1 Chronicles 8
8:1 ဗင်္ယာမိန်သားဦးကား ဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသားအဟိရံ၊
8:2 စတုတ္ထသား နောဟ၊ ပဥ္စမသား ရာဖတည်း။
8:3 ဗေလသားကား အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊
8:4 အဘိရွှ၊ နေမန်၊ အာဟော၊
8:5 ဂေရာ၊ ရှေဖုဖံ၊ ဟုရံတည်း၊
8:6 မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။
8:7 နေရာပြောင်းသောနောက်၊ ဩဇနှင့် အဟိဟုဒ် ကိုလည်း မြင်၏။
8:8 ရှဟာရိမ်သည် မယားဟုရိမ်နှင့် ဗာရာကိုစွန့်ပြီး မှ၊ မောဘပြည်၌ နေ၍၊
8:9 မယားဟောဒေရှတွင် ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊
8:10 ယုဇ၊ ရှာခိ၊ မိရမတို့ကို မြင်၍၊ ဤသူတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
8:11 အရင်မယား ဟုရှိမ်တွင်၊ အဘိတုပ်နှင့် ဧလပါလကို မြင်၏။
8:12 ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက် တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
8:13 ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
8:14 ထိုမှတပါး၊ အဟိဩ၊ ရှာရှက်၊ ယေရိမုတ်၊
8:15 ဇေဗဒိ၊ အာရဒ်၊ အာဒါ၊
8:16 မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။
8:17 ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊ ဟေဗာ၊
8:18 ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့သည် ဧလပါလ သားတည်း။
8:19 ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊
8:20 ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊
8:21 အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့သည် ရှိမဟိ သားတည်း။
8:22 ဣရှပန်၊ ဟေဗာ၊ ဧလေလ၊
8:23 အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
8:24 ဟာနနိ၊ ဧလံ၊ အန္တောသိယ၊
8:25 ဣဖဒိယ၊ ပေနွေလတို့သည် ရှာရှက်သားတည်း။
8:26 ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊
8:27 ယာရရှိ၊ ဧလိယ၊ ဇိခရိတို့သည် ယေရောဟံ သားတည်း။
8:28 ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ် အဆက်အဆွေအမျိုးသူကြီးမင်းဖြစ်ကြ၏။
8:29 ဂိဗောင်မြို့မှာ ဂိဗေါင်အဘယေဟေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။
8:30 သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊
8:31 ဂေဒေါ်၊ အဟိဩ၊ ဇာခရိ၊ မိကလုတ်တည်း။
8:32 မိကလုပ်သားကား ရှိမံတည်း။ ဤသူတို့သည် ယေရုရှင်လင်မြို့ မှာညီအစ်ကိုစုအနား၊ တဘက်တချက်၌ နေရာကျကြ၏။
8:33 နေရသားကားကိရှ၊ ကိရှသားရှောလု၊ ရှောလု သား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလ တည်း။
8:34 ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလ သား မိက္ခာ၊
8:35 မိက္ခာသား ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် တည်း။
8:36 အာခတ်သား ကားယာရ၊ ယာရသားအာလ မက်၊ အာဇမာဝက်၊ ဇိမရိတည်း၊ ဇိမရိသားကား မောဇ၊
8:37 မောဇသားဗိနာ၊ ဗိနာသား ရေဖာယ၊ ရေဖာယ သား ဧလာသ၊ ဧလာသသား အာဇေလ၊
8:38 အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန်တည်း။
8:39 အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယ သား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။
8:40 ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲ ဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက်ဖြစ်သတည်း။