Library · my

Psalms 135

135:1 ဟာ လေ လု ယ၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ချီး မွမ်း လော့။ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော်၊ ငါ တို့ ဘု ရား သ ခင် ၏ ဗိ မာန် တော် တံ တိုင်း များ အ တွင်း၊ ခ စား သော ထာ ဝ ရ ဘု ရား ၏ ကျွန် တော် မျိုး တို့၊ ချီး မွမ်း ကြ လော့။ 135:3 ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ သော ကြောင့်၊ ထာ ဝ ရ ဘု ရား အား ချီး မွမ်း ခြင်း၊ တင့် တယ် သည့် အ လျောက်၊ နာ မ တော် အား ကျူး ဧ ခြင်း ပြု ကြ လော့။ 135:4 အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး ကို ပိုင် ရာ တော် အ ဖြစ်၊ ဣ သ ရေ လ အ မျိုး ကို ပိုင် ဆိုင် ရာ အ ထူး အ ဖြစ်၊ ရွေး ကောက် တော် မူ ပြီ။ 135:5 ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ ကြောင်း၊ ငါ တို့ အ ရှင် သည် ဘု ရား ဟူ သ မျှ ထက် မြင့် မြတ် တော် မူ ကြောင်း၊ ငါ သိ ၏။ 135:6 ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရေ ထု ရှိ သ မျှ ၌၊ သ ဘော တော် မြတ် ရာ ပြု တော် မူ ခဲ့ ပြီ။ 135:7 မြေ ကြီး အ စွန်း အ ဖျား မှ မိုး သား တက် စေ လျက်၊ မိုး ရွာ စေ ရန် လျှပ် စစ် ကို စီ မံ လျက်၊ လှောင် တိုက် တော် များ ထဲ က လေ ပြင်း ကို ထွက် စေ တော် မူ ၏။ 135:8 အိ ဂျစ် ပြည် ၌ လူ နှင့် တိ ရ စ္ဆာန် သား ဦး ရှိ သ မျှ ကို ကွပ် မျက် တော် မူ ခဲ့ ၏။ 135:9 အို အိ ဂျစ် ပြည်၊ သင့် အထဲ တွင် ဖာ ရော မင်း မှ စ၍၊ ကျေး ကျွန် အ ပေါင်း တို့ အ ပေါ် သို့ လ က္ခ ဏာ သက် သေ နှင့် အံ့ ဖွယ် ရာ များ ကို စေ လွှတ် တော် မူ ခဲ့ ၏။ 135:10 အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း၊ ဗာ ရှန် ပြည့် ရှင် ဩ ဃ မင်း နှင့် တ ကွ၊ 135:11 ဘုန်း ကြီး သော လူ မျိုး တို့ ဘု ရင် မင်း တို့ ကို ကွပ် မျက် လျက်၊ ခါ နာန် တိုင်း နိုင် ငံ ရှိ သ မျှ ကို လုပ် ကြံ ပြီး လျှင်၊ 135:12 သူ တို့ ပြည် နယ် ကို၊ ဣ သ ရေ လ လူ မျိုး တော် အား အ ပိုင် ပေး သ နား တော် မူ ၏။ 135:13 အို ထာ ဝ ရ ဘု ရား၊ နာ မ တော် သည် ကာ လ အ စဉ်၊ အို ထာ ဝ ရ ဘု ရား၊ ဘွဲ့ တော် သည် လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။ 135:14 ထာ ဝ ရ ဘု ရား သည် ကျွန် တော် မျိုး တို့ အ တွက် စိတ် တော် ပြောင်း လဲ၍၊ လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် တော် မူ လိမ့် မည်။ 135:15 လူ မျိုး ခြား တို့ ရုပ် ပွား များ သည်၊ လူ့ လက် ဖြင့် လုပ် သော ရွှေ ငွေ ဆင်း တု ဖြစ် သ ဖြင့်၊ 135:16 နှုတ် ရှိ လျက် ပင်၊ ပြော ဆို ခွင့်၊ မျက် စိ ရှိ လျက် ပင်၊ ရှု မြင် ခွင့်၊ 135:17 နား ရှိ လျက် ပင်၊ ကြား နာ ခွင့် မ ရှိ သည့် ပြင်၊ ခံ တွင်း ၌ လည်း ထွက် သက် ဝင် သက် မ ရှိ။ 135:18 ထု လုပ် သော သူ တို့ သည်၊ ကိုး စား သ မျှ သူ တို့ ပါ၊ ထို့ အ တူ ဖြစ် ကြ ပါ စေ သော။ 135:19 အို ဣ သ ရေ လ အ မျိုး သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ အို အာ ရုန် အ နွယ် သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ 135:20 အို လေ ဝိ အ နွယ် သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ 135:21 ယေ ရု ရှ လင် မြို့ ၌ စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့ ထဲ မှ မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။ ဟာ လေ လု ယ။