Joshua 19
19:1 ဒုတိယတစ်ကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း၌ အမွေခံရကြ၏။
19:2 သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရရှေဘမြို့၊ မောလဒါမြို့၊
19:3 ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
19:4 ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊
19:5 ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
19:6 ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
19:7 ထိုမှတစ်ပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
19:8 ထိုမှတစ်ပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
19:9 ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဖို့ထဲကနုတ်ရ၏။ ယုဒအမျိုးသားတို့အဖို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။
19:10 တတိယတစ်ကြိမ် စာရေးတံပြု၍ ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
19:11 အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့သို့လည်းကောင်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့လည်းကောင်း မီလေ၏။
19:12 တစ်ဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
19:13 ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တဟေဖာမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
19:14 မြောက်ဘက်၌လည်းဝိုင်းသဖြင့်၊ ဟန္နသုန်မြို့သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
19:15 ထိုမှတစ်ပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
19:16 ဤရွေ့ကားမြို့ရွာပါလျက် ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
19:17 စတုတ္ထတစ်ကြိမ် စာရေးတံပြု၍ ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
19:18 သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊
19:19 ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
19:20 ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
19:21 ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ပါလျက်၊
19:22 တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ်ခြောက်မြို့ရှိသတည်း။
19:23 ဤရွေ့ကားမြို့ရွာပါလျက် ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
19:24 ပဥ္စမတစ်ကြိမ် စာရေးတံပြု၍ အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက်အမွေခံရကြ၏။
19:25 သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
19:26 အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါလျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗနတ်မြို့သို့ ရောက်လေ၏။
19:27 တစ်ဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန်မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကိုလျှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာဗုလမြို့၊
19:28 ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊
19:29 ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ဆုံးလေ၏။
19:30 အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ ရှိသတည်း။
19:31 ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
19:32 ဆဋ္ဌမတစ်ကြိမ် စာရေးတံပြု၍ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
19:33 သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ဆုံးလေ၏။
19:34 တစ်ဖန် အနောက်မျက်နှာသို့လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင်ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ် အပိုင်းအခြားရှိ၏။
19:35 ခိုင်ခံ့သောမြို့များဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
19:36 အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
19:37 ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
19:38 ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
19:39 ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
19:40 သတ္တမတစ်ကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
19:41 သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာမြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
19:42 ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
19:43 ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
19:44 ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
19:45 ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
19:46 မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖောမြို့ရှေ့မှာရှိသောမြေ ပါသတည်း။
19:47 ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
19:48 ဤရွေ့ကားမြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
19:49 ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတစ်ပြင်လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
19:50 သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမနဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
19:51 ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုးသူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ ဝေပေးသော အမွေခံစရာမြေ အသီးအသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကိုဝေဖန်သောအမှုပြီးလေ၏။