Numbers 33
33:1 မောရှေနှင့်အာရုန်စီရင်၍ အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့သည် ခရီးသွားခြင်းအကြောင်းအရာများကို၊
33:2 ထာဝရဘုရားအမိန့်တော်အတိုင်း မောရှေမှတ်သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသောစာရင်းဟူမူကား၊
33:3 ပထမလတစ်ဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်းတို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
33:4 အကြောင်းမူကား၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ဘုရားများကိုလည်း၊ ထာဝရဘုရားသည် တရားစီရင်တော်မူ၏။
33:5 ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှပြောင်း၍ သုကုတ်အရပ်၌ စခန်းချကြ၏။
33:6 သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စခန်းချကြ၏။
33:7 ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိသော ပိဟဟိရုတ်မြို့သို့ တစ်ဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စခန်းချကြ၏။
33:8 ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ လျှောက်သွားသဖြင့် ဧသံတောသို့ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စခန်းချကြ၏။
33:9 မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စခန်းချကြ၏။
33:10 ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စခန်းချကြ၏။
33:11 ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စခန်းချကြ၏။
33:12 သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စခန်းချကြ၏။
33:13 ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စခန်းချကြ၏။
33:14 အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာရေမရှိသော ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။
33:15 ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စခန်းချကြ၏။
33:16 သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စခန်းချကြ၏။
33:17 ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ်အရပ်၌ စခန်းချကြ၏။
33:18 ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စခန်းချကြ၏။
33:19 ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖာရက်၌ စခန်းချကြ၏။
33:20 ရိမ္မုန်ဖာရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စခန်းချကြ၏။
33:21 လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စခန်းချကြ၏။
33:22 ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စခန်းချကြ၏။
33:23 ကေဟလာသအရပ်မှပြောင်း၍ ရှာဖာတောင်၌ စခန်းချကြ၏။
33:24 ရှာဖာတောင်မှပြောင်း၍ ဟာရဒအရပ်၌ စခန်းချကြ၏။
33:25 ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စခန်းချကြ၏။
33:26 မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စခန်းချကြ၏။
33:27 တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စခန်းချကြ၏။
33:28 တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စခန်းချကြ၏။
33:29 မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စခန်းချကြ၏။
33:30 ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ်အရပ်၌ စခန်းချကြ၏။
33:31 မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။
33:32 ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။
33:33 ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။
33:34 ယုပ္ဘာသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စခန်းချကြ၏။
33:35 ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။
33:36 ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စခန်းချကြ၏။
33:37 ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စခန်းချကြ၏။
33:38 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပထမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။
33:39 အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက်တစ်ရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။
33:40 ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိရှင်ဘုရင်အာရဒ်သည် ဣသရေလအမျိုးသားရောက်ကြောင်းကို ကြားလေ၏။
33:41 သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလမောနအရပ်၌ စခန်းချကြ၏။
33:42 ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စခန်းချကြ၏။
33:43 ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။
33:44 ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။
33:45 ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စခန်းချကြ၏။
33:46 ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလသိမ်အရပ်၌ စခန်းချကြ၏။
33:47 အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗောတောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စခန်းချကြ၏။
33:48 အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ စခန်းချကြ၏။
33:49 ထိုသို့မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့တိုင်အောင် စခန်းချကြ၏။
33:50 မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊
33:51 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊
33:52 ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။
33:53 ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့်၊ ထိုပြည်သားတို့ကိုနှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။
33:54 သင်တို့အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကိုဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်းလျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
33:55 သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန်အစင်မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသောသူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့လည်းကောင်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့လည်းကောင်း ဖြစ်၍၊ သင်တို့နေသောပြည်မှာ သင်တို့ကိုနှောင့်ယှက်ကြလိမ့်မည်။
33:56 ထိုမှတစ်ပါး သူတို့အားငါကြံစည်သည်အတိုင်း သင်တို့ကိုငါပြုမည်ဟု မိန့်တော်မူ၏။