Nehemiah 10
10:1 တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
10:2 စရာယ၊ အာဇရိ၊ ယေရမိ၊
10:3 ပါရှုရ၊ အာမရိ၊ မာလခိယ၊
10:4 ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊
10:5 ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊
10:6 ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊
10:7 မေရှုလံ၊ အဘိယ၊ မိယာမိန်၊
10:8 မာဇိ၊ ဗိလဂဲ၊ ရှေမာယ၊
10:9 လေဝိသားအာဇနိသား ယောရှုတစ်ပါး၊ ဟေနဒဒ်သား ဗိနွိတစ်ပါး၊ ကပ်မျေလတစ်ပါး၊
10:10 သူတို့ညီရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာယ၊ ဟာနန်၊
10:11 မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊
10:12 ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊
10:13 ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊
10:14 လူတို့တွင် အကြီးအကဲဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇဿု၊ ဗာနိ၊
10:15 ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊
10:16 အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊
10:17 အာတာ၊ ဟိဇကိယ၊ အဇ္ဇုရ၊
10:18 ဟောဒိယ၊ ဟရှုံ၊ ဗေဇဲ၊
10:19 ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊
10:20 မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊
10:21 မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊
10:22 ပေလတိ၊ ဟာနန်၊ အနာယ၊
10:23 ဟောရှေ၊ ဟာနနိ၊ ဟာရှုပ်၊
10:24 ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊
10:25 ရေဟုံ၊ ဟာရှဗန၊ မာသေယ၊
10:26 အဟိယ၊ ဟာနန်၊ အာနန်၊
10:27 မလ္လုတ်၊ ဟာရိမ်၊ ဗာနာတည်း။
10:28 ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန်အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှာ၊ ထိုပြည်သားတို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီးတို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊
10:29 ညီအစ်ကိုမှူးမတ်တို့၌ မှီဝဲလျက်၊ ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ၍လည်းကောင်း၊ ငါတို့အရှင် ထာဝရဘုရား၏ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍လည်းကောင်း၊
10:30 ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူဘဲ နေပါမည်ဟူ၍လည်းကောင်း၊
10:31 ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာကိုရောင်းခြင်းငှာ ယူခဲ့လျှင်၊ ဥပုသ်နေ့ဖြစ်စေ၊ အခြားသော ဓမ္မနေ့ဖြစ်စေ မဝယ်၊ သတ္တမနှစ်တွင် လယ်လုပ်ခြင်းအမှုကို မပြု၊ ကြွေးကိုအနိုင်မတောင်းဘဲ နေပါမည်ဟူ၍လည်းကောင်း၊ ကျိန်ဆိုလျက် သစ္စာကတိထားကြ၏။
10:32 ထိုမှတစ်ပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှုတည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော်မုန့်၊
10:33 မြဲသောဘောဇဥ်ပူဇော်သကာ၊ မြဲသောမီးရှို့ရာယဇ်၊ ဓမ္မပွဲ၊ သန့်ရှင်းသောအသုံးအဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအလုံးစုံကို ဆောင်ရွက်စရာဖို့၊ လူတိုင်းတစ်နှစ်လျှင် ငွေတစ်ကျပ်သုံးစုတစ်စုစီ ပေးရမည်အကြောင်း ကိုယ်အဖို့ စီရင်ထုံးဖွဲ့ကြ၏။
10:34 ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာ ထင်းပူဇော်သကာကို၊ တစ်နှစ်တစ်နှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ဘုရားသခင်၏ အိမ်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသား ပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။
10:35 အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုးကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း၊
10:36 ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ အဦးဖွားသော သားယောက်ျားနှင့် အဦးဖွားသော သိုးနွားအစရှိသည်တို့ကို၊ ဗိမာန်တော်၌ အမှုစောင့်သော ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊
10:37 အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သကာ၊ သစ်သီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီကို ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်အခန်းသို့လည်းကောင်း၊ လယ်လုပ်သော မြို့ရွာရှိသမျှတို့၌ မြေအသီးအနှံ ဆယ်ဖို့တစ်ဖို့ကို လေဝိသားတို့ထံသို့လည်းကောင်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
10:38 လေဝိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူသောအခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသားတို့သည်လည်း ဆယ်ဖို့တစ်ဖို့ထဲက ဆယ်ဖို့တစ်ဖို့ကို နုတ်ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြမည်။
10:39 လေဝိသားအစရှိသော ဣသရေလအမျိုးသားတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရောဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။