Numbers 26
26:1 ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊
26:2 အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့အား မိန့်တော်မူသည်အတိုင်း၊
26:3 သူတို့သည် မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌၊
26:4 အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရမည်အကြောင်း ဆင့်ဆိုကြ၏။
26:5 အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သားဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေအမျိုး၊ ဖာလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
26:6 ဟေဇရုံမှဆင်းသက်သော ဟေဇရောနိအဆွေအမျိုး၊ ကာမိမှဆင်းသက်သော ကာမိတ်အဆွေအမျိုးတည်း။
26:7 ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းသုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။
26:8 ဖာလု၏သားဧလျာဘ၊ ဧလျာဘ၏သားနေမွေလ၊ ဒါသန်၊ အဘိရံတည်း။
26:9 ဤဒါသန်၊ အဘိရံတို့သည်အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက်ပြုသောအခါ၊ ပရိသတ်၌ကျော်စော၍ မောရှေနှင့် အာရုန်ကိုဆန့်ကျင်ဘက်ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။
26:10 မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကိုလည်းကောင်း၊ ကောရကိုလည်းကောင်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
26:11 သို့ရာတွင် ကောရ၏သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
26:12 ဘိုးဘအဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေအမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိအဆွေအမျိုး၊ ယာခိန်မှဆင်းသက်သော ယာခိနိအဆွေအမျိုး၊
26:13 ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုး၊ ရှောလမှဆင်းသက်သော ရှောလိအဆွေအမျိုးတည်း။
26:14 ဤသူတို့သည် ရှိမောင်အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
26:15 ဘိုးဘအဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူကား၊ ဇေဖုန်မှဆင်းသက်သော ဇေဖောနိအဆွေအမျိုး၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိတ်အဆွေအမျိုး၊ ရှုနိမှဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
26:16 ဩဇနိမှဆင်းသက်သော ဩဇနိတ်အဆွေအမျိုး၊ ဧရိမှဆင်းသက်သော ဧရိတ်အဆွေအမျိုး၊
26:17 အာရုဒ်မှဆင်းသက်သော အာရောဒိအဆွေအမျိုး၊ အရေလိမှဆင်းသက်သော အရေလိတ်အဆွေအမျိုးတည်း။
26:18 ဤသူတို့သည် ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးရာ ရှိသတည်း။
26:19 ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသောဧရနှင့် ဩနန်အစရှိသော၊
26:20 ဘိုးဘအဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက်သော ရှေလနိအဆွေအမျိုး၊ ဖာရဇ်မှဆင်းသက်သော ဖာရဇိအဆွေအမျိုး၊ ဇေရမှဆင်းသက်သော ဇေရဟိအဆွေအမျိုးတည်း။
26:21 ဖာရဇ်၏သား၊ ဟေဇရုံမှဆင်းသက်သော ဟေဇေရောနိအဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိအဆွေအမျိုးတည်း။
26:22 ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။
26:23 ဘိုးဘအဆွေအမျိုးအလိုက် ဣသခါ၏သားဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေအမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေအမျိုး၊
26:24 ယာရှုပ်မှဆင်းသက်သော ယာရှုဘိအဆွေအမျိုး၊ ရှိမရုန်မှဆင်းသက်သော ရှိမရောနိအဆွေအမျိုးတည်း။
26:25 ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းလေးထောင်သုံးရာ ရှိသတည်း။
26:26 ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သားဟူမူကား၊ သရက်မှဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိအဆွေအမျိုး၊ ယာလေလမှဆင်းသက်သော ယာလေလိအဆွေအမျိုးတည်း။
26:27 ဤသူတို့သည် ဇာဗုလုန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခြောက်သောင်းငါးရာရှိသတည်း။
26:28 ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
26:29 မနာရှေ၏သားဟူမူကား၊ မာခိရမှဆင်းသက်သော မာခိရိအဆွေအမျိုး၊
26:30 ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိအဆွေအမျိုး၊
26:31 အသရေလမှဆင်းသက်သော အာသရေလိအဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိအဆွေအမျိုး၊
26:32 ရှမိဒမှဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖာမှဆင်းသက်သော ဟေဖေရိအဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။
26:33 ဟေဖာ၏သားဇလောဖဒ်၌ကား၊ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ ဇလောဖဒ်၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
26:34 ဤသူတို့သည် မနာရှေအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။
26:35 ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သားဟူမူကား၊ ရှုသလမှဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိအဆွေအမျိုး၊ တာဟန်မှဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
26:36 ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
26:37 ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ သုံးသောင်းနှစ်ထောင်ငါးရာ ရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုးအလိုက် ယောသပ်၏သားစဉ်မြေးဆက် ဖြစ်သတည်း။
26:38 ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သားဟူမူကား၊ ဗေလမှဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရမိအဆွေအမျိုး။
26:39 ရှုဖံမှဆင်းသက်သော ရှုဖမိအဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
26:40 ဗေလသားအာရဒမှဆင်းသက်သော အာရဒိအဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိအဆွေအမျိုးတည်း။
26:41 ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာ ရှိသတည်း။
26:42 ဘိုးဘအဆွေအမျိုးအလိုက် ဒန်၏သားဟူမူကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုးဖြစ်၍၊
26:43 စာရင်းဝင်သောရှုဟမိလူပေါင်းကား၊ ခြောက်သောင်းလေးထောင်လေးရာ ရှိသတည်း။
26:44 ဘိုးဘအဆွေအမျိုးအလိုက် အာရှာ၏သားဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိတ်အဆွေအမျိုး၊ ဗေရိမှဆင်းသက်သော ဗေရိတ်အဆွေအမျိုးတည်း။
26:45 ဗေရိ၏သားဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေအမျိုး၊ မာလချေလမှဆင်းသက်သော မာလချေလိအဆွေအမျိုးတည်း။
26:46 အာရှာ၏သမီးအမည်ကား၊ စာရာတည်း။
26:47 ဤသူတို့သည်အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ငါးသောင်းသုံးထောင်လေးရာ ရှိသတည်း။
26:48 ဘိုးဘအဆွေအမျိုးအလိုက် နဿလိ၏သားဟူမူကား၊ ယာဇေလမှဆင်းသက်သော ယာဇေလိအဆွေအမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
26:49 ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေအမျိုး၊ ရှိလ္လင်မှဆင်းသက်သော ရှိလ္လမိအဆွေအမျိုးတည်း။
26:50 ဤသူတို့သည် နဿလိအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးထောင်လေးရာ ရှိသတည်း။
26:51 ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်းတစ်ထောင်ခုနစ်ရာသုံးဆယ် ရှိသတည်း။
26:52 ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေအတွက်ရှိသည်အတိုင်း၊ ခါနန်ပြည်ကိုဝေရမည်။
26:54 လူများလျှင်များသောအမွေမြေကိုလည်းကောင်း၊ လူနည်းလျှင် နည်းသော အမွေမြေကိုလည်းကောင်း၊ အနည်းအများအလိုက် အသီးအသီးတို့အား အမွေမြေကိုဝေပေးရမည်။
26:55 သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
26:56 စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်းအများအလိုက် ပိုင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
26:57 ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သားဟူမူကား၊ ဂေရရှုန်မှဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။
26:58 ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏သားကား၊ အာမရံတည်း။
26:59 အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဖွားမြင်သော လေဝိ၏သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဖွားမြင်လေ၏။
26:60 အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
26:61 နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
26:62 အသက်တစ်လလွန်၍ စာရင်းဝင်သော လေဝိသားယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍စာရင်း မဝင်ရကြ။
26:63 ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌စာရင်းယူသော ဣသရေလအမျိုးသားပေတည်း။
26:64 မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ဝင်သောသူ တစ်ယောက်မျှမပါ။
26:65 အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန်သေရကြမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။ ယေဖုန္နာ၏သားကာလက်နှင့် နုန်၏သားယောရှုမှတစ်ပါး၊ အရင်လူတစ်ယောက်မျှ မကြွင်းမကျန်ရ။