1 Chronicles 26
26:1 အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူမူကား။ ကောရဟိအမျိုး ဧဗျာသပ်အနွယ်၊ ကောရသား မေရှလေမိ၊
26:2 မေရှလေမိ၏သားဦး ဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယသား ဇေဗဒိ၊ စတုတ္ထသား ယာသနေလ၊
26:3 ပဉ္စမသား ဧလံ၊ ဆဋ္ဌမသား ယောဟနန်၊ သတ္တမသား ဧလဲဩနဲတည်း။
26:4 ဩဗဒေဒုံ၏သားဦး ရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဉ္စမသား နာသနေလ၊
26:5 ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင်သည် ကောင်းချီးပေးတော်မူ၏။
26:6 သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသောညီ ဧလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး၌ အစိုးရသောသူဖြစ်ကြ၏။
26:8 အမှုတော်ကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံအမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။
26:9 ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တစ်ကျိပ်ရှစ်ယောက်တည်း။
26:10 မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိသည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသောကြောင့် သားအကြီးဖြစ်သတည်း။
26:11 ဒုတိယသားကား ဟိလခိ၊ တတိယသား တေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်းကား တစ်ကျိပ်သုံးယောက်တည်း။
26:12 ဤရွေ့ကား ဘုရားသခင်၏အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှာ သင်းဖွဲ့သော ဝင်းတံခါးဝစောင့်အကြီးအကဲဖြစ်သတည်း။
26:13 ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့ အဆွေအမျိုးအလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှာ စာရေးတံပြုကြ၍၊
26:14 အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသားပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။
26:15 ဩဗဒေဒုံသည် တောင်မျက်နှာကိုလည်းကောင်း၊ သူ၏သားတို့သည် အသုပိမ်အိမ်ကိုလည်းကောင်းရ၏။
26:16 ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ ရှလ္လေခက်တံခါးကိုရ၍ တစ်ဖက်တစ်ချက်၌ စောင့်ရ၏။
26:17 နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌ လေးယောက်၊ တောင်မျက်နှာ၌ လေးယောက်၊ အသုပိမ်ဘက်မှာ နှစ်ယောက်၊ တံတိုင်းတော်ပြင်မှာ နှစ်ယောက်၊
26:18 အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တံတိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။
26:19 ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရအမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သောအသင်း အသီးအသီးပေတည်း။
26:20 လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင်၏အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
26:21 အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊
26:22 သူ၏သား ဇေသံ၊ ယောလတို့သည်လည်း ဘုရားသခင်၏အိမ်တော်ဘဏ္ဍာကို အုပ်ရ၏။
26:23 အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးအချို့ ပါကြ၏။
26:24 မောရှေသား ဂေရရှုံ၏သားရှေဗွေလသည်လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။
26:25 ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသား ရေဟဗိ၊ သူ၏သား ယေရှာယ၊ သူ၏သား ယောရံ၊ သူ၏သား ဇိခရိ၊ သူ၏သား ရှေလောမိတ်တည်း။
26:26 ထိုရှေလောမိတ်နှင့် သူ၏ညီတို့သည် ဒါဝိဒ်မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
26:27 ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှာ ပူဇော်တတ်ကြ၏။
26:28 ပရောဖက်ရှမွေလ၊ ကိရှသား ရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
26:29 ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။
26:30 ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။
26:31 ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံလေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ်ပြည်ယာဇာမြို့၌ ခွန်အားကြီးသောသူရဲတို့ကို တွေ့၏။
26:32 ယေရိယ၏ပေါက်ဖော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုးသူကြီး နှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ်မင်းကြီးခန့်ထားသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ကိုအုပ်စိုး၍ ဘုရားသခင်၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။