Numbers 2
2:1 ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။-
2:2 ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။
2:3 အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ [အနွယ်] — [ခေါင်းဆောင်] — [ဦးရေ] ယုဒ — အမိနဒပ်၏သားနာရှုန် — ၇၄၆၀၀ ဣသခါ — ဇုအာ၏သားနာသနေလ — ၅၄၄၀၀ ဇာဗုလုန် — ဟေလုန်၏သားဧလျာဘ — ၅၇၄၀၀ — စုစုပေါင်း — ၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။
2:10 တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ [အနွယ်] — [ခေါင်းဆောင်] — [ဦးရေ] ရုဗင် — ရှေဒုရ၏သားဧလိဇုရ — ၄၆၅၀၀ ရှိမောင် — ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ — ၅၉၃၀၀ ဂဒ် — ဒွေလ၏သားဧလျာသပ် — ၄၅၆၅၀ — စုစုပေါင်း — ၁၅၁၄၅၀ ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
2:17 အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။
2:18 အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ [အနွယ်] — [ခေါင်းဆောင်] — [ဦးရေ] ဧဖရိမ် — အမိဟုဒ်၏သားဧလိရှမာ — ၄၀၅၀၀ မနာရှေ — ပေဒါဇုရ၏သားဂါမလျေလ — ၃၂၂၀၀ ဗင်္ယာမိန် — ဂိဒေါနိ၏သားအဘိဒန် — ၃၅၄၀၀ — စုစုပေါင်း — ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။-
2:25 မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ [အနွယ်] — [ခေါင်းဆောင်] — [ဦးရေ] ဒန် — အမိရှဒ္ဒဲ၏သားအဟေဇာ — ၆၂၇၀၀ အာရှာ — သြကရန်၏သားပါဂျေလ — ၄၁၅၀၀ နဿလိ — ဧနန်၏သားအဟိရ — ၅၃၄၀၀ — စုစုပေါင်း — ၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
2:32 ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။-
2:33 ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
2:34 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။