Genesis 5
5:1 အာဒံ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကိုဖန်ဆင်းတော်မူသောကာလ၌၊ မိမိပုံသဏ္ဌာန်နှင့်အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
5:2 လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း၍၊ ကောင်းချီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။
5:3 အာဒံသည် အသက်တစ်ရာသုံးဆယ်ရှိသော်၊ မိမိပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်းသားကိုမြင်ရ၍၊ ရှေသအမည်ဖြင့် မှည့်လေ၏။
5:4 ရှေသကို ဖွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
5:5 အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ်စေ့သော် သေလေ၏။
5:6 ရှေသသည် အသက်တစ်ရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။
5:7 ဧနုတ်ဖွားမြင်သောနောက်၊ ရှေသသည် အနှစ်ရှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
5:8 ရှေသသည် အသက်နှစ်ပေါင်းကိုးရာတစ်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
5:9 ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သားကာဣနန်ကို မြင်လေ၏။
5:10 ကာဣနန်ဖွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတစ်ဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
5:11 ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ်စေ့သော် သေလေ၏။
5:12 ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
5:13 မဟာလေလဖွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
5:14 ကာဣနန်သည်၊ အသက်နှစ်ပေါင်းကိုးရာတစ်ဆယ်စေ့သော် သေလေ၏။
5:15 မဟာလေလသည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။
5:16 ယာရက်ဖွားမြင်သောနောက်၊ မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
5:17 မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာကိုးဆယ်ငါးနှစ်စေ့သော် သေလေ၏။
5:18 ယာရက်သည် အသက်တစ်ရာခြောက်ဆယ်နှစ်နှစ်ရှိသော် သားဧနောက်ကို မြင်လေ၏။
5:19 ဧနောက်ဖွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်၍ သားသမီးများကိုမြင်လေ၏။
5:20 ယာရက်သည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
5:21 ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားမသုရှလကို မြင်လေ၏။
5:22 မသုရှလဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများကို မြင်လေ၏။
5:23 ဧနောက်အသက်နှစ်ပေါင်းသုံးရာခြောက်ဆယ်ငါးနှစ်တည်း။
5:24 ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ နောက်တစ်ဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။
5:25 မသုရှလသည် အသက်တစ်ရာရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သားလာမက်ကို မြင်လေ၏။
5:26 လာမက်ဖွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
5:27 မသုရှလသည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
5:28 လာမက်သည် အသက်တစ်ရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကိုမြင်၍၊
5:29 ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။
5:30 နောဧဖွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
5:31 လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ်စေ့သော် သေလေ၏။
5:32 နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။