဲ့​ကြ​။ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​မှ အသက်ဘေး​လွတ်​အောင်​ပြေး​ကြ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 46,
      "text": "ထို​ပြည်​၌​ကြား​ရ​သော​သတင်း​များ​ကြောင့် သင်​တို့​မ​ကြောက်​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။ အခြေအမြစ်​မ​ရှိ​သော​သတင်းစကား​များ​ကို တစ်​နှစ်​ပြီး​တစ်​နှစ် ကြား​ရ​လိမ့်မည်​။ ပြည်​ထဲ၌ အကြမ်းဖက်မှု​ဖြစ်​နေ​ပြီ​။ အုပ်စိုးသူ​အချင်းချင်း တိုက်ခိုက်​ကြ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 47,
      "text": "ထို့ကြောင့် ကြည့်ရှု​လော့​။ ဘေဘီလုံ​မြို့​ရှိ ရုပ်တုဆင်းတု​များ​ကို ငါ​ဒဏ်ခတ်​သော​နေ့ ရောက်လာ​တော့​မည်​။ ထို​မြို့​တစ်မြို့လုံး အရှက်ကွဲ​လိမ့်မည်​။ အသတ်ခံရ​သော​သူ​အပေါင်း​တို့​သည် မြို့​ထဲတွင် လဲကျ​သေဆုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 48,
      "text": "မိုးကောင်းကင်​အောက်​၊ မြေကြီး​ပေါ်​ရှိရှိသမျှ​တို့​သည် ဘေဘီလုံ​မြို့​ကြောင့် အားရဝမ်းမြောက်​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ အဖျက်သမား​သည် မြောက်အရပ်​မှ​လာ​၍ ထို​မြို့​ကို တိုက်ခိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 49,
      "text": "ဘေဘီလုံ​မြို့​သည် အစ္စရေး​လူမျိုး​တို့​ကို သတ်​ခဲ့​သောကြောင့် ကျရှုံး​ရ​မည်​။ မြေကြီးသား​အပေါင်း​တို့​သည် ဘေဘီလုံ​မြို့​ကြောင့် လဲကျ​သေဆုံး​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 50,
      "text": "ဓားဘေး​မှ လွတ်မြောက်​သော​သူ​တို့​၊ ထွက်သွား​ကြ​။ ရပ်​မ​နေ​ကြ​နှင့်​။ ထာဝရဘုရား​ကို အဝေး​မှ​အောက်မေ့​ကြ​။ ဂျေရုဆလင်​မြို့​ကို သတိရ​ကြ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 51,
      "text": "ကဲ့ရဲ့ပြစ်တင်​သံ​ကို ကြား​ရ​သည်​ဖြစ်၍ ငါ​တို့​အရှက်ကွဲ​ရ​ပြီ​။ ထာဝရဘုရား​၏​အိမ်​တော်​၊ သန့်ရှင်းရာဌာန​တော်​ထဲသို့ တစ်ပါးအမျိုးသား​များ ဝင်ရောက်​ကြ​ပြီ​ဖြစ်၍ ငါ​တို့​အသရေပျက်​ရ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 52,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဘေဘီလုံ​ပြည်​ရှိ ရုပ်တုဆင်းတု​များ​ကို ငါ​ဒဏ်ခတ်​သော​နေ့ရက်​ရောက်လာ​သောအခါ ထို​ပြည်​တစ်ပြည်လုံး​တွင် ဒဏ်ရာ​ရ​သော​သူ​များ ညည်းတွား​လျက်​ရှိ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 53,
      "text": "ထာဝရဘုရား​က “​ဘေဘီလုံ​မြို့​သည် မိုးကောင်းကင်​သို့​တက်​၍ မြင့်မား​သော​ရဲတိုက်​ကို အခိုင်အမာ​တည်​လျှင်ပင် ငါ​သည် အဖျက်သမား​ကို​စေလွှတ်​၍ သူ​တို့​ကို တိုက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 54,
      "text": "ဘေဘီလုံ​မြို့​မှ အော်ဟစ်သံ​ပါတကား​။ ခါလဒဲ​ပြည်​မှ ကြီးမား​သော​ပျက်စီး​ခြင်း​ပါတကား​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 55,
      "text": "ထာဝရဘုရား​သည် ဘေဘီလုံ​မြို့​ကို​ဖျက်ဆီး​၍ ထို​မြို့​မှ ဆူညံပွက်လော​ရိုက်​နေ​သော​အသံ​ကို ဆိတ်သုဉ်း​စေ​တော်မူ​၏​။ ရန်သူ​လှိုင်းလုံးကြီး​သည် အဟုန်ပြင်း​သော​ရေ​နှင့်​တူ​၏​။ သူ​တို့​မြည်ဟည်း​သော​အသံ​သည် ပဲ့တင်ထပ်​လေ​ပြီ​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 56,
      "text": "အကြောင်းမူကား ဘေဘီလုံ​မြို့​ကို တိုက်ခိုက်ဖျက်ဆီး​မည့်​သူ ရောက်လာ​ပြီ​။ ဘေဘီလုံ​စစ်သူရဲ​တို့ အဖမ်း​ခံရ​ပြီ​။ သူ​တို့​၏​လေး​တို့​သည်​လည်း ကျိုး​လေ​ပြီ​။ ထာဝရဘုရား​သည် အကျိုးအပြစ်​အလျောက် ပြန်ပေးဆပ်​သော​ဘုရားသခင် ဖြစ်​တော်မူ​သောကြောင့် အမှန်ပင် ပြန်ပေးဆပ်​တော်မူ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 57,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​ငါ​သည် ဘေဘီလုံ​မြို့​၏​မှူးမတ်​များ​၊ ပညာရှိ​များ​၊ ဘုရင်ခံ​များ​၊ အုပ်ချုပ်သူ​များ​၊ စစ်သူရဲ​များ​ကို ယစ်မူး​စေ​၍ မ​နိုး​သော​အိပ်ခြင်း​ဖြင့် ထာဝရ​အိပ်ပျော်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 58,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထုထည်​ကြီးမား​သော ဘေဘီလုံ​မြို့ရိုး​သည် လုံးလုံး​ဖြိုဖျက်​ခြင်း​ခံရ​လိမ့်မည်​။ မြင့်မား​သော​မြို့​တံခါး​တို့​သည်​လည်း မီး​ရှို့​ခံရ​လိမ့်မည်​။ လူ​တို့​သည် အချည်းနှီး​ကြိုးစား​အားထုတ်​ခဲ့​ကြ​ပြီ​။ လူမျိုးတကာ​တို့ ပင်ပန်း​ခဲ့​သမျှ မီးစာ​ဖြစ်သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 59,
      "text": "ပရောဖက်​ယေရမိ​သည် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​လေး​နှစ်​တွင် ဇေဒကိ​မင်းကြီး​နှင့်အတူ ဘေဘီလုံ​မြို့​သို့​လိုက်ပါ​သွား​သော မာသေယ​၏​မြေး​၊ နေရိ​၏​သား အတွင်းဝန်​စရာယ​အား စာ​ပေးလိုက်​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 60,
      "text": "ထို​စာ​ကား ဘေဘီလုံ​မြို့​အပေါ်​ကျရောက်​မည့် ဘေးအန္တရာယ်​အလုံးစုံ​ကို စာလိပ်​တစ်​ခု​တွင် ယေရမိ ရေးသား​ထား​သော​စာ​ဖြစ်​၏​။ ထို​ရေးထား​သော​စာ​အားလုံး​သည် ဘေဘီလုံ​မြို့​ကို​ရည်ညွှန်း​၏​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 61,
      "text": "ယေရမိ​က စရာယ​အား “​ဘေဘီလုံ​မြို့​သို့ ရောက်​သောအခါ သင်​သည် ဤ​စာ​ကို အကုန်အစင်​သေသေချာချာ​ဖတ်ပြ​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 62,
      "text": "‘​အို ထာဝရဘုရား​၊ ကိုယ်တော်​က ဤ​အရပ်​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ နေထိုင်​သူ​မ​ရှိ​။ လူ​မှစ၍ တိရစ္ဆာန်​လည်း​မ​ရှိ​။ လူသူကင်းမဲ့​ရာ​အရပ် အစဉ်​ဖြစ်​စေ​မည်​ဟု ဤ​အရပ်​နှင့်​ပတ်သက်၍ မိန့်​တော်မူ​ခဲ့​ပြီ​’​ဟူ၍ လျှောက်ဆို​ရ​မည်​။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 63,
      "text": "ဤ​စာ​ကို သင်​ဖတ်ပြ​ပြီး​သောအခါ စာလိပ်​ကို​ကျောက်ခဲ​နှင့်အတူ​ချည်​၍ ယူဖရေးတီး​မြစ်​ထဲ​သို့ ပစ်ချ​ပြီးလျှင်"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 64,
      "text": "‘ငါ​သည် ထို​မြို့​ပေါ်သို့ ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဖြစ်၍ ထို​စာလိပ်​ကဲ့သို့ ဘေဘီလုံ​မြို့​သည် နစ်မြုပ်​ရ​လိမ့်မည်​။ ပြန်ပေါ်လာ​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် အားအင်​ကုန်ခန်း​ကြ​လိမ့်မည်​’​ဟူ၍ သင်​ဆို​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ဤတွင် ယေရမိ​စကား ပြီးဆုံး​သတည်း​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 1,
      "text": "ဇေဒကိ​သည် အသက်​နှစ်ဆယ့်​တစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ တစ်ဆယ့်​တစ်​နှစ်​စိုးစံ​လေ​၏​။ မယ်တော်​ကား လိဗန​မြို့သား​ယေရမိ​၏​သမီး ဟာမုတလ​အမည်​ရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 2,
      "text": "ထို​မင်း​သည် ယောယကိမ်​မင်းကြီး​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​၏​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 3,
      "text": "ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို အထံ​တော်​မှ​မ​နှင်ထုတ်​မီ ယုဒ​ပြည်​၌ ဤသို့​ဖြစ်ပျက်​ခဲ့​၏​။ ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​သဖြင့်"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 4,
      "text": "ဇေဒကိ​မင်းကြီး​နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့ စစ်ချီ​လာ​၍ မြို့​ပြင်​၌ စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 5,
      "text": "ဇေဒကိ​မင်းကြီး​နန်းစံ တစ်ဆယ့်တစ်​နှစ်​တိုင်အောင် မြို့​ကို​ဝိုင်း​ထား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 6,
      "text": "ထို​နှစ် စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲ၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဆိုးရွား​စွာ​ဖြစ်​သဖြင့် မြို့သူမြို့သား​တို့ စားစရာ​အလျှင်း​မ​ရှိ​တော့​ပေ​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 7,
      "text": "နောက်ဆုံး​၌ မြို့ရိုး​ကျိုးပေါက်​သွား​သဖြင့် စစ်သူရဲ​အပေါင်း​တို့ ထွက်ပြေး​ကြ​၏​။ ခါလဒဲ​စစ်သည်​တို့​က မြို့​ကို​ဝိုင်းရံ​ထား​ကြ​သော်လည်း စစ်သူရဲ​တို့​သည် ညအချိန်​တွင် ဘုရင့်​ဥယျာဉ်​တော်​အနီး မြို့ရိုး​နှစ်​ခု​ကြား​ရှိ​တံခါး​မှ​ထွက်​၍ အရာဗ​လွင်ပြင်​သွား​ရာ​လမ်း​အတိုင်း ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 8,
      "text": "ခါလဒဲ​စစ်သည်​တို့​သည်​လည်း ရှင်ဘုရင်​နောက်သို့​လိုက်​ကြ​ရာ ဇေဒကိ​မင်းကြီး​ကို ဂျေရိခေါ​လွင်ပြင်​၌ မီ​လေ​၏​။ သူ​၏​စစ်သည်​အပေါင်း​တို့​သည်​လည်း တကွဲတပြား​ထွက်ပြေး​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 9,
      "text": "ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို စီရင်ချက်​ချ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 10,
      "text": "ဘေဘီလုံ​ဘုရင်​သည် ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​၏​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ယုဒ​လူမျိုး​အကြီးအကဲ​အပေါင်း​တို့​ကို​လည်း ရိဗလ​မြို့​တွင် သတ်​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 11,
      "text": "ဇေဒကိ​မင်းကြီး​၏​မျက်စိ​ကို​လည်း​ဖောက်ထုတ်​၏​။ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို ကြေးနီ​ကြိုး​ဖြင့်​ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး အနိစ္စ​ရောက်​သော​နေ့​အထိ ထောင်​ထဲ၌​ထည့်​ထား​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 12,
      "text": "ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ကိုး​နှစ်​၊ ပဉ္စမ​လ​၊ ဆယ်​ရက်​နေ့​၌ ဘေဘီလုံ​ဘုရင်​ထံပါး​၌​ခစား​သော ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 13,
      "text": "သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 14,
      "text": "ကိုယ်ရံတော်မှူး​နှင့်​ပါလာ​သော ခါလဒဲ​စစ်သည်​အပေါင်း​တို့​သည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ မြို့ရိုး​တစ်လျှောက်လုံး​ကို ဖြိုဖျက်​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 15,
      "text": "ထို့နောက် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဆင်းရဲသား​များ​၊ မြို့​ထဲ၌​ကြွင်းကျန်​သော​သူ​များ​၊ ဘေဘီလုံ​ဘုရင်​ထံ ခိုလှုံ​လာ​သူ​များ​နှင့် လက်မှုပညာရှင်​အကြွင်းအကျန်​များ​ကို ဖမ်းခေါ်​သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 16,
      "text": "သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်​လုပ်​စေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 17,
      "text": "ခါလဒဲ​စစ်သည်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ကြေးနီ​တိုင်​များ​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​ရှိ​သော​ကြေးနီ​ရေကန်​နှင့်​တွန်းလှည်း တို့​ကို​ချိုးဖဲ့​၍ ကြေးနီ​ရှိသမျှ​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 18,
      "text": "အိုး​များ​၊ ဂေါ်ပြား​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ခွက်​များ​နှင့် အမှု​တော်​ဆောင်ရွက်​ရာ​တွင်​အသုံးပြု​သည့် ကြေးနီ​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်း ယူဆောင်​သွား​ကြ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 19,
      "text": "ကိုယ်ရံတော်မှူး​သည် ရွှေစင်​၊ ငွေစင်​ဖြင့်​လုပ်​ထား​သော အင်တုံ​များ​၊ မီးကျီးခံဗန်း​များ​၊ ဇလုံ​များ​၊ အိုး​များ​၊ ဆီမီးခုံ​များ​၊ ခွက်​များ​၊ ပန်းကန်လုံး​များ​ကို​လည်း သိမ်းယူ​သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 20,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​၌ ရှောလမုန်​မင်းကြီး​ပြုလုပ်​ထား​သော တိုင်​နှစ်​တိုင်​၊ ရေကန်​တစ်​ကန်​၊ ရေကန်​အောက်​၌​ရှိ​သော​ကြေးနီ​နွားရုပ်​တစ်ဆယ့်​နှစ်​ရုပ်​နှင့် တွန်းလှည်း​များ စသည့် ကြေးနီ​တန်ဆာပလာ​အားလုံး​၏​အလေးချိန်​မှာ ချိန်တွယ်​၍​ပင်​မ​ရ​နိုင်​ချေ​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 21,
      "text": "တိုင်​တစ်​တိုင်​စီ​၏​အမြင့်​မှာ တစ်ဆယ့်​ရှစ်​တောင် ​ရှိ​၏​။ တိုင်​၏​လုံးပတ်​မှာ တစ်ဆယ့်​နှစ်​တောင် ​ရှိ​၏​။ လက်လေးသစ်​အထူ​ရှိ​၍ အခေါင်းပေါက်​ပါရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 22,
      "text": "ထို​တိုင်ထိပ်​တွင် ကြေးနီ​တိုင်အုပ် ပါရှိ​၏​။ တိုင်အုပ်​တစ်​ခု​၏​အမြင့်​မှာ ငါး​တောင် ​ရှိ​ပြီး တိုင်အုပ်​ပတ်ပတ်လည်​တွင် ကြေးနီ​အတိပြီး​သော ရာဇမတ်ကွက်​နှင့်​သလဲသီး​ပုံ​များ​လည်း ပါရှိ​၏​။ ထိုနည်းတူ ဒုတိယ​တိုင်​တွင်​လည်း သလဲသီး​ပုံ​များ ပါရှိ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 23,
      "text": "ကွန်ရက်​ပုံ​ပေါ်မှ သလဲသီး​ပုံ​စုစုပေါင်း တစ်ရာ​အနက် တစ်ဖက်​မှ​ကြည့်​လျှင် သလဲသီး​ပုံ​ကိုးဆယ့်​ခြောက်​လုံး​ကို မြင်​နိုင်​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 24,
      "text": "ကိုယ်ရံတော်မှူး​သည် ယဇ်ပုရောဟိတ်​မင်း​စရာယ​၊ လက်ထောက်​ယဇ်ပုရောဟိတ်​ဇေဖနိ​နှင့် တံခါးစောင့်​သုံး​ယောက်​တို့​ကို ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 25,
      "text": "စစ်သူရဲ​တို့​ကို ကြီးကြပ်အုပ်ချုပ်​ရ​သူ​စစ်သူကြီး​တစ်​ဦး​၊ မြို့​ထဲ၌​တွေ့​မိ​သော ဘုရင့်​အတိုင်ပင်ခံ​အမတ်​ခုနစ်​ဦး​၊ ပြည်သား​တို့​ထဲမှ စစ်သား​ရှာဖွေ​စုဆောင်း​ပေး​ရ​သူ စစ်​စာရေးတော်ကြီး​တစ်ဦး​၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်သူပြည်သား​အယောက်​ခြောက်ဆယ်​တို့​ကို​လည်း မြို့​ထဲမှ ခေါ်ယူ​သွား​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 26,
      "text": "ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ထို​သူ​တို့​ကို ရိဗလ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​ထံသို့ ခေါ်ဆောင်​လာ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 27,
      "text": "ဘေဘီလုံ​ဘုရင်​သည် ထို​သူ​တို့​ကို ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် ဒဏ်ခတ်​ကွပ်မျက်​လေ​၏​။ ဤသို့ဖြင့် ယုဒ​လူမျိုး​တို့​သည် နေရင်းပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 28,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး ဖမ်းခေါ်​သွား​သော ဂျူး​လူမျိုး အရေအတွက်​ကား ဤသို့​ဖြစ်​၏​။ နေဗုခဒ်နေဇာ​မင်းကြီး နန်းစံ​ခုနစ်​နှစ်​တွင် သုံး​ထောင်​နှစ်ဆယ့်​သုံး​ယောက်​၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 29,
      "text": "နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် ဂျေရုဆလင်​မြို့​မှ လူ​ရှစ်​ရာ​သုံးဆယ့်​နှစ်​ယောက်​၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 30,
      "text": "နန်းစံ​နှစ်ဆယ့်​သုံး​နှစ်​တွင် ကိုယ်ရံတော်မှူး နေဗုဇာရဒန်​သည် ဂျူး​လူမျိုး​ခုနစ်​ရာ​လေးဆယ့်​ငါး​ယောက်​၊ စုစုပေါင်း လူ​လေး​ထောင့်​ခြောက်​ရာ​တို့​ကို ဖမ်းခေါ်​သွား​လေ​သတည်း​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 31,
      "text": "ဘေဘီလုံ​ဘုရင်​ဧဝိလမေရောဒက်​မင်းကြီး နန်းစံ​သော​ပထမ​နှစ်​၊ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သုံးဆယ့်​ခုနစ်​နှစ်​မြောက်​၊ ဒွါဒသမ​လ​၊ နှစ်ဆယ့်​ငါး​ရက်​နေ့​တွင် ဧဝိလမေရောဒက်​မင်းကြီး​သည် ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​ကို ချီးမြှောက်​သော​အားဖြင့် အကျဉ်းထောင်​မှ လွှတ်​ပေး​လိုက်​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 32,
      "text": "သူ့​ကို ကောင်းမွန်​စွာ​ဆက်ဆံ​ပြောဆို​ပြီး သူ​၏​ပလ္လင်​ကို ဘေဘီလုံ​မြို့​ရှိ အခြား​ဘုရင်​တို့​၏​ပလ္လင်​ထက် ချီးမြှောက်​ထား​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 33,
      "text": "ဤသို့ဖြင့် ယောယခိမ်​မင်းကြီး​သည် ထောင်​အဝတ်​ကို​လဲ​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး နေ့စဉ်​ဘေဘီလုံ​ဘုရင်​ထံ၌ စားသောက်​ခွင့်​ရ​၏​။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 34,
      "text": "သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​အဖို့ စားစရိတ်​၊ သုံးစရိတ် စသည့် နေ့စဉ်​လိုအပ်ချက်​ကို သူ​အနိစ္စ​ရောက်​သည်​အထိ ဘေဘီလုံ​ဘုရင်​သည် သူ့​အား ပေးသနား​လေ​၏​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 1,
      "text": "လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 2,
      "text": "သူ​သည် တစ်ညလုံး ခါးသီး​စွာ​ငိုကြွေး​နေ​ရ​ပြီ​။ သူ့​ပါးပြင်​ပေါ်တွင် မျက်ရည်​များ စိုရွှဲ​နေ​ပြီ​။ သူ့​ချစ်သူ​တို့​လည်း သူ့​ကို မ​နှစ်သိမ့်​ကြ​။ သူ့​မိတ်ဆွေ​အပေါင်း​တို့​က​လည်း သူ့​ကို​သစ္စာဖောက်​ပြီး ရန်သူ​ဖြစ်သွား​ကြ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 3,
      "text": "ယုဒ​အမျိုး​သည် အနှိပ်စက်​ခံရ​ပြီ​။ ကြမ်းကြမ်းတမ်းတမ်း​ကျွန်ပြု​ခံရ​ပြီ​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီ​။ လူမျိုးခြား​တို့​တွင် နေထိုင်​ရ​ပြီ​။ နားခို​ရာ​ကို​မ​တွေ့​။ သူ့​ကို​လိုက်​သော​သူ​အပေါင်း​တို့​သည် လမ်းဆုံး​၌ သူ့​ကို​မီ​ကြ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 4,
      "text": "ပွဲတော်​သို့​လာ​သော​သူ​မ​ရှိ​တော့​ပြီ​ဖြစ်၍ ဇိအုန်​မြို့​လမ်း​တို့ ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။ မြို့​တံခါး​အားလုံး ဆိတ်ညံ​လေ​ပြီ​။ ယဇ်ပုရောဟိတ်​တို့​လည်း ညည်းတွား​ကြ​လေ​ပြီ​။ အပျိုကညာ​တို့​လည်း ဝမ်းနည်းကြေကွဲ​လျက် ခါးသီး​စွာ​ခံစား​နေ​ကြ​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 5,
      "text": "သူ​၏​ရန်သူ​တို့​သည် သူ့​သခင်​ဖြစ်​လျက် ကောင်းစား​ကြ​လေ​ပြီ​။ သူ​ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့် ထာဝရဘုရား​သည် သူ့​ကို ဝမ်းနည်းကြေကွဲ​စေ​တော်မူ​ပြီ​။ သူ​၏​သားသမီး​တို့​ကို သုံ့ပန်း​အဖြစ် ရန်သူ​တို့​ခေါ်သွား​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 6,
      "text": "ဇိအုန်​သမီး​၏​ခန့်ညားထည်ဝါမှု​သည် သူ့​ကို စွန့်ပစ်​လေ​ပြီ​။ သူ​၏​အကြီးအကဲ​တို့​သည် စားကျက်မြေ​ကို​ရှာ​မ​တွေ့​သော သမင်​များ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ လိုက်​သော​သူ​တို့​ရှေ့​၌ အားအင်ချည့်နဲ့​စွာ​ဖြင့် ပြေး​ကြ​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 7,
      "text": "ဂျေရုဆလင်​မြို့​သည် အနှိပ်စက်​ခံရ​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​တွင် ယခင်က​စည်းစိမ်​ခံစား​ခဲ့​ရ​သည်​ကို ပြန်လည်​အောက်မေ့​လေ​၏​။ သူ​၏​လူ​များ ရန်သူ့​လက်​သို့​ကျရောက်​ချိန်​တွင် ကယ်​မည့်​သူ​မ​ရှိ​။ သူ​ပြိုလဲ​သွား​သည်​ကို​ကြည့်​၍ ရန်သူ​တို့ ရယ်မော​ကြ​၏​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 8,
      "text": "ဂျေရုဆလင်​မြို့​သည် အပြစ်​ကျူးလွန်​လေ​ပြီ​။ ထို့ကြောင့် ရွံရှာဖွယ်​ဖြစ်​လေ​ပြီ​။ သူ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ရှိသမျှ​တို့​သည် သူ​၌​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​သဖြင့် သူ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လေ​ပြီ​။ သူ​သည်​လည်း ညည်းတွား​လျက် လှည့်ထွက်​သွား​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 9,
      "text": "သူ​၏​အညစ်အကြေး​သည် သူ့​အဝတ်​၌​စွန်း​နေ​ပြီ​။ သူ​၏​နိဂုံး​ကို သူ​မ​ဆင်ခြင်​မိ​ခဲ့​။ သူ​သည် အံ့ဩဖွယ်​ပြိုလဲ​သွား​လေ​ပြီ​။ သူ့​ကို နှစ်သိမ့်​ပေး​မည့်​သူ​လည်း​မ​ရှိ​။ အို ထာဝရဘုရား​၊ ရန်သူ​တို့​သည် အကျွန်ုပ်​ကို အောင်နိုင်​ကြ​ပြီ​။ အကျွန်ုပ်​ခံရ​သော ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 10,
      "text": "ရန်သူ​တို့​သည် သူ​၏​အဖိုးတန်​ပစ္စည်း​အားလုံး​ကို လက်ဝါးကြီး​အုပ်​လေ​ပြီ​။ လူမျိုးခြား​တို့​သည် ကိုယ်တော်​၏​လူအစုအဝေး​ထဲသို့​မ​ဝင်​ရ​ဟု ကိုယ်တော်​မိန့်မှာ​တော်မူ​ခဲ့​သော်လည်း သန့်ရှင်းရာဌာန​တော်​အထိ​ပင် သူ​တို့​ဝင်ရောက်​ကြ​သည်​ကို သူ​တွေ့မြင်​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 11,
      "text": "သူ့​လူ​အပေါင်း​တို့​သည် ညည်းတွား​လျက် စားစရာ​ကို​ရှာဖွေ​နေ​ကြ​ရ​ပြီ​။ သူ​တို့​သည် အသက်​ရှင်သန်​နိုင်​ရန် သူ​တို့​၏​အဖိုးတန်​ပစ္စည်း​များ​ကို စားစရာ​နှင့်​လဲလှယ်​ကြ​ရ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ် မထီမဲ့မြင်ပြု​ခြင်း​ခံရ​သည်​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 12,
      "text": "လမ်းသွားလမ်းလာ​အပေါင်း​တို့​၊ သင်​တို့​နှင့်​ဘာမျှ​မ​ဆိုင်​သလော​။ ထာဝရဘုရား​ပြင်းစွာ​အမျက်​ထွက်​တော်မူ​သော​နေ့​၌ ငါ့​ကို ခံစား​စေ​တော်မူ​သော ဒုက္ခဝေဒနာ​မျိုး မချိတင်ကဲ​ခံရ​ဖူး​သူ​ရှိ​သလော​၊ ကြည့်​လှည့်​ပါ​၊ မြင်လှည့်​ပါ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 13,
      "text": "ကိုယ်တော်​သည် ကောင်းကင်​မှ​မီး​ကို စေလွှတ်​၍ ငါ့​အရိုး​များ​ကို လောင်ကျွမ်း​စေ​တော်မူ​ပြီ​။ ငါ့​ခြေ​ရှေ့​၌ ပိုက်ကွန်​ကို​ဖြန့်​ထား​ပြီ​။ ငါ့​ကို​နောက်​သို့​ပြန်လှည့်​စေ​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​၍ ငါ​သည် တစ်နေ့လုံး ညှိုးငယ်​လျက်​နေ​ရ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 14,
      "text": "ဘုရားသခင်​သည် လက်​တော်​ဖြင့် ငါ့​အပြစ်​ထမ်းပိုး​ကို ငါ့​လည်ပင်း​ပေါ် တင်​တော်မူ​ပြီ​။ ချည်နှောင်​တော်မူ​ပြီ​။ ငါ့​ခွန်အား​ကို​ချည့်နဲ့​စေ​တော်မူ​၍ ငါ​မ​တွန်းလှန်​နိုင်​သော​သူ​တို့​၏​လက်​ထဲသို့ ငါ့​ကို​အပ်လိုက်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 15,
      "text": "ဘုရားသခင်​သည် ငါ့​စစ်သူရဲ​အားလုံး​ကို နင်းချေ​တော်မူ​ပြီ​။ စစ်သည်​အလုံးအရင်း​ကို ဆင့်ခေါ်​၍ ငါ​၏​လူငယ်​တို့​ကို ဖျက်ဆီး​စေ​တော်မူ​ပြီ​။ ယုဒ​သမီး​ပျို​ကို စပျစ်သီးနယ်ရာကျင်း​၌ နင်းနယ်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 16,
      "text": "ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 17,
      "text": "ဇိအုန်​မြို့​သည် လက်​ကို​ဆန့်​သော်လည်း နှစ်သိမ့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယာကုပ်​ကို ရန်ပြု​ကြ​စေရန် ပတ်ပတ်လည်​ရှိ​လူမျိုး​တို့​ကို ထာဝရဘုရား​အမိန့်ပေး​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​သည် ထို​သူ​တို့​အလယ်​၌ မစင်ကြယ်​သော​အရာ​ကဲ့သို့​ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 18,
      "text": "ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 19,
      "text": "ငါ့​ချစ်သူ​တို့​ကို ငါ​ခေါ်​သော်လည်း သူ​တို့​သည် ငါ့​ကို​လှည့်စား​ကြ​လေ​ပြီ​။ ငါ​၏​ယဇ်ပုရောဟိတ်​များ​နှင့်​သက်ကြီးဝါကြီး​တို့​သည် ဆက်လက်​ရှင်သန်​နိုင်​ရန် အစာရေစာ​ရှာဖွေ​ရင်း မြို့​တွင်း​၌ပင် သေဆုံး​ကြ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 20,
      "text": "အို ထာဝရဘုရား​၊ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ် ဆင်းရဲဒုက္ခ​ရောက်​ပါ​ပြီ​။ အကျွန်ုပ်​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ အကျွန်ုပ်​သည် ဖီဆန်​ပုန်ကန်​မိ​ပါ​ပြီ​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အတွင်း​၌ မငြိမ်မသက်​ဖြစ်​လျက်​ရှိ​၏​။ အိမ်​ပြင်​၌ ဓားဘေး​ရှိ​၏​။ အိမ်​ထဲ၌​လည်း သေဘေး​ရှိ​၏​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 21,
      "text": "အကျွန်ုပ်​ညည်းတွား​သံ​ကို ကြား​သော်လည်း အကျွန်ုပ်​ကို နှစ်သိမ့်ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ကြောင်း​ကို အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့ ကြား​ကြ​ပါ​ပြီ​။ ကိုယ်တော် ဤသို့​ပြု​တော်မူ​သည်​ကို သူ​တို့ နှစ်သက်အားရ​ကြ​ပါ​၏​။ ကိုယ်တော်​မိန့်ဆို​ထား​သော​နေ့ရက် ရောက်လာ​ပါစေ​။ သူ​တို့​သည် အကျွန်ုပ်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 22,
      "text": "သူ​တို့​ပြု​သော​မကောင်းမှု​အလုံးစုံ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့ ရောက်​ပါစေ​။ အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​အလုံးစုံ​အတွက် အကျွန်ုပ်​ခံရ​သကဲ့သို့ သူ​တို့​ကို​လည်း ခံရ​စေ​ပါ​။ အကျွန်ုပ်​အလွန်​ညည်းတွား​ရ​သည်​ဖြစ်၍ စိတ်နှလုံး​ညှိုးနွမ်း​လျက်​ရှိ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 1,
      "text": "ဘုရားရှင်​သည် ဇိအုန်​သမီးပျို​ကို အမျက်​တော်​မိုးတိမ်​ဖြင့် ဖုံးအုပ်​တော်မူ​ပြီ​တကား​။ မိုး​ထိ​မြင့်​သော​အစ္စရေး​လူမျိုး​၏​ဂုဏ်ကျက်သရေ​ကို မြေ​သို့​တိုင် ရှုတ်ချ​တော်မူ​ပြီ​။ အမျက်​တော်​ထွက်​ရာ​နေ့​၌ မိမိ​၏​ခြေတင်ခုံ​ကို မေ့ပစ်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 2,
      "text": "ဘုရားရှင်​သည် ယာကုပ်​အမျိုး​၏​နေရာ​ရှိသမျှ​ကို မ​ညှာ​မ​တာ​ဝါးမျို​တော်မူ​ပြီ​။ ယုဒ​သမီးပျို​၏​ခံတပ်​များ​ကို အမျက်​တော်​ဖြင့် ဖြိုဖျက်​တော်မူ​ပြီ​။ မြေ​တိုင်အောင် ရောက်​စေ​တော်မူ​ပြီ​။ နိုင်ငံ​နှင့်​အကြီးအကဲ​တို့​ကို​လည်း ရှုတ်ချ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​၏​ဦးချို​ရှိသမျှ​တို့​ကို အမျက်​ပြင်းစွာ​ဖြင့် ဖြတ်ပစ်​တော်မူ​ပြီ​။ လက်ယာ​လက်​တော်​ကို ရန်သူ့​ထံမှ ပြန်ရုပ်သိမ်း​တော်မူ​ပြီ​။ ပတ်ပတ်လည်​လောင်ကျွမ်း​သော​မီးလျှံ​ကဲ့သို့ ယာကုပ်​အမျိုး​ကို လောင်ကျွမ်း​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 4,
      "text": "ရန်သူ​ကဲ့သို့ လေး​ကို​တင်​တော်မူ​ပြီ​။ ရန်ဖက်​ကဲ့သို့ လက်ယာ​လက်​တော်​ကို အသင့်ရှိ​စေ​၍ လူ​တို့ တန်ဖိုး​ထား​ရ​သော​သူ​အပေါင်း​တို့​ကို ကွပ်မျက်​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​၏​တဲ​အပေါ်​၌ မီး​ကဲ့သို့သော​အမျက်​တော်​ကို သွန်ချ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 5,
      "text": "ဘုရားရှင်​သည် ရန်သူ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ အစ္စရေး​လူမျိုး​တို့​ကို ဝါးမျို​တော်မူ​ပြီ​။ နန်းတော်​ရှိသမျှ​တို့​ကို​လည်း ဝါးမျို​တော်မူ​ပြီ​။ ခံတပ်​တို့​ကို​လည်း ဖျက်ဆီး​တော်မူ​ပြီ​။ ယုဒ​သမီးပျို​၌ ဝမ်းနည်း​ခြင်း​၊ မြည်တမ်း​ခြင်း​ကို တိုးပွား​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 6,
      "text": "တဲ​တော်​ကို ပြောင်တလင်းခါ​နေ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပြီ​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​အား ပွဲတော်​နေ့​၊ ဥပုသ်နေ့​ကို မေ့​စေ​တော်မူ​ပြီ​။ အမျက်​ပြင်းစွာ​ဖြင့် ရှင်ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​ကို ပစ်ပယ်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 7,
      "text": "ဘုရားရှင်​သည် ယဇ်ပလ္လင်​ကို​စွန့်ပယ်​တော်မူ​ပြီ​။ သန့်ရှင်းရာဌာန​ကို စက်ဆုပ်​တော်မူ​ပြီ​။ နန်းတော်​တံတိုင်း​တို့​ကို​လည်း ရန်သူ့​လက်​သို့ အပ်လိုက်​တော်မူ​ပြီ​။ ရန်သူ​တို့​သည် ပွဲတော်​နေ့​ကဲ့သို့ပင် ထာဝရဘုရား​၏​အိမ်​တော်​၌ ကြွေးကြော်​ကြ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 8,
      "text": "ထာဝရဘုရား​သည် ဇိအုန်​သမီးပျို​၏​မြို့ရိုး​ကို ဖျက်ဆီး​မည်​ဟု ကြံရွယ်​တော်မူ​ပြီ​။ မျဉ်းကြိုး​ကို​ချ​ပြီး လက်​တော်​ကို​ဆန့်​လျက် ဖျက်ဆီး​တော်မူ​ပြီ​။ တံတိုင်း​နှင့်​မြို့ရိုး​တို့​အား ငိုကြွေးမြည်တမ်း​စေ​တော်မူ​ပြီ​။ အားလုံး​ပြိုကျပျက်စီး​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 9,
      "text": "မြို့​တံခါး​တို့​သည် မြေကြီး​ထဲသို့​နစ်ဝင်​သွား​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို ကျိုးပဲ့​ပျက်စီး​စေ​တော်မူ​ပြီ​။ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​သည် လူမျိုးခြား​တို့​တွင် နေ​ရ​လေ​ပြီ​။ ပညတ်တရား​လည်း​မ​ရှိ​တော့​ပြီ​။ ပရောဖက်​တို့​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ဗျာဒိတ်နိမိတ်​ကို​မ​ရ​ကြ​တော့​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 10,
      "text": "ဇိအုန်​သမီးပျို​၏​သက်ကြီးဝါကြီး​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ မြေကြီး​ပေါ်၌ တိတ်ဆိတ်​စွာ​ထိုင်​လျက်​၊ မိမိ​တို့​ခေါင်း​ပေါ်သို့ မြေမှုန့်​ကို​ပစ်တင်​ကြ​ပြီ​။ ဂျေရုဆလင်​အပျိုကညာ​တို့​သည် မြေကြီး​သို့ ခေါင်း​ငိုက်စိုက်ကျ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 11,
      "text": "ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 12,
      "text": "သူ​တို့​သည် ဒဏ်ရာ​ရ​သော​သူ​တို့​ကဲ့သို့ မြို့​လမ်း​များ​ပေါ်၌​လဲကျ​လျက်​၊ အမိ​ရင်ခွင်​၌ အသက်​ယဲ့ယဲ့လေး​သာ​ကျန်ရှိ​လျက် “​မုန့်​နှင့်​စပျစ်ဝိုင် အဘယ်မှာ​ရှိ​သနည်း​”​ဟု မိခင်​အား မေး​ကြ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 13,
      "text": "အို ဂျေရုဆလင်​သမီး​၊ သင့်​ကို မည်သို့​ပြော​ရ​မည်နည်း​၊ မည်သည့်​အရာ​ဖြင့် နှိုင်းပြ​ရ​မည်နည်း​။ အို ဇိအုန်​သမီး​ပျို​၊ သင့်​ကို မည်သူ​နှင့်​ခိုင်းနှိုင်း​ပြီး နှစ်သိမ့်​ပေး​ရ​မည်နည်း​။ အကယ်စင်စစ် သင်​၏​ဒဏ်ရာ​သည် ပင်လယ်​ကဲ့သို့​နက်​၍ သင့်​ကို မည်သူ​ကုသ​ပေး​နိုင်​မည်နည်း​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 14,
      "text": "သင်​၏​ပရောဖက်​တို့​သည် သင့်​အဖို့ မဟုတ်မမှန်​သော​အရာ​၊ အကျိုးမရှိ​သော​အရာ​တို့​ကို နိမိတ်မြင်​ကြ​ပြီ​။ သုံ့ပန်းဘဝ​မ​ရောက်​ရ​လေ​အောင် သူ​တို့​သည် သင်​၏​အပြစ်​ကို​မ​ထောက်ပြ​ဘဲ မဟုတ်မမှန်​သော​အရာ​၊ လှည့်စား​သော​အရာ​တို့​ကို ဗျာဒိတ်​ရ​ကြ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 15,
      "text": "လမ်းသွားလမ်းလာ​အားလုံး သင့်​ကို​လက်ခုပ်တီး​၍ ကဲ့ရဲ့​ကြ​ပြီ​။ ထို​သူ​တို့​သည် ခေါင်း​ကို​ခါယမ်း​လျက် ဂျေရုဆလင်​သမီးပျို​အား “​လှပမှု​အပေါင်း​စုံလင်​ရာ​မြို့​၊ မြေကြီးသား​အားလုံး​ဝမ်းမြောက်​ရာ​မြို့​ကား ဤ​မြို့​ပေလော​”​ဟု ဆို​ကြ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 16,
      "text": "သင်​၏​ရန်သူ​အပေါင်း​တို့​သည် နှုတ်​ကို​ဖွင့်​၍ သင့်​ကို​ကဲ့ရဲ့​လျက် “​ဤ​မြို့​ကို ငါ​တို့​ဝါးမျို​ကြ​ပြီ​။ စင်စစ် ဤ​နေ့​သည် ငါ​တို့​စောင့်မျှော်​သော​နေ့​ဖြစ်​၏​။ ငါ​တို့​ကြုံ​ရ​ပြီ​။ ငါ​တို့​မြင်​ရ​ပြီ​”​ဟု အားရကျေနပ်​စွာ​ဆို​ကြ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 17,
      "text": "ထာဝရဘုရား​သည် ကြံစည်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ ရှေး​ကာလ​က မိန့်​တော်မူ​ခဲ့​သော​စကား​ကို ပြည့်စုံ​စေ​တော်မူ​ပြီ​။ ညှာတာ​တော်​မ​မူ​ဘဲ ဖြိုဖျက်​တော်မူ​ပြီ​။ ရန်သူ​က သင့်​ကို​အနိုင်ရ​၍ ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ​။ သင့်​ရန်ဖက်​တို့​၏​ဦးချို​ကို ချီးမြှောက်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 18,
      "text": "သူ​တို့​သည် ဘုရားရှင်​ထံ စိတ်နှလုံး​ထဲမှ အော်ဟစ်​ကြ​ပြီ​။ အို ဇိအုန်​သမီးပျို​၏​မြို့ရိုး​၊ နေ့နေ့​ညည မျက်ရည်​ချောင်း​စီးဆင်း​စေ​လော့​။ မနားတမ်းငို​လော့​။ သင့်​မျက်ဆန်​ကို အနား​မ​ပေး​နှင့်​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 19,
      "text": "ညဥ့်ဦးယံ​၌ ထ​၍​အော်ဟစ်​လော့​။ ရေ​ကို​သွန်ချ​သကဲ့သို့ သင့်​စိတ်နှလုံး​ကို ဘုရားရှင်​၏​ရှေ့​တော်​၌ ဖွင့်ချ​လော့​။ သင့်​ကလေးသူငယ်​များ​၏​အသက်​အတွက် ကိုယ်တော့်​ထံ​တော်​သို့ သင်​၏​လက်​ကို မြှောက်​လော့​။ သူ​တို့​သည် ငတ်မွတ်​၍ လမ်းဆုံလမ်းခွ​တိုင်း​၌ လဲကျ​ကြ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 20,
      "text": "အို ထာဝရဘုရား​၊ ကြည့်ရှု​၍​ဆင်ခြင်​တော်မူ​ပါ​။ ကိုယ်တော်​သည် မည်သူ့​ကို ဤကဲ့သို့​ပြု​တော်မူ​ခဲ့​သနည်း​။ အလိုလေး​၊ မိန်းမ​တို့​သည် မိမိ​ရင်ခွင်ပိုက်​ကလေးငယ်​၏​အသား​ကို စား​ရ​တော့​မည်လော​။ ယဇ်ပုရောဟိတ်​နှင့်​ပရောဖက်​တို့​လည်း ဘုရားရှင်​၏​သန့်ရှင်းရာဌာန​တော်​၌ ကွပ်မျက်​ခံရ​တော့​မည်လော​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 21,
      "text": "လူကြီး​လူငယ်​တို့​သည် လမ်းမ​ပေါ် ဖုန်တော​ထဲ၌ လဲ​နေ​လေ​ပြီ​။ အပျို​လူပျို​တို့​သည်​လည်း ဓား​ဖြင့် လဲကျ​သေဆုံး​ကြ​လေ​ပြီ​။ အမျက်ထွက်​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကွပ်မျက်​တော်မူ​ပြီ​၊ မ​ညှာ​မ​တာ​သတ်ဖြတ်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 22,
      "text": "ပွဲတော်​နေ့​၌ လူ​တို့​ကို​ဖိတ်ခေါ်​သကဲ့သို့ ကြောက်လန့်ဖွယ်​ရာ​တို့​ကို အဘက်ဘက်​မှ ကိုယ်တော်​ဖိတ်ခေါ်​တော်မူ​ပြီ​။ ထာဝရဘုရား​အမျက်ထွက်​တော်မူ​သော​နေ့​၌ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ အကျွန်ုပ်​ချီပိုက်​၍​ကျွေးမွေးစောင့်ရှောက်​သော​သူ​တို့​ကို ရန်သူ​တို့ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 1,
      "text": "ငါ​သည် ကိုယ်တော်​၏​အမျက်​တော်​ကြိမ်လုံး​ကြောင့် ဖိစီးနှိပ်စက်မှု​ကို ကြုံတွေ့​ခဲ့​ရ​သော​သူ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 2,
      "text": "ကိုယ်တော်​သည် ငါ့​ကို​နှင်ထုတ်​တော်မူ​ပြီ​။ အလင်း​မ​ရှိ​သော မှောင်မိုက်​၌ သွားလာ​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 3,
      "text": "စင်စစ် ကိုယ်တော်​သည် လက်​ကို​ဆန့်​၍ ငါ့​ကို တစ်နေ့လုံး အကြိမ်ကြိမ်​ဆုံးမ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 4,
      "text": "ကိုယ်တော်​သည် ငါ​၏​အသား​အရေ​ကို ရွတ်တွ​စေ​တော်မူ​ပြီ​။ ငါ​၏​အရိုး​တို့​ကို ချိုး​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 5,
      "text": "ငါ့​ကို ဝန်းရံ​တိုက်ခိုက်​တော်မူ​ပြီ​။ ခါးသီးမှု​၊ ခက်ခဲမှု​ဖြင့် ဝိုင်းထား​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 6,
      "text": "ကာလ​ကြာမြင့်​စွာ​က​သေဆုံး​သွား​သူ​ကဲ့သို့ ငါ့​ကို​မှောင်မိုက်​သော​အရပ်​ထဲ၌​နေ​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 7,
      "text": "ငါ​မ​ထွက်သွား​နိုင်​အောင် ကြေးနီ​ကြိုး​ဖြင့်​ချုပ်နှောင်​၍ ပိတ်လှောင်​ထား​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 8,
      "text": "ငါ​အကူအညီ​အော်ဟစ်​တောင်းခံ​သော်လည်း ငါ​၏​ဆုတောင်းချက်​ကို နားညောင်း​တော်​မ​မူ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 9,
      "text": "ငါ​သွား​သော​လမ်း​ကို ကျောက်နံရံ​ဖြင့် ပိတ်​ထား​ပြီး လမ်းခရီး​ကို ကွေ့ကောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 10,
      "text": "ကိုယ်တော်​သည် ငါ့​ကို ချောင်းမြောင်း​နေ​သော​ဝက်ဝံ​၊ ကွယ်​ရာ​၌​ပုန်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ဖြစ်စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 11,
      "text": "ငါ့​ကို လမ်း​လွဲ​စေ​၍ အပိုင်းပိုင်း​ဆွဲဖြတ်​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 12,
      "text": "ကိုယ်တော်​သည် လေး​ကို​တင်​ပြီး ငါ့​ကို​ပစ်မှတ်​ထား​၍ မြား​ဖြင့်​ချိန်ရွယ်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 13,
      "text": "ကိုယ်တော်​၏​မြား​တို့​သည် ငါ့​နှလုံးသား​ကို ထိုးဖောက်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 14,
      "text": "ငါ​သည် ငါ့​လူမျိုး​တို့​တွင် နေ့စဉ် ပြက်ရယ်ပြုစရာ​၊ သီချင်းဆိုစရာ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 15,
      "text": "ကိုယ်တော်​သည် ငါ့​ကို ခါး​သော​ဟင်းရွက်​ဖြင့် ဝအီ​စေ​တော်မူ​ပြီ​။ ဒေါနရည်​ဖြင့် မူး​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 16,
      "text": "ငါ့​သွား​တို့​ကို ကျောက်စရစ်​များ​ဖြင့် ကျိုး​စေ​တော်မူ​ပြီ​။ ငါ့​ကို ပြာပုံ​ထဲတွင် လူး​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 17,
      "text": "ငါ့​စိတ်ဝိညာဉ်​သည် ငြိမ်သက်​ခြင်း​ကင်း​လျက် ကောင်းစား​ခြင်း​ကို​လည်း မေ့လျော့​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 18,
      "text": "သို့ဖြစ်၍ “​ငါ့​ခွန်အား ကုန်ခန်း​ပြီ​။ ထာဝရဘုရား​ထံ​တော်​မှ ငါ့​မျှော်လင့်​ခြင်း ကုန်ဆုံး​ပြီ​”​ဟု ငါ​ဆို​ရ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 19,
      "text": "အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​၊ ဆင်းရဲဒုက္ခ​တို့​ကို သတိရ​တော်မူ​ပါ​။ အကျွန်ုပ်​သောက်​ရ​သော ဒေါနရည်​၊ အဆိပ်ရည်​တို့​ကို​လည်း သတိရ​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 20,
      "text": "ထို​အရာ​တို့​ကို အမြဲတမ်း​အမှတ်ရ​လျက် ငါ့​စိတ်ဝိညာဉ်​သည် ညှိုးငယ်​ရ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 21,
      "text": "သို့သော် ပြန်​၍​ဆင်ခြင်​ကြည့်​သောအခါ ငါ​၌ မျှော်လင့်ချက်​ရှိ​လာ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 22,
      "text": "ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 23,
      "text": "နံနက်တိုင်း ကရုဏာ​တော်​အသစ်​ကို ခံစား​ရ​ပါ​၏​။ သစ္စာ​တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 24,
      "text": "“​ထာဝရဘုရား​သည် ငါ​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု ငါ့​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​ကို မျှော်လင့်ကိုးစား​ပါ​မည်​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 25,
      "text": "ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 26,
      "text": "ထာဝရဘုရား​၏​ကယ်တင်​ခြင်း​ကို ငြိမ်ဝပ်​စွာ​မျှော်လင့်စောင့်စား​သော​သူ​သည် ကောင်းကျိုး​ကို ခံစား​ရ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 27,
      "text": "လူ​သည် ငယ်ရွယ်​စဉ်အခါ ထမ်းပိုး​ထမ်း​သည်​မှာ ကောင်း​ပေ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 28,
      "text": "သူ့​အပေါ် ထမ်းပိုး​ကို တင်​တော်မူ​သည်​ဖြစ်၍ သူ​သည် တစ်ယောက်တည်း ငြိမ်ဝပ်​စွာ​ထိုင်​နေ​စေ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 29,
      "text": "မျှော်လင့်ချက်​ရှိ​ကောင်း​ရှိ​နိုင်​သည်​ဖြစ်၍ သူ​သည် မျက်နှာ​ကို မြေမှုန့်​၌​အပ်​ပါစေ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 30,
      "text": "ရိုက်​လို​သော​သူ​အား ပါး​ကို​လှည့်ပေး​၍ ကဲ့ရဲ့ပြစ်တင်​သမျှ​ကို​ခံ​ပါစေ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 31,
      "text": "အကြောင်းမူကား ဘုရားရှင်​သည် အစဉ်​စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 32,
      "text": "ဝမ်းနည်းကြေကွဲ​စေ​တော်မူ​သော်လည်း မေတ္တာကရုဏာ​ကြီးမား​တော်မူ​သည်​နှင့်အညီ သနားစုံမက်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 33,
      "text": "ကိုယ်တော်​သည် လူသား​တို့​ကို ဒုက္ခဝေဒနာ​ခံစား​စေ​လို​သော​သဘော​၊ ဝမ်းနည်းကြေကွဲ​စေ​လို​သော​သဘော​ရှိ​တော်​မ​မူ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 34,
      "text": "မြေကြီး​ပေါ်ရှိ အကျဉ်းသား​တို့​ကို နှိပ်ကွပ်​ခြင်း​၊"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 35,
      "text": "အမြင့်ဆုံး​သော​အရှင်​ရှေ့မှောက်​တွင် မတရားသဖြင့်​စီရင်​ခြင်း​၊"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 36,
      "text": "အမှုကိစ္စ​များ​ကို တရားမျှတ​စွာ​မ​စီရင်​ခြင်း စသည်​တို့​ကို ဘုရားရှင် နှစ်သက်​တော်​မ​မူ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 37,
      "text": "ဘုရားရှင် မ​မိန့်မှာ​ဘဲ မည်သူ​သည် နှုတ်မြွက်​သည့်​အတိုင်း ဖြစ်လာ​တတ်​သနည်း​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 38,
      "text": "အမြင့်ဆုံး​သော​အရှင် နှုတ်မြွက်​သည့်​အတိုင်း အကောင်း​၊ အဆိုး ဖြစ်လာ​တတ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 39,
      "text": "လူ​၊ အသက်ရှင်​သော​လူ​သည် အဘယ်ကြောင့် မိမိ​အပြစ်​အတွက် စောဒကတက်​ရ​သနည်း​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 40,
      "text": "ကိုယ့်​အကျင့်အကြံ​များ​ကို ဆင်ခြင်သုံးသပ်​၍ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 41,
      "text": "ကောင်းကင်ဘုံ​ရှိ ထာဝရဘုရား​ထံ ငါ​တို့​စိတ်နှလုံး​ပါ​လျက် လက်​ကို ချီ​ကြ​စို့​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 42,
      "text": "ငါ​တို့ အပြစ်ကျူးလွန်​မိ​ပြီ​၊ ပုန်ကန်​မိ​ပြီ​။ ကိုယ်တော်​သည် ငါ​တို့​ကို ခွင့်လွှတ်​တော်​မ​မူ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 43,
      "text": "ပြင်းစွာ​အမျက်ထွက်​လျက် ငါ​တို့​ကို လိုက်​၍ မ​ညှာ​မ​တာ​ကွပ်မျက်​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 44,
      "text": "အထံ​တော်​သို့ ငါ​တို့​ဆုတောင်း​သံ​မ​ရောက်​အောင် ကိုယ်တော်​သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်​ဖြင့် ကာ​ထား​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 45,
      "text": "ကိုယ်တော်​သည် ငါ​တို့​ကို လူမျိုးတကာ​အလယ်​တွင် အညစ်အကြေး​၊ အမှိုက်သရိုက် ဖြစ်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 46,
      "text": "ရန်သူ​အပေါင်း​တို့​သည် ငါ​တို့​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 47,
      "text": "ငါ​တို့​သည် ကြောက်မက်ဖွယ်ဘေး​နှင့် ကြုံ​ရ​ပြီ​။ မြေတွင်း​ထဲသို့ ကျ​လေ​ပြီ ။ အထီးကျန်​ခြင်း​၊ ပျက်စီး​ခြင်း​သို့​ရောက်​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 48,
      "text": "ငါ့​လူမျိုး​သမီးပျို ပျက်စီး​သောကြောင့် ငါ့​မျက်စိ​မှ မျက်ရည်​ချောင်း​စီး​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 49,
      "text": "ကောင်းကင်ဘုံ​မှ ထာဝရဘုရား ငုံ့ကြည့်​၍ မြင်​တော်​မ​မူ​မ​ချင်း ငါ့​မျက်ရည်​သည် မ​ပြတ်​မ​စဲ​စီးဆင်း​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 51,
      "text": "မြို့​သမီးပျို​အပေါင်း​တို့​၏​အဖြစ်​ကို မြင်​ရ​သောကြောင့် ငါ့​စိတ်နှလုံး​ကြေကွဲ​ရ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 52,
      "text": "ရန်သူ​တို့​သည် အကြောင်းမရှိ​ဘဲ ငါ့​ကို ငှက်​ကဲ့သို့ လိုက်ဖမ်း​ကြ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 53,
      "text": "ငါ့​ကို မြေတွင်း​ထဲ​ပစ်ချ​ပြီး သေကြောင်းကြံ​ကြ​ပြီ​။ ကျောက်တုံး​ဖြင့် ပစ်ပေါက်​ကြ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 54,
      "text": "ရေ​သည် ငါ့​ဦးခေါင်း​အထိ လွှမ်းမိုး​လာ​သဖြင့် “​ငါ​သေ​ရ​တော့​မည်​”​ဟု ငါ​ဆို​မိ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 55,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် တွင်း​နက်​ထဲမှ​နေ​၍ ကိုယ်တော်​၏​နာမ​တော်​ကို ဟစ်ခေါ်​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 56,
      "text": "အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​ပြီ​။ “​အကျွန်ုပ်​အကူအညီ​အော်ဟစ်တောင်းဆို​သောအခါ နား​တော်​ကို ပိတ်​ထား​တော်​မ​မူ​ပါ​နှင့်​။​”"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 57,
      "text": "အကျွန်ုပ်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် အနား​သို့​လာ​၍ “​မ​ကြောက်​နှင့်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 58,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​၏​အသက်​ကို ရွေးနုတ်​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 59,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ် မတရား​သဖြင့်​ခံရ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​အမှု​ကို စီရင်​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 60,
      "text": "အကျွန်ုပ်​ကို အဘယ်မျှလောက် အငြိုး​ထား​၍ အဘယ်မျှလောက် မကောင်း​ကြံစည်​နေ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 61,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​၊ မကောင်း​ကြံစည်​ခြင်း​အလုံးစုံ​ကို ကိုယ်တော် ကြားသိ​တော်မူ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 62,
      "text": "အကျွန်ုပ်​ကို ရန်ပြု​သော​သူ​တို့​သည် တစ်နေ့လုံး တီးတိုးပြောဆို​၍ အကျွန်ုပ်​ကို မကောင်းကြံစည်​ကြ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 63,
      "text": "ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​ထိုင်​လေ​ရာ​၊ ထ​လေ​ရာ​၌ အကျွန်ုပ်​အကြောင်း​ကို​သာ လှောင်ပြောင်​သီဆို​ကြ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 64,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​ပြု​သော​အမှု​အတိုင်း အကျိုးအပြစ်​ကို ပြန်ဆပ်ပေး​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 65,
      "text": "သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​ပါ​။ ကျိန်ခြင်းအမင်္ဂလာ​သည် သူ​တို့​အပေါ်​သက်ရောက်​ပါစေ​။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 66,
      "text": "အမျက်ထွက်​လျက် သူ​တို့​ကို လိုက်​တော်မူ​ပါ​။ ထာဝရဘုရား​ပိုင်​တော်မူ​သော​ကောင်းကင်​အောက်​မှ သူ​တို့​ကို သုတ်သင်ဖယ်ရှင်း​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 1,
      "text": "ရွှေ​သည် အရောင်မှိန်​သွား​ပါ​ပြီ​တကား​။ ရွှေ​စင်​သည် အရောင်ပြောင်း​သွား​ပါ​ပြီ​တကား​။ သန့်ရှင်းရာဌာန​မှ ကျောက်​များ​သည်​လည်း လမ်းဆုံလမ်းခွ​တို့​၌ ပြန့်ကျဲ​နေ​ပါ​ပြီ​တကား​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 2,
      "text": "ရွှေစင်​သဖွယ်​အဖိုးတန်​သော ဇိအုန်​မြို့သား​တို့​ကို အိုးထိန်းသည်​လက်​ဖြင့်​လုပ်​သော​မြေ​အိုး​ကဲ့သို့ ထင်မှတ်​ကြ​လေ​ပြီ​တကား​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 3,
      "text": "ခွေးအ​တို့​ပင်လျှင် သားပေါက်​ကို နို့တိုက်​တတ်​၏​။ ငါ့​လူမျိုး​သမီးပျို​တို့​မူကား ကန္တာရ​ငှက်ကုလားအုတ်​ကဲ့သို့ ရက်စက်​တတ်​ပါ​သည်​တကား​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 4,
      "text": "နို့စို့ကလေးငယ်​သည် နို့ဆာ​သောကြောင့် သူ​၏​လျှာ​သည် အာခေါင်​၌ ကပ်​နေ​၏​။ ကလေးသူငယ်​တို့​သည် မုန့်​ကို​တောင်း​သော်လည်း ပေး​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 5,
      "text": "စားကောင်းသောက်ဖွယ်​များ စား​ခဲ့​ရ​သော​သူ​တို့​သည်​လည်း လမ်း​များ​ပေါ်မှာ ငတ်မွတ်သေကျေ​ကြ​ရ​လေ​ပြီ​။ ကြက်သွေးရောင်​အိပ်ရာ​ပေါ်မှာ စံစား​ခဲ့​ရ​သော​သူ​တို့​သည်​လည်း နောက်ချေးပုံ​ပေါ်၌ အိပ်​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 6,
      "text": "မည်သူမျှ​မ​တိုက်ခိုက်​ဘဲ တစ်ခဏအတွင်း ပြိုလဲ​သွား​သော သောဒုံ​မြို့​ခံရ​သော​အပြစ်ဒဏ်​ထက် ငါ့​လူမျိုး​သမီးပျို ခံရ​သော​အပြစ်ဒဏ်​သည် ကြီးလေး​ပါ​သည်​တကား​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 7,
      "text": "သူ​၏​အကြီးအကဲ​တို့​သည် နှင်းပွင့်​ထက်​စင်ကြယ်​၍ နို့ရည်​ထက်​ဖြူ​ခဲ့​၏​။ သူ​တို့​၏​အသားအရေ​သည် ပတ္တမြား​ထက်​နီ​၏​။ နီလာ​ကဲ့သို့ တောက်ပ​သော​အဆင်း ရှိ​ခဲ့​၏​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 8,
      "text": "ယခုမူ သူ​တို့​၏​အသား​သည် မီးသွေး​ထက်​မည်း​သဖြင့် လမ်း​တွင်​တွေ့​လျှင်ပင် မ​မှတ်မိ​၊ အသားအရေ​သည် အရိုး​၌​ကပ်​နေ​သဖြင့် ထင်းခြောက်​သဖွယ် ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 9,
      "text": "ဓားဘေး​ဖြင့် သေ​ရ​သော​သူ​တို့​သည် လယ်ယာ​သီးနှံ​မထွက်​သောကြောင့် ငတ်မွတ်​၍ သေ​ရ​သော​သူ​တို့​ထက် သာ၍​ကောင်း​၏​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 10,
      "text": "သနားကြင်နာ​တတ်​သော​မိန်းမ​များ​ပင်လျှင် မိမိ​ရင်သွေး​များ​၏​အသား​ကို ချက်ပြုတ်စား​ကြ​ပြီ​။ ငါ့​လူမျိုး​သမီးပျို​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သူ​တို့​ရင်သွေး​သည် သူ​တို့​အတွက် စားစရာ​ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 11,
      "text": "ထာဝရဘုရား ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​။ အမျက်​တော်​မီး​ကို သွန်ချ​လေ​ပြီ​။ ဇိအုန်​မြို့​ကို​မီးရှို့​၍ မြို့​၏​အုတ်မြစ်​ကို​ပါ လောင်ကျွမ်း​စေ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 12,
      "text": "ရန်ပြု​လာ​သော​ရန်သူ​တို့ ဂျေရုဆလင်​မြို့​တံခါး​ထဲ ဝင်ရောက်​လာ​နိုင်​သည်​ကို မည်သည့်​မြေကြီး​ဘုရင်​မျှ​၊ မည်သည့်​လောက​လူသား​မျှ မ​ယုံ​နိုင်​ကြ​ပေ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 13,
      "text": "ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကို မြို့​လယ်ခေါင်​၌ သွန်း​ခဲ့​သော ပရောဖက်​တို့​၏​အပြစ်​၊ ယဇ်ပုရောဟိတ်​တို့​၏​ဒုစရိုက်​များ​ကြောင့် ဤသို့​ဖြစ်​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 14,
      "text": "သူ​တို့​သည် လမ်း​များ​ပေါ်တွင် မမြင်မကန်း​လှည့်လည်​သွားလာ​နေ​ကြ​၏​။ သူ​တို့​သည် သွေး​ဖြင့်​ညစ်စွန်း​နေ​သောကြောင့် မည်သူ​မျှ​သူ​တို့​အဝတ်​ကို မ​ထိ​ဝံ့​ကြ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 15,
      "text": "လူ​တို့​က​လည်း သူ​တို့​အား “​ထွက်သွား​ကြ​၊ မစင်ကြယ်​သော​သူ​တို့​၊ ထွက်သွား​ကြ​၊ ထွက်သွား​ကြ​။ ငါ​တို့​ကို မ​ထိ​နှင့်​”​ဟု ဟစ်အော်​ကြ​၏​။ သူ​တို့​လည်း ထွက်သွား​၍ လှည့်လည်​သွားလာ​ကြ​ရ​၏​။ လူမျိုးတကာ​တို့​က​လည်း “​ငါ​တို့​နှင့်အတူ မ​နေ​ကြ​တော့​နှင့်​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 16,
      "text": "ထာဝရဘုရား​ကိုယ်တော်တိုင် သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပြီ​။ သူ​တို့​ကို မ​ကြည့်ရှု​တော့​ပေ​။ လူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​ကို မ​ရိုသေ​ကြ​။ သက်ကြီးဝါကြီး​တို့​ကို မ​သနား​ကြ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 17,
      "text": "ငါ​တို့​သည် ကူညီမစ​ခြင်း​ကို အချည်းနှီး​စောင့်မျှော်​လျက် ငါ​တို့​မျက်စိ​သည် အားအင်ကုန်ခန်း​လေ​ပြီ​။ မ​ကယ်တင်​နိုင်​သော​လူမျိုးခြား​ကို စောင့်မျှော်​နေ​မိ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 18,
      "text": "သူ​တို့​သည် ငါ​တို့​ကို ခြေရာခံ​လိုက်​ကြ​သောကြောင့် လမ်း​ပေါ်၌ ငါ​တို့​မ​သွား​မ​လာ​နိုင်​။ ငါ​တို့​နိဂုံးချုပ်​ချိန် နီးလာ​ပြီ​။ ငါ​တို့​နိဂုံးချုပ်​ချိန် ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​အသက်ရှင်​ရ​သော​နေ့ ကုန်ဆုံး​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 19,
      "text": "ငါ​တို့​ကို လိုက်​သော​သူ​တို့​သည် ကောင်းကင်​လင်းယုန်ငှက်​ထက် သာ၍​လျင်မြန်​ကြ​၏​။ တောင်​များ​ပေါ်တွင် ငါ​တို့​ကို အပြင်းအထန်​လိုက်​ကြ​၏​။ တောကန္တာရ​တွင်​လည်း ငါ​တို့​ကို ချောင်းမြောင်း​ကြ​၏​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 20,
      "text": "ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 21,
      "text": "ဥဇ​ပြည်​၌​နေထိုင်​သော ဧဒုံ​သမီးပျို​၊ ရွှင်မြူး​ထား​နှင့်​လော့​။ ဝမ်းမြောက်​ထား​နှင့်​လော့​။ ဖလား​တော်​သည် သင့်​ထံ​ကူးလာ​မည်​ဖြစ်၍ သင်​သည်​သောက်​၍ ယစ်မူး​သဖြင့် အဝတ်​အချည်းစည်း​ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 22,
      "text": "အို ဇိအုန်​သမီးပျို​၊ သင်​ခံရ​သော​အပြစ်ဒဏ်​ပြီးဆုံး​လေ​ပြီ​။ သင်​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်​။ အို ဧဒုံ​သမီးပျို​၊ သင်​မူကား ဒဏ်ခတ်​ခံရ​လိမ့်မည်​။ သင်​၏​အပြစ်​များ​ကို ဖော်ထုတ်​တော်မူ​မည်​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 1,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့ မည်သို့​ဖြစ်​ခဲ့​သည်​ကို အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​တို့ ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 2,
      "text": "အကျွန်ုပ်​တို့ အမွေမြေ​သည် သူစိမ်း​လက်​သို့ ရောက်​လေ​ပြီ​။ အကျွန်ုပ်​တို့ နေအိမ်​များ​သည် တစ်ပါးအမျိုးသား​တို့​လက်​သို့ ရောက်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 3,
      "text": "အကျွန်ုပ်​တို့​သည် ဖခင်​မ​ရှိ​သော ဖတဆိုး​များ​ဖြစ်​ကြ​ပြီ​။ မိခင်​သည်​လည်း မုဆိုးမ ဖြစ်​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​သောက်​သော​ရေ​သည် ငွေ​ဖြင့် ဝယ်​ရ​ပါ​၏​။ ထင်း​သည်​လည်း အဖိုးအခ​ပေး​ရ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 5,
      "text": "အကျွန်ုပ်​တို့​ကို လိုက်​သော​သူ​တို့​သည် အကျွန်ုပ်​တို့ လည်ကုတ်​ပေါ် တက်စီး​ကြ​ပါ​၏​။ အကျွန်ုပ်​တို့ မ​နား​ရ​သောကြောင့် ပင်ပန်း​လှ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 6,
      "text": "အစာရေစာ​အလုံအလောက်​ရရှိ​ဖို့​ရန် အီဂျစ်​ပြည်​၊ အဆီးရီးယား​ပြည်​တို့​ထံ ခယတောင်းဆို​ရ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​ဘိုးဘေး​တို့​သည် အပြစ်ပြု​ပြီး သေဆုံး​သွား​ကြ​ပြီ​။ သူ​တို့​၏​အပြစ်ဝန်​ကို အကျွန်ုပ်​တို့ ထမ်း​ရ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 8,
      "text": "ကျွန်​တို့​သည် အကျွန်ုပ်​တို့​ကို အုပ်စိုး​ကြ​ပါ​၏​။ သူ​တို့​လက်​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​မည့်​သူ​မ​ရှိ​ပါ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 9,
      "text": "တောကန္တာရ​ထဲ၌​ရှိ​သော ဓားဘေး​ကြောင့် အကျွန်ုပ်​တို့​သည် အသက်​ကို​ရင်း​ပြီးမှ အစာ​ကို ရ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 10,
      "text": "ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေးဒဏ်​ကြောင့် အကျွန်ုပ်​တို့ အရေပြား​သည် မီးဖို​မှ​မီး​ကဲ့သို့ ပူလောင်​နေ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 11,
      "text": "သူ​တို့​သည် ဇိအုန်​မြို့သူ​များ​၊ ယုဒ​မြို့ရွာ​တို့​မှ အပျိုကညာ​တို့​ကို အဓမ္မပြု​ကြ​ပါ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 12,
      "text": "မိမိ​တို့​လက်​ဖြင့် အကြီးအကဲ​တို့​ကို ချိတ်ဆွဲ​ထား​ကြ​ပါ​၏​။ သက်ကြီးဝါကြီး​တို့​ကို​လည်း မ​လေးစား​ကြ​ပါ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 13,
      "text": "လူပျို​တို့​သည် ကြိတ်ဆုံကျောက်​ကို ထမ်း​ရ​ကြ​ပြီ​။ သူငယ်​တို့​သည် ထင်းပုံကြီး​ကို မနိုင်မနင်း​ထမ်း​ရ​ကြ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 14,
      "text": "မြို့​တံခါး​တို့​၌ သက်ကြီးဝါကြီး​တို့ မ​ရှိ​ကြ​တော့​ပြီ​။ လူပျို​တို့​၏​တီးမှုတ်သံ​လည်း ဆိတ်သုဉ်း​သွား​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 15,
      "text": "အကျွန်ုပ်​တို့​သည် စိတ်နှလုံး​ဝမ်းမြောက်ပျော်ရွှင်​ခြင်း ကင်း​လေ​ပြီ​။ ကခုန်​ခြင်း​အစား ငိုကြွေးမြည်တမ်း​ရ​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 16,
      "text": "အကျွန်ုပ်​တို့​ခေါင်း​ပေါ်မှ သရဖူ​သည် ပြုတ်ကျ​လေ​ပြီ​။ အကျွန်ုပ်​တို့​ပြု​မိ​သော​အပြစ်​ကြောင့် ယခုမှာ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 17,
      "text": "ထို​အမှု​ကြောင့် အကျွန်ုပ်​တို့​၏​စိတ်နှလုံး​သည် ညှိုးငယ်​လေ​ပြီ​။ ထို​အမှု​များ​ကြောင့် အကျွန်ုပ်​တို့​၏​မျက်စိ​သည် မှုန်ဝါး​လေ​ပြီ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 18,
      "text": "ဇိအုန်​တောင်​ပေါ်၌ လူသူကင်းမဲ့​သောကြောင့် တောခွေး​တို့ သွားလာ​နေ​ကြ​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 19,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ထာဝရ​စိုးစံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​ပလ္လင်​တော်​သည် မျိုးဆက်အဆက်ဆက် တည်​ပါ​၏​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 20,
      "text": "အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​မေ့လျော့​တော်မူ​ပါ​သနည်း​။ အဘယ်ကြောင့် အချိန်​ကြာမြင့်​စွာ စွန့်ပစ်​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 21,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကိုယ်တော့်​ထံသို့ ပြန်လာ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​ပြန်လာ​ကြ​ပါ​မည်​။ ရှေးကာလ​က​ကဲ့သို့ အကျွန်ုပ်​တို့​၏​နေ့ရက်​များ​ကို အသစ်​ဖြစ်​စေ​တော်မူ​ပါ​။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 22,
      "text": "သို့မဟုတ် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အမှန်ပင်​စွန့်ပစ်​တော်မူ​မည်လော​။ ကျွန်ုပ်​တို့​ကို အမျက်​ပြင်းစွာ​ထွက်​တော်မူ​မည်လော​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 1,
      "text": "အနှစ်​သုံးဆယ်​ပြည့်​သော​နှစ်​၊ စတုတ္ထ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​နှင့်အတူ ခေဗာ​မြစ်​နား​၌​ရှိ​နေ​စဉ် ကောင်းကင်​ပွင့်​၍ ဘုရားသခင်​ဖွင့်ပြ​တော်မူ​သော​နိမိတ်အာရုံ​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 2,
      "text": "ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ပဉ္စမ​နှစ်​၊ ထို​လ ငါး​ရက်​နေ့​တွင်"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 3,
      "text": "ခါလဒဲ​ပြည်​၊ ခေဗာ​မြစ်​နား​တွင်​ရှိ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗုဇိ​၏​သား​၊ ယဇ်ပုရောဟိတ် ယေဇကျေလ​ထံသို့ ရောက်လာ​၏​။ ထို​အရပ်​၌ ထာဝရဘုရား​သည် လက်​တော်​ကို သူ့​အပေါ်​တင်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 4,
      "text": "ငါ​ကြည့်​လိုက်​သော် မြောက်ဘက်​အရပ်​မှ လေပြင်းမုန်တိုင်း လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​လေပြင်းမုန်တိုင်း​တွင် မီးတောက်မီးလျှံ​ဖြင့်​လင်းလက်​နေ​သော တိမ်တိုက်ကြီး​ပါလာ​၍ တိမ်တိုက်ကြီး​ပတ်ပတ်လည်​တွင် ထွန်းလင်း​တောက်ပ​လျက်​ရှိ​၏​။ မီးတောက်မီးလျှံ​အလယ်​တွင် အရောင်တောက်​နေ​သော ကြေးဝါ ​ကဲ့သို့သော​အရာ​တစ်​ခု​လည်း​ပါ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 5,
      "text": "ထို​မီးတောက်မီးလျှံ​အလယ်​တွင်​လည်း သတ္တဝါ​သဏ္ဌာန်​လေး​ခု ပါလာ​၏​။ ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် လူ​၏​သဏ္ဌာန်​နှင့်​တူ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 6,
      "text": "တစ်ပါးစီ​၌ မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု ပါရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 7,
      "text": "သူ​တို့​၏​ခြေ​သည် ဖြောင့်တန်း​၍ ခြေဖဝါး​မူကား နွားသငယ်​၏​ခွာ​နှင့်​တူ​ပြီး တိုက်ချွတ်​ထား​သော​ကြေးနီ​ကဲ့သို့ ပြောင်လက်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 8,
      "text": "ဘေး​၌​ရှိ​သော အတောင်ပံ​လေး​ခု​အောက်​တွင် လူ​လက်​ပါ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​တွင် မျက်နှာ​နှင့်​တောင်ပံ​များ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 9,
      "text": "အတောင်ပံ​တို့​သည် တစ်​ခု​နှင့်​တစ်​ခု ထိစပ်​လျက်​ရှိ​၏​။ ထို​သတ္တဝါ​လေး​ပါး​တို့​သည် သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 10,
      "text": "တစ်ပါးစီ​၏​မျက်နှာ​ပုံသဏ္ဌာန်​မှာ ရှေ့​မျက်နှာ​သည် လူ​မျက်နှာ​၊ ယာဘက်​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ ဝဲဘက်​မျက်နှာ​သည် နွား​မျက်နှာ​၊ အနောက်ဘက်​မျက်နှာ​သည် လင်းယုန်ငှက်​မျက်နှာ စသည်​ဖြင့်"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 11,
      "text": "မျက်နှာ​ပုံစံ​များ ရှိ​၏​။ အတောင်ပံ​များ​သည်​လည်း တစ်စုံ​မှာ အထက်​သို့​ဖြန့်​၍ တစ်ပါး​နှင့်​တစ်ပါး အတောင်​ချင်း​ထိ​ထား​၏​။ ကျန်​တောင်ပံ​တစ်စုံ​မှာ ကိုယ်​ကို​ဖုံးအုပ်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 12,
      "text": "သူ​တို့​သည် မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။ သွား​သောအခါ ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ ဝိညာဉ်​တော်​ညွှန်ပြ​ရာ​သို့​သာ​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 13,
      "text": "ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် မီးတောက်​နေ​သော မီးခဲ​သဏ္ဌာန်​နှင့်​တူ​၏​။ မီးရှူးမီးပန်း​သဏ္ဌာန်​နှင့်​တူ​သော​အရာ​များ​သည်​လည်း ထို​သတ္တဝါ​တို့​ကြား​တွင် ရွေ့လျား​သွားလာ​လျက်​ရှိ​၏​။ မီး​သည် တောက်ပ​လျက် မီး​ထဲမှ​လည်း လျှပ်စီး​တဖျပ်ဖျပ်လက်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 14,
      "text": "ထို​သတ္တဝါ​တို့ သွား​သောအခါ လျှပ်စီးလက်​သကဲ့သို့ လှစ်ကနဲ​လှစ်ကနဲ ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 15,
      "text": "ထို​သတ္တဝါ​တို့​ကို​ကြည့်​နေ​စဉ် မျက်နှာ​လေး​ဖက်​ပါ​သော သတ္တဝါ​တစ်ပါးစီ​တို့​၏​ဘေး​ရှိ မြေ​ပေါ်တွင် ဘီး​တစ်​ဘီး​စီ​ရှိ​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 16,
      "text": "ဘီး​တို့​သည် ကျောက်မျက်ရွဲ​ဖြင့် ထုလုပ်​ထား​သည်​နှင့်တူ​၏​။ ကျောက်မျက်ရွဲ​အဆင်းအရောင်​ကဲ့သို့​တောက်ပ​၏​။ ဘီး​လေး​ခု​တို့​မှာ တစ်ပုံစံတည်း​ဖြစ်၍ ပြုလုပ်​ထား​သည့်​ပုံစံ​မှာ ဘီး​တစ်​ခု​တွင် နောက်​ဘီး​တစ်​ခု​ကို ကန့်လန့်ဖြတ်​ထည့်​ထား​သည့်​ပုံစံမျိုး ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 17,
      "text": "သွား​သောအခါ​တွင်​လည်း ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ သတ္တဝါ​တို့​မျက်နှာမူ​ရာ လေးဘက်လေးတန်​သို့သာ သွား​တတ်​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 18,
      "text": "ဘီးခွေ​တို့​သည် အလွန်​မြင့်​၍ အံ့ဩဖွယ်​ကောင်း​လှ​၏​။ ဘီး​လေး​ဘီး​စလုံး​၏​ခွေ​မှာ မျက်စိ​အပြည့်​ပါရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 19,
      "text": "သတ္တဝါ​တို့​သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ သတ္တဝါ​တို့ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​လည်း မြေ​မှ​ကြွ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 20,
      "text": "ဝိညာဉ်​တော်​သွား​ရာ​သို့ သတ္တဝါ​တို့​လိုက်ပါ​သွား​ရ​၏​။ သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သည်​ဖြစ်၍ ဝိညာဉ်​တော်​သွား​ရာ​သို့ ဘီး​တို့​သည် ဝိညာဉ်​တော်​နှင့်အတူ ကြွ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 21,
      "text": "သူ​တို့​သွား​သောအခါ ဘီး​တို့​သည်​သွား​ကြ​၏​။ သူ​တို့​ရပ်​သောအခါ ဘီး​တို့​သည်​ရပ်​ကြ​၏​။ သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သတ္တဝါ​တို့ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​လည်း သူ​တို့​နှင့်အတူ ကြွ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 22,
      "text": "သတ္တဝါ​တို့​၏​ဦးခေါင်း​အထက်​တွင် အံ့ဩဖွယ်​ကောင်း​သော​၊ ကျောက်သလင်း​သဏ္ဌာန်​နှင့်​တူ​သော မျက်နှာပြင်​ကြီး​တစ်​ခု​ရှိ​၍ သူ​တို့​၏​ဦးခေါင်း​အထက်​တွင် ပြန့်​လျက်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 23,
      "text": "မျက်နှာပြင်ကြီး​အောက်​တွင် သူ​တို့​၏​အတောင်ပံ​တို့​ကို တစ်​ခု​နှင့်​တစ်​ခု​ထိ​အောင် ဖြန့်​ထား​၏​။ ကျန်​တောင်ပံ​နှစ်ခုစီ နှစ်ခုစီ​သည် သူ​တို့​ကိုယ်​ကို ဖုံး​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 24,
      "text": "သူ​တို့​သွား​သောအခါ ရေလှိုင်းပုတ်သံ​ကြီး​ကဲ့သို့​၊ အနန္တတန်ခိုးရှင်​၏​အသံ​ကဲ့သို့ သူ​တို့​၏​တောင်ပံခတ်သံ​ကို ငါ​ကြား​ရ​၏​။ သူ​တို့​သွား​သော​အသံ​သည် စစ်ချီ​သံ​ကဲ့သို့ ဖြစ်​၏​။ သူ​တို့​ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 25,
      "text": "သူ​တို့​ဦးခေါင်း​အထက် မျက်နှာပြင်ကြီး​ပေါ်​မှ အသံ​ထွက်လာ​၏​။ သူ​တို့​သည် ရပ်​နေ​သောအခါ အတောင်ပံ​များ​ကို ချ​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 26,
      "text": "သူ​တို့​ဦးခေါင်း​အထက်​ရှိ မျက်နှာပြင်ကြီး​ပေါ်​တွင် နီလာ​ကျောက်​အဆင်းအရောင်​နှင့်​တူ​သည့် ရာဇပလ္လင်​ကဲ့သို့ သဏ္ဌာန်​တစ်​ခု​ရှိ​၏​။ ထို​ပလ္လင်​ပေါ်တွင် လူ​နှင့်​တူ​သော သဏ္ဌာန်​တစ်​ခု​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 27,
      "text": "ထို​လူ​၏​ခါး​အပေါ်​ပိုင်း​သည် တောက်ပ​သော​ကြေးဝါ​အဆင်း​ရှိ​၍ ဝန်းကျင်​၌ မီးရောင်​သဖွယ်​ဖြာထွက်​နေ​သည်​ကို တွေ့​ရ​၏​။ ခါး​အောက်ပိုင်း​ဝန်းကျင်​၌​လည်း မီးရောင်​သဖွယ် တောက်ပ​သော​အလင်း​ဖြာထွက်​လျက်​ရှိ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 28,
      "text": "ထို​အလင်း​သည် မိုးရွာ​သော​နေ့​၌ မိုးတိမ်​တွင်​ထွက်ပေါ်​လာ​သော သက်တံ​၏​အရောင်​ကဲ့သို့ ပတ်ပတ်လည်​တွင် ရောင်ခြည်​ဖြာထွက်​နေ​၏​။ ထာဝရဘုရား​၏​ဘုန်းအသရေ ထွန်းလင်း​သကဲ့သို့​ဖြစ်​၏​။ ထို​အရာ​ကို​မြင်​၍ ငါ​ပျပ်ဝပ်​လျက်​နေ​စဉ် တစ်စုံတစ်ယောက်​စကားပြော​သော​အသံ​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 1,
      "text": "ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မတ်တတ်ရပ်​လော့​။ သင့်​ကို ငါ​စကားပြော​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 2,
      "text": "ထိုသို့​မိန့်​တော်မူ​စဉ် ဝိညာဉ်​တော်​သည် ငါ့​အထဲ​သို့​ဝင်ရောက်​ပြီး ငါ့​ကို မတ်တတ်ရပ်​စေ​သောအခါ ငါ​နှင့်​စကားပြော​သော​သူ​၏​အသံ​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 3,
      "text": "“​အချင်း​လူသား​၊ သင့်​ကို အစ္စရေး​အမျိုးသား​တို့​ထံ​၊ ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​နေ​သော ပုန်ကန်​တတ်​သော​လူမျိုး​တို့​ထံ စေလွှတ်​မည်​။ သူ​တို့​နှင့် သူ​တို့​ဘိုးဘေး​တို့​သည် ယနေ့​တိုင်အောင် ငါ့​ကို​ပုန်ကန်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 4,
      "text": "သူ​တို့​သည် ခေါင်းမာသူ​၊ စိတ်နှလုံး​မာကျော​သူ​များ​ဖြစ်​ကြ​၏​။ ထို့ကြောင့် သူ​တို့​ထံသို့ သင့်​ကို​စေလွှတ်​၍ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​စေ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ သူ​တို့​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​တို့​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 6,
      "text": "အချင်း​လူသား​၊ သင့်​ကို ဆူးပင်​များ​၊ ဆူးချုံ​များ ဝိုင်းရံ​နေ​ပါစေ​၊ ကင်းမြီးကောက်​တို့​နှင့်​နေ​ရ​ပါစေ​၊ သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​စကား​ကို​လည်း မ​ကြောက်​နှင့်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​ဖြစ်​သောကြောင့် သူ​တို့​စကား​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာထား​ကြောင့် မ​ထိတ်လန့်​နှင့်​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ငါ့​စကား​ကို သူ​တို့​အား ပြောပြ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 8,
      "text": "အချင်း​လူသား​၊ ငါ့​စကား​ကို နားထောင်​လော့​။ ပုန်ကန်​တတ်​သော​အမျိုး​ကဲ့သို့ မ​ပုန်ကန်​နှင့်​။ သင့်​နှုတ်​ကို​ဖွင့်​ပြီး ငါ​ပေး​သော​အရာ​ကို စား​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 9,
      "text": "ငါ​ကြည့်​လိုက်​သောအခါ စာလိပ်​ကိုင်​ထား​သော​လက်​တစ်ဖက်​သည် ငါ့​ဆီသို့​ဆန့်တန်း​လာ​ပြီး"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 10,
      "text": "ငါ့​ရှေ့​တွင် ထို​စာလိပ်​ကို ဖြန့်ပြ​သောအခါ စာလိပ်​နှစ်ဖက်စလုံး​တွင် ငိုကြွေး​မြည်တမ်း​ခြင်း​အကြောင်း​များ​၊ အမင်္ဂလာ​အကြောင်း​များ ရေးသား​ထား​သည်​ကို ငါ​တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 1,
      "text": "တစ်ဖန် ထို​သူ​က “​အချင်း​လူသား​၊ သင်​တွေ့​ရ​သော​စာလိပ်​ကို စား​လော့​။ စား​ပြီးလျှင် အစ္စရေး​လူမျိုး​တို့​ထံ သွား​၍​ဟောပြော​လော့​”​ဟု ဆို​လျှင်"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 2,
      "text": "ငါ​လည်း ငါ့​နှုတ်​ကို​ဖွင့်​လိုက်​သောအခါ သူ​သည် ထို​စာလိပ်​ကို ငါ့​အား​ကျွေး​ပြီး"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 3,
      "text": "“​အချင်း​လူသား​၊ ငါ​ပေး​သော​စာလိပ်​ကို​စား​ပြီး သင့်​ဗိုက်​ကို​ဖြည့်​လော့​”​ဟု ဆို​၏​။ ငါ​သည် ထို​စာလိပ်​ကို​စား​သောအခါ နှုတ်​၌ ပျားရည်​ကဲ့သို့​ချိုမြိန်​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 4,
      "text": "ထို့နောက် သူ​က “​အချင်း​လူသား​၊ ငါ့​စကား​ကို အစ္စရေး​လူမျိုး​တို့​ထံသို့ သွား​၍​ပြောပြ​လော့​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 5,
      "text": "သင်​မသိ​သော​ဘာသာစကား​၊ သင်​နားမလည်​သော​ဘာသာစကား​ကို ပြောဆို​သော​လူမျိုး​ထံသို့ သင့်​ကို​ငါ​စေလွှတ်​သည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​ထံသို့ စေလွှတ်​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 6,
      "text": "သင်​နား​မ​လည်​နိုင်​သည့် ခက်ခဲ​သော​စကား​၊ ထူးဆန်း​သော​စကား​ကို ပြောဆို​သည့်​လူမျိုး​တို့​ထံသို့ သင့်​ကို​စေလွှတ်​သည်​မ​ဟုတ်​။ အကယ်၍ ထို​လူမျိုး​တို့​ထံသို့ စေလွှတ်​မည်​ဆို​လျှင် သင့်​စကား​ကို သူ​တို့​နားထောင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 7,
      "text": "ယခုမူ အစ္စရေး​လူမျိုး​တို့​သည် ငါ့​စကား​ကို နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​သောကြောင့် သင့်​စကား​ကို​လည်း နားထောင်​လို​သော​ဆန္ဒ​ရှိ​မည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​တို့​သည် ခေါင်းမာသူ​၊ စိတ်နှလုံး​မာကျော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 8,
      "text": "သူ​တို့​မျက်နှာ မာကျော​သကဲ့သို့ သင့်​မျက်နှာ​ကို မာကျော​စေ​မည်​။ သူ​တို့​ခေါင်းမာ​သကဲ့သို့ သင့်​ကို​ခေါင်းမာ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 9,
      "text": "ကျောက်ချွန်​ထက်​မာ​သော​စိန်​ကဲ့သို့ သင့်​ကို ခေါင်းမာ​စေ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော်လည်း သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာ​ထား​ကြောင့် မ​ထိတ်လန့်​နှင့်​”​ဟု ငါ့​အား မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 10,
      "text": "တစ်ဖန် ထို​သူ​က “​အချင်း​လူသား​၊ ငါ​ပြော​သော​စကား​အလုံးစုံ​ကို နားထောင်​၍ နှလုံးသွင်း​လော့​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 11,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သင့်​အမျိုးသားချင်း​တို့​ထံသို့​သွား​၍ သူ​တို့​နားထောင်​သည်​ဖြစ်စေ​၊ နား​မ​ထောင်​သည်​ဖြစ်စေ ‘ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​သည်’​ဟူ၍ သူ​တို့​အား ဆင့်ဆို​ရ​မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 12,
      "text": "ထို့နောက် ဝိညာဉ်​တော်​သည် ငါ့​ကို​ချီမ​လိုက်​စဉ်တွင် “​စံ​တော်မူ​ရာ​အရပ်​မှ ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​စေ​သတည်း​”​ဟူသော အသံ​ကို ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ့​နောက်မှ​ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 13,
      "text": "သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 14,
      "text": "ထိုသို့ ဝိညာဉ်​တော်​က ငါ့​ကို​ချီဆောင်​သွား​သောအခါ ငါ​သည် ပူပန်စိတ်​လောင်မြိုက်​လျက် လိုက်ပါ​သွား​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​အားကြီး​စွာ​တည်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 15,
      "text": "ငါ​သည် ခေဗာ​မြစ်​နား​၊ တေလဗိဗ​မြို့​ရှိ သုံ့ပန်း​တို့​ထံ​ပြန်​ရောက်လာ​၍ သူ​တို့​နေထိုင်​ရာ​မြို့​တွင် ငါ​ထိုင်​နေ​၏​။ ထို​နေရာ​တွင် ခုနစ်​ရက်​ပတ်လုံး ထိုင်​၍ မိန်းမောတွေဝေ​လျက်​နေ​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 16,
      "text": "ခုနစ်​ရက်​လွန်​မှ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 17,
      "text": "“​အချင်း​လူသား​၊ ငါ​သည် သင့်​ကို အစ္စရေး​လူမျိုး​တို့​ကို​စောင့်ကြည့်​သော ကင်းစောင့်​အဖြစ် ခန့်ထား​ပြီ​။ ငါ​ပြော​သော​စကား​ကို​ကြား​တိုင်း သူ​တို့​ကို ပြန်ပြော​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 18,
      "text": "ဆိုးယုတ်​သော​သူ​အား ‘​သင်​မုချ​သေ​ရ​မည်​’​ဟု ငါ​ဆို​လျက်​နှင့် သူ​၏​ဆိုးယုတ်​ခြင်း​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရ​ရန် သင်​သည် သူ့​ကို သတိ​မ​ပေး​၊ မ​ပြောပြ​ဘဲ​နေ​လျှင် ထို​ဆိုးယုတ်​သော​သူ​သည် သူ့​အပြစ်​ကြောင့် သေ​ရ​မည်​။ သို့သော် သူ့​အသက်​ကို သင့်​ထံမှ ပြန်တောင်း​မည်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 19,
      "text": "အကယ်၍ ဆိုးယုတ်​သော​သူ​ကို သင်​သတိပေး​သော်လည်း သူ​သည် ဆိုးယုတ်​သော​အပြစ်​လမ်း​မှ ပြန်​မ​လှည့်​လျှင် သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​။ သင်​မူကား အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 20,
      "text": "ထိုနည်းတူ ဖြောင့်မတ်​သော​သူ​သည် ဖောက်ပြန်​၍ မကောင်းမှု​ကို​ပြု​လျှင် ငါ​သည် သူ့​ရှေ့​၌ ခလုတ်တံသင်း​ချ​ထား​မည်​။ သူ​သေ​ရ​မည်​။ သူ​ဖြောင့်မတ်​ခဲ့​သည်​များ​ကို ပြန်​မ​အောက်မေ့​။ သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​ဖြစ်​သော်လည်း သင်​သည် သူ့​ကို​သတိ​မ​ပေး​သောကြောင့် သူ့​အသက်​ကို သင့်​ထံမှ ပြန်တောင်း​မည်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 21,
      "text": "အကယ်၍ ဖြောင့်မတ်​သော​သူ​အား အပြစ်​မ​ပြု​ရန် သင်​သတိပေး​သဖြင့် သူ​သည် အပြစ်​မ​ပြု​ဘဲ​နေ​လျှင် ထိုသို့​သတိပေး​သည်​ကို ခံယူ​သောကြောင့် သူ​သည် မုချ​အသက်ရှင်​မည်​။ သင်​သည်​လည်း အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 22,
      "text": "ထို​အရပ်​တွင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​၌​တည်​၍ “​လွင်ပြင်​သို့ ထ​သွား​လော့​။ ထို​နေရာ​တွင် သင့်​ကို ငါ​စကားပြော​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 23,
      "text": "ငါ​သည်​လည်း လွင်ပြင်​သို့ ထ​သွား​သောအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ခေဗာ​မြစ်​နား​၌​မြင်​ခဲ့​ရ​သော ဘုန်းအသရေ​တော်​ကဲ့သို့ တည်​နေ​သည်​ကို တွေ့​ရ​သဖြင့် ငါ​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 24,
      "text": "ထိုအခါ ဝိညာဉ်​တော်​သည် ငါ့​အထဲ​သို့​ဝင်ရောက်​၍ ငါ့​ကို မတ်တတ်ရပ်​စေ​ပြီး “​သင့်​အိမ်​သို့​ပြန်သွား​၍ ပုန်း​နေ​လော့​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 25,
      "text": "အချင်း​လူသား​၊ သင်​သည် ကြိုး​နှင့်​တုပ်နှောင်​ခံရ​မည်​ဖြစ်၍ လူ​တို့​တွင် သင်​သွားလာ​နိုင်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 26,
      "text": "သင်​၏​လျှာ​ကို အာခေါင်​၌​ကပ်​စေ​မည်​။ သင့်​ကို ဆွံ့အ​စေ​မည်​။ သူ​တို့​အား ဆုံးမ​နိုင်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 27,
      "text": "သင်​နှင့်​ငါ​စကားပြော​သောအခါ သင့်​နှုတ်​ကို​ဖွင့်ပေး​မည်​။ ထိုအခါ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်​’​ဟု သူ​တို့​အား ပြော​ရ​မည်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် နားထောင်​လို​သော​သူ နားထောင်​ပါစေ​။ နားမထောင်​လို​သော​သူ​လည်း နားမထောင်​ဘဲ​နေ​ပါစေ​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 1,
      "text": "အချင်း​လူသား​၊ အုတ်ချပ်​တစ်​ချပ်​ကို​ယူ​၍ သင့်​ရှေ့​တွင်​ထား​ပြီးလျှင် ထို​အုတ်ချပ်​ပေါ်တွင် ဂျေရုဆလင်​မြို့​ပုံ​ကို ရေးဆွဲ​လော့​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 2,
      "text": "ထို့ပြင် ထို​မြို့​ကို ဝိုင်းထား​သော​ပုံ​၊ ခံတပ်​ကို​တည်​ထား​သော​ပုံ​၊ မြေကတုတ်​ကို​လုပ်​ထား​သော​ပုံ​၊ တပ်စခန်း​ချ​၍ မြို့​ပတ်ပတ်လည်​တွင် တုံးမောင်း​တို့​ကို​ချထား​သော​ပုံ​ကို လုပ်​လော့​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 3,
      "text": "ထို့နောက် သံပြား​တစ်​ချပ်​ကို​ယူ​၍ သင်​နှင့်​မြို့​ပုံ​အကြား​တွင် သံ​မြို့ရိုး​သဖွယ် ကာ​ထား​လော့​။ သင်​သည် မြို့​ဘက်​သို့ စိုက်ကြည့်​လော့​။ ထိုအခါ မြို့​သည် ဝိုင်း​ထား​ခြင်း​ခံရ​သကဲ့သို့ ဖြစ်​မည်​။ ဤသို့ မြို့​ကို​ဝိုင်းထား​ခြင်း​သည် အစ္စရေး​အမျိုးအနွယ်​တို့​အတွက် နိမိတ်လက္ခဏာ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 4,
      "text": "ထို့နောက် သင်​သည် လက်ဝဲ​ဘက်​သို့​စောင်းအိပ်​ပြီး အစ္စရေး​အမျိုးအနွယ်​၏​အပြစ်​ကို ခံယူ​လော့​။ သင်​စောင်းအိပ်​သည့်​နေ့ရက်​ပေါင်း​သည် သူ​တို့​၏​အပြစ်​ကို သင်​ခံယူ​သော​နေ့ရက်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 5,
      "text": "သူ​တို့​အပြစ်​ပြု​ခဲ့​သော​နှစ်​နှင့်အညီ သင်​အပြစ်​ခံယူ​ရ​မည့်​နေ့ရက်​အရေအတွက်​မှာ ရက်ပေါင်း​သုံး​ရာ့​ကိုးဆယ်​ဟု ငါ​သတ်မှတ်​၏​။ ဤသည်မှာ အစ္စရေး​အမျိုးအနွယ်​တို့​၏​အပြစ်​ကို သင်​ခံယူ​ရ​မည့်​ရက်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 6,
      "text": "ရက်စေ့​သောအခါ လက်ယာ​ဘက်​သို့ တစ်ဖန်​စောင်းအိပ်​ပြီး ယုဒ​အမျိုးအနွယ်​၏​အပြစ်​ကို ခံယူ​ရ​မည်​။ တစ်ရက်​ကို တစ်​နှစ်​အဖြစ်​သတ်မှတ်​၍ ရက်ပေါင်း​လေးဆယ် သင်​စောင်းအိပ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 7,
      "text": "သင်​ဝိုင်း​ထား​သော​ဂျေရုဆလင်​မြို့​ကို စိုက်ကြည့်​လော့​။ လက်သီးလက်မောင်းတန်း​လျက် ထို​မြို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 8,
      "text": "သင်​မြို့​ကို​ဝိုင်း​ထား​ရ​မည့်​နေ့ရက်​မ​ပြီးဆုံး​မီ ဟိုဘက်​သည်ဘက်​လှည့်​၍​မ​ရ​အောင် ငါ​သည် သင့်​ကို ကြိုး​ဖြင့်​ချည်​ထား​မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 9,
      "text": "ဂျုံဆန်​၊ မုယောဆန်​၊ ပဲကြီး​၊ ပဲနီ​၊ ဆပ်​၊ ပန်းဂျုံ​တို့​ကို​ယူ​၍ အိုး​တစ်​လုံး​တွင်​ထည့်​ထား​၍ မုန့်​လုပ်​ရ​မည်​။ သင်​စောင်းအိပ်​ရ​သော​ရက်​ပေါင်း သုံး​ရာ့​ကိုးဆယ်​တွင် ထို​မုန့်​ကို စား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 10,
      "text": "ထို​မုန့်​ကို တစ်နေ့လျှင် အချိန်​နှစ်ဆယ်​ရှယ်ကယ် ချိန်​၍ စား​ရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​တွင် စား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 11,
      "text": "ရေ​ကို​လည်း​ချင့်​ပြီး တစ်နေ့​လျှင် တစ်​ဟိန်​၏​ခြောက်​ပုံ​တစ်​ပုံ ​သောက်​ရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​တွင် သောက်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 12,
      "text": "လူ​တို့​ရှေ့​တွင် လူ့​မစင်ခြောက်​ကို မီးဆိုက်​၍ မုယော​မုန့်ပြား​ဖုတ်​ပြီး စား​ရ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 13,
      "text": "ထာဝရဘုရား​က “အစ္စရေး​အမျိုးသား​တို့​ကို ငါ​နှင်ထုတ်​၍ သူ​တို့​ရောက်ရှိ​ရာ လူမျိုးခြား​တို့​အလယ်​တွင် သူ​တို့​သည် မစင်ကြယ်​သော​အစာ​ကို စား​ရ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 14,
      "text": "ငါ​က​လည်း “​အို ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ငယ်စဉ်​မှစ၍ ယခု​တိုင်အောင် အလိုလို​သေ​သော​အကောင်​၊ သားရဲ​ကိုက်​၍​သေ​သော​အကောင်​တို့​ကို မ​စား​ဖူး​ပါ​။ ထို​အရာ​တို့​ဖြင့် ကိုယ့်ကိုယ်ကိုယ် မ​ညစ်ညူး​စေ​ဖူး​ပါ​။ ထိုသို့​ရွံရှာဖွယ်​သော​အကောင်​၏​အသား​ကို အကျွန်ုပ်​ပါးစပ်​ထဲသို့ မ​ထည့်​ဖူး​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 15,
      "text": "ထိုအခါ ကိုယ်တော်​က “​သို့ဖြစ်လျှင် လူ့​မစင်​အစား နွား​ချေး​ကို​ပေး​မည်​။ ထို​နွားချေး​နှင့် မုန့်​ကို​ဖုတ်​ရ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 16,
      "text": "တစ်ဖန် ကိုယ်တော်​က “အချင်း​လူသား​၊ ငါ​သည် ဂျေရုဆလင်​မြို့​၏​စားနပ်ရိက္ခာ ​ကို ဖြတ်တောက်​ပစ်​မည်​။ သူ​တို့​သည် မုန့်​ကို​ချိန်​လျက် စိုးရိမ်ပူပန်စိတ်​ဖြင့် စား​ရ​လိမ့်မည်​။ ရေ​ကို​ချင့်​လျက် ထိတ်လန့်​စွာ သောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 17,
      "text": "မုန့်​နှင့်​ရေ ရှားပါး​သောကြောင့် သူ​တို့​သည် တစ်ဦး​ကို​တစ်ဦး တအံ့တဩ​ကြည့်​ကြ​လိမ့်မည်​။ ကိုယ့်​အပြစ်​ကြောင့် ခွန်အားယုတ်လျော့​သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 1,
      "text": "အချင်း​လူသား​၊ ဆံသသမား​၏​သင်တုန်းဓား​ကဲ့သို့ ထက်​သော​ဓား​ကို​ယူ​၍ သင့်​ဆံပင်​နှင့်​မုတ်ဆိတ်မွေး​တို့​ကို ရိတ်​လော့​။ ထို့နောက် ချိန်ခွင်​ဖြင့်​ချိန်​၍ အစုစု​ခွဲ​ထား​လော့​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 2,
      "text": "မြို့​ကို​ဝိုင်း​ထား​သော​နေ့​စေ့​သောအခါ ထို​အထဲ​မှ သုံးပုံတစ်ပုံ​ကို မြို့​ထဲ​တွင် မီးရှို့​ပစ်​လော့​။ နောက်ထပ်​သုံးပုံတစ်ပုံ​ကို မြို့​ထဲ​လှည့်လည်​၍ ဓား​ဖြင့်​ခုတ်ဖြတ်​လော့​။ နောက်ထပ်​သုံးပုံတစ်ပုံ​ကို လေ​ထဲသို့​လွှင့်ပစ်​လိုက်​လော့​။ ငါ​သည် ထို​အစု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 3,
      "text": "ထို​အထဲ​မှ အနည်းငယ်​ကို​ယူ​၍ သင့်​ဝတ်ရုံ​အနားစ​တွင် ထုပ်​ထား​လော့​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 4,
      "text": "တစ်ဖန် ထို​အထဲ​မှ အနည်းငယ်​ကို​ယူ​ပြီး မီး​ထဲ​သို့​ပစ်ချ​၍ မီး​ရှို့​ပစ်​လော့​။ ထို​မီး​သည် အစ္စရေး​တစ်မျိုးနွယ်လုံး​သို့ ပြန့်သွား​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 5,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ဤသည်ကား ဂျေရုဆလင်​မြို့​တည်း​။ ငါ​သည် ဂျေရုဆလင်​မြို့​ကို လူမျိုးတကာ​တို့​အလယ်​၊ သူ့​ဝန်းကျင်​ရှိ တိုင်းနိုင်ငံ​တို့​အလယ်​တွင် ချ​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 6,
      "text": "သို့သော် သူ​သည် ဆိုးယုတ်​သော​အမှု​ကို​ပြု​လျက် လူမျိုးတကာ​တို့​ထက် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို သာ၍​ဖီဆန်​ကြ​၏​။ သူ့​ဝန်းကျင်​ရှိ တိုင်းနိုင်ငံ​များ​ထက် ငါ့​ပြဋ္ဌာန်းချက်​တို့​ကို သာ၍​ဖီဆန်​ကြ​၏​။ စင်စစ် သူ​တို့​သည် ငါ့​စီရင်ထုံးဖွဲ့ချက်​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်နာ​ဘဲ​နေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 7,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​သည် သင်​တို့​ဝန်းကျင်​ရှိ​လူမျိုးတကာ​တို့​ထက် သာ၍​သောင်းကျန်း​၏​။ ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​လိုက်နာ​၊ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ သင်​တို့​ဝန်းကျင်​ရှိ လူမျိုးတကာ​တို့​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​ပင် မ​ပြုကျင့်​နိုင်​ကြ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 8,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် သင့်​ကို​စီရင်​မည်​။ လူမျိုးတကာ​တို့​ရှေ့​တွင် သင့်​ကို​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 9,
      "text": "သင်​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​အလုံးစုံ​တို့​ကြောင့် ငါ​မ​ပြု​ဖူး​သော​၊ နောင်တွင်လည်း ပြု​မည်​မ​ဟုတ်​သော​အမှု​ကို သင်​၌​ငါ​ပြု​မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 10,
      "text": "သင်​တို့​ထဲ​တွင် မိဘ​တို့​သည် သားသမီး​အသား စား​ကြ​လိမ့်မည်​။ သားသမီး​တို့​သည်​လည်း မိဘ​အသား စား​ကြ​လိမ့်မည်​။ ငါ​သည် သင့်​ကို အပြစ်ဒဏ်​ပေး​မည်​။ ကြွင်းကျန်​သော​သူ​တို့​ကို လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 11,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် သင်​ပြု​သော စက်ဆုပ်​ရွံရှာဖွယ်​အမှု​အပေါင်း​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ပြီ​ဖြစ်၍ ငါ​အသက်ရှင်​သည်​နှင့်အညီ သင့်​ကို မ​သနား​၊ မ​ညှာတာ​ဘဲ သုတ်သင်​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 12,
      "text": "လူ​သုံးပုံတစ်ပုံ​သည် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သင်​တို့​အလယ်​တွင် သေကျေ​ပျက်စီး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် ဓားဘေး​ဖြင့် သင်​တို့​ပတ်ပတ်လည်​တွင်​ကျဆုံး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​သွား​မည်​။ ငါ​သည် ဓား​ကို​ထုတ်​၍ သူ​တို့​နောက်​ကို​လိုက်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 13,
      "text": "‘သို့မှ ငါ့​အမျက်ပြေ​မည်​။ သူ​တို့​ကို အမျက်ဒဏ်​ခံ​စေ​ပြီးမှ ငါ့​စိတ်ချင်ရဲပြေ​မည်​။ ငါ့​အမျက်​ငြိမ်း​ပြီးမှ ငါ​ထာဝရဘုရား စိတ်အားကြီး​စွာ​ဖြင့် မိန့်ဆို​ခဲ့​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 14,
      "text": "ငါ​သည် သင့်​ကို ပြိုပျက်​ရာ ဖြစ်​စေ​မည်​။ သင့်​ဝန်းကျင်​ရှိ လူမျိုးတကာ​တို့​အလယ်​၊ ဖြတ်သန်းသွားလာ​သူ​တို့​အမြင်​တွင် ကဲ့ရဲ့စရာ​ဖြစ်စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 15,
      "text": "ငါ​သည် အမျက်​ဒေါသ​ပြင်းစွာ​ဖြင့် သင့်​ကို​ဆုံးမ​၍ အပြစ်ဒဏ်​ပေး​သောအခါ သင့်​ဝန်းကျင်​ရှိ လူမျိုးတကာ​တို့​တွင် သင်​သည် ကဲ့ရဲ့စရာ​၊ ပုတ်ခတ်စရာ​၊ ခိုင်းနှိုင်းစရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​ဟု ငါ​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 16,
      "text": "ငါ​သည် သင်​တို့​ထံ သေ​စေ​နိုင်​သော​ငတ်မွတ်ခေါင်းပါး​ခြင်း​မြား​ကို ပစ်လွှတ်​လိုက်​သောအခါ​၊ သင်​တို့​ကို ဖျက်ဆီး​ပစ်​မည့် ဖျက်ဆီး​ခြင်း​မြား​ကို​ပစ်လွှတ်​သောအခါ သင်​တို့​၌ ပို၍​ဆိုးရွား​သော​ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​လိမ့်မည်​။ သင်​တို့​၏​စားနပ်ရိက္ခာ ​ကို ဖြတ်တောက်​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 17,
      "text": "သင်​တို့​ထံ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို စေလွှတ်​မည်​၊ သားရဲတိရစ္ဆာန်​တို့​ကို စေလွှတ်​မည်​။ သင်​တို့​သည် သားသမီးမဲ့ ဖြစ်​ကြ​လိမ့်မည်​။ ကပ်ရောဂါ​ဘေး​၊ သေဘေး​တို့ သင့်​ထံ​ရောက်လာ​မည်​။ သင့်​အပေါ် ဓားဘေး​ကျရောက်​စေ​မည်’​ဟူ၍ ငါ​ထာဝရဘုရား မိန့်​တော်မူ​ပြီ​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​ဘက်​သို့​မျက်နှာမူ​လျက်"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 3,
      "text": "‘​အို အစ္စရေး​တောင်တန်း​တို့​၊ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။ တောင်ကြီး​တောင်ငယ်​များ​နှင့် မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ထာဝရဘုရား​က ငါ​ကိုယ်တော်တိုင် သင်​တို့​ထံ ဓားဘေး​ရောက်​စေ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 4,
      "text": "ယဇ်ပလ္လင်​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​သည်​လည်း ချိုးဖဲ့​ခြင်း​ခံရ​မည်​။ သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် လူ​တို့​ကို လဲကျ​သေဆုံး​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 5,
      "text": "သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် အစ္စရေး​အမျိုးသား​တို့​၏​အလောင်း​ကို ပစ်​ထား​မည်​။ ယဇ်ပလ္လင်​ဝန်းကျင်​တွင် အရိုး​များ​ကို ကြဲဖြန့်​ထား​မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 6,
      "text": "သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​ရှိ​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ သင်​တို့​၏​ယဇ်ပလ္လင်​သည် ဖျက်ဆီး​ခံရ​သဖြင့် ပျက်စီး​သွား​မည်​။ ရုပ်တု​တို့​သည်​လည်း ချိုးဖျက်​ခံရ​သဖြင့် ပြိုပျက်​သွား​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​သည်​လည်း ခုတ်လှဲ​ခံရ​မည်​။ သင်​တို့​ပြုလုပ်​ထား​သော​အရာ​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 7,
      "text": "သင်​တို့​တွင် လူ​တို့ လဲကျ​သေဆုံး​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 8,
      "text": "သို့သော် အပြည်ပြည်​သို့ သင်​တို့​ကွဲလွင့်​သွား​သောအခါ လူမျိုးခြား​တို့​အလယ်​တွင် ဓားဘေး​မှ​လွတ်မြောက်​သော​သူ​ကို ငါ​ကြွင်းကျန်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 9,
      "text": "ထိုသို့ ဖမ်းသွား​ခြင်း​ခံရ​၍ လူမျိုးခြား​တို့​အလယ်​ရောက်ရှိ​နေ​သော ကြွင်းကျန်သူ​တို့​သည် စိတ်နှလုံး​ဖောက်ပြန်​၍ ငါ့​ထံမှ​လမ်းလွဲ​သွား​သောကြောင့်​၊ မျက်စိ​ဖောက်ပြန်​၍ ရုပ်တု​များ​နောက်သို့ လိုက်သွား​ခဲ့​သောကြောင့် ငါ​မည်မျှ​ရင်ကျိုး​ခဲ့​ရ​သည်​ကို သူ​တို့​သိနားလည်​လာ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် သူ​တို့​ကိုယ်​သူ​တို့ စက်ဆုပ်ရွံရှာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 10,
      "text": "ငါ​သည် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်ဆို​သည်​မှာ အကြောင်းမဲ့​မ​ဟုတ်​။ ဤနည်းဖြင့် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 11,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် လက်ခုပ်တီး​လျက်​၊ ခြေ​ကို​ဆောင့်​လျက် အလို​၊ အစ္စရေး​အမျိုးအနွယ်​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​တော့​မည်​ဟု ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 12,
      "text": "ရပ်ဝေး​ရှိ​လူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​မည်​။ ရပ်နီး​ရှိ​လူ​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​မည်​။ ထို​ဘေး​တို့​မှ​လွတ်​၍ ကျန်​သော​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ရ​မည်​။ သို့မှ ငါ့​အမျက်ငြိမ်း​မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 13,
      "text": "ရုပ်တု​ရှိသမျှ​ကို မွှေးကြိုင်​သော​နံ့သာပေါင်း​ပူဇော်​ရာ​နေရာ​များ​ဖြစ်​သည့် ရုပ်တု​များ​ကြား​နှင့် ယဇ်ပလ္လင်​ပတ်ပတ်လည်​၊ တောင်ကုန်း​များ​နှင့် တောင်ထိပ်​များ​ပေါ်​၊ စိမ်းလန်း​သော​သစ်ပင်​များ​နှင့် သပိတ်ပင်​များ​အောက်​တို့​တွင် လူ​တို့​သေ​နေ​သည်​ကို မြင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 14,
      "text": "ငါ့​လက်​ကို​ဆန့်​၍ သူ​တို့​ကို ဆန့်ကျင်​မည်​။ ဒိဗလတ်​ကန္တာရ​မှစ၍ သူ​တို့​နေလေရာ​အရပ်ရပ်​တို့​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​ပြည်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သူ​၏​နိဂုံးချုပ်​ချိန်​သည် ရောက်လာ​ပြီ​။ ပြည်​တစ်ပြည်လုံး နိဂုံးချုပ်​ချိန်​ရောက်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 3,
      "text": "ယခုမှာ သင့်​နိဂုံးချုပ်​ချိန်​သည် သင့်​ထံ​ရောက်လာ​ပြီ​။ သင့်​ထံသို့ ငါ့​အမျက်​ကို လွှတ်လိုက်​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို​စီရင်​မည်​။ သင်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 4,
      "text": "သင့်​ကို သနားညှာတာ​မည်​မ​ဟုတ်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ပေးဆပ်​ရ​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​သည် သင်​နှင့်​မ​ကွာ ရှိ​နေ​လိမ့်မည်​။ ထိုမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 5,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ဘေးအန္တရာယ်​တစ်​ခု​ပြီး​တစ်​ခု လာ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 6,
      "text": "သင့်​နိဂုံးချုပ်​ချိန် ရောက်​လေ​ပြီ​။ သင့်​နိဂုံးချုပ်​ချိန် ရောက်​လေ​ပြီ​။ ကြည့်ရှု​လော့​။ သင့်​ထံ ရုတ်တရက်​ရောက်လာ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 7,
      "text": "အို ပြည်သား​၊ သင့်​ထံ ပျက်စီး​ခြင်း​ရောက်လာ​ပြီ​။ အချိန်​ကျရောက်​လေ​ပြီ​။ ထိတ်လန့်ချောက်ချားဖွယ်​နေ့ရက်​နီးလာ​ပြီ​။ တောင်​ပေါ်တွင် ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​မ​ရှိ​တော့​ပြီ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 8,
      "text": "မကြာမီ ငါ့​ဒေါသ​ကို သင့်​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​ကို သင့်​အပေါ် အကုန်​ဖွင့်ချ​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို ငါ​စီရင်​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အလုံးစုံ​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 9,
      "text": "သင့်​ကို သနားညှာတာ​မည်​မ​ဟုတ်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ပေးဆပ်​ရ​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​သည် သင်​နှင့်​မ​ကွာ ရှိ​နေ​လိမ့်မည်​။ ထိုမှ သင်​တို့​ကို​ဒဏ်ခတ်​သူ​မှာ ငါ​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 10,
      "text": "ကြည့်ရှု​လော့​။ အချိန်​ကျရောက်​လေ​ပြီ​။ ပျက်စီး​ခြင်း ရောက်လာ​လေ​ပြီ​။ တောင်ဝှေး​သည် အဖူး​ဖူး​လေ​ပြီ​။ မာန်မာန​သည် အပွင့်​ပွင့်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 11,
      "text": "ရက်စက်ကြမ်းကြုတ်မှု​သည် တောင်ဝှေး​ဆိုး​အဖြစ်​သို့ ပြောင်းလဲ​ကြီးထွား​လေ​ပြီ​။ ထိုအခါ သူ​တို့​ကိုယ်တိုင်​မှစ၍ သူ​တို့​၏​လူအလုံးအရင်း​၊ စည်းစိမ်ဥစ္စာ​၊ ထင်ပေါ်ကျော်ကြားမှု စသည်​တို့​လည်း တစ်​ခု​မျှ​ကျန်ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 12,
      "text": "အချိန်​ကျရောက်​ပြီ​။ နေ့ရက်​ရောက်လာ​လေ​ပြီ​။ လူ​အပေါင်း​တို့​အား ငါ​အမျက်​ထွက်​သည်​ဖြစ်၍ ဝယ်​သူ​လည်း ဝမ်း​မ​မြောက်​နှင့်​၊ ရောင်း​သူ​လည်း မ​ညည်းတွား​နှင့်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 13,
      "text": "ရောင်း​သော​သူ​သည် အသက်ရှင်​မည်​ဆို​လျှင်​လည်း မိမိ​ရောင်းလိုက်​သော​ပစ္စည်း​ကို ပြန်​ရ​မည်​မ​ဟုတ်​။ လူထု​တစ်ရပ်လုံး​နှင့်ဆိုင်သော ဗျာဒိတ်နိမိတ်​သည် ပြန်လှည့်​သွား​မည်​မ​ဟုတ်​။ လူ​တိုင်း အပြစ်​ပြု​ကြ​သောကြောင့် ဆက်၍​အသက်ရှင်​နေ​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 14,
      "text": "လူ​အပေါင်း​တို့​ကို ငါ​အမျက်ထွက်​သောကြောင့် တံပိုး​မှုတ်​၍​အဆင်သင့်​ပြင်ဆင်​ထား​သော်လည်း စစ်ချီတက်​မည့်​သူ​တစ်ယောက်မျှ​မ​ရှိ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 15,
      "text": "မြို့ပြင်​တွင် ဓားဘေး​ရှိ​၏​။ မြို့​ထဲတွင် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ရှိ​၏​။ ကွင်းပြင်​သို့ ထွက်သွား​သော​သူ​သည် ဓား​ဖြင့် အသတ်​ခံရ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​တို့​သည် မြို့​ထဲတွင်​နေ​သော​သူ​တို့​ကို ဝါးမျို​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 16,
      "text": "ထို​ဘေး​မှ​လွတ်​၍ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း သူ​တို့​အပြစ်​ကြောင့် ချိုင့်ဝှမ်း​ရှိ​ခိုငှက်​ကဲ့သို့ တောင်​ပေါ်တွင် ညည်းညူ​နေ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 17,
      "text": "သူ​တို့​ရှိသမျှ​သည် လက်​အားလျော့​၍ ဒူး​များ​လည်း ပျော့ခွေကျ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 18,
      "text": "လျှော်တေအဝတ်​ကို​ဝတ်​လျက် ခေါင်းတုံးတုံး​ကြ​ရ​လိမ့်မည်​။ ကြောက်ရွံ့စိတ်​တို့​ကြီးစိုး​လျက် အရှက်ကွဲ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 19,
      "text": "သူ​တို့​၏​ငွေ​ကို လမ်း​များ​ပေါ်သို့ လွှင့်ပစ်​ကြ​လိမ့်မည်​။ ရွှေ​သည်​လည်း မစင်ကြယ်​သော​အရာ​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​အမျက်​တော်​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​သည် သူ​တို့​ကို​မ​ကယ်တင်​နိုင်​ပါ​။ ရွှေ​ငွေ​တို့​သည် သူ​တို့​စိတ်အလို​ကို ပြည့်စုံ​စေ​နိုင်​မည်​မ​ဟုတ်​။ ဝမ်း​ကို ဖြည့်​ပေး​နိုင်​မည်​မ​ဟုတ်​။ အကြောင်းမူကား ရွှေ​ငွေ​သည် သူ​တို့​ကို အပြစ်​နွံ​ထဲ လဲကျ​စေ​သော​အကြောင်းရင်း ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 20,
      "text": "သူ​တို့​၏​လှပ​သော​အဆင်တန်ဆာ​များ​ကြောင့် မာနထောင်လွှား​တတ်​ကြ​၏​။ ထို​တန်ဆာ​များ​ဖြင့် စက်ဆုပ်​ရွံရှာဖွယ်​ရုပ်တု​များ​ကို ထုလုပ်​တတ်​ကြ​၏​။ ထို့ကြောင့် ငါ​သည် ထို​တန်ဆာ​တို့​ကို ညစ်ညူးသောအရာ​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 21,
      "text": "တိုင်းတစ်ပါးသား​တို့ လုယူ​ရာ​၊ ဆိုးယုတ်​သော​မြေကြီးသား​တို့ တိုက်ယူ​ရာ ဖြစ်စေ​မည်​။ သူ​တို့​သည် ထို​တန်ဆာ​တို့​ကို ညစ်ညူးစရာ ဖြစ်​စေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 22,
      "text": "သူ​တို့​ကို ငါ​မျက်နှာ​လွှဲ​ထား​သဖြင့် သူ​တို့​သည် ငါ​မြတ်နိုး​သော​နေရာ​ကို ညစ်ညူး​စေ​ကြ​မည်​။ ဓားပြ​တို့​သည်​လည်း ထို​နေရာ​သို့​ဝင်ရောက်​၍ ညစ်ညူး​စေ​ကြ​မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 23,
      "text": "ပြည်​သည် မတရား​သတ်ဖြတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ မြို့​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ ထို့ကြောင့် သံကြိုး​ကို ပြင်ဆင်​လော့​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 24,
      "text": "ငါ​သည် ဆိုးညစ်​သော​လူမျိုး​တို့​ကို ခေါ်​ခဲ့​၍ သူ​တို့​နေထိုင်​ရာ​အိမ်​များ​ကို သိမ်းပိုက်​စေ​မည်​။ ခွန်အားကြီး​သော​သူ​တို့​၏​မာန​ကို ချိုး​ပစ်​မည်​။ သူ​တို့​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 25,
      "text": "ပျက်စီး​ခြင်း​ရောက်လာ​၍ သူ​တို့​သည် ငြိမ်ဝပ်​ရာ​ကို​ရှာ​သော်လည်း မ​တွေ့​ရ​ကြ​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 26,
      "text": "ဘေးဒုက္ခ တစ်​ခု​ပြီး​တစ်​ခု ရောက်လာ​မည်​။ သတင်းစကား တစ်​ခု​ပြီး​တစ်​ခု ကြား​ရ​မည်​။ ပရောဖက်​တို့​ထံမှ ဗျာဒိတ်နိမိတ်​ကို မေးမြန်း​သော်လည်း ရ​မည်​မ​ဟုတ်​။ ယဇ်ပုရောဟိတ်​တို့​ထံမှ တရားတော်​၊ သက်ကြီးဝါကြီး​တို့​ထံမှ အကြံဉာဏ်​တို့​သည်​လည်း ပျောက်ဆုံး​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 27,
      "text": "ရှင်ဘုရင်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီး မင်းသား​တို့​သည်​လည်း စိတ်ပျက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်​။ ပြည်သူပြည်သား​တို့​၏​လက်​များ​သည်​လည်း တုန်ရီ​နေ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပြု​မည်​။ သူ​တို့​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ပြန်​စီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 1,
      "text": "ဆဋ္ဌမ​နှစ်​၊ ဆဋ္ဌမ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် အိမ်​၌​ထိုင်​နေ​၍ ယုဒ​လူ​သက်ကြီးဝါကြီး​တို့​သည်​လည်း ငါ့​ရှေ့​၌​ထိုင်​နေ​ကြ​စဉ် ဘုရားရှင်​ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ် သက်ရောက်​လာ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 2,
      "text": "ထိုအခါ ငါ​ကြည့်လိုက်​သော် လူ ​နှင့်​တူ​သော​သဏ္ဌာန်​တစ်​ခု​ကို တွေ့​ရ​၏​။ ထို​သူ​၏​ခါး​အောက်ပိုင်း​သည် မီး​ကဲ့သို့​ဖြစ်​၏​။ ခါး​အပေါ်​ပိုင်း​သည် တောက်ပ​သော​ကြေးဝါ ​အဆင်း​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 3,
      "text": "ထို​လူ​ထံမှ လက်​နှင့်တူသော​အရာ​တစ်​ခု ထွက်လာ​၍ ငါ့​ဦးခေါင်း​မှ​ဆံပင်​ကို လှမ်းဆွဲ​၏​။ ဘုရားသခင်​ဖွင့်ပြ​သော နိမိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို မိုး​နှင့်​မြေ​အကြား​သို့​ချီမ​လိုက်​ပြီး မနာလိုဝန်တိုစိတ်​ကို​ဆွပေး​သော​ရုပ်တု စိုက်ထူ​ထား​ရာ ဂျေရုဆလင်​မြို့​မြောက်ဘက်​၊ အတွင်း​တံတိုင်း​တံခါးဝ​သို့ ဆောင်သွား​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 4,
      "text": "လွင်ပြင်​၌ ငါ​မြင်​ရ​သော ဗျာဒိတ်အာရုံ​ကဲ့သို့ပင် ထို​နေရာ​၌ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်းအသရေ​တော်​ကို မြင်​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 5,
      "text": "ထိုအခါ “​အချင်း​လူသား​၊ ယခု မြောက်ဘက်​သို့ မျှော်ကြည့်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် မြောက်ဘက်​သို့ ငါ​မျှော်ကြည့်​သော် မြောက်ဘက်​၊ ယဇ်ပလ္လင်​တံခါး​အဝင်ဝ​တွင် ဝန်တို​ခြင်း​ရုပ်တု စိုက်ထူ​ထား​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 6,
      "text": "တစ်ဖန် “​အချင်း​လူသား​၊ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​စွန့်ပစ်​အောင် အစ္စရေး​အမျိုးအနွယ်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​ကြီး​ကို သင်​မြင်​ပြီ​လော​။ ထို့ပြင် ထို့​ထက်​သာ၍ စက်ဆုပ်ရွံရှာဖွယ်​များ ပြု​နေ​သည်​ကို သင်​မြင်​ရ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 7,
      "text": "တစ်ဖန် ငါ့​ကို ဝင်းတံခါးဝ​သို့​ခေါ်သွား​ရာ ငါ​ကြည့်​သော် နံရံ​၌​အပေါက်​တစ်​ခု​ရှိ​သည်​ကို တွေ့​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 8,
      "text": "“​အချင်း​လူသား​၊ နံရံ​ကို​ဖောက်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် ငါ​လည်း နံရံ​ကို​ဖောက်​လိုက်​သော် တံခါး​တစ်​ခု​ကို တွေ့​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 9,
      "text": "တစ်ဖန် ငါ့​အား “​ဝင်သွား​ပါ​။ ထို​နေရာ​၌ သူ​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​တို့​ကို ကြည့်​ပါ​”​ဟု မိန့်​တော်မူ​သဖြင့်"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 10,
      "text": "ငါ​ဝင်သွား​သော် တွားသွားသောတိရစ္ဆာန်​များ​၊ ရွံရှာဖွယ်​တိရစ္ဆာန်​များ​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​ကိုးကွယ်​သော ရုပ်တု​များ​၏​ပုံ​ကို နံရံ​ပတ်ပတ်လည်​၌ ထွင်းထု​ထား​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 11,
      "text": "ထို​အရာ​တို့​၏​ရှေ့​တွင် အစ္စရေး​အမျိုးအနွယ် သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​တို့​သည်​ရပ်​၍ သူ​တို့​အလယ်​တွင် ရှာဖန်​၏​သား​ယာဇညာ ရပ်​လျက်​ရှိ​၏​။ သူ​တို့​လက်​ထဲတွင် လင်ပန်း​ကိုယ်စီ​ကိုင်​ထား​ပြီး လင်ပန်း​ထဲမှ နံ့သာပေါင်း​မီးခိုး​လည်း တလူလူတက်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 12,
      "text": "တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​သက်ကြီးဝါကြီး​တို့​သည် အမှောင်​ထဲတွင် မည်သို့​ပြု​နေ​ကြ​သည်​ကို သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ‘​ထာဝရဘုရား​သည် ပြည်​တော်​ကို စွန့်​တော်မူ​ပြီ​ဖြစ်၍ ငါ​တို့​ကို မြင်​တော်​မ​မူ​’​ဟု ဆို​လျက် အခန်း​ထဲတွင် ကိုယ်စီ​မိမိ​ရုပ်တု​ဖြင့် ဖောက်ပြန်​နေ​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 13,
      "text": "တစ်ဖန် ငါ့​အား “​ဆက်သွား​ပါ​။ ထို့​ထက်​ပိုဆိုး​သော စက်ဆုပ်ရွံရှာဖွယ်​များ ပြု​နေ​သည်​ကို သင်​ထပ်​မြင်​ရ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 14,
      "text": "တစ်ဖန် ငါ့​အား မြောက်ဘက်​ရှိ ထာဝရဘုရား​၏​အိမ်​တော်​တံခါးဝ​သို့ ဆောင်သွား​ရာ ထို​နေရာ​၌ မိန်းမ​တို့​သည် တမ္မုဇ​နတ်ဘုရား​အတွက် ထိုင်​ငို​နေ​ကြ​သည်​ကို ငါ​တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 15,
      "text": "တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ဆက်သွား​လျှင် ပို၍​ဆိုးဝါး​သော စက်ဆုပ်ရွံရှာဖွယ်​တို့​ကို သင်​မြင်​ရ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 16,
      "text": "တစ်ဖန် ငါ့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​သို့ ဆောင်သွား​ရာ လူ​နှစ်ဆယ့်​ငါး​ယောက်​ခန့်​သည် ဆင်ဝင်​နှင့် ယဇ်ပလ္လင်​ကြား​ရှိ ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးဝ​တွင် ထာဝရဘုရား​၏​ဗိမာန်တော်​ကို ကျောခိုင်း​ပြီး အရှေ့​အရပ်​သို့​မျက်နှာမူ​၍ အရှေ့​အရပ်​ရှိ​နေမင်း​အား ရှိခိုးကိုးကွယ်​ကြ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 17,
      "text": "တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ဤ​နေရာ​တွင် ယုဒ​အမျိုးအနွယ်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သေးငယ်​သော​အမှု​ဟု သင်​ထင်​သလော​။ စင်စစ် သူ​တို့​သည် ငါ့​အမျက်​ကို တစ်ချိန်လုံး​ဆွပေး​ပြီး တစ်ပြည်လုံး​ကို ရက်စက်ကြမ်းကြုတ်မှု​များ​နှင့် ပြည့်​စေ​ကြ​ပြီ​။ သစ်ကိုင်း​ကို သူ​တို့​နှာခေါင်း​ထဲသို့ ထိုးသွင်း​ကြ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 18,
      "text": "ထို့ကြောင့် သူ​တို့​ကို အမျက်ဒေါသ​ဖြင့် စီရင်​မည်​။ သနားညှာတာ​မည်​မ​ဟုတ်​။ ငါ့​ထံ သူ​တို့​အသံကုန်​အော်ဟစ်​တောင်းလျှောက်​လျှင်​လည်း ငါ​နားထောင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 1,
      "text": "ထို့နောက် “​ဤ​မြို့​ကို​ဒဏ်ခတ်​မည့်​သူ​တို့​၊ ဖျက်ဆီး​ခြင်း​လက်နက် ကိုယ်စီ​ကိုင်ဆောင်​၍ လာ​ကြ​လော့​”​ဟု ကျယ်လောင်​စွာ ဟစ်ခေါ်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 2,
      "text": "ကြည့်ရှု​လော့​။ လူ​ခြောက်​ယောက်​သည် လူသတ်​လက်နက်​အသီးသီး​ကိုင်ဆောင်​လျက် မြောက်ဘက်​မျက်နှာမူ​ထား​သော အထက်​တံခါး​လမ်း​မှ ဝင်လာ​၍ ကြေးနီ​ယဇ်ပလ္လင်​ဘေး​တွင် ရပ်​နေ​ကြ​၏​။ သူ​တို့​အလယ်​တွင် ပိတ်ချောထည်​ကို​ဝတ်​လျက် ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​တစ်​ယောက် ရပ်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 3,
      "text": "အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ဘုန်း​တော်​သည် စံ​တော်မူ​ရာ​ခေရုဗိမ် ​အထက်​မှ အိမ်​တော်​တံခါးခုံ​သို့ ရွေ့လာ​ပြီး ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​ကို ခေါ်​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 4,
      "text": "ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 5,
      "text": "အခြားသူ​တို့​ကို​လည်း “​သူ့​နောက်သို့​လိုက်​၍ မြို့​လယ်ခေါင်​မှ လူ​တို့​ကို​သတ်​လော့​။ သူ​တို့​ကို လုံးဝ​မ​သနား​နှင့်​၊ မ​ညှာတာ​နှင့်​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 6,
      "text": "လူကြီး​လူငယ်​၊ အပျို​လူပျို​၊ အမေ​နှင့်​ကလေး​ပါမကျန် သတ်​ပစ်​လော့​။ သို့သော် အမှတ်အသား​ပြု​ထား​ခဲ့​သော​သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​ထိ​ကြ​နှင့်​။ ငါ​၏​သန့်ရှင်းရာဌာန​မှ​စတင်​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။ သူ​တို့​သည် အမိန့်​တော်​အတိုင်း အိမ်​တော်​ရှေ့​ရှိ သက်ကြီးဝါကြီး​တို့​ကို စတင်​သတ်ပစ်​ကြ​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 7,
      "text": "“​သွား​၍ အိမ်​တော်​ကို ညစ်ညူး​အောင်​လုပ်​ကြ​။ ဝင်း​တော်​ကို အသေကောင်​များ​ဖြင့် ပြည့်​စေ​ကြ​”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​လည်း မြို့​ထဲသို့​သွား​၍ လူ​တို့​ကို သတ်ပစ်​ကြ​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 8,
      "text": "ထိုသို့​သတ်ဖြတ်​နေ​ကြ​စဉ် ငါ​တစ်ယောက်တည်း​ကျန်ရစ်​၍ ပျပ်ဝပ်​လျက် “​အလို ဘုရားရှင်​ထာဝရဘုရား​၊ ဂျေရုဆလင်​မြို့​အပေါ် အမျက်​တော်​သွန်ချ​ခြင်း​ဖြင့် ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​တို့​ကို​ပါ ဖျက်ဆီး​တော်မူ​မည်လော​”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 9,
      "text": "ထိုအခါ ထာဝရဘုရား​က ငါ့​အား “​အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကျူးလွန်​သော​အပြစ်​သည် အလွန်တရာ​ကြီးမား​၏​။ ပြည်​သည် လူသတ်မှု​များ​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ မြို့​သည်​လည်း ဖောက်လှဲဖောက်ပြန်မှု​များ​နှင့် ပြည့်နှက်​လျက်​နေ​၏​။ သူ​တို့​က ‘​ထာဝရဘုရား​သည် ပြည်​ကို စွန့်​တော်မူ​ပြီ​။ ထာဝရဘုရား မြင်​တော်​မ​မူ​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 10,
      "text": "ထို့ကြောင့် ငါ​သည် သူ​တို့​ကို သနား​ညှာတာ​မည်​မ​ဟုတ်​။ သူ​တို့​ပြုမူကျင့်ကြံ​ခဲ့​သည်​တို့​ကို သူ​တို့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 11,
      "text": "ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​က​လည်း “​ကိုယ်တော်​မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ် ​တို့​၏​ဦးခေါင်း​အထက်​မိုးမျက်နှာကြက်​တွင် နီလာရောင်​အဆင်းသဏ္ဌာန်​ပလ္လင်​နှင့်​တူ​သော​အရာ​တစ်​ခု ပေါ်လာ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 2,
      "text": "ကိုယ်တော်​သည် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ခေရုဗိမ် ​အောက် ဘီး​များ​ကြား​သို့​ဝင်​၍ ခေရုဗိမ်​အလယ်​ရှိ​မီးခဲ​ကို လက်​နှင့်​အပြည့်​ယူ​ပြီးလျှင် မြို့​ပေါ်​ကြဲချ​လော့​”​ဟု မိန့်​တော်မူ​ရာ ထို​သူ​လည်း ဝင်သွား​သည်​ကို ငါ​တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 3,
      "text": "ခေရုဗိမ် ​တို့​သည် အိမ်​တော်​တောင်ဘက်​တွင် ရပ်​နေ​၏​။ ထို​သူ​ဝင်သွား​သောအခါ အတွင်း​ဝင်း​တစ်ခုလုံး မိုးတိမ်​များ​လွှမ်းခြုံ​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 4,
      "text": "ထာဝရဘုရား​၏​ဘုန်း​တော်​သည် ခေရုဗိမ် ​အထက်​မှ အိမ်​တော်​တံခါးခုံ​သို့ ရွေ့သွား​လျှင် အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​လွှမ်းခြုံ​သွား​၏​။ ဝင်း​တစ်ခုလုံး​သည်​လည်း ထာဝရဘုရား​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ထွန်းတောက်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 5,
      "text": "ထိုအခါ ခေရုဗိမ် ​တို့​၏​တောင်ပံခတ်သံ​ကို အနန္တတန်ခိုးရှင်​ဘုရားသခင် မိန့်မြွက်​တော်မူ​သော​စကားသံ​ကဲ့သို့ အပြင်​ဝင်း​တိုင်အောင် ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 6,
      "text": "တစ်ဖန် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ဘီး​များ​၊ ခေရုဗိမ် ​များ​အလယ်​ရှိ မီးခဲ​ကို​ယူ​လော့​”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​လည်း ဝင်သွား​ပြီး ဘီး​အနား​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 7,
      "text": "ခေရုဗိမ် ​တို့​ထဲမှ ခေရုဗိမ်​တစ်​ပါး​က ခေရုဗိမ်​များ​အလယ်​ရှိ​မီးခဲ​ကို​လှမ်း​ယူ​ပြီး ပိတ်ချောထည်​ဝတ်​ထား​သူ​၏​လက်​ထဲသို့ ထည့်ပေး​သောအခါ သူ​လည်း ယူ​၍​ထွက်သွား​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 8,
      "text": "ခေရုဗိမ် ​တို့​၏​အတောင်ပံ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 9,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ် ​တို့​၏​ဘေး​တွင် ဘီး​လေး​ဘီး​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​၏​ဘေး​တွင် ဘီး​တစ်​ဘီး​စီ​ရှိ​ပြီး ဘီး​များ​သည် ကျောက်မျက်ရွဲ​အရောင်​ကဲ့သို့ တောက်ပ​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 10,
      "text": "ဘီး​လေး​ခု​တို့​မှာ တစ်ပုံစံတည်း​ဖြစ်၍ ဘီး​တစ်​ခု​တွင် နောက်​ဘီး​တစ်​ခု​ကို ကန့်လန့်ဖြတ်​ထည့်​ထား​သည့်​ပုံစံမျိုး​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 11,
      "text": "သွား​သောအခါ ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ ခေရုဗိမ်​တို့ မျက်နှာမူ​ရာ​လေးဘက်လေးတန်​သို့ သွား​၏​။ မျက်နှာ​တစ်ဖက်​၏​ဦးဆောင်​သွား​ရာ​ဘက်​သို့ ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ လိုက်သွား​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 12,
      "text": "ခေရုဗိမ်​လေး​ပါး​ရှိ ဘီး​များ​နှင့်တကွ ခေရုဗိမ်​တို့​၏​ကျော​၊ လက်​များ​၊ တောင်ပံ​များ​နှင့် တစ်ကိုယ်လုံး​တွင် မျက်စိ​အပြည့်​ပါရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 13,
      "text": "ဘီး​များ​ကို “​ဘီးစကြာ​”​ဟု ခေါ်ဆို​သည်​ကို ငါ​ကြား​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 14,
      "text": "ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​စီ​ပါရှိ​၏​။ ပထမ​မျက်နှာ​သည် ခေရုဗိမ် ​မျက်နှာ​၊ ဒုတိယ​မျက်နှာ​သည် လူ​မျက်နှာ​၊ တတိယ​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ စတုတ္ထ​မျက်နှာ​သည် လင်းယုန်​မျက်နှာ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 15,
      "text": "ခေရုဗိမ် ​တို့ ကြွတက်​သွား​ကြ​၏​။ ထို​ခေရုဗိမ်​တို့​သည် ခေဗာ​မြစ်​နား​တွင် ငါ​တွေ့​ခဲ့​သော​သတ္တဝါ​များ​ပင် ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 16,
      "text": "ထိုသို့ ခေရုဗိမ် ​တို့ သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ ခေရုဗိမ်​တို့​အတောင်ပံ​ဖြန့်​၍ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​သည်​လည်း ထက်ကြပ်မကွာ​လိုက်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 17,
      "text": "သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သူ​တို့​ရပ်​သောအခါ ဘီး​တို့​လည်း ရပ်​ကြ​၏​။ သူ​တို့​ကြွ​သောအခါ ဘီး​တို့​လည်း ကြွ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 18,
      "text": "တစ်ဖန် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အိမ်​တော်​တံခါးခုံ​မှ​ခွာသွား​၍ ခေရုဗိမ် ​အထက်​၌ တည်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 19,
      "text": "ငါ​ကြည့်​နေ​စဉ်​မှာပင် ခေရုဗိမ် ​တို့​သည် အတောင်ပံ​ကို​ဖြန့်​၍ မြေ​မှ​ကြွသွား​ကြ​၏​။ ဘီး​တို့​သည်​လည်း သူ​တို့​နှင့်အတူ လိုက်သွား​၏​။ ထာဝရဘုရား​အိမ်​တော်​အရှေ့ဘက်​တံခါးဝ​သို့​ရောက်​သောအခါ ရပ်​နေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်းအသရေ​တော်​သည်​လည်း သူ​တို့​အပေါ်​တွင် တည်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 20,
      "text": "ဤသည်ကား ခေဗာ​မြစ်​နား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​အောက် ​တွင် ငါ​တွေ့​ရ​သော​သတ္တဝါ​များ​ဖြစ်​၏​။ သူ​တို့​သည် ခေရုဗိမ် ​များ​ပင်​ဖြစ်​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 21,
      "text": "တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု​ရှိ​၍ တောင်ပံ​များ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 22,
      "text": "မျက်နှာ​ပုံသဏ္ဌာန်​မှာ​လည်း ခေဗာ​မြစ်​နား​၌​တွေ့​ခဲ့​သော မျက်နှာ​ပုံသဏ္ဌာန်​နှင့်​တူ​၏​။ မိမိ​တို့​မျက်နှာမူ​ရာ​တည့်တည့်​သို့​သာ​သွား​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 1,
      "text": "တစ်ဖန် ဝိညာဉ်​တော်​သည် ငါ့​ကို အရှေ့ဘက်​သို့​မျက်နှာမူ​သော ထာဝရဘုရား​အိမ်​တော်​အရှေ့​တံခါး​သို့ ချီဆောင်​သွား​၏​။ ထို​တံခါးဝ​၌ လူ​နှစ်ဆယ့်​ငါး​ယောက်​ကို ငါ​တွေ့​၏​။ သူ​တို့​အလယ်​တွင် လူမျိုး​တော်​၏​အကြီးအကဲ​ဖြစ်​သော အဇ္ဇုရ​၏​သား​ယာဇညာ​နှင့် ဗေနာယ​၏​သား​ပေလတိ​တို့​ကို​လည်း ငါ​တွေ့​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 2,
      "text": "ထိုအခါ ငါ့​အား “​အချင်း​လူသား​၊ ဤ​လူ​တို့​သည် မကောင်း​သော​အကြံ​ကို​ကြံစည်​သော​သူ​များ​၊ ဤ​မြို့သား​တို့​ကို မကောင်း​သော​အကြံဉာဏ်​ပေး​သော​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 3,
      "text": "သူ​တို့​က ‘​အိမ်​ဆောက်​ရ​မည့် အချိန်​မ​ရောက်​သေး​ပါ​။ ဤ​မြို့​ကား ဟင်းအိုး​၊ ငါ​တို့​ကား အသား​ဖြစ်​၏​’​ဟု ပြော​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 4,
      "text": "ထို့ကြောင့် အို အချင်း​လူသား​၊ သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 5,
      "text": "ထို့နောက် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​သို့​သက်ရောက်​၍ ငါ့​အား “​ထာဝရဘုရား​က ‘​အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့ ပြောဆို​သည့်​အတိုင်း​ဖြစ်​၏​။ သင်​တို့​စိတ်​ထဲ၌ မည်သို့​တွေး​နေ​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 6,
      "text": "သင်​တို့​ကြောင့် ဤ​မြို့​တွင် လူ​အမြောက်အမြား​သေဆုံး​ရ​၍ လမ်း​များ​ပေါ်တွင် အသေကောင်​တို့​ပုံ​နေ​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 7,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​ပြော​သည့်​အတိုင်း မြို့​ထဲ​၌ သင်​တို့​ကြောင့်​ပုံ​နေ​သော​အသေကောင်​တို့​သည် အသား​ဖြစ်​ပြီး မြို့​သည် အိုး​ဖြစ်​မည်​။ သင်​တို့​မူကား မြို့​မှ နှင်ထုတ်​ခံရ​မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 8,
      "text": "ဓားဘေး​ကို သင်​တို့​ကြောက်​ကြ​သည်​မ​ဟုတ်​လော​။ ထို​ဓားဘေး​ကို​ပင် သင်​တို့​အပေါ် ငါ​ကျရောက်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 9,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​ကို​မြို့​ထဲ​မှ နှင်ထုတ်​မည်​၊ တစ်ပါးအမျိုးသား​တို့​၏​လက်​သို့​အပ်​မည်​၊ အပြစ်ဒဏ်​ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 10,
      "text": "သင်​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​လိမ့်မည်​။ ငါ​သည် သင်​တို့​ကို​အစ္စရေး​နယ်စပ်​တွင် တရားစီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 11,
      "text": "ဤ​မြို့​သည် ဟင်းအိုး​ကဲ့သို့​၊ သင်​တို့​သည် ဟင်းအိုး​ထဲမှ​အသား​ကဲ့သို့ မ​ဖြစ်​စေ​ရ​။ သင်​တို့​ကို​အစ္စရေး​နယ်စပ်​တွင် ငါ​တရားစီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 12,
      "text": "သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​ရ​လိမ့်မည်​။ သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​မ​လိုက်နာ​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း​မ​လိုက်လျှောက်​ဘဲ သင်​တို့​ဝန်းကျင်​ရှိ လူမျိုးခြား​တို့​၏​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း လိုက်လျှောက်​ကြ​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 13,
      "text": "ထို​အကြောင်း​ကို ငါ​ပရောဖက်ပြု​ဟောပြော​နေစဉ် ဗေနာယ​၏​သား​ပေလတိ သေ​လေ​၏​။ ထိုအခါ ငါ​သည် ပျပ်ဝပ်​လျက် “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြွင်းကျန်​သော​အစ္စရေး​တို့​ကို​ပါ အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်လော​”​ဟု အသံကုန်​အော်ဟစ်​လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 14,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 15,
      "text": "“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​တို့​က သင်​၏​ညီအစ်ကို​များ​၊ သင်​၏​ဆွေမျိုးသားချင်း​များ ​နှင့် အစ္စရေး​တစ်မျိုးနွယ်လုံး​အား ‘​ထာဝရဘုရား​ထံ​တော်​မှ အဝေး​သို့ ထွက်သွား​ကြ​လော့​။ ဤ​ပြည်​ကို ငါ​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​ပြီ​’​ဟု ပြောဆို​ကြ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 16,
      "text": "ထို့ကြောင့် ‘ဘုရားရှင်​ထာဝရဘုရား​က ငါ​သည် သူ​တို့​ကို လူမျိုးခြား​တို့​နေရာ ရပ်ဝေး​သို့​ပို့​၍ အရပ်ရပ်​သို့​ကွဲလွင့်​စေ​သော်လည်း သူ​တို့​ရောက်ရှိ​ရာ​အရပ်ရပ်​တွင် ငါ​သည် သူ​တို့​အဖို့ ယာယီ​သန့်ရှင်းရာဌာန​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 17,
      "text": "ထို့ကြောင့် ‘ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​ကို လူမျိုးတကာ​တို့​မှ ပြန်လည်​စုစည်း​မည်​။ သင်​တို့​ကွဲလွင့်​ရာ​အရပ်ရပ်​တို့​မှ သင်​တို့​ကို ပြန်ခေါ်လာ​မည်​။ အစ္စရေး​ပြည်​ကို သင်​တို့​အား ပြန်ပေး​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 18,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သူ​တို့​ပြန်လာ​ကြ​သောအခါ ထို​ပြည်​ရှိ စက်ဆုပ်​ရွံရှာဖွယ်​အမှု​ရှိသမျှ​တို့​ကို ဖယ်ရှား​ပစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 19,
      "text": "သူ​တို့​အား တစ်စိတ်တစ်သဘောတည်း ရှိ​စေ​မည်​။ စိတ်နှလုံး​သစ်​ကို ပေး​မည်​။ သူ​တို့​အထဲ​မှ ကျောက်​နှလုံးသား​ကို​ဖယ်ရှား​၍ အသား​နှလုံးသား​ကို ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 20,
      "text": "သို့ဖြစ်၍ သူ​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​၍ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ကို လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 21,
      "text": "သို့သော် စက်ဆုပ်​ရွံရှာဖွယ်​ရာ​များ​နောက်​သို့​လိုက်​လို​သော စိတ်ဆန္ဒ​ပြင်းပြ​သော​သူ​တို့​ကို​မူ သူ​တို့​ပြုကျင့်​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့​ပြန်ရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 22,
      "text": "ထို့နောက် ဘေး​၌​ဘီး​ပါ​သော​ခေရုဗိမ် ​တို့​သည် တောင်ပံ​များ​ကို​ဖြန့်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​သည်​လည်း သူ​တို့​အထက်​၌ တည်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 23,
      "text": "ထာဝရဘုရား​၏​ဘုန်း​တော်​သည် မြို့​ထဲ​မှ​တက်လာ​၍ မြို့​အရှေ့ဘက်​ရှိ​တောင်​ပေါ်တွင် ရပ်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 24,
      "text": "ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဖွင့်ပြ​တော်မူ​သော​ဗျာဒိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို သုံ့ပန်း​တို့​ရှိ​ရာ ခါလဒဲ​ပြည်​သို့ ပြန်ချီဆောင်​လာ​၏​။ ထို့နောက် ငါ​မြင်​ရ​သော ဗျာဒိတ်အာရုံ​သည် ပျောက်ကွယ်​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 25,
      "text": "ထိုအခါ ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​သော​အရာ​အလုံးစုံ​ကို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​အား ငါ​ပြောပြ​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ ပုန်ကန်​တတ်​သော​အမျိုး​တို့​ကြား​တွင် သင်​နေ​ရ​၏​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သောကြောင့် မျက်စိ​ရှိ​လျက် မ​မြင်​၊ နား​ရှိ​လျက် မ​ကြား​ကြ​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 3,
      "text": "အချင်း​လူသား​၊ သင်​သည် သုံ့ပန်း​ကဲ့သို့ အထုပ်အပိုး​ကို ပြင်ဆင်​လော့​။ နေ့​အချိန်​၌ သူ​တို့​မျက်စိ​ရှေ့​တွင်ပင် သုံ့ပန်း​ပါသွား​သော​သူ​ကဲ့သို့ ထွက်သွား​လော့​။ သူ​တို့​မျက်စိ​ရှေ့​တွင်ပင် တစ်နေရာ​မှ​တစ်နေရာ​သို့ သွားလာ​လော့​။ သို့ပြုလျှင် သူ​တို့​သည် ပုန်ကန်​တတ်​သော​သဘော​ရှိ​သော်လည်း သတိပြု​မိ​ကောင်း ပြု​မိ​ကြ​ပါ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 4,
      "text": "သုံ့ပန်း​အထုပ်အပိုး​ကဲ့သို့ သင်​ပြင်ဆင်​ထား​သော​အထုပ်အပိုး​များ​ကို နေ့​အချိန်​၌ သူ​တို့​၏​မျက်စိ​ရှေ့​တွင်ပင် ထုတ်သွား​လော့​။ နေဝင်ချိန်​၌ သူ​တို့​၏​မျက်စိ​ရှေ့​တွင်ပင် သုံ့ပန်း​ပါသွား​သော​သူ​ကဲ့သို့ ထွက်သွား​လော့​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 5,
      "text": "သူ​တို့​မျက်စိ​ရှေ့​တွင်ပင် နံရံ​ကို​ဖောက်​ပြီး သင့်​အထုပ်​ကို ထုတ်သွား​လော့​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 6,
      "text": "သူ​တို့​မျက်စိ​ရှေ့​တွင်ပင် အထုပ်​ကို သင့်​ပခုံး​ပေါ်တွင်​ထမ်း​၍ အမှောင်​ထဲသို့​ထွက်သွား​လော့​။ ဘာမျှ​မ​မြင်​ရ​အောင် မျက်နှာ​ကို​ဖုံး​ထား​လော့​။ ငါ​သည် သင့်​ကို အစ္စရေး​အမျိုးအနွယ်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​စေ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 7,
      "text": "ထိုသို့ ငါ့​အား မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏​။ နေ့​အချိန်​၌ သုံ့ပန်း​ပါသွား​သော​သူ​ကဲ့သို့ အထုပ်အပိုး​များ​ကို ထုတ်သွား​ပြီး နေဝင်ချိန်​၌ နံရံ​ကို​ဖောက်​ကာ သူ​တို့​မျက်စိ​ရှေ့​တွင်ပင် အထုပ်​ကို​ပခုံး​ပေါ်​ထမ်း​၍ အမှောင်​ထဲသို့ ထွက်သွား​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 8,
      "text": "ထို့နောက် နံနက်အချိန်​၌ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 9,
      "text": "“​အချင်း​လူသား​၊ ပုန်ကန်​တတ်​သော​အမျိုး​ဖြစ်​သော အစ္စရေး​အမျိုးအနွယ်​က သင့်​အား ‘​သင်​ဘာ​လုပ်​နေ​သနည်း​’​ဟု မ​မေး​သလော​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 10,
      "text": "ထို​သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ဤ​ဗျာဒိတ်စကား​သည် ဂျေရုဆလင်​မြို့​ကို​အုပ်စိုး​သော​မင်း​မှစ၍ ထို​မြို့​ရှိ​အစ္စရေး​တစ်မျိုးနွယ်လုံး​နှင့်​ဆိုင်​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 11,
      "text": "ငါ​သည် သင်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​၏​။ ငါ​လုပ်ပြ​သည့်​အတိုင်း သူ​တို့​ကြုံတွေ့​ရ​လိမ့်မည်​။ သုံ့ပန်း​အဖြစ် လိုက်သွား​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 12,
      "text": "သူ​တို့​ကို​အုပ်စိုး​သော​မင်း​သည် အထုပ်​ကို​ပခုံး​ပေါ်​တင်​၍ အမှောင်​ထဲသို့ ထွက်သွား​ရ​လိမ့်မည်​။ နံရံ​ကို​ဖောက်​၍ အထုပ်​သယ်သွား​ရ​လိမ့်မည်​။ မြေ​ကို​မ​မြင်​ရ​အောင် မျက်နှာ​ကို​ဖုံး​ထား​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 13,
      "text": "ထို​မင်း​ကို ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်​သော်လည်း ထို​မြို့​ကို သူ​မြင်​ခွင့်​ရ​မည်​မ​ဟုတ်​။ ထို​မြို့​တွင်ပင် သူ​သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 14,
      "text": "သူ့​အပါး​၌ ခစား​သော​မှူးမတ်​များ​၊ စစ်တပ်​များ​ကို​လည်း လေနှင်ရာ​အရပ်ရပ်​သို့ ငါ​ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သူ​တို့​နောက်သို့​လိုက်​မည်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 15,
      "text": "သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 16,
      "text": "သူ​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို သူ​တို့​ရောက်သွား​သော​လူမျိုးတကာ​အလယ်​၌ ပြောပြ​နိုင်​မည့်​အကြောင်း သူ​တို့​အထဲ​မှ လူ​အနည်းငယ်​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​မှ လွတ်မြောက်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 18,
      "text": "“​အချင်း​လူသား​၊ အစာ​ကို ကြောက်ရွံ့တုန်လှုပ်​စိတ်​နှင့် စား​လော့​။ ရေ​ကို စိုးရိမ်​ထိတ်လန့်​စိတ်​နှင့် သောက်​လော့​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 19,
      "text": "အစ္စရေး​ပြည်​၊ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သူ​တို့​သည် အစာ​ကို စိုးရိမ်ပူပန်စိတ်​ဖြင့် စား​ရ​မည်​။ ရေ​ကို ကြောက်ရွံ့ထိတ်လန့်စိတ်​ဖြင့် သောက်​ရ​မည်​။ ပြည်သူပြည်သား​အပေါင်း​တို့​၏​ရက်စက်ကြမ်းကြုတ်မှု​ကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 20,
      "text": "လူ​နေရာ​မြို့​တို့​သည် တိတ်ဆိတ်​သွား​လိမ့်မည်​။ ပြည်​သည် လူသူကင်းမဲ့​သွား​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 21,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 22,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ‘​နေ့ရက်​တို့​သာ ကုန်ဆုံး​သွား​ပြီ​။ ဗျာဒိတ်နိမိတ်​တို့​သည် တစ်​ခု​မျှ ဖြစ်မလာ​ပါ​တကား​’​ဟူသော ဆိုရိုးစကား​ကို အဘယ်ကြောင့် ပြောဆို​နေ​ကြ​သနည်း​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 23,
      "text": "သို့ဖြစ်၍ သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​ပြော​သော ထို​ဆိုရိုးစကား​ကို ငါ​အဆုံးသတ်​စေ​မည်​။ နောင်တွင် ထို​စကား​ကို အစ္စရေး​ပြည်​၌ ပြောဆို​ရ​တော့​မည်​မ​ဟုတ်​။ ဗျာဒိတ်နိမိတ်​ဟူသမျှ ဖြစ်လာ​မည့်​နေ့ ရောက်​တော့​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 24,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုးအနွယ်​ထဲ​တွင် မဟုတ်မမှန်​သော​ဗျာဒိတ်နိမိတ်​နှင့် မြှောက်ပင့်​ဟောပြော​ခြင်း တစ်စုံတစ်ရာ​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 25,
      "text": "ငါ​ထာဝရဘုရား​သည် မိန့်ဆို​လျှင် မိန့်ဆို​သည့်​အတိုင်း မ​ကြန့်ကြာ​ဘဲ​ဖြစ်လာ​လိမ့်မည်​။ အို ပုန်ကန်​တတ်​သော​အမျိုးအနွယ်​၊ ငါ​ပြော​သော​စကား​သည် သင်​တို့​လက်ထက်​တွင် အမှန်​ဖြစ်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 26,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 27,
      "text": "“​အချင်း​လူသား​၊ ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​က ‘​သူ​မြင်​ရ​သော​ဗျာဒိတ်နိမိတ် ပြည့်စုံ​မည့်​အချိန် ဝေး​သေး​၏​။ အလွန်​ဝေး​သော​အနာဂတ်​အကြောင်း​ကို သူ​ဟောပြော​၏​’​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 28,
      "text": "သို့ဖြစ်၍ သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​မိန့်ဆို​သော​စကား​အလုံးစုံ​သည် ကြန့်ကြာ​ခြင်း​မ​ရှိ အမှန်​ဖြစ်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 1,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ ပရောဖက်ပြု​နေ​သော အစ္စရေး​ပရောဖက်​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ ကိုယ့်​စိတ်ထင်​နှင့် ပရောဖက်ပြု​နေ​သော​ပရောဖက်​တို့​အား ‘ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့’​ဟု ပြောကြား​လော့​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ဗျာဒိတ်နိမိတ်​ကို​မ​မြင်​ရ​ဘဲ ကိုယ့်​စိတ်သဘော​အတိုင်း​ဟောပြော​တတ်​သည့် မိုက်မဲ​သော​ပရောဖက်​တို့​၌ အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 4,
      "text": "အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​၏​ပရောဖက်​များ​သည် အပြိုအပျက်​များ​ကြား​မှ တောခွေး​များ​နှင့်​တူ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 5,
      "text": "သူ​တို့​သည် ပြိုပျက်​နေ​သော​မြို့ရိုး​ကို မ​ပြုပြင်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​၏​နေ့ရက်​တွင် အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုက်ပွဲ​ကို ခုခံ​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 6,
      "text": "သူ​တို့​သည် မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​ကြ​၏​။ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​တတ်​ကြ​၏​။ ထာဝရဘုရား​မ​စေလွှတ်​ဘဲ ထာဝရဘုရား မိန့်မှာ​တော်မူ​သည်​ဟု ဆို​လျက် ဆို​သည့်​အတိုင်း​လည်း ပြည့်စုံ​မည်​ဟူ၍ မျှော်လင့်​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 7,
      "text": "ငါ​မ​မိန့်မှာ​သော်လည်း ထာဝရဘုရား မိန့်​တော်မူ​သည်​ဟု သင်​တို့​ဆို​လျက် မဟုတ်မမှန်​သော​စိတ်အာရုံ​ကို​မြင်​၍ လိမ်လည်​ပြောဆို​ကြ​ပြီ​မ​ဟုတ်​လော’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 8,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် အချည်းနှီး​သော​စကား​ကို ပြောဆို​၍ မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​သောကြောင့် သင်​တို့​ကို ငါ​ဆန့်ကျင်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 9,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မဟုတ်မမှန်​သော​နိမိတ်​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​သော ပရောဖက်​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​အစုအဝေး​ထဲတွင် မ​နေ​ရ​။ အစ္စရေး​အမျိုးအနွယ်​စာရင်း​တွင် သူ​တို့​မ​ပါဝင်​ရ​။ အစ္စရေး​ပြည်​သို့ ပြန်လာ​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 10,
      "text": "ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ငြိမ်းချမ်း​သည်​ဟု ဆို​လျက် ငါ့​လူမျိုး​တော်​ကို လှည့်စား​ကြ​၏​။ တစ်ယောက်​က မြို့ရိုး​ကို​တည်ဆောက်​၍ သူ​တို့​က ထုံးဖြူ​သုတ်​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 11,
      "text": "ထုံးဖြူ​သုတ်​သော​သူ​တို့​အား ထို​မြို့ရိုး​ပြိုလဲ​သွား​မည်​ဟု ပြောကြား​လော့​။ မိုးရွာ​မည်​။ ရေလွှမ်းမိုး​မည်​။ ငါ​သည် မိုးသီးလုံးကြီး​ကို ကျ​စေ​မည်​၊ လေပြင်းမုန်တိုင်း​တိုက်​မည်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 12,
      "text": "ထို​မြို့ရိုး​ပြိုလဲ​သွား​သောအခါ သင်​တို့​သုတ်​ခဲ့​သော​ထုံးဖြူ​ကား ယခု​အဘယ်မှာ​နည်း​ဟု သင်​တို့​အား​မေး​ကြ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 13,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် ဒေါသ​ဖြင့် လေပြင်းမုန်တိုင်း​တိုက်​စေ​မည်​၊ အမျက်ထွက်​လျက် မိုးရွာ​စေ​မည်​၊ ရေလွှမ်းမိုး​စေ​မည်​။ ဒေါသ​ဖြင့် မိုးသီး​ကျ​စေ​၍ မြို့ရိုး​ကို ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 14,
      "text": "သင်​တို့​ထုံးဖြူ​သုတ်​ခဲ့​သော​မြို့ရိုး​ကို မြေ​တိုင်အောင် ဖြိုချ​မည်​။ အုတ်မြစ်​ကို လှန်ပစ်​မည်​။ ထို​ပြိုကျ​သွား​သော​မြို့ရိုး​နှင့်အတူ သင်​တို့​ပါ ပျက်စီး​သွား​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 15,
      "text": "ထိုသို့ မြို့ရိုး​နှင့် မြို့ရိုး​ကို​ထုံးဖြူ​သုတ်​သော​သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​မည်​။ ထို့နောက် မြို့ရိုး​မ​ရှိ​၊ ထုံးဖြူ​သုတ်​သော​သူ​တို့​လည်း မ​ရှိ​၊"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 16,
      "text": "ငြိမ်းချမ်းမှု​မ​ရှိ​သော်လည်း ငြိမ်းချမ်း​သည်​ဟု ဗျာဒိတ်နိမိတ်​မြင်​၍ ဂျေရုဆလင်​မြို့သား​တို့​အား​ဟောပြော​သော အစ္စရေး​ပရောဖက်​များ​လည်း မ​ရှိ​တော့​ပြီ​ဟူ၍ သင်​တို့​အား ငါ​ဆို​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 17,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘အချင်း​လူသား​၊ စိတ်ထင်ရာ​ကို ပရောဖက်ပြု​ဟောပြော​တတ်​သော သင့်​လူမျိုး​သမီးပျို​တို့​ကို ဆန့်ကျင်​လော့​။ သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 18,
      "text": "သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က စိတ်ဝိညာဉ်​ကို ထောင်ဖမ်း​ရန် အဆောင်​လက်ပတ်ကြိုး ချုပ်လုပ်​သော​မိန်းမ​၊ ခေါင်းခြုံပဝါ​အရွယ်အစား​မျိုးစုံ ချုပ်လုပ်​သော​မိန်းမ​တို့​သည် အမင်္ဂလာ​ရှိ​၏​။ ငါ့​လူမျိုး​တော်​၏​စိတ်ဝိညာဉ်​ကို ထောင်ဖမ်း​ပြီးမှ သင်​တို့​စိတ်ဝိညာဉ် ချမ်းသာ​ရာ​ရ​မည်​ထင်​သလော​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 19,
      "text": "သင်​တို့​သည် မုယောဆန်​လက်တစ်ဆုပ်စာ​၊ မုန့်​တစ်လုတ်စာ​ရရှိ​ရန် ငါ့​လူမျိုး​တော်​အလယ်​တွင် ငါ့​ကို​ရှုတ်ချ​ကြ​ပြီ​။ အလိမ်အညာ​စကား​ကို​ယုံလွယ်​သော ငါ့​လူမျိုး​တော်​တို့​ကို လိမ်ညာ​ပြီး မသေသင့်​သူ​ကို သေ​အောင်​၊ သေသင့်​သူ​ကို မသေ​အောင် လုပ်​ကြ​ပြီ​တကား​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 20,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ လူ​တို့​ကို ငှက်​ကဲ့သို့​ထောင်ဖမ်း​ရန် သင်​တို့​အသုံးပြု​သည့်​အဆောင်လက်ပတ်​ကို သင်​တို့​လက်မောင်း​မှ ငါ​ဆွဲဆုတ်​ပစ်​မည်​။ ငှက်​ကဲ့သို့ သင်​တို့​ထောင်ဖမ်း​နေ​သော လူ​တို့​၏​စိတ်ဝိညာဉ်​ကို ငါ​လွှတ်ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 21,
      "text": "သင်​တို့​၏​ခေါင်းခြုံပဝါ​ကို ငါ​ဆုတ်ဖြဲ​ပစ်​မည်​။ ငါ့​လူမျိုး​တော်​ကို သင်​တို့​လက်​မှ​ကယ်​မည်​။ သားကောင်​အဖြစ် နောက်တစ်ဖန် သင်​တို့​လက်​သို့ မ​ရောက်​ရ​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 22,
      "text": "သင်​တို့​သည် ငါ​မ​နာကျင်​စေ​လို​သော ဖြောင့်မတ်​သူ​တို့​ကို လိမ်ညာ​နာကျင်​စေ​ခဲ့​ပြီ​။ ဆိုးယုတ်​သော​သူ​တို့ အသက်ချမ်းသာ​ရာ​ရ​ရန် မကောင်း​သော​လမ်း​မှ ပြန်​မ​လှည့်​စေ​ဘဲ သူ​တို့​ဆိုးယုတ်​သည်​ကို သင်​တို့​အားပေးအားမြှောက်​ပြု​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 23,
      "text": "ထို့ကြောင့် မဟုတ်မမှန်​သော​နိမိတ်​ကို​ပင် သင်​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​နိုင်​တော့​မည်​မ​ဟုတ်​။ ငါ့​လူမျိုး​တော်​ကို သင်​တို့​လက်​မှ​ကယ်နုတ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 1,
      "text": "အစ္စရေး​သက်ကြီးဝါကြီး​အချို့​တို့​သည် ငါ့​ထံသို့​လာ​၍ ငါ့​ရှေ့​တွင် ထိုင်​နေ​ကြ​စဉ်"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 2,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 3,
      "text": "“​အချင်း​လူသား​၊ ဤ​လူ​တို့​သည် သူ​တို့​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ သူ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ငါ့​အား​မေးလျှောက်​သည်​ကို ငါ​ခွင့်ပြု​ရ​မည်လော​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 4,
      "text": "သို့ဖြစ်၍ ထို​သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က မိမိ​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ မိမိ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ပရောဖက်​ထံသို့​လာရောက်​မေးမြန်း​သော အစ္စရေး​လူမျိုး​မည်သူမဆို ရုပ်တု​ကို​နေရာပေး​လျှင် ပေးသလောက် သူ့​ကို ငါ​ထာဝရဘုရား တုံ့ပြန်​မည်​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 5,
      "text": "ရုပ်တု​များ​ကြောင့် ငါ​နှင့်​ဝေးကွာ​သွား​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​နှလုံးသား​ကို ငါ​ပြန်လည်​ဆွဲယူ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 6,
      "text": "သို့ဖြစ်၍ အစ္စရေး​အမျိုးအနွယ်​အား ‘​ဘုရားရှင်​ထာဝရဘုရား​က နောင်တရ​၍ ရုပ်တု​များ​နောက်သို့​လိုက်​ခြင်း​မှ ပြန်လှည့်​လော့​။ သင်​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​မှ သင်​တို့​မျက်နှာ​ကို​လွှဲ​ကြ​လော့​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 7,
      "text": "ငါ​နှင့်​ဝေးကွာ​၍ မိမိ​စိတ်​ထဲတွင် ရုပ်တု​များ​ကို နေရာပေး​လျက်​၊ မိမိ​တို့​ရှေ့​တွင် ဒုစရိုက်​ခလုတ်တံသင်း​ကို ချထား​လျက်​နှင့် ပရောဖက်​ထံသို့​လာရောက်​မေးမြန်း​သော မည်သည့်​အစ္စရေး​လူမျိုး​မ​ဆို​၊ အစ္စရေး​လူမျိုး​တို့​နှင့်အတူ​နေထိုင်​သော မည်သည့်​တိုင်းတစ်ပါးသား​မ​ဆို ငါ​ထာဝရဘုရား​ကိုယ်တိုင် တုံ့ပြန်​မည်​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 8,
      "text": "သူ့​ကို​မျက်နှာလွှဲ​၍ အမှတ်သညာ​ပြုစရာ​၊ ပုံခိုင်းစရာ ဖြစ်​စေ​မည်​။ ငါ့​လူမျိုး​တော်​ထဲ​မှ​ဖယ်ထုတ်​ပစ်​မည်​။ ထိုမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 9,
      "text": "ပရောဖက်​သည် သွေးဆောင်​ခံရ​ပြီး တစ်စုံတစ်ရာ​ဟောပြော​လျှင် ထို​ပရောဖက်​ကို သွေးဆောင်​သော​သူ​သည် ငါ​ထာဝရဘုရား​ပင်​ဖြစ်​၏​။ ငါ​၏​လက်​ကို​ဆန့်​၍ သူ့​ကို ငါ​၏​လူမျိုး​တော်​အစ္စရေး​အမျိုး​ထဲ​မှ ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 10,
      "text": "သူ​တို့​သည် ကိုယ့်​အပြစ်​အတွက် အပြစ်ဒဏ်​ကို​ခံရ​မည်​။ ပရောဖက်​ထံ​မေးမြန်း​သူ​ခံရ​သော​အပြစ်ဒဏ်​သည် ပရောဖက်​ခံရ​သော အပြစ်ဒဏ်​နှင့်​အတူတူ​ပင်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 11,
      "text": "သို့မှ အစ္စရေး​အမျိုးအနွယ်​သည် ငါ့​ထံမှ​လမ်းလွဲ​တော့​မည်​မ​ဟုတ်​။ အပြစ်​ကျူးလွန်​ခြင်း​ဖြင့် ကိုယ်ကို​ညစ်ညူး​စေ​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​ဟု မိန့်​တော်မူ​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 12,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 13,
      "text": "“​အချင်း​လူသား​၊ ပြည်​တစ်​ပြည်​ရှိ​ပြည်သား​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ပြစ်မှား​ကြ​လျှင် ငါ​သည် လက်​ကို​ဆန့်​ပြီး ထို​ပြည်​၏​စားနပ်ရိက္ခာ ​ကို ဖြတ်တောက်​ပစ်​မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​ပြီး ထို​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 14,
      "text": "ထို​ပြည်​တွင် နောဧ​၊ ဒံယေလ​၊ ယောဘ စသော ပုဂ္ဂိုလ်​သုံး​ဦး​ရှိ​နေ​လျှင်​လည်း သူ​တို့​ဖြောင့်မတ်​ခြင်း​ကြောင့် သူ​တို့​ကိုယ်ကို​သာ​သူ​တို့ ကယ်တင်​နိုင်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 15,
      "text": "“ထို​ပြည်​ထဲသို့ သားရဲတိရစ္ဆာန်​ကို စေလွှတ်​၍​ဖျက်ဆီး​စေ​မည်​၊ ထို​သားရဲတိရစ္ဆာန်​များ​ကြောင့် ထို​ပြည်​သည် ဖြတ်သန်းသွားလာ​မည့်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​ဖြစ်သွား​မည်​ဆို​ပါစို့​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 16,
      "text": "ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပုဂ္ဂိုလ်​သုံး​ဦး​သည် ထို​ပြည်​၌​ရှိ​နေ​လျှင်​လည်း သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​များ​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ ပြည်​သည်​လည်း လူသူကင်းမဲ့​ရာ​ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 17,
      "text": "“သို့မဟုတ် တိုင်းပြည်​တွင် ဓားဘေး​ကျရောက်​စေ”​ဟု ငါ​အမိန့်ပေး​သဖြင့် ဓားဘေး​ကျရောက်​၍ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​ဆို​ပါစို့​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 18,
      "text": "“ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပုဂ္ဂိုလ်​သုံး​ဦး​သည် ထို​ပြည်​၌​ရှိ​နေ​လျှင်​လည်း သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​များ​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 19,
      "text": "“သို့မဟုတ် ထို​ပြည်​ထဲသို့ ကပ်ရောဂါ​ဘေး ကျရောက်​စေ​မည်​။ ငါ့​အမျက်​သွေးကြွေး​ကို သွန်ချ​၍ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​ဆို​ပါစို့​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 20,
      "text": "ငါ​အသက်ရှင်​သည်​နှင့်အညီ ထို​ပြည်​ထဲ​တွင် နောဧ​၊ ဒံယေလ​၊ ယောဘ​တို့​ရှိ​လျှင်​လည်း သူ​တို့​ဖြောင့်မတ်​ခြင်း​ကြောင့် သူ​တို့​ကိုယ်ကို​သာ သူ​တို့​ကယ်တင်​နိုင်​မည်​။ သူ​တို့​သား​သမီး​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 21,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ထဲသို့ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ သားရဲတိရစ္ဆာန်​ဘေး​၊ ကပ်ရောဂါ​ဘေး စသော ဘေးဆိုး​လေး​မျိုး​ဖြင့်​ဒဏ်ခတ်​ပြီး လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​သောအခါ ပို၍​ဆိုးဝါး​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 22,
      "text": "“သို့သော် ထို​ပြည်​ထဲ၌ လွတ်မြောက်​၍​ကြွင်းကျန်ရစ်​သော သား​သမီး​အချို့​တို့​သည် ထုတ်ဆောင်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​သည် သင်​တို့​ထံ​ရောက်လာ​၍ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို သင်​တို့​မြင်​ရ​လိမ့်မည်​။ ထိုအခါ ဂျေရုဆလင်​မြို့​အပေါ် ငါ​ကျရောက်​စေ​ခဲ့​သော​ဘေးအန္တရာယ် အလုံးစုံ​တို့​အတွက် သင်​တို့​စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 23,
      "text": "သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို သင်​တို့​မြင်​ရ​သောအခါ သင်​တို့​စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကို ငါ​စီရင်​ခဲ့​သည်​မှာ အကြောင်းမဲ့​မ​ဟုတ်​ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ တော​ထဲရှိ​သစ်ပင်​တို့​တွင်​နွယ်​တက်​နေ​သော​စပျစ်ကိုင်းသား​သည် မည်သည့်​သစ်သား​တို့​ထက် ပိုကောင်း​သနည်း​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 3,
      "text": "စပျစ်သား​ဖြင့် တစ်စုံတစ်ခု​ကို ပြုလုပ်​နိုင်​သလော​။ စပျစ်သား​ဖြင့် တစ်စုံတစ်ခု​ကို ချိတ်ဆွဲ​ဖို့​ငုတ်တိုင် ပြုလုပ်​နိုင်​သလော​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 4,
      "text": "လောင်စာ​အဖြစ် မီး​ထဲသို့​ပစ်ချ​လိုက်​လျှင် အရင်း​ရော​အဖျား​ပါ မီးလောင်​၍ အလယ်ပိုင်း​လည်း ကျွမ်းသွား​သောအခါ တစ်စုံတစ်ရာ​အသုံးဝင်​သေး​သလော​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 5,
      "text": "မီးမလောင်​မီ​ကပင် တစ်စုံတစ်ရာ​အသုံး​မ​ဝင်​လျှင် မီး​ကျွမ်း​လောင်​ပြီးမှ တစ်စုံတစ်ရာ​အသုံးဝင်​နိုင်​ဦး​မည်လော​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 6,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘တော​သစ်ပင်​များ​ကြား​ရှိ စပျစ်နွယ်​ကို မီး​ဖြင့်​လောင်ကျွမ်း​သွား​စေ​သကဲ့သို့ ဂျေရုဆလင်​မြို့သား​တို့​ကို ငါ​ပြု​မည်​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 7,
      "text": "ငါ​သည် သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် မီးဘေး​တစ်​ခု​မှ​လွတ်မြောက်​လျှင်​လည်း နောက်​မီးဘေး​တစ်​ခု​က သူ​တို့​ကို​လောင်ကျွမ်း​နေ​ဦး​မည်​။ ထိုသို့ ငါ​မျက်နှာ​လွှဲ​ထား​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 8,
      "text": "‘သူ​တို့​သည် ဖောက်ပြန်မှားယွင်း​သောကြောင့် သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​အား မိမိ​၏​စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို သိ​စေ​လော့​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ဂျေရုဆလင်​မြို့​အား ဤသို့​မိန့်​တော်မူ​ကြောင်း​ကို ဆင့်ဆို​လော့​။ ‘သင့်​မွေးရပ်​ဇာတိ​မှာ ခါနာန်​ပြည်​ဖြစ်၍ သင့်​ဖခင်​သည် အာမောရိ​လူမျိုး​၊ သင့်​မိခင်​သည် ဟိတ္တိ​လူမျိုး​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 4,
      "text": "သင်​မွေးဖွား​ခြင်း​အကြောင်း​ကို​ဆို​ရ​လျှင် သင်​မွေး​သော​နေ့​၌ သင့်​ကို ချက်ကြိုး​မ​ဖြတ်​ပေး​၊ ရေချိုး​သန့်စင်​မ​ပေး​၊ ဆား​မ​လူး​ပေး​၊ အနှီး​ဖြင့် မ​ပတ်ရစ်​ပေး​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 5,
      "text": "သင့်​ကို​သနား​၍ ထိုသို့​ပြု​ပေး​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​။ သင့်​အပေါ်​မေတ္တာကင်းမဲ့​၍ သင်​မွေးဖွား​သော​နေ့​၌​ပင် သင့်​ကို​စက်ဆုပ်ရွံရှာ​သဖြင့် လယ်ကွင်းပြင်​တွင် ပစ်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 6,
      "text": "ငါ​သည် သင့်​အနား​မှ​ဖြတ်သွား​သောအခါ သွေး​အလူးလူး​ဖြင့်​ကန်ကျောက်​နေ​သော​သင့်​ကို​မြင်​၍ အသက်ရှင်​ပါ​ဟု သင့်​အား ငါ​ဆို​၏​။ သွေး​လူး​နေ​သော​သင့်​ကို အသက်ရှင်​ပါ​ဟု ငါ​အားပေး​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 7,
      "text": "သင့်​ကို တော​ထဲမှ​အပင်​ကဲ့သို့ ကြီးထွား​စေ​၏​။ သင်​သည် ကြီးထွား​ဖွံ့ဖြိုး​လာ​ပြီး လှပ​သော​အဆင်တန်ဆာ ဖြစ်လာ​၏​။ ရင်သား​စူ​လာ​၏​။ ဆံပင်​ရှည်​လာ​၏​။ သို့သော် အဝတ်မပါ​အချည်းစည်း ဖြစ်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 8,
      "text": "သင့်​အနား​မှ​ဖြတ်သွား​၍​ကြည့်​သော် သင်​သည် အိမ်ထောင်ပြု​ရ​မည့်​အရွယ်​သို့ ရောက်​လေ​ပြီ​။ ထို့ကြောင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သော​သင့်​ကို ငါ့​ဝတ်လုံစွန်း​ဖြင့် ဖုံးအုပ်​ပေး​၏​။ သင်​နှင့်​သစ္စာဆို​၍ ပဋိညာဉ်ဖွဲ့​၏​။ ထို့ကြောင့် သင့်​ကို ငါ​ပိုင်ဆိုင်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 9,
      "text": "‘သွေး​ဖြင့်​ပေကျံ​နေ​သော​သင့်​ကို ရေ​ဖြင့်​ဆေးကြော​ပေး​၏​။ ဆီ​လိမ်း​ပေး​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 10,
      "text": "သင့်​အား ဇာပန်းထိုးထည်​ကို ဝတ်ဆင်​ပေး​၏​။ သားရေဖိနပ်​ကို စီး​ပေး​၏​။ ပိတ်ချောထည် ဆင်ယင်​ပေး​၏​။ ပိုးထည် ခြုံ​ပေး​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 11,
      "text": "သင့်​ကို လက်ဝတ်ရတနာ​များ ဆင်ယင်​ပေး​၏​။ သင့်​လက်​၌ လက်ကောက်​ဝတ်​ပေး​၏​။ သင့်​လည်ပင်း​၌ ဆွဲကြိုး​ဆွဲ​ပေး​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 12,
      "text": "သင့်​နှာခေါင်း​၌ နှာဆွဲ​၊ သင့်​နား​၌ နားကပ်​၊ သင့်​ခေါင်း​ပေါ်၌ တင့်တယ်​သော​သရဖူ စသည်​ဖြင့် ငါ​ဆင်ယင်​ပေး​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 13,
      "text": "ဤသို့ဖြင့် သင်​သည် ရွှေ​ငွေ​ကို ဆင်ယင်​ရ​၏​။ ပိတ်ချောထည်​၊ ပိုးထည်​၊ ဇာပန်းထိုးထည်​တို့​ကို ဝတ်ဆင်​ရ​၏​။ အကောင်းဆုံး​ဂျုံမှုန့်​၊ ပျားရည်​၊ သံလွင်ဆီ​တို့​ကို​စားသုံး​ရ​၏​။ သင်​သည် လှသွေးကြွယ်​ပြီး ဘုရင်မ​တစ်ဆူသဖွယ် ဖြစ်လာ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 14,
      "text": "ငါ​ပေး​သော​ဂုဏ်အရှိန်အဝါ​ကြောင့် သင်​သည် အလှ​နှင့်​ပြည့်စုံ​၍ သင့်​အလှ​သည် လူမျိုးတကာ​တို့​ထံသို့ ပျံ့နှံ့​ကျော်ကြား​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 15,
      "text": "‘သို့သော် သင်​သည် အလှဂုဏ်မောက်​၍ သင်​၏​ကျော်ကြားမှု​သည် သင့်​ကို ပြည့်တန်ဆာ​အဖြစ်​သို့ တွန်းပို့​လေ​ပြီ​။ ရာဂစိတ်​ပြင်းထန်​၍ သင့်​အနား​ဖြတ်သန်းသွားလာ​သော​သူ​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သင့်​အလှ​သည် သူ​တို့​အဖို့​ဖြစ်သွား​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 16,
      "text": "သင်​သည် အဝတ်အစား​အချို့​ကို​ယူ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ရောင်စုံခြယ်​လျက် မ​လုပ်​သင့်​၊ မ​လုပ်ထိုက်​သော ဖောက်ပြန်မှားယွင်း​ခြင်း​ကို​ပြု​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 17,
      "text": "သင့်​ကို ငါ​ပေး​သော​ရွှေ​ငွေ​များ​ဖြင့် သင်​ပြုလုပ်​ထား​သော သင်​၏​အဖိုးတန်​အဆင်တန်ဆာ​ကို​ယူ​၍ ယောက်ျား​ရုပ်တု​များ​ကို ပြုလုပ်​ပြီးလျှင် ထို​ရုပ်တု​များ​နှင့် ဖောက်ပြန်မှားယွင်း​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 18,
      "text": "ဇာပန်း​ထိုး​ထား​သော သင်​၏​အဝတ်​ကို​ယူ​ပြီး ထို​ရုပ်တု​တို့​အား ခြုံ​ပေး​၏​။ ငါ​၏​သံလွင်ဆီ​နှင့် နံ့သာပေါင်း​တို့​ကို​လည်း သူ​တို့​ရှေ့​၌​ပူဇော်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 19,
      "text": "သင့်​အား ငါ​ထောက်ပံ့​ကျွေးမွေး​သော​အစားအစာ​ဖြစ်​သည့် အကောင်းဆုံး​ဂျုံမှုန့်​၊ သံလွင်ဆီ​၊ ပျားရည်​တို့​ကို သင်​သည် မွှေးကြိုင်​သော​ရနံ့​အဖြစ် သူ​တို့​အား ပူဇော်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 20,
      "text": "‘သင်​သည် ပြည့်တန်ဆာ​ပြု​ခြင်း​ဖြင့် မလုံလောက်​သေး​။ သင်​မွေးလာ​သော​သား​သမီး​တို့​ကို​ယူ​၍ ထို​ရုပ်တု​တို့​အား အစာ​အဖြစ် ပူဇော်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 21,
      "text": "သင်​သည် ငါ့​သားသမီး​တို့​ကို​သတ်​၍ မီးရှို့​ပူဇော်​ရန် ရုပ်တု​တို့​အား ပေးအပ်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 22,
      "text": "သင်​သည် အလုံးစုံ​သော​စက်ဆုပ်ရွံရှာဖွယ်​ပြည့်တန်ဆာအမှု​ကို​ပြု​စဉ် ငယ်စဉ်​ဘဝ​က အဝတ်မပါ​အချည်းစည်း​ဖြစ်​ခဲ့​၍ သွေး​ထဲတွင်​လူး​နေ​ခဲ့​ရ​သည်​ကို သင်​မ​အောက်မေ့​ပါ​တကား​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 23,
      "text": "သင်​ပြု​သော​မကောင်းမှု​များ​ကြောင့် အမင်္ဂလာ​သည် သင်​၏​နောက်​သို့ လိုက်လာ​လိမ့်မည်​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 24,
      "text": "ထို့ပြင် သင်​သည် လူစည်ကား​သော​နေရာ​တိုင်း​တွင် ကိုယ့်​အဖို့ အထွတ်အမြတ်​ထား​သော​နေရာ​ဆောက်​၏​။ ပူဇော်​ရာ​ကို​တည်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 25,
      "text": "လမ်းဆုံလမ်းခွ​တိုင်း​၌ အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ သင်​၏​အလှ​ကို စက်ဆုပ်ရွံရှာ​ဖွယ်​ရာ​ဖြစ်​စေ​၏​။ သင်​၏​ခြေ​ကို​ကား​ပြီး ဖြတ်သန်း​သွား​သူ​အပေါင်း​တို့​နှင့် ထပ်ခါတလဲလဲ​ဖောက်ပြန်မှားယွင်း​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 26,
      "text": "သင်​သည် ရာဂစိတ်​ပြင်းထန်​သော သင့်​အိမ်နီးချင်း​အီဂျစ်​အမျိုးသား​တို့​နှင့် ထပ်ခါတလဲလဲ​ဖောက်ပြန်မှားယွင်း​ခြင်း​ဖြင့် ငါ့​ကို​အမျက်ထွက်​စေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 27,
      "text": "ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် လက်​ကို​ဆန့်တန်း​ပြီး သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ဝေစု​ကို လျှော့ချ​ပစ်​မည်​။ သင်​၏​ညစ်ညမ်း​သော​လုပ်ရပ်​များ​ကြောင့် သင့်​ကို​မုန်းတီး​သော​၊ သင့်​အစား​ရှက်​သော ဖိလိတ္တိ​သမီးပျို​တို့​လက်​သို့ သင့်​ကို​အပ်လိုက်​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 28,
      "text": "သင်​သည် မ​ရောင့်ရဲ​နိုင်​ဘဲ အဆီးရီးယား​ပြည်သား​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုသို့ သူ​တို့​နှင့်​ဖောက်ပြန်မှားယွင်း​သည့်​တိုင် သင်​သည် အားရကျေနပ်​ခြင်း​မ​ရှိ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 29,
      "text": "ထိုမျှမက ခါလဒဲ​ပြည်သား ကုန်သည်​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုမျှနှင့်လည်း သင်​သည် အားရကျေနပ်မှု​မ​ရှိ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 30,
      "text": "အရှက်မရှိ ဖောက်ပြန်​မှားယွင်းမှု​ရှိသမျှ​ကို ပြု​ရ​လောက်အောင် သင့်​စိတ်ထား​ယုတ်ညံ့​လှ​ချေ​တကား’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 31,
      "text": "‘သင်​သည် လမ်းဆုံလမ်းခွ​တိုင်း​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ လူစည်ကား​သော​နေရာ​တိုင်း​တွင် ပူဇော်​ရာ​ကို​တည်​၏​။ ထိုသို့ ဖောက်ပြန်မှားယွင်း​နေ​သော်လည်း အခကြေးငွေ​မယူ​သောကြောင့် သင်​သည် ပြည့်တန်ဆာ​နှင့်​မ​တူ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 32,
      "text": "ဖောက်ပြန်​သော​မိန်းမ​၊ သင်​သည် ကိုယ့်​ခင်ပွန်း​အစား သူစိမ်း​ယောက်ျား​များ​ကို တပ်မက်​ပါ​သည်​တကား​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 33,
      "text": "ပြည့်တန်ဆာမ​တို့​သည် သူ​တို့​ထံ​လာ​သော​လူ​ဆီ​မှ အခကြေးငွေ​ကို ယူ​တတ်​ကြ​၏​။ သင်​မူကား သင်​ချစ်​သော​သူ​တို့​ကို အခကြေးငွေ​ပေး​တတ်​၏​။ အရပ်တကာ​မှ​ယောက်ျား​တို့ သင့်​ထံ​လာ​၍ သင်​နှင့်​ဖောက်ပြန်မှားယွင်း​ဖို့ သင်​သည် သူ​တို့​ကို​ငှားရမ်း​တတ်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 34,
      "text": "သင်​သည် ပြည့်တန်ဆာအလုပ်​လုပ်​ရာ​၌ အခြား​မိန်းမ​တို့​နှင့်​မ​တူ​။ သင်​နှင့်​ဖောက်ပြန်မှားယွင်း​ဖို့ မည်သူမျှ​တောင်းဆို​စရာ​မလို​။ သင်​က အဖိုးအခ​မ​ယူ​၊ အဖိုးအခ​ကို​ပေး​သူ​ဖြစ်​၍ အခြား​မိန်းမ​တို့​နှင့်​ခြားနား​၏’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 35,
      "text": "အို ပြည့်တန်ဆာမ​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​လော့​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 36,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် တဏှာရာဂစိတ်​ပြင်းထန်​လျက်​၊ အဝတ်မပါ​အချည်းစည်း​ဖြစ်​လျက် သင်​ချစ်​သော​သူ​များ​နှင့်​ဖောက်ပြန်မှားယွင်း​သောကြောင့်​၊ သင့်​သားသမီး​တို့​ကို​သတ်​၍ သင်​၏​စက်ဆုပ်ရွံရှာဖွယ်​ရုပ်တု​တို့​အား ပေးလှူ​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 37,
      "text": "သင့်​ကို​သာယာမှု​ပေး​သော သင့်​ချစ်သူ​များ​မှစ၍ သင်​မုန်းတီး​သော​သူ​များ​အားလုံး​ကို အရပ်ရပ်​မှ​စုရုံး​စေ​ပြီးလျှင် သင့်​ကို​ဆန့်ကျင်​စေ​မည်​။ သူ​တို့​အား သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ငါ​ပြ​မည်​။ သင်​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​ခြင်း​ကို သူ​တို့​မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 38,
      "text": "အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 39,
      "text": "သင့်​ကို သူ​တို့​လက်​သို့​အပ်​လိုက်​မည်​။ သူ​တို့​သည် သင်​၏​ကွန်းခိုရာ​ကို ဖြိုချ​ပစ်​မည်​၊ သင်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ သင့်​အဝတ်​များ​ကို​ချွတ်​၍ လက်ဝတ်ရတနာ​များ​ကို​ယူ​ပြီးလျှင် အဝတ်မပါ​အချည်းစည်း ပစ်​ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 40,
      "text": "သူ​တို့​သည် လူအုပ်ကြီး​ကို​ခေါ်လာ​၍ သင့်​ကို ခဲ​နှင့်​ပေါက်သတ်​မည်​။ ဓား​ဖြင့် အပိုင်းပိုင်း​ခုတ်ဖြတ်​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 41,
      "text": "သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​။ မိန်းမ​အများ​ရှေ့​တွင် ဒဏ်ခတ်​မည်​။ ဤသို့ဖြင့် သင်​အဖိုးအခ​ပေး​ပြီး ဖောက်ပြန်မှားယွင်း​သော​အမှု​ပြု​ခြင်း​မှ ငါ​ရပ်တန့်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 42,
      "text": "သို့မှ ငါ​အမျက်ပြေ​မည်​။ သံသယစိတ်​ကင်း​မည်​။ အမျက်​မ​ထွက်​တော့​သဖြင့် ငြိမ်းချမ်း​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 43,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​၏​ငယ်ဘဝ​ကို မေ့​ထား​ပြီး ညစ်ညမ်း​သော​အမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​ရှိသမျှ​တို့​ကို ပြု​ခြင်း​ဖြင့် ငါ့​ကို​ဒေါသထွက်​စေ​သောကြောင့် သင်​ပြု​ခဲ့​သမျှ​တို့​ကို သင့်​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။ ထို​အမှု​အပေါင်း​တို့​ကို သင်​မ​ပြု​တော့​နှင့်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 44,
      "text": "စကားပုံဖွဲ့​တတ်​သူ​တိုင်း​က သင့်​ကို မအေတူ​သမီး​ဟု စကားပုံဖွဲ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 45,
      "text": "သင်​သည် ခင်ပွန်း​နှင့်​သားသမီး​တို့​ကို မနှစ်သက်​သော​အမေ​နှင့် တူ​၏​။ ခင်ပွန်း​နှင့်​သားသမီး​ကို မနှစ်သက်​သော အစ်မ​တို့​နှင့်​လည်း တူ​၏​။ သင့်​အမိ​သည် ဟိတ္တိ​လူမျိုး​၊ သင့်​အဖ​သည် အာမောရိ​လူမျိုး​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 46,
      "text": "သင့်​အစ်မ​ရှမာရိ​သည် သမီး​တို့​နှင့်အတူ သင်​၏​မြောက်ဘက်​တွင် နေထိုင်​၏​။ သင့်​ညီမ​သောဒုံ​သည် သမီး​တို့​နှင့်အတူ သင်​၏​တောင်ဘက်​တွင် နေထိုင်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 47,
      "text": "သင်​သည် သူ​တို့​လမ်း​အတိုင်း လိုက်လျှောက်​၏​။ သူ​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​အတိုင်း​ပြု​သည်​သာမက အချိန်တို​အတွင်း​မှာပင် သင့်​အကျင့်​တို့​သည် သူ​တို့​ထက်​သာ၍ ယိုယွင်းပျက်စီး​လာ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 48,
      "text": "အသက်ရှင်​တော်မူ​သော ငါ​ဘုရားရှင်​ထာဝရဘုရား​က ‘သင်​၏​ညီမ​သောဒုံ​နှင့်​သူ့​သမီး​တို့​သည် သင်​နှင့်​သင်​၏​သမီး​တို့​ပြု​သကဲ့သို့ မ​ပြု​ကြ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 49,
      "text": "ကြည့်​လော့​။ ဤသည်မှာ သင့်​ညီမ​သောဒုံ​၏​အပြစ်​ဖြစ်​၏​။ သူ​နှင့်​သူ့​သမီး​တို့​သည် မာနကြီး​၏​။ စားစရာ​အလျှံအပယ်​ရှိ​၏​။ အပူအပင်ကင်း​လျက် စိတ်အေးလက်အေး နေထိုင်​ရ​၏​။ သို့သော် ဆင်းရဲ​နွမ်းပါး​သူ​တို့​ကို ထောက်ပံ့ကူညီ​ခြင်း​မ​ရှိ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 50,
      "text": "သူ​တို့​သည် ဘဝင်မြင့်​၏​။ ငါ့​ရှေ့မှောက်​တွင်​ပင် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​၏​။ ထို့ကြောင့် ငါ​မြင်​သောအခါ သူ​တို့​ကို ငါ​ဖယ်ရှား​ပစ်​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 51,
      "text": "ရှမာရိ​၏​အပြစ်​သည် သင်​ပြု​သော​အပြစ်​၏​တစ်ဝက်​မျှလောက်​ပင်​မ​ရှိ​။ သင်​သည် သူ​တို့​ထက် စက်ဆုပ်ရွံရှာဖွယ်​အပြစ်​များစွာ​ကို ပြု​လေ​ပြီ​။ သင်​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​များလွန်း​သဖြင့် သင့်​အစ်မ​သည် ဖြောင့်မတ်​သည်​ဟု​ပင် ထင်​ရ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 52,
      "text": "ညီအစ်မ​တို့​ကို ထောက်ခံ​သော​သင်​သည် အသရေပျက်​ရ​လိမ့်မည်​။ သင်​သည် သူ​တို့​ထက် စက်ဆုပ်ရွံရှာ​ဖွယ်​အမှု​ကို​ပြု​သောကြောင့် သူ​တို့​က သင့်​ထက်​ဖြောင့်မတ်​သည်​ဟု​ထင်​ရ​၏​။ သင်​သည် သင့်​ညီအစ်မ​တို့​ကို ဖြောင့်မတ်​သည်​ဟု ထင်စရာ​ဖြစ်​စေ​သောကြောင့် အရှက်ခွဲ​ခြင်း​ကို ခံ​လော့​။ အသရေပျက်​ခြင်း​ကို ခံယူ​လော့’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 53,
      "text": "‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သောဒုံ​နှင့်​သူ​၏​သမီးပျို​များ​၊ ရှမာရိ​နှင့်​သူ​၏​သမီးပျို​များ​ကို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သင်​၏​လူ​တို့​နှင့်အတူ ပြန်ခေါ်​လာ​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 54,
      "text": "သို့ဖြစ်၍ သင်​သည် သူ​တို့​ကို နှစ်သိမ့်အားပေး​ခဲ့​သောကြောင့် သင်​အသရေပျက်​မည်​၊ အရှက်ကွဲ​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 55,
      "text": "သင်​၏​ညီမ​သောဒုံ​နှင့် သူ​၏​သမီးပျို​များ​၊ သင်​၏​အစ်မ​ရှမာရိ​နှင့် သူ​၏​သမီးပျို​များ မူလ​အခြေအနေ​သို့​ပြန်ရောက်​သောအခါ သင်​နှင့်​သင်​၏​သမီးပျို​များ​လည်း မူလ​အခြေအနေ​သို့​ပြန်ရောက်​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 56,
      "text": "သင်​လုပ်​ခဲ့​သော​မကောင်းမှု​များ မ​ပေါ်​ခင်​က သင်​သည် မာနထောင်လွှား​ပြီး သင့်​ညီမ​သောဒုံ​အကြောင်း​ကို မကောင်းပြော​ခဲ့​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 57,
      "text": "ယခုမှာ ဆီးရီးယား​သမီးပျို​နှင့် သူ့​ဝန်းကျင်​ရှိ​လူ​များ သင့်​ကို​ကဲ့ရဲ့​သော​အချိန်​ရောက်​လေ​ပြီ​။ သင့်​ဝန်းကျင်​ရှိ ဖိလိတ္တိ​သမီးပျို​များ သင့်​ကို​မထီမဲ့မြင်ပြု​သော​အချိန်​ရောက်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 58,
      "text": "သင်​ပြု​ခဲ့​သော ညစ်ညမ်းမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကြောင့် သင်​ပြန်​ခံရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 59,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​ထားခဲ့​သော​ကတိသစ္စာ​ကို သင်​မထီလေးစား​လုပ်​၍ ပဋိညာဉ်​ကို ချိုးဖောက်​သောကြောင့် သင်​၏​လုပ်ရပ်​နှင့်အညီ သင့်​ကို​ဒဏ်ခတ်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 60,
      "text": "‘သို့သော် သင်​ငယ်စဉ်​က သင်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​၍ ငါ​သည် သင်​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 61,
      "text": "သင်​သည် သင့်​အစ်မ​၊ သင့်​ညီမ​တို့​ကို ပြန်လည်​လက်ခံ​သောအခါ သင်​ပြု​ခဲ့​သော​အမှု​များ​ကို​ပြန်သတိရ​၍ ရှက်​လိမ့်မည်​။ သို့သော် သင်​နှင့်​ဖွဲ့​ခဲ့​သော ပဋိညာဉ်​အားဖြင့်​မ​ဟုတ်​သော်လည်း ထို​သူ​တို့​ကို သင့်​အား သမီး​များ​အဖြစ် ငါ​ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 62,
      "text": "ဤသို့ဖြင့် သင်​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ငါ​တည်​စေ​သဖြင့် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 63,
      "text": "ငါ​သည် သင်​ပြု​ခဲ့​သမျှ​တို့​ကို ခွင့်လွှတ်​ပေး​သောအခါ သင်​လုပ်​ခဲ့​သော​ရှက်ဖွယ်​လုပ်ရပ်​ကို သင်​အောက်မေ့​၍ ရှက်​သောကြောင့် နှုတ်​ပင်​ဟ​နိုင်​တော့​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 2,
      "text": "“အချင်း​လူသား​၊ အစ္စရေး​လူမျိုး​တို့​အား စကားထာဝှက်​၍ ပုံဥပမာ​ခိုင်းနှိုင်းပြ​လော့​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 3,
      "text": "သင်​သည် သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သန်စွမ်း​သော​တောင်ပံ​နှင့် ရှည်လျား​၍​အရောင်အသွေး​စုံ​သော​အမွေး​အမှင်​များ​ရှိ​သည့် လင်းယုန်ငှက်​ကြီး​တစ်​ကောင်​သည် လက်ဘနွန်​တောင်​သို့​လာ​၍ သစ်ကတိုးပင်​ထိပ်ဖျား​တွင် နား​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 4,
      "text": "ထိပ်ဖျား​အညွန့်​တို့​ကို​ချိုး​၍ ကုန်သွယ်​ရာ​ပြည်​သို့ ချီယူ​သွား​ပြီးလျှင် ကုန်သည်​တို့​မြို့​၌ စိုက်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 5,
      "text": "ထို​ပြည်​မှ မျိုးစေ့​အချို့​ကို​ယူ​ပြီး ရေ​ဝ​သော​မြေ​ပေါ်မှာ စိုက်​ထား​သော​မိုးမခပင်​ကဲ့သို့ မြေဩဇာ​ကောင်း​သော​မြေ​တွင် စိုက်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 6,
      "text": "ထို​မျိုးစေ့​သည် အပင်ပေါက်​၍ အနွယ်​ဖြာထွက်​သော​စပျစ်ပင်​ကဲ့သို့ ပင်​နိမ့်​မျိုး​ဖြစ်​၏​။ အကိုင်းအခက်​များ​မူကား လင်းယုန်ငှက်​ကြီး​ရှိ​ရာ​သို့​ဖြာထွက်​၏​။ အပင်​အောက်ဘက်​တွင် အမြစ်​တွယ်​၏​။ အကိုင်း​များ​ထွက်လာ​ပြီး အခက်အလက်​တို့​ဖြင့်​ဝေဆာ​သော စပျစ်နွယ်ပင်​ဖြစ်လာ​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 7,
      "text": "နောက်ထပ် တောင်ပံ​သန်စွမ်း​၍ အမွေး​ထူ​သော လင်းယုန်ငှက်​ကြီး​တစ်​ကောင်​ရှိ​၏​။ ထို​စပျစ်ပင်​သည် ရေ​ရရှိ​ရန် ထို​လင်းယုန်ငှက်ကြီး​ရှိ​ရာ​သို့ မိမိ​ပေါက်​ရာ​အရပ်​မှ အမြစ်​ကို​ရောက်​စေ​၏​၊ အကိုင်းအခက်​တို့​ကို ဖြာထွက်​စေ​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 8,
      "text": "ထို​စပျစ်နွယ်ပင်​သည် အကိုင်း​ဖြာထွက်​လျက်​၊ အသီး​သီး​လျက် ဝေဝေဆာဆာ​ဖြစ်လာ​စေရန် မြေသြဇာ​ကောင်း​၍ ရေ​ဝ​သော​မြေ​ပေါ်တွင် စိုက်​ထား​နှင့်​ပြီး​ဖြစ်​၏​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 9,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ထို​အပင် ရှင်သန်​နိုင်​မည်လော​။ အမြစ်​ကို​ဆွဲနုတ်​ပစ်​၍ အသီး​များ​ကို ခြွေချ​ပစ်​သောအခါ အပင်​ညှိုးနွမ်း​သွား​မည်​မ​ဟုတ်​လော​။ အသစ်​ပေါက်​သော​အပင်​ရှိသမျှ​သည်​လည်း ညှိုးနွမ်း​သွား​မည်​မ​ဟုတ်​လော​။ အမြစ်​ကို​ဆွဲနုတ်​ရန် အားကောင်းမောင်းသန်​ဖြစ်စရာ​မ​လို​၊ လူ​အမြောက်အမြား​လည်း မ​လို​ပေ​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 10,
      "text": "ထို​အပင်​ကို ပြောင်းစိုက်​လျှင်​လည်း ရှင်သန်​မည်လော​။ အရှေ့​လေ​တိုက်​သောအခါ ညှိုးနွမ်း​ခြောက်သွေ့​သွား​မည်​မ​ဟုတ်​လော​။ စင်စစ် မိမိ​ပေါက်​ရာ​အရပ်​၌​ပင် ညှိုးနွမ်း​သွား​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 12,
      "text": "“​ပုန်ကန်​တတ်​သော​အမျိုး​အား ‘ဤ​ပုံဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း မ​သိ​သလော​။ ကြည့်ရှု​လော့​။ ဘေဘီလုံ​ဘုရင်​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​ပြီး ဘုရင်​နှင့်​အကြီးအကဲ​တို့​ကို ဘေဘီလုံ​မြို့​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​ပြီ​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 13,
      "text": "ထို့နောက် မင်းမျိုးမင်းနွယ်​ထဲမှ လူ​တစ်ဦး​ကို​ခေါ်ယူ​၍ သူ​နှင့်​ပဋိညာဉ်​ဖွဲ့​ကာ ကျိန်ဆို​ထား​ခဲ့​၏​။ တိုင်းပြည်​အကြီးအကဲ​များ​ကို​မူ ဖမ်းခေါ်​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 14,
      "text": "ဤသို့ဖြင့် တိုင်းနိုင်ငံ​သည် နလန်​မ​ထူ​နိုင်​အောင် ကျရှုံး​သွား​ပြီး ပဋိညာဉ်​ကို စောင့်ထိန်း​မှသာ ရပ်တည်​နိုင်​မည့်​အခြေအနေ​ဖြစ်သွား​ရ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 15,
      "text": "ထိုအခါ ယုဒ​ဘုရင်​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​ရန် အီဂျစ်​ပြည်​သို့ တမန်​ကို​စေလွှတ်​၍ မြင်း​နှင့်​စစ်သည်​အမြောက်အမြား​ကို စစ်ကူတောင်း​၏​။ သူ့​အကြံ အထမြောက်​မည်လော​။ ဤသို့​ပြု​ခြင်း​ဖြင့် သူ​သည် ဘေးလွတ်​မည်လော​။ ပဋိညာဉ်​ကို ချိုးဖောက်​ပြီးမှ သူ​သည် ဘေးလွတ်​မည်လော’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 16,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​ငါ​အသက်ရှင်​သည်​နှင့်အညီ သူ့​အား နန်းတင်​ပေး​ခဲ့​သည့် ဘုရင်​နှင့် သူ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ခြင်း​ဖြင့် ထို​ဘုရင်​နှင့်​ကျိန်ဆို​ခဲ့​သည်​ကို သူ​မထီမဲ့မြင်ပြု​သောကြောင့် ထို​ဘုရင်​၏​တိုင်းပြည်​ဘေဘီလုံ​မြို့​တွင်ပင် သေဆုံး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 17,
      "text": "ဘေဘီလုံ​ဘုရင်​သည် လူ​အမြောက်အမြား​ကို​သတ်ဖြတ်​ရန် မြေကတုတ်​များ​၊ ရဲတိုက်​များ​ကို တည်ဆောက်​ထား​သောအခါ ဖာရော​မင်းကြီး​သည် စစ်အင်အား​၊ လူအင်အား အမြောက်အမြား​ဖြင့် သူ့​ကို​စစ်ကူတိုက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 18,
      "text": "သူ​သည် ပဋိညာဉ်​ကို​ချိုးဖောက်​ခြင်း​ဖြင့် ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​လျက် တစ်ပါးသူ​ကို အကူအညီ​တောင်း​၏​။ ထိုသို့​ပြု​သောကြောင့် သူ​သည် ဘေးလွတ်​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 19,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ငါ​နှင့်​ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​၍ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ကို​ချိုးဖောက်​သော​အပြစ်​အတွက် အမှန်ပင် သူ့​ခေါင်း​ပေါ်သို့​ရောက်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 20,
      "text": "ငါ​သည် သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ဘေဘီလုံ​ပြည်​သို့​ခေါ်ဆောင်​သွား​မည်​။ သူ​သည် ဖောက်ပြန်​၍ ငါ့​ကို​ပြစ်မှား​သောကြောင့် ထို​အရပ်​၌​ပင် သူ့​ကို ငါ​စစ်ကြောစီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 21,
      "text": "ထွက်ပြေး​သော​စစ်သည်​အပေါင်း​တို့​သည် ဓား​ဖြင့်​သေ​ကြ​ရ​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည်​လည်း လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​ကြ​ရ​လိမ့်မည်​။ ထိုသို့ ငါ​ထာဝရဘုရား​မိန့်ဆို​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 22,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သစ်ကတိုးပင်​ထိပ်ဖျား​မှ အညွန့်​ကို​ခူး​၍ စိုက်​မည်​။ အညွန့်နုနု​ကို​ခူး​၍ မြင့်မား​လှ​သော​တောင်​ပေါ်မှာ​စိုက်​မည်​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 23,
      "text": "မြင့်မား​သော​အစ္စရေး​တောင်​ပေါ်မှာ စိုက်​မည်​။ အကိုင်းအခက်​ထွက်လာ​၍ အသီး​သီး​သဖြင့် လှပတင့်တယ်​သော​သစ်ကတိုးပင်​ဖြစ်လာ​လိမ့်မည်​။ အရပ်ရပ်​မှ ငှက်​အပေါင်း​တို့​သည် ထို​အပင်​၌​အသိုက်ဆောက်​၍ အကိုင်းအခက်​တို့​၏​အရိပ်​၌ ခိုနား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 24,
      "text": "ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 2,
      "text": "“​အစ္စရေး​ပြည်​နှင့်​ပတ်သက်ပြီး ‘​ဖခင်​တို့​က ချဉ်​သော​စပျစ်သီး​ကို​စား​၍ သား​တို့​က သွား​ကျိန်း​၏​’​ဟု သင်​တို့​ပြောဆို​သော ဤ​စကားပုံ​ကား မည်သို့​နည်း​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ဤ​စကားပုံ​ကို အစ္စရေး​ပြည်​၌ နောက်တစ်ဖန် ပြောဆို​ရ​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 4,
      "text": "‘ကြည့်ရှု​လော့​။ ဝိညာဉ်​မှန်သမျှ​ကို ငါ​ပိုင်​၏​။ ဖခင်​၏​ဝိညာဉ်​ကို​ငါ​ပိုင်​သကဲ့သို့ သား​၏​ဝိညာဉ်​ကို​လည်း ငါ​ပိုင်​၏​။ အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 5,
      "text": "ဖခင်​သည် ဖြောင့်မတ်​၍ မျှတ​မှန်ကန်​သော​အမှု​ကို​ပြု​လျှင်​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 6,
      "text": "တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊ ဓမ္မတာလာ​သော​မိန်းမ​ထံ မ​ချဉ်းကပ်​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 7,
      "text": "မည်သူ့​ကို​မျှ​နိုင်ထက်စီးနင်း​မ​ပြု​၊ ကြွေးယူ​သူ​ပေါင်​ထား​သော​ပစ္စည်း​ကို ပြန်ပေး​၍ သူတစ်ပါး​ဥစ္စာ​ကို မတရား​မ​ယူ​၊ ဆာလောင်မွတ်သိပ်​သော​သူ​အား စားစရာ​ကို​ပေး​၍ အဝတ်အချည်းစည်း​ဖြစ်​သော​သူ​အား ဝတ်စရာ​ကို​ပေး​လျှင်​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 8,
      "text": "အတိုး​ဖြင့်​မ​ချေးငှား​၊ အမြတ်​မ​ယူ​၊ မတရားမှု​ကို​ရှောင်ကြဉ်​လျက် အမှု​ဖြစ်ပွား​သော​လူ​နှစ်​ဦး​ကြားတွင် မျှတစွာ​စီရင်​လျှင်​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 9,
      "text": "ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​ပြီး စီရင်ထုံးဖွဲ့ချက်​တို့​ကို သစ္စာရှိ​စွာ​စောင့်ထိန်း​လျက် ဖြောင့်မတ်​သော​သူ​ဖြစ်လျှင် သူ​သည် အမှန်ပင်​အသက်ချမ်းသာ​ရာ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 10,
      "text": "‘သို့သော် ထို​ဖခင်​၏​သား​သည် မိမိ​ညီအစ်ကို​အပေါ် ကြမ်းကြုတ်​သော​အမှု​၊ လူသတ်​သော​အမှု စသည့်​အမှု​တို့​ကို ပြု​သည်​သာမက"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 11,
      "text": "ဖခင်​မ​ပြု​ခဲ့​သော​အမှု​များ​ဖြစ်​သည့် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို​စား​ခြင်း​၊ အိမ်နီးချင်း​၏​မယား​ကို​ပြစ်မှား​ခြင်း​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 12,
      "text": "ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ခြင်း​၊ သူတစ်ပါး​ဥစ္စာ​ကို မတရားယူ​၍ အပေါင်ပစ္စည်း​ကို​ပြန်​မ​ပေး​ခြင်း​၊ ရုပ်တု​တို့​ကို​ကိုးကွယ်​ခြင်း​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို​ပြု​ခြင်း​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 13,
      "text": "အတိုး​ဖြင့်​ချေးငှား​၍​အမြတ်​ယူ​ခြင်း စသည့် အမှု​တစ်စုံတစ်ခု​ကို​ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်​။ ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​ဟူသမျှ​တို့​ကို​ပြု​သောကြောင့် သူ​သည် မုချ​သေ​ရ​မည်​။ သူ​၏​သွေး​သည် သူ့​အပေါ်​ကျရောက်​မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 14,
      "text": "သို့သော် ထို​ဖခင်​၏​သား​သည် မိမိ​ဖခင်​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို​မြင်​၏​။ သူ​သည် ဆင်ခြင်​၍ ထိုသို့သော​အမှု​တို့​ကို​မ​ပြု​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 15,
      "text": "သူ​သည် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 16,
      "text": "မည်သူ့​ကို​မျှ​နိုင်ထက်စီးနင်း​မ​ပြု​၊ အပေါင်ပစ္စည်း​ကို လက်​မ​ခံ​၊ သူတစ်ပါး​ဥစ္စာ​ကို မတရား​မ​ယူ​၊ ဆာလောင်မွတ်သိပ်​သော​သူ​အား စားစရာ​ကို​ပေး​၍ အဝတ်အချည်းစည်း​ဖြစ်​သော​သူ​အား ဝတ်စရာ​ကို​ပေး​လျှင်​၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 17,
      "text": "ဆင်းရဲသား​ကို​မဖိနှိပ်​၊ သူ​တို့​ထံမှ အတိုး​အမြတ်​မ​ယူ​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​၍ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​လျှင် သူ​သည် မိမိ​ဖခင်​၏​အပြစ်​ကြောင့် သေ​ရ​မည်​မ​ဟုတ်​။ အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 18,
      "text": "သူ​၏​ဖခင်​သည် ညီအစ်ကို​တို့​ကို ရက်ရက်စက်စက်​နှိပ်စက်​၍ သူ​တို့​၏​ဥစ္စာ​ကို မတရား​လုယူ​ပြီး မိမိ​လူမျိုး​တို့​တွင် မ​ကောင်း​သော​အမှု​ကို​ပြုကျင့်​သောကြောင့် ကြည့်ရှု​လော့​။ သူ​သည် မိမိ​အပြစ်​အတွက်​သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 19,
      "text": "သို့သော် သင်​တို့​က ဖခင်​၏​အပြစ်​အတွက် သား​သည် အဘယ်ကြောင့်​မ​ခံရ​သနည်း​ဟူ၍ မေး​ကြ​၏​။ သား​သည် တရားမျှတ​၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​လျက် ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် သူ​သည် အမှန်ပင်​အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 20,
      "text": "အပြစ်ပြု​သော​ဝိညာဉ်​သည် သေ​ရ​မည်​။ သား​သည် ဖခင်​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖခင်​သည်​လည်း သား​၏​အပြစ်​အတွက် ခံရ​မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​သည် သူ​၏​ဖြောင့်မတ်​ခြင်း​အကျိုး​ကို ခံစား​ရ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​သည် သူ​၏​ဆိုးယုတ်​ခြင်း​အကျိုး​ကို ခံရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 21,
      "text": "သို့သော် ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​ကို စွန့်လွှတ်​လျှင်​၊ ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​၊ တရားမျှတ​၍ ဖြောင့်မတ်​သော​အမှု​တို့​ကို​ပြု​လျှင် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 22,
      "text": "သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို မှတ်ထား​မည်​မ​ဟုတ်​။ ဖြောင့်မတ်​စွာ​ပြုကျင့်​သောကြောင့် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 23,
      "text": "ဆိုးယုတ်​သော​သူ​သေ​သွား​သည်​ကို ငါ​ဝမ်းသာအားရ​မည်​ဟု သင်​တို့​ထင်​သလော​။ သူ​တို့​လျှောက်​သော​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရာ​ရ​သည်​ကို ငါ​အလိုရှိ​သည်​မ​ဟုတ်​လော’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 24,
      "text": "‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 25,
      "text": "သင်​တို့​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ နားထောင်​လော့​။ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 26,
      "text": "ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ခြင်း​လမ်း​မှ​လွဲ​၍ မကောင်းမှု​ကို​ပြု​လျှင် ထိုသို့​ပြု​သောကြောင့် သေ​ရ​မည်​။ စင်စစ် သူ​ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် သူ​သေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 27,
      "text": "ဆိုးယုတ်​သော​သူ​သည် ဆိုးယုတ်မှု​ကို​ပြု​ရာ​မှ ပြန်လှည့်​၍ ဖြောင့်မတ်​မှန်ကန်​သော​အမှု​ကို​ပြု​လျှင် သူ​သည် မိမိ​အသက်ဝိညာဉ်​ကို ကယ်တင်​ရာ​ရောက်​မည်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 28,
      "text": "သူ​ကျူးလွန်​မိ​သော​အပြစ်​များ​ကို​သိမြင်​လာ​ပြီး နောင်တရ​သောကြောင့် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 29,
      "text": "အစ္စရေး​အမျိုးအနွယ်​က ဘုရားရှင်​၏​နည်းလမ်း​တော်​သည် မတရား​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုး​၊ ငါ့​နည်းလမ်း​က မတရား​သလော​။ သင်​တို့​နည်းလမ်း​ကသာ မတရား​ဖြစ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 30,
      "text": "သို့ဖြစ်၍ အို အစ္စရေး​အမျိုး​၊ သင်​တို့​နည်းလမ်း​အတိုင်း သင်​တို့​တစ်ဦးစီ​ကို ငါ​စီရင်​မည်​။ သင်​တို့ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​၍ ပြန်လာ​လော့​။ သို့ပြုလျှင် သင်​တို့​ပြု​သော​အပြစ်​သည် သင်​တို့​အဖို့ ခလုတ်တံသင်း ဖြစ်​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 31,
      "text": "‘သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို စွန့်​၍ စိတ်နှလုံး​အသစ်​၊ စိတ်သဘော​အသစ် ရှိ​ကြ​လော့​။ အို အစ္စရေး​အမျိုး​၊ အဘယ်ကြောင့် သင်​တို့​သေ​ရ​မည်နည်း​။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 32,
      "text": "ငါ​သည် မည်သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​သေ​စေ​လို​။ ထို့ကြောင့် နောင်တရ​၍ အသက်ရှင်​သော​လမ်း​ကို ရွေး​လော့’ ​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 1,
      "text": "အစ္စရေး​ခေါင်းဆောင်​တို့​နှင့်ဆိုင်သော ငိုချင်း​ကို ဖွဲ့ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 2,
      "text": "‘​သင့်​မိခင်​ကား မည်သို့သော​သူ​နည်း​။ ခြင်္သေ့ပျို​တို့​နှင့်အတူ​နေထိုင်​၍ သားပေါက်​တို့​ကို​ကျွေးမွေး​သော​ခြင်္သေ့မ​၊ ခြင်္သေ့​များ​ကြားမှ ခြင်္သေ့မ​ဖြစ်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 3,
      "text": "သူ​ကျွေးမွေး​သော​သားပေါက်​တို့​ထဲမှ တစ်​ကောင်​သည် သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်လာ​၍ သားကောင်​ကို​ကိုက်ဖြတ်​ရန် သင်ယူ​၍ လူ​တို့​ကို​ပင် ကိုက်စား​ဝါးမျို​တတ်​လာ​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 4,
      "text": "သူ့​အကြောင်း​ကို​ကြား​သော လူမျိုးခြား​တို့​သည် သူ့​ကို​တွင်း​နှင့်​ထောင်ဖမ်း​ပြီး ကြိုးကွင်းစွပ်​၍ အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 5,
      "text": "မျှော်လင့်စောင့်စား​ခဲ့​သော​အရာ ပျက်စီး​သွား​ကြောင်း ခြင်္သေ့မ သိမြင်​သောအခါ သားပေါက်​ထဲမှ​တစ်​ကောင်​ကို ရွေးယူ​၍ သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်​အောင် ကျွေးမွေး​ပြန်​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 6,
      "text": "ထို​သားပေါက်​သည် ခြင်္သေ့​များ​ကြား​တွင် သွားလာ​နေထိုင်​ရင်း သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်လာ​ပြီး သားကောင်​ကို​ကိုက်ဖြတ်​စားသောက်​သော​အတတ်​ကို သင်ယူ​၍ လူ​ကို​ပါ ကိုက်စား​ဝါးမျို​တတ်​လာ​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 7,
      "text": "လူ​တို့​၏​ခံတပ်​တို့​ကို​ဖြိုဖျက်​၍ မြို့​တို့​ကို တိတ်ဆိတ်​ခြောက်ကပ်​စေ​၏​။ သူ​၏​ဟိန်းဟောက်သံ​ကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချား​ကုန်​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 8,
      "text": "ထိုအခါ ဝန်းကျင်​ရှိ​တိုင်းနိုင်ငံ​များ​မှ လူမျိုး​တို့​သည် သူ့​ကို​လာ​တိုက်ခိုက်​ကြ​၏​။ သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​၏​။ သူ​သည် ထောင်ချောက်တွင်း​ထဲသို့ ကျ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 9,
      "text": "သူ့​ကို​ကြိုးကွင်းစွပ်​လျက် လှောင်အိမ်​ထဲ​ထည့်​ကာ ဘေဘီလုံ​ဘုရင်​ထံသို့ ခေါ်ဆောင်​သွား​ပြီး ချုပ်နှောင်​ထား​၏​။ ထို့ကြောင့် အစ္စရေး​တောင်​များ​ပေါ်တွင် သူ​၏​ဟိန်းဟောက်သံ​ကို မ​ကြား​ရ​တော့​ပေ​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 10,
      "text": "သင့်​မိခင်​သည် သင်​နှင့်​သွေးသားတူ​၍ စပျစ်ပင်​ကဲ့သို့​ဖြစ်​၏​။ ရေ​စပ်​၌​စိုက်​ထား​သည်​ဖြစ်၍ ရေ​ဝ​သောကြောင့် အသီး​များ​၊ အကိုင်းအခက်​များ​ဖြင့် ဝေဆာ​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 11,
      "text": "အကိုင်းအခက်​များ သန်မာ​သောကြောင့် ရာဇလှံတံ​အဖြစ်​ပင် အသုံးပြု​နိုင်​၏​။ ကြီးထွား​မြင့်မား​ပြီး အကိုင်းအခက်​များ​လည်း များစွာ​ဖြာထွက်​၏​။ ပင်မြင့်​ဖြစ်၍ အပင်တကာ​တို့​ကြား​တွင် ထီးထီးကြီး​မြင်တွေ့​နိုင်​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 12,
      "text": "သို့သော် ထို​စပျစ်ပင်​သည် ဒေါသတကြီး ဆွဲနုတ်​ခံရ​၏​။ မြေ​ပေါ်၌ ပစ်ထား​ခံရ​၏​။ အရှေ့​လေတိုက်​သောအခါ သူ​၏​အသီး​တို့​သည် ခြောက်သွေ့​ကုန်​၏​။ သန်မာ​သော​အကိုင်းအခက်​တို့​သည် ကျိုးပဲ့​၍​ခြောက်​သွား​ပြီး မီးရှို့​ခံရ​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 13,
      "text": "ယခု​မူကား ထို​စပျစ်ပင်​ကို ရေမရှိ​၊ ခြောက်သွေ့​သော​ကန္တာရ​မြေ​၌ စိုက်ပျိုး​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 14,
      "text": "အကိုင်း​တစ်​ကိုင်း​မှ မီး​ထွက်လာ​၍ အသီး​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထို့ကြောင့် ရာဇလှံတံ​အဖြစ် အသုံးပြု​နိုင်​သည့် သန်မာ​သော​အကိုင်းအခက်​တစ်ခုမျှ​မ​ရှိ​တော့​ပေ​ဟု သီဆို​လော့​။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်း​တစ်​ပုဒ်​ပေတည်း’​ဟူ၍ မြွက်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 1,
      "text": "သတ္တမ​နှစ်​၊ ပဉ္စမ​လ​၊ ဆယ်​ရက်​နေ့​၌ အစ္စရေး​တို့​၏​သက်ကြီးဝါကြီး​အချို့​တို့​သည် ထာဝရဘုရား​ထံ မေးလျှောက်​ရန် ရောက်လာ​ပြီး ငါ​ရှေ့​၌​ထိုင်​နေ​ကြ​စဉ်"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 2,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 3,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​သက်ကြီးဝါကြီး​တို့​အား ‘​ဘုရားရှင်​ထာဝရဘုရား​က ငါ့​ထံ​မေးလျှောက်​ရန် သင်​တို့​လာ​ကြ​သလော​။ စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​ကို မေးလျှောက်​ခွင့်​မ​ပြု​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 4,
      "text": "အချင်း​လူသား​၊ သင်​စီရင်​လော့​။ သူ​တို့​ကို သင်​စီရင်​လော့​။ သူ​တို့​ဘိုးဘေး​တို့​ပြု​ခဲ့​သည့် စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သူ​တို့​အား ပြောပြ​လော့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 5,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။ အစ္စရေး​လူမျိုး​ကို ငါ​ရွေးချယ်​သော​နေ့​တွင် ငါ​သည် ယာကုပ်​အမျိုး​၏​သားစဉ်မြေးဆက်​အား ကတိသစ္စာ​ပြု ​ခဲ့​၏​။ အီဂျစ်​ပြည်​၌ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို သိ​စေ​ခဲ့​၏​။ ‘ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု သူ​တို့​အား ကတိသစ္စာ​ပြု​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 6,
      "text": "ထို​နေ့​တွင်ပင် သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ပြည်​တကာ​တို့​ထက် သာယာဝပြော​သော​ပြည်​၊ သူ​တို့​အဖို့ ရွေးချယ်​ထား​သော ‘နို့​နှင့်​ပျားရည်​စီး​သော​ပြည်’​သို့ ပို့ဆောင်​ပေး​မည်​ဟု ကတိသစ္စာ​ပြု​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 7,
      "text": "ငါ​သည် သူ​တို့​အား ‘သင်​တို့​ကိုးစား​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ကို စွန့်ပစ်​လော့​။ အီဂျစ်​ရုပ်တု​များ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏’​ဟု မိန့်ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 8,
      "text": "သို့သော် သူ​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​ကို​ပုန်ကန်​ကြ​၏​။ သူ​တို့​ကိုးစား​သော​ရွံရှာဖွယ်​ရာ​များ​ကို သူ​တို့​မ​ဖယ်ရှား​၊ အီဂျစ်​ရုပ်တု​တို့​ကို​လည်း မ​စွန့်ပစ်​ကြ​။ ထို့ကြောင့် ‘ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​မည်​။ အီဂျစ်​ပြည်​တွင် သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​’​ဟု ငါ​မိန့်ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 9,
      "text": "သို့သော် သူ​တို့​နေထိုင်​ရာ​လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​အား သိ​စေ​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 10,
      "text": "သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 11,
      "text": "‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို သူ​တို့​အား ချမှတ်​ပေး​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို သိ​စေ​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 12,
      "text": "ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း သူ​တို့​သိရှိ​ရန် အမှတ်လက္ခဏာ​အဖြစ် ဥပုသ်နေ့​ကို သတ်မှတ်​ပေး​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 13,
      "text": "သို့သော် အစ္စရေး​အမျိုး​သည် တောကန္တာရ​တွင် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​ကြ​၏​။ ဥပုသ်နေ့​ကို​လည်း အလွန်​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​၍ သူ​တို့​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 14,
      "text": "သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော​လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 15,
      "text": "ပြည်​တကာ​တို့​ထက် သာယာဝပြော​သော​ပြည်​ဖြစ်၍ ‘နို့​နှင့်​ပျားရည်​စီး​သော​ပြည်’ ဖြစ်​သည့် သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို မ​ပို့ဆောင်​တော့​ဟု တောကန္တာရ​တွင် ငါ​ကျိန်ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 16,
      "text": "သူ​တို့​သည် ရုပ်တု​များ​နောက်သို့ စိတ်ပါ​သွား​ကြ​သောကြောင့် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 17,
      "text": "သို့သော် သူ​တို့​ကို ငါ​သနား​၏​။ တောကန္တာရ​တွင် မ​ဖျက်ဆီး​ခဲ့​။ အဆုံး​မ​စီရင်​ခဲ့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 18,
      "text": "တောကန္တာရ​၌ သူ​တို့​၏​သားသမီး​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ကျင့်ထုံး​တို့​ကို မ​လိုက်နာ​ကြ​နှင့်​။ သူ​တို့​၏​ဓလေ့ထုံးတမ်း​တို့​ကို မ​စောင့်ထိန်း​ကြ​နှင့်​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့်​လည်း ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ကြ​နှင့်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 19,
      "text": "ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်လျှောက်​ကြ​လော့​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ကြ​လော့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 20,
      "text": "ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​စေ​ဖို့ ဥပုသ်နေ့​သည် ငါ​နှင့်​သင်​တို့​ကြား​တွင် အမှတ်လက္ခဏာ​ဖြစ်​၏’​ဟု ငါ​ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 21,
      "text": "သို့သော် သူ​တို့​၏​သားသမီး​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ကြ​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ​၏​ဒေါသ​ကို သူ​တို့​အပေါ်​သို့​သွန်ချ​၍ သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 22,
      "text": "သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို ငါ​မ​ဆုံးမ​ခဲ့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 23,
      "text": "ထို့ပြင် ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​မည်​ဟု တောကန္တာရ​၌ သူ​တို့​အား ကျိန်ဆို​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 24,
      "text": "အကြောင်းမူကား သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​မ​လိုက်လျှောက်​၊ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​ငြင်းပယ်​၍ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​သည့်​အပြင် ဘိုးဘေး​တို့​၏​ရုပ်တု​များ​နောက်သို့ လိုက်ပါ​သွား​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 25,
      "text": "ထို့ကြောင့် ငါ​သည်​လည်း သူ​တို့​အား မဟုတ်မမှန်​သော​ကျင့်ထုံး​များ​၊ အသက်​တည်​ရာ​မ​ဟုတ်​သော ဓလေ့ထုံးတမ်း​များ​နောက်​သို့ လိုက်​ခွင့်​ပေး​လိုက်​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 26,
      "text": "သူ​တို့​၏​ပူဇော်သက္ကာ​ဖြစ်​သည့် သားဦး​တိုင်း​ကို မီးရှို့​ပူဇော်​ခြင်း​ဖြင့် ငါ​သည် သူ​တို့​ကို ညစ်ညူး​စေ​၍ သူ​တို့​ကို ငါ​ဖျက်ဆီး​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 27,
      "text": "ထို့ကြောင့် အချင်း​လူသား​၊ သင်​သည် အစ္စရေး​အမျိုးအနွယ်​အား ‘​ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​၏​ဘိုးဘေး​တို့​သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း​၍ ငါ့​အား​စော်ကားပြောဆို​ကြ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 28,
      "text": "သူ​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ထို​ပြည်​သို့ ငါ​ခေါ်ဆောင်​လာ​သောအခါ သူ​တို့​သည် ကုန်းမြင့်​များ​၊ စိမ်းလန်း​သော​သစ်ပင်​များ​ကို မြင်​လျှင် ထို​နေရာ​တို့​၌ ယဇ်ပူဇော်​၍ ငါ့​အမျက်​ကို​နှိုးဆော်​သော ပူဇော်သက္ကာ​ကို ပူဇော်​ကြ​၏​။ မွှေးကြိုင်​သော​နံ့သာပေါင်း​ကို​လည်း တင်လှူ​၍ သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်း သွန်းလောင်း​ပူဇော်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 29,
      "text": "ထို့ကြောင့် သင်​တို့​သွား​လေ့​ရှိ​သော​ကုန်းမြင့်​အရပ်​ကား မည်သို့နည်း​ဟူ၍​ပင် သူ​တို့​ကို ငါ​မေးယူ​ရ​၏​။ ယနေ့​တိုင်အောင် ထို​အရပ်​ကို ဗာမာ ​ဟု အမည်​ခေါ်တွင်​လျက်​ရှိ​၏​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 30,
      "text": "ထို့ကြောင့် အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် ဘိုးဘေး​တို့​၏​အပြုအမူ​အကျင့်အကြံ​အတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူး​စေ​ကြ​သလော​။ သူ​တို့​ပြု​သော ရွံရှာဖွယ်​ရာ​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​ကြ​သလော’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 31,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​သည် ယနေ့​တိုင်အောင် ပူဇော်သက္ကာ​များ​အဖြစ် ကိုယ့်​သား​တို့​ကို မီးရှို့​ပူဇော်​လျက်​၊ ရုပ်တု​ရှိသမျှ​တို့​နောက်​သို့​လိုက်​၍ ကိုယ်ကို​ညစ်ညူး​စေ​လျက်​နှင့်​ပင် သင်​တို့​မေးလျှောက်​သည်​ကို ငါ​ခွင့်ပြု​ရ​မည်လော​။ စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​တို့​ကို ငါ့​ထံ​မေးလျှောက်​ခွင့်​မ​ပေး​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 32,
      "text": "လူမျိုးခြား​တို့​ကဲ့သို့​၊ တိုင်းတစ်ပါးသား​တို့​ကဲ့သို့ သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို ကိုးကွယ်​မည်​ဟု ကြံစည်​သော​သင်​တို့​အကြံ​သည် မည်သည့်​အခါ​မျှ ဖြစ်လာ​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 33,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ လက်ရုံး​တော်​ကို​ဆန့်​လျက် တန်ခိုးကြီး​သော​လက်​တော်​၊ ပြင်းထန်​သော​အမျက်​တော်​ဖြင့် သင်​တို့​ကို အုပ်စိုး​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 34,
      "text": "ငါ​သည် အမျက်​တော်​ကို​သွန်ချ​၍ လက်ရုံး​တော်​ကို​ဆန့်​လျက် တန်ခိုးကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​၊ သင်​တို့​ကွဲလွင့်​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 35,
      "text": "သင်​တို့​ကို လူမျိုးတကာ​တို့​နေရာ တောကန္တာရ​သို့ ခေါ်ဆောင်​သွား​ပြီး ထို​နေရာ​တွင် သင်​တို့​ကို မျက်နှာချင်းဆိုင် စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 36,
      "text": "ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​တောကန္တာရ​တွင် စီရင်​ခဲ့​သကဲ့သို့ သင်​တို့​ကို စီရင်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 37,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​ကို ကြိမ်လုံး​အောက်​မှ ဖြတ်သွား​စေ​မည်​၊ ပဋိညာဉ်​ကြိုး​ဖြင့် ချည်နှောင်​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 38,
      "text": "ငါ့​ကို ပုန်ကန်​သော​သူ​၊ ပြစ်မှား​သော​သူ​တို့​ကို ငါ​သုတ်သင်​ပစ်​မည်​။ သူ​တို့​ကို တည်းခိုနေထိုင်​ရ​သော​ပြည်​မှ​ထုတ်ဆောင်​လာ​မည်​ဖြစ်​သော်လည်း အစ္စရေး​ပြည်​ထဲသို့ သူ​တို့​ဝင်​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 39,
      "text": "အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘သွား​ကြ​၊ ကိုယ့်​ရုပ်တု​ကို ကိုယ်​ကိုးကွယ်​ကြ​လော့​။ နောက်​မှ ရုပ်တု​များ​ကို ပူဇော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို မ​ရှုတ်ချ​တော့​ဘဲ ငါ့​စကား​ကို နားထောင်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 40,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​၏​သန့်ရှင်း​သော​တောင်​၊ မြင့်မား​သော​အစ္စရေး​တောင်​ပေါ်တွင် တစ်ပြည်လုံး​ရှိ​အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ငါ့​ကို ဝတ်ပြု​ကြ​လိမ့်မည်​။ ထို​အရပ်​၌ သူ​တို့​ကို ငါ​လက်ခံ​မည်​။ လှူဖွယ်ဝတ္ထု​များ​၊ အသီးဦး​ပူဇော်သက္ကာ​များ​နှင့်တကွ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ငါ​တောင်းဆို​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 41,
      "text": "သင်​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​၍ ကွဲလွင့်​ရာ​အရပ်ရပ်​မှ ပြန်လည်​စုစည်း​သောအခါ ငါ​သည် သင်​တို့​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် လက်ခံ​မည်​။ ငါ​သည် သန့်ရှင်း​သော​ဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​ရှေ့​တွင် ငါ​ထင်ရှား​ပြ​မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 42,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း အစ္စရေး​ပြည်​သို့ သင်​တို့​ကို ခေါ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 43,
      "text": "ကိုယ့်ကိုယ်ကိုယ် ညစ်ညူး​စေ​ခဲ့​သော သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​ကို ထို​ပြည်​တွင် ပြန်လည်​သတိရ​၍ သင်​တို့​ပြု​ခဲ့​သော​မကောင်းမှု​များ​ကြောင့် သင်​တို့​ကိုယ်​သင်​တို့ စက်ဆုပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 44,
      "text": "အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​၏​မကောင်း​သော​အပြုအမူ​၊ ဖောက်ပြန်​သော​အကျင့်အကြံ​များ​ကြောင့်​မ​ဟုတ်​ဘဲ ငါ့​နာမ​ကို​ထောက်​၍ သင်​တို့​ကို ငါ​စီရင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 45,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 46,
      "text": "“​အချင်း​လူသား​၊ တောင်ဘက်​သို့ မျက်နှာမူ​ပြီး တောင်ဘက်​အရပ်​ကို ဆန့်ကျင်​ဟောပြော​လော့​။ တောင်ဘက်​ရှိ​တောအုပ်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 47,
      "text": "တောင်ဘက်​ရှိ​တောအုပ်​အား ‘ထာဝရဘုရား​၏​စကား​ကို နားထောင်​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင့်​ကို မီးရှို့​သဖြင့် သင်​၌​ရှိ​သော​စိမ်းလန်း​သော​အပင်​၊ ခြောက်သွေ့​သော​အပင် ရှိသမျှ​တို့​ကို မီးလောင်ကျွမ်း​လိမ့်မည်​။ တောက်လောင်​သော​မီး​သည် မ​ငြိမ်း​ဘဲ တောင်ဘက်​မှ မြောက်ဘက်​တိုင်အောင် မြေ​တစ်ပြင်လုံး​ကို လောင်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 48,
      "text": "ထို​မီး​ကို ငါ​ထာဝရဘုရား​ရှို့​ကြောင်း လူ​အပေါင်း​တို့ သိ​ရ​ကြ​လိမ့်မည်​။ ထို​မီး​သည် ငြိမ်း​လိမ့်မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 49,
      "text": "ထိုအခါ ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ သူ​တို့​က အကျွန်ုပ်​အား ‘​ဤ​သူ​သည် ပုံဥပမာ ပြော​နေ​ပါ​သည်​’​ဟူ၍ ဆို​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​သို့ မျက်နှာမူ​ပြီး သန့်ရှင်းရာဌာန​များ​ကို ဆန့်ကျင်​၍ ဟောပြော​လော့​။ အစ္စရေး​ပြည်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 3,
      "text": "အစ္စရေး​ပြည်​အား ‘​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို ဆန့်ကျင်​မည်​။ ဓားအိမ်​ထဲမှ​ဓား​ကို ဆွဲထုတ်​၍ သင့်​အထဲ​မှ လူဆိုး​လူကောင်း​မ​ကျန် သုတ်သင်​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 4,
      "text": "ငါ့​ဓား​ကို ဓားအိမ်​ထဲမှ ဆွဲထုတ်​၍ သင့်​အထဲ​မှ လူဆိုး​လူကောင်း​မကျန် ငါ​သုတ်သင်​မည်​ဖြစ်​သောကြောင့် တောင်​အရပ်​မှ​မြောက်အရပ်​တိုင်အောင် လူ​အားလုံး သုတ်သင်​ခံရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 5,
      "text": "ထိုအခါမှ ငါ​ထာဝရဘုရား​သည် ဓားအိမ်​ထဲမှ ဓား​ကို​ဆွဲထုတ်​၍ နောက်တစ်ဖန် ပြန်​မ​သွင်း​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 6,
      "text": "သို့ဖြစ်၍ အချင်း​လူသား​၊ ညည်းတွား​လော့​။ သူ​တို့​ရှေ့​တွင် နှလုံးကြေကွဲ​စွာ​၊ ခါးသီး​စွာ ညည်းတွား​လော့​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 7,
      "text": "သူ​တို့​က ‘​သင်​အဘယ်ကြောင့် ညည်းတွား​သနည်း​’​ဟု မေး​လျှင် သင်​က ‘​ကြား​ရ​သော​သတင်းစကား​ကြောင့်​ဖြစ်​၏​။ ကြား​ရ​သော​သတင်း​အတိုင်း ဖြစ်ပျက်​လာ​လျှင် လူ​တိုင်း စိတ်အားလျော့​မည်​၊ လက်ပန်းကျ​မည်​၊ စိတ်ဓာတ်ကျ​၍ ဒူး​များ​ပျော့ခွေ​သွား​လိမ့်မည်​’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 9,
      "text": "“​အချင်း​လူသား​၊ ပရောဖက်ပြု​၍ ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​က ‘​ဓား​တစ်​လက်​ရှိ​၏​။ ထို​ဓား​ကို​ထက်​အောင်​၊ ပြောင်လက်​အောင် သွေး​ထား​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 10,
      "text": "ဓား​ကို​ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး သတ်ပွဲကြီး​ဖြစ်​တော့​မည်​ကို ငါ​တို့​ဝမ်းသာ​ရ​မည်လော​။ ငါ့​သား​၏​ရာဇလှံတံ​သည်​လည်း အခြား​သစ်ပင်​များ​နည်းတူ သုတ်သင်ပယ်ရှင်း​ခံရ​တော့​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 11,
      "text": "ဓား​ကို သွေး​သူ​လက်​သို့ အပ်​လိုက်​လေ​ပြီ​။ သူ​သည် ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး လူသတ်​လက်​သို့ အပ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 12,
      "text": "‘အချင်း​လူသား​၊ ငိုကြွေး​မြည်တမ်း​လော့​။ အကြောင်းမှာ ဓား​သည် ငါ့​လူမျိုး​တော်​ကို တိုက်ခိုက်​လေ​ပြီ​။ အစ္စရေး​ခေါင်းဆောင်​တို့​ကို တိုက်ခိုက်​လေ​ပြီ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​နှင့်အတူ ဓား​လက်​သို့​ကျရောက်​သည်​ဖြစ်၍ ရင်ဘတ်စည်တီး​လော့​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 13,
      "text": "လှံတံ​ကို စစ်ကြော​၍ သုတ်သင်ပယ်ရှင်း​ပစ်​တော့​မည်​။ လှံတံ​မ​ရှိ​လျှင် မည်သို့​ဖြစ်​မည်နည်း’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 14,
      "text": "‘အချင်း​လူသား​၊ ပရောဖက်ပြု​ဟောပြော​လော့​။ လက်ခုပ်တီး​လော့​။ ဓား​ကို နှစ်ကြိမ်​မက သုံးကြိမ်​မြှောက်​လော့​။ ဤ​ဓား​သည် သတ်ဖြတ်​မည့်​ဓား​၊ သူ​တို့​ကို​ဝိုင်းရံ​ပြီး သတ်ပွဲနွှဲ​မည့်​ဓား​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 15,
      "text": "ထို့ကြောင့် သူ​တို့ စိတ်ပျက်အားလျော့​ကြ​လိမ့်မည်​။ လူသတ်​သော​ဓား​ကို​မြို့​တံခါး​ရှိသမျှ​၌ ငါ​ချထား​ပြီ​။ အတုံးအရုံး​လဲကျသေဆုံး​ကြ​ရ​လိမ့်မည်​။ လျှပ်စီး​ကဲ့သို့ ဝင်းလက်​အောင် သွေး​ထား​သော လူသတ်​မည့်​ဓား ပါတကား​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 16,
      "text": "ယာဘက်​မှာ​သတ်​၊ ဝဲဘက်​မှာ​လည်း​သတ်​၊ မြင်​လေသမျှ​ကို သတ်ပစ်​လိုက်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 17,
      "text": "ငါ​လက်ခုပ်တီး​မည်​။ ငါ့​အမျက်​ဒေါသ​လည်း ပြေ​သွား​မည်’​ဟူ၍ ငါ​ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 18,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 19,
      "text": "“​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​၏​ဓား​သွား​မည့်​လမ်း​နှစ်​လမ်း​ကို မှတ်သား​လော့​။ ထို​လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲမှ အစပြု​၍​ထွက်လာ​သော​လမ်း​ဖြစ်​၏​။ မြို့​ထဲသို့​သွား​သော​လမ်းခွ​၌ အမှတ်အသား​လုပ်​ထား​လော့​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 20,
      "text": "အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​နှင့် ယုဒ​ပြည်​၊ ဂျေရုဆလင်​ခံတပ်​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​ကို မှတ်သား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 21,
      "text": "ဘေဘီလုံ​ဘုရင်​သည် လမ်း​နှစ်​လမ်း​ဆုံရာ လမ်းခွ​၌​ရပ်​၍ ဗေဒင်တွက်​၏​။ သူ​သည် မြား​တို့​ကို ခလောက်​၍​မဲချ​၏​။ ရုပ်တု​များ ​ကို မေးမြန်း​၏​။ အသည်း​ဗေဒင်​ကို ဖတ်​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 22,
      "text": "ဂျေရုဆလင်​မြို့​သို့​သွား​၍ တုံးမောင်း​ကို​ချထား​ရန်​၊ သတ်မိန့်​ပေး​ရန်​၊ စစ်ငြာသံ​ပေး​ရန်​၊ တုံးမောင်း​ကို​ချထား​ပြီး မြို့​တံခါး​ကို ဖြိုဖျက်​ရန်​၊ မြေကတုတ်​များ​နှင့် ခံတပ်​များ​ကို တည်ဆောက်​ရန် သူ​၏​လက်ယာ​လက်​ထဲသို့ မဲကျ​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 23,
      "text": "ဘေဘီလုံ​ဘုရင်​ထံ သစ္စာခံ​ထား​သော​သူ​တို့​က ထို​ဗေဒင်​သည် မဟုတ်မမှန်​ဟု ထင်မှတ်​ကြ​လိမ့်မည်​။ သို့သော် ဘေဘီလုံ​ဘုရင်​သည် သူ​တို့​အား ဖမ်းခေါ်​သွား​ပြီး သူ​တို့​အပြစ်​ကို ပြန်​သတိရ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 24,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​ထိုသို့ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​ပုန်ကန်​သော​အပြစ်​များ​လည်း ပေါ်လာ​၍ သင်​တို့​ကျူးလွန်​သော​အပြစ်​အားလုံး ထင်ရှား​လာ​မည်​။ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 25,
      "text": "အို သေဒဏ်​ခံရ​မည့်​ဆိုးယုတ်​သော​အစ္စရေး​၏​ခေါင်းဆောင်​၊ သင်​အပြီးသတ်​ဒဏ်ခတ်​ခံရ​မည့် နေ့ရက်​အချိန်​ရောက်လာ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 26,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ခေါင်းပေါင်း​ကို​ချွတ်​လော့​။ သရဖူ​ကို​ဖယ်ရှား​လော့​။ ဤအတိုင်း​မ​ရှိ​စေ​ရ​။ နိမ့်ကျ​သော​သူ​ကို​ချီးမြှောက်​၍ ကြီးမြတ်​သော​သူ​ကို နိမ့်ကျ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 27,
      "text": "ဖျက်ဆီး​မည်​၊ ဖျက်ဆီး​မည်​၊ ငါ​ဖျက်ဆီး​ပစ်​မည်​။ စီရင်ပိုင်သူ​ရောက်လာ​၍ သူ့​လက်​သို့​မ​အပ်​မ​ချင်း ဤအတိုင်း​မ​ရှိ​စေ​ရ​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 28,
      "text": "အချင်း​လူသား​၊ ပရောဖက်ပြု​၍ ဤသို့​ဆင့်ဆို​လော့​။ အမ္မုန်​အမျိုးသား​များ​နှင့်​ပတ်သက်၍​၊ သူ​တို့​ကဲ့ရဲ့ပြစ်တင်​သော​အမှု​နှင့်​ပတ်သက်၍ ဘုရားရှင်​ထာဝရဘုရား​က ‘​ဓား​၊ ဓား​ကို​ထုတ်​ထား​ပြီ​။ သတ်ဖြတ်​ရန် ပြောင်လက်​အောင် သွေး​ထား​ပြီ​ဖြစ်၍ ဓားသွား​မှာ​ဝင်းလက်​နေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 29,
      "text": "သင်​တို့​သည် မဟုတ်မမှန်​သည်​ကို​မြင်​ပြီး အလိမ်အညာ​ဗေဒင်​များ​ကို ဟောပြော​နေ​စဉ်တွင် အပြီးသတ်​ဒဏ်ခတ်​မည့်​နေ့ရက်​သည် ရောက်လာ​ပြီး ဓား​တော်​သည် သေဒဏ်​ခံရ​မည့် ဆိုးယုတ်​သူ​တို့​၏​လည်ပင်း​ပေါ်တွင် တင်​ထား​လျက်​ရှိ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 30,
      "text": "ဓား​ကို ဓားအိမ်​သို့ ပြန်သွင်း​လော့​။ စင်စစ် သင်​မွေးဖွား​ရာ​သင့်​ဇာတိ​မြေ​တွင်ပင် သင့်​ကို ငါ​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 31,
      "text": "ငါ့​အမျက်​ကို သင့်​အပေါ်​သွန်ချ​မည်​။ ဒေါသ​မီး​ဖြင့် မှုတ်ထုတ်​ပစ်​မည်​။ သင့်​ကို ရက်စက်ကြမ်းကြုတ်​သော အဖျက်သမား​တို့​လက်​သို့​အပ်​မည်​။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 32,
      "text": "သင်​သည် လောင်စာ​ဖြစ်​မည်​။ ဤ​ပြည်​တွင် သင်​အသတ်​ခံရ​မည်​။ သင့်​ကို အောက်မေ့​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ လူသတ်​သော​မြို့​ကို သင်​စီရင်​လော့​၊ စီရင်​လော့​။ ထို​မြို့​၌​ပြု​သမျှ​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ဖော်ပြ​လော့​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘လူ့​အသက်​ကို သတ်​သော​မြို့​၊ ရုပ်တု​များ​ကို​ပြုလုပ်​ပြီး မိမိကိုယ်ကို ညစ်ညူး​စေ​သောကြောင့် သူ​ပျက်စီး​ရ​မည့်​အချိန် ကျရောက်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 4,
      "text": "လူ့​အသက်​ကို​သတ်​သောကြောင့် သင့်​အပေါ် အပြစ်​သက်ရောက်​ပြီ​။ သင်​ထုလုပ်​သော​ရုပ်တု​များ​အားဖြင့် သင်​ညစ်ညူး​လေ​ပြီ​။ သင်​အပြစ်ဒဏ်​ခံရ​မည့်​နေ့ရက်​ကို သင်​နီး​စေ​လေ​ပြီ​။ သင်​၏​နှစ်ကာလ ကုန်ဆုံး​တော့​မည်​။ ထို့ကြောင့် ငါ​သည် သင့်​ကို အတိုင်းတိုင်း​အပြည်ပြည်​တွင် လူမျိုးတကာ​တို့ ကဲ့ရဲ့​ပြောင်လှောင်စရာ​ဖြစ်​စေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 5,
      "text": "နာမည်ဆိုး​ရှိ​သော​၊ ဝရုန်းသုန်းကား​ဖြစ်​နေ​သော သင့်​ကို ရပ်နီး​၊ ရပ်ဝေး​ရှိ​မြို့​များ​က ပြောင်လှောင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 6,
      "text": "ကြည့်ရှု​လော့​။ အာဏာ​သုံး​ပြီး လူသတ်​သော အစ္စရေး​ခေါင်းဆောင်​များ သင့်​တွင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 7,
      "text": "မိဘ​ကို မထီလေးစားပြု​သော​သူ​များ သင့်​တွင်​ရှိ​၏​။ တိုင်းတစ်ပါးသား​တို့​ကို ဖိနှိပ်ချုပ်ချယ်​သော​သူ​များ သင့်​တွင်​ရှိ​၏​။ ဖတဆိုး​များ​၊ မုဆိုးမ​များ​ကို နိုင်ထက်စီးနင်း​ပြု​သော​သူ​များ​သင့်​တွင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 8,
      "text": "သင်​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို မထီမဲ့မြင်ပြု​ပြီ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 9,
      "text": "သူတစ်ပါး​အသက်​ကို​သတ်​လို​၍ ချောက်တွန်း​သော​သူ​၊ တောင်​များ​ပေါ်၌ ပူဇော်သောအစာ​ကို စား​သော​သူ​၊ သင့်​ထဲ​တွင် ညစ်ညမ်း​သော​အမှု​ကို ပြု​သော​သူ​များ သင့်​တွင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 10,
      "text": "သင့်​ထဲ​တွင် ဖခင်​၏​မယား​နှင့် ဆက်ဆံ​သော​သူ​ရှိ​၏​။ သင့်​ထဲ​တွင် ဓမ္မတာလာ​ချိန်​မစင်ကြယ်​သော​မိန်းမ​ကို အဓမ္မပြုကျင့်​သော​သူ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 11,
      "text": "တစ်ယောက်​က အိမ်နီးချင်း​မယား​နှင့် ဖောက်ပြန်​၍ တစ်ယောက်​က ချွေးမ​ကို ညစ်ညမ်း​အောင်​ပြု​၏​။ တစ်ယောက်​က အဖေတူအမေကွဲ​အစ်မ​၊ သို့မဟုတ် နှမ​ကို အဓမ္မပြုကျင့်​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 12,
      "text": "သူ​တို့​သည် တံစိုးလက်ဆောင်​ယူ​၍ လူ​အသက်​ကို သတ်​ကြ​၏​။ သင်​သည် အတိုး​အမြတ်​ယူ​၍ အိမ်နီးချင်း​၏​ပစ္စည်း​ကို အနိုင်အထက်​လုယူ​၏​။ ငါ့​ကို​လည်း မေ့လျော့​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 13,
      "text": "သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင့်​အလယ်​တွင် မတရား​အကျိုးစီးပွား​ရှာ​သော​အပြစ်​၊ လူ​အသက်သတ်​သော​အပြစ်​ကြောင့် သင့်​ကို ငါ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 14,
      "text": "သင့်​ကို ဒဏ်ခတ်​သောအခါ သင်​ခံရပ်​နိုင်​မည်လော​။ သင့်​လက်​တို့ အားကြီး​နိုင်​မည်လော​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း ပြု​မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 15,
      "text": "သင့်​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ အရပ်ရပ်​သို့ ပျံ့နှံ့​စေ​မည်​။ သင်​၏​အညစ်အကြေး​ကို သင့်​ထံမှ အကုန်အစင်​ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 16,
      "text": "လူမျိုးခြား​တို့​ရှေ့​တွင် သင်​အရှုတ်ချ​ခံရ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 17,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 18,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​သည် ချော်​နှင့်​တူ​လေ​ပြီ​။ သူ​တို့​အားလုံး​သည် မီးပြင်းဖို​ထဲမှ ကြေးနီ​၊ သံဖြူ​၊ သံ​၊ ခဲ​များ​ဖြစ်​ကြ​ပြီ​။ ငွေ​စစ်ရာ​မှ ထွက်လာ​သော​ချော် ဖြစ်​ကြ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 19,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​အားလုံး ချော်​ဖြစ်သွား​သောကြောင့် ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို ဂျေရုဆလင်​မြို့​အလယ်​မှာ စုဝေး​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 20,
      "text": "လူ​တို့​သည် ငွေ​၊ ကြေးနီ​၊ သံ​၊ ခဲ​၊ သံဖြူ​တို့​ကို မီးပြင်းဖို​ထဲ​သို့​ထည့်​ပြီး မီး​မှုတ်​အရည်ကြို​သကဲ့သို့ သင်​တို့​ကို​စု​ပြီး ငါ့​အမျက်​ဒေါသ​မီး​ထဲ​ထည့်​၍ သင်​တို့​ကို အရည်ကြို​မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 21,
      "text": "သင်​တို့​ကို​စုထား​ပြီး သင်​တို့​အပေါ် ငါ့​အမျက်​မီး​မှုတ်​ခြင်း​ဖြင့် သင်​တို့​အရည်ပျော်​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 22,
      "text": "ငွေ​သည် မီးပြင်းဖို​ထဲ​၌ အရည်ပျော်​ရ​သကဲ့သို့ သင်​တို့​သည်​လည်း ထို​မီး​ထဲ​တွင် အရည်ပျော်​ရ​လိမ့်မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်​တော်​သွန်ချ​တော်မူ​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 23,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 24,
      "text": "“​အချင်း​လူသား​၊ ထို​မြို့​အား ‘​အမျက်ထွက်​တော်မူ​ရာ​နေ့​တွင် သင်​သည် မ​စင်ကြယ်​သော​မြို့​၊ မိုး​မ​စို​သော​မြို့ ဖြစ်​၏’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 25,
      "text": "ထို​မြို့​တွင် ပရောဖက်​တို့​သည် လျှို့ဝှက်ကြံစည်​၍ သားကောင်​ကို​ဟိန်းဟောက်​ကိုက်ဖဲ့​သည့်​ခြင်္သေ့​ကဲ့သို့ လူ​တို့​ကို​ဝါးမျို​၍ သူ​တို့​၏​ဥစ္စာ​ရတနာ​များ​ကို ယူ​ကြ​၏​။ ထို​မြို့​တွင် မိန်းမ​အမြောက်အမြား​ကို မုဆိုးမ​ဘဝ​သို့​ရောက်​စေ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 26,
      "text": "ယဇ်ပုရောဟိတ်​တို့​သည်​လည်း ငါ​၏​ပညတ်တရား​ကို ချိုးဖောက်​၍ သန်ု့ရှင်းသောအရာ​တို့​ကို ညစ်ညူး​စေ​ကြ​၏​။ သန့်ရှင်းသောအရာ​နှင့် မသန့်ရှင်း​သော​အရာ​တို့​ကို မ​ခွဲခြား​ပြ​။ မစင်ကြယ်​သော​အရာ​နှင့် စင်ကြယ်​သော​အရာ​တို့​ကို​လည်း မ​သွန်သင်​ပြ​။ ဥပုသ်နေ့​ကို လျစ်လျူရှု​ကြ​၍ ငါ့​ကို ရှုတ်ချစရာ​ဖြစ်​အောင် ပြု​ကြ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 27,
      "text": "မြို့​၌​ရှိ​သော​အကြီးအကဲ​တို့​သည်​လည်း သားကောင်​ကို​ကိုက်ဖဲ့​သော​ဝံပုလွေ​ကဲ့သို့ လူ​ကို သတ်ဖြတ်​ဖျက်ဆီး​ကြ​၍ ဥစ္စာပစ္စည်း​တို့​ကို လုယူ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 28,
      "text": "ပရောဖက်​တို့​သည် ထုံးဖြူ​သုတ်​သော​သူ​များ ဖြစ်​ကြ​၏​။ စိတ်အာရုံ​ထဲ၌ အချည်းနှီး​သော​အရာ​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်လည်​ဟောပြော​ကြ​၏​။ ထာဝရဘုရား မိန့်​တော်​မ​မူ​ဘဲ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 29,
      "text": "ပြည်သား​တို့​သည်​လည်း အကျင့်ဆိုး​ကို ကျင့်​ကြ​၏​။ ခိုးဆိုးတိုက်ခိုက်​ကြ​၏​။ ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​အား နိုင်ထက်စီးနင်း​ပြု​ကြ​၏​။ တိုင်းတစ်ပါးသား​တို့​အား မတရား​နှိပ်စက်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 30,
      "text": "ထို​ပြည် ဖျက်ဆီး​မ​ခံရ​အောင် မြို့ရိုး​ကို​ပြုပြင်​မည့်​သူ​၊ ထို​ပြည်​ကိုယ်စား ကျိုးပေါက်​ရာ​၌ ငါ့​ရှေ့​တွင်​ရပ်​မည့်​သူ​ကို ထို​မြို့​တွင် ငါ​ရှာ​သော်လည်း တစ်ယောက်မျှ​မ​တွေ့​။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 31,
      "text": "ထို့ကြောင့် ငါ့​အမျက်​ဒေါသ​ကို သူ​တို့​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​မီး​ဖြင့် သူ​တို့​ကို လောင်ကျွမ်း​စေ​မည်​။ သူ​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ တစ်မိတည်း​ဖွား​သော ညီအစ်မ​နှစ်​ယောက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 3,
      "text": "သူ​တို့​သည် အီဂျစ်​ပြည်​တွင် အပျိုဖြန်းဘဝ​ကတည်းက ပြည့်တန်ဆာအလုပ်​ကို လုပ်​ကြ​၏​။ သူ​တို့​၏​သားမြတ်​ကို အပွတ်သပ်ခံ​ပြီး သူ​တို့​၏​အပျိုရည်​ကို ပျက်စီး​စေ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 4,
      "text": "အစ်မ​ကား အဟောလ​၊ ညီမ​ကား အဟောလိဗ​ဟု အမည်တွင်​၏​။ သူ​တို့​ကို ငါ​ပိုင်​၏​။ သူ​တို့​၌ သား​သမီး​များ​ရှိ​၏​။ အဟောလ​အမည်​ရှိ​သော​သူ​သည် ရှမာရိ​မြို့​၊ အဟောလိဗ​အမည်​ရှိ​သော​သူ​သည် ဂျေရုဆလင်​မြို့​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 5,
      "text": "အဟောလ​သည် ငါ့​အပိုင်​ဖြစ်​လျက်​နှင့် ပြည့်တန်ဆာ​လုပ်​၏​။ သူ​ချစ်​သော အိမ်နီးချင်း​အဆီးရီးယား​လူမျိုး​ကို​စွဲမက်​၍ သူ့​ထံ​ချဉ်းကပ်​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 6,
      "text": "အဆီးရီးယား​လူမျိုး​တို့​သည် အပြာရောင်​ဝတ်စုံ​ဝတ်ဆင်​ထား​သော​ဘုရင်ခံ​များ​၊ ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ မြင်းစီးသူရဲ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 7,
      "text": "သူ​သည် အဆီးရီးယား​မင်းအရာရှိ​အပေါင်း​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သူ​တပ်မက်​သော​သူ​အပေါင်း​တို့​၏​ရုပ်တု​များ​နောက်​သို့​လိုက်​၍ မိမိကိုယ်ကို​ညစ်ညူး​စေ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 8,
      "text": "အီဂျစ်​ပြည်​တွင်​ပြု​ခဲ့​သော ပြည့်တန်ဆာအလုပ်​ကို​မ​စွန့်​။ အပျိုဖြန်းဘဝ​ကပင် ယောက်ျား​တို့​သည် သူ​နှင့်​အိပ်​၏​။ သူ​၏​အပျိုရည်​ကို​ဖျက်ဆီး​ပြီး သူ​နှင့်​ဖောက်ပြန်မှားယွင်း​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 9,
      "text": "ထို့ကြောင့် သူ​ချစ်​သော​သူ​တို့​လက်​သို့​၊ သူ​တပ်မက်​သော အဆီးရီးယား​လူ​တို့​လက်​သို့ သူ့​ကို​ငါ​အပ်​လိုက်​ပြီ​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 10,
      "text": "သူ​တို့​က သူ့​ကို အဝတ်အချည်းစည်း​ဖြစ်​စေ​ကြ​၏​။ သူ​၏​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​၍ သူ့​ကို​ဓား​နှင့်​ကွပ်မျက်​ကြ​၏​။ ထိုသို့ အပြစ်ဒဏ်​စီရင်​ခံရ​၍ သူ​သည် မိန်းမ​တကာ​တို့​တွင် နာမည်ပျက်​သော​မိန်းမ​ဖြစ်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 11,
      "text": "ထို​အဖြစ်အပျက်​ကို သူ့​ညီမ​အဟောလိဗ မြင်​သော်လည်း ရာဂစိတ်​အားကြီး​၍ သူ့​အစ်မ​ထက် သာ၍​အကျင့်ပျက်ပြား​၏​။ ပြည့်တန်ဆာ​လုပ်​၍ သူ့​အစ်မ​ထက် သာ၍​ဖောက်ပြန်မှားယွင်း​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 12,
      "text": "သူ​သည် အဆီးရီးယား​အမျိုးသား ဘုရင်ခံ​များ​၊ မင်းအရာရှိ​များ​၊ စစ်ဝတ်တန်ဆာ​ဝတ်ဆင်​ထား​သည့်​စစ်သူရဲ​များ​၊ မြင်းစီးသူရဲ​များ စသည့် ခန့်ညား​ချောမော​သော လုလင်ပျို​အပေါင်း​တို့​ကို တပ်မက်​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 13,
      "text": "သူ​သည် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​သည်​ကို ငါ​မြင်​၏​။ သူ​တို့​နှစ်​ယောက်​စလုံး အကျင့်​တူ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 14,
      "text": "သူ​သည် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​၏​။ နံရံ​ပေါ်တွင် ထွင်းထု​ထား​သော ယောက်ျား​ပုံ​များ​၊ အနီရောင်​ရေးချယ်​ထား​သော ခါလဒဲ​လူမျိုး​တို့​၏​ရုပ်ပုံ​များ​၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 15,
      "text": "ခါးပတ်စည်း​၍ ခေါင်းပေါင်း​တွဲလောင်းကျ​နေ​သော တပ်မှူး​ပုံ​များ​၊ ခါလဒဲ​ပြည်​ဖွား ဘေဘီလုံ​စစ်သည်​တို့​၏​ပုံ​များ စသည်​တို့​ကို မြင်​သောအခါ"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 16,
      "text": "တပ်မက်​သော​စိတ်​ဝင်​၍ ခါလဒဲ​ပြည်​ရှိ ထို​သူ​တို့​ထံသို့ တမန်​များ​ကို စေလွှတ်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 17,
      "text": "ဘေဘီလုံ​အမျိုးသား​တို့​သည်​လည်း သူ့​ထံ​ရောက်လာ​၍ သူ​နှင့်အတူ အိပ်​ကြ​၏​။ သူ​နှင့်​ဖောက်ပြန်မှားယွင်း​ပြီး သူ့​ကို​ညစ်ညူး​စေ​၏​။ ထို​သူ​တို့​ကို ရွံရှာ​သွား​သည်​အထိ သူ့​ကို​ညစ်ညူး​စေ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 18,
      "text": "သူ​သည် ပေါ်ပေါ်ထင်ထင်​ဖောက်ပြန်မှားယွင်း​၏​။ အဝတ်အချည်းစည်း​နေ​၏​။ ထို့ကြောင့် ငါ​သည် သူ့​အစ်မ​ကို စွန့်ထား​ခဲ့​သကဲ့သို့ သူ့​ကို​လည်း စွန့်ထား​ခဲ့​ပြီ​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 19,
      "text": "သို့သော် သူ​သည် အပျိုဖြန်းဘဝ​က အီဂျစ်​ပြည်​၌ ပြည့်တန်ဆာပြု​ခဲ့​သည်​ကို သတိရ​လျက် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 20,
      "text": "မြည်း​ကဲ့သို့​၊ မြင်း​ကဲ့သို့ တဏှာရာဂစိတ်​ကြီး​သော​လင်ငယ်​များ​ကို သူ​တပ်မက်​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 21,
      "text": "ဤသို့ သင်​သည် အီဂျစ်​ပြည်​တွင် အပျိုစင်​သားမြတ်​ကို အပွတ်သပ်​ခံ​ခဲ့​၍ အပျိုဖြန်းဘဝ​က​ပြု​ခဲ့​သော ညစ်ညမ်းမှု​ကို​သာ သင်​တမ်းတ​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 22,
      "text": "ထို့ကြောင့် အို အဟောလိဗ​၊ ဘုရားရှင်​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ သင်​စွန့်ထား​ခဲ့​သော သင့်​ချစ်သူ​များ​ကို ငါ​နှိုးဆွ​မည်​။ သင့်​ကို​ဝိုင်းဝန်း​တိုက်ခိုက်​ရန်"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 23,
      "text": "ဘေဘီလုံ​ပြည်​ရှိ ခါလဒဲ​လူမျိုး​များ​မှစ၍​၊ ပေကုပ်​လူမျိုး​၊ ရှော​လူမျိုး​၊ ကော​လူမျိုး​တို့​နှင့်တကွ သူ​တို့​နှင့်အတူ​နေထိုင်​သော အဆီးရီးယား​လူမျိုး​များ စသည့် ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ စစ်ဗိုလ်​များ​၊ နာမည်​ကျော်ကြား​သော​တပ်မှူး​များ​၊ မြင်းစီးသူရဲ​များ​အားလုံး​တို့​ကို ငါ​ခေါ်လာ​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 24,
      "text": "သူ​တို့​သည် စစ်ရထား​များ​၊ လှည်း​များ​၊ လူ​အလုံးအရင်း​များ​နှင့်တကွ သင့်​ကို​လာတိုက်​လိမ့်မည်​။ ဒိုင်း​များ​၊ လွှား​များ​၊ သံခမောက်​များ​ပါ​လျက် သင့်​ကို​ဝိုင်းရံ​တပ်စွဲ​ကြ​လိမ့်မည်​။ သင့်​ကို​အပြစ်ပေး​ရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​၏​စီရင်ချက်​အတိုင်း သင့်​ကို​စီရင်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 25,
      "text": "သဝန်တို​သော​စိတ်​ကြောင့် သင့်​ကို​ငါ​အမျက်ထွက်​သည်​ဖြစ်၍ သူ​တို့​သည် အမျက်​ပြင်းစွာ​ဖြင့် သင့်​ကို​စီရင်​လိမ့်မည်​။ သင့်​နှာခေါင်း​၊ နားရွက်​တို့​ကို ဖြတ်ပစ်​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဓားဘေး​ဖြင့် သေဆုံး​ရ​လိမ့်မည်​။ သင့်​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် မီးရှို့​ခံရ​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 26,
      "text": "သင့်​အဝတ်​များ​ကို ချွတ်ပစ်​ပြီး သင်​၏​အဖိုးတန်​ရတနာ​တို့​ကို သိမ်းယူ​သွား​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 27,
      "text": "အီဂျစ်​ပြည်​၌​သင်​ပြု​ခဲ့​သော ဖောက်ပြန်မှားယွင်းမှု​၊ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​စေ​မည်​ဖြစ်၍ သင်​သည် အီဂျစ်​ပြည်​ကို အမှတ်ရ​တော့​မည်​မ​ဟုတ်​၊ မျှော်ကြည့်​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 28,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​မုန်းတီး​သော​သူ​တို့​လက်​သို့​၊ သင်​စွန့်ပစ်​သွား​ခဲ့​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 29,
      "text": "သူ​တို့​သည် သင့်​ကို​မုန်း​သဖြင့် သင့်​ချွေးနှဲစာ​ရှိသမျှ​ကို​ယူ​၍ သင့်​ကို အဝတ်မပါ​အချည်းစည်း ပစ်ထား​ကြ​လိမ့်မည်​။ သင်​သည် အရှက်မရှိ ပြည့်တန်ဆာ​လုပ်​ခဲ့​ပုံ​များ​၊ ညစ်ညမ်း​သော​အမှု​ပြု​ခဲ့​ပုံ​များ​၊ ဖောက်ပြန်မှားယွင်း​ခဲ့​ပုံ​များ​ကို ငါ​ဖော်ထုတ်​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 30,
      "text": "လူမျိုး​တကာ​တို့​နှင့်​ဖောက်ပြန်မှားယွင်း​ပြီး သူ​တို့​၏​ရုပ်တု​များ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​သောကြောင့် သင့်​ကို ဤသို့​ငါ​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 31,
      "text": "သင်​သည် သင့်​အစ်မ​လိုက်​သော​လမ်း​အတိုင်း လိုက်​သဖြင့် သူ​၏​ခွက်ဖလား​ကို သင့်​လက်​သို့ ငါ​အပ်​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 32,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ဇောက်နက်​၍ အဝကျယ်​ပြီး များစွာ​ဆံ့​သော သင့်​အစ်မ​၏​ခွက်ဖလား​ကို သင်​သောက်​ရ​မည်​။ သင်​သည် လှောင်ပြောင်စရာ​၊ အထင်အမြင်သေးစရာ ဖြစ်​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 33,
      "text": "‘သင့်​အစ်မ​ရှမာရိ​သောက်​သော ထိတ်လန့်စရာ​ခွက်​၊ အထီးကျန်​စေ​သော​ခွက်​ကို သင်​သည် သောက်​ပြီး မူးယစ်​ကြေကွဲ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 34,
      "text": "သင်​သည် ထို​ခွက်​ကို တစ်စက်မကျန်​သောက်​ပြီး အစိတ်စိတ်​အမွှာမွှာ​ခွဲပစ်​မည်​။ ထို​ခွက်​အပိုင်းအစ​ဖြင့်​လည်း သင့်​သားမြတ်​ကို လှီးဖြတ်​လိမ့်မည်​။ ထိုသို့ ငါ​မိန့်ဆို​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 35,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ကို​မေ့လျော့​ပြီး လျစ်လျူရှု​ထား​၏​။ ထို့ကြောင့် သင်​ပြု​သော​ညစ်ညမ်းမှု​၊ ဖောက်ပြန်မှားယွင်း​မှု​များ​၏​အကျိုးဆက်​ကို သင်​ပြန်​ခံရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 36,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အချင်း​လူသား​၊ အဟောလ​နှင့် အဟောလိဗ​ကို စီရင်​လော့​။ သူ​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​တို့​ကို ပြောကြား​လော့​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 37,
      "text": "သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၏​။ လူ​အသက်သတ်​၏​။ ရုပ်တု​များ​နှင့် ဖောက်ပြန်​၏​။ ငါ့​အဖို့ ဖွားမြင်​သော​သားသမီး​များ​ကို​ပင် ထို​ရုပ်တု​တို့​၏​အစာ​အဖြစ် ပူဇော်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 38,
      "text": "ထိုမျှသာမက ငါ့​ကို သူ​တို့​ပြု​သော​အမှု​ဟူမူကား ထို​နေ့​တွင်ပင် သန့်ရှင်းရာဌာန​ကို​ညစ်ညူး​စေ​၍ ဥပုသ်နေ့​ကို​ရှုတ်ချ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 39,
      "text": "သူ​တို့​သည် သားသမီး​များ​ကို​သတ်​ပြီး ရုပ်တု​များ​အား​ပူဇော်​သည့်​နေ့​တွင်ပင် သန့်ရှင်းရာဌာန​ထဲသို့​ဝင်​၍ ညစ်ညူး​စေ​ကြ​၏​။ ငါ့​အိမ်​တော်​တွင်း​၌ ဤသို့​ပြု​ကြ​ပါ​သည်​တကား​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 40,
      "text": "ထို့ပြင် တမန်​ကို​စေလွှတ်​၍ ရပ်ဝေး​မှ​ယောက်ျား​တို့​ကို ခေါ်​၏​။ ထို​ယောက်ျား​တို့​ရောက်လာ​သောအခါ သင်​သည် ရေမိုးချိုး​လျက်​၊ မျက်လုံး​တို့​ကို ခြယ်သ​လျက်​၊ အဆင်တန်ဆာ​များ ဆင်ယင်​လျက်​၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 41,
      "text": "တင့်တယ်​သော​ညောင်စောင်း​ပေါ်တွင်​ထိုင်​လျက်​၊ ငါ့​အား​ပူဇော်​ရ​မည့် နံ့သာပေါင်း​နှင့်​ဆီ​ကို စားပွဲ​တွင်​တင်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 42,
      "text": "ထို​နေရာ​တွင် ပျော်ပါး​နေ​သော​လူအုပ်​ကြီး ဆူညံ​နေ​၏​။ တောကန္တာရ​မှ သေသောက်ကြူး​သော သာမန်​ယောက်ျား​သား​တို့​သည် သူ​တို့​လက်​တွင် လက်ကောက်​များ​၊ သူ​တို့​ခေါင်း​တွင် တင့်တယ်​သော​သရဖူ​များ​ကို ဆင်ယင်​ပေး​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 43,
      "text": "ထိုအခါ ငါ​က ပြည့်တန်ဆာ​ဝါရင့်​နေ​သော ဤ​မိန်းမ​နှင့်​ပတ်သက်၍ ‘​ဤ​ယောက်ျား​တို့​သည် ဤ​မိန်းမ​နှင့်​ပင် ဖောက်ပြန်မှားယွင်း​နေ​ကြ​ပေ​ဦး​မည်​’​ဟု ဆို​မိ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 44,
      "text": "ယောက်ျား​တို့​သည် ပြည့်တန်ဆာမ​ထံ​ဝင်​သကဲ့သို့ပင် ညစ်ညမ်း​သော​မိန်းမ​များ​ဖြစ်​သည့် အဟောလ​နှင့်​အဟောလိဗ​ထံ ဝင်​ကြ​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 45,
      "text": "သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူ​အသက်သတ်​သော​မိန်းမ ဖြစ်​ကြ​သောကြောင့် အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ လူ​အသက်​ကို​သတ်​သူ​တို့​ကို​စီရင်​သည့်​အတိုင်း ဖြောင့်မတ်​သော​သူ​တို့​က သူ​တို့​ကို စီရင်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 46,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သူ​တို့​ထံသို့ လူအလုံးအရင်း​ကို ချီလာ​စေ​ပြီး သူ​တို့​ကို ထိတ်လန့်​စေ​မည်​၊ လုယူဖျက်ဆီး​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 47,
      "text": "လူအလုံးအရင်း​တို့​သည် သူ​တို့​ကို ကျောက်ခဲ​နှင့် ပေါက်သတ်​ကြ​လိမ့်မည်​၊ ဓား​ဖြင့် ခုတ်သတ်​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​များ​ကို​လည်း သတ်​၍ အိမ်​များ​ကို​လည်း မီး​ရှို့​ပစ်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 48,
      "text": "အခြား​သော​မိန်းမ​အပေါင်း​တို့​သည် သင်​တို့​ပြု​သကဲ့သို့ ညစ်ညမ်း​သော​အမှု​ကို​မ​ပြု​ဘဲ သင်ခန်းစာ​ယူ​နိုင်​ရန် ပြည်​ထဲ​ရှိ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 49,
      "text": "သူ​တို့​သည် သင်​ပြု​ခဲ့​သော​ညစ်ညမ်းမှု​အပြစ်​ကို ပြန်​ခံ​စေ​မည် ။ ရုပ်တု​နောက်​လိုက်​သည့်​အပြစ်​တို့​ကို သင်​ပြန်​ခံရ​မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 1,
      "text": "နဝမ​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ ဤ​နေ့​၊ ဤ​ရက်​ကို အမည်​နှင့်တကွ ရေးမှတ်​လော့​။ ဤ​နေ့ရက်​သည် ဂျေရုဆလင်​မြို့​ကို ဘေဘီလုံ​ဘုရင်​ဝိုင်းရံ​ထား​သော​နေ့​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 3,
      "text": "ပုန်ကန်​တတ်​သော​အမျိုး​အား ဤ​ပုံဥပမာ​ဖြင့် ခိုင်းနှိုင်းပြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အိုး​ထဲသို့ ရေ​လောင်း​ထည့်​၍ မီးဖို​ပေါ်​တင်​လော့​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 4,
      "text": "အိုး​ထဲသို့ အသားတုံး​များ​ကို ထည့်​လော့​။ ပေါင်သား​၊ ပခုံးသား​အပါအဝင် အကောင်းဆုံး​အသား​များ အကောင်းဆုံး​အရိုး​များ​ကို အပြည့်​ထည့်​လော့​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 5,
      "text": "အကောင်းဆုံး​သိုး​ကို ယူ​လော့​။ အိုး​အောက်​၌ ထင်း ​ပုံ​ထား​လော့​။ အရိုး​တို့​ကို အသား​နှင့်အတူ ပွက်ပွက်ဆူ​အောင် ပြုတ်​လော့’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 6,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘လူ​အသက်သတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ တိုက်ချွတ်​မ​ရ​အောင် အညစ်အကြေး​ကပ်​နေ​သော​အိုး​ထဲမှ အသားတုံး​များ​ကို မ​ရွေး​ဘဲ တစ်တုံး​ပြီး​တစ်တုံး ထုတ်​လော့​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 7,
      "text": "ထို​မြို့​တွင် လူ​အသက်သတ်​သော​သွေး စွန်း​လျက်​ရှိ​၏​။ ထို​သွေး​သည် မြေ​ပေါ်တွင်​ကျ​သည်​မ​ဟုတ်​။ ရှင်းလင်း​နေ​သော​ကျောက်​ပေါ်တွင် ကျ​၏​။ မြေမှုန့်​နှင့် ဖုံး​၍​မ​ရ​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 8,
      "text": "အမျက်ဒေါသ​ကို နှိုးဆော်​ရန်​၊ လက်တုံ့ပြန်​ရန် ထို​သွေး​တို့​ကို ရှင်းလင်း​နေ​သော​ကျောက်​ပေါ်တွင် ငါ​ကျ​စေ​၏​။ ထို့ကြောင့် ဖုံးကွယ်​ထား​၍​မ​ရ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 9,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘လူ​အသက်သတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​မြို့​ကို မီးပုံကြီး ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 10,
      "text": "ထင်း​ကို​ပုံ​၍​မီးမွှေး​လော့​။ အသား​ကို အမွှေးအကြိုင်​များ​နှင့် ရော​၍​ပြုတ်​လော့​။ အရိုး​များ​လည်း ကျွမ်း​ပါစေ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 11,
      "text": "‘အိုး​ပူ​လာ​၍ ကြေးနီ​များ​နီရဲ​လာ​စေရန်​၊ အိုး​ထဲရှိ​အညစ်အကြေး​များ အရည်ပျော်​လာ​ပြီး ချေး​တို့​လောင်ကျွမ်း​သွား​စေရန် အိုးလွတ်​တစ်​လုံး​ကို မီးကျီးခဲ​ပေါ်​တင်​လော့​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 12,
      "text": "ထိုသို့ အပင်ပန်းခံ​ကြိုးစား​လုပ်ဆောင်​သော်လည်း အထပ်ထပ်​ကပ်ငြိ​နေ​သော​ချေး​များ ကွာကျ​မည်​မ​ဟုတ်​။ ထို​အညစ်အကြေး​သည် မီး​နှင့်​ချွတ်​၍​ပင်​မ​ရ​နိုင်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 13,
      "text": "သင်​ပြု​သော​ညစ်ညမ်းမှု​များ​ကြောင့် သင့်​ကို​အညစ်အကြေး​များ ကပ်​နေ​လေ​ပြီ​။ ငါ​သည် သင့်​ကို​စင်ကြယ်​အောင်​လုပ်​သော်လည်း သင်​မ​စင်ကြယ်​နိုင်​။ သင့်​အပေါ်​ကျရောက်​သော ငါ့​အမျက်ဒေါသ​မ​ပြေ​မ​ချင်း သင်​စင်ကြယ်​ခွင့်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 14,
      "text": "ငါ​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။ ထိုသို့​ပြု​ရ​မည့်​နေ့ ရောက်လာ​ပြီ​။ ငါ့​စိတ်​ကို ငါ​မ​ချုပ်တည်း​၊ မ​သနား​၊ စိတ်​မ​ပြောင်းလဲ​ဘဲ သင့်​အပြုအမူ​၊ အကျင့်အကြံ​အတိုင်း သင့်​ကို​စီရင်​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 15,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 16,
      "text": "“​အချင်း​လူသား​၊ သင်​ချစ်မြတ်နိုး​သော​သူ​ကို တစ်ခဏအတွင်း ငါ​ရုပ်သိမ်း​ပစ်​မည်​။ သင်​မ​ငိုကြွေး​မ​မြည်တမ်း​နှင့်​။ မျက်ရည်​မ​ကျ​နှင့်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 17,
      "text": "တိတ်တိတ်လေး​သာ ကြေကွဲ​လော့​။ သေ​သွား​သူ​အတွက် ငိုကြွေးမြည်တမ်း​မ​နေ​နှင့်​။ ခေါင်းပေါင်း​ပေါင်း​ထား​လော့​။ ဖိနပ်​ကို စီး​ထား​လော့​။ နှုတ်ခမ်း​ကို ဖုံး​မ​ထား​နှင့်​။ အသုဘ​အစာ​ကို မ​စား​နှင့်​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 18,
      "text": "နံနက်​ရောက်​သောအခါ လူ​တို့​အား ငါ​ပြောပြ​၏​။ နေဝင်ချိန်​ရောက်​သော် ငါ့​ဇနီး​ဆုံး​သွား​၏​။ နောက်တစ်နေ့​မနက်​တွင် မိန့်ဆို​သည့်​အတိုင်း ငါ​ပြု​၏​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 19,
      "text": "ထိုအခါ လူ​တို့​က “​သင်​ဤသို့​ပြု​ခြင်း​သည် အကျွန်ုပ်​တို့​နှင့်​ဆိုင်​သလော​။ အကျွန်ုပ်​တို့​အား ပြောပြ​ပါ​လော့​”​ဟု ဆို​သဖြင့်"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 20,
      "text": "ငါ​က​လည်း သူ​တို့​အား “​ထာဝရဘုရား​၏​နှုတ်ကပတ်တော် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 21,
      "text": "‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 22,
      "text": "ထိုအခါ သင်​တို့​သည် ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လိမ့်မည်​။ နှုတ်ခမ်း​ကို မ​ဖုံး​၊ အသုဘအစာ​ကို မ​စား​၊"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 23,
      "text": "ခေါင်းပေါင်း​ပေါင်း​၍ ဖိနပ်​ကို​လည်း စီး​ကြ​လိမ့်မည်​။ ငိုကြွေး​မြည်တမ်း​မ​နေ​ဘဲ ကိုယ့်​အပြစ်​ကြောင့် ရင်ကွဲနာကျ​လျက် အချင်းချင်း​ညည်းတွား​ပြ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 24,
      "text": "ယေဇကျေလ​၏​ဖြစ်ရပ်​သည် သင်​တို့​အတွက် နိမိတ်​ဖြစ်​၏​။ သူ​ပြု​သည့်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ ထိုသို့​ဖြစ်ပျက်​သောအခါ​မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်ဟူ၍ မိန့်​တော်မူ​သည်​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 25,
      "text": "အချင်း​လူသား​၊ ယခုမူ သူ​တို့​ဂုဏ်ယူအားထား​ရာ​ခံတပ်ကြီး​၊ သူ​တို့​နှစ်သက်မြတ်နိုး​ရာ​၊ ချစ်ခင်​စွဲလမ်း​ရာ​နှင့် သူ​တို့​သား​သမီး​တို့​ကို ငါ​သိမ်းယူ​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 26,
      "text": "ထို​နေ့​တွင် ထွက်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး​သည် သင့်​ထံ​လာ​၍ ဤ​သတင်း​ကို ကြားပြော​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 27,
      "text": "ထိုအခါ သင်​သည် တိတ်ဆိတ်​မ​နေ​ဘဲ နှုတ်​ကို​ဖွင့်​၍ လွတ်မြောက်​လာ​သူ​နှင့် စကားပြော​လိမ့်မည်​။ ဤသို့ဖြင့် သင်​သည် သူ​တို့​အဖို့ နိမိတ်လက္ခဏာ ဖြစ်​လိမ့်မည်​။ ထိုအခါမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်ဆို​သည်”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အမ္မုန်​အမျိုးသား​တို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 3,
      "text": "အမ္မုန်​အမျိုးသား​တို့​အား ဘုရားရှင်​ထာဝရဘုရား​၏ စကား​တော်​ကို နားထောင်​ကြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သန့်ရှင်းရာဌာန ညစ်ညူး​သွား​ခဲ့​စဉ်က​၊ အစ္စရေး​ပြည်​ကြီး ဆိတ်သုဉ်း​သွား​ခဲ့​စဉ်က​၊ ယုဒ​အမျိုး ဖမ်းခေါ်​သွား​ခြင်း​ခံရ​စဉ်က သင်​တို့​ဟားတိုက်​ခဲ့​ကြ​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 4,
      "text": "သင်​တို့​ကို အရှေ့​ပြည်သား​တို့​လက်​သို့ အပိုင်​ပေးအပ်​မည်​။ သူ​တို့​သည် သင်​တို့​၌ စခန်းချ​၊ တဲထိုး​နေ​ကြ​လိမ့်မည်​။ သင်​တို့​၏​အသီးအနှံ​များ​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​နွားနို့​များ​ကို​လည်း သောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 5,
      "text": "ရဗ္ဗာ​မြို့​ကို ကုလားအုတ်​တို့​ကျက်စား​ရာ​၊ အမ္မုန်​ပြည် ​ကို သိုး​များ​နားနေရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 6,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဝမ်းမြောက်ဝမ်းသာ​လက်ခုပ်တီး​ကခုန်​လျက် အစ္စရေး​ပြည်​ကို ပြောင်လှောင်​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 7,
      "text": "ငါ​သည် လက်​ကို​ဆန့်​၍ သင်​တို့​ကို ဆန့်ကျင်​မည်​။ သင်​တို့​ကို လုယက်ပစ္စည်း​အဖြစ် လူမျိုးခြား​တို့​လက်​သို့​အပ်​မည်​။ လူမျိုးတကာ​တို့​ထဲမှ ဖယ်ရှား​ပစ်​မည်​။ အတိုင်းတိုင်း​အပြည်ပြည်​ထဲမှ ဖျောက်ဖျက်​ပစ်​မည်​။ သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 8,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မောဘ​ပြည်​နှင့် စိရ​ပြည်​တို့​က ယုဒ​အမျိုး​သည် လူမျိုးခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​ဟု ဆို​ကြ​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 9,
      "text": "မောဘ​ပြည်​တောင်စောင်း​တစ်လျှောက် အရေးပါ​သော​နယ်စပ်​မြို့​များ​ဖြစ်​သည့် ဗက်ယေရှိမုတ်​မြို့​၊ ဗာလမုန်​မြို့​၊ ကိရယသိမ်​မြို့​တို့​ကို ငါ​ကျိုးပေါက်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 10,
      "text": "ထို​မြို့​တို့​ကို အမ္မုန်​အမျိုးသား​တို့​နှင့်အတူ အရှေ့​ပြည်သား​တို့​လက်​သို့ အပိုင်​ပေး​လိုက်​မည်​။ ထို့ကြောင့် လူမျိုးတကာ​တို့​သည် အမ္မုန်​အမျိုးသား​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 11,
      "text": "မောဘ​ပြည်​ကို​လည်း ဒဏ်ခတ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 12,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဧဒုံ​လူမျိုး​သည် ယုဒ​အမျိုး​ကို ရက်ရက်စက်စက်​လက်တုံ့ပြန်​ခဲ့​၏​။ ထိုသို့​လက်တုံ့ပြန်​ခြင်း​ဖြင့် ကြီးလေး​သော​အပြစ်​ကို ပြု​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 13,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​၍ ဧဒုံ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ ဆိတ်ညံ​ရာ​ဖြစ်​စေ​မည်​။ တေမန်​မြို့​မှစ၍ ဒေဒန်​မြို့​တိုင်အောင် ဓားဘေး​ကျရောက်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 14,
      "text": "‘ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​လက်ချက်​ဖြင့် ဧဒုံ​ပြည်​ကို လက်တုံ့ပြန်​မည်​။ သူ​တို့​သည် ငါ့​အမျက်​ဒေါသ​အလျောက် ဧဒုံ​ပြည်​ကို ပြု​ကြ​လိမ့်မည်​။ ထိုအခါမှ ငါ​လက်တုံ့ပြန်​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 15,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဖိလိတ္တိ​လူမျိုး​တို့​သည် ရှေးယခင်​ကပင်​အငြိုး​ထား​လျက် မလိုတမာစိတ်​ဖြင့် ရက်ရက်စက်စက်​လက်တုံ့ပြန်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 16,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို​ဆန့်ကျင်​မည်​။ ခေရသိ​လူမျိုး​တို့​ကို သုတ်သင်​ပစ်​မည်​။ ပင်လယ်​ကမ်းနား​တွင်​ကြွင်းကျန်​သော​သူ​တို့​ကို​ပါ ငါ​ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 17,
      "text": "ငါ​သည် အမျက်​ပြင်းစွာ​ထွက်​၍ သူ​တို့​ကို အကြီးအကျယ်​လက်တုံ့ပြန်​မည်​။ ထိုသို့ သူ​တို့​ကို လက်တုံ့ပြန်​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 1,
      "text": "တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ပထမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ တိုင်ရာ​မြို့​က ဂျေရုဆလင်​မြို့​ကို​ဆန့်ကျင်​၍ ‘​အဟား​၊ လူမျိုးတကာ​တို့​၏​တံခါး​ကြီး ကျိုးပဲ့​လေ​ပြီ​။ ဟင်းလင်းပွင့်​လေ​ပြီ​။ ထို​မြို့​သည် လူဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​။ ငါ့​အလို​ပြည့်စုံ​လေ​ပြီ​’​ဟု ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 3,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘အို တိုင်ရာ​မြို့​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​ဆန့်ကျင်​မည်​။ ပင်လယ်​လှိုင်းတံပိုး​ကြီး​ကြွတက်​လာ​သကဲ့သို့ လူ​အလုံးအရင်းကြီး​ကို သင့်​ထံ​ချီတက်​လာ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 4,
      "text": "သူ​တို့​သည် တိုင်ရာ​မြို့ရိုး​ကို ဖျက်ဆီး​၍ ရဲတိုက်​များ​ကို ဖြိုချ​ကြ​လိမ့်မည်​။ အကျိုးအပဲ့​များ​ကို ရှင်းထုတ်​ပြီး သူ့​ကို ကျောက်တလင်းပြင်​ကဲ့သို့ ငါ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 5,
      "text": "သူ​သည် ပင်လယ်ပြင်​အလယ်​တွင် ပိုက်ကွန်​လှန်းစရာ​နေရာ ဖြစ်​လိမ့်မည်​။ ငါ​ဘုရားရှင်​ထာဝရဘုရား မိန့်ဆို​ပြီ​။ လူမျိုးတကာ​တို့ လုယူဖျက်ဆီး​ရာ ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 6,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ကမ်းရိုးတန်း​မြို့ရွာ​တို့​သည် ဓား​ဖြင့် လုပ်ကြံ​ခံရ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 7,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ မြောက်ဘက်​အရပ်​မှ ဘုရင်​တကာ​တို့​၏​ဘုရင်​ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို လူ​အလုံးအရင်း​နှင့်တကွ မြင်း​များ​၊ ရထား​များ​၊ မြင်းစီးသူရဲ​များ​ပါ​လျက် တိုင်ရာ​မြို့​သို့ ငါ​ချီတက်​လာ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 8,
      "text": "သူ​သည် ကမ်းရိုးတန်း​မြို့ရွာ​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​လိမ့်မည်​။ ခံတပ်​များ​ဆောက်​၍ မြေကတုတ်​များ​ဖို့​လိမ့်မည်​။ ဒိုင်းလွှား​ကြီး​ကို​အကာအကွယ်​ယူ​လျက် တိုက်ခိုက်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 9,
      "text": "တုံးမောင်း​များ​ဖြင့် မြို့ရိုး​ကို ရိုက်ချိုး​လိမ့်မည်​။ ဓားလက်နက်​များ​ဖြင့် ရဲတိုက်​ကို​ဖြိုဖျက်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 10,
      "text": "များပြား​လှ​သော​မြင်း​များ​ကြောင့် ဖုန်​များ​တထောင်းထောင်းထ​၍ သင့်​ကို​ဖုံးလွှမ်း​လိမ့်မည်​။ မြို့​တံခါး​မှတစ်ဆင့် ပြိုပျက်​သွား​သော​မြို့​ထဲသို့​ပြေးဝင်​လာ​သော မြင်းစီးသူရဲ​များ​၊ စစ်ရထား​များ​၏​ဘီး​သံ​များ​ကြောင့် မြို့ရိုး​များ​ပင် တုန်ခါ​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 11,
      "text": "လမ်း​ရှိသမျှ​သည် မြင်းခွာရာ​များ ထပ်​နေ​လိမ့်မည်​။ သင်​၏​လူ​များ​ကို ဓား​ဖြင့်​သတ်​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တိုင်​များ​လည်း မြေ​ပေါ်​လဲကျ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 12,
      "text": "သင်​၏​ဥစ္စာပစ္စည်း​များ​ကို​လုယူ​မည်​။ ကုန်ပစ္စည်း​များ​ကို သိမ်းယူ​မည်​။ မြို့ရိုး​တို့​ကို​ဖြိုဖျက်​လိမ့်မည်​။ အိမ်ကြီးအိမ်ကောင်း​များ​ကို ဖြိုဖျက်​ပြီး ကျောက်​များ​၊ သစ်သား​များ​ကို အမှုန့်ပါမကျန် ပင်လယ်​ထဲ​သို့​ပစ်ချ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 13,
      "text": "‘ငါ​သည် သီချင်း​သံ​ကို ဆိတ်သုဉ်း​စေ​မည်​။ စောင်း​သံ​ကို​လည်း သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 14,
      "text": "သင့်​ကို ကျောက်တလင်းပြင်​ဖြစ်​စေ​မည်​။ ပိုက်ကွန်​လှန်းစရာ​နေရာ​ဖြစ်​စေ​မည်​။ သင့်​ကို ပြန်လည်​တည်ဆောက်​တော့​မည်​မ​ဟုတ်​။ ငါ​ထာဝရဘုရား​မိန့်ဆို​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 15,
      "text": "ဘုရားရှင်​ထာဝရဘုရား​က တိုင်ရာ​မြို့​အား ‘သင်​ပြိုလဲ​လေ​ပြီ​။ မြို့​ထဲ​တွင် အကြီးအကျယ်​သတ်ဖြတ်​ခံရ​၍ ဒဏ်ရာ​ရ​သူ​များ​ညည်းတွား​သော​အသံ​ကြောင့် ကမ်းရိုးတန်း​တစ်ခုလုံး တုန်ခါ​သွား​ပြီ​မ​ဟုတ်​လော​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 16,
      "text": "ထိုအခါ ပင်လယ်​မင်း​အပေါင်း​တို့​သည် ရာဇပလ္လင်​ပေါ်​မှ​ဆင်း​၍ ဝတ်လုံ​များ​၊ ပိုးဖဲကတ္တီပါ​အဝတ်​များ​ကို ချွတ်ပစ်​ကြ​လိမ့်မည်​။ ကြောက်ရွံ့​ခြင်း​တန်ဆာ​ကို ဝတ်ဆင်​ကြ​လိမ့်မည်​။ မြေ​ပေါ်မှာ​ထိုင်​လျက်​၊ တုန်လှုပ်​လျက် သင့်​ကို အံ့ဩ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 17,
      "text": "သူ​တို့​သည် သင့်​ကြောင့်​ငိုကြွေး​လျက် အို ပင်လယ်သား​နေ​သော​မြို့​၊ ပင်လယ်ပြင်​မှာ​အားကြီး​သော​မြို့​၊ ကျော်စော​သော​မြို့​၊ သင်​သည် ပျက်စီး​လေ​ပြီ​တကား​။ မြို့သား​တို့​သည် ပင်လယ်သား​အားလုံး​ကို ကြောက်ရွံ့တုန်လှုပ်​စေ​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 18,
      "text": "ယခု သင်​ပြိုလဲ​သော​နေ့​တွင် ကမ်းရိုးတန်းဒေသ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​ပြီ​။ သင်​ကွယ်ပျောက်​သွား​သော​နေ့​တွင် ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​သည် ထိတ်လန့်​ကြ​လေ​ပြီ​ဟု သင့်​အား ဆို​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 19,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘လူ​မ​နေ​သော​မြို့​ကဲ့သို့ သင့်​ကို တိတ်ဆိတ်​ခြောက်ကပ်​စေ​သောအခါ​၊ ဟုန်းဟုန်းထ​သော​သမုဒ္ဒရာ​ရေ​ဖြင့် သင့်​ကို လွှမ်းမိုး​စေ​သောအခါ"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 20,
      "text": "ရှေး​လူ​တို့​ရောက်သွား​ရာ တွင်း​ထဲသို့ သင့်​ကို​ရောက်သွား​စေ​မည်​။ ရှေးကာလ​ကတည်းက​ပြိုပျက်​ရာ မြေကြီး​အောက်​တွင်းနက်​ထဲတွင် ထို​သူ​တို့​နှင့်အတူ သင့်​ကို​နေထိုင်​စေ​မည်​။ သင်​ပြန်လာ​ရ​မည်​မ​ဟုတ်​။ အသက်ရှင်​သူ​တို့​၏​ပြည်​၌​ကား ဂုဏ်သရေ​ရှိ​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 21,
      "text": "‘သင်​သည် ထိတ်လန့်ဖွယ်​အဆုံးသတ်​ရ​မည်​။ သင်​ရှိ​ရ​တော့​မည်​မ​ဟုတ်​။ သင့်​ကို ရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ တိုင်ရာ​မြို့​အတွက် ငိုချင်း​ချ​လော့​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 3,
      "text": "ပင်လယ်ဝ​၌ တည်​၍ ကမ်းရိုးတန်းဒေသ​တစ်လျှောက်​ရှိ​လူ​တို့​နှင့် ကုန်သွယ်​သော​တိုင်ရာ​မြို့​အား သင်​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို တိုင်ရာ​မြို့​၊ သင်​က ငါ​သည် အလှတရား​နှင့်​ပြည့်စုံ​၏​ဟု ဆို​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 4,
      "text": "သင်​၏​နယ်နိမိတ်​သည် ပင်လယ်​ထဲ​၌​ရှိ​၏​။ ဗိသုကာပညာရှင်​တို့​သည် သင့်​ကို​လှပ​အောင် တည်ဆောက်​ထား​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 5,
      "text": "သင်္ဘောပျဉ်ပြား​ကို စနိရ​တောင်​ပေါ်မှ​လာ​သော​ထင်းရှူးသား​များ​နှင့် လုပ်​ထား​၏​။ ရွက်တိုင်​ကို လက်ဘနွန်​တောင်​မှ​လာ​သော​သစ်ကတိုးသား​များ​နှင့် လုပ်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 6,
      "text": "လှော်တက်​ကို ဗာရှန်​တောင်​မှ​လာ​သော​ဝက်သစ်ချသား​နှင့် လုပ်​ထား​၏​။ ကုန်းပတ်​ကို ဆိုက်ပရပ်​ကျွန်း​မှ​လာ​သော​ထင်းရှူးသား​ဖြင့်​လုပ်​၍ ဆင်စွယ်​ဖြင့် မွမ်းမံ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 7,
      "text": "အချက်ပြအလံ​သဖွယ်​ရွက်ထည်​ကို အီဂျစ်​ပြည်​မှ​လာ​သော​ရောင်စုံချည်​ဖြင့် ပုံဖော်​ထား​သော ပိတ်ချောထည်​ဖြင့် လုပ်​ထား​၏​။ ကုန်းပတ်အကာ​ကို ဧလိရှာ​ကျွန်း​မှ​လာ​သော အပြာရောင်​၊ ခရမ်းရောင်​အကောင်းစား​ချည်ထည်​တို့​နှင့် လုပ်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 8,
      "text": "ဆီဒုန်​မြို့သား​များ​နှင့်​အာဝဒ်​မြို့သား​တို့​သည် တက်ခတ်သမား​များ​ဖြစ်​ကြ​၏​။ အို တိုင်ရာ​မြို့​၊ သင်​၌ ကျွမ်းကျင်​သော​မာလိန်မှူး​များ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 9,
      "text": "အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သော ဂေဗလ​မြို့သား ဝါရင့်​ပညာရှင်​များ​လည်း​ရှိ​၏​။ ပင်လယ်ကူးသင်္ဘော​များ​၊ သင်္ဘောသား​များ​သည် သင့်​ထံ​လာ​၍ ကုန်စည်​ရောင်းဝယ်​ဖောက်ကား​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 10,
      "text": "ပါးရှား​လူမျိုး​၊ လုဒ​လူမျိုး​၊ ဖုတ​လူမျိုး​တို့​သည် သင်​၏​စစ်တပ်​တွင် အမှုထမ်း​သော​စစ်သူရဲ​များ​ဖြစ်​ကြ​၏​။ ဒိုင်းလွှား​များ​၊ သံခမောက်လုံး​များ​လည်း သင်​၌ ချိတ်ဆွဲ​ထား​လျက် သင့်​ကို ခန့်ညားထည်ဝါ​စေ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 11,
      "text": "အာဝဒ်​အမျိုးသား​တို့​နှင့် သင်​၏​စစ်သည်​တို့​သည် သင့်​မြို့ရိုး​များ​တွင် ပတ်လည်​ဝိုင်းထား​ကြ​၏​။ စစ်သူရဲ​တို့​သည် မျှော်စင်​များ​ပေါ်တွင် စောင့်ကြပ်​ပေး​နေ​၏​။ သူ​တို့​သည် ဒိုင်းလွှား​များ​ကို မြို့ရိုး​ပတ်ပတ်လည်​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။ သူ​တို့​သည် သင်​၏​အလှတရား​ကို စုံလင်​စေ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 12,
      "text": "တာရှု​မြို့သား​တို့​သည် ကုန်စည်​မျိုးစုံ​ပေါများ​သော​သင်​နှင့် ကုန်သွယ်​ကြ​၏​။ ထို​ကုန်စည်​များ​ကို ငွေ​၊ သံ​၊ သံဖြူ​၊ ခဲ​တို့​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 13,
      "text": "ယာဝန်​အမျိုးသား​၊ တုဗလ​အမျိုးသား​၊ မေရှက်​အမျိုးသား​တို့​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင်​၏​ကုန်စည်​များ​ကို သက်ရှိ​လူ​များ​၊ ကြေးနီ​အသုံးအဆောင်​များ​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 14,
      "text": "သင်​၏​ကုန်စည်​များ​ကို တောဂါမ​မြို့​မှ မြင်း​များ​၊ စစ်မြင်း​များ​၊ လား​များ​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 15,
      "text": "ဒေဒန်​အမျိုးသား​တို့​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ ကမ်းရိုးတန်း​ရှိ​လူ​များစွာ​တို့​သည် သင့်​လက်စွဲ​ကုန်သည်​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် သင့်​ကို ဆင်စွယ်​၊ သစ်နက်​တို့​နှင့် ပေးချေ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 16,
      "text": "ဆီးရီးယား​ပြည်​သည် ထွက်ကုန်ပစ္စည်း​များပြား​သော​သင်​နှင့် ကုန်သွယ်​၍ သင်​၏​ကုန်ပစ္စည်း​များ​ကို မြ​၊ ခရမ်းရောင်​ကျောက်​၊ ဇာပန်းထိုးထည်​၊ ပိတ်ချော​၊ သန္တာကျောက်​၊ ပတ္တမြား​များ​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 17,
      "text": "ယုဒ​ပြည်​၊ အစ္စရေး​ပြည်​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင့်​ကုန်စည်​တို့​ကို မိန္နိတ်​မြို့​မှ​ထွက်​သော ဂျုံ​၊ မုန့်​၊ ပျားရည်​၊ ဆီ​၊ လိမ်းဆေး စသည်​တို့​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 18,
      "text": "ဒမတ်စကပ်​မြို့​သည် ကုန်စည်​မျိုးစုံ​ပေါများ​သော​၊ ထွက်ကုန်ပစ္စည်း​များပြား​သော​သင်​နှင့် ကုန်သွယ်​၏​။ ထို​ကုန်စည်​တို့​ကို ဟေလဖုန်​စပျစ်ဝိုင်​များ​၊ ဇောဟာ​သိုးမွေး​များ​နှင့် လဲလှယ်​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 19,
      "text": "ဥဇလ​အရပ်​မှ ဝေဒန်​ပြည်သား​၊ ယာဝန်​ပြည်သား​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သံထည်​၊ ကရဝေး​၊ ခါနဲ ​များ​ကို သင်​၏​ကုန်ပစ္စည်း​များ​နှင့် လှဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 20,
      "text": "ဒေဒန်​မြို့သား​တို့​သည် သင်​၏​ကုန်ပစ္စည်း​တို့​ကို မြင်းကုန်းနှီး​အဆင်တန်ဆာ​များ​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 21,
      "text": "အာရေဗျ​ပြည်​၊ ကေဒါ​ပြည်​တို့​မှ ခေါင်းဆောင်​တို့​သည် သင့်​လက်စွဲ​ကုန်သည်​များ​ဖြစ်​ကြ​၏​။ သင့်​ထံမှ​ထွက်​သော​ကုန်ပစ္စည်း​များ​ကို သိုးသငယ်​၊ သိုးထီး​၊ ဆိတ်ထီး​တို့​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 22,
      "text": "ရှေဘ​ပြည်​၊ ရာဂမ​ပြည်​မှ ကုန်သည်​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင့်​ကုန်ပစ္စည်း​များ​ကို အကောင်းစား​အမွှေးနံ့သာ​အမျိုးမျိုး​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​၊ ရွှေ စသည်​တို့​နှင့် လဲလှယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 23,
      "text": "ဟာရန်​မြို့​၊ ကန္နေ​မြို့​၊ ဧဒင်​မြို့​မှ​ကုန်သည်​များ​၊ ရှေဘ​ပြည်​၊ အဆီးရီးယား​ပြည်​၊ ခိလမဒ်​ပြည်​မှ​ကုန်သည်​များ​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 24,
      "text": "သူ​တို့​သည် လှပ​သော​အဝတ်အစား​များ​၊ အပြာရောင်​အထည်အလိပ်​များ​၊ ဇာပန်းထိုးထည်​များ​၊ ရောင်စုံ​ကော်ဇော​များ​၊ ခိုင်ခံ့​သော​ကျစ်ကြိုး​များ​ကို သင်​၏​ဈေး​ထဲတွင် လာရောက်​ရောင်းဝယ်ဖောက်ကား​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 25,
      "text": "တာရှု​သင်္ဘော​တို့​သည် သင့်​ကို ကုန်စည်​ကူးသန်း​ပေး​၏​။ သင်​သည် ကြွယ်ဝပြည့်စုံ​ပြီး ပင်လယ်ပြင်​တွင် အလွန်​ဂုဏ်ကျက်သရေ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 26,
      "text": "တက်ခတ်သမား​များ​သည် သင့်​ကို ကျယ်ပြန့်​သော​သမုဒ္ဒရာ​ထဲသို့ ဆောင်ယူ​သွား​၍ အရှေ့​လေ​သည် သင့်​ကို သမုဒ္ဒရာ​အလယ်​၌ ရိုက်ချိုး​ပစ်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 27,
      "text": "သင်​ကျိုးပဲ့​သွား​သော​နေ့​တွင်ပင် သင်​၏​စည်းစိမ်​များ​၊ ကုန်စည်စလယ်​များ​၊ သင်္ဘောသား​များ​၊ မာလိန်မှူး​များ​၊ အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သူ​များ​၊ ဖောက်သည်​များ​၊ စစ်သူရဲ​များ​နှင့်တကွ သင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် သမုဒ္ဒရာ​အောက်​သို့ နစ်မြုပ်​သွား​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 28,
      "text": "မာလိန်မှူး​တို့​အော်ဟစ်သံ​ကြောင့် သင်​ကျင်လည်ကျက်စား​ခဲ့​သော​နယ်မြေ​များ တုန်လှုပ်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 29,
      "text": "တက်ခတ်သမား​များ​၊ သင်္ဘောသား​များ​၊ မာလိန်မှူး​များ​သည် သင်္ဘော​ကို​စွန့်ခွာ​၍ ကမ်း​ပေါ်သို့​ပြေးတက်​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 30,
      "text": "သူ​တို့​သည် သင့်​အတွက် ခါးသီး​စွာ​အော်ဟစ်​ငိုကြွေး​ကြ​လေ​ပြီ​။ မြေမှုန့်​ကို ခေါင်း​ပေါ်​ပစ်တင်​ကြ​လေ​ပြီ​။ ပြာ​၌ လူး​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 31,
      "text": "ခေါင်းတုံးတုံး​၍ လျှော်တေအဝတ်​ကို ဝတ်​ကြ​လေ​ပြီ​။ ခါးခါးသီးသီး​ငိုကြွေး​မြည်တမ်း​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 32,
      "text": "သူ​တို့​သည် သင့်​ကြောင့် ငိုကြွေး​မြည်တမ်း​လျက် သင်​နှင့်​ပတ်သက်၍ တိုင်ရာ​မြို့​ကဲ့သို့​ပင်လယ်ပြင်​၌ မည်သူ​အဖျက်ဆီး​ခံရ​ဖူး​သနည်း​ဟု ငိုချင်း​ဖွဲ့​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 33,
      "text": "ပင်လယ်​မှ​သင်​၏​ကုန်ပစ္စည်း​များ ရောက်လာ​သောအခါ လူ​တို့​နှစ်သက်​ကြ​၏​။ လောကီ​ဘုရင်​တို့​သည် သင်​၏​စည်းစိမ်ဥစ္စာ​များ​၊ သင်​၏​ကုန်ပစ္စည်း​များ​ကြောင့် ကြွယ်ဝ​ချမ်းသာ​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 34,
      "text": "ယခုတွင် သမုဒ္ဒရာ​သည် သင့်​ကို​ရိုက်ချိုး​လေ​ပြီ​။ သင်​၏​ကုန်စည်​နှင့် သင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် နက်ရှိုင်း​သော​သမုဒ္ဒရာ​ထဲ​တွင် နစ်မြုပ်​သွား​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 35,
      "text": "ကမ်းရိုးတန်းသား​အပေါင်း​တို့​သည် သင့်​ကို​အံ့အားသင့်​လျက် သူ​တို့​၏​ဘုရင်​တို့​သည်​လည်း ကြောက်လန့်​အားကြီး​၍ မျက်နှာ​ဖြူဖပ်ဖြူရော်​ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 36,
      "text": "တိုင်းတစ်ပါး​မှ​ကုန်သည်​တို့​သည် သင့်​ကို ဟားတိုက်​ကြ​လိမ့်မည်​။ သင်​သည်​လည်း ထိတ်လန့်ဖွယ်​ဖြစ်ရပ်​များ​နှင့်​ကြုံ​ရ​ပြီးမှ လုံးဝ​ပျောက်ကွယ်​သွား​လေ​ပြီ​’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ တိုင်ရာ​မင်းကြီး​အား ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဘဝင်မြင့်​၍ ငါ​သည် ဘုရား​ဖြစ်​၏​။ သမုဒ္ဒရာ​အလယ် ဘုရား​တို့​၏​ပလ္လင်​တော်​၌ စံမြန်း​၏​ဟု သင်​ဆို​၏​။ သင်​သည် ဘုရား​မ​ဟုတ် လူသား​ဖြစ်​လျက်​နှင့် သင့်​စိတ်​ထဲ​တွင် သင့်ကိုယ်သင် ဘုရား​ဟု​ထင်မှတ်​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 3,
      "text": "မှန်​ပါ​ပေ​၏​။ သင်​သည် ဒံယေလ​ထက်​သာ၍​ပညာရှိ​၏​။ သင့်​ရှေ့​တွင် မည်သည့်​အရာ​မျှ​ဖုံးကွယ်​၍​မ​ရ​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 4,
      "text": "သင့်​ဉာဏ်ပညာ​၊ သင့်​ထိုးထွင်းဉာဏ်​ဖြင့် ဥစ္စာပစ္စည်း​၊ ရွှေ​ငွေ​ရတနာ​တို့​ကို ရှာဖွေသိုမှီး​နိုင်​ပြီ​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 5,
      "text": "သင်​သည် ကုန်သွယ်​ရာ​၌ ကျွမ်းကျင်​လွန်း​၍ ဥစ္စာပစ္စည်း​တိုးပွား​လာ​၏​။ သင်​၏​ဥစ္စာပစ္စည်း​ကြောင့် ဘဝင်မြင့်​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 6,
      "text": "ဤသို့ သင့်ကိုယ်သင် ဘုရား​ဟု​ထင်မှတ်​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 7,
      "text": "‘ငါ​သည် ကြမ်းကြုတ်​သော လူမျိုးခြား​တိုင်းတစ်ပါးသား​တို့​ကို သင့်​ထံသို့​ခေါ်လာ​မည်​။ သူ​တို့​သည် ဓား​ကို​ထုတ်​၍ သင်​၏​ပညာ​ဂုဏ်​ကို ဖျက်ဆီး​မည်​။ သင်​၏​ခန့်ညားထည်ဝါမှု​ကို ဖျောက်ဖျက်​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 8,
      "text": "သင့်​ကို တွင်း​ထဲသို့ ဆွဲချ​ပစ်​မည်​။ သင်​သည် ပင်လယ်ပြင်​တွင် အသေဆိုး​နှင့်​သေ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 9,
      "text": "‘သင်​သည် သင့်​ကို​သတ်​သော​သူ​၏​ရှေ့မှောက်​တွင် ငါ​သည် ဘုရား​ဖြစ်​၏​ဟု ဆို​နိုင်​ဦး​မည်လော​။ စင်စစ် လူသတ်သမား​တို့​အဖို့ သင်​သည် ဘုရား​မ​ဟုတ်​။ လူသား​သာ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 10,
      "text": "အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​တို့​ကဲ့သို့ သင်​သည် တစ်ပါးအမျိုးသား​တို့​လက်​တွင် သေ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 12,
      "text": "“​အချင်း​လူသား​၊ တိုင်ရာ​ဘုရင်​နှင့်​ပတ်သက်၍ ငိုချင်း​ချ​လျက် သူ့​အား ဤသို့ ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် စံတင်လောက်အောင် ပြီးပြည့်စုံ​သော​သူ​၊ ဉာဏ်ပညာ​ပြည့်ဝ​သူ​၊ အပြစ်​ပြောစရာ​မ​ရှိ​အောင်​လှ​သူ ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 13,
      "text": "ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 14,
      "text": "ငါ​သည် သင့်​ကို အတောင်​ဖြန့်မိုး​သော​ခေရုဗိမ် ​တစ်ပါး​အဖြစ် ဘိသိက်ပေး​ပြီး ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်၌ နေရာချ​ထား​၏​။ သင်​သည် မီးတောက်​နေ​သော​ကျောက်တုံး​များ​အလယ်​တွင် သွားလာ​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 15,
      "text": "သင့်​ကို​ဖန်ဆင်း​သည့်​နေ့​မှစ၍ သင်​ပြု​ခဲ့​သော​မတရားမှု​ပေါ်လာ​သည့်​နေ့​တိုင်အောင် အပြစ်တင်စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ခဲ့​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 16,
      "text": "သင်​၌ ကုန်သွယ်ရေးလုပ်ငန်း​များ များပြား​လာ​သည်​နှင့်အမျှ မတရားမှု​များ​လည်း များပြား​လာ​၏​။ ထိုသို့ သင်​အပြစ်ပြု​၍ ညစ်ညူး​သွား​သောကြောင့် ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်မှ သင့်​ကို ငါ​နှင်ထုတ်​ပစ်​၏​။ အတောင်​ဖြန့်မိုး​သော အို ခေရုဗိမ် ​၊ သင့်​ကို တောက်ထိန်​နေ​သော​ကျောက်တုံး​များ​အလယ်​မှ ငါ​ဖယ်ထုတ်​ပစ်​ပြီ​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 17,
      "text": "သင့်​အလှ​ကြောင့် သင်​ဘဝင်မြင့်​လေ​ပြီ​။ သင့်​ခန့်ညားထည်ဝါမှု​ကြောင့် ပညာမဲ့​ဖြစ်​လေ​ပြီ​။ ငါ​သည် သင့်​ကို​မြေ​ပေါ်သို့​ပစ်ချ​မည်​။ ရှင်ဘုရင်​တို့​သည် သင့်​ကို​ကြည့်​၍ လှောင်ပြောင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 18,
      "text": "သင်​၏​ကြီးလေး​သော​အပြစ်​၊ မတရား​ကုန်သွယ်​သော​အပြစ်​တို့​ကြောင့် သန့်ရှင်းရာဌာန ညစ်ညူး​လေ​ပြီ​။ ထို့ကြောင့် သင့်​အထဲ​မှ မီး​ထတောက်​၍ သင့်​ကို လောင်ကျွမ်း​စေ​မည်​။ ကြည့်ရှု​သူ​တို့​ရှေ့မှောက် မြေ​ပေါ်တွင် သင့်​ကို ပြာပုံ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 19,
      "text": "သင်​နှင့်​သိကျွမ်း​ခဲ့​သော​လူမျိုး​အပေါင်း​တို့​သည် သင့်​ကို​အံ့အားသင့်​ကြ​လေ​ပြီ​။ သင်​သည်​လည်း ထိတ်လန့်ဖွယ်​ဖြစ်ရပ်​များ​နှင့်​ကြုံ​ရ​ပြီးမှ လုံးဝ​ပျောက်ကွယ်​သွား​လေ​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 20,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 21,
      "text": "“​အချင်း​လူသား​၊ ဆီဒုန်​မြို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 22,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အို ဆီဒုန်​မြို့​၊ ကြည့်ရှု​လော့​။ သင့်​ကို​ငါ​ဆန့်ကျင်​၍ မြို့​ထဲ​တွင် ငါ့​ဘုန်း​ကို ငါ​ထင်ရှား​စေ​မည်​။ သင့်​ကို ငါ​ဒဏ်ခတ်​၍ ငါ​သန့်ရှင်း​ကြောင်း​ကို မြို့​ထဲတွင် ပြ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 23,
      "text": "ထို​မြို့​ပေါ်သို့ ကပ်ရောဂါ​ဘေး​ကျရောက်​စေ​မည်​။ လမ်း​များ​ပေါ်တွင် သွေးချောင်း​စီး​စေ​မည်​။ နေရာတိုင်း​တွင် ဓား​ဖြင့်​အသတ်ခံရ​သူ​တို့ လဲကျ​သေဆုံး​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 24,
      "text": "အစ္စရေး​လူမျိုး​တို့​ကို စူး​သော​ဆူး​၊ နာကျင်​စေ​သော​ဆူး​နှင့်​တူ​သော​ဝန်းကျင်​မှ မကောင်းပြော​သူ​များ ရှိ​တော့​မည်​မ​ဟုတ်​။ နောက်မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 25,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​လူမျိုး​တို့​ကို ကွဲလွင့်ရာ​အရပ်ရပ် လူမျိုး​တကာ​တို့​ထံမှ ပြန်လည်​စုဝေး​စေ​မည်​။ ငါ​သည် သန့်ရှင်း​သော​ဘုရား​ဖြစ်ကြောင်း​ကို လူမျိုးတကာ​တို့​အား သိ​စေ​မည်​။ ငါ့​အစေအပါး​ယာကုပ်​အား ငါ​ပေး​ခဲ့​သော​ပြည်​တွင် အစ္စရေး​လူမျိုး​တို့ နေထိုင်​ရ​ကြ​မည်​။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 26,
      "text": "ထို​ပြည်​တွင် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ အိမ်​များ​ကို ဆောက်​ကြ​လိမ့်မည်​။ စပျစ်ခြံ​များ စိုက်ပျိုး​ကြ​လိမ့်မည်​။ သူ​တို့​ဝန်းကျင်​တွင်​နေထိုင်​၍ သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သော​လူ​များ​ကို ငါ​ဒဏ်ခတ်​သောအခါ သူ​တို့​သည် စိတ်အေးလက်အေး နေထိုင်​ရ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 1,
      "text": "ဒသမ​နှစ်​၊ ဒသမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ဘက်​သို့​မျက်နှာမူ​ပြီး အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ နိုင်း​မြစ်​ကို​ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​လျက် မြစ်ချောင်း​ထဲ​တွင် လဲလျောင်း​နေ​သော​သတ္တဝါကြီး​၊ သင့်​ကို ငါ​ဆန့်ကျင်​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 4,
      "text": "ငါ​သည် သင့်​မေးရိုး​ကို ချိတ်​များ​နှင့်​ချိတ်​မည်​။ မြစ်ချောင်း​ထဲရှိ​ငါး​များ​ကို သင့်​အကြေးခွံ​၌ ကပ်​နေ​စေ​မည်​။ သင့်​ကို မြစ်ချောင်း​ထဲ​မှ ဆွဲထုတ်​သောအခါ မြစ်ချောင်း​ထဲရှိ​ငါး​အားလုံး သင့်​အကြေးခွံ​၌ ကပ်ပါ​လာ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 5,
      "text": "သင်​နှင့်တကွ မြစ်ချောင်း​ထဲရှိ​ငါး​များ​ကို တောကန္တာရ​တွင် ပစ်​ထား​မည်​။ ကွင်းပြင်​မှာ​ကျသွား​သော​သင့်​ကို ကောက်ယူ​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို တောရိုင်းတိရစ္ဆာန်​၊ မိုးကောင်းကင်​ငှက်​တို့​အဖို့ အစာ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 6,
      "text": "သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း အစ္စရေး​လူမျိုး​တို့​အဖို့ ကျူ​တောင်ဝှေး​ဖြစ်​ခဲ့​ဖူး​သော အီဂျစ်​ပြည်သား​တို့ သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 7,
      "text": "သူ​တို့​က သင့်​ကို​ကိုင်ဆွဲ​လိုက်​သောအခါ သင်​ကျိုးသွား​သဖြင့် သူ​တို့​၏​ပခုံး​များ​လည်း အနာရ​သွား​၏​။ သင့်​ကို​မှီလိုက်​သောအခါ သင်​ကျိုးသွား​သဖြင့် သူ​တို့​၏​ခါး​လည်း ယိမ်းယိုင်​သွား​ရ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 8,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် အီဂျစ်​ပြည်​သို့ ဓား​ကို​ယူဆောင်​လာ​မည်​။ သင့်​အထဲ​မှ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 9,
      "text": "အီဂျစ်​ပြည်​သည် လူဆိတ်ညံ​ရာ​၊ ပြိုပျက်​ရာ ဖြစ်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ သင်​က နိုင်း​မြစ်​ကို ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​ခဲ့​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 10,
      "text": "ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့် မြစ်ချောင်း​တို့​ကို ဖျက်ဆီး​မည်​။ မိဂဒေါလ​ပြည်​၊ သုဏေ​ပြည်​မှ အီသီယိုးပီးယား​ပြည်​၏​နယ်နိမိတ်​တိုင်အောင် အီဂျစ်​ပြည်​ကို ပြိုပျက်​ရာ​၊ တိတ်ဆိတ်​ခြောက်ကပ်​ရာ ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 11,
      "text": "မည်သူ​မျှ​၊ မည်သည့်​တိရစ္ဆာန်​မျှ ဖြတ်သန်း​သွားလာ​တော့​မည်​မ​ဟုတ်​။ အနှစ်​လေးဆယ်​ပတ်လုံး နေထိုင်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 12,
      "text": "ငါ​သည် အီဂျစ်​ပြည်​ကို လူသူကင်းမဲ့​သော​ပြည်​တကာ​ထက် လူသူအကင်းမဲ့ဆုံး​ပြည် ဖြစ်​စေ​မည်​။ ပြိုပျက်​ရာ​မြို့​များ​ကြား​တွင် အီဂျစ်​မြို့​များ​သည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ပြိုပျက်​နေ​လိမ့်မည်​။ ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ အတိုင်းတိုင်း​အပြည်ပြည်​သို့ တကွဲတပြား​ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 13,
      "text": "သို့သော် ဘုရားရှင်​ထာဝရဘုရား​က ‘အနှစ်​လေးဆယ်​ပြည့်​သောအခါ ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို ကွဲလွင့်​ရာ​အရပ်ရပ် လူမျိုးတကာ​တို့​ထံမှ ပြန်​စုဝေး​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 14,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အီဂျစ်​ပြည်သား​တို့​ကို ပြန်ခေါ်လာ​၍ သူ​တို့​ဇာတိ​မြေ ပါသရု​ပြည်​သို့​ပြန်လာ​စေ​မည်​။ ထို​ပြည်​ကို သိမ်ငယ်​သော​ပြည်​ဖြစ်စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 15,
      "text": "ပြည်​တကာ​တို့​တွင် အနိမ့်ကျဆုံး​ပြည်​ဖြစ်​မည်​။ အခြား​လူမျိုး​တို့​ကို လွှမ်းမိုး​နိုင်​တော့​မည်​မ​ဟုတ်​။ အခြား​တိုင်းပြည်​တို့​ကို မ​အုပ်စိုး​နိုင်​အောင် ငါ​အားလျော့​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 16,
      "text": "အီဂျစ်​ပြည်​သည် အစ္စရေး​အမျိုးအနွယ်​တို့​အတွက် အားကိုးစရာ​ဖြစ်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် အီဂျစ်​ပြည်​ကို အားကိုး​မိ​ခြင်း​အတွက် မိမိ​တို့​မှား​ကြောင်း​ကို သိ​ရ​ကြ​လိမ့်မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 17,
      "text": "အနှစ်​နှစ်ဆယ့်​ခုနစ်​နှစ်​မြောက်​၊ ပထမ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 18,
      "text": "“​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​သည် သူ​၏​စစ်သည်​များ​အား တိုင်ရာ​မြို့​ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​စေ​ခဲ့​သည်​။ စစ်သည်​တို့​လည်း ပခုံး​အဆစ်​ပြုတ်မတတ် ဦးဆွေးဆံမြည့်​တိုက်​ကြ​၏​။ ထိုသို့ အားသွန်ခွန်စိုက်​တိုက်ခိုက်​သော်လည်း ဘုရင်​အပါအဝင်​စစ်သည်​တို့​သည် တိုင်ရာ​မြို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို​မျှ မ​ခံစား​ရ​ကြ​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 19,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ အီဂျစ်​ပြည်​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​သို့ ငါ​အပ်​မည်​။ သူ​သည် ထို​ပြည်​၏​စည်းစိမ်ဘဏ္ဍာ​ကို သိမ်းယူ​၍ တိုက်ခိုက်​လုယူ​သော​ပစ္စည်း​များ​သည်​လည်း သူ​၏​စစ်သည်​များ​အတွက် အဖိုးအခ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 20,
      "text": "သူ​သည် ငါ့​အဖို့ အမှု​ကို​ဆောင်​လေ​ပြီ​။ ထို့ကြောင့် သူ​လုပ်ဆောင်​ခဲ့​သော​အမှု​အတွက် အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို သူ့​အား​ပေး​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 21,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​အမျိုးအနွယ်​၏​ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ သူ​တို့​အလယ်​တွင် သင့်​ကို ငါ​ဟောပြော​ခွင့်​ပေး​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ညည်းတွားငိုကြွေး​လော့​။ အမင်္ဂလာ​နေ့ ရောက်​တော့​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 3,
      "text": "နေ့ရက်​အချိန် နီးလာ​ပြီ​။ စင်စစ် ထာဝရဘုရား​၏​နေ့ နီးလာ​ပြီ​။ ထို​နေ့​သည် မိုးတိမ်​ထူထပ်​သော​နေ့​၊ လူမျိုးတကာ​တို့​ပျက်စီး​ရာ​နေ့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 4,
      "text": "ဓားဘေး​သည် အီဂျစ်​ပြည်​သို့ ရောက်လာ​မည်​။ အီဂျစ်​ပြည်သား​တို့ လဲကျ​သေဆုံး​၍ သူ​၏​ဥစ္စာပစ္စည်း​ရှိသမျှ​ကို သိမ်းယူ​သွား​ကြ​ပြီး အုတ်မြစ်​များ​ကို လှန်​ပစ်​ကြ​သောအခါ အီသီယိုးပီးယား​ပြည်​သည် ထိတ်ထိတ်ပျာပျာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 5,
      "text": "အီသီယိုးပီးယား​ပြည်သား​၊ ဖုတ​ပြည်သား​၊ လုဒ​ပြည်သား​၊ အာရေဗျ​ပြည်သား​၊ ခုဘ​ပြည်သား စသည့် အီဂျစ်​ပြည်​နှင့်​မဟာမိတ်ဖွဲ့​သော ပြည်သား​အားလုံး ဓားဘေး​ဖြင့် လဲကျ​သေဆုံး​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 6,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ‘အီဂျစ်​ပြည်​ကို ထောက်မပေး​သူ​တို့ ကျရှုံး​ကြ​လိမ့်မည်​။ သူ​ဂုဏ်ယူဝါကြွား​ရာ သူ​၏​ခွန်အား​လည်း ယုတ်လျော့​သွား​လိမ့်မည်​။ မိဂဒေါလ​ပြည်​မှ သုဏေ​ပြည်​တိုင်အောင် သူ​တို့​သည် ဓားဘေး​ဖြင့် သေဆုံး​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 7,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘လူသူကင်းမဲ့​သော​ပြည်​များ​တွင် လူသူအကင်းမဲ့ဆုံး​ပြည် ဖြစ်​ရ​လိမ့်မည်​။ ခြောက်ကပ်​သော​မြို့​များ​တွင် အခြောက်ကပ်ဆုံး​မြို့ ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 8,
      "text": "အီဂျစ်​ပြည်​ကို မီးရှို့​၍ သူ့​ကို​ကူညီ​သူ​တို့​အား ဖျက်ဆီး​ပစ်​လိုက်​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 9,
      "text": "ထို​နေ့​တွင် ငါ​သည် တမန်​တို့​ကို သင်္ဘော​ဖြင့်​စေလွှတ်​၍ သူ​တို့​သည် စိတ်အေးလက်အေး​နေ​သော အီသီယိုးပီးယား​ပြည်သား​တို့​အား ခြောက်လှန့်​မည်​။ အီဂျစ်​ပြည်​ကြောင့် ထိတ်ထိတ်ပျာပျာ​ဖြစ်​သော​နေ့​ကဲ့သို့​ဖြစ်​ရ​မည့်​နေ့ အမှန်​ရောက်လာ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 10,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် အီဂျစ်​ပြည်​အင်အားထုကြီး​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​၏​လက်ချက်​ဖြင့် ကွယ်ပျောက်​သွား​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 11,
      "text": "အကြမ်းကြုတ်ဆုံး​လူမျိုး​ဖြစ်​သော ထို​ဘုရင်​နှင့် သူ​၏​စစ်သည်​တို့​သည် ရောက်လာ​၍ ထို​ပြည်​ကို ဖျက်ဆီး​ပစ်​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​ကို ဓား​နှင့်​တိုက်ခိုက်​သဖြင့် တစ်ပြည်လုံး​ကို အသေကောင်​များ​ဖြင့် ပြည့်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 12,
      "text": "မြစ်ချောင်း​များ​ကို ခန်းခြောက်​စေ​မည်​။ ပြည်​ကို လူဆိုး​တို့​လက်​သို့ အပ်​လိုက်​မည်​။ တစ်ပါးအမျိုးသား​တို့​လက်ချက်​ဖြင့် ပြည်​တစ်ပြည်လုံး​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​ထာဝရဘုရား မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 13,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ရုပ်တု​တို့​ကို​လည်း ငါ​ဖျက်ဆီး​ပစ်​မည်​။ မင်ဖစ်​မြို့​ရှိ​ဘုရား​ဆင်းတု​တို့​ကို​လည်း ကွယ်ပျောက်​စေ​မည်​။ အီဂျစ်​ပြည်​တွင် ခေါင်းဆောင်​တစ်ယောက်​မျှ ရှိ​တော့​မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်​အောင် ငါ​ပြု​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 14,
      "text": "ပါသရု​မြို့​ကို ငါ​ခြောက်ကပ်​စေ​မည်​။ ဇောန​မြို့​ကို မီးရှို့​ပစ်​မည်​။ နော​မြို့​ကို ဒဏ်ခတ်​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 15,
      "text": "အီဂျစ်​ပြည်​၏​ခံတပ်​မြို့​ဖြစ်​သော သိန်​မြို့​ပေါ်သို့ ငါ့​အမျက်​ကို​သွန်ချ​မည်​။ နော​မြို့​၏​အင်အားထုကြီး​ကို ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 16,
      "text": "အီဂျစ်​ပြည်​ကို မီးရှို့​ပစ်​လိုက်​သောအခါ သိန်​မြို့ အလူးအလိမ့်​ခံရ​မည်​။ နော​မြို့ ပြိုပျက်​သွား​မည်​။ မင်ဖစ်​မြို့ အစဉ်​ဆင်းရဲဒုက္ခ​ခံရ​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 17,
      "text": "အာဝင်​မြို့​၊ ဖိဗေသက်​မြို့​ရှိ လုလင်ပျို​တို့​သည် ဓားဘေး​ဖြင့် ကျဆုံး​ကြ​လိမ့်မည်​။ မြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 18,
      "text": "အီဂျစ်​ပြည်​၏​ထမ်းပိုး​ကို ချိုး​ပစ်​သောအခါ တာပနက်​မြို့​၌ နေ့​သည် အမှောင်ကျ​လိမ့်မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​သည်​လည်း ကုန်ခန်း​သွား​၍ သူ့​အဖို့ တိမ်ဖုံး​သော​နေ့​တစ်နေ့​ဖြစ်​လိမ့်မည်​။ မြို့သူမြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 19,
      "text": "ထိုသို့ အီဂျစ်​ပြည်​ကို ဒဏ်ခတ်​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 20,
      "text": "တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ ပထမ​လ​၊ ခုနစ်​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 21,
      "text": "“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​လက်ရုံး​ကို ငါ​ချိုး​ပစ်​ပြီ​။ အနာပျောက်ကင်း​အောင် ပတ်တီးစည်း​ပေး​မည်​မ​ဟုတ်​။ ဓား​ပြန်​ကိုင်​နိုင်​သည်​အထိ သန်မာ​လာ​အောင် ကျပ်စည်း​ပေး​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 22,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ကို ငါ​ဆန့်ကျင်​ဘက်​ပြု​မည်​။ သူ​ကိုင်​ထား​သော​ဓား လက်​မှ​လွတ်ကျ​သွား​သည်​အထိ သန်မာ​နေ​သော​လက်​နှင့် ကျိုး​နေ​သော​လက်​ကို​ပါ ငါ​ချိုး​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 23,
      "text": "အီဂျစ်​ပြည်သား​တို့​ကို လူမျိုးတကာ​တို့​အလယ် အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 24,
      "text": "ဘေဘီလုံ​ဘုရင်​၏​လက်ရုံး​ကို ခိုင်ခံ့​စေ​၍ ငါ့​ဓား​ကို သူ့​လက်​သို့​အပ်​မည်​။ သို့သော် ဖာရော​မင်းကြီး​၏​လက်ရုံး​ကို ငါ​ချိုး​သဖြင့် သူ​သည် ဘေဘီလုံ​ဘုရင်​ရှေ့​တွင် သေလုမြောပါး​ဒဏ်ရာရ​သူ​ညည်းတွား​သကဲ့သို့ ညည်းတွား​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 25,
      "text": "ထိုသို့ ဘေဘီလုံ​ဘုရင်​လက်ရုံး​ကို ငါ​ခိုင်ခံ့​စေ​မည်​။ ဖာရော​၏​လက်ရုံး​မူကား ကျိုးသွား​လိမ့်မည်​။ ငါ့​ဓား​ကို ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​၍ ထို​ဓား​ဖြင့် အီဂျစ်​ပြည်​ကို တိုက်ခိုက်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 26,
      "text": "အီဂျစ်​ပြည်သား​တို့​ကို လူမျိုးတကာ​တို့​အလယ် အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 1,
      "text": "တစ်ဆယ့်​တစ်​နှစ်​မြောက်​၊ တတိယ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် သူ​၏​ပြည်သူပြည်သား​တို့​အား ‘​သင်​ကဲ့သို့ မည်သူ​ကြီးမြတ်​သနည်း​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 3,
      "text": "ကြည့်ရှု​လော့​။ အဆီးရီးယား​ပြည်​သည် လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​နှင့်​တူ​၏​။ အကိုင်းအခက်​ဝေဆာ​လှပ​ပြီး ထိပ်ဖျား​သည် မိုး​ထိ​အောင်​မြင့်​၍ တစ်တောလုံး​ကို အုပ်မိုး​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 4,
      "text": "ရေ​ဝ​သောကြောင့် အပင်​မှာ ကြီးထွား​လေ​၏​။ မြေအောက်​မှ​စိမ့်စမ်းရေ​ကြောင့် အပင်​မှာ မြင့်မား​လျက်​ရှိ​၏​။ မြစ်ရေ​သည် အပင်​ခြေရင်း​ပတ်ပတ်လည်​တွင် စီးဆင်း​၏​။ ရေသွယ်မြောင်း​များ​သည်​လည်း တော​ထဲရှိ​အပင်​များ​အားလုံး​ဆီသို့ ရောက်​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 5,
      "text": "ထို့ကြောင့် ထို​အပင်​သည် တော​ထဲရှိ​အပင်​အားလုံး​ထက် ရှင်သန်​မြင့်မား​လျက်​ရှိ​၏​။ ကိုင်းမ အမြောက်အမြား​ရှိ​၏​။ ရေ​အလုံအလောက်​ရရှိ​သောကြောင့်​လည်း အကိုင်းအခက်​များ ရှည်လျား​စွာ​ဖြာထွက်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 6,
      "text": "မိုးကောင်းကင်​ငှက်​အပေါင်း​တို့​သည်​လည်း အခက်အလက်​များ​တွင် အသိုက်ဆောက်​ကြ​၏​။ တောရိုင်းတိရစ္ဆာန်​များ​သည်​လည်း အပင်​အောက်​တွင် သားပေါက်​ကြ​၏​။ လူ​အပေါင်း​တို့​သည်​လည်း အပင်​ရိပ်​တွင် နားခို​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 7,
      "text": "ရေသောက်မြစ်​သည် ရေ​အလုံအလောက်​ရရှိ​သောကြောင့် အကိုင်းအခက်​များ​ရှည်လျား​ပြီး အပင်​မှာ လှပတင့်တယ်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 8,
      "text": "ဘုရားသခင်​၏​ဥယျာဉ်​တော်​ရှိ​သစ်ကတိုးပင်​များ​သည်​ပင် ထို​အပင်​နှင့်​မ​ယှဉ်​နိုင်​။ ထင်းရှူးပင်​သည် သူ​၏​အခက်အလက်​ကို မ​ယှဉ်​နိုင်​။ ပလိန်းပင်​သည်​လည်း သူ​၏​အကိုင်းအခက်​ကို မ​ယှဉ်​နိုင်​။ ဘုရားသခင်​၏​ဥယျာဉ်​တော်​ရှိ မည်သည့်​အပင်​က​မျှ သူ​၏​လှပတင့်တယ်​ခြင်း​နှင့်​မ​ယှဉ်​နိုင်​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 9,
      "text": "ငါ​သည် ထို​အပင်​ကို အခက်အလက်​များ​ဖြင့် ဝေဆာ​လှပ​စေ​သောကြောင့် ဧဒင်​အရပ်​ရှိ ဘုရားသခင်​၏​ဥယျာဉ်​တော်​မှ အပင်​များ​က သူ့​ကို​သဝန်တို​ကြ​၏’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 10,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ထို​အပင်​သည် အလွန်​မြင့်မား​၏​။ ထိပ်ဖျား​သည် မိုး​ထိအောင်​မြင့်​၏​။ ထိုသို့ ပင်မြင့်​ဖြစ်​သောကြောင့် ဘဝင်မြင့်​လာ​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 11,
      "text": "ထို့ကြောင့် သူ​၏​ဆိုးယုတ်မှု​ကို ကြပ်တည်း​စွာ​ဆုံးမ​မည့် လူမျိုးခြား​တို့​၏​ဘုရင်​တစ်ပါး​လက်​သို့ ငါ​အပ်လိုက်​၏​။ သူ့​ကို ငါ​နှင်ထုတ်​ပစ်​ပြီ​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 12,
      "text": "အကြမ်းကြုတ်ဆုံး လူမျိုးခြား​တိုင်းတစ်ပါးသား​တို့​သည် သူ့​ကို​ခုတ်​ပြီး ပစ်​ထား​ကြ​လိမ့်မည်​။ အကိုင်းအခက်​တို့​သည် တောင်​ပေါ်​၊ ချိုင့်ဝှမ်း​ရှိသမျှ​တွင် လဲပုံ​လျက်​နေ​လိမ့်မည်​။ အခက်အလက်​တို့​သည်​လည်း တစ်ပြည်လုံး​ရှိ မြစ်ချောင်း​များ​တွင် ကျိုးကျ​နေ​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​လည်း သူ​၏​အရိပ်​အောက်​မှ​ထွက်​၍ သူ့​ကို​စွန့်ခွာ​သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 13,
      "text": "လဲကျ​သွား​သော​အပင်​ပေါ်တွင် မိုးကောင်းကင်​ငှက်​တို့ နား​နေ​ပြီး အကိုင်းအခက်​များ​ကြားတွင် တောရိုင်းတိရစ္ဆာန်​တို့ နေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 14,
      "text": "ထို့ကြောင့် ရေ​နား​မှာ​ရှိ​သော​အပင်​တို့​သည် မြင့်​နိုင်​တော့​မည်​မ​ဟုတ်​။ အပင်​ထိပ်ဖျား​သည် မိုးတိမ်​ထိ​အောင် မြင့်​နိုင်​တော့​မည်​မ​ဟုတ်​။ ရေ​အလုံအလောက်​ရ​သော​အပင်​အားလုံး​တို့​လည်း မြင့်​နိုင်​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထို​အပင်​ရှိသမျှ​တို့​ကို သေ​ခြင်း​လက်​သို့ ပေးအပ်​ထား​ပြီ​ဖြစ်​၍ လူသား​တို့​နှင့်အတူ မြေကြီး​အောက်​တွင်းနက်​ထဲသို့ ဆင်းသွား​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 15,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘မရဏာနိုင်ငံ​သို့ ကျသွား​သော​နေ့​တွင် သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​မည်​။ နက်ရှိုင်း​ရာ​အရပ်​၌ သူ့​ကို ငါ​ပိတ်​ထား​မည်​။ မြစ်​များ​ကို တားဆီး​ထား​သဖြင့် ရေ​များ ရပ်တန့်​နေ​မည်​။ သူ့​ကြောင့် လက်ဘနွန်​တောင်​ကြီး ဝမ်းနည်း​ပူဆွေး​ရ​လိမ့်မည်​။ တော​ထဲရှိ​သစ်ပင်​အားလုံး အားလျော့​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 16,
      "text": "တွင်း​ထဲ​ကျသွား​သူ​တို့​နှင့်အတူ သူ့​ကို​မရဏာနိုင်ငံ​ထဲသို့ ကျသွား​စေ​သောအခါ သူ​ကျသွား​သော​အသံ​ကြောင့် လူမျိုးတကာ​တို့​လည်း တုန်လှုပ်​ကြ​၏​။ ထိုအခါ ဧဒင်​ဥယျာဉ်​မှ အပင်​များ​၊ လက်ဘနွန်​တောင်​မှ အကောင်းတကာ့​အကောင်းဆုံး​အပင်​များ​၊ ရေ​ဝ​သော​အပင်​များ​လည်း မြေကြီး​အောက်​အရပ်​၌ စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 17,
      "text": "လူမျိုးတကာ​တို့​တွင် သူ့​အရိပ်​ကို​ခိုနေ​သော သူ့​လက်ရုံး​တို့​သည်​လည်း ဓား​ဖြင့်​အသတ်ခံရ​သူ​များ​ရှိ​ရာ မရဏာနိုင်ငံ​သို့ သူ​နှင့်အတူ ကျသွား​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 18,
      "text": "ဧဒင်​ဥယျာဉ်​ရှိ​အပင်​တို့​တွင် မည်သည့်​အပင်​သည် သင်​ကဲ့သို့ ဂုဏ်သရေ​ရှိ​သနည်း​၊ ဘုန်းတန်ခိုး​ရှိ​သနည်း​။ သို့သော် သင်​သည် ဧဒင်​ဥယျာဉ်​ရှိ​အပင်​များ​နှင့်အတူ တွင်းနက်​ထဲသို့ ကျသွား​ရ​လိမ့်မည်​။ ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​များ​နှင့်အတူ အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​များ​ကြား​တွင် သင်​အိပ်​ရ​လိမ့်မည်​။ ဤကား ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​လူ​တို့​ကို ဆိုလို​သတည်း​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 1,
      "text": "တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ တစ်ဆယ့်​နှစ်​လ​ပိုင်း​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​လျက် ‘​သင်​သည် လူမျိုးတကာ​တို့​တွင် ခြင်္သေ့ပျို​နှင့်​တူ​၏​။ မြစ်ချောင်း​တို့​တွင် ကူးခတ်​သွားလာ​ပြီး ထို​မြစ်ချောင်း​တို့​ကို ခြေ​ဖြင့်​မွှေနှောက်​ကာ နောက်ကျိ​စေ​သော ပင်လယ်​မြွေနဂါး​နှင့်​တူ​၏’​ဟု သူ့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် များစွာ​သော​လူ​အလုံးအရင်း​နှင့်အတူ သင့်​ကို ငါ့​ပိုက်ကွန်​ဖြင့် အုပ်​မည်​။ သူ​တို့​သည် ထို​ပိုက်ကွန်​ဖြင့် သင့်​ကို​ဆွဲယူ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 4,
      "text": "ထို့နောက် သင့်​ကို ကုန်း​ပေါ်​ကွင်းပြင်​တွင် ပစ်​ထား​မည်​။ သင့်​အပေါ် မိုးကောင်းကင်​ငှက်​အပေါင်း​တို့​ကို လာနား​စေ​မည်​။ မြေ​တစ်ပြင်လုံး​ရှိ တောရိုင်းတိရစ္ဆာန်​တို့ ဝလင်​စွာ​စား​ရန် ပေး​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 5,
      "text": "တောင်​ပေါ်တွင် သင့်​အသား​ကို ဖြန့်​ထား​မည်​။ ချိုင့်ဝှမ်း​များ​ကို​လည်း သင့်​အလောင်း​ဖြင့် ပြည့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 6,
      "text": "‘သင့်​ကိုယ်​မှ​စီးကျ​သော​သွေး​များ​ဖြင့် တောင်​များ​ပါ​မကျန် မြေ​ကို​စိုစွတ်​စေ​မည်​။ မြစ်​များ​သည်​လည်း သင်​၏​သွေး​များ​နှင့် ပြည့်​နေ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 7,
      "text": "သင့်​ဘဝ​ကို နိဂုံးချုပ်​စေ​သော​အချိန်​တွင် မိုးကောင်းကင်​ကို ဖုံး​ထား​မည်​။ ကြယ်​တို့​ကို​လည်း အမှောင်ကျ​စေ​မည်​။ နေ​ကို တိမ်​ဖြင့်​ကာ​ထား​မည်​။ လ​သည် အလင်းရောင်​ကို ပေး​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 8,
      "text": "မိုးကောင်းကင်​ရှိ​အလင်းအိမ်​ကို မှောင်မည်း​စေ​မည်​။ သင့်​ပြည်​ကို အမှောင်​ဖုံးလွှမ်း​စေ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 9,
      "text": "သင်​မ​သိ​သော​လူမျိုး​တို့​နေရာ​အရပ်ရပ်​သို့ သင်​ပျက်စီး​သော​သတင်း​ကို ငါ​လွှင့်​သောအခါ လူ​အမြောက်အမြား စိတ်ပျက်​အားလျော့​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 10,
      "text": "သင့်​ကြောင့် လူ​အမြောက်အမြား တုန်လှုပ်ချောက်ချား​ရ​လိမ့်မည်​။ သူ​တို့​၏​ဘုရင်​များ​ရှေ့​တွင် ဓား​ကို​ရွယ်လိုက်​သောအခါ ရှင်ဘုရင်​တို့​သည် ထိတ်လန့်​ကြောက်ရွံ့​ကြ​လိမ့်မည်​။ သင်​လဲကျ​သွား​သော​နေ့​၌ လူ​တို့​သည် တစ်ခဏချင်း​တွင်ပင် သူ​တို့​၏​အသက်​အန္တရာယ်​အတွက် စိုးရိမ်ပူပန်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 11,
      "text": "အကြောင်းမူကား ဘုရားရှင်​ထာဝရဘုရား​က ‘ဘေဘီလုံ​ဘုရင်​၏​ဓား​သည် သင့်​ထံ​ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 12,
      "text": "သင်​၏​လူအလုံးအရင်း​ကို ခွန်အားကြီး​သော​စစ်သူရဲ​တို့​၏​ဓား​ဖြင့် ကျဆုံး​စေ​မည်​။ အကြမ်းကြုတ်ဆုံး​လူမျိုး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​၏​မာန​ကို ချိုး​ပစ်​လိမ့်မည်​။ သူ​၏​လူအလုံးအရင်း​တို့​သည် ပျက်စီး​သွား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 13,
      "text": "‘ရေ​ပေါများ​ရာ​အရပ်​တွင်​ကျက်စား​သော တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ ထို​ရေ​ကို မည်သူ​က​မျှ ခြေ​ဖြင့်​မ​မွှေနှောက်​ရ​။ မည်သည့်​တိရစ္ဆာန်​က​မျှ ခွာ​ဖြင့်​မ​မွှေနှောက်​ရ​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 14,
      "text": "ငါ​သည် ရေ​ကို​ကြည်လင်​စေ​မည်​၊ မြစ်​တို့​ကို ဆီ​ကဲ့သို့ စီး​စေ​မည်​’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 15,
      "text": "‘ငါ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို သုတ်သင်ရှင်းလင်း​ပစ်​မည်​၊ လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​၊ သက်ရှိ​မှန်သမျှ​ကို ဒဏ်ခတ်​မည်​။ ထိုအခါမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 16,
      "text": "လူမျိုးတကာ​တို့​မှ ငိုချင်းသည်​မိန်းမ​တို့​က ငိုချင်းဆို​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​နှင့် သူ​၏​လူအလုံးအရင်း​တို့​ကြောင့် ငိုချင်းဆို​ကြ​လိမ့်မည်​။ ဤသည်ကား အီဂျစ်​ပြည်​အတွက် ငိုချင်း​ဖြစ်​၏’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 17,
      "text": "တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ပထမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 18,
      "text": "“​အချင်း​လူသား​၊ အီဂျစ်​လူအုပ်ကြီး​အတွက် ငိုကြွေးမြည်တမ်း​လော့​။ အီဂျစ်​ပြည်​နှင့် အင်အားကြီး​သော​လူမျိုး​တို့​၏​သမီးပျို​တို့​ကို တွင်း​ထဲ​ကျသွား​သော​သူ​တို့​နှင့်အတူ မြေကြီး​အောက်​တွင်းနက်​ထဲသို့ ပစ်ချ​လျက်"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 19,
      "text": "‘သင်​သည် မည်သူ​ထက်​သာ၍ ချစ်ဖွယ်​ကောင်း​သနည်း​။ အရေဖျားလှီး​ခြင်း​ကို​မခံ​သော​သူ​တို့​ရှိ​ရာ​သို့ ဆင်းသွား​၍ သူ​တို့​နှင့်အတူ လဲလျောင်း​လော့’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 20,
      "text": "အီဂျစ်​ပြည်​နှင့် သူ​၏​လူအလုံးအရင်း​ကို ဓားဘေး​သို့ အပ်လိုက်​ပြီ​။ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ သေ​ရ​မည်​ဖြစ်၍ သူ​တို့​ကို ဆွဲထုတ်​သွား​လော့​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 21,
      "text": "မရဏာနိုင်ငံ​သို့​ရောက်​နှင့်​နေ​သော အားကြီး​သော​သူရဲကောင်း​တို့​သည် အီဂျစ်​နှင့်​သူ​၏​မဟာမိတ်​တို့​အား ‘​သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​ရှိ​ရာ​သို့ ဆင်း​၍ သူ​တို့​နှင့်အတူ လဲလျောင်း​ရ​ပါ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 22,
      "text": "ထို​အရပ်​တွင် အဆီးရီးယား​ဘုရင်​နှင့် သူ​၏​ပြည်သူပြည်သား​အားလုံး​ရှိ​၏​။ ဘုရင်​၏​ပတ်ပတ်လည်​တွင် သူ့​လူ​တို့​၏​သင်္ချိုင်းဂူ​များ ဝိုင်းရံ​ထား​လျက်​ရှိ​၏​။ သူ​တို့​အားလုံး ဓား​ဖြင့်​အသတ်ခံရ​၍ သေဆုံး​သွား​သော​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၏​။ ယခုမူ ဓား​ဖြင့်​အသတ်ခံရ​၍ သေဆုံး​ကြ​သဖြင့် သင်္ချိုင်း​တွင်းနက်​ထဲတွင် သူ​၏​လူ​များ​က သူ့​ကို​ဝိုင်းရံ​လျက် သင်္ဂြိုဟ်​ခံရ​လေ​ပြီ​တကား​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 24,
      "text": "ထို​အရပ်​တွင် ဧလံ​ဘုရင်​ရှိ​၏​။ သူ့​လူအလုံးအရင်း​တို့​သည် သူ​၏​သင်္ချိုင်း​ပတ်ပတ်လည်​တွင်​ရှိ​၏​။ သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၍ ဓား​ဖြင့်​အသတ်ခံရ​သူ​များ ဖြစ်​ကြ​၏​။ ယခုမူ မြေကြီး​အောက်​ရောက်သွား​သော အရေဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ သူ​တို့​သည် အသရေပျက်​လျက် တွင်းနက်​ထဲသို့​ကျသွား​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 25,
      "text": "အသတ်ခံရ​သူ​တို့​အလယ်​တွင် ဧလံ​ဘုရင်​နှင့်​သူ့​လူစု​အတွက် အိပ်ရာ​ပြင်ပေး​ထား​၏​။ သူ့​ပတ်ပတ်လည်​တွင် သူ့​လူ​၏​သင်္ချိုင်းဂူ​များ ဝိုင်းရံ​လျက်​ရှိ​၍ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​များ​ဖြစ်​၏​။ သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၏​။ ယခုမူ မြေ​အောက်​တွင်းနက်​ထဲရှိ အသတ်ခံရ​သော​သူ​တို့​အလယ်​ရောက်သွား​သော​သူ​တို့​နှင့်အတူ အသရေပျက်​လျက် တွင်းနက်​ထဲသို့​ကျသွား​ကြ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 26,
      "text": "ထို​အရပ်​တွင် မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​နှင့် သူ​တို့​၏​ပြည်သူပြည်သား​အားလုံး​တို့​လည်း ရှိ​ကြ​၏​။ သူ​တို့​ပတ်ပတ်လည်​တွင် သင်္ချိုင်းဂူ​များ ဝိုင်းရံ​လျက်​ရှိ​၏​။ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် မြေကြီးသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 27,
      "text": "သူ​တို့​သည် အရေဖျားလှီး​ခြင်း​မခံ​သော​၊ ဓား​ကို​ခေါင်းအုံး​သဖွယ်​အုံး​ရ​သော​၊ စစ်လက်နက်​များ​နှင့်တကွ မရဏာနိုင်ငံ​သို့​ဆင်းသွား​ရ​သော စစ်သူရဲ​တို့​နှင့်အတူ လဲလျောင်း​ရ​မည်​မ​ဟုတ်​။ ထို​သူ​တို့​သည် မြေကြီးသား​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​ခဲ့​သည်​ဖြစ်၍ အရိုး​ထိ​အပြစ်​စွဲ​သော​သူ​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 28,
      "text": "သင်​သည်​လည်း အရေးဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ ဖျက်ဆီး​ခံရ​မည်​။ ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 29,
      "text": "ထို​နေရာ​တွင် ဧဒုံ​ပြည်​နှင့်တကွ သူ​၏​ဘုရင်​များ​၊ သူ​၏​ခေါင်းဆောင်​များ အားလုံး​ရှိ​၏​။ သူ​တို့​သည် အရှိန်အဝါကြီး​ခဲ့​သော်လည်း ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ သေ​ရ​၏​။ တွင်းနက်​ထဲသို့​ရောက်သွား​သော အရေဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 30,
      "text": "ထို​နေရာ​တွင် မြောက်အရပ်​မှ​မင်းညီမင်းသား​များ​နှင့် ဆီဒုန်​လူမျိုး​အားလုံး​လည်း ရှိ​ကြ​၏​။ သူ​တို့​သည် အရှိန်အဝါကြီး​၍ ကြောက်ရွံ့​ခန့်ညား​ရ​သော​လူ​များ​ဖြစ်​ခဲ့​သော်လည်း အသတ်ခံရ​သော​သူ​တို့​နှင့်အတူ အရှက်တကွဲ တွင်း​ထဲသို့​ကျ​ကြ​ရ​၏​။ ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​၍ တွင်း​ထဲ​ရောက်သွား​သူ​တို့​နှင့်အတူ အသရေပျက်​ခြင်း​ကို ခံရ​လေ​ပြီ​တကား​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 31,
      "text": "အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် ထို​သူ​တို့​ကို​မြင်​သောအခါ ဓား​ဖြင့်​အသတ်ခံရ​သော မိမိ​လူ​အားလုံး​တို့​အတွက်​၊ မိမိ​နှင့်တကွ မိမိ​စစ်သည်​အားလုံး​အတွက် စိတ်သက်သာ​ရာ​ရ​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 32,
      "text": "“ငါ​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​အပေါင်း​တို့​ကို မြေကြီးသား​တို့ ကြောက်ရွံ့​အောင်​ပြု​ခဲ့​သော်လည်း နောက်ဆုံး​မှာ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​နေ​ရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ သင့်​အမျိုးသား​တို့​အား ဤသို့​ဆင့်ဆို​လော့​။ ထာဝရဘုရား​က ‘​ငါ​သည် ပြည်​ပေါ်သို့ ဓားဘေး​ကျရောက်​စေ​သောအခါ ပြည်သား​တို့​သည် သူ​တို့​ထဲ​မှ​ယောက်ျား​တစ်​ယောက်​ကို ကင်းစောင့်​အဖြစ် ရွေးချယ်​ခန့်ထား​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 3,
      "text": "ထို​သူ​သည် ပြည်​သို့ ဓားဘေး​ကျရောက်​သည်​ကို သိမြင်​ပြီး တံပိုးမှုတ်​လျက် ပြည်သား​တို့​ကို သတိပေး​သောအခါ"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 4,
      "text": "တံပိုးမှုတ်သံ​ကို​ကြား​သော်လည်း သတိ​မ​ထား​သော​သူ​သည် ဓားဘေး​ရောက်လာ​၍ သူ​သေ​သွား​လျှင် သူ့​အသက်​သည် သူ​နှင့်​သာ​ဆိုင်​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 5,
      "text": "တံပိုးမှုတ်သံ​ကို​ကြား​သော်လည်း သတိ​မ​ထား​သောကြောင့် အသက်သေ​သွား​လျှင် ကိုယ်​နှင့်​သာ​ဆိုင်​၏​။ သတိထား​သော​သူ​မူကား အသက်ချမ်းသာ​ရာ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 6,
      "text": "သို့သော် ကင်းစောင့်​သည် ဓားဘေး​ကျရောက်​မည်​ကို သိမြင်​သော်လည်း တံပိုး​ကို​မ​မှုတ်​ဘဲ​နေ​၍ ပြည်သား​တို့​သည် သတိပေး​ခြင်း​မ​ခံရ​သဖြင့် ဓားဘေး​ကျရောက်​၍ သူ​တို့​အသက်ဆုံး​သွား​လျှင် သူ​သည် အပြစ်​ကြောင့် သေသွား​ရ​သော်လည်း သူ့​အသက်​ကို ကင်းစောင့်​ထံ ငါ​ပြန်တောင်း​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 7,
      "text": "အချင်း​လူသား​၊ ယခု သင့်​အား အစ္စရေး​အမျိုး​တို့​အတွက် ကင်းစောင့်​အဖြစ် ငါ​ခန့်ထား​ပြီ​။ ငါ​၏​နှုတ်ထွက်စကား​ကို နားထောင်​ပြီး သူ​တို့​အား သတိပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 8,
      "text": "ဆိုးယုတ်​သော​သူ​အား ငါ​က ‘​အချင်း​ဆိုးယုတ်​သော​သူ​၊ သင်​မုချ​သေ​ရ​မည်​’​ဟု ငါ​ဆို​လျက်​နှင့်​ပင် ဆိုးယုတ်​သော​အပြစ်​လမ်း​မှ ပြန်လှည့်​စေရန် သင်​သည် သူ့​ကို​သတိ​မ​ပေး​လျှင် သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​ဖြစ်​သော်လည်း သူ့​အသက်​ကို သင့်​ထံ ငါ​ပြန်တောင်း​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 9,
      "text": "အကယ်၍ ဆိုးယုတ်​သော​သူ​အား ဆိုးယုတ်​သော​လမ်း​မှ​ပြန်လှည့်​စေရန် သင်​သတိပေး​သော်လည်း သူ​သည် ပြန်​မ​လှည့်​ဘဲ​နေ​လျှင် သူ့​အပြစ်​ကြောင့် သူ​သေ​ရ​မည်​။ သင်​မူကား အသက်ချမ်းသာ​ရာ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 10,
      "text": "အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​တို့​အား ‘သင်​တို့​က ငါ​တို့​လွန်ကျူး​သော​အပြစ်​ဒုစရိုက်​များ​ကြောင့် ဝန်ပိ​လျက်​၊ ခွန်အားယုတ်လျော့​လျက်​နေ​သည်​ဖြစ်၍ မည်သို့​အသက်ရှင်​နိုင်​မည်နည်း​ဟူ၍ ဆို​တတ်​ကြ​သည်’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 11,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ဆိုးယုတ်​သော​သူ​တို့ သေ​ရ​မည်​ကို ငါ​အလို​မ​ရှိ​။ သူ​တို့​သည် ဆိုးယုတ်​သော​လမ်း​မှ ပြန်လှည့်​၍ အသက်ချမ်းသာ​ရာ​ရ​သည်​ကို​သာ ငါ​အလိုရှိ​၏​။ ပြန်လှည့်​ကြ​။ ဆိုးယုတ်​သော​လမ်း​မှ ပြန်လှည့်​ကြ​။ အို အစ္စရေး​အမျိုး​တို့​၊ အဘယ်ကြောင့် သင်​တို့​သေ​ရ​မည်နည်း’ ​ဟု မိန့်​တော်မူ​ကြောင်း သူ​တို့​အား ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 12,
      "text": "အချင်း​လူသား​၊ သင်​၏​အမျိုးသားချင်း​တို့​အား ‘ဖြောင့်မတ်​သော​သူ​သည် သူ​အပြစ်​ကျူးလွန်​မိ​သောအခါ သူ​၏​ဖြောင့်မတ်​ခြင်း​သည် သူ့​ကို ကယ်တင်​မည်​မ​ဟုတ်​။ ဆိုးယုတ်​သော​သူ​သည်​လည်း သူ​၏​ဆိုးယုတ်​ခြင်း​လမ်း​မှ ပြန်လှည့်​သောအခါ သူ​ပြု​ခဲ့​သော​ဆိုးယုတ်မှု​သည် သူ့​အား ပြိုလဲ​စေ​မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ အပြစ်ပြု​သောအခါ အသက်ရှင်​ခွင့်​ရ​မည်​မ​ဟုတ်’​ဟု ပြောကြား​လော့​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 13,
      "text": "ဖြောင့်မတ်​သော​သူ​သည် စင်စစ်​အသက်ရှင်​ရ​မည်​ဟု ငါ​ဆို​သော်လည်း သူ​သည် ဖြောင့်မတ်​ခြင်း​ကို​မှီ​၍ မကောင်းမှု​ကို​ပြု​လျှင် သူ​ဖြောင့်မတ်​ခဲ့​သမျှ​ကို ပြန်လည်​အမှတ်ရ​မည်​မ​ဟုတ်​။ သူ​ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 14,
      "text": "ဆိုးယုတ်​သော​သူ​အား​လည်း ‘သင်​မုချ​သေ​ရ​မည်’​ဟု ငါ​ဆို​သော်လည်း သူ​သည် အပြစ်​ကို​စွန့်​၍ တရား​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​ကို​ပြု​လျှင်​၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 15,
      "text": "ဆိုးယုတ်​သော​သူ​သည် အပေါင်ပစ္စည်း​ကို ပြန်ပေး​မည်​၊ လုယူပစ္စည်း​တို့​ကို ပြန်လျော်​ပေး​မည်​၊ မကောင်းမှု​ကို​ရှောင်​၍ အသက်ချမ်းသာ​ရာ​ရ​စေ​သော​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာ​မည်​ဆိုလျှင် သူ​သည် မ​သေ​၊ စင်စစ်​အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 16,
      "text": "သူ​ကျူးလွန်​ခဲ့​သော​အပြစ်​အားလုံး​ကို အမှတ်ရ​တော့​မည်​မ​ဟုတ်​။ သူ​သည် တရား​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို​ပြု​သောကြောင့် စင်စစ်​အသက်ရှင်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 17,
      "text": "သင့်​အမျိုးသားချင်း​တို့​က ‘​ဘုရားရှင်​၏​နည်းလမ်း​တော်​သည် တရားမျှတမှု​မ​ရှိ​’​ဟု ဆို​တတ်​ကြ​၏​။ စင်စစ် သူ​တို့​၏​နည်းလမ်း​က​သာ တရားမျှတမှု​မ​ရှိ​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 18,
      "text": "ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ခြင်း​လမ်း​မှ​လွဲ​၍ မကောင်းမှု​ကို​ပြု​လျှင် ထို​အမှု​ကြောင့် သူ​သေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 19,
      "text": "ဆိုးယုတ်​သော​သူ​သည်​လည်း ဆိုးယုတ်မှု​မှ​ပြန်လှည့်​၍ တရား​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​ကို​ပြု​လျှင် ထို​အမှု​ကြောင့် သူ​အသက်ရှင်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 20,
      "text": "သင်​တို့​က ‘​ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် မတရား​’​ဟု ဆို​တတ်​ကြ​ပါ​သည်​တကား​။ အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​လျှောက်​သည့်​လမ်း​များ​အတိုင်း သင်​တို့​အသီးသီး​ကို ငါ​စီရင်​မည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 21,
      "text": "ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ဒသမ​လ​၊ ငါး​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​မှ ထွတ်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး ငါ့​ထံသို့​ရောက်လာ​၍ “မြို့​တော်​ကြီး​တိုက်ခိုက်​ခံရ​လေ​ပြီ”​ဟု ကြားပြော​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 22,
      "text": "ထို​သူ​မ​ရောက်လာ​မီ နေဝင်ချိန်​တွင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​တည်​လျက် ငါ့​နှုတ်​ကို​ဖွင့်​တော်မူ​၏​။ နံနက်အချိန် ထို​သူ​ရောက်လာ​သောအခါ ငါ​သည် ဆွံ့အ​မ​နေ​တော့​ဘဲ နှုတ်​ကို​ဖွင့်​၍​ဟောပြော​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 23,
      "text": "ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 24,
      "text": "“​အချင်း​လူသား​၊ ပြိုပျက်​နေ​သော​အစ္စရေး​ပြည်​တွင် နေထိုင်​သူ​တို့​က ‘​အာဗြဟံ​တစ်ဦးတည်း​ပင် ထို​ပြည်​ကို အပိုင်ရ​သေး​လျှင် လူ​အများ​ဖြစ်​သော​ငါ​တို့​ကို သာ၍​အပိုင်​ပေး​နိုင်​၏​’​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 25,
      "text": "ထို့ကြောင့် သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​သည် အသွေး​ကို​စား​လျက်​၊ ရုပ်တု​ကို​မျှော်ကြည့်​လျက်​၊ အသက်​ကို​သတ်​လျက်​နှင့်ပင် ထို​ပြည်​ကို ပိုင်ဆိုင်​လို​သေး​သလော​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 26,
      "text": "ဓား​ကို​အားကိုး​လျက်​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​လျက်​၊ အိမ်နီးချင်း​မယား​ကို​ပြစ်မှား​လျက်​နှင့်​ပင် ထို​ပြည်​ကို ပိုင်ဆိုင်​လို​သေး​သလော​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 27,
      "text": "ထို့ကြောင့် သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မြို့ပျက်​များ​၌​နေ​သော​သူ​တို့​သည် ဓား​ဖြင့် လဲကျ​သေဆုံး​ရ​လိမ့်မည်​။ မြို့ပြင်​၌​နေ​သော​သူ​တို့​သည် သားရဲတိရစ္ဆာန်​၏​ဝါးမျို​ခြင်း​ကို ခံရ​မည်​။ ရဲတိုက်​များ​၊ လိုဏ်ဂူ​များ​၌​ခိုလှုံ​သော​သူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 28,
      "text": "ထို​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​ကို​လည်း ကွယ်ပျောက်​စေ​မည်​။ အစ္စရေး​တောင်​တို့​သည် ဖြတ်သန်းသွားလာ​မည့်​သူ​မ​ရှိ​။ လူသူကင်းမဲ့​ရာ​ဖြစ်သွား​မည်​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 29,
      "text": "သူ​တို့​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကြောင့် ထို​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ​ဖြစ်​စေ​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏’​ဟု ဆင့်ဆို​လော့​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 30,
      "text": "အချင်း​လူသား​၊ သင့်​အမျိုးသားချင်း​တို့​က နံရံ​များ​၊ အိမ်​တံခါး​များ​အနီး​တွင် သင့်​ကို​ရည်မှတ်​၍ ‘​ထာဝရဘုရား​ထံ​မှ မည်သည့်​သတင်း​ကြား​ရ​မည်​ကို သွား​၍​နားထောင်​ကြ​စို့​’​ဟု အချင်းချင်း​ပြောဆို​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 31,
      "text": "သူ​တို့​သည် ငါ့​လူမျိုး​တော်​ကဲ့သို့ သင့်​ထံ​လာ​၍ သင့်​ရှေ့​တွင်​ထိုင်​လျက် သင့်​စကား​ကို နားထောင်​ကြ​သော်လည်း မ​လိုက်နာ​ဘဲ​နေ​၏​။ သူ​တို့​၏​နှုတ်​သည် ချစ်​ဖွယ်​စကား​ကို ပြောဆို​ကြ​၏​။ သူ​တို့​၏​စိတ်​မူကား မတရား​သော​အကျိုး​စီးပွား​ကို စွဲလမ်း​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 32,
      "text": "သင့်​စကား​သည် သူ​တို့​အတွက် ကျွမ်းကျင်​စွာ​တီးမှုတ်​၍ ချိုသာ​သော​အသံ​ဖြင့်​သီဆို​သော သာယာနာပျော်ဖွယ်​သီချင်း​နှင့်​တူ​၏​။ သူ​တို့​သည် သင့်​စကား​ကို နားထောင်​သော်လည်း မ​လိုက်နာ​ကြ​။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 33,
      "text": "သို့သော် ထို​စကား​တို့ အမှန်​ဖြစ်လာ​သောအခါ​မှ သူ​တို့​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​သိုးထိန်း​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က သိုးထိန်း​တို့​အား ‘မိမိကိုယ်ကို​သာ ကျွေးမွေး​စောင့်ရှောက်​သော အစ္စရေး​သိုးထိန်း​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​၏​။ သိုးထိန်း​တို့​မည်သည် သိုး​တို့​ကို ကျွေးမွေး​ရ​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 3,
      "text": "သင်​တို့​သည် သိုး​ဆီ​ကို​စား​ပြီး သိုးမွေး​ကို​ဝတ်​ကြ​၏​။ ဆူဖြိုး​သော​အကောင်​ကို​လည်း သတ်စား​ကြ​၏​။ သို့သော် သိုး​တို့​ကို​မူ မ​ကျွေးမွေး​ကြ​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 4,
      "text": "အားနည်း​သော​သိုး​တို့​ကို အား​မ​ဖြည့်​ပေး​၊ ဖျားနာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ပေး​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ကျပ်​မ​စည်း​ပေး​ကြ​။ လမ်းလွဲ​သော​သိုး​များ​ကို ပြန်​မ​ခေါ်ဆောင်​လာ​၊ ပျောက်​သော​သိုး​တို့​ကို​လည်း မ​ရှာဖွေ​ကြ​။ သင်​တို့​သည် သိုး​တို့​ကို ခက်ထန်​ကြမ်းတမ်း​စွာ ထိန်းကျောင်း​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 5,
      "text": "သိုးထိန်း​မ​ရှိ​သောကြောင့် သိုး​တို့​ကွဲလွင့်​ကုန်​၏​။ ကွဲလွင့်​သွား​သော​သိုး​တို့​သည် သားရဲတိရစ္ဆာန်​တို့​၏​အစာ​ဖြစ်​ရ​ကုန်​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 6,
      "text": "ငါ့​သိုး​တို့​သည် တောင်တန်း​ရှိသမျှ​၊ ကုန်းမြင့်​ရှိသမျှ​တို့​တွင် လှည့်လည်​သွားလာ​နေ​ရ​ပြီ​။ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​ကုန်​ပြီ​။ ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​သူ တစ်ယောက်မျှ​မ​ရှိ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 7,
      "text": "ထို့ကြောင့် အို သိုးထိန်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 8,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ သိုးထိန်း​မ​ရှိ​သောကြောင့် ငါ့​သိုး​တို့​သည် သားကောင်​များ​ဖြစ်သွား​ရ​ပြီ​။ တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ​ဖြစ်​ရ​ပြီ​။ သိုးထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ရှာဖွေ​။ ငါ့​သိုး​တို့​ကို မ​ထိန်းကျောင်း​၊ သူတို့ကိုယ်ကို​သာ ကြည့်ရှု​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 9,
      "text": "ထို့ကြောင့် အို သိုးထိန်း​တို့​၊ ထာဝရဘုရား​၏​စကား​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 10,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သိုးထိန်း​တို့​ကို​ဆန့်ကျင်​၍ သူ​တို့​ထံမှ ငါ့​သိုး​တို့​ကို ပြန်တောင်း​မည်​။ သူ​တို့​ကို သိုးထိန်း​အဖြစ်​မှ နုတ်ပယ်​ပစ်​မည်​။ သိုးထိန်း​တို့​သည် သူတို့ကိုယ်​ကို ကျွေးမွေး​နိုင်​တော့​မည်​မ​ဟုတ်​။ ငါ့​သိုး​များ​ကို သူ​တို့​နှုတ်​မှ​ကယ်နုတ်​မည်​၊ သူ​တို့​အစာ မ​ဖြစ်​စေ​ရ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 11,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 12,
      "text": "သိုးထိန်း​သည် ကွဲလွင့်​သွား​သော မိမိ​၏​သိုး​တို့​ကို လိုက်ရှာ​သကဲ့သို့ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ရှာဖွေ​မည်​။ မိုးအုံ့​၍​အမှောင်ကျ​သော​နေ့​တွင် အရပ်ရပ်​ကွဲလွင့်​သွား​သော ငါ့​သိုး​တို့​ကို​ကယ်တင်​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 13,
      "text": "သူ​တို့​ကို လူမျိုး​တကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​။ အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​၍ နေရင်းပြည်​သို့ ပြန်ပို့ဆောင်​မည်​။ အစ္စရေး​တောင်တန်း​များ​အပေါ်​၊ မြစ်ချောင်း​များ​အနား​မှစ၍ သူ​တို့​နေထိုင်​ရာ​အရပ်ရပ်​တို့​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 14,
      "text": "ကောင်း​သော​စားကျက်မြေ​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။ မြင့်မား​သော​အစ္စရေး​တောင်တန်း​များ​သည် သူ​တို့​ကျက်စား​ရာ​နေရာ​ဖြစ်​လိမ့်မည်​။ ကောင်း​သော​စားကျက်မြေ​တွင်​နေ​ရ​၍ စိမ်းလန်း​သော​ကျက်စား​ရာ အစ္စရေး​တောင်တန်း​များ​ပေါ်တွင် သူ​တို့​ကျက်စား​ရ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 15,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို ကျွေးမွေး​စောင့်ရှောက်​မည်​။ ငါ​ကိုယ်တိုင် သူ​တို့​ကို စိမ်းလန်း​သော​အရပ်​တွင် လဲလျောင်း​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 16,
      "text": "ပျောက်​သော​သိုး​ကို ပြန်ရှာ​မည်​။ လမ်းလွဲ​သော​သိုး​ကို ပြန်ခေါ်​လာ​မည်​။ ဒဏ်ရာ​ရ​သော​သိုး​ကို ကျပ်စည်း​ပေး​မည်​။ အားနည်း​သော​သိုး​ကို အားရှိ​စေ​မည်​။ သို့သော် ဆူဖြိုး​သန်မာ​သော​သိုး​ကို​မူ ငါ​သုတ်သင်​ပစ်​မည်​။ ငါ​သည် သိုး​တို့​ကို တရားသဖြင့် ကျွေးမွေး​ထိန်းကျောင်း​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 17,
      "text": "အသင် ငါ့​သိုး​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သိုး​အချင်းချင်း​အမှု​၊ သိုး​နှင့်​ဆိတ်​တို့​အမှု​ကို စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 18,
      "text": "သင်​တို့​သည် ကောင်း​သော​စားကျက်မြေ​၌ ကျက်စား​ရ​သည်​မှာ မ​လုံလောက်​သေး​၍ ကျန်​သော​စားကျက်မြေ​ကို နင်းချေ​ပစ်​ရ​သလော​။ ကြည်လင်သန့်ရှင်း​သော​ရေ​ကို သောက်​ရ​သည်​မှာ မ​လုံလောက်​သေး​၍ ကျန်​သော​ရေ​ကို နောက်ကျိ​အောင် မွှေနှောက်​ပစ်​ရ​သလော​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 19,
      "text": "သင်​တို့​နင်းချေ​ခဲ့​သော စားကျက်မြေ​ကို ငါ့​သိုး​တို့​စား​ရ​မည်လော​။ သင်​တို့​နောက်ကျိ​အောင်​မွှေနှောက်​သော​ရေ​ကို ငါ့​သိုး​တို့​သောက်​ရ​မည်လော’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 20,
      "text": "သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က သူ​တို့​အား ‘ကြည့်ရှု​လော့​။ ဆူဖြိုး​သော​သိုး​နှင့် ပိန်လှီ​သော​သိုး​တို့​အမှု​ကို ငါ​ကိုယ်တိုင်​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 21,
      "text": "သင်​တို့​သည် အားနည်း​သော​သိုး​တို့​ကို နံစောင်း​၊ ပခုံး​တို့​ဖြင့် တွန်းထုတ်​သည်​သာမက အဝေး​သို့​လွင့်ထွက်​သွား​သည့်​တိုင်အောင် ချို​ဖြင့်​ဝှေ့​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 22,
      "text": "ငါ့​သိုး​တို့​ကို ငါ​ကယ်တင်​မည်​။ သားကောင်​ဖြစ်​ရ​တော့​မည်​မ​ဟုတ်​။ သိုး​တစ်ကောင်ချင်းစီ​၏​အမှု​ကို ငါ​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 23,
      "text": "သူ​တို့​ကို​ထိန်းကျောင်း​ရန် သိုးထိန်း​တစ်​ဦး​အဖြစ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​ခန့်ထား​မည်​။ သူ​သည် သိုးထိန်း​တစ်​ဦး​အဖြစ် သိုး​တို့​ကို ထိန်းကျောင်း​ပေး​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 24,
      "text": "ငါ​ထာဝရဘုရား​သည် သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။ ငါ့​အစေအပါး​ဒါဝိဒ်​သည်​လည်း သူ​တို့​၏​မင်း​ဖြစ်​လိမ့်မည်​။ ငါ​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 25,
      "text": "ထို့ပြင် သူ​တို့​နှင့် ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို ဖွဲ့​မည်​။ ထို​ပြည်​ရှိ သားရဲတိရစ္ဆာန်​တို့​ကို ဖယ်ရှား​မည်​။ သူ​တို့​သည် တောကန္တာရ​ထဲတွင် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​မည်​။ တောအုပ်​ထဲတွင် အိပ်​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 26,
      "text": "သူ​တို့​နှင့်တကွ သူ​တို့​ကျက်စား​ရာ​ငါ့​တောင်​ပတ်ပတ်လည်​ကို ကောင်းချီးမင်္ဂလာ​ချပေး​မည်​။ ရာသီ​အလိုက် မိုး​ရွာသွန်း​စေ​မည်​။ ကောင်းချီးမိုး​ကို ရွာသွန်း​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 27,
      "text": "တော​ထဲရှိ​အပင်​တို့​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည် အသီးအနှံ​ကို ဖြစ်ထွန်း​စေ​မည်​။ သူ​တို့​သည် နေရင်းပြည်​တွင် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ သူ​တို့​ထမ်း​ထား​ရ​သော​ထမ်းပိုး​ကို​ချိုး​၍ သူ​တို့​အား​ကျွန်ပြု​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်နုတ်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 28,
      "text": "သူ​တို့​သည် လူမျိုးတကာ​တို့​၏​သားကောင် ဖြစ်​တော့​မည်​မ​ဟုတ်​။ ထို​ပြည်​ရှိ​သားရဲတိရစ္ဆာန်​တို့​လည်း သူ​တို့​ကို ကိုက်စား​ကြ​တော့​မည်​မ​ဟုတ်​။ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ သူ​တို့​ကို​ခြိမ်းခြောက်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 29,
      "text": "သူ​တို့​အား သီးနှံ​ဖြစ်ထွန်း​သော​ဥယျာဉ်မြေ​ကို ပေး​မည်​။ ထို​ပြည်​တွင် ငတ်မွတ်​ခြင်း​ဘေး​ကြောင့် သေ​ရ​တော့​မည်​မ​ဟုတ်​။ လူမျိုးခြား​တို့​၏​အသရေဖျက်​ခြင်း​ကို​လည်း ခံရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 30,
      "text": "သူ​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ​ရှိ​ကြောင်း​၊ အစ္စရေး​အမျိုးအနွယ်​သည် ငါ့​လူမျိုး​တော်​ဖြစ်ကြောင်း​ကို လူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 31,
      "text": "ဘုရားရှင်​ထာဝရဘုရား​က “သင်​တို့​သည် ငါ့​စားကျက်​၌​ကျက်စား​သော လူမျိုး​တော်​သိုးစု​ဖြစ်​၏​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ စိရ​တောင်​သို့​မျက်နှာမူ​ပြီး ထို​တောင်​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အို စိရ​တောင်​၊ သင့်​ကို​ငါ​ဆန့်ကျင်​မည်​။ ငါ့​လက်​ကို​ဆန့်​၍ သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 4,
      "text": "သင့်​မြို့​တို့​ကို​လည်း ဖျက်ဆီး​သဖြင့် သင်​သည် လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 5,
      "text": "သင်​သည် ရှေးယခင်​ကပင် အငြိုး​ထားခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့ ဘေးဒုက္ခ​ရောက်​ချိန်​၊ အပြီးသတ်​ဒဏ်ခတ်​ခံရ​ချိန်​တွင် သင်​သည် သူ​တို့​ကို ဓား​လက်​သို့​အပ်​လိုက်​၏​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 6,
      "text": "ထို့ကြောင့် ငါ​ဘုရားရှင်​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ အသက်သတ်​ခြင်း​အမှု​ကို သင်​၌​အပ်​သဖြင့် သွေးကြွေး​သည် သင့်​ကို​လိုက်​လိမ့်မည်​။ လူ​အသက်သတ်​ခြင်း​ကို သင်​မြတ်နိုး ​သောကြောင့် သွေးကြွေး​သည် သင့်​နောက်​သို့​လိုက်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 7,
      "text": "ငါ​သည် စိရ​တောင်​ကို ဆိတ်ညံ​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​စေ​မည်​။ ထို​တောင်​သို့ ဝင်ထွက်သွားလာ​သူ​မ​ရှိ​အောင် ငါ​လုပ်​မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 8,
      "text": "တောင်တန်း​များ​ပေါ်တွင် အသေကောင်​များ​ဖြင့် ပြည့်​စေ​မည်​။ တောင်ကုန်း​၊ ချိုင့်ဝှမ်း​၊ မြစ်ချောင်း​များ​တွင်​လည်း ဓား​ဖြင့်​သေ​သော​သူ​တို့ ပုံ​လျက်​နေ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 9,
      "text": "လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​စေ​မည်​။ မြို့​တို့​တွင် နေထိုင်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 10,
      "text": "ထို​အရပ်​တွင် ထာဝရဘုရား​ရှိ​လျက်​နှင့် သင်​တို့​က ဤ​ပြည်​နှစ်​ပြည်​၊ ဤ​လူမျိုး​နှစ်​မျိုး​ကို ငါ​တို့​သိမ်းပိုက်​၍ ငါ​တို့​အပိုင်​ဖြစ်​မည်​ဟု ဆို​သောကြောင့်"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 11,
      "text": "ငါ​ဘုရားရှင်​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အား ဒေါသစိတ်​၊ မနာလိုစိတ်​ဖြင့် အငြိုးထား​ခြင်း​ကြောင့် သင့်​ကို ငါ​စီရင်​မည်​။ သင့်​ကို ငါ​စီရင်​သောအခါ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို​သိ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 12,
      "text": "သင်​သည် အစ္စရေး​တောင်တန်း​ကို အရှက်ခွဲ​လျက် ထို​တောင်တန်း​ပျက်စီး​ပြီ​၊ ငါ​တို့​အစာ​ဖြစ်​လေ​ပြီ​ဟု ပြောဆို​သော​စကား​အလုံးစုံ​ကို ငါ​ကြား​ကြောင်း သင်​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 13,
      "text": "သင့်​နှုတ်​ဖြင့် ငါ့​အား ဆန့်ကျင်​ပုတ်ခတ်​သော​စကား​၊ မောက်မောက်မာမာ​ပြောဆို​ခဲ့​သော​စကား​အလုံးစုံ​ကို ငါ​ကြား​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 14,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘မြေကြီး​တစ်ပြင်လုံး​ဝမ်းမြောက်​နေစဉ် ငါ​သည် သင့်​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 15,
      "text": "အစ္စရေး​အမွေမြေ​သည် လူသူကင်းမဲ့​ရာ​ဖြစ်​သောအခါ သင်​ဝမ်းမြောက်​သကဲ့သို့ သင့်​ကို ထိုသို့​ဖြစ်​စေ​မည်​။ အို စိရ​တောင်​၊ သင်​နှင့်တကွ ဧဒုံ​ပြည်​တစ်ပြည်လုံး လူသူကင်းမဲ့​ရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 1,
      "text": "တစ်ဖန် အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​အား ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ ‘​အို အစ္စရေး​တောင်တန်း​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 2,
      "text": "သင်​တို့​၏​ရန်သူ​က ရှေးက​ရှိ​ခဲ့​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို ငါ​တို့​ပိုင်​ပြီ​ဟေ့​ဟူ၍ ဆို​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 3,
      "text": "ထို့ကြောင့် သင်​သည် ဤသို့ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ရန်သူ​တို့​သည် သင်​တို့​ကို အဘက်ဘက်​က​ဝိုင်းဝန်း​ချေမှုန်း​ပြီး လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၏​။ အခြား​တိုင်းပြည်​များ​သည် သင်​တို့​ကို ပိုင်ဆိုင်​သွား​၏​။ သင်​တို့​ကို လူ​အများ​အတင်းပြောစရာ​၊ ရှုတ်ချစရာ ဖြစ်​စေ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 4,
      "text": "အို အစ္စရေး​တောင်တန်း​၊ ဘုရားရှင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ တောင်ကုန်း​တောင်တန်း​များ​၊ မြစ်ချောင်း​ချိုင့်ဝှမ်း​များ​၊ လူသူကင်းမဲ့​သော​မြို့ပျက်​များ​၊ ဝန်းကျင်​ရှိ အခြား​တိုင်းပြည်​တို့​၏​လုယူဖျက်ဆီး​ခြင်း​၊ အထင်အမြင်သေး​ခြင်း​ခံရ​သော​မြို့​များ​အား ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 5,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ့​ပြည်​ကို ဝမ်းသာအားရ​အပိုင်​သိမ်းယူ​ခဲ့​သော​၊ စားကျက်မြေ​များ​ကို​ပါ​လုယူ​ခဲ့​သော အခြား​တိုင်းပြည်​များ​နှင့် ဧဒုံ​ပြည်​တစ်ပြည်လုံး​ကို စိတ်အားကြီး​စွာ​ဖြင့် ငါ​မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 6,
      "text": "အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ တောင်တန်း​တောင်ကုန်း​များ​၊ မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ဘုရားရှင်​ထာဝရဘုရား​က ‘​အခြား​တိုင်းပြည်​တို့​သည် သင်​တို့​ကို အသရေဖျက်​သောကြောင့် စိတ်အားကြီး​စွာ​၊ အမျက်​ပြင်း​စွာ​ဖြင့် ငါ​မြွက်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 7,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင့်​ဝန်းကျင်​ရှိ​လူမျိုး​တို့​သည် ကိုယ်တိုင်​အရှက်တကွဲ​ဖြစ်​ရ​လိမ့်မည်​ဟု ငါ​ကျိန်ဆို​ပြီ​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 8,
      "text": "အို အစ္စရေး​တောင်တန်း​၊ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ပြန်လာ​တော့​မည်​ဖြစ်၍ သင်​တို့​သည် သူ​တို့​အတွက် အကိုင်းအခက်​ထွက်လာ​၍ အသီး​သီး​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 9,
      "text": "ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​မည်​။ သင်​တို့​ထံ ပြန်လှည့်​လာ​မည်​။ သင်​တို့​ပေါ်တွင် ထွန်ယက်​စိုက်ပျိုး​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 10,
      "text": "သင်​တို့​ပေါ်တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို တိုးပွားများပြား​စေ​မည်​။ သူ​တို့​သည် မြို့​များ​၌ နေထိုင်​ကြ​လိမ့်မည်​။ ပြိုပျက်​ရာ​တို့​ကို ပြုပြင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 11,
      "text": "သင်​တို့​ပေါ်တွင် လူ​နှင့်​တိရစ္ဆာန်​တို့​ကို​လည်း တိုးပွား​စေ​သဖြင့် အမြောက်အမြား​တိုးပွား​ကြ​လိမ့်မည်​။ သင်​တို့​ကို ယခင်က​ကဲ့သို့ လူ​နေထိုင်​ရာ​ပြန်ဖြစ်​စေ​မည်​။ ယခင်က​ထက် ပို၍​ကောင်းစား​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 12,
      "text": "ငါ့​လူမျိုး​တော်​အစ္စရေး​ကို သင်​တို့​ပေါ်တွင် သွားလာ​စေ​မည်​။ သူ​တို့​သည် သင့်​ကို အမွေမြေ​အဖြစ် အပိုင်​သိမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​သားသမီး​တို့​ကို သင်​တို့​ဆုံးရှုံး​စေ​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 13,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘လူ​တို့​က သင်​တို့​အား သင်​သည် လူ​ကို​ဝါးမျို​သော​သူ​၊ သင့်​လူမျိုး​၏​သားသမီး​တို့​ကို ဆုံးပါး​စေ​သော​သူ​ဖြစ်​၏​ဟူ၍ ဆို​ကြ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 14,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘နောင်တွင် သင်​သည် လူ​ကို​ဝါးမျို​သော​သူ​၊ သင့်​လူမျိုး​၏​သားသမီး​တို့​ကို ဆုံးပါး​စေ​သော​သူ မ​ဖြစ်​စေ​ရ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 15,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘လူမျိုးတကာ​တို့​ရှုတ်ချ​သော​စကား​ကို သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။ လူ​တို့​၏​ကဲ့ရဲ့​ခြင်း​ကို သင်​ခံရ​တော့​မည်​မ​ဟုတ်​။ နောက်တစ်ဖန် သင့်​လူမျိုး​ကို သင်​လဲပြို​စေ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 17,
      "text": "“​အချင်း​လူသား​၊ အစ္စရေး​အမျိုး​တို့​သည် မိမိ​တို့​ပြည်​၌​နေထိုင်​စဉ်က သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​သည် ဓမ္မတာလာ​သော​မိန်းမ မစင်ကြယ်​သကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 18,
      "text": "ထို​ပြည်​တွင် လူ့​အသက်​ကို သတ်​ကြ​၏​။ ရုပ်တု​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပေါ်​တွင် အမျက်​တော်​ကို သွန်ချ​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 19,
      "text": "ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​ပြီ​။ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ငါ​စီရင်​ပြီ​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 20,
      "text": "သို့သော် သူ​တို့​သည် လူမျိုးခြား​တို့​အလယ်​သို့ ရောက်သွား​သောအခါ လူ​တို့​က သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​လျက် ‘​ဤ​သူ​တို့​သည် ထာဝရဘုရား​၏​လူမျိုး​တော်​ဖြစ်​လျက်​နှင့် မိမိ​နေရင်းပြည်​မှ ထွက်ခွာ​သွား​ရ​ပါ​သည်​တကား​’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 21,
      "text": "အစ္စရေး​အမျိုး​တို့​သည် ရောက်​လေ​ရာ လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ကို​ရှုတ်ချ​သောကြောင့် သန့်ရှင်းမြင့်မြတ်​သော ငါ့​နာမ​ကို နှမြော​မိ​လေ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 22,
      "text": "သို့ဖြစ်၍ အစ္စရေး​အမျိုး​အား ဘုရားရှင်​ထာဝရဘုရား​က ‘အို အစ္စရေး​အမျိုး​တို့​၊ ယခု ငါ​ပြု​သော​အမှု​သည် သင်​တို့​အတွက်​မ​ဟုတ်​။ သင်​တို့​ရောက်​လေ​ရာ လူမျိုးခြား​တို့​အလယ်​တွင် သင်​တို့​ရှုတ်ချ​သော ငါ​၏​သန့်ရှင်းမြင့်မြတ်​သော​နာမ​အတွက်​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 23,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ကို​ရှုတ်ချ​သဖြင့် လူမျိုးခြား​တို့​အလယ်​တွင် အရှုတ်ချ​ခံ​ခဲ့​ရ​သည့် ကြီးမြတ်​သော​ငါ့​နာမ​ကို ငါ​သန့်ရှင်း​စေ​မည်​။ ထိုသို့ သင်​တို့​အားဖြင့် ထို​သူ​တို့​ရှေ့​တွင် ငါ​သန့်ရှင်း​ကြောင်း ထင်ရှား​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးတကာ​တို့ သိ​ကြ​လိမ့်မည် ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 24,
      "text": "‘ငါ​သည် သင်​တို့​ကို လူမျိုးတကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​။ အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​၍ နေရင်းပြည်​သို့ ပြန်​ပို့ဆောင်​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 25,
      "text": "သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 26,
      "text": "သင်​တို့​အား စိတ်နှလုံး​သစ်​ကို​ပေး​မည်​။ သင်​တို့​အထဲ​သို့ စိတ်သဘော​သစ်​ကို သွင်းပေး​မည်​။ သင်​တို့​ကိုယ်ခန္ဓာ​ထဲမှ မာကျော​သော​ကျောက်​နှလုံးသား​ကို ဖယ်ရှား​၍ အသား​နှလုံးသား​ကို​ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 27,
      "text": "ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 28,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​၌ သင်​တို့​အသက်ရှင်​နေထိုင်​ကြ​ရ​မည်​။ သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 29,
      "text": "သင်​တို့​ကို မသန့်ရှင်း​သော​အပြုအမူ​များ​မှ ကယ်တင်​မည်​။ ကောက်ပဲသီးနှံ​များ​ကို​လည်း ပေါများ​စေ​မည်​။ သင်​တို့​ကို ငတ်မွတ်​ခြင်း​ဘေး​နှင့် ကြုံ​စေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 30,
      "text": "သစ်သီးဝလံ​နှင့် ကောက်ပဲသီးနှံ​တို့​ကို ပေါကြွယ်ဝ​စေ​မည်​။ သို့မှ အငတ်ဘေး​ကြောင့် လူမျိုးခြား​တို့​ကဲ့ရဲ့​ခြင်း​ကို သင်​တို့​ကြုံ​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 31,
      "text": "ထိုအခါ သင်​တို့​၏​ဆိုးညစ်​သော​အပြုအမူ​၊ မကောင်း​သော​လုပ်ရပ်​များ​ကို ပြန်လည်​သတိရ​၍ ကိုယ်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​အပြစ်​တို့​ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 32,
      "text": "ဤသို့ ငါ​ပြု​ခြင်း​သည် သင်​တို့​အဖို့​မ​ဟုတ်​။ အို အစ္စရေး​အမျိုး​၊ သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကြောင့် သင်​တို့​အရှက်ခွဲ​ခံရ​မည်​၊ အသရေဖျက်​ခံရ​မည်​ကို သင်​တို့​သိမှတ်​ကြ​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 33,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​၏​ဒုစရိုက်​အားလုံး​ကို စင်ကြယ်​စေ​သော​နေ့​၌ သင်​တို့​ကို မြို့​များ​တွင် ပြန်လည်​နေထိုင်​ခွင့်​ပေး​မည်​။ ပြိုပျက်​ရာ​များ​ကို​လည်း ပြန်လည်​ပြုပြင်​ခွင့်​ပေး​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 34,
      "text": "ဖြတ်သန်းသွားလာ​သော​သူ​တို့​၏​အမြင်​တွင် တိတ်ဆိတ်​ခြောက်ကပ်​၍ လူသူကင်းမဲ့​သော​မြေ​ကို ထွန်ယက်​စိုက်ပျိုး​သော​မြေ ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 35,
      "text": "သူ​တို့​က လူသူကင်းမဲ့​ခဲ့​သော ဤ​မြေ​သည် ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်လာ​ပြီ​။ ဖျက်ဆီး​ခံရ​သဖြင့် ဆိတ်ညံ​၍ လူသူကင်းမဲ့​သော​မြို့​များ​သည်​လည်း လူ​နေထိုင်​ရာ​ခိုင်ခံ့​သော​မြို့​များ​ဖြစ်လာ​ပြီ​ဟု ပြောဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 36,
      "text": "ငါ​ထာဝရဘုရား​သည် ဖျက်ဆီး​ခံရ​သော​မြို့​တို့​ကို ပြန်လည်​တည်ဆောက်​သော​ဘုရား​၊ လူသူကင်းမဲ့​သော​အရပ်​တို့​ကို ပြန်လည်​သက်ဝင်​စေ​သော​ဘုရား​ဖြစ်ကြောင်း သင့်​ဝန်းကျင်​ရှိ​အခြား​တိုင်းပြည်​တို့ သိ​ကြ​လိမ့်မည်​။ ငါ​ထာဝရဘုရား မိန့်ဆို​သည့်​အတိုင်း ပြု​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 37,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုး​တို့ တောင်းဆို​သည့်​အတိုင်း ငါ​ပြု​ပေး​မည်​။ သူ​တို့​ကို သိုး​တို့​ကဲ့သို့ တိုးပွား​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 38,
      "text": "ဆိတ်ညံ​ခဲ့​သော​မြို့​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​ကာလ​တွင် ဂျေရုဆလင်​မြို့​၌ ယဇ်ပူဇော်​ရန်​သိုး​များ​နှင့် ပြည့်နှက်​နေ​သကဲ့သို့ လူအုပ်​များ​နှင့် ပြည့်​နေ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 1,
      "text": "ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 2,
      "text": "ထို့နောက် ထာဝရဘုရား​သည် ငါ့​အား ထို​အရိုး​တို့​ပတ်ပတ်လည်​သို့ လျှောက်သွား​စေ​၏​။ ချိုင့်ဝှမ်း​တစ်ပြင်လုံး​တွင် အရိုး​အမြောက်အမြား​ရှိ​၍ အလွန်​ခြောက်သွေ့​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 3,
      "text": "ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရိုး​တို့ အသက်ရှင်​နိုင်​မည်လော​”​ဟု မေး​လျှင် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 4,
      "text": "ထိုအခါ ကိုယ်တော်​က ငါ့​အား ဤ​အရိုး​တို့​ကို ပရောဖက်ပြု​ဟောပြော​လော့​။ “အို အရိုး​ခြောက်​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 5,
      "text": "ဤ​အရိုး​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အထဲ​သို့ အသက်လေ​ကို​မှုတ်သွင်း​၍ သင်​တို့​အသက်ရှင်​လာ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 6,
      "text": "အရွတ်​ပေါ်လာ​စေ​မည်​။ အသား​တက်လာ​စေ​မည်​၊ အရေပြား​ဖြင့် ဖုံးအုပ်​စေ​မည်​။ သင်​တို့​အထဲ​သို့ အသက်​လေ​ကို​မှုတ်သွင်း​၍ သင်​တို့​ကို အသက်ရှင်​လာ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 7,
      "text": "ငါ့​ကို မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​သည် ပရောဖက်ပြု​ဟောပြော​၏​။ ပရောဖက်ပြု​ဟောပြော​နေစဉ် အသံ​တစ်​ခု​ကြား​ရ​၏​။ အရိုး​တို့ လှုပ်ရှား​လာ​ပြီး အရိုး​အရိုး​ချင်း ဆက်မိ​သွား​သည်​ကို ငါ​တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 8,
      "text": "ငါ​ကြည့်​နေစဉ် အရိုး​တို့​တွင် အရွတ်​များ​၊ အသား​များ တက်လာ​၍ ၎င်း​တို့​အပေါ်​တွင် အရေပြား​ဖုံးလွှမ်း​သွား​သည်​ကို မြင်​လေ​၏​။ သို့သော် ထွက်သက်​ဝင်သက် မ​ရှိ​သေး​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 9,
      "text": "ထိုအခါ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ အသက်လေ​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အို အသက်​လေ​၊ သေ​သူ​တို့​အသက်ရှင်​လာ​အောင် အရပ်​လေး​မျက်နှာ​မှ​လာ​၍ သူ​တို့​အထဲ​သို့ အသက်လေ​ကို မှုတ်သွင်း​လော့’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 10,
      "text": "ငါ​က​လည်း ကိုယ်တော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပရောဖက်ပြု​ဟောပြော​ရာ အသက်လေ​သည် သူ​တို့​အထဲ​သို့​ဝင်​၍ သူ​တို့​သည် အသက်ရှင်​လာ​ကာ မတ်တတ်ရပ်​ကြ​လျက် အလွန်​များပြား​သော​စစ်သည်​အလုံးအရင်း ဖြစ်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 11,
      "text": "ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 12,
      "text": "သို့ဖြစ်၍ သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က အို ငါ့​လူမျိုး​တော်​၊ ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​မှ​ထုတ်ယူ​ပြီး အစ္စရေး​ပြည်​သို့ ပို့ဆောင်​မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 13,
      "text": "အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 14,
      "text": "ငါ့​ဝိညာဉ်​ကို သင်​တို့​အထဲ​သို့ သွင်းပေး​မည်​ဖြစ်၍ သင်​တို့​သည် အသက်ရှင်​လိမ့်မည်​။ သင်​တို့​ကို သင်​တို့​၏​နေရင်းပြည်​၌ နေရာချ​ထား​မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် ပြော​လျှင်​ပြော​သည့်​အတိုင်း ပြု​တတ်​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်ပြု​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 15,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 16,
      "text": "“​အချင်း​လူသား​၊ တုတ်​တစ်​ချောင်း​ကို​ယူ​၍ ထို​တုတ်​ပေါ်တွင် ‘​ယုဒ​အမျိုး​နှင့် ယုဒ​အမျိုး​၏​အပေါင်းအဖော် အစ္စရေး​အမျိုးသား​တို့​အတွက်​’​ဟု ရေးထား​လော့​။ နောက်​တုတ်​တစ်​ချောင်း​ကို​ယူ​၍ ‘​ယောသပ်​အမျိုး​အတွက် ဧဖရိမ်​တုတ်​နှင့် ယောသပ်​အမျိုး​၏​အပေါင်းအဖော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အတွက်​’​ဟု ရေးထား​လော့​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 17,
      "text": "ထို​တုတ်​နှစ်ချောင်း​ကို တစ်ချောင်းတည်း​ဖြစ်​စေရန် သင့်​လက်​ထဲ​တွင် ပူး​ကိုင်​ထား​လော့​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 18,
      "text": "သင့်​အမျိုးသားချင်း​တို့​က သင့်​အား ‘ဤ​အရာ​သည် မည်သည်​ကို​ဆိုလို​သနည်း​။ သင်​ပြောပြ​နိုင်​မည်လော’​ဟု မေး​လာ​လျှင်"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 19,
      "text": "သူ​တို့​အား ‘​ဘုရားရှင်​ထာဝရဘုရား​က ဧဖရိမ်​ကိုင်​ထား​သော ယောသပ်​နှင့် ယောသပ်​၏​အပေါင်းအဖော် အစ္စရေး​အမျိုးအနွယ်​တို့​၏​တုတ်​ကို​ယူ​၍ ယုဒ​၏​တုတ်​နှင့် ပူးကိုင်​ထား​ပြီး တစ်​ချောင်း​တည်း​ဖြစ်​စေ​မည်​။ ငါ့​လက်​ထဲတွင် တစ်ချောင်းတည်း​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 20,
      "text": "စာရေး​ထား​သော​တုတ်ချောင်း​ကို သူ​တို့​ရှေ့​၌ သင့်​လက်​တွင်​ကိုင်​ထား​၍"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 21,
      "text": "သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​ရောက်​ရာ​လူမျိုးခြား​တို့​အလယ်​မှ ပြန်ခေါ်​လာ​မည်​။ သူ​တို့​ရောက်​ရာ​အရပ်ရပ်​မှ သူ​တို့​ကို​စုစည်း​ပြီး နေရင်းပြည်​သို့ ပြန်ပို့ဆောင်​မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 22,
      "text": "ထို​ပြည်​ရှိ အစ္စရေး​တောင်​ပေါ်တွင် သူ​တို့​ကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေ​မည်​။ သူ​တို့​အားလုံး​ကို ရှင်ဘုရင်​တစ်ပါးတည်း​သာ အုပ်ချုပ်​မည်​။ သူ​တို့​သည် လူမျိုး​နှစ်​မျိုး​ဖြစ်​တော့​မည်​မ​ဟုတ်​၊ နိုင်ငံ​နှစ်​နိုင်ငံ​အဖြစ် ကွဲပြား​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 23,
      "text": "သူ​တို့​သည် ရုပ်တု​များ​၊ စက်ဆုပ်ရွံရှာဖွယ်​အရာ​များ​နှင့် အပြစ်​အမျိုးမျိုး​ကျူးလွန်​ခြင်း​တို့​ဖြင့် ကိုယ်ကို​ညစ်ညူး​စေ​တော့​မည်​မ​ဟုတ်​။ သူ​တို့​အပြစ်ပြု​လေ​ရာ​အရပ်ရပ်​တို့​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို​စင်ကြယ်​စေ​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 24,
      "text": "ငါ့​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို​အုပ်စိုး​သည့်​ဘုရင်​ဖြစ်​မည်​။ သူ​တို့​အားလုံး သိုးထိန်း​တစ်ပါးတည်း​သာ​ရှိ​မည်​။ သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​၍ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 25,
      "text": "ငါ​၏​အစေအပါး​ယာကုပ်​အား ငါ​ပေး​၍ ဘိုးဘေး​တို့​နေထိုင်​ခဲ့​ဖူး​သော​ပြည်​၌ နေထိုင်​ကြ​ရ​လိမ့်မည်​။ သူ​တို့​နှင့် သူ​တို့​၏​သားသမီး​မြေးမြစ်​တို့​သည် ထို​ပြည်​တွင် အစဉ်အမြဲ​နေထိုင်​ကြ​ရ​၍ ငါ​၏​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို အစဉ်​အုပ်စိုး​မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 26,
      "text": "ငါ​သည် သူ​တို့​နှင့် ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို​ဖွဲ့​၍ ထို​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​ဖြစ်​မည်​။ သူ​တို့​ကို နေရာချ​ထား​မည်​။ သူ​တို့​ကို တိုးပွား​စေ​မည်​။ ငါ​၏​သန့်ရှင်းရာဌာန​ကို သူ​တို့​အလယ်​တွင် အစဉ်​တည်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 27,
      "text": "ငါ​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 28,
      "text": "ဤသို့ ငါ​၏​သန့်ရှင်းရာဌာန​သည် သူ​တို့​၌ အစဉ်​တည်ရှိ​သောအခါ ငါ​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း လူမျိုးတကာ​တို့ သိ​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 2,
      "text": "“​အချင်း​လူသား​၊ မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​တို့​၏​အကြီးအကဲ​ခေါင်းဆောင်​ဖြစ်​သော မာဂေါဂ​ဘုရင်​ဂေါဂ​မင်းကြီး​ရှိ​ရာ​သို့​မျက်နှာမူ​ပြီး သူ့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 3,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘​အို မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​တို့​၏​အကြီးအကဲ​ခေါင်းဆောင် ဂေါဂ​မင်းကြီး​၊ သင့်​ကို ငါ​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 4,
      "text": "သင့်​မေးရိုး​ကို ချိတ်​နှင့်​ချိတ်​ပြီး ပြန်​လှည့်လာ​စေ​မည်​။ သင်​နှင့်အတူ စစ်လက်နက်​အပြည့်အစုံ​ဝတ်ဆင်​ထား​သော သင်​၏​စစ်သည်​အားလုံး​၊ မြင်း​၊ မြင်းစီးသူရဲ​တို့​အပါအဝင် ဒိုင်းလွှားကြီး​ဒိုင်းလွှားငယ်​ကိုင်ဆောင်​သော လူအုပ်ကြီး​၊ ဓားလက်နက်​စွဲကိုင်​သူ​အားလုံး​ကို​ပါ ထုတ်ဆောင်​သွား​မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 5,
      "text": "သူ​တို့​နှင့်အတူ ဒိုင်းလွှား​ကိုင်ဆောင်​သူ​၊ သံခမောက်​ဆောင်း​သူ ပါးရှား​ပြည်သား​၊ အီသီယိုးပီးယား​ပြည်သား​၊ ဖုတ​ပြည်သား​တို့​လည်း​ပါ​မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 6,
      "text": "ဂေါမာ​အမျိုး​နှင့်​သူ​၏​စစ်သည်​များ​၊ မြောက်​ပြည်​စွန်း​မှ တောဂါမ​အမျိုးအနွယ်​နှင့် သူ​၏​စစ်သည်​များ စသော လူ​အမြောက်အမြား​တို့​လည်း သင်​နှင့်အတူ​ပါလာ​မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 7,
      "text": "အသင့်ပြင်​ထား​လော့​။ သင်​နှင့်တကွ သင့်​ထံ​စုရုံး​လာ​သော​လူအုပ်​ကို​ပါ အသင့်ရှိ​စေ​လော့​။ သူ​တို့​ကို စောင့်ကြပ်​ထား​လော့​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 8,
      "text": "ကာလ​အတန်ကြာ​ပြီးနောက် သင့်​ကို​ဆင့်ခေါ်​လိမ့်မည်​။ နောင်​ကာလ​တွင် သင်​သည် ဓားဘေး​မှ​လွတ်မြောက်​လာ​သော​သူ​၊ လူမျိုး​တကာ​တို့​ထံမှ ပြန်လည်​စုစည်း​သော​သူ​တို့​၏​ပြည်​ထဲသို့ ကျူးကျော်​ဝင်ရောက်​မည်​။ သူ​တို့​သည် လူမျိုးတကာ​တို့​ထံမှ ပြန်လည်​ထုတ်ဆောင်​လာ​သော​သူ​များ​ဖြစ်၍ ကြာမြင့်​စွာ​ဆိတ်ညံ​နေ​သော အစ္စရေး​တောင်တန်း​တွင် ဘေးကင်းလုံခြုံ​စွာ နေထိုင်​လျက်​ရှိ​သော​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 9,
      "text": "သင်​နှင့်​သင်​၏​စစ်သည်​အပေါင်း​မှစ၍ သင်​နှင့်အတူ​ရှိ​သော​လူအုပ်ကြီး​သည် လေပြင်းမုန်တိုင်း​ကဲ့သို့ ချီတက်​လာ​ပြီး မိုးတိမ်​ကဲ့သို့ ထို​ပြည်​ကို ဖုံးအုပ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 10,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် သင့်​စိတ်​ထဲသို့ အတွေး​များ​ဝင်လာ​၍ မကောင်း​သော​အကြံအစည်​ကို ကြံစည်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 11,
      "text": "ထိုအခါ သင်​က မြို့ရိုး​မ​ရှိ​သော​ကျေးရွာ​များ​ကို ဝင်တိုက်​မည်​။ တံခါး​မ​ရှိ​၊ ကန့်လန့်ကျင်​မ​ရှိ​၊ မြို့ရိုး​မ​ရှိ​သော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေး​နေထိုင်​သော ထို​ပြည်သား​တို့​ကို ဝင်တိုက်​မည်​ဟု ပြော​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 12,
      "text": "ယခင်က ပျက်စီး​ခဲ့​သော်လည်း ယခု လူ​နေထိုင်​ရာ​ပြည်​ကို​လည်းကောင်း​၊ လူမျိုးခြား​တို့​ထံမှ​ပြန်လည်​စုစည်း​၍ ကမ္ဘာမြေ​အလယ်ဗဟို​တွင်​နေထိုင်​သော​၊ တိရစ္ဆာန်​နှင့်​ပစ္စည်းဥစ္စာ​အများအပြား​ပိုင်ဆိုင်​သော လူမျိုး​တို့​ကို​လည်းကောင်း တိုက်ခိုက်လုယူ​ပြီး အပိုင်သိမ်း​ရန် လက်​ကို​ဆန့်​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 13,
      "text": "ရှေဘ​ပြည်​၊ ဒေဒန်​ပြည်​၊ တာရှု​ပြည်​တို့​မှ ကုန်သည်​များ​နှင့် သူ​တို့​၏​ခြင်္သေ့ပျို​တို့​က သင့်​အား သင်​သည် ပစ္စည်း​တို့​ကို​လုယူ​ရန် လာ​သလော​။ ရွှေ​ငွေ​တို့​ကို သယ်ဆောင်​သွား​ရန်​၊ တိရစ္ဆာန်​များ​နှင့် စည်းစိမ်ဥစ္စာ​များ​ကို ယူဆောင်​သွား​ရန်​၊ အမြောက်အမြား​တိုက်ခိုက်လုယက်​ရန်​၊ ဥစ္စာဘဏ္ဍာ​တို့​ကို တိုက်ခိုက်သိမ်းယူ​ရန် သင်​၏​လူအုပ်ကြီး​ကို စုဝေး​စေ​သလော​ဟု မေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 14,
      "text": "ထို့ကြောင့် အချင်း​လူသား​၊ ဂေါဂ​မင်းကြီး​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့ စိတ်အေးလက်အေး​နေထိုင်​လျက်​ရှိ​သည်​ကို သင်​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 15,
      "text": "ထိုအခါ မြင်းစီးသူရဲ​တပ်ကြီး​၊ စစ်တပ်ကြီး​နှင့် လူအင်အား​အမြောက်အမြား​တို့​သည် သင်​နေထိုင်​ရာ​မြောက်ဘက်​စွန်း​မှ သင်​နှင့်အတူ ချီလာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 16,
      "text": "မိုးတိမ်​သည် မြေပြင်​ကို​လွှမ်းမိုး​သကဲ့သို့ သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​မည်​။ အို ဂေါဂ​မင်းကြီး​၊ နောင်​ကာလ​တွင် ငါ​၏​ပြည်​တော်​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​စေ​၍ ငါ​သန့်ရှင်း​ကြောင်း​ကို သင့်​အားဖြင့် လူမျိုးတကာ​တို့​ရှေ့​တွင် ထင်ရှား​စေ​သောအခါ သူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 17,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် သင့်​ကို ငါ​စစ်ချီ​လာ​စေ​မည့်​အကြောင်း ရှေး​နှစ်ပေါင်း​များစွာ ပရောဖက်ပြု​ဟောပြော​ခဲ့​သော ငါ့​အစေအပါး အစ္စရေး​လူမျိုး​တို့​၏​ပရောဖက်​များ​အားဖြင့် သင့်​ကို​ရည်မှတ်​၍ ရှေးယခင်​ကပင် ငါ​မိန့်ဆို​ခဲ့​သည်​မ​ဟုတ်​လော’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 18,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​ပြည်​သို့ ဂေါဂ​မင်းကြီး​ချီတက်​လာ​သော​နေ့​သည် ငါ့​အမျက်မီး​တောက်လောင်​သော​နေ့​ဖြစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 19,
      "text": "စိတ်အားကြီး​လျက်​၊ အမျက်​မီး​တောက်လောင်​လျက် ငါ​မိန့်ဆို​ပြီ​။ ထို​နေ့​၌ အစ္စရေး​ပြည်​တွင် ငလျင်​ပြင်းစွာ​လှုပ်ခတ်​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 20,
      "text": "ပင်လယ်​ငါး​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​၊ မြေ​ပေါ်မှာ​တွားသွားသောသတ္တဝါ​များ​အပါအဝင် ကမ္ဘာမြေ​ပေါ်​ရှိ​လူသား​အားလုံး​တို့​သည် ငါ့​မျက်မှောက်​တွင် တုန်လှုပ်​ကြ​လိမ့်မည်​။ တောင်​များ​လည်း ပြိုကျ​လိမ့်မည်​။ ချောက်ကမ်းပါး​များ​လည်း လဲပြိုကျ​လိမ့်မည်​။ မြို့ရိုး​လည်း မြေ​တိုင်အောင် လဲပြိုကျ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 21,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​၏​တောင်​ရှိသမျှ​တို့​မှ ဓား​ကို​ဆင့်ခေါ်​၍ ဂေါဂ​မင်းကြီး​ကို တိုက်ခိုက်​မည်​။ လူ​တို့​သည် တစ်ဦး​ကို​တစ်ဦး ဓား​ဖြင့်​ခုတ်သတ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 22,
      "text": "ငါ​သည် သူ့​ကို ကပ်ရောဂါ​ဘေး​၊ သေဘေး​ဖြင့် စီရင်​မည်​။ သူ​နှင့်​သူ့​စစ်သည်​များ​အပါအဝင် သူ​၌​ပါလာ​သော​လူ​အမြောက်အမြား​တို့​အပေါ် ရေလွှမ်းမိုး​စေ​မည်​၊ မိုးသီး​နှင့်တကွ မီး​နှင့်​ကန့် ရွာကျ​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 23,
      "text": "လူမျိုး​တကာ​တို့​ရှေ့​တွင် ငါ​သည် ကြီးမြတ်​သော​ဘုရား​၊ သန့်ရှင်း​သော​ဘုရား​ဖြစ်ကြောင်း ထင်ရှားပြ​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 1,
      "text": "အချင်း​လူသား​၊ ဂေါဂ​မင်းကြီး​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို မေရှက်​ပြည်​၊ တုဗလ​ပြည်​တို့​၏​အကြီးအကဲ​ခေါင်းဆောင် ဂေါဂ​မင်းကြီး​၊ သင့်​ကို ငါ​စီရင်​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 2,
      "text": "ငါ​သည် သင့်​ကို​ပြန်လှည့်​စေ​၍ ဆွဲခေါ်​လာ​မည်​။ သင့်​ကို မြောက်ဘက်​စွန်း​မှ ခေါ်ဆောင်​လာ​၍ အစ္စရေး​တောင်​များ​ကို ဝင်ရောက်​တိုက်ခိုက်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 3,
      "text": "ထို့နောက် သင့်​လက်ဝဲ​လက်​မှ​လေး​ကို ချိုး​၍ လက်ယာ​လက်​မှ​မြား​ကို ရိုက်ချ​ပစ်​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 4,
      "text": "သင်​နှင့်​သင်​၏​စစ်သည်​အားလုံး​အပါအဝင် သင်​၌​ရှိ​သော​လူ​တို့​သည် အစ္စရေး​တောင်​များ​ပေါ်တွင် ကျဆုံး​ကြ​လိမ့်မည်​။ သင့်​ကို အသားစားငှက်​အမျိုးမျိုး​နှင့် တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ ဖြစ်​စေ​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 5,
      "text": "ငါ​မိန့်ဆို​ထား​သည့်​အတိုင်း သင်​သည် ကွင်းပြင်​တွင် လဲကျ​သေဆုံး​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 6,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘စိတ်အေးလက်အေး​နေ​နေ​သော မာဂေါဂ​ပြည်​နှင့် ကမ်းရိုးတန်းဒေသ​တို့​တွင် မီးကျ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 7,
      "text": "ငါ့​နာမ​သန့်ရှင်း​ကြောင်း​ကို ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အား သိ​စေ​မည်​။ သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချခွင့်​ပြု​တော့​မည်​မ​ဟုတ်​။ ငါ​သည် အစ္စရေး​လူမျိုး​တွင် သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ဖြစ်ကြောင်း လူမျိုးတကာ​တို့​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 8,
      "text": "ကြည့်ရှု​လော့​။ ငါ​မိန့်ဆို​ခဲ့​သော​နေ့ရက်​သည် အမှန်ပင်​ရောက်ရှိ​ဖြစ်ပျက်​လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 9,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​မြို့​များ​၌​နေထိုင်​သော​သူ​တို့​သည် မြို့ပြင်​သို့​ထွက်လာ​၍ ဒိုင်းလွှားကြီး​ဒိုင်းလွှားငယ်​၊ လေး​မြား​၊ တုတ်​၊ လှံ စသော လက်နက်​တို့​ကို​သိမ်းယူ​၍ လောင်စာ​အဖြစ် ခုနစ်​နှစ်​တိုင်တိုင် မီးဆိုက်​အသုံးပြု​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 10,
      "text": "ကွင်းပြင်​မှ​ထင်း​များ​ကို စုသိမ်း​စရာ​မ​လို​၊ တော​ထဲမှ ထင်း​များ​ကို ခုတ်ယူစရာ​မ​လို​။ ထို​လက်နက်​များ​ကို လောင်စာ​အဖြစ် အသုံးပြု​ကြ​လိမ့်မည်​။ သူ​တို့​ထံ လုယူ​ခဲ့​သော​အရာ​များ​ကို သူ​တို့​ပြန်လည်​လုယူ​ကြ​လိမ့်မည်​။ သူ​တို့​ထံ သိမ်းယူ​သွား​သော​အရာ​တို့​ကို သူ​တို့​ပြန်လည်​သိမ်းယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 11,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​ပြည်​၊ ပင်လယ်​အရှေ့ဘက်​ခရီးသွား​ရာ​လွင်ပြင်​တွင် ဂေါဂ​မင်းကြီး​ကို သင်္ဂြိုဟ်​ရန် မြေနေရာ​ပေး​မည်​။ ထို​နေရာ​တွင် ဂေါဂ​မင်းကြီး​နှင့်​သူ့​လူအုပ်​ကို သင်္ဂြိုဟ်​ကြ​သဖြင့် ခရီးသွားလာ​သော​သူ​တို့​အတွက် လမ်းပိတ်​လိမ့်မည်​။ ထို့ကြောင့် ထို​နေရာ​ကို ဟာမုန်ဂေါဂ ​ချိုင့်​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 12,
      "text": "အစ္စရေး​လူမျိုး​တို့​သည် ပြည်​ကို​သန့်ရှင်း​အောင် ခုနစ်​လ​ပတ်လုံး သူ​တို့​ကို သင်္ဂြိုဟ်​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 13,
      "text": "ပြည်သူပြည်သား​အားလုံး ဝိုင်းဝန်း​သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဤသို့ဖြင့် ငါ့​ဘုန်းထင်ရှား​ရာ​နေ့​တွင် သူ​တို့​သည်​လည်း ထင်ပေါ်ကျော်ကြား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 14,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘တိုင်းပြည်​သန့်ရှင်း​သွား​အောင် ခုနစ်​လ​အကုန်​၌ မြေပြင်​ပေါ်​ကျန်ရှိ​နေ​သော ကျူးကျော်​ဝင်ရောက်​သူ​များ​၏​အလောင်း​ကို သင်္ဂြိုဟ်​ရန် တိုင်းပြည်​အနှံ့​လိုက်လံ​ရှာဖွေ​မည့်​လူ​တို့​ကို ခန့်ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 15,
      "text": "ထိုသို့ တိုင်းပြည်​အနှံ့​သွား​သော​သူ​တို့​သည် လူ​အရိုး​ကို​တွေ့​လျှင် ထို​အရိုး​ကို ဟာမုန်ဂေါဂ​ချိုင့်​၌ မ​သင်္ဂြိုဟ်​မီ​အထိ အရိုး​နား​တွင် အမှတ်အသား​ထား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 16,
      "text": "ဟာမုန် ​ဟု အမည်တွင်​သော​မြို့​လည်း ပေါ်လာ​မည်​။ ဤသို့ဖြင့် ပြည်​ကို​သန့်ရှင်း​အောင် လုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 17,
      "text": "အချင်း​လူသား​၊ ငှက်​အမျိုးမျိုး​တို့​နှင့် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​တို့​အား ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အရပ်ရပ်​မှ​စုဝေး​ပြီး ယဇ်ပူဇော်ပွဲ​သို့​လာ​ကြ​လော့​။ အစ္စရေး​တောင်​ပေါ်တွင် သင်​တို့​အဖို့ ယဇ်ပူဇော်ပွဲ​ကြီး​ကို ငါ​ပြင်ဆင်​ထား​ပြီ​။ သင်​တို့​သည် အသား​ကို​စား​၍ အသွေး​ကို​သောက်​ကြ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 18,
      "text": "စစ်သူရဲ​တို့​၏​အသား​ကို​စား​၍ မြေကြီး​မင်း​တို့​၏​သွေး​ကို သောက်​ရ​ကြ​လိမ့်မည်​။ ဗာရှန်​ပြည်​မှ ဆူဖြိုး​သော​တိရစ္ဆာန်​များ​ဖြစ်​သည့် သိုးသငယ်​၊ သိုးထီး​၊ ဆိတ်ထီး​၊ နွားထီး​တို့​၏​အသား​ကို စား​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 19,
      "text": "သင်​တို့​အဖို့​ပူဇော်​သော ယဇ်ပူဇော်ပွဲ​ကြီး​တွင် သင်​တို့​သည် အဆီ​ကို​ဝအီ​အောင်​စား​ရ​မည်​၊ သွေး​ကို​လည်း မူးဝေ​အောင်​သောက်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 20,
      "text": "ငါ့​စားပွဲ​မှ မြင်း​၊ မြင်းစီးသူရဲ​၊ စစ်သူရဲ​အပါအဝင် စစ်သည်​အပေါင်း​တို့​၏​အသား​ကို သင်​တို့​ဝအီ​စွာ​စား​ရ​လိမ့်မည်’ ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 21,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘လူမျိုးတကာ​တို့​အလယ်​တွင် ငါ့​ဘုန်း​ကို ငါ​ထင်ရှား​စေ​မည်​။ တရားမျှတ​စွာ​စီရင်​ခြင်း​၊ သူ​တို့​အပေါ်​လက်တင်​ခြင်း​ကို လူမျိုး​တကာ​တို့ သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 22,
      "text": "ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို ထို​နေ့​မှစ၍ နောင်ကာလ​တိုင်အောင် အစ္စရေး​အမျိုး​တို့ သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 23,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​ပြု​သော​အပြစ်​ကြောင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ကြောင်း လူမျိုးတကာ​တို့ သိ​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​သည် ငါ့​အပေါ်​သစ္စာမဲ့​၍ ငါ​သည် သူ​တို့​ထံမှ​မျက်နှာ​လွှဲ​သဖြင့် သူ​တို့​ကို ရန်သူ​တို့​လက်​သို့ အပ်လိုက်​၍ သူ​တို့​အားလုံး ရန်သူ့​ဓား​ကြောင့် သေဆုံး​ရ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 24,
      "text": "သူ​တို့​မစင်ကြယ်​သည့်​အလျောက်​၊ အပြစ်​ပြု​သည့်​အလျောက် သူ​တို့​ကို ငါ​စီရင်​ပြီ​၊ သူ​တို့​ထံမှ မျက်နှာလွှဲ​ခဲ့​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 25,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယာကုပ်​အမျိုး​ကို ယခု ငါ​ပြန်ခေါ်​လာ​မည်​။ အစ္စရေး​တစ်မျိုးနွယ်လုံး​ကို သနားစုံမက်​မည်​။ သန့်ရှင်း​သော​ငါ့​နာမ​အတွက် ငါ​သဝန်တို​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 26,
      "text": "သူ​တို့​၏​နေရင်းပြည်​တွင် ခြိမ်းခြောက်​မည့်​သူ​မ​ရှိ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​သောအခါ သူ​တို့​အရှက်ကွဲ​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ ငါ့​အပေါ်​သစ္စာမဲ့​၍ ဖောက်ပြန်မှားယွင်း​ခဲ့​ကြ​သည်​ကို​လည်းကောင်း မေ့လျော့​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 27,
      "text": "လူမျိုးတကာ​တို့​ထံမှ သူ​တို့​ကို ပြန်ခေါ်​လာ​မည်​။ ရန်သူ​တို့​နေရာ​မှ သူ​တို့​ကို ပြန်လည်​စုရုံး​မည်​။ သူ​တို့​အားဖြင့် လူမျိုး​တကာ​တို့​ရှေ့​တွင် ငါ​သန့်ရှင်း​ကြောင်း​ကို ထင်ရှား​ပြ​မည်​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 28,
      "text": "သူ​တို့​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​သွား​စေ​ခဲ့​သော်လည်း သူ​တို့​၏​နေရင်းပြည်​သို့ တစ်ယောက်မကျန် ပြန်လည်​စုဝေး​လာ​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 29,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုး​တို့​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သူ​တို့​ကို မျက်နှာလွှဲ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 1,
      "text": "ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး နှစ်ဆယ့်​ငါး​နှစ်​မြောက်​နှစ်​ဦး​ပိုင်း​၊ ဂျေရုဆလင်​မြို့​တိုက်ခိုက်​ခံရ​ပြီး တစ်ဆယ့်​လေး​နှစ်​မြောက်​၊ လဆန်း​ဆယ်​ရက်​နေ့​၊ ထို​နေ့​တွင်​ပင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​ရောက်လာ​၍ ငါ့​အား ထို​မြို့​သို့ ဆောင်သွား​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 2,
      "text": "နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 3,
      "text": "ထို​အရပ်​သို့​ရောက်​၍ ငါ​ကြည့်​လိုက်​ရာ ကြေးနီ​အဆင်း​နှင့်​တူ​သော​လူ​တစ်​ယောက်​ကို တွေ့​၏​။ ထို​သူ​သည် တိုင်းတာစရာ ချည်ကြိုး​နှင့်​ကျူချောင်း​တစ်​ချောင်း​ကို ကိုင်​ထား​လျက် မုခ်ဆောင်​တံခါး​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 4,
      "text": "ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မျက်စိ​ဖွင့်​၊ နားစွင့်​ပြီး ငါ​ပြ​မည့်​အရာ​အားလုံး​ကို နှလုံးသွင်း​မှတ်ကျုံး​လော့​။ ဤ​အရာ​တို့​ကို သင့်​အား​ငါ​ပြသ​ရန် သင့်​ကို ဤ​နေရာ​သို့ ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏​။ သင်​မြင်​သမျှ​သော​အရာ​တို့​ကို အစ္စရေး​လူမျိုး​တို့​အား ပြန်လည်​ပြောပြ​လော့”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 5,
      "text": "ကြည့်ရှု​လော့​။ အိမ်​တော်​အပြင်ဘက်​ပတ်ပတ်လည်​တွင် တံတိုင်း​ရှိ​၏​။ ထို​သူ​သည် အရှည်​ခြောက်​တောင် ​ရှိ​သော တိုင်းစရာ​ကျူ​တစ်​ချောင်း​ကို​ကိုင်​ထား​၏​။ ထို​ကျူချောင်း​တစ်တောင် ​လျှင် လူ့​လက်​တစ်တောင် ​နှင့်​လက်တစ်ဝါး ​ရှိ​၏​။ တံတိုင်း​ကို​တိုင်းတာ​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ ​၊ အမြင့်​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 6,
      "text": "ထို့နောက် အရှေ့​မုခ်ဆောင်​တံခါးဝ​သို့​သွား​၍ လှေကား​ကို​တက်​ပြီးမှ တံခါးဝ​ရှိ တံခါးခုံ​ကို​တိုင်း​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ နောက်​တံခါးခုံ​တစ်​ခု​မှာ​လည်း အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 7,
      "text": "အခန်းငယ်​များ​သည် တစ်ခန်း​လျှင် အလျား​ကျူချောင်း​တစ်ပြန်စာ​၊ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ တစ်ခန်း​နှင့်​တစ်ခန်း ငါး​တောင် ​စီ​ကွာ​၏​။ အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​တံခါးဝ​ရှိ​တံခါးခုံ​သည်​လည်း ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 8,
      "text": "ထို့နောက် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 9,
      "text": "ထို့နောက် မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ အကျယ်​မှာ ရှစ်​တောင် ​ရှိ​၍ ဆင်ဝင်​ရှိ​တိုင်​များ​၏​ထု​မှာ နှစ်​တောင် ​စီ​ထူ​၏​။ မုခ်ဆောင်​ဆင်ဝင်​သည် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 10,
      "text": "အရှေ့​မုခ်ဆောင်​တံခါးဝ​၏​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ အခန်းငယ်​သုံးခန်းစလုံး အရွယ်အစား​တူ​၏​။ အခန်းငယ်​တို့​၏​တစ်ဖက်တစ်ချက်​ရှိ တိုင်​များ​သည်​လည်း အရွယ်အစား​တူ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 11,
      "text": "ထို့နောက် မုခ်ဆောင်​တံခါးဝ​အကျယ်​ကို​တိုင်း​ရာ အတောင်​တစ်ဆယ် ​ရှိ​၏​။ မုခ်ဆောင်​တံခါးဝ​အမြင့်​မှာ တစ်ဆယ့်​သုံး​တောင် ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 12,
      "text": "တစ်ဖက်တစ်ချက်​ရှိ အခန်းငယ်​တို့​အရှေ့​အောက်ခြေ​တွင် အလျား​တစ်​တောင်​၊ အနံ​တစ်​တောင်​ရှိ​သော အကာ​ရှိ​၏​။ ထို​အခန်းငယ်​တို့​သည် အလျား​ခြောက်​တောင်​၊ အနံ​ခြောက်​တောင်​စီ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 13,
      "text": "အခန်းပေါက်​ချင်း​မျက်နှာချင်းဆိုင်​နေ​သော အခန်းငယ်​၏​ခေါင်မိုးထိပ်​မှ အခြား​တစ်ဖက်​အခန်းငယ်​ခေါင်မိုးထိပ်​အထိ မုခ်ဆောင်​ကို​တိုင်း​ရာ နှစ်ဆယ့်​ငါး​တောင် ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 14,
      "text": "မုခ်ဆောင်​တိုင်​များ​ကို​တိုင်း​ရာ အမြင့်​အတောင်​ခြောက်ဆယ် ​စီ​ရှိ​၏​။ မုခ်ဆောင်​တံတိုင်း​ပတ်ပတ်လည်​သည် မုခ်ဆောင်​တိုင်​အထိ​မြင့်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 15,
      "text": "မုခ်ဆောင်​ဝင်ပေါက်​မျက်နှာစာ​မှ အတွင်း​ဆင်ဝင်​ပေါက်​အထိ အတောင်​ငါးဆယ် ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 16,
      "text": "မုခ်ဆောင်​အတွင်း​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ မုခ်ဆောင်​အတွင်း​ဘက်​ရှိ အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​တို့​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 17,
      "text": "ထို့နောက် သူ​သည် ငါ့​ကို အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​၏​။ ဝင်း​ပတ်ပတ်လည်​တွင် အခန်း​များ​နှင့်​ကျောက်ခင်းစင်္ကြံ​ရှိ​၏​။ ထို​ကျောက်ခင်းစင်္ကြံ​ပေါ်တွင် အခန်း​ပေါင်း​သုံးဆယ်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 18,
      "text": "ကျောက်ခင်းစင်္ကြံ​သည် မုခ်ဆောင်​များ​၏​ဘေး​တစ်လျှောက်​တွင်​ရှိ​၏​။ စင်္ကြံ​၏​အကျယ်​မှာ မုခ်ဆောင်​၏​အရှည်​နှင့်​တူ​၏​။ ဤသည်ကား အောက်စင်္ကြံ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 19,
      "text": "အောက်​မုခ်ဆောင်​ရှေ့​မှ အတွင်း​ဝင်း​ရှေ့​ထိ အကျယ်​ကို​တိုင်း​ရာ အတောင်​တစ်ရာ ​ရှိ​၏​။ အရှေ့ဘက်​နှင့် မြောက်ဘက်​တို့​တွင်​လည်း အတောင်​တစ်ရာ​စီ​ကျယ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 20,
      "text": "အပြင်​ဝင်း​တွင် မြောက်ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ရှိ​၏​။ ထို​မုခ်ဆောင်​၏​အလျား​အနံ​ကို​လည်း တိုင်းတာ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 21,
      "text": "မုခ်ဆောင်​တစ်ဘက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ တိုင်​များ​နှင့်​ဆင်ဝင်​သည် ယခင်​တိုင်း​ခဲ့​သော​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 22,
      "text": "ပြတင်းပေါက်​၊ ဆင်ဝင်​နှင့် စွန်ပလွံပင်ပုံ​တို့​သည် ယခင်​တိုင်း​ခဲ့​သော​အရှေ့​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့​တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 23,
      "text": "အရှေ့​မုခ်ဆောင်​ကဲ့သို့ပင် မြောက်ဘက်​မုခ်ဆောင်​တွင်​လည်း မျက်နှာချင်းဆိုင်​တွင် အတွင်း​ဝင်း​မုခ်ဆောင်​ရှိ​၍ တစ်ဆောင်​နှင့်​တစ်ဆောင်​အကွာအဝေး​ကို​တိုင်း​ရာ အတောင်​တစ်ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 24,
      "text": "ထို့နောက် သူ​သည် ငါ့​ကို တောင်ဘက်​သို့​ခေါ်ဆောင်​သွား​ရာ တောင်ဘက်​တွင်​လည်း မုခ်ဆောင်​တစ်​ခု​ရှိ​သည်​ကို တွေ့​ရ​၏​။ ထို​မုခ်ဆောင်​၏​တိုင်​၊ ဆင်ဝင်​တို့​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 25,
      "text": "ထို​မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​တို့ ပါရှိ​၏​။ ထို​ပြတင်းပေါက်​တို့​သည် အခြား​ပြတင်းပေါက်​တို့​နှင့်​တူ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 26,
      "text": "ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။ မုခ်ဆောင်​အတွင်း​တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 27,
      "text": "အတွင်း​ဝင်း​တောင်ဘက်​တွင်​လည်း မုခ်ဆောင်​တစ်​ခု​ရှိ​၏​။ ထို​တောင်ဘက်​မုခ်ဆောင် တစ်ဆောင်​နှင့်​တစ်ဆောင် အကွာအဝေး​ကို​တိုင်း​ရာ အတောင်​တစ်ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 28,
      "text": "တောင်​မုခ်ဆောင်​ကို​ဖြတ်​၍ အတွင်း​ဝင်း​သို့ ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အတွင်း​ဝင်း​ရှိ တောင်​မုခ်ဆောင်​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​တို့​နှင့် အတိုင်းအတာ အတူတူ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 29,
      "text": "ထို​မုခ်ဆောင်​၏​အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​နှင့် ဆင်ဝင်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 30,
      "text": "ဝင်း​ပတ်လည်​ရှိ မုခ်ဆောင်​တို့​၏​ဆင်ဝင်​သည် အလျား​နှစ်ဆယ့်​ငါး​တောင်​၊ အနံ​ငါး​တောင်​စီ​ရှိ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 31,
      "text": "မုခ်ဆောင်​ဆင်ဝင်​တို့​သည် အပြင်​ဝင်း​ဘက်​သို့ မျက်နှာမူ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်ထား​၏​။ ထို​မုခ်ဆောင်​သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 32,
      "text": "ထို့နောက် ငါ့​ကို အတွင်း​ဝင်း​၏​အရှေ့ဘက်​သို့ ခေါ်ဆောင်​သွား​ပြီး မုခ်ဆောင်​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​များ​နှင့် အတိုင်းအတာ အတူတူပင်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 33,
      "text": "အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 34,
      "text": "ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 35,
      "text": "တစ်ဖန် ငါ့​ကို မြောက်ဘက်​မုခ်ဆောင်​သို့ ခေါ်ဆောင်​သွား​ပြီး တိုင်း​ရာ အခြား​မုခ်ဆောင်​များ​နှင့် အတိုင်းအတာ အတူတူ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 36,
      "text": "အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ ထို​မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 37,
      "text": "ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 38,
      "text": "မုခ်ဆောင်​တံခါး​တိုင်​နားတွင် တံခါးပေါက်​ပါ​သော​အခန်း​တစ်ခန်း​ရှိ​၏​။ ထို​နေရာ​တွင် မီးရှို့ရာယဇ်ကောင်​ကို ဆေးကြော​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 39,
      "text": "မုခ်ဆောင်​ဆင်ဝင်​တစ်ဖက်တစ်ချက်​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​၊ အပြစ်ဖြေရာယဇ်ကောင်​၊ အပြစ်ဒဏ်ဖြေရာယဇ်ကောင်​တို့​ကို တင်သတ်​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 40,
      "text": "မြောက်ဘက်​မုခ်ဆောင်​တွင် ဆင်ဝင်​အပြင်ဘက် မုခ်ဆောင်​အဝင်ဝ​သို့​တက်သွား​ရာ လှေကား​တစ်ဖက်တစ်ချက်စီ​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 41,
      "text": "မုခ်ဆောင်​တစ်ဖက်​တွင် စားပွဲ​လေး​လုံး​၊ အခြား​တစ်ဖက်​တွင် စားပွဲ​လေး​လုံး စုစုပေါင်း​စားပွဲ​ရှစ်​လုံး​ရှိ​၏​။ ထို​စားပွဲ​တို့​အပေါ်​တွင် ယဇ်ကောင်​များ​ကို​တင်သတ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 42,
      "text": "မီးရှို့ရာယဇ်​အတွက် အလျား​တစ်​တောင်​ခွဲ ​၊ အနံ​တစ်​တောင်​ခွဲ​၊ အမြင့်​တစ်​တောင်​ရှိ​သော ကျောက်ဆစ်​စားပွဲ​လေး​လုံး​လည်း​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​နှင့် ယဇ်ကောင်​များ​ကို​သတ်​ရာ​တွင် အသုံးပြု​သော လက်နက်ကိရိယာ​များ​ကို တင်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 43,
      "text": "နံရံ​ပတ်ပတ်လည်​တွင် လက်တစ်ဝါး​စာ​အရှည်​ရှိ​ချိတ်​များ​ကို တပ်​ထား​၏​။ ပူဇော်သက္ကာ​အသား​များ​ကို စားပွဲ​များ​ပေါ်တွင် တင်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 44,
      "text": "အတွင်း​ဝင်း​ထဲရှိ အတွင်း​မုခ်ဆောင်​အပြင်ဘက်​တွင် သီချင်းသည်​တို့​နေ​ရာ​အခန်း​များ​ရှိ​၏​။ တစ်​ခန်း​မှာ မြောက်​မုခ်ဆောင်​၌​ရှိ​ပြီး တောင်ဘက်​သို့​မျက်နှာမူ​ထား​၏​။ နောက်​တစ်​ခန်း​မှာ တောင် ​မုခ်ဆောင်​တွင်​ရှိ​ပြီး မြောက်ဘက်​သို့​မျက်နှာမူ​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 45,
      "text": "သူ​က ငါ့​အား “​တောင်ဘက်​သို့​မျက်နှာမူ​ထား​သော​အခန်း​သည် အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အတွက်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 46,
      "text": "မြောက်ဘက်​သို့​မျက်နှာမူ​သော​အခန်း​သည် ယဇ်ပလ္လင်​အမှု​ကို​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အတွက်​ဖြစ်​၏​။ ထို​သူ​တို့​ကား ထာဝရဘုရား​အထံ​တော်​သို့​ဆည်းကပ်​၍ အမှု​တော်​ထမ်းဆောင်​သော လေဝိ​အမျိုး​ဇာဒုတ်​၏​သား​များ​ဖြစ်​ကြ​၏​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 47,
      "text": "ထို့နောက် သူ​သည် စတုရန်းပုံ​ဝင်း​ကို​တိုင်း​ရာ အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​တစ်ရာ​ရှိ​၏​။ အိမ်​တော်​ရှေ့​တွင် ယဇ်ပလ္လင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 48,
      "text": "ထို့နောက် ငါ့​အား အိမ်​တော်​၏​ဆင်ဝင်​သို့​ခေါ်ဆောင်​သွား​ပြီး ဆင်ဝင်​တိုင်​ကို​တိုင်း​ရာ ဆင်ဝင်​တစ်ဖက်​တွင် ထု​ငါး​တောင်​၊ အခြား​တစ်ဖက်​တွင် ထု​ငါး​တောင်​ရှိ​၏​။ တံခါးပေါက်​တစ်ဖက်​တွင် ထု​သုံး​တောင် ​၊ အခြား​တစ်ဖက်​တွင် ထု​သုံး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 49,
      "text": "ဆင်ဝင်​သည် အလျား​အတောင်​နှစ်ဆယ် ​၊ အနံ​တစ်ဆယ့်တစ်​တောင် ​ရှိ​၏​။ ထို​နေရာ​သို့ လှေကားထစ်​များ​ဖြင့်​တက်​ရ​၏​။ ဆင်ဝင်​တိုင်​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် တိုင်လုံးကြီး​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 1,
      "text": "ထို့နောက် ငါ့​ကို ဗိမာန်တော်​သို့ ခေါ်ဆောင်​သွား​၍ ကိန်းဝပ်​တော်မူ​ရာ​ဌာန ​အဝင်ဝ တစ်ဖက်တစ်ချက်​ရှိ တံခါးတိုင်​များ​ကို​တိုင်း​ရာ ထု​ခြောက်​တောင် ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 2,
      "text": "တံခါးပေါက်​မှာ အတောင်​တစ်ဆယ် ​ကျယ်​၏​။ တစ်ဖက်တစ်ချက်​ရှိ​တံခါးတိုင်​၏​ထု​မှာ ငါး​တောင် ​စီ​ရှိ​၏​။ ဗိမာန်တော်​အပြင်ခန်း​ကို​တိုင်း​ရာ အလျား​အတောင်​လေးဆယ် ​၊ အနံ​အတောင်​နှစ်ဆယ် ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 3,
      "text": "ထို့နောက် အတွင်းခန်း​သို့​ဝင်​၍ တံခါး​အဝင်ဝ​တိုင်​ကို​တိုင်း​ရာ ထု​နှစ်​တောင် ​ရှိ​၏​။ တံခါးပေါက်​အကျယ်​မှာ ခြောက်​တောင်​ရှိ​၏​။ အဝင်ဝ​တစ်ဖက်တစ်ချက်​ရှိ နံရံ​အကျယ်​မှာ ခုနစ်​တောင် ​စီ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 4,
      "text": "ဗိမာန်တော်​အတွင်းခန်း​ကို​တိုင်း​ရာ အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​ရှိ​၏​။ “​ဤ​အခန်း​သည် အသန့်ရှင်းဆုံးဌာန​ဖြစ်​သည်​”​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 5,
      "text": "ထို့နောက် အိမ်​တော်​နံရံ​ကို​တိုင်း​ရာ​ထု​မှာ ခြောက်​တောင်​ရှိ​၏​။ အိမ်​တော်​နှင့်​ကပ်​လျက် အိမ်​တော်​ပတ်ပတ်လည်​ရှိ အခန်းငယ်​များ​မှာ တစ်ခန်း​လျှင်​လေး​တောင်​စီ အကျယ်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 6,
      "text": "ထို​အခန်းငယ်​တို့​သည် အထပ်​သုံး​ထပ်​ရှိ​၍ တစ်ထပ်​လျှင် အခန်း​ပေါင်း​သုံးဆယ်​စီ​ရှိ​၏​။ အိမ်​တော်​နံရံ​ပတ်ပတ်လည်​တွင် ထို​အခန်းငယ်​များ​ကို ထောက်ပင့်​ထား​သော​တိုင်​များ​ရှိ​၏​။ ထို​ထောက်ပင့်​ထား​သော​တိုင်​တို့​သည် အိမ်​တော်​နံရံ​နှင့် ကပ်​မ​နေ​ပေ​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 7,
      "text": "အိမ်​တော်​အတွင်း​ပတ်ပတ်လည်​ရှိ အခန်း​များ​သည် အထက်​သို့​ရောက်​လေလေ ပို၍​ကျယ်​လေလေ​ဖြစ်​၏​။ အကြောင်းမူကား အိမ်​တော်​၏​ပုံစံ​သည် အောက်​၌​ကျဉ်း​ပြီး အထက်​သို့​ကျယ်သွား​သောကြောင့် အိမ်​တော်​ပတ်ပတ်လည်​ရှိ အခန်းငယ်​တို့​သည်​လည်း အထက်​သို့​ရောက်​လေလေ ပို၍​ကျယ်​လေလေ​ဖြစ်​၏​။ အောက်ထပ်​မှ အပေါ်ဆုံး​ထပ်​သို့ တက်သွား​သောအခါ အလယ်​ထပ်​ကို ဖြတ်သွား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 8,
      "text": "အိမ်​တော်​ပတ်ပတ်လည်​၌ စင်္ကြံ​ရှိ​သည်​ကို ငါ​တွေ့​ရ​၏​။ ထို​စင်္ကြံ​မှာ အခန်းငယ်​တို့​၏​အုတ်မြစ်​ဖြစ်၍ အမြင့်​မှာ ခြောက်​တောင်​ရှည်​သော ကျူချောင်း​တစ်ပြန်စာ ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 9,
      "text": "အခန်းငယ်​များ​၏​အပြင်ဘက် အုတ်တံတိုင်း​အကျယ်​မှာ ငါး​တောင်​ရှိ​၏​။ အိမ်​တော်​အခန်းငယ်​အပြင်ဘက်​တွင် မြေကွက်လပ်​တစ်​ခု​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 10,
      "text": "အိမ်​တော်​ပတ်ပတ်လည်​တွင် အဆောင်ခန်း​များ​ရှိ​၏​။ အိမ်​တော်​နှင့် ထို​အခန်း​များ​၏​အကွာအဝေး​မှာ အတောင်​နှစ်ဆယ်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 11,
      "text": "အိမ်​တော်​အခန်းငယ်​များ​ထဲသို့​ဝင်​ရန် မြောက်ဘက်​မြေကွက်လပ်​သို့ မျက်နှာမူ​သော တံခါးပေါက်​တစ်​ပေါက်​၊ တောင်ဘက်​မြေကွက်လပ်​သို့ မျက်နှာမူ​သော တံခါးပေါက်​တစ်​ပေါက်​ရှိ​၏​။ အခန်း​ပတ်ပတ်လည်​ရှိ စင်္ကြံ​၏​အကျယ်​မှာ ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 12,
      "text": "အနောက်ဘက်​တွင် မြေကွက်လပ်​ဘက်​မျက်နှာမူ​သော အဆောက်အအုံ​တစ်​ခု​ရှိ​၏​။ အနံ​အတောင်​ခုနစ်ဆယ် ​၊ အလျား​အတောင်​ကိုးဆယ် ​ရှိ​၏​။ အဆောင်​ပတ်ပတ်လည်​ရှိ နံရံ​၏​အထူ​မှာ ငါး​တောင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 13,
      "text": "ထို့နောက် အိမ်​တော်​ကို​တိုင်း​ရာ အရှည်​အတောင်​တစ်ရာ ​ရှိ​၏​။ မြေကွက်လပ်​၊ အဆောက်အအုံ​နှင့် အဆောက်အအုံ​နံရံ​အပါအဝင် အရှည်​အတောင်​တစ်ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 14,
      "text": "မြေကွက်လပ်​အပါအဝင် အိမ်​တော်​၏​အရှေ့​မျက်နှာစာ​အကျယ်​မှာ အတောင်​တစ်ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 15,
      "text": "အိမ်​တော်​၏​အနောက်ဘက် မြေကွက်လပ်​ကို မျက်နှာမူ​ထား​သော အဆောက်အအုံ​၏​အလျား​နှင့် အိမ်​တော်​တစ်ဖက်တစ်ချက်​ရှိ လျှောက်လမ်း​ကို​တိုင်း​ရာ အတောင်​တစ်ရာစီ​ရှိ​၏​။ ဗိမာန်တော်​အပြင်ခန်း​၊ အတွင်းခန်း​နှင့် ဗိမာန်တော်​ဆင်ဝင်​တို့​ကို​လည်း တိုင်း​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 16,
      "text": "တံခါးခုံ​များ​၊ ရာဇမတ်ကွက်​ပြတင်းပေါက်ငယ်​များ​နှင့် တံခါးခုံ​ရှေ့​ရှိ သုံးဘက်သုံးတန်​မှ​လျှောက်လမ်း​များ​ကို သစ်သား​ဖြင့် အလှဆင်​ထား​၏​။ ကြမ်းပြင်​မှ​ပြတင်းပေါက်​အထိ​နံရံ​များ​၊ ပြတင်းပေါက်​များ​ကို​လည်း သစ်သား​ဖြင့် အလှဆင်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 17,
      "text": "တံခါးဝ​၏​အပေါ်​ဘက်​၊ အိမ်​တော်​၏​အတွင်းခန်း​၊ အပြင်ခန်း​အပေါ်​ဘက်​နှင့် အတွင်းခန်း​၊ အပြင်ခန်း​ပတ်ပတ်လည်​ရှိ​နံရံ​တို့​တွင်"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 18,
      "text": "ခေရုဗိမ် ​ပုံ​နှင့် စွန်ပလွံပင်ပုံ​တို့​ကို ထွင်းထု​ထား​၏​။ ခေရုဗိမ်​ပုံ​တစ်ပုံ​နှင့်​တစ်ပုံ​ကြား​တွင် စွန်ပလွံပင်ပုံ​တစ်​ပုံ​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​နှစ်​ဖက်​ပါ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 19,
      "text": "ထို​မျက်နှာ​နှစ်​ဖက်​မှာ လူ​မျက်နှာပုံ​ပါ​သော​ဘက်​သည် တစ်ဖက်​ရှိ စွန်ပလွံပင်ပုံ​ဘက်​သို့ လှည့်​ထား​၍ ခြင်္သေ့ပျို​မျက်နှာပုံ​ပါ​သော​ဘက်​သည် အခြား​တစ်ဖက်​ရှိ စွန်ပလွံပင်ပုံ​ဘက်​သို့ လှည့်​ထား​၏​။ အိမ်​တော်​တစ်ခုလုံး​ရှိ နံရံ​ပတ်ပတ်လည်​တွင် ထိုသို့​ပုံဖော်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 20,
      "text": "ကြမ်းပြင်​မှ တံခါးဝ​အပေါ်​ဘက်​အထိ ခေရုဗိမ် ​ပုံ​နှင့် စွန်ပလွံပင်ပုံ​များ ထွင်းထု​ထား​၏​။ ဗိမာန်တော်​အပြင်ခန်း​နံရံ​တွင်​လည်း ထိုသို့​ထွင်းထု​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 21,
      "text": "ဗိမာန်တော်​အပြင်ခန်း​ရှိ​တံခါးတိုင်​သည် စတုရန်းပုံ​ရှိ​၍ သန့်ရှင်းရာဌာန​ရှေ့​ရှိ​တံခါးတိုင်​နှင့် ပုံသဏ္ဌာန်ချင်း​တူ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 22,
      "text": "ယဇ်ပလ္လင်​ကို သစ်သား​နှင့်​ပြုလုပ်​ထား​ပြီး အမြင့်​သုံး​တောင် ​၊ အလျား​နှစ်​တောင်​ရှိ​၏​။ ပလ္လင်​၏​ထောင့်ချိုး​များ​၊ အောက်ခြေ ​နှင့် ဘေးနံရံ​တို့​ကို သစ်သား​နှင့်​ပြုလုပ်​ထား​၏​။ ထို​သူ​က “​ဤသည်ကား ထာဝရဘုရား​၏ ရှေ့​တော်​စားပွဲ​ဖြစ်​၏​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 23,
      "text": "ဗိမာန်တော်​အပြင်ခန်း​နှင့် သန့်ရှင်းရာဌာန​တို့​တွင် တံခါးပေါက်​နှစ်​ပေါက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 24,
      "text": "တံခါးပေါက်​တစ်​ပေါက်​တွင် တံခါးရွက်​နှစ်​ရွက်​၊ နောက်​တစ်ပေါက်​တွင် တံခါးရွက်​နှစ်​ရွက်​ပါ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 25,
      "text": "ဗိမာန်တော်​တံခါး​တို့​တွင် ဗိမာန်တော်​နံရံ​များ​ကဲ့သို့ ခေရုဗိမ် ​ပုံ​နှင့် စွန်ပလွံပင်ပုံ​တို့​ကို ထွင်းထု​ထား​၏​။ မျက်နှာစာ​ဆင်ဝင်​ပေါက်​တွင် သစ်သား​အမိုး​ပါရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 26,
      "text": "ဆင်ဝင်​ရှိ​နံရံ​များ​တွင်​လည်းကောင်း​၊ အိမ်​တော်​အခန်းငယ်​များ​တွင်​လည်းကောင်း​၊ အမိုး​များ​တွင်​လည်းကောင်း ပြတင်းပေါက်ငယ်​များ​နှင့် စွန်ပလွံပင်ပုံ​များ​ပါရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 1,
      "text": "ထို့နောက် ငါ့​အား မြောက်ဘက်​ထွက်ပေါက်လမ်း​မှ အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​ပြီး မြေကွက်လပ်​ဘက် မျက်နှာမူ​ထား​သော မြောက်ဘက်​အဆောက်အအုံ​နှင့်​မျက်နှာချင်းဆိုင် အခန်း​များ​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 2,
      "text": "မြောက်ဘက်​တံခါးပေါက်​သို့ မျက်နှာမူ​သော​အဆောင်​မှာ အလျား​အတောင်​တစ်ရာ ​ရှိ​၏​။ အနံ​မှာ အတောင်​ငါးဆယ် ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 3,
      "text": "အတွင်း​ဝင်း​ရှိ အတောင်​နှစ်ဆယ်​ကျယ်​သော​မြေကွက်လပ်​နား​ရှိ သုံး​ထပ်​ဆောင်​နှင့် အပြင်​ဝင်း​ရှိ ကျောက်ခင်းစင်္ကြံ​နှင့်​မျက်နှာချင်းဆိုင် သုံး​ထပ်​ဆောင်​တို့​၏​လျှောက်လမ်း​တို့​သည် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 4,
      "text": "အဆောင်ခန်း​များ​၏​မျက်နှာစာ​တွင် အလျား​အတောင်​တစ်ရာ​ရှည်​၍ အနံ​ဆယ်​တောင် ​ကျယ်​သော​လမ်း​ရှိ​၏​။ အခန်း​တံခါးပေါက်​များ​ကား မြောက်ဘက်​တွင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 5,
      "text": "အပေါ်ဆုံး​ထပ်​၏​အခန်း​များ​မှာ ကျဉ်း​၏​။ အကြောင်းမှာ အဆောင်​အပေါ်ဆုံး​ထပ်​၏​လျှောက်လမ်း​သည် အောက်ဆုံးထပ်​နှင့် အလယ်ထပ်​တို့​ထက် နေရာယူ​ထား​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 6,
      "text": "အဆောင်​နှစ်​ဆောင်​တို့​သည် အထပ်​သုံး​ထပ်​ရှိ​သော်လည်း အခြား​အဆောင်​များ​ကဲ့သို့ တိုင်​များ​မ​ပါရှိ​ချေ​။ ထို့ကြောင့် အပေါ်ဆုံး​ထပ်​သည် အောက်ထပ်​နှင့် အလယ်ထပ်​တို့​ထက်​ကျဉ်း​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 7,
      "text": "အပြင်​ဝင်း​အရှေ့​၊ အဆောင်ခန်း​များ​နှင့်​မျက်နှာချင်းဆိုင်​၊ အဆောင်ခန်း​များ​နှင့်​အပြိုင်​တွင် အတောင်​ငါးဆယ်​ရှည်​သော အပြင်ဘက်​တံတိုင်း​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 8,
      "text": "အပြင်​ဝင်း​အနီး​တွင်​ရှိ​သော အဆောင်​၏​အရှည်​မှာ အတောင်​ငါးဆယ်​ရှိ​၏​။ ဗိမာန်တော်​အနီး​တွင်​ရှိ​သော အဆောင်​၏​အရှည်​မှာ အလျား​အတောင်​တစ်ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 9,
      "text": "အခန်း​များ​၏​အောက်ခြေ​အရှေ့ဘက်​တွင် အပြင်​ဝင်း​မှ အခန်း​များ​သို့​လာ​သော ဝင်ပေါက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 10,
      "text": "တောင်ဘက် ​တွင်​လည်း ဝင်းတံတိုင်း​အရှည်​တစ်လျှောက် မြေကွက်လပ်​ဘက်​မျက်နှာမူ​ထား​သော တောင်ဘက်​အဆောက်အအုံ​နှင့် မျက်နှာချင်းဆိုင်​တွင် အဆောင်ခန်း​များ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 11,
      "text": "မြောက်ဘက်​ကဲ့သို့ပင် ထို​အဆောင်ခန်း​များ​၏​အရှေ့​ဘက်​တွင် လမ်း​တစ်​လမ်း​ရှိ​၏​။ ထို​အဆောင်ခန်း​တို့​၏​အလျား​အနံ​၊ ဝင်ပေါက်​ထွက်ပေါက်​၊ အဆောက်အအုံ​ပုံစံ​နှင့် တံခါး​တို့​မှာ​လည်း မြောက်ဘက်ခြမ်း​နှင့် အတူတူ​ပင်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 12,
      "text": "တောင်ဘက်​အဆောင်ခန်း​များ​သို့ ဝင်​ရ​သော​အပေါက်​သည် တစ်ပေါက်တည်း​ရှိ​၍ အရှေ့ဘက်​ရှိ​တံတိုင်း​ဘေး​တွင်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 13,
      "text": "သူ​က ငါ့​အား “​နေရာလွတ်​နှင့်​မျက်နှာချင်းဆိုင် မြောက်ဘက်​ရှိ​အခန်း​များ​နှင့် တောင်ဘက်​ရှိ​အခန်း​များ​သည် သန့်ရှင်း​သော​အခန်း​များ​ဖြစ်​၏​။ ထာဝရဘုရား​ထံ​ချဉ်းကပ်​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ထို​အခန်း​တို့​တွင် အထူး​သန့်ရှင်း​သော​အစာ​ကို​စား​ရ​၏​။ ထို​အခန်း​တို့​သည် သန့်ရှင်း​သောကြောင့် ထို​နေရာ​တွင် အထူး​သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ဖြစ်​သည့် ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​တို့​ကို ထားရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 14,
      "text": "ယဇ်ပုရောဟိတ်​တို့​သည် ထို​သန့်ရှင်းသောနေရာ​ထဲသို့​ဝင်​ပြီး အပြင်​ဝင်း​သို့ ပြန်ထွက်​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​တို့​ကို ချွတ်​ထား​ခဲ့​ရ​မည်​။ မ​ချွတ်​ထား​ခဲ့​ဘဲ ထွက်​မ​လာ​ရ​။ အကြောင်းမှာ ထို​အဝတ်​တို့​သည် သန့်ရှင်း​၏​။ အဝတ်​လဲ​ပြီးမှ လူ​အများ​ရှိ​ရာ​သို့ သွား​ရ​၏”​ဟု ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 15,
      "text": "ထို​သူ​သည် အိမ်​တော်​အတွင်းပိုင်း​ကို တိုင်းတာ​ပြီးနောက် ငါ့​အား အရှေ့ဘက်​မုခ်ဆောင်​တံခါး​အပြင်ဘက်​သို့ ခေါ်ဆောင်​သွား​ပြီး ပတ်ပတ်လည်​ကို တိုင်းတာ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 16,
      "text": "သူ​သည် တိုင်းစရာ​ကျူချောင်း​ဖြင့် အရှေ့ဘက်ခြမ်း​တစ်လျှောက်​ကို​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 17,
      "text": "ထို့နောက် မြောက်ဘက်ခြမ်း​တစ်လျှောက်​ကို​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 18,
      "text": "ထို့အတူ တောင်ဘက်ခြမ်း​ကို​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 19,
      "text": "ထို့နောက် သူ​သည် လှည့်​၍ အနောက်ဘက်ခြမ်း​ကို​လည်း​တိုင်း​ရာ ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 20,
      "text": "သူ​သည် လေးဖက်စလုံး​ကို​တိုင်း​၏​။ ပတ်ပတ်လည်​တံတိုင်း​ကာ​ထား​၍ အလျား​ကျူချောင်း​အပြန်​ငါး​ရာ​၊ အနံ​ကျူချောင်း​အပြန်​ငါး​ရာ​ရှိ​၏​။ ထို​တံတိုင်း​သည် သန့်ရှင်းသောနေရာ​နှင့် မသန့်ရှင်း​သော​နေရာ​ကို ခြား​ထား​ပေး​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 1,
      "text": "ထို့နောက် သူ​သည် ငါ့​အား အရှေ့ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​တံခါး​သို့ ခေါ်ဆောင်​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 2,
      "text": "ထို​နေရာ​တွင် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​ဘုန်း​တော်​သည် အရှေ့ဘက်​မှ​ထွက်ပေါ်​လာ​၍ အသံ​တော်​သည်​လည်း ရေထု​ကြီး​ဟုန်းသံ​ကဲ့သို့​ဖြစ်​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် မြေ​တစ်ပြင်လုံး​သို့ ထွန်းလင်း​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 3,
      "text": "ငါ​မြင်​ရ​သော​ဗျာဒိတ်အာရုံ​သည် ဘုရားသခင်​က မြို့​ကို​လာ​ဖျက်ဆီး​မည်​ဟု မိန့်ဆို​ခဲ့​စဉ်က မြင်​ခဲ့​ရ​သော ဗျာဒိတ်အာရုံ​နှင့်​တူ​၏​။ ထို​ဗျာဒိတ်အာရုံ​သည် ခေဗာ​မြစ်​နား​၌ ငါ​မြင်​ခဲ့​သော နိမိတ်အာရုံ​နှင့်​လည်း​တူ​၏​။ ထိုအခါ ငါ​ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 4,
      "text": "ထာဝရဘုရား​၏​ဘုန်း​တော်​သည် အရှေ့ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​တံခါး​ကို​ဖြတ်​၍ အိမ်​တော်​ထဲသို့​ဝင်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 5,
      "text": "ထိုအခါ ဝိညာဉ်​တော်​သည် ငါ့​ကို​ချီ​၍ အတွင်း​ဝင်း​ထဲသို့​ခေါ်ဆောင်​သွား​၏​။ ကြည့်ရှု​လော့​။ အိမ်​တော်​သည် ထာဝရဘုရား​၏​ဘုန်း​တော်​နှင့် ပြည့်​လျက်​နေ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 6,
      "text": "ထို​သူ​သည် ငါ့​အနီး​၌​ရပ်​နေ​စဉ် အိမ်​တော်​ထဲမှ ငါ့​အား​မိန့်​တော်မူ​သံ​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 7,
      "text": "ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​နေရာ​သည် ငါ့​ပလ္လင်​တည်​ရာ​၊ ငါ့​ခြေချ​ရာ​ဖြစ်​၏​။ ဤ​နေရာ​၌ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ ငါ​အစဉ်​ကိန်းဝပ်​မည်​။ အစ္စရေး​အမျိုးသား​နှင့် သူ​တို့​၏​ဘုရင်​တို့​သည် ဖောက်ပြန်​သော​အားဖြင့် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​၌ ရှင်ဘုရင်​ရုပ်ကလာပ်​များ​အားဖြင့် သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 8,
      "text": "သူ​တို့​၏​တံခါးခုံ​များ​ကို ငါ့​တံခါးခုံ​နား​မှာ​လည်းကောင်း​၊ သူ​တို့​၏​တံခါးတိုင်​များ​ကို ငါ့​တံခါးတိုင်​နား​မှာ​လည်းကောင်း ထား​ကြ​၏​။ သူ​တို့​နှင့်​ငါ့​ကြား​၌ နံရံ​တစ်​ခု​သာ​ခြား​၏​။ သူ​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ကို​ပြု​၍ သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​ကြ​၏​။ ထို့ကြောင့် ငါ​အမျက်ထွက်​၍ သူ​တို့​ကို ဖျက်ဆီး​ခဲ့​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 9,
      "text": "ယခုတွင် သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​၊ ရှင်ဘုရင်​ရုပ်ကလာပ်​များ​အားဖြင့်​မှားယွင်းမှု​တို့​ကို ပယ်ရှား​ကြ​ပါစေ​။ သို့ပြုလျှင် သူ​တို့​နှင့်အတူ ငါ​အစဉ်​ကိန်းဝပ်​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 10,
      "text": "အချင်း​လူသား​၊ အစ္စရေး​အမျိုးသား​တို့​အား အိမ်​တော်​အကြောင်း​ကို ပြောပြ​လော့​။ သို့မှ သူ​တို့​၏​ဒုစရိုက်​ကြောင့် သူ​တို့​ရှက်ကြောက်​ကြ​လိမ့်မည်​။ သူ​တို့​သည် အိမ်​တော်​တည်ဆောက်ပုံ​ကို ဆင်ခြင်​ကြ​ပါစေ​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 11,
      "text": "သူ​တို့​ပြု​ခဲ့​သမျှ​အတွက် ရှက်​မည်​ဆိုလျှင် အိမ်​တော်​ပုံစံ​၊ စီစဉ်​တည်ဆောက်​ပုံ​၊ ထွက်ပေါက်​ဝင်ပေါက်​စသော အိမ်​တော်​တစ်ခုလုံး​၏​ပုံစံ​၊ အိမ်​တော်​နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်း​များ​အားလုံး​၊ ပုံစံ​အားလုံး​၊ ဥပဒေသ​အားလုံး စသည်​တို့​ကို သူ​တို့​သိ​အောင် သူ​တို့​ရှေ့​တွင်​ပင် ချရေး​ပြ​လော့​။ သို့မှ အိမ်​တော်​တစ်ခုလုံး​၏​ပုံစံ​နှင့် စည်းမျဉ်းစည်းကမ်း​အားလုံး​ကို စောင့်ထိန်း​လိုက်နာ​နိုင်​မည်​ဖြစ်​သည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 12,
      "text": "ဤကား အိမ်​တော်​နှင့်ဆိုင်သော​ပညတ်ချက် ဖြစ်​၏​။ တောင်​ထိပ်​တစ်ခုလုံး​သည် အထူး​သန့်ရှင်းရာနေရာ​ဖြစ်​၏​။ ဤသည်ကား အိမ်​တော်​နှင့်ဆိုင်သော​ပညတ်ချက်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 13,
      "text": "ယဇ်ပလ္လင်​၏​အရွယ်အစား​မှာ ဤသို့​ဖြစ်​၏​။ ယဇ်ပလ္လင်​အောက်ခြေ​အဆင့်​သည် တစ်တောင် ​မြင့်​၍ တစ်တောင်​ကျယ်​ရ​မည်​။ (​ဤတွင် တစ်တောင်​ဆို​သည်​မှာ လူ​လက်​တစ်တောင် ​နှင့်​လက်တစ်ဝါးစာ ​အတိုင်းအတာ​ကို ဆိုလို​သည်​။) ပတ်ပတ်လည်​အနားကွပ်​အကျယ်​မှာ တစ်ထွာ​ရှိ​ရ​မည်​။ ဤကား ယဇ်ပလ္လင်​အောက်ခြေ​အဆင့်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 14,
      "text": "မြေ​ပေါ်ရှိ အောက်ခြေ​အဆင့်​မှ နောက်​အဆင့်ငယ်​တစ်ဆင့်​မှာ နှစ်​တောင် ​မြင့်​၍ တစ်​တောင်​ကျယ်​ရ​မည်​။ ထို​အဆင့်​ငယ်​မှ ပို၍​မြင့်​သော​အဆင့်​မှာ လေး​တောင် ​မြင့်​၍ တစ်တောင်​ကျယ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 15,
      "text": "ယဇ်ပလ္လင်​ကိုယ်ထည်​သည် လေး​တောင်​မြင့်​၍ ယဇ်ပလ္လင်​ကိုယ်ထည်​ထောင့်​လေး​ထောင့်​တွင် ချို​တစ်ချောင်းစီ ထောင်ထွက်​နေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 16,
      "text": "ယဇ်ပလ္လင်​ကိုယ်ထည်​သည် စတုရန်းပုံ​ရှိ​၍ အလျား​တစ်ဆယ့်​နှစ်​တောင်​၊ အနံ​တစ်ဆယ့်​နှစ်​တောင်​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 17,
      "text": "ကိုယ်ထည်​၏​အောက်ခြေ​သည် စတုရန်းပုံ​ဖြစ်၍ အလျား​တစ်ဆယ့်​လေး​တောင် ​၊ အနံ​တစ်ဆယ့်​လေး​တောင် ရှိ​ရ​မည်​။ အနားကွပ်​မှာ တစ်ထွာ ​ရှိ​ရ​မည်​။ အောက်ခြေ​ပတ်ပတ်လည်​မှာ တစ်တောင်​ကျယ်​ရ​မည်​။ ယဇ်ပလ္လင်​လှေကားထစ်​များ​သည် အရှေ့ဘက်​သို့​မျက်နှာမူ​ရ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 18,
      "text": "တစ်ဖန် ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဘုရားရှင်​ထာဝရဘုရား​က ‘ယဇ်ပလ္လင်​ကို တည်ဆောက်​ပြီး​သော​နေ့​တွင် မီးရှို့ရာယဇ်​ကို ပူဇော်​ရန်​၊ အသွေး​ကို ဖျန်း​ရန် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 19,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘ငါ့​ထံသို့​ဆည်းကပ်​၍ အမှု​တော်​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ် လေဝိ​အမျိုး​ဇာဒုတ်​၏​သားစဉ်မြေးဆက်​တို့​အား သင်​သည် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီးပျို​တစ်​ကောင်​ကို ပေး​ရ​မည်​’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 20,
      "text": "‘နွားထီးပျို​၏​သွေး​အချို့​ကို​ယူ​၍ ယဇ်ပလ္လင်​၏​ချို​လေး​ခု​၊ အဆင့်​၏​ထောင့်​လေး​ထောင့်​နှင့် အကွပ်​ပတ်လည်​တို့​၌ သုတ်လိမ်း​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပလ္လင်​ကို စင်ကြယ်​စေ​ရ​မည်​။ ယဇ်ပလ္လင်​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 21,
      "text": "အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို သန့်ရှင်းရာဌာန​အပြင်ဘက် အိမ်​တော်​၏​သတ်မှတ်​ထား​သော​နေရာ​တွင် မီးရှို့​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 22,
      "text": "ဒုတိယ​နေ့​တွင် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော ဆိတ်ထီးကလေး​တစ်​ကောင်​ကို ပူဇော်​ရ​မည်​။ သူ​တို့​သည် ယဇ်ပလ္လင်​ကို နွားထီး​အသွေး​ဖြင့် စင်ကြယ်​စေ​သကဲ့သို့ ဆိတ်ထီး​အသွေး​အားဖြင့်​လည်း စင်ကြယ်​စေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 23,
      "text": "သင်​သည် ယဇ်ပလ္လင်​ကို စင်ကြယ်​စေ​ပြီးနောက် နွားအုပ်​ထဲမှ အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးအုပ်​ထဲမှ အပြစ်အနာအဆာကင်း​သော သိုးထီး​တစ်​ကောင်​ကို ပူဇော်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 24,
      "text": "ထို​ယဇ်ကောင်​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​လာ​၍ ယဇ်ပုရောဟိတ်​တို့​က ထို​ယဇ်ကောင်​များ​အပေါ် ဆား​ဖြူး​ပြီးလျှင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 25,
      "text": "ဆိတ်ထီး​တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အဖြစ် ခုနစ်​ရက်​ပတ်လုံး နေ့စဉ်​ပူဇော်​ရ​မည်​။ နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​နှင့် သိုးအုပ်​ထဲမှ သိုးထီးပျို​တစ်​ကောင်​ကို​လည်း ပူဇော်​ရ​မည်​။ ထို​ယဇ်ကောင်​တို့​သည် အပြစ်အနာအဆာကင်း​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 26,
      "text": "ယဇ်ပလ္လင်​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ကို ခုနစ်​ရက်​ပတ်လုံး ပြု​ရ​မည်​။ ထိုသို့ စင်ကြယ်​စေ​ပြီးမှ ယဇ်ပလ္လင်​ကို ဆက်ကပ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 27,
      "text": "ခုနစ်​ရက်​ပြီးဆုံး​၍ ရှစ်​ရက်​မြောက်​သော​နေ့​တွင် ယဇ်ပုရောဟိတ်​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ရ​မည်​။ ငါ​သည်​လည်း သင်​တို့​ကို​လက်ခံ​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 1,
      "text": "နောက်တစ်ဖန် ထို​သူ​သည် ငါ့​အား အရှေ့ဘက်​သို့​မျက်နှာမူ​သော​သန့်ရှင်းရာဌာန​၏​အပြင်​တံခါး​သို့ ခေါ်ဆောင်​သွား​၏​။ ထို​တံခါး​သည် ပိတ်​ထား​လျက်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 2,
      "text": "ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ဤ​တံခါး​ကို ပိတ်​ထား​ရ​မည်​။ ဖွင့်​မ​ထား​ရ​။ မည်သူမျှ ဤ​တံခါး​မှ မ​ဝင်​ရ​။ အကြောင်းမူကား အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​တံခါး​ဖြင့် ကြွဝင်​၏​။ ထို့ကြောင့် ပိတ်​ထား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 3,
      "text": "မင်းသား​တစ်ပါး​သာလျှင် ထို​တံခါး​နား​တွင်​ထိုင်​၍ ထာဝရဘုရား​ရှေ့​တော်​၌​စားသောက်​ရ​မည်​။ သူ​သည် ထို​တံခါး​၏​ဆင်ဝင်လမ်း​ဖြင့်​ဝင်​၍ ထို​လမ်း​ဖြင့်​ပင် ပြန်ထွက်​ရ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 4,
      "text": "ထို့နောက် ထို​သူ​သည် ငါ့​အား မြောက်ဘက်​ဝင်ပေါက်​လမ်း​မှ အိမ်​တော်​ရှေ့​သို့ ခေါ်ဆောင်​သွား​၏​။ ငါ​ကြည့်လိုက်​သော် ထာဝရဘုရား​၏​အိမ်​တော်​သည် ထာဝရဘုရား​၏​ဘုန်း​တော်​နှင့် ပြည့်​လျက်​နေ​သည်​ကို တွေ့​ရ​၏​။ ငါ​သည်​လည်း ပျပ်ဝပ်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 5,
      "text": "ထိုအခါ ထာဝရဘုရား​က ငါ့​အား “​အချင်း​လူသား​၊ ငါ​မိန့်ဆို​ထား​သော ထာဝရဘုရား​၏​အိမ်​တော်​ဆိုင်ရာ ပြဋ္ဌာန်းချက်​၊ ပညတ်ချက် အလုံးစုံ​တို့​ကို သင့်​မျက်စိ​ဖြင့် ကြည့်​လော့​။ နား​ဖြင့် နားထောင်​လော့​။ စိတ်နှလုံး​ဖြင့် မှတ်ကျုံး​လော့​။ အိမ်​တော်​အဝင်ပေါက်​၊ သန့်ရှင်းရာဌာန​အထွက်ပေါက်​တို့​ကို သေချာ​စွာ​မှတ်သား​လော့​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 6,
      "text": "သင်​သည် ပုန်ကန်​တတ်​သော​အစ္စရေး​အမျိုးအနွယ်​တို့​အား ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​မှာ ကြီးလေး​လှ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 7,
      "text": "သင်​တို့​သည် ငါ့​ထံ စားဖွယ်ခဲဖွယ်​၊ အဆီ​၊ အသွေး​တို့​ကို ပူဇော်​သောအခါ စိတ်နှလုံး​အရေဖျားလှီး​ခြင်း​ကို​မ​ခံ​၊ အသား​အရေဖျားလှီး​ခြင်း​ကို​လည်း​မ​ခံ​သော တိုင်းတစ်ပါးသား​တို့​ကို ငါ​၏​သန့်ရှင်းရာဌာန​တော်​ထဲသို့ ခေါ်ဆောင်​လာ​၍ ငါ့​အိမ်​တော်​ကို ညစ်ညူး​စေ​ကြ​၏​။ စက်ဆုပ်ရွံရှာဖွယ်​အမှု​အလုံးစုံ​တို့​ဖြင့် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 8,
      "text": "သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​အမှု​တော်​ကို မ​ထမ်းဆောင်​။ ငါ​၏​သန့်ရှင်းရာဌာန​အမှု​ကို ထမ်း​ရ​မည့်​အစား အခြားသူ​တို့​ကို ထမ်း​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 9,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘စိတ်နှလုံး​အရေဖျားလှီး​ခြင်း​ကို​မ​ခံ​၊ အသား​အရေဖျားလှီး​ခြင်း​ကို​လည်း​မ​ခံ​သော တိုင်းတစ်ပါးသား​များ​သာမက အစ္စရေး​အမျိုးသား​တို့​နှင့်အတူ​နေထိုင်​သော တိုင်းတစ်ပါးသား​တစ်ယောက်မျှ ငါ​၏​သန့်ရှင်းရာဌာန​တော်​ထဲသို့ မ​ဝင်​ရ​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 10,
      "text": "အစ္စရေး​လူမျိုး​တို့ လမ်းလွဲ​သွား​သောအခါ လေဝိ​အမျိုး​သည်​လည်း ငါ​နှင့်​ဝေးသွား​ကြ​၏​။ ငါ့​ထံမှ​လမ်းလွဲ​၍ ရုပ်တု​နောက်သို့ လိုက်​ကြ​၏​။ သူ​တို့​သည် ကိုယ့်​အပြစ်​ကိုယ်​ခံ​ကြ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 11,
      "text": "သူ​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​တော်​တွင် အိမ်​တော်​တံခါးစောင့်​များ​၊ အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​များ စသော အမှုထမ်း​များ​ဖြစ်​ရ​မည်​။ သူ​တို့​သည် လူ​တို့​အဖို့ မီးရှို့​ရာ​ယဇ်ကောင်​ကို​သတ်​၍ ပူဇော်​ပေး​ရ​မည်​။ လူ​တို့​ရှေ့​တွင်​ရပ်​၍ သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 12,
      "text": "သို့သော် သူ​တို့​သည် ရုပ်တု​တို့​ရှေ့​တွင်​ရပ်​၍ လူ​တို့​အတွက် အမှု​ကို​ဆောင်ရွက်​ကြ​ပြီ​။ အစ္စရေး​အမျိုးအနွယ်​တို့​ကို အပြစ်​ထဲသို့ လဲကျ​စေ​သော​သူ​များ ဖြစ်​ကြ​ပြီ​။ ထို့ကြောင့် ကိုယ့်​အပြစ်​ကိုယ်​ခံရ​ကြ​မည်​ဟု ငါ​ကျိန်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 13,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘သူ​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​အမှု​တော်​ထမ်း​ဖို့ ငါ့​ထံ​မ​လာ​ရ​၊ သန့်ရှင်းသောအရာ​တို့​နား​သို့ မ​လာ​ရ​၊ အသန့်ရှင်းဆုံးဌာန​ထဲသို့ မ​ဝင်​ရ​။ သူ​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကြောင့် အသရေပျက်​ခြင်း ခံရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 14,
      "text": "တစ်ဖန် အိမ်​တော်​ကို​ထိန်းသိမ်း​ဖို့​၊ အိမ်​တော်​အမှု​ကို ထမ်းဆောင်​ဖို့​နှင့် အိမ်​တော်​နှင့်​ပတ်သက်၍ လုပ်ဆောင်စရာအမှု​အလုံးစုံ​တို့​ကို လုပ်ဆောင်​ဖို့ သူ​တို့​ကို ငါ​ပြန်ခန့်​ထား​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 15,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုးသား​တို့ ငါ့​ထံမှ လမ်းလွဲ​သွား​ကြ​သောအခါ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​ဇာဒုတ်​၏​သားမြေး​တို့​သည် သန့်ရှင်းရာဌာန​၏​အမှု​ကို စောင့်ထိန်း​ခဲ့​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် ငါ့​ထံသို့​ဆည်းကပ်​၍ ငါ့​အမှု​တော်​ကို ထမ်းဆောင်​ရ​မည်​။ ငါ့​ရှေ့မှောက်​တွင်​ရပ်​လျက် အဆီ​၊ အသွေး​တို့​ကို ပူဇော်​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 16,
      "text": "‘သူ​တို့​သာလျှင် ငါ့​သန့်ရှင်းရာဌာန​တော်​ထဲသို့ ဝင်​ရ​မည်​။ သူ​တို့​သာလျှင် ငါ့​စားပွဲ​သို့​လာ​၍ ငါ့​အမှု​ကို​ထမ်းဆောင်​ရ​သော​အမှုထမ်း ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 17,
      "text": "သူ​တို့​သည် အတွင်း​ဝင်း​တံခါး​သို့ ဝင်​သောအခါ ချည်ချောထည်​ကို ဝတ်​ရ​မည်​။ အတွင်း​ဝင်း​တံခါး​၌​ဖြစ်စေ​၊ အိမ်​တော်​တွင်း​၌​ဖြစ်စေ အမှု​တော်​ထမ်းဆောင်​သောအခါ သိုးမွေးထည်​ကို မ​ဝတ်​ရ​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 18,
      "text": "ချည်ထည်​ခေါင်းပေါင်း​ကို ပေါင်း​ရ​မည်​။ ခါးစည်း ပိတ်ချော​ဘောင်းဘီ​ကို ဝတ်​ရ​မည်​။ ချွေးထွက်​စေ​သော​အထည်​ကို မ​ဝတ်​ရ​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 19,
      "text": "လူ​အများ​ရှိ​ရာ​အပြင်​ဝင်း​သို့ ထွက်သွား​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​များ​ကို​ချွတ်​၍ သန့်ရှင်း​သော​အခန်း​ထဲ​တွင် ထားခဲ့​ရ​မည်​။ သူ​တို့​၏​အဝတ်​အားဖြင့် လူ​တို့​ထံ သန့်ရှင်း​ခြင်း​မ​ကူး​ရ​အောင် အခြား​အဝတ်​ကို ဝတ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 20,
      "text": "သူ​တို့​သည် ခေါင်းတုံး​မ​တုံး​ရ​၊ ဆံပင်အရှည် မ​ထား​ရ​၊ ဆံပင်​ကို တိရုံ​သာ​တိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 21,
      "text": "အတွင်း​ဝင်း​ထဲသို့​ဝင်​သောအခါ မည်သည့်​ယဇ်ပုရောဟိတ်​မျှ စပျစ်ဝိုင်​မ​သောက်​ရ​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 22,
      "text": "မုဆိုးမ​၊ တစ်ခုလပ်​တို့​ကို မယား​အဖြစ်​မ​ယူ​ရ​။ အစ္စရေး​အမျိုးအနွယ်​ထဲမှ အပျိုကညာ​များ​နှင့် သေ​သွား​သော​ယဇ်ပုရောဟိတ်​၏​မယား မုဆိုးမ​ကို​မူ မယား​အဖြစ်​ယူ​နိုင်​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 23,
      "text": "ငါ​၏​လူမျိုး​တော်​တို့​အား သန့်ရှင်းမြင့်မြတ်​သော​အရာ​နှင့် သာမန်အရာ​တို့​ကို သွန်သင်​ပြ​ရ​မည်​။ ညစ်ညူး​သော​အရာ​နှင့် စင်ကြယ်​သော​အရာ​တို့​ကို​လည်း ပိုင်းခြား​ပြ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 24,
      "text": "အမှုအခင်း​ဖြစ်၍ တရားစီရင်​မည်​ဆိုလျှင် ငါ့​စီရင်ထုံးဖွဲ့ချက်​အတိုင်း စီရင်​ရ​မည်​။ ငါ​သတ်မှတ်​ထား​သော​ပွဲတော်​ဆိုင်ရာ ငါ့​ပညတ်ချက်​၊ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို​လည်း ထိန်းသိမ်း​ရ​မည်​။ ငါ့​ဥပုသ်နေ့​ကို​လည်း သန့်ရှင်း​စေ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 25,
      "text": "လူသေကောင်​ရှိ​ရာ​သို့​သွား​ခြင်း​ဖြင့် ကိုယ်ကို​မ​ညစ်ညူး​စေ​ရ​။ သို့သော် ကိုယ့်​မိဘ​၊ သား​သမီး​၊ ညီအစ်ကို​၊ အပျိုစင်​ညီမ​အတွက်​ကို​မူ ကိုယ်ကို​ညစ်ညူး​စေ​နိုင်​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 26,
      "text": "သူ​စင်ကြယ်​ပြီးသည့်နောက် သူ့​အတွက် ခုနစ်​ရက်​ရေတွက်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 27,
      "text": "ထို့နောက် သူ​သည် သန့်ရှင်းရာဌာန​တော်​တွင် အမှု​ထမ်းဆောင်​ရန် အတွင်း​ဝင်း​ရှိ​သန့်ရှင်းရာဌာန​ထဲသို့ ဝင်​သော​နေ့​တွင် အပြစ်ဖြေရာယဇ်​ကို ပူဇော်​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 28,
      "text": "‘သူ​တို့​ပိုင်ဆိုင်​ရ​မည့်​အမွေ​ကား ငါ​ပင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​တို့​တွင် သူ​တို့​ကို အမွေ​မ​ပေး​ရ​။ ငါ​သာလျှင် သူ​တို့​၏​အမွေ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 29,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ ဒုစရိုက်ဖြေရာယဇ်​တို့​ကို သူ​တို့​စား​ရ​မည်​။ အစ္စရေး​လူမျိုး​တို့ ဆက်ကပ်​သော​အရာ​ဟူသမျှ​သည် သူ​တို့​အပိုင်​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 30,
      "text": "အကောင်းဆုံး​အသီးဦး​အမျိုးမျိုး​နှင့် အလှူပစ္စည်း​အမျိုးမျိုး​တို့​ကို ယဇ်ပုရောဟိတ်​တို့ ပိုင်​ရ​မည်​။ သင့်​အိမ်သား​တို့ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည့်​အကြောင်း သင်​၏​အဦးဆုံး​မုန့်ညက်​ကို ယဇ်ပုရောဟိတ်​တို့​အား ပေးလှူ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 31,
      "text": "ငှက်​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ အလိုလိုသေ​လျှင်​၊ သို့မဟုတ် သားရဲ​ကိုက်​၍​သေ​လျှင် ယဇ်ပုရောဟိတ်​တို့​မ​စား​ရ​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 1,
      "text": "မြေ​ကို​အမွေ​ခွဲဝေ​သောအခါ သင်​တို့​သည် ထို​မြေ​ထဲမှ မြေ​တစ်ကွက်​ကို သန့်ရှင်း​သော​အလှူ​အဖြစ် ထာဝရဘုရား​အဖို့ ခွဲထား​ရ​မည်​။ ထို​မြေ​သည် အလျား​အတောင်​နှစ်​သောင်း​ငါး​ထောင်​၊ အနံ​အတောင်​တစ်သောင်း ရှိ​ရ​မည်​။ ထို​မြေ​ပတ်ပတ်လည်​နယ်နိမိတ်​သည်​လည်း သန့်ရှင်း​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 2,
      "text": "ထို​မြေ​ထဲမှ အလျား​အတောင်​ငါး​ရာ ​၊ အနံ​အတောင်​ငါး​ရာ စတုရန်းပုံ​မြေကွက်​သည် သန့်ရှင်းရာဌာန​အဖို့ ဖြစ်​ရ​မည်​။ ထို​မြေကွက်​၏​ပတ်ပတ်လည်​တွင် အတောင်​ငါးဆယ်​မြေကွက်လပ် ထားရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 3,
      "text": "ထိုသို့ အလျား​အတောင်​နှစ်သောင်းငါးထောင် ​၊ အနံ​အတောင်​တစ်သောင်း ​ရှိ​သော​မြေ​ကို တိုင်းတာ​ရ​မည်​။ ထို​မြေ​တွင် သန့်ရှင်းရာဌာန​၊ အသန့်ရှင်းဆုံးဌာန​ကို တည်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 4,
      "text": "ထို​သန့်ရှင်း​သော​မြေ​သည် ထာဝရဘုရား​ထံ​အမှု​တော်​ကို​ထမ်းဆောင်​ဖို့​လာ​သော​၊ သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အဖို့ ဖြစ်​ရ​မည်​။ ထို​မြေ​သည် ယဇ်ပုရောဟိတ်​တို့ နေစရာ​အိမ်​ဆောက်​ရာ​မြေ​၊ သန့်ရှင်းရာဌာန​တည်​ရာ​သန့်ရှင်း​သော​မြေ ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 5,
      "text": "အလျား​အတောင်​နှစ်သောင်းငါးထောင်​နှင့် အနံ​အတောင်​တစ်သောင်း​ကျယ်​သော နောက်​မြေ​တစ်​ကွက်​သည် အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော လေဝိ​အမျိုး​တို့​အဖို့ ဖြစ်​ရ​မည်​။ ထို​မြေကွက်​ရှိ အခန်း​ပေါင်း​နှစ်ဆယ်​သည် သူ​တို့​ပိုင်ဆိုင်​ရာ ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 6,
      "text": "သန့်ရှင်း​သော​မြေ​နှင့်​ကပ်​လျက် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​ငါး​ထောင်​ကို မြို့​ပိုင်မြေ​အဖြစ် ပေး​ရ​မည်​။ ထို​မြေ​သည် အစ္စရေး​တစ်မျိုးနွယ်လုံး​အဖို့ ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 7,
      "text": "မင်းသား​ပိုင်​ရာ​မြေ​သည် သန့်ရှင်း​ရာ​မြေ​နှင့် မြို့​ပိုင်​မြေ​တို့​၏​တစ်ဖက်တစ်ချက်​တွင်​ရှိ​ရ​မည်​။ သန့်ရှင်း​ရာ​မြေ​နှင့် မြို့​ပိုင်​မြေ​မှ အနောက်ဘက်​နယ်နိမိတ်​နှင့် အရှေ့ဘက်​နယ်နိမိတ်​အထိ​ရောက်​၍ အရှေ့​နှင့်​အနောက် နှစ်ဖက်စလုံး မျိုးနွယ်​တစ်နွယ်​၏​အမွေမြေ​နှင့်​ထိစပ်​ပြီး အလျား​တူ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 8,
      "text": "အစ္စရေး​ပြည်​ထဲမှ ဤ​မြေ​သည် မင်းသား​၏​အပိုင်​ဖြစ်​ရ​မည်​။ ငါ့​မင်းသား​တို့​သည်​လည်း ငါ့​လူမျိုး​တော်​ကို နိုင်ထက်စီးနင်း​မ​ပြု​တော့​ဘဲ အစ္စရေး​အမျိုးသား​တို့​အား အမျိုးအနွယ်​အလိုက် မြေ​ခွဲဝေ​ပေး​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 9,
      "text": "‘အို အစ္စရေး​မင်းသား​တို့​၊ တော်သင့်​ပြီ​။ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖိနှိပ်ညှဉ်းဆဲ​ခြင်း​အမှု​တို့​ကို​ရှောင်​၍ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ ပြုကျင့်​ကြ​လော့​။ ငါ့​လူမျိုး​တို့​ထံမှ လုယူသိမ်းပိုက်​ခြင်း​အမှု​ကို ရပ်တန်းကရပ်​ကြ​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 10,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် မှန်​သော​ချိန်ခွင်​၊ မှန်​သော​ဧဖာ ​၊ မှန်​သော​ဗတ် ​ကို သုံး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 11,
      "text": "ဧဖာ​နှင့်​ဗတ်​သည် အခြင်အတွယ်​တူ​ရ​မည်​။ တစ်​ဗတ်​သည် တစ်​ဟောမဲ ​၏​ဆယ်ပုံတစ်ပုံ​၊ တစ်​ဧဖာ​သည်​လည်း တစ်​ဟောမဲ​၏​ဆယ်ပုံတစ်ပုံ ဖြစ်​ရ​မည်​။ ဟောမဲ​သည် စံ​အလေးချိန် ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 12,
      "text": "တစ်​ရှယ်ကယ် ​သည် ဂေရ​နှစ်ဆယ် ဖြစ်​ရ​မည်​။ တစ်​မိနာ့ ​သည် နှစ်ဆယ်​ရှယ်ကယ် ​အပေါင်း နှစ်ဆယ့်​ငါး​ရှယ်ကယ် ​အပေါင်း တစ်ဆယ့်​ငါး​ရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်​ရှယ်ကယ် ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 13,
      "text": "သင်​တို့ ပေးလှူ​ရ​မည့် အလှူပစ္စည်း​မှာ ဤသို့​ဖြစ်​၏​။ ဂျုံဆန်​တစ်​ဟောမဲ​တွင် တစ်​ဧဖာ​၏​ခြောက်ပုံတစ်ပုံ ​၊ မုယောဆန်​တစ်​ဟောမဲ​တွင် တစ်​ဧဖာ​၏​ခြောက်ပုံတစ်ပုံ​ကို ပေးလှူ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 14,
      "text": "ဆီ​ပေးလှူ​ရာ​တွင် ဗတ်​နှင့်​ချိန်တွယ်​ရ​မည်​ဟု သတ်မှတ်​ထား​၏​။ တစ်​ကောရ​တွင် ဗတ်​၏​ဆယ်ပုံတစ်ပုံ ပေးလှူ​ရ​မည်​။ တစ်​ကောရ​သည် တစ်​ဟောမဲ​နှင့်​ညီ​၍​ဗတ်​တစ်ဆယ် ​ဖြစ်​၏​။ တစ်​ဟောမဲ​သည် ဗတ်​တစ်ဆယ်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 15,
      "text": "အစ္စရေး​အမျိုးသား​တို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် အစ္စရေး​ပြည် ရေ​ဝ​သော​စားကျက်မြေ​ရှိ အကောင်​နှစ်ရာ​ရှိ​သော​သိုးအုပ်​တစ်​အုပ်​တွင် တစ်​ကောင်​ကို ဘောဇဉ်ပူဇော်သက္ကာ​၊ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​အဖြစ် ပူဇော်​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 16,
      "text": "ပြည်သူပြည်သား​အပေါင်း​တို့​သည် ထို​အလှူပစ္စည်း​ကို အစ္စရေး​မင်းသား​ထံ ပေးအပ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 17,
      "text": "မင်းသား​သည် ပွဲတော်​နေ့​၊ လဆန်းနေ့​၊ ဥပုသ်နေ့​မှစ၍ အစ္စရေး​အမျိုးသား​တို့ တွေ့ဆုံစည်းဝေးရာ​အချိန်​တို့​တွင် မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်​တို့​ကို ဆက်သ​ရန်​တာဝန်​ရှိ​သည်​။ အစ္စရေး​အမျိုးသား​တို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် အပြစ်ဖြေရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ဆက်သ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 18,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ပထမ​လ​၊ ပထမ​ရက်​တွင် အပြစ်အနာအဆာကင်း​သော နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​ကို​ယူ​၍ သန့်ရှင်းရာဌာန​ကို စင်ကြယ်​အောင်​ပြု​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 19,
      "text": "ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်​၏​သွေး​အချို့​ကို​ယူ​၍ အိမ်​တော်​၏​တံခါးတိုင်​၊ ယဇ်ပလ္လင်​၏​ထောင့်​လေး​ထောင့်​နှင့် အတွင်း​ဝင်း​တံခါး​တိုင်​တွင် သုတ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 20,
      "text": "မရည်ရွယ်​ဘဲ​အပြစ်ကျူးလွန်​မိ​သူ​၊ သို့မဟုတ် မသိနားမလည်​ဘဲ​အပြစ်ကျူးလွန်​မိ​သူ​တို့​အတွက် လဆန်း​ခုနစ်​ရက်​နေ့​တွင် အပြစ်ဖြေလွှတ်​ခြင်း​ကို ထိုသို့ ပြု​ပေး​ရ​မည်​။ ဤနည်းဖြင့် အိမ်​တော်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 21,
      "text": "ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​တွင် ပသခါပွဲတော်​ကို ကျင်းပ​ရ​မည်​။ ပွဲတော်​ခုနစ်​ရက်​အတွင်း တဆေးမဲ့မုန့်​ကို စား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 22,
      "text": "ထို​နေ့​တွင် မင်းသား​သည် မိမိ​အပါအဝင် ပြည်သူပြည်သား​တို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် နွားထီး​တစ်​ကောင်​ကို စီစဉ်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 23,
      "text": "ပွဲတော်​ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​တို့​ကို ခုနစ်​ရက်​ပတ်လုံး နေ့တိုင်း​စီစဉ်​ပေး​ရ​မည်​။ အပြစ်ဖြေရာယဇ်​အဖြစ်​လည်း ဆိတ်ထီးကလေး​တစ်​ကောင်​ကို နေ့တိုင်း​စီစဉ်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 24,
      "text": "နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​နှင့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန် ​ပါဝင်​သော ဘောဇဉ်ပူဇော်သက္ကာ​ကို စီစဉ်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 25,
      "text": "သတ္တမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင်​ကျင်းပ​သော ပွဲတော်​တွင်​လည်း အပြစ်ဖြေရာယဇ်​၊ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ ဆီ​တို့​ကို ခုနစ်​ရက်​ပတ်လုံး စီစဉ်​ပေး​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 1,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ‘အလုပ်​လုပ်​နေ​သော​ခြောက်​ရက်​အတွင်း​တွင် အရှေ့ဘက်​ရှိ အတွင်း​ဝင်း​တံခါး​ကို ပိတ်​ထား​ရ​မည်​။ သို့သော် ဥပုသ်နေ့​တွင် ဖွင့်​ထား​ရ​မည်​။ လဆန်း​နေ့​တွင်​လည်း ဖွင့်​ထား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 2,
      "text": "မင်းသား​သည် အပြင်​မုခ်ဆောင်​၏​ဆင်ဝင်​မှ​ဝင်​၍ တံခါး​တိုင်​နားတွင် ရပ်​နေ​ရ​မည်​။ ယဇ်ပုရောဟိတ်​တို့​သည် မင်းသား​ပေး​သော မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ရ​မည်​။ မင်းသား​သည် တံခါးခုံ​နား​တွင် ပျပ်ဝပ်ရှိခိုး​ပြီးမှ ထွက်သွား​ရ​မည်​။ တံခါး​ကို နေဝင်ချိန်​ထိ ဖွင့်​ထား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 3,
      "text": "ပြည်သူပြည်သား​တို့​သည်​လည်း လဆန်းနေ့​၊ ဥပုသ်နေ့​တို့​၌ ထို​မုခ်ဆောင်​တံခါး​ဝ​တွင် ပျပ်ဝပ်ရှိခိုး​ကြ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 4,
      "text": "ဥပုသ်နေ့​တွင် မင်းသား​သည် အပြစ်အနာအဆာကင်း​သော သိုးသငယ်​ခြောက်​ကောင်​နှင့် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 5,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ ​၊ သိုးသငယ်​ခြောက်​ကောင်​အတွက် တတ်နိုင်​သလောက်​၊ အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန် ​ကို​လည်း ယူဆောင်​လာ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 6,
      "text": "လဆန်းနေ့​တွင် တိရစ္ဆာန်အုပ်​ထဲမှ အပြစ်အနာအဆာကင်း​သော​နွားထီး​တစ်​ကောင်​၊ သိုးသငယ်​ခြောက်​ကောင်​၊ သိုးထီး​တစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။ ထို​အကောင်​တို့​သည် အပြစ်အနာအဆာကင်း​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 7,
      "text": "ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​များ​အတွက် တတ်နိုင်​သလောက်​၊ အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​အတွက် ဆီ​တစ်​ဟိန်​ကို စီစဉ်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 8,
      "text": "မင်းသား​ဝင်လာ​မည်​ဆိုလျှင် မုခ်ဆောင်​ဆင်ဝင်လမ်း​မှ ဝင်လာ​ရ​မည်​။ ထို​လမ်း​အတိုင်း ပြန်ထွက်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 9,
      "text": "ပြည်သူပြည်သား​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​အချိန်​တွင် ထာဝရဘုရား​ရှေ့​တော်​သို့ လာရောက်​ပျပ်ဝပ်ရှိခိုး​ကြ​သောအခါ မြောက်ဘက်​မုခ်ဆောင်​မှ ဝင်​သော​သူ​သည် တောင်ဘက်​မုခ်ဆောင်​မှ ပြန်ထွက်​ရ​မည်​။ တောင်ဘက်​မုခ်ဆောင်​မှ ဝင်​သော​သူ​သည် မြောက်ဘက်​မုခ်ဆောင်​မှ ပြန်ထွက်​ရ​မည်​။ ဝင်လာ​သော​မုခ်ဆောင်​မှ ပြန်​မ​ထွက်​ရ​။ ဆန့်ကျင်​ဘက်​မုခ်ဆောင်​မှ ထွက်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 10,
      "text": "မင်းသား​သည် ထို​သူ​တို့​ဝင်​သောအခါ လိုက်ဝင်​၍ ထို​သူ​တို့ ထွက်​သောအခါ လိုက်ထွက်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 11,
      "text": "ပွဲတော်​အချိန်​၊ တွေ့ဆုံစည်းဝေး​ရ​သော​အချိန်​တို့​တွင် ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နွားထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးထီး​တစ်​ကောင်​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၊ သိုးသငယ်​များ​အတွက် အကောင်းဆုံး​ဂျုံမှုန့်​တတ်နိုင်​သလောက်​၊ ဂျုံမှုန့်​တစ်​ဧဖာ​စီ​အတွက် ဆီ​တစ်​ဟိန်​စီ စီစဉ်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 12,
      "text": "စေတနာ​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို မင်းသား​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​ဆက်သ​သောအခါ အရှေ့​မုခ်ဆောင်​တံခါး​ကို ဖွင့်​ထား​ရ​မည်​။ သူ​သည် ဥပုသ်နေ့​တွင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ဆက်သ​သကဲ့သို့ ဆက်သ​ရ​မည်​။ ဆက်သ​ပြီး ပြန်ထွက်သွား​သောအခါ တံခါး​ကို ပြန်ပိတ်​ထား​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 13,
      "text": "သင်​သည် ထာဝရဘုရား​ထံ​ပူဇော်​ရန် မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို နေ့စဉ် နံနက်တိုင်း စီစဉ်​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 14,
      "text": "ထို​သိုးသငယ်​နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ခြောက်ပုံတစ်ပုံ ​နှင့် အကောင်းဆုံး​ဂျုံမှုန့်​နှင့်​နယ်​ရန် ဆီ​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ ​ကို နံနက်တိုင်း စီစဉ်​ပေး​ရ​မည်​။ ဤသည်မှာ ထာဝရဘုရား​ထံ ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​သောအခါ အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 15,
      "text": "မီးရှို့ရာယဇ်​အဖြစ် သိုးသငယ်​တစ်​ကောင်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် ဆီ​တို့​ကို​လည်း နံနက်တိုင်း အစဉ်​ပူဇော်​ရ​မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 16,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မင်းသား​သည် မိမိ​သား​တစ်ယောက်ယောက်​အား မိမိ​အမွေ​ကို လက်ဆောင်​အဖြစ်​ပေး​မည်​ဆိုလျှင် ထို​လက်ဆောင်​သည် ထို​သား​၏​သားမြေး​တို့​သာ​ပိုင်​သော​အမွေ ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 17,
      "text": "မင်းသား​သည် မိမိ​ကျွန်​တစ်ယောက်ယောက်​အား မိမိ​အမွေ​အချို့​ကို လက်ဆောင်​အဖြစ်​ပေး​မည်​ဆိုလျှင် ထို​ကျွန်​လွတ်မြောက်​ခွင့်​ရ​သည့်​နှစ်​အထိ ထို​အမွေ​ကို ပိုင်ဆိုင်​ရ​မည်​။ မိမိ​လွတ်မြောက်​သောအခါ ထို​အမွေ​ကို မင်းသား​အား ပြန်ပေး​ရ​မည်​။ ထို​အမွေ​ကို မင်းသား​၏​သားမြေး​သာ ပိုင်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 18,
      "text": "မင်းသား​သည် ပြည်သူ​တို့​ပိုင်ဆိုင်​သော​အမွေမြေ​ကို အနိုင်အထက်​မ​လုယူ​ရ​။ သူ့​သား​များ​အား သူ​ပိုင်ဆိုင်​သော​မြေ​ထဲမှ အမွေခွဲဝေ​ပေး​ရ​မည်​။ သို့မှ ငါ့​လူမျိုး​တော်​တစ်စုံတစ်ယောက်​မျှ သူ​တို့​ပိုင်ဆိုင်​သော​အမွေမြေ​မှ ကွဲလွင့်​သွား​ရ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 19,
      "text": "ထို​သူ​သည် ငါ့​အား မုခ်ဆောင်​ဘေး​ရှိ​ဝင်ပေါက်​မှတစ်ဆင့် မြောက်ဘက်​ရှိ ယဇ်ပုရောဟိတ်​တို့​၏​သန့်ရှင်း​သော​အခန်း​များ​သို့ ခေါ်သွား​၏​။ အနောက်ဘက်​စွန်း​တွင် နေရာ​တစ်​ခု​ရှိ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 20,
      "text": "ထို​သူ​က ငါ့​အား “​ဤ​နေရာ​သည် ယဇ်ပုရောဟိတ်​တို့​က အပြစ်ဒဏ်ဖြေရာယဇ်​နှင့် အပြစ်ဖြေရာယဇ်​တို့​ကို ပြုတ်​ရ​သော​နေရာ​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို ဖုတ်​ရာ​နေရာ​ဖြစ်​၏​။ လူ​တို့​ထံ သန့်ရှင်း​ခြင်း​ကူး​မ​သွား​စေရန် ထို​ယဇ်​တို့​ကို အပြင်​ဝင်း​သို့ ယူဆောင်​မ​သွား​ရ”​ဟု ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 21,
      "text": "ထို့နောက် ငါ့​အား အပြင်​ဝင်း​သို့​ခေါ်သွား​ပြီး ဝင်း​၏​ထောင့်​လေး​ထောင့်​ကို လှည့်ပတ်​ကြည့်​စေ​၏​။ ထောင့်​တစ်ထောင့်စီ​တွင် ဝင်းငယ်​တစ်ခုစီ​ရှိ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 22,
      "text": "ဝင်း​၏​ထောင့်​လေး​ထောင့်​တွင်​ရှိ​သော ဝင်းငယ်​တို့​သည် အလျား​အတောင်​လေးဆယ်​၊ အနံ​အတောင်​သုံးဆယ်​ရှိ​၏​။ ထို​ထောင့်​ရှိ​ဝင်းငယ်​တို့​သည် အလျားအနံ တူ​ကြ​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 23,
      "text": "ထို​ဝင်းငယ်​လေး​ခု​၏​အတွင်းဘက်​ပတ်ပတ်လည်​တွင် စင်​ရှိ​၏​။ ထို​စင်​အောက်​ပတ်ပတ်လည်​တွင် မီးဖို​ဆောက်​ထား​၏​။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 24,
      "text": "ထို​သူ​က ငါ့​အား “ဤ​နေရာ​သည် လူ​တို့​ပေးလှူ​သော​ယဇ်ကောင်​ကို အိမ်​တော်​အမှုထမ်း​တို့ ချက်ပြုတ်​ပေး​ရ​သော မီးဖိုဆောင်​ဖြစ်​၏​”​ဟု ပြောပြ​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 1,
      "text": "ထို​သူ​သည် ငါ့​အား အိမ်​တော်​ဝင်ပေါက်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​ရာ အိမ်​တော်​တံခါးခုံ​အောက်​မှ အိမ်​တော်​မျက်နှာမူ​ရာ​အရှေ့ဘက်​သို့ ရေ​စီးထွက်​သွား​သည်​ကို တွေ့​ရ​၏​။ ထို​ရေ​တို့​သည် အိမ်​တော်​လက်ယာ​ဘက်​အောက်​၊ ယဇ်ပလ္လင်​တော်​တောင်ဘက်​မှ စီးဆင်း​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 2,
      "text": "ထို့နောက် ငါ့​အား မြောက်ဘက်​မုခ်ဆောင်​မှ အပြင်ဘက်​သို့ ခေါ်ဆောင်​သွား​ပြီး အပြင်ဘက်​အရှေ့​မုခ်ဆောင်​ကို လှည့်လည်​ကြည့်ရှု​စေ​၏​။ လက်ယာ​ဘက်​တွင် ရေ​များ​စီးဆင်း​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 3,
      "text": "သူ​သည် မျဉ်းကြိုး​ကို​ကိုင်​လျက် အရှေ့ဘက်​သို့​သွား​ပြီးလျှင် ရေ​စီးသွား​ရာ​အရှည် အတောင်​တစ်ထောင် ​ကို​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ရာ ရေ​သည် ခြေမျက်စိ​အထိ​ရောက်​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 4,
      "text": "တစ်ဖန် အရှည်​အတောင်​တစ်ထောင်​ထပ်​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ပြန်​ရာ ရေ​သည် ဒူး​အထိ​ရောက်​၏​။ တစ်ဖန် အရှည်​အတောင်​တစ်ထောင်​ကို​ထပ်​တိုင်း​၍ ငါ့​အား ရေ​ကို​ဖြတ်ကူး​စေ​ပြန်​ရာ ရေ​သည် ခါး​အထိ​ရောက်​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 5,
      "text": "တစ်ဖန် အရှည်​အတောင်​တစ်ထောင်​ကို​ထပ်​တိုင်း​ပြန်​ရာ ရေ​အလွန်​နက်​သောကြောင့် ငါ​သည် မြစ်​ကို​ဖြတ်​မ​ကူး​နိုင်​။ မြစ်​သည် ဖြတ်ကူး​၍​မ​ရ​တော့​ဘဲ လက်ပစ်ကူး​ရ​သော​အနေအထား​သို့ ရောက်​လေ​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 6,
      "text": "ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရာ​ကို သင်​မြင်​ပြီ​လော​”​ဟု ဆို​ပြီး ငါ့​ကို မြစ်​ကမ်း​ဘက်​သို့ ပြန်ခေါ်​လာ​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 7,
      "text": "မြစ်​ကမ်း​သို့ ပြန်ရောက်​သောအခါ ကမ်း​တစ်ဖက်တစ်ချက်​တွင် သစ်ပင်​များစွာ ပေါက်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 8,
      "text": "ထို​သူ​က ငါ့​အား “​ဤ​မြစ်​ရေ​သည် အရှေ့ဘက်​အရပ်​သို့​ဦးတည်​ပြီး အရာဗ​လွင်ပြင်​ကို​ဖြတ်​ကာ ပင်လယ်​ထဲသို့ စီးဝင်​သွား​၏​။ ပင်လယ်​ထဲသို့ ရောက်သွား​သောအခါ ပင်လယ်​ရေ​သည် ရေချို​ဖြစ် ​သွား​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 9,
      "text": "ထို​မြစ်ရေ​စီးဆင်း​သွား​ရာ​အရပ်ရပ်​တို့​၌ အုပ်စုလိုက်​နေထိုင်​သော​သက်ရှိသတ္တဝါ​အပေါင်း​တို့ ရှင်သန်​နေထိုင်​ကြ​လိမ့်မည်​။ မရေမတွက်​နိုင်​သော​ငါး​များ ရှိ​ကြ​လိမ့်မည်​။ ထို​မြစ်ရေ​စီးဆင်း​ရာ​အရပ်ရပ်​သည် ရေချို​ဖြစ်​သွား​လိမ့်မည်​။ ထို​မြစ်ရေ​စီးဆင်း​လေ​ရာ​၌ အရာ​အားလုံး​သည် ရှင်သန်​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 10,
      "text": "အင်္ဂေဒိ​မှ ဧနေဂလိ​အရပ်​တိုင်အောင် ကမ်းစပ်​တစ်လျှောက်​သည် တံငါသည်​တို့​ကျင်လည်​ရာ​၊ သူ​တို့​၏​ပိုက်ကွန်​များ​ဖြန့်​ရာ​အရပ် ဖြစ်​လိမ့်မည်​။ မြေထဲပင်လယ်​ရှိ​ငါး​များ​ကဲ့သို့ ထို​အရပ်​၌ ငါး​တို့​သည် အမျိုး​အလိုက် အလွန်​များပြား​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 11,
      "text": "ရွှံ့နွံ​စိမ့်စမ်း​တို့​မှ ရေ​များ​မူကား ရေချို​ဖြစ်လာ​မည်​မ​ဟုတ်​။ ဆားငန်ရေ​ပင် ဖြစ်​နေ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 12,
      "text": "မြစ်​ကမ်းဘေး​တစ်ဖက်တစ်ချက်​တွင် သီးပင်စားပင်​အမျိုးမျိုး ပေါက်ရောက်​လိမ့်မည်​။ သန့်ရှင်းရာဌာန​မှ​စီးလာ​သော မြစ်ရေ​ကို ရ​ရှိ​သောကြောင့် အပင်​တို့​သည် အရွက်​မ​ညှိုးနွမ်း​၊ အသီး​လည်း မ​ပြတ်​။ လစဉ်​အသီး​သီး​လိမ့်မည်​။ အသီး​သည် စား​ဖို့​၊ အရွက်​သည် အနာရောဂါ​ပျောက်ကင်း​ဖို့ ဖြစ်​လိမ့်မည်​” ​ဟု ဆို​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 13,
      "text": "ဘုရားရှင်​ထာဝရဘုရား​က “​ဤသည်ကား အစ္စရေး​အမျိုးအနွယ် တစ်ဆယ့်​နှစ်​နွယ်​အတွက် သင်​တို့​ခွဲဝေ​ကြ​ရ​မည့် အမွေ​မြေ​နယ်နိမိတ်​ဖြစ်​၏​။ ယောသပ်​သည် ဝေစု​နှစ်​စု ရ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 14,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ညီအစ်ကိုချင်း​တို့​နှင့် အမွေ​ကို အညီအမျှ​ခွဲဝေ​ကြ​ရ​မည်​။ ဤ​မြေ​သည် သင်​တို့​အမွေခံရာမြေ ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 15,
      "text": "ဤ​ပြည်​၏​နယ်နိမိတ်​မှာ မြောက်ဘက်ခြမ်း​တွင် မြေထဲပင်လယ်​မှစ၍ ဟေသလုန်​လမ်း​အတိုင်း ဇေဒဒ်​မြို့​၊"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 16,
      "text": "ဟာမတ်​မြို့​၊ ဗေရောသာ​မြို့​၊ ဒမတ်စကပ်​မြို့​နှင့် ဟာမတ်​နယ်နိမိတ်​ကြား​ရှိ သိဗရိမ်​မြို့​အထိ​ရောက်​၍ ဟောရန်​နယ်နိမိတ်​ရှိ ဟာဇာဟတ္တိကုန်​မြို့​အထိ ရောက်​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 17,
      "text": "ထို့ကြောင့် မြောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ်​မှစ၍ ဒမတ်စကပ်​မြောက်ဘက်​နယ်စပ်​ရှိ ဟာဇရေနန်​မြို့​အထိ ထိုမှ ဟာမတ်​မြောက်ဘက်​နယ်နိမိတ်​အထိ ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 18,
      "text": "အရှေ့​ဘက်ခြမ်း​တွင် ဟောရန်​မြို့​နှင့်​ဒမတ်စကပ်​မြို့​ကြား​၊ ဂျော်ဒန်​မြစ်​တစ်လျှောက် ဂိလဒ်​ပြည်​နှင့်​အစ္စရေး​ပြည်​ကြား​မှ မြေထဲပင်လယ်​အရှေ့ဘက်​နယ်နိမိတ်​တိုင်အောင် တိုင်းတာ​ရ​မည်​။ ဤသည်ကား အရှေ့ဘက်​နယ်နိမိတ်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 19,
      "text": "တောင်​ဘက်ခြမ်း​တွင် တာမာ​အရပ်​မှ ကာဒေရှ​အရပ်​ရှိ​မေရိဘ​စမ်းရေ​နား​အထိ​၊ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​အထိ ရောက်​၏​။ ဤသည်ကား တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 20,
      "text": "အနောက်​ဘက်ခြမ်း​တွင် မြေထဲပင်လယ်​မှ လီဘိုဟာမတ်​မျက်နှာမူ​ရာ​အရပ်​နယ်နိမိတ်​အထိ ဖြစ်​၏​။ ဤသည်ကား အနောက်ဘက်​နယ်နိမိတ်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 21,
      "text": "“ဤသို့ သင်​တို့​သည် အစ္စရေး​အမျိုးအနွယ်​အလိုက် အမွေ​မြေ​ကို ခွဲဝေ​ယူ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 22,
      "text": "ထို​မြေ​ကို အမွေမြေ​အဖြစ် သင်​တို့​ခွဲဝေယူ​ရ​မည်​။ သင်​တို့​နှင့်အတူ​နေထိုင်ရင်း သားသမီး​ရလာ​ကြ​သော တိုင်းတစ်ပါးသား​တို့​ကို​လည်း ခွဲဝေ​ပေး​ရ​မည်​။ သူ​တို့​ကို အစ္စရေး​အမျိုးအနွယ်​တို့​၏​အမျိုးသားချင်း​ကဲ့သို့ သဘောထား​ရ​မည်​။ အစ္စရေး​အမျိုးအနွယ်​တို့​နှင့်အတူ အမွေမြေ​ခွဲဝေ​ပေး​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 23,
      "text": "တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အစ္စရေး​အမျိုးအနွယ်​တွင် နေထိုင်​သည်​ဖြစ်စေ သူ​တို့​နေထိုင်​ရာ​အရပ်​၌ သူ​တို့​ကို အမွေမြေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 1,
      "text": "“မျိုးနွယ်​အမည်​အလိုက် ရ​သော​ဝေစု​ကား ဤသို့​ဖြစ်​၏​။ မြောက်ဘက်​အစွန်း ဟေသလုန်​မြို့​မှ လီဘိုဟာမတ်​မြို့​သို့​သွား​ရာ​လမ်း​တစ်လျှောက် ထိုမှ ဒမတ်စကပ်​မြို့​နှင့် မြောက်ဘက်​ရှိ​ဟာမတ်​မြို့​၏​နယ်နိမိတ်​အကြား​ရှိ ဟာဇရေနန်​မြို့​အထိ အရှေ့ဘက်​မှ အနောက်ဘက်​အထိ​နယ်နိမိတ်​သည် ဒန်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 2,
      "text": "ဒန်​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် အာရှာ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 3,
      "text": "အာရှာ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် နဿလိ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 4,
      "text": "နဿလိ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် မနာရှေ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 5,
      "text": "မနာရှေ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ဧဖရိမ်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 6,
      "text": "ဧဖရိမ်​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ရုဗင်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 7,
      "text": "ရုဗင်​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ယုဒ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 8,
      "text": "ယုဒ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် သင်​တို့​ပေးလှူ​ရ​မည့် အလှူမြေ​ဖြစ်​၏​။ ဤ​မြေ​သည် အနံ​အတောင်​နှစ်သောင်းငါးထောင် ​၊ အလျား​မှာ မျိုးနွယ်​တစ်​နွယ်​ရ​သော​ဝေစု​အတိုင်း အရှေ့ဘက်​မှ အနောက်ဘက်ခြမ်း​တိုင်အောင် အလျား​တူ​ရ​မည်​။ ဤ​မြေ​၏​အလယ်ဗဟို​တွင် သန့်ရှင်းရာဌာန​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 9,
      "text": "ထာဝရဘုရား​အဖို့​ပေးလှူ​သော အလှူမြေ​သည် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း ​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 10,
      "text": "ဤ​မြေ​သည် ယဇ်ပုရောဟိတ်​တို့​အဖို့ သန့်ရှင်း​သော​အလှူမြေ​ဖြစ်​ရ​မည်​။ မြောက်ဘက်​တွင် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနောက်ဘက်​တွင် အနံ​အတောင်​တစ်သောင်း​၊ အရှေ့ဘက်​တွင် အနံ​အတောင်​တစ်သောင်း​၊ တောင်ဘက်​တွင် အလျား​အတောင်​နှစ်သောင်းငါးထောင်​ရှိ​ရ​မည်​။ ဤ​မြေ​၏​အလယ်ဗဟို​တွင် ထာဝရဘုရား​အဖို့ သန့်ရှင်းရာဌာန​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 11,
      "text": "ဤ​မြေ​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​များ​ဖြစ်​သော ငါ့​အမှုထမ်း​ဇာဒုတ်​၏ သားမြေး​တို့​အဖို့​ဖြစ်​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ လမ်းလွဲ​သောအခါ လေဝိ​အမျိုး​တို့​လမ်းလွဲ​သွား​သကဲ့သို့ လမ်း​မ​လွဲ​ကြ​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 12,
      "text": "အထူး​သန့်ရှင်း​သော​အလှူ​မြေ​ထဲမှ လေဝိ​နယ်နိမိတ်​နှင့်​ကပ်​လျက်​ရှိ​သော​မြေ​သည် ယဇ်ပုရောဟိတ်​တို့​အဖို့ သီးသန့်​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 13,
      "text": "ယဇ်ပုရောဟိတ်​တို့​၏​မြေ​နှင့်​ကပ်​လျက် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း​ရှိ​သော​မြေ​သည် လေဝိ​အမျိုး​တို့​အဖို့ ဖြစ်​ရ​မည်​။ ထို​မြေ​သည် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 14,
      "text": "ဤ​မြေ​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​မြေ​ဖြစ်​သောကြောင့် သူ​တို့​သည် ဤ​အကောင်းဆုံး​မြေ​ကို မ​ရောင်း​ရ​၊ အလဲအလှယ်​မ​လုပ်​ရ​၊ အခြားသူ​လက်​သို့ မ​လွှဲပြောင်း​ရ​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 15,
      "text": "အနံ​အတောင်​နှစ်သောင်းငါးထောင်​မြေကွက်​မှ ကျန်​အတောင်​ငါးထောင် ​မြေကွက်​သည် အများပိုင် မြို့​မြေ​၊ အိမ်​မြေ​၊ စားကျက်မြေ​ဖြစ်​ရ​မည်​။ မြေ​အလယ်ဗဟို​တွင် မြို့​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 16,
      "text": "မြို့​၏​အကျယ်အဝန်း​မှာ မြောက်ဘက်​တွင် အတောင်​လေး​ထောင်​ငါး​ရာ ​၊ တောင်ဘက်​တွင် အတောင်​လေး​ထောင်​ငါး​ရာ​၊ အရှေ့ဘက်​တွင် အတောင်​လေး​ထောင်​ငါး​ရာ​၊ အနောက်ဘက်​တွင် အတောင်​လေး​ထောင်​ငါး​ရာ ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 17,
      "text": "မြို့​၏​စားကျက်မြေ​မှာ မြောက်ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ် ​၊ တောင်ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ်​၊ အရှေ့ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ်​၊ အနောက်ဘက်​တွင် အတောင်​နှစ်ရာ့​ငါးဆယ် ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 18,
      "text": "အလှူမြေ​နှင့်​ကပ်​လျက်​ရှိ​သော ကျန်​မြေ​၏​အလျား​သည် အရှေ့ဘက်​တွင် အတောင်​တစ်သောင်း​၊ အနောက်ဘက်​တွင် အတောင်​တစ်သောင်း ရှိ​ရ​မည်​။ ထို​မြေ​သည် သန့်ရှင်း​သော​အလှူမြေ​နှင့်​ကပ်​လျက်​ရှိ​၍ ထို​မြေ​မှ​ထွက်​သော​အသီးအနှံ​သည် မြို့​၌​အလုပ်လုပ်​သူ​တို့ စား​ဖို့​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 19,
      "text": "အစ္စရေး​မျိုးနွယ်​အပေါင်း​တို့​ထဲမှ မြို့​၌​အလုပ်လုပ်​သော​သူ​တို့​သည် ထို​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 20,
      "text": "အလှူမြေ​တစ်ခုလုံး​သည် စတုရန်း​ပုံ​ရှိ​၍ အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​နှစ်သောင်းငါးထောင် ရှိ​ရ​မည်​။ သန့်ရှင်း​သော​အလှူမြေ​နှင့်အတူ မြို့ပိုင်မြေ​ကို​ပါ ပေးလှူ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 21,
      "text": "သန့်ရှင်း​သော​အလှူမြေ​နှင့် မြို့ပိုင်မြေ​၏​ဘေး​တစ်ဖက်တစ်ချက်​ရှိ​မြေ​သည် မင်းသား​ပိုင်မြေ​ဖြစ်​ရ​မည်​။ ထို​မြေ​သည် အရှေ့​ဘက်​တွင် အနံ​အတောင်​နှစ်သောင်းငါးထောင်​ရှိ​သည့် သန့်ရှင်း​သော​အလှူမြေ​မှစ၍ အရှေ့ဘက်​နယ်နိမိတ်​အဆုံး​ထိ​၊ အနောက်ဘက်​တွင် အနံ​အတောင်​နှစ်သောင်းငါးထောင်​ရှိ​သည့် သန့်ရှင်း​သော​အလှူမြေ​မှစ၍ အနောက်ဘက်​နယ်နိမိတ်​အဆုံး​ထိ ဖြစ်​ရ​မည်​။ အလျား​မှာ မျိုးနွယ်​ပိုင်​မြေ​နှင့်​ထိစပ်​ရ​မည်​။ ထို​မြေ​သည် မင်းသား​ပိုင်မြေ​ဖြစ်​ရ​မည်​။ သန့်ရှင်း​သော​အလှူမြေ​နှင့် အိမ်​တော်​ရှိ​သန့်ရှင်းရာဌာန​သည် အလယ်ဗဟို​တွင်​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 22,
      "text": "လေဝိ​အမျိုး​ပိုင်မြေ​နှင့် မြို့ပိုင်မြေ​သည် မင်းသား​ပိုင်မြေ​နှစ်​ခု​၏​ကြား​တွင် ရှိ​ရ​မည်​။ မင်းသား​ပိုင်မြေ​သည် ယုဒ​နယ်နိမိတ်​နှင့် ဗင်္ယာမိန်​နယ်နိမိတ်​ကြား​တွင် ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 23,
      "text": "ကျန်​မျိုးနွယ်​များ​အတွက်​ဝေစု​မှာ အလှူမြေ​နား​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ဗင်္ယာမိန်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 24,
      "text": "ဗင်္ယာမိန်​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ရှိမောင်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 25,
      "text": "ရှိမောင်​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ဣသခါ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 26,
      "text": "ဣသခါ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ဇာဗုလုန်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 27,
      "text": "ဇာဗုလုန်​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် ဂဒ်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 28,
      "text": "ဂဒ်​တောင်ဘက်​နယ်နိမိတ်​နှင့်​ကပ်​လျက်​ရှိ​သော​နယ်နိမိတ်​မှာ တာမာ​မြို့​မှ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား​အထိ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​သို့ ရောက်သွား​သည်​အထိ​ဖြစ်​၏​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 29,
      "text": "ဤကား အစ္စရေး​အမျိုးအနွယ်​တို့​အား သင်​တို့​ခွဲဝေ​ပေး​ရ​မည့် အမွေ​မြေ​ဖြစ်​၏​။ ဤ​မြေ​သည် သူ​တို့​အပိုင်​မြေ​ဖြစ်​၏​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 30,
      "text": "မြို့​ထွက်ပေါက်​များ​ကား ဤသို့​ဖြစ်​၏​။ မြို့​၏​မြောက်ဘက်​သည် အတောင်​လေး​ထောင်​ငါး​ရာ အကျယ်​ရှိ​၏​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 31,
      "text": "မြို့​တံခါး​တို့​ကို အစ္စရေး​မျိုးနွယ်​အလိုက် အမည်​ပေး​ရ​မည်​။ မြောက်ဘက်​တွင် ရုဗင်​တံခါး​၊ ယုဒ​တံခါး​၊ လေဝိ​တံခါး​ဟူ၍ တံခါးပေါက်​သုံး​ပေါက်​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 32,
      "text": "မြို့​၏​အရှေ့​ဘက်​သည် အတောင်​လေး​ထောင်​ငါး​ရာ​ကျယ်​၍ ယောသပ်​တံခါး​၊ ဗင်္ယာမိန်​တံခါး​၊ ဒန်​တံခါး​ဟူ၍ တံခါးပေါက်​သုံး​ပေါက်​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 33,
      "text": "တောင်ဘက်​သည် အတောင်​လေး​ထောင်​ငါး​ရာ​ကျယ်​၍ ရှိမောင်​တံခါး​၊ ဣသခါ​တံခါး​၊ ဇာဗုလုန်​တံခါး​ဟူ၍ တံခါးပေါက်​သုံး​ပေါက်​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 34,
      "text": "အနောက်ဘက်​သည် အတောင်​လေး​ထောင်​ငါး​ရာ​ကျယ်​၍ ဂဒ်​တံခါး​၊ အာရှာ​တံခါး​၊ နဿလိ​တံခါး​ဟူ၍ တံခါးပေါက်​သုံး​ပေါက်​ရှိ​ရ​မည်​။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 35,
      "text": "မြို့​ပတ်ပတ်လည်​သည် အတောင်​တစ်သောင်းရှစ်ထောင် ​ကျယ်​၏​။ ထို​နေ့​မှစ၍ ထို​မြို့​၏​အမည်​ကို “​ထာဝရဘုရား စံ​တော်မူ​ရာ​”​ဟု ခေါ်တွင်​ရ​မည်​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 1,
      "text": "ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​တတိယ​နှစ်​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီတက်​၍ မြို့​ကို​ဝိုင်းထား​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 2,
      "text": "ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 3,
      "text": "ထို့နောက် ရှင်ဘုရင်​သည် နန်းတော်အုပ် အာရှာပေနတ်​ကို​ခေါ်​၍ အစ္စရေး​အမျိုးသား မင်းမျိုးမင်းနွယ်​၊ မှူးမျိုးမတ်နွယ်​တို့​ထဲမှ"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 4,
      "text": "ကိုယ်အင်္ဂါ​မ​ချို့ယွင်း​သူ​၊ ကိုယ်ခန္ဓာ​သန်မာ​ထွားကျိုင်း​သူ​၊ ဘက်စုံထူးချွန်​သူ​၊ အသိပညာ​ကြွယ်ဝ​သူ​၊ နန်းတွင်း​၌​အမှုထမ်း​နိုင်စွမ်း​သူ လူငယ်​တို့​ကို ခါလဒဲ​စာပေ​နှင့် ဘာသာစကား​ကို သင်ကြား​ပေး​ရန် အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 5,
      "text": "ရှင်ဘုရင်​သည် ထို​သူ​တို့​အား ဘုရင်​စား​သော​အစားအစာ​၊ ဘုရင်​သောက်​သော​စပျစ်ဝိုင်​ကို နေ့စဉ်​ကျွေးမွေး​၍ သုံး​နှစ်​တိုင်တိုင် သင်ကြားလေ့ကျင့်​ပေး​စေ​၏​။ သုံး​နှစ်​စေ့​သောအခါ ဘုရင့်​ရှေ့​တော်​တွင် အမှုထမ်း​ရန် စီရင်​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 6,
      "text": "ထို​သူ​တို့​ထဲတွင် ယုဒ​အမျိုးသား​ထဲမှ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ တို့​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 7,
      "text": "နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 8,
      "text": "ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 9,
      "text": "နန်းတော်အုပ်​သည် ဒံယေလ​အား ကျေးဇူးပြု​လို​သော​စိတ်​၊ သနား​လို​သော​စိတ်​ရှိ​အောင် ဘုရားသခင်​ပြု​ပေး​တော်မူ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 10,
      "text": "နန်းတော်အုပ်​က​လည်း ဒံယေလ​အား “​သင်​တို့​စား​သောက်​ရန် ကြီးကြပ်​စီမံ​ပေး​သော ငါ့​အရှင်​ဘုရင်​ကို ငါ​ကြောက်​၏​။ သင်​တို့​မျက်နှာ​သည် သင်​တို့​နှင့်​သက်တူရွယ်တူ​လူငယ်​တို့​၏​မျက်နှာ​နှင့်​မ​တူ ညှိုးငယ်​နေ​မည်​ကို အဘယ်ကြောင့် သူ့​ကို မြင်​စေ​မည်နည်း​။ သို့ဖြစ်လျှင် ငါ​သည် ဘုရင်​ထံမှ အပြစ်ဒဏ်​ခံရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 11,
      "text": "ထိုအခါ ဒံယေလ​က မိမိ​အပါအဝင် ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကို ကြည့်ရှု​ပေး​ရန် နန်းတော်အုပ်​ခန့်ထား​သော​စားတော်ကဲ​ထံ​သွား​၍"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 12,
      "text": "“​အသင့်​အစေအပါး​တို့​အား ဟင်းသီးဟင်းရွက်​ကို​သာ​ကျွေး​၍ ရေ​ကို​သာ​တိုက်​ခြင်း​ဖြင့် ဆယ်​ရက်​စမ်းသပ်​ကြည့်​ပါ​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 13,
      "text": "ထို့နောက် အကျွန်ုပ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​နှင့် ဘုရင့်​အစားအစာ​ကို​စား​သော​လူငယ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​ကို ယှဉ်ကြည့်​ပါ​။ သို့ပြီးမှ အသင်​မြင်​သည့်​အတိုင်း အသင့်​ကျွန်​တို့​ကို စီရင်​ပါ​”​ဟု ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 14,
      "text": "စားတော်ကဲ​သည်​လည်း ဒံယေလ​စကား​ကို သဘောတူ​၍ ဆယ်​ရက်​စမ်းသပ်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 15,
      "text": "ဆယ်​ရက်​စေ့​သောအခါ သူ​တို့​၏​ရုပ်ဆင်းသွင်ပြင်​သည် ဘုရင့်​အစားအစာ​ကို​စား​သော​အခြား​လူငယ်​တို့​ထက် ပို၍​ကျန်းမာ​ကြံ့ခိုင်​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 16,
      "text": "ထိုအခါ စားတော်ကဲ​သည် သူ​တို့​စား​ဖို့​အစာ​၊ သောက်​ဖို့​စပျစ်ဝိုင်​တို့​အစား သူ​တို့​အား ဟင်းသီးဟင်းရွက်​များ​ကို​သာ ကျွေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 17,
      "text": "ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 18,
      "text": "ဤသို့ဖြင့် သူ​တို့​ကို ဘုရင့်​ရှေ့​တော်​သွင်း​ရ​မည့်​နေ့​ရောက်လာ​သောအခါ နန်းတော်အုပ်​သည် သူ​တို့​ကို နေဗုခဒ်နေဇာ​မင်းကြီး​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 19,
      "text": "ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 20,
      "text": "ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 21,
      "text": "ဒံယေလ​သည် ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တိုင်အောင် ရှိ​နေ​ခဲ့​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 1,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး​သည် နန်းစံ​ဒုတိယ​နှစ်​တွင် အိပ်မက်​မက်​သဖြင့် စိတ်သောက​ရောက်​၍ စက်တော်​မ​ခေါ်​နိုင်​ဘဲ​ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 2,
      "text": "ထို့ကြောင့် ရှင်ဘုရင်​၏​အိပ်မက်​များ​ကို ဖော်ပြ​ရန် ရှင်ဘုရင်​သည် နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​၊ မှော်ဆရာ​များ​နှင့်​ခါလဒဲ​ပညာရှိ​တို့​ကို ဆင့်ခေါ်​စေ​၏​။ သူ​တို့​သည်​လည်း ရှင်ဘုရင်​ရှေ့မှောက်​၌ လာ​၍​ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 3,
      "text": "ထိုအခါ ရှင်ဘုရင်​က သူ​တို့​အား “​ငါ​သည် အိပ်မက်မက်​ပြီး ထို​အိပ်မက်​ကို သိလို​သောကြောင့် စိတ်သောက​ရောက်​ရ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 4,
      "text": "ခါလဒဲ​ပညာရှိ​တို့​က​လည်း အာရမိတ်​ဘာသာစကား​ဖြင့် ရှင်ဘုရင်​အား “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို​ပြောပြ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့ အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 5,
      "text": "ရှင်ဘုရင်​က​လည်း ခါလဒဲ​ပညာရှိ​တို့​အား “​ငါ့​အမိန့်​တော်​သည် အတည်​ဖြစ်​၏​။ ငါ့​အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို သင်​တို့​မ​ဖော်ပြ​နိုင်​လျှင် သင်​တို့​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​မည်​။ သင်​တို့​အိမ်​များ​ကို​လည်း မစင်ပုံ​ဖြစ်​စေ​မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 6,
      "text": "သို့သော် သင်​တို့​သည် ငါ့​အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​လျှင် သင်​တို့​အား လက်ဆောင်​များ​နှင့်တကွ ဆုလာဘ်​ကို​လည်း ငါ​ပေး​မည်​။ ခမ်းနား​စွာ​ဂုဏ်ပြု​မည်​။ ထို့ကြောင့် အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ကြ​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​က​လည်း “​အရှင်မင်းကြီး​၊ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို အမိန့်ရှိ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့​က အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​မည်​”​ဟူ၍ တစ်ဖန် လျှောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 8,
      "text": "ရှင်ဘုရင်​က​လည်း “​ငါ​အမိန့်ချ​ပြီး​သည်​ကို သိ​လျက်​နှင့် သင်​တို့​အချိန်ဆွဲ​နေ​ကြ​သည်​ကို ငါ​သိ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 9,
      "text": "သင်​တို့​သည် ငါ့​အိပ်မက်​ကို မ​ဖော်ပြ​နိုင်​လျှင် သင်​တို့​အဖို့ အပြစ်ဒဏ်​တစ်ခု​ကို ငါ​ချမှတ်​ထား​ပြီး​ဖြစ်​၏​။ အခြေအနေ​ပြောင်းလိုပြောင်းငြား သင်​တို့​ပူးပေါင်း​ပြီး ငါ့​ကို မလိမ့်တပတ် လျှောက်တင်​ကြ​၏​။ ငါ့​အား အိပ်မက်​ကို​သာ ပြောပြ​လော့​။ သင်​တို့​သည် အိပ်မက်​ကို​ပြောပြ​နိုင်​လျှင် အနက်အဓိပ္ပာယ်​ကို​လည်း ဖွင့်ပြ​နိုင်​မည်​ကို ငါ​သိ​ရ​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 10,
      "text": "ခါလဒဲ​ပညာရှိ​တို့​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​သိလို​သော​အရာ​ကို ဖော်ပြ​နိုင်​မည့်​သူ ဤ​ကမ္ဘာ​မှာ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​ပါ​။ မည်သည့်​တန်ခိုးကြီး​သော​ရှင်ဘုရင်​က​မျှ​လည်း မှော်ဆရာ​၊ ဗေဒင်ဆရာ​၊ ခါလဒဲ​ပညာရှိ​တို့​ကို ဤသို့ မေးမြန်း​လေ့​မ​ရှိ​ပါ​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 11,
      "text": "အရှင်မင်းကြီး မေး​သော​မေးခွန်း​မှာ ခက်ခဲ​လှ​၏​။ လူ​တို့​ကဲ့သို့​ရှင်သန်​နေထိုင်​ခြင်း​မ​ရှိ​သော နတ်ဘုရား​များ​မှလွဲ၍ မည်သူ​မျှ အရှင်မင်းကြီး​၏​မေးခွန်း​ကို ဖော်ပြ​နိုင်​သူ​မ​ရှိ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 12,
      "text": "ရှင်ဘုရင်​သည် ထို​စကား​ကြောင့် အမျက်ဒေါသ​ပြင်းစွာ​ထွက်​၍ ဘေဘီလုံ​ပညာရှိ​အားလုံး​ကို ကွပ်မျက်​ရန် အမိန့်ပေး​လိုက်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 13,
      "text": "ထိုသို့ ပညာရှိ​တို့​ကို​ကွပ်မျက်​ရန် အမိန့်​ထုတ်​လိုက်​သဖြင့် ဒံယေလ​နှင့်​အပေါင်းပါ​တို့​ကို​လည်း ကွပ်မျက်​ရန် ရှာဖွေ​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 14,
      "text": "ဒံယေလ​သည် ဘေဘီလုံ​ပညာရှိ​တို့​ကို ကွပ်မျက်​ရန်​လာ​သော ဘုရင့်​ကိုယ်ရံတော်မှူး​အာရုတ်​အား အမြော်အမြင်​ရှိရှိ​၊ လိမ္မာပါးနပ်​စွာ မေးမြန်း​ပြောဆို​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 15,
      "text": "ဘုရင့်​ကိုယ်ရံတော်မှူး​အာရုတ်​အား “​အဘယ်ကြောင့် ဘုရင့်​အမိန့်​တော် ဤမျှ​ပြင်းထန်​ရ​သနည်း​”​ဟု မေးမြန်း​သောအခါ အာရုတ်​က ဒံယေလ​အား ဖြစ်ကြောင်းကုန်စင်​ကို ပြောပြ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 16,
      "text": "ထိုအခါ ဒံယေလ​သည် ရှင်ဘုရင်​ထံ အခစား​ဝင်​၍ ရှင်ဘုရင်​၏​အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​ရန် အချိန်​ပေး​ပါ​မည့်​အကြောင်း တောင်းခံ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 17,
      "text": "ထို့နောက် ဒံယေလ​သည် အိမ်​သို့​ပြန်လာ​၍ မိမိ​အပေါင်းအဖော်​ဖြစ်​သော ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​အား ထို​အကြောင်းအရာ​ကို ပြောပြ​၍"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 18,
      "text": "ဤ​နက်နဲသောအရာ​ကြောင့် ဒံယေလ​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် အခြား​ဘေဘီလုံ​ပညာရှိ​တို့​နှင့်အတူ ကွပ်မျက်​မ​ခံရ​စေရန် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​အသနားခံ​ကြ​မည့်​အကြောင်း တိုက်တွန်း​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 19,
      "text": "ထို​ည​တွင် ဒံယေလ​အား ဤ​နက်နဲသောအရာ​ကို စိတ်အာရုံ​ထဲတွင် ဖွင့်ပြ​တော်မူ​၏​။ ထို့ကြောင့် ဒံယေလ​က ကောင်းကင်ဘုံရှင်​ဘုရားသခင်​အား"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 20,
      "text": "“​ဘုရားသခင်​၏​နာမ​တော်​ကို ကာလ​အစဉ်အဆက်​ချီးမွမ်း​ကြ​ပါစေသော​။ ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​သည် ကိုယ်တော့်​ထံမှ​ဖြစ်​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 21,
      "text": "ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 22,
      "text": "ခက်ခဲနက်နဲ​သော​အရာ​၊ လျှို့ဝှက်​သော​အရာ​တို့​ကို ဖွင့်ပြ​တော်မူ​၏​။ မှောင်မိုက်​ထဲ၌​ရှိ​သော​အရာ​တို့​ကို​လည်း သိ​တော်မူ​၏​။ အလင်း​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 23,
      "text": "အို ဘိုးဘေး​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ပါ​၏​။ ကိုယ်တော့်​ကို ချီးမွမ်းထောမနာ​ပြု​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​အား ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​ကို​ပေး​၍ အကျွန်ုပ်​တောင်းလျှောက်​သော​အရာ​ကို ဖွင့်ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​အား ရှင်ဘုရင်​၏​အိပ်မက်​ကို သိ​စေ​တော်မူ​ပါ​ပြီ​”​ဟူ၍ ချီးမွမ်း​မြွက်ဆို​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 24,
      "text": "ဒံယေလ​သည် ဘေဘီလုံ​ပညာရှိ​တို့​ကို​ကွပ်မျက်​ရန် ရှင်ဘုရင်​ခန့်ထား​သော​အာရုတ်​ထံသို့ သွား​၍ “​ဘေဘီလုံ​ပညာရှိ​တို့​ကို မ​ကွပ်မျက်​ပါ​နှင့်​။ အကျွန်ုပ်​ကို ရှင်ဘုရင်​ထံ​ခေါ်သွား​ပါ​။ ရှင်ဘုရင်​၏​အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​ပါ​မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 25,
      "text": "အာရုတ်​က​လည်း ဒံယေလ​ကို ရှင်ဘုရင်​ထံ အလျင်အမြန်​ခေါ်သွား​ပြီးလျှင် “​အရှင်မင်းကြီး​၏​အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​မည့် ယုဒ​အမျိုး​သုံ့ပန်း​တစ်​ဦး​ကို အကျွန်ုပ်​တွေ့​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 26,
      "text": "ရှင်ဘုရင်​က​လည်း ဗေလတရှာဇာ​ခေါ် ဒံယေလ​အား “​ငါ​မက်​သော​အိပ်မက်​နှင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​သလော​”​ဟု မေး​လျှင်"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 27,
      "text": "ဒံယေလ​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​မေး​သည့် နက်နဲသောအရာ​ကို ပညာရှိ​များ​၊ ဗေဒင်ဆရာ​များ​၊ မှော်ဆရာ​များ​၊ နက္ခတ်ဗေဒ​ပညာရှင်​များ​က အရှင်မင်းကြီး​အား ဖော်ပြ​နိုင်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 28,
      "text": "သို့သော် နက်နဲသောအရာ​ကို ဖွင့်ပြ​ပေး​နိုင်​သော​ဘုရားသခင်​တစ်​ပါး ကောင်းကင်ဘုံ​တွင် ရှိ​တော်မူ​၏​။ ထို​ဘုရား​က နောင်ကာလ​ဖြစ်ပျက်​မည့်​အရာ​များ​ကို နေဗုခဒ်နေဇာ​မင်းကြီး​အား ဖော်ပြ​တော်မူ​ပြီ​။ သလွန်​တော်​ပေါ်တွင် ရှင်ဘုရင်​မြင်မက်​တော်မူ​သော​အိပ်မက်​နှင့် တွေးတော​ရင်း စိတ်အာရုံ​တွင်​မြင်​ရ​သော​အရာ​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 29,
      "text": "အို အရှင်မင်းကြီး​၊ မင်းကြီး​သည် သလွန်တော်​ပေါ်တွင်​လဲလျောင်း​လျက် နောင်ကာလ​တွင် မည်သို့​ဖြစ်ပျက်​မည်​ကို တွေးတော​မိ​သောအခါ နက်နဲ​ရာ​ကို​ဖွင့်ပြ​ပေး​နိုင်​သော​အရှင်​က နောင်​ဖြစ်ပျက်​မည့်​အရာ​တို့​ကို အရှင်မင်းကြီး​အား သိ​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 30,
      "text": "အကျွန်ုပ်​အား ဤ​နက်နဲသောအရာ​ကို ဖွင့်ပြ​သည်​မှာ​လည်း အကျွန်ုပ်​သည် သက်ရှိလူသား​အပေါင်း​တို့​ထက်​ပို၍ ဉာဏ်ပညာ​ရှိ​သောကြောင့်​မ​ဟုတ်​ဘဲ အရှင်မင်းကြီး​အား အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​၍ မင်းကြီး​စိတ်​ထဲရှိ​အတွေး​တို့​ကို မင်းကြီး​အား သိ​စေရန် ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 31,
      "text": "အို အရှင်မင်းကြီး​၊ မင်းကြီး​သည် ရုပ်တု​ကြီး​တစ်​ခု​ကို မြင်မက်​ပါ​၏​။ အလွန်​ကြီးမား​တောက်ပပြောင်လက်​သော ထို​ရုပ်တု​သည် မင်းကြီး​ရှေ့​တွင်​ရပ်​လျက် တည်ရှိ​ပါ​၏​။ ထို​ရုပ်တု​၏​ပုံသဏ္ဌာန်​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 32,
      "text": "ထို​ရုပ်တု​၏​ဦးခေါင်း​မှာ ရွှေ​စင်​၊ ရင်ဘတ်​နှင့်​လက်မောင်း​မှာ ငွေ​၊ ဗိုက်​နှင့်​ပေါင်​မှာ ကြေးနီ​၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 33,
      "text": "ခြေသလုံး​နှစ်​ဖက်​မှာ သံ​၊ ခြေ​မှာ သံ​တစ်ပိုင်း​နှင့် ရွှံ့စေး​တစ်ပိုင်း ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 34,
      "text": "အရှင်မင်းကြီး ကြည့်​နေ​စဉ် လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ထုခွဲ​ထား​သော​ကျောက်တုံး​တစ်​တုံး​သည် သံ​နှင့် ရွှံ့စေး​ဖြစ်​သော​ရုပ်တု​၏​ခြေ​တို့​ကို ဝင်တိုက်​၍ တစ်စစီကျိုးပဲ့​သွား​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 35,
      "text": "ထိုနည်းတူ သံ​၊ ရွှံ့စေး​၊ ကြေးနီ​၊ ငွေ​၊ ရွှေ​တို့​သည်​လည်း တစ်စစီကျိုးပဲ့​သွား​၍ နွေကာလ​တွင် တလင်းပြင်​ရှိ​အဖျင်းအမှော်​ကဲ့သို့ ဖြစ်​လေ​၏​။ လေတိုက်​သောအခါ လွင့်ပါ​သွား​သဖြင့် အစအန​ပင် မ​တွေ့​တော့​ပေ​။ ရုပ်တု​ကြီး​ကို ဝင်တိုက်​သော​ကျောက်တုံး​မူကား တောင်​ကြီး​ဖြစ်လာ​ပြီး မြေ​တစ်ပြင်လုံး​၌ ပြည့်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 36,
      "text": "ဤသည်ကား အရှင်မင်းကြီး မြင်မက်​သော​အိပ်မက် ဖြစ်​ပါ​၏​။ ယခု အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို အကျွန်ုပ်​တို့ ဖွင့်ပြ​လျှောက်တင်​ပါ​မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 37,
      "text": "အို အရှင်မင်းကြီး​၊ မင်းကြီး​သည် ဘုရင်​တကာ​တို့​၏​ဘုရင် ဖြစ်​ပါ​၏​။ ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မင်းကြီး​အား နိုင်ငံ​တော်​နှင့်တကွ တန်ခိုးအာဏာ​၊ အစွမ်းသတ္တိ​၊ ဂုဏ်သရေ​တို့​ကို ပေး​တော်မူ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 38,
      "text": "အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 39,
      "text": "အရှင်မင်းကြီး​နောက်​တွင် အရှင်မင်းကြီး​ထက်​အင်အားနည်း​သော နိုင်ငံ​တစ်ခု ပေါ်ထွန်း​လိမ့်မည်​။ ထို့နောက် တတိယ​နိုင်ငံ​တစ်ခု​ဖြစ်​သော ကြေးနီ​နိုင်ငံ​ပေါ်ထွန်း​ပြီး မြေ​တစ်ပြင်လုံး​ကို အုပ်စိုး​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 40,
      "text": "ထို့နောက် သံ​ကဲ့သို့​ခိုင်မာ​သော စတုတ္ထ​နိုင်ငံ ပေါ်ထွန်း​လိမ့်မည်​။ သံ​သည် အခြားအရာ​တို့​ကို ခြေမွှ​နိုင်​သကဲ့သို့ ဤ​နိုင်ငံ​သည်​လည်း အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီ​ခြေမွှ​ပစ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 41,
      "text": "ရုပ်တု​၏​ခြေ​နှင့် ခြေချောင်း​တို့​မှာ အိုးဖုတ်​ရွှံ့စေး​တစ်ပိုင်း​နှင့် သံ​တစ်ပိုင်း​ဖြစ်​သည်​ကို အရှင်မင်းကြီး​မြင်​ခဲ့​၏​။ ဤ​နိုင်ငံ​သည် အချင်းချင်း​ကွဲပြား​သော​နိုင်ငံ ဖြစ်​လိမ့်မည်​။ အရှင်မင်းကြီး​မြင်​ရ​သည့်​အတိုင်း ရွှံ့စေး​နှင့် သံ​ရော​ထား​သည်​ဖြစ်​၍ ဤ​နိုင်ငံ​သည် သံ​ကဲ့သို့ မာကျော​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 42,
      "text": "ခြေချောင်း​တို့​မှာ သံ​တစ်ပိုင်း ရွှံ့စေး​တစ်ပိုင်း​ဖြစ်၍ ထို​နိုင်ငံ​တစ်ဝက်​သည် ခိုင်မာ​၍ တစ်ဝက်​သည် ပျက်စီး​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 43,
      "text": "ထိုသို့ သံ​နှင့်​အိုးဖုတ်​ရွှံ့စေး ရောနှော​ထား​သည်​ကို အရှင်မင်းကြီး မြင်​ခဲ့​၏​။ ဤသည်မှာ သူ​တို့​သည် အခြား​လူမျိုးနွယ်​တို့​နှင့် ရောနှော​နေထိုင်​ကြ​လိမ့်မည်​။ သို့သော် သံ​နှင့်​ရွှံ့စေး ရောနှော​၍​မ​ရ​သကဲ့သို့ သူ​တို့​သည်​လည်း အချင်းချင်း​ပူးပေါင်း​၍ ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 44,
      "text": "ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 45,
      "text": "လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ထုခွဲ​ထား​သော​ကျောက်တုံး​တစ်​တုံး​သည် တောင်​ပေါ်မှ​လိမ့်ကျ​လာ​ပြီး သံ​၊ ကြေးနီ​၊ ရွှံ့စေး​၊ ငွေ​၊ ရွှေ​တို့​ကို တစ်စစီကျိုးပဲ့​စေ​သည်​ကို အရှင်မင်းကြီး မြင်​ခဲ့​သည်​မှာ ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​သည် နောင်ကာလ​၌​ဖြစ်ပျက်​မည့်​အရာ​တို့​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ခြင်း​ဖြစ်​၏​။ အိပ်မက်​သည် မှန်ကန်​ပါ​၏​။ အနက်အဓိပ္ပာယ်​မှာ​လည်း ယုံကြည်​ရ​ပါ​၏​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 46,
      "text": "ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် ဒံယေလ​အား ပျပ်ဝပ်​ရှိခိုး​ပြီးလျှင် ဘောဇဉ်ပူဇော်သက္ကာ​နှင့် အမွှေးနံ့သာ​ကို သူ့​အား​ဆက်သ​ကြ​ရန် အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 47,
      "text": "ထို့ပြင် ရှင်ဘုရင်​က ဒံယေလ​အား “​စင်စစ် သင်​၏​ဘုရားသခင်​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ ဘုရင်​တကာ​တို့​၏​အရှင်သခင်​၊ နက်နဲသောအရာ​ကို ဖွင့်ပြ​နိုင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ထို့ကြောင့် သင်​သည်​လည်း ဤ​နက်နဲသောအရာ​ကို ဖွင့်ပြ​နိုင်​ခြင်း ဖြစ်​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 48,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ဒံယေလ​အား ရာထူး​တိုးမြှင့်​ပေး​၍ လက်ဆောင်​များစွာ​ကို ပေး​၏​။ သူ့​အား ဘေဘီလုံ​ပညာရှိ​တို့​အထက်​၌ ဝန်ကြီးချုပ်​အဖြစ် ခန့်ထား​၍ ဘေဘီလုံ​နယ်မြေ​တစ်ဝန်းလုံး​ကို အုပ်စိုး​စေ​၏​။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 49,
      "text": "ဒံယေလ​က​လည်း ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား ဘေဘီလုံ​နယ်မြေ​တွင် အုပ်ချုပ်ရေးမှူး​အဖြစ်​ခန့်ထား​ပေး​ရန် ဘုရင်​ထံ​တောင်းလျှောက်​၏​။ ဒံယေလ​မူကား နန်းတွင်း​၌ အမှုထမ်း​ရ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 1,
      "text": "တစ်နေ့တွင် နေဗုခဒ်နေဇာ​မင်းကြီး​သည် အမြင့်​အတောင်​ခြောက်ဆယ် ​၊ အကျယ်​ခြောက်​တောင် ​ရှိ​သော ရွှေ​ရုပ်တု​တစ်​ခု​ကို ထုလုပ်​ပြီး ဘေဘီလုံ​နယ်မြေ​ရှိ ဒုရ​လွင်ပြင်​၌ ထားရှိ​၍"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 2,
      "text": "မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​စုရုံး​၍ သူ​တည်​ထား​သော​ရုပ်တုကြီး​၏​အနုမောဒနာ​ပွဲ​သို့ လာရောက်​ကြ​ရန် ဆင့်ခေါ်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 3,
      "text": "ထို့ကြောင့် မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ အတိုင်ပင်ခံ​များ​၊ ဘဏ္ဍာစိုး​များ​၊ တရားဝန်ကြီး​များ​၊ မင်းအရာရှိ​များ​မှစ၍ နယ်ပိုင်​အပေါင်း​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​၏​အနုမောဒနာ​ပွဲ​သို့ စုရုံး​လာ​ကြ​ပြီး နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရုပ်တု​ရှေ့​၌ ရပ်​နေ​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 4,
      "text": "သံတော်ဆင့်​တစ်ဦး​က “​အို နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​ကြ​သော​လူမျိုး​အပေါင်း​တို့​၊ သင်​တို့​အတွက် အမိန့်​တော်​ရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 5,
      "text": "တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို သင်​တို့​ကြား​ရ​သောအခါ နေဗုခဒ်နေဇာ​မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ကြ​ရ​မည်​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 6,
      "text": "မ​ပျပ်ဝပ်​မ​ရှိခိုး​သော​သူ မည်သူမဆို မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း ခံရ​မည်​”​ဟု ကျယ်လောင်​စွာ ကြေညာ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 7,
      "text": "ထို့ကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​မှစ၍ တူရိယာ​အမျိုးမျိုး​တီးမှုတ်သံ​ကို ကြား​လျှင်​ကြား​ချင်း နေဗုခဒ်နေဇာ​မင်းကြီး တည်​ထား​သော​ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 8,
      "text": "ထိုအခါ ခါလဒဲ​ပညာရှိ​တို့​သည် လာ​၍ ဂျူး​လူမျိုး​တို့​ကို စွပ်စွဲ​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 9,
      "text": "သူ​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 10,
      "text": "အို အရှင်မင်းကြီး​၊ မင်းကြီး​က တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​သော​သူ​တိုင်း ရွှေ​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရ​မည်​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 11,
      "text": "မ​ပျပ်ဝပ် မ​ရှိခိုး​သော​သူ မည်သူမဆို မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟု အမိန့်​ထုတ်ပြန်​ခဲ့​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 12,
      "text": "ဘေဘီလုံ​နယ်မြေ​တွင် အုပ်ချုပ်ရေးမှူး​အဖြစ် မင်းကြီး​ခန့်ထား​သော ဂျူး​လူမျိုး ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​သည် မင်းကြီး​ထုတ်ပြန်​သော​အမိန့်​ကို အလေး​မ​ထား​ကြ​ပါ​။ မင်းကြီး​၏​ဘုရား​များ​ကို မ​ကိုးကွယ်​သည်​သာမက ယခု​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း မ​ရှိခိုး​ကြ​ပါ​”​ဟု တိုင်ကြား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 13,
      "text": "ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အမျက်​ပြင်းစွာ​ထွက်​၍ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ခေါ်ဆောင်​လာ​ရန် အမိန့်ပေး​၏​။ ဘုရင့်​ရှေ့မှောက်​သို့ သူ​တို့ ရောက်လာ​သောအခါ"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 14,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး​က “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ သင်​တို့​သည် ငါ့​ဘုရား​များ​ကို မ​ကိုးကွယ်​၊ ငါ​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း မ​ရှိခိုး​ဘဲ နေ​ကြ​သည်​မှာ မှန်​သလော​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 15,
      "text": "ယခု သင်​တို့​သည် တံပိုး​၊ ပလွေ​၊ ဒုံမင်း​၊ စောင်းကောက်​၊ စောင်းပြား​၊ အိတ်ပလွေ​မှစ၍ တူရိယာ​အမျိုးမျိုး​တို့​တီးမှုတ်သံ​ကို​ကြား​လျှင် ငါ​တည်​ထား​သော​ရုပ်တု​ကို ပျပ်ဝပ်​ရှိခိုး​ရန် အသင့်ရှိ​ရ​မည်​။ သင်​တို့​မ​ရှိခိုး​ပါက မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ချက်ချင်း​ပစ်ချ​ခြင်း​ခံရ​မည်​။ သင်​တို့​ကို ငါ့​လက်​မှ မည်သည့်​ဘုရား​က ကယ်တင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 16,
      "text": "ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း “​အို နေဗုခဒ်နေဇာ​မင်းကြီး​၊ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ အကျွန်ုပ်​တို့​သည် မင်းကြီး​အား ပြန်လျှောက်စရာ​အကြောင်း ဘာမျှ​မ​ရှိ​ပါ​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 17,
      "text": "အကျွန်ုပ်​တို့ ကိုးကွယ်​သော​ဘုရားသခင်​သည် မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲမှ အကျွန်ုပ်​တို့​ကို ကယ်တင်​နိုင်​ပါ​၏​။ အရှင်မင်းကြီး​လက်​မှ​လည်း အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 18,
      "text": "ထိုသို့ ကယ်တင်​တော်​မ​မူ​လျှင်​လည်း အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​ဘုရား​များ​ကို မ​ကိုးကွယ်​၊ မင်းကြီး​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း ရှိခိုး​မည်​မ​ဟုတ်​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု မင်းကြီး​အား ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 19,
      "text": "ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​က ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​အား အမျက်​ပြင်းစွာ​ထွက်​၍ မျက်စိမျက်နှာ​ပျက်​လေ​၏​။ ထို့ကြောင့် မီးပြင်းဖို​ကို ပုံမှန်​ထက်​ခုနစ်ဆ​တိုး​၍​ပူ​စေရန် အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 20,
      "text": "ထို့နောက် မိမိ​စစ်သည်​ထဲမှ ခွန်အားကြီး​သော​သူ​တို့​အား ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို တုပ်နှောင်​၍ မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ထည့်​ရန် အမိန့်ပေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 21,
      "text": "ဤသို့ဖြင့် ထို​သူ​သုံး​ဦး​တို့​သည် ဝတ်ရုံ​၊ ဘောင်းဘီ​၊ ခေါင်းပေါင်း​၊ အဝတ်တန်ဆာ​တို့​နှင့်တကွ တုပ်နှောင်​ခံရ​၍ မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ပစ်ချ​ခံရ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 22,
      "text": "ပြင်းထန်​သော​ဘုရင့်​အမိန့်​တော်​ကြောင့် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ဆွဲခေါ်​လာ​သူ​တို့​ပင် မီးပြင်းဖို​မှ မီး​လျှံ​အပူရှိန်​ကြောင့် သေ​ကြ​ကုန်​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 23,
      "text": "ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​သုံး​ဦး​တို့​သည်​လည်း တုပ်နှောင်​ခံရ​လျက်ပင် မီးတောက်လောင်​နေ​သော​မီးပြင်းဖို​ထဲသို့ ရောက်သွား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 24,
      "text": "ထိုအခါ နေဗုခဒ်နေဇာ​မင်းကြီး​သည် အလွန်​အံ့အားသင့်​လျက် ရုတ်တရက်​ထ​၍ မိမိ​အတိုင်ပင်ခံ​တို့​အား “​ငါ​တို့​သည် လူ​သုံး​ဦး​ကို​တုပ်နှောင်​၍ မီး​ထဲသို့​ပစ်ချ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု မေး​ရာ သူ​တို့​က​လည်း “​မှန်​ပါ​သည် အရှင်မင်းကြီး​”​ဟု ပြန်လျှောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 25,
      "text": "ရှင်ဘုရင်​က​လည်း “​ကြည့်​ကြ​လော့​။ လူ​လေး​ဦး​တို့​သည် ထိခိုက်မှု​မ​ရှိ​။ အတုပ်အနှောင်​ကင်း​လျက် မီး​ထဲ၌​သွားလာ​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏​။ လေး​ယောက်​မြောက်​သော​သူ​သည် ဘုရား​သား​တော်​နှင့်​အဆင်းသဏ္ဌာန် တူ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 26,
      "text": "ထို့နောက် နေဗုခဒ်နေဇာ​မင်းကြီး​သည် မီးတောက်​နေ​သော​မီးပြင်းဖို​အဝ​သို့ သွား​၍ “​အမြင့်ဆုံး​သော​ဘုရားသခင်​၏​ကျွန် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ ထွက်လာ​ကြ​လော့​။ မီး​ထဲမှ ထွက်လာ​ကြ​လော့​”​ဟု မိန့်ဆို​၏​။ ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​က​လည်း မီး​ထဲမှ ထွက်လာ​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 27,
      "text": "ထိုအခါ မင်းညီမင်းသား​များ​၊ ဝန်ကြီး​များ​၊ ဘုရင်ခံ​များ​၊ ဘုရင့်​အတိုင်ပင်ခံ​များ ဝိုင်းအုံ​ကြည့်​ကြ​ရာ ထို​သူ​တို့​၏​ကိုယ်ခန္ဓာ​ကို မီး​မ​လောင်​၊ ဦးခေါင်း​မှ​ဆံပင်​လည်း မီး​မ​ဟပ်​၊ ဝတ်ရုံ​များ​လည်း မ​ပျက်စီး​၊ သူ​တို့​ကိုယ်​တွင်​လည်း မီးခိုးနံ့​ပင် မ​ရ​ကြောင်း​ကို တွေ့​ရ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 28,
      "text": "နေဗုခဒ်နေဇာ​မင်းကြီး​က​လည်း “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​ပါစေသော​။ သူ​တို့​သည် မိမိ​တို့​ဘုရား​မှတစ်ပါး အခြား​ဘုရား​ကို မ​ကိုးကွယ်​မ​ရှိခိုး​။ ဘုရင့်​အမိန့်​အား ဆန့်ကျင်​၍ မိမိ​တို့​အသက်​ကို​ပင် စတေး​ခဲ့​ကြ​ပြီ​။ ကိုယ်တော်​သည်​လည်း သူ့​ကို​ယုံကြည်ကိုးစား​သော သူ့​အစေအပါး​တို့​အား ကောင်းကင်တမန်​ကို စေလွှတ်​၍​ကယ်​တော်မူ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 29,
      "text": "ထို့ကြောင့် ယခု ငါ​အမိန့်​ထုတ်ပြန်​မည်​။ မည်သည့်​လူမျိုး​၊ မည်သည့်​တိုင်းနိုင်ငံသား​၊ မည်သည့်​ဘာသာစကား​ပြောဆို​သော​သူ​မဆို ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​လျှင် သူ့​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ပစ်​မည်​။ သူ့​အိမ်​ကို​လည်း မစင်ပုံ​ဖြစ်​စေ​မည်​။ ဤ​ဘုရား​ကဲ့သို့ ကယ်နုတ်​နိုင်​သော​ဘုရား​မ​ရှိ​”​ဟု အမိန့်​ထုတ်ပြန်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 30,
      "text": "ထို့နောက် ရှင်ဘုရင်​သည် ဘေဘီလုံ​နယ်မြေ​တွင် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ချီးမြှင့်​မြှောက်စား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 1,
      "text": "နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​သော ကမ္ဘာ​အရပ်ရပ်​ရှိ​လူမျိုး​အပေါင်း​တို့​ထံသို့ ငါ​နေဗုခဒ်နေဇာ​မင်းကြီး ပြောကြား​လိုက်​ပါ​၏​။ သင်​တို့ ကြီးပွား​တိုးတက်​ကြ​ပါစေသော​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 2,
      "text": "ငါ့​အား အမြင့်ဆုံး​သော​ဘုရားသခင် ပြ​တော်မူ​သော နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​အမှု​တို့​ကို ဖော်ပြ​လို​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 3,
      "text": "ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်လက္ခဏာ​သည် ကြီးမား​လှ​ပါ​၏​။ အံ့ဖွယ်​သော​အမှု​တို့​သည်​လည်း တန်ခိုး​ပါရှိ​၏​။ နိုင်ငံ​တော်​သည် ထာဝရ​တည်​သော​နိုင်ငံ ဖြစ်​၏​။ အာဏာစက်​သည် ကာလ​အစဉ်အဆက် တည်​တော်မူ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 4,
      "text": "ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ငါ့​စံအိမ်​တွင် နားနားနေနေ​ရှိ​စဉ်​၊ ငါ့​နန်းတော်​တွင် စည်းစိမ်​ခံစား​လျက်​နေ​စဉ်​၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 5,
      "text": "အိပ်မက်​တစ်​ခု​ကို မြင်မက်​၏​။ ထို​အိပ်မက်​သည် ငါ့​ကို ခြောက်လှန့်​၏​။ သလွန်တော်​ပေါ်တွင်​လဲလျောင်း​နေစဉ် တွေးမိ​သော​အတွေး​၊ စိတ်အာရုံ​တွင် မြင်​ရ​သော​အရာ​တို့​က ငါ့​ကို ထိတ်လန့်​စေ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 6,
      "text": "ထို့ကြောင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ငါ့​အား ဖော်ပြ​ရန် ဘေဘီလုံ​ပညာရှိ​အပေါင်း​တို့​ကို ငါ့​ရှေ့မှောက်​သို့ သွင်း​စေ​ဟု အမိန့်​ထုတ်ပြန်​လိုက်​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 7,
      "text": "မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ပညာရှင်​များ​အား ငါ့​အိပ်မက်​ကို ပြောပြ​သော်လည်း မည်သူ​မျှ​အိပ်မက်​အနက်အဓိပ္ပာယ်​ကို မ​ဖော်ပြ​ပေး​နိုင်​ကြ​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 8,
      "text": "နောက်ဆုံး​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​၊ ငါ့​ဘုရား​၏​နာမ​အတိုင်း အမည်​သစ်​ရ​သော​ဗေလတရှာဇာ ခေါ် ဒံယေလ​သည် ငါ့​ထံ​ရောက်လာ​၏​။ ငါ​သည်​လည်း သူ့​အား"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 9,
      "text": "“​အို မှော်ဆရာချုပ်ကြီး​ဗေလတရှာဇာ​၊ သင်​၌ သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​တည်​သောကြောင့် မည်သည့်​နက်နဲသောအရာ​မျှ သင့်​အတွက် မ​ခက်ခဲ​ကြောင်း​ကို ငါ​သိ​၏​။ ထို့ကြောင့် စိတ်အာရုံ​တွင် ငါ​မြင်မက်​သော​အိပ်မက်​နှင့် အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​လော့​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 10,
      "text": "ငါ​သည် သလွန်တော်​ပေါ်တွင် တွေးတော​လျက်​နေစဉ် စိတ်အာရုံ​တွင် ကမ္ဘာမြေကြီး​၏​အလယ်ဗဟို​၌ အလွန်​မြင့်မား​သော​သစ်ပင်​တစ်​ပင်​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 11,
      "text": "ထို​အပင်​သည် ရှင်သန်​ကြီးထွား​လျက် မိုး​ထိ​အောင်​မြင့်​သဖြင့် မြေကြီး​စွန်း​မှ​ပင် ထီးထီးကြီး​မြင်​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 12,
      "text": "အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် ထို​အပင်​ကို မှီခို​သော​သတ္တဝါ​အားလုံး စားစရာ​ရရှိ​ကြ​၏​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​၌ အရိပ်ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း ထို​အပင်​၏​အကိုင်းအခက်​များ​တွင် အသိုက်​ကို​လုပ်​ကြ​၏​။ သက်ရှိသတ္တဝါ​အားလုံး​တို့​သည် ထို​အပင်​ကို မှီခို​စားသုံး​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 13,
      "text": "သလွန်တော်​ပေါ်တွင် တွေးတော​လျက်​နေစဉ် တစ်ဖန် စိတ်အာရုံ​တွင် မြင်​ရ​ပြန်​၏​။ သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 14,
      "text": "ကျယ်လောင်​စွာ အော်ဟစ်​လျက် ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ပစ်​လော့​။ အကိုင်းအခက်​များ​ကို​လည်း ခုတ်ဖြတ်​ပစ်​လော့​။ အရွက်​များ​ကို ခြွေချ​ပြီး အသီး​များ​ကို​လည်း ဖြန့်ကြဲ​ပစ်​လော့​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​မှ​လည်းကောင်း​၊ ငှက်​တို့​သည် အကိုင်းအခက်​တို့​မှ​လည်းကောင်း ထွက်ပြေး​ကြ​ပါစေ​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 15,
      "text": "မြေ​တွင်​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တိရစ္ဆာန်​တို့​နှင့်အတူ မြက်ပင်​ကို အတူ​စား​စေ​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 16,
      "text": "ခုနစ်​နှစ်​ပတ်လုံး လူ​စိတ်​ပျောက်​၍ တိရစ္ဆာန်​စိတ်​ဖြင့် နေထိုင်​စေ​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 17,
      "text": "ဤသည်ကား ကောင်းကင်တမန်​တို့​ကြေညာ​သော စီရင်ချက်​ဖြစ်​၏​။ သန့်ရှင်း​သူ​တို့​၏​စကား​လည်း ဖြစ်​၏​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​အား ပေး​တော်မူ​ကြောင်း​နှင့် အနိမ့်ဆုံး​သော​သူ​ကို​ပင် အုပ်စိုးခွင့်​ပေး​တော်မူ​ကြောင်း​ကို အသက်ရှင်​သူ​တို့ သိ​စေရန် ဖြစ်​၏’​ဟု ဆို​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 18,
      "text": "ဤသည်ကား ငါ​နေဗုခဒ်နေဇာ​မင်းကြီး မြင်မက်​သော​အိပ်မက်​ဖြစ်​၏​။ ယခုတွင် အသင်​ဗေလတရှာဇာ​၊ ငါ့​အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပါ​လော့​။ ငါ့​နိုင်ငံ​မှ ပညာရှိ​အပေါင်း​တို့​သည် ငါ့​အိပ်မက်​အနက်အဓိပ္ပာယ်​ကို မ​ဖော်ပြ​နိုင်​ကြ​။ သင်​မူကား သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​သည် သင်​၌​တည်​သောကြောင့် ဖော်ပြ​နိုင်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 19,
      "text": "ဗေလတရှာဇာ ခေါ် ဒံယေလ​လည်း အနည်းငယ်​မျှ​တွေဝေ​နေ​၏​။ တွေး​ပြီး ထိတ်လန့်​နေ​၏​။ ရှင်ဘုရင်​က​လည်း “​ဗေလတရှာဇာ​၊ အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ် ဖော်ပြ​ရ​မည်​ကို မ​စိုးရိမ်​ပါ​နှင့်​”​ဟု မိန့်ဆို​လျှင် ဗေလတရှာဇာ​က “​အရှင်​မင်းကြီး​၊ ဤ​အိပ်မက်​သည် မင်းကြီး​ကို​မုန်း​သော​သူ​များ​အတွက်​သာ ဖြစ်​ပါစေသော​၊ အိပ်မက်​အနက်အဓိပ္ပာယ်​သည်​လည်း မင်းကြီး​၏​ရန်သူ​များ​အတွက်​သာ ဖြစ်​ပါစေသော​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 20,
      "text": "အရှင်မင်းကြီး​မြင်မက်​သော​၊ ရှင်သန်​ကြီးထွား​လျက် မိုး​ထိ​အောင်​မြင့်​သဖြင့် မြေကြီး​စွန်း​မှ ထီးထီးကြီး​မြင်​ရ​သော​၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 21,
      "text": "အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် မှီခို​သော​သတ္တဝါ​အားလုံး​အဖို့ စားစရာ​ရရှိ​စေ​သော​၊ တောတိရစ္ဆာန်​တို့​သည် အရိပ်​၌​ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း အကိုင်းအခက်​များ​တွင်​အသိုက်​လုပ်​၍​ရ​သော ထို​အပင်​သည်​ကား"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 22,
      "text": "အရှင်မင်းကြီး​ပင် ဖြစ်​၏​။ အရှင်​သည် တိုးပွား​ချမ်းသာ​၍ အင်အားကြီးမား​ပါ​၏​။ အရှင်​၏​ဘုန်းတန်ခိုး​သည် မိုး​ထိ​အောင် ရောက်​ပါ​၏​။ အာဏာစက်​သည်​လည်း မြေကြီး​စွန်း​ထိ ရောက်​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 23,
      "text": "ထို့ပြင် သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်​ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ဖျက်ဆီး​ပစ်​လော့​။ သို့သော် မြေကြီး​ထဲ​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တောတိရစ္ဆာန်​တို့​နှင့်အတူ ခုနစ်​နှစ်​ပတ်လုံး မြက်ပင်​ကို အတူ​စား​ပါစေ​’​ဟု မိန့်ဆို​သည်​ကို အရှင်မင်းကြီး မြင်မက်​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 24,
      "text": "အို အရှင်မင်းကြီး​၊ အရှင်မင်းကြီး​၏​အိပ်မက်​အနက်အဓိပ္ပာယ်​နှင့် အကျွန်ုပ်​၏​အရှင်​မင်းကြီး​အပေါ် ကျရောက်​လာ​မည့် အမြင့်ဆုံး​သော​အရှင်​၏​အမိန့်​တော်​ကား ဤသို့ ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 25,
      "text": "အရှင်မင်းကြီး​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခံရ​ပြီး တောတိရစ္ဆာန်​တို့​နှင့်အတူ နေထိုင်​ရ​လိမ့်မည်​။ နွား​ကဲ့သို့ မြက်​ကို​စား​ရ​လိမ့်မည်​။ မိုးကောင်းကင်​နှင်း​များ​နှင့် စို​လျက်​နေ​လိမ့်မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း အရှင်မင်းကြီး သိမှတ်​သည့်​တိုင်အောင် ခုနစ်​နှစ်​ပတ်လုံး နေထိုင်​ကျော်လွှား​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 26,
      "text": "သစ်ပင်​၏​အမြစ်​နှင့်​အငုတ်​ကို ချန်ထား​ရန် မှာထား​ခြင်း​မှာ ကောင်းကင်ဘုံရှင်​သည် အုပ်စိုးပိုင်သ​သူ​ဖြစ်ကြောင်း​ကို အရှင်​သိမှတ်​တော်မူ​သောအခါ အရှင့်​နိုင်ငံ​အား ပြန်​အုပ်ချုပ်​ရ​မည်​ကို ဆိုလို​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 27,
      "text": "သို့ဖြစ်၍ အို အရှင်မင်းကြီး​၊ အကျွန်ုပ်​အကြံပေး​သည်​ကို လက်ခံ​ပါ​။ ဖြောင့်မတ်​စွာ​ပြု​၍ အပြစ်​ကို​ရှောင်ကြဉ်​ပါ​။ ဆင်းရဲသား​တို့​ကို သနား​၍ မတရားမှု​များ​ကို စွန့်ပစ်​ပါ​။ သို့ပြုလျှင် မင်းကြီး​၏​နန်းစည်းစိမ်​သည် တာရှည်​တည်​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 28,
      "text": "ဤသို့​လျှောက်ထား​သော​အရာ​အားလုံး​သည်​လည်း နေဗုခဒ်နေဇာ​မင်းကြီး​၌ ဖြစ်ပျက်​လာ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 29,
      "text": "ထိုမှ တစ်ဆယ့်​နှစ်​လ​လွန်​သော် မင်းကြီး​သည် ဘေဘီလုံ​နန်းတော်​ပေါ်တွင် လမ်းလျှောက်​ရင်း"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 30,
      "text": "“​ဤ​ဘေဘီလုံ​မြို့​ကြီး​သည် ငါ​၏​ခန့်ညား​သော​ဂုဏ်သရေ​ကို ထင်ဟပ်​ပြ​ရာ မင်း​မြို့​တော်​အဖြစ် ငါ့​အစွမ်းသတ္တိ​၊ ငါ့​တန်ခိုး​အာဏာ​ဖြင့် တည်ဆောက်​ခဲ့​သော​မြို့​ကြီး​ဖြစ်​သည် မ​ဟုတ်​လော​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 31,
      "text": "ထိုသို့​မြွက်ဆို​၍ မ​ဆုံး​မီ​ပင် “​နေဗုခဒ်နေဇာ​မင်းကြီး​၊ သင့်​အတွက် အမိန့်​တော်​ကား နိုင်ငံ​တော်​ကို သင့်​ထံမှ ရုပ်သိမ်း​လိုက်​ပြီ​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 32,
      "text": "သင်​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခြင်း​ခံရ​ပြီး တောတိရစ္ဆာန်​တို့​နှင့်အတူ နေထိုင်​ရ​မည်​။ နွား​ကဲ့သို့ မြက်​ကို​စား​ရ​မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သင်​သိမှတ်​သည့်​တိုင်အောင် ခုနစ်​နှစ်​ပတ်လုံး နေထိုင်​ကျော်လွှား​ရ​မည်​”​ဟု ကောင်းကင်​မှ အသံ​တော်​ရောက်လာ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 33,
      "text": "ထိုခဏချင်း​တွင် နေဗုခဒ်နေဇာ​မင်းကြီး​၌ အမိန့်​တော်​အတိုင်း ဖြစ်ပျက်​လေ​၏​။ သူ​သည် လူ့​အသိုင်းအဝိုင်း​မှ နှင်ထုတ်​ခြင်း​ခံရ​၍ နွား​ကဲ့သို့ မြက်​ကို​စား​ရ​၏​။ သူ့​အမွေး​တို့​သည် လင်းယုန်ငှက်​အမွေး​ကဲ့သို့ ရှည်​လာ​၍ လက်သည်းခြေသည်း​တို့​သည်​လည်း ငှက်​ခြေသည်း​ကဲ့သို့ ဖြစ်လာ​သည့်​တိုင်အောင် သူ့​ကိုယ်​သည် ကောင်းကင်​နှင်းစက်​ဖြင့် စိုစွတ်​လျက်​နေ​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 34,
      "text": "အချိန်စေ့​သောအခါ ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်​သို့​မော့ကြည့်​၍ လူ့စိတ်​ပြန်ဝင်​လေ​၏​။ ထို့ကြောင့် အမြင့်ဆုံး​သော​အရှင်​ကို ချီးမွမ်း​၏​။ ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဂုဏ်တော်​၊ ဘုန်းအသရေ​တော်​ကို ချီးမြှောက်​၏​။ ကိုယ်တော်​၏​အာဏာစက်​သည် ထာဝရ​အာဏာစက် ဖြစ်​၏​။ ကိုယ်တော်​၏​နိုင်ငံ​တော်​သည်​လည်း ကာလ​အစဉ်​တည်​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 35,
      "text": "မြေကြီးသား​တို့​ကို ဘာမျှ​မ​ဟုတ်​သော​အရာ​ကဲ့သို့ မှတ်​တော်မူ​၏​။ ကောင်းကင်သား​ကို​ဖြစ်စေ​၊ မြေကြီးသား​ကို​ဖြစ်စေ အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​၏​။ ကိုယ်တော်​၏​လက်​တော်​ကို ဆီးတား​နိုင်​သော​သူ​မ​ရှိ​။ “ကိုယ်တော် မည်သို့​ပြု​ဘိ​သနည်း​”​ဟု ဆို​နိုင်​သော​သူ​မ​ရှိ​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 36,
      "text": "ငါ လူစိတ်​ပြန်ဝင်​သော​အချိန်​တွင် ငါ့​နိုင်ငံ​တော်​ကြီး ကျက်သရေ​ရှိ​စေရန် ခန့်ညားထည်ဝါ​သော​ငါ့​အရိုက်အရာ​ကို​လည်း ငါ​ပြန်လည်​ရရှိ​၏​။ မင်း​အတိုင်ပင်ခံ​များ​၊ မှူးမတ်​များ​လည်း ငါ့​အား​ရှာဖွေ​၍ ထီးနန်း​ကို​ပြန်လည်​အပ်နှင်း​ပေး​ကြ​၏​။ ငါ့​ဘုန်းတန်ခိုး​သည်​လည်း တိုးသည်ထက်တိုး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 37,
      "text": "ယခု​တွင် ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်ဘုံ​ရှင်ဘုရင်​ကို ချီးမွမ်း​ထောမနာပြု​ပါ​၏​၊ ချီးမြှောက်​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် သစ္စာ​တော်​နှင့်​ပြည့်စုံ​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် တရားမျှတ​တော်မူ​၏​။ ကိုယ်တော်​သည် မာနထောင်လွှား​သော​သူ​တို့​ကို နှိမ့်ချ​နိုင်စွမ်း​ရှိ​တော်မူ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 1,
      "text": "ဗေလရှာဇာ​မင်းကြီး​သည် မှူးမတ်​တစ်ထောင်​အတွက် စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၍ သူ​တို့​နှင့်အတူ စပျစ်ဝိုင်​ကို သောက်​လျက်​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 2,
      "text": "ထိုသို့ စပျစ်ဝိုင်​သောက်​ရင်း ဗေလရှာဇာ​မင်းကြီး​သည် ဂျေရုဆလင်​ဗိမာန်တော်​မှ မိမိ​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​လာ​ခဲ့​သော​ရွှေ​ဖလား​၊ ငွေ​ဖလား​တို့​ကို ယူ​ခဲ့​ရန် အမိန့်ပေး​၏​။ ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 3,
      "text": "ဤသို့ဖြင့် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​တည်းဟူသော​ဗိမာန်တော်​မှ သိမ်းယူ​ခဲ့​သည့် ရွှေ​ဖလား​တို့​ကို ယူ​ခဲ့​ပြီး ရှင်ဘုရင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​နှင့် ကိုယ်လုပ်တော်​များ​သည် ထို​ဖလား​များ​ဖြင့် စပျစ်ဝိုင်​ကို သောက်​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 4,
      "text": "ထိုသို့ စပျစ်ဝိုင်​ကို​သောက်​ရင်း ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 5,
      "text": "ထိုခဏချင်း​တွင် လူ့​လက်ချောင်း​များ​ပေါ်လာ​၍ ဆီမီးခုံ​ရှေ့ နန်းတော်​၏​အင်္ဂတေ​နံရံ​ပေါ်တွင် စာရေး​နေ​၏​။ ထိုသို့​စာရေး​နေ​သော​လက်​ကို ရှင်ဘုရင် မြင်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 6,
      "text": "ထိုအခါ ရှင်ဘုရင်​သည် မျက်စိ​မျက်နှာပျက်​၍ တွေးတော​ထိတ်လန့်​လေ​၏​။ ခါးဆစ်​များ ပြုတ်​လုမတတ်​ဖြစ်​၍ ဒူး​များ​လည်း တုန်ရီ​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 7,
      "text": "ရှင်ဘုရင်​သည် ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​ကို ခေါ်သွင်း​ရန် အော်ဟစ်​ပြီးလျှင် ဘေဘီလုံ​ပညာရှိ​တို့​အား “​ဤ​စာ​ကို​ဖတ်​ပြီး အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပေး​နိုင်​သူ မည်သူမဆို ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​စေ​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ပေး​မည်​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 8,
      "text": "ထိုအခါ ရှင်ဘုရင်​၏​ပညာရှိ​အပေါင်း​တို့​သည် အခစား​ဝင်​ကြ​၏​။ သို့သော် စာ​ကို မ​ဖတ်​နိုင်​၊ အနက်အဓိပ္ပာယ်​ကို​လည်း မ​ဖော်ပြ​ပေး​နိုင်​ကြ​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 9,
      "text": "ဗေလရှာဇာ​မင်းကြီး​လည်း ပို၍​စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သူ​၏​မှူးမတ်​တို့​လည်း ကြံရာမရ​ဖြစ်​ကြ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 10,
      "text": "မယ်တော်​က ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကားသံ​ကို ကြား​လျှင် စားသောက်ပွဲ​ခန်းမ​ထဲသို့​ဝင်လာ​၍ “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး တွေးတော​ထိတ်လန့်​ခြင်း မ​ရှိ​ပါ​နှင့်​။ မျက်စိမျက်နှာ​လည်း မ​ပျက်​ပါ​နှင့်​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 11,
      "text": "အရှင်မင်းကြီး​၏​နိုင်ငံ​တော်​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​သူ​တစ်ဦး ရှိ​ပါ​၏​။ ထို​သူ​သည် အရှင်မင်းကြီး​၏​ခမည်းတော်​လက်ထက်​ကပင် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ဘုရား​ဉာဏ်​နှင့်​တူ​သော​ဉာဏ် ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​၏​။ အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အား မှော်ဆရာ​များ​၊ ဗေဒင်ဆရာ​များ​၊ ခါလဒဲ​ပညာရှိ​များ​၊ နက္ခတ်ဗေဒ​ဆရာ​များ​၏​အကြီးအမှူး​အဖြစ် ခန့်အပ်​ခဲ့​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 12,
      "text": "ဗေလတရှာဇာ​ဟု ခမည်းတော်​က နာမည်​ပေး​ထား​သော​ဒံယေလ​၌ ထူးကဲ​သော​ဉာဏ်​၊ အသိပညာ​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ အိပ်မက်​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ စကားထာ​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​သော​ဉာဏ် ရှိ​ကြောင်း​သိ​ရ​ပါ​၏​။ ထို့ကြောင့် ဒံယေလ​ကို​ဆင့်ခေါ်​ပါ​။ သူ​သည် အနက်အဓိပ္ပာယ်​ကို​ဖော်ပြ​ပေး​ပါ​လိမ့်မည်​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 13,
      "text": "ဤသို့ဖြင့် ဒံယေလ​ကို အထံ​တော်​သို့ ခေါ်ဆောင်​လာ​ရာ ရှင်ဘုရင်​က ဒံယေလ​အား “​သင်​သည် ငါ့​ခမည်းတော် ယုဒ​ပြည်​မှ​ခေါ်ဆောင်​လာ​သော​ယုဒ​သုံ့ပန်း ဒံယေလ​လော​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 14,
      "text": "သင်​၌ ဘုရား​များ​၏​ဝိညာဉ်​တည်​ကြောင်း​၊ သင်​သည် ဉာဏ်​အလင်း​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ ထူးကဲ​သော​ဉာဏ်​ရှိ​သော​သူ​အဖြစ် ကျော်ကြား​ခဲ့​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 15,
      "text": "ငါ​သည် ပညာရှိ​များ​၊ ဗေဒင်ဆရာ​များ​ကို အခစား​ဝင်​စေ​၍ ထို​စာ​ကို​ဖတ်​ပြီး အနက်အဓိပ္ပာယ်​ဖော်ပြ​စေ​သော်လည်း မည်သူ​မျှ ထို​စာ​၏​အနက်အဓိပ္ပာယ်​ကို မ​ဖွင့်ပြ​ပေး​နိုင်​ကြ​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 16,
      "text": "သင်​သည် အနက်အဓိပ္ပာယ်​များ​ကို ဖွင့်ပြ​ပေး​နိုင်​ကြောင်း​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။ ယခု သင်​သည် ထို​စာ​ကို​ဖတ်​၍ ငါ့​အား အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​လျှင် ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ရ​မည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 17,
      "text": "ဒံယေလ​က​လည်း “​အရှင်မင်းကြီး​၏​လက်ဆောင်​များ ရှိ​ပါလေစေ​။ ဆုလာဘ်​များ​ကို​လည်း အခြား​သူ​များ​အား ပေး​ပါ​။ ထို​စာ​ကို​ဖတ်​၍ အနက်အဓိပ္ပာယ်​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ပါ​မည်​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 18,
      "text": "အို အရှင်မင်းကြီး​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အရှင်မင်းကြီး​၏​ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​အား နိုင်ငံ​တော်​နှင့်တကွ ဘုန်းတန်ခိုး​၊ ဂုဏ်သရေ​၊ ခန့်ညားထည်ဝါမှု​တို့​ကို ပေး​တော်မူ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 19,
      "text": "ထိုသို့ ဘုန်းတန်ခိုး​ကို ပေး​တော်မူ​သောကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ​၏​ရှေ့​တွင် ကြောက်ရွံ့​တုန်လှုပ်​ကြ​ရ​ပါ​၏​။ သူ​သည် သတ်​လို​သော​သူ​ကို သတ်​၍ အသက်ချမ်းသာ​ပေး​လို​သော​သူ​ကို ပေး​ပါ​၏​။ ချီးမြှောက်​လို​သော​သူ​ကို ချီးမြှောက်​၍ နှိမ့်ချ​လို​သော​သူ​ကို နှိမ့်ချ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 20,
      "text": "သူ​သည် မာနထောင်လွှား​ပြီး မောက်မာ​ခက်ထန်​လာ​သောအခါ ရာဇ​ပလ္လင်​မှ​ဖြုတ်ချ​ခံရ​ပြီး သူ့​ဂုဏ်သရေ​လည်း ရုပ်သိမ်း​သွား​ခြင်း ခံရ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 21,
      "text": "သူ​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ နှင်ထုတ်​ခြင်း​ခံရ​၍ သူ​၏​စိတ်​သည် တိရစ္ဆာန်​စိတ်​ကဲ့သို့​ဖြစ်လာ​ပြီး မြည်းရိုင်း​တို့​နှင့်အတူ နေ​ခဲ့​ရ​ပါ​၏​။ အမြင့်ဆုံး​သော​ဘုရားသခင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သူ​သိမှတ်​သည့်​တိုင်အောင် သူ​သည် နွား​ကဲ့သို့​မြက်​ကို​စား​၍ ကိုယ်​သည်​လည်း မိုးကောင်းကင်​နှင်း​များ​နှင့် စို​၍​နေ​ခဲ့​ရ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 22,
      "text": "သို့သော် သူ​၏​သား​တော်​ဖြစ်​သူ အရှင်​ဗေလရှာဇာ​၊ သင်​သည် ထို​အမှု​အလုံးစုံ​ကို သိ​လျက်ပင် စိတ်နှလုံး​မ​နှိမ့်ချ​ဘဲ"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 23,
      "text": "ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 24,
      "text": "ထို့ကြောင့် ထို​အရှင်​သည် လက်​တစ်ဖက်​ကို​စေလွှတ်​၍ ထို​စာ​ကို​ရေး​စေ​တော်မူ​ခြင်း ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 25,
      "text": "ရေး​ထား​သော​စာ​မှာ ‘​မေနေ မေနေ တေကလ ဖေရက်​’​ဟူ၍​ဖြစ်​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 26,
      "text": "ထို​စာ​၏​အနက်အဓိပ္ပာယ်​မှာ ဤသို့​ဖြစ်​၏​။ ‘​မေနေ​’ ဟူသည်မှာ ဘုရားသခင်​က အရှင်မင်းကြီး​အုပ်စိုး​ခဲ့​သော​နေ့ရက်​များ​ကို ရေတွက်​ပြီး အဆုံးသတ်​စေ​ပြီ​ဟု အနက်​ရ​၏​၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 27,
      "text": "‘တေကလ​’ ဟူသည်မှာ အရှင်မင်းကြီး​ကို ချိန်ခွင်​တွင်​ချိန်​ကြည့်​သောအခါ အလေးချိန်​လျော့​နေ​သည်​ကို တွေ့​တော်မူ​ပြီ​ဟု အနက်​ရ​၏​၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 28,
      "text": "‘​ဖေရက်​’ ဟူသည်မှာ အရှင်မင်းကြီး​၏​နိုင်ငံ​ကို ခွဲ​ပြီး မေဒိ​နှင့် ပါးရှား​လူမျိုး​တို့​အား ပေး​တော်မူ​ပြီ​ဟူ၍ အနက်ရ​၏​”​ဟု ရှင်ဘုရင်​ရှေ့​၌ လျှောက်ထား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 29,
      "text": "ထိုအခါ ဗေလရှာဇာ​မင်းကြီး​အမိန့်ပေး​သဖြင့် ဒံယေလ​အား ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​ပေး​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ပေး​ပြီး တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို​အုပ်ချုပ်​ခွင့်​ရှိ​သူ​ဖြစ်ကြောင်း ကြေညာ​ကြ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 30,
      "text": "ထို​ည​တွင်​ပင် ခါလဒဲ​ဘုရင် ဗေလရှာဇာ​မင်းကြီး ကွပ်မျက်​ခံရ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 31,
      "text": "မေဒိ​ဘုရင် ဒါရိ​မင်းကြီး​သည် အသက်​ခြောက်ဆယ့်​နှစ်​နှစ်​ခန့်​တွင် ထို​နိုင်ငံ​ကို သိမ်းယူ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 1,
      "text": "ဒါရိ​မင်းကြီး​သည် နိုင်ငံ​ကို​အုပ်ချုပ်​မည့်​အရာရှိ တစ်ရာ့​နှစ်ဆယ်​ကို နိုင်ငံ​တစ်ဝန်းလုံး​တွင် ခန့်ထား​ရန်​အလိုရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 2,
      "text": "ထို​သူ​တို့​အထက်​တွင် ဒံယေလ​အပါအဝင် အုပ်ချုပ်ရေးမှူး​သုံး​ဦး​ကို ခန့်ထား​၏​။ ဘုရင်​၏​အကျိုး​မ​ယုတ်​စေရန် အမှုကိစ္စ​တို့​ကို အုပ်ချုပ်ရေး​အရာရှိ​တို့​က အုပ်ချုပ်ရေးမှူး​သုံး​ဦး​ထံ အစီရင်ခံ​တင်ပြ​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 3,
      "text": "ဒံယေလ​တွင် ထူးကဲ​သော​ဝိညာဉ်​ရှိ​၍ အခြား​အုပ်ချုပ်ရေးမှူး​၊ အုပ်ချုပ်ရေး​အရာရှိ​တို့​ထက် ထူးချွန်ထက်မြက်​သောကြောင့် ရှင်ဘုရင်​သည် သူ့​အား နိုင်ငံ​တော်​တစ်ခုလုံး​ကို အုပ်ချုပ်​စေ​မည်​ဟု အကြံ​ရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 4,
      "text": "ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 5,
      "text": "နောက်ဆုံး​တွင် သူ​တို့​က “​ဒံယေလ​ကို သူ့​ဘုရားသခင်​၏​ပညတ်တရား​နှင့်​ပတ်သက်သော​စွပ်စွဲ​ချက်​မှတစ်ပါး အခြား​စွပ်စွဲ​ချက်​ကို ရှာတွေ့​နိုင်​မည်​မ​ဟုတ်​”​ဟု ပြောဆို​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 6,
      "text": "ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 7,
      "text": "အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​တားမြစ်​အမိန့်​ကို အတည်ပြု​အမိန့်​ထုတ်ပြန်​စေ​လို​ပါ​သည်​ဟု နိုင်ငံ​အကြီးအကဲ​များ​ဖြစ်​သည့်​အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​၊ မင်း​အတိုင်ပင်ခံ​များ​၊ ဘုရင်ခံ​များ​အားလုံး​သဘောတူ​တိုင်ပင်​ကြ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 8,
      "text": "အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​နိုင်​သော​ဥပဒေသ​အတိုင်း ဤ​အမိန့်​စာ​ကို ယခု အတည်ပြု​လက်မှတ်ရေးထိုး​တော်မူ​ပါ​”​ဟု လျှောက်တင်​ကြ​သောကြောင့်"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 9,
      "text": "ဒါရိ​မင်းကြီး​လည်း ထို​အမိန့်​စာ​ကို လက်မှတ်ရေးထိုး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 10,
      "text": "ထို​အမိန့်စာ​ကို ဒါရိ​မင်းကြီး​လက်မှတ်ရေးထိုး​ကြောင်း ဒံယေလ​ကြားသိ​သော်လည်း သူ​သည် အိမ်​သို့​ပြန်​၍​အပေါ်ထပ် မိမိ​အခန်း​သို့​ဝင်​ကာ ဂျေရုဆလင်​မြို့​ဘက်​သို့​မျက်နှာမူ​ထား​သော ပြတင်းပေါက်​ကို​ဖွင့်​ပြီး ဘုရားသခင်​ရှေ့​တော်​တွင် ယခင်​က​တစ်​နေ့​သုံး​ကြိမ်​ဒူးထောက်​ဆုတောင်း​ခဲ့​သည့်​အတိုင်း ဆုတောင်း​လျက်​ကျေးဇူး​တော်​ကို ချီးမွမ်း​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ လူ​တို့​သည် အုပ်စုလိုက်​ရောက်လာ​၍ ဒံယေလ​သည် မိမိ​ဘုရားသခင်​ရှေ့​တော်​တွင် ဆုတောင်း​အသနားခံ​နေ​သည်​ကို တွေ့​သောအခါ"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 12,
      "text": "ရှင်ဘုရင်​ထံသို့​သွား​ပြီးလျှင် ရှင်ဘုရင်​ထုတ်ပြန်​ထား​သော​အမိန့်​နှင့်​ပတ်သက်၍ “အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​အမိန့်​ကို လက်မှတ်ရေးထိုး​ထား​ပြီ​မ​ဟုတ်​ပါ​လော​၊ အရှင်မင်းကြီး​”​ဟု မေးလျှောက်​ကြ​လျှင် မင်းကြီး​က “​မေဒိ​နှင့်​ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​အတိုင်း ဤ​ကိစ္စ​မှာ မှန်ကန်​၏​”​ဟု ပြန်လည်​မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 13,
      "text": "ထိုအခါ သူ​တို့​က “​အရှင်မင်းကြီး​၊ ယုဒ​လူမျိုး​သုံ့ပန်း​တစ်​ဦး​ဖြစ်​သော​ဒံယေလ​သည် အရှင်မင်းကြီး​ကို​အလေး​မ​ထား​။ အရှင်မင်းကြီး​လက်မှတ်ရေးထိုး​ထုတ်ပြန်​ထား​သော အမိန့်​ကို မ​နာခံ​ဘဲ တစ်​နေ့​သုံး​ကြိမ်​ဆုတောင်း​မြဲ ဆုတောင်း​လျက်​နေ​ပါ​၏​”​ဟု ဘုရင့်​ထံ လျှောက်ထား​ကြ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 14,
      "text": "ထို​စကား​ကို​ကြား​သောအခါ ရှင်ဘုရင်​သည် အလွန်​စိတ်ထိခိုက်​ပြီး ဒံယေလ​ကို​ကယ်​မည်​ဟု စိတ်ပိုင်းဖြတ်​လျက် နေဝင်​သည့်​တိုင်အောင် ဒံယေလ​လွတ်မြောက်​မည့်​လမ်း​ကို ကြိုးပမ်း​ရှာကြံ​လျက်​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 15,
      "text": "ထို​သူ​တို့​က​လည်း ရှင်ဘုရင်​ထံ အုပ်စုလိုက်​သွား​၍ “​အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​နှင့်အညီ ရှင်ဘုရင်​အတည်ပြု​ထား​သော​မည်သည့်​အမိန့်​၊ မည်သည့်​ပြဋ္ဌာန်းချက်​ကို​မျှ ပြုပြင်​ပြောင်းလဲ​၍​မ​ရ​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု ရှင်ဘုရင်​အား လျှောက်ဆို​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 16,
      "text": "ထို့ကြောင့် ရှင်ဘုရင်​အမိန့်ပေး​၍ သူ​တို့​သည်​လည်း ဒံယေလ​ကို ခေါ်လာ​ကြ​ပြီး ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​လိုက်​လေ​၏​။ ရှင်ဘုရင်​က​လည်း ဒံယေလ​အား “​သင် အမြဲ​ကိုးကွယ်​သော​သင်​၏​ဘုရားသခင်​သည် သင့်​ကို​ကယ်တင်​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 17,
      "text": "ထို့နောက် ကျောက်တုံး​တစ်​တုံး​သယ်လာ​ကြ​ပြီး တွင်းဝ​ကို ပိတ်​ထား​ကြ​၏​။ ဒံယေလ​နှင့်​ပတ်သက်၍ ချမှတ်​ထား​သည့်​အရာ အပြောင်းအလဲ​မ​ဖြစ်​စေရန် ရှင်ဘုရင်​သည် မိမိ​တံဆိပ်တုံး​နှင့် မှူးမတ်​တို့​တံဆိပ်တုံး​ကို တွင်းဝ​တွင် ခတ်နှိပ်​ထား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 18,
      "text": "ရှင်ဘုရင်​သည် နန်းတော်​သို့​ပြန်လာ​၍ တစ်ညလုံး စားတော်မခေါ်​၊ ဖျော်ဖြေပွဲ​များ​လည်း ရှေ့​တော်​မ​သွင်း​၊ စက်တော်​လည်း မ​ခေါ်​နိုင်​ဘဲ ရှိ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 19,
      "text": "ရှင်ဘုရင်​သည် နံနက်စောစော​ထ​၍ ခြင်္သေ့​တွင်း​သို့ အလျင်အမြန်​သွား​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 20,
      "text": "ဒံယေလ​ရှိ​ရာ​တွင်းဝ​နား​သို့​ရောက်လာ​သောအခါ ဝမ်းနည်း​သော​အသံ​ဖြင့် ရှင်ဘုရင်​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ကျွန် ဒံယေလ​၊ သင် အမြဲ​ကိုးကွယ်​သော​သင်​၏​ဘုရားသခင်​သည် သင့်​ကို ခြင်္သေ့​တို့​၏​ဘေး​မှ ကယ်တင်​ပြီ​လော​”​ဟု ဒံယေလ​အား မေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 21,
      "text": "ဒံယေလ​က​လည်း “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 22,
      "text": "အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 23,
      "text": "ထိုအခါ ရှင်ဘုရင်​သည် ဝမ်းသာအားရ​ဖြစ်​လျက် ဒံယေလ​ကို တွင်း​ထဲမှ​ထုတ်ယူ​ရန်​အမိန့်ပေး​သဖြင့် ဒံယေလ​ကို တွင်း​ထဲမှ ထုတ်ယူ​ကြ​၏​။ ဒံယေလ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သောကြောင့် သူ​၌ ထိခိုက်ဒဏ်ရာ​တစ်စုံတစ်ရာ​မျှ မ​တွေ့​ရ​ပေ​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 24,
      "text": "ရှင်ဘုရင်​သည် ဒံယေလ​အား စွပ်စွဲ​ခဲ့​သော​သူ​တို့​ကို ခေါ်ဆောင်​လာ​စေ​၍ ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ရန် အမိန့်ပေး​လေ​၏​။ ထို​သူ​တို့​ကို သားသမီး​၊ ဇနီး​များ​နှင့်တကွ ခြင်္သေ့​တွင်း​ထဲသို့​ပစ်ချ​လိုက်​ရာ တွင်း​အောက်ခြေ​မ​ရောက်​မီ​ပင် ခြင်္သေ့​တို့​သည် သူ​တို့​ကို ခုန်အုပ်​၍​အရိုး​ပါ​မ​ကျန် ချိုးဖဲ့ကိုက်စား​ကြ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 25,
      "text": "ထို့နောက် ဒါရိ​မင်းကြီး​သည် မြေ​တစ်ပြင်လုံး​ရှိ​နိုင်ငံ​အသီးသီး​မှ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​လိုက်​၏​။ ထို​စာ​တွင် “​သင်​တို့​၌ ငြိမ်ဝပ်ချမ်းသာ တိုးပွား​ပါစေသော​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 26,
      "text": "ငါ့​အာဏာစက်​အောက်​ရှိ​တိုင်းနိုင်ငံ​အားလုံး​မှ လူ​အပေါင်း​တို့​သည် ဒံယေလ​၏​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​ရ​မည်​ဟု ငါ​အမိန့်​ထုတ်ပြန်​လိုက်​သည်​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၊ အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မ​ပျက်စီး​နိုင်​၊ အာဏာစက်​သည်​လည်း ထာဝရ​တည်​တော်မူ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 27,
      "text": "ဒံယေလ​ကို ခြင်္သေ့​ရန်​မှ​ကယ်တင်​တော်မူ​သော​ဘုရားသခင်​သည် မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် မစ​ကယ်တင်​တော်မူ​သော​ဘုရား​၊ အံ့ဖွယ်​နိမိတ်လက္ခဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​”​ဟူ၍ ပါရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 28,
      "text": "ဤသို့ဖြင့် ဒံယေလ​သည် ဒါရိ​မင်းကြီး​လက်ထက်​နှင့် ပါးရှား​လူမျိုး​ကုရု​မင်းကြီး​လက်ထက်​တို့​တွင် ကောင်းစား​လျက်​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 1,
      "text": "ဘေဘီလုံ​ဘုရင်​ဗေလရှာဇာ​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ဒံယေလ​သည် အိပ်ရာ​ပေါ်တွင်​အိပ်​နေစဉ် စိတ်အာရုံ​တွင် အိပ်မက်​တစ်ခု​ကို မြင်မက်​လေ​၏​။ ထိုအခါ သူ​သည် ထို​အိပ်မက်​ကို ရေးမှတ်​ထား​ပြီး အိပ်မက်​၏​အနှစ်ချုပ်​ကို​ပြောပြ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 2,
      "text": "ဒံယေလ​ပြောပြ​သည်​မှာ “​ညအချိန် ငါ​မြင်​ရ​သော​စိတ်အာရုံ​တွင် မိုးကောင်းကင်​အရပ်လေးမျက်နှာ​မှ​လေ​သည် သမုဒ္ဒရာပြင်​တွင် ဝေ့ဝိုက်​တိုက်ခတ်​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 3,
      "text": "ထို့နောက် သားရဲ​ကြီး​လေး​ကောင်​သည် ပင်လယ်​ထဲမှ​ထွက်လာ​၏​။ ထို​သားရဲ​တို့​သည် တစ်ကောင်​နှင့်​တစ်ကောင်​မတူ​ကြ​ချေ​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 4,
      "text": "ပထမ​သားရဲ​သည် ခြင်္သေ့​နှင့်​တူ​၍ လင်းယုန်​အတောင်​ပါရှိ​၏​။ ငါ​ကြည့်​နေ​စဉ် အတောင်ပံ​တို့​သည် နုတ်ပစ်​ခြင်း​ခံရ​၏​။ မြေ​ပေါ်မှ ထူမ​လိုက်​သောအခါ လူ​ကဲ့သို့​ခြေ​နှစ်​ချောင်း​ဖြင့် ရပ်​၏​။ သူ့​အား လူ့​စိတ်​ကို သွင်းပေး​ထား​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 5,
      "text": "တစ်ဖန် ငါ​ကြည့်​နေ​စဉ် ဝက်ဝံ​နှင့်​တူ​သော​ဒုတိယ​သားရဲ ထွက်လာ​၏​။ ထို​သားရဲ​သည် ကိုယ်​ကို​တစ်ဖက်​ကြွ​ထား​ပြီး နှုတ်​တွင်​လည်း နံရိုး​သုံး​ချောင်း​ကို ကိုက်​ထား​၏​။ အသံ​တစ်​သံ​က သူ့​အား ‘ထ​ပါ​။ အသား​များများ​စား​ပါ’​ဟု ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 6,
      "text": "တစ်ဖန် ငါ​ကြည့်​နေ​စဉ် ကျားသစ်​နှင့်​တူ​သော အခြား​သားရဲ​တစ်​ကောင် ထွက်လာ​၏​။ ထို​သားရဲ​၏​ကျော​ပေါ်တွင် ငှက်​အတောင်​လေး​ခု​၊ ဦးခေါင်း လေး​လုံး​ပါ​၏​။ သူ့​အား အာဏာစက်​ကို ပေးအပ်​ထား​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 7,
      "text": "တစ်ဖန် ထို​ညအချိန် စိတ်အာရုံ​တွင် စတုတ္ထ​သားရဲ​ကို ငါ​မြင်​ရ​၏​။ ထို​သားရဲ​သည် အလွန်​တန်ခိုးကြီး​၍ ကြောက်မက်​ဖွယ်​၊ ထိတ်လန့်ဖွယ် ကောင်း​၏​။ အလွန်​သန်မာ​၏​။ သံ​သွား​ကြီး​များ ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​နေ​၏​။ အကြွင်းအကျန်​ကို​ခြေ​ဖြင့်​လည်း နင်းချေဖျက်ဆီး​၏​။ ထို​သားရဲ​သည် ယခင်​သားရဲ​တို့​နှင့်​မတူ တစ်မူ​ထူးခြား​၏​။ ချို​ဆယ်​ချောင်း ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 8,
      "text": "ထို​ချို​များ​အကြောင်း​ကို စဉ်းစား​လျက်​နေ​စဉ် အခြား​ချို​ငယ်​တစ်​ချောင်း​သည် ထို​ချို​များ​ကြား​မှ ပေါက်လာ​၏​။ ထို​ချို​များ​ထဲမှ သုံး​ချောင်း​သည် သူ့​ရှေ့​တွင်​ပင် အမြစ်ပါမကျန်​နုတ်ပစ်​ခြင်း​ခံရ​၏​။ ချိုငယ်​တွင် လူ​မျက်စိ​နှင့်​တူ​သော မျက်စိ​ရှိ​၏​။ ဝါကြွား​ပြောဆို​တတ်​သော​နှုတ်​လည်း ရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 9,
      "text": "ငါ​ကြည့်​လျက်​နေ​စဉ် ပလ္လင်​များ​ကို​ခင်းကျင်း​၍ သက်တော်ကြီးရင့်​သော​အရှင် ထိုင်​တော်မူ​၏​။ အဝတ်​တော်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏​။ ဦးခေါင်း​တော်​မှ​ဆံပင်​သည်​လည်း သိုးမွေး​ကဲ့သို့ ဖြူ​၏​။ ပလ္လင်​တော်​သည် မီး​လျှံ​၊ ဘီး​တော်​တို့​သည် မီးတောက် ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 10,
      "text": "မီး​မြစ်​တစ်​စင်း​သည် ရှေ့​တော်​မှ စီး​ထွက်​၏​။ အထောင်ထောင်​သော​လူ​တို့​သည် အမှု​တော်​ကို ထမ်း​ကြ​၏​။ အသောင်းသောင်း​သော​လူ​တို့​သည် ရှေ့​တော်​တွင် ရပ်​လျက်​နေ​၏​။ တရားစီရင်​ချိန်​ကျရောက်​သဖြင့် စာအုပ်​များ​ကို ဖွင့်​ထား​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 11,
      "text": "ဝါကြွား​ပြောဆို​သော​ချိုငယ်​၏​အသံ​ကြောင့် ငါ​ကြည့်​လိုက်​ရာ ထို​သားရဲ အသတ်​ခံရ​သည်​ကို ငါ​မြင်​ရ​၏​။ ကိုယ်ခန္ဓာ​အဖျက်ဆီး​ခံရ​၍ မီးတောက်​မီးလျှံ​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 12,
      "text": "အခြား​သားရဲ​တို့​မှာ အာဏာ​ရုပ်သိမ်း​ခြင်း ခံရ​သော်လည်း အချိန်​ကာလ​တစ်​ခု​အထိ အသက်ရှင်​ခွင့်​ရ​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 13,
      "text": "ညအချိန် စိတ်အာရုံ​တွင် လူသား​နှင့်​တူ​သော​သူ​တစ်ဦး မိုး​တိမ်​ကို​စီး​လျက်​ကြွလာ​သည်​ကို ငါ​မြင်​ရ​၏​။ ရှေး​အရှင်သခင်​ရှိ​ရာ​သို့​ရောက်လာ​သောအခါ သူ့​ကို​အထံ​တော်​သို့ ခေါ်သွင်း​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 14,
      "text": "သူ့​အား နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​၊ ဂုဏ်သရေ​ကို အပ်နှင်း​ပြီ​ဖြစ်၍ နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ့​အား​ကိုးကွယ်​ကြ​လိမ့်မည်​။ သူ​၏​အာဏာစက်​သည် မ​ပျောက်ပျက်​၊ ထာဝရ​တည်​သော​အာဏာစက် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မည်သည့်​အခါ​မျှ ပျက်စီး​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 15,
      "text": "ငါ​ဒံယေလ​၏​အတွင်းဝိညာဉ်​သည် ပူဆွေး​လျက်​ရှိ​၏​။ ငါ​မြင်​ရ​သော​စိတ်အာရုံ​ကြောင့် ငါ​ထိတ်လန့်​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 16,
      "text": "ထို့ကြောင့် ငါ​သည် အနား​တွင်​ရပ်​နေ​သော​သူ​တစ်​ဦး​ထံ​သွား​ပြီး ဤ​အဖြစ်အပျက်​အလုံးစုံ​နှင့်​ပတ်သက်သည့် အနက်အဓိပ္ပာယ်​အမှန်​ကို မေးကြည့်​လျှင် ထို​သူ​က ဤ​အဖြစ်အပျက်​အလုံးစုံ​၏​အနက်အဓိပ္ပာယ်​ကို ငါ့​အား ဖော်ပြ​မည်​ဟု ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 17,
      "text": "‘ဤ​သားရဲ​ကြီး​လေး​ကောင်​သည် နောင်တွင်​ပေါ်လာ​မည့်​မြေကြီး​ဘုရင်​လေး​ပါး​ကို ဆိုလို​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 18,
      "text": "သို့သော် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​က​သာလျှင် နိုင်ငံ​တော်​ကို သိမ်းယူ​ကြ​လိမ့်မည်​။ ထို​နိုင်ငံ​ကို ကာလ​အစဉ်အဆက်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 19,
      "text": "ကြောက်မက်​ဖွယ်​အလွန်​ကောင်း​၍ ယခင်​သားရဲ​တို့​နှင့်​မ​တူ တစ်မူထူးခြား​ကာ သံ​သွား​နှင့် ကြေးနီ​လက်သည်း​ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​ပြီး အကြွင်းအကျန်​ကို ခြေ​ဖြင့်​နင်းချေဖျက်ဆီး​တတ်​သော​စတုတ္ထ​သားရဲ​နှင့်ပတ်သက်​သည့် အနက်အဓိပ္ပာယ်​အမှန်​ကို ငါ​သိ​လို​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 20,
      "text": "ထို့ပြင် ထို​သားရဲ​၏​ခေါင်း​တွင်​ပေါက်​သော​ချို​ဆယ်​ခု​အကြောင်း​နှင့် နောက်ပေါက်​ချိုငယ်​တစ်ခု​အကြောင်း​ကို​လည်း ငါ​သိ​လို​၏​။ ထို​ချိုငယ်​ရှေ့​တွင်ပင် ချို​သုံး​ချောင်း​သည် နုတ်ပစ်​ခြင်း​ခံရ​၏​။ ထို​ချိုငယ်​သည် မျက်စိ​ပါ​၍ စကားကြီးစကားကျယ်​ပြောဆို​တတ်​သော​နှုတ်​ရှိ​ပြီး အခြား​ချို​များ​ထက်​ထူးခြား​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 21,
      "text": "ငါ​ကြည့်​နေ​စဉ် ထို​ချို​သည် သန့်ရှင်း​သူ​တို့​နှင့် စစ်တိုက်​၍​အနိုင်ရ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 22,
      "text": "ရှေး​အရှင်သခင်​ကြွလာ​၍ အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​အတွက် တရားစီရင်​မည့်​အချိန်​ထိ ထို​ချို​သည် အနိုင်ယူ​လိမ့်မည်​။ ပြီးမှ နိုင်ငံ​တော်​ကို သန့်ရှင်း​သူ​တို့ ပိုင်ဆိုင်​ရ​မည့်​အချိန် ရောက်လာ​မည် ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 23,
      "text": "ထို​သူ​က ‘စတုတ္ထ​သားရဲ​သည် ကမ္ဘာမြေ​ပေါ်တွင် ပေါ်လာ​မည့်​စတုတ္ထ​နိုင်ငံ​ဖြစ်​၏​။ ဤ​နိုင်ငံ​သည် အခြား​နိုင်ငံ​အားလုံး​ထက် ထူးခြား​၍ ကမ္ဘာမြေ​တစ်ပြင်လုံး​ကို တစ်စစီချိုးဖဲ့​ကိုက်စား​ဝါးမျို​ပစ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 24,
      "text": "ဦးချို​ဆယ်​ချောင်း​ကား ထို​နိုင်ငံ​တွင်​ပေါ်လာ​မည့် ရှင်ဘုရင်​ဆယ်​ပါး ဖြစ်​၏​။ သူ​တို့​နောက်​တွင် အခြား​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ ထို​ဘုရင်​သည် ယခင်​ဘုရင်​များ​ထက်​ထူးခြား​၍ ရှင်ဘုရင်​သုံး​ပါး​စလုံး​ကို ချေမှုန်း​ပစ်​မည်​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 25,
      "text": "ထို​ဘုရင်​သည် အမြင့်ဆုံး​သော​အရှင်​ကို ဆန့်ကျင်​ပြောဆို​၍ အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​များ​ကို ဖိနှိပ်ချုပ်ချယ်​မည်​။ သူ​သည် အချိန်​ကာလ​နှင့် ဥပဒေ​တို့​ကို ပြောင်းလဲ​ပစ်​ရန် ကြိုးစား​လိမ့်မည်​။ သန့်ရှင်း​သူ​တို့​သည်​လည်း တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက်​ပတ်လုံး သူ့​လက်​သို့ ကျရောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 26,
      "text": "သို့သော် တရားစီရင်​ချိန်​ရောက်​သောအခါ ထို​ဘုရင်​သည် အာဏာ​ရုပ်သိမ်း​ခြင်း​ခံရ​မည်​။ သူ့​ကို အပြီးသတ်​ချေမှုန်း​သုတ်သင်​ပစ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 27,
      "text": "ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 28,
      "text": "ဤသည်ကား အဖြစ်အပျက်​အလုံးစုံ​တည်း​။ ငါ​ဒံယေလ​သည် အတွေး​များ​ကြောင့် စိုးရိမ်ထိတ်လန့်​ကာ မျက်စိ​မျက်နှာပျက်​လေ​၏​။ သို့သော် ထို​အဖြစ်အပျက်​တို့​ကို ငါ့​စိတ်​ထဲတွင် သိမ်းဆည်း​ထား​လေ​၏”​ဟု ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 1,
      "text": "ငါ​ဒံယေလ​သည် ပထမ​အကြိမ်​ဗျာဒိတ်နိမိတ်​ကို မြင်​ရ​ပြီးနောက် ဗေလရှာဇာ​မင်းကြီး​နန်းစံ​တတိယ​နှစ်​တွင် နောက်တစ်ကြိမ် မြင်​ရ​ပြန်​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 2,
      "text": "ထို​ဗျာဒိတ်နိမိတ်​ကို​မြင်​ရ​စဉ် ငါ​သည် ဧလံ​ပြည် ရှုရှန်​နန်းတော်​တွင် ရှိ​နေ​၏​။ ထို​ဗျာဒိတ်နိမိတ်​ထဲတွင် ငါ​သည် ဥလဲ​မြစ်​နား​သို့ ရောက်​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 3,
      "text": "ငါ​မျှော်ကြည့်​လိုက်​သောအခါ မြစ်​ဘေး​တွင် သိုးထီး​တစ်​ကောင်​ရပ်​နေ​သည်​ကို မြင်​ရ​၏​။ ထို​သိုးထီး​တွင် ချို​ရှည်​နှစ်​ချောင်း ရှိ​၏​။ ချို​ရှည်​နှစ်​ချောင်း​တွင် တစ်​ချောင်း​သည် အခြား​တစ်​ချောင်း​ထက် ပို​ရှည်​၏​။ ပို​ရှည်​သော​ချို​သည် နောက်​မှ​ပေါက်​သော​ချို​ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 4,
      "text": "ထို​သိုးထီး​သည် အနောက်ဘက်​၊ မြောက်ဘက်​၊ တောင်ဘက်​တို့​သို့ လိုက်ဝှေ့​နေ​သောကြောင့် မည်သည့်​တိရစ္ဆာန်​မျှ မ​ခံနိုင်​။ မည်သူ​မျှ တိရစ္ဆာန်​တို့​ကို သူ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထို​သိုးထီး​သည် မိမိ​အလို​အတိုင်း​ပြု​လျက်​၊ မာန်ထောင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 5,
      "text": "ငါ​ဆင်ခြင်​ကြည့်​နေ​စဉ် ဆိတ်ထီး​တစ်​ကောင်​သည် မြေ​နှင့်​မ​ထိ​ဘဲ မြေ​တစ်ပြင်လုံး​ကို ဖြတ်ကျော်​၍ အနောက်ဘက်​မှ​လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​ဆိတ်ထီး​၏​မျက်စိ​နှစ်​လုံး​ကြား​တွင် သိသာ​ထင်ရှား​သော​ချို​တစ်​ချောင်း ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 6,
      "text": "မြစ်​ဘေး​တွင်​ရပ်​နေ​သည်​ကို ငါ​မြင်​ရ​သော ချို​နှစ်​ချောင်း​ရှိ​သိုးထီး​ထံသို့ ထို​ဆိတ်ထီး​သည် ဒေါသတကြီး ပြေးလာ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 7,
      "text": "သိုးထီး​အနီး​သို့ ရောက်လာ​သောအခါ အမျက်ဒေါသ​ဖြင့် သိုးထီး​ကို​တိုက်ခိုက်​ပြီး သိုးထီး​၏​ချို​နှစ်​ချောင်း​အား ချိုးဖဲ့​ပစ်​သည်​ကို ငါ​မြင်​ရ​၏​။ သိုးထီး​၌ ဆိတ်ထီး​ကို ယှဉ်​နိုင်​သော​ခွန်အား​မ​ရှိ​။ ဆိတ်ထီး​သည် သူ့​ကို​မြေ​ပေါ်တွင်​လှဲချ​ကာ နင်းချေ​ပစ်​၏​။ မည်သူ​မျှ သူ့​ကို ဆိတ်ထီး​လက်​မှ မ​ကယ်နုတ်​နိုင်​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 8,
      "text": "ဤသို့ဖြင့် ထို​ဆိတ်ထီး​သည် အားကြီးသည်ထက်ကြီး​လာ​၏​။ ထိုသို့ ခွန်အားကြီး​လာ​သော်လည်း သူ့​ချို​ကြီး​ကျိုးသွား​၍ ထို​ချို​နေရာ​တွင် ကောင်းကင်​အရပ်​လေး​မျက်နှာ​သို့​မျက်နှာမူ​၍ သိသာ​ထင်ရှား​သော​ချို​လေး​ချောင်း ပေါက်လာ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 9,
      "text": "ထို​ချို​လေး​ချောင်း​မှ​တစ်​ချောင်း​တွင် ချို​အတက်​တစ်​ခု​ပေါက်လာ​၍ တောင်ဘက်​၊ အရှေ့ဘက်​၊ သာယာဝပြော​သော​ပြည်​ဘက်​သို့​တိုင်အောင် ကြီးမား​လာ​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 10,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အထိ ကြီးမား​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​နှင့် ကြယ်​အချို့​တို့​ကို​ပင် မြေ​ပေါ်သို့​ဆွဲချ​နင်းချေ​ပစ်​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 11,
      "text": "ထိုမျှမက ကောင်းကင်​ဗိုလ်ခြေ​မင်း​ကို ဆန့်ကျင်​၍ မိမိကိုယ်ကို​ချီးမြှောက်​၏​။ နေ့စဉ်​ပူဇော်သက္ကာ​ကို ဖယ်ရှား​၍ သန့်ရှင်းရာဌာန​ကို​လည်း ဖြိုပစ်​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 12,
      "text": "ဗိုလ်ခြေ​တို့​သည် ကျူးလွန်​သော​အပြစ်​ကြောင့် ပုံမှန်​ပူဇော်သက္ကာ​နှင့်တကွ သူ့​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လေ​၏​။ ထို​ချို​သည် သမ္မာတရား​ကို​မြေကြီး​ပေါ်သို့​ပစ်ချ​လေ​၏​။ သူ​ပြု​သော​အမှု​သည် အောင်မြင်​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 13,
      "text": "ထိုအခါ သန့်ရှင်း​သူ​တစ်​ပါး​၏​စကားသံ​ကို ငါ​ကြား​ရ​၏​။ စကားပြော​နေ​သော ထို​သန့်ရှင်း​သူ​တစ်ပါး​ကို အခြား​သန့်ရှင်း​သူ​တစ်​ပါး​က “​ဗျာဒိတ်နိမိတ်​ထဲတွင် နေ့စဉ်​ပူဇော်သက္ကာ​၊ လူဆိတ်ညံ​ရာ​ဖြစ်​စေ​သော​အပြစ်​၊ သန့်ရှင်းရာဌာန​နှင့် ဗိုလ်ခြေ​တို့​ကို နင်းချေ​အပ်နှံ​ခြင်း​တို့​နှင့်ဆိုင်သော​အဖြစ်အပျက်​သည် မည်မျှ​ကြာကြာ​ဖြစ်​မည်နည်း​”​ဟု မေးမြန်း​ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 14,
      "text": "ထို​သူ​က​လည်း “​ရက်ပေါင်း နှစ်ထောင့်​သုံး​ရာ ကြာ​လိမ့်မည်​။ ထို့နောက်မှ သန့်ရှင်းရာဌာန​ကို ပြန်လည်​သန့်ရှင်း​စေ​တော်မူ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 15,
      "text": "ငါ​ဒံယေလ​သည် ဗျာဒိတ်နိမိတ်​ကို မြင်​ရ​၍ နားလည်​အောင် ကြိုးစား​နေ​စဉ် လူ​နှင့်​တူ​သော​သဏ္ဌာန်​တစ်​ခု​သည် ငါ့​ရှေ့​ရောက်လာ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 16,
      "text": "ထို့နောက် ဥလဲ​မြစ်​နား​မှ​လူ​တစ်​ဦး​က “​အို ဂါဗြေလ​၊ ထို​ဗျာဒိတ်အာရုံ​၏​အနက်​ကို သူ့​အား ဖော်ပြ​ပေး​ပါ​”​ဟု အော်ပြော​သော​အသံ​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 17,
      "text": "ထိုအခါ ဂါဗြေလ​သည် ငါ့​ထံ​ချဉ်းကပ်​လာ​သဖြင့် ငါ​လည်း ကြောက်လန့်​တုန်လှုပ်​၍ မှောက်​လျက်​လဲကျ​သွား​၏​။ သူ​က​လည်း “​အချင်း​လူသား​၊ ဤ​ဗျာဒိတ်နိမိတ်​သည် နောက်ဆုံး​ကာလ​နှင့်ဆိုင်သည်​ကို သိမှတ်​လော့​”​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 18,
      "text": "ထိုသို့​ပြော​နေ​စဉ် ငါ​သည် သတိလစ်​၍​မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​ရာ​မှ သူ​က ငါ့​ကို​တို့​၍ ပြန်ရပ်​စေ​ပြီး"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 19,
      "text": "“​ကြည့်ရှု​လော့​။ အမျက်​တော်​၏​အဆုံး​၌​ဖြစ်ပျက်​မည့်​အရာ​ကို သင့်​အား ငါ​သိမြင်​စေ​မည်​။ ဤ​အဖြစ်အပျက်​သည် သတ်မှတ်​ထား​သော​နောက်ဆုံး​အချိန်​တွင် ဖြစ်လာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 20,
      "text": "သင်​မြင်​ခဲ့​ရ​သော​သိုးထီး​၌​ပါ​သည့်​ချို​နှစ်​ချောင်း​မှာ မေဒိ​ဘုရင်​နှင့် ပါးရှား​ဘုရင်​ကို ဆိုလို​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 21,
      "text": "အမွေးထူ​သော​ဆိတ်ထီး​သည် ဂရိ​ဘုရင်​ကို ဆိုလို​၏​။ ထို​ဆိတ်ထီး​၏​မျက်စိ​နှစ်​လုံး​ကြား​ရှိ​ချို​ကြီး​သည် ပထမ​ဘုရင်​ကို ဆိုလို​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 22,
      "text": "ထို​ချို​ကြီး​သည် ကျိုးသွား​၍ ထို​နေရာ​တွင်​ပေါက်လာ​သော​ချို​လေး​ချောင်း​သည် ထို​နိုင်ငံ​မှ​ပေါ်လာ​မည့်​နိုင်ငံ​လေး​နိုင်ငံ ဖြစ်​၏​။ သို့သော် ထို​နိုင်ငံ​ကဲ့သို့ တန်ခိုး​ထွား​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 23,
      "text": "ထို​နိုင်ငံ​များ​ပျက်သုဉ်း​ချိန်​ရောက်​ခါနီး ပုန်ကန်ထကြွ​မှု​များ ပေါ်ပေါက်​သောအခါ မျက်နှာထား​ခက်ထန်​ပြီး စကား​လိမ်လည်​ရာ​၌ ကျွမ်းကျင်​သော​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 24,
      "text": "သူ​သည် ကိုယ့်​အစွမ်း​မ​ဟုတ်​ဘဲ ခွန်အား​ကြီး​လာ​ပြီး ကြောက်မက်ဖွယ်​လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ ပြု​လေသမျှ​တို့​လည်း အောင်မြင်​လိမ့်မည်​။ အားကြီး​သော​သူ​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​များ​ကို​ပင် ဖျက်ဆီး​ပစ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 25,
      "text": "သူ့​လက်ထက်​တွင် ဉာဏ်နီဉာဏ်နက်​သုံး​ပြီး လှည့်စား​အောင်နိုင်​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ်​မြှောက်ပင့်​လျက် လုံခြုံစိတ်ချ​စွာ​နေ​နေ​ကြ​သော လူ​အများ​ကို လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ သခင်​တကာ​တို့​၏​သခင်​ကို​ပင် ဆန့်ကျင်​လိမ့်မည်​။ သို့သော် လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 26,
      "text": "ညဥ့်ဦးယံ​၊ နံနက်ယံ​၌ ဖော်ပြ​သော ဗျာဒိတ်အာရုံ​သည်​လည်း အမှန်ပင်​ဖြစ်​၏​။ ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​ကာလ​နှင့်​ဆိုင်​သည်​ဖြစ်၍ ၎င်း​ကို ဝှက်​ထား​လော့​”​ဟု ငါ့​အား ရှင်းပြ​၏​။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 27,
      "text": "ငါ​ဒံယေလ​သည် ရက်​အနည်းငယ်​မျှ နာမကျန်း​ဖြစ်​ခဲ့​ရ​၏​။ နေကောင်း​ပြန်​လျှင် ရှင်ဘုရင်​၏​အမှု​တော်​ကို ဆက်လက်​ထမ်းရွက်​၏​။ သို့သော် ဤ​ဗျာဒိတ်အာရုံ​ကြောင့် ငါ​သည် တုန်လှုပ်ချောက်ချား​ပြီး နား​မ​လည်​နိုင်​ဘဲ​ရှိ​နေ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 1,
      "text": "ခါလဒဲ​နိုင်ငံ​ကို အုပ်စိုး​သော မေဒိ​အမျိုး​၊ အာရွှေရု​၏​သား ဒါရိ​မင်းကြီး နန်းစံ​ပထမ​နှစ်​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 2,
      "text": "ဒါရိ​မင်းကြီး​နန်းစံ​ပထမ​နှစ်​တွင် ငါ​ဒံယေလ​သည် ဂျေရုဆလင်​မြို့​ပျက်စီး​မည့်​နှစ်ပေါင်း​မှာ အနှစ်​ခုနစ်ဆယ်​ဖြစ်ကြောင်း ပရောဖက်​ယေရမိ​ပြောကြား​ခဲ့​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ကျမ်းစာလိပ်​အားဖြင့် သိ​ခဲ့​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 3,
      "text": "ထိုအခါ ငါ​သည် အစာရှောင်​လျက်​၊ လျှော်တေအဝတ်​ဝတ်​လျက်​၊ ပြာ​၌​လူး​လျက် အရှင်​ဘုရားသခင်​ထံ မျက်နှာမူ​၍ အသနားခံ​ဆုတောင်း​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 4,
      "text": "ထိုသို့ ငါ​သည်​အပြစ်​ဝန်ချ​၍ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​သည်​မှာ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​ဘုရား​ဖြစ်​ပါ​၏​။ ကိုယ်တော့်​ကို​ချစ်​၍ ပညတ်တော်​တို့​ကို စောင့်ထိန်း​သော​သူ​တို့​အပေါ် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့် မေတ္တာကရုဏာ​တော် တည်​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 5,
      "text": "အကျွန်ုပ်​တို့ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ဒုစရိုက်​ကို ပြု​မိ​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် ဆိုးယုတ်​၍ ကိုယ်တော့်​ကို ပုန်ကန်​မိ​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​မှ လမ်းလွဲ​မိ​ကြ​ပါ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 6,
      "text": "ကိုယ်တော်​၏​အစေအပါး ပရောဖက်​တို့​က နာမ​တော်​ကို​အမှီပြု​၍ အကျွန်ုပ်​တို့​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ ပြည်သူပြည်သား​တို့​အား ဟောပြော​ခဲ့​သည်​ကို အကျွန်ုပ်​တို့ နား​မ​ထောင်​ခဲ့​ပါ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 7,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​ပါ​၏​။ ကိုယ်တော်​အား သစ္စာမဲ့မှု​ကြောင့် ရပ်နီး​ရပ်ဝေး​ရှိ အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​သွား​သော ယုဒ​လူမျိုး​များ​၊ ဂျေရုဆလင်​မြို့သူမြို့သား​များ​မှစ၍ အစ္စရေး​အမျိုးသား​များ​ဖြစ်​သည့် အကျွန်ုပ်​တို့​မူကား ယနေ့​တိုင် အရှက်ကွဲ​၍​မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​ကြ​သောကြောင့် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 9,
      "text": "အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​ကို​ပုန်ကန်​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​နှင့် ပြည့်ဝ​ပါ​၏​။ အပြစ်​ကို ခွင့်လွှတ်​ပေး​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 10,
      "text": "အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ပရောဖက်​တို့​အားဖြင့် အကျွန်ုပ်​တို့​အား ပေး​တော်မူ​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 11,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏​ပညတ်တော်​ကို ချိုးဖောက်​၍ လမ်းလွဲ​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​ပါ​။ အကျွန်ုပ်​တို့​သည် ဘုရားသခင်​ကို​ပြစ်မှား​ကြ​သောကြောင့် ကိုယ်တော်​၏​အစေအပါး​မောရှေ​ရေးမှတ်​ထား​သော​ပညတ္တိကျမ်း​တွင်​ပါ​သည့် တိုင်တည်​ကျိန်ဆို​ခြင်း​ကို ကိုယ်တော်​သည် အကျွန်ုပ်​တို့​အပေါ် ကျရောက်​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 12,
      "text": "အကျွန်ုပ်​တို့​အပေါ် ဘေးဆိုး​ကြီး ကျရောက်​စေ​ခြင်း​ဖြင့် အကျွန်ုပ်​တို့​နှင့်တကွ အကျွန်ုပ်​တို့​ကို အုပ်စိုး​သော​အုပ်စိုးရှင်​တို့​အား ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​စကား​တော်​ကို ပြည့်စုံ​စေ​တော်မူ​ပြီ​။ အကြောင်းမူကား ကောင်းကင်​တစ်ခွင်​အောက်​၌ တစ်ခါ​မျှ​မ​ဖြစ်​ဖူး​သော​အရာ​သည် ဂျေရုဆလင်​မြို့​တွင် ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 13,
      "text": "ပညတ္တိကျမ်း​တွင် မောရှေ​ရေး​ထား​သည့် ဘေးဆိုး​အလုံးစုံ​တို့​သည် အကျွန်ုပ်​တို့​အပေါ် သင့်ရောက်​ပါ​၏​။ ထိုသို့​ဖြစ်​သည့်​တိုင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို မ​ရှာ​၊ အပြစ်လမ်း​မှ ပြန်​မ​လှည့်​၊ သမ္မာတရား​ကို အလေး​မ​ထား​ခဲ့​ကြ​ပါ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 14,
      "text": "ထာဝရဘုရား​သည် စောင့်ကြည့်​လျက် အကျွန်ုပ်​တို့​ကို ဘေးဆိုး​သင့်​စေ​ပြီ​။ စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​အလုံးစုံ​တို့​သည် ဖြောင့်မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ဘဲ နေ​မိ​ခဲ့​ကြ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 15,
      "text": "တန်ခိုးကြီး​သော​လက်​တော်​ဖြင့် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​ခြင်း​ဖြင့် နာမ​တော်​ကို ထင်ရှား​စေ​ခဲ့​သော​အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ယနေ့​တိုင် အပြစ်​ပြု​လျက်​၊ ဆိုးယုတ်​လျက်​သာ ရှိ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 16,
      "text": "အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မှန်​စွာ​ပြု​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အမျက်​ဒေါသ​ကို ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တည်းဟူသော ဂျေရုဆလင်​မြို့​မှ ပြန်လည်​ရုပ်သိမ်း​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကြောင့် ဂျေရုဆလင်​မြို့​နှင့် လူမျိုး​တော်​တို့​သည် ဝန်းကျင်​ရှိ​လူ​အပေါင်း​တို့​အတွက် ကဲ့ရဲ့စရာ ဖြစ်​ရ​ပါ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 17,
      "text": "အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ယခု ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​၊ အသနားခံ​သံ​ကို နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ လူ​ဆိတ်ညံ​သွား​သော​ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ ကိုယ်တော်တိုင်​အဖို့ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 18,
      "text": "အို ဘုရားသခင်​၊ နား​တော်​ကို လှည့်​၍ ကြား​တော်မူ​ပါ​။ မျက်စိ​တော်​ကို ဖွင့်​၍ ပျက်စီး​သွား​သော​အကျွန်ုပ်​တို့​နေရာ​၊ နာမ​တော်​ဖြင့်​ခေါ်ဝေါ်သမုတ်​တော်မူ​သော​မြို့​တော်​ကို ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ့်​ဖြောင့်မတ်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ ကြီးမား​သော​ကရုဏာ​တော်​ကို​သာ မျှော်ကိုး​လျက် ရှေ့​တော်​၌ အသနား​တော်​ခံ​ပါ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 19,
      "text": "အို ဘုရားရှင်​၊ နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ ခွင့်လွှတ်​တော်မူ​ပါ​။ အို ဘုရားရှင်​၊ အာရုံစိုက်​၍ ပြု​ပေး​တော်မူ​ပါ​။ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အလျင်အမြန်​ပြု​တော်မူ​ပါ​။ ဤ​မြို့​၊ ဤ​လူမျိုး​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​ခြင်း​ကို ခံရ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 20,
      "text": "ထိုသို့ ငါ​သည် ငါ့​အပြစ်​၊ ငါ့​လူမျိုး​အစ္စရေး​တို့​၏​အပြစ်​ကို ဝန်ချတောင်းပန်​၍ မြွက်ဆို​ဆုတောင်း​ခဲ့​၏​။ ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​တော်​အတွက်​လည်း ဘုရားသခင်​ထာဝရဘုရား​ထံ ပျပ်ဝပ်​အသနားခံ​ခဲ့​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 21,
      "text": "ထိုသို့ ငါ​မြွက်ဆို​ဆုတောင်း​နေ​စဉ် ယခင် ဗျာဒိတ်နိမိတ်​တွင် ငါ​တွေ့မြင်​ခဲ့​ရ​သော ဂါဗြေလ​သည် အလျင်အမြန်​ပျံသန်း​လာ​၍ ညနေ​ပူဇော်သက္ကာ​အချိန်​တွင် ငါ့​ထံ​ရောက်လာ​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 22,
      "text": "သူ​က ငါ့​အား “​ဒံယေလ​၊ သင့်​အား ထိုးထွင်းသိမြင်​နိုင်​သော​ဉာဏ်​ကို​ပေး​ရန် ယခု ငါ​ရောက်လာ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 23,
      "text": "သင်​သည် နှစ်သက်မြတ်နိုး​ခြင်း​ကို ခံရ​သော​သူ​ဖြစ်​သောကြောင့် သင် စတင်​ဆုတောင်း​စဉ်​မှာပင် အမိန့်​တော်​ရှိ​သည်​ဖြစ်၍ သင့်​အား ပြောကြား​ရန် ငါ​ရောက်လာ​ပြီ​။ သို့ဖြစ်၍ ဤ​စကား​တော်​ကို ဆင်ခြင်​၍ ဗျာဒိတ်အာရုံ​ကို သိရှိနားလည်​လော့​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 24,
      "text": "အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 25,
      "text": "ထို့ကြောင့် ဂျေရုဆလင်​မြို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​သည့်​နေ့​မှစ၍ ဘိသိက်ခံ​မင်း​တစ်ပါး​ပေါ်ထွန်း​မည့်​နေ့​အထိ ခုနစ်​သီတင်း​နှင့် ခြောက်ဆယ့်​နှစ်​သီတင်း​ကြာ​လိမ့်မည်​ဟု သိ​နားလည်​လော့​။ ခဲယဉ်း​သော​ကာလ​များ​၌​ပင် ထို​မြို့​၏​လမ်း​နှင့်​ကျုံး​တို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 26,
      "text": "ခြောက်ဆယ့်​နှစ်​သီတင်း​လွန်​လျှင် ဘိသိက်ခံ​မင်း​သည် မည်သည့်​အရာ​မျှ​မ​ကျန်​ဘဲ ပယ်ရှင်း​ခြင်း​ခံရ​လိမ့်မည်​။ နောက်​တက်လာ​မည့်​မင်း​၏​လူ​တို့​သည် မြို့​နှင့် သန့်ရှင်းရာဌာန​ကို ဖျက်ဆီး​ပစ်​လိမ့်မည်​။ အဆုံး​သည် ရေလွှမ်းမိုး​သကဲ့သို့ ရောက်လာ​လိမ့်မည်​။ အဆုံး​သို့​မ​ရောက်​မ​ချင်း စစ်မက်​ဖြစ်ပွား​လိမ့်မည်​။ ဤသို့ ပျက်စီး​ခြင်း​ကို စီရင်​ထား​တော်မူ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 27,
      "text": "ထို​မင်း​သည်​လည်း တစ်​သီတင်း​အတွက် လူ​အများ​တို့​နှင့်​အခိုင်အမာ​ပဋိညာဉ်​ဖွဲ့​လိမ့်မည်​။ သို့သော် သီတင်း​တစ်ဝက်​တွင် ယဇ်ပူဇော်​ခြင်း​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ရပ်စဲ​စေ​လိမ့်မည်​။ သုတ်သင်ဖျက်ဆီး​ခြင်း​ခံရ​မည်​ဟူသော စီရင်သတ်မှတ်​ချက်​သည် ဖျက်ဆီး​သော​သူ​အပေါ် ကျရောက်​မည်​။ ထို​အချိန်​တိုင်အောင် ထို​ဖျက်ဆီး​သော​သူ​သည် ရွံရှာဖွယ်​ရာ​များ​၏​တောင်ပံ​ပေါ်တွင် တည်​နေ​လိမ့်မည်”​ဟု ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 1,
      "text": "ပါးရှား​ဘုရင် ကုရု​မင်းကြီး​နန်းစံ တတိယ​နှစ်​တွင် ဗေလတရှာဇာ ခေါ် ဒံယေလ​ထံသို့ နှုတ်ကပတ်တော် ရောက်လာ​၏​။ ထို​နှုတ်ကပတ်တော်​သည် အစစ်အမှန်​ဖြစ်​၏​။ စစ်ပွဲ​ကြီး​နှင့်​ဆိုင်​၏​။ နှုတ်ကပတ်တော်​ကို သူ​နားလည်​၏​။ စိတ်အာရုံ​အားဖြင့် သူ​နားလည်​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 2,
      "text": "ထိုစဉ်က ငါ​ဒံယေလ​သည် ရက်သတ္တပတ်​သုံး​ပတ်​တိုင်တိုင် ငိုကြွေးမြည်တမ်း​လျက်"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 3,
      "text": "ထို​ရက်သတ္တပတ်​သုံး​ပတ်​တိုင်တိုင် စားကောင်းသောက်ဖွယ်​ကို မ​စား​၊ အသား​နှင့် စပျစ်ဝိုင်​ကို​လည်း မ​သုံးဆောင်​၊ ဆီ​ကို​လည်း မ​လိမ်း​ဘဲ နေ​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 4,
      "text": "ပထမ​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင် ငါ​သည် တိုက်ဂရစ်​မြစ်​ကြီး​၏​ကမ်းနံဘေး​တွင် ရပ်​နေ​စဉ်"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 5,
      "text": "ငါ​မျှော်ကြည့်​လိုက်​သောအခါ ပိတ်ချောထည်​ဝတ်ဆင်​၍ ခါး​တွင်​ဥဖတ်​မြို့​မှ​ထွက်​သော​ရွှေစင်​ခါးပန်း စည်းထား​သော​သူ​တစ်​ယောက်​ကို မြင်​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 6,
      "text": "ထို​သူ​၏​ကိုယ်ခန္ဓာ​မှာ ကျောက်မျက်ရွဲ​ကဲ့သို့ ဖြစ်​၏​။ မျက်နှာ​မှာ လျှပ်စီးလက်​သကဲ့သို့ ဖြစ်​၏​။ မျက်စိ​သည်​လည်း မီးတောက်​နေ​သော​မီးတုတ်​ကဲ့သို့ ဖြစ်​၏​။ လက်​နှင့်​ခြေ​သည် ပြောင်လက်​အောင်​တိုက်ချွတ်​ထား​သော​ကြေးနီ​နှင့် တူ​၏​။ သူ​၏​စကား​သံ​သည် လူအုပ်ကြီး​၏​အသံ​နှင့် တူ​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 7,
      "text": "ငါ​ဒံယေလ​တစ်ဦးတည်း​သာ နိမိတ်အာရုံ​ကို မြင်​ရ​၏​။ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​မူကား နိမိတ်အာရုံ​ကို မ​မြင်​ရ​သော်လည်း အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​ပြီး ထွက်ပြေး​ပုန်းအောင်း​ကြ​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​တစ်ယောက်တည်း​ကျန်ရစ်​ပြီး ထိတ်လန့်ဖွယ်​နိမိတ်အာရုံ​ကို မြင်​ရ​၍ ခွန်အား​များ မ​ရှိ​တော့​ချေ​။ ငါ့​မျက်နှာ​သည် လူသေ​မျက်နှာ​ကဲ့သို့​ဖြစ်​၍ ခွန်အား​ကုန်ခန်း​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 9,
      "text": "ထိုအခါ ထို​သူ​ပြော​သော​စကား​သံ​ကို ကြား​ရ​၏​။ ထို​သူ​ပြော​သော​စကား​ကို နားထောင်​နေ​စဉ် ငါ​သည် သတိလစ်​၍​မှောက်​လျက်​လဲကျ​သွား​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 10,
      "text": "ထိုအခါ လက်​တစ်​ဖက်​သည် ငါ့​ကို​တို့​၍ ငါ့​ဒူး​နှင့်​လက်​ကို​လည်း ကိုင်လှုပ်​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 11,
      "text": "ထို​သူ​က “​နှစ်သက်မြတ်နိုး​ခြင်း​ခံရ​သူ​ဒံယေလ​၊ ငါ​ပြော​သော​စကား​ကို ဆင်ခြင်သုံးသပ်​လော့​။ ထ​၍ ရပ်​လော့​။ ငါ​သည် သင့်​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​”​ဟု ငါ့​အား ဤ​စကား​ကို​ပြောဆို​လျှင် ငါ​သည် တုန်ရီ​လျက် ရပ်​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 12,
      "text": "တစ်ဖန် သူ​က “​ဒံယေလ​၊ မ​ကြောက်​နှင့်​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​၍ နားလည်​လို​သော​ဆန္ဒရှိ​သည့်​ပထမဆုံး​နေ့​မှစ၍ သင့်​စကား​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။ သင့်​စကား​ကြောင့် ငါ​ရောက်လာ​ရ​ခြင်း​ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 13,
      "text": "ပါးရှား​နိုင်ငံ​စောင့်​မင်း​သည် နှစ်ဆယ့်​တစ်​ရက်​တိုင်တိုင် ငါ့​ကို​ဆီးတား​နှောင့်ယှက်​ခဲ့​၏​။ ငါ့​ကို ပါးရှား​ဘုရင်​တို့​ထံ၌ ထားခဲ့​သောကြောင့် အထွတ်အမြတ်​မင်းစု​ထဲမှ​တစ်ပါး​ဖြစ်​သော​မိက္ခေလ​သည် ငါ့​ကို လာရောက်​ကူညီ​ခဲ့​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 14,
      "text": "ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​များ​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​နေ့ရက်​များ​တွင် သင့်​လူမျိုး​၌ ဖြစ်ပျက်​မည့်​အရာ​တို့​ကို ကြားပြော​ရန် ငါ​ရောက်လာ​ပြီ​”​ဟု ဆို​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 15,
      "text": "ထို​သူ​သည် ငါ့​အား ထိုသို့သော​စကား​များ​ကို​ပြောဆို​သောအခါ ငါ​သည် မြေကြီး​ကို​စိုက်ကြည့်​၍ နှုတ်ဆွံ့အ​သွား​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 16,
      "text": "ထိုအခါ လူ​သဏ္ဌာန်​နှင့်​တူ​သော​သူ​က ငါ့​နှုတ်ခမ်း​ကို တို့​၏​။ ငါ​လည်း နှုတ်​ကို​ဖွင့်​၍ ငါ့​ရှေ့​၌​ရပ်​နေ​သော​သူ​အား “​အကျွန်ုပ်​၏​သခင်​၊ ဤ​နိမိတ်အာရုံ​ကြောင့် အကျွန်ုပ်​သည် ပြင်းထန်​သော​ဝေဒနာ​ကို​ခံစား​ရ​၍ ခွန်အား​လည်း ကုန်ခန်း​ပါ​ပြီ​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 17,
      "text": "သခင့်​အစေအပါး​အကျွန်ုပ်​သည် သခင်​နှင့်​မည်သို့ ပြောဆို​နိုင်​မည်နည်း​။ ယခုပင် အကျွန်ုပ်​၌ ခွန်အား​မ​ရှိ​တော့​ပါ​။ ထွက်သက်​ဝင်သက်​လည်း မ​ကျန်​တော့​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 18,
      "text": "ထိုအခါ လူ​ပုံသဏ္ဌာန်​နှင့်​တူ​သော​သူ​သည် ငါ့​ကို နောက်တစ်ခါ တို့​၍ ခွန်အား​ဖြည့်​ပေး​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 19,
      "text": "သူ​က ငါ့​အား “​အို နှစ်သက်မြတ်နိုး​ခြင်း​ခံရ​သူ​၊ မ​ကြောက်​နှင့်​။ ငြိမ်သက်​ခြင်း​ရှိ​ပါစေ​။ အားယူ​လော့​၊ အားယူ​လော့​”​ဟု ဆို​လျှင် ငါ​သည် ခွန်အား​ပြည့်​လာ​၍ “​အကျွန်ုပ်​၏​သခင်​၊ အမိန့်ရှိ​တော်မူ​ပါ​။ သခင့်​စကား​ကြောင့် အကျွန်ုပ်​အားရှိ​သွား​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 20,
      "text": "ထို​သူ​က​လည်း “​သင့်​ထံသို့ အဘယ်ကြောင့် ငါ​ရောက်လာ​ရ​သည်​ကို သင်​သိ​သလော​။ ယခု ငါ​သည် ပါးရှား​နိုင်ငံ​စောင့်​မင်း​နှင့် စစ်တိုက်​ရန် ပြန်သွား​ရ​မည်​။ ငါ​ထွက်သွား​ပြီးနောက် ဂရိ​နိုင်ငံ​စောင့်​မင်း ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 21,
      "text": "ယခု သမ္မာတရား​ကျမ်း​တွင် ရေးထား​သော​အရာ​တို့​ကို သင့်​အား ငါ​ပြောပြ​မည်​။ ထို​သူ​တို့​နှင့် တိုက်ခိုက်​ရာ​တွင် သင်​တို့​၏​မင်း မိက္ခေလ​မှတစ်ပါး ငါ့​ကို ကူညီ​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 1,
      "text": "မေဒိ​လူမျိုး ဒါရိ​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင်​လည်း သူ့​ဘက်​မှ​ရပ်တည်​၍ အင်အားဖြည့်​ကာကွယ်​ပေး​ခဲ့​၏​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 2,
      "text": "ယခု သင့်​အား မှန်​သော​အရာ​ကို ပြောပြ​မည်​။ ကြည့်ရှု​လော့​။ ပါးရှား​နိုင်ငံ​တွင် ရှင်ဘုရင်​သုံး​ပါး ထပ်​ပေါ်လာ​လိမ့်မည်​။ ထို့နောက် ပေါ်လာ​မည့်​စတုတ္ထ​ဘုရင်​သည် အခြား​ဘုရင်​အားလုံး​ထက် ဓနဥစ္စာ​ကြွယ်ဝ​သူ​ဖြစ်​မည်​။ သူ​သည် ဓနဥစ္စာ​ဖြင့် အင်အားကြီး​လာ​သောအခါ လူ​အပေါင်း​တို့​ကို လှုံ့ဆော်​၍ ဂရိ​နိုင်ငံ​ကို တိုက်ခိုက်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 3,
      "text": "ထို့နောက် အားကြီး​သော​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ သူ​သည် ဩဇာအာဏာ​ကြီးမား​လျက် အုပ်စိုး​လိမ့်မည်​။ အလိုရှိ​သည့်​အတိုင်း ပြု​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 4,
      "text": "သူ​ပေါ်လာ​ပြီး​မကြာမီ​မှာပင် သူ့​နိုင်ငံ​သည် ပျက်စီး​သွား​၍ မိုးကောင်းကင်​အောက်​အရပ်​လေး​မျက်နှာ​သို့ ကွဲပြား​သွား​လိမ့်မည်​။ ထို​နိုင်ငံ​ကို သူ​၏​သားစဉ်မြေးဆက်​တို့ ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​။ သူ​အုပ်စိုး​ခဲ့​သည့်​အာဏာစက်​မျိုး ရှိ​တော့​မည်​မ​ဟုတ်​။ သူ​၏​နိုင်ငံ​ကို သူ့​လက်​မှ​နုတ်ယူ​၍ အခြား​သူ​တို့​လက်​သို့ ပေးအပ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 5,
      "text": "ထို့နောက် တောင်ဘက်​မှ​ရှင်ဘုရင်​တစ်​ပါး အင်အားကြီး​လာ​လိမ့်မည်​။ သို့သော် ထို​ဘုရင်​၏​စစ်သူကြီး​များ​ထဲမှ​တစ်ဦး​သည် သူ့​ထက်​အားကြီး​လာ​၍ ထို​နိုင်ငံ​ကို အုပ်စိုး​မည်​။ သြဇာအာဏာ​ကြီးမား​မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 6,
      "text": "နှစ်​ပေါင်း​ကြာ​လာ​သောအခါ သူ​တို့​ချင်း​မိတ်ဖွဲ့​ကြ​လိမ့်မည်​။ ငြိမ်းချမ်းရေး​ရယူ​ရန် တောင်​ဘုရင်​၏​သမီး​တော်​သည် မြောက်​ဘုရင်​ထံ​ဝင်ရောက်​လိမ့်မည်​။ သို့သော် ထို​မင်းသမီး​သည် မိမိ​၏​တန်ခိုးအာဏာ​ကို မ​ထိန်းသိမ်း​ထား​နိုင်​။ ခမည်းတော်​၏​အာဏာ​လည်း မ​တည်တံ့​။ ထို​အချိန်​တွင် မင်းသမီး​နှင့် သူ့​အခြွေအရံ​များ​၊ သူ့​ခမည်းတော်​နှင့် ဘက်တော်သား​အားလုံး အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 7,
      "text": "ထို​မင်းသမီး​၏​အမျိုးအနွယ်​ထဲမှ တစ်​ယောက်​သည် ထို​ဘုရင်​၏​အရိုက်အရာ​ကို ဆက်ခံ​ရ​မည်​။ သူ​သည် စစ်ချီ​၍ မြောက်​ဘုရင်​၏​စစ်သည်​တို့​ကို တိုက်ခိုက်​မည်​။ ခံတပ်​ကို​လည်း ဝင်ရောက်​တိုက်ခိုက်​၍ အောင်နိုင်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 8,
      "text": "သူ​သည် ထို​သူ​တို့ သွန်းလုပ်​သော​ဘုရား​ရုပ်တု​များ​၊ ရွှေ​ငွေ​စသော​အဖိုးတန်​အသုံးအဆောင်​များ​ကို အီဂျစ်​ပြည်​သို့ သိမ်းယူ​သွား​လိမ့်မည်​။ ထို့နောက်မှ မြောက်​ဘုရင်​နှင့် နှစ်​ပေါင်း​အတန်ကြာ​ကင်းကွာ​နေ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 9,
      "text": "ထို့နောက်မှ မြောက်​ဘုရင်​သည် တောင်​ဘုရင်​၏​နိုင်ငံ​သို့ စစ်ချီ​လာ​သော်လည်း မိမိ​ပြည်​သို့ ပြန်ဆုတ်​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 10,
      "text": "သူ​၏​သား​တော်​တို့​သည် စစ်တိုက်​ရန် လှုံ့ဆော်​ပြီး စစ်သည်​အလုံးအရင်း​ကို စုစည်း​မည်​။ ထို့နောက် ရေလွှမ်းမိုး​ပြီး​တိုက်ချ​သွား​သကဲ့သို့ စစ်ချီ​တိုက်ခိုက်​မည်​။ ထိုမှ ခံတပ်​သို့​အပြန်လမ်း​တစ်လျှောက်​တွင်​လည်း တိုက်ခိုက်​သွား​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 11,
      "text": "တောင်​ဘုရင်​လည်း ခံပြင်း​၍ မြောက်​ဘုရင်​ကို ထွက်​တိုက်​မည်​။ မြောက်​ဘုရင်​သည် စစ်သည်​အလုံးအရင်း​စုဆောင်း​ထား​သော်လည်း ထို​စစ်သည်​အလုံးအရင်း​သည် တောင်​ဘုရင်​လက်​သို့ ရောက်သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 12,
      "text": "တောင်​ဘုရင်​သည် ထို​စစ်သည်​အလုံးအရင်း​ကို သိမ်းသွား​နိုင်​သဖြင့် ဘဝင်မြင့်​လာ​လိမ့်မည်​။ သူ​သည် လူ​ထောင်ပေါင်း​များစွာ​ကို ချေမှုန်း​နိုင်​သော်လည်း သူ့​အာဏာ​တည်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 13,
      "text": "အကြောင်းမှာ မြောက်​ဘုရင်​သည် ပထမ​အကြိမ်​ထက်​များ​သော စစ်သည်​အလုံးအရင်း​ကို စုရုံး​၍ အချိန်တန်​သောအခါ လက်နက်​အပြည့်အစုံ​ပါ​သော​စစ်တပ်​ကြီး​ဖြင့် အမှန်​ချီတက်​လာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 14,
      "text": "ထို​အချိန်​တွင် တောင်​ဘုရင်​ကို ဆန့်ကျင်​၍​ထကြွပုန်ကန်​သော​သူ​တို့ များပြား​ကြ​လိမ့်မည်​။ ဗျာဒိတ်နိမိတ်​အတိုင်း ဖြစ်လာ​ရန် သင့်​လူမျိုး​ထဲမှ ကြမ်းကြုတ်​သော​သူ​တို့​သည်​လည်း ထကြွပုန်ကန်​ကြ​လိမ့်မည်​။ သို့သော် သူ​တို့ ကျရှုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 15,
      "text": "မြောက်​ဘုရင်​သည် ချီလာ​၍ မြေကတုတ်​ကို​တည်ဆောက်​ကာ ခံတပ်​မြို့​ကို သိမ်းပိုက်​လိမ့်မည်​။ တောင်​ဘုရင်​၏​စစ်သည်​တို့​သည် သူ့​ကို ခုခံ​နိုင်​မည်​မ​ဟုတ်​။ အထူး​ရွေးချယ်​ထား​သော​စစ်သည်​များ​ပင် ခုခံ​နိုင်​သော​ခွန်အား​ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 16,
      "text": "တောင်​ဘုရင်​ကို လာတိုက်​သော​မြောက်​ဘုရင်​သည် အလိုရှိ​သည့်​အတိုင်း​ပြု​လိမ့်မည်​။ သူ့​ကို မည်သူ​မျှ​ခုခံ​နိုင်​မည်​မ​ဟုတ်​။ သူ​သည် သာယာဝပြော​သော​ပြည်​တွင် စံမြန်း​လျက် သုတ်သင်ဖျက်ဆီး​ခြင်း​အာဏာ​ကို​စွဲကိုင်​ထား​မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 17,
      "text": "သူ​သည် မိမိ​နိုင်ငံ​တစ်နိုင်ငံလုံး​၏​အင်အား​ဖြင့် တောင်​ဘုရင်​ထံ​ဝင်ရောက်​၍ ငြိမ်းချမ်းရေး​ရယူ​ရန် ကြံစည်​လိမ့်မည်​။ ပြည်​ကို​ဖျက်ဆီး​ရန် မိန်းမပျို​များ​ကို တောင်​ဘုရင်​အား ဆက်သ​လိမ့်မည်​။ သို့သော် ထို​အမှု​သည် အောင်မြင်​မည်​မ​ဟုတ်​၊ သူ့​အတွက် အကျိုး​ပြု​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 18,
      "text": "ထို့နောက် သူ​သည် ကမ်းရိုးတန်းဒေသ​များ​ဘက်​သို့​လှည့်​၍ နယ်မြေ​များစွာ​ကို သိမ်းယူ​နိုင်​လိမ့်မည်​။ သို့သော် အကြီးအမှူး​တစ်​ဦး​သည် မောက်မာစော်ကား​သော​သူ့​ကို ချိုးနှိမ်​ပစ်​လိမ့်မည်​။ ထို​မောက်မာစော်ကားမှု​ကို သူ​ပြန်​ခံရ​စေ​မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 19,
      "text": "သူ​သည် သူ့​ခံတပ်​ပြည်​သို့​ပြန်လာ​မည်​ဖြစ်​သော်လည်း ခလုတ်တိုက်​၍​လဲကျ​သေဆုံး​သွား​လိမ့်မည်​။ သူ့​ကို တွေ့​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 20,
      "text": "သူ့​နေရာ​တွင် နိုင်ငံ​၏​ဘုန်းစည်းစိမ်​အတွက်​အခွန်ကောက်ခံ​သော​သူ​ကို စေလွှတ်​မည့် မင်း​တစ်ပါး ပေါ်လာ​လိမ့်မည်​။ သို့သော် မကြာမီမှာ​ပင် ထို​မင်း​သည် အမျက်​ကြောင့်​မ​ဟုတ်​၊ စစ်ပွဲ​ကြောင့်​လည်း မ​ဟုတ်​ဘဲ ပျက်စီး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 21,
      "text": "ထို့နောက် ထို​မင်း​၏​နေရာ​တွင် ယုတ်ညံ့​သော​မင်း​တစ်ပါး​ပေါ်လာ​လိမ့်မည်​။ မည်သူ​မျှ သူ့​ကို နန်းစံ​ဖို့ မင်း​မ​မြှောက်​။ လူ​တို့ လုံခြုံစိတ်ချ​စွာ​နေ​နေ​ကြ​စဉ် သူ​သည် ရောက်လာ​၍ နိုင်ငံ​ကို လိမ်လည်​သိမ်းယူ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 22,
      "text": "သူ့​ရှေ့​မှာ​ပင် စစ်သည်​အလုံးအရင်း​နှင့်အတူ မဟာမိတ်​မင်း​သည်​လည်း ရေလွှမ်းမိုး​သကဲ့သို့ တိုက်စား​သွား​ခြင်း​ခံရ​၍ ပျက်စီး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 23,
      "text": "သူ​သည် မဟာမိတ်ဖွဲ့​ပြီးမှ သူ​နှင့်​မဟာမိတ်ဖွဲ့​သော​သူ​ကို လိမ်လည်လှည့်စား​မည်​။ စစ်ချီတိုက်ခိုက်​မည်​။ လူ​နည်းစု​ဖြင့် အားကြီး​လာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 24,
      "text": "ငြိမ်းချမ်း​သော​ကာလ​တွင် သူ​သည် ချမ်းသာကြွယ်ဝ​သော​နိုင်ငံ​ကြီး​ကို ဝင်တိုက်​လိမ့်မည်​။ သူ​၏​ဘိုးဘေး​များ​နှင့် ဘိုးဘေး​တို့​၏​ဘိုးဘေး​များ​ပင် မ​ပြု​သော​အမှု​ကို သူ​ပြု​လိမ့်မည်​။ တိုက်ခိုက်​သိမ်းပိုက်​ထား​သော​ဥစ္စာပစ္စည်း​တို့​ကို ခွဲဝေ​ပေး​လိမ့်မည်​။ ခံတပ်​မြို့​တို့​ကို လုပ်ကြံ​သိမ်းယူ​လိမ့်မည်​။ သို့သော် တစ်ခဏသာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 25,
      "text": "ထို့ပြင် သူ​သည် စစ်အင်အား​အလုံးအရင်း​နှင့်တကွ အားမာန်တင်း​လျက် တောင်​ဘုရင်​ကို တိုက်ခိုက်​လိမ့်မည်​။ တောင်​ဘုရင်​သည် အင်အားကြီး​သော​စစ်တပ်​ကြီး​ကို ပြင်ဆင်​၍​တိုက်ခိုက်​ရန် ကြိုးပမ်း​သော်လည်း ခုခံ​နိုင်​မည်​မ​ဟုတ်​။ အကြောင်းမှာ သူ့​အပေါ် လျှို့ဝှက်​ကြံစည်​ကြ​သောကြောင့် ဖြစ်​၏​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 26,
      "text": "သူ​ကျွေးမွေး​ထား​သော​သူ​များ​ကပင် သူ့​ကို​ဖျက်ဆီး​လိမ့်မည်​။ သူ့​စစ်သည်​တို့​သည်​လည်း ချေမှုန်း​ဖျက်ဆီး​ခြင်း​ခံရ​၍ လူ​အမြောက်အမြား​သေကျေ​ကျဆုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 27,
      "text": "ထို​ဘုရင်​နှစ်ပါးစလုံး​သည် မကောင်းမှု​ကို​ပြု​လို​သော​စိတ်​ရှိ​ကြ​၏​။ သူ​တို့​သည် စားပွဲ​တစ်ခုတည်း​တွင် အတူ​ထိုင်​၍ မုသား​စကား​ပြောဆို​ကြ​လိမ့်မည်​။ သို့သော် အဆုံး​အတွက် သတ်မှတ်​ထား​သော​အချိန်​မ​ရောက်​သေး​သောကြောင့် အောင်မြင်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 28,
      "text": "မြောက်​ဘုရင်​သည် မိမိ​ပြည်​သို့ ဥစ္စာ​များစွာ​ပိုက်​လျက် ပြန်သွား​လိမ့်မည်​။ သူ​သည် သန့်ရှင်း​သော​ပဋိညာဉ်​ကို ဆန့်ကျင်​လို​သည့်​စိတ်​ရှိ​သည့်​အတိုင်း မိမိ​အလိုကျ​ပြု​ပြီးမှ နေရင်းပြည်​သို့ ပြန်သွား​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 29,
      "text": "အချိန်တန်​လျှင် သူ​သည် တောင်​အရပ်​သို့ တစ်ဖန်​လာ​ဦး​မည်​။ သို့သော် ယခု​တစ်ကြိမ်​လာ​ခြင်း​သည် ယခင်​တစ်ကြိမ်​ကဲ့သို့ ဖြစ်​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 30,
      "text": "ဆိုက်ပရပ်​ကျွန်း​မှ​စစ်သင်္ဘော​တို့​သည် သူ့​ကို​လာတိုက်​ကြ​လိမ့်မည်​။ သူ​သည် ခံပြင်း​လျက်​ပြန်သွား​လိမ့်မည်​။ အမျက်ထွက်​သဖြင့်​သန့်ရှင်း​သော​ပဋိညာဉ်​ကို​ဆန့်ကျင်​ပြီး မိမိ​အလိုကျ​ပြု​လိမ့်မည်​။ သူ​သည် ပြန်သွား​၍ သန့်ရှင်း​သော​ပဋိညာဉ်​ကို​စွန့်ပယ်​သော​သူ​တို့​အား မျက်နှာသာ​ပေး​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 31,
      "text": "သူ​၏​တပ်သား​တို့​သည် လာ​၍ ခိုလှုံ​ရာ​ဖြစ်​သည့်​သန့်ရှင်းရာဌာန​တော်​ကို ရှုတ်ချ​လိမ့်မည်​။ နေ့စဉ်​ပူဇော်သက္ကာ​ကို ဖယ်ရှား​ပစ်​၍ ဖျက်ဆီး​တတ်​သော​ရွံရှာဖွယ်​ရာ​ကို တည်​ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 32,
      "text": "သူ​သည် ပဋိညာဉ်​ချိုးဖောက်​သော​သူ​တို့​ကို မြှောက်ပင့်​ပြောဆို​၍ ဖျက်ဆီး​လိမ့်မည်​။ မိမိ​ဘုရားသခင်​ကို​သိကျွမ်း​သော​သူ​တို့​မူကား သူ့​အား ရဲရင့်​စွာ​တန်ပြန်​တိုက်ခိုက်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 33,
      "text": "လူမျိုး​တော်​ထဲမှ ပညာသတိ​ရှိ​သော​သူ​တို့​သည် လူ​အများ​ကို သွန်သင်လမ်းပြ​လိမ့်မည်​။ သို့သော် သူ​တို့​သည် ဓားဘေး​၊ မီးဘေး​၊ ဖမ်းခေါ်​သွား​ခြင်း​ဘေး​၊ တိုက်ခိုက်လုယက်​ခြင်း​ဘေး​တို့​ကြောင့် ကာလ​အတန်ကြာ​ပြိုလဲ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 34,
      "text": "ထိုသို့​သူ​တို့​ပြိုလဲ​နေစဉ် လူ​နည်းစု​ကသာ သူ​တို့​ကို​ကူညီ​လိမ့်မည်​။ လူ​များစု​မှာ မရိုးဖြောင့်​သော​စိတ်​ဖြင့် သူ​တို့​နှင့်​ပူးပေါင်း​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 35,
      "text": "သတ်မှတ်​ထား​သော​ကာလ မ​ရောက်​သေး​သည်​ဖြစ်၍ ပညာရှိ​အချို့​တို့​သည် အပြစ်ကင်းစင်​ပြီး သန့်ရှင်း​စင်ကြယ်​ဖို့ နောက်ဆုံး​သော​ကာလ​အထိ လှဲချ​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 36,
      "text": "ထို​ဘုရင်​သည် မိမိ​အလို​အတိုင်း ပြုမူ​လိမ့်မည်​။ ဘုရား​တကာ​တို့​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်​မြှောက်စား​လိမ့်မည်​။ ဘုရား​တကာ​တို့​၏​ဘုရား​ကို ရင့်သီးကြမ်းကြုတ်​သော​စကား​တို့​ဖြင့် ဆန့်ကျင်​ပြောဆို​လိမ့်မည်​။ အမျက်​တော်​ကာလ ပြီးဆုံး​သည်​အထိ သူ​သည် အောင်မြင်မှု​ရ​လိမ့်မည်​။ စီရင်​ထား​သော​အရာ​သည် ဧကန်​ဖြစ်လာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 37,
      "text": "သူ​သည် သူ့​ဘိုးဘေး​တို့​၏​ဘုရား​ကို​ဖြစ်စေ​၊ မိန်းမ​တို့​နှစ်သက်​သည့်​ဘုရား​များ​ကို​ဖြစ်စေ မည်သည့်​ဘုရား​ကို​မျှ အလေး​မ​ထား​၊ ဘုရား​တကာ​ထက် ကိုယ့်ကိုယ်ကိုယ်​ချီးမြှောက်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 38,
      "text": "ထို​ဘုရား​တို့​အစား ခံတပ်စောင့်​ဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။ သူ့​ဘိုးဘေး​တို့​မ​သိ​သော​ထို​ဘုရား​ကို ရွှေ​ငွေ​၊ အဖိုးတန်​ကျောက်မျက်ရတနာ​များ​နှင့် လက်ဆောင်ပစ္စည်း​တို့​ဖြင့် ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 39,
      "text": "သူ​သည် တိုင်းတစ်ပါးသား​တို့​ဘုရား​၏​အကူအညီ​ဖြင့် ခံတပ်​မြို့​ကြီး​များ​ကို တိုက်ခိုက်​လိမ့်မည်​။ သူ့​အား အသိအမှတ်​ပြု​သူ​တိုင်း​ကို ချီးမြှောက်​ပြီး လူ​အများ​ကို​အုပ်စိုး​ရ​သော​အခွင့်​ပေး​မည်​။ ဆုလာဘ်​အဖြစ် မြေ​ကို​ခွဲဝေ​ပေး​မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 40,
      "text": "နောက်ဆုံး​ကာလ​တွင် တောင်​ဘုရင်​သည် သူ့​ကို တွန်းလှန်​တိုက်ခိုက်​လိမ့်မည်​။ မြောက်​ဘုရင်​သည်​လည်း စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​၊ သင်္ဘော​များ​ဖြင့် မုန်တိုင်း​တိုက်​သကဲ့သို့ ချီလာ​၍ တိုင်းပြည်​များ​ကို ဝင်ရောက်​လွှမ်းမိုး​တိုက်ခိုက်​သွား​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 41,
      "text": "သူ​သည် သာယာဝပြော​သော​ပြည်​ကို ဝင်တိုက်​သဖြင့် လူ​အများ​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သို့သော် ဧဒုံ​ပြည်သား​၊ မောဘ​ပြည်သား​နှင့် အမ္မုန်​အမျိုးသား​တို့​ထဲမှ အထင်ကရ​ပုဂ္ဂိုလ်​များ​သည် သူ့​လက်​မှ​လွတ်မြောက်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 42,
      "text": "သူ​သည် လက်ရုံး​ကို​ဆန့်​၍ တိုင်းနိုင်ငံ​များ​ကို တိုက်ခိုက်​လိမ့်မည်​။ အီဂျစ်​ပြည်​လည်း လွတ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 43,
      "text": "အီဂျစ်​ပြည်​၏​ရွှေ​ငွေ​ဘဏ္ဍာတိုက်​နှင့် အဖိုးတန်​ရတနာ​အားလုံး​ကို လက်ဝါးကြီးအုပ်​လိမ့်မည်​။ လစ်ဗျား​ပြည်သား​၊ အီသီယိုးပီးယား​ပြည်သား​တို့​သည်​လည်း သူ့​နောက်​ကို လိုက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 44,
      "text": "အရှေ့ဘက်​၊ မြောက်ဘက်​တို့​မှ​လာ​သော​သတင်းစကား​များ​ကြောင့် သူ​သည် အထိတ်တလန့်​ဖြစ်​ရ​လိမ့်မည်​။ ဒေါသတကြီး​ဖြင့်​ချီတက်​သွား​၍ လူ​အများ​ကို သုတ်သင်​ဖျက်ဆီး​ပစ်​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 45,
      "text": "ပင်လယ်​နှင့် သာယာ​သော​တောင်​ကြား​တွင် သူ့​တဲနန်း​ကို သူ​ဆောက်​လိမ့်မည်​။ ဤသို့ဖြင့် သူ့​ဘဝ​နိဂုံးချုပ်​ချိန်​ရောက်လာ​ကာ သူ့​ကို​ကူညီ​မည့်​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 1,
      "text": "ထို​ကာလ​တွင် သင့်​လူမျိုး​ကို စောင့်ရှောက်​ပေး​သော အထွတ်အမြတ်မင်း​မိက္ခေလ ပေါ်လာ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​ဖြစ်​ပေါ်လာ​ချိန်​မှစ၍ ထို​ကာလ​အထိ တစ်ခါမျှ​မ​ဖြစ်​ဖူး​သော​ဆင်းရဲဒုက္ခ​ကာလ​သည် ရောက်လာ​လိမ့်မည်​။ သို့သော် ထို​နေ့ရက်​တွင် စာစောင်​ထဲ၌ စာရင်းဝင်​သော သင့်​လူမျိုး​အားလုံး လွတ်မြောက်​ခွင့်​ရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 2,
      "text": "ထိုအခါ မြေမှုန့်​ထဲ၌ အိပ်ပျော်​သော​သူ​အမြောက်အမြား​နိုးလာ​၍ အချို့​တို့​သည် ထာဝရ​အသက်ရှင်​ရ​လိမ့်မည်​။ အချို့​တို့​သည် ကဲ့ရဲ့​ခြင်း​၊ ရွံရှာ​ခြင်း ထာဝရ​ခံရ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 3,
      "text": "ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 4,
      "text": "အို ဒံယေလ​၊ သင်​မူကား နောက်ဆုံး​ကာလ​တိုင်အောင် ဤ​စကား​တို့​ကို လျှို့ဝှက်​ထား​လော့​၊ ဤ​စာစောင်​ကို တံဆိပ်ခတ်​ထား​လော့​။ လူ​အများ​တို့​မူကား လှည့်လည်​ရှာဖွေ​၍ အသိပညာ​တိုးပွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 5,
      "text": "ငါ​ဒံယေလ​ကြည့်​လိုက်​ရာ အခြား​လူ​နှစ်​ယောက်​သည် မြစ်ကမ်း​တစ်ဖက်​တွင်​တစ်​ယောက်​၊ အခြား​တစ်ဖက်​တွင်​တစ်​ယောက် ရပ်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 6,
      "text": "တစ်ယောက်​က “​ဤ​အံ့ဖွယ်​အမှု​သည် မည်သည့်​အချိန်​မှ ပြီးဆုံး​မည်နည်း​”​ဟု မြစ်ရေပြင်​အထက်​တွင်​ရှိ​နေ​သော ပိတ်ချောထည်​ဝတ်ဆင်​ထား​သူ​အား မေး​လေ​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 7,
      "text": "ထိုအခါ မြစ်ရေပြင်​အထက်​တွင်​ရှိ​သော ပိတ်ချောထည်​ဝတ်ဆင်​ထား​သူ​က လက်​နှစ်​ဖက်​ကို ကောင်းကင်​သို့​မြှောက်​၍ “​တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက် ကြာ​လိမ့်မည်​။ သန့်ရှင်းသူ​တို့​၏​အင်အား​ကို တစ်စစီ​ဖြိုခွဲ​ပြီးမှ ဤ​အံ့ဖွယ်​အမှု​အားလုံး​၏​အဆုံး​သည် ရောက်​လိမ့်မည်​”​ဟု ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 8,
      "text": "ထို​စကား​တို့​ကို​ကြား​ရ​သော်လည်း ငါ​နား​မ​လည်​။ ထို့ကြောင့် ငါ​က “​အကျွန်ုပ်​၏​သခင်​၊ ဤ​အံ့ဖွယ်​အမှု​တို့​၏​အဆုံး​၌ မည်သို့​ဖြစ်​မည်နည်း​”​ဟု သူ့​အား မေးလျှောက်​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 9,
      "text": "ထိုအခါ သူ​က “​ဒံယေလ​၊ သင်​သွား​လော့​။ ဤ​စကား​တို့​ကို နောက်ဆုံး​သော​ကာလ​အထိ လျှို့ဝှက်​ထား​၍ တံဆိပ်ခတ်​ထား​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 10,
      "text": "လူ​အများ​တို့​သည် သန့်ရှင်း​၍ အပြစ်ကင်းစင်​အောင် စစ်ကြော​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​အမှု​တို့​ကို​သာ ပြု​လိမ့်မည်​။ ဆိုးယုတ်​သူ​တစ်ယောက်​မျှ သိနားလည်​မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​မူကား သိနားလည်​ကြ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 11,
      "text": "နေ့စဉ်​ပူဇော်သက္ကာ​ကို​ဖယ်ရှား​၍ ဖျက်ဆီး​တတ်​သော​ရွံရှာဖွယ်​ရာ​ကို​တည်​ထား​ချိန်​မှစ၍ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ့​ကိုးဆယ် ကြာ​လိမ့်မည်​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 12,
      "text": "ရက်​ပေါင်း​တစ်ထောင့်​သုံး​ရာ​သုံးဆယ့်​ငါး​ရက်​အထိ စောင့်မျှော်​၍ မီ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 13,
      "text": "သင်​မူကား အဆုံး​တိုင်အောင် ဆက်လျှောက်​လော့​။ သင်​သည် ငြိမ်းချမ်း​စွာ​နေ​ရ​မည်​။ နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ သင်​သည် ရပ်​၍ အမွေ​ဝေစု​ကို​ခံယူ​ရ​လိမ့်မည်​”​ဟု ငါ့​အား ဆို​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 1,
      "text": "ယုဒ​ဘုရင် ဩဇိ​မင်းကြီး​၊ ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​လက်ထက်​၊ အစ္စရေး​ဘုရင် ယောရှ​သား​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဗေရိ​၏​သား​ဟောရှေ​ထံသို့ ရောက်လာ​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 2,
      "text": "ဦးစွာ​ဟောရှေ​အားဖြင့် ထာဝရဘုရား​မိန့်ဆို​ရာ​တွင် ထာဝရဘုရား​က ဟောရှေ​အား “​သင်​သွား​၍ ပြည့်တန်ဆာ​မိန်းမ​တစ်ဦး​နှင့်​စုံဖက်​ပြီးလျှင် ပြည့်တန်ဆာ​သားသမီး​တို့​ကို မွေးဖွား​လော့​။ အကြောင်းမူကား ပြည်​သည် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​လျက် ထာဝရဘုရား​ထံမှ လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 3,
      "text": "ထို့ကြောင့် သူ​သည် ဒိဗလိမ်​၏​သမီး​ဂေါမာ​နှင့်​စုံဖက်​လေ​၏​။ ဂေါမာ​သည်​လည်း ကိုယ်ဝန်ဆောင်​ကာ သားယောက်ျား​ကို မွေးဖွား​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 4,
      "text": "ထာဝရဘုရား​က ဟောရှေ​အား “​ဤ​သား​အမည်​ကို ယေဇရေလ​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ ယေဟု​အမျိုးအနွယ်​သည် ယေဇရေလ​အရပ်​တွင် လူသတ်​ခဲ့​သောကြောင့် သူ့​ကို​ငါ​ဆုံးမ​မည်​။ အစ္စရေး​အမျိုးအနွယ်​၏​မင်းဆက်​ကို အဆုံးသတ်​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 5,
      "text": "ထို​နေ့ရက်​ရောက်​လျှင် ယေဇရေလ​ချိုင့်ဝှမ်း​၌ အစ္စရေး​၏​လေး​ကို ငါ​ချိုး​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 6,
      "text": "တစ်ဖန် ဂေါမာ​သည်​ကိုယ်ဝန်ဆောင်​၍ သမီး​ကို​မွေးဖွား​၏​။ ထိုအခါ ထာဝရဘုရား​က ဟောရှေ​အား “​ဤ​သမီး​အမည်​ကို လောရုဟာမာ ​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ ငါ​သည် အစ္စရေး​အမျိုးအနွယ်​ကို သနားစုံမက်​တော့​မည်​မ​ဟုတ်​။ လုံးဝ​ခွင့်လွှတ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 7,
      "text": "ယုဒ​အမျိုးအနွယ်​ကို​မူကား ငါ​သနားစုံမက်​မည်​။ သူ​တို့​ကို လေး​၊ ဓား​၊ စစ်မက်​၊ မြင်း​၊ မြင်းစီးသူရဲ​တို့​ဖြင့် ကယ်တင်​မည်​မ​ဟုတ်​။ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကိုယ်တိုင် သူ​တို့​ကို​ကယ်တင်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 8,
      "text": "လောရုဟာမာ​ကို နို့ဖြတ်​ပြီးနောက် ဂေါမာ​သည် ကိုယ်ဝန်ဆောင်​ပြန်​၍ သား​ယောက်ျား​ကို​မွေးဖွား​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 9,
      "text": "ထိုအခါ ထာဝရဘုရား​က “​ဤ​သား​အမည်​ကို လောအမ္မိ ​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ သင်​တို့​သည် ငါ​၏​လူမျိုး​တော်​မ​ဟုတ်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 10,
      "text": "သို့သော် အစ္စရေး​အမျိုးသား​တို့​သည် မ​ခြင်တွယ်​နိုင်​၊ မ​ရေတွက်​နိုင်​လောက်အောင် ပင်လယ်​သဲပွင့်​ကဲ့သို့ များပြား​လိမ့်မည်​။ “သင်​တို့​သည် ငါ​၏​လူမျိုး​တော်​မ​ဟုတ်”​ဟု သူ​တို့​အား ပြော​ရာ​အရပ်​၌​ပင် “သူ​တို့​သည် အသက်ရှင်​သော​ဘုရားသခင်​၏​သား​များ”​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 11,
      "text": "ထိုအခါ ယုဒ​အမျိုးသား​နှင့် အစ္စရေး​အမျိုးသား​တို့​သည် အတူတကွ​စုရုံး​လျက် ခေါင်းဆောင်​တစ်ဦး​ကို ရွေးချယ်​တင်မြှောက်​ပြီး ထို​ပြည်​မှ​ထွက်လာ​ကြ​လိမ့်မည်​။ ထို​နေ့​သည် ယေဇရေလ​မြို့​အဖို့ နေ့ထူးနေ့မြတ် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 1,
      "text": "သင်​တို့​၏​ညီအစ်ကို​တို့​ကို “ငါ့​လူမျိုး”​၊ သင်​တို့​၏​နှမ​တို့​ကို “ငါ့​ချစ်သူ​”​ဟု ခေါ်​ကြ​လော့​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 2,
      "text": "“သင်​တို့​၏​မိခင်​ကို အပြစ်တင်​ကြ​။ သူ​သည် ငါ့​မယား​မ​ဟုတ်​။ ငါ​သည်​လည်း သူ့​ခင်ပွန်း​မ​ဟုတ်​ကြောင်း ပြောပြ​ကြ​လော့​။ ပြည့်တန်ဆာ​လုပ်ရပ်​တို့​ကို ဖယ်ရှား​၍ သူ့​သားမြတ်​နှင့် မှားယွင်းမှုပြု​ခြင်း​ကို ရပ်တန့်​စေ​လော့​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 3,
      "text": "သို့မဟုတ်လျှင် ငါ​သည် သူ့​အဝတ်​ကို​ချွတ်ပစ်​၍ သူ​မွေးလာ​သော​နေ့​က​ကဲ့သို့ အဝတ်အချည်းစည်း​ဖြစ်​စေ​မည်​။ တောကန္တာရ​ကဲ့သို့ ဖြစ်စေ​၍ ခြောက်သွေ့​သော​မြေ ဖြစ်​စေ​မည်​။ ရေငတ်​သေ​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 4,
      "text": "သူ့​သားသမီး​တို့​သည်​လည်း ပြည့်တန်ဆာ​သားသမီး​ဖြစ်​သောကြောင့် သူ​တို့​ကို ငါ​သနားစုံမက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​၏​အမိ​သည် ပြည့်တန်ဆာလုပ်​၏​။ သူ​တို့​ကို​ကိုယ်ဝန်ဆောင်​သော​သူ​သည် ရှက်ဖွယ်​သော​အမှု​ကို​ပြု​၏​။ အကြောင်းမူကား သူ​က ‘​ငါ့​အား မုန့်​နှင့်​ရေ​၊ သိုးမွေး​နှင့်​ချည်ချော​၊ ဆီ​နှင့်​ဝိုင်​ကို ပေး​သော​ချစ်သူ​နောက်သို့ ငါ​လိုက်​မည်​’​ဟု ဆို​တတ်​၏​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 6,
      "text": "ထို့ကြောင့် သူ​သွား​မည့်​လမ်း​ကို ဆူးပင်​များ​နှင့် ငါ​ကာ​ထား​မည်​။ သူ​သွား​မည့်​လမ်း​ကို ရှာ​မ​တွေ့​အောင် တံတိုင်း​ကာ​ထား​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 7,
      "text": "သူ​သည် သူ့​ချစ်သူ​တို့​နောက်​သို့​လိုက်​သော်လည်း မီ​မည်​မ​ဟုတ်​။ သူ​တို့​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ထိုအခါ သူ​က ‘​ယခင်​ယောက်ျား​ထံ ပြန်သွား​မည်​၊ သူ​သည် အခြားသူ​တို့​ထက် ပိုကောင်း​၏​’​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 8,
      "text": "သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 9,
      "text": "ထို့ကြောင့် ရိတ်သိမ်း​ချိန်​တွင် ကောက်ပဲသီးနှံ​ကို​လည်းကောင်း​၊ စပျစ်သီး​ပေါ်ချိန်​တွင် စပျစ်ဝိုင်​အသစ်​ကို​လည်းကောင်း ငါ​ပြန်​သိမ်းယူ​မည်​။ သူ့​အရှက်​ကို​ဖုံး​ပေး​သော သိုးမွေး​နှင့် ချည်ချော​တို့​ကို​လည်း ငါ​ချွတ်ပစ်​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 10,
      "text": "ယခုမှာ သူ့​ချစ်သူ​များ​ရှေ့​တွင် သူ့​အရှက်​ကို ပေါ်​စေ​မည်​။ မည်သူ​မျှ သူ့​ကို ငါ့​လက်​မှ​ကယ်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 11,
      "text": "သတ်မှတ်​ထား​သည့်​ပွဲတော်​များ​ဖြစ်​သော လဆန်း​နေ့​ပွဲတော်​၊ ဥပုသ်နေ့​ပွဲတော်​၊ သူ​ကျင်းပ​သော​ပွဲ​အားလုံး​ကို​လည်း အဆုံးသတ်​ပစ်​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 12,
      "text": "‘​ငါ့​ချစ်သူ​တို့​က ငါ့​ကို​လက်ဆောင်​ပေး​သည်​’​ဟုဆို​သည့် သူ​၏​စပျစ်ပင်​၊ သဖန်းပင်​တို့​ကို​လည်း ငါ​ဖျက်ဆီး​၍ တောအုပ်​ဖြစ်စေ​ကာ တောရိုင်းတိရစ္ဆာန်​တို့ ကျက်စား​ရာ​ဖြစ်စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 13,
      "text": "သူ​သည် ဗာလ​ဘုရား​ပွဲ​နေ့​များ​၌ နံ့သာပေါင်း​ကို​မီးရှို့​၍ နှာကွင်း​နှင့် လက်ဝတ်ရတနာ​ကို​ဆင်မြန်း​လျက် ချစ်သူ​များ​နောက်သို့​လိုက်​ပြီး ငါ့​ကို​မေ့လျော့​သည့်​အတွက် သူ့​အား ငါ​ဒဏ်ခတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 14,
      "text": "သို့သော် ထာဝရဘုရား​က “ယခုမူ သူ့​ကို​ငါ​ဖျောင်းဖျ​မည်​၊ တောကန္တာရ​သို့ ခေါ်သွား​မည်​၊ သူ့​အား မေတ္တာ​ဖြင့် ပြောဆို​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 15,
      "text": "ထို​အရပ်​တွင် သူ့​စပျစ်ခြံ​ကို ငါ​ပြန်ပေး​မည်​။ အာခေါ် ​ချိုင့်ဝှမ်းလွင်ပြင်​ကို မျှော်လင့်ရာ​တံခါး ဖြစ်​စေ​မည်​။ သူ​သည် ငယ်ရွယ်​စဉ်က​ကဲ့သို့​၊ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ်က​ကဲ့သို့ ငါ့​ကို ပြန်​ဆက်ဆံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 16,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ထို​နေ့​တွင် သင်​သည် ငါ့​ကို ‘​သခင်​’​ဟု မ​ခေါ်​တော့​ဘဲ ‘​ခင်ပွန်း​’​ဟု ခေါ်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 17,
      "text": "ဗာလ​ဘုရား​၏​အမည်နာမ​တို့​ကို သူ့​နှုတ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ထို​နာမည်​တို့​ကို သတိရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 18,
      "text": "ထို​နေ့ရက်​တွင် သူ​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ မြေ​ပေါ်ရှိ​တွားသွားသောသတ္တဝါ​များ​နှင့် ပဋိညာဉ်​ဖွဲ့​စေ​မည်​။ လေး​၊ ဓား​၊ စစ်ပွဲ​တို့​ကို မြေ​ပေါ်မှ​ဖယ်ရှား​မည်​။ သူ​တို့​သည် ဘေးကင်းလုံခြုံ​စွာ​အိပ်စက်​ခွင့်​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 19,
      "text": "သင့်​ကို ထာဝရ​ဇနီး​ဖြစ်စေ​မည်​။ သင့်​ကို ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ ချစ်ခြင်းမေတ္တာ​နှင့် သနားစုံမက်​ခြင်း​ဖြင့် လက်ထပ်ယူ​မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 20,
      "text": "သင့်​ကို​သစ္စာရှိရှိ လက်ထပ်ယူ​မည်​။ သင်​သည်​လည်း ထာဝရဘုရား​ကို သိကျွမ်း​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 21,
      "text": "တစ်ဖန် ထာဝရဘုရား​က “ထို​နေ့ရက်​တွင် ငါ​ထူး​တော်မူ​မည်​။ ငါ​သည် မိုးကောင်းကင်​ကို ထူး​တော်မူ​မည်​။ မိုးကောင်းကင်​လည်း မြေကြီး​ကို ထူး​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 22,
      "text": "မြေကြီး​သည် ဆန်စပါး​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို ထူး​လိမ့်မည်​။ ထို​အရာ​တို့​သည်​လည်း ယေဇရေလ ​ကို ထူး​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 23,
      "text": "သူ့​ကို မြေ​ပေါ်တွင် ကြဲ​မည်​။ ကရုဏာ​မ​ခံစား​ရ​သူ​ကို ကရုဏာ​ပြ​မည်​။ ငါ့​လူ​မ​ဟုတ်​သော​သူ​ကို ‘သင်​သည် ငါ့​လူ​ဖြစ်​သည်’​ဟု ပြော​မည်​။ သူ​က​လည်း ‘ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင် ဖြစ်​သည်’​ဟူ၍ ဆို​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 2,
      "text": "ထို့ကြောင့် ငါ​သည် ထို​မိန်းမ​ကို ငွေ​တစ်ဆယ့်​ငါး​ရှယ်ကယ် ​နှင့် မုယောဆန်​တစ်​ဟောမဲ​ခွဲ ​ဖြင့် ဝယ်ယူ​၏​။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 3,
      "text": "ထို့နောက် သူ့​အား “​သင်​သည် ငါ​နှင့်အတူ ရက်ပေါင်း​များစွာ​နေ​ရ​မည်​။ ပြည့်တန်ဆာ ပြန်​မ​လုပ်​ရ​။ အခြား​ယောက်ျား​တို့​နှင့် မ​ပေါင်းဖော်​ရ​။ ငါ​သည်​လည်း သင့်​အပေါ် ထိုသို့​ပြု​မည်​”​ဟု ငါ​ဆို​၏​။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 4,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ် မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 5,
      "text": "ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 1,
      "text": "အို အစ္စရေး​အမျိုးသား​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ထာဝရဘုရား​သည် ပြည်သူပြည်သား​တို့​ကို စွဲချက်တင်​လေ​ပြီ​။ “တိုင်းပြည်​တွင် သစ္စာတရား​မ​ရှိ​၊ မေတ္တာကရုဏာ​မ​ရှိ​၊ ဘုရားသခင်​ကို​သိကျွမ်း​ခြင်း​မ​ရှိ​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 2,
      "text": "တိုင်းပြည်​သည် ကျိန်ဆို​ခြင်း​၊ လိမ်ညာ​ခြင်း​၊ လူသတ်​ခြင်း​၊ ခိုးယူ​ခြင်း​၊ အိမ်ထောင်ရေးဖောက်ပြန်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏​။ လူသတ်မှု​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 3,
      "text": "ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မကျန် သေကျေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 4,
      "text": "သို့သော် အဘယ်သူ​ကို​မျှ အပြစ်​မ​တင်​နှင့်​။ အဘယ်သူ​ကို​မျှ မ​ဆုံးမ​နှင့်​။ သင်​၏​လူ​တို့​သည် ယဇ်ပုရောဟိတ်​ကို အပြစ်တင်​သော​သူ​ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 5,
      "text": "သင်​သည် နေ့​အချိန်​၌ ခလုတ်တိုက်​လဲ​လိမ့်မည်​။ ညအချိန်​တွင် ပရောဖက်​သည်​လည်း သင်​နှင့်အတူ ခလုတ်တိုက်​လဲ​လိမ့်မည်​။ သင့်​အမိ​ကို​လည်း ငါ​ဖျက်ဆီး​မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 6,
      "text": "ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 7,
      "text": "သူ​တို့​သည် လူဦးရေ​တိုးလာ​သည်​နှင့်အမျှ ငါ့​ကို​ဆန့်ကျင်​၍ အပြစ်ပြု​ကြ​လေ​ပြီ​။ ထို့ကြောင့် သူ​တို့​၏​ဂုဏ်သရေ​ကို အရှက်ကွဲ​ခြင်း​နှင့် လဲပစ်​မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 8,
      "text": "ငါ့​လူမျိုး​တော်​၏​အပြစ်ဖြေရာယဇ်ကောင်​ကို စား​ရ​သောကြောင့် လူ​တို့​အပြစ်​ပြု​သည်​ကို သူ​တို့​နှစ်သက်​သဘောကျ​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 9,
      "text": "လူမျိုး​တော်​ခံရ​သကဲ့သို့ ယဇ်ပုရောဟိတ်​လည်း ခံရ​မည်​။ သူ​တို့​လျှောက်​သော​လမ်း​အတိုင်း သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​၏​အပြုအမူ​အတိုင်း သူ​တို့​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 10,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​စကား​ကို​မ​လိုက်နာ​၊ ထာဝရဘုရား​ကို​စွန့်ပယ်​သောကြောင့် အစာ​စား​ရ​သော်လည်း တင်းတိမ်​မည်​မ​ဟုတ်​၊ ပြည့်တန်ဆာလုပ်​သော်လည်း သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 11,
      "text": "ဖောက်ပြန်မှားယွင်း​ခြင်း​နှင့် စပျစ်ဝိုင်​အဟောင်း​၊ စပျစ်ဝိုင်​အသစ်​တို့​သည် သူ​တို့​၏​အသိစိတ်​ကို အနိုင်ယူ​သွား​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 12,
      "text": "ငါ့​လူမျိုး​တော်​သည် သစ်သား​ရုပ်တု​ကို မေးမြန်း​တတ်​၏​။ တောင်ဝှေး​သည်​လည်း သူ​တို့​ကို ပြောပြ​တတ်​၏​။ ပြည့်တန်ဆာ​ပြု​လို​စိတ်​ကြောင့် လမ်းလွဲ​၍ ဘုရားသခင်​ကို​စွန့်ပယ်​ကာ ပြည့်တန်ဆာလုပ်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 13,
      "text": "သူ​တို့​သည် တောင်ထိပ်​များ​ပေါ်တွင် ယဇ်ပူဇော်​ပြီး တောင်ကုန်း​များ​ပေါ်တွင်​လည်းကောင်း​၊ အရိပ်​ကောင်း​သော​ဝက်သစ်ချပင်​၊ ပေါ့ပလာပင်​၊ သပိတ်ပင်​တို့​အောက်​တွင်​လည်းကောင်း နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ကြ​၏​။ ထို့ကြောင့် သင်​တို့​၏​သမီး​တို့​သည် ပြည့်တန်ဆာလုပ်​ပြီး ချွေးမ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 14,
      "text": "ပြည့်တန်ဆာလုပ်​သော​သင်​တို့​၏​သမီး​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​ကြ​သော​သင်​တို့​၏​ချွေးမ​များ​ကို ငါ​ဒဏ်​မ​ခတ်​။ အကြောင်းမှာ ယောက်ျား​များ​ကိုယ်တိုင် ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​ကြ​၏​။ ဗိမာန်ပြည့်တန်ဆာ​တို့​နှင့်အတူ ယဇ်ပူဇော်​ကြ​၏​။ ထို့ကြောင့် အသိဉာဏ်​မ​ရှိ​သော​သူ​တိုင်း ပျက်စီး​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 15,
      "text": "အို အစ္စရေး​၊ သင်​သည် ပြည့်တန်ဆာလုပ်​ရာ​တွင် ယုဒ​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​နှင့်​။ ဗေသဝင်​မြို့​သို့ တက်​မ​သွား​နှင့်​။ ‘ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ’​ဟု မ​ကျိန်ဆို​နှင့်​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 16,
      "text": "နွားမတမ်း​ခေါင်းမာ​သကဲ့သို့ အစ္စရေး​သည်​လည်း ခေါင်းမာ​၏​။ ထာဝရဘုရား​သည် သူ​တို့​ကို သိုးသငယ်​ကဲ့သို့ စားကျက်ပြင်​တွင် ထိန်းကျောင်း​ဦး​မည်လော​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 17,
      "text": "ဧဖရိမ်​အမျိုး​သည် ရုပ်တု​များ​နှင့် တစ်သားတည်း​ဖြစ်​လေ​ပြီ​။ သူ့​ကို ရှိ​စေ​တော့​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 18,
      "text": "သူ​တို့​သည် စပျစ်ဝိုင်​ယစ်မူး​ပြီး ပြည့်တန်ဆာ​နှင့်​ဖောက်ပြန်မှားယွင်း​ကြ​၏​။ သူ​တို့​၏​အကြီးအကဲ​တို့​သည်​လည်း ရှက်ဖွယ်​အမှု​ကို အလွန်​နှစ်သက်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 19,
      "text": "လေ​သည် သူ​တို့​ကို အတောင်ပံ​များ​နှင့်​ရစ်ပတ်​လေ​ပြီ​။ သူ​တို့​ပူဇော်​သော​ယဇ်​များ​ကြောင့် အရှက်ကွဲ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 1,
      "text": "ယဇ်ပုရောဟိတ်​တို့​၊ နားထောင်​ကြ​။ အစ္စရေး​အမျိုးအနွယ်​တို့​၊ အာရုံစိုက်​ကြ​။ နန်းတွင်းသား​တို့​၊ စူးစိုက်​နားထောင်​ကြ​။ သင်​တို့​သည် တရားစီရင်​ခြင်း​ကို​ခံရ​ကြ​မည်​။ သင်​တို့​သည် မိဇပါ​မြို့​မှ ထောင်ချောက်​၊ တာဗော်​တောင်​ပေါ်မှ ဖြန့်​ထား​သော​ပိုက်ကွန် ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 2,
      "text": "ဖောက်ပြန်​လမ်းလွဲ​သော​သူ​တို့​သည် အကြီးအကျယ်​သတ်ဖြတ်​နေ​ကြ​၏​။ ငါ​သည် ထို​သူ​အားလုံး​ကို အပြစ်ဒဏ်​ပေး​မည်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 3,
      "text": "ဧဖရိမ်​ကို ငါ​သိ​၏​။ အစ္စရေး​သည်​လည်း ငါ့​ကို​ပုန်းရှောင်​၍ မ​ရ​။ အို ဧဖရိမ်​၊ သင်​သည် ဖောက်ပြန်မှားယွင်း​လေ​ပြီ​။ အစ္စရေး​သည် ညစ်ညူး​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 4,
      "text": "သူ​တို့​၏​လုပ်ရပ်​များ​က သူ​တို့​အား ဘုရားသခင်​ထံသို့ ပြန်လာ​ရန် အခွင့်​မ​ပေး​။ သူ​တို့​၌ ပြည့်တန်ဆာ​လုပ်​လို​စိတ်​ရှိ​သောကြောင့် ထာဝရဘုရား​ကို​လည်း မ​သိ​ကြ​တော့​ပေ​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 5,
      "text": "အစ္စရေး​၏​မာန​သည် သူ​တို့​မည်သို့​သော​သူ​ဖြစ်ကြောင်း​ကို သက်သေပြ​လေ​ပြီ​။ အစ္စရေး​နှင့် ဧဖရိမ်​တို့​သည် ဒုစရိုက်​ခလုတ်တိုက်​၍ လဲကျ​ကြ​လိမ့်မည်​။ ယုဒ​သည်​လည်း သူ​တို့​နှင့်အတူ ခလုတ်တိုက်​လဲကျ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 6,
      "text": "ထာဝရဘုရား​သည် သူ​တို့​ကို စွန့်ခွာ​တော်မူ​ပြီ​ဖြစ်၍ သိုးအုပ်​၊ နွားအုပ်​တို့​ဖြင့် ထာဝရဘုရား​ကို သွား​၍​ရှာဖွေ​ကြ​သော်လည်း သူ​တို့ တွေ့​ကြ​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 7,
      "text": "သူ​တို့​သည် ထာဝရဘုရား​အပေါ် သစ္စာမဲ့​၍ တရားမဝင်​သားသမီး​များ​ကို မွေး​ကြ​ပြီ​။ ထို့ကြောင့် လဆန်း​နေ့​တွင် သူ​တို့​နှင့်အတူ သူ​တို့​၏​အမွေမြေ​သည်​လည်း ဝါးမျို​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 8,
      "text": "ဂိဗာ​မြို့​၌ သိုးချို​မှုတ်​ကြ​လော့​။ ရာမ​မြို့​၌ တံပိုးခရာ​မှုတ်​ကြ​လော့​။ ဗေသဝင်​မြို့​၌ တပ်လှန့်​အချက်ပေး​ကြ​လော့​။ ‘အို ဗင်္ယာမိန်​၊ အနောက်​သို့​လှည့်ကြည့်​လော့​။’"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 9,
      "text": "ပြစ်ဒဏ်​ခံရ​သော​နေ့​တွင် ဧဖရိမ်​သည် ပျက်စီး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အစ္စရေး​အမျိုးအနွယ်​ထဲတွင် အမှန်​ဖြစ်လာ​မည့်​အရာ​ကို ငါ​ဖော်ပြ​၏​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 10,
      "text": "ယုဒ​အကြီးအကဲ​တို့​သည် နယ်နိမိတ်​မှတ်တိုင်​ကို​ရွှေ့ပစ်​သူ​များ​နှင့်​တူ​၏​။ ထို့ကြောင့် ရေ​ကို​သွန်ချ​သကဲ့သို့ သူ​တို့​အပေါ်​ငါ့​အမျက်​ကို သွန်ချ​မည်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 11,
      "text": "ဧဖရိမ်​သည် ရုပ်တု ​နောက်သို့ ကောက်ကောက်​ပါ​အောင်​လိုက်​သောကြောင့် နှိပ်စက်​ခြင်း​ကို​ခံရ​၍ တရားစီရင်​ခြင်း​ကြောင့် ကျိုးပဲ့ကြေမွ​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 12,
      "text": "ငါ​သည် ဧဖရိမ်​အတွက် ပိုးကောင်​ကဲ့သို့​၊ ယုဒ​အမျိုးအနွယ်​အတွက် ဆွေးမြည့်​စေ​သော​အရာ​ကဲ့သို့ ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 13,
      "text": "ဧဖရိမ်​သည် မိမိ​ရောဂါ​ကို မြင်​၍ ယုဒ​သည်​လည်း မိမိ​ဒဏ်ရာ​ကို မြင်​သောအခါ ဧဖရိမ်​သည် အဆီးရီးယား​သို့ သွား​၏​။ ယာရက်​မင်းကြီး​ထံသို့ လူ​လွှတ်​၏​။ သို့သော် ထို​ဘုရင်​သည် သင်​တို့​ကို မ​ကျန်းမာ​စေ​နိုင်​၊ မ​ကုသ​ပေး​နိုင်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 14,
      "text": "ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 15,
      "text": "သူ​တို့​သည် ကိုယ့်​အပြစ်​ကို​မ​ဝန်ခံ​မ​ချင်း​၊ ငါ့​မျက်နှာ​ကို​မ​ရှာ​မ​ချင်း စံမြန်း​ရာ​သို့ ငါ​ပြန်သွား​နေ​မည်​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ငါ့​ကို ကြိုးစားရှာ​ကြ​လိမ့်မည်​။”"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 1,
      "text": "လာ​ကြ​၊ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။ ကိုယ်တော်​သည် ငါ​တို့​ကို အပိုင်းပိုင်း​ဆွဲဖဲ့​သော်လည်း ပြန်လည်​ကုသ​ပေး​တော်မူ​မည်​။ ဒဏ်ရာ​ရ​စေ​သော်လည်း အနာ​ကို​ပတ်စည်း​ပေး​တော်မူ​မည်​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 2,
      "text": "နှစ်​ရက်​လွန်​ပြီးနောက် ငါ​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​တွင် ငါ​တို့​ကို ပြန်လည်​ထမြောက်​စေ​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော့်​ရှေ့​တော်​တွင် အသက်ရှင်​ခွင့်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 3,
      "text": "ထာဝရဘုရား​အား သိကျွမ်း​ဖို့ ကြိုးစားအားထုတ်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ မြေ​ပေါ်သို့​ရွာချ​သော မိုးဦး​၊ မိုးနှောင်း​ကဲ့သို့ ရောက်လာ​မည်​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 4,
      "text": "“အို ဧဖရိမ်​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ အို ယုဒ​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ သင်​တို့​၏​မေတ္တာ​သည် နံနက်အချိန်​၌​ကျ​သော​မြူခိုး​ကဲ့သို့​၊ စောစော​ပြယ်လွင့်​သွား​သော​နှင်း​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 5,
      "text": "ထို့ကြောင့် သူ​တို့​ကို ပရောဖက်​များ​အားဖြင့် ချိုင်​ပစ်​ပြီ​။ ငါ့​နှုတ်ထွက်​စကား​များ​အားဖြင့် ကွပ်မျက်​ပစ်​ပြီ​။ ငါ​၏​စီရင်ချက်​တို့​သည် နေ့​အလင်း​ကဲ့သို့ ထွန်းလင်း​တောက်ပ​၏​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 6,
      "text": "အကြောင်းမူကား ငါ​သည် ယဇ်ပူဇော်​ခြင်း​ထက် မေတ္တာကရုဏာ​ကို နှစ်သက်​၏​။ မီးရှို့ရာယဇ်​ထက် ဘုရားသခင်​နှင့်​သိကျွမ်း​ခြင်း​ကို နှစ်သက်​၏​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 7,
      "text": "သို့သော် သူ​တို့​သည် အာဒံ​ကဲ့သို့ပင် ပဋိညာဉ်​ကို​ချိုးဖောက်​ပြီး ထို​အရပ်​တွင် ငါ့​ကို သစ္စာဖောက်​ကြ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 8,
      "text": "ဂိလဒ်​မြို့​သည် ဒုစရိုက်သမား​တို့​၏​မြို့ ဖြစ်​၏​။ သွေးစွန်း​သော​ခြေရာ​များ​နှင့် ပြည့်​နေ​၏​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 9,
      "text": "လူ​ကို​ချောင်းမြောင်းတိုက်ခိုက်​သော​ဓားပြ​ကဲ့သို့ ယဇ်ပုရောဟိတ်​အုပ်စု​သည် ရှေခင်​မြို့​လမ်း​တွင် လူ​ကို​သတ်​၏​။ သူ​တို့​သည် ရှက်ဖွယ်​အမှု​ကို ပြု​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 10,
      "text": "အစ္စရေး​အမျိုးအနွယ်​၌ ကြောက်မက်​ဖွယ်​သော​အမှု​ကို ငါ​မြင်​ရ​ပြီ​။ ဧဖရိမ်​သည် ပြည့်တန်ဆာ​လုပ်​လေ​ပြီ​။ အစ္စရေး​သည် ကိုယ်​ကို​ညစ်ညူး​စေ​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 11,
      "text": "ထိုမှတစ်ပါး အို ယုဒ​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ငါ့​လူမျိုး​တော်​ကို ပြန်ခေါ်​လာ​သောအခါ သင့်​အဖို့ ရိတ်သိမ်း​ချိန်​ကို သတ်မှတ်​ထား​ပြီး​ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 1,
      "text": "ငါ​သည် အစ္စရေး​ကို ကုသ​ပေး​သောအခါ ဧဖရိမ်​၏​အပြစ်​နှင့် ရှမာရိ​၏​မကောင်းမှု​တို့ ပေါ်လာ​ပြန်​၏​။ အကယ်စင်စစ် သူ​တို့​သည် လိမ်လည်လှည့်စား​ခြင်း​အမှု​ကို ပြု​ကြ​၏​။ မြို့တွင်း​၌ သူခိုး​များ ဖောက်ထွင်း​ကြ​၏​။ မြို့ပြင်​၌ ဓားပြ​များ လုယက်တိုက်ခိုက်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 2,
      "text": "သူ​တို့​ပြု​သော​မကောင်းမှု​အားလုံး​ကို ငါ​မှတ်ထား​ကြောင်း သူ​တို့​၏​စိတ်​ထဲ၌ မ​တွေးမိ​ကြ​။ ယခုမှာ သူ​တို့​ပြု​သော​အမှု​သည် သူ​တို့​ကို​ဝိုင်း​ထား​လေ​ပြီ​။ သူ​တို့​လုပ်​သမျှ​ကို ငါ​မြင်​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 3,
      "text": "သူ​တို့​သည် မကောင်းမှု​များ​ဖြင့် ရှင်ဘုရင်​ကို ဝမ်းမြောက်​စေ​၏​။ မုသားစကား​များ​ဖြင့် မှူးမတ်​တို့​ကို ဝမ်းမြောက်​စေ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 4,
      "text": "မုန့်ဖုတ်​သူ​သည် မုန့်ညက်​ကို​နယ်​ပြီး တဆေးပေါက်​သည်​အထိ မီး​ဆက်​ထိုးစရာ​မ​လို​ဘဲ မီးတောက်​နေ​သော​မီးဖို​ကဲ့သို့ သူ​တို့​အားလုံး အိမ်ထောင်ရေးဖောက်ပြန်​လို​စိတ်​များ ပြင်းထန်​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 5,
      "text": "ဘုရင်​ပွဲခံ​သော​နေ့​မျိုး​တွင် မှူးမတ်​တို့​သည် စပျစ်ဝိုင်​သောက်​၍ ယစ်မူး​ကြ​ကုန်​၏​။ ဘုရင်​သည်​လည်း လှောင်ပြောင်ရယ်မော​သော​သူ​တို့​နှင့်အတူ ပျော်ပါး​နေ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 6,
      "text": "မုန့်ဖုတ်​သော​သူ​သည် တစ်ညလုံး​အိပ်​သော်လည်း နံနက်အချိန်​၌ မီးဖို​သည်​မီး​တောက်လောင်​ဆဲ​ရှိ​သကဲ့သို့ မကောင်းမှု​ပြု​ရန် လျှို့ဝှက်ကြံစည်​နေ​သော​သူ​တို့​၏​စိတ်နှလုံး​သည် ထို​မီးဖို​ကဲ့သို့ တောက်လောင်​နေ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 7,
      "text": "သူ​တို့​အားလုံး မီးဖို​ကဲ့သို့ ပူလောင်​လျက် သူ​တို့​၏​အုပ်ချုပ်​သူ​များ​ကို ဝါးမျို​ကြ​လေ​ပြီ​။ ရှင်ဘုရင်​တို့​ကို​လည်း လှဲချ​ပစ်​ကြ​ပြီ​။ ငါ့​ကို ခေါ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 8,
      "text": "ဧဖရိမ်​သည် လူမျိုးခြား​တို့​နှင့်​လည်း ရောနှော​နေ​တတ်​၏​။ ဧဖရိမ်​သည် တစ်ဝက်တစ်ပျက်​သာ​ကျက်​သော​မုန့်ပြား​နှင့်​တူ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 9,
      "text": "တစ်ပါးအမျိုးသား​တို့​သည် သူ့​အင်အား​ကို ဝါးမျို​နေ​ကြောင်း သူ​မ​သိ​။ သူ့​ခေါင်း​၌ ဆံပင်ဖြူ​များ ပြန့်ကြဲ​နေ​ကြောင်း​ကို​လည်း သူ​မ​သိ​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 10,
      "text": "အစ္စရေး​၏​မာန​သည် သူ့​ကို​ဆန့်ကျင်​၍ သက်သေပြ​လေ​ပြီ​။ သို့သော် သူ​တို့​သည် ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လာ​ကြ​။ သူ​တို့​ပြု​ခဲ့​သမျှ​သော​အမှု​များ​အတွက် ကိုယ်တော့်​ကို မ​ရှာ​ကြ​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 11,
      "text": "ဧဖရိမ်​သည် အသိစိတ်​မ​ရှိ​။ ယုံလွယ်​သော​ချိုးငှက်​နှင့်​တူ​၏​။ အီဂျစ်​ပြည်​ကို အကူအညီ​တောင်း​၍ အဆီးရီးယား​ပြည်​သို့​လည်း ပြေးသွား​တတ်​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 12,
      "text": "သူ​တို့​သွား​လေရာရာ​သို့ ငါ့​ပိုက်ကွန်​ဖြင့် လိုက်အုပ်​မည်​။ မိုးကောင်းကင်​ငှက်​ကဲ့သို့ သူ​တို့​ကို ဆွဲချ​မည်​။ သူ​တို့​လူအုပ်ကြီး​ကို သတိပေး​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 13,
      "text": "သူ​တို့​သည် ငါ့​ထံမှ လမ်းလွဲ​သွား​သောကြောင့် သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။ ငါ့​ကို​ပုန်ကန်​သောကြောင့် သူ​တို့​ပျက်စီး​ရ​လိမ့်မည်​။ သူ​တို့​ကို ငါ​ရွေးနုတ်​လို​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​လိမ်လည်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 14,
      "text": "အိပ်ရာ​ထက်​တွင် ညည်းတွားမြည်တမ်း​ကြ​သော်လည်း စိတ်နှလုံး​ပါ​လျက် ငါ့​ထံ​ဆု​မ​တောင်း​ကြ​။ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ရရှိ​ရန် စုရုံး​ကြ​ပြီး ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် သူ​တို့​ကို သွန်သင်လမ်းပြ​ခဲ့​၍ သူ​တို့​၏​လက်ရုံး​ကို ခိုင်ခံ့​စေ​ခဲ့​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​၍ မကောင်းမှု​ပြု​ရန်​သာ ကြံစည်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 16,
      "text": "သူ​တို့​ပြန်လှည့်​လာ​သော်လည်း အမြင့်ဆုံး​သော​အရှင် ​ထံသို့ မ​ဟုတ်​။ သူ​တို့​သည် ကြိုးလျော့​နေ​သော​လေး​နှင့် တူ​ကြ​၏​။ အကြီးအကဲ​တို့​သည် မောက်မာ​သော​စကား​များ​ကြောင့် ဓား​ဖြင့် ကျဆုံး​ရ​လိမ့်မည်​။ အီဂျစ်​ပြည်​တွင် အထင်အမြင်သေးစရာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 1,
      "text": "တံပိုးမှုတ်​၍ သတိပေး​ကြ​လော့​။ သူ​တို့​သည် ငါ့​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး ပညတ်တရား​ကို ပုန်ကန်​ကြ​သောကြောင့် ရန်သူ​သည် လင်းယုန်ငှက်​ကဲ့သို့ ထာဝရဘုရား​၏​အိမ်​တော်​ကို လာ​တိုက်ခိုက်​မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 2,
      "text": "အစ္စရေး​က ‘အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို သိ​ကြ​ပါ​၏’​ဟု အော်ဟစ်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 3,
      "text": "အစ္စရေး​သည် ကောင်း​သော​အရာ​ကို ငြင်းပယ်​ပြီ​ဖြစ်​၍ ရန်သူ​သည် သူ့​ကို​လိုက်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 4,
      "text": "သူ​တို့​သည် ငါ​ခွင့်​မ​ပြု​ဘဲ ဘုရင်​ကို တင်မြှောက်​ကြ​၏​။ ငါ​မ​သိ​ဘဲ အုပ်ချုပ်သူ​ကို ခန့်ထား​ကြ​၏​။ ရွှေ​ငွေ​တို့​ဖြင့် ရုပ်တု​များ​ကို​ပြုလုပ်​ကြ​သည်​ဖြစ်၍ ဖျက်ဆီး​ခံရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 5,
      "text": "အို ရှမာရိ​၊ နွားသငယ်ရုပ်တု​ကို စွန့်ပစ်​လော့​။ သူ​တို့​ကို ငါ​အမျက်ထွက်​၏​။ သူ​တို့​သည် မည်သည့်​အချိန်​ရောက်​မှ အပြစ်ကင်း​နိုင်​မည်နည်း​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 6,
      "text": "အကယ်စင်စစ် ထို​ရုပ်တု​သည် အစ္စရေး​ထံမှ အစပြု​ခဲ့​၏​။ လက်မှုပညာသည်​က ထုလုပ်​သည်​ဖြစ်၍ ဘုရား မ​ဟုတ်​။ ရှမာရိ​အမျိုး​၏​နွားသငယ်ရုပ်တု​သည် တစ်စစီ​ကျိုးပဲ့​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 7,
      "text": "သူ​တို့​သည် လေ​ကို​ကြဲ​သဖြင့် လေပွေ​ကို​သာ ရိတ်​ရ​လိမ့်မည်​။ ကောက်ပဲသီးနှံ​တို့​လည်း အညှောက်​မ​ထွက်​။ ထွက်​ပြန်​လျှင်​လည်း အသီး​မ​သီး​။ သီး​ပြန်​လျှင်​လည်း သူစိမ်း​လူ​တို့ စား​သွား​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 8,
      "text": "အစ္စရေး ဝါးမျို​ခံရ​လေ​ပြီ​။ သူ​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် မည်သူ​မျှ​အလို​မ​ရှိ​သော​တန်ဆာပလာ​ကဲ့သို့ ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 9,
      "text": "အကြောင်းမူကား သူ​တို့​သည် အဆီးရီးယား​ပြည်​သို့ သွား​ကြ​လေ​ပြီ​။ တစ်ကောင်တည်း​သွားလာ​တတ်​သော​မြည်းရိုင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​။ ဧဖရိမ်​သည် ချစ်သူ​များ ငှားရမ်း​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 10,
      "text": "သူ​တို့​သည် လူမျိုးခြား​တို့​ထံမှ ချစ်သူ​များ​ငှားရမ်း​သော်လည်း သူ​တို့​ကို ငါ​ပြန်လည်​စုစည်း​မည်​။ ဘုရင်​နှင့် အကြီးအကဲ​တို့ တင်​သော​ဝန်​ကို လေးလံ​စွာ​ထမ်း​ရ​သောကြောင့် သူ​တို့​သည် ယုတ်လျော့စပြု​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 11,
      "text": "ဧဖရိမ်​သည် အပြစ်​ဖြစ်​စေ​မည့်​ယဇ်ပလ္လင်​များစွာ​ကို တည်​ကြ​သောကြောင့် ထို​ယဇ်ပလ္လင်​များ​သည် သူ​အပြစ်ပြု​ရာ ဖြစ်လာ​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 12,
      "text": "ငါ​သည် သူ​တို့​အဖို့ ပညတ်ချက်​များ​ကို ထောင်သောင်း​မက ရေး​ပေး​သော်လည်း သူ​တို့​နှင့်​မစပ်ဆိုင်​ဟု ထင်မှတ်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 13,
      "text": "သူ​တို့​သည် ငါ့​ထံ လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​သောအခါ ယဇ်ကောင်​များ​ကို​ပူဇော်​၍ အသား​ကို စား​ကြ​၏​။ ထို​ပူဇော်သက္ကာ​တို့​ကို ထာဝရဘုရား လက်ခံ​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​ကို ဒဏ်ခတ်​မည်​။ သူ​တို့​ကို အီဂျစ်​ပြည်​သို့ ပြန်သွား​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 14,
      "text": "အစ္စရေး​သည် သူ့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို မေ့လျော့​၍ ဘုံဗိမာန်​များစွာ​ကို တည်​လေ​ပြီ​။ ယုဒ​သည်​လည်း ခံတပ်​မြို့​များ​ကို တည်​လေ​ပြီ​။ သို့သော် ငါ​သည် ထို​မြို့​များ​အပေါ်​သို့ မီး​ကို​ကျရောက်​စေ​၍ ခံတပ်​မြို့​များ​ကို လောင်ကျွမ်း​စေ​မည်​။”"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 1,
      "text": "အို အစ္စရေး​၊ လူမျိုးခြား​တို့​ကဲ့သို့ မ​ရွှင်လန်း​၊ မ​ဝမ်းမြောက်​နှင့်​။ သင်​တို့​သည် ဖောက်ပြန်မှားယွင်း​ကြ​ပြီ​။ ဘုရားသခင်​ကို စွန့်ပစ်​ကြ​ပြီ​။ ကောက်နယ်တလင်း​ရှိသမျှ​တို့​တွင် ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​ကို နှစ်သက်​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 2,
      "text": "ကောက်နယ်တလင်း​များ​၊ စပျစ်သီးနယ်ရာကျင်း​များ​သည် သူ​တို့​ကို ကျွေးမွေး​မည်​မ​ဟုတ်​။ စပျစ်ဝိုင်​အသစ်​သည်​လည်း သူ​တို့​အဖို့ လုံလောက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 3,
      "text": "သူ​တို့​သည် ထာဝရဘုရား​၏​ပြည်​တွင် နေ​ရ​တော့​မည်​မ​ဟုတ်​။ ဧဖရိမ်​သည် အီဂျစ်​ပြည်​သို့​ပြန်သွား​ရ​လိမ့်မည်​။ အဆီးရီးယား​ပြည်​တွင် မစင်ကြယ်​သော​အစာ​ကို စား​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 4,
      "text": "သူ​တို့​သည် စပျစ်ဝိုင်​ကို ထာဝရဘုရား​ထံ သွန်းလောင်း​ပူဇော်​ရ​မည်​မ​ဟုတ်​။ သူ​တို့​၏​ပူဇော်သက္ကာ​တို့​ကို​လည်း ကိုယ်တော်​လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ထို​ပူဇော်သက္ကာ​သည် သူ​တို့​အဖို့ အသုဘ​အစာ​ကဲ့သို့ ဖြစ်​၏​။ စား​သော​သူ​အားလုံး ညစ်ညူး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အကယ်စင်စစ် ထို​အစာ​သည် သူ​တို့​စား​ဖို့​သာ ဖြစ်​၏​။ ထာဝရဘုရား​အိမ်​တော်​သို့ မ​ယူဆောင်​လာ​ရ​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 5,
      "text": "သတ်မှတ်​ထား​သော​ပွဲတော်​နေ့​၊ ထာဝရဘုရား​အဖို့​ပွဲတော်​နေ့​တွင် သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 6,
      "text": "ပျက်စီး​ခြင်း​ဘေး​ကြောင့် သူ​တို့​ထွက်ပြေး​သော်လည်း အီဂျစ်​ပြည်​သည် သူ​တို့​ကို​စုသိမ်း​လိမ့်မည်​။ မင်ဖိ​မြို့​သည် သူ​တို့​ကို​သင်္ဂြိုဟ်​လိမ့်မည်​။ သူ​တို့​တန်ဖိုး​ထား​သော​ငွေ​တို့​ကို ဖက်ယားပင် ဖုံးလွှမ်း​သွား​လိမ့်မည်​။ သူ​တို့​၏​တဲ​များ​ကို​လည်း ဆူးပင်​ဖုံးလွှမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 7,
      "text": "စစ်ကြော​ရာ​နေ့ ရောက်လာ​ပြီ​။ ဒဏ်ပေး​ရာ​နေ့ ရောက်လာ​ပြီ​။ ဤ​အကြောင်း​ကို အစ္စရေး​အား သိ​စေ​လော့​။ သင်​တို့​သည် အပြစ်​ကြီး​ပြီး မုန်းတီးစိတ်​ပြင်းထန်​လွန်း​သောကြောင့် ပရောဖက်​တို့​လည်း ဆိုးမိုက်​ရ​လေ​ပြီ​။ ဝိညာဉ်​လူ​တို့​လည်း ရူးသွပ်​ရ​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 8,
      "text": "ဧဖရိမ်​၏​ကင်းစောင့်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏​။ သို့သော် ပရောဖက်​သွား​ရာ​လမ်း​တစ်လျှောက်လုံး​တွင် မုဆိုး​ကျော့ကွင်း​ရှိ​၏​။ ဘုရားသခင်​၏​အိမ်​တော်​တွင်​လည်း မုန်းတီး​ခြင်း​များ ရှိ​၏​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 9,
      "text": "သူ​တို့​သည် ဂိဗာ​မြို့သား​တို့​လက်ထက်​က​ကဲ့သို့ အလွန်​အကျင့်ပျက်ပြား​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​များ​ကို ဒဏ်ခတ်​တော်မူ​မည်​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 10,
      "text": "“တောကန္တာရ​ရှိ စပျစ်သီး​ကဲ့သို့ အစ္စရေး​ကို ငါ​တွေ့​ခဲ့​၏​။ အဦးဆုံး​သီး​၍ အဦးဆုံးမှည့်​သော​သဖန်းသီး​ကဲ့သို့ သင်​တို့​၏​ဘိုးဘေး​တို့​ကို​လည်း ငါ​မြင်​ခဲ့​၏​။ သို့သော် သူ​တို့​သည် ဗာလပေဂုရ​ဘုရား​ထံသို့​သွား​ပြီး မိမိ​တို့​ကိုယ်​ကို ရှက်ဖွယ်​သော​အရာ​လက်​သို့ အပ်လိုက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် သူ​တို့​ချစ်​သော​အရာ​ကဲ့သို့ ရွံရှာဖွယ်​ရာ​ဖြစ်​လေ​၏​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 11,
      "text": "ဧဖရိမ်​၏​ဂုဏ်သရေ​သည် ငှက်​ကဲ့သို့ ပျံသန်း​သွား​လိမ့်မည်​။ သားဖွား​ခြင်း​၊ ကိုယ်ဝန်ဆောင်​ခြင်း​၊ သန္ဓေတည်​ခြင်း မ​ရှိ​ရ​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 12,
      "text": "အကယ်၍ သားသမီး​မွေး​လျှင်​လည်း အားလုံး​ကို ငါ​ဆုံးပါး​စေ​မည်​။ သူ​တို့​ကို ငါ​စွန့်ပစ်​သောအခါ သူ​တို့ အမင်္ဂလာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 13,
      "text": "ဧဖရိမ်​ကို ငါ​တွေ့​စဉ်က တိုင်ရာ​မြို့​ကဲ့သို့ စားကျက်မြေ​၌​ပေါက်​သော​အပင်​နှင့်​တူ​၏​။ သို့သော် ဧဖရိမ်​သည် သူ့​သားသမီး​တို့​ကို လူသတ်သမား​ထံ ခေါ်ထုတ်​လာ​ရ​တော့​မည်​။”"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 14,
      "text": "အို ထာဝရဘုရား​၊ သူ​တို့​အား ပေး​တော်မူ​ပါ​။ သူ​တို့​အား မည်သည့်​အရာ​ပေး​တော်မူ​မည်နည်း​။ သူ​တို့​အား ကိုယ်ဝန်ပျက်​သော​ဝမ်း​၊ နို့​မ​ထွက်​သော​သားမြတ်​ကို ပေး​တော်မူ​ပါ​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 15,
      "text": "“ဂိလဂါလ​မြို့​၌ မကောင်းမှု​မှန်သမျှ​ကို ပြု​ကြ​သောကြောင့် သူ​တို့​ကို ငါ​မုန်း​၏​။ သူ​တို့​ပြု​သော​မကောင်းမှု​များ​ကြောင့် သူ​တို့​ကို မ​ချစ်​တော့​ဘဲ ငါ့​အိမ်​တော်​မှ​နှင်ထုတ်​မည်​။ သူ​တို့​၏​အကြီးအကဲ​တို့​သည် ခေါင်းမာ​သော​အမျိုး ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 16,
      "text": "ဧဖရိမ်​သည် ဒဏ်ခတ်​ခံရ​သဖြင့် အမြစ်​ခြောက်သွေ့​ကာ အသီး​မ​သီး​နိုင်​သော​အပင်​ကဲ့သို့ ဖြစ်​၏​။ သားဖွား​လျှင်​လည်း သူ​ချစ်မြတ်နိုး​သော​သား​ကို ငါ​ကွပ်မျက်​မည်​။”"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 17,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို စွန့်ပစ်​တော်မူ​မည်​။ သူ​တို့​သည် လူမျိုးခြား​တို့​တွင် လှည့်လည်​သွားလာ​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 1,
      "text": "အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 2,
      "text": "သူ​တို့​သည် စိတ်နှလုံး​မိုက်မဲ​ကြ​၏​။ ယခုမှာ အပြစ်ဒဏ်​ခံရ​တော့​မည်​။ ကိုယ်တော်​သည် သူ​တို့​၏​ယဇ်ပလ္လင်​တို့​ကို ဖြိုချ​ပြီး အထွတ်အမြတ်​ကျောက်တိုင်​တို့​ကို ဖျက်ဆီး​တော်မူ​မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 3,
      "text": "သူ​တို့​က “​ငါ​တို့​သည် ထာဝရဘုရား​ကို မ​ကြောက်ရွံ့​ကြ​သောကြောင့် ငါ​တို့​၌ ရှင်ဘုရင်​မ​ရှိ​တော့​ပြီ​။ ရှင်ဘုရင်​ရှိ​လျှင်​လည်း ငါ​တို့​အဖို့ မည်သို့​ပြု​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 4,
      "text": "သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 5,
      "text": "ရှမာရိ​မြို့သား​တို့​သည် ဗေသဝင်​နွားမတမ်း​ရုပ်တု​ကြောင့် ကြောက်ရွံ့​နေ​ကြ​၏​။ ထို​ရုပ်တု​၏​ဘုန်းအသရေ​ကွယ်ပျောက်​သွား​ပြီ​ဖြစ်၍ ရှမာရိ​မြို့သား​များ​သည် ငိုကြွေး​၍ ထို​ရုပ်တု​၌​မွေ့လျော်​သော​ယဇ်ပုရောဟိတ်​များ​သည် မြည်တမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 6,
      "text": "ထို​ရုပ်တု​သည် အဆီးရီးယား​ပြည်​ရှိ ယာရက်​မင်းကြီး​ထံသို့ လက်ဆောင်​အဖြစ် ယူဆောင်​သွား​ခြင်း ခံရ​လိမ့်မည်​။ ဧဖရိမ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ အစ္စရေး​သည် မိမိ​အကြံအစည်​ကြောင့် အရှက်ခွဲ​ခံရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 7,
      "text": "ရှမာရိ​သည် ပျက်စီး​၍ သူ​၏​ဘုရင်​သည်​လည်း ရေပြင်​ပေါ် မျောပါ​သွား​သော​သစ်ခက်​ကဲ့သို့ ဖြစ်​ရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 8,
      "text": "အစ္စရေး​အပြစ်​ပြု​ရာ​ဖြစ်​သည့် အာဝင်​မြို့​ရှိ​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဆူးပင်​နှင့် ဆူးလေပင်​များ​က ဖုံးလွှမ်း​နေ​လိမ့်မည်​။ ထိုအခါ သူ​တို့​က တောင်​များ​အား “​ငါ​တို့​ကို ဖုံးအုပ်​ကြ​ပါ​” တောင်ကုန်း​များ​အား “​ငါ​တို့​အပေါ် ပြိုကျ​ကြ​ပါ​”​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 9,
      "text": "“အို အစ္စရေး​၊ သင်​သည် ဂိဗာ​မြို့​တွင်​နေစဉ်​ကာလ အပြစ်ပြု​ကြ​၏​။ အပြစ်ပြု​သူ​တို့​သည် ထို​အရပ်​၌ ဆက်​နေ​ကြ​၏​။ ဂိဗာ​မြို့​တွင် စစ်​ဖြစ်​စဉ်က သူ​တို့​ကို မ​နှိမ်နင်း​နိုင်​ခဲ့​ပေ​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 10,
      "text": "ငါ​စိတ်တိုင်းကျ သူ​တို့​ကို ဆုံးမ​မည်​။ သူ​တို့​ကျူးလွန်​ခဲ့​သော​အပြစ်​နှစ်​မျိုး​ထဲ၌ နစ်မွန်း​နေ​စဉ် လူမျိုးခြား​တို့​သည် စုရုံး​၍ သူ​တို့​ကို​ဆန့်ကျင်​တိုက်ခိုက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 11,
      "text": "ဧဖရိမ်​အမျိုး​သည် တလင်းနယ်​ရာ​တွင် ကျင့်သား​ရ​သော​နွားမတမ်း​ဖြစ်​၏​။ တလင်းနယ်​ရ​သည်​ကို​လည်း​နှစ်သက်​သဖြင့် ငါ​သည် ချောမွတ်​သော​သူ့​လည်ပင်း​ပေါ်တွင် ထမ်းပိုးတင်​မည်​။ ငါ​သည် ဧဖရိမ်​အမျိုး​ကို ထမ်းပိုးထမ်း​စေ​မည်​။ ယုဒ​အမျိုး​ကို လယ်ထွန်​စေ​မည်​။ ယာကုပ်​အမျိုး​ကို ထယ်ထိုး​စေ​မည်​။”"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 12,
      "text": "ထာဝရဘုရား​ကို ရှာ​ဖို့ အချိန်တန်​ပြီ​။ ထာဝရဘုရား​သည် ကြွလာ​၍ သင်​တို့​အပေါ် ဖြောင့်မတ်​ခြင်း​မိုး​ကို မ​ရွာ​စေ​မီ​တိုင်အောင် သင်​တို့​သည် ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​၍ မေတ္တာကရုဏာ​အသီး​ကို ရိတ်သိမ်း​ကြ​လော့​။ ပလပ်မြေ​ကို ထွန်ယက်​ကြ​လော့​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 13,
      "text": "သင်​တို့​သည် ဆိုးယုတ်မှု​ကို စိုက်ပျိုး​သောကြောင့် မတရားမှု​ကို​ရိတ်သိမ်း​ရ​၏​။ မုသား​အသီး​ကို စား​ရ​၏​။ အကြောင်းမှာ ကိုယ့်​နည်းလမ်း​၊ ကိုယ့်​စစ်သူရဲ​အလုံးအရင်း​ကို​သာ ယုံကြည်အားကိုး​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 14,
      "text": "ရှာလမန်​မင်းကြီး​သည် ဗေသာဗေလ​မြို့​ကို တိုက်ခိုက်ဖျက်ဆီး​စဉ်က မိခင်​နှင့် သားသမီး​များ​ကိုင်ပေါက်​ခံရ​သကဲ့သို့ သင်​၏​လူမျိုး​တို့​တွင် အုတ်အုတ်ကျက်ကျက်​အသံ​များ ထွက်ပေါ်​လာ​လိမ့်မည်​။ သင်​၏​ခံတပ်​မြို့​များ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 15,
      "text": "အို ဗေသလ​မြို့​၊ သင်​တို့​ပြု​ခဲ့​သော​မကောင်းမှု​ဒုစရိုက်​များ​ကြောင့် သင်​တို့​၌ ထိုသို့​ဖြစ်​လိမ့်မည်​။ အရုဏ်ဦး​၌​ပင် အစ္စရေး​ဘုရင်​သည် ရှင်းရှင်း​ဖျက်ဆီး​ခြင်း​ခံရ​မည်​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 1,
      "text": "“​အစ္စရေး​ငယ်​စဉ်က သူ့​ကို​ငါ​ချစ်​၏​။ ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်​ခဲ့​ပြီ​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 2,
      "text": "သူ​တို့​သည် ခေါ်​လေလေ ထွက်ပြေး​လေလေ ဖြစ်​၏​။ ဗာလ​ဘုရား​ကို ယဇ်ပူဇော်​ကြ​၏​။ ရုပ်တု​များ​အား နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 3,
      "text": "ငါ​သည် ဧဖရိမ်​ကို လမ်းလျှောက်​သင်​ပေး​ခဲ့​၏​။ ပွေ့ချီ​ခဲ့​၏​။ သူ​တို့​အား ငါ​ကုသ​ပေး​ခဲ့​သည်​ကို သူ​တို့ မ​သိ​ကြ​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 4,
      "text": "ငါ​သည် သူ​တို့​ကို ကရုဏာ ​ကြိုး​၊ မေတ္တာ​ကြိုး​ဖြင့် ဆွဲခေါ်​ခဲ့​၏​။ သူ​တို့​မေးရိုး​မှ နဖားကြိုး​ကို ဖယ်ရှား​ပေး​ခဲ့​၏​။ ကိုယ်​ကို​ညွှတ်​၍ သူ​တို့​ကို အစာကျွေး​ခဲ့​၏​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 5,
      "text": "သူ​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​လို​သောကြောင့် အီဂျစ်​ပြည်​သို့​လည်း ပြန်​မ​သွား​ရ​။ အဆီးရီးယား​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 6,
      "text": "ဓားဘေး​သည် သူ​တို့​မြို့​သို့​ရောက်လာ​၍ မြို့​တံခါး​များ​ကို ဖျက်ဆီး​ပစ်​မည်​။ သူ​တို့​၏​အကြံအစည်​တို့​ကို​လည်း ဝါးမျို​ပစ်​မည်​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 7,
      "text": "ငါ့​လူမျိုး​တော်​သည် ငါ့​ထံမှ​လမ်းလွဲဖောက်ပြန်​လို​စိတ်​အားကြီး​ကြ​ပြီ​။ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ကို​ခေါ်​သော်လည်း သူ​တို့​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို မ​ချီးမြှောက်​ကြ​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 8,
      "text": "အို ဧဖရိမ်​၊ သင့်​ကို မည်သို့​စွန့်ပစ်​နိုင်​မည်နည်း​။ အို အစ္စရေး​၊ သင့်​ကို မည်သို့​အပ်နှံ​နိုင်​မည်နည်း​။ အာဒမာ​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ဇေဘိုင်​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ငါ​သည် စိတ်ပြောင်း​ပြီး သနားကြင်နာစိတ် တစ်စတစ်စ​တိုးပွား​လာ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 9,
      "text": "ငါ​သည် အမျက်ထွက်​သည့်​အလျောက် မ​ပြု​။ ဧဖရိမ်​ကို နောက်တစ်ဖန် မ​ဖျက်ဆီး​။ အကြောင်းမှာ ငါ​သည် လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​၏​။ သင်​တို့​နှင့်အတူ​ရှိ​သည့်​သန့်ရှင်း​သော​အရှင် ဖြစ်​၏​။ သင့်​ထံ အမျက်​ဖြင့်​လာ​မည်​မ​ဟုတ်​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 10,
      "text": "သူ​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ခြင်္သေ့​ကဲ့သို့​ဟိန်း​တော်မူ​မည်​။ ဟိန်း​တော်မူ​သောအခါ ကိုယ်တော်​၏​သားသမီး​တို့​သည် အနောက်​အရပ်​မှ​ကြောက်ရွံ့တုန်လှုပ်​လျက် ထွက်လာ​ကြ​မည်​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 11,
      "text": "သူ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ငှက်​ကဲ့သို့ အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ချိုးငှက်​ကဲ့သို့ အဆီးရီးယား​ပြည်​မှ​လည်းကောင်း ထွက်လာ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို နေရင်းပြည်​၌ နေရာချ​ထား​ပေး​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 12,
      "text": "“ဧဖရိမ်​သည် မုသား​သုံး​၍ ငါ့​ကို​လှည့်စား​၏​။ အစ္စရေး​အမျိုးအနွယ်​သည် ငါ့​ကို​လိမ်လည်လှည့်ဖြား​၏​။ ယုဒ​သည် သန့်ရှင်း​၍ သစ္စာစောင့်​သော​ဘုရား​ကို ဆန့်ကျင်​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 1,
      "text": "ဧဖရိမ်​သည် လေ​ကို​စား​၏​။ အရှေ့​လေ​နောက်​သို့ လိုက်​၏​။ သူ​တို့​ပြု​သော​လိမ်လည်မှု​၊ အကြမ်းဖက်မှု​တို့​သည် တစ်နေ့​ထက်​တစ်နေ့ များများ​လာ​၏​။ အဆီးရီးယား​တို့​နှင့် ပဋိညာဉ်​ဖွဲ့​လျက်​နှင့်ပင် အီဂျစ်​ပြည်​သို့ ဆီ​ကို ပို့ပေး​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 2,
      "text": "ထာဝရဘုရား​သည် ယုဒ​ကို စွဲချက်တင်​တော်မူ​ပြီ​။ ယာကုပ်​ကို သူ​ကျင့်ကြံ​ခဲ့​သည့်​အတိုင်း သူ့​ကို​ဒဏ်ခတ်​တော်မူ​မည်​။ သူ​လုပ်ဆောင်​ခဲ့​သည့်​အတိုင်း သူ့​ကို​ပြန်​ပေးဆပ်​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 3,
      "text": "ယာကုပ်​သည် အမိ​ဝမ်း​ထဲ၌ အစ်ကို​၏​ဖနောင့်​ကို ကိုင်ဆွဲ​ထား​ခဲ့​၏​။ သူ​သည် မိမိ​ခွန်အား​ဖြင့် ဘုရားသခင်​နှင့် ယှဉ်ပြိုင်​ခဲ့​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 4,
      "text": "ကောင်းကင်တမန်​နှင့် ပြိုင်​၍​အနိုင်ရ​ခဲ့​၏​။ ကိုယ်တော့်​ထံ ငိုကြွေး​၍ ကောင်းချီး​တောင်းခံ​ခဲ့​၏​။ ဗေသလ​မြို့​တွင် ကိုယ်တော်​နှင့်​တွေ့​၏​။ ထို​အရပ်​တွင် ကိုယ်တော်​သည် ငါ​တို့​နှင့် စကား​ပြောဆို​ခဲ့​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 5,
      "text": "ထာဝရဘုရား​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင် ဖြစ်​တော်မူ​၏​။ နာမ​တော်​သည် ထာဝရဘုရား ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 6,
      "text": "သင်​သည် သင်​၏​ဘုရားသခင်​ထံသို့ ပြန်လှည့်​လာ​လော့​။ ကရုဏာတရား​၊ ဖြောင့်မတ်​ခြင်း​တရား​တို့​ကို စောင့်ထိန်း​လော့​။ သင်​၏​ဘုရားသခင်​ကို အစဉ်​စောင့်မျှော်​လော့​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 7,
      "text": "ကုန်သည်​သည် မမှန်ကန်​သော​ချိန်ခွင်​ကို သုံး​တတ်​၏​။ မတရား​ရယူ​လို​သော​စိတ် ရှိ​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 8,
      "text": "ဧဖရိမ်​က ‘ငါ​ကိုယ်တိုင် ဥစ္စာဓန​ကို ရှာတွေ့​၍ ချမ်းသာကြွယ်ဝ​ပြီ​။ ထို​ဥစ္စာဓန​တို့​ကို ဒုစရိုက်​ပြု​ခြင်း​ဖြင့် ရရှိ​သည်​ဟု မည်သူ​မျှ ငါ့​ကို​အပြစ်​ဆိုစရာ​အကြောင်း​မ​ရှိ’​ဟု ဆို​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 9,
      "text": "သင်​တို့ အီဂျစ်​ပြည်​၌​ရှိ​စဉ်​ကပင် ငါ ထာဝရဘုရား​သည် သင်​တို့​၏​ဘုရားသခင် ဖြစ်​၏​။ သတ်မှတ်​ထား​သော​ပွဲတော်​အချိန်​က​ကဲ့သို့ သင်​တို့​ကို တဲ​ထဲတွင် ပြန်​နေ​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 10,
      "text": "ပရောဖက်​တို့​ကို ငါ​မိန့်မှာ​ခဲ့​ပြီ​။ ဗျာဒိတ်နိမိတ်​ကို အမျိုးမျိုး​ဖွင့်ပြ​ပေး​ခဲ့​ပြီ​။ ပရောဖက်​များ​အားဖြင့် ပုံပမာ​ကို ပြ​ခဲ့​ပြီ​။”"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 11,
      "text": "ဂိလဒ်​ပြည်သား​တို့​သည် အပြစ်ဒုစရိုက်​ပြု​၍ အကျိုးနည်း​ကြ​ပြီ​။ ဂိလဂါလ​မြို့​၌ နွား​ကို ပူဇော်​ကြ​၏​။ သူ​တို့​၏​ယဇ်ပလ္လင်​တို့​သည်​လည်း လယ်​ထဲမှ ထွန်ကြောင်း​များ​ပေါ်ရှိ​မြေစာပုံ​များ​ကဲ့သို့ များ​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 12,
      "text": "ယာကုပ်​သည် အာရံ​ပြည်​သို့ ထွက်ပြေး​လေ​ပြီ​။ အစ္စရေး​သည် မယား​ရ​ရန်​အတွက် အစေခံ​လေ​ပြီ​။ မယား​ရ​ရန်​အတွက် သိုးထိန်း​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 13,
      "text": "ထာဝရဘုရား​သည် ပရောဖက်​အားဖြင့် အစ္စရေး​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ပရောဖက်​အားဖြင့် စောင့်ရှောက်​တော်မူ​ခဲ့​၏​။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 14,
      "text": "ဧဖရိမ်​သည် အမျက်​တော်​ကို​အကြီးအကျယ်​နှိုးဆွ​လေ​ပြီ​။ ထို့ကြောင့် သူ​၏​အရှင်​သည် သူ​၏​လူသတ်​ခြင်း​အပြစ်​ကို သူ့​အပေါ် ပြန်ရောက်​စေ​မည်​။ သူ​ကဲ့ရဲ့ပြစ်တင်​ခဲ့​သည်​များ​ကို သူ့​အပေါ် ပြန်ရောက်​စေ​မည်​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 1,
      "text": "ဧဖရိမ်​အမျိုး နှုတ်ဟ​လိုက်​သည်​နှင့် လူ​တို့ ထိတ်လန့်​ကြ​ရ​၏​။ အစ္စရေး​အမျိုး​တွင် သူ​သည် ဩဇာညောင်း​သူ​ဖြစ်​၏​။ သို့သော် ဗာလ​ဘုရား​ကြောင့် အပြစ်သင့်​၍ သေဆုံး​ရ​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 2,
      "text": "သူ​တို့​သည် အပြစ်​ကို အထပ်ထပ်​ကျူးလွန်​ကြ​၏​။ သူ​တို့​ကိုယ်ပိုင်​ဉာဏ်​ဖြင့် သူ​တို့​အဖို့ ငွေ​ရုပ်တု​ကို လုပ်​ကြ​၏​။ ထို​ရုပ်တု​အားလုံး​သည် လက်မှုပညာသည်​တို့​၏​လက်ရာ​သက်သက်​သာ ဖြစ်​၏​။ ထို​သူ​တို့​က “​ယဇ်ပူဇော်​သော​လူ​တို့​သည် နွားသငယ်ရုပ်တု​ကို​နမ်း​ကြ​စေ​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 3,
      "text": "ထို့ကြောင့် သူ​တို့​သည် နံနက်အချိန်​၌​ကျ​သော​မြူခိုး​ကဲ့သို့​၊ စောစော​ပြယ်လွင့်​သွား​သော​နှင်းစက်​ကဲ့သို့​၊ လေ​ထဲတွင် လွင့်ပါ​သွား​သော​ကောက်နယ်တလင်း​မှ ဖွဲ​ကဲ့သို့​၊ မီးခိုးခေါင်းတိုင်​မှ ထွက်​သော​မီးခိုး​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 4,
      "text": "“သင်​တို့ အီဂျစ်​ပြည်​၌​ရှိ​စဉ်​ကပင် ငါ ထာဝရဘုရား​သည် သင်​တို့​၏​ဘုရားသခင် ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​သော​ဘုရား​ကို သင်​တို့​မ​သိ​။ ငါ​မှတစ်ပါး သင်​တို့​ကို ကယ်တင်​နိုင်​မည့်​ဘုရား မ​ရှိ​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 5,
      "text": "မိုးခေါင်​သော​တောကန္တာရ​တွင်ပင် သင်​တို့​ကို ငါ​သိ​ခဲ့​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 6,
      "text": "သူ​တို့​ကို ဝလင်​စွာ​ကျွေးမွေး​ခဲ့​၏​။ သူ​တို့​ဝလင်​လာ​သောအခါ ထောင်လွှား​သော​စိတ်​ဝင်​၍ ငါ့​ကို မေ့လျော့​လာ​ကြ​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 7,
      "text": "ထို့ကြောင့် ငါ​သည် သူ​တို့​အတွက် ခြင်္သေ့​ကဲ့သို့ ဖြစ်​မည်​။ ကျားသစ်​ကဲ့သို့ လမ်း​၌​ချောင်းမြောင်း​မည်​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 8,
      "text": "ငါ​သည် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​ကဲ့သို့ သူ​တို့​ကို​တိုက်ခိုက်​မည်​။ သူ​တို့​ရင်ဘတ်​ကို ဆွဲဆုတ်​မည်​။ သူ​တို့​ကို ခြင်္သေ့​ကဲ့သို့​ကိုက်စား​ဝါးမျို​မည်​။ တောရိုင်းတိရစ္ဆာန်​ကဲ့သို့ ဆွဲဖြဲ​မည်​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 9,
      "text": "အို အစ္စရေး​အမျိုး​၊ သင့်​ကို​ကူညီမစ​သော​အရှင်​ဖြစ်​သည့် ငါ့​ကို ဆန့်ကျင်​သောကြောင့် သင့်​ကို ငါ​ဖျက်ဆီး​မည်​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 10,
      "text": "အမြို့မြို့​တွင်​နေ​သော​သင်​တို့​ကို ကယ်တင်​မည့်​ဘုရင်​ကား အဘယ်မှာ​နည်း​။ ‘အကျွန်ုပ်​တို့​အား ရှင်ဘုရင်​၊ အကြီးအကဲ​ကို ပေး​ပါ’​ဟု သင်​တို့​တောင်းဆို​ခဲ့​သော အုပ်ချုပ်သူ​ကား အဘယ်မှာ​နည်း​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 11,
      "text": "ငါ​သည် အမျက်​ထွက်​၍ ရှင်ဘုရင်​တစ်​ပါး​ကို သင့်​အား ပေး​ခဲ့​၏​။ အမျက်​ထွက်​၍​ပင် သူ့​ကို ဖယ်ရှား​ခဲ့​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 12,
      "text": "ဧဖရိမ်​၏​ဒုစရိုက်​ကို​ထုပ်ပိုး​ထား​၍ သူ​၏​အပြစ်​ကို​သို​ထား​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 13,
      "text": "သူ​သည် သားဖွား​ဝေဒနာ​ကဲ့သို့ ခံစား​ရ​မည်​။ သူ​သည် အချိန်တန်​သော်လည်း ဝမ်း​ထဲမှ ထွက်​မ​လာ​သော​မိုက်မဲ​သည့်​ကလေး​ဖြစ်​၏​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 14,
      "text": "ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 15,
      "text": "သူ​သည် ညီအစ်ကို​များ​ထဲတွင် အသီး​များစွာ​သီး​တတ်​သော်လည်း အရှေ့​လေ​တည်းဟူသော ထာဝရဘုရား​၏​လေ​သည် တောကန္တာရ​မှ​တိုက်​လာ​၍ သူ​၏​စမ်းရေတွင်း​နှင့်​ရေထွက်ပေါက်​တို့​သည် ခန်းခြောက်​လိမ့်မည်​။ ဘဏ္ဍာတိုက်​ရှိ​အဖိုးတန်​ရတနာ​အားလုံး တိုက်ခိုက်လုယက်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 16,
      "text": "ရှမာရိ​သည် မိမိ​၏​ဘုရားသခင်​ကို ပုန်ကန်​သောကြောင့် အပြစ်သင့်​လေ​ပြီ​။ သူ​တို့​သည် ဓားဘေး​ဖြင့် ကျဆုံး​လိမ့်မည်​။ သူ​တို့​၏​ကလေးသူငယ်​တို့​သည် ကိုင်ပေါက်​ခံရ​လိမ့်မည်​။ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​သည်​လည်း ခွဲဖောက်​ခံရ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 1,
      "text": "အို အစ္စရေး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လှည့်​လော့​။ သင်​သည် သင်​၏​အပြစ်​ကြောင့် ခလုတ်တိုက်​လဲကျ​လေ​ပြီ​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 2,
      "text": "သင်​တို့​သည် ထာဝရဘုရား​ထံ​ပြန်လာ​၍ “​အပြစ်​ရှိသမျှ ခွင့်လွှတ်​တော်မူ​ပါ​။ ကောင်း​သော​အရာ​တို့​ကို လက်ခံ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် နွားထီး​ကို​ပူဇော်​သကဲ့သို့ နှုတ်​ဖြင့်​ချီးမွမ်း​ပါ​မည်​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 3,
      "text": "အဆီးရီယား​ပြည်​သည် အကျွန်ုပ်​တို့​ကို မ​ကယ်တင်​နိုင်​ပါ​။ အကျွန်ုပ်​တို့​သည် မြင်း​မ​စီး​တော့​ပါ​။ ကိုယ့်​လက်​ဖြင့်​လုပ်​သော​အရာ​တို့​ကို ‘​အကျွန်ုပ်​တို့​၏​ဘုရား​’​ဟု မ​ဆို​တော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ဖတဆိုး​တို့​ကို သနားစုံမက်​တော်မူ​ပါ​၏​”​ဟု လျှောက်ဆို​လော့​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 4,
      "text": "“ငါ​သည် အမျက်ပြေ​ပြီ​ဖြစ်၍ သူ​တို့​လမ်းလွဲဖောက်ပြန်​သည်​များ​ကို ပြန်လည်​ပြုပြင်​ပေး​မည်​။ စေတနာစိတ်​ထက်သန်​သည့်​အလျောက် သူ​တို့​ကို ငါ​ချစ်​မည်​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 5,
      "text": "ငါ​သည် အစ္စရေး​အဖို့ နှင်းစက်​ကဲ့သို့ ဖြစ်​မည်​။ သူ​သည် နှင်းပန်း​ကဲ့သို့ ပွင့်လန်း​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ အမြစ်​စွဲ​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 6,
      "text": "သူ​သည် အညွန့်​ထွက်လာ​၍ သံလွင်ပင်​ကဲ့သို့ ကျက်သရေ​ရှိ​လိမ့်မည်​။ လက်ဘနွန်​သစ်ကတိုး​ကဲ့သို့ မွှေးကြိုင်​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 7,
      "text": "သူ​တို့​သည် ငါ့​အရိပ်​ကို ပြန်လည်​ခိုလှုံ​ကြ​လိမ့်မည်​။ ကောက်နှံပင်​များ​ကဲ့သို့ ဝေဆာ​၍ စပျစ်ပင်​များ​ကဲ့သို့ ပွင့်လန်း​ကြ​လိမ့်မည်​။ လက်ဘနွန်​စပျစ်ဝိုင်​ကဲ့သို့ ကျော်ကြား​လိမ့်မည်​။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 8,
      "text": "ဧဖရိမ်​က ‘ငါ​သည် ရုပ်တု​တို့​နှင့် မည်သို့​ဆိုင်​သေး​သနည်း’​ဟု ဆို​လိမ့်မည်​။ ငါ​သည် သူ့​စကား​ကို​ကြား​၍ သူ့​ကို​ကြည့်ရှုစောင်မ​မည်​။ ငါ​သည် စိမ်းလန်း​သော​ထင်းရှူးပင်​ကဲ့သို့ ဖြစ်၍ သင်​တို့​သည် ငါ့​ထံမှ အသီး​ကို ရရှိ​လိမ့်မည်​။”"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 9,
      "text": "မည်သူ​သည် ပညာရှိ​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို နားလည်​ပါစေ​။ မည်သူ​သည် ပိုင်းခြား​သိမြင်​နိုင်​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို သိနားလည်​ပါစေ​။ ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် ဖြောင့်မတ်​သည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် ထို​လမ်း​တော်​၌ လိုက်လျှောက်​ကြ​လိမ့်မည်​။ မတရား​သော​သူ​တို့​မူကား ထို​လမ်း​တော်​တွင် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 1,
      "text": "ပေသွေလ​၏​သား​ယောလ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 2,
      "text": "သက်ကြီးဝါကြီး​တို့​၊ နားထောင်​ကြ​လော့​။ ပြည်သူပြည်သား​အပေါင်း​တို့​၊ အာရုံစိုက်​ကြ​လော့​။ သင်​တို့​ခေတ်​တွင် ဤသို့​ဖြစ်ပျက်​ဖူး​သလော​။ သင်​တို့​ဘိုးဘေး​တို့​ခေတ်​တွင် ဤသို့​ဖြစ်ပျက်​ဖူး​သလော​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 3,
      "text": "ထို​အဖြစ်အပျက်​ကို သင်​တို့​သားသမီး​တို့​အား ပြောကြား​လော့​။ သင်​တို့​သားသမီး​တို့​သည် သူ​တို့​၏​သားသမီး​တို့​အား ဆက်လက်​ပြောကြား​စေ​။ သူ​တို့​၏​သားသမီး​တို့​သည်​လည်း နောက်မျိုးဆက်​ကို ဆက်လက်​ပြောကြား​ကြ​စေ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 4,
      "text": "ဂါဇံကျိုင်း​တို့​အကျန်​ကို အရာဘကျိုင်း​တို့ စား​လေ​ပြီ​။ အရာဘကျိုင်း​တို့​အကျန်​ကို ယာလက်ကျိုင်း​တို့ စား​လေ​ပြီ​။ ယာလက်ကျိုင်း​တို့​အကျန်​ကို ခါသိလကျိုင်း​တို့ စား​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 5,
      "text": "သေသောက်ကြူး​သူ​တို့​၊ ထ​၍​ငိုကြွေး​ကြ​လော့​။ စပျစ်ဝိုင်​သောက်​သူ​တို့​၊ စပျစ်ဝိုင်သစ်​ကြောင့် ညည်းတွား​ကြ​လော့​။ အကြောင်းမူကား သင်​တို့​နှုတ်​သည် စပျစ်ဝိုင်သစ်​ကို တို့ထိ​ခွင့်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 6,
      "text": "အင်အားကြီး​ပြီး မ​ရေ​မ​တွက်​နိုင်​သည့် လူမျိုး​တစ်မျိုး​သည် ငါ့​ပြည်​သို့ စစ်ချီ​လာ​ပြီ​။ ထို​လူမျိုး​၏​သွား​သည် ခြင်္သေ့ပျို​၏​သွား​နှင့်​တူ​၏​။ အစွယ်​သည်​လည်း ခြင်္သေ့မ​၏​အစွယ်​နှင့်​တူ​၏​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 7,
      "text": "ငါ့​စပျစ်ပင်​ကို ချိုးဖဲ့​ပြီး ငါ့​သဖန်းပင်​တို့​ကို ဖျက်ဆီး​ပစ်​လေ​ပြီ​။ ပြောင်တလင်းခါ​အောင်​ခွာ​ပြီး လွှင့်ပစ်​လေ​ပြီ​။ အခက်​များ​လည်း ဖြူခါပြာခါကျ​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 8,
      "text": "လျှော်တေအဝတ်​ကို​ဝတ်​ပြီး ခင်ပွန်းလောင်း​အတွက် ငိုကြွေးမြည်တမ်း​နေ​သော​အပျိုကညာ​ကဲ့သို့ ငိုကြွေးမြည်တမ်း​လော့​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 9,
      "text": "ထာဝရဘုရား​၏​အိမ်​တော်​တွင် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့ ပြတ်​လေ​ပြီ​။ ထာဝရဘုရား​၏​အမှု​တော်​ကို ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​တို့​လည်း ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 10,
      "text": "လယ်ယာ ဖျက်ဆီး​ခံရ​ပြီ​။ ကောက်ပဲသီးနှံ ဖျက်ဆီး​ခံရ​သောကြောင့် မြေ​သည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ စပျစ်ဝိုင်​အသစ် ခန်း​လေ​ပြီ​။ ဆီ​လည်း လျော့​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 11,
      "text": "အို လယ်လုပ်သား​တို့​၊ ရှက်​ကြ​လော့​။ အို စပျစ်ခြံလုပ်သား​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား လယ်မြေ​တွင် ရိတ်သိမ်းစရာ ဂျုံစပါး​၊ မုယောစပါး​တို့ ပျက်စီး​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 12,
      "text": "စပျစ်ပင်​ခြောက်သွေ့​ပြီ​။ သဖန်းပင် ညှိုးနွမ်း​ပြီ​။ သလဲပင်​၊ စွန်ပလွံပင်​၊ ပန်းသီးပင်​အစရှိ​သော​ကွင်းပြင်​ရှိ အပင်​အားလုံး​တို့​သည်​လည်း ခြောက်သွေ့​လေ​ပြီ​။ စင်စစ် လူသား​တို့​အဖို့ ပျော်ရွှင်​ခြင်း​သည် ပျောက်လွင့်​သွား​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 13,
      "text": "အို ယဇ်ပုရောဟိတ်​တို့​၊ လျှော်တေအဝတ်​ကို​ဝတ်​၍ မြည်တမ်း​ကြ​လော့​။ ယဇ်ပလ္လင်​၏​အမှုထမ်း​တို့​၊ ညည်းတွား​ကြ​လော့​။ ငါ​၏​ဘုရားသခင်​အမှု​တော်​ကို​ထမ်းဆောင်​သော​သူ​တို့​၊ လာ​ကြ​။ တစ်ညလုံး လျှော်တေအဝတ်​ကို​ဝတ်အိပ်​ကြ​လော့​။ အကြောင်းမူကား သင်​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့ ကုန်ခန်း​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 14,
      "text": "အစာရှောင်​ဖို့ အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။ သက်ကြီးဝါကြီး​များ​၊ ပြည်သူပြည်သား​များ​အားလုံး သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​၌ စုရုံး​၍ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လော့​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 15,
      "text": "အလို​၊ ထာဝရဘုရား​၏​နေ့ရက်​ပါတကား​။ ထို​နေ့ရက် ရောက်လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံ​တော်​မှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 16,
      "text": "ငါ​တို့​၏​မျက်စိ​ရှေ့​တွင်​ပင် အစားအစာ​ပြတ်လပ်​လေ​ပြီ မ​ဟုတ်​လော​။ ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင်​လည်း ဝမ်းမြောက်​ရွှင်လန်း​ခြင်း ဆိတ်သုဉ်း​လေ​ပြီ မ​ဟုတ်​လော​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 17,
      "text": "မျိုးစေ့​တို့​သည် မြေစိုင်မြေခဲ​များ​အောက်​တွင် ရှုံ့တွ​လေ​ပြီ​။ ကောက်နှံပင်​တို့ ခြောက်သွေ့​ကုန်​သဖြင့် သိုလှောင်ရုံ​များ​လည်း ပြိုပျက်​ကုန်​ပြီ​။ စပါးကျီ​များ​လည်း ပျက်စီး​ကုန်​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 18,
      "text": "တိရစ္ဆာန်​များ​လည်း ညည်းတွား​ရ​လေ​ပြီ​။ စားကျက်မြေ မ​ရှိ​တော့​သဖြင့် တိရစ္ဆာန်အုပ်​များ တဝဲလည်လည်​ဖြစ်​ရ​လေ​ပြီ​။ သိုးအုပ်​များ​လည်း ဒုက္ခရောက်​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 19,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို အကျွန်ုပ်​ဟစ်ခေါ်​ပါ​၏​။ အကြောင်းမူကား မီး​သည် တောကန္တာရ​ရှိ​စားကျက်မြေ​များ​ကို ဝါးမျို​၍ မီးလျှံ​တို့​သည် တော​ရှိ​သစ်ပင်​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 20,
      "text": "တောတိရစ္ဆာန်​များ​လည်း ကိုယ်တော်​ကို​တောင့်တ​ကြ​ပါ​၏​။ ချောင်း​ရေ​များ ခန်းခြောက်​ပြီ​။ မီး​သည် တောကန္တာရ​ရှိ​စားကျက်မြေ​တို့​ကို ဝါးမျို​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 1,
      "text": "ဇိအုန်​တောင်​ပေါ်တွင် တံပိုး​မှုတ်​ကြ​လော့​။ ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​ပေါ်တွင် သတိပေးသံပြု​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် လာ​နေ​ပြီ​၊ အမှန်ပင် ရောက်​လု​နီး​ပြီ​ဖြစ်​သောကြောင့် ပြည်သူပြည်သား​အပေါင်း​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 2,
      "text": "ထို​နေ့​သည် အမှောင်​တကာ့​အမှောင်​နေ့​၊ မိုးအုံ့​၍​အမှောင်​ကျ​သော​နေ့ ဖြစ်​၏​။ တောင်​ပေါ်တွင် အရုဏ်ဦး​အလင်း​ဖြာကျ​သကဲ့သို့ အင်အားကြီး​သော​လူမျိုး​ကြီး​တစ်​မျိုး ပေါ်လာ​မည်​။ ဤ​အဖြစ်မျိုး​သည် ရှေး​က​လည်း မ​ဖြစ်​ဖူး​။ နောင်ကာလ​မျိုးဆက်​အစဉ်အဆက်​တွင်​လည်း ဖြစ်​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 3,
      "text": "သူ​တို့​ရှေ့​တွင် ဝါးမျို​သော​မီး ရှိ​၏​။ သူ​တို့​နောက်တွင် လောင်ကျွမ်း​သော​မီးလျှံ ရှိ​၏​။ ပြည်​တော်​သည် ယခင်က ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်​သော်လည်း သူ​တို့​ပေါ်လာ​ပြီး​နောက်တွင် ဆိတ်ညံ​သော​တောကန္တာရ​ကဲ့သို့ ဖြစ်​လေ​ပြီ​။ သူ​တို့​ဘေးရန်​မှ လွတ်မြောက်​သော​အရာ တစ်​ခု​မျှ​မ​ရှိ​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 4,
      "text": "သူ​တို့​၏​ပုံသဏ္ဌာန်​သည် မြင်း​နှင့်​တူ​၏​။ စစ်မြင်း​များ​ကဲ့သို့ ပြေးလွှား​ကြ​၏​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​သည် စစ်ရထားချီသံ​ကဲ့သို့​လည်းကောင်း​၊ ရိုးပြတ်​ကို လောင်ကျွမ်း​သော​မီးတောက်​မီးလျှံ​အသံ​ကဲ့သို့​လည်းကောင်း​၊ စစ်​တလင်းပြင်​မှ စစ်သည်​အင်အားထုကြီး​ကဲ့သို့​လည်းကောင်း တောင်​ထိပ်​ပေါ်သို့ ကဆုန်ပေါက်​တက်လာ​ကြ​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 6,
      "text": "လူ​တို့​သည် သူ​တို့​ရှေ့​တွင် တုန်လှုပ်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​သည် စစ်သူရဲ​ကဲ့သို့ ပြေး​၏​။ မြို့ရိုး​ပေါ်​တွယ်တက်​တတ်​သော စစ်သား​နှင့်​တူ​၏​။ ကိုယ့်​လမ်းကြောင်း​မှ​မ​လွဲ လမ်းကြောင်း​အတိုင်း ချီတက်​ကြ​၏​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 8,
      "text": "အချင်းချင်း မ​တိုး​မ​တိုက်​ဘဲ ကိုယ့်​လမ်းကြောင်း​နှင့်​ကိုယ် ချီတက်​ကြ​၏​။ လက်နက်​ကြား​တိုးဝင်​သော်လည်း မ​ကျဆုံး​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 9,
      "text": "သူ​တို့​သည် မြို့​ထဲတွင် ကဆုန်ပေါက်​နေ​ကြ​၏​။ မြို့ရိုး​ပေါ်တွင် ပြေးလွှား​နေ​ကြ​၏​။ သူခိုး​ကဲ့သို့​ပြတင်းပေါက်​ကို ကျော်​ပြီး အိမ်​ပေါ်သို့​တက်​ကြ​၏​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 10,
      "text": "သူ​တို့​ရှေ့​တွင် မြေကြီး​လှုပ်ခတ်​၍ ကောင်းကင်​ခါယမ်း​လေ​၏​။ နေ​နှင့်​လ​လည်း အမှောင်ကျ​ကုန်​၏​။ ကြယ်​များ​သည်​လည်း မိမိ​တို့​၏​အလင်း​ကို မပေး​နိုင်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 11,
      "text": "ထာဝရဘုရား​သည် မိမိ​တပ်​တော်​ရှေ့​တွင် ကျယ်လောင်​သော​အသံ​ဖြင့် အမိန့်ပေး​တော်မူ​၏​။ အကြောင်းမှာ တပ်တော်​သည် အလွန်​ကြီးမား​၏​။ အမိန့်​တော်​အတိုင်း လုပ်ဆောင်​သော​သူ​သည်​လည်း ခွန်အားကြီး​၏​။ ထာဝရဘုရား​၏​နေ့ရက်​သည် အလွန်​ကြောက်မက်ဖွယ်​ကောင်း​သော​နေ့​ကြီး​ဖြစ်၍ မည်သူ​ခံရပ်​နိုင်​မည်နည်း​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 12,
      "text": "ထာဝရဘုရား​က “​ယခုပင် ငါ့​ထံသို့ စိတ်နှလုံး​အကြွင်းမဲ့ ပြန်လာ​၍ အစာရှောင်​လျက် ငိုကြွေး​မြည်တမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 13,
      "text": "သင်​တို့​သည် အဝတ်​ကို​မ​ဆုတ်​၊ နှလုံးသား​ကို​ဆုတ်​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​သို့ ပြန်လာ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​၊ ဘေးအန္တရာယ်​ကို လွှဲဖယ်ပေး​တော်မူ​တတ်​သော​ဘုရား ဖြစ်​၏​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 14,
      "text": "သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် စိတ်​တော်​ပြေ​၍ ကိုယ်တော်​အား ဘောဇဉ်ပူဇော်သက္ကာ​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ပူဇော်​ခွင့်​ကောင်းချီး​ကို ချန်ထား​ပေး​မည်​၊ မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 15,
      "text": "ဇိအုန်​တောင်​ပေါ်တွင် တံပိုး​ကို​မှုတ်​ကြ​လော့​။ အစာရှောင်​ရန် အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 16,
      "text": "လူ​တို့​ကို​စုဝေး​စေ​၍ လူထုကြီး​ကို စင်ကြယ်​စေ​လော့​။ သက်ကြီးဝါကြီး​များ​ကို စုရုံး​စေ​လော့​။ နို့စို့ကလေး​မှစ၍ ကလေးငယ်​တို့​ကို စုစည်း​လော့​။ သတို့သား​ကို အခန်း​ထဲမှ​လည်းကောင်း​၊ သတို့သမီး​ကို မင်္ဂလာခန်း​မှ​လည်းကောင်း ထွက်လာ​စေ​လော့​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 17,
      "text": "ထာဝရဘုရား​၏​အမှု​တော်​ဆောင် ယဇ်ပုရောဟိတ်​တို့​သည် ဆင်ဝင်ပေါက်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် ငိုကြွေး​လျက် “​အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အမွေ​တော်​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​ဖြစ်​အောင် ပြု​တော်​မ​မူ​ပါ​နှင့်​။ လူမျိုးခြား​တို့​က ‘သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း’​ဟူ၍ လူမျိုးတကာ​၏​အလယ်​တွင် အဘယ်ကြောင့် ဆို​ရ​ပါ​မည်နည်း​”​ဟု လျှောက်​ကြ​စေ​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 18,
      "text": "ထိုအခါ ထာဝရဘုရား​သည် မိမိ​ပြည်​တော်​အဖို့ စိတ်အားထက်သန်​၍ မိမိ​၏​လူမျိုး​တော်​ကို ညှာတာ​တော်မူ​မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 19,
      "text": "ထာဝရဘုရား​က မိမိ​လူမျိုး​တော်​အား “​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့်​ဆီ​ကို ပေးသနား​၍ သင်​တို့​သည် ဝပြော​စွာ​စားသောက်​ရ​မည်​။ သင်​တို့​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​ဖြစ်စေ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 20,
      "text": "မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 21,
      "text": "အို ပြည်​တော်​၊ မ​ကြောက်ရွံ့​နှင့်​။ ဝမ်းမြောက်​ရွှင်လန်း​လော့​။ ထာဝရဘုရား​သည် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​လေ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 22,
      "text": "အို တောတိရစ္ဆာန်​တို့​၊ မ​ကြောက်​ကြ​နှင့်​။ ကန္တာရ​သည် စိမ်းလန်း​သော​စားကျက်မြေ ဖြစ်လာ​မည်​။ အပင်​များ အသီး​သီး​မည်​။ သဖန်းပင်​နှင့် စပျစ်ပင်​တို့​လည်း အလွန်​ဖြစ်ထွန်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 23,
      "text": "အို ဇိအုန်​သား​တို့​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည်​ဖြောင့်မတ်မှန်ကန်​တော်မူ​သည့်​အတိုင်း သင်​တို့​အဖို့ မိုးဦး​ကို ရွာ​စေ​တော်မူ​ပြီ​။ မိုးဦး​၊ မိုးနှောင်း​ကို​လည်း ယခင်က​ကဲ့သို့ပင် ရွာ​သွန်း​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 24,
      "text": "ကောက်နယ်တလင်း​တို့​သည် ကောက်ပဲသီးနှံ​နှင့် ပြည့်​လိမ့်မည်​။ စည်​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ဖြင့် ပြည့်​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 25,
      "text": "“သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 26,
      "text": "သင်​တို့​သည် ဝလင်​စွာ​စား​ရ​သဖြင့် သင်​တို့​အဖို့ အံ့ဖွယ်​သော​အမှု​ပြု​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို သင်​တို့​ချီးမွမ်း​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည် ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 27,
      "text": "သို့မှ ငါ​သည် အစ္စရေး​လူမျိုး​တို့​တွင် စံမြန်း​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို​လည်းကောင်း​၊ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို​လည်းကောင်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ ငါ​၏​လူမျိုး​တော်​သည်​လည်း ဘယ်သောအခါ​မျှ အရှက်ကွဲ​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 28,
      "text": "ထို့နောက်မှ လူ​အပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။ သင်​တို့​၏​သား​သမီး​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​သည် အိပ်မက်​ကို မြင်​ရ​လိမ့်မည်​။ လူပျို​တို့​သည်​လည်း စိတ်အာရုံ​ကို မြင်​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 29,
      "text": "ထို​ကာလ​တွင် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​အပေါ်​သို့​ပင်လျှင် ငါ​၏​ဝိညာဉ်​တော်​ကို သွန်းလောင်း​မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 30,
      "text": "မိုးကောင်းကင်​နှင့် မြေကြီး​ပေါ်တွင် အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​ပြ​ဦး​မည်​။ သွေး​၊ မီး​နှင့် မီးခိုး​တိုင်​တို့ ဖြစ်ပေါ်​မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 31,
      "text": "ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 32,
      "text": "ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို ငါ​ပြန်လာ​စေ​သော ထို​ကာလ​၊ ထို​အချိန်​တွင်"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 2,
      "text": "လူမျိုး​တကာ​တို့​ကို စုရုံး​ပြီး ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ ငါ​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​စေ​ပြီး ငါ့​ပြည်​ကို ကွဲပြား​စေ​ခဲ့​သောကြောင့် ငါ့​လူမျိုး​တော်​ဖြစ်​သည့် ငါ့​အမွေ​တော်​အစ္စရေး​တို့​အတွက် သူ​တို့​ကို ထို​အရပ်​၌ ငါ​တရားစီရင်​မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 3,
      "text": "သူ​တို့​သည် ငါ့​လူမျိုး​တော်​တို့​ကို​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ပြည့်တန်ဆာ​ကို​ရ​ရန် လုလင်ငယ်​ဖြင့် အလဲအလှယ်ပြု​၍ စပျစ်ဝိုင်​သောက်​ရန် လုံမငယ်​ကို ရောင်း​ကြ​၏​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 4,
      "text": "အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 5,
      "text": "သင်​တို့​သည် ငါ့​ရွှေ​ငွေ​တို့​ကို သိမ်းယူ​ပြီး အဖိုးတန်​ရတနာ​တို့​ကို​လည်း သင်​တို့​၏​ဗိမာန်​များ​ထဲသို့ သွင်း​ကြ​ပြီ​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 6,
      "text": "ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​ကို သူ​တို့​၏​နေရင်းပြည်​နှင့်​ဝေး​ရာ ဂရိ​အမျိုးသား​တို့​ထံသို့ ရောင်းစား​ပစ်​၏​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 7,
      "text": "သင်​တို့​ရောင်းစား​ရာ​အရပ်​မှ သူ​တို့​ကို လွတ်မြောက်​စေ​မည်​။ သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 8,
      "text": "သင်​တို့​၏​သား​သမီး​များ​ကို ယုဒ​အမျိုးသား​တို့​လက်​သို့ ငါ​ရောင်းပစ်​မည်​။ ယုဒ​အမျိုးသား​တို့​က​လည်း သူ​တို့​ကို ရပ်ဝေး​ရှိ ရှေဘ​လူမျိုး​တို့​ထံသို့ ရောင်းပစ်​လိမ့်မည်​။ စင်စစ် ထာဝရဘုရား မိန့်​တော်မူ​ပြီ​။”"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 9,
      "text": "လူမျိုး​တကာ​တို့​ထံ ဤသို့​ကြေညာ​လော့​။ စစ်တိုက်​ရန် အသင့်ပြင်ဆင်​ကြ​။ စစ်သူရဲ​တို့​ကို နှိုးဆော်​ကြ​။ စစ်သည်​အပေါင်း​တို့​ချီတက်​တိုက်ခိုက်​ကြ​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 10,
      "text": "ထယ်​များ​ကို ဓား​အဖြစ်​၊ တံစဉ်​များ​ကို လှံ​အဖြစ် ပြောင်းလဲ​ထုလုပ်​ကြ​။ အားနည်း​သူ​က​လည်း “ငါ​သည် ခွန်အားကြီး​သူ​ဖြစ်​၏”​ဟု ဆို​စေ​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 11,
      "text": "အရပ်ရပ်​မှ​လူမျိုးတကာ​တို့​၊ အလျင်အမြန်​လာ​ကြ​။ ဤ​အရပ်​၌ လာရောက်​စုဝေး​ကြ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စစ်သူရဲ​တို့​ကို ကြွလာ​စေ​တော်မူ​ပါ​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 12,
      "text": "“လူမျိုးတကာ​တို့​သည် ထ​၍ ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ လာ​ကြ​ပါစေ​။ ငါ​သည် ထို​နေရာ​တွင် ထိုင်​၍ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​ကို စီရင်​မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 13,
      "text": "ရိတ်သိမ်းစရာ​သီးနှံ​မှည့်ဝင်း​ပြီ​ဖြစ်၍ တံစဉ်​ကို​ဆန့်တန်း​ကြ​လော့​။ စပျစ်သီးနယ်ရာကျင်း ပြည့်​နေ​သည်​ဖြစ်၍ လာ​၍​နင်းချေ​ကြ​လော့​။ စည်​များ လျှံ​နေ​သကဲ့သို့ ထို​သူ​တို့​၏​ဆိုးညစ်မှု​များ​သည် များပြား​လျက်​ရှိ​၏​။”"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 14,
      "text": "တရားစီရင်​ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​၌ လူ​အမြောက်အမြား ပြည့်နှက်​နေ​ပါ​တကား​။ စင်စစ် ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​တွင် ထာဝရဘုရား​၏​နေ့ရက် ရောက်လု​နီး​ပြီ​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 15,
      "text": "နေ​နှင့်​လ​လည်း အမှောင်ကျ​လိမ့်မည်​။ ကြယ်​များ​သည်​လည်း မိမိ​တို့​အလင်း​ကို ထွန်းလင်း​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 16,
      "text": "ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 17,
      "text": "“ဤသို့ဖြင့် ငါ​သည် သန့်ရှင်း​ရာ​တောင်​တော် ဇိအုန်​တွင် ကိန်းဝပ်​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် သန့်ရှင်း​သော​မြို့ ဖြစ်​လိမ့်မည်​။ တစ်ပါးအမျိုးသား​တို့​သည် ထို​မြို့​ကို ဘယ်သောအခါမှ ကျော်နင်း​ခွင့်​ရ​ကြ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 18,
      "text": "ထို​နေ့ရက်​ကာလ​တွင် တောင်​များ​ပေါ်မှ စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​များ​မှ နို့ရည်​စီးကျ​လိမ့်မည်​။ ယုဒ​မြစ်ချောင်း​ရှိသမျှ​တို့​သည် ရေ​များ​စီးဆင်း​နေ​လိမ့်မည်​။ စမ်းရေ​သည်​လည်း ထာဝရဘုရား​အိမ်​တော်​မှ စီးထွက်​၍ ရှိတ္တိမ်​လွင်ပြင်​ကို ရေဝ​စေ​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 19,
      "text": "ယုဒ​လူမျိုး​တို့​ကို ညှဉ်းပန်းနှိပ်စက်​၍ သူ​တို့​၏​ပြည်​တွင် အပြစ်မဲ့​သော​သူ​တို့​ကို သတ်ဖြတ်​ကြ​သောကြောင့် အီဂျစ်​ပြည်​သည် လူသူကင်းမဲ့​ရာ​ဖြစ်​လိမ့်မည်​။ ဧဒုံ​ပြည်​သည် လူသူကင်းမဲ့​သော​တောကန္တာရ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 20,
      "text": "ယုဒ​ပြည်​တွင် အစဉ်​လူ​နေထိုင်​ကြ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​တွင် မျိုးဆက်အဆက်ဆက် လူ​နေထိုင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 21,
      "text": "အပြစ်ဒဏ်​မ​ခံရ​သေး​သော​လူသတ်သမား​တို့​ကို ငါ​အပြစ်ဒဏ်​ပေး​မည်​။ စင်စစ် ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ်တွင် ကိန်းဝပ်​တော်မူ​၏​။”"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 1,
      "text": "ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက်​နှင့် ယောရှ​၏​သား အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက် ငလျင်​မ​လှုပ်​မီ နှစ်​နှစ်​တွင် တေကော​မြို့သား သိုးထိန်း​အာမုတ်​သည် အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ မြင်​ရ​သည့်​အတိုင်း ဆင့်ဆို​သော​စကား​မှာ ဤသို့​ဖြစ်​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 2,
      "text": "အာမုတ်​က “​ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ သိုးကျောင်း​ရာ​စားကျက်မြေ​များ ခြောက်သွေ့​၍ ကရမေလ​တောင်​ထိပ်​သည် ညှိုးနွမ်း​သွား​ပြီ”​ဟု ဆို​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 3,
      "text": "ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “ဒမတ်စကပ်​မြို့သား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ဂိလဒ်​ပြည်​ကို ကောက်နယ်​သံ​တလိမ့်တုံး​ဖြင့် နင်းနယ်​လေ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 4,
      "text": "ထို့ကြောင့် ငါ​သည် ဟာဇေလ​အမျိုးအနွယ်​ပေါ်သို့ မီး​ကို​လွှတ်​၍ ဗင်္ဟာဒဒ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 5,
      "text": "ဒမတ်စကပ်​မြို့​၏​ကန့်လန့်ကျင်​ကို ချိုးဖျက်​ပစ်​မည်​။ အာဝင်​ချိုင့်​သား​တို့​နှင့် ဗေသေဒင်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို သုတ်သင်​ပစ်​မည်​။ အာရံ​ပြည်သား​တို့​ကို ကိရ​ပြည်​သို့​ဖမ်းခေါ်​သွား​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “​ဂါဇ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ပြည်သူ​တစ်ရပ်လုံး​ကို​ဖမ်းခေါ်​သွား​ပြီး ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 7,
      "text": "ထို့ကြောင့် ငါ​သည် ဂါဇ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 8,
      "text": "အာဇုတ်​မြို့သား​များ​နှင့် အာရှကေလုန်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို ဖယ်ရှား​ပစ်​မည်​။ ကြွင်းကျန်ရစ်​သော​ဖိလိတ္တိ​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဧကြုန်​မြို့​ကို ငါ​ကိုယ်တိုင် ဖျက်ဆီး​ပစ်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​က “​တိုင်ရာ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ဖွဲ့​သော​ပဋိညာဉ်​ကို မ​အောက်မေ့​ဘဲ ပြည်သူ​တစ်ရပ်လုံး​ကို ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 10,
      "text": "ထို့ကြောင့် ငါ​သည် တိုင်ရာ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 11,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 12,
      "text": "ထို့ကြောင့် ငါ​သည် တေမန်​မြို့​အပေါ် မီး​ကို​လွှတ်​၍ ဗောဇရ​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 13,
      "text": "တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 14,
      "text": "ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 15,
      "text": "သူ​တို့​၏​ရှင်ဘုရင်​နှင့် မှူးမတ်​တို့​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 1,
      "text": "တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​မောဘ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​သည် ဧဒုံ​ဘုရင်​၏​အရိုးစု​ကို မီးရှို့​ပြာချ​ပစ်​လေ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 2,
      "text": "ထို့ကြောင့် ငါ​သည် မောဘ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ကေရုတ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ မောဘ​ပြည်​သည် မြည်ဟည်းသံ​များ​၊ ကြွေးကြော်သံ​များ​၊ တံပိုးမှုတ်သံ​များ​ကြား​တွင်​ပင် ကျဆုံး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 3,
      "text": "အုပ်စိုး​သူ​ကို ထို​ပြည်​ထဲ​မှ ဖယ်ရှား​ပစ်​မည်​။ သူ​နှင့်အတူ မှူးမတ်​အားလုံး​ကို​လည်း ငါ​ကွပ်မျက်​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 4,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ယုဒ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရားတော်​ကို စွန့်ပယ်​ကြ​ပြီး ပြဋ္ဌာန်းချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ကြ​။ သူ​တို့​၏​ဘိုးဘေး​တို့​လိုက်လျှောက်​ခဲ့​သည့်​အတိုင်း လိုက်လျှောက်​ကြ​၏​။ သူ​တို့​သည် လိမ်လည်မှု​များ​အားဖြင့် လမ်းလွဲ​ကြ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 5,
      "text": "ထို့ကြောင့် ငါ​သည် ယုဒ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ဂျေရုဆလင်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ငွေ​အတွက် ဖြောင့်မတ်​သော​သူ​ကို ရောင်းစား​၏​။ ဖိနပ်​တစ်ရံ​အတွက် နွမ်းပါး​သူ​ကို ရောင်းစား​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 7,
      "text": "ဆင်းရဲသား​တို့​၏​ခေါင်း​ကို မြေမှုန့်​၌​နင်းချေ​ပြီး စိတ်နှိမ့်ချ​သော​သူ​တို့ လျှောက်​သော​လမ်း​ကို ကာဆီး​ကြ​ပြီ​။ သား​အဖ​နှစ်​ယောက်​က မိန်းမ​တစ်ယောက်တည်း​နှင့်​ပေါင်းဖော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို ညစ်ညူး​စေ​လေ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 8,
      "text": "ယဇ်ပလ္လင်​ရှိသမျှ​တို့​၏​အနီး​တွင် အပေါင်ခံ​အဝတ်​များ​ကို ခင်း​၍ လဲလျောင်း​နေ​တတ်​ကြ​၏​။ ဒဏ်ကြေး​ကောက်​သော​ငွေ​များ​ဖြင့် စပျစ်ဝိုင်​ဝယ်​၍ သူ​တို့​ဘုရား​ဝတ်ကျောင်း​တွင် သောက်​တတ်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 9,
      "text": "သို့သော် သစ်ကတိုးပင်​မြင့်​သကဲ့သို့​မြင့်​၍ ဝက်သစ်ချပင်​ကဲ့သို့​သန်မာ​သော အာမောရိ​လူမျိုး​တို့​ကို အပင်​ပေါ်​ရှိ​အသီး​များ​သာမက မြေ​အောက်​ရှိ​အမြစ်​များ​ပါ​မကျန် ဖျက်ဆီး​သကဲ့သို့ သူ​တို့​ရှေ့​တွင်​ပင် ငါ​ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်း​ပစ်​ခဲ့​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 10,
      "text": "သင်​တို့​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ အာမောရိ​ပြည်​ကို ပိုင်ဆိုင်​ရန်​အတွက် သင်​တို့​အား တောကန္တာရ​တွင် အနှစ်​လေးဆယ်​ပို့ဆောင်​ပေး​ခဲ့​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 11,
      "text": "ထို့ပြင် သင်​တို့​၏​သား​အချို့​ကို ပရောဖက်​အဖြစ်​၊ လူငယ်​အချို့​ကို နာဇရိလူ​အဖြစ် ငါ​ခန့်ထား​ခဲ့​၏​။ အို အစ္စရေး​အမျိုးသား​တို့​၊ ထိုသို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 12,
      "text": "“သို့သော် သင်​တို့​သည် နာဇရိလူ​တို့​ကို​စပျစ်ဝိုင်​တိုက်​၍ ပရောဖက်​တို့​ကို​လည်း ‘ပရောဖက်ပြု​မ​ဟောပြော​နှင့်’​ဟု အမိန့်ပေး​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ လှည်း​သည် ကောက်လှိုင်း​အပြည့်​နှင့် အဖိ​ခံရ​သကဲ့သို့ သင်​တို့​ကို ငါ​ဖိချ​မည်​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 14,
      "text": "အပြေးမြန်​သူ​လည်း မပြေး​နိုင်​။ သန်မာ​သူ​လည်း ခွန်အား​မ​ထုတ်​နိုင်​။ စစ်သူရဲ​လည်း သူ့​အသက် သူ​မ​ကယ်​နိုင်​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 15,
      "text": "လေးသမား​လည်း မ​ထ​နိုင်​။ ခြေလျင်သမား​လည်း ထွက်​မ​ပြေး​နိုင်​။ မြင်းစီးသူရဲ​လည်း သူ့​အသက် သူ​မ​ကယ်​နိုင်​။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 16,
      "text": "အရဲရင့်​ဆုံး​စစ်သူရဲ​တို့​ပင် ထို​နေ့​၌ အဝတ်မပါ​ဘဲ ထွက်ပြေး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 1,
      "text": "အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​နှင့် သင်​တို့​မျိုးနွယ်စု​အပေါင်း​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ခဲ့​သော​ထာဝရဘုရား​က သင်​တို့​အား ဆန့်ကျင်​၍ မိန့်​တော်မူ​သော​စကား​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 2,
      "text": "“မြေကြီး​ပေါ်ရှိ​လူသား​မျိုးနွယ်​တို့​တွင် သင်​တို့​တစ်မျိုးနွယ်တည်း​ကို​သာ ငါ​သိမှတ်​သည်​ဖြစ်၍ သင်​တို့​အပြစ်​ရှိသမျှ​ကို ငါ​စစ်ကြော​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 3,
      "text": "လူ​နှစ်​ဦး​သည် ချိန်းချက်​မ​ထား​ဘဲ အတူ​ခရီးသွား​နိုင်​မည်လော​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 4,
      "text": "ခြင်္သေ့​သည် သားကောင်​မ​တွေ့​ဘဲ တော​ထဲတွင် ဟိန်း​နေ​မည်လော​။ ခြင်္သေ့ပျို​သည် မည်သည့်​သားကောင်​မှ မ​ဖမ်းမိ​ဘဲ တွင်း​ထဲတွင်​မာန်ဖီ​နေ​မည်လော​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 5,
      "text": "မြေ​ပေါ်မှာ ထောင်ချောက်​မ​ထောင်​ဘဲ ငှက်​ကို​မိ​မည်လော​။ မည်သည့်​သားကောင်​မှ မ​မိ​ဘဲ ကျော့ကွင်း​သည် မြေ​ပေါ်မှ​မြောက်တက်​သွား​မည်လော​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 6,
      "text": "မြို့​ထဲတွင် တံပိုးမှုတ်သံ​ကြား​သောအခါ လူ​တို့ မ​ထိတ်လန့်​ဘဲ နေ​မည်လော​။ ထာဝရဘုရား​ပြု​တော်​မ​မူ​ဘဲ မြို့​ထဲတွင် ဘေးအန္တရာယ်​ကျရောက်​နိုင်​မည်လော​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 7,
      "text": "စင်စစ် ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​အကြံအစည်​တော်​ကို အစေအပါး​ပရောဖက်​တို့​အား မ​ဖွင့်ပြ​ဘဲ မည်သည့်​အမှု​ကို​မျှ ပြု​တော်​မ​မူ​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 8,
      "text": "ခြင်္သေ့​ဟိန်းဟောက်​သောအခါ မ​ကြောက်​သော​သူ ရှိ​သလော​။ ဘုရားရှင်​ထာဝရဘုရား​မိန့်ဆို​သောအခါ ပရောဖက်​မ​ပြု​ဘဲ နေ​ဝံ့​သူ ရှိ​သလော​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 9,
      "text": "အာဇုတ်​မြို့​ခံတပ်​များ​နှင့် အီဂျစ်​ပြည်​ခံတပ်​များ​တွင် ကြွေးကြော်​လော့​။ “ရှမာရိ​တောင်​ပေါ်မှာ စုဝေး​၍ မြို့​ထဲ​တွင် ဝရုန်းသုန်းကားမှု​ကြီး​ဖြစ်​နေ​သည်​ကို​၊ ညှဉ်းပန်းနှိပ်စက်မှု​ဖြစ်​နေ​သည်​ကို ကြည့်​ကြ​လော့​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 10,
      "text": "စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 11,
      "text": "ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “ရန်သူ​သည် သင့်​ပြည်​ကို ဝိုင်းရံ​၍ သင်​၏​အားအင်​ကို ယုတ်လျော့​စေ​မည်​။ သင်​၏​ခံတပ်​များ​ကို​လည်း သိမ်းပိုက်​လိမ့်မည်”​ဟု မိန့်ဆို​တော်မူ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 12,
      "text": "တစ်ဖန် ထာဝရဘုရား​က “သိုးထိန်း​သည် ခြင်္သေ့​ခံတွင်း​မှ ခြေ​နှစ်​ချောင်း​၊ နားရွက်​တစ်ပိုင်း​ကို​သာ နုတ်ယူ​နိုင်​သကဲ့သို့ ရှမာရိ​မြို့​ခုတင်​စွန်း​၊ ဒမတ်စကပ်​ညောင်စောင်း​တွင်​ထိုင်​သော အစ္စရေး​အမျိုးသား​တို့​သာ ကယ်နုတ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 13,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​က “နားထောင်​လော့​၊ ယာကုပ်​အမျိုးအနွယ်​တို့​ကို ဆန့်ကျင်​၍ သက်သေထွက်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 14,
      "text": "“စင်စစ် အစ္စရေး​လူမျိုး​တို့​ကျူးလွန်​သော​အပြစ်​များ​ကို စီရင်​သော​နေ့​တွင် ဗေသလ​ယဇ်ပလ္လင်​တို့​ကို ငါ​စီရင်​မည်​။ ယဇ်ပလ္လင်​ချို​တို့​ကို​ချိုး​ပစ်​သဖြင့် မြေ​ပေါ်သို့​ကျ​ကြ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 15,
      "text": "ဆောင်းရာသီ​စံအိမ်​၊ နွေရာသီ​စံအိမ်​တို့​ကို ငါ​ဖြိုဖျက်​ပစ်​မည်​။ ဆင်စွယ်​အိမ်​များ​ကို​လည်း​ဖျက်ဆီး​သဖြင့် ခမ်းနားထည်ဝါ​သော​စံအိမ်​များ ပျက်စီး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 1,
      "text": "ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 2,
      "text": "ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို တိုင်တည်ကျိန်ဆို​၍ “​ကြည့်ရှု​လော့​။ သင်​တို့​ကို ချိတ်​များ​ဖြင့်​လည်းကောင်း​၊ ကြွင်းကျန်သူ​တို့​ကို ငါးမျှားချိတ်​များ​ဖြင့်​လည်းကောင်း ဖမ်းခေါ်​သွား​သော​နေ့ ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 3,
      "text": "သင်​တို့​အသီးသီး​သည် မြို့ရိုးပျက်​အပေါက်​များ​မှတစ်ဆင့် အရှေ့​တည့်တည့် ဟာမုန်​အရပ်​သို့ နှင်ထုတ်​ခြင်း​ခံရ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 4,
      "text": "“ဗေသလ​မြို့​သို့​သွား​ပြီး အပြစ်​ပြု​ကြ​။ ဂိလဂါလ​မြို့​သို့​သွား​ပြီး အပြစ်​များစွာ​ပြု​ကြ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို နံနက်တိုင်း​ယူလာ​ကြ​။ ဆယ်ဖို့တစ်ဖို့​ကို သုံး​ရက်​တစ်ကြိမ် ယူလာ​ကြ​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 5,
      "text": "တဆေးပါသောမုန့်​ကို ကျေးဇူးတော်​ချီးမွမ်း​ရာ​ယဇ်​အနေ​နှင့် ပူဇော်​ကြ​။ စေတနာ​အလျောက်​ပူဇော်သက္ကာ​ကို​လည်း လူ​တကာ​သိ​အောင်​ကြွေးကြော်​လှူဒါန်း​ကြ​။ အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့ ဤသို့​ပြု​ရ​သည်​ကို နှစ်သက်​ကြ​၏”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​က “သင်​တို့​မြို့ရွာ​တိုင်း​ရှိ​လူ​တို့​၏​သွား​ကို စင်ကြယ်​စေ​၏​။ နေရာ​တိုင်း​တွင် အစာရေစာ​ပြတ်လပ်​စေ​၏​။ ဤသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 7,
      "text": "“ငါ​သည် ရိတ်သိမ်း​ချိန်​မ​ရောက်​မီ​သုံး​လ​အတွင်း သင်​တို့​အတွက် မိုး​ကို​မ​ရွာ​စေ​ခဲ့​။ တစ်​မြို့​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​မြို့​တွင် မိုးခေါင်​စေ​၏​။ လယ်မြေ​တစ်​ကွက်​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​ကွက်​တွင် မိုးခေါင်​၍ ခြောက်သွေ့​စေ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 8,
      "text": "မြို့​နှစ်​မြို့​သုံး​မြို့​မှ​လူ​တို့​သည် ရေ​သောက်​ရန် မြို့​တစ်​မြို့​သို့​သွား​သော်လည်း ရေ​ကို အလုံအလောက်​မ​သောက်​ရ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 9,
      "text": "“လောင်မီးပိုး​ကျ​ပြီး မှိုရောဂါစွဲ​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​ပြီ​။ များပြား​လှ​သော သင်​တို့ ဥယျာဉ်​များ​၊ စပျစ်ပင်​များ​၊ သဖန်းပင်​များ​၊ သံလွင်ပင်​များ​ကို​လည်း ဂါဇံကျိုင်း​တို့ ဝါးမျို​လေ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံ​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 10,
      "text": "“အီဂျစ်​ပြည်​အပေါ် ကပ်ရောဂါ​ဘေး​ကျရောက်​စေ​ခဲ့​သည့်​နည်းတူ သင်​တို့​၌ ငါ​ဖြစ်​စေ​၏​။ လူပျို​တို့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီး မြင်း​တို့​ကို​လည်း ဖမ်းသွား​ခြင်း​ခံရ​စေ​ပြီ​။ တပ်စခန်း​ထဲတွင် အပုပ်နံ့​လျှံ​စေ​၍ သင်​တို့​လည်း ရှူ​ကြ​ရ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 11,
      "text": "“သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​ကို ဘုရားသခင် ဖျက်ဆီး​ပစ်​သကဲ့သို့ သင်​တို့​ကို ငါ​ဖျက်ဆီး​ပစ်​၏​။ သင်​တို့​သည် မီး​ထဲမှ ဆွဲထုတ်​လိုက်​သော​ထင်းစ​ကဲ့သို့​ဖြစ်​ခဲ့​ရ​၏​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 12,
      "text": "“သို့ဖြစ်၍ အစ္စရေး​လူမျိုး​တို့​၊ ထိုသို့ သင်​တို့​ကို​ငါ​စီရင်​မည်​။ ထိုသို့ သင်​တို့​ကို​ငါ​စီရင်​မည်​ဖြစ်၍ အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​၏​ဘုရားသခင်​ကို ရင်ဆိုင်​ရန် အသင့်ပြင်​ကြ​လော့​။”"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ တောင်​တို့​ကို ပုံဖော်​၍ လေ​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၊ လူ​၏​အတွေး​ကို လူ​အား သိမြင်​စေ​သော​အရှင်​၊ အရုဏ်ဦး​ကို အမှောင်​ကျ​စေ​ပြီး မြေကြီး​ပေါ်ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​သော​အရှင်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 1,
      "text": "အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​အကြောင်း​ကို ငါ​ငိုချင်းဖွဲ့​သီဆို​မည်​။ ဤ​အကြောင်း​ကို သင်​တို့ နားထောင်​ကြ​လော့​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 2,
      "text": "အစ္စရေး​အပျိုကညာ​သည် ပြန်​မ​ထ​နိုင်​အောင် လဲကျ​လေ​ပြီ​။ နေရင်းပြည်​တွင် စွန့်ပစ်​ခြင်း​ခံရ​ပြီ​။ သူ့​ကို​ထူမ​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 3,
      "text": "အကြောင်းမူကား ဘုရားရှင်​ထာဝရဘုရား​က “အစ္စရေး​အမျိုးအနွယ်​တွင် မြို့​တစ်​မြို့​မှ လူ​တစ်ထောင်​ချီတက်​လျှင် လူ​တစ်ရာ​သာ ကျန်​မည်​။ လူ​တစ်ရာ​ချီတက်​လျှင် လူ​ဆယ်​ယောက်​သာ ကျန်​မည်”​ဟု မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 4,
      "text": "ထာဝရဘုရား​က အစ္စရေး​အမျိုးအနွယ်​အား “အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ငါ့​ကို​ရှာ​ကြ​လော့​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 5,
      "text": "ဗေသလ​မြို့​ကို မ​ရှာ​ကြ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​ကြ​နှင့်​။ ဗေရရှေဘ​မြို့​သို့ ဖြတ်သန်းသွားလာ​ခြင်း မ​ပြု​ကြ​နှင့်​။ အကြောင်းမူကား ဂိလဂါလ​မြို့​သည် အမှန်ပင် သိမ်းပိုက်​ခံရ​မည်​။ ဗေသလ​မြို့​သည် ဘာမျှ​မ​ဟုတ်​သော​မြို့​ဖြစ်​မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 6,
      "text": "အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ သို့မဟုတ်လျှင် ယောသပ်​အမျိုးအနွယ်​ကို ရုတ်ချည်း​မီး​လောင်​၍ ငြှိမ်းသတ်​မည့်​သူ​မ​ရှိ​ဘဲ ဗေသလ​မြို့​ကို ဝါးမျို​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 7,
      "text": "သင်​တို့​သည် တရားမျှတမှု​ကို ခါးသီး​စေ​၍ ဖြောင့်မတ်​ခြင်း​ကို မြေ​ပေါ်​ချထား​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 8,
      "text": "ခုနစ်စင်ကြယ်​နှင့် သရဝဏ်နက္ခတ်​တို့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၊ သေမင်းအရိပ်​ကို နံနက်အလင်း​ဖြစ်စေ​သော​အရှင်​၊ နေ့​ကို ည​အမှောင်​ဖြစ်စေ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး ထို​ရေ​တို့​ကို မြေ​မျက်နှာပြင်​ပေါ်​လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 9,
      "text": "ထို​အရှင်​သည် အားကြီး​သော​သူ​ကို ရုတ်ချည်း​ဖျက်ဆီး​သဖြင့် ခံတပ်​မြို့​သည် ပျက်စီး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 10,
      "text": "သူ​တို့​သည် မြို့​တံခါး​ရှိ ဆုံးမ​ပေး​တတ်​သော​သူ​ကို မုန်း​၍ အမှန်တရား​ပြောဆို​သူ​အား စက်ဆုပ်ရွံရှာ​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 11,
      "text": "သင်​တို့​သည် ဆင်းရဲသား​ကို ဖိနှိပ်​၍ သူ့​ထံမှ ဂျုံစပါး​အခွန်အတုတ်​ကို တောင်းခံ​ကြ​၏​။ ထို့ကြောင့် ကျောက်ဆစ်​အိမ်​များ​ကို ဆောက်​သော်လည်း ထို​အိမ်​များ​တွင် သင်​တို့​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​များ​ကောင်းကောင်းမွန်မွန်​စိုက်ပျိုး​သော်လည်း ထို​ခြံ​မှ​ထွက်​သော​စပျစ်ဝိုင်​ကို သောက်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 12,
      "text": "သင်​တို့​သည် အပြစ်​များစွာ​ကျူးလွန်​ပြီး အပြစ်​ကြီးလေး​ကြောင်း​ကို ငါ​သိ​၏​။ ဖြောင့်မတ်​သော​သူ​ကို ညှဉ်းဆဲ​ပြီး လာဘ်စား​၏​။ နွမ်းပါး​သူ​တို့​ကို​လည်း မြို့​တံခါးဝ​တွင် မတရားစီရင်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 13,
      "text": "ဤ​ကာလ​သည် ဆိုးညစ်​သော​ကာလ​ဖြစ်​သောကြောင့် ပညာသတိ​ရှိ​သူ​သည် နှုတ်ဆိတ်​နေ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 14,
      "text": "သင်​တို့ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း မကောင်းမှု​ကို​မ​ရှာ​၊ ကောင်းမှု​ကို​ရှာ​လော့​။ သို့ပြုလျှင် သင်​တို့​ဆို​သည့်​အတိုင်း ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 15,
      "text": "မကောင်းမှု​ကို မုန်း​၍ ကောင်းမှု​ကို မြတ်နိုး​လော့​။ မြို့​တံခါး​တွင် တရားမျှတမှု ရှိ​စေ​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​ယောသပ်​အမျိုး​ကို သနား​ကောင်း သနား​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 16,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​လမ်းဆုံလမ်းခွ​၌ ငိုကြွေး​ကြ​လိမ့်မည်​။ လူစည်ကား​ရာ​နေရာ​ရှိသမျှ​၌ ‘​အလိုလေး​၊ အလိုလေး​’​ဟု အော်ဟစ်​ကြ​လိမ့်မည်​။ ငိုကြွေးမြည်တမ်း​ရန် လယ်သမား​တို့​ကို ခေါ်​ကြ​လိမ့်မည်​။ ငိုချင်းချ​ရန် ငိုချင်းသည်​တို့​ကို ခေါ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 17,
      "text": "စပျစ်ခြံ​ရှိသမျှ​တို့​၌​လည်း ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​အလယ်​၌ ဖြတ်သွား​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 18,
      "text": "ထာဝရဘုရား​၏​နေ့​တော်​ကို စောင့်မျှော်​သော​သူ​တို့​သည် အမင်္ဂလာ ရှိ​ကြ​၏​။ ထာဝရဘုရား​၏​နေ့​တော်​ကို အဘယ်ကြောင့် သင်​တို့ စောင့်မျှော်​သနည်း​။ ထို​နေ့​သည် အလင်း​မ​ဟုတ်​၊ အမှောင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 19,
      "text": "လူ​သည် ခြင်္သေ့​ထံ​မှ​ပြေးလွတ်​သော်လည်း ဝက်ဝံ​နှင့် ပက်ပင်းတိုး​သကဲ့သို့​လည်းကောင်း​၊ အိမ်​ထဲသို့​ဝင်​၍ နံရံ​ကို လက်​နှင့်​ထောက်​လိုက်​စဉ် မြွေ​ကိုက်​ခံရ​သကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 20,
      "text": "ထာဝရဘုရား​၏​နေ့​တော်​သည် အလင်း​မ​ရှိ​၊ အမှောင်ကျ​သော​နေ့ ဖြစ်​မည်​မ​ဟုတ်​လော​။ လင်းရောင်ခြည်​မ​ရှိ​၊ မှောင်ပိန်း​သော​နေ့ ဖြစ်​မည်​မ​ဟုတ်​လော​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 21,
      "text": "“သင်​တို့​ကျင်းပ​သော​ပွဲ​များ​ကို ငါ​မုန်း​၏​။ ငါ​ရွံရှာ​၏​။ သင်​တို့​ပြု​သော​ဓမ္မစည်းဝေးပွဲ​များ​ကို​လည်း ငါ​မ​နှစ်သက်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 22,
      "text": "သင်​တို့​ပူဇော်​သော မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဆူဖြိုး​သော​ယဇ်ကောင်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လျှင်​လည်း ငါ​အရေးစိုက်​မည်​မ​ဟုတ်​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 23,
      "text": "သင်​၏​သီချင်း​သံ​များ​ကို ငါ့​ထံမှ ဖယ်ရှား​လော့​။ သင်​၏​စောင်း​သံ​ကို​လည်း ငါ​နား​မ​ထောင်​လို​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 24,
      "text": "တရားမျှတ​ခြင်း​ကို မြစ်ရေ​သဖွယ် စီးဆင်း​စေ​လော့​။ ဖြောင့်မတ်​ခြင်း​ကို​လည်း ချောင်းရေ​သဖွယ် အစဉ်​စီးဆင်း​စေ​လော့​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 25,
      "text": "အို အစ္စရေး​အမျိုးအနွယ်​တို့​၊ တောကန္တာရ​ထဲ၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​နေစဉ် ငါ့​ထံ ယဇ်ကောင်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို သင်​တို့ ပူဇော်​ဖူး​သလော​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 26,
      "text": "သင်​တို့​သည် သင်​တို့​ဘုရင်​၏​စက္ကုတ်​နှင့် ခိအုန်​ရုပ်တု​များ​၊ သင်​တို့​ကိုးကွယ်​ရန် ကိုယ်တိုင်​လုပ်​သော​ကြယ်​နတ်ဘုရား​များ​ကို​လည်း သယ်ဆောင်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 27,
      "text": "ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဒမတ်စကပ်​မြို့​နှင့်​ဝေး​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​စေ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ဟူ၍ နာမ​တော်​ရှိ​တော်မူ​သော​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 1,
      "text": "အစ္စရေး​အမျိုးအနွယ်​တို့ လာရောက်​ခစား​ရ​သူ​၊ လူမျိုးတကာ​တို့​တွင် ထင်ပေါ်ကျော်ကြား​သော​သူ​များ​ဖြစ်​သော ဇိအုန်​မြို့​တွင် ဇိမ်ခံ​နေ​သူ​၊ ရှမာရိ​တောင်​ပေါ်တွင် စိတ်အေးလက်အေး​နေထိုင်​သူ​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 2,
      "text": "ကာလနေ​မြို့​သို့ သွား​လော့​။ ထိုမှ ဟာမတ်​မြို့ကြီး​သို့ သွား​ပြီး ဖိလိတ္တိ​ပြည်​၊ ဂါသ​မြို့​အထိ ဆင်းသွား​၍​ကြည့်​ကြ​လော့​။ ဤ​ပြည်​တို့​သည် သင်​တို့​၏​ပြည်​ထက် သာ၍​ကောင်း​သလော​။ သူ​တို့​၏​နယ်မြေ​သည် သင်​တို့​၏​နယ်မြေ​ထက် သာ၍​ကျယ်ပြန့်​သလော​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 3,
      "text": "သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 4,
      "text": "သင်​တို့​သည် ဆင်စွယ်​ခုတင်​တွင် အိပ်​လျက်​၊ ညောင်စောင်း​ပေါ်တွင် လဲလျောင်း​လျက်​၊ သိုးအုပ်​ထဲမှ​သိုးသငယ်​များ​နှင့် တင်းကုပ်​ထဲ​မှ​နွားသငယ်​များ​ကို သတ်စား​လျက်​၊"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 5,
      "text": "စောင်းပြား​တီး​ပြီး သီချင်းဆို​လျက်​၊ ဒါဝိဒ်​ကဲ့သို့ သီချင်း​ရေးစပ်​လျက်​၊"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 6,
      "text": "ယောသပ်​အမျိုး​ပျက်စီး​သွား​သည်​ကို ဝမ်း​မ​နည်း​ဘဲ အကောင်းဆုံး​ဆီမွှေး​ကို​လိမ်းကျံ​ပြီး စပျစ်ဝိုင်​ကို ဖလား​လိုက်​သောက်​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 7,
      "text": "ထို့ကြောင့် ယခု သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​တွင် ထိပ်ဆုံး​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​ပျော်ပါး​ခဲ့​သော​ပွဲ​များ​သည်​လည်း အဆုံးသတ်​ရ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 8,
      "text": "ဘုရားရှင်​ထာဝရဘုရား​သည် မိမိကိုယ်ကို​တိုင်တည်ကျိန်ဆို​တော်မူ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​က “ယာကုပ်​၏​မာန​ကို ငါ​ရွံရှာ​၏​။ သူ​၏​ခံတပ်​များ​ကို​လည်း ငါ​မုန်း​၏​။ ထို့ကြောင့် မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​ကို ရန်သူ​လက်​သို့​အပ်ပစ်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 9,
      "text": "အိမ်​တစ်​အိမ်​တွင် လူ​ဆယ်​ယောက်​ကျန်​လျှင် အားလုံး​သေ​ရ​မည်​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 10,
      "text": "သေဆုံးသူ​နှင့်​ဆွေမျိုး​တော်​သည့် အလောင်း​မီးသင်္ဂြိုဟ်​သူ​က အရိုး​တို့​ကို အိမ်​မှ ထုတ်ယူ​လာ​ပြီး အိမ်​ထဲရှိ​သူ​အား “​အထဲ​မှာ လူ​ကျန်​သေး​သလော​”​ဟု မေး​လျှင် ထို​သူ​က “​မကျန်​ပါ​”​ဟု ဆို​၏​။ ထို့နောက် သူ​က “​တိတ်တိတ်နေ​ပါ​။ ထာဝရဘုရား​၏​နာမ​ကို ဖွင့်ဟ​မ​ပြောဆို​ရ​”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 11,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​အမိန့်​တော်​ရှိ​၏​။ အိမ်ကြီးအိမ်ကောင်း​များ အပိုင်းပိုင်း​ပြတ်​လိမ့်မည်​။ အိမ်​ငယ်​များ​လည်း တစ်စစီ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 12,
      "text": "မြင်း​တို့​သည် ကျောက်ဆောင်​ပေါ်တွင် ပြေး​တတ်​သလော​။ နွား​ဖြင့်​ယှဉ်​၍ ထွန်ယက်​တတ်​သလော​။ သင်​တို့​သည် တရားမျှတ​ခြင်း​ကို အဆိပ်​ဖြစ်​စေ​ပြီ​။ ဖြောင့်မတ်​ခြင်း​၏​အသီး​ကို​လည်း ခါးသီး​စေ​ပြီ​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 13,
      "text": "“​ငါ​တို့​အင်အား​ဖြင့် ကာနိမ် ​မြို့​ကို ငါ​တို့​သိမ်းယူ​နိုင်​ပြီ​”​ဟု ဆို​လျက် လောဒေဗာ ​မြို့​တွင် သင်​တို့​ဝမ်းမြောက်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 14,
      "text": "“အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ကြည့်ရှု​လော့​။ သင်​တို့​ကို ဆန့်ကျင်​မည့်​လူမျိုး​တစ်​မျိုး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ​တို့​သည် သင်​တို့​ကို လီဘို​ဟာမတ်​မြို့​မှ အရာဗ​လွင်ပြင်​တိုင်အောင် လိုက်လံညှဉ်းဆဲ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 1,
      "text": "ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ကောက်နှောင်း​ပေါ်စအချိန်​တွင် ကိုယ်တော်​သည် နှံကောင်အုပ်​ကြီး​ကို လွှတ်လိုက်​တော်မူ​၏​။ ဤ​အချိန်​သည် ရှင်ဘုရင်​အဖို့ ကောက်ရိတ်​ပြီး ကောက်နှောင်း​ပေါ်ချိန်​ဖြစ်​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 2,
      "text": "နှံကောင်​တို့​သည် မြေ​ပေါ်​ရှိ​အပင်​များ​ကို စား​ပြီးနောက် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ယခု ခွင့်လွှတ်​တော်မူ​ပါ​။ ယာကုပ်​သည် နုနယ်သေး​သည်​ဖြစ်၍ မည်သို့ ခံ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 3,
      "text": "ထိုအခါ ထာဝရဘုရား​သည် ဤ​အမှု​အတွက် စိတ်​တော်​ပြောင်း​၍ “​ထိုသို့ မ​ဖြစ်စေ​တော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 4,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တရားစီရင်​ရန် မီး​ကို​ဆင့်ခေါ်​ရာ မီး​သည် ကျယ်ပြန့်​နက်ရှိုင်း​သော​ရေထု​ကို ဝါးမျို​ပြီးလျှင် မြေကြီး​ကို​လည်း ဝါးမျို​လေ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 5,
      "text": "ထိုအခါ ငါ​က “အို ဘုရားရှင်​ထာဝရဘုရား​၊ ထိုသို့ မပြု​ပါ​နှင့်​။ ယာကုပ်​သည် နုနယ်သေး​သည်​ဖြစ်၍ မည်သို့​ခံ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်ဆို​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 6,
      "text": "ထိုအခါ ထာဝရဘုရား​သည် ဤ​အမှု​အတွက် စိတ်​တော်​ပြောင်း​၍ “​ထိုသို့ မ​ဖြစ်စေ​တော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 7,
      "text": "တစ်ဖန် ငါ့​အား ဤသို့ မြင်​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဘုရားရှင်​သည် ချိန်ကြိုး​ကို​ကိုင်​လျက် ချိန်ကြိုး​ဖြင့်​တိုင်းတာ​ဆောက်လုပ်​ထား​သော မြို့ရိုး​ပေါ်တွင်​ရပ်​နေ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 8,
      "text": "ထာဝရဘုရား​က ငါ့​အား “အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း”​ဟု မေး​တော်မူ​လျှင် ငါ​က “ချိန်ကြိုး​ကို မြင်​ပါ​သည်”​ဟု လျှောက်​၏​။ ထိုအခါ ဘုရားရှင်​က “ကြည့်ရှု​လော့​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အလယ်​တွင် ချိန်ကြိုး​ကို ငါ​ချ​မည်​။ သူ​တို့​ကို နောက်တစ်ဖန် အလွတ်​ပေး​မည် မ​ဟုတ်​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 9,
      "text": "ဣဇက်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်းရာဌာန​တို့​သည်​လည်း တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​။ ငါ​သည် ယေရောဗောင်​အမျိုး​ကို ဓား​ဖြင့်​တိုက်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 10,
      "text": "ထိုအခါ ဗေသလ​မြို့​ရှိ ယဇ်ပုရောဟိတ်​အာမဇိ​က အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “အာမုတ်​သည် အစ္စရေး​အမျိုး​တို့​အလယ်​တွင် အရှင်မင်းကြီး​ကို လျှို့ဝှက်ကြံစည်​နေ​ပါ​ပြီ​။ ပြည်​တော်​သည် သူ့​စကား​အလုံးစုံ​တို့​ကို ခံ​နိုင်​မည်​မ​ဟုတ်​ပါ​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 11,
      "text": "အကြောင်းမူကား အာမုတ်​က ‘​ယေရောဗောင်​မင်းကြီး​သည် ဓား​ဖြင့်​သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည် နေရင်းပြည်​မှ အမှန်ပင်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ ဟောပြော​ပါ​သည်”​ဟု လျှောက်ဆို​စေ​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 12,
      "text": "ထို့ပြင် အာမဇိ​က အာမုတ်​အား “​အို ဗျာဒိတ်​ရ​သူ​၊ ယုဒ​ပြည်​သို့ ပြန်ပြေး​လော့​။ ထို​ပြည်​တွင် ပရောဖက်ပြု​၍ အသက်မွေး​လော့​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 13,
      "text": "ဗေသလ​မြို့​တွင် ပရောဖက်​မ​ပြု​တော့​နှင့်​။ အကြောင်းမူကား ဤ​မြို့​သည် ရှင်ဘုရင်​၏​သန့်ရှင်း​ရာ​မြို့​၊ မင်းနေပြည်တော်​မြို့​ဖြစ်​၏​”​ဟု ဆို​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 14,
      "text": "အာမုတ်​က​လည်း အာမဇိ​အား “​ငါ​သည် ပရောဖက်​မ​ဟုတ်​၊ ပရောဖက်​၏​သား​လည်း​မ​ဟုတ်​။ ငါ​သည် သိုး​များ​ကို ထိန်းကျောင်းသူ​၊ သင်္ဘောသဖန်းပင်​များ​ကို စိုက်ပျိုး​ပြုစု​သူ​ဖြစ်​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 15,
      "text": "သို့သော် ထာဝရဘုရား​သည် ငါ့​ကို သိုးကျောင်း​ရာ​မှ ခေါ်ထုတ်​ပြီးလျှင် ထာဝရဘုရား​က ‘ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အား သွား​၍​ပရောဖက်ပြု​ဟောပြော​လော့’​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 16,
      "text": "ထို့ကြောင့် ယခု ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ သင်​က ‘အစ္စရေး​လူမျိုး​ကို ဆန့်ကျင်​၍ ပရောဖက်​မ​ပြု​နှင့်​၊ ဣဇက်​အမျိုးအနွယ်​ကို ဆန့်ကျင်​၍ မ​ဟောပြော​နှင့်​’​ဟု ဆို​၏​။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 17,
      "text": "သို့သော် ထာဝရဘုရား​က ‘​သင့်​မယား​သည် မြို့​ထဲတွင် ပြည့်တန်ဆာမ ဖြစ်​မည်​။ သင့်​သား​သမီး​တို့​သည် ဓား​ဖြင့်​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သင်​၏​မြေ​ကို​လည်း ကြိုး​ဖြင့်​တိုင်းတာ​ခွဲဝေ​ယူ​ကြ​လိမ့်မည်​။ သင်​သည်​လည်း မစင်ကြယ်​သော​ပြည်​တွင် သေ​ရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည်​လည်း နေရင်းပြည်​မှ သုံ့ပန်း​အဖြစ် မုချ​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ပြန်ပြော​လေ​၏​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 1,
      "text": "တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ငါ့​အား ဤသို့ မြင်​စေ​တော်မူ​ပြန်​၏​။ ကြည့်ရှု​လော့​။ နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​တစ်​လုံး​ကို ငါ​မြင်​၏​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 2,
      "text": "ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 3,
      "text": "“ထို​နေ့​တွင် ဗိမာန်တော်​ထဲမှ သီချင်းသံ​တို့​သည် ညည်းတွားငိုကြွေးသံ ဖြစ်​ရ​လိမ့်မည်​။ အလောင်းကောင်​တို့​သည် နေရာ​တိုင်း​တွင် တိတ်တဆိတ်​လွှင့်ပစ်​ခြင်း ခံရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 4,
      "text": "နွမ်းပါး​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ပြီး တိုင်းပြည်​ရှိ​ဆင်းရဲသား​တို့​ကို ဖယ်ရှား​ပစ်​သော​သူ​တို့​၊ နားထောင်​ကြ​လော့​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 5,
      "text": "သင်​တို့​က “လဆန်းပွဲနေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ငါ​တို့ စားနပ်ရိက္ခာ​ရောင်း​လို​လှ​ပြီ​။ ဥပုသ်နေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ဂျုံစပါး​ဈေး ဖွင့်​လို​လှ​ပြီ​။ ဧဖာ ​တောင်း​ငယ်​၊ ရှယ်ကယ် ​အလေးကြီး​နှင့် ချိန်ခွင်လျှာ​ကို ကိုယ့်ဘက်သာအောင် လုပ်​ကြ​မည်​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 6,
      "text": "ဆင်းရဲသား​တို့​ကို ငွေ​ဖြင့်​၊ နွမ်းပါး​သူ​တို့​ကို ဖိနပ်​တစ်​ရံ​ဖြင့် ကုန်သွယ်​ကြ​မည်​။ ဂျုံစပါး​အဖျင်း​ကို ရောင်းစား​မည်”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ယာကုပ်​၏​မာန​ကြောင့် ဤသို့ ကျိန်ဆို​တော်မူ​ပြီ​။ “သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ ဘယ်တော့မှ​မ​မေ့​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 8,
      "text": "ထို​အကြောင်း​ကြောင့် ပြည်​သည် ထိတ်လန့်တုန်လှုပ်​၍ ပြည်သား​တို့​လည်း ငိုကြွေးမြည်တမ်း​ရ​မည် မ​ဟုတ်​လော​။ တစ်ပြည်လုံး​သည် နိုင်း​မြစ်​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ လှုပ်ခါ​၍ ပြန်​ဆုတ်သွား​လိမ့်မည် မ​ဟုတ်​လော​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 9,
      "text": "ထို​နေ့ရက်​တွင် မွန်းတည့်ချိန်​၌ နေ​ဝင်​စေ​မည်​။ နေသာ​သော​နေ့​တွင် မြေကြီး​ကို မှောင်မိုက်​စေ​မည်​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 10,
      "text": "ထို့ပြင် သင်​တို့​၏​ပျော်ပွဲ​များ​ကို ငိုပွဲ​များ ဖြစ်စေ​မည်​။ သင်​တို့​၏​သီချင်း​များ​ကို ငိုချင်း ဖြစ်စေ​မည်​။ သင်​တို့​အားလုံး​ကို လျှော်တေ​ဝတ်​စေ​၍ ခေါင်းတုံး ဖြစ်စေ​မည်​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​ရ​သကဲ့သို့ ဖြစ်စေ​မည်​။ နိဂုံး​သည်​လည်း ခါးသီး​သော​နေ့ရက် ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 11,
      "text": "ဘုရားရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​သည် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​မည့်​အချိန် ရောက်လာ​မည်​။ ထို​ဘေး​သည် အစာ​ငတ်​သော​ဘေး​၊ ရေ​ငတ်​သော​ဘေး မ​ဟုတ်​။ ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို မ​ကြား​ရ​သော ငတ်မွတ်​ခြင်း​ဘေး ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 12,
      "text": "လူ​တို့​သည် ထာဝရဘုရား​၏​နှုတ်ထွက်စကား​ကို ပင်လယ်​တစ်​ခု​မှ ပင်လယ်​တစ်​ခု​သို့​၊ မြောက်အရပ်​မှ အရှေ့​အရပ်​သို့ လှည့်လည်​သွားလာ​၍ ရှာဖွေ​သော်လည်း တွေ့​မည်​မ​ဟုတ်​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 13,
      "text": "ထို​နေ့ရက်​တွင် လှပ​သော​အပျိုကညာ​များ​နှင့် လူပျို​များ ရေငတ်​သောကြောင့် အားယုတ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 14,
      "text": "‘အို ဒန်​၊ သင်​၏​ဘုရား​အသက်ရှင်​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း​၊ ‘ဗေရရှေဘ​ကျင့်စဉ်​တို့ ရှင်သန်​နေ​သည့်​အတိုင်း’​ဟူ၍​လည်းကောင်း ရှမာရိ​အပြစ်​ကို​တိုင်တည်ကျိန်ဆို​တတ်​သော​သူ​တို့​သည် နောက်တစ်ဖန် ပြန်​မ​ထ​နိုင်​အောင် ကျဆုံး​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 1,
      "text": "တစ်ဖန် ငါ​မြင်​ရ​သည်​မှာ ဘုရားရှင်​သည် ယဇ်ပလ္လင်​နား​တွင် ရပ်​နေ​တော်မူ​၏​။ ကိုယ်တော်​က “တံခါးခုံ​များ​လှုပ်ခါ​၍ လူ​အပေါင်း​တို့​ခေါင်း​ပေါ်သို့ ပြိုကျ​သည်​အထိ ခေါင်တိုင်​တို့​ကို ရိုက်ချိုး​လော့​။ ထို​ဘေး​မှ​လွတ်​၍ ကြွင်းကျန်သူ​တို့​ကို ဓား​နှင့် ငါ​ကွပ်မျက်​မည်​။ ထွက်ပြေး​သော​သူ မ​ရှိ​ရ​။ လွတ်မြောက်​သော​သူ မ​ရှိ​ရ​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 2,
      "text": "မရဏာနိုင်ငံ​တိုင်အောင် တွင်း​တူး​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ကိုယ်တိုင် ဆွဲထုတ်​မည်​။ ကောင်းကင်​တိုင်အောင် တက်သွား​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ဆွဲချ​မည်​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 3,
      "text": "ကရမေလ​တောင်ထိပ်​တွင် ပုန်းရှောင်​နေ​လျှင် သူ​တို့​ကို ရှာ​ပြီး ထို​အရပ်​မှ ငါ​ဖမ်းခေါ်​လာ​မည်​။ ငါ​မမြင်​အောင် ပင်လယ်​ကြမ်းပြင်​တွင် ပုန်း​နေ​လျှင် ထို​နေရာ​၌​ပင် မြွေနဂါး​ကို အမိန့်ပေး​၍ သူ​တို့​အား ကိုက်​စေ​မည်​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 4,
      "text": "ရန်သူ​တို့​ရှိ​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​လျှင် ထို​နေရာ​၌ ငါ့​အမိန့်​ဖြင့် ဓား​နှင့်​အသတ်​ခံရ​မည်​။ ကောင်းစား​စေ​ရန်​အတွက် မ​ဟုတ်​၊ ဒုက္ခ​ရောက်​စေရန်​အတွက် သူ​တို့​ကို ငါ​စောင့်ကြည့်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 5,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားရှင်​ထာဝရဘုရား​သည် မြေကြီး​ကို တို့​တော်မူ​လျှင် မြေကြီး​သည်​အရည်ပျော်​ကျ​၍ သက်ရှိ​အပေါင်း​တို့ ငိုကြွေးမြည်တမ်း​ရ​လိမ့်မည်​။ တစ်ပြည်လုံး နိုင်း​မြစ်ရေ​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ ပြန်ဆုတ်​သွား​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 6,
      "text": "မိုးကောင်းကင်​တွင် အထက်ခန်း​များ​ကို တည်ဆောက်​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်တွင် အုတ်မြစ်ချ​တော်မူ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး မြေ​မျက်နှာပြင်​ပေါ် လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား ဖြစ်​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 7,
      "text": "ထာဝရဘုရား​က “အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​သည် ငါ့​အဖို့ အီသီယိုးပီးယား​အမျိုးသား​များ​နှင့် တူ​သည်​မ​ဟုတ်​လော​။ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ဖိလိတ္တိ​လူမျိုး​တို့​ကို ကတ္တောရ​ကျွန်း​မှ​လည်းကောင်း​၊ ဆီးရီးယား​လူမျိုး​တို့​ကို ကိရ​ပြည်​မှ​လည်းကောင်း ငါ​ထုတ်ဆောင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 8,
      "text": "ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အပြစ်ပြု​သော​တိုင်းနိုင်ငံ​ကို ဘုရားရှင်​ထာဝရဘုရား စောင့်ကြည့်​တော်မူ​၏​။ ထို​တိုင်းနိုင်ငံ​ကို မြေပြင်​ပေါ်​မှ အဆုံးသတ်​ဖျက်ဆီး​ပစ်​မည်​ဖြစ်​သော်လည်း ယာကုပ်​အမျိုးအနွယ်​ကို အကုန်အစင်​ဖျက်ဆီး​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 9,
      "text": "“ကြည့်ရှု​လော့​။ ငါ​မိန့်ဆို​ပြီ​။ လူမျိုး​တကာ​တို့​အလယ်​တွင် အစ္စရေး​အမျိုးအနွယ်​ကို ဆန်ခါ​ခါ​သကဲ့သို့ ခါချ​မည်​။ ဆန်တစ်စေ့​မျှ မြေကြီး​ပေါ် မ​ကျ​ရ​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 10,
      "text": "‘ငါ​တို့​ထံ ဘေးအန္တရာယ် ရောက်လာ​မည်​မ​ဟုတ်​။ ငါ​တို့​သည် ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ငါ့​လူမျိုး​တော်​အပြစ်သား​အားလုံး​တို့​သည် ဓား​ဖြင့် သေ​ကြ​ရ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 11,
      "text": "ထို​နေ့ရက်​၌ ပြိုလဲ​ခဲ့​သည့်​ဒါဝိဒ်​၏​တဲ​ကို ပြန်လည်​ထူထောင်​မည်​။ ပေါက်ပြဲ​ရာ​များ​ကို ပြန်လည်​ဖာထေး​မည်​။ ပျက်စီး​ရာ​များ​ကို ပြန်လည်​ပြုပြင်​မည်​။ ရှေး​ကာလ​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 12,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ကြွင်းကျန်​သည့်​ဧဒုံ​ပြည်​နှင့် ငါ့​နာမ​ဖြင့် ခေါ်ဝေါ်သမုတ်​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​ကို ပိုင်ဆိုင်​ရ​လိမ့်မည်”​ဟု ဤ​အမှု​ကို စီရင်​တော်မူ​သည့်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 13,
      "text": "ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ထွန်ယက်​သော​သူ​သည် ရိတ်သိမ်း​သော​သူ​ကို​လည်းကောင်း​၊ စပျစ်သီး​နင်းနယ်​သော​သူ​သည် မျိုးစေ့​ကြဲ​သော​သူ​ကို​လည်းကောင်း ကျော်လွန်​သွား​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်​။ တောင်​များ​ပေါ်တွင် စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​ရှိသမျှ​ကို ဖုံးလွှမ်း​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 14,
      "text": "“ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့် ငါ့​လူမျိုး​တော်​အစ္စရေး​အမျိုးသား​တို့​ကို ငါ​ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​သော​မြို့​များ​ကို ပြန်လည်​တည်ဆောက်​၍ နေထိုင်​ကြ​လိမ့်မည်​။ စပျစ်ပင်​များ​ကို စိုက်​၍ စပျစ်ဝိုင်​ကို သောက်​ရ​လိမ့်မည်​။ ဥယျာဉ်ခြံ​များ​ကို စိုက်ပျိုး​၍ အသီးအနှံ​တို့​ကို စား​ရ​လိမ့်မည်​။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 15,
      "text": "သူ​တို့​ကို နေရင်းပြည်​၌ စိုက်ထား​မည်​။ ငါ​ပေး​သော​ပြည်​မှ သူ​တို့ ဆွဲနုတ်​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်”​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 1,
      "text": "ဩဗဒိ​မြင်​ရ​သော​ဗျာဒိတ်နိမိတ်​ကား ဤသို့​တည်း​။ ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံသို့ သံတမန်​ကို စေလွှတ်​၍ “​ထ​ကြ​၊ ဧဒုံ​ပြည်​ကို သွားတိုက်​ကြ​စို့​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​တို့​ကြား​ရ​ပြီ​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 2,
      "text": "“ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို လူမျိုးတကာ​တို့​အလယ်​တွင် သေးသိမ်​သော​သူ ဖြစ်စေ​မည်​။ သင်​သည် မထီမဲ့မြင်ပြု​ခြင်း​ကို အပြင်းအထန်​ခံရ​မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 3,
      "text": "ကျောက်ဆောင်​များ​ကြား မြင့်မား​သော​နေရာ​၌​နေ​၍ ‘မည်သူ​သည် ငါ့​ကို မြေကြီး​ပေါ်​ဆွဲချ​နိုင်​မည်နည်း’​ဟု သင်​တွေး​၏​။ သင့်​မာန​က သင့်​ကို​လှည့်စား​လေ​ပြီ​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 4,
      "text": "သင်​သည် လင်းယုန်​ကဲ့သို့​အမြင့်​၌​နေ​၍ ကြယ်​များ​အလယ်​တွင် အသိုက်​ကို လုပ်​သော်လည်း ထို​နေရာ​မှ သင့်​ကို ငါ​ဆွဲချ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 5,
      "text": "“ညအချိန် သင့်​ကို သူခိုး​ဓားပြ​ဝင်တိုက်​လျှင် သင်​မည်မျှ​ဆုံးရှုံး​သွား​မည်နည်း​။ သူ​တို့​လိုချင်​သော​အရာ​ကို​သာ ယူသွား​ကြ​မည်​မ​ဟုတ်​လော​။ သင့်​ခြံ​၌ စပျစ်သီး​လာခူး​ကြ​လျှင် ကောက်သင်းကောက်သူ​အတွက် ချန်ထား​တတ်​ကြ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 6,
      "text": "ယခုမူ ဧသော​သည် လုယက်​ခံရ​ပြီ​။ သူ​၏​အတွင်းဥစ္စာ​များ မွှေနှောက်​ခံရ​လေ​ပြီ​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 7,
      "text": "သင်​၏​မဟာမိတ်​အပေါင်း​တို့​သည် သင့်​ကို​နယ်စပ်​တိုင်အောင်​နှင်ထုတ်​လိမ့်မည်​။ သင်​နှင့်​ရင်းနှီးကျွမ်းဝင်​သူ​တို့​သည်​လည်း သင့်​ကို​လှည့်စား​အနိုင်ယူ​လိမ့်မည်​။ သင်​၏​မုန့်​ကို စား​သော​သူ​တို့​သည် သင့်​ကို ထောင်​ဖမ်း​လိမ့်မည်​။ သို့သော် ထို​အဖြစ်အပျက်​တို့​ကို သင်​နားလည်​နိုင်​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 8,
      "text": "“ထို​နေ့ရက်​တွင် ဧဒုံ​ပြည်​မှ ပညာရှိ​များ​၊ ဧသော​တောင်​မှ ထိုးထွင်းဉာဏ်​ရှိ​သူ​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 9,
      "text": "အို တေမန်​မြို့​၊ သင်​၏​စစ်သူရဲ​တို့ စိတ်ပျက်အားလျော့​ကြ​သောကြောင့် ဧသော​တောင်​ရှိ​လူ​အားလုံး သတ်ဖြတ်​သုတ်သင်​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 10,
      "text": "သင့်​ညီ​ယာကုပ်​ကို ရက်စက်​ခဲ့​သော​အမှု​ကြောင့် သင်​သည် အရှက်​ကို ခြုံ​ရ​လိမ့်မည်​။ ထာဝရ​တိမ်မြုပ်​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 11,
      "text": "ယာကုပ်​၏​ဥစ္စာပစ္စည်း​များ​ကို သူစိမ်း​တို့ သိမ်းယူ​သွား​သော​နေ့​၊ တစ်ပါးအမျိုးသား​တို့ မြို့​တံခါး​များ​မှ ဝင်ရောက်​လာ​ပြီး ဂျေရုဆလင်​မြို့​ကို မဲ​ချ​သော​နေ့​တွင် သင်​သည်​ဘေး​မှ​ရပ်ကြည့်​နေ​၏​။ သင်​သည် ထို​သူ​တို့​နှင့်​အလိုတူ​အလိုပါ​ဖြစ်​၏​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 12,
      "text": "သင့်​ညီ ဘေးဆိုး​ကြုံ​ရ​သော​နေ့​တွင် သင်​ကြည့်​မ​နေ​သင့်​။ ယုဒ​အမျိုးသား​တို့ ဖျက်ဆီး​ခံရ​သော​နေ့​တွင် သင်​ဝမ်း​မ​မြောက်​သင့်​။ ဆင်းရဲဒုက္ခ​ရောက်​သော​နေ့​တွင် သင်​လှောင်ပြောင်​မ​ပြောဆို​သင့် ​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 13,
      "text": "ငါ့​လူမျိုး​တော် ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် သင်​သည် သူ​၏​မြို့​တံခါး​ထဲသို့ မ​ဝင်​သင့်​။ သူ​တို့​ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် သူ​တို့​ဘေး​ရောက်​သည်​ကို သင်​ကြည့်​မ​နေ​သင့်​။ သူ​တို့​ဘေးဒုက္ခ​ရောက်​သော​နေ့​တွင် သူ​တို့​၏​ဥစ္စာပစ္စည်း​ကို သင်​မ​သိမ်း​ယူ​သင့်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 14,
      "text": "ထွက်ပြေး​လွတ်မြောက်​လာ​သူ​များ​ကို သုတ်သင်​ပစ်​ရန် လမ်းဆုံလမ်းခွ​၌ သင်​စောင့်​မ​နေ​သင့်​။ ဆင်းရဲဒုက္ခ​နေ့​တွင် အသက်ရှင်​ကျန်ရစ်​သူ​များ​ကို ရန်သူ့​လက်​သို့ သင်​မ​အပ်နှံ​သင့်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 15,
      "text": "အကယ်စင်စစ် လူမျိုး​တကာ​တို့​ကို စီရင်​မည့် ထာဝရဘုရား​နေ့​တော်​သည် ရောက်လုနီး​ပြီ​။ ထို​နေ့​တွင်​သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ခံ​ရ​မည်​။ သင်​ပြု​သမျှ သင့်​ခေါင်း​ပေါ်​ပြန်ရောက်​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 16,
      "text": "ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်တွင် သင်​တို့​သောက်​ခဲ့​ရ​သကဲ့သို့ လူမျိုး​တကာ​တို့​သည်​လည်း အစဉ်မပြတ်​သောက်​ရ​လိမ့်မည်​။ သူ​တို့​သည် သောက်​၍​မျိုချ​ပြီး မ​ဖြစ်​စဖူး​အဖြစ်​မျိုး ကြုံ​ရ​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 17,
      "text": "သို့သော် ဇိအုန်​တောင်​ပေါ်တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​လိမ့်မည်​။ ထို​တောင်​သည် သန့်ရှင်း​ရာ​တောင်​ဖြစ်​၍ ယာကုပ်​အမျိုးအနွယ်​တို့​သည် အမွေ​အဖြစ် ပိုင်ဆိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 18,
      "text": "ယာကုပ်​အမျိုးအနွယ်​သည် မီး​၊ ယောသပ်​အမျိုးအနွယ်​သည် မီးလျှံ​ဖြစ်​၏​။ ရိုးပြတ်​နှင့်တူသော ဧသော​အမျိုးအနွယ်​ကို သူ​တို့​သည် မီးညှိ​လိုက်​သဖြင့် ဧသော​အမျိုးအနွယ်​ကို​ဝါးမျို​လိမ့်မည်​။ ဧသော​အမျိုးအနွယ်​တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 19,
      "text": "တောင်ပိုင်းသား​တို့​သည် ဧသော​တောင်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ မြေနိမ့်​သား​တို့​သည် ဖိလိတ္တိ​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ရှမာရိ​ပြည်​တို့​ကို​လည်း ပိုင်ဆိုင်​လိမ့်မည်​။ ဗင်္ယာမိန်​အမျိုး​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 20,
      "text": "ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အစ္စရေး​လူမျိုး​အလုံးအရင်း​တို့​သည် ခါနာန်​ပြည်​ကို ဇရတ္တ​မြို့​တိုင်အောင် ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ သေဖရဒ်​ပြည်​သို့​ရောက်ရှိ​သွား​သော ဂျေရုဆလင်​မြို့သား​တို့​သည် နေဂေ့​အရပ်​ရှိ​မြို့​များ​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 21,
      "text": "ကယ်တင်​မည့်​သူ​တို့​သည် ဧသော​တောင်​ကို အုပ်စိုး​ရန် ဇိအုန်​တောင်​ပေါ်သို့​တက်လာ​လိမ့်မည်​။ ထို​နိုင်ငံ​သည် ထာဝရဘုရား​၏​နိုင်ငံ​တော် ဖြစ်​မည်​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 1,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် အမိတ္တဲ​၏​သား​ယောန​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 2,
      "text": "“ထ​လော့​။ နိနေဝေ​မြို့​ကြီး​သို့ သွား​လော့​။ သူ​တို့​ပြု​သော​မကောင်းမှု​များ​သည် ငါ့​ရှေ့မှောက်​တွင် ထင်ရှား​လှ​ပြီ​ဖြစ်၍ သူ​တို့​ကို ဆန့်ကျင်​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 3,
      "text": "သို့သော် ယောန​သည် ထ​၍ ထာဝရဘုရား​ထံ​တော်​မှ တာရှု​ပြည်​သို့ ထွက်ပြေး​လေ​၏​။ သူ​သည် ယုပ္ပေ​မြို့​သို့​ဆင်းသွား​ပြီး တာရှု​ပြည်​သို့​သွား​မည့်​သင်္ဘော​ကို တွေ့​သဖြင့် သင်္ဘော​ခ​ပေး​ပြီး အထဲ​သို့​ဝင်​ကာ ထာဝရဘုရား​ထံ​တော်​မှ တာရှု​ပြည်​သို့ သင်္ဘောသား​တို့​နှင့်အတူ လိုက်သွား​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 4,
      "text": "ထိုအခါ ထာဝရဘုရား​သည် ပင်လယ်ပြင်​တွင် လေ​ပြင်း​တိုက်ခတ်​စေ​သဖြင့် လေမုန်တိုင်းကြီး​ကျရောက်​လေ​၏​။ သင်္ဘော​မှာ​လည်း ကျိုးပဲ့​လုမတတ်​ဖြစ်​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 5,
      "text": "သင်္ဘောသား​တို့​သည် ကြောက်ရွံ့​၍ အသီးသီး​ကိုယ့်​ဘုရား​များ​ထံ အော်ဟစ်​ဆုတောင်း​ကြ​လေ​၏​။ သင်္ဘော​ပေါ့​စေရန် ကုန်ပစ္စည်း​များ​ကို ပင်လယ်​ထဲသို့​ပစ်ချ​ကြ​၏​။ ယောန​မူကား သင်္ဘော​ဝမ်း​ထဲသို့ ဆင်းသွား​ပြီး နှစ်နှစ်ခြိုက်ခြိုက်​အိပ်ပျော်​နေ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 6,
      "text": "မာလိန်မှူး​သည် သူ့​ထံသို့​သွား​၍ “​သင် အဘယ်ကြောင့် အိပ်မောကျ​နေ​သနည်း​။ ထ​ပြီး သင့်​ဘုရား​ထံ ဆုတောင်း​ပါ​လော့​။ ငါ​တို့ သေကျေပျက်စီး​မ​သွား​အောင် သင့်​ဘုရား​သည် ငါ​တို့​ကို ကယ်တင်​ကောင်း​ကယ်တင်​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 7,
      "text": "ထို့နောက် သူ​တို့​က “​မည်သူ့​ကြောင့် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​ကို​သိရှိ​နိုင်​ရန် လာ​ကြ​၊ မဲ​ချ​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ပြီး မဲ​ချ​ကြ​ရာ ယောန​၌​မဲ​ကျ​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 8,
      "text": "ထိုအခါ သူ​တို့​က “​ယခု ပြော​ပါ​လော့​။ ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကျရောက်​သည်​မှာ မည်သူ့​ကြောင့်​နည်း​။ သင် မည်သည့်​အလုပ်​လုပ်​သနည်း​။ မည်သည့်​အရပ်​မှ လာ​သနည်း​။ မည်သည့်​ပြည်သား ဖြစ်​သနည်း​။ မည်သည့်​လူမျိုး ဖြစ်​သနည်း​”​ဟု မေး​ကြ​လျှင်"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 9,
      "text": "သူ​က “​ငါ​သည် ဟေဗြဲ​လူမျိုး​ဖြစ်​၏​။ ပင်လယ်​နှင့်​ကုန်းမြေ​ကို ဖန်ဆင်း​တော်မူ​သော​ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​ကို ကိုးကွယ်​သူ ဖြစ်​ပါ​သည်​”​ဟု သူ​တို့​အား ဆို​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 10,
      "text": "ထို့ပြင် သူ​သည် ထာဝရဘုရား​ထံ​တော်​မှ ထွက်ပြေး​ခဲ့​ကြောင်း​ကို လူ​တို့​အား ပြောပြ​သဖြင့် သူ​တို့​သိသွား​ကြ​သောအခါ အလွန်​ကြောက်ရွံ့​ထိတ်လန့်​၍ သူ့​အား “​အဘယ်ကြောင့် ဤသို့​ပြု​သနည်း​”​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 11,
      "text": "ထိုစဉ် ပင်လယ်ပြင်​တွင် လေမုန်တိုင်း​ပိုမို​ပြင်းထန်​လာ​သဖြင့် သူ​တို့​က “​ပင်လယ်​ငြိမ်သက်​သွား​အောင် သင့်​ကို ငါ​တို့ မည်သို့​ပြု​ရ​မည်နည်း​”​ဟု သူ့​အား​မေး​လျှင်"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 12,
      "text": "သူ​က “​ငါ့​ကို​ချီ​၍ ပင်လယ်​ထဲသို့ ပစ်ချ​လော့​။ သို့ပြုလျှင် ပင်လယ်​သည် ငြိမ်သက်​သွား​လိမ့်မည်​။ ငါ့​ကြောင့် ဤ​လေမုန်တိုင်း​ကြီး သင်​တို့​အပေါ်​ကျရောက်​ကြောင်း​ကို ငါ​သိ​၏​”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 13,
      "text": "လူ​တို့​သည် ကမ်း​သို့​ရောက်​အောင် ကြိုးစား​လှော်ခတ်​ကြ​သေး​၏​။ သို့သော် ပင်လယ်ပြင်​တွင် လေမုန်တိုင်း​ပိုမို​ပြင်းထန်​လာ​သဖြင့် ကမ်း​သို့ မ​ရောက်​နိုင်​ကြ​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 14,
      "text": "ထိုအခါ သူ​တို့​က “​အို ထာဝရဘုရား​၊ ဤ​သူ​၏​အသက်​ကြောင့် အကျွန်ုပ်​တို့​ကို​ပါ ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။ အပြစ်မဲ့​သော​သူ​အား သတ်​သော​အပြစ်​ကို အကျွန်ုပ်​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​။ ထာဝရဘုရား​၊ ကိုယ်တော်​သည် အလို​တော်​အတိုင်း ပြု​တော်မူ​ပါ​ပြီ​”​ဟု ထာဝရဘုရား​ထံ အော်ဟစ်​ပြောဆို​ကြ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 15,
      "text": "ထို့နောက် ယောန​ကို​ချီမ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကြ​လျှင် ပင်လယ်ပြင်​မှ ပြင်းထန်​သော​လေမုန်တိုင်းကြီး​လည်း ငြိမ်သက်​သွား​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 16,
      "text": "ထိုအခါ လူ​တို့​သည် ထာဝရဘုရား​ကို အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ထာဝရဘုရား​ထံ​ယဇ်​ပူဇော်​ပြီး ကတိသစ္စာ​ပြု​ကြ​၏​။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 17,
      "text": "ယောန​ကို​မျိုချ​ရန် ငါး​ကြီး​တစ်​ကောင်​ကို ထာဝရဘုရား ပြင်ဆင်​ထား​သဖြင့် ယောန​သည် ငါး​ကြီး​ဝမ်း​ထဲတွင် သုံး​ရက်​သုံး​ည နေ​ရ​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 1,
      "text": "ယောန​သည် ငါးကြီး​ဝမ်း​ထဲမှ​နေ​၍ သူ​၏​ဘုရားသခင်​ထာဝရဘုရား​အား"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 2,
      "text": "“​အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲတွင် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​၏​။ မရဏာနိုင်ငံ​တွင်းနက်​ထဲမှ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 3,
      "text": "ကိုယ်တော်​သည် ပင်လယ်​ရေနက်​ထဲသို့ အကျွန်ုပ်​ကို​ပစ်ချ​လိုက်​သောအခါ ရေ​သည် အကျွန်ုပ်​ကို ဝိုင်းရံ​လျက်​ရှိ​ပါ​၏​။ လှိုင်းလုံးကြီး​လှိုင်းလုံးငယ်​တို့​သည်​လည်း အကျွန်ုပ်​ကို လွှမ်းမိုး​ကြ​ပါ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ ငါ​က ‘အကျွန်ုပ်​သည် ကိုယ်တော့်​ထံ​မှ နှင်ထုတ်​ခံရ​သော်လည်း ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ အကျွန်ုပ်​မျှော်ကြည့်​လျက်​နေ​ပါ​မည်’​ဟု ဆို​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 5,
      "text": "ရေ​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​လျက် နက်ရှိုင်း​သော​ရေထု​ကြီး​သည် အကျွန်ုပ်​အသက်​ကို​လွှမ်းမိုး​ထား​ပါ​၏​။ ကျူရိုး​များ​သည်​လည်း အကျွန်ုပ်​ဦးခေါင်း​ကို ပတ်ရစ်​ကြ​ပါ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 6,
      "text": "တောင်ခြေရင်း​တိုင်အောင် အကျွန်ုပ်​နစ်မြုပ်​သွား​၍ မြေကြီး​သည် အကျွန်ုပ်​ကို အစဉ်​ကန့်လန့်​ထိုး​ထား​သော်လည်း အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​အသက်​ကို သေတွင်း​မှ ကယ်နုတ်​တော်မူ​ပြီ​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 7,
      "text": "အကျွန်ုပ်​စိတ်ဝိညာဉ် ညှိုးငယ်​သောအခါ ထာဝရဘုရား​ကို အောက်မေ့​ပါ​၏​။ အကျွန်ုပ်​ဆုတောင်းသံ​သည် ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ ရောက်​ပါ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 8,
      "text": "အချည်းနှီး​သော​ရုပ်တု​များ​ထံ ဆည်းကပ်​သော​သူ​တို့​သည် ကရုဏာ​တော်​ကို စွန့်ပယ်​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 9,
      "text": "အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ပူဇော်​ပါ​မည်​။ ကတိသစ္စာ​ထား​သည့်​အတိုင်း ပြု​ပါ​မည်​။ ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 10,
      "text": "ထိုအခါ ထာဝရဘုရား​သည် ငါး​ကို အမိန့်ပေး​သဖြင့် ငါး​သည် ကုန်း​ပေါ်တွင် ယောန​ကို အန်ထုတ်​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 1,
      "text": "ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယောန​ထံသို့ ဒုတိယအကြိမ် ရောက်လာ​ပြီး"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 2,
      "text": "“သင်​ထ​၍ နိနေဝေ​မြို့​ကြီး​သို့ သွား​လော့​။ ငါ​မိန့်မှာ​သော​သတင်းစကား​များ​ကို ထို​မြို့​အား ပြောကြား​လော့”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 3,
      "text": "ထိုအခါ ယောန​သည် ထ​၍ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း နိနေဝေ​မြို့​သို့ သွား​လေ​၏​။ နိနေဝေ​မြို့​သည် အလွန်ကြီး​သော​မြို့​ဖြစ်​၍ သုံး​ရက်​ခရီး​အကျယ်အဝန်း​ရှိ​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 4,
      "text": "ယောန​သည် မြို့​ထဲသို့​တစ်​ရက်​ခရီး​သွား​ပြီးလျှင် ရပ်​လျက် “​နောက်ထပ်​ရက်​လေးဆယ်​ကြာ​လျှင် နိနေဝေ​မြို့ကြီး ဖြိုလှဲ​ခံရ​လိမ့်မည်​”​ဟု ဟစ်ကြော်​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 5,
      "text": "ထိုအခါ နိနေဝေ​မြို့သား​တို့​သည် ဘုရားသခင်​ကို ယုံကြည်​သဖြင့် အစာရှောင်​ရာ​နေ့​ကို ကြေညာ​ပြီးလျှင် အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် လျှော်တေအဝတ်​ကို​ဝတ်​ကြ​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 6,
      "text": "နိနေဝေ​ဘုရင်​သည် ထို​အကြောင်း​ကို​ကြား​သောအခါ ရာဇပလ္လင်​ပေါ်မှ​ဆင်း​ပြီး မင်းဝတ်တန်ဆာ​ကို​ချွတ်​ကာ လျှော်တေအဝတ်​ကို​ခြုံ​၍ ပြာပုံ​တွင် ထိုင်​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 7,
      "text": "ထို့နောက် ရှင်ဘုရင်​သည် မင်းအရာရှိ​တို့​နှင့်​တိုင်ပင်​ပြီး နိနေဝေ​မြို့​တစ်မြို့လုံး​သို့ ကြေညာ​သည်​မှာ “လူ​မှစ၍ တိရစ္ဆာန်​များ​ဖြစ်​သော သိုး​နွား​တို့​သည် မည်သည့်​အစာ​ကို​မျှ မ​မြည်း​ရ​။ မ​စား​ရ​။ ရေ​လည်း​မ​သောက်​ရ​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 8,
      "text": "လူ​မှစ၍ တိရစ္ဆာန်​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​၍ ဘုရားသခင်​ထံ စိတ်ပါလက်ပါ​နှင့်​ဆုတောင်း​ကြ​စေ​။ လူတိုင်း မိမိ​ပြု​သော​မကောင်းမှု​များ​၊ ရက်စက်ကြမ်းကြုတ်မှု​များ​ကို ရှောင်ကြဉ်​ကြ​စေ​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 9,
      "text": "သို့ပြုလျှင် ဘုရားသခင်​သည် ငါ​တို့​ကို မ​ဖျက်ဆီး​ဘဲ စိတ်​တော်​ပြောင်းလဲ​၍ အမျက်​တော်​ပြေ​မည်​၊ မ​ပြေ​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း”​ဟူ၍ ဖြစ်​၏​။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 10,
      "text": "သူ​တို့​ပြုကျင့်​သည့်​မကောင်း​သော​လမ်း​မှ​ပြန်​လှည့်လာ​ကြ​ကြောင်း သူ​တို့​၏​အပြုအမူ​များ​ကို ဘုရားသခင် မြင်​သောအခါ စိတ်​တော်​ပြောင်းလဲ​၍ သူ​တို့​အပေါ်​ဘေးဆိုး​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​သည်​ကို ပြန်​ရုပ်သိမ်း​တော်မူ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 1,
      "text": "ယောန​သည် ထို​အမှုအရာ​ကို အလွန်ပင်​ဘဝင်မကျ​နိုင်​အောင်​ဖြစ်​လျက် အမျက်ထွက်​ပြီး"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 2,
      "text": "ထာဝရဘုရား​ထံ “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နေရင်းပြည်​၌​ရှိ​စဉ်က ဤသို့​ဖြစ်​မည်​ဟု အကျွန်ုပ်​ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော​။ ထို့ကြောင့် ကျွန်ုပ်​လည်း တာရှု​ပြည်​သို့ အမြန်ထွက်ပြေး​ခဲ့​ပါ​၏​။ စင်စစ် ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား ဖြစ်​တော်မူ​၍ ဘေးဆိုး​ကျရောက်​စေ​မည့်​အမှု​မှ စိတ်​တော်​ပြောင်းလဲ​တော်မူ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 3,
      "text": "ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 4,
      "text": "ထာဝရဘုရား​က​လည်း သူ့​အား “​သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 5,
      "text": "ထိုအခါ ယောန​သည် မြို့​ပြင်​သို့​ထွက်သွား​၍ မြို့​အရှေ့ဘက်​တွင် ထိုင်​နေ​၏​။ ထို​နေရာ​တွင် ယာယီတဲ​ထိုး​၍ မြို့​ထဲတွင် မည်သို့​ဖြစ်ပျက်​မည်​ကို သိ​နိုင်​ရန် တဲ​ရိပ်​အောက်​တွင် ထိုင်ကြည့်​နေ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 6,
      "text": "ဘုရားသခင်​ထာဝရဘုရား​သည် ထို​နေရာ​တွင် ယောန​ခေါင်း​ပေါ်​အရိပ်​ရ​ရန် ကြက်ဆူပင်​တစ်​ပင်​ကို​ပေါက်​စေ​ခြင်း​ဖြင့် စိတ်ဒုက္ခ​ဖြစ်​ခြင်း​မှ သက်သာ​စေ​၏​။ ယောန​သည် ထို​ကြက်ဆူပင်​ကြောင့် ဝမ်းသာအားရ ဖြစ်​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 7,
      "text": "သို့သော် နောက်တစ်နေ့​အရုဏ်တက်​ချိန်​တွင် ဘုရားသခင်​သည် ထို​ကြက်ဆူပင်​အပေါ် ပိုးကောင်ကျ​စေ​၍ ဖျက်ဆီး​သဖြင့် အပင်​မှာ​ခြောက်သွေ့​သွား​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 8,
      "text": "နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 9,
      "text": "ထိုအခါ ဘုရားသခင်​က ယောန​အား “​ကြက်ဆူပင်​ကြောင့် သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​လျှင် ယောန​က “​သေလုမတတ် အမျက်ထွက်​သင့်​ပါ​၏​”​ဟု လျှောက်​လေ​၏​။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 10,
      "text": "ထာဝရဘုရား​က​လည်း “​သင် မ​စိုက်ပျိုး​၊ မ​ပြုစု​ရ​ဘဲ ညတွင်းချင်း​ပေါက်​၍ ညတွင်းချင်း​သေသွား​သော ကြက်ဆူပင်​ကို သင်​နှမြော​လျှင်"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 11,
      "text": "ငါ​သည် တိရစ္ဆာန်​အများအပြား​ကို မ​ဆို​ထား​နှင့်​၊ မိမိ​လက်ဝဲ​လက်ယာ​ကို​ပင် ခွဲခြား​မ​သိ​နိုင်​သော​လူ​တစ်သိန်းနှစ်သောင်း​ကျော်​ရှိ​သော​နိနေဝေ​မြို့​ကြီး​ကို နှမြော​သင့်​သည်​မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 1,
      "text": "ယုဒ​ဘုရင် ယောသံ​မင်းကြီး​၊ အာခတ်​မင်းကြီး​၊ ဟေဇကိ​မင်းကြီး​တို့​လက်ထက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် မောရရှက်​မြို့သား​မိက္ခာ​ထံသို့​ရောက်လာ​၍ ရှမာရိ​မြို့​၊ ဂျေရုဆလင်​မြို့​တို့​နှင့်ပတ်သက်​သော​နိမိတ်အာရုံ​ကို မြင်​ရ​၏​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 2,
      "text": "အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို မြေကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​၊ အာရုံစိုက်​ကြ​လော့​။ သန့်ရှင်း​ရာ​ဗိမာန်တော်​၌​စံ​တော်မူ​သော​အရှင်​၊ ဘုရားရှင်​ထာဝရဘုရား​သည် သင်​တို့​ကို ဆန့်ကျင်​၍ သက်သေခံ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 3,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် စံနေ​တော်မူ​ရာ​မှ ဆင်း​ကြွလာ​၍ မြေ​ပေါ်ရှိ​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 4,
      "text": "မီး​နှင့်​ထိ​သော​ဖယောင်း​ကဲ့သို့​လည်းကောင်း​၊ တောင်စောင်း​တွင် စီးဆင်း​သော​ရေ​ကဲ့သို့​လည်းကောင်း ခြေ​တော်​အောက်​တွင် တောင်​များ​အရည်ပျော်​၍ ချိုင့်ဝှမ်းလွင်ပြင်​များ​လည်း အက်ကွဲ​ကုန်​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 5,
      "text": "ဤ​အရာ​အလုံးစုံ​တို့​သည် ယာကုပ်​အမျိုးအနွယ်​၏​ပုန်ကန်မှု​၊ အစ္စရေး​အမျိုးအနွယ်​၏​အပြစ်ကျူးလွန်မှု​ကြောင့် ဖြစ်​၏​။ ယာကုပ်​၏​ပုန်ကန်မှု​ကား အဘယ်​အရာ​နည်း​။ ရှမာရိ​မြို့​မ​ဟုတ်​လော​။ ယုဒ​၏​အထွတ်အမြတ်​ထား​ရာ​ကား အဘယ်​အရာ​နည်း​။ ဂျေရုဆလင်​မြို့​မ​ဟုတ်​လော​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 6,
      "text": "“ထို့ကြောင့် ငါ​သည် ရှမာရိ​မြို့​ကို ကွင်းပြင်​တွင် အပြိုအပျက်ပုံ ဖြစ်​စေ​မည်​။ စပျစ်ခြံ​စိုက်ပျိုး​ရာ​နေရာ ဖြစ်​စေ​မည်​။ ထို​မြို့​ရှိ​ကျောက်တုံး​များ​ကို ချိုင့်ဝှမ်း​ထဲသို့ သွန်ချ​မည်​။ အုတ်မြစ်​များ​ကို​လည်း လှန်ပစ်​မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 7,
      "text": "ထို​မြို့​ရှိ ရုပ်တု​အားလုံး​ကို အစိတ်စိတ်အမွှာမွှာ​ဖြစ်စေ​မည်​။ ပြည့်တန်ဆာ​လုပ်​၍​ရ​သော​အခ​အားလုံး​ကို မီးလောင်ကျွမ်း​စေ​မည်​။ ရုပ်တု​ရှိသမျှ​ကို​လည်း အပျက်အစီးပုံ​ဖြစ်စေ​မည်​။ သူ​စုဆောင်း​ထား​သော​ပြည့်တန်ဆာ​လုပ်အားခ​သည် ပြည့်တန်ဆာ​အခ ပြန်ဖြစ်​လိမ့်မည်​။”"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 8,
      "text": "ထို့အတွက်ကြောင့် အကျွန်ုပ်​ငိုကြွေး​မြည်တမ်း​မည်​။ ဖိနပ်မစီး​၊ အဝတ်မဝတ်​ဘဲ သွားလာ​မည်​။ ခွေးအ​ကဲ့သို့​အူ​ပြီး ငှက်ကုလားအုတ်​ကဲ့သို့ အော်မြည်​မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 9,
      "text": "အကြောင်းမူကား မပျောက်ကင်း​နိုင်​သော ရှမာရိ​မြို့​၏​ဒဏ်ရာ​များ​သည် ယုဒ​ပြည်​အထိ ရောက်​လေ​ပြီ​။ ဂျေရုဆလင်​မြို့​ရှိ အကျွန်ုပ်​လူမျိုး​၏​မြို့​တံခါး​သို့ ရောက်​လေ​ပြီ​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 10,
      "text": "ဤ​အကြောင်း​ကို ဂါသ​မြို့​၌ မ​ပြောကြား​ကြ​နှင့်​။ လုံးဝ​မ​ငိုကြွေး​ကြ​နှင့်​။ ဗေသောဖရာ​မြို့​တွင် မြေမှုန့်​၌ လူးလှိမ့်​နေ​ကြ​လော့​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 11,
      "text": "အို ရှဖိရ​မြို့သူ​၊ အဝတ်အချည်းစည်း​ဖြင့် အရှက်ကွဲ​လျက် ထွက်သွား​လော့​။ ဇာနန်​မြို့သူ ထွက်​မ​လာ​ဝံ့​။ ငိုကြွေး​နေ​သော​ဗေသဇေလ​မြို့သား​တို့​၊ သင်​တို့​ကို ကာကွယ်​သူ​မ​ရှိ​တော့​ပြီ​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 12,
      "text": "ထာဝရဘုရား​ထံ​တော်​မှ​ဘေးဒဏ်​သည် ဂျေရုဆလင်​မြို့​တံခါး​သို့​ရောက်လာ​ပြီ​ဖြစ်၍ မာရုတ်​မြို့သူ​သည် ကောင်း​သော​အရာ​ကို တောင့်တ​နေ​၏​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 13,
      "text": "အို လာခိရှ​မြို့သူ​၊ မြင်း​ကို စစ်ရထား​၌ က​လော့​။ သင်​သည် ဇိအုန်​သမီးပျို အပြစ်​ပြု​ရာ​အရင်းအမြစ်​ဖြစ်​၏​။ အကြောင်းမူကား အစ္စရေး​လူမျိုး ကျူးလွန်​သော​အပြစ်​များ​ကို သင်​၌​တွေ့​ရ​၏​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 14,
      "text": "ထို့ကြောင့် သင်​သည် မောရရှက်ဂါသ​မြို့​ကို နှုတ်ဆက်လက်ဆောင်​များ ပေး​ရ​လိမ့်မည်​။ အာခဇိပ်​မြို့​ရှိ​အိမ်​များ​သည် အစ္စရေး​ဘုရင်​များ​ကို လှည့်စား​သော​အရာ​များ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 15,
      "text": "အို မရေရှ​မြို့သူ​၊ သင့်​အား သိမ်းပိုက်စိုးမိုး​မည့်​သူ​ကို ငါ​ရောက်လာ​စေ​မည်​။ အစ္စရေး​လူမျိုး​၏​ဘုန်းအသရေ​သည် အဒုလံ​မြို့​သို့ ရောက်လာ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 16,
      "text": "သင်​ချစ်မြတ်နိုး​သော​သားသမီး​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​ဖြစ်​သောကြောင့် ဆံပင်ညှပ်​၍ ခေါင်းတုံးတုံး​လော့​။ လင်းယုန်ငှက်​ကဲ့သို့ သင့်​ခေါင်း​ကို ပြောင်​စေ​လော့​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 1,
      "text": "အိပ်ရာ​ထက်​တွင် ဒုစရိုက်​ပြု​ဖို့​ကြံစည်​နေ​သူ​၊ မကောင်းမှု​ပြု​ဖို့​တွေး​နေ​သူ​တို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​သူ​တို့​သည် လုပ်နိုင်စွမ်း​ရှိ​သည့်​အတိုင်း မိုးလင်း​သောအခါ ထို​အကြံ​အတိုင်း လုပ်​တတ်​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 2,
      "text": "သူ​တို့​သည် တပ်မက်​သဖြင့် လယ်မြေ​များ​ကို လုယူ​ကြ​၍ အိမ်​များ​ကို​လည်း သိမ်းပိုက်​ကြ​၏​။ ဤသို့ဖြင့် တစ်ပါးသူ​နှင့်​သူ​၏​အိမ်​၊ တစ်ပါးသူ​နှင့်​သူ​၏​အမွေဥစ္စာ​ကို အနိုင်အထက်ပြု​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 3,
      "text": "ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဤ​လူ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​စေရန် ငါ​စီရင်​ပြီ​။ သင်​တို့​သည် ထို​ဘေး​ကို သင်​တို့​လည်ပင်း​မှ ဖယ်ရှား​နိုင်​မည်​မ​ဟုတ်​။ ဘေးအန္တရာယ်​ကျရောက်​ရာ​ကာလ​ဖြစ်​သောကြောင့် ထောင်လွှား​သွားလာ​နိုင်​ကြ​မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 4,
      "text": "ထို​နေ့ရက်​၌ လူ​တို့​က သင်​တို့​ကို ပုံခိုင်း​၍ ‘ငါ​တို့ လုံးလုံး​ပျက်စီး​ကြ​ရ​ပြီ​။ ကိုယ်တော်​သည် ငါ့​လူမျိုး​တို့​၏​အမွေမြေ​ကို သူတစ်ပါး​အား လွှဲပြောင်း​ပေး​ပြီ​။ ငါ့​ထံမှ​လည်း ရုပ်သိမ်း​လိုက်​ပြီ​။ ငါ​တို့​၏​လယ်ယာ​ကို​လည်း ရန်သူ​အား ပေးလိုက်​လေ​ပြီ’​ဟူ၍ ခါးသီး​စွာ​ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 5,
      "text": "ထို့ကြောင့် ထာဝရဘုရား​၏​လူစု​တော်​တွင် သင့်​အဖို့ နယ်မြေ​မဲချ​ခွဲဝေ​ပေး​မည့်​သူ​တစ်ယောက်​မျှ​ရှိ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 6,
      "text": "သူ​တို့​က “သင်​တို့ မ​ဟောပြော​ကြ​နှင့်”​ဟု ဟောပြော​ကြ​၏​။ ဤ​အကြောင်း​နှင့်​ပတ်သက်၍ မည်သူ​မျှ မ​ဟောပြော​ကြ​နှင့်​။ ငါ​တို့ အသရေပျက်​ရ​လိမ့်မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 7,
      "text": "“ယာကုပ်​အမျိုးအနွယ်​တို့​၊ ‘ထာဝရဘုရား​သည် စိတ်တို​၍ ဤသို့​ပြု​တော်မူ​ပြီ​လော’​ဟု သင်​တို့​ဆို​သင့်​သလော​။ ငါ့​စကား​သည် ဖြောင့်မှန်​စွာ​ကျင့်ကြံ​သူ​အတွက် အကျိုး​ဖြစ်စေ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 8,
      "text": "သို့သော် ယခုမူ ငါ့​လူမျိုး​တော်​သည် ရန်သူ​ကဲ့သို့ ထကြွ​ကြ​ပြီ​။ သင်​တို့​သည် စစ်တိုက်​ရာ​မှ ဘေးကင်းလုံခြုံ​စွာ ပြန်ရောက်​လာ​သူ​တို့​၏​အဝတ်တန်ဆာ​တို့​ကို ချွတ်ယူ​ကြ​ပြီ​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 9,
      "text": "သင်​တို့​သည် ငါ့​လူမျိုး​တော်​တို့​၏​မိန်းမ​တို့​ကို သူ​တို့​မွေ့လျော်​ရာ​အိမ်​မှ နှင်ထုတ်​ပစ်​၏​။ သူ​တို့​၏​သားသမီး​များ​ထံ​မှ ငါ​၏​ဘုန်း​ကို အပြီးအပိုင်​နုတ်ယူ​ကြ​ပြီ​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 10,
      "text": "ထ​ကြ​။ ထွက်သွား​ကြ​။ ဤ​ပြည်​သည် ငြိမ်းချမ်း​သော​ပြည် မ​ဟုတ်​တော့​ပြီ​။ ဤ​ပြည်​သည် ညစ်ညူး​သောကြောင့် ကြီးစွာ​သော​ပျက်စီး​ခြင်း​ဖြင့် ပျက်စီး​ရ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 11,
      "text": "လူလေလူလွင့်​တစ်ယောက်​က ‘စပျစ်ဝိုင်​အကြောင်း​၊ သေရည်သေရက်​အကြောင်း ငါ​ပရောဖက်ပြု​ဟောပြော​ပေး​မည်’​ဟု လူ​တစ်ယောက်ယောက်​အား လိမ်လည်လှည့်စား​မည်​ဆိုလျှင် သူ​သည် ထို​လူ​အတွက်​သာ ပရောဖက်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 12,
      "text": "အို ယာကုပ်​အမျိုး​၊ သင်​တို့​အားလုံး​ကို ငါ​ဧကန်အမှန်​စုသိမ်း​မည်​။ ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​ကို ငါ​ဧကန်အမှန်​ပြန်လည်​စုစည်း​မည်​။ သိုးခြံ​ထဲမှ​သိုးအုပ်​ကဲ့သို့​၊ စားကျက်မြေ​ထဲမှ သိုးစု​ကဲ့သို့ တစ်စုတစ်စည်း​တည်း​ဖြစ်​စေ​မည်​။ လူ​များ​သဖြင့် ဆူညံ​နေ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 13,
      "text": "ထိုးဖောက်​သွား​မည့်​သူ​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ သူ​တို့​လည်း မြို့​တံခါး​ကို​ဖြိုဖျက်​ပြီး ထို​တံခါး​မှ ဖြတ်​သွား​ကြ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​သည် သူ​တို့​ရှေ့​မှ​ကြွ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို​ဦးဆောင်​တော်မူ​မည်​။”"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 1,
      "text": "အကျွန်ုပ်​က “​အို ယာကုပ်​အမျိုး​ခေါင်းဆောင်​တို့​နှင့် အစ္စရေး​အမျိုး​အကြီးအမှူး​တို့​၊ နားထောင်​ကြ​လော့​။ တရားမျှတမှု​ကို သင်​တို့​သိ​သင့်​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 2,
      "text": "သို့သော် သင်​တို့​သည် ကောင်း​သော​အရာ​ကို​မုန်း​၍ မကောင်း​သော​အရာ​ကို​နှစ်သက်​ကြ​၏​။ သူတစ်ပါး​ကိုယ်​မှ​အရေခွံ​ကို​နွှာ​၍ အရိုး​မှ​အသား​ကို​နွှင်ယူ​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 3,
      "text": "ငါ့​လူမျိုး​တော်​တို့​၏​အသား​ကို စား​ကြ​၏​။ သူ​တို့​၏​အရေခွံ​ကို​နွှာ​၍ အရိုး​ကို ချိုး​ပြီးလျှင် အိုး​ထဲ​၊ ဒယ်အိုး​ထဲ ထည့်ချက်​မည့်​အသား​ကဲ့သို့ ခုတ်ထစ်​ကြ​သည်”​ဟု ဆို​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 4,
      "text": "ထို​သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ဆုတောင်း​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​မည်​မ​ဟုတ်​။ သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​သောကြောင့် ထို​ကာလ​တွင် ကိုယ်တော်​သည် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 5,
      "text": "အကျွန်ုပ်​၏​လူမျိုး​ကို​လမ်းလွဲ​စေ​သော ပရောဖက်​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ သူ​တို့​၏​သွား​များ​အစာဝါးစား​ရ​သောအခါ “ငြိမ်းချမ်း​ပါစေ”​ဟု ဆို​တတ်​ပြီး သူ​တို့​၏​ပါးစပ် အစာ​မ​စား​ရ​သောအခါ တိုက်ခိုက်​ရန်​အသင့်ပြင်ဆင်​တတ်​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 6,
      "text": "ထို့ကြောင့် သင်​တို့​သည် ညအချိန်​၌ ဗျာဒိတ်နိမိတ်​ရ​တော့​မည်​မ​ဟုတ်​၊ မှောင်မိုက်ချိန်​၌ ဂမ္ဘီရအတတ်​ကို အသုံးပြု​နိုင်​တော့​မည်​မ​ဟုတ်​။ ပရောဖက်​တို့​အဖို့ နေဝင်​၍ နေ့​အချိန်​၌​ပင် မှောင်မိုက်​ဖုံးလွှမ်း​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 7,
      "text": "သို့ဖြစ်၍ ဗျာဒိတ်ရသူ​တို့​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​တို့​သည် မျက်နှာပျက်​ရ​လိမ့်မည်​။ ဘုရားသခင်​သည် သူ​တို့​ကို​ထူး​တော်​မ​မူ​သောကြောင့် သူ​တို့​အားလုံး နှုတ်ပိတ်​နေ​ရ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 8,
      "text": "အကျွန်ုပ်​မူကား ယာကုပ်​ပုန်ကန်​သော​အပြစ်​၊ အစ္စရေး​ကျူးလွန်​သော​အပြစ်​ကို ဖော်ပြ​နိုင်​ရန် ထာဝရဘုရား​၏​ဝိညာဉ်​တော်​တန်ခိုး​နှင့်​လည်းကောင်း​၊ တရားမျှတမှု​နှင့် အစွမ်းတန်ခိုး​တို့​နှင့်​လည်းကောင်း ပြည့်ဝ​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 9,
      "text": "အို ယာကုပ်​အကြီးအမှူး​တို့​နှင့် အစ္စရေး​အုပ်ချုပ်သူ​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​သည် တရားမျှတမှု​ကို​စက်ဆုပ်ရွံရှာ​၍ ဖြောင့်မှန်​သော​အမှု​ရှိသမျှ​ကို ကွေ့ကောက်​စေ​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 10,
      "text": "သင်​တို့​သည် လူ​အသက်သတ်​၍ ဇိအုန်​မြို့​ကို တည်​ကြ​၏​။ မတရားမှု​ဖြင့် ဂျေရုဆလင်​မြို့​ကို တည်​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 11,
      "text": "အကြီးအမှူး​တို့​သည် တံစိုးလက်ဆောင်​ရ​ရန် တရားစီရင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း အဖိုးအခ​ရ​ရန် သွန်သင်​ကြ​၏​။ ပရောဖက်​တို့​သည်​လည်း ငွေ​ရ​ရန် ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​ကြ​၏​။ ထာဝရဘုရား​ကို အမှီပြု​၍​လည်း “​ထာဝရဘုရား​သည် ငါ​တို့​အလယ်​တွင်​ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 12,
      "text": "သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 1,
      "text": "နောက်ဆုံး​သော​ကာလ​တွင် ထာဝရဘုရား​၏​အိမ်​တော်​တည်ရှိ​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်​၌ တည်​လိမ့်မည်​။ တောင်ကုန်း​တို့​ထက် ချီးမြှောက်​ခြင်း​ခံရ​၍ လူမျိုး​တို့​သည် ထို​တောင်​တွင် စုရုံး​ကြ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 2,
      "text": "လူမျိုး​များစွာ​တို့​သည် လာ​၍ “​လာ​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​အိမ်​တော်​ရှိ​ရာ ထာဝရဘုရား​၏​တောင်​တော်​သို့​တက်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် မိမိ​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်သင်​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား တရားတော်​သည် ဇိအုန်​တောင်​မှ​လည်းကောင်း​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ထွက်ပေါ်​လာ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 3,
      "text": "ကိုယ်တော်​သည် လူမျိုး​များစွာ​တို့​ကို စီရင်​တော်မူ​မည်​။ ရပ်ဝေး​မှ​အားကြီး​သော​လူမျိုး​တို့​ကို ဆုံးမ​တော်မူ​မည်​။ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​အဖြစ်​၊ လှံ​များ​ကို တံစဉ်​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​နှင့် တိုက်ခိုက်​ကြ​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 4,
      "text": "လူ​တို့​သည် မိမိ​တို့​၏​စပျစ်ပင်​၊ သဖန်းပင်​တို့​အောက်​တွင် ထိုင်​ကြ​လိမ့်မည်​။ သူ​တို့​ကို ခြိမ်းခြောက်​မည့်​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​။ ထိုသို့ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား နှုတ်မြွက်​တော်မူ​ပြီ​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 5,
      "text": "လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​ဘုရား​များ​၏​နာမ​၌ အသီးသီး​လိုက်လျှောက်​ကြ​လိမ့်မည်​။ ငါ​တို့​မူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​နာမ​တော်​၌ ကာလ​အစဉ်အဆက်​လိုက်လျှောက်​ကြ​မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 6,
      "text": "ထာဝရဘုရား​က “​ထို​ကာလ​၌ ခြေမသန်သူ​ကို ငါ​စုစည်း​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သူ​၊ ငါ​ဒဏ်ခတ်​ခဲ့​သူ​တို့​ကို ပြန်လည်​စုစည်း​မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 7,
      "text": "ခြေမသန်သူ​ကို ကြွင်းကျန်​စေ​မည်​။ အဝေး​သို့​နှင်ထုတ်​ခံရ​သူ​ကို အားကြီး​သော​လူမျိုး​ဖြစ်​စေ​မည်​။ ထာဝရဘုရား​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက် ဇိအုန်​တောင်​ပေါ်တွင် သူ​တို့​ကို အုပ်စိုး​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 8,
      "text": "အို ဧဒါ​မျှော်စင် ဇိအုန်​သမီးပျို​နေရာ​တောင်ကုန်း​၊ အုပ်စိုးမှု​အာဏာ​သည် ယခင်က​ကဲ့သို့ပင် သင့်​ထံ​ပြန်လာ​လိမ့်မည်​။ ဂျေရုဆလင်​သမီးပျို​ထံသို့ နိုင်ငံ​တော်​ပြန်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 9,
      "text": "ယခု သင်​သည် သားဖွား​သော​မိန်းမ​ဝေဒနာ​ခံစား​ရ​သကဲ့သို့ အဘယ်ကြောင့် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သနည်း​။ သင်​၌ ရှင်ဘုရင်​မ​ရှိ​သောကြောင့်​လော​။ သင့်​ကို အကြံပေးသူ မ​ရှိ​တော့​သောကြောင့်​လော​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 10,
      "text": "အို ဇိအုန်​သမီးပျို​၊ သားဖွား​မိန်းမ​ကဲ့သို့ ဝေဒနာ​ကို အလူးအလိမ့်​ခံစား​လော့​။ အကြောင်းမူကား သင်​သည် မြို့​မှ​ထွက်​၍ ကွင်းပြင်​၌​နေ​ရ​လိမ့်မည်​။ ထို့နောက် ဘေဘီလုံ​ပြည်​သို့ ပါသွား​ရ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် ထို​ပြည်​တွင် သင့်​ကို ရန်သူ​တို့​လက်​မှ ရွေးနုတ်​ကယ်တင်​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 11,
      "text": "ယခုမူ “​ဇိအုန်​မြို့​၊ အသရေပျက်​ပါစေ​။ သူ့​ကို ငါ​တို့ ဝမ်းသာအားရ​ကြည့်​ရ​ပါစေ​”​ဟု ဆို​သော​လူမျိုး​များစွာ​တို့​သည် သင့်​ကို ဆန့်ကျင်​စုရုံး​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 12,
      "text": "သို့သော် သူ​တို့​သည် ထာဝရဘုရား​၏​စိတ်​တော်​တို့​ကို မ​သိ​၊ အကြံအစည်​တော်​ကို နား​မ​လည်​ကြ​။ စင်စစ် ကိုယ်တော်​သည် သူ​တို့​ကို ကောက်နယ်တလင်း​မှ ကောက်လှိုင်း​များ​ကဲ့သို့ စုစည်း​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 13,
      "text": "“အို ဇိအုန်​သမီးပျို​၊ ထ​၍ တလင်းနယ်​လော့​။ ငါ​သည် သင့်​အား သံ​ဦးချို​နှင့် ကြေးဝါ​ခွာ​ကို ပေး​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​ကို ညက်ညက်ကြေ​အောင် နင်းနယ်​လိမ့်မည်​။ သင်​သည် သူ​တို့​၏​မတရား​သော​အကျိုးစီးပွား​ကို ထာဝရဘုရား​ထံ​တော်​သို့​လည်းကောင်း​၊ သူ​တို့​၏​ဥစ္စာပစ္စည်း​တို့​ကို မြေ​တစ်ပြင်လုံး​၏​အရှင်​ထံသို့​လည်းကောင်း ဆက်ကပ်​လိမ့်မည်​။”"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 1,
      "text": "အို စစ်သမီးပျို​တပ်ဖွဲ့​တို့​၊ စုဝေး​ကြ​လော့​။ ငါ​တို့ ဝိုင်းထား​ခံရ​ပြီ​။ အစ္စရေး​အုပ်ချုပ်​သူ​တို့​၏​ပါး​ကို ကြိမ်လုံး​နှင့်​ရိုက်​ကြ​ပြီ​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 2,
      "text": "“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။”"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 3,
      "text": "သို့သော် သားဖွား​မည့်​မိန်းမ သားဖွား​ပြီး​သည့်​အချိန်​ထိ ကိုယ်တော်​သည် သူ​တို့​ကို ပစ်ထား​လိမ့်မည်​။ ထို့နောက်မှ ကြွင်းကျန်​သော​ညီအစ်ကို​တို့​သည် အစ္စရေး​အမျိုးသား​တို့​ထံ ပြန်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 4,
      "text": "သူ​သည် ထာဝရဘုရား​၏​အစွမ်း​၊ သူ​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တန်ခိုး​၌ ရပ်တည်​၍ မိမိ​သိုး​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ သူ​သည် ယခု​မှစ၍ မြေကြီး​ဆုံး​တိုင်အောင်​ကြီးမြတ်​မည်​ဖြစ်၍ သိုး​တို့​သည်​လည်း လုံခြုံ​စွာ​နေ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 5,
      "text": "သူ​သည် ငြိမ်းချမ်း​ခြင်း​အကြောင်း ဖြစ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့ ချီလာ​၍ ငါ​တို့​၏​ခံတပ်​များ​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​ကို တိုက်ခိုက်​မည့် သိုးထိန်း​ခုနစ်​ပါး​၊ မင်းညီမင်းသား​ရှစ်​ပါး​ကို ငါ​တို့​တင်မြှောက်​ကြ​မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 6,
      "text": "သူ​တို့​သည် အဆီးရီးယား​ပြည်​ကို ဓား​ဖြင့်​စောင့်ကြပ်​လိမ့်မည်​။ နိမ်ရောဒ​ပြည်​အဝင်ဝ​တို့​၌​လည်း စောင့်ကြပ်​လိမ့်မည်​။ အဆီးရီးယား​လူမျိုး​တို့​သည် ငါ​တို့​ပြည်​သို့​လာ​၍ ငါ​တို့​နယ်နိမိတ်​ထဲသို့ ကျူးကျော်​ဝင်ရောက်​သောအခါ သူ​တို့​သည် ငါ​တို့​ကို အဆီးရီးယား​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 7,
      "text": "ကြွင်းကျန်​သော​ယာကုပ်​အမျိုး​တို့​သည် လူမျိုး​များစွာ​တို့​အလယ်​တွင် လူ​ကို မ​မျှော်လင့်​၊ လူသား​တို့​ကို မ​ကိုးစား​သော ထာဝရဘုရား​ထံမှ နှင်းစက်​ကဲ့သို့​လည်းကောင်း​၊ မြက်ပင်​ပေါ်​ကျ​သော မိုးပေါက်​ကဲ့သို့​လည်းကောင်း ရှိ​နေ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 8,
      "text": "ကြွင်းကျန်​သော​ယာကုပ်​အမျိုး​တို့​သည် တော​တိရစ္ဆာန်​တို့​အလယ်​မှ ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ သိုးအုပ်​တို့​အလယ်​မှ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း လူမျိုးခြား​တို့​အလယ်​၊ လူ​များစွာ​တို့​ကြား​တွင် ရှိ​နေ​လိမ့်မည်​။ ထို​ခြင်္သေ့​တို့​သည် သွားလာ​၍ မည်သူ​မျှ​မ​ကယ်​နိုင်​အောင် စားသောက်​ကိုက်ဖြတ်​တတ်​၏​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 9,
      "text": "သင်​သည် သင့်​ရန်သူ​တို့​အပေါ်​လက်​ကို​ချီ​၍ သင့်​ရန်သူ​အပေါင်း​တို့ ပျက်စီး​သွား​ရ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 10,
      "text": "ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် သင်​၏​မြင်း​များ​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ သင်​၏​စစ်ရထား​တို့​ကို ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 11,
      "text": "သင့်​ပြည်​ရှိ မြို့​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ သင့်​ခံတပ်​ရှိသမျှ​တို့​ကို​လည်း ဖြိုချ​ပစ်​မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 12,
      "text": "သင်​တတ်မြောက်​သော​မှော်အတတ်​များ​ကို သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​မည်​။ ဗေဒင်ဟော​သော​သူ​များ​လည်း သင်​၌ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 13,
      "text": "သင်​၏​ရုပ်တုဆင်းတု​များ​၊ အထိမ်းအမှတ်​ကျောက်တိုင်​များ​ကို​လည်း သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​မည်​။ သင့်​လက်​ဖြင့် ထုလုပ်​သော​ဘုရား​များ​ကို သင်​ရှိခိုးကိုးကွယ်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 14,
      "text": "သင်​၏​အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို ငါ​နုတ်ပစ်​မည်​။ သင်​၏​မြို့ရွာ​များ​ကို​လည်း ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 15,
      "text": "ငါ့​ကို မ​နာခံ​သော​လူမျိုးခြား​တို့​ကို အမျက်​ဒေါသ​ဖြင့် ငါ​လက်စားချေ​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 1,
      "text": "ယခု နားထောင်​လော့​။ ထာဝရဘုရား​က “​ထ​၍ တောင်တန်း​များ​ရှေ့​တွင် သင်​၏​အမှု​ကို တင်ပြ​လော့​။ သင့်​အသံ​ကို တောင်ကုန်း​များ​လည်း ကြား​ပါစေ​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 2,
      "text": "အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 3,
      "text": "အို ငါ့​လူမျိုး​တော်​၊ သင့်​ကို ငါ​မည်သို့​ပြု​မိ​ခဲ့​သနည်း​။ သင့်​ကို ငါ​မည်သို့ စိတ်ပင်ပန်း​စေ​ခဲ့​သနည်း​။ ပြော​ပါ​လော့​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 4,
      "text": "ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ရွေးနုတ်​ခေါ်ဆောင်​ခဲ့​ပြီ​။ သင့်​ကို​ဦးဆောင်​မည့် မောရှေ​၊ အာရုန်​နှင့်​မိရိအံ​တို့​ကို စေလွှတ်​ပေး​ခဲ့​ပြီ​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 5,
      "text": "အို ငါ့​လူမျိုး​တော်​၊ ထာဝရဘုရား​ဖြောင့်မတ်​တော်မူ​ကြောင်း သင် သိ​နိုင်​ရန် မောဘ​ဘုရင်​ဗာလက်​မင်းကြီး မည်သို့​ကြံစည်​ခဲ့​သည်​ကို​လည်းကောင်း​၊ သူ့​အား ဗောရ​သား ဗာလမ် မည်သို့​ပြန်လည်ဖြေကြား​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှိတ္တိမ်​မြို့​နှင့် ဂိလဂါလ​မြို့​ကြား မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​လော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 6,
      "text": "ငါ​သည် ထာဝရဘုရား​ထံ မည်သည့်​အရာ ယူလာ​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​ကို ရှိခိုး​ရ​မည်နည်း​။ အထံ​တော်​သို့ တစ်နှစ်သားအရွယ်​နွားသငယ်​ကို မီးရှို့ရာယဇ်​အဖြစ် ယူလာ​ရ​မည်လော​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 7,
      "text": "ထာဝရဘုရား​သည် သိုးထီး​တစ်ထောင်​၊ ဆီ​မြစ်​တစ်သောင်း​ကို နှစ်သက်​တော်မူ​မည်လော​။ ငါ​ကျူးလွန်​သော​အပြစ်​အတွက် ငါ​၏​သားဦး​ကို​လည်းကောင်း​၊ ငါ့​စိတ်​ထဲ၌ ပြု​သော​အပြစ်​အတွက် ငါ​၏​ရင်သွေး​ကို​လည်းကောင်း ပူဇော်​ရ​မည်လော​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 8,
      "text": "အို အချင်း​လူ​၊ မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို သင့်​အား​ပြောပြ​တော်မူ​ပြီ​။ စင်စစ် တရားမျှတ​စွာ​ပြုကျင့်​ခြင်း​၊ မေတ္တာကရုဏာ​ကို မြတ်နိုး​ခြင်း​၊ ဘုရားသခင်​ရှေ့​တော်​၌ စိတ်နှိမ့်ချ​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း မှတစ်ပါး သင့်​အား မည်သည့်​အရာ​ကို ထာဝရဘုရား တောင်းဆို​တော်မူ​သနည်း​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 9,
      "text": "ထာဝရဘုရား​သည် မြို့​ကို အော်ဟစ်​မိန့်မြွက်​တော်မူ​၏​။ ဉာဏ်ပညာ​ရှိ​သော​သူ​သည် နာမ​တော်​ကို သိမြင်​လေ​ပြီ​။ တောင်ဝှေး​ကို​လည်းကောင်း​၊ တောင်ဝှေး​အား ခန့်အပ်​ထား​သော​အရှင်​ကို​လည်းကောင်း နာခံ​လော့​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 10,
      "text": "ဆိုးယုတ်​သော​သူ​၏​အိမ်​တွင် မတရား​ယူ​ထား​သော​ဥစ္စာ ရှိ​သေး​သလော​။ အဝင်ချင်းမတူ​သော​ဧဖာ ရှိ​သေး​သလော​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 11,
      "text": "မမှန်ကန်​သော​ချိန်ခွင်​၊ မမှန်ကန်​သော​အလေး​အိတ်​ကို မှန်ကန်​သည်​ဟု ငါ​ဆို​ရ​မည်လော​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 12,
      "text": "မြို့သား​သူဌေး​တို့​သည် ရက်စက်ကြမ်းကြုတ်​ကြ​၏​။ မြို့သူမြို့သား​တို့​သည် အလိမ်အညာ​စကား​ကို​သာ ပြော​တတ်​ကြ​၏​။ သူ​တို့​၏​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို​သာ ဆို​တတ်​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 13,
      "text": "“သို့ဖြစ်၍ ငါ​သည် သင့်​ကို ဖျားနာ​ခြင်း​ဖြင့် ဒဏ်ခတ်​မည်​။ သင့်​အပြစ်​များ​ကြောင့် သင့်​ကို ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 14,
      "text": "သင်​သည် စား​ရ​သော်လည်း ဝလင်​မည်​မ​ဟုတ်​။ ဝမ်း​ဟာ​နေ​လိမ့်မည်​။ နောက်ဆုတ်​သော်လည်း လွတ်မြောက်​မည်​မ​ဟုတ်​။ လွတ်မြောက်​လျှင်ပင် သင့်​ကို ဓား​လက်​သို့ ငါ​အပ်​မည်​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 15,
      "text": "မျိုးစေ့​ကြဲ​သော်လည်း ရိတ်သိမ်း​ရ​မည်​မ​ဟုတ်​။ သံလွင်သီး​ကို​နင်းနယ်​သော်လည်း သံလွင်ဆီ​လိမ်း​ရ​မည်​မ​ဟုတ်​။ စပျစ်သီး​ကို​နင်းနယ်​သော်လည်း စပျစ်ဝိုင်​သောက်​ရ​မည်​မ​ဟုတ်​။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 16,
      "text": "ဩမရိ​မင်းကြီး​၏​ဥပဒေသ​အတိုင်း​၊ အာဟပ်​မင်းမျိုး​၏​အပြုအမူ​အတိုင်း သင်​တို့ လိုက်လျှောက်​ကြ​၏​။ သူ​တို့​၏​အကျင့်အကြံ​အတိုင်း လိုက်လျှောက်​သောကြောင့် သင့်​ကို ပျက်စီး​ခြင်း​လက်​သို့ ငါ​ပေးအပ်​လိုက်​၏​။ မြို့သား​တို့​သည် ကဲ့ရဲ့စရာ​ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​သည် ငါ့​လူမျိုး​တော်​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ခံရ​လိမ့်မည်​။”"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 1,
      "text": "ငါ​၌ အမင်္ဂလာ​ရှိ​၏​။ အကြောင်းမူကား ငါ​သည် နွေရာသီသီးနှံ​ရိတ်သိမ်းသူ​များ​၊ စပျစ်ခြံ​၌ အသီးကျန်လိုက်ခူးသူ​များ​နှင့်​တူ​လေ​ပြီ​။ စားစရာ​စပျစ်သီးခိုင် တစ်​ခိုင်​မျှ​မ​ရှိ​၊ အဦးဆုံးမှည့်သောအသီး​ကို စားလိုစိတ်​ရှိ​သော်လည်း တစ်​လုံး​မျှ​မ​ရှိ​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 2,
      "text": "ဘုရားဝတ်​၌​မွေ့လျော်​သော​သူ​သည် မြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​လေ​ပြီ​။ လူ​တို့​တွင် ဖြောင့်မှန်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ သူ​တို့​အားလုံး လူ့​အသက်သတ်​ရန် ချောင်းမြောင်း​နေ​ကြ​၏​။ ညီအစ်ကို​အချင်းချင်း​ပင် ပိုက်​ထောင်ဖမ်း​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 3,
      "text": "သူ​တို့​၏​လက်​နှစ်ဖက်စလုံး​သည် မကောင်းမှု​၌ ကျင်လည်​တတ်​ကြ​၏​။ အကြီးအကဲ​များ​၊ တရားသူကြီး​များ​သည် တံစိုးလက်ဆောင်​ကို တောင်းဆို​တတ်​ကြ​၏​။ မင်းအရာရှိ​တို့​သည်​လည်း မိမိ​တို့​စိတ်​အလိုရမ္မက်​ကို​သာ ဖော်ပြ​တတ်​ကြ​၏​။ ထို​သူ​တို့​သည် တစ်ကျိတ်တည်း​တစ်ဉာဏ်တည်း ဖြစ်​ကြ​၏​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 4,
      "text": "သူ​တို့​တွင် သူတော်ကောင်း​သည် ဆူးပင်​နှင့်​တူ​၏​။ ရိုးသားဖြောင့်မတ်​သော​သူ​သည် ဆူးချုံပုတ်​ထက်​ဆိုး​၏​။ သင့်​ကင်းစောင့်​များ​သတိပေး​သော​နေ့​၊ သင်​စစ်ကြောစီရင်​ခြင်း​ခံရ​သော​နေ့ ရောက်လာ​ပြီ​။ ယခု သူ​တို့​ထိတ်လန့်ချောက်ချား​ရ​လေ​ပြီ​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 5,
      "text": "သင့်​အိမ်နီးချင်း​ကို မ​ယုံ​နှင့်​။ သင့်​မိတ်ဆွေ​ကို​လည်း မ​ကိုးစား​နှင့်​။ သင့်​ရင်ခွင်​၌ အိပ်​နေ​သော​မိန်းမ​ရှေ့​တွင်​လည်း စကား​ကို သတိထား​ပြော​လော့​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 6,
      "text": "အကြောင်းမူကား သား​သည် ဖခင်​ကို အသရေဖျက်​၏​။ သမီး​သည် မိခင်​ကို ဆန့်ကျင်​၏​။ ချွေးမ​သည် ယောက္ခမ​ကို ဆန့်ကျင်​၏​။ ကိုယ့်​အိမ်သား​သည် ကိုယ့်​ရန်သူ​ဖြစ်​နေ​၏​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 7,
      "text": "ငါ​မူကား ထာဝရဘုရား​ကို မျှော်ကြည့်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ကိုးစား​မည်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 8,
      "text": "အို အချင်း​ရန်သူ​၊ ငါ့​ကြောင့် သင်​ဝမ်း​မ​မြောက်​နှင့်​။ ငါ​သည် လဲကျ​သော်လည်း ပြန်ထ​မည်​။ မှောင်မိုက်​၌ နေ​ရ​သော်လည်း ထာဝရဘုရား​သည် ငါ​၏​အလင်း​ဖြစ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 9,
      "text": "ငါ​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​ပြီ​ဖြစ်၍ ငါ့​အမှု​ကို ဖြေရှင်း​ပေး​ပြီး ငါ့​ကို တရားသဖြင့် စီရင်​သည်​အထိ အမျက်​တော်​ကို ငါ​ခံရ​မည်​။ ထို့နောက် ကိုယ်တော်​သည် ငါ့​ကို အလင်း​ထဲသို့ ခေါ်ဆောင်​လာ​မည်​ဖြစ်၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ငါ​ဖူးမြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 10,
      "text": "“​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကား အဘယ်မှာ​ရှိ​သနည်း”​ဟု ငါ့​အား ပြောဆို​သော​ရန်သူ​သည် ထို​အဖြစ်​ကို​မြင်​၍ အရှက်ကွဲ​ရ​လိမ့်မည်​။ ယခု​တွင် သူ​သည် လမ်း​ပေါ်မှ ရွှံ့​ကဲ့သို့ နင်းချေ​ခံရ​သည်​ကို ငါ့​မျက်စိ​ဖြင့် တပ်အပ်​မြင်​ရ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 11,
      "text": "သင့်​မြို့ရိုး တည်ဆောက်​ရ​သော​နေ့ ရောက်​လိမ့်မည်​။ ထို​နေ့​တွင် သင့်​နယ်မြေ ကျယ်ဝန်း​လာ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 12,
      "text": "ထို​နေ့ရက်​၌ လူ​တို့​သည် အဆီးရီးယား​ပြည်​မှစ၍ အီဂျစ်​မြို့ရွာ​များ​၊ အီဂျစ်​ပြည်​မှစ၍ ယူဖရေးတီး​မြစ် ​တိုင်အောင် ပင်လယ်​အရပ်ရပ်​၊ တောင်တန်း​အသွယ်သွယ်​တို့​မှ သင့်​ထံသို့ လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 13,
      "text": "မြေကြီးသား​တို့​ပြု​သော​အမှု​၏​အကျိုးဆက်​ကြောင့် ကမ္ဘာမြေကြီး​သည် လူဆိတ်ညံ​ရာ​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 14,
      "text": "စားကျက်မြေ​ကောင်း​သည့်​တောမြိုင်​အလယ်​တွင် သီးသန့်​နေ​သော ကိုယ်တော်​၏​အမွေ​တော်​သိုးစု​ဖြစ်​သည့် ကိုယ်တော်​၏​လူမျိုး​တော်​ကို တောင်ဝှေး​တော်​ဖြင့် ထိန်းကျောင်း​တော်မူ​ပါ​။ ရှေးယခင် ဗာရှန်​ပြည်​၊ ဂိလဒ်​ပြည်​မှာ​ကဲ့သို့ သူ​တို့​ကို ကျွေးမွေး​တော်မူ​ပါ​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 15,
      "text": "“အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သော​နေ့​က​ကဲ့သို့ အံ့ဖွယ်​အမှု​တို့​ကို ငါ​ပြ​မည်​။”"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 16,
      "text": "လူမျိုးခြား​တို့​သည် ထို​အမှု​တို့​ကို​မြင်​၍ ခပ်သိမ်း​သော​ကိုယ့်​အစွမ်းတန်ခိုး​တို့​ကို​ပြန်ကြည့်​ပြီး ရှက်​ကြ​လိမ့်မည်​။ နှုတ်​ကို​လက်​နှင့်​ပိတ်​၍ နား​လည်း​မ​ကြား​ဘဲ​နေ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 17,
      "text": "သူ​တို့​သည် မြွေ​ကဲ့သို့ မြေမှုန့်​ကို​လျက်​ရ​လိမ့်မည်​။ မြေကြီး​ပေါ်၌ တွားသွားသောသတ္တဝါ​ကဲ့သို့ မိမိ​ရဲတိုက်​ထဲမှ တုန်တုန်ရီရီ​နှင့် ထွက်လာ​ရ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​လျက်​နေ​ရ​လိမ့်မည်​။ သင့်​ကို​လည်း ကြောက်ရွံ့​ကြ​လိမ့်မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 18,
      "text": "ကိုယ်တော်​နှင့်​တူ​သော​ဘုရား​ရှိ​ပါ​သလော​။ ကိုယ်တော်​သည် အပြစ်​လွှတ်​တော်မူ​သော​ဘုရား​၊ ကြွင်းကျန်​သော​အမွေ​တော်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​တော်မူ​သော​ဘုရား​၊ အမျက်​တော်​ကို​သို​မ​ထား မေတ္တာကရုဏာ​အစဉ်​ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 19,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို သနားစုံမက်​တော်မူ​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​ကို နင်းချေ​တော်မူ​မည်​။ အပြစ်​ရှိသမျှ​ကို​လည်း ပင်လယ်​ရေနက်​ရာ​ထဲသို့ ပစ်ချ​တော်မူ​မည်​။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 20,
      "text": "ကိုယ်တော်​သည် ရှေးယခင်​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​သည့်​အတိုင်း ယာကုပ်​အား သစ္စာ​တော်​ကို​လည်းကောင်း​၊ အာဗြဟံ​အား မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ပြ​တော်မူ​မည်​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 1,
      "text": "နိနေဝေ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​၊ ဧလကောရှ​ရွာသား​နာဟုံ​ခံရ​သော​ဗျာဒိတ်နိမိတ်​ဆိုင်ရာ​မှတ်တမ်း​ကား ဤသို့​တည်း​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 2,
      "text": "ထာဝရဘုရား​သည် သဝန်တို​သော​ဘုရား​၊ လက်တုံ့ပြန်​သော​ဘုရား ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လက်တုံ့ပြန်​၏​။ အမျက်​တော်​လည်း ပြင်းထန်​၏​။ ထာဝရဘုရား​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​၏​။ ရန်သူ​တို့​အတွက် အမျက်​တော်​သို​ထား​တော်မူ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 3,
      "text": "ထာဝရဘုရား​သည် စိတ်ရှည်​သော​ဘုရား​၊ တန်ခိုး​ကြီး​သော​ဘုရား​၊ အပြစ်​ရှိ​သူ​ကို အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လေပွေ​နှင့် မိုးသက်မုန်တိုင်း​အလယ်​တွင် ကြွမြန်း​တော်မူ​၏​။ မိုးတိမ်​တို့​သည် ခြေ​တော်​အောက်​၌ မြေမှုန့်​ကဲ့သို့​ဖြစ်​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 4,
      "text": "ပင်လယ်​ကို ဆုံးမ​ပြီး ခြောက်သွေ့​စေ​တော်မူ​၏​။ ရှိသမျှ​သော​မြစ်​တို့​ကို​လည်း ခန်းခြောက်​စေ​တော်မူ​၏​။ ဗာရှန်​ပြည်​နှင့် ကရမေလ​တောင်​တို့​သည် ခြောက်သွေ့​၍ လက်ဘနွန်​တောင်​ရှိ​ပန်း​များ​လည်း ညှိုးနွမ်း​ကြ​ပါ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 5,
      "text": "တောင်​များ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်ခါ​၍ တောင်ကုန်း​များ အရည်ပျော်​ကုန်​၏​။ မြေကြီး​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​၍ ကမ္ဘာကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​သည်​လည်း တုန်လှုပ်​ကြ​ပါ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 6,
      "text": "ကိုယ်တော်​၏​အမျက်​တော်​ရှေ့​၌ မည်သူ​ရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​ကို မည်သူ​ကြံ့ကြံ့​ခံနိုင်​မည်နည်း​။ အမျက်​တော်​ကို မီး​ကဲ့သို့​သွန်ချ​တော်မူ​လျှင် ရှေ့​တော်​၌ ကျောက်ဆောင်​များ ပြိုကျ​ကုန်​ပါ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 7,
      "text": "ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌ ခိုလှုံ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 8,
      "text": "သို့သော် နိနေဝေ​မြို့​ကို ရေလွှမ်းမိုး​သုတ်သင်ဖျက်ဆီး​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​၏​နောက်​သို့ အမှောင်ထု​ကြီး​လိုက်​စေ​မည်​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 9,
      "text": "ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မည်သည့်​အကြံ​ကို သင်​တို့​ကြံစည်​နေ​ကြ​သနည်း​။ ကိုယ်တော်​သည် အဆုံးသတ်​စေ​ပြီ​။ ဆင်းရဲဒုက္ခ​ကို ဒုတိယအကြိမ် ရောက်လာ​စေ​မည်​မ​ဟုတ်​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 10,
      "text": "သူ​တို့​သည် ဆူးချုံ​ကဲ့သို့ ရစ်ပတ်​ရှုပ်ထွေး​လျက်​၊ စပျစ်ဝိုင်​ကို​သောက်စား​မူးယစ်​လျက်​နေစဉ် ခြောက်သွေ့​သော​ရိုးပြတ်​ကဲ့သို့ မီး​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 11,
      "text": "ထာဝရဘုရား​ကို ဆန့်ကျင်​ကြံစည်​သူ​၊ ဆိုးဝါး​ယုတ်ညံ့​သော​အကြံ​ကို ပေး​သူ​တစ်ဦး သင့်​အထဲ​မှ ပေါ်လာ​လိမ့်မည်​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 12,
      "text": "ထာဝရဘုရား​က “​သူ​တို့​သည် လူ​အရေအတွက်​များ​ပြီး အင်အားတောင့်​သော်လည်း အမြစ်ဖြတ်​ချေမှုန်း​ခြင်း ခံရ​မည်​။ သင့်​ကို​မူကား ငါ​ဒဏ်ခတ်​ခဲ့​သော်လည်း နောက်တစ်ဖန် ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 13,
      "text": "သင့်​အပေါ်​တင်​ထား​သော သူ​၏​ထမ်းပိုး​ကို ငါ​ချိုး​ပစ်​မည်​။ သင့်​ကို ချည်နှောင်​ထား​သော​ကြိုး​များ​ကို ငါ​ဖြတ်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 14,
      "text": "ယခုမူ သင်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင့်​အမည်​သည် ဆက်လက်​တည်တံ့​တော့​မည်​မ​ဟုတ်​။ သင့်​ဘုရား​ဝတ်ကျောင်း​ရှိ သွန်းလုပ်​ထား​သော​ရုပ်တုဆင်းတု​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ သင်​သည် ဆိုးယုတ်​သောကြောင့် သင့်​အဖို့ သင်္ချိုင်း​ကို ငါ​စီရင်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 15,
      "text": "ကြည့်ရှု​လော့​။ ကောင်းမြတ်​သော​သတင်း​ကို ယူဆောင်​လာ​သူ​၊ ငြိမ်သက်​ခြင်း​သတင်း​ကြားပြော​သူ​၏​ခြေ​တို့​ကို တောင်​များ​ပေါ်တွင် တွေ့​ရ​၏​။ အို ယုဒ​၊ ပွဲတော်​များ​ကို ကျင်းပ​လော့​။ ကတိသစ္စာဝတ်​ကို ဖြေ​လော့​။ ဆိုးညစ်​သော​သူ​ကို သုတ်သင်​ပစ်​ပြီ​ဖြစ်၍ သင့်​ထံ ဝင်ရောက်ကျူးကျော်​နိုင်​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 1,
      "text": "အဖျက်သမား​သည် သင့်​ကို​ရင်ဆိုင်​တိုက်ခိုက်​ရန် ချီတက်​လာ​ပြီ​။ ခံတပ်​၌ အစောင့်ချ​ထား​လော့​။ လမ်း​ကို စောင့်ကြည့်​ထား​လော့​။ ခါးစည်း​ကို မြဲ​စေ​လော့​။ အင်အား​ရှိသမျှ​ကို စုစည်း​လော့​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 2,
      "text": "လုယက်ဖျက်ဆီး​သော​သူ​တို့​သည် အကိုင်းအခက်​များ​ပါ​မကျန် လုယက်​ဖျက်ဆီး​ခဲ့​သော်လည်း စင်စစ် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​ဘုန်းတန်ခိုး​ကဲ့သို့ ယာကုပ်​အမျိုး​၌ ဘုန်းတန်ခိုး​ပြန်ပေး​တော်မူ​မည်​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 3,
      "text": "သူ့​စစ်သူရဲ​တို့​၏​ဒိုင်းလွှား​များ​ကို အနီရောင်ချယ်​ထား​ကြ​၏​။ စစ်သည်​တို့​သည် အနီရောင်​ဝတ်စုံ​ကို ဝတ်ဆင်​ထား​ကြ​၏​။ စစ်ခင်းကျင်း​သော​နေ့​၌ စစ်ရထား​တို့​သည် သတ္တုရောင်​တောက်ပြောင်​လျက်​၊ လက်နက်​များ​ကို​လည်း ဝှေ့ယမ်း​လျက်​ရှိ​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 4,
      "text": "မြင်းရထား​သည် လမ်းမ​တစ်လျှောက် ဒုန်းစိုင်း​ပြေးလာ​၏​။ လဟာပြင်​တွင် ခေါက်တုံ့ခေါက်ပြန် ပြေးလွှား​နေ​ပုံ​မှာ မီးရှူးမီးပန်း​ဖောက်​သကဲ့သို့​လည်းကောင်း​၊ လျှပ်စီး​တဖျပ်ဖျပ်လက်​သကဲ့သို့​လည်းကောင်း ဖြစ်​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 5,
      "text": "သူ​သည် သူ​၏​မှူးမတ်​တို့​ကို သတိရ​လေ​၏​။ သူ​တို့​သည် လမ်း​၌​ခလုတ်တိုက်​လဲကျ​ပြီး မြို့ရိုး​သို့ အလျင်အမြန်​ပြေးလာ​၍ ဒိုင်းလွှား​များ​ဆောင်​လျက် အဆင်သင့် နေရာယူ​ကြ​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 6,
      "text": "မြစ်ရေ​ထိန်း​တံခါး​များ ပေါက်ထွက်​သွား​သဖြင့် နန်းတော်​လည်း ပျက်စီး​သွား​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 7,
      "text": "ဘုရင်မ​ကို သုံ့ပန်း​အဖြစ် ဖမ်းခေါ်​သွား​ရန် အမိန့်ထုတ်ဆင့်​သဖြင့် သူ​၏​ကျွန်မ​တို့​သည် ရင်ဘတ်စည်တီး​လျက် ချိုးငှက်​အသံ​ကဲ့သို့ ညည်းတွား​လျက်​နေ​ကြ​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 8,
      "text": "ရှေးယခင်​ကတည်းက နိနေဝေ​မြို့​သည် ရေ​စီးထွက်​နေ​သော​ရေကန်​နှင့်​တူ​၏​။ “​ရပ်​ပါ ရပ်​ပါ​”​ဟု ဆို​သော်လည်း မည်သူ​မျှ ပြန်လှည့်​မ​လာ​ကြ​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 9,
      "text": "ငွေ​တို့​ကို လုယူ​ကြ​။ ရွှေ​တို့​ကို လုယက်​ကြ​။ အဖိုးမဖြတ်​နိုင်​သော​ရတနာပစ္စည်း​တို့​သည် အတိုင်းမသိ များ​လှ​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 10,
      "text": "မြို့​သည် ဘာမျှ​မ​ကျန်​အောင် ပျက်စီး​၍ ဟင်းလင်းပြင်​ဖြစ်​လေ​ပြီ​။ လူ​တို့​သည်​လည်း စိတ်ပျက်အားလျော့​လျက်​၊ ကြောက်ဒူးတုန်​လျက်​၊ ခါးချည့်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​ကြ​လေ​ပြီ​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 11,
      "text": "ခြင်္သေ့ထီး​တို့ ခိုအောင်း​ရာ​၊ ခြင်္သေ့ပျို​တို့ ကျက်စား​ရာ​ကား အဘယ်မှာ​နည်း​။ ထို​နေရာ​သည် ခြင်္သေ့ထီး​၊ ခြင်္သေ့မ​၊ ခြင်္သေ့​သားပေါက်​တို့​ကျင်လည်​ရာ​အရပ်​၊ ခြောက်လှန့်​သူ​မ​ရှိ​ရာ​အရပ် ဖြစ်​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 12,
      "text": "ခြင်္သေ့ထီး​သည် သားပေါက်​များ စား​လောက်အောင် သားကောင်​ကို​သတ်ဖြတ်​ကိုက်ဖဲ့​ပေး​၏​။ ခြင်္သေ့မ​တို့​အတွက် သားကောင်​တို့​ကို ဖမ်းဆီးသတ်ဖြတ်​ပေး​၏​။ ခိုအောင်း​ရာ​ဂူ​ထဲ၌ သားကောင်​များ​နှင့် ပြည့်​စေ​၏​။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 13,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို တိုက်ခိုက်​မည်​။ သင့်​စစ်ရထား​ကို မီးရှို့​ပစ်​မည်​။ သင့်​ခြင်္သေ့ပျို​တို့​ကို ဓား​ဖြင့်​ဖျက်ဆီး​မည်​။ သင့်​သားကောင်​ကို မြေကြီး​ပေါ်မှ ဖယ်ရှား​ပစ်​မည်​။ စေတမန်​တို့​၏​အသံ​ကို​လည်း နောက်တစ်ဖန် ကြား​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 1,
      "text": "လူသတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​မြို့​သည် လိမ်လည်လှည့်စားမှု​၊ တိုက်ခိုက်လုယက်မှု​နှင့်​ပြည့်​သော​မြို့ ဖြစ်​၏​။ သားကောင်​ကို မပြတ်မလပ်​ဖမ်းစား​၏​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 2,
      "text": "ကျာပွတ်ရိုက်သံ​၊ ဘီးလိမ့်​သံ​၊ မြင်းခွာသံ​၊ စစ်ရထား​နှင်​သံ တို့​ပါတကား​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 3,
      "text": "တောက်ပြောင်​သော​ဓား​ကို​ဝင့်​လျက်​၊ လင်းလက်​သော​လှံ​ကို​မြှောက်​လျက် မြင်းစီးသူရဲ​တို့ ချီလာ​ကြ​ပြီ​။ လူ​အမြောက်အမြား အသတ်​ခံရ​သဖြင့် အလောင်းကောင်​များ စုပုံ​နေ​ပြီ​။ အလောင်းကောင်​တို့​သည်​လည်း အတိုင်းမသိ​များပြား​ကြ​၏​။ ထို​အလောင်း​များ​ကို​ပင် ခလုတ်တိုက်​လဲကျ​ကြ​လေ​ပြီ​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 4,
      "text": "အကြောင်းမှာ သူ​သည် ရာဂစိတ်​ပြင်းထန်​သော​ပြည့်တန်ဆာမ​၊ အဆင်းလှ​၍ ပြုစား​တတ်​သော​မှော်ဆရာမ ဖြစ်​သည်​နှင့်အညီ ပြည့်တန်ဆာအလုပ်​၊ မှော်အတတ်​တို့​ဖြင့် လူ​အမျိုးမျိုး​အနွယ်နွယ်​တို့​ကို ကျွန်ပြု​သောကြောင့် ဖြစ်​၏​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 5,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို​ဆန့်ကျင်​၍ သင့်​အဝတ်​ကို သင့်​မျက်နှာ​အုပ်​သွား​သည်​အထိ လှန်​ပစ်​မည်​။ ငါ​သည် သင် အဝတ်အချည်းစည်း​ရှိ​သည်​ကို လူမျိုးတကာ​တို့​အား ပြ​၍ သင်​အရှက်ကွဲ​သည်​ကို​လည်း တိုင်းနိုင်ငံ​တို့​အား ပြ​မည်​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 6,
      "text": "သင့်​အပေါ်​သို့ မစင်​ကို ပစ်ချ​မည်​။ သင့်​ကို မထီမဲ့မြင်ပြု​မည်​။ သင့်​ကို သူတစ်ပါး​ကြည့်စရာ ဖြစ်​စေ​မည်​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 7,
      "text": "သင့်​ကို​မြင်​သော​သူ​အားလုံး​တို့​သည် ထွက်ပြေး​ကြ​၍ ‘နိနေဝေ​မြို့ကြီး ပျက်စီး​လေ​ပြီ​။ သူ့​အဖို့ မည်သူ​မြည်တမ်း​မည်နည်း’​ဟု ဆို​ကြ​လိမ့်မည်​။ သင့်​ကို နှစ်သိမ့်ပေး​မည့်​သူ​များ​ကို အဘယ်မှာ ငါ​ရှာတွေ့​နိုင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 8,
      "text": "သင်​သည် ရေ​ပတ်လည်​ဝိုင်း​လျက် ပင်လယ်​တံတိုင်း​၊ ရေ​မြို့ရိုး​ဖြင့်​ကာရံ​ထား​၍ နိုင်း​မြစ်​နံဘေး​တွင်​တည်​သော နော​အာမုန်​မြို့​ထက် ခိုင်ခံ့​သလော​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 9,
      "text": "အီသီယိုးပီးယား​ပြည်​နှင့် အီဂျစ်​ပြည်​သည် သူ့​အဖို့ အတိုင်းအဆ​မ​ရှိ​သော​အင်အား ဖြစ်​၏​။ ဖုတ​ပြည်​နှင့် လစ်ဗျား​ပြည်​သည်​လည်း သူ့​ကို ကူညီပေး​သော​သူ​များ​ဖြစ်​၏​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 10,
      "text": "သို့သော်လည်း သူ​သည် သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ကလေးသူငယ်​များ​သည် လမ်းဆုံလမ်းခွ​တိုင်း​၌ ကိုင်ယူ​ပေါက်သတ်​ခြင်း​ခံရ​လေ​ပြီ​။ သူ​၏​လူကြီးလူကောင်း​များ​သည် မဲချ​ခွဲဝေ​ခြင်း​ခံရ​ပြီး မင်းအရာရှိ​အားလုံး​လည်း သံကြိုး​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​ကြ​လေ​ပြီ​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 11,
      "text": "သင်​သည်​လည်း ရန်သူ​ကြောင့် ပုန်းခို​နေ​ရ​၍ မူးနောက်​နေ​လိမ့်မည်​။ ခိုလှုံ​ရာ​ကို​လည်း ရှာ​ရ​လိမ့်မည်​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 12,
      "text": "သင်​၏​ခံတပ်​ရှိသမျှ​သည် အဦးဆုံးအသီး​များ​မှည့်​နေ​သည့် သဖန်းပင်​နှင့်​တူ​၏​။ ထို​အပင်​တို့​ကို​လှုပ်ခါ​လိုက်​လျှင် အသီး​တို့​သည် စား​မည့်​သူ​၏​ပါးစပ်​ထဲသို့ ပြုတ်ကျ​၏​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ သင့်​စစ်သည်​တို့​သည် မိန်းမ​သဖွယ်​ဖြစ်​လေ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို မီး​လောင်ကျွမ်း​ပြီး မြို့​တံခါး​တို့​သည်​လည်း ရန်သူ​တို့​အဖို့ ဟင်းလင်းပွင့်​လေ​ပြီ​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 14,
      "text": "ဝိုင်းရံ​ပိတ်ဆို့​ခံရ​မည်​ဖြစ်၍ ရေ​ကို လှောင်​ထား​လော့​။ အုတ်ဖို​ကို​ပြင်ဆင်​၍ ရွှံ့​ကို​နင်းနယ်​လော့​။ သင့်​ခံတပ်​တို့​ကို ခိုင်ခံ့​စေ​လော့​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 15,
      "text": "ထို​အရပ်​၌​ပင် သင်​သည် မီး​လောင်​ခံရ​မည်​။ ဓား​ဖြင့် ခုတ်သတ်​ခံရ​မည်​။ ယာလက်ကျိုင်း​ဝါးမျို​ခံရ​သကဲ့သို့ ဝါးမျို​ခံရ​မည်​။ သင့်ကိုယ်သင် ယာလက်ကျိုင်း​ကဲ့သို့ တိုးပွား​စေ​လော့​။ သင့်ကိုယ်သင် အရာဘကျိုင်း​ကဲ့သို့ တိုးပွား​စေ​လော့​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 16,
      "text": "သင့်​ကုန်သည်​တို့​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​သော်လည်း ယာလက်ကျိုင်း​ကဲ့သို့ အရေခွံ​ကျွတ်​၍ ပျံသန်း​သွား​ကြ​လိမ့်မည်​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 17,
      "text": "သင့်​ကင်းစောင့် ​တို့​သည် အရာဘကျိုင်း​တို့​နှင့် တူ​၏​။ သင့်​အရာရှိ​တို့​သည်​လည်း ဂေါဘကျိုင်းကောင်​အုပ်ကြီး​နှင့် တူ​၏​။ ချမ်းအေး​ချိန်​တွင် ခြံစည်းရိုး​များ​၌ တွယ်ကပ်​နေ​ပြီး နေ​ထွက်လာ​သောအခါ အဝေး​သို့​ပျံသန်း​သွား​ကြ​၏​။ အဘယ်​အရပ်​သို့ ရောက်​သည်​ကို မ​သိ​ရ​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 18,
      "text": "အို အဆီးရီးယား​မင်းကြီး​၊ သင့်​သိုးထိန်း​တို့ အိပ်ငိုက်​နေ​ကြ​ပြီ​။ သင့်​မှူးမတ်​တို့ လဲလျောင်း​နေ​ကြ​ပြီ​။ သင့်​ပြည်သူပြည်သား​တို့​သည် တောင်​များ​ပေါ်တွင် ကွဲလွင့်​ကုန်​ကြ​၍ စုစည်းပေး​မည့်​သူ မ​ရှိ​။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 19,
      "text": "သင့်​ဒဏ်ရာ​ကို ကုသ​ပေး​မည့်​သူ​မ​ရှိ​။ သင့်​အနာ​သည် ဆိုးရွား​လှ​၏​။ သင်​မ​နှိပ်စက်​ခဲ့​ဖူး​သူ ရှိ​သလော​။ ထို့ကြောင့် သင့်​သတင်း​ကို ကြား​ရ​သော​သူ​အားလုံး လက်ခုပ်တီး​ကြ​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 1,
      "text": "ပရောဖက်​ဟဗက္ကုတ်​မြင်​ရ​သော ဗျာဒိတ်​တော်​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 2,
      "text": "အို ထာဝရဘုရား​၊ မည်မျှ​ကြာ​အောင် အကျွန်ုပ် အကူအညီ​အော်ဟစ်​တောင်းခံ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​အော်ဟစ်​သော်လည်း ကိုယ်တော် နားညောင်း​တော်​မ​မူ​။ “အကြမ်းဖက်​ခံရ​ပါ​၏”​ဟု အော်ဟစ်​သော်လည်း ကိုယ်တော် မ​ကယ်တင်​ပါ​တကား​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 3,
      "text": "အကျွန်ုပ်​ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်​နှင့် ကြုံတွေ့​စေ​သနည်း​။ အဘယ်ကြောင့် အခက်အခဲ​ပြဿနာ​များ​နှင့် တွေ့​စေ​သနည်း​။ ဖျက်ဆီး​ခြင်း​၊ အကြမ်းဖက်​ခြင်း​သည် အကျွန်ုပ်​ရှေ့​တွင် ရှိ​နေ​ပါ​၏​။ ခိုက်ရန်ဖြစ်ပွားမှု​၊ အငြင်းပွားမှု​များ​လည်း ဖြစ်ပွား​နေ​ပါ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 4,
      "text": "တရားတော်​သည် လျော့ရဲ​သဖြင့် တရားမျှတမှု ပျောက်ကွယ်​လေ​ပြီ​။ ဆိုးယုတ်​သော​သူ​တို့​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ဝိုင်းရံ​ထား​သည်​ဖြစ်၍ စီရင်ချက်​အလွဲ​များ​သာ ထွက်ပေါ်​လာ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 5,
      "text": "“လူမျိုးတကာ​တို့​ကို ကြည့်ရှု​၍ ဆင်ခြင်​ကြ​လော့​။ အံ့အားသင့်​လျက်​နေ​လော့​။ အကြောင်းမူကား သင်​တို့​ကြား​၍ မ​ယုံ​နိုင်​သော​အမှု​ကို သင်​တို့​လက်ထက်​တွင် ငါ​ဖြစ်ပျက်​စေ​မည်​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 6,
      "text": "ကြည့်ရှု​လော့​။ ရက်စက်ကြမ်းကြုတ်​၍ စိတ်လိုက်မာန်ပါ​လုပ်​တတ်​သော​ခါလဒဲ​လူမျိုး​တို့​ကို ငါ​ထကြွ​စေ​မည်​။ သူ​တို့​သည် သူ​တို့​ပိုင်နက်​မ​ဟုတ်​သော​မြေ​တစ်ပြင်လုံး​သို့ စစ်ချီ​၍ သိမ်းပိုက်​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 7,
      "text": "သူ​တို့​သည် ထိတ်လန့်​ကြောက်ရွံ့ဖွယ်​ကောင်း​သော​သူ​များ​ဖြစ်​ပြီး သူ​တို့​ကိုယ်တိုင် ဥပဒေ​ကို​ပြဋ္ဌာန်း​၍ အာဏာ​ပြ​ကြ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 8,
      "text": "သူ​တို့​၏​မြင်း​များ​သည် ကျားသစ်​များ​ထက် လျင်မြန်​၏​။ နေဝင်ချိန်​ရောက်​မှ သွားလာ​တတ်​သော​ဝံပုလွေ​များ​ထက် ရက်စက်​၏​။ သူ​တို့​၏​မြင်းစီးသူရဲ​တို့ ဒုန်းစိုင်း​ချီတက်​လာ​ပြီ​။ မြင်းစီးသူရဲ​တို့ အဝေး​မှ ဒုန်းစိုင်း​ပြေးလာ​နေ​သည်​မှာ တစ်ဟုန်ထိုး ထိုးသုတ်​ဖမ်းစား​တတ်​သည့် လင်းယုန်​ကဲ့သို့ပင် ဖြစ်​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 9,
      "text": "သူ​တို့​အားလုံး အကြမ်းဖက်မှု​ပြု​ရန် ရှေ့​တည့်တည့်​သို့ မျက်နှာမူ​လျက် ချီတက်​လာ​ကြ​ပြီ​။ သုံ့ပန်း​များ​ကို​လည်း သဲလုံး​နှင့်အမျှ သိမ်းပိုက်​နိုင်​လေ​ပြီ​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 10,
      "text": "သူ​တို့​သည် ရှင်ဘုရင်​များ​ကို ပြောင်လှောင်​ကြ​၏​။ အုပ်ချုပ်​သူ​တို့​ကို သရော်​ကြ​၏​။ ခံတပ်​ရှိသမျှ​ကို ဟားတိုက်​ရယ်မော​ကြ​၏​။ မြေဖို့​ပြီး ခံတပ်​များ​ကို တိုက်ခိုက်သိမ်းယူ​ကြ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 11,
      "text": "လေ​အဟုန်​ကဲ့သို့ ချီတက်​တိုက်ခိုက်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို သူ​တို့​၏​ဘုရား​ဟု မှတ်ယူ​ကြ​၏​။ စင်စစ် သူ​တို့​သည် အပြစ်ဒဏ်​ကို ခံရ​မည်​။”"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 12,
      "text": "အို အကျွန်ုပ်​၏​သန့်ရှင်း​သော​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ရှေးကာလ​ကပင် တည်ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ အကျွန်ုပ်​တို့ သေ​ရ​မည်​မ​ဟုတ်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို တရားစီရင်​ရန် ချမှတ်​တော်မူ​ပြီ​။ အို ကျောက်ဆောင်​၊ ကိုယ်တော်​သည် သူ​တို့​ကို ဆုံးမ​ရန် စီရင်​တော်မူ​ပြီ​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 13,
      "text": "ကိုယ်တော်​သည် မကောင်းမှု​များ​ကို မ​မြင်​ထိုက်​၊ ဆိုးညစ်မှု​များ​ကို မ​ကြည့်​ထိုက်​အောင် သန့်ရှင်းစင်ကြယ်​သော​မျက်လုံး​များ ရှိ​တော်မူ​ပါ​၏​။ သို့သော် သစ္စာမရှိ​သော​သူ​တို့​ကို အဘယ်ကြောင့် ကြည့်​နေ​နိုင်​ပါ​သနည်း​။ ဆိုးယုတ်​သော​သူ​တို့​က မိမိ​ထက်​ဖြောင့်မတ်​သော​သူ​တို့​အား ဝါးမျို​နေ​သည်​ကို အဘယ်ကြောင့် ဆိတ်ဆိတ်​နေ​တော်မူ​ပါ​သနည်း​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 14,
      "text": "ကိုယ်တော်​သည် လူ​တို့​ကို ပင်လယ်​ငါး​ကဲ့သို့​လည်းကောင်း​၊ အုပ်စိုး​သော​သူ​မ​ရှိ​သော တွားသွားသတ္တဝါ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 15,
      "text": "သူ​တို့​သည် ထို​သူ​အပေါင်း​တို့​ကို ငါးမျှားချိတ်​နှင့်​မျှား​လျက်​၊ ပိုက်ကွန်​နှင့်​ဖမ်း​လျက်​၊ ပိုက်​နှင့်​ဆွဲ​လျက် ဝမ်းမြောက်​ရွှင်လန်း​ကြ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 16,
      "text": "ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ကွန်​များ​ထံ ယဇ်ပူဇော်​၍ မိမိ​တို့​ပိုက်​များ​ထံ နံ့သာပေါင်း​ကို ပူဇော်​ကြ​၏​။ အကြောင်းမှာ ထို​အရာ​များ​အားဖြင့် သူ​တို့​၏​ဥစ္စာ​ပြည့်စုံကြွယ်ဝ​ကြ​ပြီး စားစရာ​လည်း ပေါများ​၏​။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 17,
      "text": "ဤသို့ဖြင့် သူ​တို့​သည် မိမိ​တို့​ပိုက်ကွန်​ကို အမြဲ​သွန်ချ​နေ​ရ​မည်လော​။ လူမျိုးတကာ​တို့​ကို မ​ညှာ​မ​တာ အမြဲ​သတ်ဖြတ်​နေ​ရ​မည်လော​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 1,
      "text": "ငါ​သည် ကင်းတဲ​တွင် ရပ်​နေ​မည်​။ ခံတပ်​တွင် နေရာယူ​မည်​။ ကိုယ်တော်​သည် ငါ့​အား မည်သို့​မိန့်​တော်မူ​မည်​ကို​လည်းကောင်း​၊ ငါ့​အား ဆိုဆုံးမ​သောအခါ မည်သို့​ပြန်လျှောက်​ရ​မည်​ကို​လည်းကောင်း သိရှိ​နိုင်​ရန် စောင့်​လျက်​နေ​မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 2,
      "text": "ထိုအခါ ထာဝရဘုရား​က ငါ့​အား “​ဤ​ဗျာဒိတ်နိမိတ်​ကို ရေးမှတ်​ထား​လော့​။ ဖတ်​သော​သူ​သည် အပြေးအလွှား​ဖတ်​နိုင်​မည့်​အကြောင်း ကျောက်ပြား​ပေါ်တွင် ရှင်းလင်း​စွာ​ရေးသား​လော့​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 3,
      "text": "အကြောင်းမူကား ဤ​ဗျာဒိတ်နိမိတ်​သည် အချိန်တန်​လျှင် ဖြစ်လာ​မည်​။ နှုတ်ထွက်​စကား​အတိုင်း အဆုံးသတ်​ချိန် မလွဲမသွေ​ရောက်လာ​မည်​။ ကြာ​သော်လည်း စောင့်မျှော်​လော့​။ နောက်​မ​ကျ​ဘဲ ဧကန်အမှန် ရောက်လာ​မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 4,
      "text": "ကြည့်ရှု​လော့​။ ဘဝင်မြင့်​သော​သူ​၏​အတွင်းစိတ်​သည် ဖြောင့်မှန်​လေ့​မ​ရှိ​။ ဖြောင့်မတ်​သော​သူ​တို့​မူကား ယုံကြည်​ခြင်း ​ကြောင့် အသက်ရှင်​ရ​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 5,
      "text": "စပျစ်ဝိုင်​သည် သစ္စာမဲ့​စေ​တတ်​၏​။ မာနကြီး​သော​သူ​နှင့်​တူ​၍ ငြိမ်ငြိမ်​မ​နေ​တတ်​။ စိတ်အလို​ကို မရဏာနိုင်ငံ​ကဲ့သို့ ကျယ်ပြန့်​စေ​တတ်​၏​။ သေမင်း​ကဲ့သို့ပင် အလို​မ​ပြည့်စုံ​တတ်​။ သူ့​အဖို့ လူမျိုး​အပေါင်း​ကို စုစည်း​ပြီး လူ​အားလုံး​ကို သိမ်းပိုက်​ထား​တတ်​၏​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 6,
      "text": "လူ​အပေါင်း​တို့​သည် သူ့​ကို ပြောင်လှောင်​ကြ​မည်​မ​ဟုတ်​လော​။ စကားထာ​ဖွဲ့​၍ သရော်​ကြ​မည်​မ​ဟုတ်​လော​။ သူ​တို့​က ‘ကိုယ်​မပိုင်​သော​အရာ​ကို သိမ်းယူ​သော​သူ​၊ အပေါင်ခံ​ပစ္စည်း​များ​ဖြင့် ချမ်းသာ​အောင် လုပ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ မည်သည့်​အချိန်​ထိ ဤသို့​ပြု​မည်နည်း’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 7,
      "text": "သင်​၏​ကြွေးရှင်​တို့​သည် ရုတ်တရက်​ထလာ​ကြ​မည် မ​ဟုတ်​လော​။ သင့်​ကို​ခြောက်လှန့်​သော​သူ​တို့​သည် နိုးလာ​ကြ​မည်​မ​ဟုတ်​လော​။ သင်​သည်​လည်း သူ​တို့​အဖို့ လုယက်ပစ္စည်း ဖြစ်သွား​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 8,
      "text": "သင်​သည် လူ​ကို​သတ်ဖြတ်​၍ ကမ္ဘာမြေ​ရှိ​မြို့​များ​နှင့် မြို့သူမြို့သား​အပေါင်း​တို့​အပေါ် ရက်စက်ကြမ်းကြုတ်မှု​ကို​ပြု​ပြီး လူမျိုး​များစွာ​ကို တိုက်ခိုက်လုယူ​ခဲ့​သောကြောင့် ကြွင်းကျန်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို ပြန်​၍​တိုက်ခိုက်လုယူ​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 9,
      "text": "ဘေးအန္တရာယ်​မှ​လွတ်မြောက်​ရန် မိမိ​အသိုက်​ကို မြင့်သောနေရာ​၌​ဆောက်​သော​သူ​၊ မတရား​အကျိုးစီးပွား​ကို မိမိ​အိမ်​အဖို့​ရှာ​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 10,
      "text": "သင့်​အိမ်သူအိမ်သား​တို့ အရှက်ရ​စေရန် သင်​ကြံစည်​ပြီ​။ လူ​များစွာ​ကို ဖျက်ဆီး​ခြင်း​ဖြင့် သင့်ကိုယ်သင်​ပြစ်မှား​ပြီ​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 11,
      "text": "စင်စစ် ကျောက်တုံး​တစ်​တုံး​သည် နံရံ​ထဲမှ​အော်ဟစ်​၍ ရက်မ​တစ်​ချောင်း​သည် သစ်သား​များ​ထဲမှ​တုံ့ပြန်​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 12,
      "text": "လူ​အသက်သတ်​ပြီး ရွာ​ကို​တည်​သော​သူ​၊ မတရား​သော​နည်းလမ်း​ဖြင့် မြို့​ကို​တည်ထောင်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 13,
      "text": "ကြည့်ရှု​လော့​။ လူ​တို့​သည် မီးစာ​ဖြစ်သွား​မည့်​အရာ​အတွက် ကြိုးစား​အားထုတ်​လုပ်ကိုင်​ကြ​ပြီ​။ လူမျိုး​တို့​သည် အချည်းနှီး​သော​အရာ​အတွက် အပင်ပန်း​ခံ​ကြ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဤသို့​ဖြစ်​စေ​ပြီ​မ​ဟုတ်​လော​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 14,
      "text": "အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့် ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည်​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​အကြောင်း​ကို သိကျွမ်း​ခြင်း​နှင့် ပြည့်​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 15,
      "text": "မိမိ​၏​အိမ်နီးချင်း​တို့ အဝတ်​အချည်းစည်း​ဖြစ်​သည်​ကို ကြည့်​လို​၍ သူ​တို့​အား ဒေါသ​စပျစ်ဝိုင်​ကို ယစ်မူး​အောင် သောက်​စေ​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 16,
      "text": "သင်​သည် ဂုဏ်သရေ​အစား အရှက်ကွဲ​ခြင်း​နှင့် ကြုံ​ရ​လိမ့်မည်​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​ရှိ​ဖလား​တော်​သည် သင့်​ထံသို့​လှည့်လာ​ပြီ​ဖြစ်၍ ထို​ဖလား​တော်​ကို သောက်​ပြီး အရေဖျားမလှီး​ထား​သော​သင့်​အရှက် ပေါ်​လိမ့်မည်​။ သင့်​ဂုဏ်သရေ​သည် အရှက်ကွဲ​ခြင်း​နှင့် ဖုံးလွှမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 17,
      "text": "လက်ဘနွန်​တောင်​ကို သင်​နှိပ်စက်​ခဲ့​သည့်​အတိုင်း သင်​ပြန်​ခံရ​မည်​။ တိရစ္ဆာန်​များ​ကို သင်​ညှဉ်းဆဲ​ခဲ့​သည့်​အတိုင်း သင်​ပြန်​၍​ကြောက်လန့်​နေ​ရ​မည်​။ သင်​သည် လူ​ကို​သတ်ဖြတ်​၍ ကမ္ဘာမြေ​ရှိ​မြို့​များ​နှင့် မြို့သူမြို့သား​အပေါင်း​တို့​အပေါ် ရက်စက်ကြမ်းကြုတ်မှု​ကို​ပြု​လေ​ပြီ​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 18,
      "text": "ရုပ်တုဆင်းတု​သည် မည်သည့်​အကျိုးအမြတ်​ကို​ပေး​နိုင်​၍ ပန်းပုသမား​သည် ထုဆစ်​ရ​သနည်း​။ ရုပ်တု​နှင့် မုသား​ဆရာ အတူတူ​ပင်​ဖြစ်​၏​။ ပန်းပုသမား​သည် ဆွံ့အ​သော​ရုပ်တု​ကို ထုလုပ်​ပြီး ထို​ရုပ်တု​ကို ကိုးစား​ပါ​သည်​တကား​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 19,
      "text": "သစ်သား​ကို ‘နိုး​ပါ’​ဟု ပြော​သော​သူ​၊ စကားမပြော​တတ်​သော​ကျောက်တုံး​ကို ‘ထ​ပါ’​ဟု ပြော​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ ထို​အရာ​သည် သင်​တို့​ကို သွန်သင်​ပြ​နိုင်​မည်လော​။ ထို​အရာ​ကို ရွှေ​၊ ငွေ​တို့​ဖြင့်​မွမ်းမံ​ထား​၏​။ ထို​အရာ​၌ အသက်​အလျှင်း​မ​ရှိ​။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 20,
      "text": "ထာဝရဘုရား​သည် သန့်ရှင်း​ရာ​ဗိမာန်တော်​၌ စံမြန်း​တော်မူ​၏​။ မြေကြီးသား​အပေါင်း​တို့​၊ ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့”​ဟု တုံ့ပြန်​မိန့်ဆို​တော်မူ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 1,
      "text": "ပရောဖက်​ဟဗက္ကုတ်​သီကျူး​သော​ရှိဂျောနုတ်​ဆုတောင်း​သီချင်း​ကား ဤသို့​တည်း​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 2,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော့်​အကြောင်း​ကို​ကြား​ရ​၍ အကျွန်ုပ်​ကြောက်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထပ်မံ​ပြု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထင်ရှား​စေ​တော်မူ​ပါ​။ အမျက်​ထွက်​သော်လည်း ကရုဏာ​တော်​ကို ပြန်လည်​အောက်မေ့​တော်မူ​ပါ​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 3,
      "text": "ဘုရားသခင်​သည် တေမန်​မြို့​မှ ကြွလာ​တော်မူ​၏​။ သန့်ရှင်း​တော်မူ​သော​အရှင်​သည် ပါရန်​တောင်​မှ ကြွလာ​တော်မူ​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် ကောင်းကင်​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​၍ ဂုဏ်တော်ချီးမွမ်းသံ​သည်​လည်း မြေ​တစ်ပြင်လုံး ပျံ့နှံ့​လေ​၏​။ (စေလာ )"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 4,
      "text": "ရောင်ခြည်​တော်​သည် အရုဏ်တက်​အလင်း​ကဲ့သို့​ဖြစ်​၏​။ လက်​တော်​မှ​အလင်း​ဖြာထွက်​၍ ထို​အထဲ​တွင် ကိုယ်တော်​၏​တန်ခိုး​တော် ကိန်းအောင်း​လျက်​နေ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 5,
      "text": "ကပ်ရောဂါ​သည် ကိုယ်တော့်​ရှေ့​မှ​သွား​၍ ပူလောင်​ခြင်း​သည် ခြေ​တော်​ရာ​နောက်​မှ​ထက်ကြပ်မကွာ​လိုက်​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 6,
      "text": "ရပ်​တော်မူ​လျှင် မြေကြီး​လှုပ်​၍ ကြည့်​တော်မူ​လျှင် တိုင်းနိုင်ငံ​တို့ တုန်လှုပ်​ကြ​လေ​၏​။ ရှေး​တောင်ကြီး​များ​လည်း ကွဲလွင့်​၍ ရှေး​တောင်ကုန်း​များ​လည်း နိမ့်ဝင်​ကုန်​၏​။ နည်းလမ်း​တော်​တို့​မူကား ထာဝရ​တည်​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 7,
      "text": "ကုရှန်​ပြည်​၏​တဲ​တို့​သည် စုတ်ပြတ်​၍ မိဒျန်​ပြည်​၏​ရွက်ထည်​တို့​သည် လှုပ်ခတ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 8,
      "text": "အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အောင်ပွဲခံ​မြင်း​တော်​၊ ရထား​တော်​တို့​ကို စီး​တော်မူ​သည်​မှာ ချောင်း​တို့​ကို စိတ်ဆိုး​၍​လော​။ မြစ်​တို့​ကို အမျက်ထွက်​၍​လော​။ ပင်လယ်​ကို ဒေါသ​ထွက်​၍​လော​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 9,
      "text": "ကိုယ်တော်​သည် လေး​ကို​ထုတ်​တော်မူ​ပြီ​။ မြား​တို့​ကို​လည်း အသင့်ပြင်​ထား​တော်မူ​ပြီ​။ (​စေလာ ​) ကိုယ်တော်​သည် မြေကြီး​ကို မြစ်ရေ​များ​ဖြင့် တိုက်ခွဲ​တော်မူ​ပြီ​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 10,
      "text": "တောင်​များ​သည် ကိုယ်တော်​ကို​မြင်​လျှင် တုန်လှုပ်​ကြ​ပါ​၏​။ မိုးသက်မုန်တိုင်း​လည်း တိုက်ခတ်​ပါ​၏​။ နက်ရှိုင်း​ရာ​အရပ်​သည် ဟုန်းသံ​ပေး​၍ မိမိ​လက်​များ​ကို​လည်း အထက်​သို့​မြှောက်​ပါ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 11,
      "text": "မြား​တော်​တို့​မှ လင်းလက်​သော​အရောင်​နှင့် လှံ​တော်​မှ ဖြာထွက်​သော​အလင်းရောင်ခြည်​တို့​ကြောင့် နေ​၊ လ​တို့​သည် ကောင်းကင်​တွင် တန့်​လျက်​နေ​ပါ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 12,
      "text": "ကိုယ်တော်​သည် မြေ​တစ်ပြင်လုံး​သို့ အမျက်​နှင့်​ချီသွား​၍ ဒေါသ​နှင့် လူမျိုးတကာ​တို့​ကို​နင်းချေ​တော်မူ​ပါ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 13,
      "text": "ကိုယ်တော်​၏​လူမျိုး​တော်​ကို​ကယ်တင်​ရန်​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပြီ​။ အိမ်​ကို အုတ်မြစ်​မှ​အမိုး​တိုင်အောင်​လှန်ပစ်​သကဲ့သို့ ဆိုးယုတ်​သော​အမျိုးအနွယ်​၏​အကြီးအမှူး​ကို ချေမှုန်း​တော်မူ​၏​။ (စေလာ )"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 14,
      "text": "အဖိနှိပ်​ခံရ​သော​သူ​တို့​ကို ကွယ်​ရာ​၌ ဝါးမျို​ရ​သည်​ကို အားရ​နှစ်သက်​၍ အကျွန်ုပ်​တို့​ကို​ကွဲလွင့်​သွား​အောင် လေပွေ​သဖွယ်​တိုက်ခိုက်​လာ​သော​သူ​၏​စစ်သည်​တို့​ဦးခေါင်း​ကို သူ​၏​လှံ​ဖြင့်​ပင် ထိုးဖောက်​တော်မူ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 15,
      "text": "ကိုယ်တော်​သည် မြင်း​တော်​များ​ဖြင့် လှိုင်းထန်​နေ​သော​ပင်လယ်ပြင်​ကြီး​ကို ဖြတ်သွား​တော်မူ​၏​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 16,
      "text": "အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 17,
      "text": "သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 18,
      "text": "ငါ​သည် ထာဝရဘုရား​၌ ဝမ်းမြောက်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၌ ရွှင်လန်း​မည်​။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 19,
      "text": "ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ခွန်အား ဖြစ်​တော်မူ​၏​။ ငါ​၏​ခြေ​တို့​ကို သမင်​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်မြတ်​ကောင်းမွန်​သော​နေရာ​တို့​၌ ငါ့​ကို သွားလာ​စေ​တော်မူ​၏​။ (​ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​သံစဉ်)​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 1,
      "text": "အာမုန်​၏​သား​၊ ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​လက်ထက်​၌ ဟေဇကိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဂေဒလိ​၏​မြေး​၊ ကုရှိ​၏​သား​ဇေဖနိ​ထံသို့ ရောက်လာ​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​တည်း​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 2,
      "text": "“ငါ​သည် မြေပြင်​ပေါ် ရှိသမျှ​တို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 3,
      "text": "“လူ​အပါအဝင် တိရစ္ဆာန်​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ မိုးကောင်းကင်​ငှက်​နှင့် ပင်လယ်​ငါး​တို့​အပါအဝင် တိုက်မိ​၍​လဲ​စေ​မည့်​အရာ​များ​ကို ဆိုးယုတ်​သော​သူ​တို့​နှင့်အတူ ဖျက်ဆီး​ပစ်​မည်​။ ကမ္ဘာမြေ​ပေါ်​ရှိ​လူ​တို့​ကို အမျိုးပြုတ်​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 4,
      "text": "“ငါ့​လက်​ကို​ဆန့်​ပြီး ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​အားလုံး​ကို တိုက်ခိုက်​မည်​။ ထို​အရပ်​၌ ကြွင်းကျန်​သော​ဗာလ​ဘုရား​နှင့် ရုပ်တု​ကိုးကွယ်​သော​ယဇ်ပုရောဟိတ်​များ​ဖြစ်​သော လူမျိုးခြား​တို့​၏​ယဇ်ပုရောဟိတ်​များ​ကို အမည်နာမ​နှင့်တကွ ငါ​ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 5,
      "text": "ခေါင်မိုးပြင်​တွင် ကောင်းကင်​တန်ဆာ​များ​ကို ရှိခိုးကိုးကွယ်​သော​သူ​များ​၊ ထာဝရဘုရား​ကို တိုင်တည်ကျိန်ဆို​လျက်​နှင့် မိလကုံ​ဘုရား​ကို​လည်း တိုင်တည်ကျိန်ဆို​ပြီး ရှိခိုးကိုးကွယ်​သော​သူ​များ​၊"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 6,
      "text": "ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လှည့်ပြန်​သော​သူ​များ​၊ ထာဝရဘုရား​ကို မ​ရှာဖွေ မ​စူးစမ်း​သော​သူ​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။”"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 7,
      "text": "ဘုရားရှင်​ထာဝရဘုရား​ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​လော့​။ အကြောင်းမူကား ထာဝရဘုရား​၏​နေ့ရက်​တော်​သည် ရောက်လု​နီး​ပြီ​။ ထာဝရဘုရား​သည် ယဇ်ကောင်​ကို​ပြင်ဆင်​ထား​ပြီ​။ ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို​လည်း သန့်ရှင်း​စေ​တော်မူ​ပြီ​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 8,
      "text": "“ထာဝရဘုရား​၏​ယဇ်ပူဇော်​ရာ​နေ့​၌ မှူးမတ်​များ​၊ ဘုရင့်​သား​တော်​များ​နှင့် တစ်ပါးအမျိုးသား​ဝတ်စုံ​ဝတ်ဆင်​သော​သူ​များ​ကို ငါ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 9,
      "text": "ထို​နေ့ရက်​တွင် တံခါးခုံ​ကို​ကျော်ဝင်​သူ​၊ ကိုယ့်​သခင်​၏​အိမ်​ကို ရက်စက်ကြမ်းကြုတ်မှု​၊ လိမ်လည်လှည့်ဖြားမှု​တို့​နှင့် ပြည့်​စေ​သော​သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 10,
      "text": "ထို​နေ့ရက်​၌ ငါး​တံခါးဝ​မှ ငိုကြွေး​သံ​၊ မြို့​၏​နေရာသစ်​မှ မြည်တမ်းသံ​၊ တောင်ကုန်း​များ​ပေါ်မှ​ကျယ်လောင်​သော အက်ကွဲသံ​တို့​ကို ကြား​ရ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 11,
      "text": "ကုန်သည် ​အပေါင်း​တို့​ကို သုတ်သင်​၍ ငွေ​ချိန်​သူ​အပေါင်း​တို့​ကို ဖယ်ရှား​ပစ်​မည်​ဖြစ်​သောကြောင့် အို မတ္တေရှ​အရပ်သား​တို့​၊ ညည်းတွား​ကြ​လော့​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 12,
      "text": "ထို​ကာလ​၌ ငါ​သည် ဂျေရုဆလင်​မြို့​ကို မီးအိမ်​ထွန်း​၍ ရှာဖွေ​မည်​။ ‘ထာဝရဘုရား​သည် အကောင်း​ကို​လည်း မ​ပြု​၊ အဆိုး​ကို​လည်း မ​ပြု’​ဟု စိတ်ထင်​လျက် မိမိဘာသာ​အားရကျေနပ်​နေ​သော​သူ​တို့​ကို ဒဏ်ခတ်​မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 13,
      "text": "သူ​တို့​၏​ဥစ္စာပစ္စည်း​သည် လုယက်ပစ္စည်း​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​အိမ်​များ​သည်​လည်း လူသူကင်းမဲ့​လိမ့်မည်​။ အိမ်​ကို​ဆောက်​သော်လည်း နေ​ရ​မည်​မ​ဟုတ်​၊ စပျစ်ခြံ​စိုက်​သော်လည်း စပျစ်ဝိုင်​ကို သောက်​ရ​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 14,
      "text": "ထာဝရဘုရား​၏​နေ့ရက်​တော်​ကြီး ရောက်လုနီး​ပြီ​၊ ရောက်လုနီး​ပြီ​။ အလျင်အမြန်​ရောက်လာ​တော့​မည်​။ ထာဝရဘုရား​၏​နေ့ရက်​တော်​တွင် အော်ဟစ်သံ​သည် ခါးသီး​၏​။ စစ်သူရဲ​တို့​ပင် ကျယ်လောင်​စွာ​အော်ဟစ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 15,
      "text": "ထို​နေ့ရက်​သည် အမျက်​တော်​ကျရောက်​သော​နေ့​၊ ဆင်းရဲဒုက္ခ​ကြောင့် ပူပင်သောက​ရောက်​ရ​သော​နေ့​၊ ပျက်စီး​ဆိတ်သုဉ်း​သော​နေ့​၊ အလင်းမဲ့​၍​အမှောင်​ကျ​သော​နေ့​၊ တိမ်​များ​ဖြင့် အမှောင်ထု​ဖုံးအုပ်​သော​နေ့​၊"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 16,
      "text": "မြင့်​သော​မျှော်စင်​ကြီး​များ​၊ ခိုင်ခံ့​သော​မြို့​များ​ကို ဆန့်ကျင်​၍ တံပိုးမှုတ်​ကြွေးကြော်​သော​နေ့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 17,
      "text": "“ငါ​သည် လူ​တို့​အပေါ်​ဘေးဒုက္ခ​ကျရောက်​စေ​မည်​။ သူ​တို့​သည် မျက်မမြင်​ကဲ့သို့​သွားလာ​ရ​လိမ့်မည်​။ သူ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​သောကြောင့် သူ​တို့​သွေး​သည် မြေမှုန့်​ကဲ့သို့​လည်းကောင်း​၊ သူ​တို့​၏​အသား​သည် မစင်​ကဲ့သို့​လည်းကောင်း သွန်ပစ်​ခံရ​မည်​။”"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 18,
      "text": "ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 1,
      "text": "အရှက်မရှိ​သော အို လူမျိုး​တို့​၊ စုဝေး​ကြ​လော့​။ စုဝေး​ကြ​လော့​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 2,
      "text": "အမိန့်​တော်​ရောက်လာ​၍ ဖွဲ​ကဲ့သို့ လွင့်သွား​ရ​သော​နေ့ မ​တိုင်​မီ​၊ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော် သင်​တို့​အပေါ် မ​ကျရောက်​မီ​၊ ထာဝရဘုရား​၏​အမျက်​တော်​နေ့ သင်​တို့​ထံ ရောက်​မ​လာ​မီ"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 3,
      "text": "စိတ်နှလုံး​နှိမ့်ချ​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​သော​ပြည်သူပြည်သား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ ထာဝရဘုရား အမျက်​တော်​ကျရောက်​သော​နေ့​တွင် အကွယ်အကာ​ရ​ကောင်း​ရ​နိုင်​သည်​ဖြစ်၍ ဖြောင့်မတ်​ခြင်း​ကို​ရှာ​ကြ​လော့​။ စိတ်နှိမ့်ချ​ခြင်း​ကို​လည်း ရှာ​ကြ​လော့​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 4,
      "text": "စင်စစ် ဂါဇ​မြို့​သည် စွန့်ပစ်​ခံရ​လိမ့်မည်​။ အာရှကေလုန်​မြို့​လည်း လူသူကင်းမဲ့​လိမ့်မည်​။ မွန်းတည့်ချိန်​တွင် အာဇုတ်​မြို့သား​တို့ နှင်ထုတ်​ခံရ​လိမ့်မည်​။ ဧကြုန်​မြို့​လည်း မြေလှန်​ဖျက်ဆီး ခံရ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 5,
      "text": "ပင်လယ်​ကမ်းရိုးတန်း​၌​နေထိုင်​သော​ခေရသိ​လူမျိုး​တို့​၊ သင်​တို့​၌​အမင်္ဂလာ​ရှိ​၏​။ အို ခါနာန်​ပြည်​ရှိ​ဖိလိတ္တိ​လူမျိုး​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​ကို ဆန့်ကျင်​လျက် “စင်စစ် သင်​တို့​ကို တစ်ယောက်မကျန် ငါ​ဖျက်ဆီး​မည်”​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 6,
      "text": "ပင်လယ်​ကမ်းရိုးတန်း​တွင် သိုးထိန်း​တို့​ကျက်စား​ရာ​မြက်ခင်းပြင်​များ​၊ သိုးခြံ​များ နေရာယူ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 7,
      "text": "ထို​နေရာ​သည် ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​တို့​အတွက် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ထို​နေရာ​တွင် ကျက်စား​၍ နေဝင်ချိန်​၌ အာရှကေလုန်​မြို့​ရှိ​အိမ်​တို့​တွင် လဲလျောင်း​ကြ​လိမ့်မည်​။ စင်စစ် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို အကြည့်အရှု​ကြွလာ​၍ ဖမ်းခေါ်​သွား​ခြင်း​ခံ​ရာ​မှ ပြန်လာ​စေ​တော်မူ​မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 8,
      "text": "“မောဘ​ပြည်သား​တို့​၏​ကဲ့ရဲ့သံ​၊ အမ္မုန်​အမျိုးသား​တို့​၏​စော်ကားသံ​ကို​ငါ​ကြား​ပြီ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို​ကဲ့ရဲ့​ကြ​၏​။ ငါ့​လူမျိုး​တော်​၏​ပြည်​ကို​လည်း ဆန့်ကျင်​ပုန်ကန်​ကြ​၏​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 9,
      "text": "ထို့ကြောင့် ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မောဘ​ပြည်​သည် သောဒုံ​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် ဂေါမောရ​မြို့​ကဲ့သို့ ဆူးတော​၊ ဆား​တွင်း​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​လိမ့်မည်​။ ကြွင်းကျန်​သော ငါ့​လူမျိုး​တော်​တို့​သည် သူ​တို့​ကို တိုက်ခိုက်​ကြ​လိမ့်မည်​။ အသက်ရှင်​ကျန်ရစ်​သော ငါ့​လူမျိုး​တော်​တို့​သည်​လည်း ထို​ပြည်​တို့​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်”​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 10,
      "text": "ဤသည်ကား​၊ သူ​တို့​သည် မာနထောင်လွှား​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​လူမျိုး​တော်​ကို လှောင်ပြောင်​ကဲ့ရဲ့​သော​အပြစ်ဒဏ်​တည်း​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 11,
      "text": "ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 12,
      "text": "“အို အီသီယိုးပီးယား​လူမျိုး​တို့​၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် ကွပ်မျက်​ခံရ​လိမ့်မည်​။”"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 13,
      "text": "ကိုယ်တော်​သည် မြောက်ဘက်​အရပ်​သို့ လက်​ကို​ဆန့်​၍ အဆီးရီးယား​ပြည်​ကို ဖျက်ဆီး​မည်​။ နိနေဝေ​မြို့​ကို​လည်း လူသူကင်းမဲ့​ရာ​၊ ခြောက်သွေ့​သော​ကန္တာရ​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 14,
      "text": "ထို​နေရာ​သည် လူမျိုးတကာ​တို့​၏​သိုးအုပ်​များ​၊ တိရစ္ဆာန်​များ လဲလျောင်း​ရာ ဖြစ်​လိမ့်မည်​။ ငှက်ကြီးဝန်ပို​၊ ငဟစ်ငှက်​တို့​လည်း အပြိုအပျက်​များ​ကြားတွင် ခိုအောင်း​၍ ပြတင်းပေါက်​များ​တွင် အော်မြည်​ကြ​လိမ့်မည်​။ စင်စစ် သစ်ကတိုးသား​များ​ကို ဖျက်ဆီး​မည်​ဖြစ်၍ တံခါးဝ​တွင် အပျက်အစီး​တို့ ပုံ​နေ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 15,
      "text": "ထို​မြို့​သည် အပျော်အပါး​များ​နှင့်​စည်ကား​သော​မြို့ ဖြစ်​၏​။ မြို့သား​တို့​သည် စိတ်အေးလက်အေး​နေ​တတ်​သော​သူ​များ​၊ မိမိကိုယ်ကို “​ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု ထင်​တတ်​သော​သူ​များ ဖြစ်​၏​။ ယခုမှာ လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​တို့ လဲလျောင်း​နားနေရာ​၊ ဖြတ်သန်းသွားလာ​သော​သူ​အပေါင်း​တို့ လက်ဖျားခါ​၍​ကဲ့ရဲ့​ရာ ဖြစ်​လေ​ပြီ​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 1,
      "text": "ပုန်ကန်​တတ်​သော​မြို့​၊ ညစ်ညူး​သော​မြို့​၊ နိုင်ထက်စီးနင်း​ပြု​တတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 2,
      "text": "ထို​မြို့​သည် အသံ​တော်​ကို နား​မ​ထောင်​၊ ဆုံးမပဲ့ပြင်​ခြင်း​ကို မ​ခံယူ​၊ ထာဝရဘုရား​ကို မ​ကိုးစား​၊ ဘုရားသခင်​ထံ မ​ဆည်းကပ်​သော​မြို့​ဖြစ်​၏​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 3,
      "text": "ထို​မြို့​၏​အကြီးအကဲ​တို့​သည် ဟိန်းဟောက်​သော​ခြင်္သေ့​များ​နှင့် တူ​၏​။ တရားသူကြီး​တို့​သည် နေဝင်ချိန်​ရောက်​မှ အစာ​ရှာ​၍ နံနက်​တိုင်အောင် ဘာမျှ​မ​ချန်​ဘဲ စား​တတ်​သော​ဝံပုလွေ​များ​နှင့်​တူ​၏​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 4,
      "text": "ပရောဖက်​တို့​သည် တာဝန်မဲ့​သော​သစ္စာဖောက်​များ ဖြစ်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း ပညတ်တရား​ကို ချိုးဖောက်​၍ သန့်ရှင်းရာဌာန​တော်​ကို ညစ်ညူး​စေ​ကြ​ပြီ​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 5,
      "text": "ထို​မြို့​တွင် စံနေ​တော်မူ​သော​ထာဝရဘုရား​မူကား မတရားမှု​ကို မ​ပြု​၊ ဖြောင့်မတ်​တော်မူ​သော​ဘုရား​ဖြစ်​၏​။ နံနက်​အရုဏ်လင်းချိန်​တိုင်း​တွင် မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို မ​ပျက်​မ​ကွက်​ဖော်ပြ​တော်မူ​၏​။ သို့သော် မတရား​သော​သူ​သည် ရှက်ကြောက်​ရ​မည်​ကို မ​သိ​ပါတကား​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 6,
      "text": "“လူမျိုးတကာ​တို့​ကို ငါ​ပယ်ရှင်း​ပြီ​။ သူ​တို့​၏​မျှော်စင်​များ ပျက်စီး​လေ​ပြီ​။ လမ်း​တို့​ကို​လည်း ခြောက်ကပ်​စေ​ပြီ​ဖြစ်၍ ဖြတ်သန်းသွားလာ​သော​သူ​မ​ရှိ​။ မြို့​များ​ကို​လည်း ဖျက်ဆီး​ပစ်​ပြီ​ဖြစ်၍ နေထိုင်​သူ​တစ်ဦး​မျှ​မ​ရှိ​ပေ​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 7,
      "text": "ငါ​က ‘​သင်​သည် ငါ့​ကို​ကြောက်ရွံ့​လိမ့်မည်​၊ ငါ​၏​ဆုံးမစကား​ကို နာခံ​လိမ့်မည်၊ ထို့ကြောင့် သင့်​ကို တစ်ခုမျှ​ဒဏ်​မ​ခတ်​၊ သင့်​နေရာ​ကို မ​ဖျက်ဆီး’​ဟု ဆို​သော်လည်း စင်စစ် သူ​တို့​၏​အပြုအမူ​များ​မှာ ပိုမို​ဆိုးဝါး​လာ​၏​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​ထ​၍ လုယက်​တိုက်ခိုက်​မည့်​နေ့​ကို စောင့်​နေ​လော့​။ အကယ်စင်စစ် ငါ​သည် တိုင်းနိုင်ငံ​အရပ်ရပ်​မှ လူမျိုးတကာ​တို့​ကို ခေါ်ယူ​စုစည်း​ပြီး တရားစီရင်​မည်​။ ပြင်းထန်​သော ငါ့​အမျက်​၊ ငါ့​ဒေါသမီး​အလုံးအရင်း​ကို သူ​တို့​အပေါ်​သို့​သွန်ချ​မည်​။ ငါ့​ဒေါသ​မီး​အရှိန်​ကြောင့် မြေ​တစ်ပြင်လုံး​လောင်ကျွမ်း​သွား​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 9,
      "text": "လူ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​လျက် တစ်စိတ်တစ်သဘောတည်း​ဖြင့် ဝတ်ပြု​နိုင်​ရန် ငါ​သည် သူ​တို့​အား သန့်ရှင်း​သော​နှုတ်​ကို ပြန်ပေး​မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 10,
      "text": "အီသီယိုးပီးယား​မြစ်​တစ်ဖက်ကမ်း​ရှိ ငါ့​ကို​ဝတ်ပြုကိုးကွယ်သူ​များ​ဖြစ်​သည့် ကွဲလွင့်​နေ​သော​ငါ့​လူမျိုး​တော်​သမီးပျို​များ​သည် ငါ့​အဖို့ ဘောဇဉ်ပူဇော်သက္ကာ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 11,
      "text": "ထို​နေ့ရက်​တွင် ငါ့​ကို သင်​ပုန်ကန်​ခဲ့​သော​အမှု​အလုံးစုံ​ကြောင့် သင်​အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။ သင့်​အထဲ​ရှိ အပျော်အပါး​လိုက်စား​ခြင်း​၊ မာနထောင်လွှား​ခြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ ထို့ကြောင့် ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​တွင် ဘဝင်မြင့်​ခြင်း​များ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 12,
      "text": "အဖိနှိပ်​ခံရ​သူ​များ​၊ ဆင်းရဲသား​များ​ကို သင့်​ထံ​တွင် ငါ​ချန်ထား​မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ခိုလှုံ​ကြ​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 13,
      "text": "ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​တို့​သည် မတရားမှု​ကို​မ​ပြု​၊ လိမ်လည်​၍​မ​ပြော​၊ သူ​တို့​နှုတ်​၌ လှည့်စား​တတ်​သော​လျှာ​လည်း ရှိ​မည်​မ​ဟုတ်​။ သူ​တို့​သည် ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ စားသောက်​လျက်​၊ လဲလျောင်း​လျက် နေ​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 14,
      "text": "အို ဇိအုန်​သမီးပျို​၊ သီချင်းဆို​လော့​။ အို အစ္စရေး​လူမျိုး​၊ ကြွေးကြော်​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ စိတ်နှလုံး​အကြွင်းမဲ့​ဝမ်းမြောက်​ရွှင်လန်း​လော့​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 15,
      "text": "ထာဝရဘုရား​သည် သင်​ခံရ​မည့်​အပြစ်ဒဏ်​များ​ကို ပယ်ရှား​လိုက်​ပြီ​။ ရန်သူ​တို့​ကို​လည်း သင့်​ထံမှ ပြန်လှည့်​သွား​စေ​ပြီ​။ အစ္စရေး​ဘုရင်​ထာဝရဘုရား​သည် သင့်​အလယ်​တွင် ရှိ​နေ​သည်​ဖြစ်၍ သင်​သည် ဘေးအန္တရာယ်​ကို ကြောက်​ရ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 16,
      "text": "ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​အား “​မ​ကြောက်​နှင့်​၊ ဇိအုန်​မြို့​၊ လက်ပန်း​မ​ကျ​နှင့်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 17,
      "text": "သင်​၏​ဘုရားသခင် ထာဝရဘုရား​သည် သင့်​အလယ်​တွင်​ရှိ​၍ အားကြီး​သော​အရှင်​သည် သင့်​ကို ကယ်တင်​လိမ့်မည်​။ ကိုယ်တော်​သည် သင်​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​လိမ့်မည်​။ ချစ်​သော​စိတ်​ဖြင့် ငြိမ်ဝပ်​စွာ​နေ​လိမ့်မည်​။ သင်​နှင့်အတူ ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်”​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 18,
      "text": "“သတ်မှတ်​ထား​သော​ပွဲတော်​ကြောင့် ဝမ်းနည်း​နေ​ရ​၍ သင်​၏​ကဲ့ရဲ့​ခြင်း​ဝန်​ကို​လည်း ထမ်း​နေ​ရ​သော​သူ​တို့​ကို ငါ​စုဝေး​မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 19,
      "text": "သင့်​အား နှိပ်စက်​ခဲ့​သော​သူ​အပေါင်း​တို့​ကို ထို​နေ့ရက်​တွင် ငါ​စီရင်​မည်​။ ခြေမသန်သူ​တို့​ကို ငါ​ကယ်တင်​မည်​။ နှင်ထုတ်​ခံရ​သူ​တို့​ကို ပြန်လည်​စုစည်း​၍ သူ​တို့​အရှက်ရ​ခဲ့​သော​ပြည်​အသီးသီး​တို့​၌ သူ​တို့​ကို အချီးမွမ်း​ခံရ​သူ​များ​၊ ကျော်ကြား​သူ​များ ဖြစ်စေ​မည်​။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 20,
      "text": "ထို​အချိန်​၌ သင်​တို့​ကို ငါ​ဆောင်​ခဲ့​မည်​။ ထို​အချိန်​၌ သင်​တို့​ကို ငါ​စုစည်း​မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို သင်​တို့​ရှေ့​သို့ ပြန်လာ​စေ​မည်​။ ကမ္ဘာလောက​သား​တို့​အလယ်​တွင် သင်​တို့​ကို ငါ​ချီးမြှောက်​၍ ဂုဏ်သရေ​ရှိ​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 1,
      "text": "ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ တစ်ရက်နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​နှင့် ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​တို့​ထံသို့ ရောက်လာ​သည်​မှာ ဤသို့​တည်း​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 2,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ ‘ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ချိန် မ​ရောက်​သေး’​ဟူ၍ ဤ​လူ​တို့ ဆို​တတ်​ကြ​သည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 3,
      "text": "ထို့နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ရောက်လာ​၍"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 4,
      "text": "“ဤ​အိမ်​တော် ပျက်စီး​နေ​ချိန်​တွင် သင်​တို့​ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်း​များ​နှင့် နေထိုင်​ရ​သလော​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 5,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည် မျိုးစေ့​များစွာ​ကြဲ​သော်လည်း သီးနှံ​အနည်းငယ်​သာ​ရိတ်​ရ​၏​။ အစာ​စား​ရ​သော်လည်း ဝလင်​စွာ​မ​စား​ရ​။ သောက်​ရ​သော်လည်း ဝ​စွာ​မ​သောက်​ရ​။ အဝတ်​ဝတ်​ရ​သော်လည်း နွေးထွေး​မှု​မ​ရှိ​။ လုပ်အားခ​ရ​သော်လည်း အိတ်​ပေါက်​ထဲသို့​သာ ထည့်​ရ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 7,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့’​ဟု မိန့်ဆို​ပြီ​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 8,
      "text": "‘တောင်​ပေါ်သို့​တက်သွား​၍ သစ်​ကို​ယူဆောင်​လာ​ပြီးလျှင် အိမ်​တော်​ကို ဆောက်​ကြ​လော့​။ ထို​အိမ်​တော်​ကို​ငါ​နှစ်သက်​၍ ငါ့​ဘုန်း​တော်​ကို​လည်း ထင်ရှား​စေ​မည်’​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် များများ​ရ​မည်​ဟု​မျှော်လင့်​သော်လည်း နည်းနည်း​သာ ရ​၏​။ သင်​တို့​အိမ်​သို့​ယူဆောင်​လာ​သော​အရာ​ကို ငါ​မှုတ်ထုတ်​ပစ်​လိုက်​၏​။ အဘယ်ကြောင့်​နည်း​ဟူမူကား ငါ့​အိမ်​တော်​မှာ​ပျက်စီးယိုယွင်း​လျက်​နှင့် သင်​တို့​အသီးသီး​သည် ကိုယ့်​အိမ်​ဖို့​သာ အလုပ်များ​နေ​ကြ​သောကြောင့်​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 10,
      "text": "ထို့ကြောင့် သင်​တို့​အဖို့ မိုး​နှင်း​မကျ​။ မြေကြီး​လည်း အသီးအနှံ မ​ဖြစ်ထွန်း​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 11,
      "text": "မြေကြီး​နှင့် တောင်​များ​အပေါ်​၌​လည်းကောင်း​၊ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ မြေ​၌ ပေါက်​သော​အပင်​များ​၊ လူ​နှင့်​တိရစ္ဆာန်​များ​နှင့် ပင်ပန်းခက်ခဲ​စွာ​လုပ်ဆောင်​ထား​သော​အရာ​အားလုံး​အပေါ်​၌​လည်းကောင်း မိုးခေါင်​ခြင်း​ဘေး​ကျရောက်​စေ​လေ​ပြီ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 12,
      "text": "ထိုအခါ ရှာလသေလ​၏​သား ဇေရုဗဗေလ​၊ ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​နှင့် ကြွင်းကျန်​သော​လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​လည်းကောင်း​၊ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​စေလွှတ်​တော်မူ​သော​ပရောဖက်​ဟဂ္ဂဲ ဆင့်ဆို​သည့်​စကား​ကို​လည်းကောင်း နားထောင်​ကြ​၏​။ လူ​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ကြ​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 13,
      "text": "ထို့နောက် ထာဝရဘုရား​၏​စေတမန်​ဟဂ္ဂဲ​က လူ​တို့​အား “​ထာဝရဘုရား​က သင်​တို့​နှင့်အတူ ငါ​ရှိ​၏​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို ဆင့်ဆို​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 14,
      "text": "ဤသို့ဖြင့် ထာဝရဘုရား​သည် ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​၏​စိတ်​ကို​လည်းကောင်း​၊ ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​၏​စိတ်​ကို​လည်းကောင်း​၊ ကြွင်းကျန်​သော​သူ​အပေါင်း​၏​စိတ်​ကို​လည်းကောင်း လှုံ့ဆော်​သဖြင့် သူ​တို့​သည် လာ​၍ မိမိ​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ကို တည်ဆောက်​ကြ​၏​။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 15,
      "text": "ထို​အချိန်​သည် ဒါရိ​မင်းကြီး​နန်းစံ​ဒုတိယ​နှစ်​၊ ဆဋ္ဌမ​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့ ဖြစ်​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 1,
      "text": "သတ္တမ​လ​၊ နှစ်ဆယ့်​တစ်​ရက်​နေ့​တွင် ပရောဖက်​ဟဂ္ဂဲ​မှတစ်ဆင့် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ရောက်လာ​၍"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 2,
      "text": "“ရှာလသေလ​၏​သား ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​၊ ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​နှင့် ကျန်​ပြည်သူပြည်သား​တို့​အား ယခု မိန့်ဆို​လော့​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 3,
      "text": "‘ရှေးယခင်​က​ဘုန်းအသရေ​နှင့်​ရှိ​နေ​ခဲ့​သော​ဤ​အိမ်​တော်​ကို မြင်​ခဲ့​ဖူး​သူ သင်​တို့​တွင် ရှိ​သေး​သလော​။ ယခု သင်​တို့​မည်သို့​မြင်​သနည်း​။ ယခင်​အိမ်​တော်​နှင့် လားလား​မျှ​မ​တူ​ဟု သင်​တို့​မြင်​မိ​သလော​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 4,
      "text": "သို့သော် အို ဇေရုဗဗေလ​၊ အားယူ​လော့​’​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။ ‘​အို ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​၊ အားယူ​လော့​။ အို ပြည်သူပြည်သား​အပေါင်း​တို့​၊ အားယူ​လော့’​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။ ‘ကြိုးစား​လုပ်ဆောင်​ကြ​လော့​။ သင်​တို့​နှင့်အတူ ငါ​ရှိ​၏’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 5,
      "text": "‘အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​စဉ်က သင်​တို့​နှင့်အတူ ပဋိညာဉ်ဖွဲ့​ခဲ့​သည့်​အတိုင်း ငါ့​ဝိညာဉ်​သည် သင်​တို့​နှင့်အတူ ရှိ​၏​။ ထို့ကြောင့် ကြောက်ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 6,
      "text": "မကြာမီ​အချိန်​တွင် ငါ​သည် ကောင်းကင်​နှင့် မြေကြီး​၊ ပင်လယ်​နှင့် ကုန်းမြေ​တို့​ကို လှုပ်ခါ​ဦး​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 7,
      "text": "‘ငါ​သည် လူမျိုး​အပေါင်း​တို့​ကို ကြောက်ရွံ့တုန်လှုပ်​စေ​မည်​။ လူမျိုး​အပေါင်း​တို့​သည် သူ​တို့​၏​အဖိုးတန်​ရတနာ​တို့​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။ ဤ​အိမ်​တော်​ကို​လည်း ဘုန်းအသရေ​တော်​နှင့် ငါ​ပြည့်​စေ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 8,
      "text": "‘ငွေ​ကို ငါ​ပိုင်​၏​၊ ရွှေ​ကို​လည်း ငါ​ပိုင်​၏’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 9,
      "text": "‘ဤ​အိမ်​တော်​၏​ဘုန်းအသရေ​သည် ယခင်​အိမ်​တော်​ထက် သာ၍​ကြီးမြတ်​လိမ့်မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။ ‘ဤ​အရပ်​၌​လည်း ငြိမ်သက်​ခြင်း​ကို ငါ​ပေး​မည်’​ဟူ၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 10,
      "text": "တစ်ဖန် ဒါရိ​မင်းကြီး နန်းစံ ဒုတိယ​နှစ်​၊ နဝမ​လ​၊ နှစ်ဆယ့်​လေး​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ဟဂ္ဂဲ​ထံသို့ ရောက်လာ​၍"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 11,
      "text": "“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ယဇ်ပုရောဟိတ်​တို့​ကို ပညတ်တရား​အကြောင်း မေးမြန်း​လော့’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 12,
      "text": "“တစ်စုံတစ်ဦး​က သန့်ရှင်း​သော​ပူဇော်သက္ကာ​အသား​ကို အဝတ်​နှင့် ထုတ်ယူ​လာ​၍ ထို​ထုတ်ယူ​လာ​သော​အဝတ်​သည် မုန့်​၊ စွပ်ပြုတ်​၊ စပျစ်ဝိုင်​၊ ဆီ အစရှိ​သော​စားစရာ​တစ်ခုခု​နှင့် ထိမိ​လျှင် ထို​စားစရာ​သည် သန့်ရှင်း​သွား​ပါ​မည်လော”​ဟု​မေး​လျှင် ယဇ်ပုရောဟိတ်​တို့​က “မ​သန့်ရှင်း​ပါ”​ဟု ဖြေ​ကြ​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 13,
      "text": "ဟဂ္ဂဲ​က​လည်း “ညစ်ညူး​သော​အသေကောင်​ကို​ထိမိ​ပြီးမှ ထို​စားစရာ​ကို ထိမိ​လျှင်​လည်း ညစ်ညူး​သလော”​ဟု မေး​လျှင် ယဇ်ပုရောဟိတ်​တို့​က “ညစ်ညူး​သည်”​ဟု ပြန်ဖြေ​ကြ​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 14,
      "text": "ထိုအခါ ဟဂ္ဂဲ​က သူ​တို့​အား “​ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​ပြည်သား​တို့​သည်​လည်း ငါ့​ရှေ့မှောက်​တွင် ဤ​နည်း​အတိုင်း​ပင် ဖြစ်​၏​။ သူ​တို့​လက်​နှင့်​လုပ်ဆောင်​သမျှ​တို့​သည်​လည်း ဤ​နည်း​အတိုင်း​ပင် ဖြစ်​၏​။ သူ​တို့​ပူဇော်​သော​အရာ​သည်​လည်း ညစ်ညူး​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 15,
      "text": "‘ယခု​မှစ၍ ထာဝရဘုရား​၏​ဗိမာန်​တော်​တွင် ကျောက်တုံး​တစ်​တုံး​ပေါ်​တစ်​တုံး​ဆင့်​သော​နေ့ မ​ရောက်​မီ​အထိ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 16,
      "text": "ထို​ကာလ​တွင် စပါးပုံ​ကို ခြင်​သောအခါ တင်း​နှစ်ဆယ်​ရ​မည်​ဟု​ထင်​သော်လည်း ဆယ်​တင်း​သာ ရ​ပြီး စပျစ်ဝိုင်စည်​တွင် စပျစ်ဝိုင်​လာ​ခပ်​သောအခါ အချိန်​ငါးဆယ်​ရ​မည်​ဟု​ထင်​သော်လည်း အချိန်​နှစ်ဆယ်​သာ ရ​သည်​မ​ဟုတ်​လော​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 17,
      "text": "သင်​တို့​စိုက်ပျိုး​လုပ်ဆောင်​သမျှ​ကို လောင်မီးပိုးကျ​ခြင်း​၊ မှိုရောဂါစွဲ​ခြင်း​၊ မိုးသီးကျ​ခြင်း​တို့​ဖြင့် ငါ​ဒဏ်ခတ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 18,
      "text": "ယနေ့​မှစ၍ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။ ထာဝရဘုရား​၏​ဗိမာန်​တော်​ကို အုတ်မြစ်ချ​သော​နေ့​၊ နဝမ​လ နှစ်ဆယ့်​လေး​ရက်​နေ့​မှစ၍ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 19,
      "text": "စပါးကျီ​ထဲ၌ မျိုးစေ့​ရှိ​သေး​သလော​။ စပျစ်ပင်​၊ သဖန်းပင်​၊ သလဲပင်​နှင့် သံလွင်ပင်​တို့ အသီး​မ​သီး​လျှင်​လည်း ယနေ့​မှစ၍ သင်​တို့​ကို ငါ​ကောင်းချီးပေး​မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု ပြန်ပြော​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 20,
      "text": "ထို​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင်​ပင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟဂ္ဂဲ​ထံ ဒုတိယအကြိမ်​ရောက်လာ​၍"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 21,
      "text": "“ယုဒ​ဘုရင်ခံ​ဇေရုဗဗေလ​အား ‘ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို လှုပ်ခါ​ဦး​မည်​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 22,
      "text": "တိုင်းနိုင်ငံ​ရှိ ရာဇပလ္လင်​တို့​ကို ငါ​ဖြိုလှဲ​မည်​။ တိုင်းတစ်ပါးသား​တို့​၏​နိုင်ငံ့​အင်အား​ကို ငါ​ဖြိုဖျက်​မည်​။ စစ်ရထား​နှင့်တကွ စီးနင်း​သူ​တို့​ကို မှောက်လှန်​ပစ်​မည်​။ အချင်းချင်း​ဓား​ဖြင့်​ခုတ်​ကြ​သဖြင့် မြင်း​များ​နှင့် မြင်းစီးသူရဲ​တို့​သည် လဲကျ​သေဆုံး​ကြ​ရ​လိမ့်မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 23,
      "text": "‘ရှာလသေလ​သား ငါ့​အစေအပါး ဇေရုဗဗေလ​၊ ထို​နေ့ရက်​တွင် သင့်​ကို ငါ​ခေါ်ထုတ်​မည်’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ‘သင့်​ကို ငါ​ရွေးချယ်​ပြီ​ဖြစ်၍ တံဆိပ်​လက်စွပ်​ကဲ့သို့ ဖြစ်​စေ​မည်’​ဟူ၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 1,
      "text": "ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ အဋ္ဌမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဣဒေါ​၏​မြေး​၊ ဗေရခိ​၏​သား ပရောဖက်​ဇာခရိ​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 2,
      "text": "“ထာဝရဘုရား​သည် သင်​တို့​၏​ဘိုးဘေး​တို့​အား ပြင်းစွာ​အမျက်ထွက်​တော်မူ​ပြီ​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 3,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ့​ထံ ပြန်လာ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​ထံသို့ ပြန်လာ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ကြောင်း​ကို သူ​တို့​အား ပြော​လော့​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 4,
      "text": "သင်​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ သင်​တို့​မ​ပြု​ကြ​နှင့်​။ ရှေး​ပရောဖက်​တို့​က သူ​တို့​အား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​မကောင်း​သော​အပြုအမူ​၊ မကောင်း​သော​အကျင့်အကြံ​တို့​ကို စွန့်ပစ်​ပြီး ပြန်လှည့်လာ​ကြ​လော့​ဟု မိန့်​တော်မူ​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​၊ အာရုံ​မ​စိုက်​ကြ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​ကား အဘယ်မှာ​နည်း​။ ပရောဖက်​တို့​လည်း အစဉ်အမြဲ​အသက်ရှင်​နိုင်​သလော​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 6,
      "text": "သို့သော် ငါ့​အစေအပါး​ပရောဖက်​တို့​အား ငါ​မိန့်မှာ​ထား​သော​စကား​များ​နှင့် ပြဋ္ဌာန်းချက်​များ​သည် သင်​တို့​ဘိုးဘေး​တို့​အပေါ်​ကျရောက်​လာ​ခဲ့​သည်​မ​ဟုတ်​လော​။ ထို့နောက် သူ​တို့​ပြန်လှည့်​လာ​၍ ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်ပိုင်းဖြတ်​ထား​သည့်​အတိုင်း ငါ​တို့​အပြုအမူ​အကျင့်အကြံ​တို့​နှင့်အညီ ငါ​တို့​ကို အပြစ်ပေး​တော်မူ​ပြီ’​ဟူ၍ ဆို​ကြ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 7,
      "text": "တစ်ဖန် ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ ရှေဗတ်​လ​ဟု​ခေါ်​သော တစ်ဆယ့်တစ်​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဣဒေါ​၏​မြေး​၊ ဗေရခိ​၏​သား ပရောဖက်​ဇာခရိ​ထံသို့​ရောက်လာ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 8,
      "text": "ညအချိန်​၌ ငါ​ကြည့်လိုက်​ရာ လူ​တစ်ဦး​သည် အနီရောင်​မြင်း​ကို​စီးလာ​ပြီး မုရတုပင်​တို့​အလယ်​တောနက်​ထဲတွင် ရပ်​နေ​၍ သူ့​နောက်တွင် မြင်း​နီ​၊ မြင်း​ညို​၊ မြင်း​ဖြူ​တို့​လည်း ရပ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 9,
      "text": "ငါ​က​လည်း “​သခင်​၊ အကျွန်ုပ်​မြင်​ရ​သော​ဤ​အရာ​များ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​လျှင် ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​က “​ဤ​အရာ​များ မည်သို့​ဆိုလို​သည်​ကို သင့်​အား ငါ​ပြ​မည်​”​ဟု မိန့်ဆို​ပြီးလျှင်"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 10,
      "text": "မုရတုပင်​တို့​အလယ်​၌​ရပ်​နေ​သော​သူ​က “​ဤ​အရာ​များ​ကား ကမ္ဘာမြေ​ပေါ်သို့​သွား​၍ လှည့်လည်​ကြည့်ရှု​ရန် ထာဝရဘုရား​စေလွှတ်​လိုက်​သော​သူ​များ​ဖြစ်​သည်​”​ဟု ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 11,
      "text": "ထို​သူ​တို့​က မုရတုပင်​တို့​အလယ်​၌​ရပ်​နေ​သော ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​အကျွန်ုပ်​တို့​သည် ကမ္ဘာမြေ​ပေါ်သို့​သွား​၍ လှည့်လည်​ခဲ့​ပြီ​။ မြေ​တစ်ပြင်လုံး တိတ်ဆိတ်​ငြိမ်သက်​နေ​ပါ​၏​”​ဟု လျှောက်တင်​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 12,
      "text": "ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ နှစ်​ပေါင်း​ခုနစ်ဆယ်​ပတ်လုံး ကိုယ်တော်​အမျက်​တော်​ရှ​ခဲ့​သော ယုဒ​ပြည်​ရှိ​မြို့​များ​နှင့် ဂျေရုဆလင်​မြို့​ကို ကရုဏာ​တော်​မ​ပြ​ဘဲ မည်မျှ​ကြာ​အောင် နေ​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 13,
      "text": "ထာဝရဘုရား​က​လည်း ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​အား ကောင်းမွန်​သော​စကား​၊ နှစ်သိမ့်​သော​စကား​မိန့်ကြား​တော်မူ​လျှင်"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 14,
      "text": "ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​က ငါ့​အား “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​သော​စကား​များ​ကို သင်​ပြန်လည်​ဆင့်ဆို​ရ​မည်​။ ကိုယ်တော်​က ‘ငါ​သည် ဂျေရုဆလင်​မြို့​နှင့်​ဇိအုန်​တောင်​ကို အလွန်​ကြင်နာ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 15,
      "text": "ငါ​အနည်းငယ်​အမျက်ထွက်​၍ ဂျေရုဆလင်​မြို့​ကို ဘေးပြုဆုံးမ​စေ​သော်လည်း ငြိမ်းချမ်း​စွာ​နေ​ရ​သော​လူမျိုးခြား​တို့​သည် ပို၍ ပြု​ကြ​သောကြောင့် သူ​တို့​ကို ငါ​အလွန်​အမျက်ထွက်​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 16,
      "text": "ထို့ကြောင့် ထာဝရဘုရား​က ‘ဂျေရုဆလင်​မြို့​ကို ငါ​ပြန်လည်​သနားစုံမက်​မည်​။ ထို​မြို့​၌ ငါ့​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​မည်’​ဟု မိန့်​တော်မူ​ပြီ​။ ‘ဂျေရုဆလင်​မြို့​ကို​လည်း တိုင်းတာ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 17,
      "text": "တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ့​မြို့​တို့​ကို​ကောင်းကျိုးချမ်းသာ​များ​နှင့် ပြန်လည်​ပြည့်စုံ​စေ​မည်​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို ပြန်လည်​နှစ်သိမ့်​ပေး​မည်​။ ဂျေရုဆလင်​မြို့​ကို ပြန်လည်​ရွေးကောက်​မည်’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 18,
      "text": "ထို့နောက် ငါ​မျှော်ကြည့်​လျှင် ချို​လေး​ချောင်း​ကို မြင်​ရ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 19,
      "text": "ထို့ကြောင့် ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​အား “​ဤ​အရာ​များ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​လျှင် သူ​က “​ဤ​ချို​များ​ကား ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​နှင့် ဂျေရုဆလင်​မြို့​တို့​ကို ကွဲလွင့်​စေ​သော​ချို​များ​ဖြစ်​သည်​”​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 20,
      "text": "တစ်ဖန် ထာဝရဘုရား​သည် ငါ့​အား လက်မှုပညာသည် လေး​ဦး​ကို ပြ​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 21,
      "text": "ထိုအခါ ငါ​က​လည်း “​ဤ​သူ​တို့​သည် မည်သည့်​အတွက် လာ​ကြ​သနည်း​”​ဟု မေးလျှောက်​လျှင် ကိုယ်တော်​က “​ဤ​ချို​များ​သည် ယုဒ​လူမျိုး​တစ်​ယောက်​မျှ ခေါင်း​မ​ဖော်​ဝံ့​အောင် ကွဲလွင့်​စေ​သော​ချို​များ ဖြစ်​၏​။ ဤ​သူ​တို့​မူကား ချို​ထောင်​၍ ယုဒ​လူမျိုး​ကို​ကွဲလွင့်​စေ​သော​လူမျိုးခြား​တို့ ကြောက်ရွံ့တုန်လှုပ်​သွား​အောင် သူ​တို့​၏​ချို​များ​ကို ချိုးပစ်​ရန် ရောက်လာ​ခြင်း​ဖြစ်​သည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက် ငါ​မျှော်ကြည့်​လျှင် တိုင်းစရာ​ကြိုး​ကို ကိုင်​ထား​သော​လုလင်​တစ်​ဦး​ကို တွေ့​ရ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 2,
      "text": "ထိုအခါ ငါ​က “​အဘယ်​အရပ်​သို့ သွား​မည်နည်း​”​ဟု မေး​လျှင် သူ​က “​ဂျေရုဆလင်​မြို့​၏​အလျား​အနံ​မည်မျှ​ရှိ​သည်​ကို သိ​နိုင်​ရန် သွား​၍​တိုင်း​မည်​”​ဟု ငါ့​အား ဖြေ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 3,
      "text": "ထို့နောက် ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန် ထွက်သွား​သောအခါ အခြား​ကောင်းကင်တမန်​တစ်​ပါး​က သူ့​အား လာ​၍​ဆီးကြို​ပြီး"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 4,
      "text": "“​ထို​လုလင်​နောက်သို့ ပြေးသွား​၍ ‘​ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​လူ​နှင့် တိရစ္ဆာန်​တို့​သည် အလွန်​များပြား​လွန်း​သဖြင့် ထို​မြို့​သည် မြို့ရိုး​မ​ရှိ​သော​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 5,
      "text": "ငါ​သည် ထို​မြို့​ကို​ဝန်းရံ​သော​မီး​မြို့ရိုး​ဖြစ်​မည်​။ ငါ​သည် ထို​မြို့​၏​ဘုန်းအသရေ​ဖြစ်​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု ပြောကြား​လော့​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 6,
      "text": "ထာဝရဘုရား​က “​ထွက်ပြေး​ကြ​၊ ထွက်ပြေး​ကြ​၊ မြောက်​အရပ်​မှ ထွက်ပြေး​ကြ​။ မိုးကောင်းကင် လေး​မျက်နှာ​သို့ သင်​တို့​ကို ငါ​ကွဲလွင့်​စေ​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 7,
      "text": "ထာဝရဘုရား​က “ထွက်ပြေး​ကြ​၊ ဘေဘီလုံ​သမီး​ထံ၌​နေ​သော အို ဇိအုန်​မြို့သား​တို့​၊ ထွက်ပြေး​ကြ​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 8,
      "text": "ဘုန်းအသရေ​ထင်ရှား​တော်မူ​ပြီး​နောက်တွင် သင်​တို့​အား​လုယူဖျက်ဆီး​သော​တစ်ပါးအမျိုးသား​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “သင်​တို့​အား​ထိပါး​သော​သူ​သည် မျက်ရှု​တော်​ကို​ထိပါး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 9,
      "text": "စင်စစ် သူ​တို့​အပေါ်​၌ ငါ့​လက်​ကို​ဝှေ့ယမ်း​မည်​။ သူ​တို့​သည် သူ​တို့​အစေအပါး​၏​လက်​၌ လုယက်ပစ္စည်း ဖြစ်​လိမ့်မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 10,
      "text": "“​အို ဇိအုန်​သမီးပျို​၊ ဝမ်းမြောက်​ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမှာ ငါ​ကြွလာ​၍ သင်​နှင့်အတူ နေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 11,
      "text": "ထို​နေ့ရက်​တွင် လူမျိုး​များစွာ​တို့​သည် ထာဝရဘုရား​ထံ​လာရောက်​ပူးပေါင်း​၍ ငါ​၏​လူမျိုး​တော် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သင့်​အလယ်​၌ ကိန်းဝပ်​မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 12,
      "text": "ထာဝရဘုရား​သည် သန့်ရှင်း​ရာ​ပြည်​၌ မိမိ​၏​ဝေစု​အဖြစ် ယုဒ​ပြည်​ကို သိမ်းယူ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကို​လည်း ပြန်လည်​ရွေးချယ်​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 13,
      "text": "အို လူသား​အပေါင်း​တို့​၊ ထာဝရဘုရား​ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​ပြီ​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 1,
      "text": "ထို့နောက် ယဇ်ပုရောဟိတ်​မင်း​ယောရှု​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​တော်​ရှေ့​၌​ရပ်​နေ​၍ စာတန်​သည် သူ့​အား စွဲချက်တင်​ရန် သူ​၏​လက်ယာ​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 2,
      "text": "ထာဝရဘုရား​က စာတန်​အား “​စာတန်​၊ ထာဝရဘုရား​သည် သင့်​ကို ဆုံးမ​မည်​။ ဂျေရုဆလင်​မြို့​ကို ရွေးနုတ်​တော်မူ​သော​ထာဝရဘုရား​သည် သင့်​ကို ဆုံးမ​မည်​။ ဤသည်ကား မီး​ထဲမှ​ဆွဲထုတ်​လိုက်​သော​ထင်းစ မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 3,
      "text": "ယောရှု​သည် ညစ်ပေ​သော​အဝတ်​ကို ဝတ်​လျက် ကောင်းကင်တမန်​ရှေ့​တွင် ရပ်​နေ​၏​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 4,
      "text": "ကောင်းကင်တမန်​က​လည်း သူ့​ရှေ့​တွင်​ရပ်​နေ​သော​သူ​တို့​အား “​ညစ်ပေ​နေ​သော​သူ့​အဝတ်​များ​ကို ချွတ်ပစ်​ပါ​”​ဟု ဆို​ပြီးလျှင် ယောရှု​အား “​ကြည့်​ပါ​။ သင့်​အပြစ်​တို့​ကို သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​ပြီ​။ ခန့်ညားထည်ဝါ​သော​အဝတ်​ကို​လည်း ဝတ်ဆင်​ပေး​မည်​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 5,
      "text": "ငါ​က​လည်း “​သူ​၏​ခေါင်း​ပေါ်တွင် သန့်ရှင်း​သော​ခေါင်းပေါင်း​ကို​လည်း ပေါင်း​ပေး​ပါ”​ဟု​ဆို​လျှင် သူ​တို့​က သူ​၏​ခေါင်း​ပေါ်တွင် သန့်ရှင်း​သော​ခေါင်းပေါင်း​ကို ပေါင်း​ပေး​ပြီး အဝတ်​ကို​လည်း ဝတ်​ပေး​ကြ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည်​လည်း အနား​တွင် ရပ်​လျက်​နေ​၏​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 6,
      "text": "ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ယောရှု​အား"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 7,
      "text": "“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ‘သင်​သည် ငါ့​လမ်းစဉ်​များ​အတိုင်း လိုက်လျှောက်​ပြီး ငါ​ညွှန်ကြား​သည့်​အတိုင်း လိုက်နာ​မည်​ဆိုလျှင် ငါ့​အိမ်​တော်​တွင် တာဝန်ထမ်း​ရ​သော​အခွင့်​၊ ငါ့​ဝင်း​တော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရ​သော​အခွင့်​ကို ပေး​မည်​။ ရပ်​နေ​သော ဤ​သူ​တို့​နှင့်အတူ ဝင်ထွက်​သွားလာ​ရ​သော​အခွင့်​ကို​လည်း သင့်​အား ငါ​ပေး​မည်​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 8,
      "text": "အို ယဇ်ပုရောဟိတ်​မင်း​ယောရှု​၊ နားထောင်​လော့​။ သင်​နှင့်အတူ သင့်​ရှေ့​တွင်​ထိုင်​သော​သင့်​အပေါင်းပါ​တို့​လည်း နားထောင်​ကြ​လော့​။ အကြောင်းမူကား သူ​တို့​သည် နိမိတ်လက္ခဏာ​နှင့်ဆိုင်သော​လူ​များ ဖြစ်​ကြ​၏​။ ကြည့်ရှု​လော့​။ ငါ့​အစေအပါး​ဖြစ်​သည့် အတက်​ကို ငါ​ထွက်လာ​စေ​မည်​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 9,
      "text": "ယောရှု​ရှေ့​တွင် ငါ​ချထား​သော​ကျောက်တုံး​ကို ကြည့်​လော့​။ ထို​ကျောက်တုံး​ပေါ်တွင်​မျက်စိ​ခုနစ်​လုံး​ပါ​၏​။ ငါ​သည် ထို​ကျောက်တုံး​ပေါ်တွင် ကျောက်စာ​ကမ္ပည်းထိုး​ထား​မည်​။ ဤ​ပြည်​၏​အပြစ်​တို့​ကို တစ်နေ့ချင်း​တွင် ငါ​ဖယ်ရှား​ပစ်​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 10,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် စပျစ်ပင်​အောက်​၊ သဖန်းပင်​အောက်​သို့ လာရောက်​ကြ​ရန် အိမ်နီးချင်း​အချင်းချင်း ဖိတ်ခေါ်​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု သတိပေး​ပြောဆို​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 1,
      "text": "ငါ​နှင့်​စကားပြော​ခဲ့​သော​ကောင်းကင်တမန်​သည် ပြန်လာ​၍ အိပ်ပျော်​နေ​သူ​ကို လှုပ်နှိုး​သကဲ့သို့ ငါ့​ကို နှိုး​ပြီးလျှင်"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 2,
      "text": "ငါ့​အား “​သင်​မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​သော် ငါ​က​လည်း “ထိပ်​တွင် ဖလား​တစ်​ခု​ပါ​ပြီး ရွှေ​အတိ​ဖြစ်​သော​ဆီမီးခုံ​ကို မြင်​ရ​ပါ​၏​။ ထို​ဆီမီးခုံ​တွင် အလက်​ခုနစ်​ခု​ပါ​၏​။ ထို​အလက်​များ​ထိပ်​တွင် မီးခွက် ခုနစ်​ခု​ပါရှိ​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 3,
      "text": "ထို့ပြင် ဆီမီးခုံ​အနီး ဖလား​၏​ယာဘက်​တွင်​တစ်​ပင်​၊ ဝဲ​ဘက်​တွင်​တစ်​ပင် သံလွင်ပင်​နှစ်​ပင်​ကို မြင်​ရ​ပါ​၏​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 4,
      "text": "ထို့နောက် ငါ​နှင့်​စကားပြော​သော​ကောင်းကင်တမန်​အား ငါ​က “​အကျွန်ုပ်​၏​သခင်​၊ ဤ​အရာ​များ​ကား မည်သို့ ဆိုလို​ပါ​သနည်း​”​ဟု မေးလျှောက်​လျှင်"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 5,
      "text": "ငါ​နှင့်​စကားပြော​သော​ကောင်းကင်တမန်​က “​ဤ​အရာ​များ မည်သို့ ဆိုလို​သည်​ကို သင် မ​သိ​သလော​”​ဟု ပြန်မေး​၏​။ ငါ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​မ​သိ​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 6,
      "text": "ထိုအခါ သူ​က ငါ့​အား “​ဤကား ဇေရုဗဗေလ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ဖြစ်​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​စစ်သည်​ဗိုလ်ခြေ​ကြောင့် မ​ဟုတ်​။ အစွမ်းတန်ခိုး​ကြောင့်​မ​ဟုတ်​။ ငါ့​ဝိညာဉ်​အားဖြင့်​သာ ဖြစ်​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 7,
      "text": "အို တောင်​ကြီး​၊ သင်​သည် မည်သူ​နည်း​။ သင်​သည် ဇေရုဗဗေလ​ရှေ့​တွင် လွင်ပြင် ဖြစ်သွား​ရ​လိမ့်မည်​။ သူ​သည် ထောင့်ချုပ်ကျောက်​ကို ထုတ်ယူ​လာ​သောအခါ “ကောင်း​ပေ​၏​။ ကောင်း​ပေ​၏”​ဟု ဩဘာပေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”ဟု ပြောပြ​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 9,
      "text": "“ဇေရုဗဗေလ​ကိုယ်တိုင် ဤ​အိမ်​တော်​ကို အုတ်မြစ်ချ​ခဲ့​ပြီ​။ သူ​ကိုယ်တိုင်​ပင် အပြီးတိုင် ဆက်လက်​တည်ဆောက်​လိမ့်မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 10,
      "text": "သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 11,
      "text": "ငါ​က​လည်း “​ဆီမီးခုံ​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​ရှိ သံလွင်ပင်​နှစ်​ပင်​ကား မည်သို့ ဆိုလို​သနည်း”​ဟု မေးလျှောက်​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 12,
      "text": "တစ်ဖန် ငါ​က “ရွှေရည်​စီးဆင်း​နေ​သော​ရွှေ​ပြွန်​နှစ်​ခု​ဘေး​ရှိ သံလွင်ပင်​မှ​ဖြာထွက်​သော​အလက်​နှစ်​ခု​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​ရာ"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 13,
      "text": "သူ​က “​ဤ​အရာ​များ မည်သို့ ဆိုလို​သည်​ကို သင်​မ​သိ​သလော​”​ဟု မေး​လျှင် ငါ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​မ​သိ​ပါ​”​ဟု ပြန်လျှောက်​၏​။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 14,
      "text": "သူ​က​လည်း “​ဤ​အရာ​များ​ကား မြေ​တစ်ပြင်လုံး​၏​အရှင်​ရှေ့​၌ ခစား​သော ဘိသိက်​ခံရ​သူ​နှစ်​ဦး​ကို ဆိုလို​သည်​”​ဟု မိန့်ဆို​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 1,
      "text": "တစ်ဖန် ငါ​သည်​မျှော်ကြည့်​လျှင် ပျံဝဲ​နေ​သော​စာလိပ်​ကို မြင်​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 2,
      "text": "ထိုအခါ ကောင်းကင်တမန်​က ငါ့​အား “​သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​လျှင် ငါ​က “​အလျား​အတောင်​နှစ်ဆယ် ​၊ အနံ​ဆယ်​တောင် ​ရှိ​သော​စာလိပ်​တစ်လိပ် ပျံဝဲ​နေ​သည်​ကို မြင်​ရ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 3,
      "text": "ထိုအခါ သူ​က “​ဤ​စာလိပ်​သည် မြေ​တစ်ပြင်လုံး​သို့​လွင့်ပျံ​နေ​သည့်​ကျိန်စာ ဖြစ်​၏​။ သူခိုး​ရှိသမျှ​သည် ထို​စာလိပ်​ပါ​အတိုင်း အပြစ်ဒဏ်​ခံရ​ကြ​လိမ့်မည်​။ မဟုတ်မမှန်​ကျိန်ဆို​သူ​ရှိသမျှ​တို့​သည်​လည်း ထို​စာလိပ်​ပါ​အတိုင်း အပြစ်ဒဏ်​ခံရ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 4,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဤ​စာလိပ်​ကို ငါ​စေလွှတ်​သဖြင့် သူခိုး​၏​အိမ်​ထဲ၌​လည်းကောင်း​၊ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ကျိန်ဆို​သူ​၏​အိမ်​ထဲ၌​လည်းကောင်း ဝင်​နေ​၍ သစ်သား​၊ ကျောက်တုံး​တို့​ပါ​မ​ကျန် ထို​အိမ်​ကို ဖျက်ဆီး​ပစ်​လိမ့်မည်”​ဟု ငါ့​အား ပြောပြ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 5,
      "text": "တစ်ဖန် ငါ​နှင့်​စကားပြော​သော​ကောင်းကင်တမန်​သည် ပေါ်လာ​ပြန်​၍ ငါ့​အား “​မည်သည့်​အရာ​ပေါ်လာ​သည်​ကို မျှော်ကြည့်​ပါ​လော့​”​ဟု ဆို​လျှင်"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 6,
      "text": "ငါ​က​လည်း “​ထို​အရာ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​သော် သူ​က “​လွင့်မျော​နေ​သော​ဧဖာ ​ဖြစ်၍ တစ်ပြည်လုံး​ကျူးလွန်​သော​အပြစ်​ကို ပုံဖော်​၏​”​ဟု ဆို​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 7,
      "text": "ထို့နောက် ခဲ​နှင့်​လုပ်​ထား​သော​အဖုံး​ကို ဖွင့်​လိုက်​သောအခါ မိန်းမ​တစ်​ယောက် ဧဖာ​ထဲ​တွင် ထိုင်​နေ​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 8,
      "text": "သူ​က​လည်း “​ဤသည်ကား ဆိုးယုတ်မှု​ဖြစ်​၏​”​ဟု ဆို​လျက် ဧဖာ​ထဲသို့ တွန်းထည့်​ပြီးလျှင် ဧဖာ​အဝ​ကို ခဲ​နှင့်​လုပ်​ထား​သော​အဖုံး​ဖြင့် ဖုံးအုပ်​လိုက်​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 9,
      "text": "တစ်ဖန် ငါ​မျှော်ကြည့်​လျှင် မိန်းမ​နှစ်​ယောက် ပေါ်လာ​သည်​ကို မြင်​ရ​၏​။ သူ​တို့​သည် လေဟုန်​စီး​ပြီး ပျံဝဲ​လာ​၏​။ ထို​တောင်ပံ​များ​သည် ငှက်ကျား​တောင်ပံ​နှင့် တူ​၏​။ သူ​တို့​သည် ဧဖာ​ကို ချီ​ပြီး မြေကြီး​နှင့် ကောင်းကင်​ကြား​သို့ ပျံသန်း​သွား​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 10,
      "text": "ထိုအခါ ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​ကို ငါ​က “​သူ​တို့​သည် ဧဖာ​ကို မည်သည့်​နေရာ​သို့ ချီဆောင်​သွား​မည်နည်း​”​ဟု မေးလျှောက်​လျှင်"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 11,
      "text": "သူ​က “​ရှိနာ​ပြည်​သို့ ချီဆောင်​သွား​၏​။ ထို​ပြည်​တွင် ဧဖာ​အဖို့ အိမ်​ဆောက်​မည်​။ အဆင်သင့်​ပြင်ဆင်​ပြီး​သောအခါ ဧဖာ​ကို ထို​နေရာ​တွင်​ထား​မည်​”​ဟု ပြန်ဖြေ​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 1,
      "text": "တစ်ဖန် ငါ​မျှော်ကြည့်​ပြန်​ရာ တောင်​နှစ်​လုံး​ကြား​မှ စစ်ရထား​လေး​စီး​ထွက်လာ​သည်​ကို ငါ​မြင်​ရ​၏​။ ထို​တောင်​တို့​သည် ကြေးနီ​တောင်​များ ဖြစ်​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 2,
      "text": "ပထမ​စစ်ရထား​တွင် မြင်း​နီ​များ​၊ ဒုတိယ​စစ်ရထား​တွင် မြင်း​နက်​များ​၊"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 3,
      "text": "တတိယ​စစ်ရထား​တွင် မြင်း​ဖြူ​များ​၊ စတုတ္ထ​စစ်ရထား​တွင် အစက်အပြောက်​ပါ​သော​အုန်းခွံရောင်​မြင်း​များ အသီးသီး​က​ထား​သည်​ကို တွေ့​ရ​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 4,
      "text": "ထိုအခါ ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​အား ငါ​က “​အကျွန်ုပ်​၏​သခင်​၊ ဤ​အရာ​များ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​လျှင်"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 5,
      "text": "ကောင်းကင်တမန်​က ငါ့​အား “ဤ​အရာ​များ​ကား မြေကြီး​တစ်ပြင်လုံး​၏​အရှင်​ရှေ့​တော်​၌ ခစား​ရာ​မှ ထွက်လာ​သော မိုးကောင်းကင်​မှ လေ​လေး​ပါး​ဖြစ်​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 6,
      "text": "မြင်း​နက်​များ​က​သော​စစ်ရထား​သည် မြောက်​ပြည်​သို့ ထွက်သွား​၍ မြင်း​ဖြူ​များ​က​သော​စစ်ရထား​သည် သူ​တို့​နောက်​သို့ လိုက်​၏​။ အစက်အပြောက်​ပါ​သော​မြင်း​များ​က​သော​စစ်ရထား​သည် တောင်​ပြည်​သို့ ထွက်သွား​လေ​၏”​ဟု ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 7,
      "text": "အုန်းခွံရောင်​မြင်း​များ​သည် ထွက်လာ​၍ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ရန် အလွန်​စိတ်ထက်သန်​နေ​၏​။ ကောင်းကင်တမန်​က “​သွား​လော့​။ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​လော့​”​ဟု ဆို​သည်​နှင့် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ကြ​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 8,
      "text": "ထို့နောက် သူ​သည် ငါ့​ကို​ခေါ်​၍ “​ကြည့်ရှု​လော့​။ မြောက်​ပြည်​သို့​သွား​သော​သူ​တို့​သည် ထို​ပြည်​၌ ငါ့​စိတ်​ကို သက်သာ​စေ​ကြ​ပြီ​”​ဟု မြွက်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 9,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 10,
      "text": "“​ဘေဘီလုံ​မြို့​သို့ သုံ့ပန်း​ပါသွား​ရာ​မှ ပြန်လာ​ကြ​သော ဟေလဒဲ​၊ တောဘိယ​နှင့် ယေဒါယ​တို့​ထံမှ လှူဖွယ်ဝတ္ထု​တို့​ကို​ယူ​၍ တစ်နေ့ချင်း​တွင် ဇေဖနိ​၏​သား​ယောရှိ​အိမ်​သို့​သွား​လော့​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 11,
      "text": "ရွှေ​ငွေ​တို့​ကို​ယူ​၍ သရဖူ​ပြုလုပ်​ပြီး ယောဇဒက်​၏​သား ယဇ်ပုရောဟိတ်​မင်း​ယောရှု​၏​ခေါင်း​ပေါ်တွင် ဆောင်း​ပေး​လော့​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 12,
      "text": "ထို့နောက် သူ့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အတက် ဟု​အမည်​ရှိ​သော​သူ​တစ်​ယောက် ပေါ်လာ​မည်​။ သူ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို​တည်ဆောက်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 13,
      "text": "သူ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို​တည်ဆောက်​ပြီး ဘုန်းအသရေ​ကို​ဆောင်​လျက် ရာဇပလ္လင်​တော်​ပေါ်တွင် စံမြန်း​၍ အုပ်စိုး​လိမ့်မည်​။ ရာဇပလ္လင်​ပေါ်တွင် ယဇ်ပုရောဟိတ်​အဖြစ် စံမြန်း​လိမ့်မည်​။ ထို​အမှု​နှစ်ခုစလုံး သဟဇာတ​ဖြစ်​အောင် စီမံအုပ်ချုပ်​လိမ့်မည်”​ဟူ၍ မိန့်​တော်မူ​၏’​ဟု ပြောကြား​လော့​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 14,
      "text": "ထို​သရဖူ​သည် ဟေလင်​၊ တောဘိယ​၊ ယေဒါယ​နှင့် ဇေဖနိ​၏​သား​ဟင် တို့​အဖို့ ထာဝရဘုရား​၏​ဗိမာန်တော်​၌ အမှတ်ရစရာ​အဖြစ် ရှိ​နေ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 15,
      "text": "ရပ်ဝေး​မှ​လူ​တို့​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို လာရောက်​တည်ဆောက်​ကြ​လိမ့်မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ သင်​တို့​သည် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​စကား​ကို နာခံ​လိုက်လျှောက်​လျှင် ထိုသို့​ဖြစ်လာ​လိမ့်မည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 1,
      "text": "ဒါရိ​မင်းကြီး​နန်းစံ​လေး​နှစ်​၊ ခိသလု​လ​ဟု​ခေါ်​သော နဝမ​လ​၊ လေး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ​ဇာခရိ​ထံသို့ ရောက်လာ​ပြန်​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 2,
      "text": "ထို​အချိန်​၌ ဗေသလ​မြို့သား​တို့​သည် ရှရေဇာ​၊ ရေဂင်္မေလက်​နှင့် သူ​၏​လူ​အချို့​တို့​ကို ထာဝရဘုရား​ထံ တိုးလျှိုးတောင်းပန်​စေရန်​နှင့်"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 3,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ရှိ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​အကျွန်ုပ်​သည် နှစ်ပေါင်း​များစွာ​ကပင် ပဉ္စမ​လ​တွင် အစာရှောင်​ငိုကြွေး​ခဲ့​သည့်​အတိုင်း ယခု​လည်း​ပြု​ရ​မည်လော​”​ဟု မေးလျှောက်​စေရန် စေလွှတ်​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 4,
      "text": "တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 5,
      "text": "“ပြည်သူပြည်သား​အပေါင်း​နှင့် ယဇ်ပုရောဟိတ်​တို့​အား ‘ဤ​နှစ်​ပေါင်း​ခုနစ်ဆယ်​ပတ်လုံး ပဉ္စမ​လ​နှင့် သတ္တမ​လ​တို့​တွင် သင်​တို့ အစာရှောင်​ငိုကြွေးမြည်တမ်း​ခဲ့​ကြ​သည်​မှာ ငါ့​အဖို့ အစာရှောင်​ခြင်း အမှန်တကယ်​ဟုတ်​ခဲ့​သလော​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 6,
      "text": "သင်​တို့ စား​သောက်​ကြ​သောအခါ ကိုယ့်​အဖို့​သာ ကိုယ်​စား​သောက်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 7,
      "text": "ဂျေရုဆလင်​မြို့​နှင့် အနီး​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၌ လူ​အများ​စိုးရိမ်ကြောင့်ကြမှု​ကင်း​စွာ​နေထိုင်​ကြ​ရ​စဉ်က​၊ နေဂေ့​အရပ်​နှင့်​မြေနိမ့်ဒေသ​တွင် လူသူ​နေထိုင်​သေး​စဉ်က ထာဝရဘုရား​သည် ရှေး​ပရောဖက်​တို့​မှတစ်ဆင့် ဤ​စကား​တို့​ကို​မိန့်​တော်မူ​ခဲ့​ရ​သည် မ​ဟုတ်​လော’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 8,
      "text": "တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ​ဇာခရိ​ထံသို့​ရောက်လာ​ပြန်​၍"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 9,
      "text": "“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘အမှန်​ကို အမှန်​အတိုင်း​စီရင်ဆုံးဖြတ်​ကြ​လော့​။ တစ်ဦး​ကို​တစ်ဦး မေတ္တာကရုဏာ ပြ​ကြ​လော့​။ သနားစုံမက်​ကြ​လော့​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 10,
      "text": "မုဆိုးမ​၊ ဖတဆိုး​၊ တိုင်းတစ်ပါးသား​နှင့် ဆင်းရဲသား​တို့​ကို မ​နှိပ်စက်​ရ​။ သင်​တို့​စိတ်နှလုံး​ထဲ၌ တစ်ဦး​ကို​တစ်ဦး မကောင်း​သော​အကြံ မ​ကြံစည်​ရ’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 11,
      "text": "သို့သော် သူ​တို့​သည် ဂရုမစိုက်​။ ခေါင်းမာမာ​နှင့် ကျောခိုင်း​ကြ​၏​။ မ​ကြား​နိုင်​အောင် နား​ပိတ်​ထား​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 12,
      "text": "သူ​တို့​၏​စိတ်​ကို စိန်​ကဲ့သို့​မာကျော​စေ​ကြ​သဖြင့် ရှေး​ပရောဖက်​တို့​မှတစ်ဆင့် ဝိညာဉ်​တော်​အားဖြင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေး​တော်မူ​သော ပညတ်တရား​များ​နှင့် နှုတ်​တော်​ထွက်​စကား​များ​ကို မ​လိုက်နာ​ကြ​။ ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ပြင်းစွာ​အမျက်ထွက်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 13,
      "text": "ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​ခေါ်​သောအခါ သူ​တို့​မ​ထူး​သကဲ့သို့ သူ​တို့​ခေါ်​သောအခါ​၌​လည်း ငါ​မ​ထူး’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 14,
      "text": "ထို့ပြင် သူ​တို့​မ​သိ​သော​လူမျိုးခြား​တို့​နေရာ​အရပ်ရပ်​သို့ သူ​တို့​အား​လေပွေ​နှင့်အတူ ငါ​လွင့်သွား​စေ​၏​။ သူ​တို့​ပြည်​သည် လူသူကင်းမဲ့​ရာ​အဖြစ် ကျန်ရစ်​လေ​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​လည်း မ​ရှိ​။ သာယာ​သော​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 1,
      "text": "တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​ပြန်​၍"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 2,
      "text": "“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​သည် ဇိအုန်​မြို့​ကို အလွန်​ကြင်နာ​၏​။ ပြင်းစွာ​အမျက်ထွက်​သည့်​တိုင်အောင် ကြင်နာ​၏’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 3,
      "text": "ထာဝရဘုရား​က ‘ဇိအုန်​မြို့​သို့ ငါ​ပြန်လာ​မည်​။ ဂျေရုဆလင်​မြို့​တွင် ကိန်းဝပ်​မည်​။ ဂျေရုဆလင်​မြို့​သည် သစ္စာစောင့်​သော​မြို့​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​တောင်​တော်​၊ သန့်ရှင်း​သော​တောင်​တော်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 4,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သက်ကြီးရွယ်အို ယောက်ျား​မိန်းမ​တို့​သည် အသက်ကြီး​၍ တောင်ဝှေး​ကို​ကိုင်ထား​လျက် ဂျေရုဆလင်​မြို့​ရှိ​လမ်းဆုံလမ်းခွ​တို့​၌ တစ်ဖန်​ပြန်​၍ ထိုင်​နေ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 5,
      "text": "မြို့​လမ်း​တို့​သည်​လည်း ပြေးလွှား​ဆော့ကစား​နေ​သော​ကလေးသူငယ်​များ​နှင့် ပြည့်​နေ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 6,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ထို​ကာလ​တွင် ထို​အမှု​သည် ကြွင်းကျန်​သော ဤ​လူမျိုး​တော်​တို့​အဖို့ အံ့ဩဖွယ်​ရာ​ဖြစ်​လျှင်​လည်း ငါ့​အဖို့​မူကား အံ့ဩဖွယ်​ရာ​ဖြစ်​လိမ့်မည်​လော’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 7,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ နေထွက်​ရာ​အရပ်​၊ နေဝင်​ရာ​အရပ်​တို့​မှ ငါ့​လူမျိုး​တော်​တို့​ကို ငါ​ကယ်နုတ်​မည်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 8,
      "text": "သူ​တို့​ကို ပြန်ခေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင် နေထိုင်​စေ​ပြီး သူ​တို့​သည် ငါ​၏​လူမျိုး​တော် ဖြစ်​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​အဖို့ သစ္စာစောင့်​သော​၊ ဖြောင့်မတ်​သော​ဘုရားသခင် ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 9,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ဗိမာန်တော်​ဖြစ်​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ရန် အုတ်မြစ်ချ​သော​နေ့​၌ ပရောဖက်​တို့​နှုတ်​မှ ဆင့်ဆို​ခဲ့​သော​စကား​များ​ကို ယခု​ကာလ​၌​ကြား​ရ​သော​သူ​တို့​၊ သင်​တို့​လက်​ကို ကြံ့ခိုင်​စေ​ကြ​လော့​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 10,
      "text": "ထို​ကာလ​မတိုင်မီ လူ​တို့​သည် လုပ်အားခ မ​ရ​။ တိရစ္ဆာန်​ငှားရမ်းခ​လည်း မ​ရ​။ ငါ​သည် လူ​အပေါင်း​တို့​အား အိမ်နီးချင်း​အချင်းချင်း ရန်သူ​ဖြစ်​စေ​သဖြင့် သွား​လာ​သော​သူ​တို့​သည် ရန်သူ​ရှိ​သောကြောင့် လုံခြုံမှု​မ​ရှိ​ခဲ့’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 11,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ယခု​မူကား ကြွင်းကျန်​သော​သူ​တို့​ကို ယခင်​ကာလ​က​ကဲ့သို့ ငါ​မ​ပြု​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 12,
      "text": "အေးချမ်း​စွာ​မျိုးစေ့​ကြဲ​ရ​လိမ့်မည်​။ စပျစ်ပင်​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည်​လည်း အသီးအနှံ​ကို ဖြစ်ထွန်း​စေ​လိမ့်မည်​။ မိုးကောင်းကင်​မှ နှင်းကျ​လိမ့်မည်​။ ငါ​သည် ကြွင်းကျန်​သော​ဤ​လူမျိုး​တို့​အား ဤ​အရာ​အားလုံး​တို့​ကို အမွေ​ခံစား​ရ​စေ​မည်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 13,
      "text": "အို ယုဒ​အမျိုးအနွယ်​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် ကျိန်ဆဲစရာ​ဖြစ်​ခဲ့​သော်လည်း သင်​တို့​ကို ငါ​ကယ်တင်​မည်​။ ကောင်းချီး​ပေး​မည်​။ မ​ကြောက်​ကြ​နှင့်​။ သင်​တို့​လက်​ကို ခိုင်ခံ့​စေ​လော့’​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 14,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​ဘိုးဘေး​တို့​အား အမျက်ထွက်​ခဲ့​စဉ်အခါ​က သင်​တို့​အပေါ်​သို့ ဘေးဆိုး​ကို ကျရောက်​စေ​မည်​ဟု ငါ​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား စိတ်ပိုင်းဖြတ်​ခဲ့​သည့်​အတိုင်း စိတ်ပြောင်းလဲ​မည်​မ​ဟုတ်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 15,
      "text": "ယခု​ကာလ​တွင်​လည်း ယုဒ​အမျိုးအနွယ် ဂျေရုဆလင်​မြို့သား​တို့ ကောင်းစား​ဖို့ ငါ​ပြု​မည်​ဟု စိတ်ပိုင်းဖြတ်​ထား​ပြီ​။ ထို့ကြောင့် မ​ကြောက်​ကြ​နှင့်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 16,
      "text": "သင်​တို့​ပြုကျင့်​ရ​မည်​မှာ အချင်းချင်း မှန်​သော​စကား​ကို ပြော​ကြ​လော့​။ မြို့​တံခါးဝ​တို့​၌ တရားစီရင်​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​စွာ စီရင်ဆုံးဖြတ်​ကြ​လော့​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 17,
      "text": "သင်​တို့​စိတ်​ထဲ၌ ကိုယ့်​အိမ်နီးချင်း​အား မကောင်း​သော​အကြံ​ကို မ​ကြံစည်​ရ​။ မဟုတ်မမှန် ကျိန်ဆို​ခြင်း​ကို မ​နှစ်သက်​ရ​။ ဤ​အရာ​အလုံးစုံ​ကို ငါ​မုန်း​၏’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 18,
      "text": "တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 19,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “စတုတ္ထ​လ​အစာရှောင်​ခြင်း​၊ ပဉ္စမ​လ​အစာရှောင်​ခြင်း​၊ သတ္တမ​လ​အစာရှောင်​ခြင်း​၊ ဒသမ​လ​အစာရှောင်​ခြင်း​တို့​သည် ယုဒ​အမျိုးအနွယ်​အဖို့ ရွှင်လန်း​ဝမ်းမြောက်​ဖွယ်​ရာ​၊ ပျော်ရွှင်​ဖွယ်​ရာ​ပွဲတော်​များ ဖြစ်​လိမ့်မည်​။ ထို့ကြောင့် သစ္စာရှိ​ခြင်း​၊ ငြိမ်းချမ်း​ခြင်း​တို့​ကို မြတ်နိုး​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 20,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “အမြို့မြို့အနယ်နယ်​တွင်​နေထိုင်​သော​လူမျိုး​တို့ ရောက်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 21,
      "text": "မြို့​တစ်​မြို့​မှ​လူ​တို့​သည် အခြား​တစ်​မြို့​သို့​သွား​၍ ‘ထာဝရဘုရား​ထံ​တော်​သို့ ငါ​တို့ သွားရောက်​တိုးလျှိုးတောင်းပန်​ကြ​စို့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​စို့​။ ငါ​လည်း သွား​မည်’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 22,
      "text": "လူ​အမြောက်အမြား​တို့​နှင့်အတူ အင်အားကြီးမား​သော​လူမျိုးခြား​တို့​သည်​လည်း ဂျေရုဆလင်​မြို့​သို့​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ရှေ့​တော်​သို့ တိုးဝင်ချဉ်းကပ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 23,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ထို​ကာလ​၌ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုးခြား​ဆယ်​ဦး​သည် ဂျူး​လူမျိုး​တစ်​ဦး​၏​အဝတ်စွန်း​ကို​ဖမ်းဆွဲ​လျက် ‘သင်​တို့​နှင့်အတူ ဘုရားသခင်​ရှိ​သည်​ဟု ကြားသိ​ရ​သောကြောင့် ငါ​တို့​လည်း သင်​တို့​နှင့်အတူ​လိုက်​မည်’​ဟူ၍ ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 1,
      "text": "ထာဝရဘုရား​၏​ဗျာဒိတ်​စကား​သည် ဟာဒရက်​ပြည်​ကို ဆန့်ကျင်​၍ ဗျာဒိတ်​တော်​တည်​ရာ ဒမတ်စကပ်​မြို့​အပေါ်​သို့ သက်ရောက်​၏​။ အကြောင်းမူကား အစ္စရေး​အမျိုးအနွယ်​အပါအဝင် လူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကို မျှော်ကြည့်​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 2,
      "text": "ထို​မြို့​နှင့်​နယ်နိမိတ်​ထိစပ်​သော​ဟာမတ်​မြို့​အပေါ်​သို့​လည်း သက်ရောက်​၏​။ တိုင်ရာ​မြို့​နှင့် ဆီဒုန်​မြို့​တို့​သည် အလွန်​ဉာဏ်ပညာရှိ​သောကြောင့် ထို​မြို့​တို့​အပေါ်​သို့ သက်ရောက်​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 3,
      "text": "တိုင်ရာ​မြို့​သည် ခံတပ်​ကို​တည်​၍ ငွေ​တို့​ကို​မြေမှုန့်​ကဲ့သို့​လည်းကောင်း​၊ ရွှေ​တို့​ကို​လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့​လည်းကောင်း စုပုံ​ထား​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 4,
      "text": "ကြည့်ရှု​လော့​။ ဘုရားရှင်​သည် သူ​ပိုင်ဆိုင်​သမျှ​ကို​သိမ်းပိုက်​၍ သူ့​အစွမ်း​ကို ပင်လယ်ပြင်​တွင် ဖျက်ဆီး​တော်မူ​မည်​။ မီး​ဖြင့် လောင်ကျွမ်း​စေ​တော်မူ​မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 5,
      "text": "အာရှကေလုန်​မြို့​သည်​မြင်​၍ ကြောက်ရွံ့​လိမ့်မည်​။ ဂါဇ​မြို့​သည်​လည်း အလွန်​တုန်လှုပ်​လိမ့်မည် ။ ဧကြုန်​သည်​လည်း မျှော်လင့်ရာမဲ့​အရှက်တကွဲ ဖြစ်​လိမ့်မည်​။ ဂါဇ​ဘုရင်​သည် ကွပ်မျက်​ခံရ​၍ အာရှကေလုန်​မြို့​သည် နေထိုင်​သူ​မ​ရှိ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 6,
      "text": "“အာဇုတ်​မြို့​တွင် မျိုးမစစ်​သော​သူ​တို့ နေထိုင်​ကြ​လိမ့်မည်​။ ဖိလိတ္တိ​လူမျိုး​တို့​၏​မာန​ကို ငါ​ချိုးဖျက်​မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 7,
      "text": "သူ​တို့​၏​ခံတွင်း​ထဲမှ​အသွေး​နှင့် သူ​တို့​သွား​ကြား​မှ​စက်ဆုပ်ဖွယ်​ရာ​များ​ကို ငါ​ဖယ်ရှား​မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​အဖို့ ဖြစ်​၍ ယုဒ​အမျိုး​၌​ခေါင်းဆောင်​ကဲ့သို့ ဖြစ်​မည်​။ ဧကြုန်​လူမျိုး​သည်​လည်း ယေဗုသိ​လူမျိုး​ကဲ့သို့​ဖြစ်​မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 8,
      "text": "ငါ့​အိမ်​တော်​၌ ကျူးကျော်​ဝင်ရောက်​သူ​မ​ရှိ​အောင် ကင်းစောင့်​ချ​ထား​မည်​။ ငါ​ကိုယ်တိုင်​စောင့်ကြည့်​မည်​ဖြစ်၍ ညှဉ်းဆဲ​တတ်​သော​သူ​တို့ နောက်တစ်ဖန် မ​ကျူးကျော်​ရ​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 9,
      "text": "အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 10,
      "text": "ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ် ​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 11,
      "text": "သင်​နှင့်​ဖွဲ့​သော​အသွေး​တော်​ပဋိညာဉ်​ကြောင့် ရေ​မ​ရှိ​သော​တွင်း​ထဲတွင်​နေ​ရ​သော​အကျဉ်းသား​တို့​ကို ငါ​လွှတ်ပေး​မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 12,
      "text": "မျှော်လင့်စရာ​ရှိ​သော အကျဉ်းသား​တို့​၊ ခံတပ်​သို့​ပြန်လာ​ကြ​လော့​။ သင်​တို့​ကို နှစ်ဆ​သော​အကျိုး​ပေး​မည်​ဟု ယနေ့​ပင် ငါ​ဆို​ပြီ​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 13,
      "text": "ငါ​သည် ယုဒ​ကို လေးသဖွယ် တင်​မည်​၊ ဧဖရိမ်​ကို မြားသဖွယ် ပြု​မည်​။ အို ဇိအုန်​၊ သင့်​သား​တို့​ကို ငါ​နှိုးဆော်​မည်​။ အို ဂရိ​၊ သင့်​သား​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သင့်​ကို စစ်သူရဲ​၏​ဓား​သဖွယ် ဖြစ်​စေ​မည်​။”"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 14,
      "text": "ထာဝရဘုရား​သည် မိမိကိုယ်ကို ထင်ရှား​တော်မူ​မည်​။ ကိုယ်တော်​၏​မြား​တော်​သည် လျှပ်ပြက်​သကဲ့သို့ ထွက်သွား​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် တံပိုး​ကို​မှုတ်​လျက် တောင်ဘက်​မှ​မုန်တိုင်း​နှင့်အတူ ကြွချီ​တော်မူ​မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 15,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သူ​တို့​ကို​ကွယ်ကာ​တော်မူ​မည်​။ သူ​တို့​သည် လောက်စာလုံး​တို့​ကို ဖျက်ဆီး​၍ ချေပစ်​မည်​။ စပျစ်ဝိုင်​သောက်​၍ မူးယစ်​သော​သူ​ကဲ့သို့ အော်ဟစ်ကြိမ်းမောင်း​ကြ​လိမ့်မည်​။ အင်တုံ​ကဲ့သို့​လည်းကောင်း​၊ ယဇ်ပလ္လင်​ထောင့်စွန်း​ကဲ့သို့​လည်းကောင်း ပြည့်လျှံ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 16,
      "text": "ထို​နေ့ရက်​၌ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို သိုးစု​သဖွယ်​ကယ်တင်​လိမ့်မည်​။ သူ​တို့​သည် ကျောက်မျက်​သရဖူ​ကဲ့သို့ ပြည်​တော်​၌ ထွန်းတောက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 17,
      "text": "မည်မျှ​ကောင်းမြတ်​ပါ​သနည်း​။ မည်မျှ​တင့်တယ်​ပါ​သနည်း​။ လူပျို​အပျို​တို့​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ကြောင့် ကြီးပွားတိုးတက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 1,
      "text": "မိုးနှောင်း​ကာလ​တွင် မိုးရွာ​စေရန် ထာဝရဘုရား​ထံ​တောင်းလျှောက်​ကြ​လော့​။ ထာဝရဘုရား​သည် မိုးတိမ်တိုက်​ကို ဖြစ်ပေါ်​စေ​၏​။ မိုးရွာ​စေ​ခြင်း​ဖြင့် လူ​အပေါင်း​တို့​၏​လယ်ပြင်​မှ အပင်​များ​အတွက် မိုးရေ​ကို ရရှိ​စေ​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 2,
      "text": "အကယ်စင်စစ် တေရပ်ရုပ်တု​တို့​သည် လှည့်စား​သော​စကား​ကို​ဆို​၏​။ ဂမ္ဘီရပညာရှင်​တို့​လည်း မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​ကြ​၏​။ အလိမ်အညာ​အိပ်မက်​များ​ကို မြင်မက်​ပြီး အချည်းနှီး​နှစ်သိမ့်​ပေး​တတ်​၏​။ ထို့ကြောင့် လူ​တို့​သည် သိုးစု​ကဲ့သို့ လှည့်လည်​သွားလာ​ရ​ကြ​၏​။ သိုးထိန်း​မ​ရှိ​သဖြင့် အနှိပ်စက်​ခံရ​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 3,
      "text": "“သိုးထိန်း​တို့​ကို ငါ​အမျက်ထွက်​၏​။ ခေါင်းဆောင် ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိမိ​၏​သိုးစု​ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​ထောက်မ​၍ သူ​တို့​ကို ရဲစွမ်းသတ္တိ​ရှိ​သော​စစ်​မြင်း​ကဲ့သို့ ဖြစ်​စေ​မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 4,
      "text": "ထို​မျိုးနွယ်​ထဲမှ ထောင့်ချုပ်ကျောက်​၊ ငုတ်တိုင်​၊ စစ်​လေးလက်နက်​နှင့် အုပ်ချုပ်​သူ​အပေါင်း​တို့ အတူတကွ​ထွက်ပေါ်​လာ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 5,
      "text": "သူ​တို့​သည် လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ စစ်ပွဲ​တွင် ရန်သူ​ကို​နင်းချေ​သော​စစ်သူရဲ​များ ဖြစ်​ကြ​လိမ့်မည်​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ​ပါရှိ​သောကြောင့် စစ်တိုက်​ရာ​တွင် မြင်းစီးသူရဲ​တို့​ကို အရှက်ကွဲ​စေ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 6,
      "text": "ငါ​သည် ယုဒ​အမျိုးအနွယ်​ကို ခွန်အား​နှင့်​ပြည့်​စေ​မည်​။ ယောသပ်​အမျိုးအနွယ်​ကို ကယ်တင်​မည်​။ သူ​တို့​ကို​သနားစုံမက်​သောကြောင့် ပြန်လည်​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ​မ​စွန့်ပယ်​ဖူး​သော​သူ​ကဲ့သို့ ဖြစ်​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​သောကြောင့် သူ​တို့​ကို ငါ​ထူး​မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 7,
      "text": "ဧဖရိမ်​အမျိုး​သည် စစ်သူရဲ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ စပျစ်ဝိုင်​သောက်​သော​သူ​ကဲ့သို့ ဝမ်းမြောက်​ရွှင်လန်း​ကြ​လိမ့်မည်​။ ထို​အဖြစ်​ကို တွေ့မြင်​ရ​သော​သားသမီး​များ​လည်း ဝမ်းမြောက်​ကြ​လိမ့်မည်​။ ထာဝရဘုရား​၌ သူ​တို့​၏​စိတ်နှလုံး​ရွှင်လန်း​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 8,
      "text": "ငါ​သည် သူ​တို့​ကို လေချွန်​ပြီး ခေါ်ယူ​စုသိမ်း​မည်​။ သူ​တို့​ကို အမှန်ပင် ရွေးနုတ်ကယ်တင်​မည်​။ ယခင်က တိုးပွား​ခဲ့​သည့်​အတိုင်း ဆက်လက်​တိုးပွား​စေ​မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 9,
      "text": "ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​ထံ ကွဲလွင့်​စေ​ခဲ့​သော်လည်း သူ​တို့​သည် ရပ်ဝေး​၌ပင် ငါ့​ကို​သတိရ​ကြ​လိမ့်မည်​။ သူ​တို့​သည် သားသမီး​များ​နှင့်တကွ အသက်ရှင်​လျက် ပြန်လာ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 10,
      "text": "ငါ​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ပြန်ခေါ်​လာ​မည်​။ အဆီးရီးယား​ပြည်​မှ ပြန်လည်​စုသိမ်း​မည်​။ ဂိလဒ်​ပြည်​၊ လက်ဘနွန်​တောင်​သို့ ခေါ်ဆောင်​လာ​မည်​။ သူ​တို့​နေစရာ​အဖို့ နေရာလပ်​မ​ကျန်​အောင် ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 11,
      "text": "သူ​တို့​သည် ဒုက္ခ​ပင်လယ်​ကို ဖြတ်ကျော်​၍ ပင်လယ်​လှိုင်းတံပိုး​တို့​ကို ဒဏ်ခတ်​လိမ့်မည်​။ နိုင်း​မြစ်​ရေထုကြီး​လည်း ခန်းခြောက်​သွား​လိမ့်မည်​။ အဆီးရီးယား​ပြည်​၏​မာန ချိုးဖျက်​ခံရ​လိမ့်မည်​။ အီဂျစ်​ပြည်​၏​ရာဇလှံတံ​လည်း ကွယ်ပျောက်​ရ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 12,
      "text": "ငါ ထာဝရဘုရား​ကြောင့် သူ​တို့​သည် အားပြည့်​၍ ငါ့​နာမ​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 1,
      "text": "အို လက်ဘနွန်​တောင်​၊ သင့်​တံခါး​တို့​ကို ဖွင့်​လော့​။ သင်​၏​သစ်ကတိုးပင်​များ မီး​လောင်ကျွမ်း​ပါစေ​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 2,
      "text": "အို ထင်းရှူးပင်​၊ ညည်းတွား​လော့​။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ​၍ ကျက်သရေဆောင်​သစ်ပင်​တို့ ပျက်စီး​ကုန်​ပြီ​။ အို ဗာရှန်​ဝက်သစ်ချပင်​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား ထူထပ်​သော​သစ်တော​ကြီး ပြုန်းတီး​သွား​လေ​ပြီ​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 3,
      "text": "အသရေ​ဖျက်ဆီး​ခံရ​သောကြောင့် သိုးထိန်း​တို့​၏​မြည်တမ်းသံ​ကို ကြား​ရ​လေ​ပြီ​။ ဂျော်ဒန်​တောအုပ်ကြီး​ဖျက်ဆီး​ခံရ​သောကြောင့် ခြင်္သေ့ပျို​တို့​၏​ဟိန်းသံ​ကို ကြား​ရ​လေ​ပြီ​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 4,
      "text": "ငါ​၏​ဘုရားသခင်​ထာဝရဘုရား​က “အသတ်​ခံရ​တော့မည့်​သိုး​တို့​ကို ထိန်းကျောင်း​လော့​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 5,
      "text": "ထို​သိုး​တို့​ကို ဝယ်ယူ​ထား​သော​သူ​တို့​သည် ထို​သိုး​တို့​ကို သတ်ဖြတ်​သော်လည်း အပြစ်ဒဏ်​မ​ခံရ​။ ရောင်း​သူ​တို့​က​လည်း ‘ငါ​ချမ်းသာ​ပြီ​ဖြစ်၍ ထာဝရဘုရား​ကို ချီးမွမ်း​ပါ​၏’​ဟု ဆို​ကြ​၏​။ သိုးထိန်း​တို့​သည်​လည်း ထို​သိုး​တို့​ကို မ​သနား​ကြ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 6,
      "text": "တစ်ဖန် ထာဝရဘုရား​က “​ဤ​ပြည်​ရှိ ပြည်သူပြည်သား​တို့​ကို ငါ​သနား​တော့​မည်​မ​ဟုတ်​။ ကြည့်ရှု​လော့​။ လူ​အသီးသီး​တို့​ကို သူ​တို့​၏​အိမ်နီးချင်း​လက်​သို့​လည်းကောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​လက်​သို့​လည်းကောင်း ငါ​အပ်​မည်​။ ထို​သူ​တို့​သည် ဤ​ပြည်​ကို​ချေမှုန်းတိုက်ဖျက်​ကြ​မည်​ဖြစ်​သော်လည်း ထို​သူ​တို့​လက်​မှ ငါ​ကယ်တင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 7,
      "text": "ထို့ကြောင့် အသတ်​ခံရ​တော့မည့်​သိုးအုပ်​၊ အဖိနှိပ်​ခံရ​သော​သိုးအုပ်​တို့​ကို ငါ​ထိန်းကျောင်း​၏​။ ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​နှင့် စည်းလုံး​ခြင်း​တောင်ဝှေး​ဟု​ခေါ်​သော တောင်ဝှေး​နှစ်​ချောင်း​ကို​ယူ​၍ သိုးအုပ်​ကို ထိန်းကျောင်း​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 8,
      "text": "တစ်​လ​တည်း​တွင် သိုးထိန်း​သုံး​ဦး​ကို ငါ​ဖယ်ရှား​ပစ်​၏​။ ငါ​သည် သူ​တို့​ကို သည်းမခံ​နိုင်​။ သူ​တို့​သည်​လည်း ငါ့​ကို မုန်း​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 9,
      "text": "ထို့နောက် ငါ​က “​သင်​တို့​ကို ငါ​ထိန်းကျောင်း​တော့​မည်​မ​ဟုတ်​။ သေ​မည့်​အကောင်​လည်း သေ​ပါစေ​။ အသတ်​ခံရ​မည့်​အကောင်​လည်း အသတ်​ခံရ​ပါစေ​။ ကျန်​သော​အကောင်​တို့​သည်​လည်း အချင်းချင်း​၏​အသား​ကို ကိုက်စား​ကြ​ပါစေ​”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 10,
      "text": "လူမျိုး​တကာ​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ပယ်ဖျက်​ရန် ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​ကို ယူ​၍ ချိုး​ပစ်​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 11,
      "text": "ထို​နေ့​တွင်​ပင် ပဋိညာဉ်​သည် ကျိုးပျက်​သွား​၏​။ ဤ​အရာ​သည် ထာဝရဘုရား​၏​စကား​တော်​ဖြစ်ကြောင်း အဖိနှိပ်​ခံရ​၍ ငါ့​ကို​စောင့်စား​နေ​သော​သိုးအုပ်​များ သိ​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 12,
      "text": "ထို့နောက် ငါ​က သူ​တို့​အား “ငါ့​အား လုပ်အားခ​ပေး​သင့်​သည်​ဟု​ထင်​လျှင် ပေး​လော့​။ မ​ပေး​လို​လျှင်​လည်း မပေး​နှင့်”​ဟု ဆို​လျှင် သူ​တို့​သည် လုပ်အားခ​အဖြစ် ငွေစ​သုံးဆယ်​ကို ချိန်တွယ်​ပေး​ကြ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 13,
      "text": "ထိုအခါ ထာဝရဘုရား​က “​ငါ့​ကို အဖိုးဖြတ်​သော​ငွေ များ​လှ​သည်​တကား​။ ထို​ငွေ​ကို အိုးထိန်းသည်​ထံ ပစ်လိုက်​ပါ​”​ဟု မိန့်​တော်မူ​သည့်​အတိုင်း ငွေစ​သုံးဆယ်​ကို​ယူ​၍ ထာဝရဘုရား​၏​အိမ်​တော်​ရှိ အိုးထိန်းသည်​ထံ ငါ​ပစ်ချ​ပေး​လေ​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 14,
      "text": "ထို့နောက် ယုဒ​လူမျိုး​နှင့် အစ္စရေး​လူမျိုး​ကြား ညီအစ်ကို​တော်စပ်မှု​ကို ပယ်ဖျက်​ရန် ဒုတိယ​တောင်ဝှေး​ဖြစ်​သော “စည်းလုံး​ခြင်း​တောင်ဝှေး”​ကို ငါ​ချိုး​ပစ်​၏​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 15,
      "text": "ထာဝရဘုရား​က ငါ့​အား “​မိုက်မဲ​သော​သိုးထိန်း​၏​အသုံးအဆောင်​ကို နောက်တစ်ဖန် ယူ​လော့​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 16,
      "text": "အကြောင်းမူကား ငါ​သည် ထို​ပြည်​တွင် သိုးထိန်း​တစ်​ဦး​ကို ပေါ်ထွန်း​စေ​မည်​။ သူ​သည် ပျောက်​သော​သိုး​တို့​ကို ဂရု​မ​စိုက်​၊ သိုးသငယ်​တို့​ကို မ​ရှာဖွေ​၊ ဒဏ်ရာ​ရ​သော​သိုး​တို့​ကို​လည်း ဆေး​မ​ကု​၊ ဆာလောင်​သော​သိုး​တို့​ကို​လည်း မ​ကျွေးမွေး​ဘဲ ဆူဖြိုး​သော​သိုး​တို့​ကို​မူ ခွာ​ကို​ချွတ်ပစ်​ပြီး အသား​ကို စား​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 17,
      "text": "သိုး​တို့​ကို​ပစ်ထား​သည့် အသုံးမကျ​သော​သိုးထိန်း​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၏​လက်မောင်း​နှင့် သူ​၏​ယာဘက်​မျက်လုံး​သည် ဓား​ထိုး​ခံရ​၍ သူ့​လက်မောင်း​သည် အကြောသေ​ပြီး ယာဘက်​မျက်လုံး​သည် ကွယ်သွား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 1,
      "text": "အစ္စရေး​လူမျိုး​နှင့်ပတ်သက်​သော ထာဝရဘုရား​၏​ဗျာဒိတ်​စကား​။ မိုးကောင်းကင်​ကို ဖြန့်ကြက်​၍ မြေကြီး​အုတ်မြစ်​ကို​တည်​ပြီးလျှင် လူ့​အထဲ​၌ အသက်ဝိညာဉ်​ကို ပုံဖော်ဖန်ဆင်း​ပေး​တော်မူ​သော​ထာဝရဘုရား​က"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 2,
      "text": "“ကြည့်ရှု​လော့​။ ငါ​သည် ဂျေရုဆလင်​မြို့​ကို ပတ်ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့ သောက်​၍​ယစ်မူး​သော​ခွက် ဖြစ်စေ​မည်​။ ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​သည်​လည်း ဝိုင်းထား​ခြင်း​ခံရ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 3,
      "text": "ထို​နေ့ရက်​တွင် ငါ​သည် ဂျေရုဆလင်​မြို့​ကို လူမျိုး​အပေါင်း​တို့​အဖို့ အလွန်​လေးလံ​သော​ကျောက် ဖြစ်​စေ​မည်​။ ထို​ကျောက်​ကို ချီမ​သော​သူ​တိုင်း ဒဏ်ရာ​အပြင်းအထန် ရ​လိမ့်မည်​။ မြေကြီး​ပေါ်ရှိ လူမျိုးတကာ​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​ရန် စုဝေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 4,
      "text": "ထာဝရဘုရား​က “ထို​နေ့ရက်​တွင် ငါ​သည် စစ်မြင်း​ရှိသမျှ​ကို ယောက်ယက်ခတ်​စေ​၍ မြင်းစီးသူရဲ​တို့​ကို ရူးသွပ်​သွား​အောင် ဒဏ်ခတ်​မည်​။ ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​စောင့်ရှောက်​မည်​။ လူမျိုးတကာ​တို့​၏​စစ်မြင်း​ရှိသမျှ​ကို မျက်စိကွယ်​သွား​အောင် ဒဏ်ခတ်​မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 5,
      "text": "ထိုအခါ ယုဒ​သူကြီး​တို့​က ‘ဂျေရုဆလင်​မြို့သား​တို့​သည် ငါ​တို့​အား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ခွန်အား ဖြစ်​၏’​ဟု စိတ်ထင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 6,
      "text": "ထို​နေ့ရက်​တွင် ငါ​သည် ယုဒ​သူကြီး​တို့​ကို ထင်း​မီးဖို​၊ ကောက်လှိုင်း​မီးတုတ် ဖြစ်စေ​သဖြင့် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက် ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။ ဂျေရုဆလင်​မြို့​မူကား ယခင်​နေရာ​ဖြစ်​သည့် ဂျေရုဆလင်​မြို့​၌ တည်ရှိ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 7,
      "text": "ဒါဝိဒ်​အမျိုးအနွယ်​၊ ဂျေရုဆလင်​မြို့သား​တို့​၏​ဂုဏ်ကျက်သရေ​သည် ယုဒ​အမျိုး​တို့​ထက် မ​ကြီးမြတ်​စေရန် ထာဝရဘုရား​သည် ယုဒ​အမျိုး​၏​တဲ​များ​ကို ဦးစွာ​ကယ်တင်​တော်မူ​မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 8,
      "text": "ထို​နေ့ရက်​တွင် ထာဝရဘုရား​သည် ဂျေရုဆလင်​မြို့သား​တို့​ကို ကာကွယ်​မည်​။ ထို​နေ့ရက်​၌ သူ​တို့​တွင် အားနည်း​သော​သူ​သည် ဒါဝိဒ်​မင်းကြီး​ကဲ့သို့​ဖြစ်​မည်​။ ဒါဝိဒ်​အမျိုးအနွယ်​သည် သူ​တို့​အဖို့ ဘုရားသခင်​ကဲ့သို့​လည်းကောင်း​၊ ထာဝရဘုရား​၏​ကောင်းကင်တမန်​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 9,
      "text": "ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​လာ​မည့် လူမျိုးတကာ​တို့​အား ငါ​ရှာဖွေ​ဖျက်ဆီး​ပစ်​မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 10,
      "text": "ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 11,
      "text": "ထို​နေ့ရက်​တွင် မေဂိဒ္ဒေါ​လွင်ပြင်​၊ ဟာဒဒြိမ္မုန်​မြို့​၌ ငိုကြွေး​ကြ​သကဲ့သို့ ဂျေရုဆလင်​မြို့​၌ ပြင်းထန်​စွာ​ငိုကြွေး​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 12,
      "text": "တစ်ပြည်လုံး​တွင် မျိုးနွယ်စု​အလိုက် ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဒါဝိဒ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​ကြင်ရာ​တော်​များ​တစ်စု​၊ နာသန်​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု​၊"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 13,
      "text": "လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု​၊ ရှိမိ​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု အပါအဝင်"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 14,
      "text": "ကျန်​မျိုးနွယ်စု​အားလုံး​တို့​သည်​လည်း မျိုးနွယ်စု​အလိုက်​တစ်စုစီ​နှင့် သူ​တို့​၏​မယား​များ​လည်း တစ်စုစီ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 1,
      "text": "ထို​နေ့ရက်​တွင် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့ အပြစ်​နှင့်​မစင်ကြယ်မှု​များ​ကို ဆေးကြော​ရန် စမ်းရေတွင်း​တစ်​ခု ပေါ်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 2,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် ထို​ပြည်​မှ ရုပ်တု​တို့​၏​အမည်​များ​ကို ပြန်လည်​အမှတ်ရ​ခြင်း မ​ရှိ​လေ​အောင် ငါ ပယ်ဖျက်​ပစ်​မည်​။ ထိုနည်းတူ ထို​ပြည်​မှ ပရောဖက်​များ​နှင့် ဝိညာဉ်ဆိုး​များ​ကို​လည်း ဖယ်ရှား​ပစ်​မည်​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 3,
      "text": "တစ်စုံတစ်ဦး​သည် ပရောဖက်ပြု​ဟောပြော​နေ​သေး​လျှင် သူ့​ကို​ဖြစ်ပွား​စေ​သော သူ့​မိဘ​တို့​က ‘သင်​သည် ထာဝရဘုရား​၏​နာမ​တော်​ကို အမှီပြု​၍ မဟုတ်မမှန်​ဟောပြော​သောကြောင့် အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်’​ဟု ဆို​၍ သူ့​ကို​ဖြစ်ပွား​စေ​သော​မိဘ​ကိုယ်တိုင်​က ထို​သူ​ပရောဖက်ပြု​ဟောပြော​သောအခါ သူ့​ကို ထိုးသတ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 4,
      "text": "ထို​နေ့ရက်​တွင် ပရောဖက်​တို့​သည် ပရောဖက်ပြု​ဟောပြော​သောအခါ မြင်​ရ​သော​စိတ်အာရုံ​ကြောင့် အရှက်ရ​လိမ့်မည်​။ လူ​တို့​ကို လှည့်စား​ရန် သားမွေးဝတ်လုံ​ကို ဝတ်​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 5,
      "text": "သူ​က ‘ငါ​သည် ပရောဖက်​မ​ဟုတ်​၊ လယ်သမား ဖြစ်​၏​။ ငယ်စဉ်​ကပင် ကျွန်​အဖြစ် ရောင်းစား​ခံ​ခဲ့​ရ​ပါ​၏’​ဟု ဆို​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 6,
      "text": "တစ်စုံတစ်ယောက်​က သူ့​အား ‘သင့်​လက်​နှစ်​ဖက်​မှ ဒဏ်ရာ​များ​ကား မည်သို့နည်း’​ဟု မေး​လျှင် သူ​က ‘ငါ့​မိတ်ဆွေ​အိမ်​မှ​ရ​သော​ဒဏ်ရာ​ဖြစ်​၏’​ဟု ဆို​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 7,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဓား​၊ ထ​လော့​။ ငါ​၏​သိုးထိန်း​ကို တိုက်ခိုက်​လော့​။ ငါ​၏​အိမ်နီးချင်း​ကို တိုက်ခိုက်​လော့​။ သိုးထိန်း​ကို​ရိုက်နှက်​လော့​။ ထိုအခါ သိုး​တို့ ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သိုးငယ်​များ​ကို လက်​ဖြင့်​ရွယ်​၍ တိုက်ခိုက်​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 8,
      "text": "ထာဝရဘုရား​က “တိုင်းပြည်​တစ်ပြည်လုံး​၏​သုံးပုံ​နှစ်ပုံ ဖျက်ဆီး​ခံရ​၍ လူ​တို့​သေ​ကြ​လိမ့်မည်​။ သုံးပုံတစ်ပုံ​သာလျှင်​ကျန်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 9,
      "text": "ငါ​သည် ထို​သုံးပုံတစ်ပုံ​ကို မီး​ထဲသို့​ထည့်​၍ ငွေ​ကို​သန့်စင်​သကဲ့သို့ သန့်စင်​မည်​။ ရွှေ​ကို​စစ်​သကဲ့သို့ စစ်​မည်​။ သူ​တို့​သည် ငါ့​နာမ​ကို​ခေါ်​သောအခါ ငါ​ထူး​မည်​။ ‘သူ​တို့​သည် ငါ့​လူမျိုး​တော်​ဖြစ်​ကြ​၏’​ဟု ငါ​ဆို​မည်​။ သူ​တို့​က​လည်း ‘ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏’​ဟူ၍ လျှောက်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 1,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​ရောက်လာ​ပြီ​။ ထို​နေ့​တွင် သင်​တိုက်ခိုက်လုယူ​ထား​သော​ပစ္စည်း​တို့​ကို သင့်​ရှေ့​၌​ပင် ခွဲဝေ​ယူ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 2,
      "text": "ငါ​သည် လူမျိုးတကာ​တို့​ကို​စုဝေး​၍ ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​စေ​မည်​။ သူ​တို့​သည် မြို့​ကို​သိမ်းပိုက်​ပြီး အိမ်​တို့​ကို မွှေနှောက်​လှန်လှော​ကြ​လိမ့်မည်​။ အမျိုးသမီး​တို့​ကို အဓမ္မပြုကျင့်​ကြ​လိမ့်မည်​။ မြို့သား​တစ်ဝက်​ကို​လည်း ဖမ်းခေါ်​သွား​ပြီး ကျန်​တစ်ဝက်​ကို မြို့​ထဲ၌ ချန်ထား​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 3,
      "text": "ထို့နောက် ထာဝရဘုရား​သည် စစ်တိုက်​ရာ​ကာလ​တွင် တိုက်ခိုက်​သကဲ့သို့ ထို​လူမျိုး​တို့​ကို ချီတက်​တိုက်ခိုက်​တော်မူ​မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 4,
      "text": "ထို​နေ့ရက်​တွင် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ သံလွင်​တောင်​ပေါ်၌ ခြေချ​တော်မူ​လျှင် သံလွင်​တောင်​သည် အရှေ့ဘက်​မှ အနောက်ဘက်​တိုင်အောင် နှစ်ခြမ်းကွဲ​၍ ကျယ်ပြန့်​သော​ချိုင့်ဝှမ်းလွင်ပြင်​ကြီး ပေါ်လာ​လိမ့်မည်​။ ထို​တောင်​၏​တစ်ဝက်​သည် မြောက်ဘက်​သို့​လည်းကောင်း​၊ ကျန်​တစ်ဝက်​သည် တောင်ဘက်​သို့​လည်းကောင်း ရွေ့သွား​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 5,
      "text": "ဤ​တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​သည် အာဇေလ​အရပ်​တိုင်အောင် ရောက်​လိမ့်မည်​။ ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက် ငလျင်လှုပ်​သဖြင့် သင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ယခု​လည်း တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​အတိုင်း သင်​တို့ ထွက်ပြေး​ရ​လိမ့်မည်​။ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​သည်​လည်း မိမိ​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 6,
      "text": "ထို​နေ့ရက်​တွင် အလင်းရောင်​မ​ရှိ​။ အလင်း​သည် အမှောင်​ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 7,
      "text": "ထို​နေ့ရက်​သည် နေ့​လည်း​မ​ဟုတ်​၊ ည​လည်း​မ​ဟုတ်​။ နေဝင်ချိန်​၌​ပင် အလင်းရောင်​ရှိ​လိမ့်မည်​။ ထာဝရဘုရား​သာ သိ​တော်မူ​သော​နေ့​တစ်​နေ့ ဖြစ်​မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 8,
      "text": "ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​မှ အသက်စမ်းရေ စီးထွက်​လိမ့်မည်​။ ထို​ရေ​သည် နွေရာသီ​ဖြစ်စေ​၊ ဆောင်းရာသီ​ဖြစ်စေ အရှေ့​ပင်လယ်​သို့ တစ်ဝက်​၊ အနောက်​ပင်လယ်​သို့ တစ်ဝက် စီးဆင်း​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 9,
      "text": "ထာဝရဘုရား​သည် မြေ​တစ်ပြင်လုံး​၏​ရှင်ဘုရင်​ဖြစ်​တော်မူ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ထာဝရဘုရား​တစ်ပါးတည်း​၊ နာမ​တော်​တစ်ပါးတည်း​သာ ရှိ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 10,
      "text": "ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 11,
      "text": "လူ​တို့​သည် ထို​မြို့​တွင် နေထိုင်​ကြ​လိမ့်မည်​။ ကျိန်​ခြင်း​ရှိ​တော့​မည်​မ​ဟုတ်​။ ဂျေရုဆလင်​မြို့​သည် ဘေးကင်းလုံခြုံ​စွာ ရှိ​နေ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 12,
      "text": "ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​အား ထာဝရဘုရား​ဒဏ်ခတ်​မည့်​ကပ်ရောဂါ​ကား သူ​တို့​သည် ခြေစုံရပ်​လျက်​နေ​စဉ်ပင် အသားအရေ​ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​မျက်စိ​သည်​လည်း မျက်လုံးအိမ်​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​လျှာ​သည်​လည်း ခံတွင်း​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 13,
      "text": "ထို​နေ့ရက်​တွင် ထာဝရဘုရား​ကြောင့် အလွန်​တုန်လှုပ်ချောက်ချား​ကြ​လိမ့်မည်​။ တစ်ယောက်​ကို​တစ်ယောက် ဖမ်းကိုင်​ပြီး အချင်းချင်း​တိုက်ခိုက်​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 14,
      "text": "ယုဒ​အမျိုး​တို့​သည်​လည်း ဂျေရုဆလင်​မြို့​တွင် ပါဝင်​တိုက်ခိုက်​ကြ​၍ ဝန်းကျင်​ရှိ​လူမျိုး​အပေါင်း​တို့​၏​ဥစ္စာပစ္စည်း​များ​ဖြစ်​သော ရွှေ​၊ ငွေ​၊ အဝတ်အစား အမြောက်အမြား​တို့​ကို သိမ်းယူ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 15,
      "text": "မြင်း​၊ လား​၊ ကုလားအုတ်​၊ မြည်း​နှင့် တပ်စခန်း​များ​ရှိ တိရစ္ဆာန်​ရှိသမျှ​တို့​တွင်​လည်း အလားတူ ကပ်ရောဂါ​မျိုး​ကျရောက်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 16,
      "text": "ဂျေရုဆလင်​မြို့​ကို လာရောက်​တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​အားလုံး​တို့​သည် ရှင်ဘုရင်​ဖြစ်​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​ရန်​နှင့် ယာယီတဲစု​ပွဲတော်​ကို ကျင်းပ​ကြ​ရန် ဂျေရုဆလင်​မြို့​သို့ နှစ်တိုင်း​ရောက်လာ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 17,
      "text": "မြေကြီး​ပေါ်​ရှိ​မျိုးနွယ်စု​ထဲမှ တစ်စုစု​သည် ရှင်ဘုရင်​ဖြစ်​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ရန် ဂျေရုဆလင်​မြို့​သို့ မ​လာ​လျှင် သူ​တို့​အဖို့ မိုးရွာ​မည်​မ​ဟုတ်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 18,
      "text": "အီဂျစ်​လူမျိုး​တို့​ပင်လျှင် မ​လာရောက်​မ​ပါဝင်​လျှင် သူ​တို့​အဖို့ မိုးရွာ​မည်​မ​ဟုတ်​။ ယာယီတဲစု​ပွဲတော်​ကို​ကျင်းပ​ရန် မ​လာ​မ​ရောက်​သော​လူမျိုး​တို့​သည်​လည်း ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သော​ကပ်ရောဂါ​ကို ခံရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 19,
      "text": "ဤသည်ကား အီဂျစ်​လူမျိုး​တို့​အပါအဝင် ယာယီတဲစု​ပွဲတော်​ကို​ကျင်းပ​ရန် မ​လာ​သော​လူမျိုး​အပေါင်း​တို့ ခံရ​မည့်​အပြစ်ဒဏ် ဖြစ်​၏​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 20,
      "text": "ထို​နေ့ရက်​တွင် မြင်း​ချူလုံး​များ​၌ “ထာဝရဘုရား​၌ သန့်ရှင်း​ခြင်း”​ဟု ရေးထိုး​ထား​လိမ့်မည်​။ ထာဝရဘုရား​အိမ်​တော်​ရှိ အိုး​တို့​သည်​လည်း ယဇ်ပလ္လင်​ရှေ့​ရှိ ဇလုံ​များ​ကဲ့သို့ ဖြစ်​လိမ့်မည်​။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 21,
      "text": "ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​ပြည်​၌​ရှိသမျှ​သော​အိုး​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​လိမ့်မည်​။ ယဇ်ပူဇော်​သော​သူ​အပေါင်း​တို့​သည် လာ​၍ ထို​အိုး​တို့​ကို ယူ​ပြီး ချက်ပြုတ်​ကြ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​၌ ခါနာန်​လူမျိုး​ဟူ၍ ရှိ​တော့​မည်​မ​ဟုတ်​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 1,
      "text": "မာလခိ​အားဖြင့် အစ္စရေး​လူမျိုး​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​ဗျာဒိတ်​စကား​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 2,
      "text": "ထာဝရဘုရား​က “​သင်​တို့​ကို ငါ​ချစ်​၏​”​ဟု မိန့်ဆို​လျှင် သင်​တို့​က “​ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို မည်သို့​ချစ်​သနည်း​”​ဟု မေး​ကြ​၏​။ ထာဝရဘုရား​က “​ဧသော​နှင့် ယာကုပ်​သည် ညီအစ်ကို ဖြစ်​သည်​မ​ဟုတ်​လော​။ ယာကုပ်​ကို ငါ​ချစ်​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 3,
      "text": "ဧသော​ကို​ကား ငါ​မုန်း​၏​။ ငါ​သည် သူ့​နေရာ​တောင်​တို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၍ သူ့​အမွေမြေ​ကို​လည်း တောကန္တာရ​ခွေးအ​တို့​၌ အပ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 4,
      "text": "ဧဒုံ​ပြည်သား​တို့​က​လည်း “​ငါ​တို့ ဖျက်ဆီး​ခံရ​လျှင် ငါ​တို့​ပြန်လာ​၍ အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​မည်​”​ဟု ဆို​ကြ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က​လည်း “​သူ​တို့ ပြန်လည်​တည်ဆောက်​လျှင် ငါ​ဖြိုဖျက်​မည်​။ သူ​တို့​ပြည်​သည် ဆိုးယုတ်​သော​ပြည်​၊ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​သင့်​ခြင်း​ကို ခံရ​သော​လူမျိုး​ဟု အစဉ်​အခေါ်​ခံရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​သည် ကိုယ့်​မျက်စိ​နှင့်​မြင်​၍ ‘ထာဝရဘုရား​သည် အစ္စရေး​ပြည်​ပြင်ပ​အထိ​ပင် တန်ခိုးကြီး​သော​ဘုရား​ဖြစ်​တော်မူ​၏’​ဟု ဆို​ကြ​လိမ့်မည်​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 6,
      "text": "အို နာမ​တော်​ကို​မထီမဲ့မြင်ပြု​သော​ယဇ်ပုရောဟိတ်​တို့​၊ သား​သည် ဖခင်​ကို​လည်းကောင်း​၊ ကျွန်​သည် သခင်​ကို​လည်းကောင်း ရိုသေလေးစား​တတ်​၏​။ ငါ​သည် ဖခင်​ဆိုလျှင် ငါ့​ကို မည်သူ​ရိုသေလေးစား​သနည်း​။ ငါ​သည် သခင်​ဆိုလျှင် ငါ့​ကို မည်သူ​ကြောက်ရွံ့​သနည်း​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မေး​တော်မူ​လျှင် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို မည်သို့​မထီမဲ့မြင်ပြု​ပါ​သနည်း’​ဟု ပြန်​မေးလျှောက်​ကြ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 7,
      "text": "ငါ့​ယဇ်ပလ္လင်​ပေါ်တွင် ညစ်ညူး​သော​အစားအစာ​ကို ပူဇော်​ပြီးမှ သင်​တို့​က ‘ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ညစ်ညူး​စေ​သနည်း’​ဟု မေး​ကြ​၏​။ သင်​တို့​က ‘ထာဝရဘုရား​၏​စားပွဲ​တော်​သည် မထီမဲ့မြင်ပြု​ခြင်း ခံရ​လေ​ပြီ’​ဟူ၍ ဆို​ကြ​သောကြောင့်​တည်း”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 8,
      "text": "တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “မျက်စိကန်း​သော​အကောင်​ကို ယဇ်ပူဇော်​ရန် ယူဆောင်​လာ​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယဇ်ပူဇော်​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ထိုသို့​သော​အကောင်​ကို သင့်​ဘုရင်ခံ​အား ဆက်သ​ကြည့်​ပါ​လော့​။ သူ​လက်ခံ​ပြီး သင့်​ကို မျက်နှာသာ​ပေး​လိမ့်မည်​လော​”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 9,
      "text": "“ယခုမှာ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ​ဟူ၍ ဘုရားသခင်​ကို တိုးလျှိုးတောင်းပန်​ကြ​လော့​။ ထိုသို့သော သင်​တို့​၏​ပူဇော်သက္ကာ​ကို လက်ခံ​တော်မူ​မည်လော”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 10,
      "text": "“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 11,
      "text": "“အကယ်စင်စစ် နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် လူမျိုးတကာ​တို့​တွင် ငါ့​နာမ​သည် ဘုန်းကြီး​လိမ့်မည်​။ ငါ့​နာမ​သည် လူမျိုးတကာ​တို့​တွင် ဘုန်းကြီး​သောကြောင့်​ငါ့​နာမ​အဖို့ အရပ်ရပ်​မှ နံ့သာပေါင်း​များ​၊ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 12,
      "text": "“သင်​တို့​မူကား စားပွဲ​တော်​ကို ရှုတ်ချ​လျက် ‘ဘုရားရှင်​၏​စားပွဲ​တော်​သည် ညစ်ညူး​၏​။ အသီးအနှံ​နှင့် အစားအစာ​များ​သည်​လည်း ရွံရှာဖွယ်​ဖြစ်​၏’​ဟု ဆို​ကြ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 13,
      "text": "သင်​တို့​သည် နှာခေါင်းရှုံ့​လျက် ‘​ငြီးငွေ့ဖွယ်​ကောင်း​လှ​သည်​တကား​’​ဟု ဆို​ပြီး လုယူ​ထား​သော​အကောင်​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယူဆောင်​လာ​၍ ယဇ်ပူဇော်​ကြ​၏​။ ထိုသို့သော သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​လက်ခံ​ရ​မည်လော​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 14,
      "text": "“​သိုးအုပ်​ထဲတွင် သိုးထီး​ရှိ​လျက်​၊ ကတိသစ္စာ​လည်း ပြု​လျက်​နှင့်ပင် ဘုရားရှင်​အား အနာအဆာ​ရှိ​သော​သိုး​ကို​ပူဇော်​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​သင့်​၏​။ အကြောင်းမူကား ငါ​သည် ဘုန်းကြီး​သော​ရှင်ဘုရင်​ဖြစ်​၏​။ ငါ့​နာမ​သည်​လည်း လူမျိုးတကာ​တို့​တွင် ကြောက်ရွံ့ဖွယ်​ဖြစ်​၏​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 1,
      "text": "“အို ယဇ်ပုရောဟိတ်​တို့​၊ ယခုမှာ ဤ​ပညတ်ချက်​သည် သင်​တို့​အဖို့ ဖြစ်​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ငါ့​နာမ​ကို မ​ချီးမွမ်း​၊ နှလုံး​မ​သွင်း​ဘဲ​နေ​လျှင် သင်​တို့​အပေါ်​သို့ ကျိန်​ခြင်း​ကို ငါ​သက်ရောက်​စေ​မည်​။ သင်​တို့​၏​ကောင်းချီးမင်္ဂလာ​ကို အမင်္ဂလာ ဖြစ်စေ​မည်​။ အကယ်စင်စစ် သင်​တို့​နှလုံး​မ​သွင်း​သောကြောင့် သင်​တို့​ကို ငါ​ကျိန်ဆဲ​ပြီ​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 3,
      "text": "“​သင့်​သားစဉ်မြေးဆက်​တို့​ကို​လည်း ငါ​ဆုံးမ​မည်​။ သင်​တို့​၏​မျက်နှာ​ကို မစင်​နှင့် ပက်​မည်​။ ယဇ်ပူဇော်ပွဲ​မှ​တိရစ္ဆာန်​တို့​၏​မစင်​နှင့် ပက်​မည်​။ သင်​တို့​သည် ထို​မစင်​နှင့်အတူ လွှင့်ပစ်​ခြင်း​ကို ခံရ​မည်​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ် တည်​စေရန် ဤ​ပညတ်ချက်​တို့​ကို သင်​တို့​အား ငါ​ပေး​ခဲ့​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 5,
      "text": "“လေဝိ​အမျိုး​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​သည် အသက်ရှင်​ခြင်း​အကြောင်း​၊ ငြိမ်သက်​ခြင်း​အကြောင်း​ကို ဖြစ်​စေ​၏​။ ငါ့​ကို​ကြောက်ရွံ့ရိုသေ​မည့်​အကြောင်း ထို​ပဋိညာဉ်​ကို သူ့​အား ငါ​ပေး​ခဲ့​၏​။ သူ​သည်​လည်း ငါ့​ကို ကြောက်ရွံ့ရိုသေ​၍ ငါ့​နာမ​ကို ရိုသေခန့်ညား​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 6,
      "text": "သူ့​နှုတ်​၌ မှန်ကန်​သော​သွန်သင်ချက် ရှိ​၏​။ သူ့​နှုတ်ခမ်း​၌ မတရားမှု မ​ရှိ​။ သူ​သည် ငါ​နှင့်အတူ သင့်မြတ်​တည်ကြည်​စွာ သွားလာ​နေထိုင်​ပြီး လူ​အများ​ကို ဒုစရိုက်​လမ်း​မှ ပြန်လှည့်​လာ​စေ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 7,
      "text": "အကယ်စင်စစ် ယဇ်ပုရောဟိတ်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်း​ထား​ရ​မည်​။ သူ​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စေတမန်​ဖြစ်​သောကြောင့် သူ​၏​နှုတ်​မှ သွန်သင်ချက်​ကို လူ​တို့ ရှာဖွေ​ဆည်းပူး​ရ​မည်​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 8,
      "text": "သို့သော် သင်​တို့ လမ်း​လွဲ​လေ​ပြီ​။ သင်​တို့​၏​သွန်သင်ချက်​များ​ဖြင့် လူ​အများ​ကို ခလုတ်တိုက်​လဲကျ​စေ​ပြီ​။ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို သင်​တို့ ချိုးဖောက်​လေ​ပြီ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 9,
      "text": "“သင်​တို့​သည် ငါ့​တရားလမ်း​ကို​မ​လိုက်​၊ မျက်နှာရ​ဖို့​သာ​သွန်သင်​တတ်​ကြ​သောကြောင့် ငါ​သည် သင်​တို့​ကို လူ​အပေါင်း​တို့​ရှေ့​တွင် မထီမဲ့မြင်ပြုစရာ​၊ ရှုတ်ချစရာ​ဖြစ်စေ​မည်​။”"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 10,
      "text": "ငါ​တို့​အားလုံး​၌ ဖခင်​တစ်ဦးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင် တစ်ပါးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​သည် အဘယ်ကြောင့် ငါ​တို့​ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး တစ်ယောက်​ကို​တစ်ယောက်​သစ္စာဖောက်​ကြ​မည်နည်း​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 11,
      "text": "ယုဒ​အမျိုး​သည် သစ္စာမရှိ​။ အစ္စရေး​ပြည်​တွင်​လည်းကောင်း​၊ ဂျေရုဆလင်​မြို့​တွင်​လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​လေ​ပြီ​။ အကယ်စင်စစ် ယုဒ​အမျိုး​သည် တိုင်းတစ်ပါး​ဘုရား​ကို​ကိုးကွယ်​သော​သမီးပျို​တို့​နှင့် စုံဖက်​ခြင်း​ဖြင့် ထာဝရဘုရား​မြတ်နိုး​တော်မူ​သော​သန့်ရှင်းစင်ကြယ်​ခြင်း​ကို ညစ်ညူး​စေ​လေ​ပြီ​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 12,
      "text": "ထိုသို့​ပြု​သော​သူ မည်သူမဆို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​သို့ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​လျှင် ထာဝရဘုရား​သည် ထို​သူ​၏​မျိုးနွယ်​ကို ယာကုပ်​၏​တဲ​မှ နှင်ထုတ်​တော်မူ​ပါစေသော​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 13,
      "text": "သင်​တို့​ပြု​သော​အပြစ်​နောက်တစ်ခု​မှာ ထာဝရဘုရား​သည် သင်​တို့​ပေးလှူ​သော​ပူဇော်သက္ကာ​ကို လက်​မ​ခံ​၊ အရေး​မ​စိုက်​သောကြောင့် သင်​တို့​သည် ငိုကြွေး​မြည်တမ်း​လျက် ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို မျက်ရည်​ဖြင့် လွှမ်းမိုး​စေ​ကြ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 14,
      "text": "သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 15,
      "text": "သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 16,
      "text": "“မိမိ​မယား​နှင့်​ကွာရှင်း​သော​သူ​၊ ရက်စက်ကြမ်းကြုတ်မှု​ကို ဝတ်လုံ​နှင့်​ဖုံးကွယ်​သော​သူ​အား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား မုန်း​တော်မူ​၏​။ သို့ဖြစ်၍ ကိုယ့်​စိတ်​ကို ထိန်း​၍ သစ္စာ​မ​ဖောက်​ကြ​နှင့်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 17,
      "text": "သင်​တို့​သည် သင်​တို့​၏​စကား​များ​ဖြင့် ထာဝရဘုရား​ကို ပင်ပန်း​စေ​ကြ​၏​။ သို့သော် သင်​တို့​က “ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ပင်ပန်း​စေ​သနည်း​”​ဟု မေး​တတ်​ကြ​၏​။ “​မကောင်းမှု​ကို​ပြု​သော​သူ​အားလုံး ထာဝရဘုရား​ရှေ့​တော်​၌ လူ​ကောင်း​ဖြစ်​၏​။ ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို နှစ်သက်​တော်မူ​၏​”​ဟု သင်​တို့​ဆို​ရုံ​သာမက “တရားမျှတ​သော​ဘုရားသခင် အဘယ်မှာ​ရှိ​သနည်း”​ဟု သင်​တို့​ဆို​တတ်​ကြ​ပြီ​တကား​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 1,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​၏​စေတမန်​ကို ငါ​စေလွှတ်​မည်​။ သူ​သည် ငါ​သွား​ရ​မည့်​လမ်း​ကို ကြိုတင်​ပြင်ဆင်​လိမ့်မည်​။ သင်​တို့​ရှာဖွေ​သော​အရှင်သခင်​သည် ဗိမာန်တော်​သို့ ချက်ချင်း​ကြွလာ​လိမ့်မည်​။ ကြည့်ရှု​လော့​။ သင်​တို့​အလိုရှိ​သော​ပဋိညာဉ်​တမန်​သည်​လည်း ကြွလာ​နေ​ပြီ”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 2,
      "text": "ကိုယ်တော် ကြွလာ​မည့်​နေ့​တွင် မည်သူ​သည် ခံရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ မည်သူ​သည် ရပ်တည်​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငွေ​ကို​ချွတ်​သော​မီး​၊ အဝတ်ဖွတ်​သော​ဆပ်ပြာ နှင့်​တူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 3,
      "text": "ကိုယ်တော်​သည် ငွေ​ကို​ချွတ်​၍​သန့်စင်​စေ​သော​သူ​ကဲ့သို့ ထိုင်​တော်မူ​လျက် လေဝိ​သားမြေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။ သူ​တို့​ကို ရွှေ​ငွေ​ကဲ့သို့ သန့်စင်​စေ​၍ သူ​တို့​သည်​လည်း ထာဝရဘုရား​ထံ ဖြောင့်မတ်​ခြင်း​ပူဇော်သက္ကာ​ကို ဆက်သ​ရ​ကြ​လိမ့်မည်​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 4,
      "text": "ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ဆက်သ​သော​ပူဇော်သက္ကာ​ကို ထာဝရဘုရား​သည် ရှေး​ကာလ​က​ကဲ့သို့​၊ လွန်ခဲ့ပြီး​သော​နှစ်ကာလ​များ​က​ကဲ့သို့ လက်ခံ​တော်မူ​မည်​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 5,
      "text": "“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 6,
      "text": "“အကယ်စင်စစ် ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ပြောင်းလဲ​ခြင်း မ​ရှိ​။ ထို့ကြောင့် ယာကုပ်​သားမြေး​တို့​၊ သင်​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ရ​ကြ​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 7,
      "text": "သင်​တို့​၏​ဘိုးဘေး​တို့​လက်ထက်​မှစ၍ သင်​တို့​သည် ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​စောင့်ထိန်း​ဘဲ ရှောင်လွှဲ​သွား​ကြ​ပြီ​။ ငါ့​ထံ ပြန်လာ​ကြ​လော့​။ ငါ​သည်​လည်း သင်​တို့​ထံ ပြန်လာ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်ဆို​သည်​ကို​ပင် သင်​တို့​က “ငါ​တို့ မည်သို့​ပြန်လာ​ရ​မည်နည်း”​ဟု ပြောဆို​ကြ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 8,
      "text": "“လူ​သည် ဘုရားသခင်​ထံမှ လုယူ​ရ​မည်​လော​။ မှန်ပေ​၏​။ သင်​တို့​သည် ငါ့​ထံမှ​လုယူ​ကြ​ပြီ​။ သို့သော် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ထံမှ မည်သို့​လုယူ​သနည်း’​ဟု မေး​လျှင် သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​နှင့် အလှူပစ္စည်း​တို့​ကို လုယူ​ကြ​ပြီ​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 9,
      "text": "သင်​တို့​တစ်မျိုးသားလုံး ငါ့​ထံမှ​လုယူ​ကြ​သောကြောင့် သင်​တို့​သည် ကျိန်​ခြင်း​ကို​ခံရ​၍ ကျိန်စာသင့်​လေ​ပြီ​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 10,
      "text": "ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 11,
      "text": "“လောင်မီးပိုး​ကို ငါ​တားဆီး​မည်​။ သင်​တို့​မြေ​မှ​အသီးအနှံ​ကို မ​ဖျက်ဆီး​စေ​ရ​။ သင်​တို့​မြေ​မှ​စပျစ်ပင်​သည် အသီး​မ​သီး​ဘဲ​မ​နေ​ရ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 12,
      "text": "“လူမျိုး​အပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​တို့​ပြည်​သည် နှစ်သက်ဖွယ်​သော​ပြည်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 13,
      "text": "ထာဝရဘုရား​က “သင်​တို့​သည် ငါ့​ကို​ဆန့်ကျင်​၍ မောက်မောက်မာမာ​ပြောဆို​ကြ​၏”​ဟု မိန့်ဆို​သော် သင်​တို့​က “အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို မည်သို့​ဆန့်ကျင်​ပြောဆို​ကြ​သနည်း”​ဟု ပြန်​၍​ပြောဆို​ကြ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 14,
      "text": "သင်​တို့​က “ဘုရားသခင်​၏​အမှု​တော်​ကို ထမ်းဆောင်​ခြင်း​သည် အကျိုးမရှိ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​၏​ညွှန်ကြားချက်​အတိုင်း​လိုက်နာ​၍ ရှေ့​တော်​၌ ညှိုးငယ်​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း​သည် မည်သည့်​အကျိုး​ရှိ​သနည်း​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 15,
      "text": "ထို့ကြောင့် ယခုမှာ အကျွန်ုပ်​တို့​သည် မာနထောင်လွှား​သော​သူ​ကို မင်္ဂလာ​ရှိ​သော​သူ​ဟု မှတ်ယူ​၏​။ အကယ်စင်စစ် ဆိုးယုတ်​သော​သူ​တို့​သည် ကြီးပွား​တိုးတက်​၏​။ ဘုရားသခင်​ကို စမ်းသပ်​သော​သူ​တို့​သည်​လည်း ဘေးဒုက္ခ​မ​ရောက်”​ဟု ဆို​ကြ​ပြီ​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 16,
      "text": "ထို​အချိန်​တွင် ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သော​သူ​တို့​အချင်းချင်း​ပြောဆို​သော​စကား​ကို ထာဝရဘုရား​နားထောင်​၍ ကြား​တော်မူ​၏​။ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​ပြီး နာမ​တော်​ကို ကြည်ညို​လေးစား​သော​သူ​တို့​နှင့်​ပတ်သက်၍ ရှေ့​တော်​၌ အောက်မေ့စရာ​မှတ်တမ်း​စာလိပ်​တွင် ရေးမှတ်​ထား​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 17,
      "text": "ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​တရားစီရင်​သော​နေ့​၌ ထို​သူ​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော် ဖြစ်​ကြ​လိမ့်မည်​။ ဖခင်​၏​အမှု​ကို ဆောင်​သော​သား​အား ဖခင်​က ကရုဏာထား​သကဲ့သို့ သူ​တို့​ကို ငါ​ကရုဏာ​ထား​မည်”​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 18,
      "text": "ထိုအခါ သင်​တို့​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​၊ ဘုရားသခင်​၏​အမှု​တော်​ကို ဆောင်​သော​သူ​နှင့် မ​ဆောင်​သော​သူ​ကို ပြန်​၍ ပိုင်းခြား​သိမြင်​ကြ​လိမ့်မည်​။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 1,
      "text": "“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 2,
      "text": "“ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 3,
      "text": "သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 4,
      "text": "အစ္စရေး​လူမျိုး​အပေါင်း​တို့​အဖို့ ဟောရပ်​အရပ်​၌ မောရှေ​အား ငါ​မိန့်မှာ​ခဲ့​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ပါ​သော ငါ့​အစေအပါး​မောရှေ​၏​ပညတ်တရား​ကို အောက်မေ့​ကြ​လော့​။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 5,
      "text": "ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ကြောက်မက်ဖွယ်​သော​နေ့ရက်​ကြီး မ​ရောက်​မီ ပရောဖက်​ဧလိယ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်​။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 6,
      "text": "သူ​သည် ဖခင်​တို့​၏​စိတ်နှလုံး​ကို သားသမီး​ထံသို့​လည်းကောင်း​၊ သားသမီး​တို့​၏​စိတ်နှလုံး​ကို ဖခင်​တို့​ထံသို့​လည်းကောင်း ပြန်လှည့်​လာ​စေ​လိမ့်မည်​။ သို့မဟုတ်လျှင် ငါ​သည် ကြွလာ​၍ ကမ္ဘာမြေ​ကို ကျိန်​ခြင်း​ဖြင့်​ဒဏ်ခတ်​ရ​လိမ့်မည်​။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 1,
      "text": "အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 2,
      "text": "အာဗြဟံ​သည် သား​ဣဇက်​ကို​ရ​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​ရ​၏။ ယာကုပ်​သည် သား​ယုဒ​နှင့်​သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 3,
      "text": "ယုဒ​သည် တာမာ​အားဖြင့် သား​ဖာရက်​နှင့်​ဇာရ​ကို​ရ​၏။ ဖာရက်​သည် သား​ဟေဇရုံ​ကို​ရ​၏။ ဟေဇရုံ​သည် သား​အာရံ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 4,
      "text": "အာရံ​သည် သား​အမိနဒပ်​ကို​ရ​၏။ အမိနဒပ်​သည် သား​နာရှုန်​ကို​ရ​၏။ နာရှုန်​သည် သား​စာလမုန်​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 5,
      "text": "စာလမုန်​သည် ရာခပ်​အားဖြင့် သား​ဗောဇ​ကို​ရ​၏။ ဗောဇ​သည် ရုသ​အားဖြင့် သား​ဩဗက်​ကို​ရ​၏။ ဩဗက်​သည် သား​ယေရှဲ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 6,
      "text": "ယေရှဲ​သည် သား​ဒါဝိဒ်​မင်းကြီး​ကို​ရ​၏။ ဒါဝိဒ်​သည် ဥရိယ​၏​မယား​အားဖြင့် သား​ရှောလမုန်​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 7,
      "text": "ရှောလမုန်​သည် သား​ရောဗောင်​ကို​ရ​၏။ ရောဗောင်​သည် သား​အဘိယ​ကို​ရ​၏။ အဘိယ​သည် သား​အာသ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 8,
      "text": "အာသ​သည် သား​ယောရှဖတ်​ကို​ရ​၏။ ယောရှဖတ်​သည် သား​ယောရံ​ကို​ရ​၏။ ယောရံ​သည် သား​ဩဇိ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 9,
      "text": "ဩဇိ​သည် သား​ယောသံ​ကို​ရ​၏။ ယောသံ​သည် သား​အာခတ်​ကို​ရ​၏။ အာခတ်​သည် သား​ဟေဇကိ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 10,
      "text": "ဟေဇကိ​သည် သား​မနာရှေ​ကို​ရ​၏။ မနာရှေ​သည် သား​အာမုန်​ကို​ရ​၏။ အာမုန်​သည် သား​ယောရှိ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 11,
      "text": "ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​ချိန်​တွင် ယောရှိ​သည် သား​ယေခေါနိ​နှင့် သူ​၏​ညီအစ်ကို​များ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 12,
      "text": "ဘေဘီလုံ​သို့ ရွှေ့ပြောင်း​ခြင်း​ခံရ​ပြီးနောက် ယေခေါနိ​သည် သား​ရှာလသေလ​ကို​ရ​၏။ ရှာလသေလ​သည် သား​ဇေရုဗဗေလ​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 13,
      "text": "ဇေရုဗဗေလ​သည် သား​အဗျုဒ်​ကို​ရ​၏။ အဗျုဒ်​သည် သား​ဧလျာကိမ်​ကို​ရ​၏။ ဧလျာကိမ်​သည် သား​အာဇော်​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 14,
      "text": "အာဇော်​သည် သား​ဇာဒုတ်​ကို​ရ​၏။ ဇာဒုတ်​သည် သား​အာခိမ်​ကို​ရ​၏။ အာခိမ်​သည် သား​ဧလုဒ်​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 15,
      "text": "ဧလုဒ်​သည် သား​ဧလာဇာ​ကို​ရ​၏။ ဧလာဇာ​သည် သား​မဿန်​ကို​ရ​၏။ မဿန်​သည် သား​ယာကုပ်​ကို​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 16,
      "text": "ယာကုပ်​သည် မာရိ​၏​ခင်ပွန်း​ဖြစ်​သူ သား​ယောသပ်​ကို​ရ​၍ ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​သည် ထို​မာရိ​မှ​မွေးဖွား​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 17,
      "text": "သို့ဖြစ်၍ ဆွေမျိုး​အစဉ်အဆက်​စုစုပေါင်း​ကား အာဗြဟံ​မှ ဒါဝိဒ်​အထိ တစ်ဆယ့်လေး​ဆက်၊ ဒါဝိဒ်​မှ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​အထိ တစ်ဆယ့်လေး​ဆက်၊ ဘေဘီလုံ​သို့​ရွှေ့ပြောင်း​ခြင်း​ခံရ​သည့်​အချိန်​မှ ခရစ်တော်​အထိ တစ်ဆယ့်လေး​ဆက်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 18,
      "text": "ယေရှု​ခရစ်တော်​၏​ဖွားမြင်​တော်မူ​ခြင်း​မှာ ဤသို့​ဖြစ်​၏။ ကိုယ်တော်​၏​မယ်တော်​မာရိ​သည် ယောသပ်​နှင့်​စေ့စပ်​ထား​၍ ပေါင်းဖက်​နေထိုင်​ခြင်း​မ​ပြု​မီ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန္ဓေတည်​သည်​ကို တွေ့​ရ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 19,
      "text": "သူ​၏​ခင်ပွန်း​ယောသပ်​သည် ဖြောင့်မတ်​သော​သူ​ဖြစ်​သည်​နှင့်အညီ မာရိ​ကို အရှက်​မ​ကွဲ​စေ​လို​သဖြင့် သူ့​ကို​တိတ်တဆိတ်​ကွာရှင်း​ရန် ရည်ရွယ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 20,
      "text": "သို့သော် ဤ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​နေ​စဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ဒါဝိဒ်​၏​သား​ယောသပ်၊ မာရိ​အား သင်​၏​ဇနီး​အဖြစ်​ယူ​ရ​မည်​ကို မ​စိုးရိမ်​နှင့်။ အကြောင်းမူကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 21,
      "text": "သူ​သည် သား​ယောက်ျား​ကို ဖွားမြင်​လိမ့်မည်။ ထို​သား​သည် မိမိ​၏​လူမျိုး​တော်​ကို သူ​တို့​၏​အပြစ်​များ​မှ ကယ်တင်​မည်​ဖြစ်​သောကြောင့် သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 22,
      "text": "ဤ​အရာ​အားလုံး​ဖြစ်ပျက်​သည်မှာ ထာဝရ​ဘုရား​က"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 23,
      "text": "“ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်” ​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 24,
      "text": "ယောသပ်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​သောအခါ သူ့​အား ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​မိန့်မှာ​သည့်​အတိုင်း​ပြု​၍ မာရိ​ကို မိမိ​၏​ဇနီး​အဖြစ်​ယူ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 25,
      "text": "သို့သော် သား​ယောက်ျား​မ​မွေးဖွား​မီ​တိုင်အောင် မာရိ​နှင့်​မ​ဆက်ဆံ​ဘဲ​နေ​၏။ ထို​သား​၏​အမည်​ကို​လည်း ယေရှု​ဟု​မှည့်​ခေါ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 1,
      "text": "ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်၊ ဗက်လင်​မြို့​၌ ယေရှု​ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​ပြီးနောက် အရှေ့​ပြည်​မှ နက္ခတ်​ပညာရှင်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ကြ​၍"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 2,
      "text": "“ဖွားမြင်​တော်မူ​သော ဂျူး​လူမျိုး​တို့​၏​ဘုရင်​သည် အဘယ်မှာ​ရှိ​သနည်း။ အရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သဖြင့် သူ့​ကို​ရှိခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေးမြန်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 3,
      "text": "ထို​စကား​ကို​ကြား​လျှင် ဟေရုဒ်​မင်းကြီး​သည် တုန်လှုပ်​ချောက်ချား​လေ​၏။ ဂျေရုဆလင်​တစ်​မြို့​လုံး​သည်​လည်း မင်းကြီး​နှင့်အတူ တုန်လှုပ်​ချောက်ချား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ မင်းကြီး​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​ကျမ်းပြု​ဆရာ​အပေါင်း​တို့​ကို​စုဝေး​စေ​၍ ခရစ်တော်​သည် မည်သည့်​အရပ်​၌​ဖွားမြင်​မည်​ကို သူ​တို့​အား မေးမြန်း​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​က​လည်း “ယုဒ​ပြည်၊ ဗက်လင်​မြို့​၌​ဖြစ်​ပါ​သည်။ အဘယ်ကြောင့်​ဆိုသော်"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 6,
      "text": "‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’ ​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 7,
      "text": "ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​ကို တိတ်တဆိတ်​ခေါ်​၍ ကြယ်​ပေါ်ထွန်း​သည့်​အချိန်​ကာလ​ကို သူ​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ပြီးမှ"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 8,
      "text": "“သွား​၍ သူငယ်​တော်​ကို သေချာ​စွာ​ရှာဖွေ​စုံစမ်း​ကြ​လော့။ သင်​တို့​တွေ့​သောအခါ ငါ​သည်​လည်း​သွား​၍ သူ့​ကို​ရှိခိုး​နိုင်​ရန် ငါ့​ကို​အကြောင်းကြား​ကြ​လော့”​ဟု မိန့်မှာ​လျက် သူ​တို့​ကို ဗက်လင်​မြို့​သို့ စေလွှတ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 9,
      "text": "သူ​တို့​သည် မင်းကြီး​၏​မိန့်မှာ​ချက်​ကို​နားထောင်​ပြီးမှ ထွက်သွား​ကြ​ရာ အရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူငယ်​တော်​ရှိ​သည့်​နေရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်အောင် သူ​တို့​ရှေ့မှ​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 10,
      "text": "သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သောအခါ အလွန်​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​ကြ​ပြီး"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 11,
      "text": "အိမ်​ထဲသို့​ဝင်​၍ မယ်တော်​မာရိ​နှင့်တကွ သူငယ်​တော်​ကို​တွေ့​လျှင် ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်ဗန်​နှင့် မုရန်​တည်းဟူသော လက်ဆောင်​များ​ကို သူငယ်​တော်​အား​ဆက်သ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 12,
      "text": "ထို့နောက် ဟေရုဒ်​မင်းကြီး​ထံသို့ ပြန်​မ​သွား​မည့်​အကြောင်း အိပ်မက်​ထဲတွင် ဗျာဒိတ်​တော်​ရ​သဖြင့် မိမိ​တို့​တိုင်းပြည်​သို့ အခြား​သော​လမ်း​ဖြင့်​ပြန်သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 13,
      "text": "ထို​သူ​တို့​ထွက်သွား​ကြ​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​လျက် အီဂျစ်​ပြည်​သို့​ထွက်ပြေး​၍ နောက်တစ်ဖန် သင့်​အား​ငါ​ပြော​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လော့။ အကြောင်းမူကား ဟေရုဒ်​မင်းကြီး​သည် သူငယ်​တော်​ကို ရှာ​၍​သတ်​ရန် ကြံရွယ်​နေ​၏”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 14,
      "text": "ထိုအခါ ယောသပ်​သည်​ထ​၍ ည​အချိန်​၌​ပင် သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို ခေါ်ဆောင်​ကာ အီဂျစ်​ပြည်​သို့ ထွက်ခွာ​သွား​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 15,
      "text": "ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​သည့်​တိုင်အောင် ထို​ပြည်​၌​နေ​လေ​၏။ ဤသည်ကား “ငါ့​သား​ကို အီဂျစ်​ပြည်​မှ ငါ​ခေါ်ထုတ်​ခဲ့​၏” ​ဟု ပရောဖက်​အားဖြင့် ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 16,
      "text": "ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​၏​မထီလေးစား​ပြု​ခြင်း​ကို​ခံရ​ကြောင်း​သိ​လျှင် အမျက်​ပြင်းထန်​စွာ​ထွက်​၍ နက္ခတ်​ပညာရှင်​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ထား​သည့်​အချိန်​ကာလ​အရ ဗက်လင်​မြို့​နှင့် ၎င်း​အရပ်​ဒေသ​တစ်ဝိုက်​တွင်​ရှိ​သော အသက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျားလေး​အားလုံး​တို့​ကို သတ်​စေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 18,
      "text": "ထိုအခါ “ရာမ​မြို့​၌ သည်းထန်​သော​ငိုကြွေး​ခြင်း​နှင့်​မြည်တမ်း​ခြင်း​အသံ​ကို ကြား​ရ​၏။ ရာခေလ​သည် သူ​၏​ကလေး​များ​အတွက်​ငိုကြွေး​ကာ ကလေး​တို့​မ​ရှိ​ကြ​တော့​သည်​ဖြစ်၍ နှစ်သိမ့်​ပေး​ခြင်း​ကို​အလို​မ​ရှိ” ​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 19,
      "text": "ဟေရုဒ်​မင်းကြီး​အနိစ္စရောက်​ပြီးနောက် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် အီဂျစ်​ပြည်​၌​ရှိ​သော​ယောသပ်​အား အိပ်မက်​တွင်​ထင်ရှား​ကာ"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 20,
      "text": "“ထ​လော့။ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်​၍ အစ္စရေး​ပြည်​သို့​ပြန်​သွား​လော့။ အကြောင်းမူကား သူငယ်​တော်​၏​အသက်​ကို ရန်ရှာ​ခဲ့​သော​သူ​တို့​သည် သေဆုံး​ကြ​လေ​ပြီ”​ဟု မြွက်ဆို​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 21,
      "text": "ထိုအခါ ယောသပ်​သည်​ထ​၍ သူငယ်​တော်​နှင့်​မယ်တော်​တို့​ကို​ခေါ်ဆောင်​ကာ အစ္စရေး​ပြည်​သို့ ပြန်လာ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 22,
      "text": "သို့သော် အာခေလ​သည် ခမည်းတော်​ဟေရုဒ်​မင်းကြီး​၏​အရိုက်အရာ​ကို​ဆက်ခံ​လျက် ယုဒ​နယ်​ကို​အုပ်ချုပ်​နေ​ကြောင်း ကြား​ရ​သောအခါ ထို​နယ်​သို့​သွား​ရန် ကြောက်ရွံ့​လေ​၏။ အိပ်မက်​ထဲတွင်​လည်း ဗျာဒိတ်​တော်​ရ​သဖြင့် ဂါလိလဲ​နယ်မြေ​ဒေသ​သို့ ထွက်ခွာ​သွား​၍"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 23,
      "text": "နာဇရက်​ဟု​ခေါ်​သော​မြို့​တွင် သွားရောက်​နေထိုင်​လေ​၏။ ဤသည်ကား “ကိုယ်တော်​သည် နာဇရက်​မြို့သား​ဟု ခေါ်ဝေါ်​ခြင်း​ကို ခံရ​လိမ့်မည်”​ဟူ၍ ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 1,
      "text": "ထို​နေ့ရက်​ကာလ​၌ ဗတ္တိဇံ​ဆရာ​ယောဟန်​သည်​ပေါ်ထွန်း​လာ​၍"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 2,
      "text": "“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 3,
      "text": "ပရောဖက်​ဟေရှာယ​က “တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့” ​ဟု ဆို​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 4,
      "text": "ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 5,
      "text": "ထိုအခါ ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​တစ်​နယ်​လုံး​နှင့် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​၌​ရှိ​သော​သူ​တို့​သည် ယောဟန်​ထံသို့​သွား​၍"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 6,
      "text": "မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 7,
      "text": "သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 8,
      "text": "သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 9,
      "text": "‘ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်’​ဟူ၍ သင်​တို့​စိတ်​ထဲ၌​ပြောဆို​ရန်​ပင် မ​စဉ်းစား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက်​သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ ပေါ်ထွန်း​စေ​နိုင်​သည်။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 10,
      "text": "ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 11,
      "text": "ငါ​သည် သင်​တို့​ကို နောင်တ​အတွက် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သို့သော် ငါ့​ထက် ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 12,
      "text": "လက်​တော်​၌​လည်း ဆန်ကော​ကို​ကိုင်​ထား​လျက် မိမိ​၏​ကောက်နယ်​တလင်း​ကို အကုန်အစင်​ရှင်းလင်း​ပြီး မိမိ​၏​ဂျုံဆန်​ကို ကျီ​၌​စုသိမ်း​၍ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်မူ​လိမ့်မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 13,
      "text": "ထို​ကာလ​တွင် ယေရှု​သည် ယောဟန်​ထံ၌​ဗတ္တိဇံ​ခံ​ရန် ဂါလိလဲ​နယ်​မှ ဂျော်ဒန်​မြစ်​နား​ရှိ ယောဟန်​ထံသို့ ကြွလာ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 14,
      "text": "သို့ရာတွင် ယောဟန်​သည် ကိုယ်တော်​ကို​တားဆီး​လျက် “အကျွန်ုပ်​ကသာ​ကိုယ်တော်​ထံ၌ ဗတ္တိဇံ​ခံ​ရ​မည်​ဖြစ်​ပါလျက်နှင့် ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ ကြွလာ​တော်မူ​ပါ​သလော”​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 15,
      "text": "ယေရှု​က​လည်း “ယခု​အခါ​တွင် အခွင့်​ပေး​လော့။ အကြောင်းမူကား ငါ​တို့​သည် ဖြောင့်မတ်​ခြင်း​အလုံးစုံ​ကို ဤသို့​ပြည့်စုံ​စေ​သင့်​၏” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​သည် ကိုယ်တော်​ကို​အခွင့်​ပေး​လေ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 16,
      "text": "ယေရှု​သည် ဗတ္တိဇံ​ခံ​ပြီးနောက် ရေ​ထဲမှ​ထွက်​လာ​သည်နှင့် ကောင်းကင်​သည်​ပွင့်​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​ကာ မိမိ​အပေါ်သို့ ကြွလာ​တော်မူ​သည်​ကို မြင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 17,
      "text": "ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​ရန် ဝိညာဉ်​တော်​အားဖြင့် တော​ကန္တာရ​သို့​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 2,
      "text": "နေ့​ပေါင်း​လေးဆယ်​နှင့် ည​ပေါင်း​လေးဆယ် အစာရှောင်​ပြီးနောက် ဆာလောင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 3,
      "text": "ထိုအခါ ဖြားယောင်း​သွေးဆောင်​သော​သူ​သည် ချဉ်းကပ်​လာ​၍ “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​တို့​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 4,
      "text": "ကိုယ်တော်​က​လည်း “ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်။ ဘုရားသခင်​၏​နှုတ်​တော်​ထွက်​စကား​ရှိသမျှ​အားဖြင့် အသက်ရှင်​၏’ ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 5,
      "text": "ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို သန့်ရှင်း​သော​မြို့​တော်​သို့ ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌ ရပ်​စေ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 6,
      "text": "“သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့်​ချီပင့်​ကြ​လိမ့်မည်’ ​ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 7,
      "text": "ယေရှု​က​လည်း “ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ ဟူ၍​လည်း ကျမ်းစာ​၌​ရေး​ထား​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 8,
      "text": "တစ်ဖန် မာရ်နတ်​သည် ကိုယ်တော်​ကို အလွန်​မြင့်မား​သော​တောင်​ပေါ်သို့ ခေါ်ဆောင်​သွား​၍ လောကီ​နိုင်ငံ​အားလုံး​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို​ညွှန်ပြ​ကာ"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 9,
      "text": "“သင်​သည် ပျပ်ဝပ်​လျက် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​တို့​ကို သင့်​အား ငါ​ပေး​မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 10,
      "text": "ယေရှု​က​လည်း “အချင်း​စာတန်၊ ထွက်သွား​လော့။ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 11,
      "text": "ထိုအခါ မာရ်နတ်​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​၍ ကောင်းကင်တမန်​များ​သည် ချဉ်းကပ်​လာ​လျက် ကိုယ်တော်​ကို​ပြုစု​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 12,
      "text": "ယောဟန်​အကျဉ်းချ​ခံရ​ကြောင်း​ကို ယေရှု​သည်​ကြား​လျှင် ဂါလိလဲ​နယ်​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 13,
      "text": "ထို့နောက် နာဇရက်​မြို့​ကို​စွန့်ခွာ​၍ ပင်လယ်​ကမ်းနား​၌​ရှိ​သော ကပေရနောင်​မြို့​သို့ သွားရောက်​နေထိုင်​တော်မူ​၏။ ထို​မြို့​သည် ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​၌​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 14,
      "text": "ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 15,
      "text": "မိန့်​တော်မူ​ချက်​မှာ “ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်၊ ပင်လယ်​လမ်း​တစ်လျှောက်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ လူမျိုးခြား​တို့​၏​ဂါလိလဲ​နယ်၊"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 16,
      "text": "အမှောင်​ထဲ၌​နေထိုင်​သော​သူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ကြ​၍ သေ​ခြင်း​အရိပ်​လွှမ်းမိုး​သော​ပြည်​၌ နေထိုင်​သော​သူ​တို့​ထံသို့ အလင်း​ပေါ်ထွက်​လာ​ပြီ” ​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 17,
      "text": "ထို​အချိန်​မှစ၍ ယေရှု​သည် “ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့” ​ဟု စတင်​ဟောပြော​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 18,
      "text": "ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် လမ်းလျှောက်​တော်မူ​စဉ် ညီအစ်ကို​နှစ်​ဦး​ဖြစ်​သော ရှိမုန်​ဟု​ခေါ်​သည့်​ပေတရု​နှင့် သူ​၏​ညီ​အန္ဒြေ​တို့​သည် တံငါသည်​များ​ဖြစ်​၍ ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 19,
      "text": "ကိုယ်တော်​က “ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံငါသည်​ဖြစ်​စေ​မည်” ​ဟု သူ​တို့​အား မိန့်​တော်မူ​လျှင်"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 20,
      "text": "သူ​တို့​သည် ချက်ချင်း​ပင် ပိုက်ကွန်​များ​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 21,
      "text": "တစ်ဖန် ထို​နေရာ​မှ ဆက်၍​ကြွ​တော်မူ​ရာ အခြား​ညီအစ်ကို​နှစ်​ဦး​ဖြစ်​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်​တို့​သည် သူ​တို့​၏​ဖခင်​ဇေဗေဒဲ​နှင့်အတူ လှေ​ထဲ၌ မိမိ​တို့​၏​ပိုက်ကွန်​များ​ဖာထေး​နေ​ကြ​သည်​ကို​မြင်​၍ သူ​တို့​ကို​ခေါ်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 22,
      "text": "သူ​တို့​သည်​လည်း ချက်ချင်း​ပင် လှေ​နှင့် သူ​တို့​၏​ဖခင်​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 23,
      "text": "ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 24,
      "text": "ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 25,
      "text": "သို့ဖြစ်၍ ဂါလိလဲ​နယ်၊ ဒေကာပေါလိ​နယ်၊ ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​တို့​မှ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 1,
      "text": "ယေရှု​သည် လူထု​ပရိသတ်​များ​ကို​မြင်​သောအခါ တောင်​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 2,
      "text": "ထိုအခါ နှုတ်​တော်​ကို​ဖွင့်​၍ သူ​တို့​အား သွန်သင်​တော်မူ​သည်​မှာ"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 3,
      "text": "“စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 4,
      "text": "ဝမ်းနည်း​ကြေကွဲ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစား​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 5,
      "text": "နူးညံ့​သိမ်မွေ့​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကမ္ဘာ​မြေ​ကို အမွေ​ဆက်ခံ​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 6,
      "text": "ဖြောင့်မတ်​ခြင်း​ကို ဆာလောင်​မွတ်သိပ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 7,
      "text": "သနား​ကြင်နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် သနား​ကြင်နာ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 8,
      "text": "စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 9,
      "text": "ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 10,
      "text": "ဖြောင့်မတ်​ခြင်း​ကြောင့် ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 11,
      "text": "ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 12,
      "text": "ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 13,
      "text": "သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 14,
      "text": "သင်​တို့​သည် လောက​၏​အလင်း​ဖြစ်​ကြ​၏။ တောင်​ပေါ်၌​တည်​ရှိ​သော​မြို့​ကို ကွယ်ဝှက်​၍​မ​ရ​နိုင်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 15,
      "text": "ဆီမီး​ကို​ထွန်း​၍ တောင်း​အောက်၌​ထား​လေ့​မ​ရှိ။ ဆီမီးခုံ​ပေါ်၌​သာ ထား​ကြ​သဖြင့် ၎င်း​သည် အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ထွန်းလင်း​ပေး​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 16,
      "text": "ထိုနည်းတူ လူ​တို့​သည် သင်​တို့​၏​ကောင်း​သော​အကျင့်​များ​ကို​မြင်​၍ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​မည့်​အကြောင်း သင်​တို့​၏​အလင်း​ကို သူ​တို့​ရှေ့၌​ထွန်းလင်း​စေ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 17,
      "text": "ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​ကို ပယ်ဖျက်​ရန် ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ပယ်ဖျက်​ရန်​မ​ဟုတ်​ဘဲ ပြည့်စုံ​စေရန်​သာ ငါ​လာ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 18,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ကောင်းကင်​နှင့်​မြေကြီး​မ​ကွယ်ပျောက်​မီ​တိုင်အောင်၊ အရာ​အားလုံး​မ​ပြည့်စုံ​မချင်း ပညတ်​တရား​ကျမ်း​ထဲမှ အသေးဆုံး​အက္ခရာ​၊ သို့မဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ကွယ်ပျောက်​လိမ့်မည်​မဟုတ်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 19,
      "text": "ထို့ကြောင့် ဤ​ပညတ်​ချက်​များ​ထဲမှ အသေးငယ်ဆုံး​တစ်​ခု​ကို​ဖောက်ဖျက်​၍ သူတစ်ပါး​ကို​လည်း ထိုနည်းတူ​သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။ သို့သော် ၎င်း​ကို​ကျင့်သုံး​၍ သွန်သင်​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ ကြီးမြတ်​သော​သူ​ဟု အခေါ်​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 20,
      "text": "အမှန်စင်စစ် သင်​တို့​၏​ဖြောင့်မတ်​ခြင်း​သည် ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​ထက်​မ​သာ​လျှင် သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါမျှ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု သင်​တို့​အား ငါ​ဆို​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 21,
      "text": "‘လူ​မ​သတ်​ရ။ မည်သူမဆို လူ​သတ်​လျှင် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​ပေ​၏’​ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ခဲ့​ရ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 22,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 23,
      "text": "ထို့ကြောင့် ယဇ်ပလ္လင်​၌ သင်​၏​ပူဇော်သက္ကာ​ကို​ဆက်သ​မည်​ပြု​စဉ် သင်​၏​ညီအစ်ကို​သည် သင့်​အား အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​ကြောင်း သင်​သတိရ​လျှင်"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 24,
      "text": "သင်​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​တွင်​ထားခဲ့​ပြီး သင်​၏​ညီအစ်ကို​ထံသို့ ဦးစွာ​သွား​၍ သူ​နှင့်​ပြန်လည်​သင့်မြတ်​အောင်​ပြု​လော့။ ထို့နောက်မှ ပြန်လာ​၍ သင်​၏​ပူဇော်သက္ကာ​ကို ဆက်သ​လော့။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 25,
      "text": "သင်​သည် သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ​လမ်း​၌​ရှိ​စဉ် သူ​နှင့်​သင့်မြတ်​အောင် အလျင်အမြန်​ပြု​လော့။ သို့မဟုတ်​ပါက ထို​တရားစွဲဆို​သူ​သည် သင့်​ကို တရားသူကြီး​ထံ​အပ်​၍ တရားသူကြီး​သည် အစောင့်​တပ်သား​ထံ​အပ်​သဖြင့် သင်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 26,
      "text": "သင့်​အား ငါ​အမှန်​ဆို​မည်။ နောက်ဆုံး​ကွတ်ရန်တေး​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 27,
      "text": "‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 28,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 29,
      "text": "သင်​၏​လက်ယာ​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​ထဲသို့​ပစ်ချ​ခြင်း​မ​ခံရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 30,
      "text": "သင်​၏​လက်ယာ​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​သို့​မ​လား​ရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 31,
      "text": "‘မိမိ​မယား​ကို​ကွာရှင်း​သော​သူ​သည် ထို​မယား​အား ဖြတ်စာ​ကို​ပေး​စေ’ ဟု​လည်း ပြော​ထား​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 32,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 33,
      "text": "တစ်ဖန် ‘မမှန်​မကန်​တိုင်တည်​ပြောဆို​ခြင်း​မ​ပြု​ဘဲ သင်​ပြု​ထား​သော​ကတိ​သစ္စာ​များ​ကို ထာဝရ​ဘုရား​ရှေ့​တော်​၌ စောင့်ထိန်း​ရ​မည်’ ဟု ရှေး​လူ​တို့​အား​ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 34,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တိုင်တည်​ပြောဆို​ခြင်း​ကို လုံးဝ​မ​ပြု​ရ။ ကောင်းကင်​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 35,
      "text": "မြေကြီး​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကိုယ်တော်​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ဂျေရုဆလင်​မြို့​ကို​တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား ၎င်း​သည် ကြီးမြတ်​သော​ဘုရင်​၏​မြို့​တော်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 36,
      "text": "သင်​၏​ဦးခေါင်း​ကို တိုင်တည်​၍​မ​ပြောဆို​ရ။ အကြောင်းမူကား သင်​သည် ဆံပင်​တစ်​ပင်​ကို​မျှ ဖြူ​အောင်​၊ သို့မဟုတ် မည်း​အောင်​မ​လုပ်​နိုင်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 37,
      "text": "သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 38,
      "text": "‘မျက်စိ​အစား မျက်စိ၊ သွား​အစား သွား’ ဟု ပြော​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 39,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 40,
      "text": "သင့်​ကို​တရားစွဲ​၍ သင်​၏​အင်္ကျီ​ကို ယူ​လို​သော​သူ​အား ဝတ်ရုံ​ကို​လည်း ယူ​ခွင့်ပေး​လော့။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 41,
      "text": "သင့်​ကို ခရီး​တစ်​မိုင်​အတင်းအကျပ်​သွား​စေ​သော​သူ​ရှိ​လျှင် ထို​သူ​နှင့်အတူ နှစ်​မိုင်​သွား​လော့။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 42,
      "text": "သင့်​ထံ​တောင်း​သော​သူ​အား ပေးကမ်း​လော့။ သင့်​ထံမှ ချေးငှား​လို​သော​သူ​ကို​လည်း မ​ငြင်းပယ်​နှင့်။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 43,
      "text": "‘သင့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​ချစ်​၍ သင်​၏​ရန်သူ​ကို မုန်း​ရ​မည်’ ဟု ဆို​ထား​သည်​ကို သင်​တို့​ကြား​ရ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 44,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 45,
      "text": "သို့မှသာ သင်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် မကောင်း​သော​သူ​များ​နှင့်​ကောင်း​သော​သူ​များ​အပေါ် မိမိ​၏​နေ​ကို​ထွက်​စေ​တော်မူ​၍ ဖြောင့်မတ်​သော​သူ​များ​နှင့်​မ​ဖြောင့်မတ်​သော​သူ​များ​အပေါ် မိုး​ရွာ​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 46,
      "text": "သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 47,
      "text": "ထို့ပြင် သင်​တို့​သည် သင်​တို့​၏​ညီအစ်ကို​များ​ကို​သာ နှုတ်ဆက်​လျှင် မည်သည့်​သာလွန်​ထူးခြား​မှု​ကို ပြု​ကြ​သနည်း။ သာသနာပ​လူမျိုးခြား​တို့​ပင်လျှင် ထိုသို့​ပြု​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 48,
      "text": "သို့ဖြစ်၍ ကောင်းကင်ဘုံ​ရှင်​သင်​တို့​အဖ​သည် စုံလင်​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း စုံလင်​ခြင်း​ရှိ​ကြ​ရ​မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 1,
      "text": "သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 2,
      "text": "ထို့ကြောင့် သင်​သည် ပေးကမ်း​စွန့်ကြဲ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​ရန်​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် လမ်းကြား​များ​တွင် ပြု​တတ်​ကြ​သကဲ့သို့ မိမိ​၏​ရှေ့၌​တံပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 3,
      "text": "သင်​မူကား ပေးကမ်း​စွန့်ကြဲ​သောအခါ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် မထင်ရှား​မည့်​အကြောင်း သင်​၏​လက်ယာ​လက်​ပြု​သည့်​အရာ​ကို သင်​၏​လက်ဝဲ​လက်​အား​မ​သိ​စေ​နှင့်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 4,
      "text": "ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 5,
      "text": "သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​မြင်​စေရန် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့်​လမ်းဆုံလမ်းခွ​များ​တွင် မတ်တတ်ရပ်​လျက် ဆုတောင်း​သည်​ကို နှစ်သက်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 6,
      "text": "သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 7,
      "text": "ထို့ပြင် သင်​တို့​ဆုတောင်း​သောအခါ သာသနာပ​လူမျိုးခြား​တို့​ကဲ့သို့ တတွတ်တွတ် အချည်းနှီး​မ​ရွတ်ဆို​ကြ​နှင့်။ သူ​တို့​သည် များစွာ​သော​စကား​တို့​ကို​ရွတ်ဆို​လျှင် သူ​တို့​ကို နားထောင်​ပေး​လိမ့်မည်​ဟု ထင်မှတ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 8,
      "text": "သို့ဖြစ်၍ သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​မ​တောင်း​မီ​က​ပင် သင်​တို့​လိုအပ်​သော​အရာ​များ​ကို သိ​နှင့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 9,
      "text": "ထို့ကြောင့် ဤသို့​ဆုတောင်း​ကြ​လော့။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော အကျွန်ုပ်​တို့​အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 10,
      "text": "နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ အလို​တော်​သည် ကောင်းကင်​ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်၌​လည်း ပြည့်စုံ​ပါစေသော။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 11,
      "text": "အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို ယနေ့​ပေး​သနား​တော်မူ​ပါ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 12,
      "text": "အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​များ​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အပြစ်​ကြွေး​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 13,
      "text": "ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မကောင်း​သော​အမှုအရာ​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​တော်မူ​ပါ။ [အကြောင်းမူကား နိုင်ငံ​တော်၊ တန်ခိုး​တော်​နှင့် ဘုန်း​အသရေ​တော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်​၌​ရှိ​ပါ​၏။ အာမင်။]"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 14,
      "text": "သင်​တို့​သည် သူတစ်ပါး​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​လျှင် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည်​လည်း သင်​တို့​ကို ခွင့်လွှတ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 15,
      "text": "သို့သော် သင်​တို့​သည် သူတစ်ပါး​ကို​ခွင့်​မ​လွှတ်​လျှင် သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 16,
      "text": "သင်​တို့​သည် အစာရှောင်​ကြ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မျက်နှာ​ညှိုးငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​အစာရှောင်​နေ​ကြောင်း လူ​တို့​ရှေ့၌​ထင်ရှား​စေရန် မျက်နှာ​ရှုံ့မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 17,
      "text": "သို့သော် သင်​သည် အစာရှောင်​သောအခါ မိမိ​အစာရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့၌​မ​ထင်ရှား​စေ​ဘဲ မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ရှေ့​တော်​၌​သာ ထင်ရှား​စေရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်နှာ​ကို​သစ်​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 19,
      "text": "ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 20,
      "text": "ပိုးမွှား​နှင့်​သံချေး​မ​ဖျက်ဆီး​တတ်၊ သူခိုး​များ​လည်း မ​ဖောက်ထွင်း​မ​ခိုးယူ​နိုင်​ရာ​ကောင်းကင်​ဘုံ​၌ သင်​တို့​အတွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သိုမှီး​ထား​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 21,
      "text": "အကြောင်းမူကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​၏​စိတ်နှလုံး​လည်း ရောက်​တတ်​၏။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 22,
      "text": "မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ ထို့ကြောင့် သင်​၏​မျက်စိ​ကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တောက်ပ​နေ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 23,
      "text": "သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 24,
      "text": "မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 25,
      "text": "သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 26,
      "text": "မိုး​ကောင်းကင်​ငှက်​တို့​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ၊ ရိတ်သိမ်း​ခြင်း​နှင့် ကျီ​၌​စုသိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အဖိုးထိုက်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 27,
      "text": "သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 28,
      "text": "အဝတ်​အတွက်​လည်း အဘယ်ကြောင့်​စိုးရိမ်​ကြ​သနည်း။ တော​၌​ရှိ​သော​နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 29,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 30,
      "text": "ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 31,
      "text": "ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 32,
      "text": "အကြောင်းမူကား လူမျိုးခြား​တို့​သည် ဤ​အရာ​အားလုံး​တို့​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ဤ​အရာ​အားလုံး​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 33,
      "text": "ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 34,
      "text": "ထို့ကြောင့် မနက်ဖြန်​အတွက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား မနက်ဖြန်​သည် မိမိ​အတွက်​စိုးရိမ်​လိမ့်မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့ရ​သည့် မကောင်း​မသင့်​သော​အရာ​သည် ထို​နေ့​အတွက် လုံလောက်​ပေ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 1,
      "text": "သင်​တို့​သည် စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သူတစ်ပါး​ကို မ​စီရင်​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 2,
      "text": "အကြောင်းမူကား သင်​တို့​စီရင်​သည့်​နည်းလမ်း​အတိုင်း သင်​တို့​သည် စီရင်​ခြင်း​ခံရ​၍ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 3,
      "text": "သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 4,
      "text": "သင်​သည် မိမိ​မျက်စိ​၌​သစ်တုံး​ရှိ​လျက်​ပင် သင့်​ညီအစ်ကို​အား ‘သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်​ပေး​ပါရစေ’​ဟု မည်သို့​ပြော​နိုင်​မည်နည်း။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 5,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်​ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်​ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 6,
      "text": "သန့်ရှင်း​သော​အရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပုလဲ​များ​ကို​လည်း ဝက်​တို့​ရှေ့၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အရာ​များ​ကို မိမိ​တို့​ခြေ​ဖြင့်​နင်းချေ​ပြီးလျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်ဖြတ်​ကြ​မည်​ကို​စိုးရိမ်​ရ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 7,
      "text": "တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 8,
      "text": "အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 9,
      "text": "သင်​တို့​တွင် မည်သူ​သည် မိမိ​၏​သား​က မုန့်​ကို​တောင်း​သောအခါ ကျောက်ခဲ​ကို​ပေး​မည်နည်း၊"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 10,
      "text": "သို့မဟုတ် ငါး​ကို​တောင်း​သောအခါ မြွေ​ကို​ပေး​မည်နည်း။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 11,
      "text": "သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် မိမိ​တို့​၏​သားသမီး​များ​အား ကောင်း​သော​လက်ဆောင်​များ​ပေး​ရ​မည်​ကို သိ​ကြ​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​၏​အဖ​သည် မိမိ​ထံ​တောင်းလျှောက်​သော​သူ​များ​အား ကောင်း​သည့်​အရာ​များ​ကို သာ၍​ပင်​ပေး​တော်မူ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 12,
      "text": "သို့ဖြစ်၍ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သမျှ​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ ဤသည်ကား ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​၏​အချုပ်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 13,
      "text": "ကျဉ်း​သော​တံခါး​မှ​ဝင်​ကြ​လော့။ အကြောင်းမူကား ပျက်စီး​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျယ်ဝန်း​၍ လမ်း​သည်​ပြန့်ပြူး​၏။ ထို​တံခါး​မှ​ဝင်​သော​သူ​တို့​သည်​လည်း များပြား​လှ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 14,
      "text": "အသက်ရှင်​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျဉ်း​၍ လမ်း​သည်​ကြမ်းတမ်း​၏။ ထို​တံခါး​ကို​တွေ့ရှိ​သော​သူ​တို့​သည်​လည်း နည်း​လှ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 15,
      "text": "ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 16,
      "text": "သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ဆူးပင်​မှ စပျစ်သီး​ကို​လည်းကောင်း၊ ဆူးလေပင်​မှ သဖန်းသီး​ကို​လည်းကောင်း ဆွတ်ခူး​ရ​လေ့​ရှိ​သလော။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 17,
      "text": "ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 18,
      "text": "ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 19,
      "text": "ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 20,
      "text": "သို့ဖြစ်၍ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 21,
      "text": "‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 22,
      "text": "ထို​နေ့ရက်​တွင် များစွာ​သော​သူ​တို့​သည် ‘သခင်​ဘုရား၊ သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ပရောဖက်ပြု​ဟောပြော​လျက် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နတ်ဆိုး​များ​ကို​နှင်ထုတ်​ကာ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် တန်ခိုး​လက္ခဏာ​များစွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 23,
      "text": "ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 24,
      "text": "သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 25,
      "text": "မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သော်လည်း ကျောက်​ပေါ်၌​အုတ်မြစ်​ချ​ထား​သောကြောင့် ထို​အိမ်​သည် မ​ပြိုလဲ​ပေ။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 26,
      "text": "ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ မ​ကျင့်သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် မိုက်မဲ​သော​သူ​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 27,
      "text": "မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။”"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 28,
      "text": "ဤ​တရား​စကား​တို့​ကို ယေရှု​သွန်သင်​တော်မူ​ပြီး​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 29,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​၏​ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သွန်သင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 1,
      "text": "ယေရှု​သည် တောင်​ပေါ်မှ ကြွဆင်း​လာ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 2,
      "text": "ထိုအခါ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 3,
      "text": "ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ “ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ” ​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် အနာကြီး​ရောဂါ​ပျောက်ကင်း​၍ စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 4,
      "text": "ထိုအခါ ယေရှု​က “မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့” ​ဟု ထို​သူ​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 5,
      "text": "ထို့နောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​လျှင် တပ်မှူး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 6,
      "text": "“သခင်​ဘုရား၊ အကျွန်ုပ်​၏​ငယ်သား​တစ်​ယောက်​သည် လေဖြတ်​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​လျက် အိမ်​၌​လဲလျောင်း​နေ​ရ​ပါ​၏”​ဟု တောင်းပန်​လျှောက်​ထား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 7,
      "text": "ယေရှု​က​လည်း “ငါ​လာ​၍ သူ့​ကို​ကျန်းမာ​စေ​မည်” ​ဟု မိန့်​တော်မူ​သော်"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 8,
      "text": "တပ်မှူး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံထိုက်​ပါ။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 9,
      "text": "ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 10,
      "text": "ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် အံ့ဩ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​အား “သင်​တို့​ကို ငါ​အမှန်​ဆို​မည်။ ဤမျှလောက်​ကြီးမား​သော​ယုံကြည်​ခြင်း​ရှိ​သော​သူ​တစ်စုံ​တစ်ဦး​ကို​မျှ အစ္စရေး​လူမျိုး​ထဲ၌ ငါ​မ​တွေ့​ဖူး​ချေ။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 11,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား များစွာ​သော​လူ​တို့​သည် အရှေ့​အရပ်​နှင့်​အနောက်​အရပ်​တို့​မှ​လာ​၍ ကောင်းကင်​နိုင်ငံ​တော်​၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 12,
      "text": "နိုင်ငံ​တော်​၏​သား​တို့​မူကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 13,
      "text": "ထို့နောက် ယေရှု​သည် တပ်မှူး​အား “သွား​လော့။ သင်​ယုံကြည်​သည့်​အတိုင်း သင်​၌​ဖြစ်​စေ” ​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​နာရီ​၌​ပင် သူ​၏​ငယ်သား​သည် ကျန်းမာ​လာ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 14,
      "text": "ထို့နောက် ယေရှု​သည် ပေတရု​အိမ်​သို့​ကြွ​တော်မူ​လျှင် ပေတရု​၏​ယောက္ခမ​သည် ဖျားနာ​လျက် အိပ်ရာ​ပေါ်တွင် လဲလျောင်း​နေ​သည်​ကို တွေ့မြင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 15,
      "text": "ကိုယ်တော်​သည် ထို​အမျိုးသမီး​၏​လက်​ကို တို့ထိ​တော်မူ​ရာ သူ​သည် အဖျား​ပျောက်​သဖြင့် ထ​၍ ကိုယ်တော်​ကို​ဧည့်ဝတ်​ပြု​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 16,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ လူ​တို့​သည် နတ်ဆိုး​ပူး​သူ​များစွာ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် နှင်ထုတ်​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 17,
      "text": "ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏” ​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 18,
      "text": "ယေရှု​သည် မိမိ​ပတ်လည်​၌​ရှိ​သော​လူထု​ပရိသတ်​ကို မြင်​တော်မူ​သောအခါ ပင်လယ်​တစ်ဖက်ကမ်း​သို့​ကူး​သွား​ရန် အမိန့်​ပေး​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 19,
      "text": "ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ “ဆရာ၊ ဆရာ​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 20,
      "text": "ယေရှု​က​လည်း “မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 21,
      "text": "တစ်ဖန် အခြား​တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 22,
      "text": "ယေရှု​က​လည်း “ငါ့​နောက်​သို့​လိုက်​လော့။ လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 23,
      "text": "ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​လျှင် တပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 24,
      "text": "ထိုအခါ ပင်လယ်​ပေါ်၌ ပြင်းထန်​သော​မုန်တိုင်း​ကျရောက်​လာ​သဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လုမတတ်​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် အိပ်စက်​နေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 25,
      "text": "တပည့်​တော်​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်​ဘုရား၊ ကယ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 26,
      "text": "ထိုအခါ ကိုယ်တော်​က “ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း” ​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 27,
      "text": "ထို​သူ​တို့​သည် အံ့ဩ​လျက် “ဤ​သူ​ကား မည်သို့​သော​သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 28,
      "text": "ထို့နောက် ကိုယ်တော်​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါဒရ​နယ်သား​တို့​၏​အရပ်​ဒေသ​သို့ ရောက်​တော်မူ​လျှင် နတ်ဆိုး​ပူး​သူ​နှစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အလွန်​ကြမ်းတမ်း​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သူမျှ ဖြတ်​၍​မ​သွား​နိုင်​ကြ​ချေ။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 29,
      "text": "ထို​သူ​တို့​က “ဘုရားသခင်​၏​သား​တော်၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အချိန်​မ​တန်​မီ အကျွန်ုပ်​တို့​အား​ညှဉ်းဆဲ​ရန် ဤ​နေရာ​သို့​ကြွလာ​တော်မူ​သလော”​ဟု အော်ဟစ်​လျှောက်ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 30,
      "text": "သူ​တို့​နှင့်​မ​ဝေး​လှ​သော​နေရာ​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 31,
      "text": "နတ်ဆိုး​တို့​က “အကျွန်ုပ်​တို့​ကို နှင်ထုတ်​မည်​ဆိုလျှင် ဝက်​အုပ်​ထဲသို့ စေလွှတ်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​တောင်းပန်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 32,
      "text": "ကိုယ်တော်​က​လည်း “သွား​ကြ​လော့” ​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​တစ်​အုပ်​လုံး​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေ​ထဲ၌​သေဆုံး​ကြ​ကုန်​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 33,
      "text": "ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​ထဲသို့​ဝင်​ပြီးလျှင် နတ်ဆိုး​ပူး​သူ​တို့​၏​အကြောင်း​မှစ၍ အဖြစ်အပျက်​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 34,
      "text": "ထိုအခါ ယေရှု​နှင့်​တွေ့ဆုံ​ရန် တစ်​မြို့​လုံး​ထွက်လာ​၍ ကိုယ်တော်​ကို​တွေ့မြင်​ကြ​သောအခါ မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် တောင်းပန်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်​တက်​၍ ပင်လယ်​ကို​ကူး​ပြီးလျှင် မိမိ​နေရပ်​မြို့​သို့​ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 2,
      "text": "ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား “ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 3,
      "text": "ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သည်”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 4,
      "text": "ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​၍ “အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ မကောင်း​သော​အရာ​များ​ကို စဉ်းစား​ဆင်ခြင်​နေ​ကြ​သနည်း။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 5,
      "text": "‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 6,
      "text": "သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်” ​ဟု မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား “ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 7,
      "text": "ထိုအခါ လေ​ဖြတ်​သော​သူ​သည် ထ​၍ မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 8,
      "text": "ဤ​အခြင်းအရာ​ကို​တွေ့မြင်​သော လူထု​ပရိသတ်​တို့​သည် ကြောက်ရွံ့​လျက် လူ​တို့​အား ဤသို့​သော​အခွင့်​အာဏာ​ကို ပေး​တော်မူ​သော ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 9,
      "text": "ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 10,
      "text": "ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲတွင် စားပွဲ​၌​ထိုင်​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​တို့​နှင့်​အပြစ်သား​တို့​သည် ရောက်လာ​၍ တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 11,
      "text": "ထို​အခြင်းအရာ​ကို ဖာရိရှဲ​တို့​မြင်​လျှင် တပည့်​တော်​တို့​အား “သင်​တို့​၏​ဆရာ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 12,
      "text": "ကိုယ်တော်​သည် ထို​စကား​ကို​ကြား​လျှင် “ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 13,
      "text": "‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 14,
      "text": "ထို့နောက် ယောဟန်​၏​တပည့်​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​နှင့်​ဖာရိရှဲ​တို့​သည် မကြာခဏ အစာရှောင်​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​တော်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 15,
      "text": "ယေရှု​က​လည်း “သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ ဝမ်းနည်း​ကြေကွဲ​နိုင်​ကြ​မည်​လော။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ ရောက်လာ​လိမ့်မည်။ ထိုအခါ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 16,
      "text": "မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ အကြောင်းမူကား ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 17,
      "text": "စပျစ်​ဝိုင်​အသစ်​ကို​လည်း သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် သားရေဘူး​သည် ပေါက်ပြဲ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံး​ကို တာရှည်​ထိန်းသိမ်း​နိုင်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 18,
      "text": "ကိုယ်တော်​သည် ဤ​အကြောင်းအရာ​များ​ကို​မြွက်ဆို​တော်မူ​စဉ် အကြီးအကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင်​သေဆုံး​သွား​ပါ​သည်။ သို့သော် ကြွလာ​၍ ကိုယ်တော်​၏​လက်​တော်​ကို သူ့​အပေါ်​တင်​တော်မူ​လျှင် အသက်ရှင်​လာ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 19,
      "text": "ထို့ကြောင့် ယေရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အတူတကွ​လိုက်​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 20,
      "text": "ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​နေ​သော​အမျိုးသမီး​တစ်​ဦး​သည် “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​ပြီး ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို တို့ထိ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 22,
      "text": "ယေရှု​သည် လှည့်ကြည့်​၍ သူ့​ကို​မြင်​တော်မူ​လျှင် “သမီး၊ မစိုးရိမ်​နှင့်။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ” ​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​အမျိုးသမီး​သည် ကျန်းမာ​လာ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 23,
      "text": "ထို့နောက် ယေရှု​သည် ထို​အကြီးအကဲ​၏​အိမ်​သို့​ရောက်​တော်မူ​၍ ပလွေ​မှုတ်​သူ​တို့​နှင့် ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​သော​လူ​အစုအဝေး​တို့​ကို​မြင်​လျှင်"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 24,
      "text": "“ဖယ်​ကြ​လော့။ မိန်းကလေး​သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 25,
      "text": "သို့သော် ကိုယ်တော်​သည် လူ​အစုအဝေး​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးနောက် အထဲသို့​ဝင်​၍ မိန်းကလေး​၏​လက်​ကို​ကိုင်​တော်မူ​ရာ မိန်းကလေး​သည်​ထ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 26,
      "text": "ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 27,
      "text": "ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 28,
      "text": "အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း “ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 29,
      "text": "ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက် “သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ” ​ဟု မိန့်​တော်မူ​သော်"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 30,
      "text": "သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း “မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့” ​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 31,
      "text": "သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 32,
      "text": "ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 33,
      "text": "နတ်ဆိုး​ကို​နှင်ထုတ်​တော်မူ​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည်​အံ့ဩ​၍ “အစ္စရေး​ပြည်​၌ ဤကဲ့သို့သော​အဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 34,
      "text": "သို့သော် ဖာရိရှဲ​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​သည်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 35,
      "text": "ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 36,
      "text": "ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 37,
      "text": "ထိုအခါ ကိုယ်တော်​က “ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​တို့​သည်​နည်း​လှ​၏။"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 38,
      "text": "ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 2,
      "text": "တစ်ဆယ့်နှစ်​ပါး​သော​တမန်တော်​တို့​၏​နာမည်​များ​ကား ပထမ​မှာ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​နှင့် သူ့​ညီ​အန္ဒြေ၊ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်၊"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 3,
      "text": "ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 4,
      "text": "မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 5,
      "text": "ယေရှု​သည် ဤ​တစ်ဆယ့်နှစ်​ပါး​တို့​ကို​စေလွှတ်​၍ မိန့်မှာ​တော်မူ​သည်​ကား “လူမျိုးခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှမာရိ​နယ်သား​တို့​၏​မြို့​ထဲသို့​လည်း မ​ဝင်​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 6,
      "text": "အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော သိုး​များ​ထံသို့​သာ သွား​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 7,
      "text": "သင်​တို့​သွား​ကြ​သောအခါ ‘ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ’​ဟု ဟောပြော​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 8,
      "text": "နာမကျန်း​ဖြစ်​သူ​တို့​ကို ကျန်းမာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထမြောက်​စေ​ကြ​လော့။ အနာကြီး​ရောဂါသည်​တို့​ကို စင်ကြယ်​စေ​ကြ​လော့။ နတ်ဆိုး​များ​ကို နှင်ထုတ်​ကြ​လော့။ သင်​တို့​သည် အခမဲ့​ရရှိ​ကြ​သည့်​အလျောက် အခမဲ့​ပေး​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 9,
      "text": "သင်​တို့​၏​ခါးပန်း​တွင် ရွှေ၊ ငွေ၊ ကြေး​ဒင်္ဂါး​တို့​ကို မ​ထည့်​သွား​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 10,
      "text": "လမ်း​ခရီး​အတွက် လွယ်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​နှင့် တောင်ဝှေး​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် မိမိ​စားစရာ​ကို​ရ​ထိုက်​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 11,
      "text": "မည်သည့်​မြို့​ရွာ​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​မြို့ရွာ​၌ မည်သူ​သည် ထိုက်တန်​သော​သူ​ဖြစ်​သည်​ကို ရှာဖွေ​စုံစမ်း​ပြီး ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​သူ​၏​အိမ်​၌ တည်းခို​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 12,
      "text": "ထို​အိမ်​သို့​ဝင်​သောအခါ နှုတ်ဆက်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 13,
      "text": "ထို​အိမ်​သည် ထိုက်တန်​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ၎င်း​အပေါ်သို့​သက်ရောက်​ပါစေ။ မ​ထိုက်တန်​လျှင်​မူကား သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်လာ​ပါစေ။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 14,
      "text": "မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 15,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​သည် ထို​မြို့​ထက် ခံသာ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 16,
      "text": "နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 17,
      "text": "လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 18,
      "text": "သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 19,
      "text": "သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 20,
      "text": "အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 21,
      "text": "ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 22,
      "text": "လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 23,
      "text": "မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 24,
      "text": "တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သခင်​ထက် မြတ်​သည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 25,
      "text": "တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 26,
      "text": "ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 27,
      "text": "သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 28,
      "text": "ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 29,
      "text": "စာကလေး​နှစ်​ကောင်​ကို အဿရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​အဖ​၏​အခွင့်​မ​ရှိ​လျှင် ထို​စာကလေး​တစ်​ကောင်​မျှ မြေ​ပေါ်သို့​ကျ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 30,
      "text": "သင်​တို့​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 31,
      "text": "ထို့ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက် အဖိုးထိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 32,
      "text": "သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 33,
      "text": "သို့သော် လူ​တို့​ရှေ့၌ ငါ့​ကို​ငြင်းပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ငြင်းပယ်​မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 34,
      "text": "မြေကြီး​ပေါ်သို့ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်သက်​ခြင်း​ကို​ယူဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူဆောင်​လာ​ရန် ငါ​လာ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 35,
      "text": "အကြောင်းမူကား သား​ကို သူ​၏​အဖ​နှင့်​လည်းကောင်း၊ သမီး​ကို သူ​၏​အမိ​နှင့်​လည်းကောင်း၊ ချွေးမ​ကို သူ​၏​ယောက္ခမ​နှင့်​လည်းကောင်း စိတ်ဝမ်း​ကွဲပြား​စေရန် ငါ​လာ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 36,
      "text": "လူ​တစ်​ဦး​၏​ရန်သူ​တို့​မှာ​လည်း သူ​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 37,
      "text": "ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 38,
      "text": "မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 39,
      "text": "မိမိ​အသက်​ကို​တွေ့ရှိ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို အဆုံးရှုံး​ခံ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 40,
      "text": "သင်​တို့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 41,
      "text": "ပရောဖက်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ပရောဖက်​ကို လက်ခံ​သော​သူ​သည် ပရောဖက်​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဖြောင့်မတ်​သော​သူ​ကို လက်ခံ​သော​သူ​သည်​လည်း ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အကျိုးကျေးဇူး​ကို ရရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 42,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တပည့်​တော်​ဟူသော​အမည်​နာမ​ကို​ထောက်၍ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​အား ရေအေး​တစ်​ခွက်​မျှပင် တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 1,
      "text": "ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို မိန့်မှာ​တော်မူ​ပြီး​သောအခါ သူ​တို့​၏​မြို့​များ​တွင် သွန်သင်​ရန်​နှင့်​ဟောပြော​ရန် ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 2,
      "text": "ယောဟန်​သည် ခရစ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို ထောင်​ခန်း​ထဲ၌​ကြား​ရ​သောအခါ မိမိ​တပည့်​တို့​ကို​စေလွှတ်​၍"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 3,
      "text": "“ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော။ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်​လော”​ဟု မေးလျှောက်​စေ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 4,
      "text": "ယေရှု​က​လည်း ထို​သူ​တို့​အား “သင်​တို့​ကြား​ရ၊ မြင်​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 5,
      "text": "မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 6,
      "text": "ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 7,
      "text": "ထို​သူ​တို့​ပြန်သွား​ကြ​သောအခါ ယေရှု​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ “သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော​ကျူပင်​ကို​လော။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 8,
      "text": "သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​တို့​သည် ဘုရင့်​နန်းတော်​များ​၌​ရှိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 9,
      "text": "ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 10,
      "text": "‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’ ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 11,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မိန်းမ​တို့​မှ မွေးဖွား​လာ​သော​သူ​တို့​တွင် ဗတ္တိဇံ​ဆရာ​ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်ယောက်မျှ မ​ပေါ်ထွန်း​ခဲ့​ဖူး​ပေ။ သို့သော် ကောင်းကင်​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက်​ကြီးမြတ်​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 12,
      "text": "ဗတ္တိဇံ​ဆရာ​ယောဟန်​လက်ထက်​မှ ယခု​တိုင်အောင် ကောင်းကင်​နိုင်ငံ​တော်​သည် အတင်း​တိုးဝင်​ခြင်း​ကို​ခံရ​လျက် အတင်း​တိုးဝင်​သော​သူ​တို့​သည် ၎င်း​ကို​လုယူ​ဝင်စား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 13,
      "text": "အကြောင်းမူကား ပရောဖက်​ကျမ်း​များ​နှင့်​ပညတ်​တရား​ကျမ်း​ရှိသမျှ​တို့​သည် ယောဟန်​လက်ထက်​တိုင်အောင် ပရောဖက်ပြု​ဟောပြော​ခဲ့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 14,
      "text": "သင်​တို့​သည် လက်ခံ​ရန် ဆန္ဒ​ရှိ​လျှင် ဤ​သူ​သည် ပေါ်ထွန်း​လာ​ရ​မည့် ဧလိယ​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 15,
      "text": "နား​ရှိ​သော​သူ​သည် ကြား​ပါစေ။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 16,
      "text": "သို့သော် ဤ​ခေတ်ကာလ​ကို မည်သည့်​အရာ​နှင့် ခိုင်းနှိုင်း​ရ​မည်နည်း။ ၎င်း​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် မိမိ​သူငယ်ချင်း​တို့​အား"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 17,
      "text": "‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည် မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည် မ​မြည်တမ်း​ကြ’​ဟု လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 18,
      "text": "အကြောင်းမူကား ယောဟန်​သည်​ရောက်လာ​၍ မ​စား​မ​သောက်​ဘဲ​နေ​သော် ‘သူ​၌​နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 19,
      "text": "လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 20,
      "text": "ထို့နောက် တန်ခိုး​လက္ခဏာ​အများစု​ပြု​တော်မူ​ရာ​မြို့​များ​သည် နောင်တ​မ​ရ​သောကြောင့် ကိုယ်တော်​သည် ထို​မြို့​တို့​ကို​ပြစ်တင်​ပြောဆို​လျက်"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 21,
      "text": "“ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​က​ပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 22,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 23,
      "text": "ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ အကြောင်းမူကား သင်​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို သောဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ရှိ​ခဲ့​ပေ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 24,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​မြို့​သည် သင့်​ထက် ခံသာ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 25,
      "text": "ထို​အချိန်​တွင် ယေရှု​က “ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 26,
      "text": "မှန်​ပါ​၏ အဖ။ ဤသည်ကား ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​ပါ​၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 27,
      "text": "ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ ခမည်းတော်​မှတစ်ပါး မည်သူမျှ သား​တော်​ကို​မ​သိ။ ခမည်းတော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး အခြား​မည်သူမျှ​မ​သိ။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 28,
      "text": "ဝန်လေး​၍​ပင်ပန်း​သော​သူ​အပေါင်း​တို့၊ ငါ့​ထံသို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​မည်။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 29,
      "text": "ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 30,
      "text": "အကြောင်းမူကား ငါ့​ထမ်းပိုး​သည် ထမ်း​ရ​လွယ်​၏။ ငါ့​ဝန်​လည်း ပေါ့​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 1,
      "text": "ထို​အချိန်အခါ​တွင် ယေရှု​သည် ဥပုသ်နေ့​၌ ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံ​များ​ကို ဆွတ်ခူး​၍ စား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 2,
      "text": "ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 3,
      "text": "ကိုယ်တော်​က​လည်း “ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 4,
      "text": "သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 5,
      "text": "ထို့ပြင် ဥပုသ်နေ့​တွင် ဗိမာန်​တော်​၌​ရှိ​သော ယဇ်ပုရောဟိတ်​များ​သည် ဥပုသ်နေ့​ဆိုင်ရာ​ပညတ်ချက်​ကို​ချိုးဖောက်​ကြ​သော်လည်း အပြစ်​မ​ရှိ​ကြောင်း ပညတ်​တရား​ကျမ်း​၌ မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 6,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ဗိမာန်​တော်​ထက်​ကြီးမြတ်​သော​သူ​သည် ဤ​နေရာ​၌​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 7,
      "text": "‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်တင်​ရှုတ်ချ​ခဲ့​ကြ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 8,
      "text": "အကြောင်းမူကား လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 9,
      "text": "ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 10,
      "text": "ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 11,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​တွင် သိုး​တစ်​ကောင်​ရှိ​၍ ထို​သိုး​သည် ဥပုသ်နေ့​၌ တွင်း​ထဲသို့​ကျ​ခဲ့​လျှင် သူ​သည် ၎င်း​ကို​မ​ဆွဲတင်​ဘဲ​နေ​မည်လော။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 12,
      "text": "လူ​သည် သိုး​ထက် များစွာ​အဖိုးထိုက်​၏။ ထို့ကြောင့် ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​ခြင်း​သည် တရား​တော်​နှင့်​ညီ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 13,
      "text": "ထို့နောက် လက်​တစ်ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့” ​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ အခြား​တစ်ဖက်​ကဲ့သို့ အကောင်း​ပကတိ​ဖြစ်​လျက် သန်စွမ်း​လေ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 14,
      "text": "ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း တိုင်ပင်​ဆွေးနွေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 15,
      "text": "ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 16,
      "text": "မိမိ​အကြောင်း​ကို သိသာ​ထင်ရှား​အောင်​မ​ပြု​ရန် သူ​တို့​ကို​သတိပေး​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 17,
      "text": "ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ မိန့်​တော်မူ​ချက်​မှာ"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 18,
      "text": "“ကြည့်ရှု​လော့။ ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​အမှုဆောင်၊ ငါ​၏​စိတ်​ဝိညာဉ်​နှစ်သက်​သည့် ငါ​ချစ်​သော​သူ​ပေ​တည်း။ ငါ​သည် သူ့​အပေါ်၌ ငါ​၏​ဝိညာဉ်​ကို​တည်​စေ​သဖြင့် သူ​သည် လူမျိုး​တကာ​တို့​အား တရားမျှတ​မှု​ကို ကြေညာ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 19,
      "text": "သူ​သည် ငြင်းခုံ​ခြင်း​နှင့်​အော်ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အသံ​ကို​လည်း လမ်းမ​ပေါ်၌ မည်သူမျှ ကြား​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 20,
      "text": "တရားမျှတ​မှု​ကို အောင်မြင်​ခြင်း​သို့​ပို့ဆောင်​သည်​အထိ သူ​သည် ကြေ​နေ​သော​ကျူပင်​ကို​ချိုး​မည်​မ​ဟုတ်။ တငွေ့ငွေ့​လောင်​နေ​သော​မီးစာ​ကို​လည်း ငြှိမ်းသတ်​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 21,
      "text": "လူမျိုးခြား​တို့​သည် သူ​၏​နာမ​၌ မျှော်လင့်​အားထား​ကြ​လိမ့်မည်” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 22,
      "text": "ထို့နောက် လူ​တို့​သည် နတ်ဆိုး​ပူး​သည့် မျက်မမြင်​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​ရာ ကိုယ်တော်​သည် ထို​သူ​ကို​ကျန်းမာ​စေ​တော်မူ​သဖြင့် ထို​ဆွံ့အ​သော​သူ​သည် စကား​ပြော​နိုင်​ပြီး မျက်စိ​လည်း​မြင်​လာ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 23,
      "text": "ထိုအခါ လူထု​ပရိသတ်​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​၍ “ဤ​သူ​သည် ဒါဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 24,
      "text": "ဖာရိရှဲ​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​ခြင်း​သာ​ဖြစ်​သည်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 25,
      "text": "သို့သော် ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​သဖြင့် “မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​နိုင်ငံ​တိုင်း​သည် လုံးလုံး​ပျက်စီး​သွား​မည်​။ မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​မြို့​၊ သို့မဟုတ် အိမ်ထောင်စု​တိုင်း​သည်​လည်း တည်မြဲ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 26,
      "text": "စာတန်​သည် စာတန်​ကို​နှင်ထုတ်​လျှင် မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​၏။ သို့ဖြစ်လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​မည်နည်း။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 27,
      "text": "ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် သင်​တို့​၏​သား​များ​သည် မည်သူ့​ကို​အမှီပြု​၍ နှင်ထုတ်​ကြ​သနည်း။ ထို့ကြောင့် သူ​တို့​သည် သင်​တို့​ကို​တရား​စီရင်​သူ​များ​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 28,
      "text": "သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 29,
      "text": "ခွန်အား​ကြီး​သော​သူ​ကို ဦးစွာ​မ​ချည်နှောင်​လျှင် သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မည်သို့​လုယူ​နိုင်​မည်နည်း။ ချည်နှောင်​ပြီးမှ​သာ သူ​၏​အိမ်​ကို ဖောက်ထွင်း​လုယူ​နိုင်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 30,
      "text": "ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်အတူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်ကွဲတစ်ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 31,
      "text": "ထို့ကြောင့် သင်​တို့​အား​ငါ​ဆို​သည်​ကား လူ​တို့​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ခြင်း​နှင့် အပြစ်​ဟူသမျှ​တို့​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​ခြင်း​အတွက်​မူကား ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 32,
      "text": "လူ့သား​အပေါ် ဆန့်ကျင်​သည့်​စကား​ကို​ပြောဆို​သော​သူ​သည် ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဆန့်ကျင်​ပြောဆို​သော​သူ​သည် ယခု​ဘဝ​၌​ဖြစ်စေ၊ နောင်​ဘဝ​၌​ဖြစ်စေ ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 33,
      "text": "အပင်​ကို အသီး​အားဖြင့် သိ​ရ​သည်​ဖြစ်၍ အသီး​ကောင်း​လျှင် အပင်​ကောင်း​သည်​ဟု​မှတ်ယူ​ကြ​လော့။ သို့မဟုတ် အသီး​မကောင်း​လျှင် အပင်​မကောင်း​ဟု မှတ်ယူ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 34,
      "text": "မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အရာ​ကို မည်သို့​ပြောဆို​နိုင်​မည်နည်း။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 35,
      "text": "ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​များ​ကို ကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​များ​ကို မကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 36,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား လူ​တို့​သည် မိမိ​တို့​ပြောဆို​သည့် အကျိုး​မ​ရှိ​သော​စကား​အားလုံး​အတွက် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 37,
      "text": "အကြောင်းမူကား သင်​ပြော​သော​စကား​များ​အားဖြင့် သင်​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လိမ့်မည်။ သို့မဟုတ် သင်​ပြော​သော​စကား​များ​အားဖြင့် အပြစ်​ရှိ​သည်​ဟု သတ်မှတ်​ခြင်း​ခံရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 38,
      "text": "ထို့နောက် အချို့​သော​ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဆရာ၊ အကျွန်ုပ်​တို့​သည် ဆရာ့​ထံမှ​နိမိတ်​လက္ခဏာ​ကို တွေ့မြင်​လို​ပါ​သည်”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 39,
      "text": "ကိုယ်တော်​က​လည်း “ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား ပြ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 40,
      "text": "အကြောင်းမူကား ယောန​သည် ငါးကြီး​ဝမ်း​ထဲ၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ခဲ့​ရ သကဲ့သို့ လူ့သား​သည်​လည်း မြေကြီး​အတွင်း​၌ သုံး​နေ့​နှင့်​သုံး​ည​နေ​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 41,
      "text": "တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 42,
      "text": "တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 43,
      "text": "ညစ်ညူး​သော​နတ်​သည် လူ့​အထဲမှ​ထွက်သွား​သောအခါ ခြောက်သွေ့​သော​အရပ်​ဒေသ​များ​သို့ လျှောက်သွား​ကာ ခိုနား​ရာ​ကို​ရှာ​တတ်​၏။ သို့သော် ရှာ​၍​မ​တွေ့​သဖြင့်"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 44,
      "text": "‘ငါ​ထွက်လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက် ပြန်လာ​ရာ ထို​နေရာ​မှာ လစ်လပ်​နေ​ပြီး လှဲကျင်း​၍ သပ်ရပ်​စွာ​ပြင်ဆင်​ထား​သည်​ကို​တွေ့​လေ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 45,
      "text": "ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို မိမိ​နှင့်အတူ​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ ဆိုးညစ်​သော​ဤ​မျိုးဆက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 46,
      "text": "ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 47,
      "text": "ထိုအခါ လူ​တစ်​ဦး​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 48,
      "text": "ကိုယ်တော်​က​လည်း “မည်သူ​သည် ငါ့​အမိ​ဖြစ်​ပြီး မည်သူ​တို့​သည် ငါ့​ညီ​များ​ဖြစ်​ကြ​သနည်း” ​ဟု မိမိ​ထံ​လျှောက်ထား​သော​သူ​ကို ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 49,
      "text": "ထို့နောက် တပည့်​တော်​များ​ဘက်​သို့ လက်​တော်​ကို​ညွှန်​လျက် “ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 50,
      "text": "အကြောင်းမူကား ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 1,
      "text": "ထို​နေ့​၌​ပင် ယေရှု​သည် အိမ်​မှ​ထွက်​၍ ပင်လယ်​ကမ်းနား​တွင် ထိုင်​တော်မူ​လျှင်"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 2,
      "text": "များစွာ​သော​လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ကမ်း​ပေါ်တွင် ရပ်​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 3,
      "text": "ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အရာ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန် ထွက်သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 4,
      "text": "ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​တို့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည်​လာ​၍ ၎င်း​တို့​ကို ကောက်စား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 5,
      "text": "အချို့​တို့​မူကား မြေ​နည်း​၍ ကျောက်​ပေါ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 6,
      "text": "သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 7,
      "text": "အချို့​တို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​တို့​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 8,
      "text": "အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် အသီး​သီး​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 9,
      "text": "နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 10,
      "text": "ထို့နောက် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ “ကိုယ်တော်​သည် အဘယ်ကြောင့် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 11,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​အား ကောင်းကင်​နိုင်ငံ​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်လည်း သူ​တို့​ကို​မူကား သိ​ခွင့်​မ​ပေး​ထား​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 12,
      "text": "အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​သဖြင့် သူ​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 13,
      "text": "ဤ​အကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​မြွက်ဆို​ရ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 14,
      "text": "ဤသို့ဖြင့် ဟေရှာယ​၏​ပရောဖက်ပြု​ဟောပြော​ချက်​သည် သူ​တို့​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟောပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​လျက်​ပင် လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 15,
      "text": "အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက် နား​ဖြင့်​ကြား​လျက် ​၊ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 16,
      "text": "သို့သော် သင်​တို့​၏​မျက်စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သောကြောင့် မင်္ဂလာရှိ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 17,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ဖြောင့်မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို ​မြင်​ရ​ရန် အလွန်​အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလွန်​အလို​ရှိ​သော်လည်း မ​ကြား​ခဲ့​ရ​ကြ​ပေ။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 18,
      "text": "ထို့ကြောင့် မျိုးကြဲ​သော​သူ​၏​ပုံ​ဥပမာ​ကို သင်​တို့​နားထောင်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 19,
      "text": "မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 20,
      "text": "ကျောက်​ပေါများ​သော​နေရာ​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​ကို​ဆို​လို​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 21,
      "text": "သို့သော် သူ​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 22,
      "text": "ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 23,
      "text": "ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 24,
      "text": "ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 25,
      "text": "သို့သော် လူ​တို့​အိပ်ပျော်​နေ​ကြ​စဉ် သူ​၏​ရန်သူ​သည်​လာ​၍ ဂျုံ​မျိုးစေ့​ကြား​တွင် မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​ပြီး ထွက်သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 26,
      "text": "အပင်​ပေါက်​၍ အနှံ​ထွက်လာ​သောအခါ မြက်သီး​ပင်​များ​လည်း ထင်ရှား​လာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 27,
      "text": "ထိုအခါ စိုက်ခင်း​ပိုင်ရှင်​၏​အစေအပါး​တို့​သည်​လာ​၍ ‘သခင်၊ သခင်​၏​စိုက်ခင်း​၌ ကောင်း​သော​မျိုးစေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် မြက်သီး​ပင်​များ​သည် အဘယ်က​ပေါက်လာ​သနည်း’​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 28,
      "text": "စိုက်ခင်း​ပိုင်ရှင်​က​လည်း ‘ဤသည်ကား ရန်သူ​၏​လုပ်ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထိုအခါ အစေအပါး​တို့​က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်​တို့​သွား​၍ မြက်သီး​ပင်​တို့​ကို နုတ်ယူ​ရ​မည်လော’​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 29,
      "text": "သို့သော် စိုက်ခင်း​ပိုင်ရှင်​က ‘ထိုသို့​မ​ပြု​နှင့်။ မြက်သီး​ပင်​များ​ကို​နုတ်ယူ​စဉ် ဂျုံ​ပင်​ကို​ရောနှော​၍ အမြစ်​ပါ​မကျန်​ဆွဲနုတ်​မိ​မည်​ကို စိုးရိမ်​ရ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 30,
      "text": "ရိတ်သိမ်း​ချိန်​တိုင်အောင် နှစ်မျိုးစလုံး​အတူ ကြီးထွား​ကြ​ပါစေ။ ရိတ်သိမ်း​ချိန်​၌ ရိတ်သိမ်း​သော​သူ​တို့​အား “မြက်သီး​ပင်​များ​ကို ဦးစွာ​နုတ်ယူ​၍ ၎င်း​တို့​ကို​မီးရှို့​ရန် အစည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူကား ငါ​၏​ကျီ​ထဲ၌ စုသိမ်း​ထား​ကြ​လော့”​ဟု ငါ​ပြော​မည် ’ ဟု ဆို​လေ​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 31,
      "text": "ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ “ကောင်းကင်​နိုင်ငံ​တော်​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​၏​စိုက်ခင်း​၌ ကြဲ​သောအခါ"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 32,
      "text": "၎င်း​သည် အစေ့​တကာ​တို့​ထက် သေးငယ်​၏။ သို့သော် ကြီးထွား​လာ​သောအခါ​တွင်​မူ အခြား​ဟင်းသီးဟင်းရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အကိုင်း​များ​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည်​လာ​၍ အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော​အပင်​ဖြစ်လာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 33,
      "text": "အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 34,
      "text": "ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 35,
      "text": "ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်” ​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 36,
      "text": "ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 37,
      "text": "ထိုအခါ ကိုယ်တော်​က “ကောင်း​သော​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် လူ့သား​ဖြစ်​ပြီး"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 38,
      "text": "စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 39,
      "text": "မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​သော​ရန်သူ​သည် မာရ်နတ်​ဖြစ်​၏။ ရိတ်သိမ်း​ချိန်​မူကား ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​ဖြစ်​၍ ရိတ်သိမ်း​သော​သူ​တို့​သည် ကောင်းကင်တမန်​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 40,
      "text": "သို့ဖြစ်၍ မြက်သီး​ပင်​များ​ကို​နုတ်ယူ​၍ မီး​ရှို့​သကဲ့သို့ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 41,
      "text": "လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 42,
      "text": "မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 43,
      "text": "ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 44,
      "text": "ကောင်းကင်​နိုင်ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သောအခါ ပြန်လည်​ဝှက်​ထား​ပြီးလျှင် ဝမ်းမြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အရာ​အားလုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 45,
      "text": "တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​ပုလဲ​ကို​ရှာဖွေ​နေ​သော ကုန်သည်​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 46,
      "text": "သူ​သည် အလွန်​အဖိုးတန်​သော​ပုလဲ​တစ်​လုံး​ကို​တွေ့​သောအခါ သွား​၍ သူ​၌​ရှိ​သမျှ​တို့​ကို​ရောင်း​ပြီးလျှင် ထို​ပုလဲ​ကို​ဝယ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 47,
      "text": "တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ပင်လယ်​ထဲ၌​ချ​၍ ငါး​အမျိုးစုံ​ကို​ဖမ်းမိ​သော ပိုက်ကွန်​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 48,
      "text": "ငါး​နှင့်​ပြည့်​သောအခါ ထို​ပိုက်ကွန်​ကို ကမ်း​ပေါ်သို့​ဆွဲတင်​ကာ ထိုင်​လျက် ကောင်း​သော​ငါး​များ​ကို ခြင်းတောင်း​ထဲသို့​ခွဲထည့်​၍ မကောင်း​သော​ငါး​များ​ကို အပြင်​သို့​ပစ်​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 49,
      "text": "ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌ ထိုနည်းတူ​ဖြစ်​လိမ့်မည်။ ကောင်းကင်တမန်​များ​သည်​လာ​၍ ဆိုးညစ်​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​ထဲမှ သီးခြား​ခွဲထား​ကာ"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 50,
      "text": "မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 51,
      "text": "ဤ​အရာ​အားလုံး​ကို သင်​တို့​နားလည်​ကြ​သလော” ​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က “နားလည်​ပါ​၏”​ဟု ပြန်လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 52,
      "text": "ကိုယ်တော်​က​လည်း “သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 53,
      "text": "ယေရှု​သည် ဤ​ပုံ​ဥပမာ​များ​ကို မြွက်ဆို​တော်မူ​ပြီး​သောအခါ ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 54,
      "text": "ထို့နောက် ကိုယ်တော်​သည် မိမိ​၏​နေရင်း​မြို့​သို့​ကြွ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​ဉာဏ်ပညာ​နှင့်​တန်ခိုး​များ​ကို အဘယ်က​ရ​သနည်း။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 55,
      "text": "ဤ​သူ​သည် လက်သမား​၏​သား​မ​ဟုတ်​လော။ သူ​၏​မိခင်​သည် မာရိ​ဖြစ်​ပြီး သူ​၏​ညီ​များ​သည် ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 56,
      "text": "သူ​၏​နှမ​အားလုံး​သည်​လည်း ငါ​တို့​နှင့်အတူ​ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ဤ​သူ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို အဘယ်က​ရ​သနည်း”​ဟု ပြောဆို​ကြ​ကာ"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 57,
      "text": "ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း “ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 58,
      "text": "ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 1,
      "text": "ထို​အချိန်​တွင် နယ်စား​ဟေရုဒ်​သည် ယေရှု​၏​သတင်း​တော်​ကို​ကြား​၍"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 2,
      "text": "သူ​၏​ငယ်သား​တို့​အား “ဤ​သူ​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌​တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 3,
      "text": "အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 4,
      "text": "အဘယ်ကြောင့်​ဆိုသော် ယောဟန်​က “သင်​သည် ထို​အမျိုးသမီး​ကို သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ဟေရုဒ်​အား ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 5,
      "text": "ဟေရုဒ်​သည် ယောဟန်​ကို​သတ်​လို​သော်လည်း လူထု​ကို​ကြောက်​လေ​၏။ အကြောင်းမူကား သူ​တို့​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 6,
      "text": "သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 7,
      "text": "ထို့ကြောင့် ဟေရုဒ်​သည် သင်​တောင်း​သမျှ​ကို​ပေး​မည်​ဟု သူ့​အား ကတိ​သစ္စာ​ပြု​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 8,
      "text": "ထိုအခါ မိန်းကလေး​သည် မိခင်​၏​တိုက်တွန်း​ချက်​အရ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို ဤ​လင်ပန်း​ပေါ်​တင်​၍ ကျွန်မ​အား​ပေး​ပါ”​ဟု တောင်းဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 9,
      "text": "မင်းကြီး​သည် စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ မိမိ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ ပေး​လိုက်​ရန် အမိန့်​ပေး​ကာ"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 10,
      "text": "လူ​ကို​စေလွှတ်​ပြီး ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​စေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 11,
      "text": "ထို့နောက် ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​သော် သူ​သည် မိမိ​၏​မိခင်​ထံသို့ ယူဆောင်​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 12,
      "text": "ထိုအခါ ယောဟန်​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် သူ့​ကို​သင်္ဂြိုဟ်​ကြ​လေ​၏။ ထို့နောက် ယေရှု​ထံ​လာ​၍ ကြားလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 13,
      "text": "ယေရှု​သည် ထို​သတင်း​ကို​ကြား​သောအခါ ထို​အရပ်​မှ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ လှေ​ဖြင့် တစ်ကိုယ်တည်း​ကြွ​တော်မူ​၏။ သို့သော် လူထု​ပရိသတ်​များ​သည် ကြားသိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်းကြောင်း​ဖြင့်​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 14,
      "text": "ကိုယ်တော်​သည် လှေ​မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ မ​ကျန်းမာ​သော​သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 15,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူထု​ပရိသတ်​တို့​သည် ကျေးရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စားစရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 16,
      "text": "သို့သော် ယေရှု​က “သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 17,
      "text": "တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​တွင် ဤ​နေရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 18,
      "text": "ကိုယ်တော်​က​လည်း “၎င်း​တို့​ကို ငါ့​ထံ ဤ​နေရာ​သို့​ယူ​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 19,
      "text": "ထို့နောက် လူထု​ပရိသတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အမိန့်​ပေး​တော်မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 20,
      "text": "လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို​ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 21,
      "text": "စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါးထောင်​ခန့်​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 22,
      "text": "ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 23,
      "text": "လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ထို​နေရာ​၌ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 24,
      "text": "ထိုစဉ် လှေ​သည် ကမ်း​မှ​အတော်​ဝေးကွာ​နေ​ပြီး လေ​ဆန်​ဖြစ်​သောကြောင့် လှိုင်း​များ​၏​ရိုက်ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 25,
      "text": "မိုးသောက်ယံ​အချိန်​၌ ကိုယ်တော်​သည် ပင်လယ်​ပေါ်တွင် လမ်းလျှောက်​လျက် သူ​တို့​ထံသို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 26,
      "text": "တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ “တစ္ဆေ”​ဟု အလန့်တကြား​အော်ဟစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 27,
      "text": "သို့သော် ယေရှု​က “မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်” ​ဟု သူ​တို့​အား ချက်ချင်း​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 28,
      "text": "ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်တော်​ထံသို့ ရေ​ပေါ်မှာ​လျှောက်လာ​ရ​မည့်​အကြောင်း အကျွန်ုပ်​ကို အမိန့်​ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 29,
      "text": "ကိုယ်တော်​က​လည်း “လာ​ခဲ့​လော့” ​ဟု မိန့်​တော်မူ​ရာ ပေတရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်းလျှောက်​လျက် ယေရှု​ထံသို့​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 30,
      "text": "သို့သော် ပြင်းထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေနစ်​စ​ပြု​သည်​နှင့် “သခင်​ဘုရား၊ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 31,
      "text": "ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ “ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 32,
      "text": "ထို့နောက် သူ​တို့​သည် လှေ​ပေါ်သို့​တက်​ကြ​ရာ လေ​သည် ငြိမ်​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 33,
      "text": "ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 34,
      "text": "ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 35,
      "text": "ထို​အရပ်​၌​ရှိ​သော​လူ​တို့​သည် ကိုယ်တော်​ကို​မှတ်မိ​ကြ​သဖြင့် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ လူ​ကို​စေလွှတ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 36,
      "text": "သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 1,
      "text": "ထိုအခါ​၌ ဂျေရုဆလင်​မြို့​မှ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 2,
      "text": "“သင်​၏​တပည့်​များ​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ချိုးဖောက်​ကြ​သနည်း။ အကြောင်းမှာ သူ​တို့​သည် အစာ​စား​သည့်​အခါ သူ​တို့​၏​လက်​ကို​မ​ဆေး​ကြ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 3,
      "text": "ကိုယ်တော်​က “သင်​တို့​သည်​လည်း မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​ပညတ်​တော်​ကို အဘယ်ကြောင့်​ချိုးဖောက်​ကြ​သနည်း။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 4,
      "text": "အကြောင်းမူကား ဘုရားသခင်​က ‘မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့။ မိခင်​၊ သို့မဟုတ် ဖခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’ ဟု မိန့်​တော်မူ​ခဲ့​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 5,
      "text": "သို့သော် သင်​တို့​က ‘မည်သူမဆို မိခင်​၊ သို့မဟုတ် ဖခင်​အား အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​ဖြစ်​ပါ​ပြီ​ဟု ဆို​လျှင်"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 6,
      "text": "ထို​သူ​သည် မိမိ​၏​ဖခင်​ကို​ဂုဏ်ပြု​စရာ​မ​လို​ပေ’​ဟု ပြောဆို​ကြ​၏။ ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​အတွက် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 7,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​နှင့်​ပတ်သက်၍ ဟေရှာယ​က"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 8,
      "text": "‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 9,
      "text": "သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို အချည်းနှီး​ကိုးကွယ်​ကြ​၏’ ဟူ၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 10,
      "text": "ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို​ခေါ်​ပြီးလျှင် “နားထောင်​၍ နားလည်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 11,
      "text": "ခံတွင်း​သို့​ဝင်​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်။ ခံတွင်း​မှ​ထွက်လာ​သော​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 12,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​လျက် “ဖာရိရှဲ​တို့​သည် မိန့်​တော်မူ​သော​စကား​တို့​ကို​ကြား​၍ ဘဝင်မကျ​ဖြစ်​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​သလော”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 13,
      "text": "ကိုယ်တော်​က​လည်း “ကောင်းကင်ဘုံ​ရှင် ငါ့​ခမည်းတော်​မ​စိုက်​သော​အပင်​ရှိသမျှ​သည် အမြစ်​ပါ​မကျန် ဆွဲနုတ်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 14,
      "text": "သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 15,
      "text": "ထိုအခါ ပေတရု​က “ထို​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​လျှင်"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 16,
      "text": "ကိုယ်တော်​က “သင်​တို့​သည်​လည်း ယခု​တိုင်အောင် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 17,
      "text": "ခံတွင်း​သို့​ဝင်​သမျှ​သော​အရာ​သည် ဝမ်း​ထဲသို့​ရောက်​ပြီးလျှင် ရေအိမ်​ထဲ​စွန့်​ခြင်း​ခံရ​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 18,
      "text": "ခံတွင်း​မှ​ထွက်လာ​သည့်​အရာ​များ​မူကား စိတ်နှလုံး​ထဲမှ​ထွက်လာ​ပြီး လူ​ကို​ညစ်ညူး​စေ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 19,
      "text": "အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​သည် စိတ်နှလုံး​ထဲမှ​ထွက်လာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 20,
      "text": "ဤ​အရာ​များ​သည် လူ​ကို​ညစ်ညူး​စေ​ကြ​၏။ သို့သော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ​စား​ခြင်း​သည် လူ​ကို​ညစ်ညူး​စေ​သည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 21,
      "text": "ထို့နောက် ယေရှု​သည် ထို​အရပ်​မှ ထွက်ခွာ​၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၏​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 22,
      "text": "ထိုအခါ ထို​အရပ်​ဒေသ​မှ ခါနာန်​အမျိုးသမီး​တစ်​ဦး​သည် ထွက်လာ​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ ကျွန်မ​ကို​သနား​တော်မူ​ပါ။ ကျွန်မ​၏​သမီး​သည် နတ်ဆိုး​ပူး​၍ ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 23,
      "text": "သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 24,
      "text": "ကိုယ်တော်​က​လည်း “ငါ​သည် အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော​သိုး​များ​ထံသို့​သာ စေလွှတ်​ခြင်း​ခံရ​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 25,
      "text": "သို့သော် ထို​အမျိုးသမီး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကျွန်မ​ကို​ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 26,
      "text": "ကိုယ်တော်​က​လည်း “သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပါ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 27,
      "text": "ထို​အမျိုးသမီး​က​မူ “မှန်​ပါ​၏ သခင်​ဘုရား။ သို့ရာတွင် ခွေးကလေး​များ​ပင်လျှင် သူ​တို့​သခင်​၏​စားပွဲ​မှ​ကျ​သော စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 28,
      "text": "ထိုအခါ ယေရှု​က “အို အမျိုးသမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် ကြီးမား​လှ​ပေ​၏။ သင်​အလို​ရှိ​သည့်​အတိုင်း သင်​၌​ဖြစ်​စေ” ​ဟု မိန့်​တော်မူ​ရာ သူ​၏​သမီး​သည် ထို​အချိန်​နာရီ​မှစ၍ ကျန်းမာ​လာ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 29,
      "text": "ထို့နောက် ယေရှု​သည် ထို​နေရာ​မှ ထွက်ခွာ​လျက် ဂါလိလဲ​ပင်လယ်​ကမ်းနား​သို့ ကြွ​တော်မူ​ပြီးလျှင် တောင်​ပေါ်သို့​တက်​ကာ ထို​အရပ်​၌​ထိုင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 30,
      "text": "ထိုအခါ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ခြေ​မသန်စွမ်း​သူ​များ၊ မျက်မမြင်​များ၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ၊ ဆွံ့အ​သူ​များ​နှင့် အခြား​ရောဂါသည်​အမြောက်အမြား​တို့​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ အထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချထား​ကြ​သဖြင့် ကိုယ်တော်​သည် သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 31,
      "text": "လူထု​ပရိသတ်​တို့​သည် ဆွံ့အ​သူ​များ စကား​ပြော​ကြ​သည်​ကို​လည်းကောင်း၊ ကိုယ်အင်္ဂါ​ချို့တဲ့​သူ​များ အကောင်း​ပကတိ​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ ခြေ​မသန်စွမ်း​သူ​များ လမ်းလျှောက်​ကြ​သည်​ကို​လည်းကောင်း၊ မျက်မမြင်​များ မျက်စိ​မြင်​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​လျက် အံ့သြ​ကြ​ကာ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 32,
      "text": "ထိုအခါ ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ “ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ ပြန်သွား​စေရန် ငါ​အလို​မ​ရှိ။ ထိုသို့​ပြန်​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 33,
      "text": "တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဤမျှလောက်​များပြား​သော​လူထု​ပရိသတ်​အား ဝလင်​စွာ​ကျွေး​နိုင်​လောက်​သည့် များစွာ​သော​မုန့်​ကို ဤ​တော​ကန္တာရ​၌ အဘယ်က​ရ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 34,
      "text": "ယေရှု​က​လည်း “သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း” ​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​နှင့် ငါး​ကလေး​အနည်းငယ်​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 35,
      "text": "ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက်"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 36,
      "text": "မုန့်​ခုနစ်​လုံး​နှင့် ငါး​တို့​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 37,
      "text": "လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​အပြည့်​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 38,
      "text": "စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​လေးထောင်​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 39,
      "text": "ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် လှေ​ပေါ်သို့​တက်​၍ မာဂဒါလ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 1,
      "text": "ထိုအခါ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲ​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို ပြ​ပေး​ပါ​ရန် တောင်းဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 2,
      "text": "ကိုယ်တော်​က​လည်း “[သင်​တို့​သည် ညနေချမ်း​အချိန်​ရောက်​သောအခါ ‘မိုး​ကောင်းကင်​နီရဲ​သည်​ဖြစ်၍ ရာသီဥတု​သာယာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 3,
      "text": "နံနက်​စောစော​အချိန်​တွင်​လည်း ‘မိုး​ကောင်းကင်​အုံ့မှိုင်း​လျက်​နီရဲ​သည်​ဖြစ်၍ ယနေ့​မုန်တိုင်း​လာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်းကင်​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​ကြ​သော်လည်း အချိန်​ကာလ​များ​၏​နိမိတ်​လက္ခဏာ​များ​ကို​မူ ပိုင်းခြား​၍​မ​သိ​နိုင်​ကြ။]"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 4,
      "text": "ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်” ​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 5,
      "text": "တပည့်​တော်​တို့​သည် တစ်ဖက်ကမ်း​သို့​လာ​ကြ​သောအခါ မုန့်​ကို​ယူဆောင်​လာ​ရန် မေ့လျော့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 6,
      "text": "ထိုအခါ ယေရှု​က “ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို အထူး​သတိထား​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 7,
      "text": "တပည့်​တော်​တို့​က​လည်း “ငါ​တို့​မုန့်​မ​ယူဆောင်​ခဲ့​သောကြောင့်​ဖြစ်​သည်”​ဟု အချင်းချင်း​အချေအတင်​ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 8,
      "text": "ထိုသို့​ပြောဆို​ကြ​သည်​ကို ယေရှု​သိ​တော်မူ​လျှင် “ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အဘယ်ကြောင့် အချင်းချင်း​အချေအတင်​ပြောဆို​ကြ​သနည်း။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 9,
      "text": "သင်​တို့​နား​မ​လည်​ကြ​သေး​သလော။ မုန့်​ငါး​လုံး​ကို လူ​ငါးထောင်​စား​၍ ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်းကောင်း၊"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 10,
      "text": "မုန့်​ခုနစ်​လုံး​ကို လူ​လေးထောင်​စား​၍ ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်းကောင်း မ​မှတ်မိ​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 11,
      "text": "မုန့်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အဘယ်ကြောင့် သင်​တို့​နား​မ​လည်​ကြ​သနည်း။ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို​မူကား သတိထား​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 12,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​က မုန့်​၏​တဆေး​ကို​သတိထား​ရန် မိန့်​တော်မူ​သည်​မ​ဟုတ်​ဘဲ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​သွန်သင်​ချက်​တို့​ကို​သတိထား​ရန် မိန့်​တော်မူ​ကြောင်း နားလည်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 13,
      "text": "ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပိ​နယ်မြေ​ဒေသ​များ​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား “လူ​တို့​သည် လူ့သား​ကို မည်သူ​ဖြစ်​သည်​ဟု ဆို​ကြ​သနည်း” ​ဟူ၍ မေး​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 14,
      "text": "တပည့်​တော်​တို့​က​လည်း “အချို့​တို့​က ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု​ဆို​ကြ​၍ အချို့​တို့​က ဧလိယ​ဟု​ဆို​ကြ​ပါ​သည်။ အချို့​တို့​က​လည်း ယေရမိ​၊ သို့မဟုတ် ပရောဖက်​များ​ထဲမှ တစ်ပါးပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ၍ လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 15,
      "text": "ယေရှု​က “သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း” ​ဟူ၍ မေး​တော်မူ​လျှင်"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 16,
      "text": "ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 17,
      "text": "ထိုအခါ ယေရှု​က “ဗာယောန​ရှိမုန်၊ သင်​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား ဤ​အရာ​ကို အသွေး​အသား​က သင့်​အား ဖွင့်ပြ​သည်​မ​ဟုတ်​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​က ဖွင့်ပြ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 18,
      "text": "သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေတရု​ဖြစ်​၏။ ဤ​ကျောက်​ပေါ်၌ ငါ​၏​အသင်းတော်​ကို ငါ​တည်ဆောက်​မည်။ မရဏာ​နိုင်ငံ​၏​တံခါး​တို့​သည်​လည်း ထို​အသင်းတော်​ကို အနိုင်ရ​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 19,
      "text": "ကောင်းကင်​နိုင်ငံ​တော်​၏​သော့​များ​ကို သင့်​အား ငါ​ပေး​မည်။ မြေကြီး​ပေါ်၌ သင်​ချည်နှောင်​သမျှ​သည် ကောင်းကင်​ဘုံ​၌ ချည်နှောင်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ မြေကြီး​ပေါ်၌ သင်​ဖြေလွှတ်​သမျှ​သည်​လည်း ကောင်းကင်​ဘုံ​၌ ဖြေလွှတ်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 20,
      "text": "ထို့နောက် ကိုယ်တော်​က မိမိ​သည်​ခရစ်တော်​ဖြစ်​ကြောင်း မည်သူ့​ကို​မျှ​မ​ပြော​ရန် တပည့်​တော်​တို့​အား မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 21,
      "text": "ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 22,
      "text": "ထိုအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​ကာ “သခင်​ဘုရား၊ ဤ​အမှု​သည် ကိုယ်တော်​နှင့်​လွဲ​ပါစေ၊ ဖယ်​ပါစေ။ ကိုယ်တော်​၌ မည်သည့်​အခါ​မျှ ဤသို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 23,
      "text": "သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား “အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 24,
      "text": "ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား “မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 25,
      "text": "အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 26,
      "text": "လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 27,
      "text": "အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 28,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့သား​သည် မိမိ​၏​နိုင်ငံ​တော်​နှင့်​ကြွလာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 1,
      "text": "ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​ကို​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 2,
      "text": "ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍ မျက်နှာ​တော်​သည် နေ​ကဲ့သို့​ထွန်းလင်း​ကာ ဝတ်ရုံ​တော်​သည် အလင်း​ကဲ့သို့​ဖြူဖွေး​လာ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 3,
      "text": "မောရှေ​နှင့်​ဧလိယ​တို့​သည်​လည်း သူ​တို့​ရှေ့တွင်​ပေါ်လာ​၍ ကိုယ်တော်​နှင့်​စကား​ပြော​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 4,
      "text": "ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ ကိုယ်တော်​အလိုရှိ​လျှင် ဤ​နေရာ​၌ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​ဆောက်​ပါ​မည်”​ဟု ယေရှု​အား လျှောက်ထား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 5,
      "text": "ထိုသို့ ပေတရု​လျှောက်ထား​စဉ် တောက်ပ​သော​မိုးတိမ်​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ မိုးတိမ်​ထဲမှ​အသံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏။ သူ့​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 6,
      "text": "တပည့်​တော်​တို့​သည် ထို​အသံ​ကို​ကြား​လျှင် အလွန်​ကြောက်ရွံ့​လျက် သူ​တို့​မျက်နှာ​ကို မြေ​မှာ​အပ်​ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 7,
      "text": "ထိုအခါ ယေရှု​သည် ချဉ်းကပ်​လာ​၍ သူ​တို့​ကို​တို့ထိ​ကာ “ထ​ကြ​လော့၊ မ​ကြောက်​ကြ​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 8,
      "text": "သူ​တို့​သည် မော့ကြည့်​ကြ​ရာ ယေရှု​တစ်ပါးတည်း​မှလွဲ၍ မည်သူ့​ကို​မျှ မ​တွေ့မြင်​ကြ။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 9,
      "text": "ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်း​လာ​ကြ​စဉ် ယေရှု​က “လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ ဤ​ရူပါရုံ​ကို မည်သူ့​ကို​မျှ​မ​ပြော​ကြ​နှင့်” ​ဟု သူ​တို့​အား မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 10,
      "text": "ထိုအခါ တပည့်​တော်​တို့​က “သို့ဖြစ်လျှင် ဧလိယ​သည် ဦးစွာ​လာ​ရ​မည်​ဟု ကျမ်းပြု​ဆရာ​တို့​က အဘယ်ကြောင့်​ဆို​ကြ​သနည်း”​ဟူ၍ ကိုယ်တော်​အား မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 11,
      "text": "ကိုယ်တော်​က​လည်း “ဧလိယ​သည်​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 12,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧလိယ​သည်​ရောက်လာ​ခဲ့​ပြီ။ သို့ရာတွင် လူ​တို့​သည် သူ့​ကို​မ​သိ​ကြ​ဘဲ သူ့​အပေါ်​ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ။ ထိုနည်းတူ လူ့သား​သည်​လည်း သူ​တို့​လက်​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​တော့မည်” ​ဟု ပြန်​၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 13,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ကို​ရည်ညွှန်း​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​ကြောင်း သဘောပေါက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 14,
      "text": "ထို့နောက် လူထု​ပရိသတ်​ရှိ​ရာ​သို့​ရောက်လာ​ကြ​ရာ လူ​တစ်​ဦး​သည် ကိုယ်တော်​ထံ ချဉ်းကပ်​လာ​၍ ရှေ့​တော်​၌ ဒူးထောက်​ကာ"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 15,
      "text": "“သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​ကို​သနား​တော်မူ​ပါ။ အကြောင်းမှာ သူ​သည် ဝက်ရူးပြန်​ရောဂါ​စွဲ​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​နေ​ရ​ပါ​၏။ မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ လဲကျ​တတ်​ပါ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 16,
      "text": "သို့ဖြစ်၍ သူ့​ကို ကိုယ်တော်​၏​တပည့်​တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​သော်လည်း သူ​တို့​သည် သူ့​ကို​မ​ကျန်းမာ​စေ​နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 17,
      "text": "ယေရှု​က​လည်း “အို ယုံကြည်​ခြင်း​မ​ရှိ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူငယ်​ကို ငါ့​ထံ ဤ​နေရာ​သို့​ခေါ်​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 18,
      "text": "ထို့နောက် ယေရှု​သည် နတ်ဆိုး​ကို​ဆုံးမ​တော်မူ​လျှင် နတ်ဆိုး​သည် သူငယ်​အထဲမှ​ထွက်သွား​သဖြင့် သူငယ်​သည် ထို​အချိန်​မှစ၍ ကျန်းမာ​လာ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 19,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် သူတို့​ချည်း​သာ​ယေရှု​ထံသို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 20,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ် ။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 21,
      "text": "[သို့သော် ထို​နတ်​မျိုး​သည် ဆုတောင်း​ခြင်း​နှင့်​အစာရှောင်​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မ​ထွက်​တတ်]” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 22,
      "text": "သူ​တို့​သည် ဂါလိလဲ​နယ်​၌​စုရုံး​နေ​ကြ​စဉ် ယေရှု​က “လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​တော့မည်။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 23,
      "text": "လူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​ရာ တပည့်​တော်​တို့​သည် အလွန်​ဝမ်းနည်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 24,
      "text": "ကပေရနောင်​မြို့​သို့ သူ​တို့​ရောက်ရှိ​လာ​ကြ​သောအခါ ဗိမာန်​တော်​ခွန်​ကောက်ခံ​သော​သူ​တို့​သည် ပေတရု​ထံသို့​လာ​၍ “သင်​တို့​၏​ဆရာ​သည် ဗိမာန်​တော်​ခွန်​ကို ပေးဆောင်​ပါ​သလော”​ဟု မေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 25,
      "text": "ပေတရု​က “ပေးဆောင်​ပါ​သည်”​ဟု ဖြေ​ပြီးမှ အိမ်​ထဲသို့​ဝင်​လာ​ရာ ယေရှု​က “ရှိမုန်၊ သင်​မည်သို့​ထင်မြင်​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် မည်သူ့​ထံမှ အခွန်​အကောက်​များ​ကို ကောက်ခံ​ကြ​သနည်း။ မိမိ​တို့​၏​သား​များ​ထံမှ​လော ​၊ သို့မဟုတ် သူတစ်ပါး​တို့​ထံမှ​လော” ​ဟု ပေတရု​ကို ဆီး​၍​မေး​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 26,
      "text": "ပေတရု​က​လည်း “သူတစ်ပါး​တို့​ထံမှ​ကောက်ခံ​ပါ​သည်”ဟု လျှောက်​သော် ယေရှု​က “သို့ဖြစ်လျှင် သား​တို့​သည် ကင်းလွတ်​ခွင့်​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 27,
      "text": "သို့သော် သူ​တို့​ကို​မ​မှားယွင်း​စေရန် ပင်လယ်​သို့​သွား​၍ ငါးမျှား​လော့။ ပထမ​ဦးဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါးစပ်​ကို​ဖွင့်​လျှင် သတာတဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အတွက် သူ​တို့​အား ပေးဆောင်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 1,
      "text": "ထို​အချိန်​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “ကောင်းကင်​နိုင်ငံ​တော်​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 2,
      "text": "ထိုအခါ ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌ ရပ်​စေ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 3,
      "text": "“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ပြောင်းလဲ​၍ ကလေး​သူငယ်​များ​ကဲ့သို့​မ​ဖြစ်​လျှင် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 4,
      "text": "ထို့ကြောင့် ဤ​သူငယ်​ကဲ့သို့ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အကြီးမြတ်ဆုံး​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 5,
      "text": "ဤသို့​သော​သူငယ်​တစ်​ယောက်​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​လက်ခံ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 6,
      "text": "သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​၏​ရေနက်ရာ​တွင် နှစ်မြှုပ်​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 7,
      "text": "ဤ​လောက​သည် မှားယွင်း​စေ​သော​အရာ​များ​ကြောင့် အမင်္ဂလာရှိ​၏။ မှားယွင်း​စေ​သော​အရာ​များ​သက်ရောက်​မည်ကို လွှဲရှောင်​၍​မ​ရ​နိုင်။ သို့သော် မှားယွင်း​စေ​သော​အရာ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 8,
      "text": "သင်​၏​လက်​၊ သို့မဟုတ် သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ လက်​နှစ်​ဖက်​၊ သို့မဟုတ် ခြေ​နှစ်​ဖက်​ပါ​လျက် ထာဝရ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် လက်​တစ်ဖက်​၊ သို့မဟုတ် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 9,
      "text": "ထို့ပြင် သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍ လွှင့်ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 10,
      "text": "ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 11,
      "text": "[အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို ကယ်တင်​ရန် ကြွလာ​၏။]"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 12,
      "text": "သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ တစ်စုံတစ်ယောက်​သော​သူ​၌ သိုး​အကောင်​တစ်ရာ​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ကောင်​သည် လမ်းလွဲ​ပျောက်ဆုံး​လျှင် သူ​သည် ကိုးဆယ့်ကိုး​ကောင်​ကို တောင်​ပေါ်၌​ထားခဲ့​၍ လမ်းလွဲ​ပျောက်ဆုံး​နေ​သော​သိုး​ကို သွား​၍​ရှာ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 13,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သူ​သည် ထို​သိုး​ကို​တွေ့​လျှင် လမ်းလွဲ​ပျောက်ဆုံး​ခြင်း​မ​ရှိ​သော ကိုးဆယ့်ကိုး​ကောင်​အတွက် ဝမ်းမြောက်​သည်​ထက် ထို​သိုး​တစ်​ကောင်​အတွက် ပို၍​ဝမ်းမြောက်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 14,
      "text": "ထိုနည်းတူ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​သည် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်​ယောက်​ကို​မျှ ပျက်စီး​စေရန် အလို​တော်​မ​ရှိ။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 15,
      "text": "သင်​၏​ညီအစ်ကို​သည် သင့်​အား​ပြစ်မှား​လျှင် သွား​၍ နှစ်ကိုယ်​ကြား သူ့​ကို​ဆိုဆုံးမ​လော့။ သူ​သည် သင်​၏​စကား​ကို​နားထောင်​လျှင် သင်​၏​ညီအစ်ကို​ကို သင်​ရရှိ​ပြီ။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 16,
      "text": "နား​မ​ထောင်​လျှင်​မူကား သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​ကို​အတည်ပြု​စေရန် အခြား​တစ်​ဦး​၊ သို့မဟုတ် နှစ်​ဦး​ကို သင်​နှင့်အတူ​ခေါ်သွား​လော့။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 17,
      "text": "သူ​သည် ထို​သူ​တို့​၏​စကား​ကို​ဂရုမစိုက်​လျှင် အသင်းတော်​အား ပြောကြား​လော့။ အသင်းတော်​၏​စကား​ကို​လည်း ဂရုမစိုက်​လျှင် သာသနာပ​လူမျိုးခြား​နှင့်​အခွန်​ကောက်ခံ​သူ​ကဲ့သို့ သူ့​ကို​မှတ်ယူ​လော့။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 18,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မြေကြီး​ပေါ်၌ သင်​တို့​ချည်နှောင်​သမျှ​သည် ကောင်းကင်​ဘုံ​၌ ချည်နှောင်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ မြေကြီး​ပေါ်၌ သင်​တို့​ဖြေလွှတ်​သမျှ​သည်​လည်း ကောင်းကင်​ဘုံ​၌ ဖြေလွှတ်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 19,
      "text": "တစ်ဖန် သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် လူ​နှစ်​ဦး​သည် မိမိ​တို့​တောင်းလျှောက်​သည့်​အရာ​အားလုံး​အတွက် မြေကြီး​ပေါ်၌ စိတ်သဘော​တူ​ကြ​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​သည် သူ​တို့​အတွက် ၎င်း​ကို ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 20,
      "text": "အကြောင်းမူကား လူ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​တို့​သည် ငါ​၏​နာမ​ဖြင့် တစ်နေရာရာ​တွင် စုဝေး​ကြ​သောအခါ ထို​နေရာ​တွင် သူ​တို့​အလယ်​၌ ငါ​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 21,
      "text": "ထိုအခါ ပေတရု​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​၏​ညီအစ်ကို​သည် အကျွန်ုပ်​ကို​ပြစ်မှား​သည့်​အခါ သူ့​ကို အကြိမ်​မည်မျှ ခွင့်လွှတ်​ရ​ပါ​မည်နည်း။ ခုနစ်ကြိမ်​တိုင်အောင်​လော”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 22,
      "text": "ယေရှု​က​လည်း “ခုနစ်ကြိမ်​တိုင်အောင်​ဟု ငါ​မ​ဆို​ဘဲ ခုနစ်​ကြိမ်​ကို ခုနစ်ဆယ်​လီ​တိုင်အောင်​ဟု ငါ​ဆို​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 23,
      "text": "ထို့ကြောင့် ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​အစေအပါး​တို့​နှင့်​စာရင်း​ရှင်း​လို​သော ဘုရင်​တစ်​ပါး​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 24,
      "text": "သူ​သည် စာရင်း​စတင်​ရှင်း​သောအခါ တာလန်​တစ်သောင်း​အကြွေး​တင်​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 25,
      "text": "သို့သော် ထို​သူ​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် သူ​ကိုယ်တိုင်​မှစ၍ သား​မယား​နှင့် သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​ကို​ရောင်း​၍ အကြွေး​ဆပ်​ရန် သူ့​သခင်​သည် အမိန့်​ချ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 26,
      "text": "ထိုအခါ ထို​အစေအပါး​သည် ပျပ်ဝပ်​လျက် သခင်​ကို​ရှိခိုး​ကာ ‘အကျွန်ုပ်​ကို​သည်းခံ​တော်မူ​ပါ။ အကြွေး​ရှိသမျှ​ကို ပြန်ဆပ်​ပါ​မည်’​ဟု တောင်းလျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 27,
      "text": "ထို​အစေအပါး​၏​သခင်​သည် ကြင်နာ​စိတ်​ရှိ​၍ သူ့​ကို​လွှတ်​ပေး​ကာ သူ​၏​အကြွေး​ကို လျှော်ပစ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 28,
      "text": "သို့သော် ထို​အစေအပါး​သည် ထွက်သွား​၍ သူ့​ထံ၌ ဒေနာရိ​တစ်ရာ​အကြွေး​တင်​သော အစေအပါး​ချင်း​တစ်​ဦး​ကို​တွေ့​လျှင် သူ့​ကို​ဖမ်း​၍ လည်ပင်း​ညှစ်​လျက် ‘သင်​ယူထား​သော​အကြွေး​ကို ပြန်​ဆပ်​လော့’​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 29,
      "text": "ထိုအခါ ထို​အစေအပါး​ချင်း​သည် ပျပ်ဝပ်​လျက် ‘အကျွန်ုပ်​ကို​သည်းခံ​ပါ။ သင့်​အား အကြွေး​ပြန်​ဆပ်​ပါ​မည်’​ဟု တောင်းပန်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 30,
      "text": "သို့သော် သူ​သည် လက်​မ​ခံ​ဘဲ သွား​၍ ထို​အစေအပါး​ချင်း​အား သူ​ယူထား​သော​အကြွေး​ကို ပြန်ဆပ်​သည့်​တိုင်အောင် ထောင်​ထဲ၌ ထည့်​ထား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 31,
      "text": "အခြား​သော​အစေအပါး​ချင်း​များ​သည် ထို​အဖြစ်အပျက်​ကို​မြင်​လျှင် အလွန်​စိတ်မကောင်း​ဖြစ်​ကာ သူ​တို့​၏​သခင်​ထံသို့​သွား​၍ ဖြစ်​လေ​သမျှ​တို့​ကို လျှောက်​ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 32,
      "text": "ထိုအခါ သခင်​သည် ထို​အစေအပါး​ကို​ခေါ်​၍ ‘ဆိုးညစ်​သော​အစေအပါး၊ သင်​သည် ငါ့​ကို​တောင်းပန်​သောကြောင့် အကြွေး​ရှိသမျှ​ကို သင့်​အတွက် ငါ​လျှော်ပစ်​ခဲ့​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 33,
      "text": "ငါ​သည် သင့်​ကို​သနား​သကဲ့သို့ သင်​သည်​လည်း အစေအပါး​ချင်း​ကို သနား​သင့်​သည်​မ​ဟုတ်​လော’​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 34,
      "text": "ဤသို့ဖြင့် သူ​၏​သခင်​သည်​အမျက်ထွက်​ကာ အကြွေး​ရှိသမျှ​ကို ပြန်ဆပ်​သည့်​တိုင်အောင် သူ့​ကို အကျဉ်းချ​နှိပ်စက်​သော​သူ​တို့​လက်​သို့ အပ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 35,
      "text": "သင်​တို့​တစ်ဦးစီ​သည် မိမိ​ညီအစ်ကို​ကို စိတ်နှလုံး​ထဲမှ​ခွင့်​မ​လွှတ်​လျှင်​ကောင်းကင်ဘုံ​ရှင် ငါ့​ခမည်းတော်​သည်​လည်း သင်​တို့​ကို ထိုနည်းတူ​ပြု​တော်မူ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 1,
      "text": "ယေရှု​သည် ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ ဂါလိလဲ​နယ်​မှ​ထွက်ခွာ​၍ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 2,
      "text": "များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​၌ သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 3,
      "text": "ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “လူ​သည် မည်သည့်​အကြောင်း​ကြောင့်​မဆို မိမိ​မယား​ကို ကွာရှင်း​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 4,
      "text": "ကိုယ်တော်​က​လည်း “ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အစအဦး​က​ပင် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​လျက်"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 5,
      "text": "‘ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖော်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သား​တစ်ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်မည်’ ဟု မိန့်​တော်မူ​ခဲ့​ကြောင်း သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 6,
      "text": "သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 7,
      "text": "ဖာရိရှဲ​တို့​က “သို့ဖြစ်လျှင် ဖြတ်စာ​ကို​ပေး​၍ မယား​ကို​ကွာရှင်း​ရန် အဘယ်ကြောင့် မောရှေ​သည် ပညတ်​ခဲ့​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 8,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် မောရှေ​သည် သင်​တို့​အား မယား​ကို​ကွာရှင်း​ခွင့်ပြု​ခဲ့​၏။ သို့သော် အစအဦး​မှစ၍ ထိုကဲ့သို့​ဖြစ်​သည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 9,
      "text": "သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 10,
      "text": "တပည့်​တော်​တို့​က “လင်​နှင့်​မယား​တို့​၏​ဆက်နွှယ်​မှု​သည် ထိုသို့​ဖြစ်​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​သည် သာ၍​ကောင်း​ပါ​၏”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 11,
      "text": "ကိုယ်တော်​က​လည်း “ဤ​စကား​ကို လူ​တိုင်း​ခံယူ​နိုင်​သည်​မ​ဟုတ်။ ထိုသို့​ပြု​ခွင့်​ရ​သော​သူ​တို့​သာ ခံယူ​နိုင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 12,
      "text": "အကြောင်းမူကား အမိ​ဝမ်းတွင်း​က​ပင် အိမ်ထောင်​ပြု​နိုင်စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်ထောင်ပြု​နိုင်စွမ်း​ကို စွန့်လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်းကင်​နိုင်ငံ​တော်​အတွက် အိမ်ထောင်ပြု​နိုင်စွမ်း​ကို ကိုယ်တိုင်​စွန့်လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အရာ​ကို ခံယူ​နိုင်​သော​သူ​သည် ခံယူ​စေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 13,
      "text": "ထို့နောက် လက်​တော်​တင်​လျက် ဆုတောင်း​ပေး​စေရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 14,
      "text": "ယေရှု​က​လည်း “ကလေး​သူငယ်​တို့​ကို ရှိ​ကြ​ပါလေစေ။ ငါ့​ထံသို့ သူ​တို့​လာ​ကြ​သည်​ကို မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​လျက်"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 15,
      "text": "သူ​တို့​အပေါ်​၌ လက်​တော်​တင်​ပြီးလျှင် ထို​နေရာ​မှ ကြွ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 16,
      "text": "ထို့နောက် လူ​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​ရရှိ​ရန် အကျွန်ုပ်​သည် မည်သည့်​ကောင်းမြတ်​သော​အမှု​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 17,
      "text": "ကိုယ်တော်​က​လည်း “ကောင်းမြတ်​သော​အမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့် ငါ့​ကို​မေး​သနည်း။ ကောင်းမြတ်​သော​အရှင်​တစ်ပါးတည်း​သာ​ရှိ​တော်မူ​၏။ သင်​သည် အသက်ရှင်​ခြင်း​သို့​ဝင်စား​လို​လျှင် ပညတ်​တော်​တို့​ကို စောင့်ထိန်း​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 18,
      "text": "ထို​သူ​က​လည်း “မည်သည့်​ပညတ်တော်​များ​နည်း”​ဟု မေးလျှောက်​ပြန်​သော် ယေရှု​က “လူ​မ​သတ်​ရ။ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 19,
      "text": "မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့။ ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 20,
      "text": "ထို​လူငယ်​က “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို​စောင့်ထိန်း​ပါ​ပြီ။ မည်သည့်​အရာ​လို​ပါ​သေး​သနည်း”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 21,
      "text": "ယေရှု​က “သင်​သည် စုံလင်​ခြင်း​သို့​ရောက်​လို​လျှင် သွား​၍ သင်​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌​ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 22,
      "text": "ထို​လူငယ်​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် ဝမ်းနည်း​လျက် ထွက်သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 23,
      "text": "ထိုအခါ ယေရှု​က “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 24,
      "text": "တစ်ဖန် သင်​တို့​အား ငါ​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှိုဝင်​ရန် ပို၍​လွယ်ကူ​၏” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 25,
      "text": "တပည့်​တော်​တို့​သည် ထို​စကား​ကို​ကြား​လျှင် အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 26,
      "text": "သို့သော် ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက် “ဤ​အရာ​သည် လူ​တို့​အတွက် မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 27,
      "text": "ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်​တို့ မည်သည့်​အရာ​ကို ရရှိ​ပါ​မည်နည်း”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 28,
      "text": "ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အလုံးစုံ​တို့​ကို​အသစ်​ပြုပြင်​သော​ကာလ​၌ လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ပလ္လင်​ပေါ်တွင်​ထိုင်​သောအခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်ဆယ့်နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 29,
      "text": "ငါ​၏​နာမ​ကြောင့် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တိုင်း​သည် အဆ​တစ်ရာ​သော​အကျိုး​ကို​ခံစားရ​လျက် ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 30,
      "text": "သို့သော် အဦးဆုံး​သော​သူ​များစွာ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​ပြီး နောက်ဆုံး​သော​သူ​များစွာ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 1,
      "text": "ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​၏​စပျစ်ခြံ​အတွက် အလုပ်သမား​များ​ကို​ငှား​ရန် နံနက်​စောစော​ထွက်သွား​သည့် ခြံ​ပိုင်ရှင်​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 2,
      "text": "သူ​သည် တစ်​နေ့​လျှင် ဒေနာရိ​တစ်​ပြား​နှုန်း​ဖြင့် အလုပ်သမား​များ​နှင့်​သဘောတူ​လျက် သူ​တို့​ကို မိမိ​၏​စပျစ်ခြံ​သို့ စေလွှတ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 3,
      "text": "ထို့နောက် သူ​သည် နံနက်​ကိုး​နာရီ​ခန့်​တွင်​ထွက်သွား​ရာ အခြား​သော​သူ​တို့​သည် အလုပ်​မ​လုပ်​ဘဲ ဈေး​အရပ်​၌​ရပ်​နေ​ကြ​သည်​ကို တွေ့မြင်​လျှင်"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 4,
      "text": "ထို​သူ​တို့​အား ‘သင်​တို့​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့။ ထိုက်သင့်​သည့်​လုပ်အားခ​ကို သင်​တို့​အား ငါ​ပေး​မည်’​ဟု ဆို​သဖြင့် သူ​တို့​သည်​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 5,
      "text": "တစ်ဖန် မွန်းတည့်​ချိန်​နှင့် မွန်းလွဲ​သုံး​နာရီ​အချိန်​ခန့်​တို့​တွင်​လည်း ထွက်​၍ ထိုနည်းတူ​ပြု​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 6,
      "text": "ညနေ​ငါး​နာရီ​ခန့်​တွင်​လည်း ထွက်​၍ အခြား​သော​သူ​တို့​ရပ်​နေ​ကြ​သည်​ကို​တွေ့​သဖြင့် ‘အဘယ်ကြောင့်​အလုပ်​မ​လုပ်​ဘဲ ဤ​နေရာ​၌ တစ်နေ့လုံး​ရပ်​နေ​ကြ​သနည်း’​ဟု မေး​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 7,
      "text": "ထို​သူ​တို့​က​လည်း ‘မည်သူမျှ အကျွန်ုပ်​တို့​ကို မ​ငှား​သောကြောင့်​ဖြစ်​ပါ​သည်’​ဟု ဖြေ​ကြ​လျှင် ခြံ​ပိုင်ရှင်​က ‘သင်​တို့​သည်​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 8,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 9,
      "text": "ထိုအခါ ညနေ​ငါး​နာရီ​ခန့်​တွင်​ငှား​ထား​သော​သူ​တို့​သည် လာ​၍ ဒေနာရိ​တစ်​ပြား​စီ​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 10,
      "text": "ပထမ​ဦးဆုံး​ငှား​ထား​သော​သူ​တို့​သည်​လည်း လာ​ကြ​ကာ မိမိ​တို့​ပို၍​ရ​လိမ့်မည်​ဟု ထင်​ကြ​၏။ သို့သော် သူ​တို့​သည်​လည်း ဒေနာရိ​တစ်​ပြား​စီ​ရ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 11,
      "text": "ထို​ငွေ​ကို​ရရှိ​ကြ​သောအခါ သူ​တို့​က"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 12,
      "text": "‘နောက်ဆုံး​လာ​သော​ဤ​သူ​တို့​သည် တစ်​နာရီ​မျှသာ​အလုပ်​လုပ်​ခဲ့​ကြ​သော်လည်း အရှင်​သည်​သူ​တို့​ကို တစ်နေကုန်​နေပူ​ထဲတွင်​အပင်ပန်း​ခံရ​သည့်​အကျွန်ုပ်​တို့​နှင့်​တန်းတူ ဖြစ်​စေ​ပါ​သည်​တကား’​ဟု ခြံ​ပိုင်ရှင်​အား မကျေမနပ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 13,
      "text": "သို့သော် ခြံ​ပိုင်ရှင်​က ထို​သူ​တို့​အထဲမှ​တစ်​ယောက်​အား ‘အဆွေ၊ ငါ​သည် သင့်​အပေါ်​မတရား​ပြု​သည်​မ​ဟုတ်။ သင်​သည် ငါ​နှင့် ဒေနာရိ​တစ်​ပြား​နှုန်း​ဖြင့် သဘောတူ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 14,
      "text": "သင်​၏​လုပ်အားခ​ကို ယူ​၍​သွား​လော့။ သင့်​ကို ငါ​ပေး​သကဲ့သို့ နောက်ဆုံး​လာ​သော ဤ​သူ​ကို​လည်း ငါ​ပေး​လို​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 15,
      "text": "ငါ​ပိုင်ဆိုင်​သော​ဥစ္စာ​ဖြင့် ငါ​ပြု​လို​သည့်​အရာ​ကို ငါ​ပြု​ပိုင်​ခွင့်​မ​ရှိ​သလော။ သို့မဟုတ် ငါ​သည် သဘော​ကောင်း​သောကြောင့် သင်​သည် မရှုဆိတ်​ဖြစ်​နေ​သလော’​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 16,
      "text": "ထိုနည်းတူ နောက်ဆုံး​သော​သူ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​ပြီး အဦးဆုံး​သော​သူ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 17,
      "text": "ယေရှု​သည် ဂျေရုဆလင်​မြို့​သို့ တက်​သွား​တော်မူ​စဉ် လမ်း​ခရီး​၌ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို သီးသန့်​ခေါ်​၍"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 18,
      "text": "“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့ သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို သေဒဏ်​စီရင်​ကြ​၍"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 19,
      "text": "ပြောင်လှောင်​ခြင်း၊ ဒဏ်ခတ်​ရိုက်နှက်​ခြင်း​နှင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း စ​သည်​တို့​ကို​ပြု​စေရန် သူ့​ကို လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 20,
      "text": "ထိုအခါ ဇေဗေဒဲ​၏​သား​များ​၏​မိခင်​သည် မိမိ​သား​တို့​နှင့်အတူ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ ရှိခိုး​ကာ တစ်စုံတစ်ခု​ကို ကိုယ်တော်​ထံ တောင်းလျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 21,
      "text": "ကိုယ်တော်​က​လည်း “သင်​သည် မည်သည့်​အရာ​ကို အလိုရှိ​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​က “ကျွန်မ​၏​ဤ​သား​နှစ်​ယောက်​တို့​သည် ကိုယ်တော်​၏​နိုင်ငံ​တော်​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ရ​မည့်​အကြောင်း အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 22,
      "text": "သို့သော် ယေရှု​က “သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​နိုင်​သလော” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 23,
      "text": "ကိုယ်တော်​က​လည်း “ငါ​၏​ခွက်​ကို သင်​တို့​သောက်​ကြ​မည်​မှန်​၏။ သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ငါ​၏​ခမည်းတော်​ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 24,
      "text": "တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ထို​ညီအစ်ကို​နှစ်​ဦး​တို့​ကို စိတ်ဆိုး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 25,
      "text": "သို့သော် ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက် “လူမျိုးခြား​တို့​တွင် အုပ်ချုပ်သူ​တို့​သည် ပြည်သူ​တို့​အပေါ်​စိုးမိုး​ခြယ်လှယ်​ကြ​၍ အကြီးအကဲ​တို့​သည် သူ​တို့​အပေါ်​အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 26,
      "text": "သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ လူ့သား​သည် လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​သကဲ့သို့ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေအပါး​ဖြစ်​ရ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 29,
      "text": "ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​မှ ထွက်ခွာ​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 30,
      "text": "ထိုစဉ် လမ်း​ဘေး​တွင် ထိုင်​နေ​သော မျက်မမြင်​နှစ်​ဦး​သည် ယေရှု​ဖြတ်​သွား​တော်မူ​ကြောင်း​ကြား​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 31,
      "text": "လူထု​ပရိသတ်​သည် သူ​တို့​ကို​တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​တို့​သည် “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော် အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 32,
      "text": "ထိုအခါ ယေရှု​သည် ရပ်တန့်​လျက် သူ​တို့​ကို​ခေါ်​၍ “သင်​တို့​အတွက် မည်သည့်​အမှု​ကို ပြု​စေ​လို​ကြ​သနည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 33,
      "text": "သူ​တို့​က​လည်း “အကျွန်ုပ်​တို့​ကို မျက်စိ​မြင်​အောင် ပြုလုပ်​ပေး​စေ​လို​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 34,
      "text": "ယေရှု​သည် ကြင်နာ​စိတ်​ရှိ​၍ သူ​တို့​၏​မျက်စိ​ကို တို့​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​တို့​သည် မျက်စိ​မြင်​၍ နောက်​တော်​သို့​လိုက်​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 1,
      "text": "သူ​တို့​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 2,
      "text": "“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ထိုအခါ ချည်​ထား​သော​မြည်းမ​နှင့် သူ​၏​အနား​တွင်​ရှိ​သော​မြည်း​ကလေး​ကို သင်​တို့​ချက်ချင်း​တွေ့​ကြ​လိမ့်မည်။ မြည်း​ကြိုး​ဖြေ​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 3,
      "text": "တစ်စုံတစ်ယောက်​က သင်​တို့​အား တစ်စုံတစ်ခု​ပြော​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့။ ထိုသို့​ပြော​လျှင် ၎င်း​တို့​ကို ချက်ချင်း​ပို့​ပေး​လိမ့်မည်” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 4,
      "text": "ဤ​အမှုအရာ​ဖြစ်ပျက်​ခဲ့​ခြင်း​မှာ “ ‘ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်းမ​နှင့်​မြည်း​၏​သား​တည်းဟူသော မြည်း​ကလေး​ကို​စီး​လျက် နူးညံ့​သိမ်မွေ့​စွာ​ဖြင့် သင့်​ထံသို့​ကြွလာ​တော်မူ​၏’​ဟူ၍ ဇိအုန်​သမီး​အား ပြောကြား​ကြ​လော့”​ဟု ပရောဖက်​အားဖြင့်​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 6,
      "text": "တပည့်​တော်​တို့​သည်​လည်း သွား​၍ သူ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 7,
      "text": "သူ​တို့​သည် မြည်းမ​နှင့်​မြည်း​ကလေး​ကို ခေါ်ဆောင်​လာ​ပြီးလျှင် ထို​မြည်း​တို့​အပေါ်၌ အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ၎င်း​တို့​အပေါ်​ထိုင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 8,
      "text": "အလွန်​များပြား​သော​လူထု​ပရိသတ်​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား သစ်ပင်​တို့​မှ အကိုင်းအခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်၌​ခင်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 9,
      "text": "ကိုယ်တော်​၏​ရှေ့​မှ​သွား​သော​လူထု​ပရိသတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူထု​ပရိသတ်​များ​သည် “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း။ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 10,
      "text": "ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​တော်မူ​ရာ တစ်​မြို့​လုံး​ရုတ်ရုတ်ရက်ရက်​ဖြစ်​သဖြင့် “ဤ​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 11,
      "text": "လူထု​ပရိသတ်​များ​က​လည်း “ဤ​သူ​သည် ဂါလိလဲ​နယ် နာဇရက်​မြို့​မှ ပရောဖက်​ယေရှု​ဖြစ်​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 12,
      "text": "ယေရှု​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အပေါင်း​တို့​ကို နှင်ထုတ်​ပြီး ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​ကာ"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 13,
      "text": "ထို​သူ​တို့​အား “ ‘ငါ့​အိမ်​သည် ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သော်လည်း သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ ဖြစ်​စေ​ကြ​ပြီ​တကား” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 14,
      "text": "ထို့နောက် ဗိမာန်​တော်​၌ မျက်မမြင်​များ​နှင့်​ခြေ​မသန်စွမ်း​သူ​များ​သည် အထံ​တော်​သို့​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 15,
      "text": "သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ကျမ်းပြု​ဆရာ​များ​သည် ကိုယ်တော်​ပြု​တော်မူ​သော အံ့သြဖွယ်​အမှု​တို့​ကို​လည်းကောင်း၊ “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ဗိမာန်​တော်​၌ ကလေး​များ​ကြွေးကြော်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​လျှင် အမျက်​ထွက်​ကြ​၍"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 16,
      "text": "“ဤ​ကလေး​တို့​ပြောဆို​နေ​သော​အရာ​ကို ကြား​သလော”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း “ငါ​ကြား​၏။ ‘ကလေး​သူငယ်​များ​နှင့် နို့စို့​ကလေး​ငယ်​များ​၏​နှုတ်​ထဲမှ ချီးမွမ်း​ခြင်း​ကို ကိုယ်တော်​ပြင်ဆင်​တော်မူ​၏’ ဟူသော ရေးထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 17,
      "text": "ထို့နောက် ကိုယ်တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲမှ​ထွက်ခွာ​လျက် ဗေသနိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​ကုန်လွန်​စေ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 18,
      "text": "နံနက်​စောစော မြို့​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 19,
      "text": "ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား “ယခု​မှစ၍ ကာလ​အစဉ်အဆက် သင်​၌​အသီး​မ​သီး​စေ​ရ” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 20,
      "text": "တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အံ့သြ​လျက် “သဖန်းပင်​သည် မည်သို့​သော​အားဖြင့် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 21,
      "text": "ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ယုံကြည်​ခြင်း​ရှိ​လျက် သံသယ​ကင်းမဲ့​ကြ​လျှင် ဤ​သဖန်းပင်​၌ ပြု​ခဲ့​သည့်​အမှု​မျိုး​ကို​ပြု​နိုင်​သည်​သာမက ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျှင်​ပင် ထို​အတိုင်း​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 22,
      "text": "သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း ယုံကြည်​ခြင်း​ဖြင့် တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို သင်​တို့​ရ​ကြ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 23,
      "text": "ထို့နောက် ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း။ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 24,
      "text": "ယေရှု​က​လည်း “ငါ​သည်​လည်း သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ သင်​တို့ ငါ့​ကို​ဖြေကြား​လျှင် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့် ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 25,
      "text": "ယောဟန်​၏​ဗတ္တိဇံ​သည် အဘယ်က​ဖြစ်​သနည်း။ ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော” ​ဟု မေး​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “ ‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 26,
      "text": "‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူထု​ပရိသတ်​ကို​ကြောက်​ရ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 27,
      "text": "ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ကိုယ်တော်​က “ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 28,
      "text": "သင်​တို့​သည် မည်သို့​ထင်​ကြ​သနည်း။ လူ​တစ်​ဦး​တွင် သား​နှစ်​ယောက်​ရှိ​၏။ သူ​သည် ပထမ​သား​ထံသို့​သွား​၍ ‘ငါ့​သား၊ ယနေ့ စပျစ်ခြံ​သို့​သွား​၍ အလုပ်​လုပ်​လော့’​ဟု ပြော​လေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 29,
      "text": "ထို​သား​သည် ‘အကျွန်ုပ်​မ​သွား​လို​ပါ’​ဟု ပြန်ဖြေ​သော်လည်း နောက်မှ​စိတ်​ပြောင်းလဲ​သဖြင့် သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 30,
      "text": "ဖခင်​သည် အခြား​သော​သား​ထံသို့​သွား​၍ ထိုနည်းတူ​ပြော​လေ​၏။ ထို​သား​က ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်​သွား​ပါ​မည်’​ဟု ပြန်ဖြေ​သော်လည်း မ​သွား​ဘဲ​နေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 31,
      "text": "ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 32,
      "text": "အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​ခြင်း​တရား​လမ်း​ဖြင့် သင်​တို့​ထံသို့​လာ​သော်လည်း သင်​တို့​သည် သူ့​ကို​မ​ယုံကြည်​ကြ။ အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​မူကား သူ့​ကို​ယုံကြည်​ကြ​၏။ သင်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျက်​ပင် နောက်မှ​စိတ်​ပြောင်းလဲ​၍ သူ့​ကို​ယုံကြည်​လာ​ခြင်း​မ​ရှိ​ကြ။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 33,
      "text": "အခြား​သော​ပုံ​ဥပမာ​ကို နားထောင်​ကြ​လော့။ ခြံ​ပိုင်ရှင်​တစ်​ဦး​ရှိ​၏။ သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် ခြံ​ထဲတွင် စပျစ်သီး​နယ်ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 34,
      "text": "အသီး​ပေါ်​ချိန်​နီးကပ်​လာ​သောအခါ စပျစ်ခြံ​ထွက်​အသီး​များ​ကို​ရယူ​ရန် မိမိ​၏​အစေအပါး​တို့​ကို ခြံသမား​တို့​ထံသို့ စေလွှတ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 35,
      "text": "ထိုအခါ ခြံသမား​တို့​သည် ထို​သူ​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​၍ တစ်​ဦး​ကို​ရိုက်နှက်​ကာ အခြား​တစ်​ဦး​ကို​သတ်ဖြတ်​လျက် တစ်​ဦး​ကို​မူ ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 36,
      "text": "နောက်တစ်ဖန် ယခင်​ထက် ပို၍​များပြား​သော အခြား​အစေအပါး​တို့​ကို စေလွှတ်​လိုက်​ရာ ခြံသမား​တို့​သည် သူ​တို့​ကို​လည်း ထိုနည်းတူ​ပြု​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 37,
      "text": "ခြံ​ပိုင်ရှင်​က​လည်း ‘သူ​တို့​သည် ငါ့​သား​ကို ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​လျက် နောက်ဆုံး​တွင် မိမိ​၏​သား​ကို သူ​တို့​ထံသို့​စေလွှတ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 38,
      "text": "သို့သော် ခြံသမား​တို့​သည် ထို​သား​ကို​မြင်​သောအခါ ‘ဤ​သူ​သည်​အမွေခံ​ဖြစ်​၏။ လာ​ကြ၊ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို​ရယူ​ကြ​စို့’​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 39,
      "text": "သူ့​ကို​ဖမ်းဆီး​၍ စပျစ်ခြံ​အပြင်​သို့ ဆွဲ​ထုတ်​ကာ သတ်​ပစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 40,
      "text": "သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​ပြန်လာ​သောအခါ ထို​ခြံသမား​တို့​ကို မည်သို့​ပြု​မည်နည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 41,
      "text": "သူ​တို့​က “ထို​ဆိုးယုတ်​သော​သူ​တို့​ကို ရက်စက်​စွာ​အဆုံးစီရင်​၍ အသီး​ပေါ်​ချိန်​တွင် သူ့​ကို​အသီး​ပေး​မည့် အခြား​ခြံသမား​တို့​အား စပျစ်ခြံ​ကို ငှားရမ်း​ပါ​လိမ့်မည်”​ဟု ဖြေကြား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 42,
      "text": "ယေရှု​က​လည်း “ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏။ ဤ​အမှု​သည် ထာဝရ​ဘုရား​အားဖြင့်​ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့ဩဖွယ်​ဖြစ်​၏’ ဟု ကျမ်းစာ​ထဲ၌ မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 43,
      "text": "ထို့ကြောင့် သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သင်​တို့​ထံမှ​သိမ်းယူ​၍ ထို​နိုင်ငံ​တော်​၏​အသီး​ကို​သီး​မည့်​လူမျိုး​ထံ ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 44,
      "text": "[ထို​ကျောက်​ပေါ်သို့​ကျ​သော​သူ​သည် အပိုင်းပိုင်း​ကျိုး​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင် ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်]” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 45,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ကိုယ်တော်​၏​ပုံ​ဥပမာ​ကို​ကြား​လျှင် မိမိ​တို့​အကြောင်း​မိန့်​တော်မူ​သည်​ကို သိ​ကြ​သဖြင့်"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 46,
      "text": "ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူ​တို့​ကို ကြောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 1,
      "text": "တစ်ဖန် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 2,
      "text": "“ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​သား​အတွက် မင်္ဂလာဆောင်​ပွဲ​ကျင်းပ​သော ဘုရင်​တစ်​ပါး​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 3,
      "text": "သူ​သည် ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို မင်္ဂလာဆောင်​ပွဲ​သို့​ခေါ်​လာ​ရန် မိမိ​၏​အစေအပါး​တို့​ကို​စေလွှတ်​သော်လည်း သူ​တို့​သည် မ​လာ​လို​ကြ​ပေ။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 4,
      "text": "တစ်ဖန် သူ​သည် အခြား​သော​အစေအပါး​တို့​အား ‘ငါ​၏​ဧည့်ခံပွဲ​ကို ငါ​ပြင်ဆင်​ထား​ပြီ။ ငါ​၏​နွားလား​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အားလုံး​အဆင်သင့်​ဖြစ်​ပြီ။ မင်္ဂလာဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ၍ မှာကြား​လျက် စေလွှတ်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 5,
      "text": "သို့သော် သူ​တို့​သည် ဂရုမစိုက်​ကြ​ဘဲ တစ်​ဦး​သည် မိမိ​လယ်​သို့​လည်းကောင်း၊ အခြား​တစ်​ဦး​သည် မိမိ​ကုန်သွယ်​ရာ​သို့​လည်းကောင်း သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 6,
      "text": "အခြား​သော​သူ​တို့​မူကား ဘုရင်​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​လျက် နှိပ်စက်​ကာ သတ်ဖြတ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 7,
      "text": "ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​စစ်သား​များ​ကို​စေလွှတ်​ကာ ထို​လူသတ်သမား​တို့​ကို​ဖျက်ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီးရှို့​စေ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 8,
      "text": "ထို့နောက် သူ​၏​အစေအပါး​တို့​အား ‘မင်္ဂလာဆောင်​ပွဲ​သည် အဆင်သင့်​ဖြစ်​သော်လည်း ဖိတ်ခေါ်​ထား​သော​သူ​တို့​သည် မ​ထိုက်တန်​ကြ​သောကြောင့်"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 9,
      "text": "လမ်းဆုံလမ်းခွ​များ​သို့​သွား​၍ တွေ့​သမျှ​သော​သူ​တို့​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​ကြ​လော့’​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 10,
      "text": "ထိုအခါ အစေအပါး​တို့​သည် လမ်း​များ​သို့​သွား​၍ လူ​ဆိုး​ဖြစ်စေ၊ လူ​ကောင်း​ဖြစ်စေ တွေ့​သမျှ​သော​သူ​တို့​ကို စုဝေး​စေ​ကြ​သဖြင့် မင်္ဂလာဆောင်​ပွဲ​သည် ဧည့်သည်​များ​နှင့်​ပြည့်​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 11,
      "text": "ဘုရင်​သည် ဧည့်သည်​များ​ကို​ကြည့်ရှု​ရန် ကြွလာ​သောအခါ ထို​နေရာ​၌ မင်္ဂလာဆောင်​ပွဲထိုင်​ဝတ်စုံ​မ​ဝတ်​ထား​သော​လူ​တစ်​ယောက်​ကို မြင်​လျှင်"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 12,
      "text": "‘အဆွေ၊ သင်​သည် မင်္ဂလာဆောင်​ပွဲထိုင်​ဝတ်စုံ​ကို​မ​ဝတ်​ဘဲ မည်ကဲ့သို့ ဤ​နေရာ​သို့​ဝင်​လာ​သနည်း’​ဟု ထို​သူ​အား မေး​တော်မူ​၏။ သို့သော် သူ​သည် နှုတ်ဆိတ်​လျက်​နေ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 13,
      "text": "ထိုအခါ ဘုရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်နှောင်​၍ သူ့​ကို အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု အစေခံ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 14,
      "text": "အကြောင်းမူကား ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​သည် များစွာ​ရှိ​ကြ​သော်လည်း ရွေးကောက်​ခံရ​သော​သူ​တို့​သည် နည်း​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 15,
      "text": "ထိုအခါ ဖာရိရှဲ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် အကွက်ဆင်​ဖမ်း​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 16,
      "text": "ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 17,
      "text": "သို့ဖြစ်၍ ဆရာ​မည်သို့​ထင်မြင်​ကြောင်း အကျွန်ုပ်​တို့​အား ပြောပြ​ပါ။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေးလျှောက်​စေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 18,
      "text": "သို့သော် ယေရှု​သည် သူ​တို့​၏​ဆိုးညစ်​မှု​ကို​သိ​တော်မူ​၍ “သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 19,
      "text": "အခွန်​ငွေဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့” ​ဟု မိန့်​တော်မူ​လျှင် သူ​တို့​သည် ဒေနာရိ​တစ်​ပြား​ကို အထံ​တော်​သို့​ယူလာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 20,
      "text": "ကိုယ်တော်​က​လည်း “ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 21,
      "text": "သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း “သို့ဖြစ်လျှင် ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 22,
      "text": "သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အံ့ဩ​၍ ကိုယ်တော်​ထံမှ ထွက်သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 23,
      "text": "ထို​နေ့​၌​ပင် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော​ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 24,
      "text": "“ဆရာ၊ လူ​တစ်​ဦး​သည် သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်ကို​၏​မယား​ကို ဆက်ခံ​ထိမ်းမြား​လျက် သူ့​အစ်ကို​၏​မျိုးဆက်​ကို ပေါက်ဖွား​စေ​ရ​မည် ​ဟု မောရှေ​ညွှန်ကြား​ခဲ့​ပါ​သည်။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 25,
      "text": "အကျွန်ုပ်​တို့​ထံတွင် ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် အိမ်ထောင်ပြု​ပြီး မျိုးဆက်​မ​ရှိ​ဘဲ သေဆုံး​လျက် သူ​၏​မယား​ကို သူ့​ညီ​ထံ ထားရစ်​ခဲ့​ပါ​သည်။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 26,
      "text": "ဒုတိယ​ညီ​နှင့်​တတိယ​ညီ​မှစ၍ ခုနစ်​ယောက်​မြောက်​တိုင်အောင် ထိုနည်းတူ​ဖြစ်​ကြ​ပါ​သည်။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 27,
      "text": "နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 28,
      "text": "သို့ဖြစ်လျှင် ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ ထို​မိန်းမ​သည် ထို​ခုနစ်​ဦး​တို့​ထဲမှ မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ထို​မိန်းမ​နှင့်​ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 29,
      "text": "ယေရှု​က​လည်း “သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​၍ အယူလွဲ​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 30,
      "text": "အကြောင်းမူကား ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ လူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့ ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 31,
      "text": "သေ​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏’ ဟု သင်​တို့​အား မိန့်​တော်မူ​ခဲ့​သော​စကား​ကို မ​ဖတ်​ဖူး​ကြ​သလော။ ဘုရားသခင်​သည် သေ​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 33,
      "text": "လူထု​ပရိသတ်​တို့​သည် ကြား​သောအခါ ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 34,
      "text": "ဇဒ္ဒုကဲ​တို့​ကို ကိုယ်တော်​နှုတ်ဆိတ်​စေ​တော်မူ​ခဲ့​ကြောင်း ဖာရိရှဲ​တို့​ကြား​လျှင် အတူတကွ​စုဝေး​လာ​ကြ​၍"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 35,
      "text": "သူ​တို့​ထဲမှ ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့်"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 36,
      "text": "“ဆရာ၊ ပညတ်​တရား​ထဲတွင် မည်သည့်​ပညတ်​ချက်​သည် ကြီးမြတ်​သနည်း”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 37,
      "text": "ကိုယ်တော်​က​လည်း “ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး​နှင့် သင်​၏​အသိဉာဏ်​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည်။’"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 38,
      "text": "ဤသည်ကား ကြီးမြတ်​သည့် ပထမ​ပညတ်​ချက်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 39,
      "text": "ဒုတိယ​ပညတ်ချက်​သည်​လည်း ၎င်း​နည်းတူ​ဖြစ်​ပြီး ‘ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်’ ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 40,
      "text": "ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​အလုံးစုံ​တို့​သည် ဤ​ပညတ်​ချက်​နှစ်​ပါး​အပေါ်တွင်​တည်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 41,
      "text": "ထို့နောက် ဖာရိရှဲ​တို့​စုဝေး​နေ​ကြ​စဉ် ယေရှု​က"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 42,
      "text": "“သင်​တို့​သည် ခရစ်တော်​နှင့်​ပတ်သက်၍ မည်သို့ ထင်မြင်​ကြ​သနည်း။ သူ​သည် မည်သူ​၏​သား​ဖြစ်​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဒါဝိဒ်​၏​သား​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 43,
      "text": "ကိုယ်တော်​က​လည်း “သို့ဖြစ်လျှင် ဒါဝိဒ်​သည် သူ့​ကို ဝိညာဉ်​တော်​အားဖြင့် ‘သခင်’​ဟု ခေါ်​လျက်"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 44,
      "text": "‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေဖဝါး​အောက်၌ ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’ ဟူ၍ ဆိုထား​သည်​မှာ မည်သို့​နည်း။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 45,
      "text": "ထိုသို့ ဒါဝိဒ်​သည် ခရစ်တော်​ကို သခင်​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်​နိုင်​မည်နည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 46,
      "text": "ထိုအခါ ကိုယ်တော်​ကို စကား​တစ်​ခွန်း​ပြန်​လျှောက်​ရန်​ပင် မည်သူမျှ မ​တတ်နိုင်​ကြ။ ထို​နေ့​မှစ၍ မည်သူမျှ ကိုယ်တော်​အား မေးခွန်း​များ​မ​မေး​ဝံ့​တော့ချေ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် လူထု​ပရိသတ်​များ​နှင့် တပည့်​တော်​များ​အား မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 2,
      "text": "“ကျမ်းပြု​ဆရာ​နှင့် ဖာရိရှဲ​တို့​သည် မောရှေ​၏​ထိုင်ခုံ​ပေါ်၌ ထိုင်​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 3,
      "text": "ထို့ကြောင့် သင်​တို့​အား သူ​တို့​ပြော​သမျှ​သော​အရာ​အားလုံး​ကို ကျင့်သုံး​၍ စောင့်ထိန်း​ကြ​လော့။ သို့သော် သူ​တို့​ပြု​သည့်​အတိုင်း မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် ပြော​သော်လည်း မ​ကျင့်သုံး​ကြ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 4,
      "text": "သူ​တို့​သည် လေးလံ​၍ ထမ်းရခက်​သော​ဝန်​များ​ကို ထုပ်ပိုး​လျက် လူ​တို့​၏​ပခုံး​ပေါ်​တင်​တတ်​ကြ​၏။ သူ​တို့​ကိုယ်တိုင်​က​မူ ၎င်း​တို့​ကို မိမိ​တို့​၏​လက်ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 5,
      "text": "သူ​တို့​သည် မိမိ​တို့​ပြု​သမျှ​သော​အမှု​တို့​ကို လူ​တို့​မြင်​စေရန်​သာ​ပြု​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​၏​ကျမ်း​လက်ဖွဲ့​အဆောင်​များ​ကို​ကြီး​စွာ​လုပ်​၍ ဝတ်ရုံ​ပန်းဖွား​များ​ကို ရှည်လျား​စွာ​ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 6,
      "text": "စားသောက်ပွဲ​များ​၌ အထူး​နေရာ​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 7,
      "text": "ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ သူ​တို့​ကို​ရဗ္ဗိ​ဟု​လူ​တို့​ခေါ်ဝေါ်​ကြ​သည်​ကို​လည်းကောင်း နှစ်သက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 8,
      "text": "သို့သော် သင်​တို့​သည် ရဗ္ဗိ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​၏​ဆရာ​သည် တစ်ပါးတည်း​သာ​ရှိ​၍ သင်​တို့​အားလုံး​သည် ညီအစ်ကို​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 9,
      "text": "မြေကြီး​ပေါ်၌ မည်သူ့​ကို​မျှ အဖ​ဟူ၍​လည်း မ​ခေါ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​တွင် ကောင်းကင်ဘုံ​ရှင် အဖ​တစ်ပါးတည်း​ရှိ​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 10,
      "text": "သင်​တို့​သည် ခေါင်းဆောင်​ဟု​လည်း ခေါ်ဝေါ်​ခြင်း​ကို​မ​ခံ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​၏​ခေါင်းဆောင်​သည် ခရစ်တော်​တစ်ပါးတည်း​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 11,
      "text": "သင်​တို့​တွင် အကြီးမြတ်ဆုံး​ဖြစ်​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 12,
      "text": "မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 13,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 14,
      "text": "[သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်။]"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 15,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် လူ​တစ်​ဦး​ကို ဂျူး​ဘာသာဝင်​ဖြစ်လာ​စေရန် ပင်လယ်​နှင့်​ကုန်းမြေ​တို့​တွင် လှည့်လည်​ကြ​ပြီး ဘာသာဝင်​ဖြစ်လာ​သောအခါ ထို​သူ​ကို သင်​တို့​ထက် နှစ်ဆ​ဆိုး​သော​ငရဲ​သား​ဖြစ်စေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 16,
      "text": "မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ သင်​တို့​က ‘ မည်သူမဆို ဗိမာန်​တော်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ဗိမာန်​တော်​၏​ရွှေ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန်​တာဝန်​ရှိ​၏ ’ ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 17,
      "text": "မိုက်မဲ​သော​မျက်မမြင်​တို့၊ မည်သည့်​အရာ​သည် ပို၍​ကြီးမြတ်​သနည်း။ ထို​ရွှေ​လော​၊ သို့မဟုတ် ထို​ရွှေ​ကို​သန့်ရှင်း​စေ​သည့် ဗိမာန်​တော်​လော။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 18,
      "text": "ထို့ပြင် သင်​တို့​က ‘ မည်သူမဆို ယဇ်ပလ္လင်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ယဇ်ပလ္လင်​ပေါ်၌​ရှိ​သော ပူဇော်သက္ကာ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန် တာဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 19,
      "text": "မျက်မမြင်​တို့၊ မည်သည့်​အရာ​သည် ပို၍​ကြီးမြတ်​သနည်း။ ပူဇော်သက္ကာ​လော​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို​သန့်ရှင်း​စေ​သည့် ယဇ်ပလ္လင်​လော။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 20,
      "text": "ထို့ကြောင့် ယဇ်ပလ္လင်​ကို တိုင်တည်​ပြောဆို​သော​သူ​သည် ယဇ်ပလ္လင်​နှင့်တကွ ၎င်း​အပေါ်၌​ရှိသမျှ​တို့​ကို တိုင်တည်​ပြောဆို​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 21,
      "text": "ထို့အတူ ဗိမာန်​တော်​ကို တိုင်တည်​ပြောဆို​သော​သူ​သည် ဗိမာန်​တော်​နှင့်တကွ ၎င်း​တွင်​ကိန်းဝပ်​တော်မူ​သော​အရှင်​ကို တိုင်တည်​ပြောဆို​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 22,
      "text": "ကောင်းကင်​ကို တိုင်တည်​ပြောဆို​သော​သူ​သည်​လည်း ဘုရားသခင်​၏​ပလ္လင်​တော်​နှင့်တကွ ၎င်း​အပေါ်၌ ထိုင်​တော်မူ​သော​အရှင်​ကို တိုင်တည်​ပြောဆို​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 23,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဇီရာ​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေးလှူ​ကြ​၏။ သို့သော် ပညတ်​တရား​ထဲမှ ပို၍​အရေးကြီး​သော တရားမျှတ​ခြင်း၊ ကရုဏာ​ထား​ခြင်း​နှင့် သစ္စာစောင့်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ချန်လှပ်​မ​ထား​ရ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 24,
      "text": "မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် မှက်​ကောင်​ကို​စစ်ထုတ်​ကြ​သော်လည်း ကုလားအုတ်​ကို​မူကား မျိုချ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 25,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ခွက်​နှင့်​ပန်းကန်​တို့​၏​အပြင်​ဘက်​ကို စင်ကြယ်​စေ​ကြ​သော်လည်း အတွင်း​၌​ကား မတရား​လုယူ​ခြင်း​နှင့် ကိုယ့်​အလိုသို့လိုက်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 26,
      "text": "မျက်စိ​မ​မြင်​သော​ဖာရိရှဲ​တို့၊ ခွက်​၏​အတွင်း​ဘက်​ကို ဦးစွာ​စင်ကြယ်​စေ​ကြ​လော့။ ထိုသို့ပြုလျှင် ၎င်း​၏​အပြင်​ဘက်​လည်း စင်ကြယ်​လာ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 27,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထုံးဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အပြင်​ဘက်​၌ တင့်တယ်​စွာ​ထင်ရှား​သော်လည်း အတွင်း​၌​ကား လူသေ​တို့​၏​အရိုး​များ​နှင့် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 28,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း အပြင်​ဘက်​၌ လူ​တို့​ရှေ့တွင် ဖြောင့်မတ်​ဟန်​ရှိ​ကြ​သော်လည်း အတွင်း​၌​ကား သူတော်ကောင်း​ယောင်ဆောင်​ခြင်း​နှင့် တရားမဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 29,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပရောဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်ဆောက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တန်ဆာဆင်​ကာ"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 30,
      "text": "‘ငါ​တို့​သည် ငါ​တို့​၏​ဘိုးဘေး​များ​လက်ထက်​၌​ရှိ​ခဲ့​လျှင် ပရောဖက်​တို့​ကို သတ်ဖြတ်​သော​သူ​တို့​၏​အပေါင်းအဖော်​ဖြစ်​ကြ​မည်​မ​ဟုတ်’​ဟု ပြော​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 31,
      "text": "ဤသို့ဖြင့် သင်​တို့​သည် ပရောဖက်​တို့​ကို​သတ်​ခဲ့​သော​သူ​တို့​၏​အမျိုးအနွယ်​များ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သက်သေခံ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 32,
      "text": "သင်​တို့​သည်​လည်း သင်​တို့​ဘိုးဘေး​များ​၏​အပြစ်​ပမာဏ​ကို​ပြည့်​အောင် ဖြည့်စွက်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 33,
      "text": "အချင်း​မြွေ​တို့၊ မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် ငရဲ​၌​အပြစ်​စီရင်​ခံရ​ခြင်း​မှ မည်ကဲ့သို့​လွတ်မြောက်​နိုင်​ကြ​မည်နည်း။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 34,
      "text": "ထို့ကြောင့် ငါ​သည် ပရောဖက်​များ၊ ပညာရှိ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ ထိုအခါ သင်​တို့​သည် သူ​တို့​ထဲမှ အချို့​တို့​ကို​သတ်​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လိမ့်မည်​။ အချို့​တို့​ကို သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဒဏ်ခတ်​ရိုက်နှက်​ပြီး တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်လံ​ညှဉ်းဆဲ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 35,
      "text": "သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 36,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အရာ​အားလုံး​တို့​သည် ဤ​မျိုးဆက်​အပေါ် ကျရောက်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 37,
      "text": "အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 38,
      "text": "ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​အဖြစ် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 39,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’ ဟု သင်​တို့​မ​ပြော​မီ​တိုင်အောင် ယခု​မှစ၍ သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 1,
      "text": "ယေရှု​သည် ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​အား ဗိမာန်​တော်​အဆောက်အအုံ​များ​ကို​ပြ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 2,
      "text": "ကိုယ်တော်​က​လည်း “ဤ​အရာ​အားလုံး​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 3,
      "text": "ထို့နောက် သံလွင်​တောင်​ပေါ်၌ ကိုယ်တော်​ထိုင်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် သူတို့​ချည်းသာ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌​ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ကိုယ်တော်​ကြွလာ​တော်မူ​ချိန်​နှင့် ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​တို့​၌ မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 4,
      "text": "ယေရှု​က​လည်း “မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 5,
      "text": "အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူ​သုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည်​ခရစ်တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည် ။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 6,
      "text": "စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်မည်။ သတိပြု​လျက် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည်​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 7,
      "text": "လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 8,
      "text": "ဤ​အရာ​အားလုံး​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 9,
      "text": "ထို့နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်စက်​ရန် အပ်နှံ​၍ သင်​တို့​ကို သတ်ဖြတ်​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ့​နာမ​ကြောင့် လူမျိုး​တကာ​တို့​၏​မုန်းတီး​ခြင်း​ကို ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 10,
      "text": "ထို​ကာလ​၌ များစွာ​သော​လူ​တို့​သည် စိတ်ပျက်​ကြ​၍ အချင်းချင်း​အပ်နှံ​လျက် အချင်းချင်း​မုန်းတီး​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 11,
      "text": "များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ပေါ်လာ​၍ လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 12,
      "text": "တရားမဲ့​ခြင်း​သည်​လည်း များပြား​လာ​သဖြင့် များစွာ​သော​လူ​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် ခေါင်းပါး​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 13,
      "text": "သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 14,
      "text": "နိုင်ငံ​တော်​နှင့်ဆိုင်သည့် ဤ​ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​ထံ​သက်သေ​ဖြစ်​မည့်အကြောင်း ကမ္ဘာ​တစ်ဝန်းလုံး​၌ ဟောပြော​ကြ​လိမ့်မည်။ ထို့နောက်မှ အဆုံး​သည်​ရောက်လာ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 15,
      "text": "ထို့ကြောင့် ပရောဖက်​ဒံယေလ​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့် ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ သည် သန့်ရှင်း​သော​နေရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ)"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 16,
      "text": "ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့ ထွက်ပြေး​ကြ​စေ။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 17,
      "text": "လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်း​များ​ကို​ယူ​ရန် အောက်သို့​မ​ဆင်း​စေ​နှင့်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 18,
      "text": "လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​၏​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 19,
      "text": "ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 20,
      "text": "သင်​တို့​ထွက်ပြေး​ရ​မည့်​အချိန်​သည် ဆောင်း​ရာသီ​နှင့်​ဥပုသ်နေ့​တို့​မ​ဖြစ်​စေရန် ဆုတောင်း​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 21,
      "text": "အကြောင်းမူကား ကမ္ဘာ​ဦး​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ကြီးမား​သည့် ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌ ကျရောက်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 22,
      "text": "ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 23,
      "text": "ထိုအခါ တစ်စုံတစ်ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခရစ်တော်​သည် ဤ​အရပ်​၌​ရှိ​၏’ သို့မဟုတ် ‘ထို​အရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 24,
      "text": "အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင် လှည့်ဖြား​ရန် ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 25,
      "text": "နားထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 26,
      "text": "ထို့ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်တော်​သည် တော​ကန္တာရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အတွင်း​ခန်း​ထဲ၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 27,
      "text": "အကြောင်းမူကား လျှပ်စီး​သည် အရှေ့​အရပ်​မှ​လက်​ပြီး အနောက်​အရပ်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူ့သား​၏​ကြွလာ​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 28,
      "text": "အသေကောင်​ရှိ​ရာ​အရပ်​၌ လင်းတ​တို့​သည် စုဝေး​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 29,
      "text": "ထို​နေ့ရက်​တို့​၏​ဆင်းရဲ​ဒုက္ခ​ပြီးဆုံး​သည်​နှင့် ချက်ချင်း​ပင် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 30,
      "text": "ထို့နောက် လူ့သား​၏​နိမိတ်​လက္ခဏာ​သည် ကောင်းကင်​၌ ထင်ရှား​လိမ့်မည်။ ထိုအခါ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​တို့​သည် ရင်ဘတ်​စည်တီး​လျက် မြည်တမ်း​ကာ လူ့သား​သည် တန်ခိုး​နှင့်​ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​များ​စီး​လျက် ကြွလာ​သည်​ကို မြင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 31,
      "text": "ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 32,
      "text": "သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည်​နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 33,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​အားလုံး​ကို​မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့ ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 34,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​အားလုံး​မ​ဖြစ်ပျက်​မီ​တိုင်အောင် ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 35,
      "text": "ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 36,
      "text": "ထို​နေ့ရက်၊ ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​တစ်ပါးတည်း​မှလွဲ၍ မည်သူမျှ​မ​သိ။ ကောင်းကင်​ဘုံ​ရှိ​ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 37,
      "text": "လူ့သား​၏​ကြွလာ​ခြင်း​သည် နောဧ​၏​နေ့ရက်​များ​ကဲ့သို့​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 38,
      "text": "မည်သို့နည်း​ဟူမူကား ရေ​မ​လွှမ်းမိုး​မီ​ကာလ​၌ နောဧ​သည် သင်္ဘော​ထဲသို့ ဝင်​သည့်​နေ့​တိုင်အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်၊ ပေးစား​ဆောင်နှင်း​လျက်​နေ​၍"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 39,
      "text": "ရေ​လွှမ်းမိုး​ခြင်း​ရောက်လာ​ပြီး သူတို့​အားလုံး​ကို ဖယ်ရှား​သုတ်သင်​သည့်​တိုင်အောင် သတိ​ကင်းမဲ့​လျက်​နေ​ကြ​၏။ လူ့သား​ကြွလာ​သောအခါ​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 40,
      "text": "ထိုအခါ လယ်​၌​ရှိ​သော​လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 41,
      "text": "ကြိတ်ဆုံ​ကြိတ်​နေ​သော အမျိုးသမီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 42,
      "text": "သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​သခင်​သည် မည်သည့်​နေ့ရက်​၌​ကြွလာ​မည်​ကို သင်​တို့​မ​သိ​ကြ။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 43,
      "text": "အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် သတိ​နှင့်​စောင့်​နေ​လျက် မိမိ​အိမ်​ကို​ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 44,
      "text": "ထို့ကြောင့် လူ့သား​သည် သင်​တို့​မ​ထင်မှတ်​သော​အချိန်​၌ ကြွလာ​မည်​ဖြစ်၍ သင်​တို့​သည်​လည်း အသင့်​ရှိ​နေ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 45,
      "text": "မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 46,
      "text": "မိမိ​သခင်​ပြန်လာ​သောအခါ ထို​အတိုင်း​ဆောင်ရွက်​နေ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​သည် မင်္ဂလာရှိ​၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 47,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​၏​ဥစ္စာ​ပစ္စည်း​ရှိသမျှ​ကို​ထိန်းသိမ်း​စောင့်ရှောက်​ရန် သူ့​ကို​ခန့်ထား​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 48,
      "text": "သို့သော် ဆိုးယုတ်​သော​အစေအပါး​သည် မိမိ​၏​စိတ်​ထဲ၌ ‘ငါ့​သခင်​ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက်"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 49,
      "text": "အစေအပါး​ချင်း​တို့​ကို ရိုက်နှက်​ကာ ယစ်မူး​သော​သူ​များ​နှင့်အတူ စား​သောက်​လျက်​နေ​လျှင်"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 50,
      "text": "ထို​အစေအပါး​၏​သခင်​သည် သူ​မျှော်လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အချိန်​တွင်​ရောက်လာ​၍"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 51,
      "text": "သူ့​ကို ပြင်းစွာ​ပြစ်ဒဏ်​ပေး​ကာ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​နှင့်အတူ နေရာ​ချ​ထား​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 1,
      "text": "ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 2,
      "text": "ထို​သူ​တို့​ထဲမှ ငါး​ယောက်​သည် မိုက်မဲ​သော​သူ​ဖြစ်​ကြ​ပြီး ငါး​ယောက်​သည် ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 3,
      "text": "မိုက်မဲ​သော​သူ​တို့​သည် မိမိ​တို့​၏​မီးခွက်​ကို ယူ​သွား​ကြ​သော်လည်း မိမိ​တို့​နှင့်အတူ ဆီ​ကို​မ​ယူ​သွား​ကြ။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 4,
      "text": "ပညာ​သတိ​ရှိ​သော​သူ​တို့​မူကား မိမိ​တို့​မီးခွက်​နှင့်အတူ ဆီ​ကို ဘူး​ထဲ၌​ယူ​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 5,
      "text": "သတို့သား​သည် ကြန့်ကြာ​နေ​သောကြောင့် သူ​တို့​အားလုံး​သည် ငိုက်မျဉ်း​၍ အိပ်ပျော်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 6,
      "text": "ည​သန်းခေါင်​၌ ‘ကြည့်ရှု​လော့။ သတို့သား​ရောက်လာ​ပြီ။ သူ့​ကို​ကြိုဆို​ရန် ထွက်​ခဲ့​ကြ​လော့’​ဟူသော​အော်ဟစ်​သံ​ထွက်ပေါ်​လာ​ရာ"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 7,
      "text": "အပျို​ကညာ​အားလုံး​တို့​သည် ထ​၍ မိမိ​တို့​၏​မီးခွက်​များ​ကို ပြင်ဆင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 8,
      "text": "ထိုအခါ မိုက်မဲ​သော​သူ​တို့​က ‘ငါ​တို့​မီးခွက်​များ​မီး​ငြိမ်း​တော့မည်​ဖြစ်၍ သင်​တို့​၏​ဆီ​အချို့​ကို ငါ​တို့​အား​ပေး​ကြ​ပါ’​ဟု ပညာ​သတိ​ရှိ​သော​သူ​တို့​ကို​ပြော​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 9,
      "text": "သို့သော် ပညာ​သတိ​ရှိ​သော​သူ​တို့​က ‘ထိုသို့ပြုလျှင် သင်​တို့​နှင့်​ငါ​တို့​အတွက် လုံလောက်​မည်​မ​ဟုတ်​ပါ။ ဆီ​ရောင်း​သော​သူ​တို့​ထံသို့​သာ​သွား​၍ မိမိ​တို့​အတွက် ဝယ်ယူ​ကြ​ပါ’​ဟု ပြန်​ပြော​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 10,
      "text": "သူ​တို့​သွား​၍ ဝယ်​နေ​ကြ​စဉ် သတို့သား​ရောက်လာ​သဖြင့် အသင့်​ရှိ​နေ​သော​သူ​တို့​သည် သတို့သား​နှင့်အတူ မင်္ဂလာဆောင်​ပွဲ​သို့​ဝင်​ကြ​၏။ ထိုအခါ တံခါး​ကို​ပိတ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 11,
      "text": "ထို့နောက် အခြား​သော​အပျို​ကညာ​တို့​သည်​လည်း ရောက်လာ​၍ ‘အရှင်၊ အရှင်၊ ကျွန်မ​တို့​အား တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 12,
      "text": "သို့သော် သတို့သား​က ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​ကို ငါ​မ​သိ’​ဟု ပြန်ပြော​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 13,
      "text": "သို့ဖြစ်၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့။ အကြောင်းမူကား ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​ကို သင်​တို့​မ​သိ​ကြ။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 14,
      "text": "ဤ​သည်​ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​၏​အစေအပါး​တို့​ကို​ခေါ်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား​အပ်နှင်း​ခဲ့​သည်​နှင့်​တူ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 15,
      "text": "သူ​သည် အစေအပါး​အသီးသီး​တို့​အား သူ​တို့​၏​အရည်အချင်း​နှင့်အညီ တစ်​ဦး​ကို​ငါး​တာလန်၊ အခြား​တစ်​ဦး​ကို​နှစ်​တာလန်​နှင့် နောက်​တစ်​ဦး​ကို​တစ်​တာလန် စသည်​ဖြင့် ပေးအပ်​ပြီးလျှင် ခရီးထွက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 16,
      "text": "ငါး​တာလန်​ရ​သော​သူ​သည် ချက်ချင်း​သွား​၍ ထို​ငွေ​များ​ဖြင့်​ကုန်သွယ်​လျက် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 17,
      "text": "ထိုနည်းတူ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 18,
      "text": "တစ်​တာလန်​ရ​သော​သူ​မူကား သွား​၍ မြေ​၌​တွင်းတူး​ကာ မိမိ​သခင်​၏​ငွေ​ကို ဝှက်​ထား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 19,
      "text": "ကာလ​အတန်ကြာ​ပြီးနောက် ထို​အစေအပါး​တို့​၏​သခင်​သည် ပြန်လာ​၍ သူ​တို့​နှင့်​စာရင်း​ရှင်း​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 20,
      "text": "ထိုအခါ ငါး​တာလန်​ရ​သော​သူ​သည် ချဉ်းကပ်​၍ နောက်ထပ် ငါး​တာလန်​ကို​ဆက်သ​ကာ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား ငါး​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 21,
      "text": "သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 22,
      "text": "နှစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား နှစ်​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 23,
      "text": "သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 24,
      "text": "တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 25,
      "text": "ထို့ကြောင့် အကျွန်ုပ်​သည် ကြောက်​သဖြင့် သွား​၍ သခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 26,
      "text": "သူ​၏​သခင်​က​လည်း ‘ဆိုးညစ်​၍ ပျင်းရိ​သော​အစေအပါး၊ ငါ​သည် မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 27,
      "text": "ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့ပြုလျှင် ငါ​ပြန်လာ​သောအခါ ငါ​၏​ငွေ​ကို အတိုး​နှင့်တကွ​ရရှိ​ခဲ့​ပေ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 28,
      "text": "ထို့ကြောင့် တစ်​တာလန်​ကို သူ့​ထံမှ​ယူ​၍ ဆယ်​တာလန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 29,
      "text": "အကြောင်းမူကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​သဖြင့် သူ​တို့​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 30,
      "text": "အကျိုးမပြု​သော ဤ​အစေအပါး​ကို​ကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 31,
      "text": "လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကောင်းကင်တမန်​အပေါင်း​တို့​နှင့်တကွ ကြွလာ​သောအခါ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော မိမိ​၏​ပလ္လင်​ပေါ်၌ ထိုင်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 32,
      "text": "ထိုအခါ လူမျိုး​အပေါင်း​တို့​ကို ရှေ့​တော်​၌ စုဝေး​စေ​ကြ​လိမ့်မည်။ ထို့နောက် သိုးထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီးခြား​ခွဲထား​သကဲ့သို့ ကိုယ်တော်​သည် သူ​တို့​ကို တစ်ဦး​နှင့်​တစ်ဦး သီးခြား​ခွဲထား​ကာ"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 33,
      "text": "သိုး​များ​ကို မိမိ​၏​လက်ယာ​တော်​ဘက်​၌​လည်းကောင်း၊ ဆိတ်​များ​ကို လက်ဝဲ​တော်​ဘက်​၌​လည်းကောင်း ထား​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 34,
      "text": "ထို့နောက် မင်းကြီး​သည် မိမိ​၏​လက်ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခမည်းတော်​ထံမှ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​ကတည်းက သင်​တို့​အတွက် ပြင်ဆင်​ထား​သော​နိုင်ငံ​တော်​ကို လာ​၍ အမွေ​ဆက်ခံ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 35,
      "text": "အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​ပေး​ကြ​၏။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​ပေး​ကြ​၏။ ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 36,
      "text": "ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​ပေး​ကြ​၏။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြည့်ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သောအခါ သင်​တို့​သည် ငါ့​ထံသို့​လာ​ကြ​၏’​ဟု မိန့်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 37,
      "text": "ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​က ‘သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သည့်​အခါ​တွင် ကိုယ်တော်​ဆာလောင်​တော်မူ​သည်​ကို​မြင်​၍ ကျွေးမွေး​ခဲ့​ပါ​သနည်း။ သို့မဟုတ် ရေငတ်​တော်မူ​သည်​ကို​မြင်​၍ သောက်​စရာ​ပေး​ခဲ့​ပါ​သနည်း။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 38,
      "text": "မည်သည့်​အခါ​တွင် ကိုယ်တော်​သည် သူစိမ်း​ဧည့်သည်​ဖြစ်​တော်မူ​သည်​ကို​မြင်​၍ ကြိုဆို​လက်ခံ​ခဲ့​ပါ​သနည်း။ သို့မဟုတ် အဝတ်မပါ​အချည်းစည်း​ဖြစ်​တော်မူ​သည်​ကို​မြင်​၍ ဝတ်စရာ​ပေး​ခဲ့​ပါ​သနည်း။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 39,
      "text": "မည်သည့်​အခါ​တွင် ကိုယ်တော်​နာမကျန်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ ထောင်​ကျ​တော်မူ​သည်​ကို​လည်းကောင်း မြင်​၍ ကိုယ်တော်​ထံ​လာ​ခဲ့​ပါ​သနည်း’​ဟု မင်းကြီး​အား ပြန်​လျှောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 40,
      "text": "မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ငါ​၏​ဤ​ညီအစ်ကို​တို့​တွင် အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​ပြု​ခဲ့​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 41,
      "text": "ထို့နောက် မင်းကြီး​သည် လက်ဝဲ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား​လည်း ‘ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့၊ ငါ့​ထံမှ​ထွက်ခွာ​၍ မာရ်နတ်​နှင့်​သူ​၏​စေတမန်​များ​အတွက်​ပြင်ဆင်​ထား​သော ထာဝရ​မီး​ထဲသို့ သွား​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 42,
      "text": "အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​မ​ပေး​ကြ။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​မ​ပေး​ကြ။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 43,
      "text": "ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ခြင်း​မ​ရှိ​ကြ။ ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​မ​ပေး​ကြ။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ​နှင့် ထောင်​ကျ​သောအခါ​တွင်​လည်း သင်​တို့​သည် ငါ့​ကို​မ​ကြည့်ရှု​ကြ’​ဟု မိန့်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 44,
      "text": "ထိုအခါ သူ​တို့​သည်​လည်း ‘သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သည့်​အခါ​တွင် ကိုယ်တော်​ဆာလောင်​တော်မူ​သည်​ကို​လည်းကောင်း၊ ရေငတ်​တော်မူ​သည်​ကို​လည်းကောင်း၊ သူစိမ်း​ဧည့်သည်​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ အဝတ်မပါ​အချည်းစည်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ နာမကျန်း​ဖြစ်​တော်မူ​သည်​ကို​လည်းကောင်း၊ ထောင်​ကျ​တော်မူ​သည်​ကို​လည်းကောင်း မြင်​၍ ကိုယ်တော်​ကို​မ​လုပ်ကျွေး​မ​ပြုစု​ဘဲ​နေ​ကြ​သနည်း’​ဟု ပြန်​လျှောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 45,
      "text": "မင်းကြီး​က​လည်း ‘သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​အငယ်ဆုံး​သော​သူ​တို့​ထဲမှ တစ်ဦးတစ်ယောက်​အား သင်​တို့​မ​ပြု​ခဲ့​သမျှ​သည် ငါ့​ကို​မ​ပြု​ခြင်း​ဖြစ်​၏’​ဟု ပြန်​၍​မိန့်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 46,
      "text": "ထိုအခါ ဤ​သူ​တို့​သည် ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​မူကား ထာဝရ​အသက်ရှင်​ရာ​သို့ သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 1,
      "text": "ယေရှု​သည် ဤ​တရား​စကား​အားလုံး​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ တပည့်​တော်​တို့​အား"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 2,
      "text": "“ပသခါ​ပွဲတော်​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​သည်​ကို သင်​တို့​သိ​ကြ​၏။ ထိုအခါ လူ့သား​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 3,
      "text": "ထို​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​သည် ကယာဖ​ဟု​ခေါ်​သော ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲ၌ စုဝေး​လျက်"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 4,
      "text": "ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 5,
      "text": "သို့သော် သူ​တို့​က “လူထု​ကြား​ထဲတွင် ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 6,
      "text": "ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​၌ ယေရှု​ရှိ​တော်မူ​စဉ်"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 7,
      "text": "အလွန်​တန်ဖိုးကြီး​သော​ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ပါ​သော အမျိုးသမီး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ စားပွဲ​၌​ထိုင်​နေ​သော ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ထို​ဆီမွှေး​ကို သွန်းလောင်း​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 8,
      "text": "တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤသို့​ဖြုန်းတီး​ရ​သနည်း။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 9,
      "text": "ဤ​ဆီမွှေး​ကို အဖိုး​များစွာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 10,
      "text": "ယေရှု​သည် သိ​တော်မူ​၍ “ဤ​အမျိုးသမီး​ကို အဘယ်ကြောင့် နှောင့်ယှက်​ကြ​သနည်း။ အမှန်စင်စစ် သူ​သည် ငါ့​အတွက် ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 11,
      "text": "အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​နှင့်အတူ အစဉ်​ရှိ​ကြ​၏။ ငါ​မူကား သင်​တို့​နှင့်အတူ အစဉ်​ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 12,
      "text": "ဤ​အမျိုးသမီး​သည် ဆီမွှေး​ကို ငါ့​ကိုယ်​ပေါ်၌ သွန်းလောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်ဆင်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 13,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 14,
      "text": "ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့​သွား​၍"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 15,
      "text": "“ယေရှု​ကို သင်​တို့​လက်​သို့​အပ်နှံ​လျှင် သင်​တို့​သည် အကျွန်ုပ်​အား ငွေ​မည်မျှ​ပေး​မည်နည်း”​ဟု ဆို​သော် သူ​တို့​သည် ယုဒ​အား ငွေဒင်္ဂါး​သုံးဆယ်​ကို သတ်မှတ်​ပေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 16,
      "text": "ထို​အချိန်​မှစ၍ ယုဒ​သည် ကိုယ်တော်​ကို​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 17,
      "text": "တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​၍ “ပသခါ​ပွဲတော်​ညစာ​ကို ကိုယ်တော်​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​၌ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 18,
      "text": "ကိုယ်တော်​က​လည်း “မြို့​ထဲသို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အချိန်​နီး​ပြီ။ ပသခါ​ပွဲတော်​ကို သင့်​ထံ၌ ငါ​၏​တပည့်​များ​နှင့်အတူ​ကျင်းပ​မည်’​ဟူ၍ ဆရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 19,
      "text": "ထို့ကြောင့် တပည့်​တော်​တို့​သည် မိမိ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီး ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 20,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 21,
      "text": "သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​အထဲမှ​တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 22,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် အလွန်​စိတ်မကောင်း​ဖြစ်​ကြ​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ဦး​ပြီး​တစ်ဦး​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 23,
      "text": "ကိုယ်တော်​က​လည်း “ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 24,
      "text": "လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 25,
      "text": "ထိုအခါ ကိုယ်တော်​ကို​အပ်နှံ​တော့​မည့်​ယုဒ​က “ရဗ္ဗိ၊ အကျွန်ုပ်​လော”​ဟု မေးလျှောက်​သော် ကိုယ်တော်​က “သင်​ပြော​သည့်​အတိုင်း​ပေတည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 26,
      "text": "ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား​ပေး​လျက် “ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 27,
      "text": "ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား​ပေး​လျက် “သင်​တို့​အားလုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 28,
      "text": "ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 29,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခမည်းတော်​၏​နိုင်ငံ​တော်​၌ သင်​တို့​နှင့်အတူ​အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် ယခု​မှစ၍ စပျစ်​သီး​မှ​ဖြစ်​သော​ဤ​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 30,
      "text": "ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 31,
      "text": "ထိုအခါ ယေရှု​က “ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’ ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 32,
      "text": "သို့သော် ငါ​သည် ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက် အလျင်​ဦးစွာ​သွား​နှင့်​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 33,
      "text": "ထိုအခါ ပေတရု​က “ကိုယ်တော်​ကြောင့် အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်လျှောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 34,
      "text": "ယေရှု​က​လည်း “သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 35,
      "text": "ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 36,
      "text": "ထို့နောက် ယေရှု​သည် သူ​တို့​နှင့်အတူ ဂေသရှေမန်​ဟု​ခေါ်​သော​အရပ်​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား “ငါ​သည် ထို​နေရာ​သို့​သွား​၍ ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့” ​ဟု မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 37,
      "text": "ပေတရု​နှင့် ဇေဗေဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ခြင်း​နှင့်​စိတ်ပူပန်​ခြင်း​ရှိ​သဖြင့်"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 38,
      "text": "“ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 39,
      "text": "ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက် “အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ” ​ဟု ဆုတောင်း​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 40,
      "text": "ထို့နောက် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား “သင်​တို့​သည် တစ်​နာရီ​မျှ ငါ​နှင့်အတူ သတိ​နှင့်​မ​စောင့်​နိုင်​ကြ​သလော။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 41,
      "text": "ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 42,
      "text": "တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍ “အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ” ​ဟု ဆုတောင်း​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 43,
      "text": "ထို့နောက် တစ်ဖန်​ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 44,
      "text": "သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန်​ကြွသွား​လျက် အထက်​က တောင်းလျှောက်​ခဲ့​သည့်​အတိုင်း တတိယ​အကြိမ် ထပ်၍​ဆုတောင်း​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 45,
      "text": "ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ “ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 46,
      "text": "ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 47,
      "text": "ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 48,
      "text": "ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 49,
      "text": "ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 50,
      "text": "ယေရှု​က​လည်း “အဆွေ၊ သင်​လာ​သည့်​အကြောင်း​ကိစ္စ​ကို​ဆောင်ရွက်​လော့” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ချဉ်းကပ်​၍ ယေရှု​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 51,
      "text": "ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 52,
      "text": "ယေရှု​က​လည်း ထို​သူ​အား “သင်​၏​ဓား​ကို သူ့​နေရာ​၌​ပြန်ထား​လော့။ အကြောင်းမူကား ဓား​ကိုင်​သော​သူ​အားလုံး​တို့​သည် ဓား​ဖြင့်​ပျက်စီး​ရ​လိမ့်မည်။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 53,
      "text": "ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 54,
      "text": "သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း ”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 55,
      "text": "ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား “သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 56,
      "text": "သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 57,
      "text": "ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 58,
      "text": "ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 59,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 60,
      "text": "မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ များစွာ​လာ​ကြ​သော်လည်း မည်သည့်​အထောက်အထား​မျှ​မ​တွေ့​ရ​ကြ။ နောက်ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 61,
      "text": "“ဤ​သူ​က ‘ငါ​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း ပြန်လည်​တည်ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ၍ ထွက်ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 62,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်​၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ကိုယ်တော်​အား​မေး​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 63,
      "text": "သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 64,
      "text": "ယေရှု​က “သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်” ​ဟု ပြန်၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 65,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 66,
      "text": "သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေဒဏ်​ခံထိုက်​၏”​ဟု ပြန်ပြော​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 67,
      "text": "ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက်"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 68,
      "text": "“အချင်း​ခရစ်တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 69,
      "text": "ပေတရု​မူကား အိမ်​အပြင် ခြံဝင်း​အတွင်း​၌ ထိုင်​နေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 70,
      "text": "သို့သော် ပေတရု​က “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု အားလုံး​ရှေ့​တွင် ငြင်းဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 71,
      "text": "ထို့နောက် ဝင်း​တံခါး​ဘက်​သို့​ထွက်သွား​ရာ အခြား​အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သဖြင့် ထို​နေရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 72,
      "text": "ပေတရု​က​လည်း “ထို​လူ​ကို​ငါ​မ​သိ”​ဟု တစ်ဖန်​ကျိန်တွယ်​လျက် ငြင်းဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 73,
      "text": "ထို့နောက် ခဏ​ကြာ​လျှင် အနီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေတရု​ထံသို့ ချဉ်းကပ်​လာ​၍ “အမှန်စင်စစ် သင်​သည်​လည်း ထို​သူ​တို့​အထဲမှ​တစ်​ယောက်​ဖြစ်​သည်။ အကြောင်းမူကား သင်​၏​ပြောဆို​ပုံ​သည် သင့်​ကို သိသာ​ထင်ရှား​စေ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 74,
      "text": "ပေတရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်တည်​၍ ကျိန်ဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 75,
      "text": "ထိုအခါ ပေတရု​သည် “ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်” ​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သည့်​စကား​ကို သတိရ​သဖြင့် အပြင်​သို့​ထွက်​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 1,
      "text": "မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 2,
      "text": "ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 3,
      "text": "ကိုယ်တော်​ကို​အပ်နှံ​သော​ယုဒ​သည် ကိုယ်တော်​ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ကြောင်း​တွေ့မြင်​လျှင် စိတ်မကောင်း​ဖြစ်​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​ထံ ငွေဒင်္ဂါး​သုံးဆယ်​ကို​ပြန်​ပေး​လျက်"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 4,
      "text": "“အကျွန်ုပ်​သည် အပြစ်ကင်း​သော​သူ​၏​သွေး​ကို​အပ်နှံ​ပြီး အပြစ်​ပြု​မိ​ပါ​ပြီ”​ဟု ဆို​၏။ သို့သော် ထို​သူ​တို့​က “ငါ​တို့​နှင့် မည်သို့​ဆိုင်​သနည်း။ ကိုယ့်​အမှု​ကို ကိုယ်​ဖြေရှင်း​လော့”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 5,
      "text": "ထိုအခါ သူ​သည် ထို​ငွေ​ကို ဗိမာန်​တော်​ထဲ၌​ပစ်ချ​ပြီး ထွက်သွား​လေ​၏။ ထို့နောက် အခြား​သို့​သွား​၍ ကြိုးဆွဲချ​သေ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​ငွေ​များ​ကို​ယူ​၍ “သွေး​ဖိုး​ငွေ​ဖြစ်​သောကြောင့် ဘဏ္ဍာတိုက်​ထဲသို့​မ​သွင်း​အပ်”​ဟု ဆို​လျက်"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 7,
      "text": "တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ သူစိမ်း​ဧည့်သည်​တို့​၏​သင်္ချိုင်း​အတွက် အိုးထိန်းသည်​၏​မြေယာ​ကို ထို​ငွေ​ဖြင့်​ဝယ်ယူ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 8,
      "text": "ထို့ကြောင့် ထို​မြေယာ​ကို ယနေ့​တိုင်အောင် သွေး​မြေ​ဟု​ခေါ်တွင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 9,
      "text": "ထိုအခါ “သူ​တို့​သည် တန်ဖိုးဖြတ်​ခြင်း​ခံရ​သော​သူ​၏​အဖိုးငွေ​တည်းဟူသော အစ္စရေး​အမျိုးသား​တို့​တန်ဖိုးဖြတ်​ထား​သည့် ငွေဒင်္ဂါး​သုံးဆယ်​ကို​ယူ​၍ အကျွန်ုပ်​အား ထာဝရ​ဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အိုးထိန်းသည်​၏​မြေယာ​အတွက် ထို​ငွေ​တို့​ကို​ပေး​ကြ​၏” ​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​ခဲ့​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 11,
      "text": "ယေရှု​သည် ဘုရင်ခံ​ရှေ့၌ ရပ်​တော်မူ​ရာ ဘုရင်ခံ​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း “သင်​ပြော​သည့်​အတိုင်း​ပေတည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 12,
      "text": "သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​စွပ်စွဲ​ခြင်း​ကို​ခံရ​သောအခါ ကိုယ်တော်​သည် တစ်စုံတစ်ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 13,
      "text": "ထိုအခါ ပိလတ်​မင်း​သည် ကိုယ်တော်​အား “သူ​တို့​သည် သင့်​တစ်ဖက်၌ မည်မျှလောက်​သက်သေခံ​ကြ​သည်​ကို သင်​မ​ကြား​သလော”​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 14,
      "text": "သို့သော် ကိုယ်တော်​သည် စကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ဘုရင်ခံ​သည် အလွန်​အံ့ဩ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 15,
      "text": "ဘုရင်ခံ​သည် ထို​ပွဲတော်​တွင် လူထု​အတွက် သူ​တို့​အလိုရှိ​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 16,
      "text": "ထို​အချိန်​တွင် ဗာရဗ္ဗ​ဟု​ခေါ်​သည့် ထင်ပေါ်​ကျော်ကြား​သော အကျဉ်းသား​တစ်​ယောက်​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 17,
      "text": "သို့ဖြစ်၍ လူ​တို့​စုဝေး​ကြ​သောအခါ ပိလတ်​မင်း​က “သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း။ ဗာရဗ္ဗ​လော​၊ သို့မဟုတ် ခရစ်တော်​ဟု​ခေါ်​သော ယေရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 18,
      "text": "ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 19,
      "text": "ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 20,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 21,
      "text": "တစ်ဖန် ဘုရင်ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း”​ဟု မေး​သောအခါ သူ​တို့​က “ဗာရဗ္ဗ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 22,
      "text": "ပိလတ်​မင်း​က “သို့ဖြစ်လျှင် ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အားလုံး​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 23,
      "text": "ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 24,
      "text": "ထိုအခါ ပိလတ်​မင်း​သည် မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ရုန်းရင်းဆန်ခတ်​သာ​ဖြစ်လာ​သည်​ကို​မြင်​၍ လူထု​ပရိသတ်​ရှေ့တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်းရှင်း​၏။ သင်​တို့​အမှု​ကို သင်​တို့​ဖြေရှင်း​ရ​မည်”​ဟု ဆို​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 25,
      "text": "လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 26,
      "text": "ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 27,
      "text": "ထို့နောက် ဘုရင်ခံ​၏​စစ်သား​များ​သည် ယေရှု​ကို ရုံးတော်​အတွင်း​သို့​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို ကိုယ်တော်​ထံ​စုဝေး​စေ​ကာ"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 28,
      "text": "ကိုယ်တော်​၏​အဝတ်​ကို​ချွတ်​ပြီး နီမြန်း​သော​ဝတ်လုံ​ကို ကိုယ်တော်​အား​ခြုံ​စေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 29,
      "text": "ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 30,
      "text": "ထို့နောက် ကိုယ်တော်​ကို တံတွေး​နှင့်​ထွေး​၍ ကျူရိုး​ကို​ယူ​ပြီးလျှင် ကိုယ်တော်​၏​ဦးခေါင်း​ကို​ရိုက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 31,
      "text": "ထိုသို့ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​ပြီးနောက် နီမြန်း​သော​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 32,
      "text": "သူ​တို့​ထွက်သွား​ကြ​စဉ် ရှိမုန်​အမည်​ရှိ​သော ကုရေနေ​မြို့သား​တစ်​ဦး​ကို​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 33,
      "text": "ဤသို့ဖြင့် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်ဝေါ်​သော ဂေါလဂေါသ​အမည်တွင်​သည့်​အရပ်​သို့ ရောက်​ကြ​လျှင်"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 34,
      "text": "သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 35,
      "text": "ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 36,
      "text": "ထို့နောက် ထို​နေရာ​၌ ထိုင်​လျက် ကိုယ်တော်​ကို စောင့်ကြည့်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 37,
      "text": "ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 38,
      "text": "ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 39,
      "text": "ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက်"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 40,
      "text": "“ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပြီး လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်ကား​ပြောဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 41,
      "text": "ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည်​လည်း ကျမ်းပြု​ဆရာ​များ၊ သက်ကြီးဝါကြီး​များ​နှင့်အတူ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​၍"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 42,
      "text": "“သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ အစ္စရေး​ဘုရင်​ဖြစ်​လျှင် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ပါ​စေ။ ထိုအခါ ငါ​တို့​သည် သူ့​ကို​ယုံကြည်​မည်။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 43,
      "text": "သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 44,
      "text": "ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော ဓားပြ​တို့​သည်​လည်း ကိုယ်တော်​ကို ထိုနည်းတူ​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 45,
      "text": "မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 46,
      "text": "မွန်းလွဲ​သုံး​နာရီ​ခန့်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ “အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 47,
      "text": "ထို​အရပ်​၌ ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 48,
      "text": "ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 49,
      "text": "သို့သော် အခြား​သော​သူ​တို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို​ကယ်တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 50,
      "text": "ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 51,
      "text": "ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 52,
      "text": "သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 53,
      "text": "ယေရှု​ထမြောက်​တော်မူ​ပြီးနောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်လာ​၍ သန့်ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များစွာ​သော​သူ​တို့​ထံ ထင်ရှား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 54,
      "text": "တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 55,
      "text": "ယေရှု​ကို​လုပ်ကျွေး​ပြုစု​လျက် ဂါလိလဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များစွာ​သော​အမျိုးသမီး​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​၍ အဝေး​မှ​ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 56,
      "text": "သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​နှင့်​ယောသပ်​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဇေဗေဒဲ​၏​သား​များ​၏​မိခင်​တို့​ပါ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 57,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ အရိမသဲ​မြို့​မှ သူဌေး​ဖြစ်​ပြီး ယေရှု​၏​တပည့်​တော်​လည်း​ဖြစ်​သော ယောသပ်​အမည်​ရှိ​သူ​တစ်​ဦး​သည် ရောက်လာ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 58,
      "text": "သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ထိုအခါ ပိလတ်​မင်း​သည် အလောင်း​တော်​ကို​ပေး​လိုက်​ရန် အမိန့်​ပေး​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 59,
      "text": "ယောသပ်​သည် အလောင်း​တော်​ကို​ယူ​၍ ဖြူစင်​သော​ပိတ်ချော​ဖြင့် ပတ်ရစ်​ပြီးလျှင်"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 60,
      "text": "ကျောက်ဆောင်​၌​ထွင်း​ထား​သော မိမိ​ပိုင်ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲတွင် သွင်းထား​လေ​၏။ ထို့နောက် ကြီးမား​သော​ကျောက်တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီးမှ ပြန်သွား​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 61,
      "text": "မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​လျက် သင်္ချိုင်း​တော်​ရှေ့တွင်​ထိုင်​နေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 62,
      "text": "ပြင်ဆင်​ရာ​နေ့​အလွန် နောက်တစ်နေ့​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ပိလတ်​မင်း​ထံ​စုဝေး​ကြ​လျက်"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 63,
      "text": "“အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 64,
      "text": "ထို့ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်အောင် သင်္ချိုင်း​ဂူ​ကို စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​ပါ။ သို့မဟုတ်​လျှင် သူ​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ခိုးယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်မည်။ ထိုအခါ နောက်​လှည့်ဖြား​မှု​သည် ယခင်​လှည့်ဖြား​မှု​ထက် ပို၍​ဆိုး​ပါ​လိမ့်မည်”​ဟု လျှောက်ထား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 65,
      "text": "ပိလတ်​မင်း​က​လည်း “သင်​တို့​၌ အစောင့်​တပ်​သား​ရှိ​သည်​မ​ဟုတ်​လော။ သွား​၍ သင်​တို့​တတ်နိုင်​သမျှ​လုံခြုံ​အောင် စောင့်ကြပ်​စေ​ကြ​လော့”​ဟု ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 66,
      "text": "ထိုအခါ သူ​တို့​သည် သွား​၍ ကျောက်တုံး​ကို​တံဆိပ်​ခတ်​ကာ အစောင့်​တပ်သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်ကြပ်​စေ​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 1,
      "text": "ဥပုသ်နေ့​လွန်​ပြီးနောက် ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်​ချိန်​၌ မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​သည် သင်္ချိုင်း​တော်​ကို​သွား​ကြည့်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 2,
      "text": "ထိုစဉ် အလွန်​ပြင်းထန်​သော ငလျင်​လှုပ်​လေ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​ဆင်း​လာ​၍ ကျောက်တုံး​ကို​လှိမ့်ဖယ်​ကာ ၎င်း​အပေါ်၌ ထိုင်​လေ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 3,
      "text": "သူ​၏​အဆင်း​သဏ္ဌာန်​သည် လျှပ်စီးလက်​သကဲ့သို့​ဖြစ်​ပြီး သူ​၏​အဝတ်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 4,
      "text": "အစောင့်​တို့​သည် ကောင်းကင်တမန်​ကို​ကြောက်ရွံ့​သဖြင့် တုန်လှုပ်​၍ လူသေ​ကဲ့သို့​ဖြစ်​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 5,
      "text": "ထိုအခါ ကောင်းကင်တမန်​က အမျိုးသမီး​တို့​အား “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခြင်း​ခံရ​သော​ယေရှု​ကို ရှာ​နေ​ကြ​သည်​ကို ငါ​သိ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 6,
      "text": "ကိုယ်တော်​သည် ဤ​နေရာ​၌​မ​ရှိ။ အကြောင်းမူကား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ထမြောက်​တော်မူ​ပြီ။ ကိုယ်တော်​လျောင်း​တော်မူ​ခဲ့​သည့်​နေရာ​ကို လာ​ကြည့်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 7,
      "text": "ထို့နောက် အလျင်အမြန်​သွား​၍ တပည့်​တော်​တို့​အား ‘ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ။ ကြည့်ရှု​လော့။ ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့။ သင်​တို့​အား ယခု ငါ​ပြော​ပြီ”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 8,
      "text": "အမျိုးသမီး​တို့​သည် ကြောက်ရွံ့​ကြ​သော်လည်း အလွန်​ဝမ်းမြောက်​လျက် သင်္ချိုင်း​တော်​မှ အလျင်အမြန်​ထွက်သွား​ကြ​ကာ တပည့်​တော်​တို့​အား ပြောပြ​ရန် ပြေး​သွား​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 9,
      "text": "ထိုအခါ ယေရှု​သည် သူ​တို့​နှင့်​တွေ့ဆုံ​လျက် “မင်္ဂလာ​ပါ” ​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​၏​ခြေ​တော်​ကို ဖက်​ထား​ကာ ကိုယ်တော်​ကို​ရှိခိုး​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 10,
      "text": "ထို့နောက် ယေရှု​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​၍ ငါ​၏​ညီအစ်ကို​တို့​အား ဂါလိလဲ​နယ်​သို့​သွား​ရန် ပြောကြား​ကြ​လော့။ သူ​တို့​သည် ထို​နေရာ​၌ ငါ့​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 11,
      "text": "ထို​အမျိုးသမီး​တို့​သွား​ကြ​စဉ်​တွင် အစောင့်​တပ်သား​အချို့​တို့​သည်​လည်း မြို့​ထဲသို့​လာ​၍ ဖြစ်ပျက်​ခဲ့​သမျှ​တို့​ကို ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံ သတင်းပို့​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 12,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သက်ကြီးဝါကြီး​တို့​နှင့်အတူ​စုဝေး​၍ တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ စစ်သား​တို့​အား ငွေ​အမြောက်အမြား​ပေး​လျက်"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 13,
      "text": "“ ‘ည​အချိန် ငါ​တို့​အိပ်ပျော်​နေ​စဉ် သူ​၏​တပည့်​တို့​သည် လာ​၍ အလောင်း​ကို​ခိုး​သွား​ကြ​သည်’​ဟု ပြော​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 14,
      "text": "ဤ​သတင်း​သည် ဘုရင်ခံ​၏​နား​သို့​ပေါက်ကြား​ခဲ့​လျှင် သူ့​ကို ငါ​တို့​ဖျောင်းဖျ​၍ သင်​တို့​၌​စိုးရိမ်​စရာ​မ​ရှိ​စေရန် ဆောင်ရွက်​ပေး​မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 15,
      "text": "ထိုအခါ စစ်သား​တို့​သည် ငွေ​ကို​ယူ​၍ သူ​တို့​အား သင်ပေး​ထား​သည့်​အတိုင်း​ပြု​ကြ​၏။ ဤသို့ဖြင့် ထို​သတင်း​သည် ဂျူး​လူမျိုး​တို့​ကြား​တွင် ယနေ့​တိုင်အောင်​ပျံ့နှံ့​လျက်​ရှိ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 16,
      "text": "ထို့နောက် တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​တို့​သည် ဂါလိလဲ​နယ်​သို့​သွား​၍ သူ​တို့​အား ယေရှု​မှာကြား​ထား​တော်မူ​သော​တောင်​ပေါ်သို့ တက်​ကြ​ပြီး"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 17,
      "text": "ကိုယ်တော်​ကို​တွေ့မြင်​၍ ရှိခိုး​ကြ​၏။ သို့သော် အချို့​တို့​သည် သံသယ​ဖြစ်​ကြ​၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 18,
      "text": "ထိုအခါ ယေရှု​သည် သူ​တို့​ထံသို့​ချဉ်းကပ်​၍ “ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ ရှိသမျှ​သော​အခွင့်​အာဏာ​တို့​ကို ငါ့​ထံ​ပေးအပ်​တော်မူ​ပြီ။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 19,
      "text": "ထို့ကြောင့် သင်​တို့​သည်​သွား​၍ လူမျိုး​တကာ​တို့​ကို ငါ့​တပည့်​ဖြစ်​စေ​လျက် ခမည်းတော်၊ သား​တော်၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နာမ​၌ သူ​တို့​ကို​ဗတ္တိဇံ​ပေး​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 20,
      "text": "သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အစ​မှာ ဤသို့​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 2,
      "text": "“ကြည့်ရှု​လော့။ သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင် ဦးစွာ​ငါ​စေလွှတ်​မည်။”"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 3,
      "text": "“တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့” ​ဟု ပရောဖက်​ဟေရှာယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်အညီ"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 4,
      "text": "ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ တော​ကန္တာရ​၌ ဗတ္တိဇံ​ပေး​ကာ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ဟောပြော​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 5,
      "text": "ထိုအခါ ယုဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 6,
      "text": "ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ကာ ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ကို​စား​လျက်​နေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 7,
      "text": "ယောဟန်​က “ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 8,
      "text": "ငါ​သည် သင်​တို့​ကို ရေ​၌​ဗတ္တိဇံ​ပေး​သော်လည်း ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်”​ဟု ဟောပြော​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 9,
      "text": "ထို​နေ့ရက်​ကာလ​၌ ယေရှု​သည် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ​ကြွလာ​၍ ဂျော်ဒန်​မြစ်​တွင် ယောဟန်​ထံ၌ ဗတ္တိဇံ​ခံ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 10,
      "text": "ထို့နောက် ရေ​ထဲမှ​ထွက်​လာ​သည်​နှင့် ကောင်းကင်​သည်​ပွင့်​၍ ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ မိမိ​အပေါ်သို့​ဆင်းသက်​သည်​ကို​မြင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 11,
      "text": "ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 12,
      "text": "ထို့နောက် ဝိညာဉ်​တော်​သည် ကိုယ်တော်​ကို တော​ကန္တာရ​သို့ ချက်ချင်း​ထုတ်ဆောင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 13,
      "text": "ထိုအခါ ကိုယ်တော်​သည် တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် စာတန်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ သားရဲ​တိရစ္ဆာန်​များ​နှင့်အတူ​ရှိ​တော်မူ​၍ ကောင်းကင်တမန်​များ​သည် ကိုယ်တော်​ကို​ပြုစု​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 14,
      "text": "ယောဟန်​အကျဉ်းချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​လျက်"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 15,
      "text": "“အချိန်​ပြည့်စုံ​ပြီ။ ဘုရားသခင်​၏​နိုင်ငံ​တော်​လည်း ပေါ်ထွန်း​လုနီး​ပြီ။ နောင်တရ​၍ ကောင်းမြတ်​သော​သတင်း​ကို ယုံကြည်​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 16,
      "text": "ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် ကြွ​တော်မူ​စဉ် တံငါသည်​များ​ဖြစ်​ကြ​သော ရှိမုန်​နှင့်​သူ​၏​ညီ​အန္ဒြေ​တို့​သည် ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 17,
      "text": "ယေရှု​က “ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံငါသည်​ဖြစ်​စေ​မည်” ​ဟု သူ​တို့​အား မိန့်​တော်မူ​လျှင်"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 18,
      "text": "သူ​တို့​သည် ချက်ချင်း​ပင် ပိုက်ကွန်​များ​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 19,
      "text": "တစ်ဖန် အနည်းငယ်​ဆက်၍​ကြွ​တော်မူ​ရာ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ​၏​ညီ​ယောဟန်​တို့​ကို မြင်​တော်မူ​၏။ သူ​တို့​သည် လှေ​ထဲ၌ ပိုက်ကွန်​များ​ကို​ဖာထေး​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 20,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​ချက်ချင်း​ခေါ်​တော်မူ​လျှင် သူ​တို့​သည် မိမိ​တို့​ဖခင်​ဇေဗေဒဲ​ကို လူငှား​တို့​နှင့်အတူ လှေ​ထဲ၌​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 21,
      "text": "ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ဝင်​ကြ​၏။ ဥပုသ်နေ့​ရောက်​သည်​နှင့် ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 22,
      "text": "ထိုအခါ လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သူ​တို့​ကို​သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 23,
      "text": "ထို​အချိန်​၌​ပင် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 24,
      "text": "ထို​သူ​က “နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန် ကြွလာ​တော်မူ​သလော။ ကိုယ်တော်​မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​၏”​ဟု အော်ဟစ်​ပြောဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 25,
      "text": "ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက် “တိတ်ဆိတ်​၍ သူ့​အထဲမှ​ထွက်သွား​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 26,
      "text": "ထိုအခါ ညစ်ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီးလျှင် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် သူ့​အထဲမှ​ထွက်သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 27,
      "text": "လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​အရာ​ကား မည်သို့​နည်း။ အခွင့်​အာဏာ​ပါ​သည့် သွန်သင်​ချက်​အသစ်​ပါ​တကား။ ညစ်ညူး​သော​နတ်​များ​ကို​ပင် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ကိုယ်တော်​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 28,
      "text": "ဤသို့ဖြင့် ကိုယ်တော်​၏​သတင်း​သည် ဂါလိလဲ​နယ်​ဝန်းကျင်​တစ်ခုလုံး​သို့ ချက်ချင်း​ပျံ့နှံ့​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 29,
      "text": "ထို့နောက် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​၍ ယာကုပ်၊ ယောဟန်​တို့​နှင့်အတူ ရှိမုန်​နှင့်​အန္ဒြေ​တို့​အိမ်​သို့ ချက်ချင်း​သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 30,
      "text": "ရှိမုန်​၏​ယောက္ခမ​သည် ဖျားနာ​လျက် လဲလျောင်း​နေ​သဖြင့် လူ​တို့​သည် သူ့​အကြောင်း​ကို ကိုယ်တော်​အား မဆိုင်းမတွ​လျှောက်ထား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 31,
      "text": "ကိုယ်တော်​သည်​ချဉ်းကပ်​၍ ထို​အမျိုးသမီး​၏​လက်​ကို​ကိုင်​လျက် ထူမ​တော်မူ​ရာ သူ​သည်​အဖျား​ပျောက်​သဖြင့် သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 32,
      "text": "ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 33,
      "text": "တစ်မြို့လုံး​သည် အိမ်​တံခါးဝ​တွင် စုဝေး​လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 34,
      "text": "ထိုအခါ ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​များစွာ​တို့​ကို ကိုယ်တော်​သည်​ကျန်းမာ​စေ​တော်မူ​ပြီး နတ်ဆိုး​များစွာ​တို့​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​တို့​သည် ကိုယ်တော်​ကို​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​အား​စကားပြော​ခွင့်​ပေး​တော်​မ​မူ။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 35,
      "text": "နံနက်​စောစော​မိုး​မ​လင်း​မီ ကိုယ်တော်​သည်​ထ​၍ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​ပြီးလျှင် ထို​အရပ်​၌ ဆုတောင်း​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 36,
      "text": "ထိုအခါ ရှိမုန်​နှင့်​သူ​၏​အပေါင်းအဖော်​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​၍"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 37,
      "text": "ကိုယ်တော်​ကို​တွေ့​လျှင် “လူ​အားလုံး​သည် ကိုယ်တော်​ကို လိုက်ရှာ​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 38,
      "text": "ကိုယ်တော်​က​လည်း “အနီးအနား​ရှိ အခြား​သော​မြို့​ရွာ​များ​တွင်​လည်း ငါ​ဟောပြော​နိုင်​ရန် ထို​မြို့​ရွာ​များ​သို့ ငါ​တို့​သွား​ကြ​စို့။ အကြောင်းမူကား ငါ​သည် ဤ​အတွက်​လာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 39,
      "text": "ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်ဝန်းလုံး​သို့​ကြွ​တော်မူ​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက် နတ်ဆိုး​များ​ကို နှင်ထုတ်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 40,
      "text": "အနာကြီး​ရောဂါသည်​တစ်​ဦး​သည် အထံ​တော်​သို့​လာ​၍ ဒူးထောက်​လျက် “ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လျှောက်ထား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 41,
      "text": "ကိုယ်တော်​သည် ကြင်နာ​စိတ်​ရှိ​တော်မူ​သဖြင့် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ “ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 42,
      "text": "ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​၍ သူ​သည် စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 43,
      "text": "ကိုယ်တော်​က​လည်း “မည်သူ့​ကို​မ​ဆို မည်သည့်​အရာ​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့​၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့” ​ဟု တင်းကျပ်​စွာ​မှာကြား​လျက် သူ့​ကို​ချက်ချင်း​ပြန်သွား​စေ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 45,
      "text": "သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 1,
      "text": "ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 2,
      "text": "များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​သဖြင့် အိမ်​တံခါး​ရှေ့၌​ပင် နေရာ​မ​ရှိ​တော့ချေ။ ကိုယ်တော်​သည် သူ​တို့​အား နှုတ်ကပတ်​တရား​ကို​ဟောပြော​လျက်​နေ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 3,
      "text": "ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 4,
      "text": "လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 5,
      "text": "ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား “ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 6,
      "text": "သို့သော် ထို​နေရာ​၌​ထိုင်​နေ​ကြ​သော ကျမ်းပြု​ဆရာ​အချို့​တို့​က"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 7,
      "text": "“ဤ​သူ​သည် အဘယ်ကြောင့် ထိုကဲ့သို့​ပြော​ရ​သနည်း။ သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​၏။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု မိမိ​တို့​စိတ်​ထဲ၌ တွေးတော​ဆင်ခြင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 8,
      "text": "သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍ “အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 9,
      "text": "လေဖြတ်​သော​သူ​အား ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 10,
      "text": "သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်” ​ဟု သူတို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 11,
      "text": "“သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 12,
      "text": "ထိုအခါ လေဖြတ်​သော​သူ​သည်​ထ​၍ အိပ်ရာ​ကို​ချက်ချင်း​ဆောင်ယူ​လျက် လူ​အပေါင်း​တို့​ရှေ့မှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့သြ​ငေးမော​၍ “ငါ​တို့​သည် ဤကဲ့သို့သော​အဖြစ်​မျိုး​ကို တစ်ခါမျှ​မ​မြင်​စဖူး”​ဟု ပြောဆို​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 13,
      "text": "ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 14,
      "text": "တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 15,
      "text": "ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင်​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 16,
      "text": "ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 17,
      "text": "ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် “ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 18,
      "text": "ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​သည် အစာရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​၏​တပည့်​များ​သည် အစာရှောင်​နေ​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 19,
      "text": "ယေရှု​က​လည်း “သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် အစာရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ အစာ​မ​ရှောင်​နိုင်​ကြ​ပေ။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 20,
      "text": "သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့် နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 21,
      "text": "မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အသစ်​ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​အဟောင်း​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 22,
      "text": "ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ရော​သားရေဘူး​ပါ ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 23,
      "text": "တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် လမ်း​သွား​ရင်း ဂျုံနှံ​များ​ကို​ဆွတ်ခူး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 24,
      "text": "ထိုအခါ ဖာရိရှဲ​တို့​က “သူ​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ကိုယ်တော်​အား မေး​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 25,
      "text": "ကိုယ်တော်​က​လည်း “ဒါဝိဒ်​သည် သူ​၌​စားစရာ​မ​ရှိ​သဖြင့် သူ​မှစ၍​သူ​နှင့်အတူ​ရှိ​သော​သူ​တို့​သည် ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 26,
      "text": "သူ​သည် ယဇ်ပုရောဟိတ်​မင်း​အဗျာသာ​လက်ထက်​တွင် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 27,
      "text": "တစ်ဖန် သူ​တို့​အား “ဥပုသ်နေ့​သည် လူ​အတွက်​ဖြစ်လာ​၏။ လူ​သည် ဥပုသ်နေ့​အတွက်​ဖြစ်လာ​သည်​မ​ဟုတ်။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 28,
      "text": "သို့ဖြစ်၍ လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​လည်း​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 1,
      "text": "ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​ရာ ထို​နေရာ​၌ လက်​တစ်ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 2,
      "text": "လူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် ဥပုသ်နေ့​၌ ထို​သူ​အား အကောင်းပကတိ​ဖြစ်​စေ​မည်​၊ မ​ဖြစ်​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 3,
      "text": "ကိုယ်တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား “အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 4,
      "text": "ထို့နောက် လူ​တို့​အား “တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် သတ်​အပ်​သလော” ​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 5,
      "text": "ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့” ​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 6,
      "text": "ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း ဟေရုဒ်​၏​လူ​များ​နှင့် ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 7,
      "text": "ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ပင်လယ်​ဘက်​သို့​ထွက်ခွာ​သွား​တော်မူ​ရာ ဂါလိလဲ​နယ်​မှ လူ​အမြောက်အမြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့ပြင် ယုဒ​နယ်၊"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 8,
      "text": "ဂျေရုဆလင်​မြို့၊ ဣဒုမဲ​နယ်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​မှစ၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​ပတ်ဝန်းကျင်​မှ လူ​အမြောက်အမြား​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သမျှ​တို့​ကို​ကြား​သဖြင့် အထံ​တော်​သို့​လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 9,
      "text": "လူထု​ပရိသတ်​များ​ရှိ​နေ​သောကြောင့် ကိုယ်တော်​သည် မိမိ​ကို လူ​တို့​မ​တိုးကြိတ်​မိ​စေရန် လှေ​တစ်​စီး​ကို သူ့​အတွက်​အဆင်သင့်​ထားရှိ​မည့်​အကြောင်း တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 10,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် လူ​များစွာ​တို့​ကို​ကျန်းမာ​စေ​ခဲ့​သည်​ဖြစ်၍ ရောဂါ​ဝေဒနာ​ရှိ​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် တိုးဝှေ့​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 11,
      "text": "ညစ်ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်တော်​ကို​မြင်​ကြ​သောအခါ ရှေ့​တော်​၌​ပျပ်ဝပ်​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 12,
      "text": "ကိုယ်တော်​က​လည်း မိမိ​အကြောင်း​ကို သိသာထင်ရှား​အောင်​မ​ပြု​ရန် ထို​နတ်ဆိုး​တို့​ကို တင်းကျပ်​စွာ​သတိပေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 13,
      "text": "ထို့နောက် ကိုယ်တော်​သည် တောင်​ပေါ်သို့​တက်​သွား​၍ အလို​တော်​ရှိ​သော​သူ​တို့​ကို​ခေါ်​တော်မူ​လျှင် သူ​တို့​သည် အထံ​တော်​သို့​လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 14,
      "text": "ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​တို့​ကို ခန့်ထား​ပြီးလျှင် သူ​တို့​ကို တမန်တော်​ဟူ၍​ခေါ်ဝေါ်​သမုတ်​တော်မူ​၏။ ဤသည်ကား သူ​တို့​ကို ကိုယ်တော်​နှင့်အတူ​ရှိ​စေရန်​နှင့် သူ​တို့​ကို​စေလွှတ်​၍ တရားဟော​စေ​ကာ"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 15,
      "text": "နတ်ဆိုး​တို့​ကို​နှင်ထုတ်​နိုင်​သည့်​အခွင့်​အာဏာ​ရှိ​စေရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 16,
      "text": "ခန့်ထား​တော်မူ​သော​တစ်ဆယ့်နှစ်​ပါး​မှာ ပေတရု​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ရှိမုန်၊"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 17,
      "text": "မိုးကြိုး​၏​သား​များ​ဟူ၍​အဓိပ္ပာယ်​ရ​သည့် ဗောနေရဂက်​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ဇေဗေဒဲ​၏​သား​ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်၊"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 18,
      "text": "အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့်"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 19,
      "text": "ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 20,
      "text": "ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​သဖြင့် သူ​တို့​သည် အစာ​ကို​ပင်​မ​သုံးဆောင်​နိုင်​ကြ​ပေ။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 21,
      "text": "ကိုယ်တော်​၏​ဆွေမျိုးသားချင်း​တို့​သည်​ကြား​လျှင် ကိုယ်တော်​ကို​ထိန်းချုပ်​ရန် ထွက်လာ​ကြ​၏။ အကြောင်းမှာ “သူ​သည် စိတ်​ဖောက်ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 22,
      "text": "ဂျေရုဆလင်​မြို့​မှ​ဆင်း​လာ​သော ကျမ်းပြု​ဆရာ​တို့​က​လည်း “သူ့​ကို ဗေလဇေဗုလ​နတ်​ပူး​နေ​သည်”​ဟူ၍​လည်းကောင်း၊ “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု​လျက် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 23,
      "text": "ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သည်​မှာ “စာတန်​သည် စာတန်​ကို မည်ကဲ့သို့​နှင်ထုတ်​နိုင်​မည်နည်း။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 24,
      "text": "နိုင်ငံ​တစ်​နိုင်ငံ​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​နိုင်ငံ​သည် မ​တည်မြဲ​နိုင်​ရာ။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 25,
      "text": "အိမ်ထောင်စု​တစ်စု​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​အိမ်ထောင်စု​သည် မ​တည်မြဲ​နိုင်​ရာ။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 26,
      "text": "ထိုနည်းတူ စာတန်​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ပုန်ကန်​လျက် ကွဲပြား​နေ​လျှင် သူ​သည်​မ​တည်မြဲ​နိုင်​ဘဲ ဆုံးခန်း​သို့​ရောက်​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 27,
      "text": "ခွန်အား​ကြီး​သော​သူ​ကို ဦးစွာ​မ​ချည်နှောင်​လျှင် မည်သူမျှ သူ့​အိမ်​သို့​ဝင်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို မ​လုယူ​နိုင်။ ချည်နှောင်​ပြီးမှသာ သူ​၏​အိမ်​ကို ဖောက်ထွင်း​လုယူ​နိုင်​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 28,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား လူသား​တို့​သည် သူ​တို့​၏​အပြစ်​များ​နှင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သမျှ​သော စကား​အားလုံး​အတွက် ခွင့်လွှတ်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 29,
      "text": "သို့သော် မည်သူမဆို သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​လျှင် ထို​သူ​သည် ကာလ​အစဉ်အဆက် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​မ​ရရှိ​ဘဲ ထာဝရ​အပြစ်​သင့်​သော​သူ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 30,
      "text": "ဤသို့​မိန့်​တော်မူ​ခြင်းမှာ သူ​တို့​က “ကိုယ်တော်​ကို ညစ်ညူး​သော​နတ်​ပူး​နေ​သည်”​ဟု ပြောဆို​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 31,
      "text": "ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ရောက်လာ​ပြီး အပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်တော်​ကို​ခေါ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 32,
      "text": "လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​ပတ်လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်တော်​အား “ကိုယ်တော်​၏​မယ်တော်၊ ညီ​တော်​နှင့် နှမ​တော်​တို့​သည် ကိုယ်တော်​ကို​ရှာ​လျက် အပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 33,
      "text": "ကိုယ်တော်​က​လည်း “မည်သူ​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ဖြစ်​သနည်း” ​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 34,
      "text": "ထို့နောက် မိမိ​ပတ်လည်​၌ ဝိုင်းရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​၍ “ကြည့်ရှု​လော့။ ဤ​သူ​တို့​သည် ငါ့​အမိ​နှင့်​ငါ့​ညီ​များ​ပေတည်း။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 35,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 1,
      "text": "တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 2,
      "text": "ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အကြောင်းအရာ​တို့​ကို ပုံ​ဥပမာ​တို့​ဖြင့် သူ​တို့​အား သွန်သင်​တော်မူ​၏။ ထိုသို့​သွန်သင်​ရာ​တွင် ကိုယ်တော်​က"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 3,
      "text": "“နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန်​ထွက်သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 4,
      "text": "ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည် လာ​၍ ၎င်း​ကို​ကောက်စား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 5,
      "text": "အချို့​မူကား မြေ​နည်း​၍ ကျောက်​ပေါများ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 6,
      "text": "သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 7,
      "text": "အချို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​ကို ကာဆီး​ပိတ်ဆို့​ကြ​သောကြောင့် အသီး​မ​သီး​ချေ။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 8,
      "text": "အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အပင်​ပေါက်​၍​ကြီးထွား​ကာ အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​လေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 9,
      "text": "ထို့နောက် “ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 10,
      "text": "ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​သောအခါ ကိုယ်တော်​၏​နောက်လိုက်​နောက်ပါ​တို့​နှင့် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​များ​အကြောင်း​ကို မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 11,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အပြင်​လူ​တို့​အတွက်​မူကား အရာရာ​ကို ပုံ​ဥပမာ​များ​ဖြင့်​ဖော်ပြ​ရ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 12,
      "text": "ဤသည်ကား သူ​တို့​သည် မြင်​လျက်​ပင် သတိ​မ​မူ​ဘဲ​မြင်​၍ ကြား​လျက်​ပင် နား​မ​လည်​ဘဲ​ကြား​ကြ​စေရန်​ဖြစ်​၏။ သို့မဟုတ်လျှင် သူ​တို့​သည် ပြောင်းလဲ​၍ ခွင့်လွှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 13,
      "text": "ထို့နောက် ကိုယ်တော်​က “ဤ​ပုံ​ဥပမာ​ကို​နား​မ​လည်​ကြ​သလော။ သို့ဖြစ်လျှင် သင်​တို့​သည် ပုံ​ဥပမာ​အားလုံး​ကို မည်ကဲ့သို့​နားလည်​ကြ​မည်နည်း။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 14,
      "text": "မျိုးကြဲ​သော​သူ​သည် တရား​စကား​ကို​ကြဲ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 15,
      "text": "တရား​စကား​ကို​ကြဲ​သောအခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆို​လို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သောအခါ စာတန်​သည်​ချက်ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တရား​စကား​ကို နုတ်ယူ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 16,
      "text": "ကျောက်​ပေါများ​သော​နေရာ​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သောအခါ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 17,
      "text": "သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ​၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 18,
      "text": "အချို့​တို့​မူကား ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​ကြ​၏။ ဤ​သည်​ကား တရား​စကား​ကို​ကြား​သော်လည်း"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 19,
      "text": "လောကီရေးရာ​၌ စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​၏​လှည့်ဖြား​ခြင်း​နှင့် အခြား​သော​တပ်မက်​ခြင်း​များ​ဝင်လာ​၍ တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​တို့​ကို​ဆို​လို​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 20,
      "text": "ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ လက်ခံ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 21,
      "text": "တစ်ဖန် ကိုယ်တော်​က “ဆီမီး​ကို တောင်း​အောက်​၊ သို့မဟုတ် ခုတင်​အောက်၌​ထား​ရန် ယူလာ​လေ့​ရှိ​သလော။ ဆီမီးခုံ​ပေါ်၌​ထား​ရန် ယူလာ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 22,
      "text": "အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 23,
      "text": "ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 24,
      "text": "ထို့နောက် ကိုယ်တော်​က “သင်​တို့​ကြား​ရ​သည့်​အရာ​ကို သတိပြု​ကြ​လော့။ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အတွက် ထပ်၍​ဖြည့်​ပေး​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 25,
      "text": "အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကို​ပင် သိမ်းယူ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 26,
      "text": "တစ်ဖန် ကိုယ်တော်​က “ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မြေ​ပေါ်၌ လူ​တစ်​ဦး​မျိုးစေ့​ကြဲ​သည်​နှင့်တူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 27,
      "text": "သူ​သည် ည​အချိန်​နှင့်​နေ့​အချိန်​၌ အိပ်​လျက်​၊ ထ​လျက်​နေ​စဉ် မျိုးစေ့​သည် အညှောက်​ထွက်​၍ ကြီးထွား​လာ​၏။ ၎င်း​သည် မည်ကဲ့သို့​ကြီးထွား​လာ​သည်​ကို ထို​သူ​မ​သိ။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 28,
      "text": "မြေကြီး​သည် အလိုအလျောက်​အသီး​သီး​စေ​လျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံ​ထဲတွင် အောင်​သော​အဆန်​ကို​ဖြစ်​စေ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 29,
      "text": "အသီး​မှည့်​သောအခါ ရိတ်သိမ်း​ချိန်​ရောက်လာ​သည်​ဖြစ်၍ သူ​သည် ချက်ချင်း​တံစဉ်​ဖြင့်​ရိတ်​လေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 30,
      "text": "တစ်ဖန် ကိုယ်တော်​က “ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​ပုံ​ဥပမာ​ဖြင့် ဖော်ပြ​ရ​မည်နည်း။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 31,
      "text": "၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ ထို​အစေ့​သည် မြေ​၌​စိုက်​သောအခါ မြေကြီး​ပေါ်​ရှိ အစေ့​တကာ​တို့​ထက် သေးငယ်​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 32,
      "text": "စိုက်​ပြီး ကြီးထွား​လာ​သောအခါ​တွင်​မူ ဟင်းသီးဟင်းရွက်​ပင်​အားလုံး​ထက်​ကြီး​၍ ၎င်း​၏​အရိပ်​အောက်​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည် အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော ကြီးမား​သည့်​အကိုင်း​များ​ထွက်လာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 33,
      "text": "ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 34,
      "text": "ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 35,
      "text": "ထို​နေ့ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​က “တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 36,
      "text": "ထို့ကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ချန်ထား​ခဲ့​၍ လှေ​ပေါ်၌​ရှိ​နေ​သော​ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​၏။ အခြား​သော​လှေ​များ​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 37,
      "text": "ထိုအခါ ပြင်းထန်​သော​လေ​မုန်တိုင်း​ကျရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်ခတ်​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 38,
      "text": "သို့သော် ကိုယ်တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်းအုံး​အုံး​လျက် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​နှိုး​လျက် “ဆရာ၊ အကျွန်ုပ်​တို့​သေ​ရ​တော့မည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 39,
      "text": "ထိုအခါ ကိုယ်တော်​သည်​ထ​၍ လေ​ကို​ဆုံးမ​ကာ ပင်လယ်​အား “တိတ်ဆိတ်​ငြိမ်သက်​လော့” ​ဟု မိန့်​တော်မူ​ရာ လေ​သည်​ငြိမ်​သဖြင့် အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 40,
      "text": "ထို့နောက် ကိုယ်တော်​က “အဘယ်ကြောင့် ကြောက်​တတ်​သနည်း။ ယခု​ထိ ယုံကြည်​ခြင်း​မ​ရှိ​ကြ​သေး​သလော” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 41,
      "text": "သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 1,
      "text": "ထို့နောက် သူ​တို့​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 2,
      "text": "ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 3,
      "text": "ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်သူမျှ သူ့​ကို သံကြိုး​နှင့်​ပင်​ချည်နှောင်​ထား​၍ မ​ရ​နိုင်​ချေ။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 4,
      "text": "အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 5,
      "text": "သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 6,
      "text": "သူ​သည် ယေရှု​ကို​အဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​ကာ"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 7,
      "text": "“အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့် အကျွန်ုပ်​မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ဘုရားသခင်​ကို​အမှီပြု​၍ ကိုယ်တော်​အား အကျွန်ုပ်​အလေးအနက်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျှောက်ထား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 8,
      "text": "ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား “ညစ်ညူး​သော​နတ်၊ ဤ​လူ​ထဲမှ ထွက်သွား​လော့” ​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 9,
      "text": "တစ်ဖန် ကိုယ်တော်​က “သင့်​နာမည် မည်သို့​ခေါ်​သနည်း” ​ဟု မေး​တော်မူ​ရာ ထို​သူ​က “အကျွန်ုပ်​၏​နာမည်​မှာ လေဂေါင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​တို့​သည် များစွာ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 10,
      "text": "ထို့နောက် မိမိ​တို့​ကို ထို​အရပ်​ဒေသ​မှ​နှင်ထုတ်​တော်​မ​မူ​ရန် ကိုယ်တော်​အား အနူးအညွတ်​တောင်းပန်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 11,
      "text": "ထို​အရပ်​အနီးအနား​ရှိ တောင်ကုန်း​ပေါ်၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 12,
      "text": "နတ်ဆိုး​တို့​က “ဝက်​များ​ထဲသို့ ဝင်​ရ​ပါ​မည့်​အကြောင်း ၎င်း​တို့​ထဲသို့ အကျွန်ုပ်​တို့​ကို စေလွှတ်​တော်မူ​ပါ”​ဟု တောင်းပန်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 13,
      "text": "ကိုယ်တော်​သည်​လည်း ခွင့်ပြု​တော်မူ​သဖြင့် ညစ်ညူး​သော​နတ်​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ နှစ်ထောင်​ခန့်​ရှိ​သော​ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ပင်လယ်​ထဲ၌ ရေနစ်​သေဆုံး​ကြ​ကုန်​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 14,
      "text": "ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​သဖြင့် လူ​တို့​သည် မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​ကြည့်ရှု​ရန် ထွက်လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 15,
      "text": "ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ လေဂေါင်​စွဲ​ခဲ့​သည့် နတ်ဆိုး​ပူး​သူ​သည် အဝတ်​ဝတ်​ထား​ကာ ပကတိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 16,
      "text": "မျက်မြင်​တွေ့ရှိ​သူ​များ​က​လည်း နတ်ဆိုး​ပူး​သူ​၌ မည်ကဲ့သို့​ဖြစ်ပျက်​ခဲ့​သည်​ကို​လည်းကောင်း၊ ဝက်​တို့​အကြောင်း​ကို​လည်းကောင်း သူ​တို့​အား​ပြောပြ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 17,
      "text": "ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 18,
      "text": "ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​စဉ် နတ်ဆိုး​ပူး​ခဲ့​သူ​က ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 19,
      "text": "သို့သော် ကိုယ်တော်​သည် ခွင့်ပြု​တော်​မ​မူ​ဘဲ “သင့်​အိမ်၊ သင့်​မိသားစု​ထံသို့​သွား​၍ သင့်​အပေါ် ထာဝရ​ဘုရား​ပြု​တော်မူ​သမျှ​သော​အရာ​နှင့် သင့်​ကို​သနား​တော်မူ​ကြောင်း​ကို သူ​တို့​အား​ပြောပြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 20,
      "text": "ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ်​ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို ဒေကာပေါလိ​နယ်​၌​ပြောကြား​သဖြင့် လူ​အပေါင်း​တို့​သည်​အံ့သြ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 21,
      "text": "ထို့နောက် ယေရှု​သည် လှေ​ဖြင့် တစ်ဖက်ကမ်း​သို့ ပြန်​၍​ကူး​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​နေ​တော်မူ​စဉ်"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 22,
      "text": "ယာဣရု​အမည်​ရှိ​သော ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​တစ်​ဦး​သည် ရောက်လာ​၍ ကိုယ်တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 23,
      "text": "“အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 24,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် သူ​နှင့်အတူ​လိုက်သွား​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်တော်​ကို​တိုးဝှေ့​မိ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 25,
      "text": "ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 26,
      "text": "များစွာ​သော​ဆေးဆရာ​တို့​ထံ၌ အလွန်​ဝေဒနာ​ခံစား​ရ​လျက် မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သည့်​အကျိုး​မျှ​မ​ရှိ​သည်​သာမက ရောဂါ​ပို၍​ဆိုးရွား​လာ​သော​အမျိုးသမီး​တစ်​ဦး​သည်"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 27,
      "text": "ယေရှု​အကြောင်း​ကို​ကြား​၍ “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု ဆို​လျက် လူထု​ပရိသတ်​ကြား​မှ ကိုယ်တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်ရုံ​တော်​ကို​တို့ထိ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 29,
      "text": "ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်သွား​သဖြင့် သူ​သည် ရောဂါ​ဝေဒနာ​ပျောက်ကင်း​သွား​ကြောင်း မိမိ​ကိုယ်ခန္ဓာ​၌ ခံစား​သိရှိ​ရ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 30,
      "text": "ယေရှု​သည် မိမိ​ထံမှ​တန်ခိုး​ထွက်​သည်​ကို ချက်ချင်း​သိ​တော်မူ​၍ လူထု​ပရိသတ်​ဘက်​သို့​လှည့်ကြည့်​ကာ “ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိ​သနည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 31,
      "text": "တပည့်​တော်​တို့​က​လည်း “ကိုယ်တော်​ကို​တိုးဝှေ့​နေ​ကြ​သည့် လူထု​ပရိသတ်​ကို​မြင်​တော်မူ​ပါ​လျက်​နှင့် ‘ငါ့​ကို မည်သူ​တို့ထိ​သနည်း’​ဟူ၍ မေး​တော်မူ​ရ​ပါ​သလော”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 32,
      "text": "သို့သော် ကိုယ်တော်​သည် ထိုသို့​ပြု​သော​သူ​ကို​တွေ့မြင်​ရန် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 33,
      "text": "ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​၌​မည်သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သဖြင့် ကြောက်ရွံ့​တုန်လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ဟုတ်မှန်​သည့်​အတိုင်း အကုန်အစင်​လျှောက်ထား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 34,
      "text": "ကိုယ်တော်​က​လည်း “သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​၍ သင်​၏​ရောဂါ​ဝေဒနာ​နှင့်​ကင်းလွတ်​လော့”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 35,
      "text": "ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​၏​အိမ်​မှ လူ​တို့​သည် ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို အဘယ်ကြောင့် ဆက်၍​နှောင့်ယှက်​နေ​ဦး​မည်နည်း”​ဟု ပြော​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 36,
      "text": "သို့သော် ယေရှု​သည် ထို​စကား​ကို​ဂရုမပြု​ဘဲ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အား “မ​စိုးရိမ်​နှင့်။ ယုံကြည်​ခြင်း​သာ​ရှိ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 37,
      "text": "ကိုယ်တော်​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ​လိုက်​ခွင့်ပြု​တော်​မ​မူ။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 38,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​၏​အိမ်​သို့ သူ​တို့​ရောက်​ကြ​သောအခါ လူ​တို့​သည် ရုတ်ရုတ်သဲသဲ​ဖြစ်​လျက် ကျယ်လောင်​စွာ​ငိုကြွေး​မြည်တမ်း​နေ​ကြ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​လျှင်"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 39,
      "text": "အထဲသို့​ဝင်​၍ “အဘယ်ကြောင့်​ရုတ်ရုတ်သဲသဲ​ဖြစ်​လျက် ငိုကြွေး​နေ​ကြ​သနည်း။ သူငယ်မ​သည် သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏” ​ဟု သူ​တို့​အား​မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 40,
      "text": "ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထို​သူ​အပေါင်း​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးလျှင် သူငယ်မ​၏​မိခင်​နှင့်​ဖခင်​တို့​အပြင် မိမိ​နှင့်အတူ​ပါ​လာ​သော​သူ​တို့​ကို​သာ​ခေါ်​၍ သူငယ်မ​ရှိ​ရာ​သို့​ဝင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 41,
      "text": "ထို့နောက် သူငယ်မ​၏​လက်​ကို​ကိုင်​လျက် “တလိသ​ကုမိ” ​ဟု မိန့်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ “မိန်းကလေး၊ သင့်​အား​ငါ​ဆို​မည်။ ထ​လော့” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 42,
      "text": "ထို​ခဏချင်း​တွင် မိန်းကလေး​သည်​ထ​၍ လမ်းလျှောက်​လေ​၏။ သူ​သည် အသက်​တစ်ဆယ့်နှစ်​နှစ်​အရွယ်​ရှိ​၏။ ထိုအခါ လူ​တို့​သည် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 43,
      "text": "ကိုယ်တော်​က​လည်း မည်သူ​မျှ ဤ​အကြောင်း​ကို​မ​သိ​စေရန် သူ​တို့​အား တင်းကျပ်​စွာ​မိန့်မှာ​တော်မူ​ပြီးလျှင် သူ့​အား​စား​စရာ​ပေး​ရန် မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် ထို​နေရာ​မှ​ထွက်ခွာ​၍ မိမိ​၏​နေရင်း​မြို့​သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 2,
      "text": "ဥပုသ်နေ့​ရောက်​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ သွန်သင်​တော်မူ​ရာ ကြားနာ​သူ​များစွာ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​အရာ​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​ရ​သည့်​ဉာဏ်ပညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်ခိုး​လက္ခဏာ​များ​ကား မည်သို့​နည်း။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 3,
      "text": "သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 4,
      "text": "ယေရှု​က​လည်း “ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့၊ မိမိ​၏​ဆွေမျိုး​များ​ကြား​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 5,
      "text": "ကိုယ်တော်​သည် မ​ကျန်းမာ​သော​သူ​အနည်းငယ်​တို့​အပေါ် လက်​တော်​တင်​လျက် ကျန်းမာ​စေ​ခဲ့​ခြင်း​မှတစ်ပါး ထို​နေရာ​၌ မည်သည့်​တန်ခိုး​လက္ခဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 6,
      "text": "ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 7,
      "text": "ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ​စေလွှတ်​ကာ သူ​တို့​အား ညစ်ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အခွင့်​အာဏာ​ကို​ပေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 8,
      "text": "ထို့ပြင် လမ်း​ခရီး​အတွက် တောင်ဝှေး​တစ်​ချောင်း​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အစားအစာ​၊ လွယ်အိတ်၊ ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါးပန်း​၌​မ​ထည့်​သွား​ဘဲ"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 9,
      "text": "ဖိနပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 10,
      "text": "တစ်ဖန် သူ​တို့​အား “မည်သည့်​အရပ်​တွင်​မဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ​ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 11,
      "text": "မည်သည့်​အရပ်​၌​မဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အရပ်​မှ​ထွက်ခွာ​ကြ​စဉ် သူ​တို့​တစ်ဖက်၌ သက်သေ​ဖြစ်​စေရန် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 12,
      "text": "ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 13,
      "text": "သူ​တို့​သည် များစွာ​သော​နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကာ မ​ကျန်းမာ​သော​သူ​များစွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်းမာ​စေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 14,
      "text": "ကိုယ်တော်​၏​နာမ​တော်​သည် ထင်ပေါ်​ကျော်ကြား​လာ​သဖြင့် ဟေရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အချို့​တို့​က “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌ တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 15,
      "text": "အချို့​တို့​က​လည်း “သူ​သည် ဧလိယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အချို့​တို့​က​လည်း “ရှေး​ပရောဖက်​များ​တစ်ပါးပါး​ကဲ့သို့သော​ပရောဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 16,
      "text": "ဟေရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်းဖြတ်​ကွပ်မျက်​ခဲ့​သော​ယောဟန်​သည် ထမြောက်​လေ​ပြီ”​ဟု ဆို​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 17,
      "text": "ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့်"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 18,
      "text": "ယောဟန်​က “သင်​သည် အစ်ကို​၏​ဇနီး​ကို​သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 19,
      "text": "ဟေရောဒိ​သည် ယောဟန်​ကို​ရန်ငြိုး​ထား​လျက် သတ်​လို​သော်လည်း အခွင့်​မ​ရ​ခဲ့​ချေ။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 20,
      "text": "အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 21,
      "text": "သို့သော် အခွင့်ကောင်း​ရောက်လာ​လေ​၏။ ဟေရုဒ်​သည် မိမိ​၏​မွေးနေ့​၌ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ​နှင့် ဂါလိလဲ​နယ်​၏​ခေါင်းဆောင်​များ​အတွက် ညစာ​စားပွဲ​ကျင်းပ​သောအခါ"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 22,
      "text": "ဟေရောဒိ​၏​သမီး​သည် ထို​စားပွဲ​သို့​ဝင်လာ​၍ က​ပြ​လျက် ဟေရုဒ်​မှစ၍ သူ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​ကို နှစ်သက်​စေ​၏။ ဟေရုဒ်​က “လိုချင်​သမျှ​သော​အရာ​ကို​တောင်း​လော့။ သင့်​ကို ငါ​ပေး​မည်”​ဟု မိန်းကလေး​အား​ဆို​ပြီးမှ"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 23,
      "text": "တစ်ဖန် “ငါ့​ကို​သင်​တောင်း​သမျှ ငါ့​နိုင်ငံ​တစ်ဝက်​တိုင်အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်တည်​ပြောဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 24,
      "text": "ထိုအခါ မိန်းကလေး​သည်​ထွက်သွား​၍ “မည်သည့်​အရာ​ကို တောင်း​ရ​ပါ​မည်နည်း”​ဟု မိမိ​၏​မိခင်​အား​မေး​လေ​ရာ မိခင်​က “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း”​ဟု ဆို​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 25,
      "text": "သူ​သည်​လည်း ချက်ချင်း​ပင် မင်းကြီး​ထံ​အလျင်အမြန်​ဝင်​၍ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယခုပင် ကျွန်မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်းလျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 26,
      "text": "မင်းကြီး​သည် အလွန်​စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ သူ့​ကို မ​ငြင်းဆန်​လို​သဖြင့်"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 27,
      "text": "အာဏာပါးကွက်သား​တစ်​ဦး​ကို ချက်ချင်း​စေလွှတ်​ကာ ယောဟန်​၏​ဦးခေါင်း​ကို​ယူဆောင်​ခဲ့​ရန် အမိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​ပြီးလျှင်"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 28,
      "text": "ထို​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​၏။ မိန်းကလေး​သည်​လည်း ၎င်း​ကို မိမိ​၏​မိခင်​အား​ပေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 29,
      "text": "ယောဟန်​၏​တပည့်​တို့​သည် ထို​သတင်း​ကို​ကြားသိ​ကြ​သောအခါ လာ​၍ သူ​၏​အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် ဂူသွင်း​သင်္ဂြိုဟ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 30,
      "text": "တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 31,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သင်​တို့​ချည်းသာ​လာ​၍ ခေတ္တ​အနားယူ​ကြ​လော့” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သဖြင့် သူ​တို့​သည် အစာ​စား​ရန်​ပင် အချိန်​မ​ရ​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 32,
      "text": "ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 33,
      "text": "သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 34,
      "text": "ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 35,
      "text": "အချိန်​နောက်ကျ​နေ​ပြီ​ဖြစ်​၍ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း​နောက်ကျ​နေ​ပါ​ပြီ။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 36,
      "text": "လူ​တို့​သည် ဝန်းကျင်​ရှိ​ကျေးလက်​တောရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စား​စရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 37,
      "text": "သို့သော် ကိုယ်တော်​က “သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဒေနာရိ​နှစ်ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါမည်လော”​ဟု ပြန်လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 38,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​၌ မုန့်​မည်မျှ​ရှိ​သနည်း။ သွား​၍​ကြည့်​ကြ​လော့” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သိရှိ​ပြီးမှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 39,
      "text": "ထို့နောက် ကိုယ်တော်​သည် လူ​အပေါင်း​တို့​ကို စိမ်းလန်း​သော​မြက်​ခင်း​ပေါ်၌ အစုလိုက်​ထိုင်​စေရန် တပည့်​တော်​တို့​အား အမိန့်​ပေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 40,
      "text": "လူ​တို့​သည်​လည်း တစ်ရာ​စီ၊ ငါးဆယ်​စီ အစုလိုက်​ထိုင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 41,
      "text": "ထိုအခါ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အပေါင်း​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 42,
      "text": "လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 43,
      "text": "ထို့နောက် မုန့်​အကျိုးအပဲ့​နှင့် ငါး​၏​အကြွင်းအကျန်​တို့​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 44,
      "text": "မုန့်​ကို​စား​သော​ယောက်ျား​ဦးရေ​မှာ ငါးထောင်​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 45,
      "text": "ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​ရှိ ဗက်ဇဲဒ​မြို့​သို့ အလျင်​ဦးစွာ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 46,
      "text": "လူ​တို့​ကို​နှုတ်ဆက်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 47,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ လှေ​သည် ပင်လယ်​အလယ်​၌​ရှိ​၏။ ကိုယ်တော်​မူကား ကုန်း​ပေါ်၌ တစ်ပါးတည်း​ရှိ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 48,
      "text": "လေ​ဆန်​သောကြောင့် လှော်ခတ်​၍ ပင်ပန်း​နေ​ကြ​သော​တပည့်​တော်​တို့​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် မိုးသောက်ယံ​အချိန်​ဝန်းကျင်​၌ ပင်လယ်​ပေါ်တွင်​လမ်းလျှောက်​လျက် သူ​တို့​ထံသို့​ကြွ​တော်မူ​ပြီး သူ​တို့​ကို​ကျော်ဖြတ်​သွား​မည်​ပြု​လေ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 49,
      "text": "တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်မှတ်​လျက် အော်ဟစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 50,
      "text": "သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​တွေ့မြင်​၍ တုန်လှုပ်​ချောက်ချား​ကြ​သောကြောင့်​ဖြစ်​၏။ သို့သော် ကိုယ်တော်​သည် ချက်ချင်း​ပင် သူတို့​နှင့်​စကား​ပြော​လျက် “မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 51,
      "text": "ထို့နောက် သူ​တို့​ရှိရာ လှေ​ပေါ်သို့​တက်​တော်မူ​သော် လေ​သည်​ငြိမ်​သွား​လေ​၏။ သူ​တို့​သည် အလွန်​အမင်း​အံ့သြ​ငေးမော​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 52,
      "text": "အကြောင်းမူကား သူ​တို့​သည် မုန့်​နှင့်ပတ်သက်​သော​ဖြစ်ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်နှလုံး​မာကျော​လျက်​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 53,
      "text": "ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​သဖြင့် လှေ​ကို​ဆိုက်ကပ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 54,
      "text": "လှေ​ပေါ်မှ သူ​တို့​ဆင်း​ကြ​ရာ လူ​တို့​သည် ကိုယ်တော်​ကို​ချက်ချင်း​မှတ်မိ​ကြ​သဖြင့်"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 55,
      "text": "ထို​အရပ်​ဒေသ​တစ်ဝန်းလုံး​သို့​ပြေး​သွား​ကာ ကိုယ်တော်​ရှိ​တော်မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေရာ​သို့ နာမကျန်း​ဖြစ်​သူ​တို့​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 56,
      "text": "ကိုယ်တော်​ကြွ​တော်မူ​သော မြို့​၌​ဖြစ်စေ၊ ကျေးလက်​တောရွာ​၌​ဖြစ်စေ၊ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ ကိုယ်တော်​ကို တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 1,
      "text": "ထိုအခါ​၌ ဖာရိရှဲ​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လာ​သော ကျမ်းပြု​ဆရာ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​စုဝေး​ကြ​၍"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 2,
      "text": "တပည့်​တော်​အချို့​တို့​သည် မစင်ကြယ်​သော​လက်၊ တစ်နည်းဆိုသော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ​စား​နေ​ကြ​သည်​ကို တွေ့မြင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 3,
      "text": "(ဖာရိရှဲ​တို့​မှစ၍ ဂျူး​လူမျိုး​အပေါင်း​တို့​သည် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ခံယူ​ကျင့်သုံး​၍ လက်​ကို ကျင့်ထုံး​အတိုင်း​မ​ဆေး​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 4,
      "text": "ဈေး​အရပ်​မှ ပြန်လာ​သောအခါ​တွင်​လည်း မိမိ​တို့​ကိုယ်​ကို​မ​ဆေးကြော​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေး​ပန်းကန်​နှင့် ခုတင်​တို့​ကို ဆေးကြော​ခြင်း​နှင့်​ပတ်သက်​၍ သူ​တို့​ခံယူ​ကျင့်သုံး​ရန် ဆက်ခံ​ထား​သော အခြား​ဓလေ့​ထုံးတမ်း​များစွာ​ရှိ​ကြ​၏။)"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 5,
      "text": "ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “သင်​၏​တပည့်​တို့​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​နှင့်အညီ​မ​လိုက်လျှောက်​ဘဲ မစင်ကြယ်​သော​လက်​ဖြင့် အစာ​စား​ကြ​သနည်း”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 6,
      "text": "ကိုယ်တော်​က​လည်း “ဟေရှာယ​သည် သူတော်ကောင်း​ယောင်ဆောင်​သော​သူ​များ​ဖြစ်​ကြ​သော သင်​တို့​နှင့်​ပတ်သက်၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏။ ‘ဤ​လူ​တို့​သည် သူ​တို့​၏​နှုတ်​ဖြင့် ငါ့​ကို​ရိုသေ​ကြ​၏။ သို့သော် သူ​တို့​၏​စိတ်နှလုံး​သည် ငါ​နှင့်​ဝေး​လှ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 7,
      "text": "သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို​အချည်းနှီး​ကိုးကွယ်​ကြ​၏’ ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 8,
      "text": "သင်​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​ကို​ပယ်​၍ လူ​တို့​၏​ဓလေ့​ထုံးတမ်း​ကို ခံယူ​ကျင့်သုံး​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 9,
      "text": "တစ်ဖန် သူ​တို့​အား “သင်​တို့​သည် မိမိ​တို့​၏​ဓလေ့​ထုံးတမ်း​ကို​တည်​စေရန် ဘုရားသခင်​၏​ပညတ်​တော်​ကို ကောင်းစွာ​ပစ်ပယ်​ကြ​သည်​တကား။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 10,
      "text": "အကြောင်းမူကား မောရှေ​က ‘သင်​၏​ဖခင်​နှင့်​မိခင်​တို့​ကို ရိုသေ​လော့။ ဖခင်​၊ သို့မဟုတ် မိခင်​ကို ပုတ်ခတ်​ပြောဆို​သော​သူ​သည် သေဒဏ်​ကျခံ​စေ’ ဟု ဆို​ထား​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 11,
      "text": "သို့သော် သင်​တို့​သည် ‘လူ​တစ်ဦး​က ဖခင်​၊ သို့မဟုတ် မိခင်​အား “အကျွန်ုပ်​ထံမှ သင်​တို့​ခံစား​ထိုက်​သည့်​အရာ​သည် လှူဖွယ်ဝတ္ထု​တည်းဟူသော ကော်ဘန်​ဖြစ်​ပါ​ပြီ”​ဟူ၍ ပြော​လျှင် ရ​၏’​ဟု ဆို​လျက်"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 12,
      "text": "ထို​သူ​အား ဖခင်​၊ သို့မဟုတ် မိခင်​အတွက် မည်သည့်​အရာ​ကို​မျှ လုပ်​ခွင့်​မ​ပေး​ကြ​တော့​ပေ။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 13,
      "text": "ဤသို့ဖြင့် သင်​တို့​သည် မိမိ​တို့​ဆက်ခံ​သော​ဓလေ့​ထုံးတမ်း​အားဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ပယ်ဖျက်​ကြ​၏။ ထိုကဲ့သို့သော​အမှုအရာ​များစွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 14,
      "text": "ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို နောက်တစ်ဖန်​ခေါ်​ပြီးလျှင် “သင်​တို့​အားလုံး ငါ့​စကား​ကို​နားထောင်​၍ နားလည်​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 15,
      "text": "လူ​၏​ပြင်ပ​မှ လူ့​အထဲသို့​ဝင်​၍ လူ​ကို​ညစ်ညူး​စေ​နိုင်​သော​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ လူ့​အတွင်း​မှ​ထွက်လာ​သော​အရာ​များ​က​သာ လူ​ကို​ညစ်ညူး​စေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 16,
      "text": "ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 17,
      "text": "ကိုယ်တော်​သည် လူထု​ပရိသတ်​ထံမှ​ထွက်ခွာ​၍ အိမ်​ထဲသို့​ဝင်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​အကြောင်း​ကို ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 18,
      "text": "ထိုအခါ ကိုယ်တော်​က “သင်​တို့​သည်​လည်း ဤမျှလောက် အသိတရား​ကင်းမဲ့​လျက်​နေ​ကြ​သလော။ ပြင်ပ​မှ လူ့​အထဲသို့​ဝင်​သမျှ​သော​အရာ​သည် လူ​ကို​မ​ညစ်ညူး​စေ​နိုင်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 19,
      "text": "အကြောင်းမူကား ထို​အရာ​သည် လူ​၏​စိတ်နှလုံး​ထဲသို့ ဝင်​သည်​မ​ဟုတ်။ ဝမ်း​ထဲသို့​ဝင်​ပြီးလျှင် ရေအိမ်​ထဲသို့​ရောက်သွား​၏” ​ဟု မိန့်​တော်မူ​လျက် အစာ​အားလုံး​စင်ကြယ်​ကြောင်း​ဖော်ပြ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 20,
      "text": "တစ်ဖန် ကိုယ်တော်​က “လူ့​အတွင်းမှ​ထွက်လာ​သော​အရာ​သည် လူ​ကို​ညစ်ညူး​စေ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 21,
      "text": "အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 22,
      "text": "အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ လောဘ​လွန်ကျူး​ခြင်း၊ ဆိုးညစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ မနာလို​ခြင်း၊ စော်ကား​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​သည် လူ​၏​အတွင်း သူ​၏​စိတ်နှလုံး​ထဲမှ ထွက်လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 23,
      "text": "ဤ​ဆိုးညစ်​သော​အရာ​အားလုံး​တို့​သည် အတွင်း​မှ​ထွက်လာ​၍ လူ​ကို​ညစ်ညူး​စေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 24,
      "text": "ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ တိုင်ရာ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​ပြီးလျှင် အိမ်​တစ်​အိမ်​သို့​ဝင်​တော်မူ​၏။ မည်သူ​မျှ​မ​သိ​စေရန် အလို​တော်​ရှိ​သော်လည်း ပုန်းရှောင်​၍​မ​နေ​နိုင်​ပေ။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 25,
      "text": "ညစ်ညူး​သော​နတ်​ပူး​နေ​သည့် သမီး​ငယ်​တစ်ယောက်​၏​မိခင်​သည် ကိုယ်တော်​၏​အကြောင်း​ကို​ကြား​လျှင် ချက်ချင်း​လာ​၍ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက်"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 26,
      "text": "နတ်ဆိုး​ကို မိမိ​သမီး​ထဲမှ နှင်ထုတ်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​လေ​၏။ ထို​အမျိုးသမီး​သည် ဆီးရီးယားဖိုနီးရှား​နယ်သူ၊ ဂရိ​လူမျိုး​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 27,
      "text": "ကိုယ်တော်​က​လည်း “သားသမီး​တို့​ကို​ဦးစွာ ဝလင်​အောင်​ကျွေး​ပါရစေ။ သားသမီး​တို့​၏​အစာ​ကို​ယူ​၍ ခွေးကလေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 28,
      "text": "ထို​အမျိုးသမီး​က​မူ “သခင်​ဘုရား၊ စားပွဲ​အောက်၌​ရှိ​သော​ခွေးကလေး​များ​ပင်လျှင် သားသမီး​တို့​၏​စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 29,
      "text": "ကိုယ်တော်​က​လည်း “ဤ​စကား​ကြောင့် သင်​ပြန်​လော့။ နတ်ဆိုး​သည် သင့်​သမီး​ထဲမှ ထွက်သွား​လေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 30,
      "text": "ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​အိမ်​သို့​ပြန်​သွား​ရာ သမီး​သည် ခုတင်​ပေါ်၌​လဲလျောင်း​နေ​၍ နတ်ဆိုး​သည် ထွက်သွား​ပြီ​ဖြစ်ကြောင်း တွေ့ရ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 31,
      "text": "ထို့နောက် ကိုယ်တော်​သည် တိုင်ရာ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​မှ တစ်ဖန်​ထွက်ခွာ​လျက် ဆီဒုန်​မြို့​ကို​ဖြတ်​ကာ ဒေကာပေါလိ​နယ်​နှင့်ဆိုင်သော​အရပ်​ဒေသ​အလယ်ပိုင်း​မှတစ်ဆင့် ဂါလိလဲ​ပင်လယ်​သို့​ကြွ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 32,
      "text": "ထိုအခါ လူ​တို့​သည် နားမကြား​၍​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီး သူ့​အပေါ် လက်​တော်​တင်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 33,
      "text": "ကိုယ်တော်​သည် ထို​သူ​တစ်ဦးတည်း​ကို​သာ လူထု​ပရိသတ်​ထဲမှ​ခေါ်သွား​၍ လက်ညှိုး​တော်​တို့​ကို သူ​၏​နား​နှစ်​ဖက်​ထဲသို့ သွင်း​တော်မူ​၏။ တစ်ဖန် တံတွေး​ထွေး​၍ သူ​၏​လျှာ​ကို တံတွေး​ဖြင့်​တို့​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 34,
      "text": "ထို့နောက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​လျက် သက်ပြင်းချ​ကာ “ဧဖသ” ​ဟု မိန့်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ “ပွင့်​စေ” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 35,
      "text": "ထို​ခဏချင်း​တွင် သူ​၏​နား​သည်​ပွင့်​၍ သူ​၏​လျှာ​ကြော​ပြေလျော့​ကာ သူ​သည် ပီသ​စွာ​စကား​ပြော​လေ​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 36,
      "text": "ကိုယ်တော်​သည် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။ သို့သော် သူ​တို့​ကို ထိုသို့​မိန့်မှာ​တော်မူ​လေ သူ​တို့​သည် ပို၍​ပြော​လေ​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 37,
      "text": "လူ​တို့​သည် အတိုင်းထက်အလွန်​အံ့အားသင့်​လျက် “ကိုယ်တော်​သည် အလုံးစုံ​တို့​ကို လျောက်ပတ်​စွာ​ပြု​တော်မူ​ပြီ။ နားမကြား​သော​သူ​ကို ကြား​စေ​တော်မူ​၍ ဆွံ့အ​သော​သူ​ကို​စကား​ပြော​စေ​တော်မူ​၏”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 1,
      "text": "ထို​နေ့ရက်​တို့​၌ များစွာ​သော​လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​၏။ ထို​သူ​တို့​၌ စား​စရာ​မ​ရှိ​သောကြောင့် ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 2,
      "text": "“ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 3,
      "text": "သူ​တို့​ထဲမှ အချို့​တို့​သည် အဝေး​မှ​လာ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ မိမိ​တို့​အိမ်​သို့​ပြန်​သွား​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 4,
      "text": "တပည့်​တော်​တို့​က​လည်း “ဤ​တော​ကန္တာရ​၌ မည်သူ​သည် အဘယ်က​မုန့်​ကို​ယူ​၍ ဤ​သူ​တို့​အား ဝလင်​စွာ​ကျွေး​နိုင်​ပါ​မည်နည်း”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 5,
      "text": "ယေရှု​က​လည်း “သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း” ​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 6,
      "text": "ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် မုန့်​ခုနစ်​လုံး​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ လူ​အစုအဝေး​တို့​အား​ဝေ​ပေး​ရန် တပည့်​တော်​တို့​ကို​ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား​ဝေ​ပေး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 7,
      "text": "သူ​တို့​၌ ငါး​ကလေး​အနည်းငယ်​ရှိ​သဖြင့် ၎င်း​တို့​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထို​ငါး​တို့​ကို​လည်း ဝေ​ပေး​ရန် မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 8,
      "text": "လူ​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​ရ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 9,
      "text": "ထို​နေရာ​၌ လူ​လေးထောင်​ခန့်​ရှိ​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် လူ​တို့​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 10,
      "text": "တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​ချက်ချင်း​တက်​၍ ဒါလမနုသ​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 11,
      "text": "ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်လာ​၍ ကိုယ်တော်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​ကာ ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 12,
      "text": "ကိုယ်တော်​သည် မိမိ​စိတ်​တော်​ထဲ၌ သက်ပြင်းချ​ကာ “ဤ​မျိုးဆက်​သည် အဘယ်ကြောင့် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သနည်း။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​မျိုးဆက်​အား မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 13,
      "text": "သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန် လှေ​ပေါ်​သို့​တက်​ကာ တစ်ဖက်ကမ်း​သို့​ကူး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 14,
      "text": "တပည့်​တော်​တို့​သည် မုန့်​ကို​ယူဆောင်​လာ​ရန် မေ့လျော့​ကြ​သဖြင့် လှေ​ပေါ်တွင် သူ​တို့​၌​မုန့်​တစ်​လုံး​တည်းသာ​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 15,
      "text": "ထိုအခါ ကိုယ်တော်​က “ဖာရိရှဲ​တို့​၏​တဆေး​နှင့် ဟေရုဒ်​၏​တဆေး​တို့​ကို အထူး​သတိပြု​ကြ​လော့” ​ဟု မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 16,
      "text": "တပည့်​တော်​တို့​က​လည်း မိမိ​တို့​၌ မုန့်​မ​ပါ​သောကြောင့်​ဖြစ်​သည်​ဟု အချင်းချင်း​အချေအတင်​ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 17,
      "text": "ထိုသို့​ပြောဆို​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​လျှင် “သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အဘယ်ကြောင့်​အချေအတင်​ပြောဆို​ကြ​သနည်း။ သင်​တို့​သဘော​မ​ပေါက်​နား​မ​လည်​ကြ​သေး​သလော။ သင်​တို့​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​နေ​သေး​သလော။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 18,
      "text": "သင်​တို့​သည် မျက်စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ​သလော။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​သလော။ သင်​တို့​မ​မှတ်မိ​ကြ​သလော။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 19,
      "text": "မုန့်​ငါး​လုံး​ကို လူ​ငါးထောင်​အတွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အကျိုးအပဲ့​များ​ကို တောင်း​အပြည့်​ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “တစ်ဆယ့်နှစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 20,
      "text": "“မုန့်​ခုနစ်​လုံး​ကို လူ​လေးထောင်​အတွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အကျိုးအပဲ့​များ​ကို တောင်း​အပြည့် ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ခုနစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 21,
      "text": "တစ်ဖန် ကိုယ်တော်​က “သင်​တို့​နား​မ​လည်​ကြ​သေး​သလော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 22,
      "text": "သူ​တို့​သည် ဗက်ဇဲဒ​မြို့​သို့​ရောက်​ကြ​သောအခါ လူ​တို့​သည် မျက်မမြင်​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​၍ သူ့​ကို​တို့ထိ​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 23,
      "text": "ကိုယ်တော်​သည် မျက်မမြင်​၏​လက်​ကို​ဆွဲ​၍ ရွာ​အပြင်​သို့​ခေါ်သွား​တော်မူ​ပြီးလျှင် သူ​၏​မျက်စိ​ပေါ်သို့ တံတွေး​ထွေး​ကာ သူ့​အပေါ်​လက်​တော်​တင်​လျက် “တစ်စုံတစ်ခု​ကို​မြင်​ရ​သလော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 24,
      "text": "သူ​သည် မော့ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်ပင်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး လမ်းလျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 25,
      "text": "ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 26,
      "text": "ကိုယ်တော်​က​လည်း “ရွာ​ထဲသို့​မ​ဝင်​နှင့်” ​ဟု မိန့်​တော်မူ​ပြီး သူ့​ကို မိမိ​အိမ်​သို့ ပြန်လွှတ်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 27,
      "text": "ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိ​နယ်​ရှိ ကျေးရွာ​များ​သို့​ကြွ​တော်မူ​၏။ လမ်း​ခရီး​၌ တပည့်​တော်​တို့​အား “လူ​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း” ​ဟူ၍ မေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 28,
      "text": "တပည့်​တော်​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆို​ကြ​၍ အချို့​တို့​က​လည်း ပရောဖက်​များ​ထဲမှ​တစ်ပါးပါး​ဖြစ်​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 29,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း” ​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 30,
      "text": "ထိုအခါ ကိုယ်တော်​သည် မိမိ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား သတိပေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 31,
      "text": "ထို့နောက် ကိုယ်တော်​က လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​ကြာ​သောအခါ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 32,
      "text": "ကိုယ်တော်​သည် ထို​အကြောင်းအရာ​ကို အတိအလင်း​မိန့်​တော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 33,
      "text": "သို့သော် ကိုယ်တော်​သည် လှည့်​၍ တပည့်​တော်​များ​ကို​ကြည့်ရှု​လျက် ပေတရု​ကို​ဆုံးမ​ကာ “အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို​မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 34,
      "text": "ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​များ​နှင့်တကွ လူထု​ပရိသတ်​ကို​ခေါ်​၍ “မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 35,
      "text": "အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ​နှင့်​ကောင်းမြတ်​သော​သတင်း​အတွက် မိမိ​အသက်​ကို ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 36,
      "text": "လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 37,
      "text": "တစ်နည်းအားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 38,
      "text": "အကြောင်းမူကား ဖောက်ပြန်​၍ အပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်ကာလ​၌ မည်သူမဆို ငါ​နှင့်​ငါ့​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း သန့်ရှင်း​သော​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​က “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် တန်ခိုး​နှင့်​ပေါ်ထွန်း​လာ​သော ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 2,
      "text": "ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 3,
      "text": "ဝတ်ရုံ​တော်​သည် ကမ္ဘာ​မြေကြီး​ပေါ်​ရှိ မည်သည့်​ခဝါသည်​မျှ ထိုကဲ့သို့​ဖြူဖွေး​စေရန် မ​ဖွပ်​နိုင်​လောက်အောင် အလွန်​ဖြူဖွေး​တောက်ပ​လာ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 4,
      "text": "ဧလိယ​နှင့်​မောရှေ​တို့​သည်​လည်း သူ​တို့​ရှေ့တွင်​ပေါ်လာ​၍ ယေရှု​နှင့်​စကား​ပြော​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 5,
      "text": "ထိုအခါ ပေတရု​က “ရဗ္ဗိ၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု ယေရှု​အား​လျှောက်​ထား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 6,
      "text": "သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ပေတရု​သည် မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​သောကြောင့် ထိုသို့​လျှောက်​ထား​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 7,
      "text": "ထိုအခါ မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​ပြီးလျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​စကား​ကို​နားထောင်​ကြ​လော့”​ဟု မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 8,
      "text": "ထို​ခဏချင်း​တွင် သူ​တို့​သည် ပတ်ပတ်လည်​သို့​ကြည့်​လိုက်​သော် ယေရှု​တစ်ပါးတည်း​သာ မိမိ​တို့​နှင့်အတူ​ရှိ​သည်​ကို​တွေ့မြင်​၍ အခြား​မည်သူ့​ကို​မျှ မ​တွေ့မြင်​ကြ​တော့​ချေ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 9,
      "text": "ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်းလာ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​တွေ့မြင်​ခဲ့​ရ​သော​အရာ​များ​ကို လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 10,
      "text": "သူ​တို့​သည်​လည်း ထို​စကား​ကို မှတ်သား​ထား​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ခြင်း​ဆိုသည်မှာ မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု အချင်းချင်း​ဆွေးနွေး​မေးမြန်း​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 11,
      "text": "ထို့နောက် သူ​တို့​က “ဧလိယ​သည် ဦးစွာ​လာ​ရ​မည်​ဟု ကျမ်းပြု​ဆရာ​တို့​က အဘယ်ကြောင့်​ဆို​ကြ​သနည်း”​ဟူ၍ ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 12,
      "text": "ကိုယ်တော်​က​လည်း “ဧလိယ​သည် ဦးစွာ​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။ သို့ရာတွင် လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး ပစ်ပယ်​ခြင်း​ကို​ခံရ​မည်​ဟု ရေး​ထား​သည်​မှာ မည်သို့နည်း။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 13,
      "text": "သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧလိယ​သည် ရောက်လာ​ခဲ့​ပြီ။ လူ​တို့​သည်​လည်း သူ​နှင့်​ပတ်သက်၍ ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း သူ့​အပေါ် ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 14,
      "text": "ထို့နောက် သူ​တို့​သည် အခြား​တပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် တပည့်​တော်​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​၍ ကျမ်းပြု​ဆရာ​တို့​သည် သူ​တို့​နှင့်​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​တွေ့မြင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 15,
      "text": "လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ကို​မြင်​သည်နှင့် အလွန်​အံ့သြ​လျက် ပြေး​လာ​၍ ကိုယ်တော်​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 16,
      "text": "ကိုယ်တော်​က​လည်း တပည့်​တော်​တို့​အား “သင်​တို့​သည် ထို​သူ​တို့​နှင့် မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​နေ​ကြ​သနည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 17,
      "text": "ထိုအခါ လူထု​ပရိသတ်​ထဲမှ​တစ်​ဦး​က “ဆရာ၊ ဆွံ့အ​သော​နတ်​ပူး​နေ​သည့် အကျွန်ုပ်​၏​သား​ကို ဆရာ့​ထံ​ခေါ်ဆောင်​လာ​ပါ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 18,
      "text": "နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 19,
      "text": "ကိုယ်တော်​က​လည်း “အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 20,
      "text": "ထိုအခါ သူ​တို့​သည် သူငယ်​ကို အထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်တော်​ကို​မြင်​လျှင် သူငယ်​ကို ချက်ချင်း​တက်​စေ​သဖြင့် သူငယ်​သည် မြေ​ပေါ်သို့​လဲကျ​ပြီး ပါးစပ်​မှ​အမြှုပ်​ထွက်​လျက် လူးလိမ့်​နေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 21,
      "text": "ကိုယ်တော်​က သူငယ်​၏​ဖခင်​အား “သူ​၌ ဤသို့​ဖြစ်​ခဲ့​သည်​မှာ မည်မျှ​ကြာ​ပြီ​နည်း” ​ဟု မေး​တော်မူ​ရာ ဖခင်​က “ငယ်စဉ်​ကတည်းက​ဖြစ်​ပါ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 22,
      "text": "နတ်​သည် သူ့​ကို​သေ​စေရန် မီး​ထဲသို့​လည်းကောင်း၊ ရေ​ထဲသို့​လည်းကောင်း မကြာခဏ​ပစ်ချ​တတ်​ပါ​၏။ သို့သော် ကိုယ်တော်​တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်​တို့​ကို​သနား​၍ ကူညီမစ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 23,
      "text": "ယေရှု​က​လည်း “တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 24,
      "text": "သူငယ်​၏​ဖခင်​က “အကျွန်ုပ်​ယုံကြည်​ပါ​၏။ အကျွန်ုပ်​၏​မ​ယုံကြည်​မှု​ကို ကူညီမစ​တော်မူ​ပါ”​ဟု ချက်ချင်း​အော်ဟစ်​လျက် လျှောက်ထား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 25,
      "text": "ယေရှု​သည် လူထု​ပရိသတ်​ပြေး​လာ​ကြ​သည်​ကို​မြင်​လျှင် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​လျက် “ဆွံ့အ​၍ နားပင်း​သော​နတ်၊ သင့်​အား ငါ​အမိန့်​ပေး​၏။ သူ့​အထဲမှ​ထွက်သွား​လော့။ နောက်တစ်ဖန် သူ့​အထဲသို့​မ​ဝင်​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 26,
      "text": "ထိုအခါ နတ်ဆိုး​သည် အော်ဟစ်​လျက် သူငယ်​ကို ပြင်းထန်​စွာ​တက်​စေ​ပြီးလျှင် ထွက်သွား​လေ​၏။ သူငယ်​သည် လူသေ​ကဲ့သို့​ဖြစ်​သွား​သဖြင့် လူ​အပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 27,
      "text": "သို့သော် ယေရှု​သည် သူငယ်​၏​လက်​ကို​ကိုင်​လျက် သူ့​ကို​ထူမ​တော်မူ​ရာ သူ​သည်​ထ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 28,
      "text": "ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​က “အကျွန်ုပ်​တို့​သည် ထို​နတ်ဆိုး​ကို အဘယ်ကြောင့် မ​နှင်ထုတ်​နိုင်​ပါ​သနည်း”​ဟု တိတ်တဆိတ်​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 29,
      "text": "ကိုယ်တော်​က​လည်း “ထို​နတ်​မျိုး​ကို ဆုတောင်း​ခြင်း​အားဖြင့်​မ​ဟုတ်​လျှင် မည်သည့်​နည်း​နှင့်​မျှ မ​နှင်ထုတ်​နိုင်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 30,
      "text": "သူ​တို့​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့သော် ကိုယ်တော်​သည် မည်သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 31,
      "text": "အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​က တပည့်​တော်​တို့​အား သွန်သင်​လျက် “လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ သို့သော် အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​ကြာ​သောအခါ သူ​သည် ထမြောက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 32,
      "text": "တပည့်​တော်​တို့​သည် ထို​စကား​ကို နား​မ​လည်​ကြ​သော်လည်း ကိုယ်တော်​အား​မ​မေး​ဝံ့​ကြ​ချေ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 33,
      "text": "ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ၌​ရှိ​တော်မူ​စဉ် ကိုယ်တော်​က တပည့်​တော်​တို့​အား “သင်​တို့​သည် လမ်း​၌ မည်သည့်​အကြောင်းအရာ​ကို အချေအတင်​ပြောဆို​လာ​ခဲ့​ကြ​သနည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 34,
      "text": "သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ အကြောင်းမှာ မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု လမ်း​၌ အချင်းချင်း​အချေအတင်​ပြောဆို​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 35,
      "text": "ထိုအခါ ကိုယ်တော်​သည်​ထိုင်​လျက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​ပြီးလျှင် “မည်သူမဆို ပထမ​ဦးဆုံး​ဖြစ်​လို​လျှင် အားလုံး​တွင် နောက်ဆုံး​ဖြစ်​ပြီး အားလုံး​၏​အစေခံ​ဖြစ်​ရ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 36,
      "text": "ထို့နောက် ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌​ရပ်​စေ​ပြီးလျှင် သူ့​ကို​ပွေ့ချီ​ကာ"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 37,
      "text": "“ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 38,
      "text": "ယောဟန်​က “ဆရာ၊ ဆရာ​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 39,
      "text": "သို့သော် ယေရှု​က “သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 40,
      "text": "ငါ​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် ငါ​တို့​ဘက်သား​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 41,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ခရစ်တော်​၏​တပည့်​ဟူသော​အမည်​နာမ​ကို​ထောက်၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 42,
      "text": "သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​ထဲသို့​ပစ်ချ​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 43,
      "text": "သင်​၏​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​ငရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 44,
      "text": "[ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 45,
      "text": "သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 46,
      "text": "[ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။]"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 47,
      "text": "သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 48,
      "text": "ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 49,
      "text": "လူ​တိုင်း​သည် မီး​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 50,
      "text": "ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့် အရသာ​ပြန်​ရှိ​စေ​မည်နည်း။ သင်​တို့​သည် မိမိ​ကိုယ်တိုင်​၌ ဆား​ရှိ​စေ​၍ အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ ယုဒ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​နှင့် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့ တစ်ဖန်​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည်​လည်း ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ကို​သွန်သင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 2,
      "text": "ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ “လင်​ယောက်ျား​သည် မိမိ​မယား​ကို​ကွာရှင်း​ခြင်း​မှာ တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 3,
      "text": "ကိုယ်တော်​က​လည်း “မောရှေ​သည် သင်​တို့​ကို မည်ကဲ့သို့​ပညတ်​ထား​သနည်း” ​ဟု ပြန်​၍​မိန့်​တော်မူ​လျှင်"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 4,
      "text": "သူ​တို့​က “ဖြတ်စာ​ကို​ရေး​၍ ကွာရှင်း​ရန် မောရှေ​က ခွင့်ပြု​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 5,
      "text": "ယေရှု​က​လည်း “သင်​တို့​၏​စိတ်နှလုံး​မာကျော​သောကြောင့် သူ​သည် ဤ​ပညတ်​ချက်​ကို သင်​တို့​အတွက်​ရေး​ခဲ့​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 6,
      "text": "သို့သော် ဖန်ဆင်း​ခြင်း​၏​အစအဦး​က​ပင် ဘုရားသခင်​သည် သူ​တို့​ကို ယောက်ျား​နှင့်​မိန်းမ​အဖြစ် ဖန်ဆင်း​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 7,
      "text": "ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိမိ​၏​မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့်"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 8,
      "text": "ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။ သို့ဖြစ်၍ သူ​တို့​သည် နှစ်​ဦး​မ​ဟုတ်​တော့​ဘဲ တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 9,
      "text": "ထို့ကြောင့် ဘုရားသခင်​တွဲဖက်​၍ ထမ်းပိုး​တင်​တော်မူ​သော​အရာ​ကို လူ​က မ​ကွဲကွာ​စေ​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 10,
      "text": "တပည့်​တော်​တို့​သည် အိမ်​ထဲ၌​ရှိ​စဉ် ဤ​အကြောင်းအရာ​ကို ကိုယ်တော်​အား ထပ်မံ​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 11,
      "text": "ကိုယ်တော်​က​လည်း “မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သော​သူ​သည် ထို​မိန်းမ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 12,
      "text": "မယား​သည်​လည်း မိမိ​၏​ခင်ပွန်း​နှင့်​ကွာရှင်း​၍ အခြား​ယောက်ျား​နှင့်​ထိမ်းမြား​စုံဖက်​လျှင် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 13,
      "text": "ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 14,
      "text": "ယေရှု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အမျက်​တော်​ထွက်​၍ “ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့​သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 15,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သူငယ်​တစ်ဦး​ကဲ့သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 16,
      "text": "ထို့နောက် ကိုယ်တော်​သည် ကလေး​သူငယ်​တို့​ကို​ပွေ့ချီ​၍ သူ​တို့​အပေါ်၌ လက်​တော်​တင်​လျက် ကောင်းချီး​ပေး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 17,
      "text": "ကိုယ်တော်​သည် လမ်း​၌​ကြွ​တော်မူ​စဉ် လူ​တစ်​ဦး​သည် ပြေး​လာ​၍ ရှေ့​တော်​၌​ဒူးထောက်​ကာ “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် အကျွန်ုပ်​သည် မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 18,
      "text": "ယေရှု​က​လည်း “ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 19,
      "text": "‘လူ​မ​သတ်​ရ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ၊ မ​ခိုးယူ​ရ၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ၊ လိမ်ညာ​လုယူ​ခြင်း​မ​ပြု​ရ၊ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို​ရိုသေ​လော့’ ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 20,
      "text": "ထို​သူ​က​လည်း “ဆရာ၊ အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 21,
      "text": "ယေရှု​သည် ထို​သူ​ကို​စူးစိုက်​ကြည့်​လျက် သူ့​အပေါ်​မေတ္တာ​ထား​၍ “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​တို့​ကို သွား​၍​ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား​ပေးကမ်း​လော့။ ထိုသို့ပြုလျှင် သင်​သည်​ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 22,
      "text": "ထို​သူ​သည် ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​လျှင် မျက်နှာ​ညှိုးငယ်​၍ ဝမ်းနည်း​လျက်​ထွက်သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 23,
      "text": "ထိုအခါ ယေရှု​သည် ပတ်ပတ်လည်​သို့​ကြည့်ရှု​လျက် “ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 24,
      "text": "တပည့်​တော်​တို့​သည် ကိုယ်တော်​၏​စကား​ကို​အံ့အားသင့်​ကြ​၏။ သို့သော် ယေရှု​က “ချစ်​သား​တို့၊ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 25,
      "text": "ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှိုဝင်​ရန် ပို၍​လွယ်ကူ​၏” ​ဟု ထပ်မံ​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 26,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် ပို၍​ပင်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 27,
      "text": "ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက် “ဤ​အရာ​သည် လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက်​မူကား ထိုသို့​မ​ဟုတ်။ အကြောင်းမှာ ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည်​ဖြစ်နိုင်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 28,
      "text": "ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 29,
      "text": "ယေရှု​က “သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မည်သူမဆို ငါ့​အတွက်​နှင့် ကောင်းမြတ်​သော​သတင်း​အတွက် အိမ်​ကို​ဖြစ်စေ၊ ညီအစ်ကို​မောင်နှမ​များ​ကို​ဖြစ်စေ၊ အမိ​ကို​ဖြစ်စေ၊ အဖ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ၊ မြေယာ​များ​ကို​ဖြစ်စေ စွန့်​လျှင်"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 30,
      "text": "ထို​သူ​သည် ယခု​ဘဝ​၌ ညှဉ်းဆဲ​ခြင်း​များ​ပါ​လျက် အဆ​တစ်ရာ​သော​အကျိုး​တည်းဟူသော အိမ်​များ၊ မြေယာ​များ၊ ညီအစ်ကို​မောင်နှမ​များ၊ အမိ​များ၊ သားသမီး​များ​ကို ခံစား​ရ​လျက် နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​ရရှိ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 31,
      "text": "သို့သော် အဦးဆုံး​သော​သူ​များစွာ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​ပြီး နောက်ဆုံး​သော​သူ​များစွာ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 32,
      "text": "သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​ကြ​စဉ် လမ်း​၌ ယေရှု​သည် သူ​တို့​ရှေ့​မှ​ကြွ​တော်မူ​သဖြင့် တပည့်​တော်​တို့​သည်​အံ့အားသင့်​ကြ​၏။ နောက်​တော်​သို့​လိုက်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို တစ်ဖန်​ခေါ်​လျက် မိမိ​၌​ဖြစ်ပျက်​လာ​တော့မည့်​အရာ​များ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​၍"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 33,
      "text": "“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို​သေဒဏ်​စီရင်​၍ လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 34,
      "text": "လူမျိုးခြား​တို့​သည် သူ့​ကို​ပြောင်လှောင်​၍ တံတွေး​နှင့်​ထွေး​ပြီး ဒဏ်ခတ်​ရိုက်နှက်​ကာ​အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​ကြာ​သောအခါ သူ​သည်​ထမြောက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 35,
      "text": "ထိုအခါ ဇေဗေဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာကုပ်​နှင့်​ယောဟန်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​တောင်း​သမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်တော်​အား​လျှောက်​ထား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 36,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​အတွက် မည်သည့်​အရာ​ကို ပြု​စေ​လို​ကြ​သနည်း” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 37,
      "text": "သူ​တို့​က “အကျွန်ုပ်​တို့​ကို ကိုယ်တော်​၏​ဘုန်း​အသရေ​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 38,
      "text": "သို့သော် ယေရှု​က “သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန်​၊ သို့မဟုတ် ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​ခံ​ရန် သင်​တို့​တတ်နိုင်​ကြ​သလော” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 39,
      "text": "သူ​တို့​က “အကျွန်ုပ်​တို့​တတ်နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း “ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်မည်။ ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 40,
      "text": "သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့် လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 41,
      "text": "ကျန်​တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ယာကုပ်​နှင့်​ယောဟန်​တို့​ကို စိတ်ဆိုး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 42,
      "text": "ထိုအခါ ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက် “လူမျိုးခြား​တို့​တွင် သူ​တို့​ကို​အုပ်ချုပ်​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည် ပြည်သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ကြ​၍ သူ​တို့​၏​အကြီးအကဲ​တို့​သည် သူ​တို့​အပေါ် အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 43,
      "text": "သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 44,
      "text": "သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် အားလုံး​၏​အစေအပါး​ဖြစ်​ရ​မည်။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 45,
      "text": "အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 46,
      "text": "ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့​ရောက်လာ​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ များစွာ​သော​လူထု​ပရိသတ်​ပါ​လျက် ဂျေရိခေါ​မြို့​မှ​ထွက်ခွာ​တော်မူ​စဉ် တိမဲ​၏​သား ဗာတိမဲ​အမည်ရှိ​သော မျက်မမြင် သူတောင်းစား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 47,
      "text": "နာဇရက်​မြို့သား​ယေရှု​ဖြစ်​ကြောင်း သူ​ကြားသိ​လျှင် “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 48,
      "text": "လူ​အများ​တို့​သည် သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 49,
      "text": "ထိုအခါ ယေရှု​သည်​ရပ်တန့်​လျက် “သူ့​ကို​ခေါ်​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။ လူ​တို့​သည်​လည်း ထို​မျက်မမြင်​ကို​ခေါ်​၍ “အားမငယ်​နှင့်။ ထ​လော့။ ကိုယ်တော်​သည် သင့်​ကို​ခေါ်​တော်မူ​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 50,
      "text": "သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို ဘေး​သို့​ပစ်ချ​ပြီး ထ​၍ ယေရှု​ထံသို့​လာ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 51,
      "text": "ယေရှု​က “သင့်​အတွက် မည်သည့်​အမှု​ကို​ပြု​စေ​လို​သနည်း” ​ဟု မေး​တော်မူ​လျှင် မျက်မမြင်​က “ရဗ္ဗုနိ၊ မျက်စိ​မြင်​အောင်​လုပ်ပေး​စေ​လို​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 52,
      "text": "ယေရှု​က​လည်း “သွား​လော့။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ” ​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် မျက်စိ​မြင်​၍ လမ်း​ခရီး​တစ်လျှောက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 1,
      "text": "သူ​တို့​သည် ဂျေရုဆလင်​မြို့​နှင့်​နီးကပ်​လာ​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 2,
      "text": "“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်လျှင်ဝင်ချင်း​မည်သူ​မျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 3,
      "text": "တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့် ဤသို့​ပြု​ကြ​သနည်း’​ဟု သင်​တို့​ကို​မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်။ ဤ​နေရာ​သို့ ချက်ချင်း​ပြန်​ပို့ပေး​ပါ​လိမ့်မည်’​ဟု ပြော​ကြ​လော့” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 4,
      "text": "ထို့ကြောင့် သူ​တို့​သည်​ထွက်သွား​၍ လမ်း​ဘေး​အိမ်​တံခါး​တွင်​ချည်​ထား​သော မြည်း​ကလေး​တစ်​ကောင်​ကို​တွေ့​သဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 5,
      "text": "ထိုအခါ ထို​နေရာ​၌​ရပ်​နေ​သော​သူ​အချို့​တို့​က “မြည်း​ကလေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သနည်း”​ဟု မေး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 6,
      "text": "သူ​တို့​က​လည်း ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြန်ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်ပြု​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 7,
      "text": "ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​အပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ထို​မြည်း​ကို​စီး​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 8,
      "text": "များစွာ​သော​လူ​တို့​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား ကွင်းပြင်​မှ​သစ်ခက်​သစ်ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 9,
      "text": "ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 10,
      "text": "ပေါ်ထွန်း​တော့​မည့် ငါ​တို့​အဖ​ဒါဝိဒ်​၏​နိုင်ငံ​တော်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 11,
      "text": "ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​၍ ဗိမာန်​တော်​သို့​ကြွ​တော်မူ​၏။ အရာရာ​တို့​ကို လှည့်လည်​ကြည့်ရှု​တော်မူ​ပြီးလျှင် ညနေချမ်း​အချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 12,
      "text": "နောက်တစ်နေ့​၌ ဗေသနိ​ရွာ​မှ သူ​တို့​ထွက်ခွာ​ကြ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 13,
      "text": "ထိုစဉ် အရွက်​များ​ဝေဆာ​နေ​သော သဖန်းပင်​တစ်​ပင်​ကို အဝေး​မှ​မြင်​၍ ထို​အပင်​၌ တစ်စုံတစ်ခု​တွေ့​လို​တွေ့​ငြား အပင်​ရှိ​ရာ​သို့​ကြွ​တော်မူ​၏။ သို့သော် ရောက်​တော်မူ​သောအခါ သဖန်းသီး​ပေါ်​ချိန်​မ​ဟုတ်​သောကြောင့် ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 14,
      "text": "ထိုအခါ ထို​အပင်​အား “သင့်​ထံမှ​အသီး​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် မည်သူမျှ မ​စား​ရ​ပါစေ​နှင့်” ​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 15,
      "text": "သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်ထုတ်​ကာ ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 16,
      "text": "ထို့ပြင် ဗိမာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်ဆောင်​ရန် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 17,
      "text": "ကိုယ်တော်​သည် သူ​တို့​အား​သွန်သင်​လျက် “ ‘ငါ့​အိမ်​သည် လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 18,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထို​အကြောင်း​ကို​ကြားသိ​သောအခါ ကိုယ်တော်​ကို သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​သောကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 19,
      "text": "မှောင်ရီပျိုးစချိန်​ရောက်လာ​သောအခါ ယေရှု​နှင့်​တပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 20,
      "text": "နံနက်​စောစော လမ်း​၌​ဖြတ်​သွား​ကြ​စဉ် အမြစ်​မှစ၍ ညှိုးနွမ်း​ခြောက်သွေ့​နေ​သော​သဖန်းပင်​ကို သူ​တို့​မြင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 21,
      "text": "ထိုအခါ ပေတရု​သည် သတိရ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ကိုယ်တော်​ကျိန်​တော်မူ​သော​သဖန်းပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​ပါ​ပြီ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 22,
      "text": "ယေရှု​က​လည်း “ဘုရားသခင်​ကို ယုံကြည်​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 23,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သူမဆို ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျက် မိမိ​စိတ်နှလုံး​ထဲ၌ သံသယ​ကင်းမဲ့​ကာ မိမိ​ဆို​သည့်​အတိုင်း​ဖြစ်​မည်​ဟု​ယုံကြည်​လျှင် ထို​သူ​ဆို​သည့်​အတိုင်း ဖြစ်​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 24,
      "text": "ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​ဆုတောင်း​သောအခါ တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ရရှိ​ပြီ​ဟု​ယုံကြည်​ကြ​လော့။ ထိုအခါ သင်​တို့​အတွက် ထို​အတိုင်း​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 25,
      "text": "သင်​တို့​သည် မတ်တတ်ရပ်​လျက် ဆုတောင်း​ကြ​သောအခါ တစ်ဦးတစ်ယောက်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 26,
      "text": "[သို့သော် သင်​တို့​ခွင့်​မ​လွှတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်]” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 27,
      "text": "ထို့နောက် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​ရောက်​ကြ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲ၌ ကြွ​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့​လာ​၍"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 28,
      "text": "“သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း၊ သို့မဟုတ် ဤ​သို့​ပြု​နိုင်​သော​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 29,
      "text": "ယေရှု​က​လည်း “ငါ​သည် သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။ သို့ပြုလျှင် ဤ​အရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 30,
      "text": "ယောဟန်​၏​ဗတ္တိဇံ​သည် ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော။ ငါ့​ကို​ဖြေ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 31,
      "text": "ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 32,
      "text": "‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​ဖြစ်​သည်​ဟု အမှန်ပင် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ကြောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 33,
      "text": "ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ယေရှု​က “ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် စပျစ်သီး​နယ်​ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 2,
      "text": "အသီး​ပေါ်​ချိန်​ရောက်​သောအခါ ခြံသမား​တို့​ထံမှ စပျစ်ခြံ​ထွက်​အသီး​များ​ကို​ရယူ​ရန် အစေအပါး​တစ်​ဦး​ကို ခြံသမား​တို့​ထံသို့​စေလွှတ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 3,
      "text": "ထိုအခါ သူ​တို့​သည် ထို​အစေအပါး​ကို ဖမ်းဆီး​၍​ရိုက်နှက်​ကာ လက်ချည်း​သက်သက်​ပြန်လွှတ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 4,
      "text": "နောက်တစ်ဖန် အခြား​အစေအပါး​တစ်​ဦး​ကို သူ​တို့​ထံသို့​စေလွှတ်​လိုက်​ရာ ဦးခေါင်း​ကို​ရိုက်​၍ သူ့​ကို​အရှက်ခွဲ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 5,
      "text": "တစ်ဖန် အခြား​တစ်​ဦး​ကို စေလွှတ်​ပြန်​လျှင် သူ့​ကို​သတ်​ပစ်​ကြ​၏။ အခြား​သော​သူ​များစွာ​တို့​ကို​စေလွှတ်​သော်လည်း အချို့​တို့​ကို​ရိုက်နှက်​၍ အချို့​တို့​ကို​သတ်ပစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 6,
      "text": "သူ​၌​ချစ်​သော​သား​တစ်ဦးတည်း​ရှိ​တော့​၏။ ခြံ​ပိုင်ရှင်​က ‘သူ​တို့​သည် ငါ့​သား​ကို​ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​လျက် နောက်ဆုံး​တွင် ထို​သား​ကို သူ​တို့​ထံသို့​စေလွှတ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 7,
      "text": "သို့သော် ခြံသမား​တို့​က ‘ဤ​သူ​သည်​အမွေခံ​ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​ကြ​စို့။ သို့ပြုလျှင် အမွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​လိမ့်မည်’​ဟု အချင်းချင်း​ပြောဆို​ကြ​လျက်"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 8,
      "text": "သူ့​ကို​ဖမ်းဆီး​၍ သတ်​ပြီးလျှင် စပျစ်ခြံ​အပြင်​သို့ ထုတ်​ပစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 9,
      "text": "သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​သည် မည်သို့​ပြု​မည်နည်း။ သူ​သည်​လာ​၍ ခြံသမား​တို့​ကို​အဆုံးစီရင်​ကာ စပျစ်ခြံ​ကို အခြား​သော​သူ​တို့​အား​ပေး​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 10,
      "text": "‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 11,
      "text": "ဤ​အမှု​သည် ထာဝရ​ဘုရား​အားဖြင့်​ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့သြဖွယ်​ဖြစ်​၏’​ဟူသော​ကျမ်းချက်​ကို မ​ဖတ်​ဖူး​ကြ​သလော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 12,
      "text": "ထိုအခါ သူ​တို့​သည် ထို​ပုံ​ဥပမာ​ကို မိမိ​တို့​အား​ရည်ညွှန်း​၍ မိန့်​တော်မူ​ကြောင်း​သိ​ကြ​သဖြင့် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​ကို​ကြောက်​သောကြောင့် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 13,
      "text": "ထို့နောက် သူ​တို့​သည် နှုတ်​တော်​ထွက်​စကား​အားဖြင့် ကိုယ်တော်​ကို​အပြစ်ရှာ​နိုင်​ရန် ဖာရိရှဲ​နှင့်​ဟေရုဒ်​၏​လူ​အချို့​တို့​ကို အထံ​တော်​သို့​စေလွှတ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 14,
      "text": "သူ​တို့​သည်​လာ​၍ ကိုယ်တော်​အား “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး မည်သူ့​ကို​မျှ​အား​မ​နာ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဆရာ​သည် လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ပါ​၏။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော။ အကျွန်ုပ်​တို့​ဆက်သ​သင့်​သလော​၊ သို့မဟုတ် မ​ဆက်သ​သင့်​သလော”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 15,
      "text": "သို့သော် ကိုယ်တော်​သည် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သိ​တော်မူ​၍ “အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။ ငါ​ကြည့်​ရန်​အတွက် ဒေနာရိ​တစ်​ပြား​ကို ငါ့​ထံ​ယူ​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 16,
      "text": "သူ​တို့​ယူလာ​ကြ​သောအခါ ကိုယ်တော်​က “ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 17,
      "text": "ယေရှု​က​လည်း “ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့” ​ဟု မိန့်​တော်မူ​ရာ သူ​တို့​သည် ကိုယ်တော်​ကို​အံ့သြ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 18,
      "text": "ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​တို့​သည် အထံ​တော်​သို့​လာ​၍"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 19,
      "text": "“ဆရာ၊ တစ်စုံတစ်ဦး​၏​အစ်ကို​သည် သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​၍ မယား​ကို​ထား​ခဲ့​လျှင် ညီ​ဖြစ်​သူ​သည် မိမိ​အစ်ကို​၏​မျိုးဆက်​ကို​ပေါက်ပွား​စေရန် ထို​မိန်းမ​ကို​ယူ​ရ​မည် ​ဟု မောရှေ​က အကျွန်ုပ်​တို့​အတွက် စီရင်​ရေး​ထား​ခဲ့​ပါ​သည်။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 20,
      "text": "ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် မိန်းမ​ယူ​ပြီး မျိုးဆက်​မ​ထားခဲ့​ဘဲ သေဆုံး​သွား​ပါ​သည်။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 21,
      "text": "ထိုအခါ ဒုတိယ​ညီ​သည် ထို​မိန်းမ​ကို​ယူ​၍ မျိုးဆက်​မ​ထား​ခဲ့​ဘဲ သေဆုံး​သွား​ပြန်​သည်။ တတိယ​ညီ​သည်​လည်း ထိုနည်းတူ​ဖြစ်​ပြီး"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 22,
      "text": "ခုနစ်​ဦး​စလုံး​သည်​မျိုးဆက်​မ​ထားခဲ့​ဘဲ သေဆုံး​ကြ​သည်။ နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 23,
      "text": "ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​တို့​ထမြောက်​ကြ​သောအခါ ထို​မိန်းမ​သည် မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား ခုနစ်​ဦး​စလုံး ထို​မိန်းမ​ကို မယား​အဖြစ် ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 24,
      "text": "ယေရှု​က​လည်း “သင်​တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုး​တော်​ကို​လည်းကောင်း မ​သိ​သောကြောင့် ဤသို့​အယူလွဲ​နေ​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 25,
      "text": "အကြောင်းမူကား လူ​တို့​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ကြ​သောအခါ ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​သော ကောင်းကင်တမန်​များ​ကဲ့သို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 26,
      "text": "သေ​သော​သူ​တို့​၏​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ မောရှေ​၏​ကျမ်း​၌ ချုံပုတ်​အကြောင်း​ရေး​ထား​သော​အခန်း​တွင် ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏’​ဟု မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 27,
      "text": "ဘုရားသခင်​သည် သေ​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏။ သင်​တို့​သည် လွန်စွာ​အယူလွဲ​ကြ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 28,
      "text": "ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ သူ​တို့​ငြင်းခုံ​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ပြီး ကိုယ်တော်​သည် သူ​တို့​အား လျောက်ပတ်​စွာ​ဖြေကြား​တော်မူ​သည်​ကို​မြင်​လျှင် “ပညတ်ချက်​အားလုံး​တွင် မည်သည့်​ပညတ်​ချက်​သည် ပထမ​ဖြစ်​သနည်း”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 29,
      "text": "ယေရှု​က “ပထမ​ပညတ်ချက်​မှာ ‘အို အစ္စရေး​အမျိုး၊ နားထောင်​လော့။ ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော​ထာဝရ​ဘုရား​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 30,
      "text": "သင်​၏​ဘုရားသခင် ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး၊ သင်​၏​အသိဉာဏ်​ရှိသမျှ​နှင့် သင်​၏​အစွမ်းသတ္တိ​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည်’​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 31,
      "text": "ဒုတိယ​ပညတ်ချက်​မှာ ‘ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်’ ဟူ၍ ဖြစ်​၏။ ဤ​ပညတ်ချက်​နှစ်ပါး​ထက်​ကြီးမြတ်​သော အခြား​ပညတ်​မ​ရှိ” ​ဟု ဖြေကြား​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 32,
      "text": "ထို​ကျမ်းပြု​ဆရာ​က​လည်း “မှန်​ပါ​၏​ဆရာ။ ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​၍ ထို​ဘုရားသခင်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ဟု ဆရာ​ပြော​သည်​မှာ ဟုတ်မှန်​ပါ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 33,
      "text": "ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်စွမ်း​ရှိသမျှ၊ အစွမ်းသတ္တိ​ရှိသမျှ​တို့​ဖြင့်​ချစ်​၍ ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ခြင်း​သည်​လည်း မီးရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူဇော်​ခြင်း​အပေါင်း​တို့​ထက် သာ၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 34,
      "text": "ထို​သူ​သည် ပညာ​ရှိ​စွာ​ဖြေကြား​သည်​ကို ယေရှု​မြင်​တော်မူ​လျှင် “သင်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​မ​ဝေး” ​ဟု သူ့​အား မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ မည်သူမျှ ကိုယ်တော်​အား မေးခွန်း​များ​မ​မေး​ဝံ့​တော့ချေ။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 35,
      "text": "တစ်ဖန် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ် “ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု ကျမ်းပြု​ဆရာ​တို့​က မည်သို့​ပြောဆို​နိုင်​ကြ​သနည်း။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 36,
      "text": "ဒါဝိဒ်​ကိုယ်တိုင် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေဖဝါး​အောက်၌ ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’ ဟူ၍ ဆိုထား​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 37,
      "text": "ဒါဝိဒ်​ကိုယ်တိုင် ခရစ်တော်​ကို ‘သခင်’​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်နိုင်​မည်နည်း” ​ဟု မိန့်​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​၏​စကား​တော်​ကို ဝမ်းမြောက်​စွာ​နားထောင်​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 38,
      "text": "ကိုယ်တော်​သည် ဆက်၍​ဟောပြော​သွန်သင်​တော်မူ​ရာ​၌ “ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​၍ သွားလာ​ခြင်း​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 39,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 40,
      "text": "သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 41,
      "text": "ထို့နောက် ကိုယ်တော်​သည် အလှူခံ​သေတ္တာ​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​တော်မူ​၍ လူ​တို့​သည် ကြေး​ဒင်္ဂါး​ကို အလှူခံ​သေတ္တာ​ထဲသို့ ထည့်​နေ​ကြ​ပုံ​ကို ကြည့်ရှု​တော်မူ​၏။ ချမ်းသာ​သော​သူ​များစွာ​တို့​သည် အမြောက်အမြား​ထည့်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 42,
      "text": "ထိုစဉ် ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည် လာ​၍ ကွတ်ရန်တေး​တစ်​ပြား​နှင့်ညီသော လတ္တာ​နှစ်​ပြား​ကို​ထည့်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 43,
      "text": "ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အလှူခံ​သေတ္တာ​ထဲသို့ ထည့်​သော​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 44,
      "text": "အကြောင်းမူကား သူ​တို့​အားလုံး​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သမျှ​သော​အရာ​အားလုံး၊ သူ​၏​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 1,
      "text": "ယေရှု​သည် ဗိမာန်​တော်​မှ​ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​က “ဆရာ၊ ကြည့်​ပါ။ အလွန်​ကြီးမား​သော​ကျောက်တုံး​များ​နှင့် အလွန်​ထည်ဝါ​သော​အဆောက်အအုံ​များ​ပါ​တကား”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 2,
      "text": "ယေရှု​က​လည်း “ဤ​ကြီးမား​သော​အဆောက်အအုံ​များ​ကို သင်​မြင်​သည်​မ​ဟုတ်​လော။ ဤ​နေရာ​၌ ကျောက်တုံး​တစ်တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်” ​ဟု ထို​သူ​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 3,
      "text": "ထို့နောက် ကိုယ်တော်​သည် သံလွင်​တောင်​ပေါ်၌ ဗိမာန်​တော်​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​နေ​တော်မူ​စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် အန္ဒြေ​တို့​က"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 4,
      "text": "“ထို​အရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ထို​အရာ​အားလုံး​ပြည့်စုံ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု ကိုယ်တော်​ကို တိတ်တဆိတ်​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 5,
      "text": "ယေရှု​က​လည်း “မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 6,
      "text": "များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူသုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 7,
      "text": "သင်​တို့​သည် စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို ကြား​ရ​သောအခါ စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ ထို​အရာ​များ​သည် ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 8,
      "text": "လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငလျင်​လှုပ်​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 9,
      "text": "သင်​တို့​ကိုယ်တိုင်​လည်း သတိပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ရိုက်နှက်​ခြင်း​ခံရ​ကြ​ပြီး ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အတွက်​သက်သေ​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 10,
      "text": "ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​အား ဦးစွာ​ဟောပြော​ကြ​ရ​မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 11,
      "text": "လူ​တို့​သည် သင်​တို့​ကို​ခေါ်ဆောင်​သွား​၍ အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို​ပြောဆို​ရ​မည်နည်း​ဟူ၍ ကြိုတင်​စိုးရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အချိန်​နာရီ​၌ သင်​တို့​အား ဖော်ပြ​တော်မူ​သော​အရာ​ကို​သာ ပြောဆို​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​ကိုယ်တိုင်​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 12,
      "text": "ညီအစ်ကို​ချင်း တစ်ဦး​က တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို​သေ​စေရန်​ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 13,
      "text": "လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 14,
      "text": "ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 15,
      "text": "လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် အောက်သို့​မ​ဆင်း​စေ​နှင့်။ မိမိ​အိမ်​ထဲမှ တစ်စုံတစ်ခု​ကို​ယူ​ရန် အိမ်​ထဲသို့​လည်း​မ​ဝင်​စေ​နှင့်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 16,
      "text": "လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 17,
      "text": "ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 18,
      "text": "ထို​နေ့ရက်​တို့​သည် ဆောင်း​ရာသီ​၌ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 19,
      "text": "အကြောင်းမူကား ဘုရားသခင်​ဖန်ဆင်း​တော်မူ​သည့် ဖန်ဆင်း​ခံ​လောက​၏​အစအဦး​မှစ၍ ယခု​တိုင်အောင်​မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌​ကျရောက်​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 20,
      "text": "ထာဝရ​ဘုရား​သည် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ကိုယ်တော်​ရွေးကောက်​ထား​သည့် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 21,
      "text": "ထိုအခါ တစ်စုံတစ်ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခရစ်တော်​သည် ဤ​အရပ်​၌​ရှိ​၏’ သို့မဟုတ် ‘ကြည့်​လော့။ ထို​အရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 22,
      "text": "အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင်​လှည့်ဖြား​ရန် နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 23,
      "text": "သို့ဖြစ်၍ သင်​တို့​သည် သတိပြု​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 24,
      "text": "သို့သော် ထို​နေ့ရက်​တို့​၌ ထို​ဆင်းရဲ​ဒုက္ခ​ကျရောက်​ပြီးနောက် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 25,
      "text": "ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 26,
      "text": "ထိုအခါ လူ့သား​သည် ကြီးမား​သော​တန်ခိုး​နှင့် ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 27,
      "text": "ထို့နောက် လူ့သား​သည် ကောင်းကင်တမန်​တို့​ကို​စေလွှတ်​၍ မိမိ​ရွေးကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေကြီး​အစွန်း​မှ မိုး​ကောင်းကင်​အစွန်း​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 28,
      "text": "သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည် နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 29,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​များ​ဖြစ်ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့​ရောက်ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 30,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​များ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 31,
      "text": "ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွားလိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 32,
      "text": "သို့သော် ထို​နေ့ရက်​၊ သို့မဟုတ် ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​မှတစ်ပါး မည်သူမျှ​မ​သိ။ ကောင်းကင်​ရှိ ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 33,
      "text": "သတိပြု​၍​နိုးနိုးကြားကြား​ရှိ​ကြ​လော့။ အကြောင်းမူကား ထို​အချိန်​သည် မည်သည့်​အခါ​၌​ကျရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 34,
      "text": "ဤသည်ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​အိမ်​မှ​ထွက်ခွာ​ရာ​တွင် မိမိ​အစေအပါး​အသီးသီး​တို့​အား သူ​တို့​လုပ်ဆောင်​ရ​မည့်​အမှု​နှင့်တကွ အခွင့်​အာဏာ​ကို​ပေး​၍ တံခါးမှူး​ကို​လည်း သတိ​နှင့်​စောင့်​နေ​ရန် မှာကြား​သည်​နှင့်​တူ​၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 35,
      "text": "သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 36,
      "text": "သို့မဟုတ်လျှင် သူ​သည်​ရုတ်တရက်​ပြန်လာ​၍ သင်​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 37,
      "text": "သတိ​နှင့်​စောင့်​နေ​ကြ​လော့​ဟု သင်​တို့​ကို ငါ​ဆို​သည့်​အတိုင်း လူ​ခပ်သိမ်း​တို့​အား ငါ​ဆို​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 1,
      "text": "ပသခါ​ပွဲတော်​နှင့် တဆေးမဲ့​မုန့်​ပွဲတော်​များ​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ယေရှု​ကို ပရိယာယ်​အားဖြင့် မည်ကဲ့သို့​ဖမ်းဆီး​သတ်ဖြတ်​ရ​မည်​ကို ရှာကြံ​နေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 2,
      "text": "သို့သော် သူ​တို့​က “လူ​တို့​ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 3,
      "text": "ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင်​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 4,
      "text": "ထိုအခါ လူ​အချို့​တို့​သည် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဖြုန်းတီး​ရ​သနည်း။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 5,
      "text": "ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​ကျော်​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု အချင်းချင်း​ပြောဆို​ကာ ထို​အမျိုးသမီး​ကို​အပြစ်တင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 6,
      "text": "သို့သော် ယေရှု​က “သူ​ပြု​လို​ရာ​ပြု​ပါစေ။ သူ့​ကို အဘယ်ကြောင့်​နှောင့်ယှက်​ကြ​သနည်း။ သူ​သည် ငါ​၌​ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 7,
      "text": "အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​၌ အစဉ်​ရှိ​ကြ​သည်​ဖြစ်၍ သင်​တို့​အလိုရှိ​သည့်​အခါ သူ​တို့​ကို​ကျေးဇူးပြု​နိုင်​၏။ ငါ​မူကား သင်​တို့​၌ အစဉ်​ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 8,
      "text": "သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 9,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 10,
      "text": "ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ​တစ်​ပါး​ဖြစ်​သော ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​လက်​သို့ ကိုယ်တော်​ကို​အပ်နှံ​ရန် သူ​တို့​ထံသို့​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 11,
      "text": "သူ​တို့​သည်​ကြား​လျှင် ဝမ်းမြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု ကတိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်လျော်​သော​အချိန်​၌ ကိုယ်တော်​ကို​အပ်နှံ​နိုင်​ရန် နည်းလမ်း​ကို​ရှာကြံ​လျက်​နေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 12,
      "text": "တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​တွင် တပည့်​တော်​တို့​က “ပသခါ​ပွဲတော်​ညစာ​ကို​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​သို့​သွား​၍ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 13,
      "text": "ကိုယ်တော်​က​လည်း တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ “မြို့​ထဲသို့​သွား​ကြ​လော့။ ထိုအခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 14,
      "text": "သူ​ဝင်​သွား​သော​အိမ်​၏​အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို​စား​မည့် ငါ့​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ၍ ပြော​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 15,
      "text": "ထိုအခါ သူ​သည် အဆင်သင့်​ခင်းကျင်း​ထား​သော​အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား ပြ​လိမ့်မည်။ ထို​နေရာ​၌ ငါ​တို့​အတွက် ပြင်ဆင်​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 16,
      "text": "တပည့်​တော်​တို့​သည်​လည်း ထွက်သွား​၍ မြို့​ထဲသို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို ပြင်ဆင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 17,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ကြွလာ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 18,
      "text": "ထို့နောက် သူ​တို့​သည် စားပွဲ​၌​ထိုင်​လျက် စားသောက်​နေ​ကြ​စဉ် ယေရှု​က “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ငါ​နှင့်အတူ​စား​နေ​သော သင်​တို့​အထဲမှ​တစ်​ဦး​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 19,
      "text": "သူ​တို့​သည် စိတ်မကောင်း​ဖြစ်​လျက် “အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ယောက်​ပြီး​တစ်ယောက်​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 20,
      "text": "ကိုယ်တော်​က​လည်း “တစ်ဆယ့်နှစ်​ပါး​သော​သူ​တို့​ထဲမှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 21,
      "text": "လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍​ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 22,
      "text": "ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 23,
      "text": "ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား ပေး​တော်မူ​ရာ သူ​တို့​အားလုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 24,
      "text": "ကိုယ်တော်​က​လည်း “ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 25,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​တော့မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 26,
      "text": "ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 27,
      "text": "ထိုအခါ ယေရှု​က “ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​တို့​သည် ကွဲလွင့်​သွား​ကြ​ရ​လိမ့်မည်’ ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ သင်​တို့​အားလုံး​သည် စိတ်ပျက်​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 28,
      "text": "သို့သော် ငါ​သည်​ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​သွား​နှင့်​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 29,
      "text": "ထိုအခါ ပေတရု​က “အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 30,
      "text": "ယေရှု​က​လည်း “သင့်​အား ငါ​အမှန်​ဆို​သည်​ကား ယနေ့၊ ဤ​ည​တွင်​ပင် ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 31,
      "text": "သို့သော် ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​အတွက်​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို​လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု အခိုင်အမာ​လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 32,
      "text": "ထို့နောက် သူ​တို့​သည် ဂေသရှေမန်​အမည်​ရှိ​သော​အရပ်​သို့ ရောက်​ကြ​၏။ ကိုယ်တော်​က “ငါ​ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 33,
      "text": "ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့်"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 34,
      "text": "“ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 35,
      "text": "ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး မြေ​ပေါ်၌​ပျပ်ဝပ်​လျက် ဖြစ်နိုင်​လျှင် ဤ​အချိန်​နာရီ​ကို မိမိ​ထံမှ​လွန်​သွား​စေ​မည့်​အကြောင်း ဆုတောင်း​ကာ"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 36,
      "text": "“အို အဖ​ခမည်းတော်၊ ကိုယ်တော်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​ပါ​၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်​စေ​တော်မူ​ပါ” ​ဟု တောင်းလျှောက်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 37,
      "text": "ထို့နောက် ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား “ရှိမုန်၊ သင်​သည် အိပ်ပျော်​နေ​သလော။ တစ်​နာရီ​မျှ သတိ​နှင့်​မ​စောင့်​နိုင်​သလော။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 38,
      "text": "ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 39,
      "text": "တစ်ဖန် ထွက်သွား​၍ အထက်​က​တောင်းလျှောက်​ခဲ့​သည့်​အတိုင်း ဆုတောင်း​ပြီးမှ"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 40,
      "text": "နောက်တစ်ဖန် ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​အား မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 41,
      "text": "ထို့နောက် ကိုယ်တော်​သည် တတိယ​အကြိမ်​ပြန်လာ​၍ “ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ တော်လောက်​ပေ​၏။ အချိန်​ရောက်လာ​ပြီ။ ကြည့်ရှု​လော့။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 42,
      "text": "ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 43,
      "text": "ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ်​၌​ပင် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​က​စေလွှတ်​လိုက်​သော လူ​အစုအဝေး​တို့​သည်​လည်း တုတ်​၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 44,
      "text": "ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေရှု​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​၍ လုံခြုံ​စွာ​ခေါ်ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 45,
      "text": "ထို့ကြောင့် သူ​သည် ရောက်လာ​သည်​နှင့် ကိုယ်တော်​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 46,
      "text": "ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 47,
      "text": "ထိုစဉ် အနီး​၌​ရပ်​နေ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် ဓား​ကို​ဆွဲ​ထုတ်​လျက် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 48,
      "text": "ယေရှု​က ထို​သူ​တို့​အား “သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 49,
      "text": "ငါ​သည် နေ့တိုင်း သင်​တို့​နှင့်အတူ​ရှိ​လျက် ဗိမာန်​တော်​၌​သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 50,
      "text": "ထိုအခါ တပည့်​တော်​အားလုံး​သည် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်ပြေး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 51,
      "text": "လူငယ်​တစ်​ဦး​သည် မိမိ​ကိုယ်​ပေါ်တွင် ပိတ်ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို​ဖမ်းဆီး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 52,
      "text": "သို့သော် သူ​သည် ပိတ်ချော​ထည်​ကို​ထား​ခဲ့​၍ အဝတ်မပါ​ဘဲ​ထွက်ပြေး​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 53,
      "text": "ထို့နောက် သူ​တို့​သည် ယေရှု​ကို ယဇ်ပုရောဟိတ်​မင်း​ထံသို့ ခေါ်ဆောင်​သွား​ကြ​ရာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့်​ကျမ်းပြု​ဆရာ​များ​အားလုံး​သည် စုဝေး​လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 54,
      "text": "ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အတွင်း​ထဲ​အထိ ကိုယ်တော့်​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​လျက် မီး​လှုံ​နေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 55,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့်​သက်သေ​ကို ရှာ​ကြ​သော်လည်း မ​တွေ့​ကြ။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 56,
      "text": "အကြောင်းမူကား လူ​များစွာ​တို့​သည် ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​ကြ​သော်လည်း သူတို့​၏​သက်သေခံ​ချက်​များ​သည် ကိုက်ညီ​မှု​မ​ရှိ​ကြ​ပေ။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 57,
      "text": "ထိုအခါ လူ​အချို့​တို့​သည်​ထ​၍ ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​လျက်"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 58,
      "text": "“ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်ဆောက်​သော အခြား​ဗိမာန်​တော်​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်’​ဟု ပြောဆို​သည်​ကို အကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 59,
      "text": "သို့သော် သူ​တို့​၏​သက်သေခံ​ချက်​သည်​လည်း အလားတူပင်​ကိုက်ညီ​မှု​မ​ရှိ​ပေ။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 60,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် သူ​တို့​ရှေ့၌​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ယေရှု​အား​မေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 61,
      "text": "သို့သော် ကိုယ်တော်​သည် တစ်ခွန်းမျှ​မ​ဖြေကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ တစ်ဖန် ယဇ်ပုရောဟိတ်​မင်း​က “သင်​သည် မင်္ဂလာရှိ​သော​အရှင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​သလော”​ဟု မေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 62,
      "text": "ယေရှု​က​လည်း “ငါ​ဖြစ်​၏။ လူ့သား​သည် တန်ခိုး​တော်​၏​လက်ယာ​ဘက်​၌​ထိုင်​လျက် ကောင်းကင်​မိုးတိမ်​များ​ဖြင့်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 63,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 64,
      "text": "ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို သေဒဏ်​ခံထိုက်​သည်​ဟု စီရင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 65,
      "text": "ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 66,
      "text": "ပေတရု​သည် ခြံဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်ပုရောဟိတ်​မင်း​၏​အစေခံ​မိန်းမ​တစ်​ဦး​သည်​လာ​၍"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 67,
      "text": "မီးလှုံ​နေ​သော​ပေတရု​ကို​တွေ့​လျှင် သူ့​ကို​စူးစိုက်​ကြည့်​လျက် “သင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 68,
      "text": "သို့သော် ပေတရု​သည် “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်းဆို​လျက် ခြံ​အဝင်​ဝ​ဘက်သို့​ထွက်သွား​ရာ ကြက်​တွန်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 69,
      "text": "ထို့နောက် ထို​အစေခံ​မိန်းမ​သည် ပေတရု​ကို နောက်တစ်ဖန်​တွေ့​သဖြင့် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲက​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 70,
      "text": "သို့သော် ပေတရု​သည် တစ်ဖန်​ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အမှန်ပင် သူ​တို့​အထဲမှ​တစ်​ဦး​ဖြစ်​၏။ အကြောင်းမူကား သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​၏”​ဟု ထပ်၍ ပေတရု​အား​ဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 71,
      "text": "ပေတရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်တည်​၍​ကျိန်ဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 72,
      "text": "ထို​ခဏချင်း​တွင် ဒုတိယ​အကြိမ် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည် “ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်” ​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သော​စကား​ကို သတိရ​သဖြင့် ချုံးပွဲချ​ငိုကြွေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 1,
      "text": "နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​မှစ၍ တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​နှင့်အတူ ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​ပြီးလျှင် ယေရှု​ကို​ချည်နှောင်​လျက်​ခေါ်ဆောင်​သွား​ကာ ပိလတ်​မင်း​ထံ​အပ်နှံ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 2,
      "text": "ထိုအခါ ပိလတ်​မင်း​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လေ​၏။ ကိုယ်တော်​က​လည်း “သင်​ပြော​သည့်​အတိုင်း​ပေတည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 3,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ကိုယ်တော်​ကို အမျိုးမျိုး​စွပ်စွဲ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 4,
      "text": "တစ်ဖန် ပိလတ်​မင်း​သည် ကိုယ်တော်​အား “သင်​သည် တစ်စုံတစ်ခုမျှ​မ​ဖြေ​ဘဲ​နေ​သလော။ သင့်​ကို​မည်မျှလောက်​စွပ်စွဲ​နေ​ကြ​သည်​ကို​ကြည့်​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 5,
      "text": "သို့သော် ယေရှု​သည် နောက်ထပ် မည်သည့်​အရာ​ကို​မျှ ပြန်​၍ မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ပိလတ်​မင်း​သည် အံ့ဩ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 6,
      "text": "ပိလတ်​မင်း​သည် ပွဲတော်​ကျရောက်​တိုင်း လူ​တို့​တောင်းဆို​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 7,
      "text": "ထို​အချိန်​တွင် ဆူပူ​အုံကြွ​မှု​ဖြစ်စဉ်​က လူသတ်မှု​ကျူးလွန်​သဖြင့် ဆူပူ​အုံကြွ​သူ​များ​နှင့်အတူ​အကျဉ်းချ​ခံရ​သည့် ဗာရဗ္ဗ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 8,
      "text": "လူထု​ပရိသတ်​သည်​ရောက်​လာ​၍ ပြု​လေ့​ရှိ​သည့်​အတိုင်း သူ​တို့​အတွက်​ဆောင်ရွက်​ပေး​ရန် တောင်းဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 9,
      "text": "ပိလတ်​မင်း​က​လည်း “သင်​တို့​အတွက် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို လွှတ်ပေး​စေ​လို​သလော”​ဟု သူ​တို့​အား ပြန်​၍​မေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 10,
      "text": "ထိုသို့​မေး​ခြင်း​မှာ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ခဲ့​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 11,
      "text": "သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ဗာရဗ္ဗ​ကို​သာ လွှတ်​ပေး​မည့်​အကြောင်း တောင်းဆို​ကြ​ရန် လူထု​ပရိသတ်​ကို​လှုံ့ဆော်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 12,
      "text": "ထိုအခါ ပိလတ်​မင်း​က “သို့ဖြစ်လျှင် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဟု သင်​တို့​ခေါ်​သော​သူ​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု တစ်ဖန် မေး​လေ​သော်"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 13,
      "text": "သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပြန်​၍​အော်ဟစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 14,
      "text": "ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​အပြစ်​ကို​ကျူးလွန်​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 15,
      "text": "ပိလတ်​မင်း​သည် လူထု​ပရိသတ်​ကို​ကျေနပ်​စေ​လို​၍ သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 16,
      "text": "ထိုအခါ စစ်သား​များ​သည် ရုံးတော်​ဟု​ခေါ်​သော ဘုရင်ခံ​၏​အိမ်​တော်​ဝင်း​ထဲသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို​စုရုံး​စေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 17,
      "text": "ထို့နောက် ကိုယ်တော်​အား ခရမ်းရောင်​ဝတ်လုံ​ကို​ဝတ်​စေ​လျက် ဆူး​ပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​၍​ဆောင်း​စေ​ပြီးလျှင်"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 18,
      "text": "“ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ကိုယ်တော်​အား​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 19,
      "text": "ထို့ပြင် ကိုယ်တော်​၏​ဦးခေါင်း​ကို ကျူရိုး​ဖြင့်​ရိုက်​ကာ ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​၍ ဒူး​ထောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 20,
      "text": "ထိုသို့ ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီးနောက် ခရမ်းရောင်​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို​ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ရန် ခေါ်ထုတ်​သွား​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 21,
      "text": "ထိုစဉ် အလက်ဇန္ဒြား​နှင့်​ရုဖု​တို့​၏​ဖခင်​ဖြစ်​သည့် ကုရေနေ​မြို့သား​ရှိမုန်​သည် တောရွာ​မှ​လာ​၍ လမ်း​၌​ဖြတ်သွား​သည်​ကို သူ​တို့​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 22,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ကိုယ်တော်​ကို ဦးခေါင်းခွံ​အရပ်​ဟု​အဓိပ္ပာယ်​ရှိ​သော ဂေါလဂေါသ​အရပ်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင်"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 23,
      "text": "ကိုယ်တော်​အား မုရန်​ရောစပ်​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် သောက်​တော်​မ​မူ။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 24,
      "text": "ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​အား မည်သူ​က မည်သည့်​အဝတ်​ယူ​ရ​မည်​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 25,
      "text": "ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သည့်​အချိန်​မှာ နံနက်​ကိုး​နာရီ​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 26,
      "text": "ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို​ရေး​ထား​သည့်​ကမ္ပည်းစာ​မှာ “ဂျူး​လူမျိုး​တို့​၏​ဘုရင်”​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 27,
      "text": "ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 28,
      "text": "[ဤသို့ဖြင့် “သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင်​ထည့်သွင်း​ခြင်း​ခံရ​၏” ​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ]"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 29,
      "text": "ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဟေ့၊ ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 30,
      "text": "လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​၍ သင့်ကိုယ်သင်​ကယ်တင်​လော့”​ဟု ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 31,
      "text": "ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည်​လည်း ကျမ်းပြု​ဆရာ​တို့​နှင့်အတူ ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ကာ “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 32,
      "text": "ငါ​တို့​တွေ့မြင်​၍ ယုံကြည်​နိုင်​ရန် အစ္စရေး​ဘုရင်​ဖြစ်​သော​ခရစ်တော်​သည် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ ဆင်း​လာ​ပါစေ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 33,
      "text": "မွန်းတည့်​ချိန်​ရောက်​သောအခါ မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လာ​၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် ထိုသို့​ဖြစ်​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 34,
      "text": "မွန်းလွဲ​သုံး​နာရီ​အချိန်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ “အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း” ​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 35,
      "text": "အနီး​၌​ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ကြည့်​ပါ။ သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 36,
      "text": "ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 37,
      "text": "ထို့နောက် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ချုပ်ငြိမ်း​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 38,
      "text": "ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 39,
      "text": "ကိုယ်တော်​ဘက်​သို့​မျက်နှာမူ​လျက် ရပ်​နေ​သော​တပ်မှူး​သည် ကိုယ်တော်​အသက်​ချုပ်ငြိမ်း​တော်မူ​ပုံ​ကို တွေ့မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 40,
      "text": "ထို​အရပ်​၌ အဝေး​မှ​ကြည့်​နေ​သော​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​အငယ်​နှင့်​ယောသေ​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဆလိုမေ​တို့​လည်း​ပါ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 41,
      "text": "သူ​တို့​သည် ဂါလိလဲ​နယ်​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​စဉ်က နောက်​တော်​သို့​လိုက်​၍ ကိုယ်တော်​ကို​လုပ်ကျွေး​ပြုစု​ခဲ့​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အပြင် ကိုယ်တော်​နှင့်အတူ ဂျေရုဆလင်​မြို့​သို့​လိုက်ပါ​လာ​သည့် များစွာ​သော​အခြား​အမျိုးသမီး​များ​လည်း​ရှိ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 42,
      "text": "ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​တည်းဟူသော အဖိတ်နေ့​ဖြစ်​သဖြင့် ညနေချမ်း​အချိန်​ရောက်​သောအခါ"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 43,
      "text": "ဂုဏ်သရေ​ကြီးမြင့်​သော လွှတ်တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​သော အရိမသဲ​မြို့သား​ယောသပ်​သည်​ရောက်လာ​၍ ပိလတ်​မင်း​ထံသို့ ရဲရင့်​စွာ​ဝင်​ကာ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 44,
      "text": "ပိလတ်​မင်း​သည် ယေရှု​သေဆုံး​ပြီ​လော​ဟု​အံ့ဩ​၍ တပ်မှူး​ကို​ခေါ်​လျက် ယေရှု​သေဆုံး​ပြီ​ဖြစ်​ကြောင်း ဟုတ်​၊ မ​ဟုတ်​မေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 45,
      "text": "တပ်မှူး​ထံမှ ဟုတ်မှန်​ကြောင်း​သိ​ရ​လျှင် အလောင်း​တော်​ကို ယောသပ်​အား​ပေး​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 46,
      "text": "ထိုအခါ ယောသပ်​သည် ပိတ်ချော​ကို​ဝယ်​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ ကျောက်ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲတွင်​သွင်းထား​၏။ ထို့နောက် ကျောက်တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 47,
      "text": "မာဂဒလ​မြို့သူ​မာရိ​နှင့် ယောသေ​၏​မိခင်​ဖြစ်​သော​မာရိ​တို့​သည်​လည်း မည်သည့်​နေရာ​၌ အလောင်း​တော်​ထား​ကြ​သည်​ကို ကြည့်ရှု​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 1,
      "text": "ဥပုသ်နေ့​လွန်​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​၏​မိခင်​မာရိ​နှင့် ဆလိုမေ​တို့​သည် အလောင်း​တော်​ကို သွား​၍​လိမ်း​ရန် အမွှေးနံ့သာ​ကို ဝယ်ယူ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 2,
      "text": "ထို့နောက် ရက်သတ္တပတ်​၏​ပထမ​နေ့၊ နံနက်​စောစော နေ​ထွက်​ချိန်​၌ သူ​တို့​သည် သင်္ချိုင်း​တော်​သို့​ရောက်လာ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 3,
      "text": "သူ​တို့​က “ငါ​တို့​အတွက် သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်တုံး​ကို မည်သူ​လှိမ့်ဖယ်​ပေး​မည်နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 4,
      "text": "သို့သော် သူ​တို့​မျှော်ကြည့်​ကြ​သောအခါ ကျောက်တုံး​အား လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ ထို​ကျောက်တုံး​ကား အလွန်​ကြီးမား​လှ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 5,
      "text": "ထို့နောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​ထဲသို့​ဝင်​ကြ​ရာ ဝတ်လုံ​ဖြူ​ဝတ်ဆင်​သော​လူငယ်​တစ်​ဦး​သည် လက်ယာ​ဘက်​၌​ထိုင်​နေ​သည်​ကို​တွေ့မြင်​သဖြင့် ထိတ်လန့်​အံ့ဩ​ကြ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 6,
      "text": "သို့သော် ထို​သူ​က “ထိတ်လန့်​အံ့ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​သည် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​ကြ​၏။ ကိုယ်တော်​သည်​ထမြောက်​တော်မူ​ပြီ။ ဤ​နေရာ​၌​မ​ရှိ။ အလောင်း​တော်​သွင်းထား​သည့်​နေရာ​ကို​ကြည့်​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 7,
      "text": "သင်​တို့​မူကား သွား​၍ တပည့်​တော်​များ​နှင့် ပေတရု​အား ‘ကိုယ်တော်​သည် သင်​တို့​ကို​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​ကြွ​နှင့်​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟူ၍ ပြောကြား​ကြ​လော့”​ဟု ဆို​လေ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 8,
      "text": "ထိုအခါ သူ​တို့​သည်​တုန်လှုပ်​လျက် မိန်းမော​တွေဝေ​သဖြင့် သင်္ချိုင်း​ဂူ​ထဲမှ​ထွက်လာ​ပြီးလျှင် ထွက်ပြေး​ကြ​၏။ သူ​တို့​သည်​ကြောက်ရွံ့​သောကြောင့် မည်သူ့​ကို​မျှ မည်သည့်​အရာ​မျှ​မ​ပြော​ကြ​ချေ။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 9,
      "text": "[ယေရှု​သည် ရက်သတ္တပတ်​၏​ပထမ​နေ့ နံနက်​စောစော​အချိန်​တွင် ထမြောက်​တော်မူ​ပြီးနောက် မာဂဒလ​မြို့သူ​မာရိ​အား ပထမ​ဦးစွာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထို​မာရိ​ကား နတ်ဆိုး​ခုနစ်​ကောင်​ကို သူ့​ထံမှ ကိုယ်တော်​နှင်ထုတ်​ပေး​ခဲ့​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 10,
      "text": "မာရိ​သည်​လည်း ဝမ်းနည်း​ကြေကွဲ​လျက်​ငိုကြွေး​နေ​ကြ​သော ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သူ​များ​ထံသို့​သွား​၍ ထို​အကြောင်း​ကို​ပြောပြ​လေ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 11,
      "text": "သို့သော် ကိုယ်တော်​အသက်ရှင်​တော်မူ​ကြောင်း​နှင့် ကိုယ်တော်​ကို မာရိ​တွေ့မြင်​ခဲ့​ကြောင်း သူ​တို့​ကြား​ကြ​သောအခါ သူ​တို့​သည်​မ​ယုံ​ကြ​ချေ။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 12,
      "text": "ထို့နောက် သူ​တို့​ထဲမှ​နှစ်​ဦး​သည် တောရွာ​သို့​လမ်းလျှောက်​၍ ခရီး​သွား​ကြ​စဉ် ကိုယ်တော်​သည် ခြားနား​သော​အသွင်​သဏ္ဌာန်​ဖြင့် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 13,
      "text": "ထို​သူ​နှစ်ဦး​တို့​သည် ကျန်​သော​သူ​တို့​အား သွား​၍​ပြောပြ​ကြ​၏။ သို့သော် ထို​သတင်း​ကို​လည်း သူ​တို့​မ​ယုံ​ကြ​ချေ။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 14,
      "text": "ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 15,
      "text": "ထို့နောက် ကိုယ်တော်​က “ကမ္ဘာ​အနှံ့အပြား​သို့​သွား​၍ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​လော့။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 16,
      "text": "ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 17,
      "text": "ယုံကြည်​သော​သူ​တို့​နှင့်အတူ ယှဉ်တွဲ​လျက်​ရှိ​ကြ​မည့်​နိမိတ်​လက္ခဏာ​များ​ဟူမူကား သူ​တို့​သည် ငါ​၏​နာမ​ဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကြ​လိမ့်မည်။ အသစ်​သော​ဘာသာ​စကား​များ​ကို​ပြော​ကြ​လိမ့်မည်။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 18,
      "text": "သူ​တို့​လက်​ဖြင့် မြွေ​ကို​ဖမ်း​ကိုင်​ကြ​လိမ့်မည်။ သေ​စေ​တတ်​သော​အဆိပ်​တစ်စုံတစ်ခု​ကို​သောက်​မိ​သော်လည်း သူ​တို့​ကို လုံးဝ​အန္တရာယ်​ဖြစ်​စေ​မည်​မ​ဟုတ်။ မ​ကျန်းမာ​သော​သူ​တို့​အပေါ်​လက်​တင်​သောအခါ ထို​သူ​တို့​သည် ကျန်းမာ​လာ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 19,
      "text": "သခင်​ယေရှု​သည် သူ​တို့​အား ထိုသို့​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 20,
      "text": "ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ နေရာ​အနှံ့​တရားဟော​ကြ​၏။ သခင်​ဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​လုပ်ဆောင်​တော်မူ​၍ နိမိတ်​လက္ခဏာ​များ​ကို​ပူးတွဲ​ပါဝင်​စေ​ခြင်း​အားဖြင့် နှုတ်ကပတ်​တရား​တော်​ကို တည်မြဲ​စေ​တော်မူ​၏။]"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 1,
      "text": "မြတ်​သော​သော်ဖိလု၊ ငါ​တို့​၌ ထင်ရှား​ပြည့်စုံ​ခဲ့​သော​အကြောင်းအရာ​များ​ကို"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 2,
      "text": "မူလ​မျက်မြင်​သက်သေ​တို့​နှင့် နှုတ်ကပတ်​တရား​တော်​၏​အမှု​ကို​ဆောင်ရွက်​သော​သူ​တို့​က ငါ​တို့​အား​ဟောပြော​ခဲ့​သည့်​အတိုင်း စီကုံး​ရေးသား​ရန် လူ​အများ​တို့​သည် ကြိုးစား​ကြ​သည်​ဖြစ်၍"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 3,
      "text": "အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 5,
      "text": "ယုဒ​နယ်​ကို​အုပ်ချုပ်​သော ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ဇာခရိ​အမည်​ရှိ​သော အဘိယ​အဖွဲ့ဝင်​ယဇ်ပုရောဟိတ်​တစ်​ပါး​ရှိ​၏။ သူ​၏​ဇနီး​သည် အာရုန်​၏​အမျိုး​မှ​ဆင်းသက်​သူ​ဖြစ်​ပြီး သူ​၏​အမည်​မှာ အဲလစ်ဇဘက်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 6,
      "text": "သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 7,
      "text": "သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 8,
      "text": "တစ်ခါက ဇာခရိ​သည် မိမိ​၏​အဖွဲ့ အလှည့်​ကျ​သဖြင့် ဘုရားသခင်​ရှေ့​တော်​၌​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​နေစဉ်"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 9,
      "text": "ယဇ်ပုရောဟိတ်​အဖွဲ့​၏​ဓလေ့​ထုံးစံ​အတိုင်း​မဲချ​ကြ​ရာ ထာဝရ​ဘုရား​၏​ဗိမာန်​တော်​အတွင်း​သို့​ဝင်​၍ နံ့သာပေါင်း​ကို​မီးရှို့​ပူဇော်​ရန် သူ​၌​တာဝန်​ကျ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 10,
      "text": "ထိုသို့ နံ့သာပေါင်း​မီးရှို့​ပူဇော်​သည့်​အချိန်​တွင် လူ​အစုအဝေး​အပေါင်း​တို့​သည် အပြင်​၌​ဆုတောင်း​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 11,
      "text": "ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ဇာခရိ​ရှေ့၌​ပေါ်လာ​၍ နံ့သာပေါင်း​မီးရှို့​ပူဇော်​ရာ​ယဇ်ပလ္လင်​၏​လက်ယာ​ဘက်​တွင် ရပ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 12,
      "text": "ဇာခရိ​သည်​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ ကြောက်ရွံ့​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 13,
      "text": "ကောင်းကင်တမန်​က “ဇာခရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​ပြီ။ သင်​၏​ဇနီး​အဲလစ်ဇဘက်​သည် သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 14,
      "text": "သူ​သည် သင့်​အတွက် ဝမ်းမြောက်​စရာ​၊ ရွှင်မြူး​စရာ​ဖြစ်​မည်။ လူ​များစွာ​တို့​သည်​လည်း သူ​၏​ဖွားမြင်​ခြင်း​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 15,
      "text": "အကြောင်းမူကား သူ​သည် ထာဝရ​ဘုရား​ရှေ့​တော်​၌ ကြီးမြတ်​သော​သူ​ဖြစ်လာ​မည်။ စပျစ်​ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို​လည်း​မ​သောက်​၊ အမိ​ဝမ်းတွင်း​၌​ရှိ​စဉ်​ကပင် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 16,
      "text": "သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 17,
      "text": "အဖ​တို့​၏​စိတ်နှလုံး​တို့​ကို သားသမီး​တို့​ထံသို့​လည်းကောင်း၊ နာခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​၏​အသိပညာ​ထဲသို့​လည်းကောင်း ပြန်လှည့်​လာ​စေရန်​နှင့် ပြင်ဆင်​ထား​သော​လူမျိုး​တော်​ကို ထာဝရ​ဘုရား​အတွက်​အသင့်​ဖြစ်​စေရန် ဧလိယ​၏​ဝိညာဉ်​နှင့်​တန်ခိုး​တို့​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​မှ ဦးစွာ​သွား​နှင့်​မည်” ​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 18,
      "text": "ဇာခရိ​က​လည်း “အကျွန်ုပ်​သည် အိုမင်း​သူ​ဖြစ်​ပြီး အကျွန်ုပ်​၏​ဇနီး​သည်​လည်း အသက်​ကြီးရင့်​နေ​ပါ​သဖြင့် ဤသို့​ဖြစ်​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု ကောင်းကင်တမန်​အား ပြန်​ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 19,
      "text": "ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 20,
      "text": "သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 21,
      "text": "လူ​တို့​သည် ဇာခရိ​ကို​စောင့်မျှော်​နေ​၍ သူ​သည်​ဗိမာန်​တော်​ထဲ၌​ကြန့်ကြာ​နေ​သည်​ကို အံ့သြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 22,
      "text": "သို့သော် ဇာခရိ​ပြန်​ထွက်လာ​သောအခါ သူ​တို့​အား​စကား​မ​ပြော​နိုင်​သောကြောင့် သူ​သည် ဗိမာန်​တော်​ထဲ၌ ဗျာဒိတ်​ရူပါရုံ​ကို​မြင်​ရ​ပြီ​ဟု သိရှိ​သွား​ကြ​၏။ ဇာခရိ​သည် သူ​တို့​အား ကိုယ်လက်​အမူအရာ​ကို​သာ​ပြ​၍ ဆွံ့အ​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 23,
      "text": "ထို့နောက် သူ​သည် တာဝန်​ထမ်းဆောင်​ရ​သည့်​နေ့ရက်​များ​ပြီးဆုံး​သွား​သဖြင့် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 24,
      "text": "ထို​နေ့ရက်​များ​နောက်တွင် သူ​၏​ဇနီး​အဲလစ်ဇဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 25,
      "text": "အဲလစ်ဇဘက်​က “ထာဝရ​ဘုရား​သည် လူ​တို့​အလယ်၌ ငါ​ခံရ​သော​ကဲ့ရဲ့​ရှုတ်ချ​ခြင်း​ကို​ဖယ်ရှား​ရန် ငါ့​ကို​မျက်နှာသာပေး​တော်မူ​သည့်​နေ့ရက်​များ​၌ ဤသို့​ပြု​တော်မူ​ပြီ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 26,
      "text": "ဆဋ္ဌမ​လ​တွင် ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲ​နယ်၊ နာဇရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အပျို​ကညာ​တစ်​ဦး​ထံသို့​စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 27,
      "text": "ထို​အပျို​ကညာ​သည် ဒါဝိဒ်​အမျိုး၊ ယောသပ်​အမည်​ရှိ​သော​သူ​နှင့် စေ့စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာမည်​မှာ မာရိ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 28,
      "text": "ကောင်းကင်တမန်​သည် မာရိ​ထံသို့​ဝင်လာ​၍ “ကျေးဇူး​တော်​ခံစား​ရ​သော​အမျိုးသမီး၊ သင်​သည်​မင်္ဂလာရှိ​ပါစေသော။ ထာဝရ​ဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 29,
      "text": "မာရိ​သည် ထို​စကား​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​ပြီး ဤ​နှုတ်ဆက်​ခြင်း​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု တွေးတော​ဆင်ခြင်​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 30,
      "text": "ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 31,
      "text": "သင်​သည် သန္ဓေတည်​၍ သားယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်ခေါ်​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 32,
      "text": "သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သား​တော်​ဟူ၍​လည်း ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အား သူ့​အဖ​ဒါဝိဒ်​၏​ရာဇပလ္လင်​ကို​ပေး​တော်မူ​၍"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 33,
      "text": "သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 34,
      "text": "မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 35,
      "text": "ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 36,
      "text": "ကြည့်​လော့။ သင်​၏​အဆွေအမျိုး အဲလစ်ဇဘက်​သည်​လည်း အိုမင်း​သော​အရွယ်​၌ သားယောက်ျား​ကို​သန္ဓေ​တည်​၍ အမြုံမ​ဟု​အခေါ်​ခံရ​သော​သူ​သည် ယခု ကိုယ်ဝန်​ခြောက်​လ​ရှိ​နေ​ပြီ။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 37,
      "text": "ဘုရားသခင်​အတွက် မ​ဖြစ်နိုင်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 38,
      "text": "ထိုအခါ မာရိ​က “ကျွန်မ​သည် ထာဝရ​ဘုရား​၏​အစေအပါး​ဖြစ်​ပါ​၏။ အရှင်​၏​စကား​အတိုင်း ကျွန်မ​၌​ဖြစ်​ပါစေ”​ဟု ဝန်ခံ​၏။ ထို့နောက် ကောင်းကင်တမန်​သည် မာရိ​ထံမှ ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 39,
      "text": "ထို​နေ့ရက်​များ​တွင် မာရိ​သည်​ထ​၍ တောင်​ပေါ်​ဒေသ​၌​ရှိ​သော ယုဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အလျင်အမြန်​သွား​၍"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 40,
      "text": "ဇာခရိ​အိမ်​သို့​ဝင်​ကာ အဲလစ်ဇဘက်​ကို​နှုတ်ဆက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 41,
      "text": "မာရိ​၏​နှုတ်ဆက်​စကား​ကို အဲလစ်ဇဘက်​ကြား​ရ​သောအခါ သူ​၏​ကလေးငယ်​သည် ဝမ်း​ထဲ၌​ခုန်​လေ​၏။ အဲလစ်ဇဘက်​သည်​လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက်"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 42,
      "text": "“သင်​သည် မိန်းမ​တို့​တွင် မင်္ဂလာရှိ​၏။ သင်​၏​ဝမ်းတွင်း​မှ​ကလေး​သည်​လည်း မင်္ဂလာရှိ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 43,
      "text": "ကျွန်မ​သခင်​၏​မယ်တော်​သည် ကျွန်မ​ထံသို့​ရောက်လာ​သော​ကျေးဇူး​ကို အဘယ်ကြောင့် ကျွန်မ​ခံရ​ပါ​သနည်း။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 44,
      "text": "အမှန်စင်စစ် သင်​၏​နှုတ်ဆက်​စကား​ကို ကျွန်မ​ကြား​ရ​သောအခါ ကျွန်မ​၏​ကလေးငယ်​သည် ရွှင်မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ၌​ခုန်​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 45,
      "text": "မိမိ​အား ထာဝရ​ဘုရား​မိန့်​တော်မူ​သော​အရာ​များ​ပြည့်စုံ​မည်​ဟု ယုံကြည်​သော​မိန်းမ​သည် မင်္ဂလာရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​ပြောဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 46,
      "text": "မာရိ​က​လည်း “ငါ​၏​စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကို​ချီးမွမ်း​၍"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 47,
      "text": "ငါ့​ဝိညာဉ်​သည် ငါ​၏​ကယ်တင်ရှင်​ဘုရားသခင်​၌ ရွှင်မြူး​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 48,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​၏​သိမ်ငယ်​သော​အဖြစ်​ကို ဂရုစိုက်​တော်မူ​ပြီ။ ယခု​မှစ၍ နောင်လာနောက်သား​အပေါင်း​တို့​သည် ငါ့​ကို​မင်္ဂလာရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 49,
      "text": "အဘယ်ကြောင့်​ဆိုသော် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​သည် ကြီးမား​သော​အမှု​တို့​ကို ငါ့​အတွက်​ပြု​တော်မူ​ပြီ။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 50,
      "text": "ကရုဏာ​တော်​သည်​လည်း ကိုယ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့​အပေါ်၌ သားစဉ်မြေးဆက်​တည်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 51,
      "text": "ကိုယ်တော်​သည် လက်ရုံး​တော်​အားဖြင့် တန်ခိုး​အရှိန်အဝါ​နှင့်​ပြည့်စုံ​သော​အမှု​ကို​ပြု​တော်မူ​၍ အတွင်း​စိတ်​သဘော​၌ မာန​ထောင်လွှား​သော​သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 52,
      "text": "ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 53,
      "text": "ဆာလောင်​သော​သူ​တို့​ကို ကောင်း​သော​အရာ​များ​ဖြင့်​ပြည့်ဝ​စေ​၍ ကြွယ်ဝ​သော​သူ​တို့​ကို လက်ချည်း​သက်သက်​ပြန်လွှတ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 54,
      "text": "ကိုယ်တော်​သည် ငါ​တို့​ဘိုးဘေး​များ​အား​မိန့်​တော်မူ​သည့်​အတိုင်း အာဗြဟံ​မှစ၍ သူ​၏​အမျိုးအနွယ်​အပေါ် ကာလ​အစဉ်အဆက်​ထားရှိ​သော​ကရုဏာ​တော်​ကို​အောက်မေ့​၍ မိမိ​၏​အစေခံ​အစ္စရေး​လူမျိုး​ကို ကူညီမစ​တော်မူ​ပြီ”​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 56,
      "text": "မာရိ​သည် အဲလစ်ဇဘက်​နှင့်အတူ သုံး​လ​ခန့်​နေ​ပြီးနောက် မိမိ​အိမ်​သို့​ပြန်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 57,
      "text": "ထို့နောက် အဲလစ်ဇဘက်​သည် ဖွား​ချိန်​စေ့​၍ သားယောက်ျား​ကို​ဖွားမြင်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 58,
      "text": "ထာဝရ​ဘုရား​သည် ထူးမြတ်​သော​ကရုဏာ​တော်​ကို အဲလစ်ဇဘက်​အပေါ်​ပြသ​တော်မူ​ကြောင်း အိမ်နီးချင်း​နှင့် ဆွေမျိုးသားချင်း​တို့​သည် ကြား​ကြ​သောအခါ သူ​နှင့်အတူ​ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 59,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူငယ်​အား​အရေဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖခင်​၏​နာမည်​အတိုင်း သူ့​ကို ဇာခရိ​ဟု​မှည့်ခေါ်​မည်​ပြု​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 60,
      "text": "သို့ရာတွင် သူငယ်​၏​မိခင်​က “ထိုသို့​မ​မှည့်​ရ။ ယောဟန်​ဟု​မှည့်ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 61,
      "text": "သူ​တို့​က​လည်း “သင်​၏​ဆွေမျိုးသားချင်း​တို့​တွင် ဤ​နာမည်​ဖြင့်​မှည့်ခေါ်​သော​သူ တစ်ယောက်မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 62,
      "text": "သူ့​ကို​မည်သို့​မှည့်ခေါ်​စေ​လို​ကြောင်း သူ​၏​ဖခင်​အား လက်ရိပ်​ပြ​၍​မေးမြန်း​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 63,
      "text": "ဖခင်​သည်​လည်း သင်ပုန်း​ကို​တောင်း​၍ “သူ​၏​အမည်​မှာ ယောဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အပေါင်း​တို့​သည်​အံ့ဩ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 64,
      "text": "ထို​ခဏချင်း​တွင် ဇာခရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေလျော့​သဖြင့် သူ​သည်​စကား​ပြော​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 65,
      "text": "သူ​တို့​ပတ်ဝန်းကျင်​၌​နေထိုင်​သူ​ရှိသမျှ​တို့​သည် ကြောက်ရွံ့​ကြ​၍ ဤ​အကြောင်းအရာ​အလုံးစုံ​တို့​သည် ယုဒ​နယ်​တောင်​ပေါ်​ဒေသ​တစ်လျှောက်​တွင် ကျော်စော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 66,
      "text": "ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း ထို​အကြောင်းအရာ​တို့​ကို နှလုံး​သွင်း​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ​ဖြစ်​လိမ့်မည်​နည်း”​ဟု ဆို​ကြ​၏။ အကြောင်းမူကား ထာဝရ​ဘုရား​၏​လက်​တော်​သည် သူငယ်​နှင့်အတူ​ရှိ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 67,
      "text": "သူငယ်​၏​ဖခင်​ဇာခရိ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ပရောဖက်ပြု​ဟောပြော​ကာ"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 68,
      "text": "“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 69,
      "text": "မိမိ​၏​ရှေး​သန့်ရှင်း​သော​ပရောဖက်​များ​၏​နှုတ်​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​အတွက် ကယ်တင်​ခြင်း​ဦးချို​ကို ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​အမျိုးအနွယ်​တွင် ပေါ်ထွန်း​စေ​တော်မူ​ပြီ။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 71,
      "text": "ဤ​ကယ်တင်​ခြင်း​သည် ငါ​တို့​၏​ရန်သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အပေါင်း​တို့​လက်​မှ ကယ်တင်​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 72,
      "text": "ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 76,
      "text": "အချင်း​သူငယ်၊ သင်​သည်​လည်း အမြင့်ဆုံး​သော​ဘုရား​၏​ပရောဖက်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သင်​သည် ထာဝရ​ဘုရား​၏​လမ်း​တော်​ကို​ပြင်ဆင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော်​အား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အားဖြင့်​သက်ရောက်​သော ကယ်တင်​ခြင်း​နှင့်ဆိုင်သည့်​အသိပညာ​ကို​ပေး​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​ရှေ့​တော်​၌ သွား​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 78,
      "text": "ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 79,
      "text": "မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 80,
      "text": "သူငယ်​သည်​လည်း​ကြီးထွား​၍ စိတ်​ဝိညာဉ်​ကြံ့ခိုင်​လာ​ကာ အစ္စရေး​လူမျိုး​ရှေ့၌ ထင်ရှား​သည့်​နေ့ရက်​တိုင်အောင် တော​ကန္တာရ​၌​နေ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 1,
      "text": "ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 2,
      "text": "ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 3,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 4,
      "text": "ယောသပ်​သည်​လည်း ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​၏​အဆက်အနွယ်​ဖြစ်​သောကြောင့် မိမိ​နှင့်​စေ့စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်ဝန်​အရင့်အမာ​ရှိ​သော​မာရိ​နှင့်အတူ သန်းခေါင်စာရင်း​ဝင်​ရန် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ ဗက်လင်​မြို့​ဟု​ခေါ်​သော ယုဒ​နယ်​ရှိ ဒါဝိဒ်​မြို့​သို့​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 6,
      "text": "ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာရိ​သည် သားဖွား​ရန်​နေ့​လ​စေ့​သဖြင့်"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 7,
      "text": "သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 8,
      "text": "ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 9,
      "text": "ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 10,
      "text": "သို့သော် ကောင်းကင်တမန်​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား လူ​အပေါင်း​တို့​အတွက် အလွန်​ဝမ်းမြောက်​စရာ​ဖြစ်​မည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ငါ​ပြောကြား​မည်။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 11,
      "text": "ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 12,
      "text": "သင်​တို့​သိ​နိုင်​သည့် အမှတ်​လက္ခဏာ​ဟူမူကား အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌ သိပ်​ထား​သော​ကလေးငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်”​ဟု သူ​တို့​အား မြွက်ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 13,
      "text": "ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 14,
      "text": "“အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 15,
      "text": "ကောင်းကင်တမန်​တို့​သည် သူ​တို့​ထံမှ ကောင်းကင်​သို့​ပြန်​တက်သွား​ကြ​သောအခါ သိုးထိန်း​တို့​က “ငါ​တို့​သည်​ဗက်လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာဝရ​ဘုရား​ဖော်ပြ​တော်မူ​သော​အရာ​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 16,
      "text": "ထို့နောက် သူ​တို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့် ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​၌​သိပ်​ထား​သော​ကလေးငယ်​ကို​လည်းကောင်း တွေ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 17,
      "text": "သူ​တို့​ကို​တွေ့မြင်​ကြ​ပြီးနောက် သိုးထိန်း​တို့​သည် ထို​သူငယ်​နှင့်​ပတ်သက်၍ မိမိ​တို့​အား​မြွက်ဆို​တော်မူ​သော​အရာ​ကို အနှံ့အပြား​ပြောကြား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 18,
      "text": "ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​အား သိုးထိန်း​တို့​ပြောဆို​သော​အကြောင်းအရာ​များ​ကြောင့် အံ့ဩ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 19,
      "text": "မာရိ​မူကား ဤ​အခြင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​၍ စဉ်းစား​ဆင်ခြင်​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 20,
      "text": "သိုးထိန်း​တို့​သည် မိမိ​တို့​အား​မြွက်ဆို​ထား​သည့်​အတိုင်း မြင်​ရ​ကြား​ရ​သဖြင့် ထို​အမှုအရာ​အားလုံး​တို့​အတွက် ဘုရားသခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီးမွမ်း​လျက် ပြန်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 21,
      "text": "ရှစ်​ရက်​ပြည့်​၍ သူငယ်​အား အရေဖျား​လှီး​ခြင်း​ပေး​သောအခါ ဝမ်း​၌​သန္ဓေ​မ​တည်​မီ ကောင်းကင်တမန်​မှည့်​ခေါ်​ထား​သည့်​အတိုင်း သူ့​ကို ယေရှု​အမည်​ဖြင့်​မှည့်​ခေါ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 22,
      "text": "ထို့နောက် မောရှေ​၏​ပညတ်​တရား​ကျမ်း​အတိုင်း မိမိ​တို့​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့ရက်​များ​စေ့​သောအခါ မိဘ​တို့​သည် သူငယ်​ကို ထာဝရ​ဘုရား​ထံ​ဆက်ကပ်​ရန် ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 23,
      "text": "ဤသည်ကား ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​တွင် “သားဦး​ယောက်ျား​အပေါင်း​တို့​ကို ထာဝရ​ဘုရား​အတွက် သန့်ရှင်း​စေ​လျက် ဆက်ကပ်​ထား​ရ​မည်” ​ဟု ရေး​ထား​သည်​နှင့်အညီ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 24,
      "text": "ထို့ပြင် “ချိုးငှက်​တစ်စုံ​၊ သို့မဟုတ် ခို​ငယ်​နှစ်​ကောင်​ကို ပူဇော်​ရ​မည်” ​ဟု ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​၌ ဖော်ပြ​ထား​သည့်​အတိုင်း ယဇ်ပူဇော်​ကြ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 25,
      "text": "ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 26,
      "text": "ထာဝရ​ဘုရား​၏​ခရစ်တော်​ကို​မ​မြင်​ရ​မီ သေ​ခြင်း​နှင့်​မ​ကြုံ​ရ​ဟူသော​ဗျာဒိတ်​တော်​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ရရှိ​ထား​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 27,
      "text": "သူ​သည် ဝိညာဉ်​တော်​အားဖြင့် ဗိမာန်​တော်​သို့​သွား​ရာ မိဘ​တို့​သည် သူငယ်​အတွက် ပညတ်​တရား​၏​ထုံးတမ်းစဉ်လာ​အတိုင်း​ပြု​ရန် သူငယ်​ယေရှု​ကို​ခေါ်ဆောင်​လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 28,
      "text": "ထိုအခါ ရှိမောင်​သည် သူငယ်​ကို​ပွေ့ချီ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 29,
      "text": "“စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အား ငြိမ်းချမ်း​စွာ​သွား​ရ​သော​အခွင့်​ကို ယခု ကိုယ်တော်​ပေး​တော်မူ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 30,
      "text": "အကြောင်းမူကား လူမျိုးခြား​တို့​အတွက်​ပေါ်ထွန်း​သော​အလင်း​ကို​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​အတွက်​ဘုန်း​အသရေ​ဖြစ်​သော လူ​အပေါင်း​တို့​ရှေ့၌​ပြင်ဆင်​ထား​သည့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကျေးဇူး​ကို​လည်းကောင်း အကျွန်ုပ်​၏​မျက်စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 33,
      "text": "သူငယ်​၏​မိခင်​နှင့်​ဖခင်​တို့​သည် သူငယ်​နှင့်​ပတ်သက်၍ ဤသို့​ပြောဆို​သည်​ကို အံ့သြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 34,
      "text": "ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 35,
      "text": "ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 36,
      "text": "ထို​နေရာ​၌ အာရှာ​အနွယ်​မှ ဖနွေလ​၏​သမီး အန္န​အမည်​ရှိ​သော အသက်​ကြီးရင့်​သည့် ပရောဖက်မ​တစ်​ဦး​ရှိ​၏။ သူ​သည် ပျိုရွယ်​သော​အချိန်​မှစ၍ ခင်ပွန်း​နှင့်အတူ ခုနစ်​နှစ်​နေထိုင်​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 37,
      "text": "မုဆိုးမ​ဖြစ်​လျက် အသက်​ရှစ်ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိမာန်​တော်​မှ​မ​ခွာ​ဘဲ ဆုတောင်း​ခြင်း​နှင့် အစာရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မပြတ် ဘုရား​ဝတ်​ကို​ပြု​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 38,
      "text": "သူ​သည်​လည်း ထို​တစ်ချိန်တည်း​မှာပင်​ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ ဂျေရုဆလင်​မြို့​ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​မည်​ကို စောင့်မျှော်​နေ​သော​သူ​အပေါင်း​တို့​အား ထို​သူငယ်​၏​အကြောင်း​ကို​ပြောကြား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 39,
      "text": "မိဘ​တို့​သည် ထာဝရ​ဘုရား​၏​ပညတ်​တရား​နှင့်အညီ အကုန်အစင်​ပြု​ပြီး​သောအခါ မိမိ​တို့​နေရပ်​မြို့​ဖြစ်​သော ဂါလိလဲ​နယ်​ရှိ နာဇရက်​မြို့​သို့​ပြန်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 40,
      "text": "သူငယ်​သည်​လည်း​ကြီးထွား​၍ ကြံ့ခိုင်​သန်စွမ်း​လာ​ကာ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​၏။ ဘုရားသခင်​၏​ကျေးဇူး​တော်​သည်​လည်း သူ့​အပေါ်၌​တည်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 41,
      "text": "ယေရှု​၏​မိဘ​တို့​သည် ပသခါ​ပွဲတော်​တွင် နှစ်​တိုင်း ဂျေရုဆလင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 42,
      "text": "ယေရှု​အသက်​တစ်ဆယ့်နှစ်​နှစ်​ရှိ​သောအခါ​၌​လည်း သူ​တို့​သည်​ပွဲတော်​၏​ဓလေ့​ထုံးစံ​အတိုင်း တက်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 43,
      "text": "ပွဲတော်​ရက်​များ​ပြီးဆုံး​၍ သူ​တို့​ပြန်​ကြ​သောအခါ သူငယ်​ယေရှု​သည် ဂျေရုဆလင်​မြို့​၌​နေရစ်​လေ​၏။ မိဘ​တို့​သည် မ​သိ​ကြ​ဘဲ"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 44,
      "text": "ခရီးသွားဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်မှတ်​လျက် တစ်နေ့တာ​ခရီး​ပြု​ကြ​၏။ ထို့နောက် အဆွေအမျိုး​အသိအကျွမ်း​တို့​ကြား​တွင် လိုက်ရှာ​သော်လည်း"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 45,
      "text": "မ​တွေ့​သဖြင့် သူ့​ကို​လိုက်ရှာ​ရင်း ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 46,
      "text": "သုံး​ရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်​တော်​၌ ဆရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နားထောင်​လျက် မေးမြန်း​လျက်​နေ​သည်​ကို မိဘ​တို့​တွေ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 47,
      "text": "ယေရှု​၏​စကား​ကို​ကြား​ရ​သော​သူ​အပေါင်း​တို့​သည် သူ​၏​ဉာဏ်စွမ်း​နှင့် ဖြေကြား​ချက်​များ​ကို အံ့ဩ​ငေးမော​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 48,
      "text": "မိဘ​တို့​သည် သူ့​ကို​တွေ့​သောအခါ အံ့အားသင့်​၍ မယ်တော်​က “ငါ့​သား၊ အဘယ်ကြောင့် ငါ​တို့​အား ဤသို့​ပြု​ရ​သနည်း။ သင့်​ဖခင်​နှင့်​ငါ​သည် သင့်​ကို​စိုးရိမ်တကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 49,
      "text": "ယေရှု​က​လည်း “အဘယ်ကြောင့် အကျွန်ုပ်​ကို​ရှာ​ကြ​သနည်း။ အကျွန်ုပ်​သည် အကျွန်ုပ်​ခမည်းတော်​၏​အိမ်​၌​နေ​ရ​မည်​ကို မ​သိ​ကြ​သလော” ​ဟု သူ​တို့​အား​ပြန်ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 50,
      "text": "သို့သော် မိဘ​တို့​သည် မိမိ​တို့​အား ယေရှု​ပြော​သော​စကား​ကို နား​မ​လည်​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 51,
      "text": "ထို့နောက် ယေရှု​သည် မိဘ​တို့​နှင့်အတူ​ပြန်သွား​၍ နာဇရက်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​နာခံ​လျက်​နေ​တော်မူ​၏။ မယ်တော်​မူကား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 52,
      "text": "ယေရှု​သည် ကာယ​၊ ဉာဏ​ကြီးထွား​တိုးပွား​လျက် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာရ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 1,
      "text": "တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 2,
      "text": "အန္နတ်​နှင့်​ကယာဖ​တို့​သည် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​စဉ် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် တော​ကန္တာရ​၌ ဇာခရိ​၏​သား​ယောဟန်​ထံသို့​ရောက်လာ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 3,
      "text": "ထိုအခါ ယောဟန်​သည် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​သို့​သွား​၍ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို​ဟောပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 4,
      "text": "ဤသည်ကား “တော​ကန္တာရ​၌​ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 5,
      "text": "ချိုင့်ဝှမ်း​လျှိုမြောင်​ရှိသမျှ​တို့​ကို​ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်တန်း​စေ​၍ ကြမ်းတမ်း​သော​လမ်း​များ​ကို ချောမွေ့​စေ​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 6,
      "text": "ထိုအခါ လူသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်” ​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​ကျမ်း​တွင်​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 7,
      "text": "ယောဟန်​သည် သူ့​ထံ၌ ဗတ္တိဇံ​ခံ​ရန်​ရောက်လာ​ကြ​သော လူထု​ပရိသတ်​တို့​အား “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် သင်​တို့​ကို​မည်သူ​သတိပေး​ခဲ့​သနည်း။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 8,
      "text": "သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်​ဟူ၍ သင်​တို့​စိတ်​ထဲ၌​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ​ပေါ်ထွန်း​စေ​နိုင်​သည်။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 9,
      "text": "ပုဆိန်​ကို​လည်း သစ်ပင်​တို့​၏​အမြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 10,
      "text": "လူထု​ပရိသတ်​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင်"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 11,
      "text": "ယောဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေမျှ​ပေး​စေ။ စားစရာ​ရှိ​သော​သူ​သည်​လည်း ထိုနည်းတူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 12,
      "text": "အခွန်​ကောက်ခံ​သူ​တို့​သည်​လည်း ဗတ္တိဇံ​ခံ​ရန်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင်"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 13,
      "text": "ယောဟန်​က “သင်​တို့​ကို​ညွှန်ကြား​ထား​သည်​ထက် ပို၍​မ​ကောက်ခံ​ကြ​နှင့်”​ဟု ပြန်ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 14,
      "text": "စစ်မှုထမ်း​များ​သည်​လည်း “အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သူတစ်ပါး​ထံမှ ငွေ​ညှစ်ယူ​ခြင်း၊ မတရား​တောင်းခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိမိ​တို့​ရ​သော​လခ​နှင့် ရောင့်ရဲ​ကြ​လော့”​ဟု ပြန်ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 15,
      "text": "လူ​တို့​သည် စောင့်မျှော်​လျက်​နေ​ကြ​သဖြင့် လူ​တိုင်း ယောဟန်​နှင့်​ပတ်သက်​၍ “သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်လော”​ဟု မိမိ​တို့​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 16,
      "text": "ယောဟန်​က​လည်း “ငါ​သည် သင်​တို့​အား ရေ​၌​ဗတ္တိဇံ​ကို​ပေး​၏။ သို့သော် ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 17,
      "text": "မိမိ​၏​ကောက်နယ်​တလင်း​ကို​လည်း အကုန်အစင်​ရှင်းလင်း​ပြီး ဂျုံ​ဆန်​ကို မိမိ​၏​ကျီ​၌​စုသိမ်း​ရန် လက်​တော်​၌ ဆန်ကော​ကို​ကိုင်​ထား​တော်မူ​၏။ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်မူ​လိမ့်မည်”​ဟု လူ​အပေါင်း​တို့​အား​ပြန်ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 18,
      "text": "ထိုသို့ ယောဟန်​သည် အခြား​သော​အကြောင်းအရာ​အမျိုးမျိုး​တို့​ဖြင့် တိုက်တွန်း​နှိုးဆော်​ကာ လူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 19,
      "text": "သို့ရာတွင် နယ်စား​ဟေရုဒ်​သည် မိမိ​အစ်ကို​၏​ဇနီး ဟေရောဒိ​နှင့်​ပတ်သက်၍​လည်းကောင်း၊ မိမိ​ကျူးလွန်​ခဲ့​သော မကောင်းမှု​အလုံးစုံ​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ယောဟန်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 20,
      "text": "ယောဟန်​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​၏​။ ဤသို့ဖြင့် သူ​၏​မကောင်း​မှု​အလုံးစုံ​တို့​အပေါ် မကောင်းမှု​ကို ထပ်ဆင့်​ပြု​လေ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 21,
      "text": "လူ​အပေါင်း​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သောအခါ ယေရှု​သည်​လည်း ဗတ္တိဇံ​ခံ​တော်မူ​ပြီး ဆုတောင်း​လျက်​နေ​စဉ် ကောင်းကင်​သည်​ပွင့်​၍"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 22,
      "text": "သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့သော​အဆင်း​သဏ္ဌာန်​ဖြင့် ကိုယ်တော်​အပေါ်သို့ ဆင်းသက်​တော်မူ​၏။ ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 23,
      "text": "ယေရှု​သည် အမှု​တော်​စတင်​ဆောင်ရွက်​သောအခါ သက်​တော်​သုံးဆယ်​ခန့်​ရှိ​တော်မူ​၏။ လူ​တို့​၏​ထင်မြင်​ချက်​အရ ကိုယ်တော်​သည် ယောသပ်​၏​သား​ဖြစ်​၏။ ယောသပ်​သည် ဧလိ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 24,
      "text": "ဧလိ​သည် မဿတ်​၏​သား၊ မဿတ်​သည် လေဝိ​၏​သား၊ လေဝိ​သည် မေလခိ​၏​သား၊ မေလခိ​သည် ယန္န​၏​သား၊ ယန္န​သည် ယောသပ်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 25,
      "text": "ယောသပ်​သည် မတ္တသိ​၏​သား၊ မတ္တသိ​သည် အာမုတ်​၏​သား၊ အာမုတ်​သည် နာဟုံ​၏​သား၊ နာဟုံ​သည် ဧသလိ​၏​သား၊ ဧသလိ​သည် နဂ္ဂဲ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 26,
      "text": "နဂ္ဂဲ​သည် မာအတ်​၏​သား၊ မာအတ်​သည် မတ္တသိ​၏​သား၊ မတ္တသိ​သည် ရှေမိ​၏​သား၊ ရှေမိ​သည် ယောသပ်​၏​သား၊ ယောသပ်​သည် ယုဒ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 27,
      "text": "ယုဒ​သည် ယောဟန္န​၏​သား၊ ယောဟန္န​သည် ရေသ​၏​သား၊ ရေသ​သည် ဇေရုဗဗေလ​၏​သား၊ ဇေရုဗဗေလ​သည် ရှာလသေလ​၏​သား၊ ရှာလသေလ​သည် နေရိ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 28,
      "text": "နေရိ​သည် မေလခိ​၏​သား၊ မေလခိ​သည် အဒ္ဒိ​၏​သား၊ အဒ္ဒိ​သည် ကောသံ​၏​သား၊ ကောသံ​သည် ဧလမောဒံ​၏​သား၊ ဧလမောဒံ​သည် ဧရ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 29,
      "text": "ဧရ​သည် ယောသေ​၏​သား၊ ယောသေ​သည် ဧလျေဇာ​၏​သား၊ ဧလျေဇာ​သည် ယောရိမ်​၏​သား၊ ယောရိမ်​သည် မဿတ်​၏​သား၊ မဿတ်​သည် လေဝိ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 30,
      "text": "လေဝိ​သည် ရှိမောင်​၏​သား၊ ရှိမောင်​သည် ယုဒ​၏​သား၊ ယုဒ​သည် ယောသပ်​၏​သား၊ ယောသပ်​သည် ယောနန်​၏​သား၊ ယောနန်​သည် ဧလျာကိမ်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 31,
      "text": "ဧလျာကိမ်​သည် မေလေ​၏​သား၊ မေလေ​သည် မဲနန်​၏​သား၊ မဲနန်​သည် မတ္တသ​၏​သား၊ မတ္တသ​သည် နာသန်​၏​သား၊ နာသန်​သည် ဒါဝိဒ်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 32,
      "text": "ဒါဝိဒ်​သည် ယေရှဲ​၏​သား၊ ယေရှဲ​သည် ဩဗက်​၏​သား၊ ဩဗက်​သည် ဗောဇ​၏​သား၊ ဗောဇ​သည် စာလမုန်​၏​သား၊ စာလမုန်​သည် နာရှုန်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 33,
      "text": "နာရှုန်​သည် အမိနဒပ်​၏​သား၊ အမိနဒပ်​သည် အဒ်မိန်​၏​သား၊ အဒ်မိန်​သည် အာရံ​၏​သား၊ အာရံ​သည် ဟေဇရုံ​၏​သား၊ ဟေဇရုံ​သည် ဖာရက်​၏​သား၊ ဖာရက်​သည် ယုဒ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 34,
      "text": "ယုဒ​သည် ယာကုပ်​၏​သား၊ ယာကုပ်​သည် ဣဇက်​၏​သား၊ ဣဇက်​သည် အာဗြဟံ​၏​သား၊ အာဗြဟံ​သည် တေရ​၏​သား၊ တေရ​သည် နာခေါ်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 35,
      "text": "နာခေါ်​သည် စေရောက်​၏​သား၊ စေရောက်​သည် ရာဂေါ​၏​သား၊ ရာဂေါ​သည် ဖာလက်​၏​သား၊ ဖာလက်​သည် ဧဗာ​၏​သား၊ ဧဗာ​သည် ရှာလ​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 36,
      "text": "ရှာလ​သည် ကာဣနန်​၏​သား၊ ကာဣနန်​သည် အာဖာဇဒ်​၏​သား၊ အာဖာဇဒ်​သည် ရှေမ​၏​သား၊ ရှေမ​သည် နောဧ​၏​သား၊ နောဧ​သည် လာမက်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 37,
      "text": "လာမက်​သည် မသုရှလ​၏​သား၊ မသုရှလ​သည် ဧနောက်​၏​သား၊ ဧနောက်​သည် ယာရက်​၏​သား၊ ယာရက်​သည် မဟာလေလေလ​၏​သား၊ မဟာလေလေလ​သည် ကာဣနန်​၏​သား၊"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 38,
      "text": "ကာဣနန်​သည် ဧနုတ်​၏​သား၊ ဧနုတ်​သည် ရှေသ​၏​သား၊ ရှေသ​သည် အာဒံ​၏​သား၊ အာဒံ​သည် ဘုရားသခင်​၏​သား​ပေတည်း။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 1,
      "text": "ယေရှု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဂျော်ဒန်​မြစ်​မှ ပြန်ကြွ​တော်မူ​၏။ ထို့နောက် ဝိညာဉ်​တော်​၏​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၍"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 2,
      "text": "တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ ထို​ကာလ​အတွင်း​၌ မည်သည့်​အစာ​ကို​မျှ မ​သုံးဆောင်​ဘဲ​နေ​တော်မူ​သဖြင့် ထို​နေ့ရက်​များ​ကုန်လွန်​သောအခါ ဆာလောင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 3,
      "text": "ထိုအခါ မာရ်နတ်​က “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 4,
      "text": "ယေရှု​က​လည်း “ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်’ ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 5,
      "text": "ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို​ပင့်ဆောင်​သွား​၍ တစ်ခဏချင်း​တွင် ကမ္ဘာ့​နိုင်ငံ​အားလုံး​တို့​ကို ကိုယ်တော်​အား​ညွှန်ပြ​ကာ"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 6,
      "text": "“ဤ​အခွင့်​အာဏာ​ရှိသမျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အကြောင်းမူကား ဤ​အရာ​ကို ငါ့​ထံ အပ်နှင်း​ထား​ပြီး​ဖြစ်၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 7,
      "text": "သို့ဖြစ်၍ သင်​သည် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 8,
      "text": "ယေရှု​က​လည်း “ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 9,
      "text": "ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 10,
      "text": "အကြောင်းမှာ ‘သင့်​ကို​စောင့်ရှောက်​စေရန် ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 11,
      "text": "သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်​ကြ​လိမ့်မည်’ ​ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 12,
      "text": "ယေရှု​က​လည်း “ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ ဟူ၍ မိန့်​တော်မူ​ထား​သည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 13,
      "text": "မာရ်နတ်​သည် ဖြားယောင်း​သွေးဆောင်​ခြင်း​အားလုံး​တို့​ကို​ပြု​ပြီးနောက် အခါအခွင့်​ရောက်​သည်​အထိ ကိုယ်တော်​ထံမှ ဆုတ်ခွာ​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 14,
      "text": "ယေရှု​သည် ဝိညာဉ်​တော်​တန်ခိုး​နှင့်​ပြည့်ဝ​လျက် ဂါလိလဲ​နယ်​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​နှင့်​ပတ်သက်​သော​သတင်း​သည် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 15,
      "text": "ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် သွန်သင်​တော်မူ​ရာ လူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 16,
      "text": "ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင်"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 17,
      "text": "ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ကိုယ်တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာလိပ်​ကို​ဖွင့်​၍ တွေ့​တော်မူ​သော​ကျမ်းပိုဒ်​၌ ရေး​ထား​သည့်​အချက်​မှာ"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 18,
      "text": "“ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 19,
      "text": "ထာဝရ​ဘုရား​၏​မင်္ဂလာ​နှစ်​ကို ဟောပြော​စေရန်​လည်းကောင်း ကိုယ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 20,
      "text": "ထို့နောက် ကိုယ်တော်​သည် ထို​ကျမ်း​စာလိပ်​ကို လိပ်​၍ အစောင့်​တာဝန်ခံ​အား​ပြန်ပေး​ပြီး ထိုင်​တော်မူ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​စေ့စေ့​ကြည့်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 21,
      "text": "ထိုအခါ ကိုယ်တော်​က “ဤ​ကျမ်းချက်​သည် ယနေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ပြည့်စုံ​လေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 22,
      "text": "လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 23,
      "text": "ကိုယ်တော်​က​လည်း “အသင်​ဆေးဆရာ၊ သင့်​ရောဂါ​ကို သင်​ပျောက်ကင်း​စေ​လော့​ဟူသော​ဆိုရိုး​စကား​အတိုင်း ‘ကပေရနောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အမှု​များ​ကို သင်​၏​နေရင်း​မြို့​ဖြစ်​သော ဤ​အရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မုချ​ပြော​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​ပြီးနောက်"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 24,
      "text": "“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သည့်​ပရောဖက်​မျှ မိမိ​၏​နေရင်း​မြို့​၌ မျက်နှာ​မ​ရ​တတ်။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 25,
      "text": "ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 26,
      "text": "သို့သော် ထို​သူ​တို့​ထဲက မည်သူ့​ထံသို့​မျှ ဧလိယ​ကို​စေလွှတ်​တော်​မ​မူ​ဘဲ ဆီဒုန်​ပြည်၊ ဇရတ္တ​မြို့​ရှိ မုဆိုးမ​တစ်​ဦး​ထံသို့​သာ စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 27,
      "text": "ပရောဖက်​ဧလိရှဲ​လက်ထက်​၌​လည်း အစ္စရေး​လူမျိုး​ထဲတွင် အနာကြီး​ရောဂါသည် များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ​မျှ စင်ကြယ်​ခြင်း​သို့​မ​ရောက်​ဘဲ ဆီးရီးယား​ပြည်သား နေမန်​တစ်ဦးတည်း​သာ စင်ကြယ်​ခြင်း​သို့​ရောက်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 28,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲ၌​ရှိ​သော​သူ​အားလုံး​တို့​သည် ထို​စကား​ကို​ကြား​သောအခါ ပြင်းစွာ​ဒေါသ​ထွက်​သဖြင့်"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 29,
      "text": "ထ​၍ ကိုယ်တော်​ကို မြို့​ပြင်​သို့​နှင်ထုတ်​ပြီးလျှင် ကိုယ်တော်​ကို တောင်​ကမ်းပါး​မှ​တွန်းချ​ရန် ထို​မြို့​တည်​ရာ​တောင်​၏​ထိပ်စွန်း​အထိ ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 30,
      "text": "သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​အလယ်​မှ​ဖြတ်လျှောက်​၍ ကြွသွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 31,
      "text": "ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်၊ ကပေရနောင်​မြို့​သို့​ဆင်းသွား​၍ ဥပုသ်နေ့​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 32,
      "text": "ကိုယ်တော်​၏​စကား​တော်​သည် အခွင့်​အာဏာ​ရှိ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 33,
      "text": "ထို​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် နတ်ဆိုး​တည်းဟူသော​ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 34,
      "text": "“အို နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန်​ကြွလာ​တော်မူ​သလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 35,
      "text": "ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက် “တိတ်ဆိတ်​၍ သူ့​အထဲမှ ထွက်သွား​လော့” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် ထို​သူ​ကို လူ​များ​အလယ်​တွင်​လှဲချ​၍ အနာတရ​မ​ဖြစ်​စေ​ဘဲ သူ့​အထဲမှ ထွက်သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 36,
      "text": "လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​စကား​သည် မည်သို့သော​စကား​နည်း။ ညစ်ညူး​သော​နတ်​များ​ကို အခွင့်​အာဏာ​နှင့် တန်ခိုး​တို့​ဖြင့် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်သွား​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 37,
      "text": "ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ပတ်ဝန်းကျင်​ရှိ ဒေသ​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 38,
      "text": "ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ​ထွက်ခွာ​ပြီးလျှင် ရှိမုန်​၏​အိမ်​သို့​ကြွ​တော်မူ​၏။ ရှိမုန်​၏​ယောက္ခမ​သည် ပြင်းထန်​စွာ​ဖျားနာ​လျက် ဝေဒနာ​ခံစား​နေ​ရ​သဖြင့် လူ​တို့​သည် သူ့​အတွက် ကိုယ်တော်​ကို​တောင်းလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 39,
      "text": "ကိုယ်တော်​သည်​လည်း ထို​အမျိုးသမီး​၏​အနီး​၌​ရပ်​လျက် အဖျားအနာ​ကို​ဆုံးမ​တော်မူ​လျှင် သူ​သည် အဖျား​ပျောက်​သဖြင့် ချက်ချင်း​ထ​၍ သူ​တို့​ကို​ဧည့်ဝတ်​ပြု​လေ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 40,
      "text": "နေ​ဝင်​ချိန်​ရောက်​သောအခါ လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​အသီးသီး​တို့​အပေါ်သို့ လက်​တော်​ကို​တင်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 41,
      "text": "နတ်ဆိုး​တို့​က​လည်း “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​လျက် လူ​များစွာ​တို့​အထဲမှ ထွက်သွား​ကြ​၏။ ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ကြောင်း ထို​နတ်ဆိုး​တို့​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​၍ သူ​တို့​အား စကား​ပြော​ခွင့်​ပေး​တော်​မ​မူ။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 42,
      "text": "မိုးလင်း​သောအခါ ကိုယ်တော်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ ထွက်ခွာ​သွား​တော်မူ​၏။ သို့ရာတွင် လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုးစား​ရှာဖွေ​ကြ​ပြီးလျှင် အထံ​တော်​သို့​လာ​၍ မိမိ​တို့​ထံမှ ထွက်ခွာ​မ​သွား​ရန် ကိုယ်တော်​ကို​တားဆီး​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 43,
      "text": "သို့သော် ကိုယ်တော်​က “ငါ​သည် အခြား​သော​မြို့ရွာ​တို့​၌​လည်း ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရ​မည်။ အကြောင်းမူကား ငါ​သည် ဤ​အတွက်​စေလွှတ်​ခြင်း​ခံရ​၏” ​ဟု မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 44,
      "text": "ယုဒ​နယ်​ရှိ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဟောပြော​လျက်​နေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 1,
      "text": "တစ်နေ့သ၌ ယေရှု​သည် ဂင်နေသရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်မူ​စဉ် လူထု​ပရိသတ်​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြားနာ​ရန် ကိုယ်တော်​ထံသို့​တိုးဝှေ့​လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 2,
      "text": "ကိုယ်တော်​သည် ကမ်းနား​တွင်​ဆိုက်​ထား​သော​လှေ​နှစ်​စင်း​ကို မြင်​တော်မူ​၏။ တံငါသည်​တို့​သည် ထို​လှေ​များ​ပေါ်မှ​ဆင်း​၍ ပိုက်ကွန်​များ​ကို​ဆေးကြော​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 3,
      "text": "ကိုယ်တော်​သည် ထို​လှေ​တို့​အနက် ရှိမုန်​၏​လှေ​ပေါ်သို့​တက်​၍ လှေ​ကို ကမ်း​မှ​အနည်းငယ်​ခွာ​ရန် သူ့​အား မိန့်​တော်မူ​၏။ ထို့နောက် ထိုင်​၍ လူထု​ပရိသတ်​တို့​အား လှေ​ပေါ်မှ သွန်သင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 4,
      "text": "ဟောပြော​သွန်သင်​ပြီး​သောအခါ ကိုယ်တော်​သည် ရှိမုန်​အား “ရေ​နက်​ရာ​သို့​ရွှေ့​လော့။ သင်​တို့​၏​ပိုက်ကွန်​များ​ကို​ချ​၍ ငါး​ဖမ်း​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 5,
      "text": "ရှိမုန်​က​လည်း “သခင်၊ အကျွန်ုပ်​တို့​သည် တစ်ညလုံး​ကြိုးစား​ဖမ်း​ကြ​သော်လည်း တစ်​ကောင်​ကို​မျှ​မ​ရ​ကြ​ပါ။ သို့သော် ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သည်​ဖြစ်၍ ပိုက်ကွန်​များ​ကို​ချ​ပါ​မည်”​ဟု လျှောက်​ပြီးနောက်"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 6,
      "text": "ထို​အတိုင်း​ပြု​လေ​ရာ ငါး​အမြောက်အမြား​ကို​ဖမ်းမိ​သဖြင့် သူ​တို့​ပိုက်ကွန်​များ​စုတ်​လုမတတ်​ဖြစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 7,
      "text": "ထိုအခါ သူ​တို့​သည် အခြား​သော​လှေ​ပေါ်တွင်​ရှိ​သော​အပေါင်းအဖော်​တို့​အား လာ​၍ မိမိ​တို့​ကို​ကူညီ​ကြ​ရန် အချက်ပြ​သဖြင့် ထို​သူ​တို့​သည်​လာ​၍ လှေ​နှစ်စင်းစလုံး​တွင် ငါး​ကို​အပြည့်​ထည့်​လိုက်​ရာ လှေ​သည်​နစ်​လုမတတ်​ဖြစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 8,
      "text": "ရှိမုန်​ပေတရု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် ယေရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်ဝပ်​လျက် “သခင်၊ အကျွန်ုပ်​သည် အပြစ်​များ​သော​သူ​ဖြစ်၍ အကျွန်ုပ်​ထံမှ ကြွသွား​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 9,
      "text": "ဤသို့​လျှောက်​သည်​မှာ ဖမ်းမိ​သော​ငါး​များပြား​သဖြင့် ရှိမုန်​နှင့် သူ​၏​အပေါင်းအဖော်​အားလုံး​သည် အံ့အားသင့်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 10,
      "text": "ရှိမုန်​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​ယောဟန်​တို့​သည်​လည်း အံ့အားသင့်​ကြ​၏။ ယေရှု​က​လည်း “မ​ကြောက်​နှင့်။ သင်​သည် ယခု​မှစ၍ လူ​ကို​ဖမ်း​လိမ့်မည်” ​ဟု ရှိမုန်​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 11,
      "text": "ထိုအခါ သူ​တို့​သည် လှေ​ကို ကုန်း​ပေါ်​တင်​ပြီးလျှင် ရှိသမျှ​ကို​စွန့်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 12,
      "text": "ကိုယ်တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်မူ​စဉ် တစ်ကိုယ်လုံး​အနာကြီး​ရောဂါ​စွဲကပ်​နေ​သူ​တစ်​ဦး​သည် ယေရှု​ကို​မြင်​လျှင် ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလို​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 13,
      "text": "ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ “ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ” ​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 14,
      "text": "ထိုအခါ ကိုယ်တော်​သည် မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်မှာ​လျက် “ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ထား​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 15,
      "text": "သို့ရာတွင် ကိုယ်တော်​၏​သတင်း​သည် ပို၍​ပျံ့နှံ့​သွား​သဖြင့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​၏​အနာရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် စုဝေး​လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 16,
      "text": "သို့သော် ကိုယ်တော်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့​သွား​၍ ဆုတောင်း​လေ့​ရှိ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 17,
      "text": "တစ်​နေ့​သ၌ ကိုယ်တော်​သည် သွန်သင်​လျက်​နေ​တော်မူ​စဉ် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​ရှိ ကျေးရွာ​အပေါင်း​တို့​မှ​လည်းကောင်း၊ ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ရောက်လာ​ကြ​သော ဖာရိရှဲ​နှင့်​ကျမ်းတတ်​ဆရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အနာရောဂါ​ငြိမ်း​စေရန် ထာဝရ​ဘုရား​၏​တန်ခိုး​တော်​သည် ကိုယ်တော်​၌​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 18,
      "text": "ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ပြီး သူ့​ကို​အထဲသို့​သွင်း​၍ ကိုယ်တော်​ရှေ့​၌​ချ​ထား​ရန် ကြိုးစား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 19,
      "text": "သို့ရာတွင် လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သဖြင့် လေသာဆောင်​အပေါ်သို့​တက်​ကာ အုတ်ကြွပ်​ကို​ခွာ​၍ လူနာ​ကို ပရိသတ်​အလယ် ယေရှု​၏​ရှေ့​တော်​သို့ အိပ်ရာ​နှင့်တကွ​လျှောချ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 20,
      "text": "ကိုယ်တော်​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် “အချင်း​လူ၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 21,
      "text": "ထိုအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဘုရားသခင်​ကို​စော်ကား​ပြောဆို​သော​ဤ​သူ​ကား မည်သူ​နည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု တွေးတော​ဆင်ခြင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 22,
      "text": "ယေရှု​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​၍ “အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 23,
      "text": "‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 24,
      "text": "သို့သော် လူ့သား​သည် မြေကြီး​ပေါ်တွင် အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်” ​ဟု သူ​တို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 25,
      "text": "ထိုအခါ လေဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်ချင်း​ထ​၍ မိမိ​လဲလျောင်း​ခဲ့​သော​အိပ်ရာ​ကို ဆောင်ယူ​ပြီးလျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် မိမိ​အိမ်​သို့​ပြန်သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 26,
      "text": "လူ​အပေါင်း​တို့​သည် မိန်းမော​တွေဝေ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ယနေ့ ငါ​တို့​သည် အံ့ဖွယ်​သော​အမှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အလွန်​ထိတ်လန့်​အံ့ဩ​သော​စိတ်​ဖြင့်​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 27,
      "text": "ထို့နောက် ကိုယ်တော်​သည် ထွက်ခွာ​သွား​၍ အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် လေဝိ​အမည်​ရှိ အခွန်​ကောက်ခံ​သူ​တစ်​ဦး​ကို​မြင်​သဖြင့် “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​သော်"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 28,
      "text": "သူ​သည် ရှိသမျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 29,
      "text": "လေဝိ​သည် မိမိ​၏​အိမ်​၌ ကိုယ်တော်​အတွက် ဧည့်ခံပွဲ​ကြီး​ကို​ကျင်းပ​လေ​ရာ အခွန်​ကောက်ခံ​သူ​အစုအဝေး​နှင့်​အခြား​သော​သူ​များစွာ​တို့​သည် သူ​တို့​နှင့်အတူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 30,
      "text": "ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 31,
      "text": "ယေရှု​က​လည်း “ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 32,
      "text": "ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို နောင်တ​သို့​ခေါ်​ရန်​ငါ​လာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 33,
      "text": "လူ​အချို့​တို့​က “ယောဟန်​၏​တပည့်​များ​သည် မကြာခဏ အစာရှောင်​၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​ကြ​သည်။ ဖာရိရှဲ​တို့​၏​တပည့်​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​သည်။ ကိုယ်တော်​၏​တပည့်​တော်​တို့​မူကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တကား”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 34,
      "text": "ယေရှု​က​လည်း “သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် သူ​တို့​ကို အစာရှောင်​စေ​နိုင်​မည်လော။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 35,
      "text": "သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​များ​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 36,
      "text": "ထို့နောက် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ “မည်သူ​မျှ အဝတ်​အသစ်​မှ​ပိတ်စ​ကို​ဆုတ်ဖြဲ​၍ အဝတ်​အဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အဝတ်​အသစ်​ကို ဆုတ်ဖြဲ​ရ​သည်​သာမက ဖာ​ထား​သော​ပိတ်စ​အသစ်​သည်​လည်း အဝတ်​အဟောင်း​နှင့် လိုက်ဖက်​မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 37,
      "text": "ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​အသစ်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 38,
      "text": "စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ရ​၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 39,
      "text": "စပျစ်​ဝိုင်​အဟောင်း​ကို သောက်​ပြီး​သော​သူ​သည်​လည်း ‘စပျစ်​ဝိုင်​အဟောင်း​သည် ကောင်း​၏’​ဟု ဆို​လျက် စပျစ်​ဝိုင်​အသစ်​ကို သောက်​လို​စိတ်​မ​ရှိ​တတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 1,
      "text": "တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဂျုံနှံ​များ​ကို​ဆွတ်ခူး​၍ လက်​နှင့်​ပွတ်နယ်​ပြီး​စား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 2,
      "text": "ထိုအခါ ဖာရိရှဲ​အချို့​တို့​က “သင်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 3,
      "text": "ယေရှု​က​လည်း “ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 4,
      "text": "သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး အခြား​မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 5,
      "text": "“လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 6,
      "text": "အခြား​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သွန်သင်​တော်မူ​၏။ ထို​နေရာ​၌ လက်ယာ​လက်​သေ​သော​သူ​တစ်​ဦး​လည်း​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 7,
      "text": "ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​စရာ​အကြောင်း တွေ့ရှိ​နိုင်​ရန်​အတွက် ကိုယ်တော်​သည် ဥပုသ်နေ့​၌ အနာရောဂါ​ငြိမ်း​စေ​မည်​၊ မ​ငြိမ်း​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 8,
      "text": "ကိုယ်တော်​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​သဖြင့် လက်​သေ​သော​သူ​အား “ထ​၍ အားလုံး​ရှေ့၌​မတ်တတ်ရပ်​လော့” ​ဟု မိန့်​တော်မူ​ရာ သူ​သည်​ထ​၍ မတ်တတ်ရပ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 9,
      "text": "ထိုအခါ ယေရှု​သည် ထို​သူ​တို့​အား “သင်​တို့​ကို ငါ​မေး​မည်။ တရား​တော်​အရ ဥပုသ်နေ့​၌ ကောင်း​သော​အမှု​ကို​ပြု​အပ်​သလော​၊ သို့မဟုတ် ဆိုး​သော​အမှု​ကို​ပြု​အပ်​သလော။ အသက်​ကို​ကယ်​အပ်​သလော​၊ သို့မဟုတ် ဖျက်ဆီး​အပ်​သလော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 10,
      "text": "ထို့နောက် ထို​သူ​အပေါင်း​တို့​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​ပြီး လက်​တစ်ဖက်​သေ​သော​သူ​အား “သင်​၏​လက်​ကို​ဆန့်​လော့” ​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ​ဖြစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ သူ​တို့​သည် ဒေါသ​စိတ်​မွှန်​၍ ယေရှု​အား မည်သို့​ပြု​ရ​မည်​ကို အချင်းချင်း​တိုင်ပင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 12,
      "text": "ထို​နေ့ရက်​များ​၌ ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​ကြွ​၍ ဘုရားသခင်​ထံ တစ်ညလုံး​ဆုတောင်း​လျက်​နေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 13,
      "text": "မိုးလင်း​သောအခါ တပည့်​တော်​များ​ကို​ခေါ်​၍ ထို​သူ​တို့​အထဲမှ တစ်ဆယ့်နှစ်​ပါး​တို့​ကို​ရွေးကောက်​ပြီးလျှင် တမန်တော်​ဟူ၍ ခေါ်ဝေါ်​သမုတ်​တော်မူ​၏။ ထို​သူ​တို့​မှာ"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 14,
      "text": "ပေတရု​ဟု​ကိုယ်တော်​မှည့်​ခေါ်​ထား​သော​ရှိမုန်​နှင့် သူ​၏​ညီ​အန္ဒြေ၊ ယာကုပ်​နှင့်​ယောဟန်၊ ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 15,
      "text": "မဿဲ​နှင့်​သောမ၊ အာလဖဲ​၏​သား​ယာကုပ်​နှင့် မျိုးချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိမုန်၊"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 16,
      "text": "ယာကုပ်​၏​သား​ယုဒ​နှင့် သစ္စာဖောက်​သော​သူ​ဖြစ်​သွား​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 17,
      "text": "ထို့နောက် ကိုယ်တော်​သည် သူ​တို့​နှင့်အတူ တောင်​ပေါ်မှ​ကြွဆင်း​လာ​၍ မြေပြန့်​အရပ်​တွင် ရပ်​တော်မူ​၏။ ထို​နေရာ​၌ တပည့်​တော်​တို့​၏​အစုအဝေး​ကြီး​မှစ၍ ယုဒ​နယ်​အရပ်ရပ်​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​ရှိ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​မှ​လည်းကောင်း လာ​ကြ​သော လူ​အမြောက်အမြား​ရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 18,
      "text": "သူ​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​ရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် ရောက်လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်ညူး​သော​နတ်​တို့​၏​ညှဉ်းဆဲ​ခြင်း​ခံရ​သော​သူ​များ​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 19,
      "text": "ကိုယ်တော်​ထံမှ​တန်ခိုး​တော်​ထွက်​၍ လူ​အပေါင်း​တို့​ကို​ကျန်းမာ​စေ​သောကြောင့် လူထု​ပရိသတ်​အားလုံး​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် ကြိုးစား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 20,
      "text": "ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​ဘက်​သို့​မျက်နှာမူ​လျက် မြွက်ဆို​တော်မူ​သည်​မှာ “ဆင်းရဲ​နွမ်းပါး​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၏​နိုင်ငံ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 21,
      "text": "ယခု​ဆာလောင်​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ ယခု​ငိုကြွေး​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ရယ်မော​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 22,
      "text": "လူ့သား​ကြောင့် လူ​တို့​သည် သင်​တို့​ကို​မုန်းတီး​သောအခါ​၌​လည်းကောင်း၊ သင်​တို့​ကို​ဝိုင်းပယ်​၍ ကဲ့ရဲ့​ပြစ်တင်​ကာ သင်​တို့​၏​နာမည်​ကို​ဖျက်​သောအခါ​၌​လည်းကောင်း သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 23,
      "text": "ထို​နေ့ရက်​၌ ဝမ်းမြောက်​လျက် ကခုန်​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ပရောဖက်​များ​ကို ထိုနည်းတူ​ပြု​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 24,
      "text": "သို့သော် ချမ်းသာ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မိမိ​တို့​ခံစားရ​မည့်​နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 25,
      "text": "ယခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဆာလောင်​ကြ​လိမ့်မည်။ ယခု ရယ်မော​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 26,
      "text": "လူ​အပေါင်း​တို့​သည် သင်​တို့​ကို​ချီးမွမ်း​ကြ​သောအခါ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​၏​ဘိုးဘေး​များ​သည် ပရောဖက်​အတုအယောင်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 27,
      "text": "သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 28,
      "text": "သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 29,
      "text": "သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 30,
      "text": "သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 31,
      "text": "သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 32,
      "text": "သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် မိမိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 33,
      "text": "သင်​တို့​အတွက် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​အပေါ် ကောင်း​သော​အမှု​ကို​ပြု​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 34,
      "text": "ပြန်လည်​ရရှိ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါး​အား​သင်​တို့​ချေးငှား​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အပြစ်သား​တို့​ပင်လျှင် မူလ​ပမာဏ​အတိုင်း​ပြန်လည်​ရရှိ​ရန် သူ​တို့​အချင်းချင်း​ချေးငှား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 35,
      "text": "သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 36,
      "text": "သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 37,
      "text": "သူတစ်ပါး​ကို​မ​စီရင်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း စီရင်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​အပြစ်​ရှိ​သည်​ဟု​မ​သတ်မှတ်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် သင်​တို့​သည်​လည်း ခွင့်လွှတ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 38,
      "text": "ပေးကမ်း​ကြ​လော့။ သို့ပြုလျှင် သင်​တို့​ကို​လည်း ပေးကမ်း​လိမ့်မည်။ အလျှံပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်လျှံ​အောင် သင်​တို့​အိတ်​ထဲသို့ ထည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမူကား သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 39,
      "text": "ထို့နောက် သူ​တို့​အား​ပုံ​ဥပမာ​တစ်ခု မြွက်ဆို​တော်မူ​သည်​မှာ “မျက်မမြင်​သည် မျက်မမြင်​ကို လမ်းပြ​နိုင်​သလော။ နှစ်ဦးစလုံး​တွင်း​ထဲသို့​ကျ​ကြ​လိမ့်မည်​မ​ဟုတ်​လော။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 40,
      "text": "တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့သော် ပြည့်စုံ​စွာ​သင်ယူ​တတ်မြောက်​သော​သူ​တိုင်း​သည် မိမိ​ဆရာ​ကဲ့သို့​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 41,
      "text": "သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 42,
      "text": "သင်​သည် မိမိ​မျက်စိ​ထဲမှ သစ်တုံး​ကို​မ​မြင်​ဘဲ ‘ညီအစ်ကို၊ သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်ပေး​ပါရစေ’​ဟု သင့်​ညီအစ်ကို​အား မည်သို့​ပြော​နိုင်​မည်နည်း။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 43,
      "text": "မကောင်း​သော​အသီး​ကို​သီး​သော ကောင်း​သည့်​အပင်​မ​ရှိ။ ကောင်း​သော​အသီး​ကို​သီး​သော မကောင်း​သည့်​အပင်​လည်း​မ​ရှိ။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 44,
      "text": "အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 45,
      "text": "ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 46,
      "text": "သင်​တို့​သည် ငါ့​ကို ‘သခင်၊ သခင်’​ဟု ခေါ်​ကြ​ပြီး အဘယ်ကြောင့် ငါ​ပြော​သော​အရာ​ကို​မ​ကျင့်သုံး​ဘဲ​နေ​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 47,
      "text": "ငါ့​ထံသို့​လာ​ပြီး ငါ့​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် မည်သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 48,
      "text": "သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီးလျှင် ကျောက်​ပေါ်၌ အုတ်မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်းမိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သော်လည်း ခိုင်ခံ့​စွာ​တည်ဆောက်​ထား​သောကြောင့် ထို​အိမ်​ကို​မ​လှုပ်ရှား​စေ​နိုင်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 49,
      "text": "သို့သော် ကြား​၍ မ​ကျင့်သုံး​သော​သူ​မူကား အုတ်မြစ်​မ​ချ​ဘဲ မြေ​ပေါ်၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုလဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်စီး​မှု​သည်​လည်း ကြီးမား​လှ​ပေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 1,
      "text": "ကိုယ်တော်​သည် ဤ​တရား​စကား​အားလုံး​ကို လူ​တို့​အား​ဟောကြား​ပြီးနောက် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 2,
      "text": "ထိုစဉ် တပ်မှူး​တစ်​ယောက်​၏​အလွန်​အားထား​ရ​သော အစေအပါး​တစ်​ဦး​သည် နာမကျန်း​ဖြစ်​ပြီး သေအံ့ဆဲဆဲ​ဖြစ်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 3,
      "text": "ထို​တပ်မှူး​သည် ယေရှု​၏​သတင်း​ကို​ကြား​သောအခါ ဂျူး​လူမျိုး​တို့​၏​သက်ကြီးဝါကြီး​များ​ကို ကိုယ်တော်​ထံသို့​စေလွှတ်​ကာ ကြွလာ​၍ သူ့​အစေအပါး​ကို ကျန်းမာ​စေ​တော်မူ​မည့်​အကြောင်း လျှောက်​စေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 4,
      "text": "သူ​တို့​သည် ယေရှု​ထံသို့​ရောက်လာ​၍ “သူ့​အတွက် ထိုသို့​ကိုယ်တော်​ပြု​ပေး​ခြင်း​ကို သူ​ခံထိုက်​ပါ​သည်။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 5,
      "text": "အကြောင်းမူကား သူ​သည် အကျွန်ုပ်​တို့​လူမျိုး​ကို​ချစ်​၍ အကျွန်ုပ်​တို့​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​ကို​ဆောက်​ပေး​ခဲ့​ပါ​သည်”​ဟု ဆို​လျက် ကိုယ်တော်​ကို အလေးအနက်​တောင်းပန်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 6,
      "text": "ထိုအခါ ယေရှု​သည် ထို​သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။ တပ်မှူး​၏​အိမ်​နှင့် မ​ဝေး​လှ​သော​နေရာ​သို့​ရောက်​တော်မူ​သောအခါ တပ်မှူး​သည် မိတ်ဆွေ​များ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ အပင်ပန်း​ခံ​တော်​မ​မူ​ပါ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွ​ဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံ​ထိုက်​ပါ။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 7,
      "text": "ထို့ကြောင့် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း ကိုယ်တော်​ထံသို့​မ​လာ​ထိုက်​ပါ​ဟု​မှတ်ယူ​ပါ​သည်။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 8,
      "text": "ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ဦး​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်​အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ဦး​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ဦး​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​စေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 9,
      "text": "ယေရှု​သည် ထို​စကား​တို့​ကို​ကြား​လျှင် တပ်မှူး​ကို​အံ့သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်ကြည့်​ကာ “သင်​တို့​အား ငါ​ဆို​မည်။ ဤမျှလောက်​ကြီးမား​သော​ယုံကြည်​ခြင်း​ကို အစ္စရေး​လူမျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 10,
      "text": "စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သောအခါ ထို​အစေအပါး​ကျန်းမာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 11,
      "text": "နောက်တစ်နေ့​တွင် ကိုယ်တော်​သည် နာဣန​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​ရာ တပည့်​တော်​တို့​မှစ၍ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 12,
      "text": "မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 13,
      "text": "သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ “မ​ငို​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 14,
      "text": "ထို့နောက် ချဉ်းကပ်​လျက် အလောင်းစင်​ကို တို့ထိ​တော်မူ​ရာ အလောင်းစင်​ထမ်း​သော​သူ​တို့​သည် ရပ်တန့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က “အချင်း​လူငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့” ​ဟု မိန့်​တော်မူ​ရာ"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 15,
      "text": "သေ​သော​သူ​သည် ထ​ထိုင်​ပြီး စကား​ပြော​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​ကို သူ့​မိခင်​ထံ​ပြန်အပ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 16,
      "text": "လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 17,
      "text": "ကိုယ်တော်​၏​သတင်း​သည်​လည်း ယုဒ​နယ်​တစ်လျှောက်လုံး​နှင့် ပတ်ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 18,
      "text": "ယောဟန်​၏​တပည့်​များ​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ယောဟန်​အား ပြောပြ​ကြ​၏။ ထိုအခါ ယောဟန်​သည် မိမိ​တပည့်​နှစ်​ဦး​ကို​ခေါ်​၍"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 19,
      "text": "သခင်​ဘုရား​ထံသို့​စေလွှတ်​ကာ “ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော”​ဟု မေးလျှောက်​စေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 20,
      "text": "သူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထံသို့​စေလွှတ်​၍ ‘ကိုယ်တော်​သည် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​ပါ​သလော၊ သို့မဟုတ် အခြား​သော​သူ​ကို စောင့်မျှော်​ရ​ပါ​မည်လော’​ဟု မေးလျှောက်​စေ​ပါ​သည်”​ဟူ၍ လျှောက်ထား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 21,
      "text": "ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 22,
      "text": "ကိုယ်တော်​က​လည်း ယောဟန်​၏​တပည့်​တို့​အား “သင်​တို့​မြင်​ရ၊ ကြား​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို​ကြား​ရ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 23,
      "text": "ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 24,
      "text": "ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ “သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူပင်​ကို​လော။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 25,
      "text": "သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ တင့်တယ်​သော​အဝတ်​များ​ဝတ်ဆင်​လျက် သောက်စား​ပျော်ပါး​နေ​သော​သူ​တို့​သည် နန်းတော်​များ​၌​ရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 26,
      "text": "ထိုသို့မဟုတ်လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ ပရောဖက်​ကို​လော။ မှန်​ပေ​၏။ ပရောဖက်​ထက်​ပင် ကြီးမြတ်​သော​သူ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 27,
      "text": "‘ကြည့်ရှု​လော့။ သင့်​ရှေ့၌​သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင်​ဦးစွာ​ငါ​စေလွှတ်​မည်’ ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 28,
      "text": "သင်​တို့​အား ငါ​ဆို​မည်။ မိန်းမ​တို့​မှ​မွေးဖွား​လာ​သော​သူ​တို့​တွင် ယောဟန်​ထက် ကြီးမြတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အငယ်ဆုံး​သော​သူ​သည် သူ့​ထက် ကြီးမြတ်​၏။”"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 29,
      "text": "(အခွန်​ကောက်ခံ​သူ​များ​မှစ၍ လူ​အပေါင်း​တို့​သည် ယောဟန်​၏​ဗတ္တိဇံ​ကို​ခံယူ​ခဲ့​သဖြင့် ဤ​စကား​ကို​ကြားနာ​ရ​သောအခါ ဘုရားသခင်​ဖြောင့်မတ်​ကြောင်း​ဝန်ခံ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 30,
      "text": "သို့သော် ဖာရိရှဲ​နှင့်​ကျမ်းတတ်​ပုဂ္ဂိုလ်​တို့​သည် ယောဟန်​ထံမှ ဗတ္တိဇံ​ကို​မ​ခံယူ​ခဲ့​သဖြင့် မိမိ​တို့​အတွက် ဘုရားသခင်​ကြံစည်​ထား​တော်မူ​သော​အရာ​ကို ပစ်ပယ်​ကြ​၏။)"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 31,
      "text": "“ထို့ကြောင့် ဤ​ခေတ်ကာလ​လူ​တို့​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။ သူ​တို့​သည် မည်သည့်​အရာ​နှင့်​တူ​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 32,
      "text": "သူ​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် ‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည်​မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည်​မ​ငိုကြွေး​ကြ’​ဟု တစ်ဦး​ကို​တစ်ဦး​လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 33,
      "text": "အကြောင်းမူကား ဗတ္တိဇံ​ဆရာ​ယောဟန်​သည် ရောက်လာ​၍ အစာ​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​လည်း မ​သောက်​ဘဲ​နေ​သော် ‘သူ​၌ နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 34,
      "text": "လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ၊ အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း’​ဟု ဆို​ကြ​ပြန်​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 35,
      "text": "သို့သော် ဉာဏ်ပညာ​တော်​သည်​ဖြောင့်မတ်​ကြောင်း မိမိ​သားသမီး​ရှိသမျှ​တို့​က ဖော်ပြ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 36,
      "text": "ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စားသောက်​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် ကိုယ်တော်​သည် ထို​ဖာရိရှဲ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 37,
      "text": "ထိုအခါ ထို​မြို့​၌​နေ​သည့် အပြစ်​များ​သော​အမျိုးသမီး​တစ်​ဦး​သည် ဖာရိရှဲ​၏​အိမ်​တွင် ကိုယ်တော်​ထိုင်​၍​စားသောက်​နေ​ကြောင်း​သိ​သဖြင့် ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​တစ်​လုံး​ကို ယူဆောင်​လာ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 38,
      "text": "ကိုယ်တော်​၏​နောက်​တွင် ခြေ​တော်​ရင်း​၌​ရပ်​လျက် ငိုကြွေး​ရင်း မိမိ​၏​မျက်ရည်​ဖြင့် ခြေ​တော်​ကို​စို​စေ​ကာ မိမိ​ဦးခေါင်း​မှ​ဆံပင်​ဖြင့် သုတ်​လေ​၏။ ထို့နောက် ကိုယ်တော်​၏​ခြေ​တို့​ကို​နမ်း​၍ ဆီမွှေး​ဖြင့်​လိမ်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 39,
      "text": "ကိုယ်တော်​ကို​ဖိတ်ခေါ်​သော​ဖာရိရှဲ​သည် ထို​အခြင်းအရာ​ကို​မြင်​သောအခါ “ဤ​သူ​သည် ပရောဖက်​ဖြစ်​သည်​ဆိုလျှင် သူ့​ကို​တို့ထိ​နေ​သော​အမျိုးသမီး​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သို့သော​အမျိုးသမီး​ဖြစ်​ကြောင်း​သိ​ရ​မည်။ အကြောင်းမူကား ဤ​အမျိုးသမီး​သည် အပြစ်​များ​သော​သူ​ဖြစ်​၏”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 40,
      "text": "ထိုအခါ ယေရှု​က “ရှိမုန်၊ သင့်​ကို ငါ​ပြော​စရာ​တစ်​ခု​ရှိ​၏” ​ဟု မိန့်​တော်မူ​ရာ သူ​က “ပြော​ပါ ဆရာ”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 41,
      "text": "ယေရှု​က​လည်း “ကြွေးရှင်​တစ်​ဦး​တွင် အကြွေးတင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ဒေနာရိ​ငါးရာ၊ အခြား​တစ်​ဦး​သည် ဒေနာရိ​ငါးဆယ်​အကြွေး​တင်​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 42,
      "text": "သူ​တို့​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် ကြွေးရှင်​သည် နှစ်ဦးစလုံး​တို့​၏​အကြွေး​ကို လျှော်ပစ်​လိုက်​လေ​၏။ သို့ဖြစ်လျှင် ထို​သူ​နှစ်​ဦး​တွင် မည်သူ​သည် ကြွေးရှင်​ကို ပို၍​ချစ်​မည်နည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 43,
      "text": "ရှိမုန်​က​လည်း “ပို၍​များ​သော​အကြွေး​ကို လျှော်ပစ်​ခြင်း​ခံရ​သူ​ဖြစ်​မည်​ထင်​ပါ​၏”​ဟု လျှောက်​လျှင် ကိုယ်တော်​က “သင်​ယူဆ​သည့်​အတိုင်း​မှန်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 44,
      "text": "ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား “ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 45,
      "text": "သင်​သည် ငါ့​ကို​မ​နမ်း။ သို့သော် သူ​သည် ဝင်လာ​သည့်​အချိန်​မှစ၍ ငါ့​ခြေ​ကို​အဆက်မပြတ်​နမ်း​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 46,
      "text": "သင်​သည် ငါ​၏​ခေါင်း​ကို ဆီ​ဖြင့်​မ​လိမ်း။ သို့သော် သူ​သည် ငါ​၏​ခြေ​ကို ဆီမွှေး​ဖြင့်​လိမ်း​ပေး​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 47,
      "text": "ထို့ကြောင့် သင့်​အား ငါ​ဆို​မည်။ သူ​၏​များပြား​လှ​သော​အပြစ်​တို့​သည် ခွင့်လွှတ်​ခြင်း​ခံရ​ပြီ။ အကြောင်းမူကား သူ​သည် များစွာ​ချစ်​၏။ အနည်းငယ်​သာ​ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​သည် အနည်းငယ်​သာ​ချစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 48,
      "text": "ထို့နောက် ထို​အမျိုးသမီး​အား “သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 49,
      "text": "ထိုအခါ ကိုယ်တော်​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​က “အပြစ်​ကို​ပင် ခွင့်လွှတ်​သော​ဤ​သူ​ကား မည်သူ​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 50,
      "text": "သို့သော် ကိုယ်တော်​သည် ထို​အမျိုးသမီး​အား “သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 1,
      "text": "ထို့နောက် မကြာမီ ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 2,
      "text": "သူ​တို့​အပြင်​အနာရောဂါ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ရ​ခဲ့​သော အမျိုးသမီး​အချို့​ဖြစ်​ကြ​သည့် နတ်ဆိုး​ခုနစ်​ကောင်​ထွက်သွား​ခဲ့​သော မာဂဒလ​မြို့သူ​ဟု​ခေါ်​သည့်​မာရိ၊"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 3,
      "text": "နယ်စား​ဟေရုဒ်​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ ခုဇ​၏​ဇနီး ယောဟန္န​မှစ၍ ရှုရှန္န​အပါအဝင် အခြား​အမျိုးသမီး​အမြောက်အမြား​ရှိ​ကြ​၏။ ဤ​အမျိုးသမီး​တို့​သည် မိမိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ဖြင့် ကိုယ်တော်​နှင့်​တပည့်​တော်​တို့​ကို လုပ်ကျွေး​ပြုစု​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 4,
      "text": "များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုရုံး​လာ​ကြ​၍ မြို့​ရွာ​အရပ်ရပ်​မှ​လူ​တို့​သည်​လည်း အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​ဆောင်​လျက် မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 5,
      "text": "“မျိုးကြဲ​သော​သူ​သည် မိမိ​မျိုးစေ့​များ​ကို​ကြဲ​ရန် ထွက်သွား​လေ​၏။ ထို​သူ​မျိုးကြဲ​စဉ်တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် နင်းချေ​ခြင်း​ခံရ​၍ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​ကို ကောက်စား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 6,
      "text": "အချို့​မူကား ကျောက်​ပေါ်၌​ကျ​သဖြင့် အပင်​ပေါက်လာ​သော်လည်း အစိုဓာတ်​မ​ရ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 7,
      "text": "အချို့​မူကား ဆူးပင်​တို့​အလယ်​တွင်​ကျ​သဖြင့် အတူ​ပေါက်လာ​သည့်​ဆူးပင်​တို့​သည် ၎င်း​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 8,
      "text": "အချို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အပင်​ပေါက်​၍ အဆ​တစ်ရာ အသီး​ဖြစ်ထွန်း​လေ​၏” ​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် “ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု ကြွေးကြော်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 9,
      "text": "တပည့်​တော်​တို့​က ဤ​ပုံ​ဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 10,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အခြား​သော​သူ​တို့​မူကား မြင်​လျက်​ပင် မ​မြင်​စေရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေရန် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​ဟောပြော​ရ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 11,
      "text": "ပုံ​ဥပမာ​၏​အဓိပ္ပာယ်​ကား ဤသို့​ဖြစ်​၏။ မျိုးစေ့​သည် ဘုရားသခင်​၏​တရား​စကား​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 12,
      "text": "လမ်း​ဘေး​တွင်​ကျ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆိုလို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သော်လည်း ယုံကြည်​၍​ကယ်တင်​ခြင်း​မ​ခံရ​စေရန် မာရ်နတ်​သည်​လာ​၍ တရား​စကား​ကို သူ​တို့​စိတ်နှလုံး​ထဲမှ​နုတ်ယူ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 13,
      "text": "ကျောက်​ပေါ်၌​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့်​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခေတ္တ​ခဏ​သာ​ယုံကြည်​၍ စုံစမ်း​နှောင့်ယှက်​ခြင်း​အချိန်​၌ ဖောက်ပြန်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 14,
      "text": "ဆူးပင်​တို့​တွင်​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း သွားလာ​နေထိုင်​စဉ် ဘဝ​အသက်တာ​နှင့်ဆိုင်သော​စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​ကြွယ်ဝ​ခြင်း​နှင့် ကာမဂုဏ်​ခံစား​ခြင်း​တို့​ဖြင့် ကာဆီး​ပိတ်ဆို့​ခံရ​သဖြင့် အသီး​မ​အောင်​သော​သူ​တို့​ကို​ဆို​လို​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 15,
      "text": "ကောင်း​သော​မြေ​၌​ကျ​သည်​ဆိုသည်မှာ ကြည်လင်​ကောင်းမြတ်​သော​စိတ်နှလုံး​ဖြင့် တရား​စကား​ကို​ကြား​၍ ၎င်း​ကို​စွဲကိုင်​ထား​ကာ သည်းခံ​သော​အားဖြင့် အသီး​သီး​သော​သူ​တို့​ကို​ဆိုလို​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 16,
      "text": "ဆီမီး​ကို​ထွန်း​၍ အိုး​ဖြင့်​ဖုံးအုပ်​သော​သူ​၊ သို့မဟုတ် ခုတင်​အောက်​တွင်​ထား​သော​သူ​မ​ရှိ။ ဝင်လာ​သော​သူ​တို့​သည် အလင်း​ကို​မြင်​စေရန် ဆီမီးခုံ​ပေါ်၌​သာ ထား​တတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 17,
      "text": "အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း ဖော်ပြ​ခံရ​ခြင်း​၊ သို့မဟုတ် သိသာထင်ရှား​လာ​ခြင်း​မ​ရှိ​ဘဲ​နေ​မည့်​အရာ​ဟူ၍​မ​ရှိ။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 18,
      "text": "သို့ဖြစ်၍ သင်​တို့​မည်ကဲ့သို့​ကြား​ရ​သည်​ကို သတိပြု​ကြ​လော့။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သည်​ဟု ထင်​ရ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 19,
      "text": "ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် အထံ​တော်​သို့​လာ​ကြ​၏။ သို့သော် လူ​အစုအဝေး​တို့​ကြောင့် ကိုယ်တော်​အနား​သို့​မ​ရောက်​နိုင်​ကြ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 20,
      "text": "လူ​တို့​က “ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​ကို​တွေ့​လို​၍ အပြင်​၌​ရပ်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 21,
      "text": "သို့သော် ကိုယ်တော်​က “ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တို့​သည် ငါ့​အမိ​နှင့် ငါ့​ညီ​များ​ဖြစ်​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 22,
      "text": "တစ်​နေ့​သ၌ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​တက်​ပြီးလျှင် “အိုင်​တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့” ​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည် ရွက်လွှင့်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 23,
      "text": "သူ​တို့​ရွက်လွှင့်​နေ​စဉ် ကိုယ်တော်​သည် အိပ်စက်​တော်မူ​၏။ ထိုအခါ အိုင်​ပေါ်တွင် လေ​မုန်တိုင်း​ကျ​လာ​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်၍ သူ​တို့​သည် အန္တရာယ်​နှင့်​ရင်ဆိုင်​ကြ​ရ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 24,
      "text": "တပည့်​တော်​တို့​သည်​ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်၊ သခင်၊ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည်​ထ​၍ လေ​နှင့်​လှိုင်းတံပိုး​တို့​ကို​ဆုံးမ​တော်မူ​ရာ ၎င်း​တို့​သည်​ရပ်တန့်​ကြ​ပြီး ငြိမ်သက်​သာယာ​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 25,
      "text": "ထို့နောက် ကိုယ်တော်​က “သင်​တို့​၏​ယုံကြည်​ခြင်း​အဘယ်မှာ​ရှိ​သနည်း” ​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​ကြောက်ရွံ့​အံ့သြ​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အမိန့်​ပေး​သောအခါ ၎င်း​တို့​သည် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 26,
      "text": "ထို့နောက် သူ​တို့​သည် ဂါလိလဲ​နယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့ ဆက်၍​ရွက်လွှင့်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 27,
      "text": "ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 28,
      "text": "သူ​သည် ယေရှု​ကို​မြင်​လျှင် အော်ဟစ်​လျက် ရှေ့​တော်​၌​ပျပ်ဝပ်​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ် မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ကိုယ်တော်​ကို အကျွန်ုပ်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် လျှောက်ထား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 29,
      "text": "ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ညစ်ညူး​သော​နတ်​အား ထို​သူ့​အထဲမှ​ထွက်သွား​ရန် အမိန့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို​နတ်​သည် သူ့​ကို​ကြိမ်ဖန်​များစွာ​ဝင်ပူး​သဖြင့် သူ့​ကို သံကြိုး​နှင့်​ခြေချင်း​တို့​ဖြင့် ချည်နှောင်​ဖမ်းချုပ်​လျက် စောင့်ကြပ်​ထား​သော်လည်း သူ​သည် ထို​အရာ​များ​ကို​ချိုးဖြတ်​ကာ တော​ကန္တာရ​သို့ နတ်ဆိုး​၏​နှင်​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 30,
      "text": "ယေရှု​က​လည်း ထို​သူ​အား “သင့်​နာမည် မည်သို့​ခေါ်​သနည်း” ​ဟု မေး​တော်မူ​ရာ သူ့​အထဲ၌ နတ်ဆိုး​များစွာ​ဝင်ပူး​နေ​သောကြောင့် ထို​သူ​က “လေဂေါင်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 31,
      "text": "တစ်ဖန် နတ်ဆိုး​တို့​က မိမိ​တို့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​သွား​ရန် အမိန့်​မ​ပေး​ပါ​မည့်အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 32,
      "text": "ထို​အရပ်​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​သည် တောင်ကုန်း​ပေါ်တွင် ကျက်စား​လျက်​ရှိ​၏။ နတ်ဆိုး​တို့​သည် ထို​ဝက်​များ​ထဲသို့​ဝင်​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ခွင့်ပြု​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 33,
      "text": "ထိုအခါ နတ်ဆိုး​တို့​သည် ထို​လူ​ထဲမှ​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း အိုင်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေနစ်​သေဆုံး​ကြ​ကုန်​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 34,
      "text": "ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​မြင်​ကြ​သောအခါ ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 35,
      "text": "လူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​ကို​ကြည့်ရှု​ရန် ထွက်လာ​၍ ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ နတ်ဆိုး​များ​ထွက်သွား​သော​သူ​သည် အဝတ်​ဝတ်​ထား​ကာ ယေရှု​၏​ခြေ​တော်​ရင်း​၌ ပကတိ​စိတ်​ရှိ​လျက် ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 36,
      "text": "မျက်မြင်​တွေ့ရှိ​ခဲ့​သူ​များ​က​လည်း နတ်ဆိုး​ပူး​သူ မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​ခဲ့​သည်​ကို ထို​သူ​တို့​အား ပြောပြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 37,
      "text": "ထိုအခါ ဂါရစ​နယ်သူ​နယ်သား​အပေါင်း​တို့​သည် အလွန်​ကြောက်ရွံ့​သဖြင့် သူ​တို့​ထံမှ​ထွက်သွား​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည်​လည်း လှေ​ပေါ်သို့​တက်​၍ ပြန်သွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 38,
      "text": "နတ်ဆိုး​များ​ထွက်သွား​သော​သူ​က ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​လေ​၏။ သို့သော် ကိုယ်တော်​က"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 39,
      "text": "“သင့်​အိမ်​သို့​ပြန်​၍ သင့်​အပေါ် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​လော့” ​ဟု မိန့်​တော်မူ​ပြီး သူ့​ကို​ပြန်သွား​စေ​၏။ ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ် ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို တစ်မြို့လုံး​အနှံ့​ပြောကြား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 40,
      "text": "ယေရှု​ပြန်ကြွ​လာ​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​စောင့်မျှော်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 41,
      "text": "ထိုအခါ ယာဣရု​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် အထံ​တော်​သို့​ရောက်လာ​၏။ ထို​သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ဖြစ်​၏။ သူ​သည် ယေရှု​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ မိမိ​အိမ်​သို့​ကြွ​တော်မူ​ရန် တောင်းပန်​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 42,
      "text": "အကြောင်းမူကား တစ်ဆယ့်နှစ်​နှစ်​အရွယ်​ခန့်​ရှိ​သော သူ​၏​တစ်ဦးတည်း​သော​သမီး​သည် သေ​အံ့ဆဲဆဲ​ဖြစ်​နေ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ် လူထု​ပရိသတ်​သည် ကိုယ်တော်​ထံ​စုပြုံ​တိုးဝှေ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 43,
      "text": "ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည်"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 44,
      "text": "ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​လျက် ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 45,
      "text": "ထိုအခါ ယေရှု​က “ငါ့​ကို မည်သူ​တို့ထိ​သနည်း” ​ဟု မေး​တော်မူ​လျှင် အားလုံး​က​ငြင်းဆို​ကြ​၏။ ပေတရု​က “သခင်၊ လူထု​ပရိသတ်​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် တိုးဝှေ့​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 46,
      "text": "သို့သော် ယေရှု​က “တစ်စုံတစ်ယောက်​သည် ငါ့​ကို​တို့ထိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ့​ထံမှ​တန်ခိုး​ထွက်​သည်​ကို ငါ​သိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 47,
      "text": "ထို​အမျိုးသမီး​သည် ဖုံးကွယ်​ထား​၍​မ​ရ​ကြောင်း​သိ​သောအခါ တုန်လှုပ်​လျက်​ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ကိုယ်တော်​ကို​တို့ထိ​ရ​သည့်​အကြောင်း​ကို​လည်းကောင်း၊ အနာရောဂါ​ချက်ချင်း​ပျောက်ကင်း​ခဲ့​ပုံ​ကို​လည်းကောင်း လူ​အပေါင်း​တို့​ရှေ့​တွင် ပြောပြ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 48,
      "text": "ကိုယ်တော်​က​လည်း “သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့” ​ဟု သူ့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 49,
      "text": "ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အိမ်​မှ လူ​တစ်​ဦး​သည်​ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို ဆက်၍​မ​နှောင့်ယှက်​ပါ​နှင့်”​ဟု ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 50,
      "text": "ယေရှု​သည်​ကြား​လျှင် “မ​စိုးရိမ်​နှင့်။ ယုံကြည်​ခြင်း​သာ​ရှိ​လော့။ သို့ပြုလျှင် သူငယ်မ​သည် အကောင်း​ပကတိ​ဖြစ်​လိမ့်မည်” ​ဟု ဝတ်ပြု​စည်းဝေးကျောင်း​တာဝန်ခံ​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 51,
      "text": "ထို့နောက် အိမ်​သို့​ရောက်​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် သူငယ်မ​၏​မိခင်​ဖခင်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ အိမ်​ထဲသို့​ဝင်​ခွင့်ပြု​တော်​မ​မူ။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 52,
      "text": "လူ​အပေါင်း​တို့​သည် သူငယ်မ​အတွက် ရင်ဘတ်​စည်တီး​လျက်​ငိုကြွေး​နေ​ကြ​၏။ ကိုယ်တော်​က​လည်း “မ​ငိုကြွေး​ကြ​နှင့်။ သူငယ်မ​သည် သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​ရာ"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 53,
      "text": "သူ​တို့​သည် သူငယ်မ သေဆုံး​ပြီ​ဖြစ်ကြောင်း သိ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 54,
      "text": "သို့သော် ကိုယ်တော်​သည် သူငယ်မ​၏​လက်​ကို​ကိုင်​လျက် “သူငယ်မ၊ ထ​လော့” ​ဟု ခေါ်​တော်မူ​လျှင်"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 55,
      "text": "သူငယ်မ​၏​ဝိညာဉ်​သည်​ပြန်ဝင်​လာ​သဖြင့် သူ​သည် ချက်ချင်း​ထ​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​အား စား​စရာ​ပေး​ရန် အမိန့်​ပေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 56,
      "text": "ထိုအခါ မိဘ​တို့​သည် အံ့သြ​ငေးမော​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် ဤ​အဖြစ်အပျက်​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 1,
      "text": "ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား နတ်ဆိုး​အပေါင်း​တို့​ကို​နိုင်​၍ ရောဂါ​များ​ကို​ငြိမ်း​စေ​နိုင်​သော တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို​ပေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 2,
      "text": "ထို့နောက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​ရန်​နှင့် နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေရန် သူ​တို့​ကို​စေလွှတ်​တော်မူ​၍"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 3,
      "text": "“လမ်း​ခရီး​အတွက် မည်သည့်​အရာ​ကို​မျှ မ​ယူ​သွား​ကြ​နှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာ​နှင့် ငွေ​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အင်္ကျီ​ကို​လည်း အပို​မ​ဆောင်​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 4,
      "text": "မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 5,
      "text": "မည်သူ​မျှ သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​မှ​ထွက်သွား​ကြ​စဉ် သူ​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​စေရန် သင်​တို့​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 6,
      "text": "သူ​တို့​သည်​လည်း ထွက်သွား​ပြီးလျှင် တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ အရပ်ရပ်​တို့​တွင် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 7,
      "text": "နယ်စား​ဟေရုဒ်​သည် ဖြစ်ပျက်​နေ​သော​အရာ​အားလုံး​ကို​ကြား​ရ​သောအခါ ဝေခွဲမရ​ဖြစ်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် လူ​အချို့​တို့​က “ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ”​ဟူ၍​လည်းကောင်း၊"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 8,
      "text": "အချို့​တို့​က “ဧလိယ​ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ အချို့​တို့​က​လည်း “ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 9,
      "text": "ဟေရုဒ်​က​လည်း “ယောဟန်​၏​ဦးခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့ရာတွင် ဤမျှလောက် ငါ​သတင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်သူ​နည်း”​ဟု ဆို​လျက် ကိုယ်တော်​ကို​တွေ့မြင်​ရ​ရန် ရှာကြံ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 10,
      "text": "တမန်တော်​တို့​သည် ပြန်လာ​၍ သူ​တို့​ပြု​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား ကြားလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်ဇဲဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 11,
      "text": "သို့သော် လူထု​ပရိသတ်​များ​သည် သိ​ကြ​သဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ကြိုဆို​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။ ကျန်းမာ​ခြင်း​လိုအပ်​သော​သူ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 12,
      "text": "ညနေစောင်း​သောအခါ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​သောကြောင့် လူထု​ပရိသတ်​တို့​သည် ဝန်းကျင်​ရှိ ကျေးလက်​တောရွာ​များ​သို့​သွား​၍ တည်းခို​နိုင်​ရန်​နှင့် အစားအစာ​များ​ရရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 13,
      "text": "သို့သော် ကိုယ်တော်​က “သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အားလုံး​အတွက် အစားအစာ​များ​ကို အကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​လျှင် အကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 14,
      "text": "(ထိုသို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါးထောင်​ခန့်မျှ​ရှိ​သောကြောင့်​ဖြစ်​၏။) ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​အား “လူ​တို့​ကို ငါးဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 15,
      "text": "တပည့်​တော်​တို့​သည်​လည်း အမိန့်​တော်​အတိုင်း​ဆောင်ရွက်​ကြ​လျက် လူ​အားလုံး​တို့​ကို​ထိုင်​စေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 16,
      "text": "ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူထု​ပရိသတ်​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 17,
      "text": "လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​ရ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 18,
      "text": "တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က “လူထု​ပရိသတ်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း” ​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 19,
      "text": "သူ​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆိုကြ​၍ အချို့​တို့​က​လည်း ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 20,
      "text": "ယေရှု​က​လည်း “သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း” ​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ဘုရားသခင်​၏​ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 21,
      "text": "ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 22,
      "text": "“လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၍ အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 23,
      "text": "ထို့နောက် လူ​အပေါင်း​တို့​အား “မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 24,
      "text": "အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 25,
      "text": "လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း သူကိုယ်တိုင်​ပျက်စီး​လျှင်​၊ သို့မဟုတ် ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 26,
      "text": "မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 27,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 28,
      "text": "ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီးနောက် ရှစ်​ရက်​ခန့်​ကြာ​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယောဟန်​နှင့် ယာကုပ်​တို့​ကို​ခေါ်​၍ ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​သွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 29,
      "text": "ကိုယ်တော်​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် မျက်နှာ​တော်​၏​အဆင်း​သဏ္ဌာန်​သည် ထူးခြား​လာ​၍ အဝတ်​တော်​သည် ဖြူဖွေး​တောက်ပ​လာ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 30,
      "text": "ထို​အချိန်​တွင် လူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​နေ​ကြ​၏။ ထို​သူ​တို့​မှာ မောရှေ​နှင့်​ဧလိယ​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 31,
      "text": "သူ​တို့​သည် ဘုန်း​အသရေ​နှင့်တကွ​ပေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင်​ပြည့်စုံ​တော့မည့် ကိုယ်တော်​၏​အသေ​ခံ​တော်မူ​ခြင်း​အကြောင်း​ကို ပြောဆို​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 32,
      "text": "ပေတရု​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် မျက်စိ​လေး​၍ အိပ်မောကျ​နေ​ကြ​၏။ သို့သော် ကောင်းစွာ​နိုး​လာ​သောအခါ ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​နှင့်အတူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်းကောင်း မြင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 33,
      "text": "ထို​သူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​ကြ​စဉ် ပေတရု​က “သခင်၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု မိမိ​မည်သည့်​အရာ​ပြောဆို​နေ​သည်​ကို​မ​သိ​ဘဲ ယေရှု​အား လျှောက်ထား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 34,
      "text": "ထိုသို့ ပေတရု​လျှောက်ထား​စဉ် မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိုးတိမ်​ထဲသို့ ရောက်​သွား​စဉ် ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 35,
      "text": "ထိုအခါ မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၍ “ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​သား​ပေတည်း။ သူ​၏​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 36,
      "text": "ထို​အသံ​တော်​ထွက်ပေါ်​လာ​ပြီး​သည့်​နောက် ယေရှု​တစ်ပါးတည်း​ကို​သာ​တွေ့မြင်​ရ​တော့​၏။ တပည့်​တော်​တို့​သည် မိမိ​တို့​တွေ့မြင်​ရ​သည့်​အရာ​ကို ထို​နေ့ရက်​များ​၌ မည်သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 37,
      "text": "နောက်တစ်နေ့​တွင် သူ​တို့​သည် တောင်​ပေါ်မှ​ဆင်း​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 38,
      "text": "ထိုအခါ လူထု​ပရိသတ်​ထဲမှ လူ​တစ်​ဦး​က “ဆရာ၊ အကျွန်ုပ်​၏​သား​ကို​ကြည့်ရှု​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​၏။ အကြောင်းမူကား သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်း​သော​သား​ဖြစ်​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 39,
      "text": "နတ်​သည် သူ့​ကို​ဝင်​ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်​တတ်​ပါ​၏။ ထို့နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါးစပ်​မှ​အမြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်းပဲ့​နာကျင်​စေ​ပြီးလျှင် သူ့​အထဲမှ​ထွက်​ခဲ​လှ​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 40,
      "text": "သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန်​တောင်းပန်​သော်လည်း သူ​တို့​သည် မ​တတ်နိုင်​ကြ​ပါ”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 41,
      "text": "ယေရှု​က​လည်း “အို ယုံကြည်​ခြင်း​မ​ရှိ၊ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​၍ သင်​တို့​ကို​သည်းခံ​ရ​မည်နည်း။ သင်​၏​သား​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 42,
      "text": "သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 43,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ ကိုယ်တော်​ပြု​တော်မူ​သော​အရာ​အားလုံး​ကို လူ​အပေါင်း​တို့​အံ့သြ​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 44,
      "text": "“ဤ​စကား​များ​ကို သင်​တို့​နား​ထဲ၌ စွဲမြဲ​စေ​ကြ​လော့။ လူ့သား​သည် လူ​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 45,
      "text": "သို့သော် ထို​စကား​ကို တပည့်​တော်​တို့​နား​မ​လည်​စေရန် ဖုံးကွယ်​ထား​သဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စကား​နှင့်​ပတ်သက်၍ ကိုယ်တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 46,
      "text": "ထို့နောက် တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု အချင်းချင်း​ငြင်းခုံ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 47,
      "text": "ယေရှု​သည် သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​ကို သိ​တော်မူ​လျက် သူငယ်​တစ်​ဦး​ကို​ခေါ်​၍ မိမိ​အနား​တွင်​ရပ်​စေ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 48,
      "text": "“ဤ​သူငယ်​တစ်​ဦး​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​တွင် အငယ်ဆုံး​သော​သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 49,
      "text": "ထိုအခါ ယောဟန်​က “သခင်၊ သခင်​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 50,
      "text": "သို့သော် ယေရှု​က “မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် သင်​တို့​ဘက်သား​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 51,
      "text": "ကိုယ်တော်​သည် ကောင်းကင်ဘုံ​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​မည့်​နေ့ရက် နီးကပ်​လာ​သောအခါ ဂျေရုဆလင်​မြို့​သို့​ကြွ​ရန် ရှေးရှု​လျက်"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 52,
      "text": "စေတမန်​တို့​ကို မိမိ​ရှေ့​မှ​စေလွှတ်​တော်မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်တော်​အတွက်​ပြင်ဆင်​ထား​ရန် ရှမာရိ​နယ်သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 53,
      "text": "သို့သော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ဦးတည်​လျက် ခရီး​သွား​နေ​သည်​ဖြစ်​သောကြောင့် ထို​ရွာသား​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 54,
      "text": "တပည့်​တော်​ယာကုပ်​နှင့်​ယောဟန်​တို့​သည် ထို​အဖြစ်​ကို​မြင်​လျှင် “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မိုး​ကောင်းကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်ကျွမ်း​စေရန် ကိုယ်တော်​အလိုရှိ​ပါ​သလော”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 55,
      "text": "သို့သော် ကိုယ်တော်​သည်​လှည့်​၍ သူ​တို့​ကို​ဆုံးမ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 56,
      "text": "ထို့နောက် သူ​တို့​သည် အခြား​သော​ရွာ​သို့​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 57,
      "text": "သူ​တို့​သည် လမ်း​၌​ခရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်တော်​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 58,
      "text": "ယေရှု​က​လည်း “မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​များ​ရှိ​ကြ​၏။ လူ့သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 59,
      "text": "ကိုယ်တော်​သည် အခြား​သော​သူ​တစ်​ဦး​အား “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​သူ​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 60,
      "text": "ကိုယ်တော်​က​လည်း “လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ။ သင်​မူကား သွား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 61,
      "text": "အခြား​သော​သူ​တစ်​ဦး​က​လည်း “သခင်​ဘုရား၊ အကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့သော် အကျွန်ုပ်​၏​အိမ်သူအိမ်သား​များ​ကို ဦးစွာ​သွား​၍ နှုတ်ဆက်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 62,
      "text": "ယေရှု​က​လည်း “ထွန်ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်ကြည့်​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​မ​ထိုက်တန်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက် သခင်​ဘုရား​သည် အခြား​သော​သူ အယောက်​ခုနစ်ဆယ်​တို့​ကို​ခန့်ထား​၍ ကြွ​တော်မူ​ရန်​ကြံရွယ်​ထား​သော မြို့​ရွာ​အရပ်ရပ်​သို့ မိမိ​ရှေ့​မှ​နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 2,
      "text": "ကိုယ်တော်​သည် ထို​သူ​တို့​အား “ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို​စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 3,
      "text": "သွား​ကြ။ ဝံပုလွေ​များ​ထဲသို့ သိုးသငယ်​များ​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 4,
      "text": "ပိုက်ဆံ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​တို့​ကို မ​ယူ​သွား​ကြ​နှင့်။ လမ်း​၌ မည်သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 5,
      "text": "မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 6,
      "text": "ထို​နေရာ​တွင် ငြိမ်သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ထို​သူ​အပေါ်​သက်ရောက်​လိမ့်မည်။ မ​ရှိ​လျှင်​မူကား ထို​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 7,
      "text": "ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်းခို​၍ သူ​တို့​ထံ၌ စား​သောက်​ကြ​လော့။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 8,
      "text": "မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်ခံ​လျှင် သင်​တို့​ရှေ့၌​တည်ခင်း​သော​အရာ​များ​ကို စား​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 9,
      "text": "ထို​မြို့​ရှိ နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေ​၍ ‘ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ’​ဟု သူ​တို့​အား ဟောပြော​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 10,
      "text": "မည်သည့်​မြို့​သို့​မဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်းမ​ပေါ်သို့ ထွက်​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 11,
      "text": "‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေမှုန့်​ကို​ပင် ငါ​တို့​ခါချ​ခဲ့​၏။ သို့သော် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၌​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့’​ဟု ဟောပြော​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 12,
      "text": "သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သောဒုံ​မြို့​သည် ထို​မြို့​ထက် ခံသာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 13,
      "text": "ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​ကပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ၌​ထိုင်​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 14,
      "text": "သို့သော် တရား​စီရင်​တော်မူ​သောအခါ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 15,
      "text": "ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 16,
      "text": "သင်​တို့​စကား​ကို​နားထောင်​သော​သူ​သည် ငါ့​စကား​ကို​နားထောင်​၏။ သင်​တို့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​ကို​ငြင်းပယ်​၏။ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​ငြင်းပယ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 17,
      "text": "ထို့နောက် ထို​အယောက်​ခုနစ်ဆယ်​တို့​သည် ဝမ်းမြောက်​စွာ​ပြန်လာ​၍ “သခင်၊ ကိုယ်တော်​၏​နာမ​တော်​၌ နတ်ဆိုး​တို့​ပင် အကျွန်ုပ်​တို့​ကို​နာခံ​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 18,
      "text": "ကိုယ်တော်​က​လည်း “စာတန်​သည် လျှပ်စီးလက်​သကဲ့သို့ မိုး​ကောင်းကင်​မှ​ကျ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 19,
      "text": "ငါ​သည် သင်​တို့​အား မြွေ​များ​နှင့်​ကင်းမြီးကောက်​များ​ကို​နင်းချေ​၍ ရန်သူ​၏​တန်ခိုး​အလုံးစုံ​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို ပေးအပ်​ထား​ပြီ​ဖြစ်၍ မည်သည့်​အရာ​က​မျှ သင်​တို့​ကို အနာတရ​ဖြစ်​စေ​မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 20,
      "text": "သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 21,
      "text": "ထို​အချိန်​တွင် ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​အလွန်​ဝမ်းမြောက်​၍ “ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့် ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ဝှက်​ထား​လျက် ကလေး​သူငယ်​များ​အား ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။ မှန်​ပါ​၏​အဖ၊ ဤသည်ကား ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 22,
      "text": "ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ သား​တော်​သည် မည်သူ​ဖြစ်​ကြောင်း​ကို ခမည်းတော်​မှတစ်ပါး မည်သူ​မျှ​မ​သိ။ ခမည်းတော်​သည် မည်သူ​ဖြစ်​ကြောင်း​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး မည်သူ​မျှ​မ​သိ” ​ဟု မြွက်ဆို​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 23,
      "text": "ထို့နောက် တပည့်​တော်​တို့​ဘက်​သို့​လှည့်​၍ “သင်​တို့​မြင်​နေ​ရ​သည့်​အရာ​များ​ကို မြင်​ရ​သော​မျက်စိ​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 24,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ရှင်ဘုရင်​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန် အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလို​ရှိ​ သော်လည်း မ​ကြား​ခဲ့​ရ​ကြ​ပေ” ​ဟု သူ​တို့​ကို​သာ သီးခြား​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 25,
      "text": "တစ်ခါက ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အမှု​ကို အကျွန်ုပ်​ပြု​ရ​ပါ​မည်နည်း”​ဟု ကိုယ်တော်​ကို​အကဲစမ်း​၍​မေးလျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 26,
      "text": "ကိုယ်တော်​က​လည်း “ပညတ်​တရား​ကျမ်း​တွင် မည်သို့​ရေး​ထား​သနည်း။ သင်​မည်သို့​ဖတ်​ရ​သနည်း” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 27,
      "text": "ထို​သူ​က “သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး၊ သင်​၏​အစွမ်းသတ္တိ​ရှိသမျှ​နှင့် သင်​၏​အသိဉာဏ်​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည် ​ဟူ၍​လည်းကောင်း၊ ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​ဟူ၍​လည်းကောင်း ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 28,
      "text": "ကိုယ်တော်​က​လည်း “မှန်​ပေ​၏။ ထို​အတိုင်း​ပြု​လော့။ သို့ပြုလျှင် အသက်ရှင်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 29,
      "text": "ထို​သူ​သည် မိမိကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​လို​၍ “သို့ဖြစ်လျှင် မည်သူ​သည် အကျွန်ုပ်​၏​ဝန်းကျင်​၌​ရှိ​သော​သူ​ဖြစ်​သနည်း”​ဟု ယေရှု​အား မေးလျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 30,
      "text": "ယေရှု​က “လူ​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ဂျေရိခေါ​မြို့​သို့​ဆင်း​လာ​စဉ် ဓားပြ​များ​နှင့်​ကြုံတွေ့​ရ​၏။ ဓားပြ​တို့​သည် သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ပြီး ရိုက်နှက်​ကာ သူ့​ကို​သေလုမြောပါး​အခြေအနေ​၌​ထားခဲ့​၍ ထွက်သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 31,
      "text": "ယဇ်ပုရောဟိတ်​တစ်​ပါး​သည် အကြောင်း​တိုက်ဆိုင်​၍ ထို​လမ်း​အတိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 32,
      "text": "ထိုနည်းတူ လေဝိ​အနွယ်ဝင်​တစ်​ဦး​သည်​လည်း ထို​နေရာ​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 33,
      "text": "သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 34,
      "text": "ချဉ်းကပ်​လျက် သူ​၏​ဒဏ်ရာ​များ​အပေါ် ဆီ​နှင့်​စပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အဝတ်​နှင့်​ပတ်စည်း​ပေး​၏။ ထို့နောက် သူ့​ကို မိမိ​၏​တိရစ္ဆာန်​ပေါ်​တင်​လျက် တည်းခိုခန်း​သို့ ခေါ်ဆောင်​သွား​၍ ပြုစု​စောင့်ရှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 35,
      "text": "နောက်တစ်နေ့​တွင် ဒေနာရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်းခိုခန်း​ပိုင်ရှင်​အား​ပေး​ပြီးလျှင် ‘ဤ​သူ​ကို ပြုစု​စောင့်ရှောက်​ပေး​ပါ။ နောက်ထပ် ကုန်ကျ​သမျှ​ကို အကျွန်ုပ်​ပြန်လာ​သောအခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 36,
      "text": "ထို​သူ​သုံး​ဦး​တို့​တွင် မည်သူ​သည် ဓားပြ​လက်​တွင်း​သို့ ကျရောက်​ခဲ့​သူ​၏​ဝန်းကျင်​၌​ရှိ​သော​သူ ဖြစ်​သည်​ဟု သင်​ထင်​သနည်း” ​ဟူ၍ မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 37,
      "text": "ထို​သူ​က​လည်း “သူ့​အပေါ်​ကရုဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေရှု​က “သင်​သည်​လည်း သွား​၍ ထိုနည်းတူ​ပြု​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 38,
      "text": "သူ​တို့​သည် ခရီး​ဆက်​သွား​စဉ်တွင် ကိုယ်တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်မူ​ရာ မာသ​အမည်​ရှိ​သော​အမျိုးသမီး​တစ်​ဦး​သည် ကိုယ်တော်​ကို မိမိ​အိမ်​၌​လက်ခံ​ကြိုဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 39,
      "text": "ထို​အမျိုးသမီး​တွင် မာရိ​ဟု​ခေါ်​သော​ညီမ​တစ်​ယောက်​ရှိ​၏။ သူ​သည် သခင်​ဘုရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်တော်​၏​တရား​စကား​ကို နားထောင်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 40,
      "text": "မာသ​မူကား ဧည့်ခံ​ခြင်း​အမှု​များ​ကြောင့် စိတ်​ပူပန်​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကျွန်မ​၏​ညီမ​သည် ကျွန်မ​တစ်ဦးတည်း​သာ ဧည့်ဝတ်​ပြု​ရန်​ပစ်​ထား​ခဲ့​သည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော။ ကျွန်မ​ကို​ကူညီ​ရန် သူ့​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 41,
      "text": "သခင်​ဘုရား​က​လည်း “မာသ၊ မာသ၊ သင်​သည် များစွာ​သော​အမှု​တို့​အတွက်​စိုးရိမ်​လျက် နှောင့်ယှက်​ခြင်း​ကို​ခံ​နေ​ရ​၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 42,
      "text": "သို့သော် လိုအပ်​သော​အရာ​သည် တစ်ခုတည်း​ရှိ​၏။ မာရိ​သည် ထို​ကောင်းမြတ်​သည့်​အပိုင်း​ကို ရွေးချယ်​ပြီ​ဖြစ်၍ ၎င်း​ကို သူ့​ထံမှ​မ​နုတ်​မ​ပယ်​ရာ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 1,
      "text": "တစ်ခါက ကိုယ်တော်​သည် တစ်​နေရာ​၌ ဆုတောင်း​လျက်​နေ​တော်မူ​၏။ ဆုတောင်း​ပြီး​သောအခါ တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ ယောဟန်​သည် သူ​၏​တပည့်​များ​ကို​သင်ပေး​သကဲ့သို့ အကျွန်ုပ်​တို့​ကို​လည်း ဆုတောင်း​ရန်​သင်ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 2,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​ဆုတောင်း​ကြ​သောအခါ ‘အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 3,
      "text": "အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို နေ့စဉ်​ပေး​သနား​တော်မူ​ပါ။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 4,
      "text": "အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​အားလုံး​တို့​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သည်​ဖြစ်၍ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​ကို ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ၍ မြွက်ဆို​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 5,
      "text": "ထို့နောက် ကိုယ်တော်​က “သင်​တို့​ထဲမှ​တစ်စုံတစ်ယောက်​တွင် မိတ်ဆွေ​တစ်​ဦး​ရှိ​သည်​ဆို​ပါ​စို့။ သူ​သည် သန်းခေါင်​အချိန်​၌ ထို​မိတ်ဆွေ​ထံ​သွား​၍ ‘အဆွေ၊"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 6,
      "text": "အကျွန်ုပ်​၏​မိတ်ဆွေ​တစ်​ဦး​သည် ခရီး​သွား​ရာ​မှ အကျွန်ုပ်​ထံသို့​ရောက်လာ​၏။ အကျွန်ုပ်​၌ သူ့​ကို​ကျွေး​ရန် မည်သည့်​အရာ​မျှ​မ​ရှိ​သောကြောင့် အကျွန်ုပ်​အား မုန့်​သုံး​လုံး​ချေး​ပေး​ပါ’​ဟု ဆို​သော်လည်း"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 7,
      "text": "ထို​သူ​က ‘ငါ့​ကို​အနှောင့်အယှက်​မ​ပေး​ပါ​နှင့်။ တံခါး​ပိတ်​ထား​ပြီ။ ငါ့​သားသမီး​များ​သည်​လည်း ငါ​နှင့်အတူ​အိပ်ရာ​ဝင်​ကြ​ပြီ။ ငါ​သည်​ထ​၍ သင့်​အား မည်သည့်​အရာ​ကို​မျှ​မ​ပေး​နိုင်​ပါ’​ဟု အိမ်​တွင်း​မှ ပြန်ပြော​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 8,
      "text": "သင်​တို့​အား ငါ​ဆို​မည်။ ထို​သူ​သည် မိမိ​မိတ်ဆွေ​ဖြစ်​သည်​ကို​ထောက်၍ မည်သည့်​အရာ​ကို​မျှ ထ​၍​မ​ပေး​သော်လည်း အား​မ​လျှော့​ဘဲ​တောင်းဆို​သည်​ကို​ထောက်၍ လို​သမျှ​ကို ထ​၍​ပေး​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 9,
      "text": "ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 10,
      "text": "အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 11,
      "text": "သင်​တို့​တွင် မည်သည့်​ဖခင်​သည် သား​က ငါး​ကို​တောင်း​သောအခါ ငါး​အစား​မြွေ​ကို​ပေး​မည်နည်း၊"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 12,
      "text": "သို့မဟုတ် ကြက်ဥ​ကို​တောင်း​သောအခါ ကင်းမြီးကောက်​ကို​ပေး​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 13,
      "text": "သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် သင်​တို့​၏​သားသမီး​များ​အား ကောင်း​သော​လက်ဆောင်​များ​ပေး​ရ​မည်​ကို​သိ​ကြ​လျှင် ကောင်းကင်​ဘုံ​ရှင်​အဖ​သည် မိမိ​ထံ​တောင်းလျှောက်​သော​သူ​များ​အား သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို သာ၍​ပင် ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 14,
      "text": "တစ်ခါ​က ကိုယ်တော်​သည် ဆွံ့အ​သော​နတ်ဆိုး​ကို နှင်ထုတ်​တော်မူ​၏။ နတ်ဆိုး​ထွက်သွား​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​သဖြင့် လူထု​ပရိသတ်​တို့​သည်​အံ့သြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 15,
      "text": "သို့သော် ထို​သူ​တို့​ထဲမှ အချို့​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 16,
      "text": "အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 17,
      "text": "သို့သော် ကိုယ်တော်​သည် သူ​တို့​၏​စိတ်​သဘော​များ​ကို သိမြင်​တော်မူ​သဖြင့် “မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​နိုင်ငံ​တိုင်း​သည် လုံးလုံး​ပျက်စီး​သွား​မည်​။ မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​သော​အိမ်​သည်​လည်း ပြိုလဲ​သွား​မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 18,
      "text": "စာတန်​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် သူ​၏​နိုင်ငံ​သည် မည်သို့​တည်မြဲ​နိုင်​မည်နည်း။ ဤသို့ဆိုခြင်းမှာ ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဟု သင်​တို့​ဆို​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 19,
      "text": "ငါ​သည် ဗေလဇေဗုလ​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် သင်​တို့​၏​သား​များ​သည် မည်သူ့​ကို​အမှီပြု​၍ နှင်ထုတ်​ကြ​သနည်း။ ထို့ကြောင့် သူ​တို့​သည် သင်​တို့​ကို တရား​စီရင်​သူ​များ​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 20,
      "text": "သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​လက်ညှိုး​တော်​အားဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 21,
      "text": "ခွန်အား​ကြီး​သော​သူ​သည် လက်နက်​အပြည့်အစုံ​ဖြင့် မိမိ​ခြံဝင်း​ကို​စောင့်ကြပ်​နေ​သောအခါ သူ​၏​ဥစ္စာ​ပစ္စည်း​များ​သည်​လုံခြုံ​မှု​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 22,
      "text": "သို့သော် သူ့​ထက်​ခွန်အား​ကြီး​သော​သူ​သည်​ရောက်လာ​၍ သူ့​ကို​တိုက်ခိုက်​အောင်နိုင်​သောအခါ သူ​အားကိုး​ခဲ့​သည့် လက်နက်​စုံ​ကို​သိမ်းယူ​၍ သိမ်းပိုက်​ရရှိ​သည့်​ပစ္စည်း​များ​ကို ခွဲဝေ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 23,
      "text": "ငါ့​ဘက်​၌​မ​နေ​သော​သူ​သည် ငါ့​ကို​ဆန့်ကျင်​သော​သူ​ဖြစ်​၏။ ငါ​နှင့်အတူ​မ​စု​မ​သိမ်း​သော​သူ​သည် တစ်ကွဲတစ်ပြား​ဖြစ်​စေ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 24,
      "text": "ညစ်ညူး​သော​နတ်​သည် လူ့​အထဲမှ​ထွက်သွား​သောအခါ ခြောက်သွေ့​သော​အရပ်​ဒေသ​များ​သို့​လျှောက်သွား​ကာ ခိုနား​ရာ​ကို​ရှာ​တတ်​၏။ သို့သော် ရှာ​၍​မ​တွေ့​သဖြင့် ‘ငါ​ထွက်လာ​ခဲ့​သော ငါ့​အိမ်​သို့​ပြန်​မည်’​ဟု ဆို​လျက်"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 25,
      "text": "ပြန်လာ​ရာ ထို​နေရာ​မှာ လှဲကျင်း​၍​သပ်ရပ်​စွာ​ပြင်ဆင်​ထား​သည်​ကို တွေ့​လေ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 26,
      "text": "ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 27,
      "text": "ဤ​အကြောင်းအရာ​များ​ကို ကိုယ်တော်​မိန့်​တော်မူ​စဉ် လူထု​ပရိသတ်​ထဲမှ အမျိုးသမီး​တစ်​ဦး​သည် အသံ​ကို​ကျယ်စွာပြု​၍ “ကိုယ်တော်​ကို​လွယ်​သော​ဝမ်း​နှင့် စို့​တော်မူ​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 28,
      "text": "သို့ရာတွင် ကိုယ်တော်​က “စင်စစ်ကား ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြား​၍ စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 29,
      "text": "လူထု​ပရိသတ်​များ​စုရုံး​လာ​ကြ​စဉ် ကိုယ်တော်​က “ဤ​မျိုးဆက်​သည် ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​၏။ သူ​တို့​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ သူ​တို့​အား​ပြ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 30,
      "text": "အကြောင်းမူကား ယောန​သည် နိနေဝေ​မြို့သား​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​သကဲ့သို့ လူ့သား​သည်​လည်း ဤ​မျိုးဆက်​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 31,
      "text": "တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​လူ​တို့​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို​နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 32,
      "text": "တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 33,
      "text": "ဆီမီး​ကို​ထွန်း​၍ ကွယ်ရာ​၌​ထား​သော​သူ​၊ သို့မဟုတ် တောင်း​အောက်၌​ထား​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ဝင်လာ​သော​သူ​တို့​သည် အလင်း​ကို​မြင်​စေရန် ဆီမီးခုံ​ပေါ်၌​သာ​ထား​တတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 34,
      "text": "သင်​၏​မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ သင်​၏​မျက်စိ​ကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည်​လည်း​တောက်ပ​နေ​လိမ့်မည်။ သို့သော် မျက်စိ​မကောင်း​သောအခါ သင်​၏​ကိုယ်ခန္ဓာ​သည်​လည်း မှောင်မိုက်​နေ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 35,
      "text": "သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​မ​ဖြစ်​စေရန် သတိပြု​လော့။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 36,
      "text": "ထို့ကြောင့် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မှောင်မိုက်​သည့်​အပိုင်း​မ​ရှိ​ဘဲ တောက်ပ​နေ​လျှင် ဆီမီး​အလင်းရောင်​သည် သင့်​အပေါ်​ထွန်းလင်း​နေ​သကဲ့သို့ သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် တောက်ပ​နေ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 37,
      "text": "ထိုသို့​မိန့်​တော်မူ​ပြီး​သောအခါ ဖာရိရှဲ​တစ်​ဦး​သည် မိမိ​နှင့်အတူ​စား​သောက်​တော်မူ​ရန် ကိုယ်တော်​ကို​ဖိတ်ခေါ်​သဖြင့် သူ​၏​အိမ်​သို့​ဝင်​၍ စားပွဲ​၌​ထိုင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 38,
      "text": "သို့သော် အစာ​မ​သုံးဆောင်​မီ ဦးစွာ​ဆေးကြော​ခြင်း​ပြု​တော်​မ​မူ​သည်​ကို ထို​ဖာရိရှဲ​သည်​မြင်​၍ အံ့သြ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 39,
      "text": "သခင်​ဘုရား​က​လည်း “သင်​တို့​ဖာရိရှဲ​များ​သည် ခွက်​နှင့်​လင်ပန်း​တို့​၏​အပြင်​ဘက်​ကို စင်ကြယ်​စေ​ကြ​သော်လည်း သင်​တို့​အတွင်း​၌​ကား မတရား​လုယူ​ခြင်း​နှင့်​ဆိုးညစ်​ခြင်း​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 40,
      "text": "မိုက်မဲ​သော​သူ​တို့၊ အပြင်​ဘက်​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​သည် အတွင်း​ဘက်​ကို​လည်း ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 41,
      "text": "သို့ဖြစ်၍ အတွင်း​၌​ရှိ​သော​အရာ​များ​ကို ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ သို့ပြုလျှင် အရာ​ခပ်သိမ်း​တို့​သည် သင်​တို့​အတွက် စင်ကြယ်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 42,
      "text": "သို့သော် ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဟင်းသီးဟင်းရွက်​အမျိုးမျိုး​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေး​လှူ​ကြ​သော်လည်း တရားမျှတ​ခြင်း​နှင့် ဘုရားသခင်​အပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ဥပေက္ခာ​မ​ပြု​ရ။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 43,
      "text": "ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း နှစ်သက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 44,
      "text": "သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် မ​ထင်ရှား​သော သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ လူ​တို့​သည် ၎င်း​အပေါ်မှာ မ​သိ​ဘဲ သွားလာ​တတ်​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 45,
      "text": "ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​အား “ဆရာ၊ ဤသို့​ပြောဆို​ခြင်း​သည် အကျွန်ုပ်​တို့​ကို​လည်း ရှုတ်ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော်"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 46,
      "text": "ကိုယ်တော်​က “ကျမ်းတတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည်​လည်း အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထမ်းရခက်​သော​ဝန်​များ​ကို လူ​တို့​အား​ထမ်း​စေ​ကြ​၏။ သင်​တို့​ကိုယ်တိုင်​က​မူ ၎င်း​တို့​ကို သင်​တို့​လက်ဖျား​နှင့်​မျှ​မ​တို့​ကြ။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 47,
      "text": "သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် သင်​တို့​ဘိုးဘေး​များ​သတ်​ခဲ့​သော ပရောဖက်​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို တည်ဆောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 48,
      "text": "ဤသို့ဖြင့် သင်​တို့​သည် သင်​တို့​ဘိုးဘေး​များ​ပြု​သော​အမှု​တို့​ကို သဘောတူ​ထောက်ခံ​၍ ထို​အမှု​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ပရောဖက်​များ​ကို​သတ်​၍ သင်​တို့​သည် သင်္ချိုင်း​ဂူ​များ​ကို​တည်ဆောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 49,
      "text": "သို့ဖြစ်၍ ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​က ‘ပရောဖက်​များ​နှင့် တမန်တော်​များ​ကို သူ​တို့​ထံသို့ ငါ​စေလွှတ်​မည်။ ထိုအခါ သူ​တို့​သည် ထို​သူ​တို့​ထဲမှ အချို့​တို့​ကို​ညှဉ်းဆဲ​၍ သတ်​ကြ​လိမ့်မည်’​ဟု မြွက်ဆို​ထား​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 50,
      "text": "ထို့ကြောင့် အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် အသတ်​ခံ​ခဲ့​ရ​သည့် ဇာခရိ​၏​သွေး​တိုင်အောင် ကမ္ဘာ​တည်​ချိန်​မှစ၍ သွန်းလောင်း​ခြင်း​ခံရ​သော ပရောဖက်​အပေါင်း​တို့​၏​သွေး​ကြွေး​ကို ဤ​မျိုးဆက်​ထံမှ တောင်းယူ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 51,
      "text": "မှန်​ပေ​၏။ ဤ​မျိုးဆက်​ထံမှ ထို​သွေး​ကြွေး​ကို​တောင်းယူ​လိမ့်မည်​ဟု ငါ​ဆို​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 52,
      "text": "ကျမ်းတတ်​ပုဂ္ဂိုလ်​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် အသိပညာ​သော့​ကို​သိမ်းယူ​၍ ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း တားဆီး​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 53,
      "text": "ထို​နေရာ​မှ ကိုယ်တော်​ထွက်ကြွ​တော်မူ​သောအခါ ကျမ်းပြု​ဆရာ​များ​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​အပေါ် ကြီးစွာ​ရန်ငြိုး​ထား​လျက် အကြောင်းအရာ​အမျိုးမျိုး​တို့​ကို တရစပ်​မေးမြန်း​ကာ"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 54,
      "text": "နှုတ်​တော်​ထွက်​စကား​တစ်စုံတစ်ခု​ဖြင့် ကိုယ်တော်​ကို​အပြစ်ရှာ​နိုင်​ရန် ချောင်းမြောင်း​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 1,
      "text": "ထိုအခါ ထောင်ပေါင်း​များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုဝေး​လာ​ကြ​၍ အချင်းချင်း​ပင်​နင်းမိမတတ်​ဖြစ်​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား ဦးစွာ​မြွက်ဆို​တော်မူ​သည်​မှာ “ဖာရိရှဲ​တို့​၏​တဆေး​ဖြစ်​သည့် သူတော်ကောင်း​ယောင်ဆောင်​မှု​ကို သတိထား​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 2,
      "text": "ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ​လည်း တစ်စုံတစ်ခု​မျှ​မ​ရှိ။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 3,
      "text": "သို့ဖြစ်၍ မှောင်မိုက်​၌ သင်​တို့​ပြောဆို​သော​အရာ​တို့​ကို အလင်း​၌​ကြား​ကြ​လိမ့်မည်။ အိမ်​အတွင်း​ခန်း​ထဲ၌ နား​အပါး​ကပ်​၍ သင်​တို့​ပြောဆို​သော​အရာ​များ​ကို လေသာဆောင်​ပေါ်မှ ကြေညာ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 4,
      "text": "ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော​သင်​တို့​အား ငါ​ဆို​မည်။ ကိုယ်ခန္ဓာ​ကို​သတ်​ပြီး​သည့်​နောက်​တွင် အခြား​မည်သည့်​အရာ​ကို​မျှ ထပ်၍​မ​ပြု​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 5,
      "text": "သင်​တို့​ကြောက်​ရ​မည့်​သူ​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ ကိုယ်ခန္ဓာ​ကို​သတ်​ပြီးနောက် ငရဲ​ထဲသို့​ပစ်ချ​ပိုင်ခွင့်​ရှိ​သော​သူ​ကို ကြောက်​ကြ​လော့။ မှန်​ပေ​၏။ ထို​သူ​ကို​ကြောက်​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 6,
      "text": "စာကလေး​ငါး​ကောင်​ကို အဿရိ​နှစ်​ပြား​နှင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် ထို​စာကလေး​တစ်​ကောင်​ကို​မျှ ဘုရားသခင်​မေ့လျော့​တော်​မ​မူ။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 7,
      "text": "သင်​တို့​ဦးခေါင်း​မှ​ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက်​အဖိုးထိုက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 8,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား မည်သူမဆို လူ​တို့​ရှေ့၌ ငါ့​ကို​ဝန်ခံ​လျှင် လူ့သား​သည်​လည်း ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​ရှေ့၌ ထို​သူ​ကို ဝန်ခံ​မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 9,
      "text": "သို့သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်းပယ်​သော​သူ​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​ရှေ့​၌ ငြင်းပယ်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 10,
      "text": "လူ့သား​အပေါ်​ဆန့်ကျင်​သည့်​စကား​ကို ပြောဆို​သော​သူ​အားလုံး ခွင့်လွှတ်​ခြင်း​ခံရ​မည်​ဖြစ်​သော်လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​သော​သူ​သည် ခွင့်လွှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 11,
      "text": "လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့​လည်းကောင်း၊ အုပ်ချုပ်​သူ​များ​နှင့် အာဏာပိုင်​များ​ရှေ့သို့​လည်းကောင်း ခေါ်ဆောင်​သွား​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ချေပ​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​အရာ​ကို ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 12,
      "text": "အကြောင်းမူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပြောဆို​ရ​မည့်​အရာ​တို့​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​အား​သွန်သင်​ပေး​တော်မူ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 13,
      "text": "ထိုအခါ လူထု​ပရိသတ်​ထဲမှ တစ်စုံတစ်ဦး​က ကိုယ်တော်​အား “ဆရာ၊ အကျွန်ုပ်​ကို​အမွေ​ခွဲဝေ​ပေး​ရန် အကျွန်ုပ်​၏​အစ်ကို​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 14,
      "text": "သို့သော် ကိုယ်တော်​က “အချင်း​လူ၊ မည်သူ​သည် ငါ့​ကို သင်​တို့​၏​တရားသူကြီး ​၊ သို့မဟုတ် ခုံလူကြီး​အဖြစ် ခန့်ထား​သနည်း” ​ဟု သူ့​အား​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 15,
      "text": "ထို့နောက် လူ​တို့​အား “လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 16,
      "text": "တစ်ဖန် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ “သူဌေး​တစ်​ဦး​သည် မိမိ​လယ်ကွင်း​မှ​အသီးအနှံ​ကောင်းစွာ​ထွက်​သဖြင့်"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 17,
      "text": "‘ငါ​၏​အသီးအနှံ​များ​ကို​သို​ထား​ရန် နေရာ​မ​ရှိ။ ငါ​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု မိမိ​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 18,
      "text": "ထို့နောက် သူ​က ‘ငါ​ဤသို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပိုမို​ကြီးမား​သော​ကျီ​များ​ကို​ဆောက်​ပြီးလျှင် ငါ​၏​ဂျုံဆန်​နှင့်​ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ထို​နေရာ​တွင် စုသိမ်း​ထား​မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 19,
      "text": "ငါ​၏​ဝိညာဉ်​ကို​လည်း အချင်း​ဝိညာဉ်၊ ကောင်း​သော​အရာ​အမြောက်အမြား​တို့​ကို နှစ်​ပေါင်း​များစွာ​အတွက် သိုမှီး​ထား​လျက်​ရှိ​ပြီ။ အနားယူ​လော့။ စား​သောက်​ပျော်မွေ့​လော့​ဟူ၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 20,
      "text": "သို့သော် ဘုရားသခင်​သည် ထို​သူ​အား ‘အချင်း​လူမိုက်၊ ဤ​ည​၌​ပင် သင့်​ဝိညာဉ်​ကို သင့်​ထံမှ​ရုပ်သိမ်း​ကြ​လိမ့်မည်။ သို့ဖြစ်လျှင် သင်​ပြင်ဆင်​ထား​သော​အရာ​များ​သည် မည်သူ့​ဥစ္စာ​ဖြစ်​လိမ့်မည်​နည်း’​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 21,
      "text": "မိမိ​အတွက် ဥစ္စာ​များ​ကို​သိုမှီး​ထား​သော်လည်း ဘုရားသခင်​၏​ရှေ့​တော်​၌ ကြွယ်ဝ​ခြင်း​မ​ရှိ​သော​သူ​သည် ဤ​သူဌေး​နှင့်​တူ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 22,
      "text": "ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို​ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 23,
      "text": "အကြောင်းမူကား အသက်​သည် အစာ​ထက် အရေးကြီး​၏။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 24,
      "text": "ကျီးကန်း​များ​ကို​ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ။ ရိတ်သိမ်း​ခြင်း​လည်း​မ​ရှိ။ သိုလှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့သော် ဘုရားသခင်​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များစွာ​အဖိုးထိုက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 25,
      "text": "သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 26,
      "text": "ထိုသို့ သေးငယ်​သော​အမှု​ကို​ပင် မ​တတ်နိုင်​ကြ​လျှင် အဘယ်ကြောင့် အခြား​သော​အမှု​များ​အတွက် စိုးရိမ်​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 27,
      "text": "နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 28,
      "text": "ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို မည်မျှ​ပို၍​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်နည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 29,
      "text": "ထို့ကြောင့် သင်​တို့​သည် မည်သည့်​အရာ​ကို​စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို​သောက်​ရ​မည်နည်း​ဟု မ​ရှာကြံ​ကြ​နှင့်။ စိုးရိမ်​ပူပန်​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 30,
      "text": "အကြောင်းမူကား ဤ​လောက​ရှိ လူမျိုးခြား​အပေါင်း​တို့​သည် ဤ​အရာ​များ​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် သင်​တို့​အဖ​သည် ဤ​အရာ​များ​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 31,
      "text": "သို့ဖြစ်၍ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​များ​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 32,
      "text": "သိုးစု​ငယ်၊ မ​ကြောက်​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​အား နိုင်ငံ​တော်​ပေး​ရ​သည်​ကို နှစ်သက်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 33,
      "text": "သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း​၍ ပေးကမ်း​စွန့်ကြဲ​ကြ​လော့။ မိမိ​တို့​အတွက် မ​ဟောင်းနွမ်း​နိုင်​သော ပိုက်ဆံ​အိတ်​များ​ကို​ပြုလုပ်​ကြ​၍ သူခိုး​မ​ကပ်၊ ပိုးမွှား​လည်း​မ​ဖျက်ဆီး​ရာ ကောင်းကင်​ဘုံ​၌ မ​ကုန်ခန်း​နိုင်​သော​ဥစ္စာ​ဘဏ္ဍာ​ကို သိုမှီး​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 34,
      "text": "အကြောင်းမူကား သင်​တို့​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​တို့​၏​စိတ်နှလုံး​လည်း​ရောက်​တတ်​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 35,
      "text": "သင်​တို့​သည် ခါး​ကို​စည်း​လျက် ဆီမီး​တို့​ကို​ထွန်း​ထား​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 36,
      "text": "မိမိ​တို့​၏​သခင်​သည် မင်္ဂလာဆောင်​ပွဲ​မှ​ပြန်လာ​၍ တံခါး​ခေါက်​သောအခါ သူ့​အတွက် ချက်ချင်း​တံခါး​ဖွင့်​ပေး​နိုင်​ရန် သခင်​ကို​စောင့်​နေ​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 37,
      "text": "သခင်​ပြန်လာ​သောအခါ သတိ​နှင့်​စောင့်​နေ​ကြ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​ခါး​ကို​စည်း​လျက် သူ​တို့​ကို​ထိုင်​စေ​ပြီးလျှင် အနား​သို့​လာ​၍ သူ​တို့​ကို​လုပ်ကျွေး​ပြုစု​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 38,
      "text": "သခင်​သည် ညဥ့်နက်​အချိန်​၌​ဖြစ်စေ၊ သန်းခေါင်​ကျော်​အချိန်​၌​ဖြစ်စေ ပြန်လာ​၍ ထိုသို့​စောင့်​နေ​ကြ​သည်​ကို​တွေ့မြင်​လျှင် သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 39,
      "text": "အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် မိမိ​အိမ်​ကို ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 40,
      "text": "လူ့သား​သည် သင်​တို့​မ​ထင်မှတ်​သော​အချိန်​၌ ကြွလာ​မည်​ဖြစ်၍ သင်​တို့​သည်​လည်း အသင့်​ရှိ​နေ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 41,
      "text": "ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အတွက်​မိန့်​တော်မူ​သလော​၊ သို့မဟုတ် လူ​အပေါင်း​တို့​အတွက်​ပါ မိန့်​တော်မူ​သလော”​ဟု မေးလျှောက်​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 42,
      "text": "သခင်​ဘုရား​က​လည်း “မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 43,
      "text": "မိမိ​သခင်​ပြန်လာ​သောအခါ ထိုသို့​ဆောင်ရွက်​နေ​သည်​ကို သခင်​တွေ့​ရ​သော​အစေအပါး​သည် မင်္ဂလာရှိ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 44,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သခင်​သည် မိမိ​၏​ဥစ္စာ​ပစ္စည်း​ရှိသမျှ​ကို သူ့​အား​ကြီးကြပ်​စောင့်ရှောက်​စေ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 45,
      "text": "သို့သော် ထို​အစေအပါး​သည် မိမိ​စိတ်​ထဲ၌ ‘ငါ့​သခင်​ပြန်လာ​ရန် ကြန့်ကြာ​နေ​၏’​ဟု ဆို​လျက် အစေခံ​ယောက်ျား​နှင့်​အစေခံ​မိန်းမ​များ​ကို ရိုက်နှက်​ကာ စား​သောက်​ယစ်မူး​လျက်​နေ​လျှင်"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 46,
      "text": "ထို​အစေအပါး​၏​သခင်​သည် သူ​မျှော်လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အချိန်​တွင် ရောက်လာ​၍ သူ့​ကို ပြင်းစွာ​ပြစ်ဒဏ်​ပေး​ကာ မ​ယုံကြည်​သူ​တို့​နှင့်အတူ နေရာ​ချ​ထား​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 47,
      "text": "မိမိ​သခင်​၏​အလို​ကို​သိ​လျက်​ပင် ပြင်ဆင်​ထား​ခြင်း​မ​ရှိ​၊ သို့မဟုတ် သခင်​၏​အလို​အတိုင်း​လုပ်ဆောင်​ခြင်း​မ​ရှိ​သော အစေအပါး​သည် များစွာ​ရိုက်နှက်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 48,
      "text": "သို့သော် သခင်​၏​အလို​ကို​မ​သိ​ဘဲ ရိုက်နှက်​ခြင်း​ဒဏ်​နှင့်​ထိုက်​သော​အမှု​ကို ပြု​မိ​သော​သူ​သည် အနည်းငယ်​သာ ရိုက်နှက်​ခြင်း​ခံရ​မည်။ များစွာ​ရရှိ​ထား​သော​သူ​အားလုံး​ထံမှ များစွာ​တောင်းဆို​လိမ့်မည်။ များစွာ​အပ်နှံ​ထား​သော​သူ​ထံမှ ပို၍​များစွာ​တောင်း​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 49,
      "text": "မြေကြီး​ပေါ်သို့ မီး​ကို​ပစ်ချ​ရန် ငါ​လာ​၏။ မီးစွဲ​လောင်​ပြီး​သား​ဖြစ်​ရန်​ပင် ငါ​အလွန်​အလိုရှိ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 50,
      "text": "သို့သော် ငါ​ခံ​မည့်​ဗတ္တိဇံ​တစ်​ပါး​ရှိ​၏။ ထို​အမှု​မ​ပြီးဆုံး​မီ​တိုင်အောင် ငါ​သည် ဖိစီး​မှု​ကို မည်မျှ​ခံစား​ရ​ပါ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 51,
      "text": "မြေကြီး​ပေါ်၌ ငြိမ်သက်​ခြင်း​ကို​ပေး​ရန် ငါ​လာ​သည်​ဟု ထင်မှတ်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား ကွဲပြား​စေရန် ငါ​လာ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 52,
      "text": "အကြောင်းမူကား ယခု​မှစ၍ လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​တစ်​အိမ်​တွင် သုံး​ယောက်​သည် နှစ်​ယောက်​ကို​လည်းကောင်း၊ နှစ်​ယောက်​သည် သုံး​ယောက်​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 53,
      "text": "ဖခင်​သည် သား​ကို​လည်းကောင်း၊ သား​သည် ဖခင်​ကို​လည်းကောင်း၊ မိခင်​သည် သမီး​ကို​လည်းကောင်း၊ သမီး​သည် မိခင်​ကို​လည်းကောင်း၊ ယောက္ခမ​သည် ချွေးမ​ကို​လည်းကောင်း၊ ချွေးမ​သည် ယောက္ခမ​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 54,
      "text": "ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “သင်​တို့​သည် အနောက်​အရပ်​တွင် မိုးတိမ်​တက်လာ​သည်​ကို​မြင်​လျှင် မိုးသက်မုန်တိုင်း​လာ​နေ​ပြီ​ဟု ချက်ချင်း​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 55,
      "text": "တောင်​လေ​တိုက်​လာ​သောအခါ​၌​လည်း ပူအိုက်​လိမ့်မည်​ဟု​ပြော​တတ်​ကြ​၏။ ထိုအတိုင်း​လည်း​ဖြစ်​တတ်​၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 56,
      "text": "သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​သည် မြေကြီး​နှင့်​ကောင်းကင်​တို့​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​နိုင်​ကြ​သော်လည်း ဤ​အချိန်​ကာလ​ကို အဘယ်ကြောင့် ပိုင်းခြား​၍​မ​သိ​နိုင်​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 57,
      "text": "ထိုမှတစ်ပါး မှန်ကန်​သည့်​အရာ​ကို အဘယ်ကြောင့် မိမိ​တို့​ကိုယ်တိုင်​မ​ဆင်ခြင်​မ​သုံးသပ်​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 58,
      "text": "သင့်​ကို​တရားစွဲဆို​သူ​နှင့်အတူ အကြီးအကဲ​ထံသို့​သွား​ကြ​သောအခါ လမ်း​၌ သူ​နှင့်​ကျေအေး​အောင်​ကြိုးစား​လော့။ သို့မဟုတ်​ပါက သူ​သည် သင့်​ကို တရားသူကြီး​ထံသို့​ဆွဲခေါ်သွား​၍ တရားသူကြီး​သည် သင့်​ကို မင်းမှုထမ်း​လက်​သို့​အပ်​သဖြင့် မင်းမှုထမ်း​သည် သင့်​ကို ထောင်​ထဲ၌ ထည့်​ထား​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 59,
      "text": "သင့်​အား ငါ​ဆို​မည်။ နောက်ဆုံး​လတ္တာ​တစ်​ပြား​ကို သင်​ပြန်၍​မ​ဆပ်​မချင်း ထို​နေရာ​မှ လုံးဝ​ထွက်​ရ​မည်​မ​ဟုတ်”​ဟု ​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 1,
      "text": "ထို​အချိန်​၌​ပင် လူ​အချို့​တို့​သည်​ရောက်လာ​၍ ပိလတ်​မင်း​သည် ဂါလိလဲ​နယ်သား​အချို့​တို့​၏​သွေး​ကို သူ​တို့​ပူဇော်​သော​ယဇ်​များ​နှင့်​ရောနှော​ခဲ့​ကြောင်း ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 2,
      "text": "ကိုယ်တော်​က​လည်း “ထို​ဂါလိလဲ​နယ်သား​တို့​သည် ထိုသို့​သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ကြ​ရ​သောကြောင့် အခြား​ဂါလိလဲ​နယ်သား​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 3,
      "text": "ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 4,
      "text": "ထို့ပြင် ရှိလောင်​မျှော်စင်​ပြိုကျ​သဖြင့် ပိ​မိ​၍​သေဆုံး​သော​သူ​တစ်ဆယ့်ရှစ်​ယောက်​တို့​သည် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​သော​အခြား​သူ​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 5,
      "text": "ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 6,
      "text": "ထို့နောက် ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး​၍ မြွက်ဆို​တော်မူ​သည်​မှာ “လူ​တစ်​ဦး​တွင် မိမိ​စပျစ်ခြံ​ထဲ၌​စိုက်​ထား​သော သဖန်းပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အပင်​၌ အသီး​ကို​လာ​ရှာ​သော်လည်း မ​တွေ့​ရ​ချေ။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 7,
      "text": "ထိုအခါ သူ​သည် ဥယျာဉ်မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်တိုင် ဤ​သဖန်းပင်​မှ​အသီး​ကို​လာ​ရှာ​သော်လည်း​မ​တွေ့​ရ။ ဤ​သဖန်းပင်​ကို​ခုတ်​ပစ်​လော့။ အဘယ်ကြောင့် မြေ​ကို အကျိုးမဲ့​ဖြစ်​စေ​မည်နည်း’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 8,
      "text": "သို့သော် ဥယျာဉ်မှူး​က ‘သခင်၊ ဤ​အပင်​ကို ယခု​နှစ်​လည်း​ထား​ပါ​ဦး။ အပင်​ပတ်လည်​ကို အကျွန်ုပ်​တူးဆွ​၍ မြေသြဇာ​ထည့်​ပါ​ဦး​မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 9,
      "text": "ထိုသို့ပြုလျှင် နောက်​နှစ်​တွင် အသီး သီး​ကောင်း​သီး​ပါ​လိမ့်မည်။ အကယ်၍ မ​သီး​ပါက ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 10,
      "text": "ကိုယ်တော်​သည် ဥပုသ်နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်သင်​လျက်​နေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 11,
      "text": "ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 12,
      "text": "ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍ “အချင်း​မိန်းမ၊ သင်​သည် သင်​၏​နာမကျန်း​ဖြစ်​ခြင်း​မှ လွတ်မြောက်​ပြီ” ​ဟု မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 13,
      "text": "သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​ခါး​သည် ပြန်လည်​တည့်မတ်​သွား​၍ သူ​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 14,
      "text": "သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 15,
      "text": "သခင်​ဘုရား​က​လည်း “သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 16,
      "text": "သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 17,
      "text": "ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​သောအခါ ကိုယ်တော်​ကို​ဆန့်ကျင်​နေ​သော​သူ​ရှိသမျှ​တို့​သည် အရှက်ရ​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သည့် ထူးမြတ်​သော​အမှု​အလုံးစုံ​တို့​အတွက် ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 18,
      "text": "ထို့ကြောင့် ကိုယ်တော်​က “ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မည်သည့်​အရာ​နှင့်​တူ​သနည်း။ ၎င်း​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 19,
      "text": "၎င်း​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​ဥယျာဉ်​ထဲ၌​ကြဲ​သောအခါ ထို​အစေ့​သည် အပင်ပေါက်​ကြီးထွား​၍ အပင်​ကြီး​ဖြစ်လာ​ကာ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​၏​အကိုင်း​များ​တွင် အသိုက်ဖွဲ့​၍​နေ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 20,
      "text": "တစ်ဖန် ကိုယ်တော်​က “ဘုရားသခင်​၏​နိုင်ငံ​တော်​ကို မည်သည့်​အရာ​နှင့်​ခိုင်းနှိုင်း​ရ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 21,
      "text": "၎င်း​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် တဆေး​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 22,
      "text": "ထို့နောက် ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​၍ သွန်သင်​တော်မူ​ရင်း ဂျေရုဆလင်​မြို့​သို့​ခရီး​ပြု​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 23,
      "text": "ထိုအခါ လူ​တစ်​ဦး​က “သခင်၊ ကယ်တင်​ခြင်း​ခံရ​သူ အနည်းငယ်​သာ​ရှိ​သလော”​ဟု မေးလျှောက်​၏။ ကိုယ်တော်​က​လည်း"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 24,
      "text": "“ကျဉ်း​သော​တံခါး​မှ​ဝင်​ရန် ကြိုးစား​ကြ​လော့။ အကြောင်းမူကား လူ​များစွာ​တို့​သည် ဝင်​ရန်​ရှာကြံ​ကြ​သော်လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 25,
      "text": "အိမ်ရှင်​သည်​ထ​၍ တံခါး​ကို​ပိတ်​ပြီးမှ သင်​တို့​သည် အပြင်​၌​ရပ်​၍ တံခါး​ကို​ခေါက်​လျက် ‘သခင်၊ အကျွန်ုပ်​တို့​အား​တံခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်လည်း သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 26,
      "text": "ထိုအခါ သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော်​နှင့်အတူ​စား​သောက်​ခဲ့​ကြ​ပါ​၏။ ကိုယ်တော်​သည်​လည်း အကျွန်ုပ်​တို့​၏​လမ်းမ​ပေါ်တွင် သွန်သင်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 27,
      "text": "သို့သော် သခင်​က ‘သင်​တို့​သည် အဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ။ မတရားမှု​ကို​ပြု​သော​သူ​အပေါင်း​တို့၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့’​ဟု သင်​တို့​အား​ဆို​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 28,
      "text": "ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​နှင့် ပရောဖက်​အပေါင်း​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ထဲ၌​ရှိ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​သော်လည်း သင်​တို့​ကိုယ်တိုင်​မူကား အပြင်​သို့ နှင်ထုတ်​ခြင်း​ခံရ​သဖြင့် ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 29,
      "text": "တစ်ဖန် လူ​တို့​သည် အရှေ့​အရပ်​နှင့် အနောက်​အရပ်​တို့​မှ​လည်းကောင်း၊ တောင်​အရပ်​နှင့် မြောက်​အရပ်​တို့​မှ​လည်းကောင်း လာ​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်ပွဲ​၌​ထိုင်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 30,
      "text": "အဦးဆုံး​ဖြစ်​မည့် နောက်ဆုံး​သော​သူ​များ​ရှိ​ကြ​၏။ နောက်ဆုံး​ဖြစ်​မည့် အဦးဆုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 31,
      "text": "ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 32,
      "text": "ကိုယ်တော်​က​လည်း “သွား​၍ ထို​မြေခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယနေ့​နှင့်​မနက်ဖြန် နတ်ဆိုး​တို့​ကို​နှင်ထုတ်​၍ အနာရောဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အမှု​ကို​ပြီးမြောက်​စေ​မည်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 33,
      "text": "သို့ရာတွင် ငါ​သည် ယနေ့၊ မနက်ဖြန်​နှင့် နောက်တစ်နေ့​တို့​၌ ခရီး​သွား​ရ​ဦး​မည်။ အကြောင်းမူကား ပရောဖက်​သည် ဂျေရုဆလင်​မြို့​မှတစ်ပါး အခြား​အရပ်​၌ သေ​ရ​သည်​ဟူ၍​မ​ရှိ​နိုင်။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 34,
      "text": "အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့​စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ​အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 35,
      "text": "ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’​ဟု သင်​တို့​ပြော​သည့်​အချိန်​မ​ရောက်​မီ​တိုင်အောင် သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 1,
      "text": "တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 2,
      "text": "ကိုယ်တော်​၏​ရှေ့၌ ရေဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 3,
      "text": "ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 4,
      "text": "သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​ကို ခေါ်​၍ အနာရောဂါ​ပျောက်ကင်း​စေ​ပြီးလျှင် ပြန်လွှတ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 5,
      "text": "ထို့နောက် ထို​သူ​တို့​အား “သင်​တို့​တွင် မိမိ​သား​၊ သို့မဟုတ် နွား​သည် ဥပုသ်​နေ့​၌ ရေတွင်း​ထဲသို့​ကျ​ခဲ့​လျှင် မည်သူ​သည်​ချက်ချင်း​မ​ဆွဲတင်​ဘဲ​နေ​မည်နည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 6,
      "text": "သူ​တို့​သည် ဤ​အရာ​များ​နှင့်​ပတ်သက်​ပြီး တုံ့ပြန်​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 7,
      "text": "ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် အထူး​နေရာ​များ​ရွေးချယ်​နေ​ကြ​ပုံ​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 8,
      "text": "“တစ်စုံတစ်ယောက်​သည် သင့်​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​သောအခါ အထူး​နေရာ​၌​မ​ထိုင်​နှင့်။ သူ​သည် သင့်​ထက်​ဂုဏ်သရေ​ရှိ​သော​သူ​ကို ဖိတ်​ထား​ကောင်း​ဖိတ်​ထား​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 9,
      "text": "ထိုအခါ သင်​တို့​နှစ်ဦး​စလုံး​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည် သင့်​ထံသို့​လာ​၍ ‘သင့်​နေရာ​ကို ဤ​သူ​အား​ပေး​လိုက်​ပါ’​ဟု ဆို​လျှင် သင်​သည် အရှက်ရ​လျက် နောက်ဆုံး​နေရာ​ကို​ယူ​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 10,
      "text": "ထို့ကြောင့် ဖိတ်ခေါ်​ခြင်း​ခံရ​သောအခါ နောက်ဆုံး​နေရာ​၌ သွား​၍​ထိုင်​လော့။ သို့ပြုလျှင် သင့်​ကို​ဖိတ်ခေါ်​ထား​သော​သူ​သည်​လာ​၍ ‘မိတ်ဆွေ ရှေ့သို့​ကြွ​ပါ’​ဟု သင့်​အား​ဆို​လိမ့်မည်။ ထိုအခါ သင်​သည် သင်​နှင့်အတူ​ထိုင်​နေ​သော​သူ​အားလုံး​တို့​ရှေ့​၌ ဂုဏ်သရေ​ရှိ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 11,
      "text": "အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 12,
      "text": "ထို့နောက် ကိုယ်တော်​သည် မိမိ​ကို​ဖိတ်ခေါ်​ထား​သော​သူ​အား “သင်​သည် ဧည့်ခံပွဲ​၊ သို့မဟုတ် ညစာ​စားပွဲ​ကို​ကျင်းပ​သောအခါ သင်​၏​မိတ်ဆွေ​များ၊ ညီအစ်ကို​များ၊ ဆွေမျိုး​များ​နှင့် ချမ်းသာ​သော​အိမ်နီးချင်း​များ​ကို မ​ဖိတ်​နှင့်။ ထိုသို့​ဖိတ်​လျှင် သူ​တို့​သည်​လည်း သင့်​ကို​ပြန်​ဖိတ်​၍ ကျေးဇူး​တုံ့ပြန်​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 13,
      "text": "သို့သော် ဧည့်ခံပွဲ​ကျင်းပ​သောအခါ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဖိတ်ခေါ်​လော့။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 14,
      "text": "သို့ပြုလျှင် သူ​တို့​သည် သင့်​အား​ကျေးဇူး​မ​တုံ့ပြန်​နိုင်​ကြ​သောကြောင့် သင်​သည် မင်္ဂလာရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သင်​သည် ကျေးဇူး​တုံ့ပြန်​ခြင်း​ကို အမှန်ပင်​ခံရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 15,
      "text": "ကိုယ်တော်​နှင့်အတူ​ထိုင်​နေ​သော​သူ​တစ်​ဦး​သည် ထို​စကား​တော်​တို့​ကို​ကြား​လျှင် “ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် စားသောက်​ပွဲ​၌​ပါဝင်​ရ​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 16,
      "text": "ကိုယ်တော်​က​လည်း “လူ​တစ်​ဦး​သည် ညစာ​စားပွဲ​ကြီး​တစ်​ခု​ကို​ပြင်ဆင်​လျက် လူ​များစွာ​တို့​ကို​ဖိတ်ခေါ်​ထား​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 17,
      "text": "ပွဲ​အချိန်​ရောက်​သောအခါ ဖိတ်ခေါ်​ထား​သူ​များ​ထံသို့ မိမိ​အစေအပါး​ကို​စေလွှတ်​လျက် ‘ယခု​အဆင်သင့်​ဖြစ်​ပြီ​ဖြစ်၍ ကြွ​ကြ​ပါ’​ဟု ပြောကြား​စေ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 18,
      "text": "ထိုအခါ အားလုံး​တို့​သည် မ​လာ​နိုင်​ကြောင်း တညီတညွတ်တည်း​ဆင်ခြေ​ပေး​ကြ​၏။ ပထမ​လူ​က ‘အကျွန်ုပ်​သည် လယ်​တစ်​ကွက်​ဝယ်​ထား​သည်​ဖြစ်၍ ထို​လယ်​ကို မဖြစ်မနေ​သွား​ကြည့်​ရ​ပါ​မည်။ အကျွန်ုပ်​ကို​ခွင့်လွှတ်​ရန် တောင်းပန်​ပါ​သည်’​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 19,
      "text": "အခြား​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို​ဝယ်​ထား​သည်​ဖြစ်၍ ထို​နွား​တို့​ကို​စမ်းသပ်​ရန် သွား​ရ​တော့မည်။ အကျွန်ုပ်​ကို​ခွင့်လွှတ်​ရန် တောင်းပန်​ပါ​သည်’​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 20,
      "text": "နောက်​တစ်​ဦး​က​လည်း ‘အကျွန်ုပ်​သည် မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​ပြီ​ဖြစ်၍ မ​လာ​နိုင်​ပါ’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 21,
      "text": "အစေအပါး​သည် ပြန်လာ​၍ ထို​အကြောင်းအရာ​များ​ကို မိမိ​သခင်​အား​ကြားလျှောက်​လေ​၏။ ထိုအခါ အိမ်ရှင်​သည် အမျက်ထွက်​၍ မိမိ​အစေအပါး​အား ‘မြို့​ထဲ​ရှိ လမ်းမ၊ လမ်းကြား​များ​ထဲသို့ အမြန်​သွား​၍ ဆင်းရဲသား​များ၊ အင်္ဂါ​ချို့တဲ့​သူ​များ၊ ခြေ​မသန်စွမ်း​သူ​များ​နှင့် မျက်မမြင်​များ​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 22,
      "text": "ထို့နောက် အစေအပါး​က ‘သခင်၊ သခင်​စေခိုင်း​သည့်​အတိုင်း​ဆောင်ရွက်​ပြီး​ပါ​ပြီ။ သို့သော် နေရာ​ရှိ​ပါ​သေး​၏’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 23,
      "text": "သခင်​က​လည်း ‘ခရီး​သွား​လမ်းမ​များ​နှင့် တော​လမ်းကြား​များ​သို့​သွား​၍ ငါ့​အိမ်​ပြည့်​အောင် လူ​တို့​ကို မရမက​ခေါ်​ခဲ့​လော့။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 24,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ယခင်​ဖိတ်ခေါ်​ထား​သူ​တို့​ထဲမှ မည်သူ​မျှ ငါ​၏​ညစာ​စားပွဲ​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’​ဟု အစေအပါး​အား ဆို​လေ​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 25,
      "text": "ထို့နောက် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှည့်ကြည့်​၍ ထို​သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 26,
      "text": "“တစ်စုံတစ်ဦး​သည် ငါ့​ထံသို့​လာ​၍ မိမိ​၏​ဖခင်၊ မိခင်၊ သား​မယား​နှင့် ညီအစ်ကို​မောင်နှမ​တို့​ကို​သာမက မိမိ​အသက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 27,
      "text": "မိမိ​လက်ဝါးကပ်တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 28,
      "text": "သင်​တို့​ထဲတွင် တစ်စုံတစ်ဦး​သည် မျှော်စင်​တစ်​ခု​ဆောက်​လို​လျှင် ပြီးစီး​သည်​အထိ လုံလောက်​သော​ငွေ​ရှိ​၊ မ​ရှိ ဦးစွာ​ထိုင်​၍ ကုန်ကျ​စရိတ်​ကို​မ​တွက်ချက်​ဘဲ​နေ​မည်​လော။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 29,
      "text": "ထိုသို့​မ​တွက်ချက်​ဘဲ အုတ်မြစ်​ချ​၍ အဆုံး​မ​သတ်​နိုင်​လျှင် မြင်​သူ​အပေါင်း​တို့​သည် သူ့​ကို​ပြောင်လှောင်​လျက်"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 30,
      "text": "‘ဤ​သူ​သည် စတင်​တည်ဆောက်​ခဲ့​သော်လည်း အဆုံး​မ​သတ်​နိုင်​ပါ​တကား’​ဟု ဆို​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 31,
      "text": "ထိုမှတစ်ပါး မည်သည့်​ဘုရင်​သည် အခြား​ဘုရင်​တစ်​ပါး​နှင့် စစ်တိုက်​ရန်​ချီတက်​မည်​ပြု​စဉ် စစ်သည်​နှစ်သောင်း​နှင့်​ချီတက်​လာ​သော အခြား​တစ်ဖက်​ကို စစ်သည်​တစ်သောင်း​ဖြင့် ရင်ဆိုင်​၍​ရ​၊ မရ ဦးစွာ​ထိုင်​လျက် မ​သုံးသပ်​ဘဲ​နေ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 32,
      "text": "ရင်ဆိုင်​၍​မ​ရ​နိုင်​ပါက အခြား​ဘုရင်​သည်​အဝေး​၌​ရှိ​နေ​စဉ် သံတမန်​ကို​စေလွှတ်​၍ စစ်ပြေငြိမ်း​ရေး​အတွက် စကား​ကမ်းလှမ်း​ရ​ပေ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 33,
      "text": "ထိုနည်းတူ သင်​တို့​အားလုံး​သည်​လည်း မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို မ​စွန့်ခွာ​နိုင်​လျှင် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 34,
      "text": "ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့်​အရသာ​ပြန်​ရှိ​စေ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 35,
      "text": "မြေကြီး​အတွက်​ဖြစ်စေ၊ မြေသြဇာ​အတွက်​ဖြစ်စေ အသုံး​မ​ဝင်​တော့​သဖြင့် ၎င်း​ကို အပြင်​သို့​ပစ်​လိုက်​တတ်​ကြ​၏။ ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 1,
      "text": "အခွန်​ကောက်ခံ​သူ​တို့​နှင့် အပြစ်သား​အပေါင်း​တို့​သည် ကိုယ်တော်​၏​တရား​တော်​ကို​နားထောင်​ရန် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 2,
      "text": "ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “ဤ​သူ​သည် အပြစ်သား​များ​ကို​လက်ခံ​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 3,
      "text": "သို့သော် ကိုယ်တော်​သည် သူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 4,
      "text": "“သင်​တို့​ထဲမှ တစ်စုံတစ်ဦး​၌ သိုး​အကောင်​တစ်ရာ​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ကောင်​သည်​ပျောက်ဆုံး​လျှင် သူ​သည် ကိုးဆယ့်ကိုး​ကောင်​ကို တော​ကန္တာရ​၌​ထား​ခဲ့​၍ ပျောက်ဆုံး​သော​သိုး​ကို​မတွေ့မချင်း​လိုက်ရှာ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 5,
      "text": "ထို​သိုး​ကို​တွေ့​လျှင် သူ​သည် ဝမ်းမြောက်​လျက် ၎င်း​ကို မိမိ​ပခုံး​ပေါ်​တင်​၍"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 6,
      "text": "အိမ်​သို့​ပြန်လာ​ပြီးလျှင် မိတ်ဆွေ​များ​နှင့် အိမ်နီးချင်း​များ​ကို​ခေါ်​လျက် ‘ပျောက်ဆုံး​သော​ငါ့​သိုး​ကို ပြန်​တွေ့​ပြီ​ဖြစ်၍ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြ​လော့’​ဟု ဆို​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 7,
      "text": "ထိုနည်းတူ နောင်တရ​စရာ​မ​လို​သည့် ဖြောင့်မတ်​သော​သူ​ကိုးဆယ့်ကိုး​ဦး​အတွက်​ထက် နောင်တရ​သည့်​အပြစ်သား​တစ်​ဦး​အတွက် ကောင်းကင်​ဘုံ​၌ ပို၍​ကြီးမား​သော​ဝမ်းမြောက်​ခြင်း​ရှိ​လိမ့်မည်​ဟု သင်​တို့​အား​ငါ​ဆို​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 8,
      "text": "ထိုမှတစ်ပါး အမျိုးသမီး​တစ်ဦး​၌ ငွေ​ဒင်္ဂါး​ဆယ်​ပြား​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ပြား​သည်​ပျောက်ဆုံး​လျှင် သူ​သည် ဆီမီး​ထွန်း​၍ အိမ်​ကို​လှဲကျင်း​ကာ ၎င်း​ကို​မတွေ့မချင်း​သေချာ​စွာ​ရှာ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 9,
      "text": "ထို​ဒင်္ဂါး​ကို​တွေ့​လျှင် သူ​သည် မိတ်ဆွေ​များ​နှင့် အိမ်နီးချင်း​များ​ကို​ခေါ်​လျက် ‘ပျောက်ဆုံး​သော​ငွေ​ဒင်္ဂါး​ကို ငါ​ပြန်​တွေ့​ပြီ​ဖြစ်၍ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြ​လော့’​ဟု ဆို​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 10,
      "text": "ထိုနည်းတူ နောင်တရ​သော​အပြစ်သား​တစ်​ဦး​အတွက် ဘုရားသခင်​၏​ကောင်းကင်တမန်​များ​ထဲတွင်​ဝမ်းမြောက်​ခြင်း​ရှိ​၏​ဟု သင်​တို့​အား ငါ​ဆို​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 11,
      "text": "တစ်ဖန် ကိုယ်တော်​က “လူ​တစ်​ဦး​၌ သား​နှစ်​ယောက်​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 12,
      "text": "သားငယ်​သည် ဖခင်​အား ‘အဖေ၊ အကျွန်ုပ်​ရ​ထိုက်​သော​အမွေ​ပစ္စည်း​ကို ခွဲဝေ​ပေး​ပါ’​ဟု ဆို​သဖြင့် ဖခင်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား ခွဲဝေ​ပေး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 13,
      "text": "ထို့နောက် ရက်​များ​မကြာမီ သားငယ်​သည် မိမိ​၌​ရှိသမျှ​တို့​ကို​စုစည်း​ပြီးလျှင် ဝေးလံ​သော​တိုင်းပြည်​သို့​ခရီးထွက်​၍ ထို​အရပ်​၌ အထိန်း​အကွပ်​မ​ရှိ​အသက်ရှင်​လျက် မိမိ​၏​အမွေ​ပစ္စည်း​များ​ကို ဖြုန်းတီး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 14,
      "text": "မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ပြီး​သောအခါ ထို​ပြည်​အနှံ့​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​သဖြင့် သူ​သည် ဆင်းရဲ​နွမ်းပါး​ခြင်း​သို့​ရောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 15,
      "text": "ထိုအခါ သူ​သည် ထို​ပြည်​မှ​ပြည်သား​တစ်​ဦး​ထံ သွားရောက်​မှီခို​ရာ ထို​သူ​သည် ဝက်​တို့​ကို​ထိန်းကျောင်း​ရန် သူ့​ကို မိမိ​လယ်​သို့​စေလွှတ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 16,
      "text": "သူ​သည် ဝက်​များ​စား​နေ​သော​ပဲတောင့်​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​ခဲ့​၏​။ သို့သော် မည်သူ​က​မျှ သူ့​ကို စားစရာ​မ​ပေး​ခဲ့​ချေ။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 17,
      "text": "ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 18,
      "text": "ငါ​သည်​ထ​၍ ငါ့​အဖေ​ထံသို့​သွား​ပြီး “အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 19,
      "text": "အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ။ အကျွန်ုပ်​ကို အဖေ​၏​အလုပ်သမား​တစ်​ဦး​အဖြစ်​ထား​ပါ”​ဟူ၍ ငါ​ပြော​မည် ​’ ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 20,
      "text": "ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 21,
      "text": "သား​က​လည်း ‘အဖေ၊ အကျွန်ုပ်​သည် ကောင်းကင်​ကို​လည်းကောင်း၊ အဖေ့​ကို​လည်းကောင်း ပြစ်မှား​ခဲ့​ပါ​ပြီ။ အကျွန်ုပ်​သည် အဖေ​၏​သား​ဟူ၍​အခေါ်​ခံ​ရန် မ​ထိုက်တန်​တော့​ပါ’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 22,
      "text": "သို့သော် ဖခင်​သည် မိမိ​အစေအပါး​တို့​အား ‘အကောင်းဆုံး​သော​ဝတ်လုံ​ကို အမြန်​ယူခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိနပ်​ကို​စီး​စေ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 23,
      "text": "ဆူဖြိုး​သော​နွားသငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်ရွှင်​စွာ​စား​ကြ​စို့။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 24,
      "text": "အကြောင်းမူကား ငါ​၏​ဤ​သား​သည် သေဆုံး​ခဲ့​သော်လည်း ပြန်​ရှင်လာ​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ပျော်ပွဲရွှင်ပွဲ​ကို​အစပြု​ကြ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 25,
      "text": "လယ်​၌​ရှိ​သော သား​ကြီး​သည် ပြန်လာ​၍ အိမ်​အနီး​သို့​ရောက်လာ​သောအခါ တီးမှုတ်​သံ​နှင့်​ကခုန်​သံ​တို့​ကို​ကြား​ရ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 26,
      "text": "အစေခံ​တစ်​ဦး​ကို​ခေါ်​၍ ‘မည်သည့်​အခြင်းအရာ​များ​ဖြစ်ပျက်​နေ​သနည်း’​ဟု မေးမြန်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 27,
      "text": "အစေခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်လာ​ပြီ။ သူ့​ကို​ကျန်းမာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အတွက် သင်​၏​ဖခင်​သည် ဆူဖြိုး​သော​နွားသငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြောဆို​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 28,
      "text": "ထိုအခါ သား​ကြီး​သည် အမျက်ထွက်​၍ အထဲသို့​မ​ဝင်​လို​သောကြောင့် သူ​၏​ဖခင်​သည် အပြင်​သို့​ထွက်လာ​၍ သူ့​ကို​ဖျောင်းဖျ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 29,
      "text": "သို့ရာတွင် သူ​သည် ဖခင်​အား ‘အကျွန်ုပ်​သည် နှစ်​ပေါင်း​များစွာ အဖေ့​ကို​အစေခံ​၍ အဖေ​၏​အမိန့်​ကို တစ်ခါမျှ​မ​လွန်ဆန်​ခဲ့​ပါ။ သို့သော် အကျွန်ုပ်​သည် အကျွန်ုပ်​၏​မိတ်ဆွေ​များ​နှင့်အတူ​ပျော်ရွှင်​ရန် အဖေ​သည် အကျွန်ုပ်​အား​ဆိတ်​တစ်​ကောင်​ကို​မျှ​မ​ပေး​ဖူး​ပါ။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 30,
      "text": "သို့ရာတွင် အဖေ​၏​ဥစ္စာ​ပစ္စည်း​များ​ကို ပြည့်တန်ဆာ​များ​နှင့်​ဖြုန်းတီး​ခဲ့​သည့် အဖေ​၏​ဤ​သား​ပြန်လာ​သောအခါ​၌​မူ သူ့​အတွက် ဆူဖြိုး​သော​နွားသငယ်​ကို သတ်​ပေး​သည်​တကား’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 31,
      "text": "ဖခင်​က​လည်း ‘ငါ့​သား၊ သင်​သည် ငါ​နှင့်အတူ​အမြဲ​ရှိ​နေ​၏။ ငါ​၏​ဥစ္စာ​ရှိသမျှ​သည် သင်​၏​ဥစ္စာ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 32,
      "text": "သို့သော် သင်​၏​ညီ​သည် သေဆုံး​ခဲ့​သော်လည်း အသက်​ပြန်​ရှင်​ပြီး ပျောက်ဆုံး​ခဲ့​သော်လည်း ပြန်​တွေ့​ရ​သည်​ဖြစ်၍ ယခု​ဝမ်းမြောက်​ပျော်ရွှင်​သင့်​၏’​ဟု ဆို​လေ​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်မှာ “သူဌေး​တစ်​ဦး​တွင် ဘဏ္ဍာစိုး​တစ်​ယောက်​ရှိ​၏။ ထို​ဘဏ္ဍာစိုး​သည် သူဌေး​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ဖြုန်းတီး​နေ​ကြောင်း တိုင်ကြား​သူ​ရှိ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 2,
      "text": "သူဌေး​သည် ဘဏ္ဍာစိုး​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြား​ရ​သည့်​အရာ​မှာ မည်သို့​နည်း။ သင့်​ကို ဘဏ္ဍာစိုး​အရာ​၌ ဆက်​၍​မ​ထား​နိုင်​သောကြောင့် သင်​၏​စီမံ​ခန့်ခွဲ​မှု​စာရင်း​ကို တင်ပြ​လော့’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 3,
      "text": "ထိုအခါ ဘဏ္ဍာစိုး​က ‘ငါ​မည်သို့​ပြု​ရ​မည်နည်း။ ငါ့​သခင်​သည် ငါ့​ကို​ဘဏ္ဍာစိုး​အရာ​မှ​ဖယ်ရှား​လေ​ပြီ။ ငါ​သည် မြေ​တူး​ရန်​အား​မ​ရှိ။ တောင်းစား​ရန်​လည်း​ရှက်​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 4,
      "text": "ဘဏ္ဍာစိုး​အရာ​မှ ငါ့​ကို​ဖယ်ရှား​သောအခါ လူ​တို့​သည် သူ​တို့​၏​အိမ်​၌ ငါ့​ကို​လက်ခံ​ကြ​စေရန် မည်သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ’​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 5,
      "text": "ထို့နောက် မိမိ​သခင်​ထံ​အကြွေးတင်​သူ​တို့​ကို တစ်ဦးစီ​ခေါ်​၍ ပထမ​လူ​အား ‘သင်​သည် ငါ့​သခင်​ထံ အကြွေး​မည်မျှ​ရှိ​သနည်း’​ဟု မေး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 6,
      "text": "ထို​သူ​က ‘ဆီ​အပုံး​တစ်ရာ​ရှိ​ပါ​သည်’​ဟု ပြန်​ပြော​လျှင် ဘဏ္ဍာစိုး​က ‘သင်​၏​စာရင်း​ကို​ယူ​၍ ထိုင်​ပြီး ပုံး​ငါးဆယ်​ဟူ၍ အမြန်​ရေး​လော့’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 7,
      "text": "တစ်ဖန် အခြား​သူ​တစ်​ယောက်​အား ‘သင်​သည်​လည်း အကြွေး​မည်မျှ​ရှိ​သနည်း’​ဟု မေး​လျှင် ထို​သူ​က ‘ဂျုံဆန်​အိတ်​တစ်ရာ​ရှိ​ပါ​သည်’​ဟု ဆို​၏။ ဘဏ္ဍာစိုး​က​လည်း ‘သင်​၏​စာရင်း​ကို​ယူ​၍ အိတ်​ရှစ်ဆယ်​ဟူ၍​ရေး​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 8,
      "text": "ထိုအခါ သခင်​သည် မတရား​သော​ဘဏ္ဍာစိုး​၏ ပါးနပ်​သည့်​လုပ်ဆောင်​မှု​အတွက် သူ့​ကို​ချီးမွမ်း​လေ​၏။ အကြောင်းမူကား ဤ​လောက​၏​သားသမီး​များ​သည် မိမိ​တို့​ခေတ်ကာလ​လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် အလင်း​၏​သားသမီး​များ​ထက် လိမ္မာ​ပါးနပ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 9,
      "text": "တစ်ဖန် သင်​တို့​အား ငါ​ဆို​မည်။ မတရားမှု​မကင်း​သော​လောကီ​စည်းစိမ်​အားဖြင့် မိမိ​တို့​အတွက် မိတ်ဆွေ​များ​ရ​အောင်​ပြု​ကြ​လော့။ သို့ပြုလျှင် ထို​စည်းစိမ်​များ​ကုန်ဆုံး​သောအခါ သူ​တို့​သည် သင်​တို့​ကို ထာဝရ​နေထိုင်ရာ​အရပ်​၌​လက်ခံ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 10,
      "text": "သေးငယ်​သော​အမှု​၌ သစ္စာရှိ​သော​သူ​သည် ကြီး​သော​အမှု​၌​လည်း သစ္စာရှိ​၏။ သေးငယ်​သော​အမှု​၌ မ​ဖြောင့်မတ်​သော​သူ​သည် ကြီး​သော​အမှု​၌​လည်း မ​ဖြောင့်မတ်​ပေ။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 11,
      "text": "သို့ဖြစ်၍ သင်​တို့​သည် မ​ဖြောင့်မတ်​သော​လောကီ​စည်းစိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်မှန်​သော​စည်းစိမ်​ကို မည်သူ​က သင်​တို့​၌ ယုံကြည်​အပ်နှံ​ထား​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 12,
      "text": "သင်​တို့​သည် သူတစ်ပါး​၏​ဥစ္စာ​၌ သစ္စာ​မ​ရှိ​ကြ​လျှင် မည်သူ​သည် သင်​တို့​ပိုင်ဆိုင်​ရန်​ဥစ္စာ​ကို သင်​တို့​အား​ပေး​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 13,
      "text": "မည်သည့်​အစေခံ​မျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 14,
      "text": "ငွေ​ကို​တပ်မက်​သော​ဖာရိရှဲ​တို့​သည် ဤ​အရာ​အားလုံး​ကို​ကြား​လျှင် ကိုယ်တော်​ကို​ပြက်ရယ်ပြု​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 15,
      "text": "သို့သော် ကိုယ်တော်​က “သင်​တို့​သည် လူ​တို့​ရှေ့​၌ မိမိတို့ကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့ရာတွင် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​ကို​သိ​တော်မူ​၏။ လူ​တို့​အမြတ်တနိုး​ထား​သော​အရာ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ရွံရှာ​ဖွယ်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 16,
      "text": "ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​သည် ယောဟန်​လက်ထက်​တိုင်အောင်​ဖြစ်​၏။ ထို​အချိန်​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။ လူ​အပေါင်း​တို့​သည်​လည်း ထို​နိုင်ငံ​တော်​ထဲသို့ အတင်း​တိုးဝင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 17,
      "text": "သို့ရာတွင် ပညတ်​တရား​ကျမ်း​ထဲမှ ဗိန္ဒု​တစ်​လုံး​ပျက်ပြယ်​ရန်​ထက် ကောင်းကင်​နှင့်​မြေကြီး​ကွယ်ပျောက်​ရန် ပို၍​လွယ်ကူ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 18,
      "text": "မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​တိုင်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။ ခင်ပွန်း​က​ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 19,
      "text": "တစ်ခါက ခရမ်းရောင်​ဝတ်ရုံ​နှင့် ပိတ်ချော​ထည်​များ​ကို​ဝတ်ဆင်​ကာ နေ့စဉ် စည်းစိမ်​ခံစား​လျက် ပျော်မွေ့​နေ​သည့် သူဌေး​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 20,
      "text": "သူ​၏​အိမ်​တံခါးဝ​၌​ကား တစ်ကိုယ်လုံး​အနာစိမ်း​ပေါက်​နေ​သော လာဇရု​အမည်​ရှိ​ဆင်းရဲသား​တစ်​ယောက် လဲလျောင်း​နေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 21,
      "text": "သူ​သည် သူဌေး​၏​စားပွဲ​ပေါ်မှ​ကျ​သော​အစာ​များ​ဖြင့် မိမိ​ဝမ်း​ကို​ဖြည့်​ရန် တောင့်တ​နေ​၏။ ခွေး​များ​သည်​လည်း သူ​၏​အနာစိမ်း​များ​ကို လာ​၍​လျက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 22,
      "text": "ထို့နောက် ထို​ဆင်းရဲသား​သည် သေလွန်​သွား​ရာ ကောင်းကင်တမန်​တို့​သည် သူ့​ကို အာဗြဟံ​၏​ရင်ခွင်​ထဲသို့ ခေါ်ဆောင်​သွား​ကြ​၏။ သူဌေး​သည်​လည်း သေလွန်​သဖြင့် သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 23,
      "text": "သူ​သည် မရဏာ​နိုင်ငံ​တွင် ဝေဒနာ​ခံစား​ရ​လျက် မျှော်ကြည့်​သောအခါ အာဗြဟံ​နှင့် သူ​၏​ရင်ခွင်​ထဲ၌​ရှိ​သော လာဇရု​တို့​ကို အဝေး​မှ​မြင်​ရ​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 24,
      "text": "ထိုအခါ သူ​က ‘အဖ​အာဗြဟံ၊ အကျွန်ုပ်​ကို​သနား​ပါ။ အကျွန်ုပ်​သည် ဤ​မီးလျှံ​ထဲတွင် ဝေဒနာ​ပြင်းစွာ​ခံစား​နေ​ရ​သောကြောင့် လာဇရု​သည် သူ​၏​လက်​ဖျား​ကို​ရေ​၌​နှစ်​၍ အကျွန်ုပ်​၏​လျှာ​ကို​အေး​စေဖို့ရန် သူ့​ကို​စေလွှတ်​ပေး​ပါ’​ဟု အော်ဟစ်​ပြောဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 25,
      "text": "သို့သော် အာဗြဟံ​က ‘ငါ့​သား၊ သင်​သည်​အသက်ရှင်​စဉ်အခါ မိမိ​အတွက် ကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​၍ လာဇရု​သည် မကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​ကြောင်း သတိရ​လော့။ ယခု​မူကား သူ​သည်​ဤ​နေရာ​တွင် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​၍ သင်​သည် ဝေဒနာ​ပြင်းစွာ​ခံစား​နေ​ရ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 26,
      "text": "ထိုမျှမက သင်​တို့​နှင့်​ငါ​တို့​ကြား​တွင် အလွန်​နက်​သော​ချောက်ကြီး​ရှိ​သဖြင့် ဤ​နေရာ​မှ သင်​တို့​ထံသို့​လည်းကောင်း၊ သင်​တို့​နေရာ​မှ ငါ​တို့​ထံသို့​လည်းကောင်း ကူး​လို​သော်လည်း မ​ကူး​နိုင်​ကြ’​ဟု ပြန်​ပြော​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 27,
      "text": "သူဌေး​က​လည်း ‘အဖ၊ သို့ဖြစ်လျှင် လာဇရု​ကို အကျွန်ုပ်​အဖေ​၏​အိမ်​သို့ စေလွှတ်​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 28,
      "text": "အကြောင်းမူကား အကျွန်ုပ်​၌ ညီအစ်ကို​ငါး​ဦး​ရှိ​ပါ​၏။ သူ​တို့​သည် ဝေဒနာ​ခံ​ရာ ဤ​အရပ်​သို့ မ​ရောက်​မည့်​အကြောင်း သူ​တို့​အား သွား​၍​သတိပေး​စေ​လို​ပါ​၏’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 29,
      "text": "သို့သော် အာဗြဟံ​က ‘သူ​တို့​၌ မောရှေ​နှင့်​ပရောဖက်​များ​ရှိ​ကြ​၏။ ထို​သူ​တို့​၏​စကား​ကို သူ​တို့​နားထောင်​ကြ​ပါစေ’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 30,
      "text": "သူဌေး​က​လည်း ‘အဖ​အာဗြဟံ၊ ထိုသို့​မ​ဟုတ်​ပါ။ သေ​သော​သူ​တို့​ထဲမှ တစ်စုံတစ်ယောက်​သည် သူ​တို့​ထံသို့​သွား​လျှင် သူ​တို့​နောင်တရ​ကြ​ပါ​လိမ့်မည်’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 31,
      "text": "သို့သော် အာဗြဟံ​က ‘သူ​တို့​သည် မောရှေ​နှင့်​ပရောဖက်​တို့​၏​စကား​ကို​နား​မ​ထောင်​လျှင် တစ်စုံတစ်ယောက်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လျှင်​လည်း သူ​တို့​ယုံကြည်​ကြ​လိမ့်မည်​မ​ဟုတ်’​ဟု ဆို​လေ​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား “မှားယွင်း​စေ​သော​အရာ​များ​သည် ဧကန်မုချ​သက်ရောက်​မည်​ဖြစ်​၏။ သို့သော် ထို​အရာ​များ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 2,
      "text": "ထို​သူ​သည် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သည်​ထက် ကြိတ်ဆုံ​ကျောက်​ကို မိမိ​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​ထဲသို့​ပစ်ချ​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 3,
      "text": "သင်​တို့​သည် မိမိတို့ကိုယ်ကို​သတိထား​ကြ​လော့။ သင်​၏​ညီအစ်ကို​သည် သင့်​ကို​ပြစ်မှား​လျှင် သူ့​ကို​ဆုံးမ​လော့။ သူ​သည်​နောင်တရ​လျှင် သူ့​ကို​ခွင့်လွှတ်​လော့။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 4,
      "text": "တစ်​နေ့​အတွင်း သင့်​ကို​ခုနစ်ကြိမ်​ပြစ်မှား​လျက် သင့်​ထံသို့ ခုနစ်ကြိမ်​တိုင်တိုင်​လာ​၍ ‘အကျွန်ုပ်​နောင်တရ​ပါ​၏’​ဟု ဆို​လျှင် သူ့​ကို​ခွင့်လွှတ်​ရ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 5,
      "text": "ထိုအခါ တမန်တော်​တို့​က သခင်​ဘုရား​အား “အကျွန်ုပ်​တို့​၏​ယုံကြည်​ခြင်း​ကို တိုးပွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 6,
      "text": "သခင်​ဘုရား​က​လည်း “သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ​ယုံကြည်​ခြင်း​ရှိ​ပါက ဤ​ပိုးစာပင်​အား ‘အမြစ်​ပါ​ကျွတ်​၍ ပင်လယ်​ထဲမှာ​စိုက်​လျက်​နေ​လော့’​ဟု ပြော​လျှင် ၎င်း​သည် သင်​တို့​ကို​နာခံ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 7,
      "text": "သင်​တို့​တွင် လယ်လုပ်​သော​အစေအပါး​၊ သို့မဟုတ် သိုး​ကို​ထိန်းကျောင်း​သော​အစေအပါး​ရှိ​၍ ထို​အစေအပါး​သည် လယ်​မှ​ပြန်လာ​သောအခါ ‘အလျင်အမြန်​လာ​ပြီး ထိုင်​၍​စား​လော့’​ဟု ဆို​မည့်​သူ​ရှိ​သလော။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 8,
      "text": "ထိုသို့​မ​ဆို​ဘဲ ‘ငါ့​အတွက်​စားစရာ​တစ်စုံတစ်ခု​ပြင်ဆင်​၍ ငါ​စား​သောက်​ပြီး​သည်​အထိ ခါးစည်း​လျက် ငါ​အလိုရှိ​ရာ​ကို​ဆောင်ရွက်​လော့။ ထို့နောက်မှ သင်​သည် စား​သောက်​လော့’​ဟု ဆို​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 9,
      "text": "အစေအပါး​သည် စေခိုင်း​ထား​သည့်​အတိုင်း​ဆောင်ရွက်​သောကြောင့် သခင်​သည် သူ့​ကို​ကျေးဇူး​တင်​သလော။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 10,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း သင်​တို့​အား​စေခိုင်း​သည့်​အရာ​အားလုံး​ကို ဆောင်ရွက်​ပြီး​သောအခါ ‘အကျွန်ုပ်​တို့​သည် အကျိုးမပြု​သော​အစေအပါး​များ​ဖြစ်​ကြ​ပါ​၏။ ဆောင်ရွက်​ရ​မည့်​အမှု​ကို ဆောင်ရွက်​ခဲ့​ခြင်း​သာ​ဖြစ်​ပါ​၏’​ဟု ဆို​ကြ​လော့” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 11,
      "text": "ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ကြွ​တော်မူ​စဉ် ရှမာရိ​နယ်​နှင့် ဂါလိလဲ​နယ်​စပ်ကြား​ကို ဖြတ်သွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 12,
      "text": "ရွာ​တစ်​ရွာ​သို့​ဝင်​တော်မူ​သောအခါ အနာကြီး​ရောဂါသည်​ဆယ်​ဦး​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အဝေး​၌​ရပ်​လျက်"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 13,
      "text": "အသံ​ကို​ကျယ်စွာပြု​၍ “သခင်​ယေရှု၊ အကျွန်ုပ်​တို့​ကို​သနား​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 14,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​မြင်​လျှင် “သင်​တို့​သည် ယဇ်ပုရောဟိတ်​များ​ထံသို့​သွား​၍ မိမိတို့ကိုယ်ကို ပြ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​သွား​နေ​စဉ်​အတွင်း​မှာပင် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 15,
      "text": "သူ​တို့​ထဲမှ​တစ်​ဦး​သည် မိမိ​အနာရောဂါ​ပျောက်ကင်း​သွား​ကြောင်း​သိမြင်​သောအခါ ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် ပြန်လာ​ကာ"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 16,
      "text": "ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​၍ ကိုယ်တော်​ကို​ကျေးဇူးတင်​၏။ ထို​သူ​သည် ရှမာရိ​နယ်သား​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 17,
      "text": "ယေရှု​က​လည်း “စင်ကြယ်​ခြင်း​သို့​ရောက်​သော​သူ​မှာ လူ​ဆယ်​ဦး​မ​ဟုတ်​လော။ အခြား​ကိုး​ဦး​ကား အဘယ်မှာ​နည်း။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 18,
      "text": "ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ရန်​ပြန်လာ​သော​သူ​သည် ဤ​တစ်ပါးအမျိုးသား​မှလွဲ၍ တစ်​ဦး​မျှ​မ​ရှိ​သလော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 19,
      "text": "ထို့နောက် ထို​သူ​အား “ထ​၍​သွား​လော့။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 20,
      "text": "တစ်ခါတွင် ဖာရိရှဲ​တို့​က ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မည်သည့်​အချိန်​၌​ပေါ်ထွန်း​မည်နည်း​ဟု မေးလျှောက်​ကြ​သဖြင့် ကိုယ်တော်​က “ဘုရားသခင်​၏​နိုင်ငံ​တော်​သည် မျက်မြင်​တွေ့​နိုင်​သော​အရာ​အဖြစ် ပေါ်ထွန်း​မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 21,
      "text": "ကြည့်​လော့။ ဤ​အရပ်​၌​ရှိ​သည်၊ သို့မဟုတ် ထို​အရပ်​၌​ရှိ​သည်​ဟူ၍​လည်း မ​ပြော​နိုင်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၏​အထဲ၌​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 22,
      "text": "ထို့နောက် တပည့်​တော်​တို့​အား “သင်​တို့​သည် လူ့သား​၏​နေ့ရက်​များ​ထဲမှ တစ်​ရက်​ကို​ပင် အလွန်​တွေ့မြင်​လို​သော်လည်း မ​တွေ့မြင်​ရ​သည့်​နေ့ရက်​များ ရောက်လာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 23,
      "text": "ထိုအခါ လူ​တို့​က သင်​တို့​အား ‘ကြည့်​လော့။ ထို​အရပ်​၌​ရှိ​၏၊ သို့မဟုတ် ကြည့်​လော့။ ဤ​အရပ်​၌​ရှိ​၏’​ဟု ဆို​ကြ​လျှင်​လည်း လိုက်​မ​သွား​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 24,
      "text": "အကြောင်းမူကား လျှပ်စီး​သည်​လက်​၍ မိုး​ကောင်းကင်​တစ်ဖက်​မှ မိုး​ကောင်းကင်​အခြား​တစ်ဖက်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူ့သား​သည် မိမိ​နေ့ရက်​၌ ထိုနည်းတူ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 25,
      "text": "သို့သော် သူ​သည် ပထမ​ဦးစွာ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​၍ ဤ​မျိုးဆက်​၏​ငြင်းပယ်​ခြင်း​ကို​ခံ​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 26,
      "text": "နောဧ​၏​နေ့ရက်​များ​၌​ဖြစ်​သကဲ့သို့ လူ့သား​၏​နေ့ရက်​များ​၌​လည်း​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 27,
      "text": "နောဧ​သည် သင်္ဘော​ထဲသို့​ဝင်​သည့်​နေ့​တိုင်အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်၊ ပေးစား​ဆောင်နှင်း​လျက်​နေ​၍ ရေ​လွှမ်းမိုး​ခြင်း​ရောက်လာ​ကာ သူတို့​အားလုံး​ကို​ဖျက်ဆီး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 28,
      "text": "ထိုနည်းတူ လောတ​၏​နေ့ရက်​များ​၌​လည်း လူ​တို့​သည် စား​သောက်​လျက်၊ ရောင်း​ဝယ်​လျက်၊ စိုက်ပျိုး​တည်ဆောက်​လျက်​နေ​ခဲ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 29,
      "text": "သို့သော် လောတ​သည် သောဒုံ​မြို့​မှ ထွက်ခွာ​သွား​သော​နေ့​၌​ပင် မိုး​ကောင်းကင်​မှ ကန့်​နှင့်​မီး​ရွာသွန်း​၍ သူတို့​အားလုံး​ကို​ဖျက်ဆီး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 30,
      "text": "လူ့သား​ပေါ်ထွန်း​သော​နေ့ရက်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 31,
      "text": "ထို​နေ့ရက်​၌ လေသာဆောင်​ပေါ်တွင်​ရှိ​သော​သူ​သည် အိမ်​ထဲ၌ မိမိ​ဥစ္စာ​ပစ္စည်း​များ​ရှိ​လျှင် ၎င်း​တို့​ကို​ယူ​ရန် အောက်သို့​မ​ဆင်း​စေ​နှင့်။ ထိုနည်းတူ လယ်​၌​ရှိ​သော​သူ​သည်​လည်း နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 32,
      "text": "လောတ​၏​ဇနီး​ကို​သတိရ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 33,
      "text": "မိမိ​အသက်​ကို​ထိန်းသိမ်း​စောင့်ရှောက်​ရန် ကြိုးစား​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ မိမိ​အသက်​ကို ဆုံးရှုံး​ရ​သော​သူ​မူကား အသက်​ကို​ထိန်းသိမ်း​စောင့်ရှောက်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 34,
      "text": "သင်​တို့​အား ငါ​ဆို​မည်။ ထို​ည​တွင် ခုတင်​တစ်​ခု​ပေါ်၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ အခြား​တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 35,
      "text": "ကြိတ်ဆုံ​အတူ​ကြိတ်​နေ​သော အမျိုးသမီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ အခြား​တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 36,
      "text": "[လယ်​၌​ရှိ​သော လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ အခြား​တစ်​ဦး​သည် ကျန်ရစ်​ရ​လိမ့်မည်]” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 37,
      "text": "တပည့်​တော်​တို့​က​လည်း “သခင်၊ မည်သည့်​အရပ်​၌ ထိုသို့​ဖြစ်​မည်နည်း”​ဟု မေးလျှောက်​ကြ​သော် ကိုယ်တော်​က “အသေကောင်​ရှိ​ရာ​အရပ်​၌ လင်းတ​တို့​သည်​လည်း စုဝေး​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 1,
      "text": "ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 2,
      "text": "“မြို့​တစ်​မြို့​၌ ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​သော တရားသူကြီး​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 3,
      "text": "ထို​မြို့​၌​ရှိ​သော မုဆိုးမ​တစ်​ဦး​သည် သူ့​ထံသို့ အကြိမ်ကြိမ်​လာ​ပြီး ‘ကျွန်မ​ဘက်​၌​နေ​၍ ကျွန်မ​ကို​တရားစွဲဆို​သူ​အား တရားသဖြင့်​စီရင်​ပေး​ပါ’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 4,
      "text": "သူ​သည် အတန်​ကြာ​မျှ စီရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်လည်း နောက်ဆုံး​တွင် မိမိ​စိတ်​ထဲ၌ ‘ငါ​သည် ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​တတ်။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 5,
      "text": "သို့သော် ဤ​မုဆိုးမ​သည် ငါ့​ကို​အနှောင့်အယှက်​ပေး​လှ​သည်​ဖြစ်၍ သူ့​အတွက် တရားသဖြင့်​စီရင်​ပေး​မည်။ သို့မဟုတ်​လျှင် သူ​သည် အဖန်ဖန်​လာ​၍ နောက်ဆုံး​၌ ငါ့​ကို ပင်ပန်း​နွမ်းနယ်​စေ​လိမ့်မည်’​ဟု ဆို​လေ​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 6,
      "text": "ထို့နောက် သခင်​ဘုရား​က “ထို​မတရား​သော​တရားသူကြီး​ပြောဆို​သည့်​အရာ​ကို ကြား​ကြ​သလော။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 7,
      "text": "ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 8,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် သူ​တို့​အတွက် တရားသဖြင့် လျင်မြန်​စွာ​စီရင်​ပေး​တော်မူ​လိမ့်မည်။ သို့သော် လူ့သား​ကြွလာ​သောအခါ မြေကြီး​ပေါ်၌ ယုံကြည်​ခြင်း​ကို တွေ့​ရ​ပါ​မည်​လော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 9,
      "text": "မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယုံမှတ်​လျက် သူတစ်ပါး​တို့​ကို မထီမဲ့မြင်​ပြု​တတ်​သော​သူ​အချို့​တို့​အား ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး၍​မြွက်ဆို​တော်မူ​သည်​မှာ"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 10,
      "text": "“လူ​နှစ်​ဦး​တို့​သည် ဆုတောင်း​ရန် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ တစ်​ဦး​သည် ဖာရိရှဲ​ဖြစ်​ပြီး အခြား​တစ်​ဦး​သည် အခွန်​ကောက်ခံ​သူ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 11,
      "text": "ဖာရိရှဲ​သည် တစ်ဦးတည်း​ရပ်​လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်​သည် အခြား​သူ​များ​ကဲ့သို့ လိမ်လည်​လုယူ​သော​သူ၊ မ​ဖြောင့်မတ်​သော​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​မ​ဟုတ်​သည့်​အပြင် ဤ​အခွန်​ကောက်ခံ​သူ​ကဲ့သို့​လည်း မ​ဟုတ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 12,
      "text": "အကျွန်ုပ်​သည် တစ်ပတ်​လျှင် နှစ်​ကြိမ်​အစာရှောင်​ပြီး ရရှိ​သမျှ​အားလုံး​၏​ဆယ်ဖို့တစ်ဖို့​ကို​လှူ​ပါ​၏’​ဟု ဆုတောင်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 13,
      "text": "အခွန်​ကောက်ခံ​သူ​မူကား အဝေး​၌​ရပ်​လျက် ကောင်းကင်​သို့​ပင်​မော်​မ​ကြည့်​ဝံ့​ဘဲ ရင်ဘတ်စည်တီး​လျက် ‘အို ဘုရားသခင်၊ အပြစ်​များ​သော​အကျွန်ုပ်​ကို သနား​တော်မူ​ပါ’​ဟု ဆုတောင်း​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 14,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် မိမိ​အိမ်​သို့​ပြန်သွား​သော​သူ​မှာ ဤ​အခွန်​ကောက်ခံ​သူ​ဖြစ်​၍ ထို​ဖာရိရှဲ​မ​ဟုတ်။ အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 15,
      "text": "ထိုအခါ ကိုယ်တော်​တို့ထိ​ပေး​တော်မူ​ရန် လူ​တို့​သည် ကလေးငယ်​များ​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​မြင်​လျှင် သူ​တို့​ကို​ဆူငေါက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 16,
      "text": "သို့ရာတွင် ယေရှု​သည် ထို​ကလေး​သူငယ်​များ​ကို​ခေါ်​၍ “ကလေး​သူငယ်​တို့​ငါ့​ထံသို့​လာ​ကြ​ပါလေစေ။ သူ​တို့​ကို​မ​တားဆီး​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ထိုသို့သော​သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 17,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သူငယ်​တစ်ဦး​ကဲ့သို့​လက်​မ​ခံ​သော​သူ​သည် ထို​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 18,
      "text": "တစ်ခါ​က အကြီးအကဲ​တစ်​ဦး​သည် ကိုယ်တော်​အား “ကောင်းမြတ်​သော​ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 19,
      "text": "ယေရှု​က “ငါ့​ကို​ကောင်းမြတ်​သော​သူ​ဟု အဘယ်ကြောင့်​ခေါ်​သနည်း။ ဘုရားသခင်​တစ်ပါးတည်း​မှလွဲ၍ ကောင်းမြတ်​သော​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 20,
      "text": "‘အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ။ လူ​မ​သတ်​ရ။ မ​ခိုးယူ​ရ။ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​မ​ပြု​ရ။ သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့’​ဟူသော​ပညတ်​တော်​တို့​ကို သင်​သိ​သည်​မ​ဟုတ်​လော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 21,
      "text": "ထို​သူ​က​လည်း “အကျွန်ုပ်​သည် ဤ​အရာ​အားလုံး​ကို ငယ်​စဉ်​ကတည်းက စောင့်ထိန်း​ပါ​ပြီ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 22,
      "text": "ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် “သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 23,
      "text": "ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 24,
      "text": "ယေရှု​သည် ထို​သူ​အလွန်​ဝမ်းနည်း​သည်​ကို​မြင်​လျှင် “ငွေကြေး​ချမ်းသာ​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​သည်​တကား။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 25,
      "text": "ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှို​ဝင်​ရန် ပို၍​လွယ်ကူ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 26,
      "text": "ထို​စကား​ကို​ကြား​သော​သူ​တို့​က “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 27,
      "text": "ကိုယ်တော်​က​လည်း “လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော​အရာ​များ​သည် ဘုရားသခင်​အတွက်​ဖြစ်နိုင်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 28,
      "text": "ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 29,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် အိမ်​ကို​ဖြစ်စေ၊ ဇနီး​ကို​ဖြစ်စေ၊ ညီအစ်ကို​ကို​ဖြစ်စေ၊ မိဘ​ကို​ဖြစ်စေ၊ သားသမီး​များ​ကို​ဖြစ်စေ စွန့်​သော​သူ​တို့​တွင်"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 30,
      "text": "ယခု​ဘဝ​၌ အဆ​ပေါင်း​များစွာ​သော​အကျိုး​ကို​လည်းကောင်း၊ နောင်​ဘဝ​၌ ထာဝရ​အသက်​ကို​လည်းကောင်း မ​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 31,
      "text": "ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ “နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​နှင့်​ပတ်သက်၍ ပရောဖက်​တို့​ရေး​ထား​သော​အရာ​အားလုံး​တို့​သည် ပြည့်စုံ​ရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 32,
      "text": "အကြောင်းမူကား သူ​သည် လူမျိုးခြား​တို့​ထံ အပ်နှံ​ခြင်း​ကို​ခံရ​လျက် ပြောင်လှောင်​ခြင်း၊ နှိပ်စက်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 33,
      "text": "ထို့နောက် သူ​တို့​သည် သူ့​ကို​ဒဏ်ခတ်​ရိုက်နှက်​၍ အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သူ​သည် သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 34,
      "text": "သို့ရာတွင် တပည့်​တော်​တို့​သည် ထို​အကြောင်းအရာ​တစ်စုံတစ်ခု​ကို​မျှ သဘော​မ​ပေါက်​ကြ။ ထို​အရာ​သည် သူ​တို့​ထံမှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​သည်​ဖြစ်​၍ မိန့်​တော်မူ​သော​အရာ​တို့​ကို သူ​တို့​နား​မ​လည်​နိုင်​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 35,
      "text": "ကိုယ်တော်​သည် ဂျေရိခေါ​မြို့​အနီး​သို့​ရောက်လာ​စဉ်တွင် မျက်မမြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်းစား​နေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 36,
      "text": "သူ​သည် လူထု​ပရိသတ်​ဖြတ်​သွား​သည်​ကို​ကြား​၍ မည်သည့်​အရာ​ဖြစ်​နေ​သည်​ကို မေးမြန်း​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 37,
      "text": "လူ​တို့​က​နာဇရက်​မြို့သား​ယေရှု​ဖြတ်​သွား​တော်မူ​ကြောင်း သူ့​အား ပြောပြ​ကြ​လျှင်"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 38,
      "text": "ထို​သူ​က “ဒါဝိဒ်​၏​သား​တော်​ယေရှု၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 39,
      "text": "ရှေ့​မှ​သွား​သော​သူ​တို့​သည် သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 40,
      "text": "ထိုအခါ ယေရှု​သည် ရပ်တန့်​လျက် ထို​သူ​ကို မိမိ​ထံသို့​ခေါ်​ခဲ့​ရန် အမိန့်​ပေး​တော်မူ​၏။ သူ​သည် အနီး​သို့​ရောက်လာ​သောအခါ ကိုယ်တော်​က"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 41,
      "text": "“သင့်​အတွက် မည်သည့်​အမှု​ကို​ပြု​စေ​လို​သနည်း” ​ဟု မေး​တော်မူ​လျှင် ထို​သူ​က “မျက်စိ​မြင်​အောင်​လုပ်ပေး​စေ​လို​ပါ​သည် သခင်​ဘုရား”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 42,
      "text": "ယေရှု​က​လည်း “မျက်စိ​မြင်​စေ။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကယ်တင်​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 43,
      "text": "ထို​ခဏချင်း​တွင် သူ​သည် မျက်စိ​မြင်​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် နောက်​တော်​သို့​လိုက်​သွား​လေ​၏။ တွေ့မြင်​သော​သူ​အပေါင်း​တို့​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် ဂျေရိခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 2,
      "text": "ထို​အရပ်​တွင် ဇက္ခဲ​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အခွန်​ကောက်ခံ​သူ​တို့​၏​အကြီးအကဲ​ဖြစ်​ပြီး ချမ်းသာ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 3,
      "text": "သူ​သည် ယေရှု​မည်သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုးစား​သော်လည်း အရပ်​ပု​သောကြောင့် လူထု​ပရိသတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 4,
      "text": "ထို့ကြောင့် သူ​သည် ကိုယ်တော်​ကို​တွေ့မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သဖန်းပိုးစာ​ပင်​ပေါ်သို့​တက်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ထို​နေရာ​ကို​ဖြတ်​သွား​တော့မည်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 5,
      "text": "ယေရှု​သည် ထို​နေရာ​သို့​ရောက်​သောအခါ မော့ကြည့်​လျက် “ဇက္ခဲ၊ သင့်​အိမ်​တွင် ယနေ့ ငါ​တည်းခို​ရ​မည်​ဖြစ်၍ အမြန်​ဆင်း​ခဲ့​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 6,
      "text": "ဇက္ခဲ​သည်​အမြန်​ဆင်း​လာ​၍ ကိုယ်တော်​ကို ဝမ်းမြောက်​စွာ လက်ခံ​ကြိုဆို​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 7,
      "text": "ဤ​အခြင်းအရာ​ကို မြင်​သော​သူ​အပေါင်း​တို့​က “ကိုယ်တော်​သည် အပြစ်သား​၏​အိမ်​သို့​ဝင်​၍​တည်းခို​ပါ​သည်​တကား”​ဟု ဝေဖန်​ပြစ်တင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 8,
      "text": "ဇက္ခဲ​သည်​ရပ်​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်ဝက်​ကို ဆင်းရဲသား​တို့​အား​ပေး​ပါ​မည်။ ထို့ပြင် တစ်စုံတစ်ဦး​ထံမှ တစ်စုံတစ်ရာ​ကို မတရား​တောင်းခံ​ထား​သည်​ဆိုလျှင် လေးဆ​ပြန်​ပေး​ပါ​မည်”​ဟု သခင်​ဘုရား​အား​လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 9,
      "text": "ယေရှု​က​လည်း “ယနေ့​ပင် ကယ်တင်​ခြင်း​သည် ဤ​အိမ်​ပေါ်သို့​သက်ရောက်​လေ​ပြီ။ အကြောင်းမူကား သူ​သည်​လည်း အာဗြဟံ​၏​သား​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 10,
      "text": "အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်တင်​ရန်​ကြွလာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 11,
      "text": "ကိုယ်တော်​သည် ဤ​အကြောင်းအရာ​တို့​ကို နားထောင်​နေ​သော​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​ကို​ထပ်မံ​၍​ပေး​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​သဖြင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် ချက်ချင်း​ပေါ်ထွန်း​လာ​မည်​ဟု သူ​တို့​ထင်မှတ်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 12,
      "text": "ကိုယ်တော်​က “မြင့်မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး​ပြန်လာ​ရန် ဝေးလံ​သော​တိုင်းပြည်​သို့ ခရီး​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 13,
      "text": "ခရီး​မ​ပြု​မီ မိမိ​၏​အစေအပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိနာ့​ပေး​လျက် ‘ငါ​ပြန်လာ​သည်​အထိ စီးပွား​ရှာ​ကြ​လော့’​ဟု မှာထား​ခဲ့​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 14,
      "text": "သို့သော် သူ​၏​ပြည်သူ​ပြည်သား​တို့​သည် သူ့​ကို​မုန်း​သဖြင့် သူ့​နောက်မှ သံတမန်​ကို​စေလွှတ်​၍ ‘အကျွန်ုပ်​တို့​အပေါ် ဤ​သူ​အုပ်ချုပ်​မည်​ကို အကျွန်ုပ်​တို့​အလို​မ​ရှိ​ပါ’​ဟု လျှောက်​ထား​စေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 15,
      "text": "ထို့နောက် သူ​သည် နိုင်ငံ​တော်​အုပ်စိုး​ခွင့်​ကို​ခံယူ​ပြီး ပြန်လာ​သောအခါ ငွေ​ပေး​ထား​ခဲ့​သော​အစေအပါး​တို့​သည် စီးပွား​ရှာ​၍ အမြတ်​မည်မျှ​ရ​ကြ​သည်​ကို သိရှိ​နိုင်​မည့်​အကြောင်း သူ​တို့​ကို မိမိ​ထံသို့​ခေါ်​လာ​ရန် အမိန့်​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 16,
      "text": "ပထမ​တစ်​ဦး​သည် လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ဆယ်​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 17,
      "text": "သခင်​က​လည်း ‘ကောင်းလေစွ။ အစေအပါး​ကောင်း၊ သင်​သည် သေးငယ်​သော​အမှု​၌ သစ္စာရှိ​သောကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 18,
      "text": "ဒုတိယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သခင်၊ သခင်​၏​ငွေ​တစ်​မိနာ့​အားဖြင့် ငွေ​ငါး​မိနာ့​အမြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 19,
      "text": "သခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်ချုပ်​လော့’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 20,
      "text": "ထို့နောက် အခြား​တစ်​ဦး​သည်​လာ​၍ ‘သခင်၊ ကြည့်​ပါ။ ပဝါ​ထဲ၌ အကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သခင်​၏​ငွေ​တစ်​မိနာ့​ရှိ​ပါ​သည်။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 21,
      "text": "သခင်​သည် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ပြီး မိမိ​မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​လျက် မိမိ​မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သောကြောင့် အကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 22,
      "text": "သခင်​က​လည်း ‘ဆိုးညစ်​သော​အစေအပါး၊ သင်​၏​နှုတ်ထွက်​စကား​အတိုင်း သင့်​ကို ငါ​စီရင်​မည်။ ငါ​သည် မ​ထည့်သွင်း​ထား​သော​အရာ​ကို​ထုတ်ယူ​၍ မ​စိုက်ပျိုး​သည့်​အရာ​ကို ရိတ်သိမ်း​တတ်​သည့် စည်းကမ်းကြီး​၍​တိကျ​သော​သူ​ဖြစ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 23,
      "text": "အဘယ်ကြောင့် ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ မ​အပ်ထား​သနည်း။ အပ်ထားလျှင် ငါ​ပြန်လာ​သောအခါ ၎င်း​ကို အတိုး​နှင့်တကွ ငါ​ရရှိ​ခဲ့​ပေ​လိမ့်မည်’​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 24,
      "text": "ထို့နောက် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား ‘ထို​ငွေ​တစ်​မိနာ့​ကို သူ့​ထံမှ​ယူ​၍ ငွေ​ဆယ်​မိနာ့​ရှိ​သူ​အား​ပေး​ကြ​လော့’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 25,
      "text": "သူ​တို့​က​လည်း ‘သခင်၊ ထို​သူ​၌ ငွေ​ဆယ်​မိနာ့​ရှိ​နေ​ပါ​ပြီ’​ဟု လျှောက်​ကြ​လျှင်"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 26,
      "text": "သခင်​က ‘သင်​တို့​ကို ငါ​ဆို​သည်​ကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 27,
      "text": "ထိုမှတစ်ပါး ငါ​အုပ်ချုပ်​ရန်​အလို​မ​ရှိ​ကြ​သော ငါ​၏​ရန်သူ​များ​ကို ဤ​နေရာ​သို့​ခေါ်ဆောင်​ခဲ့​၍ ငါ​၏​ရှေ့မှောက်​တွင် သူ​တို့​ကို​ကွပ်မျက်​ကြ​လော့’​ဟု ဆို​လေ​၏” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 28,
      "text": "ကိုယ်တော်​သည် ထိုသို့​မိန့်​တော်မူ​ပြီးနောက် ရှေ့သို့​ခရီးသွား​လျက် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 29,
      "text": "သံလွင်​ဟု​ခေါ်​သော​တောင်​အနီး​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 30,
      "text": "“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်​သည်​နှင့် မည်သူမျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 31,
      "text": "တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့်​ကြိုး​ဖြေ​ကြ​သနည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 32,
      "text": "စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ထွက်သွား​၍ သူ​တို့​အား​ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း တွေ့မြင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 33,
      "text": "သူ​တို့​သည် မြည်း​ကလေး​ကို​ကြိုး​ဖြေ​နေ​ကြ​စဉ် ၎င်း​၏​ပိုင်ရှင်​တို့​က “အဘယ်ကြောင့် မြည်း​ကလေး​ကို​ကြိုး​ဖြေ​ကြ​သနည်း”​ဟု မေး​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 34,
      "text": "သူ​တို့​က​လည်း “သခင်​ဘုရား​အလို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 35,
      "text": "ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​ပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​၍ ယေရှု​အား​စီး​စေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 36,
      "text": "ကိုယ်တော်​ကြွ​တော်မူ​စဉ်​တွင် လူ​တို့​သည် မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 37,
      "text": "ကိုယ်တော်​သည် သံလွင်​တောင်​၏​အဆင်း​လမ်း​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​အစုအဝေး​အပေါင်း​တို့​သည် မိမိ​တို့​တွေ့မြင်​ခဲ့​ရ​သည့် တန်ခိုး​လက္ခဏာ​အားလုံး​အတွက် ဝမ်းမြောက်​လျက် ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​ကို​ချီးမွမ်း​ကာ"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 38,
      "text": "“ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​ရှင်ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း။ ကောင်းကင်​၌ ငြိမ်သက်​ခြင်း​ရှိ​၍ အမြင့်ဆုံး​သော​အရပ်​၌ ဘုန်း​ကြီး​တော်မူ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 39,
      "text": "ထိုအခါ လူထု​ပရိသတ်​ထဲမှ ဖာရိရှဲ​အချို့​တို့​က “ဆရာ၊ ဆရာ့​တပည့်​များ​ကို​ဆုံးမ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 40,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်ခဲ​တို့​သည် ကြွေးကြော်​ကြ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 41,
      "text": "ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​၍ ထို​မြို့​ကို​မြင်​တော်မူ​လျှင် ၎င်း​အတွက် ငိုကြွေး​လျက်"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 42,
      "text": "“သင်​သာ ငြိမ်သက်​ခြင်း​ကို​ရ​စေ​သည့်​အရာ​တို့​ကို ယနေ့​ပင်​သိ​ခဲ့​လျှင်... သို့ရာတွင် ထို​အရာ​သည် ယခု​သင်​၏​မျက်စိ​ရှေ့မှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 43,
      "text": "အကြောင်းမူကား သင်​၏​ရန်သူ​တို့​သည် ကတုတ်​တည်​၍ သင့်​ကို​ဝိုင်းရံ​လျက် အဘက်ဘက်​မှ သင့်​ကို​ပိတ်ဆို့​ထား​ကာ"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 44,
      "text": "သင်​မှစ၍ သင့်​အထဲ၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို မြေ​နှင့်​တစ်ညီ​တည်း​ဖြစ်​စေ​သဖြင့် သင့်​အထဲတွင် ကျောက်တုံး​တစ်​တုံး​ကို​မျှ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌​မ​ကျန်ရစ်​စေ​မည့် အချိန်​ကာလ​သည် ရောက်လာ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သင့်​ထံ အကြည့်အရှု​ကြွလာ​တော်မူ​သော​အချိန်​ကို သင်​မ​သိ​သောကြောင့်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 45,
      "text": "ထို့နောက် ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို နှင်ထုတ်​တော်မူ​ပြီး"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 46,
      "text": "ထို​သူ​တို့​အား “ ‘ငါ့​အိမ်​သည် ဆုတောင်း​ရာ​အိမ်​ဖြစ်​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သော်လည်း သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ​တကား” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 47,
      "text": "ကိုယ်တော်​သည် ဗိမာန်​တော်​၌ နေ့စဉ်​နေ့တိုင်း သွန်သင်​လျက်​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​ခေါင်းဆောင်​များ​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သော်လည်း"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 48,
      "text": "လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို အာရုံစိုက်​၍​နားထောင်​နေ​ကြ​သောကြောင့် မည်သို့​မျှ​မ​ပြု​နိုင်​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 1,
      "text": "တစ်​နေ့​သ၌ ကိုယ်တော်​သည် ဗိမာန်​တော်​တွင် လူ​တို့​အား​သွန်သင်​လျက် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် ရောက်လာ​၍"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 2,
      "text": "“သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သည်​ကို​လည်းကောင်း၊ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​ကို​ပြော​ပါ”​ဟု ကိုယ်တော်​အား ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 3,
      "text": "ကိုယ်တော်​က​လည်း “ငါ​သည်​လည်း သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ ငါ့​ကို​ဖြေ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 4,
      "text": "ယောဟန်​၏​ဗတ္တိဇံ​သည် ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော” ​ဟု ပြန်​၍​မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 5,
      "text": "ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ကြ​ကာ “ ‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 6,
      "text": "‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​ဖြစ်​သည်​ဟု ယုံကြည်​ကြ​သောကြောင့် သူ​တို့​သည် ငါ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 7,
      "text": "ထို့ကြောင့် သူ​တို့​က “အဘယ်က​ဖြစ်​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ပြန်​ဖြေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 8,
      "text": "ထိုအခါ ယေရှု​က “ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 9,
      "text": "ထို့နောက် ကိုယ်တော်​သည် လူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ “လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံသမား​တို့​အား​ငှားရမ်း​ပြီးလျှင် ကာလ​အတန်ကြာ​ခရီးထွက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 10,
      "text": "အသီး​ပေါ်​ချိန်​ရောက်​သောအခါ စပျစ်ခြံ​ထွက်​အသီး​အချို့​ကို​မိမိ​အား​ပေး​စေရန် အစေအပါး​တစ်​ဦး​ကို ခြံသမား​တို့​ထံသို့ စေလွှတ်​လေ​၏။ သို့သော် ခြံသမား​တို့​သည် ထို​အစေအပါး​ကို​ရိုက်နှက်​ကာ လက်ချည်း​သက်သက်​ပြန်လွှတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 11,
      "text": "တစ်ဖန် အခြား​အစေအပါး​တစ်​ဦး​ကို ထပ်၍​စေလွှတ်​လေ​၏။ သို့သော် သူ့​ကို​လည်း​ရိုက်နှက်​၍ အရှက်ခွဲ​ပြီးလျှင် လက်ချည်း​သက်သက်​ပြန်လွှတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 12,
      "text": "နောက်တစ်ဖန် တတိယ​အစေအပါး​ကို ထပ်၍​စေလွှတ်​လေ​၏။ သို့သော် ထို​အစေအပါး​ကို​လည်း အနာတရ​ဖြစ်​စေ​ပြီးမှ နှင်ထုတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 13,
      "text": "ထိုအခါ စပျစ်ခြံ​ပိုင်ရှင်​က ‘ငါ​မည်သို့​ပြု​ရ​မည်နည်း။ ငါ​၏​ချစ်​သား​ကို ငါ​စေလွှတ်​မည်။ သူ​တို့​သည် သူ့​ကို​ရိုသေ​ကောင်း​ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 14,
      "text": "သို့သော် ခြံသမား​တို့​သည် သူ့​သား​ကို​မြင်​လျှင် ‘ဤ​သူ​သည်​အမွေခံ​ဖြစ်​၏။ အမွေ​သည် ငါ​တို့​ဥစ္စာ​ဖြစ်လာ​ရန် သူ့​ကို​သတ်​ကြ​စို့’​ဟု အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 15,
      "text": "သူ့​ကို စပျစ်ခြံ​အပြင်​သို့​နှင်ထုတ်​ကာ သတ်​ပစ်​ကြ​၏။ သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​သည် ထို​သူ​တို့​ကို မည်သို့​ပြု​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 16,
      "text": "သူ​သည်​လာ​၍ ထို​ခြံသမား​တို့​ကို အဆုံးစီရင်​ကာ စပျစ်ခြံ​ကို အခြား​သော​သူ​တို့​အား ပေး​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။ ကြား​ရ​သော​သူ​တို့​က​လည်း “ထိုသို့​မ​ဖြစ်​ပါစေ​နှင့်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 17,
      "text": "ကိုယ်တော်​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက် “ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏’ ဟု​ရေး​ထား​သော​အရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 18,
      "text": "ထို​ကျောက်​ပေါ်သို့​ကျ​သော​သူ​တိုင်း​သည် အပိုင်းပိုင်း​ကျိုး​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင် ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 19,
      "text": "ကျမ်းပြု​ဆရာ​များ​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည် မိမိ​တို့​အား​ရည်ညွှန်း​၍ ဤ​ပုံ​ဥပမာ​ကို​မိန့်​တော်မူ​ကြောင်း သိ​ကြ​သဖြင့် ထို​အချိန်​မှာပင် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် သူ​တို့​သည် လူ​တို့​ကို​ကြောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 20,
      "text": "ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​လျက် နှုတ်​တော်​ထွက်​စကား​တွင် အပြစ်​ရှာ​၍ ကိုယ်တော်​ကို ဘုရင်ခံ​၏​အုပ်ချုပ်​မှု​အာဏာ​အောက်သို့ အပ်နှံ​နိုင်​ရန် ဖြောင့်မတ်​သူ​အဖြစ် ဟန်ဆောင်​သော​သူလျှို​များ​ကို စေလွှတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 21,
      "text": "ထို​သူလျှို​တို့​က “ဆရာ၊ ဆရာ​သည် မှန်ကန်​စွာ​ဟောပြော​သွန်သင်​၍ လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 22,
      "text": "ဆီဇာ​ဧကရာဇ်​ကို အကျွန်ုပ်​တို့​အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 23,
      "text": "သို့သော် ကိုယ်တော်​သည် သူ​တို့​၏​ပရိယာယ်​ကို​သိ​တော်မူ​၍"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 24,
      "text": "“ငါ့​ကို ဒေနာရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ပါ​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့် ကမ္ပည်းစာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 25,
      "text": "ကိုယ်တော်​က​လည်း “ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 26,
      "text": "သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​စကား​အမှား​ကို ကျော့ဖမ်း​၍​မ​ရ​နိုင်​သည့်​အပြင် ကိုယ်တော်​၏​ဖြေကြား​ပုံ​ကို​အံ့သြ​လျက် တိတ်ဆိတ်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 27,
      "text": "ထို့နောက် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု​ပြော​ကြ​သော ဇဒ္ဒုကဲ​အချို့​တို့​သည် ချဉ်းကပ်​လာ​၍"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 28,
      "text": "“ဆရာ၊ တစ်စုံတစ်ဦး​၏​အစ်ကို​သည် မယား​ရှိ​သော်လည်း သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​သွား​လျှင် ညီ​ဖြစ်​သူ​သည် မိမိ​အစ်ကို​၏​မျိုးဆက်​ကို​ပေါက်ဖွား​စေရန် ထို​မိန်းမ​ကို​ယူ​ရ​မည် ​ဟု အကျွန်ုပ်​တို့​အား မောရှေ​စီရင်​ရေး​ထား​ခဲ့​ပါ​သည်။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 29,
      "text": "တစ်ခါက ညီအစ်ကို​ခုနစ်​ဦး​ရှိ​ခဲ့​ရာ အစ်ကို​အကြီးဆုံး​သည် မိန်းမ​ယူ​ပြီး သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​သွား​ပါ​သည်။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 30,
      "text": "ထိုအခါ ဒုတိယ​ညီ၊"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 31,
      "text": "ထို့နောက် တတိယ​ညီ​သည် ထို​မိန်းမ​ကို​ယူ​ပါ​သည်။ ဤသို့ဖြင့် ခုနစ်​ဦး​စလုံး သားသမီး​မ​ထွန်းကား​ဘဲ​သေဆုံး​သွား​ကြ​သည်။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 32,
      "text": "နောက်ဆုံး​တွင် ထို​မိန်းမ​သည်​လည်း သေဆုံး​သွား​ပါ​သည်။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 33,
      "text": "သို့ဖြစ်လျှင် ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ ထို​မိန်းမ​သည် သူ​တို့​ထဲမှ မည်သူ​၏​မယား​ဖြစ်​ပါ​မည်နည်း။ အကြောင်းမူကား ခုနစ်​ဦး​စလုံး ထို​မိန်းမ​ကို မယား​အဖြစ်​ပေါင်းဖက်​ခဲ့​ကြ​ပါ​သည်”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 34,
      "text": "ယေရှု​က​လည်း “မျက်မှောက်​ကာလ​၏​သားသမီး​တို့​သည် ထိမ်းမြား​စုံဖက်​၍ ပေးစား​ဆောင်နှင်း​တတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 35,
      "text": "သို့သော် တမလွန်​ကာလ​သို့​ဝင်စား​ရန်​နှင့် သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​ရန် ထိုက်တန်​သည်​ဟု​မှတ်ယူ​ခြင်း​ခံရ​သော​သူ​တို့​သည် ထိမ်းမြား​စုံဖက်​ခြင်း​ကို​မ​ပြု၊ ပေးစား​ဆောင်နှင်း​ခြင်း​လည်း​မ​ရှိ။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 36,
      "text": "နောက်တစ်ဖန် သေ​သည်​ဟူ၍​လည်း​မ​ရှိ​နိုင်​ကြ။ အကြောင်းမူကား သူ​တို့​သည် ကောင်းကင်တမန်​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​၏​သား​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​၏​သား​များ​လည်း​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 37,
      "text": "မောရှေ​သည်​လည်း ချုံပုတ်​အကြောင်း​ရေး​ထား​သော​အခန်း​တွင် ထာဝရ​ဘုရား​ကို ‘အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား’ ဟု​ခေါ်​၍ သေလွန်​သော​သူ​တို့​၏​ထမြောက်​ခြင်း​အကြောင်း​ကို ဖော်ပြ​ခဲ့​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 38,
      "text": "ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​၏​ဘုရား​မ​ဟုတ်​ဘဲ အသက်ရှင်​သော​သူ​တို့​၏​ဘုရား​ဖြစ်​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​သည် ဘုရားသခင်​၌ အသက်ရှင်​လျက်​ရှိ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 39,
      "text": "ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဆရာ၊ ဆရာ​သည် လျောက်ပတ်​စွာ​ဖြေကြား​လေ​ပြီ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 40,
      "text": "ထို​အချိန်​မှစ၍ သူ​တို့​သည် ကိုယ်တော်​အား မည်သည့်​အရာ​ကို​မျှ မ​မေး​ဝံ့​တော့ချေ။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 41,
      "text": "ထို့နောက် ကိုယ်တော်​က “ခရစ်တော်​သည် ဒါဝိဒ်​၏​သား​ဖြစ်​သည်​ဟု မည်သို့​ပြောဆို​နိုင်​ကြ​မည်နည်း။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 42,
      "text": "အကြောင်းမူကား ဒါဝိဒ်​ကိုယ်တိုင်​သည် ဆာလံ​ကျမ်း​တွင် ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​အား"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 43,
      "text": "သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု မိန့်​တော်မူ​၏’ ဟူ၍ ဆို​ထား​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 44,
      "text": "ထိုသို့ ဒါဝိဒ်​သည် ခရစ်တော်​ကို သခင်​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်​နိုင်​မည်နည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 45,
      "text": "လူ​အပေါင်း​တို့​သည် နားထောင်​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 46,
      "text": "“ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​လျက် သွားလာ​ရန် အလိုရှိ​ကြ​၍ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 47,
      "text": "သူ​တို့​သည် မုဆိုးမ​တို့​၏​အိမ်​ကို​မတရား​သိမ်းယူ​ပြီး ဟန်ပြ​၍ ရှည်လျား​စွာ​ဆုတောင်း​တတ်​ကြ​၏။ သူ​တို့​သည် ပို၍​ကြီးလေး​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 1,
      "text": "ထို့နောက် ကိုယ်တော်​သည် မျှော်ကြည့်​၍ ချမ်းသာ​သော​သူ​တို့​သည် အလှူခံ​သေတ္တာ​ထဲသို့ မိမိ​တို့​၏​အလှူ​ငွေ​များ​ထည့်​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 2,
      "text": "ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည်​လည်း ထို​အလှူခံ​သေတ္တာ​ထဲသို့ လတ္တာ​နှစ်​ပြား​ထည့်​နေ​သည်​ကို မြင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 3,
      "text": "ထိုအခါ ကိုယ်တော်​က “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အခြား​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 4,
      "text": "အကြောင်းမူကား ဤ​သူ​အားလုံး​တို့​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ အလှူ​ငွေ​ကို​ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သော​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 5,
      "text": "ဗိမာန်​တော်​ကို လှပ​သော​ကျောက်တုံး​များ​မှစ၍ လှူဒါန်း​ထား​သော​ဝတ္ထု​ပစ္စည်း​များ​ဖြင့် တန်ဆာဆင်​ထား​ကြောင်း လူ​အချို့​တို့​က​ပြောဆို​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 6,
      "text": "ကိုယ်တော်​က “ဤ​အရာ​များ​ကို သင်​တို့​မြင်​ရ​ကြ​၏။ ၎င်း​ထဲမှ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍​မ​ရှိ​သော​နေ့ရက်​ကာလ​ရောက်​လာ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 7,
      "text": "သူ​တို့​က​လည်း “ဆရာ၊ သို့ဖြစ်လျှင် ထို​အခြင်းအရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​လာ​မည်နည်း။ ၎င်း​တို့​ဖြစ်ပျက်​လာ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ပေါ်ထွန်း​လာ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 8,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​သည် လှည့်ဖြား​ခြင်း​မ​ခံရ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ့​အဖြစ်​အယောင်ဆောင်​လျက်​ရောက်လာ​၍ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟူ၍​လည်းကောင်း၊ ‘အချိန်​နီးကပ်​လာ​ပြီ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ ထို​သူ​တို့​၏​နောက်​သို့​မ​လိုက်​ကြ​နှင့်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 9,
      "text": "သင်​တို့​သည် စစ်ပွဲ​များ​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​အကြောင်း​တို့​ကို ကြား​ရ​သောအခါ ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည် ဦးစွာ​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည် ချက်ချင်း​မ​ရောက်​သေး” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 10,
      "text": "ထို့နောက် ကိုယ်တော်​က “လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 11,
      "text": "အရပ်ရပ်​တို့​၌ ပြင်းထန်​သော​ငလျင်​လှုပ်​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်မည်။ မိုး​ကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​ရာ​များ​နှင့် ကြီးမား​သော​အတိတ်​နိမိတ်​များ​ပေါ်ထွန်း​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 12,
      "text": "သို့သော် ဤ​အခြင်းအရာ​အားလုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်းဆီး​၍ ညှဉ်းဆဲ​ကာ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲသို့ ပို့​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ​၏​နာမ​ကြောင့် ရှင်ဘုရင်​များ​နှင့်​ဘုရင်ခံ​များ​ရှေ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 13,
      "text": "ဤ​အမှုအရာ​သည် သင်​တို့​သက်သေ​ခံရ​သော​အခွင့်အရေး​ဖြစ်လာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 14,
      "text": "ထို့ကြောင့် မည်သို့​ချေပ​ပြောဆို​ရ​မည်​ကို ကြိုတင်​၍​မ​စဉ်းစား​ရန် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ဆုံးဖြတ်​ထား​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 15,
      "text": "အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 16,
      "text": "သင်​တို့​၏​မိဘ၊ ညီအစ်ကို၊ ဆွေမျိုး​နှင့် မိတ်ဆွေ​တို့​ပင်လျှင် သင်​တို့​ကို​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​တွင် အချို့​တို့​သည် အသေ​သတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 17,
      "text": "လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 18,
      "text": "သို့သော် သင်​တို့​ဦးခေါင်း​မှ ဆံပင်​တစ်​ပင်​မျှ​မ​ပျက်စီး​ရ။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 19,
      "text": "သင်​တို့​သည် သည်းခံ​သော​အားဖြင့် သင်​တို့​အသက်​ကို​ရရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 20,
      "text": "ဂျေရုဆလင်​မြို့​အား စစ်မက်​ဗိုလ်ခြေ​တို့​ဝိုင်းရံ​ကြ​သည်​ကို​သင်​တို့​တွေ့မြင်​ကြ​သောအခါ ထို​မြို့​၏​ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နီးကပ်​လာ​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 21,
      "text": "ထိုအခါ ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ မြို့​ထဲ​၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​ကြ​စေ။ ကျေးလက်​ဒေသ​၌​ရှိ​သော​သူ​တို့​သည်​လည်း မြို့​ထဲသို့​မ​ဝင်​ကြ​စေ​နှင့်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 22,
      "text": "အကြောင်းမူကား ထို​နေ့ရက်​များ​သည် ကျမ်းစာ​၌​ရေး​ထား​သော​အရာ​အားလုံး​ပြည့်စုံ​မည့် ပြစ်ဒဏ်​ပေး​ရာ​နေ့ရက်​များ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 23,
      "text": "ထို​နေ့ရက်​များ​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဤ​ပြည်​အပေါ်​၌ ကြီးစွာ​သော​ဒုက္ခ​ဆင်းရဲ​ခြင်း​ကျရောက်​၍ ဤ​လူမျိုး​အပေါ်၌​အမျက်​တော်​သက်ရောက်​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 24,
      "text": "သူ​တို့​သည် ဓား​ဘေး​ဖြင့်​ကျဆုံး​၍ အခြား​သော​ပြည်​အရပ်ရပ်​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ လူမျိုးခြား​တို့​သည်​လည်း မိမိ​တို့​အချိန်အခါ​များ​ပြည့်စုံ​သည်​အထိ ဂျေရုဆလင်​မြို့​ကို နင်းချေ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 25,
      "text": "ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 26,
      "text": "အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 27,
      "text": "ထိုအခါ လူ့သား​သည် တန်ခိုး​နှင့် ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​ကို​စီး​လျက် ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 28,
      "text": "ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 29,
      "text": "ထို့နောက် ကိုယ်တော်​သည် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ “သဖန်းပင်​နှင့် အခြား​သစ်ပင်​အားလုံး​တို့​ကို ကြည့်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 30,
      "text": "ရွက်နု​ထွက်လာ​သောအခါ သင်​တို့​သည်​မြင်​၍ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း အလိုအလျောက်​သိ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 31,
      "text": "ထိုနည်းတူ ဤ​အရာ​များ​ဖြစ်ပျက်​နေ​သည်​ကို သင်​တို့​မြင်​ရ​သောအခါ ဘုရားသခင်​၏​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 32,
      "text": "သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်​အခါ​မျှ ကွယ်ပျောက်​လိမ့်မည်​မဟုတ်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 33,
      "text": "ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 34,
      "text": "သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 35,
      "text": "အကြောင်းမူကား ထို​နေ့ရက်​သည် မြေ​တစ်ပြင်လုံး​၌​နေထိုင်​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 36,
      "text": "ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 37,
      "text": "ကိုယ်တော်​သည် နေ့​အခါ​များ​၌ ဗိမာန်​တော်​တွင် သွန်သင်​တော်မူ​ပြီး ည​အခါ​များ​၌​မူ အပြင်​သို့​ထွက်သွား​၍ သံလွင်​အမည်​ရှိ​သော​တောင်​ပေါ်၌ ည​ကို​ကုန်လွန်​စေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 38,
      "text": "လူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​၏​တရား​တော်​ကို​ကြားနာ​ရန် နံနက်​စောစော ဗိမာန်​တော်​၌​ရှိ​သော​ကိုယ်တော်​ထံသို့ လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 1,
      "text": "ပသခါ​ပွဲတော်​ဟု​ခေါ်​သော တဆေးမဲ့​မုန့်​ပွဲတော်​နီးကပ်​လာ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 2,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​တို့​သည် ကိုယ်တော်​ကို​သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​ကို​ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 3,
      "text": "ထိုအခါ စာတန်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​တွင် အပါအဝင်​ဖြစ်​သည့် ဣရှကာရုတ်​ဟု​ခေါ်​သော ယုဒ​ထဲသို့​ဝင်​သဖြင့်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 4,
      "text": "သူ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​ထံသို့​သွား​၍ ကိုယ်တော်​ကို သူ​တို့​လက်​သို့ မည်ကဲ့သို့​အပ်နှံ​ရ​မည်နည်း​ဟု သူ​တို့​နှင့်အတူ​တိုင်ပင်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 5,
      "text": "သူ​တို့​သည် ဝမ်းမြောက်​၍ ယုဒ​ကို​ငွေ​ပေး​ရန် သဘောတူ​ဆုံးဖြတ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 6,
      "text": "ယုဒ​သည်​လည်း သဘောတူ​၍ လူထု​ပရိသတ်​မ​ရှိ​သည့်​အချိန်​၌ ကိုယ်တော်​ကို သူ​တို့​လက်​သို့​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 7,
      "text": "တဆေးမဲ့​မုန့်​ပွဲတော်​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​ရောက်လာ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 8,
      "text": "ကိုယ်တော်​သည် ပေတရု​နှင့်​ယောဟန်​တို့​အား “ပသခါ​ပွဲတော်​ကို ငါ​တို့​စား​ရန် သွား​၍​ပြင်ဆင်​ကြ​လော့” ​ဟု မိန့်​တော်မူ​လျက် သူ​တို့​ကို​စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 9,
      "text": "သူ​တို့​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား အဘယ်မှာ​ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​သော်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 10,
      "text": "ကိုယ်တော်​က “သင်​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ ရေ​အိုး​ထမ်း​သော​လူ​တစ်​ဦး​သည် သင်​တို့​ကို​ကြိုဆို​လိမ့်မည်။ ထို​သူ​ဝင်​သော​အိမ်​ထဲသို့ လိုက်​သွား​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 11,
      "text": "အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို သုံးဆောင်​ရ​မည့်​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု သင့်​အား မေး​လိုက်​ပါ​သည်’​ဟူ၍ ပြော​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 12,
      "text": "ထို​သူ​သည် ခင်းကျင်း​ထား​သော အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား​ပြ​လိမ့်မည်။ ထို​နေရာ​၌ ပြင်ဆင်​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 13,
      "text": "သူ​တို့​သည်​လည်း သွား​၍ မိမိ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 14,
      "text": "အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တမန်တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 15,
      "text": "ကိုယ်တော်​က “ငါ​သည် ဒုက္ခ​ဝေဒနာ​မ​ခံစား​ရ​မီ ဤ​ပသခါ​ပွဲတော်​ကို သင်​တို့​နှင့်အတူ​စား​ရန် အလွန်​အလိုရှိ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 16,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ပသခါ​ပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​တွင် ပြည့်စုံ​ခြင်း​သို့​မ​ရောက်​မီ​တိုင်အောင် ဤ​ပွဲတော်​ကို ငါ​လုံးဝ​စား​မည်​မ​ဟုတ်” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 17,
      "text": "ထို့နောက် ခွက်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် “ဤ​ခွက်​ကို​ယူ​၍ အချင်းချင်း​ဝေ​သောက်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 18,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ယခု​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 19,
      "text": "တစ်ဖန် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက် “ဤ​မုန့်​ကား သင်​တို့​အတွက်​စွန့်​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့ရန် ဤသို့​ပြု​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 20,
      "text": "ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 21,
      "text": "သို့သော် ငါ့​ကို​အပ်နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်အတူ​စားပွဲ​ပေါ်၌​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 22,
      "text": "လူ့သား​သည်​ချမှတ်​ထား​ခြင်း​ခံရ​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 23,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် ထိုသို့​ပြု​ရန်​ကြံရွယ်​နေ​သနည်း​ဟု အချင်းချင်း​မေးမြန်း​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 24,
      "text": "ထို့နောက် သူ​တို့​တွင် မည်သူ့​ကို အကြီးမြတ်ဆုံး​ဖြစ်​သည်​ဟု မှတ်ယူ​ရ​မည်​ကို​လည်း အချင်းချင်း​အငြင်းပွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 25,
      "text": "သို့သော် ကိုယ်တော်​က “လူမျိုးခြား​တို့​၏​ဘုရင်​များ​သည် ပြည်သူ​တို့​အပေါ် အစိုးတရ​ပြု​တတ်​ကြ​၏။ လူ​တို့​အပေါ်​အာဏာ​ရှိ​သော​သူ​များ​သည်​လည်း အများ​အကျိုးဆောင်​သူ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 26,
      "text": "သင်​တို့​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးမြတ်ဆုံး​ဖြစ်​သော​သူ​သည် အငယ်ဆုံး​သော​သူ​ကဲ့သို့​ဖြစ်​ရ​မည်။ ဦးဆောင်​သော​သူ​သည် လုပ်ကျွေး​ပြုစု​သော​သူ​ကဲ့သို့​ဖြစ်​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 27,
      "text": "စားပွဲ​၌​ထိုင်​နေ​သော​သူ​နှင့် လုပ်ကျွေး​ပြုစု​သော​သူ​တို့​တွင် မည်သူ​သည် ပို၍​ကြီးမြတ်​သနည်း။ စားပွဲ​၌​ထိုင်​နေ​သော​သူ​မ​ဟုတ်​လော။ သို့သော် ငါ​သည် သင်​တို့​အလယ်​တွင် လုပ်ကျွေး​ပြုစု​သော​သူ​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 28,
      "text": "စုံစမ်း​နှောင့်ယှက်​ခြင်း​များ​ကို​ငါ​ခံရ​စဉ် သင်​တို့​သည် ငါ​နှင့်အတူ​ရပ်တည်​ခဲ့​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 29,
      "text": "ငါ​၏​ခမည်းတော်​သည် နိုင်ငံ​တော်​ကို ငါ့​အား​အပ်နှင်း​တော်မူ​သကဲ့သို့ ငါ​သည်​လည်း နိုင်ငံ​တော်​ကို သင်​တို့​အား​အပ်နှင်း​သဖြင့်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 30,
      "text": "သင်​တို့​သည် ငါ​၏​နိုင်ငံ​တော်​၌ ငါ​၏​စားပွဲ​တွင်​ထိုင်​လျက် စား​သောက်​ရ​ကြ​လိမ့်မည်။ ထို့ပြင် ပလ္လင်​များ​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 31,
      "text": "ရှိမုန်၊ ရှိမုန်၊ နားထောင်​လော့။ ဂျုံ​ကို​ဆန်ခါချ​သကဲ့သို့ စာတန်​သည် သင်​တို့​ကို ဆန်ခါချ​ရန် အခွင့်​တောင်း​လေ​ပြီ။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 32,
      "text": "သို့သော် သင်​၏​ယုံကြည်​ခြင်း​မ​ဆုံးရှုံး​မည့်အကြောင်း သင့်​အတွက် ငါ​ဆုတောင်း​ပြီ။ သို့ဖြစ်၍ သင်​သည် သတိတရား​ပြန်​ရ​သောအခါ သင်​၏​ညီအစ်ကို​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 33,
      "text": "ထိုအခါ ပေတရု​က “သခင်၊ အကျွန်ုပ်​သည် ထောင်​ထဲသို့​ဖြစ်စေ၊ သေ​ခြင်း​အထိ​ဖြစ်စေ ကိုယ်တော်​နှင့်အတူ​လိုက်​ရန် အသင့်​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 34,
      "text": "ကိုယ်တော်​က​လည်း “ပေတရု၊ သင့်​အား ငါ​ဆို​မည်။ ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 35,
      "text": "ထို့နောက် ကိုယ်တော်​က “ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​မ​ပါ​ဘဲ စေလွှတ်​သောအခါ သင်​တို့​တွင် လိုအပ်​မှု​တစ်စုံတစ်ရာ​ရှိ​ခဲ့​သလော” ​ဟု တပည့်​တော်​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 36,
      "text": "ကိုယ်တော်​က​လည်း “ယခု​မူကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူသွား​စေ။ ထိုနည်းတူ လွယ်အိတ်​ကို​လည်း ယူသွား​စေ။ ဓား​မ​ရှိ​သော​သူ​သည် မိမိ​အဝတ်​ကို​ရောင်း​၍ ဓား​ကို​ဝယ်​စေ။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 37,
      "text": "သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏’ ဟု ရေး​ထား​သော​အရာ​သည် ငါ​၌​ပြည့်စုံ​ရ​မည်။ အမှန်စင်စစ် ငါ​နှင့်​ပတ်သက်​သော​အရာ​သည် ဆုံးခန်း​သို့​ရောက်​နေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 38,
      "text": "ထိုအခါ သူ​တို့​က “သခင်၊ ဤ​မှာ​ဓား​နှစ်​လက်​ရှိ​ပါ​၏”​ဟု လျှောက်​ကြ​လျှင် ကိုယ်တော်​က “လုံလောက်​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 39,
      "text": "ထို့နောက် ကိုယ်တော်​သည်​ထွက်ခွာ​၍ ပြုလေ့​ရှိ​သည့်​အတိုင်း သံလွင်​တောင်​ပေါ်သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 40,
      "text": "ထို​အရပ်​သို့​ရောက်​တော်မူ​သောအခါ ကိုယ်တော်​က “ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 41,
      "text": "ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 42,
      "text": "“အို အဖ၊ အလို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်စေ​တော်မူ​ပါ” ​ဟု ဆုတောင်း​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 43,
      "text": "ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်​ပါး​သည် ကိုယ်တော်​ထံ​ထင်ရှား​လာ​၍​ကိုယ်တော်​ကို​အားပေး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 44,
      "text": "ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 45,
      "text": "ကိုယ်တော်​သည် ဆုတောင်း​ရာ​မှ​ထ​၍ တပည့်​တော်​တို့​ထံသို့ ပြန်လာ​သောအခါ သူ​တို့​သည် ဝမ်းနည်း​နွမ်းလျ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 46,
      "text": "“အဘယ်ကြောင့်​အိပ်ပျော်​နေ​ကြ​သနည်း။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ထ​၍​ဆုတောင်း​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 47,
      "text": "ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် လူ​အစုအဝေး​တို့​သည်​ရောက်လာ​ကြ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော ယုဒ​ဆို​သူ​သည် သူ​တို့​ကို​ဦးဆောင်​လာ​၍ ယေရှု​ကို​နမ်း​ရန် ချဉ်းကပ်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 48,
      "text": "သို့သော် ယေရှု​က “ယုဒ၊ သင်​သည် လူ့သား​ကို အနမ်း​ဖြင့်​အပ်နှံ​မည်​လော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 49,
      "text": "ကိုယ်တော်​၏​အနီး​၌​ရှိ​သော​သူ​တို့​သည် ဖြစ်လာ​မည့်​အရာ​ကို​သိမြင်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​တို့ ဓား​နှင့်​ခုတ်​ရ​မည်​လော”​ဟု မေးလျှောက်​ကြ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 50,
      "text": "သူ​တို့​ထဲမှ​တစ်​ယောက်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 51,
      "text": "ထိုအခါ ယေရှု​က “ဤမျှနှင့်​ရပ်​လော့” ​ဟု မိန့်​တော်မူ​ပြီးလျှင် ထို​သူ​၏​နားရွက်​ကို လက်​တော်​နှင့်​တို့ထိ​လျက် အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 52,
      "text": "ထို့နောက် ယေရှု​သည် မိမိ​ကို​ဖမ်းဆီး​ရန်​ရောက်လာ​ကြ​သော ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​များ​နှင့် သက်ကြီးဝါကြီး​များ​အား “သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် လာ​ကြ​သလော။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 53,
      "text": "ငါ​သည် နေ့​တိုင်း သင်​တို့​နှင့်အတူ​ဗိမာန်​တော်​၌​ရှိ​စဉ် သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသည်ကား သင်​တို့​၏​အချိန်​ဖြစ်​ပြီး မှောင်မိုက်​ခြင်း​၏​အခွင့်​အာဏာ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 54,
      "text": "ထို့နောက် သူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​၍ ဆွဲခေါ်​သွား​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အိမ်​သို့ ခေါ်ဆောင်​လာ​ကြ​၏။ ပေတရု​မူကား မလှမ်းမကမ်း​မှ​လိုက်​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 55,
      "text": "သူ​တို့​သည် ခြံဝင်း​အလယ်​တွင် မီး​ဖို​၍ စုဝေး​လျက်​ထိုင်​နေ​ကြ​သဖြင့် ပေတရု​သည်​လည်း သူ​တို့​အကြား​၌​ထိုင်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 56,
      "text": "ထိုအခါ အစေခံ​မိန်းမ​တစ်​ဦး​သည် မီးဖို​၏​အလင်း​၌​ထိုင်​နေ​သော ပေတရု​ကို​မြင်​၍ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အပေါင်းအဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 57,
      "text": "သို့သော် ပေတရု​က “အချင်း​မိန်းမ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 58,
      "text": "ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 59,
      "text": "တစ်ဖန် တစ်​နာရီ​ခန့်​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​က “အမှန်စင်စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်အတူ​ရှိ​ခဲ့​သည်။ အကြောင်းမူကား သူ​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သည်”​ဟု အခိုင်အမာ​ပြောဆို​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 60,
      "text": "သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 61,
      "text": "ထိုအခါ သခင်​ဘုရား​သည်​လှည့်​၍ ပေတရု​ကို​စူးစိုက်​ကြည့်​တော်မူ​၏။ ပေတရု​သည်​လည်း “ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်” ​ဟု မိန့်​တော်မူ​ခဲ့​သော သခင်​ဘုရား​၏​စကား​တော်​ကို ပြန်လည်​သတိရ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 62,
      "text": "အပြင်​သို့​ထွက်သွား​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 63,
      "text": "ယေရှု​ကို​စောင့်ကြပ်​နေ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ပြောင်လှောင်​၍​ရိုက်နှက်​ကြ​ကာ"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 64,
      "text": "မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် “သင့်​အား​မည်သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 65,
      "text": "ထို့ပြင် အခြား​စကား​အမျိုးမျိုး​တို့​ဖြင့် ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 66,
      "text": "မိုးလင်း​သောအခါ လူထု​ထဲမှ လူကြီး​အဖွဲ့ဝင်​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် စုဝေး​ကြ​၍ ကိုယ်တော်​ကို မိမိ​တို့​၏​တရား​လွှတ်တော်​ထံသို့ ခေါ်ဆောင်​သွား​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 67,
      "text": "“သင်​သည် ခရစ်တော်​ဟုတ်​၊ မ​ဟုတ် ငါ​တို့​ကို​ပြော​လော့”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း “သင်​တို့​ကို​ငါ​ပြော​လျှင် သင်​တို့​ယုံ​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 68,
      "text": "သင်​တို့​ကို​ငါ​မေး​လျှင်​လည်း သင်​တို့​ဖြေ​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 69,
      "text": "သို့သော် ယခု​မှစ၍ လူ့သား​သည် ဘုရားသခင်​၏​တန်ခိုး​တော်​လက်ယာ​ဘက်​၌ ထိုင်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 70,
      "text": "ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း “သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 71,
      "text": "သူ​တို့​က​လည်း “ငါ​တို့​ကိုယ်တိုင် သူ​၏​နှုတ်​မှ ထို​စကား​ကို​ကြား​ရ​ပြီ​ဖြစ်၍ မည်သည့်​သက်သေ​လို​သေး​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 1,
      "text": "ထို့နောက် တရား​လွှတ်တော်​၌​စုဝေး​သော​သူ​အပေါင်း​တို့​သည် ထ​၍ ကိုယ်တော်​ကို ပိလတ်​မင်း​ရှေ့သို့​ခေါ်ဆောင်​သွား​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 2,
      "text": "“ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 3,
      "text": "ပိလတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လျှင် ကိုယ်တော်​က “သင်​ပြော​သည့်​အတိုင်း​ပေတည်း” ​ဟု ပြန်ဖြေ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 4,
      "text": "ထိုအခါ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ပရိသတ်​တို့​အား “ဤ​သူ​၌ အပြစ်​တစ်စုံတစ်ခု​ကို​မျှ ငါ​မ​တွေ့”​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 5,
      "text": "သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 6,
      "text": "ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​လျှင် ဤ​သူ​သည် ဂါလိလဲ​နယ်သား​ဖြစ်​သလော​ဟု​မေးမြန်း​ပြီးမှ"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 7,
      "text": "ဟေရုဒ်​အုပ်စိုး​သည့်​နယ်​မှ​ဖြစ်​ကြောင်း သိ​သောအခါ ကိုယ်တော်​ကို ဟေရုဒ်​ထံသို့​ပို့​လိုက်​၏။ ထို​အချိန်​တွင် ဟေရုဒ်​သည်​လည်း ဂျေရုဆလင်​မြို့​၌​ရောက်ရှိ​နေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 8,
      "text": "ဟေရုဒ်​သည် ယေရှု​ကို​မြင်​လျှင် အလွန်​ဝမ်းမြောက်​လေ​၏။ အကြောင်းမူကား သူ​သည် ကိုယ်တော်​အကြောင်း​ကို​ကြားသိ​ထား​၍ ကိုယ်တော်​ကို​တွေ့မြင်​လို​သည်​မှာ အချိန်​ကြာမြင့်​ပြီ​ဖြစ်​ပြီး​ကိုယ်တော်​ပြု​သည့် နိမိတ်​လက္ခဏာ​တစ်စုံတစ်ခု​ကို​မြင်​ရ​ရန်​မျှော်လင့်​နေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 9,
      "text": "သို့ဖြစ်၍ သူ​သည် ကိုယ်တော်​ကို​မေးခွန်း​များစွာ​မေး​လေ​၏။ သို့သော် ကိုယ်တော်​သည် မည်သည့်​အရာ​ကို​မျှ ဖြေကြား​တော်​မ​မူ​ခဲ့​ချေ။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 10,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထ​၍ ကိုယ်တော်​ကို​ပြင်းထန်​စွာ​စွပ်စွဲ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 11,
      "text": "ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 12,
      "text": "ဟေရုဒ်​နှင့်​ပိလတ်​မင်း​တို့​သည် ယခင်​က တစ်ဦး​နှင့်​တစ်ဦး​ရန်ဘက်​ဖြစ်​ခဲ့​သော်လည်း ထို​နေ့​တွင် မိတ်ဆွေ​ဖြစ်လာ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 13,
      "text": "ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ အုပ်ချုပ်သူ​များ​နှင့် လူ​များ​ကို စုဝေး​စေ​၍"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 14,
      "text": "“သင်​တို့​သည် လူထု​ကို​မှားယွင်း​စေရန်​လှုံ့ဆော်​သူ​အဖြစ် ဤ​သူ​ကို ငါ့​ထံသို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်ဆေး​ခဲ့​သော်လည်း ဤ​သူ​အပေါ် သင်​တို့​စွပ်စွဲ​သည့်​အပြစ်​တစ်စုံတစ်ခု​မျှ​မ​တွေ့။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 15,
      "text": "ဟေရုဒ်​သည်​လည်း အပြစ်​မ​တွေ့​သဖြင့် သူ့​ကို ငါ​တို့​ထံသို့ ပြန်​ပို့​လိုက်​၏။ သူ​သည် သေ​ထိုက်​သော​အပြစ်​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ချေ။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 16,
      "text": "ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 17,
      "text": "[ထိုသို့​ဆို​ခြင်း​မှာ ပိလတ်​မင်း​သည် ပွဲတော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သောကြောင့်​ဖြစ်​၏။]"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 18,
      "text": "သို့သော် သူ​တို့​က “ထို​သူ​ကို​သုတ်သင်​လိုက်​ပါ။ အကျွန်ုပ်​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်ပြိုင်တည်း​အော်ဟစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 19,
      "text": "ဗာရဗ္ဗ​သည် မြို့​ထဲတွင်​ဖြစ်​ခဲ့​သည့် ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​ကြောင့် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 20,
      "text": "ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်တစ်ဖန်​မိန့်ကြား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 21,
      "text": "သို့သော် သူ​တို့​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ။ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 22,
      "text": "ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ ဤ​သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အပြစ်​ကို​မ​တွေ့။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု တတိယ​အကြိမ် သူ​တို့​အား ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 23,
      "text": "သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 24,
      "text": "ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​၏​တောင်းဆို​ချက်​အတိုင်း​လုပ်​ပေး​ရန် စီရင်​ဆုံးဖြတ်​၍"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 25,
      "text": "ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​အတွက် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ကို သူ​တို့​တောင်းဆို​သည့်​အတိုင်း လွှတ်​ပေး​ပြီး ယေရှု​ကို​မူ သူ​တို့​ဆန္ဒ​အတိုင်း​ပြု​ရန် အပ်နှံ​လိုက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 26,
      "text": "သူ​တို့​သည် ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​စဉ် တောရွာ​မှ​လာ​သော ကုရေနေ​မြို့သား​ရှိမုန်​ကို​ဖမ်းဆီး​၍ သူ့​အပေါ်၌ လက်ဝါးကပ်တိုင်​ကို​တင်​လျက်​ထမ်း​စေ​ကာ ယေရှု​၏​နောက်​မှ လိုက်​စေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 27,
      "text": "လူ​အမြောက်အမြား​နှင့်တကွ ကိုယ်တော်​အတွက် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​နေ​ကြ​သော အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​နောက်​မှ​လိုက်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 28,
      "text": "ယေရှု​သည် ထို​အမျိုးသမီး​တို့​ဘက်​သို့​လှည့်​၍ “ဂျေရုဆလင်​မြို့​၏​သမီး​တို့၊ ငါ့​အတွက်​မ​ငိုကြွေး​ကြ​နှင့်။ သင်​တို့​နှင့် သင်​တို့​၏​သားသမီး​များ​အတွက်​သာ ငိုကြွေး​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 29,
      "text": "အကြောင်းမူကား မြုံ​သော​မိန်းမ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူငယ်​မ​စို့​ဖူး​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 30,
      "text": "ထိုအခါ လူ​တို့​သည် တောင်​များ​အား ‘ငါ​တို့​အပေါ်သို့​ပြိုကျ​ကြ​ပါ’​ဟူ၍​လည်းကောင်း၊ တောင်ကုန်း​များ​အား ‘ငါ​တို့​ကို​ဖုံးအုပ်​ကြ​ပါ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 31,
      "text": "အကြောင်းမူကား သူ​တို့​သည် စိမ်းစို​သော​အပင်​ကို ဤသို့​ပြု​ကြ​လျှင် ခြောက်သွေ့​သော​အပင်​၌ မည်သို့​ဖြစ်​လိမ့်မည်​နည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 32,
      "text": "သူ​တို့​သည် ရာဇဝတ်သား​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ​သတ်​ရန် ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 33,
      "text": "ဦးခေါင်းခွံ​ဟု​ခေါ်ဝေါ်​သော​အရပ်​သို့​ရောက်​သောအခါ သူ​တို့​သည်​ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ရာဇဝတ်သား​တို့​ကို​လည်း လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 34,
      "text": "ထိုအခါ ယေရှု​က “အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ” ​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 35,
      "text": "လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 36,
      "text": "စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 37,
      "text": "“သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 38,
      "text": "ကိုယ်တော်​၏​အပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​၏”​ဟူသော​ကမ္ပည်းစာ​ကို​တပ်​ထား​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 39,
      "text": "ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 40,
      "text": "သို့သော် အခြား​တစ်​ဦး​သည် သူ့​ကို​ဆုံးမ​၍ “သင်​သည် သူ​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လျက်​ပင် ဘုရားသခင်​ကို​မ​ကြောက်​သလော။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 41,
      "text": "ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 42,
      "text": "ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 43,
      "text": "ကိုယ်တော်​က​လည်း “သင့်​အား ငါ​အမှန်​ဆို​မည်။ သင်​သည် ယနေ့​ပင် ငါ​နှင့်အတူ​ပရဒိသု​ဘုံ​၌​ရှိ​မည်” ​ဟု သူ့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 44,
      "text": "ထို​အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ထိုမှ​မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 45,
      "text": "နေ​၏​အလင်း​ကွယ်ပျောက်​သွား​ပြီး ဗိမာန်​တော်​ကန့်လန့်ကာ​သည် အလယ်​မှ​ကွဲ​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 46,
      "text": "ထိုအခါ ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လျက် “အို အဖ၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့ အပ်နှံ​ပါ​၏” ​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​ပြီးနောက် အသက်​ချုပ်ငြိမ်း​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 47,
      "text": "ဤ​အဖြစ်အပျက်​များ​ကို တွေ့မြင်​သော​တပ်မှူး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “ဤ​သူ​သည် အမှန်ပင်​ဖြောင့်မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 48,
      "text": "ထို​အမှုအရာ​ကို​ကြည့်ရှု​ရန် စုဝေး​လာ​ကြ​သော​လူထု​ပရိသတ်​အပေါင်း​တို့​သည်​လည်း ဤ​အဖြစ်အပျက်​များ​ကို​မြင်​၍ ရင်ဘတ်စည်တီး​လျက်​ပြန်​သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 49,
      "text": "ကိုယ်တော်​ကို​သိကျွမ်း​သော​သူ​အပေါင်း​တို့​မှစ၍ ဂါလိလဲ​နယ်​မှ ကိုယ်တော်​၏​နောက်​သို့​လိုက်​လာ​ကြ​သော အမျိုးသမီး​တို့​သည် အဝေး​မှ​ရပ်​လျက် ဤ​အခြင်းအရာ​များ​ကို​ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 50,
      "text": "ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 51,
      "text": "သူ​သည် လွှတ်တော်​၏​ဆုံးဖြတ်​ချက်​နှင့် လုပ်ဆောင်​ချက်​တို့​ကို သဘော​မ​တူ​ခဲ့​ပေ။ ယောသပ်​သည် ယုဒ​ပြည်၊ အရိမသဲ​မြို့သား​ဖြစ်​ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 52,
      "text": "သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 53,
      "text": "အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ မည်သူ့​ကို​မျှ​မ​သင်္ဂြိုဟ်​ရ​သေး​သော ကျောက်​သင်္ချိုင်း​ဂူ​ထဲတွင် သွင်းထား​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 54,
      "text": "ထို​နေ့​ကား ပြင်ဆင်​ရာ​နေ့​ဖြစ်​၍ ဥပုသ်နေ့​သို့​ကူး​ရန် နီးကပ်​လာ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 55,
      "text": "ဂါလိလဲ​နယ်​မှ ကိုယ်တော်​နှင့်အတူ​ပါ​လာ​သော အမျိုးသမီး​များ​သည်​လည်း နောက်မှ​လိုက်လာ​ကြ​၍ သင်္ချိုင်း​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​အလောင်း​တော်​ကို မည်သို့​ထား​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 56,
      "text": "ထို့နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီမွှေး​နှင့်​အမွှေးနံ့သာ​တို့​ကို ပြင်ဆင်​ကြ​၏။ ဥပုသ်နေ့​၌​ကား ပညတ်​တော်​အတိုင်း အနားယူ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 1,
      "text": "ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်စ​အချိန်​၌ သူ​တို့​သည် မိမိ​တို့​ပြင်ဆင်​ထား​သော​အမွှေးနံ့သာ​ကို​ယူဆောင်​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​ရာ"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 2,
      "text": "ကျောက်တုံး​ကို သင်္ချိုင်း​ဂူ​မှ လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 3,
      "text": "အတွင်း​သို့​ဝင်​ကြ​သောအခါ သခင်​ယေရှု​၏​အလောင်း​တော်​ကို​မ​တွေ့​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 4,
      "text": "သူ​တို့​သည် ဤ​အခြင်းအရာ​တို့​ကို​တွေးမရ​ဖြစ်​နေ​ကြ​စဉ် တောက်ပ​ပြောင်လက်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် လူ​နှစ်​ဦး​သည် ရုတ်တရက်​ပေါ်လာ​ပြီး သူ​တို့​အနီး​၌​ရပ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 5,
      "text": "အမျိုးသမီး​တို့​သည် ကြောက်လန့်​၍ ခေါင်း​ကို အောက်​သို့​ငုံ့​လျက်​နေ​ကြ​ရာ ထို​သူ​တို့​က “သင်​တို့​သည် သေ​သော​သူ​တို့​တွင် အသက်ရှင်​သော​သူ​ကို အဘယ်ကြောင့်​ရှာ​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 6,
      "text": "ကိုယ်တော်​သည် ဤ​အရပ်​၌​မ​ရှိ။ ထမြောက်​တော်မူ​ပြီ။ ဂါလိလဲ​နယ်​၌​ရှိ​တော်မူ​စဉ် သင်​တို့​အား​မည်သို့​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 7,
      "text": "ကိုယ်တော်​က ‘ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ကို​ခံရ​လျက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည် ’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မြွက်ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 8,
      "text": "ထိုအခါ အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​စကား​တော်​များ​ကို သတိရ​၍"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 9,
      "text": "သင်္ချိုင်း​တော်​မှ ပြန်​သွား​ပြီးလျှင် တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​နှင့် အခြား​သော​သူ​အားလုံး​တို့​အား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 10,
      "text": "တမန်တော်​တို့​အား ဤ​အကြောင်းအရာ​များ​ကို​ပြောပြ​သော​သူ​တို့​မှာ မာဂဒလ​မြို့သူ​မာရိ၊ ယောဟန္န၊ ယာကုပ်​၏​မိခင်​ဖြစ်​သူ​မာရိ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော အခြား​အမျိုးသမီး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 11,
      "text": "သို့သော် ထို​စကား​များ​သည် တမန်တော်​တို့​အတွက် ယုံတမ်း​စကား​ကဲ့သို့​ဖြစ်​သောကြောင့် သူ​တို့​မ​ယုံ​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 12,
      "text": "သို့ရာတွင် ပေတရု​သည်​ထ​၍ သင်္ချိုင်း​တော်​သို့​ပြေး​သွား​ပြီး ငုံ့ကြည့်​လိုက်​ရာ ပိတ်ထည်​ကို​သာ​တွေ့​သဖြင့်​ထို​အဖြစ်အပျက်​ကို​အံ့သြ​လျက် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 13,
      "text": "ထို​နေ့​၌​ပင် သူ​တို့​ထဲမှ​နှစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ခုနစ်​မိုင်​ခန့်​ဝေး​သည့် ဧမောက်​ဟု​ခေါ်​သော​ရွာ​သို့ သွား​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 14,
      "text": "သူ​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အရာ​အလုံးစုံ​တို့​ကို အချင်းချင်း​ပြောဆို​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 15,
      "text": "ထိုသို့​ပြောဆို​လျက်​ဆွေးနွေး​နေ​ကြ​စဉ် ယေရှု​ကိုယ်တော်​တိုင်​ချဉ်းကပ်​လာ​၍ သူ​တို့​နှင့်အတူ​ကြွ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 16,
      "text": "သို့သော် သူ​တို့​၏​မျက်စိ​သည် ကာဆီး​ထား​ခြင်း​ခံရ​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​မ​မှတ်မိ​ကြ​ချေ။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 17,
      "text": "ကိုယ်တော်​က​လည်း “သင်​တို့​သည် လမ်းသွား​ရင်း မည်သည့်​အကြောင်းအရာ​များ​ကို အချင်းချင်း​ဆွေးနွေး​နေ​ကြ​သနည်း” ​ဟု မေး​တော်မူ​ရာ သူ​တို့​သည် မျက်နှာ​ညှိုးငယ်​လျက်​ရပ်​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 18,
      "text": "ထို့နောက် ကလောဖ​အမည်​ရှိ​သူ​က “သင်​သည်​ဂျေရုဆလင်​မြို့​၌ ဧည့်သည်​အဖြစ်​နေထိုင်​လျက်​ပင် ဤ​ရက်​များ​အတွင်း ထို​မြို့​၌​ဖြစ်ပျက်​ခဲ့​သော​အရာ​များ​ကို သင်​တစ်ဦးတည်း​သာ​မ​သိ​ဘဲ​နေ​သလော”​ဟု ဆို​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 19,
      "text": "ကိုယ်တော်​က​လည်း “မည်သည့်​အရာ​များ​နည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​နှင့်​ပတ်သက်​သော​အရာ​များ​ဖြစ်​၏။ သူ​သည် ဘုရားသခင်​ရှေ့၊ လူ​အပေါင်း​တို့​ရှေ့တွင် လုပ်ဆောင်​မှု​နှင့်​ပြောဆို​မှု​တို့​၌ အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ပရောဖက်​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 20,
      "text": "သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ငါ​တို့​ကို​အုပ်ချုပ်​သူ​များ​သည် သူ့​ကို​သေဒဏ်​စီရင်​ရန်​အပ်နှံ​၍ လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ခဲ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 21,
      "text": "ထို​အရှင်​သည် အစ္စရေး​လူမျိုး​ကို ရွေးနုတ်​ကယ်တင်​မည့်​အရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်လင့်​ထား​ကြ​၏။ ထိုမျှမက ဤ​အမှုအရာ​များ​ဖြစ်ပျက်​ခဲ့​ပြီးနောက် ယခု​သုံး​ရက်​မြောက်​ဖြစ်​သောအခါ"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 22,
      "text": "ငါ​တို့​ထဲမှ အမျိုးသမီး​အချို့​တို့​သည် ငါ​တို့​ကို​အံ့ဩ​ငေးမော​စေ​ကြ​၏။ သူ​တို့​သည် နံနက်​စောစော​သင်္ချိုင်း​သို့​သွား​ကြ​ရာ"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 23,
      "text": "ထို​အရှင်​၏​အလောင်း​ကို​မ​တွေ့​ခဲ့​ကြ​ပေ။ သူ​တို့​သည်​ပြန်လာ​၍ ထို​အရှင်​အသက်ရှင်​လျက်​ရှိ​ကြောင်း​မြွက်ဆို​သည့်​ကောင်းကင်တမန်​များ​ကို ဗျာဒိတ်​ရူပါရုံ​၌​တွေ့မြင်​ရ​ကြောင်း ပြောပြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 24,
      "text": "ငါ​တို့​ထဲမှ လူ​အချို့​တို့​သည် သင်္ချိုင်း​သို့​သွား​ကြ​ရာ အမျိုးသမီး​များ​ပြော​ခဲ့​သည့်​အတိုင်း​ဖြစ်​ပြီး ထို​အရှင်​ကို​မ​တွေ့​ခဲ့​ကြ​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 25,
      "text": "ထိုအခါ ကိုယ်တော်​က “အို မိုက်မဲ​၍ ပရောဖက်​များ​ဟောပြော​ခဲ့​သမျှ​တို့​ကို​ယုံကြည်​ရန် စိတ်နှလုံး​ထိုင်းမှိုင်း​သော​သူ​တို့၊"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 26,
      "text": "ခရစ်တော်​သည် ဤသို့​ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ မိမိ​၏​ဘုန်း​အသရေ​ထဲသို့​ဝင်စား​ရ​မည်​မ​ဟုတ်​လော” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 27,
      "text": "ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 28,
      "text": "သူ​တို့​သွား​နေ​သည့်​ရွာ​အနီး​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ရှေ့​သို့​ခရီး​ဆက်​မည့်​ဟန်​ရှိ​သဖြင့်"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 29,
      "text": "သူ​တို့​က “မိုးချုပ်​ခါနီး​၍ တစ်နေ့တာ​လည်း ကုန်​လုနီး​ပြီ​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​နှင့်အတူ​တည်းခို​ပါ”​ဟု ဆို​လျက် ကိုယ်တော်​ကို​မရအရ​ဖိတ်ခေါ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည်​သူ​တို့​နှင့်အတူ​တည်းခို​ရန် လိုက်​သွား​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 30,
      "text": "သူ​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​သောအခါ ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား ပေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 31,
      "text": "ထိုစဉ် သူ​တို့​၏​မျက်စိ​သည်​ပွင့်​လာ​၍ ကိုယ်တော်​ဖြစ်​ကြောင်း​သိ​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​၏​မြင်ကွင်း​မှ ပျောက်ကွယ်​သွား​လေ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 32,
      "text": "သူ​တို့​က​လည်း “လမ်း​၌ ငါ​တို့​နှင့်​စကား​ပြော​တော်မူ​သောအခါ​၌​ဖြစ်စေ၊ ငါ​တို့​အား ကျမ်းစာ​အနက်​ကို ဖွင့်ပြ​တော်မူ​သောအခါ​၌​ဖြစ်စေ ငါ​တို့​၏​စိတ်နှလုံး​ထဲတွင် မီး​တောက်လောင်​သကဲ့သို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 33,
      "text": "သူ​တို့​သည် ချက်ချင်း​ထ​၍ ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ရာ တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​တို့​နှင့် သူ​တို့​၏​အပေါင်းအဖော်​များ စုဝေး​နေ​ကြ​သည်​ကို​တွေ့​ရ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 34,
      "text": "ထို​သူ​အပေါင်း​တို့​က “သခင်​ဘုရား​သည် အမှန်ပင်​ထမြောက်​တော်မူ​၍ ရှိမုန်​ထံ​ထင်ရှား​ပြ​တော်မူ​ပြီ”​ဟု ပြောဆို​နေ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 35,
      "text": "ထို​သူ​နှစ်​ဦး​တို့​က​လည်း လမ်း​၌​ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​များ​နှင့် မုန့်​ကို​ဖဲ့​တော်မူ​စဉ် ကိုယ်တော်​ဖြစ်ကြောင်း​သိ​ခဲ့​ရ​ပုံ​တို့​ကို ပြောပြ​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 36,
      "text": "ဤ​အကြောင်းအရာ​များ​ကို သူ​တို့​ပြောဆို​နေ​ကြ​စဉ် ကိုယ်တော်​သည် သူ​တို့​အလယ်​၌​ရပ်​လျက် “သင်​တို့​၌​ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 37,
      "text": "သို့သော် သူ​တို့​သည် တစ္ဆေ​ကို​မြင်​နေ​ကြ​သည်​ဟု​ထင်မှတ်​၍ ထိတ်လန့်​ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 38,
      "text": "ကိုယ်တော်​က​လည်း “အဘယ်ကြောင့်​တုန်လှုပ်​ချောက်ချား​ကြ​သနည်း။ အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ သံသယ​ဖြစ်​ကြ​သနည်း။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 39,
      "text": "ငါ့​လက်​နှင့်​ငါ့​ခြေ​တို့​ကို​ကြည့်​ကြ​လော့။ ငါ​ကိုယ်တိုင်​ပင်​ဖြစ်​၏။ ငါ့​ကို​တို့ထိ​စမ်းသပ်​၍ ကြည့်ရှု​ကြ​လော့။ အကြောင်းမူကား တစ္ဆေ​၌ အရိုး​၊ အသား​မ​ရှိ။ ငါ​၌​မူကား သင်​တို့​မြင်​ရ​သည့်​အတိုင်း အရိုး​၊ အသား​ရှိ​၏” ​ဟု"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 40,
      "text": "မိန့်​တော်မူ​ပြီးလျှင် မိမိ​၏​လက်​တော်​နှင့်​ခြေ​တော်​တို့​ကို သူ​တို့​အား ပြ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 41,
      "text": "သူ​တို့​သည် ဝမ်းမြောက်​သဖြင့် မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​၍ အံ့ဩ​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က “ဤ​နေရာ​တွင် စားစရာ​တစ်စုံတစ်ခု​ရှိ​သလော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 42,
      "text": "ထိုအခါ သူ​တို့​သည် ငါး​ကင်​တစ်​ပိုင်း​ကို ကိုယ်တော်​အား ပေး​ကြ​ရာ"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 43,
      "text": "ကိုယ်တော်​သည်​ယူ​၍ သူ​တို့​ရှေ့​တွင် သုံးဆောင်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 44,
      "text": "တစ်ဖန် ကိုယ်တော်​က “သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 45,
      "text": "ထို့နောက် ကျမ်းစာ​ကို​နားလည်​ကြ​စေရန် သူ​တို့​၏​အသိစိတ်​ကို​ဖွင့်​ပေး​တော်မူ​ပြီးလျှင်"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 46,
      "text": "သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ “ကျမ်းစာ​၌​ရေး​ထား​သည်​ကား ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သုံး​ရက်​မြောက်​သော​နေ့​၌ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 47,
      "text": "ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 48,
      "text": "သင်​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 49,
      "text": "ငါ​သည် ငါ့​ခမည်းတော်​၏​ကတိ​တော်​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ သို့သော် သင်​တို့​သည် အထက်​ကောင်းကင်​မှ​တန်ခိုး​ဖြင့် လွှမ်းခြုံ​ခြင်း​ခံရ​သည်​အထိ ဂျေရုဆလင်​မြို့​၌ နေ​ကြ​ဦး​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 50,
      "text": "ထို့နောက် ကိုယ်တော်​သည် ဗေသနိ​ရွာ​သို့​တိုင်အောင် သူ​တို့​ကို​ခေါ်ဆောင်​သွား​ပြီးလျှင် လက်​တော်​ကို​မြှောက်​၍ သူ​တို့​ကို​ကောင်းချီး​ပေး​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 51,
      "text": "ထိုသို့​ကောင်းချီး​ပေး​တော်မူ​စဉ်​၌​ပင် ကိုယ်တော်​သည် သူ​တို့​ထံမှ ခွဲခွာ​၍ ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 52,
      "text": "သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​ပြီးလျှင် အလွန်​ဝမ်းမြောက်​လျက် ဂျေရုဆလင်​မြို့​သို့​ပြန်​သွား​ကြ​ကာ"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 53,
      "text": "ဗိမာန်​တော်​၌ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 1,
      "text": "အစအဦး​၌ နှုတ်ကပတ်တော်​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 2,
      "text": "နှုတ်ကပတ်တော်​သည် အစအဦး​၌ ဘုရားသခင်​နှင့်အတူ​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 3,
      "text": "ခပ်သိမ်း​သော​အရာ​တို့​သည် နှုတ်ကပတ်တော်​အားဖြင့် ဖြစ်လာ​၏။ ဖြစ်လာ​သော​အရာ​တို့​တွင် တစ်စုံတစ်ခု​မျှ နှုတ်ကပတ်တော်​နှင့်​ကင်းလွတ်​၍ ဖြစ်လာ​ခြင်း​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 4,
      "text": "နှုတ်ကပတ်တော်​၌ အသက်​ရှိ​၍ ထို​အသက်​သည် လူ​တို့​၏​အလင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 5,
      "text": "ထို​အလင်း​သည် မှောင်မိုက်​၌​ထွန်းလင်း​၍ မှောင်မိုက်​သည် သူ့​ကို​မ​လွှမ်းမိုး ​နိုင်။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 6,
      "text": "ဘုရားသခင်​ထံမှ​စေလွှတ်​ခြင်း​ခံရ​သော ယောဟန်​အမည်​ရှိ​သူ​တစ်​ဦး​ပေါ်ထွန်း​လာ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 7,
      "text": "လူ​အပေါင်း​တို့​သည် သူ့​အားဖြင့် ယုံကြည်​လာ​မည့်​အကြောင်း သူ​သည် အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန် သက်သေ​အဖြစ်​လာ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 8,
      "text": "သူ​သည်​အလင်း​မ​ဟုတ်။ အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန်​သာ​လာ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 9,
      "text": "စစ်မှန်​သော​အလင်း​သည် ဤ​လောက​သို့​ကြွလာ​၍ လူ​အပေါင်း​တို့​အား အလင်း​ကို​ပေး​သော​အရှင်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 10,
      "text": "ကိုယ်တော်​သည် ဤ​လောက​၌​ရှိ​နှင့်​တော်မူ​၍ ဤ​လောက​သည် ကိုယ်တော်​အားဖြင့်​ဖြစ်လာ​သော်လည်း ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 11,
      "text": "ကိုယ်တော်​သည် မိမိ​အရပ်​သို့​ကြွလာ​သော်လည်း မိမိ​လူမျိုး​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 12,
      "text": "သို့ရာတွင် ကိုယ်တော်​ကို​လက်ခံ​သမျှ​သော​သူ​တည်းဟူသော ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သူ​တို့​အား ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 13,
      "text": "ထို​သားသမီး​တို့​သည် မျိုးရိုး​ဇာတိ​အားဖြင့်​သော်​လည်းကောင်း၊ ကိုယ်ကာယ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း၊ လူ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း မွေးဖွား​ကြ​သည်​မ​ဟုတ်။ ဘုရားသခင်​အားဖြင့်​သာ မွေးဖွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 14,
      "text": "နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 15,
      "text": "ယောဟန်​သည် ထို​အရှင်​၏​အကြောင်း​ကို​သက်သေခံ​လျက် “ငါ့​နောက်​တွင် ကြွလာ​သော​အရှင်​သည် ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေးကြော်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 16,
      "text": "အကျွန်ုပ်​တို့​အားလုံး​သည် ထို​အရှင်​၏​ပြည့်စုံ​တော်မူ​ခြင်း​ထဲမှ ကျေးဇူး​တော်​အပေါ်၌ ထပ်ဆင့်​၍ ကျေးဇူး​တော်​ကို​ခံစား​ရ​ကြ​ပြီ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 17,
      "text": "အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 18,
      "text": "ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 19,
      "text": "ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 20,
      "text": "ယောဟန်​သည် ထိမ်ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်ခံ​၍ “ငါ​သည် ခရစ်တော်​မ​ဟုတ်”​ဟု အတိအလင်း​ပြော​လေ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 21,
      "text": "ထိုအခါ သူ​တို့​က “သို့ဖြစ်လျှင် သင်​သည်​မည်သူ​နည်း။ ဧလိယ​လော”​ဟု မေး​ကြ​သော် ယောဟန်​က “ငါ​သည် ဧလိယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပရောဖက် ​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 22,
      "text": "ထို​သူ​တို့​က​လည်း “သင်​သည်​မည်သူ​နည်း။ ငါ​တို့​ကို​စေလွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေကြား​နိုင်​ရန် သင့်​အကြောင်း​ကို သင်​မည်သို့​ပြော​မည်နည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 23,
      "text": "ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ​ဟောပြော​ခဲ့​သည့်​အတိုင်း ‘ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ဖြောင့်တန်း​စေ​ကြ​လော့’​ဟူ၍ တော​ကန္တာရ​၌​ဟစ်ကြော်​သော​သူ​၏​အသံ​ဖြစ်​၏” ​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 24,
      "text": "ထို​သူ​တို့​သည် ဖာရိရှဲ​တို့​ထဲမှ​စေလွှတ်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 25,
      "text": "တစ်ဖန် သူ​တို့​က “သင်​သည် ခရစ်တော်​မ​ဟုတ်၊ ဧလိယ​လည်း​မ​ဟုတ်၊ ထို​ပရောဖက်​လည်း​မ​ဟုတ်​လျှင် အဘယ်ကြောင့်​ဗတ္တိဇံ​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 26,
      "text": "ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 27,
      "text": "ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 28,
      "text": "ဤ​အခြင်းအရာ​တို့​သည် ယောဟန်​ဗတ္တိဇံ​ပေး​နေ​သော ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ ဗေသနိ​ရွာ​တွင်​ဖြစ်ပျက်​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 29,
      "text": "နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 30,
      "text": "‘ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​၏​အကြောင်း​ပင်​ဖြစ်​သည်။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 31,
      "text": "ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် အစ္စရေး​လူမျိုး​ရှေ့၌ သူ့​ကို​ထင်ရှား​စေရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 32,
      "text": "တစ်ဖန် ယောဟန်​သည် သက်သေခံ​သည်​ကား “ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ ကောင်းကင်​မှ​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို ငါ​မြင်​ရ​ပြီ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 33,
      "text": "ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 34,
      "text": "ငါ​မြင်​ရ​သဖြင့် ဤ​သူ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်သေခံ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 35,
      "text": "နောက်တစ်နေ့​၌ ယောဟန်​သည် တစ်ဖန် မိမိ​၏​တပည့်​နှစ်​ဦး​တို့​နှင့်အတူ ရပ်​နေ​စဉ်"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 36,
      "text": "ယေရှု​ကြွ​တော်မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 37,
      "text": "ထိုသို့ ယောဟန်​ပြောဆို​သည်​ကို တပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 38,
      "text": "ယေရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင် “မည်သည့်​အရာ​ကို​အလိုရှိ​ကြ​သနည်း” ​ဟု မေး​တော်မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်တော်​အဘယ်မှာ​နေ​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အဓိပ္ပာယ်​မှာ ဆရာ​ဟူ၍​ဖြစ်​၏။)"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 39,
      "text": "ယေရှု​က “လာ​ကြ​လော့။ သင်​တို့​သိမြင်​ရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်မူ​ရာ​အရပ်​ကို​တွေ့မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်တော်​နှင့်အတူ​နေ​ခဲ့​ကြ​၏။ ထို​အချိန်​ကား ညနေ​လေး​နာရီ​ခန့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 40,
      "text": "ယောဟန်​၏​စကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲမှ​တစ်​ဦး​သည် ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 41,
      "text": "အန္ဒြေ​သည် မိမိ​အစ်ကို​ရှိမုန်​ကို ဦးစွာ​တွေ့​၍ “ငါ​တို့​သည် မေရှိယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက်"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 42,
      "text": "သူ့​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​၏။ (မေရှိယ​၏​အဓိပ္ပာယ်​မှာ ဘိသိက်​ခံရ​သူ​ဟူ၍​ဖြစ်​၏။) ယေရှု​သည် ရှိမုန်​ကို​စူးစိုက်​ကြည့်​၍ “သင်​သည် ယောဟန်​၏​သား​ရှိမုန်​ဖြစ်​၏။ သင်​သည် ကေဖ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။ (ကေဖ​၏​အဓိပ္ပာယ်​မှာ ကျောက်​ဟူ၍​ဖြစ်​၏။)"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 43,
      "text": "နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင် “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 44,
      "text": "ဖိလိပ္ပု​သည် အန္ဒြေ​နှင့်​ပေတရု​တို့​၏​ဇာတိ​မြို့​ဖြစ်​သော ဗက်ဇဲဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 45,
      "text": "ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 46,
      "text": "နာသနေလ​က​လည်း “နာဇရက်​မြို့​ထဲမှ ကောင်း​သော​အရာ​တစ်စုံတစ်ခု​ထွက်​နိုင်​သလော”​ဟု ဆို​သော် ဖိလိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 47,
      "text": "ယေရှု​သည် မိမိ​ထံသို့ နာသနေလ​လာ​နေ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ စစ်မှန်​သော​အစ္စရေး​အမျိုးသား​ပေတည်း။ သူ​၌​စဉ်းလဲ​ခြင်း​မ​ရှိ” ​ဟု သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 48,
      "text": "နာသနေလ​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​ကို မည်သို့​သိ​ပါ​သနည်း”​ဟု မေးလျှောက်​သော် ယေရှု​က “ဖိလိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သဖန်းပင်​အောက်၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 49,
      "text": "နာသနေလ​က “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စရေး​ဘုရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 50,
      "text": "ယေရှု​က​လည်း “သဖန်းပင်​အောက်၌ သင့်​ကို ငါ​မြင်​သည်​ဟု​ဆို​သောကြောင့် သင်​ယုံကြည်​သလော။ ဤ​ထက်​ကြီးမြတ်​သော​အရာ​များ​ကို သင်​မြင်​ရ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 51,
      "text": "“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​သည်​ပွင့်​လျက် ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် လူ့သား​၏​အပေါ်တွင် တက်​လျက်​ဆင်း​လျက်​နေ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ ဂါလိလဲ​နယ်၊ ကာန​မြို့​တွင် မင်္ဂလာဆောင်​ပွဲ​တစ်​ခု​ကျင်းပ​ရာ ယေရှု​၏​မယ်တော်​သည် ထို​နေရာ​၌​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 2,
      "text": "ယေရှု​နှင့်​တပည့်​တော်​တို့​သည်​လည်း ထို​မင်္ဂလာဆောင်​ပွဲ​သို့​ဖိတ်ခေါ်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 3,
      "text": "စပျစ်​ဝိုင်​ကုန်​သောအခါ ယေရှု​၏​မယ်တော်​က “သူ​တို့​တွင် စပျစ်​ဝိုင်​မ​ရှိ​တော့​ပါ”​ဟု ပြောကြား​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 4,
      "text": "ယေရှု​က​လည်း “အသင်​အမျိုးသမီး၊ ဤ​အမှု​၌ သင်​နှင့်​ငါ မည်သို့​ဆိုင်​သနည်း။ ငါ့​အချိန်​မ​ရောက်​သေး” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 5,
      "text": "မယ်တော်​သည် အစေခံ​တို့​အား “သူ​စေခိုင်း​သမျှ​တို့​ကို ဆောင်ရွက်​ကြ​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 6,
      "text": "ထို​နေရာ​၌ ဂျူး​လူမျိုး​တို့​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ဂါလံ​နှစ်ဆယ်၊ သုံးဆယ်​ခန့်​စီ​ဆန့်​သော ကျောက်​ရေအိုး​ခြောက်​လုံး​ထား​လျက်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 7,
      "text": "ယေရှု​က “ဤ​ရေအိုး​များ​ကို ရေ​ဖြည့်​ကြ​လော့” ​ဟု အစေခံ​တို့​အား မိန့်​တော်မူ​လျှင် သူ​တို့​သည် အိုး​နှုတ်ခမ်း​အထိ​ဖြည့်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 8,
      "text": "တစ်ဖန် “ယခု​ခပ်​၍ ပွဲအုပ်​ထံသို့​ယူ​သွား​ကြ​လော့” ​ဟု မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည်​ယူ​သွား​ကြ​ရာ"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 9,
      "text": "ပွဲအုပ်​သည် စပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်းစမ်း​၏။ ရေ​ခပ်​ခဲ့​သော​အစေခံ​တို့​သည် ထို​စပျစ်ဝိုင်​ကို အဘယ်က​ရ​သည်​ကို​သိ​ကြ​သော်လည်း ပွဲအုပ်​သည် မ​သိ​သဖြင့် သတို့သား​ကို​ခေါ်​၍"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 10,
      "text": "“လူ​တိုင်း ကောင်း​သော​စပျစ်​ဝိုင်​ကို ဦးစွာ​ချ​ပေး​ပြီး လူ​တို့​ယစ်မူး​ကြ​သောအခါ​မှ အညံ့​ကို​ချပေး​လေ့​ရှိ​၏။ သင်​မူကား ကောင်း​သော​စပျစ်​ဝိုင်​ကို ယခု​အထိ သိမ်း​ထား​ပြီ​တကား”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 11,
      "text": "ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 12,
      "text": "ထို့နောက် ကိုယ်တော်​သည် မယ်တော်၊ ညီ​တော်​များ၊ တပည့်​တော်​များ​နှင့်အတူ ကပေရနောင်​မြို့​သို့​ကြွ​၍ ထို​မြို့​၌ ရက်​အနည်းငယ်​နေ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 13,
      "text": "ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​ကြွ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 14,
      "text": "ဗိမာန်​တော်​၌ သိုး၊ နွား​နှင့် ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှစ၍ ငွေလဲ​ပွဲစား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်မူ​ရာ"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 15,
      "text": "ကိုယ်တော်​သည် ကြိုး​များ​ဖြင့် ကျာပွတ်​ကို​ပြုလုပ်​ပြီးလျှင် သိုး၊ နွား​တို့​နှင့်တကွ ထို​သူ​အပေါင်း​တို့​ကို ဗိမာန်​တော်​ထဲမှ​နှင်ထုတ်​၍ ငွေကြေး​လဲလှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်ချ​ကာ သူ​တို့​၏​စားပွဲ​များ​ကို​မှောက်လှန်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 16,
      "text": "ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း “ဤ​ဥစ္စာ​များ​ကို ဤ​နေရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 17,
      "text": "“ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ကို တပည့်​တော်​တို့​သည် သတိရ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 18,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​က ကိုယ်တော်​အား “သင်​သည် ဤသို့​ပြု​ခြင်း​အတွက် မည်သည့်​နိမိတ်​လက္ခဏာ​ကို ငါ​တို့​အား​ပြ​မည်နည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 19,
      "text": "ယေရှု​က​လည်း “ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​ကြ​လော့။ ငါ​သည် ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်” ​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 20,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “ဤ​ဗိမာန်​တော်​ကို​တည်ဆောက်​ရန် လေးဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူကား ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 21,
      "text": "သို့ရာတွင် ယေရှု​သည် မိမိ​ကိုယ်ခန္ဓာ​တည်းဟူသော​ဗိမာန်​တော်​ကို ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 22,
      "text": "ထို့ကြောင့် ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သော​ဤ​စကား​ကို ပြန်လည်​သတိရ​ကာ ကျမ်းစာ​နှင့် ယေရှု​မိန့်​တော်မူ​သော​စကား​ကို ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 23,
      "text": "ပသခါ​ပွဲတော်​အတောအတွင်း ဂျေရုဆလင်​မြို့​၌ ယေရှု​ရှိ​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​တို့​ကို မြင်​ရ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 24,
      "text": "သို့သော် ယေရှု​သည် မိမိကိုယ်ကို သူ​တို့​ထံ၌​ပုံအပ်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် လူ​ခပ်သိမ်း​တို့​ကို​သိ​တော်မူ​၍"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 25,
      "text": "လူ​၏​စိတ်​ထဲ၌​ရှိ​သော​အရာ​ကို​သိ​တော်မူ​သောကြောင့် လူ​၏​အကြောင်း​ကို မည်သူ​က​မျှ သက်သေခံ​ပေး​ရန်​မ​လိုအပ်​ပေ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 1,
      "text": "ဖာရိရှဲ​တို့​ထဲတွင် နိကောဒင်​အမည်​ရှိ​သော ဂျူး​လူမျိုး​တို့​၏​အကြီးအကဲ​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 2,
      "text": "သူ​သည် ည​အခါ ယေရှု​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​သော​ဆရာ​ဖြစ်​ကြောင်း​ကို အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​အတူ​ပါရှိ​တော်​မ​မူ​လျှင် ကိုယ်တော်​ပြု​နေ​သော ဤ​နိမိတ်​လက္ခဏာ​များ​ကို မည်သူမျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 3,
      "text": "ယေရှု​က “သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​နိုင်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 4,
      "text": "နိကောဒင်​က​လည်း “အသက်ကြီး​သော​သူ​သည် မည်ကဲ့သို့ မွေးဖွား​ခြင်း​ခံ​နိုင်​မည်နည်း။ သူ့​မိခင်​၏​ဝမ်း​ထဲသို့ နောက်တစ်ဖန်​ဝင်​၍ မွေးဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 5,
      "text": "ယေရှု​က “သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​မ​ဝင်​နိုင်။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 6,
      "text": "အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 7,
      "text": "‘သင်​တို့​သည် အသစ်တစ်ဖန်​မွေးဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သောကြောင့် မ​အံ့သြ​နှင့်။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 8,
      "text": "လေ​သည် အလိုရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အသံ​ကို​ကြား​ရ​သော်လည်း မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​သူ​တိုင်း​လည်း ထိုနည်းတူ​ဖြစ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 9,
      "text": "နိကောဒင်​က​လည်း “ဤ​အရာ​တို့​သည် မည်သို့​ဖြစ်​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​ပြန်​သော်"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 10,
      "text": "ယေရှု​က “သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဆရာ​ဖြစ်​လျက်​နှင့် ဤ​အရာ​များ​ကို နား​မ​လည်​သလော။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 11,
      "text": "သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို​ပြောဆို​လျက် ကိုယ်​မြင်​သော​အရာ​ကို​သက်သေခံ​၏။ သို့သော် သင်​တို့​သည် ငါ​တို့​၏​သက်သေခံ​ချက်​ကို​လက်​မ​ခံ​ကြ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 12,
      "text": "လောက​နှင့်ဆိုင်သော​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံကြည်​ကြ​လျှင် ကောင်းကင်​နှင့်ဆိုင်သော​အရာ​များ​ကို ငါ​ပြော​သောအခါ သင်​တို့​သည် မည်သို့​ယုံကြည်​ကြ​မည်နည်း။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 13,
      "text": "ကောင်းကင်​မှ​ဆင်းသက်​သော​လူ့သား​မှတစ်ပါး ကောင်းကင်​သို့​တက်​သွား​ခဲ့​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 14,
      "text": "မောရှေ​သည် တော​ကန္တာရ​၌ မြွေ​ကို​မြှောက်​ထား​သကဲ့သို့ လူ့သား​သည်​လည်း သူ့​ကို​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန် မြှောက်​ထား​ခြင်း​ခံရ​မည်။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 16,
      "text": "ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 17,
      "text": "ဘုရားသခင်​သည် သား​တော်​ကို ဤ​လောက​သို့​စေလွှတ်​တော်မူ​သည်​မှာ လောကီသား​တို့​ကို ပြစ်ဒဏ်​စီရင်​ရန်​မ​ဟုတ်။ လောကီသား​တို့​သည် သား​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 18,
      "text": "သား​တော်​ကို​ယုံကြည်​သော​သူ​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​မ​ခံရ။ မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​၏​တစ်ပါးတည်း​သော​သား​တော်​၏​နာမ​တော်​ကို မ​ယုံကြည်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 19,
      "text": "စီရင်​ဆုံးဖြတ်​ချက်​ကား ဤသို့​ဖြစ်​၏။ အလင်း​သည် ဤ​လောက​သို့​ရောက်ရှိ​ပြီ​ဖြစ်​သော်လည်း လူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​မကောင်း​သောကြောင့် အလင်း​ထက် အမှောင်​ကို ပို၍​နှစ်သက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 20,
      "text": "ဆိုးညစ်​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တိုင်း အလင်း​ကို​မုန်း​လျက် မိမိ​ပြု​သော​အမှု​များ ဖော်ပြ​ခြင်း​ခံရ​မည်​ကို​စိုးရိမ်​သဖြင့် အလင်း​ထံသို့​မ​ချဉ်းကပ်​ကြ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 21,
      "text": "သမ္မာတရား​ကို​ကျင့်သုံး​သော​သူ​မူကား မိမိ​ပြု​သော​အမှု​များ​သည် ဘုရားသခင်​အားဖြင့်​ပြု​ခြင်း​ဖြစ်​ကြောင်း ထင်ရှား​စေရန် အလင်း​ထံသို့​ချဉ်းကပ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 22,
      "text": "ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်တကွ ယုဒ​နယ်​သို့​ကြွ​တော်မူ​ပြီး ထို​အရပ်​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဗတ္တိဇံ​ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 23,
      "text": "ယောဟန်​သည်​လည်း ရှာလိမ်​မြို့​အနီး အဲနုန်​အရပ်​တွင် ရေ​များစွာ​ရှိ​သောကြောင့် ထို​အရပ်​၌ ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​တို့​သည်​လာ​၍ ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 24,
      "text": "(ယောဟန်​သည် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​မ​ခံရ​သေး​သောကြောင့်​ဖြစ်​၏။)"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 25,
      "text": "ထိုအခါ ယောဟန်​၏​တပည့်​တို့​သည် စင်ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်သက်၍ ဂျူး​လူမျိုး​တစ်​ဦး​နှင့်​ငြင်းခုံ​ဆွေးနွေး​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 26,
      "text": "သူ​တို့​သည် ယောဟန်​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၌ ရဗ္ဗိ​နှင့်အတူ​ရှိ​၍ ရဗ္ဗိ​က သက်သေခံ​ပေး​ခဲ့​သူ​သည် ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​အပေါင်း​တို့​သည် သူ့​ထံသို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 27,
      "text": "ယောဟန်​က “ကောင်းကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 28,
      "text": "‘ငါ​သည် ခရစ်တော်​မ​ဟုတ်။ သူ့​ရှေ့၌​စေလွှတ်​ခြင်း​ခံရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 29,
      "text": "သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 30,
      "text": "ထို​အရှင်​သည် တိုးပွား​ရ​မည်။ ငါ​မူကား ဆုတ်ယုတ်​ရ​မည်”​ဟု ပြန်ပြော​လေ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 31,
      "text": "အထက်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။ မြေကြီး​မှ​ဖြစ်​သော​သူ​သည် မြေကြီး​နှင့်ဆိုင်​၍ မြေကြီး​နှင့်ဆိုင်သော​အရာ​ကို​ပြောဆို​တတ်​၏။ ကောင်းကင်​မှ​ကြွလာ​သော​အရှင်​သည် အလုံးစုံ​တို့​၏​အထွတ်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 32,
      "text": "ကိုယ်တော်​သည် မိမိ​မြင်​ခဲ့၊ ကြား​ခဲ့​ရ​သော​အရာ​ကို သက်သေခံ​သော်လည်း ကိုယ်တော်​၏​သက်သေခံ​ချက်​ကို မည်သူမျှ​လက်​မ​ခံ​ကြ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 33,
      "text": "ကိုယ်တော်​၏​သက်သေခံ​ချက်​ကို လက်ခံ​သော​သူ​ကား ဘုရားသခင်​သည်​ဖြောင့်မှန်​တော်မူ​ကြောင်း တံဆိပ်​ခတ်နှိပ်​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 34,
      "text": "ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​များ​ကို​မြွက်ဆို​တတ်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို အတိုင်းအဆ​မ​ရှိ​ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 35,
      "text": "ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​ကို သား​တော်​လက်​သို့​ပေးအပ်​တော်မူ​ပြီ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 36,
      "text": "သား​တော်​ကို​ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရ​၏။ သား​တော်​ကို​မ​နာခံ​သော​သူ​မူကား အသက်​ကို​မ​တွေ့​မ​မြင်​ရ​သည်​သာမက ဘုရားသခင်​၏​အမျက်​တော်​သည် သူ့​အပေါ်၌​တည်​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 1,
      "text": "ယေရှု​သည် ယောဟန်​ထက် ပို၍​များ​သော​သူ​တို့​ကို​တပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိဇံ​ပေး​နေ​သည်​ဟု ဖာရိရှဲ​တို့​ကြားသိ​ကြောင်း ယေရှု​သိ​တော်မူ​သောအခါ"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 2,
      "text": "(အမှန်အားဖြင့် ယေရှု​ကိုယ်တိုင်​ဗတ္တိဇံ​ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။)"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 3,
      "text": "ကိုယ်တော်​သည် ယုဒ​နယ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့ တစ်ဖန်​ကြွ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 4,
      "text": "ကိုယ်တော်​သည် ရှမာရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်၍"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 5,
      "text": "ယာကုပ်​က မိမိ​၏​သား​ယောသပ်​အား ပေး​ခဲ့​သည့်​မြေကွက်​အနီး​ရှိ ရှုခါ​ဟု​ခေါ်​သော ရှမာရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 6,
      "text": "ထို​အရပ်​၌ ယာကုပ်​၏​ရေတွင်း​ရှိ​လေ​ရာ ယေရှု​သည် ခရီးပန်း​သဖြင့် ထို​ရေတွင်း​နား​မှာ​ထိုင်​နေ​တော်မူ​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 7,
      "text": "ရှမာရိ​အမျိုးသမီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်ရှိ​လာ​ရာ ယေရှု​က “ငါ​သောက်​ဖို့​ရေ​ပေး​ပါ” ​ဟု ထို​အမျိုးသမီး​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 8,
      "text": "တပည့်​တော်​တို့​ကား အစားအစာ​ဝယ်​ရန် မြို့​ထဲသို့​သွား​နေ​ခိုက်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 9,
      "text": "ထို​ရှမာရိ​အမျိုးသမီး​က​လည်း “သင်​သည် ဂျူး​လူမျိုး​ဖြစ်​လျက်​နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်​သော​ကျွန်မ​ထံမှ သောက်​ရေ​ကို အဘယ်ကြောင့်​တောင်း​ရ​သနည်း”​ဟု ဆို​၏။ [ထိုသို့​ဆို​သည့်​အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ရှမာရိ​နယ်သား​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​လေ့​မ​ရှိ​သောကြောင့်​ဖြစ်​၏။]"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 10,
      "text": "ယေရှု​က​လည်း “ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 11,
      "text": "ထို​အမျိုးသမီး​က “အရှင်၊ အရှင့်​မှာ​ရေ​ခပ်​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ဤ​ရေတွင်း​လည်း​နက်​သည်​ဖြစ်၍ ထို​အသက်​ရေ​ကို အဘယ်က​ရ​ပါ​မည်နည်း။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 12,
      "text": "အရှင်​သည် ကျွန်မ​တို့​၏​အဖ ယာကုပ်​ထက် ကြီးမြတ်​ပါ​သလော။ ယာကုပ်​သည် ဤ​ရေတွင်း​ကို ကျွန်မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်တိုင်​မှစ၍ သူ​၏​သား​သမီး​များ​နှင့် သူ​မွေးမြူ​သော​တိရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 13,
      "text": "ယေရှု​က​လည်း “ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်တစ်ဖန်​ရေငတ်​ဦး​မည်။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 14,
      "text": "ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 15,
      "text": "ထို​အမျိုးသမီး​က “အရှင်၊ ကျွန်မ​သည် ရေ​မ​ငတ်​စေရန်​နှင့် ဤ​နေရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်မ​အား​ပေး​တော်မူ​ပါ”​ဟု လျှောက်​လျှင်"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 16,
      "text": "ယေရှု​က “သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေရာ​သို့​လာ​ခဲ့​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 17,
      "text": "ထို​အမျိုးသမီး​က​လည်း “ကျွန်မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေရှု​က “ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 18,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သောကြောင့် သင်​ပြော​သော​စကား​သည် မှန်​ပေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 19,
      "text": "ထို​အမျိုးသမီး​က​လည်း “အရှင်၊ အရှင်​သည် ပရောဖက်​ဖြစ်​သည်​ကို ကျွန်မ​ရိပ်မိ​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 20,
      "text": "ကျွန်မ​တို့​၏​ဘိုးဘေး​များ​သည် ဤ​တောင်​ပေါ်၌ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ပါ​၏။ အရှင်​တို့​က​မူ ဝတ်ပြု​ကိုးကွယ်​ရ​မည့်​နေရာ​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သည်​ဟူ၍ ပြောဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 21,
      "text": "ယေရှု​က “အသင်​မိန်းမ၊ ငါ့​စကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်၌​လည်း​မ​ဟုတ်၊ ဂျေရုဆလင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အရပ်​တွင် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ကာလ​ရောက်​လာ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 22,
      "text": "ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 23,
      "text": "သို့သော် စစ်မှန်​သော​ကိုးကွယ်​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ခမည်းတော်​ကို ကိုးကွယ်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် ထိုသို့​ကိုးကွယ်​သော​သူ​တို့​ကို အလိုရှိ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 24,
      "text": "ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 25,
      "text": "ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင်"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 26,
      "text": "ယေရှု​က “သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 27,
      "text": "ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 28,
      "text": "ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင်"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 29,
      "text": "“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့်"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 30,
      "text": "လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 31,
      "text": "ထို​အချိန်​အတောအတွင်း​၌ တပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံးဆောင်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​ပန်ကြား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 32,
      "text": "သို့သော် ကိုယ်တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စားစရာ​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 33,
      "text": "ထို့ကြောင့် တပည့်​တော်​တို့​က “တစ်စုံတစ်ယောက်​သည် ကိုယ်တော်​အား စား​စရာ​ကို​ယူလာ​ပေး​ပြီ​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 34,
      "text": "ယေရှု​က​လည်း “ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​၏​အလို​တော်​ကို ဆောင်ရွက်​၍ သူ​၏​အမှု​တော်​ကို​ပြီးမြောက်​စေ​ခြင်း​သည် ငါ​၏​အစားအစာ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 35,
      "text": "သင်​တို့​က ‘ရိတ်သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်ပြင်​တို့​ကို မျှော်ကြည့်​ကြ​လော့။ ရိတ်သိမ်း​ရန်​အသင့်​ရှိ​လျက် ဝင်းမှည့်​နေ​ပြီ။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 36,
      "text": "မျိုးကြဲ​သော​သူ​နှင့်​ရိတ်သိမ်း​သော​သူ​သည် အတူတကွ​ဝမ်းမြောက်​ကြ​မည့်​အကြောင်း ရိတ်သိမ်း​သော​သူ​သည် ဆုလာဘ်​ကို​ရရှိ​လျက် ထာဝရ​အသက်​အတွက် အသီးအနှံ​ကို​စုသိမ်း​နှင့်​ပြီ။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 37,
      "text": "ထို့ကြောင့် ‘တစ်​ဦး​က မျိုးကြဲ​လျက် အခြား​တစ်​ဦး​က ရိတ်သိမ်း​၏’​ဟူသော​ဆိုရိုး​စကား​သည် ဤ​နေရာ​၌ မှန်ကန်​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 38,
      "text": "သင်​တို့​လုပ်အား​မ​စိုက်​ခဲ့​သော​အရာ​ကို ရိတ်သိမ်း​ရန် သင်​တို့​အား ငါ​စေလွှတ်​၏။ အခြား​သော​သူ​တို့​သည် လုပ်အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အားစိုက်​မှု​ရလဒ်​၌ ပါဝင်​ရ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 39,
      "text": "“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 40,
      "text": "သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 41,
      "text": "ထိုအခါ ပို၍​များစွာ​သော​သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကြောင့် ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 42,
      "text": "သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင်​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 43,
      "text": "နှစ်​ရက်​လွန်​သော် ကိုယ်တော်​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 44,
      "text": "ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​၌ ဂုဏ်သရေ​မ​ရှိ​ကြောင်း ယေရှု​ကိုယ်တိုင်​သက်သေခံ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 45,
      "text": "ဂါလိလဲ​နယ်​သို့​ရောက်​တော်မူ​သောအခါ ဂါလိလဲ​နယ်သား​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​လက်ခံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည်​လည်း ပွဲတော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲတော်​ကာလ​အတွင်း ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှုအရာ​အားလုံး​တို့​ကို မြင်​ခဲ့​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 46,
      "text": "ထို့နောက် ယေရှု​သည် ရေ​ကို​စပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါလိလဲ​နယ်၊ ကာန​မြို့​သို့ တစ်ဖန်​ကြွ​တော်မူ​၏။ ထိုအခါ​၌ ကပေရနောင်​မြို့​တွင် မှူးမတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာမကျန်း​ဖြစ်​နေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 47,
      "text": "ယုဒ​နယ်​မှ ဂါလိလဲ​နယ်​သို့ ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို ထို​မှူးမတ်​သည်​ကြား​သောအခါ သူ​၏​သား သေ​အံ့ဆဲဆဲ​ဖြစ်​သောကြောင့် ကိုယ်တော်​ထံသို့​သွား​ပြီးလျှင် ကြွလာ​၍ သား​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​ရန် တောင်းပန်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 48,
      "text": "ယေရှု​က​လည်း “သင်​တို့​သည် နိမိတ်​လက္ခဏာ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို မ​မြင်​ရ​လျှင် မည်သည့်​အခါ​မျှ ယုံကြည်​ကြ​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 49,
      "text": "ထို​မှူးမတ်​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​သား​မ​သေ​မီ ကြွလာ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 50,
      "text": "ယေရှု​က​လည်း “သွား​လော့။ သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ” ​ဟု မိန့်​တော်မူ​၏။ ထို​မှူးမတ်​သည် မိမိ​အား ယေရှု​မိန့်​တော်မူ​သော​စကား​ကို​ယုံကြည်​၍ ပြန်​သွား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 51,
      "text": "အပြန်​လမ်း​တွင် သူ​၏​အစေအပါး​တို့​သည် သူ့​ကို​ဆီးကြို​လျက် သူ့​သား​အသက်​ချမ်းသာ​ရာ​ရ​ပြီ​ဖြစ်​ကြောင်း ပြောကြား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 52,
      "text": "ထိုအခါ သူ​သည် မိမိ​၏​သား သက်သာ​သွား​သည့်​အချိန်​ကို အစေခံ​တို့​အား​မေးမြန်း​လျှင် သူ​တို့​က “မနေ့​မွန်းလွဲ​တစ်​နာရီ​တွင် အဖျား​ပျောက်​သွား​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 53,
      "text": "ထို​အချိန်​သည် “သင်​၏​သား အသက်​ချမ်းသာ​ရာ​ရ​ပြီ” ​ဟု ယေရှု​မိန့်​တော်မူ​သော​အချိန်​ဖြစ်​ကြောင်း​ကို ဖခင်​သိ​သဖြင့် သူ​ကိုယ်တိုင်​မှစ၍ သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​သည် ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 54,
      "text": "ဤသည်ကား ယုဒ​နယ်​မှ ဂါလိလဲ​နယ်​ထဲသို့ ယေရှု​ကြွလာ​တော်မူ​ပြီးနောက် ထပ်မံ​၍​ပြု​တော်မူ​သော ဒုတိယ​နိမိတ်​လက္ခဏာ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 1,
      "text": "ထို့နောက် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 2,
      "text": "ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 3,
      "text": "ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 4,
      "text": "အကြောင်းမှာ ကောင်းကင်တမန်​သည် ရေကန်​သို့ တစ်ခါတစ်ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်ရှား​စေ​တတ်​၏။ ထိုသို့ ရေ​လှုပ်ရှား​သည့်​နောက် ရေ​ထဲသို့ အဦးဆုံး​ဆင်း​သော​သူ​သည် မည်သည့်​ရောဂါ​စွဲကပ်​နေ​သည်​ဖြစ်စေ ရောဂါ​ပျောက်ကင်း​တတ်​၏။]"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 5,
      "text": "ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 6,
      "text": "ထို​သူ​လဲလျောင်း​နေ​သည်​ကို ယေရှု​မြင်​တော်မူ​၍ ကာလ​ကြာမြင့်​စွာ​ခံစား​နေ​ရ​သော​အဖြစ်​ကို​သိ​သဖြင့် “သင်​သည် အကောင်း​ပကတိ​ဖြစ်​လို​သလော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 7,
      "text": "နာမကျန်း​ဖြစ်​သူ​က “သခင်​ဘုရား၊ ရေ​လှုပ်ရှား​သောအခါ အကျွန်ုပ်​ကို ရေကန်​ထဲသို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အကျွန်ုပ်​ဆင်းသွား​မည်​ပြု​စဉ်​တွင် အခြား​သော​သူ​သည် အကျွန်ုပ်​ထက် အလျင်​ဦးစွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 8,
      "text": "ယေရှု​က​လည်း “ထ​လော့။ သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့” ​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 9,
      "text": "ထို​သူ​သည် ချက်ချင်း​အကောင်း​ပကတိ​ဖြစ်​လာ​၍ မိမိ​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လေ​၏။ ထို​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 10,
      "text": "သို့ဖြစ်၍ ဂျူး​လူမျိုး​တို့​က “ယနေ့​သည် ဥပုသ်နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်ရာ​ကို​ဆောင်ယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ”​ဟု ရောဂါ​ပျောက်ကင်း​သော​ထို​သူ​အား ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 11,
      "text": "ထို​သူ​က​လည်း “အကျွန်ုပ်​ကို​အကောင်း​ပကတိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 12,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “‘အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 13,
      "text": "သို့ရာတွင် အကောင်း​ပကတိ​ဖြစ်​လာ​သော​သူ​သည် ထိုသို့​မိန့်​တော်မူ​သော​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​မ​သိ။ အဘယ်ကြောင့်​ဆိုသော် ထို​အရပ်​၌ လူ​အစုအဝေး​ရှိ​နေ​စဉ် ယေရှု​သည် မထင်မရှား​ထွက်သွား​တော်မူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 14,
      "text": "ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍ “ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 15,
      "text": "ထို​သူ​သည်​သွား​၍ မိမိ​ကို​အကောင်း​ပကတိ​ဖြစ်​စေ​ခဲ့​သူ​မှာ ယေရှု​ဖြစ်​ကြောင်း ဂျူး​လူမျိုး​တို့​အား ပြောကြား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 16,
      "text": "ယေရှု​သည် ဤ​အရာ​များ​ကို ဥပုသ်နေ့​၌​ပြု​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို လိုက်လံ​ညှဉ်းဆဲ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 17,
      "text": "သို့ရာတွင် ယေရှု​က “ငါ့​ခမည်းတော်​သည် ယခု​တိုင်အောင် အလုပ်​လုပ်​တော်မူ​သည်​ဖြစ်၍ ငါ​သည်​လည်း​အလုပ်​လုပ်​၏” ​ဟု သူ​တို့​အား​ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 18,
      "text": "ထို​အတွက်​ကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ပို၍​ကြိုးစား​ရှာကြံ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ယေရှု​သည် ဥပုသ်နေ့​ကို​ဖောက်ဖျက်​သည်​သာမက ဘုရားသခင်​ကို​မိမိ​၏​ခမည်းတော်​ဟု​ခေါ်​လျက် မိမိကိုယ်ကို ဘုရားသခင်​နှင့်​တန်းတူ​ထား​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 19,
      "text": "ထိုအခါ ယေရှု​က “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သား​တော်​သည် ခမည်းတော်​ပြု​တော်မူ​သော​အရာ​ကို​မြင်​၍ ပြု​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မိမိ​ဆန္ဒ​အလျောက်​မ​ပြု​နိုင်။ အကြောင်းမူကား ခမည်းတော်​ပြု​တော်မူ​သမျှ​အတိုင်း သား​တော်​လည်း​ပြု​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 20,
      "text": "ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​သောကြောင့် မိမိ​ပြု​တော်မူ​သမျှ​တို့​ကို သား​တော်​အား​ပြ​တော်မူ​၏။ သင်​တို့​အံ့သြ​ခြင်း​ရှိ​ကြ​စေရန် ဤ​ထက်​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 21,
      "text": "ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 22,
      "text": "လူ​အပေါင်း​တို့​သည် ခမည်းတော်​ကို​ရိုသေ​သကဲ့သို့ သား​တော်​ကို​ရိုသေ​ကြ​ရန် ခမည်းတော်​သည် မည်သူ့​ကို​မျှ​တရား​စီရင်​တော်​မ​မူ​ဘဲ တရား​စီရင်​ခြင်း​အခွင့်​ရှိသမျှ​ကို သား​တော်​အား​ပေးအပ်​တော်မူ​ပြီ​။ သား​တော်​ကို​မ​ရိုသေ​သော​သူ​သည် သား​တော်​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကို​မ​ရိုသေ​။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 24,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​သည်​ဖြစ်၍ အပြစ်​စီရင်​ခြင်း​ကို​မ​ခံရ​ဘဲ သေ​ခြင်း​မှ အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 25,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သေလွန်​သော​သူ​တို့​သည် ဘုရားသခင်​သား​တော်​၏​အသံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အသက်ရှင်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်​လာ​လေ​ပြီ။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 26,
      "text": "အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 27,
      "text": "သား​တော်​သည် လူ့သား​ဖြစ်​သောကြောင့် ခမည်းတော်​သည် တရား​စီရင်​ပိုင်ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်မူ​ပြီ။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 28,
      "text": "ဤ​အမှုအရာ​ကို အံ့သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် သား​တော်​၏​အသံ​ကို​ကြား​၍"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 29,
      "text": "ထွက်လာ​မည့်​အချိန်​ရောက်​လာ​လိမ့်မည်။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း၊ ဆိုးညစ်​သော​အမှု​ကို​ပြုကျင့်​သော​သူ​တို့​သည် အပြစ်​စီရင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း အသီးသီး​ထွက်လာ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 30,
      "text": "ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အတိုင်း​သာ တရား​စီရင်​၍ ကိုယ့်​အလို​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို လိုက်နာ​သောကြောင့် ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် ဖြောင့်မတ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 31,
      "text": "ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​လျှင် ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 32,
      "text": "ငါ့​အကြောင်း​ကို​သက်သေခံ​သည့် အခြား​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထို​အရှင်​ပေး​သည့် ငါ​နှင့်​ပတ်သက်​သော​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို ငါ​သိ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 33,
      "text": "သင်​တို့​သည် ယောဟန်​ထံသို့ လူ​ကို​စေလွှတ်​ကြ​ရာ သူ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 34,
      "text": "ထိုသို့ဆိုသော် လူ​၏​သက်သေခံ​ချက်​ကို ငါ​ခံယူ​သည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​ကယ်တင်​ခြင်း​ခံရ​ရန် ဤ​အရာ​များ​ကို ငါ​ပြော​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 35,
      "text": "ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 36,
      "text": "ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 37,
      "text": "ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကိုယ်တိုင်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏။ သင်​တို့​မူကား တစ်ခါမျှ သူ​၏​အသံ​တော်​ကို​မ​ကြား၊ အဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 38,
      "text": "သူ​၏​နှုတ်ကပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ခမည်းတော်​စေလွှတ်​တော်မူ​သော​သူ​ကို သင်​တို့​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 39,
      "text": "သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 40,
      "text": "သို့သော် သင်​တို့​သည် အသက်​ကို​ရရှိ​ရန် ငါ့​ထံသို့​မ​လာ​လို​ကြ။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 41,
      "text": "ငါ​သည် လူ​တို့​ပေး​သော ဘုန်း​အသရေ​ကို​မ​ခံ​မ​ယူ။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 42,
      "text": "မည်သို့ပင်ဖြစ်စေ သင်​တို့​၌ ဘုရားသခင်​ကို​ချစ်​သော​စိတ်​မ​ရှိ​ကြောင်း​ကို ငါ​သိ​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 43,
      "text": "ငါ​သည် ငါ့​ခမည်းတော်​၏​နာမ​အားဖြင့် ရောက်လာ​သော်လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အခြား​သော​သူ​သည် မိမိ​ကိုယ်ပိုင်​နာမ​အားဖြင့် ရောက်လာ​လျှင် ထို​သူ​ကို သင်​တို့​လက်ခံ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 44,
      "text": "အချင်းချင်း​ပေး​သော ဘုန်း​အသရေ​ကို​ခံယူ​ကြ​ပြီး တစ်ဆူတည်း​သော​ဘုရားသခင်​ပေး​သော ဘုန်း​အသရေ​ကို​မ​လိုလား​သော သင်​တို့​သည် မည်သို့​ယုံကြည်​နိုင်​ကြ​မည်နည်း။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 45,
      "text": "ငါ​သည် ခမည်းတော်​ရှေ့၌ သင်​တို့​ကို​စွပ်စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်စွဲ​သူ​မှာ သင်​တို့​မျှော်လင့်​အားထား​သော​မောရှေ​ပင်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 46,
      "text": "မောရှေ​သည် ငါ့​အကြောင်း​ကို​ရေး​ထား​သည်​ဖြစ်၍ သင်​တို့​သည် မောရှေ​ကို​ယုံကြည်​ခဲ့​လျှင် ငါ့​ကို​လည်း ယုံကြည်​ခဲ့​ကြ​ပေ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 47,
      "text": "သို့ရာတွင် မောရှေ​၏​ကျမ်း​များ​ကို သင်​တို့​မ​ယုံကြည်​ကြ​လျှင် ငါ​၏​စကား​တို့​ကို မည်သို့​ယုံကြည်​ကြ​မည်နည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် ဂါလိလဲ​ပင်လယ် (တိဗေရိ​ပင်လယ်) တစ်ဖက်ကမ်း​သို့ ကူး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 2,
      "text": "များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 3,
      "text": "ယေရှု​သည် တောင်​ပေါ်သို့​တက်သွား​၍ ထို​အရပ်​၌ တပည့်​တော်​တို့​နှင့်အတူ​ထိုင်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 4,
      "text": "ထိုအချိန်​သည် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ပသခါ​ပွဲတော်​နီးကပ်​သည့်​အချိန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 5,
      "text": "ယေရှု​သည် မျှော်ကြည့်​၍ မိမိ​ထံသို့ အလွန်​များစွာ​သော​လူထု​ပရိသတ်​တို့​လာ​နေ​ကြ​သည်​ကို မြင်​တော်မူ​လျှင် ဖိလိပ္ပု​အား “ဤ​သူ​တို့​စား​ရန် မုန့်​ကို အဘယ်က​ဝယ်​ကြ​မည်နည်း” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 6,
      "text": "ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 7,
      "text": "ဖိလိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေနာရိ​နှစ်ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံလောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 8,
      "text": "တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သူ ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​က"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 9,
      "text": "“ဤ​နေရာ​တွင် မုယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့သော် ဤမျှလောက်​များပြား​သော​သူ​တို့​အတွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်သို့​အကျိုးထူး​မည်နည်း”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 10,
      "text": "ယေရှု​က “လူ​တို့​ကို​ထိုင်​စေ​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။ (ထို​နေရာ​၌ မြက်​ပင်​ထူထပ်​လျက်​ရှိ​၏။) သို့ဖြစ်၍ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထိုင်​နေ​သော​သူ​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ ထိုနည်းတူ ငါး​ကို​လည်း သူ​တို့​အလိုရှိ​သလောက် ခွဲဝေပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 12,
      "text": "ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သောအခါ ယေရှု​က တပည့်​တော်​တို့​အား “တစ်စုံတစ်ခု​မျှ အလဟဿ​မ​ဖြစ်​စေရန် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 13,
      "text": "တပည့်​တော်​တို့​သည်​လည်း ကောက်သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မုယော​မုန့်​ငါး​လုံး​မှ ကြွင်းကျန်​သည့်​အကျိုးအပဲ့​များ​ကို တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 14,
      "text": "လူ​တို့​သည် ယေရှု​ပြု​တော်မူ​သော ထို​နိမိတ်​လက္ခဏာ​ကို​မြင်​၍ “ဤ​သူ​သည် အမှန်ပင် ဤ​လောက​သို့​ကြွလာ​ရ​မည့် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 15,
      "text": "လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 16,
      "text": "ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် ပင်လယ်​သို့​ဆင်း​သွား​၍"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 17,
      "text": "လှေ​ပေါ်​တက်​ပြီးလျှင် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်​မြို့​သို့ ကူးသွား​ကြ​၏။ မိုးချုပ်​ပြီ​ဖြစ်​သော်လည်း ယေရှု​သည် သူ​တို့​ထံသို့​မ​ရောက်လာ​သေး။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 18,
      "text": "ပင်လယ်​၌​လည်း လေပြင်း​တိုက်​လျက်​နေ​သဖြင့် လှိုင်းတံပိုး​များ​ထ​လာ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 19,
      "text": "သုံး​လေး​မိုင်​ခန့်​လှော်ခတ်​ပြီး​သောအခါ ပင်လယ်​ပေါ်တွင် ယေရှု​လမ်းလျှောက်​လျက် လှေ​အနီး​သို့​ချဉ်းကပ်​လာ​သည်​ကို တပည့်​တော်​တို့​မြင်​၍ ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 20,
      "text": "သို့သော် ကိုယ်တော်​က “မ​ကြောက်​ကြ​နှင့်၊ ငါ​ပင်​ဖြစ်​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 21,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် အားရ​ဝမ်းမြောက်​လျက် ကိုယ်တော်​ကို လှေ​ပေါ်သို့​ခေါ်ဖိတ်​လက်ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်ရွယ်​ထား​သည့်​အရပ်​သို့ ချက်ချင်း​ရောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 22,
      "text": "နောက်တစ်နေ့​၌ ပင်လယ်​တစ်ဖက်ကမ်း​တွင် နေရစ်​သော​လူထု​ပရိသတ်​သည် ထို​အရပ်​၌ လှေ​ငယ်​တစ်​စင်း​မှလွဲ၍ အခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်းကောင်း၊ ထို​လှေ​၌ ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ​မ​လိုက်​မ​ပါ​ဘဲ တပည့်​တော်​တို့​သာ ထွက်သွား​ခဲ့​ကြောင်း​ကို​လည်းကောင်း သတိပြု​မိ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 23,
      "text": "သို့သော် တိဗေရိ​မြို့​မှ အခြား​လှေ​ငယ်​များ​သည် သခင်​ဘုရား​ကျေးဇူး​တော်​ချီးမွမ်း​၍ လူ​များ​မုန့်​ကို​စား​ခဲ့​ရာ​အရပ်​အနီး​သို့ ရောက်လာ​ကြ​သောအခါ"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 24,
      "text": "လူထု​ပရိသတ်​သည် ထို​အရပ်​၌ ယေရှု​မှစ၍​တပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိမြင်​သဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီးလျှင် ယေရှု​ကို​ရှာ​ရန် ကပေရနောင်​မြို့​သို့​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 25,
      "text": "ပင်လယ်​တစ်ဖက်ကမ်း​တွင် ကိုယ်တော်​ကို​တွေ့​ကြ​သောအခါ သူ​တို့​က “ရဗ္ဗိ၊ ဤ​အရပ်​သို့ မည်သည့်​အချိန်​က ကြွရောက်​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 26,
      "text": "ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိမိတ်​လက္ခဏာ​များ​ကို​မြင်​ရ​သောကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သောကြောင့်​သာ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 27,
      "text": "ပျက်စီး​တတ်​သော​အစားအစာ​အတွက်​မ​ဟုတ်​ဘဲ လူ့သား​သည် သင်​တို့​ကို​ပေး​မည့် ထာဝရ​အသက်​တိုင်အောင်​တည်မြဲ​သော​အစားအစာ​အတွက် လုပ်ဆောင်​ကြ​လော့။ အကြောင်းမူကား ခမည်းတော်​ဘုရား​သည် ထို​လူ့သား​ကို တံဆိပ်​ခတ်နှိပ်​တော်မူ​၏ ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 28,
      "text": "သူ​တို့​က​လည်း “ဘုရားသခင်​၏​အမှု​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​တို့​သည် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 29,
      "text": "ယေရှု​က “ဘုရားသခင်​၏​အမှု​တော်​မှာ ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​ခြင်း​ပင်​ဖြစ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 30,
      "text": "သူ​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​မြင်​၍ ကိုယ်တော်​ကို​ယုံကြည်​နိုင်​ရန် မည်သို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​မည်နည်း။ မည်သည့်​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​မည်နည်း။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 31,
      "text": "ကျမ်းစာ​၌ ‘ကောင်းကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်မူ​၏’ ​ဟူ၍ ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​တွင် မန္န​ကို​စား​ရ​ကြ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 32,
      "text": "ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မောရှေ​မ​ဟုတ်။ ငါ့​ခမည်းတော်​က​သာ ကောင်းကင်​မှ​စစ်မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 33,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 34,
      "text": "ထိုအခါ သူ​တို့​က “သခင်​ဘုရား၊ ထို​မုန့်​ကို အကျွန်ုပ်​တို့​အား အစဉ်​ပေး​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 35,
      "text": "ယေရှု​က​လည်း “ငါ​သည် အသက်​မုန့်​ဖြစ်​၏။ ငါ့​ထံသို့​လာ​သော​သူ​သည် မည်သည့်​အခါ​မျှ ဆာလောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံကြည်​သော​သူ​သည်​လည်း မည်သည့်​အခါ​မျှ​ရေငတ်​တော့မည်​မ​ဟုတ်။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 36,
      "text": "သို့ရာတွင် သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 37,
      "text": "ငါ့​အား​ခမည်းတော်​ပေး​တော်မူ​သော​သူ​မှန်သမျှ​သည် ငါ့​ထံသို့​လာ​မည်။ ငါ့​ထံသို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်သည့်​အခါ​မျှ​နှင်ထုတ်​မည်​မ​ဟုတ်။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 38,
      "text": "အကြောင်းမူကား ငါ​သည် မိမိ​အလို​ကို ဆောင်ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​ရန် ကောင်းကင်​မှ​ဆင်းသက်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 39,
      "text": "ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အလို​တော်​ကား ငါ့​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​တွင် တစ်စုံတစ်ဦး​ကို​မျှ ငါ​မ​ဆုံးရှုံး​ဘဲ နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေရန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 40,
      "text": "အမှန်စင်စစ် ငါ့​ခမည်းတော်​၏​အလို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံကြည်​သော​သူ​တိုင်း ထာဝရ​အသက်​ကို​ရရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထမြောက်​စေ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 41,
      "text": "ယေရှု​က “ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​သောကြောင့် ဂျူး​လူမျိုး​တို့​က"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 42,
      "text": "“ဤ​သူ​သည် ယောသပ်​၏​သား​ယေရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိခင်​နှင့်​ဖခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယခု သူ​သည် အဘယ်ကြောင့် ‘ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​၏’ ​ဟု ဆို​ရ​သနည်း”​ဟူ၍ ကိုယ်တော်​အကြောင်း​ကို မကျေမနပ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 43,
      "text": "ယေရှု​က​လည်း “အချင်းချင်း​ကြား​တွင်​မကျေမနပ်​ပြောဆို​မ​နေ​ကြ​နှင့်။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 44,
      "text": "ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ဆွဲငင်​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်။ ငါ့​ထံသို့​လာ​သော​သူ​ကို နောက်ဆုံး​သော​နေ့​၌ ငါ​သည်​ထမြောက်​စေ​မည်။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 45,
      "text": "ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’ ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 46,
      "text": "ထိုသို့ဆိုသော် တစ်စုံတစ်ယောက်​က ခမည်းတော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆိုလို။ ဘုရားသခင်​ထံမှ ကြွလာ​သော​သူ​တစ်ဦးတည်း​သာလျှင် ခမည်းတော်​ကို​မြင်​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 47,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 48,
      "text": "ငါ​သည် အသက်​မုန့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 49,
      "text": "သင်​တို့​၏​ဘိုးဘေး​များ​သည် တော​ကန္တာရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေဆုံး​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 50,
      "text": "ဤ​မုန့်​ကား စားသုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်းလွတ်​မည့်​အကြောင်း ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 51,
      "text": "ငါ​သည် ကောင်းကင်​မှ​ဆင်းသက်​သည့် အသက်ရှင်​သော​မုန့်​ဖြစ်​၏။ မည်သူမဆို ဤ​မုန့်​ကို​စား​လျှင် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်။ လောကီသား​တို့​၏​အသက်​အတွက် ငါ​ပေး​မည့်​မုန့်​ကား ငါ​၏​အသား​ပေတည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 52,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါ​တို့​စား​ရန် မည်သို့​ပေး​နိုင်​မည်နည်း”​ဟု အချင်းချင်း​ငြင်းခုံ​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 53,
      "text": "ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ လူ့သား​၏​အသား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အသက်​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 54,
      "text": "ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်ဆုံး​သော​နေ့​၌ ထမြောက်​စေ​မည်။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 55,
      "text": "အကြောင်းမူကား ငါ​၏​အသား​သည် စစ်မှန်​သော​စားစရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်မှန်​သော​သောက်​စရာ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 56,
      "text": "ငါ​၏​အသား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 57,
      "text": "အသက်ရှင်​တော်မူ​သော​ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၍ ငါ​သည် ခမည်းတော်​အားဖြင့် အသက်ရှင်​သကဲ့သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အားဖြင့် အသက်ရှင်​မည်။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 58,
      "text": "ဤ​မုန့်​ကား ကောင်းကင်​မှ​ဆင်းသက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုးဘေး​များ​စား​ပြီး သေဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာလ​အစဉ်အဆက်​အသက်ရှင်​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 59,
      "text": "ကိုယ်တော်​သည် ကပေရနောင်​မြို့​၌ သွန်သင်​တော်မူ​စဉ် ဤ​အကြောင်းအရာ​များ​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 60,
      "text": "တပည့်​တော်​တို့​ထဲမှ​အများစု​သည် ကြား​လျှင် “ဤ​စကား​သည် ပြင်းထန်​လှ​၏။ မည်သူ​နားထောင်​နိုင်​မည်နည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 61,
      "text": "ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ တပည့်​တော်​တို့​မကျေမနပ်​ပြောဆို​နေ​ကြ​သည်​ကို ယေရှု​သည် အလိုအလျောက်​သိ​တော်မူ​သဖြင့် “ဤ​စကား​ကြောင့် သင်​တို့​စိတ်ပျက်​ကြ​သလော။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 62,
      "text": "သို့ဖြစ်လျှင် လူ့သား​သည် ယခင်​နေ​ခဲ့​ရာ​အရပ်​သို့​တက်​သွား​သည်​ကို သင်​တို့​မြင်​ရ​ပါမူ မည်သို့​ဖြစ်​မည်နည်း။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 63,
      "text": "ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 64,
      "text": "သို့သော် သင်​တို့​တွင် မ​ယုံကြည်​သော​သူ​အချို့​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည့်​အကြောင်း​ကား မ​ယုံကြည်​သော​သူ​တို့​သည် မည်သူ​တို့​ဖြစ်​ကြ​သည်​ကို​လည်းကောင်း၊ မိမိ​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း ယေရှု​သည် အစအဦး​က​ပင် သိ​ထား​တော်မူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 65,
      "text": "ထို့နောက် ကိုယ်တော်​က “ဤ​အကြောင်း​ကြောင့် ခမည်းတော်​သည် အခွင့်​ပေး​တော်​မ​မူ​လျှင် မည်သူမျှ ငါ့​ထံသို့​မ​လာ​နိုင်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ” ​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 66,
      "text": "ထို​အချိန်​မှစ၍ တပည့်​တော်​တို့​ထဲမှ​အများစု​သည် ဆုတ်ခွာ​သွား​ပြီး ကိုယ်တော်​နှင့်အတူ​မ​လိုက်​မ​ပါ​တော့​ဘဲ​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 67,
      "text": "ထိုအခါ ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​အား “သင်​တို့​လည်း ထွက်ခွာ​သွား​လို​ကြ​သလော” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 68,
      "text": "ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မည်သူ့​ထံသို့​သွား​ရ​မည်နည်း။ ထာဝရ​အသက်​နှင့်ဆိုင်သော​စကား​တို့​သည် ကိုယ်တော်​၌​သာ​ရှိ​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 69,
      "text": "ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ကြောင်း​ကို​လည်း အကျွန်ုပ်​တို့​ယုံကြည်​သိရှိ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 70,
      "text": "ယေရှု​က​လည်း “တစ်ဆယ့်နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေးကောက်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင်​တို့​ထဲမှ​တစ်​ဦး​သည် မာရ်နတ်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 71,
      "text": "ဤသည်ကား ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ သူ​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​လျက် ကိုယ်တော်​ကို​အပ်နှံ​ရန် ကြံရွယ်​နေ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် ဂါလိလဲ​နယ်​တွင် လှည့်လည်​တော်မူ​၏။ အကြောင်းမှာ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သောကြောင့် ယုဒ​နယ်​၌​လှည့်လည်​ရန် အလို​တော်​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 2,
      "text": "သို့ရာတွင် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ယာယီ​တဲစု​ပွဲတော်​နီးကပ်​လာ​သောအခါ"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 3,
      "text": "ညီ​တော်​တို့​က ကိုယ်တော်​အား “သင်​ပြု​နေ​သော​အမှုအရာ​များ​ကို သင်​၏​တပည့်​တို့​သည်​လည်း မြင်​ရ​ရန် ဤ​အရပ်​မှ ထွက်ခွာ​၍ ယုဒ​နယ်​သို့ သွား​ပါ​လော့။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 4,
      "text": "မိမိကိုယ်ကို​ထင်ပေါ်​ကျော်စော​စေ​လို​၍ တစ်စုံတစ်ခု​ကို လျှို့ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အမှုအရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လောက​၌ သင့်ကိုယ်သင်​ထင်ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 5,
      "text": "ထိုသို့​ဆို​ကြ​ခြင်း​မှာ ညီ​တော်​တို့​ပင် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 6,
      "text": "ထို့ကြောင့် ယေရှု​က ညီ​တော်​တို့​အား “ငါ့​အချိန်​မ​ရောက်​သေး။ သင်​တို့​အချိန်​ကား အမြဲ​အဆင်သင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 7,
      "text": "လောကီသား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူကား မုန်း​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​ပြု​သော​အမှု​များ​မကောင်း​ကြောင်း​ကို ထောက်ပြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 8,
      "text": "ပွဲတော်​သို့ သင်​တို့​တက်​သွား​ကြ​လော့။ ငါ့​အချိန်​မ​ပြည့်စုံ​သေး​သဖြင့် ဤ​ပွဲတော်​သို့ ငါ​မ​သွား” ​ဟု"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 9,
      "text": "မိန့်​တော်မူ​ပြီးလျှင် ဂါလိလဲ​နယ်​တွင် နေရစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 10,
      "text": "သို့ရာတွင် ပွဲတော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီးနောက် ကိုယ်တော်​သည်​လည်း မထင်မရှား လျှို့ဝှက်​စွာ​ကြွ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 11,
      "text": "ထို​ပွဲတော်​တွင် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​လျက် “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 12,
      "text": "လူထု​ပရိသတ်​တို့​ထဲတွင် ကိုယ်တော်​နှင့်​ပတ်သက်၍ အမျိုးမျိုး​တီးတိုး​ပြောဆို​နေ​ကြ​၏။ လူ​အချို့​တို့​က “သူ​သည် သူတော်ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူထု​ပရိသတ်​ကို​လှည့်ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 13,
      "text": "သို့ရာတွင် ဂျူး​လူမျိုး​တို့​ကို​ကြောက်​ကြ​သောကြောင့် မည်သူမျှ ကိုယ်တော်​အကြောင်း​ကို ပွင့်လင်း​စွာ​မ​ပြောဆို​ကြ​ချေ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 14,
      "text": "ပွဲတော်​ကာလ ထက်ဝက်​မျှ​လွန်​သောအခါ ယေရှု​သည် ဗိမာန်​တော်​သို့​တက်​သွား​၍ သွန်သင်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 15,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​သည်​အံ့ဩ​လျက် “ဤ​သူ​သည် သင်ယူ​ခြင်း​မ​ရှိ​ဘဲ ကျမ်း​များ​ကို မည်သို့​တတ်​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 16,
      "text": "ယေရှု​က​လည်း “ငါ​၏​သွန်သင်​ချက်​သည် ငါ​ကိုယ်တိုင်​၏​သွန်သင်ချက်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​သွန်သင်ချက်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 17,
      "text": "မည်သူမဆို ထို​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်သင်​ချက်​သည် ဘုရားသခင်​ထံမှ​လာ​သလော​၊ သို့မဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​နေ​သလော​ဆို​သည်​ကို သိ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 18,
      "text": "မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 19,
      "text": "မောရှေ​သည် သင်​တို့​အား ပညတ်​တရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​တွင် ထို​ပညတ်​တရား​ကို လိုက်နာ​ကျင့်သုံး​သော​သူ​တစ်စုံ​တစ်ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သနည်း” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 20,
      "text": "လူထု​ပရိသတ်​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်သူ​ရှာကြံ​နေ​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 21,
      "text": "ယေရှု​က​လည်း “အမှု​တစ်​ခု​ကို ငါ​ပြု​သောအခါ သင်​တို့​အားလုံး​သည် အံ့ဩ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 22,
      "text": "မောရှေ​သည် အရေဖျား​လှီး​ခြင်း​ဓလေ့​ကို သင်​တို့​အား​ပေး​ခဲ့​သောကြောင့် သင်​တို့​သည် ဥပုသ်နေ့​၌​ပင် လူ​ကို​အရေဖျား​လှီး​ခြင်း​ပေး​ကြ​၏။ (အမှန်မှာ ဤ​ဓလေ့​သည် မောရှေ​ထံမှ​မ​ဟုတ်​ဘဲ ဘိုးဘေး​များ​ထံမှ​လာ​၏။)"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 23,
      "text": "လူ​သည် မောရှေ​၏​ပညတ်​တရား​ကို​မ​ချိုးဖောက်​ရန် ဥပုသ်နေ့​တွင် အရေဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆိုလျှင် ငါ​သည် ဥပုသ်နေ့​၌ လူ​တစ်ကိုယ်လုံး​ကို အကောင်း​ပကတိ​ဖြစ်​စေ​သည့်​အတွက် ငါ့​ကို​စိတ်ဆိုး​ရ​သလော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 24,
      "text": "အပြင်ပန်း​အားဖြင့် လူ​ကို​မ​စီရင်​ဘဲ တရားမျှတ​စွာ​စီရင်​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 25,
      "text": "ထိုအခါ ဂျေရုဆလင်​မြို့သား​အချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာကြံ​နေ​သော​သူ​မ​ဟုတ်​လော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 26,
      "text": "ကြည့်​ပါ။ သူ​သည် ထင်ရှား​စွာ​ဟောပြော​နေ​ပါ​လျက် သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပြော​ကြ​ပါ​တကား။ ဤ​သူ​ခရစ်တော်​ဖြစ်​ကြောင်း​ကို အကြီးအကဲ​တို့​သည် အမှန်ပင်​သိ​ကြ​ပြီ​လော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 27,
      "text": "သို့ရာတွင် ဤ​သူ​သည် အဘယ်က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခရစ်တော်​ကြွလာ​တော်မူ​သောအခါ​၌​မူကား အဘယ်က​လာ​သည်​ကို မည်သူမျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 28,
      "text": "ထို့ကြောင့် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ် “သင်​တို့​သည် ငါ့​ကို​သိ​၍ ငါ​အဘယ်က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့ရာတွင် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ဖြောင့်မှန်​သော​အရှင်​ဖြစ်​တော်မူ​၏။ သင်​တို့​သည် ထို​အရှင်​ကို​မ​သိ​ကြ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 29,
      "text": "ငါ​မူကား သိ​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ထံမှ​လာ​၍ ထို​အရှင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏” ​ဟု ကြွေးကြော်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 30,
      "text": "ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန်​ကြိုးစား​ကြ​သော်လည်း ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ​ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 31,
      "text": "သို့ရာတွင် လူထု​ပရိသတ်​ထဲမှ​အများစု​သည် ကိုယ်တော်​ကို​ယုံကြည်​လျက် “ခရစ်တော်​ကြွလာ​သောအခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို၍​များ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 32,
      "text": "လူထု​ပရိသတ်​သည် ယေရှု​နှင့်​ပတ်သက်၍ ထိုသို့​တီးတိုး​ပြောဆို​နေ​ကြ​သည်​ကို ဖာရိရှဲ​တို့​ကြား​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် အစောင့်​တပ်သား​များ​ကို​စေလွှတ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 33,
      "text": "ထိုအခါ ယေရှု​က “ငါ​သည် သင်​တို့​နှင့်အတူ နောက်ထပ် ခဏ​နေ​ပြီးလျှင် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ သွား​မည်။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 34,
      "text": "သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 35,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေရန် ဤ​သူ​သည် မည်သည့်​အရပ်​သို့​သွား​ရန် ကြံရွယ်​နေ​သနည်း။ ဂရိ​လူမျိုး​တို့​ရှိ​ရာ​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သော​သူ​တို့​ထံသို့​သွား​၍ ဂရိ​လူမျိုး​တို့​ကို​သွန်သင်​ရန် ကြံရွယ်​နေ​သလော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 36,
      "text": "‘သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ’ ​ဟူ၍ သူ​ပြော​သော​စကား​၏​အဓိပ္ပာယ်​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 37,
      "text": "ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက် “မည်သူမဆို ရေငတ်​လျှင် ငါ့​ထံသို့​လာ​၍ သောက်​လော့။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 38,
      "text": "ငါ့​ကို​ယုံကြည်​သော​သူ​သည် ကျမ်းစာ​က​ဆို​ထား​သည့်​အတိုင်း သူ​၏​နှလုံးသား​အထဲမှ အသက်​ရေ​မြစ်​များ စီး​ထွက်​လိမ့်မည်” ​ဟု ကြွေးကြော်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 39,
      "text": "ဤသည်ကား ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တို့​ခံယူ​ရရှိ​မည့် ဝိညာဉ်​တော်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ယေရှု​သည် ဘုန်း​တော်​ထင်ရှား​ခြင်း​မ​ရှိ​သေး​သဖြင့် ဝိညာဉ်​တော်​ကို​ပေး​တော်​မ​မူ​သေး။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 40,
      "text": "လူထု​ပရိသတ်​ထဲမှ အချို့​တို့​သည် ဤ​တရား​စကား​တို့​ကို​ကြား​သောအခါ “ဤ​သူ​သည် အမှန်ပင် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 41,
      "text": "အချို့​တို့​က​လည်း “ဤ​သူ​သည် ခရစ်တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် အချို့​တို့​က “ခရစ်တော်​သည် ဂါလိလဲ​နယ်​မှ​ပေါ်ထွန်း​ပါ​မည်​လော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 42,
      "text": "ခရစ်တော်​သည် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​လည်းကောင်း၊ ဒါဝိဒ်​နေ​ခဲ့​ရာ​ဗက်လင်​ရွာ​မှ​လည်းကောင်း ပေါ်ထွန်း​မည်​ဟူ၍ ကျမ်းစာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 43,
      "text": "ဤသို့ဖြင့် လူထု​ပရိသတ်​ထဲတွင် ကိုယ်တော်​ကြောင့် ကွဲပြား​ခြင်း​ရှိ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 44,
      "text": "သူ​တို့​ထဲမှ အချို့​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​လို​ကြ​သော်လည်း မည်သူ​မျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 45,
      "text": "ထို့နောက် အစောင့်​တပ်သား​များ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​ထံသို့ ပြန်လာ​ကြ​ရာ ထို​အကြီးအကဲ​တို့​က “အဘယ်ကြောင့် သူ့​ကို​မ​ခေါ်ဆောင်​လာ​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 46,
      "text": "အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 47,
      "text": "ဖာရိရှဲ​တို့​က​လည်း “သင်​တို့​ပင်လျှင် လှည့်ဖြား​ခံရ​ကြ​ပြီ​လော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 48,
      "text": "အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 49,
      "text": "သို့သော် ပညတ်​တရား​ကို​မ​သိ​သော ဤ​လူထု​ပရိသတ်​သည် ကျိန်​ခြင်း​ကို​ခံရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 50,
      "text": "ထို​သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်​ပြီး ယခင်​က​ကိုယ်တော်​ထံသို့​လာ​ခဲ့​ဖူး​သော နိကောဒင်​က"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 51,
      "text": "“ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင်"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 52,
      "text": "သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 53,
      "text": "[ထို့နောက် သူ​တို့​သည် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 1,
      "text": "ယေရှု​မူကား သံလွင်​တောင်​သို့ ကြွ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 2,
      "text": "အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​ရာ လူ​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် ကိုယ်တော်​သည် ထိုင်​၍​သူ​တို့​အား သွန်သင်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 3,
      "text": "ထိုအခါ ကျမ်းပြု​ဆရာ​တို့​နှင့်​ဖာရိရှဲ​တို့​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​သည့်​အတွက် အဖမ်း​ခံရ​သော​မိန်းမ​တစ်​ယောက်​ကို​ခေါ်ဆောင်​လာ​၍ အလယ်​၌​ထား​ပြီးလျှင်"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 4,
      "text": "“ဆရာ၊ ဤ​မိန်းမ​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​နေ​စဉ်​၌​ပင် အဖမ်း​ခံရ​ပါ​သည်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 5,
      "text": "မောရှေ​သည် ဤသို့​သော​မိန်းမ​မျိုး​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ပညတ်​တရား​၌ အကျွန်ုပ်​တို့​အား ပညတ်​ထား​ပါ​သည်။ ဆရာ​ကား မည်သို့​ဆို​မည်နည်း”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 6,
      "text": "သူ​တို့​သည် ကိုယ်တော်​ကို စွပ်စွဲ​ခွင့်​ရရှိ​ရန် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ဤသို့​လျှောက်ထား​ကြ​ခြင်း​ဖြစ်​၏။ သို့ရာတွင် ယေရှု​သည်​ငုံ့​၍ လက်ညှိုး​တော်​ဖြင့် မြေ​ပေါ်၌​ရေး​လျက်​နေ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 7,
      "text": "ထို​သူ​တို့​အထပ်ထပ်​မေးမြန်း​ကြ​သောအခါ ယေရှု​သည် ကိုယ်​ကို​မတ်​၍ “သင်​တို့​တွင် အပြစ်​ကင်း​သော​သူ​သည် သူ့​ကို ခဲ​နှင့်​အဦးဆုံး​ပေါက်​စေ” ​ဟု မိန့်​တော်မူ​ပြီးလျှင်"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 8,
      "text": "တစ်ဖန်​ငုံ့​လျက် မြေ​ပေါ်တွင် ဆက်၍​ရေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 9,
      "text": "သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 10,
      "text": "ထိုအခါ ယေရှု​သည် ကိုယ်​ကို​မတ်​တော်မူ​၍ “အသင်​မိန်းမ၊ ထို​သူ​တို့​အဘယ်မှာ​ရှိ​ကြ​သနည်း။ သင့်​ကို​ပြစ်ဒဏ်​စီရင်​သူ တစ်ယောက်မျှ​မ​ရှိ​သလော” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 11,
      "text": "ထို​မိန်းမ​က “တစ်ယောက်မျှ​မ​ရှိ​ပါ သခင်​ဘုရား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း “ငါ​သည်​လည်း သင့်​ကို​ပြစ်ဒဏ်​မ​စီရင်။ သွား​လော့။ ယခု​မှစ၍ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်” ​ဟု မိန့်​တော်မူ​၏။]"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 12,
      "text": "တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍ “ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 13,
      "text": "ထိုအခါ ဖာရိရှဲ​တို့​က “သင်​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​နေ​၏။ သင်​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 14,
      "text": "ယေရှု​က​လည်း “ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော်လည်း ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​၏။ အကြောင်းမူကား ငါ​သည် မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူကား ငါ​မည်သည့်​အရပ်​မှ​လာ​၍ မည်သည့်​အရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 15,
      "text": "သင်​တို့​သည် လူ့​စံနှုန်း​အတိုင်း စီရင်​တတ်​ကြ​၏။ ငါ​မူကား မည်သူ့​ကို​မျှ​မ​စီရင်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 16,
      "text": "သို့သော် ငါ​စီရင်​မည်​ဆို​လျှင်​လည်း ငါ​တစ်ဦးတည်း​စီရင်​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​သည် ငါ​နှင့်အတူ​စီရင်​တော်မူ​သည်​ဖြစ်၍ ငါ​၏​စီရင်​ဆုံးဖြတ်​ချက်​သည် မှန်ကန်​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 17,
      "text": "သင်​တို့​၏​ပညတ်​တရား​ကျမ်း​၌​လည်း ‘သက်သေ​နှစ်​ဦး​ထွက်ဆို​သည့်​သက်သေခံ​ချက်​သည် အမှန်​ဖြစ်​၏’ ဟု ရေး​ထား​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 18,
      "text": "ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​သော​သူ​ဖြစ်​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 19,
      "text": "ထို​သူ​တို့​က​လည်း “သင်​၏​ခမည်းတော်​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​ကြ​သော် ယေရှု​က “သင်​တို့​သည် ငါ့​ကို​လည်းကောင်း၊ ငါ့​ခမည်းတော်​ကို​လည်းကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 20,
      "text": "ကိုယ်တော်​သည် ဗိမာန်​တော်​၌​သွန်သင်​တော်မူ​စဉ် ဤ​စကား​တို့​ကို အလှူခံ​သေတ္တာ​အနီး​တွင် မိန့်​တော်မူ​၏။ သို့ရာတွင် ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 21,
      "text": "တစ်ဖန် ကိုယ်တော်​က “ငါ​သည်​သွား​ရ​တော့မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အပြစ်​၌​သေ​ကြ​လိမ့်မည်။ ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 22,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​က “သူ​သည် ‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’ ​ဟု​ဆို​ခြင်း​မှာ သူ့ကိုယ်သူ သတ်​သေ​မည်​လော”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 23,
      "text": "ယေရှု​က​လည်း “သင်​တို့​သည် အောက်​အရပ်​နှင့်ဆိုင်​၏။ ငါ​မူကား အထက်​အရပ်​နှင့်ဆိုင်​၏။ သင်​တို့​သည် ဤ​လောက​နှင့်ဆိုင်​၏။ ငါ​မူကား ဤ​လောက​နှင့်​မ​ဆိုင်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 24,
      "text": "ထို့ကြောင့် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌​သေ​ကြ​လိမ့်မည်​ဟု ငါ​ဆို​ခဲ့​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံကြည်​လျှင် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌ သေ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 25,
      "text": "ထို​သူ​တို့​က​လည်း “သင်​သည် မည်သူ​ဖြစ်​သနည်း”​ဟု မေး​ကြ​လျှင် ယေရှု​က “ငါ​မည်သူ​ဖြစ်​သည်​ကို အစအဦး​ကပင် သင်​တို့​အား ငါ​ပြော​လာ​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 26,
      "text": "သင်​တို့​နှင့်​ပတ်သက်၍ ငါ​ပြော​စရာ၊ စီရင်​စရာ​များစွာ​ရှိ​၏။ သို့သော် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ဖြောင့်မှန်​တော်မူ​သည်​ဖြစ်​၍ ငါ​သည် သူ့​ထံမှ​ကြား​ခဲ့​သမျှ​သော​အရာ​တို့​ကို ဤ​လောက​၌ ဟောပြော​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 27,
      "text": "ကိုယ်တော်​သည် ခမည်းတော်​ကို​ရည်ညွှန်း​၍ မြွက်ဆို​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​သဘော​မ​ပေါက်​ကြ။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 28,
      "text": "သို့ဖြစ်၍ ယေရှု​က “သင်​တို့​သည် လူ့သား​ကို​မြှောက်​ထား​ကြ​သောအခါ​မှ ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက် မည်သည့်​အရာ​ကို​မျှ​မ​ပြု​ဘဲ ငါ့​အား ခမည်းတော်​သွန်သင်​တော်မူ​ခဲ့​သည့်​အတိုင်း ဤ​အရာ​များ​ကို ငါ​ဟောပြော​ကြောင်း​ကို​လည်းကောင်း သိ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 29,
      "text": "ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ငါ​နှင့်အတူ​ရှိ​၍ ငါ​သည် ထို​အရှင်​နှစ်သက်​တော်မူ​သော​အမှုအရာ​တို့​ကို အစဉ်​ပြု​နေ​သောကြောင့် သူ​သည် ငါ့​ကို တစ်ကိုယ်တည်း​ပစ်ထား​တော်​မ​မူ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 30,
      "text": "ဤ​စကား​တော်​တို့​ကို​မိန့်​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 31,
      "text": "ထို့ကြောင့် ယေရှု​သည် မိမိ​ကို​ယုံကြည်​သော ဂျူး​လူမျိုး​တို့​အား “သင်​တို့​သည် ငါ​၏​တရား​စကား​၌​တည်​လျှင် ငါ့​တပည့်​အမှန်​ဖြစ်​ကြ​ပြီး"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 32,
      "text": "သမ္မာတရား​ကို​သိ​ကြ​သဖြင့် သမ္မာတရား​သည် သင်​တို့​ကို လွတ်မြောက်​စေ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 33,
      "text": "သူ​တို့​က​လည်း “အကျွန်ုပ်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြ​ပြီး မည်သူ့​ထံ၌​မျှ​ကျွန် မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အဘယ်ကြောင့် ‘သင်​တို့​လွတ်မြောက်​ကြ​လိမ့်မည်’ ​ဟု ဆို​ရ​သနည်း”​ဟူ၍​ပြန်​ပြော​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 34,
      "text": "ယေရှု​က “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ အပြစ်​ပြု​သူ​တိုင်း​သည် အပြစ်​၏​ကျွန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 35,
      "text": "ကျွန်​သည် အိမ်​၌​ထာဝစဉ်​နေထိုင်​သည်​မ​ဟုတ်။ သား​မူကား ထာဝစဉ်​နေထိုင်​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 36,
      "text": "ထို့ကြောင့် သား​တော်​သည် သင်​တို့​ကို​လွတ်မြောက်​စေ​လျှင် သင်​တို့​သည် ဧကန်​အမှန်​လွတ်မြောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 37,
      "text": "သင်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​၏​တရား​စကား​သည် သင်​တို့​ထဲ၌​နေရာ​မ​ရ​သောကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 38,
      "text": "ငါ​သည် ခမည်းတော်​ထံ၌​မြင်​ရ​သော​အရာ​များ​ကို ဟောပြော​၏။ သင်​တို့​မူကား သင်​တို့​၏​အဖ​ထံမှ​ကြား​ခဲ့​ရ​သော​အရာ​များ​ကို ပြု​ကြ​၏” ​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 39,
      "text": "ထို​သူ​တို့​က “အကျွန်ုပ်​တို့​၏​အဖ​သည် အာဗြဟံ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း “သင်​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​မှန်​လျှင် အာဗြဟံ​ပြု​သော​အမှု​များ​ကို ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 40,
      "text": "သို့သော် ယခု​တွင် ဘုရားသခင်​ထံမှ​ကြား​ရ​သည့်​သမ္မာတရား​ကို သင်​တို့​အား​ဟောပြော​ခဲ့​သူ​ငါ့​ကို သတ်​ရန် သင်​တို့​ရှာကြံ​နေ​ကြ​၏။ အာဗြဟံ​ကား ဤသို့​ပြု​ခဲ့​သည်​မ​ဟုတ်။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 41,
      "text": "သင်​တို့​သည် သင်​တို့​အဖ​ပြု​သော​အမှု​များ​ကို ပြု​ကြ​၏” ​ဟု မိန့်​တော်မူ​လျှင် ထို​သူ​တို့​က “အကျွန်ုပ်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် မွေး​လာ​သော​သူ​များ​မ​ဟုတ်။ အကျွန်ုပ်​တို့​၌ တစ်ပါးတည်း​သော​အဖ​ဘုရားသခင်​ရှိ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 42,
      "text": "ယေရှု​က “ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 43,
      "text": "သင်​တို့​သည် ငါ​ပြောဆို​သော​စကား​ကို အဘယ်ကြောင့်​နား​မ​လည်​ကြ​သနည်း။ ငါ​၏​တရား​စကား​ကို သင်​တို့​နာယူ​နိုင်စွမ်း​မ​ရှိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 44,
      "text": "သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 45,
      "text": "ငါ​မူကား သမ္မာတရား​ကို​ပြောဆို​သောကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 46,
      "text": "သင်​တို့​တွင် မည်သူ​သည် ငါ​၌​အပြစ်​ရှိ​ကြောင်း ဖော်ပြ​နိုင်​သနည်း။ သမ္မာတရား​ကို ငါ​ပြောဆို​သည်​မှန်​လျှင် အဘယ်ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သနည်း။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 47,
      "text": "ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​သူ​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို​နားထောင်​၏။ သင်​တို့​နားမထောင်​ကြ​ခြင်း​မှာ သင်​တို့​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​ကြ​သောကြောင့်​ဖြစ်​၏ ”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 48,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် ရှမာရိ​နယ်သား​ဖြစ်​ပြီး သင့်​ကို​နတ်ဆိုး​ပူး​နေ​သည်​ဟူ၍ ငါ​တို့​ပြော​ကြ​သည်​မှာ လျောက်ပတ်​သည်​မ​ဟုတ်​လော”​ဟု ပြန်ပြော​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 49,
      "text": "ယေရှု​က “ငါ့​ကို​နတ်ဆိုး​ပူး​နေ​သည်​မ​ဟုတ်။ ငါ​သည် ငါ့​ခမည်းတော်​ကို​ရိုသေ​၏။ သင်​တို့​မူကား ငါ့​ကို​မထီလေးစား​ပြု​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 50,
      "text": "သို့ရာတွင် ငါ​သည် ကိုယ့်​ဘုန်း​အသရေ​ကို​ရှာ​သည်​မ​ဟုတ်။ ငါ​၏​ဘုန်း​အသရေ​ကို​ရှာ​၍ တရား​စီရင်​တော်မူ​သော​အရှင်​တစ်​ပါး​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 51,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ မည်သူမဆို ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ သေ​ခြင်း​နှင့်​တွေ့ကြုံ​ရ​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 52,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပြီ။ အာဗြဟံ​သည် သေလွန်​ခဲ့​ပြီး ပရောဖက်​တို့​လည်း သေလွန်​ကြ​ပြီ။ သင်​မူကား ‘မည်သူမဆို ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ သေ​ခြင်း​ကို​မြည်းစမ်း​ရ​မည်​မ​ဟုတ်’ ​ဟု ဆို​ပါ​သည်​တကား။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 53,
      "text": "သင်​သည် အကျွန်ုပ်​တို့​၏​အဖ​အာဗြဟံ​ထက် ကြီးမြတ်​သလော။ သူ​သည် သေလွန်​ခဲ့​ပြီး ပရောဖက်​တို့​လည်း သေလွန်​ကြ​ပြီ။ သင့်ကိုယ်သင် မည်သူ​ဖြစ်​သည်​ဟု ထင်မှတ်​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 54,
      "text": "ယေရှု​က​လည်း “ငါ​သည် ကိုယ့်​ဘုန်း​ကို​ကိုယ်​ထင်ရှား​စေ​လျှင် ငါ့​ဘုန်း​သည် အချည်းနှီး​ဖြစ်​၏။ ငါ့​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​သော​အရှင်​ကား ငါ့​ခမည်းတော်​ဖြစ်​၏။ သင်​တို့​သည် ထို​အရှင်​ကို ‘အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​သည်’​ဟု ဆို​ကြ​သော်လည်း"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 55,
      "text": "သူ့​ကို​မ​သိ​ကြ။ ငါ​မူကား သိ​၏။ ထို​အရှင်​ကို ငါ​မ​သိ​ဟု​ဆို​လျှင် ငါ​သည် သင်​တို့​ကဲ့သို့​လိမ်လည်​သော​သူ​ဖြစ်​လိမ့်မည်။ သို့ရာတွင် ငါ​သည် ထို​အရှင်​ကို​သိ​၍ သူ​၏​စကား​ကို​လိုက်နာ​စောင့်ထိန်း​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 56,
      "text": "သင်​တို့​အဖ​အာဗြဟံ​သည် ငါ​၏​နေ့ရက်​ကို​တွေ့မြင်​ရ​မည်​ဖြစ်၍ ရွှင်မြူး​လျက် တွေ့မြင်​ရ​သောအခါ ဝမ်းမြောက်​လေ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 57,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် အသက်​ငါးဆယ်​ပင်​မ​ရှိ​သေး​ဘဲ အာဗြဟံ​ကို​မြင်​ဖူး​သလော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 58,
      "text": "ယေရှု​က​လည်း “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ အာဗြဟံ​မ​မွေးဖွား​မီ​က​ပင် ငါ​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 59,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ပေါက်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​၏။ သို့သော် ယေရှု​သည် တိမ်းရှောင်​၍​ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 1,
      "text": "ယေရှု​သည် လမ်း​၌​ကြွ​တော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်​ဦး​ကို တွေ့​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 2,
      "text": "ထိုအခါ တပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်သူ​က အပြစ်​ပြု​သောကြောင့် ဤ​သူ​သည် မျက်မမြင်​အဖြစ်​မွေး​လာ​ရ​သနည်း။ သူ​ကိုယ်တိုင်​လော​၊ သို့မဟုတ် သူ​၏​မိဘ​လော”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 3,
      "text": "ယေရှု​က “ဤ​သူ​အပြစ်​ပြု​သောကြောင့်​မ​ဟုတ်၊ သူ့​မိဘ​က​အပြစ်​ပြု​သောကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘုရားသခင်​၏​အမှု​တော်​များ​ထင်ရှား​စေရန်​အတွက်​သာ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 4,
      "text": "ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 5,
      "text": "ငါ​သည် ဤ​လောက​၌​ရှိ​နေ​စဉ် ဤ​လောက​၏​အလင်း​ဖြစ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 6,
      "text": "ထိုသို့​မိန့်​တော်မူ​ပြီးနောက် မြေ​ပေါ်သို့​တံတွေး​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်​ပြီးလျှင် မျက်မမြင်​၏​မျက်စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက်"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 7,
      "text": "“ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့” ​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 8,
      "text": "ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 9,
      "text": "လူ​အချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်တိုင်​က “အကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 10,
      "text": "လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 11,
      "text": "ထို​သူ​က “ယေရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အကျွန်ုပ်​၏​မျက်စိ​ကို​လူး​လျက် ‘ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့’ ​ဟု ဆို​သည့်​အတိုင်း အကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေကြား​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 12,
      "text": "သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 13,
      "text": "လူ​တို့​သည် ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော​ထို​သူ​ကို ဖာရိရှဲ​တို့​ထံသို့​ခေါ်သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 14,
      "text": "ယေရှု​သည် ရွှံ့​လုပ်​၍ ထို​သူ​ကို​မျက်စိ​မြင်​အောင်​ပြုလုပ်​တော်မူ​သော​နေ့​ကား ဥပုသ်နေ့​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 15,
      "text": "ထို့ကြောင့် ဖာရိရှဲ​တို့​သည်​လည်း သူ​၏​မျက်စိ​မြင်​လာ​ခဲ့​ပုံ​ကို သူ့​အား မေးမြန်း​ကြ​ပြန်​၏။ သူ​က​လည်း “ထို​သူ​သည် အကျွန်ုပ်​၏​မျက်စိ​ပေါ်တွင် ရွှံ့​ကို​လူး​၍ အကျွန်ုပ်​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 16,
      "text": "ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 17,
      "text": "ထို့ကြောင့် ဖာရိရှဲ​တို့​သည် ထို​မျက်မမြင်​အား “သင့်​ကို​မျက်စိ​မြင်​စေ​သော​သူ​၏​အကြောင်း​ကို သင်​မည်သို့​ဆို​မည်နည်း”​ဟု နောက်တစ်ဖန်​မေးမြန်း​ကြ​လျှင် “ပရောဖက်​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 18,
      "text": "သို့ဖြစ်လင့်ကစား ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​လာ​ပြီ​ဟူသော ထို​သူ​၏​အကြောင်း​ကို ဂျူး​လူမျိုး​တို့​သည် မ​ယုံ​ကြ​သဖြင့် နောက်ဆုံး​တွင် မျက်စိ​မြင်​လာ​သော ထို​သူ​၏​မိဘ​တို့​ကို​ခေါ်​၍"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 19,
      "text": "“ဤ​သူ​သည် မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သလော။ မှန်​သည်​ဆိုလျှင် သူ​သည် ယခု မည်သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 20,
      "text": "မိဘ​တို့​က​လည်း “ဤ​သူ​သည် အကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်းကောင်း၊ မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 21,
      "text": "သို့သော် ယခု မည်သို့​မျက်စိ​မြင်​လာ​သည်​ကို အကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်စိ​မြင်​အောင် မည်သူ​ပြုလုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​အကြောင်း​ကို သူ​ကိုယ်တိုင်​ပြောပြ​ပါ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 22,
      "text": "သူ​၏​မိဘ​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​၍ ဤသို့​ပြောဆို​ကြ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ဂျူး​လူမျိုး​တို့​သည် မည်သူမဆို ယေရှု​ကို ခရစ်တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​မည်​ဟု သဘောတူ​ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 23,
      "text": "ထို​အကြောင်း​ကြောင့် သူ​၏​မိဘ​တို့​က “သူ​သည် အရွယ်ရောက်​နေ​ပါ​ပြီ။ သူ့​ကို​မေး​ကြ​ပါ​လော့”​ဟု ဆို​ကြ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 24,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​သည် မျက်မမြင်​ဖြစ်​ခဲ့​သူ​ကို ဒုတိယ​အကြိမ်​ခေါ်​၍ “ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လော့။ ထို​သူ​သည် အပြစ်သား​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 25,
      "text": "သူ​က​လည်း “ထို​သူ​သည် အပြစ်သား​ဖြစ်​သည် မ​ဖြစ်​သည်​ကို အကျွန်ုပ်​မ​သိ​ပါ။ အကျွန်ုပ်​သိ​သော​အရာ​တစ်​ခု​မှာ အကျွန်ုပ်​သည် မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​ရ​သည့်​အကြောင်း​ဖြစ်​သည်”​ဟု ဖြေကြား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 26,
      "text": "ထို​သူ​တို့​က​လည်း “သူ​သည် သင်​၌ မည်သည့်​အရာ​ကို​ပြု​သနည်း။ သင်​၏​မျက်စိ​ကို​မည်ကဲ့သို့​မြင်​စေ​သနည်း”​ဟု မေးမြန်း​ကြ​လျှင်"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 27,
      "text": "သူ​က “သင်​တို့​ကို​အကျွန်ုပ်​ပြော​ပြီး​ပြီ။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ။ အဘယ်ကြောင့် ထပ်၍​ကြား​လို​ကြ​သနည်း။ သင်​တို့​သည်​လည်း ထို​သူ​၏​တပည့်​ဖြစ်​လို​ကြ​သလော”​ဟု ပြန်​ပြော​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 28,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​က “သင်​သည် သူ့​တပည့်​ဖြစ်​၏။ ငါ​တို့​မူကား မောရှေ​၏​တပည့်​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 29,
      "text": "ဘုရားသခင်​သည် မောရှေ​အား အမိန့်​ရှိ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ထို​သူ​ကား မည်သည့်​အရပ်​မှ​လာ​သည်​ကို ငါ​တို့​မ​သိ”​ဟု သူ့​ကို​ပုတ်ခတ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 30,
      "text": "သူ​က​လည်း “အကျွန်ုပ်​၏​မျက်စိ​ကို​ဖွင့်​ပေး​လျက်​နှင့်​ပင် ထို​သူ​မည်သည့်​အရပ်​မှ​လာ​သည်​ကို သင်​တို့​မ​သိ​ကြ​သည်​မှာ အံ့ဩဖွယ်​ကောင်း​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 31,
      "text": "ဘုရားသခင်​သည် အပြစ်သား​တို့​ကို​နားညောင်း​တော်​မ​မူ။ သို့သော် မည်သူမဆို ဘုရားသခင်​ကို​ရိုသေ​လေးမြတ်​၍ အလို​တော်​ကို​ဆောင်ရွက်​လျှင် ထို​သူ​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 32,
      "text": "မွေးရာပါ​မျက်မမြင်​ဖြစ်​သော​သူ​ကို တစ်စုံတစ်ယောက်​က မျက်စိ​မြင်​စေ​ခဲ့​သည်​ဟူသော​အကြောင်း​ကို ကမ္ဘာ​ဦး​မှစ၍ မ​ကြား​ခဲ့​ဖူး​ပါ။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 33,
      "text": "ထို​သူ​သည် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်​လျှင် မည်သည့်​အရာ​ကို​မျှ ပြု​နိုင်​ခဲ့​မည်​မ​ဟုတ်”​ဟု ဆို​၏​။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 34,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “သင်​သည် တစ်ကိုယ်လုံး​အပြစ်​နှင့်​ပြည့်နှက်​ပြီး မွေးဖွား​လာ​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို​သွန်သင်​မည်​လော”​ဟု ပြန်​၍​ပြောဆို​ကာ သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 35,
      "text": "ဂျူး​လူမျိုး​တို့​သည် သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြောင်း ယေရှု​ကြား​တော်မူ​၍ သူ့​ကို​တွေ့ရှိ​လျှင် “သင်​သည် လူ့သား​ကို​ယုံကြည်​သလော” ​ဟု မေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 36,
      "text": "သူ​က​လည်း “သခင်​ဘုရား၊ သူ့​ကို​ယုံကြည်​နိုင်​ရန် ထို​သူ​မည်သူ​ဖြစ်​သည်​ကို သိ​လို​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 37,
      "text": "ယေရှု​က “သင်​သည် သူ့​ကို​မြင်​ပြီး​သည်​သာမက ယခု​သင်​နှင့်​စကား​ပြော​နေ​သော​သူ​သည် လူ့သား​ပင်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 38,
      "text": "ထို​သူ​က​လည်း “အကျွန်ုပ်​ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​လေ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 39,
      "text": "ထိုအခါ ယေရှု​က “ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်စိကွယ်​စေရန်​ဟူသော တရား​စီရင်​ခြင်း​အတွက် ဤ​လောက​သို့​ကြွလာ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 40,
      "text": "ကိုယ်တော်​နှင့်အတူ​ရှိ​နေ​သော ဖာရိရှဲ​အချို့​တို့​သည် ထို​စကား​ကို​ကြား​လျှင် “အကျွန်ုပ်​တို့​သည်​လည်း မျက်မမြင်​များ​ဖြစ်​ကြ​သလော”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 41,
      "text": "ယေရှု​က​လည်း “သင်​တို့​သည် မျက်မမြင်​များ​ဖြစ်​ခဲ့​ကြ​လျှင် သင်​တို့​၌​အပြစ်​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့ရာတွင် ‘ငါ​တို့​မြင်​သည်’​ဟု သင်​တို့​ယခု​ဆို​နေ​ကြ​သဖြင့် သင်​တို့​၏​အပြစ်​သည် တည်မြဲ​တည်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 1,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သိုး​ခြံ​ထဲသို့ တံခါးပေါက်​မှ​မ​ဝင်​ဘဲ အခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 2,
      "text": "တံခါးပေါက်​မှ​ဝင်​သော​သူ​မူကား သိုး​တို့​၏​သိုးထိန်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 3,
      "text": "တံခါးစောင့်​သည် သူ့​ကို တံခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အသံ​ကို​နားထောင်​တတ်​ကြ​၏။ သူ​သည် မိမိ​၏​သိုး​တို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်​တတ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 4,
      "text": "မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 5,
      "text": "သူစိမ်း​တို့​၏​အသံ​ကို​မူ မ​သိ​ကြ​သောကြောင့် သူစိမ်း​နောက်​သို့ မည်သည့်​အခါ​မျှ မ​လိုက်​သည်​သာမက သူစိမ်း​ထံမှ ထွက်ပြေး​တတ်​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 6,
      "text": "ယေရှု​သည် ဤ​ပုံ​ဥပမာ​ကို လူ​တို့​အား​မိန့်​တော်မူ​သော်လည်း မည်သည့်​အကြောင်းအရာ​များ​မိန့်​တော်မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 7,
      "text": "ထို့ကြောင့် တစ်ဖန် ယေရှု​က “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 8,
      "text": "ငါ့​ထက်​အလျင်​ဦးစွာ​ရောက်လာ​သော​သူ​ရှိသမျှ​တို့​သည် သူခိုး​များ၊ ဓားပြ​များ​ဖြစ်​ကြ​၏။ သို့သော် သိုး​တို့​သည် သူ​တို့​ကို​နားမထောင်​ခဲ့​ကြ။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 9,
      "text": "ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 10,
      "text": "သူခိုး​သည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူကား သိုး​တို့​အား အသက်​ကို​ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝ​ပြည့်စုံ​စွာ​ရရှိ​စေရန်​လာ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 11,
      "text": "ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 12,
      "text": "သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 13,
      "text": "ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 14,
      "text": "ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ခမည်းတော်​သည် ငါ့​ကို​သိ​တော်မူ​၍ ငါ​သည် ခမည်းတော်​ကို​သိ​သကဲ့သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 15,
      "text": "ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 16,
      "text": "ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 17,
      "text": "ငါ​သည် အသက်​ကို​ပြန်လည်​ရယူ​ရန် ငါ့​အသက်​ကို​စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 18,
      "text": "မည်သူ​က​မျှ​ငါ့​အသက်​ကို ငါ့​ထံမှ​နုတ်ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အလျောက် ငါ့​အသက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အသက်​ကို​စွန့်​ပိုင်ခွင့်​ရှိ​၍ ၎င်း​ကို ပြန်လည်​ရယူ​ပိုင်ခွင့်​ရှိ​၏။ ငါ​သည် ဤ​အမိန့်​ကို ငါ့​ခမည်းတော်​ထံမှ​ရရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 19,
      "text": "ဤ​စကား​တော်​များ​ကြောင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကွဲပြား​ခြင်း​ရှိ​ကြ​ပြန်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 20,
      "text": "သူ​တို့​ထဲမှ အများစု​က “သူ​သည် နတ်ဆိုး​ပူး​၍ ရူးသွပ်​နေ​ပြီ။ သူ့​ကို အဘယ်ကြောင့် နားထောင်​ကြ​သနည်း”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 21,
      "text": "အခြား​သော​သူ​တို့​က “ဤ​စကား​တို့​သည် နတ်ဆိုး​ပူး​သူ​၏​စကား​မ​ဟုတ်။ နတ်ဆိုး​သည် မျက်မမြင်​တို့​ကို​မျက်စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 22,
      "text": "ထိုစဉ်က ဂျေရုဆလင်​မြို့​၌ ဗိမာန်​တော်​သန့်စင်​ခြင်း​အထိမ်းအမှတ်​ပွဲတော်​ရှိ​၏။ အချိန်​ကား ဆောင်း​ကာလ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 23,
      "text": "ယေရှု​သည် ဗိမာန်​တော်​၌​ရှိ​သော ရှောလမုန်​မုခ်ဆောင်​တွင် ကြွ​တော်မူ​စဉ်"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 24,
      "text": "ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် “သင်​သည် အကျွန်ုပ်​တို့​၏​စိတ်​ကို မည်မျှ​ကြာအောင် ဒွိဟ​ဖြစ်​စေ​မည်နည်း။ သင်​သည် ခရစ်တော်​မှန်​လျှင် အကျွန်ုပ်​တို့​အား အတိအလင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 25,
      "text": "ယေရှု​က​လည်း “သင်​တို့​ကို ငါ​ပြော​ခဲ့​သော်လည်း သင်​တို့​မ​ယုံကြည်​ကြ။ ငါ့​ခမည်းတော်​၏​နာမ​တော်​အားဖြင့် ငါ​ပြု​နေ​သော​အမှု​များ​သည် ငါ့​အကြောင်း​ကို​သက်သေခံ​လျက်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 26,
      "text": "သို့သော် သင်​တို့​မ​ယုံကြည်​ကြ။ မ​ယုံ​ကြ​သည့်​အကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 27,
      "text": "ငါ့​သိုး​တို့​သည် ငါ့​အသံ​ကို​နားထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 28,
      "text": "ငါ​သည် သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​၍ သူ​တို့​သည် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ မ​ပျက်စီး​ရ။ မည်သူမျှ သူ​တို့​ကို ငါ့​လက်​ထဲမှ​လုယူ​၍​မ​ရ​နိုင်။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 29,
      "text": "သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်မူ​သော​ငါ့​ခမည်းတော်​သည် အလုံးစုံ​တို့​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်​၍ မည်သူမျှ သူ​တို့​ကို ခမည်းတော်​၏​လက်​ထဲမှ​မ​လုယူ​နိုင်။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 30,
      "text": "ငါ​နှင့်​ခမည်းတော်​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 31,
      "text": "ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 32,
      "text": "ယေရှု​က​လည်း “ငါ​သည် ခမည်းတော်​ထံမှ ကောင်း​သော​အမှု​များစွာ​တို့​ကို သင်​တို့​အား​ပြသ​ခဲ့​၏။ ၎င်း​တို့​ထဲမှ မည်သည့်​အမှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်နည်း” ​ဟု သူ​တို့​အား​မေး​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 33,
      "text": "ဂျူး​လူမျိုး​တို့​က “ကောင်း​သော​အမှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်ကိုယ်သင် ဘုရား​အယောင်ဆောင်​၍ ဘုရားသခင်​ကို​စော်ကား​သောကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 34,
      "text": "ယေရှု​က “သင်​တို့​၏​ပညတ်​တရား​ကျမ်း​တွင် ‘ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏’ ဟူ၍ ရေး​ထား​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 35,
      "text": "ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို​ရရှိ​သော​သူ​တို့​အား ‘ဘုရား​များ’​ဟု ခေါ်​လျှင် ကျမ်းစာ​သည် မ​ပျက်ပြယ်​နိုင်​သည်​ဖြစ်၍"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 36,
      "text": "ခမည်းတော်​သည်​သန့်ရှင်း​စေ​လျက် ဤ​လောက​သို့​စေလွှတ်​တော်မူ​သော​သူ​က ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သောအခါ ‘ဘုရားသခင်​ကို​စော်ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သလော။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 37,
      "text": "ငါ​သည် ငါ့​ခမည်းတော်​၏​အမှု​တော်​များ​ကို မ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​ကြ​နှင့်။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 38,
      "text": "သို့သော် ငါ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​သော်လည်း ထို​အမှု​တော်​များ​ကို ယုံကြည်​ကြ​လော့။ ထိုသို့​ယုံကြည်​ပါက ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​လျက် ငါ​သည် ခမည်းတော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိရှိ​၍​နားလည်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 39,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ကြိုးစား​ကြ​ပြန်​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​၏​လက်​မှ​လွတ်မြောက်​၍ ကြွသွား​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 40,
      "text": "ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 41,
      "text": "လူ​များစွာ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​၍ “ယောဟန်​သည် မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ သူ​ပြောဆို​ခဲ့​သော​အရာ​အားလုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 42,
      "text": "ဤသို့ဖြင့် ထို​အရပ်​တွင် လူ​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 1,
      "text": "ထိုအခါ​၌ မာရိ​နှင့်​သူ​၏​အစ်မ​မာသ​တို့​နေထိုင်​ရာ ဗေသနိ​ရွာ​မှ လာဇရု​ဆို​သူ​တစ်​ဦး​သည် နာမကျန်း​ဖြစ်​နေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 2,
      "text": "ထို​မာရိ​သည် သခင်​ဘုရား​ကို​ဆီမွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိမိ​ဆံပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာမကျန်း​ဖြစ်​နေ​သော​လာဇရု​သည် သူ​၏​မောင်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 3,
      "text": "ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 4,
      "text": "ယေရှု​သည် ထို​အကြောင်း​ကို​ကြား​လျှင် “ဤ​နာမကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေရန်​အတွက်​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​ဘုန်း​တော်​အတွက်​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​သည် ထို​အခြင်းအရာ​အားဖြင့် ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​စေရန်​အတွက်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 5,
      "text": "ယေရှု​သည် မာသ၊ သူ​၏​ညီမ​နှင့် လာဇရု​တို့​ကို ချစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 6,
      "text": "သို့ဖြစ်၍ လာဇရု​နာမကျန်း​ဖြစ်​သည်​ကို ကြား​တော်မူ​သောအခါ မိမိ​နေ​သော​အရပ်​၌ နှစ်​ရက် ထပ်၍​နေ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 7,
      "text": "ထို့နောက် တပည့်​တော်​တို့​အား “ယုဒ​နယ်​သို့ နောက်တစ်ဖန်​သွား​ကြ​စို့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 8,
      "text": "တပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူမျိုး​တို့​သည် မကြာသေးမီ​က​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာကြံ​နေ​ကြ​ပါလျက်နှင့် ထို​အရပ်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​မည်​လော”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 9,
      "text": "ယေရှု​က​လည်း “နေ့​အချိန်​သည် တစ်ဆယ့်နှစ်​နာရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်သူမဆို နေ့​အချိန်​၌​သွားလာ​လျှင် ဤ​လောက​၏​အလင်း​ကို​မြင်​ရ​သောကြောင့် ခလုတ်​မ​တိုက်​မိ​တတ်။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 10,
      "text": "သို့သော် ည​အချိန်​၌​သွားလာ​လျှင် သူ​၌​အလင်း​မ​ရှိ​သောကြောင့် ခလုတ်တိုက်​မိ​တတ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 11,
      "text": "ထိုသို့​မိန့်​တော်မူ​ပြီးနောက် “ငါ​တို့​၏​မိတ်ဆွေ​လာဇရု​သည် အိပ်ပျော်​လေ​ပြီ။ သို့ရာတွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 12,
      "text": "ထိုအခါ တပည့်​တော်​တို့​က “သခင်​ဘုရား၊ သူ​အိပ်ပျော်​ပြီ​ဆိုလျှင် သက်သာ​ပါ​လိမ့်မည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 13,
      "text": "ယေရှု​သည် လာဇရု​၏​သေဆုံး​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သော်လည်း အနားယူ​အိပ်စက်​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ဟု တပည့်​တော်​တို့​ထင်မှတ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 14,
      "text": "ထို့ကြောင့် ယေရှု​သည် သူ​တို့​အား အတိအလင်း​ပြောဆို​၍ “လာဇရု​သေ​ပြီ။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 15,
      "text": "သို့သော် သင်​တို့​ယုံကြည်​ကြ​ရန် ထို​အရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ မည်သို့ပင်ဖြစ်စေ သူ့​ထံသို့​သွား​ကြ​စို့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 16,
      "text": "ထိုအခါ ဒိဒုမု​ဟု​ခေါ်​သည့်​သောမ​က “ကိုယ်တော်​နှင့်အတူ​အသေခံ​ရန် ငါ​တို့​လည်း လိုက်သွား​ကြ​စို့”​ဟု အခြား​တပည့်​တော်​တို့​အား​ပြောဆို​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 17,
      "text": "ယေရှု​ရောက်​တော်မူ​သောအခါ လာဇရု​ကို ဂူသွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့ရှိ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 18,
      "text": "ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင်​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 19,
      "text": "များစွာ​သော​ဂျူး​လူမျိုး​တို့​သည် မာသ​နှင့်​မာရိ​တို့​ကို သူ​တို့​၏​မောင်​အတွက်​နှစ်သိမ့်​ရန် သူ​တို့​ထံသို့​ရောက်​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 20,
      "text": "မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 21,
      "text": "မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 22,
      "text": "သို့သော် ဘုရားသခင်​ထံ ကိုယ်တော်​တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ကိုယ်တော်​အား ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း ယခု​လည်း ကျွန်မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 23,
      "text": "ယေရှု​က​လည်း “သင်​၏​မောင်​သည် ထမြောက်​မည်” ​ဟု မိန့်​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 24,
      "text": "မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 25,
      "text": "ယေရှု​က​လည်း “ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 26,
      "text": "အသက်ရှင်​နေ​လျက် ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ​မ​သေ​ရ။ ဤ​အရာ​ကို သင်​ယုံကြည်​သလော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 27,
      "text": "မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 28,
      "text": "ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 29,
      "text": "မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 30,
      "text": "ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 31,
      "text": "အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 32,
      "text": "မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 33,
      "text": "ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 34,
      "text": "“သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း” ​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 35,
      "text": "ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 36,
      "text": "ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 37,
      "text": "သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 38,
      "text": "ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 39,
      "text": "ယေရှု​က “ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 40,
      "text": "ယေရှု​က​လည်း “သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 41,
      "text": "ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက် “အို အဖ၊ အကျွန်ုပ်​တောင်းလျှောက်​သည်​ကို နားညောင်း​တော်မူ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 42,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏” ​ဟု မြွက်ဆို​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 43,
      "text": "ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့် “လာဇရု၊ ထွက်လာ​လော့” ​ဟု ဟစ်ခေါ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 44,
      "text": "ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က “သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့” ​ဟု လူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 45,
      "text": "ထို့ကြောင့် မာရိ​ထံသို့​လာ​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို​မြင်​ရ​သည့် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 46,
      "text": "သို့သော် အချို့​တို့​သည် ဖာရိရှဲ​တို့​ထံသို့​သွား​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို ပြောကြား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 47,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရားလွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 48,
      "text": "ထို​သူ​ကို ဤအတိုင်း​လွှတ်​ထား​လျှင် လူ​အားလုံး​တို့​သည် သူ့​ကို​ယုံကြည်​ကြ​လိမ့်မည်။ ထိုအခါ ရောမ​လူမျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အရပ်​ဌာန​နှင့်တကွ ငါ​တို့​၏​လူမျိုး​ကို​ပါ သိမ်းယူ​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 49,
      "text": "သို့ရာတွင် သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်ပြီး ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​က “သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 50,
      "text": "တစ်မျိုးသားလုံး​ပျက်စီး​သည်​ထက် လူ​တစ်​ဦး​က လူထု​ကိုယ်စား အသေခံ​ခြင်း​သည် သင်​တို့​အတွက် ပို၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်ခြင်​ကြ​ပါ​တကား”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 51,
      "text": "သို့သော် ဤ​စကား​ကို မိမိ​ဆန္ဒ​အလျောက် သူ​ပြောဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သည်​နှင့်အညီ ယေရှု​သည် ထို​လူမျိုး​အတွက် အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း​နှင့်"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 52,
      "text": "ထို​လူမျိုး​အတွက်​သာမက ကွဲလွင့်​နေ​သော ဘုရားသခင်​၏​သားသမီး​များ​ကို တစ်စုတစ်ဝေးတည်း​ဖြစ်​စေရန်​အတွက်​ပါ အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 53,
      "text": "ထို့ကြောင့် သူ​တို့​သည် ထို​နေ့​မှစ၍ ကိုယ်တော်​ကို​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 54,
      "text": "သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 55,
      "text": "ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​၍ များစွာ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​ရန် ပသခါ​ပွဲတော်​မတိုင်မီ ကျေးလက်​ဒေသ​မှ ဂျေရုဆလင်​မြို့​သို့ တက်​လာ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 56,
      "text": "သူ​တို့​သည် ယေရှု​ကို​ရှာ​ရင်း ဗိမာန်​တော်​ထဲ၌​ရပ်​လျက် “သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ သူ​သည် ဤ​ပွဲတော်​သို့ လုံးဝ​မ​လာ​ဘဲ​နေ​မည်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 57,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​မူကား ကိုယ်တော်​ကို​ဖမ်းဆီး​နိုင်​ရန်​အတွက် မည်သူမဆို ယေရှု​ရှိ​ရာ​အရပ်​ကို​သိ​လျှင် သတင်း​ပေး​ရ​မည်​ဟု အမိန့်​ထုတ်​ထား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 1,
      "text": "ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 2,
      "text": "လူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​အတွက် ညစာ​ကို​ပြင်ဆင်​ကြ​ပြီး မာသ​သည် ဧည့်ဝတ်​ပြု​နေ​၏။ ကိုယ်တော်​နှင့်အတူ စားပွဲ​၌​ထိုင်​နေ​သူ​များ​ထဲတွင် လာဇရု​လည်း​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 3,
      "text": "ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 4,
      "text": "သို့သော် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်ပြီး ကိုယ်တော်​ကို​အပ်နှံ​တော့မည့်​သူ ယုဒ​ဣရှကာရုတ်​က"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 5,
      "text": "“အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​အား မ​ပေးကမ်း​ခဲ့​သနည်း”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 6,
      "text": "ထိုသို့​ဆို​ခြင်း​မှာ သူ​သည် ဆင်းရဲသား​တို့​၏​အကျိုး​ကို ထောက်ထား​ငဲ့ညှာ​၍​မ​ဟုတ်​ဘဲ မိမိ​သည် သူခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်းသိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 7,
      "text": "ထို့ကြောင့် ယေရှု​က “ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အတွက် သူ​သည် ဤ​ဆီမွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်၍ သူ​ပြု​လို​ရာ​ပြု​ပါစေ။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 8,
      "text": "အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​တွင်​အစဉ်​ရှိ​ကြ​၏။ ငါ​မူကား သင်​တို့​တွင်​အစဉ်​ရှိ​သည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 9,
      "text": "များစွာ​သော​ဂျူး​လူမျိုး​အစုအဝေး​သည် ထို​အရပ်​၌ ယေရှု​ရှိ​တော်မူ​ကြောင်း​ကို ကြားသိ​သဖြင့် ယေရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​စေ​တော်မူ​သော လာဇရု​ကို​လည်း​တွေ့မြင်​ရ​ရန် ရောက်လာ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 10,
      "text": "ထို့ကြောင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် လာဇရု​ကို​လည်း​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 11,
      "text": "အဘယ်ကြောင့်​ဆိုသော် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် လာဇရု​ကြောင့် သူ​တို့​ကို​စွန့်ခွာ​၍ ယေရှု​ကို​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 12,
      "text": "နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့်"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 13,
      "text": "စွန်ပလွံ​ခက်​များ​ကို​ကိုင်ဆောင်​လျက် ကိုယ်တော်​ကို​ကြိုဆို​ရန် ထွက်သွား​ကြ​၍ “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်၊ အစ္စရေး​ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 14,
      "text": "ယေရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 15,
      "text": "ဤသည်ကား “ဇိအုန်​သမီး၊ မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်း​ကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏” ​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 16,
      "text": "ဤ​အရာ​များ​ကို တပည့်​တော်​တို့​သည် အစ​က နား​မ​လည်​ခဲ့​ကြ။ သို့သော် ယေရှု​ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​တော်မူ​သောအခါ​မှသာ ဤ​အရာ​များ​သည် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်တော်​အပေါ် ထို​အတိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်လည်​သတိရ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 17,
      "text": "ယေရှု​သည် လာဇရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​စဉ်​က ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သော လူထု​ပရိသတ်​တို့​သည် ထို​အကြောင်း​ကို သက်သေခံ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 18,
      "text": "လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​ခြင်း​မှာ ဤသို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​လည်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 19,
      "text": "ထို့ကြောင့် ဖာရိရှဲ​တို့​က “တွေ့​သလော။ သင်​တို့​လုပ်ရပ်​တစ်ခုမျှ​အကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်ကမ္ဘာလုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 20,
      "text": "ပွဲတော်​တွင် ဝတ်ပြု​ကိုးကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ၌ ဂရိ​လူမျိုး​အချို့​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 21,
      "text": "သူ​တို့​သည် ဂါလိလဲ​နယ်၊ ဗက်ဇဲဒ​မြို့သား ဖိလိပ္ပု​ထံ​ချဉ်းကပ်​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် ယေရှု​ကို​တွေ့မြင်​လို​ပါ​သည်”​ဟု တောင်းဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 22,
      "text": "ဖိလိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြောပြ​ပြီးလျှင် အန္ဒြေ​နှင့်​ဖိလိပ္ပု​တို့​သည်​လာ​၍ ယေရှု​ထံ​လျှောက်ထား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 23,
      "text": "ထိုအခါ ယေရှု​က “လူ့သား​ကို ဘုန်း​တော်​ထင်ရှား​စေ​မည့်​အချိန် ရောက်လာ​ပြီ။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 24,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်စီး​လျှင် တစ်စေ့တည်း​ရှိ​နေ​၏။ ပျက်စီး​လျှင်​မူကား များစွာ​သော​အသီး​ကို ဖြစ်ထွန်း​စေ​တတ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 25,
      "text": "မိမိ​အသက်​ကို​တွယ်တာ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို​မုန်း​သော​သူ​မူကား ထို​အသက်​ကို ထာဝရ​အသက်​အတွက် စောင့်ရှောက်​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 26,
      "text": "မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထိုအခါ ငါ​ရှိ​ရာ​အရပ်​၌ ငါ​၏​အမှုဆောင်​လည်း​ရှိ​လိမ့်မည်။ မည်သူမဆို ငါ​၏​အမှု​ကို​ဆောင်ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခမည်းတော်​သည် ချီးမြှောက်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 27,
      "text": "ယခု ငါ့​စိတ်​ပူပန်​လျက်​ရှိ​၏။ ငါ​မည်သို့​လျှောက်​ရ​ပါ​မည်နည်း။ ‘အို အဖ၊ ဤ​အချိန်​နာရီ​မှ အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ’​ဟူ၍ လျှောက်​ရ​ပါ​မည်​လော။ သို့ရာတွင် ငါ​သည် ဤ​အတွက်​ကြောင့် ယခု​အချိန်​နာရီ​သို့ ရောက်လာ​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 28,
      "text": "‘အို အဖ၊ ကိုယ်တော်​၏​နာမ​တော်​အား ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပါ’” ​ဟု မြွက်ဆို​တော်မူ​၏။ ထိုအခါ “ငါ​သည် ဘုန်း​တော်​ထင်ရှား​စေ​ခဲ့​ပြီ။ နောက်တစ်ဖန်​လည်း ထင်ရှား​စေ​ဦး​မည်”​ဟု ကောင်းကင်​မှ​အသံ​တော်​လာ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 29,
      "text": "အနီးနား​၌​ရပ်​နေ​၍ ထို​အသံ​ကို​ကြား​ကြ​သော လူထု​ပရိသတ်​တို့​က “မိုးချုန်း​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “ကောင်းကင်တမန်​က သူ့​ကို​မြွက်ဆို​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 30,
      "text": "ယေရှု​က​လည်း “ဤ​အသံ​တော်​သည် ငါ့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​လာ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 31,
      "text": "ယခု​သည် ဤ​လောက​၏​တရား​စီရင်​ခြင်း​ကာလ​ဖြစ်​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ယခု နှင်ထုတ်​ခြင်း​ခံရ​မည်။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 32,
      "text": "ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံရ​သောအခါ လူ​ခပ်သိမ်း​တို့​ကို ငါ့​ထံသို့​ဆွဲငင်​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 33,
      "text": "ဤသို့​မိန့်​တော်မူ​ခြင်းမှာ မိမိ​သည်​မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 34,
      "text": "ထိုအခါ လူထု​ပရိသတ်​က “ခရစ်တော်​သည် ကာလ​အစဉ်အဆက်​တည်​တော်မူ​၏​ဟု ပညတ်​တရား​ကျမ်း​အားဖြင့် အကျွန်ုပ်​တို့​ကြားသိ​ထား​သည်။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် ‘လူ့သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သနည်း။ ဤ​လူ့သား​ဆို​သူ​မှာ မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 35,
      "text": "ယေရှု​က​လည်း “အလင်း​သည် သင်​တို့​တွင် နောက်ထပ် ခဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်မိုက်​မ​လွှမ်းမိုး​စေရန် အလင်း​ရှိ​ခိုက် သွားလာ​ကြ​လော့။ မှောင်မိုက်​၌​သွားလာ​သော​သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 36,
      "text": "သင်​တို့​သည် အလင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အလင်း​ရှိ​ခိုက် အလင်း​ကို​ယုံကြည်​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အရာ​များ​ကို ဟောပြော​တော်မူ​ပြီးနောက် ထွက်သွား​၍ သူ​တို့​ကို တိမ်းရှောင်​လျက်​နေ​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 37,
      "text": "ယေရှု​သည် ဤမျှလောက်​များပြား​သော နိမိတ်​လက္ခဏာ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြု​တော်မူ​သော်လည်း သူ​တို့​သည် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​ပေ။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 38,
      "text": "ဤသည်ကား “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း။ ထာဝရ​ဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း” ​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​စကား ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်အကြောင်း​တည်း။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 39,
      "text": "သူ​တို့​မ​ယုံကြည်​နိုင်​သည့်​အကြောင်းမှာ ဟေရှာယ​က"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 40,
      "text": "“သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏” ​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 41,
      "text": "ဟေရှာယ​သည် ယေရှု​၏​ဘုန်း​အသရေ​တော်​ကို​မြင်​ရ​သောကြောင့် ဤသို့​ပြောဆို​ပြီး ကိုယ်တော်​၏​အကြောင်း​ကို ဟောပြော​ခဲ့​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 42,
      "text": "မည်သို့ပင်ဖြစ်စေ အကြီးအကဲ​တို့​တွင်​လည်း ကိုယ်တော်​ကို​ယုံကြည်​သော​သူ​များစွာ​ရှိ​ကြ​၏။ သို့သော် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ခြင်း​ခံရ​မည်​ကို စိုးရိမ်​သဖြင့် ဖာရိရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 43,
      "text": "အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ပေး​သော​ဘုန်း​အသရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အသရေ​ကို ပို၍​နှစ်သက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 44,
      "text": "တစ်ဖန် ယေရှု​က “ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ့​ကို​ယုံကြည်​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​ယုံကြည်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 45,
      "text": "ငါ့​ကို​မြင်​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​မြင်​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 46,
      "text": "ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း မှောင်မိုက်​ထဲ၌​မ​နေ​ရ​စေရန် ငါ​သည် အလင်း​အဖြစ် ဤ​လောက​သို့​ကြွလာ​ပြီ။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 47,
      "text": "တစ်စုံတစ်ယောက်​သည် ငါ့​စကား​တို့​ကို​ကြား​လျက် မ​စောင့်ထိန်း​လျှင်​လည်း ငါ​သည် ထို​သူ​ကို​ပြစ်ဒဏ်​မ​စီရင်။ အကြောင်းမူကား ဤ​လောက​ကို ပြစ်ဒဏ်​စီရင်​ရန် ငါ​လာ​သည်​မ​ဟုတ်။ ဤ​လောက​ကို ကယ်တင်​ရန် ငါ​လာ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 48,
      "text": "ငါ့​ကို​ငြင်းပယ်​၍ ငါ့​စကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်ဒဏ်​စီရင်​သော​သူ​ရှိ​၏။ ငါ​ဟောပြော​ခဲ့​သည့်​တရား​စကား​က​ပင် နောက်ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်ဒဏ်​စီရင်​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 49,
      "text": "အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော​ခမည်းတော်​ကိုယ်တိုင် ငါ​မည်သို့​မြွက်ဆို​၍ မည်သို့​ဟောပြော​ရ​မည်​ကို ငါ့​အား​အမိန့်​ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 50,
      "text": "ခမည်းတော်​၏​အမိန့်​တော်​သည် ထာဝရ​အသက်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။ ထို့ကြောင့် ငါ​ဟောပြော​သော​အရာ​တို့​ကို ခမည်းတော်​က ငါ့​အား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​ဟောပြော​၏” ​ဟု ကြွေးကြော်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 1,
      "text": "ပသခါ​ပွဲတော်​မတိုင်မီ​၌ ယေရှု​သည် ဤ​လောက​မှ​ထွက်ခွာ​ပြီး ခမည်းတော်​ထံသို့​သွား​ရ​မည့် မိမိ​အချိန်​ရောက်လာ​သည်​ကို သိ​တော်မူ​၍ ဤ​လောက​၌​ရှိ​သော မိမိ​လူ​တို့​ကို​ချစ်​တော်မူ​လျက် အဆုံး​တိုင်အောင်​ချစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 2,
      "text": "ညစာ​ကို​စား​ကြ​စဉ် မာရ်နတ်​သည် ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ကို​အပ်နှံ​ရန် အကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 3,
      "text": "ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့်"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 4,
      "text": "ညစာ​စားပွဲ​မှ​ထ​၍ ဝတ်ရုံ​တော်​ကို​ချွတ်​ပြီးလျှင် ပဝါ​ကို​ယူ​လျက် မိမိ​ခါး​၌​စည်း​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 5,
      "text": "ထို့နောက် ဇလုံ​၌​ရေ​ထည့်​၍ တပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီးမှ ခါး​၌​စည်း​ထား​သော​ပဝါ​ဖြင့် သုတ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 6,
      "text": "ဤသို့ဖြင့် ရှိမုန်​ပေတရု​ထံ​ရောက်​တော်မူ​သောအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်မူ​မည်​လော”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 7,
      "text": "ယေရှု​က​လည်း “သင်​သည် ငါ​ပြု​နေ​သော​အရာ​ကို ယခု​နား​မ​လည်​သော်လည်း နောင်​အခါ​သဘောပေါက်​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 8,
      "text": "ပေတရု​က “အကျွန်ုပ်​၏​ခြေ​ကို လုံးဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း “သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့်​မ​သက်ဆိုင်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 9,
      "text": "ထိုအခါ ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦးခေါင်း​တို့​ကို​ပါ ဆေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 10,
      "text": "ယေရှု​က​လည်း “ရေချိုး​ပြီး​သော​သူ​သည် တစ်ကိုယ်လုံး​စင်ကြယ်​သည်​ဖြစ်​၍ ခြေ​မှလွဲ၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် သင်​တို့​အားလုံး​မ​ဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 11,
      "text": "ကိုယ်တော်​သည် မိမိ​ကို မည်သူ​အပ်နှံ​မည်​ကို​သိ​တော်မူ​သောကြောင့် “သင်​တို့​အားလုံး​စင်ကြယ်​သည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 12,
      "text": "ထိုသို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သောအခါ ကိုယ်တော်​သည် ဝတ်ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်ဖန်​ထိုင်​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ “သင်​တို့​၌ ငါ​ပြု​ခဲ့​သော​အရာ​ကို နားလည်​ကြ​သလော။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 13,
      "text": "သင်​တို့​သည် ငါ့​ကို ဆရာ​ဟူ၍​လည်းကောင်း၊ သခင်​ဘုရား​ဟူ၍​လည်းကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အတိုင်း​ဖြစ်​သောကြောင့် သင်​တို့ ထိုသို့​ခေါ်​ကြ​သည်​မှာ လျောက်ပတ်​ပေ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 14,
      "text": "ထို့ကြောင့် သခင်​ဘုရား​လည်း​ဖြစ်၍ ဆရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အချင်းချင်း​တို့​၏​ခြေ​ကို​ဆေး​ကြ​ရ​မည်။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 15,
      "text": "သင်​တို့​၌ ငါ​ပြု​သကဲ့သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံနမူနာ​ကို ငါ​ပြ​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 16,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ စေတမန်​သည်​လည်း သူ့​ကို​စေလွှတ်​သော​သူ​ထက် ကြီးမြတ်​သည်​မ​ဟုတ်။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 17,
      "text": "ဤ​အရာ​များ​ကို သင်​တို့​သိမှတ်​၍ ထို​အတိုင်း​ကျင့်သုံး​လျှင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 18,
      "text": "သင်​တို့​အားလုံး​ကို ငါ​ရည်ညွှန်း​ပြောဆို​သည်​မ​ဟုတ်။ ငါ​ရွေးကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖနောင့်​နှင့်​ပေါက်​လေ​၏’ ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ရ​မည်။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 19,
      "text": "ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံကြည်​ကြ​ရန် ထို​အခြင်းအရာ​မ​ဖြစ်ပျက်​မီ ယခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 20,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​စေလွှတ်​သော​သူ​ကို လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 21,
      "text": "ယေရှု​သည် ဤ​အကြောင်းအရာ​များ​ကို မိန့်​တော်မူ​ပြီး​သောအခါ စိတ်​တော်​ပူပန်​လျက် “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​အထဲမှ တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်” ​ဟု သက်သေခံ​လျက် မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 22,
      "text": "တပည့်​တော်​တို့​သည် မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို တွေးမရ​ဖြစ်​သဖြင့် တစ်ဦး​ကို​တစ်ဦး​ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 23,
      "text": "တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သည့် ယေရှု​ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​ရင်ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သဖြင့်"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 24,
      "text": "မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို​မေး​ရန် ရှိမုန်​ပေတရု​က ထို​တပည့်​တော်​အား အချက်ပြ​လေ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 25,
      "text": "သို့ဖြစ်၍ ထို​တပည့်​တော်​သည် သူ့​နေရာ​မှ ယေရှု​၏​ရင်ခွင်​တော်​သို့ ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ထို​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 26,
      "text": "ယေရှု​က​လည်း “ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီးမှ ၎င်း​ကို​ယူ​၍ ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​အား ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 27,
      "text": "ထို​မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီး​သောအခါ စာတန်​သည် သူ့​အထဲသို့​ဝင်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ယုဒ​အား “သင်​ပြု​နေ​သည့်​အမှု​ကို အမြန်​ပြု​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 28,
      "text": "သို့သော် ကိုယ်တော်​သည် ယုဒ​အား အဘယ်ကြောင့် ထိုသို့​မိန့်​တော်မူ​သည်​ကို စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်သူမျှ​မ​သိ​ကြ​ပေ။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 29,
      "text": "အချို့​တို့​က ယုဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်၍ ယေရှု​က ပွဲတော်​အတွက်​လိုအပ်​သော​အရာ​များ​ကို ဝယ်ယူ​လော့၊ သို့မဟုတ် ဆင်းရဲသား​တို့​အား တစ်စုံတစ်ခု​ပေး​သင့်​သည်​ဟူ၍ သူ့​ကို​မိန့်​တော်မူ​သည်​ဟု ထင်မှတ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 30,
      "text": "ယုဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီးလျှင် ချက်ချင်း​ထွက်သွား​လေ​၏။ ထို​အချိန်​ကား ည​အချိန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 31,
      "text": "ယုဒ​ထွက်သွား​ပြီးနောက် ယေရှု​က “ယခု​အခါ လူ့သား​ကို ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပြီ။ ဘုရားသခင်​သည်​လည်း လူ့သား​အားဖြင့် ဘုန်း​တော်​ထင်ရှား​တော်မူ​ပြီ။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 32,
      "text": "ဘုရားသခင်​သည် လူ့သား​အားဖြင့် ဘုန်း​တော်​ထင်ရှား​တော်မူ​လျှင် ဘုရားသခင်​ကိုယ်တော်​တိုင်​အားဖြင့်​လည်း လူ့သား​ကို​ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​၍ ထို​ဘုန်း​တော်​ကို ချက်ချင်း​ထင်ရှား​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 33,
      "text": "ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်အတူ ခဏတာ​မျှသာ နေ​ရ​တော့မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူမျိုး​တို့​အား ငါ​ပြော​သကဲ့သို့ ယခု သင်​တို့​ကို​လည်း ငါ​ပြော​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 34,
      "text": "သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်းတူ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​ကြ​လော့​ဟူသော​ပညတ်​ချက်​အသစ်​ကို သင်​တို့​အား ငါ​ပေး​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 35,
      "text": "သင်​တို့​အချင်းချင်း​ကြား၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ့​တပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 36,
      "text": "ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်နည်း”​ဟု မေး​လျှောက်​လျှင် ယေရှု​က “ငါ​သွား​ရာ​အရပ်​သို့ သင်​သည် ယခု​မ​လိုက်​နိုင်။ သို့သော် နောင်​အခါ​တွင် လိုက်​ရ​လိမ့်မည်” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 37,
      "text": "ပေတရု​က​လည်း “သခင်​ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်​နောက်​သို့ ယခု​မ​လိုက်​နိုင်​ရ​သနည်း။ ကိုယ်တော်​အတွက် အကျွန်ုပ်​၏​အသက်​ကို​စွန့်​ပါ​မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 38,
      "text": "ယေရှု​က “ငါ့​အတွက် သင်​၏​အသက်​ကို​စွန့်​မည်​လော။ သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 1,
      "text": "သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 2,
      "text": "ငါ့​ခမည်းတော်​၏​အိမ်​တော်​၌ နေ​စရာ​များစွာ​ရှိ​၏။ မ​ရှိ​ပါက မ​ရှိ​ကြောင်း သင်​တို့​အား ငါ​ပြော​ခဲ့​ပေ​လိမ့်မည်။ သင်​တို့​အတွက် နေရာ​ပြင်ဆင်​ရန် ငါ​သွား​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 3,
      "text": "ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 4,
      "text": "ငါ​သွား​ရာ​အရပ်​သို့​ရောက်​သော​လမ်း​ကို သင်​တို့​သိ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 5,
      "text": "သောမ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်​ကို အကျွန်ုပ်​တို့​မ​သိ​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်​လျှင်"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 6,
      "text": "ယေရှု​က “ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 7,
      "text": "သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်။ ယခု​မှစ၍ သင်​တို့​သည် ခမည်းတော်​ကို​သိ​လျက် မြင်​ရ​ကြ​လေ​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 8,
      "text": "ဖိလိပ္ပု​က “သခင်​ဘုရား၊ ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ။ ထိုသို့​ပြ​တော်မူ​လျှင် အကျွန်ုပ်​တို့​အတွက် လုံလောက်​ပါ​ပြီ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 9,
      "text": "ယေရှု​က “ဖိလိပ္ပု၊ ငါ​သည် သင်​တို့​နှင့်အတူ ဤမျှလောက်​ကြာမြင့်​စွာ​ရှိ​လျက်​နှင့်​ပင် သင်​သည် ငါ့​ကို​မ​သိ​ခဲ့​သလော။ ငါ့​ကို​မြင်​သော​သူ​သည် ခမည်းတော်​ကို​မြင်​လေ​ပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်​ကို အကျွန်ုပ်​တို့​အား​ပြ​တော်မူ​ပါ’​ဟု သင်​မည်သို့​ဆို​နိုင်​သနည်း။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 10,
      "text": "ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​သည်​ကို သင်​မ​ယုံ​သလော။ သင်​တို့​အား ငါ​ပြောဆို​သော​စကား​တို့​ကို ငါ့​ဆန္ဒ​အလျောက်​ငါ​ပြောဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်မူ​သော​ခမည်းတော်​သည် သူ​၏​အမှု​တော်​များ​ကို​ပြု​တော်မူ​ခြင်း​သာ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 11,
      "text": "ငါ​သည် ခမည်းတော်​၌​ရှိ​၍ ခမည်းတော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အမှု​များ​ကို​ထောက်၍ ယုံ​ကြ​လော့။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 12,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 13,
      "text": "ခမည်းတော်​သည် သား​တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း ငါ​၏​နာမ​၌ သင်​တို့​တောင်းလျှောက်​သမျှ​ကို ငါ​ပြု​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 14,
      "text": "သင်​တို့​သည် ငါ​၏​နာမ​၌ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ငါ​သည် ထို​အရာ​ကို​ပြု​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 15,
      "text": "သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ငါ​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 16,
      "text": "ငါ​သည်​လည်း ခမည်းတော်​ကို​တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် အခြား​သော​ကူညီ​မစ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​စေရန် သင်​တို့​အား​ပေး​တော်မူ​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 17,
      "text": "ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 18,
      "text": "ငါ​သည် သင်​တို့​ကို မိဘမဲ့​အဖြစ် ပစ်ထား​မည်​မ​ဟုတ်။ သင်​တို့​ထံသို့ ငါ​ပြန်လာ​ဦး​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 19,
      "text": "နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 20,
      "text": "ထို​နေ့​တွင် ငါ့​ခမည်းတော်​၌ ငါ​ရှိ​သည်​ကို​လည်းကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 21,
      "text": "ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 22,
      "text": "ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 23,
      "text": "ယေရှု​က​လည်း “မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 24,
      "text": "ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​ရ​သော​စကား​သည် ငါ​၏​စကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​၏​စကား​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 25,
      "text": "သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ် ဤ​အရာ​များ​ကို ငါ​ဟောပြော​ခဲ့​ပြီ။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 26,
      "text": "သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 27,
      "text": "ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 28,
      "text": "ငါ​သည် သွား​သော်လည်း သင်​တို့​ထံသို့​ပြန်လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခမည်းတော်​ထံသို့ ငါ​သွား​သည့်​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား ခမည်းတော်​သည် ငါ့​ထက် ကြီးမြတ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 29,
      "text": "ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ယုံကြည်​ကြ​စေရန် မ​ဖြစ်ပျက်​မီ​က​ပင် သင်​တို့​ကို ယခု ငါ​ပြော​ထား​၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 30,
      "text": "ငါ​သည် သင်​တို့​နှင့် များစွာ​ပြော​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ရောက်လာ​တော့မည်။ သူ​သည် ငါ့​အပေါ်၌ မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 31,
      "text": "သို့ရာတွင် ငါ​သည် ခမည်းတော်​ကို​ချစ်​ကြောင်း ဤ​လောက​အား​သိ​စေရန် ငါ့​ကို ခမည်းတော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အရပ်​မှ​သွား​ကြ​ကုန်စို့။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 1,
      "text": "ငါ​သည် စစ်မှန်​သော​စပျစ်​ပင်​ဖြစ်​၏။ ငါ့​ခမည်းတော်​ကား ဥယျာဉ်မှူး​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 2,
      "text": "ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 3,
      "text": "သင်​တို့​အား ငါ​ဟောပြော​သော​တရား​စကား​အားဖြင့် သင်​တို့​သည် စင်ကြယ်​လျက်​ရှိ​ကြ​ပြီ။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 4,
      "text": "ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စပျစ်​ကိုင်း​သည် စပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အလိုအလျောက်​အသီး​မ​သီး​နိုင်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အသီး​မ​သီး​နိုင်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 5,
      "text": "ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 6,
      "text": "တစ်စုံတစ်ဦး​သည် ငါ​၌​မ​တည်​မ​နေ​လျှင် အကိုင်းအခက်​ကဲ့သို့ အပြင်​သို့​လွှတ်ပစ်​ခြင်း​ခံရ​၍ ညှိုးနွမ်း​ခြောက်သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စုစည်း​လျက် မီး​ထဲသို့​ပစ်ချ​လိုက်​ကြ​သဖြင့် လောင်ကျွမ်း​သွား​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 7,
      "text": "သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လိုချင်​သမျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အတွက် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 8,
      "text": "သင်​တို့​သည် များစွာ​သော​အသီး​ကို​သီး​လျက် ငါ​၏​တပည့်​များ​ဖြစ်​ခြင်း​အားဖြင့် ငါ့​ခမည်းတော်​သည် ဘုန်း​ထင်ရှား​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 9,
      "text": "ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​သကဲ့သို့ ငါ​သည် သင်​တို့​ကို​ချစ်​၏။ ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လော့။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 10,
      "text": "ငါ​သည် ငါ့​ခမည်းတော်​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​၍ ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​၌ တည်​နေ​သကဲ့သို့ သင်​တို့​သည် ငါ​၏​ပညတ်​ချက်​များ​ကို​စောင့်ထိန်း​လျှင် ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 11,
      "text": "သင်​တို့​၌ ငါ​၏​ဝမ်းမြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​သည် ပြည့်ဝ​စုံလင်​မည့်​အကြောင်း ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 12,
      "text": "ငါ​၏​ပညတ်​ချက်​ကား ‘ ငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့ ’ ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 13,
      "text": "မိမိ​၏​မိတ်ဆွေ​များ​အတွက် ကိုယ့်​အသက်​ကို​စွန့်​ခြင်း​ထက် ပို၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်သူ​၌​မျှ​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 14,
      "text": "သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 15,
      "text": "ငါ​သည် သင်​တို့​ကို ကျွန်​ဟူ၍​ခေါ်​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ကျွန်​သည် မိမိ​သခင်​ပြု​နေ​သော​အရာ​ကို​မ​သိ။ ငါ့​ခမည်းတော်​ထံမှ ကြားနာ​ခဲ့​သော​အရာ​အားလုံး​ကို သင်​တို့​အား ငါ​သိ​စေ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ကို မိတ်ဆွေ​ဟူ၍ ငါ​ခေါ်​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 16,
      "text": "သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 17,
      "text": "သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့​ဟူသော ဤ​ပညတ်​ကို သင်​တို့​အား ငါ​ပေး​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 18,
      "text": "လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိမှတ်​ကြ​လော့။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 19,
      "text": "သင်​တို့​သည် ဤ​လောက​နှင့်​ဆိုင်​ခဲ့​လျှင် လောကီသား​တို့​သည် မိမိ​တို့​နှင့်ဆိုင်သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​သည် ဤ​လောက​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လောက​မှ ရွေးကောက်​ခဲ့​ပြီ​ဖြစ်​သောကြောင့် လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 20,
      "text": "‘ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်’​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​သည့်​စကား​ကို သတိရ​ကြ​လော့။ လူ​တို့​သည် ငါ့​ကို​ညှဉ်းဆဲ​ခဲ့​လျှင် သင်​တို့​ကို​လည်း ညှဉ်းဆဲ​ကြ​လိမ့်မည်။ ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခဲ့​လျှင် သင်​တို့​၏​စကား​ကို​လည်း လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 21,
      "text": "သို့ရာတွင် သူ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို မ​သိ​ကြ​သဖြင့် ငါ​၏​နာမ​ကြောင့် သင်​တို့​အပေါ် ထို​အမှုအရာ​အားလုံး​တို့​ကို ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 22,
      "text": "ငါ​သည်​လာ​၍ သူ​တို့​အား မ​ဟောပြော​ခဲ့​လျှင် သူ​တို့​၌​အပြစ်​မ​ရှိ။ သို့သော် ယခု​အခါ သူ​တို့​သည် မိမိ​တို့​၏​အပြစ်​အတွက် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 23,
      "text": "ငါ့​ကို​မုန်း​သော​သူ​သည် ငါ့​ခမည်းတော်​ကို​လည်း​မုန်း​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 24,
      "text": "အခြား​မည်သူမျှ မ​ပြု​ဖူး​သော​အမှု​များ​ကို သူ​တို့​ရှေ့၌ ငါ​မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အပြစ်​မ​ရှိ။ ယခု​မူကား သူ​တို့​သည် ထို​အမှု​တို့​ကို​မြင်​ရ​လျက်​နှင့်​ပင် ငါ​နှင့်​ငါ့​ခမည်းတော်​ကို မုန်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 25,
      "text": "ဤသို့​ဖြစ်​ခြင်းမှာ သူ​တို့​၏​ပညတ်​တရား​ကျမ်း​၌ ‘ထို​သူ​တို့​သည် အကြောင်းမဲ့ ငါ့​ကို​မုန်း​ကြ​၏’ ဟု ရေး​ထား​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 26,
      "text": "ခမည်းတော်​ထံမှ သင်​တို့​ထံသို့ ငါ​စေလွှတ်​မည့် ကူညီ​မစ​သူ​တည်းဟူသော ခမည်းတော်​ထံမှ​လာ​သည့် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ ငါ့​အကြောင်း​ကို သက်သေခံ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 27,
      "text": "သင်​တို့​သည်​လည်း အစအဦး​က​ပင် ငါ​နှင့်အတူ​ရှိ​ကြ​သောကြောင့် သက်သေခံ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 1,
      "text": "သင်​တို့​စိတ်​မ​ပျက်​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ထား​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 2,
      "text": "လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ကြ​လိမ့်မည်။ ထိုမျှမက သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိမိ​တို့​သည် ဘုရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်မှတ်​သော​အချိန်​ကာလ​ရောက်လာ​တော့မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 3,
      "text": "သူ​တို့​သည် ခမည်းတော်​ကို​လည်းကောင်း၊ ငါ့​ကို​လည်းကောင်း မ​သိ​သောကြောင့် ထိုသို့​ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 4,
      "text": "ထို​အချိန်​ကာလ​ရောက်လာ​သောအခါ ငါ​သည် ဤသို့​ပြော​ခဲ့​ကြောင်း သင်​တို့​သတိရ​စေရန် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​နေ​သောကြောင့် ဤ​အကြောင်းအရာ​များ​ကို အစအဦး​၌ သင်​တို့​အား မ​ပြော​ခဲ့​ပေ။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 5,
      "text": "ယခု​မူကား ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ထံသို့ ငါ​သွား​တော့မည်။ သို့သော် သင်​တို့​ထဲမှ မည်သူ​က​မျှ ‘ကိုယ်တော်​သည် မည်သည့်​အရပ်​သို့ သွား​မည်နည်း’​ဟု ငါ့​အား မ​မေး​ကြ။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 6,
      "text": "ထို့ပြင် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား ငါ​ပြော​သောကြောင့် သင်​တို့​စိတ်နှလုံး​သည် ဝမ်းနည်း​ခြင်း​နှင့် ပြည့်​လျက်​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 7,
      "text": "သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 8,
      "text": "ထို​အရှင်​ရောက်လာ​သောအခါ လောကီသား​တို့​အား အပြစ်​အကြောင်း၊ ဖြောင့်မတ်​ခြင်း​အကြောင်း​နှင့် တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဖော်ပြ​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 9,
      "text": "သူ​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သောကြောင့် အပြစ်​အကြောင်း​ကို​လည်းကောင်း၊"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 10,
      "text": "ငါ​သည် ခမည်းတော်​ထံသို့​သွား​၍ သင်​တို့​သည် ငါ့​ကို​တွေ့မြင်​ရ​တော့မည်​မ​ဟုတ်​သောကြောင့် ဖြောင့်မတ်​ခြင်း​အကြောင်း​ကို​လည်းကောင်း၊"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 11,
      "text": "ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် တရား​စီရင်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် တရား​စီရင်​ခြင်း​အကြောင်း​ကို​လည်းကောင်း ဖော်ပြ​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 12,
      "text": "သင်​တို့​အား ငါ​ပြော​စရာ​များစွာ​ရှိ​သေး​သော်လည်း သင်​တို့​သည် ယခု​မ​ခံယူ​နိုင်​ကြ။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 13,
      "text": "သို့ရာတွင် သမ္မာတရား​၏​ဝိညာဉ်​တော်​ရောက်လာ​သောအခါ သမ္မာတရား​အလုံးစုံ​ထဲသို့ သင်​တို့​ကို လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ အကြောင်းမူကား ထို​ဝိညာဉ်​တော်​သည် မိမိ​ဆန္ဒ​အလျောက် မြွက်ဆို​တော်​မ​မူ​ဘဲ ကြား​ရ​သမျှ​တို့​ကို မြွက်ဆို​တော်မူ​၍ နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 14,
      "text": "ထို​အရှင်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား ဖော်ပြ​မည်​ဖြစ်​သောကြောင့် ငါ့​ဘုန်း​ကို​ထင်ရှား​စေ​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 15,
      "text": "ခမည်းတော်​၌​ရှိ​သော​အရာ​အားလုံး​တို့​သည် ငါ​နှင့်ဆိုင်သော​အရာ​ဖြစ်​၏။ ထို့ကြောင့် ဝိညာဉ်​တော်​သည် ငါ​နှင့်ဆိုင်သော​အရာ​ကို​ယူ​၍ သင်​တို့​အား​ဖော်ပြ​မည်​ဟု ငါ​ဆို​ခဲ့​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 16,
      "text": "ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​တော့မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 17,
      "text": "ထိုအခါ တပည့်​တော်​အချို့​တို့​သည် “ ‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’ ​ဟူ၍​လည်းကောင်း၊ ‘ငါ​သည် ခမည်းတော်​ထံသို့ သွား​တော့မည်’ ​ဟူ၍​လည်းကောင်း ငါ​တို့​အား မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 18,
      "text": "တစ်ဖန် သူ​တို့​က “ ‘ခဏ​ကြာ​လျှင်’ ​ဟူ၍ မိန့်​တော်မူ​သော​ဤ​စကား​မှာ မည်သို့​နည်း။ ကိုယ်တော်​မိန့်​တော်မူ​သော​အရာ​ကို ငါ​တို့​နား​မ​လည်​ကြ”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 19,
      "text": "ယေရှု​သည် မိမိ​အား တပည့်​တော်​တို့​မေးလျှောက်​လို​ကြ​သည်​ကို သိမြင်​တော်မူ​လျှင် “ ‘ခဏ​ကြာ​လျှင် သင်​တို့​သည် ငါ့​ကို​မြင်​ရ​ကြ​မည်​မ​ဟုတ်။ သို့ရာတွင် နောက်ထပ် ခဏ​ကြာ​လျှင် ငါ့​ကို​ပြန်​တွေ့မြင်​ရ​ကြ​လိမ့်မည်’​ဟု ငါ​ပြော​သော​စကား​နှင့်​ပတ်သက်၍ အချင်းချင်း​မေးမြန်း​ပြောဆို​နေ​ကြ​သလော။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 20,
      "text": "သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် ငိုကြွေး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ ဤ​လောက​မူကား ဝမ်းမြောက်​လိမ့်မည်။ သင်​တို့​သည် ဝမ်းနည်း​ကြ​သော်လည်း သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် ဝမ်းမြောက်​ခြင်း​ဖြစ်​သွား​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 21,
      "text": "အမျိုးသမီး​တစ်​ဦး​သည် သားဖွား​သောအခါ မွေးဖွား​ချိန်​ရောက်လာ​သောကြောင့် ပူဆွေး​ခြင်း​ရှိ​တတ်​၏။ သို့ရာတွင် ကလေး​မွေးဖွား​ပြီး​သောအခါ ဤ​လောက​တွင် လူ​တစ်​ယောက်​မွေးဖွား​သည့်​အတွက် ဝမ်းမြောက်​ခြင်း​ရှိ​သဖြင့် ခံစား​ခဲ့​ရ​သော​ဒုက္ခ​ဝေဒနာ​ကို သတိ​မ​ရ​တော့​ပေ။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 22,
      "text": "ထို့အတူ သင်​တို့​သည် ယခု​ဝမ်းနည်း​ခြင်း​ရှိ​ကြ​သော်လည်း ငါ​သည် သင်​တို့​နှင့် တစ်ဖန် ပြန်​တွေ့​မည်​ဖြစ်​သောကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံ​ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်​ခြင်း​ကို မည်သူမျှ သင်​တို့​ထံမှ မ​နုတ်ယူ​နိုင်​ရာ။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 23,
      "text": "ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 24,
      "text": "သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 25,
      "text": "ဤ​အရာ​များ​ကို ပုံ​ဥပမာ​အားဖြင့် သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော်လည်း ပုံ​ဥပမာ​အားဖြင့် မ​ဟောပြော​တော့​ဘဲ ခမည်းတော်​၏​အကြောင်း​ကို သင်​တို့​အား အတိအလင်း​ငါ​ဖော်ပြ​မည့်​အချိန်​ကာလ​ရောက်လာ​တော့မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 26,
      "text": "ထို​နေ့​တွင် သင်​တို့​သည် ငါ့​နာမ​၌ တောင်းလျှောက်​ကြ​လိမ့်မည်။ သင်​တို့​အတွက် ခမည်းတော်​ထံ ငါ​တောင်း​ပေး​မည်​ဟု ငါ​မ​ဆို​ပေ။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 27,
      "text": "အကြောင်းမူကား သင်​တို့​သည် ငါ့​ကို​ချစ်​၍ ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​သည်​ကို ယုံကြည်​ကြ​သောကြောင့် ခမည်းတော်​ကိုယ်တော်​တိုင် သင်​တို့​ကို​ချစ်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 28,
      "text": "ငါ​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ဤ​လောက​သို့ ရောက်​ခဲ့​၏။ တစ်ဖန် ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ သွား​တော့​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 29,
      "text": "တပည့်​တော်​တို့​က “ယခု ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​မ​ဆောင်​တော့​ဘဲ အတိအလင်း​မြွက်ဆို​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 30,
      "text": "ကိုယ်တော်​သည် အလုံးစုံ​တို့​ကို သိမြင်​တော်မူ​၍ မည်သူမျှ ကိုယ်တော်​ကို မေးလျှောက်​စရာ​မ​လို​ကြောင်း ယခု အကျွန်ုပ်​တို့​သိ​ကြ​ပါ​ပြီ။ ဤ​အကြောင်း​ကို​ထောက်၍ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​တော်မူ​သည်​ကို အကျွန်ုပ်​တို့​ယုံကြည်​ကြ​ပါ​၏”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 31,
      "text": "ယေရှု​က​လည်း “ယခု သင်​တို့​ယုံကြည်​ကြ​သလော။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 32,
      "text": "ကြည့်ရှု​လော့။ သင်​တို့​သည် တစ်ကွဲတစ်ပြား​စီ​ဖြစ်​လျက် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်သွား​ကြ​ကာ ငါ့​ကို တစ်ကိုယ်တည်း​ပစ်ထား​မည့်​အချိန်​ရောက်လာ​မည်​ဖြစ်​ရာ ယခု​ပင်​ရောက်လာ​လေ​ပြီ။ သို့ရာတွင် ခမည်းတော်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ငါ​သည် တစ်ကိုယ်တည်း​မ​ဟုတ်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 33,
      "text": "သင်​တို့​သည် ငါ့​အားဖြင့် ငြိမ်သက်​ခြင်း​ရှိ​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ဟောပြော​ပြီ။ သင်​တို့​သည် ဤ​လောက​၌ ဆင်းရဲ​ဒုက္ခ​နှင့်​ကြုံတွေ့​ရ​ကြ​လိမ့်မည်။ သို့သော် မစိုးရိမ်​ကြ​နှင့်။ ငါ​သည် ဤ​လောက​ကို​အောင်နိုင်​ပြီ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 1,
      "text": "ယေရှု​သည် ဤ​အရာ​များ​ကို​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​မျှော်ကြည့်​လျက် “အို အဖ၊ အချိန်​ရောက်​ပါ​ပြီ။ သား​တော်​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​နိုင်​ရန် သား​တော်​၏​ဘုန်း​ကို​ထင်ရှား​စေ​တော်မူ​ပါ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 2,
      "text": "အကြောင်းမှာ ကိုယ်တော်​သည် သား​တော်​အား လူသား​အားလုံး​ကို အုပ်စိုး​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပြီ။ ဤသည်ကား သား​တော်​သည် ကိုယ်တော်​ပေးအပ်​တော်မူ​သမျှ​သော​သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​နိုင်​ရန်​အတွက်​ဖြစ်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 3,
      "text": "ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 4,
      "text": "အကျွန်ုပ်​ဆောင်ရွက်​ရန် ကိုယ်တော်​ပေးအပ်​တော်မူ​သော​အမှု​တော်​ကို အကျွန်ုပ်​သည် ပြီးမြောက်​စေ​၍ ကိုယ်တော်​၏​ဘုန်း​တော်​ကို မြေကြီး​ပေါ်၌​ထင်ရှား​စေ​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 5,
      "text": "အို အဖ၊ ဤ​ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကပင် ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ခံစား​ရ​သော​ဘုန်း​အသရေ​တော်​အားဖြင့် ယခု​ပင် အကျွန်ုပ်​ကို အထံတော်ပါး​၌ ဘုန်း​ထင်ရှား​စေ​တော်မူ​ပါ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 6,
      "text": "ဤ​လောက​ထဲမှ ကိုယ်တော်​ရွေးကောက်​၍ အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော​သူ​တို့​အား ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ထင်ရှား​စေ​ပါ​ပြီ။ ထို​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၍ ကိုယ်တော်​သည် သူ​တို့​ကို အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို လိုက်နာ​စောင့်ထိန်း​ကြ​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 7,
      "text": "အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​အရာ​အားလုံး​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်​ကြောင်း ယခု သူ​တို့​သိ​ကြ​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 8,
      "text": "အကြောင်းမူကား အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​နှုတ်ကပတ်​တရား​တို့​ကို အကျွန်ုပ်​သည် သူ​တို့​အား ပေးအပ်​သဖြင့် သူ​တို့​သည် ခံယူ​ကြ​ကာ ကိုယ်တော်​ထံမှ အကျွန်ုပ်​ကြွလာ​ခဲ့​ကြောင်း​ကို အမှန်ပင်​သိရှိ​လျက် ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို​လည်း ယုံကြည်​ကြ​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 9,
      "text": "သူ​တို့​အတွက် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။ အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ကိုယ်တော်​ပိုင်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် ဤ​လောက​အတွက်​မ​ဟုတ်​ဘဲ သူ​တို့​အတွက်​တောင်းလျှောက်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 10,
      "text": "အကျွန်ုပ်​ပိုင်​သော​အရာ​အားလုံး​တို့​ကို ကိုယ်တော်​ပိုင်​တော်မူ​ပြီး ကိုယ်တော်​ပိုင်​သော​အရာ​တို့​ကို​လည်း အကျွန်ုပ်​ပိုင်​သည်​ဖြစ်၍ အကျွန်ုပ်​သည် ထို​အရာ​များ​အားဖြင့် ဘုန်း​ထင်ရှား​ခြင်း​ရှိ​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 11,
      "text": "အကျွန်ုပ်​သည် ဤ​လောက​၌​ရှိ​တော့မည်​မ​ဟုတ်​ပါ။ သူ​တို့​မူကား ဤ​လောက​၌​ရှိ​ကြ​ပါ​မည်။ အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့​လာ​ပါ​၏။ သန့်ရှင်း​တော်မူ​သော​အဖ၊ သူ​တို့​သည် အကျွန်ုပ်​တို့​နည်းတူ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ရန် အကျွန်ုပ်​ထံ​ပေးအပ်​တော်မူ​သော ဤ​သူ​တို့​ကို ကိုယ်တော်​၏​နာမ​တော်​၌ စောင့်ရှောက်​တော်မူ​ပါ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 12,
      "text": "အကျွန်ုပ်​သည် သူ​တို့​နှင့်အတူ​ရှိ​စဉ်​တွင် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော ကိုယ်တော်​၏​နာမ​တော်​၌ သူ​တို့​ကို​ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်စီး​ခြင်း​၏​သား​မှတစ်ပါး မည်သူ​မျှ​မ​ပျက်စီး​ခဲ့​ပါ။ ထို​သူ​ပျက်စီး​ခဲ့​ရ​ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 13,
      "text": "ယခု ကိုယ်တော်​ထံသို့ အကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်​ခြင်း​ကို မိမိ​တို့​၌ အပြည့်အဝ​ခံစား​ရ​မည့်​အကြောင်း ဤ​လောက​၌​နေ​စဉ် ဤ​အရာ​များ​ကို အကျွန်ုပ်​ပြော​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 14,
      "text": "အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်​တရား​ကို သူ​တို့​အား​ပေးအပ်​ခဲ့​ပါ​ပြီ။ သို့ရာတွင် အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​သောကြောင့် လောကီသား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 15,
      "text": "သူ​တို့​ကို ဤ​လောက​ထဲမှ နုတ်ယူ​တော်မူ​ရန်​မ​ဟုတ်​ဘဲ မကောင်း​သော​အရာ​မှ ကာကွယ်​စောင့်ရှောက်​တော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 16,
      "text": "အကျွန်ုပ်​သည် ဤ​လောက​နှင့်​မ​ဆိုင်​သကဲ့သို့ သူ​တို့​သည်​လည်း ဤ​လောက​နှင့်​မ​ဆိုင်​ကြ​ပါ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 17,
      "text": "သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 18,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 19,
      "text": "သူ​တို့​သည်​လည်း သမ္မာတရား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​မည့်​အကြောင်း အကျွန်ုပ်​သည် သူ​တို့​အတွက် မိမိကိုယ်ကို​သန့်ရှင်း​စေ​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 20,
      "text": "သူ​တို့​အတွက်​သာ​မ​က​ဘဲ သူ​တို့​ဟောပြော​သော​သတင်း​စကား​အားဖြင့် အကျွန်ုပ်​ကို​ယုံကြည်​လာ​သော​သူ​များ​အတွက်​လည်း အကျွန်ုပ်​တောင်းလျှောက်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 21,
      "text": "အို အဖ၊ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​တော်မူ​၍ အကျွန်ုပ်​သည် ကိုယ်တော်​၌​ရှိ​သကဲ့သို့ ထို​သူ​အပေါင်း​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အကြောင်း တောင်းလျှောက်​ပါ​၏။ ဤသည်ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း လောကီသား​တို့​ယုံကြည်​ကြ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 22,
      "text": "အကျွန်ုပ်​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​သကဲ့သို့ သူ​တို့​သည်​လည်း တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​စေရန် အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​ဘုန်း​အသရေ​တော်​ကို သူ​တို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 23,
      "text": "အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 24,
      "text": "အို အဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်​တော်မူ​၍ အကျွန်ုပ်​အား​ပေး​တော်မူ​သော​အကျွန်ုပ်​၏​ဘုန်း​အသရေ​ကို အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ရှုမြင်​ရ​ကြ​ရန် သူ​တို့​ကို အကျွန်ုပ်​ရှိ​ရာ​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိ​စေ​လို​ပါ​၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 25,
      "text": "ဖြောင့်မတ်​တော်မူ​သော​အဖ၊ ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​ပါ​၏။ ဤ​သူ​တို့​သည်​လည်း အကျွန်ုပ်​ကို ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း​သိ​ကြ​ပါ​ပြီ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 26,
      "text": "အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​တော်မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်တော်​၏​နာမ​တော်​ကို သူ​တို့​အား အကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်” ​ဟု မြွက်ဆို​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 1,
      "text": "ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 2,
      "text": "ယေရှု​သည် ထို​အရပ်​တွင် တပည့်​တော်​တို့​နှင့် မကြာခဏ​စုဝေး​လေ့​ရှိ​သောကြောင့် ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ ယုဒ​သည်​လည်း ထို​အရပ်​ကို​သိ​ထား​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 3,
      "text": "သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 4,
      "text": "ယေရှု​သည် မိမိ​၌​ဖြစ်လာ​မည့်​အရာ​အလုံးစုံ​တို့​ကို သိ​နှင့်​တော်မူ​သောကြောင့် ထွက်လာ​၍ “မည်သူ့​ကို​ရှာ​ကြ​သနည်း” ​ဟု မေး​တော်မူ​လျှင်"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 5,
      "text": "သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း “ငါ​ဖြစ်​သည်” ​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​ကို​အပ်နှံ​သူ ယုဒ​သည်​လည်း ထို​သူ​တို့​နှင့်အတူ​ရပ်​လျက်​နေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 6,
      "text": "ထိုသို့ ကိုယ်တော်​က “ငါ​ဖြစ်​သည်” ​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 7,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် နောက်တစ်ဖန် သူ​တို့​အား “မည်သူ့​ကို​ရှာ​ကြ​သနည်း” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 8,
      "text": "ယေရှု​က​လည်း “ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့ဖြစ်၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါလေစေ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 9,
      "text": "ထိုသို့​မိန့်​တော်မူ​သည်​မှာ “အကျွန်ုပ်​ထံ ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​တွင် မည်သူမျှ အကျွန်ုပ်​မ​ဆုံးရှုံး​ခဲ့​ပါ” ​ဟု ကိုယ်တော်​မြွက်ဆို​ခဲ့​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 10,
      "text": "ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 11,
      "text": "ယေရှု​က​လည်း “ဓား​ကို ဓားအိမ်​ထဲသို့​ပြန်​သွင်း​လော့။ ငါ့​အား ခမည်းတော်​ပေး​တော်မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော” ​ဟု ပေတရု​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 12,
      "text": "ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 13,
      "text": "အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်​သွား​ကြ​၏။ အကြောင်းမူကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​၏​ယောက္ခမ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 14,
      "text": "ထို​ကယာဖ​သည် “လူ​တစ်​ဦး​က လူထု​ကိုယ်စား​အသေခံ​ခြင်း​သည် ပို၍​ကောင်း​၏”​ဟု ဂျူး​လူမျိုး​တို့​အား အကြံပေး​ခဲ့​သူ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 15,
      "text": "ရှိမုန်​ပေတရု​နှင့် အခြား​တပည့်​တော်​တစ်​ပါး​သည် ယေရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တပည့်​တော်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​၍ ယေရှု​နှင့်အတူ ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲသို့ ဝင်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 16,
      "text": "ပေတရု​မူကား ခြံ​တံခါး​အပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​သော ထို​တပည့်​တော်​သည်​ထွက်လာ​၍ တံခါးစောင့်​မိန်းမ​အား​ပြော​ပြီးလျှင် ပေတရု​ကို အထဲသို့​ခေါ်သွား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 17,
      "text": "ထိုအခါ တံခါးစောင့်​ဖြစ်​သော ထို​အစေခံ​မိန်းမ​က ပေတရု​အား “သင်​သည်​လည်း ထို​သူ​၏​တပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 18,
      "text": "ထို​ကာလ​သည်​ချမ်းအေး​သောကြောင့် အစေအပါး​တို့​နှင့် အစောင့်​တပ်သား​တို့​သည် မီးခဲ​ဖို​ပြီး ရပ်​လျက်​မီးလှုံ​နေ​ကြ​၏။ ပေတရု​သည်​လည်း သူ​တို့​နှင့်အတူ​ရပ်​၍ မီးလှုံ​နေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 19,
      "text": "ထိုစဉ်တွင် ယဇ်ပုရောဟိတ်​မင်း​သည် ယေရှု​အား တပည့်​တော်​တို့​နှင့်​ပတ်သက်၍​လည်းကောင်း၊ သူ​၏​သွန်သင်​ချက်​နှင့်​ပတ်သက်၍​လည်းကောင်း မေးမြန်း​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 20,
      "text": "ယေရှု​က​လည်း “ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 21,
      "text": "သင်​သည် အဘယ်ကြောင့် ငါ့​ကို​မေးမြန်း​သနည်း။ လူ​တို့​အား မည်သို့ ငါ​ဟောပြော​ခဲ့​သည်​ကို ကြားနာ​သော​သူ​တို့​ထံ မေးမြန်း​လော့။ ငါ​ပြောဆို​ခဲ့​သော​အရာ​များ​ကို ထို​သူ​တို့​သိ​ကြ​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 22,
      "text": "ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 23,
      "text": "ယေရှု​က​လည်း “ငါ​ပြော​သော​အရာ​မမှန်​လျှင် မမှန်​သည့်​အကြောင်း​ကို ထောက်ပြ​လော့။ မှန်​သည်​ဆိုလျှင် အဘယ်ကြောင့် ငါ့​ကို​ရိုက်​သနည်း” ​ဟု ထို​သူ​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 24,
      "text": "ထို့နောက် အန္နတ်​သည် ကိုယ်တော်​ကို​ချည်နှောင်​ထား​သည့်​အတိုင်း ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ပို့​လိုက်​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 25,
      "text": "ရှိမုန်​ပေတရု​မူကား ရပ်​လျက်​မီးလှုံ​နေ​ဆဲ​ဖြစ်​၏။ ထိုအခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တပည့်​များ​ထဲမှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ငြင်းဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 26,
      "text": "ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ဖြစ်​ပြီး ပေတရု​ခုတ်​၍ နားရွက်​ပြတ်​သော​သူ​၏​ဆွေမျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်အတူ ဥယျာဉ်​ထဲ၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 27,
      "text": "ထိုအခါ ပေတရု​သည် ပြန်​၍​ငြင်းဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 28,
      "text": "ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 29,
      "text": "ထို့ကြောင့် ပိလတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အပြင်​သို့ ထွက်လာ​၍ “သင်​တို့​သည် ဤ​သူ​အပေါ်၌ မည်သည့်​စွပ်စွဲ​ချက်​ကို တင်​ကြ​သနည်း”​ဟု မေး​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 30,
      "text": "သူ​တို့​က​လည်း “ဤ​သူ​သည် အပြစ်​ကျူးလွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အရှင့်​ထံသို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 31,
      "text": "ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 32,
      "text": "ဤသည်ကား မိမိ​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခဲ့​သော ယေရှု​၏​စကား​ပြည့်စုံ​စေ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 33,
      "text": "ထို့ကြောင့် ပိလတ်​မင်း​သည် ရုံးတော်​ထဲသို့ ပြန်​ဝင်​၍ ယေရှု​ကို​ခေါ်​ပြီးလျှင် “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 34,
      "text": "ယေရှု​က “သင်​သည် ကိုယ့်​ဆန္ဒ​အလျောက် ဤသို့​မေး​သလော၊ သို့မဟုတ် အခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အကြောင်း​ကို ပြော​ကြ​သလော” ​ဟု ပြန်​၍​မေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 35,
      "text": "ပိလတ်​မင်း​က “ငါ​သည် ဂျူး​လူမျိုး​ဖြစ်​သလော။ သင်​၏​အမျိုးသား​ချင်း​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်နှံ​ကြ​ပြီ။ သင်​မည်သည့်​အရာ​ကို​ပြု​မိ​သနည်း”​ဟု မေး​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 36,
      "text": "ယေရှု​က “ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 37,
      "text": "ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က “သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 38,
      "text": "ပိလတ်​မင်း​က “သမ္မာတရား​ဆို​သည်​မှာ အဘယ်​နည်း”​ဟု ဆို​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​သို့ တစ်ဖန်​ထွက်သွား​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 39,
      "text": "သို့ရာတွင် ပသခါ​ပွဲတော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အတွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံးစံ​ရှိ​သည်​ဖြစ်​၍ ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို သင်​တို့​အတွက် လွှတ်​ပေး​စေ​လို​သလော”​ဟု သူ​တို့​အား​မေး​လေ​၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 40,
      "text": "ထိုအခါ သူ​တို့​က “သူ့​ကို​မ​လွှတ်​ဘဲ ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု ပြန်၍​အော်ဟစ်​လျှောက်​ထား​ကြ​၏။ ဗာရဗ္ဗ​ကား ဓားပြ​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 1,
      "text": "ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို​ထုတ်ဆောင်​၍ ဒဏ်ခတ်​ရိုက်နှက်​စေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 2,
      "text": "စစ်သား​တို့​သည်​လည်း ဆူးပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်​စေ​ပြီးလျှင်"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 3,
      "text": "ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ဆို​ပြီး ကိုယ်တော်​ကို​ရိုက်ပုတ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 4,
      "text": "ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 5,
      "text": "ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့် အစောင့်​တပ်သား​တို့​သည် ကိုယ်တော်​ကို​မြင်​သောအခါ “လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ မ​တွေ့​သောကြောင့် သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 7,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ ပညတ်​တရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိမိကိုယ်ကို ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေညာ​သောကြောင့် ထို​ပညတ်​တရား​အရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 8,
      "text": "ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​ရ​သောအခါ ပို၍​ကြောက်​လာ​သဖြင့်"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 9,
      "text": "ရုံးတော်​ထဲသို့​ပြန်​ဝင်​ကာ ယေရှု​အား “သင်​သည် မည်သည့်​အရပ်​မှ​လာ​သနည်း”​ဟု မေး​လေ​၏။ သို့သော် ယေရှု​သည် တစ်ခွန်း​မျှ ဖြေကြား​တော်​မ​မူ။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 10,
      "text": "သို့ဖြစ်၍ ပိလတ်​မင်း​က “သင်​သည် ငါ့​ကို​စကား​မ​ပြော​ဘဲ​နေ​သလော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အခွင့်​အာဏာ​ရှိ​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​နိုင်​သော အခွင့်​အာဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သလော”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 11,
      "text": "ယေရှု​က “အထက်​အရပ်​မှ​ပေးအပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အပေါ် မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ ထို့ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော​သူ​၌ ပို၍​ကြီးလေး​သော​အပြစ်​ရှိ​၏” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 12,
      "text": "ထိုအခါ​မှစ၍ ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​ပေး​ရန် ကြိုးစား​ရှာကြံ​၏။ သို့ရာတွင် ဂျူး​လူမျိုး​တို့​က “အရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီဇာ​ဧကရာဇ်​၏​ဘက်တော်သား​မ​ဟုတ်​ပါ။ မိမိကိုယ်ကို​ဘုရင်​ဖြစ်​သည်​ဟု ကြေညာ​သော​သူ​အားလုံး​သည် ဆီဇာ​ဧကရာဇ်​ကို​ဆန့်ကျင်​ပြောဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 13,
      "text": "ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 14,
      "text": "ထို​နေ့​သည် ပသခါ​ပွဲတော်​အတွက် ပြင်ဆင်​ရာ​နေ့​ဖြစ်​၏။ အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ရှိ​၏။ ပိလတ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘုရင်​ပေတည်း”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 15,
      "text": "ထိုအခါ သူ​တို့​က “သုတ်သင်​လိုက်​ပါ၊ သုတ်သင်​လိုက်​ပါ၊ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “သင်​တို့​၏​ဘုရင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​က “အကျွန်ုပ်​တို့​တွင် ဆီဇာ​ဧကရာဇ်​မှလွဲ၍ အခြား​ဘုရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 16,
      "text": "ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​စေရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 17,
      "text": "ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​လျက် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်​သော​နေရာ​သို့ ထွက်သွား​တော်မူ​၏။ (ထို​အရပ်​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂေါလဂေါသ​ဟု​ခေါ်​သည်။)"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 18,
      "text": "သူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​ကို အခြား​သော​သူ​နှစ်​ဦး​တို့​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​၏။ ယေရှု​ကို​အလယ်​၌​ထား​၍ ထို​သူ​နှစ်​ဦး​တို့​ကို ကိုယ်တော်​၏​တစ်ဖက်တစ်ချက်စီ​၌​ထား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 19,
      "text": "ပိလတ်​မင်း​သည် ကမ္ပည်း​ကို​လည်း ရေး​ထိုး​၍ လက်ဝါးကပ်တိုင်​ပေါ်မှာ​တပ်​ထား​၏။ ထို​ကမ္ပည်း​တွင် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ နာဇရက်​မြို့သား​ယေရှု”​ဟု ရေး​ထား​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 20,
      "text": "ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​သော​အရပ်​သည် မြို့​နှင့်​နီး​သည့်​အပြင် ထို​ကမ္ပည်း​ကို ဟေဗြဲ​ဘာသာ၊ လက်တင်​ဘာသာ​နှင့် ဂရိ​ဘာသာ​တို့​ဖြင့် ရေး​ထား​သည်​ဖြစ်၍ များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ၎င်း​ကို​ဖတ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 21,
      "text": "ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​က “ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဟု မ​ရေး​ဘဲ ဤ​သူ​က ငါ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​သည်​ဟု​ဆို​ခဲ့​၏​ဟူ၍ ရေး​ပေး​ပါ”​ဟု ပိလတ်​မင်း​အား လျှောက်ထား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 22,
      "text": "ပိလတ်​မင်း​က​လည်း “ငါ​ရေး​ပြီး​သည့်​အတိုင်း ငါ​ရေး​ပြီ”​ဟု ပြန်​ပြော​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 23,
      "text": "စစ်သား​တို့​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​ပြီး​သောအခါ ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို လေး​ပိုင်း​ပိုင်း​၍ တစ်​ယောက်​တစ်​ပိုင်း​စီ​ယူ​ကြ​၏။ အတွင်း​အဝတ်​တော်​ကို​လည်း​ယူ​ကြ​ရာ ၎င်း​သည် ချုပ်ရိုး​မ​ရှိ​ဘဲ အထက်စွန်း​မှ တစ်ထည်​လုံး​ကို တစ်ဆက်​တည်း​ရက်​ထား​သည့် အဝတ်​ဖြစ်​သောကြောင့်"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 24,
      "text": "“ဤ​အဝတ်​ကို​မ​ဆုတ်​ဘဲ မည်သူ​ရ​မည်​ကို မဲချ​ကြ​စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ စစ်သား​တို့ ဤသို့​ပြု​ကြ​ခြင်း​မှာ “သူ​တို့​သည် အကျွန်ုပ်​၏​ဝတ်ရုံ​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​အဝတ်​အတွက် မဲ​ချ​ကြ​၏” ​ဟု ကျမ်းစာ​၌​ဆို​ထား​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 25,
      "text": "ယေရှု​၏​လက်ဝါးကပ်တိုင်​တော်​အနီး​၌​ကား ယေရှု​၏​မယ်တော်၊ မယ်တော်​၏​ညီမ၊ ကလောဖ​၏​ဇနီး မာရိ​နှင့် မာဂဒလ​မြို့သူ​မာရိ​တို့​သည် ရပ်​နေ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 26,
      "text": "ယေရှု​သည် အနီး​၌​ရပ်​နေ​သည့် ချစ်​တော်မူ​သော​တပည့်​တော်​နှင့် မယ်တော်​ကို မြင်​တော်မူ​လျှင် မယ်တော်​အား “အသင်​အမျိုးသမီး၊ ကြည့်​လော့။ သင်​၏​သား​ပေတည်း” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 27,
      "text": "ထို့နောက် ထို​တပည့်​တော်​အား “ကြည့်​လော့။ သင်​၏​အမိ​ပေတည်း” ​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​တပည့်​တော်​သည် မယ်တော်​ကို မိမိ​အိမ်​၌​ခေါ်​ထား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 28,
      "text": "ထို့နောက် ယေရှု​သည် အမှု​အလုံးစုံ​ပြီးစီး​ပြီ​ဖြစ်​ကြောင်း သိ​တော်မူ​၍ ကျမ်းစာ​ကို​ပြည့်စုံ​စေရန် “ငါ​ရေငတ်​သည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 29,
      "text": "ထို​အရပ်​၌ ဝိုင်ချဉ်​အပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထားရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်ချဉ်​ဝ​နေ​သော​ရေမြှုပ်​ကို ဟုဿုပ်​ရိုးတံ​အဖျား​၌​တပ်​လျက် နှုတ်ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 30,
      "text": "ထိုသို့ ဝိုင်ချဉ်​ကို​ခံယူ​ပြီး​သောအခါ ယေရှု​သည် “အမှု​ပြီး​ပြီ” ​ဟု မိန့်​တော်မူ​လျက် ဦးခေါင်း​တော်​ငိုက်စိုက်​ကျ​ကာ အသက်​ကို​စွန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 31,
      "text": "ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 32,
      "text": "ထို့ကြောင့် စစ်သား​တို့​သည်​လာ​၍ ယေရှု​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သူ ပထမ​တစ်ဦး​၏​ခြေ​နှင့် နောက်​တစ်ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 33,
      "text": "သို့သော် ယေရှု​ထံသို့​ရောက်​၍ ကိုယ်တော်​သေဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့မြင်​သောအခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 34,
      "text": "စစ်သား​တစ်​ဦး​က နံဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထိုအခါ သွေး​နှင့်​ရေ​သည် ချက်ချင်း​ထွက်လာ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 35,
      "text": "ဤ​အခြင်းအရာ​ကို​မြင်​သော​သူ​သည် သက်သေခံ​ခဲ့​၍ သူ​၏​သက်သေခံ​ချက်​သည်​မှန်ကန်​၏။ သင်​တို့​သည်​လည်း ယုံကြည်​ကြ​ရန် သူ​သည် မှန်ကန်​စွာ​ပြောဆို​နေ​ကြောင်း သူ​ကိုယ်တိုင်​သိ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 36,
      "text": "ဤသို့​ဖြစ်ပျက်​ခဲ့​သည်​မှာ “သူ​၏​အရိုး​တစ်​ချောင်း​မျှ ချိုးဖဲ့​ခြင်း​မ​ခံရ” ​ဟူသော​ကျမ်းချက်​ကို ပြည့်စုံ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 37,
      "text": "တစ်ဖန် အခြား​သော​ကျမ်းချက်​၌ “သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​သော​သူ​ကို ရှုမြင်​ရ​ကြ​လိမ့်မည်” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 38,
      "text": "ထိုသို့​ဖြစ်​ပြီး​သည့်​နောက် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သောကြောင့် လျှို့ဝှက်​စွာ ယေရှု​၏​တပည့်​တော်​ဖြစ်​နေ​သော အရိမသဲ​မြို့သား ယောသပ်​ဆို​သူ​သည် ယေရှု​၏​အလောင်း​တော်​ကို ယူ​သွား​ခွင့်ပြု​ရန် ပိလတ်​မင်း​အား တောင်းဆို​လေ​၏။ ပိလတ်​မင်း​သည်​လည်း ခွင့်ပြု​လိုက်​သဖြင့် သူ​သည်​လာ​၍ အလောင်း​တော်​ကို ယူ​သွား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 39,
      "text": "ယခင်​က ယေရှု​ထံသို့ ည​အချိန်​လာ​ဖူး​သော နိကောဒင်​သည်​လည်း မုရန်​နှင့်​အကျော်​ရောနှော​ထား​သော​နံ့သာ ပိဿာ​နှစ်ဆယ်​ခန့်​ကို ယူဆောင်​၍​လာ​လေ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 40,
      "text": "ထို​သူ​တို့​သည် ယေရှု​၏​အလောင်း​တော်​ကို​ယူ​၍ ဂျူး​လူမျိုး​တို့​၏​သင်္ဂြိုဟ်​ခြင်း​ဆိုင်ရာ ဓလေ့​ထုံးစံ​အတိုင်း အလောင်း​တော်​ကို အမွှေးနံ့သာ​နှင့်အတူ ပိတ်ထည်​များ​ဖြင့်​ပတ်စည်း​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 41,
      "text": "လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​တော်မူ​သော​အရပ်​တွင် ဥယျာဉ်​တစ်​ခု​ရှိ​၍ ထို​ဥယျာဉ်​၌ မည်သူ့​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သေး​သော သင်္ချိုင်း​ဂူ​သစ်​တစ်​ခု​ရှိ​၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 42,
      "text": "ထို​နေ့​သည် ဂျူး​လူမျိုး​တို့​၏​ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး ထို​သင်္ချိုင်း​ဂူ​သည်​လည်း အနီး​တွင်​ရှိ​သောကြောင့် ယေရှု​ကို ထို​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 1,
      "text": "ရက်သတ္တပတ်​၏​ပထမ​နေ့​၌ မာဂဒလ​မြို့သူ​မာရိ​သည် မှောင်​လျက်​ရှိ​နေ​သေး​သော နံနက်​စောစော​အချိန်​တွင် သင်္ချိုင်း​တော်​သို့​ရောက်လာ​ရာ ကျောက်တုံး​အား ဂူ​ဝ​မှ ဖယ်ရှား​ထား​ပြီး​ဖြစ်​သည်​ကို​မြင်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 2,
      "text": "ထို့ကြောင့် သူ​သည် ရှိမုန်​ပေတရု​နှင့် ယေရှု​ချစ်​တော်မူ​သော အခြား​တပည့်​တော်​ထံသို့ ပြေး​သွား​၍ “သခင်​ဘုရား​ကို သင်္ချိုင်း​ဂူ​ထဲမှ သူ​တို့​ယူ​သွား​ကြ​ပြီ။ အဘယ်မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 3,
      "text": "ထိုအခါ ပေတရု​နှင့် ထို​အခြား​တပည့်​တော်​သည် ထွက်လာ​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 4,
      "text": "သူ​တို့​နှစ်​ဦး​သည် အတူတူ​ပြေး​ကြ​သော်လည်း အခြား​တပည့်​တော်​သည် ပေတရု​ထက် လျင်မြန်​စွာ​ပြေး​၍ သင်္ချိုင်း​တော်​သို့​ဦးစွာ​ရောက်​သဖြင့်"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 5,
      "text": "ငုံ့ကြည့်​လိုက်​ရာ ပိတ်ထည်​များ​ရှိ​နေ​သည်​ကို​မြင်​ရ​၏။ သို့သော် သူ​သည် အထဲသို့​မ​ဝင်​ဘဲ​နေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 6,
      "text": "ထိုအခါ နောက်​မှ​လိုက်​လာ​သော ရှိမုန်​ပေတရု​သည်​လည်း​ရောက်လာ​၍ သင်္ချိုင်း​ဂူ​ထဲသို့​ဝင်​ပြီးလျှင် ပိတ်ထည်​များ​ရှိ​နေ​သည်​ကို​လည်းကောင်း၊"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 7,
      "text": "ကိုယ်တော်​၏​ဦးခေါင်း​တော်​ကို​ပတ်စည်း​ထား​သော​ပဝါ​သည် ပိတ်ထည်​များ​နှင့်အတူ​မ​ရှိ​ဘဲ တစ်​နေရာ​တွင်​သီးခြား​လိပ်​ထား​သည်​ကို​လည်းကောင်း မြင်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 8,
      "text": "ထို့နောက် သင်္ချိုင်း​တော်​သို့​ဦးစွာ​ရောက်​သော အခြား​တပည့်​တော်​သည်​လည်း​ဝင်လာ​၍ မြင်​သဖြင့် ယုံကြည်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 9,
      "text": "(သူ​တို့​သည် သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​ရ​မည်​ဟူသော​ကျမ်းချက်​ကို နား​မ​လည်​ကြ​သေး။)"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 10,
      "text": "ထို့နောက် ထို​တပည့်​တော်​တို့​သည် မိမိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 11,
      "text": "မာရိ​မူကား သင်္ချိုင်း​ဂူ​အပြင်​၌ ငိုကြွေး​လျက်​ရပ်​နေ​၏။ ထိုသို့​ငိုကြွေး​ရင်း ဂူ​အတွင်း​သို့​ငုံ့ကြည့်​လိုက်​ရာ"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 12,
      "text": "ဖြူ​သော​အဝတ်​ကို​ဝတ်ဆင်​သည့် ကောင်းကင်တမန်​နှစ်​ပါး​သည် ယေရှု​အလောင်း​တော်​လဲလျောင်း​ခဲ့​ရာ​အရပ်​၏​ခေါင်း​ရင်း​၌​တစ်​ပါး၊ ခြေရင်း​၌​တစ်​ပါး ထိုင်​နေ​ကြ​သည်​ကို မြင်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 13,
      "text": "ထို​ကောင်းကင်တမန်​တို့​က “အသင်​မိန်းမ၊ အဘယ်ကြောင့်​ငိုကြွေး​နေ​သနည်း”​ဟု မေး​ကြ​လျှင် မာရိ​က “ကျွန်မ​၏​သခင်​ဘုရား​ကို သူ​တို့​ယူ​သွား​ကြ​ပြီ။ အဘယ်မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 14,
      "text": "ထိုသို့​ဆို​ပြီးမှ နောက်​သို့​လှည့်ကြည့်​လိုက်​ရာ ယေရှု​ရပ်​လျက်​နေ​တော်မူ​သည်​ကို မြင်​သော်လည်း ယေရှု​ဖြစ်​ကြောင်း​ကို​မ​သိ။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 15,
      "text": "ယေရှု​က​လည်း “အသင်​မိန်းမ၊ အဘယ်ကြောင့်​ငိုကြွေး​နေ​သနည်း။ မည်သူ့​ကို​ရှာ​နေ​သနည်း” ​ဟု မေး​တော်မူ​၏။ မာရိ​သည် ကိုယ်တော်​ကို ဥယျာဉ်စောင့်​ဖြစ်​သည်​ဟု​ထင်မှတ်​၍ “အရှင်၊ အရှင်​သည် သူ့​ကို​ယူ​သွား​ခဲ့​လျှင် အဘယ်မှာ​ထား​သည်​ကို ကျွန်မ​အား​ပြော​ပါ။ သူ့​ကို​ကျွန်မ​ယူ​သွား​ပါ​မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 16,
      "text": "ယေရှု​က​လည်း “မာရိ” ​ဟု​ခေါ်​တော်မူ​လျှင် မာရိ​သည်​လှည့်​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် “ရဗ္ဗုနိ”​ဟု​ထူး​လေ​၏။ (ရဗ္ဗုနိ​အဓိပ္ပာယ်​မှာ ဆရာ​ဟူ၍​ဖြစ်​၏။)"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 17,
      "text": "ယေရှု​က​လည်း “ငါ​သည် ခမည်းတော်​ထံသို့ မ​တက်​သွား​ရ​သေး​သဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီအစ်ကို​တို့​ထံသို့​သွား​၍ ‘ငါ့​ခမည်းတော်​တည်းဟူသော သင်​တို့​၏​ခမည်းတော်၊ ငါ့​ဘုရားသခင်​တည်းဟူသော သင်​တို့​၏​ဘုရားသခင်​ထံသို့ ငါ​တက်​သွား​တော့မည်’​ဟူ၍ ပြောကြား​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 18,
      "text": "မာဂဒလ​မြို့သူ​မာရိ​သည် သွား​၍ “သခင်​ဘုရား​ကို ကျွန်မ​တွေ့မြင်​ခဲ့​ပြီ”​ဟု တပည့်​တော်​တို့​အား​ဆို​ပြီးလျှင် မိမိ​အား​မိန့်မှာ​တော်မူ​သော​အရာ​များ​ကို​ပြောကြား​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 19,
      "text": "ရက်သတ္တပတ်​တွင် ပထမ​နေ့​ဖြစ်​သော ထို​နေ့​၏​ညနေချမ်း​အချိန်​တွင် တပည့်​တော်​တို့​သည် ဂျူး​လူမျိုး​တို့​ကို​ကြောက်​သဖြင့် မိမိ​တို့​ရှိ​ရာ​နေရာ​၌ တံခါး​များ​ကို​ပိတ်​ထား​လျက်​နေ​ကြ​ရာ ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင် “သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 20,
      "text": "ထိုသို့​မိန့်​တော်မူ​ပြီးနောက် လက်​တော်​နှင့်​နံဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​သောအခါ ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 21,
      "text": "တစ်ဖန် ယေရှု​က “သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ ခမည်းတော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သကဲ့သို့ ငါ​သည်​လည်း သင်​တို့​ကို​စေလွှတ်​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 22,
      "text": "ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​အပေါ်​မှုတ်​တော်မူ​လျက် “သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​လော့။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 23,
      "text": "တစ်စုံတစ်ဦး​၏​အပြစ်​များ​ကို သင်​တို့​ခွင့်လွှတ်​လျှင် ထို​သူ​သည် အပြစ်​ခွင့်လွှတ်​ခြင်း​ကို​ခံရ​၏။ တစ်စုံတစ်ဦး​၏​အပြစ်​များ​ကို သင်​တို့​ချည်နှောင်​ထား​လျှင် ထို​အပြစ်​များ​သည် သူ​၌ ချည်နှောင်​ထား​ခြင်း​ခံရ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 24,
      "text": "တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​ပြီး ဒိဒုမု​ဟု​ခေါ်​သည့် သောမ​ကား ယေရှု​ကြွလာ​တော်မူ​သော​အချိန်​တွင် သူ​တို့​နှင့်အတူ​မ​ရှိ​ခဲ့​ချေ။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 25,
      "text": "သို့ဖြစ်၍ အခြား​သော​တပည့်​တော်​တို့​က သောမ​အား “ငါ​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့သော် သောမ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲသို့ ငါ့​လက်ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံဘေး​တော်​ထဲသို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်သည့်​အခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 26,
      "text": "ထို့နောက် ရှစ်​ရက်​ကြာ​သော် တပည့်​တော်​တို့​သည် တစ်ဖန် အထဲ၌​ရှိ​ကြ​၍ သောမ​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​၏။ တံခါး​များ​ကို​ပိတ်​ထား​သော်လည်း ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင် “သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 27,
      "text": "ထို့နောက် သောမ​အား “သင်​၏​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံဘေး​ထဲသို့​ထိုးသွင်း​လော့။ မ​ယုံကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံကြည်​သော​သူ​ဖြစ်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 28,
      "text": "ထိုအခါ သောမ​က “အကျွန်ုပ်​၏​အရှင်၊ အကျွန်ုပ်​၏​ဘုရားသခင်”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 29,
      "text": "ယေရှု​က​လည်း “သင်​သည် ငါ့​ကို​မြင်​ရ​သောကြောင့် ယုံကြည်​ပြီ​တကား။ မ​မြင်​ဘဲ​လျက် ယုံကြည်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 30,
      "text": "ယေရှု​သည် ဤ​ကျမ်း​၌​ရေး​၍​မ​ထား​သော အခြား​နိမိတ်​လက္ခဏာ​များစွာ​တို့​ကို​လည်း တပည့်​တော်​တို့​ရှေ့မှောက်​တွင် ပြု​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 31,
      "text": "သို့သော် ယေရှု​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို သင်​တို့​ယုံကြည်​ကြ​ရန်​နှင့် ထိုသို့​ယုံကြည်​ခြင်း​အားဖြင့် ကိုယ်တော်​၏​နာမ​တော်​၌ အသက်​ကို​ရရှိ​ကြ​ရန် ဤ​အရာ​များ​ကို​ရေး​ထား​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 1,
      "text": "ထို့နောက် ယေရှု​သည် တိဗေရိ​ပင်လယ်​နား​တွင် တပည့်​တော်​တို့​အား နောက်တစ်ဖန် ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ထင်ရှား​ပြ​တော်မူ​ပုံ​ကား ဤသို့​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 2,
      "text": "ရှိမုန်​ပေတရု​နှင့် ဒိဒုမု​ဟု​ခေါ်​သည့်​သောမ၊ ဂါလိလဲ​နယ် ကာန​မြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သား​တို့​နှင့် အခြား​တပည့်​တော်​နှစ်​ပါး​တို့​သည် အတူ​ရှိ​နေ​ကြ​စဉ်"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 3,
      "text": "ရှိမုန်​ပေတရု​က “အကျွန်ုပ်​ငါး​သွား​ဖမ်း​မည်”​ဟု ဆို​၏။ ထို​သူ​တို့​က “အကျွန်ုပ်​တို့​လည်း သင်​နှင့်အတူ​လိုက်​မည်”​ဟု ဆို​လျက် ထွက်သွား​၍ လှေ​ပေါ်သို့​တက်​ကြ​၏။ သို့သော် ထို​ည​တွင် မည်သည့်​အရာ​ကို​မျှ​မ​ရ​ကြ​ချေ။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 4,
      "text": "မိုးလင်း​ချိန်​ရောက်​သောအခါ ယေရှု​သည် ကမ်းစပ်​တွင်​ရပ်​နေ​တော်မူ​၏။ သို့ရာတွင် တပည့်​တော်​တို့​သည် ယေရှု​ဖြစ်​ကြောင်း​ကို​မ​သိ​ကြ။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 5,
      "text": "ထိုအခါ ယေရှု​က “ချစ်​သား​တို့၊ သားငါး​တစ်စုံတစ်ရာ​ရှိ​သလော” ​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 6,
      "text": "ကိုယ်တော်​က​လည်း “လှေ​၏​ယာ​ဘက်​တွင် ပိုက်ကွန်​ကို​ပစ်ချ​ကြ​လော့။ ထိုသို့ပြုလျှင် ရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည် ပိုက်ကွန်​ကို​ပစ်ချ​ကြ​ရာ ငါး​များစွာ​မိ​သဖြင့် ပိုက်ကွန်​ကို​ဆွဲ​တင်​၍​မ​ရ​နိုင်​ကြ​တော့​ပေ။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 7,
      "text": "ထိုအခါ ယေရှု​ချစ်​တော်မူ​သော​တပည့်​တော်​က ပေတရု​အား “သခင်​ဘုရား​ပေ​တည်း”​ဟု ဆို​လေ​၏။ ရှိမုန်​ပေတရု​သည် သခင်​ဘုရား​ဖြစ်​ကြောင်း ကြား​သောအခါ အဝတ်ချွတ်​ထား​သည်​ဖြစ်၍ အပေါ်​အဝတ်​ကို ခါး​၌​စည်း​ပြီးလျှင် ပင်လယ်​ထဲသို့​ခုန်ဆင်း​လေ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 8,
      "text": "အခြား​တပည့်​တော်​တို့​မူကား ကမ်း​နှင့်​မ​ဝေး​လှ​ဘဲ ကိုက်​တစ်ရာ​ခန့်​သာ​ကွာ​သည့်​နေရာ​၌​ရှိ​ကြ​သောကြောင့် ငါး​နှင့်​ပြည့်​နေ​သော​ပိုက်ကွန်​ကို​ဆွဲ​လျက် လှေ​ငယ်​ဖြင့်​လာ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 9,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ကုန်း​ပေါ်သို့​ရောက်​ကြ​သောအခါ မီးခဲ​ပုံ​နှင့် ထို​မီးခဲ​ပုံ​ပေါ်​တင်​ထား​သော​ငါး​ကို​လည်းကောင်း၊ မုန့်​ကို​လည်းကောင်း တွေ့​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 10,
      "text": "ယေရှု​က “ယခု​ဖမ်းမိ​သော​ငါး​အချို့​ကို ယူ​ခဲ့​ကြ​လော့” ​ဟု သူ​တို့​အား မိန့်​တော်မူ​သဖြင့်"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 11,
      "text": "ရှိမုန်​ပေတရု​သည် လှေ​ပေါ်သို့​တက်​၍ ပိုက်ကွန်​ကို ကုန်း​ပေါ်သို့​ဆွဲ​တင်​ရာ ငါး​ကြီး​တစ်ရာ​ငါးဆယ့်​သုံး​ကောင်​နှင့်​ပြည့်​လျက်​ရှိ​၏။ ထိုမျှလောက်​များ​သော်လည်း ပိုက်ကွန်​သည်​မ​စုတ်ပြဲ​ခဲ့​ပေ။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 12,
      "text": "ယေရှု​က “လာ​၍​နံနက်စာ​ကို​စား​ကြ​လော့” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် သခင်​ဘုရား​ဖြစ်​ကြောင်း သိ​ကြ​သောကြောင့် မည်သူ​က​မျှ “အရှင်​သည်​မည်သူ​နည်း”​ဟု မ​မေး​ဝံ့​ကြ။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 13,
      "text": "ယေရှု​သည်​လာ​၍ မုန့်​ကို​ယူ​ပြီးလျှင် သူ​တို့​အား​ပေး​တော်မူ​၏။ ငါး​ကို​လည်း ထိုနည်းတူ​ပေး​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 14,
      "text": "ဤသည်ကား ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် တပည့်​တော်​တို့​အား တတိယ​အကြိမ် ကိုယ်​ထင်ရှား​ပြ​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 15,
      "text": "ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား “ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော” ​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း “ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 16,
      "text": "တစ်ဖန် “ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်​သလော” ​ဟု ဒုတိယ​အကြိမ်​မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း “ငါ​၏​သိုး​တို့​ကို အုပ်ထိန်း​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 17,
      "text": "တတိယ​အကြိမ်​၌ ကိုယ်တော်​က “ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်ခင်​သလော” ​ဟု မေး​တော်မူ​၏။ ကိုယ်တော်​က တတိယ​အကြိမ်​၌ “သင်​သည် ငါ့​ကို​ချစ်ခင်​သလော” ​ဟု မေး​တော်မူ​သောကြောင့် ပေတရု​သည် စိတ်မကောင်း​ဖြစ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း “ငါ​၏​သိုး​တို့​ကို ကျွေးမွေး​လော့။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 18,
      "text": "သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​သည် ငယ်ရွယ်​စဉ်​အခါ​၌ ကိုယ်ကိုယ်တိုင်​ခါးပန်း​စည်း​၍ ကိုယ်​အလိုရှိ​ရာ​အရပ်​သို့ သွားလာ​လေ့​ရှိ​၏။ အိုမင်း​သောအခါ​၌​မူကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူတစ်ပါး​သည် သင့်​ခါး​ကို ခါးပန်း​စည်း​ကာ သင်​အလို​မ​ရှိ​ရာ​အရပ်​သို့ ခေါ်ဆောင်​သွား​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 19,
      "text": "ဤ​သို့​မိန့်​တော်မူ​ခြင်းမှာ ပေတရု​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ထင်ရှား​စေ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ ဤ​အရာ​ကို​မိန့်​တော်မူ​ပြီးနောက် “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု ပေတရု​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 20,
      "text": "ပေတရု​သည် လှည့်ကြည့်​လိုက်​ရာ ယေရှု​ချစ်​တော်မူ​သော​တပည့်​တော်​သည် နောက်​မှ​လိုက်​လာ​သည်​ကို မြင်​လေ​၏။ ထို​တပည့်​တော်​သည် ယခင်​ညစာ​စား​စဉ်​က ယေရှု​၏​ရင်ခွင်​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​ခဲ့​သူ​လည်း​ဖြစ်​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 21,
      "text": "ထို​တပည့်​တော်​ကို​မြင်​သောအခါ ပေတရု​က “သခင်​ဘုရား၊ ဤ​သူ​ကား မည်သို့​ဖြစ်​မည်နည်း”​ဟု ယေရှု​အား မေးလျှောက်​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 22,
      "text": "ယေရှု​က​လည်း “ငါ​ကြွလာ​သည့်​တိုင်အောင် သူ့​ကို​အသက်ရှင်​စေရန် ငါ​အလိုရှိ​လျှင်​လည်း သင်​နှင့်​မည်သို့​ဆိုင်​သနည်း။ သင်​သည် ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 23,
      "text": "သို့ဖြစ်၍ “ထို​တပည့်​တော်​သည် သေ​ရ​မည်​မ​ဟုတ်”​ဟူသော​စကား​သည် ညီအစ်ကို​တို့​ကြား​တွင် ပျံ့နှံ့​သွား​၏။ သို့သော် ယေရှု​က “ထို​သူ​သည် သေ​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည်​မ​ဟုတ်​ဘဲ “ငါ​ကြွလာ​သည့်​တိုင်အောင် သူ့​ကို​အသက်ရှင်​စေရန် ငါ​အလိုရှိ​လျှင်​လည်း သင်​နှင့်​မည်သို့​ဆိုင်​သနည်း” ​ဟူ၍​သာ မိန့်​တော်မူ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 24,
      "text": "ဤ​အကြောင်းအရာ​များ​ကို သက်သေခံ​၍ ရေး​ထား​သော​သူ​မှာ ထို​တပည့်​တော်​ပင်​ဖြစ်​၏။ သူ​၏​သက်သေခံ​ချက်​မှန်ကန်​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 25,
      "text": "ယေရှု​ပြု​တော်မူ​သော အခြား​အမှုအရာ​များစွာ​ရှိ​သေး​၏။ ထို​အမှုအရာ​များ​ကို တစ်​ခု​ချင်း​ရေး​ထား​ပါက ဤ​ကမ္ဘာ​ကြီး​၌​ပင် ထို​ရေး​ထား​သော​ကျမ်းဂန်​များ​ဆန့်​မည်​မ​ဟုတ်​ဟု ငါ​ထင်မှတ်​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 1,
      "text": "အို သော်ဖိလု၊ ယေရှု​သည် အမှု​တော်​ဆောင်ရွက်​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို အစပြု​တော်မူ​သည့်​အချိန်​မှစ၍"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 2,
      "text": "ရွေးကောက်​တော်မူ​သော​တမန်​တော်​များ​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် မိန့်မှာ​တော်မူ​ပြီးနောက် အထက်​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​သော​နေ့​တိုင်အောင် ဖြစ်ပျက်​သမျှ​တို့​ကို ပထမ​စာစောင်​၌ ငါ​ရေးသား​ဖော်ပြ​ခဲ့​၏​။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 3,
      "text": "ကိုယ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​ပြီးနောက် မိမိ​အသက်ရှင်​လျက်​ရှိ​ကြောင်း ထို​တမန်တော်​တို့​အား အထောက်အထား​များစွာ​တို့​ဖြင့်​ပြသ​ကာ ရက်​ပေါင်း​လေးဆယ်​အတွင်း သူ​တို့​ထံ​ထင်ရှား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 4,
      "text": "ထို့နောက် အတူတကွ​စုရုံး​နေ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​အား “ဂျေရုဆလင်​မြို့​မှ ထွက်ခွာ​မ​သွား​ဘဲ ငါ့​ထံမှ သင်​တို့​ကြား​ရ​သော ခမည်းတော်​၏​ကတိ​တော်​ကို စောင့်​နေ​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 5,
      "text": "အကြောင်းမှာ ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား မကြာမီ​အတွင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်” ​ဟု မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 6,
      "text": "တစ်ဖန် သူ​တို့​စုဝေး​လာ​ကြ​သောအခါ သူ​တို့​က ကိုယ်တော်​အား “သခင်​ဘုရား၊ ကိုယ်တော်​သည် ယခု​အချိန်​တွင် အစ္စရေး​လူမျိုး​အတွက် နိုင်ငံ​ကို ပြန်လည်​ထူထောင်​ပေး​တော်မူ​မည်​လော”​ဟု မေးလျှောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 7,
      "text": "ကိုယ်တော်​က​လည်း “ခမည်းတော်​သည် မိမိ​အခွင့်​အာဏာ​ဖြင့် စီရင်​ထား​တော်မူ​သော​ကာလ​များ​၊ သို့မဟုတ် အချိန်အခါ​များ​ကို သင်​တို့​သိ​ရန်​မ​လိုအပ်​ပေ။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 8,
      "text": "သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 9,
      "text": "ထိုသို့​မိန့်​တော်မူ​ပြီးနောက် သူ​တို့​ကြည့်ရှု​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် အထက်သို့​ချီဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ မိုးတိမ်​သည် ကိုယ်တော်​ကို သူ​တို့​မြင်ကွင်း​မှ​ဆောင်ယူ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 10,
      "text": "ထိုသို့ ကိုယ်တော်​တက်သွား​တော်မူ​စဉ် သူ​တို့​သည် ကောင်းကင်​သို့ စေ့စေ့​ကြည့်​နေ​ကြ​ရာ ဖြူဖွေး​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အနီး​၌​ရပ်​၍"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 11,
      "text": "“ဂါလိလဲ​နယ်သား​တို့၊ အဘယ်ကြောင့်​ရပ်​လျက် ကောင်းကင်​ကို စူးစိုက်​ကြည့်​နေ​ကြ​သနည်း။ သင်​တို့​ထံမှ ကောင်းကင်​သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သော ထို​ယေရှု​သည် ကောင်းကင်​သို့​တက်သွား​တော်မူ​သည်​ကို သင်​တို့​မြင်​ရ​သည့်​အတိုင်း​ပင် တစ်ဖန်​ကြွလာ​တော်မူ​လိမ့်မည်”​ဟု မြွက်ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 12,
      "text": "ထို့နောက် သူ​တို့​သည် သံလွင်​အမည်​ရှိ​သော​တောင်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏။ ထို​တောင်​သည် ဂျေရုဆလင်​မြို့​နှင့် မိုင်ဝက်​ခန့်​အကွာအဝေး​၌​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 13,
      "text": "သူ​တို့​သည် မြို့​ထဲသို့​ဝင်​သောအခါ မိမိ​တို့​တည်း​နေ​သော အိမ်​၏​အထက်ခန်း​သို့​တက်​ကြ​၏။ ထို​သူ​တို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ယာကုပ်​၏​သား​ယုဒ​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 14,
      "text": "သူ​တို့​အားလုံး​သည် အမျိုးသမီး​များ​နှင့် ယေရှု​၏​မယ်တော်​မာရိ​မှစ၍ ကိုယ်တော်​၏​ညီ​တော်​များ​နှင့်အတူ တစ်စိတ်​တစ်သဘောတည်း​ဖြင့် ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 15,
      "text": "ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 16,
      "text": "“ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 17,
      "text": "အကြောင်းမူကား ယုဒ​သည် ငါ​တို့​ထဲ၌​ထည့်သွင်း​ရေတွက်​ခြင်း​ခံရ​ပြီး ဤ​အမှု​တော်​လုပ်ငန်း​တွင် ပါဝင်​ခွင့်​ကို​ရရှိ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 18,
      "text": "သူ​သည် မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ဖြင့် မြေ​တစ်​ကွက်​ကို​ဝယ်ယူ​ပြီးနောက် ဇောက်ထိုး​ကျ​လျက် ဝမ်းဗိုက်​ပေါက်​သဖြင့် သူ​၏​အူ​များ​အကုန်​ထွက်ကျ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 19,
      "text": "ထို​အကြောင်း​ကို ဂျေရုဆလင်​မြို့​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည်​သိ​၍ ထို​မြေ​ကို မိမိ​တို့​ဘာသာစကား​ဖြင့် အကေလဒမ​ဟု​ခေါ်ဆို​ကြ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ သွေး​မြေ​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 20,
      "text": "အမှန်စင်စစ် ဆာလံ​ကျမ်း​၌ ‘သူ​၏​နေရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပါစေ။ ထို​အရပ်​၌ နေထိုင်​သော​သူ​မ​ရှိ​ပါစေ​နှင့်။ သူ​၏​အရိုက်အရာ​ကို​လည်း အခြား​သူ​ယူ​ပါစေ’​ဟု ရေး​ထား​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 21,
      "text": "ထို့ကြောင့် သခင်​ယေရှု​သည် ငါ​တို့​ထံ၌ ဝင်​ထွက်​သွား​လာ​သည့်​အချိန်​တစ်လျှောက်လုံး၊"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 22,
      "text": "တစ်နည်းအားဖြင့် ယောဟန်​ဗတ္တိဇံ​ပေး​သည့်​အချိန်​မှ​စ​၍ ငါ​တို့​ထံမှ အထက်သို့ ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​သည့်​နေ့ရက်​တိုင်အောင် ငါ​တို့​နှင့်​လိုက်​ပါ​သူ​များ​ထဲမှ တစ်​ဦး​သည် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ငါ​တို့​နှင့်အတူ သက်သေခံ​သူ​ဖြစ်​ရ​မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 23,
      "text": "ထိုအခါ သူ​တို့​သည် ယုစတု​အမည်​ရှိ​သော​ဗာရှဗ​ခေါ်​ယောသပ်​နှင့်​မဿိ​တို့​နှစ်​ဦး​ကို အဆိုပြု​လျက်"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 24,
      "text": "“လူ​အပေါင်း​တို့​၏​စိတ်နှလုံး​ကို သိ​တော်မူ​သော​သခင်​ဘုရား၊"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 25,
      "text": "ယုဒ​သည် မိမိ​နေရာ​သို့​သွား​ရန် တမန်တော်​အရိုက်အရာ​မှ ရွေ့လျော​ဖောက်ပြန်​သွား​သည်​ဖြစ်၍ ဤ​အမှု​တော်​လုပ်ငန်း​နှင့် တမန်တော်​အရိုက်အရာ​ကို​ဆက်ခံ​ရန် ဤ​သူ​နှစ်​ဦး​ထဲမှ ကိုယ်တော်​ရွေးကောက်​သော​သူ​ကို ဖော်ပြ​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 26,
      "text": "ထို့နောက် ထို​သူ​နှစ်​ဦး​အတွက်​မဲ​ချ​ကြ​ရာ မဿိ​အပေါ်​မဲ​ကျ​သဖြင့် သူ​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ တမန်တော်​စာရင်း​ဝင်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 1,
      "text": "ပင်တေကုတ္တေ​ပွဲ​နေ့​ရောက်​သောအခါ ထို​သူ​အပေါင်း​တို့​သည် တစ်နေရာတည်း​၌ စုဝေး​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 2,
      "text": "ထိုအခါ ပြင်းထန်​သော​လေ​တိုက်ခတ်​သံ​နှင့်​တူ​သည့် အသံ​သည် ကောင်းကင်​မှ ရုတ်တရက်​ပေါ်ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်အိမ်လုံး​ကို ဖုံးလွှမ်း​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 3,
      "text": "ထို့နောက် ဖြာထွက်​သည့်​မီးလျှံ​ကဲ့သို့သော​လျှာ​များ​သည် သူ​တို့​ရှေ့၌​ပေါ်ထွက်​လာ​၍ သူ​တို့​တစ်ဦးစီ​အပေါ်​တည်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဝိညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်စွမ်း​ပေး​တော်မူ​သည့်​အတိုင်း အခြား​သော​ဘာသာ​စကား​များ​ဖြင့် စတင်​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 5,
      "text": "ထို​အချိန်​ကာလ​တွင် မိုး​ကောင်းကင်​အောက်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ ဘုရား​တရား​ကြည်ညို​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​၌​တည်းခို​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 6,
      "text": "ထို​အသံ​ထွက်ပေါ်​လာ​သောအခါ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​၍ သူ​တို့​အသီးသီး​သည် သူ​တို့​၏​ဘာသာစကား​ဖြင့် တမန်တော်​တို့​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ရ​သဖြင့် အံ့ဩ​တွေဝေ​ကြ​ကုန်​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​သည် အံ့သြ​ငေးမော​ကြ​လျက် “ကြည့်​ပါ။ ယခု​ပြောဆို​နေ​သော ဤ​သူ​အားလုံး​တို့​သည် ဂါလိလဲ​နယ်သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 8,
      "text": "သို့ဖြစ်လျှင် ငါ​တို့​အသီးသီး​သည် ငါ​တို့​မွေးဖွား​ရာ​အရပ်​မှ ဘာသာစကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်သို့​နည်း။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 9,
      "text": "ငါ​တို့​တွင် ပါသိ​လူမျိုး၊ မေဒိ​လူမျိုး​နှင့် ဧလံ​လူမျိုး​များ​မှစ၍ မက်ဆိုပိုတေးမီးယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ ပုန္တု​ပြည်၊ အာရှ​ပြည်၊"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 10,
      "text": "ဖြူဂိ​ပြည်၊ ပံဖုလိ​ပြည်၊ အီဂျစ်​ပြည်​နှင့် ကုရေနေ​မြို့​အနီး လစ်ဗျား​နယ်မြေ​ဒေသ​တို့​၌ နေထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့ပြင် အလည်အပတ်​ရောက်ရှိ​လာ​သော​ရောမ​နိုင်ငံသား​များ၊ ဂျူး​လူမျိုး​များ​နှင့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​များ၊"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 11,
      "text": "ကရေတေ​ကျွန်းသား​များ၊ အာရပ်​ပြည်သား​များ​လည်း​ရှိ​ကြ​၏။ သို့ဖြစ်လျက်နှင့် ဤ​သူ​တို့​သည် ဘုရားသခင်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​တို့​၏​ဘာသာ​စကား​များ​ဖြင့် ပြောဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 12,
      "text": "လူ​အားလုံး​တို့​သည် အံ့သြ​ငေးမော​လျက် ဝေခွဲမရ​ဖြစ်​ကြ​ကာ “ဤ​အမှုအရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 13,
      "text": "သို့သော် လူ​အချို့​တို့​က “သူ​တို့​သည် ဝိုင်ချို​ဖြင့်​မူးယစ်​နေ​ကြ​သည်”​ဟု ကဲ့ရဲ့​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 14,
      "text": "ထိုအခါ ပေတရု​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ​မတ်တတ်ရပ်​လျက် မိမိ​အသံ​ကို​ကျယ်စွာပြု​၍ “ဂျူး​အမျိုးသား​များ​နှင့် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​သော​သူ​အပေါင်း​တို့၊ ဤ​အရာ​ကို​သင်​တို့​အား သိမှတ်​စေ​လို​ပါ​၏။ ငါ့​စကား​ကို သေချာစွာ​နားထောင်​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 15,
      "text": "ယခု​အချိန်​ကား နံနက်​ကိုး​နာရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်မှတ်​သကဲ့သို့ ယစ်မူး​နေ​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 16,
      "text": "ဤ​အရာ​သည် ပရောဖက်​ယောလ​ဟောပြော​ထား​သော​အရာ​ပင်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 17,
      "text": "ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 18,
      "text": "ထို​နေ့ရက်​တို့​၌ ငါ​သည် ငါ​၏​အစေခံ​ယောက်ျား​နှင့် ငါ​၏​အစေခံ​မိန်းမ​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 19,
      "text": "အထက်​ကောင်းကင်​၌ အံ့သြဖွယ်ရာ​များ​ကို​လည်းကောင်း၊ အောက်​မြေကြီး​ပေါ်၌ သွေး၊ မီးလျှံ​နှင့် မီးခိုး​ငွေ့​တည်းဟူသော နိမိတ်​လက္ခဏာ​များ​ကို​လည်းကောင်း ငါ​ပြ​မည်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 20,
      "text": "ထာဝရ​ဘုရား​၏​ထူးမြတ်​သော​နေ့​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​သွား​၍ လ​သည် သွေး​ဖြစ်သွား​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 21,
      "text": "ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’ ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 22,
      "text": "အစ္စရေး​အမျိုးသား​တို့၊ ဤ​စကား​တို့​ကို​နားထောင်​ကြ​လော့။ သင်​တို့​သိ​ကြ​သည့်​အတိုင်း ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​အားဖြင့် သင်​တို့​အလယ်​၌ အံ့ဩဖွယ်ရာ​များ၊ တန်ခိုး​လက္ခဏာ​များ​နှင့် နိမိတ်​လက္ခဏာ​များ​ကို​ပြု​တော်မူ​၏။ ဘုရားသခင်​သည် ဤ​အရာ​များ​အားဖြင့် ယေရှု​နှင့်​ပတ်သက်​သော ခိုင်မာ​သည့်​အထောက်အထား​များ​ကို သင်​တို့​အား​ပြ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 23,
      "text": "ဘုရားသခင်​ချမှတ်​ထား​သော​အကြံအစည်​တော်​နှင့် ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​တို့​အရ အပ်နှံ​ခြင်း​ခံရ​သော​ထို​အရှင်​ကို သင်​တို့​သည် တရားမဲ့​သော​သူ​တို့​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​၍ ကွပ်မျက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 24,
      "text": "သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​ခြင်း​နှင့်ဆိုင်သော​ဝေဒနာ​မှ​လွတ်မြောက်​စေ​၍ ထမြောက်​စေ​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် ထို​အရှင်​ကို အစဉ်​ချည်နှောင်​ထား​၍​မ​ရ​နိုင်​ချေ။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 25,
      "text": "ဒါဝိဒ်​က​လည်း ထို​အရှင်​နှင့်​ပတ်သက်၍ ‘ငါ​သည် ထာဝရ​ဘုရား​ကို အစဉ်မပြတ်​မျက်မှောက်​ပြု​၏။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည် တုန်လှုပ်​ခြင်း​မ​ရှိ​ရာ။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 26,
      "text": "ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည်​ပျော်ရွှင်​၍ ငါ​၏​နှုတ်​သည်​ရွှင်မြူး​၏။ ထိုမျှမက ငါ​၏​သွေးသား​သည်​လည်း မျှော်လင့်​ခြင်း​၌​ခိုလှုံ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 27,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 28,
      "text": "ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​စေ​တော်မူ​လိမ့်မည်’ ​ဟု ဆို​ထား​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 29,
      "text": "ညီအစ်ကို​တို့၊ မျိုးနွယ်စု​ဖခင်​ဖြစ်​သော​ဒါဝိဒ်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​အတိအလင်း​ပြောဆို​နိုင်​သည်​မှာ သူ​သည်​သေလွန်​၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​ပြီး သူ​၏​သင်္ချိုင်း​ဂူ​သည် ယနေ့​တိုင်အောင် ငါ​တို့​အရပ်​၌​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 30,
      "text": "သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်​သောကြောင့် သူ့​သား​မြေး​ထဲမှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်တွင်​ထိုင်​စေ​မည်​ဟု ဘုရားသခင်​သည် သူ့​အား​ကတိ​သစ္စာ​ဖြင့်​တိုင်တည်​၍ မိန့်​တော်မူ​ကြောင်း​သိ​ထား​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 31,
      "text": "သူ​သည် ၎င်း​ကို​ကြိုတင်​သိမြင်​လျက် ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ဟောပြော​ကာ ‘ကိုယ်တော်​သည် မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​ခြင်း​ခံရ​မည်​မ​ဟုတ်။ ခန္ဓာ​တော်​ကို​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’​ဟု ဆို​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 32,
      "text": "ဘုရားသခင်​သည် ထို​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​အားလုံး​သည် ဤ​အကြောင်းအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 33,
      "text": "ထိုသို့​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​ခြင်း​ကို​ခံရ​ပြီးနောက် ကတိ​ထား​တော်မူ​သည့်​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခမည်းတော်​ထံမှ​ခံယူ​ရရှိ​လျက် သင်​တို့​တွေ့မြင်​ကြားသိ​သည့်​အတိုင်း ထို​ဝိညာဉ်​တော်​ကို​သွန်းလောင်း​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 34,
      "text": "ဒါဝိဒ်​သည် ကောင်းကင်​ဘုံ​သို့​တက်​သွား​ခဲ့​သည်​မ​ဟုတ်။ သို့သော် သူ​က ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​ဘုရား​အား"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 35,
      "text": "သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​မိန့်​တော်မူ​၏’ ​ဟူ၍ ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 36,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေရှု​ကို သခင်​အရာ​၌​လည်းကောင်း၊ ခရစ်တော်​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ကြောင်း အစ္စရေး​တစ်မျိုးလုံး​သည် သေချာ​စွာ​သိမှတ်​ကြ​ပါစေ”​ဟု ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 37,
      "text": "လူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ စိတ်နှလုံး​ထဲ၌ စူးနစ်​စွာ​ခံစား​ရ​လျက် ပေတရု​နှင့်​အခြား​သော​တမန်တော်​တို့​အား “ညီအစ်ကို​တို့၊ ငါ​တို့​မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 38,
      "text": "ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 39,
      "text": "အကြောင်းမူကား ဤ​ကတိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သားသမီး​များ​မှစ၍ အဝေး​၌​ရှိ​သော​သူ​အားလုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ခေါ်​တော်မူ​သမျှ​သော​သူ​တို့​အတွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 40,
      "text": "ပေတရု​သည် အခြား​သော​စကား​အမျိုးမျိုး​တို့​ဖြင့် သက်သေခံ​လျက် “ဤ​ကောက်ကျစ်​သော​မျိုးဆက်​ထဲမှ​လွတ်မြောက်​ရန် ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့”​ဟု သူ​တို့​အား တိုက်တွန်း​နှိုးဆော်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 41,
      "text": "ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 42,
      "text": "ထို​သူ​တို့​သည် တမန်တော်​တို့​၏​သွန်သင်​ချက်​ကို​ခံယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်သဟာယ​ဖွဲ့​ခြင်း​နှင့် ဆုတောင်း​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 43,
      "text": "လူ​အပေါင်း​တို့​၌ ကြောက်​စိတ်​ဖြစ်ပေါ်​ကြ​ပြီး တမန်တော်​တို့​သည်​လည်း များစွာ​သော​အံ့ဩဖွယ်ရာ​များ​နှင့် နိမိတ်​လက္ခဏာ​တို့​ကို​ပြု​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 44,
      "text": "ယုံကြည်​သူ​အားလုံး​တို့​သည် တစ်စုတစ်ဝေး​တည်း​နေ​လျက် ရှိသမျှ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​ကြ​ကာ"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 45,
      "text": "ဥစ္စာ​ပစ္စည်း​များ​နှင့် မိမိ​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို ရောင်းချ​ပြီးလျှင် ၎င်း​တို့​ကို တစ်ဦးချင်းစီ​၌​လိုအပ်​မှု​ရှိ​သည့်​အတိုင်း အားလုံး​တို့​အား ခွဲဝေ​ပေးကမ်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 46,
      "text": "သူ​တို့​သည် နေ့တိုင်း တညီတညွတ်တည်း​ဖြင့် ဗိမာန်​တော်​၌ အစဉ်တစိုက်​စုဝေး​ကြ​၍ တစ်အိမ်​ပြီး​တစ်အိမ်​မုန့်​ဖဲ့​ခြင်း​အမှု​ကို​ပြု​လျက် စေတနာ​စိတ်​နှင့်​ရွှင်မြူး​သော​စိတ်​တို့​ဖြင့် အစားအစာ​ကို ဝေမျှ​စား​သောက်​ကြ​ကာ"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 47,
      "text": "ဘုရားသခင်​ကို​ချီးမွမ်း​လျက် လူ​အပေါင်း​တို့​ရှေ့တွင် မျက်နှာရ​ကြ​၏။ သခင်​ဘုရား​သည်​လည်း ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို နေ့​စဉ်​နှင့်အမျှ​တိုးပွား​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 1,
      "text": "တစ်ခါက ပေတရု​နှင့်​ယောဟန်​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​ချိန်​ဖြစ်​သည့် မွန်းလွဲ​သုံး​နာရီ​တွင် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 2,
      "text": "ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 3,
      "text": "ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့ ဗိမာန်​တော်​ထဲသို့​ဝင်​မည်​ပြု​သည်​ကို​မြင်​သောအခါ ပေးကမ်း​စွန့်ကြဲ​ရန်​တောင်းခံ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 4,
      "text": "ပေတရု​သည် ယောဟန်​နှင့်အတူ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ငါ​တို့​ကို​ကြည့်​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 5,
      "text": "ထို​သူ​သည်​လည်း သူ​တို့​ထံမှ တစ်စုံတစ်ခု​ရ​မည်​ဟု​မျှော်လင့်​၍ သူ​တို့​ကို အာရုံစိုက်​လျက်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 6,
      "text": "ထိုအခါ ပေတရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့သော် ရှိ​သည့်​အရာ​ကို သင့်​အား ငါ​ပေး​မည်။ နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ထ​၍ လမ်းလျှောက်​လော့”​ဟု ဆို​လျက်"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 7,
      "text": "ထို​သူ​၏​လက်ယာ​လက်​ကို​ဆုပ်ကိုင်​၍ ထူမ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေကျင်းဝတ်​တို့​သည် ချက်ချင်း​သန်မာ​လာ​သဖြင့်"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 8,
      "text": "သူ​သည် ထခုန်​လျက်​မတ်တတ်​ရပ်​ကာ လမ်းလျှောက်​လေ​၏။ ထို့နောက် လမ်းလျှောက်​လျက်၊ ခုန်ပေါက်​လျက်၊ ဘုရားသခင်​ကို​ချီးမွမ်း​လျက် တမန်တော်​တို့​နှင့်အတူ ဗိမာန်​တော်​ထဲသို့​ဝင်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 9,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် လမ်းလျှောက်​လျက် ဘုရားသခင်​ကို​ချီးမွမ်း​နေ​သော ထို​သူ​ကို​မြင်​၍"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 10,
      "text": "သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 11,
      "text": "ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို ဖက်​ထား​လျက်​နေ​စဉ် လူ​အပေါင်း​တို့​သည် အလွန်​အံ့ဩ​၍ ရှောလမုန်​မုခ်ဆောင်​ဟု​ခေါ်​သည့်​နေရာ​၌​ရှိ​သော သူ​တို့​ထံသို့ ပြေး​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 12,
      "text": "ပေတရု​သည် ဤ​အခြင်းအရာ​ကို​မြင်​လျှင် “အစ္စရေး​အမျိုးသား​တို့၊ အဘယ်ကြောင့် ဤ​အမှုအရာ​ကို အံ့သြ​ကြ​သနည်း။ ထို့ပြင် ငါ​တို့​သည် မိမိ​တို့​တန်ခိုး၊ မိမိ​တို့​အကျင့်​သီလ​အားဖြင့် ဤ​သူ​လမ်းလျှောက်​နိုင်​ရန် လုပ်​ပေး​ဘိ​သကဲ့သို့ အဘယ်ကြောင့် ငါ​တို့​ကို စေ့စေ့​ကြည့်​နေ​ကြ​သနည်း။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 13,
      "text": "အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား၊ ငါ​တို့​ဘိုးဘေး​များ​၏​ဘုရား​သည် မိမိ​အမှုဆောင်​ယေရှု​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရှင်​ကို ဖမ်းဆီး​အပ်နှံ​၍ သူ့​ကို​လွှတ်​ပေး​မည်​ဟု​ဆုံးဖြတ်​ထား​သော​ပိလတ်​မင်း​ရှေ့၌ ငြင်းပယ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 14,
      "text": "သင်​တို့​သည် သန့်ရှင်း​၍​ဖြောင့်မတ်​သော​အရှင်​ကို​ငြင်းပယ်​ပြီး သင်​တို့​အတွက် လူသတ်သမား​ကို​လွှတ်​ပေး​ရန် တောင်းဆို​ကြ​ကာ"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 15,
      "text": "အသက်​ပေးပိုင်​သော​အရှင်​ကို​မူ သင်​တို့​ကွပ်မျက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​သည် ဤ​အမှုအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 16,
      "text": "ထို​အရှင်​၏​နာမ​တော်​သည် ယခု​သင်​တို့​မြင်​၍ သင်​တို့​သိ​သော​ဤ​သူ​အား ထို​နာမ​တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် သန်စွမ်း​စေ​ပြီး ထို​အရှင်​အားဖြင့် ရရှိ​သော​ယုံကြည်​ခြင်း​သည် သင်​တို့​အားလုံး​ရှေ့၌ သူ့​ကို ပကတိ​စုံလင်​ခြင်း​ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 17,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အကြီးအကဲ​များ​နည်းတူ မသိနားမလည်​သောကြောင့် ထိုသို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 18,
      "text": "သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 19,
      "text": "ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 20,
      "text": "ဤသည်ကား ထာဝရ​ဘုရား​ထံ​တော်​မှ နှစ်သိမ့်​လန်းဆန်း​ရာ​အချိန်အခါ​များ​ကျရောက်​လာ​၍ သင်​တို့​အတွက် ကြိုတင်​ခန့်ထား​တော်မူ​သည့် ခရစ်တော်​တည်းဟူသော​ယေရှု​ကို စေလွှတ်​တော်မူ​ရန်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 21,
      "text": "ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 22,
      "text": "မောရှေ​က​လည်း ‘သင်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ သင်​တို့​အား ထို​သူ​ပြော​သမျှ​တို့​ကို သင်​တို့​နားထောင်​ကြ​ရ​မည်။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 23,
      "text": "ထို​ပရောဖက်​၏​စကား​ကို နား​မ​ထောင်​သော​သူ​ရှိသမျှ​သည် လူမျိုး​တော်​ထဲမှ ဖယ်ရှား​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်’ ​ဟု ဆို​ထား​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 24,
      "text": "ရှမွေလ​မှစ၍ သူ့​နောက်မှ အဆက်ဆက်​ပေါ်ထွန်း​သော​ပရောဖက်​ရှိသမျှ​တို့​သည်​လည်း ဤ​နေ့ရက်​ကာလ​အကြောင်း​ကို ဟောပြော​လျက်​ကြေညာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 25,
      "text": "သင်​တို့​သည် ပရောဖက်​တို့​၏​သား​မြေး​များ​ဖြစ်​ကြ​သည်​သာမက ဘုရားသခင်​သည် အာဗြဟံ​အား ‘ကမ္ဘာ​ပေါ်​ရှိ​လူမျိုးစု​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်’ ​ဟု မိန့်​တော်မူ​လျက် သင်​တို့​၏​ဘိုးဘေး​များ​နှင့်​ပြု​ခဲ့​သော ပဋိညာဉ်​၏​သား​မြေး​များ​လည်း​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 26,
      "text": "ဘုရားသခင်​သည် သင်​တို့​တစ်ဦးစီ​၏​ဆိုးညစ်​သော​အကျင့်​ကို​ဖယ်ရှား​၍ သင်​တို့​ကို​ကောင်းချီး​ပေး​တော်မူ​ရန် မိမိ​၏​အမှုဆောင်​ကို ပေါ်ထွန်း​စေ​လျက် သူ့​ကို သင်​တို့​ထံသို့​ဦးစွာ​စေလွှတ်​တော်မူ​၏”​ဟု လူ​တို့​အား​ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 1,
      "text": "ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 2,
      "text": "တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက်"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 3,
      "text": "တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ မိုးချုပ်​ပြီ​ဖြစ်​သဖြင့် နောက်တစ်နေ့​တိုင်အောင် အချုပ်​ထောင်​ထဲ၌​ထည့်​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 4,
      "text": "သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 5,
      "text": "နောက်တစ်နေ့​၌ သူ​တို့​၏​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ဂျေရုဆလင်​မြို့​၌​စုဝေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 6,
      "text": "ယဇ်ပုရောဟိတ်​မင်း​အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြား​မှစ၍ ယဇ်ပုရောဟိတ်​မင်း​မျိုး​ရှိသမျှ​တို့​လည်း​ပါဝင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 7,
      "text": "သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို အားလုံး​ရှေ့၌​ရပ်​စေ​ပြီးလျှင် “သင်​တို့​သည် မည်သည့်​အာဏာ၊ မည်သည့်​နာမ​ဖြင့် ဤ​အမှု​ကို ပြု​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 8,
      "text": "ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 9,
      "text": "ယနေ့ အကျွန်ုပ်​တို့​သည် အားနည်း​သော​သူ​တစ်​ဦး​အပေါ် ကောင်းကျိုး​ပြု​ခဲ့​သည့်​အကြောင်း​နှင့်​ပတ်သက်၍​လည်းကောင်း၊ ဤ​သူ​သည် မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​လာ​သနည်း​ဟူသည့်​အကြောင်း​နှင့်​ပတ်သက်​၍​လည်းကောင်း စစ်ဆေး​ခြင်း​ခံရ​သည်​ဆိုလျှင်"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 10,
      "text": "သင်​တို့​အားလုံး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား သိမှတ်​စေ​လို​သည်​မှာ လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော်လည်း သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အကောင်း​ပကတိ​ဖြစ်​လျက်​ရပ်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 11,
      "text": "ထို​အရှင်​သည် တိုက်​ဆောက်​သူ​များ​တည်းဟူသော​သင်​တို့​က ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 12,
      "text": "ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 13,
      "text": "ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 14,
      "text": "ထို့ပြင် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်အတူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သဖြင့် မည်သို့​မျှ​ငြင်းခုံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 15,
      "text": "ထိုအခါ သူ​တို့​သည် တမန်တော်​တို့​ကို တရား​လွှတ်တော်​ရုံး​အပြင်​သို့​ထွက်​ရန်​အမိန့်​ပေး​ပြီးလျှင် အချင်းချင်း​ဆွေးနွေး​လျက်"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 16,
      "text": "“ဤ​သူ​တို့​ကို မည်သို့​ပြု​ကြ​မည်နည်း။ အကြောင်းမူကား သူ​တို့​အားဖြင့် သိသာ​ထင်ရှား​သော​နိမိတ်​လက္ခဏာ​ဖြစ်ပျက်​ခဲ့​သည်​ကို ဂျေရုဆလင်​မြို့​၌​နေထိုင်​သူ​အားလုံး​သိရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​ငြင်းဆို​၍​မ​ရ​နိုင်။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 17,
      "text": "သို့သော် ဤ​အကြောင်း​သည် လူ​တို့​ထံ ပို၍​ပျံ့နှံ့​မ​သွား​စေရန် ဤ​နာမ​ကို​အမှီပြု​လျက် နောက်တစ်ဖန် မည်သူ့​ကို​မျှ​မ​ဟောပြော​ရ​မည့်​အကြောင်း သူ​တို့​ကို​ခြိမ်းခြောက်​ကြ​စို့”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 18,
      "text": "ထို့နောက် တမန်တော်​တို့​ကို​ခေါ်​၍ ယေရှု​၏​နာမ​ကို​အမှီပြု​လျက် ဟောပြော​ခြင်း​ကို​ဖြစ်စေ၊ သွန်သင်​ခြင်း​ကို​ဖြစ်စေ လုံးဝ​မ​ပြု​ရန် အမိန့်​ပေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 19,
      "text": "သို့သော် ပေတရု​နှင့်​ယောဟန်​တို့​က “ဘုရားသခင်​၏​စကား​တော်​ထက် သင်​တို့​၏​စကား​ကို ပို၍​နားထောင်​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ မှန်​၊ မမှန် သင်​တို့​ဆုံးဖြတ်​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 20,
      "text": "အကျွန်ုပ်​တို့​သည် မိမိ​တို့​ကြား​ရ၊ မြင်​ရ​သော​အရာ​တို့​ကို မ​ဟောပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်ပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 21,
      "text": "လူ​အားလုံး​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အမှုအရာ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​နေ​ကြ​သည်​ဖြစ်၍ ထို​လူ​တို့​ကြောင့် တမန်တော်​တို့​အား အပြစ်ဒဏ်​ပေး​နိုင်​မည့်​နည်းလမ်း​ကို ရှာ​မ​တွေ့​သဖြင့် သူ​တို့​သည် တမန်တော်​တို့​ကို ထပ်မံ​ခြိမ်းခြောက်​ပြီးလျှင် ပြန်လွှတ်​လိုက်​ကြ​၏​။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 22,
      "text": "ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 23,
      "text": "တမန်တော်​တို့​သည် လွတ်​လာ​ကြ​သောအခါ မိမိ​တို့​အပေါင်းအဖော်​များ​ရှိ​ရာ​သို့ ပြန်လာ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​က မိမိ​တို့​အား​ပြော​သမျှ​တို့​ကို ပြန်ပြောပြ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 24,
      "text": "ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တညီတညွတ်တည်း​ဖြင့် ဘုရားသခင်​ထံ အသံ​ကို​လွှင့်​၍ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​သည် ကောင်းကင်၊ မြေကြီး​နှင့် ပင်လယ်​သမုဒ္ဒရာ​မှစ၍ ၎င်း​တို့​၌​ရှိသမျှ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ဖြစ်​ပါ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 25,
      "text": "ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ဖြစ်​သော ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​၏​နှုတ်​မှတစ်ဆင့် ‘တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​များ​ကို​ကြံစည်​ကြ​သနည်း။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 26,
      "text": "ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရ​ဘုရား​နှင့် ကိုယ်တော်​၏​ခရစ်တော်​ကို ဆန့်ကျင်​ကြ​၏’ ​ဟု မိန့်​တော်မူ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 27,
      "text": "အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 28,
      "text": "ကိုယ်တော်​၏​လက်​တော်​နှင့်​အကြံအစည်​တော်​တို့​အားဖြင့် ဖြစ်ပျက်​လာ​ရန်​ကြိုတင်​သတ်မှတ်​ထား​သမျှ​သော​အရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 29,
      "text": "ထာဝရ​ဘုရား၊ ယခု သူ​တို့​၏​ခြိမ်းခြောက်​မှု​များ​ကို သတိမူ​လျက် ကိုယ်တော်​၏​အစေအပါး​တို့​အား နှုတ်ကပတ်​တရား​ကို​ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့်​ဟောပြော​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပါ။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 30,
      "text": "တစ်ချိန်​တည်း​မှာ​ပင် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်တော်​၏​လက်​တော်​ကို​ဆန့်တန်း​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​၏​နာမ​တော်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို​ပြုခွင့်​ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 31,
      "text": "ထိုသို့ သူ​တို့​ဆုတောင်း​ပြီး​သောအခါ သူ​တို့​စုဝေး​နေ​ကြ​သော​နေရာ​သည် တုန်လှုပ်​၍ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ရဲရင့်​စွာ​ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 32,
      "text": "ယုံကြည်​သူ​တို့​၏​အစုအဝေး​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​၍ မည်သူ​တစ်ဦးတစ်ယောက်​က​မျှ မိမိ​ဥစ္စာ​ပစ္စည်း​များ​ကို မိမိ​ပိုင်ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိသမျှ​သော​အရာ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​သော​အရာ​အဖြစ်​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 33,
      "text": "တမန်တော်​တို့​သည် သခင်​ယေရှု​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြီးစွာ​သော​တန်ခိုး​ဖြင့် သက်သေခံ​ကြ​၍ ကြီးမား​သော​ကျေးဇူး​တော်​သည် သူ​တို့​အားလုံး​အပေါ်သို့ သက်ရောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 34,
      "text": "သူ​တို့​ထဲတွင် ဆင်းရဲ​ချို့တဲ့​သူ​တစ်ယောက်မျှ​မ​ရှိ​ပေ။ အကြောင်းမူကား မြေကွက်​၊ သို့မဟုတ် အိမ်ရာ​တို့​ကို ပိုင်ဆိုင်​သော​သူ​ရှိ​သမျှ​တို့​သည် ၎င်း​တို့​ကို​ရောင်း​ပြီးလျှင် ရရှိ​သော​ငွေ​များ​ကို ယူဆောင်​လာ​ကာ"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 35,
      "text": "တမန်တော်​တို့​၏​ခြေ​ရင်း​၌​ထား​၍ တစ်ဦးချင်းစီ​၌ လိုအပ်​မှု​ရှိ​သည့်​အတိုင်း အသီးသီး​တို့​အား ခွဲဝေ​ပေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 36,
      "text": "နှစ်သိမ့်​ခြင်း​၏​သား​ဟူ​သော​အဓိပ္ပာယ်​ရှိ​သည့် ဗာနဗ​ဟု တမန်တော်​တို့​ခေါ်​ကြ​သော ဆိုက်ပရပ်​ကျွန်းသား လေဝိ​အနွယ်ဝင် ယောသပ်​သည်"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 37,
      "text": "မိမိ​ပိုင်ဆိုင်​သော​မြေယာ​ကို​ရောင်း​ပြီးလျှင် ငွေ​ကို​ယူဆောင်​လာ​ကာ တမန်တော်​တို့​၏​ခြေ​ရင်း​၌​ထား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 1,
      "text": "သို့သော် အာနနိ​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် သူ​၏​ဇနီး ရှဖိရေ​နှင့်အတူ ဥစ္စာ​ပစ္စည်း​ကို​ရောင်း​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 2,
      "text": "ဇနီး​သည်​နှင့်​သဘောတူ​လျက် အဖိုးငွေ​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​ကာ အချို့​သော​ငွေ​ကို​သာ​ယူဆောင်​လာ​၍ တမန်တော်​တို့​၏​ခြေရင်း​၌​ထား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 3,
      "text": "ထိုအခါ ပေတရု​က “အာနနိ၊ သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ကို​အုပ်စိုး​ခွင့်​ပေး​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​လိမ်ညာ​ကာ မြေ​ဖိုး​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​သနည်း။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 4,
      "text": "ထို​မြေ​သည် သင့်​လက်​ထဲ၌​ရှိ​စဉ် သင်​ပိုင်​သည်​မ​ဟုတ်​လော။ ရောင်း​ပြီး​သောအခါ​၌​လည်း ရရှိ​သော​ငွေ​ကို သင်​အလိုရှိ​သည့်​အတိုင်း ပြု​နိုင်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင့်​စိတ်နှလုံး​ထဲ၌ ဤ​အမှု​ကို အဘယ်ကြောင့်​ကြံစည်​ရ​သနည်း။ သင်​သည် လူ​ကို​လိမ်ညာ​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​ကို​လိမ်ညာ​လေ​ပြီ”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 5,
      "text": "အာနနိ​သည် ထို​စကား​တို့​ကို​ကြား​လျှင် လဲ​၍​သေဆုံး​လေ​၏။ ထို​အခြင်းအရာ​ကို ကြား​ရ​သော​သူ​အားလုံး​တို့​သည် အလွန်​ကြောက်ရွံ့​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 6,
      "text": "ထို့နောက် လူငယ်​တို့​သည်​ဝင်လာ​၍ သူ​၏​အလောင်း​ကို အဝတ်​နှင့်​ပတ်ရစ်​ပြီးလျှင် သယ်ဆောင်​သွား​လျက် သင်္ဂြိုဟ်​ကြ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 7,
      "text": "သုံး​နာရီ​ခန့်​ကြာ​သောအခါ အာနနိ​၏​ဇနီး​သည် ဖြစ်ပျက်​ခဲ့​သော​အကြောင်းအရာ​ကို​မ​သိ​ဘဲ ဝင်လာ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 8,
      "text": "ထိုအခါ ပေတရု​က သူ့​အား “သင်​တို့​သည် ထို​မြေကွက်​ကို ဤမျှနှင့်​ရောင်း​ခဲ့​သည်​မှာ ဟုတ်​၊ မ​ဟုတ် ငါ့​အား​ပြော​လော့”​ဟု မေး​လေ​သော် သူ​က “ဟုတ်​ပါ​၏။ ဤမျှနှင့်​ရောင်း​ခဲ့​ပါ​၏”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 9,
      "text": "ပေတရု​က​လည်း “သင်​တို့​သည် အဘယ်ကြောင့် သဘောတူ​လျက် ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​ကို​စမ်းသပ်​ကြ​သနည်း။ ကြည့်ရှု​လော့။ သင်​၏​ခင်ပွန်း​ကို သင်္ဂြိုဟ်​ခဲ့​သော​သူ​တို့​၏​ခြေလှမ်း​များ​သည် တံခါး​နား​သို့​ရောက်​နေ​ကြ​ပြီ။ သူ​တို့​သည် သင့်​ကို​လည်း သယ်ဆောင်​သွား​ကြ​လိမ့်မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 10,
      "text": "ထို​ခဏချင်း​တွင် သူ​သည် ပေတရု​၏​ခြေ​ရင်း​၌ လဲ​၍​သေဆုံး​လေ​၏။ လူငယ်​များ​သည်​လည်း ဝင်လာ​၍ သေဆုံး​နေ​သော​ထို​အမျိုးသမီး​ကို​တွေ့​လျှင် သယ်ဆောင်​သွား​ကာ သူ​၏​ခင်ပွန်း​အနား​၌ သင်္ဂြိုဟ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 11,
      "text": "အသင်းတော်​တစ်ခုလုံး​မှစ၍ ထို​အကြောင်း​ကို​ကြား​ရ​သော​သူ​ရှိသမျှ​တို့​သည် အလွန်​ကြောက်ရွံ့​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 12,
      "text": "တမန်တော်​တို့​သည် များစွာ​သော​နိမိတ်​လက္ခဏာ​များ​နှင့်​အံ့သြဖွယ်ရာ​များ​ကို လူ​တို့​အလယ်​တွင်​ပြု​ကြ​၏။ သူ​တို့​အားလုံး​သည် ရှောလမုန်​မုခ်ဆောင်​၌ တစ်စုတစ်ဝေးတည်း​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 13,
      "text": "အခြား​သော​သူ​တို့​မူကား သူ​တို့​နှင့်အတူ မ​ပေါင်းဖော်​ဝံ့​ကြ​ချေ။ သို့သော် လူ​တို့​သည် သူ​တို့​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 14,
      "text": "သခင်​ဘုရား​ကို​ယုံကြည်​သူ အမျိုးသား၊ အမျိုးသမီး​အမြောက်အမြား​တို့​သည်​လည်း ပို၍​တိုးပွား​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 15,
      "text": "လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 16,
      "text": "ဂျေရုဆလင်​မြို့​ပတ်ဝန်းကျင်​ရှိ မြို့​များ​မှ များစွာ​သော​လူ​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​များ​နှင့် ညစ်ညူး​သော​နတ်​တို့​၏​ပူးဝင်​နှောင့်ယှက်​ခြင်း​ခံရ​သူ​များ​ကို ခေါ်ဆောင်​လာ​၍ စုဝေး​လာ​ကြ​ရာ ထို​သူ​အပေါင်း​တို့​သည် အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 17,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 18,
      "text": "တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ ပြည်သူ့​အချုပ်​ထောင်​ထဲ၌ ထည့်​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 19,
      "text": "သို့သော် ည​အခါ​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် ထောင်​တံခါး​များ​ကို​ဖွင့်​၍ တမန်တော်​တို့​ကို​ခေါ်ထုတ်​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 20,
      "text": "“သွား​၍ ဗိမာန်​တော်​ထဲ၌​ရပ်​လျက် ဤ​အသက်ရှင်​ခြင်း​နှင့်ဆိုင်သော တရား​စကား​အလုံးစုံ​တို့​ကို လူ​တို့​အား​ဟောပြော​ကြ​လော့”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 21,
      "text": "တမန်တော်​တို့​သည်​လည်း​ကြား​လျှင် အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် ရောက်လာ​ကြ​သောအခါ တရား​လွှတ်တော်​နှင့် အစ္စရေး​အမျိုးသား​တို့​၏​လူကြီး​အဖွဲ့​အားလုံး​တို့​ကို စုရုံး​စေ​ပြီးလျှင် တမန်တော်​တို့​ကို​ခေါ်လာ​ရန် အစောင့်​တပ်သား​တို့​ကို ထောင်​ခန်း​သို့​စေလွှတ်​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 22,
      "text": "သို့သော် အစောင့်​တပ်သား​တို့​သည် ရောက်သွား​သောအခါ တမန်တော်​တို့​ကို ထောင်​ထဲ၌​မ​တွေ့​ရ​ချေ။ ထိုအခါ သူ​တို့​သည်​ပြန်လာ​၍"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 23,
      "text": "“ထောင်​ခန်း​ကို မြဲမြံ​လုံခြုံ​စွာ​ပိတ်​ထား​လျက် အစောင့်​များ​လည်း တံခါး​ရှေ့၌​ရပ်​နေ​ကြ​သည်​ကို အကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့သော် ဖွင့်​ကြည့်​လိုက်​သောအခါ အထဲ၌ မည်သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သတင်းပို့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 24,
      "text": "ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့်​ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဤ​အမှု​သည် မည်သို့​ဖြစ်​လိမ့်​မည်နည်း​ဟု တမန်တော်​တို့​နှင့်​ပတ်သက်၍ ဝေခွဲမရ​ဖြစ်​ကြ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 25,
      "text": "ထို​အချိန်​တွင် လူ​တစ်​ဦး​သည်​ရောက်လာ​၍ “ထောင်​ထဲ၌ သင်​တို့​ချထား​သော​သူ​တို့​သည် ဗိမာန်​တော်​ထဲ၌​ရပ်​လျက် လူ​တို့​ကို သွန်သင်​နေ​ကြ​ပါ​သည်”​ဟု သတင်းပို့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 26,
      "text": "ထိုအခါ ဗိမာန်​တော်​အစောင့်​တပ်မှူး​သည် အစောင့်​တပ်သား​များ​နှင့်အတူ​သွား​၍ တမန်တော်​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် လူ​တို့​သည် မိမိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုးရိမ်​သဖြင့် အနိုင်အထက်​မ​ပြု​ဘဲ"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 27,
      "text": "သူ​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ တမန်တော်​တို့​သည် တရား​လွှတ်တော်​ရှေ့၌​ရပ်​ကြ​သောအခါ ယဇ်ပုရောဟိတ်​မင်း​က"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 28,
      "text": "“ဤ​နာမ​ကို​အမှီပြု၍ မ​သွန်သင်​ကြ​ရန် သင်​တို့​အား တင်းကျပ်​စွာ​အမိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဂျေရုဆလင်​မြို့​၌ သင်​တို့​၏​သွန်သင်​ချက်​ကို​ပျံ့နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အပေါ်​သက်ရောက်​စေရန် ကြံရွယ်​ကြ​သည်​တကား”​ဟု မေးမြန်း​ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 29,
      "text": "သို့သော် ပေတရု​နှင့်​တမန်တော်​တို့​က “လူ​တို့​၏​စကား​ကို နားထောင်​သည်​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 30,
      "text": "ငါ​တို့​ဘိုးဘေး​များ​၏​ဘုရားသခင်​သည် သစ်​တိုင်​ပေါ်၌ သင်​တို့​ဆွဲ​ထား​၍ ကွပ်မျက်​ခဲ့​သော​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 31,
      "text": "ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အား နောင်တရ​ခြင်း​နှင့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ပေး​သနား​တော်မူ​ရန် ထို​အရှင်​ကို စိုးပိုင်​သော​အရှင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 32,
      "text": "ငါ​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် မိမိ​စကား​ကို​နားထောင်​သော​သူ​တို့​အား ပေး​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း သက်သေ​ဖြစ်​တော်မူ​၏”​ဟု ပြန်ဖြေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 33,
      "text": "သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​အမျက်ထွက်​လျက် တမန်တော်​တို့​ကို​သတ်​ရန် ကြံရွယ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 34,
      "text": "သို့သော် လူ​အားလုံး​က ရိုသေ​လေးစား​သော​ကျမ်းတတ်​ဆရာ​ဖြစ်​သည့် ဂါမလျေလ​အမည်​ရှိ​သော ဖာရိရှဲ​တစ်​ဦး​သည် တရား​လွှတ်တော်​၌​ထ​၍ တမန်တော်​တို့​ကို အပြင်​သို့​ခဏ​ခေါ်ထုတ်​သွား​ရန် အမိန့်​ပေး​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 35,
      "text": "“အစ္စရေး​အမျိုးသား​တို့၊ ဤ​သူ​တို့​အပေါ်​မည်သို့​ပြု​မည်​ကို သင်​တို့​သတိထား​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 36,
      "text": "အကြောင်းမူကား တစ်ခါက သုဒ​သည်​ပေါ်လာ​၍ မိမိကိုယ်ကို​အရေးပါ​သူ​ဖြစ်​သည်​ဟု​ဆို​သဖြင့် အရေအတွက်​အားဖြင့် လေးရာ​ခန့်​ရှိ​သော​သူ​တို့​သည် သူ့​နောက်​သို့​လိုက်​ခဲ့​ကြ​၏။ သို့သော် သူ​သည် အသတ်​ခံရ​ပြီး သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည် တကွဲတပြား​ဖြစ်​ကြ​လျက် မည်သို့မျှ​အရာမထင်​ခဲ့​ချေ။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 37,
      "text": "ထို​သူ​၏​နောက်​တွင် သန်းခေါင်စာရင်း​ကောက်​ချိန်​၌ ဂါလိလဲ​နယ်သား ယုဒ​သည်​ပေါ်လာ​၍ မိမိ​နောက်​သို့​လိုက်​ကြ​ရန် လူ​တို့​ကို​သွေးဆောင်​ခဲ့​၏။ သူ​သည်​လည်း အသတ်​ခံရ​၍ သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည်​လည်း ကွဲလွင့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 38,
      "text": "သို့ဖြစ်၍ ယခု သင်​တို့​အား ငါ​ပြော​မည်။ ဤ​သူ​တို့​နှင့် ကင်းရှင်း​စွာ​နေ​၍ သူ​တို့​ကို​လွှတ်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဤ​အကြံအစည်​၊ သို့မဟုတ် ဤ​လှုပ်ရှား​မှု​သည် လူ​တို့​ထံမှ​ဖြစ်​လျှင် ပျက်စီး​သွား​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 39,
      "text": "သို့သော် ဘုရားသခင်​ထံမှ​ဖြစ်​လျှင် သူ​တို့​ကို​ဖျက်ဆီး​၍​မ​ရ​နိုင်​သည်​သာမက သင်​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​သူ​များ​ဖြစ်သွား​နိုင်​၏”​ဟု ပြောဆို​လေ​၏။ ထို​သူ​တို့​သည်​လည်း သူ​၏​အကြံပေး​ချက်​ကို လက်ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 40,
      "text": "ထို့နောက် တမန်တော်​တို့​ကို​ခေါ်​လျက် ရိုက်နှက်​ပြီးမှ ယေရှု​၏​နာမ​ကို​အမှီပြု၍ ဟောပြော​သွန်သင်​ခြင်း​မ​ပြု​ရန် အမိန့်​ပေး​ကာ ပြန်လွှတ်​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 41,
      "text": "တမန်တော်​တို့​သည် နာမ​တော်​အတွက် အရှက်ခွဲ​ခြင်း​ကို​ခံထိုက်​သူ​များ​အဖြစ် မှတ်ယူ​တော်မူ​ခြင်း​ခံရ​သောကြောင့် ဝမ်းမြောက်​လျက် တရား​လွှတ်တော်​ရှေ့​မှ​ထွက်သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 42,
      "text": "ထို့နောက် သူ​တို့​သည် နေ့စဉ်​နေ့တိုင်း ဗိမာန်​တော်​၌​လည်းကောင်း၊ အိမ်​များ​၌​လည်းကောင်း အစဉ်မပြတ်​သွန်သင်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟူသော​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 1,
      "text": "ထို​နေ့ရက်​များ​၌ တပည့်​တော်​များ​တိုးပွား​လာ​ရာ ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​က မိမိ​တို့​ထဲမှ​မုဆိုးမ​များ​သည် နေ့စဉ်​ထောက်ပံ့​ခြင်း​အမှု​တွင် လျစ်လျူရှု​ခံရ​သည်​ဟု ဟေဗြဲ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​အပေါ် အပြစ်တင်​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 2,
      "text": "ထိုအခါ တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​သည် တပည့်​တော်​အစုအဝေး​ကို​ခေါ်​ပြီးလျှင် “ငါ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ပစ်​ထား​၍ ကျွေးမွေး​ခြင်း​အမှု​ကို​မ​ဆောင်ရွက်​သင့်​ပေ။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 3,
      "text": "ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ထဲမှ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်​သတင်း​ကောင်း​သော​လူ​ခုနစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာဝန်​အတွက်​ခန့်ထား​မည်။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 4,
      "text": "ငါ​တို့​မူကား ဆုတောင်း​ခြင်း​နှင့် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 5,
      "text": "ထို​စကား​ကို အစုအဝေး​တစ်ခုလုံး​နှစ်သက်​သဖြင့် သူ​တို့​သည် ယုံကြည်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​သော သတေဖန်​မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် အန္တိအုတ်​မြို့​မှ​ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ နိကောလ​တို့​ကို ရွေးကောက်​ပြီး"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 6,
      "text": "သူ​တို့​ကို တမန်တော်​တို့​ရှေ့​၌​ရပ်​စေ​ကြ​၏။ ထိုအခါ တမန်တော်​တို့​သည် ဆုတောင်း​လျက် သူ​တို့​အပေါ်​လက်​တင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 7,
      "text": "ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 8,
      "text": "သတေဖန်​သည် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ တန်ခိုး​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက် ကြီးစွာ​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို လူ​တို့​ရှေ့တွင်​ပြု​လေ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 9,
      "text": "ထိုအခါ “လိဗေရတိန်​”​ဟု အမည်တွင်​သည့် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ လူ​အချို့​ဖြစ်​ကြ​သော ကုရေနေ​မြို့သား​များ၊ အလက်ဇန္ဒြိယ​မြို့သား​များ​မှစ၍ ဆီလီဆီးယား​ပြည်​နှင့် အာရှ​ပြည်​တို့​မှ​လာ​သော​သူ​တို့​သည် ထ​၍ သတေဖန်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 10,
      "text": "သို့သော် ဝိညာဉ်​တော်​နှင့်​ဉာဏ်ပညာ​တို့​ဖြင့် သတေဖန်​ပြောဆို​သော​အရာ​ကို သူ​တို့​သည် အတိုက်အခံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ သူ​တို့​သည် လူ​တို့​ကို​သွေးထိုး​ပေး​၍ “ဤ​သူ​သည် မောရှေ​နှင့်​ဘုရားသခင်​အား စော်ကား​သည့်​စကား​များ​ပြောဆို​နေ​သည်​ကို ငါ​တို့​ကြား​ရ​သည်”​ဟု ဆို​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 12,
      "text": "ထို့ပြင် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​များ​ကို လှုံ့ဆော်​၍ သူ့​ကို​ဝင်ရောက်​ဖမ်းဆီး​ကာ တရား​လွှတ်တော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 13,
      "text": "ထို့နောက် သူ​တို့​သည် မမှန်​သော​သက်သေ​များ​ကို​ခေါ်လာ​၍ “ဤ​သူ​သည် သန့်ရှင်း​ရာ​ဌာန​တော်​နှင့်​ပညတ်​တရား​တို့​အား ဆန့်ကျင်​သည့်​စကား​ကို အစဉ်မပြတ်​ပြောဆို​နေ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 14,
      "text": "အကြောင်းမူကား ဤ​သူ​က ‘နာဇရက်​မြို့သား​ယေရှု​သည် ဤ​နေရာ​ကို​ဖျက်ဆီး​၍ အကျွန်ုပ်​တို့​အား မောရှေ​ပေးအပ်​ခဲ့​သည့်​ဓလေ့​ထုံးစံ​တို့​ကို ပြောင်းလဲ​စေ​လိမ့်မည်’​ဟု ပြောဆို​သည်​ကို အကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ထွက်ဆို​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 15,
      "text": "တရား​လွှတ်တော်​၌ ထိုင်​နေ​သော​သူ​အပေါင်း​တို့​သည် သတေဖန်​ကို စေ့စေ့​ကြည့်​လျှင် သူ​၏​မျက်နှာ​သည် ကောင်းကင်တမန်​၏​မျက်နှာ​ကဲ့သို့​ဖြစ်​သည်​ကို တွေ့မြင်​ရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 1,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​က ဤ​ထွက်ဆိုချက်​အတိုင်း​ဟုတ်​၊ မ​ဟုတ် မေး​လေ​သော်"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 2,
      "text": "သတေဖန်​က “ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ နားထောင်​ကြ​ပါ။ ငါ​တို့​အဖ​အာဗြဟံ​သည် ခါရန်​မြို့​၌​မ​နေထိုင်​မီ မက်ဆိုပိုတေးမီးယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်မူ​သော​ဘုရားသခင်​သည် သူ့​အား​ထင်ရှား​လျက်"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 3,
      "text": "‘သင်​၏​ပြည်​နှင့် သင်​၏​ဆွေမျိုးသားချင်း​တို့​ထံမှ ထွက်ခွာ​၍ သင့်​ကို ငါ​ပြ​မည့်​ပြည်​သို့ သွား​လော့’ ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 4,
      "text": "ထိုအခါ သူ​သည် ခါလဒဲ​လူမျိုး​တို့​၏​ပြည်​မှ ထွက်ခွာ​၍ ခါရန်​မြို့​၌​နေထိုင်​လေ​၏။ သူ​၏​ဖခင်​သေဆုံး​ပြီးနောက် ဘုရားသခင်​သည် သူ့​ကို ထို​နေရာ​မှ ယခု ငါ​တို့​နေထိုင်​သော​ပြည်​သို့ ပြောင်းရွှေ့​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 5,
      "text": "သို့သော် ဤ​ပြည်​၌ ခြေ​ချ​စရာ​နေရာ​ကို​မျှ အမွေ​အဖြစ်​ပေး​တော်​မ​မူ​ဘဲ သူ​ကိုယ်တိုင်​နှင့် သူ​၏​အမျိုးအနွယ်​တို့​အား ဤ​ပြည်​ကို​အပိုင်​ပေး​မည်​ဟု သူ​၌​ကလေး​တစ်ယောက်မျှ​မ​ရှိ​မီ သူ့​အား ကတိ​ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 6,
      "text": "တစ်ဖန် ဘုရားသခင်​က သူ​၏​အမျိုးအနွယ်​သည် သူတစ်ပါး​၏​တိုင်းပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​မည်​ဖြစ်​ကြောင်း​နှင့် ထို​တိုင်းပြည်​မှ​လူ​တို့​သည် သူ​တို့​ကို​ကျွန်​ပြု​၍ အနှစ်​လေးရာ​ပတ်လုံး မတရား​နှိပ်စက်​မည်​ဖြစ်​ကြောင်း မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 7,
      "text": "ဘုရားသခင်​က ‘သူ​တို့​ကျွန်ခံ​ရ​သော​လူမျိုး​ကို ငါ​စီရင်​မည်။ ထို့နောက် သူ​တို့​သည် ထွက်ခွာ​လာ​၍ ဤ​နေရာ​၌ ငါ့​ကို​ဝတ်ပြု​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 8,
      "text": "ဘုရားသခင်​သည် အရေဖျား​လှီး​ခြင်း​နှင့်ဆိုင်သော​ပဋိညာဉ်​ကို​လည်း အာဗြဟံ​အား​ပေး​တော်မူ​သဖြင့် သူ​သည် သား​ဣဇက်​ကို​ရ​သောအခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​လည်းကောင်း​၊ ယာကုပ်​သည် တစ်ဆယ့်နှစ်​ပါး​သော​မျိုးနွယ်စု​ဖခင်​တို့​ကို​လည်းကောင်း ရ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 9,
      "text": "မျိုးနွယ်စု​ဖခင်​တို့​သည် ယောသပ်​ကို​မနာလို​သဖြင့် အီဂျစ်​ပြည်​သို့​ရောင်း​လိုက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၍"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 10,
      "text": "သူ​၏​ဆင်းရဲ​ဒုက္ခ​အလုံးစုံ​တို့​ထဲမှ သူ့​ကို​ကယ်နုတ်​ပြီး သူ့​အား​ဉာဏ်ပညာ​ကို​ပေး​လျက် အီဂျစ်​ဘုရင် ဖာရော​မင်း​ရှေ့၌ မျက်နှာရ​စေ​တော်မူ​၏။ ထိုအခါ ဖာရော​မင်း​သည် အီဂျစ်​ပြည်​နှင့်​မိမိ​၏​နန်းတော်​တစ်ခုလုံး​ကို ဦးဆောင်​သူ​အဖြစ် သူ့​ကို​ခန့်ထား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 11,
      "text": "ထို့နောက် အီဂျစ်​ပြည်​နှင့်​ခါနာန်​ပြည်​တစ်ဝန်းလုံး​တွင် ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​တို့​ကျရောက်​လာ​သဖြင့် ငါ​တို့​၏​ဘိုးဘေး​များ​သည် စားစရာ​ကို​မ​ရရှိ​နိုင်​တော့​ချေ။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 12,
      "text": "သို့သော် ယာကုပ်​သည် အီဂျစ်​ပြည်​၌ ဂျုံဆန်​ရှိ​ကြောင်း​ကြား​၍ ငါ​တို့​၏​ဘိုးဘေး​များ​ကို ပထမ​အကြိမ်​စေလွှတ်​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 13,
      "text": "ဒုတိယ​အကြိမ်​တွင် ယောသပ်​သည် သူ​၏​အစ်ကို​တို့​အား မိမိ​အကြောင်း​ကို​ဖော်ပြ​သဖြင့် ယောသပ်​၏​မျိုးရိုး​ကို ဖာရော​ဘုရင်​သိရှိ​လာ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 14,
      "text": "ထို့နောက် ယောသပ်​သည် လူ​လွှတ်​၍ မိမိ​၏​ဖခင်​ယာကုပ်​နှင့်တကွ ခုနစ်ဆယ့်​ငါး​ယောက်​ရှိ​သော ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 15,
      "text": "ဤသို့ဖြင့် ယာကုပ်​သည် အီဂျစ်​ပြည်​သို့​ဆင်း​သွား​၍ သူ​နှင့် ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​ပြည်​၌​သေဆုံး​ခဲ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 16,
      "text": "သူ​တို့​၏​အလောင်း​ကို​မူ ရှေခင်​မြို့​သို့ ပြန်လည်​သယ်ဆောင်​လာ​ပြီး ထို​မြို့​နေ ဟာမော်​၏​သား​များ​ထံမှ တန်ဖိုး​ငွေ​ပေး​၍ အာဗြဟံ​ဝယ်ယူ​ထား​သော​သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 17,
      "text": "အာဗြဟံ​အား ဘုရားသခင်​ကတိ​ပေး​တော်မူ​သော ကတိ​တော်​၏​နေ့ရက်​နီးကပ်​လာ​သည်​နှင့်အညီ လူမျိုး​တော်​သည် အီဂျစ်​ပြည်​တွင် တိုးပွား​လျက်​များပြား​လာ​၍"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 18,
      "text": "အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော အခြား​ဘုရင်​တစ်​ပါး​ပေါ်ထွန်း​သည်​အထိ ထိုသို့​တိုးပွား​များပြား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 19,
      "text": "ထို​ဘုရင်​သည် ငါ​တို့​လူမျိုး​အပေါ်​ဉာဏ်ဆင်​လျက် ငါ​တို့​၏​ဘိုးဘေး​များ​ကို မတရား​နှိပ်စက်​ကာ သူ​တို့​၏​ကလေးငယ်​များ​ကို အသက်​မ​ရှင်​စေ​ရန် ပစ်​ထား​စေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 20,
      "text": "ထိုသို့သော​အချိန်​၌ မောရှေ​သည် မွေးဖွား​လာ​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ အဆင်းလှ​သော​ကလေး​ဖြစ်​ပြီး ဖခင်​၏​အိမ်​၌ သုံး​လ​တိုင်တိုင်​ကျွေးမွေး​ပြုစု​ခြင်း​ခံရ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 21,
      "text": "ထို့နောက် အပြင်​၌​ထုတ်​ထား​သောအခါ ဖာရော​ဘုရင်​၏​သမီး​တော်​သည် သူ့​ကို​ကောက်ယူ​၍ မိမိ​သား​အဖြစ်​မွေးစား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 22,
      "text": "မောရှေ​သည် အီဂျစ်​လူမျိုး​တို့​၏​အတတ်​ပညာ​အလုံးစုံ​တို့​ကို သင်ကြား​တတ်မြောက်​သဖြင့် ပြောဆို​မှု​နှင့်​လုပ်ဆောင်​မှု​တို့​၌ အစွမ်းသတ္တိ​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 23,
      "text": "သူ​သည် အသက်​လေးဆယ်​ပြည့်​သောအခါ မိမိ​ညီအစ်ကို​များ​ဖြစ်​ကြ​သော အစ္စရေး​အမျိုးသား​တို့​ကို အကြည့်အရှု​သွား​လို​သော​စိတ်​ဆန္ဒ​ဖြစ်ပေါ်​လာ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 24,
      "text": "ထို့နောက် လူ​တစ်​ဦး​သည် မတရား​သဖြင့်​ပြုမူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာကွယ်​လျက် အီဂျစ်​အမျိုးသား​ကို​ရိုက်​သတ်​ကာ ဖိနှိပ်​ခံရ​သူ​အတွက် လက်တုံ့ပြန်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 25,
      "text": "မောရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီအစ်ကို​တို့​အား လွတ်မြောက်​ခြင်း​ကို ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နားလည်​ကြ​လိမ့်မည်​ဟု ထင်​ခဲ့​သော်လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 26,
      "text": "နောက်တစ်နေ့​တွင် မောရှေ​သည် အစ္စရေး​လူမျိုး​အချင်းချင်း​ခိုက်ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်ဆွေ​တို့၊ သင်​တို့​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​ပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်း​မတရား​သဖြင့်​ပြု​ကြ​သနည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်မြတ်​ငြိမ်းချမ်း​ကြ​ရန် ဖျန်ဖြေ​ပေး​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 27,
      "text": "သို့သော် အိမ်နီးချင်း​ကို မတရား​သဖြင့်​ပြု​နေ​သော​သူ​သည် မောရှေ​ကို​တွန်းဖယ်​၍ ‘မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 28,
      "text": "သင်​သည် မနေ့​က အီဂျစ်​လူမျိုး​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​လို​သလော’​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 29,
      "text": "မောရှေ​သည် ထို​စကား​ကို​ကြား​လျှင် ထွက်ပြေး​၍ မိဒျန်​ပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​ကာ ထို​ပြည်​၌ သား​နှစ်​ယောက်​ရ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 30,
      "text": "အနှစ်​လေးဆယ်​ပြည့်​သောအခါ သိနာ​တောင်​၏​တော​ကန္တာရ​တွင် ကောင်းကင်တမန်​တစ်​ပါး​သည် မီး​တောက်လောင်​သော​ချုံပုတ်​ထဲ၌ မောရှေ​ထံ ထင်ရှား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 31,
      "text": "ထို​ရူပါရုံ​ကို​မြင်ရ​သောအခါ မောရှေ​သည်​အံ့သြ​လျက် ၎င်း​ကို သေချာစွာ​ကြည့်ရှု​ရန် ချဉ်းကပ်​ရာ"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 32,
      "text": "‘ငါ​သည် သင့်​ဘိုးဘေး​တို့​၏​ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​တို့​၏​ဘုရား​ဖြစ်​၏’​ဟူ၍ ထာဝရ​ဘုရား​၏​အသံ​တော်​ထွက်ပေါ်​လာ​၏။ ထိုအခါ မောရှေ​သည် တုန်လှုပ်​လျက် မ​ကြည့်​ဝံ့​ဘဲ​နေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 33,
      "text": "တစ်ဖန် ထာဝရ​ဘုရား​က ‘သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်​၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 34,
      "text": "ငါ​သည် အီဂျစ်​ပြည်​၌​ရှိ​သော ငါ​၏​လူမျိုး​တော်​ခံ​နေ​ရ​သည့် ဆင်းရဲ​ဒုက္ခ​ကို​တွေ့​မြင်​လျက် သူ​တို့​၏​ညည်းတွား​သံ​ကို​ကြား​ရ​သည်​ဖြစ်၍ သူ​တို့​ကို​ကယ်နုတ်​ရန် ဆင်းလာ​ပြီ။ ထို့ကြောင့် ယခု​လာ​ခဲ့​လော့။ သင့်​ကို အီဂျစ်​ပြည်​သို့ ငါ​စေလွှတ်​မည်’​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 35,
      "text": "ဤသို့ဖြင့် ‘မည်သူ​သည် သင့်​ကို အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း’ ​ဟု ဆို​လျက် လူတို့​ငြင်းပယ်​ခဲ့​သော ထို​မောရှေ​ကို ဘုရားသခင်​သည် ချုံပုတ်​ထဲ၌ ထင်ရှား​သော​ကောင်းကင်တမန်​အားဖြင့် အကြီးအကဲ​နှင့်​ရွေးနုတ်​ကယ်တင်​သူ​အဖြစ် စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 36,
      "text": "သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​ထုတ်ဆောင်​လာ​၍ အီဂျစ်​ပြည်​၌​လည်းကောင်း၊ ပင်လယ်​နီ​၌​လည်းကောင်း၊ အနှစ်​လေးဆယ်​တိုင်တိုင် တော​ကန္တာရ​၌​လည်းကောင်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို​ပြု​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 37,
      "text": "ထို​မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ‘ဘုရားသခင်​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်’ ​ဟု ပြောဆို​ခဲ့​သူ​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 38,
      "text": "သူ​သည် သိနာ​တောင်​၌ သူ့​အား​စကား​ပြော​ခဲ့​သော​ကောင်းကင်တမန်​မှစ၍ ငါ​တို့​၏​ဘိုးဘေး​များ​နှင့်အတူ တော​ကန္တာရ​တွင်​ရှိ​သော​လူ​အစုအဝေး​ထဲ၌​ရှိ​လျက် ငါ​တို့​အား​ပေးအပ်​ရန် အသက်ရှင်​သော​နှုတ်ကပတ်​တရား​ကို လက်ခံ​ရရှိ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 39,
      "text": "သို့သော် ငါ​တို့​၏​ဘိုးဘေး​များ​သည် သူ့​စကား​ကို​နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်ပယ်​၍ သူ​တို့​၏​စိတ်နှလုံး​ထဲ၌ အီဂျစ်​ပြည်​ကို​တမ်းတ​ကာ"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 40,
      "text": "အာရုန်​အား ‘ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော ထို​မောရှေ​သည် မည်သို့​ဖြစ်သွား​သည်​ကို ငါ​တို့​မ​သိ​ကြ​သည်​ဖြစ်၍ ငါ​တို့​ရှေ့မှ​ကြွသွား​မည့်​ဘုရား​များ​ကို ငါ​တို့​အတွက်​ပြုလုပ်​ပေး​ပါ’ ​ဟု တောင်းဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 41,
      "text": "ဤသို့ဖြင့် သူ​တို့​သည် ထို​နေ့ရက်​များ​၌ နွားသငယ်​ရုပ်​ကို​သွန်းလုပ်​၍ ထို​ရုပ်တု​ထံသို့ ယဇ်​ကို​ယူဆောင်​လာ​ကာ မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​၌ ပျော်မွေ့​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 42,
      "text": "ထိုအခါ ဘုရားသခင်​သည် သူ​တို့​ထံမှ မျက်နှာ​လွှဲ​၍ သူ​တို့​အား ကောင်းကင်​ကြယ်တာရာ​များ​ကို​ဝတ်ပြု​စေရန် စွန့်ပစ်​ထား​တော်မူ​၏။ ဤသည်ကား ပရောဖက်​ကျမ်း​တွင် ‘အစ္စရေး​အမျိုး​တို့၊ သင်​တို့​သည် တော​ကန္တာရ​တွင် နှစ်​ပေါင်း​လေးဆယ်​တိုင်တိုင် ယဇ်​ပူဇော်​ရန်​တိရစ္ဆာန်​များ​နှင့်​ယဇ်​များ​ကို ငါ့​ထံသို့ ယူဆောင်​လာ​ခဲ့​ဖူး​သလော။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 43,
      "text": "သင်​တို့​သည် မောလုတ်​၏​တဲ​နှင့် သင်​တို့​ဘုရား​ရင်ဖန်​၏​ကြယ်​တို့​ကို သယ်ဆောင်​ခဲ့​ကြ​၏။ ၎င်း​တို့​သည် သင်​တို့​ကိုးကွယ်​ရန်​ပြုလုပ်​ထား​သော ရုပ်တု​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဘေဘီလုံ​မြို့​တစ်ဖက်လွန်​အောင် ပြောင်းရွှေ့​စေ​မည်’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 44,
      "text": "ငါ​တို့​၏​ဘိုးဘေး​များ​အတွက် တော​ကန္တာရ​တွင် သက်သေခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မောရှေ​အား သူ​မြင်​ရ​သည့်​ပုံစံ​နှင့်အညီ​ပြုလုပ်​ရန် မြွက်ဆို​တော်မူ​သော​အရှင်​က မှာကြား​သည့်​အတိုင်း ပြုလုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 45,
      "text": "ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်ခံ​၍ ငါ​တို့​ဘိုးဘေး​များ​ရှေ့​မှ ဘုရားသခင်​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်းပိုက်​ကြ​သောအခါ ယောရှု​နှင့်အတူ ၎င်း​ကို​သယ်ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါဝိဒ်​လက်ထက်​တိုင်အောင်​ရှိ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 46,
      "text": "ဒါဝိဒ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ကျေးဇူး​တော်​ခံစား​ရ​၍ ယာကုပ်​၏​ဘုရား​စံမြန်း​တော်မူ​ရာ​အရပ်​ကို​ပြင်ဆင်​နိုင်​ရန် တောင်းလျှောက်​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 47,
      "text": "သို့သော် ဘုရားသခင်​အတွက် အိမ်​တော်​ကို​တည်ဆောက်​ခဲ့​သူ​မှာ ရှောလမုန်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 48,
      "text": "သို့ရာတွင် အမြင့်ဆုံး​သော​ဘုရား​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်​မ​မူ။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 49,
      "text": "ဤသည်ကား ‘ကောင်းကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေကြီး​သည် ငါ​၏​ခြေ​တင်ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်သို့သော​အိမ်​ကို ငါ့​အတွက်​တည်ဆောက်​ကြ​မည်နည်း။ မည်သည့်​အရပ်​သည် ငါ​နားနေရာ​အရပ်​ဖြစ်​မည်နည်း။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 50,
      "text": "ငါ့​လက်​သည် ဤ​အရာ​အလုံးစုံ​တို့​ကို ဖန်ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏’ ​ဟူ၍ ပရောဖက်​ဆို​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 51,
      "text": "ခေါင်းမာ​၍ နား​နှင့်​စိတ်နှလုံး​တို့​၌ အရေဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုးဘေး​များ​နည်းတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အစဉ်​ဆန့်ကျင်ဘက်​ပြု​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 52,
      "text": "သင်​တို့​ဘိုးဘေး​များ မ​ညှဉ်းဆဲ​ခဲ့​သော​ပရောဖက်​တစ်ပါးပါး​ရှိ​သလော။ သူ​တို့​သည် ဖြောင့်မတ်​သော​အရှင်​ကြွလာ​မည့်​အကြောင်း ကြိုတင်​ဟောပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယခု သင်​တို့​သည် ထို​ဖြောင့်မတ်​သော​အရှင်​ကို သစ္စာဖောက်​သော​သူ​နှင့် သတ်ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 53,
      "text": "သင်​တို့​သည် ကောင်းကင်တမန်​များ​အားဖြင့် ပြဋ္ဌာန်း​ထား​သော​ပညတ်​တရား​ကို ရရှိ​သော်လည်း ၎င်း​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 54,
      "text": "သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို ကြား​ကြ​သောအခါ သူ​တို့​၏​စိတ်​ထဲတွင် သတေဖန်​အပေါ် ပြင်းစွာ​အမျက်ထွက်​၍ အံကြိတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 55,
      "text": "သို့သော် သတေဖန်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ကောင်းကင်​သို့ စေ့စေ့​ကြည့်​လေ​ရာ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်းကောင်း၊ သခင်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်းကောင်း မြင်​လျက်"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 56,
      "text": "“ကြည့်​ပါ။ ကောင်းကင်​သည်​ပွင့်​၍ လူ့သား​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 57,
      "text": "ထိုအခါ သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျက် နား​ကို​ပိတ်​ထား​ကာ သတေဖန်​ထံသို့ တစ်ဟုန်ထိုး​ပြေး​လာ​၍"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 58,
      "text": "သူ့​ကို မြို့​ပြင်​သို့​ဆွဲထုတ်​ပြီးလျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်သေ​တို့​သည် မိမိ​တို့​၏​အဝတ်​များ​ကို ရှောလု​ဟု​ခေါ်​သော လူငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 59,
      "text": "သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 60,
      "text": "ထို့နောက် သူ​သည် ဒူး​ထောက်​လျက် “သခင်​ဘုရား၊ ဤ​အပြစ်​ကို သူ​တို့​အပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အိပ်ပျော်​ခြင်း​သို့​ရောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 1,
      "text": "ရှောလု​သည်​လည်း သတေဖန်​အသတ်​ခံရ​သည့်​အမှု​၌ အလိုတူအလိုပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ​အသင်းတော်​အပေါ် ပြင်းထန်​သော​ညှဉ်းဆဲ​မှု​ဖြစ်ပေါ်​လာ​သဖြင့် တမန်တော်​တို့​မှတစ်ပါး သင်းဝင်​သူ​အပေါင်း​တို့​သည် ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်လျှောက်​သို့ ကွဲလွင့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 2,
      "text": "ဘုရား​တရား​ကြည်ညို​သော​သူ​တို့​သည် သတေဖန်​ကို​သင်္ဂြိုဟ်​၍ သူ့​အတွက် ရင်ဘတ်စည်တီး​လျက် ပြင်းစွာ​ငိုကြွေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 3,
      "text": "ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 4,
      "text": "ကွဲလွင့်​သွား​သော​သူ​တို့​မူကား နှုတ်ကပတ်​တရား​ကို လှည့်လည်​ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 5,
      "text": "ဖိလိပ္ပု​သည်​လည်း ရှမာရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခရစ်တော်​အကြောင်း​ကို​ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 6,
      "text": "လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 7,
      "text": "အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 8,
      "text": "သို့ဖြစ်၍ ထို​မြို့​၌ ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​ရှိ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 9,
      "text": "ထို​မြို့​တွင် ရှိမုန်​အမည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယခင်​ကတည်းက မှော်အတတ်​ကို​သုံး​၍ ရှမာရိ​နယ်သား​တို့​ကို အံ့ဩ​ငေးမော​စေ​ကာ မိမိကိုယ်ကို​ထူးမြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 10,
      "text": "လူကြီး​လူငယ်​ရှိသမျှ​တို့​သည် သူ့​ကို​အာရုံစိုက်​လျက် “ဤ​သူ​သည် ကြီးမြတ်​ခြင်း​ဟု​ခေါ်​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 11,
      "text": "သူ​တို့​သည် သူ့​ကို​အာရုံစိုက်​ကြ​ခြင်း​မှာ သူ​သည် ကာလ​ကြာမြင့်​စွာ မှော်အတတ်​ဖြင့် သူ​တို့​ကို အံ့ဩ​ငေးမော​စေ​ခဲ့​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 12,
      "text": "သို့သော် ဖိလိပ္ပု​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ယေရှု​ခရစ်တော်​၏​နာမ​တော်​အကြောင်း​ကို ဟောပြော​သောအခါ လူ​တို့​သည် ယုံကြည်​လျက် ယောက်ျား​များ​မှစ၍ မိန်းမ​များ​ပါ ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 13,
      "text": "ရှိမုန်​ကိုယ်တိုင်​သည်​လည်း ယုံကြည်​၍ ဗတ္တိဇံ​ခံ​ကာ ဖိလိပ္ပု​ကို​ဆည်းကပ်​လျက် နိမိတ်​လက္ခဏာ​များ​နှင့် ကြီးမား​သော​တန်ခိုး​လက္ခဏာ​များ​ဖြစ်ပေါ်​သည်​ကို တွေ့မြင်​၍ အံ့ဩ​ငေးမော​နေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 14,
      "text": "ရှမာရိ​နယ်သား​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​လက်ခံ​ကြ​ကြောင်း ဂျေရုဆလင်​မြို့​တွင်​ရှိ​သော တမန်တော်​တို့​သည် ကြားသိ​ကြ​သောအခါ ပေတရု​နှင့်​ယောဟန်​တို့​ကို သူ​တို့​ထံသို့​စေလွှတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 15,
      "text": "ထို​တမန်တော်​နှစ်​ပါး​သည်​ရောက်လာ​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ထို​သူ​တို့​ခံယူ​ရရှိ​မည့်​အကြောင်း သူ​တို့​အတွက်​ဆုတောင်း​ပေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 16,
      "text": "အဘယ်ကြောင့်​ဆိုသော် ထို​သူ​တို့​သည် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ရုံ​မျှသာ​ရှိ​ကြ​ပြီး သူ​တို့​တွင် မည်သူ့​အပေါ်၌​မျှ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​ခြင်း​မ​ရှိ​သေး​ချေ။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 17,
      "text": "ထို့နောက် ပေတရု​နှင့်​ယောဟန်​တို့​သည် သူ​တို့​အပေါ်​လက်​တင်​ကြ​သောအခါ သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 18,
      "text": "တမန်တော်​တို့​လက်​တင်​ခြင်း​အားဖြင့် ဝိညာဉ်​တော်​ကို လူ​တို့​ရရှိ​ကြောင်း ရှိမုန်​မြင်​လျှင် တမန်တော်​တို့​ထံသို့ ငွေ​ကို​ယူဆောင်​လာ​၍"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 19,
      "text": "“အကျွန်ုပ်​လက်​တင်​သူ​တိုင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​စေရန် အကျွန်ုပ်​အား​လည်း ဤ​အခွင့်​ကို​ပေး​ပါ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 20,
      "text": "ထိုအခါ ပေတရု​က “သင်​သည် ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို ငွေ​အားဖြင့်​ဝယ်ယူ​နိုင်​သည်​ဟု​ထင်မှတ်​သောကြောင့် သင်​၏​ငွေ​သည် သင်​နှင့်အတူ​ပျက်စီး​ပါစေ။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 21,
      "text": "သင်​၏​စိတ်နှလုံး​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ မ​မှန်ကန်​သောကြောင့် သင်​သည် ဤ​အမှုအရာ​၌ ပါဝင်​ခွင့်​မ​ရှိ။ သင့်​ဝေစု​လည်း​မ​ရှိ။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 22,
      "text": "ထို့ကြောင့် သင်​၌​ရှိ​သော ဤ​မကောင်းမှု​အတွက် နောင်တရ​လျက် သခင်​ဘုရား​ထံ​ဆုတောင်း​လော့။ သို့ပြုလျှင် သင့်​စိတ်နှလုံး​၏​အကြံအစည်​အတွက် သင်​သည် ခွင့်လွှတ်​ခြင်း​ခံရ​ကောင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 23,
      "text": "အကြောင်းမူကား သင်​သည် ခါးသီး​သော​သည်းခြေ​နှင့် မတရားမှု​၏​အနှောင်အဖွဲ့​ထဲ၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 24,
      "text": "ရှိမုန်​က​လည်း “သင်​တို့​ပြော​သည့်​အရာ​တစ်ခုမျှ အကျွန်ုပ်​အပေါ်​မ​သက်ရောက်​စေရန် အကျွန်ုပ်​အတွက် သခင်​ဘုရား​ထံ ဆုတောင်း​ပေး​ကြ​ပါ”​ဟု ပြန်ပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 25,
      "text": "ပေတရု​နှင့်​ယောဟန်​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို သက်သေခံ​၍​ဟောပြော​ကြ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ရင်း ရှမာရိ​နယ်သား​တို့​၏​ကျေးရွာ​များစွာ​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 26,
      "text": "တစ်ဖန် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​က ဖိလိပ္ပု​အား “သင်​သည်​ထ​၍ ဂျေရုဆလင်​မြို့​မှ ဂါဇာ​မြို့​သို့ ဆင်း​သွား​ရာ​လမ်း​အတိုင်း တောင်​ဘက်​သို့​သွား​လော့”​ဟု မြွက်ဆို​၏။ ထို​လမ်း​သည် တော​ကန္တာရ​လမ်း​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 27,
      "text": "ထို့ကြောင့် ဖိလိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထိုစဉ် အီသီယိုးပီးယား​ဘုရင်မ​ကန္ဒက်​၏​မှူးမတ်​ကြီး​ဖြစ်​ပြီး ဘုရင်မ​၏​ဘဏ္ဍာ​အားလုံး​ကို စီမံ​အုပ်ချုပ်​ရ​သော အီသီယိုးပီးယား​ပြည်သား​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​သို့ လာရောက်​ဝတ်ပြု​ကိုးကွယ်​ပြီး"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 28,
      "text": "အပြန်​ခရီး​တွင် မိမိ​၏​ရထား​ပေါ်၌​ထိုင်​လျက် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို​ဖတ်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 29,
      "text": "ထိုအခါ ဝိညာဉ်​တော်​သည် ဖိလိပ္ပု​အား “ထို​ရထား​အနီး​သို့​သွား​၍ ကပ်​ပြီး​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 30,
      "text": "ဖိလိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပရောဖက်​ဟေရှာယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သဖြင့် “သင်​ဖတ်​နေ​သော​အရာ​ကို နားလည်​ပါ​သလော”​ဟု မေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 31,
      "text": "ထို​မှူးမတ်​က​လည်း “အကျွန်ုပ်​အား ရှင်းပြ​ပေး​သူ​မ​ရှိ​လျှင် မည်သို့​နားလည်​နိုင်​ပါ​မည်နည်း”​ဟု ဆို​ပြီးလျှင် ဖိလိပ္ပု​အား ရထား​ပေါ်​တက်​၍ မိမိ​နှင့်အတူ​ထိုင်​ရန် ဖိတ်ခေါ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 32,
      "text": "ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ သိုးသငယ်​သည် အမွေး​ညှပ်​သူ​ရှေ့၌ တိတ်ဆိတ်​စွာ​နေ​သကဲ့သို့ မိမိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 33,
      "text": "သူ​သည်​နှိမ့်ချ​ခြင်း​ခံရ​စဉ်​၌ သူ့​အတွက် တရား​သဖြင့်​စီရင်​ပေး​ခြင်း​မ​ရှိ​ကြ။ သူ​၏​အသက်​သည် မြေကြီး​ပေါ်မှ နုတ်ယူ​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​၏​မျိုးဆက်​ကို မည်သူ​ပြောပြ​နိုင်​မည်နည်း” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 34,
      "text": "ထိုအခါ မှူးမတ်​က ဖိလိပ္ပု​အား “သင့်​ကို​မေး​ပါရစေ။ ပရောဖက်​သည် မည်သူ့​အကြောင်း​ကို ဤသို့​ပြော​ထား​ပါ​သနည်း။ မိမိ​ကိုယ်တိုင်​အကြောင်း​လော၊ သို့မဟုတ် အခြား​သော​သူ​တစ်စုံတစ်ဦး​၏​အကြောင်း​လော”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 35,
      "text": "ဖိလိပ္ပု​သည်​လည်း မိမိ​နှုတ်​ကို​ဖွင့်​လျက် ဤ​ကျမ်းချက်​မှ​အစပြု​၍ ယေရှု​အကြောင်း​ကို သူ့​အား ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 36,
      "text": "သူ​တို့​သည် လမ်း​အတိုင်း ခရီးဆက်​သွား​ကြ​စဉ် ရေ​ရှိ​ရာ​အရပ်​သို့​ရောက်လာ​သဖြင့် မှူးမတ်​က “ကြည့်​ပါ။ ရေ​ရှိ​သည်။ အကျွန်ုပ်​ဗတ္တိဇံ​ခံ​ရန် တားဆီး​သည့်​အရာ​ရှိ​ပါ​သလော”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 37,
      "text": "[ထိုအခါ ဖိလိပ္ပု​က “သင်​သည် စိတ်နှလုံး​အကြွင်းမဲ့​ယုံကြည်​လျှင် ဗတ္တိဇံ​ခံယူ​နိုင်​ပါ​သည်”​ဟု ဆို​သော် မှူးမတ်​က “ယေရှု​ခရစ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း အကျွန်ုပ်​ယုံကြည်​ပါ​၏”​ဟု ပြန်​ပြော​ပြီးလျှင်]"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 38,
      "text": "ရထား​ကို​ရပ်​စေရန် အမိန့်​ပေး​လေ​၏။ ထို့နောက် ဖိလိပ္ပု​နှင့်​မှူးမတ် နှစ်ဦးစလုံး​တို့​သည် ရေ​ထဲသို့​အတူတကွ​ဆင်းသွား​ကြ​၍ ဖိလိပ္ပု​သည် မှူးမတ်​အား ဗတ္တိဇံ​ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 39,
      "text": "ရေ​ထဲမှ​တက်​လာ​ကြ​သောအခါ ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ဖိလိပ္ပု​ကို ချီဆောင်​သွား​တော်မူ​သဖြင့် ထို​မှူးမတ်​သည် ဖိလိပ္ပု​ကို နောက်ထပ် မ​တွေ့ရ​တော့​ပေ။ သို့သော် သူ​သည် ဝမ်းမြောက်​လျက် မိမိ​၏​ခရီး​ကို ဆက်သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 40,
      "text": "ဖိလိပ္ပု​မူကား အာဇုတ်​မြို့​၌​ပေါ်လာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​သည့်​တိုင်အောင် မြို့​ရွာ​အားလုံး​တို့​ကို​လှည့်လည်​၍ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 1,
      "text": "ရှောလု​သည် သခင်​ဘုရား​၏​တပည့်​တော်​တို့​ကို ခြိမ်းခြောက်​၍​သတ်ဖြတ်​ရန် စိတ်​ဆန္ဒ​ပြင်းပြ​လျက်​ရှိ​သေး​၏။ သူ​သည် ယဇ်ပုရောဟိတ်​မင်း​ထံသို့ ချဉ်းကပ်​လျက်"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 2,
      "text": "ဤ​တရား​လမ်း​သို့ လိုက်​သော​သူ​ကို​တွေ့​လျှင် ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​နိုင်​ရန် ဒမတ်စကပ်​မြို့​ရှိ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့ ပေး​စာ​များ​ကို သူ့​ထံမှ တောင်း​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 3,
      "text": "ဤသို့ဖြင့် သူ​သည် သွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့ ရောက်လာ​သောအခါ ကောင်းကင်​မှ​အလင်း​သည် သူ့​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 4,
      "text": "သူ​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ “ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း” ​ဟု သူ့​အား​ပြော​သော​အသံ​ကို​ကြား​ရ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 5,
      "text": "ရှောလု​က​လည်း “သခင်​ဘုရား၊ ကိုယ်တော်​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လျှင် “ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 6,
      "text": "သင်​သည် ထ​၍ မြို့​ထဲသို့​ဝင်​သွား​လော့။ ထိုအခါ သင်​ပြု​ရ​မည့်​အမှု​ကို သင့်​အား ပြောကြား​လိမ့်မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 7,
      "text": "သူ​နှင့်အတူ ခရီး​သွား​ကြ​သော​သူ​တို့​သည် အသံ​ကို​ကြား​ရ​သော်လည်း မည်သူ့​ကို​မျှ မ​တွေ့​ရ​သောကြောင့် မှင်တက်မိ​လျက် ရပ်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 8,
      "text": "ရှောလု​သည် မြေ​ပေါ်မှ​ထ​၍ မိမိ​မျက်စိ​ကို​ဖွင့်​သော်လည်း မည်သည့်​အရာ​ကို​မျှ မ​မြင်​ရ​သဖြင့် လူ​တို့​သည် သူ့​ကို​လက်ဆွဲ​၍ ဒမတ်စကပ်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 9,
      "text": "သူ​သည် သုံး​ရက်​တိုင်တိုင် မျက်စိ​ကွယ်​လျက် မ​စား​မ​သောက်​ဘဲ​နေ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 10,
      "text": "ဒမတ်စကပ်​မြို့​တွင် အာနနိ​အမည်​ရှိ​သော တပည့်​တော်​တစ်​ဦး​ရှိ​၏။ သခင်​ဘုရား​သည် ရူပါရုံ​၌ “အာနနိ” ​ဟု ခေါ်​တော်မူ​လျှင် အာနနိ​က “အကျွန်ုပ်​ရှိ​ပါ​သည် သခင်​ဘုရား”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 11,
      "text": "သခင်​ဘုရား​က​လည်း “သင်​သည်​ထ​၍ လမ်းဖြောင့်​ဟု​ခေါ်​သော လမ်းကြား​တစ်​ခု​သို့​သွား​ပြီးလျှင် ရှောလု​အမည်​ရှိ​သော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌ မေးမြန်း​ရှာဖွေ​လော့။ အကြောင်းမူကား သူ​သည် ဆုတောင်း​လျက်​နေ​၍"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 12,
      "text": "အာနနိ​အမည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်စိ​ပြန်​မြင်​စေရန် သူ့​အပေါ်​လက်​တင်​သည်​ကို ရူပါရုံ​၌​မြင်​ခဲ့​ပြီ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 13,
      "text": "အာနနိ​က​လည်း “သခင်​ဘုရား၊ ထို​သူ​သည် ဂျေရုဆလင်​မြို့​၌ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​အပေါ် မကောင်းမှု​များ မည်မျှလောက်​ပြု​ခဲ့​သည်​ကို လူ​များစွာ​တို့​ထံမှ အကျွန်ုပ်​ကြား​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 14,
      "text": "ဤ​အရပ်​၌​လည်း ကိုယ်တော်​၏​နာမ​တော်​အား ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​ကို​ချည်နှောင်​ထား​ရန် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို သူ​ရရှိ​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 15,
      "text": "သို့သော် သခင်​ဘုရား​က “သွား​လော့။ ဤ​သူ​ကား လူမျိုးခြား​များ၊ ရှင်ဘုရင်​များ​နှင့် အစ္စရေး​အမျိုးသား​များ​ရှေ့​သို့ ငါ​၏​နာမ​ကို​ယူဆောင်​သွား​ရန် ငါ​ရွေးကောက်​ထား​သော​တန်ဆာပလာ​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 16,
      "text": "သူ​သည် ငါ​၏​နာမ​အတွက် မည်မျှ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ကို သူ့​အား ငါ​ပြသ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 17,
      "text": "ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့​ဝင်​ပြီးလျှင် ရှောလု​အပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှောလု၊ သင်​သည် မျက်စိ​ပြန်​မြင်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်ရှား​သော​သခင်​ယေရှု​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 18,
      "text": "ထို​ခဏချင်း​တွင် ငါး​အကြေးခွံ​ကဲ့သို့သော​အရာ​သည် ရှောလု​၏​မျက်စိ​မှ ကွာ​ကျ​၍ သူ​သည် မျက်စိ​ပြန်​မြင်​လေ​၏။ သူ​သည် ထ​၍ ဗတ္တိဇံ​ခံ​ပြီး"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 19,
      "text": "အစားအစာ​ကို​သုံးဆောင်​ရာ အား​ပြန်​ပြည့်​လာ​၏။ ထို့နောက် သူ​သည် ဒမတ်စကပ်​မြို့​၌​ရှိ​သော တပည့်​တော်​တို့​နှင့်အတူ ရက်​အနည်းငယ်​နေထိုင်​ပြီးမှ"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 20,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်ချင်း​ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 21,
      "text": "ကြားနာ​သော​သူ​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​လျက် “ဤ​သူ​သည် ဂျေရုဆလင်​မြို့​၌ ဤ​နာမ​ကို ပတ္ထနာ​ပြု​သော​သူ​တို့​အား ဖျက်ဆီး​ရန် ကြိုးစား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်နှောင်​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့ ပို့ဆောင်​မည်​ဟူသော​ရည်ရွယ်ချက်​ဖြင့် ဤ​နေရာ​သို့​ရောက်လာ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 22,
      "text": "သို့သော် ရှောလု​သည် ခွန်အား​နှင့် ပို၍​ပြည့်စုံ​လာ​ပြီး ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း သက်သေ​ထူ​ကာ ဒမတ်စကပ်​မြို့​၌​နေထိုင်​ကြ​သော​ဂျူး​လူမျိုး​တို့​ကို အံ့ဩ​တွေဝေ​စေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 23,
      "text": "ရက်​ပေါင်း​များစွာ​ကြာ​သောအခါ ဂျူး​လူမျိုး​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​ကြ​သော်လည်း"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 24,
      "text": "သူ​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကို ရှောလု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံခါး​များ​ကို စောင့်ကြပ်​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 25,
      "text": "သို့သော် ရှောလု​၏​တပည့်​တို့​သည် ည​အချိန်​၌ သူ့​ကို​ခေါ်ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့ရိုး​ပေါ်မှ​လျှောချ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 26,
      "text": "ရှောလု​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​သောအခါ တပည့်​တော်​များ​နှင့်​ပေါင်းဖော်​ရန် ကြိုးစား​သော်လည်း သူ​တို့​အားလုံး​သည် သူ့​ကို တပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 27,
      "text": "သို့သော် ဗာနဗ​သည် သူ့​ကို​ဖေးမ​၍ တမန်တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​ပြီးလျှင် ရှောလု​သည် လမ်း​ခရီး​၌ သခင်​ဘုရား​ကို တွေ့မြင်​ခဲ့​ပုံ​မှစ၍ သခင်​ဘုရား​က သူ့​အား​မိန့်​တော်မူ​ခဲ့​ပုံ​နှင့် ဒမတ်စကပ်​မြို့​တွင် ယေရှု​၏​နာမ​တော်​၌ ရဲရင့်​စွာ သူ​ဟောပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြောပြ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 28,
      "text": "ထို့နောက် ရှောလု​သည် ဂျေရုဆလင်​မြို့​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဝင်​ထွက်​သွားလာ​ကာ သခင်​ဘုရား​၏​နာမ​တော်​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 29,
      "text": "သူ​သည် ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက်​နေ​၏။ သို့သော် သူ​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​အားထုတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 30,
      "text": "ထို​အကြောင်း​ကို ညီအစ်ကို​တို့​ကြားသိ​ကြ​သောအခါ သူ့​ကို ဆီဇာရီးယား​မြို့​သို့ ခေါ်ဆောင်​သွား​၍ တာရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 31,
      "text": "ဤသို့ဖြင့် ယုဒ​နယ်၊ ဂါလိလဲ​နယ်​နှင့် ရှမာရိ​နယ်​တစ်လျှောက်လုံး​၌ အသင်းတော်​သည် ငြိမ်းချမ်း​မှု​ကို​ရရှိ​၍ တည်ဆောက်​မြှင့်တင်​ခြင်း​ခံရ​ကာ သခင်​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​၌​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တိုက်တွန်း​အားပေး​ခြင်း​၌​လည်းကောင်း လျှောက်လှမ်း​လျက် တိုးပွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 32,
      "text": "ပေတရု​သည် အရပ်ရပ်​သို့​လှည့်လည်​၍ လုဒ္ဒ​မြို့​၌​နေထိုင်​သော သန့်ရှင်း​သူ​များ​ထံသို့​ရောက်လာ​ခဲ့​ရာ"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 33,
      "text": "ထို​မြို့​တွင် လေဖြတ်​၍ ရှစ်​နှစ်​ပတ်လုံး အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် အဲနေ​အမည်​ရှိ​သော​လူ​တစ်​ဦး​ကို တွေ့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 34,
      "text": "ထိုအခါ ပေတရု​က “အဲနေ၊ ယေရှု​ခရစ်တော်​သည် သင့်​ကို​ကျန်းမာ​စေ​တော်မူ​ပြီ။ ထ​၍ ကိုယ့်​အိပ်ရာ​ကို ကိုယ်​သိမ်း​လော့”​ဟု ဆို​လျှင် သူ​သည် ချက်ချင်း​ထ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 35,
      "text": "လုဒ္ဒ​မြို့​နှင့်​ရှာရုန်​ဒေသ​၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည် အဲနေ​ကို​မြင်​၍ သခင်​ဘုရား​ထံ​တော်​သို့ ပြောင်းလဲ​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 36,
      "text": "ယုပ္ပေ​မြို့​တွင် ဒေါ်ကာ​ဟု အဓိပ္ပာယ်​ရ​သည့် တဗိသ​အမည်​ရှိ​သော တပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အမှု၊ ပေးကမ်း​စွန့်ကြဲ​ခြင်း​အမှု​တို့​နှင့် ပြည့်စုံ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 37,
      "text": "ထို​နေ့ရက်​များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး​သေဆုံး​သွား​သဖြင့် လူ​တို့​သည် သူ​၏​အလောင်း​ကို​ရေချိုး​ပေး​ပြီးလျှင် အထက်ခန်း​၌ ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 38,
      "text": "ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေတရု​ရှိ​ကြောင်း တပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံသို့​စေလွှတ်​ကာ “အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​ကြွလာ​ခဲ့​ပါ”​ဟု တောင်းပန်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 39,
      "text": "ထို့ကြောင့် ပေတရု​သည် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လေ​၏။ ပေတရု​ရောက်လာ​သောအခါ လူ​တို့​သည် သူ့​ကို အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြ​၏။ မုဆိုးမ​အားလုံး​တို့​သည် ပေတရု​အနီး​၌​ရပ်​လျက် ငိုကြွေး​ကာ သူ​တို့​နှင့်အတူ ဒေါ်ကာ​ရှိ​စဉ်​က ချုပ်လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်ရုံ​များ​ကို ပြ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 40,
      "text": "ပေတရု​သည် အားလုံး​ကို အခန်း​အပြင်​သို့​ထွက်​စေ​ပြီးလျှင် ဒူး​ထောက်​လျက် ဆုတောင်း​လေ​၏။ ထို့နောက် အလောင်း​ဘက်သို့​လှည့်​၍ “တဗိသ၊ ထ​လော့”​ဟု ဆို​လေ​ရာ တဗိသ​သည် မိမိ​မျက်စိ​ကို​ဖွင့်​ပြီး ပေတရု​ကို​မြင်​သောအခါ ထ​၍​ထိုင်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 41,
      "text": "ပေတရု​သည် လက်​ကမ်း​ပေး​၍ သူ့​ကို​ဆွဲထူ​ပြီးလျှင် သန့်ရှင်း​သူ​တို့​နှင့်​မုဆိုးမ​တို့​ကို​ခေါ်​၍ အသက်ရှင်​လျက်​ရှိ​သော​တဗိသ​ကို ပြ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 42,
      "text": "ဤ​သတင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အနှံ့​ကျော်ကြား​သွား​၍ လူ​များစွာ​တို့​သည် သခင်​ဘုရား​ကို​ယုံကြည်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 43,
      "text": "ပေတရု​သည် ယုပ္ပေ​မြို့​တွင် သားရေနယ်သမား​ရှိမုန်​ထံ၌ ရက်​ပေါင်း​များစွာ​တည်းခို​နေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 1,
      "text": "ဆီဇာရီးယား​မြို့​တွင် အီတလီ​တပ်​ဟု​ခေါ်​သော​တပ်ဖွဲ့​မှ ကော်နေလိ​အမည်​ရှိ​သော တပ်မှူး​တစ်​ယောက်​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 2,
      "text": "သူ​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​ဖြစ်​ပြီး သူ​၏​အိမ်သူအိမ်သား​အားလုံး​နှင့်တကွ ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​၍ ဂျူး​လူမျိုး​တို့​အား များစွာ​ပေးကမ်း​စွန့်ကြဲ​ကာ ဘုရားသခင်​ထံ အမြဲ​ဆုတောင်း​လျက်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 3,
      "text": "တစ်​နေ့​သောအခါ မွန်းလွဲ​သုံး​နာရီ​အချိန်​ခန့်​တွင် သူ​သည် မိမိ​ထံသို့​ဘုရားသခင်​၏​ကောင်းကင်တမန်​တစ်​ပါး​ဝင်လာ​၍ “ကော်နေလိ”​ဟု ခေါ်​သည်​ကို ရူပါရုံ​၌ ထင်ရှား​စွာ​မြင်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 4,
      "text": "ထို​ကောင်းကင်တမန်​ကို စေ့စေ့​ကြည့်​ရင်း သူ​သည် ကြောက်လန့်​၍ “သခင်ဘုရား၊ မည်သည့်​အကြောင်းအရာ​ရှိ​ပါ​သနည်း”​ဟု မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သင်​၏​ဆုတောင်း​ခြင်း​နှင့်​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည် အမှတ်ရ​စရာ​အဖြစ် ဘုရားသခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 5,
      "text": "ထို့ကြောင့် ယခု သင်​သည် ယုပ္ပေ​မြို့​သို့ လူ​တို့​ကို​စေလွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 6,
      "text": "သူ​သည် သားရေနယ်သမား​ရှိမုန်​အိမ်​၌ တည်းခို​နေ​၏။ ထို​အိမ်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​၏”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 7,
      "text": "မိမိ​အား​မြွက်ဆို​သော​ကောင်းကင်တမန်​ထွက်ခွာ​သွား​သောအခါ ကော်နေလိ​သည် အစေခံ​နှစ်​ဦး​နှင့် မိမိ​အနီးအပါး​တွင်​တာဝန်​ထမ်းဆောင်​နေ​သော​သူ​တို့​ထဲမှ ဘုရား​ဝတ်​၌​မွေ့လျော်​သော စစ်သား​တစ်​ဦး​ကို​ခေါ်​၍"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 8,
      "text": "အကြောင်းစုံ​ကို​ပြောပြ​ပြီးလျှင် သူ​တို့​ကို ယုပ္ပေ​မြို့​သို့ စေလွှတ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 9,
      "text": "နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 10,
      "text": "ထို​အချိန်​တွင် သူ​သည် ဆာလောင်​လျက် အစာ​စား​လို​စိတ်​ဖြစ်ပေါ်​လေ​၏။ သို့သော် အစားအစာ​များ​ကို လူ​တို့​ပြင်ဆင်​နေ​ကြ​စဉ် ပေတရု​သည် အာရုံ​မှုန်ဝါး​တွေဝေ​၍"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 11,
      "text": "ကောင်းကင်​သည်​ပွင့်​လျက် ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး မြေ​ပေါ်သို့​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု နိမ့်ဆင်း​လာ​သည်​ကို တွေ့​ရ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 12,
      "text": "ထို​အရာ​ထဲတွင် မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ​မှစ၍ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​အမျိုးမျိုး​ပါ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 13,
      "text": "ထို့နောက် “ပေတရု၊ ထ​၍​သတ်​စား​လော့” ​ဟူသော​အသံ​သည် သူ့​ထံသို့​ရောက်လာ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 14,
      "text": "သို့သော် ပေတရု​က “မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား အကျွန်ုပ်​သည် ညစ်ညူး​သော​အရာ​နှင့်​မစင်ကြယ်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​စား​ဖူး​ပါ”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 15,
      "text": "ထိုအခါ ဒုတိယ​အကြိမ် အသံ​ထပ်မံ​ထွက်ပေါ်​လာ​၍ “ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်” ​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 16,
      "text": "ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​သည် ကောင်းကင်​သို့ ချက်ချင်း​ဆောင်ယူ​သွား​ခြင်း​ခံရ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 17,
      "text": "မိမိ​မြင်​ရ​သော​ရူပါရုံ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ပေတရု​သည် စိတ်​ထဲ၌ ဝေခွဲမရ​ဖြစ်​နေ​စဉ် ကော်နေလိ​စေလွှတ်​လိုက်​သော​လူ​တို့​သည် ရှိမုန်​၏​အိမ်​ကို​မေးမြန်း​ရှာဖွေ​ပြီး အိမ်​တံခါး​ရှေ့သို့ ရောက်လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 18,
      "text": "သူ​တို့​သည် လှမ်းခေါ်​၍ “ပေတရု​ဟု​ခေါ်​သော​ရှိမုန်​သည် ဤ​အိမ်​တွင် တည်းခို​နေ​ပါ​သလော”​ဟု မေးမြန်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 19,
      "text": "ပေတရု​သည် ရူပါရုံ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​လျက်​နေ​စဉ် ဝိညာဉ်​တော်​က “လူ​သုံး​ဦး​တို့​သည် သင့်​ကို​ရှာ​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 20,
      "text": "သူ​တို့​ကို ငါ​စေလွှတ်​လိုက်​သည်​ဖြစ်၍ ထ​ပြီး အောက်​သို့​ဆင်း​သွား​ကာ သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်​သွား​လော့”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 21,
      "text": "ထို့ကြောင့် ပေတရု​သည် ဆင်းသွား​၍ “သင်​တို့​ရှာ​နေ​သော​သူ​မှာ ငါ​ပင်​ဖြစ်​၏။ မည်သည့်​အကြောင်း​ကိစ္စ​ရှိ​၍ လာ​ခဲ့​ကြ​သနည်း”​ဟု သူ​တို့​အား မေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 22,
      "text": "သူ​တို့​က​လည်း “ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​ပြီး ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​တပ်မှူး​ကော်နေလိ​သည် သင့်​ကို မိမိ​အိမ်​သို့​ခေါ်ဖိတ်​၍ သင့်​ထံမှ တရား​စကား​ကို​နားထောင်​ရန် သန့်ရှင်း​သော​ကောင်းကင်တမန်​၏​ဗျာဒိတ်​တော်​ကို ခံရ​ပါ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 23,
      "text": "ထိုအခါ ပေတရု​သည် သူ​တို့​ကို အိမ်​ထဲသို့​ခေါ်ဖိတ်​လျက် တည်းခို​စေ​ပြီးလျှင် နောက်တစ်နေ့​၌ ထ​၍ ထို​သူ​တို့​နှင့်အတူ ထွက်ခွာ​သွား​လေ​၏။ ယုပ္ပေ​မြို့​မှ ညီအစ်ကို​အချို့​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 24,
      "text": "နောက်တစ်နေ့​၌ သူ​သည် ဆီဇာရီးယား​မြို့​သို့ ရောက်​လေ​၏။ ကော်နေလိ​သည် မိမိ​၏​ဆွေမျိုး​များ​နှင့် ရင်းနှီး​သော​မိတ်ဆွေ​များ​ကို စုရုံး​ထား​လျက် သူ​တို့​ကို​စောင့်မျှော်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 25,
      "text": "ပေတရု​ဝင်​လာ​သောအခါ ကော်နေလိ​သည် သူ့​ကို​ကြိုဆို​၍ သူ​၏​ခြေရင်း​၌​ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 26,
      "text": "သို့သော် ပေတရု​သည် သူ့​ကို​ထူမ​၍ “ထ​ပါ။ ငါ​ကိုယ်တိုင်​လည်း သာမန်​လူသား​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 27,
      "text": "ထို့နောက် ကော်နေလိ​နှင့်​စကား​ပြော​ရင်း အိမ်​ထဲသို့​ဝင်​လျှင် လူ​များစွာ​တို့​စုဝေး​နေ​ကြ​သည်​ကို တွေ့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 28,
      "text": "ထိုအခါ ပေတရု​က “ဂျူး​လူမျိုး​တို့​အတွက် လူမျိုးခြား​ထံ အလည်အပတ်​သွား​ခြင်း​၊ သို့မဟုတ် သူ​တို့​နှင့်​ပေါင်းဖော်​ခြင်း​သည် တရား​တော်​နှင့်​မ​ညီ​ကြောင်း သင်​တို့​သိ​ကြ​၏။ သို့သော် မည်သူ့​ကို​မျှ ညစ်ညူး​သော​သူ​၊ သို့မဟုတ် မစင်ကြယ်​သော​သူ​ဟူ၍ မ​ခေါ်​ရ​မည့်​အကြောင်း ဘုရားသခင်​သည် ငါ့​အား ပြသ​တော်မူ​ပြီ။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 29,
      "text": "ထို့ကြောင့် ငါ​သည် ခေါ်ဖိတ်​ခြင်း​ခံရ​သောအခါ မ​ငြင်းဆို​ဘဲ လာ​ခဲ့​၏။ သို့ဖြစ်၍ ငါ့​အား မည်သည့်​အကြောင်း​ကြောင့် ခေါ်ဖိတ်​ကြ​သည်​ကို ငါ​မေး​လို​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 30,
      "text": "ကော်နေလိ​က​လည်း “လွန်ခဲ့သော​သုံး​ရက်​က ဤ​အချိန်​မွန်းလွဲ​သုံး​နာရီ​တွင် အကျွန်ုပ်​အိမ်​၌ အကျွန်ုပ်​ဆုတောင်း​နေ​စဉ် တောက်ပ​သည့်​အဝတ်​ကို ဝတ်​ထား​သော​လူ​တစ်​ဦး​သည် အကျွန်ုပ်​ရှေ့​၌​ရပ်​လျက်"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 31,
      "text": "‘ကော်နေလိ၊ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​၍ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ အောက်မေ့​စရာ​ဖြစ်​လေ​ပြီ။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 32,
      "text": "ထို့ကြောင့် ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။ သူ​သည် ပင်လယ်​ကမ်းနား​ရှိ သားရေနယ်သမား​ရှိမုန်​၏​အိမ်​၌ တည်းခို​နေ​၏’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 33,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​သည် သင့်​ထံသို့ ချက်ချင်း​လူ​လွှတ်​ခဲ့​ပါ​သည်။ သင်​သည်​လည်း ကြွရောက်​လာ​သောကြောင့် ကျေးဇူး​တင်​ပါ​သည်။ ယခု အကျွန်ုပ်​တို့​အားလုံး​သည် သင့်​အား သခင်​ဘုရား​မိန့်မှာ​တော်မူ​သမျှ​တို့​ကို ကြားနာ​ရန် ဘုရားသခင်​ရှေ့​တော်​၌ ရှိ​နေ​ကြ​ပါ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 34,
      "text": "ထိုအခါ ပေတရု​သည် နှုတ်​ကို​ဖွင့်​၍ “ဘုရားသခင်​သည် မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 35,
      "text": "မည်သည့်​လူမျိုး​မဆို ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဖြောင့်မတ်​စွာ​ပြုကျင့်​လျှင် နှစ်သက်​လက်ခံ​တော်မူ​ကြောင်း ငါ​အမှန်​ပင်​သဘောပေါက်​ပြီ။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 36,
      "text": "ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 37,
      "text": "ထို့ပြင် ယောဟန်​သည် ဗတ္တိဇံ​တရား​ကို​ဟောပြော​သည့်​နောက်တွင် ဂါလိလဲ​နယ်​မှ​အစပြု​၍ ယုဒ​နယ်​တစ်လျှောက်​လုံး​၌ ဖြစ်ပျက်​ခဲ့​သည့်​အကြောင်းအရာ​ကို​လည်းကောင်း၊"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 38,
      "text": "ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​တန်ခိုး​တော်​တို့​ဖြင့် မည်ကဲ့သို့​ဘိသိက်​ပေး​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏။ ဘုရားသခင်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ကိုယ်တော်​သည် လှည့်လည်​၍ ကောင်း​သော​အမှု​ကို​ပြု​ကာ မာရ်နတ်​၏​ဖိနှိပ်​ခြယ်လှယ်​မှု​ခံရ​သူ​အပေါင်း​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 39,
      "text": "ငါ​တို့​သည် ဂျေရုဆလင်​မြို့​မှစ၍ ဂျူး​လူမျိုး​တို့​၏​တိုင်းပြည်​၌ ကိုယ်တော်​ပြု​ခဲ့​သော​အရာ​အားလုံး​၏​သက်သေ​များ​ဖြစ်​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ကို သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​၍ အသေ​သတ်​ခဲ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 40,
      "text": "သို့သော် ဘုရားသခင်​သည် ကိုယ်တော်​ကို သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​စေ​၍ ကိုယ်​ထင်ရှား​ပြ​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 41,
      "text": "သို့ရာတွင် လူ​အားလုံး​ထံ၌​မ​ဟုတ်​ဘဲ သက်သေ​အဖြစ် ဘုရားသခင်​ကြိုတင်​ခန့်​ထား​သော ငါ​တို့​ထံ၌​သာ ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ကိုယ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် ငါ​တို့​သည် ကိုယ်တော်​နှင့်အတူ​စား​သောက်​ခဲ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 42,
      "text": "ထို့နောက် ကိုယ်တော်​က ကိုယ်တော်​သာလျှင်​အသက်ရှင်​သော​သူ​နှင့်​သေလွန်​သော​သူ​တို့​ကို​တရား​စီရင်​သူ​အဖြစ် ဘုရားသခင်​ခန့်အပ်​ထား​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း လူ​တို့​အား​ဟောပြော​ရန်​နှင့် သက်သေခံ​ရန် ငါ​တို့​အား မိန့်မှာ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 43,
      "text": "ထို​အရှင်​နှင့်​ပတ်သက်၍ ပရောဖက်​အားလုံး​တို့​သည်​လည်း ‘ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တိုင်း ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​၏’​ဟု သက်သေခံ​ကြ​၏”​ဟူ၍ ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 44,
      "text": "ဤ​တရား​စကား​တို့​ကို ပေတရု​ဟောပြော​နေ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် နှုတ်ကပတ်​တရား​ကို ကြားနာ​နေ​သူ​အားလုံး​အပေါ်သို့ သက်ရောက်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 45,
      "text": "ပေတရု​နှင့်အတူ​လိုက်​ပါ​လာ​သည့် အရေဖျား​လှီး​ထား​သော ယုံကြည်​သူ​ရှိသမျှ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော​ကောင်းချီး​လက်ဆောင်​ကို လူမျိုးခြား​တို့​အပေါ်၌​လည်း သွန်းလောင်း​တော်မူ​သည့်​အတွက် အလွန်​အံ့ဩ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 46,
      "text": "အဘယ်ကြောင့်​ဆိုသော် ထို​လူမျိုးခြား​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​လျက် ဘုရားသခင်​အား​ချီးမွမ်း​ကြ​သည်​ကို သူ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ပေတရု​က"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 47,
      "text": "“ငါ​တို့​ကဲ့သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သော ဤ​သူ​တို့​အား ရေ​၌​ဗတ္တိဇံ​မ​ခံ​စေရန် မည်သူ​တားဆီး​နိုင်​သနည်း”​ဟု ဆို​လျက်"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 48,
      "text": "ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​ရန် သူ​တို့​အား ညွှန်ကြား​လေ​၏။ ထို့နောက် သူ​တို့​သည် ပေတရု​အား ရက်​အနည်းငယ်​မျှ ဆက်၍​နေ​ရန် တောင်းပန်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 1,
      "text": "လူမျိုးခြား​တို့​သည်​လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​ကြောင်း တမန်တော်​တို့​နှင့် ယုဒ​ပြည်​တစ်လျှောက်​တွင်​ရှိ​သော​ညီအစ်ကို​တို့​သည် ကြားသိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 2,
      "text": "သို့ဖြစ်၍ ပေတရု​သည် ဂျေရုဆလင်​မြို့​သို့ တက်​ရောက်​လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​က"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 3,
      "text": "“သင်​သည် အရေဖျား​မ​လှီး​သော​သူ​တို့​အိမ်​သို့​ဝင်​၍ သူ​တို့​နှင့်အတူ​စား​သောက်​ပါ​သည်​တကား”​ဟု သူ့​ကို​ပြစ်တင်​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 4,
      "text": "ထိုအခါ ပေတရု​သည် ထို​အကြောင်းအရာ​ကို သူ​တို့​အား အစဉ်လိုက်​ရှင်းပြ​ကာ"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 5,
      "text": "“ငါ​သည် ယုပ္ပေ​မြို့​၌ ဆုတောင်း​လျက်​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍ ရူပါရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး ကောင်းကင်​မှ​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု​သည် နိမ့်ဆင်း​လာ​၍ ငါ့​ထံသို့​ရောက်လာ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 6,
      "text": "ငါ​သည် ထို​အရာ​ထဲသို့ စူးစိုက်​၍​စေ့စေ့​ကြည့်​လိုက်​ရာ မြေကြီး​ပေါ်​ရှိ​ခြေ​လေး​ချောင်း​သတ္တဝါ​များ၊ သားရဲ​တိရစ္ဆာန်​များ၊ တွားသွား​သတ္တဝါ​များ​နှင့် မိုး​ကောင်းကင်​ငှက်​များ​ကို မြင်​ရ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 7,
      "text": "ထို့နောက် ‘ပေတရု၊ ထ​၍​သတ်​စား​လော့’ ​ဟု ငါ့​အား​ပြော​သော​အသံ​ကို​လည်း ငါ​ကြား​ရ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 8,
      "text": "သို့သော် ငါ​က ‘မ​ဖြစ်​နိုင်​ပါ သခင်​ဘုရား၊ အကြောင်းမူကား မစင်ကြယ်​သော​အရာ​၊ သို့မဟုတ် ညစ်ညူး​သော​အရာ​သည် အကျွန်ုပ်​ခံတွင်း​ထဲသို့ မ​ဝင်​ဖူး​ပါ’​ဟု လျှောက်​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 9,
      "text": "ထိုအခါ ဒုတိယ​အကြိမ်​ကောင်းကင်​မှ အသံ​ထွက်ပေါ်​လာ​၍ ‘ဘုရားသခင်​စင်ကြယ်​စေ​သည့်​အရာ​ကို ညစ်ညူး​သည်​ဟု သင်​မ​ဆို​နှင့်’ ​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 10,
      "text": "ဤသို့ သုံး​ကြိမ်​တိုင်တိုင်​ဖြစ်​ပြီးနောက် ထို​အရာ​အားလုံး​သည် ကောင်းကင်​သို့ ပြန်လည်​ရုပ်သိမ်း​ခြင်း​ခံရ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 11,
      "text": "ထို​ခဏချင်း​တွင် ဆီဇာရီးယား​မြို့​မှ ငါ့​ထံသို့​စေလွှတ်​လိုက်​သည့် လူ​သုံး​ဦး​တို့​သည် ငါ​ရှိ​နေ​သော​အိမ်​သို့ ရောက်လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 12,
      "text": "ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ‘သံသယ​မ​ရှိ​ဘဲ သူ​တို့​နှင့်အတူ​လိုက်သွား​လော့’​ဟု ငါ့​အား မိန့်​တော်မူ​၏။ ဤ​ညီအစ်ကို​ခြောက်​ဦး​တို့​သည်​လည်း ငါ​နှင့်အတူ​လိုက်သွား​၍ ငါ​တို့​သည် ထို​သူ​၏​အိမ်​သို့​ဝင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 13,
      "text": "ထို​သူ​က ကောင်းကင်တမန်​သည် သူ့​အိမ်​ထဲ၌​ရပ်​လျက် ‘ယုပ္ပေ​မြို့​သို့ လူ​လွှတ်​၍ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​ကို ခေါ်ဖိတ်​လော့။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 14,
      "text": "သူ​သည် သင်​နှင့် သင်​၏​မိသားစု​အားလုံး ကယ်တင်​ခြင်း​ရရှိ​စေ​မည့်​တရား​စကား​ကို သင့်​အား ဟောပြော​လိမ့်မည်’​ဟု မြွက်ဆို​သည်​ကို သူ​မြင်​ရ​ကြောင်း ငါ​တို့​အား ပြောပြ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 15,
      "text": "ထို့နောက် ငါ​စတင်​ဟောပြော​လေ​ရာ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အစအဦး​က ငါ​တို့​အပေါ်သို့​သက်ရောက်​သကဲ့သို့ ထို​သူ​တို့​အပေါ်သို့​လည်း သက်ရောက်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 16,
      "text": "ထိုအခါ ‘ယောဟန်​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​မူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ခံရ​ကြ​လိမ့်မည်’ ​ဟု သခင်​ဘုရား​မိန့်​တော်မူ​သော​စကား​ကို ငါ​သတိရ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 17,
      "text": "ဤသို့ဖြင့် ဘုရားသခင်​သည် သခင်​ယေရှု​ခရစ်တော်​ကို​ယုံကြည်​သော​ငါ​တို့​အား ပေး​တော်မူ​သကဲ့သို့ ထို​သူ​တို့​ကို​လည်း တူညီ​သော​ကောင်းချီး​လက်ဆောင်​ကို ပေး​တော်မူ​လျှင် ငါ​သည် မည်သို့​သော​သူ​ဖြစ်​၍ ဘုရားသခင်​ကို တားဆီး​နိုင်​မည်နည်း”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 18,
      "text": "သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 19,
      "text": "သတေဖန်​နှင့်​ဆက်စပ်​၍ ဖြစ်ပေါ်​လာ​သည့်​နှိပ်စက်​ခြင်း​ကြောင့် ကွဲလွင့်​သွား​ကြ​သော​သူ​တို့​သည် ဖိုနီးရှား​နယ်​မှစ၍ ဆိုက်ပရပ်​ကျွန်း​နှင့် အန္တိအုတ်​မြို့​အထိ ရောက်သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ကြ​ချေ။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 20,
      "text": "သို့သော် ထို​သူ​တို့​တွင် ဆိုက်ပရပ်​ကျွန်း​နှင့်​ကုရေနေ​မြို့​မှ လူ​အချို့​တို့​ပါ​၍ သူ​တို့​သည် အန္တိအုတ်​မြို့​သို့​သွား​ပြီးလျှင် ဂရိ​စကား​ပြော​သော​သူ​တို့​နှင့်​စကားပြော​လျက် သခင်​ယေရှု​အကြောင်း​ကို ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 21,
      "text": "သခင်​ဘုရား​၏​လက်​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​သဖြင့် များစွာ​သော​သူ​တို့​သည်​ယုံကြည်​၍ သခင်​ဘုရား​ထံသို့​ပြောင်းလဲ​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 22,
      "text": "ထို​သူ​တို့​နှင့်ပတ်သက်​သည့်​သတင်း​ကို ဂျေရုဆလင်​မြို့​၌​ရှိ​သော အသင်းတော်​သည်​ကြား​လျှင် ဗာနဗ​ကို အန္တိအုတ်​မြို့​အထိ​သွား​ရန် စေလွှတ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 23,
      "text": "ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 24,
      "text": "အကြောင်းမူကား သူ​သည် သူတော်ကောင်း​ဖြစ်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ယုံကြည်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​သော​သူ​ဖြစ်​၏။ ထိုအခါ များစွာ​သော​လူ​တို့​သည် သခင်​ဘုရား​ထံသို့ ပြောင်းလဲ​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 25,
      "text": "ထို့နောက် ဗာနဗ​သည် ရှောလု​ကို​ရှာ​ရန် တာရှု​မြို့​သို့​ထွက်သွား​၍"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 26,
      "text": "သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 27,
      "text": "ထို​နေ့ရက်​များ​၌ ပရောဖက်​တို့​သည် ဂျေရုဆလင်​မြို့​မှ အန္တိအုတ်​မြို့​သို့ ဆင်းလာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 28,
      "text": "ထို​သူ​တို့​အထဲမှ အာဂဗု​အမည်​ရှိ​သူ​တစ်​ဦး​သည် ထ​၍ ကမ္ဘာ​တစ်ဝန်းလုံး​၌ ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး ကျရောက်​တော့မည်​ဟု ဝိညာဉ်​တော်​အားဖြင့် ကြိုတင်​ဟောပြော​၏။ ထို​ဘေး​သည် ကလောဒိ​မင်း​၏​လက်ထက်​တွင် ဖြစ်ပေါ်​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 29,
      "text": "ထိုအခါ တပည့်​တော်​တို့​သည် အသီးသီး​တတ်နိုင်​သည့်​အတိုင်း ယုဒ​ပြည်​၌​နေထိုင်​ကြ​သော ညီအစ်ကို​တို့​အား အထောက်အပံ့​ပို့ပေး​ရန် ဆုံးဖြတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 30,
      "text": "သူ​တို့​သည် ထို​အတိုင်း​ပြု​လျက် ၎င်း​ကို ဗာနဗ​နှင့်​ရှောလု​တို့​၏​လက်​မှ​တစ်ဆင့် အသင်းတော်​အကြီးအကဲ​များ​ထံသို့ ပေးပို့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 1,
      "text": "ထို​ကာလ​၌ ဟေရုဒ်​မင်း​သည် အသင်းတော်​မှ လူ​အချို့​တို့​ကို မတရား​နှိပ်စက်​ရန် ဖမ်းဆီး​၍"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 2,
      "text": "ယောဟန်​၏​အစ်ကို​ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 3,
      "text": "ထို​အမှု​ကို ဂျူး​လူမျိုး​တို့ နှစ်သက်​ကြ​ကြောင်း​တွေ့မြင်​လျှင် တစ်ဖန် ထပ်၍ ပေတရု​ကို​လည်း​ဖမ်းဆီး​ရန် စီစဉ်​လေ​၏။ ထိုအချိန်​သည် တဆေးမဲ့​မုန့်​ပွဲတော်​အချိန်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 4,
      "text": "ဟေရုဒ်​မင်း​သည် ပေတရု​ကို​ဖမ်းဆီး​၍​ထောင်​ထဲ၌​ထည့်​ထား​ပြီးလျှင် သူ့​ကို​စောင့်ကြပ်​ရန် စစ်သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်ဖွဲ့​လေး​ဖွဲ့​ထံသို့ အပ်နှံ​ထား​၏။ သူ​သည် ပသခါ​ပွဲတော်​လွန်​လျှင် ပေတရု​ကို လူထု​ရှေ့တွင်​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 5,
      "text": "ဤသို့ဖြင့် ပေတရု​သည် ထောင်​ထဲ၌ ထိန်းသိမ်း​ထား​ခြင်း​ခံရ​၏။ သို့ရာတွင် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံသို့ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​လျက်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 6,
      "text": "ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 7,
      "text": "ထိုစဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ရုတ်တရက်​ပေါ်လာ​သဖြင့် ထောင်ခန်း​ထဲ၌ အလင်းရောင်​ထွန်းလင်း​လေ​၏။ ကောင်းကင်တမန်​သည် ပေတရု​၏​နံဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သံကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်ကျ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 8,
      "text": "ထို့နောက် ကောင်းကင်တမန်​က “ခါးပန်း​စည်း​၍ သင့်​ဖိနပ်​ကို​စီး​လော့”​ဟု ဆို​သဖြင့် သူ​သည် ထို​အတိုင်း​ပြု​လေ​၏။ တစ်ဖန် “သင်​၏​ဝတ်ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 9,
      "text": "ပေတရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့သော် ကောင်းကင်တမန်​အားဖြင့် ဖြစ်ပျက်​နေ​သော​အရာ​သည် အမှန်တကယ်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူပါရုံ​ကို​မြင်​နေ​ရ​သည်​ဟူ၍​သာ သူ​ထင်မှတ်​နေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 10,
      "text": "သူ​တို့​သည် အစောင့်​ချ​ရာ​ပထမ​နေရာ​နှင့်​ဒုတိယ​နေရာ​တို့​ကို ဖြတ်သွား​ပြီးလျှင် မြို့​သို့​သွား​သည့်​သံ​တံခါး​သို့ ရောက်လာ​ကြ​၏။ ထို​တံခါး​သည်​လည်း သူ​တို့​အတွက် အလိုအလျောက်​ပွင့်​သဖြင့် သူ​တို့​သည်​ထွက်​၍ လမ်းကြား​တစ်​ခု​အတိုင်း ဆက်သွား​ကြ​စဉ် ကောင်းကင်တမန်​သည် ပေတရု​ထံမှ ချက်ချင်း​ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 11,
      "text": "ထိုအခါ ပေတရု​သည် သတိ​ပြန်​ဝင်လာ​၍ “သခင်​ဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို​စေလွှတ်​ပြီး ဟေရုဒ်​မင်း​၏​လက်​မှ​လည်းကောင်း၊ ဂျူး​လူမျိုး​တို့​မျှော်မှန်း​ထား​သော​အရာ​အားလုံး​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​သည်​ကို ယခု ငါ​အမှန်​သိ​ပြီ”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 12,
      "text": "သူ​သည် ဤသို့​သိရှိ​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​၏​မိခင်​မာရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များစွာ​စုဝေး​လျက် ဆုတောင်း​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 13,
      "text": "ပေတရု​သည် အိမ်​အဝင်​တံခါး​ကို​ခေါက်​ရာ ရောဒေ​အမည်​ရှိ အစေခံ​မိန်းမ​သည် မေးမြန်း​ရန်​လာ​၍"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 14,
      "text": "ပေတရု​၏​အသံ​ကို​မှတ်မိ​သောအခါ ဝမ်းမြောက်​သောကြောင့် တံခါး​ကို​မ​ဖွင့်​ဘဲ အထဲသို့​ပြေး​ဝင်​ကာ တံခါးဝ​၌ ပေတရု​ရပ်​နေ​သည်​ဟု ပြောကြား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 15,
      "text": "လူ​တို့​က​လည်း “သင်​သည် ရူးသွပ်​နေ​ပြီ”​ဟု သူ့​အား ဆို​ကြ​၏။ သို့သော် သူ​သည် မိမိ​ပြော​သည့်​အတိုင်း အမှန်​ဖြစ်​ကြောင်း အခိုင်အမာ​ပြောဆို​သောအခါ သူ​တို့​က “ပေတရု​၏​ကောင်းကင်​တမန်​ဖြစ်​လိမ့်မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 16,
      "text": "သို့ရာတွင် ပေတရု​သည် တံခါး​ကို ဆက်၍​ခေါက်​နေ​သဖြင့် သူ​တို့​သည် တံခါး​ကို​ဖွင့်​လိုက်​သောအခါ ပေတရု​ကို​မြင်​၍ အံ့ဩ​ငေးမော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 17,
      "text": "ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 18,
      "text": "မိုးလင်း​သောအခါ ပေတရု​မည်သို့​ဖြစ်​သွား​သနည်း​ဟု စစ်သား​များ​အကြား​တွင် အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 19,
      "text": "ဟေရုဒ်​မင်း​သည် ပေတရု​ကို ကြိုးစား​ရှာဖွေ​သော်လည်း မ​တွေ့​သဖြင့် အစောင့်​တို့​ကို​စစ်ဆေး​၍ သေဒဏ်​ပေး​ရန် အမိန့်​ချ​လေ​၏။ ထို့နောက် ယုဒ​ပြည်​မှ ဆီဇာရီးယား​မြို့​သို့ ဆင်းသွား​၍ ထို​မြို့​၌​နေ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 20,
      "text": "ဟေရုဒ်​မင်း​သည် တိုင်ရာ​မြို့သား​နှင့်​ဆီဒုန်​မြို့သား​တို့​အပေါ် ပြင်းစွာ​ဒေါသ​ထွက်​သဖြင့် သူ​တို့​သည် မင်းကြီး​ထံသို့ တစ်စုတစ်ဝေးတည်း​လာ​ကြ​၍ မင်းကြီး​၏​အတွင်းဝန်​ဗလတ္တု​ကို​စည်းရုံး​ကာ ငြိမ်းချမ်း​မှု​ရရှိ​ရန်​အတွက် တောင်းပန်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ပြည်​သည် မင်းကြီး​၏​ပြည်​မှ အစားအစာ​ကို​ရရှိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 21,
      "text": "ဟေရုဒ်​မင်း​သည် ချိန်းဆို​ထား​သော​နေ့​၌ မင်း​ဝတ်တန်ဆာ​များ​ကို​ဝတ်ဆင်​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​ကာ ထို​သူ​တို့​အား မိန့်ခွန်း​မြွက်ကြား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 22,
      "text": "လူစုလူဝေး​က​လည်း “ဤ​အသံ​သည် လူ​၏​အသံ​မ​ဟုတ်။ ဘုရားသခင်​၏​အသံ​ဖြစ်​၏”​ဟု ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 23,
      "text": "မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 24,
      "text": "ထိုအခါ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​လျက် တိုးပွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 25,
      "text": "ဗာနဗ​နှင့်​ရှောလု​တို့​သည် ထောက်ပံ့​ခြင်း​အမှု​ကို ပြီးစီး​အောင်​ဆောင်ရွက်​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ ဂျေရုဆလင်​မြို့​မှ ပြန်လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 1,
      "text": "အန္တိအုတ်​မြို့​၌​ရှိ​သော​အသင်းတော်​တွင် ဗာနဗ၊ နိဂါ​ဟု​ခေါ်​သော​ရှိမောင်၊ ကုရေနေ​မြို့သား​လုကိ၊ နယ်စား​ဟေရုဒ်​နှင့်​နို့စို့ဖက်​ဖြစ်​သူ​မာနင်​နှင့် ရှောလု စသည့်​ပရောဖက်​များ​နှင့်​ဆရာ​များ​ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 2,
      "text": "သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 3,
      "text": "ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 4,
      "text": "ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 5,
      "text": "ရှာလမိ​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ဟောပြော​ကြ​၏။ သူ​တို့​သည်​ယောဟန်​ကို​လည်း အကူအညီ​ပေး​သူ​အဖြစ် ခေါ်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 6,
      "text": "တစ်​ကျွန်း​လုံး​ကို​လှည့်လည်​၍ ပါဖု​မြို့​အထိ​ရောက်​လျှင် ပရောဖက်​အတုအယောင်​ဖြစ်​သည့် ဗာယေရှု​အမည်​ရှိ​သော ဂျူး​လူမျိုး​မှော်ဆရာ​တစ်​ဦး​ကို တွေ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 7,
      "text": "ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 8,
      "text": "သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 9,
      "text": "ထိုအခါ ပေါလု​ဟု​လည်း​ခေါ်​သော​ရှောလု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် သူ့​ကို စေ့စေ့​ကြည့်​ကာ"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 10,
      "text": "“အို စဉ်းလဲ​ခြင်း​အပေါင်း​နှင့်​လှည့်စား​မှု​ရှိသမျှ​တို့​ဖြင့်​ပြည့်ဝ​သူ၊ မာရ်နတ်​၏​သား၊ ဖြောင့်မတ်​ခြင်း​အပေါင်း​တို့​၏​ရန်သူ၊ သင်​သည် ထာဝရ​ဘုရား​၏​ဖြောင့်မတ်​သော​လမ်း​တို့​ကို ကွေ့ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်တန့်​ဘဲ​နေ​မည်​လော။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 11,
      "text": "ကြည့်​လော့။ ထာဝရ​ဘုရား​၏​လက်​တော်​သည် ယခု​ပင် သင့်​အပေါ်သို့​ကျရောက်​သဖြင့် သင်​သည် မျက်စိကွယ်​လျက် ကာလ​အတန်ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်မည်”​ဟု ဆို​၏။ ထို​ခဏချင်း​တွင် မှုန်ဝါး​ခြင်း​နှင့်​မှောင်မိုက်​ခြင်း​တို့​သည် သူ့​အပေါ်​ကျရောက်​သဖြင့် သူ​သည် လက်ဆွဲ​၍​လမ်းပြ​မည့်​သူ​ကို စမ်းတဝါးဝါး​လိုက်ရှာ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 12,
      "text": "အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 13,
      "text": "ပေါလု​နှင့်​သူ​၏​အပေါင်းအပါ​တို့​သည် ပါဖု​မြို့​မှ​ရွက်လွှင့်​၍ ပံဖုလိ​ပြည်၊ ပေရဂေ​မြို့​သို့​ရောက်​ကြ​၏။ ထိုအခါ ယောဟန်​သည် သူ​တို့​ထံမှ ခွဲခွာ​၍ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 14,
      "text": "သူ​တို့​မူကား ပေရဂေ​မြို့​ကို​ဖြတ်သွား​၍ ပိသိဒိ​ပြည်၊ အန္တိအုတ်​မြို့​သို့​ရောက်​ကြ​ပြီးလျှင် ဥပုသ်​နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့​ဝင်​၍ ထိုင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 15,
      "text": "ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို ဖတ်ကြား​ပြီး​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီအစ်ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်တွန်း​အားပေး​စကား​တစ်စုံတစ်ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 16,
      "text": "ထိုအခါ ပေါလု​သည်​ထ​၍ လက်ရိပ်​ပြ​လျက် “အစ္စရေး​အမျိုးသား​တို့​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့၊ နားထောင်​ကြ​ပါ။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 17,
      "text": "အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် ငါ​တို့​ဘိုးဘေး​များ​ကို ရွေးကောက်​တော်မူ​၍ အီဂျစ်​ပြည်​၌ ဧည့်သည်​အဖြစ်​နေထိုင်​စဉ် ဤ​လူမျိုး​တော်​ကို ချီးမြှောက်​တော်မူ​၏။ ထို့နောက် အားကြီး​သော​လက်ရုံး​တော်​အားဖြင့် သူ​တို့​ကို ထို​တိုင်းပြည်​မှ ထုတ်ဆောင်​တော်မူ​ပြီး"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 18,
      "text": "အနှစ်​လေးဆယ်​ခန့်မျှ​သော​ကာလ​ပတ်လုံး တော​ကန္တာရ​တွင် သူ​တို့​ကို သည်းခံ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 19,
      "text": "ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 20,
      "text": "ဤ​အရာ​တို့​သည် နှစ်​ပေါင်း​လေးရာ​ငါးဆယ်​ခန့်​ကြာ​၏။ ထို့နောက် ပရောဖက်​ရှမွေလ​ခေတ်​တိုင်အောင် သူ​တို့​အား တရားသူကြီး​များ​ကို ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 21,
      "text": "ထို​မှ​တစ်ဖန် သူ​တို့​သည် ဘုရင်​ကို​တောင်း​ကြ​သဖြင့် ဘုရားသခင်​သည် ဗင်္ယာမိန်​အနွယ်​မှ ကိရှ​၏​သား​ရှောလု​ကို အနှစ်​လေးဆယ်​တိုင်တိုင် သူ​တို့​အား ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 22,
      "text": "ရှောလု​ကို​ဖယ်ရှား​ပြီးနောက် ဒါဝိဒ်​အား သူ​တို့​၏​ဘုရင်​အဖြစ် ချီးမြှောက်​တော်မူ​လျက် သူ​နှင့်ပတ်သက်၍ သက်သေခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေရှဲ​၏​သား​ဒါဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အလို​ရှိသမျှ​ကို ဆောင်ရွက်​လိမ့်မည်’ ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 23,
      "text": "ဘုရားသခင်​သည် ကတိ​တော်​အတိုင်း အစ္စရေး​လူမျိုး​အတွက် ကယ်တင်ရှင်​ယေရှု​ကို ဤ​ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 24,
      "text": "ထို​အရှင်​ကြွလာ​တော်​မ​မူ​မီ ယောဟန်​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ကြိုတင်​ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 25,
      "text": "ယောဟန်​သည် တစ်​ဘဝ​တာ တာဝန်​ပြီးစီး​တော့မည့်​အချိန်​၌ ‘သင်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု ထင်မှတ်​ကြ​သနည်း။ ငါ​သည် ထို​အရှင်​မ​ဟုတ်။ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​တော်မူ​၏။ ထို​အရှင်​၏​ခြေ​မှ ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်’​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 26,
      "text": "အာဗြဟံ​၏​အမျိုးအနွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲမှ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ညီအစ်ကို​တို့၊ ဤ​ကယ်တင်​ခြင်း​သတင်း​စကား​သည် ငါ​တို့​ထံသို့ ပေးပို့​ခြင်း​ခံရ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 27,
      "text": "ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​များ​နှင့် သူ​တို့​၏​အကြီးအကဲ​များ​သည် ထို​အရှင်​ကို​လည်းကောင်း၊ ဥပုသ်နေ့​တိုင်း​ဖတ်ကြား​သည့် ပရောဖက်​တို့​၏​စကား​ကို​လည်းကောင်း မ​သိ​နား​မ​လည်​ကြ​၍ ထို​အရှင်​ကို ပြစ်ဒဏ်​စီရင်​ခြင်း​အားဖြင့် ထို​စကား​တို့​ကို ပြည့်စုံ​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 28,
      "text": "သူ​တို့​သည် ကိုယ်တော်​၌ သေဒဏ်​ချမှတ်​နိုင်​သည့်​ပြစ်မှု​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့​သော်လည်း ကိုယ်တော်​ကို​ကွပ်မျက်​ရန် ပိလတ်​မင်း​အား တောင်းဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 29,
      "text": "ဤသို့ဖြင့် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​သော​အရာ​အားလုံး​တို့​ကို ပြု​ကြ​ပြီး​သောအခါ အလောင်း​တော်​ကို သစ်​တိုင်​မှ​ချ​၍ သင်္ချိုင်း​ဂူ​ထဲတွင် သွင်း​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 30,
      "text": "သို့သော် ဘုရားသခင်​သည် ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 31,
      "text": "ကိုယ်တော်​သည် ဂါလိလဲ​နယ်​မှ ဂျေရုဆလင်​မြို့​သို့ မိမိ​နှင့်အတူ​လိုက်ပါ​ခဲ့​ကြ​သော​သူ​တို့​အား ရက်​ပေါင်း​များစွာ​အတွင်း ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ယခု​အခါ ထို​သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 32,
      "text": "ငါ​တို့​သည်​လည်း ဘိုးဘေး​များ​အား​ပေး​တော်မူ​သော ကတိ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 33,
      "text": "ဘုရားသခင်​သည် ယေရှု​ကို​ထမြောက်​စေ​၍ ဘိုးဘေး​တို့​၏​သားသမီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အတွက် ထို​ကတိ​တော်​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပြီ။ ဤသည်ကား ဒုတိယ​မြောက်​သော​ဆာလံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ’ ​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 34,
      "text": "ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ပြီး နောက်တစ်ဖန် ပုပ်ပျက်​ခြင်း​သို့​မ​ရောက်​စေ​သည့်​အကြောင်း​နှင့်ပတ်သက်၍ ဘုရားသခင်​က ‘ငါ​သည် ဒါဝိဒ်​အား​ပေး​ထား​သည့် သန့်ရှင်း​၍​ယုံကြည်​ထိုက်​သော​ကောင်းချီး​ကို သင်​တို့​အား​ပေး​မည်’ ​ဟု မိန့်​တော်မူ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 35,
      "text": "ထို့ကြောင့် အခြား​သော​ဆာလံ​ကျမ်း​တွင်​လည်း ‘ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’ ​ဟု မိန့်ဆို​ထား​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 36,
      "text": "အကြောင်းမှာ ဒါဝိဒ်​သည် မိမိ​လက်ထက်​၌ ဘုရားသခင်​၏​အလို​တော်​ကို ဆောင်ရွက်​ပြီးလျှင် အိပ်ပျော်​၍ မိမိ​ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လျက် ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ရ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 37,
      "text": "သို့သော် ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော​အရှင်​မူကား ပုပ်ပျက်​ခြင်း​နှင့် မ​ကြုံတွေ့​ခဲ့​ပေ။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 38,
      "text": "ထို့ကြောင့် ညီအစ်ကို​တို့၊ ထို​အရှင်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​တရား​ကို သင်​တို့​အား ဟောပြော​သည်​ကို​လည်းကောင်း၊ ယုံကြည်​သူ​အပေါင်း​တို့​သည် မောရှေ​၏​ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​မ​ခံရ​နိုင်​သော​အရာ​အားလုံး​တို့​မှ​လွတ်​၍"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 39,
      "text": "ထို​အရှင်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​ကို​လည်းကောင်း သင်​တို့​သိမှတ်​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 40,
      "text": "သို့ဖြစ်၍ ‘မထီမဲ့မြင်​ပြု​တတ်​သော​သူ​တို့၊ ကြည့်ရှု​လျက်​အံ့ဩ​ကြ​ကာ ပျက်စီး​ခြင်း​သို့​ရောက်​ကြ​လော့။ အကြောင်းမူကား ငါ​သည် သင်​တို့​လက်ထက်​၌ အမှု​တစ်ခု​ကို ပြုလုပ်​မည်။ တစ်စုံတစ်ယောက်​က ထို​အမှု​ကို သင်​တို့​အား အကုန်အစင်​ပြောပြ​သော်လည်း သင်​တို့​သည် လုံးဝ​ယုံကြည်​ကြ​မည်​မ​ဟုတ်’ ​ဟု ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​ထား​သော​အရာ​သည် သင်​တို့​အပေါ် မ​သက်ရောက်​မည့်အကြောင်း သတိပြု​ကြ​လော့”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 42,
      "text": "ပေါလု​နှင့်​ဗာနဗ​တို့ ထွက်ခွာ​လာ​ကြ​စဉ် လူ​တို့​က လာမည့်​ဥပုသ်နေ့​၌​လည်း ဤ​အကြောင်းအရာ​များ​ကို မိမိ​တို့​အား ဟောပြော​ပါ​ရန်​တောင်းပန်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 43,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​ဆင်း​သောအခါ များစွာ​သော​ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သည့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​တို့​သည် ပေါလု​နှင့်​ဗာနဗ​တို့​နောက်​သို့ လိုက်​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​လည်း ထို​သူ​တို့​အား ဘုရားသခင်​၏​ကျေးဇူး​တော်​၌ ဆက်လက်​တည်နေ​ကြ​ရန် အားပေး​တိုက်တွန်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 44,
      "text": "နောက်​ဥပုသ်နေ့​တွင် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရန် တစ်​မြို့​လုံး​နီးပါး စုဝေး​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 45,
      "text": "သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 46,
      "text": "ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ရဲရင့်​စွာ​ဟောပြော​လျက် “ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​အား ဦးစွာ​ဟောပြော​ရန်​လိုအပ်​၏။ သို့သော် သင်​တို့​သည် ၎င်း​ကို​ငြင်းပယ်​၍ မိမိတို့ကိုယ်ကို ထာဝရ​အသက်​နှင့်​မ​ထိုက်တန်​ဟု စီရင်​ကြ​သောကြောင့် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့ လှည့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 47,
      "text": "အကြောင်းမူကား သခင်​ဘုရား​က ‘သင်​တို့​သည် ကယ်တင်​ခြင်း​ကျေးဇူး​ကို မြေကြီး​စွန်း​တိုင်အောင် ရောက်ရှိ​စေရန် ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​အတွက် အလင်း​အဖြစ် ခန့်ထား​ပြီ’ ​ဟူ၍ ငါ​တို့​အား မိန့်မှာ​တော်မူ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 48,
      "text": "လူမျိုးခြား​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဝမ်းမြောက်​လျက် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ချီးမွမ်း​ကြ​၏။ ထာဝရ​အသက်​ရရှိ​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ယုံကြည်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 49,
      "text": "ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် ထို​အရပ်​ဒေသ​တစ်လျှောက်လုံး​တွင် ပျံ့နှံ့​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 50,
      "text": "သို့သော် ဂျူး​လူမျိုး​တို့​သည် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​များ​နှင့် မြို့​၏​ခေါင်းဆောင်​များ​ကို တိုက်တွန်း​၍ ပေါလု​နှင့်​ဗာနဗ​တို့​ကို ညှဉ်းဆဲ​စေရန် သွေးထိုး​လှုံ့ဆော်​ကာ သူ​တို့​ကို မိမိ​တို့​၏​အရပ်​ဒေသ​မှ နှင်ထုတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 51,
      "text": "ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ထို​သူ​တို့​တစ်ဖက်​၌ ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ပြီးလျှင် ဣကောနိ​မြို့​သို့ သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 52,
      "text": "တပည့်​တော်​တို့​သည်​လည်း ဝမ်းမြောက်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 1,
      "text": "ပေါလု​နှင့်​ဗာနဗ​တို့​သည် ဣကောနိ​မြို့​၌​လည်း ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ထိုနည်းတူ ဟောပြော​ကြ​ရာ ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အမြောက်အမြား​တို့​သည် ယုံကြည်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 2,
      "text": "သို့သော် မ​ယုံကြည်​သော​ဂျူး​လူမျိုး​တို့​သည် လူမျိုးခြား​တို့​ကို သွေးထိုး​လှုံ့ဆော်​၍ ညီအစ်ကို​တို့​အပေါ် မလိုမုန်းထား​စိတ် ဖြစ်ပေါ်​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 3,
      "text": "ထို့ကြောင့် သူ​တို့​နှစ်ဦး​သည် အချိန်​အတန်ကြာ​နေ​လျက် သခင်​ဘုရား​အားဖြင့် ရဲရင့်​စွာ​ဟောပြော​ကြ​၏။ သခင်​ဘုရား​သည်​လည်း သူ​တို့​၏​လက်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို ပြု​ခွင့်​ပေး​တော်မူ​၍ မိမိ​ကျေးဇူး​တော်​နှင့်ဆိုင်သော​နှုတ်ကပတ်​တရား​ဘက်​၌ သက်သေခံ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 4,
      "text": "မြို့သူ​မြို့သား​တို့​သည် နှစ်စု​ကွဲ​၍ အချို့​တို့​သည် ဂျူး​လူမျိုး​တို့​ဘက်၌​ပါ​ကြ​ပြီး အချို့​တို့​သည် တမန်တော်​တို့​ဘက်၌​ပါ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 5,
      "text": "လူမျိုးခြား​များ​နှင့်​ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​အကြီးအကဲ​များ​နှင့်အတူ တမန်တော်​တို့​ကို နှိပ်စက်​၍ ခဲ​နှင့်​ပေါက်​သတ်​ရန် ကြံစည်​အားထုတ်​ကြ​သောအခါ"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 6,
      "text": "တမန်တော်​တို့​သည် ကြားသိ​၍ လုကောနိ​ပြည်​ရှိ​မြို့​များ​ဖြစ်​ကြ​သည့် လုတ္တရ​မြို့၊ ဒေရဗေ​မြို့​နှင့် ဝန်းကျင်​ရှိ​ဒေသ​များ​သို့ ထွက်ပြေး​ကာ"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 7,
      "text": "ထို​အရပ်​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 8,
      "text": "လုတ္တရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အမိ​ဝမ်းတွင်း​ကပင် ခြေ​မသန်စွမ်း​သူ​ဖြစ်​လျက် တစ်ခါမျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 9,
      "text": "ထို​သူ​သည် ပေါလု​ဟောပြော​သည်​ကို နားထောင်​နေ​၏။ ပေါလု​သည် ထို​သူ​ကို စေ့စေ့​ကြည့်​၍ အကောင်း​ပကတိ​ဖြစ်​ရန် သူ​၌ ယုံကြည်​ခြင်း​ရှိ​ကြောင်း မြင်​လျှင်"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 10,
      "text": "“ထ​၍ သင့်​ခြေထောက်​ဖြင့် မတ်မတ်​ရပ်​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 11,
      "text": "လူ​တို့​သည် ပေါလု​ပြု​သော​အရာ​ကို မြင်​လျှင် “ဘုရား​များ​သည် လူ့​အသွင်​ကို​ဆောင်​လျက် ငါ​တို့​ထံသို့ ဆင်းသက်​လာ​လေ​ပြီ”​ဟု မိမိ​တို့​အသံ​ကို​ကျယ်စွာပြု​၍ လုကောနိ​ဘာသာ​စကား​ဖြင့် ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 12,
      "text": "သူ​တို့​သည် ဗာနဗ​ကို ဇုသ​ဟု​ခေါ်​၍ ပေါလု​သည် ဦးဆောင်​ဟောပြော​သူ​ဖြစ်​သောကြောင့် သူ့​ကို ဟေရမေ​ဟု​ခေါ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 13,
      "text": "မြို့​အပြင်​၌​ရှိ​သော ဇုသ​၏​ယဇ်ပုရောဟိတ်​သည် လူထု​ပရိသတ်​နှင့်အတူ ယဇ်​ပူဇော်​လို​၍ နွားလား​နှင့်​ပန်းကုံး​များ​ကို မြို့​တံခါးဝ​သို့ ယူဆောင်​လာ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 14,
      "text": "တမန်တော်​ဗာနဗ​နှင့်​ပေါလု​တို့​သည် ထို​အကြောင်း​ကို​ကြား​လျှင် မိမိ​တို့​၏​အဝတ်​ကို​ဆုတ်ဖြဲ​၍ လူထု​ပရိသတ်​အလယ်​သို့​ပြေးသွား​ကာ"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 15,
      "text": "“မိတ်ဆွေ​တို့၊ အဘယ်ကြောင့် ဤ​အရာ​တို့​ကို ပြု​ကြ​သနည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်းတူ သာမန်​လူသား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အချည်းနှီး​သော​အရာ​များ​ကို​စွန့်ခွာ​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 16,
      "text": "လွန်လေပြီး​သော​ခေတ်​ကာလ​များ​တွင် ဘုရားသခင်​သည် လူမျိုး​တကာ​တို့​ကို မိမိ​တို့​လမ်းစဉ်​အတိုင်း​လျှောက်လှမ်း​ကြ​ရန် အခွင့်​ပေး​ထား​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 17,
      "text": "သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 18,
      "text": "သူ​တို့​သည် ထိုသို့​ပြောဆို​လျက် မိမိ​တို့​အား ယဇ်​ပူဇော်​ခြင်း​မ​ပြု​ကြ​ရန် လူထု​ပရိသတ်​များ​ကို ခဲယဉ်း​စွာ​တားမြစ်​ရ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 19,
      "text": "ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 20,
      "text": "သို့သော် တပည့်​တော်​တို့​သည် သူ့​ကို​ဝိုင်းရံ​လျက်​နေ​ကြ​စဉ် သူ​သည် ထ​၍ မြို့​ထဲသို့​ဝင်​လေ​၏။ နောက်တစ်နေ့​တွင် ပေါလု​သည် ဗာနဗ​နှင့်အတူ ဒေရဗေ​မြို့​သို့ ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 21,
      "text": "သူ​တို့​သည် ထို​မြို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​များစွာ​တို့​ကို တပည့်​တော်​ဖြစ်​စေ​ကြ​၏။ ထို့နောက် လုတ္တရ​မြို့၊ ဣကောနိ​မြို့​နှင့် အန္တိအုတ်​မြို့​များ​သို့ ပြန်သွား​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 22,
      "text": "တပည့်​တော်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​လျက် ယုံကြည်​ခြင်း​၌ ဆက်၍​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ကာ “ငါ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန် များစွာ​သော​ဆင်းရဲ​ဒုက္ခ​ကို ဖြတ်သန်း​ရ​မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 23,
      "text": "အသင်းတော်​တိုင်း​တွင်​လည်း သူ​တို့​အတွက် အသင်းတော်​အကြီးအကဲ​များ​ကို​ခန့်ထား​၍ အစာရှောင်​လျက် ဆုတောင်း​ကြ​ကာ သူ​တို့​ယုံကြည်​သော​သခင်​ဘုရား​ထံသို့ သူ​တို့​ကို​အပ်နှံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 24,
      "text": "ထို့နောက် ပေါလု​နှင့်​ဗာနဗ​တို့​သည် ပိသိဒိ​ပြည်​ကို​ဖြတ်​၍ ပံဖုလိ​ပြည်​သို့​ရောက်​ကာ"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 25,
      "text": "ပေရဂေ​မြို့​၌ နှုတ်ကပတ်​တရား​ကို​ဟောပြော​ပြီးလျှင် အတ္တလိ​မြို့​သို့ ဆင်း​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 26,
      "text": "ထို​မြို့​မှ​တစ်ဆင့် ရွက်လွှင့်​ကာ ယခု သူ​တို့​ဆောင်ရွက်​ပြီးစီး​သွား​သော​အမှု​တော်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​၌​အပ်နှံ​ခြင်း​ခံ​ခဲ့​ရာ​အန္တိအုတ်​မြို့​သို့ ပြန်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 27,
      "text": "သူ​တို့​ရောက်​ကြ​သောအခါ အသင်းတော်​ကို​စုဝေး​စေ​လျက် မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို​လည်းကောင်း၊ ယုံကြည်​ခြင်း​တံခါး​ကို လူမျိုးခြား​တို့​အတွက် ဖွင့်​ပေး​တော်မူ​ကြောင်း​ကို​လည်းကောင်း ပြောကြား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 28,
      "text": "ထို့နောက် သူ​တို့​သည် တပည့်​တော်​တို့​နှင့်အတူ အချိန်​ကြာမြင့်​စွာ​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 1,
      "text": "လူ​အချို့​တို့​သည် ယုဒ​ပြည်​မှ ဆင်းလာ​၍ “သင်​တို့​သည် မောရှေ​၏​ဓလေ့​ထုံးစံ​အတိုင်း အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​လျှင် ကယ်တင်​ခြင်း​မ​ခံရ​နိုင်”​ဟု ညီအစ်ကို​တို့​အား သွန်သင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 2,
      "text": "ထိုအခါ ပေါလု၊ ဗာနဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်းထန်​သော​သဘောထား​ကွဲလွဲမှု​နှင့် အငြင်းပွား​မှု​များ ဖြစ်ပေါ်​ခဲ့​သဖြင့် ညီအစ်ကို​တို့​သည် ပေါလု၊ ဗာနဗ​နှင့် မိမိ​တို့​ထဲမှ လူ​အချို့​တို့​ကို ဤ​ပြဿနာ​အတွက် ဂျေရုဆလင်​မြို့​ရှိ တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ထံသို့​သွား​ကြ​ရန် ခန့်အပ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 3,
      "text": "ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 4,
      "text": "ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ အသင်းတော်​မှစ၍ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် သူ​တို့​ကို ကြိုဆို​လက်ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 5,
      "text": "သို့သော် ဖာရိရှဲ​ဂိုဏ်း​ထဲမှ ယုံကြည်​သူ​အချို့​တို့​သည်​ထ​၍ “လူမျိုးခြား​တို့​ကို အရေဖျား​လှီး​ခြင်း​ပေး​ကြ​ရန်​နှင့် မောရှေ​၏​ပညတ်​တရား​ကို စောင့်ထိန်း​ကြ​ရန် ညွှန်ကြား​ရ​မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 6,
      "text": "ထိုအခါ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် ဤ​အကြောင်းအရာ​ကို ကြည့်ရှု​သုံးသပ်​ရန် စုဝေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 7,
      "text": "များစွာ​ငြင်းခုံ​ဆွေးနွေး​ကြ​ပြီးနောက် ပေတရု​သည် ထ​၍ “ညီအစ်ကို​တို့၊ လူမျိုးခြား​တို့​သည် ငါ​၏​နှုတ်​အားဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့်​တရား​စကား​ကို​ကြားနာ​၍ ယုံကြည်​ကြ​စေရန် ဘုရားသခင်​သည် လွန်ခဲ့​သည့်​အချိန်​က သင်​တို့​အထဲမှ ငါ့​ကို ရွေးကောက်​တော်မူ​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 8,
      "text": "စိတ်နှလုံး​ကို​သိ​တော်မူ​သော​ဘုရားသခင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်မူ​သည့်​နည်းတူ ထို​သူ​တို့​အား​လည်း ပေး​၍ သူ​တို့​ကို အသိအမှတ်​ပြု​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 9,
      "text": "ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 10,
      "text": "သို့ဖြစ်လျှင် သင်​တို့​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ငါ​တို့​ကိုယ်တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်းပိုး​ကို ထို​တပည့်​တော်​တို့​၏​လည်ပင်း​ပေါ်၌ တင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့် စမ်းသပ်​ကြ​သနည်း။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 11,
      "text": "ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​သည်​ဟု ယုံကြည်​ကြ​၏”​ဟု ပြောဆို​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 12,
      "text": "ထိုအခါ စုဝေး​သော​သူ​အပေါင်း​တို့​သည် တိတ်ဆိတ်​သွား​၍ ဗာနဗ​နှင့်​ပေါလု​တို့​က မိမိ​တို့​အားဖြင့် လူမျိုးခြား​တို့​အလယ်​၌ ဘုရားသခင်​ပြု​တော်မူ​သမျှ​သော နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အကြောင်း ပြောပြ​ကြ​သည်​ကို နားထောင်​လျက်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 13,
      "text": "သူ​တို့​ပြောဆို​ပြီး​သောအခါ ယာကုပ်​က “ညီအစ်ကို​တို့၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 14,
      "text": "ဘုရားသခင်​သည် မိမိ​နာမ​တော်​အတွက် လူမျိုးခြား​တို့​ထဲမှ လူမျိုး​တော်​ကို​ရယူ​ရန် သူ​တို့​ထံ ဦးစွာ​အကြည့်အရှု​ကြွလာ​တော်မူ​ကြောင်း ရှိမုန်​က ပြောပြ​ခဲ့​ပြီ။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 15,
      "text": "ပရောဖက်​တို့​၏​စကား​သည်​လည်း ဤ​အကြောင်းအရာ​နှင့် ကိုက်ညီ​၏။ ကျမ်းစာ​၌"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 16,
      "text": "‘ဤ​အရာ​များ​နောက်တွင် ငါ​သည် ပြန်လာ​၍ ပြိုလဲ​သော​ဒါဝိဒ်​၏​တဲ​ကို ပြန်၍​တည်ဆောက်​မည်။ ငါ​သည် ဖြိုဖျက်​ခြင်း​ခံရ​သော ထို​တဲ​ကို ပြန်၍​တည်ဆောက်​ပြီး ၎င်း​ကို ပြန်လည်​ခိုင်ခံ့​စေ​မည်။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 17,
      "text": "ဤသည်ကား ကြွင်းကျန်​သော​လူ​တို့​နှင့် ငါ​၏​နာမ​ဖြင့် ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သော လူမျိုးခြား​အပေါင်း​တို့​သည် ထာဝရ​ဘုရား​ကို ရှာဖွေ​ကြ​မည့်​အကြောင်း​တည်း​ဟု"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 18,
      "text": "ရှေး​ကာလ​မှစ၍ ဤ​အမှုအရာ​များ​ကို သိ​စေ​တော်မူ​သော​ထာဝရ​ဘုရား မိန့်​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 19,
      "text": "ထို့ကြောင့် လူမျိုးခြား​တို့​ထဲမှ ဘုရားသခင်​ထံ​ပြောင်းလဲ​လာ​သော​သူ​တို့​ကို ဒုက္ခ​မ​ပေး​ဘဲ"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 20,
      "text": "ရုပ်တု​များ​ကြောင့်​ညစ်ညူး​သော​အရာ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ လည်​ညှစ်​သတ်​သော​တိရစ္ဆာန်​နှင့် သွေး​တို့​ကို​ရှောင်ကြဉ်​ကြ​ရန် သူ​တို့​ထံ စာ​ရေး​သင့်​သည်​ဟု ငါ​ယူဆ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 21,
      "text": "အကြောင်းမူကား ရှေး​အခါ​က​ပင် မြို့​တိုင်း​၌ မောရှေ​၏​ပညတ်​တရား​ကို ဟောပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥပုသ်နေ့​တိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 22,
      "text": "ထိုအခါ တမန်တော်​များ၊ အသင်းတော်​အကြီးအကဲ​များ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူ​တို့​အထဲမှ လူ​ကို​ရွေးကောက်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ အန္တိအုတ်​မြို့​သို့​စေလွှတ်​ရန် ဆုံးဖြတ်​ကြ​ကာ ညီအစ်ကို​တို့​တွင် ဦးဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာရှဗ​ခေါ်​ယုဒ​နှင့် သိလ​တို့​ကို ရွေးကောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 23,
      "text": "ထို​သူ​တို့​မှတစ်ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ဖြစ်​ကြ​သော ညီအစ်ကို​တို့​သည် အန္တိအုတ်​မြို့၊ ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​ရှိ လူမျိုးခြား​ထဲမှ ညီအစ်ကို​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 24,
      "text": "ငါ​တို့​ထံမှ လူ​အချို့​တို့​သည် ငါ​တို့​၏​ညွှန်ကြား​ချက်​မ​ရှိ​ဘဲ​ထွက်သွား​၍ အမျိုးမျိုး​သော​စကား​အားဖြင့် သင်​တို့​ကို​ပူပန်​စေ​ပြီး သင်​တို့​ကို စိတ်​အနှောင့်အယှက်​ဖြစ်​စေ​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 25,
      "text": "သို့ဖြစ်၍ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အတွက် မိမိ​တို့​အသက်​ကို​ဆက်ကပ်​ထား​သူ​များ​ဖြစ်​ကြ​သည့် ငါ​တို့​ချစ်​သော ဗာနဗ၊ ပေါလု​တို့​နှင့်အတူ လူ​တို့​ကို​ရွေးကောက်​ပြီး သင်​တို့​ထံသို့ စေလွှတ်​ရန် ငါ​တို့​အားလုံး သဘောတူ​ဆုံးဖြတ်​ကြ​သည်​နှင့်အညီ"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 27,
      "text": "ယုဒ​နှင့်​သိလ​တို့​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို နှုတ်​ဖြင့်​လည်း ပြောပြ​ကြ​ပါ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 28,
      "text": "အကြောင်းမူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ငါ​တို့​သည် လိုက်နာ​ရန်​လိုအပ်​သည့်​အောက်ပါ​အချက်​များ​မှတစ်ပါး အခြား​မည်သည့်​ဝန်ထုပ်ဝန်ပိုး​ကို​မျှ သင်​တို့​အပေါ်​မ​တင်​ရန် ဆုံးဖြတ်​ထား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 29,
      "text": "၎င်း​မှာ သင်​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ၊ သွေး၊ လည်​ညှစ်​သတ်​သော​တိရစ္ဆာန်​နှင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​တို့​ကို ရှောင်ကြဉ်​ကြ​ရန်​ဖြစ်​၏။ သင်​တို့​သည် ဤ​အရာ​တို့​နှင့်​ကင်းရှင်း​လျက်​နေ​လျှင် ကောင်း​ပေ​၏။ ကျန်းမာ​ရွှင်လန်း​ကြ​ပါစေ”​ဟူ၍ ရေး​ထား​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 30,
      "text": "ဤသို့ဖြင့် သူ​တို့​ကို လွှတ်​လိုက်​သောအခါ သူ​တို့​သည် အန္တိအုတ်​မြို့​သို့ ဆင်းသွား​ကြ​၍ တပည့်​တော်​အစုအဝေး​ကို စုဝေး​စေ​ပြီးလျှင် စာ​ကို ပေးအပ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 31,
      "text": "သူ​တို့​သည် ထို​စာ​ကို​ဖတ်​ကြ​သောအခါ ၎င်း​၌​ပါ​သော တိုက်တွန်း​အားပေး​မှု​ကြောင့် ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 32,
      "text": "ယုဒ​နှင့်​သိလ​တို့​ကိုယ်တိုင်​သည်​လည်း ပရောဖက်​များ​ဖြစ်​ကြ​သောကြောင့် များစွာ​သော​စကား​တို့​ဖြင့် ညီအစ်ကို​တို့​ကို တိုက်တွန်း​နှိုးဆော်​လျက် ခိုင်ခံ့​မြဲမြံ​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 33,
      "text": "ထို့နောက် အချိန်​အတန်ကြာ​နေ​ပြီးမှ ညီအစ်ကို​တို့​သည် သူ​တို့​ကို ငြိမ်းချမ်း​စွာ​ပြန်လွှတ်​သဖြင့် သူ​တို့​သည် မိမိ​တို့​ကို​စေလွှတ်​သော​သူ​တို့​ထံသို့ ပြန်သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 34,
      "text": "[သို့သော် သိလ​သည် ထို​နေရာ​၌​နေရစ်​ရန် ဆုံးဖြတ်​လေ​၏။]"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 35,
      "text": "ပေါလု​နှင့်​ဗာနဗ​တို့​သည်​လည်း အန္တိအုတ်​မြို့​၌​နေ​လျက် အခြား​သော​သူ​များစွာ​တို့​နှင့်အတူ သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​၍​သွန်သင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 36,
      "text": "ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 37,
      "text": "ဗာနဗ​သည် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို​လည်း မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လို​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 38,
      "text": "သို့သော် ပေါလု​က ပံဖုလိ​ပြည်​တွင် သူ​တို့​ထံမှ ထွက်ခွာ​သွား​ပြီး အမှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်အတူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်သွား​သင့်​ဟု မှတ်ယူ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 39,
      "text": "ထိုအခါ ပြင်းထန်​သော​ငြင်းခုံ​မှု​ဖြစ်​ပွား​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​လမ်းခွဲ​ကြ​၍ ဗာနဗ​သည် မာကု​ကို​ခေါ်​ပြီး ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 40,
      "text": "ပေါလု​မူကား သိလ​ကို​ရွေးချယ်​ပြီး ညီအစ်ကို​တို့​အားဖြင့် သခင်​ဘုရား​၏​ကျေးဇူး​တော်​သို့ အပ်နှံ​ခြင်း​ကို​ခံယူ​လျက် ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 41,
      "text": "သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 1,
      "text": "ထို့နောက် ပေါလု​သည် ဒေရဗေ​မြို့​မှတစ်ဆင့် လုတ္တရ​မြို့​သို့ ရောက်​လာ​၏။ ထို​အရပ်​၌ တိမောသေ​အမည်​ရှိ တပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံကြည်​သူ​ဂျူး​အမျိုးသမီး​၏​သား​ဖြစ်​သော်လည်း သူ​၏​ဖခင်​မှာ​မူ ဂရိ​အမျိုးသား​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 2,
      "text": "သူ​သည် လုတ္တရ​နှင့်​ဣကောနိ​မြို့​ရှိ ညီအစ်ကို​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 3,
      "text": "ပေါလု​သည် သူ့​ကို မိမိ​နှင့်အတူ​လိုက်​စေ​လို​၍ ထို​အရပ်​၌​ရှိ​သော ဂျူး​လူမျိုး​တို့​ကြောင့် သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​၏။ အကြောင်းမူကား သူ​၏​ဖခင်​သည် ဂရိ​အမျိုးသား​ဖြစ်​ကြောင်း သူတို့​အားလုံး​သိ​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 4,
      "text": "ထို့နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေရုဆလင်​မြို့​၌​ရှိ​သော​တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​ဆုံးဖြတ်​ထား​သော​စည်းမျဉ်း​တို့​ကို စောင့်ထိန်း​စေရန် လူ​တို့​အား​ပေးအပ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 5,
      "text": "ဤသို့ဖြင့် အသင်းတော်​များ​သည် ယုံကြည်​ခြင်း​ပိုမို​ခိုင်မာ​လာ​၍ တစ်နေ့တခြား လူ​ဦးရေ​တိုးပွား​လာ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 6,
      "text": "ထို့နောက် သူ​တို့​သည် ဖြူဂိ​ပြည်​နှင့်​ဂလာတိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သောအခါ အာရှ​ပြည်​တွင် နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ရန် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တားမြစ်​ခြင်း​ကို ခံရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 7,
      "text": "တစ်ဖန် မုသိ​ပြည်​နယ်စပ်​သို့​ရောက်​၍ ဗိသုနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​ရာ သခင်​ယေရှု​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 8,
      "text": "ထို့ကြောင့် သူ​တို့​သည် မုသိ​ပြည်​ကို​ဖြတ်​၍ တရော​မြို့​သို့ ဆင်းသွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 9,
      "text": "ည​အခါ ပေါလု​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူပါရုံ​၌ မာကေဒေါနိ​ပြည်သား​တစ်​ဦး​သည် ရပ်​လျက် “မာကေဒေါနိ​ပြည်​သို့ ကူး​လာ​၍ အကျွန်ုပ်​တို့​ကို ကူညီ​ပေး​ပါ”​ဟု သူ့​အား တောင်းပန်​ပြောဆို​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 10,
      "text": "ထို​ရူပါရုံ​ကို ပေါလု​မြင်​ရ​သောအခါ သူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ဘုရားသခင်​သည် ငါ​တို့​ကို ခေါ်​တော်မူ​ပြီ​ဟု ကောက်ချက်​ချ​၍ ချက်ချင်း​ပင် မာကေဒေါနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 11,
      "text": "ငါ​တို့​သည် တရော​မြို့​မှ​ရွက်လွှင့်​၍ သာမောသရက်​ကျွန်း​သို့ တိုက်ရိုက်​သွား​ပြီးလျှင် နောက်တစ်နေ့​၌ နေအာ​ပေါလိ​မြို့​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 12,
      "text": "ထို​မြို့​မှ​တစ်ဆင့် ဖိလိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိလိပ္ပိ​မြို့​သည် မာကေဒေါနိ​ပြည်​၏​ထို​အပိုင်း​တွင် အဓိက​မြို့​ဖြစ်​ပြီး ရောမ​လက်အောက်ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အတန်ကြာ​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 13,
      "text": "ဥပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံခါး​အပြင်​သို့​ထွက်​၍ ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်းနား​သို့​သွား​လျက် ထို​နေရာ​၌​ထိုင်​ပြီးလျှင် စုဝေး​လာ​ကြ​သော​အမျိုးသမီး​တို့​အား ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 14,
      "text": "သွာတိရ​မြို့​မှ ခရမ်းရောင်​အထည်​ကုန်သည်​ဖြစ်​ပြီး ဘုရားသခင်​ကို​ကိုးကွယ်​သော လုဒိ​အမည်​ရှိ အမျိုးသမီး​တစ်​ဦး​သည်​လည်း နားထောင်​နေ​၏။ ပေါလု​ဟောပြော​နေ​သော​အရာ​တို့​ကို အာရုံစိုက်​စေရန် သခင်​ဘုရား​သည် သူ​၏​စိတ်နှလုံး​ကို ဖွင့်​ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 15,
      "text": "သူ​သည် မိမိ​အိမ်သူအိမ်သား​များ​နှင့်အတူ ဗတ္တိဇံ​ခံ​ပြီး​သောအခါ “ကျွန်မ​သည် သခင်​ဘုရား​ကို​ယုံကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူဆ​လျှင် ကျွန်မ​အိမ်​သို့ လာရောက်​တည်းခို​ကြ​ပါ”​ဟု တောင်းပန်​လျက် ငါ​တို့​ကို​မရအရ​ဖိတ်ခေါ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 16,
      "text": "တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 17,
      "text": "ထို​မိန်းမ​သည် ပေါလု​နှင့်​ငါ​တို့​နောက်​သို့ လိုက်လာ​၍ “ဤ​သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​အစေအပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်တင်​ခြင်း​တရား​လမ်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်ဟစ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 18,
      "text": "သူ​သည် ရက်​ပေါင်း​များစွာ ထိုသို့​ပြု​နေ​၍ ပေါလု​သည် စိတ်အနှောင့်အယှက်​ဖြစ်​သဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အထဲမှ ထွက်သွား​ရန် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ သင့်​ကို ငါ​အမိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အချိန်​၌​ပင် ထွက်သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 19,
      "text": "သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 20,
      "text": "အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 21,
      "text": "ရောမ​နိုင်ငံသား​များ​ဖြစ်​ကြ​သော​အကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်သုံး​အပ်​သော ဓလေ့​ထုံးစံ​များ​ကို ဟောပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 22,
      "text": "လူထု​ပရိသတ်​က​လည်း သူ​တို့​နှင့်အတူ​ထ​လျက် ပေါလု​နှင့်​သိလ​တို့​ကို ဆန့်ကျင်​ကြ​၏။ ထိုအခါ အုပ်ချုပ်ရေး​အရာရှိ​တို့​သည် ပေါလု​နှင့်​သိလ​တို့​၏​အဝတ်​ကို​ဆွဲဖြဲ​၍ သူ​တို့​ကို​ရိုက်နှက်​ရန် အမိန့်​ပေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 23,
      "text": "သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 24,
      "text": "ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 25,
      "text": "သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 26,
      "text": "ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 27,
      "text": "ထောင်မှူး​သည် နိုး​လာ​၍ ထောင်​တံခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အကျဉ်းသား​များ​လွတ်​သွား​ပြီ​ဟု​ထင်မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိမိကိုယ်ကို​သတ်​မည်​ပြု​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 28,
      "text": "သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 29,
      "text": "ထိုအခါ ထောင်မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေးဝင်​လာ​ပြီးလျှင် တုန်လှုပ်​လျက် ပေါလု​နှင့်​သိလ​တို့​ရှေ့​တွင် ပျပ်ဝပ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 30,
      "text": "ထို့နောက် သူ​တို့​ကို အပြင်​သို့​ထုတ်ဆောင်​ကာ “အရှင်​တို့၊ ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 31,
      "text": "သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 32,
      "text": "ထို့နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အားလုံး​တို့​အား သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 33,
      "text": "ထောင်မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်ဆောင်​သွား​၍ ဒဏ်ရာ​များ​ကို ဆေးကြော​ပေး​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်သူအိမ်သား​အားလုံး​တို့​သည် ချက်ချင်း​ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 34,
      "text": "သူ​သည် ပေါလု​နှင့်​သိလ​တို့​ကို အိမ်​သို့​ခေါ်ဖိတ်​၍ စားဖွယ်​ရာ​များ​တည်ခင်း​ကျွေးမွေး​ကာ အိမ်သူအိမ်သား​အားလုံး​နှင့်အတူ ဘုရားသခင်​ကို​ယုံကြည်​ရ​သောကြောင့် အလွန်​ဝမ်းမြောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 35,
      "text": "မိုးလင်း​သောအခါ အုပ်ချုပ်ရေး​အရာရှိ​များ​သည် နယ်ထိန်း​တို့​ကို​စေလွှတ်​၍ “ထို​သူ​တို့​ကို​လွှတ်​ပေး​လိုက်​ပါ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 36,
      "text": "ထိုအခါ ထောင်မှူး​သည် ထို​သတင်း​ကို ပေါလု​အား ပြောကြား​လျက် “အုပ်ချုပ်ရေး​အရာရှိ​များ​က လူ​လွှတ်​၍ သင်​တို့​ကို​လွှတ်​ပေး​ရန် မှာ​လိုက်​ပါ​သည်။ ထို့ကြောင့် ယခု​ထွက်​လာ​၍ ငြိမ်းချမ်း​စွာ​သွား​ကြ​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 37,
      "text": "သို့သော် ပေါလု​သည် ထို​နယ်ထိန်း​တို့​အား “သူ​တို့​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြ​သော​ငါ​တို့​ကို မ​စစ်ဆေး​ဘဲ လူ​အများ​ရှေ့၌ ရိုက်နှက်​လျက် ထောင်​ထဲ၌​ထည့်​ထား​ကြ​ပြီးမှ ယခု ငါ​တို့​ကို တိတ်တဆိတ်​ပြန်လွှတ်​ကြ​မည်လော။ ထိုသို့​မ​ပြု​သင့်။ သူ​တို့​ကိုယ်တိုင်​လာ​၍ ငါ​တို့​ကို ခေါ်ထုတ်​ကြ​ပါစေ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 38,
      "text": "ထိုအခါ နယ်ထိန်း​တို့​သည် ထို​စကား​တို့​ကို အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ပြောကြား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း အုပ်ချုပ်ရေး​အရာရှိ​များ ကြားသိ​သောအခါ ကြောက်ရွံ့​ကြ​၍"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 39,
      "text": "ကိုယ်တိုင်​လာ​ပြီး​တောင်းပန်​ကြ​ကာ သူ​တို့​ကို​ခေါ်ထုတ်​လျက် ထို​မြို့​မှ​ထွက်ခွာ​ကြ​ရန် မေတ္တာရပ်ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 40,
      "text": "သူ​တို့​သည်​လည်း ထောင်​ထဲမှ ထွက်လာ​ကြ​သောအခါ လုဒိ​ထံသို့ သွား​၍ ညီအစ်ကို​များ​နှင့်​တွေ့ဆုံ​ကာ သူ​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးမှ ထွက်ခွာ​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 1,
      "text": "ထို့နောက် ပေါလု​နှင့်​သိလ​တို့​သည် အံဖိပေါလိ​မြို့​နှင့်​အာပေါလောနိ​မြို့​တို့​ကို ဖြတ်​၍ သက်သာလောနိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 2,
      "text": "ပေါလု​သည် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ထံသို့​ဝင်​၍ ဥပုသ်နေ့​သုံး​ကြိမ်​တိုင်တိုင် ကျမ်းစာ​ကို​အမှီပြု​လျက် သူ​တို့​နှင့်​ဆွေးနွေး​ပြောဆို​ကာ"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 3,
      "text": "ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်းလင်း​ဖော်ပြ​ပြီး သင်​တို့​အား ငါ​ဟောပြော​သော​ဤ​ယေရှု​ပင် ခရစ်တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 4,
      "text": "သူ​တို့​ထဲမှ အချို့​တို့​သည် ယုံကြည်​၍ ပေါလု​နှင့်​သိလ​တို့​နောက်သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂရိ​အမျိုးသား​အမြောက်အမြား​ပါ​၍ ထင်ပေါ်​ကျော်ကြား​သော အမျိုးသမီး​တို့​သည်​လည်း​မနည်း​လှ​ပေ။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 5,
      "text": "သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 6,
      "text": "သို့သော် သူ​တို့​ကို​မ​တွေ့​ကြ​သဖြင့် ယာသုန်​နှင့် ညီအစ်ကို​အချို့​တို့​ကို အာဏာပိုင်​များ​ထံသို့ ဆွဲခေါ်​သွား​ကာ “ကမ္ဘာ​လောက​ကို​မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် ဤ​အရပ်​သို့​လည်း ရောက်လာ​ကြ​၍"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 7,
      "text": "ယာသုန်​သည် သူ​တို့​ကို လက်ခံ​ထား​ပါ​သည်။ သူ​တို့​အားလုံး​သည် ယေရှု​ဟူသော​အခြား​ဘုရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီဇာ​ဧကရာဇ်​၏​အမိန့်​ကို ဆန့်ကျင်ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 8,
      "text": "ထို​အရာ​များ​ကို​ကြား​ရ​သော လူထု​ပရိသတ်​နှင့်​အာဏာပိုင်​တို့​သည် စိတ်​ပူပန်​လျက်"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 9,
      "text": "ယာသုန်​နှင့် အခြား​ညီအစ်ကို​တို့​ထံမှ အာမခံ​ငွေ​ကို​ယူ​ပြီးလျှင် သူ​တို့​ကို ပြန်လွှတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 10,
      "text": "ညီအစ်ကို​တို့​သည် ပေါလု​နှင့်​သိလ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေရိ​မြို့​သို့ စေလွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့ သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 11,
      "text": "ဗေရိ​မြို့သား​တို့​သည် သက်သာလောနိတ်​မြို့​၌​ရှိ​သော​သူ​တို့​ထက် စိတ်ထား​မြင့်မြတ်​ကြ​၏။ အကြောင်းမှာ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို စေတနာ​စိတ်​အပြည့်အဝ​ဖြင့် လက်ခံ​၍ ထို​အတိုင်း​ဟုတ်​၊ မ​ဟုတ် ကျမ်းစာ​ကို နေ့စဉ်​လေ့လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 12,
      "text": "ထို့ကြောင့် များစွာ​သော​သူ​တို့​သည် ယုံကြည်​ကြ​၏။ ထို​သူ​တို့​တွင် ဂုဏ်သရေ​ရှိ​သော​ဂရိ​အမျိုးသမီး​များ​နှင့်​အမျိုးသား​များ​လည်း မနည်း​လှ​ပေ။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 13,
      "text": "သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 14,
      "text": "ထိုအခါ ညီအစ်ကို​တို့​သည် ပေါလု​ကို ချက်ချင်း​ပို့ဆောင်​လျက် ပင်လယ်​ကမ်းခြေ​အထိ​သွား​စေ​ကြ​၏။ သိလ​နှင့်​တိမောသေ​တို့​မူကား ထို​မြို့​၌​နေရစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 15,
      "text": "ပေါလု​ကို​လိုက်ပို့​သော​သူ​တို့​သည် သူ့​ကို အေသင်​မြို့​တိုင်အောင် ပို့ဆောင်​ပြီးနောက် သိလ​နှင့်​တိမောသေ​တို့​အား မိမိ​ထံသို့ တတ်နိုင်​သမျှ အမြန်ဆုံး​လာ​ကြ​ပါ​ဟူသော ပေါလု​၏​ညွှန်ကြား​ချက်​ကို​ယူ​၍ ပြန်သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 16,
      "text": "ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 17,
      "text": "ထို့ကြောင့် သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက် ဈေး​အရပ်​တွင်​လည်း ထို​အရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 18,
      "text": "ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 19,
      "text": "ထိုအခါ သူ​တို့​သည် ပေါလု​ကို အာရေပါဂု​ရုံး​တော်​သို့ ခေါ်သွား​ပြီးလျှင် “သင်​ဟောပြော​နေ​သော ဤ​အယူဝါဒ​အသစ်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါရစေ။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 20,
      "text": "အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 21,
      "text": "အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 22,
      "text": "ထို့ကြောင့် ပေါလု​သည် အာရေပါဂု​ရုံး​တော်​အလယ်​၌​ရပ်​လျက် “အေသင်​မြို့သား​တို့၊ သင်​တို့​သည် အရာရာ​၌ ဘာသာ​တရား​အလွန်​ကိုင်းရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 23,
      "text": "သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 24,
      "text": "ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်မူ​သည်​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 25,
      "text": "ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 26,
      "text": "ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 27,
      "text": "ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 28,
      "text": "အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 29,
      "text": "ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​ကို လူ​၏​အတတ်ပညာ​နှင့်​စဉ်းစား​ဆင်ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်းထု​ပြုလုပ်​ထား​သည့် ရုပ်တု​နှင့်​တူ​သည်​ဟု​မ​ထင်မှတ်​သင့်​ပေ။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 30,
      "text": "ဘုရားသခင်​သည် လူ​တို့​မသိနားမလည်​သည့်​အချိန်​ကာလ​ကို အမှုမထား​ခဲ့​သော်လည်း ယခု​အခါ နေရာ​တိုင်း​ရှိ လူ​အပေါင်း​တို့​အား နောင်တရ​ကြ​ရန် အမိန့်​ပေး​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 31,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 32,
      "text": "သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 33,
      "text": "ထိုအခါ ပေါလု​သည် သူ​တို့​ထံမှ ထွက်သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 34,
      "text": "သို့သော် လူ​အချို့​တို့​သည် ပေါလု​နှင့်​ပေါင်းဖော်​၍ ယုံကြည်​ကြ​၏။ သူ​တို့​ထဲတွင် အာရေပါဂု​ရုံး​တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်​သော ဒယောနုသိ​နှင့် ဒမာရိ​အမည်​ရှိ​အမျိုးသမီး​တို့​အပြင် သူ​တို့​နှင့်အတူ​ရှိ​သော အခြား​သူ​များ​ပါ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 1,
      "text": "ထို့နောက် ပေါလု​သည် အေသင်​မြို့​မှ ထွက်ခွာ​၍ ကောရိန္သု​မြို့​သို့ ရောက်​လေ​ရာ"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 2,
      "text": "ပုန္တု​ပြည်သား အာကုလ​အမည်​ရှိ​ဂျူး​လူမျိုး​တစ်​ဦး​နှင့်​တွေ့​လေ​၏။ ကလောဒိ​မင်း​သည် ဂျူး​လူမျိုး​အားလုံး ရောမ​မြို့​မှ ထွက်သွား​ရ​မည့်​အကြောင်း အမိန့်​ထုတ်ပြန်​သောကြောင့် သူ​သည် မိမိ​ဇနီး​ပြစ်ကိလ​နှင့်အတူ မကြာမီ​က အီတလီ​ပြည်​မှ ရောက်လာ​ခြင်း​ဖြစ်​၏။ ပေါလု​သည် သူ​တို့​ထံသို့​သွား​၍"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 3,
      "text": "အလုပ်​ချင်း​တူ​သောကြောင့် သူ​တို့​နှင့်အတူ​နေ​လျက် အလုပ်​လုပ်​လေ​၏။ အကြောင်းမူကား အလုပ်အကိုင်​အရ သူ​တို့​သည် ရွက်ထည်တဲ​ချုပ်​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 4,
      "text": "ပေါလု​သည် ဥပုသ်နေ့​တိုင်း​တွင် ဝတ်ပြု​စည်းဝေး​ကျောင်း​၌ ဆွေးနွေး​ပြောဆို​လျက် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကို စည်းရုံး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 5,
      "text": "သိလ​နှင့်​တိမောသေ​တို့​သည် မာကေဒေါနိ​ပြည်​မှ ဆင်း​လာ​ကြ​သောအခါ ပေါလု​သည် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို​သာ ဆောင်ရွက်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ဂျူး​လူမျိုး​တို့​အား သက်သေခံ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 6,
      "text": "သို့သော် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဆန့်ကျင်​၍ စော်ကား​ပြောဆို​ကြ​သောအခါ သူ​သည် အဝတ်​ကို​ခါချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူကား ၎င်း​နှင့်​ကင်းရှင်း​၏။ ယခု​မှစ၍ ငါ​သည် လူမျိုးခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 7,
      "text": "ထို​နေရာ​မှ ထွက်ခွာ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော တိတု​ယုစတု​အမည်​ရှိ​သော​သူ​၏​အိမ်​သို့ သွား​လေ​၏။ သူ​၏​အိမ်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့်​ကပ်​လျက်​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 8,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ကရိပ္ပု​သည် မိမိ​အိမ်သူအိမ်သား​အားလုံး​တို့​နှင့်အတူ သခင်​ဘုရား​ကို​ယုံကြည်​လေ​၏။ အခြား​ကောရိန္သု​မြို့သား​အမြောက်အမြား​တို့​သည်​လည်း ကြားနာ​၍ ယုံကြည်​ကာ ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 9,
      "text": "တစ်​ည​တွင် သခင်​ဘုရား​သည် ရူပါရုံ​အားဖြင့် ပေါလု​အား “မ​ကြောက်​နှင့်။ တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ဟောပြော​လော့။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 10,
      "text": "အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၏။ မည်သူမျှ သင့်​ကို မတရား​နှိပ်စက်​၍ ထိခိုက်​စေ​မည်​မ​ဟုတ်။ ဤ​မြို့​တွင် ငါ​နှင့်ဆိုင်သော​လူ များစွာ​ရှိ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 11,
      "text": "သို့ဖြစ်၍ ပေါလု​သည် ထို​မြို့​၌ တစ်​နှစ်​နှင့်​ခြောက်​လ​နေထိုင်​လျက် သူ​တို့​အလယ်​တွင် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သွန်သင်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 12,
      "text": "သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 13,
      "text": "“ဤ​သူ​သည် ပညတ်​တရား​နှင့်​ဆန့်ကျင်​လျက် ဘုရားသခင်​ကို ကိုးကွယ်​ကြ​ရန် လူ​တို့​ကို​စည်းရုံး​နေ​ပါ​သည်”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 14,
      "text": "ပေါလု​သည်​လည်း နှုတ်​ကို​ဖွင့်​၍​ပြောဆို​မည်​ပြု​စဉ် ဂါလျုန်​က ဂျူး​လူမျိုး​တို့​အား “အို ဂျူး​အမျိုးသား​တို့၊ ဤ​အမှု​သည် မတရားမှု​၊ သို့မဟုတ် ဆိုးညစ်​သော​ပြစ်မှု တစ်စုံတစ်ရာ​ဖြစ်​လျှင် ငါ​သည် သင်​တို့​အတွက် သည်းခံ​သင့်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 15,
      "text": "သို့သော် ၎င်း​သည် သင်​တို့​၏​ပညတ်​တရား၊ စကား၊ အမည်​နာမ​များ​နှင့်​ပတ်သက်​သည့် ပြဿနာ​များ​ဖြစ်​သည်​ဆိုလျှင် သင်​တို့​ကိုယ်တိုင် ကြည့်ရှု​ဖြေရှင်း​ရ​မည်။ ငါ​သည် ထို​အမှု​မျိုး​ကို​တရား​စီရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက်"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 16,
      "text": "သူ​တို့​ကို တရားခွင်​မှ နှင်ထုတ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 17,
      "text": "ထိုအခါ လူ​အပေါင်း​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သုဿင်​ကို ဖမ်းဆီး​၍ တရားခွင်​ရှေ့၌ ရိုက်နှက်​ကြ​၏။ သို့ရာတွင် ဂါလျုန်​သည် ထို​အမှု​များ​ကို ဂရု​မ​စိုက်​ဘဲ​နေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 18,
      "text": "ထို့နောက် ပေါလု​သည် ရက်​ပေါင်း​များစွာ​ဆက်​၍​နေ​ပြီးမှ ညီအစ်ကို​များ​ကို​နှုတ်ဆက်​ကာ ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​သွား​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်​ပါ​ကြ​၏။ ပေါလု​သည် အဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်၍ ရွက်​မ​လွှင့်​မီ ကင်ခြေ​မြို့​တွင် မိမိ​ဦးခေါင်း​ကို​ရိတ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 19,
      "text": "သူ​တို့​သည် ဧဖက်​မြို့​သို့​ရောက်​ကြ​သောအခါ ပေါလု​သည် အခြား​သော​သူ​တို့​ကို ထို​နေရာ​၌​ထား​ခဲ့​ပြီး ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 20,
      "text": "လူ​တို့​သည် သူ့​အား​ပို၍​ကြာမြင့်​စွာ​နေထိုင်​ရန် တောင်းပန်​ကြ​သော်လည်း သူ​သည် မ​လိုက်လျော​ဘဲ"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 21,
      "text": "“ဘုရားသခင်​အလို​တော်​ရှိ​လျှင် သင်​တို့​ထံသို့ နောက်တစ်ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် ဧဖက်​မြို့​မှ ရွက်လွှင့်​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 22,
      "text": "ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် ဂျေရုဆလင်​မြို့​သို့ တက်​သွား​၍ အသင်းတော်​ကို​နှုတ်ဆက်​ပြီးမှ အန္တိအုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 23,
      "text": "သူ​သည် ထို​နေရာ​၌ အချိန်​အတန်ကြာ​နေ​ပြီးနောက် ပြန်လည်​ထွက်ခွာ​၍ ဂလာတိ​ပြည်​နှင့်​ဖြူဂိ​ပြည်​တို့​ကို အစဉ်လိုက်​လှည့်လည်​ကာ တပည့်​တော်​အားလုံး​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 24,
      "text": "ထိုစဉ် အာပေါလု​အမည်​ရှိ​သော အလက်ဇန္ဒြိယ​မြို့သား ဂျူး​လူမျိုး​တစ်​ဦး​သည် ဧဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်ရေး​ကောင်း​၍ ကျမ်းစာ​ကို​လည်း တတ်ကျွမ်း​သူ​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 25,
      "text": "သူ​သည် သခင်​ဘုရား​၏​တရား​လမ်း​ကို သင်ယူ​ထား​ပြီး ဝိညာဉ်ရေး​၌​ထက်သန်​လျက် ယေရှု​အကြောင်း​ကို တိကျ​သေချာ​စွာ​ဟောပြော​သွန်သင်​လေ​၏။ သို့သော် ယောဟန်​၏​ဗတ္တိဇံ​ကို​သာ သိ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 26,
      "text": "သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည် သူ​ဟောပြော​သည်​ကို​ကြား​ကြ​သောအခါ သူ့​ကို​ဖိတ်ခေါ်​၍ ဘုရားသခင်​၏​တရား​လမ်း​ကို ပို၍​သေချာ​စွာ​ရှင်းပြ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 27,
      "text": "အာပေါလု​သည် အခါယ​ပြည်​သို့​သွား​လို​သောအခါ ညီအစ်ကို​များ​သည် သူ့​ကို​အားပေး​၍ ထို​ပြည်​ရှိ​တပည့်​တော်​များ​အား သူ့​ကို ကြိုဆို​လက်ခံ​ရန် စာ​ရေး​ပေး​ကြ​၏။ သူ​သည် ရောက်​သောအခါ ကျေးဇူး​တော်​အားဖြင့်​ယုံကြည်​လာ​သူ​များ​ကို များစွာ​ကူညီ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 28,
      "text": "အကြောင်းမူကား သူ​သည် ကျမ်းစာ​အားဖြင့် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ထောက်ပြ​လျက် လူ​အများ​ရှေ့တွင် ဂျူး​လူမျိုး​တို့​ကို ပိုင်နိုင်​စွာ​ချေပ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 1,
      "text": "အာပေါလု​သည် ကောရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့်"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 2,
      "text": "“သင်​တို့​ယုံကြည်​ကြ​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သလော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေကြား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 3,
      "text": "ပေါလု​က​လည်း “သို့ဖြစ်လျှင် မည်သည့်​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​သနည်း”​ဟု မေး​လျှင် သူ​တို့​က “ယောဟန်​၏​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေကြား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 4,
      "text": "ထိုအခါ ပေါလု​က “ယောဟန်​သည် ‘မိမိ​နောက်​တွင်​ကြွလာ​မည့်​အရှင်​ကို​ယုံကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​ကို​ပေး​၏။ ထိုသို့​ဆိုရာ​၌​ယေရှု​ကို​ဆိုလို​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 5,
      "text": "သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 6,
      "text": "ပေါလု​သည် သူ​တို့​အပေါ်​လက်​တင်​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ​တို့​အပေါ်သို့ သက်ရောက်​သဖြင့် သူ​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ကို​ပြောဆို​လျက် ပရောဖက်ပြု​ဟောပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 7,
      "text": "ထို​သူ​တို့​သည် အားလုံး​ပေါင်း​တစ်ဆယ့်နှစ်​ယောက်​ခန့်မျှ​ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 8,
      "text": "ထို့နောက် ပေါလု​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သုံး​လ​ပတ်လုံး ရဲရင့်​စွာ​ဟောပြော​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဆွေးနွေး​ပြောဆို​ကာ လူ​တို့​ကို​စည်းရုံး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 9,
      "text": "သို့သော် လူ​အချို့​တို့​သည် ခေါင်းမာ​လျက် မ​ယုံကြည်​ဘဲ လူထု​ပရိသတ်​ရှေ့​တွင် တရား​လမ်း​ကို ပုတ်ခတ်​ပြောဆို​ကြ​သောအခါ ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံမှ ထွက်ခွာ​ပြီး တုရန္နု​၏​စာသင်ခန်းမ​၌ နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 10,
      "text": "နှစ်​နှစ်​ပတ်လုံး ထိုသို့​ပြု​သောကြောင့် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ အာရှ​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 11,
      "text": "ဘုရားသခင်​သည် ပေါလု​၏​လက်​ဖြင့် အလွန်​ထူးခြား​သော​တန်ခိုး​လက္ခဏာ​များ​ကို ပြု​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 12,
      "text": "သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 13,
      "text": "ထိုအခါ လှည့်လည်​နေ​ကြ​သော ဂျူး​လူမျိုး​ပယောဂ​ဆရာ​အချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အပေါ်​၌ သခင်​ယေရှု​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​ရန် ကြံစည်​အားထုတ်​လျက် “ပေါလု​ဟောပြော​သော​ယေရှု​အားဖြင့် သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 14,
      "text": "ထိုသို့​ပြု​သော​သူ​များ​မှာ ဂျူး​လူမျိုး​ယဇ်ပုရောဟိတ်​မင်း သကေဝ​၏​သား​ခုနစ်​ယောက်​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 15,
      "text": "သို့ရာတွင် နတ်​ဆိုး​က “ယေရှု​ကို ငါ​သိ​၏။ ပေါလု​ကို​လည်း ငါ​သိ​၏။ သင်​တို့​မူကား မည်သူ​ဖြစ်​ကြ​သနည်း”​ဟု သူ​တို့​အား ဆို​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 16,
      "text": "ထို​နတ်​ဆိုး​ပူး​သူ​သည် သူ​တို့​အပေါ်သို့​ခုန်​တက်​ကာ သူ​တို့​အားလုံး​ကို​နှိမ်နင်း​၍ အနိုင်ယူ​သောကြောင့် သူ​တို့​သည် ထို​အိမ်​မှ အဝတ်မပါ​ဘဲ ဒဏ်ရာ​များ​နှင့်​ထွက်ပြေး​ကြ​ရ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 17,
      "text": "ဧဖက်​မြို့​၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အပေါင်း​တို့​သည် ထို​အကြောင်း​ကို ကြားသိ​သောအခါ သူ​တို့​အားလုံး​ကြောက်ရွံ့​လျက် သခင်​ယေရှု​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 18,
      "text": "ယုံကြည်​သူ များစွာ​တို့​သည်​လည်း လာ​၍ မိမိ​တို့​ပြု​မိ​သော​အရာ​များ​ကို ထုတ်ဖော်​ဝန်ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 19,
      "text": "မှော်အတတ်​ကို​သုံး​ခဲ့​သူ​များစွာ​တို့​သည်​လည်း ၎င်း​နှင့်ပတ်သက်​သော​စာအုပ်​များ​ကို စုစည်း​ယူဆောင်​လာ​၍ အားလုံး​တို့​ရှေ့​၌ မီးရှို့​ကြ​၏။ ထို​စာအုပ်​များ​၏​တန်ဖိုး​ကို တွက်ချက်​ကြ​ရာ ငွေဒင်္ဂါး​ငါး​သောင်း​ဖိုး​ရှိ​ကြောင်း တွေ့ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 20,
      "text": "ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 21,
      "text": "ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 22,
      "text": "ထို့ကြောင့် သူ​သည် မိမိ​ကို​ကူညီ​ဆောင်ရွက်​ပေး​သူ​များ​ထဲမှ တိမောသေ​နှင့်​ဧရတ္တု​တို့​နှစ်​ဦး​ကို မာကေဒေါနိ​ပြည်​သို့​စေလွှတ်​၍ သူ​ကိုယ်တိုင်​သည် အာရှ​ပြည်​တွင် ခေတ္တ​နေ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 23,
      "text": "ထို​အချိန်​အတွင်း တရား​လမ်း​နှင့်​ပတ်သက်၍ အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 24,
      "text": "ဖြစ်​ရ​သည့်​အကြောင်း​ကား ဒေမေတရိ​အမည်​ရှိ​သော ငွေ​ပန်းထိမ်​ဆရာ​တစ်​ဦး​သည် အာတေမိ​နတ်ဘုရားမ​၏​ငွေ​ဗိမာန်​ငယ်​ကို ပြုလုပ်​ခြင်း​အားဖြင့် ပန်းထိမ်သမား​တို့​အား အကျိုးစီးပွား​များစွာ ဖြစ်ထွန်း​စေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 25,
      "text": "သူ​သည် ထို​သူ​တို့​အပါအဝင် အလားတူ​လုပ်ငန်း​မျိုး​လုပ်ကိုင်​နေ​သော​သူ​များ​ကို စုဝေး​စေ​လျက် “မိတ်ဆွေ​တို့၊ ဤ​လုပ်ငန်း​အားဖြင့် ငါ​တို့​အကျိုးစီးပွား​ဖြစ်ထွန်း​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 26,
      "text": "သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 27,
      "text": "ဤ​အမှုအရာ​သည် ငါ​တို့​၏​လုပ်ငန်း​ကို နာမည်​ပျက်​စေ​မည်​ဟု စိုးရိမ်​ရ​သည်​သာမက ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​သည် ပမာဏပြု​စရာ​မ​ရှိ​တော့​ဘဲ အာရှ​ပြည်​နှင့် ကမ္ဘာ​တစ်ဝန်းလုံး​ကိုးကွယ်​သည့် နတ်ဘုရားမ​၏​ခန့်ညား​ထည်ဝါ​မှု​သည်​လည်း ကွယ်ပျောက်​သွား​တော့မည်​ဟု စိုးရိမ်​ရ​၏”​ဟု ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 28,
      "text": "သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​ဒေါသ​ထွက်​၍ “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု အော်ဟစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 29,
      "text": "ထိုအခါ တစ်​မြို့​လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါလု​နှင့်အတူ​လိုက်ပါ​သည့် မာကေဒေါနိ​ပြည်သား ဂါယု​နှင့်​အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေး​ဝင်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 30,
      "text": "ပေါလု​သည် လူစုလူဝေး​ထဲသို့​ဝင်​လို​သော်လည်း တပည့်​တော်​တို့​သည် သူ့​ကို​တားမြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 31,
      "text": "ပေါလု​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော အာရှ​ပြည်​အကြီးအကဲ​အချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်ရုံ​ထဲသို့ အရဲစွန့်​လျက်​မ​ဝင်​သွား​ရန် တောင်းပန်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 32,
      "text": "လူ​အစုအဝေး​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​၍ တစ်ယောက်တစ်မျိုးစီ​အော်ဟစ်​နေ​ကြ​၏။ လူ​အများစု​သည် မိမိ​တို့​အဘယ်ကြောင့်​စုဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 33,
      "text": "ဂျူး​လူမျိုး​တို့​သည် အလက်ဇန္ဒြား​ဆို​သူ​တစ်​ဦး​ကို ရှေ့သို့​ထွက်​စေ​၍ လူ​အစုအဝေး​ထဲမှ​အချို့​တို့​က​လည်း သူ့​ကို​ထောက်ခံ​သဖြင့် အလက်ဇန္ဒြား​သည် လက်ရိပ်​ပြ​ကာ လူစုလူဝေး​အား ချေပ​ပြောဆို​ရန် ကြိုးစား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 34,
      "text": "သို့သော် သူ​သည် ဂျူး​လူမျိုး​ဖြစ်​ကြောင်း လူ​တို့​သိ​ကြ​သောအခါ အားလုံး​သည် တစ်သံတည်း​ဖြင့် “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု နှစ်​နာရီ​ခန့်မျှ ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 35,
      "text": "ထို့နောက် မြို့​စာရေး​သည် လူ​အစုအဝေး​ကို တိတ်ဆိတ်​စေ​ပြီးလျှင် “ဧဖက်​မြို့သား​တို့၊ ဧဖက်​မြို့​သည် ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​နှင့် ကောင်းကင်​မှ​ကျ​လာ​သော​ရုပ်ပွား​တော်​တို့​ကို ထိန်းသိမ်း​စောင့်ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်စုံတစ်ဦး​ရှိ​သလော။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 36,
      "text": "ဤ​အချက်​သည် ငြင်းဆို​၍​မ​ရ​နိုင်​သည့်​အချက်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သည့်​အမှု​ကို​မျှ မဆင်မခြင်​မ​ပြု​ဘဲ တိတ်ဆိတ်​စွာ​နေ​သင့်​၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 37,
      "text": "အကြောင်းမူကား သင်​တို့​ခေါ်ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိမာန်​တော်​ကို လုယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘုရား​မ​ကို စော်ကား​ပြောဆို​သော​သူ​လည်း​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 38,
      "text": "ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 39,
      "text": "သို့သော် သင်​တို့​သည် အခြား​ကိစ္စ​တစ်စုံတစ်ခု​အလိုရှိ​လျှင် တရားဝင်​အစည်းအဝေး​၌ ဆုံးဖြတ်​ရ​မည်။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 40,
      "text": "ယနေ့​ဖြစ်​ခဲ့​သော​အမှု​နှင့်​ပတ်သက်၍ ခိုင်လုံ​သော​အကြောင်းပြ​ချက် တစ်စုံတစ်ခု​မျှ​မ​ရှိ​သောကြောင့် ငါ​တို့​သည် ဆူပူ​အုံကြွ​မှု​အတွက် စွဲဆို​ခံရ​မည်​ဟု​စိုးရိမ်​ရ​၏။ ငါ​တို့​သည် ဤ​ပူးပေါင်း​ကြံစည်​မှု​အတွက် ဖြေရှင်း​ချက်​ပေး​နိုင်​မည်​မ​ဟုတ်”​ဟု ဆို​လျက်"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 41,
      "text": "လူ​အစုအဝေး​ကို ပြန်လွှတ်​လိုက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 1,
      "text": "ထို​ရုန်းရင်းဆန်ခတ်​မှု ရပ်တန့်​သွား​ပြီးနောက် ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ တိုက်တွန်း​နှိုးဆော်​ကာ သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် မာကေဒေါနိ​ပြည်​သို့​ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 2,
      "text": "ထို​ဒေသ​များ​ကို​ဖြတ်သွား​ရင်း များစွာ​သော​တရား​စကား​တို့​ဖြင့် တပည့်​တော်​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးလျှင် ဂရိ​ပြည်​သို့​ရောက်လာ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 3,
      "text": "ထို​ပြည်​၌ သုံး​လ​နေ​ပြီးနောက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​မည်​ပြု​စဉ်​တွင် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သဖြင့် မာကေဒေါနိ​ပြည်​ကို​ဖြတ်​၍ ပြန်သွား​ရန် ဆုံးဖြတ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 4,
      "text": "ပေါလု​နှင့်အတူ​လိုက်ပါ​သော​သူ​တို့​မှာ ဗေရိ​မြို့သား ပုရု​၏​သား​သောပတရု၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​နှင့်​သေကုန္ဒု၊ ဒေရဗေ​မြို့သား ဂါယု၊ တိမောသေ၊ အာရှ​ပြည်သား တုခိတ်​နှင့်​တရောဖိမ်​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 5,
      "text": "သူ​တို့​သည် ဦးစွာ​သွား​နှင့်​ပြီး တရော​မြို့​တွင် ငါ​တို့​ကို​စောင့်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 6,
      "text": "တဆေးမဲ့​မုန့်​ပွဲတော်​နေ့​များ​လွန်​သောအခါ ငါ​တို့​သည် ဖိလိပ္ပိ​မြို့​မှ ရွက်လွှင့်​၍ ငါး​ရက်​အတွင်း တရော​မြို့​၌​ရှိ​သော​ထို​သူ​တို့​ထံသို့ ရောက်​ပြီးလျှင် ထို​မြို့​တွင် ခုနစ်​ရက်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 7,
      "text": "ရက်သတ္တပတ်​၏​ပထမ​နေ့​တွင် ငါ​တို့​သည် မုန့်​ကို​ဖဲ့​ရန် စုဝေး​ကြ​၏။ ပေါလု​သည် သူ​တို့​နှင့်​ဆွေးနွေး​ပြောဆို​လျက်​နေ​၏။ သူ​သည် နောက်တစ်နေ့​တွင် ထွက်ခွာ​ရန်​ကြံရွယ်​ထား​သည်​ဖြစ်၍ သန်းခေါင်​အချိန်​တိုင်အောင် တရား​စကား​ကို ဆက်၍​ဟောပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 8,
      "text": "ငါ​တို့​စုဝေး​ရာ​အထက်ခန်း​တွင် မီးခွက်​အမြောက်အမြား​ထွန်း​ထား​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 9,
      "text": "ဥတုခု​အမည်​ရှိ​သော လူငယ်​တစ်​ဦး​သည် ပြတင်းပေါက်​အပေါ်၌​ထိုင်​၍ အလွန်အမင်း​အိပ်ငိုက်​နေ​၏။ ပေါလု​သည် ကြာမြင့်​စွာ​ဆွေးနွေး​ပြောဆို​သောအခါ သူ​သည် အိပ်မောကျ​၍ တတိယ​ထပ်​မှ အောက်​သို့ ပြုတ်ကျ​သွား​လေ​၏။ သူ့​ကို​ပွေ့ချီ​လိုက်​သောအခါ သေဆုံး​နေ​သည်​ကို တွေ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 10,
      "text": "ထိုအခါ ပေါလု​သည် ဆင်း​လာ​၍ သူ့​အပေါ် မိမိကိုယ်ကို​လှဲ​၍ ဖက်​ထား​ပြီးလျှင် “ရုတ်ရုတ်သဲသဲ​မ​ဖြစ်​ကြ​နှင့်။ အကြောင်းမူကား သူ့​အသက်​သည် သူ​၌​ရှိ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 11,
      "text": "ထို့နောက် အပေါ်သို့​ပြန်​တက်​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ စားသုံး​ကာ မိုးလင်း​သည်​အထိ ကြာမြင့်​စွာ​ပြောဆို​ပြီးမှ ထွက်ခွာ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 12,
      "text": "သူ​တို့​သည် အသက်ရှင်​လျက်​ရှိ​သော​လူငယ်​ကို ခေါ်ဆောင်​သွား​ကာ အလွန်​စိတ်​သက်သာ​ရာ​ရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 13,
      "text": "ငါ​တို့​သည် ပေါလု​ကို အဿု​မြို့​၌​သင်္ဘော​ပေါ်​ခေါ်တင်​ရန် စီစဉ်​လျက် သင်္ဘော​ဆီသို့ ဦးစွာ​သွား​ပြီးလျှင် ထို​မြို့​သို့ ရွက်လွှင့်​ကြ​၏။ ဤသို့​စီစဉ်​ခြင်းမှာ ပေါလု​သည် ကုန်းကြောင်း​သွား​ရန်​စီစဉ်​ထား​၍ ထိုသို့​မှာကြား​ခဲ့​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 14,
      "text": "သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သောအခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်တင်​၍ မိတုလင်​မြို့​သို့ သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 15,
      "text": "ထို​မြို့​မှ တစ်ဖန်​ရွက်လွှင့်​ကြ​ပြီး နောက်တစ်နေ့​တွင် ခိအု​ကျွန်း​၏​တစ်ဖက်​သို့ ရောက်​ကြ​၏။ ထိုမှ တစ်​နေ့​ကြာ​သော် သာမု​ကျွန်း​သို့​ဝင်​၍ နောက်တစ်နေ့​တွင် မိလက်​မြို့​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 16,
      "text": "ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 17,
      "text": "ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 18,
      "text": "သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 19,
      "text": "ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 20,
      "text": "ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 21,
      "text": "ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 22,
      "text": "ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 23,
      "text": "သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 24,
      "text": "သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 25,
      "text": "ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 26,
      "text": "သို့ဖြစ်၍ ငါ​သည် အားလုံး​၏​သွေး​နှင့်​ကင်းရှင်း​ကြောင်း ယနေ့​ပင် သင်​တို့​အား ငါ​သက်သေခံ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 27,
      "text": "အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 28,
      "text": "သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 29,
      "text": "ငါ​ထွက်ခွာ​သွား​သည့်​နောက် ကြမ်းကြုတ်​သော​ဝံပုလွေ​များ​သည် သင်​တို့​အထဲသို့​ဝင်လာ​၍ သိုးစု​ကို ညှာတာ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 30,
      "text": "သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 31,
      "text": "ထို့ကြောင့် ငါ​သည် သင်​တို့​တစ်ဦးစီ​ကို သုံး​နှစ်​ပတ်လုံး နေ့​ည​မ​ပြတ် မျက်ရည်​ဖြင့် သတိပေး​ဆုံးမ​ခဲ့​သည်​ကို အောက်မေ့​လျက် သတိ​ဝီရိယ​ရှိ​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 32,
      "text": "ယခု သင်​တို့​ကို ဘုရားသခင်​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သော နှုတ်ကပတ်တော်​၌​လည်းကောင်း ငါ​အပ်နှံ​၏။ နှုတ်ကပတ်တော်​သည် သင်​တို့​ကို တည်ဆောက်​မြှင့်တင်​လျက် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​နှင့်အတူ အမွေ​တော်​ကို​ရရှိ​စေ​နိုင်စွမ်း​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 33,
      "text": "ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 34,
      "text": "ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှစ၍ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​၏​လိုအပ်​ချက်​များ​အတွက် လုပ်ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 35,
      "text": "ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့် ‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’ ​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 36,
      "text": "ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 37,
      "text": "သူ​တို့​အားလုံး​သည် အလွန်​ငိုကြွေး​လျက် ပေါလု​ကို​ဖက်​၍ နမ်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 38,
      "text": "အထူးသဖြင့် သူ​၏​မျက်နှာ​ကို မြင်တွေ့​ရ​တော့မည်​မ​ဟုတ်​ဟု ပေါလု​ပြော​သည့်​စကား​ကြောင့် သူ​တို့​သည် ဝမ်းနည်း​ကြေကွဲ​ကြ​၏။ ထို့နောက် သူ့​ကို သင်္ဘော​ဆီသို့ လိုက်ပို့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 1,
      "text": "ငါ​တို့​သည် သူ​တို့​ထံမှ​ခွဲခွာ​၍ ရွက်လွှင့်​ကာ ကောသ​ကျွန်း​သို့ တိုက်ရိုက်​သွား​ကြ​၏။ နောက်တစ်နေ့​၌ ရောဒု​ကျွန်း​သို့​ရောက်​၍ ထို​နေရာ​မှ​တစ်ဖန် ပါတရ​မြို့​သို့ သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 2,
      "text": "ထို့နောက် ဖိုနီးရှား​နယ်​သို့​ကူး​သွား​မည့်​သင်္ဘော​တစ်​စင်း​ကို​တွေ့​သဖြင့် ထို​သင်္ဘော​စီး​၍ ရွက်လွှင့်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 3,
      "text": "ဆိုက်ပရပ်​ကျွန်း​ကို​မြင်​ကြ​သောအခါ ထို​ကျွန်း​ကို လက်ဝဲ​ဘက်​မှ​ဖြတ်ကျော်​လျက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​ကြ​၏။ သင်္ဘော​သည် တိုင်ရာ​မြို့​၌ ကုန်ပစ္စည်း​ချ​ရန်​ရှိ​သောကြောင့် ထို​မြို့​တွင်​ဆိုက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 4,
      "text": "ငါ​တို့​သည် တပည့်​တော်​တို့​ကို​တွေ့​၍ ထို​အရပ်​၌ ခုနစ်​ရက်​နေ​ကြ​၏။ သူ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် ဝိညာဉ်​တော်​အားဖြင့် ပြော​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 5,
      "text": "သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 6,
      "text": "တစ်ဦး​နှင့်​တစ်ဦး​နှုတ်ဆက်​ကြ​၍ ငါ​တို့​သည် သင်္ဘော​ပေါ်သို့​တက်​ကာ သူ​တို့​သည်​မိမိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 7,
      "text": "ထို့နောက် ပတောလင်​မြို့​သို့​ရောက်​၍ တိုင်ရာ​မြို့​မှ ငါ​တို့​ထွက်လာ​သည့် ပင်လယ်​ခရီး​ပြီးဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​နှုတ်ဆက်​၍ သူ​တို့​နှင့်အတူ တစ်​ရက်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 8,
      "text": "နောက်တစ်နေ့​တွင် ထွက်ခွာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​ပြီးလျှင် ရွေးကောက်​ခံရ​သူ​ခုနစ်​ဦး​ထဲမှ တစ်​ဦး​ဖြစ်​သည့်​ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ ဖိလိပ္ပု​၏​အိမ်​သို့​ဝင်​၍ သူ့​ထံ၌​တည်းခို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 9,
      "text": "ထို​သူ​၌ ပရောဖက်ပြု​ဟောပြော​သည့် အပျို​ကညာ​သမီး​လေး​ယောက်​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 10,
      "text": "ရက်​အတန်ကြာ​နေ​ပြီး​သောအခါ အာဂဗု​အမည်​ရှိ​သော ပရောဖက်​တစ်​ဦး​သည် ယုဒ​ပြည်​မှ​ဆင်း​လာ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 11,
      "text": "ထို​သူ​သည် ငါ​တို့​ထံ​လာ​၍ ပေါလု​၏​ခါးပန်း​ကို​ယူ​ပြီးလျှင် မိမိ​၏​ခြေ​နှင့်​လက်​တို့​ကို ချည်နှောင်​ကာ “ဂျူး​လူမျိုး​တို့​သည် ဤ​ခါးပန်း​ပိုင်ရှင်​ကို ဂျေရုဆလင်​မြို့​တွင် ဤကဲ့သို့​ချည်နှောင်​၍ လူမျိုးခြား​တို့​လက်​သို့ အပ်နှံ​ကြ​လိမ့်မည်​ဟု သန့်ရှင်း​သော​ဝိညာဉ်​တော်​မိန့်​တော်မူ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 12,
      "text": "ထို​စကား​ကို​ကြား​လျှင် ငါ​တို့​နှင့်​ဒေသခံ​တို့​သည် ပေါလု​အား ဂျေရုဆလင်​မြို့​သို့​တက်​မ​သွား​ရန် တောင်းပန်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 13,
      "text": "ထိုအခါ ပေါလု​က “သင်​တို့​သည် ငိုကြွေး​လျက်​၊ ငါ​၏​စိတ်နှလုံး​ကို​ကြေကွဲ​စေ​လျက် မည်သည့်​အရာ​ကို ပြု​ကြ​သနည်း။ ငါ​သည် သခင်​ယေရှု​၏​နာမ​တော်​အတွက် ဂျေရုဆလင်​မြို့​၌ ချည်နှောင်​ခြင်း​ခံရ​ရန်​သာမက အသေခံ​ရန်​ပင် အသင့်​ရှိ​သည်”​ဟု ပြန်​ပြော​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 14,
      "text": "ငါ​တို့​သည် သူ့​ကို​ဖျောင်းဖျ​၍​မ​ရ​သဖြင့် “သခင်​ဘုရား​၏​အလို​တော်​အတိုင်း​ဖြစ်​ပါစေ”​ဟု ဆို​လျက် တိတ်ဆိတ်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 15,
      "text": "ထို​နေ့ရက်​များ​လွန်​ပြီးနောက် ငါ​တို့​သည် ထုပ်ပိုး​ပြင်ဆင်​လျက် ဂျေရုဆလင်​မြို့​သို့ တက်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 16,
      "text": "ဆီဇာရီးယား​မြို့​မှ တပည့်​တော်​အချို့​တို့​သည်​လည်း ငါ​တို့​နှင့်အတူ​လိုက်ပါ​၍ ငါ​တို့​တည်းခို​ရန်​စီစဉ်​ထား​သည့် ကနဦး​တပည့်​တော်​ဖြစ်​သော ဆိုက်ပရပ်​ကျွန်းသား မနာသုန်​ထံသို့ ခေါ်သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 17,
      "text": "ဂျေရုဆလင်​မြို့​သို့ ငါ​တို့​ရောက်​ကြ​သောအခါ ညီအစ်ကို​များ​သည် ငါ​တို့​ကို လှိုက်လှဲ​စွာ​ကြိုဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 18,
      "text": "နောက်တစ်နေ့​၌ ပေါလု​သည် ငါ​တို့​နှင့်အတူ ယာကုပ်​ထံသို့​ဝင်​လျှင် အသင်းတော်​အကြီးအကဲ​အားလုံး​တို့​သည်​လည်း ရောက်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 19,
      "text": "ပေါလု​သည် သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင် မိမိ​၏​အမှု​တော်​လုပ်ငန်း​အားဖြင့် လူမျိုးခြား​တို့​၌ ဘုရားသခင်​ပြု​တော်မူ​သော အကြောင်းအရာ​တို့​ကို တစ်ခုချင်း​ပြောပြ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 20,
      "text": "ထို​သူ​တို့​သည်​ကြား​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် သူ​တို့​သည် ပေါလု​အား “ငါ​တို့​ညီ၊ သင်​သိမြင်​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​တွင် ယုံကြည်​လာ​သူ​ထောင်​ပေါင်း​များစွာ​ရှိ​၍ သူ​တို့​အားလုံး​သည် ပညတ်​တရား​၌ စိတ်အား​ထက်သန်​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 21,
      "text": "သင်​သည် လူမျိုးခြား​တို့​ထဲ၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​အားလုံး​တို့​အား ကလေး​များ​ကို အရေဖျား​လှီး​ခြင်း​မ​ပေး​ကြ​ရန်​နှင့် ဓလေ့​ထုံးစံ​အတိုင်း မ​လိုက်လျှောက်​ကြ​ရန် ပြောဆို​လျက် မောရှေ​၏​တရား​ကို​စွန့်ပယ်​ရန် သွန်သင်​နေ​သည်​ဟု သင့်​အကြောင်း​ကို သူ​တို့​ကြားသိ​ထား​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 22,
      "text": "သို့ဖြစ်၍ မည်သို့​ပြု​ကြ​မည်နည်း။ သင်​ရောက်ရှိ​နေ​ကြောင်း သူ​တို့​ကြား​ကြ​မည်​သေချာ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 23,
      "text": "ထို့ကြောင့် သင့်​ကို ငါ​တို့​ပြော​သည့်​အတိုင်း ပြု​ပါ​လော့။ ငါ​တို့​တွင် အဓိဋ္ဌာန်​ပြု​ထား​သော လူ​လေး​ဦး​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 24,
      "text": "ထို​သူ​တို့​ကို ခေါ်သွား​၍ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် သူ​တို့​ခေါင်း​ကို ခေါင်းတုံး​ရိတ်​ရန် သူ​တို့​အတွက် စရိတ်​ခံ​ပေး​ပါ​လော့။ သို့ပြုလျှင် သင်​နှင့်​ပတ်သက်၍ သူ​တို့​ကြားသိ​ထား​သော​သတင်း​သည် မ​ဟုတ်​မ​မှန်​ဘဲ သင်​ကိုယ်တိုင် ပညတ်​တရား​ကို​စောင့်ထိန်း​လျက် လိုက်လျှောက်​နေ​ကြောင်း သူ​တို့​အားလုံး​သိ​ကြ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 25,
      "text": "လူမျိုးခြား​တို့​ထဲမှ ယုံကြည်​လာ​သော​သူ​တို့​အတွက်​မူကား ရုပ်တု​အား​ပူဇော်​ထား​သော​အရာ၊ သွေး၊ လည်​ညှစ်​သတ်​ထား​သော​တိရစ္ဆာန်​နှင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​တို့​ကို ရှောင်ကြဉ်​ရန် ငါ​တို့​ဆုံးဖြတ်​၍ စာ​ရေးသား​ပေးပို့​ကြ​ပြီ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 26,
      "text": "ထိုအခါ ပေါလု​သည် ထို​လူ​လေး​ဦး​တို့​ကို​ခေါ်​၍ နောက်တစ်နေ့​၌ သူ​တို့​နှင့်အတူ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​လျက် ဗိမာန်​တော်​ထဲသို့​ဝင်​ကာ သူ​တို့​တစ်​ဦး​စီ​အတွက် ပူဇော်သက္ကာ​ဆက်သ​မည့်​အချိန်​ဖြစ်​သည့် သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​သည့် နေ့ရက်​များ​ပြီးဆုံး​မည့်​အချိန်​ကို အသိပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 27,
      "text": "ခုနစ်​ရက်​ကာလ​ပြည့်​လုနီး​သောအခါ အာရှ​ပြည်​မှ​လာ​သော​ဂျူး​လူမျိုး​အချို့​တို့​သည် ပေါလု​ကို ဗိမာန်​တော်​၌​တွေ့​ကြ​လျှင် လူထု​ပရိသတ်​အားလုံး​ကို ရုန်းရင်းဆန်ခတ်​ဖြစ်​စေ​၍ သူ့​ကို​ဖမ်းဆီး​ကာ"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 28,
      "text": "“အစ္စရေး​အမျိုးသား​တို့၊ ကူညီ​ကြ​ပါ။ ဤ​သူ​သည် လူမျိုး​တော်​ကို​လည်းကောင်း၊ ပညတ်​တရား​ကို​လည်းကောင်း၊ ဤ​နေရာ​ကို​လည်းကောင်း ဆန့်ကျင်​လျက် အရပ်ရပ်​တို့​၌ လူ​အပေါင်း​တို့​အား သွန်သင်​နေ​သူ​ဖြစ်​၏။ ထိုမျှမက ဂရိ​လူမျိုး​တို့​ကို​လည်း ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​လာ​၍ ဤ​သန့်ရှင်း​ရာ​ဌာန​ကို ညစ်ညူး​စေ​ပါ​ပြီ”​ဟု အော်ဟစ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 29,
      "text": "ထိုသို့​ဆို​ခြင်း​မှာ သူ​တို့​သည် ဧဖက်​မြို့သား တရောဖိမ်​ကို ပေါလု​နှင့်အတူ မြို့​ထဲ၌​တွေ့​ခဲ့​သဖြင့် ပေါလု​သည် ထို​သူ​ကို ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​ခဲ့​သည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 30,
      "text": "ထိုအခါ တစ်မြို့လုံး​ဆူပူ​လှုပ်ရှား​၍ လူ​တို့​သည် ပြေး​လာ​ကြ​ကာ ပေါလု​ကို​ဖမ်းဆီး​လျက် ဗိမာန်​တော်​အပြင်​သို့ ဆွဲ​ထုတ်​ပြီးလျှင် တံခါး​များ​ကို ချက်ချင်း​ပိတ်​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 31,
      "text": "လူ​တို့​သည် ပေါလု​ကို​သတ်​ရန် ကြိုးစား​နေ​ကြ​စဉ် ဂျေရုဆလင်​တစ်မြို့လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သည်​ဟူသော​သတင်း​သည် တပ်ဖွဲ့​တစ်​ဖွဲ့​၏​တပ်မှူးကြီး​ထံ ရောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 32,
      "text": "သူ​သည် ချက်ချင်း​ပင် စစ်သား​တို့​နှင့်​တပ်မှူး​တို့​ကို​ခေါ်​၍ သူ​တို့​ထံသို့ ပြေးဆင်း​လာ​၏။ လူ​တို့​သည် တပ်မှူးကြီး​နှင့်​စစ်သား​များ​ကို​မြင်​လျှင် ပေါလု​ကို​ရိုက်နှက်​နေ​ခြင်း​မှ ရပ်တန့်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 33,
      "text": "ထိုအခါ တပ်မှူးကြီး​သည် အနီး​သို့​ရောက်လာ​၍ ပေါလု​ကို​ဖမ်းဆီး​ကာ သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ထား​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သည့်​အမှု​ပြု​ခဲ့​ကြောင်း​ကို မေးမြန်း​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 34,
      "text": "သို့သော် လူထု​ပရိသတ်​ထဲမှ တစ်ယောက်တစ်မျိုး​အော်ဟစ်​နေ​ကြ​၍ ရုန်းရင်းဆန်ခတ်​ဖြစ်​နေ​သောကြောင့် တပ်မှူး​သည် အဖြစ်မှန်​ကို​မ​သိ​နိုင်​သဖြင့် ပေါလု​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​ရန် အမိန့်​ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 35,
      "text": "ပေါလု​သည် လှေကား​နား​သို့​ရောက်​သောအခါ လူ​တို့​၏​အကြမ်းဖက်​မှု​ကြောင့် စစ်သား​များ​သည် သူ့​ကို ချီမ​၍​ခေါ်သွား​ကြ​ရ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 36,
      "text": "အကြောင်းမူကား များစွာ​သော​လူ​တို့​သည် နောက်​မှ​လိုက်​လာ​၍ “သူ့​ကို​သုတ်သင်​လိုက်​ပါ”​ဟု အော်ဟစ်​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 37,
      "text": "သူ့​ကို စခန်း​ထဲသို့​ခေါ်ဆောင်​သွား​မည်​ပြု​စဉ်တွင် ပေါလု​သည် တပ်မှူးကြီး​အား “သင်​နှင့်​အနည်းငယ် အကျွန်ုပ်​စကား​ပြော​ခွင့်​ရ​မည်လော”​ဟု ဆို​၏။ တပ်မှူးကြီး​က​လည်း “သင်​သည် ဂရိ​စကား​ကို​ပြော​တတ်​သလော။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 38,
      "text": "သို့ဖြစ်လျှင် သင်​သည် ဤ​နေ့​များ​မတိုင်မီ​က ပုန်ကန်​ထကြွ​လျက် အကြမ်းဖက်သမား​လေးထောင်​ကို တော​ကန္တာရ​ထဲသို့ ခေါ်ဆောင်​သွား​သည့် အီဂျစ်​အမျိုးသား​မ​ဟုတ်​လော”​ဟု မေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 39,
      "text": "ပေါလု​က​လည်း “အကျွန်ုပ်​သည် ဂျူး​လူမျိုး​ဖြစ်​ပြီး ဆီလီဆီးယား​ပြည်​၏​ထင်ရှား​သော​မြို့​ဖြစ်​သည့် တာရှု​မြို့​မှ​လာ​သော ပြည်သား​တစ်​ယောက်​ဖြစ်​ပါ​သည်။ လူ​တို့​အား စကား​ပြော​ခွင့်ပြု​ရန် သင့်​ကို အကျွန်ုပ်​တောင်းပန်​ပါ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 40,
      "text": "တပ်မှူးကြီး​က​လည်း ခွင့်ပြု​သဖြင့် ပေါလု​သည် လှေကား​ပေါ်တွင်​ရပ်​လျက် လူ​တို့​အား လက်ရိပ်​ပြ​ရာ အလွန်​တိတ်ဆိတ်​သွား​လေ​၏။ ထိုအခါ သူ​သည် ဟေဗြဲ​ဘာသာစကား​ဖြင့် ပြောကြား​လျက်"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 1,
      "text": "“ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ ယခု သင်​တို့​ရှေ့၌ အကျွန်ုပ်​ချေပ​ပြောဆို​သော​စကား​ကို နားထောင်​ကြ​ပါ”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 2,
      "text": "လူ​တို့​သည် မိမိ​တို့​အား ဟေဗြဲ​ဘာသာစကား​ဖြင့်​ပြောကြား​သည်​ကို ကြား​ကြ​သောအခါ ပို၍​တိတ်ဆိတ်​သွား​ကြ​၏။ ထိုအခါ ပေါလု​က"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 3,
      "text": "“အကျွန်ုပ်​သည် ဆီလီဆီးယား​ပြည်၊ တာရှု​မြို့​၌​မွေးဖွား​ခဲ့​သော ဂျူး​လူမျိုး​တစ်​ဦး​ဖြစ်​ပါ​သည်။ သို့သော် ဤ​မြို့​တွင် ကြီးပြင်း​လာ​၍ ဂါမလျေလ​၏​ခြေရင်း​၌ ဘိုးဘေး​တို့​မှ​ဆက်ခံ​သော ပညတ်​တရား​နှင့်အညီ တင်းကျပ်​စွာ ဆုံးမ​သွန်သင်​ခြင်း​ကို​ခံယူ​ပြီး ယနေ့ သင်​တို့​အားလုံး​သည် ဘုရားသခင်​အတွက် စိတ်အား​ထက်သန်​သကဲ့သို့ အကျွန်ုပ်​သည်​လည်း စိတ်အား​ထက်သန်​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 4,
      "text": "အကျွန်ုပ်​သည် ဤ​လမ်းစဉ်​ကို​လိုက်​သော​သူ​တို့​အား အသေ​သတ်​သည်​အထိ ညှဉ်းဆဲ​ခဲ့​၍ ယောက်ျား၊ မိန်းမ​တို့​ကို ချည်နှောင်​လျက် ထောင်​ထဲသို့​ပို့​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 5,
      "text": "ဤ​အကြောင်း​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​မင်း​နှင့် လူကြီး​အဖွဲ့ဝင်​အပေါင်း​တို့​သည် အကျွန်ုပ်​အတွက် သက်သေခံ​ပေး​နိုင်​ပါ​သည်။ အကျွန်ုပ်​သည် သူ​တို့​ထံမှ ဒမတ်စကပ်​မြို့​ရှိ​ညီအစ်ကို​များ​ထံသို့ ရေးသား​သည့်​စာ​များ​ကို​ယူ​လျက် ထို​အရပ်​၌​ရှိ​သော သူ​တို့​ကို​လည်း ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​ကာ ပြစ်ဒဏ်​ပေး​ရန်​အတွက် ထို​မြို့​သို့ ထွက်သွား​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 6,
      "text": "သို့သော် အကျွန်ုပ်​ခရီးသွား​၍ ဒမတ်စကပ်​မြို့​အနီး​သို့​ရောက်​သောအခါ မွန်းတည့်​ချိန်​ခန့်​၌ ကောင်းကင်​မှ အလွန်​တောက်ပ​သော​အလင်း​သည် အကျွန်ုပ်​ပတ်လည်​၌ ရုတ်တရက်​ထွန်းတောက်​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 7,
      "text": "ထိုအခါ အကျွန်ုပ်​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ ‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း’ ​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို ကြား​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 8,
      "text": "အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေး​လျှင် ‘ငါ​သည် သင်​ညှဉ်းဆဲ​သော နာဇရက်​မြို့သား​ယေရှု​ဖြစ်​၏’ ​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 9,
      "text": "အကျွန်ုပ်​နှင့်အတူ​ရှိ​နေ​သော​သူ​တို့​သည် အလင်း​ကို​မြင်​ကြ​သော်လည်း အကျွန်ုပ်​အား​ပြော​သော​အသံ​ကို မ​ကြား​ရ​ကြ​ပါ။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 10,
      "text": "အကျွန်ုပ်​က​လည်း ‘သခင်၊ အကျွန်ုပ်​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု လျှောက်​လျှင် သခင်​ဘုရား​က ‘ထ​၍ ဒမတ်စကပ်​မြို့​သို့​သွား​လော့။ ထို​မြို့​၌ သင်​ဆောင်ရွက်​ရန် စီမံ​ထား​သော​အရာ​ရှိသမျှ​ကို သင့်​အား ပြောပြ​လိမ့်မည်’ ​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 11,
      "text": "အကျွန်ုပ်​သည် ထို​အလင်း​၏​ရောင်ခြည်​အရှိန်​ကြောင့် မျက်စိ​မ​မြင်​တော့​သဖြင့် အတူ​ရှိ​နေ​သော​သူ​တို့​က အကျွန်ုပ်​ကို​လက်ဆွဲ​၍ ဒမတ်စကပ်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 12,
      "text": "ထို့နောက် ပညတ်​တရား​နှင့်အညီ ဘုရား​တရား​ကြည်ညို​သူ​ဖြစ်​ပြီး ဒမတ်စကပ်​မြို့​၌​နေထိုင်​သော ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော အာနနိ​အမည်ရှိ​သူ​တစ်​ဦး​သည်"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 13,
      "text": "အကျွန်ုပ်​ထံသို့​လာ​၍ အနီး​၌​ရပ်​ကာ ‘ငါ့​ညီ​ရှောလု၊ မျက်စိ​မြင်​စေ’​ဟု အကျွန်ုပ်​အား​ဆို​လျှင် ထို​အချိန်​၌​ပင် အကျွန်ုပ်​သည် သူ့​ကို​မြင်​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 14,
      "text": "ထိုအခါ သူ​က ‘ငါ​တို့​ဘိုးဘေး​များ​၏​ဘုရားသခင်​သည် မိမိ​အလို​တော်​ကို သိ​စေရန်​လည်းကောင်း၊ ဖြောင့်မတ်​သော​အရှင်​ကို ဖူးမြင်​စေရန်​လည်းကောင်း၊ ထို​အရှင်​၏​နှုတ်​မှ​အသံ​တော်​ကို ကြား​စေရန်​လည်းကောင်း သင့်​ကို ကြိုတင်​ခန့်ထား​တော်မူ​ပြီ။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 15,
      "text": "အကြောင်းမူကား သင်​သည် မိမိ​မြင်​ရ၊ ကြား​ရ​သော​အရာ​တို့​အတွက် လူ​အပေါင်း​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​ဖြစ်​ရ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 16,
      "text": "ယခု​မှာ အဘယ်ကြောင့် ဆိုင်းငံ့​နေ​သနည်း။ ထ​လျက် ကိုယ်တော်​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​၍ ဗတ္တိဇံ​ခံ​ပြီး သင်​၏​အပြစ်​များ​ကို​ဆေးကြော​လော့’​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 17,
      "text": "ထို့နောက် အကျွန်ုပ်​သည် ဂျေရုဆလင်​မြို့​သို့​ပြန်လာ​ပြီး ဗိမာန်​တော်​၌​ဆုတောင်း​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 18,
      "text": "သခင်​ဘုရား​ကို​မြင်​ရ​ပါ​သည်။ ကိုယ်တော်​က ‘လူ​တို့​သည် ငါ​နှင့်​ပတ်သက်​သော သင်​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​လိမ့်မည်​မ​ဟုတ်​သောကြောင့် မဆိုင်းငံ့​ဘဲ ဂျေရုဆလင်​မြို့​မှ အမြန်​ထွက်သွား​လော့’ ​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 19,
      "text": "အကျွန်ုပ်​က​လည်း ‘သခင်​ဘုရား၊ အကျွန်ုပ်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်ခု​ပြီး​တစ်ခု​သွား​၍ ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တို့​အား ရိုက်နှက်​လျက် ထောင်ချ​ခဲ့​သည်​ကို သူ​တို့​သိ​ကြ​ပါ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 20,
      "text": "ထို့ပြင် ကိုယ်တော်​၏​သက်သေ​ဖြစ်​သည့် သတေဖန်​သတ်ဖြတ်​ခြင်း​ခံရ​သောအခါ အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း အနီး​၌​ရပ်​နေ​၍ အလိုတူအလိုပါ​ဖြစ်​ကာ သူ့​ကို​သတ်​သော​သူ​တို့​၏​အဝတ်​များ​ကို စောင့်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 21,
      "text": "ထိုအခါ ကိုယ်တော်​က ‘သွား​လော့။ ငါ​သည် သင့်​ကို လူမျိုးခြား​တို့​ရှိ​ရာ ဝေး​သော​အရပ်​သို့ စေလွှတ်​မည်’ ​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 22,
      "text": "လူ​တို့​သည် သူ့​စကား​ကို ဤမျှ​အထိ နားထောင်​ကြ​ပြီးလျှင် မိမိ​တို့​အသံ​ကို​ကျယ်စွာပြု​၍ “ဤသို့​သော​သူ​ကို မြေ​ပေါ်မှ သုတ်သင်​လိုက်​ပါ။ အကြောင်းမူကား သူ​သည် အသက်​မ​ရှင်​သင့်​ပေ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 23,
      "text": "လူ​တို့​သည် ထိုသို့​အော်ဟစ်​လျက် အဝတ်​များ​ကို​ဝှေ့ယမ်း​ကာ မြေမှုန့်​ကို လေ​ထဲသို့​ပစ်လွှင့်​ကြ​စဉ်"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 24,
      "text": "တပ်မှူးကြီး​သည် ပေါလု​ကို စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​၍ လူ​တို့​သည် အဘယ်​ကြောင့် သူ့​ကို​ဆန့်ကျင်​လျက် ထိုသို့​အော်ဟစ်​ကြ​သည်​ကို သိရှိ​ရန်​အတွက် သူ့​ကို​ကြိမ်ဒဏ်​ပေး​၍ စစ်ဆေး​ကြ​ရန် ညွှန်ကြား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 25,
      "text": "သူ့​ကို ကြိုး​နှင့်​ချည်နှောင်​ကြ​သောအခါ ပေါလု​က အနီး၌​ရပ်​နေ​သော​တပ်မှူး​အား “သင်​တို့​၌ ရောမ​နိုင်ငံသား​တစ်​ဦး​ကို မ​စစ်ဆေး​ဘဲ ဒဏ်ခတ်​ရိုက်နှက်​ပိုင်​ခွင့်​ရှိ​သလော”​ဟု မေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 26,
      "text": "တပ်မှူး​သည် ထို​စကား​ကို​ကြား​လျှင် တပ်မှူးကြီး​ထံ​ချဉ်းကပ်​လျက် “သင်​မည်သို့​ပြု​မည်နည်း။ ဤ​သူ​သည် ရောမ​နိုင်ငံသား​ဖြစ်​သည်”​ဟု သတင်းပို့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 27,
      "text": "ထိုအခါ တပ်မှူးကြီး​သည် ပေါလု​ထံသို့​လာ​၍ “ငါ့​ကို​ပြော​ပါ​လော့။ သင်​သည် ရောမ​နိုင်ငံသား​ဖြစ်​သလော”​ဟု မေး​လျှင် ပေါလု​က “ဟုတ်​ပါ​သည်”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 28,
      "text": "တပ်မှူးကြီး​က​လည်း “ငါ​သည် ငွေ​အမြောက်အမြား​ပေး​၍ ဤ​နိုင်ငံသား​အဖြစ်​ကို ရရှိ​သည်”​ဟု ဆို​လျှင် ပေါလု​က “အကျွန်ုပ်​သည် ရောမ​နိုင်ငံသား​အဖြစ် မွေးဖွား​လာ​ခဲ့​ပါ​သည်”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 29,
      "text": "ထို့ကြောင့် သူ့​ကို​စစ်ဆေး​မည့်​သူ​များ​သည် သူ့​ထံမှ ချက်ချင်း​ဆုတ်ခွာ​သွား​ကြ​၏။ တပ်မှူးကြီး​က​လည်း ပေါလု​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း​သိ​လျှင် သူ့​ကို​ချည်နှောင်​လိုက်​မိ​သည့်​အတွက် ကြောက်ရွံ့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 30,
      "text": "နောက်တစ်နေ့​တွင် တပ်မှူးကြီး​သည် ဂျူး​လူမျိုး​တို့​၏​စွပ်စွဲ​ခြင်း​ကို ပေါလု​အဘယ်ကြောင့်​ခံ​နေ​ရ​သည်​ကို အတိအကျ​သိ​လို​သဖြင့် ပေါလု​ကို အချည်အနှောင်​မှ​ဖြေ​ပေး​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​တစ်ခုလုံး​အား စုဝေး​ကြ​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​ကို​ခေါ်ဆောင်​လာ​၍ သူ​တို့​ရှေ့၌​ရပ်​စေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 1,
      "text": "ပေါလု​သည် တရား​လွှတ်တော်​အဖွဲ့​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​၌ ကြည်လင်​သော​အသိစိတ်​အပြည့်အဝ​ဖြင့် ပြုမူ​နေထိုင်​ခဲ့​သည်”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 2,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​မင်း​အာနနိ​သည် သူ့​အနီး​၌​ရပ်​နေ​သော​သူ​တို့​အား သူ​၏​နှုတ်​ကို​ရိုက်​ကြ​ရန် အမိန့်​ပေး​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 3,
      "text": "ပေါလု​က​လည်း “ထုံးဖြူ​သုတ်​ထား​သည့်​အုတ်ရိုး၊ ဘုရားသခင်​သည် သင့်​ကို ရိုက်​တော်မူ​မည်။ သင်​သည် ထိုင်​၍ အကျွန်ုပ်​ကို ပညတ်​တရား​အတိုင်း​စစ်ဆေး​စီရင်​လျက်​နှင့် ပညတ်​တရား​ကို​ချိုးဖောက်​ပြီး အကျွန်ုပ်​ကို​ရိုက်​ရန် အမိန့်​ပေး​သလော”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 4,
      "text": "ထိုအခါ အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​မင်း​ကို ပုတ်ခတ်​ပြောဆို​သလော”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 5,
      "text": "ပေါလု​က​လည်း “ညီအစ်ကို​တို့၊ သူ​သည် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​ကြောင်း အကျွန်ုပ်​မ​သိ​ပါ။ အမှန်စင်စစ် ‘သင့်​လူမျိုး​၏​အကြီးအကဲ​ကို သင်​သည် မကောင်း​မ​ပြော​ရ’ ​ဟု ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 6,
      "text": "ထို​သူ​တို့​ထဲတွင် တစ်​ဖွဲ့​မှာ ဇဒ္ဒုကဲ​များ​ဖြစ်​ကြ​ပြီး အခြား​တစ်​ဖွဲ့​မှာ ဖာရိရှဲ​များ​ဖြစ်​ကြ​သည်​ကို ပေါလု​သိမြင်​လျှင် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ဖာရိရှဲ​တစ်​ဦး​ဖြစ်​ပြီး ဖာရိရှဲ​၏​သား​လည်း ဖြစ်​ပါ​သည်။ အကျွန်ုပ်​သည် သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​ကြောင့် စစ်ဆေး​စီရင်​ခံ​နေ​ရ​ပါ​သည်”​ဟု တရား​လွှတ်တော်​ရှေ့တွင် အော်ဟစ်​ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 7,
      "text": "ဤကဲ့သို့ ပေါလု​ပြောဆို​လိုက်​သောအခါ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​အကြား​တွင် သဘောထား​ကွဲလွဲမှု​ဖြစ်ပေါ်​၍ အစုအဝေး​သည် အုပ်စု​ကွဲ​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 8,
      "text": "အကြောင်းမူကား ဇဒ္ဒုကဲ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ၊ ကောင်းကင်​တမန်​နှင့်​ဝိညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ ဖာရိရှဲ​တို့​မူကား ဤ​အရာ​အားလုံး​ရှိ​သည်​ဟု​ခံယူ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 9,
      "text": "ထို့နောက် အော်ဟစ်​သံ​များ ကျယ်လောင်​လာ​ပြီး ဖာရိရှဲ​တို့​အဖွဲ့​မှ ကျမ်းပြု​ဆရာ​အချို့​တို့​သည်​ထ​၍ “ဤ​သူ​၌ မည်သည့်​အပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ ဝိညာဉ်​၊ သို့မဟုတ် ကောင်းကင်​တမန်​တစ်ပါးပါး​က သူ့​အား​မြွက်ဆို​ခဲ့​သည်​ဆိုလျှင် မည်သို့​နည်း”​ဟု ပြင်းထန်​စွာ​ငြင်းခုံ​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 10,
      "text": "သဘောထား​ကွဲလွဲမှု​ပြင်းထန်​လာ​၍ သူ​တို့​သည် ပေါလု​အား အပိုင်းပိုင်း​ဆွဲဖြတ်​ကြ​မည်​ကို တပ်မှူးကြီး​သည် စိုးရိမ်​သဖြင့် စစ်သား​များ​အား ဆင်း​သွား​၍ ပေါလု​ကို သူ​တို့​ထံမှ အတင်း​ခေါ်ဆောင်​လာ​ပြီး စခန်း​ထဲသို့​ခေါ်သွား​ရန် အမိန့်​ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 11,
      "text": "ထို​ည​၌ သခင်​ဘုရား​သည် ပေါလု​ထံပါး​၌​ပေါ်လာ​၍ “မစိုးရိမ်​နှင့်။ အကြောင်းမူကား သင်​သည် ဂျေရုဆလင်​မြို့​၌ ငါ့​အကြောင်း​ကို သက်သေခံ​ခဲ့​သည့်​နည်းတူ ရောမ​မြို့​၌​လည်း သက်သေခံ​ရ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 12,
      "text": "မိုးလင်း​သောအခါ ဂျူး​လူမျိုး​တို့​သည် ပူးပေါင်း​ကြံစည်​လျက် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 13,
      "text": "ဤ​လျှို့ဝှက်​ကြံစည်​မှု​တွင်​ပါဝင်​သော​သူ​များ​သည် အယောက်​လေးဆယ်​ကျော်​ရှိ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 14,
      "text": "သူ​တို့​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​သက်ကြီးဝါကြီး​များ​ထံ ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အစာ​ကို​မျှ မ​မြည်း​မ​စမ်း​ဟု အလေးအနက်​ကျိန်ဆို​ထား​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 15,
      "text": "သို့ဖြစ်၍ ယခု အရှင်​တို့​သည် တရား​လွှတ်တော်​အဖွဲ့​နှင့်အတူ ပေါလု​၏​အမှု​ကို ပို၍​တိကျ​စွာ​စစ်ဆေး​လို​ဟန်​ပြု​လျက် သူ့​ကို အရှင်​တို့​ထံသို့​ခေါ်ဆောင်​လာ​ရန်​တပ်မှူးကြီး​အား လျှောက်ထား​ကြ​ပါ။ အကျွန်ုပ်​တို့​သည် ဤ​နေရာ​သို့ သူ​မ​ရောက်လာ​မီ သူ့​ကို​သတ်​ရန် အသင့်​ရှိ​နေ​ပါ​မည်”​ဟု ပြောကြား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 16,
      "text": "သို့သော် ပေါလု​နှမ​၏​သား​သည် ထို​ချောင်းမြောင်း​သတ်ဖြတ်​မည့်​အစီအစဉ်​ကို​ကြား​လျှင် စခန်း​ထဲသို့​ဝင်​၍ ပေါလု​အား ပြောပြ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 17,
      "text": "ထိုအခါ ပေါလု​သည် တပ်မှူး​တစ်​ယောက်​ကို​ခေါ်​၍ “ဤ​လူငယ်​သည် တပ်မှူးကြီး​အား ပြောပြ​စရာ​တစ်စုံတစ်ခု​ရှိ​ပါ​သဖြင့် သူ့​ကို တပ်မှူးကြီး​ထံ ခေါ်သွား​ပေး​ပါ”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 18,
      "text": "ထို့ကြောင့် တပ်မှူး​သည် သူ့​ကို​ခေါ်ဆောင်​၍ တပ်မှူးကြီး​ထံသို့ သွား​ပြီးလျှင် “အကျဉ်းသား​ပေါလု​က အကျွန်ုပ်​ကို​ခေါ်​၍ ဤ​လူငယ်​ကို အရှင့်​ထံ​ခေါ်လာ​ရန် တောင်းဆို​ပါ​သည်။ သူ​၌ အရှင့်​ထံ​လျှောက်ထား​စရာ တစ်စုံတစ်ခု​ရှိ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 19,
      "text": "တပ်မှူးကြီး​သည် ထို​လူငယ်​၏​လက်​ကို​ဆွဲ​၍ သီးသန့်​ခေါ်ထုတ်​သွား​ကာ “ငါ့​ကို​ပြောပြ​စရာ​ရှိ​သည့်​အရာ​ကား မည်သည့်​အရာ​နည်း”​ဟု မေးမြန်း​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 20,
      "text": "ထို​လူငယ်​က​လည်း “ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို ပို၍​တိကျ​စွာ​မေးမြန်း​လို​ဟန်​ပြု​လျက် မနက်ဖြန် သူ့​ကို တရား​လွှတ်တော်​ထံသို့​ခေါ်ဆောင်​သွား​ရန် အရှင့်​အား တောင်းဆို​မည်​ဟု​သဘောတူ​ဆုံးဖြတ်​ထား​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 21,
      "text": "သို့ရာတွင် သူ​တို့​ကို မ​လိုက်လျော​ပါ​နှင့်။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ထဲမှ လူ​လေးဆယ်​ကျော်​တို့​သည် သူ့​ကို​ချောင်းမြောင်း​နေ​ကြ​ပါ​သည်။ သူ​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မ​စား​မ​သောက်​ရန် ကျိန်ဆို​ထား​ကြ​ပါ​သည်။ ယခု​ပင် သူ​တို့​သည် အသင့်​ရှိ​လျက် အရှင်​၏​သဘောတူ​ချက်​ကို စောင့်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 22,
      "text": "ထိုအခါ တပ်မှူးကြီး​က “ဤ​အရာ​များ​ကို ငါ့​အား သင်​ပြောပြ​ကြောင်း မည်သူ့​ကို​မျှ မ​ပြော​နှင့်”​ဟု အမိန့်​ပေး​ပြီးလျှင် ထို​လူငယ်​ကို ပြန်​လွှတ်​လိုက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 23,
      "text": "ထို့နောက် တပ်မှူးကြီး​သည် တပ်မှူး​နှစ်​ဦး​ကို​ခေါ်​၍ “ည​ကိုး​နာရီ​အချိန်​၌ ဆီဇာရီးယား​မြို့​သို့​သွား​ရန် စစ်သား​နှစ်ရာ၊ လှံ​တပ်သား​နှစ်ရာ​နှင့် မြင်း​တပ်သား​ခုနစ်ဆယ်​တို့​ကို ပြင်ဆင်​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 24,
      "text": "ပေါလု​စီးနင်း​ရန် တိရစ္ဆာန်​များ​ကို​လည်း အသင့်​ပြင်​ထား​လျက် သူ့​ကို ဘုရင်ခံ​ဖေလဇ်​မင်း​ထံ ဘေးကင်း​စွာ​ပို့ဆောင်​လော့”​ဟု မှာကြား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 25,
      "text": "ထို့နောက် စာ​ကို ဤသို့​ရေး​ပို့​လိုက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 26,
      "text": "“ကလောဒိ​လုသိ​သည် မြတ်​သော​ဘုရင်ခံ​ဖေလဇ်​မင်း​ကို နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 27,
      "text": "ဂျူး​လူမျိုး​တို့​သည် ဤ​သူ​ကို​ဖမ်းဆီး​၍ သတ်​မည်​ပြု​စဉ် သူ​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း ကြားသိ​ရ​သဖြင့် အကျွန်ုပ်​သည် စစ်သား​များ​နှင့်အတူ​သွား​၍ သူ့​ကို ကယ်​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 28,
      "text": "သူ​တို့​သည် မည်သည့်​ပြစ်မှု​ဖြင့် သူ့​ကို​စွဲဆို​ကြ​ကြောင်း​သိ​လို​၍ သူ​တို့​၏​တရား​လွှတ်တော်​ထံသို့ သူ့​ကို​ခေါ်ဆောင်​သွား​ခဲ့​ရာ"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 29,
      "text": "သူ​သည် သူ​တို့​၏​ပညတ်​တရား​နှင့်ဆိုင်သော​ပြဿနာ​များ​အတွက် စွဲဆို​ခံ​နေ​ရ​ခြင်း​ဖြစ်​ပြီး သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အပြစ်​မ​ရှိ​ကြောင်း အကျွန်ုပ်​တွေ့​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 30,
      "text": "သို့သော် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သည်​ဟု သတင်း​ရ​သဖြင့် အကျွန်ုပ်​သည် အရှင့်​ထံသို့ သူ့​ကို ချက်ချင်း​စေလွှတ်​လိုက်​ပါ​သည်။ စွပ်စွဲ​သော​သူ​တို့​အား​လည်း သူ့​အပေါ်​စွပ်စွဲ​ချက်​များ​ကို အရှင့်​ထံ တင်ပြ​လျှောက်ထား​ကြ​ရန် ညွှန်ကြား​ထား​ပါ​သည်။”"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 31,
      "text": "ထိုအခါ စစ်သား​များ​သည် သူ​တို့​အား မှာကြား​ထား​သည့်​အတိုင်း ပေါလု​ကို​ခေါ်​၍ အန္တိပတရိ​မြို့​အထိ ညတွင်းချင်း ပို့ဆောင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 32,
      "text": "နောက်တစ်နေ့​တွင် မြင်း​တပ်သား​တို့​ကို ပေါလု​နှင့်အတူ​ခရီး​ဆက်​သွား​စေ​၍ သူ​တို့​သည် စခန်း​သို့​ပြန်လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 33,
      "text": "မြင်း​တပ်သား​တို့​သည် ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် စာ​ကို ဘုရင်ခံ​အား​ပေးအပ်​ကာ ပေါလု​ကို​လည်း သူ့​ထံသို့​အပ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 34,
      "text": "ဘုရင်ခံ​သည် စာ​ကို​ဖတ်​ပြီးနောက် ပေါလု​အား မည်သည့်​ပြည်သား​ဖြစ်​သနည်း​ဟု​မေး​၍ ဆီလီဆီးယား​ပြည်သား​ဖြစ်​ကြောင်း ကြားသိ​လျှင်"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 35,
      "text": "“သင့်​ကို​စွပ်စွဲ​သော​သူ​များ​ရောက်လာ​ကြ​သောအခါ သင့်​အမှု​ကို ငါ​ကြားနာ​မည်”​ဟု ဆို​လျက် ပေါလု​ကို ဟေရုဒ်​မင်း​၏​ရုံးတော်​တွင် စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 1,
      "text": "ငါး​ရက်​လွန်​သောအခါ ယဇ်ပုရောဟိတ်​မင်း​အာနနိ​သည် ရှေ့နေ​တေရတုလု​မှစ၍ သက်ကြီးဝါကြီး​အချို့​တို့​နှင့်အတူ ရောက်လာ​၍ ဘုရင်ခံ​ထံ​ပေါလု​ကို​တရား​စွဲဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 2,
      "text": "ပေါလု​ကို​ခေါ်ထုတ်​လာ​သောအခါ တေရတုလု​သည် သူ့​ကို စတင်​စွပ်စွဲ​၍ လျှောက်ထား​သည်​မှာ “မြတ်​သော​ဖေလဇ်​မင်း၊ အရှင့်​အားဖြင့် အကျွန်ုပ်​တို့​သည် များစွာ​သော​ငြိမ်းချမ်း​မှု​ကို​ခံစား​ရ​လျက် အရှင်​၏​အမြော်အမြင်​ကြောင့် ဤ​တိုင်းပြည်​တွင် ပြုပြင်​ပြောင်းလဲ​မှု​များ​ဖြစ်ပေါ်​နေ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 3,
      "text": "အကျွန်ုပ်​တို့​သည် ဤ​ဆောင်ရွက်​မှု​များ​ကို နေရာ​တိုင်း​၌ အစဉ်အမြဲ အထူး​ကျေးဇူးတင်​စွာ​ဖြင့် ကြိုဆို​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 4,
      "text": "သို့ဖြစ်၍ အကျွန်ုပ်​သည် အရှင့်​ကို ကြာမြင့်​စွာ​အနှောင့်အယှက်​မ​ပေး​မိ​စေရန် အကျွန်ုပ်​တို့​၏​အကျဉ်းချုပ်​လျှောက်ထား​ချက်​ကို ကျေးဇူးပြု​၍​နားထောင်​ပေး​ပါ​ရန် ပန်ကြား​အပ်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 5,
      "text": "ပြဿနာ​ကို​သာ​ဖန်တီး​လေ့​ရှိ​သော​ဤ​သူ​သည် ကမ္ဘာ​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​၌ ဆူပူ​အုံကြွ​မှု​များ​ဖြစ်ပေါ်​အောင် လှုံ့ဆော်​နေ​သူ​ဖြစ်​ပြီး နာဇရက်​ဂိုဏ်းကွဲ​၏​ခေါင်းဆောင်​တစ်​ဦး​လည်း​ဖြစ်ကြောင်း တွေ့ရှိ​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 6,
      "text": "သူ​သည် ဗိမာန်​တော်​ကို​လည်း မတော်မလျော်​ပြု​ရန် ကြိုးစား​ခဲ့​သောကြောင့် အကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်းဆီး​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 7,
      "text": "[ထို့နောက် သူ့​ကို အကျွန်ုပ်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​မည်​ပြု​စဉ် တပ်မှူးကြီး​လုသိ​သည် ဝင်လာ​၍ သူ့​ကို အကျွန်ုပ်​တို့​လက်​ထဲမှ မရမက​ခေါ်ယူ​သွား​ပြီး သူ့ကို​စွပ်စွဲ​သော​သူတို့​အား အရှင့်​ထံသို့​လာ​ရန် အမိန့်​ပေး​ခဲ့​ပါ​သည်။]"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 8,
      "text": "ဤ​အကြောင်းအရာ​အားလုံး​နှင့်​ပတ်သက်၍ အရှင်​ကိုယ်တိုင် သူ့​ကို​စစ်ဆေး​လျှင် သူ့​အပေါ် အကျွန်ုပ်​တို့​စွပ်စွဲ​နေ​သည့်​အချက်​များ​ကို သိမြင်​နိုင်​ပါ​လိမ့်မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 9,
      "text": "ဂျူး​လူမျိုး​တို့​က​လည်း ဤ​အကြောင်းအရာ​များ​မှန်ကန်​ပါ​သည်​ဟု​ဆို​လျက် ဝိုင်းဝန်း​ထောက်ခံ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 10,
      "text": "ထိုအခါ ဘုရင်ခံ​သည် ပေါလု​အား ပြောဆို​ရန်​အချက်ပြ​သဖြင့် ပေါလု​က “အရှင်​သည် ဤ​လူမျိုး​ကို နှစ်​ပေါင်း​များစွာ​တရား​စီရင်​သူ​ဖြစ်​ကြောင်း​သိ​လျက် အကျွန်ုပ်​အမှု​နှင့်​ပတ်သက်၍ ဝမ်းမြောက်​စွာ​ချေပ​ပြောဆို​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 11,
      "text": "အကျွန်ုပ်​သည် ဝတ်ပြု​ကိုးကွယ်​ရန် ဂျေရုဆလင်​မြို့​သို့​တက်​သွား​ခဲ့​သည်​မှာ တစ်ဆယ့်နှစ်​ရက်​ထက်​မ​ပို​သေး​ကြောင်း အရှင်​စုံစမ်း​သိရှိ​နိုင်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 12,
      "text": "အကျွန်ုပ်​သည် ဗိမာန်​တော်​၌​ဖြစ်စေ၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌​ဖြစ်စေ၊ မြို့​ထဲ၌​ဖြစ်စေ တစ်စုံတစ်ဦး​နှင့် အချေအတင်​ပြောဆို​နေ​သည်​ကို​လည်းကောင်း၊ လူ​တို့​အား အုံကြွ​အောင်​ပြု​နေ​သည်​ကို​လည်းကောင်း သူ​တို့​မ​တွေ့​ကြ​ပါ။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 13,
      "text": "ယခု အကျွန်ုပ်​အပေါ်​စွပ်စွဲ​နေ​သည့်​အချက်​များ​နှင့်​ပတ်သက်၍​လည်း သူ​တို့​သည် အရှင့်​ထံ​သက်သေ​မ​ပြ​နိုင်​ပါ။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 14,
      "text": "သို့သော် အကျွန်ုပ်​သည် ဂိုဏ်းကွဲ​ဟု သူ​တို့​ခေါ်ဝေါ်​သော တရား​လမ်း​အတိုင်း ဘိုးဘေး​တို့​၏​ဘုရားသခင်​ကို ဝတ်ပြု​နေ​ကြောင်း အရှင့်​ရှေ့၌​ဝန်ခံ​ပါ​သည်။ အကျွန်ုပ်​သည် ပညတ်​တရား​နှင့်ညီသော​အရာ​များ​နှင့် ပရောဖက်​ကျမ်း​များ​တွင် ရေး​ထား​သော​အရာ​ရှိသမျှ​တို့​ကို ယုံကြည်​လျက်"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 15,
      "text": "သူ​တို့​ကိုယ်တိုင်​လည်း စောင့်မျှော်​သကဲ့သို့ ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ၊ မ​ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ နောင်တွင် ရှင်ပြန်​ထမြောက်​ကြ​လိမ့်မည်​ဟု ဘုရားသခင်​ကို​အမှီပြု၍ မျှော်လင့်​နေ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 16,
      "text": "ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 17,
      "text": "ယခု နှစ်​အတန်ကြာ​ပြီးနောက် အမျိုးသားချင်း​တို့​အား ပေးကမ်း​စွန့်ကြဲ​ရန်​နှင့် ပူဇော်သက္ကာ​များ​ဆက်ကပ်​ရန် အကျွန်ုပ်​ရောက်ရှိ​လာ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 18,
      "text": "ဗိမာန်​တော်​၌ သန့်ရှင်း​စင်ကြယ်​ခြင်း​ဝတ်​ကို​ခံယူ​ပြီး​သော​အကျွန်ုပ်​ကို သူ​တို့​တွေ့မြင်​သည့်​အချိန်​တွင် လူ​အစုအဝေး​မ​ရှိ၊ ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​လည်း မ​ရှိ​ခဲ့​ပါ။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 19,
      "text": "သို့ရာတွင် အာရှ​ပြည်​မှ ဂျူး​လူမျိုး​အချို့​ရှိ​ကြ​ပါ​သည်။ သူ​တို့​သည် အကျွန်ုပ်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် အရှင့်​ရှေ့​၌ ကိုယ်တိုင်​လာ​၍ စွဲဆို​သင့်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 20,
      "text": "သို့မဟုတ် အကျွန်ုပ်​သည် တရား​လွှတ်တော်​ရှေ့၌​ရပ်​နေ​စဉ် အကျွန်ုပ်​၌ မည်သည့်​ပြစ်မှု​ကို သူ​တို့​တွေ့ရှိ​ကြောင်း ယခု​ရှိ​သော​ဤ​သူ​တို့​ကိုယ်တိုင် ထွက်ဆို​ကြ​ပါစေ။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 21,
      "text": "အကျွန်ုပ်​သည် သူ​တို့​ရှေ့၌​ရပ်​လျက် ‘အကျွန်ုပ်​သည် သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ ယနေ့ သင်​တို့​ရှေ့၌ စစ်ဆေး​စီရင်​ခံ​နေ​ရ​ပါ​သည်’​ဟူသော​စကား​တစ်ခွန်း​ကို​သာ ကြွေးကြော်​ခဲ့​ပါ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 22,
      "text": "ဖေလဇ်​မင်း​သည် ထို​တရား​လမ်း​အကြောင်း​ကို တိကျ​သေချာ​စွာ​သိ​ထား​သောကြောင့် “တပ်မှူးကြီး​လုသိ​ရောက်လာ​သောအခါ သင်​တို့​အမှု​ကို ငါ​စစ်ဆေး​မည်”​ဟု ဆို​လျက် အမှု​ကို​ရွှေ့ဆိုင်း​လိုက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 23,
      "text": "ပေါလု​ကို​မူကား စောင့်ကြပ်​ထား​ရန်​နှင့် လွတ်လပ်​မှု​ကို​အနည်းအကျဉ်း​ပေး​၍ သူ​၏​အပေါင်းအဖော်​များ သူ့​ကို​ပြုစု​မည်​ကို မ​တားဆီး​ရန် တပ်မှူး​အား မှာကြား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 24,
      "text": "ရက်​အနည်းငယ်​ကြာ​ပြီးနောက် ဖေလဇ်​မင်း​သည် ဂျူး​အမျိုးသမီး​ဖြစ်​သော မိမိ​ဇနီး​ဒြုသိလေ​နှင့်အတူ​ရောက်လာ​၍ ပေါလု​ကို​ဆင့်ခေါ်​လျက် ခရစ်တော်​ယေရှု​အား​ယုံကြည်​ခြင်း​အကြောင်း​ကို သူ့​ထံမှ​နားထောင်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 25,
      "text": "သို့သော် ပေါလု​က ဖြောင့်မတ်​ခြင်း၊ မိမိကိုယ်ကို​ချုပ်တည်း​ခြင်း​နှင့် ရောက်လာ​မည့်​တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဆွေးနွေး​ပြောဆို​သောအခါ ဖေလဇ်​မင်း​သည် ကြောက်လန့်​၍ “ယခု​သွား​ဦး​လော့။ နောက်မှ အချိန်​ရ​သောအခါ သင့်​ကို ငါ​ခေါ်​ဦး​မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 26,
      "text": "တစ်ချိန်တည်း​မှာပင် ပေါလု​သည် သူ့​ကို လာဘ်​ငွေ​ပေး​လိမ့်မည်​ဟု​လည်း မျှော်လင့်​သောကြောင့် သူ​သည် ပေါလု​ကို​မကြာခဏ​ခေါ်​၍ စကား​ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 27,
      "text": "နှစ်​နှစ်​ကြာ​ပြီးနောက် ပေါကိ​ဖေတ္တု​မင်း​သည် ဖေလဇ်​မင်း​၏​အရိုက်အရာ​ကို ဆက်ခံ​လေ​၏။ ဖေလဇ်​မင်း​သည် ဂျူး​လူမျိုး​တို့​အား ကျေးဇူးပြု​လို​၍ ပေါလု​ကို​အကျဉ်းချ​ထားရစ်​ခဲ့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 1,
      "text": "ဖေတ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်​၍ သုံး​ရက်​ကြာ​သောအခါ ဆီဇာရီးယား​မြို့​မှ ဂျေရုဆလင်​မြို့​သို့ တက်​သွား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 2,
      "text": "ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဂျူး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​သည် သူ့​ထံ ပေါလု​ကို တရား​စွဲဆို​လျက်"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 3,
      "text": "မိမိ​တို့​အား ကျေးဇူးပြု​သည့်​အနေဖြင့် ပေါလု​ကို ဂျေရုဆလင်​မြို့​သို့​ပို့​ပေး​ရန် သူ့​အား​တောင်းပန်​ကြ​၏။ အကြောင်းမှာ သူ​တို့​သည် ပေါလု​ကို လမ်း​၌​ချောင်းမြောင်း​သတ်ဖြတ်​ရန် ကြံစည်​ထား​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 4,
      "text": "ထိုအခါ ဖေတ္တု​မင်း​က ပေါလု​သည် ဆီဇာရီးယား​မြို့​တွင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​ပြီး သူ​ကိုယ်တိုင်​လည်း မကြာမီ​ပြန်သွား​ရန် ရည်ရွယ်​ထား​ကြောင်း ဖြေကြား​ပြီးလျှင်"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 5,
      "text": "“ထို့ကြောင့် သင်​တို့​တွင် ဩဇာ​ရှိ​သော​သူ​တို့​သည် ငါ​နှင့်အတူ​လိုက်​ခဲ့​၍ ထို​လူ​၌ အပြစ်​တစ်စုံတစ်ရာ​ရှိ​လျှင် သူ့​ကို စွဲဆို​ကြ​ပါစေ”​ဟု ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 6,
      "text": "ထို့နောက် ရှစ်​ရက်၊ ဆယ်​ရက်​ခန့် သူ​တို့​ထံ၌​နေ​ပြီးမှ ဆီဇာရီးယား​မြို့​သို့ ဆင်း​သွား​၍ နောက်တစ်နေ့​တွင် တရားခွင်​၌​ထိုင်​လျက် ပေါလု​ကို​ခေါ်သွင်း​ရန် အမိန့်​ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 7,
      "text": "ပေါလု​ရောက်​သောအခါ ဂျေရုဆလင်​မြို့​မှ​လာ​သော ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဝိုင်းရံ​လျက် သူ​တို့​သက်သေ​မ​ပြ​နိုင်​သော ကြီးလေး​သည့်​စွဲချက်​များစွာ​တို့​ကို သူ့​အပေါ်​တင်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 8,
      "text": "ပေါလု​က​လည်း “အကျွန်ုပ်​သည် ဂျူး​လူမျိုး​တို့​၏​ပညတ်​တရား​ကို​လည်းကောင်း၊ ဗိမာန်​တော်​ကို​လည်းကောင်း၊ ဆီဇာ​ဧကရာဇ်​ကို​လည်းကောင်း တစ်စုံတစ်ခု​မျှ မ​ပြစ်မှား​ခဲ့​ပါ”​ဟု ချေပ​ပြောဆို​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 9,
      "text": "ဖေတ္တု​မင်း​သည် ဂျူး​လူမျိုး​တို့​ကို ကျေးဇူးပြု​လို​သဖြင့် ပေါလု​အား “သင်​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​၍ ထို​မြို့​၌ ငါ​၏​ရှေ့တွင် ဤ​အမှု​များ​နှင့်​ပတ်သက်​ပြီး စစ်ဆေး​စီရင်​ခံ​လို​သလော”​ဟု မေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 10,
      "text": "သို့သော် ပေါလု​က “အကျွန်ုပ်​သည် ဆီဇာ​ဧကရာဇ်​၏​တရားခွင်​၌ ရပ်​နေ​သည်​ဖြစ်​၍ ထို​နေရာ​တွင် အကျွန်ုပ်​ကို စစ်ဆေး​စီရင်​သင့်​ပါ​သည်။ အရှင်​လည်း ကောင်းစွာ​သိ​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​ကို အကျွန်ုပ်​မ​ပြစ်မှား​ခဲ့​ပါ။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 11,
      "text": "အကယ်၍ အကျွန်ုပ်​သည်​ပြစ်မှား​ပြီး သေဒဏ်​ခံထိုက်​သော​အပြစ်​တစ်စုံတစ်ခု​ကို ပြု​မိ​ခဲ့​ပါက သေ​ရ​မည်​ကို အကျွန်ုပ်​မ​ငြင်း​ပါ။ သို့သော် အကျွန်ုပ်​ကို ဤ​သူ​တို့​စွပ်စွဲ​နေ​သော​အရာ​များ​သည် တစ်စုံတစ်ခု​မျှ မ​ဟုတ်​မ​မှန်​လျှင် မည်သူမျှ အကျွန်ုပ်​ကို သူ​တို့​လက်​သို့ မ​အပ်​နိုင်​ပါ။ အကျွန်ုပ်​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​ပါ​မည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 12,
      "text": "ထိုအခါ ဖေတ္တု​မင်း​သည် အတိုင်ပင်ခံ​များ​နှင့်​တိုင်ပင်​ပြီးနောက် “သင်​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​သည်​ဖြစ်၍ ဆီဇာ​ဧကရာဇ်​ထံသို့ သွား​ရ​မည်”​ဟု ပြန်ဖြေ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 13,
      "text": "ထိုမှ ရက်​အနည်းငယ်​ကြာ​ပြီးနောက် အဂြိပ္ပ​မင်းကြီး​နှင့်​မိဖုရား​ဗေရနိတ်​တို့​သည် ဖေတ္တု​မင်း​ကို​နှုတ်ဆက်​ရန် ဆီဇာရီးယား​မြို့​သို့​ရောက်​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 14,
      "text": "သူ​တို့​သည် ထို​မြို့​၌ ရက်​အတန်ကြာ​နေ​ကြ​သဖြင့် ဖေတ္တု​မင်း​သည် ပေါလု​နှင့်​ပတ်သက်​သော​အမှု​များ​ကို မင်းကြီး​အား​တင်ပြ​လျက် “ဖေလဇ်​မင်း​ထားရစ်​ခဲ့​သော အကျဉ်းသား​တစ်​ဦး​ရှိ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 15,
      "text": "ဂျေရုဆလင်​မြို့​သို့ အကျွန်ုပ်​ရောက်​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဂျူး​လူမျိုး​တို့​၏​သက်ကြီးဝါကြီး​များ​သည် သူ့​ကို တရား​စွဲဆို​လျက် သူ့​အပေါ်​အပြစ်ဒဏ်​ပေး​ရန် တောင်းဆို​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 16,
      "text": "သို့သော် စွပ်စွဲ​ခံရ​သူ​တစ်စုံတစ်ဦး​သည် စွပ်စွဲ​သော​သူ​နှင့်​မျက်နှာချင်းဆိုင်​၍ စွပ်စွဲ​ချက်​နှင့်​ပတ်သက်​ပြီး ချေပ​ပြောဆို​ခွင့်​မ​ရ​မီ သူ့​ကို​လွှဲအပ်​ပေး​ခြင်း​သည် ရောမ​တို့​၏​ဓလေ့​ထုံးစံ​မ​ဟုတ်​ကြောင်း သူ​တို့​အား အကျွန်ုပ်​ဖြေကြား​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 17,
      "text": "ထို့ကြောင့် ဤ​မြို့​သို့ သူ​တို့​စုဝေး​ရောက်ရှိ​လာ​ကြ​သောအခါ အကျွန်ုပ်​သည် မ​ဆိုင်း​မ​ငံ့​ဘဲ နောက်တစ်နေ့​တွင် တရားခွင်​၌​ထိုင်​လျက် ထို​သူ​ကို​ခေါ်ဆောင်​လာ​ရန် အမိန့်​ပေး​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 18,
      "text": "သူ့​ကို​စွပ်စွဲ​သော​သူ​များ​ထ​ကြ​သောအခါ အကျွန်ုပ်​ထင်မှတ်​သလောက် ဆိုး​သော​ပြစ်မှု​မျိုး​ကို မ​တင်ပြ​ခဲ့​ကြ​ပါ။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 19,
      "text": "သူ​တို့​၏​ပြဿနာ​မှာ သူ​တို့​၏​ဘာသာ​တရား​နှင့်​ပတ်သက်​သော​အရာ​အချို့​နှင့် အသက်ရှင်​လျက်​ရှိ​သည်​ဟု ပေါလု​ပြောဆို​သည့် သေလွန်​ပြီး​သော ယေရှု​ဆို​သူ​တစ်​ဦး​နှင့်​ပတ်သက်​သည့် အရာ​များ​သာ ဖြစ်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 20,
      "text": "အကျွန်ုပ်​သည် ဤ​အရာ​များ​နှင့်ဆိုင်သည့် အငြင်းပွား​မှု​အတွက် တွေးမရ​ဖြစ်​နေ​သဖြင့် ပေါလု​အား ‘ဂျေရုဆလင်​မြို့​သို့​သွား​၍ ထို​မြို့​တွင် ဤ​စွပ်စွဲ​ချက်​များ​အတွက် စစ်ဆေး​စီရင်​ခံ​လို​သလော’​ဟု မေး​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 21,
      "text": "သို့သော် ပေါလု​က ဧကရာဇ်​မင်း​၏​စီရင်​ဆုံးဖြတ်​ခြင်း​ကို​ခံယူ​သည်​အထိ သူ့​အား​ထိန်းသိမ်း​ထား​ပါ​ရန် တောင်းဆို​သဖြင့် သူ့​ကို ဆီဇာ​ဧကရာဇ်​ထံ​ပို့​သည်​အထိ ထိန်းသိမ်း​ထား​ရန် အမိန့်​ပေး​ထား​ပါ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 22,
      "text": "ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ဖေတ္တု​မင်း​အား “အကျွန်ုပ်​ကိုယ်တိုင်​လည်း ထို​သူ​၏​စကား​ကို နားထောင်​လို​ပါ​သည်”​ဟု ဆို​သဖြင့် ဖေတ္တု​မင်း​က “မနက်ဖြန် သူ​၏​စကား​ကို အရှင်​နားထောင်​ရ​ပါ​မည်”​ဟု ဆို​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 23,
      "text": "နောက်တစ်နေ့​တွင် အဂြိပ္ပ​မင်းကြီး​နှင့်​မိဖုရား​ဗေရနိတ်​တို့​သည် ခမ်းနား​ကြီးကျယ်​သော​အဆောင်အယောင်​ဖြင့် တပ်မှူးကြီး​များ၊ ထို​မြို့​၏​အရေးပါ​ပုဂ္ဂိုလ်​များ​နှင့်အတူ​ကြွလာ​၍ ညီလာခံ​ခန်းမ​ထဲသို့​ဝင်​ကြ​၏။ ထိုအခါ ဖေတ္တု​မင်း​သည် အမိန့်​ပေး​သဖြင့် ပေါလု​ကို​ခေါ်ထုတ်​လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 24,
      "text": "ဖေတ္တု​မင်း​က​လည်း “အဂြိပ္ပ​မင်းကြီး​နှင့်တကွ အကျွန်ုပ်​တို့​နှင့်အတူ​ရှိ​ကြ​သော လူကြီးမင်း​အပေါင်း​တို့၊ အရှင်​တို့​မြင်​သော ဤ​သူ​နှင့်​ပတ်သက်၍ ဂျူး​အမျိုးသား​ထု​အပေါင်း​တို့​သည် ‘သူ့​ကို ဆက်၍​အသက်​မ​ရှင်​စေ​သင့်​ပါ’​ဟု အော်ဟစ်​လျက် ဂျေရုဆလင်​မြို့​၌​ဖြစ်စေ၊ ဤ​မြို့​၌​ဖြစ်စေ အကျွန်ုပ်​အား တောင်းဆို​ခဲ့​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 25,
      "text": "သို့ရာတွင် သူ​သည် သေဒဏ်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ကြောင်း အကျွန်ုပ်​သတိထား​မိ​ပါ​သည်။ သို့သော် သူ​ကိုယ်တိုင် ဧကရာဇ်​မင်း​ထံ အယူခံဝင်​မည်​ဟု​ဆို​သဖြင့် သူ့​ကို​ပို့ပေး​ရန် အကျွန်ုပ်​ဆုံးဖြတ်​ထား​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 26,
      "text": "သို့ရာတွင် အရှင်​ဧကရာဇ်​မင်း​ထံ သူ့​အကြောင်း​ရေးသား​ရန် တိကျ​သော​အကြောင်း​အချက် တစ်စုံတစ်ခု​မျှ အကျွန်ုပ်​၌​မ​ရှိ​ပါ။ ထို့ကြောင့် ဤ​စစ်ဆေး​မှု​ပြီးဆုံး​သောအခါ အကျွန်ုပ်​ရေးသား​ရန် အကြောင်း​အချက်​တစ်စုံတစ်ခု​ရရှိ​နိုင်​မည့်​အကြောင်း သူ့​ကို အရှင်​တို့​ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပ​မင်းကြီး၊ အရှင့်​ရှေ့၌​အကျွန်ုပ်​ထုတ်ဆောင်​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 27,
      "text": "အကြောင်းမူကား အကျဉ်းသား​တစ်​ဦး​ကို သူ့​အပေါ်​တင်​ထား​သည့်​စွဲချက်​များ​မ​ပါ​ဘဲ စေလွှတ်​ခြင်း​မှာ မ​သင့်လျော်​ဟု အကျွန်ုပ်​ထင်​ပါ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 1,
      "text": "ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ပေါလု​အား “သင့်​အကြောင်း​ကို သင်​ကိုယ်တိုင်​ပြောဆို​နိုင်​ပြီ”​ဟု အမိန့်​ရှိ​သဖြင့် ပေါလု​သည် လက်​ကို​ဆန့်​၍"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 2,
      "text": "“အဂြိပ္ပ​မင်းကြီး၊ ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​အပေါ်​စွဲဆို​ထား​သည့်​အမှု​အားလုံး​နှင့်​ပတ်သက်၍ အရှင်​မင်းကြီး​၏​ရှေ့​တော်​၌ ယနေ့ ချေပ​ပြောဆို​ရ​တော့မည်​ကို မင်္ဂလာ​တစ်ပါး​ဖြစ်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 3,
      "text": "အထူးသဖြင့် အရှင်​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ဓလေ့​ထုံးစံ​နှင့် ပြဿနာ​အလုံးစုံ​တို့​ကို သိကျွမ်း​သူ​ဖြစ်​သောကြောင့် ဖြစ်​ပါ​သည်။ ထို့ကြောင့် အကျွန်ုပ်​၏​လျှောက်ထား​ချက်​ကို စိတ်ရှည်​စွာ​နားထောင်​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 4,
      "text": "အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲ၌​လည်းကောင်း၊ ဂျေရုဆလင်​မြို့​၌​လည်းကောင်း အစ​ပြု​ခဲ့​သည့် ငယ်ရွယ်​စဉ်​ဘဝ​မှစ၍ အကျွန်ုပ်​မည်ကဲ့သို့​ပြုမူ​နေထိုင်​ခဲ့​သည်​ကို ဂျူး​လူမျိုး​အားလုံး​သိ​ကြ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 5,
      "text": "သူ​တို့​သည် အကျွန်ုပ်​ကို ယခင်ကတည်းက သိ​ထား​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘာသာ​တွင် စည်းမျဉ်း​အတင်းကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာရိရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အဖြစ် အသက်ရှင်​ခဲ့​ကြောင်း သူ​တို့​သက်သေခံ​လို​လျှင် သက်သေခံ​နိုင်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 6,
      "text": "ယခု အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘိုးဘေး​များ​အား ဘုရားသခင်​ပေး​ထား​သော​ကတိ​တော်​နှင့်ဆိုင်သည့် မျှော်လင့်​ခြင်း​အတွက် ရပ်​လျက် စစ်ဆေး​စီရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 7,
      "text": "အကျွန်ုပ်​တို့​၏​မျိုးနွယ်စု တစ်ဆယ့်နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်အားထက်သန်​စွာ​ဖြင့် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​လျက် ထို​ကတိ​တော်​အတိုင်း ခံစား​ရ​ရန် မျှော်လင့်​နေ​ကြ​ပါ​သည်။ အရှင်​မင်းကြီး၊ အကျွန်ုပ်​သည် ဤ​မျှော်လင့်​ခြင်း​အတွက် ဂျူး​လူမျိုး​တို့​၏​စွဲဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 8,
      "text": "သေလွန်​သော​သူ​တို့​အား ဘုရားသခင်​ထမြောက်​စေ​တော်မူ​သည်​ကို မ​ယုံ​နိုင်​စရာ​ဟု အရှင်​တို့ အဘယ်ကြောင့်​ထင်မှတ်​ကြ​ပါ​သနည်း။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 9,
      "text": "အမှန်စင်စစ် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​၏​နာမ​တော်​အား ဆန့်ကျင်​သည့်​အမှု​များစွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်မှတ်​၍"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 10,
      "text": "ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 11,
      "text": "ဝတ်ပြု​စည်းဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မကြာခဏ​ပြစ်ဒဏ်​ပေး​လျက် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​ရန် အတင်းအကျပ်​စေခိုင်း​ခဲ့​ပါ​သည်။ ထိုမျှမက သူ​တို့​အပေါ် အလွန်​ဒေါသ​ထွက်​၍ တိုင်းတစ်ပါး​မြို့​များ​သို့​တိုင်အောင် သူ​တို့​ကို လိုက်လံ​ညှဉ်းဆဲ​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 12,
      "text": "ဤသို့ဖြင့် အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၏​ခွင့်ပြု​ချက်​နှင့်​အခွင့်​အာဏာ​တို့​ပါလျက် ဒမတ်စကပ်​မြို့​သို့​သွား​စဉ်"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 13,
      "text": "မွန်းတည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်ခြည်​ထက်​မက​တောက်ပ​သော ကောင်းကင်​မှ​အလင်း​သည် အကျွန်ုပ်​မှစ၍ အကျွန်ုပ်​နှင့်အတူ​ခရီး​သွား​သူ​များ​ပတ်လည်​တွင် ထွန်းလင်း​သည်​ကို အကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အရှင်​မင်းကြီး။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 14,
      "text": "အကျွန်ုပ်​တို့​အားလုံး​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ ဟေဗြဲ​ဘာသာစကား​ဖြင့် ‘ရှောလု၊ ရှောလု၊ သင်​သည် အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း။ တုတ်ချွန်​ကို​ကန်​ရန် သင့်​အတွက်​ခက်​၏’ ​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို အကျွန်ုပ်​ကြား​ရ​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 15,
      "text": "ထိုအခါ အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေးလျှောက်​လျှင် သခင်​ဘုရား​က ‘ငါ​သည် သင်​ညှဉ်းဆဲ​သော​ယေရှု​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 16,
      "text": "သင်​သည်​ထ​၍ သင့်​ခြေ​ဖြင့်​မတ်တတ်ရပ်​လော့။ ငါ​သည် သင့်​ထံ​ထင်ရှား​သည်​မှာ ငါ့​ကို​သင်​မြင်​ရ​သည့်​အကြောင်း​နှင့် သင့်​အား ငါ​ထင်ရှားပြ​မည့်​အရာ​များ​အတွက် သင့်​ကို အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ သက်သေ​အဖြစ်​လည်းကောင်း ခန့်ထား​ရန်​ဖြစ်​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 17,
      "text": "ငါ​သည် ဂျူး​လူမျိုး​၏​လက်​မှ​လည်းကောင်း၊ လူမျိုးခြား​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​မည်။ ထို​သူ​တို့​ထံသို့​သင့်​ကို ငါ​စေလွှတ်​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 18,
      "text": "ဤသည်ကား သူ​တို့​၏​မျက်စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်​၏​အခွင့်​အာဏာ​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲ​စေ​သဖြင့် သူ​တို့​သည် ငါ့​ကို​ယုံကြည်​ခြင်း​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​ကာ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ထဲတွင် ပါဝင်​ရ​မည့်​အကြောင်း​တည်း’ ​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 19,
      "text": "ထို့ကြောင့် အဂြိပ္ပ​မင်းကြီး၊ အကျွန်ုပ်​သည် ကောင်းကင်ဘုံ​မှ​ဗျာဒိတ်​ရူပါရုံ​ကို နားမထောင်​၍​မ​နေ​ဘဲ"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 20,
      "text": "ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 21,
      "text": "ဤ​အကြောင်း​များ​ကြောင့် ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​ကို ဗိမာန်​တော်​၌​ဖမ်းဆီး​၍ သတ်​ရန်​ကြိုးစား​ခဲ့​ကြ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 22,
      "text": "သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏​မစ​ခြင်း​ကျေးဇူး​ကို​ခံစား​ရ​၍ ယနေ့​တိုင်အောင် ရပ်​လျက် လူကြီး​လူငယ်​တို့​အား သက်သေခံ​နေ​ပါ​သည်။ ထိုသို့​သက်သေခံ​ရာ​၌ နောင်တွင် ဖြစ်ပျက်​မည်​ဟု မောရှေ​နှင့်​ပရောဖက်​တို့​ဟောပြော​ခဲ့​သည့်​အရာ​များ​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​ပြောဆို​ခဲ့​ပါ။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 23,
      "text": "သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်”​ဟု ချေပ​ပြောဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 24,
      "text": "ပေါလု​သည် ဤသို့​ချေပ​ပြောဆို​နေ​စဉ် ဖေတ္တု​မင်း​က “ပေါလု၊ သင်​သည်​ရူးသွပ်​နေ​ပြီ။ သင်​၏​လွန်ကဲ​သော​ကျမ်းဂန်​လေ့လာ​မှု​သည် သင့်​ကို သူရူး​ဖြစ်​စေ​ပြီ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 25,
      "text": "သို့သော် ပေါလု​က “မြတ်​သော​ဖေတ္တု​မင်း၊ အကျွန်ုပ်​မ​ရူးသွပ်​ပါ။ မှန်ကန်​၍ သင့်မြတ်​သော​စကား​တို့​ကို ပြောဆို​နေ​ခြင်း​သာ ဖြစ်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 26,
      "text": "အဂြိပ္ပ​မင်းကြီး​သည် ဤ​အကြောင်းအရာ​များ​ကို သိ​တော်မူ​သည်​ဖြစ်၍ ရှေ့​တော်​၌ ရဲရင့်​စွာ​ပြောဆို​နေ​ခြင်း​ဖြစ်​ပါ​သည်။ ဤ​အရာ​များ​သည် ဆိတ်ကွယ်​ရာ​အရပ်​၌​ဖြစ်ပျက်​ခဲ့​သည့်​အရာ​မ​ဟုတ်​သောကြောင့် ၎င်း​တို့​ထဲမှ မင်းကြီး​မသိ​သော​အရာ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု အကျွန်ုပ်​ထင်မြင်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 27,
      "text": "အဂြိပ္ပ​မင်းကြီး၊ အရှင်​သည် ပရောဖက်​ကျမ်း​များ​ကို ယုံကြည်​တော်မူ​ပါ​သလော။ ယုံကြည်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 28,
      "text": "ထိုအခါ အဂြိပ္ပ​မင်းကြီး​က “သင်​သည် တိုတောင်း​သော​အချိန်​အတွင်း​၌ ငါ့​ကို​ခရစ်ယာန်​ဖြစ်​အောင် စည်းရုံး​နေ​ပါ​တကား”​ဟု ပေါလု​အား ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 29,
      "text": "ပေါလု​က​လည်း “တိုတောင်း​သော​အချိန်​အတွင်း​ဖြစ်စေ၊ ကြာရှည်​သော​အချိန်​အတွင်း​ဖြစ်စေ အရှင်​မင်းကြီး​သာမက ယနေ့ အကျွန်ုပ်​၏​စကား​ကို​နားထောင်​သူ​အပေါင်း​တို့​သည်​လည်း ဤ​ချည်နှောင်​ခြင်း​မှတစ်ပါး အကျွန်ုပ်​ကဲ့သို့​ဖြစ်လာ​ကြ​ရန် ဘုရားသခင်​ထံ အကျွန်ုပ်​ဆုတောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 30,
      "text": "ထိုအခါ မင်းကြီး​နှင့်​ဘုရင်ခံ​တို့​သည်​ထ​ပြီး မိဖုရား​ဗေရနိတ်​မှစ၍ သူ​တို့​နှင့်အတူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 31,
      "text": "သူ​တို့​သည် ထွက်ခွာ​သွား​ပြီးနောက် “ဤ​သူ​သည် သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​မျှ မ​ပြု​ခဲ့​ပါ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 32,
      "text": "အဂြိပ္ပ​မင်းကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်ပေး​နိုင်​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 1,
      "text": "ငါ​တို့​သည် အီတလီ​ပြည်​သို့​ရွက်လွှင့်​ရ​မည်​ဟု သူ​တို့​ဆုံးဖြတ်​ကြ​သောအခါ သူ​တို့​သည် ပေါလု​နှင့်​အခြား​အကျဉ်းသား​အချို့​တို့​ကို ဧကရာဇ်​မင်း​၏​တပ်ဖွဲ့​မှ ယုလိ​အမည်​ရှိ​သော​တပ်မှူး​ထံ အပ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 2,
      "text": "ငါ​တို့​သည် အာရှ​ပြည် ကမ်းခြေ​တစ်လျှောက်​ရှိ ဆိပ်ကမ်း​များ​သို့​ရွက်လွှင့်​သွား​မည့် အဒြာမုတ္တိ​သင်္ဘော​ကို​စီး​လျက် ရွက်လွှင့်​ကြ​၏။ မာကေဒေါနိ​ပြည်၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​သည်​လည်း ငါ​တို့​နှင့်အတူ​ပါ​လာ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 3,
      "text": "နောက်တစ်နေ့​တွင် ငါ​တို့​သည် ဆီဒုန်​မြို့​သို့​ဆိုက်ကပ်​ကြ​၏။ ယုလိ​သည် ပေါလု​ကို​ကြင်နာ​စွာ​ဆက်ဆံ​လျက် မိတ်ဆွေ​များ​ထံ​သွား​၍ လုပ်ကျွေး​ပြုစု​ခြင်း​ခံယူ​ခွင့်​ကို ပေး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 4,
      "text": "ထို​မြို့​မှ​ရွက်လွှင့်​ကြ​သောအခါ လေ​ဆန်​ဖြစ်​နေ​သဖြင့် ဆိုက်ပရပ်​ကျွန်း​၏​လေကွယ်​ရာ​ဘက်​မှ ရွက်လွှင့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 5,
      "text": "ထို့နောက် ဆီလီဆီးယား​ပြည်​နှင့်​ပံဖုလိ​ပြည်​၏​ပင်လယ်ပြင်​ကို ရွက်လွှင့်​ပြီး လုကိ​ပြည်၊ မုရ​မြို့​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 6,
      "text": "ထို​မြို့​တွင် တပ်မှူး​သည် အီတလီ​ပြည်​သို့​ရွက်လွှင့်​မည့် အလက်ဇန္ဒြိယ​သင်္ဘော​ကို​တွေ့​၍ ငါ​တို့​အား ထို​သင်္ဘော​ပေါ်သို့​တက်​စေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 7,
      "text": "ရက်​ပေါင်း​များစွာ​တစ်ရွေ့ရွေ့​ရွက်လွှင့်​ကြ​ပြီးနောက် ကနိဒ်​မြို့​နား​သို့ ခက်ခဲ​စွာ​ဖြင့်​ရောက်ရှိ​ကြ​၏။ ငါ​တို့​သည် လေ​ကြောင့် ဆက်​မ​သွား​နိုင်​တော့​သဖြင့် သာလမုန်​အငူ​နား​မှ​ဖြတ်​၍ ကရေတေ​ကျွန်း​၏​လေကွယ်​ရာ​ဘက်​မှ ရွက်လွှင့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 8,
      "text": "ကမ်းရိုးတန်း​တစ်လျှောက် ခက်ခဲ​စွာ​ရွက်လွှင့်​သွား​ပြီးနောက် လာသဲ​မြို့​အနီး​ရှိ ဆိပ်ကမ်း​သာ​ဟု​ခေါ်​သော​အရပ်​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 9,
      "text": "အချိန်​များစွာ​ကြာ​လာ​၍ အစာရှောင်​ရာ​နေ့​သည်​လည်း လွန်​ခဲ့​ပြီ​ဖြစ်​သောကြောင့် ပင်လယ်​ခရီး​သည် ဘေးအန္တရာယ်​ရှိ​လာ​သဖြင့် ပေါလု​သည် သူ​တို့​အား သတိပေး​ကာ"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 10,
      "text": "“မိတ်ဆွေ​တို့၊ ဤ​ပင်လယ်​ခရီး​တွင် သင်္ဘော​နှင့်​ကုန်ပစ္စည်း​သာမက အကျွန်ုပ်​တို့​၏​အသက်​အပေါ်၌​ပင် ဘေးအန္တရာယ်​နှင့်​များစွာ​သော​ဆုံးရှုံး​မှု ကျရောက်​လာ​လိမ့်မည်​ဟု အကျွန်ုပ်​တွေ့မြင်​ရ​သည်”​ဟူ၍ ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 11,
      "text": "သို့သော် တပ်မှူး​သည် ပေါလု​ပြောဆို​သော​စကား​ထက် ရေယာဉ်မှူး​နှင့်​သင်္ဘော​ပိုင်ရှင်​တို့​ကို ပို၍​ယုံ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 12,
      "text": "ထို​ဆိပ်ကမ်း​သည်​လည်း ဆောင်း​ခို​ရန်​မ​သင့်လျော်​သော​ဆိပ်ကမ်း​ဖြစ်​သောကြောင့် အများစု​က ထို​ဆိပ်ကမ်း​မှ​ရွက်လွှင့်​ပြီး ဖြစ်နိုင်​လျှင် အနောက်​တောင်​နှင့် အနောက်​မြောက်​သို့​မျက်နှာမူ​သည့် ကရေတေ​ကျွန်း​၏​ဖိနိတ်​ဆိပ်ကမ်း​သို့ တစ်နည်းနည်း​ဖြင့်​သွား​၍ ဆောင်းခို​မည်​ဟု ဆုံးဖြတ်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 13,
      "text": "တောင်​လေ​ဖြည်းညင်း​စွာ​တိုက်ခတ်​လာ​သောအခါ သူ​တို့​သည် အကြံအစည်​အောင်မြင်​ပြီ​ဟု​ထင်မှတ်​လျက် ကျောက်ဆူး​ကို​နုတ်​ပြီးလျှင် ကရေတေ​ကျွန်း​၏​ကမ်းခြေ​ကို​ကပ်​၍ ရွက်လွှင့်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 14,
      "text": "သို့သော် မကြာမီ​အတွင်း ဥရုကလုဒုန်​ဟု​ခေါ်​သည့် လေ​မုန်တိုင်း​သည် ကုန်းတွင်းပိုင်း​မှ တိုက်ခတ်​လာ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 15,
      "text": "သင်္ဘော​သည် လေ​မုန်တိုင်း​မိ​သဖြင့် လေ​ကို​ဆန်​၍​မ​သွား​နိုင်​သောကြောင့် ငါ​တို့​သည် လက်လျှော့​၍ လေ​တိုက်​ရာ​သို့ မျော​ပါ​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 16,
      "text": "ကလောဒေ​ဟု​ခေါ်​သော ကျွန်း​ငယ်​တစ်​ကျွန်း​၏​လေကွယ်​ရာ​သို့ ရောက်​ကြ​သောအခါ အသက်ကယ်လှေ​ကို ခက်ခဲ​စွာ​ဖြင့် ပြန်လည်​ထိန်းသိမ်း​နိုင်​ခဲ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 17,
      "text": "သူ​တို့​သည် ထို​လှေ​ကို သင်္ဘော​ပေါ်​တင်​ပြီးလျှင် သင်္ဘော​ကို​ခိုင်ခံ့​စေရန် ကြိုး​ဖြင့်​ပတ်စည်း​ကြ​၏။ ဆိတစ်​သဲသောင်​ပေါ်၌ သောင်တင်​မည်​ကို စိုးရိမ်​သောကြောင့် ရွက်​ကို​လျှောချ​လျက် လေတိုက်​ရာ​သို့ မျော​ပါ​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 18,
      "text": "ငါ​တို့​သည် လေ​မုန်တိုင်း​ဒဏ်​ကို ပြင်း​စွာ​ခံရ​သဖြင့် နောက်တစ်နေ့​တွင် လူ​တို့​သည် ကုန်ပစ္စည်း​များ​ကို သင်္ဘော​ပေါ်မှ ပစ်ချ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 19,
      "text": "သုံး​ရက်​မြောက်​သော​နေ့​တွင် သင်္ဘော​၏​ကုန်​တင်​ကုန်​ချ​ပစ္စည်း​များ​ကို​ပင် မိမိ​တို့​လက်​ဖြင့်​ယူ​၍ ပစ်ချ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 20,
      "text": "ရက်​ပေါင်း​များစွာ နေ​နှင့်​ကြယ်​များ​ကို​မ​တွေ့​ရ​ချေ။ မုန်တိုင်း​သည်​လည်း အရှိန်​မ​လျော့​ဘဲ တိုက်ခတ်​လျက်​ရှိ​သဖြင့် နောက်ဆုံး​တွင် ငါ​တို့​လွတ်မြောက်​မည်​ဟူသော​မျှော်လင့်​ချက်​ရှိသမျှ​သည် ပျောက်ကွယ်​သွား​ခဲ့​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 21,
      "text": "လူ​တို့​သည် ကြာမြင့်​စွာ​အစာ​မ​စား​ဘဲ​နေ​ကြ​သောအခါ ပေါလု​သည် သူ​တို့​အလယ်​၌​ရပ်​လျက် “အို မိတ်ဆွေ​တို့၊ သင်​တို့​သည် အကျွန်ုပ်​၏​စကား​ကို​နားထောင်​၍ ကရေတေ​ကျွန်း​မှ​မ​ထွက်ခွာ​ဘဲ နေ​သင့်​ပေ​သည်။ သို့ပြုလျှင် ဤ​ဘေးအန္တရာယ်​နှင့်​ဆုံးရှုံး​မှု​တို့​မှ ကင်းလွတ်​ခဲ့​ရ​ကြ​ပေ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 22,
      "text": "သို့သော် အားမငယ်​ကြ​ရန် သင်​တို့​အား အကျွန်ုပ်​တိုက်တွန်း​ပါ​သည်။ အကြောင်းမူကား သင်​တို့​ထဲမှ တစ်စုံတစ်ဦး​မျှ အသက်​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။ သင်္ဘော​ကို​သာ ဆုံးရှုံး​ရ​လိမ့်မည်။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 23,
      "text": "အဘယ်ကြောင့်​ဆိုသော် အကျွန်ုပ်​ကို​ပိုင်သ​တော်မူ​သည့် အကျွန်ုပ်​ဝတ်ပြု​သော​ဘုရားသခင်​၏​ကောင်းကင်​တမန်​သည် လွန်​ခဲ့​သော​ည​က အကျွန်ုပ်​အနီး၌​ရပ်​လျက်"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 24,
      "text": "‘ပေါလု၊ မ​စိုးရိမ်​နှင့်။ သင်​သည် ဆီဇာ​ဧကရာဇ်​ရှေ့သို့​ရောက်​ရ​မည်။ ဘုရားသခင်​သည် သင်​နှင့်အတူ​ရွက်လွှင့်​နေ​သူ​အပေါင်း​တို့​ကို​လည်း သင့်​အား ပေးအပ်​တော်မူ​ပြီ’​ဟု မြွက်ဆို​ခဲ့​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 25,
      "text": "သို့ဖြစ်၍ မိတ်ဆွေ​တို့၊ အားမငယ်​ကြ​နှင့်။ အကြောင်းမူကား အကျွန်ုပ်​အား​မိန့်​တော်မူ​သည့်​အတိုင်း​ပင် ဖြစ်​လိမ့်မည်​ဟု ဘုရားသခင်​ကို​အမှီပြု၍ အကျွန်ုပ်​ယုံကြည်​ပါ​သည်။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 26,
      "text": "အကျွန်ုပ်​တို့​သည် ကျွန်း​တစ်​ခု​တွင် သောင်တင်​ရ​လိမ့်မည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 27,
      "text": "တစ်ဆယ့်လေး​ရက်​မြောက်​ည​ရောက်​သောအခါ ငါ​တို့​သည် အာဒြိ​ပင်လယ်​ထဲတွင်​မျောပါ​နေ​ကြ​စဉ် ည​သန်းခေါင်​အချိန်​ခန့်​တွင် သင်္ဘောသား​တို့​သည် ကမ်း​တစ်ခုခု​နှင့်​နီး​လာ​သည်​ဟု​ထင်မှတ်​၍"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 28,
      "text": "ရေ​ကို​တိုင်း​ကြည့်​ရာ အလံ​နှစ်ဆယ်​နက်​ကြောင်း​တွေ့​ကြ​၏။ ထို့နောက် အနည်းငယ်​ဆက်သွား​၍ ပြန်​တိုင်း​ကြည့်​ရာ တစ်ဆယ့်ငါး​လံ​နက်​သည်​ကို​တွေ့​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 29,
      "text": "သူ​တို့​သည် ကျောက်ဆောင်​နှင့်​တိုက်​မိ​မည်​ကို​စိုးရိမ်​သဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ ကျောက်ဆူး​လေး​ခု​ကို​ချ​ပြီး မိုးလင်း​ပါစေ​ဟု​ဆုတောင်း​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 30,
      "text": "သင်္ဘောသား​များ​သည် သင်္ဘော​မှ​ထွက်ပြေး​ရန်​ကြိုးစား​၍ သင်္ဘော​ဦးပိုင်း​တွင် ကျောက်ဆူး​ချ​မည့်​ဟန်ပြု​လျက် အသက်ကယ်လှေ​ကို ရေ​ထဲသို့​လျှောချ​နေ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 31,
      "text": "ပေါလု​က တပ်မှူး​နှင့်​စစ်သား​တို့​အား “သင်္ဘော​ပေါ်တွင် ဤ​သူ​တို့​သာ​မ​ရှိ​လျှင် သင်​တို့​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်”​ဟု ပြော​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 32,
      "text": "ထိုအခါ စစ်သား​တို့​သည် အသက်ကယ်လှေ​၏​ကြိုး​များ​ကို​ခုတ်ဖြတ်​၍ ၎င်း​တို့​ကို အောက်​သို့​ချ​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 33,
      "text": "မိုးလင်း​လုနီး​သောအခါ ပေါလု​သည် အားလုံး​တို့​အား အစာ​စား​ကြ​ရန် တိုက်တွန်း​လျက် “သင်​တို့​သည် အစာ​မ​စား​ဘဲ ဆက်တိုက်​အခြေအနေ​ကို​စောင့်ကြည့်​ကာ မည်သည့်​အရာ​ကို​မျှ​မ​စား​ခဲ့​သည်​မှာ ယနေ့ တစ်ဆယ့်လေး​ရက်​ရှိ​ပါ​ပြီ။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 34,
      "text": "ထို့ကြောင့် အစာ​စား​ကြ​ရန် သင်​တို့​အား အကျွန်ုပ်​တိုက်တွန်း​ပါ​သည်။ ဤသည်ကား သင်​တို့​၏​လွတ်မြောက်​ခြင်း​အတွက် ဖြစ်​၏။ သင်​တို့​၏​ဦးခေါင်း​မှ ဆံပင်​တစ်​ပင်​မျှ ပျက်စီး​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 35,
      "text": "ဤသို့​ဆို​ပြီးနောက် ပေါလု​သည် မုန့်​ကို​ယူ​၍ အားလုံး​၏​ရှေ့​တွင် ဘုရားသခင်​အား​ကျေးဇူးတင်​လျက် မုန့်​ကို​ဖဲ့​၍​စား​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 36,
      "text": "ထိုအခါ သူ​တို့​အားလုံး​သည်​လည်း အားတက်​လာ​၍ အစာ​စား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 37,
      "text": "သင်္ဘော​ပေါ်တွင် လူ​ပေါင်း​နှစ်ရာ​ခုနစ်ဆယ့်​ခြောက်​ယောက်​ရှိ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 38,
      "text": "အစာ​ကို​ဝလင်​စွာ​စား​ကြ​ပြီးနောက် သင်္ဘော​ပေါ့​သွား​စေရန် ဂျုံဆန်​ကို ပင်လယ်​ထဲသို့​ပစ်ချ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 39,
      "text": "မိုးလင်း​သောအခါ မည်သည့်​အရပ်​ဒေသ​ဖြစ်​သည်​ကို မ​သိ​သော်လည်း ကမ်းခြေ​ရှိ​သော ပင်လယ်ကွေ့​တစ်​ခု​ကို​မြင်​ရ​၍ ဖြစ်နိုင်​လျှင် ထို​ကမ်းခြေ​ပေါ်သို့ သင်္ဘော​ကို​ထိုးတင်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 40,
      "text": "ထို့နောက် ကျောက်ဆူး​များ​ကို ပင်လယ်​ထဲသို့​ဖြုတ်​ချ​ခဲ့​၍ တစ်ချိန်တည်း​၌​ပင် တက်မ​ကြိုး​များ​ကို​ဖြေ​လျက် ရွက်​ကို​တင်​ပြီး ကမ်းခြေ​ဘက်​သို့​လွှင့်​သွား​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 41,
      "text": "သို့သော် သင်္ဘော​သည် ဒီရေ​နှစ်​ကြောင်း​စုဆုံ​ရာ​သို့​ရောက်သွား​၍ သောင်တင်​သဖြင့် သင်္ဘောဦး​သည် သောင်​၌​စိုက်​ပြီး လှုပ်ရှား​၍​မ​ရ​တော့​ချေ။ ပဲ့​ပိုင်း​မှာ​မူ လှိုင်းလုံး​များ​ရိုက်ခတ်​သဖြင့် ကျိုးပျက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 42,
      "text": "စစ်သား​တို့​သည် အကျဉ်းသား​တစ်စုံတစ်ဦး​မျှ ရေကူး​၍​မ​ထွက်ပြေး​စေရန် သူ​တို့​ကို​သတ်​မည်​ဟု​ကြံစည်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 43,
      "text": "သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်​လို​သဖြင့် သူ​တို့​၏​အကြံအစည်​ကို​တားမြစ်​ကာ ရေကူး​တတ်​သူ​များ​သည် ဦးစွာ​ခုန်ချ​၍ ကမ်း​ပေါ်သို့​ကူးသွား​ကြ​ရန်​နှင့်"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 44,
      "text": "ကျန်​သော​သူ​တို့​သည် ပျဉ်ပြား​ကို​ဖြစ်စေ၊ သင်္ဘော​ထဲမှ​အရာ​တစ်စုံတစ်ခု​ကို​ဖြစ်စေ တွယ်စီး​၍ ကူး​သွား​ကြ​ရန် အမိန့်​ပေး​လေ​၏။ ဤသို့ဖြင့် အားလုံး​သည် ဘေးကင်း​စွာ​ဖြင့် ကုန်း​ပေါ်သို့​ရောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 1,
      "text": "ငါ​တို့​သည် ဘေးကင်း​စွာ​ရောက်ရှိ​ကြ​သောအခါ ထို​ကျွန်း​ကို မေလိတေ​ကျွန်း​ဟု​ခေါ်​ကြောင်း သိ​ရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 2,
      "text": "ကျွန်းသား​တို့​သည် ငါ​တို့​အား ထူးခြား​သော​ချစ်ခင်​ကြင်နာ​မှု​ကို​ပြသ​ကြ​၏။ မိုး​ရွာ​၍​ချမ်းအေး​သောကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အားလုံး​ကို လက်ခံ​ကြိုဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 3,
      "text": "ပေါလု​သည် ထင်း​များ​ကို​စုစည်း​လျက် မီး​ထဲသို့​ထည့်​လိုက်​ရာ မြွေဆိုး​တစ်​ကောင်​သည် မီး​အပူရှိန်​ကြောင့် ထွက်လာ​၍ ပေါလု​လက်​၌ တွယ်ကပ်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 4,
      "text": "ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 5,
      "text": "သို့သော် ပေါလု​သည် ထို​သတ္တဝါ​ကို မီး​ထဲသို့​ခါချ​လျက် မည်သည့်​ဘေးဥပဒ်​မျှ မ​ခံစား​ရ​ချေ။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 6,
      "text": "ကျွန်းသား​တို့​က သူ​သည် ယောင်​လာ​တော့​မည်​၊ သို့မဟုတ် ရုတ်တရက်​လဲကျ​၍ သေဆုံး​လိမ့်မည်​ဟု​ဆို​လျက် စောင့်ကြည့်​နေ​ကြ​၏။ သို့သော် ကြာမြင့်​စွာ​စောင့်ကြည့်​နေ​သော်လည်း မကောင်း​သည့်​လက္ခဏာ​တစ်စုံတစ်ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သောအခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘုရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 7,
      "text": "ထို​နေရာ​အနီး​တွင် ပုဗလိ​ဟု​အမည်​ရှိ​သော​ကျွန်း​သူကြီး​၏​မြေကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်ခံ​၍ သုံး​ရက်​တိုင်တိုင် ကောင်း​စွာ​ဧည့်ခံ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 8,
      "text": "ပုဗလိ​၏​ဖခင်​သည် အဖျားအနာ​နှင့်​ဝမ်းကိုက်​ရောဂါ​ခံစား​ရ​လျက် အိပ်ရာ​၌​လဲလျောင်း​နေ​၏။ ပေါလု​သည် သူ့​ထံသို့​ဝင်​ပြီး ဆုတောင်း​ပေး​ကာ သူ့​အပေါ်​လက်​တင်​၍ သူ့​ကို​ကျန်းမာ​စေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 9,
      "text": "ဤ​အရာ​ဖြစ်​ပြီးနောက် ကျွန်း​ပေါ်​ရှိ​နာမကျန်း​ဖြစ်​သော​အခြား​သူ​များ​လည်း ပေါလု​ထံ​လာ​ကြ​၍ ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 10,
      "text": "ထို​သူ​တို့​သည် များစွာ​သော​လက်ဆောင်​ဖြင့် ငါ​တို့​ကို ဂုဏ်ပြု​လျက် ငါ​တို့​ရွက်လွှင့်​သောအခါ​၌​လည်း လိုအပ်​သည့်​အရာ​များ​ကို တင်​ပေး​လိုက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 11,
      "text": "သုံး​လ​ကြာ​ပြီးနောက် ထို​ကျွန်း​ပေါ်တွင် ဆောင်းခို​နေ​သည့် နတ်​အမွှာ​ညီနောင်​ရုပ်​ပါ​အလက်ဇန္ဒြိယ​သင်္ဘော​ဖြင့် ငါ​တို့​သည် ရွက်လွှင့်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 12,
      "text": "ထို့နောက် သရကုတ်​မြို့​၌​ဆိုက်ကပ်​လျက် သုံး​ရက်​နေ​ပြီးမှ"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 13,
      "text": "တစ်ဖန် ရွက်လွှင့်​ပြန်​ရာ ရေဂျုန်​မြို့​သို့​ရောက်​ကြ​၏။ နောက်​တစ်​နေ့​တွင် တောင်​လေ​တိုက်​လာ​သဖြင့် ဒုတိယ​နေ့​၌ ပေါတယောလိ​မြို့​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 14,
      "text": "ထို​မြို့​တွင် ညီအစ်ကို​တို့​ကို​တွေ့ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခုနစ်​ရက်​ခန့်​နေထိုင်​ရန် ဖိတ်ခေါ်​ကြ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ရောမ​မြို့​သို့​ရောက်လာ​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 15,
      "text": "ငါ​တို့​အကြောင်း​ကို​ကြား​သော ညီအစ်ကို​တို့​သည် ငါ​တို့​နှင့်​တွေ့ဆုံ​ရန် ရောမ​မြို့​မှ အပ္ပိ​အရပ်​နှင့် ဧည့်ရိပ်သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အရပ်​တိုင်အောင် လာ​ကြ​၏။ ပေါလု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘုရားသခင်​ကို​ကျေးဇူးတင်​လျက် အားတက်​လာ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 16,
      "text": "ရောမ​မြို့​သို့​ဝင်​ကြ​သောအခါ ပေါလု​သည် သူ့​ကို​စောင့်ကြပ်​သည့် စစ်သား​နှင့်အတူ သီးသန့်​နေ​ခွင့်​ကို​ရ​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 17,
      "text": "သုံး​ရက်​လွန်​သောအခါ ပေါလု​သည် ဂျူး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​ကို​ဖိတ်ခေါ်​၍ စုဝေး​စေ​၏။ သူ​တို့​စုဝေး​လာ​ကြ​သောအခါ ပေါလု​က “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် မိမိ​လူမျိုး​ကို​လည်းကောင်း၊ ဘိုးဘေး​တို့​၏​ဓလေ့​ထုံးစံ​များ​ကို​လည်းကောင်း ဆန့်ကျင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဂျေရုဆလင်​မြို့​တွင် အကျဉ်းသား​အဖြစ် ရောမ​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 18,
      "text": "ရောမ​လူမျိုး​တို့​သည် အကျွန်ုပ်​ကို​စစ်ဆေး​ကြ​ရာ အကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်မှု​မ​တွေ့​သောကြောင့် အကျွန်ုပ်​ကို​ပြန်လွှတ်​လို​ကြ​သည်။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 19,
      "text": "သို့ရာတွင် ဂျူး​လူမျိုး​တို့​က ကန့်ကွက်​ကြ​သဖြင့် အကျွန်ုပ်​သည် မလွဲသာ​၍ ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​ရ​သည်။ အကျွန်ုပ်​၏​လူမျိုး​ကို​စွပ်စွဲ​ရန် အကြောင်း​တစ်စုံတစ်ရာ​ရှိ​၍​မ​ဟုတ်​ပါ။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 20,
      "text": "ဤ​အကြောင်း​ကြောင့် အကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ စကား​ပြော​ရန် သင်​တို့​ကို​ဖိတ်ခေါ်​ခြင်း​ဖြစ်​သည်။ အမှန်စင်စစ် အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​မျှော်လင့်​ခြင်း​အကြောင်း​ကြောင့် ဤ​သံကြိုး​ဖြင့် ချည်နှောင်​ထား​ခြင်း​ခံရ​သည်”​ဟု ဆို​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 21,
      "text": "ထိုအခါ သူ​တို့​က “ငါ​တို့​သည် ယုဒ​ပြည်​မှ သင့်​အကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်လာ​သော ညီအစ်ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်သက်​သည့် မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို သတင်းပို့​သော​သူ​၊ သို့မဟုတ် ပြောဆို​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 22,
      "text": "သို့သော် ဤ​ဂိုဏ်း​နှင့်​ပတ်သက်၍ အရပ်ရပ်​တို့​၌ ဆန့်ကျင်​ပြောဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်၍ သင်​မည်သို့​စိတ်သဘော​ရှိ​သည်​ကို သင့်​ထံမှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 23,
      "text": "ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 24,
      "text": "အချို့​တို့​သည် သူ​ဟောပြော​သော​အရာ​များ​ကို လက်ခံ​ကြ​သော်လည်း အချို့​တို့​သည် မ​ယုံကြည်​ကြ​ချေ။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 25,
      "text": "ထိုအခါ အချင်းချင်း​ကြား​၌ သဘောထား​ကွဲလွဲ​သဖြင့် ပြန်သွား​ကြ​စဉ်တွင် ပေါလု​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပရောဖက်​ဟေရှာယ​အားဖြင့် သင်​တို့​ဘိုးဘေး​တို့​အား လျောက်ပတ်​စွာ​ဟောပြော​ခဲ့​သည်​ကား"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 26,
      "text": "‘သင်​တို့​သည် ကြား​သောအခါ လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​သောအခါ​လည်း လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​ဟု ဤ​လူမျိုး​ထံသို့​သွား​၍ ပြောကြား​လော့။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 27,
      "text": "အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည်​ထုံထိုင်း​လျက်​၊ နား​သည်​လည်း​လေး​လျက်​၊ မျက်စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 28,
      "text": "ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 29,
      "text": "[ဤ​စကား​ကို ပေါလု​ပြော​လိုက်​သောအခါ ဂျူး​လူမျိုး​တို့​သည် အချင်းချင်း​ပြင်းထန်​စွာ​ငြင်းခုံ​လျက် ပြန်​သွား​ကြ​၏။]"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 30,
      "text": "ထို့နောက် ပေါလု​သည် နှစ်​နှစ်​ပတ်လုံး မိမိ​ငှားရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိမိ​ထံသို့​လာ​သော​သူ​အပေါင်း​တို့​ကို ကြိုဆို​လျက်"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 31,
      "text": "မည်သည့်​အတား​အဆီး​မျှ​မ​ရှိ​ဘဲ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့် ဟောပြော​ကာ သခင်​ယေရှု​ခရစ်တော်​၏​အကြောင်း​များ​ကို သွန်သင်​လေ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 2,
      "text": "ဤ​ကောင်းမြတ်​သော​သတင်း​သည် မိမိ​၏​ပရောဖက်​များ​အားဖြင့် သန့်ရှင်း​သော​ကျမ်းစာ​၌ ရှေးမဆွ​က​ပင် ဘုရားသခင်​ကတိ​ပေး​ထား​တော်မူ​သော​အရာ​ဖြစ်​ပြီး"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 3,
      "text": "ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 4,
      "text": "မြင့်မြတ်​သန့်ရှင်း​ခြင်း​၏​ဝိညာဉ်​တော်​အနေဖြင့်​ဆို​လျှင် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​ဖြင့် တန်ခိုး​နှင့်တကွ ဘုရားသခင်​၏​သား​တော်​အရာ​၌ ခန့်အပ်​ထား​ခြင်း​ခံရ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 5,
      "text": "ထို​သခင်​၏​နာမ​တော်​အတွက် လူမျိုး​အပေါင်း​တို့​ထဲတွင် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် ကျေးဇူး​တော်​ကို​လည်းကောင်း၊ တမန်တော်​ဖြစ်​ခြင်း​အခွင့်​ကို​လည်းကောင်း ကိုယ်တော်​အားဖြင့် ငါ​တို့​ရရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည်​လည်း ထို​လူမျိုး​တို့​ထဲတွင်​ပါဝင်​၍ ယေရှု​ခရစ်တော်​နှင့်​သက်ဆိုင်​မည့်​အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 7,
      "text": "ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 8,
      "text": "သင်​တို့​၏​ယုံကြည်​ခြင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကျော်ကြား​လျက်​ရှိ​သည်​ဖြစ်၍ ငါ​သည် သင်​တို့​အားလုံး​အတွက် ငါ​၏​ဘုရားသခင်​ကို ယေရှု​ခရစ်တော်​အားဖြင့် ပထမ​ဦးစွာ​ကျေးဇူးတင်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 9,
      "text": "ငါ​သည်​ဆုတောင်း​သောအခါ သင်​တို့​ကို​အမြဲမပြတ်​သတိရ​လျက် ဘုရားသခင်​၏​အလို​တော်​ရှိ​လျှင် တစ်ချိန်ချိန်​တွင် တစ်နည်းနည်း​ဖြင့် သင်​တို့​ထံသို့​လာ​ရ​သော​အခွင့်​ရှိ​ပါ​မည့်​အကြောင်း အစဉ်​တောင်းလျှောက်​နေ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ငါ့​အတွက်​သက်သေခံ​ပေး​သော​သူ​မှာ သား​တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​လျက် ငါ​၏​ဝိညာဉ်​အားဖြင့် ဝတ်ပြု​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 11,
      "text": "သင်​တို့​ကို ငါ​အလွန်​တွေ့မြင်​လို​သည်​မှာ သင်​တို့​အား ဝိညာဉ်​ဆု​ကျေးဇူး​အချို့​ကို​ဝေမျှ​ပေး​၍ သင်​တို့​ကို​ခိုင်ခံ့​မြဲမြံ​စေ​ရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 12,
      "text": "ထိုသို့​ဆိုသော် သင်​တို့​နှင့်အတူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်ဦးနှစ်ဖက်​၏​ယုံကြည်​ခြင်း​အားဖြင့် နှစ်သိမ့်​မှု​ကို အတူတကွ​ခံစား​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 13,
      "text": "ညီအစ်ကို​တို့၊ ငါ​သည် အခြား​သော​လူမျိုးခြား​တို့​တွင် အသီးအပွင့်​ရရှိ​သကဲ့သို့ သင်​တို့​တွင်​လည်း အသီးအပွင့်​တစ်စုံတစ်ခု​ရရှိ​ရန် သင်​တို့​ထံသို့​လာ​မည်​ဟု အကြိမ်ကြိမ်​စီစဉ်​ခဲ့​သော်လည်း ယခု​တိုင်အောင် တားဆီး​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 14,
      "text": "ငါ​သည် ဂရိ​လူမျိုး​နှင့်​လူရိုင်း​တို့​အပေါ်၌​ဖြစ်စေ၊ ပညာရှိ​နှင့်​ပညာမဲ့​တို့​အပေါ်၌​ဖြစ်စေ အကြွေး​တင်​သူ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 15,
      "text": "ထို့ကြောင့် ငါ့​အနေဖြင့် ရောမ​မြို့​၌​ရှိ​သော သင်​တို့​အား​လည်း ဤ​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် စိတ်အား​ထက်သန်​လျက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 16,
      "text": "ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 17,
      "text": "အဘယ်ကြောင့်​ဆိုသော် “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ယုံကြည်​ခြင်း​အပေါ်​အခြေခံ​လျက် ယုံကြည်​ခြင်း​သို့​ပို့ဆောင်​သည့်​ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​သည် ဤ​ကောင်းမြတ်​သော​သတင်း​၌​ထင်ရှား​လျက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 18,
      "text": "ဘုရားသခင်​၏​အမျက်​တော်​သည် ကောင်းကင်​မှ​ထင်ရှား​လျက် သမ္မာတရား​ကို မတရားမှု​ဖြင့်​တားဆီး​ပိတ်ပင်​သော​သူ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့် မတရားမှု​အလုံးစုံ​တို့​အပေါ်သို့ သက်ရောက်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 19,
      "text": "အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မိမိ​နှင့်​ပတ်သက်၍ သိ​အပ်​သော​အရာ​တို့​ကို သူ​တို့​အား​ထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ ထို​အရာ​တို့​သည် သူ​တို့​၌ ထင်ရှား​လျက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 20,
      "text": "တစ်နည်း​အားဖြင့် ကမ္ဘာ​လောက​ကို​ဖန်ဆင်း​တော်မူ​ချိန်​မှစ၍ ဘုရားသခင်​၏​မ​မြင်ရ​သော​ဂုဏ်​အင်္ဂါ​များ​တည်းဟူသော ကိုယ်တော်​၏​ထာဝရ​တန်ခိုး​တော်​နှင့် ဘုရား​ဖြစ်​တော်မူ​ခြင်း​တို့​သည် ဖန်ဆင်း​တော်မူ​သော​အရာ​များ​အားဖြင့် ရှင်းလင်း​စွာ​သိ​နိုင်​သည်​ဖြစ်၍ သူ​တို့​သည် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 21,
      "text": "အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 22,
      "text": "သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 23,
      "text": "ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 24,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​အချင်းချင်း မိမိ​တို့​ကိုယ်ခန္ဓာ​အသရေ​ကို​ဖျက်ဆီး​စေရန် သူ​တို့​ကို မိမိ​တို့​စိတ်နှလုံး​တပ်မက်​သည့်​အတိုင်း ညစ်ညူး​ခြင်း​လက်​သို့ အပ်လိုက်​လေ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 25,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​သမ္မာတရား​ကို မုသား​နှင့်​လဲလှယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​အစား ဖန်ဆင်း​တော်မူ​သော​အရာ​ကို ကိုးကွယ်​ဝတ်ပြု​ကြ​၏။ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ကာလ​အစဉ်အဆက် မင်္ဂလာရှိ​တော်မူ​၏။ အာမင်။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 26,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 27,
      "text": "ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 28,
      "text": "ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 29,
      "text": "သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 30,
      "text": "ပုတ်ခတ်​ပြောဆို​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ မိုက်ရိုင်း​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ကြွားဝါ​သော​သူ၊ မကောင်း​သော​အမှု​များ​ကို တီထွင်​ကြံစည်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 31,
      "text": "အသိတရား​ကင်းမဲ့​သော​သူ၊ ကတိ​မ​တည်​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ သနား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 32,
      "text": "ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 1,
      "text": "ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 2,
      "text": "ထိုသို့​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တို့​အပေါ်၌ ဘုရားသခင်​၏​တရား​စီရင်​ခြင်း​သည် သမ္မာတရား​နှင့်အညီ​သက်ရောက်​သည်​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 3,
      "text": "သို့ဖြစ်၍ ထိုသို့​သော​အမှု​များ​ကို​ပြုကျင့်​သော​သူ​တို့​အား စီရင်​လျက်​နှင့် ထို​အမှု​တို့​ကို ကိုယ်တိုင်​ပြု​သော​အချင်း​လူ၊ သင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်​ခြင်း​မှ​လွတ်​မည်​ဟု ထင်မှတ်​သလော။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 4,
      "text": "သို့မဟုတ် ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​သည် သင့်​ကို နောင်တ​သို့​ပို့ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်တော်​၏​ကြွယ်ဝ​သော​ကျေးဇူးပြု​တော်မူ​ခြင်း၊ သည်းခံ​တော်မူ​ခြင်း​နှင့် စိတ်ရှည်​တော်မူ​ခြင်း​တို့​ကို မထီမဲ့မြင်​ပြု​သလော။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 5,
      "text": "သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 6,
      "text": "ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 7,
      "text": "ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 8,
      "text": "တစ်ကိုယ်ကောင်းဆန်​၍ သမ္မာတရား​ကို​မ​နာခံ​ဘဲ မတရားမှု​နောက်​သို့​လိုက်​သော​သူ​တို့​အပေါ်၌​မူကား ပြင်းစွာ​သော​ဒေါသ​နှင့်​အမျက်​တော်​ကို သက်ရောက်​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 9,
      "text": "ဆင်းရဲ​ဒုက္ခ​နှင့်​နာကျင်​ခြင်း​ဝေဒနာ​တို့​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် မကောင်း​သော​အမှု​ကို​ပြု​သည့် သက်ရှိ​လူသား​အပေါင်း​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 10,
      "text": "ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်သက်​ခြင်း​တို့​မူကား ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 11,
      "text": "အကြောင်းမူကား ဘုရားသခင်​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 12,
      "text": "ပညတ်​တရား​မ​ပါ​ဘဲ အပြစ်​ပြု​သော​သူ​ရှိသမျှ​သည် ပညတ်​တရား​မ​ပါ​ဘဲ ပျက်စီး​ကြ​လိမ့်မည်။ ပညတ်​တရား​အောက်၌​ရှိ​လျက် အပြစ်​ပြု​သော​သူ​ရှိသမျှ​သည်​လည်း ပညတ်​တရား​အားဖြင့် စီရင်​ခြင်း​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 13,
      "text": "အကြောင်းမူကား ပညတ်​တရား​ကို​ကြားနာ​သော​သူ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​ကြ​သည်​မ​ဟုတ်။ ပညတ်​တရား​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​တို့​သာလျှင် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 14,
      "text": "ပညတ်​တရား​မ​ရှိ​သော​လူမျိုးခြား​တို့​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို အလိုအလျောက်​လိုက်နာ​ကျင့်သုံး​ကြ​သောအခါ သူ​တို့​၌​ပညတ်​တရား​မ​ရှိ​သော်လည်း သူ​တို့​ကိုယ်တိုင်​သည် မိမိ​တို့​အတွက် ပညတ်​တရား​ဖြစ်​ကြ​ပြီး"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 15,
      "text": "မိမိ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို ပြသ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​အသိစိတ်​သည်​လည်း အတူတကွ​သက်သေခံ​၍ သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​တို့​သည် အချင်းချင်း​စွပ်စွဲ​တစ်ခါ ကာကွယ်​တစ်လှည့်​ပြု​နေ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 16,
      "text": "ဤ​အမှုအရာ​များ​သည် ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အရ လူ​တို့​၏​လျှို့ဝှက်​သော​အကျင့်အကြံ​တို့​ကို ခရစ်တော်​ယေရှု​အားဖြင့် ဘုရားသခင်​စစ်ဆေး​စီရင်​တော်မူ​သော​နေ့​၌ ဖြစ်​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 17,
      "text": "အကယ်၍ သင်​သည် မိမိ​ကိုယ်​ကို​ဂျူး​လူမျိုး​ဟု​ခေါ်​လျက်၊ ပညတ်​တရား​ကို​ကိုးစား​လျက်၊ ဘုရားသခင်​၌​ဝါကြွား​လျက်၊"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 18,
      "text": "အလို​တော်​ကို​သိ​လျက်၊ ပညတ်​တရား​၏​သွန်သင်​မှု​ကို ခံယူ​ပြီး​ဖြစ်​သောကြောင့် မြင့်မြတ်​သော​အရာ​များ​ကို ပိုင်းခြား​သိရှိ​လျက်"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 19,
      "text": "ပညတ်​တရား​အားဖြင့် အသိပညာ​နှင့်​သမ္မာတရား​တို့​၏​အနှစ်သာရ​ကို ရရှိ​ထား​သည်​ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်​တို့​၏​လမ်းပြ၊ အမှောင်​ထဲ၌​နေ​သော​သူ​တို့​အတွက်​အလင်း၊"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 20,
      "text": "မိုက်မဲ​သော​သူ​တို့​ကို​ဆုံးမ​ပဲ့ပြင်​သူ၊ ကလေး​သူငယ်​များ​၏​ဆရာ​ဖြစ်​သည်​ဟု ယုံကြည်​စိတ်ချ​လျှင်"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 21,
      "text": "သူတစ်ပါး​ကို​သွန်သင်​လျက်​ပင် သင့်ကိုယ်သင်​မ​သွန်သင်​သလော။ မ​ခိုးယူ​ရ​ဟု​ဟောပြော​လျက်​ပင် သင်​ကိုယ်တိုင်​ခိုးယူ​ရ​သလော။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 22,
      "text": "အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ​ဟု​ဆို​လျက်​ပင် သင်​ကိုယ်တိုင်​ကျူးလွန်​ရ​သလော။ ရုပ်တု​များ​ကို​ရွံရှာ​လျက်​ပင် ၎င်း​တို့​၏​ဗိမာန်​များ​ကို သင်​ကိုယ်တိုင်​ဖောက်ထွင်း​လုယူ​ရ​သလော။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 23,
      "text": "ပညတ်​တရား​၌​ဝါကြွား​လျက်​ပင် သင်​ကိုယ်တိုင်​ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​ခြင်း​ဖြင့် ဘုရားသခင်​ကို​မထီလေးစား​ပြု​ရ​သလော။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 24,
      "text": "ဤသည်ကား “ဘုရားသခင်​၏​နာမ​တော်​သည် သင်​တို့​ကြောင့် လူမျိုးခြား​တို့​တွင် စော်ကား​ပြောဆို​ခြင်း​ကို​ခံရ​လျက်​ရှိ​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 25,
      "text": "သင်​သည် ပညတ်​တရား​ကို​ကျင့်သုံး​လျှင် အရေဖျား​လှီး​ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ​၏။ သို့သော် သင်​သည် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ပါက သင်​၏​အရေဖျား​လှီး​ခြင်း​သည် အရေဖျား​မ​လှီး​ခြင်း​ဖြစ်​သွား​၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 26,
      "text": "ထို့ကြောင့် အရေဖျား​မ​လှီး​သော​သူ​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို စောင့်ထိန်း​လျှင် သူ​၏​အရေဖျား​မ​လှီး​ခြင်း​သည် အရေဖျား​လှီး​ခြင်း​အဖြစ် သတ်မှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 27,
      "text": "ထိုအခါ ကိုယ်ခန္ဓာ​တွင် အရေဖျား​မ​လှီး​ထား​သော်လည်း ပညတ်​တရား​ကို အပြည့်အဝ​စောင့်ထိန်း​သော​သူ​သည် အက္ခရာတင်​ထား​သော​တရား​နှင့် အရေဖျား​လှီး​ခြင်း​ရှိ​လျက်ပင် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သော​သင့်​ကို စီရင်​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 28,
      "text": "တစ်နည်းဆိုသော် အပြင်ပန်း​အားဖြင့် ဂျူး​လူမျိုး​ဖြစ်​သော​သူ​သည် ဂျူး​လူမျိုး​အစစ်​အမှန်​မ​ဟုတ်။ အပြင်ပန်း​အားဖြင့် ကိုယ်ကာယ​၌​ခံယူ​သော​အရေဖျား​လှီး​ခြင်း​သည်​လည်း အရေဖျား​လှီး​ခြင်း​အစစ်​အမှန်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 29,
      "text": "အတွင်း​သဘော​အားဖြင့် ဂျူး​လူမျိုး​ဖြစ်​သော​သူ​သာလျှင် ဂျူး​လူမျိုး​အစစ်​အမှန်​ဖြစ်​ပြီး အက္ခရာတင်​ထား​သော​တရား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​သော စိတ်နှလုံး​၏​အရေဖျား​လှီး​ခြင်း​ပင် အရေဖျား​လှီး​ခြင်း​အစစ်​အမှန်​ဖြစ်​၏။ ထိုသို့သော​သူ​သည် လူ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံ​တော်​မှ​ချီးမွမ်း​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 1,
      "text": "သို့ဖြစ်လျှင် ဂျူး​လူမျိုး​၌ မည်သည့်​သာလွန်​ထူးခြား​မှု​ရှိ​သနည်း။ အရေဖျား​လှီး​ခြင်း​၌ မည်သည့်​အကျိုး​ရှိ​သနည်း။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 2,
      "text": "အဘက်ဘက်​၌ အကျိုး​များစွာ​ရှိ​၏။ ပထမ​ဦးစွာ သူ​တို့​၌ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​များ​ကို ယုံကြည်​အပ်နှံ​ထား​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 3,
      "text": "ထိုသို့ဆိုလျှင် သူ​တို့​တွင် မ​ယုံကြည်​သော​သူ​အချို့​ရှိ​ပါက မည်သို့​ဖြစ်​မည်နည်း။ ဘုရားသခင်​၏​သစ္စာ​တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ပျက်ပြယ်​သွား​မည်​လော။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 4,
      "text": "လုံးဝ​မ​ပျက်ပြယ်​နိုင်​ရာ။ “ကိုယ်တော်​သည် မိမိ​မိန့်​တော်မူ​သော​စကား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၍ တရားဆိုင်​တော်မူ​သောအခါ အောင်မြင်​မည့်​အကြောင်း​တည်း” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း လူ​ခပ်သိမ်း​သည် လိမ်လည်​သော​သူ​ဖြစ်​သော်လည်း ဘုရားသခင်​သည် ဖြောင့်မှန်​တော်မူ​သော​အရှင်​ဖြစ်​ပါ​စေ​သော။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 5,
      "text": "သို့ရာတွင် ငါ​တို့​၏​မတရားမှု​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေ​လျှင် မည်သို့​ဆို​ရ​မည်နည်း။ လူသား​တစ်​ဦး​အနေဖြင့်​ငါ​ဆို​သော် အမျက်​တော်​ကို​သက်ရောက်​စေ​တော်မူ​သော​ဘုရားသခင်​သည် မ​ဖြောင့်မတ်​သော​အရှင်​ဖြစ်​သလော။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 6,
      "text": "လုံးဝ​မ​ဟုတ်​ပေ။ ဟုတ်​လျှင်​မူကား ဘုရားသခင်​သည် ဤ​လောက​ကို မည်သို့​တရား​စီရင်​တော်မူ​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 7,
      "text": "သို့သော် ငါ​၏​လိမ်လည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သမ္မာတရား​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​အဖြစ်​သို့ တိုးပွား​လျှင် ငါ​သည် အဘယ်ကြောင့် အပြစ်သား​တစ်ဦး​အဖြစ် စီရင်​ခြင်း​ကို​ခံရ​သေး​သနည်း။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 8,
      "text": "“ကောင်းကျိုး​သက်ရောက်​စေရန် မကောင်း​သော​အမှု​ကို ပြု​ကြ​ကုန်စို့”​ဟု ဆို​၍​မ​ရ​နိုင်​သလော။ လူ​အချို့​တို့​က ထိုကဲ့သို့​ငါ​တို့​ပြောဆို​နေ​သည်​ဟု​ဆို​လျက် ငါ​တို့​ကို စော်ကား​ပြောဆို​ကြ​၏။ ထို​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံထိုက်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 9,
      "text": "သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် သာ၍​ကောင်းမြတ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ လူ​အပေါင်း​တို့​သည် အပြစ်​တရား​အောက်၌​ရှိ​ကြောင်း အထက်​က ငါ​တို့​ထောက်ပြ​ခဲ့​ပြီ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 10,
      "text": "ဤသည်ကား “ဖြောင့်မတ်​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 11,
      "text": "တတ်သိ​နားလည်​သော​သူ​မ​ရှိ၊ ဘုရားသခင်​ကို​ရှာ​သော​သူ​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 12,
      "text": "လူ​အပေါင်း​တို့​သည် လမ်းလွဲ​ကြ​၍ တညီတညွတ်တည်း​အသုံးမကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 13,
      "text": "သူ​တို့​၏​လည်ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​လျှာ​ဖြင့် လိမ်လည်​ပြောဆို​တတ်​ကြ​၏။ သူ​တို့​၏​နှုတ်ခမ်း​အောက်၌ မြွေဆိုး​၏​အဆိပ်​အတောက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 14,
      "text": "သူ​တို့​၏​နှုတ်​သည် ကျိန်ဆဲ​သော​စကား၊ ခါးသီး​သော​စကား​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 15,
      "text": "သူ​တို့​၏​ခြေ​သည် လူ​ကို​သတ်ဖြတ်​ရန်​လျင်မြန်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 16,
      "text": "သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိ​၍"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 17,
      "text": "သူ​တို့​သည် ငြိမ်းချမ်း​ရာ​လမ်း​ကို​မ​သိ​ကြ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 18,
      "text": "သူ​တို့​၏​မျက်စိ​ရှေ့တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 19,
      "text": "ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 20,
      "text": "သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 21,
      "text": "သို့ရာတွင် ယခု​အခါ​၌ ပညတ်​တရား​နှင့်​ပရောဖက်​များ​သက်သေခံ​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​သည် ပညတ်​တရား​မ​ပါ​ဘဲ ထင်ရှား​လေ​ပြီ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 22,
      "text": "၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 23,
      "text": "အကြောင်းမူကား လူ​အပေါင်း​တို့​သည် အပြစ်​ပြု​၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့် အလှမ်းဝေး​ကြ​ပြီ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 24,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ခရစ်တော်​ယေရှု​၏​ရွေးနုတ်​ခြင်း​အားဖြင့် အဖိုးအခ​မ​ပေး​ရ​ဘဲ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 25,
      "text": "ဘုရားသခင်​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​ထင်ရှား​စေရန် ခရစ်တော်​ကို​ခန့်ထား​၍ ယုံကြည်​ခြင်း​အတွက် ခရစ်တော်​၏​သွေး​တော်​ကို အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​စေ​တော်မူ​၏။ တစ်နည်းဆိုသော် ဘုရားသခင်​သည် သည်းခံ​တော်မူ​ခြင်း​အားဖြင့် လွန်ခဲ့​ပြီး​သော​အပြစ်​များ​အတွက် အပြစ်​မ​ယူ​ဘဲ​နေ​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 26,
      "text": "ဤသည်ကား ယခု​အချိန်အခါ​၌ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေရန်​နှင့် ဘုရားသခင်​ကိုယ်တော်​တိုင် ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​ပြီး ယေရှု​ကို​ယုံကြည်​သော​သူ​အား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​ရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 27,
      "text": "သို့ဖြစ်လျှင် ဝါကြွား​စရာ​အဘယ်မှာ​ရှိ​သနည်း။ ၎င်း​သည် ဖယ်ရှား​ခြင်း​ခံရ​လေ​ပြီ။ မည်သည့်​တရား​အားဖြင့် ဖယ်ရှား​သနည်း။ အကျင့်​တရား​အားဖြင့်​လော။ မ​ဟုတ်​ပေ။ ယုံကြည်​ခြင်း​တရား​အားဖြင့် ဖယ်ရှား​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 28,
      "text": "အကြောင်းမူကား လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၏​ဟု ငါ​တို့​မှတ်ယူ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 29,
      "text": "သို့မဟုတ် ဘုရားသခင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရား​သာ ဖြစ်​တော်မူ​သလော။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 30,
      "text": "ယုံကြည်​ခြင်း​အားဖြင့် အရေဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ အရေဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​ဘုရားသခင်​သည် အမှန်ပင် တစ်ဆူတည်း​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 31,
      "text": "သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 1,
      "text": "ထိုသို့​ဖြစ်​လျှင် သွေးသား​ဇာတိ​အားဖြင့် ငါ​တို့​အဖ​အာဗြဟံ ခံစား​ရရှိ​သည့်​အရာ​နှင့်​ပတ်သက်၍ မည်သို့​ဆို​ရ​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 2,
      "text": "အာဗြဟံ​သည် အကျင့်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မှန်​လျှင် သူ​၌​ဝါကြွား​စရာ​အကြောင်း​ရှိ​၏။ သို့ရာတွင် ဘုရားသခင်​ရှေ့​တော်​၌ ထိုသို့​မ​ဟုတ်​ပေ။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 3,
      "text": "ကျမ်းစာ​က မည်သို့​ဆို​ထား​သနည်း။ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 4,
      "text": "အလုပ်​လုပ်ဆောင်​သော​သူ​အတွက် လုပ်အားခ​သည် ကျေးဇူးပြု​ခြင်း​အဖြစ်​မ​ဟုတ်​ဘဲ သူ​ရသင့်ရထိုက်​သော​အရာ​အဖြစ် မှတ်ယူ​ရ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 5,
      "text": "သို့ရာတွင် လုပ်ဆောင်​မှု​မ​ရှိ​သော်လည်း ဘုရား​တရား​မဲ့​သော​သူ​အား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​အရှင်​ကို ယုံကြည်​သော​သူ​အတွက်​မူကား ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 6,
      "text": "ထို့အတူ ဒါဝိဒ်​သည်​လည်း ဘုရားသခင်​က အကျင့်​ကို​မ​ထောက်​ဘဲ ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​တော်မူ​သော​သူ​၏​မင်္ဂလာ​ကို ပြောဆို​ရာ​တွင်"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 7,
      "text": "“တရားမဲ့​သော​အမှု​များ​ကို ခွင့်လွှတ်​ခြင်း​ခံရ​သော​သူ​၊ အပြစ်​များ​ကို ဖုံးအုပ်​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 8,
      "text": "ထာဝရ​ဘုရား​အပြစ်​မ​ယူ​သော​သူ​သည် မင်္ဂလာရှိ​၏” ​ဟု ဆို​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 9,
      "text": "သို့ဖြစ်လျှင် ဤ​မင်္ဂလာ​သည် အရေဖျား​လှီး​ထား​သော​သူ​အတွက်​သာ ဖြစ်​သလော၊ သို့မဟုတ် အရေဖျား​မ​လှီး​သော​သူ​အတွက်​လည်း ဖြစ်​သလော။ “အာဗြဟံ​အတွက် သူ​၏​ယုံကြည်​ခြင်း​ကို ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟု ငါ​တို့​ဆို​ကြ​သောအခါ"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 10,
      "text": "မည်သည့်​အခြေအနေ​၌ ထိုသို့​သတ်မှတ်​တော်မူ​သနည်း။ အရေဖျား​လှီး​ထား​သည့်​အခြေအနေ​၌​လော၊ သို့မဟုတ် အရေဖျား​မ​လှီး​ထား​သည့်​အခြေအနေ​၌​လော။ အရေဖျား​လှီး​ထား​သည့်​အခြေအနေ​၌​မ​ဟုတ်​ဘဲ အရေဖျား​မ​လှီး​ထား​သည့်​အခြေအနေ​၌ ထိုသို့​သတ်မှတ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 11,
      "text": "ဤသို့ဖြင့် အာဗြဟံ​သည် အရေဖျား​မ​လှီး​မီ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော ဖြောင့်မတ်​ခြင်း​၏​တံဆိပ်​အဖြစ် အရေဖျား​လှီး​ခြင်း​၏​အမှတ်​လက္ခဏာ​ကို​ခံယူ​၏။ ဤသည်ကား အာဗြဟံ​အား အရေဖျား​မ​လှီး​ဘဲ​ယုံကြည်​သော​သူ​အပေါင်း​တို့​၏​အဖ​ဖြစ်​စေရန်​နှင့် ထို​သူ​တို့​သည်​လည်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ကြ​စေရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 12,
      "text": "ထို့ပြင် အာဗြဟံ​အား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​အဖ​ဖြစ်​စေရန်​နှင့် အရေဖျား​လှီး​ထား​သော​သူ​သာမက​ဘဲ အရေဖျား​မ​လှီး​မီ​က​ပင် ငါ​တို့​အဖ​အာဗြဟံ​၌​ရှိ​သော ယုံကြည်​ခြင်း​ခြေရာ​ကို လိုက်လျှောက်​သော​သူ​တို့​၏​အဖ​လည်း ဖြစ်​စေရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 13,
      "text": "ကမ္ဘာ​လောက​ကို​အမွေ​ဆက်ခံ​သူ​ဖြစ်​မည်​ဟု အာဗြဟံ​၊ သို့မဟုတ် သူ​၏​အမျိုးအနွယ်​အား ပေး​တော်မူ​သော​ကတိ​တော်​သည် ပညတ်​တရား​ကို​ထောက်၍ ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​ကို​ထောက်၍ ပေး​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 14,
      "text": "အကြောင်းမူကား ပညတ်​တရား​နှင့်ဆိုင်သော​သူ​တို့​သည် အမွေခံ​များ​ဖြစ်​ကြ​လျှင် ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်​သွား​၍ ကတိ​တော်​သည်​လည်း ပျက်ပြယ်​သွား​လေ​ပြီ။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 15,
      "text": "ပညတ်​တရား​သည် အမျက်​တော်​ကို​ဖြစ်ပေါ်​စေ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​သော​နေရာ​၌ ဖောက်ဖျက်​ကျူးလွန်​မှု​လည်း​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 16,
      "text": "ထို့ကြောင့် ကတိ​တော်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်​၏။ ဤသည်ကား ထို​ကတိ​တော်​ကို ကျေးဇူး​တော်​အားဖြင့်​ဖြစ်စေ​၍ ပညတ်​တရား​နှင့်ဆိုင်သော​အမျိုးအနွယ်​အတွက်​သာမက​ဘဲ အာဗြဟံ​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သည့်​အမျိုးအနွယ်​အပါအဝင် အမျိုးအနွယ်​ရှိသမျှ​တို့​အတွက် တည်မြဲ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 17,
      "text": "“ငါ​သည် သင့်​ကို များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်​စေ​ပြီ” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း အာဗြဟံ​သည် မိမိ​ယုံကြည်​သော​ဘုရားသခင်​တည်းဟူသော သေလွန်​သော​သူ​တို့​ကို​အသက်ရှင်​စေ​၍ ဖြစ်တည်​ခြင်း​မ​ရှိ​သည့်​အရာ​များ​ကို​ဖြစ်ပေါ်​လာ​စေရန် အမိန့်​ပေး​နိုင်​သော​ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​အားလုံး​၏​ဖခင်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 18,
      "text": "သူ​သည် မျှော်လင့်​စရာ​မ​ရှိ​သော​အခြေအနေ​၌ မျှော်လင့်​၍​ယုံကြည်​သဖြင့် “သင်​၏​အမျိုးအနွယ်​သည် ဤသို့​ဖြစ်​လိမ့်မည်” ​ဟု မိန့်မှာ​ခြင်း​ခံ​ခဲ့​ရ​သည့်​အတိုင်း များစွာ​သော​လူမျိုး​တို့​၏​ဖခင်​ဖြစ်လာ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 19,
      "text": "သူ​သည် အသက်​တစ်ရာ​ခန့်​ရှိ​၍ မိမိ​ကိုယ်ခန္ဓာ​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​ကြောင်း​ကို​လည်းကောင်း၊ စာရာ​၏​ဝမ်း​သည် သေ​နေ​ကြောင်း​ကို​လည်းကောင်း ဆင်ခြင်​အောက်မေ့​သော်လည်း ယုံကြည်​ခြင်း​၌ အားနည်း​ခြင်း​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 20,
      "text": "ဘုရားသခင်​၏​ကတိ​တော်​အပေါ်၌ ယုံမှား​သံသယ​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​အားကြီး​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 21,
      "text": "ဘုရားသခင်​သည် ကတိ​ပေး​တော်မူ​သော​အရာ​ကို ဆောင်ရွက်​နိုင်​စွမ်း​လည်း​ရှိ​သည်​ဟု အပြည့်အဝ​ယုံကြည်​လေ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 22,
      "text": "ထို့ကြောင့် ဤ​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 23,
      "text": "သို့သော် “သူ့​ကို​သတ်မှတ်​တော်မူ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​မှာ အာဗြဟံ​တစ်ဦးတည်း​အတွက်​သာ​မ​ဟုတ်​ဘဲ"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 24,
      "text": "ငါ​တို့​အတွက်​ပါ ရေး​ထား​ခြင်း​ဖြစ်​၏။ တစ်နည်းဆိုသော် ငါ​တို့​၏​သခင်​ယေရှု​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​အရှင်​ကို ယုံကြည်​သည့် ငါ​တို့​ကို​လည်း ဖြောင့်မတ်​သည်​ဟု သတ်မှတ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 25,
      "text": "သခင်​ယေရှု​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် အပ်နှံ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​ဖြောင့်မတ်​သည်​ဟု အသိအမှတ်ပြု​ခြင်း​ခံရ​ရန်​အတွက် ထမြောက်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 1,
      "text": "ထို့ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်း​မှု​ကို​ရရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 2,
      "text": "ယခု ငါတို့​ရပ်တည်​နေ​သော ဤ​ကျေးဇူး​တော်​ထဲသို့ ယုံကြည်​ခြင်း​ကြောင့် ခရစ်တော်​အားဖြင့် တိုးဝင်​ခွင့်​ကို​လည်း ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​၌ ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 3,
      "text": "ထိုမျှမက ဆင်းရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ အကြောင်းမူကား ဆင်းရဲ​ဒုက္ခ​သည် သည်းခံ​ခြင်း​ကို​လည်းကောင်း၊"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 4,
      "text": "သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 5,
      "text": "ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 6,
      "text": "ငါ​တို့​အားနည်း​လျက်​ရှိ​နေ​ကြ​စဉ် ခရစ်တော်​သည် အချိန်တန်​သည်​နှင့် ဘုရား​တရား​မဲ့​သော​သူ​များ​အတွက် အသေခံ​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 7,
      "text": "အကြောင်းမှာ ဖြောင့်မတ်​သော​သူ​အတွက် အသေခံ​မည့်​သူ​ရှိ​ခဲ​၏။ သူတော်ကောင်း​အတွက်​ကား အသေခံ​ဝံ့​သူ​ရှိကောင်းရှိ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 8,
      "text": "သို့သော် ငါ​တို့​သည် အပြစ်သား​များ​ဖြစ်​ကြ​စဉ်​ပင် ခရစ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​သည် ငါ​တို့​အပေါ်​ထားရှိ​သော မိမိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်ရှား​စေ​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 9,
      "text": "သို့ဖြစ်၍ ယခု​အခါ ခရစ်တော်​၏​သွေး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ကိုယ်တော်​အားဖြင့် အမျက်​တော်​မှ ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 10,
      "text": "အကြောင်းမူကား ရန်သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ခဲ့​လျှင် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အသက်​တော်​အားဖြင့် ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 11,
      "text": "ထိုမျှမက ယခု ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​စေ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၌ ဂုဏ်ယူ​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 12,
      "text": "ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 13,
      "text": "တစ်နည်းကား ပညတ်​တရား​ကို​မ​ပေး​မီ​က​ပင် အပြစ်​သည် ဤ​လောက​၌​ရှိ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​ကို အပြစ်​ဟု မှတ်ယူ​၍​မ​ရ။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 14,
      "text": "မည်သို့ပင်ဖြစ်စေ အာဒံ​လက်ထက်​မှစ၍ မောရှေ​လက်ထက်​တိုင်အောင် သေ​ခြင်း​တရား​သည် အာဒံ​၏​ဖောက်ဖျက်​ကျူးလွန်​မှု​နှင့်​တူညီ​သော​အပြစ်​မျိုး​ကို မ​ပြု​သော​သူ​တို့​ကို​ပင် စိုးမိုး​ခဲ့​၏။ အာဒံ​သည် ကြွလာ​ရန်​ရှိ​သော​သူ​၏​ပုံပမာ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 15,
      "text": "သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 16,
      "text": "ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 17,
      "text": "အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 18,
      "text": "သို့ဖြစ်၍ ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​သကဲ့သို့ ဖြောင့်မတ်​သော​အကျင့်​တစ်​ခု​ကြောင့် အသက်​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 19,
      "text": "တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 20,
      "text": "ပညတ်​တရား​မူကား ကျူးလွန်​သော​အပြစ်​ကို များပြား​စေရန်​ဝင်ရောက်​ခဲ့​၏။ သို့သော် အပြစ်​များပြား​လာ​သည့်​နေရာ​၌ ကျေးဇူး​တော်​သည် ပို၍​ပြည့်စုံ​ကြွယ်ဝ​လေ​၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 21,
      "text": "ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 1,
      "text": "သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ကျေးဇူး​တော်​များပြား​စေရန် ငါ​တို့​သည် အပြစ်​ထဲ၌​ဆက်၍​တည်​ရ​မည်လော။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 2,
      "text": "လုံးဝ​မ​တည်​ရ။ အပြစ်​အရာ​၌ သေဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်သို့​အသက်ရှင်​နိုင်​ဦး​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 3,
      "text": "သို့မဟုတ် ခရစ်တော်​ယေရှု​၌ ဗတ္တိဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်တော်​၏​အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 4,
      "text": "ထိုသို့ ငါ​တို့​သည် အသေခံ​တော်မူ​ခြင်း​၌ ဗတ္တိဇံ​ခံ​သော​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤသည်ကား ခရစ်တော်​သည် ခမည်းတော်​၏​ဘုန်း​အသရေ​တော်​အားဖြင့် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သည့်​နည်းတူ ငါ​တို့​သည်​လည်း အသက်တာ​သစ်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 5,
      "text": "အကြောင်းမူကား ငါ​တို့​သည် ခရစ်တော်​၏​အသေခံ​တော်မူ​ခြင်း​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ကိုယ်တော်​နှင့်အတူ​ပေါင်းစည်း​ကြ​သည်​ဆိုလျှင် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧကန်​အမှန်​ဆောင်​ကြ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 6,
      "text": "ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 7,
      "text": "အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​သည် အပြစ်​၏​လက်​မှ လွတ်မြောက်​ပြီ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 8,
      "text": "ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​မည်​ဟူ၍​လည်း ယုံကြည်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 9,
      "text": "သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​ခရစ်တော်​သည် နောက်တစ်ဖန်​သေ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်တော်​ကို အစိုးတရ​ပြု​တော့မည်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 10,
      "text": "အကြောင်းမူကား ခရစ်တော်​အသေခံ​တော်မူ​သည်​မှာ အပြစ်​အရာ​၌ တစ်ကြိမ်တည်း​နှင့်အပြီး​အသေခံ​တော်မူ​သည်​ဖြစ်၍ ယခု​အသက်ရှင်​တော်မူ​သည်​မှာ ဘုရားသခင်​၌ အသက်ရှင်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 11,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း အပြစ်​အရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၌ ခရစ်တော်​ယေရှု​အားဖြင့် အသက်ရှင်​နေ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​မှတ်ယူ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 12,
      "text": "ထို့ကြောင့် ကိုယ်ခန္ဓာ​၏​တပ်မက်​ခြင်း​အလို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်ခန္ဓာ​ကို အပြစ်​အား မ​စိုးမိုး​စေ​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 13,
      "text": "သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 14,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 15,
      "text": "သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သောကြောင့် အပြစ်​ပြု​ရ​မည်​လော။ လုံးဝ​မ​ပြု​ရ။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 16,
      "text": "သင်​တို့​သည် တစ်စုံတစ်ဦး​အား မိမိကိုယ်ကို​ဆက်သ​၍ ကျွန်​အဖြစ်​နာခံ​လျှင် သင်​တို့​သည် သင်​တို့​နာခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အပြစ်​၏​ကျွန်​၊ သို့မဟုတ် ဖြောင့်မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 17,
      "text": "သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်လည်း သင်​တို့​ခံယူ​ရရှိ​သော သွန်သင်​ချက်​၏​နည်းဥပဒေသ​ကို စိတ်နှလုံး​နှင့်တကွ​နာခံ​ကြ​သဖြင့်"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 18,
      "text": "အပြစ်​၏​လက်​မှ လွတ်မြောက်​ခွင့်​ရ​ပြီး ဖြောင့်မတ်​ခြင်း​၏​ကျွန်​ဖြစ်လာ​ကြ​သောကြောင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 19,
      "text": "သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 20,
      "text": "သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်မတ်​ခြင်း​နှင့်​ကင်းဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 21,
      "text": "ထိုစဉ်က ယခု သင်​တို့​ရှက်ကြောက်​လျက်​ရှိ​သော​အရာ​တို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို ရရှိ​ခဲ့​ကြ​သနည်း။ ထို​အရာ​တို့​၏​ရလဒ်​သည် သေ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 22,
      "text": "သို့သော် ယခု​အခါ သင်​တို့​သည် အပြစ်​၏​လက်​မှ​လွတ်မြောက်​ခွင့်​ရ​၍ ဘုရားသခင်​၏​ကျွန်​ဖြစ်လာ​ကြ​ပြီး သန့်ရှင်း​ခြင်း​သို့​ရောက်​စေ​သည့်​အကျိုးကျေးဇူး​ကို ခံစား​ရ​ကြ​၏။ ၎င်း​၏​ရလဒ်​မူကား ထာဝရ​အသက်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 23,
      "text": "အကြောင်းမှာ အပြစ်​၏​အခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘုရားသခင်​ပေး​တော်မူ​သော​ဆု​ကျေးဇူး​မူကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​အားဖြင့် ထာဝရ​အသက်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ ပညတ်​တရား​ကို​သိ​ထား​သော​သူ​တို့​အား ငါ​ဆို​သည်​ကား ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ​အသက်ရှင်​နေ​သမျှ​ကာလ​၌​သာ ချုပ်ကိုင်​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 2,
      "text": "ဥပမာ​ဆို​သော် ကာမပိုင်​ရှိ​သော​အမျိုးသမီး​တစ်​ဦး​သည် ပညတ်​တရား​အရ အသက်ရှင်​နေ​သော​ခင်ပွန်း​နှင့်​အနှောင်အဖွဲ့​ရှိ​၏။ ခင်ပွန်း​သေ​လျှင်​မူကား ခင်ပွန်း​နှင့်​ပတ်သက်​သော​ပညတ်​တရား​မှ ကင်းလွတ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 3,
      "text": "သို့ဖြစ်၍ ခင်ပွန်း​အသက်ရှင်​နေ​စဉ် အခြား​သော​ယောက်ျား​နှင့်​ပေါင်း​လျှင် ဖောက်ပြန်​သော​မိန်းမ​ဟု အခေါ်​ခံရ​လိမ့်မည်။ ခင်ပွန်း​သေဆုံး​လျှင်​မူကား ထို​ပညတ်​တရား​မှ ကင်းလွတ်​သည်​ဖြစ်​၍ အခြား​သော​ယောက်ျား​နှင့်​ပေါင်း​သော်လည်း ဖောက်ပြန်​သော​မိန်းမ​မ​ဟုတ်​ပေ။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 4,
      "text": "ထိုနည်းတူ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည်​လည်း ခရစ်တော်​၏​ကိုယ်ခန္ဓာ​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ကြ​ပြီ။ ဤသည်ကား သင်​တို့​သည် အခြား​သူ​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​အရှင်​နှင့် သက်ဆိုင်​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဘုရားသခင်​အတွက် အသီး​များ​ဖြစ်ထွန်း​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 5,
      "text": "အကြောင်းမူကား ငါ​တို့​သည် သွေးသား​ဇာတိ​၌​တည်​လျက်​ရှိ​စဉ်​က ပညတ်​တရား​ကြောင့်​ဖြစ်​ပေါ်လာ​သည့် ပြင်းပြ​သော​အပြစ်​ပြု​လို​စိတ်​သည် ငါ​တို့​၏​ကိုယ်အင်္ဂါ​များ​၌ သက်ဝင်​လှုပ်ရှား​နေ​သဖြင့် သေ​ခြင်း​အတွက် အသီး​များ​ဖြစ်ထွန်း​စေ​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 6,
      "text": "သို့သော် ယခု​အခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်နှောင်​ထား​သော​ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီး ပညတ်​တရား​မှ ကင်းလွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်၍ အက္ခရာတင်​ထား​သော​တရား​၏​နည်းလမ်း​ဟောင်း​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၏​နည်းလမ်း​သစ်​အားဖြင့် အစေခံ​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 7,
      "text": "သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ပညတ်​တရား​သည် အပြစ်​လော။ လုံးဝ​မ​ဟုတ်​ပေ။ သို့သော် ပညတ်​တရား​အားဖြင့်​မ​ဟုတ်​လျှင် အပြစ်​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် “တပ်မက်​သော​စိတ်​မ​ရှိ​ရ” ​ဟု ပညတ်​တရား​က မ​ဆို​ထား​လျှင် တပ်မက်​ခြင်း​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 8,
      "text": "သို့သော် အပြစ်​သည် ပညတ်​တော်​အားဖြင့် အခွင့်​ရ​ကာ ငါ​၌ တပ်မက်​ခြင်း​မျိုးစုံ​ကို ဖြစ်ပေါ်​စေ​၏။ တစ်နည်းဆိုသော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​သည် အသေ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 9,
      "text": "ငါ​သည် တစ်ချိန်က ပညတ်​တရား​မ​ပါ​ဘဲ အသက်ရှင်​ခဲ့​၏။ သို့သော် ပညတ်​တော်​ရောက်လာ​သောအခါ အပြစ်​သည် ပြန်လည်​ရှင်သန်​လာ​ပြီး ငါ​မူကား သေဆုံး​ခဲ့​သဖြင့်"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 10,
      "text": "အသက်ရှင်​ခြင်း​သို့​ရောက်​စေ​ရ​မည့် ဤ​ပညတ်​တော်​သည် သေ​ခြင်း​သို့​ရောက်​စေ​သည်​ကို ငါ​တွေ့​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 11,
      "text": "အကြောင်းမူကား အပြစ်​သည် ပညတ်​တော်​အားဖြင့် အခွင့်​ရ​ကာ ငါ့​ကို​လှည့်ဖြား​၍ ထို​ပညတ်တော်​အားဖြင့် ငါ့​ကို​သတ်​လေ​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 12,
      "text": "ထို့ကြောင့် ပညတ်​တရား​သည် သန့်ရှင်း​၏။ ပညတ်​တော်​သည်​လည်း သန့်ရှင်း​ဖြောင့်မတ်​၍ ကောင်းမြတ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 13,
      "text": "သို့ဖြစ်လျှင် ဤ​ကောင်းမြတ်​သော​အရာ​သည် ငါ့​အတွက် သေ​ခြင်း​အကြောင်း​ဖြစ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ ငါ့​အတွက် သေ​ခြင်း​အကြောင်း​ဖြစ်​သော​အရာ​မှာ အပြစ်​ပင်​ဖြစ်၍ အပြစ်​သည် အပြစ်​ဖြစ်​ကြောင်း ထင်ရှား​စေရန် ဤ​ကောင်းမြတ်​သော​အရာ​အားဖြင့် ငါ​၌ သေ​ခြင်း​ကို​ဖြစ်ပေါ်​စေ​၏။ ဤသို့ဖြင့် အပြစ်​သည် ပညတ်​တော်​အားဖြင့် အတိုင်းထက်အလွန် အပြစ်​များ​သော​အရာ​ဖြစ်လာ​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 14,
      "text": "ပညတ်​တရား​သည် ဝိညာဉ်ရေး​နှင့်ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့ရာတွင် ငါ​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​ဖြစ်​ပြီး အပြစ်​တရား​၏​လက်အောက်​တွင် ရောင်းစား​ခြင်း​ခံရ​သူ​ဖြစ်​၏​။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် မိမိ​ပြု​နေ​သည့်​အမှု​ကို​ပင် ကိုယ်တိုင်​နား​မ​လည်​ပေ။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် ကိုယ်​ပြု​လို​သော​အရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အရာ​ကို ပြု​နေ​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 16,
      "text": "ထိုသို့ ငါ​သည် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ပြု​နေ​သည်​ဆိုလျှင် ပညတ်​တရား​ကောင်းမြတ်​ကြောင်း​ကို ဝန်ခံ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 17,
      "text": "သို့ဖြစ်လျှင် ထို​အရာ​ကို​ပြု​သော​သူ​မှာ ငါ​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော အပြစ်​ပင်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 18,
      "text": "ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 19,
      "text": "အကြောင်းမူကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အမှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မကောင်း​သော​အမှု​ကို ပြု​နေ​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 20,
      "text": "သို့သော် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ငါ​ပြု​နေ​သည်​ဆိုလျှင် ၎င်း​ကို ငါ​ကိုယ်တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော​အပြစ်​က ပြု​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 21,
      "text": "သို့ဖြစ်၍ ကောင်း​သော​အမှု​ကို​ပြု​လို​သော​ငါ​၌ မကောင်း​သော​အမှု​ရှိ​နေ​သည်​ဟူသော​သဘော​တရား​ကို ငါ​တွေ့​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 22,
      "text": "တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 23,
      "text": "ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အခြား​သော​တရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်နှလုံး​၏​တရား​နှင့် တိုက်ခိုက်​လျက်​နေ​သဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အပြစ်​နှင့်ဆိုင်သော​တရား​အားဖြင့် ငါ့​ကို​ဖမ်းဆီး​ချုပ်နှောင်​ထား​သည်​ကို ငါ​မြင်​၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 24,
      "text": "ငါ​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်သူ​သည် သေ​ခြင်း​နှင့်ဆိုင်သော ဤ​ကိုယ်ခန္ဓာ​မှ ငါ့​ကို ကယ်နုတ်​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 25,
      "text": "သို့သော် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ဤသို့ဖြင့် ငါ​သည် မိမိ​စိတ်နှလုံး​အားဖြင့် ဘုရားသခင်​၏​တရား​တော်​ကို အစေခံ​လျက်​ရှိ​သော်လည်း သွေးသား​ဇာတိ​အားဖြင့် အပြစ်​နှင့်ဆိုင်သော​တရား​ကို အစေခံ​လျက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 1,
      "text": "ထို့ကြောင့် ယခု​အခါ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 2,
      "text": "အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 3,
      "text": "ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 4,
      "text": "ဤသည်ကား သွေးသား​ဇာတိ​အလို​အတိုင်း​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်စုံ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 5,
      "text": "သွေးသား​ဇာတိ​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​မူကား ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 6,
      "text": "သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိညာဉ်​တော်​နှင့်ဆိုင်သော​စိတ်သဘော​မူကား အသက်ရှင်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 7,
      "text": "အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 8,
      "text": "ထို့ကြောင့် သွေးသား​ဇာတိ​အားဖြင့်​အသက်ရှင်​သော​သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​နိုင်​ကြ။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 9,
      "text": "သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 10,
      "text": "သို့ရာတွင် ခရစ်တော်​သည် သင်​တို့​အထဲ၌​ရှိ​တော်မူ​လျှင် ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေ​နေ​သော်လည်း ဝိညာဉ်​သည် ဖြောင့်မတ်​ခြင်း​ကြောင့် အသက်ရှင်​လျက်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 11,
      "text": "ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 12,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​ရန် သွေးသား​ဇာတိ​အပေါ် တာဝန်​ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 13,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​လျှင် သေ​ကြ​ရ​မည်။ သို့သော် ဝိညာဉ်​တော်​အားဖြင့် ကိုယ်ခန္ဓာ​၏​လုပ်ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အသက်ရှင်​ကြ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 14,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှေ့ဆောင်​လမ်းပြ​မှု​ကို ခံယူ​သမျှ​သော​သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 15,
      "text": "သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 16,
      "text": "ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြောင်း​ကို ဝိညာဉ်​တော်​ကိုယ်တိုင် ငါ​တို့​၏​ဝိညာဉ်​နှင့်အတူ​သက်သေခံ​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 17,
      "text": "ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 18,
      "text": "ယခု​မျက်မှောက်​ကာလ​၌ ခံရ​သော​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​ထင်ရှား​မည့်​ဘုန်း​အသရေ​နှင့်​နှိုင်း​လျှင် မ​ပြောပလောက်​ဟု ငါ​မှတ်ယူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 19,
      "text": "ဖန်ဆင်း​ခံ​လောက​သည် ဘုရားသခင့်​သား​များ​၏​ထင်ရှား​ခြင်း​ကို အလွန်​တောင့်တ​သော​စိတ်​ဖြင့် စောင့်မျှော်​လျက်​နေ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 20,
      "text": "အဘယ်ကြောင့်​ဆိုသော် ဖန်ဆင်း​ခံ​လောက​သည် အချည်းနှီး​အဖြစ်​သို့​ချ​ထား​ခြင်း​ခံရ​သည်​မှာ မိမိ​ဆန္ဒ​အလျောက်​မ​ဟုတ်​ဘဲ ချ​ထား​တော်မူ​သော​အရှင်​ကြောင့်​သာ​ဖြစ်​ပြီး"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 21,
      "text": "ဖန်ဆင်း​ခံ​လောက​ကိုယ်တိုင် ပျက်စီး​ခြင်း​၏​အနှောင်အဖွဲ့​မှ လွတ်မြောက်​၍ ဘုရားသခင့်​သားသမီး​များ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော လွတ်လပ်​ခြင်း​သို့​ဝင်စား​ခွင့်​ရ​မည်​ဟူသည့် မျှော်လင့်​ခြင်း​ရှိ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 22,
      "text": "ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​သည် ယခု​တိုင်အောင် အတူတကွ​ညည်းတွား​လျက် အတူတကွ​သားဖွား​ခြင်း​ဝေဒနာ​ကို​ခံစား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 23,
      "text": "ထိုမျှမက ဝိညာဉ်​တော်​၏​အသီးဦး​ကို​ရရှိ​သော ငါ​တို့​ကိုယ်တိုင်​သည်​လည်း သားသမီး​အရာ​ကို​ရ​ခြင်း​တည်းဟူသော ငါ​တို့​၏​ကိုယ်ခန္ဓာ​ရွေးနုတ်​ခံရ​ခြင်း​ကို စောင့်မျှော်​လျက် စိတ်နှလုံး​ထဲ၌ ညည်းတွား​နေ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 24,
      "text": "ငါ​တို့​သည် ဤ​မျှော်လင့်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ သို့သော် မြင်​နေ​ရ​သော​မျှော်လင့်​ခြင်း​သည် မျှော်လင့်​ခြင်း​မ​ဟုတ်။ အကြောင်းမှာ မည်သူ​သည် မြင်​နေ​သော​အရာ​ကို ဆက်၍​မျှော်လင့်​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 25,
      "text": "မ​မြင်​သေး​သော​အရာ​ကို ငါ​တို့​မျှော်လင့်​ကြ​လျှင်​မူကား ထို​အရာ​ကို သည်းခံ​သော​စိတ်​နှင့်​စောင့်မျှော်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 26,
      "text": "ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 27,
      "text": "စိတ်နှလုံး​တို့​ကို​စူးစမ်း​တော်မူ​သော​အရှင်​သည်​လည်း ဝိညာဉ်​တော်​၏​စိတ်သဘော​ကို သိ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ သန့်ရှင်း​သူ​များ​အတွက် အသနားခံ​ပေး​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 28,
      "text": "ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 29,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော​သူ​တို့​ကို မိမိ​သား​တော်​၏​ပုံသဏ္ဌာန်​နှင့်​တူညီ​စေရန် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား သား​တော်​သည် များစွာ​သော​ညီအစ်ကို​တို့​တွင် သားဦး​ဖြစ်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 30,
      "text": "ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 31,
      "text": "သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 32,
      "text": "မိမိ​သား​တော်​ရင်း​ကို​ပင် ချန်လှပ်​မ​ထား​ဘဲ ငါ​တို့​အားလုံး​အတွက် စွန့်​တော်မူ​သော​အရှင်​သည် သား​တော်​နှင့်တကွ အရာ​ခပ်သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်မူ​မည်လော။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 33,
      "text": "မည်သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​တို့​ကို ပြစ်တင်​စွဲဆို​မည်နည်း။ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 34,
      "text": "မည်သူ​သည် ပြစ်ဒဏ်​စီရင်​မည်နည်း။ အသေခံ​တော်မူ​သည်​သာမက ထမြောက်​တော်မူ​သော ခရစ်တော်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 35,
      "text": "မည်သူ​သည် ငါ​တို့​ကို ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲကွာ​စေ​မည်နည်း။ ဆင်းရဲ​ဒုက္ခ၊ နာကျင်​ခြင်း​ဝေဒနာ၊ ညှဉ်းဆဲ​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အဝတ်​အချည်းစည်း​ရှိ​ခြင်း၊ ဘေး​အန္တရာယ်​နှင့် ဓား​ဘေး​စသည်တို့​လော။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 36,
      "text": "“အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​များ​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 37,
      "text": "သို့သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်မူ​သော​အရှင်​အားဖြင့် ထို​အမှု​ခပ်သိမ်း​တို့​ကို​ခံရ​စဉ်​၌​ပင် လုံးလုံးလျားလျား​အောင်မြင်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 38,
      "text": "အကြောင်းမူကား သေ​ခြင်း​ဖြစ်စေ၊ အသက်ရှင်​ခြင်း​ဖြစ်စေ၊ ကောင်းကင်​တမန်​များ​ဖြစ်စေ၊ အုပ်ချုပ်သူ​များ​ဖြစ်စေ၊ မျက်မှောက်​အရာ​များ​ဖြစ်စေ၊ နောင်​လာ​မည့်​အရာ​များ​ဖြစ်စေ၊ တန်ခိုး​များ​ဖြစ်စေ၊"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 39,
      "text": "အထက်​အရာ​ဖြစ်စေ၊ အောက်​အရာ​ဖြစ်စေ၊ ဖန်ဆင်း​တော်မူ​သော​အခြား​မည်သည့်​အရာ​ပင်​ဖြစ်စေ ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌​ရှိ​သော ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွဲကွာ​စေ​နိုင်​ဟု ငါ​သည် ယုံကြည်​စိတ်ချ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 1,
      "text": "ငါ​သည် ခရစ်တော်​၌ မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​မည်။ ငါ​၏​အသိစိတ်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​နှင့်အတူ​သက်သေခံ​လျက်​နေ​သည့်​အကြောင်း​ကား"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 2,
      "text": "ငါ​၌​အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၍ ငါ​၏​စိတ်နှလုံး​ထဲတွင် အမြဲမပြတ်​ပူပန်​ခြင်း​ဝေဒနာ​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 3,
      "text": "အမှန်စင်စစ် သွေးသား​ဇာတိ​အားဖြင့် ငါ​၏​အမျိုးသား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီအစ်ကို​တို့​အတွက် ငါ​ကိုယ်တိုင် ခရစ်တော်​နှင့်​ကွဲကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 4,
      "text": "သူ​တို့​သည် အစ္စရေး​အမျိုးသား​များ​ဖြစ်​ကြ​ပြီး သားသမီး​အရာ​ဖြစ်စေ၊ ဘုန်း​အသရေ​ဖြစ်စေ၊ ပဋိညာဉ်​များ​ဖြစ်စေ၊ ပညတ်​တရား​ပေးအပ်​ခြင်း​ဖြစ်စေ၊ ဝတ်ပြု​ခြင်း​ဖြစ်စေ၊ ကတိ​တော်​များ​ဖြစ်စေ ထို​သူ​တို့​နှင့်ဆိုင်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 5,
      "text": "ရှေး​ဘိုးဘေး​တို့​သည် သူ​တို့​နှင့်​ဆက်နွှယ်​ကြ​၍ ခရစ်တော်​သည်​လည်း လူသား​အနေဖြင့် သူ​တို့​ထဲမှ​ပေါ်ထွန်း​တော်မူ​၏။ ထို​အရှင်​သည် အရာ​ခပ်သိမ်း​တို့​အထက်​၌​ရှိ​၍ ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​တော်မူ​သော ဘုရားသခင်​ဖြစ်​တော်မူ​၏။ အာမင်။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 6,
      "text": "မည်သို့ပင်ဖြစ်စေ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ပျက်ပြယ်​သွား​သည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် အစ္စရေး​အနွယ်ဝင်​အားလုံး​သည် အစ္စရေး​လူမျိုး​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 7,
      "text": "အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​သောကြောင့် အားလုံး​သည် သားသမီး​များ​ဖြစ်​ကြ​သည်​မ​ဟုတ်။ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်” ​ဟု အမိန့်​တော်​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 8,
      "text": "ဆိုလို​သည်​ကား သွေးသား​နှင့်ဆိုင်သော​သားသမီး​များ​သည် ဘုရားသခင်​၏​သားသမီး​များ​မ​ဟုတ်​ဘဲ ကတိ​တော်​နှင့်ဆိုင်သော​သားသမီး​များ​သာလျှင် အမျိုးအနွယ်​အဖြစ်​သတ်မှတ်​ခြင်း​ခံရ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 9,
      "text": "အဘယ်ကြောင့်​ဆိုသော် ကတိ​တော်​စကား​မှာ “ဤသို့သော​အချိန်အခါ​တွင် ငါ​လာ​ခဲ့​ဦး​မည်။ စာရာ​သည်​လည်း သား​တစ်​ဦး​ကို​ရရှိ​လိမ့်မည်” ​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 10,
      "text": "ထိုမျှမက ရေဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုးဘေး​ဣဇက်​တစ်ဦးတည်း​နှင့်​ပင်​စုံဖက်​၍ ကိုယ်ဝန်​ရရှိ​သောအခါ"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 11,
      "text": "သား​တို့​မ​မွေးဖွား​မီ၊ ထို​သား​တို့​သည် အကောင်း​အဆိုး​ကို​မ​ပြုကျင့်​မီ​က​ပင် ဘုရားသခင်​၏​ရွေးကောက်​ခြင်း​နှင့်ဆိုင်သော အကြံအစည်​တော်​သည် အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ခေါ်ယူ​တော်မူ​သော​သူ​အားဖြင့် တည်​စေရန်"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 12,
      "text": "“အကြီး​သည် အငယ်​ကို အစေ​ခံရ​လိမ့်မည်” ​ဟု ရေဗက္ကာ​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 13,
      "text": "“ယာကုပ်​ကို ငါ​ချစ်​၏။ ဧသော​ကို​မူကား ငါ​မုန်း​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 14,
      "text": "သို့ဖြစ်လျှင် ငါ​တို့​သည် မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​၌ မတရားမှု​ရှိ​သလော။ လုံးဝ​မ​ရှိ​ပေ။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 15,
      "text": "အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မောရှေ​အား “ငါ​သည် သနား​လို​သော​သူ​ကို​သနား​၍ သက်ညှာ​လို​သော​သူ​ကို သက်ညှာ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 16,
      "text": "ထို့ကြောင့် ဤ​အရာ​သည် လူ​၏​အလိုဆန္ဒ​အပေါ်၌​လည်းကောင်း၊ ကြိုးစား​အားထုတ်​မှု​အပေါ်၌​လည်းကောင်း မ​မူတည်​ဘဲ ကရုဏာ​ထား​တော်မူ​သော​ဘုရားသခင်​အပေါ်၌​သာ မူတည်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 17,
      "text": "အကြောင်းမူကား ကျမ်းစာ​၌ ဖာရော​ဘုရင်​အား “သင့်​ကို ငါ​ချီးမြှောက်​ခြင်း​မှာ သင်​၌ ငါ့​တန်ခိုး​ကို​ပြသ​၍ ကမ္ဘာမြေ​တစ်ဝန်းလုံး​တွင် ငါ​၏​နာမ​ကို ကျော်ကြား​စေရန်​ဖြစ်​၏” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 18,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် သနား​လို​သော​သူ​ကို သနား​တော်မူ​၍ ခေါင်းမာ​စေ​လို​သော​သူ​ကို ခေါင်းမာ​စေ​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 19,
      "text": "ထိုအခါ သင်​က “သို့ဖြစ်လျှင် ဘုရားသခင်​သည် လူ​တို့​ကို အဘယ်ကြောင့် အပြစ်တင်​တော်မူ​သေး​သနည်း။ မည်သူ​သည် ဘုရားသခင်​၏​အလို​တော်​ကို ဆန့်ကျင်​နိုင်​မည်နည်း”​ဟု ငါ့​အား မေးမြန်း​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 20,
      "text": "သို့သော် အချင်း​လူ၊ သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ပြန်ခံ​ပြောဆို​သနည်း။ ပုံသွင်း​ခံရ​သော​အရာ​သည် ပုံသွင်း​ပေး​သော​သူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ပြုလုပ်​ခဲ့​သနည်း”​ဟု ပြောဆို​နိုင်​ပါ​မည်​လော။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 21,
      "text": "အိုးထိန်းသည်​သည် ရွှံ့စေး​တစ်ပုံ​တည်း​ထဲမှ အသရေ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း၊ အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ရန် အိုးခွက်​ကို​လည်းကောင်း လုပ်ပိုင်ခွင့်​ရှိ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 22,
      "text": "သို့ရာတွင် ဘုရားသခင်​သည် အမျက်​တော်​ကို​ပြသ​ရန်​နှင့် မိမိ​၏​တန်ခိုး​တော်​ကို​သိ​စေရန် အလို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်ဆီး​ရန်​ပြင်ဆင်​ထား​သော အမျက်​တော်​ဆိုင်ရာ​အိုးခွက်​များ​ကို အလွန်​စိတ်ရှည်​စွာ​သည်းခံ​တော်မူ​လျှင် မည်သို့​နည်း။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 23,
      "text": "ထို့ပြင် ဘုန်း​အသရေ​အတွက်​ကြိုတင်​ပြင်ဆင်​ထား​သော ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​၌ မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​ကို သိ​စေရန်​ပြု​တော်မူ​လျှင် မည်သို့နည်း။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 24,
      "text": "ဘုရားသခင်​သည် ငါ​တို့​ကို ထို​ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​အဖြစ် ဂျူး​လူမျိုး​တို့​ထဲမှ​သာမက​ဘဲ လူမျိုးခြား​တို့​ထဲမှ​လည်း ခေါ်ယူ​ထား​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 25,
      "text": "ဟောရှေ​ကျမ်း​၌ “ငါ​၏​လူမျိုး​မ​ဟုတ်​သော​သူ​ကို ‘ငါ​၏​လူမျိုး’​ဟူ၍​လည်းကောင်း၊ မ​ချစ်​သော​သူ​ကို ‘ချစ်​သော​သူ’​ဟူ၍​လည်းကောင်း ငါ​ခေါ်​မည်။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 26,
      "text": "‘သင်​တို့​သည် ငါ​၏​လူမျိုး​မ​ဟုတ်’​ဟု သူ​တို့​အား​မိန့်ဆို​ထား​သော ထို​အရပ်​၌​ပင် သူ​တို့​သည် ‘အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​သား​များ’​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 27,
      "text": "ဟေရှာယ​က​လည်း အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍ “အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​သည် ပင်လယ်​သဲပွင့်​များ​နှင့်အမျှ​ရှိ​သော်လည်း ကျန်ရစ်​သော​သူ​မျှသာ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 28,
      "text": "အကြောင်းမူကား ထာဝရ​ဘုရား​သည် မိန့်​တော်မူ​သော​အရာ​ကို မြေကြီး​ပေါ်၌​ပြည့်စုံ​စေ​၍ မဆိုင်းမတွ ပြုလုပ်​တော်မူ​လိမ့်မည်” ​ဟု ကြွေးကြော်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 29,
      "text": "ထို့ပြင် ဟေရှာယ​က “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် ငါ​တို့​အတွက် အမျိုးအနွယ်​ကို​ချန်ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်​ခဲ့​၍ ဂေါမောရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်မည်” ​ဟု ကြိုတင်​ပြော​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 30,
      "text": "သို့ဖြစ်လျှင် ငါ​တို့​သည် မည်သို့​ဆို​ရ​မည်နည်း။ ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် မ​ကြိုးစား​သော​လူမျိုးခြား​တို့​သည် ဖြောင့်မတ်​ခြင်း​ကို​ခံယူ​ရရှိ​ကြ​၏။ တစ်နည်းဆိုသော် ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော ဖြောင့်မတ်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 31,
      "text": "သို့ရာတွင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့်​တရား​ကို ရရှိ​ရန်​ကြိုးစား​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တရား​သို့​မ​ပေါက်ရောက်​ကြ။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 32,
      "text": "အဘယ်ကြောင့် မ​ပေါက်ရောက်​သနည်း။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ အကျင့်​အားဖြင့်​ရရှိ​နိုင်​သကဲ့သို့ ကြိုးစား​သောကြောင့်​ဖြစ်​၏။ သူ​တို့​သည် ခလုတ်တံသင်း​ဖြစ်​သော​ကျောက်​ကို တိုက်​မိ​ကြ​ပြီ။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 33,
      "text": "ဤသည်ကား “ကြည့်ရှု​လော့။ ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို​ယုံကြည်​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ ငါ့​စိတ်နှလုံး​၏​လိုအင်​ဆန္ဒ​နှင့် အစ္စရေး​လူမျိုး​တို့​အတွက် ဘုရားသခင်​ထံ ငါ​ဆုတောင်း​သော​အရာ​မှာ သူတို့​ကယ်တင်​ခြင်း​ရရှိ​ရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 2,
      "text": "သူ​တို့​သည် ဘုရားသခင်​အတွက် ထက်သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။ သို့သော် ထို​ထက်သန်​သော​စိတ်​သည် စစ်မှန်​သော​အသိပညာ​အားဖြင့်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 3,
      "text": "အကြောင်းမှာ သူ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​မ​သိ​ဘဲ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​တည်​စေရန် ရှာကြံ​လျက် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို မ​နာခံ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 4,
      "text": "ခရစ်တော်​သည် ယုံကြည်​သော​သူ​တိုင်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် ပညတ်​တရား​၏​အဆုံးသတ်​ရာ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 5,
      "text": "မောရှေ​က​လည်း ပညတ်​တရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​ပတ်သက်၍ “ဤ​အရာ​များ​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​လိမ့်မည်” ​ဟု ရေး​ထား​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 6,
      "text": "ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​မူကား “သင်​၏​စိတ်နှလုံး​ထဲ၌ ကောင်းကင်​သို့ မည်သူ​တက်​မည်နည်းဟု မ​ပြော​နှင့်​။ (ဤသည်ကား ခရစ်တော်​ကို အောက်​သို့​ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏။)"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 7,
      "text": "သို့မဟုတ် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့ မည်သူ​ဆင်း​မည်နည်းဟူ၍​လည်း မ​ပြော​နှင့် (ဤသည်ကား ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 8,
      "text": "ထို့ပြင် မည်သို့​ဆို​ထား​သနည်း။ “တရား​စကား​သည် သင်​၏​အနီး​၌​ရှိ​၏။ သင်​၏​နှုတ်​၌​လည်းကောင်း၊ သင်​၏​စိတ်နှလုံး​၌​လည်းကောင်း ရှိ​၏” ​ဟု ဆို​ထား​၏။ ဤသည်ကား ငါ​တို့​ဟောပြော​သည့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော တရား​စကား​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 9,
      "text": "သင်​သည် မိမိ​နှုတ်​ဖြင့် ယေရှု​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​၍ သင်​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ပြီ​ဟု ယုံကြည်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 10,
      "text": "အကြောင်းမူကား လူ​သည် စိတ်နှလုံး​ဖြင့်​ယုံကြည်​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ပြီး နှုတ်​ဖြင့်​ဝန်ခံ​၍ ကယ်တင်​ခြင်း​ခံရ​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 11,
      "text": "အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​က “ထို​ကျောက်​ကို​ယုံကြည်​သမျှ​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 12,
      "text": "ဤတွင် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကြား​၌ ခြားနား​မှု​မ​ရှိ။ အကြောင်းမူကား တစ်ပါးတည်း​သော​အရှင်​သည် လူ​အပေါင်း​တို့​၏​အရှင်​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​အား ကြွယ်ဝ​စေ​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 13,
      "text": "“ထာဝရ​ဘုရား​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​သော​သူ​တိုင်း ကယ်တင်​ခြင်း​ခံရ​မည်” ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 14,
      "text": "သို့ရာတွင် မိမိ​မ​ယုံကြည်​သော​အရှင်​ထံ မည်သို့​ပတ္ထနာ​ပြု​နိုင်​မည်နည်း။ မိမိ​မ​ကြား​ဖူး​သော​အရှင်​ကို မည်သို့​ယုံကြည်​နိုင်​မည်နည်း။ ဟောပြော​သော​သူ​မ​ရှိ​လျှင် မည်သို့​ကြား​နိုင်​မည်နည်း။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 15,
      "text": "စေလွှတ်​ခြင်း​မ​ခံရ​လျှင် မည်သို့​ဟောပြော​နိုင်​မည်နည်း။ “ကောင်းမြတ်​ခြင်း​နှင့်ဆိုင်သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ဟောပြော​သော​သူ​များ​၏​ခြေ​တို့​သည် အလွန်​တင့်တယ်​စွ​တကား” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 16,
      "text": "သို့သော် ဤ​ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အားလုံး​နာခံ​ကြ​သည်​မ​ဟုတ်။ ပရောဖက်​ဟေရှာယ​က “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 17,
      "text": "သို့ဖြစ်၍ ယုံကြည်​ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်​ပြီး ကြားနာ​ခြင်း​သည် ခရစ်တော်​၏​စကား​တော်​အားဖြင့်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 18,
      "text": "သို့သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သလော။ အမှန်ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အသံ​သည် မြေကြီး​တစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်အဖျား​တိုင်အောင် ရောက်​လေ​၏။ ”"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 19,
      "text": "တစ်ဖန် ငါ​မေး​လို​သည်​မှာ အစ္စရေး​လူမျိုး​တို့​သည် မ​သိ​ကြ​သလော။ ပထမ​ဦးစွာ မောရှေ​က “ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​အားဖြင့် သင်​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ အသိတရား​ကင်းမဲ့​သော​လူမျိုး​အားဖြင့် သင်​တို့​ကို မခံမရပ်နိုင်​ဖြစ်​စေ​မည်” ​ဟု ဆို​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 20,
      "text": "ပရောဖက်​ဟေရှာယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့ရှိ​ကြ​၏။ ငါ့​အကြောင်း​ကို​မ​မေးမြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်ရှား​ပြ​၏” ​ဟု ရဲရင့်​စွာ​ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 21,
      "text": "အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍​မူကား “နာခံ​ခြင်း​မ​ရှိ၊ ဆန့်ကျင်​ပုန်ကန်​တတ်​သော​လူမျိုး​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏” ​ဟု ဆို​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 1,
      "text": "သို့ဖြစ်လျှင် ငါ​မေး​လို​သည်​မှာ ဘုရားသခင်​သည် မိမိ​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​ပြီ​လော။ လုံးဝ​ပစ်ပယ်​တော်​မ​မူ။ ငါ​ကိုယ်တိုင်​လည်း အစ္စရေး​လူမျိုး၊ အာဗြဟံ​မှ​ဆင်းသက်​လာ​သူ၊ ဗင်္ယာမိန်​အနွယ်ဝင်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 2,
      "text": "ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော မိမိ​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်​မ​မူ။ ပရောဖက်​ဧလိယ​က အစ္စရေး​လူမျိုး​ကို ဘုရားသခင်​ထံ တိုင်ကြား​သောအခါ ကျမ်းစာ​၌ ထို​အကြောင်း​နှင့်​ပတ်သက်၍ မည်သို့​ဆို​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 3,
      "text": "သူ​က “အို ထာဝရ​ဘုရား၊ သူ​တို့​သည် ကိုယ်တော်​၏​ပရောဖက်​များ​ကို​သတ်​လျက် ကိုယ်တော်​၏​ယဇ်ပလ္လင်​များ​ကို​ဖြိုဖျက်​ကြ​ပါ​ပြီ။ အကျွန်ုပ်​တစ်ဦးတည်း​ကျန်ရစ်​ခဲ့​၍ အကျွန်ုပ်​၏​အသက်​ကို​လည်း ရန်ရှာ​နေ​ကြ​ပါ​၏” ​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 4,
      "text": "သို့ရာတွင် ဘုရားသခင်​သည် သူ့​ကို မည်သို့ ပြန်​၍​မိန့်​တော်မူ​သနည်း။ “ငါ​သည် ဗာလ​ရှေ့၌​ဒူး​မ​ထောက်​သော လူ​ခုနစ်ထောင်​ကို ငါ့​အတွက်​ချန်ထား​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 5,
      "text": "ထိုနည်းတူ ယခု​အချိန်အခါ​၌​လည်း ကျေးဇူး​တော်​အားဖြင့် ရွေးကောက်​ခံရ​သည့်​ကြွင်းကျန်​သော​သူ​ရှိ​သေး​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 6,
      "text": "သို့သော် ကျေးဇူး​တော်​အားဖြင့်​ဖြစ်​လျှင် အကျင့်​အားဖြင့်​မ​ဟုတ်​တော့​ပေ။ သို့မဟုတ်​လျှင် ကျေးဇူး​တော်​သည် ကျေးဇူး​တော်​ဖြစ်​တော့မည်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 7,
      "text": "သို့ဖြစ်လျှင် မည်သို့​နည်း။ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​ကြိုးစား​ရှာဖွေ​သော​အရာ​ကို မ​ရရှိ​ကြ။ ရွေးကောက်​တော်မူ​သော​သူ​တို့​သာ ရရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာကျော​ခက်ထန်​သော​သဘော​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 8,
      "text": "“ဘုရားသခင်​သည် သူ​တို့​အား ယနေ့​ထိ​တိုင်အောင် ထိုင်းမှိုင်း​သော​စိတ်သဘော​ကို​လည်းကောင်း၊ မ​မြင်​နိုင်​သော​မျက်စိ​ကို​လည်းကောင်း၊ မ​ကြား​နိုင်​သော​နား​ကို​လည်းကောင်း ပေး​တော်မူ​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 9,
      "text": "ဒါဝိဒ်​က​လည်း “သူ​တို့​၏​စားပွဲ​သည် သူ​တို့​အတွက် ကျော့ကွင်း​သော်လည်းကောင်း၊ ထောင်ချောက်​သော်လည်းကောင်း၊ မှားယွင်း​စေ​သော​အရာ​သော်လည်းကောင်း၊ လက်တုံ့ပြန်​စရာ​သော်လည်းကောင်း ဖြစ်​ပါစေ။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 10,
      "text": "သူ​တို့​၏​မျက်စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါစေ။ သူ​တို့​၏​ကျော​သည်​လည်း အစဉ်​ကုန်း​ပါစေ” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 11,
      "text": "သို့ဖြစ်လျှင် သူ​တို့​ခလုတ်တိုက်​ကြ​သည်​မှာ သူ​တို့​လဲကျ​စေရန်​လော​ဟု ငါ​မေး​၏။ လုံးဝ​မ​ဟုတ်​ပေ။ အမှန်​အားဖြင့် သူ​တို့​ကျူးလွန်​သော​အပြစ်​ကြောင့် လူမျိုးခြား​တို့​ထံ ကယ်တင်​ခြင်း​ကျေးဇူး​သက်ရောက်​၍ ဤ​အမှု​အားဖြင့် အစ္စရေး​လူမျိုး​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 12,
      "text": "သို့သော် သူ​တို့​ကျူးလွန်​သော​အပြစ်​သည် လောကီသား​တို့​၏​ကြွယ်ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံးနိမ့်​ခြင်း​သည် လူမျိုးခြား​တို့​၏​ကြွယ်ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်စုံ​ခြင်း​သည် မည်မျှ​ပို၍​များ​သော​အကျိုး​ကို ဖြစ်​စေ​လိမ့်မည်​နည်း။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 13,
      "text": "ထို့ကြောင့် လူမျိုးခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူမျိုးခြား​နှင့်ဆိုင်သော တမန်တော်​ဖြစ်​သည့်​အလျောက် ငါ​၏​အမှု​တော်​လုပ်ငန်း​ကို ဂုဏ်ယူ​လျက်"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 14,
      "text": "တစ်နည်းနည်း​ဖြင့် ငါ​၏​အမျိုးသား​ချင်း​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ သူ​တို့​ထဲမှ အချို့​တို့​ကို​ကယ်တင်​နိုင်​ရန် ငါ​မျှော်လင့်​နေ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 15,
      "text": "အကြောင်းမူကား သူ​တို့​ပစ်ပယ်​ခံရ​ခြင်း​သည် လောကီသား​တို့​အတွက် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်ခံ​ခြင်း​သည် သေလွန်​သော​သူ​တို့​အသက်​ပြန်ရှင်​ခြင်း​ဖြစ်​လိမ့်မည်​မ​ဟုတ်​လော။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 16,
      "text": "အသီးဦး​အဖြစ်​ပူဇော်​သော​မုန့်ညက်​သည် သန့်ရှင်း​လျှင် မုန့်ညက်​တစ်ပုံလုံး​သည်​လည်း သန့်ရှင်း​၏။ အမြစ်​သည် သန့်ရှင်း​လျှင် အကိုင်းအခက်​များ​သည်​လည်း သန့်ရှင်း​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 17,
      "text": "သို့သော် အကိုင်းအခက်​အချို့​တို့​သည် ခုတ်ဖြတ်​ခြင်း​ခံရ​၍ သံလွင်​ပင်​အရိုင်း​ဖြစ်​သော​သင်​သည် ထို​အကိုင်းအခက်​များ​ကြား​၌ ကိုင်းဆက်ကူး​ခံရ​ပြီး သံလွင်​ပင်​အမြစ်​မှ​အဆီအနှစ်​ကို မျှဝေ​ခံစား​သူ​ဖြစ်လာ​လျှင်"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 18,
      "text": "ထို​အကိုင်းအခက်​များ​အပေါ် ဝါကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါကြွား​လျှင်​လည်း သင်​သည် အမြစ်​ကို​ထောက်မ​သည်​မ​ဟုတ်။ အမြစ်​က​သာ သင့်​ကို​ထောက်မ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 19,
      "text": "ထိုအခါ သင်​က “ငါ့​ကို ကိုင်းဆက်ကူး​ရန်​အတွက် အကိုင်းအခက်​များ​သည် ခုတ်ဖြတ်​ခြင်း​ခံရ​ကြ​သည်”​ဟု ဆို​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 20,
      "text": "မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် ခုတ်ဖြတ်​ခြင်း​ခံရ​ပြီး သင်​မူကား ယုံကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ ကြောက်ရွံ့​ခြင်း​ရှိ​လော့။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 21,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် မူလ​အကိုင်းအခက်​များ​ကို ညှာတာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာတာ​တော်မူ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 22,
      "text": "ထို့ကြောင့် ဘုရားသခင်​၏​ပြင်းထန်​သော​စီရင်​တော်မူ​ခြင်း​နှင့်​ကျေးဇူးပြု​တော်မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်းထန်​သော​စီရင်​တော်မူ​ခြင်း​သည် လဲကျ​သော​သူ​တို့​ပေါ်၌​ရှိ​၍ ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​မူကား သင်​သည် ထို​ကျေးဇူးပြု​တော်မူ​ခြင်း​၌ ဆက်၍​တည်​နေ​လျှင် သင့်​အပေါ်၌​ရှိ​၏။ ဆက်၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်ဖြတ်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 23,
      "text": "သူ​တို့​သည်​လည်း မ​ယုံကြည်​မှု​ကို​စွန့်ပယ်​လျှင် ကိုင်းဆက်ကူး​ခြင်း​ခံရ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​ကို နောက်တစ်ဖန်​ကိုင်းဆက်ကူး​ရန် ဘုရားသခင်​တတ်နိုင်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 24,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​သည် သဘာဝ​အတိုင်း ရိုင်း​သည့်​သံလွင်​ပင်​မှ ခုတ်ဖြတ်​ခံရ​၍ ကောင်း​သည့်​သံလွင်ပင်​၌ သဘာဝ​နှင့်​ဆန့်ကျင်​လျက် ကိုင်းဆက်ကူး​ခြင်း​ခံရ​သည်​မှန်​လျှင် သဘာဝ​အတိုင်း ကောင်း​သည့်​သံလွင်​ပင်​၏​အကိုင်း​များ​ကို​မူကား မူရင်း​သံလွင်​ပင်​၌ မည်မျှ​ပို၍​လွယ်ကူ​စွာ ကိုင်းဆက်ကူး​နိုင်​လိမ့်မည်​နည်း။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 25,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 26,
      "text": "ဤသို့ဖြင့် အစ္စရေး​လူမျိုး​တစ်မျိုးလုံး​သည် ကယ်တင်​ခြင်း​ခံရ​မည်​ဟူ၍​ဖြစ်​၏။ “ကယ်နုတ်​သော​အရှင်​သည် ဇိအုန်​မှ​ကြွလာ​ပြီး ယာကုပ်​၏​အမျိုးအနွယ်​ထဲမှ ဘုရား​တရား​မဲ့​ခြင်း​များ​ကို ဖယ်ရှား​တော်မူ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 27,
      "text": "ဤသည်ကား သူ​တို့​၏​အပြစ်​များ​ကို ငါ​ဖယ်ရှား​သောအခါ သူ​တို့​အား ငါ​ပေး​မည့်​ပဋိညာဉ်​ပေ​တည်း” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 28,
      "text": "ကောင်းမြတ်​သော​သတင်း​အရ သူ​တို့​သည် သင်​တို့​အတွက်​ကြောင့် ရန်သူ​များ​ဖြစ်​ကြ​သော်လည်း ရွေးကောက်​တော်မူ​ခြင်း​အရ ရှေး​ဘိုးဘေး​များ​အတွက်​ကြောင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 29,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​ဆု​ကျေးဇူး​များ​နှင့်​ခေါ်ယူ​တော်မူ​ခြင်း​သည် ပြောင်းလဲ​ခြင်း​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 30,
      "text": "သင်​တို့​သည် တစ်ချိန်က ဘုရားသခင်​ကို​မ​နာခံ​ခဲ့​ကြ​သော်လည်း ယခု​အခါ ထို​သူ​တို့​၏​မ​နာခံ​မှု​ကြောင့် ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​သကဲ့သို့"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 31,
      "text": "သူ​တို့​သည်​လည်း ထိုနည်းတူ ယခု​နာခံ​ခြင်း​မ​ရှိ​ကြ​ပေ။ ဤသည်ကား သင်​တို့​ခံရ​သော​ကရုဏာ​တော်​အားဖြင့် ယခု​အခါ သူ​တို့​သည်​လည်း ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 32,
      "text": "ဘုရားသခင်​သည် လူ​အပေါင်း​တို့​အပေါ်​ကရုဏာ​ထား​တော်မူ​ရန် လူ​အပေါင်း​တို့​ကို မ​နာခံ​မှု​အဖြစ်​၌​ချုပ်​ထား​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 33,
      "text": "ဘုရားသခင်​၏​အသိပညာ​နှင့်​ဉာဏ်ပညာ​တော်​တို့​၏​ကြွယ်ဝ​မှု​သည် နက်နဲ​လှ​ပါတကား။ စီရင်​တော်မူ​ချက်​တို့​ကို စူးစမ်း​လေ့လာ​၍​မ​ကုန်​နိုင်။ လမ်း​တော်​တို့​ကို​လည်း ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 34,
      "text": "“မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​သနည်း။ မည်သူ​သည် ကိုယ်တော်​၏​အတိုင်ပင်ခံ​ဖြစ်​ဖူး​သနည်း။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 35,
      "text": "မိမိ​အပေါ် ကိုယ်တော်​ကျေးဇူး​တုံ့ပြန်​ရ​လေ​အောင် မည်သူ​သည် ကိုယ်တော်​အား ဦးစွာ​ကျေးဇူးပြု​ဖူး​သနည်း။”"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 36,
      "text": "အကြောင်းမူကား အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​လည်းကောင်း၊ ကိုယ်တော်​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​အတွက်​လည်းကောင်း ဖြစ်တည်​ကြ​၏။ ကိုယ်တော်ရှင်​၌ ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​တည်ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 1,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 3,
      "text": "ငါ့​အား​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ထဲတွင်​ရှိ​သော​သူ​အားလုံး​ကို ငါ​မှာကြား​လို​သည်​မှာ သင်​တို့​သည် မိမိကိုယ်ကို ထင်​သင့်​သည်​ထက် ပို၍​အထင်​မ​ကြီး​ကြ​ဘဲ သင်​တို့​အသီးသီး​အား ဘုရားသခင်​ခွဲဝေ​ပေး​တော်မူ​သော ယုံကြည်​ခြင်း​အတိုင်းအတာ​နှင့်အညီ သင့်တင့်​လျောက်ပတ်​စွာ ထင်မြင်​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်ခန္ဓာ​တစ်​ခု​၌ အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ထို​အင်္ဂါ​အစိတ်အပိုင်း​အားလုံး​သည် တူညီ​သော​လုပ်ဆောင်​မှု​ကို လုပ်ဆောင်​ကြ​သည်​မ​ဟုတ်​သကဲ့သို့"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 5,
      "text": "အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 6,
      "text": "ငါ​တို့​၌​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​အတိုင်း အထူးထူး​အပြားပြား​သော​ဆု​ကျေးဇူး​များ​ကို ရရှိ​ကြ​၏။ သို့ဖြစ်၍ ထို​ဆု​ကျေးဇူး​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်လျှင် ယုံကြည်​ခြင်း​၏​ပမာဏ​အတိုင်း ပရောဖက်ပြု​ဟောပြော​စေ။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 7,
      "text": "အမှု​တော်​ဆောင်​ဖြစ်လျှင် အမှု​တော်​ကို​ဆောင်ရွက်​စေ။ သွန်သင်​သော​သူ​ဖြစ်လျှင် သွန်သင်​ခြင်း​ကို​ပြု​စေ။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 8,
      "text": "တိုက်တွန်း​နှိုးဆော်​သူ​ဖြစ်လျှင် တိုက်တွန်း​နှိုးဆော်​ခြင်း​ကို​ပြု​စေ။ ပေးကမ်း​ဝေမျှ​သော​သူ​သည် ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​စေ။ စီမံ​အုပ်ချုပ်​သော​သူ​သည် လုံ့လ​ဝီရိယ​ဖြင့်​စီမံ​အုပ်ချုပ်​စေ။ မစ​သနား​ခြင်း​အမှု​ကို​ပြု​သော​သူ​သည် ကြည်ဖြူ​သော​စိတ်​နှင့်​ပြု​စေ။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 9,
      "text": "ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 10,
      "text": "ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​အားဖြင့် အချင်းချင်း​ချစ်ခင်​ကြင်နာ​ကြ​၍ ရိုသေသမှုပြုခြင်း​၌ သူတစ်ပါး​သည် မိမိ​ထက်​သာလွန်​သည်​ဟု မှတ်ယူ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 11,
      "text": "လုံ့လ​ဝီရိယ​စိုက်ထုတ်​ရာ​တွင် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်ရေး​၌​ထက်သန်​လျက် သခင်​ဘုရား​ကို​အစေခံ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 12,
      "text": "မျှော်လင့်​ခြင်း​၌​ဝမ်းမြောက်​လျက် ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​ကာ ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 13,
      "text": "သန့်ရှင်း​သူ​တို့​၏​လိုအပ်​ချက်​များ​ကို ပါဝင်​ဖြည့်ဆည်း​လျက် ဧည့်ဝတ်​ကို ကြိုးစား​ပြု​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 14,
      "text": "သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 15,
      "text": "ဝမ်းမြောက်​သော​သူ​တို့​နှင့်အတူ​ဝမ်းမြောက်​၍ ငိုကြွေး​သော​သူ​တို့​နှင့်အတူ​ငိုကြွေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 16,
      "text": "အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 17,
      "text": "မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 18,
      "text": "သင်​တို့​ဘက်​မှ တတ်နိုင်​သမျှ လူ​အပေါင်း​တို့​နှင့် သင့်မြတ်​စွာ​နေ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 19,
      "text": "ချစ်​ရ​သော​သူ​တို့၊ ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ အမျက်​တော်​လက်​သို့ အပ်နှံ​ထား​ကြ​လော့။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်” ​ဟု ကျမ်းစာ​၌​ရေး​ထား​၏။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 20,
      "text": "ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။”"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 21,
      "text": "အဆိုး​၏​အနိုင်ယူ​ခြင်း​ကို​မ​ခံ​ဘဲ အကောင်း​အားဖြင့် အဆိုး​ကို​အနိုင်ယူ​လော့။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 1,
      "text": "အထက်​အာဏာပိုင်​များ​ကို လူ​တိုင်း​နာခံ​စေ။ အကြောင်းမူကား ဘုရားသခင်​ထံမှ​မ​ဟုတ်​သော​အာဏာ​ဟူ၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာဏာ​များ​သည် ဘုရားသခင်​ခန့်အပ်​တော်မူ​ရာ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 2,
      "text": "ထို့ကြောင့် အာဏာပိုင်​ကို​ဆန့်ကျင်​သော​သူ​သည် ဘုရားသခင်​၏​ပြဋ္ဌာန်း​တော်မူ​ချက်​ကို ဆန့်ကျင်​ရာ​ရောက်​၏။ ထိုသို့​ဆန့်ကျင်​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ကိုယ်တိုင်​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 3,
      "text": "အဘယ်ကြောင့်​ဆိုသော် အုပ်ချုပ်​သူ​များ​သည် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက် ကြောက်​စရာ​မ​ဟုတ်​ဘဲ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက်​သာ ကြောက်​စရာ​ဖြစ်​၏။ သင်​သည် အာဏာပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အမှု​ကို​ပြု​လော့။ ထိုသို့ပြုလျှင် သူ​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 4,
      "text": "အကြောင်းမူကား သူ​သည် သင့်​အား ကောင်းကျိုး​ပြု​သော ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ရာတွင် မကောင်း​သော​အမှု​ကို​သင်​ပြု​လျှင် ကြောက်ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အကြောင်းမဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မကောင်း​သော​အမှု​ကို​ပြုကျင့်​သော​သူ​အား အမျက်​တော်​အတွက် အပြစ်​ဒဏ်​ပေး​သည့် ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 5,
      "text": "သို့ဖြစ်၍ အမျက်​တော်​ကြောင့်​သာ​မ​ဟုတ်​ဘဲ အသိစိတ်​အတွက်​ကြောင့်​လည်း နာခံ​ရ​မည်။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 6,
      "text": "ဤ​အကြောင်း​ကြောင့် အခွန်​များ​ကို​လည်း သင်​တို့​ပေးဆောင်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​အမှု​ကို​ထမ်းဆောင်​သူ​များ​ဖြစ်​ကြ​ပြီး ထို​အမှု​ကို အစဉ်တစိုက်​ဆောင်ရွက်​နေ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 7,
      "text": "သို့ဖြစ်၍ လူ​အသီးသီး​တို့​အား ပေး​သင့်​သည်​ကို ပေးဆောင်​ကြ​လော့။ အခွန်​ပေး​သင့်​သော​သူ​အား အခွန်​ကို​လည်းကောင်း၊ အကောက်​ပေး​သင့်​သော​သူ​အား အကောက်​ကို​လည်းကောင်း ပေးဆောင်​ကြ​လော့။ ကြောက်ရွံ့​သင့်​သော​သူ​ကို​ကြောက်ရွံ့​၍ ရိုသေ​သင့်​သော​သူ​ကို​ရိုသေ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 8,
      "text": "အချင်းချင်း​ချစ်​ခြင်း​မှတစ်ပါး မည်သည့်​အကြွေး​မျှ မ​တင်​စေ​ကြ​နှင့်။ သူတစ်ပါး​ကို​ချစ်​သော​သူ​သည် ပညတ်​တရား​ကို​ပြည့်စုံ​စေ​ပြီ။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 9,
      "text": "အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ၊ လူ​မ​သတ်​ရ၊ မ​ခိုးယူ​ရ၊ တပ်မက်​သော​စိတ်​မ​ရှိ​ရ” ​ဟူသော​ပညတ်ချက်​များ​မှစ၍ အခြား​မည်သည့်​ပညတ်​ချက်​မဆို “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော ဤ​မိန့်​တော်မူ​ချက်​၌ ပေါင်းခြုံ​ထား​၏။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 10,
      "text": "ချစ်​ခြင်း​မေတ္တာ​သည် ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​အပေါ် မကောင်း​သော​အမှု​ကို​မ​ပြု​တတ်။ ထို့ကြောင့် ချစ်​ခြင်း​မေတ္တာ​သည် ပညတ်​တရား​၏​ပြည့်စုံ​ရာ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 11,
      "text": "သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 12,
      "text": "ည​အချိန်​ကုန်​လု​၍ နေ့​အချိန်​ရောက်​တော့မည်။ ထို့ကြောင့် ငါ​တို့​သည် မှောင်မိုက်​ခြင်း​၏​အကျင့်​များ​ကို ဖယ်ရှား​လျက် အလင်း​၏​လက်နက်​များ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​ကုန်စို့။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 13,
      "text": "အပျော်ကြူး​ခြင်း​နှင့်​သောက်စား​မူးယစ်​ခြင်း​တို့​၌​လည်းကောင်း၊ ကိလေသာ​ရှုပ်ထွေး​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​၌​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့်​မနာလို​ခြင်း​တို့​၌​လည်းကောင်း မ​ကျင်လည်​ကြ​ဘဲ နေ့​အချိန်​၌​လျှောက်လှမ်း​သကဲ့သို့ တင့်တယ်​လျောက်ပတ်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ကုန်စို့။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 14,
      "text": "သခင်​ယေရှု​ခရစ်တော်​ကို ဝတ်ဆင်​ကြ​လော့။ သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို​ဖြည့်ဆည်း​ရန် မ​ကြံစည်​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 1,
      "text": "ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 2,
      "text": "အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 3,
      "text": "စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 4,
      "text": "သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 5,
      "text": "အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 6,
      "text": "နေ့ရက်​ကို​စောင့်ထိန်း​သော​သူ​သည် သခင်​ဘုရား​အတွက်​စောင့်ထိန်း​၏။ စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​စား​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ မ​စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​မ​စား​ဘဲ​နေ​၍ ဘုရားသခင်​ကို​ကျေးဇူးတင်​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 7,
      "text": "ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 8,
      "text": "အကြောင်းမူကား ငါ​တို့​သည် အသက်ရှင်​လျှင် သခင်​ဘုရား​အတွက်​အသက်ရှင်​၍ သေ​လျှင် သခင်​ဘုရား​အတွက်​သေ​၏။ ထို့ကြောင့် ငါ​တို့​သည် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ သခင်​ဘုရား​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 9,
      "text": "အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 10,
      "text": "သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို စီရင်​သနည်း။ အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို မထီမဲ့မြင်​ပြု​သနည်း။ ငါ​တို့​အားလုံး​သည် ဘုရားသခင်​၏​တရားပလ္လင်​တော်​ရှေ့၌ ရပ်​ကြ​ရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 11,
      "text": "အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ ငါ​သည် အသက်ရှင်​သည်​ဖြစ်၍ လူ​တိုင်း ငါ့​ရှေ့၌ ဒူး​ထောက်​လိမ့်မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​လိမ့်မည်” ​ဟု ကျမ်းစာ​၌​ရေး​ထား​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 12,
      "text": "သို့ဖြစ်၍ ငါ​တို့​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိမိ​အကြောင်း​ကို မိမိ​ဖြေရှင်း​ရ​လိမ့်မည်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 13,
      "text": "ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အချင်းချင်း​မ​စီရင်​ဘဲ​နေ​ကြ​ကုန်စို့။ ထိုမျှမက ညီအစ်ကို​အတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်း​စေ​သော​အရာ​ကို​မ​ထား​ရန် စီရင်​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 14,
      "text": "ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 15,
      "text": "အစားအစာ​ကြောင့် သင်​၏​ညီအစ်ကို​ကို ဝမ်းနည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အသက်ရှင်​လျှောက်လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​တော်မူ​သော သင့်​ညီအစ်ကို​ကို သင်​၏​အစားအစာ​ကြောင့် မ​ပျက်စီး​စေ​နှင့်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 16,
      "text": "သင်​တို့​အတွက်​ကောင်း​သော​အရာ​ကို​လည်း ပြစ်တင်​ပြောဆို​စရာ​မ​ဖြစ်​စေ​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 17,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 18,
      "text": "ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 19,
      "text": "သို့ဖြစ်၍ ငြိမ်သက်​ခြင်း​ကို​ဖြစ်စေ​သော​အမှုအရာ​များ​နှင့် အချင်းချင်း​တည်ဆောက်​မြှင့်တင်​ပေး​သော​အမှုအရာ​များ​ကို ကြိုးစား​ပြု​ကြ​ကုန်စို့။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 20,
      "text": "အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 21,
      "text": "အသား​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီအစ်ကို​အား ခလုတ်တိုက်​စေ​သော​အရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 22,
      "text": "သင်​သည် မိမိ​၌​ရှိ​သော​ယုံကြည်​ခြင်း​ကို ဘုရားသခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်ခံ​ထား​သော​အမှုအရာ​၌ မိမိ​၏​ဩတ္တပ္ပစိတ်​ကြည်လင်​သော​သူ​သည် မင်္ဂလာရှိ​၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 23,
      "text": "သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 1,
      "text": "သို့ဖြစ်၍ ခွန်အား​ရှိ​သော​ငါ​တို့​သည် မိမိ​တို့​နှစ်သက်​သည့်​အတိုင်း​မ​ပြု​ဘဲ အားနည်း​သော​သူ​တို့​၏​အားနည်းချက်​တို့​ကို ထောက်မ​ပေး​သင့်​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 2,
      "text": "ငါ​တို့​အသီးသီး​သည် မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​တည်ဆောက်​မြှင့်တင်​ပေး​ရန် သူ​၏​ကောင်းကျိုး​ကို​ထောက်​၍ သူ့​ကို​နှစ်သက်​စေ​ရ​မည်။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 3,
      "text": "အဘယ်ကြောင့်​ဆိုသော် “ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​သော​သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့ ကျရောက်​ပါ​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ ခရစ်တော်​ပင်လျှင် မိမိ​နှစ်သက်​သည့်​အတိုင်း​ပြု​တော်​မ​မူ​ခဲ့​ပေ။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 4,
      "text": "အကြောင်းမူကား ရှေး​အခါ​က​ရေး​ထား​သမျှ​သော​အရာ​သည် ငါ​တို့​ကို​သွန်သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်းစာ​၌​ပါ​သော သည်းခံ​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​အားဖြင့် ငါ​တို့​၌ မျှော်လင့်​ခြင်း​ရှိ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 5,
      "text": "သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​၏​ဘုန်း​တော်​ကို တစ်သံတည်း​ဖြင့် တညီတညွတ်တည်း​ချီးမွမ်း​နိုင်​ရန် သည်းခံ​ခြင်း​နှင့်​နှစ်သိမ့်​ခြင်း​တို့​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အား ခရစ်တော်​ယေရှု​၏​အလို​တော်​အတိုင်း အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​နိုင်​သော​အခွင့်​ကို ပေး​တော်မူ​ပါစေသော။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 7,
      "text": "ခရစ်တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​အတွက် သင်​တို့​ကို​လက်ခံ​သကဲ့သို့ သင်​တို့​သည်​လည်း တစ်ဦး​ကို​တစ်ဦး​လက်ခံ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 8,
      "text": "တစ်ဖန် ငါ​ဆို​သည်​ကား ခရစ်တော်​သည် ဘုရားသခင်​၏​သမ္မာတရား​ကို​ထင်ရှား​စေရန် အရေဖျား​လှီး​ထား​သော​သူ​တို့​၏​အစေခံ​ဖြစ်​တော်မူ​၏။ ထိုသို့​ဖြစ်​တော်မူ​ခြင်းမှာ ရှေး​ဘိုးဘေး​တို့​အား ပေး​ထား​သော​ကတိ​တော်​တို့​ကို တည်မြဲ​စေရန်​နှင့်"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 9,
      "text": "လူမျိုးခြား​တို့​သည်​လည်း ကရုဏာ​တော်​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​ဖြစ်​၏။ ဤသည်ကား ကျမ်းစာ​၌ “ထို့ကြောင့် အကျွန်ုပ်​သည် လူမျိုးခြား​တို့​အထဲတွင် ကိုယ်တော်​ကို​ထောမနာ​ပြု​၍ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​သီဆို​ပါ​မည်” ​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 10,
      "text": "တစ်ဖန် “လူမျိုးခြား​တို့၊ ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဝမ်းမြောက်​ကြ​လော့” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 11,
      "text": "ထို့နောက် တစ်ဖန် “လူမျိုးခြား​အပေါင်း​တို့၊ ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြ​လော့။ လူမျိုး​အပေါင်း​တို့၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 12,
      "text": "တစ်ဖန် ဟေရှာယ​က​လည်း “ယေရှဲ​၏​အမြစ်​ပေါက်​လိမ့်မည်။ ထို​သူ​သည် လူမျိုးခြား​တို့​ကို​အုပ်ချုပ်​ရန် ပေါ်ထွန်း​သော​သူ​ဖြစ်​၏။ လူမျိုးခြား​တို့​သည် သူ့​ကို​မျှော်လင့်​အားထား​ကြ​လိမ့်မည်” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 13,
      "text": "သင်​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်​ခြင်း​နှင့်​ကြွယ်ဝ​မည့်​အကြောင်း မျှော်လင့်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် ယုံကြည်​ခြင်း​မှ​လာ​သော ဝမ်းမြောက်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​အလုံးစုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 14,
      "text": "ငါ့​ညီအစ်ကို​တို့၊ သင်​တို့​ကိုယ်တိုင် ကောင်းမြတ်​ခြင်း​နှင့်​ပြည့်ဝ​လျက် အသိပညာ​အမျိုးမျိုး​နှင့်​ပြည့်စုံ​ကာ အချင်းချင်း​ကို​သတိပေး​ဆုံးမ​နိုင်​ကြ​သည်​ဟု သင်​တို့​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 15,
      "text": "သို့သော် လူမျိုးခြား​တို့​အတွက် ငါ့​ကို​ခရစ်တော်​ယေရှု​၏​အမှု​တော်​ကို​ထမ်းဆောင်​သူ​ဖြစ်​စေ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ဆိုင်သည့်​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​စေ​ပြီး ထို​လူမျိုးခြား​တို့​ကို​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သည့်​နှစ်သက်​လက်ခံ​ဖွယ်​ပူဇော်သက္ကာ​ဖြစ်​စေရန် ငါ့​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို တစ်ဖန်​သတိပေး​ရန် တချို့​အပိုင်း​၌ ငါ​ရဲဝံ့​စွာ ရေး​ခဲ့​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 17,
      "text": "သို့ဖြစ်၍ ငါ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​အရာ​တို့​၌ ခရစ်တော်​ယေရှု​အားဖြင့် ဝါကြွား​စရာ​အကြောင်း​ရှိ​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 18,
      "text": "အကြောင်းမူကား လူမျိုးခြား​တို့​နာခံ​မှု​ရှိ​စေရန် ခရစ်တော်​သည် ငါ့​ကို​အသုံးပြု​၍ တရား​စကား​နှင့်​လုပ်ဆောင်​မှု​အားဖြင့်​လည်းကောင်း၊"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 19,
      "text": "နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​၏​တန်ခိုး​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့်​လည်းကောင်း ပြု​တော်မူ​သော​အမှုအရာ​တို့​မှအပ ငါ​သည် မည်သည့်​အရာ​ကို​မျှ အရဲစွန့်​၍​မ​ပြော​လို​ပေ။ ဤသို့ဖြင့် ငါ​သည် ဂျေရုဆလင်​မြို့​မှစ၍ ဣလုရိတ်​ပြည်​တိုင်အောင် ပတ်​သွား​ကာ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို စုံလင်​စွာ​ဟောပြော​ခဲ့​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 20,
      "text": "ထိုသို့​ဟောပြော​ရာ​၌ ငါ​သည် သူတစ်ပါး​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​မ​ပြု​မည့်​အကြောင်း ခရစ်တော်​၏​အမည်​နာမ​ကို ကြားသိ​ခြင်း​မ​ရှိ​သေး​သော​အရပ်​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ရည်မှန်း​ကြိုးစား​လာ​ခဲ့​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 21,
      "text": "ဤသည်ကား “ကိုယ်တော်​၏​အကြောင်း​ကို​ဖော်ပြ​ခြင်း​မ​ခံရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နားလည်​ကြ​လိမ့်မည်” ​ဟု ကျမ်းစာ​၌ ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 22,
      "text": "ဤ​အကြောင်း​ကြောင့် ငါ​သည် သင်​တို့​ထံသို့​မ​လာ​ရန် အဖန်ဖန်​တားဆီး​ခြင်း​ကို ခံ​ခဲ့​ရ​သော်လည်း"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 23,
      "text": "ယခု​အခါ ဤ​အရပ်​တို့​၌ ငါ​လုပ်ဆောင်​ရ​မည့်​နေရာ​မ​ရှိ​တော့​သည့်​အပြင် သင်​တို့​ထံသို့​လာ​ရန် နှစ်​ပေါင်း​များစွာ​ကပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်အညီ"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 24,
      "text": "စပိန်​ပြည်​သို့ ငါ​သွား​သောအခါ သင်​တို့​ကို လမ်းကြုံ​ဝင်​တွေ့​၍ အတော်အတန်​အလိုဆန္ဒ​ပြည့်စုံ​အောင် သင်​တို့​နှင့်အတူ​နေ​ပြီးမှ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်လင့်​ထား​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 25,
      "text": "သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 26,
      "text": "အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 27,
      "text": "သူ​တို့​သည် စေတနာ​စိတ်​ရှိ​ကြ​သည်​မှန်​သကဲ့သို့ ထို​သူ​တို့​အပေါ် အကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ထို​သူ​တို့​၏​ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​များ​ကို မျှဝေ​ခံယူ​ရ​ကြ​သည်​ဆို​လျှင် ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​အားဖြင့် သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​သင့်​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 28,
      "text": "ထို့ကြောင့် ငါ​သည် ဤ​အမှုကိစ္စ​ကို ပြီးစီး​အောင်​ဆောင်ရွက်​၍ ဤ​အလှူ​ပစ္စည်း​ကို သူ​တို့​အား သေချာ​စွာ​အပ်နှင်း​ပြီးမှ သင်​တို့​နေရာ​ကို​ဖြတ်​လျက် စပိန်​ပြည်​သို့​သွား​မည်။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 29,
      "text": "သင်​တို့​ထံသို့ ငါ​လာ​သောအခါ ခရစ်တော်​၏​ကောင်းချီး​မင်္ဂလာ​အပြည့်အစုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 30,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​နှင့် ဝိညာဉ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင်​တို့​အား ငါ​တောင်းပန်​လို​သည်​မှာ"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 31,
      "text": "ငါ​သည် ယုဒ​ပြည်​ရှိ မ​ယုံကြည်​သူ​တို့​၏​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​ပြီး ဂျေရုဆလင်​မြို့​အတွက် ငါ​ဆောင်ရွက်​သော​အမှု​သည် သန့်ရှင်း​သူ​များ​ရှေ့​တွင် နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​သဖြင့်"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 32,
      "text": "ဘုရားသခင်​၏​အလို​တော်​အားဖြင့် ဝမ်းမြောက်​သော​စိတ်​နှင့် သင်​တို့​ထံသို့​ငါ​လာ​၍ သင်​တို့​နှင့်အတူ နှစ်သိမ့်​သက်သာ​ခြင်း​ကို​ခံစား​နိုင်​မည့်​အကြောင်း ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 33,
      "text": "ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 1,
      "text": "ကင်ခြေ​မြို့​ရှိ​အသင်းတော်​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သော ငါ​တို့​၏​နှမ ဖိဗေ​ကို သင်​တို့​ထံ မိတ်ဆက်​အပ်နှံ​လို​ပါ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 2,
      "text": "သန့်ရှင်း​သူ​များ​ပြု​သင့်​သည့်​အတိုင်း သခင်​ဘုရား​၌ သူ့​ကို​လက်ခံ​၍ သင်​တို့​ထံမှ သူ​လိုအပ်​သမျှ​သော​အရာ​ကို ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။ အမှန်စင်စစ် သူ​သည် ငါ​ကိုယ်တိုင်​မှစ၍ များစွာ​သော​သူ​တို့​ကို ကူညီ​ခဲ့​သူ​ဖြစ်​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 3,
      "text": "ခရစ်တော်​ယေရှု​၌ ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်ကိလ​နှင့်​အာကုလ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 4,
      "text": "သူ​တို့​သည် ငါ့​အသက်​ကို လည်စင်းခံ​၍​စောင့်ရှောက်​ပေး​သူ​များ​ဖြစ်​ကြ​၏။ ငါ​တစ်ဦးတည်း​သာမက လူမျိုးခြား​တို့​၏​အသင်းတော်​အပေါင်း​တို့​သည်​လည်း သူ​တို့​ကို ကျေးဇူးတင်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 5,
      "text": "သူ​တို့​အိမ်​၌​ရှိ​သော​အသင်းတော်​ကို​လည်း နှုတ်ဆက်​ပေး​ကြ​လော့။ အာရှ​ပြည်​တွင် ခရစ်တော်​အတွက်​အသီးဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧပဲနက်​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 6,
      "text": "သင်​တို့​အတွက် အလွန်​ကြိုးစား​လုပ်ဆောင်​ခဲ့​သူ မာရိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 7,
      "text": "ငါ​၏​အမျိုးသား​ချင်း​ဖြစ်​ပြီး ငါ​နှင့်အတူ​အကျဉ်းချ​ခံရ​သူ အန္ဒြောနိတ်​နှင့်​ယုနိ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သူ​တို့​သည် တမန်တော်​များ​ကြား​တွင် ထင်ပေါ်​ကျော်ကြား​သော​သူ​များ​ဖြစ်​ကြ​၍ ငါ့​ထက်​အလျင်​ဦးစွာ ခရစ်တော်​ကို​ယုံကြည်​သော​သူ​များ​လည်း ဖြစ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 8,
      "text": "သခင်​ဘုရား​၌ ငါ​ချစ်​သော​အမ္ပလိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 9,
      "text": "ခရစ်တော်​၌ ငါ​တို့​၏​လုပ်ဖော်ဆောင်ဖက်​ဥရဗန်​နှင့် ငါ​ချစ်​သော​သတာခု​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 10,
      "text": "ခရစ်တော်​၌ ယုံကြည်​စိတ်ချ​ရ​သူ အပေလေ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ အာရိတ္တောဗုလု​၏​အိမ်သူအိမ်သား​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 11,
      "text": "ငါ​၏​အမျိုးသား​ချင်း​ဟေရောဒီအုံ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​ရှိ​သော နာကိသု​၏​အိမ်သူအိမ်သား​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 12,
      "text": "သခင်​ဘုရား​၌​ကြိုးစား​လုပ်ဆောင်​နေ​သူ တရုဖဲန​နှင့်​တရုဖောသ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​အလွန်​ကြိုးစား​လုပ်ဆောင်​သူ ငါ​ချစ်​သော​ပေရသိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 13,
      "text": "သခင်​ဘုရား​၌​ရွေးကောက်​ခံရ​သော​သူ ရုဖု​နှင့် ငါ​၏​မိခင်​လည်း​ဖြစ်​သော သူ့​မိခင်​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 14,
      "text": "အသုံကရိတ်၊ ဖလေကုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော ညီအစ်ကို​များ​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 15,
      "text": "ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု​၏​နှမ​နှင့် ဩလုမ္ပ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 16,
      "text": "အချင်းချင်း​သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ ခရစ်တော်​၏​အသင်းတော်​အပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 17,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​ခံယူ​ပြီး​သော​သွန်သင်​ချက်​ကို​ဆန့်ကျင်​၍ ကွဲပြား​ခြင်း​နှင့်​မှားယွင်း​ခြင်း​တို့​ကို ဖြစ်ပွား​စေ​သော​သူ​တို့​ကို​သတိပြု​လျက် ရှောင်ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 18,
      "text": "အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 19,
      "text": "သင်​တို့​၏​နာခံ​မှု​သည် လူ​အပေါင်း​တို့​တွင် ကျော်စော​သည်​ဖြစ်၍ သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ သို့ရာတွင် သင်​တို့​သည် ကောင်း​သော​အမှု​၌ ပညာရှိ​ဖြစ်​ကြ​ပြီး မကောင်း​သော​အမှု​၌ အပြစ်​ကင်းစင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အလိုရှိ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 20,
      "text": "ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း စာတန်​ကို သင်​တို့​၏​ခြေ​အောက်၌ ကြေမွ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 21,
      "text": "ငါ​၏​လုပ်ဖော်ဆောင်ဖက်​တိမောသေ၊ ငါ့​အမျိုးသား​ချင်း လုကိ၊ ယာသုန်​နှင့် သောသိပါတရု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 22,
      "text": "ဤ​စာ​ကို​ရေး​ပေး​သူ အကျွန်ုပ်​တေရတိ​သည် သခင်​ဘုရား​၌ သင်​တို့​ကို​နှုတ်ဆက်​ပါ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 23,
      "text": "ငါ​မှစ၍ အသင်းတော်​တစ်ခုလုံး​ကို​လက်ခံ​သော​အိမ်ရှင်​ဂါယု​သည် သင်​တို့​ကို​နှုတ်ဆက်​၏။ မြို့​တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ငါ​တို့​၏​ညီအစ်ကို​ကွာတု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 24,
      "text": "[ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။]"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 25,
      "text": "ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 27,
      "text": "ပညာ​နှင့်​ပြည့်စုံ​တော်မူ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ယေရှု​ခရစ်တော်​အားဖြင့် ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​အဖြစ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ငါ​ပေါလု​နှင့်​ငါ့​ညီ​သုဿင်​တို့​သည်"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​ကြ​သည့် အရပ်ရပ်​တို့​၌​ရှိ​သော​သူ​အပေါင်း​တို့​နှင့်အတူ​သန့်ရှင်း​သူ​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၍ ခရစ်တော်​ယေရှု​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​များ​တည်းဟူသော ကောရိန္သု​မြို့​၌​ရှိ​သည့် ဘုရားသခင်​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကိုယ်တော်​သည် ထို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​နှင့် ငါ​တို့​၏​သခင်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 4,
      "text": "ယေရှု​ခရစ်တော်​အားဖြင့် သင်​တို့​အား​ပေးသနား​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ငါ​သည် သင်​တို့​အတွက် ငါ့​ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 5,
      "text": "အကြောင်းမူကား သင်​တို့​သည် နှုတ်​သတ္တိ​ရှိသမျှ​၌​ဖြစ်စေ၊ ဉာဏ်​သတ္တိ​ရှိသမျှ​၌​ဖြစ်စေ၊ အရာရာ​တို့​၌ ခရစ်တော်​အားဖြင့် ကြွယ်ဝ​ပြည့်စုံ​၍"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 6,
      "text": "ခရစ်တော်​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် သင်​တို့​၌ အတည်ပြု​ခြင်း​ခံရ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 7,
      "text": "ထို့ကြောင့် သင်​တို့​သည် ဆု​ကျေးဇူး​တစ်စုံတစ်ခု​မျှ လစ်ဟင်း​နေ​သည်​ဟူ၍​မ​ရှိ​ဘဲ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို စောင့်မျှော်​နေ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 8,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 9,
      "text": "မိမိ​၏​သား​တော်​တည်းဟူသော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​ထဲသို့ သင်​တို့​ကို​ခေါ်​တော်မူ​သော​ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 10,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​အားလုံး​သည် ပြောဆို​ရာ​၌​ညီညွတ်​မှု​ရှိ​၍ အချင်းချင်း​ကွဲပြား​ခြင်း​မ​ရှိ​ဘဲ တစ်စိတ်​တစ်သဘောတည်း​ဖြင့် စည်းစည်းလုံးလုံး​ရှိ​ကြ​မည့်​အကြောင်း ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​အမှီပြု၍ သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 11,
      "text": "အကြောင်းမူကား ငါ့​ညီအစ်ကို​တို့၊ သင်​တို့​အထဲတွင် ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​သည်​ဟု ခလောဣ​အိမ်သား​များ​က သင်​တို့​အကြောင်း​ကို ငါ့​အား​ပြောပြ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​အသီးသီး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်။ ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်။ ငါ​သည် ကေဖ​တပည့်​ဖြစ်​သည်။ ငါ​သည် ခရစ်တော်​တပည့်​ဖြစ်​သည်”​ဟု ပြောဆို​နေ​ကြ​သောကြောင့် ဤ​စကား​ကို ယခု ငါ​ပြော​ရ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 13,
      "text": "ခရစ်တော်​ကို ကွဲပြား​စေ​ကြ​ပြီ​လော။ ပေါလု​သည် သင်​တို့​အတွက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ကို ခံရ​သလော။ သို့မဟုတ် သင်​တို့​သည် ပေါလု​၏​နာမ​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 14,
      "text": "ငါ​သည် သင်​တို့​ထဲမှ ကရိပ္ပု​နှင့်​ဂါယု​တို့​မှတစ်ပါး အခြား​မည်သူ့​ကို​မျှ ဗတ္တိဇံ​မ​ပေး​ခဲ့​သောကြောင့် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 15,
      "text": "သို့ဖြစ်၍ ငါ​၏​နာမ​၌ ဗတ္တိဇံ​ခံ​ခဲ့​သည်​ဟု မည်သူမျှ ပြော​စရာ​အကြောင်း​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 16,
      "text": "ငါ​သည် သတေဖနာ​၏​အိမ်သူအိမ်သား​များ​ကို​လည်း ဗတ္တိဇံ​ပေး​ခဲ့​ပါ​၏။ ထို​သူ​တို့​မှလွဲ၍ အခြား​သူ​တစ်စုံတစ်ဦး​အား ဗတ္တိဇံ​ပေး​ခဲ့​သည်​၊ မ​ပေး​ခဲ့​သည်​ကို ငါ​မ​မှတ်မိ​ချေ။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 17,
      "text": "အကြောင်းမူကား ဗတ္တိဇံ​ပေး​စေရန် ခရစ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်။ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် စေလွှတ်​တော်မူ​၏။ ထိုသို့​ဟောပြော​ရာ​၌​လည်း ခရစ်တော်​၏​လက်ဝါးကပ်တိုင်​တော်​ကို အချည်းနှီး​မ​ဖြစ်​စေရန် နှုတ်​အတတ်​အားဖြင့်​ဟောပြော​ရန်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 18,
      "text": "အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 19,
      "text": "အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​၌ “ငါ​သည် ပညာရှိ​တို့​၏​ဉာဏ်ပညာ​ကို ဖျက်ဆီး​မည်။ ဉာဏ်ထက်မြက်​သော​သူ​တို့​၏​ဉာဏ်စွမ်း​ကို​လည်း ငါ​ပစ်ပယ်​မည်” ​ဟု ရေး​ထား​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 20,
      "text": "ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 21,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 22,
      "text": "ဂျူး​လူမျိုး​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​တောင်း​တတ်​ကြ​၏။ ဂရိ​လူမျိုး​တို့​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​တတ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 23,
      "text": "ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 24,
      "text": "သို့သော် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​အတွက် ခရစ်တော်​သည် ဘုရားသခင်​၏​တန်ခိုး​တော်​နှင့် ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 25,
      "text": "အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 26,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ်​က​အကြောင်း​ကို ဆင်ခြင်​ကြ​လော့။ လူ့​အမြင်​အရ သင်တို့​တွင် ပညာရှိ​များစွာ​မ​ပါ။ အစွမ်းထက်​သော​သူ​များစွာ​မ​ပါ။ မြင့်မြတ်​သော​သူ​များစွာ​မ​ပါ။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 27,
      "text": "သို့သော် ဘုရားသခင်​သည် ပညာရှိ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ မိုက်မဲ​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ ခွန်အားကြီး​သော​သူ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ အားနည်း​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 28,
      "text": "ထို့ပြင် အရေးပါ​သော​သူ​တို့​ကို​ပယ်ဖျက်​ရန် အရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လောက​ရှိ အဆင့်အတန်း​နိမ့်​သော​သူ​များ​နှင့် မထီမဲ့မြင်​ပြု​ခြင်း​ခံရ​သော​သူ​များ​ကို ဘုရားသခင်​ရွေးကောက်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 29,
      "text": "ထို့ကြောင့် ဘုရားသခင်​ရှေ့​တော်​၌ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 30,
      "text": "သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 31,
      "text": "သို့ဖြစ်၍ ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ “ဝါကြွား​သော​သူ​သည် ထာဝရ​ဘုရား​၌​သာ ဝါကြွား​စေ။”"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံသို့​ရောက်လာ​စဉ်​က ထူးမြတ်​သော​စကား​နှင့် ဉာဏ်ပညာ​တို့​အားဖြင့် ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို သင်​တို့​အား ဟောပြော​သည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 2,
      "text": "အကြောင်းမူကား ငါ​သည် သင်​တို့​တွင် ယေရှု​ခရစ်တော်​တည်းဟူသော လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သည့် ထို​သခင်​၏​အကြောင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​သိ​မ​မှတ်​ရန် ဆုံးဖြတ်​ထား​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 3,
      "text": "ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ်​က အားနည်း​လျက်​၊ ကြောက်ရွံ့​လျက်​၊ အလွန်​တုန်လှုပ်​လျက်​နေ​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 4,
      "text": "ငါ​၏​စကား​နှင့် ငါ​၏​ဟောပြော​ချက်​တို့​သည်​လည်း ဆွဲဆောင်​မှု​ရှိ​သည့် ဉာဏ်ပညာ​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​နှင့် တန်ခိုး​တော်​တို့​၏​သက်သေ​အထောက်အထား​အားဖြင့်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 5,
      "text": "ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​သည် လူ​တို့​၏​ဉာဏ်ပညာ​၌​မ​တည်​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​၌​တည်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 6,
      "text": "သို့ရာတွင် ငါ​တို့​သည် စုံလင်​ရင့်ကျက်​သော​သူ​တို့​အထဲ၌ ဉာဏ်ပညာ​စကား​ကို​ပြောဆို​ကြ​၏။ ထိုသို့ဆိုသော် ၎င်း​သည် ဤ​လောက​၏​ဉာဏ်ပညာ​မ​ဟုတ်။ ပယ်ဖျက်​ခြင်း​ခံရ​တော့​မည့် ဤ​လောက​ကို​အုပ်ချုပ်​သူ​တို့​၏​ဉာဏ်ပညာ​လည်း​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 7,
      "text": "ငါ​တို့​ပြောဆို​သော​အရာ​မှာ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ဘုရားသခင်​၏​ဉာဏ်ပညာ​ပင်​ဖြစ်​၏။ ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ထို​ဉာဏ်ပညာ​ကို ငါ​တို့​၏​ဘုန်း​အသရေ​အတွက် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 8,
      "text": "ဤ​လောက​ကို​အုပ်ချုပ်​သူ​များ​တွင် မည်သူ​က​မျှ ထို​ဉာဏ်ပညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူကား ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော​သခင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 9,
      "text": "သို့သော် ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ “ဘုရားသခင်​သည် မိမိ​ကို​ချစ်​သော​သူ​တို့​အတွက် မျက်စိ​ဖြင့် မ​မြင်​ဖူး​သော​အရာ၊ နား​ဖြင့် မ​ကြား​ဖူး​သော​အရာ၊ လူ​၏​စိတ်နှလုံး​၌ မ​တွေး​မိ​ဖူး​သော​အရာ​တို့​ကို ပြင်ဆင်​ထား​တော်မူ​၏။”"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 10,
      "text": "သို့သော် ဘုရားသခင်​သည် ထို​အရာ​တို့​ကို ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​အား​ဖော်ပြ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​နက်နဲ​သော​အရာ​များ​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​ကို စူးစမ်း​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 11,
      "text": "လူ​နှင့်ဆိုင်သော​အရာ​တို့​ကို သူ့​အထဲ၌​ရှိ​သော သူ​၏​ဝိညာဉ်​မှတစ်ပါး မည်သူ​သိ​သနည်း။ ထို့အတူ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​တို့​ကို​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​မှတစ်ပါး မည်သူမျှ​မ​သိ။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 12,
      "text": "ငါ​တို့​သည် လောကီ​ဝိညာဉ်​ကို ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​အား ဘုရားသခင်​ပေး​သနား​တော်မူ​သော​အရာ​တို့​ကို သိ​ရှိ​နိုင်​ရန် ဘုရားသခင်​ထံမှ​လာ​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 13,
      "text": "ဘုရားသခင်​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ငါ​တို့​ဟောပြော​သောအခါ လူ့​ဉာဏ်ပညာ​က သင်ကြား​ပေး​သော​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​က သင်ကြား​ပေး​သော​စကား​အားဖြင့် ဟောပြော​၍ ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​တို့​ကို ဝိညာဉ်​သဘော​အားဖြင့် နှိုင်းယှဉ်​သုံးသပ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 14,
      "text": "ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 15,
      "text": "ဝိညာဉ်​သဘော​ရှိ​သော​သူ​မူကား ခပ်သိမ်း​သော​အရာ​တို့​ကို ပိုင်းခြား​၍​သိ​တတ်​၏။ သို့သော် ထို​သူ​ကို မည်သူ​က​မျှ ပိုင်းခြား​၍​မ​သိ​နိုင်။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 16,
      "text": "အကြောင်းမူကား မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​၍ သူ့​ကို​သွန်သင်​လိမ့်​မည်နည်း။ ငါ​တို့​၌​မူကား ခရစ်တော်​၏​စိတ်​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 1,
      "text": "သို့သော် ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ကို ဝိညာဉ်​သဘော​ရှိ​သော​သူ​များ​ကဲ့သို့ ဟောပြော​၍​မ​ရ​ဘဲ သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​၌ ကလေး​သူငယ်​များ​ကဲ့သို့​လည်းကောင်း ဟောပြော​ရ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 2,
      "text": "သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး​သောကြောင့် ၎င်း​ကို​မ​ကျွေး​ဘဲ နို့​ကို​သာ ငါ​တိုက်​ရ​၏။ ယခု​တိုင်အောင် သင်​တို့​သည် မာ​သော​အစာ​ကို မ​စား​နိုင်​ကြ​သေး။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 3,
      "text": "အကြောင်းမူကား သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား၌ မနာလို​ခြင်း​နှင့်​ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာမန်​လူသား​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သောကြောင့်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 4,
      "text": "အကြောင်းမူကား တစ်​ဦး​က “ငါ​သည် ပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​လျက် အခြား​တစ်​ဦး​က “ငါ​သည် အာပေါလု​တပည့်​ဖြစ်​သည်”​ဟု ပြော​နေ​ကြ​လျှင် သင်​တို့​သည် သာမန်​လူသား​များ​ပင် ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 5,
      "text": "သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 6,
      "text": "ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 7,
      "text": "ထို့ကြောင့် စိုက်ပျိုး​သော​သူ​ဖြစ်စေ၊ ရေ​လောင်း​သော​သူ​ဖြစ်စေ ပဓာန​မ​ဟုတ်။ ကြီးထွား​စေ​တော်မူ​သော ဘုရားသခင်​သာလျှင် ပဓာန​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 8,
      "text": "စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 9,
      "text": "အကြောင်းမူကား ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘုရားသခင်​၏​ဥယျာဉ်၊ ဘုရားသခင်​၏​အဆောက်အအုံ​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 10,
      "text": "ငါ့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သော ကျေးဇူး​တော်​နှင့်အညီ ပညာရှိ​သော​ဗိသုကာ​ကဲ့သို့ ငါ​သည် အုတ်မြစ်​ကို​ချ​ထား​ခဲ့​ပြီး အခြား​သော​သူ​သည် ၎င်း​အပေါ်တွင်​တည်ဆောက်​၏။ သို့သော် မည်ကဲ့သို့​တည်ဆောက်​သည်​ကို လူ​တိုင်း​သတိပြု​ရ​မည်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 11,
      "text": "အကြောင်းမူကား ယေရှု​ခရစ်တော်​တည်းဟူသော ချ​ထား​ပြီး​ဖြစ်​သည့်​အုတ်မြစ်​မှတစ်ပါး အခြား​သော​အုတ်မြစ်​ကို မည်သူမျှ​မ​ချ​နိုင်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 12,
      "text": "တစ်စုံတစ်ဦး​သည် ထို​အုတ်မြစ်​ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ သစ်သား၊ မြက်​ခြောက်၊ ကောက်ရိုး​တို့​ဖြင့် တည်ဆောက်​လျှင်"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 13,
      "text": "ထို​သူ​ပြုလုပ်​သော​အရာ​သည် ထင်ရှား​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် ၎င်း​ကို​ထင်ရှား​စေ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ထို​နေ့ရက်​သည် မီး​အားဖြင့်​ပေါ်ထွန်း​လာ​၍ လူ​တစ်ဦးစီ​ပြုလုပ်​သော​အရာ​သည် မည်ကဲ့သို့​ပြုလုပ်​ထား​သည်​ကို မီး​သည်​စစ်ဆေး​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 14,
      "text": "တစ်စုံတစ်ဦး​တည်ဆောက်​ပြုလုပ်​သော​အရာ​သည် တည်မြဲ​လျှင် ထို​သူ​သည် ဆုလာဘ်​ကို​ရရှိ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 15,
      "text": "တစ်စုံတစ်ဦး​ပြုလုပ်​သော​အရာ​သည် လောင်ကျွမ်း​သွား​ပါက ထို​သူ​သည် ဆုံးရှုံး​မှု​ကို​ခံစား​ရ​လိမ့်မည်။ သို့သော် သူ​ကိုယ်တိုင်​မူကား မီး​ထဲမှ​လွတ်​သော​သူ​ကဲ့သို့ ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 16,
      "text": "သင်​တို့​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 17,
      "text": "မည်သူမဆို ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖျက်ဆီး​လျှင် ဘုရားသခင်​သည် သူ့​ကို​ဖျက်ဆီး​တော်မူ​လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်​၏​ဗိမာန်​တော်​သည် သန့်ရှင်း​၍ သင်​တို့​သည် ထို​ဗိမာန်​တော်​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 18,
      "text": "မည်သူမျှ ကိုယ့်ကိုယ်ကိုယ်​မ​လှည့်ဖြား​စေ​နှင့်။ သင်​တို့​တွင် တစ်စုံတစ်ဦး​က မိမိ​သည် ဤ​လောက​၌ ပညာရှိ​ဖြစ်​သည်​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် ပညာရှိ​ဖြစ်​နိုင်​ရန် မိုက်မဲ​သော​သူ​ဖြစ်​ပါစေ။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 19,
      "text": "အကြောင်းမူကား ဤ​လောက​၏​ဉာဏ်ပညာ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိုက်မဲ​သော​အရာ​ဖြစ်​၏။ “ဘုရားသခင်​သည် ပညာရှိ​တို့​ကို သူ​တို့​၏​ပရိယာယ်​အားဖြင့် ဖမ်းဆီး​တော်မူ​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 20,
      "text": "တစ်ဖန် “ပညာရှိ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​ကြောင်း​ကို ထာဝရ​ဘုရား​သိ​တော်မူ​၏” ​ဟု ရေး​ထား​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 21,
      "text": "သို့ဖြစ်၍ မည်သူမျှ လူ​တို့​အကြောင်း​ကို​မ​ဝါကြွား​နှင့်။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​ကို သင်​တို့​ပိုင်ဆိုင်​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 22,
      "text": "ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ကေဖ​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ အသက်ရှင်​ခြင်း​ဖြစ်စေ၊ သေ​ခြင်း​ဖြစ်စေ၊ မျက်မှောက်​အရာ​များ​ဖြစ်စေ၊ နောင်​လာ​မည့်​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​ပိုင်ဆိုင်​သော​အရာ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 23,
      "text": "သင်​တို့​ကို​မူကား ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ပြီး ခရစ်တော်​ကို ဘုရားသခင်​ပိုင်ဆိုင်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 1,
      "text": "ထို့ကြောင့် လူ​တို့​သည် ငါ​တို့​အား ခရစ်တော်​၏​အမှု​တော်​ဆောင်​အဖြစ်​လည်းကောင်း၊ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို စောင့်ရှောက်​ရ​သော ဘဏ္ဍာစိုး​အဖြစ်​လည်းကောင်း မှတ်ယူ​ပါစေ။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 2,
      "text": "ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 3,
      "text": "ငါ​သည် သင်​တို့​ထံ၌​ဖြစ်စေ၊ လူ​တို့​၏​ခုံရုံး​၌​ဖြစ်စေ စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ငါ့​အတွက် သေးငယ်​သော​အမှု​သာ​ဖြစ်​၏။ ငါ​သည် မိမိကိုယ်ကို​လည်း စစ်ဆေး​စီရင်​ခြင်း​မ​ပြု။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 4,
      "text": "အကြောင်းမူကား ငါ​သည် ကိုယ့်ကိုယ်ကိုယ်​စိတ်လုံ​၏။ သို့သော် ထိုသို့​ဖြစ်​သည့်​အတွက် ငါ​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်ဆေး​စီရင်​တော်မူ​သော​အရှင်​ကား သခင်​ဘုရား​ပေတည်း။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 5,
      "text": "သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 6,
      "text": "ညီအစ်ကို​တို့၊ ငါ​သည် ငါ​နှင့်​အာပေါလု​တို့​အကြောင်း​ကို​ပုံဆောင်​လျက် ဤ​အရာ​များ​ကို သင်​တို့​အတွက်​ဖော်ပြ​၏။ ဤသည်ကား သင်​တို့​သည် ကျမ်းစာ​၌​ရေး​ထား​သော​အရာ​တို့​ကို မ​ကျော်လွန်​မည့်အကြောင်း ငါ​တို့​ကို​စံနမူနာ​ထား​၍ သင်ယူ​ကြ​စေရန်​နှင့် တစ်​ဦး​ဘက်၌​နေ​၍ အခြား​တစ်​ဦး​အပေါ် မာန​ထောင်လွှား​ခြင်း​မ​ရှိ​ကြ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 7,
      "text": "အကြောင်းမူကား မည်သူ​သည် သင့်​ကို​ထူးခြား​စေ​သနည်း။ သင်​ခံယူ​ရရှိ​သော​အရာ​မ​ဟုတ်​ဘဲ သင်​၌​နဂို​ကတည်းက ရှိ​ထား​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော။ သင်​ခံယူ​ရရှိ​ခဲ့​သည့်​အရာ​ဖြစ်​သည်​မှန်​လျှင် ခံယူ​ရရှိ​ခဲ့​သည့်​အရာ​မ​ဟုတ်​သကဲ့သို့ အဘယ်ကြောင့်​ဝါကြွား​သနည်း။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 8,
      "text": "သင်​တို့​သည် ပြည့်စုံ​နေ​ကြ​ပြီ။ သင်​တို့​သည် ကြွယ်ဝ​နေ​ကြ​ပြီ။ ငါ​တို့​မ​ပါ​ဘဲ စိုးစံ​နေ​ကြ​ပြီ။ ငါ​တို့​လည်း သင်​တို့​နှင့်အတူ​စိုးစံ​နိုင်​ရန် သင်​တို့​သည် အမှန်​တကယ်​စိုးစံ​နေ​ခဲ့​ကြ​လျှင် ကောင်း​ပေ​မည်။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 9,
      "text": "ဘုရားသခင်​သည် တမန်တော်​ဖြစ်​ကြ​သော​ငါ​တို့​ကို နောက်ဆုံး​တွင်​ထား​၍ အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ထုတ်ပြ​တော်မူ​ပြီ​ဟု ငါ​ထင်မှတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ကောင်းကင်​တမန်​များ​ရှေ့၌​ဖြစ်စေ၊ လူ​တို့​ရှေ့၌​ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစား​စရာ​ဖြစ်လာ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 10,
      "text": "ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 11,
      "text": "ငါ​တို့​သည် ယခု​အချိန်​တိုင်အောင် ဆာလောင်​မွတ်သိပ်​လျက်၊ အဝတ်မဲ့​လျက်၊ ထိုးနှက်​ခြင်း​ခံရ​လျက်၊ အိမ်ရာမဲ့​လျက်၊"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 12,
      "text": "မိမိ​တို့​လက်​ဖြင့် အားထုတ်​လုပ်ဆောင်​လျက် နေ​ကြ​ရ​၏။ ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ကောင်းချီး​ပေး​ကြ​၏။ ညှဉ်းဆဲ​ခြင်း​ခံရ​သောအခါ သည်းခံ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 13,
      "text": "စော်ကား​ပြောဆို​ခြင်း​ခံရ​သောအခါ မေတ္တာ​ပြ​ကြ​၏။ ယခု​တိုင်အောင် ငါ​တို့​သည် လူ​တကာ​တို့​၏​အပယ်ခံ​များ၊ လောက​၏​အမှိုက်သရိုက်​များ​ကဲ့သို့ ဖြစ်​ရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 14,
      "text": "ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​အား အရှက်ရ​စေရန်​မ​ဟုတ်​ဘဲ ငါ​၏​ချစ်​သားသမီး​များ​အဖြစ် သတိပေး​ဆုံးမ​ရန်​သာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 15,
      "text": "အကြောင်းမူကား ခရစ်တော်​၌ သင်​တို့​ကို​အုပ်ထိန်း​သူ တစ်သောင်း​ရှိ​သော်လည်း ဖခင်​မူကား များစွာ​မ​ရှိ။ ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ သင်​တို့​ကို​မွေးဖွား​ပေး​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 16,
      "text": "သို့ဖြစ်၍ ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​ရန် သင်​တို့​ကို ငါ​တိုက်တွန်း​နှိုးဆော်​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 17,
      "text": "ဤ​အကြောင်း​ကြောင့် သခင်​ဘုရား​၌​သစ္စာရှိ​သော ငါ​၏​ချစ်​သား တိမောသေ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​၏။ သူ​သည် အရပ်ရပ်​တို့​၌ အသင်းတော်​တိုင်း​တွင် ငါ​သွန်သင်​သည့်​အတိုင်း ခရစ်တော်​ယေရှု​၌ ငါ​လိုက်လျှောက်​သော​လမ်း​တို့​ကို သင်​တို့​အား သတိရ​စေ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 18,
      "text": "လူ​အချို့​တို့​သည် သင်​တို့​ထံသို့ ငါ​ရောက်လာ​မည်​မ​ဟုတ်​ဟု​ထင်မှတ်​၍ မာန​ထောင်လွှား​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 19,
      "text": "သို့သော် သခင်​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​သည် သင်​တို့​ထံသို့ မကြာမီ​လာ​၍ မာန​ထောင်လွှား​သော​သူ​တို့​၏​စကား​မ​ဟုတ်​ဘဲ သူ​တို့​၏​တန်ခိုး​ကို သိ​ရ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 20,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စကား​၌​မ​တည်​ဘဲ တန်ခိုး​၌​တည်​၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 21,
      "text": "သင်​တို့​သည် မည်သည့်​အရာ​ကို အလိုရှိ​ကြ​သနည်း။ ငါ​သည် သင်​တို့​ထံသို့ တုတ်​နှင့်​လာ​ရ​မည်​လော၊ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့​သိမ်မွေ့​သော​စိတ်​တို့​ဖြင့် လာ​ရ​မည်​လော။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 1,
      "text": "သင်​တို့​ထဲ၌ မိမိ​ဖခင်​၏​မယား​နှင့် ပေါင်းသင်း​နေထိုင်​သည့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​ရှိ​နေ​ကြောင်း သတင်း​ပျံ့နှံ့​လျက်​ရှိ​၏။ ထိုကဲ့သို့သော တရားနှင့်မညီ​မေထုန်ပြု​ခြင်း​မျိုး​သည် လူမျိုးခြား​များ​ထဲ၌​ပင်​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 2,
      "text": "သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ထို​အမှု​ကို​ပြု​သော​သူ​အား သင်​တို့​အထဲ​မှ ဖယ်ရှား​ရ​မည့်​အစား မာန​ထောင်လွှား​လျက်​နေ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 3,
      "text": "ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့်​သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ ထို​နေရာ​၌ အတူ​ရှိ​နေ​သကဲ့သို့ ထို​အမှု​ကို​ပြု​သော​သူ​အား စီရင်​ခဲ့​လေ​ပြီ။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 4,
      "text": "ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​၌ သင်​တို့​စုဝေး​ကြ​သောအခါ ငါ​၏​စိတ်​ဝိညာဉ်​သည်​လည်း ငါ​တို့​သခင်​ယေရှု​၏​တန်ခိုး​တော်​အားဖြင့် သင်​တို့​နှင့်အတူ​ရှိ​၍"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 5,
      "text": "ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 6,
      "text": "သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 7,
      "text": "သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​တို့​သည် တဆေး​ဟောင်း​တည်းဟူသော ဆိုးညစ်​ခြင်း​နှင့်​မလိုတမာ​ဖြစ်​ခြင်း​တို့​၏​တဆေး​ပါ​သော​မုန့်​အားဖြင့်​မ​ဟုတ်​ဘဲ ဖြူစင်​ခြင်း​နှင့်​သမ္မာတရား​တည်းဟူသော တဆေးမဲ့​မုန့်​အားဖြင့် ပွဲတော်​ကို​ကျင်းပ​ကြ​ကုန်စို့။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 9,
      "text": "သင်​တို့​ထံ​ပေး​ပို့​သော ငါ​၏​စာ​၌ တရားနှင့်မညီ​မေထုန်ပြု​သူ​များ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​ရန် ငါ​ရေးသား​မှာကြား​ခဲ့​၏။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 10,
      "text": "သို့ရာတွင် ဤ​လောက​ရှိ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လောဘ​လွန်ကျူး​၍ လိမ်လည်​လုယူ​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လုံးဝ​အပေါင်းအဖော်​မ​ပြု​ရ​ဟု ငါ​ဆိုလို​သည်​မ​ဟုတ်။ ထိုသို့ဆိုလျှင် သင်​တို့​သည် ဤ​လောက​မှ ထွက်ခွာ​သွား​ရန်​သာ​ရှိ​တော့​၏။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 11,
      "text": "သို့သော် အမှန်အားဖြင့် သင်​တို့​ထံ ငါ​ရေး​ခဲ့​သည်​မှာ ညီအစ်ကို​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သူ​တစ်စုံတစ်ဦး​သည် တရားနှင့်မညီ​မေထုန်ပြု​သူ၊ လောဘ​လွန်ကျူး​သူ၊ ရုပ်တု​ကိုးကွယ်​သူ၊ ဝေဖန်​ပုတ်ခတ်​သူ၊ သောက်​စား​မူးယစ်​သူ၊ လိမ်လည်​လုယူ​သူ​ဖြစ်​လျှင် ထိုကဲ့သို့သော​သူ​နှင့် အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ သူ​နှင့်အတူ​စား​သောက်​ခြင်း​ပင် မ​ပြု​ကြ​နှင့်​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 12,
      "text": "အကြောင်းမူကား အပြင်​လူ​တို့​ကို​စီရင်​ခြင်း​သည် ငါ​နှင့်​မည်သို့​ဆိုင်​သနည်း။ အတွင်း​လူ​တို့​ကို သင်​တို့​စီရင်​ရ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 13,
      "text": "အပြင်​လူ​တို့​ကို​မူကား ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။ ထို​ဆိုးညစ်​သော​သူ​ကို သင်​တို့​အထဲမှ ဖယ်ရှား​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 1,
      "text": "သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​သည် အခြား​သူ​နှင့် အမှု​ဖြစ်ပွား​သောအခါ သန့်ရှင်း​သူ​တို့​ရှေ့၌ စီရင်​ခြင်း​မ​ခံ​ဘဲ မ​ဖြောင့်မတ်​သော​သူ​တို့​ရှေ့၌ စီရင်​ခြင်း​ခံ​ဝံ့​သလော။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 2,
      "text": "သန့်ရှင်း​သူ​တို့​သည် ဤ​လောက​ကို​စီရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် ဤ​လောက​ကို​စီရင်​ရ​သည်​ဆိုလျှင် အငယ်ဆုံး​သော​အမှု​များ​ကို​ပင် စီရင်​နိုင်စွမ်း​မ​ရှိ​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 3,
      "text": "ငါ​တို့​သည် ကောင်းကင်​တမန်​တို့​ကို​စီရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ဤ​ဘဝ​နှင့်ဆိုင်သော​အမှုကိစ္စ​များ​ကို ပို၍​စီရင်​ထိုက်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 4,
      "text": "သို့ဖြစ်လင့်ကစား သင်​တို့​တွင် ဤ​ဘဝ​နှင့်ဆိုင်သော အမှု​အခင်း​ဖြစ်ပွား​သောအခါ အသင်းတော်​က အသိအမှတ်​မ​ပြု​သော​သူ​တို့​ကို တရား​စီရင်​သူ​အဖြစ်​ခန့်ထား​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 5,
      "text": "သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့ ငါ​ဆို​၏။ သင်​တို့​အထဲတွင် မိမိ​၏​ညီအစ်ကို​အချင်းချင်း​ကြား စီရင်​ဆုံးဖြတ်​ပေး​နိုင်​မည့် ပညာရှိ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​သလော။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 6,
      "text": "ယခု​မူကား ညီအစ်ကို​အချင်းချင်း​တရားတွေ့​ကြ​သည်​သာမက ထို​အမှု​ကို မ​ယုံကြည်​သော​သူ​တို့​ရှေ့တွင်​ပြု​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 7,
      "text": "အမှန်စင်စစ် သင်​တို့​အချင်းချင်း​တရားတွေ့​ခြင်း​အမှု​သည် သင်​တို့​အတွက် လုံးလုံး​ရှုံးနိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထိုသို့​တရားတွေ့​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 8,
      "text": "သို့သော် သင်​တို့​သည် မတရား​ပြု​၍ လိမ်ညာ​လုယူ​ကြ​ပြီး ထို​အမှု​ကို မိမိ​တို့​၏​ညီအစ်ကို​များ​အပေါ် ပြု​ကြ​ပါ​သည်​တကား။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 9,
      "text": "သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 10,
      "text": "သူခိုး​များ၊ လောဘ​လွန်ကျူး​သူ​များ၊ သောက်​စား​မူးယစ်​သူ​များ၊ ဝေဖန်​ပုတ်ခတ်​သူ​များ​နှင့် လိမ်လည်​လုယူ​သူ​များ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 11,
      "text": "သင်​တို့​တွင် အချို့​သော​သူ​တို့​သည် ထိုသို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့သော် သင်​တို့​သည် သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​နှင့် ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဆေးကြော​ခြင်း​ခံရ​၍ သန့်ရှင်း​စေ​ခြင်း​ခံရ​ကာ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 12,
      "text": "ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် အမှုအရာ​အားလုံး​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် မည်သည့်​အမှုအရာ​၏​စိုးမိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 13,
      "text": "အစာ​သည် ဝမ်း​အတွက်​ဖြစ်​၏။ ဝမ်း​သည်​လည်း အစာ​အတွက်​ဖြစ်​၏။ သို့သော် ဘုရားသခင်​သည် ထို​အရာ​နှစ်မျိုးစလုံး​ကို ဖျက်ဆီး​တော်မူ​လိမ့်မည်။ ကိုယ်ခန္ဓာ​သည် တရားနှင့်မညီ​မေထုန်ပြု​ရန်​အတွက်​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​ဖြစ်​၏။ သခင်​ဘုရား​သည်​လည်း ကိုယ်ခန္ဓာ​အတွက်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 14,
      "text": "ဘုရားသခင်​သည် သခင်​ဘုရား​ကို ထမြောက်​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ကို​လည်း မိမိ​၏​တန်ခိုး​တော်​အားဖြင့် ထမြောက်​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 15,
      "text": "သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်တန်ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံးဝ​မ​ဖြစ်​စေ​ရ။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 16,
      "text": "ပြည့်တန်ဆာ​နှင့်​ပေါင်းဖော်​သော​သူ​သည် ပြည့်တန်ဆာ​နှင့်​တစ်ခန္ဓာတည်း​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ အကြောင်းမူကား “ထို​သူ​နှစ်​ဦး​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်” ​ဟု ကျမ်းစာ​၌​ဆို​ထား​၏။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 17,
      "text": "သို့သော် သခင်​ဘုရား​နှင့်​ပေါင်းဖော်​သော​သူ​သည် သခင်​ဘုရား​နှင့်​တစ်​စိတ်​တစ်​ဝိညာဉ်​တည်း​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 18,
      "text": "တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​ပြင်ပ​၌​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​သော​သူ​မူကား မိမိ​ကိုယ်ခန္ဓာ​ကို​ပြစ်မှား​၏။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 19,
      "text": "သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံမှ သင်​တို့​ရရှိ​ထား​သော သင်​တို့​အထဲ၌​တည်နေ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​ဗိမာန်​တော်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ သင်တို့ကိုယ်သင်တို့​မ​ပိုင်​ကြောင်း​ကို​လည်းကောင်း သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 20,
      "text": "သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 1,
      "text": "သင်​တို့​ရေး​လာ​သော​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ယောက်ျား​သည် မိန်းမ​နှင့်​အတွေ့အထိ​မ​ရှိ​လျှင် ကောင်း​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 2,
      "text": "သို့သော် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အမှု​များ​ကြောင့် ယောက်ျား​အသီးသီး​၌ မိမိ​မယား​ရှိ​စေ​လော့။ မိန်းမ​အသီးသီး​၌​လည်း မိမိ​လင်​ယောက်ျား​ရှိ​စေ​လော့။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 3,
      "text": "ယောက်ျား​သည် မိမိ​မယား​အပေါ်​ပြု​အပ်​သော​ဝတ်​ကို ပြု​ရ​မည်။ မိန်းမ​သည်​လည်း မိမိ​လင်​ယောက်ျား​အပေါ် ထိုနည်းတူ​ပြု​ရ​မည်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 4,
      "text": "မယား​သည် မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​ကသာ​ပိုင်​၏။ ထို့အတူ လင်​ယောက်ျား​သည်​လည်း မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ မယား​က​သာ​ပိုင်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 5,
      "text": "သင်​တို့​သည် ဆုတောင်း​ခြင်း​အတွက် အပြည့်အဝ​ဆက်ကပ်​နိုင်​မည့်​အကြောင်း ခေတ္တခဏ​ခွဲခွာ​ပြီးနောက် ပြန်၍​ပေါင်းသင်း​နေထိုင်​ရန် နှစ်ဦး​သဘော​တူညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အချင်းချင်း​၏​ခံစား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့မဟုတ်လျှင် စာတန်​သည် သင်​တို့​၏ မိမိကိုယ်ကို​မချုပ်တည်း​နိုင်​မှု​အပေါ် အခွင့်ကောင်း​ယူ​၍ သင်​တို့​အား ဖြားယောင်း​သွေးဆောင်​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 6,
      "text": "ထိုသို့​ဆိုသော် အမိန့်​ပေး​ခြင်း​အနေဖြင့်​မ​ဟုတ်​ဘဲ အခွင့်​ပေး​ခြင်း​အနေဖြင့် ငါ​ဆို​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 7,
      "text": "ငါ့​အနေဖြင့် လူ​အပေါင်း​တို့​အား ငါ​ကဲ့သို့​ဖြစ်​စေ​လို​၏။ သို့သော် လူ​တစ်ဦးစီ​၌ ဘုရားသခင်​ထံမှ မိမိ​ရရှိ​သော​ဆု​ကျေးဇူး တစ်ယောက်တစ်မျိုးစီ​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 8,
      "text": "အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​နှင့်​မုဆိုးမ​တို့​အား ငါ​ဆို​သည်​ကား သူ​တို့​သည် ငါ​ကဲ့သို့​ဆက်၍​နေ​နိုင်​လျှင် သူ​တို့​အတွက်​ကောင်း​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 9,
      "text": "သို့သော် မိမိကိုယ်ကို​မ​ချုပ်တည်း​နိုင်​လျှင် အိမ်ထောင်ပြု​ကြ​စေ။ အကြောင်းမူကား ကိလေသာ​စိတ်​ပူလောင်​ခြင်း​ရှိ​သည်​ထက် အိမ်ထောင်ပြု​သော် သာ၍​ကောင်း​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 10,
      "text": "အိမ်ထောင်ရှိ​သော​သူ​တို့​အား ငါ့​ထံမှ​မ​ဟုတ်​ဘဲ သခင်​ဘုရား​ထံမှ​ညွှန်ကြား​ချက်​ကို ငါ​ပေး​သည်​ကား မယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲကွာ​စေ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 11,
      "text": "အကယ်၍ ကွဲကွာ​ခဲ့​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ပါစေ။ သို့မဟုတ် လင်​ယောက်ျား​နှင့် ပြန်လည်​သင့်မြတ်​ပါစေ။ လင်​ယောက်ျား​သည်​လည်း မိမိ​မယား​ကို​မ​စွန့်ခွာ​စေ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 12,
      "text": "အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 13,
      "text": "ထိုနည်းတူ အမျိုးသမီး​တစ်စုံ​တစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​ရှိ​၍ ထို​ယောက်ျား​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​ယောက်ျား​နှင့်​မ​ကွာ​စေ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 14,
      "text": "အကြောင်းမူကား ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိမိ​မယား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ ယုံကြည်​သူ​မ​ဟုတ်​သော​မယား​သည်​လည်း မိမိ​လင်​ယောက်ျား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ သို့မဟုတ်​လျှင် သင်​တို့​၏​သားသမီး​တို့​သည် ညစ်ညူး​ကြ​လိမ့်မည်။ သို့သော် ယခု သူ​တို့​သည် သန့်ရှင်း​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 15,
      "text": "သို့ရာတွင် မ​ယုံကြည်​သူ​ဖက်​မှ ကွဲကွာ​လို​လျှင် ကွဲကွာ​ပါ​စေ။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ယုံကြည်​သူ​ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အနှောင်အဖွဲ့​ကင်း​၏။ ဘုရားသခင်​သည် သင်​တို့​အား ငြိမ်းချမ်း​မှု​ရရှိ​စေရန် ခေါ်ယူ​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 16,
      "text": "အသင်​မိန်းမ၊ သင်​သည် မိမိ​လင်​ယောက်ျား​ကို ကယ်တင်​မည်​မ​ကယ်တင်​မည်​ကို မည်သို့​သိ​နိုင်​မည်နည်း။ အသင်​ယောက်ျား၊ သင်​သည် မိမိ​မယား​ကို ကယ်တင်​မည်​မ​ကယ်တင်​မည်​ကို မည်သို့​သိ​နိုင်​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 17,
      "text": "လူ​အသီးသီး​တို့​သည် မိမိ​အား သခင်​ဘုရား​သတ်မှတ်​ခွဲဝေ​ပေး​တော်မူ​သည့်​အတိုင်း​နှင့် တစ်ဦးစီ​အား ဘုရားသခင်​ခေါ်ယူ​တော်မူ​သည့်​အခြေအနေ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ပါစေ။ ဤသည်ကား အသင်းတော်​အားလုံး​တို့​ကို ငါ​မှာကြား​သော​အချက်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 18,
      "text": "ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ အရေဖျား​လှီး​ခြင်း​ခံ​ပြီး​သား​ဖြစ်​သော​သူ​သည် ထို​အရာ​ကို​မ​ဖျောက်ဖျက်​စေ​နှင့်။ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ အရေဖျား​မ​လှီး​ထား​သော​သူ​သည် အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​စေ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 19,
      "text": "အရေဖျား​လှီး​ခြင်း​သည် ပဓာန​မ​ဟုတ်။ အရေဖျား​မ​လှီး​ခြင်း​သည်​လည်း ပဓာန​မ​ဟုတ်။ ဘုရားသခင်​၏​ပညတ်​တော်​ကို စောင့်ထိန်း​ခြင်း​သာ ပဓာန​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 20,
      "text": "လူ​အသီးသီး​သည် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည့်​အခြေအနေ​၌ ဆက်၍​တည်​နေ​ပါစေ။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 21,
      "text": "ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ် ကျွန်​ဖြစ်​လျှင် စိတ်​အနှောင့်အယှက်​မ​ဖြစ်​နှင့်။ သို့သော် လွတ်လပ်​သူ​ဖြစ်​နိုင်​လျှင် ထို​အခွင့်အရေး​ကို​အသုံးပြု​လော့။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 22,
      "text": "အကြောင်းမူကား ကျွန်​ဖြစ်​စဉ် သခင်​ဘုရား​၌ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် သခင်​ဘုရား​အားဖြင့်​လွတ်လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထိုနည်းတူ လွတ်လပ်​သူ​ဖြစ်စဉ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် ခရစ်တော်​၏​ကျွန်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 23,
      "text": "သင်​တို့​ကို အဖိုးအခ​နှင့်​ဝယ်ယူ​ထား​သည်​ဖြစ်၍ လူ​တို့​၏​ကျွန် မ​ဖြစ်​ကြ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 24,
      "text": "ညီအစ်ကို​တို့၊ လူ​အသီးသီး​သည် မိမိ​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည့်​အခြေအနေ​၌ ဘုရားသခင်​နှင့်အတူ​ဆက်၍​တည်​နေ​ပါစေ။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 25,
      "text": "အပျို​ကညာ​တို့​နှင့်​ပတ်သက်၍​မူကား သခင်​ဘုရား​၏​ပညတ်ချက်​ကို ငါ​မ​ရရှိ​ခဲ့​ချေ။ သို့သော် သခင်​ဘုရား​၏​ကရုဏာ​တော်​ကို​ခံစား​ရ​သည့် ယုံကြည်​ထိုက်​သူ​တစ်​ဦး​အနေဖြင့် ငါ​၏​ထင်မြင်​ချက်​ကို​ပေး​ရ​မည်​ဆိုလျှင်"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 26,
      "text": "မျက်မှောက်​ကြုံတွေ့​နေ​ရ​သော ခက်ခဲ​ကျပ်တည်း​ခြင်း​ကြောင့် ဤ​အတိုင်း​နေ​လျှင် ကောင်း​၏​ဟု ငါ​ယူဆ​၏။ ယောက်ျား​သည်​လည်း လက်ရှိ​အခြေအနေ​အတိုင်း​နေ​လျှင် ကောင်း​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 27,
      "text": "သင်​သည် မယား​နှင့်​အနှောင်အဖွဲ့​ရှိ​လျှင် ကွာရှင်း​ရန်​မ​ကြံစည်​နှင့်။ မယား​နှင့်​အနှောင်အဖွဲ့​မ​ရှိ​လျှင် မယား​ကို​မ​ရှာ​နှင့်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 28,
      "text": "သို့သော် အိမ်ထောင်ပြု​လျှင်​လည်း သင်​သည်​အပြစ်​ပြု​သည်​မ​ဟုတ်။ အပျို​ကညာ​တစ်​ဦး​သည် အိမ်ထောင်ပြု​လျှင်​လည်း အပြစ်​ပြု​သည်​မ​ဟုတ်။ သို့သော် ထို​သူ​တို့​သည် ကိုယ်ကာယ​၌ ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်းဝေး​စေ​လို​၍​သာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 29,
      "text": "ညီအစ်ကို​တို့၊ ဤသို့​ငါ​ဆို​၏။ အချိန်အခါ​ကုန်လု​နီး​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ မယား​ရှိ​သော​သူ​တို့​သည် မယား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း၊"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 30,
      "text": "ငိုကြွေး​သော​သူ​တို့​သည် မ​ငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်​သော​သူ​တို့​သည် ဝမ်းမြောက်​ခြင်း​မ​ရှိ​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူ​သော​သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​ကြ​ပါစေ။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 31,
      "text": "လောက​အရာ​ကို​သုံးစွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အပြည့်အဝ​မ​သုံးစွဲ​သကဲ့သို့ နေ​ကြ​ပါစေ။ အကြောင်းမူကား ဤ​လောက​၏​ပုံစံ​အဖြစ်သနစ်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 32,
      "text": "ငါ​သည် သင်​တို့​ကို စိုးရိမ်​ခြင်း​နှင့်​ကင်းလွတ်​စေ​လို​၏။ အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​သည် သခင်​ဘုရား​ကို​နှစ်သက်​စေရန် သခင်​ဘုရား​၏​အမှု​ကို​ဂရုစိုက်​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 33,
      "text": "အိမ်ထောင်ရှိ​သော​ယောက်ျား​မူကား မိမိ​မယား​ကို မည်ကဲ့သို့​နှစ်သက်​စေ​ရ​မည်​ဟူသော လောကီ​အမှု​တို့​ကို​ဂရုစိုက်​သဖြင့်"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 34,
      "text": "သူ​၏​စိတ်အာရုံ​သည် ထွေပြား​တတ်​၏။ အိမ်ထောင်​မ​ရှိ​သော​အမျိုးသမီး​နှင့်​အပျို​ကညာ​တို့​သည် ကိုယ်ခန္ဓာ​နှင့်​စိတ်​ဝိညာဉ်​နှစ်ဖြာ​စလုံး​သန့်ရှင်း​စေရန် သခင်​ဘုရား​၏​အမှု​တို့​ကို​ဂရုစိုက်​တတ်​၏။ အိမ်ထောင်ရှိ​သော​အမျိုးသမီး​မူကား မိမိ​လင်​ယောက်ျား​ကို မည်ကဲ့သို့​နှစ်သက်​စေ​ရ​မည်​ဟူသော လောကီ​အမှု​တို့​ကို​ဂရုစိုက်​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 35,
      "text": "ဤသို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အကျိုး​အတွက်​ဖြစ်၍ သင်​တို့​ကို​ချုပ်ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်ပတ်​စွာ​ကျင့်​၍ အာရုံ​ထွေပြား​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​ကို အစဉ်မပြတ်​ဆောင်ရွက်​နိုင်​ရန်​အတွက်​သာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 36,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို အခါလင့်​စေ​လျှင် မ​လျောက်ပတ်​ဟု​ထင်မှတ်​၍ ထိုသို့​ပြု​စရာ​လည်း​ရှိ​လျှင် သူ​၏​ဆန္ဒ​အတိုင်း​ပြု​ပါစေ။ သူ​သည် အပြစ်​ပြု​သည်​မ​ဟုတ်။ သူ​တို့​အိမ်ထောင်ပြု​ပါစေ။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 37,
      "text": "သို့သော် သူ​သည် မိမိ​စိတ်နှလုံး​ထဲ၌ အခိုင်အမာ​စိတ်ပိုင်းဖြတ်​ထား​၍ မလွှဲမရှောင်သာ​၍​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​အလိုဆန္ဒ​ကို​ထိန်းချုပ်​နိုင်​ပြီး မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို​ထိန်းသိမ်း​ထား​ရန် မိမိ​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​ပါက သူ​သည် ကောင်းစွာ​ပြု​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 38,
      "text": "ထို့ကြောင့် မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို ပေးစား​ဆောင်နှင်း​သော​သူ​သည် ကောင်းစွာ​ပြု​၏။ ပေးစား​ဆောင်နှင်း​ခြင်း​မ​ပြု​သော​သူ​မူကား သာ၍​ကောင်း​စွာ​ပြု​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 39,
      "text": "မယား​သည် မိမိ​လင်​ယောက်ျား​အသက်ရှင်​နေ​သရွေ့​ကာလ​ပတ်လုံး အနှောင်အဖွဲ့​ရှိ​၏။ လင်​ယောက်ျား​သေဆုံး​ခဲ့​လျှင်​မူကား မိမိ​နှစ်သက်​သော​သူ​နှင့် သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု​ခွင့်​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 40,
      "text": "သို့သော် ငါ​၏​ထင်မြင်​ချက်​အရ သူ​သည် အိမ်ထောင်​မ​ပြု​ဘဲ​နေ​လျှင် သာ၍​မင်္ဂလာရှိ​၏။ ငါ​၌​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှိ​သည်​ဟု ငါ​မှတ်ယူ​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 1,
      "text": "ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​နှင့်​ပတ်သက်၍ ငါ​တို့​အားလုံး​၌ အသိပညာ​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ သို့သော် အသိပညာ​သည် ထောင်လွှား​စေ​တတ်​၏။ ချစ်​ခြင်း​မေတ္တာ​မူကား တည်ဆောက်​မြှင့်တင်​ပေး​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 2,
      "text": "မည်သူမဆို တစ်စုံတစ်ရာ​ကို​သိ​ပြီ​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် သိ​သင့်​သည့်​အတိုင်း​ပင် မ​သိ​သေး။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 3,
      "text": "သို့သော် မည်သူမဆို ဘုရားသခင်​ကို​ချစ်​လျှင် ဘုရားသခင်​သည် ထို​သူ​ကို​သိ​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 4,
      "text": "ထို့ကြောင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်သက်၍ ရုပ်တု​သည် ဤ​လောက​၌ ဘာမျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်ဆူတည်း​သော​ဘုရားသခင်​မှတစ်ပါး မည်သည့်​ဘုရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 5,
      "text": "အကြောင်းမူကား များစွာ​သော​ဘုရား၊ များစွာ​သော​သခင်​ရှိ​သည်​ဟု ဆို​ကြ​သည့်​အတိုင်း ကောင်းကင်​၌​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ဖြစ်စေ ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သော​အရာ​များ ရှိ​ခဲ့​လျှင်​ပင်"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 6,
      "text": "ငါ​တို့​အတွက်​မူကား ခမည်းတော်​တည်းဟူသော ဘုရားသခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်လာ​ပြီး ငါ​တို့​သည် ကိုယ်တော်​၌​တည်​ကြ​၏။ ထို့ပြင် ငါ​တို့​အတွက် ယေရှု​ခရစ်တော်​တည်းဟူသော သခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ထို​သခင်​အားဖြင့်​ဖြစ်လာ​ပြီး ငါ​တို့​သည် ထို​သခင်​၌​တည်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 7,
      "text": "သို့သော် လူ​တိုင်း​၌ ဤ​အသိပညာ​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထ​ရှိ​ခဲ့​သည်​ဖြစ်၍ ထို​အသား​ကို​စား​သောအခါ ယခု​အထိ​ပင် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​အဖြစ်​စား​ကြ​သဖြင့် သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​သည် မသိုးမသန့်​ဖြစ်​ရ​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 8,
      "text": "အစားအစာ​သည် ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​ကို မျက်နှာရ​စေ​လိမ့်မည်​မ​ဟုတ်။ မ​စား​ဘဲ​နေ​လျှင်​လည်း အရှုံး​မ​ရှိ။ စား​လျှင်​လည်း အမြတ်​မ​ရ။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 9,
      "text": "သို့သော် သင်​တို့​၏​လွတ်လပ်​ခွင့်​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အားနည်း​သော​သူ​တို့​အတွက် ခလုတ်တံသင်း​မ​ဖြစ်​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 10,
      "text": "အကြောင်းမူကား အသိပညာ​ရှိ​သော​သင်​သည် ရုပ်တု​ဗိမာန်​ထဲ၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်စုံတစ်ဦး​က​တွေ့မြင်​လျှင် ထို​သူ​၏​အားနည်း​သည့်​အသိစိတ်​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ကို​စား​ရန် ရဲတင်း​လာ​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 11,
      "text": "ထိုအခါ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​သော ညီအစ်ကို​ဖြစ်​သည့် ထို​အားနည်း​သော​သူ​သည် သင်​၏​အသိပညာ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​ရ​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 12,
      "text": "ဤသို့ဖြင့် သင်​တို့​သည် ညီအစ်ကို​တို့​ကို​ပြစ်မှား​၍ သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​ကို ထိခိုက်​စေ​လျှင် ခရစ်တော်​ကို​ပြစ်မှား​ရာ​ရောက်​၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 13,
      "text": "ထို့ကြောင့် အစားအစာ​သည် ငါ​၏​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင် ငါ့​ညီအစ်ကို​အား မ​မှားယွင်း​စေရန် ငါ​သည် အသား​ကို ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ စား​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 1,
      "text": "ငါ​သည် လွတ်လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တမန်တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သခင်​ယေရှု​ကို ဖူးမြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​လုပ်ဆောင်​မှု​ရလဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 2,
      "text": "အခြား​သော​သူ​တို့​အတွက် ငါ​သည် တမန်တော်​မ​ဖြစ်​ခဲ့​လျှင်​ပင် သင်​တို့​အတွက်​မူကား ငါ​သည် တမန်တော်​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​တမန်တော်​ဖြစ်​ခြင်း​၏​တံဆိပ်​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 3,
      "text": "ငါ့​ကို​စစ်ဆေး​စီရင်​သော​သူ​တို့​အား ဤသို့ ငါ​ဖြေရှင်း​ပြောဆို​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 4,
      "text": "ငါ​တို့​တွင် စား​သောက်​ရ​သော​အခွင့်​မ​ရှိ​သလော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 5,
      "text": "ငါ​တို့​သည် ကေဖ​နှင့် သခင်​ဘုရား​၏​ညီ​တော်​များ​မှစ၍ အခြား​သော​တမန်တော်​များ​ကဲ့သို့ ယုံကြည်​သူ​ဖြစ်​သော​ဇနီးသည်​ကို ခရီး​သွား​ရာ​၌ ခေါ်ဆောင်​ခွင့်​မ​ရှိ​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 6,
      "text": "သို့မဟုတ် ငါ​နှင့်​ဗာနဗ​၌​သာ အလုပ်​မ​လုပ်​ဘဲ​နေ​ရ​သော​အခွင့်​မ​ရှိ​သလော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 7,
      "text": "မည်သူ​သည် မိမိ​စရိတ်​ဖြင့် စစ်မှုထမ်း​ဖူး​သနည်း။ မည်သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​ပြီး ၎င်း​၏​အသီး​ကို မ​စား​ဘဲ​နေ​သနည်း။ သို့မဟုတ် မည်သူ​သည် သိုး​အုပ်​ကို​ထိန်းကျောင်း​ပြီး သိုး​တို့​၏​နို့​ကို မ​သောက်​ဘဲ​နေ​သနည်း။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 8,
      "text": "ငါ​သည် ဤ​အရာ​များ​ကို လူ့​သဘော​အားဖြင့် ပြောဆို​နေ​သလော။ ပညတ်​တရား​သည်​လည်း ထိုသို့​ဆို​ထား​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 9,
      "text": "အကြောင်းမူကား မောရှေ​၏​ပညတ်​တရား​ကျမ်း​၌ “စပါး​နယ်​နေ​သည့်​နွား​ကို ပါးချုပ်​မ​တပ်​ရ” ​ဟု ရေး​ထား​၏။ ဘုရားသခင်​သည် နွား​တို့​ကို ဂရုစိုက်​တော်မူ​သလော၊"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 10,
      "text": "သို့မဟုတ် ငါ​တို့​အတွက်​သာ​မိန့်​တော်မူ​သလော။ အမှန်ပင် ငါ​တို့​အတွက်​ရေး​ထား​ခြင်း​ဖြစ်​၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်​သော​သူ​သည် မျှော်လင့်​လျက်​ထွန်ယက်​သင့်​သည်​ဖြစ်၍ စပါး​နယ်​သော​သူ​သည်​လည်း မျှဝေ​ခံစား​ခွင့်​ကို​မျှော်လင့်​လျက် စပါး​နယ်​သင့်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 11,
      "text": "ငါ​တို့​သည် ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​တို့​ကို သင်​တို့​၌​စိုက်ပျိုး​ခဲ့​သည်​ဆိုလျှင် သင်​တို့​ထံမှ ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​ကို ရိတ်သိမ်း​ကြ​ခြင်း​သည် လွန်ရာကျ​သလော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 12,
      "text": "အခြား​သော​သူ​တို့​သည် သင်​တို့​ထံမှ ဤ​အခွင့်​ကို ခံစား​ရ​ကြ​လျှင် ငါ​တို့​သည် သာ၍​ခံစား​ထိုက်​သည်​မ​ဟုတ်​လော။ သို့သော် ငါ​တို့​သည် ဤ​အခွင့်​ကို​မ​သုံး​ဘဲ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် မည်သည့်​အဟန့်အတား​မျှ​မ​ရှိ​စေရန် အရာရာ​၌ သည်းခံ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 13,
      "text": "ဗိမာန်​တော်​အမှုကိစ္စ​များ​ကို ဆောင်ရွက်​သော​သူ​တို့​သည် ဗိမာန်​တော်​မှ​ရရှိ​သော​အရာ​များ​ကို စား​သောက်​ကြ​၍ ယဇ်ပလ္လင်​၌​အမှုထမ်း​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပူဇော်သက္ကာ​များ​ကို မျှဝေ​ခံစား​ခွင့်​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 14,
      "text": "ထိုနည်းတူ ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သော​သူ​တို့​သည်​လည်း ကောင်းမြတ်​သော​သတင်း​အားဖြင့် အသက်မွေး​ကြ​ရန် သခင်​ဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 15,
      "text": "သို့သော် ငါ​သည် ဤ​အခွင့်​တစ်စုံတစ်ခု​ကို​မျှ မ​သုံး​ခဲ့​ချေ။ ငါ့​အား ထိုသို့​ပြု​စေ​လို​၍ ဤ​အရာ​များ​ကို ငါ​ရေး​သည်​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ကို သူတစ်ပါး​က အချည်းနှီး​ဖြစ်​စေ​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 16,
      "text": "ငါ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျှင်​လည်း ငါ့​အတွက် ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ငါ​၌​မဖြစ်မနေ​ဟောပြော​ရ​မည့်​တာဝန်​ရှိ​၏။ ကောင်းမြတ်​သော​သတင်း​ကို ငါ​မ​ဟောပြော​ဘဲ​နေ​လျှင် ငါ့​အတွက် အမင်္ဂလာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 17,
      "text": "ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 18,
      "text": "သို့ဖြစ်လျှင် ငါ့​အတွက် မည်သည့်​ဆုလာဘ်​ရှိ​သနည်း။ ၎င်း​မှာ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သည့်​အခါ အဖိုးအခ​မ​ယူ​ဘဲ ထို​သတင်း​ကို ဝေငှ​ဟောပြော​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော ငါ​၏​ရပိုင်ခွင့်​ကို အပြည့်အဝ​အသုံး​မ​ချ​ဘဲ​နေ​ခြင်း​ပင်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 19,
      "text": "ငါ​သည် လူ​အပေါင်း​တို့​ရှေ့၌ လွတ်လပ်​သူ​ဖြစ်​သော်လည်း ပို၍​များ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် လူ​အပေါင်း​တို့​ထံ၌ ကိုယ်တိုင်​ကျွန်ခံ​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 20,
      "text": "ဂျူး​လူမျိုး​တို့​ကို​ရရှိ​နိုင်​ရန် ဂျူး​လူမျိုး​တို့​တွင် ဂျူး​လူမျိုး​ကဲ့သို့​ဖြစ်​၏။ ငါ​ကိုယ်တိုင် ပညတ်​တရား​အောက်၌​မ​ရှိ​သော်လည်း ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​အတွက် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 21,
      "text": "ငါ​သည် ဘုရားသခင်​၏​ပညတ်​တရား​နှင့် ကင်းဝေး​သော​သူ​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ပညတ်​တရား​အောက်၌​ရှိ​သော်လည်း ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​တွင် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 22,
      "text": "အားနည်း​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် အားနည်း​သော​သူ​တို့​တွင် အားနည်း​သော​သူ​ဖြစ်​၏။ လူ​အချို့​တို့​ကို တစ်နည်းနည်း​ဖြင့် ကယ်တင်​နိုင်​ရန် လူ​အမျိုးမျိုး​တို့​တွင် အမျိုးမျိုး​ဖြစ်​ခဲ့​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 23,
      "text": "ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 24,
      "text": "အားကစားကွင်း​ထဲ၌ အပြေးပြိုင်​သော​သူ​တို့​သည် အားလုံး​ပြေး​ကြ​သည်​မှန်​သော်လည်း တစ်ဦးတည်း​သာ ဆု​ရရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် သင်​တို့​သည် ဆု​ရရှိ​မည့်​အကြောင်း ပြေး​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 25,
      "text": "ပြိုင်ပွဲ​ဝင်​သော​သူ​တိုင်း​သည် အရာရာ​၌ မိမိကိုယ်ကို​ချုပ်တည်း​တတ်​၏။ သူ​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။ ငါ​တို့​မူကား ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 26,
      "text": "ထို့ကြောင့် ငါ​ပြေး​သောအခါ ဦးတည်ရာမဲ့​ပြေး​သော​သူ​ကဲ့သို့ ပြေး​သည်​မဟုတ်။ လက်ဝှေ့​ထိုး​သောအခါ​လည်း လေ​ကို​ထိုး​သော​သူ​ကဲ့သို့ ထိုး​သည်​မဟုတ်။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 27,
      "text": "သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုးဘေး​များ​အားလုံး​သည် မိုးတိမ်​အောက်၌​ရှိ​ခဲ့​၍ အားလုံး​သည် ပင်လယ်​ကို ဖြတ်ကျော်​ခဲ့​ကြ​ပြီး"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 2,
      "text": "အားလုံး​သည် မိုးတိမ်​နှင့်​ပင်လယ်​ထဲတွင် မောရှေ​၌ ဗတ္တိဇံ​ခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 3,
      "text": "သူ​တို့​အားလုံး​သည် တစ်မျိုးတည်း​သော ဝိညာဉ်ရေး​ဆိုင်ရာ​အစာ​ကို စား​ခဲ့​၍"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 4,
      "text": "အားလုံး​သည် တစ်မျိုးတည်း​သော ဝိညာဉ်​ရေး​ဆိုင်ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်နည်းဆိုသော် သူ​တို့​နှင့်အတူ​လိုက်​ပါလာ​သော ဝိညာဉ်​ရေး​ဆိုင်ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခရစ်တော်​ပင်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 5,
      "text": "သို့သော် ဘုရားသခင်​သည် သူ​တို့​ထဲမှ အများစု​ကို နှစ်သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့ကြောင့် သူ​တို့​သည် တော​ကန္တာရ​၌ သေကျေ​ပျက်စီး​ခဲ့​ကြ​ရ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 6,
      "text": "ဤ​အရာ​များ​ကား ထို​သူ​တို့​တပ်မက်​ခဲ့​ကြ​သကဲ့သို့ မကောင်း​သော​အရာ​များ​ကို ငါ​တို့​တပ်မက်​ခြင်း​မ​ရှိ​ကြ​စေရန် ငါ​တို့​အတွက်​နမူနာ​များ​အဖြစ် ဖြစ်ပျက်​ခဲ့​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 7,
      "text": "“လူ​တို့​သည် ထိုင်​၍​စား​သောက်​ကြ​၏။ နောက်တစ်ဖန် ထ​၍​ကခုန်​မြူးထူး​ကြ​၏” ​ဟု ရေး​ထား​သည့်​အတိုင်း သင်​တို့​သည် ထို​သူ​အချို့​တို့​ကဲ့သို့ ရုပ်တု​ကိုးကွယ်​သူ​များ မ​ဖြစ်​ကြ​လေ​နှင့်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 8,
      "text": "သူ​တို့​ထဲမှ အချို့​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​သကဲ့သို့ ငါ​တို့​သည် တရားနှင့်မညီ​မေထုန်​ပြု​ခြင်း​အမှု​ကို မ​ပြု​ဘဲ နေ​ကြ​ကုန်စို့။ သူ​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​သဖြင့် တစ်​ရက်​အတွင်း လူ​နှစ်သောင်း​သုံးထောင်​သေဆုံး​ခဲ့​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 9,
      "text": "သူ​တို့​ထဲမှ အချို့​တို့​သည် အကဲစမ်း​သကဲ့သို့ ငါ​တို့​သည် ခရစ်တော်​ကို အကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်စို့။ ထိုသို့​အကဲစမ်း​သော​သူ​တို့​သည် မြွေ​များ​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 10,
      "text": "သူ​တို့​ထဲမှ အချို့​တို့​သည် ညည်းညူ​သကဲ့သို့ သင်​တို့​သည် မ​ညည်းညူ​ကြ​နှင့်။ ထိုသို့​ညည်းညူ​သော​သူ​တို့​သည် ဖျက်ဆီး​သော​တမန်​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 11,
      "text": "ဤ​အမှုအရာ​တို့​သည် နမူနာ​များ​အဖြစ် ထို​သူ​တို့​၌​ဖြစ်ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာလ​အဆုံး​ပိုင်း​၌ အသက်ရှင်​နေ​ကြ​သော​ငါ​တို့​ကို သတိပေး​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 12,
      "text": "ထို့ကြောင့် ရပ်​နေ​သည်​ဟု​ထင်မှတ်​သော​သူ​သည် မ​လဲ​စေရန် သတိပြု​စေ။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 13,
      "text": "လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 14,
      "text": "ထို့ကြောင့် ငါ​ချစ်​သော​သူ​တို့၊ ရုပ်တု​ကိုးကွယ်​ခြင်း​ကို ရှောင်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 15,
      "text": "သင်​တို့​အား ပညာ​သတိ​ရှိ​သော​သူ​ကို​ပြော​သကဲ့သို့ ငါ​ပြော​၏။ ငါ​ပြော​သော​အရာ​ကို ဆင်ခြင်​သုံးသပ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 16,
      "text": "ငါ​တို့​ကျေးဇူး​တော်​ချီးမွမ်း​ရာ မင်္ဂလာ​ခွက်​သည် ခရစ်တော်​၏​သွေး​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 17,
      "text": "မုန့်​တစ်လုံးတည်း​ဖြစ်၍ အများ​ဖြစ်​သော​ငါ​တို့​သည် ကိုယ်ခန္ဓာ​တစ်ခု​တည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား ငါ​တို့​အားလုံး​သည် ထို​မုန့်​တစ်​လုံး​တည်း​ကို မျှဝေ​ခံယူ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 18,
      "text": "ဇာတိ​အားဖြင့် အစ္စရေး​လူမျိုး​ဖြစ်​သော​သူ​တို့​ကို ကြည့်​ကြ​လော့။ ယဇ်ကောင်​တို့​ကို​စား​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့် စပ်ဆိုင်​သော​သူ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 19,
      "text": "သို့ဖြစ်လျှင် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​သည် အရေးပါ​သော​အရာ​ဖြစ်​သည်​၊ သို့မဟုတ် ရုပ်တု​သည် အရေးပါ​သော​အရာ​ဖြစ်​သည်​ဟု ငါ​ဆိုလို​သလော။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 20,
      "text": "ထိုသို့​မ​ဆိုလို။ သူ​တို့​ပူဇော်​သော​အရာ​များ​သည် ဘုရားသခင်​ထံ​ပူဇော်​ခြင်း​မ​ဟုတ်​ဘဲ နတ်ဆိုး​များ​ထံ​ပူဇော်​ကြ​ခြင်း​ဖြစ်​၏။ ငါ​သည် သင်​တို့​ကို နတ်ဆိုး​တို့​နှင့် စပ်ဆိုင်​သော​သူ​မ​ဖြစ်​စေ​လို​ပါ။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 21,
      "text": "သင်​တို့​သည် သခင်​ဘုရား​၏​ခွက်​ကို​သောက်​လျှင် နတ်ဆိုး​တို့​၏​ခွက်​ကို သောက်​၍​မ​ရ​နိုင်။ သခင်​ဘုရား​၏​စားပွဲ​ကို မျှဝေ​ခံယူ​လျှင် နတ်ဆိုး​တို့​၏​စားပွဲ​ကို မျှဝေ​ခံယူ​၍​မ​ရ​နိုင်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 22,
      "text": "ငါ​တို့​သည် သခင်​ဘုရား​အား သဝန်တို​စေ​ကြ​သလော။ ငါ​တို့​သည် ကိုယ်တော်​ထက် ခွန်အားကြီး​ကြ​သလော။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 23,
      "text": "ခပ်သိမ်း​သော​အမှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်စေတော့။ ခပ်သိမ်း​သော​အမှု​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ခပ်သိမ်း​သော​အမှု​ကို ပြု​ခွင့်​ရှိ​သည်​မှန်စေတော့။ ခပ်သိမ်း​သော​အမှု​သည် တည်ဆောက်​မြှင့်တင်​ပေး​သည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 24,
      "text": "မည်သူမျှ ကိုယ်​ကျိုး​ကို​မ​ရှာ​နှင့်။ လူတိုင်း သူတစ်ပါး​အကျိုး​ကို​ရှာ​စေ။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 25,
      "text": "ဈေး​၌​ရောင်း​သမျှ​သော​အသား​ကို အသိစိတ်​အတွက်ကြောင့် စစ်ဆေး​မေးမြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 26,
      "text": "အကြောင်းမူကား “မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိသမျှ​သော​အရာ​တို့​ကို ထာဝရ​ဘုရား​ပိုင်ဆိုင်​တော်မူ​၏။”"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 27,
      "text": "မ​ယုံကြည်​သူ​တစ်စုံတစ်ယောက်​က သင်​တို့​ကို​ဖိတ်ခေါ်​၍ သင်​တို့​သွား​လို​လျှင် သင်​တို့​ရှေ့၌​တည်ခင်း​သမျှ​သော​အရာ​ကို အသိစိတ်​အတွက်ကြောင့် စစ်ဆေး​မေးမြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 28,
      "text": "သို့သော် တစ်စုံတစ်ယောက်​က “ဤ​အရာ​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ဖြစ်​သည်”​ဟု သင်​တို့​ကို​ဆို​ခဲ့​လျှင် ထိုသို့​ဆို​သော​သူ​အတွက်​လည်းကောင်း၊ အသိစိတ်​အတွက်​လည်းကောင်း ထို​အရာ​ကို​မ​စား​ကြ​နှင့်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 29,
      "text": "အသိစိတ်​ဟု​ဆို​ရာ​၌ သင်​တို့​၏​အသိစိတ်​ကို​ဆိုလို​သည်​မ​ဟုတ်​ဘဲ အခြား​သူ​၏​အသိစိတ်​ကို​ဆိုလို​၏။ အကြောင်းမူကား ငါ​၏​လွတ်လပ်​မှု​သည် သူတစ်ပါး​၏​အသိစိတ်​ဖြင့် အဘယ်ကြောင့် စီရင်​ခြင်း​ခံရ​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 30,
      "text": "ငါ​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​စားသုံး​လျှင် ငါ​ကျေးဇူး​တော်​ချီးမွမ်း​သည့်​အရာ​အတွက် အဘယ်ကြောင့် စော်ကား​ပြောဆို​ခြင်း​ခံရ​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 31,
      "text": "ထို့ကြောင့် သင်​တို့​သည် စား​သည်​ဖြစ်စေ၊ သောက်​သည်​ဖြစ်စေ၊ မည်သည့်​အမှု​ကို​ပြု​သည်​ဖြစ်စေ ခပ်သိမ်း​သော​အမှု​တို့​ကို ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 32,
      "text": "ဂျူး​လူမျိုး​တို့​အတွက်​ဖြစ်စေ၊ ဂရိ​လူမျိုး​တို့​အတွက်​ဖြစ်စေ၊ ဘုရားသခင်​၏​အသင်းတော်​အတွက်​ဖြစ်စေ မှားယွင်း​စရာ​အကြောင်း​မ​ဖြစ်​ကြ​နှင့်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 33,
      "text": "ထိုနည်းတူ ငါ​သည်​လည်း လူ​တို့​ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်​ကျိုး​ကို​မ​ရှာ​ဘဲ အများ​အကျိုး​ကို​ရှေးရှု​လျက် ခပ်သိမ်း​သော​အမှု​တို့​၌ လူ​အပေါင်း​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 1,
      "text": "ငါ​သည် ခရစ်တော်​ကို​အတုယူ​သူ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 2,
      "text": "သင်​တို့​သည် အရာရာ​၌ ငါ့​ကို​သတိရ​လျက် သင်​တို့​ထံ​ငါ​ပေးအပ်​ထား​သော ဓလေ့​ထုံးတမ်း​နှင့်အညီ လိုက်လျှောက်​ကြ​သောကြောင့် သင်​တို့​ကို ငါ​ချီးမွမ်း​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 3,
      "text": "သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 4,
      "text": "ဦးခေါင်း​ကို​ဖုံး​လျက် ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 5,
      "text": "သို့သော် ဦးခေါင်း​မ​ဖုံး​ဘဲ ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို ပြု​သော​မိန်းမ​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ခေါင်းတုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 6,
      "text": "ထို့ကြောင့် မိန်းမ​သည် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​လျှင် ဆံပင်​ကို​ဖြတ်​ပါစေ။ သို့သော် ဆံပင်​ဖြတ်​ခြင်း​၊ သို့မဟုတ် ခေါင်းတုံး​ရိတ်​ခြင်း​သည် မိန်းမ​အတွက်​ရှက်ဖွယ်​ဖြစ်​လျှင် ဦးခေါင်း​ကို​ဖုံး​ထား​ပါစေ။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 7,
      "text": "ယောက်ျား​သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့် ဘုန်း​အသရေ​တော်​ဖြစ်​သောကြောင့် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်းမ​မူကား ယောက်ျား​၏​ဘုန်း​အသရေ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 8,
      "text": "အကြောင်းမူကား ယောက်ျား​သည် မိန်းမ​ထံမှ​ဖြစ်လာ​သည်​မ​ဟုတ်။ မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 9,
      "text": "ထို့အတူ ယောက်ျား​ကို မိန်းမ​အတွက်​ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်။ မိန်းမ​ကို ယောက်ျား​အတွက်​ဖန်ဆင်း​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 10,
      "text": "ထို့ကြောင့် မိန်းမ​သည် ကောင်းကင်​တမန်​တို့​ကို​ထောက်၍ အခွင့်​အာဏာ​၏​လက္ခဏာ​ကို မိမိ​ဦးခေါင်း​ပေါ်၌ ရှိ​စေ​သင့်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 11,
      "text": "သို့သော် သခင်​ဘုရား​၌ မိန်းမ​သည် ယောက်ျား​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ ယောက်ျား​သည်​လည်း မိန်းမ​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 12,
      "text": "အကြောင်းမူကား မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​သကဲ့သို့ ယောက်ျား​သည်​လည်း မိန်းမ​အားဖြင့်​မွေးဖွား​လာ​၏။ သို့သော် အရာ​ခပ်သိမ်း​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 13,
      "text": "မိန်းမ​သည် ဦးခေါင်း​မ​ဖုံး​ဘဲ ဘုရားသခင်​ထံ​ဆုတောင်း​ခြင်း​သည် သင့်လျော်​မှု​ရှိ​၊ မ​ရှိ သင်​တို့​ကိုယ်တိုင်​ဆင်ခြင်​သုံးသပ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 14,
      "text": "ယောက်ျား​သည် ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ရှက်ဖွယ်​ဖြစ်​ကြောင်း သဘာဝ​တရား​ကိုယ်​၌​က သင်​တို့​ကို​သွန်သင်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 15,
      "text": "မိန်းမ​မူကား ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ဆံပင်​ကို ခြုံ​စရာ​အဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 16,
      "text": "သို့သော် တစ်စုံတစ်ယောက်​က လက်ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်မှတ်​လျှင် ငါ​တို့​၌ ထိုသို့သော​ထုံးစံ​မ​ရှိ။ ဘုရားသခင်​၏​အသင်းတော်​များ​၌​လည်း​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 17,
      "text": "သို့ရာတွင် သင်​တို့​၏​စုဝေး​ခြင်း​သည် ကောင်းကျိုး​ကို​ဖြစ်စေ​သည်​ထက် ဆိုးကျိုး​ကို​သာ​ဖြစ်စေ​သောကြောင့် ဤ​ညွှန်ကြား​ချက်​ကို​ပေး​ရာ​၌ သင်​တို့​အား ငါ​မ​ချီးမွမ်း​နိုင်။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 18,
      "text": "ပထမ​အနေဖြင့် သင်​တို့​သည် အသင်းတော်​၌​စုဝေး​ကြ​သောအခါ သင်​တို့​တွင် ကွဲပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်စိတ်တစ်ဒေသ ငါ​ယုံ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 19,
      "text": "အမှန်စင်စစ် သင်​တို့​ထဲ၌ ယုံကြည်​စိတ်ချ​ရ​သူ​များ သိသာ​ထင်ရှား​လာ​မည့်​အကြောင်း သင်​တို့​တွင် ဂိုဏ်းကွဲ​ခြင်း​ရှိ​ရန်​လိုအပ်​ပေ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 20,
      "text": "သို့ဖြစ်၍ သင်​တို့​သည် အတူတကွ​စုဝေး​ကြ​သောအခါ သခင်​ဘုရား​၏​ပွဲတော်​ကို​စားသောက်​ရန် စုဝေး​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 21,
      "text": "အကြောင်းမူကား စားသောက်​ကြ​ရာ​တွင် အသီးသီး​တို့​သည် သူတစ်ပါး​ကို​မ​စောင့်​ဘဲ မိမိ​ညစာ​ကို စား​ကြ​သောကြောင့် မူး​သူ​က​မူး၊ ဆာ​သူ​က​ဆာ ဖြစ်​နေ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 22,
      "text": "သင်​တို့​၌ စား​သောက်​ရန် အိမ်​မ​ရှိ​သလော။ သို့မဟုတ် သင်​တို့​သည် ဘုရားသခင်​၏​အသင်းတော်​ကို မထီမဲ့မြင်​ပြု​၍ မ​ရှိ​ဆင်းရဲ​သား​တို့​ကို အရှက်ခွဲ​ကြ​သလော။ ငါ​သည် သင်​တို့​ကို မည်သို့​ပြော​ရ​မည်နည်း။ သင်​တို့​ကို ချီးမွမ်း​ရ​မည်​လော။ ဤ​အမှု​၌ ငါ​မ​ချီးမွမ်း​နိုင်။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 23,
      "text": "အကြောင်းမူကား သခင်​ဘုရား​ထံမှ ငါ​ခံယူ​ရရှိ​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​၏။ ထို​အရာ​မှာ သခင်​ယေရှု​သည် အပ်နှံ​ခြင်း​ခံရ​သော​ည​၌ မုန့်​ကို​ယူ​၍"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 24,
      "text": "ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ မုန့်​ကို​ဖဲ့​၍ “ဤ​မုန့်​ကား သင်​တို့​အတွက်​ချိုးဖဲ့​သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 25,
      "text": "ထိုနည်းတူ ညစာ​စား​ပြီးမှ ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပဋိညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 26,
      "text": "ထို့ကြောင့် သင်​တို့​သည် ဤ​မုန့်​ကို​စား​၍ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း သခင်​ဘုရား​၏​အသေခံ​တော်မူ​ခြင်း​ကို ကိုယ်တော်​ကြွလာ​တော်မူ​သည်​အထိ ကြေညာ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 27,
      "text": "သို့ဖြစ်၍ သခင်​ဘုရား​၏​မုန့်​နှင့်​ခွက်​ကို မ​ထိုက်တန်​ဘဲ စား​သောက်​သော​သူ​သည် သခင်​ဘုရား​၏​ကိုယ်ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်မှား​ရာ​ရောက်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 28,
      "text": "ထို့ကြောင့် လူ​တိုင်း ကိုယ့်ကိုယ်ကိုယ်​စစ်ဆေး​ပြီးမှ မုန့်​ကို​စား​စေ။ ထိုနည်းတူ ခွက်​ကို​လည်း​သောက်​စေ။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 29,
      "text": "အကြောင်းမူကား သခင်​ဘုရား​၏​ကိုယ်ခန္ဓာ​တော်​ကို ပိုင်းခြား​၍​မ​သိ​ဘဲ စား​သောက်​သော​သူ​သည် မိမိ​အပေါ်သို့ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေရန် စား​သောက်​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 30,
      "text": "ဤ​အကြောင်း​ကြောင့် သင်​တို့​တွင် အားနည်း​သော​သူ​နှင့်​မ​ကျန်းမာ​သော​သူ များစွာ​ရှိ​၍ အိပ်ပျော်​သော​သူ​လည်း အများအပြား​ရှိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 31,
      "text": "သို့သော် ငါ​တို့​သည် မိမိတို့ကိုယ်ကို​ပိုင်းခြား​၍​သိ​လျှင် စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 32,
      "text": "စီရင်​ခြင်း​ခံရ​လျှင်​လည်း လောကီသား​တို့​နှင့်အတူ ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သခင်​ဘုရား​၏​ဆုံးမ​တော်မူ​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 33,
      "text": "ထို့ကြောင့် ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် စားသောက်​ရန်​စုဝေး​ကြ​သောအခါ တစ်ဦး​ကို​တစ်ဦး​စောင့်ဆိုင်း​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 34,
      "text": "တစ်စုံတစ်ယောက်​သည် ဆာလောင်​လျှင် ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ရန်​အတွက် စုဝေး​ခြင်း​မ​ဖြစ်​မည့်​အကြောင်း မိမိ​အိမ်​၌​စား​ပါစေ။ ကျန်​သော​ကိစ္စ​များ​ကို ငါ​လာ​သောအခါ​ညွှန်ကြား​မည်။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ ဝိညာဉ်​ဆု​ကျေးဇူး​များ​နှင့်​ပတ်သက်၍ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့​သည် ဘာသာခြား​ဖြစ်​ကြ​စဉ်​က စကား​မ​ပြော​နိုင်​သော​ရုပ်တု​များ​ထံသို့ တစ်နည်းနည်း​ဖြင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ လမ်းလွဲ​ခဲ့​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 3,
      "text": "ထို့ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်သူ​က​မျှ ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် “ယေရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ”​ဟု ပြောဆို​မည်​မ​ဟုတ်။ ထို့အတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​လျှင် မည်သူ​က​မျှ “ယေရှု​သည် သခင်​ဖြစ်​တော်မူ​၏”​ဟူ၍ မ​ပြောဆို​နိုင်​ပေ။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 4,
      "text": "ဆု​ကျေးဇူး​သည် အမျိုးမျိုး​ရှိ​သော်လည်း ဝိညာဉ်​တော်​သည် တစ်ပါးတည်း​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 5,
      "text": "အမှု​တော်​လုပ်ငန်း​သည် အမျိုးမျိုး​ရှိ​သော်လည်း သခင်​ဘုရား​သည် တစ်ပါးတည်း​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 6,
      "text": "လုပ်ဆောင်​ချက်​အမျိုးမျိုး​ရှိ​သော်လည်း လူ​အပေါင်း​တို့​၌ ခပ်သိမ်း​သော​အမှု​ကို​ပြု​တော်မူ​သော​ဘုရားသခင်​သည် တစ်ပါးတည်း​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 7,
      "text": "သို့သော် အများ​ကောင်းကျိုး​အတွက် တစ်ဦးစီ​၌ ဝိညာဉ်​တော်​၏​ထင်ရှား​ခြင်း​အခွင့်​ကို​ပေး​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 8,
      "text": "အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 9,
      "text": "ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 10,
      "text": "အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 11,
      "text": "ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​သည် ဤ​အမှုအရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​တော်မူ​၍ အလို​တော်​ရှိ​သည့်​အတိုင်း ထို​ဆု​ကျေးဇူး​များ​ကို တစ်ဦးစီ​အား အသီးသီး​ခွဲဝေ​ပေး​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 12,
      "text": "ထို့ကြောင့် ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ဖြစ်​သော်လည်း အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ကိုယ်ခန္ဓာ​၌​အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း အားလုံး​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​သကဲ့သို့ ခရစ်တော်​သည်​လည်း ထိုနည်းတူ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 13,
      "text": "အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ ငါ​တို့​ရှိသမျှ​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ ဗတ္တိဇံ​ခံ​ကြ​ပြီး အားလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​ကို သောက်​ရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 14,
      "text": "ကိုယ်ခန္ဓာ​၌ အင်္ဂါ​အစိတ်အပိုင်း​တစ်ခုတည်း​သာ​ရှိ​သည်​မ​ဟုတ်​ဘဲ များစွာ​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 15,
      "text": "ခြေ​က “ငါ​သည် လက်​မ​ဟုတ်​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထိုသို့​ဆို​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 16,
      "text": "နား​က​လည်း “ငါ​သည် မျက်စိ​မ​ဟုတ်​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထိုသို့​ဆို​သောကြောင့် ကိုယ်ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 17,
      "text": "ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် မျက်စိ​ဖြစ်​လျှင် မည်သို့​ကြား​နိုင်​မည်နည်း။ ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် နား​ဖြစ်​လျှင် မည်သို့​အနံ့​ရ​နိုင်​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 18,
      "text": "သို့ရာတွင် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အင်္ဂါ​အစိတ်အပိုင်း​များ​ကို ကိုယ်ခန္ဓာ​၌ အသီးသီး​ပြင်ဆင်​ပေး​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 19,
      "text": "အားလုံး​သည် အင်္ဂါ​အစိတ်အပိုင်း​တစ်မျိုးတည်း​ဖြစ်​ခဲ့​လျှင် ကိုယ်ခန္ဓာ​သည် အဘယ်မှာ​ရှိ​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 20,
      "text": "ယခု​မူကား အင်္ဂါ​အစိတ်အပိုင်း​သည် များစွာ​ရှိ​သော်လည်း ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 21,
      "text": "မျက်စိ​က လက်​အား “သင့်​ကို ငါ​အလို​မ​ရှိ”​ဟု ပြော​၍​မ​ရ​သကဲ့သို့ ဦးခေါင်း​က​လည်း ခြေ​တို့​အား “သင်​တို့​ကို ငါ​အလို​မ​ရှိ”​ဟု ပြော​၍​မ​ရ​ပေ။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 22,
      "text": "ထိုမျှမက ကိုယ်ခန္ဓာ​၌ ပို၍​အားနည်း​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အစိတ်အပိုင်း​တို့​သည် ပို၍​ပင်​လိုအပ်​သော အင်္ဂါ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 23,
      "text": "ကိုယ်ခန္ဓာ​တွင် ဂုဏ်သရေ​မဲ့​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အစိတ်အပိုင်း​တို့​ကို ပို၍​ကြီး​သော​ဂုဏ်သရေ​ဖြင့် ငါ​တို့​ဆင်ယင်​တတ်​ကြ​၏။ ငါ​တို့​၏​အမြင်​မ​တင့်တယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​ကို​လည်း အမြင်​တင့်တယ်​အောင် ပို၍​ဂရုစိုက်​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 24,
      "text": "အမြင်​တင့်တယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​မူကား ထိုသို့​ပြု​ရန်​မ​လိုအပ်​ပေ။ သို့သော် ဘုရားသခင်​သည် ဂုဏ်ငယ်​သော အင်္ဂါ​အစိတ်အပိုင်း​များ​အား သာ၍​ကြီး​သော​ဂုဏ်သရေ​ကို​ပေး​၍ ကိုယ်ခန္ဓာ​ကို ပေါင်းစပ်​ဖွဲ့စည်း​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 25,
      "text": "ဤသည်ကား ကိုယ်ခန္ဓာ​၌ ကွဲပြား​မှု​မ​ရှိ​ဘဲ အင်္ဂါ​အစိတ်အပိုင်း​များ​သည် အချင်းချင်း​ဂရုစိုက်​ကြ​စေရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 26,
      "text": "သို့ဖြစ်၍ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ဝေဒနာ​ခံစား​ရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ခံစား​ရ​ကြ​၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​သည် ချီးမြှောက်​ခြင်း​ခံရ​လျှင် အင်္ဂါ​အစိတ်အပိုင်း​ရှိသမျှ​သည် အတူတကွ​ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 27,
      "text": "သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 28,
      "text": "ဘုရားသခင်​သည် အသင်းတော်​၌ ပထမ​အနေဖြင့် တမန်တော်​များ၊ ဒုတိယ​အနေဖြင့် ပရောဖက်​များ၊ တတိယ​အနေဖြင့် ဆရာ​များ၊ ထို့နောက် တန်ခိုး​လက္ခဏာ​ကို​ပြု​သော​သူ​များ၊ ထို့နောက် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ရရှိ​သူ​များ၊ ကူညီမစ​သူ​များ၊ စီမံ​အုပ်ချုပ်​သူ​များ၊ အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော​သူ​များ စသည်​တို့​ကို ခန့်ထား​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 29,
      "text": "အားလုံး​သည် တမန်တော်​ဖြစ်​သလော။ အားလုံး​သည် ပရောဖက်​ဖြစ်​သလော။ အားလုံး​သည် ဆရာ​ဖြစ်​သလော။ အားလုံး​သည် တန်ခိုး​လက္ခဏာ​ပြု​သော​သူ​ဖြစ်​သလော။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 30,
      "text": "အားလုံး​သည် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​ရရှိ​သလော။ အားလုံး​သည် အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သလော။ အားလုံး​သည် ၎င်း​၏​အနက်​ကို​ဖွင့်​နိုင်​သလော။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 31,
      "text": "သင်​တို့​မူကား ပို၍​မြတ်​သော​ဆု​ကျေးဇူး​တို့​ကို အလွန်​လိုချင်​သော​စိတ်​ရှိ​ကြ​လော့။ ငါ​သည် သင်​တို့​အား သာ၍​ထူးမြတ်​သော​လမ်း​ကို ပြ​ဦး​မည်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 1,
      "text": "ငါ​သည် လူ့​ဘာသာ​စကား​နှင့် ကောင်းကင်​တမန်​၏​ဘာသာ​စကား​တို့​ကို ပြော​နိုင်​သော်လည်း မေတ္တာ​မ​ရှိ​လျှင် မြည်ဟည်း​သော​ကြေး​မောင်း​၊ သို့မဟုတ် စူးရှ​စွာ​မြည်​သော လင်းကွင်း​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 2,
      "text": "ငါ​သည် ပရောဖက်ပြု​ဟောပြော​နိုင်​သော​အခွင့်​ကို​ရရှိ​၍ လျှို့ဝှက်​နက်နဲ​သော​အရာ​ရှိသမျှ​နှင့် အသိပညာ​အလုံးစုံ​တို့​ကို နားလည်​သိရှိ​ကာ တောင်​များ​ကို​ရွှေ့​နိုင်​သည့် ယုံကြည်​ခြင်း​အပြည့်အဝ​ရှိ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် အချည်းနှီး​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 3,
      "text": "ငါ​သည် မိမိ​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို စွန့်ကြဲ​သည်​သာမက ငါ​၏​ကိုယ်ခန္ဓာ​ကို​မီးရှို့​စေရန် အပ်နှံ​သော်လည်း မေတ္တာ​မ​ရှိ​လျှင် ငါ​၌​မည်သည့်​အကျိုး​မျှ​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 4,
      "text": "မေတ္တာ​သည် စိတ်ရှည်​တတ်​၏။ ကျေးဇူး​ပြု​တတ်​၏။ မေတ္တာ​သည် မနာလို​ခြင်း​မ​ရှိ။ ဝါကြွား​ခြင်း​မ​ရှိ။ မာန​ထောင်လွှား​ခြင်း​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 5,
      "text": "မ​လျောက်ပတ်​စွာ​မ​ပြု​တတ်။ ကိုယ်ကျိုး​ကို​မ​ရှာ​တတ်။ ဒေါသ​အလွယ်တကူ​မ​ထွက်​တတ်။ သူတစ်ပါး​အပြစ်​ကို မှတ်​၍​မ​ထား​တတ်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 6,
      "text": "မတရားမှု​၌ ဝမ်းမြောက်​ခြင်း​မ​ရှိ​ဘဲ သမ္မာတရား​၌​သာ ဝမ်းမြောက်​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 7,
      "text": "ခပ်သိမ်း​သော​အရာ​ကို ကြံ့ကြံ့ခံ​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ယုံကြည်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို မျှော်လင့်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 8,
      "text": "မေတ္တာ​သည် မည်သည့်အခါမျှ ကုန်ခန်း​ခြင်း​မ​ရှိ။ ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​မူကား ပယ်ဖျက်​ခြင်း​ခံရ​ကြ​လိမ့်မည်။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​တို့​သည်​လည်း ရပ်တန့်​သွား​ကြ​လိမ့်မည်။ အသိပညာ​သည်​လည်း ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 9,
      "text": "အကြောင်းမူကား ငါ​တို့​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​ကြ​ပြီး တစ်စိတ်တစ်ဒေသ​မျှသာ ပရောဖက်ပြု​ဟောပြော​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 10,
      "text": "သို့သော် စုံလင်​ခြင်း​ရောက်လာ​သောအခါ တစ်စိတ်တစ်ဒေသ​မျှသာ​ဖြစ်​သော​အရာ​သည် ပယ်ဖျက်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 11,
      "text": "ငါ​သည် ကလေး​သူငယ်​ဖြစ်​စဉ်​က ကလေး​သူငယ်​ကဲ့သို့​ပြောဆို​ခဲ့​၏။ ကလေး​သူငယ်​ကဲ့သို့​စဉ်းစား​ခဲ့​၏။ ကလေး​သူငယ်​ကဲ့သို့​တွေးဆ​ခဲ့​၏။ လူကြီး​ဖြစ်လာ​သောအခါ ကလေး​သူငယ်​၏​အလေ့အထ​များ​ကို ငါ​ပယ်ရှား​၏။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 12,
      "text": "ယခု ငါ​တို့​သည် မှန်​အားဖြင့် မှုန်ဝါးဝါး​သာ​မြင်​ရ​ကြ​၏။ ထိုအခါ​၌​မူကား မျက်ဝါးထင်ထင်​မြင်​ရ​ကြ​လိမ့်မည်။ ယခု ငါ​သည် တစ်စိတ်တစ်ဒေသ​မျှသာ​သိ​၏။ သို့သော် ငါ့​ကို​စုံလင်​စွာ​သိ​တော်မူ​သကဲ့သို့ ထိုအခါ​၌​မူကား ငါ​သည်​လည်း စုံလင်​စွာ​သိ​ရ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 13,
      "text": "ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 1,
      "text": "ချစ်​ခြင်း​မေတ္တာ​ကို လက်ကိုင်ပြု​ကြ​လော့။ ထို့ပြင် ဝိညာဉ်​ဆု​ကျေးဇူး​များ၊ အထူးသဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်​သော​ဆုကျေးဇူး​ကို အလွန်​လိုချင်​သော​စိတ်​ရှိ​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 2,
      "text": "အကြောင်းမူကား အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် လူ​တို့​အား ပြောဆို​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​အား ပြောဆို​၏။ အဘယ်ကြောင့်​ဆိုသော် ထို​စကား​ကို မည်သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိညာဉ်​တော်​အားဖြင့် လျှို့ဝှက်​နက်နဲ​သော​အရာ​တို့​ကို ပြောဆို​နေ​ခြင်း​သာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 3,
      "text": "ပရောဖက်ပြု​ဟောပြော​သော​သူ​မူကား တည်ဆောက်​မြှင့်တင်​ပေး​ခြင်း၊ တိုက်တွန်း​အားပေး​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​တို့​အတွက် လူ​တို့​အား​ဟောပြော​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 4,
      "text": "အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် မိမိ​ကို​သာ​တည်ဆောက်​မြှင့်တင်​၏။ ပရောဖက်ပြု​ဟောပြော​သော​သူ​မူကား အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 5,
      "text": "သင်​တို့​အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​နိုင်​ရန် ငါ​အလိုရှိ​၏။ သို့သော် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို သင်​တို့​အား ပို၍​ပြု​စေ​လို​၏။ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​ရန် ၎င်း​၏​အနက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပရောဖက်ပြု​ဟောပြော​သော​သူ​သည် ပို၍​ကြီးမြတ်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 6,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ​လာ​၍ အခြား​သော​ဘာသာ​စကား​များ​ပြောဆို​သော်လည်း ဗျာဒိတ်​တော်​အားဖြင့်​ဖြစ်စေ၊ အသိပညာ​အားဖြင့်​ဖြစ်စေ၊ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့်​ဖြစ်စေ၊ သွန်သင်​သည့်​စကား​အားဖြင့်​ဖြစ်စေ မ​ဟောပြော​လျှင် သင်​တို့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 7,
      "text": "ပလွေ​၊ သို့မဟုတ် စောင်း​ကဲ့သို့သော သက်မဲ့​တူရိယာ​များ​ပင်လျှင် ပီပြင်​ပြတ်သား​သော​သံစဉ်​မ​ထွက်​လျှင် မည်သည့်​အရာ​ကို မှုတ်​နေ​သည်​ကို​လည်းကောင်း၊ မည်သည့်​အရာ​ကို တီး​နေ​သည်​ကို​လည်းကောင်း မည်သို့​သိ​နိုင်​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 8,
      "text": "တံပိုးခရာ​သည်​လည်း မ​သေချာ​သော​အသံ​ကို​ပေး​လျှင် မည်သူ​သည် တိုက်ပွဲ​အတွက် ပြင်ဆင်​လိမ့်မည်​နည်း။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 9,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း နား​မ​လည်​နိုင်​သော​သတင်း​စကား​ကို အခြား​သော​ဘာသာ​စကား​ဖြင့် ပြောဆို​လျှင် ပြောဆို​သော​အရာ​များ​ကို မည်သို့​သိ​နိုင်​မည်နည်း။ သင်​တို့​သည် လေ​ကို​စကား​ပြော​နေ​ခြင်း​သာ ဖြစ်​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 10,
      "text": "ကမ္ဘာ​ပေါ်တွင် ဘာသာ​စကား​အမျိုးအစား များစွာ​ရှိ​သည်​မှန်​သော်လည်း အဓိပ္ပာယ်​မဲ့​သော​စကား​တစ်ခုမျှ​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 11,
      "text": "ထို့ကြောင့် ဘာသာ​စကား​၏​အနက်​အဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စကား​ကို​ပြောဆို​နေ​သူ​အတွက် ငါ​သည် တိုင်းတစ်ပါးသား​ဖြစ်​သကဲ့သို့ ပြောဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အတွက် တိုင်းတစ်ပါးသား​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 12,
      "text": "သို့ဖြစ်၍ သင်​တို့​သည်​လည်း ဝိညာဉ်​ဆု​ကျေးဇူး​များ​ကို​ရရှိ​ရန် စိတ်အား​ထက်သန်​လျက်​ရှိ​ကြ​သည်​ဖြစ်၍ အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​အတွက် ထို​ဆုကျေးဇူး​ဖြင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ကြိုးစား​အားထုတ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 13,
      "text": "ထို့ကြောင့် အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အနက်​ဖွင့်​နိုင်​မည့်​အကြောင်း ဆုတောင်း​စေ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 14,
      "text": "အကြောင်းမူကား အခြား​သော​ဘာသာ​စကား​အားဖြင့် ငါ​ဆုတောင်း​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် ဆုတောင်း​သော်လည်း ငါ​၏​အသိစိတ်​မူကား အကျိုး​မ​ပေး။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 15,
      "text": "သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ငါ​သည် စိတ်​ဝိညာဉ်​အားဖြင့် ဆုတောင်း​၍ အသိစိတ်​အားဖြင့်​လည်း ဆုတောင်း​မည်။ စိတ်​ဝိညာဉ်​အားဖြင့် သီချင်း​ဆို​၍ အသိစိတ်​အားဖြင့်​လည်း သီချင်း​ဆို​မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 16,
      "text": "သို့မဟုတ်လျှင် သင်​သည် စိတ်​ဝိညာဉ်​အားဖြင့် ကျေးဇူး​တော်​ချီးမွမ်း​သောအခါ ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော အုပ်စု​အဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စကား​ကို နား​မ​လည်​သောကြောင့် သင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အတွက် “အာမင်”​ဟု မည်သို့​ပြော​နိုင်​မည်နည်း။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 17,
      "text": "သင်​သည် ကျေးဇူး​တော်​ကို​ချီးမွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့သော် သူတစ်ပါး​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 18,
      "text": "ငါ​သည် သင်​တို့​အားလုံး​ထက် အခြား​သော​ဘာသာ​စကား​များ​ကို ပို၍​ပြောဆို​ရ​သည့်​အတွက် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 19,
      "text": "သို့သော် အသင်းတော်​ထဲ၌ အခြား​သော​ဘာသာ​စကား​ဖြင့် စကား​အခွန်း​တစ်သောင်း​ပြော​ခြင်း​ထက် သူတစ်ပါး​တို့​ကို သွန်သင်​နိုင်​ရန် ငါ​၏​အသိစိတ်​ဖြင့် စကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ၍ ငါ​အလို​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 20,
      "text": "ညီအစ်ကို​တို့၊ စဉ်းစား​ဆင်ခြင်​မှု​နှင့်​ပတ်သက်၍ ကလေး​သူငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မကောင်းမှု​နှင့်​ပတ်သက်၍ ကလေး​သူငယ်​များ​ကဲ့သို့​ဖြစ်​ကြ​လျက် စဉ်းစား​ဆင်ခြင်​မှု​နှင့်ပတ်သက်၍ စုံလင်​ရင့်ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 21,
      "text": "ပညတ်​တရား​ကျမ်း​၌ “ငါ​သည် ဤ​လူမျိုး​တို့​အား ထူးခြား​သော​ဘာသာ​စကား​နှင့် တိုင်းတစ်ပါးသား​များ​၏​နှုတ်​တို့​ဖြင့် ပြောဆို​မည်။ သို့သော် သူ​တို့​သည် နားထောင်​ကြ​လိမ့်မည်​မ​ဟုတ်​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏” ​ဟူ၍ ရေး​ထား​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 22,
      "text": "သို့ဖြစ်၍ အခြား​သော​ဘာသာ​စကား​တို့​သည် ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​မ​ဟုတ်​ဘဲ မ​ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​၏။ ပရောဖက်ပြု​ဟောပြော​ခြင်း​မူကား မ​ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​မ​ဟုတ်​ဘဲ ယုံကြည်​သူ​တို့​အတွက် နိမိတ်​လက္ခဏာ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 23,
      "text": "ထို့ကြောင့် အသင်းတော်​တစ်ခုလုံး​စုဝေး​လျက် အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​ကြ​စဉ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ​များ​၊ သို့မဟုတ် မ​ယုံကြည်​သူ​များ ဝင်လာ​လျှင် သင်​တို့​ရူးသွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်မည် မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 24,
      "text": "သို့သော် အားလုံး​သည် ပရောဖက်ပြု​ဟောပြော​ကြ​စဉ် မ​ယုံကြည်​သူ​၊ သို့မဟုတ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်စုံတစ်ဦး​ဝင်လာ​လျှင် သူ​သည် သင်​တို့​အားလုံး​ကြောင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​၍ သင်​တို့​အားလုံး​၏​စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​ကာ"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 25,
      "text": "သူ​၏​စိတ်နှလုံး​ထဲမှ ကွယ်ဝှက်​ထား​သော​အရာ​တို့​သည် ထင်ရှား​လာ​သဖြင့် “ဘုရားသခင်​သည် သင်​တို့​အလယ်၌ အမှန်​ရှိ​တော်မူ​၏”​ဟု ဝန်ခံ​လျက် ဘုရားသခင်​ကို ပျပ်ဝပ်​ရှိခိုး​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 26,
      "text": "သို့ဖြစ်လျှင် ညီအစ်ကို​တို့၊ မည်သို့​ဆို​ရ​မည်နည်း။ သင်​တို့​သည် စည်းဝေး​ကြ​သောအခါ ဆာလံ​သီချင်း​ဆို​သော​သူ၊ သွန်သင်​ပေး​သော​သူ၊ ဗျာဒိတ်​တော်​ဟောပြော​သော​သူ၊ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​နှင့် ထို​ဘာသာ​စကား​၏​အနက်​ကို​ဖွင့်​သော​သူ အသီးသီး​ရှိ​ကြ​၏။ ခပ်သိမ်း​သော​အမှု​တို့​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​အတွက် ပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 27,
      "text": "အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး​၊ သို့မဟုတ် အများဆုံး​သုံး​ဦး​က တစ်လှည့်စီ​ပြော​၍ တစ်​ဦး​က အနက်​ဖွင့်​စေ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 28,
      "text": "သို့သော် အနက်ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အသင်းတော်​၌ တိတ်ဆိတ်​စွာ​နေ​၍ မိမိကိုယ်ကို​လည်းကောင်း၊ ဘုရားသခင်​ကို​လည်းကောင်း ပြော​စေ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 29,
      "text": "ပရောဖက်​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​တို့​သည် ဟောပြော​၍ အခြား​သော​သူ​တို့​သည် ဆင်ခြင်​သုံးသပ်​ကြ​စေ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 30,
      "text": "သို့သော် ထိုင်​နေ​သော​အခြား​သူ​အား တစ်စုံတစ်ခု​ကို​ဖွင့်ပြ​တော်မူ​လျှင် ပထမ​လူ​သည် တိတ်ဆိတ်​စွာ​နေ​စေ။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 31,
      "text": "အကြောင်းမူကား လူ​တိုင်း​သွန်သင်​ခြင်း​ခံရ​၍ လူ​တိုင်း​တိုက်တွန်း​နှိုးဆော်​ခြင်း​ခံရ​မည့်​အကြောင်း သင်​တို့​အားလုံး​သည် တစ်ဦး​ပြီး​တစ်ဦး ပရောဖက်ပြု​ဟောပြော​နိုင်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 32,
      "text": "ပရောဖက်​တို့​၏​စိတ်​ဝိညာဉ်​တို့​သည် ပရောဖက်​တို့​ကို​နာခံ​တတ်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 33,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့်ဆိုင်သော​ဘုရား​မ​ဟုတ်​ဘဲ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သော​ဘုရား​ဖြစ်​တော်မူ​၏။ သန့်ရှင်း​သူ​တို့​၏​အသင်းတော်​တိုင်း​၌ ပြုကျင့်​သကဲ့သို့"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 34,
      "text": "မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 35,
      "text": "သူ​တို့​သည် တစ်စုံတစ်ခု​ကို​သင်ယူ​လို​လျှင် အိမ်​၌ မိမိ​၏​လင်​ယောက်ျား​အား မေးမြန်း​ကြ​စေ။ အကြောင်းမူကား မိန်းမ​တစ်​ဦး​အနေဖြင့် အသင်းတော်​၌​ဟောပြော​ခြင်း​သည် ရှက်ဖွယ်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 36,
      "text": "ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​ထံမှ​ထွက်လာ​သလော၊ သို့မဟုတ် သင်​တို့​ထံသို့​သာ​ရောက်​လာ​သလော။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 37,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ပရောဖက်​၊ သို့မဟုတ် ဝိညာဉ်​လူ​ဖြစ်​သည်​ဟု​ထင်မှတ်​လျှင် သင်​တို့​ထံ ငါ​ရေး​လိုက်​သော​အကြောင်းအရာ​တို့​သည် သခင်​ဘုရား​၏​ပညတ်​တော်​ဖြစ်​ကြောင်း သူ​သည် သိမှတ်​ရ​မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 38,
      "text": "မည်သူမဆို ဤ​အရာ​ကို အသိအမှတ်​မ​ပြု​လျှင် ထို​သူ​သည် အသိအမှတ်​ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 39,
      "text": "သို့ဖြစ်၍ ငါ့​ညီအစ်ကို​တို့၊ ပရောဖက်ပြု​ဟောပြော​ရန် အလွန်​အလိုရှိ​ကြ​လော့။ အခြား​သော​ဘာသာ​စကား​ပြောဆို​ခြင်း​ကို​လည်း မ​တားမြစ်​ကြ​နှင့်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 40,
      "text": "သို့သော် အရာ​အားလုံး​ကို တင့်တယ်​လျောက်ပတ်​စွာ အစီအစဉ်​တကျ​ပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​ဟောပြော​ခဲ့​၍ သင်​တို့​လက်ခံ​ခဲ့​သည်​သာမက ၎င်း​အပေါ်၌ သင်​တို့​ရပ်တည်​ခဲ့​သည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား တစ်ဖန် ငါ​သိ​စေ​အပ်​ပါ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 2,
      "text": "သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 3,
      "text": "အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 4,
      "text": "ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 5,
      "text": "ကေဖ​ထံ ထင်ရှားပြ​တော်မူ​ပြီးနောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထံ ထင်ရှားပြ​တော်မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 6,
      "text": "ထို့နောက် ကိုယ်တော်​သည် ညီအစ်ကို​ငါးရာ​ကျော်​တို့​ထံ တစ်ပြိုင်တည်း​မှာ​ပင် ထင်ရှားပြ​တော်မူ​၏။ ထို​သူ​တို့​ထဲမှ အချို့​တို့​သည် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော်လည်း အများစု​တို့​သည် ယခု​တိုင်အောင် အသက်ရှင်​လျက်​ရှိ​သေး​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 7,
      "text": "ထို့နောက် ကိုယ်တော်​သည် ယာကုပ်​ထံ ထင်ရှားပြ​တော်မူ​ပြီး တမန်တော်​အားလုံး​တို့​ထံ ထင်ရှားပြ​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 8,
      "text": "နောက်ဆုံး​တွင် အချိန်မတော်မတန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်ရှားပြ​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 9,
      "text": "အမှန်စင်စစ် ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို ညှဉ်းဆဲ​ခဲ့​သောကြောင့် တမန်တော်​များ​ထဲတွင် အသေးသိမ်ဆုံး​သော​သူ​ဖြစ်​ပြီး တမန်တော်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 10,
      "text": "သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 11,
      "text": "ထို့ကြောင့် ငါ​ဖြစ်စေ၊ ထို​သူ​တို့​ဖြစ်စေ ထိုသို့​ဟောပြော​ကြ​၏။ သင်​တို့​သည်​လည်း ထိုသို့​ယုံကြည်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 12,
      "text": "ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ​ဟု ဟောပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲမှ အချို့​တို့​က သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​သနည်း။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 13,
      "text": "သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 14,
      "text": "ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် ငါ​တို့​၏​ဟောပြော​ခြင်း​သည် အချည်းနှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံကြည်​ခြင်း​သည်​လည်း အချည်းနှီး​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 15,
      "text": "ထိုမျှမက ငါ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ​များ ဖြစ်သွား​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​တော်​မ​မူ​လျှင် ဘုရားသခင်​ထမြောက်​စေ​တော်​မ​မူ​သော​ခရစ်တော်​ကို ဘုရားသခင်​ထမြောက်​စေ​တော်မူ​ပြီ​ဟု ငါ​တို့​သက်သေခံ​နေ​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 16,
      "text": "အကြောင်းမူကား သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 17,
      "text": "ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​အပြစ်​များ​ထဲ၌​ရှိ​နေ​ကြ​သေး​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 18,
      "text": "သို့ဖြစ်လျှင် ခရစ်တော်​၌ အိပ်ပျော်​သော​သူ​တို့​သည်​လည်း ပျက်စီး​ကြ​လေ​ပြီ။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 19,
      "text": "ငါ​တို့​သည် ခရစ်တော်​၌ ယခု​ဘဝ​အတွက်​သာ မျှော်လင့်​စရာ​ရှိ​ခဲ့​လျှင် လူ​အပေါင်း​တို့​ထက် ပို၍​သနား​စရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 20,
      "text": "ယခု​မူကား ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​၍ အိပ်ပျော်​သော​သူ​တို့​တွင် အသီးဦး​ဖြစ်​တော်မူ​ပြီ။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 21,
      "text": "အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​သကဲ့သို့ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 22,
      "text": "အကြောင်းမူကား လူ​အပေါင်း​တို့​သည် အာဒံ​အားဖြင့် သေဆုံး​ကြ​ရ​သည့်​နည်းတူ လူ​အပေါင်း​တို့​သည် ခရစ်တော်​အားဖြင့် အသက်ရှင်​စေ​ခြင်း​ကို​ခံ​ကြ​ရ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 23,
      "text": "သို့သော် တစ်ဦးစီ​၌ မိမိ​အလှည့်​ရှိ​၍ ခရစ်တော်​သည် အသီးဦး​ဖြစ်​တော်မူ​၏။ ထို့နောက် ခရစ်တော်​နှင့်ဆိုင်သော​သူ​တို့​သည် ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ ထမြောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 24,
      "text": "ထို့နောက် အဆုံး​သည်​ရောက်လာ​လိမ့်မည်။ ထိုအခါ ကိုယ်တော်​သည် အုပ်ချုပ်မှု​ရှိသမျှ၊ တန်ခိုး​နှင့်​အာဏာစက်​ရှိသမျှ​တို့​ကို​ဖျက်ဆီး​၍ နိုင်ငံ​တော်​ကို ခမည်းတော်​ဘုရားသခင်​ထံသို့ အပ်နှံ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 25,
      "text": "အကြောင်းမူကား ရန်သူ​အပေါင်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​သည်​အထိ ကိုယ်တော်​သည်​အုပ်စိုး​ရ​မည်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 26,
      "text": "ဖျက်ဆီး​ခြင်း​ခံရ​မည့် နောက်ဆုံး​ရန်သူ​မှာ သေ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 27,
      "text": "အကြောင်းမူကား “ဘုရားသခင်​သည် အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​၍ နာခံ​စေ​တော်မူ​၏။” အရာ​ခပ်သိမ်း​တို့​ကို နာခံ​စေ​တော်မူ​၏​ဟု ဆို​ရာ​တွင် အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သော​အရှင်​သည် ထို​အရာ​များ​ထဲ၌​မ​ပါ​ကြောင်း ထင်ရှား​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 28,
      "text": "အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သောအခါ သား​တော်​ကိုယ်တိုင်​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​တော်မူ​သော​အရှင်​ကို နာခံ​တော်မူ​လိမ့်မည်။ ဤသည်ကား ဘုရားသခင်​သည် အလုံးစုံ​တို့​၌ အလုံးစုံ​ဖြစ်​တော်မူ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 29,
      "text": "သို့ဖြစ်လျှင် သေလွန်​သော​သူ​တို့​၏​ကိုယ်စား ဗတ္တိဇံ​ခံ​သော​သူ​တို့​သည် အဘယ်ကြောင့် ထိုသို့​ပြု​ရ​ကြ​သနည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​အလျှင်း​မ​ရှိ​လျှင် အဘယ်ကြောင့် သူ​တို့​ကိုယ်စား ဗတ္တိဇံ​ခံ​စရာ​ရှိ​သနည်း။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 30,
      "text": "ငါ​တို့​သည်​လည်း အဘယ်ကြောင့် အန္တရာယ်​နှင့် အစဉ်အမြဲ​ရင်ဆိုင်​နေ​ရ​သနည်း။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 31,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၌ သင်​တို့​ကြောင့် ငါ​ရရှိ​သော​ဝါကြွား​ဝမ်းမြောက်​ခြင်း​ကို​တိုင်တည်​၍ “ငါ​သည် နေ့တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 32,
      "text": "ငါ​သည် လူ့​သဘော​ဖြင့် ဧဖက်​မြို့​၌ သားရဲ​တို့​နှင့်​တိုက်ခိုက်​ခဲ့​သည်​ဆိုလျှင် ငါ့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မနက်ဖြန်​သေ​ကြ​ရ​မည်​ဖြစ်၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်စို့။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 33,
      "text": "အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 34,
      "text": "အမြင်​မှန်​ရ​ကြ​လော့။ အပြစ်​ကို​မ​ပြု​ကြ​နှင့်။ အကြောင်းမူကား အချို့​သော​သူ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့​ငါ​ပြော​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 35,
      "text": "သို့သော် လူ​အချို့​တို့​က “သေလွန်​သော​သူ​တို့​သည် မည်သို့​ထမြောက်​ကြ​မည်နည်း။ မည်သို့​သော​ကိုယ်ခန္ဓာ​ဖြင့် ပေါ်လာ​ကြ​မည်နည်း”​ဟု မေးမြန်း​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 36,
      "text": "အချင်း​လူမိုက်၊ သင်​စိုက်ပျိုး​သော​အရာ​သည် မ​ပျက်​လျှင် ရှင်သန်​လာ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 37,
      "text": "သင်​စိုက်ပျိုး​သော​အရာ​သည်​လည်း နောက်​ဖြစ်လာ​မည့်​ကိုယ်ထည်​ကို စိုက်ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ​၊ သို့မဟုတ် အခြား​သီးနှံ​၏​အစေ့​သက်သက်​ကို​သာ စိုက်ပျိုး​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 38,
      "text": "သို့သော် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အစေ့​အား ကိုယ်ထည်​ကို​ပေး​တော်မူ​၍ အစေ့​တစ်စေ့စီ​အား မိမိ​အမျိုးအစား​အလိုက် ကိုယ်ထည်​ကို​ပေး​တော်မူ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 39,
      "text": "အသား​အားလုံး​သည် တစ်မျိုးတည်း​မ​ဟုတ်။ လူ​တို့​၏​အသား​သည် တစ်​မျိုး၊ တိရစ္ဆာန်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ကျေးငှက်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အသား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 40,
      "text": "ကောင်းကင်​ကိုယ်ခန္ဓာ​များ​ရှိ​၍ မြေကြီး​ကိုယ်ခန္ဓာ​များ​လည်း​ရှိ​၏။ သို့သော် ကောင်းကင်​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး​ဖြစ်၍ မြေကြီး​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 41,
      "text": "နေ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး၊ လ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး၊ ကြယ်​များ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​ချင်း​၏​ဘုန်း​အသရေ​သည်​လည်း ခြားနား​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 42,
      "text": "သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 43,
      "text": "အသရေ​မ​ရှိ​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ အားနည်း​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ခွန်အား​နှင့်​ပြည့်စုံ​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 44,
      "text": "ဇာတိ​ကိုယ်ခန္ဓာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဝိညာဉ်​ကိုယ်ခန္ဓာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ ဇာတိ​ကိုယ်ခန္ဓာ​ရှိ​လျှင် ဝိညာဉ်​ကိုယ်ခန္ဓာ​လည်း​ရှိ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 45,
      "text": "ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏” ​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 46,
      "text": "သို့သော် ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဦးစွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာတိ​နှင့်ဆိုင်သော​အရာ​ဖြစ်​ပြီးမှ ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဖြစ်​ပေါ်လာ​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 47,
      "text": "ပထမ​လူ​သည် မြေကြီး​မှ​ဖြစ်၍ မြေမှုန့်​နှင့်ဆိုင်​၏။ ဒုတိယ​လူ​သည် ကောင်းကင်​မှ​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 48,
      "text": "မြေမှုန့်​နှင့်ဆိုင်သော​သူ​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။ ကောင်းကင်​နှင့်ဆိုင်သော​သူ​မူကား ကောင်းကင်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 49,
      "text": "ငါ​တို့​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​ဆောင်​သကဲ့သို့ ကောင်းကင်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 50,
      "text": "ညီအစ်ကို​တို့၊ ငါ​ဆို​သည်​ကား အသွေး​အသား​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည်​လည်း ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 51,
      "text": "နားထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အားလုံး​သည် အိပ်ပျော်​ကြ​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 52,
      "text": "သို့သော် နောက်ဆုံး​သော​တံပိုးခရာ​မှုတ်​ချိန်​၌ မျက်စိ​တစ်​မှိတ်​အတွင်း တစ်ခဏချင်း​တွင် ငါ​တို့​အားလုံး​သည် ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား တံပိုးခရာ​မှုတ်​သောအခါ သေလွန်​သော​သူ​တို့​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ငါ​တို့​သည်​လည်း ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 53,
      "text": "အဘယ်ကြောင့်​ဆိုသော် ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 54,
      "text": "ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ”​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 55,
      "text": "“အို သေ​ခြင်း၊ သင်​၏​အောင်မြင်​ခြင်း​သည် အဘယ်မှာ​ရှိ​သနည်း။ အို သေ​ခြင်း၊ သင်​၏​အဆိပ်​ဆူး​သည် အဘယ်မှာ​ရှိ​သနည်း။”"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 56,
      "text": "သေ​ခြင်း​၏​အဆိပ်​ဆူး​သည် အပြစ်​ဖြစ်​၍ အပြစ်​၏​တန်ခိုး​သည် ပညတ်​တရား​ဖြစ်​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 57,
      "text": "သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 58,
      "text": "ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 1,
      "text": "သန့်ရှင်း​သူ​တို့​အတွက် အလှူ​ကောက်ခံ​ခြင်း​နှင့်​ပတ်သက်၍ ဂလာတိ​ပြည်​ရှိ အသင်းတော်​များ​ကို ငါ​မှာထား​သကဲ့သို့ သင်​တို့​သည်​လည်း ထိုနည်းတူ​ပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 2,
      "text": "ငါ​လာ​သောအခါ​မှ အလှူ​ကောက်ခံ​ခြင်း​မ​ရှိ​စေရန် ရက်သတ္တပတ်​၏​ပထမ​နေ့​တိုင်း​တွင် သင်​တို့​တစ်ဦးစီ​သည် မိမိ​တို့​ကြီးပွား​သည့်​အတိုင်း တစ်စုံတစ်ခု​ကို​ဖယ်ထား​၍ စုဆောင်း​ထား​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 3,
      "text": "ငါ​ရောက်လာ​သောအခါ သင်​တို့​၏​လက်ဆောင်​ကို ဂျေရုဆလင်​မြို့​သို့​ယူဆောင်​သွား​ရန် သင်​တို့​အသိအမှတ်ပြု​သော​သူ​ကို စာ​နှင့်တကွ ငါ​စေလွှတ်​မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 4,
      "text": "ငါ​ကိုယ်တိုင်​လည်း သွား​သင့်​သည်​ဆို​လျှင် သူ​တို့​သည် ငါ​နှင့်အတူ​လိုက်​ရ​ကြ​မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 5,
      "text": "ငါ​သည် မာကေဒေါနိ​ပြည်​ကို​ဖြတ်​လာ​မည်​ဖြစ်၍ မာကေဒေါနိ​ပြည်​ကို လှည့်လည်​ပြီးမှ သင်​တို့​ထံသို့​လာ​မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 6,
      "text": "ငါ​သည် သင်​တို့​နှင့်အတူ ဆောင်း​ကာလ​အတွင်း နေ​ကောင်း​နေ​ဖြစ်​လိမ့်မည်။ သို့ပြုလျှင် မည်သည့်​နေရာ​သို့ ငါ​သွား​သည်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​ပို့ဆောင်​ပေး​နိုင်​ကြ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 7,
      "text": "ငါ​သည် ယခု သင်​တို့​ကို ခရီးကြုံ​၍ ဝင်​တွေ့​ရုံမျှ​သာ​မ​ပြု​လို​ပေ။ အကြောင်းမူကား သခင်​ဘုရား​ခွင့်ပြု​တော်မူ​လျှင် သင်​တို့​နှင့်အတူ ကာလ​အတန်ကြာ​နေ​ရန် ငါ​မျှော်လင့်​ထား​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 8,
      "text": "သို့သော် ပင်တေကုတ္တေ​ပွဲ​နေ့​တိုင်အောင် ဧဖက်​မြို့​၌ ငါ​နေ​ဦး​မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 9,
      "text": "အကြောင်းမူကား ထိရောက်​မှု​ရှိ​သော​အမှု​တော်​လုပ်ငန်း​အတွက် ကြီးမား​သော​တံခါး​သည် ငါ့​အတွက်​ပွင့်​လျက်​ရှိ​၍ ဆန့်ကျင်​သော​သူ​လည်း များစွာ​ရှိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 10,
      "text": "တိမောသေ​ရောက်လာ​လျှင် သူ​သည် စိုးရိမ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​နှင့်အတူ​နေထိုင်​နိုင်​ရန် ဂရုစိုက်​ကြ​လော့။ အကြောင်းမူကား သူ​သည် ငါ​ကဲ့သို့​ပင် သခင်​ဘုရား​၏​အမှု​တော်​ကို​ဆောင်ရွက်​နေ​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 11,
      "text": "ထို့ကြောင့် မည်သူ​မျှ သူ့​ကို​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ ငါ​သည် ညီအစ်ကို​များ​နှင့်အတူ သူ​ရောက်လာ​မည်​ကို စောင့်​နေ​သည်​ဖြစ်၍ သူ​သည် ငါ့​ထံသို့​ပြန်လာ​နိုင်​ရန် သူ့​ကို ငြိမ်းချမ်း​စွာ​ပို့ဆောင်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 12,
      "text": "ငါ့​ညီ​အာပေါလု​နှင့်​ပတ်သက်၍ သူ​သည် ညီအစ်ကို​များ​နှင့်အတူ သင်​တို့​ထံသို့​လာ​ရန် သူ့​ကို လေးလေးနက်နက် ငါ​တိုက်တွန်း​ခဲ့​သော်လည်း သူ​သည် ယခု​လာ​ရန် ဆန္ဒ​အလျဉ်း​မ​ရှိ။ သို့သော် အခွင့်​သာ​သောအခါ သူ​လာ​လိမ့်မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 13,
      "text": "သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယုံကြည်​ခြင်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့။ ရဲစွမ်းသတ္တိ​ရှိ​ကြ​လော့။ ကြံ့ခိုင်​သန်စွမ်း​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 14,
      "text": "သင်​တို့​ပြု​သမျှ​သော​အမှု​တို့​ကို ချစ်​ခြင်း​မေတ္တာ​ဖြင့် ပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 15,
      "text": "ညီအစ်ကို​တို့၊ သတေဖနာ​၏​အိမ်သူအိမ်သား​တို့​သည် အခါယ​ပြည်​၏​အသီးဦး​ဖြစ်​ကြ​ပြီး သန့်ရှင်း​သူ​တို့​၏​အမှု​ကို​ဆောင်ရွက်​ရန် သူ​တို့​သည် မိမိ​တို့​ကိုယ်ကို​ဆက်ကပ်​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 16,
      "text": "ထိုသို့သော​သူ​တို့​မှစ၍ သူ​တို့​နှင့်အတူ​လုပ်ဆောင်​လျက် ကြိုးစား​အားထုတ်​နေ​သော​သူ​အားလုံး​တို့​ကို​နာခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 17,
      "text": "သတေဖနာ၊ ဖော်တုနတ်​နှင့် အခါယကု​တို့​သည် ရောက်လာ​ကြ​သောကြောင့် ငါ​ဝမ်းမြောက်​၏။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​၏​လစ်ဟင်း​မှု​ကို ဖြည့်ဆည်း​ပေး​၍"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 18,
      "text": "ငါ​၏​စိတ်​ဝိညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိညာဉ်​တို့​အား ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​ကြ​၏။ သို့ဖြစ်၍ ထိုသို့သော​သူ​တို့​ကို အသိအမှတ်​ပြု​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 19,
      "text": "အာရှ​ပြည်​ရှိ​အသင်းတော်​များ​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ အာကုလ​နှင့်​ပြစ်ကိလ​တို့​မှစ၍ သူ​တို့​အိမ်​၌​စုဝေး​သော​အသင်းတော်​သည် သခင်​ဘုရား​၌ သင်​တို့​ကို လှိုက်လှဲ​စွာ​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 20,
      "text": "ညီအစ်ကို​အပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ အချင်းချင်း​သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 21,
      "text": "ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 22,
      "text": "မည်သူမဆို သခင်​ဘုရား​ကို​မ​ချစ်​လျှင် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ သခင်​ဘုရား၊ ကြွလာ​တော်မူ​ပါ။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 23,
      "text": "သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 24,
      "text": "ငါ​၏​ချစ်​ခြင်း​မေတ္တာ​သည် ခရစ်တော်​ယေရှု​၌ သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောရိန္သု​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယ​ပြည်​တစ်ဝန်းလုံး​ရှိ သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်၊ သက်ညှာ​ခြင်း​နှင့်​ပြည့်စုံ​တော်မူ​သော​အဖ​တည်းဟူသော နှစ်သိမ့်​ခြင်း​အလုံးစုံ​တို့​ကို​ပေး​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 4,
      "text": "ဘုရားသခင်​သည် ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​တို့​၌ ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။ ဤသည်ကား ဘုရားသခင်​ထံမှ ငါ​တို့​ရရှိ​သော​နှစ်သိမ့်​ခြင်း​အားဖြင့် ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံ​နေ​ရ​သော​သူ​တို့​အား ငါ​တို့​နှစ်သိမ့်​ပေး​နိုင်​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 5,
      "text": "အကြောင်းမူကား ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​များပြား​လှ​သကဲ့သို့ ခရစ်တော်​အားဖြင့် ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​ခြင်း​သည်​လည်း များပြား​လှ​ပေ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 6,
      "text": "ငါ​တို့​သည် ဆင်းရဲ​ဒုက္ခ​ခံရ​လျှင် ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​နှင့်​ကယ်တင်​ခြင်း​အတွက်​ဖြစ်​၏။ ငါ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​လျှင်​လည်း ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​အတွက်​ဖြစ်​ပြီး ထို​နှစ်သိမ့်​ခြင်း​သည် ငါ​တို့​ခံရ​သော​ဒုက္ခ​ဝေဒနာ​မျိုး​၌ သင်​တို့​သည်းခံ​နိုင်​သည့်​ခွန်အား​ကို​ဖြစ်​စေ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​အတွက် ငါ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ခိုင်မြဲ​လျက်​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဒုက္ခ​ဝေဒနာ​ကို မျှဝေ​ခံစား​ရ​သကဲ့သို့ နှစ်သိမ့်​ခြင်း​ကို​လည်း မျှဝေ​ခံစား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 8,
      "text": "ညီအစ်ကို​တို့၊ အာရှ​ပြည်​၌ ငါ​တို့​ကြုံတွေ့​ရ​သော​ဆင်းရဲ​ဒုက္ခ​အကြောင်း​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​သည် မိမိ​တို့​ခံ​နိုင်​စွမ်း​ရှိ​သည်​ထက်​ပိုလွန်​သည့် အတိုင်းထက်​အလွန်​ကြီးလေး​သော​ဒုက္ခ​ကို​ခံ​ခဲ့​ရ​သဖြင့် အသက်ရှင်​ရန်​ပင် မျှော်လင့်​ချက်​ကင်း​မဲ့​ကာ"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 9,
      "text": "သေဒဏ်​စီရင်​ခံရ​ပြီ​ဟု မိမိ​တို့​စိတ်​ထဲ၌​ခံစား​မိ​ကြ​၏။ ဤသည်ကား ငါ​တို့​သည် မိမိကိုယ်ကို​မ​ကိုးစား​ဘဲ သေ​သော​သူ​တို့​ကို​ထမြောက်​စေ​တော်မူ​သော ဘုရားသခင်​ကို​ကိုးစား​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 10,
      "text": "ဘုရားသခင်​သည် ဤမျှလောက်​ကြီးမား​သော​သေဘေး​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​ပြီ။ နောင်တွင်​လည်း ကယ်နုတ်​တော်မူ​လိမ့်မည်။ ဆက်၍​လည်း ကယ်နုတ်​တော်မူ​ဦး​မည်​ဟု ကိုယ်တော်​၌ ငါ​တို့​မျှော်လင့်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 11,
      "text": "သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 12,
      "text": "ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 13,
      "text": "အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ဖတ်ရှု​၍ နားလည်​နိုင်​သော​အရာ​တို့​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ သင်​တို့​ထံသို့ မ​ရေး​ခဲ့​ကြ​ပေ။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 14,
      "text": "သင်​တို့​သည် ငါ​တို့​ကို တစ်စိတ်တစ်ဒေသ သိ​ထား​သည်​ဖြစ်၍ ငါ​တို့​သခင်​ယေရှု​၏​နေ့ရက်​၌ ငါ​တို့​သည် သင်​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံလင်​စွာ​သိ​ကြ​လိမ့်မည်​ဟု ငါ​မျှော်လင့်​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 15,
      "text": "ငါ​သည် ဤသို့​ယုံကြည်​စိတ်ချ​သဖြင့် သင်​တို့​သည် ကျေးဇူး​တော်​ကို နှစ်​ကြိမ်​ခံစား​ရ​မည့်​အကြောင်း သင်​တို့​ထံသို့ ဦးစွာ​လာ​၍"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 16,
      "text": "သင်​တို့​နေရာ​ကို​ဖြတ်​လျက် မာကေဒေါနိ​ပြည်​သို့ သွား​ပြီးနောက် တစ်ဖန် မာကေဒေါနိ​ပြည်​မှ သင်​တို့​ထံသို့​ပြန်လာ​၍ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ယုဒ​ပြည်​သို့​သွား​မည်​ဟု စီစဉ်​ထား​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 17,
      "text": "ဤသို့​စီစဉ်​သောအခါ ငါ​သည် ပေါ့ပေါ့တန်တန်​စီစဉ်​ခဲ့​သလော၊ သို့မဟုတ် ငါ​စီစဉ်​သော​အရာ​များ​ကို ဇာတိ​သဘော​ဖြင့်​စီစဉ်​ခဲ့​သောကြောင့် ငါ့​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​ခဲ့​သလော။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 18,
      "text": "ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​နှင့်အညီ သင်​တို့​အား ငါ​တို့​ပြောဆို​သော​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​သည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 19,
      "text": "အမှန်စင်စစ် ငါ​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့​က သင်​တို့​ထဲတွင်​ဟောပြော​ခဲ့​သော ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၌ တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍​မ​ရှိ​ဘဲ ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍​သာ​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 20,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​ကတိ​တော်​ရှိသမျှ​တို့​သည် ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍ ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​မည့်​အကြောင်း ငါ​တို့​သည် “အာမင်”​ဟု ကိုယ်တော်​အားဖြင့်​ဆို​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 21,
      "text": "ငါ​တို့​ကို သင်​တို့​နှင့်အတူ ခရစ်တော်​၌​တည်မြဲ​စေ​၍ ငါ​တို့​အား ဘိသိက်​ပေး​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 22,
      "text": "ထို​ဘုရားသခင်​သည် ငါ​တို့​ကို​တံဆိပ်​ခတ်နှိပ်​တော်မူ​၍ စရန်​အဖြစ် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ ဝိညာဉ်​တော်​ကို သွင်း​ပေး​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 23,
      "text": "ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန္သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 24,
      "text": "ငါ​တို့​သည် သင်​တို့​၏​ယုံကြည်​ခြင်း​ကို ချုပ်ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​အတွက် သင်တို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ယုံကြည်​ခြင်း​ဖြင့် ရပ်တည်​ကြ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 1,
      "text": "ထို့ကြောင့် ငါ​သည် သင်​တို့​ထံသို့​လာ​၍ သင်​တို့​ကို​ဝမ်းနည်း​စေ​သည့်​အဖြစ်​မျိုး​ကို နောက်တစ်ဖန်​မ​ဖြစ်​စေရန် ငါ​ဆုံးဖြတ်​ထား​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 2,
      "text": "အကြောင်းမူကား ငါ​သည် သင်​တို့​ကို​ဝမ်းနည်း​စေ​လျှင် ငါ့​ကြောင့်​ဝမ်းနည်း​ရ​သူ​မှတစ်ပါး မည်သူ​သည် ငါ့​ကို​ဝမ်းမြောက်​စေ​မည်နည်း။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 3,
      "text": "ငါ​လာ​သောအခါ ငါ့​ကို​ဝမ်းမြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်းနည်း​စေ​မည်​စိုး​၍ ဤ​အကြောင်းအရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်းမြောက်​ခြင်း​သည် သင်​တို့​ရှိသမျှ​၏​ဝမ်းမြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​လျက်​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 4,
      "text": "သင်​တို့​ကို​ဝမ်းနည်း​စေရန်​မ​ဟုတ်​ဘဲ သင်​တို့​အပေါ် ငါ​ထားရှိ​သော ကြွယ်ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေရန် ငါ​သည် ကြီးစွာ​သော​စိတ်​ဆင်းရဲ​ခြင်း​နှင့် ပူဆွေး​ခြင်း​ထဲမှ မျက်ရည်​များစွာ​ဖြင့် သင်​တို့​ထံသို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 5,
      "text": "သို့သော် တစ်စုံတစ်ယောက်​သည် ဝမ်းနည်း​ခြင်း​ကို​ဖြစ်​စေ​ခဲ့​လျှင် သူ​သည် ငါ့​ကို​ဝမ်းနည်း​စေ​သည်​မ​ဟုတ်​ဘဲ မ​ယုတ်​မ​လွန်​ပြော​ရ​လျှင် အတိုင်းအတာ​တစ်​ခု​အထိ သင်​တို့​အားလုံး​ကို​ဝမ်းနည်း​စေ​ခဲ့​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 6,
      "text": "လူ​အများစု​ထံမှ ထို​သူ​ခံရ​သော​အပြစ်ဒဏ်​သည် သူ့​အတွက် လုံလောက်​ပေ​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 7,
      "text": "ထို့ကြောင့် ယခု​အခါ​တွင် သင်​တို့​သည် သူ့​ကို​ခွင့်လွှတ်​၍ နှစ်သိမ့်​ပေး​သင့်​၏။ သို့မဟုတ်လျှင် သူ​သည် ကြီးစွာ​သော​ဝမ်းနည်း​ခြင်း​၌ နစ်မွန်း​သွား​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 8,
      "text": "ထို့ကြောင့် သင်​တို့​သည် ထို​သူ​အပေါ်​မေတ္တာ​ပြ​ရန် သင်​တို့​အား ငါ​တောင်းပန်​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 9,
      "text": "သင်​တို့​သည် အရာရာ​၌ နာခံ​မှု​ရှိ​၊ မ​ရှိ ငါ​သိရှိ​နိုင်​ရန်​အတွက် သင်​တို့​ကို​စမ်းသပ်​သည့်​အနေဖြင့် ထို​စာ​ကို​ငါ​ရေးသား​ခဲ့​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 10,
      "text": "သင်​တို့​ခွင့်လွှတ်​သော​သူ​ကို ငါ​သည်​လည်း​ခွင့်လွှတ်​၏။ ငါ​သည် တစ်စုံတစ်ဦး​ကို​ခွင့်လွှတ်​လျှင် သင်​တို့​အတွက် ခရစ်တော်​၏​ရှေ့​တော်​၌​ခွင့်လွှတ်​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 11,
      "text": "ဤသည်ကား စာတန်​သည် ငါ​တို့​အပေါ်​အမြတ်​မ​ထုတ်​စေရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​သိ​သည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 12,
      "text": "ငါ​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် တရော​မြို့​သို့​ရောက်​သောအခါ သခင်​ဘုရား​သည် ငါ့​အတွက်​တံခါး​ဖွင့်​ပေး​ခဲ့​သော်လည်း"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 13,
      "text": "ငါ့​ညီ​တိတု​ကို​မ​တွေ့​ရ​သောကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင်​မာကေဒေါနိ​ပြည်​သို့ ငါ​ထွက်ခွာ​သွား​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 14,
      "text": "သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 15,
      "text": "အကြောင်းမူကား ငါ​တို့​သည် ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​တွင်​လည်းကောင်း၊ ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​တွင်​လည်းကောင်း ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​၏​မွှေးကြိုင်​သော​ရနံ့​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 16,
      "text": "အချို့​သော​သူ​တို့​အတွက် သေ​ခြင်း​သို့​ပို့ဆောင်​သည့် သေ​ခြင်း​၏​ရနံ့​ဖြစ်​ကြ​ပြီး အချို့​သော​သူ​တို့​အတွက်​ကား အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​သည့် အသက်ရှင်​ခြင်း​၏​ရနံ့​ဖြစ်​ကြ​၏။ သို့ဖြစ်လျှင် ဤ​အမှုအရာ​များ​နှင့် မည်သူ​သည် ထိုက်တန်​သနည်း။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 17,
      "text": "အကြောင်းမူကား ငါ​တို့​သည် များစွာ​သော​သူ​တို့​ပြု​သကဲ့သို့ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​ကို လှည့်လည်​ရောင်းစား​၍​အမြတ်ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူစင်​သော​သူ၊ ဘုရားသခင်​ထံမှ စေလွှတ်​ခြင်း​ခံရ​သော​သူ​အဖြစ် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု​၍ ငါ​တို့​ဟောပြော​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 1,
      "text": "ငါ​တို့​သည် တစ်ဖန် မိမိကိုယ်ကို​ထောက်ခံ​ချီးကျူး​နေ​ကြ​သလော။ သို့မဟုတ်​လျှင် ငါ​တို့​သည် အခြား​သော​သူ​များ​ကဲ့သို့ သူတစ်ပါး​ထောက်ခံ​ပေး​သော​စာ၊ သို့မဟုတ် သင်​တို့​ထောက်ခံ​ပေး​သော​စာ​ကို လိုအပ်​သလော။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 2,
      "text": "သင်​တို့​ကိုယ်တိုင်​သည် ငါ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် လူ​တိုင်း​ဖတ်ရှု​လျက်​သိရှိ​သော ငါ​တို့​၏​စာ​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 3,
      "text": "သင်​တို့​သည် ငါ​တို့​ပြုစု​သော ခရစ်တော်​၏​စာ​ဖြစ်​ကြောင်း ထင်ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ရေး​ထား​ခြင်း​ဖြစ်ပြီး ကျောက်​ပြား​ပေါ်၌​မ​ဟုတ်​ဘဲ လူ​၏​နှလုံးသား​ပြင်​ပေါ်၌​ရေး​ထား​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 4,
      "text": "ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​အားဖြင့် ထိုသို့သော​ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 5,
      "text": "ထိုသို့ဆိုသော် တစ်စုံတစ်ခု​သည် ငါ​တို့​ထံမှ​ဖြစ်လာ​သည်​ဟု သတ်မှတ်​နိုင်​ရန် ငါ​တို့​၌​အစွမ်းအစ​ရှိ​သည်​ဟု​မ​ဆိုလို။ ငါ​တို့​၏​အစွမ်းအစ​သည် ဘုရားသခင်​ထံမှ​သာ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 6,
      "text": "ဘုရားသခင်​သည် ငါ​တို့​အား ပဋိညာဉ်​သစ်​၏​အမှု​ကို​ဆောင်ရွက်​နိုင်​သော​အစွမ်းအစ​ကို​ပေး​တော်မူ​၏။ ထို​ပဋိညာဉ်​သစ်​သည် အက္ခရာတင်​ထား​သော​တရား​နှင့်​မ​ဆိုင်၊ ဝိညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အကြောင်းမူကား အက္ခရာတင်​ထား​သော​တရား​သည် အသက်​ကို​သေ​စေ​၍ ဝိညာဉ်​တော်​မူကား အသက်​ကို​ရရှိ​စေ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 7,
      "text": "ကျောက်​ပြား​ပေါ်​ရေးထွင်း​၍ အက္ခရာတင်​ထား​သော သေ​ခြင်း​နှင့်ဆိုင်​သည့် အမှု​ပင်လျှင် ဘုန်း​အသရေ​ဖြင့်​ရောက်လာ​၍ မောရှေ​၏​မျက်နှာ​မှ​ထွက်​သော မှေးမှိန်​သွား​သည့်​ဘုန်း​အသရေ​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​မျက်နှာ​ကို စေ့စေ့​မ​ကြည့်​နိုင်​ခဲ့​ကြ​သည်​ဆိုလျှင်"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 8,
      "text": "ဝိညာဉ်​တော်​နှင့်ဆိုင်သော​အမှု​သည် မည်မျှ​ပို၍ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​လိမ့်မည်နည်း။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 9,
      "text": "အကြောင်းမူကား အပြစ်​ကို​ထင်ရှား​စေ​သည့်​အမှု​၌ ဘုန်း​အသရေ​ရှိ​လျှင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​အမှု​သည် သာ၍​ကြီးမား​သော​ဘုန်း​အသရေ​နှင့် ပြည့်စုံ​ပေ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 10,
      "text": "အမှန်စင်စစ် ယခင်​က ဘုန်း​အသရေ​ရှိ​သော​အရာ​သည် ဤ​နေရာ​၌ ထူးကဲ​သော​ဘုန်း​အသရေ​ကြောင့် ဘုန်း​အသရေ​မဲ့​သွား​ရ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 11,
      "text": "မှေးမှိန်​သွား​သော​အရာ​၌ ဘုန်း​အသရေ​ရှိ​လျှင် တည်မြဲ​သော​အရာ​၌ သာ၍​ကြီးမား​သော​ဘုန်း​အသရေ​ရှိ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 12,
      "text": "ငါ​တို့​သည် ဤသို့​သော​မျှော်လင့်​ခြင်း​ရှိ​သည်​ဖြစ်၍ အလွန်​ရဲရင့်​စွာ​ဖြင့်​ပြုမူ​လျက်"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 13,
      "text": "မောရှေ​သည် မှေးမှိန်​သွား​သော​အရာ​၏​အဆုံး​ကို အစ္စရေး​အမျိုးသား​တို့​အား စေ့စေ့​မ​ကြည့်​ရ​စေရန် မိမိ​မျက်နှာ​ကို မျက်နှာလွှား​ဖြင့်​ဖုံးအုပ်​ထား​သကဲ့သို့ ငါ​တို့​မ​ပြု​ကြ​ချေ။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 14,
      "text": "ထို​သူ​တို့​၏​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​၍ ယနေ့​တိုင်အောင် ပဋိညာဉ်​ဟောင်း​ကို​ဖတ်​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​မ​ခံရ​ဘဲ ရှိ​နေ​သေး​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​အားဖြင့်​သာ ထို​မျက်နှာလွှား​ကို ဖယ်ရှား​နိုင်​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 15,
      "text": "ယနေ့​တိုင်အောင် မောရှေ​၏​ကျမ်း​များ​ကို​ဖတ်​သည့်အခါ​တိုင်း ထို​သူ​တို့​၏​စိတ်နှလုံး​ပေါ်တွင် ထို​မျက်နှာလွှား​သည် ဖုံးအုပ်​လျက်​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 16,
      "text": "သို့သော် သခင်​ဘုရား​ထံသို့ ပြန်​လှည့်​လာ​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​ခံရ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 17,
      "text": "သခင်​ဘုရား​သည် ဝိညာဉ်​တော်​ဖြစ်​၏။ သခင်​ဘုရား​၏​ဝိညာဉ်​တော်​ရှိ​ရာ​အရပ်​၌ လွတ်လပ်​မှု​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 18,
      "text": "ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 1,
      "text": "ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 2,
      "text": "ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 3,
      "text": "ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် ဖုံးအုပ်​ခြင်း​ခံရ​သည်​ဆိုလျှင် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံးအုပ်​ခြင်း​ခံရ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 4,
      "text": "ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 5,
      "text": "အကြောင်းမူကား ငါ​တို့​သည် မိမိ​တို့​အကြောင်း​ကို ဟောပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​တို့​ကိုယ်တိုင်​မူကား ယေရှု​အတွက် သင်​တို့​၏​အစေအပါး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 6,
      "text": "“အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ” ​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 7,
      "text": "သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 8,
      "text": "ငါ​တို့​သည် အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း ချေမှုန်း​ခြင်း​မ​ခံရ။ တွေးမရ​ဖြစ်​သော်လည်း မျှော်လင့်​ချက်​ကင်းမဲ့​သည်​ဟူ၍​မ​ရှိ။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 9,
      "text": "ညှဉ်းဆဲ​ခြင်း​ကို​ခံရ​သော်လည်း စွန့်ပစ်​ခြင်း​ကို​မ​ခံရ။ အလဲထိုး​ခံရ​သော်လည်း ဆုံးရှုံး​ခြင်း​သို့​မ​ရောက်။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 10,
      "text": "ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်ခန္ဓာ​၌ ထင်ရှား​မည့်​အကြောင်း ယေရှု​၏​အသေခံ​တော်မူ​ခြင်း​ကို ငါ​တို့​ကိုယ်ခန္ဓာ​၌ အစဉ်​ဆောင်​ထား​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 11,
      "text": "ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 12,
      "text": "ဤသို့ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အလုပ်လုပ်​လျက်​နေ​၍ အသက်ရှင်​ခြင်း​သည် သင်​တို့​၌​အလုပ်လုပ်​လျက်​နေ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 13,
      "text": "“ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏” ​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 14,
      "text": "အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​ကို ထမြောက်​စေ​တော်မူ​သော​အရှင်​သည် ငါ​တို့​ကို​လည်း ယေရှု​နှင့်အတူ​ထမြောက်​စေ​၍ သင်​တို့​နှင့်အတူ ရှေ့​တော်​သို့​ခေါ်သွင်း​တော်မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 15,
      "text": "ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​အတွက်​ဖြစ်​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၌ ကျေးဇူး​တော်​သည်​တိုးပွား​လာ​သဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ကြွယ်ဝ​ပြည့်စုံ​စေ​မည့်အကြောင်း​တည်း။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 16,
      "text": "ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 17,
      "text": "အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 18,
      "text": "ထို့ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အရာ​တို့​ကို အာရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အရာ​တို့​ကို အာရုံစိုက်​ကြ​၏။ အကြောင်းမူကား မြင်​ရ​သော​အရာ​တို့​သည် ခဏ​သာ​တည်​၍ မ​မြင်​ရ​သော​အရာ​တို့​သည် ထာဝရ​တည်​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 1,
      "text": "ယာယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေကြီး​အိမ်​သည် ပျက်စီး​သွား​လျှင် ကောင်းကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်ဆောက်၊ ဘုရားသခင်​တည်ဆောက်​တော်မူ​သော ထာဝရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 2,
      "text": "ငါ​တို့​သည် ကောင်းကင်​မှ ငါ​တို့​၏​စံအိမ်​ကို​လွှမ်းခြုံ​ရ​ရန် တောင့်တ​၍ ဤ​တဲ​တွင်​ညည်းတွား​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 3,
      "text": "ထိုသို့​လွှမ်းခြုံ​ရ​လျှင် ငါ​တို့​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 4,
      "text": "အကြောင်းမူကား ငါ​တို့​သည် ဤ​ယာယီ​တဲ​တွင်​ရှိ​နေ​စဉ် လေးလံ​သော​ဝန်​ကို​ထမ်း​၍ ညည်းတွား​ကြ​၏။ ထိုသို့​ညည်းတွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အပေါ်​၌​လွှမ်းခြုံ​လို​၍​သာ​ဖြစ်​ပြီး ထိုသို့အားဖြင့် သေ​တတ်​သော​အရာ​သည် အသက်ရှင်​ခြင်း​ထဲတွင် နစ်မြုပ်​စေ​ခြင်း​ခံရ​ရန်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 5,
      "text": "ဤ​အမှုအရာ​အတွက် ငါ​တို့​ကို​ပြင်ဆင်​ပေး​တော်မူ​သော​အရှင်​ကား ဝိညာဉ်​တော်​ကို စရန်​အဖြစ် ငါ​တို့​အား​ပေး​တော်မူ​သော ဘုရားသခင်​ပေတည်း။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 6,
      "text": "ထို့ကြောင့် ငါ​တို့​သည် အစဉ်​အမြဲ​ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​၏။ ဤ​ကိုယ်ခန္ဓာ​၌ ငါ​တို့​ရှိ​နေ​သရွေ့ သခင်​ဘုရား​နှင့်​ဝေးကွာ​လျက်​ရှိ​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 7,
      "text": "အကြောင်းမူကား ငါ​တို့​သည် အမြင်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 8,
      "text": "ငါ​တို့​သည် ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်ခန္ဓာ​မှ​ကွာ​လျက် သခင်​ဘုရား​နှင့်အတူ​ရှိ​နေ​ရန် သာ၍​အလိုရှိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 9,
      "text": "သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်ခန္ဓာ​၌​ရှိ​သည်​ဖြစ်စေ၊ ဝေးကွာ​လျက်​ရှိ​သည်​ဖြစ်စေ ကိုယ်တော်​နှစ်သက်​တော်မူ​သော​သူ​ဖြစ်​မည့်အကြောင်း ရည်မှန်း​ကြိုးစား​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 10,
      "text": "အကြောင်းမူကား ငါ​တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌​ရှိစဉ် ပြုကျင့်​သည့်​အတိုင်း ကောင်း​သော​အမှု​အတွက်​ဖြစ်စေ၊ ဆိုးညစ်​သော​အမှု​အတွက်​ဖြစ်စေ အကျိုး​အပြစ်​ကို အသီးသီး​ခံစားရ​ရန် ခရစ်တော်​၏​တရားပလ္လင်​ရှေ့၌ ပေါ်လာ​ကြ​ရ​မည်။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 11,
      "text": "ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 12,
      "text": "ငါ​တို့​သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်​တို့​ရှေ့၌ ထောက်ခံ​ချီးကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် စိတ်နှလုံး​ကို​မ​ကြည့်​ဘဲ အပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါကြွား​တတ်​သော​သူ​တို့​၏​စကား​ကို သင်​တို့​ပြန်လည်​ချေပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်သက်၍ ဝါကြွား​ရ​သော​အခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 13,
      "text": "အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 14,
      "text": "အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 15,
      "text": "ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 16,
      "text": "ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 17,
      "text": "သို့ဖြစ်၍ မည်သူမဆို ခရစ်တော်​၌​ရှိ​လျှင် အသစ်​ဖန်ဆင်း​ခံရ​သူ​ဖြစ်​၏။ ဟောင်း​သော​အရာ​တို့​သည် ကွယ်ပျောက်​သွား​၍ ခပ်သိမ်း​သော​အရာ​တို့​သည် အသစ်​ဖြစ်​ကြ​လေ​ပြီ။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 18,
      "text": "ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 19,
      "text": "ဆိုလို​သည်​မှာ ဘုရားသခင်​သည် လောကီ​သား​တို့​ကျူးလွန်​သော​အပြစ်​များ​ကို သူ​တို့​အပေါ်​သင့်ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခရစ်တော်​၌ မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​ပြီး ပြန်လည်​သင့်မြတ်​ခြင်း​တရား​ကို ငါ​တို့​၌​အပ်​ထား​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 20,
      "text": "ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 21,
      "text": "ဘုရားသခင်​သည် အပြစ်​ကင်းစင်​သော​အရှင်​ကို ငါ​တို့​အတွက် အပြစ်​ဖြစ်​သွား​စေ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ထို​အရှင်​အားဖြင့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်လာ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 1,
      "text": "ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​က “ငါ​သည် နှစ်သက်​လက်ခံ​ဖွယ်​ရာ​အချိန်​၌ သင်​၏​စကား​ကို​နားထောင်​ပြီ။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ကူညီမစ​ပြီ” ​ဟု မိန့်​တော်မူ​၏။ ကြည့်ရှု​လော့။ ယခု​ပင် နှစ်သက်​လက်ခံ​ဖွယ်​ရာ​အချိန်​ဖြစ်​၏။ ယခု​ပင် ကယ်တင်​ရာ​နေ့ရက်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 3,
      "text": "အမှု​တော်​လုပ်ငန်း​သည် ပြစ်တင်​ဝေဖန်​ခြင်း​မ​ခံရ​စေရန် ငါ​တို့​သည် မည်သည့်​အမှုအရာ​၌​မျှ လူ​တို့​အတွက် ခလုတ်တံသင်း​မ​ဖြစ်​စေ​ဘဲ"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 4,
      "text": "အလွန်​သည်းခံ​ခြင်း​၌​ဖြစ်စေ၊ ဒုက္ခ​ဆင်းရဲ​ခြင်း​၌​ဖြစ်စေ၊ ခက်ခဲ​ကျပ်တည်း​ခြင်း​၌​ဖြစ်စေ၊ နာကျင်​ခြင်း​ဝေဒနာ​၌​ဖြစ်စေ၊"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 5,
      "text": "ရိုက်နှက်​ခံရ​ခြင်း​၌​ဖြစ်စေ၊ အကျဉ်းချ​ခံရ​ခြင်း​၌​ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​၌​ဖြစ်စေ၊ ကြိုးပမ်း​အားထုတ်​ခြင်း​၌​ဖြစ်စေ၊ အိပ်ရေးပျက်​ခြင်း​၌​ဖြစ်စေ၊ အစာ​ပြတ်လပ်​ခြင်း​၌​ဖြစ်စေ၊"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 6,
      "text": "ဖြူစင်​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ စိတ်ရှည်​ခြင်း​၌​ဖြစ်စေ၊ ကျေးဇူးပြု​ခြင်း​၌​ဖြစ်စေ၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၌​ဖြစ်စေ၊ ဟန်ဆောင်​မှု​ကင်း​သော​မေတ္တာ​၌​ဖြစ်စေ၊"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 7,
      "text": "သမ္မာတရား​ကို​ဟောပြော​ခြင်း​၌​ဖြစ်စေ၊ ဘုရားသခင်​၏​တန်ခိုး​တော်​၌​ဖြစ်စေ၊ လက်ဝဲ​လက်ယာ​၌​ကိုင်​ထား​သော ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အားဖြင့်​ဖြစ်စေ၊"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 8,
      "text": "အသရေ​ရှိ​သည်​ဖြစ်စေ၊ မ​ရှိ​သည်​ဖြစ်စေ၊ ဂုဏ်သတင်း​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ၊ အရာရာ​၌ မိမိ​တို့​ကိုယ်ကို​ဘုရားသခင်​၏​အစေခံ​များ​အဖြစ် ထင်ရှား​စေ​ကြ​၏။ ငါ​တို့​သည် လှည့်ဖြား​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း ဖြောင့်မှန်​သော​သူ​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 9,
      "text": "အသိအမှတ်​ပြု​ခြင်း​မ​ခံရ​သကဲ့သို့​ဖြစ်​သော်လည်း အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။ သေအံ့ဆဲဆဲ​ဖြစ်​နေ​သူ​ကဲ့သို့​ဖြစ်​သော်လည်း အသက်ရှင်​လျက်​ရှိ​ကြ​၏။ ဆုံးမ​ခြင်း​ကို​ခံရ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အသတ်​မ​ခံရ​ကြ။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 10,
      "text": "ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 11,
      "text": "ကောရိန္သု​မြို့သား​တို့၊ ငါ​တို့​သည် သင်​တို့​အား ပွင့်ပွင့်လင်းလင်း​ပြောဆို​၍ ငါ​တို့​၏​စိတ်နှလုံး​ကို ကျယ်​စွာ​ဖွင့်​ထား​လေ​ပြီ။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 12,
      "text": "ငါ​တို့​သည် ကြင်နာ​စိတ်​ကို ကန့်သတ်​ပိတ်ပင်​ထား​သည်​မ​ဟုတ်။ သင်​တို့​က​သာ သင်​တို့​၏​ကြင်နာ​စိတ်​ကို ကန့်သတ်​ပိတ်ပင်​ထား​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 13,
      "text": "သို့ဖြစ်၍ သင်​တို့​သည်​လည်း တုံ့ပြန်​သော​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​ကို ကျယ်​စွာ​ဖွင့်​ထား​ကြ​လော့​ဟု ကိုယ့်​သားသမီး​များ​အား​ပြော​သကဲ့သို့ ငါ​ပြော​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 14,
      "text": "မ​ယုံကြည်​သော​သူ​တို့​နှင့် မ​ညီ​သော​ထမ်းပိုး​ကို​မ​ထမ်း​ကြ​နှင့်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​အကြား​၌ မည်သို့သော​ပတ်သက်​မှု​ရှိ​သနည်း။ အလင်း​နှင့်​အမှောင်​တို့​အကြား​၌ မည်သို့သော​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​သနည်း။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 15,
      "text": "ခရစ်တော်​နှင့်​ဗေလျာလ​တို့​အကြား​၌ မည်သို့သော​ကိုက်ညီ​မှု​ရှိ​သနည်း။ ယုံကြည်​သူ​နှင့်​မ​ယုံကြည်​သူ​တို့​အကြား​၌ မည်သို့သော​အကျိုးတူ​ခံစား​မှု​ရှိ​သနည်း။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 16,
      "text": "ဘုရားသခင်​၏​ဗိမာန်​တော်​နှင့်​ရုပ်တု​တို့​အကြား​၌ မည်သို့သော​သဘော​တူညီ​မှု​ရှိ​သနည်း။ ဘုရားသခင်​က “ငါ​သည် သူ​တို့​အထဲတွင်​ကိန်းဝပ်​လျက် သူ​တို့​အလယ်၌​သွားလာ​ကာ သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​ဖြစ်​ကြ​လိမ့်မည်” ​ဟု မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​သည် အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ဗိမာန်​တော်​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 17,
      "text": "“ထို့ကြောင့် ထို​သူ​တို့​အထဲမှ ထွက်​၍ သီးခြား​နေ​ကြ​လော့”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ “ညစ်ညူး​သော​အရာ​ကို မ​တို့​မ​ထိ​နှင့်။ ထိုသို့​ပြု​လျှင် ငါ​သည် သင်​တို့​ကို​လက်ခံ​၍"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 18,
      "text": "သင်​တို့​၏​အဖ​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်” ​ဟု အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​ဘုရား​မိန့်​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 1,
      "text": "ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 2,
      "text": "ငါ​တို့​ကို​လက်ခံ​ကြ​လော့။ ငါ​တို့​သည် မည်သူ့​ကို​မျှ မ​ပြစ်မှား​ခဲ့​ကြ။ မည်သူ့​ကို​မျှ မ​ဖျက်ဆီး​ခဲ့​ကြ။ မည်သူ့​အပေါ်၌​မျှ အမြတ်​မ​ထုတ်​ခဲ့​ကြ။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 3,
      "text": "သင်​တို့​အား အပြစ်တင်​လို​၍ ဤသို့ ငါ​ပြော​သည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သေ​အတူ​ရှင်​မ​ကွာ​ရှိ​နေ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 4,
      "text": "ငါ​သည် သင်​တို့​ကို အလွန်​ယုံကြည်​စိတ်ချ​၍ သင်​တို့​အတွက် များစွာ​ဂုဏ်ယူ​၏။ ငါ​သည် နှစ်သိမ့်​မှု​ကို အပြည့်အဝ​ခံစား​ရ​၍ ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အပေါင်း​တို့​၌ ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​လျက်​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 5,
      "text": "မာကေဒေါနိ​ပြည်​သို့ ငါ​တို့​ရောက်​သောအခါ ငါ​တို့​၏​ကိုယ်ကာယ​သည် နား​နေ​ရန်​အခွင့်​မ​ရ​ဘဲ အပြင်​၌​တိုက်ခိုက်​ခြင်း​များ၊ အတွင်း​၌​ကြောက်ရွံ့​ခြင်း​များ​ရှိ​၍ အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 6,
      "text": "သို့သော် အားငယ်​သော​သူ​တို့​ကို​နှစ်သိမ့်​တော်မူ​သော​ဘုရားသခင်​သည် တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့် ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 7,
      "text": "တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့်​သာ​မက သင်​တို့​ထံမှ တိတု​ခံစား​ရ​သော​နှစ်သိမ့်မှု​အားဖြင့်​လည်း ငါ​တို့​ကို နှစ်သိမ့်​ပေး​တော်မူ​၏။ တစ်နည်းဆိုသော် သင်​တို့​သည် ငါ့​ကို​လွမ်းဆွတ်​နေ​ကြောင်း၊ အလွန်​ဝမ်းနည်း​နေ​ကြောင်း​နှင့် ငါ့​အပေါ်​စေတနာ​စိတ်​ထက်သန်​လျက်​ရှိ​ကြောင်း​ကို ငါ​တို့​အား တိတု​ပြောပြ​သောကြောင့် ငါ​သည် ပို၍​ဝမ်းမြောက်​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 8,
      "text": "ငါ​ရေး​လိုက်​သော​စာ​အားဖြင့် သင်​တို့​ကို ဝမ်းနည်း​စေ​ခဲ့​သော်လည်း ငါ​သည် စိတ်မကောင်း​မ​ဖြစ်​ပေ။ ထို​စာ​သည် သင်​တို့​ကို ခေတ္တ​ခဏ​ဝမ်းနည်း​စေ​ခဲ့​သည်​ကို ငါ​မြင်​၍ စိတ်မကောင်း​ဖြစ်​ခဲ့​လျှင်ပင်"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 9,
      "text": "ယခု ငါ​ဝမ်းမြောက်​လျက်​ရှိ​၏။ ထိုသို့ဆိုသော် သင်​တို့​ကို​ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ငါ​ဝမ်းမြောက်​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် သင်​တို့​ကို နောင်တရ​စေ​သောကြောင့်​သာ​ဖြစ်​၏။ အမှန်စင်စစ် သင်​တို့​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဝမ်းနည်း​ကြ​ရ​သည်​ဖြစ်၍ ငါ​တို့​ကြောင့် မည်သည့်​ဆုံးရှုံး​မှု​ကို​မျှ မ​ခံစား​ရ​ချေ။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 10,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဝမ်းနည်း​ခြင်း​သည် ယူကျုံးမရ​မ​ဖြစ်​ရ​လေ​အောင် ကယ်တင်​ခြင်း​ရရှိ​စေ​သည့် နောင်တ​စိတ်​ကို​ဖြစ်ပေါ်​စေ​၏။ လောကီ​ဝမ်းနည်း​ခြင်း​မူကား သေ​ခြင်း​ကို​ဖြစ်ပေါ်​စေ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 11,
      "text": "ကြည့်​ကြ​လော့။ ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဤ​ဝမ်းနည်း​ခြင်း​သည် သင်​တို့​အထဲတွင် မည်သို့​သော ကြိုးစား​အားထုတ်​ခြင်း၊ ဖြေရှင်း​ချက်​ပေး​ခြင်း၊ မခံမရပ်​နိုင်​ဖြစ်​ခြင်း၊ ကြောက်ရွံ့​ခြင်း၊ အလွန်​တောင့်တ​ခြင်း၊ စိတ်အား​ထက်သန်​ခြင်း​နှင့် တရား​သဖြင့်​စီရင်​ခြင်း​တို့​ကို ဖြစ်ပေါ်​စေ​ခဲ့​သနည်း။ သင်​တို့​သည် ဤ​အမှု​၌​အပြစ်​ကင်းစင်​ကြောင်း သင်​တို့​ကိုယ်တိုင် အရာရာ​၌​ထင်ရှား​စေ​ကြ​ပြီ။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 12,
      "text": "သို့ဖြစ်၍ ငါ​သည် သင်​တို့​ထံသို့​ရေးသား​ခဲ့​ခြင်း​မှာ ပြစ်မှား​သော​သူ​အတွက်​ကြောင့်​မ​ဟုတ်။ ပြစ်မှား​ခြင်း​ခံရ​သော​သူ​အတွက်​ကြောင့်​လည်း​မ​ဟုတ်။ ငါ​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​စိတ်အား​ထက်သန်​မှု​ကို ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကိုယ်တိုင်​တွေ့မြင်​ကြ​စေရန်​အတွက်​သာ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 13,
      "text": "ထို့ကြောင့် ငါ​တို့​သည် နှစ်သိမ့်​မှု​ကို​ခံစားရ​ကြ​၏။ ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​မှု​အပြင် တိတု​၏​စိတ်နှလုံး​သည် သင်​တို့​အားလုံး​ကြောင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​သည်​ဖြစ်၍ သူ​၏​ဝမ်းမြောက်​ခြင်း​ကြောင့် ငါ​တို့​သည် ပို၍​ဝမ်းမြောက်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 14,
      "text": "ငါ​သည် သင်​တို့​အကြောင်း​ကို တိတု​အား အနည်းငယ်​ဝါကြွား​ခဲ့​သော်လည်း အရှက်​မ​ရ​ခဲ့​ပေ။ အကြောင်းမူကား သင်​တို့​အား ငါ​တို့​ပြော​ခဲ့​သော​အရာ​အားလုံး​တို့​သည် ဟုတ်မှန်​သည့်​နည်းတူ တိတု​ကို ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည်​လည်း ဟုတ်မှန်​ကြောင်း​ထင်ရှား​ခဲ့​ပြီ။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 15,
      "text": "တိတု​သည် သင်​တို့​အားလုံး​၏​နာခံ​မှု​နှင့် သင်​တို့​သည် သူ့​ကို​ကြောက်ရွံ့​တုန်လှုပ်​စွာ​ဖြင့် ကြိုဆို​လက်ခံ​ခဲ့​ကြောင်း​ကို သတိရ​သဖြင့် သင်​တို့​ကို ပို၍​ကြွယ်ဝ​စွာ​ချစ်ခင်​ကြင်နာ​လေ​၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 16,
      "text": "ငါ​သည် သင်​တို့​ကို အရာရာ​၌​ယုံကြည်​စိတ်ချ​ရ​သောကြောင့် ဝမ်းမြောက်​လျက်​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ မာကေဒေါနိ​ပြည်​ရှိ​အသင်းတော်​များ​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အကြောင်း​ကို သင်​တို့​အား ငါ​တို့​ပြောပြ​လို​ပါ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 2,
      "text": "သူ​တို့​သည် ဆင်းရဲ​ဒုက္ခ​ကြောင့် ပြင်းထန်​သော​စမ်းသပ်​ခြင်း​ကို​ခံခဲ့​ရ​သော်လည်း သူ​တို့​၏​ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် အလွန်​ဆင်းရဲ​တွင်း​နက်​ခြင်း​တို့​သည် သူ​တို့​၏​ရက်ရော​စွာ​ပေးကမ်း​ခြင်း​တည်းဟူသော စည်းစိမ်​အဖြစ်​သို့ ရောက်​လေ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 3,
      "text": "ငါ​သက်သေခံ​သည်​ကား သူ​တို့​သည် မိမိ​တို့​စိတ်​ဆန္ဒ​အလျောက် တတ်နိုင်​သည့်​အတိုင်း​သာမက တတ်နိုင်​သည်​ထက် ပို၍​ပေးကမ်း​လျက်"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 4,
      "text": "သန့်ရှင်း​သူ​တို့​အား ဝေမျှ​ခြင်း​အမှု​၌ ပါဝင်​ရ​သော​ကျေးဇူး​တော်​ကို​ခံစား​ရ​ရန် ငါ​တို့​ကို အနူးအညွတ်​မေတ္တာရပ်ခံ​၍ တောင်းပန်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 5,
      "text": "သူ​တို့​သည် ငါ​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ထက်​မက​ပြု​လျက် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ မိမိတို့ကိုယ်ကို သခင်​ဘုရား​ထံ​တော်​သို့ ဦးစွာ​ဆက်ကပ်​ပြီးနောက် ငါ​တို့​ထံသို့​လည်း ဆက်ကပ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 6,
      "text": "ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 7,
      "text": "သင်​တို့​သည် ယုံကြည်​ခြင်း​၌​ဖြစ်စေ၊ ဟောပြော​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ လုံ့လ​ဝီရိယ​ရှိသမျှ​၌​ဖြစ်စေ၊ ငါ​တို့​အပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​၌​ဖြစ်စေ အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​ကြ​သည့်​နည်းတူ ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌​လည်း ကြွယ်ဝ​ပြည့်စုံ​ကြ​ပါ​စေ။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 8,
      "text": "ထိုသို့ဆိုသော် ပညတ်ချက်​အနေဖြင့် ငါ​ဆို​သည်​မ​ဟုတ်။ အခြား​သူ​တို့​၏​စိတ်အား​ထက်သန်​မှု​အားဖြင့် သင်​တို့​ချစ်​ခြင်း​မေတ္တာ​၏​စစ်မှန်​မှု​ကို စစ်ဆေး​နေ​ခြင်း​သာ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 9,
      "text": "အကြောင်းမူကား သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်တော်​သည် ကြွယ်ဝ​သော်လည်း သူ​၏​ဆင်းရဲ​ခြင်း​အားဖြင့် သင်​တို့​ကြွယ်ဝ​ကြ​မည့်​အကြောင်း သင်​တို့​အတွက် ဆင်းရဲ​ခြင်း​ကို​ခံ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 10,
      "text": "ဤ​ကျေးဇူးပြု​ခြင်း​အမှု​နှင့်​ပတ်သက်၍ အကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အကြံ​ကား လွန်ခဲ့​သော​နှစ်​ကတည်းက ဤ​အမှု​ကို အစပြု​ခဲ့​သည်​သာမက ပြုလုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အတွက် အကျိုး​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 11,
      "text": "သင်​တို့​သည် ဆောင်ရွက်​လို​သည့်​စေတနာ​စိတ်​ရှိ​သည့်​အတိုင်း ရှိ​သည့်​အရာ​ဖြင့် ပြီးစီး​အောင်​ဆောင်ရွက်​နိုင်​ရန် ယခု ထို​အမှု​ကို​ပြီးစီး​အောင် ဆောင်ရွက်​ကြ​လော့။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 12,
      "text": "အကြောင်းမူကား စေတနာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အရာ​ကို​ထောက်​၍ နှစ်သက်​လက်ခံ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 13,
      "text": "ဤ​အမှုအရာ​အားဖြင့် အခြား​သူ​တို့​ကို​သက်သာ​စေ​၍ သင်​တို့​ကို​ဒုက္ခ​ရောက်​စေရန်​မ​ဟုတ်။ ညီတူညီမျှ​ဖြစ်​စေရန်​သာ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 14,
      "text": "ယခု​အချိန်​တွင် သင်​တို့​၏​ကြွယ်ဝ​မှု​သည် သူ​တို့​၏​လိုအပ်​မှု​ကို ဖြည့်ဆည်း​ပေး​လျှင် သူ​တို့​၏​ကြွယ်ဝ​မှု​သည်​လည်း သင်​တို့​၏​လိုအပ်​မှု​ကို ဖြည့်ဆည်း​ပေး​ကြ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 15,
      "text": "ထိုအခါ “များများ​ရ​သော​သူ​လည်း​မ​ပို နည်းနည်း​ရ​သော​သူ​လည်း​မ​လို” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ညီတူညီမျှ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 16,
      "text": "သင်​တို့​အပေါ် ငါ​ထားရှိ​သော စိတ်အား​ထက်သန်​မှု​မျိုး​ကို တိတု​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 17,
      "text": "တိတု​သည် ငါ​တို့​၏​တိုက်တွန်း​မှု​ကို​လက်ခံ​သည်​သာမက အလွန်​ထက်သန်​သော​စိတ်​ရှိ​၍ မိမိ​စိတ်​ဆန္ဒ​အလျောက် သင်​တို့​ထံသို့​လာ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 18,
      "text": "တိတု​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရာ​တွင် အသင်းတော်​တိုင်း​၌ ချီးမွမ်း​ခြင်း​ခံရ​သူ​ဖြစ်​သည်​သာမက"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 19,
      "text": "သခင်​ဘုရား​ကိုယ်တော်တိုင်​၏​ဘုန်း​တော်​နှင့် ငါ​တို့​၏​စေတနာ​စိတ်​တို့​ကို​ထင်ရှား​စေရန် ငါ​တို့​ပြုစု​နေ​သော ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌ ငါ​တို့​နှင့်အတူ​လိုက်ပါ​ရန် အသင်းတော်​များ​ထံမှ ခန့်ထား​ခြင်း​ခံရ​သူ​လည်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 20,
      "text": "ငါ​တို့​ပြုစု​နေ​သည့် ဤ​ရက်ရော​စွာ​ပေးလှူ​ခြင်း​အမှု​နှင့်​ပတ်သက်၍ မည်သူမျှ ငါ​တို့​ကို ပြစ်တင်​ဝေဖန်​ခြင်း​မ​ပြု​နိုင်​ရန် ငါ​တို့​သတိပြု​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 21,
      "text": "အကြောင်းမူကား ငါ​တို့​သည် သခင်​ဘုရား​ရှေ့​တော်​၌​သာမက လူ​တို့​ရှေ့​၌​လည်း တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 22,
      "text": "ထို​သူ​တို့​နှင့်အတူ ငါ​တို့​၏​အခြား​ညီအစ်ကို​တစ်​ဦး​ကို​လည်း စေလွှတ်​လိုက်​ပါ​၏။ ငါ​တို့​သည် သူ့​ကို အကြိမ်ကြိမ်​စစ်ဆေး​ပြီး သူ​သည် အကြောင်း​ကိစ္စ​များစွာ​တို့​၌ စိတ်အား​ထက်သန်​သူ​ဖြစ်​ကြောင်း တွေ့ရှိ​ရ​၏။ သူ​သည် သင်​တို့​အပေါ် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သောကြောင့် ယခု ပို၍​ပင်​စိတ်အား​ထက်သန်​လျက်​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 23,
      "text": "တိတု​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အပေါင်းအဖော်​ဖြစ်​ပြီး သင်​တို့​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အခြား​ညီအစ်ကို​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​တို့​သည် ခရစ်တော်​၏​ဘုန်း​အသရေ​တည်းဟူသော အသင်းတော်​များ​၏​စေတမန်​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 24,
      "text": "ထို့ကြောင့် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​နှင့် သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​တို့​ကို အသင်းတော်​များ​ရှေ့မှောက်​၌ သူ​တို့​အား​သက်သေ​ပြ​ကြ​လော့။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 1,
      "text": "သန့်ရှင်း​သူ​တို့​ကို​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ ငါ​သည် သင်​တို့​ထံသို့ အထူး​ရေးသား​ရန်​မ​လို​အပ်​ပေ။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 2,
      "text": "အကြောင်းမူကား သင်​တို့​၏​စေတနာ​စိတ်​ကို ငါ​သိ​၏။ ထို​စေတနာ​စိတ်​အတွက် ငါ​သည် မာကေဒေါနိ​ပြည်သား​တို့​အား “အခါယ​ပြည်​သည် လွန်ခဲ့​သော​နှစ်​ကတည်းက​ပင် အသင့်​ပြင်ဆင်​ထား​ပြီ”​ဟု သင်​တို့​အကြောင်း​ကို​ဝါကြွား​ထား​၏။ ထိုအခါ သင်​တို့​၏​စိတ်အား​ထက်သန်​မှု​သည် များစွာ​သော​သူ​တို့​ကို နှိုးဆော်​ပေး​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 3,
      "text": "ထို့ကြောင့် ဤ​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည် အချည်းနှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အတိုင်း သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ကြ​မည့်​အကြောင်း ညီအစ်ကို​များ​ကို ငါ​စေလွှတ်​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 4,
      "text": "သို့မဟုတ်​လျှင် မာကေဒေါနိ​ပြည်သား​တို့​သည် ငါ​နှင့်အတူ​လိုက်လာ​၍ သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ခြင်း​မ​ရှိ​ကြောင်း တွေ့ရှိ​ပါက သင်​တို့​ကို​မ​ဆို​ထား​နှင့် ဤ​အမှု​၌ သင်​တို့​ကို​စိတ်ချ​ယုံကြည်​ထား​သော​ငါ​တို့​ပါ အရှက်ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 5,
      "text": "ထို့ကြောင့် သင်​တို့​ပေးလှူ​သော​အရာ​သည် အတင်း​ကောက်ခံ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ရက်ရော​စွာ​ပေးလှူ​သော​အရာ​အဖြစ် အသင့်​ရှိ​မည့်အကြောင်း ငါ​သည် ညီအစ်ကို​များ​ကို သင်​တို့​ထံသို့ ဦးစွာ​လာ​ရန် တိုက်တွန်း​၍ ယခင်​ကတည်းက သင်​တို့​ကတိ​ပေး​ထား​သည့် ရက်ရော​စွာ​ပေးလှူ​သော​အရာ​ကို သင်​တို့​အား​ကြိုတင်​ပြင်ဆင်​ထား​စေရန် လိုအပ်​သည်​ဟု ယူဆ​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 6,
      "text": "ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 7,
      "text": "လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 8,
      "text": "သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 9,
      "text": "ဤသည်ကား “သူ​သည်​စွန့်ကြဲ​၍ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​၏။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝစဉ်​တည်​၏” ​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 10,
      "text": "မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 11,
      "text": "ထိုအခါ သင်​တို့​သည် ရက်ရော​စွာ​ပေးကမ်း​ခြင်း​အလုံးစုံ​တို့​အတွက် အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​သဖြင့် ထို​အမှုအရာ​သည် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​ဖြစ်စေ​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 12,
      "text": "အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 13,
      "text": "သူ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ဝန်ခံ​ခြင်း​အားဖြင့်​ဖြစ်လာ​သည့် သင်​တို့​၏​နာခံ​မှု​ကို​လည်းကောင်း၊ သူ​တို့​မှစ၍ လူ​အပေါင်း​တို့​အား သင်​တို့​ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​သော​အမှု​ကို​လည်းကောင်း ထောက်၍ ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​၌ ထင်ရှား​သော​သက်သေ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 14,
      "text": "ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 15,
      "text": "ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 1,
      "text": "သင်​တို့​နှင့် လူ​ချင်း​တွေ့​သောအခါ နှိမ့်ချ​၍ ကွဲကွာ​နေ​စဉ် သင်​တို့​အပေါ် ရဲဝံ့​ပြတ်သား​စွာ​ပြုမူ​တတ်​သော ငါ​ပေါလု​သည် ခရစ်တော်​၏​နူးညံ့​သိမ်မွေ့​ခြင်း​နှင့်​ညင်သာ​ခြင်း​တို့​ဖြင့် သင်​တို့​အား မေတ္တာရပ်ခံ​ပါ​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 2,
      "text": "ငါ​တို့​ကို သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သူ​ကဲ့သို့ သတ်မှတ်​သော​သူ​အချို့​တို့​အပေါ် ရဲဝံ့​စွာ​ပြုမူ​ရ​မည်​ဟု ငါ​ယုံကြည်​ခံယူ​ထား​သည့်​အတိုင်း ငါ​ရောက်လာ​သောအခါ ထိုသို့​ရဲဝံ့​ပြတ်သား​စွာ​မ​ပြုမူ​ရ​စေရန် ငါ​တောင်းပန်​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 3,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် သွေးသား​ဇာတိ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​သည်​မှန်​သော်လည်း သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ တိုက်ပွဲ​ဝင်​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 4,
      "text": "အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 5,
      "text": "ဘုရားသခင်​ကို​သိ​သော​ဉာဏ်​ကို ဆန့်ကျင်​တားဆီး​သည့် စဉ်းစား​ဆင်ခြင်​မှု​နှင့်​မာန်မာန​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ ခပ်သိမ်း​သော​တွေးတော​ကြံစည်​မှု​များ​ကို ဖမ်းဆီး​ချုပ်နှောင်​ကာ ခရစ်တော်​အား နာခံ​စေ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 6,
      "text": "သင်​တို့​သည် နာခံ​မှု​နှင့်​ပြည့်စုံ​သောအခါ မ​နာခံ​မှု​ရှိသမျှ​တို့​ကို တရား​သဖြင့်​စီရင်​ရန် ငါ​တို့​အသင့်​ရှိ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 7,
      "text": "သင်​တို့​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​နေ​ကြ​၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သည်​ဟု ယုံမှတ်​လျှင် သူ​သည် ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သကဲ့သို့ ငါ​တို့​သည်​လည်း ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​ကြောင်း သူ​ကိုယ်တိုင် ပြန်လည်​ဆင်ခြင်​သိမှတ်​ပါစေ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 8,
      "text": "အကြောင်းမူကား သင်​တို့​ကို​ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် သခင်​ဘုရား​ပေး​တော်မူ​သော ငါ​တို့​၏​အခွင့်​အာဏာ​နှင့်​ပတ်သက်၍ ငါ​သည် အနည်းငယ်​ပို၍ ဝါကြွား​မိ​ခဲ့​လျှင်​ပင် ရှက်ကြောက်​မည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 9,
      "text": "ငါ​သည် သင်​တို့​ကို စာ​များ​ဖြင့်​ခြောက်လှန့်​နေ​သည်​ဟု မ​ထင်မှတ်​စေ​လို​ပေ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 10,
      "text": "အကြောင်းမူကား “ပေါလု​၏​စာ​များ​သည် လေးနက်​၍ ဩဇာ​ပါ​သော်လည်း လူ​ကိုယ်တိုင်​တွေ့ရ​သောအခါ သူ​သည် အားနည်း​၍ သူ​၏​အဟောအပြော​သည်​လည်း အထင်ကြီး​ဖွယ်​မ​ရှိ”​ဟု ဆို​သော​သူ​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 11,
      "text": "ငါ​တို့​သည် အဝေး​၌​ရှိ​နေ​စဉ် စာ​၌​ရေး​လိုက်​သည့်​စကား​အတိုင်း ကိုယ်တိုင်​ရောက်လာ​သောအခါ​၌​လည်း ပြု​မည်​ဖြစ်​ကြောင်း ထို​သူ​သိမှတ်​ပါစေ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 12,
      "text": "အကြောင်းမူကား ငါ​တို့​သည် မိမိကိုယ်ကို​ထောက်ခံ​ချီးကျူး​တတ်​သော​သူ​တို့​နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်း​ဖြစ်​စေ​ခြင်း​၊ သို့မဟုတ် နှိုင်းယှဉ်​ခြင်း စသည်​တို့​ကို​မ​ပြု​ဝံ့​ချေ။ သူ​တို့​သည် အချင်းချင်း​ကြား၌ အချင်းချင်း​တိုင်းတာ​လျက် အချင်းချင်း​နှိုင်းယှဉ်​လျက်​နေ​၍ တတ်သိ​နားလည်​မှု​မ​ရှိ​ကြ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 13,
      "text": "သို့သော် ငါ​တို့​သည် မိမိ​တို့​အတိုင်းအတာ​ကို​ကျော်လွန်​၍ ဝါကြွား​မည်​မ​ဟုတ်။ ငါ​တို့​အား ဘုရားသခင်​သတ်မှတ်​ပေး​တော်မူ​သော နယ်ပယ်​၏​အတိုင်းအတာ​တည်းဟူသော သင်​တို့​ထံသို့​တိုင်အောင်​ပင် ရောက်ရှိ​လာ​သည့်​အတိုင်းအတာ​နှင့်အညီ ဝါကြွား​မည်။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 14,
      "text": "ငါ​တို့​သည် သင်​တို့​ထံသို့​မ​ရောက်​နိုင်​သကဲ့သို့ မိမိတို့ကိုယ်ကို အတင်း​ဆန့်တန်း​နေ​ကြ​သည်​မ​ဟုတ်။ အမှန်စင်စစ် ငါ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​၍ သင်​တို့​ထံသို့​ရောက်လာ​ခဲ့​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 15,
      "text": "ငါ​တို့​သည် မိမိ​တို့​အတိုင်းအတာ​ကို​ကျော်လွန်​၍ သူတစ်ပါး​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​၌ ဝါကြွား​ခြင်း​မ​ပြု။ သို့သော် သင်​တို့​၏​ယုံကြည်​ခြင်း​တိုးပွား​လာ​သည်​နှင့်အမျှ ငါ​တို့​၏​နယ်ပယ်​သည် သင်​တို့​ထဲ၌ ပိုမို​ကျယ်ပြန့်​လာ​၍"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 16,
      "text": "သင်​တို့​ကို​ကျော်လွန်​သော​အရပ်​ဒေသ​များ​သို့ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နိုင်​ရန် ငါ​တို့​မျှော်လင့်​ထား​၏။ အခြား​သူ​၏​နယ်ပယ်​အတွင်း ဆောင်ရွက်​ပြီးစီး​ခဲ့​သော​အရာ​၌ ငါ​တို့​ဝါကြွား​ခြင်း​မ​ပြု​ပေ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 17,
      "text": "ဝါကြွား​သော​သူ​သည် သခင်​ဘုရား​၌​သာ ဝါကြွား​စေ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 18,
      "text": "အကြောင်းမူကား ယုံကြည်​စိတ်ချ​ရ​သူ​သည် မိမိကိုယ်ကို ထောက်ခံ​ချီးကျူး​သော​သူ​မ​ဟုတ်​ဘဲ သခင်​ဘုရား​က ထောက်ခံ​ချီးကျူး​သော​သူ​ဖြစ်​ရ​မည်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 1,
      "text": "ငါ​၏​အနည်းငယ်​သော​မိုက်မဲ​မှု​အတွက် ငါ့​ကို​သည်းခံ​စေ​လို​ပါ​၏။ မည်သို့ပင်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​သည်းခံ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 2,
      "text": "ဤသို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘုရားသခင်​၏​သဝန်တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သဝန်တို​၏။ အကြောင်းမူကား ငါ​သည် သင်​တို့​ကို ဖြူစင်​သန့်ရှင်း​သော​အပျို​ကညာ​အဖြစ် ခရစ်တော်​အား​ဆက်သ​လျက် ထို​တစ်ဦးတည်း​သော​ခင်ပွန်း​နှင့်​စေ့စပ်​ကြောင်းလမ်း​ထား​ပြီ​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 3,
      "text": "သို့သော် မြွေ​သည် မိမိ​၏​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်ဖြား ​သကဲ့သို့ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ခရစ်တော်​အပေါ်​၌​ထားရှိ​သော ရိုးသား​ဖြူစင်​ခြင်း​မှ​သွေဖည်​သွား​မည်​ကို ငါ​စိုးရိမ်​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 4,
      "text": "အကြောင်းမူကား တစ်စုံတစ်ယောက်​သော​သူ​သည်​လာ​၍ ငါ​တို့​မ​ဟောပြော​ခဲ့​သည့် အခြား​သော​ယေရှု​အကြောင်း​ကို ဟောပြော​လျှင်​ဖြစ်စေ၊ သင်​တို့​မ​ရရှိ​ဖူး​သော အခြား​ဝိညာဉ်​ကို သင်​တို့​ရရှိ​လျှင်​ဖြစ်စေ၊ သင်​တို့​မ​ခံယူ​ခဲ့​သော အခြား​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​ခံယူ​လျှင်​ဖြစ်စေ သင်​တို့​သည် ကောင်းစွာ​သည်းခံ​နေ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 5,
      "text": "အမှန်စင်စစ် ငါ​သည် ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ဟု ငါ​ထင်မှတ်​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 6,
      "text": "ငါ​သည် အဟောအပြော​ပိုင်း​၌ ကျွမ်းကျင်​မှု​မ​ရှိ​လျှင်​ပင် အသိပညာ​ပိုင်း​၌​မူကား ထိုသို့​မ​ဟုတ်​ပေ။ ငါ​တို့​သည် ဤ​အချက်​ကို အရာရာ​၌ နည်း​အမျိုးမျိုး​ဖြင့် သင်​တို့​ထံ ထင်ရှား​စေ​ခဲ့​ပြီ။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 7,
      "text": "သင်​တို့​ချီးမြှောက်​ခြင်း​ခံရ​ဖို့ရန် ငါ​သည် မိမိကိုယ်ကို​နှိမ့်ချ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား အခမဲ့​ဟောပြော​ခြင်း​ဖြင့် အပြစ်​ကျူးလွန်​ခဲ့​သလော။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 8,
      "text": "ငါ​သည် သင်​တို့​အမှု​ကို​ဆောင်ရွက်​ရန် အခြား​သော​အသင်းတော်​များ​ထံမှ စရိတ်​တောင်းယူ​ခြင်း​အားဖြင့် သူ​တို့​ကို​လုယူ​ခဲ့​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 9,
      "text": "မာကေဒေါနိ​ပြည်​မှ​လာ​သော ညီအစ်ကို​များ​သည် ငါ​လိုအပ်​သည့်​အရာ​ကို ဖြည့်ဆည်း​ပေး​ခဲ့​သည်​ဖြစ်၍ ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် လိုအပ်ချက်​ရှိ​သည့်​အခါ မည်သူ့​အတွက်​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​ပေ။ ငါ​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် မိမိကိုယ်ကို အရာရာ​၌​စောင့်စည်း​ခဲ့​သည့်​နည်းတူ နောင်၌​လည်း စောင့်စည်း​ဦး​မည်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 10,
      "text": "ခရစ်တော်​၏​သမ္မာတရား​သည် ငါ​၌​ရှိ​သည်​နှင့်အညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်ယူ​ဝါကြွား​ခြင်း​ကို အခါယ​ပြည်​တစ်လျှောက်​၌ မည်သူမျှ ပိတ်ပင်​၍​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 11,
      "text": "အဘယ်ကြောင့်​နည်း။ ငါ​သည် သင်​တို့​ကို​မ​ချစ်​သောကြောင့်​လော။ ငါ​ချစ်​ကြောင်း ဘုရားသခင်​သိ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 12,
      "text": "သို့ရာတွင် ငါ​တို့​ကဲ့သို့ ဝါကြွား​စရာ​အကြောင်း​ရှိ​စေ​မည့်​အခွင့်​ကို ရယူ​လို​သော​သူ​တို့​ထံမှ ထို​အခွင့်​ကို​ဖြတ်တောက်​ရန် ငါ​ပြု​နေ​သည့်​အရာ​ကို ဆက်၍​ပြု​ဦး​မည်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 13,
      "text": "အကြောင်းမူကား ထို​သူ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အဖြစ် ယောင်ဆောင်​နေ​ကြ​သည့် တမန်တော်​အတုအယောင်​များ၊ လှည့်ဖြား​တတ်​သော​လုပ်သား​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 14,
      "text": "ဤသည်ကား အံ့ဩ​စရာ​မ​ဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်​ပင်​လျှင် အလင်း​၏​ကောင်းကင်​တမန်​အဖြစ် ယောင်ဆောင်​တတ်​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 15,
      "text": "သို့ဖြစ်၍ စာတန်​၏​အမှုဆောင်​တို့​သည်​လည်း ဖြောင့်မတ်​ခြင်း​၏​အမှုဆောင်​အဖြစ် ယောင်ဆောင်​ကြ​လျှင် အံ့ဩ​စရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိဂုံး​သည် မိမိ​တို့​ပြု​သော​အမှု​များ​အတိုင်း​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 16,
      "text": "တစ်ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်မဲ​သော​သူ​ဖြစ်​သည်​ဟု မည်သူမျှ မ​ထင်မှတ်​စေ​နှင့်။ သို့သော် သင်​တို့​သည် ထိုသို့​ထင်မှတ်​ခဲ့​လျှင် ငါ​၌ ဝါကြွား​စရာ​အခွင့်​အနည်းငယ်​ရှိ​စေရန် ငါ့​ကို မိုက်မဲ​သော​သူ​အဖြစ်​ပင် လက်ခံ​ကြ​လော့။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 17,
      "text": "ငါ​သည် ဤ​ကဲ့သို့ ရဲရင့်​စွာ​ဝါကြွား​ပြောဆို​ခြင်း​မှာ သခင်​ဘုရား​အားဖြင့် ပြောဆို​သည်​မ​ဟုတ်​ဘဲ မိုက်မဲ​သော​သူ​ကဲ့သို့ ပြောဆို​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 18,
      "text": "လူ​များစွာ​တို့​သည် ဇာတိ​သဘော​ဖြင့် ဝါကြွား​ကြ​သည်​ဖြစ်၍ ငါ​သည်​လည်း ဝါကြွား​မည်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 19,
      "text": "အမှန်စင်စစ် သင်​တို့​သည် ပညာ​သတိ​ရှိ​သော​သူ​များ​ဖြစ်​သောကြောင့် မိုက်မဲ​သော​သူ​တို့​ကို ဝမ်းမြောက်​စွာ​သည်းခံ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 20,
      "text": "တစ်စုံတစ်ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်စေ၊ အခွင့်ကောင်း​ယူ​သည်​ဖြစ်စေ၊ လုယူ​သည်​ဖြစ်စေ၊ အထင်အမြင်သေး​သည်​ဖြစ်စေ၊ ပါး​ရိုက်​သည်​ဖြစ်စေ သင်​တို့​သည် သည်းခံ​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 21,
      "text": "ငါ​တို့​သည် ထိုသို့​ပြု​ရန် အားနည်း​ခဲ့​ကြောင်း ရှက်ရွံ့​စွာ​ပင် ငါ​ဝန်ခံ​၏။ သို့သော် တစ်ဦးတစ်ယောက်​သည် တစ်စုံတစ်ခု​သော​အရာ​၌ ဝါကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါကြွား​ဝံ့​သည်​ဟု မိုက်မဲ​စွာ​ငါ​ပြော​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 22,
      "text": "သူ​တို့​သည် ဟေဗြဲ​လူမျိုး​ဖြစ်​ကြ​သလော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အစ္စရေး​လူမျိုး​ဖြစ်​ကြ​သလော။ ငါ​လည်း​ဖြစ်​၏။ သူ​တို့​သည် အာဗြဟံ​အမျိုးအနွယ်​ဖြစ်​ကြ​သလော။ ငါ​လည်း​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 23,
      "text": "သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 24,
      "text": "ငါ​သည် ဂျူး​လူမျိုး​တို့​၏​အချက်​လေးဆယ် တစ်​ချက်​လျော့ ရိုက်နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 25,
      "text": "ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 26,
      "text": "မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 27,
      "text": "ကြိုးပမ်း​အားထုတ်​ခြင်း​နှင့် ပင်ပန်း​ခက်ခဲ​ခြင်း၊ မကြာခဏ​အိပ်ရေးပျက်​ခြင်း၊ အစာငတ်​ခြင်း​နှင့် ရေငတ်​ခြင်း၊ မကြာခဏ အစာ​ပြတ်လပ်​ခြင်း၊ ချမ်းအေး​ဒဏ်​ခံရ​ခြင်း​နှင့် အဝတ်​အချည်းစည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံတွေ့​ခဲ့​ရ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 28,
      "text": "ဤ​ပြင်ပ​မှ ဘေးဒုက္ခ​များ​အပြင် အသင်းတော်​အားလုံး​အတွက် စိုးရိမ်​ပူပန်​ခြင်း​သည်​လည်း နေ့စဉ်​နှင့်အမျှ ငါ့​ကို​ဖိစီး​နေ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 29,
      "text": "တစ်စုံတစ်ဦး​အားနည်း​သည့်အခါ ငါ​သည် အား​မ​နည်း​ဘဲ နေ​နိုင်​မည်လော။ တစ်စုံတစ်ဦး​မှားယွင်း​သည့်အခါ ငါ​သည် ပူပန်​ခြင်း​မ​ရှိ​ဘဲ နေ​နိုင်​မည်လော။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 30,
      "text": "ငါ​သည် ဝါကြွား​ရ​မည်​ဆိုလျှင် ငါ​၏​အားနည်း​ခြင်း​နှင့်​ပတ်သက်​သော​အရာ​များ​ကို ငါ​ဝါကြွား​မည်။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 31,
      "text": "ငါ​မုသား​မ​သုံး​ကြောင်း သခင်​ယေရှု​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​သည့် ဘုရားသခင်​သိ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 32,
      "text": "ဒမတ်စကပ်​မြို့​တွင် အရေတ​မင်းကြီး​ခန့်ထား​သော​မြို့ဝန်​သည် ငါ့​ကို​ဖမ်းဆီး​ရန်​အတွက် ဒမတ်စကပ်​မြို့​ကို ပိတ်ဆို့​စောင့်ကြပ်​ထား​ခဲ့​၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 33,
      "text": "သို့သော် ငါ့​ကို တောင်း​ထဲ​ထည့်​၍ ပြတင်းပေါက်​မှ​တစ်ဆင့် မြို့ရိုး​ပေါ်မှ​လျှောချ​ခဲ့​ကြ​သောကြောင့် ငါ​သည် သူ​၏​လက်​မှ လွတ်မြောက်​ခဲ့​ရ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 1,
      "text": "ငါ​သည် ဝါကြွား​ရ​မည်​ဖြစ်၍ အကျိုး​မ​ရှိ​သော်လည်း သခင်​ဘုရား​ပေး​တော်မူ​သော ရူပါရုံ​နှင့်​ဗျာဒိတ်​တော်​အကြောင်း​များ​ကို ဆက်​၍​ပြော​ပါ​မည်။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 2,
      "text": "လွန်ခဲ့သော​တစ်ဆယ့်လေး​နှစ်​က တတိယ​ကောင်းကင်​တိုင်အောင် ချီဆောင်​ခြင်း​ခံရ​သည့် ခရစ်တော်​၌​တည်​သော​လူ​တစ်​ဦး​ကို ငါ​သိ​၏။ သူ​သည် ကိုယ်ခန္ဓာ​ပါ​လျက် ချီဆောင်​ခြင်း​ခံရ​သလော​၊ သို့မဟုတ် ကိုယ်ခန္ဓာ​မ​ပါ​ဘဲ ချီဆောင်​သွား​ခြင်း​ခံရ​သလော ငါ​မ​သိ။ ဘုရားသခင်​သိ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 3,
      "text": "သူ​သည် ပရဒိသု​ဘုံ​ထဲသို့ ချီဆောင်​ခြင်း​ခံ​ရ​၏။ ထိုသို့​ချီဆောင်​ခြင်း​ခံ​ရာ​၌ ကိုယ်ခန္ဓာ​ပါ​လျက် ချီဆောင်​ခြင်း​ခံရ​သလော​၊ သို့မဟုတ် ကိုယ်ခန္ဓာ​မ​ပါ​ဘဲ ချီဆောင်​ခြင်း​ခံရ​သလော ငါ​မ​သိ။ ဘုရားသခင်​သိ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 4,
      "text": "သူ​သည် လူ​တို့​ပြော​ခွင့်​မ​ရှိ၊ ပြောပြ​၍​လည်း​မ​ရ​နိုင်​သော​စကား​တို့​ကို ကြား​ခဲ့​ရ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 5,
      "text": "ထိုသို့​သော​သူ​နှင့်ပတ်သက်၍ ငါ​ဝါကြွား​မည်။ ငါ​နှင့်ပတ်သက်၍​မူကား ငါ​၏​အားနည်း​ခြင်း​အကြောင်း​မှတစ်ပါး ဝါကြွား​ခြင်း​ကို ငါ​မ​ပြု။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 6,
      "text": "ငါ​သည် ဝါကြွား​ရန်​အလိုရှိ​လျှင်​လည်း အမှန်​ကို​သာ​ပြော​မည်​ဖြစ်၍ မိုက်မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့သော် မည်သူမျှ ငါ့​ကို​မြင်​ရ​သည်​ထက်​၊ သို့မဟုတ် ငါ့​အကြောင်း​ကို ကြား​ရ​သည်​ထက်​ပို၍ ငါ့​ကို​မ​ထင်မြင်​မိ​စေရန် ငါ​မ​ဝါကြွား​ဘဲ​နေ​မည်။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 7,
      "text": "ငါ​ခံရ​သော​ဗျာဒိတ်​တော်​သည် အလွန်​ထူးမြတ်​သောကြောင့် ငါ​မ​ထောင်လွှား​စေရန် ငါ​၏​ကိုယ်ကာယ​ထဲ၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်လွှား​စေရန် ငါ့​ကို​ထိုးနှက်​သည့် စာတန်​၏​စေတမန်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 8,
      "text": "ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ၎င်း​ကို ငါ့​ထံမှ​ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း သခင်​ဘုရား​ထံ သုံး​ကြိမ်​တိုင်တိုင် ငါ​တောင်းလျှောက်​ခဲ့​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 9,
      "text": "သို့သော် ကိုယ်တော်​က “ငါ​၏​ကျေးဇူး​တော်​သည် သင့်​အတွက်​လုံလောက်​ပေ​၏။ အကြောင်းမူကား ငါ​၏​တန်ခိုး​သည် အားနည်း​ခြင်း​အဖြစ်​၌ ပြည့်စုံ​တတ်​၏” ​ဟု ငါ့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​တည်နေ​မည့်​အကြောင်း ငါ​သည် ငါ​၏​အားနည်း​ခြင်း​၌ သာ၍​ဝမ်းမြောက်​စွာ​ဝါကြွား​မည်။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 10,
      "text": "သို့ဖြစ်၍ ခရစ်တော်​ကြောင့် ငါ​ခံရ​သော အားနည်း​ခြင်း၊ စော်ကား​ခြင်း၊ ခက်ခဲ​ကျပ်တည်း​ခြင်း၊ ညှဉ်းဆဲ​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​ကို ငါ​နှစ်သက်​၏။ အကြောင်းမူကား ငါ​သည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 11,
      "text": "ငါ​သည် မိုက်မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အတင်းအကျပ် ထိုသို့​ဖြစ်စေ​ကြ​၏။ အမှန်စင်စစ် ငါ​သည် သင်​တို့​၏​ထောက်ခံ​ချီးကျူး​မှု​ကို ခံထိုက်​၏။ အကြောင်းမူကား ငါ​သည် မပြောပလောက်​သော​သူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ပေ။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 12,
      "text": "အမှန်စင်စစ် ငါ​၏​တမန်တော်​ဖြစ်​ခြင်း​၏​အမှတ်​လက္ခဏာ​များ​မှာ အလုံးစုံ​သော​သည်းခံ​ခြင်း​ဖြင့် သင်​တို့​တွင်​ပြု​သော နိမိတ်​လက္ခဏာ​များ၊ အံ့ဩဖွယ်ရာ​များ​နှင့် တန်ခိုး​များ​ပင်​ဖြစ်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 13,
      "text": "ငါ​ကိုယ်တိုင်​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​ခြင်း​မှတစ်ပါး သင်​တို့​၌ အခြား​သော​အသင်းတော်​များ​ထက် ပို၍​ဂုဏ်ငယ်​စရာ​အကြောင်း တစ်စုံတစ်ခု​ရှိ​သလော။ ဤ​မမျှတမှု​အတွက် ငါ့​ကို​ခွင့်လွှတ်​ကြ​လော့။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 14,
      "text": "ယခု ငါ​သည် သင်​တို့​ထံသို့ တတိယ​အကြိမ်​လာ​ရန် အသင့်​ရှိ​၏။ သို့သော် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဥစ္စာ​များ​ကို အလိုရှိ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ အလိုရှိ​၏။ သားသမီး​တို့​သည် မိဘ​တို့​အတွက် စုဆောင်း​ရ​သည်​မ​ဟုတ်​ဘဲ မိဘ​တို့​က​သာ သားသမီး​တို့​အတွက် စုဆောင်း​ရ​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 15,
      "text": "ငါ​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​အတွက် ဝမ်းမြောက်​စွာ ငါ့​ဥစ္စာ​ကို​အသုံးပြု​၍ ငါ့​ကိုယ်​ကို​လည်း အကုန်အစင်​အသုံးပြု​မည်။ သင်​တို့​အပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုးပွား​လာ​လျှင် ငါ့​အပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့ပါး​သွား​မည်​လော။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 16,
      "text": "ငါ​သည် သင်​တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​ခဲ့​သော်လည်း ပါးနပ်​သော​သူ​ဖြစ်​၍ ပရိယာယ်​အားဖြင့် သင်​တို့​ထံမှ ရယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင်"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 17,
      "text": "သင်​တို့​ထံသို့ ငါ​စေလွှတ်​ခဲ့​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​အားဖြင့် သင်​တို့​ကို ငါ​အမြတ်​ထုတ်​ခဲ့​ဖူး​သလော။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 18,
      "text": "ငါ​သည် တိတု​ကို သင်​တို့​ထံသို့​လာ​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို​စေလွှတ်​ခဲ့​၏။ တိတု​သည် သင်​တို့​ကို အမြတ်​ထုတ်​ခဲ့​သလော။ ငါ​တို့​သည် တူညီ​သော​စိတ်သဘော​ဖြင့် ခြေရာ​တစ်ထပ်တည်း​လျှောက်လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 19,
      "text": "ငါ​တို့​သည် သင်​တို့​ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်​ပြောဆို​နေ​ကြ​သည်​ဟု တစ်ချိန်လုံး သင်​တို့​ထင်မှတ်​နေ​ကြ​သလော။ ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု၍ ပြောဆို​နေ​ကြ​၏။ ချစ်​ရ​သော​သူ​တို့၊ အရာ​အားလုံး​သည် သင်​တို့​၏​တည်ဆောက်​စရာ​အတွက်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 20,
      "text": "ငါ​ရောက်လာ​သောအခါ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​ကို ငါ​တွေ့မြင်​လို​သည့်​အတိုင်း မ​တွေ့မြင်​ရ​သကဲ့သို့ ငါ့​ကို​လည်း သင်​တို့​တွေ့မြင်​လို​သည့်​အတိုင်း မ​တွေ့မြင်​ရ​မည်​ကို​လည်းကောင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ ပုတ်ခတ်​ပြောဆို​ခြင်း၊ အတင်းအဖျင်း​ပြောဆို​ခြင်း၊ မာန​ထောင်လွှား​ခြင်း​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​များ ရှိ​မည်​ကို​လည်းကောင်း ငါ​စိုးရိမ်​၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 21,
      "text": "နောက်တစ်ဖန် ငါ​လာ​သောအခါ ဘုရားသခင်​သည် သင်​တို့​ရှေ့၌ ငါ့​ကို​နှိမ့်ချ​တော်မူ​၍ ယခင်​က အပြစ်​ကျူးလွန်​ခဲ့​လျက်​ပင် မိမိ​တို့​ပြုကျင့်​ခဲ့​သည့် ညစ်ညူး​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ကို နောင်တ​မ​ရ​သေး​သော​သူ​များစွာ​ရှိ​သည့်​အတွက် ငါ​ဝမ်းနည်း​ကြေကွဲ​ရ​မည်​ကို​လည်း ငါ​စိုးရိမ်​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 1,
      "text": "ယခု တတိယ​အကြိမ် သင်​တို့​ထံသို့ ငါ​လာ​ခဲ့​မည်။ သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​သည် အတည်ပြု​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 2,
      "text": "ယခင် အပြစ်​ကျူးလွန်​ခဲ့​သူ​များ​နှင့် အခြား​သော​သူ​အပေါင်း​တို့​အား ဒုတိယ​အကြိမ်​ရောက်​ခဲ့​စဉ်​က ငါ​သတိပေး​ခဲ့​သည့်​အတိုင်း ယခု သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ငါ​သတိပေး​သည်​ကား ငါ​သည် နောက်တစ်ဖန်​ရောက်လာ​လျှင် ညှာတာ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 3,
      "text": "အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် ငါ့​အားဖြင့်​မြွက်ဆို​နေ​သည်​ဟူသော​သက်သေ​သာဓက​ကို သင်​တို့​တွေ့မြင်​လို​ကြ​သောကြောင့်​ဖြစ်​၏။ ကိုယ်တော်​သည် သင်​တို့​တွင်​အားနည်း​တော်​မ​မူ။ သင်​တို့​အထဲ၌ တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 4,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် အားနည်း​ခြင်း​ထဲတွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​သော်လည်း ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် အသက်ရှင်​တော်မူ​၏။ ထိုနည်းတူ ငါ​တို့​သည်​လည်း ကိုယ်တော်​၌ အားနည်း​ကြ​သော်လည်း သင်​တို့​ရှေ့၌ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်​ကြ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 5,
      "text": "သင်​တို့​သည် ယုံကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​၊ မ​ရှိ မိမိကိုယ်ကို​စမ်းသပ်​ကြ​လော့။ မိမိကိုယ်ကို​စစ်ဆေး​ကြ​လော့။ သင်​တို့​အထဲ၌ ယေရှု​ခရစ်တော်​ရှိ​ကြောင်း သင်တို့​ကိုယ်တိုင်​မ​သိ​ကြ​သလော၊ သို့မဟုတ် သင်​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 6,
      "text": "ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​မ​ဟုတ်​ကြောင်း သင်​တို့​သိ​မည်​ဟု ငါ​မျှော်လင့်​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 7,
      "text": "သင်​တို့​သည် မကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​မည့်​အကြောင်း ဘုရားသခင်​ထံ ငါ​တို့​ဆုတောင်း​ကြ​၏။ ဤသို့​ဆို​ခြင်း​မှာ စုံစမ်း​စစ်ဆေး​ခြင်း​ကို ငါ​တို့​အောင်မြင်​ကြောင်း​ထင်ရှား​စေရန်​အတွက်​မ​ဟုတ်​ဘဲ ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​ကဲ့သို့​ဖြစ်​ကြ​လျှင်ပင် သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​နိုင်​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 8,
      "text": "အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​ကို​ဆန့်ကျင်​၍ မည်သည့်​အမှု​ကို​မျှ မ​ပြု​နိုင်​ကြ။ သမ္မာတရား​ဘက်​၌​နေ​၍​သာလျှင် ပြု​နိုင်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 9,
      "text": "ငါ​တို့​အားနည်း​လျှင်​လည်း သင်​တို့​အားကြီး​သောအခါ ငါ​တို့​ဝမ်းမြောက်​ကြ​၏။ သင်​တို့​သည် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​ကြ​ရန်​အတွက်​လည်း ငါ​တို့​ဆုတောင်း​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 10,
      "text": "ဤ​အကြောင်း​ကြောင့် ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် ငါ့​အား သခင်​ဘုရား​ပေး​တော်မူ​သော​အခွင့်​အာဏာ​ကို ငါ​ရောက်လာ​သောအခါ ပြင်းထန်​စွာ​အသုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲကွာ​နေ​စဉ် ဤ​အကြောင်းအရာ​များ​ကို ရေး​လိုက်​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 11,
      "text": "နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ ဝမ်းမြောက်​ကြ​လော့။ စုံလင်​ခြင်း​သို့​ရောက်​ကြ​လော့။ နှစ်သိမ့်​ခြင်း​ကို ခံစား​ကြ​လော့။ တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ သင့်မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ခြင်း​မေတ္တာ​နှင့်​ငြိမ်သက်​ခြင်း​တို့​၏​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 12,
      "text": "အချင်းချင်း​သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ သန့်ရှင်း​သူ​အပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 13,
      "text": "သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၊ ဘုရားသခင်​၏​မေတ္တာ​တော်​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​တို့​သည် သင်​တို့​အားလုံး​နှင့်အတူ ရှိ​ပါစေသော​။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 1,
      "text": "လူ​တို့​ထံမှ​မ​ဟုတ်၊ လူ့​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​နှင့် ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ခမည်းတော်​ဘုရားသခင်​အားဖြင့် တမန်တော်​ဖြစ်​သော​ငါ​ပေါလု​မှစ၍"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 2,
      "text": "ငါ​နှင့်အတူ​ရှိ​သော​ညီအစ်ကို​အပေါင်း​တို့​သည် ဂလာတိ​ပြည်​၌​ရှိ​သည့် အသင်းတော်​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 4,
      "text": "ထို​သခင်​သည် ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆိုးညစ်​သော​မျက်မှောက်​ကာလ​မှ ငါ​တို့​ကို​ကယ်နုတ်​ရန် ငါ​တို့​၏​အပြစ်​အတွက် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 5,
      "text": "အဖ​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည် ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ ခြားနား​သည့်​ကောင်းမြတ်​သော​သတင်း​ဘက်​သို့ ဤမျှလောက်​အလျင်အမြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အလွန်​အံ့ဩ​မိ​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 7,
      "text": "ထိုသို့ဆိုသော် အခြား​ကောင်းမြတ်​သော​သတင်း​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​၍ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို မှောက်လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 8,
      "text": "သို့သော် ငါ​တို့​က​ဖြစ်စေ၊ ကောင်းကင်​မှ ကောင်းကင်​တမန်​က​ဖြစ်စေ သင်​တို့​အား ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 9,
      "text": "ယခင်​က ငါ​တို့​ပြော​ခဲ့​သည့်​အတိုင်း ယခု​ထပ်မံ​၍ ငါ​ပြော​သည်​မှာ မည်သူမဆို သင်​တို့​လက်ခံ​ခဲ့​ပြီး​ဖြစ်​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 10,
      "text": "အကြောင်းမူကား ယခု ငါ​သည် လူ​တို့​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့မဟုတ် ဘုရားသခင်​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့တည်းမဟုတ် လူ​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​သလော။ လူ​တို့​ကို​နှစ်သက်​စေရန် ငါ​ကြိုးစား​နေ​သေး​လျှင် ငါ​သည် ခရစ်တော်​၏​အစေအပါး​ဖြစ်​သည်​မ​ဟုတ်။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 11,
      "text": "ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 12,
      "text": "အကြောင်းမူကား ၎င်း​ကို လူ့​ထံမှ ငါ​ရရှိ​ခဲ့​သည်​မ​ဟုတ်။ သင်ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​အားဖြင့်​သာ ငါ​ရရှိ​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 13,
      "text": "ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 14,
      "text": "ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 15,
      "text": "သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ ​သော​ဘုရားသခင်​သည်"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 16,
      "text": "မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 17,
      "text": "ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 18,
      "text": "ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 19,
      "text": "သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 20,
      "text": "သင်​တို့​ထံသို့ ငါ​ရေး​နေ​သော​အကြောင်းအရာ​များ​တွင် မုသား​မ​ပါ​ကြောင်း ဘုရားသခင်​သိ​တော်မူ​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 21,
      "text": "ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 22,
      "text": "သို့ရာတွင် ခရစ်တော်​၌​တည်​သော ယုဒ​ပြည်​ရှိ အသင်းတော်​များ​သည် ငါ​နှင့်​လူ​ချင်း​မ​သိ​ကြ​သေး​ဘဲ"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 23,
      "text": "“ယခင်​က ငါ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​သည် တစ်ချိန်က သူ​ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သော​ယုံကြည်​ခြင်း​တရား​ကို ယခု ဟောပြော​လျက်​နေ​သည်”​ဟူ၍​သာ ကြား​ရ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 24,
      "text": "ထိုအခါ သူ​တို့​သည် ငါ့​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 1,
      "text": "ထို့နောက် တစ်ဆယ့်လေး​နှစ်​ကြာ​သောအခါ ငါ​သည် တိတု​ကို​ခေါ်​၍ ဗာနဗ​နှင့်အတူ ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​သွား​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 2,
      "text": "ဤသည်ကား ဗျာဒိတ်​တော်​အရ​သွား​ခြင်း​ဖြစ်​၏။ ထိုအခါ ငါ​သည် လူမျိုးခြား​တို့​ထဲ၌ ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အား​တင်ပြ​ပြီး အထင်ကရ​ဖြစ်​သော​သူ​တို့​ကို​မူကား သီးသန့်​တင်ပြ​ခဲ့​၏။ ထိုသို့​တင်ပြ​ခဲ့​ခြင်းမှာ ငါ​ကြိုးစား​အားထုတ်​နေ​သော​အရာ​ဖြစ်စေ၊ ကြိုးစား​အားထုတ်​ခဲ့​သော​အရာ​ဖြစ်စေ အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​မ​ဖြစ်​စေရန်​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 3,
      "text": "သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 4,
      "text": "ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 5,
      "text": "သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 6,
      "text": "ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ယခင်က မည်ကဲ့သို့သော​သူ​ဖြစ်​ပါစေ ငါ့​အတွက်​အကြောင်း​မ​ဟုတ်။ ဘုရားသခင်​သည် လူ့​မျက်နှာ​ကို​ထောက်​တော်​မ​မူ။ အမှန်စင်စစ် ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အပေါ် မည်သည့်​အရာ​ကို​မျှ မ​ဖြည့်စွက်​ခဲ့​ကြ​ပေ။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 7,
      "text": "သို့သော် ကောင်းမြတ်​သော​သတင်း​ကို အရေဖျား​လှီး​ထား​သော​သူ​တို့​အတွက် ပေတရု​၌​ယုံကြည်​အပ်နှံ​တော်မူ​သကဲ့သို့ အရေဖျား​မ​လှီး​သော​သူ​တို့​အတွက် ငါ​၌​ယုံကြည်​အပ်နှံ​တော်မူ​ကြောင်း​ကို သူ​တို့​တွေ့မြင်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 8,
      "text": "အကြောင်းမူကား အရေဖျား​လှီး​ထား​သော​သူ​တို့​၏​တမန်တော်​ဖြစ်​စေရန် ပေတရု​အထဲ၌ စီမံ​လုပ်ဆောင်​တော်မူ​သော​အရှင်​သည် လူမျိုးခြား​တို့​၏​တမန်တော်​ဖြစ်​စေရန် ငါ့​အထဲ၌​လည်း စီမံ​လုပ်ဆောင်​တော်မူ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 9,
      "text": "ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 10,
      "text": "သူ​တို့​၏​တစ်ခုတည်း​သော​မှာကြား​ချက်​မှာ ဆင်းရဲသား​တို့​ကို ငါ​တို့​သတိရ​စေရန်​ဖြစ်​၏။ ထို​အမှု​ကို​ပြု​ရန် ငါ​လည်း​ကြိုးစား​အားထုတ်​လာ​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 11,
      "text": "သို့သော် အန္တိအုတ်​မြို့​သို့ ကေဖ​ရောက်လာ​သောအခါ သူ​၌​အပြစ်တင်​စရာ​ရှိ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာချင်းဆိုင်​၍ ပိတ်ပင်​တားဆီး​ရ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 12,
      "text": "အကြောင်းမူကား ယာကုပ်​ထံမှ လူ​အချို့​ရောက်​မ​လာ​မီ သူ​သည် လူမျိုးခြား​တို့​နှင့်အတူ​စား​သောက်​၏။ သို့သော် သူ​တို့​ရောက်လာ​သောအခါ အရေဖျား​လှီး​ထား​သော​သူ​တို့​ကို​ကြောက်​သဖြင့် တွန့်ဆုတ်​၍ သီးခြား​နေ​လေ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 13,
      "text": "ထိုအခါ ကျန်​သော​ဂျူး​အမျိုးသား​တို့​သည်​လည်း သူ​နှင့်အတူ သူတော်ကောင်း​ယောင်ဆောင်​ကြ​သဖြင့် ဗာနဗ​ပင်လျှင် သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​ခြင်း​သို့ လိုက်​ပါ​သွား​ခဲ့​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 14,
      "text": "သို့သော် သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​နှင့်အညီ ဖြောင့်မတ်​စွာ​လျှောက်လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သောအခါ ထို​သူ​အပေါင်း​တို့​ရှေ့၌ ကေဖ​အား “ဂျူး​လူမျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူမျိုး​ကဲ့သို့​မ​နေထိုင်​ဘဲ လူမျိုးခြား​ကဲ့သို့​နေထိုင်​သည်​ဆို​လျှင် လူမျိုးခြား​တို့​ကို ဂျူး​လူမျိုး​ကဲ့သို့​နေထိုင်​ရန် အဘယ်ကြောင့် အတင်းအကျပ်​စေခိုင်း​သနည်း”​ဟု ငါ​ဆို​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 15,
      "text": "ငါ​တို့​သည် အပြစ်သား​လူမျိုးခြား​တို့​ထဲမှ​မ​ဟုတ်​ဘဲ ဇာတိ​အားဖြင့် ဂျူး​လူမျိုး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 16,
      "text": "သို့သော် လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း သိ​ကြ​သဖြင့် ငါ​တို့​သည် ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ခရစ်တော်​ယေရှု​ကို ယုံကြည်​ကြ​၏။ အကြောင်းမူကား ပညတ်​တရား​နှင့်ဆိုင်သော အကျင့်​အားဖြင့် မည်သူမျှ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 17,
      "text": "သို့ရာတွင် ငါ​တို့​သည် ခရစ်တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ရှာကြံ​နေ​ကြ​စဉ် ငါ​တို့​ကိုယ်တိုင် အပြစ်သား​များ​ဖြစ်​ကြောင်း​တွေ့ရှိ​ရ​သည်​ဆိုလျှင် ခရစ်တော်​သည် အပြစ်​တရား​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 18,
      "text": "အကြောင်းမူကား ငါ​သည် မိမိ​ဖြိုဖျက်​ခဲ့​သော ထို​အရာ​များ​ကို ပြန်လည်​တည်ဆောက်​လျှင် ကိုယ့်ကိုယ်ကိုယ် ပညတ်​တရား​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ကြောင်း ထင်ရှား​စေ​ရာ​ရောက်​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 19,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​သည် ဘုရားသခင်​၌​အသက်ရှင်​နိုင်​ရန် ပညတ်​တရား​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီ။ ငါ​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​ပြီ။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 20,
      "text": "သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 21,
      "text": "ငါ​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မ​ပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​ကို ပညတ်​တရား​အားဖြင့်​ရရှိ​နိုင်​လျှင် ခရစ်တော်​သည် အချည်းနှီး​အသေခံ​တော်မူ​ပြီ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 1,
      "text": "အို မိုက်မဲ​သော​ဂလာတိ​ပြည်သား​တို့၊ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ယေရှု​ခရစ်တော်​သည် သင်​တို့​မျက်စိ​ရှေ့၌ ထင်ရှား​စွာ​ဖော်ပြ​ခြင်း​ခံရ​လျက်​နှင့် မည်သူ​က သင်​တို့​ကို​ပြုစား​လိုက်​သနည်း။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 2,
      "text": "ဤ​အချက်​ကို​သာ သင်​တို့​ထံမှ ငါ​သိ​လို​၏။ သင်​တို့​သည် ဝိညာဉ်​တော်​ကို ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် ခံယူ​ရရှိ​ကြ​သလော၊ သို့မဟုတ် ကြားနာ​၍​ယုံကြည်​သော​အားဖြင့် ခံယူ​ရရှိ​ကြ​သလော။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 3,
      "text": "သင်​တို့​သည် ဤမျှလောက် မိုက်မဲ​ကြ​သလော။ ဝိညာဉ်​တော်​အားဖြင့်​အစပြု​ခဲ့​ပြီးမှ ယခု သွေးသား​ဇာတိ​အားဖြင့် အဆုံးသတ်​လို​ကြ​သလော။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 4,
      "text": "သင်​တို့​သည် ဤမျှလောက် များစွာ​သော​ဒုက္ခ​ဝေဒနာ​ကို အချည်းနှီး​ခံစား​ခဲ့​ကြ​ပြီ​လော။ ၎င်း​သည် အမှန်ပင် အချည်းနှီး​ဖြစ်​သလော။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 5,
      "text": "သို့ဖြစ်လျှင် ဝိညာဉ်​တော်​ကို သင်​တို့​အား​ပေး​တော်မူ​၍ သင်​တို့​ထဲ၌ တန်ခိုး​နှင့်​ပြည့်စုံ​သော​အမှု​ကို ပြု​တော်မူ​သော​အရှင်​သည် သင်​တို့​၏​ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကြောင့် ထိုသို့​ပြု​တော်မူ​သလော၊ သို့မဟုတ် သင်တို့​ကြားနာ​၍​ယုံကြည်​သောကြောင့် ထိုသို့​ပြု​တော်မူ​သလော။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 6,
      "text": "ဤသည်ကား “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏” ​ဟု ဆိုထား​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 7,
      "text": "သို့ဖြစ်၍ ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​ကို သိမှတ်​ကြ​လော့။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 8,
      "text": "ဘုရားသခင်​သည် လူမျိုးခြား​တို့​ကို ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​သည် ကြိုတင်​သိမြင်​၍ အာဗြဟံ​အား “လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်” ​ဟူသည့် ကောင်းမြတ်​သော​သတင်း​ကို ကြိုတင်​ဟောပြော​လေ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 9,
      "text": "ထို့ကြောင့် ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံကြည်​သော​အာဗြဟံ​နှင့်အတူ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 10,
      "text": "“ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏” ​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 11,
      "text": "“ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​မည်” ​ဖြစ်​သောကြောင့် ပညတ်​တရား​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်​ကြောင်း သိသာ​ထင်ရှား​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 12,
      "text": "သို့သော် ပညတ်​တရား​သည် ယုံကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပညတ်​တရား​တို့​ကို ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​မည်” ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 13,
      "text": "ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏” ​ဟု ရေး​ထား​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 14,
      "text": "ထိုသို့ ငါ​တို့​ကို​ရွေးနုတ်​တော်မူ​ခြင်း​မှာ အာဗြဟံ​ခံစား​ရ​သော​ကောင်းချီး​မင်္ဂလာ​သည် ခရစ်တော်​ယေရှု​အားဖြင့် လူမျိုးခြား​တို့​အပေါ်သို့ သက်ရောက်​သဖြင့် ကတိ​ထား​တော်မူ​သော​ဝိညာဉ်​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​ခံယူ​ရရှိ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 15,
      "text": "ညီအစ်ကို​တို့၊ လူ​၏​ထုံးစံ​ကို​ပုံဆောင်​၍ ငါ​ပြော​မည်။ လူ​တို့​ချုပ်ဆို​ထား​သော​စာချုပ်​ပင်လျှင် မည်သူ​က​မျှ ပယ်ဖျက်​ခြင်း​၊ သို့မဟုတ် ဖြည့်စွက်​ခြင်း​မ​ပြု​ရ​ချေ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 16,
      "text": "ဘုရားသခင်​သည် အာဗြဟံ​နှင့်​သူ​၏​အမျိုးအနွယ်​အား ကတိ​ပေး​တော်မူ​ရာ​၌ အများ​ကို​ရည်ညွှန်း​၍ “အမျိုးအနွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်ညွှန်း​၍ “သင်​၏​အမျိုးအနွယ်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​ကား ခရစ်တော်​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 17,
      "text": "ငါ​ဆိုလို​သည်​မှာ ဤသို့​ဖြစ်​၏။ နှစ်​ပေါင်း​လေးရာ​သုံးဆယ်​လွန်​ပြီးမှ ပေါ်လာ​သည့်​ပညတ်​တရား​သည် ဘုရားသခင်​ကြိုတင်​ဖွဲ့​ထား​သော​ပဋိညာဉ်​ကို မ​ပယ်ဖျက်​သကဲ့သို့ ကတိ​တော်​ကို​လည်း မ​ပျက်ပြယ်​စေ​နိုင်​ရာ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 18,
      "text": "အကြောင်းမူကား အမွေ​တော်​သည် ပညတ်​တရား​အပေါ်​၌​မူတည်​လျှင် ကတိ​တော်​အပေါ်​၌ မ​မူတည်​တော့​ပေ။ သို့သော် ဘုရားသခင်​သည် အာဗြဟံ​အား ထို​အမွေ​တော်​ကို ကတိ​တော်​အားဖြင့် ပေး​သနား​တော်မူ​ပြီ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 19,
      "text": "သို့ဖြစ်လျှင် ပညတ်​တရား​သည် အဘယ်ကြောင့်​ရှိ​ရ​သနည်း။ ၎င်း​သည် ကတိ​တော်​ကို​ခံရ​သော​အမျိုးအနွယ်​ပေါ်ထွန်း​သည်​အထိ ဖောက်ဖျက်​ကျူးလွန်​မှု​များ​ကြောင့် ဖြည့်စွက်​ထား​ခြင်း​ခံရ​ပြီး ကောင်းကင်​တမန်​များ​မှ​တစ်ဆင့် ကြားဝင်​စေ့စပ်​သူ​အားဖြင့် ပြဋ္ဌာန်း​ခြင်း​ခံရ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 20,
      "text": "ကြားဝင်​စေ့စပ်​သူ​သည် တစ်​ဖက်​နှင့်​သာ​ဆိုင်​သည်​မ​ဟုတ်။ ဘုရားသခင်​မူကား တစ်ပါးတည်း​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 21,
      "text": "သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 22,
      "text": "သို့သော် ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​နှင့်စပ်ဆိုင်​သော​ကတိ​တော်​ကို ယုံကြည်​သော​သူ​တို့​အား​ပေးအပ်​ရန် ကျမ်းစာ​သည် လူ​အပေါင်း​တို့​ကို အပြစ်​တရား​၏​လက်အောက်​တွင် ချုပ်နှောင်​ထား​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 23,
      "text": "သို့ရာတွင် ငါ​တို့​သည် ယုံကြည်​ခြင်း​တရား​ရောက်​မ​လာ​မီ ပညတ်​တရား​အောက်၌ စောင့်ရှောက်​ခြင်း​ခံရ​လျက် ယုံကြည်​ခြင်း​တရား​ထင်ရှား​လာ​သည့်​အထိ ချုပ်နှောင်​ထား​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 24,
      "text": "ထို့ကြောင့် ပညတ်​တရား​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​ငါ​တို့​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ငါ​တို့​ကို ခရစ်တော်​ထံသို့​ပို့ဆောင်​သော ငါ​တို့​၏​အုပ်ထိန်း​သူ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 25,
      "text": "သို့သော် ယုံကြည်​ခြင်း​တရား​ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​သည် အုပ်ထိန်း​သူ​၏​လက်အောက်​၌ မ​ရှိ​ကြ​တော့​ပေ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 26,
      "text": "အကြောင်းမူကား သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 27,
      "text": "အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၌​ဗတ္တိဇံ​ခံ​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​ကို​ဝတ်ဆင်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 28,
      "text": "သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 29,
      "text": "သင်​တို့​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​လျှင် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်၍ ကတိ​တော်​အရ အမွေခံ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 1,
      "text": "ငါ​ဆိုလို​သည်​ကား အမွေခံ​သည် အမွေ​ပစ္စည်း​ရှိသမျှ​ကို ပိုင်ဆိုင်​သူ​ဖြစ်​သော်လည်း ကလေး​သူငယ်​ဖြစ်​နေ​သေး​သရွေ့ ကျွန်​နှင့်​ခြားနား​ခြင်း​မ​ရှိ​ဘဲ"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 2,
      "text": "ဖခင်​သတ်မှတ်​သော​အချိန်​မ​ရောက်​မချင်း အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​နှင့်​ဘဏ္ဍာစိုး​တို့​၏​လက်အောက်​၌ နေ​ရ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 3,
      "text": "ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 4,
      "text": "သို့သော် အချိန်​ကာလ​ပြည့်စုံ​ခြင်း​သို့​ရောက်​သောအခါ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို​စေလွှတ်​တော်မူ​၍ ထို​သား​တော်​သည် မိန်းမ​တစ်​ဦး​မှ​မွေးဖွား​လျက် ပညတ်​တရား​အောက်၌ ပေါ်ထွန်း​တော်မူ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 5,
      "text": "ဤသည်ကား ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို ရွေးနုတ်​တော်မူ​သဖြင့် ငါ​တို့​သည် သားသမီး​အရာ​ကို​ရရှိ​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 6,
      "text": "ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 7,
      "text": "သို့ဖြစ်၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘုရားသခင်​အားဖြင့် အမွေခံ​လည်း​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 8,
      "text": "သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 9,
      "text": "ယခု​မူကား သင်​တို့​သည် ဘုရားသခင်​ကို​သိ​ကြ​၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်​သည် သင်​တို့​ကို​သိ​တော်မူ​၏။ သို့ဖြစ်လျှင် အားနည်း​၍ ချမ်းသာ​မ​ပေး​နိုင်​သော​အခြေခံ​တရား​ဘက်​သို့ အဘယ်ကြောင့် ပြန်လှည့်​၍ ထို​အခြေခံ​တရား​ထံ အသစ်တစ်ဖန် ပြန်၍​ကျွန်ခံ​လို​ကြ​သနည်း။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 10,
      "text": "သင်​တို့​သည် နေ့ရက်​များ၊ လ​များ၊ အချိန်အခါ​များ​နှင့် နှစ်​များ​ကို စောင့်ထိန်း​ကြ​ပြီ​တကား။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 11,
      "text": "သင်​တို့​အတွက် ငါ​ကြိုးစား​လုပ်ဆောင်​ခဲ့​သော​အရာ​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အတွက် ငါ​စိုးရိမ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 12,
      "text": "ညီအစ်ကို​တို့၊ ငါ​ကဲ့သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်းပန်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည်​လည်း သင်​တို့​ကဲ့သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အပေါ် မည်သည့်​မတရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 13,
      "text": "ပထမ​အကြိမ် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​ရ​ခြင်း​မှာ ကိုယ်ကာယ​နာမကျန်း​သောကြောင့်​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 14,
      "text": "ထိုသို့ ငါ​၏​ကိုယ်ကာယ​အခြေအနေ​သည် သင်​တို့​အတွက် စုံစမ်း​နှောင့်ယှက်​ခြင်း​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ကို​မထီမဲ့မြင်​မ​ပြု၊ ရွံရှာ​ခြင်း​လည်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​ကောင်းကင်​တမန်​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​ယေရှု​ကဲ့သို့​လည်းကောင်း ငါ့​ကို​လက်ခံ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 15,
      "text": "သို့ဖြစ်လျက်ပင် သင်​တို့​ခံစား​ရ​သော​မင်္ဂလာ​သည် မည်သို့​ဖြစ်​သွား​သနည်း။ သင်​တို့​သည် ဖြစ်နိုင်​လျှင် သင်​တို့​၏​မျက်စိ​ကို​ပင်​ထုတ်​၍ ငါ့​အား​ပေး​ခဲ့​ကြ​ပေ​လိမ့်မည်​ဟု သင်​တို့​နှင့်​ပတ်သက်၍ ငါ​သက်သေခံ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 16,
      "text": "ငါ​သည် သင်​တို့​အား သမ္မာတရား​ကို​ဟောပြော​သောကြောင့် သင်​တို့​၏​ရန်သူ​ဖြစ်​သွား​ပြီ​လော။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 17,
      "text": "သင်​တို့​အပေါ် အရေးတယူ​ပြု​ကြ​သော​ထို​သူ​တို့​သည် ကောင်း​သော​ရည်ရွယ်ချက်​ကြောင့်​မ​ဟုတ်​ဘဲ သူ​တို့​အပေါ် အရေးတယူ​ပြု​စေရန် သင်​တို့​ကို သီးသန့်​ဖယ်ထုတ်​လို​၍​သာ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 18,
      "text": "သင်​တို့​နှင့်အတူ ငါ​ရှိ​နေ​စဉ်​တွင်​သာ​မ​ဟုတ်​ဘဲ အစဉ်အမြဲ ကောင်း​သော​ရည်ရွယ်ချက်​ဖြင့် အရေးတယူ​ပြု​ခံရ​ခြင်း​သည် ကောင်း​ပေ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 19,
      "text": "ခရစ်တော်​၏​အသွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ၌ ပေါ်ပေါက်​လာ​သည့်​တိုင်အောင် သင်​တို့​အတွက် သားဖွား​ခြင်း​ဝေဒနာ​ကို ငါ​တစ်ဖန်​ခံစား​ရ​သော ငါ့​သားသမီး​တို့၊"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 20,
      "text": "ငါ​သည် သင်​တို့​နှင့်​ပတ်သက်၍ တွေးမရ​ဖြစ်​နေ​သဖြင့် ယခု​ပင် သင်​တို့​နှင့်အတူ​ရှိ​လျက် ငါ့​လေသံ​ကို ငါ​ပြောင်း​လို​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 21,
      "text": "ပညတ်​တရား​အောက်၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြောပြ​ကြ​လော့။ ပညတ်​တရား​က မည်သို့​မိန့်ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သလော။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 22,
      "text": "အကြောင်းမူကား “အာဗြဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်လပ်​သော​မိန်းမ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 23,
      "text": "ကျွန်​မ​၏​သား​သည် သွေးသား​ဇာတိ​အရ​မွေးဖွား​လာ​၏။ လွတ်လပ်​သော​မိန်းမ​၏​သား​မူကား ကတိ​တော်​အရ​မွေးဖွား​လာ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 24,
      "text": "ဤ​အကြောင်းအရာ​တို့​သည် ပုံဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား ထို​မိန်းမ​နှစ်​ဦး​သည် ပဋိညာဉ်​နှစ်​ပါး​ကို​ဆိုလို​၏။ တစ်​ပါး​သည် သိနာ​တောင်​မှ​ဖြစ်၍ ကျွန်​ကို​မွေးဖွား​၏။ ထို​သူ​သည် ဟာဂရ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 25,
      "text": "ဟာဂရ​သည် အာရေဗျ​ပြည်​၌​ရှိ​သော သိနာ​တောင်​ကို​ဆိုလို​၍ လက်ရှိ​ဂျေရုဆလင်​မြို့​နှင့်​လည်း အလားတူ​၏။ အဘယ်ကြောင့်​ဆိုသော် ၎င်း​သည် မိမိ​၏​သားသမီး​တို့​နှင့်အတူ ကျွန်ခံ​နေ​ရ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 26,
      "text": "သို့သော် အထက်​အရပ်​တွင်​ရှိ​သော ဂျေရုဆလင်​မြို့​သည် လွတ်လပ်​သော​မိန်းမ​ဖြစ်၍ ၎င်း​သည် ငါ​တို့​၏​အမိ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 27,
      "text": "အကြောင်းမူကား “သား​မ​ဖွား​ဖူး​သော​အမြုံမ၊ ပျော်ရွှင်​လော့။ သားဖွား​ခြင်း​ဝေဒနာ​ကို​မ​ခံစား​ဖူး​သော​မိန်းမ၊ အသံကုန်​လွှင့်​၍ ဟစ်ကြော်​လော့။ အဘယ်ကြောင့်​ဆိုသော် စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​တို့​သည် ယောက်ျား​ရှိ​သော​မိန်းမ​၏​သားသမီး​တို့​ထက် များ​ကြ​၏” ​ဟု ရေး​ထား​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 28,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​မူကား ဣဇက်​ကဲ့သို့ ကတိ​တော်​နှင့်ဆိုင်သော သားသမီး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 29,
      "text": "သို့သော် ထိုစဉ်က သွေးသား​ဇာတိ​အရ​မွေးဖွား​သော​သား​သည် ဝိညာဉ်​တော်​အရ​မွေးဖွား​သော​သား​ကို ညှဉ်းဆဲ​သကဲ့သို့ ယခု​လည်း ထိုနည်းတူ​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 30,
      "text": "သို့ရာတွင် ကျမ်းစာ​က မည်သို့​ဆို​ထား​သနည်း။ “ကျွန်​မ​နှင့်​သူ​၏​သား​ကို နှင်ထုတ်​လော့။ အကြောင်းမူကား ကျွန်​မ​၏​သား​သည် လွတ်လပ်​သော​မိန်းမ​၏​သား​နှင့်အတူ လုံးဝ​အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 31,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သားသမီး​များ​မ​ဟုတ်​ဘဲ လွတ်လပ်​သော​မိန်းမ​၏​သားသမီး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 1,
      "text": "လွတ်လပ်​မှု​ကို​ရရှိ​စေရန် ခရစ်တော်​သည် ငါ​တို့​ကို လွတ်မြောက်​စေ​တော်မူ​ပြီ။ ထို့ကြောင့် ခိုင်မြဲ​စွာ​ရပ်တည်​လျက် ကျွန်​ထမ်းပိုး​တွင် နောက်တစ်ဖန် ချည်နှောင်​ခြင်း​မ​ခံ​ကြ​နှင့်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 2,
      "text": "နားထောင်​ကြ​လော့။ ငါ​ပေါလု​က သင်​တို့​အား​ဆို​သည်​ကား သင်​တို့​သည် အရေဖျား​လှီး​ခြင်း​ကို​ခံ​လျှင် ခရစ်တော်​သည် သင်​တို့​အတွက် မည်သည့်​အကျိုး​မျှ​ရှိ​မည်​မ​ဟုတ်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 3,
      "text": "အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တိုင်း​အား တစ်ဖန် ငါ​သတိပေး​သည်​ကား ထို​သူ​သည် ပညတ်​တရား​အလုံးစုံ​ကို ကျင့်သုံး​ရ​မည့်​တာဝန်​ရှိ​၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 4,
      "text": "ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခရစ်တော်​ထံမှ ဖယ်ရှား​ခြင်း​ခံရ​၍ ကျေးဇူး​တော်​ထံမှ ရွေ့လျော​သွား​ကြ​ပြီ။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 5,
      "text": "အကြောင်းမူကား ငါ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​ခြင်း​ကို​ရရှိ​မည်​ဟူ​သည့်​မျှော်လင့်​ခြင်း​ကို ဝိညာဉ်​တော်​၌​အမှီပြု​လျက် စောင့်မျှော်​နေ​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 6,
      "text": "ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 7,
      "text": "သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာတရား​ကို​မ​လိုက်နာ​စေရန် မည်သူ​က သင်​တို့​ကို အနှောင့်အယှက်​ပေး​သနည်း။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 8,
      "text": "ဤ​သွေးဆောင်​မှု​သည် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ​လာ​သည်​မ​ဟုတ်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 9,
      "text": "အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 10,
      "text": "သင်​တို့​တွင် ခြားနား​သော​အယူအဆ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သခင်​ဘုရား​၌ သင်​တို့​ကို ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​သော​သူ​သည် မည်သူ​ပင်​ဖြစ်​ပါစေ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 11,
      "text": "ညီအစ်ကို​တို့၊ ငါ​သည် အရေဖျား​လှီး​ခြင်း​တရား​ကို ဟောပြော​နေ​သေး​သည်​ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော​မှားယွင်း​စရာ​အကြောင်း​သည် ဖယ်ရှား​ခြင်း​ခံရ​ပြီ။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 12,
      "text": "သင်​တို့​ကို မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​ပင် သင်းကွပ်​လိုက်​လျှင် ကောင်း​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 13,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 14,
      "text": "အကြောင်းမူကား ပညတ်​တရား​အားလုံး​သည် “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်” ​ဟူသော​စကား​တစ်​ခွန်း​တည်း​၌​ပြည့်စုံ​၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 15,
      "text": "သို့သော် သင်​တို့​သည် အချင်းချင်း​ကိုက်ဖြတ်​ဝါးမျို​ကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည်​ကို စိုးရိမ်​ရ​သဖြင့် သတိပြု​ကြ​လော့။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 16,
      "text": "ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 17,
      "text": "အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 18,
      "text": "သို့ရာတွင် ဝိညာဉ်​တော်​၏​ရှေ့ဆောင်​လမ်းပြ​မှု​ကို​ခံရ​လျှင် သင်​တို့​သည် ပညတ်​တရား​အောက်၌ ရှိ​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 19,
      "text": "သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 20,
      "text": "ရုပ်တု​ကိုးကွယ်​ခြင်း၊ ပြုစား​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်းကွဲ​ခြင်း၊"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 21,
      "text": "မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 22,
      "text": "ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 23,
      "text": "နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 24,
      "text": "ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 25,
      "text": "ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 26,
      "text": "စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ လူ​တစ်​ဦး​သည် ကျူးလွန်​သော​အပြစ်​တစ်စုံတစ်ခု​ထဲ၌ နစ်မွန်း​နေ​လျှင် ဝိညာဉ်​သဘော​ရှိ​သော​သင်​တို့​သည် နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ခြင်း​သို့​မ​ကျရောက်​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 2,
      "text": "အချင်းချင်း​၏​ဝန်ထုပ်ဝန်ပိုး​များ​ကို ကူညီ​ထမ်းရွက်​ပေး​ကြ​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​တို့​သည် ခရစ်တော်​၏​တရား​တော်​ကို ပြည့်စုံ​စေ​ကြ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 3,
      "text": "တစ်စုံတစ်ယောက်​သည် ဘာမျှ​မ​ဟုတ်​ဘဲ​လျက် မိမိ​ကိုယ်​ကို​အရေးပါ​သူ​ဟု ထင်မှတ်​လျှင် သူ​သည် မိမိကိုယ်ကို​လှည့်ဖြား​၏။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 4,
      "text": "လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 5,
      "text": "အကြောင်းမူကား လူ​တိုင်း​သည် မိမိ​ဝန်​ကို​ထမ်း​ရ​မည်​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 6,
      "text": "နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 7,
      "text": "အယူ​မ​လွဲ​ကြ​နှင့်။ ဘုရားသခင်​သည် မထီလေးစား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​ကို​စိုက်ပျိုး​လျှင် ၎င်း​ကို ပြန်လည်​ရိတ်သိမ်း​ရ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 8,
      "text": "မိမိ​သွေးသား​ဇာတိ​၌​စိုက်ပျိုး​သော​သူ​သည် သွေးသား​ဇာတိ​ထံမှ ပျက်စီး​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ဝိညာဉ်​တော်​၌​စိုက်ပျိုး​သော​သူ​မူကား ဝိညာဉ်​တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်း​ရ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 9,
      "text": "ငါ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်စို့။ အကြောင်းမူကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အချိန်တန်​သောအခါ ရိတ်သိမ်း​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 10,
      "text": "ထို့ကြောင့် ငါ​တို့​သည် အခါအခွင့်​ရ​သောအခါ လူ​အပေါင်း​တို့​အပေါ် အထူးသဖြင့် ယုံကြည်​ခြင်း​၏​အိမ်သူအိမ်သား​တို့​အပေါ် ကောင်း​သော​အမှု​ကို ပြု​ကြ​ကုန်စို့။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 11,
      "text": "ငါ​သည် မည်မျှလောက်​ကြီး​သော​စာလုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 12,
      "text": "ကိုယ်ကာယ​၌ အမြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကြောင့် ညှဉ်းဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ကြ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 13,
      "text": "အကြောင်းမူကား အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည်​လည်း မိမိ​တို့​ကိုယ်တိုင်​ပညတ်​တရား​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ​ပေ။ ထို​သူ​တို့​သည် သင်​တို့​၏​ကိုယ်ကာယ​၌ ဝါကြွား​နိုင်​ရန် သင်​တို့​အား အရေဖျား​လှီး​ခြင်း​ကို​ခံ​စေ​လို​ကြ​၏။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 14,
      "text": "ငါ့​အတွက်​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​လက်ဝါးကပ်တိုင်​၌ ဝါကြွား​ခြင်း​မှတစ်ပါး အခြား​ဝါကြွား​စရာ​မ​ရှိ။ ငါ့​အနေဖြင့် လောက​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​၍ လောက​အနေဖြင့်​လည်း ငါ​သည် ထို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​လေ​ပြီ။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 15,
      "text": "အကြောင်းမူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ ပဓာန​မ​ဟုတ်။ အသစ်​ဖန်ဆင်း​ခံရ​ခြင်း​သာ ပဓာန​ဖြစ်​၏။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 16,
      "text": "ဤ​နည်းဥပဒေသ​အတိုင်း လိုက်လျှောက်​သူ​ရှိသမျှ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုရားသခင်​၏​အစ္စရေး​အမျိုး​တို့​အပေါ်​၌​လည်းကောင်း ငြိမ်သက်​ခြင်း​နှင့်​ကရုဏာ​တော် သက်ရောက်​ပါစေသော။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 17,
      "text": "ယခု​မှစ၍ မည်သူမျှ ငါ့​အား အနှောင့်အယှက်​မ​ပေး​ပါစေ​နှင့်။ အကြောင်းမူကား ငါ​သည် ယေရှု​နှင့်ဆိုင်သော​အမှတ်တံဆိပ်​များ​ကို ငါ​၏​ကိုယ်ခန္ဓာ​၌ ဆောင်​ထား​၏။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 18,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​နှင့်အတူ ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် ခရစ်တော်​ယေရှု​၌​သစ္စာ​ရှိ​သည့် ဧဖက်​မြို့​တွင်​နေ​ကြ​သော​သန့်ရှင်း​သူ​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 3,
      "text": "အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 4,
      "text": "ငါ​တို့​သည် ရှေ့​တော်​၌ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ငါ​တို့​ကို ခရစ်တော်​၌​ရွေးကောက်​တော်မူ​ပြီး"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 5,
      "text": "မိမိ​အလို​တော်​နှင့်ညီသော​စေတနာ​အတိုင်း ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​၏​သားသမီး​အရာ​၌ မေတ္တာ​တော်​ဖြင့် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 6,
      "text": "ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 7,
      "text": "ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 8,
      "text": "ဘုရားသခင်​သည် ထို​ကျေးဇူး​တော်​ကို ငါ​တို့​၌​ကြွယ်ဝ​ပြည့်စုံ​စေ​တော်မူ​၍ ခပ်သိမ်း​သော​ဉာဏ်ပညာ​နှင့်​အသိပညာ​အားဖြင့်"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 9,
      "text": "ခရစ်တော်​၌​ကြံရွယ်​ထား​သည့် အလို​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​စေတနာ​တော်​အတိုင်း ငါ​တို့​အား​သိ​စေ​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 10,
      "text": "ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 11,
      "text": "ငါ​တို့​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အလို​တော်​နှင့်ညီသော​ဆုံးဖြတ်​ချက်​အတိုင်း လုပ်ဆောင်​စေ​တော်မူ​သော​အရှင်​၏​အကြံအစည်​တော်​နှင့်အညီ ကြိုတင်​သတ်မှတ်​ထား​ခြင်း​ခံရ​၍ ထို​ခရစ်တော်​အားဖြင့် အမွေ​တော်​ကို​ရရှိ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 12,
      "text": "ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 13,
      "text": "သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​တည်းဟူသော သမ္မာတရား​၏​နှုတ်ကပတ်တော်​ကို ထို​သခင်​၌​ကြား​ရ​၍ ကိုယ်တော်​ကို​ယုံကြည်​သဖြင့် ကတိ​ထား​တော်မူ​သော သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 14,
      "text": "ထို​ဝိညာဉ်​တော်​သည် ပိုင်ဆိုင်​တော်မူ​သော​သူ​တို့​ရွေးနုတ်​ခြင်း​ခံရ​သည်​အထိ ငါ​တို့​၏​အမွေ​အတွက် စရန်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​အတွက်​လည်း​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 15,
      "text": "ထို့ကြောင့် ငါ​သည်​လည်း သခင်​ယေရှု​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ကြားသိ​သဖြင့်"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 16,
      "text": "သင်​တို့​အတွက် အစဉ်မပြတ်​ကျေးဇူး​တော်​ချီးမွမ်း​လျက် ငါ​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 17,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သည့်​ခမည်းတော်​သည် မိမိ​ကို​သိရှိ​စေရန် ဉာဏ်ပညာ​နှင့်​ဗျာဒိတ်​တော်​ဆိုင်ရာ​ဝိညာဉ်​ကို သင်​တို့​အား ပေး​တော်မူ​မည့်​အကြောင်း​နှင့်"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 18,
      "text": "ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 19,
      "text": "ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 20,
      "text": "ဘုရားသခင်​သည် ထို​အစွမ်းသတ္တိ​နှင့်​တန်ခိုး​အရှိန်အဝါ​တို့​ကို ခရစ်တော်​ထဲ၌ သက်ဝင်​လှုပ်ရှား​စေ​တော်မူ​၍ ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ကာ"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 21,
      "text": "ခပ်သိမ်း​သော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်​နှင့် မျက်မှောက်​ကာလ​၌​သာမက တမလွန်​ကာလ​၌​လည်း ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သည့် ဘွဲ့​နာမ​ရှိသမျှ​တို့​၏​အပေါ် အထက်​ကောင်းကင်​အရပ်​၌ မိမိ​၏​လက်ယာ​တော်​ဘက်​တွင် ထိုင်​စေ​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 22,
      "text": "အရာ​ခပ်သိမ်း​တို့​ကို​လည်း ခရစ်တော်​၏​ခြေ​တော်​အောက်၌ ချ​ထား​၍ ကိုယ်တော်​ကို အရာ​ခပ်သိမ်း​တို့​အပေါ် ဦးခေါင်း​ဖြစ်​စေ​ပြီး အသင်းတော်​အား​ပေး​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 23,
      "text": "ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 1,
      "text": "တစ်ချိန်က သင်​တို့​သည် မိမိ​တို့​၏​အပြစ်​နှင့်​ကျူးလွန်​သော​အပြစ်​များ​၌​သေ​နေ​ကြ​၍"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 2,
      "text": "အာကာသ​နှင့်ဆိုင်သော​အာဏာစက်​ကို စွဲကိုင်​အုပ်ချုပ်​သူ​တည်းဟူသော နာခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ၌ ယခု​အလုပ်​လုပ်​နေ​သည့် ဝိညာဉ်​အလို​အတိုင်း ဤ​လောက​၏​လမ်းစဉ်​နှင့်အညီ ထို​အပြစ်​များ​တွင် အသက်ရှင်​လျှောက်လှမ်း​ခဲ့​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 3,
      "text": "ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 4,
      "text": "သို့သော် ကရုဏာ​တော်​နှင့်​ကြွယ်ဝ​တော်မူ​သော​ဘုရားသခင်​သည် ငါ​တို့​ကို​ချစ်​တော်မူ​သည့် ကြီးမား​သော​မေတ္တာ​တော်​အားဖြင့်"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 5,
      "text": "ကျူးလွန်​သော​အပြစ်​များ​၌ သေ​နေ​သော​ငါ​တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်​စေ​တော်မူ​၏။ (သင်​တို့​သည် ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။)"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 6,
      "text": "ထို့နောက် ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ကို ကိုယ်တော်​နှင့်အတူ​ထမြောက်​စေ​၍ အထက်​ကောင်းကင်​အရပ်​၌ ကိုယ်တော်​နှင့်အတူ​ထိုင်​စေ​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 7,
      "text": "ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 8,
      "text": "အကြောင်းမူကား သင်​တို့​သည် ကျေးဇူး​တော်​ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 9,
      "text": "မိမိ​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 10,
      "text": "အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 11,
      "text": "ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 12,
      "text": "ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 13,
      "text": "သို့သော် တစ်ချိန်က ဝေးကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယခု​အခါ ခရစ်တော်​ယေရှု​၌ ခရစ်တော်​၏​သွေး​တော်​အားဖြင့် အနီး​သို့​ရောက်​ရ​ကြ​ပြီ။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 14,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​သင့်မြတ်​ငြိမ်းချမ်း​ခြင်း​အကြောင်း​ဖြစ်​တော်မူ​၍ ငါ​တို့​နှစ်မျိုးစလုံး​ကို တစ်မျိုးတည်း​ဖြစ်​စေ​ပြီး ပိုင်းခြား​သော​ရန်ငြိုး​တံတိုင်း​ကို ဖြိုဖျက်​ကာ"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 15,
      "text": "စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 16,
      "text": "လက်ဝါးကပ်တိုင်​တွင် ရန်ငြိုး​ကို​သုတ်သင်​ပြီး လက်ဝါးကပ်တိုင်​အားဖြင့် ငါ​တို့​နှစ်မျိုးစလုံး​ကို ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 17,
      "text": "ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 18,
      "text": "ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 19,
      "text": "ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​သည် တမန်တော်​များ​နှင့်​ပရောဖက်​များ​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​ခံရ​ကြ​၍ ခရစ်တော်​ယေရှု​ကိုယ်တော်​တိုင် ထောင့်ချုပ်​ကျောက်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 21,
      "text": "ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 22,
      "text": "သင်​တို့​သည်​လည်း ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​ကိန်းဝပ်​တော်မူ​ရာ​အဖြစ်​သို့ ထို​သခင်​၌ အတူတကွ​တည်ဆောက်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 1,
      "text": "ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 2,
      "text": "သင်​တို့​အတွက် ငါ့​အား​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် စီမံ​ခန့်ခွဲ​မှု​ကို သင်​တို့​ကြားသိ​ကြ​သည်​ဟု ငါ​ယူဆ​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 3,
      "text": "အထက်​က အကျဉ်း​မျှ ငါ​ရေး​ထား​သည့်​အတိုင်း ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဗျာဒိတ်​တော်​အားဖြင့် ငါ့​အား​သိ​စေ​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 4,
      "text": "၎င်း​ကို​ဖတ်​လျှင် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​မည်သို့​တတ်သိ​နားလည်​ထား​သည်​ကို သင်​တို့​သိ​နိုင်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 5,
      "text": "ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မိမိ​၏​သန့်ရှင်း​သော​တမန်တော်​များ​နှင့်​ပရောဖက်​များ​အား ဝိညာဉ်​တော်​အားဖြင့် ယခု​ဖွင့်ပြ​တော်မူ​သကဲ့သို့ အခြား​သော​ခေတ်​ကာလ​များ​၌ လူသား​တို့​အား သိ​စေ​တော်​မ​မူ​ခဲ့​ပေ။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 6,
      "text": "ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ လူမျိုးခြား​တို့​သည် ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ အတူတကွ​အမွေ​ဆက်ခံ​သူ​များ၊ တစ်ခုတည်း​သော​ကိုယ်ခန္ဓာ​၌​ပါဝင်​သူ​များ​၊ ကတိ​တော်​ကို​အတူတကွ​ခံစား​သူ​များ​ဖြစ်​ကြ​ခြင်း​ပေ​တည်း။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 7,
      "text": "တန်ခိုး​တော်​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ့​အား​ပေးအပ်​ထား​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ဆိုင်ရာ​ကောင်းချီး​လက်ဆောင်​နှင့်အညီ ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော အမှု​တော်​ဆောင်​ဖြစ်လာ​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 8,
      "text": "သန့်ရှင်း​သူ​အားလုံး​တို့​တွင် အငယ်ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော​ငါ့​အား ဤ​ကျေးဇူး​တော်​ကို​ပေးအပ်​တော်မူ​ခြင်း​မှာ ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်​သော ခရစ်တော်​၏​ကြွယ်ဝ​မှု​ကို လူမျိုးခြား​တို့​အား​ဟောပြော​စေရန်​နှင့်"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 9,
      "text": "အရာ​ခပ်သိမ်း​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​၌ ရှေး​ကာလ​များ​မှစ၍ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​နှင့်ဆိုင်သော စီမံ​ခန့်ခွဲ​မှု​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို လူ​အပေါင်း​တို့​တွင် သိသာ​ထင်ရှား​စေရန်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 10,
      "text": "ဤသည်ကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌ ပြီးပြည့်စုံ​သော​ထာဝရ​အကြံအစည်​တော်​နှင့်အညီ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော အာဏာစက်​များ​နှင့်​အုပ်ချုပ်မှု​များ​အား ယခု​အခါ​တွင် အသင်းတော်​အားဖြင့် ဘုရားသခင်​၏​အမျိုးမျိုး​အဖုံဖုံ​သော​ဉာဏ်ပညာ​တော်​ကို သိ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 12,
      "text": "ထို​သခင်​ကို​ယုံကြည်​ခြင်း​အားဖြင့် ရဲရင့်​ခြင်း​ကို​လည်းကောင်း၊ ယုံကြည်​စိတ်ချ​စွာ​ဖြင့် အထံ​တော်​သို့​တိုးဝင်​ခွင့်​ကို​လည်းကောင်း ကိုယ်တော်​၌ ငါ​တို့​ရရှိ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 13,
      "text": "သို့ဖြစ်၍ သင်​တို့​အတွက် ငါ​ခံရ​သော​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်းပန်​၏။ ထို​အရာ​များ​သည် သင်​တို့​၏​ဂုဏ်သရေ​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 14,
      "text": "ဤ​အကြောင်း​ကြောင့် ငါ​သည် ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မိသားစု​တို့​အမည်​နာမ​ခံယူ​ရရှိ​ရာ​ဖြစ်​တော်မူ​သော အဖ​ခမည်းတော်​ထံ ဒူး​ထောက်​လျက်"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 16,
      "text": "ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 17,
      "text": "ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 18,
      "text": "ထို​မေတ္တာ​တော်​၏​အလျား၊ အနံ၊ အမြင့်၊ အနက်​တို့ မည်မျှ​ရှိသည်​ကို သန့်ရှင်း​သူ​အားလုံး​နှင့်အတူ သဘောပေါက်​နိုင်​စွမ်း​ရှိ​သဖြင့်"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 19,
      "text": "အသိပညာ​ထက် ထူးကဲ​သော​ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို​သိရှိ​၍ ဘုရားသခင်​၏​ပြည့်စုံ​တော်မူ​ခြင်း​အပေါင်း​တို့​ဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​မည့်​အကြောင်း ငါ​ဆုတောင်း​၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 20,
      "text": "ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 21,
      "text": "အသင်းတော်​အားဖြင့်​လည်းကောင်း၊ ခရစ်တော်​ယေရှု​အားဖြင့်​လည်းကောင်း ခေတ်ကာလ​အဆက်ဆက် ထာဝစဉ်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 1,
      "text": "ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 2,
      "text": "အရာရာ​၌ စိတ်​နှိမ့်ချ​ခြင်း​နှင့်​နူးညံ့​သိမ်မွေ့​ခြင်း​အပြည့်အဝ​ရှိ​လျက် စိတ်ရှည်​စွာ​ဖြင့် ချစ်​ခြင်း​မေတ္တာ​၌ တစ်ဦး​ကို​တစ်ဦး​သည်းခံ​ကာ"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 3,
      "text": "ငြိမ်သက်​ခြင်း​၏​စုစည်း​နှောင်ဖွဲ့​မှု​အားဖြင့် ဝိညာဉ်​တော်​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​ကို ကြိုးစား​ထိန်းသိမ်း​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 4,
      "text": "သင်​တို့​ကို​ခေါ်ယူ​တော်မူ​သောအခါ တစ်ပါးတည်း​သော​မျှော်လင့်​ခြင်း​သို့ ခေါ်ယူ​တော်မူ​သကဲ့သို့ ကိုယ်ခန္ဓာ​တစ်ပါးတည်း၊ ဝိညာဉ်​တော်​တစ်ပါးတည်း​ရှိ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 5,
      "text": "သခင်​တစ်ပါးတည်း၊ ယုံကြည်​ခြင်း​တစ်ပါးတည်း၊ ဗတ္တိဇံ​တစ်ပါးတည်း​ရှိ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 6,
      "text": "အရာ​ခပ်သိမ်း​တို့​အပေါ်၌​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​၌​ပျံ့နှံ့​လျက်​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​အထဲ​၌​လည်းကောင်း ရှိ​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​၏​အဖ​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 7,
      "text": "သို့သော် ငါ​တို့​တစ်​ဦး​စီ​သည် ခရစ်တော်​ပေး​တော်မူ​သော ကောင်းချီး​လက်ဆောင်​၏​ပမာဏ​အတိုင်း ကျေးဇူး​တော်​ကို​ခံစားရ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 8,
      "text": "ထို့ကြောင့် “ကိုယ်တော်​သည် မြင့်​သော​အရပ်​သို့ တက်​သွား​တော်မူ​သောအခါ ချုပ်နှောင်​ထား​သော​သူ​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​၍ လူ​တို့​အား လက်ဆောင်​များ​ကို​ပေး​တော်မူ​၏” ​ဟု ကျမ်းစာ​၌​ဆို​ထား​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 9,
      "text": "(တက်​သွား​တော်မူ​သောအခါ​ဟု​ဆို​ရာ​တွင် မြေကြီး​အောက်​အရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်မူ​ခဲ့​ကြောင်း​ကို ဆိုလို​ခြင်း​မ​ဟုတ်​လျှင် မည်သည့်​အရာ​ဖြစ်​ဦး​မည်နည်း။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 10,
      "text": "ကြွ​ဆင်း​တော်မူ​ခဲ့​သော​အရှင်​ကိုယ်တိုင်​သည် အရာ​ခပ်သိမ်း​တို့​ကို ပြည့်စုံ​စေရန် ကောင်းကင်​အထပ်ထပ်​တို့​အပေါ်​သို့ တက်​သွား​တော်မူ​သော​အရှင်​လည်း ဖြစ်​တော်မူ​၏။)"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 11,
      "text": "ထို့နောက် ကိုယ်တော်​သည် အချို့​တို့​ကို တမန်တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​အရာ​၌​လည်းကောင်း၊ အချို့​တို့​ကို သင်းအုပ်​အရာ​နှင့်​ဆရာ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 12,
      "text": "ဤသည်ကား ငါ​တို့​အားလုံး​သည် ယုံကြည်​ခြင်း​နှင့် ဘုရားသခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​လျက် စုံလင်​ရင့်ကျက်​သော​သူ​ဖြစ်​ကာ ခရစ်တော်​၏​ပြည့်စုံ​ခြင်း​အတိုင်းအတာ​ပမာဏ​သို့​ရောက်​သည့်​တိုင်အောင် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို​တည်ဆောက်​သဖြင့် အမှု​တော်​လုပ်ငန်း​အတွက် သန့်ရှင်း​သူ​တို့​ကို ပြင်ဆင်​ထား​ရန်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 14,
      "text": "ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 15,
      "text": "ချစ်​ခြင်း​မေတ္တာ​ဖြင့် သမ္မာတရား​ကို​ဟောပြော​လျက် ဦးခေါင်း​ဖြစ်​တော်မူ​သော​ခရစ်တော်​၌ အရာရာ​တွင် ကြီးထွား​ကြ​မည်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 16,
      "text": "ထို​ဦးခေါင်း​မှ​တစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် ထောက်မ​ပေး​သော​အဆစ်​ရှိသမျှ​တို့​ဖြင့် အံဝင်ခွင်ကျ​ဆက်စပ်​ခြင်း​နှင့် ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် အင်္ဂါ​အစိတ်အပိုင်း​တစ်​ခု​စီ​သည် မိမိ​အငန်းအတာ​အလိုက် လုပ်ဆောင်​ခြင်း​အားဖြင့် မိမိကိုယ်ကို ချစ်​ခြင်း​မေတ္တာ​၌​တည်ဆောက်​ကာ ကိုယ်ခန္ဓာ​ကို​ကြီးထွား​စေ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 17,
      "text": "ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 18,
      "text": "ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 19,
      "text": "သူ​တို့​သည် ရှက်ကြောက်​စိတ်​ကင်းမဲ့​လျက် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ကို အလွန်​တပ်မက်​သော​စိတ်​နှင့်​ပြုမူ​၍ မိမိတို့ကိုယ်ကို ကာမဂုဏ်​လိုက်စား​ခြင်း​လက်​သို့ အပ်လိုက်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 20,
      "text": "သို့သော် သမ္မာတရား​သည် ယေရှု​၌​ရှိ​သည်​နှင့်အညီ သင်​တို့​သည် ခရစ်တော်​အကြောင်း​ကို​ကြားနာ​လျက် ကိုယ်တော်​၌ သွန်သင်​ခြင်း​ကို​ခံယူ​ခဲ့​သည်​မှန်​လျှင် ခရစ်တော်​၌ ထိုသို့​နည်းခံ​ခဲ့​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 22,
      "text": "သင်​တို့​သည် လှည့်ဖြား​တတ်​သော​တပ်မက်​ခြင်း​များ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်းဟူသော ယခင်​က အသက်ရှင်​နေထိုင်​မှု​ကို ချွတ်ပယ်​၍"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 23,
      "text": "သင်​တို့​၏​စိတ်နှလုံး​သဘော အသစ်​ပြုပြင်​ခြင်း​ခံရ​ကာ"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 24,
      "text": "သမ္မာတရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​သန့်ရှင်း​ခြင်း​တို့​ဖြင့် ဘုရားသခင်​၏​သဏ္ဌာန်​တော်​နှင့်အညီ ဖန်ဆင်း​ခြင်း​ခံရ​သော​လူ​သစ်​ကို​ဝတ်ဆင်​ရန် နည်းခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 25,
      "text": "ထို့ကြောင့် မုသား​စကား​ကို​ဖယ်ရှား​၍ သင်​တို့​တစ်ဦးစီ​သည် မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စကား​ကို​ပြော​ကြ​လော့။ အကြောင်းမူကား ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 26,
      "text": "အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်။ အမျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 27,
      "text": "မာရ်နတ်​ကို​လည်း အခွင့်​မ​ပေး​ကြ​နှင့်။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 28,
      "text": "ခိုး​တတ်​သော​သူ​သည် နောက်ထပ် မ​ခိုး​ဘဲ လိုအပ်​သော​သူ​အား ဝေမျှ​စရာ​ရှိ​စေရန် မိမိ​လက်​ဖြင့် ကောင်း​သော​အလုပ်​ကို အားထုတ်​လုပ်ဆောင်​စေ။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 29,
      "text": "သင်​တို့​၏​နှုတ်​ထဲမှ မကောင်း​သော​စကား​တစ်ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေးဇူးပြု​နိုင်​ရန် လိုအပ်​ချက်​နှင့်အညီ တည်ဆောက်​စရာ​ဖြစ်​စေ​သည့် ကောင်း​သော​စကား​တို့​ကို​သာ ပြောဆို​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 30,
      "text": "ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 31,
      "text": "ခပ်သိမ်း​သော​ခါးသီး​နာကြည်း​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ အမျက်ထွက်​ခြင်း၊ အော်ဟစ်​ငေါက်ငမ်း​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​ကို မကောင်းမှု​အလုံးစုံ​နှင့်အတူ သင်​တို့​ထံမှ ဖယ်ရှား​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 32,
      "text": "အချင်းချင်း​ကျေးဇူးပြု​လျက် သနားစုံမက်​ကြ​ကာ ဘုရားသခင်​သည် ခရစ်တော်​၌ သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 1,
      "text": "ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 2,
      "text": "ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 3,
      "text": "တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 4,
      "text": "မဖွယ်မရာ​ပြုမူ​ခြင်း၊ မိုက်မဲ​စွာ​ပြောဆို​ခြင်း​နှင့် ညစ်ညမ်း​သော​ပြက်လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်လျော်​သဖြင့် ရှောင်ရှား​၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 5,
      "text": "တရားနှင့်မညီ​မေထုန်ပြု​သူ၊ ညစ်ညူး​သော​သူ၊ ရုပ်တု​ကိုးကွယ်​သူ​ဖြစ်​သော လောဘ​လွန်ကျူး​သူ​တစ်စုံတစ်ဦး​မျှ ခရစ်တော်​နှင့်​ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်​ခံရ​မည်​မ​ဟုတ်​ကြောင်း ကောင်းစွာ​သိမှတ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 6,
      "text": "အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 7,
      "text": "ထို့ကြောင့် သူ​တို့​နှင့်အတူ ပေါင်းဖော်​ခြင်း​မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 8,
      "text": "အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 9,
      "text": "အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 10,
      "text": "သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 11,
      "text": "အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 12,
      "text": "အကြောင်းမူကား ဆိတ်ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အရာ​များ​ကို ပြောဆို​ရန်​ပင် ရှက်ဖွယ်​ကောင်း​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 13,
      "text": "သို့သော် အလင်း​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ခံရ​သော​အရာ​အားလုံး​သည် ထင်ရှား​လာ​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 14,
      "text": "အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 15,
      "text": "ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 16,
      "text": "နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 17,
      "text": "သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 18,
      "text": "အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 19,
      "text": "ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို အချင်းချင်း​မြွက်ဆို​လျက် သခင်​ဘုရား​ထံသို့ သင်​တို့​၏​စိတ်နှလုံး​ထဲမှ သီဆို​ကျူးဧ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 20,
      "text": "အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 21,
      "text": "ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 22,
      "text": "ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 23,
      "text": "အကြောင်းမူကား ခရစ်တော်​သည် အသင်းတော်​တည်းဟူသော​ကိုယ်ခန္ဓာ​တော်​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​ပြီး ထို​အသင်းတော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​သကဲ့သို့ ခင်ပွန်းသည်​သည်​လည်း ဇနီးသည်​၏​ဦးခေါင်း​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 24,
      "text": "အသင်းတော်​သည် ခရစ်တော်​ကို​နာခံ​သကဲ့သို့ ဇနီးသည်​တို့​သည်​လည်း အရာရာ​၌ ခင်ပွန်းသည်​ကို​နာခံ​ကြ​ရ​မည်။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 25,
      "text": "ခင်ပွန်းသည်​တို့၊ ခရစ်တော်​သည် အသင်းတော်​ကို​ချစ်​၍ အသင်းတော်​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သည့်​နည်းတူ ဇနီးသည်​ကို ချစ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 26,
      "text": "ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့်"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 27,
      "text": "အစွန်းအထင်း၊ အတွန့်အရှုံ့​မှစ၍ ထိုသို့သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဘဲ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သည့် ဂုဏ်သရေ​ရှိ​သော​အသင်းတော်​ကို မိမိ​အား​ဆက်သ​နိုင်​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 28,
      "text": "ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 29,
      "text": "အကြောင်းမူကား မိမိ​ကိုယ်ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ၍ တစ်ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခရစ်တော်​သည် အသင်းတော်​အား​ပြု​တော်မူ​သကဲ့သို့ လူတိုင်း မိမိ​ကိုယ်ခန္ဓာ​ကို​ပြုစု​ပျိုးထောင်​၍ ယုယ​မြတ်နိုး​တတ်​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 30,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဆိုင်ရာ အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 31,
      "text": "ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 32,
      "text": "ဤ​အရာ​သည် အလွန်​လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ ထိုသို့ဆိုသော် ခရစ်တော်​နှင့်​အသင်းတော်​ကို​ရည်ညွှန်း​၍ ငါ​ဆို​၏။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 33,
      "text": "မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 1,
      "text": "သားသမီး​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​မိဘ​စကား​ကို နားထောင်​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် မှန်ကန်​သော​အမှု​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 2,
      "text": "သင်​၏​မိခင်​နှင့်​ဖခင်​တို့​ကို ရိုသေ​လော့။ ဤသည်ကား “ထိုသို့ပြုလျှင် သင်​သည် ကမ္ဘာ​မြေ​ပေါ်၌ ကောင်းစား​လျက် အသက်ရှည်​ရ​လိမ့်မည်” ​ဟူသော​ကတိ​တော်​ပါ​သည့် ပထမ​ပညတ်​ချက်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 4,
      "text": "ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​ကို မခံမရပ်နိုင်​ဖြစ်​အောင် မ​ပြု​ကြ​နှင့်။ သခင်​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​ခြင်း​နှင့်​သတိပေး​ခြင်း​တို့​အတိုင်း သူ​တို့​ကို ပြုစု​ပျိုးထောင်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 5,
      "text": "ကျွန်​ဖြစ်​သူ​တို့၊ ခရစ်တော်​ကို​နာခံ​သကဲ့သို့ ကြောက်ရွံ့​တုန်လှုပ်​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် သင်​တို့​၏​လောကီ​သခင်​များ​ကို နာခံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 6,
      "text": "မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ကျွန်​များ​ကဲ့သို့ စိတ်နှလုံး​ပါ​လျက် ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​ကာ"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 7,
      "text": "လူ​တို့​ကို​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​အစေခံ​သကဲ့သို့ စေတနာ​စိတ်​ဖြင့် အစေခံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 8,
      "text": "ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​ပြု​သော​သူ​တိုင်း​သည် သခင်​ဘုရား​ထံမှ အကျိုး​ခံစားရ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 9,
      "text": "သခင်​တို့၊ သင်​တို့​သည်​လည်း ကျွန်​များ​အပေါ် ထိုနည်းတူ​ပြု​ကြ​လော့။ သူ​တို့​ကို​မ​ခြိမ်းခြောက်​ကြ​နှင့်။ သင်​တို့​နှင့်​သူ​တို့​၏​သခင်​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​၍ ထို​သခင်​သည် မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 10,
      "text": "နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 11,
      "text": "သင်​တို့​သည် မာရ်နတ်​၏​လျှို့ဝှက်​သော​အကြံအစည်​များ​ကို ခုခံ​တားဆီး​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 12,
      "text": "အကြောင်းမူကား ငါ​တို့​သည် အသွေး​အသား​ရှိ​သော​သူ​ကို ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်ချုပ်မှု​များ၊ အာဏာစက်​များ၊ ဤ​လောကီ​မှောင်မိုက်​ခြင်း​ကို အစိုးတရ​ပြု​သော​မင်း​များ၊ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့် ဆိုးညစ်​သော​ဝိညာဉ်​တန်ခိုး​များ​နှင့် ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 13,
      "text": "ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 14,
      "text": "သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 15,
      "text": "ခြေ​၌ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​အတွက် အသင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်တည်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 16,
      "text": "ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 17,
      "text": "ကယ်တင်​ခြင်း​သံခမောက်​နှင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​တည်းဟူသော ဝိညာဉ်​တော်​ဓား​ကို​လည်း ယူ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 18,
      "text": "အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 19,
      "text": "ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 20,
      "text": "ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 21,
      "text": "ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 22,
      "text": "သူ့​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​ခြင်း​မှာ ငါ​တို့​နှင့်​ပတ်သက်​သော​အရာ​များ​ကို သင်​တို့​သိရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်နှလုံး​ကို အားပေး​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 23,
      "text": "အဖ​ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်သက်​ခြင်း၊ ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​သည် ညီအစ်ကို​တို့​၌ တည်ရှိ​ပါစေသော။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 24,
      "text": "ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို မ​ဖောက်ပြန်​သော​မေတ္တာ​ဖြင့် ချစ်​သော​သူ​အပေါင်း​တို့​အပေါ်​၌ ကျေးဇူး​တော်​သက်ရောက်​ပါစေ​သော။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 1,
      "text": "ယေရှု​ခရစ်တော်​၏​အစေအပါး​များ​ဖြစ်​ကြ​သော ငါ​ပေါလု​နှင့်​တိမောသေ​တို့​သည် ဖိလိပ္ပိ​မြို့​၌​နေ​ကြ​သော ကြီးကြပ်​သူ​များ၊ သင်းထောက်​များ​နှင့်တကွ ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 3,
      "text": "ငါ​သည် သင်​တို့​ကို​သတိရ​သည့်​အခါ​တိုင်း ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​လျက်"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 4,
      "text": "ငါ​ဆုတောင်း​သည့်​အခါ​တိုင်း သင်​တို့​အားလုံး​အတွက် ဝမ်းမြောက်​သော​စိတ်​နှင့် အစဉ်အမြဲ​ဆုတောင်း​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 5,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပထမ​ဦးဆုံး​နေ့​မှစ၍ ယခု​တိုင်အောင် ကောင်းမြတ်​သော​သတင်း​အတွက် ပူးပေါင်း​ပါဝင်​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 8,
      "text": "ငါ​သည် ခရစ်တော်​ယေရှု​၏​ကြင်နာ​ခြင်း​ဖြင့် သင်​တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်​ကြောင်း ငါ့​အတွက်​သက်သေခံ​ပေး​သော​အရှင်​မှာ ဘုရားသခင်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 9,
      "text": "သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် စစ်မှန်​သော​အသိပညာ​နှင့် ထိုးထွင်းဉာဏ်​အမျိုးမျိုး​တို့​၌ ပို၍​ပို၍​ပြည့်စုံ​လာ​သဖြင့်"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 10,
      "text": "မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 11,
      "text": "ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 12,
      "text": "ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 13,
      "text": "အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 14,
      "text": "များစွာ​သော​ညီအစ်ကို​တို့​သည် ငါ​အချုပ်အနှောင်​ခံရ​ခြင်း​ကြောင့် သခင်​ဘုရား​၌ ယုံကြည်​စိတ်ချ​လျက် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်ကပတ်​တရား​ကို​ဟောပြော​ရန် ပိုမို​ရဲရင့်​လာ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 15,
      "text": "အချို့​တို့​သည် မလိုမုန်းထား​စိတ်​နှင့် ပဋိပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ အချို့​တို့​မူကား စေတနာ​စိတ်​ဖြင့် ဟောပြော​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 16,
      "text": "စေတနာ​စိတ်​ဖြင့် ဟောပြော​သော​သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​သော​သူ​အဖြစ် ငါ့​ကို​ခန့်အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟောပြော​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 17,
      "text": "အခြား​သော​သူ​တို့​မူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​၌ ဆင်းရဲ​ဒုက္ခ​ကို ပိုမို​များပြား​စေ​လို​သော​အကြံ​နှင့် ရိုးသား​သော​စိတ်​အားဖြင့်​မ​ဟုတ်​ဘဲ တုပြိုင်​လို​သော​စိတ်​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 18,
      "text": "သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ဟန်ဆောင်​ပန်ဆောင်​ဖြစ်စေ၊ မှန်မှန်ကန်ကန်​ဖြစ်စေ မည်သည့်​နည်း​ဖြင့်​မဆို ခရစ်တော်​အကြောင်း​ကို ဟောပြော​သည်​ဖြစ်၍ ၎င်း​အတွက် ငါ​ဝမ်းမြောက်​၏။ ဆက်၍​လည်း ငါ​ဝမ်းမြောက်​ဦး​မည်။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 19,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 20,
      "text": "ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 21,
      "text": "အကြောင်းမူကား ငါ့​အနေဖြင့် အသက်ရှင်​ခြင်း​သည် ခရစ်တော်​ဖြစ်​၏။ သေ​ခြင်း​သည်​လည်း အကျိုးကျေးဇူး​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 22,
      "text": "သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ဆက်၍​အသက်ရှင်​လျှင် ငါ​သည် အကျိုး​ရှိ​သော​အမှု​ကို​လုပ်ဆောင်​နိုင်​၏။ ထိုအခါ မည်သည့်​အရာ​ရွေးချယ်​ရ​မည်​ကို ငါ​မ​သိ။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 23,
      "text": "သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 24,
      "text": "သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ငါ​ဆက်၍​ရှိ​နေ​ခြင်း​သည် သင်​တို့​အတွက် ပိုမို​လိုအပ်​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 25,
      "text": "ဤသို့ ယုံကြည်​စိတ်ချ​လျက် သင်​တို့​၏​ယုံကြည်​ခြင်း​ကြီးထွား​မှု​နှင့် ဝမ်းမြောက်​မှု​အတွက် ငါ​သည် ကိုယ်ခန္ဓာ​၌​တည်​၍ သင်​တို့​အားလုံး​နှင့်အတူ ဆက်၍​ရှိ​နေ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 26,
      "text": "ထိုအခါ ငါ​သည် သင်​တို့​ထံသို့ တစ်ဖန်​ရောက်လာ​သဖြင့် သင်​တို့​၏​ဂုဏ်ယူ​ဝင့်ကြွား​စရာ​အကြောင်း​သည် ငါ့​ကြောင့် ခရစ်တော်​ယေရှု​၌ တိုးပွား​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 27,
      "text": "မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 28,
      "text": "ထိုသို့​ကြောက်ရွံ့​ခြင်း​မ​ရှိ​ခြင်း​သည် သူ​တို့​အတွက် ပျက်စီး​ခြင်း​၏​လက္ခဏာ​ဖြစ်​၏။ သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​၏​လက္ခဏာ​ဖြစ်ပြီး ၎င်း​သည် ဘုရားသခင်​ထံမှ​လာ​၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 29,
      "text": "အကြောင်းမူကား ခရစ်တော်​အတွက် ကိုယ်တော်​ကို​ယုံကြည်​ခြင်း​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အခွင့်​ကို​လည်း သင်​တို့​အား ပေးအပ်​ထား​သည်​ဖြစ်၍"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 30,
      "text": "ငါ​ရင်ဆိုင်​ရ​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီး ယခု​လည်း ငါ​ရင်ဆိုင်​နေ​ရ​သည်​ဟု သင်​တို့​ကြား​ရ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​မျိုး​ကို သင်​တို့​ရင်ဆိုင်​နေ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 1,
      "text": "ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 2,
      "text": "တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 3,
      "text": "မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 4,
      "text": "သင်​တို့​တစ်ဦးစီ​သည် မိမိ​အကျိုး​ကို​သာ​မ​ကြည့်ရှု​ဘဲ သူတစ်ပါး​၏​အကျိုး​ကို​လည်း ကြည့်ရှု​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 5,
      "text": "ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 6,
      "text": "ခရစ်တော်​သည် ဘုရားသခင်​၏​အသွင်​သဏ္ဌာန်​ရှိ​သော်လည်း ဘုရားသခင်​နှင့်​တန်းတူ​ဖြစ်​ခြင်း​ကို ဆုပ်ကိုင်​ထား​ရ​မည့်​အရာ​ဟု မ​မှတ်ယူ​ဘဲ"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 7,
      "text": "မိမိ​အသရေ​ကို​စွန့်​၍ အစေအပါး​၏​အသွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​၏။ ကိုယ်တော်​သည် လူ​ကဲ့သို့သော​ပုံပန်း​သဏ္ဌာန်​၌ ပေါ်ထွန်း​တော်မူ​၍"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 8,
      "text": "မိမိကိုယ်ကို​နှိမ့်ချ​ကာ လက်ဝါးကပ်တိုင်​ပေါ်၌​အသေခံ​ခြင်း​ဟူသည့် အသေခံ​ခြင်း​တိုင်အောင် နာခံ​တော်မူ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 9,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီးမြှောက်​တော်မူ​၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်​သော​ဘွဲ့​နာမ​ကို ပေးအပ်​တော်မူ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 10,
      "text": "ဤသည်ကား အထက်​ကောင်းကင်​အရပ်​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်၌​လည်းကောင်း ရှိရှိသမျှ​တို့​သည် ယေရှု​၏​နာမ​တော်​၌ ဒူး​ထောက်​၍"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 11,
      "text": "နှုတ်​ရှိသမျှ​တို့​သည်​လည်း ယေရှု​ခရစ်တော်​သည်​အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 12,
      "text": "သို့ဖြစ်၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အစဉ်​နာခံ​ခဲ့​ကြ​သည့်​အတိုင်း ငါ​၏​မျက်မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယခု ငါ​နှင့်​ဝေးကွာ​သည့်​အခါ​၌​လည်း ပို၍​နာခံ​လျက် ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​ဖြင့် မိမိ​တို့​၏​ကယ်တင်​ခြင်း​ကို အကောင်အထည်ဖော်​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 13,
      "text": "အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 14,
      "text": "အရာ​ခပ်သိမ်း​ကို ညည်းညူ​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်ဆောင်​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 15,
      "text": "ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 16,
      "text": "ထိုသို့အားဖြင့် ငါ​သည် အချည်းနှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အချည်းနှီး​အားထုတ်​လုပ်ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခရစ်တော်​၏​နေ့ရက်​၌ ဂုဏ်ယူ​ဝါကြွား​နိုင်​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 17,
      "text": "ထိုမျှမက သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝတ်ပြု​ခြင်း​နှင့်​ယဇ်​ပူဇော်​ခြင်း​တို့​အပေါ်၌ ငါ​သွန်းလောင်း​ပူဇော်​ခြင်း​ခံရ​မည်​ဆိုလျှင်​လည်း ငါ​ဝမ်းမြောက်​၏။ သင်​တို့​အားလုံး​နှင့်အတူ ငါ​ဝမ်းမြောက်​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 18,
      "text": "ထိုနည်းတူ သင်​တို့​သည်​လည်း ဝမ်းမြောက်​ကြ​လော့။ ငါ​နှင့်အတူ​ဝမ်းမြောက်​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 19,
      "text": "ငါ​သည် သင်​တို့​အကြောင်း​ကို​ကြားသိ​၍ အားတက်​လာ​စေရန် တိမောသေ​ကို သင်​တို့​ထံသို့ မကြာမီ​စေလွှတ်​နိုင်​မည်​ဟု သခင်​ယေရှု​၌ ငါ​မျှော်လင့်​ထား​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 20,
      "text": "အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 21,
      "text": "လူ​အပေါင်း​တို့​သည် ယေရှု​ခရစ်တော်​၏​အကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 22,
      "text": "သို့သော် တိမောသေ​သည် ငါ​နှင့်အတူ သား​အဖ​ကဲ့သို့ ကောင်းမြတ်​သော​သတင်း​အတွက် အစေခံ​ခဲ့​သောကြောင့် သူ​၏​ရင့်ကျက်​သော​ပါရမီ​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 23,
      "text": "ထို့ကြောင့် ငါ​၏​အမှုကိစ္စ မည်သို့​ဖြစ်​မည်​ကို သိလျှင်သိချင်း သူ့​ကို​စေလွှတ်​နိုင်​မည်​ဟု ငါ​မျှော်လင့်​ထား​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 24,
      "text": "ငါ​ကိုယ်တိုင်​လည်း မကြာမီ​ရောက်လာ​နိုင်​မည်​ဟု သခင်​ဘုရား​၌ ငါ​ယုံကြည်​စိတ်ချ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 25,
      "text": "သို့သော် ငါ​၏​ညီ၊ ငါ​၏​လုပ်ဖော်ဆောင်ဖက်​နှင့် ရဲဘော်ရဲဘက်​ဖြစ်​သည့်​အပြင် ငါ​၏​လိုအပ်​ချက်​များ​ကို​ဖြည့်ဆည်း​ဆောင်ရွက်​ပေး​သော သင်​တို့​၏​စေတမန် ဧပဖြောဒိတ်​ကို သင်​တို့​ထံသို့​စေလွှတ်​ရန် လိုအပ်​သည်​ဟု ငါ​ယူဆ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 26,
      "text": "အဘယ်ကြောင့်​ဆိုသော် သူ​သည် သင်​တို့​အားလုံး​ကို​လွမ်းဆွတ်​နေ​ပြီး သူ​နာမကျန်း​ဖြစ်​ကြောင်း သင်​တို့​ကြားသိ​ကြ​သည့်​အတွက် စိတ်ပူပန်​နေ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 27,
      "text": "သူ​သည် အမှန်ပင် သေ​လုနီးပါး​နာမကျန်း​ဖြစ်​ခဲ့​၏။ သို့သော် ဘုရားသခင်​သည် သူ့​ကို​သနား​တော်မူ​လေ​ပြီ။ သူ့​ကို​သာ​မ​ဟုတ်​ဘဲ ငါ​၌ တစ်​ပူ​ပေါ်​တစ်​ပူ​ဆင့်​မ​ဖြစ်​ရ​လေ​အောင် ငါ့​ကို​လည်း သနား​တော်မူ​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 28,
      "text": "ထို့ကြောင့် သင်​တို့​သည် သူ့​ကို တစ်ဖန်​တွေ့မြင်​၍ ဝမ်းမြောက်​ကြ​စေရန်​နှင့် ငါ​သည်​လည်း စိတ်​သက်သာ​ရာ​ရ​စေရန် သူ့​ကို မဆိုင်းမတွ​ငါ​စေလွှတ်​၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 29,
      "text": "သို့ဖြစ်၍ ဝမ်းမြောက်​ခြင်း​အပြည့်အဝ​ဖြင့် သခင်​ဘုရား​၌ သူ့​ကို​လက်ခံ​ကြ​လော့။ ဤသို့​သော​သူ​တို့​ကို ရိုသေလေးစား​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 30,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ငါ့​ကို​ကူညီ​ထောက်မ​ရာ​၌ လိုအပ်​သည့်​အပိုင်း​ကို​ဖြည့်ဆည်း​ပေး​ရန် သူ​သည် မိမိ​အသက်​ကို​ပဓာန​မ​ထား​ဘဲ ခရစ်တော်​၏​အမှု​တော်​အတွက် သေ​လုနီးပါး​ဖြစ်​ခဲ့​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 1,
      "text": "နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 2,
      "text": "ခွေး​များ​ကို သတိပြု​ကြ​လော့။ မကောင်း​သော​လုပ်သား​များ​ကို သတိပြု​ကြ​လော့။ ကိုယ်အင်္ဂါ​လှီးဖြတ်​သော​သူ​တို့​ကို သတိပြု​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 3,
      "text": "အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 4,
      "text": "သို့သော် အသွေး​အသား​၌​ကိုးစား​စရာ​လည်း ငါ​၌​ရှိ​ပါ​၏။ အခြား​သူ​တစ်စုံတစ်ဦး​သည် အသွေး​အသား​၌​ကိုးစား​စရာ​ရှိ​သည်​ဟု ထင်မှတ်​လျှင် ငါ​၌ ပို၍​ပင်​ရှိ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 5,
      "text": "ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့​၌ အရေဖျား​လှီး​ထား​သော​သူ၊ အစ္စရေး​လူမျိုး၊ ဗင်္ယာမိန်​အနွယ်ဝင်၊ ဟေဗြဲ​လူမျိုး​မှ​ဟေဗြဲ​လူမျိုး​အစစ်၊ ပညတ်​တရား​အရ​ဆို​လျှင် ဖာရိရှဲ​တစ်​ဦး၊"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 6,
      "text": "စိတ်အား​ထက်သန်​မှု​အရ​ဆို​လျှင် အသင်းတော်​ကို​ညှဉ်းဆဲ​သော​သူ၊ ပညတ်​တရား​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​အရ​ဆို​လျှင် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 7,
      "text": "သို့သော် ငါ့​အတွက် အကျိုးကျေးဇူး​ဖြစ်​ခဲ့​သော ဤ​အရာ​တို့​ကို ခရစ်တော်​ကို​ထောက်​လျက် အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 8,
      "text": "ထိုမျှမက ငါ​၏​သခင်​ခရစ်တော်​ယေရှု​ကို သိ​သော​ဉာဏ်​၏​ထူးမြတ်​သော​အကျိုးကျေးဇူး​ကြောင့် အရာ​ခပ်သိမ်း​ကို အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထို​သခင်​ကို​ထောက်၍ အရာ​ခပ်သိမ်း​တို့​ကို ငါ​အဆုံးရှုံး​ခံ​ပြီး ၎င်း​တို့​ကို မစင်​ကဲ့သို့ ငါ​မှတ်ယူ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 9,
      "text": "ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 10,
      "text": "ထို့ပြင် ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ကာ"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 11,
      "text": "သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​သို့ တစ်နည်းနည်း​ဖြင့် ရောက်ရှိ​နိုင်​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 12,
      "text": "ငါ​သည် ထို​အခွင့်​ကို​ရရှိ​ပြီ​၊ သို့မဟုတ် စုံလင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆိုလို​သည်​မ​ဟုတ်​ဘဲ ခရစ်တော်​ယေရှု​သည် ထို​အခွင့်​အတွက် ငါ့​ကို ဖမ်းကိုင်​ထား​သည်​ဖြစ်၍ ငါ​သည်​လည်း ထို​အခွင့်​ကို ဖမ်းကိုင်​နိုင်​ရန် ကြိုးစား​လျက်​ရှိ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 13,
      "text": "ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 14,
      "text": "ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 15,
      "text": "ထို့ကြောင့် စုံလင်​ရင့်ကျက်​သော​သူ​ရှိသမျှ​တို့​သည် ဤသို့​သော​စိတ်သဘော​ရှိ​သင့်​၏။ သင်​တို့​၌ ခြားနား​သော​စိတ်သဘော​တစ်စုံတစ်ခု​ရှိ​လျှင်​လည်း ဘုရားသခင်​သည် ထို​အရာ​ကို​ပင် သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 16,
      "text": "မည်သို့ပင်ဖြစ်စေ ငါ​တို့​သည် မိမိ​တို့​ရောက်ရှိ​သည့်​အနေအထား​နှင့်အညီ လိုက်လျှောက်​ကြ​ကုန်စို့။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 17,
      "text": "ညီအစ်ကို​တို့၊ ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ ငါ​တို့​ထံမှ​ရရှိ​သော​စံနမူနာ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​သူ​တို့​ကို​လည်း ကြည့်ရှု​မှတ်သား​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 18,
      "text": "အကြောင်းမူကား သင်​တို့​အား မကြာခဏ ငါ​ပြော​ခဲ့​ပြီး ယခု​တစ်ဖန် မျက်ရည်​ကျ​လျက်​ပြော​သည်​မှာ များစွာ​သော​သူ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကို​ရန်ဘက်​ပြု​လျက် အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 19,
      "text": "ထို​သူ​တို့​၏​နိဂုံး​သည် ပျက်စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘုရား​သည် သူ​တို့​၏​ဝမ်းဗိုက်​ဖြစ်​၍ သူ​တို့​သည် မိမိ​တို့​၏​ရှက်ဖွယ်ရာ​၌ ဂုဏ်ယူ​ဝါကြွား​ကြ​၏။ သူ​တို့​စွဲလမ်း​သော​အရာ​သည် လောက​နှင့်ဆိုင်သော​အရာ​များ​ပင်​ဖြစ်​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 20,
      "text": "သို့သော် ငါ​တို့​၏​နိုင်ငံသား​အရိုက်အရာ​သည် ကောင်းကင်​ဘုံ​၌​ရှိ​၏။ ထို​အရပ်​မှ​ကြွလာ​တော်မူ​မည့် ကယ်တင်ရှင်​သခင်​ယေရှု​ခရစ်တော်​ကို ငါ​တို့​စောင့်မျှော်​နေ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 21,
      "text": "ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 1,
      "text": "ထို့ကြောင့် ငါ​၏​ဝမ်းမြောက်​ခြင်း​အကြောင်း​နှင့် ငါ​၏​သရဖူ​ဖြစ်​သည့် ငါ​ချစ်​၍​လွမ်းဆွတ်​သော ငါ့​ညီအစ်ကို​တို့၊ ငါ​ဆို​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့၊ ငါ​ချစ်​သော​သူ​တို့။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 2,
      "text": "ငါ​သည် ဧဝေါဒိ​နှင့်​သုန္တုတ်​တို့​အား သခင်​ဘုရား​၌ တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 3,
      "text": "အချင်း​စစ်မှန်​သော​ရဲဘော်ရဲဘက်၊ ထို​အမျိုးသမီး​တို့​ကို ကူညီ​မစ​ရန် သင့်​ကို​လည်း ငါ​တောင်းပန်​၏။ သူ​တို့​သည် အသက်​စာစောင်​တွင် နာမည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် ကလေမင်​မှစ၍ အခြား​သော​ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​နှင့်တကွ ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​လက်တွဲ​လုပ်ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 4,
      "text": "သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 5,
      "text": "သင်​တို့​၏​ညင်သာ​သော​သဘော​ကို လူ​အပေါင်း​တို့​အား သိ​စေ​ကြ​လော့။ သခင်​ဘုရား​သည် အနီး​၌​ရှိ​တော်မူ​ပြီ။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 6,
      "text": "မည်သည့်​အမှု​ကို​မျှ မ​စိုးရိမ်​ဘဲ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်းခံ​လို​သော​အရာ​များ​ကို ဘုရားသခင်​အား သိ​စေ​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 7,
      "text": "ထိုအခါ လူ​တို့​၏​နားလည်​နိုင်​စွမ်း​ရှိသမျှ​တို့​ထက် ထူးမြတ်​သော​ဘုရားသခင်​၏​ငြိမ်သက်​ခြင်း​သည် ခရစ်တော်​ယေရှု​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​နှင့် သင်​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို စောင့်ရှောက်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 8,
      "text": "နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 9,
      "text": "ငါ့​ထံမှ သင်​တို့​သင်ကြား​ခံယူ​လျက် ကြားနာ​သိမြင်​ခဲ့​သော​အရာ​တို့​ကို ပြုကျင့်​ကြ​လော့။ သို့ပြုလျှင် ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 10,
      "text": "ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယခု​တစ်ကြိမ် ပြန်လည်​ဖြစ်ပေါ်​လာ​သောကြောင့် ငါ​သည် သခင်​ဘုရား​၌ အလွန်​ဝမ်းမြောက်​၏။ အမှန်စင်စစ် သင်​တို့​သည် ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော်လည်း အခွင့်​မ​ရ​ခဲ့​ကြ။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 11,
      "text": "ငါ​သည် ဆင်းရဲ​ချို့တဲ့​သောကြောင့် ဤသို့​ဆို​သည်​မ​ဟုတ်။ အကြောင်းမူကား မည်သည့်​အခြေအနေ​၌​မဆို ကျေနပ်​ရောင့်ရဲ​တတ်​ရန် ငါ​သည် သင်ယူ​ခဲ့​ပြီ။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 12,
      "text": "နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 13,
      "text": "ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 14,
      "text": "မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 15,
      "text": "ဖိလိပ္ပိ​မြို့သူ​မြို့သား​တို့၊ ကောင်းမြတ်​သော​သတင်း​ကို စတင်​ဟောပြော​ချိန်​၌ မာကေဒေါနိ​ပြည်​မှ ငါ​ထွက်လာ​သောအခါ သင်​တို့​မှတစ်ပါး မည်သည့်​အသင်းတော်​မျှ ပေးလှူ​ခြင်း​နှင့်​လက်ခံ​ခြင်း​အမှု​တို့​၌ ငါ​နှင့်အတူ​ပါဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 16,
      "text": "သက်သာလောနိတ်​မြို့​၌ ငါ​ရှိ​စဉ်​က​လည်း သင်​တို့​သည် ငါ​လိုအပ်​သော​အရာ​ကို တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် ပေးပို့​ခဲ့​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 17,
      "text": "ဤသို့ဆိုသော် လက်ဆောင်​ကို ငါ​အလိုရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အကျိုးအမြတ်​ကို တိုးပွား​စေ​သော​အသီးအပွင့်​ကို​သာ ငါ​အလိုရှိ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 18,
      "text": "ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 19,
      "text": "ငါ​၏​ဘုရားသခင်​သည်​လည်း ဘုန်း​အသရေ​တော်​၌​ရှိ​သော မိမိ​၏​ကြွယ်ဝ​မှု​နှင့်အညီ သင်​တို့​၏​လိုအပ်​ချက်​ရှိသမျှ​ကို ခရစ်တော်​ယေရှု​အားဖြင့် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 20,
      "text": "ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 21,
      "text": "ခရစ်တော်​ယေရှု​၌​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ ငါ​နှင့်အတူ​ရှိ​သော​ညီအစ်ကို​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 22,
      "text": "သန့်ရှင်း​သူ​အားလုံး အထူးသဖြင့် ဆီဇာ​ဧကရာဇ်​၏​နန်းတော်​၌​ရှိ​သော​သူ​တို့​က သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 23,
      "text": "သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည်"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 2,
      "text": "ကောလောသဲ​မြို့​တွင်​နေ​ကြ​သည့် သန့်ရှင်း​သူ​များ​တည်းဟူသော ခရစ်တော်​၌​ရှိ​သော​သစ္စာရှိ​သည့်​ညီအစ်ကို​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​သည် သင်​တို့​အတွက် အစဉ်အမြဲ​ဆုတောင်း​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 4,
      "text": "အကြောင်းမှာ ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော​သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ် သင်​တို့​ထားရှိ​သည့် ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 5,
      "text": "ထို​ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​သိုမှီး​ထား​သော မျှော်လင့်​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​၍ ထို​မျှော်လင့်​ခြင်း​အကြောင်း​ကို သင်​တို့​ထံသို့​ရောက်လာ​သည့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော သမ္မာတရား​၏​နှုတ်ကပတ်တော်​၌ သင်​တို့​ကြား​ခဲ့​ရ​ကြ​ပြီ။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 6,
      "text": "ထို​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​၌ အသီး​သီး​ကာ တိုးပွား​လျက်​ရှိ​သကဲ့သို့ ၎င်း​ကို​သင်​တို့​ကြားနာ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မှန်ကန်​စွာ​သိရှိ​ရ​သော​နေ့​မှစ၍ သင်​တို့​ထဲ၌​လည်း အသီးသီး​ကာ တိုးပွား​လျက်​ရှိ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​သည် ထို​သတင်း​ကို ငါ​တို့​၏​အစေအပါး​ချင်း​ဖြစ်​သည့် ချစ်​ရ​သော​ဧပဖြ​ထံမှ ကြားသိ​ခဲ့​၏။ သူ​သည် သင်​တို့​အတွက် ခရစ်တော်​၏ သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​၍"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 8,
      "text": "ဝိညာဉ်​တော်​အားဖြင့်​ဖြစ်လာ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​အား​ပြောပြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 9,
      "text": "ထို့ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှစ၍ သင်​တို့​အတွက် အစဉ်မပြတ်​ဆုတောင်း​လျက် သင်​တို့​သည် ဝိညာဉ်ရေး​ဆိုင်ရာ​ဉာဏ်ပညာ​နှင့် တတ်သိ​နားလည်​မှု​အလုံးစုံ​တို့​ဖြင့် ဘုရားသခင်​၏​အလို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်ဝ​၍"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 10,
      "text": "ကောင်း​သော​အမှု​အမျိုးမျိုး​တည်းဟူသော အသီး​ကို​သီး​ကာ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​၌​ကြီးထွား​သဖြင့် အရာရာ​၌ သခင်​ဘုရား​ကို​နှစ်သက်​စေ​၍ ကိုယ်တော်​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​နိုင်​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 11,
      "text": "ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​ကို အလင်း​ထဲ၌​ရှိ​သော သန့်ရှင်း​သူ​များ​၏​ဝေစု​၌​ပါဝင်​ရန် ထိုက်တန်​သူ​ဖြစ်စေ​တော်မူ​သော​ခမည်းတော်​ကို ဝမ်းမြောက်​သော​စိတ်​နှင့် ကျေးဇူးတင်​ကြ​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 13,
      "text": "ခမည်းတော်​သည် ငါ​တို့​ကို မှောင်မိုက်​ခြင်း​၏​အာဏာစက်​မှ ကယ်နုတ်​၍ မိမိ​ချစ်​တော်မူ​သော သား​တော်​၏​နိုင်ငံ​တော်​ထဲသို့ ရွှေ့ပြောင်း​ပို့ဆောင်​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 14,
      "text": "ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 15,
      "text": "သား​တော်​သည် မ​မြင်ရ​သော​ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်ဆင်း​တော်မူ​သော​အရာ​အားလုံး​တို့​တွင် သားဦး​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 16,
      "text": "အကြောင်းမူကား ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မြင်​ရ​သည့်​အရာ​နှင့်​မ​မြင်ရ​သည့်​အရာ​များ၊ ရာဇပလ္လင်​များ​ဖြစ်စေ၊ စိုးပိုင်ခွင့်​များ​ဖြစ်စေ၊ အုပ်ချုပ်မှု​များ​ဖြစ်စေ၊ အာဏာစက်​များ​ဖြစ်စေ သား​တော်​အားဖြင့် ဖန်ဆင်း​ခြင်း​ခံရ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သား​တော်​အားဖြင့်​လည်းကောင်း၊ သား​တော်​အတွက်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 17,
      "text": "သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 18,
      "text": "ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 19,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ခပ်သိမ်း​သော​ပြည့်စုံ​ခြင်း​ကို သား​တော်​၌ ကိန်းဝပ်​စေရန်​လည်းကောင်း၊"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 20,
      "text": "လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 21,
      "text": "ယခင်​က သင်​တို့​သည် ဆိုးညစ်​သော​အမှု​များ​ကို​ပြု​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ကင်းကွာ​လျက် စိတ်နှလုံး​၌​ရန်သူ​ဖြစ်​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 22,
      "text": "ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 23,
      "text": "သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 24,
      "text": "ငါ​သည် သင်​တို့​အတွက်​ခံရ​သော​ဒုက္ခ​ဝေဒနာ​၌ ယခု​ဝမ်းမြောက်​၍ ခရစ်တော်​၏​ဆင်းရဲ​ဒုက္ခ​တွင် လိုအပ်​သေး​သည့်​အပိုင်း​ကို ကိုယ်တော်​၏​ကိုယ်ခန္ဓာ​တည်းဟူသော​အသင်းတော်​အတွက် ငါ​၏​ကိုယ်ကာယ​၌ ဖြည့်ဆည်း​လျက်​ရှိ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 25,
      "text": "ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို အပြည့်အဝ​ဟောပြော​စေရန် သင်​တို့​အတွက် ငါ့​အား​ပေး​တော်မူ​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​နှင့်အညီ ငါ​သည် ထို​အသင်းတော်​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 26,
      "text": "ထို​နှုတ်ကပတ်​တော်​သည် ရှေး​ကာလ​များ​မှစ၍ ခေတ်ကာလ​အစဉ်အဆက်​ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ မိမိ​၏​သန့်ရှင်း​သူ​တို့​အား ဖွင့်ပြ​တော်မူ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 27,
      "text": "ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 28,
      "text": "ငါ​တို့​သည် လူ​တိုင်း​ကို ခရစ်တော်​၌​စုံလင်​ရင့်ကျက်​သော​သူ​အဖြစ် ဆက်သ​နိုင်​ရန် လူ​တိုင်း​ကို သတိပေး​ဆုံးမ​ကာ ဉာဏ်ပညာ​ရှိသမျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်သင်​လျက် ထို​သခင်​အကြောင်း​ကို ဟောပြော​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 29,
      "text": "ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 1,
      "text": "ငါ​သည် သင်​တို့​နှင့် လောဒိကိ​မြို့​တွင်​ရှိ​သော​သူ​တို့​မှစ၍ ငါ့​ကို လူ​ချင်း​မ​မြင်​ဖူး​သော​သူ​တို့​အတွက် မည်မျှလောက်​ရုန်းကန်​ကြိုးစား​နေ​သည်​ကို သင်​တို့​အား သိ​စေ​လို​ပါ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 2,
      "text": "ဤသည်ကား သူ​တို့​သည် စိတ်နှလုံး​နှစ်သိမ့်​မှု​ကို​ခံစား​ရ​၍ ချစ်​ခြင်း​မေတ္တာ​၌ ပေါင်းစည်း​ခြင်း​ခံရ​ကာ ဉာဏ်စွမ်း​နှင့်ဆိုင်သော​စိတ်ချမှု​နှင့်​ကြွယ်ဝ​ပြည့်စုံ​သဖြင့် ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ခရစ်တော်​ကို​သိ​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 3,
      "text": "ထို​ခရစ်တော်​ထဲ၌ ဉာဏ်ပညာ​နှင့်​အသိပညာ​တို့​၏​ရတနာ​ရှိသမျှ​တို့​သည် ဖုံးကွယ်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 4,
      "text": "မည်သူမျှ သင်​တို့​ကို ဖြားယောင်း​သော​စကား​ဖြင့် မ​လှည့်စား​စေရန် ဤသို့ ငါ​ပြောဆို​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 5,
      "text": "အကြောင်းမူကား ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့် သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ သင်​တို့​၏​အစီအစဉ်​တကျ​ရှိ​ခြင်း​နှင့် ခရစ်တော်​အပေါ် သင်​တို့​၏​ယုံကြည်​ခြင်း​ခိုင်မာ​မှု​တို့​ကို​တွေ့​သဖြင့် ဝမ်းမြောက်​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 6,
      "text": "ထို့ကြောင့် သင်​တို့​သည် သခင်​ခရစ်တော်​ယေရှု​ကို လက်ခံ​ကြ​သည်​နှင့်အညီ ထို​သခင်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 7,
      "text": "ကိုယ်တော်​၌​အမြစ်တွယ်​၍ တည်ဆောက်​ခြင်း​ခံရ​ကာ သင်​တို့​သင်ယူ​ခဲ့​သည့်​အတိုင်း ယုံကြည်​ခြင်း​၌​တည်မြဲ​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 8,
      "text": "ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 9,
      "text": "အဘယ်ကြောင့်​ဆိုသော် ဘုရား​ဇာတိ​အဖြစ်​တော်​၏​ပြည့်စုံ​ခြင်း​အပေါင်း​သည် ခရစ်တော်​၌​ခန္ဓာ​အသွင်​အားဖြင့် ကိန်းဝပ်​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 10,
      "text": "သင်​တို့​သည် အုပ်ချုပ်မှု​နှင့်​အာဏာစက်​ရှိသမျှ​တို့​၏​ဦးခေါင်း​ဖြစ်​တော်မူ​သော ထို​သခင်​အားဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 11,
      "text": "ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 12,
      "text": "သင်​တို့​သည် ဗတ္တိဇံ​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားသခင်​၏​တန်ခိုး​တော်​ကို ယုံကြည်​သော​အားဖြင့် ထို​သခင်​နှင့်အတူ ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 13,
      "text": "ကျူးလွန်​သော​အပြစ်​များ​နှင့် ကိုယ်ကာယ​၏​အရေဖျား​မ​လှီး​ခြင်း​အဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ​အသက်ရှင်​စေ​တော်မူ​၍ ငါ​တို့​ကျူးလွန်​သော​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​တော်မူ​ပြီး"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 14,
      "text": "ငါ​တို့​ကို​ဆန့်ကျင်​၍​အပြစ်ရှာ​တတ်​သော​စည်းမျဉ်း​များ​ပါ​သည့် ကတိခံဝန်ချက်​ကို ပယ်ဖျက်​ကာ ၎င်း​ကို လက်ဝါးကပ်တိုင်​ပေါ်၌​ရိုက်​ထား​လျက် ဖယ်ရှား​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 15,
      "text": "အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 16,
      "text": "ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 17,
      "text": "၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 18,
      "text": "မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 19,
      "text": "ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 21,
      "text": "မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူသော စည်းမျဉ်း​များ​ကို​လိုက်နာ​ကြ​သနည်း။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 22,
      "text": "ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 23,
      "text": "ထို​အရာ​တို့​သည် ထင်ရာမြင်ရာ​ကိုးကွယ်​ခြင်း၊ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း​နှင့် ကိုယ်ခန္ဓာ​ကို​နှိပ်စက်​ခြင်း​တို့​ပါ​၍ ဉာဏ်ပညာ​ရှိ​ဟန်​ပေါ်​သော်လည်း သွေးသား​ဇာတိ​၏​တပ်မက်​မှု​ကို ချုပ်တည်း​ရာ​၌ မည်သည့်​အကျိုး​မျှ​မ​ပြု​ချေ။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 1,
      "text": "သို့ဖြစ်၍ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​ထမြောက်​ကြ​သည်​ဆိုလျှင် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​သော​ခရစ်တော်​ရှိ​ရာ အထက်​အရပ်​၌​ရှိ​သည့်​အရာ​များ​ကို ရှာဖွေ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 2,
      "text": "မြေကြီး​ပေါ်၌​ရှိ​သော​အရာ​တို့​ကို မ​စွဲလမ်း​ဘဲ အထက်​အရပ်​၌​ရှိ​သော​အရာ​တို့​ကို စွဲလမ်း​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 3,
      "text": "အကြောင်းမှာ သင်​တို့​သည် သေဆုံး​ခဲ့​ပြီ​ဖြစ်၍ သင်​တို့​၏​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 4,
      "text": "သင်​တို့​၏​အသက်​ဖြစ်​သော​ခရစ်တော်​ထင်ရှား​တော်မူ​သောအခါ သင်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ ဘုန်း​အသရေ​၌​ထင်ရှား​ကြ​လိမ့်မည်။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 5,
      "text": "ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 6,
      "text": "ထို​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 7,
      "text": "သင်​တို့​သည်​လည်း ယခင်​က ထို​အရာ​တို့​၌ အသက်ရှင်​ကြ​စဉ် ထို​အရာ​တို့​ထဲတွင် ကျင်လည်​ခဲ့​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 8,
      "text": "ယခု​မူကား သင်​တို့​သည် အမျက်ထွက်​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ မလိုတမာ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်ညမ်း​ရိုင်းစိုင်း​သော​စကား စသည့်​အမှု​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 9,
      "text": "အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 10,
      "text": "ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ပုံသဏ္ဌာန်​နှင့်အညီ စစ်မှန်​သော​အသိပညာ​အားဖြင့် အသစ်​ပြုပြင်​ခြင်း​ခံရ​သော​လူ​သစ်​ကို ဝတ်ဆင်​ကြ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 11,
      "text": "ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 12,
      "text": "ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 13,
      "text": "အချင်းချင်း​သည်းခံ​၍ တစ်​ဦး​အပေါ်​တစ်​ဦး​အပြစ်တင်​စရာ​ရှိ​လျှင် သခင်​ဘုရား​သည် သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 14,
      "text": "ဤ​အရာ​အားလုံး​တို့​အပေါ်၌ စုံလင်​ခြင်း​၏​နှောင်ကြိုး​ဖြစ်​သော ချစ်​ခြင်း​မေတ္တာ​ကို ဝတ်ဆင်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 15,
      "text": "သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​၏​ငြိမ်သက်​ခြင်း​ကို အုပ်စိုး​စေ​ကြ​လော့။ အကြောင်းမူကား သင်​တို့​သည် ဤ​ငြိမ်သက်​ခြင်း​အတွက် ကိုယ်ခန္ဓာ​တစ်​ခု​တည်း​ထဲသို့ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ ကျေးဇူး​သိ​တတ်​သော​စိတ်​ရှိ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 16,
      "text": "ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 17,
      "text": "သင်​တို့​ပြု​သမျှ​သော​အရာ​တို့​ကို​လည်း ပြောဆို​မှု​၌​ဖြစ်စေ၊ လုပ်ဆောင်​မှု​၌​ဖြစ်စေ အရာ​ခပ်သိမ်း​တို့​ကို သခင်​ယေရှု​၏​နာမ​တော်​၌​ပြု​လျက် ကိုယ်တော်​အားဖြင့် ခမည်းတော်​ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 18,
      "text": "ဇနီးသည်​တို့၊ သခင်​ဘုရား​၌​ရှိ​သော​သူ​နှင့်​သင့်လျော်​သည်​နှင့်အညီ ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 19,
      "text": "ခင်ပွန်းသည်​တို့၊ ဇနီးသည်​ကို ချစ်​ကြ​လော့။ သူ​တို့​အား ခါးခါးသီးသီး​မ​ဆက်ဆံ​ကြ​နှင့်။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 20,
      "text": "သားသမီး​တို့၊ အရာရာ​၌ မိဘ​စကား​ကို​နားထောင်​ကြ​လော့။ အကြောင်းမူကား ဤ​အရာ​သည် သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 21,
      "text": "ဖခင်​တို့၊ သင်​တို့​၏​သားသမီး​များ​စိတ်ဓာတ်​မ​ကျ​စေရန် သူ​တို့​ကို​စိတ်​နာကြည်း​အောင်​မ​လုပ်​ကြ​နှင့်။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 22,
      "text": "ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​၏​လောကီ​သခင်​များ​ကို အရာရာ​၌ နာခံ​ကြ​လော့။ မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ သခင်​ဘုရား​ကို​ကြောက်ရွံ့​လျက် ရိုးသား​သော​စိတ်နှလုံး​ဖြင့် နာခံ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 23,
      "text": "သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 24,
      "text": "သင်​တို့​သည် သခင်​ခရစ်တော်​ကို အစေခံ​ကြ​သည်​ဖြစ်၍ ဆုလာဘ်​အဖြစ်​အမွေ​တော်​ကို သခင်​ဘုရား​ထံမှ ရရှိ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 25,
      "text": "မတရားမှု​ပြု​သော​သူ​မူကား မိမိ​ပြု​သော​မတရားမှု​၏​အကျိုး​ကို ခံစားရ​လိမ့်မည်။ ဤတွင် မျက်နှာလိုက်​ခြင်း​မ​ရှိ။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 1,
      "text": "သခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်းကင်​၌​သခင်​တစ်​ပါး​ရှိ​ကြောင်း သိမှတ်​လျက် မိမိ​တို့​ကျွန်​များ​အပေါ် မှန်ကန်​မျှတ​စွာ ပြုမူ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 2,
      "text": "ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ ထိုသို့​ပြု​ရာ​တွင် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အားဖြင့် သတိ​ဝီရိယ​ရှိ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 3,
      "text": "ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 4,
      "text": "ထို​နက်နဲ​သော​အရာ​ကို ဟောပြော​သင့်​သည့်​အတိုင်း ရှင်းလင်း​ပြတ်သား​စွာ ငါ​ဟောပြော​နိုင်​ရန်​လည်း ဆုတောင်း​ပေး​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 5,
      "text": "အပြင်​လူ​တို့​ရှေ့တွင် ဉာဏ်ပညာ​ရှိ​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 6,
      "text": "လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 7,
      "text": "သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 8,
      "text": "တုခိတ်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​ခြင်း​မှာ ငါ​တို့​အကြောင်း​ကို သင်​တို့​သိရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်နှလုံး​ကို နှစ်သိမ့်​ပေး​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 9,
      "text": "သင်​တို့​ထဲက​တစ်ဦး​ဖြစ်​သူ၊ သစ္စာရှိ​သည့် ချစ်​ရ​သော​ညီ​ဩနေသိမ်​သည်​လည်း သူ​နှင့်အတူ​ပါ​၏။ သူ​တို့​သည် ဤ​အရပ်​၌ ဖြစ်ပျက်​နေ​သော​အကြောင်းအရာ​အားလုံး​ကို သင်​တို့​အား ပြောပြ​ကြ​လိမ့်မည်။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 10,
      "text": "ငါ​နှင့်အတူ​အကျဉ်းချ​ခံ​နေ​ရ​သူ​အာရိတ္တာခု​နှင့် ဗာနဗ​၏​ညီဝမ်းကွဲ​မာကု​တို့​သည် သင်​တို့​ကို နှုတ်ဆက်​လိုက်​ပါ​၏။ မာကု​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို​လက်ခံ​ကြ​ပါ​ဟူသည့် သူ​နှင့်​ပတ်သက်သော​ညွှန်ကြား​ချက်​များ​ကို သင်​တို့​ရရှိ​ထား​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 11,
      "text": "ယုစတု​ဟု​ခေါ်​သော​ယေရှု​လည်း သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင် ဤ​သူ​တို့​သာလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​ဖြစ်​ကြ​ပြီး ငါ့​အား နှစ်သိမ့်​မှု​ပေး​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 12,
      "text": "ခရစ်တော်​ယေရှု​၏​အစေအပါး​ဖြစ်၍ သင်​တို့​အထဲက​တစ်​ဦး​ဖြစ်​သော ဧပဖြ​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ သင်​တို့​သည် စုံလင်​ရင့်ကျက်​သူ​အဖြစ်​ရပ်တည်​လျက် ဘုရားသခင်​၏​အလို​တော်​ရှိသမျှ​ကို အပြည့်အဝ​ဆောင်ရွက်​နိုင်​မည့်​အကြောင်း သူ​သည် သင်​တို့​အတွက် အစဉ်အမြဲ​ကြိုးစား​၍ ဆုတောင်း​ပေး​လျက်​ရှိ​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 13,
      "text": "အမှန်စင်စစ် သူ​သည် သင်​တို့​မှစ၍ လောဒိကိ​မြို့​နှင့်​ဟေရပေါလိ​မြို့​၌​ရှိ​သော​သူ​တို့​အတွက် အလွန်​ပင်ပန်း​စွာ​ကြိုးစား​လျက်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 14,
      "text": "ငါ​ချစ်​သော​ဆေးဆရာ​လုကာ​နှင့် ဒေမ​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 15,
      "text": "လောဒိကိ​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​လည်းကောင်း၊ နုံဖ​နှင့် သူ​၏​အိမ်​၌​စုဝေး​သော​အသင်းတော်​ကို​လည်းကောင်း နှုတ်ဆက်​ပေး​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 16,
      "text": "ဤ​စာ​ကို သင်​တို့​ဖတ်​ပြီး​သောအခါ လောဒိကိ​မြို့​၌​ရှိ​သော​အသင်းတော်​ကို​လည်း ဖတ်​စေ​ကြ​လော့။ ထို့အတူ လောဒိကိ​အသင်းတော်​မှ​ရ​လာ​သော​စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 17,
      "text": "အာခိပ္ပု​အား “သခင်​ဘုရား​၌​ရရှိ​ထား​သော​အမှု​တော်​လုပ်ငန်း​ကို အလေး​ဂရုပြု​လျက် ပြီးမြောက်​အောင်​ဆောင်ရွက်​ပါ”​ဟု ပြောကြား​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 18,
      "text": "ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ငါ​ခံရ​သော​အချုပ်အနှောင်​ကို သတိရ​ကြ​လော့။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 1,
      "text": "ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​သည် ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၌​တည်​သော သက်သာလောနိတ်​မြို့သား​တို့​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​သည် သင်​တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​လျက် ငါ​တို့​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 3,
      "text": "သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုးပမ်း​အားထုတ်​မှု​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော​သည်းခံ​မှု​တို့​ကို ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​၌ အမြဲမပြတ်​အောက်မေ့​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 4,
      "text": "ဘုရားသခင်​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ သင်​တို့​သည် ရွေးကောက်​တော်မူ​ခြင်း​ခံရ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 5,
      "text": "အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 7,
      "text": "ဤသို့ဖြင့် သင်​တို့​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​၌​ရှိ​သော ယုံကြည်​သူ​အားလုံး​အတွက် စံနမူနာ​ဖြစ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 8,
      "text": "အဘယ်ကြောင့်​ဆိုသော် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် သင်​တို့​ထံမှ မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​သို့ ပဲ့တင်ထပ်​သွား​ခဲ့​သည်​သာမက ဘုရားသခင်​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​အကြောင်း​သည်​လည်း နေရာ​အနှံ့​သို့ ပျံ့နှံ့​လေ​ပြီ​ဖြစ်​သောကြောင့် ငါ​တို့​၌​ပြော​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 9,
      "text": "အကြောင်းမူကား သင်​တို့​သည် ငါ​တို့​ကို မည်ကဲ့သို့​လက်ခံ​ကြ​သည်​ကို​လည်းကောင်း၊ အသက်ရှင်​တော်မူ​၍​စစ်မှန်​သော​ဘုရားသခင်​ကို အစေခံ​ရန်​နှင့်"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 10,
      "text": "ကျရောက်​လာ​မည့်​အမျက်​တော်​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​သည့် ယေရှု​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော​သား​တော်​သည် ကောင်းကင်​ဘုံ​မှ​ကြွလာ​တော်မူ​မည်​ကို စောင့်မျှော်​ရန် သင်​တို့​သည် ရုပ်တု​များ​ကို​စွန့်​၍ ဘုရားသခင်​ထံ မည်ကဲ့သို့​ပြောင်းလဲ​လာ​ကြ​သည်​ကို​လည်းကောင်း သူ​တို့​ကိုယ်တိုင်​ပြောကြား​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​ထံသို့ ငါ​တို့​ရောက်ရှိ​လာ​ခြင်း​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် ဦးစွာ ဖိလိပ္ပိ​မြို့​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျက် နှိပ်စက်​ခြင်း​ကို​ခံရ​သော်လည်း ကြီးစွာ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​ထဲတွင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၏​ဘုရားသခင်​အားဖြင့် သင်​တို့​အား ရဲရင့်​စွာ​ဟောပြော​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 3,
      "text": "အကြောင်းမူကား ငါ​တို့​သည် မှားယွင်း​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် ပရိယာယ်​တို့​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​ဟောပြော​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 4,
      "text": "ဘုရားသခင်​သည် ငါ​တို့​ကို​အသိအမှတ်ပြု​လျက် ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၌​ယုံကြည်​အပ်နှံ​ထား​သည့်​အလျောက် ငါ​တို့​သည် လူ​တို့​ကို​နှစ်သက်​စေရန်​မ​ဟုတ်​ဘဲ ငါ​တို့​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​သော​ဘုရားသခင်​ကို နှစ်သက်​စေရန် ဟောပြော​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 5,
      "text": "အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် မြှောက်ပင့်​သော​စကား​ကို တစ်ကြိမ်​တစ်ခါ​မျှ​မ​သုံး၊ လောဘ​စိတ်​ဖြင့်​ဟန်ဆောင်​ခြင်း​လည်း​မ​ရှိ​ခဲ့​ပေ။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 6,
      "text": "ငါ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အနေဖြင့် ဩဇာအာဏာ​ကို​အသုံးပြု​နိုင်​သော်လည်း သင်​တို့​ထံမှ​ဖြစ်စေ၊ အခြား​သော​သူ​တို့​ထံမှ​ဖြစ်စေ လူ​တို့​ပေး​သော​ဂုဏ်ပြု​ချီးမွမ်း​ခြင်း​ကို​မ​ရှာ​ဘဲ"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 7,
      "text": "နို့တိုက်​မိခင်​သည် မိမိ​၏​သားသမီး​များ​ကို ယုယ​ကြင်နာ​သကဲ့သို့ သင်​တို့​အလယ်​၌ နူးညံ့​သိမ်မွေ့​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 8,
      "text": "ထိုနည်းတူ သင်​တို့​သည် ငါ​တို့​ချစ်​သော​သူ​များ​ဖြစ်လာ​ကြ​သောကြောင့် ငါ​တို့​သည် သင်​တို့​ကို​ချစ်ခင်​တွယ်တာ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို​သာမက ငါ​တို့​၏​အသက်​ကို​ပင် ဝေမျှ​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 9,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့်​ပင်ပန်း​ခက်ခဲ​မှု​တို့​ကို သင်​တို့​မှတ်မိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် နေ့​ရော​ည​ပါ​အလုပ်​လုပ်​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 10,
      "text": "ငါ​တို့​သည် ယုံကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်သို့ သန့်ရှင်း​ဖြူစင်​စွာ​နှင့် ဖြောင့်မတ်​စွာ​ပြုမူ​လျက် အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် နေထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 11,
      "text": "သင်​တို့​သိ​ကြ​သည့်​အတိုင်း ဖခင်​သည် မိမိ​သားသမီး​များ​အပေါ်​ပြု​သကဲ့သို့ ငါ​တို့​သည် သင်​တို့​အပေါ်​ပြုမူ​လျက်"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 12,
      "text": "မိမိ​နိုင်ငံ​တော်​နှင့်​ဘုန်း​အသရေ​တော်​သို့ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​နှင့် ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​ကို တိုက်တွန်း​နှိုးဆော်​၍ နှစ်သိမ့်​အားပေး​ကာ သတိပေး​ခဲ့​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 13,
      "text": "သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 14,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 15,
      "text": "ဂျူး​လူမျိုး​တို့​သည် သခင်​ယေရှု​နှင့်​ပရောဖက်​များ​ကို​သတ်​၍ ငါ​တို့​ကို​လည်း လိုက်လံ​ညှဉ်းဆဲ​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​ဘဲ လူ​အပေါင်း​တို့​ကို ဆန့်ကျင်​လျက်"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 16,
      "text": "လူမျိုးခြား​တို့​ကယ်တင်​ခြင်း​ရရှိ​ရန် ငါ​တို့​ဟောပြော​သည်​ကို တားမြစ်​ကာ မိမိ​တို့​အပြစ်​များ​ကို အစဉ်အမြဲ​ဖြည့်ဆည်း​ကြ​၏။ သို့ဖြစ်၍ အမျက်​တော်​သည် သူ​တို့​အပေါ်သို့ အဆုံးစွန်​သက်ရောက်​လေ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 17,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​သည် စိတ်နှလုံး​အားဖြင့်​မ​ဟုတ်​ဘဲ လူ​ချင်း သင်​တို့​နှင့် ခေတ္တ​ခဏ​ခွဲခွာ​နေ​ရ​သော်လည်း သင်​တို့​၏​မျက်နှာ​ကို​ပြန်​တွေ့​နိုင်​ရန် အလွန်​တောင့်တ​၍ အထူး​ကြိုးစား​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 18,
      "text": "ထို့ကြောင့် ငါ​တို့​သည် သင်​တို့​ထံသို့​လာ​ရန် အလိုရှိ​ကြ​၏။ ငါ​ပေါလု​သည် တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် အမှန်ပင်​ကြိုးစား​သော်လည်း စာတန်​သည် ငါ​တို့​ကို တားဆီး​ခဲ့​၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 19,
      "text": "ငါ​တို့​သခင်​ယေရှု​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်လင့်​စရာ​အကြောင်း၊ ဝမ်းမြောက်​စရာ​အကြောင်း​နှင့် ဝါကြွား​စရာ​သရဖူ​ဖြစ်​မည့်​သူ​မှာ မည်သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 20,
      "text": "အကြောင်းမူကား သင်​တို့​သည် ငါ​တို့​၏​ဘုန်း​အသရေ​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 1,
      "text": "ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် ငါ​တို့​ချည်း​သာ အေသင်​မြို့​၌​နေ​ခဲ့​ရန် ဆုံးဖြတ်​ပြီးလျှင်"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 2,
      "text": "ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​၌ ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်​သော ငါ​တို့​၏​ညီ တိမောသေ​ကို စေလွှတ်​လိုက်​၏။ သူ့​ကို​စေလွှတ်​ခြင်း​မှာ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ပတ်သက်၍ သင်​တို့​ကို တိုက်တွန်း​နှိုးဆော်​၍ ခိုင်ခံ့​မြဲမြံ​စေရန်​နှင့်"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 3,
      "text": "ဤ​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် မည်သူမျှ ယိမ်းယိုင်​ခြင်း​မ​ရှိ​စေရန်​ဖြစ်​၏။ အကြောင်းမူကား ဤ​သို့​ဆင်းရဲ​ဒုက္ခ​ကို​ခံရ​စေရန် ငါ​တို့​ကို​ခန့်ထား​တော်မူ​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 4,
      "text": "အဘယ်ကြောင့်​ဆိုသော် သင်​တို့​နှင့်အတူ ငါ​တို့​ရှိ​စဉ်​က​ပင် ငါ​တို့​သည် ဆင်းရဲ​ဒုက္ခ​ခံရ​တော့မည်​ဟု သင်​တို့​အား ကြိုတင်​ပြော​ထား​ခဲ့​သည်​ဖြစ်၍ ထို​အတိုင်း​ပင်​ဖြစ်​လာ​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 5,
      "text": "ထို့ကြောင့် ဖြားယောင်း​သွေးဆောင်​သော​သူ​သည် တစ်နည်းနည်း​ဖြင့် သင်​တို့​ကို​ဖြားယောင်း​သွေးဆောင်​ပြီး ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​ကို​စိုးရိမ်​၍ ငါ​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် သင်​တို့​၏​ယုံကြည်​ခြင်း​ကို​သိရှိ​နိုင်​ရန်​အတွက် သူ့​ကို​စေလွှတ်​ခဲ့​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 6,
      "text": "သို့သော် ယခု တိမောသေ​သည် သင်​တို့​ထံမှ​ပြန်လာ​၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​နှင့်ပတ်သက်​သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို ငါ​တို့​အား​ပြောပြ​၏။ ထို့ပြင် သင်​တို့​သည် ငါ​တို့​ကို အစဉ်အမြဲ​ကောင်းမွန်​စွာ​သတိရ​လျက် ငါ​တို့​သည် သင်​တို့​ကို အလွန်​တွေ့မြင်​လို​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​ကို အလွန်​တွေ့မြင်​လို​ကြောင်း ပြောပြ​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 7,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ခက်ခဲ​ကျပ်တည်း​ခြင်း​နှင့်​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံရ​စဉ်​တွင် သင်​တို့​၏​ယုံကြည်​ခြင်း​ကြောင့် သင်​တို့​နှင့်​ပတ်သက်၍ နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 8,
      "text": "သင်​တို့​သည် သခင်​ဘုရား​၌​ခိုင်မြဲ​စွာ​ရပ်တည်​လျှင် ယခု ငါ​တို့​အသက်ရှင်​နိုင်​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 9,
      "text": "ငါ​တို့​၏​ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကြောင့် ငါ​တို့​ခံစားရ​သော ဤ​ဝမ်းမြောက်​ခြင်း​အားလုံး​ကို​ထောက်​၍ သင်​တို့​အတွက် ဘုရားသခင်​ကို မည်ကဲ့သို့​ကျေးဇူး​တုံ့ပြန်​နိုင်​ပါ​မည်နည်း။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 10,
      "text": "ငါ​တို့​သည် သင်​တို့​နှင့်​လူ​ချင်း​တွေ့​နိုင်​ရန်​နှင့် သင်​တို့​၏​ယုံကြည်​ခြင်း​တွင် လိုအပ်​သည့်​အပိုင်း​များ​ကို ဖြည့်ဆည်း​ပေး​နိုင်​ရန် နေ့​ရော​ည​ပါ အလွန်​စိတ်အား​ထက်သန်​စွာ​ဖြင့် ဆုတောင်း​နေ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 11,
      "text": "ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​၏​သခင်​ယေရှု​သည် သင်​တို့​ထံသို့ ငါ​တို့​လာ​မည့်​လမ်း​ခရီး​ကို ပြင်ဆင်​ပေး​တော်မူ​ပါစေသော။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 12,
      "text": "ငါ​တို့​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​သော​မေတ္တာ​၌​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​ချစ်​သော​မေတ္တာ​၌​လည်းကောင်း တိုးပွား​၍ ကြွယ်ဝ​ပြည့်စုံ​မည့်အကြောင်း သခင်​ဘုရား​ပြု​တော်မူ​ပါစေသော။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 13,
      "text": "ထို့ပြင် ငါ​တို့​၏​သခင်​ယေရှု​သည် မိမိ​၏​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​သောအခါ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်နှလုံး​ကို မြင့်မြတ်​သန့်ရှင်း​ခြင်း​အရာ​၌ အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။ အာမင်။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 1,
      "text": "နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ကို​နှစ်သက်​စေ​ရန် မည်ကဲ့သို့​အသက်ရှင်​လျှောက်လှမ်း​ရ​မည်​ကို ငါ​တို့​ထံမှ​နည်းခံ​ကြ​ပြီး ထို​အတိုင်း​အသက်ရှင်​လျှောက်လှမ်း​ကြ​သည့်​နည်းတူ ပို၍​ပြည့်စုံ​စွာ ကြိုးစား​အားထုတ်​ကြ​ရန် သင်​တို့​အား သခင်​ယေရှု​၏​နာမ​တော်​၌ ငါ​တို့​တိုက်တွန်း​နှိုးဆော်​လျက် တောင်းပန်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 2,
      "text": "အကြောင်းမူကား ငါ​တို့​သည် သခင်​ယေရှု​အားဖြင့် သင်​တို့​အား မည်သည့်​ညွှန်ကြားချက်​များ​ပေး​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 3,
      "text": "ဘုရားသခင်​၏​အလို​တော်​ကား သင်​တို့​သန့်ရှင်း​ခြင်း​ရှိ​ရန်​ဖြစ်​၏။ တစ်နည်း​အားဖြင့် သင်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်ကြဉ်​လျက်"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 4,
      "text": "သင်​တို့​တစ်ဦးစီ​သည် သန့်ရှင်း​ခြင်း​နှင့်​ဂုဏ်သရေ​ရှိ​ခြင်း​တို့​၌ မိမိ​ကိုယ်ခန္ဓာ​အား မည်သို့​ထိန်းသိမ်း​ရ​မည်​ကို သိရှိ​၍"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 5,
      "text": "ဘုရားသခင်​ကို​မ​သိ​သော​လူမျိုးခြား​တို့​ကဲ့သို့ ကိလေသာ​တပ်မက်​ခြင်း​ထဲ၌ နစ်မွန်း​ခြင်း​မ​ရှိ​ကြ​ရန်​နှင့်"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 6,
      "text": "ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 7,
      "text": "အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် ငါ​တို့​ကို ညစ်ညူး​ခြင်း​ထဲသို့ ခေါ်​တော်မူ​သည်​မ​ဟုတ်​ဘဲ သန့်ရှင်း​ခြင်း​ထဲသို့ ခေါ်​တော်မူ​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 8,
      "text": "ထို့ကြောင့် ဤ​ညွှန်ကြား​ချက်​ကို ငြင်းပယ်​သော​သူ​သည် လူ​ကို​မ​ဟုတ်​ဘဲ သင်​တို့​အား မိမိ​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 9,
      "text": "ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​နှင့်​ပတ်သက်၍​မူကား သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။ အကြောင်းမှာ သင်​တို့​ကိုယ်တိုင်​သည် အချင်းချင်း​ချစ်​ကြ​ရန် ဘုရားသခင်​ထံမှ သင်ယူ​ထား​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 10,
      "text": "အမှန်စင်စစ် သင်​တို့​သည် မာကေဒေါနိ​ပြည်​တစ်ဝန်းလုံး​ရှိ ညီအစ်ကို​အားလုံး​တို့​အပေါ် ထို​မေတ္တာ​ကို​ပြ​ကြ​ပြီ။ သို့ရာတွင် ညီအစ်ကို​တို့၊ ထို​မေတ္တာ​ကို ပို၍​ပြည့်စုံ​စွာ​ပြ​ကြ​ရန်​လည်းကောင်း၊"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 11,
      "text": "သင်​တို့​အား ငါ​တို့​ညွှန်ကြား​ခဲ့​သည့်​အတိုင်း အေးဆေး​တည်ငြိမ်​စွာ​နေထိုင်​နိုင်​ရန် ရည်မှန်း​ကြိုးစား​လျက် မိမိ​ကိစ္စ​များ​ကို​အာရုံစိုက်​၍ မိမိ​တို့​လက်​ဖြင့်​အလုပ်​လုပ်​ကြ​ရန်​လည်းကောင်း ငါ​တို့​တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 12,
      "text": "ဤသည်ကား သင်​တို့​သည် ပြင်ပ​လူ​တို့​ရှေ့၌ တင့်တယ်​လျောက်ပတ်​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ သင်​တို့​၌ မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ​စေရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 13,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​သည် မျှော်လင့်​ခြင်း​မ​ရှိ​သော​အခြား​သူ​များ​ကဲ့သို့ ဝမ်းနည်း​ခြင်း​မ​ရှိ​ကြ​မည့်​အကြောင်း အိပ်ပျော်​သော​သူ​တို့​နှင့်​ပတ်သက်၍ သင်​တို့​မ​သိ​ဘဲ​နေ​ရန် ငါ​တို့​အလို​မ​ရှိ။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 14,
      "text": "အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 15,
      "text": "သခင်​ဘုရား​၏​စကား​တော်​အားဖြင့် သင်​တို့​အား ငါ​တို့​ဆို​သည်မှာ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အိပ်ပျော်​သော​သူ​တို့​ထက် လုံးဝ​ရှေ့ကျ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 16,
      "text": "အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 17,
      "text": "ထို့နောက် အသက်ရှင်​လျက်​ကျန်ရစ်​သော​ငါ​တို့​သည် အာကာသ​ကောင်းကင်​၌ သခင်​ဘုရား​နှင့်​တွေ့ဆုံ​ရန် ထို​သူ​တို့​နှင့်​အတူ မိုးတိမ်​အားဖြင့် ချီဆောင်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် ငါ​တို့​သည် သခင်​ဘုရား​နှင့်အတူ အစဉ်အမြဲ​နေ​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 18,
      "text": "သို့ဖြစ်၍ ဤ​စကား​များ​ဖြင့် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 1,
      "text": "သို့ရာတွင် ညီအစ်ကို​တို့၊ ထို​အချိန်အခါ​နှင့်​ကာလ​များ​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 2,
      "text": "အကြောင်းမူကား သူခိုး​သည် ည​အချိန်​၌​လာ​သကဲ့သို့ သခင်​ဘုရား​၏​နေ့ရက်​သည် ရောက်လာ​မည်​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင် သေချာ​စွာ​သိ​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 3,
      "text": "“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 4,
      "text": "သို့သော် ညီအစ်ကို​တို့၊ သင်​တို့​သည် အမှောင်​ထဲ၌​မ​ရှိ​သောကြောင့် ထို​နေ့ရက်​သည် သူခိုး​ကဲ့သို့ သင်​တို့​ကို အငိုက်ဖမ်း​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 5,
      "text": "အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 6,
      "text": "သို့ဖြစ်၍ အခြား​သော​သူ​များ​ကဲ့သို့ အိပ်ပျော်​ခြင်း​မ​ရှိ​ဘဲ သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​ကုန်စို့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 7,
      "text": "အကြောင်းမူကား အိပ်ပျော်​သော​သူ​တို့​သည် ည​အခါ​၌ အိပ်ပျော်​တတ်​ကြ​၏။ ယစ်မူး​သော​သူ​တို့​သည်​လည်း ည​အခါ​၌ ယစ်မူး​တတ်​ကြ​၏။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 8,
      "text": "ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 9,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​ကို အမျက်​တော်​သက်ရောက်​စေရန် သတ်မှတ်​ထား​တော်မူ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ကယ်တင်​ခြင်း​ကို​ရရှိ​စေရန် သတ်မှတ်​ထား​တော်မူ​၏။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 10,
      "text": "ငါ​တို့​သည် နိုး​နေ​သည်​ဖြစ်စေ၊ အိပ်ပျော်​နေ​သည်​ဖြစ်စေ ကိုယ်တော်​နှင့်​အတူ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​၏။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 11,
      "text": "ထို့ကြောင့် ယခု​သင်​တို့​ပြု​နေ​သည့်​အတိုင်း အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ တစ်​ဦး​ကို​တစ်​ဦး တည်ဆောက်​မြှင့်တင်​ပေး​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 12,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​ထဲတွင် အားထုတ်​လုပ်ဆောင်​လျက်​၊ သခင်​ဘုရား​၌ သင်​တို့​ကို စီမံ​အုပ်ချုပ်​လျက် သင်​တို့​ကို​သတိပေး​ဆုံးမ​နေ​ကြ​သော​သူ​များ​ကို ကြည်ညို​လေးစား​ကြ​ရန်​လည်းကောင်း၊"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 13,
      "text": "သူ​တို့​လုပ်ဆောင်​သော​အမှု​အတွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အထူး​တန်ဖိုးထား​ကြ​ရန်​လည်းကောင်း သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။ သင်​တို့​အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 14,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်တွန်း​နှိုးဆော်​သည်​ကား စည်းမဲ့​ကမ်းမဲ့​နေ​သော​သူ​တို့​ကို သတိပေး​ဆုံးမ​ကြ​လော့။ စိတ်အားငယ်​သော​သူ​တို့​ကို နှစ်သိမ့်​ကြ​လော့။ အားနည်း​သော​သူ​တို့​ကို ထောက်မ​ကြ​လော့။ လူ​အပေါင်း​တို့​အပေါ် စိတ်ရှည်​သည်းခံ​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 15,
      "text": "မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 16,
      "text": "အစဉ်​ဝမ်းမြောက်​ကြ​လော့​။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 17,
      "text": "အမြဲမပြတ် ဆုတောင်း​ကြ​လော့​။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 18,
      "text": "အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 19,
      "text": "ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 20,
      "text": "ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 21,
      "text": "သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 22,
      "text": "မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 23,
      "text": "ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 24,
      "text": "သင်​တို့​ကို ခေါ်ယူ​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ထိုသို့​ပြု​တော်မူ​လိမ့်မည်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 25,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 26,
      "text": "ညီအစ်ကို​အားလုံး​တို့​ကို သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 27,
      "text": "ဤ​စာ​ကို ညီအစ်ကို​အားလုံး​တို့​ရှေ့၌​ဖတ်ကြား​ရန် သခင်​ဘုရား​၌ သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 28,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 1,
      "text": "ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​သည် ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၌​တည်​သော သက်သာလောနိတ်​မြို့သား​တို့​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 3,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ ထိုသို့​ပြု​ခြင်း​သည်​လည်း သင့်လျော်​ပေ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အလွန်​တိုးပွား​၍ အချင်းချင်း​အပေါ်၌​ထား​သော သင်​တို့​တစ်ဦးစီ​၏​ချစ်​ခြင်း​မေတ္တာ​သည်​လည်း ပွားများ​လျက်​ရှိ​၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 4,
      "text": "သို့ဖြစ်၍ သင်​တို့​ခံရ​သော ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိသမျှ​တို့​၌​ထင်ရှား​သော သင်​တို့​၏​သည်းခံ​ခြင်း​နှင့် ယုံကြည်​ခြင်း​တို့​အတွက် ငါ​တို့​ကိုယ်တိုင် ဘုရားသခင်​၏​အသင်းတော်​များ​တွင် သင်​တို့​အကြောင်း​ကို ဝါကြွား​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 5,
      "text": "ဤသည်ကား ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သင်​တို့​ကို ထို​နိုင်ငံ​တော်​နှင့်​ထိုက်တန်​သော​သူ​ဖြစ်​စေရန် စီရင်​တော်မူ​သော ဘုရားသခင်​၏​ဖြောင့်မတ်​သည့်​တရား​စီရင်​ခြင်း​ကို ထင်ရှား​စေ​သော​အထောက်အထား​ဖြစ်​၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 6,
      "text": "သခင်​ယေရှု​သည် မီးလျှံ​ထဲ၌ မိမိ​၏​တန်ခိုး​ကြီး​သော​ကောင်းကင်​တမန်​များ​နှင့်အတူ မိုး​ကောင်းကင်​မှ​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ကို ဆင်းရဲ​ဒုက္ခ​ရောက်​စေ​သော​သူ​တို့​အား ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 7,
      "text": "ဆင်းရဲ​ဒုက္ခ​ခံရ​သော​သင်​တို့​အား ငါ​တို့​နှင့်အတူ​သက်သာ​ခွင့်​ကို​လည်းကောင်း ပြန်​၍​ခံစား​စေ​မည့်​အမှု​သည် ဘုရားသခင်​ရှေ့​တော်​၌ အမှန်​ပင်​တရားမျှတ​သော​အမှု​ဖြစ်​၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 8,
      "text": "ထိုအခါ ကိုယ်တော်​သည် ဘုရားသခင်​ကို​မ​သိ​သော​သူ​တို့​နှင့် ငါ​တို့​သခင်​ယေရှု​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​အား တရား​သဖြင့်​စီရင်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 9,
      "text": "ထို​သူ​တို့​သည် သခင်​ဘုရား​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​မှ​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော​ဘုန်း​အသရေ​တော်​မှ​လည်းကောင်း ဖယ်ရှား​ခြင်း​ခံရ​လျက် ထာဝရ​ပျက်စီး​ခြင်း​အပြစ်ဒဏ်​ကို ခံ​ကြ​ရ​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 10,
      "text": "ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 11,
      "text": "ထို့ကြောင့် ငါ​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​သော​သူ​များ​ဖြစ်စေ​၍ ကောင်းမြတ်​သော​အမှု​ကို​ပြုလို​သော​စေတနာ​စိတ်​ရှိသမျှ​နှင့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု​တို့​ကို တန်ခိုး​တော်​အားဖြင့် သင်​တို့​၌​ပြည့်စုံ​စေ​တော်မူ​မည့်​အကြောင်း သင်​တို့​အတွက် ငါ​တို့​အစဉ်အမြဲ​ဆုတောင်း​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 12,
      "text": "ဤသည်ကား ငါ​တို့​၏​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ငါ​တို့​သခင်​ယေရှု​၏​နာမ​တော်​သည် သင်​တို့​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​လျက် သင်​တို့​သည်​လည်း ကိုယ်တော်​၌​ဘုန်း​ထင်ရှား​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 1,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​သခင် ယေရှု​ခရစ်တော်​၏​ကြွလာ​တော်မူ​ခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ၌ ငါ​တို့​အတူတကွ​စုဝေး​ခြင်း​အကြောင်း​တို့​နှင့်​ပတ်သက်၍"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 2,
      "text": "ဝိညာဉ်​အားဖြင့်​ဖြစ်စေ၊ နှုတ်ထွက်​စကား​အားဖြင့်​ဖြစ်စေ၊ ငါ​တို့​စာ​ကဲ့သို့သော​စာ​အားဖြင့်​ဖြစ်စေ သခင်​ဘုရား​၏​နေ့ရက်​ကျရောက်​ပြီ​ဖြစ်​သည့်​ပုံမျိုး​ပြောဆို​ကြ​သော်လည်း စိတ်​ထဲ၌ အလျင်အမြန်​တုန်လှုပ်​ခြင်း​၊ သို့မဟုတ် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​ရန် သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 3,
      "text": "မည်သူ​မျှ သင်​တို့​ကို မည်သည့်​နည်း​နှင့်​မျှ မ​လှည့်ဖြား​စေ​နှင့်။ အဘယ်ကြောင့်​ဆိုသော် ဖောက်ပြန်​သွေဖည်​မှု​သည် ဦးစွာ​ဖြစ်လာ​၍ ပျက်စီး​ခြင်း​၏​သား​တည်းဟူသော တရားမဲ့​ခြင်း​နှင့်ဆိုင်သော​သူ​သည် ထင်ရှား​မ​လာ​မီ ထို​နေ့ရက်​သည် ရောက်လာ​မည်​မ​ဟုတ်။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 4,
      "text": "ထို​သူ​သည် ဘုရား​ဟု​ခေါ်ဝေါ်​သော​အရာ​နှင့် ကိုးကွယ်​ခြင်း​ခံရ​သော​အရာ​အားလုံး​ကို ဆန့်ကျင်​လျက် ၎င်း​တို့​အပေါ် မိမိကိုယ်ကို​ချီးမြှောက်​ကာ ဘုရားသခင်​၏​ဗိမာန်​တော်​၌​ထိုင်​၍ မိမိကိုယ်ကို​ဘုရား​ဖြစ်​သည်​ဟု ကြေညာ​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 5,
      "text": "သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ်​က ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​သတိ​မ​ရ​ကြ​သလော။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 6,
      "text": "ထို​သူ​ကို မိမိ​အချိန်အခါ​၌​ထင်ရှား​စေရန် ယခု သူ့​ကို​တားဆီး​ထား​သော​သူ​ရှိ​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 7,
      "text": "အကြောင်းမူကား တရားမဲ့​ခြင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လှုပ်ရှား​နေ​ပြီ​ဖြစ်​၏။ သို့သော် ယခု​တားဆီး​ထား​သော​သူ​သည် ဖယ်ရှား​ခြင်း​ခံရ​သည်​အထိ တားဆီး​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 8,
      "text": "ထို့နောက် တရားမဲ့​သော​သူ​သည် ထင်ရှား​လာ​လိမ့်မည်။ သခင်​ယေရှု​သည် ထို​သူ​ကို မိမိ​နှုတ်​တော်​မှ​ထွက်သက်လေ​အားဖြင့် ကွပ်မျက်​၍ မိမိ​ကြွလာ​တော်မူ​ခြင်း​၏​ရောင်ခြည်​အားဖြင့် ပယ်ဖျက်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 9,
      "text": "တရားမဲ့​သော​သူ​သည် စာတန်​၏​လုပ်ဆောင်​မှု​အားဖြင့် ရောက်ရှိ​လာ​မည်​ဖြစ်​၍ အမျိုးမျိုး​သော​တန်ခိုး​၊ နိမိတ်​လက္ခဏာ​များ​၊ မုသား​နှင့်ဆိုင်သော​အံ့ဩဖွယ်ရာ​များ​ဖြင့်​လည်းကောင်း၊"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 10,
      "text": "ပျက်စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အတွက် မတရားမှု​နှင့်ဆိုင်သော​လှည့်ဖြား​ခြင်း​အမျိုးမျိုး​တို့​ဖြင့်​လည်းကောင်း ရောက်ရှိ​လာ​မည်။ သူ​တို့​ပျက်စီး​ခြင်း​သို့​ရောက်​မည့်​အကြောင်းမှာ မိမိ​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် သမ္မာတရား​အား​ချစ်​ရ​မည်​ကို ငြင်းပယ်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 11,
      "text": "ထို့ကြောင့် မုသား​ကို သူ​တို့​ယုံကြည်​ကြ​စေရန် ဘုရားသခင်​သည် လှည့်ဖြား​ခြင်း​တန်ခိုး​ကို သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 12,
      "text": "ဤသည်ကား သမ္မာတရား​ကို​မ​ယုံကြည်​ဘဲ မတရားမှု​ကို​နှစ်သက်​သော​သူ​အားလုံး စီရင်​ခြင်း​ခံရ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 13,
      "text": "သို့သော် သခင်​ဘုရား​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သမ္မာတရား​ကို​ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ရရှိ​ရန်​အတွက် ဘုရားသခင်​သည် သင်​တို့​ကို အသီးဦး​အဖြစ် ရွေးကောက်​တော်မူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 14,
      "text": "ဤ​ရည်ရွယ်​ချက်​အတွက် ဘုရားသခင်​သည် ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အားဖြင့် သင်​တို့​ကို ခေါ်ယူ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ကို သင်​တို့​ရရှိ​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 15,
      "text": "ထို့ကြောင့် ညီအစ်ကို​တို့၊ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ငါ​တို့​၏​စကား​အားဖြင့်​ဖြစ်စေ၊ စာ​အားဖြင့်​ဖြစ်စေ သင်​တို့​သင်ယူ​ထား​သော​ဓလေ့​ထုံးတမ်း​ကို စွဲကိုင်​ထား​ကြ​လော့။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 16,
      "text": "ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်မူ​၍ ကျေးဇူး​တော်​အားဖြင့် ထာဝရ​နှစ်သိမ့်​ခြင်း​နှင့် ကောင်းမြတ်​သော​မျှော်လင့်​ခြင်း​တို့​ကို​ပေး​တော်မူ​သော ငါ​တို့​အဖ​ဘုရားသခင်​သည်"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 17,
      "text": "သင်​တို့​၏​စိတ်နှလုံး​ကို နှစ်သိမ့်​ပေး​၍ ကောင်း​သော​စကား​နှင့်​ကောင်း​သော​အမှု​အလုံးစုံ​တို့​၌ သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 1,
      "text": "နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သခင်​ဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​ဖြစ်​သကဲ့သို့ လျင်မြန်​စွာ​ပျံ့နှံ့​၍ ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​နှင့်"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 2,
      "text": "ငါ​တို့​သည် ကောက်ကျစ်​၍​ဆိုးညစ်​သော​လူ​တို့​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​မည့်​အကြောင်း ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား လူ​တိုင်း​၌ ယုံကြည်​ခြင်း​ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 3,
      "text": "သို့သော် သခင်​ဘုရား​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။ ကိုယ်တော်​သည် သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၍ ဆိုးညစ်​သော​သူ​ထံမှ ကွယ်ကာ​စောင့်ရှောက်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 4,
      "text": "သင်​တို့​သည် ငါ​တို့​ညွှန်ကြား​သည့်​အရာ​များ​ကို ယခု​ဆောင်ရွက်​နေ​ကြ​၏။ ဆက်၍​လည်း ဆောင်ရွက်​ကြ​လိမ့်မည်​ဟု သခင်​ဘုရား​၌ သင်​တို့​အပေါ် ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 5,
      "text": "သခင်​ဘုရား​သည် သင်​တို့​၏​စိတ်နှလုံး​ကို ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခရစ်တော်​၏​သည်းခံ​ခြင်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါစေသော။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 6,
      "text": "ညီအစ်ကို​တို့၊ ငါ​တို့​ထံမှ​ခံယူ​ရရှိ​သည့်​ဓလေ့​ထုံးတမ်း​နှင့်အညီ မ​လိုက်လျှောက်​ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော ညီအစ်ကို​အားလုံး​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်ကြား​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 7,
      "text": "အကြောင်းမူကား ငါ​တို့​ကို မည်ကဲ့သို့​အတုယူ​ရ​မည်​ကို သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​အလယ်၌ စည်းမဲ့​ကမ်းမဲ့​နေ​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 8,
      "text": "မည်သူ​၏​အစားအစာ​ကို​မျှ အလကား​မ​စား​ဘဲ သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် ကြိုးပမ်း​အားထုတ်​လျက် ပင်ပန်း​ခက်ခဲ​စွာ​ဖြင့် နေ့​ရော​ည​ပါ​အလုပ်​လုပ်​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 9,
      "text": "ထိုသို့​ပြု​ခြင်းမှာ ငါ​တို့​၌ အခွင့်​မ​ရှိ​သောကြောင့်​မ​ဟုတ်။ ငါ​တို့​ကို​အတုယူ​နိုင်​ရန် ငါ​တို့​ကိုယ်တိုင် သင်​တို့​အား စံနမူနာ​ပြ​လို​သောကြောင့်​သာ​ဖြစ်​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 10,
      "text": "အကြောင်းမူကား သင်​တို့​နှင့်အတူ ငါ​တို့​ရှိ​စဉ်​က မည်သူမဆို အလုပ်​မ​လုပ်​လို​လျှင် အစာ​ကို​လည်း​မ​စား​စေ​နှင့်​ဟု ညွှန်ကြား​ထား​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 11,
      "text": "သို့သော် သင်​တို့​ထဲတွင် အချို့​တို့​သည် စည်းမဲ့ကမ်းမဲ့​အသက်ရှင်​လျှောက်လှမ်း​၍ အလုပ်​မ​လုပ်​ဘဲ သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 12,
      "text": "ထိုသို့သော​သူ​တို့​သည် ကိုယ့်​ထမင်း​ကိုယ်​စား​နိုင်​ရန်​အတွက် အေးဆေး​တည်ငြိမ်​စွာ​အလုပ်​လုပ်​ကြ​ရန် သခင်​ယေရှု​ခရစ်တော်​၌ ငါ​တို့​ညွှန်ကြား​လျက် တိုက်တွန်း​နှိုးဆော်​ကြ​ပါ​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 13,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 14,
      "text": "တစ်စုံတစ်ယောက်​သည် ဤ​စာ​အားဖြင့် ငါ​တို့​မှာကြား​သော​စကား​ကို​နားမထောင်​လျှင် ထို​သူ​အား အရှက်ရ​စေရန် သူ့​ကို​မှတ်ထား​လျက် သူ​နှင့်​အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 15,
      "text": "သို့သော် သူ့​ကို ရန်သူ​ကဲ့သို့​မ​မှတ်ယူ​ဘဲ ညီအစ်ကို​ကဲ့သို့ သတိပေး​ဆုံးမ​ကြ​လော့။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 16,
      "text": "ငြိမ်သက်​ခြင်း​၏​သခင်​ကိုယ်တော်​တိုင်​သည် မည်သည့်​အခြေအနေ​၌​မဆို သင်​တို့​အား ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ပေး​တော်မူ​ပါစေသော။ သခင်​ဘုရား​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 17,
      "text": "ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ဤသည်ကား ငါ့​စာ​အားလုံး​တွင်​ပါ​သည့်​အမှတ်​လက္ခဏာ​ဖြစ်​၏။ ငါ​သည် ဤသို့​ရေး​လေ့​ရှိ​၏။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 18,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 1,
      "text": "ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 2,
      "text": "ယုံကြည်​ခြင်း​အားဖြင့် ငါ့​သား​စစ်​ဖြစ်​သော​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 3,
      "text": "မာကေဒေါနိ​ပြည်​သို့​သွား​စဉ်​က သင့်​ကို ငါ​တိုက်တွန်း​နှိုးဆော်​ခဲ့​သည့်​အတိုင်း သင်​သည် ဧဖက်​မြို့​၌​နေရစ်​၍ လူ​အချို့​တို့​အား ခြားနား​သော​ဩဝါဒ​ကို မ​သွန်သင်​ကြ​ရန်​လည်းကောင်း၊"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 4,
      "text": "ဒဏ္ဍာရီ​များ​နှင့် မဆုံး​နိုင်​သော​ဆွေစဉ်မျိုးဆက်​စာရင်း​များ​ကို အာရုံ​မ​စိုက်​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ ထို​အရာ​တို့​သည် ယုံကြည်​ခြင်း​၌​တည်​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​ထက် အငြင်းပွား​မှု​များ​ကို​သာ​ဖြစ်​စေ​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 5,
      "text": "ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 6,
      "text": "လူ​အချို့​တို့​သည် ထို​အရာ​များ​မှ​လွဲချော်​၍ အကျိုးမဲ့​သော​စကား​ပြောဆို​ခြင်း​ဘက်​သို့ လှည့်​သွား​ကြ​ပြီ။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 7,
      "text": "သူ​တို့​သည် မိမိ​တို့​ပြောဆို​သော​အရာ​များ​နှင့် မိမိ​တို့​အခိုင်အမာ​ခံယူ​ထား​သော​အရာ​များ​ကို​ပင် နား​မ​လည်​ဘဲ ကျမ်းတတ်​ဆရာ​များ​ဖြစ်​လို​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 8,
      "text": "သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 9,
      "text": "တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 10,
      "text": "တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 11,
      "text": "ဤသည်ကား မင်္ဂလာရှိ​တော်မူ​သော​ဘုရားသခင်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကိုက်ညီ​၏။ ထို​ကောင်းမြတ်​သော​သတင်း​ကို ငါ့​အား​ယုံကြည်​အပ်နှံ​ထား​တော်မူ​ပြီ။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 12,
      "text": "ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 13,
      "text": "ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 14,
      "text": "ငါ​တို့​သခင်​ဘုရား​၏​ကျေးဇူး​တော်​သည် ယေရှု​ခရစ်တော်​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​နှင့်အတူ အလွန်​ကြွယ်ဝ​များပြား​လှ​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 15,
      "text": "ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 16,
      "text": "သို့သော် ငါ​သည် ကရုဏာ​တော်​ကို​ခံစား​ရ​သည့်​အကြောင်းမှာ ခရစ်တော်​ယေရှု​သည် အဆိုးဆုံး​ဖြစ်​သော​ငါ​၌ ခပ်သိမ်း​သော​စိတ်ရှည်​သည်းခံ​ခြင်း​ကို​ပြသ​တော်မူ​ခြင်း​အားဖြင့် ကိုယ်တော်​ကို​ယုံကြည်​၍ ထာဝရ​အသက်​ရရှိ​မည့်​သူ​များ​အတွက် ငါ့​ကို​စံနမူနာ​ဖြစ်​စေရန်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 17,
      "text": "ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 18,
      "text": "ငါ့​သား​တိမောသေ၊ သင်​နှင့်​ပတ်သက်၍ ယခင်​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​နှင့်အညီ ဤ​ညွှန်ကြားချက်​ကို သင့်​အား ငါ​ပေး​၏။ ဤသည်ကား သင်​သည် ယုံကြည်​ခြင်း​နှင့်​ကြည်လင်​သော​အသိစိတ်​တို့​ကို​စွဲကိုင်​လျက် ထို​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​အားဖြင့် ကောင်း​သော​တိုက်ပွဲ​ကို တိုက်ခိုက်​နိုင်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 19,
      "text": "အချို့​သော​သူ​တို့​သည် ထို​အသိစိတ်​ကို ပစ်ပယ်​ကြ​သည့်​အတွက် ယုံကြည်​ခြင်း​အရာ​၌ သင်္ဘော​ပျက်စီး​ဆုံးရှုံး​မှု​ကို​ခံရ​ကြ​ပြီ။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 20,
      "text": "ထို​သူ​တို့​တွင် ဟုမေနဲ​နှင့်​အလက်ဇန္ဒြား​တို့​ပါဝင်​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​ခြင်း​မ​ပြု​မည့်​အကြောင်း ဆုံးမ​ခြင်း​ကို​ခံရ​ကြ​ရန် သူ​တို့​ကို စာတန်​လက်​သို့ ငါ​အပ်လိုက်​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 1,
      "text": "သို့ဖြစ်၍ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း၊ ရှင်ဘုရင်​များ​နှင့် အထက်​အာဏာပိုင်​အားလုံး​တို့​အတွက်​လည်းကောင်း အသနားခံ​ခြင်း၊ ဆုတောင်း​ခြင်း၊ ကြားခံ​တောင်းလျှောက်​ခြင်း​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​တို့​ကို​ပြု​ရန် ပထမ​ဦးစွာ ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 2,
      "text": "ဤသည်ကား ငါ​တို့​သည် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ရှိ​လျက် အေးချမ်း​တည်ငြိမ်​စွာ​အသက်ရှင်​နေထိုင်​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 3,
      "text": "ထိုသို့​ပြု​ခြင်း​သည် ကောင်းမြတ်​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 4,
      "text": "လူသား​အားလုံး​ကယ်တင်​ခြင်း​ခံရ​လျက် သမ္မာတရား​ကို​သိရှိ​ခြင်း​သို့​ရောက်​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 5,
      "text": "အကြောင်းမူကား ဘုရားသခင်​တစ်ဆူတည်း​ရှိ​တော်မူ​၍ ဘုရားသခင်​နှင့်​လူ​တို့​စပ်ကြား​တွင် ကြားဝင်​စေ့စပ်​သူ​လည်း တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထို​အရှင်​ကား လူ​ဖြစ်​သော​ခရစ်တော်​ယေရှု​ပေတည်း။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 6,
      "text": "ထို​အရှင်​သည် လူ​အပေါင်း​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။ ဤသည်ကား အချိန်​တန်​သောအခါ ပေး​တော်မူ​သော​သက်သေခံ​ချက်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 7,
      "text": "ငါ​သည် ထို​သက်သေခံ​ချက်​အတွက် သံတော်ဆင့်​နှင့်​တမန်တော်​အဖြစ်​လည်းကောင်း၊ ယုံကြည်​ခြင်း​နှင့်​သမ္မာတရား​တို့​ကို လူမျိုးခြား​တို့​အား သွန်သင်​သော​ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။ ငါ​သည် မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 8,
      "text": "သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 9,
      "text": "ထိုနည်းတူ အမျိုးသမီး​တို့​သည်​လည်း သင့်တင့်​လျောက်ပတ်​စွာ ဝတ်စား​ဆင်ယင်​လျက် ဣန္ဒြေ​စောင့်​ခြင်း​နှင့်​ယဉ်ကျေး​သိမ်မွေ့​ခြင်း​တို့​ဖြင့် မိမိတို့ကိုယ်ကို​ဆင်ယင်​ကြ​၍ ကျစ်​သော​ဆံပင်​နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီး​သော​အဝတ်အစား​စသည်​တို့​ဖြင့် မ​ဟုတ်​ဘဲ"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 10,
      "text": "ဘုရားသခင်​အား​ကြည်ညို​လေးမြတ်​ခြင်း​ရှိ​မည်​ဟု ကတိ​ပြု​သော​အမျိုးသမီး​များ​နှင့်​သင့်လျော်​သည့်​အရာ​တည်းဟူသော ကောင်း​သော​အမှု​များ​ဖြင့် မိမိ​ကိုယ်​ကို​ဆင်ယင်​ကြ​ရန် ငါ​အလိုရှိ​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 11,
      "text": "အမျိုးသမီး​သည် အရာရာ​၌​နာခံ​ခြင်း​ရှိ​၍ တိတ်ဆိတ်​စွာ​သင်ယူ​ပါစေ။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 12,
      "text": "အမျိုးသမီး​သည် သွန်သင်​ခြင်း၊ အမျိုးသား​အပေါ် ဩဇာညောင်း​ခြင်း​အခွင့်​ကို ငါ​မ​ပေး။ အမျိုးသမီး​သည် တိတ်ဆိတ်​စွာ​နေ​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 13,
      "text": "အကြောင်းမူကား အာဒံ​ကို ပထမ​ဦးစွာ​ဖန်ဆင်း​တော်မူ​၍ နောက်မှ ဧဝ​ကို ဖန်ဆင်း​တော်မူ​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 14,
      "text": "ထို့ပြင် အာဒံ​သည် လှည့်ဖြား​ခြင်း​မ​ခံရ။ အမျိုးသမီး​မူကား လှည့်ဖြား​ခြင်း​ခံရ​လျက် ဖောက်ဖျက်​ကျူးလွန်​ခြင်း​သို့​ရောက်​ခဲ့​၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 15,
      "text": "သို့သော် အမျိုးသမီး​တို့​သည် ဣန္ဒြေ​စောင့်​ခြင်း​နှင့်တကွ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သန့်ရှင်း​ခြင်း​တို့​၌​တည်​လျှင် သားဖွား​ခြင်း​အမှု​အားဖြင့် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 1,
      "text": "“တစ်စုံတစ်ယောက်​သည် ကြီးကြပ်​သူ​ဖြစ်​ရန် အလွန်​တောင့်တ​လျှင် ထို​သူ​သည် ကောင်း​သော​အမှု​ကို​တောင့်တ​၏”​ဟူသော​စကား​သည် မှန်​သော​စကား​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 2,
      "text": "ထို့ကြောင့် ကြီးကြပ်​သူ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ သမ္မာသတိ​ရှိ​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ လျောက်ပတ်​စွာ​ပြုမူ​သော​သူ၊ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 3,
      "text": "သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 4,
      "text": "မိမိ​အိမ်ထောင်​ကို ကောင်းစွာ​စီမံ​အုပ်ချုပ်​လျက် သားသမီး​တို့​ကို တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ဖြင့် နာခံ​မှု​ရှိ​စေ​သော​သူ​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 5,
      "text": "မိမိ​အိမ်ထောင်​ကို မည်ကဲ့သို့​စီမံ​အုပ်ချုပ်​ရ​မည်​ကို​မ​သိ​သော​သူ​သည် ဘုရားသခင်​၏​အသင်းတော်​ကို မည်ကဲ့သို့​ပြုစု​စောင့်ရှောက်​နိုင်​မည်နည်း။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 6,
      "text": "သူ​သည် ယုံကြည်​ခါစ​လူ​မ​ဖြစ်​ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်​လျက် မာရ်နတ်​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ထဲသို့ ကျရောက်​မည်​ဟု စိုးရိမ်​စရာ​ရှိ​၏။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 7,
      "text": "ထိုမျှမက ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျက် မာရ်နတ်​၏​ကျော့ကွင်း​ထဲသို့ မ​ကျရောက်​စေရန် အသင်းတော်​ပြင်ပ​၌ ဂုဏ်​သတင်း​ကောင်း​သော​သူ​လည်း​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 8,
      "text": "ထိုနည်းတူ သင်းထောက်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ လျှာ​နှစ်ခွ​ရှိ​သော​သူ၊ စပျစ်​ဝိုင်​သောက်ကြူး​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​များ​မ​ဟုတ်​ဘဲ"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 9,
      "text": "ယုံကြည်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ကြည်လင်​သော​အသိစိတ်​ဖြင့် စွဲကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 10,
      "text": "သူ​တို့​သည် စစ်ဆေး​ခြင်း​ကို​ဦးစွာ​ခံ​ပြီးမှ အပြစ်တင်​စရာ​မ​ရှိ​ပါက သင်းထောက်​အမှု​ကို​ဆောင်ရွက်​ကြ​စေ။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 11,
      "text": "ထိုနည်းတူ ဇနီးသည်​တို့​သည်​လည်း တည်ကြည်​လေးနက်​သော​သူ​များ​ဖြစ်​ရ​မည်။ ကုန်းချော​တတ်​သော​သူ​မ​ဟုတ်​ဘဲ သမ္မာသတိ​ရှိ​သော​သူ၊ ခပ်သိမ်း​သော​အရာ​တို့​၌ သစ္စာရှိ​သော​သူ​များ​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 12,
      "text": "သင်းထောက်​တို့​သည် မယား​တစ်ဦးတည်း​ရှိ​သော​သူ၊ မိမိ​တို့​အိမ်ထောင်​နှင့်​သားသမီး​များ​ကို ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သူ​များ​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 13,
      "text": "အကြောင်းမူကား သင်းထောက်​အမှု​ကို ကောင်း​စွာ​ဆောင်ရွက်​သော​သူ​တို့​သည် မိမိ​တို့​အတွက် ကောင်း​သော​ဂုဏ်ရည်​ကို​ရရှိ​သည့်​အပြင် ခရစ်တော်​ယေရှု​ကို​ယုံကြည်​သော​အရာ​၌ များစွာ​သော​ရဲရင့်​မှု​ကို​ရရှိ​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 14,
      "text": "ဤ​အရာ​များ​ကို သင့်​အား ငါ​ရေး​လိုက်​ခြင်း​မှာ သင့်​ထံသို့​အလျင်အမြန်​လာ​နိုင်​မည်​ဟု မျှော်လင့်​သော်လည်း"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 15,
      "text": "ငါ​နှောင့်နှေး​ခဲ့​လျှင်​ပင် သမ္မာတရား​၏​မဏ္ဍိုင်​နှင့်​အုတ်မြစ်​ဖြစ်​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသင်းတော်​တည်းဟူသော ဘုရားသခင်​၏​အိမ်​တော်​တွင် မည်ကဲ့သို့​အသက်ရှင်​နေထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 16,
      "text": "ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 1,
      "text": "သို့သော် နောင်​လာ​မည့်​အချိန်​ကာလ​များ​၌ လူ​အချို့​တို့​သည် လှည့်ဖြား​သော​ဝိညာဉ်​များ​နှင့် နတ်ဆိုး​တို့​၏​သွန်သင်​ချက်​များ​ကို အာရုံစိုက်​လျက် ယုံကြည်​ခြင်း​ကို​စွန့်ခွာ​ကြ​လိမ့်မည်​ဟု ဝိညာဉ်​တော်​သည် အတိအလင်း​မိန့်​တော်မူ​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 2,
      "text": "ထို​သွန်သင်ချက်​များ​သည် မိမိ​တို့​အသိစိတ်​ကို သံပူ​တံဆိပ်​ခတ်​ထား​ခြင်း​ခံရ​သည့် လိမ်လည်​သော​သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​အားဖြင့်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 3,
      "text": "သူ​တို့​သည် အိမ်ထောင်ပြု​ခြင်း​ကို​တားမြစ်​ကြ​၍ ယုံကြည်​သူ​နှင့်​သမ္မာတရား​ကို​သိ​သော​သူ​တို့​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​သုံးဆောင်​ရန်​အတွက် ဘုရားသခင်​ဖန်ဆင်း​ထား​သော​အစားအစာ​များ​ကို ရှောင်ကြဉ်​စေ​ကြ​လိမ့်မည်။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 4,
      "text": "အမှန်စင်စစ် ဘုရားသခင်​ဖန်ဆင်း​တော်မူ​သော​အရာ​ရှိသမျှ​သည် ကောင်း​သည်​ဖြစ်၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ဖြင့်​ခံယူ​လျှင် ပစ်ပယ်​ရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 5,
      "text": "အကြောင်းမူကား ထို​အရာ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ ဆုတောင်း​ခြင်း​အားဖြင့်​လည်းကောင်း သန့်ရှင်း​စေ​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 6,
      "text": "ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 7,
      "text": "သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အနှစ်သာရ​ကင်းမဲ့​သော ဒဏ္ဍာရီ​များ​ကို​ရှောင်ရှား​၍ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အတွက် သင့်ကိုယ်သင်​လေ့ကျင့်​ပေး​လော့။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 8,
      "text": "အကြောင်းမူကား ကိုယ်ခန္ဓာ​နှင့်ဆိုင်သော​လေ့ကျင့်​မှု​သည် အနည်း​အကျဉ်း​အကျိုး​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​မူကား ယခု​ဘဝ၊ နောင်​ဘဝ​နှင့်ဆိုင်သော ကတိ​တော်​ပါ​ရှိ​သည်​ဖြစ်၍ အလုံးစုံ​တို့​အတွက် အကျိုး​ရှိ​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 9,
      "text": "ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 10,
      "text": "ထို့ကြောင့် ငါ​တို့​သည် ထို​အကျိုး​အတွက် အားထုတ်​လုပ်ဆောင်​၍ ကြိုးစား​ကြ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​၏​ကယ်တင်ရှင်​၊ အထူးသဖြင့် ယုံကြည်​သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​သော အသက်ရှင်​တော်မူ​သည့်​ဘုရားသခင်​ကို ငါ​တို့​မျှော်လင့်​အားထား​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 11,
      "text": "ဤ​အရာ​တို့​ကို ညွှန်ကြား​လျက် သွန်သင်​လော့။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 12,
      "text": "သင်​၏​အသက်အရွယ်​နုပျို​ခြင်း​ကို မည်သူမျှ​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ အပြောအဆို​၌​လည်းကောင်း၊ အသက်ရှင်​နေထိုင်​မှု​၌​လည်းကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်းကောင်း၊ ယုံကြည်​ခြင်း​၌​လည်းကောင်း၊ ဖြူစင်​သန့်ရှင်း​ခြင်း​၌​လည်းကောင်း ယုံကြည်​သော​သူ​တို့​အတွက် စံနမူနာ​ဖြစ်​လော့။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 13,
      "text": "ငါ​လာ​သည့်​တိုင်အောင် ကျမ်းစာ​ဖတ်ကြား​ခြင်း၊ တိုက်တွန်း​အားပေး​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို ဂရုစိုက်​လုပ်ဆောင်​လော့။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 14,
      "text": "အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 15,
      "text": "သင်​၏​တိုးတက်​မှု​သည် လူ​အပေါင်း​တို့​ရှေ့၌​ထင်ရှား​ရန် ထို​အမှုအရာ​များ​ကို ကြိုးစား​အားထုတ်​၍ ၎င်း​တို့​၌ မိမိ​ကိုယ်​ကို​နှစ်မြှုပ်​ထား​လော့။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 16,
      "text": "သင့်ကိုယ်သင်​သော်လည်းကောင်း၊ သင်​၏​သွန်သင်​ချက်​ကို​သော်လည်းကောင်း ဂရုစိုက်​၍ ထို​သွန်သင်ချက်​တို့​၌ အမြဲ​တည်​နေ​လော့။ အကြောင်းမူကား သင်​သည် ထိုသို့​ပြု​ခြင်း​ဖြင့် သင့်ကိုယ်သင်​နှင့် သင့်​ကို​နားထောင်​သော​သူ​တို့​ကို ကယ်တင်​လိမ့်မည်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 1,
      "text": "အသက်ကြီး​သော​ယောက်ျား​တို့​ကို ပြစ်တင်​မောင်းမဲ​ခြင်း​မ​ပြု​ဘဲ ဖခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​ယောက်ျား​တို့​ကို ညီအစ်ကို​ကဲ့သို့​လည်းကောင်း၊"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 2,
      "text": "အသက်ကြီး​သော​အမျိုးသမီး​တို့​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​အမျိုးသမီး​တို့​ကို ဖြူစင်​သန့်ရှင်း​သော​စိတ်​အပြည့်အဝ​ဖြင့် နှမ​ကဲ့သို့​လည်းကောင်း မှတ်​၍ တိုက်တွန်း​နှိုးဆော်​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 3,
      "text": "မုဆိုးမ​တို့​တွင် အမှန်တကယ်​မုဆိုးမ​ဖြစ်​သူ​တို့​ကို ရိုသေ​ကြ​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 4,
      "text": "တစ်စုံတစ်ယောက်​သော​မုဆိုးမ​တွင် သားသမီး​၊ သို့မဟုတ် မြေး​များ​ရှိ​လျှင် ထို​သား​မြေး​တို့​သည် ဘာသာရေး​ဝတ္တရား​တည်းဟူသော မိမိ​တို့​အိမ်သူအိမ်သား​ကို​ပြုစု​ခြင်း​နှင့် မိဘ​ဘိုးဘွား​တို့​အား ကျေးဇူး​ပြန်ဆပ်​ခြင်း​တို့​ကို ဦးစွာ​သင်ယူ​ကြ​စေ။ အကြောင်းမူကား ဤသို့​ပြု​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 5,
      "text": "အမှန်တကယ်​မုဆိုးမ​ဖြစ်​ပြီး တစ်ဦးတည်း​ကျန်ရစ်​သော​အမျိုးသမီး​သည် ဘုရားသခင်​ကို​မျှော်လင့်​အားထား​လျက် နေ့​ရော​ည​ပါ အသနားခံ​ခြင်း​နှင့်​ဆုတောင်း​ခြင်း​တို့​ကို စွဲမြဲ​စွာ​ပြု​တတ်​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 6,
      "text": "အပျော်အပါး​လိုက်စား​သော​မုဆိုးမ​မူကား အသက်ရှင်​လျက်​ပင် သေဆုံး​လေ​ပြီ။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 7,
      "text": "ထို့ကြောင့် မည်သူ​၌​မျှ အပြစ်တင်​စရာ​မ​ရှိ​စေရန် လူ​တို့​အား ဤ​အရာ​များ​ကို​ညွှန်ကြား​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 8,
      "text": "မည်သူမဆို မိမိ​ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ​အိမ်သူအိမ်သား​တို့​ကို ဂရုမစိုက်​ဘဲ​နေ​လျှင် ထို​သူ​သည် ယုံကြည်​ခြင်း​ကို​ငြင်းပယ်​ပြီ​ဖြစ်၍ မ​ယုံကြည်​သူ​ထက် ဆိုးရွား​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 9,
      "text": "မုဆိုးမ​အဖြစ်​စာရင်း​သွင်း​ရ​မည့်​သူ​သည် အသက်​ခြောက်ဆယ်​ထက်​မ​နည်း​ရ။ သူ​သည် ယောက်ျား​တစ်​ဦး​တည်း​ရှိ​ခဲ့​သည့် အမျိုးသမီး​ဖြစ်​ပြီး"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 10,
      "text": "သားသမီး​များ​ကို​ပြုစု​စောင့်ရှောက်​ခြင်း၊ ဧည့်ဝတ်​ကျေပွန်​ခြင်း၊ သန့်ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်းရဲ​ဒုက္ခ​ခံရ​သူ​များ​ကို​ကူညီ​စောင့်ရှောက်​ခြင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​ကို​ပါဝင်​လုပ်ဆောင်​ခြင်း စသည့်​ကောင်း​သော​အမှု​များ​ကြောင့် ချီးကျူး​ခံရ​သူ​ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 11,
      "text": "ငယ်ရွယ်​သော​မုဆိုးမ​တို့​ကို​မူ စာရင်း​မ​သွင်း​နှင့်။ အကြောင်းမူကား သူ​တို့​သည် ခရစ်တော်​ကို ဥပေက္ခာ​ပြု​လျက် ကာမဂုဏ်​လိုက်စား​လို​သောအခါ အိမ်ထောင်ပြု​လို​သော​ဆန္ဒ​ရှိ​လာ​သဖြင့်"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 12,
      "text": "ပထမ​ပြု​ထား​သော​ကတိ​သစ္စာ​ကို ချိုးဖောက်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 13,
      "text": "ထို့ပြင် သူ​တို့​သည် တစ်အိမ်​ပြီး​တစ်အိမ်​လှည့်လည်​၍ ပျင်းရိ​သော​အကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထိုသို့​ပျင်းရိ​သည်​သာမက အတင်းအဖျင်း​ပြောဆို​လျက် သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​ကာ မ​ပြော​သင့်​သည့်​အရာ​တို့​ကို ပြောဆို​တတ်​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 14,
      "text": "ထို့ကြောင့် ငယ်ရွယ်​သော​မုဆိုးမ​တို့​သည် အိမ်ထောင်ပြု​လျက် သားသမီး​များ​မွေးဖွား​ကာ အိမ်မှုကိစ္စ​ကို​စီမံ​ကွပ်ကဲ​၍ ရန်သူ​အား ကဲ့ရဲ့​ပြစ်တင်​ခြင်း​အခွင့်​ကို​မ​ပေး​ရန် ငါ​အလိုရှိ​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 15,
      "text": "အကြောင်းမူကား အချို့​သော​မုဆိုးမ​တို့​သည် လမ်းလွဲ​၍ စာတန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 16,
      "text": "ယုံကြည်​သူ​အမျိုးသမီး​တစ်စုံတစ်ဦး​၌ ဆွေမျိုး​တော်စပ်​သည့်​မုဆိုးမ​များ​ရှိ​လျှင် အသင်းတော်​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မုဆိုးမ​တို့​ကို သူ​ကိုယ်တိုင်​ကူညီ​စောင့်ရှောက်​ပါစေ။ သို့ပြုလျှင် အသင်းတော်​သည် အမှန်တကယ်​အကူအညီ​လိုအပ်​သည့်​မုဆိုးမ​များ​ကို ကူညီ​စောင့်ရှောက်​နိုင်​လိမ့်မည်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 17,
      "text": "ကောင်း​စွာ​စီမံ​အုပ်ချုပ်​နေ​သော​အသင်းတော်​အကြီးအကဲ​များ အထူးသဖြင့် နှုတ်ကပတ်တော်​ဝေငှ​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​အတွက် အားထုတ်​လုပ်ဆောင်​နေ​သော​အကြီးအကဲ​များ​သည် နှစ်ဆ​သော​ဂုဏ်ပြု​ခြင်း​ကို ခံထိုက်​သည်​ဟု မှတ်ယူ​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 18,
      "text": "အကြောင်းမူကား ကျမ်းစာ​က “စပါး​နယ်​နေ​သည့်​နွား​ကို ပါးချုပ်​မ​တပ်​ရ” ​ဟူ၍​လည်းကောင်း၊ “အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို ရ​ထိုက်​၏” ​ဟူ၍​လည်းကောင်း ဆို​ထား​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 19,
      "text": "သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​မ​ရှိ​လျှင် အသင်းတော်​အကြီးအကဲ​အပေါ်​စွပ်စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 20,
      "text": "ကျန်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ခြင်း​ရှိ​ကြ​စေရန် အပြစ်​ပြု​သော​သူ​တို့​ကို အားလုံး​ရှေ့​၌ ဆိုဆုံးမ​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 21,
      "text": "သင်​သည် ဤ​အရာ​တို့​ကို ခွဲခြား​ခြင်း​မ​ရှိ​ဘဲ စောင့်ရှောက်​၍ မည်သည့်​အရာ​ကို​မျှ ဘက်လိုက်​ခြင်း​မ​ရှိ​ဘဲ​ပြုမူ​ရန် ဘုရားသခင်​နှင့် ခရစ်တော်​ယေရှု​မှစ၍ ရွေးကောက်​ခံရ​သော​ကောင်းကင်​တမန်​တို့​ရှေ့​၌ ငါ​အလေးအနက်​တိုက်တွန်း​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 22,
      "text": "မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 23,
      "text": "သင်​၏​အစာအိမ်​နှင့် သင်​၌​မကြာခဏ​ဖြစ်​သော နာမကျန်း​ဖြစ်​ခြင်း​တို့​အတွက် ရေ​ကို​သာ​မ​သောက်​တော့​ဘဲ အနည်းငယ်​သော​စပျစ်​ဝိုင်​ကို​လည်း သုံးဆောင်​လော့။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 24,
      "text": "လူ​အချို့​တို့​၏​အပြစ်​များ​သည် တရား​စီရင်​ခြင်း​သို့​မ​ရောက်​မီ​ကပင် သိသာ​ထင်ရှား​၏။ အချို့​တို့​၏​အပြစ်​များ​မူကား နောက်မှ​ထင်ရှား​တတ်​၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 25,
      "text": "ထိုနည်းတူ ကောင်း​သော​အမှု​များ​သည်​လည်း သိသာ​ထင်ရှား​တတ်​၏။ ထိုသို့​မ​ထင်ရှား​ခဲ့​လျှင်​ပင် ဖုံးကွယ်​ထား​၍​မ​ရ​နိုင်​ပေ။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 1,
      "text": "ဘုရားသခင်​၏​နာမ​တော်​နှင့်​သွန်သင်​ချက်​တို့​သည် စော်ကား​ပြောဆို​ခြင်း​မ​ခံရ​စေရန် ကျွန်​ထမ်းပိုး​အောက်၌​ရှိ​သမျှ​သော​သူ​တို့​သည် မိမိ​တို့​သခင်​များ​ကို အပြည့်အဝ​ရိုသေ​ထိုက်​သူ​များ​ဟု မှတ်ယူ​ကြ​ပါစေ။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 2,
      "text": "မိမိ​တို့​သခင်​သည် ယုံကြည်​သူ​ဖြစ်​လျှင် သခင်​သည် ညီအစ်ကို​ဖြစ်​သည်​ဟု​ဆိုလျက် မထီမဲ့မြင်​မ​ပြု​ဘဲ သာ၍​ကောင်းစွာ​အစေခံ​ကြ​စေ။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အစေခံ​ခြင်း​၏​အကျိုး​ကို ခံစားရ​သော​သခင်​သည် ယုံကြည်​သူ​ဖြစ်​ပြီး မိမိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အရာ​များ​ကို​သွန်သင်​၍ တိုက်တွန်း​နှိုးဆော်​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 3,
      "text": "တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင်"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 4,
      "text": "ထို​သူ​သည် ဘဝင်မြင့်​၍ မည်သည့်​အရာ​ကို​မျှ​မ​သိ​ဘဲ အငြင်းပွား​မှု​နှင့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​တို့​၌​သာ စွဲလမ်း​နေ​သူ​ဖြစ်​၏။ ထို​အရာ​များ​ကြောင့် မလိုမုန်းထား​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် ဆိုးညစ်​သော​သံသယ​စိတ်​ရှိ​ခြင်း​စသည်​တို့​ဖြစ်ပေါ်​လာ​တတ်​၏။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 5,
      "text": "ထိုသို့ အသိစိတ်​ပျက်ပြား​လျက် သမ္မာတရား​ဆုံးရှုံး​ကာ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် အကျိုးစီးပွား​ဖြစ်​သည်​ဟု ထင်မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အငြင်းပွား​မှု​ရှိ​တတ်​၏။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 6,
      "text": "သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 7,
      "text": "အကြောင်းမူကား ငါ​တို့​သည် ဤ​လောက​ထဲသို့ မည်သည့်​အရာ​ကို​မျှ မ​ယူလာ​သကဲ့သို့ မည်သည့်​အရာ​ကို​မျှ​လည်း ယူသွား​နိုင်​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 8,
      "text": "သို့ဖြစ်၍ စားစရာ​နှင့်​ဝတ်စရာ​ရှိ​လျှင် ထို​အရာ​တို့​နှင့်​ကျေနပ်​ကြ​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 9,
      "text": "ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 10,
      "text": "အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 11,
      "text": "အို ဘုရားသခင်​၏​လူ၊ သင်​မူကား ထို​အရာ​များ​ကို​ရှောင်​၍ ဖြောင့်မတ်​ခြင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်းခံ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 12,
      "text": "ယုံကြည်​ခြင်း​နှင့်ဆိုင်သည့် ကောင်း​သော​တိုက်ပွဲ​ကို​တိုက်​၍ ထာဝရ​အသက်​ကို ရယူ​ပိုင်ဆိုင်​လော့။ သင်​သည် ထို​အသက်​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ကို​ခံရ​၍ များစွာ​သော​သက်သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​လေ​ပြီ။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 13,
      "text": "ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 14,
      "text": "သင်​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သည့်​တိုင်အောင် ဤ​ပညတ်​ချက်​ကို အစွန်းအထင်း​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​အောင် စောင့်ထိန်း​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 15,
      "text": "အချိန်တန်​သောအခါ ဘုရားသခင်​သည် ခရစ်တော်​ကို​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​၍ တစ်ပါးတည်း​အုပ်စိုး​တော်မူ​သော​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 16,
      "text": "ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သေ​ခြင်း​နှင့်​ကင်း​သော​အဖြစ်​၌​ရှိ​လျက် ချဉ်းကပ်​၍​မ​ရ​သော​အလင်း​၌ ကိန်းဝပ်​တော်မူ​၏။ လူ​တို့​တွင် မည်သူ​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို​မ​မြင်​ဖူး​သကဲ့သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘုရားသခင်​၌ ဂုဏ်သရေ​နှင့်​ထာဝရ​တန်ခိုး​အရှိန်အဝါ​ရှိ​တော်မူ​ပါစေသော။ အာမင်။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 17,
      "text": "ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 18,
      "text": "ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 19,
      "text": "စစ်မှန်​သော​အသက်​ကို​ရယူ​ပိုင်ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘဝ​အတွက် ကောင်း​သော​အုတ်မြစ်​ကို မိမိ​တို့​အတွက်​ချထား​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 20,
      "text": "အို တိမောသေ၊ သင်​၌​အပ်​ထား​သည့်​အရာ​ကို စောင့်ရှောက်​လော့။ ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အကျိုးမဲ့​သော​စကား​များ​နှင့် အသိပညာ​ဟု လွဲမှား​စွာ​ခေါ်ဝေါ်​ကြ​သည့် ကွဲလွဲ​ဆန့်ကျင်​သော​အရာ​များ​ကို ရှောင်ရှား​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 21,
      "text": "လူ​အချို့​တို့​သည် ထို​အရာ​တို့​နောက်သို့​လိုက်​၍ ယုံကြည်​ခြင်း​လမ်း​မှ​လွဲချော်​သွား​ကြ​ပြီ။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 1,
      "text": "ခရစ်တော်​ယေရှု​၌​တည်ရှိ​သော အသက်​နှင့်ဆိုင်သည့်​ကတိ​တော်​အတိုင်း ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 2,
      "text": "ချစ်​သား​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 3,
      "text": "ငါ​သည် နေ့​ရော​ည​ပါ​ဆုတောင်း​သောအခါ သင့်​အကြောင်း​ကို အမြဲမပြတ်​သတိရ​လျက် စင်ကြယ်​သော​အသိစိတ်​ဖြင့် ဘိုးဘေး​တို့​လက်ထက်​က​ပင် ဝတ်ပြု​လာ​ခဲ့​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 4,
      "text": "ငါ​သည် သင်​၏​မျက်ရည်​များ​ကို​အောက်မေ့​သဖြင့် ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​နှင့်​တွေ့​နိုင်​ရန်​တောင့်တ​နေ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 5,
      "text": "သင်​၌​ရှိ​သည့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​ကို​လည်း ငါ​သတိရ​၏။ ထို​ယုံကြည်​ခြင်း​သည် သင်​၏​အဖွား​လောဣ​နှင့် သင်​၏​မိခင်​ဥနိတ်​တို့​၌ ဦးစွာ​တည်ရှိ​၍ ယခု သင်​၌​လည်း တည်ရှိ​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 6,
      "text": "ထို့ကြောင့် ငါ​လက်​တင်​သော​အားဖြင့် သင်​ရရှိ​သော​ဘုရားသခင်​၏​ဆု​ကျေးဇူး​ကို ပြန်လည်​လှုံ့ဆော်​ရန် သင့်​ကို ငါ​သတိပေး​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 7,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိညာဉ်​ကို ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တန်ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​တို့​နှင့်ဆိုင်သော​ဝိညာဉ်​ကို ပေး​တော်မူ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 9,
      "text": "ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​တော်မူ​၍ သန့်ရှင်း​သော​ခေါ်ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်ယူ​တော်မူ​သည်​မှာ ငါ​တို့​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိမိ​၏​အကြံအစည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား​ပေး​တော်မူ​သော​ကျေးဇူး​တော်​ကြောင့်​ဖြစ်​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 10,
      "text": "ထို​ကျေးဇူး​တော်​သည် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု ပေါ်ထွန်း​တော်မူ​ခြင်း​အားဖြင့် ယခု​ထင်ရှား​လေ​ပြီ။ ခရစ်တော်​သည် သေ​ခြင်း​ကို​ပယ်ဖျက်​၍ အသက်​နှင့်တကွ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို ကောင်းမြတ်​သော​သတင်း​အားဖြင့် အလင်း​သို့​ယူဆောင်​လာ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 11,
      "text": "ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​အတွက် သံတော်ဆင့်​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း၊ ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 12,
      "text": "ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 13,
      "text": "သင်​သည် ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံမှ​ကြားနာ​ရ​သော မှန်ကန်​ပြည့်စုံ​သည့်​တရား​စကား​များ​ကို စံနမူနာ​အဖြစ်​စွဲကိုင်​ထား​လော့။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 14,
      "text": "သင်​၌​အပ်​ထား​သည့် ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​၌​ကိန်းဝပ်​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် စောင့်ရှောက်​လော့။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 15,
      "text": "သင်​သိ​ထား​သည့်​အတိုင်း အာရှ​ပြည်​၌​ရှိ​သော​သူ​အားလုံး​တို့​သည် ငါ့​ကို​စွန့်ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖုဂေလု​နှင့်​ဟေရမောဂင်​တို့​လည်း​ပါ​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 16,
      "text": "သခင်​ဘုရား​သည် ဩနေသိဖော်​၏​မိသားစု​အပေါ် ကရုဏာ​သက်​တော်မူ​ပါစေသော။ အဘယ်ကြောင့်​ဆိုသော် သူ​သည် ငါ့​ကို အကြိမ်ကြိမ်​နှစ်သိမ့်​လန်းဆန်း​စေ​ပြီး သံကြိုး​ဖြင့် ငါ​ချည်နှောင်​ထား​ခြင်း​ခံရ​သည်​ကို ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 17,
      "text": "ရောမ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုးစားပမ်းစား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 18,
      "text": "ထို​နေ့ရက်​၌ သခင်​ဘုရား​ထံ​တော်​မှ ကရုဏာ​တော်​ခံစား​ရ​သော​အခွင့်​ကို သခင်​ဘုရား​သည် သူ့​အား​ပေး​တော်မူ​ပါစေသော။ ဧဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်မျှ​လုပ်ကျွေး​ပြုစု​ခဲ့​သည်​ကို သင်​ကောင်းစွာ​သိ​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 1,
      "text": "သို့ဖြစ်၍ ငါ့​သား၊ သင်​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော ကျေးဇူး​တော်​အားဖြင့် ခွန်အား​နှင့်​ပြည့်စုံ​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 2,
      "text": "များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 3,
      "text": "ခရစ်တော်​ယေရှု​၏​စစ်သား​ကောင်း​တစ်​ဦး​အဖြစ် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 4,
      "text": "စစ်မှုထမ်း​သော​သူ​သည် စစ်သား​အရာ​၌ မိမိ​ကို​ခန့်ထား​သော​သူ​အား နှစ်သက်​စေရန် စားဝတ်နေရေး​ကိစ္စ​များ​နှင့် ပတ်သက်​ရှုပ်ထွေး​ခြင်း​မ​ရှိ​တတ်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 5,
      "text": "မည်သူမဆို အားကစား​ပြိုင်ပွဲ​ကို​ယှဉ်ပြိုင်​သောအခါ စည်းမျဉ်း​စည်းကမ်း​နှင့်အညီ မ​ယှဉ်ပြိုင်​ပါက သရဖူ​ကို​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 6,
      "text": "ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 7,
      "text": "ငါ​ပြောဆို​သော​အရာ​ကို ဆင်ခြင်​လော့။ သခင်​ဘုရား​သည် အရာ​ခပ်သိမ်း​တို့​၌ သင့်​အား ဉာဏ်စွမ်း​ကို​ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 8,
      "text": "ငါ​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​အရ ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​ပေါ်ထွန်း​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော ယေရှု​ခရစ်တော်​ကို သတိရ​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 9,
      "text": "ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် ရာဇဝတ်သား​ပမာ ချည်နှောင်​ခြင်း​ခံရ​သည့်​တိုင်အောင် ဆင်းရဲ​ဒုက္ခ​ကို​ခံရ​၏။ သို့သော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ချည်နှောင်​ခြင်း​ခံရ​သည်​မ​ဟုတ်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 10,
      "text": "ထို့ကြောင့် ရွေးကောက်​ခံရ​သော​သူ​တို့​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော​ကယ်တင်​ခြင်း​ကို ထာဝရ​ဘုန်း​အသရေ​နှင့်တကွ ရရှိ​နိုင်​မည့်​အကြောင်း ငါ​သည် သူ​တို့​အတွက် အရာရာ​ကို​သည်းခံ​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 11,
      "text": "အောက်ပါ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ငါ​တို့​သည် ကိုယ်တော်​နှင့်အတူ​သေ​လျှင် ကိုယ်တော်​နှင့်အတူ​အသက်ရှင်​ကြ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 12,
      "text": "ငါ​တို့​သည် သည်းခံ​လျှင် ကိုယ်တော်​နှင့်အတူ​စိုးစံ​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​ကို​ငြင်းပယ်​မည်​ဆိုလျှင် ကိုယ်တော်​သည်​လည်း ငါ​တို့​ကို​ငြင်းပယ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 13,
      "text": "ငါ​တို့​သည် သစ္စာ​မ​ရှိ​လျှင်​လည်း ကိုယ်တော်​၏​သစ္စာ​တော်​သည် တည်မြဲ​တော်မူ​၏။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​မ​ငြင်းပယ်​နိုင်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 14,
      "text": "ဤ​အကြောင်းအရာ​များ​ကို သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ကြားနာ​သော​သူ​တို့​ကို ပျက်စီး​စေ​သည့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘုရားသခင်​ရှေ့​တော်​၌ သူ​တို့​ကို အလေးအနက်​တိုက်တွန်း​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 15,
      "text": "သင်​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​ရ​သူ​တည်းဟူသော သမ္မာတရား​၏​နှုတ်ကပတ်တော်​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်​သည့် ရှက်ကြောက်​စရာ​မ​ရှိ​သော​လုပ်သား​တစ်​ဦး​အဖြစ် မိမိကိုယ်ကို​ဆက်သ​နိုင်​ရန် ကြိုးစား​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 16,
      "text": "သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သော အချည်းနှီး​စကား​များ​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ၎င်း​တို့​သည် ဘုရား​တရား​မဲ့​ခြင်း​ကို ပို၍​တိုးပွား​စေ​တတ်​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 17,
      "text": "သူ​တို့​၏​စကား​သည် မြစ်ပွားနာ​ကဲ့သို့​ပျံ့နှံ့​သွား​လိမ့်မည်။ ထို​သူ​တို့​ထဲတွင် ဟုမေနဲ​နှင့်​ဖိလက်​တို့​ပါ​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 18,
      "text": "သူ​တို့​သည် သမ္မာတရား​လမ်း​မှ​လွဲချော်​၍ သေ​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည် ဖြစ်ပျက်​ခဲ့​လေ​ပြီ​ဟု​ဆို​လျက် အချို့​သော​သူ​တို့​၏​ယုံကြည်​ခြင်း​ကို ချွတ်ချော်​လွဲမှား​စေ​ကြ​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 19,
      "text": "သို့ရာတွင် ဘုရားသခင်​၏​ခိုင်ခံ့​သော​အုတ်မြစ်​သည် တည်မြဲ​လျက်​ရှိ​၍ ထို​အုတ်မြစ်​ပေါ်၌ “ထာဝရ​ဘုရား​သည် မိမိ​လူ​တို့​ကို သိ​တော်မူ​၏”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​သော​သူ​တိုင်း မတရားမှု​မှ​ဖယ်ခွာ​ကြ​လော့”​ဟူ၍​လည်းကောင်း တံဆိပ်​ခတ်နှိပ်​ထား​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 20,
      "text": "ကြီးမား​သော​အိမ်​၌ ရွှေ​ငွေ​ဖြင့်​ပြုလုပ်​ထား​သော အိုးခွက်​များ​သာမက သစ်သား​နှင့်​မြေကြီး​တို့​ဖြင့်​ပြုလုပ်​ထား​သော အိုးခွက်​များ​လည်း​ရှိ​၍ အချို့​တို့​ကို အသရေ​ရှိ​သော​အရာ​အတွက်​သုံး​လျက် အချို့​တို့​ကို အသရေ​မ​ရှိ​သော​အရာ​အတွက်​သုံး​ကြ​၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 21,
      "text": "သို့ဖြစ်၍ မည်သူမဆို အထက်​ဖော်ပြ​ပါ မကောင်း​သော​အရာ​များ​မှ မိမိကိုယ်ကို​စင်ကြယ်​စေ​လျှင် သူ​သည် အသရေ​ရှိ​သော​အရာ​အတွက် သုံး​ရန်​အိုးခွက်​တည်းဟူသော သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သခင်​အတွက် အသုံးဝင်​သော​အိုးခွက်၊ ကောင်း​သော​အမှု​အားလုံး​အတွက် ပြင်ဆင်​ခြင်း​ခံရ​သော​အိုးခွက်​ဖြစ်​ရ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 22,
      "text": "ထို့ကြောင့် သင်​သည် လူငယ်​တို့​၏​တပ်မက်​ခြင်း​များ​ကို​ရှောင်​၍ စင်ကြယ်​သော​စိတ်နှလုံး​ဖြင့် သခင်​ဘုရား​ကို​ပတ္ထနာ​ပြု​သော​သူ​တို့​နှင့်အတူ ဖြောင့်မတ်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်သက်​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 23,
      "text": "မိုက်မဲ​၍ ပညာမဲ့​သော​အငြင်းပွား​မှု​မူကား ခိုက်ရန်​ဖြစ်ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက် ရှောင်ရှား​လော့။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 24,
      "text": "သခင်​ဘုရား​၏​အစေအပါး​သည် ခိုက်ရန်​မ​ဖြစ်​ရ။ သူ​သည် လူ​အပေါင်း​တို့​အပေါ် ဖြည်းညင်း​သော​သဘော​ရှိ​၍ သင်ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ၊ မတရား​သဖြင့်​ခံရ​ခြင်း​ကို သည်းခံ​တတ်​သော​သူ​ဖြစ်​ပြီး"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 25,
      "text": "ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ဆုံးမ​သွန်သင်​ရ​မည်။ သို့ပြုလျှင် ဘုရားသခင်​သည် သူ​တို့​အား နောင်တရ​သော​အခွင့်​ကို​ပေး​တော်မူ​သဖြင့် သူ​တို့​သည် သမ္မာတရား​ကို​သိရှိ​လာ​ကာ"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 26,
      "text": "မာရ်နတ်​က သူ့​အလို​အတိုင်း​ပြု​စေရန် သူ​တို့​ကို​ဖမ်းဆီး​ထား​သော်လည်း သူ​တို့​သည် မာရ်နတ်​၏​ကျော့ကွင်း​မှ လွတ်မြောက်​၍ အမြင်မှန်​ရ​ကောင်း​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 1,
      "text": "သို့သော် နောက်ဆုံး​သော​နေ့ရက်​တို့​၌ ခဲယဉ်း​သော​အချိန်​ကာလ​များ​ကျရောက်​မည်​ဖြစ်​ကြောင်း သိမှတ်​လော့။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 2,
      "text": "အကြောင်းမူကား လူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်မက်​သော​သူ၊ ကြွားဝါ​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ စော်ကား​ပြောဆို​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မ​သိ​သော​သူ၊ မ​သန့်ရှင်း​သော​သူ၊"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 3,
      "text": "ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ ရန်ငြိုး​ဖွဲ့​သော​သူ၊ ကုန်းချော​တတ်​သော​သူ၊ မိမိ​စိတ်​ကို​မချုပ်တည်း​နိုင်​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ ကောင်း​သော​အမှု​ကို​မုန်း​သော​သူ၊"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 4,
      "text": "သစ္စာဖောက်​သော​သူ၊ မဆင်မခြင်​ပြု​သော​သူ၊ မောက်မာ​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်​ထက် ကာမဂုဏ်​ခံစား​ခြင်း​ကို သာ၍​နှစ်သက်​သော​သူ၊"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 5,
      "text": "ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 6,
      "text": "အကြောင်းမူကား သူ​တို့​ထဲမှ အချို့​တို့​သည် အိမ်​များ​သို့ မသိမသာ​ဝင်​ပြီးလျှင် တပ်မက်​ခြင်း​အမျိုးမျိုး​၏​သွေးဆောင်​ရာ​သို့​လိုက်ပါ​လျက် အပြစ်​ကို​ထပ်တလဲလဲ​ပြု​နေ​သော မိန်းမမိုက်​များ​ကို သိမ်းသွင်း​ကြ​၏။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 7,
      "text": "ထို​မိန်းမ​တို့​သည် အမြဲ​သင်ယူ​နေ​ကြ​သော်လည်း မည်သည့်​အခါ​မျှ သမ္မာတရား​ကို​သိရှိ​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 8,
      "text": "ယန္နေ​နှင့်​ယံဗြေ​တို့​သည် မောရှေ​ကို​ဆန့်ကျင်​ခဲ့​သည့်​နည်းတူ ထို​သူ​တို့​သည်​လည်း သမ္မာတရား​ကို​ဆန့်ကျင်​ကြ​၏။ သူ​တို့​သည် စိတ်နှလုံး​ပျက်စီး​ယိုယွင်း​လျက် ယုံကြည်​ခြင်း​အရာ​၌ ကျရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 9,
      "text": "သူ​တို့​သည် နောက်ထပ်​တိုး​၍ တက်လှမ်း​နိုင်​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား သူ​တို့​၏​မိုက်မဲ​မှု​သည် ထို​သူ​နှစ်​ဦး​တို့​၏​မိုက်မဲ​မှု​ကဲ့သို့ လူ​အပေါင်း​တို့​ရှေ့၌ ပေါ်လွင်​ထင်ရှား​လာ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 10,
      "text": "သို့သော် သင်​သည် ငါ​၏​သွန်သင်​ချက်၊ အသက်ရှင်​နေထိုင်​မှု၊ အကြံအစည်၊ ယုံကြည်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌​လည်းကောင်း၊"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 11,
      "text": "အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 12,
      "text": "အမှန်စင်စစ် ခရစ်တော်​ယေရှု​အားဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​စွာ​အသက်ရှင်​ရန် အလို​ရှိ​သော​သူ​အားလုံး​တို့​သည် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 13,
      "text": "ဆိုးညစ်​သော​သူ​တို့​နှင့် လိမ်လည်​လှည့်ဖြား​သော​သူ​တို့​သည် သူတစ်ပါး​ကို​လှည့်ဖြား​လျက် လှည့်ဖြား​ခြင်း​ကို​လည်း​ခံရ​လျက် ပို၍​ဆိုးရွား​သော​အဖြစ်​သို့ ကျဆင်း​သွား​ကြ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 14,
      "text": "သင်​မူကား မိမိ​သင်ယူ​၍ အခိုင်အမာ​ယုံကြည်​သည့်​အရာ​များ​၌ တည်​နေ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​သည် ထို​အရာ​တို့​ကို မည်သူ​တို့​ထံမှ သင်ယူ​ခဲ့​သည်​ကို​လည်းကောင်း၊"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 15,
      "text": "ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​သို့​ရောက်​စေ​သည့်​ဉာဏ်ပညာ​ကို သင့်​အား​ပေး​နိုင်​သော​သမ္မာ​ကျမ်းစာ​နှင့် သင်​သည်​ငယ်ရွယ်​စဉ်​ကပင် ရင်းနှီး​ကျွမ်းဝင်​ခဲ့​သည်​ကို​လည်းကောင်း သင်​သိ​၏။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 16,
      "text": "ကျမ်းစာ​ထဲ၌​ရေး​ထား​သမျှ​တို့​သည် ဘုရားသခင်​မှုတ်သွင်း​တော်မူ​သော​အားဖြင့်​ဖြစ်၍ ဩဝါဒ​ပေး​ခြင်း​အတွက်​လည်းကောင်း၊ အပြစ်​ကို​ဖော်ပြ​ခြင်း​အတွက်​လည်းကောင်း၊ အမှား​ကို​ပြုပြင်​ခြင်း​အတွက်​လည်းကောင်း၊ ဖြောင့်မတ်​ခြင်း​၌ ဆုံးမ​ပဲ့ပြင်​ခြင်း​အတွက်​လည်းကောင်း အကျိုးကျေးဇူး​ရှိ​၏။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 17,
      "text": "ဤသည်ကား ဘုရားသခင်​၏​လူ​သည် ကောင်း​သော​အမှု​အမျိုးမျိုး​အတွက် အသင့်​ပြင်ဆင်​ခြင်း​ခံရ​လျက် ပြည့်ဝ​စုံလင်​သော​သူ​ဖြစ်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 1,
      "text": "ငါ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို​စီရင်​တော်မူ​မည့် ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​နှင့် ကိုယ်တော်​၏​နိုင်ငံ​တော်​ကို​အကြောင်းပြု​၍ သင့်​အား အလေးအနက်​တိုက်တွန်း​သည်​ကား"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 2,
      "text": "နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 3,
      "text": "အကြောင်းမူကား လူ​တို့​သည် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို သည်းခံ​နာယူ​နိုင်​ခြင်း​မ​ရှိ​သဖြင့် မိမိ​တို့​တပ်မက်​ခြင်း​အတိုင်း နား​ခံသာ​သော​အရာ​ကို​ဟောပြော​သည့်​ဆရာ​များ​ကို​စုရုံး​စေ​ကာ"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 4,
      "text": "သမ္မာတရား​ကို​နားမထောင်​ဘဲ ဒဏ္ဍာရီ​များ​ဘက်​သို့​လှည့်​သွား​ကြ​မည့်​အချိန်အခါ​ရောက်လာ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 5,
      "text": "သင်​မူကား အရာရာ​၌ သမ္မာသတိ​ရှိ​လော့။ ဆင်းရဲ​ဒုက္ခ​ကို​ခံ​၍ ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​ပြု​ရ​မည့်​အမှု​ကို ပြု​လော့။ သင်​၏​အမှု​တော်​လုပ်ငန်း​ကို အပြည့်အဝ​ဆောင်ရွက်​လော့။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 6,
      "text": "အကြောင်းမူကား ငါ​သည် သွန်းလောင်း​ပူဇော်​ခြင်း​ကို​ခံ​နေ​ရ​ပြီ။ ဤ​ဘဝ​ကို ငါ​စွန့်ခွာ​ရ​မည့်​အချိန်​ရောက်​လေ​ပြီ။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 7,
      "text": "ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 8,
      "text": "ယခု​အခါ​တွင် ဖြောင့်မတ်​ခြင်း​သရဖူ​သည် ငါ့​အတွက် အသင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်မတ်​သည့်​တရား​စီရင်​သူ​ဖြစ်​တော်မူ​သော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ့​အား​ပေး​တော်မူ​လိမ့်မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို လိုလား​တောင့်တ​သူ​အားလုံး​တို့​ကို​လည်း ပေး​တော်မူ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 9,
      "text": "ငါ့​ထံသို့​အလျင်အမြန်​လာ​ရန် ကြိုးစား​လော့။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 10,
      "text": "အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 11,
      "text": "လုကာ​တစ်ဦးတည်း​သာ ငါ​နှင့်အတူ​ရှိ​၏။ မာကု​ကို သင်​နှင့်အတူ​ခေါ်ဆောင်​လာ​ခဲ့​လော့။ အကြောင်းမူကား သူ​သည် ငါ့​အတွက် အမှု​တော်​လုပ်ငန်း​၌ အသုံးဝင်​သူ​ဖြစ်​၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 12,
      "text": "တုခိတ်​ကို​မူကား ဧဖက်​မြို့​သို့ ငါ​စေလွှတ်​လိုက်​၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 13,
      "text": "သင်​လာ​သောအခါ တရော​မြို့​တွင် ကာပု​ထံ၌ ငါ​ထားခဲ့​သည့် ဝတ်လုံ​နှင့်တကွ စာလိပ်​များ အထူးသဖြင့် သားရေ​ပုရပိုက်​များ​ကို ယူ​ခဲ့​လော့။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 14,
      "text": "ကြေး​ပန်းတိမ်​ဆရာ အလက်ဇန္ဒြား​သည် ငါ့​ကို​အလွန်​ဒုက္ခ​ပေး​ခဲ့​၏။ သခင်​ဘုရား​သည် သူ​ပြု​သော​အမှု​အတိုင်း သူ့​အား​ပေးဆပ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 15,
      "text": "သင်​သည်​လည်း သူ့​ကို​သတိပြု​လော့။ အကြောင်းမူကား သူ​သည် ငါ​တို့​၏​စကား​ကို ပြင်းထန်​စွာ​ဆန့်ကျင်​၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 16,
      "text": "ငါ​၏​အမှု​အတွက် ပထမ​အကြိမ်​ချေပ​ပြောဆို​ရာ​တွင် မည်သူမျှ ငါ့​ဘက်​၌​မ​နေ​ဘဲ အားလုံး​သည် ငါ့​ကို​စွန့်ပစ်​ကြ​၏။ ဤ​အမှုအရာ​ကြောင့် သူ​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါစေ​နှင့်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 17,
      "text": "သို့သော် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို ငါ့​အား​အပြည့်အဝ​ဆောင်ရွက်​စေ​၍ လူမျိုးခြား​အပေါင်း​တို့​သည် ထို​နှုတ်ကပတ်တော်​ကို​ကြားသိ​မည့်​အကြောင်း သခင်​ဘုရား​သည် ငါ့​ဘက်​၌​ရပ်တည်​လျက် ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏။ ဤသို့ဖြင့် ငါ​သည် ခြင်္သေ့​ခံတွင်း​မှ ကယ်နုတ်​ခြင်း​ခံရ​၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 18,
      "text": "သခင်​ဘုရား​သည် မကောင်း​သော​အမှု​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၍ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော မိမိ​၏​နိုင်ငံ​တော်​ထဲသို့ လုံခြုံ​စွာ​ပို့ဆောင်​တော်မူ​လိမ့်မည်။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 19,
      "text": "ပြစ်ကိလ​နှင့်​အာကုလ​မှစ၍ ဩနေသိဖော်​၏​အိမ်သူအိမ်သား​ကို နှုတ်ဆက်​ပေး​လော့။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 20,
      "text": "ဧရတ္တု​သည် ကောရိန္သု​မြို့​၌ နေရစ်​ခဲ့​၏။ တရောဖိမ်​ကို​မူကား နာမကျန်း​ဖြစ်​နေ​သဖြင့် မိလက်​မြို့​တွင် ငါ​ထားခဲ့​၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 21,
      "text": "ဆောင်း​ကာလ​မတိုင်မီ​လာ​နိုင်​ရန် ကြိုးစား​လော့။ ဥဗုလု၊ ပုဒေ၊ လိနု​နှင့် ကလောဒိ​တို့​မှစ၍ ညီအစ်ကို​အပေါင်း​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 22,
      "text": "သခင်​ဘုရား​သည် သင်​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​၏​အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။ ငါ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​တို့​၏​ယုံကြည်​ခြင်း​အတွက်​လည်းကောင်း၊ ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်အညီ သမ္မာတရား​ကို​သိရှိ​စေရန်​အတွက်​လည်းကောင်း တမန်တော်​ဖြစ်​လာ​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 2,
      "text": "မုသား​နှင့်​ကင်းစင်​တော်မူ​သော​ဘုရားသခင်​သည် ထို​ထာဝရ​အသက်​ကို ရှေး​ကာလ​များ​မတိုင်မီ​က​ပင် ကတိ​ပေး​တော်မူ​ပြီး"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 3,
      "text": "အချိန်တန်​သောအခါ ဟောပြော​ခြင်း​အမှု​အားဖြင့် မိမိ​၏​နှုတ်ကပတ်​တရား​ကို ထင်ရှား​စေ​တော်မူ​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ထို​အမှု​ကို ငါ့​အား​ယုံကြည်​အပ်နှံ​တော်မူ​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 4,
      "text": "ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 5,
      "text": "ကရေတေ​ကျွန်း​တွင် သင့်​ကို ငါ​ထားခဲ့​ခြင်း​မှာ သင့်​အား ငါ​မှာကြား​ထား​သည့်​အတိုင်း လိုအပ်​သည့်​အရာ​များ​ကို စီမံ​ဆောင်ရွက်​ရန်​နှင့် မြို့​တိုင်း​တွင် အသင်းတော်​အကြီးအကဲ​များ​ကို ခန့်ထား​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 6,
      "text": "အသင်းတော်​အကြီးအကဲ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​၏​သားသမီး​တို့​သည်​လည်း ယုံကြည်​သူ​များ​ဖြစ်​ရ​မည်​ဖြစ်​ပြီး အပျော်ကြူး​ခြင်း​ကြောင့်​စွပ်စွဲ​ခံရ​သူ​များ​၊ သို့မဟုတ် နာခံ​မှု​မ​ရှိ​သော​သူ​များ​မ​ဖြစ်​ရ။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 7,
      "text": "အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 8,
      "text": "ဧည့်ဝတ်​ကျေပွန်​သော​သူ၊ ကောင်းမြတ်​သော​အရာ​ကို​နှစ်သက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ဖြောင့်မတ်​သော​သူ၊ သန့်ရှင်း​သော​သူ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 9,
      "text": "သူ​သည် မှန်ကန်​ပြည့်စုံ​သော​သြဝါဒ​အားဖြင့် တိုက်တွန်း​နှိုးဆော်​နိုင်​ရန်​နှင့် ဆန့်ကျင်​ပြောဆို​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​နိုင်​ရန် မိမိ​သင်ယူ​ထား​သည့် သစ္စာ​နှင့်​ပြည့်စုံ​သော​နှုတ်ကပတ်​တရား​ကို စွဲကိုင်​ထား​ရ​မည်။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 10,
      "text": "အကြောင်းမူကား နာခံ​မှု​မ​ရှိ​သော​သူ၊ အကျိုးမဲ့​စကား​ပြောဆို​သော​သူ​နှင့် လိမ်လည်​သော​သူ များစွာ​ရှိ​ကြ​၏။ အထူးသဖြင့် အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင်​ရှိ​ကြ​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 11,
      "text": "ထို​သူ​တို့​ကို နှုတ်ဆိတ်​စေ​ရ​မည်။ သူ​တို့​သည် မစင်ကြယ်​သော​အကျိုးစီးပွား​အတွက် မ​သွန်သင်​အပ်​သော​အရာ​များ​ကို​သွန်သင်​လျက် မိသားစု​များ​ကို အစု​လိုက်​ချွတ်ချော်​လွဲမှား​စေ​ကြ​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 12,
      "text": "ကရေတေ​ကျွန်းသား​များ​ထဲမှ သူ​တို့​၏​အမျိုးသား​ချင်း​ပရောဖက်​တစ်​ဦး​က “ကရေတေ​ကျွန်းသား၊ လူလိမ်​များ​ကား၊ ဆိုးသွမ်း​သားရဲ၊ မြဲ​စား​ကြူး​သူ၊ ပျင်းရိ​လူ”​ဟု စပ်ဆို​ထား​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 13,
      "text": "ဤ​သက်သေခံ​ချက်​သည်​မှန်​ပေ​၏။ ထို့ကြောင့် ဂျူး​လူမျိုး​တို့​၏​ဒဏ္ဍာရီ​များ​နှင့် သမ္မာတရား​ကို​စွန့်ပယ်​သော​သူ​တို့​၏​ပညတ်​ချက်​များ​အပေါ် အာရုံ​မ​စိုက်​ဘဲ ယုံကြည်​ခြင်း​အရာ​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် သူ​တို့​ကို ပြင်းထန်​စွာ​ဆိုဆုံးမ​လော့။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 15,
      "text": "စင်ကြယ်​သော​သူ​တို့​အတွက် ခပ်သိမ်း​သော​အရာ​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် ညစ်ညူး​၍ ယုံကြည်​ခြင်း​မ​ရှိ​သော​သူ​တို့​အတွက်​မူကား မည်သည့်​အရာ​မျှ မ​စင်ကြယ်​သည်​သာမက သူ​တို့​၏​စိတ်နှလုံး​နှင့်​အသိစိတ်​တို့​သည်​လည်း ညစ်ညူး​ကြ​၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 16,
      "text": "သူ​တို့​သည် ဘုရားသခင်​ကို​သိ​သည်​ဟု ဝန်ခံ​ကြ​သော်လည်း သူ​တို့​ပြု​သော​အမှု​များ​အားဖြင့် ဘုရားသခင်​ကို​ငြင်းပယ်​၍ ရွံရှာ​ဖွယ်​ကောင်း​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ ကောင်း​သော​အမှု​ရှိသမျှ​နှင့်​မ​ထိုက်တန်​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 1,
      "text": "သင်​မူကား မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​နှင့် သင့်လျော်​သည့်​အရာ​များ​ကို ဟောပြော​လော့။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 2,
      "text": "အသက်ကြီး​သော​ယောက်ျား​တို့​အား သမ္မာသတိ​ရှိ​သော​သူ၊ တည်ကြည်​လေးနက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် ဟောပြော​လော့။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 3,
      "text": "ထိုနည်းတူ အသက်ကြီး​သော​အမျိုးသမီး​တို့​အား ဓမ္မဝတ်​နှင့်​ထိုက်တန်​သော​သူ​များ​ကဲ့သို့​ပြုမူ​လျက် ကုန်းချော​တတ်​သော​သူ၊ စပျစ်​ဝိုင်​၏​ကျေးကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်းမြတ်​သော​အရာ​ကို​သင်ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟောပြော​လော့။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 4,
      "text": "ထိုအခါ သူ​တို့​သည် ငယ်ရွယ်​သော​အမျိုးသမီး​တို့​အား ခင်ပွန်းသည်​ကို​ချစ်​သော​သူ၊ သားသမီး​များ​ကို​ချစ်​သော​သူ၊"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 5,
      "text": "ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူစင်​သန့်ရှင်း​သော​သူ၊ အိမ်မှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ၊ ကောင်းမွန်​သော​သူ၊ မိမိ​ခင်ပွန်းသည်​ကို နာခံ​သော​သူ​ဖြစ်​ကြ​ရန် သတိပေး​ဆုံးမ​နိုင်​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် စော်ကား​ပြောဆို​ခံရ​ခြင်း​မှ ကင်းလွတ်​လိမ့်မည်။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 6,
      "text": "ထိုနည်းတူ ငယ်ရွယ်​သော​ယောက်ျား​တို့​အား တည်ငြိမ်​မှန်ကန်​သော​စိတ်​ရှိ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လော့။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 7,
      "text": "အရာရာ​၌ ကောင်း​သော​လုပ်ဆောင်မှု​၏​စံနမူနာ​ကို သင်​ကိုယ်တိုင်​ပြသ​လော့။ ဩဝါဒ​ပေး​ရာ​တွင် သမာဓိ​နှင့်​တည်ကြည်​လေးနက်​ခြင်း​ရှိ​လျက်"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 8,
      "text": "အပြစ်တင်​စရာ​ကင်း​သော မှန်ကန်​ပြည့်စုံ​သည့်​စကား​ကို ပြောဆို​လော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်​ပြု​သော​သူ​သည် ငါ​တို့​နှင့်​ပတ်သက်၍ မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​နိုင်​ဘဲ အရှက်ရ​လိမ့်မည်။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 9,
      "text": "ကျွန်​ဖြစ်​သူ​တို့​အား မိမိ​သခင်​ကို အရာရာ​၌​နာခံ​လျက် နှစ်သက်​ဖွယ်​ဖြစ်စေ​ရန်​နှင့် ဆန့်ကျင်​ပြောဆို​ခြင်း၊"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 10,
      "text": "ခိုးယူ​ခြင်း​တို့​ကို​မ​ပြု​ဘဲ အစဉ်​ကောင်းမွန်​စွာ​သစ္စာစောင့်​နေ​ကြောင်း​ကို​ပြသ​ရန် တိုက်တွန်း​နှိုးဆော်​လော့။ ထိုသို့ပြုလျှင် သူ​တို့​သည် အရာရာ​၌ ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​သွန်သင်​ချက်​ကို တင့်တယ်​စေ​ကြ​လိမ့်မည်။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 11,
      "text": "အကြောင်းမူကား လူ​အပေါင်း​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​သည် ပေါ်ထွန်း​တော်မူ​ပြီး"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 12,
      "text": "ငါ​တို့​အား ဘုရား​တရား​မဲ့​ခြင်း​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​ကို စွန့်ပယ်​၍ ဤ​လောက​တွင် ဘုရား​ဝတ်​၌​မွေ့လျော်​စွာ၊ သင့်တင့်​လျောက်ပတ်​စွာ​နှင့် ဖြောင့်မတ်​စွာ​အသက်ရှင်​ရန်​လည်းကောင်း၊"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 13,
      "text": "ကြီးမြတ်​သည့်​ဘုရားသခင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​၏​ဘုန်း​တော်​ပေါ်ထွန်း​ခြင်း​တည်းဟူသော မင်္ဂလာရှိ​သော​မျှော်လင့်​ခြင်း​ကို စောင့်မျှော်​ရန်​လည်းကောင်း ဆုံးမ​သွန်သင်​လျက်​ရှိ​၏။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 14,
      "text": "ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 15,
      "text": "သင်​သည် ဤ​အရာ​များ​ကို အမိန့်​အာဏာ​အပြည့်အဝ​ဖြင့်​ဟောပြော​လျက် တိုက်တွန်း​နှိုးဆော်​ကာ အပြစ်​ကို​ဖော်ပြ​လော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင်​မ​ပြု​စေ​နှင့်။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 1,
      "text": "အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 2,
      "text": "မည်သူ့​ကို​မျှ စော်ကား​ပြောဆို​ခြင်း၊ ရန်တွေ့​ခြင်း​မ​ပြု​ဘဲ ညင်သာ​သော​သဘော​ရှိ​လျက် လူ​အပေါင်း​တို့​အပေါ် နူးညံ့​သိမ်မွေ့​ခြင်း​ကို​ပြသ​ရန်​လည်းကောင်း သူ​တို့​အား သတိပေး​နှိုးဆော်​လော့။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 3,
      "text": "အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 4,
      "text": "သို့သော် ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​ကျေးဇူးပြု​ခြင်း​နှင့်​ချစ်ခင်​ကြင်နာ​ခြင်း​တို့ ပေါ်ထွန်း​တော်မူ​သောအခါ"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 5,
      "text": "ကိုယ်တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်မတ်​သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​ကရုဏာ​တော်​နှင့်အညီ အသစ်​မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​အသစ်​ပြုပြင်​ခြင်း​တို့​အားဖြင့် ငါ​တို့​ကို ကယ်တင်​တော်မူ​၏။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 6,
      "text": "ဘုရားသခင်​သည် ထို​ဝိညာဉ်​တော်​ကို ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အပေါ် ကြွယ်ဝ​စွာ​သွန်းလောင်း​တော်မူ​၏။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 7,
      "text": "ဤသည်ကား ငါ​တို့​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် အမွေခံ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 8,
      "text": "ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ဘုရားသခင်​ကို​ယုံကြည်​သော​သူ​တို့​သည် ကောင်း​သော​အမှု​တို့​ကို​ပါဝင်​လုပ်ဆောင်​ရန် အမြဲ​ဂရုစိုက်​ကြ​မည့်​အကြောင်း ငါ​သည် သင့်​အား ဤ​အရာ​များ​အတွက် အခိုင်အမာ​ရပ်တည်​စေ​လို​၏။ ဤ​အရာ​များ​သည် ကောင်းမြတ်​၍ လူ​တို့​အတွက်​အကျိုး​ရှိ​၏။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 9,
      "text": "သို့သော် မိုက်မဲ​သော​အငြင်းပွား​မှု​များ၊ ဆွေစဉ်မျိုးဆက်​စာရင်း​များ၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့် ပညတ်​တရား​ကြောင့် ခိုက်ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျိုးမဲ့​၍ အချည်းနှီး​ဖြစ်​ကြ​၏။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 10,
      "text": "ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သတိပေး​ပြီးလျှင် ပယ်ရှား​လော့။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 11,
      "text": "ထိုသို့​သော​သူ​သည် ဖောက်ပြန်​လွဲမှား​သော​သူ​ဖြစ်​ပြီး မိမိ​မှားယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အပြစ်​ပြု​နေ​သူ​ဖြစ်ကြောင်း သိမှတ်​လော့။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 12,
      "text": "ငါ​သည် အာတေမ​၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့​စေလွှတ်​သောအခါ ငါ​ရှိ​ရာ​နိကောပလိ​မြို့​သို့​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဆောင်း​ကာလ​အတွင်း ထို​မြို့​၌​နေထိုင်​ရန် ငါ​ဆုံးဖြတ်​ထား​၏။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 13,
      "text": "ကျမ်းတတ်​ပုဂ္ဂိုလ်​ဇေန​နှင့်​အာပေါလု​တို့​ကို သူ​တို့​အတွက် လိုလေသေး​မ​ရှိ​ရ​အောင် သေချာ​စွာ​ပို့ဆောင်​ပေး​လော့။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 14,
      "text": "ငါ​တို့​၏​လူ​များ​သည်​လည်း အသီး​မ​သီး​သော​သူ​မ​ဖြစ်​မည့်​အကြောင်း အရေးတကြီး​လိုအပ်​သော​အရာ​များ​အတွက် ကောင်း​သော​အမှု​တို့​ကို ပါဝင်​လုပ်ဆောင်​ရန် သင်ယူ​ကြ​ရ​မည်။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 15,
      "text": "ငါ​နှင့်အတူ​ရှိ​သော​သူ​အားလုံး​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​အား​ချစ်ခင်​သော​သူ​များ​ကို နှုတ်ဆက်​ပေး​လော့။ ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 1,
      "text": "ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ချစ်​ရ​သော​ငါ​တို့​၏​လုပ်ဖော်ဆောင်ဖက် ဖိလေမုန်​မှစ၍"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​နှမ​အပ္ပိ၊ ငါ​တို့​၏​ရဲဘော်ရဲဘက်​အာခိပ္ပု​နှင့် သင်​၏​အိမ်​၌​စုဝေး​သော​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 4,
      "text": "ငါ​သည် ငါ​၏​ဆုတောင်း​ချက်​များ​ထဲတွင် သင့်​ကို​အစဉ်​သတိရ​လျက် ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 5,
      "text": "အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​၌ သင်​ထားရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံကြည်​ခြင်း​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 6,
      "text": "ထို့ကြောင့် ခရစ်တော်​အတွက် ငါ​တို့​၌​ရှိ​သည့် ကောင်း​သော​အရာ​အားလုံး​တို့​ကို သိ​ခြင်း​အားဖြင့် သင်​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ထိရောက်​မှု​ရှိ​သော​အရာ​ဖြစ်လာ​ရန် ငါ​ဆုတောင်း​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 7,
      "text": "ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​သည် သင်​ပြုသင့်​သည့်​အရာ​ကို​ပြု​ရန် အမိန့်​ပေး​နိုင်​သည်​ဟု ခရစ်တော်​အားဖြင့် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သော်လည်း"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 9,
      "text": "ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင့်​အား တောင်းပန်​ခြင်း​အမှု​ကို​သာ​ပြု​ပါ​၏။ ဤသို့ အိုမင်း​သူ​ဖြစ်​ပြီး ယခု​မူကား ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​လည်း​ဖြစ်​သည့် ငါ​ပေါလု​သည်"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 10,
      "text": "အချုပ်အနှောင်​ခံရ​စဉ် ငါ့​သား​ဖြစ်လာ​သော​ဩနေသိမ်​အတွက် သင့်​ကို​တောင်းပန်​ပါ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 11,
      "text": "သူ​သည် ယခင်​က သင့်​အတွက် အသုံး​မ​ဝင်​သူ​ဖြစ်​ခဲ့​သော်လည်း ယခု​မူကား သင့်​အတွက်​ရော ငါ့​အတွက်​ပါ အသုံးဝင်​သူ​ဖြစ်​လာ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 12,
      "text": "သူ့​ကို သင့်​ထံသို့ ငါ​ပြန်​ပို့​လိုက်​၏။ သူ​သည် ငါ​၏​အသည်းနှလုံး​ဖြစ်​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 13,
      "text": "ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် အချုပ်အနှောင်​ခံရ​စဉ် သင့်​ကိုယ်စား ငါ့​ကို​ကူညီ​ဆောင်ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ၌ ခေါ်​ထား​လို​ပါ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 14,
      "text": "သို့သော် သင်​ပြု​သော​ကောင်းမှု​သည် မလွှဲမရှောင်​သာ၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​ဆန္ဒ​အလျောက်​ဖြစ်​စေရန် သင်​၏​သဘော​တူညီ​ချက်​မ​ပါ​လျှင် မည်သည့်​အရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 15,
      "text": "သူ​သည် သင်​နှင့် ခေတ္တ​ခဏ​ကွဲကွာ​ခဲ့​ခြင်း​မှာ သင်​သည် သူ့​ကို ထာဝစဉ်​ရရှိ​နိုင်​ရန်​အတွက် ဖြစ်ကောင်းဖြစ်​လိမ့်မည်။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 16,
      "text": "ထိုသို့ဆိုရာ၌ ကျွန်​တစ်​ဦး​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ ကျွန်​ထက် ပို၍​မြတ်​သည့် ချစ်​သော​ညီအစ်ကို​အဖြစ် ရရှိ​ခြင်း​ကို​ဆိုလို​၏။ အထူးသဖြင့် ငါ့​အတွက် ထိုသို့​ဖြစ်​လေ​ပြီ။ သင့်​အတွက်​မူကား သွေးသား​၌​လည်းကောင်း၊ သခင်​ဘုရား​၌​လည်းကောင်း မည်မျှ​ပို၍ ထိုကဲ့သို့​ဖြစ်​လိမ့်မည်​နည်း။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 17,
      "text": "သို့ဖြစ်၍ သင်​သည် ငါ့​ကို လုပ်ဖော်ဆောင်ဖက်​အဖြစ်​မှတ်ယူ​လျှင် ငါ့​ကို​လက်ခံ​သကဲ့သို့ သူ့​ကို​လက်ခံ​ပါ​လော့။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 18,
      "text": "အကယ်၍ သူ​သည် သင့်​အပေါ်၌ ပြစ်မှား​ခြင်း၊ အကြွေး​တင်​ခြင်း တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​ကို ငါ့​တာဝန်​ထား​လော့။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 19,
      "text": "ငါ​ပေါလု​သည် ပြန်လည်​ပေးဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်တိုင်​လည်း ငါ့​အား အကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 20,
      "text": "ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သခင်​ဘုရား​၌ သင့်​ထံမှ အကျိုးကျေးဇူး​ကို​ရရှိ​လို​ပါ​၏။ ခရစ်တော်​အားဖြင့် ငါ​၏​စိတ်နှလုံး​ကို ငြိမ်သက်​ချမ်းသာ​စေ​ပါ​လော့။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 21,
      "text": "သင်​၏​နာခံ​ခြင်း​ကို ယုံကြည်​စိတ်ချ​၍ ငါ​ပြော​သော​အရာ​ထက်​ပင် သင်​ပို၍​ပြု​မည်​ကို သိ​လျက် သင့်​ထံသို့ ငါ​စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 22,
      "text": "တစ်ချိန်တည်း​မှာပင် ငါ့​အတွက် တည်းခို​စရာ​နေရာ​ကို​လည်း ပြင်ဆင်​ထား​ပါ​လော့။ အကြောင်းမူကား သင်​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် သင်​တို့​ထံသို့​ရောက်ရှိ​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​ဟု ငါ​မျှော်လင့်​နေ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 23,
      "text": "ခရစ်တော်​ယေရှု​၌ ငါ​နှင့်အတူ​အကျဉ်းချ​ခံရ​သူ ဧပဖြ​မှစ၍"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 24,
      "text": "ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် မာကု၊ အာရိတ္တာခု၊ ဒေမ​နှင့် လုကာ​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​ပါ​၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 25,
      "text": "သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 1,
      "text": "ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 2,
      "text": "ဤ​နောက်ဆုံး​သော​နေ့ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အားဖြင့် စကား​ပြော​တော်မူ​၏။ ဘုရားသခင်​သည် ထို​သား​တော်​အား အရာ​ခပ်သိမ်း​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​ခန့်ထား​၍ လောကဓာတ်​တို့​ကို​လည်း သား​တော်​အားဖြင့် ဖန်ဆင်း​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 3,
      "text": "သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 4,
      "text": "သား​တော်​သည် ကောင်းကင်​တမန်​တို့​၏​ဘွဲ့နာမ​ထက် ထူးမြတ်​သော​ဘွဲ့​နာမ​ကို ဆက်ခံ​ရရှိ​သည်​နှင့်အမျှ သူ​တို့​ထက် ကြီးမြတ်​သော​အရှင်​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 5,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ” ​ဟူ၍​လည်းကောင်း၊ “ငါ​သည် သူ​၏​အဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 6,
      "text": "တစ်ဖန် သားဦး​ကို ဤ​ကမ္ဘာ​လောက​ထဲသို့ ခေါ်ဆောင်​လာ​သောအခါ “ဘုရားသခင်​၏​ကောင်းကင်​တမန်​အပေါင်း​တို့​သည် ထို​အရှင်​ကို ရှိခိုး​ရ​မည်” ​ဟု မိန့်​တော်မူ​ပြီး"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 7,
      "text": "ကောင်းကင်​တမန်​များ​နှင့်​ပတ်သက်၍ “ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သူ​တို့​အား မီးလျှံ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 8,
      "text": "သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 9,
      "text": "ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​တော်မူ​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်​ပေး​တော်မူ​၏။”"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 10,
      "text": "တစ်ဖန် “အို ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို​တည်​တော်မူ​၍ ကောင်းကင်​တို့​သည်​လည်း ကိုယ်တော်​၏​လက်ရာ​တော်​ဖြစ်​ပါ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 11,
      "text": "ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏။ ထိုအရာ ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 12,
      "text": "ကိုယ်တော်​သည် ထို​အရာ​တို့​ကို ခြုံထည်​ကဲ့သို့​လိပ်​တော်မူ​သဖြင့် ၎င်း​တို့​သည် ဝတ်ရုံ​ကဲ့သို့​ပြောင်းလဲ​ကြ​လိမ့်မည်။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ။ ကိုယ်တော်​၏​သက်တမ်း​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 13,
      "text": "ထို့ပြင် ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့” ​ဟု မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 14,
      "text": "ကောင်းကင်​တမန်​အားလုံး​တို့​သည် ကယ်တင်​ခြင်း​ကို​အမွေ​ဆက်ခံ​မည့်​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် စေလွှတ်​ခြင်း​ခံရ​သည့် အစေခံ​ဝိညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 1,
      "text": "ထို့ကြောင့် ငါ​တို့​သည် လွဲချော်​မ​သွား​ကြ​စေရန် ကြား​ရ​သော​အရာ​တို့​ကို အထူး​အာရုံစိုက်​ကြ​ရ​မည်။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 2,
      "text": "အကြောင်းမူကား ကောင်းကင်​တမန်​များ​အားဖြင့် မိန့်​တော်မူ​သော​တရား​တော်​သည် တည်မြဲ​၍ ဖောက်ဖျက်​ကျူးလွန်​မှု​နှင့်​မ​နာခံ​မှု​ရှိသမျှ​တို့​အတွက် ထိုက်သင့်​သော​အပြစ်ဒဏ်​ကို လူ​တို့​ခံရ​သည်​ဆို​လျှင်"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 3,
      "text": "ဤမျှလောက်​ကြီးမြတ်​သော​ကယ်တင်​ခြင်း​ကို လျစ်လျူ​ရှု​ပါက ငါ​တို့​သည် အပြစ်ဒဏ်​မှ မည်သို့​လွတ်​နိုင်​ကြ​မည်နည်း။ သခင်​ဘုရား​က ပထမ​ဦးစွာ ဟောပြော​တော်မူ​သော ဤ​ကယ်တင်​ခြင်း​တရား​သည် ကြားနာ​သော​သူ​တို့​မှတစ်ဆင့် ငါ​တို့​ထံ၌ အတည်ပြု​ခြင်း​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 4,
      "text": "ဘုရားသခင်​သည်​လည်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အားဖြင့်​လည်းကောင်း၊ တန်ခိုး​လက္ခဏာ​အမျိုးမျိုး​အားဖြင့်​လည်းကောင်း၊ မိမိ​အလို​တော်​နှင့်အညီ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို မျှဝေ​ပေး​တော်မူ​ခြင်း​အားဖြင့်​လည်းကောင်း သူ​တို့​နှင့်အတူ သက်သေခံ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 5,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​ပြောဆို​နေ​သော နောင်​လာ​မည့်​ကမ္ဘာ​ကို ကောင်းကင်​တမန်​တို့​၏​လက်အောက်​သို့ ချ​ထား​တော်​မ​မူ​ခဲ့​ပေ။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 6,
      "text": "တစ်​ယောက်​သော​သူ​က “လူ​သည် မည်သို့​သော​သူ​ဖြစ်​၍ ကိုယ်တော်​သည် သူ့​ကို အောက်မေ့​တော်မူ​ရ​သနည်း။ လူ့သား​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို ကြည့်ရှု​တော်မူ​ရ​သနည်း။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 7,
      "text": "ကိုယ်တော်​သည် သူ့​ကို ကောင်းကင်​တမန်​တို့​ထက် ခေတ္တ​ခဏ နိမ့်ကျ​စေ​ပြီးလျှင် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သူ့​ကို သရဖူ​ဆောင်း​စေ​တော်မူ​၍"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 8,
      "text": "အရာ​ခပ်သိမ်း​တို့​ကို သူ​၏​ခြေ​အောက်၌ ချ​ထား​တော်မူ​ပြီ”​ဟု ကျမ်း​တစ်​နေရာ​၌​သက်သေခံ​ထား​၏။ “အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​တော်မူ​ပြီ”​ဟု ဆို​ရာ​တွင် သူ့​အောက်၌​မ​ချထား​ဘဲ ချန်ထား​တော်မူ​သည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ယခု​မူကား အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့​မ​မြင်​ရ​သေး။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 9,
      "text": "သို့သော် ဘုရားသခင်​၏​ကျေးဇူး​တော်​အားဖြင့် လူ​တိုင်း​အတွက် သေ​ခြင်း​ကို​မြည်းစမ်း​စေရန် ကောင်းကင်​တမန်​တို့​ထက် ခေတ္တ​ခဏ နိမ့်ကျ​စေ​ခြင်း​ကို​ခံရ​၍ သေ​ခြင်း​နှင့်ဆိုင်သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောကြောင့် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သရဖူ​ဆောင်း​ရ​သည့်​ယေရှု​ကို ငါ​တို့​မြင်​ရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 10,
      "text": "အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​၏​အကြောင်းခံ​နှင့် ခပ်သိမ်း​သော​အရာ​တို့​၏​အရင်း​အမြစ်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် များစွာ​သော​သား​တို့​ကို ဘုန်း​အသရေ​တော်​ထဲသို့​ခေါ်ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်တင်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​သော​အရှင်​အား ဒုက္ခ​ဝေဒနာ​အားဖြင့် စုံလင်​စေ​တော်မူ​သည်​မှာ သင့်လျော်​ပေ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 11,
      "text": "အမှန်စင်စစ် သန့်ရှင်း​စေ​တော်မူ​သော​အရှင်​ဖြစ်စေ၊ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ဖြစ်စေ အားလုံး​သည် တစ်ပါးတည်း​ထံမှ​ဖြစ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည် ထို​သူ​တို့​ကို ညီအစ်ကို​များ​ဟု​ခေါ်​ရန် ရှက်​တော်​မ​မူ​ဘဲ"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 12,
      "text": "“အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​၏​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​သီဆို​ပါ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 13,
      "text": "တစ်ဖန် “ငါ​သည် ကိုယ်တော်​ကို​ယုံကြည်​ကိုးစား​မည်”​ဟူ၍​လည်းကောင်း၊ “ကြည့်ရှု​လော့။ ငါ​နှင့် ငါ့​အား​ဘုရားသခင်​ပေး​တော်မူ​သော​သားသမီး​များ​ပေတည်း”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 14,
      "text": "ထို​သားသမီး​အားလုံး​တို့​သည် အသွေး​အသား​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည်​လည်း သူ​တို့​နည်းတူ ထို​အသွေး​အသား​ကို မျှဝေ​ခံယူ​တော်မူ​၏။ ဤသည်ကား အသေခံ​တော်မူ​ခြင်း​အားဖြင့် သေ​ခြင်း​၏​တန်ခိုး​အရှိန်အဝါ​ကို​ပိုင်​သော​သူ​ဖြစ်​သည့် မာရ်နတ်​ကို ဖျက်ဆီး​လျက်"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 15,
      "text": "သေ​ခြင်း​ကို​ကြောက်ရွံ့​သော​သဘော​၌ တစ်သက်လုံး​ကျွန်ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်မြောက်​စေရန်​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 16,
      "text": "အကယ်စင်စစ် ကိုယ်တော်​သည် ကောင်းကင်​တမန်​တို့​ကို ဖေးမ​တော်​မ​မူ​ဘဲ အာဗြဟံ​၏​အမျိုးအနွယ်​ကို ဖေးမ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 17,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် လူ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​အမှု​ကို​ပြု​ရန် ဘုရားသခင်​ရှေ့​တော်​၌ သနား​ကြင်နာ​တတ်​သည့် သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​မင်း​ဖြစ်​မည့်​အကြောင်း အရာရာ​၌ ညီအစ်ကို​များ​နှင့်​တူ​ရ​၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 18,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ကိုယ်တိုင်​ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​လျက် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​သောကြောင့် ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​သော​သူ​တို့​ကို ကူညီမစ​ရန်​တတ်နိုင်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 1,
      "text": "သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 2,
      "text": "မောရှေ​သည် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သကဲ့သို့ ယေရှု​သည်​လည်း မိမိ​ကို​ခန့်ထား​သော​ဘုရားသခင်​အပေါ်​သစ္စာရှိ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 3,
      "text": "အိမ်​ဆောက်​သူ​သည် ထို​အိမ်​ထက် သာ၍​ဂုဏ်သရေ​ရှိ​သကဲ့သို့ ယေရှု​သည် မောရှေ​ထက် သာ၍​မြင့်မြတ်​သော​ဘုန်း​အသရေ​ကို​ရ​ထိုက်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 4,
      "text": "အကြောင်းမူကား အိမ်​တိုင်း​ကို တစ်စုံတစ်ယောက်​က တည်ဆောက်​ရ​၏။ သို့သော် အရာ​ခပ်သိမ်း​ကို​တည်ဆောက်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 5,
      "text": "မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 6,
      "text": "ခရစ်တော်​မူကား သား​တော်​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​အပေါ်​သစ္စာရှိ​တော်မူ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​ခြင်း​နှင့် မျှော်လင့်​ခြင်း​၌​ဂုဏ်ယူ​ဝါကြွား​ခြင်း​တို့​ကို စွဲကိုင်​ထား​လျှင် ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 7,
      "text": "ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင်"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 8,
      "text": "တော​ကန္တာရ​တွင် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​၌ ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 9,
      "text": "ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ့​ကို​စမ်းသပ်​လျက် စစ်ဆေး​ကြ​ကာ အနှစ်​လေးဆယ်​အတွင်း ငါ​ပြု​သော​အမှု​များ​ကို တွေ့မြင်​ခဲ့​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 10,
      "text": "သို့ဖြစ်၍ ထို​မျိုးဆက်​ကို ငါ​အမျက်ထွက်​ပြီး ‘သူ​တို့​သည် စိတ်နှလုံး​ထဲ၌ အစဉ်​လမ်းလွဲ​၍ ငါ​၏​လမ်း​ကို မ​သိ​ကြ’​ဟု ငါ​ဆို​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 11,
      "text": "ထို့ကြောင့် အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​သည့်​အတိုင်း"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 12,
      "text": "ညီအစ်ကို​တို့၊ သင်​တို့​တွင် မ​ယုံကြည်​တတ်​သော​ဆိုးညစ်​သည့်​စိတ်နှလုံး​ရှိ​သဖြင့် အသက်ရှင်​သော​ဘုရားသခင်​ထံ​တော်​မှ ထွက်ခွာ​သွား​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​တွင် အပြစ်​တရား​၏​လှည့်ဖြား​မှု​ကြောင့် မည်သူမျှ စိတ်နှလုံး​မာကျော​ခြင်း​မ​ရှိ​စေရန် ယနေ့​ဟု​ခေါ်​ရ​သော​အချိန်​ရှိ​နေ​သရွေ့ နေ့စဉ် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 14,
      "text": "အကြောင်းမူကား ငါ​တို့​သည် အစ​၌​ရှိ​သော​စိတ်ချ​မှု​ကို အဆုံး​တိုင်အောင် ခိုင်မြဲ​စွာ​စွဲကိုင်​ထား​လျှင် ခရစ်တော်​နှင့်​စပ်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 15,
      "text": "ကျမ်းစာ​၌ “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်” ​ဟု ဆို​ထား​၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 16,
      "text": "ထိုသို့​ကြား​ရ​လျက်​နှင့် ဆန့်ကျင်​ခဲ့​သူ​များ​ကား မည်သူ​တို့​နည်း။ မောရှေ​၏​ဦးဆောင်​မှု​အားဖြင့် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​ပင်​မ​ဟုတ်​လော။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 17,
      "text": "တစ်ဖန် အနှစ်​လေးဆယ်​အတွင်း မည်သူ​တို့​အပေါ် အမျက်ထွက်​တော်မူ​ခဲ့​သနည်း။ အပြစ်​ပြု​၍ တော​ကန္တာရ​၌ ခန္ဓာ​ကြွေ​ရ​သူ​များ​အပေါ်​မ​ဟုတ်​လော။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 18,
      "text": "ထို့ပြင် “ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်” ​ဟု မည်သူ​တို့​အား တိုင်တည်​၍​မိန့်​တော်မူ​ခဲ့​သနည်း။ နာခံ​ခြင်း​မ​ရှိ​သော​သူ​များ​ကို​ပင်​မ​ဟုတ်​လော။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 19,
      "text": "သို့ဖြစ်၍ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိမြင်​ရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 1,
      "text": "ထို့ကြောင့် ဘုရားသခင်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​မည့်​ကတိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲမှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိထား​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 2,
      "text": "အကြောင်းမူကား ငါ​တို့​သည်​လည်း ကောင်းမြတ်​သော​သတင်း​ကို ထို​သူ​တို့​နည်းတူ ကြား​ရ​ကြ​ပြီ။ သို့သော် သူ​တို့​ကြား​ရ​သော​နှုတ်ကပတ်တော်​သည် သူ​တို့​၌ ယုံကြည်​ခြင်း​နှင့်​မ​ပေါင်းစပ်​သောကြောင့် သူ​တို့​အတွက် အကျိုး​မ​ရှိ​ခဲ့​ချေ။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 3,
      "text": "ယုံကြည်​သော​ငါ​တို့​မူကား ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​၏။ ဤသည်ကား “အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်” ​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။ သို့ရာတွင် အမှု​တော်​များ​သည် ကမ္ဘာ​တည်​ကတည်းက ပြီးမြောက်​ပြီ​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 4,
      "text": "အကြောင်းမူကား သတ္တမ​နေ့​နှင့်​ပတ်သက်၍ “သတ္တမ​နေ့​တွင် ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​ရှိသမျှ​တို့​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏” ​ဟု ကျမ်း​တစ်​နေရာ​၌​ဆို​ထား​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 5,
      "text": "တစ်ဖန် “သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု ထို​နေရာ​၌​ဆို​ထား​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 6,
      "text": "သို့ဖြစ်၍ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့​ဝင်​ရ​သော​အခွင့်​သည် အချို့​သော​သူ​တို့​အတွက်​ရှိသေး​၏။ ကောင်းမြတ်​သော​သတင်း​ကို ရှေးဦးစွာ​ကြား​ရ​သော​သူ​တို့​သည် မ​နာခံ​မှု​ကြောင့် မ​ဝင်​ခဲ့​ရ​ကြ​ချေ။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 7,
      "text": "ထို့ကြောင့် ဘုရားသခင်​သည် နေ့​တစ်​နေ့​ကို “ယနေ့”​ဟူ၍ တစ်ဖန် ချမှတ်​တော်မူ​ပြီး နောင်​နှစ်​ပေါင်း​များစွာ​ကြာ​သောအခါ အထက်​က​ဖော်ပြ​ခဲ့​သည့်​အတိုင်း “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်” ​ဟု ဒါဝိဒ်​အားဖြင့် မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 8,
      "text": "အကယ်၍ ယောရှု​သည် သူ​တို့​အား ငြိမ်ဝပ်​ချမ်းသာ​ခြင်း​ကို​ပေး​ခဲ့​သည်​မှန်​လျှင် နောက်မှ အခြား​နေ့ရက်​အကြောင်း​ကို ဘုရားသခင်​မြွက်ဆို​တော်မူ​မည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 9,
      "text": "သို့ဖြစ်၍ ဘုရားသခင်​၏​လူမျိုး​တော်​အတွက် ငြိမ်ဝပ်​ချမ်းသာ​ခြင်း​တစ်​မျိုး​ရှိသေး​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 10,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​သကဲ့သို့ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​သော​သူ​သည်​လည်း မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​ရ​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 11,
      "text": "ထို့ကြောင့် သူ​တို့​၏​မ​နာခံ​မှု​ပုံစံ​ကို​လိုက်​၍ ပြိုလဲ​မည့်သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​နိုင်​မည့်အကြောင်း ငါ​တို့​ကြိုးစား​အားထုတ်​ကြ​ကုန်​စို့။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 12,
      "text": "ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထက်မြက်​ကာ အသွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိသမျှ​တို့​ထက် သာ၍​ထက်​သဖြင့် အသက်​နှင့်​ဝိညာဉ်​တို့​အထိ​လည်းကောင်း၊ အဆစ်အမြစ်​နှင့်​ခြင်ဆီ​တို့​အထိ​လည်းကောင်း ထိုးဖောက်​ပိုင်းခြား​တတ်​၏။ စိတ်နှလုံး​၏​စဉ်းစား​ဆင်ခြင်​မှု​နှင့်​သဘောထား​တို့​ကို​လည်း ထိုးထွင်း​သိမြင်​နိုင်​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 13,
      "text": "ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 14,
      "text": "ထို့ကြောင့် ကောင်းကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်မူ​သည့် ကြီးမြတ်​သော ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ဘုရားသခင်​၏​သား​တော်​ယေရှု​သည် ငါ​တို့​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ယုံကြည်​ဝန်ခံ​သော​အရာ​ကို စွဲကိုင်​ထား​ကြ​ကုန်​စို့။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 15,
      "text": "အကြောင်းမူကား ငါ​တို့​၏​ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​၏​အားနည်း​ခြင်း​များ​ကို မ​ထောက်ထား​မ​ညှာတာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်တော်​သည် ငါ​တို့​နည်းတူ စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်မူ​၏။ သို့သော် အပြစ်​နှင့်​ကင်းလွတ်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 16,
      "text": "ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 1,
      "text": "လူ​တို့​အထဲမှ ရွေးကောက်​ခြင်း​ခံရ​သော​ယဇ်ပုရောဟိတ်​မင်း​မှန်သမျှ​သည် အပြစ်​ဖြေ​ရာ​ယဇ်​များ​နှင့်​ပူဇော်သက္ကာ​များ​ကို လူ​တို့​၏​ကိုယ်စား ဘုရားသခင်​ထံ​ပူဇော်​ဆက်ကပ်​ရန် ခန့်ထား​ခြင်း​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 2,
      "text": "သူ​ကိုယ်တိုင်​လည်း အားနည်း​ခြင်း​များ​ရှိ​သည်​ဖြစ်၍ အသိတရား​ကင်းမဲ့​လျက် လမ်းလွဲ​သော​သူ​တို့​ကို စာနာ​ထောက်ထား​နိုင်​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 3,
      "text": "ဤ​အကြောင်း​ကြောင့် သူ​သည် လူ​တို့​အတွက်​သာမက မိမိ​အတွက်​ပါ အပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူဇော်​ရ​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 4,
      "text": "ထို့ပြင် ဤ​ဂုဏ်သရေ​ရှိ​သော​အရိုက်အရာ​ကို မည်သူမျှ မိမိ​ကိုယ်တိုင်​ခံယူ​ရရှိ​နိုင်​သည်​မ​ဟုတ်။ အာရုန်​ကဲ့သို့ ဘုရားသခင်​၏​ခေါ်ယူ​တော်မူ​ခြင်း​အားဖြင့်​သာ​ခံယူ​ရရှိ​နိုင်​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 5,
      "text": "ထိုနည်းတူ ခရစ်တော်​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​အရာ​၌ မိမိကိုယ်ကို​ချီးမြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ” ​ဟု ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​က ချီးမြှောက်​တော်မူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 6,
      "text": "အခြား​ကျမ်းချက်​တွင်​လည်း “သင်​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​သည့်​အတိုင်း​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 7,
      "text": "ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 8,
      "text": "ကိုယ်တော်​သည် သား​တော်​ဖြစ်​သော်လည်း ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အားဖြင့် နာခံ​မှု​ကို​သင်ယူ​လျက်"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 9,
      "text": "စုံလင်​ခြင်း​သို့​ရောက်​ပြီးလျှင် မိမိ​ကို​နာခံ​သော​သူ​အပေါင်း​တို့​အား ထာဝရ​ကယ်တင်​ခြင်း​ကို​ပေး​သော​အရှင်​ဖြစ်လာ​၍"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 10,
      "text": "မေလခိဇေဒက်​နှင့်​အလားတူ​သော ယဇ်ပုရောဟိတ်​မင်း​ဟု ဘုရားသခင်​၏​ခေါ်ဝေါ်​သမုတ်​တော်မူ​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 11,
      "text": "ထို​မေလခိဇေဒက်​နှင့်​ပတ်သက်၍ ငါ​တို့​တွင် ပြော​စရာ​စကား​များစွာ​ရှိ​သော်လည်း သင်​တို့​သည် နားဝေး​ကြ​သောကြောင့် ရှင်းပြ​ရန်​ခက်​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 12,
      "text": "အမှန်စင်စစ် သင်​တို့​သည် အချိန်​ကာလ​အရ ဆရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​၏​အခြေခံ​ကို တစ်စုံတစ်ယောက်​က သင်​တို့​အား အစ​မှ​ပြန်​သင်ပေး​ရန်​လိုအပ်​နေ​၏။ သင်​တို့​၌​လိုအပ်​သည်​မှာ မာ​သော​အစာ​မ​ဟုတ်​ဘဲ နို့ရည်​သာ​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 13,
      "text": "နို့ရည်​ကို​သောက်သုံး​နေ​သော​သူ​တိုင်း​သည် ကလေး​သူငယ်​ဖြစ်​သောကြောင့် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​နှင့် ရင်းနှီး​ကျွမ်းဝင်​ခြင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 14,
      "text": "မာ​သော​အစာ​မူကား အကောင်း​အဆိုး​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​ထိုးထွင်းဉာဏ်​ကို အတွေ့အကြုံ​အားဖြင့်​လေ့ကျင့်​ထား​သည့်​စုံလင်​ရင့်ကျက်​သော​သူ​များ​အတွက်​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 1,
      "text": "ထို့ကြောင့် ငါ​တို့​သည် ခရစ်တော်​နှင့်ဆိုင်သည့် အခြေခံ​သွန်သင်ချက်​ကို ထားရစ်​ခဲ့​၍ စုံလင်​ရင့်ကျက်​ခြင်း​သို့ တက်လှမ်း​ကြ​ကုန်စို့။ သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ နောင်တရ​ခြင်း၊ ဘုရားသခင်​ကို​ယုံကြည်​ခြင်း၊"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 2,
      "text": "ဗတ္တိဇံ​နှင့်ဆိုင်သော​သွန်သင်​ခြင်း၊ လက်​တင်​ခြင်း၊ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း၊ ထာဝရ​ပြစ်ဒဏ်​စီရင်​ခြင်း စသည့်​အကြောင်းအရာ​များ​၌ ထပ်၍​အခြေ​မ​ပြု​ဘဲ​နေ​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 3,
      "text": "ဘုရားသခင်​ခွင့်ပြု​တော်မူ​လျှင် ငါ​တို့​သည်​ထိုသို့​ပြု​ကြ​မည်။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 4,
      "text": "အလင်း​သို့​တစ်ခါ​ရောက်​၍ ကောင်းကင်​နှင့်ဆိုင်သော​ကောင်းချီး​လက်ဆောင်​ကို မြည်းစမ်း​ရ​လျက် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​စပ်ဆိုင်​သူ​ဖြစ်လာ​ကာ"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 5,
      "text": "ဘုရားသခင်​၏​ကောင်းမြတ်​သော​နှုတ်ကပတ်တော်​နှင့် တမလွန်​ကာလ​၏​တန်ခိုး​လက္ခဏာ​တို့​ကို မြည်းစမ်း​ရ​ပြီးမှ"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 6,
      "text": "ရွေ့လျော​ဖောက်ပြန်​သော​သူ​တို့​သည် ဘုရားသခင်​၏​သား​တော်​ကို သူတို့​ကိုယ်တိုင် လက်ဝါးကပ်တိုင်​ပေါ်၌​ပြန်​တင်​၍ အရှက်ကွဲ​စေ​သော​သူ​များ​ဖြစ်​ကြ​သောကြောင့် သူ​တို့​ကို အသစ်​တစ်ဖန်​နောင်တရ​ခြင်း​သို့​မ​ရောက်​စေ​နိုင်​ရာ။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 7,
      "text": "အကြောင်းမူကား မြေကြီး​သည် မိမိ​အပေါ်​အကြိမ်ကြိမ်​ကျ​သော​မိုး​ရေ​ကို​သောက်​လျက် ထွန်ယက်​စိုက်ပျိုး​သော​သူ​တို့​အတွက် အသုံးဝင်​သည့်​အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​ပါက ဘုရားသခင်​ထံမှ​ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 8,
      "text": "သို့ရာတွင် ဆူးပင်​နှင့်​ဆူးလေပင်​များ​ကို​ပေါက်​စေ​လျှင် အသုံး​မ​ဝင်​သဖြင့် မကြာမီ ကျိန်​ခြင်း​ခံရ​လျက် နောက်ဆုံး​၌ မီးရှို့​ခြင်း​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 9,
      "text": "ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် ဤသို့​ပြောဆို​ကြ​သော်လည်း သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​နှင့်​ယှဉ်တွဲ​သည့် ပို၍​ကောင်း​သော​အရာ​များ​ရှိ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 10,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​၏​လုပ်ဆောင်​မှု​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ကို ယခင်​က သင်​တို့​လုပ်ကျွေး​ပြုစု​သကဲ့သို့ ယခု​လည်း လုပ်ကျွေး​ပြုစု​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ သင်​တို့​ပြ​သော​ချစ်​ခြင်း​မေတ္တာ​တို့​ကို​လည်းကောင်း မေ့လျော့​သည့်​တိုင်အောင် တရားမျှတ​မှု​ကင်းမဲ့​တော်မူ​သည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 11,
      "text": "သင်​တို့​တစ်ဦးစီ​သည် မျှော်လင့်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​ရှိ​ကြ​ရန် ထိုသို့​သော​စိတ်အား​ထက်သန်​မှု​ကို အဆုံး​တိုင်အောင်​ပြ​မည့်​အကြောင်း ငါ​တို့​အလိုရှိ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 12,
      "text": "ဤသည်ကား သင်​တို့​သည် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​အားဖြင့် ကတိ​တော်​ကို​အမွေ​ဆက်ခံ​သော​သူ​တို့​အား အတုယူ​သူ​များ​ဖြစ်​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 13,
      "text": "ဘုရားသခင်​သည် အာဗြဟံ​အား ကတိ​ပေး​တော်မူ​သောအခါ တိုင်တည်​ပြောဆို​ရန် မိမိ​ထက် ကြီးမြတ်​သော​သူ​မ​ရှိ​သောကြောင့် မိမိကိုယ်ကို​တိုင်တည်​ပြောဆို​၍"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 14,
      "text": "“ငါ​သည် အမှန်ပင် သင့်​ကို အစဉ်အမြဲ​ကောင်းချီး​ပေး​၍ သင်​၏​အမျိုးအနွယ်​ကို တိုးပွား​များပြား​စေ​မည်” ​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 15,
      "text": "ဤသို့ဖြင့် အာဗြဟံ​သည် စိတ်ရှည်​စွာ​စောင့်ဆိုင်း​သဖြင့် ကတိ​တော်​ကို​ခံစား​ရရှိ​ခဲ့​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 16,
      "text": "လူ​တို့​သည် မိမိ​တို့​ထက် ကြီးမြတ်​သော​သူ​ကို တိုင်တည်​ပြောဆို​ကြ​ပြီး ထိုသို့​အတည်ပြု​ပြောဆို​သော​ကတိ​သစ္စာ​သည် အငြင်းပွား​မှု​အားလုံး​ကို ရပ်စဲ​စေ​တတ်​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 17,
      "text": "ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 18,
      "text": "ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 19,
      "text": "ထို​မျှော်လင့်​ခြင်း​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​အတွက် ခိုင်ခံ့​မြဲမြံ​သော​ကျောက်ဆူး​ကဲ့သို့ ငါ​တို့​၌​ရှိ​၍ ဗိမာန်​တော်​ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ဝင်​ရောက်​၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 20,
      "text": "ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 1,
      "text": "ဤ​မေလခိဇေဒက်​ကား ဆလင်​ဘုရင်​ဖြစ်​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏။ သူ​သည် ဘုရင်​များ​ကို​ချေမှုန်း​ရာ​မှ​ပြန်လာ​သော အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီး​ပေး​လေ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 2,
      "text": "အာဗြဟံ​သည်​လည်း လက်ရ​ပစ္စည်း​ရှိသမျှ​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ခွဲဝေ​ပေးလှူ​၏။ မေလခိဇေဒက်​အမည်​၏​အဓိပ္ပာယ်​မှာ ပထမ​အနေဖြင့် ဖြောင့်မတ်​ခြင်း​၏​ဘုရင်​ဟူ၍​ဖြစ်​ပြီး ထို့နောက် ငြိမ်သက်​ခြင်း​၏​ဘုရင်​တည်းဟူသော ဆလင်​ဘုရင်​ဟူ၍​လည်း​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 3,
      "text": "သူ​၌ ဖခင်​မ​ရှိ၊ မိခင်​မ​ရှိ၊ မျိုးရိုးစဉ်ဆက်​မ​ရှိ၊ အသက်တာ​၏​အစ​လည်း​မ​ရှိ၊ အဆုံး​လည်း​မ​ရှိ။ သူ​သည် ဘုရားသခင်​၏​သား​တော်​ကဲ့သို့​ဖြစ်​လျက် ယဇ်ပုရောဟိတ်​အဖြစ် ထာဝစဉ်​တည်​နေ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 4,
      "text": "မျိုးနွယ်စုဖခင်​ဖြစ်သော​အာဗြဟံ​ပင် လက်ရ​ပစ္စည်း​များ​၏​ဆယ်ဖို့တစ်ဖို့​ကို ပေး​လှူ​ခဲ့​သော​ဤ​သူ​သည် မည်မျှလောက်​ကြီးမြတ်​သည်​ကို ဆင်ခြင်​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 5,
      "text": "လေဝိ​အမျိုးသား​တို့​ထဲမှ ယဇ်ပုရောဟိတ်​ဖြစ်​လာ​သော​သူ​တို့​သည် ပညတ်​တရား​အရ လူ​တို့​ထံမှ ဆယ်ဖို့တစ်ဖို့​ကောက်ခံ​ရ​မည်​ဟူသော​ပညတ်​ချက်​ကို ရရှိ​ထား​ကြ​၏။ ထို​လူ​တို့​မှာ အာဗြဟံ​မှ​ဆင်းသက်​လာ​သည့် မိမိ​တို့​ညီအစ်ကို​များ​ပင်​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 6,
      "text": "သို့သော် လေဝိ​၏​မျိုးဆက်​စာရင်း​မ​ဝင်​သော​သူ​သည် အာဗြဟံ​ထံမှ ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ပြီး ကတိ​တော်​ကို​ရရှိ​ထား​သော​သူ​အား ကောင်းချီး​ပေး​ခဲ့​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 7,
      "text": "ကြီးသောသူ​သည် ငယ်သောသူ​အား ကောင်းချီး​ပေး​တတ်​သည်​ကို ငြင်းဆို​ဖွယ်​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 8,
      "text": "ဤ​နေရာ​၌ သေဆုံး​တတ်​သော​လူ​တို့​သည် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​ကြ​၏။ အခြား​သော​နေရာ​၌​ကား ထို​သူ​သည် အသက်ရှင်​နေ​သည်​ဟု သက်သေခံ​ထား​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 9,
      "text": "ထို့ပြင် ဆယ်ဖို့တစ်ဖို့​ကို​ခံယူ​သော​လေဝိ​သည်​လည်း အာဗြဟံ​မှ​တစ်ဆင့် ဆယ်ဖို့တစ်ဖို့​ကို​ပေး​လှူ​သည်​ဟု ဆို​နိုင်​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 10,
      "text": "အကြောင်းမူကား မေလခိဇေဒက်​သည် အာဗြဟံ​ကို​ကြိုဆို​သောအခါ လေဝိ​သည် မိမိ​အဖ​၏​ကိုယ်​ထဲ၌​ရှိ​နေ​သေး​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 11,
      "text": "လူ​တို့​သည် လေဝိ​အနွယ်​နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်​အရိုက်အရာ​အပေါ်တွင် အခြေခံ​ပြီး ပညတ်​တရား​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ၎င်း​အားဖြင့် စုံလင်​ခြင်း​သို့​ရောက်​ခဲ့​လျှင် အာရုန်​နှင့်​အလားတူ​မ​ဟုတ်​ဘဲ မေလခိဇေဒက်​နှင့်​အလားတူ​သည့် အခြား​သော​ယဇ်ပုရောဟိတ်​ပေါ်ထွန်း​ရန် အဘယ်ကြောင့်​လိုအပ်​သေး​သနည်း။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 12,
      "text": "ယဇ်ပုရောဟိတ်​အရိုက်အရာ​၌ ပြောင်းလဲ​ခြင်း​ရှိ​လျှင် ပညတ်​တရား​၌​လည်း ပြောင်းလဲ​ခြင်း​ရှိ​ရန်​လိုအပ်​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 13,
      "text": "အကြောင်းမူကား အထက်​ပါ​အကြောင်းအရာ​များ​က ရည်ညွှန်း​ထား​သော​အရှင်​သည် ယဇ်ပလ္လင်​အမှု​ကို​မ​ဆောင်ရွက်​ဖူး​သော​အခြား​မျိုးနွယ်စု​နှင့်​စပ်ဆိုင်​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 14,
      "text": "ငါ​တို့​၏​သခင်​သည် ယုဒ​အနွယ်​မှ​ပေါ်ထွန်း​တော်မူ​ကြောင်း သိသာ​ထင်ရှား​၏။ မောရှေ​သည် ထို​အနွယ်​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​နှင့်​စပ်ဆိုင်​သည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​ခဲ့​ပေ။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 15,
      "text": "ထို့ပြင် မေလခိဇေဒက်​နှင့်​တူ​သော အခြား​ယဇ်ပုရောဟိတ်​တစ်​ပါး​ပေါ်ထွန်း​သည်​ဆို​လျှင် ဤ​အကြောင်းအရာ​သည် ပို၍​သိသာ​ထင်ရှား​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 16,
      "text": "ထို​အရှင်​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ညွှန်ကြား​ချက်​ဖြစ်​သည့် ပညတ်​တရား​အားဖြင့်​မ​ဟုတ်​ဘဲ မ​ပျက်စီး​နိုင်​သော​အသက်​နှင့်ဆိုင်သည့်​တန်ခိုး​တော်​အားဖြင့် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 17,
      "text": "အကြောင်းမူကား “သင်​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏”​ဟု သက်သေခံ​ထား​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 18,
      "text": "ယခင်​ပညတ်​ချက်​သည် အားနည်း​၍ အကျိုး​မ​ပေး​နိုင်​သောကြောင့် ပယ်ဖျက်​ခြင်း​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 19,
      "text": "အဘယ်ကြောင့်ဆိုသော် ပညတ်​တရား​သည် မည်သည့်​အရာ​ကို​မျှ မ​စုံလင်​စေ​ခဲ့​ချေ။ သို့သော် ယခု​အခါ သာ၍​မြတ်​သော​မျှော်လင့်​ခြင်း​ရောက်ရှိ​လာ​သဖြင့် ငါ​တို့​သည် ထို​မျှော်လင့်​ခြင်း​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 20,
      "text": "ထိုမျှမက ဤ​အမှုအရာ​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ​ဖြစ်လာ​သည်​မ​ဟုတ်။ အကြောင်းမူကား အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် ကတိ​သစ္စာ​ပြု​ခြင်း​မ​ပါ​ဘဲ ယဇ်ပုရောဟိတ်​များ​ဖြစ်​လာ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 21,
      "text": "ကိုယ်တော်​မူကား “ ‘သင်​သည် ထာဝရ​ယဇ်ပုရောဟိတ်​ဖြစ်​၏’​ဟု ထာဝရ​ဘုရား​တိုင်တည်​၍​မိန့်​တော်မူ​သည်​ဖြစ်​သောကြောင့် စိတ်​တော်​ပြောင်းလဲ​မည်​မ​ဟုတ်” ​ဟူ၍ ကတိ​သစ္စာ​ပြု​လျက် ကိုယ်တော်​အား​မိန့်​တော်မူ​သော​အရှင်​အားဖြင့် ယဇ်ပုရောဟိတ်​ဖြစ်လာ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 22,
      "text": "ဤသို့ဖြင့် ယေရှု​သည် သာ၍​မြတ်​သော​ပဋိညာဉ်​၏​အာမခံ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 23,
      "text": "အခြား​သော​ယဇ်ပုရောဟိတ်​တို့​သည် သေ​ခြင်း​တရား​ကြောင့် တာဝန်​ကို​ဆက်လက်​၍​မ​ထမ်းဆောင်​နိုင်​ကြ​သဖြင့် များစွာ​သော​သူ​တို့​သည် ယဇ်ပုရောဟိတ်​ဖြစ်လာ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 24,
      "text": "ကိုယ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​တော်မူ​သည်​ဖြစ်၍ မ​ပြောင်းလဲ​သော​ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရရှိ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 25,
      "text": "ထို့ကြောင့် ကိုယ်တော်​သည် မိမိ​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို အပြည့်အဝ​ကယ်တင်​နိုင်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် သူ​တို့​အတွက် အသနားခံ​ပေး​ရန် အစဉ်အမြဲ​အသက်ရှင်​လျက်​ရှိ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 26,
      "text": "ထိုသို့​သန့်ရှင်း​၍ အပြစ်​နှင့်​ညစ်ညူး​ခြင်း​တို့​ကင်းစင်​လျက် အပြစ်သား​တို့​နှင့်​ခွဲခြား​ထား​ခြင်း​ခံရ​ကာ ကောင်းကင်​တို့​ထက် မြင့်မား​စွာ​ချီးမြှောက်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​အတွက်​သင့်လျော်​ပေ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 27,
      "text": "အခြား​သော​ယဇ်ပုရောဟိတ်​မင်း​တို့​သည် ဦးစွာ မိမိ​တို့​အပြစ်​များ​အတွက်၊ ထို့နောက် လူ​တို့​၏​အပြစ်​များ​အတွက် နေ့စဉ် ယဇ်​ပူဇော်​သကဲ့သို့ ကိုယ်တော်​သည် ယဇ်​ပူဇော်​ရန်​မ​လိုအပ်​ပေ။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​တစ်ကြိမ်တည်း​နှင့်​အပြီး​ပူဇော်​ခြင်း​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 28,
      "text": "ပညတ်​တရား​သည် အားနည်း​သော​လူသား​တို့​ကို ယဇ်ပုရောဟိတ်​မင်း​အရာ​၌​ခန့်ထား​၏။ သို့သော် ပညတ်​တရား​နောက်၌​လာ​သော ကတိ​သစ္စာ​စကား​သည် ကာလ​အစဉ်အဆက်​ပြည့်စုံ​တော်မူ​သော​သား​တော်​ကို ခန့်ထား​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 1,
      "text": "ငါ​တို့​ပြောဆို​နေ​သော အကြောင်းအရာ​များ​၏​အဓိက​အချက်​ဟူမူကား ငါ​တို့​၌ ဤသို့​သော​ယဇ်ပုရောဟိတ်​မင်း​ရှိ​သည်​ဟူ၍​ဖြစ်​၏။ ကိုယ်တော်​သည် ကောင်းကင်​ဘုံ​ရှိ ဘုန်းတန်ခိုး​ရှင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​လျက်"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 2,
      "text": "လူ​က​မ​ဟုတ်​ဘဲ ထာဝရ​ဘုရား​က​တည်ဆောက်​တော်မူ​သော စစ်မှန်​သည့်​တဲ​တော်​နှင့် သန့်ရှင်း​ရာ​ဌာန​၏​အမှု​ကို​ထမ်းဆောင်​သူ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 3,
      "text": "ယဇ်ပုရောဟိတ်​မင်း​အားလုံး​သည် ပူဇော်သက္ကာ​နှင့်​ယဇ်​တို့​ကို​ပူဇော်​ရန် ခန့်ထား​ခြင်း​ခံရ​သည်​ဖြစ်၍ ဤ​ယဇ်ပုရောဟိတ်​မင်း​သည်​လည်း ပူဇော်​စရာ​တစ်စုံတစ်ခု​ရှိ​ရန်​လိုအပ်​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 4,
      "text": "ကိုယ်တော်​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​ရှိ​ခဲ့​လျှင် ပညတ်​တရား​အရ ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​များ​ရှိ​နေ​ကြ​သည်​ဖြစ်၍ ယဇ်ပုရောဟိတ်​ဖြစ်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 5,
      "text": "မောရှေ​သည် တဲ​တော်​ကို​ဆောက်လုပ်​မည်​ပြု​စဉ်​က “အလုံးစုံ​တို့​ကို တောင်​ပေါ်တွင် သင့်​အား ငါ​ပြ​ခဲ့​သည့်​စံနမူနာ​အတိုင်း​ပြုလုပ်​ရန် သတိပြု​လော့” ​ဟူသော​ဗျာဒိတ်​တော်​ကို​ရ​သည့်​နည်းတူ ထို​သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​များ​၏​နမူနာ​ပုံရိပ်​နှင့်ဆိုင်သော​ဝတ်​ကို ပြု​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 6,
      "text": "သို့သော် ယခု​အခါ ကိုယ်တော်​သည် သာ၍​မြတ်​သော​ကတိ​တော်​များ​အပေါ်​အခြေခံ​ထား​သည့် သာ၍​မြတ်​သော​ပဋိညာဉ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​သည်​နှင့်အညီ သာ၍​ထူးမြတ်​သော​အမှု​တော်​ကို​ရရှိ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 7,
      "text": "အကြောင်းမူကား ပထမ​ပဋိညာဉ်​၌ အပြစ်တင်​စရာ​မ​ရှိ​ခဲ့​လျှင် ဒုတိယ​ပဋိညာဉ်​သည် လိုအပ်​စရာ​အကြောင်း​ရှိ​ခဲ့​မည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 8,
      "text": "သို့သော် ဘုရားသခင်​သည် သူ​တို့​ကို​အပြစ်တင်​၍ “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​ကား ကြည့်ရှု​လော့။ အစ္စရေး​အမျိုး​နှင့်​လည်းကောင်း၊ ယုဒ​အမျိုး​နှင့်​လည်းကောင်း ပဋိညာဉ်​သစ်​ကို ငါ​ပြု​မည့်​နေ့ရက်​များ​ကျရောက်​တော့မည်။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 9,
      "text": "ထို​ပဋိညာဉ်​သည် သူ​တို့​ဘိုးဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပဋိညာဉ်​နှင့်​တူ​လိမ့်မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပဋိညာဉ်​၌​မ​တည်​သောကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်လျူ​ရှု​ထား​၏”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 10,
      "text": "ထာဝရ​ဘုရား​က “ထို​နေ့ရက်​များ​နောက်တွင် အစ္စရေး​အမျိုး​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​အသိဉာဏ်​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​စိတ်နှလုံး​ပေါ်မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​ပြီး သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 11,
      "text": "သူ​တို့​အသီးသီး​သည် မိမိ​အမျိုးသား​ချင်း​နှင့် မိမိ​ညီအစ်ကို​ချင်း​အား ‘ထာဝရ​ဘုရား​ကို​သိ​လော့’​ဟု သင်ပေး​ရ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​အပေါင်း​တို့​သည် ငါ့​ကို​သိကျွမ်း​ကြ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 12,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​၏​မတရားမှု​များ​အပေါ်​ကရုဏာ​ထား​၍ သူ​တို့​၏​အပြစ်​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 13,
      "text": "ဘုရားသခင်​သည် “ပဋိညာဉ်​သစ်”​ဟု မိန့်​တော်မူ​ခြင်း​အားဖြင့် ပထမ​ပဋိညာဉ်​ကို ဟောင်းနွမ်း​စေ​တော်မူ​၏။ ကြာညောင်း​၍ ဟောင်းနွမ်း​သော​အရာ​သည် မကြာမီ​ပျောက်ကွယ်​သွား​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 1,
      "text": "ပထမ​ပဋိညာဉ်​တွင်​လည်း ဝတ်ပြု​ခြင်း​ဆိုင်ရာ​ပြဋ္ဌာန်း​ချက်​များ​နှင့် လောက​၌​ရှိ​သော​သန့်ရှင်း​ရာ​ဌာန​ပါ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 2,
      "text": "အကြောင်းမူကား တဲ​တော်​ကို​ပြင်ဆင်​ရာ​တွင် သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော ပထမ​အခန်း​ထဲ၌ ဆီမီးခုံ၊ စားပွဲ​နှင့် ရှေ့​တော်​မုန့်​တို့​ကို​ထား​ရှိ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 3,
      "text": "ဒုတိယ​ကန့်လန့်ကာ​၏​နောက်တွင်​မူကား အလွန်​သန့်ရှင်း​ရာ​ဌာန​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 4,
      "text": "၎င်း​ထဲတွင် နံ့သာပေါင်း​မီးရှို့​ရာ​ရွှေ​ယဇ်ပလ္လင်​နှင့် မျက်နှာပြင်​အဘက်ဘက်​၌ ရွှေ​ဖြင့်​မွမ်းမံ​ထား​သော​ပဋိညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အဖူး​ထွက်​သော​အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​တို့​ရှိ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 5,
      "text": "ထို​သေတ္တာ​ပေါ်တွင် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ခေရုဗိမ်​တို့​သည် အသနားခံ​ရာ​ပလ္လင်​ကို အုပ်မိုး​ထား​ကြ​၏။ ဤ​အရာ​များ​အကြောင်း​ကို ယခု​အသေးစိတ်​ပြောပြ​၍ မ​ရ​နိုင်​ပေ။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 6,
      "text": "၎င်း​တို့​ကို ထိုသို့​ပြင်ဆင်​ပြီး​သောအခါ ယဇ်ပုရောဟိတ်​တို့​သည် တဲ​တော်​ပထမ​အခန်း​ထဲသို့ အစဉ်​ဝင်​၍ ဝတ်ပြု​ခြင်း​အမှု​များ​ကို​ဆောင်ရွက်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 7,
      "text": "ဒုတိယ​အခန်း​ထဲသို့​မူကား ယဇ်ပုရောဟိတ်​မင်း​တစ်ပါးတည်း​သာ တစ်​နှစ်​တစ်ကြိမ်​ဝင်​လေ​၏။ ထိုသို့​ဝင်​သောအခါ မိမိ​အတွက်​လည်းကောင်း၊ လူ​တို့​မ​သိ​နားမလည်​၍​ကျူးလွန်​မိ​သော​အပြစ်​များ​အတွက်​လည်းကောင်း ပူဇော်​သည့်​သွေး​မ​ပါ​ဘဲ​ဝင်​ခြင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 8,
      "text": "တဲ​တော်​ပထမ​အခန်း​တည်ရှိ​နေ​သရွေ့ အလွန်​သန့်ရှင်း​ရာ​ဌာန​သို့​ဝင်ရောက်​ရာ​လမ်း​သည် မ​ပွင့်​သေး​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဤ​အမှုအရာ​အားဖြင့် ဖော်ပြ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 9,
      "text": "ထို​တဲ​တော်​သည် ဤ​မျက်မှောက်​ကာလ​အတွက် ပုံ​ဥပမာ​ဖြစ်၍ ပူဇော်​သော​ပူဇော်သက္ကာ​နှင့်​ယဇ်​တို့​သည် ဝတ်ပြု​သူ​၏​အသိစိတ်​ကို​မ​စုံလင်​စေ​နိုင်​ကြောင်း ဖော်ပြ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 10,
      "text": "ထို​အရာ​တို့​သည် စားစရာ၊ သောက်​စရာ​နှင့် အထူးထူး​အပြားပြား​သော​ဆေးကြော​ခြင်း​ဝတ်​များ​နှင့်ဆိုင်​၍ အသစ်​ပြုပြင်​ရာ​ကာလ​တိုင်အောင် ထုံးဖွဲ့​ထား​သော ကိုယ်ကာယ​နှင့်ဆိုင်သည့် ပြဋ္ဌာန်း​ချက်​များ​သာ​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 11,
      "text": "သို့သော် ခရစ်တော်​သည် ရောက်ရှိ​လာ​ပြီး​ဖြစ်​သည့် ကောင်း​သော​အရာ​များ​နှင့်ဆိုင်သော ယဇ်ပုရောဟိတ်​မင်း​အဖြစ်​ကြွလာ​တော်မူ​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သည်​မ​ဟုတ်၊ တစ်နည်းဆိုသော် ဤ​ဖန်ဆင်း​ခံ​လောက​မှ​မ​ဟုတ်​သော ပို၍​ကြီးမြတ်​ပြီး ပို၍​စုံလင်​သည့်​တဲ​တော်​မှ​တစ်ဆင့်"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 12,
      "text": "ဆိတ်​နှင့်​နွားသငယ်​တို့​၏​သွေး​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​သွေး​တော်​အားဖြင့် သန့်ရှင်း​ရာ​ဌာန​ထဲသို့ တစ်ကြိမ်တည်း​နှင့်​အပြီး​ဝင်​တော်မူ​၍ ထာဝရ​ရွေးနုတ်​ကယ်တင်​ခြင်း​အကျိုး​ကို သက်ရောက်​စေ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 13,
      "text": "အကြောင်းမူကား ညစ်ညူး​ခြင်း​ရှိ​သော​သူ​တို့​အပေါ်​ပက်ဖျန်း​သော ဆိတ်​သွေး၊ နွားလား​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​သည် ကိုယ်ကာယ​ကို​စင်ကြယ်​စေ​၍ သူ​တို့​ကို​သန့်ရှင်း​စေ​သည်​ဆိုလျှင်"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 14,
      "text": "ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 15,
      "text": "ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 16,
      "text": "သေတမ်းစာ​ကို​တင်ပြ​ရာ​တွင် ထို​သေတမ်းစာ​ကို​ရေး​ထား​သူ သေဆုံး​ပြီ​ဖြစ်​ကြောင်း အထောက်အထား​ပြ​ရန်​လိုအပ်​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 17,
      "text": "အကြောင်းမူကား သေတမ်းစာ​သည် ၎င်း​ကို​ရေး​ထား​သူ​အသက်ရှင်​နေ​စဉ် အကျုံး​မ​ဝင်၊ ထို​သူ​သေဆုံး​မှ​သာ အတည်​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 18,
      "text": "ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 19,
      "text": "အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 20,
      "text": "“ဤသည်ကား သင်​တို့​အား ဘုရားသခင်​ပညတ်​တော်မူ​သည့် ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​ဖြစ်​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 21,
      "text": "ထို့နောက် တဲ​တော်​နှင့်တကွ ဝတ်ပြု​ရာ​တွင်​အသုံးပြု​သော​ပစ္စည်း​ရှိသမျှ​တို့​ကို​လည်း ထိုနည်းတူ​သွေး​နှင့် ပက်ဖျန်း​လေ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 22,
      "text": "ပညတ်​တရား​အရ အရာ​အားလုံး​နီးပါး​သည် သွေး​အားဖြင့်​စင်ကြယ်​စေ​ရ​၏။ သွေး​သွန်းလောင်း​ခြင်း​မ​ရှိ​လျှင် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ဟူ၍​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 23,
      "text": "ထို့ကြောင့် ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​တို့​၏​နမူနာ​များ​ကို အဆိုပါ​အရာ​များ​အားဖြင့် စင်ကြယ်​စေ​ရန်​လိုအပ်​၏။ သို့သော် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​အစစ်​တို့​ကို​မူကား ထို​အရာ​များ​ထက် သာ၍​မြတ်​သော​ယဇ်​အားဖြင့် စင်ကြယ်​စေရန်​လိုအပ်​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 24,
      "text": "အကြောင်းမူကား ခရစ်တော်​သည် စစ်မှန်​သော​အရာ​၏​ပုံတူ​မျှသာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်ဆောက်​သော​သန့်ရှင်း​ရာ​ဌာန​ထဲသို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်စား ယခု ဘုရားသခင်​၏​ရှေ့​တော်​၌​ထင်ရှား​တော်မူ​ရန် ကောင်းကင်​ထဲသို့​ဝင်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 25,
      "text": "ယဇ်ပုရောဟိတ်​မင်း​သည် ကိုယ့်​သွေး​မ​ဟုတ်​သော​သွေး​ဖြင့် နှစ်စဉ်နှစ်တိုင်း သန့်ရှင်း​ရာ​ဌာန​ထဲသို့​ဝင်​သကဲ့သို့ ကိုယ်တော်​သည် မိမိကိုယ်ကို​အကြိမ်ကြိမ်​ပူဇော်​ရန်​မ​လို​ပေ။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 26,
      "text": "ထိုသို့​ပူဇော်​ရ​လျှင် ကမ္ဘာ​တည်​ချိန်​မှစ၍ ဒုက္ခ​ဝေဒနာ​ကို အကြိမ်ကြိမ်​ခံစား​ရ​ပေ​လိမ့်မည်။ ယခု​မူကား မိမိ​ကိုယ်​ကို​ပူဇော်​ခြင်း​အားဖြင့် အပြစ်​တရား​ကို​ပယ်ဖျက်​ရန် ကပ်​ကာလ​အဆုံး​၌ တစ်ကြိမ်တည်း​ပေါ်ထွန်း​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 27,
      "text": "လူ​တို့​သည် တစ်ကြိမ်တည်း​သေ​၍ သေ​ပြီး​သည့်​နောက် တရား​စီရင်​ခြင်း​ကို​ခံရ​သကဲ့သို့"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 28,
      "text": "ခရစ်တော်​သည်​လည်း များစွာ​သော​လူ​တို့​၏​အပြစ်​များ​ကို​ဆောင်ယူ​သွား​ရန် မိမိ​ကိုယ်​ကို​တစ်ကြိမ်တည်း​ပူဇော်​ပြီးမှ ဒုတိယ​အကြိမ်​၌​ကား အပြစ်​အတွက်​မ​ဟုတ်​ဘဲ မိမိ​ကို​စောင့်မျှော်​နေ​သော​သူ​တို့​အား ကယ်တင်​ရန်​အတွက် ပေါ်ထွန်း​တော်မူ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 1,
      "text": "ပညတ်​တရား​သည် နောင်​လာ​မည့်​ကောင်း​သော​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံသဏ္ဌာန်​အစစ်အမှန်​မ​ဟုတ်​သောကြောင့် နှစ်စဉ် အမြဲမပြတ်​ပူဇော်​နေ​သည့် တူညီ​သော​ယဇ်​များ​အားဖြင့် အထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို မ​စုံလင်​စေ​နိုင်​ပေ။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 2,
      "text": "အကယ်၍ စုံလင်​စေ​နိုင်​ခဲ့​လျှင် ဝတ်ပြု​သော​သူ​တို့​သည် တစ်ခါတည်း​နှင့် စင်ကြယ်​ခြင်း​သို့​ရောက်​လျက် အပြစ်​ရှိ​သည်​ဟူသော​အသိစိတ်​မ​ရှိ​တော့​သဖြင့် ယဇ်​ပူဇော်​ခြင်း​ကို​ရပ်တန့်​ကြ​လိမ့်မည်​မ​ဟုတ်​လော။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 3,
      "text": "သို့သော် ထိုသို့​ယဇ်​ပူဇော်​ခြင်း​အားဖြင့် အပြစ်​များ​ကို​နှစ်စဉ် ပြန်လည်​အောက်မေ့​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 4,
      "text": "အကြောင်းမူကား နွားလား​နှင့်​ဆိတ်​တို့​၏​သွေး​သည် အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​ပေ။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 5,
      "text": "ထို့ကြောင့် ခရစ်တော်​သည် ဤ​လောက​သို့​ကြွလာ​သောအခါ “ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​တို့​ကို​အလို​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ကိုယ်ခန္ဓာ​ကို​ပြင်ဆင်​ထား​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 6,
      "text": "ကိုယ်တော်​သည် မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို နှစ်သက်​တော်​မ​မူ။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 7,
      "text": "ထိုအခါ အကျွန်ုပ်​က ‘ကျမ်း​စာအုပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏​ဘုရား’​ဟု လျှောက်​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 8,
      "text": "ပထမ​အနေဖြင့် “ကိုယ်တော်​သည် ပညတ်​တရား​အရ​ပူဇော်​သော​အရာ​များ​တည်းဟူသော ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​များ၊ မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​များ​ကို အလို​မ​ရှိ။ နှစ်သက်​တော်မူ​ခြင်း​လည်း​မ​ရှိ”​ဟု ဆို​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 9,
      "text": "ထို့နောက် “ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ဒုတိယ​ပူဇော်​ခြင်း​ကို​တည်​စေရန် ပထမ​ပူဇော်​ခြင်း​ကို ပယ်ဖျက်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 10,
      "text": "ထို​အလို​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်​ခြင်း​အားဖြင့် ငါ​တို့​သည် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 11,
      "text": "ယဇ်ပုရောဟိတ်​အားလုံး​သည် နေ့စဉ်​ရပ်​လျက် ဝတ်ပြု​ကာ အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​သည့် တူညီ​သော​ယဇ်​ကို အကြိမ်ကြိမ်​ပူဇော်​နေ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 12,
      "text": "သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက်"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 13,
      "text": "မိမိ​၏​ရန်သူ​တို့​သည် မိမိ​ခြေ​တင်​ခုံ​အဖြစ်​ချ​ထား​ခြင်း​ခံရ​သည့်​တိုင်အောင် စောင့်ဆိုင်း​နေ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 14,
      "text": "အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 15,
      "text": "သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​အား​သက်သေခံ​၍"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 16,
      "text": "“ထာဝရ​ဘုရား​က ‘ထို​နေ့ရက်​များ​နောက်တွင် သူ​တို့​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​စိတ်နှလုံး​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​အသိဉာဏ်​ပေါ်မှာ ရေး​ထား​မည်’​ဟု မိန့်​တော်မူ​၏”​ဟူ၍ မြွက်ဆို​ပြီးနောက်"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 17,
      "text": "တစ်ဖန် “ငါ​သည် သူ​တို့​၏​အပြစ်​များ​နှင့်​တရားမဲ့​ခြင်း​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မြွက်ဆို​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 18,
      "text": "ထိုသို့ အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ရှိ​သည့်​နေရာ​တွင် အပြစ်​အတွက်​ပူဇော်သက္ကာ​မ​လိုအပ်​တော့​ပေ။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 19,
      "text": "ထို့ကြောင့် ညီအစ်ကို​တို့၊ ငါ​တို့​သည် ယေရှု​၏​သွေး​တော်​အားဖြင့် အလွန်​သန့်ရှင်း​ရာ​ဌာန​ထဲသို့ ယုံကြည်​စိတ်ချ​စွာ​ဖြင့်​ဝင်ခွင့်​ရှိ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 20,
      "text": "ထို​သွေး​တော်​အားဖြင့် ကိုယ်တော်​သည် မိမိ​ကိုယ်ကာယ​တည်းဟူသော ကန့်လန့်ကာ​မှတစ်ဆင့် ငါ​တို့​အတွက် အသက်ရှင်​သည့်​လမ်း​သစ်​ကို ပြင်ဆင်​ပေး​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 21,
      "text": "ထိုမျှမက ငါ​တို့​၌ ဘုရားသခင်​၏​အိမ်​တော်​ကို​အုပ်စိုး​သည့် ကြီးမြတ်​သော​ယဇ်ပုရောဟိတ်​ရှိ​သည်​ဖြစ်၍"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 22,
      "text": "ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 23,
      "text": "ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ငါ​တို့​ဝန်ခံ​သော​မျှော်လင့်​ခြင်း​ကို စွဲကိုင်​ထား​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 24,
      "text": "ထို့ပြင် မေတ္တာ​ထား​ရန်​နှင့် ကောင်း​သော​အမှု​ကို​ပြု​ရန် အချင်းချင်း​မည်ကဲ့သို့​တိုက်တွန်း​နှိုးဆော်​ရ​မည်​ကို ဆင်ခြင်​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 25,
      "text": "အချို့​သော​သူ​တို့​ပြုလေ့​ရှိ​သကဲ့သို့ အတူတကွ​စည်းဝေး​ခြင်း​အမှု​ကို မ​ပစ်ပယ်​ဘဲ အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ နေ့ရက်​တော်​နီးကပ်​လာ​သည်​ကို​တွေ့မြင်​ရ​သည်​နှင့်အမျှ ပို၍​ထိုသို့​ပြု​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 26,
      "text": "အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​နှင့်ဆိုင်သည့် စစ်မှန်​သော​အသိပညာ​ကို​ရရှိ​ပြီးမှ တမင်တကာ ဆက်၍​အပြစ်​ပြု​ကြ​လျှင် အပြစ်​ဖြေ​ရာ​ယဇ်​ဟူ၍ မ​ရှိ​တော့​ဘဲ"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 27,
      "text": "တရား​စီရင်​ခြင်း​ကို​လည်းကောင်း၊ ဆန့်ကျင်​သော​သူ​တို့​ကို​ဝါးမျို​မည့် အမျက်​တော်​မီး​ကို​လည်းကောင်း ကြောက်ရွံ့​လျက် စောင့်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 28,
      "text": "မောရှေ​၏​ပညတ်​တရား​ကို​ငြင်းပယ်​သော​သူ​သည် သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​သက်သေခံ​ချက်​အားဖြင့် သက်ညှာ​ခြင်း​မ​ရှိ​ဘဲ သေဒဏ်​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 29,
      "text": "သို့ဖြစ်လျှင် ဘုရားသခင်​၏​သား​တော်​ကို​နင်းချေ​၍ မိမိ​အား​သန့်ရှင်း​စေ​သော​ပဋိညာဉ်​ဆိုင်ရာ​သွေး​တော်​ကို မစင်ကြယ်​သည့်​အရာ​ဟု မှတ်ယူ​လျက် ကျေးဇူး​တော်​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို မထီမဲ့မြင်​ပြု​သော​သူ​သည် မည်မျှလောက် ပို၍​ကြီးလေး​သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သနည်း။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 30,
      "text": "အကြောင်းမူကား “လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်” ​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​သည် မိမိ​လူမျိုး​တို့​ကို တရား​စီရင်​တော်မူ​မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 31,
      "text": "အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​လက်​တော်​သို့​ကျရောက်​ခြင်း​သည် ကြောက်မက်​ဖွယ်​ကောင်း​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 32,
      "text": "သင်​တို့​သည် အလင်း​သို့​ရောက်​ပြီး​သည့်​နောက် ဒုက္ခ​ဝေဒနာ​ကို​ခံစား​လျက် ပြင်းထန်​သော​တိုက်ခိုက်​မှု​ကို​သည်းခံ​ခဲ့​သည့် ယခင်​နေ့ရက်​များ​ကို သတိရ​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 33,
      "text": "တစ်ခါတစ်ရံ သင်​တို့​သည် လူ​တို့​ရှေ့၌ ကဲ့ရဲ့​ပြစ်တင်​ခြင်း​နှင့်​နှိပ်စက်​ခြင်း​တို့​ကို​ခံရ​ကြ​၍ တစ်ခါတစ်ရံ ထိုသို့​ပြုကျင့်​ခံရ​သော​သူ​တို့​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 34,
      "text": "သင်​တို့​သည် အကျဉ်းသား​တို့​အပေါ် စာနာ​စိတ်​ရှိ​ကြ​သည်​သာမက သာ၍​မြတ်​ပြီး တည်မြဲ​သော​အရာ​ကို မိမိ​တို့​ပိုင်ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မတရား​လုယူ​ခြင်း​ခံရ​သော်လည်း ဝမ်းမြောက်​စွာ​သည်းခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 35,
      "text": "ထို့ကြောင့် ကြီးမြတ်​သော​အကျိုးကျေးဇူး​ရှိ​သည့် သင်​တို့​၏​ယုံကြည်​စိတ်ချ​မှု​ကို မ​စွန့်လွှတ်​ကြ​နှင့်။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 36,
      "text": "ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​ပြီး ကတိ​တော်​ကို​ခံစား​ရရှိ​နိုင်​ရန် သင်​တို့​၌​လိုအပ်​သော​အရာ​မှာ သည်းခံ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 37,
      "text": "အကြောင်းမူကား “ကြွလာ​တော်မူ​မည့်​အရှင်​သည် ကြန့်ကြာ​ခြင်း​မ​ရှိ​ဘဲ မကြာမီ​ကြွလာ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 38,
      "text": "ငါ​၏​ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့်​အသက်ရှင်​မည်။ သူ​သည် တွန့်ဆုတ်​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် သူ့​ကို​နှစ်သက်​မည်​မ​ဟုတ်” ​ဟူ၍ ဖော်ပြ​ထား​၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 39,
      "text": "သို့သော် ငါ​တို့​သည် တွန့်ဆုတ်​လျက် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံကြည်​လျက် အသက်​ကို​ပိုင်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 1,
      "text": "ယုံကြည်​ခြင်း​ဆို​သည်​မှာ မျှော်လင့်​ထား​သော​အရာ​များ​အပေါ်​စိတ်ချ​မှု​ရှိ​ခြင်း၊ မ​မြင်​ရ​သော​အရာ​တို့​အမှန်တကယ်​ရှိ​သည်​ဟု​မှတ်ယူ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 2,
      "text": "ရှေး​လူကြီး​တို့​သည် ဤ​ယုံကြည်​ခြင်း​ကြောင့် ချီးကျူး​ခံရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 3,
      "text": "ဤ​လောကဓာတ်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ယခု​မြင်​ရ​သော​အရာ​သည် ထင်ရှား​လျက်​ရှိ​သော​အရာ​များ​မှ​ဖြစ်လာ​သည်​မ​ဟုတ်​ကြောင်း ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​သိ​ရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 4,
      "text": "ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 5,
      "text": "ယုံကြည်​ခြင်း​အားဖြင့် ဧနောက်​သည် သေ​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ဘဝ​ပြောင်း​ခွင့်​ရ​၏။ ဘုရားသခင်​သည် သူ့​အား​ဘဝ​ပြောင်း​စေ​တော်မူ​သောကြောင့် သူ့​ကို​မ​တွေ့​ရ​ကြ​တော့ချေ။ သူ​သည် ဘဝ​မ​ပြောင်း​မီ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​ဖြစ်​ကြောင်း အသိအမှတ်​ပြု​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 6,
      "text": "ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 7,
      "text": "နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 8,
      "text": "အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 9,
      "text": "သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ကတိ​ထား​တော်မူ​သော​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့ ဧည့်သည်​အဖြစ်​နေထိုင်​၍ တစ်ခုတည်း​သော​ကတိ​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​များ​ဖြစ်​ကြ​သော ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ တဲ​များ​တွင်​နေထိုင်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 10,
      "text": "အကြောင်းမူကား သူ​သည် ဘုရားသခင်​ရေးဆွဲ​စီမံ​၍ တည်ဆောက်​တော်မူ​သော ခိုင်ခံ့​သည့်​အုတ်မြစ်​ရှိ​သော​မြို့​ကို မျှော်လင့်​နေ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 11,
      "text": "ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 12,
      "text": "ဤသို့ဖြင့် ကောင်းကင်​ကြယ်​များ​ကဲ့သို့​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​မှ မ​ရေတွက်​နိုင်​သော​သဲပွင့်​များ​ကဲ့သို့​လည်းကောင်း များစွာ​သော​သူ​တို့​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံမှ ပေါက်ဖွား​လာ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 13,
      "text": "ထို​သူ​အပေါင်း​တို့​သည် ကတိ​ပေး​တော်မူ​သော​အရာ​များ​ကို မ​ခံစား​ရ​သော်လည်း ၎င်း​တို့​ကို အဝေး​မှ​လှမ်းမြင်​၍ ကြိုဆို​လက်ခံ​ကာ မိမိ​တို့​သည် မြေကြီး​ပေါ်၌ အာဂန္တု​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​သာ​ဖြစ်​ကြောင်း ဝန်ခံ​လျက် ယုံကြည်​ရင်း​သေလွန်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 14,
      "text": "ထိုသို့​ဝန်ခံ​သော​သူ​တို့​သည် မိမိ​တို့​နေရင်း​ပြည်​ကို ကြိုးစား​ရှာဖွေ​နေ​ကြောင်း ထင်ရှား​စေ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 15,
      "text": "သူ​တို့​သည် မိမိ​တို့​ထွက်ခွာ​လာ​ခဲ့​သော​ပြည်​ကို သတိရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အခွင့်အခါ​ရှိ​ခဲ့​ပေ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 16,
      "text": "သို့သော် အမှန်​အားဖြင့် သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့်​ပြည်​တည်းဟူသော သာ၍​မြတ်​သော​ပြည်​ကို အလွန်​တောင့်တ​နေ​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​၏​ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို ရှက်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​အတွက် မြို့​တော်​ကို​ပြင်ဆင်​ထား​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 17,
      "text": "အာဗြဟံ​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​ကို​ပူဇော်​၏။ ကတိ​တော်​များ​ကို​ရရှိ​ထား​သော​သူ​သည် တစ်ဦးတည်း​သော​သား​ကို​ပူဇော်​ရန်​ပြင်ဆင်​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 18,
      "text": "ထို​သား​နှင့်​ပတ်သက်၍ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်” ​ဟု မြွက်ဆို​ထား​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 19,
      "text": "ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​ကို​ပင် ထမြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်ယူ​လျက် ထိုသို့​ပူဇော်​၏။ ပုံ​ဥပမာ​အဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲမှ ပြန်​ရ​ခဲ့​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 20,
      "text": "ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​သည် နောင်​ဖြစ်​မည့်​အရာ​များ​နှင့်​ပတ်သက်၍ ယာကုပ်​နှင့်​ဧသော​တို့​ကို ကောင်းချီး​ပေး​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 21,
      "text": "ယာကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် ယောသပ်​၏​သား​တစ်ဦးစီ​ကို ကောင်းချီး​ပေး​၍ မိမိ​တောင်ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိခိုး​လေ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 22,
      "text": "ယောသပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် အစ္စရေး​အမျိုးသား​တို့​၏​ထွက်မြောက်​ခြင်း​အကြောင်း​ကို ပြောပြ​လျက် မိမိ​၏​အရိုး​များ​နှင့်​ပတ်သက်၍ မှာကြား​ခဲ့​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 23,
      "text": "မောရှေ​ဖွားမြင်​သောအခါ အဆင်းလှ​သော​သူငယ်​ဖြစ်​ကြောင်း သူ​၏​မိဘ​တို့​မြင်​သဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 24,
      "text": "မောရှေ​သည် အရွယ်ရောက်​သောအခါ ဖာရော​ဘုရင်​သမီး​တော်​၏​သား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို​ငြင်းပယ်​၍"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 25,
      "text": "အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 26,
      "text": "သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 27,
      "text": "သူ​သည် မ​မြင်ရ​သော​အရှင်​ကို​မြင်​နေ​ရ​သကဲ့သို့ သည်းခံ​တည်ကြည်​ခဲ့​သည်​ဖြစ်၍ ရှင်ဘုရင်​၏​ပြင်းစွာ​သော​ဒေါသ​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အီဂျစ်​ပြည်​ကို​စွန့်ခွာ​ခဲ့​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 28,
      "text": "သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 29,
      "text": "အစ္စရေး​အမျိုးသား​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ပင်လယ်​နီ​ကို ခြောက်သွေ့​သော​မြေ​ကဲ့သို့​ဖြတ်​သွား​ကြ​၏။ ထိုနည်းတူ​ပြု​ရန် ကြံစည်​အားထုတ်​သော​အီဂျစ်​အမျိုးသား​တို့​သည် နစ်မြုပ်​ကြ​ကုန်​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 30,
      "text": "ယုံကြည်​ခြင်း​အားဖြင့် ဂျေရိခေါ​မြို့​ကို ခုနစ်​ရက်​တိုင်တိုင် ဝိုင်းရံ​လှည့်ပတ်​ကြ​ရာ မြို့ရိုး​သည်​ပြိုကျ​လေ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 31,
      "text": "ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 32,
      "text": "ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 33,
      "text": "ထို​သူ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် တိုင်း​နိုင်ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်မတ်​စွာ​အုပ်ချုပ်​ခြင်း၊ ကတိ​တော်​များ​ကို​ခံစား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 34,
      "text": "မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 35,
      "text": "မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 36,
      "text": "အချို့​သော​သူ​တို့​မူကား ကဲ့ရဲ့​ခြင်း၊ ကြိမ်ဒဏ်​ပေး​ခြင်း​တို့​ကို​ခံရ​သည်​သာမက ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ကြ​ရ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 37,
      "text": "သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်းဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံရ​ကြ​၍ ဆင်းရဲ​နွမ်းပါး​လျက်​၊ နှိပ်စက်​ခြင်း၊ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​တို့​ကို​ခံရ​လျက်​၊ သိုး​သားရေ၊ ဆိတ်​သားရေ​တို့​ကို​ဝတ်​လျက် လှည့်လှည်​ကြ​ရ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 38,
      "text": "ဤ​လောက​သည် ထို​သူ​တို့​နှင့်​မ​ထိုက်တန်​ချေ။ သူ​တို့​သည် တော​ကန္တာရ​များ၊ တောင်တန်း​များ၊ လိုဏ်ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်လည်​နေထိုင်​ကြ​ရ​၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 39,
      "text": "ဤ​သူ​အပေါင်း​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ချီးကျူး​ခံရ​ကြ​သော်လည်း ကတိ​ပေး​တော်မူ​သော​အရာ​ကို မ​ရရှိ​ခဲ့​ကြ​ချေ။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 40,
      "text": "ဘုရားသခင်​သည် ငါ​တို့​အတွက် သာ၍​မြတ်​သော​အရာ​ကို ကြိုတင်​ပြင်ဆင်​ပေး​တော်မူ​သည်​ဖြစ်​၍ သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံလင်​ခြင်း​သို့​မ​ရောက်​နိုင်​ရာ။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 1,
      "text": "ထို့ကြောင့် ဤမျှလောက်​များပြား​သော​သက်သေ​တို့​သည် ငါ​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အလွယ်တကူ​ငြိတွယ်​တတ်​သည့်​သဘော​ရှိ​သော အပြစ်​ရှိသမျှ​တို့​ကို ဖယ်ရှား​လျက် ငါ​တို့​ရှေ့၌​ပြင်ဆင်​ထား​သော​ပြေးပွဲ​ကို ဇွဲ​လုံ့လ​ဖြင့်​ပြေး​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 2,
      "text": "ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 3,
      "text": "ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 4,
      "text": "သင်​တို့​သည် အပြစ်​နှင့်​တိုက်ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်အောင် ခုခံ​တွန်းလှန်​ခြင်း​ကို​မ​ပြု​ကြ​ရ​သေး။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 5,
      "text": "ထို့ပြင် “ငါ့​သား၊ ထာဝရ​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်။ ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ စိတ်​မ​ပျက်​နှင့်။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 6,
      "text": "အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​တတ်​၏” ​ဟု သား​ကို​မိန့်​တော်မူ​သကဲ့သို့ သင်​တို့​အား​မိန့်​တော်မူ​သော တိုက်တွန်း​အားပေး​စကား​ကို သင်​တို့​မေ့လျော့​ကြ​ပြီ။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 7,
      "text": "ဘုရားသခင်​သည် သင်​တို့​ကို သား​ကဲ့သို့ ပြုမူ​ဆက်ဆံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို သည်းခံ​ကြ​ရ​မည်။ အကြောင်းမူကား ဖခင်​မ​ဆုံးမ မ​ပဲ့ပြင်​သော​သား​ဟူ၍​ရှိ​သလော။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 8,
      "text": "လူ​တိုင်း​ခံရ​သော​ဆုံးမ​ပဲ့ပြင်​ခြင်း​ကို သင်​တို့​မ​ခံရ​ဘဲ​နေ​လျှင် သင်​တို့​သည် သား​အရင်း​မ​ဟုတ်။ တရားမဝင်​သော​သား​များ​သာ​ဖြစ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 9,
      "text": "ထို့ပြင် ငါ​တို့​တွင် ဆုံးမ​ပဲ့ပြင်​ပေး​သော​လူသား​ဖခင်​ရှိ​၍ သူ​တို့​ကို ငါ​တို့​ရိုသေ​လေးစား​ကြ​သည်​ဆိုလျှင် ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​ကို ပို၍​ပင် နာခံ​ရ​မည်​မ​ဟုတ်​လော။ ထိုအခါ ငါ​တို့​သည် အသက်​ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 10,
      "text": "အကြောင်းမူကား လူသား​ဖခင်​တို့​သည် ကောင်း​သည်​ဟု မိမိ​တို့​ထင်မြင်​သည့်​အတိုင်း ခဏ​သာ​ဆုံးမ​ပဲ့ပြင်​တတ်​ကြ​၏။ ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​မူကား သူ​၏​သန့်ရှင်း​ခြင်း​၌ ငါ​တို့​ပါဝင်​ခံစား​ရ​မည့်​အကြောင်း ငါ​တို့​အကျိုး​ကို​ထောက်၍ ဆုံးမ​ပဲ့ပြင်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 11,
      "text": "ဆုံးမ​ပဲ့ပြင်​ခြင်း​ဟူသမျှ​သည် ခံရ​စဉ်​တွင် ဝမ်းမြောက်​စရာ​မ​ဟုတ်​ဘဲ ဝမ်းနည်း​စရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့သော် ထို​ဆုံးမပဲ့ပြင်​ခြင်း​အားဖြင့် လေ့ကျင့်​ပေး​ခြင်း​ခံရ​သော​သူ​တို့​သည် နောက်မှ ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့် ငြိမ်းချမ်း​သော​အကျိုးကျေးဇူး​ကို ပြန်လည်​ခံစား​ရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 12,
      "text": "ထို့ကြောင့် အားအင်​ကုန်ခန်း​နေ​သော​လက်​များ​နှင့် ချည့်နဲ့​နေ​သော​ဒူး​များ​ကို ပြန်လည်​ခိုင်ခံ့​စေ​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 13,
      "text": "ခြေ​မသန်စွမ်း​သူ​တို့​သည် အဆစ်​လွဲ​ခြင်း​မ​ရှိ​ဘဲ အကောင်းပကတိ​ဖြစ်​လာ​စေရန် သင်​တို့​၏​ခြေ​အတွက် ဖြောင့်​သော​လမ်း​တို့​ကို​ပြင်ဆင်​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 14,
      "text": "လူ​အပေါင်း​တို့​နှင့်​ငြိမ်းချမ်း​စွာ​နေထိုင်​ရန်​နှင့် သန့်ရှင်း​ခြင်း​ကို​ရရှိ​ရန် ကြိုးစား​ကြ​လော့။ သန့်ရှင်း​ခြင်း​မ​ရှိ​လျှင် မည်သူမျှ ထာဝရ​ဘုရား​ကို​ဖူးမြင်​ရ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 15,
      "text": "မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 16,
      "text": "တရားနှင့်မညီ​မေထုန်ပြု​သူ​၊ သို့မဟုတ် အစား​တစ်​နပ်​အတွက် မိမိ​၏​သားဦး​အရိုက်အရာ​ကို​ရောင်း​သည့် ဧသော​ကဲ့သို့ ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 17,
      "text": "အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း သူ​သည် နောက်မှ ကောင်းချီး​မင်္ဂလာ​ကို​အမွေ​ဆက်ခံ​လို​သော်လည်း ငြင်းပယ်​ခြင်း​ခံရ​၍ ၎င်း​ကို မျက်ရည်​ဖြင့်​ပြန်တောင်း​သော်လည်း နောင်တရ​သော​အခွင့်​ကို မ​ရရှိ​ခဲ့​ပေ။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 18,
      "text": "သင်​တို့​သည် တို့ထိ​စမ်းသပ်​နိုင်​သော​တောင်​တည်းဟူသော မီး​တောက်လောင်​ခြင်း၊ မှုန်မှိုင်း​ခြင်း၊ မှောင်မည်း​ခြင်း၊ မိုးသက်မုန်တိုင်း၊"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 19,
      "text": "တံပိုးမှုတ်သံ​နှင့် နှုတ်ကပတ်တော်​အသံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်းကပ်​ကြ​သည်​မ​ဟုတ်။ ထို​အသံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိမိ​တို့​အား ထပ်မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်းပန်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 20,
      "text": "အကြောင်းမူကား “တိရစ္ဆာန်​ပင် ထို​တောင်​ကို​ထိမိ​လျှင် ခဲ​နှင့်​ပေါက်​သတ်​ရ​မည်” ​ဟူသော​အမိန့်​တော်​ကို သူ​တို့​မ​ခံ​နိုင်​ခဲ့​ကြ​ချေ။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 21,
      "text": "ထို​မြင်ကွင်း​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​သဖြင့် မောရှေ​က “ငါ​သည် အလွန်​ကြောက်ရွံ့​လျက် တုန်လှုပ်​နေ​၏” ​ဟု ဆို​လေ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 22,
      "text": "သို့သော် သင်​တို့​သည် ဇိအုန်​တောင်​သို့​လည်းကောင်း၊ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော အထက်​ကောင်းကင်​အရပ်​ရှိ ဂျေရုဆလင်​မြို့​သို့​လည်းကောင်း၊ အတိုင်းမသိ​များစွာ​သော ကောင်းကင်​တမန်​တို့​စုဝေး​ရာ​အခမ်းအနား​သို့​လည်းကောင်း၊"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 23,
      "text": "ကောင်းကင်​ဘုံ​စာရင်း​ဝင်​သော သားဦး​တို့​၏​အသင်းတော်​သို့​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​တရား​စီရင်​တော်မူ​သော ဘုရားသခင်​ထံသို့​လည်းကောင်း၊ စုံလင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ထံသို့​လည်းကောင်း၊"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 24,
      "text": "ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 25,
      "text": "သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 26,
      "text": "ထိုစဉ်က ကိုယ်တော်​၏​အသံ​တော်​သည် မြေကြီး​ကို​တုန်လှုပ်​စေ​၏။ ယခု​မူကား ကိုယ်တော်​က “ငါ​သည် နောက်တစ်ဖန် မြေကြီး​ကို​သာမက​ဘဲ ကောင်းကင်​ကို​ပါ တုန်လှုပ်​စေ​မည်” ​ဟု ကတိ​ထား​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 27,
      "text": "“နောက်တစ်ဖန်”​ဟူသော​စကား​သည် မ​တုန်လှုပ်​နိုင်​သော​အရာ​တို့​ကို​တည်မြဲ​စေရန် ဖန်ဆင်း​ခြင်း​ခံရ​သည့် တုန်လှုပ်​တတ်​သော​အရာ​များ​ကို​ဖယ်ရှား​မည့်​အကြောင်း​ကို ဆိုလို​၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 28,
      "text": "ထို့ကြောင့် ငါ​တို့​သည် မ​တုန်လှုပ်​နိုင်​သော​နိုင်ငံ​တော်​ကို​ရရှိ​သည်​ဖြစ်၍ ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​စို့။ ထိုသို့ ကျေးဇူး​တော်​ချီးမွမ်း​လျက် ကြည်ညို​ခြင်း​နှင့်​ရိုသေ​ခန့်ညား​ခြင်း​တို့​ဖြင့် ဘုရားသခင်​နှစ်သက်​တော်မူ​သည့်​အတိုင်း ဝတ်ပြု​ကြ​ကုန်​စို့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 29,
      "text": "အကြောင်းမူကား ငါ​တို့​၏​ဘုရားသခင်​သည် လောင်ကျွမ်း​သော​မီး​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 1,
      "text": "ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ဆက်၍​တည်​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 2,
      "text": "ဧည့်ဝတ်​ပြု​ခြင်း​ကို မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား အချို့​တို့​သည် ထို​ဝတ်​ကို​ပြု​ခြင်း​အားဖြင့် ကောင်းကင်​တမန်​များ​ကို အမှတ်မထင်​ဧည့်ခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 3,
      "text": "အကျဉ်းသား​များ​ကို သူ​တို့​နှင့်အတူ​အချုပ်အနှောင်​ခံ​နေ​ရ​သကဲ့သို့ သတိရ​ကြ​လော့။ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​ခံရ​သော​သူ​တို့​ကို သင်တို့​လည်း မိမိ​ကိုယ်ခန္ဓာ​၌ ထိုနည်းတူ​ခံရ​သကဲ့သို့ သတိရ​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 4,
      "text": "မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 5,
      "text": "အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်” ​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 6,
      "text": "ထို့ကြောင့် “ထာဝရ​ဘုရား​သည် ငါ့​ကို​ကူညီမစ​တော်မူ​သော​အရှင်​ဖြစ်၍ ငါ​သည် ကြောက်ရွံ့​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို မည်သို့​ပြု​နိုင်​မည်နည်း” ​ဟု ငါ​တို့​သည် ယုံကြည်​စိတ်ချ​စွာ​ပြောဆို​ရ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 7,
      "text": "ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို သင်​တို့​အား​ဟောပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်းဆောင်​များ​ကို သတိရ​ကြ​လော့။ သူ​တို့​၏​အသက်ရှင်​နေထိုင်​မှု​မှ​ထွက်ပေါ်လာ​သည့် အကျိုးတရား​ကို​ကြည့်ရှု​ဆင်ခြင်​လျက် သူ​တို့​၏​ယုံကြည်​ခြင်း​ကို အတုယူ​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 8,
      "text": "ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့​နှင့် နောင်​ကာလ​အစဉ်အဆက် ပြောင်းလဲ​ခြင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 9,
      "text": "ထူးခြား​သော​သွန်သင်​ချက်​အမျိုးမျိုး​နောက်​သို့ လိုက်ပါ​မ​သွား​ကြ​နှင့်။ အကြောင်းမူကား စားစရာ​အားဖြင့်​မ​ဟုတ်​ဘဲ ကျေးဇူး​တော်​အားဖြင့် စိတ်နှလုံး​ကို​တည်မြဲ​စေ​ခြင်း​သည် ကောင်းမြတ်​ပေ​၏။ စားစရာ​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​သည် အကျိုး​ကို​မ​ရရှိ​ကြ​ပေ။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 10,
      "text": "ငါ​တို့​တွင် ယဇ်ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်ပလ္လင်​ပေါ်မှ​ပူဇော်သက္ကာ​ကို စား​ခွင့်​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 11,
      "text": "အကြောင်းမူကား ယဇ်ပုရောဟိတ်​မင်း​သည် ယဇ်ကောင်​တို့​၏​သွေး​ကို အပြစ်​ဖြေ​ရာ​ယဇ်​အဖြစ် သန့်ရှင်း​ရာ​ဌာန​ထဲသို့ ယူဆောင်​သွား​သော်လည်း ယဇ်ကောင်​တို့​၏​ကိုယ်​မူကား စခန်း​အပြင်​၌​မီးရှို့​ရ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 12,
      "text": "ထို့ကြောင့် ယေရှု​သည်​လည်း မိမိ​၏​သွေး​တော်​အားဖြင့် လူ​တို့​ကို​သန့်ရှင်း​စေ​ရန် မြို့​တံခါး​အပြင်​၌ ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 13,
      "text": "သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​ခံ​ခဲ့​သော​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ဆောင်ယူ​ပြီး စခန်း​အပြင်​သို့​ထွက်​၍ ကိုယ်တော်​ထံသို့ သွား​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 14,
      "text": "အကြောင်းမူကား ဤ​လောက​၌ ငါ​တို့​အတွက်​တည်မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုးစား​ရှာဖွေ​နေ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 15,
      "text": "ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 16,
      "text": "ကောင်း​သော​အမှု​ကို​ပြု​ခြင်း​နှင့် ဝေမျှ​ခြင်း​တို့​ကို​လည်း မ​မေ့လျော့​ကြ​နှင့်။ အကြောင်းမူကား ထိုသို့သော​ယဇ်​များ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 17,
      "text": "သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 18,
      "text": "ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 19,
      "text": "ငါ​သည် သင်​တို့​ထံသို့ လျင်မြန်​စွာ ပြန်ရောက်​နိုင်​မည့်​အကြောင်း ဆုတောင်း​ပေး​ရန် အထူး​မေတ္တာရပ်ခံ​ပါ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 20,
      "text": "ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 21,
      "text": "ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 22,
      "text": "ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ အကျဉ်းချုံး​ရေးသား​လိုက်​ခြင်း​သာ​ဖြစ်၍ ဤ​တိုက်တွန်း​အားပေး​စကား​ကို​လက်ခံ​ကြ​ရန် သင်​တို့​အား ငါ​တောင်းပန်​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 23,
      "text": "ငါ​တို့​ညီ​တိမောသေ​သည် လွတ်​လာ​ပြီ​ဖြစ်​ကြောင်း သင်​တို့​အား​သိ​စေ​လို​ပါ​၏။ သူ​သည် အမြန်​ရောက်လာ​လျှင် ငါ​သည် သူ​နှင့်အတူ သင်​တို့​ကို​လာ​တွေ့​မည်။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 24,
      "text": "သင်​တို့​၏​ခေါင်းဆောင်​အားလုံး​နှင့် သန့်ရှင်း​သူ​အားလုံး​ကို နှုတ်ဆက်​ပါ​၏။ အီတလီ​ပြည်​မှ​လာ​သော​သူ​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 25,
      "text": "ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 1,
      "text": "ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​၏​ကျွန် ငါ​ယာကုပ်​သည် အရပ်ရပ်​တို့​၌​ကွဲလွင့်​ပျံ့နှံ့​နေ​သော မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 2,
      "text": "ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် အမျိုးမျိုး​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့် ကြုံတွေ့​ရ​သောအခါ ဝမ်းမြောက်​စရာ​သက်သက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 3,
      "text": "အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 4,
      "text": "သင်​တို့​သည် မည်သည့်​ချို့တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်ကျက်​၍​ပြည့်စုံ​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ထို​သည်းခံ​ခြင်း​စုံလင်​သည့်​တိုင်အောင် ပြုစု​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 6,
      "text": "သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 7,
      "text": "ထို​သူ​သည် ထာဝရ​ဘုရား​ထံ​တော်​မှ တစ်စုံတစ်ခု​ကို​ရ​လိမ့်မည်​ဟု မ​ထင်မှတ်​စေ​နှင့်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 8,
      "text": "ထိုသို့​သော​သူ​သည် စိတ်နှစ်ခွ​ရှိ​၍ မိမိ​ပြု​လေ​သမျှ​တို့​၌ တည်ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 9,
      "text": "နိမ့်ပါး​သည့်​အခြေအနေ​၌​ရှိ​သော​ညီအစ်ကို​သည် မိမိ​ချီးမြှောက်​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 10,
      "text": "ချမ်းသာ​သော​သူ​သည် မိမိ​နှိမ့်ချ​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။ အကြောင်းမူကား ချမ်းသာ​သော​သူ​သည် မြက်​ပွင့်​ကဲ့သို့ ကွယ်ပျောက်​သွား​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 11,
      "text": "နေ​သည် အပူရှိန်​နှင့်တကွ​ထွက်လာ​သောအခါ မြက်​ပင်​ကို ညှိုးနွမ်း​ခြောက်သွေ့​စေ​တတ်​၏။ ထိုအခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်တယ်​သော​အဆင်း​သည်​ပျက်စီး​သွား​၏။ ထိုနည်းတူ ချမ်းသာ​သော​သူ​သည်​လည်း မိမိ​၏​စီးပွား​ရှာဖွေ​မှု​အလယ်​၌​ပင် မှေးမှိန်​ကွယ်ပျောက်​သွား​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 12,
      "text": "စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သည်းခံ​သော​သူ​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား စုံစမ်း​စစ်ဆေး​ခြင်း​ကို​အောင်မြင်​သောအခါ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော အသက်​သရဖူ​ကို ရ​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 13,
      "text": "ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံရ​သည့်​အခါ “ဘုရားသခင်​သည် ငါ့​ကို​ဖြားယောင်း​သွေးဆောင်​သည်”​ဟု မည်သူမျှ မ​ပြော​နှင့်။ အကြောင်းမူကား မကောင်းမှု​သည် ဘုရားသခင်​ကို မ​သွေးဆောင်​နိုင်​ရာ။ ကိုယ်တော်​သည်​လည်း မည်သူ့​ကို​မျှ ဖြားယောင်း​သွေးဆောင်​တော်​မ​မူ။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 14,
      "text": "လူ​သည် မိမိ​တပ်မက်​ခြင်း​၏​ဆွဲငင်​ရာ​သို့​လိုက်​ပါ​လျက် လှည့်ဖြား​ဆွဲဆောင်​ခြင်း​ခံရ​ကာ ဖြားယောင်း​သွေးဆောင်​ရာ​သို့ ရောက်​တတ်​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 15,
      "text": "ထိုအခါ တပ်မက်​ခြင်း​သည် သန္ဓေ​တည်​၍ အပြစ်​ကို​ဖွားမြင်​ပြီး အပြစ်​သည် ကြီးပြင်း​ရင့်မာ​သောအခါ သေ​ခြင်း​ကို​ဖြစ်ပွား​စေ​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 16,
      "text": "ငါ​ချစ်​သော​ညီအစ်ကို​တို့၊ အယူ​မ​လွဲ​ကြ​နှင့်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 17,
      "text": "ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 18,
      "text": "ကိုယ်တော်​သည် မိမိ​ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ငါ​တို့​ကို အသီးဦး​သဖွယ်​ဖြစ်​စေရန် အလို​တော်​ရှိ​သည့်​အတိုင်း သမ္မာတရား​၏​နှုတ်ကပတ်တော်​အားဖြင့် ငါ​တို့​ကို​ဖြစ်ပွား​စေ​တော်မူ​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 19,
      "text": "ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 20,
      "text": "အကြောင်းမူကား လူ​၏​အမျက်​ဒေါသ​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​ကို မ​ဖြစ်ထွန်း​စေ​နိုင်​ပေ။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 21,
      "text": "ထို့ကြောင့် ညစ်ညူး​ခြင်း​ရှိသမျှ​နှင့် ပြည့်လျှံ​ကဲလွန်​သော​မကောင်းမှု​တို့​ကို ဖယ်ရှား​၍ သင်​တို့​အထဲ၌ ထည့်သွင်း​ထား​သော​နှုတ်ကပတ်တော်​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့်​ခံယူ​ကြ​လော့။ ထို​နှုတ်ကပတ်တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​ကို ကယ်တင်​နိုင်​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 22,
      "text": "နှုတ်ကပတ်တော်​ကို လိုက်နာ​ကျင့်သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိမိတို့ကိုယ်ကို​လှည့်စား​၍ ကြားနာ​သူ​သက်သက်​မ​ဖြစ်​ကြ​နှင့်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 23,
      "text": "မည်သူမဆို နှုတ်ကပတ်တော်​ကို ကြားနာ​သော်လည်း လိုက်နာ​ကျင့်သုံး​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​၏​ပကတိ​မျက်နှာ​ကို မှန်​ထဲ၌​ကြည့်​သော​သူ​နှင့်​တူ​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 24,
      "text": "အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​ကြည့်​ပြီး ထွက်ခွာ​သွား​သည်​နှင့် မိမိ​သည် မည်သည့်​ပုံသဏ္ဌာန်​ရှိ​သည်​ကို ချက်ချင်း​မေ့လျော့​သွား​တတ်​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 25,
      "text": "သို့သော် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​စုံလင်​သည့်​တရား​တော်​ကို သေချာ​စွာ​ကြည့်ရှု​လျက် စောင့်ထိန်း​သော​သူ​သည် ကြားနာ​၍​မေ့လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်တွေ့​လိုက်နာ​ကျင့်သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိမိ​ပြု​သော​အမှု​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 26,
      "text": "တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ဘာသာ​တရား​ကိုင်းရှိုင်း​သူ​ဖြစ်​သည်​ဟု ထင်မှတ်​သော်လည်း မိမိ​လျှာ​ကို​မ​ချုပ်တည်း​ဘဲ မိမိ​စိတ်နှလုံး​ကို​လှည့်ဖြား​လျှင် ထို​သူ​၏​ဘာသာ​တရား​ကိုင်းရှိုင်း​မှု​သည် အချည်းနှီး​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 27,
      "text": "ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 1,
      "text": "ငါ့​ညီအစ်ကို​တို့၊ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်​ခြင်း​အရာ​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 3,
      "text": "သင်​တို့​သည် တင့်တယ်​သော​အဝတ်​ဝတ်ဆင်​ထား​သော​သူ​ကို ဂရုစိုက်​လျက် “သင်​သည် ဤ​နေရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်းရဲ​သော​သူ​ကို​မူကား “သင်​သည် ထို​နေရာ​တွင်​ရပ်​နေ​ပါ၊ သို့မဟုတ် ငါ​၏​ခြေရင်း​ကြမ်းပြင်​ပေါ်၌ ထိုင်​ပါ”​ဟု ဆို​လျှင်"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 4,
      "text": "သင်​တို့​သည် အချင်းချင်း​ကြား​၌ လူတန်းစား​ခွဲခြား​၍ မကောင်း​သော​တွေးတော​ကြံစည်​မှု​တို့​ဖြင့် တရား​စီရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 5,
      "text": "ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 6,
      "text": "သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 7,
      "text": "သင်​တို့​နှင့်​စပ်လျဉ်း၍ ခေါ်ဝေါ်​သမုတ်​သည့် ကောင်းမြတ်​သော​နာမ​ကို သူ​တို့​စော်ကား​ပြောဆို​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 8,
      "text": "သင်​တို့​သည် ကျမ်းစာ​နှင့်အညီ “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်” ​ဟူသော မွန်မြတ်​သည့်​ပညတ်​တရား​ကို အမှန်တကယ်​စောင့်ထိန်း​လျှင် ကောင်း​သော​အမှု​ကို​ပြု​ကြ​လေ​ပြီ။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 9,
      "text": "သို့သော် မျက်နှာလိုက်​လျှင် သင်​တို့​သည် အပြစ်​ပြု​ကြ​သည်​ဖြစ်၍ ဖောက်ဖျက်​ကျူးလွန်​သူ​အဖြစ် ပညတ်​တရား​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​မည်။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 10,
      "text": "အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 11,
      "text": "အကြောင်းမူကား “အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​မ​ကျူးလွန်​ရ”​ဟု ပညတ်​တော်မူ​သော​အရှင်​သည် “လူ​မ​သတ်​ရ” ​ဟူ၍​လည်း ပညတ်​တော်မူ​၏။ သို့ဖြစ်၍ သင်​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​သော်လည်း လူ​သတ်​လျှင် ပညတ်​တရား​ကို ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 12,
      "text": "ထို့ကြောင့် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​တရား​တော်​အားဖြင့် စီရင်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ပြောဆို​ကျင့်ကြံ​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 13,
      "text": "အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 14,
      "text": "ငါ့​ညီအစ်ကို​တို့၊ တစ်စုံတစ်ယောက်​သော​သူ​သည် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​ဟု​ဆို​သော်လည်း လုပ်ဆောင်​မှု​မ​ပါ​လျှင် မည်သည့်​အကျိုး​ရှိ​သနည်း။ ထို​ယုံကြည်​ခြင်း​သည် သူ့​ကို​ကယ်တင်​နိုင်​သလော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 15,
      "text": "ညီအစ်ကို​၊ သို့မဟုတ် ညီအစ်မ​သည် အဝတ်မပါ​အချည်းစည်း​နေ​လျက် နေ့စဉ်​လိုအပ်​သော​အစားအစာ​လည်း မ​ရှိ​သောအခါ"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 16,
      "text": "သင်​တို့​ထဲမှ တစ်စုံတစ်ယောက်​က “ငြိမ်းချမ်း​စွာ​သွား​ကြ​လော့။ နွေးထွေး​စွာ​နေ​၍ ဝလင်​စွာ​စား​ကြ​လော့”​ဟု သူ​တို့​အား​ဆို​လျက် သူ​တို့​၏​ကိုယ်ခန္ဓာ​အတွက် လိုအပ်​သော​အရာ​များ​ကို မ​ပေး​ဘဲ​နေ​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 17,
      "text": "ထိုနည်းတူ ယုံကြည်​ခြင်း​သည်​လည်း လုပ်ဆောင်​မှု​မ​ပါ​ဘဲ ၎င်း​သက်သက်​သာ​ဆို​လျှင် အသေ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 18,
      "text": "သို့သော် “သင်​၌​ယုံကြည်​ခြင်း​ရှိ​၍ ငါ​၌​လုပ်ဆောင်​မှု​ရှိ​သည်”​ဟု အချို့​သော​သူ​က ပြောဆို​လိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်​မှု​ကင်း​သော သင်​၏​ယုံကြည်​ခြင်း​ကို ငါ့​အား​ပြ​လော့။ ငါ​သည်​လည်း ငါ​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ​၏​ယုံကြည်​ခြင်း​ကို သင့်​အား​ပြ​မည်။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 19,
      "text": "ဘုရားသခင်​တစ်ဆူတည်း​ရှိ​ကြောင်း​ကို သင်​သည်​ယုံကြည်​၏။ ကောင်း​ပေ​၏။ နတ်ဆိုး​တို့​ပင် ယုံကြည်​၍ ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 20,
      "text": "အို လူမိုက်၊ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည် အကျိုး​မ​ရှိ​ကြောင်း သင်​သိ​လို​သလော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 21,
      "text": "ငါ​တို့​အဖ​အာဗြဟံ​သည် မိမိ​သား​ဣဇက်​ကို ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​သောအခါ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 22,
      "text": "ယုံကြည်​ခြင်း​သည် သူ​၏​လုပ်ဆောင်​မှု​နှင့်အတူ​အမှုပြု​၍ ထို​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​ခြင်း​သည် စုံလင်​ခြင်း​သို့​ရောက်​သည်​ကို သင်​သိမြင်​ရ​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 23,
      "text": "ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏” ​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 24,
      "text": "လူ​သည် ယုံကြည်​ခြင်း​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​သိမြင်​ရ​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 25,
      "text": "ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 26,
      "text": "အကြောင်းမူကား ဝိညာဉ်​ကင်း​သော​ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​သည်​လည်း အသေ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 1,
      "text": "ငါ့​ညီအစ်ကို​တို့၊ ဆရာ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပို၍​တင်းကျပ်​သော​တရား​စီရင်​ခြင်း​ကို​ခံရ​မည်​ဖြစ်​ကြောင်း သိမှတ်​လျက် ဆရာ​ဖြစ်​သူ မ​များ​စေ​ကြ​နှင့်။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 2,
      "text": "အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 3,
      "text": "ငါ​တို့​ကို​နာခံ​စေရန် မြင်း​၏​ပါးစပ်​ထဲသို့ ဇက်​ခွံ့​သောအခါ သူ​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ငါ​တို့​လှည့်​နိုင်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 4,
      "text": "သင်္ဘော​ကို​လည်း​ကြည့်​လော့။ ထိုမျှလောက်​ကြီးမား​၍ လေပြင်း​တိုက်​ရာ​သို့​လွင့်ပါ​တတ်​သော်လည်း သေးငယ်​သော​တက်မ​အားဖြင့် တက်မကိုင်​အလိုရှိ​ရာ​ဘက်​သို့ လှည့်​စေ​နိုင်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 5,
      "text": "ထိုနည်းတူ လျှာ​သည်​လည်း သေးငယ်​သော​အင်္ဂါ​အစိတ်အပိုင်း​ဖြစ်​သော်လည်း အလွန်​ဝါကြွား​တတ်​၏။ မည်မျှလောက်​သေးငယ်​သော​မီး​သည် မည်မျှလောက်​ကြီးမား​သော​သစ်တော​ကို​မီးစွဲ​လောင်​စေ​နိုင်​သည်​ကို ကြည့်​လော့။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 6,
      "text": "လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 7,
      "text": "လူသား​တို့​သည် သားရဲ​တိရစ္ဆာန်​နှင့်​ကျေးငှက်​မျိုး​မှစ၍ တွားသွား​သတ္တဝါ​နှင့်​ရေ​သတ္တဝါ​မျိုး​အပေါင်း​တို့​ကို ယဉ်ပါး​စေ​နိုင်​သကဲ့သို့ ယဉ်​လည်း​ယဉ်ပါး​စေ​ခဲ့​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 8,
      "text": "သို့သော် လျှာ​ကို​ယဉ်ပါး​စေ​နိုင်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ လျှာ​သည် ထိန်းချုပ်​၍​မ​ရ​နိုင်​သော​အဆိုးအမိုက်​ဖြစ်​ပြီး သေ​စေ​တတ်​သော​အဆိပ်​အတောက်​နှင့် ပြည့်​လျက်​ရှိ​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 9,
      "text": "ငါ​တို့​သည် လျှာ​ဖြင့် ခမည်းတော်​ဖြစ်​တော်မူ​သော​ထာဝရ​ဘုရား​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​လျက် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ​ဖန်ဆင်း​ခံရ​သော​လူ​တို့​ကို ထို​လျှာ​ဖြင့်​ပင် ကျိန်ဆဲ​တတ်​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 10,
      "text": "နှုတ်​တစ်​ခု​ထဲမှ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ကျိန်ဆဲ​ခြင်း​တို့ ထွက်လာ​တတ်​သည်​တကား။ ငါ့​ညီအစ်ကို​တို့၊ ဤသို့​မ​ဖြစ်​သင့်​ပေ။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 11,
      "text": "စမ်းရေ​ပေါက်​တစ်ခု​ထဲမှ ရေ​ချို​နှင့်​ရေ​ခါး ထွက်​လေ့​ရှိ​သလော။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 12,
      "text": "ငါ့​ညီအစ်ကို​တို့၊ သဖန်းပင်​သည် သံလွင်​သီး​များ​ကို သီး​နိုင်​သလော။ စပျစ်​ပင်​သည် သဖန်းသီး​များ​ကို သီး​နိုင်​သလော။ ထို့အတူ ရေ​ငန်​တွင်း​သည်​လည်း ရေ​ချို​ကို မ​ထွက်ပေါ်​စေ​နိုင်​ပေ။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 14,
      "text": "သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 15,
      "text": "ထို​သို့သော​ဉာဏ်ပညာ​သည် အထက်​အရပ်​မှ​လာ​သည်​မ​ဟုတ်​ဘဲ လောက​နှင့်​လည်းကောင်း၊ ဇာတိ​နှင့်​လည်းကောင်း၊ နတ်ဆိုး​တို့​နှင့်​လည်းကောင်း စပ်ဆိုင်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 16,
      "text": "အကြောင်းမူကား မနာလို​ခြင်း​နှင့်​တစ်ကိုယ်ကောင်းဆန်​ခြင်း​ရှိ​သော​နေရာ​တွင် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့် ဆိုးညစ်​သော​အမှု​အမျိုးမျိုး​တို့​ရှိ​တတ်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 17,
      "text": "သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 18,
      "text": "ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အသီး​၏​မျိုးစေ့​ကို ငြိမ်းချမ်း​စွာ​ကြဲ​တတ်​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 1,
      "text": "သင်​တို့​တွင်​ရှိ​သော စစ်တိုက်​ခြင်း​နှင့်​ခိုက်ရန်​ဖြစ်​ခြင်း​တို့​သည် အဘယ်က​ဖြစ်လာ​ကြ​သနည်း။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ထဲ၌ ပြိုင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည့် သင်​တို့​၏​ကာမဂုဏ်​ခံစား​လို​သော​စိတ်​မှ ဖြစ်လာ​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 2,
      "text": "သင်​တို့​သည် တပ်မက်​သော်လည်း မ​ရ​သောကြောင့် လူ​သတ်​ကြ​၏။ အလွန်​အလိုရှိ​သော်လည်း မ​ရရှိ​နိုင်​သောကြောင့် ခိုက်ရန်​ဖြစ်​၍ စစ်တိုက်​ကြ​၏။ သင်​တို့​မ​ရ​ကြ​သည်​မှာ သင်​တို့​မ​တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 3,
      "text": "တောင်းလျှောက်​သော်လည်း မ​ရ​ကြ​သည်​မှာ သင်​တို့​၏​ကာမဂုဏ်​ခံစား​မှု​အတွက်​သုံးစွဲ​ရန် လွဲမှား​စွာ တောင်းလျှောက်​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 4,
      "text": "ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 5,
      "text": "သို့မဟုတ် ကျမ်းစာ​က “ကိုယ်တော်​သည် ငါ​တို့​၌ ကိန်းဝပ်​စေ​တော်မူ​သော​ဝိညာဉ်​ကို သဝန်တို​သော​သဘော​ဖြင့် တောင့်တ​တော်မူ​၏”​ဟူ၍ အကြောင်းမဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သလော။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 6,
      "text": "သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏” ​ဟု ကျမ်းစာ​၌​ဆို​ထား​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 7,
      "text": "ထို့ကြောင့် ဘုရားသခင်​ကို​နာခံ​ကြ​လော့။ မာရ်နတ်​ကို​ဆန့်ကျင်​တွန်းလှန်​ကြ​လော့။ သို့ပြုလျှင် သူ​သည် သင်​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 8,
      "text": "ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 9,
      "text": "စိတ်​ညှိုးငယ်​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငိုကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်မော​ခြင်း​ကို ဝမ်းနည်း​ကြေကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ကို ဝမ်းနည်း​ပူဆွေး​ခြင်း​ဖြစ်စေ​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 10,
      "text": "ထာဝရ​ဘုရား​ရှေ့​တော်​၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 11,
      "text": "ညီအစ်ကို​တို့၊ အချင်းချင်း​ပုတ်ခတ်​ပြောဆို​ခြင်း​မ​ပြု​ကြ​နှင့်။ ညီအစ်ကို​ကို​ပုတ်ခတ်​ပြောဆို​သော​သူ​၊ သို့မဟုတ် မိမိ​ညီအစ်ကို​ကို​စီရင်​သော​သူ​သည် ပညတ်​တရား​ကို​ပုတ်ခတ်​ပြောဆို​၍ ပညတ်​တရား​ကို​စီရင်​သူ​ဖြစ်​၏။ သင်​သည် ထိုသို့ ပညတ်​တရား​ကို​စီရင်​လျှင် ပညတ်​တရား​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​မ​ဟုတ်​ဘဲ တရား​စီရင်​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 12,
      "text": "ပညတ်​တရား​ကို​ပေး​သော​သူ၊ တရား​စီရင်​သော​သူ​သည် တစ်ပါးတည်း​ရှိ​တော်မူ​ပြီး ထို​အရှင်​သည် ကယ်တင်​နိုင်စွမ်း​ရှိ​၍ ဖျက်ဆီး​နိုင်စွမ်း​လည်း​ရှိ​တော်မူ​၏။ သင်​မူကား မည်သူ​ဖြစ်​၍ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​စီရင်​ရ​သနည်း။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 13,
      "text": "“ယနေ့​၊ သို့မဟုတ် မနက်ဖြန်​တွင် ဤ​မြို့၊ သို့မဟုတ် ထို​မြို့​သို့​သွား​၍ ထို​အရပ်​၌ တစ်​နှစ်​ပတ်လုံး​နေ​လျက် ကူးသန်းရောင်းဝယ်​ကာ အမြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 14,
      "text": "သင်​တို့​သည် မနက်ဖြန် မည်သို့​ဖြစ်​မည်​ကို မ​သိ​ကြ။ သင်​တို့​၏​အသက်​သည် မည်သို့​သော​အရာ​ဖြစ်​သနည်း။ သင်​တို့​သည် ခေတ္တ​ခဏ​ပေါ်လာ​ပြီးနောက် ပျောက်ကွယ်​သွား​တတ်​သော အခိုးအငွေ့​ဖြစ်​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 15,
      "text": "ထို့ကြောင့် “ထာဝရ​ဘုရား​အလို​တော်​ရှိ​လျှင် ငါ​တို့​သည် အသက်ရှင်​၍ ဤ​အမှု​၊ သို့မဟုတ် ထို​အမှု​ကို​ပြု​ကြ​မည်”​ဟု​သာ သင်​တို့​ဆို​သင့်​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 16,
      "text": "သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 17,
      "text": "သို့ဖြစ်၍ မည်သူမဆို ကောင်း​သော​အမှု​ကို​လုပ်ဆောင်​ရန် သိ​လျက်​နှင့်​မ​လုပ်​ဘဲ​နေ​လျှင် သူ့​အတွက်​အပြစ်​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 1,
      "text": "ချမ်းသာ​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။ သင်​တို့​အပေါ်​သက်ရောက်​လာ​မည့် ဒုက္ခ​ဆင်းရဲ​ခြင်း​များ​အတွက် အော်ဟစ်​ငိုကြွေး​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 2,
      "text": "သင်​တို့​၏​စည်းစိမ်​သည် ဆွေးမြည့်​၍ သင်​တို့​၏​အဝတ်​များ​ကို ပိုး​ကိုက်စား​လေ​ပြီ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 3,
      "text": "သင်​တို့​၏​ရွှေ​ငွေ​များ​သည် အချေး​တက်​လျက်​ရှိ​ပြီ။ ထို​အချေး​သည်​လည်း သင်​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​၍ သင်​တို့​အသား​ကို မီး​ကဲ့သို့ လှိုက်စား​လိမ့်မည်။ သင်​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ဥစ္စာ​များ​ကို​သိုမှီး​ထား​ကြ​သည်​တကား။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 4,
      "text": "ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 5,
      "text": "သင်​တို့​သည် မြေကြီး​ပေါ်တွင် အပျော်အပါး​လိုက်စား​၍ ဇိမ်ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာထား​သော​နေ့​အတွက် မိမိ​တို့​စိတ်နှလုံး​ကို ဆူဖြိုး​အောင်​ကျွေးမွေး​ကြ​ပြီ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 6,
      "text": "သင်​တို့​သည် ဖြောင့်မတ်​သော​သူ​ကို အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်ကျင်​ခြင်း​မ​ပြု​ချေ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 7,
      "text": "သို့ဖြစ်၍ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် စိတ်ရှည်​သည်းခံ​ကြ​လော့။ ခြံသမား​သည် မြေ​မှ​အဖိုးတန်​သည့်​အသီးအနှံ​ကို မိုးဦး​နှင့်​မိုးနှောင်း​ရွာ​သည်​အထိ စိတ်ရှည်​စွာ​စောင့်​တတ်​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 8,
      "text": "သင်​တို့​သည်​လည်း စိတ်ရှည်​သည်းခံ​ကြ​လော့။ သင်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​ကြ​လော့။ အကြောင်းမူကား သခင်​ဘုရား​၏​ကြွလာ​တော်မူ​ခြင်း​သည် နီးကပ်​လာ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 9,
      "text": "ညီအစ်ကို​တို့၊ စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း တစ်ဦး​အပေါ်​တစ်ဦး ပြစ်တင်​ညည်းညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တရား​စီရင်​သော​အရှင်​သည် တံခါး​ရှေ့၌​ရပ်​နေ​တော်မူ​ပြီ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 10,
      "text": "ညီအစ်ကို​တို့၊ ဆင်းရဲ​ဒုက္ခ​ခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​နှင့်​ပတ်သက်၍ သခင်​ဘုရား​၏​နာမ​တော်​အားဖြင့် ဟောပြော​သော​ပရောဖက်​တို့​ကို စံနမူနာ​ယူ​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 11,
      "text": "သည်းခံ​သော​သူ​တို့​သည် မင်္ဂလာရှိ​၏​ဟု ငါ​တို့​ယူဆ​ကြ​၏။ ယောဘ​၏​သည်းခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်ဆုံး​တွင် ထာဝရ​ဘုရား​ပြု​တော်မူ​သော​အမှု​အားဖြင့် ကိုယ်တော်​သည် အလွန်​ကြင်နာ​တတ်​၍ ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း ​ကို​လည်း သင်​တို့​တွေ့မြင်​ရ​ကြ​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 12,
      "text": "ငါ့​ညီအစ်ကို​တို့၊ အထူးသဖြင့် တိုင်တည်​ပြောဆို​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​ကတိ​သစ္စာ​တစ်စုံတစ်ခု​ကို​ပြု​လျက်​ဖြစ်စေ တိုင်တည်​၍​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​သည် ဟုတ်​သည်​ကို “ဟုတ်​ပါ​သည်” မ​ဟုတ်​သည်​ကို “မ​ဟုတ်​ပါ”​ဟူ၍သာ ပြောဆို​ကြ​လော့။ သို့မဟုတ်လျှင် တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 13,
      "text": "သင်​တို့​တွင် ဆင်းရဲ​ဒုက္ခ​ခံရ​သူ​ရှိ​လျှင် သူ​သည် ဆုတောင်း​စေ။ ဝမ်းမြောက်​ရွှင်လန်း​သော​သူ​ရှိ​လျှင် သူ​သည် ချီးမွမ်း​သီချင်း​ကို​သီဆို​စေ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 14,
      "text": "သင်​တို့​တွင် နာမကျန်း​ဖြစ်​သူ​ရှိ​လျှင် သူ​သည် အသင်းတော်​အကြီးအကဲ​များ​ကို​ဖိတ်ခေါ်​စေ။ သူ​တို့​သည်​လည်း သခင်​ဘုရား​၏​နာမ​တော်​၌ သူ့​ကို​ဆီ​လိမ်း​၍ သူ့​အတွက်​ဆုတောင်း​ပေး​ကြ​စေ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 15,
      "text": "ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 16,
      "text": "သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 17,
      "text": "ဧလိယ​သည် ငါ​တို့​နည်းတူ သာမန်​လူသား​တစ်​ဦး​ဖြစ်​သော်လည်း မိုး​မ​ရွာ​မည့်​အကြောင်း ထက်သန်စွာ​ဆုတောင်း​သောအခါ သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်တိုင် မြေ​ပေါ်၌​မိုး​မ​ရွာ​ဘဲ​နေ​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 18,
      "text": "ထို့နောက် သူ​သည် နောက်တစ်ဖန် ဆုတောင်း​သောအခါ ကောင်းကင်​မှ​မိုး​ရွာသွန်း​၍ မြေ​သည် အသီးအနှံ​များ​ကို​ဖြစ်ထွန်း​စေ​၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 19,
      "text": "ငါ့​ညီအစ်ကို​တို့၊ သင်​တို့​တွင် တစ်စုံတစ်ယောက်​သော​သူ​သည် သမ္မာတရား​လမ်း​မှ​လွဲ​သွား​၍ တစ်စုံတစ်ဦး​က သူ့​ကို ပြန်လည်​ခေါ်ဆောင်​လာ​လျှင်"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 20,
      "text": "အပြစ်သား​ကို သူ​၏​မှားယွင်း​သော​လမ်း​မှ ပြန်လည်​ခေါ်ဆောင်​လာ​သော​ထို​သူ​သည် လမ်းလွဲ​ခဲ့​သူ​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်တင်​၍ များစွာ​သော​အပြစ်​တို့​ကို​ဖုံးအုပ်​ပေး​မည်​ဖြစ်​ကြောင်း သိမှတ်​ပါစေ။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 1,
      "text": "ယေရှု​ခရစ်တော်​၏​တမန်တော်​ငါ​ပေတရု​သည် ပုန္တု​ပြည်၊ ဂလာတိ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ အာရှ​ပြည်​နှင့် ဗိသုနိ​ပြည်​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သည့်​အာဂန္တု​များ​တည်းဟူသော"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 2,
      "text": "ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ကိုယ်တော်​သည် မိမိ​၏​ကြီးမြတ်​သော​ကရုဏာ​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ငါ​တို့​ကို အသက်ရှင်​သော​မျှော်လင့်​ခြင်း​ထဲသို့​လည်းကောင်း၊"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 4,
      "text": "သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​ထိန်းသိမ်း​ထား​သည့် ယိုယွင်း​ပျက်စီး​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် မှေးမှိန်​ခြင်း​တို့​မ​ရှိ​သော အမွေ​တော်​ထဲသို့​လည်းကောင်း အသစ်​တစ်ဖန်​မွေးဖွား​စေ​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည် ယခု​အချိန်​တွင် စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​ဝမ်းနည်း​ရ​လျှင်​လည်း အထက်​၌​ဆို​ခဲ့​ပြီး​သော​အကြောင်း​ကြောင့် ရွှင်မြူး​ခြင်း​ရှိ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 7,
      "text": "ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 8,
      "text": "သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 9,
      "text": "ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​အကျိုး​ရလဒ်​တည်းဟူသော စိတ်​ဝိညာဉ်​ကယ်တင်​ခြင်း​ကို ရရှိ​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 10,
      "text": "သင်​တို့​ခံစားရ​မည့်​ကျေးဇူး​တော်​နှင့်​ပတ်သက်၍ ဟောပြော​ခဲ့​သည့်​ပရောဖက်​တို့​သည် ထို​ကယ်တင်​ခြင်း​အကြောင်း​ကို ရှာဖွေ​စူးစမ်း​ခဲ့​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 11,
      "text": "သူ​တို့​အထဲ၌​ရှိ​သော ခရစ်တော်​၏​ဝိညာဉ်​တော်​သည် ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​နှင့် ထို​ဝေဒနာ​များ​နောက်တွင်​ဖြစ်လာ​မည့် ဘုန်း​အသရေ​တို့​အကြောင်း​ကို ကြိုတင်​သက်သေခံ​သောအခါ မည်သူ​၊ သို့မဟုတ် မည်သည့်​အချိန်​ကို​ဆိုလို​ကြောင်း သူ​တို့​စူးစမ်း​လေ့လာ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 12,
      "text": "ထိုအခါ သူ​တို့​ပြုစု​သော​အရာ​တို့​သည် မိမိ​တို့​အတွက်​မ​ဟုတ်​ဘဲ သင်​တို့​အတွက်​ဖြစ်ကြောင်း သူ​တို့​အား​ဖွင့်ပြ​တော်မူ​၏။ ယခု ထို​အရာ​တို့​သည် ကောင်းကင်​ဘုံ​မှ​စေလွှတ်​ခြင်း​ခံရ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သော​သူ​များ​မှတစ်ဆင့် သင်​တို့​ထံ ဖော်ပြ​ခြင်း​ခံရ​ပြီ။ ကောင်းကင်​တမန်​တို့​ပင်လျှင် ထို​အရာ​တို့​ကို​ကြည့်ရှု​ရန် အလွန်​အလိုရှိ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 13,
      "text": "သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 14,
      "text": "ယခင် သင်​တို့​မသိနားမလည်​စဉ်​က လိုက်​ခဲ့​သော​တပ်မက်​မှု​များ​နောက်​သို့ ယခု​မ​လိုက်​ကြ​ဘဲ နာခံ​မှု​ရှိ​သော​သားသမီး​များ​ကဲ့သို့​ဖြစ်၍"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 15,
      "text": "သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​သည် သန့်ရှင်း​တော်မူ​သည့်​နည်းတူ သင်​တို့​ကိုယ်တိုင်​လည်း အသက်ရှင်​နေထိုင်​မှု​ရှိသမျှ​တို့​၌ သန့်ရှင်း​ခြင်း​ရှိ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 16,
      "text": "အဘယ်ကြောင့်​ဆိုသော် “ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည် သန့်ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်” ​ဟု ရေး​ထား​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 17,
      "text": "သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင် ​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 18,
      "text": "အကြောင်းမူကား သင်​တို့​သည် ဘိုးဘေး​များ​ထံမှ​ဆက်ခံ​သည့် သင်​တို့​၏​အချည်းနှီး​သော​အသက်ရှင်​နေထိုင်​မှု​ထဲမှ ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​သည်​မှာ ရွှေ၊ ငွေ စသော​ယိုယွင်း​ပျက်စီး​တတ်​သည့်​အရာ​များ​အားဖြင့်​မ​ဟုတ်​ဘဲ"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 19,
      "text": "အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 20,
      "text": "ကိုယ်တော်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် သိမှတ်​ခွဲခန့်​ထား​ခြင်း​ခံရ​သော်လည်း ဤ​နောက်ဆုံး​သော​အချိန်​ကာလ​၌ သင်​တို့​အတွက်​ပေါ်ထွန်း​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 21,
      "text": "ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 22,
      "text": "သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 23,
      "text": "သင်​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော​မျိုးစေ့​အားဖြင့်​မ​ဟုတ်​ဘဲ ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့်​မျိုးစေ့​တည်းဟူသော အသက်ရှင်​၍ အစဉ်​တည်မြဲ​သည့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွား​စေ​ခြင်း​ကို​ခံရ​ကြ​ပြီ။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 24,
      "text": "အဘယ်ကြောင့်​ဆိုသော် လူ​အပေါင်း​တို့​သည် မြက်​ပင်​ကဲ့သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အသရေ​ရှိသမျှ​သည်​လည်း မြက်​ပွင့်​ကဲ့သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​သွား​၍ အပွင့်​သည်​လည်း ကြွေ​တတ်​၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 25,
      "text": "ထာဝရ​ဘုရား​၏​နှုတ်ကပတ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​၏။ ဤ​နှုတ်ကပတ်တော်​သည် သင်​တို့​အား​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ပင်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 1,
      "text": "ထို့ကြောင့် မကောင်းမှု​အမျိုးမျိုး​နှင့်တကွ ရှိသမျှ​သော​စဉ်းလဲ​ခြင်း၊ သူတော်ကောင်း​ယောင်ဆောင်​ခြင်း၊ မလိုမုန်းထား​ခြင်း​နှင့် ပုတ်ခတ်​ပြောဆို​ခြင်း​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 2,
      "text": "သခင်​ဘုရား​သည် ကျေးဇူးပြု​တော်မူ​ကြောင်း သင်​တို့​မြည်းစမ်း​ကြ​ပြီ​ဖြစ်၍ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​အားဖြင့် ကယ်တင်​ခြင်း​၌​ကြီးထွား​ရန် မွေးကင်းစ​ကလေးငယ်​များ​ကဲ့သို့ ထို​နို့ရည်​ကို​တောင့်တ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 4,
      "text": "လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 5,
      "text": "သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 6,
      "text": "အဘယ်ကြောင့်​ဆိုသော် “ကြည့်ရှု​လော့။ ရွေးကောက်​ထား​သည့် အဖိုးထိုက်​သော​ထောင့်ချုပ်​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် မည်သည့်​အခါ​မျှ အရှက်ရ​လိမ့်မည်​မ​ဟုတ်” ​ဟု ကျမ်းစာ​၌ ဆို​ထား​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 7,
      "text": "သို့ဖြစ်၍ ထို​ကျောက်​သည် ယုံကြည်​သော​သင်​တို့​အတွက် ဂုဏ်သရေ​ဖြစ်​၏။ မ​ယုံကြည်​သော​သူ​တို့​အတွက်​မူကား “​တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​” ဖြစ်​ပြီး"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 8,
      "text": "“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 9,
      "text": "သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 10,
      "text": "သင်​တို့​သည် ယခင်​က လူမျိုး​တော်​မ​ဟုတ်​ခဲ့​သော်လည်း ယခု​အခါ ဘုရားသခင်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီ။ ယခင်​က ကရုဏာ​တော်​ကို​မ​ခံစား​ခဲ့​ရ​သော်လည်း ယခု​အခါ ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​ပြီ။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 11,
      "text": "ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 12,
      "text": "လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 13,
      "text": "လူ​တို့​စီရင်​ခန့်ထား​သော​အုပ်ချုပ်​မှု​စနစ်​အားလုံး​ကို သခင်​ဘုရား​၏​မျက်နှာ​တော်​ကို​ထောက်၍ နာခံ​ကြ​လော့။ အထွတ်အမြတ်​ဖြစ်​သော​ရှင်ဘုရင်​ကို​ဖြစ်စေ၊"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 14,
      "text": "ဒုစရိုက်​ပြု​သူ​များ​ကို ပြစ်ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်ပြု​ချီးမွမ်း​ရန် ရှင်ဘုရင်​စေလွှတ်​သော​ဘုရင်ခံ​များ​ကို​ဖြစ်စေ နာခံ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 15,
      "text": "အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​ခြင်း​အားဖြင့် မိုက်မဲ​သော​သူ​တို့​၏​အသိဉာဏ်​ကင်းမဲ့​မှု​ကို တိတ်ဆိတ်​စေ​ခြင်း​သည် ဘုရားသခင်​၏​အလို​တော်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 16,
      "text": "လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 17,
      "text": "လူ​အပေါင်း​တို့​ကို ရိုသေ​ကြ​လော့။ ညီအစ်ကို​အချင်းချင်း​ချစ်​ကြ​လော့။ ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လော့။ ရှင်ဘုရင်​ကို ရိုသေ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 18,
      "text": "အစေခံ​တို့၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​အပြည့်အဝ​ဖြင့် သင်​တို့​၏​သခင်​များ​ကို​နာခံ​ကြ​လော့။ စိတ်သဘော​ကောင်း​၍ ညင်သာ​သော​သခင်​များ​ကို​သာ​မ​ဟုတ်​ဘဲ ကြမ်းတမ်း​ခက်ထန်​သော​သခင်​များ​ကို​လည်း နာခံ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 19,
      "text": "အကြောင်းမူကား မည်သူမဆို မတရား​သဖြင့် ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောအခါ ဘုရားသခင်​နှင့်ဆိုင်သော​အသိစိတ်​ကို​ထောက်​၍ ဝမ်းနည်း​ခြင်း​ကို​သည်းခံ​လျှင် ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​သည် အပြစ်​ပြု​၍ ရိုက်နှက်​ခြင်း​ခံရ​သည်​ကို​သည်းခံ​လျှင် မည်သည့်​ချီးမွမ်း​စရာ​ရှိ​မည်နည်း။ သို့သော် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ကို​သည်းခံ​လျှင် ဘုရားသခင်​ရှေ့​တော်​၌ ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 21,
      "text": "အမှန်စင်စစ် သင်​တို့​သည် ဤ​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၏။ အကြောင်းမူကား ခရစ်တော်​သည်​လည်း သင်​တို့​ကို မိမိ​ခြေရာ​တော်​အတိုင်း​လိုက်လျှောက်​စေရန် သင်​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစားရ​လျက် သင်​တို့​အတွက် စံနမူနာ​ကို​ထား​ပေး​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 22,
      "text": "ကိုယ်တော်​သည် အပြစ်​ကို​မ​ပြု။ ကိုယ်တော်​၏​နှုတ်​တော်​၌ မုသား​ကို​မ​တွေ့​ရ။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 23,
      "text": "ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 24,
      "text": "ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 25,
      "text": "သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 1,
      "text": "ထိုနည်းတူ ဇနီးသည်​တို့၊ မိမိ​တို့​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ သို့ပြုလျှင် အချို့​သော​ခင်ပွန်းသည်​တို့​သည် နှုတ်ကပတ်​တရား​ကို​မ​ယုံကြည်​ကြ​လျှင်​ပင် သင်​တို့​၏​ကြောက်ရွံ့​ရိုသေ​မှု​နှင့် သန့်ရှင်း​စင်ကြယ်​သော​အသက်ရှင်​နေထိုင်​မှု​ကို​မြင်​လျက် ဇနီးသည်​၏​စကား​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​နေထိုင်​မှု​အားဖြင့် ပြောင်းလဲ​လာ​ကြ​လိမ့်မည်။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 3,
      "text": "သင်​တို့​၏​တန်ဆာဆင်​ခြင်း​သည် ဆံပင်​ကျစ်​ခြင်း၊ ရွှေ​တန်ဆာ​ဆင်မြန်း​ခြင်း၊ အဝတ်အစား​များ​ဖြင့်​ဆင်ယင်​ခြင်း​တည်းဟူသော အပြင်ပန်း​တန်ဆာဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 4,
      "text": "နူးညံ့​သိမ်မွေ့​၍ တည်ငြိမ်​သည့်​စိတ်သဘော​တည်းဟူသော ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်နှလုံး​နှင့်ဆိုင်သော အတွင်း​ဝိညာဉ်​လူ​၏​တန်ဆာဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ဤသည်ကား ဘုရားသခင်​ရှေ့​တော်​၌ အလွန်​အဖိုးထိုက်​သော​အရာ​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 5,
      "text": "ဘုရားသခင်​ကို​မျှော်လင့်​အားထား​သော သန့်ရှင်း​သည့် ရှေး​ကာလ​မှ​အမျိုးသမီး​တို့​သည်​လည်း ထိုနည်းတူ မိမိတို့ကိုယ်ကို တန်ဆာဆင်​ကြ​ကာ စာရာ​သည် အာဗြဟံ​ကို သခင်​ဟု​ခေါ်​လျက် နာခံ​သကဲ့သို့ မိမိ​တို့​၏​ခင်ပွန်းသည်​များ​ကို နာခံ​ခဲ့​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 6,
      "text": "သင်​တို့​သည်​လည်း မည်သည့်​ခြောက်လှန့်​မှု​ကို​မျှ​မ​ကြောက်ရွံ့​ဘဲ ကောင်း​သော​အမှု​ကို​ပြု​လျှင် စာရာ​၏​သားသမီး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 7,
      "text": "ထိုနည်းတူ ခင်ပွန်းသည်​တို့၊ ဇနီးသည်​သည် မိန်းမသား​ဖြစ်​ပြီး သင်​တို့​ထက် အားနည်း​သော​သူ​ဖြစ်​ကြောင်း သိရှိ​နားလည်​၍ အသက်​နှင့်ဆိုင်သော​ကျေးဇူး​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​အဖြစ် တန်ဖိုးထား​လျက် အတူတကွ​ပေါင်းသင်း​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​၏​ဆုတောင်း​ချက်​များ တားဆီး​ခြင်း​မ​ခံရ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 8,
      "text": "နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် သင်​တို့​အားလုံး တစ်စိတ်​တစ်သဘောတည်း​ရှိ​လျက် ကြင်နာ​တတ်​သော​သဘော၊ ညီအစ်ကို​ချင်း​ချစ်​တတ်​သော​သဘော၊ သနားစုံမက်​တတ်​သော​သဘော​နှင့် စိတ်​နှိမ့်ချ​သော​သဘော​ရှိ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 9,
      "text": "သင်​တို့​သည် ကောင်းချီး​မင်္ဂလာ​ကို အမွေ​ဆက်ခံ​ရ​မည့်အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည်​ဖြစ်၍ အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို ကဲ့ရဲ့​ပြစ်တင်​ခြင်း​ဖြင့်​လည်းကောင်း မ​တုံ့ပြန်​ဘဲ ကောင်းချီး​ကို​သာ​ပေး​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 10,
      "text": "အကြောင်းမူကား အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​နေ့ရက်​တို့​ကို တွေ့မြင်​လို​သော​သူ​သည် မိမိ​လျှာ​ကို​ချုပ်တည်း​၍ မကောင်း​သော​စကား​နှင့်​ကင်းလွတ်​စေ။ မိမိ​နှုတ်​ကို​လည်း​ချုပ်တည်း​၍ မုသား​မ​ပြော​မိ​စေ​နှင့်။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 11,
      "text": "မကောင်း​သော​အမှု​ကို​ရှောင်ရှား​လျက် ကောင်း​သော​အမှု​ကို​ပြု​စေ။ ငြိမ်သက်​ခြင်း​ကို​ရှာ​၍ ၎င်း​ကို​ရရှိ​ရန်​ကြိုးစား​စေ။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 12,
      "text": "အဘယ်ကြောင့်​ဆိုသော် ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​တော်မူ​၍ သူ​တို့​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၏။ သို့သော် မကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​ထံမှ ထာဝရ​ဘုရား​သည် မျက်နှာ​လွှဲ​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​သည် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​လျှင် မည်သူ​သည် သင်​တို့​ကို အန္တရာယ်​ပြု​မည်နည်း။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 14,
      "text": "သို့သော် ဖြောင့်မတ်​ခြင်း​ကြောင့် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​ရ​လျှင်​ပင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ သူ​တို့​၏​ခြိမ်းခြောက်​မှု​ကြောင့် ကြောက်ရွံ့​ခြင်း​နှင့်​တုန်လှုပ်​ချောက်ချား​ခြင်း​မ​ရှိ​ဘဲ"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 15,
      "text": "သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​ကို အရှင်​သခင်​အဖြစ် ရိုသေလေးမြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်လင့်​ခြင်း​အကြောင်း​နှင့်​ပတ်သက်၍ သင်​တို့​အား မေးမြန်း​သော​သူ​အားလုံး​တို့​ကို ဖြေရှင်း​ပြောဆို​နိုင်​ရန် အမြဲတမ်း​အသင့်​ရှိ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 16,
      "text": "သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 17,
      "text": "အကြောင်းမူကား ဘုရားသခင်​အလို​တော်​ရှိ​လျှင် မကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​ထက် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​သည် သာ၍​ကောင်း​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 18,
      "text": "အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက်"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 19,
      "text": "ထို​အခြေအနေ​၌​ပင် အကျဉ်းချ​ခံရ​သော​ဝိညာဉ်​များ​ထံသို့ သွား​၍ တရားဟော​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 20,
      "text": "ထို​ဝိညာဉ်​များ​မှာ တစ်ချိန်က နောဧ​လက်ထက်​၌ သင်္ဘော​တည်ဆောက်​စဉ်​တွင် ဘုရားသခင်​သည် စိတ်ရှည်​စွာ​ဖြင့် စောင့်ဆိုင်း​တော်မူ​သော်လည်း နာခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အနည်းငယ်​တို့​သာ ရေ​မှတစ်ဆင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 21,
      "text": "ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 22,
      "text": "ခရစ်တော်​သည် ကောင်းကင်​ဘုံ​သို့​ကြွ​တော်မူ​၍ ကောင်းကင်​တမန်​များ၊ အာဏာစက်​များ​နှင့် တန်ခိုး​တို့​ကို မိမိ​လက်အောက်​၌​ချ​ထား​လျက် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ရှိ​နေ​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 1,
      "text": "ခရစ်တော်​သည် ကိုယ်ကာယ​၌ ထိုသို့ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ဖြစ်၍ သင်​တို့​သည်​လည်း ထိုသို့​သော​သဘောထား​မျိုး​ကို လက်နက်​အဖြစ် စွဲကိုင်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကိုယ်ကာယ​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​သည် အပြစ်​နှင့်​ပြတ်စဲ​ပြီ​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 2,
      "text": "ဤသည်ကား ကိုယ်ကာယ​၌​အသက်ရှင်​ရ​မည့် ကျန်​ရှိ​သေး​သော​အချိန်​ကာလ​ကို လူ​တို့​၏​တပ်မက်​ခြင်း​အားဖြင့် မ​ဟုတ်​တော့​ဘဲ ဘုရားသခင်​၏​အလို​တော်​အားဖြင့် အသက်ရှင်​နိုင်​ရန်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 3,
      "text": "အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 4,
      "text": "ယခု​မှာ သင်​တို့​သည် ထိုကဲ့သို့သော​လွန်ကဲ​သည့်​အပျော်ကြူး​ခြင်း​၌ သူ​တို့​နှင့်အတူ​မ​ပါဝင်​ကြ​သောကြောင့် သူ​တို့​သည် အံ့ဩ​လျက် စော်ကား​ပြောဆို​ကြ​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 5,
      "text": "သူ​တို့​သည် အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တရား​စီရင်​ရန် အသင့်​ရှိ​တော်မူ​သော​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​လိမ့်မည်။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 6,
      "text": "ဤ​အကြောင်း​ကြောင့် သေ​သော​သူ​တို့​ကို​လည်း ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။ ဤသည်ကား သူ​တို့​သည် သွေးသား​၌ လူသား​အနေဖြင့် တရား​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ဝိညာဉ်​၌​မူကား ဘုရားသခင်​အားဖြင့် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 7,
      "text": "ခပ်သိမ်း​သော​အရာ​တို့​၏​နောက်ဆုံး​ချိန် နီးကပ်​လာ​ပြီ​ဖြစ်၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​နိုင်​ရန် တည်ငြိမ်​မှန်ကန်​သော​စိတ်​နှင့် သမ္မာသတိ​ရှိ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 8,
      "text": "ချစ်​ခြင်း​မေတ္တာ​သည် များစွာ​သော​အပြစ်​တို့​ကို ဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 9,
      "text": "ညည်းညူ​ခြင်း​မ​ရှိ​ဘဲ အချင်းချင်း​ဧည့်ဝတ်​ကျေပွန်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 10,
      "text": "သင်​တို့​တစ်ဦးစီ​သည် မိမိ​ခံစား​ရရှိ​သည့်​ဆု​ကျေးဇူး​အလျောက် ဘုရားသခင်​၏​အမျိုးမျိုး​သော​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်း​သော​ဘဏ္ဍာစိုး​များ​ကဲ့သို့ ထို​ဆု​ကျေးဇူး​အားဖြင့် အချင်းချင်း​ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 11,
      "text": "ဟောပြော​သော​သူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​အတိုင်း​ဟောပြော​စေ။ အမှု​တော်​ဆောင်ရွက်​သော​သူ​သည် ဘုရားသခင်​ပြင်ဆင်​ပေး​တော်မူ​သော​အစွမ်းသတ္တိ​အတိုင်း​ဆောင်ရွက်​စေ။ ဤသည်ကား ဘုရားသခင်​သည် ခပ်သိမ်း​သော​အရာ​တို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​တည်း။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 12,
      "text": "ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 13,
      "text": "ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​၌ ပါဝင်​ရ​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့။ ဤသည်ကား ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​သော​အချိန်​၌ သင်​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 14,
      "text": "သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 15,
      "text": "သင်​တို့​တွင် လူသတ်သမား​အဖြစ်​ဖြစ်စေ၊ သူခိုး​အဖြစ်​ဖြစ်စေ၊ ဒုစရိုက်​ပြု​သူ​အဖြစ်​ဖြစ်စေ၊ သူတစ်ပါး​အမှု​၌ ဝင်ရောက်​စွက်ဖက်​သူ​အဖြစ်​ဖြစ်စေ ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေ​နှင့်။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 16,
      "text": "သို့သော် တစ်စုံတစ်ဦး​သည် ခရစ်ယာန်​အဖြစ် ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျှင် ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ထို​အမည်​နာမ​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ပါစေ။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 17,
      "text": "အကြောင်းမူကား တရား​စီရင်​ခြင်း​ကို ဘုရားသခင်​၏​အိမ်​တော်​မှ အစပြု​မည့်​အချိန်​ရောက်​လေ​ပြီ။ ထိုသို့ ငါ​တို့​ထံမှ အစပြု​မည်​ဆို​လျှင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်နည်း။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 18,
      "text": "ထို့အတူ ဖြောင့်မတ်​သော​သူ​ပင် ခဲယဉ်း​စွာ ကယ်တင်​ခြင်း​ခံရ​သည်​ဆိုလျှင် ဘုရား​တရား​မဲ့​သော​သူ​နှင့်​အပြစ်သား​တို့​သည် မည်သို့​ဖြစ်​သွား​မည်နည်း။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 19,
      "text": "ထို့ကြောင့် ဘုရားသခင်​၏​အလို​တော်​အရ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ မိမိ​တို့​၏​စိတ်ဝိညာဉ်​ကို သစ္စာ​နှင့်​ပြည့်စုံ​သော​ဖန်ဆင်းရှင်​ထံသို့ အပ်နှံ​ထား​ကြ​စေ။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 1,
      "text": "သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 2,
      "text": "သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 3,
      "text": "သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 4,
      "text": "သို့ပြုလျှင် သိုးထိန်း​ကြီး​ပေါ်ထွန်း​တော်မူ​သောအခါ မှေးမှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့်​သရဖူ​ကို သင်​တို့​ရရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 5,
      "text": "ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 6,
      "text": "ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 7,
      "text": "ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 8,
      "text": "သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 9,
      "text": "ယုံကြည်​ခြင်း​၌ ခိုင်ခံ့​စွာ​ရပ်တည်​လျက် ထို​မာရ်နတ်​ကို တားဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်၌​ရှိ​သော သင်​တို့​၏​ညီအစ်ကို​များ​သည်​လည်း ထိုကဲ့သို့သော​ဒုက္ခ​ဝေဒနာ​များ​ကို ရင်ဆိုင်​ဖြတ်သန်း​နေ​ရ​ကြောင်း သိမှတ်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 10,
      "text": "သင်​တို့​ကို မိမိ​၏​ထာဝရ​ဘုန်း​အသရေ​တော်​ထဲသို့ ခရစ်တော်​ယေရှု​အားဖြင့် ခေါ်ယူ​တော်မူ​သော​အရှင်၊ ကျေးဇူး​တော်​အပေါင်း​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​ကိုယ်တော်​တိုင်​သည် ဒုက္ခ​ဝေဒနာ​ခေတ္တ​ခဏ​ခံစား​ပြီး​သော​သင်​တို့​ကို စုံလင်​စေ​၍ ခွန်အား​နှင့်​ပြည့်စုံ​စေ​ကာ တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 11,
      "text": "တန်ခိုး​အရှိန်အဝါ​သည် ကိုယ်တော်​၌ ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 12,
      "text": "ငါ​သည် သစ္စာရှိ​သော​ညီအစ်ကို​အဖြစ် ငါ​သတ်မှတ်​သော သိလွာနု​မှတစ်ဆင့် စာ​အနည်းငယ်​ရေး​လိုက်​ခြင်း​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ကာ ဤ​အရာ​သည် ဘုရားသခင်​၏​စစ်မှန်​သော​ကျေးဇူး​တော်​ဖြစ်​ကြောင်း သက်သေခံ​၏။ သင်​တို့​သည် ဤ​ကျေးဇူး​တော်​၌ ရပ်တည်​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 13,
      "text": "သင်​တို့​နည်းတူ ရွေးချယ်​တော်မူ​ခြင်း​ခံရ​သော ဘေဘီလုံ​မြို့​ရှိ​အသင်းတော်​နှင့် ငါ့​သား​မာကု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 14,
      "text": "အချင်းချင်း​မေတ္တာ​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ ခရစ်တော်​၌​ရှိ​ကြ​သော သင်​တို့​အားလုံး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 1,
      "text": "ယေရှု​ခရစ်တော်​၏​အစေအပါး​နှင့်​တမန်တော်​ဖြစ်​သော​ငါ​ရှိမုန်​ပေတရု​သည် ငါ​တို့​ဘုရားသခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် ငါ​တို့​နည်းတူ အဖိုးထိုက်​သည့်​ယုံကြည်​ခြင်း​ကို ခံယူ​ရရှိ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 2,
      "text": "ဘုရားသခင်​နှင့်​ငါ​တို့​၏​သခင်​ယေရှု​ကို သိ​ခြင်း​အားဖြင့် ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 4,
      "text": "ကိုယ်တော်​သည် ထို​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​တို့​အားဖြင့် ကြီးမြတ်​၍ အဖိုးတန်​သော​ကတိ​တော်​များ​ကို ငါ​တို့​အား ပေး​သနား​တော်မူ​၏။ ဤသည်ကား ထို​ကတိ​တော်​အားဖြင့် သင်​တို့​သည် ဤ​ကမ္ဘာ​လောက​၌​ရှိ​သည့်​တပ်မက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သော​ပျက်စီး​ခြင်း​မှ လွတ်မြောက်​၍ ဘုရား​ဇာတိ​အဖြစ်​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 5,
      "text": "ဤ​အကြောင်း​ကြောင့် သင်​တို့​၏​ယုံကြည်​ခြင်း​၌ ကောင်းမြတ်​ခြင်း​ကို​လည်းကောင်း၊ ကောင်းမြတ်​ခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 6,
      "text": "အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 7,
      "text": "ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 8,
      "text": "အကြောင်းမူကား ဤ​ပါရမီ​များ​သည် သင်​တို့​၌​ရှိ​၍ တိုးပွား​နေ​သည်​ဆိုလျှင် သင်​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အရာ​၌ အကျိုး​မ​ရှိ​သော​သူ၊ အသီး​မ​သီး​သော​သူ ဖြစ်​ကြ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 9,
      "text": "ထို​ပါရမီ​များ​မ​ရှိ​သော​သူ​မူကား မျက်စိ​မမြင်​သော​သူ၊ အဝေးမှုန်​သော​သူ​ဖြစ်​ပြီး ယခင်​ပြု​ခဲ့​သော​မိမိ​အပြစ်​များ စင်ကြယ်​စေ​ခြင်း​ခံရ​သည်​ကို မေ့လျော့​နေ​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 10,
      "text": "ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 11,
      "text": "ထို့ပြင် ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​ယေရှု​ခရစ်တော်​၏​ထာဝရ​နိုင်ငံ​တော်​ထဲသို့ ဝင်စား​ရ​သော​အခွင့်​ကို သင်​တို့​သည် ကြွယ်ဝ​စွာ​ရရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 12,
      "text": "ထို့ကြောင့် သင်​တို့​သည် ဤ​အကြောင်းအရာ​များ​ကို​သိရှိ​ကြ​၍ သင်​တို့​တွင်​ရှိ​သော​သမ္မာတရား​၌ ခိုင်ခံ့​မြဲမြံ​ကြ​ပြီ​ဖြစ်​သော်လည်း ၎င်း​တို့​နှင့်​ပတ်သက်၍ သင်​တို့​ကို အစဉ်​သတိပေးနှိုးဆော်​ရန် ငါ​ကြံရွယ်​ထား​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 13,
      "text": "ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သမျှ​ကာလ​ပတ်လုံး ထိုသို့​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​ကို​နိုးကြား​တက်ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်ယူ​ထား​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 14,
      "text": "အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​သည်​လည်း ငါ့​အား​ဖော်ပြ​တော်မူ​သည့်​အတိုင်း ငါ​၏​ခန္ဓာ​တဲ​ကို မကြာမီ​ချွတ်ပယ်​ရ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 15,
      "text": "ဤ​လောက​မှ ငါ​ထွက်ခွာ​သွား​ပြီး​နောက်တွင်​လည်း ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အစဉ်အမြဲ​သတိရ​စေရန် ငါ​ကြိုးစား​မည်။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 16,
      "text": "အကြောင်းမူကား ငါ​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တန်ခိုး​တော်​နှင့် ကြွလာ​တော်မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြောပြ​သောအခါ ပါးနပ်​စွာ​ဖန်တီး​ထား​သော​ဒဏ္ဍာရီ​များ​ကို အသုံးပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အရှင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို ကိုယ်တိုင်​မြင်တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 17,
      "text": "အကြောင်းမူကား ခမည်းတော်​ဘုရားသခင်​ထံမှ ဂုဏ်​တော်​နှင့်​ဘုန်း​တော်​ကို ကိုယ်တော်​ခံယူ​တော်မူ​စဉ် ကြီးမြတ်​သော​ဘုန်း​အသရေ​ထဲမှ “ဤ​သူ​ကား ငါ​ချစ်​သော ငါ့​သား​ပေတည်း။ သူ့​ကို ငါ​နှစ်သက်​၏” ​ဟူသော​အသံ​တော်​သည် ကိုယ်တော်​ထံသို့​ရောက်ရှိ​လာ​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 18,
      "text": "ငါ​တို့​သည် သန့်ရှင်း​သော​တောင်​ပေါ်တွင် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​စဉ် ကောင်းကင်​မှ​ရောက်လာ​သော ထို​အသံ​တော်​ကို​ကြား​ရ​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 19,
      "text": "ထို့ပြင် ငါ​တို့​၌ ပို၍​ခိုင်လုံ​သော ပရောဖက်​တို့​၏​စကား​လည်း​ရှိ​၏။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ အရုဏ်တက်​၍ မိုးသောက်ကြယ်​ပေါ်ထွက်​လာ​သည့်​တိုင်အောင် သင်​တို့​သည် ထို​စကား​ကို မှောင်​သော​အရပ်​၌​ထွန်းလင်း​နေ​သည့်​ဆီမီး​သဖွယ် ကောင်းစွာ​အာရုံစိုက်​သင့်​၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 20,
      "text": "ကျမ်းစာ​၌​ပါ​သော ပရောဖက်ပြု​ဟောပြော​ချက်​အားလုံး​သည် လူ​တစ်ဦးတစ်ယောက်​၏​ကိုယ်ပိုင်​အနက်​ဖွင့်ဆို​ချက်​မ​ဟုတ်​ကြောင်း ဦးစွာ​သိမှတ်​ရ​မည်။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 21,
      "text": "အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 1,
      "text": "သို့သော် ပရောဖက်​အတုအယောင်​များ​သည် လူမျိုး​တော်​ထဲ၌​ပေါ်လာ​ကြ​သကဲ့သို့ သင်​တို့​ထဲ၌​လည်း ဆရာ​အတုအယောင်​များ​ပေါ်လာ​ကြ​လိမ့်မည်။ ထို​သူ​တို့​သည် ပျက်စီး​ခြင်း​သို့​ရောက်​စေ​သည့် မှားယွင်း​သော​အယူဝါဒ​များ​ကို လျှို့ဝှက်​စွာ​ယူဆောင်​လာ​၍ မိမိ​တို့​ကို ရွေးနုတ်​ဝယ်ယူ​သော​သခင်​ကို​ပင် ငြင်းပယ်​ကာ မိမိ​တို့​အပေါ် လျင်မြန်​သော​ပျက်စီး​ခြင်း​ကို ကျရောက်​စေ​ကြ​လိမ့်မည်။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 2,
      "text": "များစွာ​သော​လူ​တို့​သည်​လည်း ထို​သူ​တို့​၏​ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့​လိုက်​သဖြင့် သမ္မာတရား​လမ်း​သည် ထို​သူ​တို့​ကြောင့် စော်ကား​ပြောဆို​ခြင်း​ခံရ​လိမ့်မည်။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 3,
      "text": "သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 4,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် အပြစ်​ပြု​သည့်​ကောင်းကင်​တမန်​များ​ကို ညှာတာ​တော်​မ​မူ​ဘဲ အဝီစိ​ငရဲ​ထဲသို့ ပစ်ချ​၍ မှောင်မည်း​ခြင်း​၏​သံကြိုး​ဖြင့် ချည်နှောင်​ကာ တရား​စီရင်​ခြင်း​အတွက် ထိန်းသိမ်း​ထား​တော်မူ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 5,
      "text": "ရှေးဟောင်း​ကမ္ဘာ​ကို​လည်း ညှာတာ​တော်​မ​မူ​ဘဲ ထို​ဘုရား​တရား​မဲ့​သော​ကမ္ဘာ​ကို ရေ​လွှမ်းမိုး​စေ​တော်မူ​၍ ဖြောင့်မတ်​ခြင်း​တရား​၏​သံတော်ဆင့်​ဖြစ်​သော​နောဧ​အပါအဝင် လူ​ရှစ်​ဦး​ကို စောင့်ရှောက်​တော်မူ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 6,
      "text": "ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 7,
      "text": "ထိုအခါ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​ကာမဂုဏ်​လိုက်စား​သော​အသက်ရှင်​နေထိုင်​မှု​ကြောင့် နှောင့်ယှက်​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​လောတ​ကို ကယ်နုတ်​တော်မူ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 8,
      "text": "အကြောင်းမူကား ထို​ဖြောင့်မတ်​သော​သူ​သည် သူ​တို့​ထဲ၌​နေထိုင်​ခဲ့​စဉ် သူ​တို့​၏​တရားမဲ့​သော​အမှု​များ​ကို တွေ့မြင်​ကြားသိ​နေ​ရ​၍ နေ့စဉ်ရက်ဆက် သူ​၏​ဖြောင့်မတ်​သော​စိတ်​ဝိညာဉ်​၌ အလွန်​အနှောင့်အယှက်​ဖြစ်​လေ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 9,
      "text": "သို့ဖြစ်၍ ထာဝရ​ဘုရား​သည် ဘုရား​ဝတ်​၌​မွေ့လျော်​သော​သူ​တို့​ကို စုံစမ်း​နှောင့်ယှက်​ခြင်း​ထဲမှ ကယ်နုတ်​ရ​မည်​ကို​လည်းကောင်း၊ မ​ဖြောင့်မတ်​သော​သူ​တို့​ကို တရား​စီရင်​ရာ​နေ့ရက်​၌ အပြစ်ဒဏ်​ခံ​စေရန်​ထိန်းသိမ်း​ထား​ရ​မည်​ကို​လည်းကောင်း သိ​တော်မူ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 10,
      "text": "အထူးသဖြင့် ညစ်ညူး​သော​တပ်မက်​မှု​အားဖြင့် သွေးသား​ဇာတိ​နောက်​သို့​လိုက်​၍ အုပ်စိုး​ခြင်း​ကို​မထီမဲ့မြင်​ပြု​သော​သူ​တို့​ကို ထိုသို့​ထိန်းသိမ်း​ထား​တော်မူ​လိမ့်မည်။ ဤ​သူ​တို့​သည် အတင့်ရဲ​သော​သူ၊ ထင်ရာစိုင်း​တတ်​သော​သူ​ဖြစ်​ကြ​၍ ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​တို့​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 11,
      "text": "ကောင်းကင်​တမန်​တို့​သည် သူ​တို့​ထက်​ကြီးမား​သော​အစွမ်းသတ္တိ​နှင့်​တန်ခိုး​ရှိ​ကြ​သော်လည်း ထာဝရ​ဘုရား​ရှေ့​တော်​၌ သူ​တို့​အပေါ် ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို မ​ပြု​ကြ။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 12,
      "text": "သို့သော် သူ​တို့​သည် ဖမ်းဆီး​ခြင်း​နှင့်​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက် ပေါက်ဖွား​လာ​သည့် ဘာသာဘာဝ​ဆင်ခြင်​ဉာဏ်​မ​ရှိ​သော တိရစ္ဆာန်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး မိမိ​တို့​နား​မ​လည်​သည့်​အရာ​များ​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။ သူ​တို့​သည် ထို​တိရစ္ဆာန်​များ​ပျက်စီး​သကဲ့သို့ ပျက်စီး​သွား​၍"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 13,
      "text": "မတရားမှု​၏​အဖိုးအခ​အဖြစ် မတရား​သဖြင့်​ပြုမူ​ခြင်း​ကို ခံ​ကြ​ရ​လိမ့်မည်​။ သူ​တို့​သည် နေ့​အချိန်​၌ သောက်စား​ပျော်ပါး​ခြင်း​ကို ပျော်ရွှင်​မှု​ဟု​မှတ်ယူ​လျက် သင်​တို့​နှင့်အတူ​စား​သောက်​စဉ် မိမိ​တို့​၏​လှည့်ဖြား​မှု​ထဲ၌ မွေ့လျော်​ကြ​၍ အစွန်းအထင်း​နှင့်​အပြစ်​အနာအဆာ​များ​ကဲ့သို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 14,
      "text": "သူ​တို့​၏​မျက်စိ​သည် ဖောက်ပြန်​လို​သော​ဆန္ဒ​နှင့်​ပြည့်နှက်​၍ အပြစ်​ပြု​ရာ​မှ​ရပ်တန့်​ခြင်း​မ​ရှိ​ကြ။ သူ​တို့​သည် စိတ်​မ​တည်ကြည်​သော​သူ​တို့​ကို လှည့်ဖြား​ဆွဲဆောင်​လျက် လောဘ​လွန်ကျူး​ခြင်း​၌​ကျင့်သားရ​သော စိတ်နှလုံး​ရှိ​၍ ကျိန်ဆဲ​ခြင်း​၏​သားသမီး​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 15,
      "text": "သူ​တို့​သည် ဖြောင့်တန်း​သော​လမ်း​ကို​စွန့်ခွာ​၍ လမ်းလွဲ​ကာ မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ကို​နှစ်သက်​သည့် ဗော်သော်​၏​သား ဗာလမ်​၏​လမ်းစဉ်​ကို​လိုက်​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 16,
      "text": "သို့သော် ဗာလမ်​သည် မိမိ​၏​မှားယွင်း​ခြင်း​အတွက် ဆိုဆုံးမ​ခြင်း​ကို​ခံရ​၏။ စကား​မ​ပြော​တတ်​သော​မြည်း​သည် လူ​၏​အသံ​ဖြင့် စကား​ပြော​လျက် ထို​ပရောဖက်​၏​မိုက်မဲ​မှု​ကို တားမြစ်​လေ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 17,
      "text": "ထို​သူ​တို့​သည် ခန်းခြောက်​သော​စမ်းရေ​တွင်း​များ၊ မုန်တိုင်း​ဖြင့်​လွင့်ပါ​သွား​သည့်​မိုးတိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထိန်းသိမ်း​ထား​လျက်​ရှိ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 18,
      "text": "အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 19,
      "text": "သူ​တို့​သည် ထို​သူ​တို့​အား လွတ်လပ်​မှု​ကို​ပေး​မည်​ဟု ကတိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်တိုင်​သည် ပျက်စီး​ခြင်း​၏​ကျေးကျွန်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​၏​အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် ထို​အရာ​၏​ကျေးကျွန်​ဖြစ်​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 20,
      "text": "ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အားဖြင့် လောကီ​ညစ်ညူး​ခြင်း​မှ လွတ်မြောက်​ကြ​ပြီးနောက် ထို​အရာ​များ​နှင့် တစ်ဖန်​ပတ်သက်​ငြိတွယ်​လျက် အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် သူ​တို့​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 21,
      "text": "အကြောင်းမူကား ဖြောင့်မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိမိ​တို့​ထံ​ပေးအပ်​ထား​သည့် သန့်ရှင်း​သော​ပညတ်​တော်​ကို ကျောခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အတွက် သာ၍​ကောင်း​၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 22,
      "text": "ခွေး​သည် မိမိ​အန်ဖတ်​ကို​ပြန်​စား​တတ်​၏။ ရေချိုး​ပြီး​သော​ဝက်​သည် ရွှံ့​တွင်​ပြန်​လူး​တတ်​၏ ​ဟူသော မှန်ကန်​သည့်​ဆိုရိုး​စကား​အတိုင်း ထို​သူ​တို့​၌​ဖြစ်ပျက်​လေ​ပြီ။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 1,
      "text": "ချစ်​ရ​သော​သူ​တို့၊ ယခု ဤ​ဒုတိယ​စာ​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ ငါ​သည် ဤ​စာ​နှစ်စောင်လုံး​တွင် သင်တို့ကို​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​၏​ဖြူစင်​သော​စိတ်နှလုံး​ကို နိုးကြား​တက်ကြွ​စေ​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 2,
      "text": "ဤသည်ကား သန့်ရှင်း​သော​ပရောဖက်​များ ကြိုတင်​ပြော​ထား​သော​စကား​တို့​ကို​လည်းကောင်း၊ သင်​တို့​၏​တမန်တော်​များ​မှတစ်ဆင့်​ရရှိ​ထား​သည့် သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော​အရှင်​၏​ပညတ်​တော်​ကို​လည်းကောင်း သင်​တို့​ပြန်လည်​သတိရ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 3,
      "text": "ပထမ​ဦးစွာ သင်​တို့​သိ​ထား​ရ​မည့်​အချက်​မှာ ပြက်ရယ်ပြု​တတ်​သော​သူ​တို့​သည် နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ ပြက်ရယ်ပြု​လျက်​ပေါ်လာ​၍ မိမိ​တို့​၏​တပ်မက်​ခြင်း​များ​အတိုင်း လျှောက်လှမ်း​ကာ"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 4,
      "text": "“ကိုယ်တော်​၏​ကြွလာ​တော်မူ​ခြင်း​နှင့်ဆိုင်သော​ကတိ​တော်​သည် အဘယ်မှာ​ရှိ​သနည်း။ ရှေး​ဘိုးဘေး​များ​အိပ်ပျော်​ခဲ့​သည့်​အချိန်​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​သည် ဖန်ဆင်း​ခြင်း​၏​အစ​က​အတိုင်း ဆက်၍​တည်​နေ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​လိမ့်မည်။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 5,
      "text": "အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ကောင်းကင်​သည် ရှေးယခင်​က​ပင်​တည်ရှိ​၍ မြေကြီး​သည်​လည်း ရေ​အားဖြင့် ရေ​ထဲမှ​ထင်ရှား​လာ​ပြီး"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 6,
      "text": "ထို​အချိန်​က ကမ္ဘာ​သည် ရေ​လွှမ်းမိုး​ခြင်း​ခံရ​လျက် ရေ​အားဖြင့် ပျက်စီး​ခြင်း​သို့​ရောက်​ခဲ့​သည်​ဟူသော​အချက်​ကို သူ​တို့​သည် တမင်​မေ့လျော့​ထား​လို​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 7,
      "text": "ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 8,
      "text": "သို့သော် ချစ်​ရ​သော​သူ​တို့၊ ထာဝရ​ဘုရား​အတွက် နေ့ရက်​တစ်​ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် နေ့ရက်​တစ်​ရက်​ကဲ့သို့​လည်းကောင်း ဖြစ်​သည် ​ဟူသော​အချက်​တစ်​ခု​ကို မ​မေ့လျော့​ကြ​နှင့်။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 9,
      "text": "နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 10,
      "text": "သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 11,
      "text": "ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့်"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 12,
      "text": "ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 13,
      "text": "သို့သော် ငါ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ဖြောင့်မတ်​ခြင်း​တရား​ကိန်းဝပ်​ရာ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို​စောင့်မျှော်​နေ​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 14,
      "text": "သို့ဖြစ်၍ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ထို​အရာ​များ​ကို​စောင့်မျှော်​နေ​ကြ​သည်​ဖြစ်၍ အစွန်းအထင်း​ကင်း​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​အဖြစ် ကိုယ်တော်​၏​ရှေ့​တော်​သို့ ငြိမ်းချမ်း​စွာ​ရောက်ရှိ​နိုင်​ရန် ကြိုးစား​ကြ​လော့။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 15,
      "text": "ငါ​တို့​ချစ်​သော​ညီအစ်ကို​ပေါလု​သည်​လည်း သူ​၌​ပေးအပ်​ထား​တော်မူ​သော ဉာဏ်ပညာ​နှင့်အညီ သင်​တို့​ထံ​ရေး​လိုက်​သည့်​အတိုင်း ငါ​တို့​သခင်​ဘုရား​၏​စိတ်ရှည်​တော်မူ​ခြင်း​သည် ကယ်တင်​ခြင်း​အတွက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 16,
      "text": "သူ​သည် အခြား​စာ​အားလုံး​ထဲတွင်​လည်း ဤ​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ပြော​ထား​၏။ ထို​စာ​များ​ထဲတွင် နားလည်​ရန်​ခက်ခဲ​သော​အရာ​အချို့​ရှိ​၏။ အသိပညာ​မဲ့​၍ မ​တည်ကြည်​သော​သူ​တို့​သည် အခြား​သော​ကျမ်း​များ​အပေါ်၌​လည်း​ပြု​သကဲ့သို့ ထို​စာ​၏​အနက်​ကို လို​ရာ​ဆွဲ​၍ မိမိ​တို့​ကိုယ်​ကို ပျက်စီး​ခြင်း​သို့​ရောက်​စေ​ကြ​၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 17,
      "text": "ထို့ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်၍ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှားယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိမိ​တို့​၏​တည်ကြည်​မှု​ကို မ​ဆုံးရှုံး​စေရန် မိမိ​ကိုယ်​ကို​စောင့်ထိန်း​ကြ​လော့။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 18,
      "text": "ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 1,
      "text": "အစအဦး​က​ပင်​ရှိ​သော​အရာ၊ ငါ​တို့​ကြား​ရ​သော​အရာ၊ ကိုယ့်​မျက်စိ​ဖြင့် မြင်​ရ​သော​အရာ၊ ငါ​တို့​ကြည့်ရှု​လျက် ကိုယ့်​လက်​ဖြင့် တို့ထိ​စမ်းသပ်​ရ​သော​အရာ​တည်းဟူသော အသက်​နှင့်ဆိုင်သည့် နှုတ်ကပတ်တော်​အကြောင်း​ဟူမူကား"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 2,
      "text": "ထို​အသက်​သည် ထင်ရှား​ခဲ့​ပြီ​။ ငါ​တို့​သည်​လည်း ၎င်း​ကို​မြင်​ရ​၍ သက်သေခံ​လျက် ခမည်းတော်​နှင့်အတူ​ရှိ​ပြီး ငါ​တို့​၌​ထင်ရှား​သော ထို​ထာဝရ​အသက်​အကြောင်း​ကို သင်​တို့​အား ပြောကြား​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​မြင်​ရ​ကြား​ရ​သော​အရာ​ကို သင်​တို့​အား​ပြောကြား​ရ​ခြင်း​မှာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​စေရန်​ဖြစ်​၏။ ငါ​တို့​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ခမည်းတော်​နှင့်​လည်းကောင်း၊ ခမည်းတော်​၏​သား​တော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယ​ဖွဲ့​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 4,
      "text": "ငါ​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် ဤ​အရာ​များ​ကို ငါ​တို့​ရေး​လိုက်​၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 5,
      "text": "“ဘုရားသခင်​သည် အလင်း​ဖြစ်​တော်မူ​၍ ဘုရားသခင်​၌ မှောင်မိုက်​ခြင်း​လုံးဝ​မ​ရှိ”​ဟူသော ဤ​သတင်း​စကား​သည် ကိုယ်တော်​ထံမှ ငါ​တို့​ကြား​ရ​၍ သင်​တို့​အား ပြောကြား​သော​သတင်းစကား​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 6,
      "text": "ငါ​တို့​သည် ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အမှောင်​ထဲ၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်လည်​ပြောဆို​သည်​ဖြစ်၍ သမ္မာတရား​ကို​ကျင့်သုံး​နေ​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 7,
      "text": "သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 8,
      "text": "ငါ​တို့​၌​အပြစ်​မ​ရှိ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​လှည့်ဖြား​နေ​သည်​ဖြစ်၍ သမ္မာတရား​သည် ငါ​တို့​၌​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 9,
      "text": "ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 10,
      "text": "အပြစ်​မ​ပြု​ဖူး​ပါ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ငါ​တို့​၌​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 1,
      "text": "ငါ့​သားသမီး​တို့၊ သင်​တို့​သည် အပြစ်​မ​ပြု​ကြ​စေရန် ဤ​အရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ တစ်စုံတစ်ယောက်​သည် အပြစ်​ပြု​မိ​ခဲ့​လျှင် ခမည်းတော်​ထံ၌ ကူညီ​ဖြေရှင်း​ပေး​သူ​တည်းဟူသော ဖြောင့်မတ်​သည့်​အရှင်​ယေရှု​ခရစ်တော်​သည် ငါ​တို့​အတွက်​ရှိ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 2,
      "text": "ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 3,
      "text": "ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ထို​အမှုအရာ​အားဖြင့် ဘုရားသခင်​ကို ငါ​တို့​သိကျွမ်း​သည်​ကို​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 4,
      "text": "ဘုရားသခင်​ကို ငါ​သိကျွမ်း​၏​ဟု​ဆို​လျက် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၍ သမ္မာတရား​သည် ထို​သူ​၌​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 5,
      "text": "သို့ရာတွင် မည်သူမဆို ဘုရားသခင်​၏​စကား​ကို လိုက်နာ​စောင့်ထိန်း​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အမှန်ပင်​ပြည့်စုံ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ဘုရားသခင်​၌​ရှိ​သည်​ကို သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 6,
      "text": "ဘုရားသခင်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ခရစ်တော်​အသက်ရှင်​လျှောက်လှမ်း​တော်မူ​ခဲ့​သည့်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ရ​မည်။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 7,
      "text": "ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပညတ်​သည် ပညတ်​သစ်​မ​ဟုတ်။ အစအဦး​က​ပင် သင်​တို့​၌​ရှိ​သော ပညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်ကပတ်တော်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 8,
      "text": "တစ်ဖန် ခရစ်တော်​၌​လည်းကောင်း၊ သင်​တို့​၌​လည်းကောင်း မှန်ကန်​သော​ပညတ်​သစ်​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ အကြောင်းမူကား မှောင်မိုက်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​၍ စစ်မှန်​သော​အလင်း​သည် ထွန်းတောက်​ပြီ​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 9,
      "text": "ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 10,
      "text": "မိမိ​ညီအစ်ကို​ကို​ချစ်​သော​သူ​သည် အလင်း​၌​တည်​သည်​ဖြစ်၍ ထို​သူ​၌ မှားယွင်း​စေ​သော​အရာ​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 11,
      "text": "မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 12,
      "text": "သားသမီး​တို့၊ သင်​တို့​သည် ခရစ်တော်​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 13,
      "text": "ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် မကောင်း​သော​အရာ​ကို အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏​။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 14,
      "text": "သားသမီး​တို့၊ သင်​တို့​သည် ခမည်းတော်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 15,
      "text": "လောက​ကို​လည်းကောင်း၊ လောက​၌​ရှိ​သော​အရာ​တို့​ကို​လည်းကောင်း မ​ချစ်​ကြ​နှင့်။ မည်သူမဆို လောက​ကို​ချစ်​လျှင် ခမည်းတော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 16,
      "text": "အကြောင်းမူကား လောက​၌​ရှိသမျှ​သော​အရာ​တည်းဟူသော ကိုယ်ကာယ​၏​တပ်မက်​ခြင်း၊ မျက်စိ​၏​တပ်မက်​ခြင်း၊ စည်းစိမ်​၌​ကြွားဝါ​ခြင်း​တို့​သည် ခမည်းတော်​နှင့်​မ​စပ်ဆိုင်။ လောက​နှင့်​သာ​စပ်ဆိုင်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 17,
      "text": "လောက​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။ ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​မူကား ကာလ​အစဉ်အဆက်​တည်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 18,
      "text": "သားသမီး​တို့၊ ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​၏။ ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ရောက်လာ​တော့မည်​ဟု သင်​တို့​ကြား​ရ​သည့်​အတိုင်း ယခု​ပင် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​အမြောက်အမြား​ပေါ်​လာ​ကြ​ပြီ။ ထို့ကြောင့် ယခု​ကာလ​သည် နောက်ဆုံး​သော​ကာလ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 19,
      "text": "ထို​သူ​တို့​သည် ငါ​တို့​ထံမှ ထွက်သွား​ကြ​၏။ သို့သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မှန်လျှင် ငါ​တို့​နှင့်အတူ​နေ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် သူ​တို့​ထွက်သွား​ကြ​သည်မှာ သူ​တို့​အားလုံး ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​မူကား သန့်ရှင်း​တော်မူ​သော​အရှင်​ထံမှ ဘိသိက်​ကျေးဇူး​ကို ခံစား​ရ​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ကို​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 21,
      "text": "သင်​တို့​သည် သမ္မာတရား​ကို​မ​သိ​ကြ​သောကြောင့် မ​ဟုတ်​ဘဲ သမ္မာတရား​ကို​လည်းကောင်း၊ လိမ်လည်​ခြင်း​ရှိသမျှ​တို့​သည် သမ္မာတရား​နှင့်​မ​စပ်ဆိုင်​သည်​ကို​လည်းကောင်း သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 22,
      "text": "လိမ်လည်​သော​သူ​ကား မည်သူ​နည်း။ ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ငြင်းပယ်​သော​သူ​မ​ဟုတ်​လော။ ခမည်းတော်​နှင့်​သား​တော်​ကို ငြင်းပယ်​သော​သူ​သည် ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 23,
      "text": "သား​တော်​ကို​ငြင်းပယ်​သော​သူ​ရှိသမျှ​တို့​သည် ခမည်းတော်​ကို​မ​ရ။ သား​တော်​ကို​ဝန်ခံ​သော​သူ​သည် ခမည်းတော်​ကို​ရ​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 24,
      "text": "အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထိုသို့ အစအဦး​ကပင် သင်​တို့​ကြားနာ​ခဲ့​သော​အရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်​ကြ​လိမ့်မည်။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 25,
      "text": "ဤသည်ကား ငါ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သည့် ကတိ​တော်​တည်းဟူသော ထာဝရ​အသက်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 26,
      "text": "သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 27,
      "text": "သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 28,
      "text": "ထို့ကြောင့် သားသမီး​တို့၊ ငါ​တို့​သည် ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်တော်​ကြွလာ​တော်မူ​သည့်​အချိန်​တွင် ရှေ့​တော်​၌ ရှက်ကြောက်​ခြင်း​မ​ရှိ​စေရန် ကိုယ်တော်​၌​တည်​နေ​ကြ​လော့။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 29,
      "text": "ဘုရားသခင်​သည် ဖြောင့်မတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 1,
      "text": "ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​ရန် ခမည်းတော်​သည် မည်မျှ​ကြီးမား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်မူ​သည်​ကို ဆင်ခြင်​ကြ​လော့။ အမှန်ပင် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ လောကီသား​တို့​သည် ဘုရားသခင်​ကို​မ​သိ​သောကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 2,
      "text": "ချစ်​ရ​သော​သူ​တို့၊ ယခု ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ အနာဂတ်​တွင် ငါ​တို့​မည်သို့​ဖြစ်​ကြ​မည်​ကို ထင်ရှား​စွာ​မ​သိ​ရ​သေး​သော်လည်း ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​ကို ပကတိ​အဖြစ်​တော်​အတိုင်း မြင်​ရ​ကြ​မည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 3,
      "text": "ကိုယ်တော်​၌ ဤသို့​မျှော်လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်တော်​သန့်ရှင်း​စင်ကြယ်​တော်မူ​သည့်​နည်းတူ မိမိကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​တတ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 4,
      "text": "အပြစ်​ကို​ပြု​နေ​သော​သူ​တိုင်း​သည် တရားမဲ့​သော​အမှု​ကို​လည်း​ပြု​၏။ အပြစ်​သည် တရားမဲ့​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 5,
      "text": "ကိုယ်တော်​သည် အပြစ်​များ​ကို​ယူဆောင်​သွား​ရန် ပေါ်ထွန်း​တော်မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်တော်​၌​ကား မည်သည့်​အပြစ်​မျှ​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 6,
      "text": "ကိုယ်တော်​၌​တည်​နေ​သော​သူ​တိုင်း​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ။ အပြစ်​ပြု​နေ​သော​သူ​တိုင်း​သည် ကိုယ်တော်​ကို​မ​သိ​မ​မြင်​ဖူး​ချေ။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 7,
      "text": "သားသမီး​တို့၊ သင်​တို့​ကို မည်သူမျှ မ​လှည့်ဖြား​စေ​နှင့်။ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​သည့်​နည်းတူ ဖြောင့်မတ်​ခြင်း​တရား​ကို​ကျင့်သုံး​သော​သူ​သည် ဖြောင့်မတ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 8,
      "text": "အပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မာရ်နတ်​သည် အစအဦး​ကပင် အပြစ်​ပြု​လျက်​ရှိ​၏။ ဘုရားသခင်​၏​သား​တော်​ပေါ်ထွန်း​တော်မူ​ခဲ့​သည်​မှာ မာရ်နတ်​၏​လုပ်ဆောင်မှု​တို့​ကို ပယ်ဖျက်​ရန်​အတွက်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 9,
      "text": "ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ မည်သူ​၌​မဆို ဘုရားသခင်​၏​မျိုးစေ့​တည်​နေ​သည်​ဖြစ်၍ ထို​သူ​သည် အပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သောကြောင့် အပြစ်​ကို​ဆက်၍​မ​ပြု​နိုင်။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 10,
      "text": "ဖြောင့်မတ်​ခြင်း​တရား​ကို​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ မိမိ​ညီအစ်ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​နှင့် မာရ်နတ်​၏​သားသမီး​များ​ကို ခွဲခြား​သိရှိ​နိုင်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 11,
      "text": "ငါ​တို့​သည် အချင်းချင်း​ချစ်​ကြ​ရ​မည်​ဟူသော ဤ​သတင်း​စကား​သည် အစအဦး​ကပင် သင်​တို့​ကြားနာ​ရ​သော​သတင်းစကား​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 12,
      "text": "မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ပြီး မိမိ​၏​ညီ​ကို​သတ်​သော​ကာဣန​ကဲ့သို့ မ​ဖြစ်​ကြ​နှင့်။ အဘယ်ကြောင့် ညီ​ကို​သတ်​သနည်း​ဟူမူကား သူ​၏​လုပ်ဆောင်​မှု​သည် ဆိုးညစ်​၍ သူ့​ညီ​၏​လုပ်ဆောင်​မှု​သည် ဖြောင့်မတ်​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 13,
      "text": "ညီအစ်ကို​တို့၊ လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် မ​အံ့ဩ​ကြ​နှင့်။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 14,
      "text": "ငါ​တို့​သည် ညီအစ်ကို​တို့​ကို ချစ်​ကြ​သောကြောင့် သေ​ခြင်း​မှ​အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူကား သေ​ခြင်း​၌​တည်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 15,
      "text": "မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​တိုင်း​သည် လူသတ်သမား​ဖြစ်​၏။ မည်သည့်​လူသတ်သမား​၌​မျှ ထာဝရ​အသက်​မ​တည်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 16,
      "text": "ခရစ်တော်​သည် ငါ​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တော်မူ​သောကြောင့် ငါ​တို့​သည် ထို​အမှုအရာ​အားဖြင့် ချစ်​ခြင်း​မေတ္တာ​ကို​သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီအစ်ကို​ချင်း​တို့​အတွက် အသက်​ကို​စွန့်​သင့်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 17,
      "text": "တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 18,
      "text": "သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 19,
      "text": "ဤသို့ဖြင့် ငါ​တို့​သည် သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်နှလုံး​ကို ငြိမ်သက်​စွာ​ရှိ​စေ​ကြ​လိမ့်မည်။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 20,
      "text": "ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်တင်​ခဲ့​လျှင်​လည်း ဘုရားသခင်​သည် ငါ​တို့​၏​စိတ်နှလုံး​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို​သိ​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 21,
      "text": "ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​ပြီး"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 22,
      "text": "တောင်းလျှောက်​သမျှ​တို့​ကို ဘုရားသခင်​ထံမှ​ရ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​၍ ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​များ​ကို ပြု​ကြ​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 23,
      "text": "ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 24,
      "text": "ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​၏။ ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​အား ပေး​တော်မူ​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 1,
      "text": "ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 2,
      "text": "ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်ခံ​သော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 3,
      "text": "ယေရှု​ကို​ဝန်​မ​ခံ​သော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ထိုသို့​သော​ဝိညာဉ်​သည် လာ​တော့​မည်​ဟု သင်​တို့​ကြား​ခဲ့​သည့်​အတိုင်း ယခု ဤ​လောက​၌​ရှိ​နှင့်​ပြီ​ဖြစ်​သော ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​၏​ဝိညာဉ်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 4,
      "text": "သားသမီး​တို့၊ သင်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်နိုင်​ကြ​ပြီ။ အကြောင်းမူကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လောက​ဘက်​၌​ရှိ​သော​သူ​ထက် ကြီးမြတ်​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 5,
      "text": "ထို​သူ​တို့​သည် လောက​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​သောကြောင့် လောက​နှင့်​စပ်ဆိုင်​သော​အရာ​ကို ပြောဆို​တတ်​ကြ​၏။ လောကီသား​တို့​သည်​လည်း သူ​တို့​ကို​နားထောင်​တတ်​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 6,
      "text": "ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စကား​ကို​နားထောင်​တတ်​၏။ ဘုရားသခင်​နှင့်​မ​စပ်ဆိုင်​သော​သူ​သည် ငါ​တို့​စကား​ကို​နားမထောင်​တတ်။ ဤသို့သော​အားဖြင့် ငါ​တို့​သည် သမ္မာတရား​၏​ဝိညာဉ်​နှင့် မှားယွင်း​ခြင်း​၏​ဝိညာဉ်​ကို သိ​ရ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 7,
      "text": "ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် အချင်းချင်း​ချစ်​ကြ​ကုန်စို့။ အကြောင်းမူကား ချစ်​ခြင်း​မေတ္တာ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ ချစ်​ခြင်း​မေတ္တာ​ရှိ​သော​သူ​တိုင်း​သည်​လည်း ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို​သိ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 8,
      "text": "ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘုရားသခင်​ကို​မ​သိ။ အကြောင်းမူကား ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 9,
      "text": "ငါ​တို့​သည် သား​တော်​အားဖြင့် အသက်ရှင်​ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို ဤ​လောက​သို့ စေလွှတ်​တော်မူ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်ရှား​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 10,
      "text": "ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘုရားသခင်​က​သာ ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​အဖြစ် မိမိ​၏​သား​တော်​ကို စေလွှတ်​တော်မူ​၏။ ဤ​အမှုအရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 11,
      "text": "ချစ်​ရ​သော​သူ​တို့၊ ဘုရားသခင်​သည် ငါ​တို့​ကို ဤမျှလောက်​ချစ်​တော်မူ​လျှင် ငါ​တို့​သည်​လည်း အချင်းချင်း​ချစ်​သင့်​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 12,
      "text": "ဘုရားသခင်​ကို မည်သူမျှ မ​မြင်​ဖူး​သော်လည်း ငါ​တို့​အချင်းချင်း​ချစ်​ကြ​လျှင် ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​၍ ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 13,
      "text": "ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်မူ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 14,
      "text": "ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 15,
      "text": "မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 16,
      "text": "ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 17,
      "text": "ငါ​တို့​သည် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​စေရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ အကြောင်းမူကား ငါ​တို့​သည်​လည်း ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 18,
      "text": "ချစ်​ခြင်း​မေတ္တာ​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ။ ကြောက်ရွံ့​ခြင်း​သည် အပြစ်ဒဏ်​ခံရ​ခြင်း​နှင့်​သက်ဆိုင်​သည်​ဖြစ်၍ စုံလင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်ရွံ့​ခြင်း​ကို ဖယ်ရှား​တတ်​၏။ ထို့ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်စုံ​သေး။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 19,
      "text": "ဘုရားသခင်​သည် ငါ​တို့​ကို​ဦးစွာ​ချစ်​တော်မူ​သောကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 20,
      "text": "တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 21,
      "text": "“ဘုရားသခင်​ကို​ချစ်​သော​သူ​သည် မိမိ​ညီအစ်ကို​ကို​လည်း ချစ်​ရ​မည်”​ဟူသော ဤ​ပညတ်​တော်​ကို ကိုယ်တော်​ထံမှ ငါ​တို့​ရရှိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 1,
      "text": "ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ဖြစ်​၏။ ပေါက်ဖွား​စေ​တော်မူ​သော​အရှင်​ကို ချစ်​သော​သူ​တိုင်း​သည် ထို​အရှင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​ကို​လည်း​ချစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 2,
      "text": "ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လိုက်နာ​ကျင့်သုံး​ကြ​လျှင် ထို​အမှုအရာ​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ကို​ချစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 3,
      "text": "ဘုရားသခင်​ကို​ချစ်​ခြင်း​ဆိုသည်မှာ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​ခြင်း​ပင်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​တို့​သည်​လည်း စောင့်ထိန်း​ရန်​ခဲယဉ်း​သည်​မ​ဟုတ်။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 4,
      "text": "အကြောင်းမူကား ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​တိုင်း​သည် လောက​ကို​အောင်နိုင်​၏။ လောက​ကို​အောင်နိုင်​သော အောင်ပွဲ​မှာ ငါ​တို့​၏​ယုံကြည်​ခြင်း​ပင်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 5,
      "text": "မည်သူ​သည် လောက​ကို​အောင်နိုင်​သနည်း။ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​ပင်​မ​ဟုတ်​လော။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 6,
      "text": "ယေရှု​ခရစ်တော်​သည် ရေ​နှင့်​သွေး​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​၏။ ရေ​အားဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အားဖြင့်​ကြွလာ​တော်မူ​၏။ ဝိညာဉ်​တော်​သည် သက်သေခံ​သော​အရှင်​ဖြစ်​၏။ အကြောင်းမှာ ဝိညာဉ်​တော်​သည် သမ္မာတရား​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 7,
      "text": "ဝိညာဉ်​တော်၊ ရေ၊ သွေး​တည်းဟူသော သက်သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တညီတညွတ်တည်း​ဖြစ်​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 9,
      "text": "ငါ​တို့​သည် လူ​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​သည်​ဆို​လျှင် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် ပို၍​ကြီးမြတ်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် မိမိ​၏​သား​တော်​နှင့်​ပတ်သက်​၍​ပေး​ထား​သော​သက်သေခံ​တော်မူ​ချက်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 10,
      "text": "ဘုရားသခင်​၏​သား​တော်​ကို​ယုံကြည်​သော​သူ​သည် ဤ​သက်သေခံ​ချက်​ကို မိမိ​အထဲ၌​ရရှိ​ထား​၏။ ဘုရားသခင်​ကို​မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​က မိမိ​၏​သား​တော်​နှင့်​ပတ်သက်၍ သက်သေခံ​တော်မူ​သော​သက်သေခံ​ချက်​ကို ထို​သူ​သည် မ​ယုံကြည်​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 11,
      "text": "ထို​သက်သေခံ​ချက်​မှာ ဘုရားသခင်​သည် ငါ​တို့​အား ထာဝရ​အသက်​ကို​ပေး​တော်မူ​ပြီး ထို​အသက်​သည် ဘုရားသခင်​၏​သား​တော်​၌​ရှိ​၏​ဟူ၍ ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 12,
      "text": "သား​တော်​ကို​ရရှိ​သော​သူ​သည် အသက်​ကို​ရ​၏။ ဘုရားသခင်​၏​သား​တော်​ကို​မ​ရရှိ​သော​သူ​မူကား အသက်​ကို​မ​ရ။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 13,
      "text": "ဘုရားသခင့်​သား​တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သင်​တို့​ထံ ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာဝရ​အသက်​ကို​ရရှိ​ပြီ​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​စေရန်​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 14,
      "text": "ဘုရားသခင်​၌ ငါ​တို့​ထားရှိ​သော​ယုံကြည်​စိတ်ချ​မှု​ကား ငါ​တို့​သည် အလို​တော်​နှင့်အညီ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ဘုရားသခင်​သည်​နားညောင်း​တော်မူ​၏​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 15,
      "text": "ငါ​တို့​တောင်းလျှောက်​သမျှ​ကို နားညောင်း​တော်မူ​ကြောင်း ငါ​တို့​သိ​လျှင် ဘုရားသခင်​ထံ​တောင်းလျှောက်​ခဲ့​သော​အရာ​များ​ကို ငါ​တို့​ရရှိ​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 16,
      "text": "တစ်စုံတစ်ယောက်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​ပြု​နေ​သည့် မိမိ​ညီအစ်ကို​ကို​တွေ့​လျှင် သူ​သည် ဆုတောင်း​ရ​မည်။ ထိုအခါ ဘုရားသခင်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​ပြု​နေ​သည့် ထို​ညီအစ်ကို​အား အသက်​ကို​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သို့​ပို့ဆောင်​သော​အပြစ်​မျိုး​ရှိ​၏။ ထိုသို့​သော​အပြစ်​အတွက် တောင်းလျှောက်​ရ​မည်​ဟု ငါ​မ​ဆို​လို။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 17,
      "text": "မတရားမှု​ရှိသမျှ​သည် အပြစ်​ဖြစ်​၏။ သို့သော် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​လည်း​ရှိ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 18,
      "text": "ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​အရှင်​သည် သူ့​ကို​စောင့်ရှောက်​တော်မူ​သောကြောင့် မာရ်နတ်​သည် သူ့​ကို​မ​ထိခိုက်​နိုင်။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 19,
      "text": "ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြ​သည်​ကို​လည်းကောင်း၊ ကမ္ဘာ​လောက​တစ်ခုလုံး​သည် မာရ်နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်းကောင်း ငါ​တို့​သိ​ကြ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 20,
      "text": "ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 21,
      "text": "သားသမီး​တို့၊ ရုပ်တု​များ​ကို​ရှောင်ကြဉ်​ကြ​လော့။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 1,
      "text": "သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌​ငါ​ချစ်​သည့် ရွေးကောက်​ခံရ​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​နှင့် သူ​၏​သားသမီး​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ သင်​တို့​ကို ငါ​တစ်ဦးတည်း​သာ ချစ်​သည်​မ​ဟုတ်။ သမ္မာတရား​ကို​သိ​သော​သူ​အပေါင်း​တို့​သည်​လည်း သင်​တို့​ကို​ချစ်​ကြ​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 2,
      "text": "ဤသို့ ငါတို့​ချစ်​ကြ​သည်​မှာ ငါ​တို့​၌​တည်​နေ​၍ ငါ​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​မည့် သမ္မာတရား​ကြောင့်​ဖြစ်​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 3,
      "text": "ခမည်းတော်​ဘုရားသခင်​ထံမှ​လည်းကောင်း၊ ခမည်းတော်​၏​သား​တော် ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သမ္မာတရား​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို​အမှီပြု​လျက် ငါ​တို့​၌​ရှိ​ပါစေသော။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 4,
      "text": "သင်​၏​သားသမီး​အချို့​တို့​သည် ခမည်းတော်​ဘုရား​ထံမှ ငါ​တို့​ခံယူ​ရရှိ​သော​ပညတ်​တော်​အတိုင်း သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သည်​ကို တွေ့​ရ​သဖြင့် ငါ​အလွန်​ဝမ်းမြောက်​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 5,
      "text": "သို့ဖြစ်၍ ဂုဏ်သရေ​ရှိ​အမျိုးသမီး၊ ပညတ်​တော်​အသစ်​မ​ဟုတ်​ဘဲ အစအဦး​ကပင် ငါ​တို့​၌​ရှိ​သော​ပညတ်တော်​ကို သင့်​ထံ​ရေးသား​လျက် ငါ​တို့​အချင်းချင်း​ချစ်​ကြ​စို့​ဟု ယခု သင့်​အား ငါ​တောင်းပန်​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 6,
      "text": "ချစ်​ခြင်း​မေတ္တာ​ဆိုသည်မှာ ကိုယ်တော်​၏​ပညတ်​တော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ခြင်း​ဖြစ်​၏။ ထို​ပညတ်​တော်​သည်​ကား အစအဦး​ကပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 7,
      "text": "အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 8,
      "text": "သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 9,
      "text": "ခရစ်တော်​၏​သွန်သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်လွန်​သော​သူ​တိုင်း​သည် ဘုရားသခင်​ကို​မ​ရရှိ​ပေ။ ထို​သွန်သင်​ချက်​၌​တည်​သော​သူ​သည် ခမည်းတော်​နှင့်​သား​တော်​ကို​ရရှိ​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 10,
      "text": "ဤ​သွန်သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 11,
      "text": "အကြောင်းမူကား ထိုသို့သော​သူ​ကို​နှုတ်ခွန်းဆက်​လျှင် သူ​၏​ဆိုးညစ်​သော​အမှု​၌ ပါဝင်​ရာ​ရောက်​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​ထံ ငါ​ရေး​စရာ​များစွာ​ရှိ​သော်လည်း စက္ကူ​နှင့်​မင်​ဖြင့်​ငါ​မ​ရေး​လို​ပေ။ ငါ​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​မည့်​အကြောင်း သင်​တို့​ထံသို့​လာ​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 13,
      "text": "ရွေးကောက်​ခံရ​သော သင့်​ညီမ​၏​သားသမီး​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 1,
      "text": "သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 2,
      "text": "ချစ်​ရ​သော​သူ၊ သင်​၏​စိတ်​ဝိညာဉ်​ကြီးပွား​သကဲ့သို့ သင်​သည် အရာရာ​၌​ကြီးပွား​၍ ကျန်းမာ​ပါစေ​ဟု ငါ​ဆုတောင်း​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 3,
      "text": "သင်​သည် သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​သည့်​အလျောက် ညီအစ်ကို​အချို့​တို့​သည်​လာ​၍ သင်​၌​ရှိ​သော​သမ္မာတရား​အကြောင်း​ကို သက်သေခံ​ကြ​သောအခါ ငါ​သည် အလွန်​ဝမ်းမြောက်​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 4,
      "text": "ငါ့​သားသမီး​တို့​သည် သမ္မာတရား​၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြောင်း​ကို ကြား​ရ​သည်​ထက် ဝမ်းမြောက်​စရာ​ကောင်း​သော​အရာ​သည် ငါ​၌​မ​ရှိ။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 5,
      "text": "ချစ်​ရ​သော​သူ၊ သင်​သည် ညီအစ်ကို​များ​အပေါ် အထူးသဖြင့် သူစိမ်း​ဧည့်သည်​များ​အပေါ် ပြု​သမျှ​သော​ဝတ်​ကို သစ္စာ​ရှိ​စွာ​ပြု​တတ်​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 6,
      "text": "ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့​၌ သက်သေခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆက်လက်​ပို့ဆောင်​ပေး​လျှင် ကောင်း​သော​အမှု​ပြု​ခြင်း​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 7,
      "text": "ထို​သူ​တို့​သည် သာသနာပ​လူမျိုးခြား​တို့​ထံမှ မည်သည့်​အရာ​ကို​မျှ​မ​ယူ​ဘဲ နာမ​တော်​အတွက်​ခရီး​ပြု​ကြ​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 8,
      "text": "ထို့ကြောင့် ငါ​တို့​သည် သမ္မာတရား​အတွက် သူတို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​ကြ​ရန် သူ​တို့​ကို​ကူညီ​ထောက်ပံ့​သင့်​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 9,
      "text": "ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 10,
      "text": "ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 11,
      "text": "ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 12,
      "text": "ဒေမေတရိ​အကြောင်း​ကို လူ​အပေါင်း​တို့​မှစ၍ သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ​၏။ ငါ​တို့​သည်​လည်း သက်သေခံ​ကြ​၏။ ငါ​တို့​၏​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 13,
      "text": "သင့်​ထံ ငါ​ရေး​စရာ​များစွာ​ရှိ​သော်လည်း မင်​နှင့်​မင်တံ​ဖြင့်​ငါ​မ​ရေး​လို​ပေ။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 14,
      "text": "သင်​နှင့်​အလျင်အမြန်​တွေ့​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 15,
      "text": "သင်​၌​ငြိမ်သက်​ခြင်း​ရှိ​ပါစေ။ မိတ်ဆွေ​များ​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။ မိတ်ဆွေ​တို့​တစ်ဦးစီ​ကို နှုတ်ဆက်​ပေး​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 1,
      "text": "ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 2,
      "text": "ကရုဏာ​တော်၊ ငြိမ်သက်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​သည် သင်​တို့​၌ တိုးပွား​ပါစေသော။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 3,
      "text": "ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 4,
      "text": "အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 6,
      "text": "ထို့ပြင် မိမိ​တို့​၏​မူလ​အခွင့်အာဏာ​ကို​မ​ထိန်းသိမ်း​ဘဲ မိမိ​တို့​စံ​ရာ​အရပ်​ကို စွန့်ခွာ​သွား​ကြ​သည့် ကောင်းကင်​တမန်​များ​အား တရား​စီရင်​တော်မူ​ရာ​နေ့​ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​အားဖြင့် မှောင်မည်း​ခြင်း​အောက်၌ ထိန်းသိမ်း​ထား​တော်မူ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 7,
      "text": "ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 8,
      "text": "ထိုနည်းတူ ဤ​အိပ်မက်​မြင်မက်​တတ်​သော​သူ​တို့​သည်​လည်း ကိုယ်ကာယ​ကို​ညစ်ညူး​စေ​လျက် အုပ်စိုး​ခြင်း​ကို​ဝန်မခံ​ဘဲ ဘုန်း​အသရေ​ရှိ​သော​သူ​ကို စော်ကား​ပြောဆို​တတ်​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 9,
      "text": "ကောင်းကင်​တမန်​မင်း​မိက္ခေလ​ပင် မာရ်နတ်​နှင့်​ငြင်းခုံ​လျက် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်၍ အချေအတင်​ပြောဆို​ကြ​သောအခါ ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ “ထာဝရ​ဘုရား​သည် သင့်​ကို ဆုံးမ​တော်မူ​ပါစေ”​ဟူ၍​သာ ပြောဆို​ခဲ့​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 10,
      "text": "သူ​တို့​မူကား မိမိ​တို့​မ​သိ​သော​အရာ​များ​ကို စော်ကား​ပြောဆို​ကြ​လျက် ဆင်ခြင်​ဉာဏ်​မ​ရှိ​သော တိရစ္ဆာန်​များ​ကဲ့သို့ ပင်ကို​သဘာဝ​အရ​သိ​ထား​သည့်​အရာ​များ​၌​ပင် ပျက်စီး​ခြင်း​သို့​ရောက်​တတ်​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 11,
      "text": "သူ​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကာဣန​၏​လမ်းစဉ်​ကို​လိုက်​၍ အခကြေးငွေ​အတွက် ဗာလမ်​၏​မှားယွင်း​ခြင်း​ထဲသို့​ကျရောက်​သွား​ကာ ကောရ​၏​ဆန့်ကျင်​မှု​မျိုး​၌ ပျက်စီး​ဆုံးရှုံး​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 12,
      "text": "သူ​တို့​သည် သင်​တို့​နှင့်အတူ​စား​သောက်​သောအခါ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ မိမိ​တို့​အတွက်​သာ ဂရုစိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အစွန်းအထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်ပါ​သွား​သော မိုးရေ​မ​ပါ​သည့်​မိုးတိမ်​များ၊ အမြစ်​ပါ​မကျန်​ဆွဲနုတ်​ခံရ​၍ နှစ်​ကြိမ်​သေ​သည့် အသီး​မ​သီး​သော ဆောင်းဦး​ကာလ​သစ်ပင်​များ၊"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 13,
      "text": "မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 14,
      "text": "အာဒံ​မှ ခုနစ်​ဆက်​မြောက်​သော​မျိုးဆက်​ဖြစ်​သည့် ဧနောက်​သည်​လည်း သူ​တို့​နှင့်​ပတ်သက်၍ ပရောဖက်ပြု​ဟောပြော​လျက် “ကြည့်ရှု​လော့။ ထာဝရ​ဘုရား​သည် အတိုင်းမသိ​များစွာ​သော မိမိ​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 15,
      "text": "ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 16,
      "text": "သူ​တို့​သည် ညည်းညူ​တတ်​သော​သူ၊ သူတစ်ပါး​၏​အပြစ်​ကို​ရှာ​တတ်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​တပ်မက်​ခြင်း​အတိုင်း လျှောက်လှမ်း​နေ​ကြ​၏။ သူ​တို့​၏​နှုတ်​သည်​လည်း ချဲ့ထွင်​ဝါကြွား​ပြောဆို​တတ်​၍ ကိုယ်ကျိုး​အတွက် လူ​တို့​ကို​မြှောက်ပင့်​တတ်​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 17,
      "text": "ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တမန်တော်​များ ကြိုတင်​ပြော​ထား​ခဲ့​သော​စကား​တို့​ကို သတိရ​ကြ​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 18,
      "text": "သူ​တို့​က “နောက်ဆုံး​သော​ကာလ​၌ မိမိ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့်ဆိုင်သော တပ်မက်​ခြင်း​များ​အတိုင်း​လျှောက်လှမ်း​သည့် ပြက်ရယ်ပြု​တတ်​သော​သူ​များ ပေါ်လာ​ကြ​လိမ့်မည်”​ဟု သင်​တို့​အား ပြော​ထား​ခဲ့​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 19,
      "text": "ထို​သူ​တို့​သည် ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ၊ ဇာတိ​နှင့်ဆိုင်သော​သူ၊ ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 20,
      "text": "ချစ်​ရ​သော​သူ​တို့၊ သင်​တို့​မူကား မိမိ​တို့​၏​အလွန်​သန့်ရှင်း​သော​ယုံကြည်​ခြင်း​အပေါ်၌ မိမိတို့ကိုယ်ကို​တည်ဆောက်​လျက် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ဆုတောင်း​ကြ​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 21,
      "text": "ဘုရားသခင်​၏​မေတ္တာ​တော်​၌ မိမိကိုယ်ကို​စောင့်ထိန်း​၍ ထာဝရ​အသက်​သို့​ပို့ဆောင်​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကရုဏာ​တော်​ကို စောင့်မျှော်​ကြ​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 22,
      "text": "သံသယ​ရှိ​သော​သူ​တို့​အပေါ်​ကရုဏာ​ထား​ကြ​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 23,
      "text": "အချို့​သော​သူ​တို့​ကို မီး​ထဲမှ​ဆွဲထုတ်​ကယ်တင်​ကြ​လော့။ အချို့​တို့​ကို​မူ သူ​တို့​၏​သွေးသား​ဇာတိ​ဖြင့်​ညစ်ညူး​စွန်းထင်း​နေ​သော​အင်္ကျီ​ကို​ပင် ရွံမုန်း​လျက် ကြောက်ရွံ့​သော​စိတ်​နှင့်တကွ သူ​တို့​ကို​ကရုဏာ​ထား​ကြ​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 24,
      "text": "သင်​တို့​အား မှားယွင်း​ခြင်း​နှင့်​ကင်း​စေရန် စောင့်ရှောက်​နိုင်စွမ်း​ရှိ​တော်မူ​၍ သင်​တို့​ကို အပြစ်​အနာအဆာ​ကင်း​လျက် ရွှင်မြူး​သော​စိတ်​ဖြင့် ဘုန်း​အသရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 25,
      "text": "ငါ​တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်း​သော​ဘုရားသခင်​၌ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​အသရေ​တော်၊ အာနုဘော်​တော်၊ တန်ခိုး​အရှိန်အဝါ​နှင့် အာဏာစက်​တို့​သည် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်လာမည့်​ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 1,
      "text": "ဤသည်ကား ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​ဖြစ်​၏။ ဤ​ဗျာဒိတ်​တော်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​၏​အစေအပါး​တို့​အား​ပြသ​ရန် ခရစ်တော်​၌ ဘုရားသခင်​ပေးအပ်​တော်မူ​သော​အရာ​ဖြစ်​၏။ ခရစ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​၍ မိမိ​အစေအပါး​ယောဟန်​အား ဤ​ဗျာဒိတ်​တော်​အရိပ်အယောင်​ကို ဖော်ပြ​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 2,
      "text": "ယောဟန်​သည်​လည်း သူ​တွေ့မြင်​သမျှ​သော ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သည့် သက်သေခံ​ချက်​တို့​ကို သက်သေခံ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 3,
      "text": "အချိန်​နီးကပ်​ပြီ​ဖြစ်၍ ဤ​ပရောဖက်ပြု​ဟောပြော​သော​စကား​ကို ဖတ်ကြား​သော​သူ​နှင့် ဤ​စကား​ကို​ကြားနာ​၍ ၎င်း​တွင်​ရေး​ထား​သော​အရာ​များ​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 4,
      "text": "ငါ​ယောဟန်​သည် အာရှ​ပြည်​ရှိ အသင်းတော်​ခုနစ်​ပါး​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့်​အရှင်​ထံမှ​လည်းကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိညာဉ်​ခုနစ်​ပါး​ထံမှ​လည်းကောင်း၊"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 5,
      "text": "သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 6,
      "text": "ငါ​တို့​အား နိုင်ငံ​တော်​ဖြစ်​စေ​လျက် မိမိ​ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သော​အရှင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 7,
      "text": "ကြည့်ရှု​လော့။ ကိုယ်တော်​သည် မိုးတိမ်​များ​ဖြင့်​ကြွလာ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​ကို​ထိုးဖောက်​ခဲ့​သူ​တို့​မှစ၍ လူ​အပေါင်း​တို့​သည် မိမိ​တို့​မျက်စိ​ဖြင့် ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​သည် ကိုယ်တော်​ကြောင့် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ မှန်​ပေ​၏။ အာမင်။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 8,
      "text": "ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 9,
      "text": "ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 10,
      "text": "သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 11,
      "text": "ထို​အသံ​က “သင်​မြင်​ရ​သော​အရာ​ကို စာစောင်​တွင်​ရေးသား​၍ ဧဖက်​မြို့၊ စမုရန​မြို့၊ ပေရဂံ​မြို့၊ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့​၌​ရှိ​သော အသင်းတော်​ခုနစ်​ပါး​ထံသို့ ပေးပို့​လော့” ​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 12,
      "text": "ထိုအခါ ငါ​သည် ငါ့​အား​မြွက်ဆို​သော​အသံ​ပိုင်ရှင်​ကို​တွေ့မြင်​ရန် လှည့်ကြည့်​လိုက်​၏။ ထိုသို့​လှည့်ကြည့်​လိုက်​ရာ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​နှင့်"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 13,
      "text": "ထို​ဆီမီးခုံ​များ​အလယ်​၌ ခြေဖျား​တိုင်အောင်​ရောက်​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 14,
      "text": "ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 15,
      "text": "သူ​၏​ခြေ​တို့​သည် မီးပြင်းဖို​တွင်​ချွတ်​၍​သန့်စင်​ထား​သည့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​၍ သူ​၏​အသံ​သည် များစွာ​သော​ရေ​ဟုန်​၏​အသံ​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 16,
      "text": "သူ​၏​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ရှိ​၍ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ ထွက်​နေ​၏။ သူ​၏​မျက်နှာ​သည် မိမိ​အရှိန်အဝါ​ဖြင့် ထွန်းလင်း​နေ​သော​နေ​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 17,
      "text": "ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက် “မ​ကြောက်​နှင့်။ ငါ​သည် အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 18,
      "text": "အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 19,
      "text": "ထို့ကြောင့် သင်​မြင်​ခဲ့​ရ​သော​အရာ​များ၊ ယခု​ဖြစ်​နေ​သော​အရာ​များ​နှင့် နောင်တွင်​ဖြစ်ပျက်​တော့​မည့်​အရာ​များ​ကို ရေး​ထား​လော့။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 20,
      "text": "ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 1,
      "text": "ဧဖက်​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မိမိ​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ကို​ကိုင်​ထား​သော​သူ၊ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​အလယ်​၌ သွားလာ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 2,
      "text": "သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့် သည်းခံ​မှု​တို့​ကို ငါ​သိ​၏။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိမိတို့ကိုယ်ကို တမန်တော်​ဟု​ခေါ်ဆို​ကြ​သော်လည်း တမန်တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​၍ သူ​တို့​သည် လိမ်လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 3,
      "text": "သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 4,
      "text": "သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိ​၏​ကနဦး​မေတ္တာ​ကို​စွန့်ခွာ​ခဲ့​ပြီ။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 5,
      "text": "ထို့ကြောင့် သင်​သည် မည်သည့်​နေရာ​မှ​ကျဆင်း​ခဲ့​သည်​ကို သတိရ​လျက် နောင်တရ​ကာ ပထမ​ပြု​သော​အမှု​များ​ကို​ပြု​လော့။ ထိုသို့​မ​ပြု​ဘဲ နောင်တ​လည်း​မ​ရ​ပါက သင့်​ထံသို့​ငါ​လာ​၍ သင်​၏​ဆီမီးခုံ​ကို သူ့​နေရာ​မှ​ရွှေ့​လိုက်​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 6,
      "text": "သို့ရာတွင် ဤ​တစ်ချက်​ကား သင်​၌​ရှိ​၏။ ငါ​မုန်း​သော နိကောလ​ဂိုဏ်းဝင်​များ​၏​လုပ်ဆောင်​မှု​တို့​ကို သင်​လည်း​မုန်း​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 7,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 8,
      "text": "စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 9,
      "text": "သင်​၏​ဒုက္ခ​ဝေဒနာ​နှင့်​ဆင်းရဲ​ခြင်း​တို့​ကို ငါ​သိ​၏။ အမှန်မှာ သင်​သည် ချမ်းသာ​၏။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သော​သူ​တို့​ထံမှ သင်​ခံရ​သော​စော်ကား​ပြောဆို​ခြင်း​ကို​လည်း ငါ​သိ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 10,
      "text": "သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 11,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အပေါ် ဒုတိယ​သေ​ခြင်း​နှင့်ဆိုင်သော​ဘေးအန္တရာယ်​သည် မည်သည့်​အခါ​မျှ သင့်ရောက်​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 12,
      "text": "ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 13,
      "text": "သင်​သည် မည်သည့်​အရပ်​၌​နေထိုင်​သည်​ကို ငါ​သိ​၏။ ထို​အရပ်​၌ စာတန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်သေ​အန္တိပ​သည် စာတန်​နေထိုင်​ရာ​အရပ်​ဖြစ်​သော​သင်​တို့​ထံ၌ အသတ်​ခံရ​သည့်​အချိန်​၌​ပင် သင်​သည် ငါ​၏​နာမ​ကို​စွဲကိုင်​လျက် ငါ့​အပေါ်​ထား​သော​ယုံကြည်​ခြင်း​ကို မ​စွန့်ပယ်​ခဲ့​ချေ။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 14,
      "text": "သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​အနည်းငယ်​ရှိ​၏။ အကြောင်းမူကား သင့်​ထံ​၌ ဗာလမ်​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​ရှိ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန်​လည်းကောင်း၊ တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​လည်းကောင်း သူ​တို့​ရှေ့​၌​မှားယွင်း​စေ​သော​အရာ​ကို​ချထား​မည့်​အကြောင်း ဗာလမ်​သည် ဗာလက်​မင်း​အား သင်ပေး​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 15,
      "text": "ထိုနည်းတူ သင်​တို့​၌ နိကောလ​ဂိုဏ်းဝင်​များ​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 16,
      "text": "ထို့ကြောင့် နောင်တရ​လော့။ သို့မဟုတ်လျှင် ငါ​သည် သင့်​ထံသို့​အလျင်အမြန်​လာ​၍ ငါ့​ခံတွင်း​မှ​သန်လျက်​ဖြင့် သူ​တို့​ကို​တိုက်ခိုက်​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 17,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 18,
      "text": "သွာတိရ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မီးလျှံ​ကဲ့သို့သော​မျက်စိ​နှင့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​သော​ခြေ​ရှိ​သည့် ဘုရားသခင်​၏​သား​တော်​က ဤသို့​မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 19,
      "text": "သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ချစ်​ခြင်း၊ ယုံကြည်​ခြင်း၊ အမှု​တော်​ဆောင်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​ကို ငါ​သိ​၏။ သင်​၏​နောက်ပိုင်း​လုပ်ဆောင်​မှု​များ​သည် ကနဦး​လုပ်ဆောင်​မှု​များ​ထက် သာလွန်​ကြောင်း​ကို​လည်း ငါ​သိ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 20,
      "text": "သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိကိုယ်ကို​ပရောဖက်မ​ဟု​ခေါ်​သော ထို​မိန်းမ​ယေဇဗေလ​ကို ပြု​လို​ရာ​ပြု​ခွင့်ပေး​ထား​သဖြင့် သူ​သည် ငါ​၏​အစေအပါး​တို့​အား တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​နှင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန် သွန်သင်​လျက် သူ​တို့​ကို​လှည့်ဖြား​နေ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 21,
      "text": "ငါ​သည် သူ့​အား နောင်တရ​ရန်​အချိန်​ပေး​ခဲ့​သော်လည်း သူ​သည် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အတွက် နောင်တရ​လို​သော​စိတ်​မ​ရှိ။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 22,
      "text": "ကြည့်ရှု​လော့။ ငါ​သည် သူ့​ကို အိပ်ရာ​ပေါ်တွင်​လဲ​စေ​မည်။ သူ​နှင့်​အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​တို့​ကို​လည်း မိမိ​ပြု​သော​အမှု​များ​အတွက်​နောင်တ​မ​ရ​ပါက ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​သို့​ရောက်​စေ​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 23,
      "text": "သူ​၏​သားသမီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အဆုံး​စီရင်​မည်။ ထိုအခါ ငါ​သည် စိတ်နှလုံး​နှင့် အတွင်း​သဘော​ကို စူးစမ်း​သော​သူ​ဖြစ်​ကြောင်း အသင်းတော်​အားလုံး​သိ​ရ​ကြ​လိမ့်မည်။ သင်​တို့​အသီးသီး​ကို​လည်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ အကျိုး​အပြစ်​ကို ငါ​ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 24,
      "text": "သို့သော် ထို​မိန်းမ​၏​အယူဝါဒ​ကို​မ​ခံယူ၊ စာတန်​၏​နက်နဲ​သော​အရာ​ဟု သူ​တို့​ခေါ်ဝေါ်​သော​အရာ​များ​ကို​မ​သိ​သော သွာတိရ​မြို့​မှ ကျန်ရှိ​သူ​အပေါင်း​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အပေါ်၌ အခြား​သော​ဝန်ထုပ်ဝန်ပိုး​ကို ငါ​မ​တင်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 25,
      "text": "သင်​တို့​၌​ရှိ​သော​အရာ​ကို​သာ ငါ​ကြွလာ​သည့်​တိုင်အောင် စွဲကိုင်​ထား​ကြ​လော့။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 26,
      "text": "အောင်မြင်​သော​သူ​နှင့် ငါ​၏​အမှု​ကို အဆုံး​တိုင်အောင်​စောင့်ထိန်း​သော​သူ​အား လူမျိုး​တကာ​တို့​ကို​အုပ်စိုး​ရ​သော​အခွင့်​ကို ငါ​ပေး​မည်​။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 27,
      "text": "သူ​သည် မြေ​အိုး​များ​ကို​ကြေမွ​စေ​သကဲ့သို့ သံ​လှံတံ​ဖြင့် သူ​တို့​ကို​အုပ်ထိန်း​လိမ့်မည်။ ဤသည်ကား ငါ​ကိုယ်တိုင် ငါ့​ခမည်းတော်​ထံမှ​ရရှိ​သော​အုပ်စိုး​ခွင့်​နှင့်တူ​၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 28,
      "text": "ငါ​သည် မိုးသောက်​ကြယ်​ကို​လည်း ထို​သူ​အား ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 29,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 1,
      "text": "သာဒိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​နှင့် ကြယ်​ခုနစ်​လုံး​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အသက်ရှင်​နေ​သည်​ဟု နာမည်​ခံ​ထား​သော်လည်း သေ​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 2,
      "text": "သတိ​နှင့်​စောင့်​နေ​လော့။ သေ​လုနီးပါး​ဖြစ်​နေ​သည့် ကျန်​ရှိ​သော​သူ​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​လော့။ အကြောင်းမူကား သင်​၏​လုပ်ဆောင်​မှု​များ​သည် ငါ​၏​ဘုရားသခင်​ရှေ့​တော်​၌ ပြည့်စုံ​သည်​ဟူ၍ ငါ​မ​တွေ့​ရ​ပေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 3,
      "text": "ထို့ကြောင့် သင်​သည် မည်သို့​ခံယူ​၍ ကြားနာ​ခဲ့​သည်​ကို သတိရ​လျက် ထို​အရာ​တို့​ကို​စောင့်ထိန်း​လော့။ နောင်တရ​လော့။ သင်​သည် သတိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါက သူခိုး​ကဲ့သို့ ငါ​လာ​မည်​ဖြစ်၍ မည်သည့်​အချိန်​၌ သင့်​ထံသို့​ငါ​လာ​မည်​ကို သင်​လုံးဝ​သိ​လိမ့်မည်​မ​ဟုတ်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 4,
      "text": "သို့သော် သာဒိ​မြို့​၌ မိမိ​တို့​အဝတ်​ကို​မ​ညစ်ညူး​စေ​သော​သူ အနည်းငယ်​ရှိ​၏။ ထို​သူ​တို့​သည် ထိုက်တန်​သော​သူ​များ​ဖြစ်​သောကြောင့် ဖြူ​သော​အဝတ်​ကို​ဝတ်​လျက် ငါ​နှင့်အတူ​သွားလာ​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 5,
      "text": "အောင်မြင်​သော​သူ​သည် ထိုကဲ့သို့​ပင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​ရ​လိမ့်မည်။ ငါ​သည်​လည်း သူ​၏​နာမည်​ကို အသက်​စာစောင်​မှ လုံးဝ​ပယ်ဖျက်​မည်​မ​ဟုတ်။ ငါ​သည် သူ​၏​နာမည်​ကို ငါ့​ခမည်းတော်​ရှေ့​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကောင်းကင်​တမန်​များ​ရှေ့​၌​လည်းကောင်း ဝန်ခံ​မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 6,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 7,
      "text": "ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 8,
      "text": "သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ ကြည့်ရှု​လော့။ မည်သူမျှ​မ​ပိတ်​နိုင်​သော​တံခါး​ကို သင်​၏​ရှေ့​၌ ငါ​ဖွင့်​ထား​ပြီ။ အကြောင်းမူကား သင်​သည် ခွန်အား​အနည်းငယ်​သာ​ရှိ​သော်လည်း ငါ​၏​နှုတ်ကပတ်တရား​ကို​လိုက်နာ​စောင့်ထိန်း​၍ ငါ​၏​နာမ​ကို​မ​ငြင်းပယ်​ခဲ့​ချေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 9,
      "text": "ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 10,
      "text": "သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 11,
      "text": "ငါ​သည် အလျင်အမြန်​လာ​မည်။ သင်​၏​သရဖူ​ကို မည်သူမျှ​မ​လုယူ​စေရန် သင်​၌​ရှိ​သော​အရာ​ကို စွဲကိုင်​ထား​လော့။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 12,
      "text": "ငါ​သည် အောင်မြင်​သော​သူ​အား ငါ့​ဘုရားသခင်​၏​ဗိမာန်​တော်​၌ တိုင်​ဖြစ်​စေ​မည်။ သူ​သည် မည်သည့်​အခါ​မျှ အပြင်​သို့​ထွက်ခွာ​သွား​ရ​တော့​မည်​မ​ဟုတ်။ ငါ​သည် ငါ့​ဘုရားသခင်​၏​နာမ​တော်​ကို​လည်းကောင်း၊ ငါ့​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော ဘုရားသခင်​အထံ​တော်​ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် ဂျေရုဆလင်​မြို့​သစ်​၏​နာမ​ကို​လည်းကောင်း၊ ငါ​၏​နာမ​အသစ်​ကို​လည်းကောင်း သူ့​အပေါ်၌​ရေး​ထား​မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 13,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 14,
      "text": "လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 15,
      "text": "သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အအေး​လည်း​မ​ဟုတ်၊ အပူ​လည်း​မ​ဟုတ်။ ငါ​သည် သင့်​အား အအေး​၊ သို့မဟုတ် အပူ​တစ်ခုခု​ဖြစ်​စေ​လို​၏။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 16,
      "text": "သင်​သည် ဤသို့ အပူ​လည်း​မ​ဟုတ်၊ အအေး​လည်း​မ​ဟုတ်၊ မ​ပူ​မ​အေး​ဖြစ်​နေ​သောကြောင့် သင့်​ကို ငါ့​ခံတွင်း​ထဲမှ ထွေးထုတ်​တော့မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 17,
      "text": "သင်​က ‘ငါ​သည် ချမ်းသာ​၍​ကြွယ်ဝ​သောကြောင့် မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ ’ ဟု ဆို​နေ​၏။ သို့သော် သင်​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ၊ သနား​စရာ​ကောင်း​သော​သူ၊ ဆင်းရဲ​သော​သူ၊ မျက်စိ​မ​မြင်​သော​သူ​နှင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​သော​သူ​ဖြစ်​ကြောင်း​ကို သင်​မ​သိ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 18,
      "text": "သင်​သည် ချမ်းသာ​လာ​စေရန် မီး​ဖြင့်​ချွတ်​၍​သန့်စင်​ထား​သော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​အချည်းစည်း​ဖြစ်​ခြင်း​အရှက်​ကို​မ​ပေါ်​စေရန် သင်​ဝတ်​ဖို့ ဖြူ​သော​ဝတ်ရုံ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​ပြန်​မြင်​စေရန် မျက်စိ​ခတ်​ဖို့ မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံမှ​ဝယ်ယူ​ရန် သင့်​အား ငါ​အကြံပေး​၏။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 19,
      "text": "ငါ​သည် ငါ​ချစ်​သမျှ​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​၍ ဆုံးမ​ပဲ့ပြင်​တတ်​၏။ ထို့ကြောင့် စိတ်အားထက်သန်​ခြင်း​ရှိ​၍ နောင်တရ​လော့။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 20,
      "text": "ကြည့်ရှု​လော့။ ငါ​သည် တံခါး​ရှေ့မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံ​ကို​ကြား​၍ တံခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်အတူ​စားသောက်​မည်။ သူ​သည်​လည်း ငါ​နှင့်အတူ​စားသောက်​ရ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 21,
      "text": "ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​နှင့်အတူ ခမည်းတော်​၏​ပလ္လင်​ပေါ်တွင်​ထိုင်​ရ​သကဲ့သို့ အောင်မြင်​သော​သူ​အား ငါ​၏​ပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ​ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 22,
      "text": "ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ” ​ဟု မိန့်​တော်မူ​၏​။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 1,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ဖွင့်​ထား​သည့်​တံခါး​တစ်​ခု​ရှိ​၏။ ထိုအခါ ပထမ​ဦးစွာ ငါ့​အား​မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံပိုးခရာသံ​ကဲ့သို့​သော​အသံ​က “ဤ​အရပ်​သို့​တက်​လာ​လော့။ ဤ​အဖြစ်အပျက်​များ​နောက်တွင် ဖြစ်ပျက်​ရ​မည့်​အရာ​တို့​ကို သင့်​အား ငါ​ပြ​မည်” ​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 2,
      "text": "ငါ​သည် ချက်ချင်း​ပင် ဝိညာဉ်​တော်​၌​ရှိ​လေ​ရာ ကြည့်​လော့။ ကောင်းကင်​၌​ပလ္လင်​တော်​တစ်​ခု​တည်ရှိ​၍ ထို​ပလ္လင်​တော်​ပေါ်တွင် ထိုင်​နေ​သော​အရှင်​တစ်​ပါး​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 3,
      "text": "ထိုင်​နေ​တော်မူ​သော​ထို​အရှင်​သည် နဂါးသွဲ့​နှင့်​ပတ္တမြား​ကျောက်​ကဲ့သို့သော​အဆင်းအရောင်​ရှိ​၍ ပလ္လင်​တော်​ပတ်လည်​တွင် မြ​ကဲ့သို့သော​အဆင်းအရောင်​ရှိ​သည့် သက်တံ​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 4,
      "text": "ပလ္လင်​တော်​၏​ပတ်ဝန်းကျင်​၌​ကား အခြား​သော​ပလ္လင်​နှစ်ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်တွင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​ထား​သည့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 5,
      "text": "ပလ္လင်​တော်​အထဲမှ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လေ​၏။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​သော မီးခွက်​ခုနစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်လောင်​လျက်​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 6,
      "text": "ထို့ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သလင်း​နှင့်​တူ​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ​၏။ ပလ္လင်​တော်​၏​အလယ်​နှင့် ပလ္လင်​တော်​ပတ်လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တဝါ​လေး​ပါး​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 7,
      "text": "ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 8,
      "text": "ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 9,
      "text": "ထိုသို့ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေးဇူး​တော်​တို့​ကို သတ္တဝါ​လေး​ပါး​တို့​သည် ချီးမွမ်း​ကြ​သောအခါ"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 10,
      "text": "သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင်"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 11,
      "text": "“အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 1,
      "text": "ထို့နောက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​လက်ယာ​လက်​၌ အတွင်း​အပြင်​နှစ်ဖက်​စလုံး​တွင် စာ​များ​ရေး​ထား​ပြီး တံဆိပ်​ခုနစ်​ခု​ဖြင့်​ခတ်နှိပ်​ထား​သော စာလိပ်​တစ်လိပ်​ရှိ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 2,
      "text": "ထိုအခါ ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​က “မည်သူ​သည် စာလိပ်​ကို​ဖွင့်​၍ ၎င်း​၏​တံဆိပ်​များ​ကို​ခွာ​ထိုက်​သနည်း”​ဟု ကျယ်လောင်​သော​အသံ​နှင့် ကြွေးကြော်​နေ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 3,
      "text": "သို့သော် ကောင်းကင်​၌​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ဖြစ်စေ၊ မြေကြီး​အောက်၌​ဖြစ်စေ စာလိပ်​ကို​ဖွင့်​ရန်​၊ သို့မဟုတ် ကြည့်​ရန် တတ်နိုင်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 4,
      "text": "ထို​စာလိပ်​ကို​ဖွင့်​ရန်​၊ သို့မဟုတ် ကြည့်​ရန် ထိုက်တန်​သူ​တစ်စုံတစ်ဦး​မျှ​မ​တွေ့​ရ​သောကြောင့် ငါ​သည် သည်းထန်​စွာ​ငိုကြွေး​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 5,
      "text": "ထိုအခါ သက်ကြီးဝါကြီး​များ​ထဲမှ​တစ်​ပါး​က “မ​ငိုကြွေး​နှင့်။ ကြည့်ရှု​လော့။ ယုဒ​အနွယ်​မှ​ပေါ်ထွန်း​သော​ခြင်္သေ့၊ ဒါဝိဒ်​၏​အမြစ်​ဖြစ်​တော်မူ​သော​အရှင်​သည် အောင်မြင်​သဖြင့် ထို​စာလိပ်​နှင့်​တံဆိပ်​ခုနစ်​ခု​ကို​ဖွင့်​နိုင်​၏”​ဟု ငါ့​အား​ပြောဆို​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 6,
      "text": "ထို့နောက် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​ပုံ​ပေါ်​သော သိုးသငယ်​တော်​သည် ပလ္လင်​တော်​နှင့်​သတ္တဝါ​လေး​ပါး​တို့​၏​အကြား၊ သက်ကြီးဝါကြီး​တို့​၏​အလယ်​၌ ရပ်​လျက်​နေ​သည်​ကို ငါ​မြင်​ရ​၏။ ထို​သိုးသငယ်​တော်​၌ ဦးချို​ခုနစ်​ချောင်း​နှင့် မျက်စိ​ခုနစ်​လုံး​ရှိ​၏။ ထို​မျက်စိ​တို့​သည် မြေကြီး​တစ်ပြင်လုံး​သို့​စေလွှတ်​ခြင်း​ခံရ​သော ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 7,
      "text": "သိုးသငယ်​တော်​သည် လာ​၍ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​လက်ယာ​လက်​မှ စာလိပ်​ကို​ယူ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 8,
      "text": "ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 9,
      "text": "ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 10,
      "text": "သူ​တို့​ကို အကျွန်ုပ်​တို့​၏​ဘုရားသခင်​အတွက် နိုင်ငံ​တော်​တစ်​ခု​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သဖြင့် သူ​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင် အုပ်စိုး​ရ​ကြ​လိမ့်မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 11,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​ရာ ပလ္လင်​တော်၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ပတ်ဝန်းကျင်​မှ များစွာ​သော​ကောင်းကင်​တမန်​တို့​၏​အသံ​ကို​ကြား​ရ​၏။ သူ​တို့​၏​အရေအတွက်​သည် သိန်းသန်း​ကုဋေ​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အသေ​သတ်​ခြင်း​ခံရ​သော​သိုးသငယ်​တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် ကောင်းချီး​မင်္ဂလာ​တို့​ကို​ခံယူ​ထိုက်​သော​အရှင်​ဖြစ်​ပါ​၏”​ဟု ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 13,
      "text": "ထို့ပြင် ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်​နှင့်​ပင်လယ်​ထဲ၌​လည်းကောင်း ရှိ​ကြ​သော သတ္တဝါ​အပေါင်း​တို့​နှင့် ခပ်သိမ်း​သော​အရာ​တို့​က “ကောင်းချီး​မင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် တန်ခိုး​အရှိန်အဝါ​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​နှင့် သိုးသငယ်​တော်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော”​ဟု ကြွေးကြော်​ကြ​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 14,
      "text": "ထိုအခါ သတ္တဝါ​လေး​ပါး​တို့​က “အာမင်”​ဟု ဆို​ကြ​၏။ သက်ကြီးဝါကြီး​တို့​သည်​လည်း ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 1,
      "text": "ထို့နောက် သိုးသငယ်​တော်​သည် တံဆိပ်​ခုနစ်​ခု​ထဲမှ တစ်​ခု​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လျှင် သတ္တဝါ​လေး​ပါး​တို့​ထဲမှ​တစ်​ပါး​က မိုးချုန်းသံ​ကဲ့သို့သော​အသံ​ဖြင့် “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 2,
      "text": "ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​၌ လေး​တစ်​လက်​ပါ​၏။ သူ​သည် သရဖူ​တစ်​ခု​ကို​ရရှိ​ပြီး အောင်မြင်​ခြင်း​အပေါ်၌ ဆက်၍​အောင်မြင်​ရန် ထွက်ခွာ​သွား​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 3,
      "text": "သိုးသငယ်​တော်​သည် ဒုတိယ​တံဆိပ်​ကို​ဖွင့်​သောအခါ ဒုတိယ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 4,
      "text": "ထိုအခါ နီရဲ​သော​အခြား​မြင်း​တစ်​ကောင်​ထွက်လာ​၏။ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် လူ​တို့​အား အချင်းချင်း​သတ်ဖြတ်​ကြ​စေရန် မြေကြီး​ပေါ်မှ ငြိမ်းချမ်း​မှု​ကို​ရုပ်သိမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။ ကြီးမား​သော​ဓား​တစ်​လက်​ကို​လည်း သူ့​အား​ပေး​လေ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 5,
      "text": "သိုးသငယ်​တော်​သည် တတိယ​တံဆိပ်​ကို​ဖွင့်​သောအခါ တတိယ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​နက်​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် မိမိ​လက်​၌ ချိန်ခွင်​ကို ကိုင်​ထား​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 6,
      "text": "ထို့နောက် သတ္တဝါ​လေး​ပါး​တို့​အလယ်​မှ​ထွက်ပေါ်​လာ​သော စကားသံ​နှင့်​တူ​သည့်​အသံ​က “ဂျုံဆန်​တစ်​ခွက်​လျှင် ဒေနာရိ​တစ်​ပြား၊ မုယော​ဆန်​သုံး​ခွက်​လျှင်​လည်း ဒေနာရိ​တစ်​ပြား​ဖြစ်​၏။ ဆီ​နှင့်​စပျစ်​ဝိုင်​ကို မ​ပျက်​စေ​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 7,
      "text": "သိုးသငယ်​တော်​သည် စတုတ္ထ​တံဆိပ်​ကို​ဖွင့်​သောအခါ စတုတ္ထ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည့်​အသံ​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 8,
      "text": "ထိုအခါ ငါ​ကြည့်​လိုက်​ရာ​စိမ်းဖန့်ဖန့်​မြင်း​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် သေ​ခြင်း​ဟု​နာမည်​တွင်​၏။ သူ​၏​နောက်​မှ မရဏာ​နိုင်ငံ​သည်​လိုက်​လာ​၏။ သူ​တို့​သည် ဓား​ဘေး​ဖြင့်​လည်းကောင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ဖြင့်​လည်းကောင်း၊ သေ​ဘေး​ဖြင့်​လည်းကောင်း၊ မြေကြီး​ပေါ်ရှိ​သားရဲ​တိရစ္ဆာန်​ဘေး​ဖြင့်​လည်းကောင်း လူ​တို့​ကို​သတ်ဖြတ်​ရန် ကမ္ဘာ​မြေကြီး​၏​လေးပုံတစ်ပုံ​အပေါ် အခွင့်​အာဏာ​ကို​ရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 9,
      "text": "သိုးသငယ်​တော်​သည် ပဉ္စမ​တံဆိပ်​ကို​ဖွင့်​သောအခါ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကြောင့်​လည်းကောင်း၊ မိမိ​တို့​ရရှိ​ထား​သော​သက်သေခံ​ချက်​ကြောင့်​လည်းကောင်း အသေ​သတ်​ခြင်း​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​ကို ယဇ်ပလ္လင်​အောက်​တွင် ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 10,
      "text": "ထို​သူ​တို့​က “သန့်ရှင်း​၍ ဖြောင့်မှန်​တော်မူ​သော​သခင်၊ အကျွန်ုပ်​တို့​၏​သွေး​အတွက် ကမ္ဘာ​မြေကြီး​ပေါ်မှာ​နေထိုင်​သော​သူ​တို့​ကို တရား​မ​စီရင်၊ လက်တုံ့​လည်း​မ​ပြန်​ဘဲ မည်မျှ​ကြာအောင်​နေ​တော်မူ​မည်နည်း”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 11,
      "text": "ထိုအခါ သူ​တို့​တစ်ဦးစီ​အား ဖြူ​သော​ဝတ်လုံ​ကို​ပေး​တော်မူ​ပြီးလျှင် သူ​တို့​နည်းတူ အသေ​သတ်​ခြင်း​ခံရ​ရန်​ရှိ​သည့် သူ​တို့​၏​အစေအပါး​ချင်း​များ​နှင့် သူ​တို့​ညီအစ်ကို​များ​၏​အရေအတွက် ပြည့်စုံ​သည့်​တိုင်အောင် နောက်ထပ် ခဏ​အနားယူ​ကြ​ရန် သူ​တို့​အား မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 12,
      "text": "သိုးသငယ်​တော်​သည် ဆဋ္ဌမ​တံဆိပ်​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လိုက်​ရာ ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် နေ​သည် ဆိတ်​မွေး​နှင့်​လုပ်​သော​အထည်ကြမ်း​ကဲ့သို့ မည်း​သွား​၍ လ​တစ်ခုလုံး​သည် သွေး​ကဲ့သို့​ဖြစ်​သွား​လေ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 13,
      "text": "ကောင်းကင်​မှ​ကြယ်​များ​သည် လေ​ပြင်း​လှုပ်ခါ​သောအခါ သဖန်းပင်​မှ​အသီးစိမ်း​များ​ကြွေကျ​သကဲ့သို့ မြေကြီး​ပေါ်သို့​ကျ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 14,
      "text": "ကောင်းကင်​သည်​လည်း စာလိပ်​ကို​လိပ်​လိုက်​သကဲ့သို့ ပျောက်လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိသမျှ​တို့​သည် မိမိ​တို့​နေရာ​မှ​ရွေ့​သွား​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 15,
      "text": "ထိုအခါ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ၊ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ၊ ချမ်းသာ​သော​သူ​များ၊ ခွန်အား​ကြီး​သော​သူ​များ​မှစ၍ ကျွန်​နှင့်​လွတ်လပ်​သူ​ရှိသမျှ​တို့​သည် လိုဏ်ဂူ​တို့​၌​လည်းကောင်း၊ တောင်​များ​ပေါ်ရှိ ကျောက်ဆောင်​တို့​ကြား​၌​လည်းကောင်း ပုန်းအောင်း​ကြ​ပြီးလျှင်"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 16,
      "text": "တောင်​များ​နှင့်​ကျောက်ဆောင်​များ​အား “ငါ​တို့​အပေါ်သို့​ပြိုကျ​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​မျက်နှာ​တော်​နှင့် သိုးသငယ်​တော်​၏​အမျက်​တော်​မှ ငါ​တို့​ကို​ဖုံးကွယ်​ကြ​ပါ။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 17,
      "text": "အကြောင်းမူကား အမျက်​တော်​ထင်ရှား​ရာ​နေ့ရက်​ကြီး​ကျရောက်​လာ​ပြီ​ဖြစ်၍ မည်သူ​သည် ခံရပ်​နိုင်​မည်နည်း” ​ဟု ပြောဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​တမန်​လေး​ပါး​သည် ကမ္ဘာ​မြေကြီး​၏​ထောင့်​လေး​ထောင့်​တွင်​ရပ်​လျက် မြေကြီး​ပေါ်သို့​လည်းကောင်း၊ ပင်လယ်​ပေါ်သို့​လည်းကောင်း၊ သစ်ပင်​ရှိသမျှ​အပေါ်သို့​လည်းကောင်း လေ​မ​တိုက်​စေရန် မြေကြီး​လေး​မျက်နှာ​၏​လေ​တို့​အား ထိန်းချုပ်​ထား​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 2,
      "text": "တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​တံဆိပ်​တော်​ကို ကိုင်ဆောင်​လျက် နေ​ထွက်​ရာ​အရပ်​မှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကောင်းကင်​တမန်​သည် မြေကြီး​နှင့်​ပင်လယ်​တို့​ကို ဘေးသင့်​စေ​နိုင်​သော​အခွင့်​ရရှိ​ထား​သည့် ကောင်းကင်​တမန်​လေး​ပါး​တို့​အား"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 3,
      "text": "“ငါ​တို့​ဘုရားသခင်​၏​အစေအပါး​တို့​၏​နဖူး​ပေါ်တွင် တံဆိပ်​ခတ်နှိပ်​မ​ပြီး​မချင်း မြေကြီး၊ ပင်လယ်​နှင့် သစ်ပင်​တို့​ကို ဘေး​မ​သင့်​စေ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 4,
      "text": "ထို့နောက် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။ အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်စု​အားလုံး​ထဲမှ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 5,
      "text": "ယုဒ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​၍ ရုဗင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဂဒ်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 6,
      "text": "အာရှာ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ နဿလိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ မနာရှေ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 7,
      "text": "ရှိမောင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ လေဝိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဣသခါ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 8,
      "text": "ဇာဗုလုန်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ယောသပ်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဗင်္ယာမိန်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 9,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုး​နှင့် ဘာသာ​စကား​အသီးသီး​တို့​မှ မည်သူမျှ​မ​ရေတွက်​နိုင်​သည့်​များစွာ​သော​လူ​အစုအဝေး​သည် ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်ပလွံ​ခက်​များ​ကိုင်ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုးသငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 10,
      "text": "သူ​တို့​က “ကယ်တင်​ခြင်း​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​နှင့် သိုးသငယ်​တော်​၌​ရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 11,
      "text": "ကောင်းကင်​တမန်​အပေါင်း​တို့​သည် ပလ္လင်​တော်၊ သက်ကြီးဝါကြီး​တို့​နှင့် သတ္တဝါ​လေး​ပါး​တို့​၏​ပတ်လည်​၌ ရပ်​နေ​ကြ​၏။ သူတို့​သည်​လည်း ပလ္လင်​တော်​ရှေ့​၌​ပျပ်ဝပ်​လျက် ဘုရားသခင်​ကို​ရှိခိုး​ကာ"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 12,
      "text": "“အာမင်။ ကောင်းချီး​မင်္ဂလာ၊ ဘုန်း​အသရေ၊ ဉာဏ်ပညာ၊ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း၊ ဂုဏ်သရေ၊ တန်ခိုး​နှင့် အစွမ်းသတ္တိ​တို့​သည် ငါ​တို့​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော။ အာမင်”​ဟု မြွက်ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 13,
      "text": "ထို့နောက် သက်ကြီးဝါကြီး​တို့​ထဲမှ​တစ်​ပါး​က “ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​သော​ဤ​သူ​တို့​သည် မည်သူ​တို့​နည်း။ မည်သည့်​အရပ်​မှ​လာ​ကြ​သနည်း”​ဟု ငါ့​အား​မေး​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 14,
      "text": "ငါ​က​လည်း “သခင်၊ ကိုယ်တော်​သိ​ပါ​၏”​ဟု ပြန်လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲမှ ထွက်လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​၏​ဝတ်လုံ​များ​ကို သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့် လျှော်ဖွပ်​လျက် ဖြူဖွေး​စေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 15,
      "text": "ထို့ကြောင့် သူ​တို့​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ရှေ့​၌​နေ​၍ ကိုယ်တော်​၏​ဗိမာန်​တော်​တွင် နေ့​ရော​ည​ပါ ကိုယ်တော်​ကို​ဝတ်ပြု​ရ​ကြ​၏။ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​သည်​လည်း သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 16,
      "text": "သူ​တို့​သည် နောက်တစ်ဖန် ဆာလောင်​ခြင်း၊ ရေငတ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်။ နေ​၊ သို့မဟုတ် အခြား​မည်သည့်​အပူရှိန်​မျှ သူ​တို့​အပေါ်​ကျရောက်​မည်​မဟုတ်။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 17,
      "text": "အကြောင်းမူကား ပလ္လင်​တော်​အလယ်​တွင်​ရှိ​သော​သိုးသငယ်​တော်​သည် သူ​တို့​ကို​အုပ်ထိန်း​၍ အသက်​ရေ​ထွက်​ရာ​စမ်းရေ​တွင်း​သို့ သူ​တို့​ကို​လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ ဘုရားသခင်​သည်​လည်း သူ​တို့​၏​မျက်စိ​မှ မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်” ​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 1,
      "text": "သိုးသငယ်​တော်​သည် သတ္တမ​တံဆိပ်​ကို​ဖွင့်​သောအခါ ကောင်းကင်​၌ နာရီဝက်​ခန့်မျှ ဆိတ်ငြိမ်​ခြင်း​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 2,
      "text": "ထို့နောက် ဘုရားသခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံပိုးခရာ​ခုနစ်​ခု​ကို​ပေး​ထား​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 3,
      "text": "တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် နံ့သာ​ပူဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်ပလ္လင်​အနား​သို့​လာ​၍​ရပ်​လေ​ရာ သန့်ရှင်း​သူ​အပေါင်း​တို့​၏​ဆုတောင်း​ချက်​များ​နှင့်​ပေါင်းစပ်၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်ပလ္လင်​ပေါ်တွင်​ဆက်ကပ်​ရန် များစွာ​သော​နံ့သာပေါင်း​ကို သူ့​အား​ပေး​လေ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 4,
      "text": "ထိုအခါ နံ့သာပေါင်း​၏​အခိုးအငွေ့​သည် သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​နှင့်အတူ ကောင်းကင်​တမန်​၏​လက်​ထဲမှ ဘုရားသခင်​၏​ရှေ့​တော်​သို့​တက်​သွား​လေ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 5,
      "text": "ထို့နောက် ထို​ကောင်းကင်​တမန်​သည် နံ့သာ​ပူဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီးလျှင် မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​ရာ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ ဖြစ်ပေါ်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 6,
      "text": "ထိုအခါ တံပိုးခရာ​ခုနစ်​ခု​ရှိ​သော ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​သည် တံပိုးခရာ​ကို​မှုတ်​ရန် ပြင်ဆင်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 7,
      "text": "ပထမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ သွေး​နှင့်​ရောနှော​သော မိုးသီး​နှင့်​မီး​တို့​ဖြစ်ပေါ်​လာ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ မြေကြီး​၏​သုံးပုံတစ်ပုံ​သည် လောင်ကျွမ်း​၍ သစ်ပင်​များ​၏​သုံးပုံတစ်ပုံ​နှင့် စိမ်းလန်း​သော​မြက်​ပင်​ရှိသမျှ​တို့​သည်​လည်း လောင်ကျွမ်း​သွား​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 8,
      "text": "ဒုတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီး​တောက်လောင်​နေ​သည့် ကြီးမား​သော​တောင်​ကဲ့သို့သော​အရာ​သည် ပင်လယ်​ထဲသို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ ပင်လယ်​သုံးပုံတစ်ပုံ​သည် သွေး​ဖြစ်​သွား​သဖြင့်"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 9,
      "text": "ပင်လယ်​၌​ရှိ​သော သက်ရှိ​သတ္တဝါ​သုံးပုံတစ်ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံးပုံတစ်ပုံ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 10,
      "text": "တတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီးရှူး​သဖွယ်​တောက်လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်းကင်​မှ​ကြွေကျ​၍ မြစ်​များ​၏​သုံးပုံတစ်ပုံ​အပေါ်​နှင့် စမ်းရေ​တွင်း​များ​အပေါ်သို့ ကျ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 11,
      "text": "ထို​ကြယ်​၏​အမည်​ကား ဒေါန​ဟူ၍​ဖြစ်​ပြီး ရေ​၏​သုံးပုံတစ်ပုံ​သည် ဒေါန​ကဲ့သို့​ခါး​သွား​၏။ ရေ​ခါး​သဖြင့် ထို​ရေ​ကြောင့် များစွာ​သော​လူ​တို့​သည် သေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 12,
      "text": "စတုတ္ထ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ နေ​၏​သုံးပုံတစ်ပုံ၊ လ​၏​သုံးပုံတစ်ပုံ၊ ကြယ်​များ​၏​သုံးပုံတစ်ပုံ​တို့​သည် ထိပါး​တိုက်ခိုက်​ခြင်း​ခံရ​သဖြင့် ၎င်း​တို့​၏​သုံးပုံတစ်ပုံ​သည် မှောင်မည်း​သွား​လေ​၏။ နေ့​၏​သုံးပုံတစ်ပုံ​သည်​လည်း အလင်းရောင်​ကွယ်ပျောက်​လျက် ည​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 13,
      "text": "ထို့နောက် ငါ​ကြည့်​လျှင် ကောင်းကင်​အလယ်​တွင် ပျံသန်း​နေ​သော​လင်းယုန်​တစ်​ကောင်​က “ကောင်းကင်​တမန်​သုံး​ပါး​တို့​မှုတ်​တော့မည့် ကျန်​ရှိ​သော​တံပိုးခရာ​တို့​၏​အသံ​ကြောင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​တို့​သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ​ကြ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 1,
      "text": "ပဉ္စမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​မှ​မြေကြီး​ပေါ်သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​၏​သော့​ကို ပေးအပ်​ထား​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 2,
      "text": "သူ​သည် ထို​အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သောအခါ မီးဖို​ကြီး​၏​မီးခိုး​ကဲ့သို့သော​မီးခိုး​များ​သည် ထို​တွင်း​ထဲမှ​တက်​လာ​ပြီး ထို​တွင်း​၏​မီးခိုး​များ​ကြောင့် နေ​နှင့်​အာကာသ​သည် မှောင်မိုက်​သွား​လေ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 3,
      "text": "ထို့နောက် ထို​မီးခိုး​ထဲမှ ကျိုင်းကောင်​များ​သည် မြေကြီး​ပေါ်သို့​ထွက်လာ​ကြ​၏။ သူ​တို့​အား မြေကြီး​၏​ကင်းမြီးကောက်​တို့​၌​ရှိ​သည့် အစွမ်း​ကဲ့သို့သော​အစွမ်း​ကို ပေးအပ်​ထား​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 4,
      "text": "မြေကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်သည့်​စိမ်းလန်း​သော​အရာ​၊ သို့မဟုတ် မည်သည့်​သစ်ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ နဖူး​ပေါ်တွင် ဘုရားသခင်​၏​တံဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေးသင့်​စေရန် သူ​တို့​အား​မှာထား​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 5,
      "text": "ထို့ပြင် လူ​တို့​ကို​အသေ​မ​သတ်​ဘဲ ငါး​လ​ပတ်လုံး​ညှဉ်းဆဲ​သော​အခွင့်​ကို​ပေး​ထား​၏။ လူ​တို့​ခံရ​သည့်​ဝေဒနာ​သည် လူ​ကို ကင်းမြီးကောက်​ထိုး​သောအခါ ခံရ​သည့်​ဝေဒနာ​မျိုး​နှင့်​တူ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 6,
      "text": "ထို​နေ့ရက်​များ​၌ လူ​တို့​သည် သေ​ခြင်း​ကို​ရှာ​ကြ​လိမ့်မည်။ သို့သော် တွေ့​ကြ​မည်​မ​ဟုတ်။ အလွန်​သေ​ချင်​သော်လည်း သေ​ခြင်း​သည် သူ​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 7,
      "text": "ထို​ကျိုင်းကောင်​တို့​၏​သဏ္ဌာန်​သည် စစ်ပွဲ​အတွက်​ပြင်ဆင်​ထား​သော စစ်​မြင်း​နှင့်​တူ​၏။ သူ​တို့​၏​ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကဲ့သို့သော​အရာ​ရှိ​၍ သူ​တို့​၏​မျက်နှာ​သည် လူ​မျက်နှာ​နှင့်​တူ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 8,
      "text": "သူ​တို့​၌ မိန်းမ​ဆံပင်​နှင့်​တူ​သော​ဆံပင်​ရှိ​၍ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 9,
      "text": "သူ​တို့​၌ သံ​ရင်အုပ်​တန်ဆာ​နှင့်​တူ​သော ရင်အုပ်​တန်ဆာ​ရှိ​၍ သူ​တို့​၏​တောင်ပံ​ခတ်​သံ​သည် စစ်ပွဲ​သို့​ပြေး​သွား​သည့် များစွာ​သော​မြင်း​ရထား​တို့​၏​အသံ​နှင့်​တူ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 10,
      "text": "သူ​တို့​တွင် ကင်းမြီးကောက်​ကဲ့သို့ ဆူး​ပါ​သော​အမြီး​ရှိ​၍ ထို​အမြီး​၌ လူ​တို့​ကို ငါး​လ​တိုင်တိုင်​ဘေးသင့်​စေ​နိုင်​သော​အစွမ်း​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 11,
      "text": "သူ​တို့​၏​ဘုရင်​ကား အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​စေတမန်​ဖြစ်​၏။ ထို​သူ​၏​အမည်​မှာ ဟေဗြဲ​ဘာသာစကား​အားဖြင့် အဗဒ္ဒုန်​ဟူ၍​ဖြစ်ပြီး ဂရိ​ဘာသာစကား​အားဖြင့် အပေါလျုန်​ဟူ၍​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 12,
      "text": "ပထမ​အမင်္ဂလာ​သည် လွန်သွား​လေ​ပြီ။ ဤ​အရာ​များ​၏​နောက်တွင် အမင်္ဂလာ​နှစ်​မျိုး​လာ​ဦး​မည်။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 13,
      "text": "ဆဋ္ဌမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ဘုရားသခင်​၏​ရှေ့​တော်​၌​ရှိ​သော ရွှေ​ယဇ်ပလ္လင်​၏​ဦးချို​လေး​ချောင်း​ထံမှ ထွက်လာ​သော​အသံ​က"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 14,
      "text": "ထို​တံပိုးခရာ​ရှိ​သော​ဆဋ္ဌမ​ကောင်းကင်​တမန်​အား “ကြီးမား​သော​ယူဖရေးတီး​မြစ်​နား​မှာ ချည်နှောင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​ကို ဖြေလွှတ်​လိုက်​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 15,
      "text": "ထိုအခါ ထို​နှစ်၊ ထို​လ၊ ထို​နေ့ရက်​နှင့် ထို​အချိန်​နာရီ​အတွက် ပြင်ဆင်​ထား​သော​ကောင်းကင်​တမန်​လေး​ပါး​တို့​သည် လူသား​သုံးပုံတစ်ပုံ​ကို​သတ်ဖြတ်​ရန် ဖြေလွှတ်​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 16,
      "text": "မြင်းစီး​သူရဲ​တို့​၏​အရေအတွက်​မှာ သန်းပေါင်း​နှစ်ရာ​ဖြစ်​၏။ သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 17,
      "text": "ဗျာဒိတ်​ရူပါရုံ​၌ ငါ​မြင်​ရ​သော မြင်း​တို့​နှင့်​မြင်း​စီး​သူရဲ​တို့​မှာ ဤသို့​ဖြစ်​၏။ မြင်းစီး​သူရဲ​တို့​၌ မီးလျှံ​ရောင်၊ နက်ပြာ​ရောင်​နှင့် ကန့်​ကဲ့သို့​ဝါ​သော ရင်အုပ်​တန်ဆာ​များ​ရှိ​ကြ​၏။ မြင်း​တို့​၏​ဦးခေါင်း​သည် ခြင်္သေ့​၏​ဦးခေါင်း​နှင့်​တူ​၍ သူ​တို့​၏​ခံတွင်း​ထဲမှ မီးလျှံ၊ မီးခိုး​နှင့် ကန့်​များ​ထွက်​နေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 18,
      "text": "သူ​တို့​၏​ခံတွင်း​ထဲမှ​ထွက်​သည့် မီးလျှံ၊ မီးခိုး​နှင့် ကန့်​တည်းဟူသော ဤ​ဘေးဒဏ်​သုံး​ပါး​တို့​ကြောင့် လူသား​သုံးပုံတစ်ပုံ​သေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 19,
      "text": "မြင်း​တို့​၏​အစွမ်း​သည် သူ​တို့​၏​ခံတွင်း​နှင့်​အမြီး​တို့​၌​ရှိ​၏။ သူ​တို့​၏​အမြီး​သည် မြွေ​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​၍ ထို​ဦးခေါင်း​အားဖြင့် လူ​တို့​အား​ဘေးသင့်​စေ​၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 20,
      "text": "ထို​ဘေးဒဏ်​များ​ဖြင့် မ​သေ​ဘဲ​ကျန်​ခဲ့​သော​သူ​တို့​သည် နတ်ဆိုး​များ​ကို​လည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သား​တို့​ဖြင့် ပြုလုပ်​ထား​သော မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ လမ်း​မ​လျှောက်​နိုင်​သည့် ရုပ်တု​များ​ကို​လည်းကောင်း မ​ကိုးကွယ်​ဘဲ​နေ​ရန် မိမိ​တို့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​အတွက် နောင်တ​မ​ရ​ကြ။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 21,
      "text": "မိမိ​တို့​ပြု​ခဲ့​သော လူ​သတ်​ခြင်း၊ ပြုစား​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ခိုး​ယူ​ခြင်း​တို့​အတွက်​လည်း နောင်တ​မ​ရ​ဘဲ​နေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 1,
      "text": "ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် မိုးတိမ်​ကို​ခြုံ​လျက် ကောင်းကင်​မှ​ဆင်းလာ​သည်​ကို ငါ​မြင်​ရ​၏။ သူ​၏​ဦးခေါင်း​ပေါ်တွင် သက်တံ​ရှိ​၍ သူ​၏​မျက်နှာ​သည် နေ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ခြေ​သည် မီးလျှံ​တိုင်​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 2,
      "text": "သူ​၏​လက်​၌ ဖွင့်​ထား​သော​စာလိပ်​ငယ်​တစ်​ခု​ရှိ​၏။ သူ​သည် မိမိ​၏​ယာ​ဘက်​ခြေထောက်​ကို ပင်လယ်​ပေါ်တွင်​လည်းကောင်း၊ ဝဲ​ဘက်​ခြေထောက်​ကို ကုန်းမြေ​ပေါ်တွင်​လည်းကောင်း ချ​ထား​ကာ"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 3,
      "text": "ခြင်္သေ့​ဟောက်​သကဲ့သို့ ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။ ထိုသို့​ကြွေးကြော်​သောအခါ မိုးချုန်း​သံ​ခုနစ်​ချက်​တို့​သည် မိမိ​တို့​အသံ​များ​ဖြင့်​မြွက်ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 4,
      "text": "မိုးချုန်း​သံ​ခုနစ်​ချက်​တို့​မြွက်ဆို​ကြ​သောအခါ ငါ​သည်​ရေးမှတ်​မည်​ပြု​စဉ် ကောင်းကင်​မှ​အသံ​က “မိုးချုန်း​သံ​ခုနစ်​ချက်​တို့​မြွက်ဆို​သော​အရာ​များ​ကို တံဆိပ်​ခတ်​ထား​လော့။ ၎င်း​တို့​ကို​ရေးမှတ်​မ​ထား​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 5,
      "text": "ထိုအခါ ပင်လယ်​နှင့်​ကုန်းမြေ​ပေါ်တွင်​ရပ်​နေ​သည်​ကို ငါ​မြင်​ရ​သော​ကောင်းကင်​တမန်​က မိမိ​၏​လက်ယာ​လက်​ကို ကောင်းကင်​သို့​မြှောက်​လျက်"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 6,
      "text": "ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​ပြီး ကောင်းကင်​နှင့် ကောင်းကင်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း၊ ပင်လယ်​နှင့် ပင်လယ်​၌​ရှိ​သော​အရာ​များ​ကို​လည်းကောင်း ဖန်ဆင်း​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ “အချိန်​ကာလ​ကြာညောင်း​တော့​မည်​မ​ဟုတ်။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 7,
      "text": "သတ္တမ​ကောင်းကင်​တမန်​မှုတ်​ရ​မည့် တံပိုးခရာ​မှုတ်​သံ​မြည်​သော​နေ့ရက်​ကာလ​၌ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် မိမိ​အစေအပါး​ပရောဖက်​တို့​အား ပြောကြား​ခဲ့​သည့်​အတိုင်း ပြည့်စုံ​ခြင်း​သို့​ရောက်​လိမ့်မည်”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 8,
      "text": "ထို့နောက် ငါ​ကြား​ခဲ့​ရ​သော​ကောင်းကင်​မှ​အသံ​က “ပင်လယ်​နှင့်​ကုန်းမြေ​ပေါ်တွင်​ရပ်​နေ​သော ကောင်းကင်​တမန်​၏​လက်​၌​ရှိ​သည့် ဖွင့်​ထား​သော​စာလိပ်​ကို သွား​၍​ယူ​လော့”​ဟု ငါ့​အား တစ်ဖန် မြွက်ဆို​လေ​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 9,
      "text": "ထို့ကြောင့် ငါ​သည် ထို​ကောင်းကင်​တမန်​ထံသို့​သွား​၍ စာလိပ်​ငယ်​ကို ငါ့​အား​ပေး​ရန် တောင်းခံ​သောအခါ သူ​က “စာလိပ်​ကို​ယူ​၍ စား​လိုက်​လော့။ ၎င်း​သည် သင်​၏​ဝမ်း​ထဲ၌​ခါး​သော်လည်း သင်​၏​ခံတွင်း​၌ ပျားရည်​ကဲ့သို့​ချို​လိမ့်မည်”​ဟု ငါ့​အား​မြွက်ဆို​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 10,
      "text": "ငါ​သည်​လည်း ကောင်းကင်​တမန်​၏​လက်​မှ စာလိပ်​ငယ်​ကို​ယူ​၍ စား​လိုက်​ရာ ၎င်း​သည် ငါ​၏​ခံတွင်း​၌ ပျားရည်​ကဲ့သို့​ချို​သော်လည်း စား​ပြီး​နောက် ငါ​၏​ဝမ်း​ထဲ၌​ခါး​လေ​၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 11,
      "text": "ထိုအခါ “သင်​သည် များစွာ​သော​လူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာ​စကား၊ ရှင်ဘုရင်​များ​နှင့်​ပတ်သက်၍ ထပ်မံ ပရောဖက်ပြု​ဟောပြော​ရ​မည်”​ဟူ​သော​အမိန့်​ကို ငါ​ခံရ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 1,
      "text": "ထို့နောက် တောင်ဝှေး​နှင့်​တူ​သော တိုင်းတာ​စရာ​ကျူရိုး​တစ်​ချောင်း​ကို ငါ့​အား​ပေး​ပြီးလျှင် “ထ​၍ ဘုရားသခင်​၏​ဗိမာန်​တော်​နှင့် ယဇ်ပလ္လင်​တို့​ကို​တိုင်းတာ​ပြီး ထို​နေရာ​၌ ဝတ်ပြု​ကိုးကွယ်​နေ​သော​သူ​တို့​ကို ရေတွက်​လော့။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 2,
      "text": "သို့သော် ဗိမာန်​တော်​၏​အပြင်​ဘက်​၌​ရှိ​သည့်​တံတိုင်း​သည် လူမျိုးခြား​တို့​အား​ပေး​ထား​သည်​ဖြစ်၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်ထား​လော့။ ထို​သူ​တို့​သည် သန့်ရှင်း​သော​မြို့​တော်​ကို လေးဆယ့်​နှစ်​လ​တိုင်တိုင် နင်းချေ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 3,
      "text": "ထိုအခါ ငါ​သည် ငါ​၏​သက်သေ​နှစ်​ပါး​တို့​အား အခွင့်​ပေး​သဖြင့် သူ​တို့​သည် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 4,
      "text": "ဤ​သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​အရှင်​သခင်​ရှေ့​တော်​၌​ရှိ​သော သံလွင်​ပင်​နှစ်​ပင်​နှင့် ဆီမီးခုံ​နှစ်​ခု​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 5,
      "text": "တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက သူ​တို့​၏​ခံတွင်း​ထဲမှ မီး​ထွက်လာ​၍ သူ​တို့​၏​ရန်သူ​များ​ကို လောင်ကျွမ်း​စေ​မည်​ဖြစ်​၏။ တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက ထို​သူ​သည် ထိုနည်းအတိုင်း​အသေ​သတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 6,
      "text": "သူ​တို့​ပရောဖက်ပြု​ဟောပြော​သည့်​နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် ကောင်းကင်​ကို ပိတ်​ထား​နိုင်​သည့်​အခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အဖြစ်​သို့ ပြောင်းလဲ​စေ​နိုင်​သော​အခွင့်​မှစ၍ သူ​တို့​အလိုရှိ​သည့်အခါ​တိုင်း ကမ္ဘာ​မြေကြီး​ကို ဘေးဒဏ်​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​နိုင်​သော​အခွင့်​များ​ရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 7,
      "text": "သူ​တို့​သက်သေခံ​ပြီး​သောအခါ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ တက်​လာ​သော​သားရဲ​သည် သူ​တို့​နှင့်​စစ်တိုက်​၍ အောင်မြင်​ပြီး သူ​တို့​ကို​သတ်ဖြတ်​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 8,
      "text": "သူ​တို့​၏​အလောင်း​များ​သည် ဝိညာဉ်​သဘော​အရ သောဒုံ​နှင့်​အီဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်းမ​ပေါ်တွင် ရှိ​ကြ​လိမ့်မည်။ သူ​တို့​၏​သခင်​သည်​လည်း ထို​မြို့​တွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 9,
      "text": "ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ လူ​တို့​သည် သူ​တို့​၏​အလောင်း​များ​ကို သုံး​ရက်​ခွဲ​တိုင်တိုင်​ကြည့်ရှု​ကြ​ပြီး ထို​အလောင်း​များ​ကို သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ခွင့်​မ​ပေး​ဘဲ​နေ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 10,
      "text": "ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည် ထို​သူ​တို့​၏​အဖြစ်​ကြောင့် ဝမ်းမြောက်​လျက်​ပျော်ရွှင်​ကြ​ကာ တစ်ဦး​ကို​တစ်ဦး လက်ဆောင်​များ​ပေးပို့​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​ပရောဖက်​နှစ်​ဦး​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ကို ညှဉ်းဆဲ​ခဲ့​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 11,
      "text": "သို့သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သောအခါ ဘုရားသခင်​ထံ​တော်​မှ​ဇီဝ​အသက်​သည် ထို​သူ​တို့​အထဲသို့​ဝင်​၍ သူ​တို့​သည် မိမိ​တို့​ခြေ​ဖြင့်​မတ်တပ်ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 12,
      "text": "ထိုအခါ ကောင်းကင်​မှ​ကြီး​သော​အသံ​က “ဤ​အရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုးတိမ်​ဖြင့် ကောင်းကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 13,
      "text": "ထို​အချိန်​နာရီ​၌​ပင် ပြင်းထန်​သော​ငလျင်​လှုပ်​၍ မြို့​၏​ဆယ်ပုံတစ်ပုံ​သည် ပြိုလဲ​သွား​၏။ ထို​ငလျင်​ကြောင့် လူ​ပေါင်း​ခုနစ်​ထောင်​သေ​ကြ​၏။ ကြွင်းကျန်​သော​သူ​တို့​သည် ကြောက်လန့်​ကြ​လျက် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 14,
      "text": "ဒုတိယ​အမင်္ဂလာ​သည် လွန်​သွား​လေ​ပြီ။ တတိယ​အမင်္ဂလာ​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 15,
      "text": "သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်” ​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 16,
      "text": "ထိုအခါ ဘုရားသခင်​၏​ရှေ့​တော်​၌ မိမိ​တို့​ပလ္လင်​ပေါ်တွင် ထိုင်​နေ​ကြ​သော​သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ဘုရားသခင်​ကို​ပျပ်ဝပ်​ရှိခိုး​လျက်"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 17,
      "text": "“အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​၍ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​သည့် ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ကို​ယူဆောင်​လျက် စိုးစံ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 18,
      "text": "လူမျိုး​တို့​သည် အမျက်ထွက်​ကြ​ပါ​၏။ သို့သော် ကိုယ်တော်​၏​အမျက်​တော်​သည် သက်ရောက်​လာ​ပါ​၏။ သေလွန်​သော​သူ​တို့​ကို တရား​စီရင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​အစေအပါး​များ၊ ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကိုယ်တော်​၏​နာမ​တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​အကြီး​အငယ်​တို့​အား ဆုလာဘ်​ပေး​တော်မူ​ရန်​လည်းကောင်း၊ ကမ္ဘာ​မြေကြီး​ကို​ဖျက်ဆီး​သော​သူ​တို့​ကို ဖျက်ဆီး​ရန်​လည်းကောင်း အချိန်​ရောက်လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 19,
      "text": "ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​၌ ကြီးမား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ အမျိုးသမီး​တစ်​ဦး​သည် နေ​ကို​ဝတ်ဆင်​လျက် လ​ကို ခြေ​အောက်၌​နင်း​ထား​ကာ ဦးခေါင်း​ပေါ်တွင် ကြယ်​တစ်ဆယ့်နှစ်​လုံး​ပါ​သော​သရဖူ​ကို​ဆောင်း​ထား​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 2,
      "text": "ထို​အမျိုးသမီး​သည် ကိုယ်ဝန်ဆောင်​၍ သားဖွား​ခြင်း​ဝေဒနာ​ကြောင့် အော်ဟစ်​လျက် သားဖွား​ရန်​မချိမဆံ့​ခံစား​နေ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 3,
      "text": "တစ်ဖန် ကောင်းကင်​၌ အခြား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ ခေါင်း​ခုနစ်​လုံး​နှင့် ဦးချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်တွင် သရဖူ​ခုနစ်​ခု​ကို​ဆောင်း​ထား​သည့် နီရဲ​သော​နဂါး​ကြီး​တစ်​ကောင်​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 4,
      "text": "သူ​၏​အမြီး​သည် ကောင်းကင်​ကြယ်​သုံးပုံတစ်ပုံ​ကို​ဆွဲ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​၏။ ထို​နဂါး​သည် သားဖွား​တော့မည့်​အမျိုးသမီး​ရှေ့​၌​ရပ်​လျက် သားဖွား​သောအခါ သူ​၏​သား​ကို​ဝါးမျို​ရန်​စောင့်​နေ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 5,
      "text": "ထို​အမျိုးသမီး​သည် လူမျိုး​အပေါင်း​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​ရ​မည့် သား​ယောက်ျား​ကို​ဖွားမြင်​၏။ ထို​သား​သည် ဘုရားသခင်​အထံ​တော်​သို့​လည်းကောင်း၊ ပလ္လင်​တော်​သို့​လည်းကောင်း ချီဆောင်​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 6,
      "text": "ထို​အမျိုးသမီး​သည်​လည်း တော​ကန္တာရ​ထဲသို့ ထွက်ပြေး​လေ​၏။ ထို​အရပ်​၌ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် သူ့​ကို​ကြည့်ရှု​စောင့်ရှောက်​ရန် ဘုရားသခင်​ပြင်ဆင်​ထား​တော်မူ​သော နေရာ​တစ်​နေရာ​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 7,
      "text": "ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်​လေ​၏။ မိက္ခေလ​နှင့်​သူ​၏​ကောင်းကင်​တမန်​တို့​သည် နဂါး​နှင့်​တိုက်ခိုက်​ကြ​၏။ နဂါး​နှင့်​သူ​၏​စေတမန်​တို့​သည် ပြန်လည်​တိုက်ခိုက်​ကြ​သော်လည်း"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 8,
      "text": "အနိုင်​မ​ရ​ကြ။ ကောင်းကင်​၌​လည်း သူ​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 9,
      "text": "ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 10,
      "text": "ထို့နောက် ကောင်းကင်​မှ​ကျယ်လောင်​သော​အသံ​က “ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း၊ တန်ခိုး​တော်၊ နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ခရစ်တော်​၌​ရှိ​သော​အာဏာစက်​တို့​သည် ယခု​ပေါ်ထွန်း​လေ​ပြီ။ အကြောင်းမူကား ငါ​တို့​၏​ညီအစ်ကို​များ​ကို​စွပ်စွဲ​သော​သူ​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်စွဲ​သော​သူ​သည် ပစ်ချ​ခြင်း​ခံရ​လေ​ပြီ။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 11,
      "text": "ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 12,
      "text": "သို့ဖြစ်၍ ကောင်းကင်​နှင့် ကောင်းကင်​၌​စံမြန်း​သော​သူ​တို့၊ ပျော်ရွှင်​ကြ​လော့။ မြေကြီး​နှင့်​ပင်လယ်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် မာရ်နတ်​သည် သူ​၏​အချိန်​အနည်းငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်းစွာ​သော​ဒေါသ​ဖြင့် သင်​တို့​ထံသို့​ဆင်းလာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 13,
      "text": "နဂါး​သည် မြေကြီး​ပေါ်သို့ ပစ်ချ​ခြင်း​ခံရ​သည်​ကို သိမြင်​သောအခါ သား​ယောက်ျား​ကို​ဖွားမြင်​သော​အမျိုးသမီး​အား လိုက်လံ​ညှဉ်းဆဲ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 14,
      "text": "သို့သော် ထို​အမျိုးသမီး​သည် တော​ကန္တာရ​ထဲ​ရှိ မိမိ​၏​နေရာ​အရပ်​သို့ ပျံသန်း​သွား​နိုင်​ရန် ကြီးမား​သော​လင်းယုန်​၏​အတောင်​နှစ်​ခု​ကို​ရရှိ​၏။ သူ​သည် ထို​အရပ်​တွင် မြွေ​၏​ရှေ့မှောက်​မှ​လွတ်​၍ တစ်​ကာလ၊ နှစ်​ကာလ​နှင့် ကာလ​တစ်ဝက်​အတွင်း ပြုစု​စောင့်ရှောက်​ခြင်း​ကို​ခံရ​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 15,
      "text": "မြွေ​သည် ထို​အမျိုးသမီး​ကို ရေ​၌​မျောပါ​သွား​စေရန် သူ​၏​နောက်တွင် ရေ​ကို မြစ်​သဖွယ် မိမိ​ခံတွင်း​ထဲမှ မှုတ်​ထုတ်​လိုက်​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 16,
      "text": "သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို​ကူညီ​လေ​၏။ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျိုချ​လိုက်​၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 17,
      "text": "ထိုအခါ နဂါး​သည် ထို​အမျိုးသမီး​အပေါ်​အမျက်ထွက်​၍ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို စောင့်ထိန်း​သော​သူ​များ​နှင့် ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​အမျိုးသမီး​၏​အမျိုးအနွယ်​ထဲမှ ကျန်ရှိ​သော​သူ​တို့​နှင့်​စစ်တိုက်​ရန် ထွက်သွား​ပြီး"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 18,
      "text": "ပင်လယ်​၏​သဲ​သောင်ပြင်​ပေါ်တွင် ရပ်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 1,
      "text": "ထို့နောက် ဦးချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခုနစ်​လုံး​ရှိ​သော​သားရဲ​တစ်​ကောင်​သည် ပင်လယ်​ထဲမှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦးချို​များ​ပေါ်တွင် သရဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်တွင် ဘုရားသခင်​ကို​စော်ကား​သော​အမည်​နာမ​များ​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 2,
      "text": "ငါ​မြင်​ရ​သော​ထို​သားရဲ​သည် ကျားသစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်ဝံ​ခြေ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ပါးစပ်​သည် ခြင်္သေ့​ပါးစပ်​ကဲ့သို့​ဖြစ်​၏။ နဂါး​သည် မိမိ​၏​တန်ခိုး၊ မိမိ​၏​ပလ္လင်​နှင့် ကြီးမား​သော​အခွင့်​အာဏာ​ကို သူ့​အား​ပေးအပ်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 3,
      "text": "ထို​သားရဲ​၏​ခေါင်း​တစ်​လုံး​သည် သေ​အောင်​သတ်ဖြတ်​ခြင်း​ခံရ​ပြီး​သကဲ့သို့​ဖြစ်​သော်လည်း ထို​သေ​စေ​သော​ဒဏ်ရာ​သည် ပျောက်ကင်း​သွား​လေ​၏။ ထိုအခါ တစ်ကမ္ဘာလုံး​သည်​အံ့ဩ​လျက် ထို​သားရဲ​နောက်သို့​လိုက်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 4,
      "text": "ထို့ပြင် နဂါး​သည် သားရဲ​အား အခွင့်​အာဏာ​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် နဂါး​ကို​ကိုးကွယ်​ကြ​၏။ သူ​တို့​က “မည်သူ​သည် သားရဲ​နှင့်​တူ​သနည်း။ မည်သူ​သည် သူ့​ကို တိုက်ခိုက်​နိုင်​သနည်း”​ဟု ဆို​လျက် သားရဲ​ကို​လည်း​ကိုးကွယ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 5,
      "text": "ထို​သားရဲ​သည် လေလုံးထွား​၍ ဘုရားသခင်​ကို​စော်ကား​ပြောဆို​တတ်​သော​နှုတ်​ကို​ရရှိ​လျက် လေးဆယ့်​နှစ်​လ​တိုင်တိုင် အာဏာ​လွှမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 6,
      "text": "ထိုအခါ သူ​သည် မိမိ​နှုတ်​ကို​ဖွင့်​၍ ဘုရားသခင်​ကို​စော်ကား​သော​စကား​များ​ပြောဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​တဲ​တော်​ကို​လည်းကောင်း၊ ကောင်းကင်​၌​စံမြန်း​သော​သူ​တို့​ကို​လည်းကောင်း စော်ကား​ပြောဆို​လေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 7,
      "text": "သူ​သည် သန့်ရှင်း​သူ​တို့​ကို​စစ်တိုက်​၍ အောင်နိုင်​သော​အခွင့်​ကို​ရရှိ​ပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ​လူတို့​အား အုပ်စိုး​ရ​သော​အခွင့်​ကို​လည်း​ရရှိ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 8,
      "text": "အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 9,
      "text": "နား​ရှိ​သော​သူ​သည် ကြား​ပါစေ။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 10,
      "text": "ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 11,
      "text": "ထို့နောက် မြေကြီး​ထဲမှ​ထွက်​လာ​သော အခြား​သားရဲ​တစ်​ကောင်​ကို ငါ​မြင်​ရ​၏။ သူ​သည် သိုးသငယ်​၏​ဦးချို​နှင့်​တူ​သော ဦးချို​နှစ်​ချောင်း​ရှိ​၍ နဂါး​ကဲ့သို့​စကား​ပြော​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 12,
      "text": "ထို​သားရဲ​သည် ပထမ​သားရဲ​၏​အာဏာ​ရှိသမျှ​ကို သူ​၏​ရှေ့မှောက်​၌​သုံးစွဲ​ပြီး ကမ္ဘာ​မြေကြီး​မှစ၍ ၎င်း​ပေါ်တွင်​နေထိုင်​သော​သူ​တို့​အား သေ​စေ​သော​ဒဏ်ရာ​ပျောက်ကင်း​သွား​သည့် ပထမ​သားရဲ​ကို ကိုးကွယ်​စေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 13,
      "text": "ထိုမှတစ်ပါး ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် လူ​တို့​ရှေ့​တွင် ကောင်းကင်​မှ မြေကြီး​ပေါ်သို့ မီး​ကို​ပင် ကျ​လာ​စေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 14,
      "text": "သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 15,
      "text": "တစ်ဖန် သားရဲ​၏​ရုပ်တု​သည် စကား​ပြော​နိုင်​ရန်​နှင့် သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်​သော​သူ​ရှိသမျှ​တို့​ကို သတ်ဖြတ်​စေရန် ထို​သားရဲ​၏​ရုပ်တု​အား အသက်​သွင်း​ပေး​နိုင်​သော​အခွင့်​ကို ရရှိ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 16,
      "text": "ထို့ပြင် လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ချမ်းသာ​သော​သူ​ဖြစ်စေ၊ ဆင်းရဲ​သော​သူ​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လူ​အပေါင်း​တို့​အား သူ​တို့​၏​လက်ယာ​လက်​ပေါ်၌​၊ သို့မဟုတ် နဖူး​ပေါ်၌ အမှတ်တံဆိပ်​ကို​ရိုက်နှိပ်​စေ​၍"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 17,
      "text": "သားရဲ​၏​အမည်​၊ သို့မဟုတ် သူ့​အမည်​၏​ကိန်းဂဏန်း​ဖြစ်​သည့် ထို​အမှတ်တံဆိပ်​မ​ရှိ​လျှင် မည်သူမျှ အရောင်း​အဝယ်​မ​ပြု​နိုင်​ရန်​စီရင်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 18,
      "text": "ဤ​နေရာ​တွင် ဉာဏ်ပညာ​ရှိ​ရန်​လို​အပ်​၏။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် သားရဲ​၏​ကိန်းဂဏန်း​ကို​တွက်ချက်​ပါစေ။ အကြောင်းမူကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်းဂဏန်း​ဖြစ်​ပြီး ထို​ကိန်းဂဏန်း​မှာ ခြောက်ရာ​ခြောက်ဆယ့်​ခြောက်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 1,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​ရာ သိုးသငယ်​တော်​သည် ဇိအုန်​တောင်​ပေါ်တွင်​ရပ်​နေ​၏။ သိုးသငယ်​တော်​၏​နာမ​နှင့် ခမည်းတော်​၏​နာမ​တို့​ကို မိမိ​တို့​နဖူး​၌​ရေး​ထား​သော​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်အတူ​ရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 2,
      "text": "ထို့နောက် များစွာ​သော​ရေ​ဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ကျယ်လောင်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သည့် ကောင်းကင်​မှ​အသံ​ကို ငါ​ကြား​ရ​၏။ ငါ​ကြား​ရ​သော​ထို​အသံ​သည် စောင်းသမား​များ မိမိ​တို့​စောင်း​များ​တီးခတ်​နေ​သည့်​အသံ​နှင့်​လည်း​တူ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 3,
      "text": "သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်းကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌​လည်းကောင်း သီချင်း​သစ်​ကို​သီဆို​ကြ​၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​မှတစ်ပါး မည်သူ​က​မျှ ထို​သီချင်း​ကို​မ​သင်ယူ​နိုင်​ပေ။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 4,
      "text": "ထို​သူ​တို့​သည် မိန်းမ​များ​အားဖြင့် ညစ်ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူပျို​စစ်စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုးသငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘုရားသခင်​နှင့်​သိုးသငယ်​တော်​တို့​အတွက် အသီးဦး​အဖြစ် လူ​တို့​အထဲမှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 5,
      "text": "သူ​တို့​၏​နှုတ်​၌ မုသား​မ​ရှိ။ သူ​တို့​သည် အပြစ်​အနာအဆာ​ကင်း​သော​သူ​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 6,
      "text": "ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​အလယ်​၌​ပျံသန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​ကြ​သူ​များ​တည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အသီးသီး​တို့​အား ဟောပြော​ရန် ထာဝရ​တည်​သည့်​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​လာ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 7,
      "text": "ထို​ကောင်းကင်တမန်​က “ဘုရားသခင်​တရား​စီရင်​တော်မူ​ရာ​အချိန် ကျရောက်​လာ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့်​စမ်းရေ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ကို ကိုးကွယ်​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 8,
      "text": "ထို့နောက် ဒုတိယ​ကောင်းကင်​တမန်​သည် လိုက်​လာ​၍ “မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကြောင့် သက်ရောက်​သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို လူမျိုး​တကာ​တို့​အား​တိုက်​သော ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ”​ဟု ကြွေးကြော်​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 9,
      "text": "တစ်ဖန် တတိယ​ကောင်းကင်​တမန်​သည် သူ​တို့​နောက်​မှ​လိုက်​လာ​၍ “သားရဲ​နှင့်​သူ​၏​ရုပ်တု​ကို​ကိုးကွယ်​လျက် မိမိ​နဖူး​ပေါ်တွင်​ဖြစ်စေ၊ မိမိ​လက်​ပေါ်တွင်​ဖြစ်စေ သူ​၏​အမှတ်တံဆိပ်​ကို​ခံယူ​သော​သူ​သည်"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 10,
      "text": "ဘုရားသခင်​၏​အမျက်​တော်​ခွက်​၌ မည်သည့်​အရာ​မျှ​မရောစပ်​ဘဲ​လောင်းထည့်​သည့် ကိုယ်တော်​၏​ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်မည်။ ထို​သူ​သည် သန့်ရှင်း​သော​ကောင်းကင်​တမန်​များ​နှင့် သိုးသငယ်​တော်​၏​ရှေ့မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ၌ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 11,
      "text": "သူ​တို့​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​၏​မီးခိုး​သည် ကမ္ဘာ​အဆက်ဆက်​တက်​လျက်​နေ​၏။ သားရဲ​နှင့်​သူ​၏​ရုပ်တု​ကို​ကိုးကွယ်​၍ သူ့​အမည်​၏​အမှတ်တံဆိပ်​ကို​ခံယူ​သော​သူ​သည် နေ့​ရော​ည​ပါ သက်သာ​ရာ​ရ​လိမ့်မည်​မ​ဟုတ်” ​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 12,
      "text": "ဤ​နေရာ​တွင် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လည်းကောင်း၊ ယေရှု​၌​ယုံကြည်​ခြင်း​ကို​လည်းကောင်း စောင့်ထိန်း​သော သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 13,
      "text": "ထို့နောက် ကောင်းကင်​မှ​အသံ​က “ရေး​ထား​လော့။ ယခု​မှစ၍ သခင်​ဘုရား​၌​သေဆုံး​သည့် သေလွန်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း “မှန်​ပေ​၏။ သူ​တို့​သည် မိမိ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​မှ အနားယူ​ခွင့်​ရ​ကြ​လိမ့်မည်။ သူ​တို့​ပြု​သော​အမှု​များ​သည်​လည်း သူ​တို့​နှင့်​လိုက်​ပါလာ​၏”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 14,
      "text": "တစ်ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုးတိမ်​ရှိ​၍ ထို​မိုးတိမ်​ပေါ်တွင် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံစဉ်​ကို​ကိုင်​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 15,
      "text": "ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ဗိမာန်​တော်​ထဲမှ​ထွက်​လာ​၍ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​အား “မြေကြီး​ပေါ်မှ​ရိတ်သိမ်း​စရာ​သည် မှည့်​ပြီ​ဖြစ်၍ ရိတ်သိမ်း​ရန်​အချိန်​ကျရောက်​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​၏​တံစဉ်​ကို​လွှတ်​၍ ရိတ်သိမ်း​တော်မူ​ပါ” ​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 16,
      "text": "ထိုအခါ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​သည် မိမိ​၏​တံစဉ်​ကို မြေကြီး​ပေါ်သို့​ဝှေ့ယမ်း​လိုက်​ရာ မြေကြီး​သည် ရိတ်သိမ်း​ခြင်း​ကို​ခံရ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 17,
      "text": "တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​ရှိ ဗိမာန်​တော်​ထဲမှ​ထွက်လာ​၏။ သူ​၌​လည်း ထက်​သော​တံစဉ်​ပါ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 18,
      "text": "ထို့နောက် မီး​အပေါ်​အခွင့်​အာဏာ​ရှိ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ယဇ်ပလ္လင်​ထဲမှ​ထွက်လာ​၍ ထက်​သော​တံစဉ်​ပါ​သော​သူ​အား “စပျစ်သီး​များ​မှည့်​ပြီ​ဖြစ်​သောကြောင့် သင်​၏​ထက်​သော​တံစဉ်​ကို​လွှတ်​၍ မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​များ​ကို ရိတ်သိမ်း​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 19,
      "text": "ထို​ကောင်းကင်​တမန်​သည်​လည်း သူ​၏​တံစဉ်​ကို မြေကြီး​ပေါ်သို့​ဝှေ့ယမ်း​လျက် မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​ကို​ရိတ်သိမ်း​ကာ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​နှင့်ဆိုင်သည့် ကြီးမား​သော​စပျစ်သီး​နယ်ရာ​ကျင်း​ထဲသို့ သွန်ချ​လိုက်​၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 20,
      "text": "၎င်း​တို့​ကို မြို့​ပြင်​ရှိ စပျစ်သီး​နယ်ရာ​ကျင်း​၌​နင်းနယ်​သောအခါ သွေး​သည် ထို​စပျစ်သီး​နယ်ရာ​ကျင်း​မှ​စီးထွက်​လာ​၍ မြင်း​၏​ဇက်ကြိုး​အထိ​မြင့်​ပြီး တစ်ရာရှစ်ဆယ့်လေး​မိုင်​ခန့်​ပြန့်​သွား​လေ​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 2,
      "text": "တစ်ဖန် မီး​နှင့်​ရော​ထား​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ကို​လည်းကောင်း၊ သားရဲ၊ သူ​၏​ရုပ်တု​နှင့် သူ့​အမည်​၏​ကိန်းဂဏန်း​တို့​အပေါ် အနိုင်ရ​သော​သူ​တို့​သည် ဘုရားသခင်​၏​စောင်း​များ​ကို​ကိုင်ဆောင်​လျက် ထို​ဖန်​ပင်လယ်​ပေါ်တွင်​ရပ်​နေ​ကြ​သည်​ကို​လည်းကောင်း ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 3,
      "text": "သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 4,
      "text": "အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 5,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ရှိ​သော​သက်သေခံ​ချက်​တဲ​တော်​တည်​ရာ​ဗိမာန်​တော်​သည် ဖွင့်​ထား​လျက်​ရှိ​၍"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 6,
      "text": "ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​သည် ထို​ဗိမာန်​တော်​ထဲမှ ထွက်လာ​ကြ​၏။ သူ​တို့​သည် စင်ကြယ်​တောက်ပ​သော​ပိတ်ချော​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 7,
      "text": "ထိုအခါ သတ္တဝါ​လေး​ပါး​ထဲမှ​တစ်​ပါး​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖြင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​ခုနစ်​လုံး​ကို ထို​ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ပေး​လေ​၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 8,
      "text": "ဗိမာန်​တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​တန်ခိုး​တော်​တို့​မှ​ထွက်ပေါ်​သော အခိုးအငွေ့​များ​နှင့်​ပြည့်​သဖြင့် ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​၏​ဘေးဒဏ်​ခုနစ်​မျိုး​မပြီးမချင်း မည်သူမျှ ဗိမာန်​တော်​ထဲသို့​မ​ဝင်​နိုင်​ချေ။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 1,
      "text": "ထို့နောက် ဗိမာန်​တော်​ထဲမှ​ကျယ်လောင်​သော​အသံ​က “သွား​ကြ​လော့။ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖလား​ခုနစ်​လုံး​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​ကြ​လော့”​ဟု ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 2,
      "text": "ပထမ​ကောင်းကင်​တမန်​သည် သွား​၍ သူ​၏​ဖလား​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​သောအခါ သားရဲ​၏​အမှတ်တံဆိပ်​ရှိ​သော​သူ​နှင့် သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​များ​၌ အလွန်​ဆိုးရွား​သော​အနာစိမ်း​များ​ပေါက်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 3,
      "text": "ဒုတိယ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ပင်လယ်​ပေါ်သို့​သွန်းလောင်း​သောအခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့သို့​ဖြစ်​သွား​၍ ပင်လယ်​ထဲ၌​ရှိ​သော သက်ရှိ​သတ္တဝါ​အားလုံး​သေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 4,
      "text": "တတိယ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို မြစ်​များ​နှင့် စမ်းရေ​များ​ပေါ်သို့​သွန်းလောင်း​သောအခါ ရေ​သည်​သွေး​ဖြစ်​သွား​လေ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 5,
      "text": "ထိုအခါ ရေ​နှင့်ဆိုင်သော​ကောင်းကင်​တမန်​က “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​သည့် သန့်ရှင်း​တော်မူ​သော​အရှင်၊ ဤ​အမှုအရာ​များ​ကို ကိုယ်တော်​စီရင်​တော်မူ​သောကြောင့် ကိုယ်တော်​သည်​ဖြောင့်မတ်​ပါ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 6,
      "text": "အကြောင်းမူကား ထို​သူ​တို့​သည် သန့်ရှင်း​သူ​များ​နှင့် ပရောဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်မူ​ပြီ။ သူ​တို့​သည် ထိုသို့​ခံရ​ရန် ထိုက်တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 7,
      "text": "ယဇ်ပလ္လင်​က​လည်း “မှန်​ပါ​၏။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​၏​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍ တရားမျှတ​ပါ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 8,
      "text": "စတုတ္ထ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို နေ​ပေါ်သို့​သွန်းလောင်း​သောအခါ နေ​သည် လူ​တို့​အား မီး​ဖြင့်​လောင်​ရ​သော​အခွင့်​ကို​ရ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 9,
      "text": "လူ​တို့​သည် ပြင်းထန်​သော​အပူရှိန်​ကြောင့် နေလောင်​ဒဏ်​ခံရ​သဖြင့် ဤ​ဘေးဒဏ်​များ​အပေါ်​အခွင့်​အာဏာ​ရှိ​သော ဘုရားသခင်​၏​နာမ​တော်​ကို စော်ကား​ပြောဆို​၍ နောင်တ​လည်း​မ​ရ၊ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်း မ​ချီးမွမ်း​ကြ​ပေ။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 10,
      "text": "ပဉ္စမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို သားရဲ​၏​ပလ္လင်​ပေါ်သို့​သွန်းလောင်း​သောအခါ သားရဲ​၏​နိုင်ငံ​သည် မှောင်မိုက်​အတိ​ဖြစ်​သွား​၍ လူ​တို့​သည် နာကျင်​ခြင်း​ဝေဒနာ​ကြောင့် မိမိ​တို့​လျှာ​ကို​ကိုက်ခဲ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 11,
      "text": "လူ​တို့​သည် သူ​တို့​ခံရ​သော​နာကျင်​ခြင်း​ဝေဒနာ​နှင့် သူ​တို့​၏​အနာစိမ်း​တို့​ကြောင့် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​ကို စော်ကား​ပြောဆို​၍ မိမိ​တို့​ပြု​သော​အမှု​များ​အတွက် နောင်တ​မ​ရ​ကြ​ပေ။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 12,
      "text": "ဆဋ္ဌမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ကြီးမား​သော​ယူဖရေးတီး​မြစ်​ပေါ်သို့​သွန်းလောင်း​သောအခါ အရှေ့​ပြည်​မှ​ဘုရင်​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်းခြောက်​သွား​လေ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 13,
      "text": "ထို့နောက် နဂါး​၏​ခံတွင်း​မှ​လည်းကောင်း၊ သားရဲ​၏​ခံတွင်း​မှ​လည်းကောင်း၊ ပရောဖက်​အတုအယောင်​၏​ခံတွင်း​မှ​လည်းကောင်း ဖား​နှင့်​တူ​သည့် ညစ်ညူး​သော​ဝိညာဉ်​သုံး​ပါး ထွက်လာ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 14,
      "text": "ထို​ဝိညာဉ်​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​ပြု​သော နတ်ဆိုး​တို့​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်ဝန်းလုံး​ရှိ ဘုရင်​များ​ကို အနန္တ​တန်ခိုးရှင်​ဘုရားသခင်​၏​နေ့ရက်​ကြီး​နှင့်ဆိုင်သော​စစ်ပွဲ​အတွက်​စုဝေး​စေရန် ထို​ဘုရင်​များ​ထံသို့ ထွက်ခွာ​သွား​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 15,
      "text": "(ကြည့်ရှု​လော့။ ငါ​သည် သူခိုး​ကဲ့သို့​လာ​မည်။ အဝတ်မပါ​အချည်းစည်း​ဖြင့်​သွားလာ​၍ မိမိ​အရှက်​ကို လူ​တို့​မြင်​ရ​သည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် မိမိ​အဝတ်​များ​ကို​ထိန်းသိမ်း​လျက် သတိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂလာရှိ​၏။)"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 16,
      "text": "ထို​ဝိညာဉ်​တို့​သည် ဘုရင်​များ​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် အာမဂေဒုန်​ဟု​ခေါ်​သော​အရပ်​၌ စုဝေး​စေ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 17,
      "text": "သတ္တမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို အာကာသ​ထဲသို့​သွန်းလောင်း​သောအခါ ဗိမာန်​တော်​ထဲရှိ ပလ္လင်​တော်​မှ ကျယ်လောင်​သော​အသံ​ထွက်ပေါ်​လာ​၍ “အမှု​ပြီးမြောက်​ပြီ”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 18,
      "text": "ထိုအခါ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လာ​၍ ငလျင်​ပြင်းထန်​စွာ​လှုပ်​လေ​၏။ မြေကြီး​ပေါ်တွင် လူ​ဖြစ်ပေါ်​လာ​ချိန်​မှစ၍ ထိုမျှလောက်​ကြီးမား​၍​ပြင်းထန်​သော​ငလျင်​မျိုး​သည် မ​ဖြစ်​ခဲ့​ဖူး​ပေ။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 19,
      "text": "မြို့​ကြီး​သည် သုံး​ပိုင်း​ကွဲ​သွား​၍ တိုင်းနိုင်ငံ​တို့​၏​မြို့​များ​သည်​လည်း ပြိုလဲ​ကြ​ကုန်​၏။ ဘုရားသခင်​သည် မိမိ​၏​အမျက်​တော်​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ခွက်​ကို​ပေး​ရန် ဘေဘီလုံ​မြို့​ကြီး​ကို​သတိရ​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 20,
      "text": "ကျွန်း​ရှိသမျှ​တို့​သည် ပျောက်လွင့်​သွား​၍ တောင်​များ​ကို​လည်း မ​တွေ့​ရ​တော့​ပေ။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 21,
      "text": "ကောင်းကင်​မှ​လည်း ပေါင်​တစ်ရာ​ခန့်​လေး​သော​မိုးသီး​ကြီး​များ​သည် လူ​တို့​အပေါ်သို့​ကျ​လေ​၏။ ဤ​ဘေးဒဏ်​သည် အလွန်​ပြင်းထန်​သဖြင့် လူ​တို့​သည် ထို​မိုးသီး​၏​ဘေးဒဏ်​ကြောင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 1,
      "text": "ထို့နောက် ဖလား​ခုနစ်​လုံး​ရှိ​သော ကောင်းကင်​တမန်​ခုနစ်​ပါး​ထဲမှ တစ်​ပါး​သည်​လာ​၍ ငါ​နှင့်​စကား​ပြော​လျက် “လာ​ပါ။ များစွာ​သော​ရေ​တို့​အပေါ်​ထိုင်​နေ​သော ပြည့်တန်ဆာမ​ကြီး​ခံရ​မည့် တရား​စီရင်​ခြင်း​ကို သင့်​အား ငါ​ပြ​မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 2,
      "text": "ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည်​လည်း သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​စပျစ်​ဝိုင်​ဖြင့် ယစ်မူး​ကြ​၏” ​ဟု မြွက်ဆို​ပြီးလျှင်"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 3,
      "text": "ငါ့​ကို ဝိညာဉ်​တော်​အားဖြင့် တော​ကန္တာရ​ထဲသို့ ခေါ်ဆောင်​သွား​လေ​၏။ ထိုအခါ ခေါင်း​ခုနစ်​လုံး​နှင့်​ဦးချို​ဆယ်​ချောင်း​ရှိ​၍ ဘုရားသခင်​ကို​စော်ကား​သော အမည်​နာမ​များ​ဖြင့်​ပြည့်​နေ​သည့် နီမြန်း​သော​သားရဲ​ပေါ်၌ ထိုင်​နေ​သော​မိန်းမ​တစ်​ယောက်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 4,
      "text": "ထို​မိန်းမ​သည် ခရမ်းရောင်​နှင့် နီမြန်း​သော​အရောင်​တို့​ကို ဝတ်ဆင်​ထား​လျက် ရွှေ၊ ကျောက်မျက်​ရတနာ​နှင့် ပုလဲ​တို့​ဖြင့် တန်ဆာဆင်​ထား​ကာ သူ​၏​လက်​၌ ရွံရှာ​ဖွယ်​ရာ​များ​နှင့် မိမိ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၏​ညစ်ညူး​သော​အရာ​များ​ဖြင့်​ပြည့်​နေ​သော ရွှေ​ခွက်​ကို ကိုင်​ထား​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 5,
      "text": "သူ​၏​နဖူး​ပေါ်၌​ရေး​ထား​သည့် လျှို့ဝှက်​နက်နဲ​သော​အမည်​နာမ​မှာ “ဘေဘီလုံ​မြို့​ကြီး၊ ပြည့်တန်ဆာ​တို့​နှင့်​ကမ္ဘာ​မြေကြီး​ပေါ်မှ​ရွံရှာ​ဖွယ်​ရာ​များ​၏​အမိ”​ဟူ၍​ဖြစ်​၏ ။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 6,
      "text": "ထို​မိန်းမ​သည် သန့်ရှင်း​သူ​တို့​၏​သွေး​နှင့် ယေရှု​၏​သက်သေ​များ​၏​သွေး​တို့​ဖြင့် ယစ်မူး​နေ​သည်​ကို ငါ​မြင်​ရ​၏။ ငါ​သည် သူ့​ကို​မြင်​ရ​သောအခါ အလွန်​အံ့ဩ​မိ​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 7,
      "text": "ထိုအခါ ကောင်းကင်​တမန်​က “သင်​သည် အဘယ်ကြောင့်​အံ့ဩ​သနည်း။ ထို​မိန်းမ​နှင့် သူ့​ကို​သယ်ဆောင်​သော ခေါင်း​ခုနစ်​လုံး​နှင့်​ဦးချို​ဆယ်​ချောင်း​ရှိ​သည့် သားရဲ​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အချက်​ကို သင့်​အား ငါ​ပြောပြ​မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 8,
      "text": "သင်​မြင်​ရ​သော​သားရဲ​သည် ယခင်က​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ၊ မကြာမီ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ​တက်​လာ​၍ ပျက်စီး​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ထဲတွင် ကမ္ဘာ​တည်​ချိန်​မှစ၍ အသက်​စာစောင်​၌​စာရင်း​မ​ဝင်​သော​သူ​တို့​သည် ယခင်က​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ၊ မကြာမီ​ရောက်လာ​မည့် ထို​သားရဲ​ကို​မြင်​လျက် အံ့ဩ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 9,
      "text": "ဤ​နေရာ​တွင် ဉာဏ်ပညာ​ပါ​သော​အသိစိတ်​ရှိ​ရန်​လိုအပ်​၏။ ခေါင်း​ခုနစ်​လုံး​သည် ထို​မိန်းမ​ထိုင်​နေ​သော​တောင်​ခုနစ်​လုံး​ဖြစ်​ပြီး"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 10,
      "text": "ဘုရင်​ခုနစ်​ပါး​လည်း​ဖြစ်​ကြ​၏။ ငါး​ပါး​သည် ကျဆုံး​ပြီ​။ တစ်​ပါး​သည် ယခု​ရှိ​၏။ ကျန်​တစ်​ပါး​မှာ မ​ပေါ်ထွန်း​သေး​ပေ။ ပေါ်ထွန်း​လာ​သောအခါ​၌​လည်း ခေတ္တ​ခဏ​သာ​တည်​ရ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 11,
      "text": "ယခင်​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ​သော​သားရဲ​သည် အဋ္ဌမ​ဘုရင်​ဖြစ်​၏။ သူ​သည် ထို​ခုနစ်​ပါး​ထဲမှ တစ်​ပါး​လည်း​ဖြစ်​ပြီး ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 12,
      "text": "သင်​မြင်​ရ​သော​ဦးချို​ဆယ်​ချောင်း​ကား တိုင်း​နိုင်ငံ​ကို​မ​ရ​သေး​သော ဘုရင်​ဆယ်​ပါး​ဖြစ်​ကြ​၏။ သို့သော် သူ​တို့​သည် သားရဲ​နှင့်အတူ မင်း​အာဏာစက်​ကို တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း ရရှိ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 13,
      "text": "ထို​ဘုရင်​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ မိမိ​တို့​၏​တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို သားရဲ​အား​ပေးအပ်​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 14,
      "text": "သူ​တို့​သည် သိုးသငယ်​တော်​နှင့်​စစ်တိုက်​ကြ​လိမ့်မည်။ သို့သော် သိုးသငယ်​တော်​သည် သူ​တို့​ကို​အနိုင်ရ​တော်မူ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် အရှင်​တကာ​တို့​၏​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်​ဖြစ်​တော်မူ​၏။ ကိုယ်တော်​နှင့်အတူ​ရှိ​သော​သူ​များ​သည်​လည်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ၊ ရွေးကောက်​ခံရ​သော​သူ​နှင့် သစ္စာ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 15,
      "text": "ထို့နောက် ထို​ကောင်းကင်​တမန်​က “သင်​မြင်​ရ​သော ပြည့်တန်ဆာ​ထိုင်​နေ​သည့်​ရေ​များ​သည် တိုင်းနိုင်ငံ​များ၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​များ​နှင့် လူထု​ပရိသတ်​များ​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 16,
      "text": "သင်​မြင်​ရ​သော ဦးချို​ဆယ်​ချောင်း​နှင့် သားရဲ​တို့​သည် ထို​ပြည့်တန်ဆာ​ကို​မုန်း​၍ သူ့​ကို​လုံးလုံး​ပျက်စီး​စေ​ကာ အဝတ်မပါ​အချည်းစည်း​ဖြစ်​စေ​ကြ​လိမ့်မည်။ သူ​၏​အသား​ကို​လည်း​ကိုက်စား​၍ သူ့​ကို​မီး​ရှို့​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 17,
      "text": "အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​နှုတ်ကပတ်တော်​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ သူ​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ဖြစ်​လျက် မိမိ​တို့​၏​နိုင်ငံ​များ​ကို သားရဲ​ထံ​ပေးအပ်​ခြင်း​အားဖြင့် ဘုရားသခင်​၏​အကြံအစည်​တော်​အတိုင်း ဆောင်ရွက်​မည့်​သဘော​ကို သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 18,
      "text": "သင်​မြင်​ရ​သော​မိန်းမ​သည် ကမ္ဘာ​မြေကြီး​၏​ရှင်​ဘုရင်​တို့​ကို အုပ်စိုး​သော​မြို့​ကြီး​ဖြစ်​၏”​ဟု ငါ့​အား​ဆို​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 1,
      "text": "ထို့နောက် ကြီးမား​သော​အခွင့်​အာဏာ​ပါ​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ ကမ္ဘာ​မြေကြီး​သည် သူ​၏​ဘုန်း​အသရေ​ကြောင့် ထွန်းလင်း​တောက်ပ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 2,
      "text": "သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 3,
      "text": "အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် သူ​၏​တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို​သောက်​ကြ​၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ကာ ကမ္ဘာ​မြေကြီး​၏​ကုန်သည်​တို့​သည်​လည်း သူ​၏​လွန်ကျူး​သော​ဇိမ်ခံ​ခြင်း​အရှိန်အဝါ​အားဖြင့် ချမ်းသာ​လာ​ကြ​၏”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 4,
      "text": "ထို့နောက် ကောင်းကင်​မှ​အခြား​သော​အသံ​က “ငါ့​လူမျိုး​တို့၊ သင်​တို့​သည် သူ​၏​အပြစ်​များ​၌ မ​ပါဝင်​စေရန်​လည်းကောင်း၊ သူ​ခံရ​မည့်​ဘေးဒဏ်​တစ်စုံတစ်ခု​ကို​မျှ မ​ခံရ​စေရန်​လည်းကောင်း သူ့​ထံမှ ထွက်လာ​ခဲ့​ကြ​လော့။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 5,
      "text": "အဘယ်ကြောင့်​ဆိုသော် သူ​၏​အပြစ်​တို့​သည် ကောင်းကင်​အထိ စုပုံ​လျက်​ရှိ​၍ သူ​၏​မတရားမှု​များ​ကို ဘုရားသခင်​မှတ်မိ​တော်မူ​ပြီ။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 6,
      "text": "သူ​ပေး​ခဲ့​သည့်​အတိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အမှု​များ​အပေါ် နှစ်ဆ​တိုး​၍​တုံ့ပြန်​ကြ​လော့။ သူ​ရောစပ်​ခဲ့​သော​ခွက်​၌ သူ့​အတွက်​နှစ်ဆ​ရောစပ်​ပေး​ကြ​လော့။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 7,
      "text": "သူ​သည် မိမိကိုယ်ကို​ချီးမြှောက်​၍ စည်းစိမ်​ခံစား​ခဲ့​သည်​နှင့်အမျှ သူ့​အား ညှဉ်းဆဲ​ခြင်း​နှင့်​ဝမ်းနည်း​ကြေကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သူ​က ‘ငါ​သည် မိဖုရား​ဖြစ်​၏။ မုဆိုးမ မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း​ကို​လည်း မည်သည့်​အခါ​မျှ ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်’​ဟု မိမိ​စိတ်​ထဲ၌​ဆို​သောကြောင့်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 8,
      "text": "ထို့ကြောင့် သူ​ခံရ​မည့်​ဘေးဒဏ်​များ​ဖြစ်​သော သေ​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​တို့​သည် တစ်​ရက်​အတွင်း သူ့​အပေါ်​ကျရောက်​ပြီး သူ​သည် မီး​ဖြင့်​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်။ အကြောင်းမူကား သူ့​ကို​စီရင်​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် ခွန်အား​နှင့်​ပြည့်စုံ​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 9,
      "text": "သူ​နှင့်အတူ​တရားနှင့်မညီ​မေထုန်​ပြု​ကြ​ပြီး စည်းစိမ်​ခံစား​ခဲ့​ကြ​သော ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် သူ့​ကို​လောင်ကျွမ်း​သည့်​မီးခိုး​ကို မြင်​ကြ​သောအခါ သူ့​အတွက် ရင်ဘတ်​စည်တီး​လျက်​ငိုကြွေး​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 10,
      "text": "ထို​သူ​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို​ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ‘ကြီးမား​သော​မြို့၊ အားကြီး​သော​ဘေဘီလုံ​မြို့၊ သင်​သည် စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား။ အဘယ်ကြောင့်​ဆိုသော် သင်​ခံရ​သည့်​တရား​စီရင်​ခြင်း​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ ကျရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 11,
      "text": "ကမ္ဘာ​မြေကြီး​ပေါ်​ရှိ ကုန်သည်​များ​သည်​လည်း သူ​တို့​၏​ကုန်ပစ္စည်း​များ​ကို ဝယ်ယူ​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​တော့​သဖြင့် သူ့​အတွက်​ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 12,
      "text": "သူ​တို့​၏​ကုန်ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်​အထည်၊ ပိုးထည်၊ နီမြန်း​သော​အထည်၊ သစ်​မွှေး​အမျိုးမျိုး၊ ဆင်စွယ်​ပစ္စည်း​အမျိုးမျိုး၊ အဖိုးတန်​သော​သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူ​တို့​ဖြင့် ပြုလုပ်​သော​ပစ္စည်း​အမျိုးမျိုး၊"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 13,
      "text": "သစ်ကြံပိုး၊ ဟင်းခတ်​အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်​ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ​နွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရထား၊ လူ့​ကိုယ်ခန္ဓာ​နှင့် လူ​၏​အသက်​တို့​ပင်​ဖြစ်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 14,
      "text": "သင်​၏​စိတ်နှလုံး​တပ်မက်​သော​အသီးအပွင့်​သည် သင့်​ထံမှ ပျောက်ကွယ်​သွား​လေ​ပြီ။ သင့်​ကို အဆီယစ်​စေ​သော​အရာ​များ​နှင့် တင့်တယ်​စေ​သော​အရာ​တို့​သည်​လည်း သင့်​ထံမှ ပျောက်ဆုံး​သွား​လေ​ပြီ။ ထို​အရာ​များ​ကို မည်သည့်​အခါ​မျှ​တွေ့​ရ​ကြ​တော့မည်​မ​ဟုတ်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 15,
      "text": "သူ့​အားဖြင့် ချမ်းသာ​လာ​သော​သူ​များ​ဖြစ်​ကြ​သည့် ထို​ကုန်ပစ္စည်း​တို့​ကို​ပိုင်ဆိုင်​သော​ကုန်သည်​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ဝမ်းနည်း​ကြေကွဲ​၍ ငိုကြွေး​ကြ​ကာ"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 16,
      "text": "‘ပိတ်ချော၊ ခရမ်းရောင်​နှင့် နီမြန်း​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​လျက် ရွှေ၊ ကျောက်မျက်​ရတနာ​နှင့် ပုလဲ​တို့​ဖြင့် တန်ဆာဆင်​ထား​သော​မြို့​ကြီး၊ သင်​သည် စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 17,
      "text": "အကြောင်းမူကား ဤမျှလောက်​များပြား​သော​စည်းစိမ်​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​ပါ​သည်​တကား’​ဟု ဆို​ကြ​လိမ့်မည်။ ရေယာဉ်မှူး​အားလုံး၊ အရပ်ရပ်​သို့​ရွက်လွှင့်​တတ်​သော​သူ​အပေါင်း​တို့​နှင့် သင်္ဘောသား​များ၊ ပင်လယ်​ထဲ၌​အလုပ်လုပ်​နေ​သူ​ရှိသမျှ​တို့​သည်​လည်း အဝေး​မှ​ရပ်​လျက်"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 18,
      "text": "သူ့​ကို​လောင်ကျွမ်း​နေ​သော​မီး​မှ မီးခိုး​များ​ကို​မြင်​၍ ‘မည်သည့်​မြို့​သည် ဤ​ကြီးမား​သော​မြို့​နှင့်​တူ​သနည်း’​ဟု အော်ဟစ်​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 19,
      "text": "သူ​တို့​သည် မြေမှုန့်​ကို မိမိ​တို့​ခေါင်း​ပေါ်​သို့​ပစ်တင်​၍ ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​ကာ ‘မိမိ​၏​အဖိုးတန်​ပစ္စည်း​များ​ကြောင့် ပင်လယ်​ထဲရှိ​သင်္ဘော​များ​ကို ပိုင်ဆိုင်​သူ​ရှိသမျှ​တို့​အား ချမ်းသာ​စေ​ခဲ့​သည့် ကြီးမား​သော​မြို့၊ သင်​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​သည်​ဖြစ်၍ စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား’​ဟု အော်ဟစ်​ပြောဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 20,
      "text": "ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 21,
      "text": "ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကြီးမား​သည့်​ကြိတ်ဆုံ​ကဲ့သို့သော​ကျောက်တုံး​တစ်​တုံး​ကို​ချီယူ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကာ “ဘေဘီလုံ​မြို့​ကြီး​သည် ဤကဲ့သို့ ကြမ်းတမ်း​စွာ​ပစ်ချ​ခြင်း​ကို​ခံရ​၍ လုံးဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 22,
      "text": "စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမား​တို့​၏​တီးမှုတ်​သံ​ကို သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။ အမျိုးမျိုး​သော​လက်မှု​ပညာ​တတ်ကျွမ်း​သော မည်သည့်​လက်မှု​ပညာသည်​ကို​မျှ သင့်​အထဲ၌ လုံးဝ​တွေ့​ရ​တော့မည်​မ​ဟုတ်။ ကြိတ်ဆုံ​သံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့​မည်​မ​ဟုတ်။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 23,
      "text": "ဆီမီး​၏​အလင်း​ကို​လည်း သင့်​အထဲ၌ လုံးဝ​ထွန်းလင်း​တော့မည်​မ​ဟုတ်။ မင်္ဂလာဆောင်​သတို့သား​နှင့်​သတို့သမီး​တို့​၏​အသံ​ကို​လည်း သင့်​အထဲ၌ လုံးဝ​ကြား​ရ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား သင်​၏​ကုန်သည်​တို့​သည် ကမ္ဘာ​မြေကြီး​၏​မှူးကြီးမတ်ရာ​များ​ဖြစ်​ကြ​၏။ လူမျိုး​တကာ​တို့​သည်​လည်း သင်​၏​ပြုစား​ခြင်း​ဖြင့် လှည့်ဖြား​ခြင်း​ကို​ခံ​ခဲ့​ရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 24,
      "text": "ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကမ္ဘာ​မြေကြီး​ပေါ်တွင် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​သော​သူ​အပေါင်း​တို့​၏​သွေး​ကို​လည်း ထို​မြို့​၌​တွေ့​ရ​၏”​ဟု ဆို​လေ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​ရှိ များစွာ​သော​လူထု​ပရိသတ်​တို့​၏​ကျယ်လောင်​သည့်​အသံ​ကဲ့သို့သော​အသံ​ကို ငါ​ကြား​ရ​၏။ သူ​တို့​က “ဟာလေလုယာ။ ကယ်တင်​ခြင်း၊ ဘုန်း​အသရေ​တော်​နှင့် တန်ခိုး​တော်​တို့​သည် ငါ​တို့​ဘုရားသခင်​နှင့်ဆိုင်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 2,
      "text": "အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 3,
      "text": "ထို့နောက် တစ်ဖန် သူ​တို့​က “ဟာလေလုယာ။ သူ​၏​မီးခိုး​သည် ကမ္ဘာ​အဆက်ဆက်​တက်​သွား​လျက်​ရှိ​၏”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 4,
      "text": "သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​နှင့် သတ္တဝါ​လေး​ပါး​တို့​သည်​လည်း ပျပ်ဝပ်​လျက် ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​ဘုရားသခင်​ကို​ရှိခိုး​ကာ “အာမင်။ ဟာလေလုယာ”​ဟု ဆို​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 5,
      "text": "ပလ္လင်​တော်​မှ​ထွက်လာ​သော​အသံ​က​လည်း “ဘုရားသခင်​၏​အစေအပါး​များ​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အကြီး​အငယ်​အပေါင်း​တို့၊ ငါ​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ကြ​လော့”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 6,
      "text": "ထို့နောက် များစွာ​သော​လူ​အစုအဝေး​၏​အသံ​နှင့်​လည်းကောင်း၊ များစွာ​သော​ရေဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ပြင်းထန်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သော​အသံ​က “ဟာလေလုယာ။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် စိုးစံ​တော်မူ​သည်​ဖြစ်​၍"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 7,
      "text": "ငါ​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​လျက် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ကုန်​စို့။ အဘယ်ကြောင့်​ဆိုသော် သိုးသငယ်​တော်​၏​မင်္ဂလာဆောင်​ပွဲ​အချိန်​ကျရောက်​လာ​၍ သူ​၏​သတို့သမီး​သည် မိမိကိုယ်ကို​ပြင်ဆင်​လေ​ပြီ။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 8,
      "text": "ထို​သတို့သမီး​သည် စင်ကြယ်​တောက်ပ​သော​ပိတ်ချော​ထည်​ကို ဝတ်ဆင်​ခွင့်​ရရှိ​၏။ ထို​ပိတ်ချော​ထည်​ကား သန့်ရှင်း​သူ​တို့​၏​ဖြောင့်မတ်​သော​အကျင့်​ဖြစ်​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 9,
      "text": "ထို့နောက် ကောင်းကင်​တမန်​က “သိုးသငယ်​တော်​၏​မင်္ဂလာ​ညစာစားပွဲ​သို့ ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏​ဟု ရေး​ထား​လော့”​ဟူ၍ ငါ့​အား​မြွက်ဆို​ပြီးလျှင် “ဤ​အရာ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မှန်​သော​နှုတ်ကပတ်တော်​များ​ဖြစ်​ကြ​၏”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 10,
      "text": "ထိုအခါ ငါ​သည် ထို​ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေ​ရင်း​၌​ပျပ်ဝပ်​လေ​သော် သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​နှင့်ဆိုင်သည့်​သက်သေခံ​ချက်​ကို​ရရှိ​ထား​သော သင့်​ညီအစ်ကို​တို့​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့။ အကြောင်းမူကား ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​သည် ပရောဖက်ပြု​ဟောပြော​ခြင်း​၏​ဝိညာဉ်​ဖြစ်​၏”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 11,
      "text": "ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​သည်​ပွင့်​လျက်​နေ​၍ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၏။ ၎င်း​ပေါ်တွင်​ထိုင်​သော​သူ​ကား သစ္စာ​ရှိ​သော​သူ၊ ဖြောင့်မှန်​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​၏။ သူ​သည် ဖြောင့်မတ်​စွာ​တရား​စီရင်​၍ စစ်တိုက်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 12,
      "text": "သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ပြီး သူ​၏​ဦးခေါင်း​ပေါ်၌ သရဖူ​များ​ကို​ဆောင်း​ထား​၏။ သူ​၌​ရေး​ထား​သော​နာမ​တစ်​ခု​ရှိ​၍ ၎င်း​ကို သူ​ကိုယ်တိုင်​မှတစ်ပါး မည်သူ​မျှ​မ​သိ။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 13,
      "text": "သူ​သည် သွေး​၌​နှစ်​ထား​သော​ဝတ်ရုံ​ကို​ဝတ်​ထား​လျက် သူ​၏​အမည်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​ဟု ခေါ်​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 14,
      "text": "ကောင်းကင်​ဗိုလ်ခြေ​တို့​သည် စင်ကြယ်​သော​ပိတ်ချော​ဖြူ​ကို​ဝတ်ဆင်​လျက် မြင်း​ဖြူ​ကို​စီး​ကာ သူ​၏​နောက်​သို့​လိုက်​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 15,
      "text": "လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 16,
      "text": "သူ​၏​ဝတ်ရုံ​နှင့်​ပေါင်​တို့​၌ “ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်” ​ဟု ရေး​ထား​သော​ဘွဲ့​နာမ​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 17,
      "text": "ထို့နောက် နေ​ထဲ၌ ရပ်​နေ​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​သည် ကောင်းကင်​အလယ်​၌ ပျံသန်း​သော​ငှက်​အပေါင်း​တို့​အား “ဘုရားသခင်​၏​ညစာ​စားပွဲ​ကြီး​သို့ လာ​၍​စုဝေး​ကြ​လော့။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 18,
      "text": "ရှင်ဘုရင်​တို့​၏​အသား၊ တပ်မှူးကြီး​တို့​၏​အသား၊ စစ်သူရဲ​တို့​၏​အသား၊ မြင်း​နှင့်​မြင်းစီး​သူရဲ​တို့​၏​အသား၊ လွတ်လပ်​သူ​နှင့်​ကျွန်​များ​မှစ၍ လူကြီး​လူငယ်​ရှိသမျှ​တို့​၏​အသား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 19,
      "text": "ထိုအခါ သားရဲ​မှစ၍ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ​နှင့် ၎င်း​တို့​၏​ဗိုလ်ခြေ​များ​သည် မြင်း​စီး​သော​သူ​နှင့်​သူ​၏​ဗိုလ်ခြေ​ကို​စစ်​တိုက်​ရန် စုဝေး​ကြ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 20,
      "text": "သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 21,
      "text": "ကြွင်းကျန်​သော​သူ​တို့​မူကား မြင်း​စီး​သော​သူ​၏​ခံတွင်း​မှ​ထွက်​သော​သန်လျက်​ဖြင့် သတ်ဖြတ်​ခြင်း​ခံရ​ပြီး ငှက်​အပေါင်း​တို့​သည် သူ​တို့​၏​အသား​ကို ဝလင်​စွာ​စား​ရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​တမန်​တစ်​ပါး​သည် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​၏​သော့​နှင့် ကြီးမား​သော​သံကြိုး​တို့​ကို မိမိ​လက်​၌​ကိုင်​ထား​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 2,
      "text": "သူ​သည် မာရ်နတ်​စာတန်​ဖြစ်​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကို​ဖမ်း​လျက် အနှစ်​တစ်ထောင်​ချည်နှောင်​ထား​၍"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 3,
      "text": "အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ လူ​များ​တို့​ကို နောက်ထပ်​မ​လှည့်ဖြား​နိုင်​ရန် သူ့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​ပစ်ချ​လျက် ပိတ်လှောင်​ကာ အပေါ်​မှ​တံဆိပ်​ခတ်​ထား​လေ​၏။ ထို​အချိန်​ကာလ​များ​ပြီးမှ သူ့​ကို ခေတ္တ​ခဏ​လွှတ်​ပေး​ရ​မည်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 4,
      "text": "ထို့နောက် ပလ္လင်​များ​နှင့် ၎င်း​တို့​အပေါ်​တွင်​ထိုင်​နေ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ ထို​သူ​တို့​သည် တရား​စီရင်​ခွင့်​ကို​ရ​ကြ​၏။ တစ်ဖန် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​အတွက်​လည်းကောင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​အတွက်​လည်းကောင်း ခေါင်းဖြတ်​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​မှစ၍ သားရဲ​နှင့်​သားရဲ​၏​ရုပ်တု​ကို​မ​ကိုးကွယ်၊ သူ​၏​အမှတ်တံဆိပ်​ကို​လည်း မိမိ​တို့​၏​နဖူး​၊ သို့မဟုတ် လက်​တွင် မ​ခံယူ​သော​သူ​တို့​ကို ငါ​မြင်​ရ​၏။ သူ​တို့​သည် အသက်​ပြန်​ရှင်​၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 5,
      "text": "အခြား​သော​သေလွန်​သူ​တို့​သည် အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ အသက်​ပြန်​မ​ရှင်​ကြ​ပေ။ ဤ​သည်​ကား ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 6,
      "text": "ပထမ​ရှင်ပြန်​ထမြောက်​ခြင်း​၌​ပါ​သော​သူ​သည် မင်္ဂလာရှိ​သူ၊ သန့်ရှင်း​သူ​ဖြစ်​၏။ ဒုတိယ​သေ​ခြင်း​သည် သူ​တို့​အပေါ်​မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ သူ​တို့​သည် ဘုရားသခင်​နှင့်​ခရစ်တော်​၏​ယဇ်ပုရောဟိတ်​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ အနှစ်​တစ်ထောင်​စိုးစံ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 7,
      "text": "ထို​အနှစ်​တစ်ထောင်​ကုန်ဆုံး​သောအခါ စာတန်​သည် သူ​ချုပ်နှောင်​ခံရ​ရာ​အကျဉ်းထောင်​မှ လွှတ်​ပေး​ခြင်း​ခံရ​၍"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 8,
      "text": "ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 9,
      "text": "သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​ကျယ်ပြန့်​သော​အရပ်​သို့​ချီတက်​လာ​၍ သန့်ရှင်း​သူ​တို့​၏​စခန်း​နှင့် ချစ်​တော်မူ​သော​မြို့​ကို ဝိုင်း​ကြ​၏။ ထိုအခါ ကောင်းကင်​မှ မီး​ကျ​လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​လေ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 10,
      "text": "သူ​တို့​ကို​လှည့်ဖြား​သော​မာရ်နတ်​သည်​လည်း သားရဲ​နှင့်​ပရောဖက်​အတုအယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​၏။ သူ​တို့​သည် ထို​နေရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အဆက်ဆက် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 11,
      "text": "ထို့နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​ကို ငါ​မြင်​ရ​၏။ ကောင်းကင်​နှင့်​မြေကြီး​သည် ထို​အရှင်​၏​မျက်မှောက်​မှ ပျောက်လွင့်​သွား​၍ ၎င်း​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 12,
      "text": "တစ်ဖန် သေလွန်​သော​သူ​အကြီး​အငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာစောင်​များ​ကို​ဖွင့်​ထား​၍ အသက်​စာစောင်​တည်းဟူသော အခြား​သော​စာစောင်​ကို​လည်း​ဖွင့်​ထား​၏။ သေလွန်​သော​သူ​တို့​သည် ထို​စာစောင်​များ​တွင်​ရေး​ထား​သည့်​အတိုင်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 13,
      "text": "ပင်လယ်​သည် မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​လေ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည်​လည်း မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​ကြ​၏။ ထိုအခါ လူ​အသီးသီး​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 14,
      "text": "ထို့နောက် သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည် မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။ ဤ​မီး​အိုင်​သည် ဒုတိယ​သေ​ခြင်း​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 15,
      "text": "အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​မြင်​ရ​၏။ အကြောင်းမူကား ပထမ​ကောင်းကင်​နှင့် ပထမ​မြေကြီး​သည် ပျောက်ကွယ်​သွား​၍ ပင်လယ်​သည်​လည်း​မ​ရှိ​တော့​ချေ။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 2,
      "text": "တစ်ဖန် သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​သစ်​သည် သတို့သား​အတွက်​ဆင်မြန်း​ထား​သည့် သတို့သမီး​ကဲ့သို့​ပြင်ဆင်​လျက် ဘုရားသခင်​အထံ​တော်၊ ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 3,
      "text": "ထို့နောက် ပလ္လင်​တော်​မှ​ကျယ်လောင်​သော​အသံ​က “ကြည့်ရှု​လော့။ ဘုရားသခင်​စံရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်တော်​သည် သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​ကိုယ်တော်​တိုင် သူ​တို့​နှင့်အတူ​ရှိ​၍ သူ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​မည်။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 4,
      "text": "ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 5,
      "text": "ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​က​လည်း “ကြည့်ရှု​လော့။ ငါ​သည် အရာ​ခပ်သိမ်း​တို့​ကို အသစ်​ဖြစ်​စေ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် “ရေး​ထား​လော့။ ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 6,
      "text": "တစ်ဖန် “အမှု​ပြီးမြောက်​ပြီ။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ ရေငတ်​သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့​ငါ​ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 7,
      "text": "အောင်မြင်​သော​သူ​သည် ဤ​အရာ​တို့​ကို အမွေ​ဆက်ခံ​ရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 8,
      "text": "သို့သော် ကြောက်​တတ်​သူ​များ၊ မ​ယုံကြည်​သူ​များ၊ ရွံရှာ​ဖွယ်​ကောင်း​သူ​များ၊ လူသတ်သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ပြုစား​သော​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လိမ်လည်​သော​သူ​အပေါင်း​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲ၌ မိမိ​တို့​အဖို့​ကို​ရ​ကြ​လိမ့်မည်။ ဤသည်ကား ဒုတိယ​သေ​ခြင်း​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 9,
      "text": "ထို့နောက် နောက်ဆုံး​သော​ဘေးဒဏ်​ခုနစ်​ပါး​နှင့် ပြည့်​နေ​သော​ဖလား​ခုနစ်​လုံး​ကို ကိုင်ဆောင်​သည့်​ကောင်းကင်​တမန်​ခုနစ်​ပါး​ထဲမှ တစ်​ပါး​သည်​လာ​၍ ငါ​နှင့်​စကား​ပြော​လျက် “လာ​ပါ။ သိုးသငယ်​တော်​၏​ဇနီးသည်​ဖြစ်​သော သတို့သမီး​ကို သင့်​အား​ငါ​ပြ​မည်”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 10,
      "text": "ထို​ကောင်းကင်​တမန်​သည် ကြီးမား​၍​မြင့်​လှ​သော​တောင်​ပေါ်သို့ ဝိညာဉ်​တော်​အားဖြင့် ငါ့​ကို​ခေါ်ဆောင်​သွား​ကာ ဘုရားသခင်​အထံ​တော်၊ ကောင်းကင်​ထက်​မှ​ဆင်းသက်လာ​သည့် သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​ကို ငါ့​အား​ပြ​လေ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 11,
      "text": "ထို​မြို့​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​ပြည့်စုံ​၍ ၎င်း​၏​အလင်းရောင်​သည် ကျောက်မျက်​ရတနာ​နှင့်​တူ​ပြီး ကျောက်​သလင်း​သဖွယ်​ကြည်လင်​သော နဂါးသွဲ့​ကျောက်​ကဲ့သို့​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 12,
      "text": "ထို​မြို့​တွင် ကြီးမား​၍​မြင့်​လှ​သော​မြို့ရိုး​ရှိ​လျက် တံခါး​တစ်ဆယ့်နှစ်​ပေါက်​ရှိ​၏။ တံခါး​များ​တွင် ကောင်းကင်​တမန်​တစ်ဆယ့်နှစ်​ပါး​ရှိ​၍ ထို​တံခါး​များ​ပေါ်၌ အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်စု​တစ်ဆယ့်နှစ်​နွယ်​တို့​၏​အမည်​နာမ​များ​ကို ရေးထိုး​ထား​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 13,
      "text": "အရှေ့​ဘက်​တွင် တံခါး​သုံး​ပေါက်၊ မြောက်​ဘက်​တွင် တံခါး​သုံး​ပေါက်၊ တောင်​ဘက်​တွင် တံခါး​သုံး​ပေါက်၊ အနောက်​ဘက်​တွင် တံခါး​သုံး​ပေါက်​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 14,
      "text": "မြို့ရိုး​တွင် အုတ်မြစ်​တစ်ဆယ့်နှစ်​ခု​ရှိ​၍ ၎င်း​တို့​ပေါ်၌ သိုးသငယ်​တော်​၏​တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​၏​အမည်​တစ်ဆယ့်နှစ်​ခု​ကို​ရေး​ထား​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 15,
      "text": "ငါ​နှင့်​စကား​ပြော​သော​ကောင်းကင်​တမန်​၌ ထို​မြို့​ကို​လည်းကောင်း၊ မြို့​၏​တံခါး​နှင့်​မြို့ရိုး​တို့​ကို​လည်းကောင်း တိုင်း​ရန် တိုင်း​စရာ​ရွှေ​ကျူရိုး​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 16,
      "text": "ထို​မြို့​သည် စတုရန်း​ပုံ​ရှိ​၍ ၎င်း​၏​အလျား​နှင့်​အနံ​သည် တူညီ​၏။ ကောင်းကင်​တမန်​သည် ရွှေ​ကျူရိုး​ဖြင့် မြို့​ကို​တိုင်း​လေ​ရာ မိုင်ပေါင်း​တစ်ထောင့်သုံးရာရှစ်ဆယ်​ခန့် ရှိ​၍ ၎င်း​၏​အလျား၊ အနံ၊ အမြင့်​တို့​သည် တူညီ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 17,
      "text": "မြို့ရိုး​ထု​ကို​လည်း​တိုင်း​လေ​ရာ ကောင်းကင်​တမန်​၏​အတိုင်းအတာ​လည်း​ဖြစ်​သော လူ​၏​အတိုင်းအတာ​အားဖြင့် အတောင် တစ်ရာ​လေးဆယ့်​လေး​တောင်​ရှိ​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 18,
      "text": "ထို​မြို့ရိုး​ကို နဂါးသွဲ့​ကျောက်​ဖြင့် တည်ဆောက်​ထား​၍ မြို့​သည် ကြည်လင်​သော​ဖန်သား​နှင့်​တူ​သည့် ရွှေ​စင်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 19,
      "text": "မြို့ရိုး​၏​အုတ်မြစ်​တို့​ကို ကျောက်မျက်​ရတနာ​အမျိုးမျိုး​ဖြင့် တန်ဆာဆင်​ထား​၏။ ပထမ​အုတ်မြစ်​မှာ နဂါးသွဲ့၊ ဒုတိယ​မှာ နီလာ၊ တတိယ​မှာ မဟူရာ၊ စတုတ္ထ​မှာ မြ၊"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 20,
      "text": "ပဉ္စမ​မှာ ကြောင်၊ ဆဋ္ဌမ​မှာ ပတ္တမြား၊ သတ္တမ​မှာ သလင်းဝါ၊ အဋ္ဌမ​မှာ မျက်ရွဲ၊ နဝမ​မှာ ဥဿဖရား၊ ဒသမ​မှာ မဟူရာစိမ်း၊ ဧကဒသမ​မှာ နီလာသွေး၊ ဒွါဒသမ​မှာ နီလာခရမ်း​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 21,
      "text": "မြို့​တံခါး​တစ်ဆယ့်နှစ်​ပေါက်​တို့​သည် ပုလဲ​တစ်ဆယ့်နှစ်​လုံး​ဖြစ်​ကြ​ပြီး တံခါး​တစ်​ပေါက်​လျှင် ပုလဲ​တစ်​လုံး​စီ​ဖြင့်​ပြုလုပ်​ထား​၏။ မြို့​၏​လမ်းမ​သည်​လည်း ထုတ်ချင်းခတ်​မြင်​နိုင်​သော​ဖန်သား​နှင့်​တူ​သည့် ရွှေ​စင်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 22,
      "text": "ထို​မြို့​၌ ဗိမာန်​တော်​ကို ငါ​မ​တွေ့​ရ​ပေ။ အကြောင်းမူကား အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​နှင့် သိုးသငယ်​တော်​သည် ထို​မြို့​၏​ဗိမာန်​တော်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 23,
      "text": "ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​သည် ထို​မြို့​ကို​ထွန်းလင်း​စေ​၍ သိုးသငယ်​တော်​သည် ထို​မြို့​၏​ဆီမီး​ဖြစ်​သောကြောင့် ထို​မြို့​ကို​ထွန်းလင်း​စေရန် နေ​နှင့်​လ​တို့​ကို မ​လိုအပ်​ပေ။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 24,
      "text": "လူမျိုး​တကာ​တို့​သည် ထို​မြို့​၏​အလင်း​ကို​အမှီပြု၍ သွားလာ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည်​လည်း မိမိ​တို့​၏​ဘုန်း​အသရေ​ကို ထို​မြို့​သို့​ယူဆောင်​လာ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 25,
      "text": "ထို​နေရာ​၌ ည​မ​ရှိ​သောကြောင့် မြို့​တံခါး​များ​ကို မည်သည့်​နေ့ရက်​တွင်​မျှ ပိတ်​ထား​ခြင်း​မ​ရှိ။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 26,
      "text": "လူ​တို့​သည် လူမျိုး​တကာ​တို့​၏​ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​တို့​ကို ထို​မြို့​သို့​ယူဆောင်​လာ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 27,
      "text": "မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ ထို​မြို့​ထဲသို့​ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ရွံရှာ​ဖွယ်​သော​အမှု​နှင့်​လိမ်လည်​မှု​တို့​ကို​ပြုကျင့်​သော​သူ​သည်​လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်​တော်​၏​အသက်​စာစောင်​တွင် စာရင်း​ဝင်​သော​သူ​တို့​သာ ဝင်​ရ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 1,
      "text": "ထို့နောက် ကောင်းကင်​တမန်​သည် ကျောက်​သလင်း​ကဲ့သို့​ကြည်လင်​တောက်ပ​သော အသက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 2,
      "text": "မြို့​၏​လမ်းမ​အလယ်​တစ်လျှောက် စီးဆင်း​နေ​၏။ မြစ်​၏​တစ်ဖက်တစ်ချက်စီ​၌​ကား အသီး​တစ်ဆယ့်နှစ်​မျိုး​သီး​၍ မိမိ​အသီး​ကို လစဉ်​ပေး​တတ်​သည့်​အသက်​ပင်​ရှိ​၏။ ထို​အပင်​မှ အရွက်​များ​သည်​လည်း လူမျိုး​တကာ​တို့​၏​ကျန်းမာ​ခြင်း​အတွက်​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 3,
      "text": "ကျိန်​ခြင်း​ခံရ​သော​အရာ​တစ်စုံတစ်ခုမျှ ရှိ​တော့မည်​မ​ဟုတ်။ ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​သည် ထို​မြို့​တွင်​ရှိ​၍ ကိုယ်တော်​၏​အစေအပါး​တို့​သည် ကိုယ်တော်​ကို​ဝတ်ပြု​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 4,
      "text": "သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​ကို​ဖူးမြင်​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​၏​နာမ​တော်​သည်​လည်း သူ​တို့​၏​နဖူး​ပေါ်၌​ရှိ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 5,
      "text": "ည​သည် ရှိ​တော့မည်​မ​ဟုတ်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ​တို့​အပေါ်​ထွန်းလင်း​တော်မူ​သည်​ဖြစ်၍ ဆီမီး​၏​အလင်း​နှင့်​နေ​၏​အလင်း​တို့ မ​လိုအပ်​တော့​ပေ။ သူ​တို့​သည် ကမ္ဘာ​အဆက်ဆက်​စိုးစံ​ကြ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 6,
      "text": "ထို့နောက် ကောင်းကင်​တမန်​က “ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏။ ပရောဖက်​တို့​၏​ဝိညာဉ်​များ​ကို​ပိုင်သ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​အစေအပါး​တို့​အား​ပြသ​ရန် မိမိ​၏​ကောင်းကင်​တမန်​ကို စေလွှတ်​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 7,
      "text": "“ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ဤ​စာစောင်​ထဲမှ ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏။”"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 8,
      "text": "ငါ​ယောဟန်​သည် ဤ​အကြောင်းအရာ​များ​ကို မြင်​ရ​ကြား​ရ​သော​သူ​ဖြစ်​၏။ ငါ​သည် မြင်​ရ​ကြား​ရ​သောအခါ ၎င်း​တို့​ကို ငါ့​အား​ပြသ​သော ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ပျပ်ဝပ်​လေ​သော်"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 9,
      "text": "သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ သင့်​ညီအစ်ကို​များ​ဖြစ်​ကြ​သည့် ပရောဖက်​များ​နှင့် ဤ​စာစောင်​၌​ပါ​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​များ​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့”​ဟု ဆို​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 10,
      "text": "တစ်ဖန် သူ​က “ဤ​စာစောင်​ထဲမှ ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို ချိပ်ပိတ်​မ​ထား​နှင့်။ အကြောင်းမူကား အချိန်​နီးကပ်​လာ​လေ​ပြီ။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 11,
      "text": "မတရား​သဖြင့်​ပြု​သော​သူ​သည် ဆက်၍​မတရား​သဖြင့်​ပြု​ပါစေ။ ညစ်ညူး​သော​သူ​သည် ဆက်၍​ညစ်ညူး​လျက်​နေ​ပါစေ။ ဖြောင့်မတ်​သော​သူ​သည် ဆက်၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​ပါစေ။ သန့်ရှင်း​သော​သူ​သည် ဆက်၍​သန့်ရှင်း​ခြင်း​ရှိ​ပါစေ”​ဟု ငါ့​အား​ဆို​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 12,
      "text": "“ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ငါ​ပေး​မည့်​အကျိုး​အပြစ်​ကို​ယူဆောင်​လာ​၍ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​အတိုင်း ငါ​ပေးဆပ်​မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 13,
      "text": "ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 14,
      "text": "မိမိ​တို့​၏​ဝတ်လုံ​များ​ကို​လျှော်ဖွပ်​၍ အသက်​ပင်​နှင့်​သက်ဆိုင်​ရ​သော​အခွင့်​ကို​ရရှိ​ကာ တံခါး​များ​မှ မြို့​ထဲသို့​ဝင်​ခွင့်​ကို​ရရှိ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 15,
      "text": "အပြင်​၌​ကား ခွေး​များ၊ ပြုစား​သော​သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လူသတ်သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် မုသား​ကို​နှစ်သက်​၍ ကျင့်သုံး​သော​သူ​အပေါင်း​တို့​ရှိ​ကြ​၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 16,
      "text": "ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 17,
      "text": "ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 18,
      "text": "ဤ​စာစောင်​၌​ပါ​သည့် ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို ကြား​ရ​သူ​တိုင်း​အား ငါ​သက်သေခံ​သည်​ကား မည်သူမဆို ၎င်း​တို့​အပေါ် ထပ်မံ​ဖြည့်စွက်​လျှင် ဘုရားသခင်​သည် ဤ​စာစောင်​၌​ရေး​ထား​သော​ဘေးဒဏ်​များ​ကို ထို​သူ​အပေါ်၌ သက်ရောက်​စေ​တော်မူ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 19,
      "text": "မည်သူမဆို ဤ​ပရောဖက်ပြု​ဟောပြော​သော​စာစောင်​ထဲမှ စကားလုံး​များ​ကို​နုတ်ပယ်​လျှင် ဤ​စာစောင်​၌​ရေး​ထား​သော​အသက်​ပင်​မှ​လည်းကောင်း၊ သန့်ရှင်း​သော​မြို့​တော်​မှ​လည်းကောင်း ထို​သူ​ရ​မည့်​ဝေစု​ကို ဘုရားသခင်​သည်​နုတ်ပယ်​တော်မူ​လိမ့်မည်။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 20,
      "text": "ဤ​အကြောင်းအရာ​များ​ကို သက်သေခံ​သော​အရှင်​က “မှန်​ပေ​၏။ ငါ​သည်​အလျင်အမြန်​လာ​မည်” ​ဟု မိန့်​တော်မူ​၏။ အာမင်။ သခင်​ယေရှု၊ ကြွလာ​တော်မူ​ပါ။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 21,
      "text": "သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။"
    }
  ]
}