Library · my

Psalms 124

124:1 ဣ သ ရေ လ လူ မျိုး တို့ ဝန် ခံ ကြ ရ မည့် အ ကြောင်း မှာ၊ ထာ ဝ ရ ဘု ရား သည် ငါ တို့ ဘက်၌ ရှိ နေ တော် မ မူ လျှင် လည်း ကောင်း၊ ငါ တို့ တစ် ဘက် လူ တို့ ထ ကြွ ကြ ရာ၊ 124:2 ထာ ဝ ရ ဘု ရား သည် ငါ တို့ ဘက် ၌ ရှိ နေ တော် မ မူ လျှင် လည်း ကောင်း၊ 124:3 ထို သို့ အ မျက် ထွက် ကြ သော်၊ ငါ တို့ သည် စား မျို ခြင်း ခံ ရ ကြ လေ ပြီ။ 124:4 ထို အ ခါ ၌ ပင်၊ ရေ ဘေး လွှမ်း မိုး၍၊ မြစ် ရေ တွင် အ သက် နစ် မြုပ် ခြင်း၊ 124:5 ရေ ဩ ဃ တွင်၊ အ သက် နစ် မြှုပ် ခြင်း ကို ခံ ခဲ့ ရ လေ စွ တ ကား။ 124:6 သူ တို့ အံ ဖြင့် ခဲ ကြိတ် ရာ အ ဖြစ်၊ ငါ တို့ ကို ပစ် ထား တော် မ မူ သော ထာ ဝ ရ ဘု ရား သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော၊ 124:7 ငှက် သည် ငှက် ခတ် သ မား ညွှတ် ကွင်း ထဲ က လွှတ် သ ကဲ့ သို့၊ ငါ တို့ အ သက် လွှတ် ခဲ့ ရ ပြီ။ ညွှတ် ကွင်း ပြတ် ၍ ငါ တို့ လွတ် ခဲ့ ရ ပြီ။ 124:8 မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ၏ နာ မ တော်၌၊ ငါ တို့ ကို မ စ ခွင့် တည် သည် ဟူ ၍ တည်း။