Nehemiah 7
7:1 မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါးတို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသားတို့ကို ခန့်ထားပြီးမှ၊
7:2 သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေသော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရုရှလင်မြို့ကို အပ်လျက်၊
7:3 နေမထွက်မီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေနှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကိုပိတ်၍ ကန့်လန့်ကျင်ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တစ်ဖက်တစ်ချက်၌ ကင်းစောင့်စေဟု စီရင်၏။
7:4 အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော်လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည်မဆောက်ကြသေး။
7:5 ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှာ စုဝေးစေမည်အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
7:6 တစ်ဖန် ငါတွေ့သောစာရင်းတည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေအမျိုးစာရင်းချက် ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကိုခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊
7:8 ပါရုတ်အမျိုးသား နှစ်ထောင်တစ်ရာ ခုနစ်ဆယ်နှစ်ယောက်၊
7:9 ရှေဖတိအမျိုးသား သုံးရာခုနစ်ဆယ်နှစ်ယောက်၊
7:10 အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ်ယောက်၊
7:11 ပါဟတ်မောဘအမျိုး၊ ယောရှုနှင့်ယွာဘအမျိုးသား နှစ်ထောင်ရှစ်ရာ တစ်ဆယ်ရှစ်ယောက်၊
7:12 ဧလံအမျိုးသား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
7:13 ဇတ္တုအမျိုးသား ရှစ်ရာလေးဆယ်ငါးယောက်၊
7:14 ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
7:15 ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ်ယောက်၊
7:16 ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်ရှစ်ယောက်၊
7:17 အာဇဂဒ်အမျိုးသား နှစ်ထောင်သုံးရာ နှစ်ဆယ်နှစ်ယောက်၊
7:18 အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက်၊
7:19 ဗိဂဝဲအမျိုးသား နှစ်ထောင်ခြောက်ဆယ်ခုနစ်ယောက်၊
7:20 အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါးယောက်၊
7:21 ဟေဇကိနှင့်အာတာအမျိုးသား ကိုးဆယ်ရှစ်ယောက်၊
7:22 ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက်၊
7:23 ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက်၊
7:24 ဟာရိပ်အမျိုးသား တစ်ရာတစ်ဆယ်နှစ်ယောက်၊
7:25 ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊
7:26 ဗက်လင်မြို့၊ နေတောဖမြို့သား တစ်ရာရှစ်ဆယ်ရှစ်ယောက်၊
7:27 အာနသုတ်မြို့သား တစ်ရာနှစ်ဆယ်ရှစ်ယောက်၊
7:28 ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
7:29 ကိရယတ်ယာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
7:30 ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ်တစ်ယောက်၊
7:31 မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ်နှစ်ယောက်၊
7:32 ဗေသလမြို့၊ အာဣမြို့သား တစ်ရာနှစ်ဆယ်သုံးယောက်၊
7:33 အခြားသော နေဗောမြို့သား ငါးဆယ်နှစ်ယောက်၊
7:34 အခြားသော ဧလံမြို့သား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
7:35 ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
7:36 ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
7:37 လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာနှစ်ဆယ်တစ်ယောက်၊
7:38 သေနာမြို့သား သုံးထောင်ကိုးရာသုံးဆယ်တည်း။
7:39 ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုးထဲက ယေဒါယအမျိုးသား ကိုးရာခုနစ်ဆယ်သုံးယောက်၊
7:40 ဣမေရအမျိုးသား တစ်ထောင်ငါးဆယ်နှစ်ယောက်၊
7:41 ပါရှုရအမျိုးသား တစ်ထောင်နှစ်ရာ လေးဆယ်ခုနစ်ယောက်၊
7:42 ဟာရိမ်အမျိုးသား တစ်ထောင်တစ်ဆယ် ခုနစ်ယောက်တည်း။
7:43 လေဝိသားစာရင်း ဟူမူကား၊ ဟောဒေဝအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေးယောက်၊
7:44 သီချင်းသည်၊ အာသပ်အမျိုးသား တစ်ရာလေးဆယ်ရှစ်ယောက်၊
7:45 တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တစ်ရာသုံးဆယ်ရှစ်ယောက်တည်း။
7:46 ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုးသား၊ တဗ္ဗောက်အမျိုးသား၊
7:47 ကေရုတ်အမျိုးသား၊ သယအမျိုးသား၊ ပါဒုန် အမျိုးသား၊
7:48 လေဗနအမျိုးသား၊ ဟာဂဗအမျိုးသား၊ ရှာလမဲ အမျိုးသား၊
7:49 ဟာနန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊
7:50 ရာယအမျိုးသား၊ ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊
7:51 ဂဇ္ဇမ်အမျိုးသား၊ ဩဇအမျိုးသား၊ ပါသာအမျိုးသား၊
7:52 ဗေသဲအမျိုးသား၊ မုနိမ်အမျိုးသား၊ နေဖိရှေသိမ်အမျိုးသား၊
7:53 ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
7:54 ဗာဇလိတ်အမျိုးသား၊ မေဟိဒအမျိုးသား၊ ဟာရရှအမျိုးသား၊
7:55 ဗာရကုတ်အမျိုးသား၊ သိသရအမျိုးသား၊ တာမအမျိုးသား၊
7:56 နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
7:57 ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား၊
7:58 ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊
7:59 ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသားတည်း။
7:60 ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
7:61 ထိုမှတစ်ပါး၊ ဣသရေလအမျိုး မှန်သည်၊ မမှန်သည်ကိုလည်းကောင်း၊ မိမိတို့အဆွေအမျိုးကိုလည်းကောင်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူ ဟူမူကား၊
7:62 ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။
7:63 ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲသမီးတစ်ယောက်နှင့် စုံဖက်၍ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊
7:64 စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။
7:65 ဥရိမ်နှင့်သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
7:66 ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
7:67 ထိုမှတစ်ပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာ သုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျားမိန်းမပေါင်း နှစ်ရာလေးဆယ်ငါးယောက်၊
7:68 မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
7:69 ကုလားအုတ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်းပေါင်း ခြောက်ထောင်ခုနစ်ရာ နှစ်ဆယ်တည်း။
7:70 အဆွေအမျိုး သူကြီးအချို့တို့သည် အမှုတော်ကိုဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတစ်ထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ်အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ၏။
7:71 အဆွေအမျိုး သူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက် နှစ်သောင်းနှစ်ထောင်တည်း။
7:72 ကြွင်းသောသူတို့သည်လည်း ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံ ခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။
7:73 ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့နေရာ မြို့ရွာတို့၌ နေရာကျကြ၏။