Library · my

2 Chronicles 24

24:1 ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။ 24:2 ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ 24:3 ယော​ယ​ဒ​ပေး​စား​သော မိန်း​မ​နှစ်​ယောက်​နှင့် စုံ​ဖက်၍ သား​သ​မီး​တို့​ကို မြင်​ရ၏။ 24:4 ထို​နောက်​မှ၊ ယော​ရှ​သည် ဗိ​မာန်​တော်​ကို ပြု​ပြင်​မည် အ​ကြံ​ရှိ​လျက်၊ 24:5 ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ၍၊ သင်​တို့​ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို ပြု​ပြင်​ခြင်း​ငှာ၊ ယု​ဒ​မြို့​တို့​ကို လှည့်​လည်​သ​ဖြင့်၊ နှစ်​တိုင်း​အ​စဉ် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​မှ ငွေ​ကို​ခံ​ယူ၍၊ အ​မှု​ပြီး​အောင် ကြိုး​စား​အား​ထုတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သို့​သော်​လည်း၊ လေ​ဝိ​သား​တို့​သည် မ​ကြိုး​စား​ဘဲ နေ​ကြ၏။ 24:6 တစ်​ဖန် ရှင်​ဘု​ရင်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​ယော​ယ​ဒ​ကို​ခေါ်၍၊ သက်​သေ​ခံ​တော်​မူ​ချက် တဲ​တော်​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် စည်း​ဝေး​ရာ ဣ​သ​ရေ​လ ပ​ရိတ်​သတ်​ပြု​သည်​နည်း​တူ၊ လေ​ဝိ​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့​မှ ငွေ​ကို​ခံ​ယူ၍ ဆောင်​ခဲ့​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် မ​မှာ​ထား​ဘဲ​နေ​သ​နည်း​ဟု မေး​တော်​မူ၏။ 24:7 အ​ဓ​မ္မ​မိန်း​မ အာ​သ​လိ၏​သား​တို့​သည် ဗိ​မာန်​တော်​ကို​ဖြို​ဖျက်၍၊ ဗိ​မာန်​တော်၌ ပူ​ဇော်​သော​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း ဗာ​လ​ဘု​ရား​တို့​အား ပူ​ဇော်​ကြ၏။ 24:8 ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း သေ​တ္တာ​ကို​လုပ်၍၊ ဗိ​မာန်​တော်​ပြင်၊ တံ​ခါး​နား​မှာ​ထား​ကြ၏။ 24:9 ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ​သည် တော​မှာ ဣ​သ​ရေ​လ​အ​မျိုး၌ ငွေ​ခွဲ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌ ကြော်​ငြာ​ကြ၏။ 24:10 မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့၍၊ လက်​စ​သတ်​သည်​တိုင်​အောင် သေ​တ္တာ​ထဲ​သို့ သွင်း​ထား​ကြ၏။ 24:11 ထို​သေ​တ္တာ​ကို လေ​ဝိ​သား​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း၍၊ ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း၏ စာ​ရေး​သည်​လာ၍၊ ငွေ​ကို​ထုတ်​ယူ​ပြီး​မှ၊ သေ​တ္တာ​ကို သူ့​နေ​ရာ၌​ထား​ပြန်၏။ ထို​သို့ နေ့​တိုင်း​ပြု၍ များ​စွာ​သော​ငွေ​ကို စု​ထား​ကြ၏။ 24:12 ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​သည် ဗိ​မာန်​တော်၏​အ​မှု​တော်​စောင့်​တို့၌ ထို​ငွေ​ကို​အပ်၍ ဗိ​မာန်​တော်​ကို ပြု​ပြင်​စေ​ခြင်း​ငှာ၊ ပန်း​ရန်​သ​မား၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား၊ ပန်း​တဉ်း​သ​မား​တို့​အား ပေး​ဝေ​ကြ၏။ 24:13 အ​လုပ်​လုပ်​သော သူ​တို့​သည် ကြိုး​စား၍ ပြု​ပြင်​သ​ဖြင့်၊ ဗိ​မာန်​တော်​ကို ပ​က​တိ​အ​ဖြစ်၌ ခိုင်​ခံ့​စေ​ကြ၏။ 24:14 လက်​စ​သတ်​သော​အ​ခါ၊ ကျန်​ကြွင်း​သော​ငွေ​ကို ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​ထံ​သို့​ယူ​ခဲ့၍၊ ထို​ငွေ​နှင့် ဗိ​မာန်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ပူ​ဇော်​ရန် တန်​ဆာ၊ ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ဇွန်း​များ​ကို​လုပ်​ကြ၏။ ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဗိ​မာန်​တော်၌ မီး​ရှို့​ရာ​ယဇ်​ကို အ​စဉ်​ပူ​ဇော်​ကြ၏။ 24:15 ယော​ယ​ဒ​သည် အို၍ ကာ​လ​ပြည့်​စုံ​ရာ​ရောက်​လျက်၊ အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သေ၍၊ 24:16 ဒါ​ဝိဒ်​မြို့​မှာ ရှင်​ဘု​ရင်​တို့​တွင် သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တွင် ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ အိမ်​တော်၌​လည်း​ကောင်း ကျေး​ဇူး​ပြု​သော​သူ​ဖြစ်​သ​တည်း။ 24:17 ယော​ယ​ဒ​သေ​သော​နောက်၊ ယု​ဒ​မင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ၍ ရှိ​ခိုး​ကြ၏။ သူ​တို့​စ​ကား​ကို ရှင်​ဘု​ရင်​နား​ထောင်​သ​ဖြင့်၊ 24:18 သူ​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို​စွန့်၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ 24:19 သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ 24:20 တစ်​ဖန်​ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား ဇာ​ခ​ရိ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ပ​ရိ​သတ်​အ​လယ်၊ မြင့်​သော​အ​ရပ်၌ ရပ်​လျက်၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ သင်​တို့​ကို​လည်း စွန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။ 24:21 လူ​များ​တို့​သည် သူ့​ကို မ​ကောင်း​သော​အ​ကြံ​နှင့် တိုင်​ပင်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ဗိ​မာန်​တော်​အ​တွင်း၌ ကျောက်​ခဲ​နှင့်​ပစ်၍ သတ်​ကြ၏။ 24:22 ထို​သို့ ယော​ရှ​မင်း​ကြီး​သည် ဇာ​ခ​ရိ​အ​ဘ ယော​ယ​ဒ​ပြု​သော​ကျေး​ဇူး​ကို မ​အောက်​မေ့၊ သား​ကို သတ်​လေ​သည်​တ​ကား။ ဇာ​ခ​ရိ​သေ​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည် ကြည့်​ရှု​စစ်​ကြော​တော်​မူ​မည်​ဟု ဆို၏။ 24:23 ထို​နှစ်​အ​ဆုံး၌၊ ရှု​ရိ​တပ်​သား​တို့​သည် စစ်​ချီ၍ လာ​ကြ​သ​ဖြင့်၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​မှ၊ မှူး​မတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဒ​မာ​သက်​ရှင်​ဘု​ရင်​ထံ​သို့ ပေး​လိုက်​ကြ၏။ 24:24 ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ များ​ပြား​သော​အ​လုံး​အ​ရင်း ဖြစ်​သော်​လည်း၊ နည်း​သော​ရှု​ရိ​တပ်​အ​လုံး​အ​ရင်း​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ၍၊ ရှု​ရိ​လူ​တို့​သည် ယော​ရှ​ကို​တ​ရား​စီ​ရင်​ကြ၏။ 24:25 ရန်​သူ​ထွက်​သွား​သော​အ​ခါ၊ ယော​ရှ​သည် ကြီး​စွာ​သော​ဒု​က္ခ​ကို ခံ​ရ​လျက် နေ​ရစ်​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား​တို့​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍၊ သ​လွန်​ပေါ်​မှာ သေ​အောင်​လုပ်​ကြံ​ကြ၏။ ထို​မင်း​ကို ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​သော်​လည်း၊ ရှင်​ဘု​ရင်​တို့​တွင် မ​သင်္ဂြိုဟ်။ 24:26 လုပ်​ကြံ​သော​သူ​ကား၊ အ​မ္မုန်​အ​မျိုး​သ​မီး ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် မော​ဘ​အ​မျိုး​သ​မီး ရှိ​မ​ရိတ်​သား ယ​ဟော​ဇ​ဗဒ်​တည်း။ 24:27 ယော​ရှ​သည် သား​ရှိ​ခြင်း​အ​ရာ၊ လေး​သော​အ​မှု​ကို ထမ်း​ခြင်း​အ​ရာ၊ ဗိ​မာန်​တော်​ကို ပြု​ပြင်​ခြင်း​အ​ရာ​တို့​သည် ရာ​ဇ​ဝင်​နှင့် ဆက်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။ သား​တော်​အာ​မ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။