Ezra 10
10:1 ထိုသို့ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှာ ပျပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပတ္ထနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
10:2 ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌နေသော တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မျှော်လင့်စရာ ရှိသေး၏။
10:3 သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။
10:4 ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍ မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအား ပြန်ပြောကြလျှင်၊
10:5 ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ထိုစကားအတိုင်း ပြုရမည်အကြောင်း သူတို့အားအကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
10:6 ထိုအခါ ဧဇရသည် ဘုရားသခင်၏အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့သွား၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဖူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်းလေ၏။
10:7 သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊
10:8 မင်းများနှင့် အသက်ကြီးသူများ စီရင်သည်အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူ မည်သည်ကား၊ သိမ်းသွားခြင်း၊ အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာရှိသမျှသည် ကျိန်ဆိုအပ်သောဥစ္စာ ဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တစ်လျှောက်လုံး၌ ကြော်ငြာကြ၏။
10:9 ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြို့မှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့သည် ထိုအမှုကြောင့်လည်းကောင်း၊ သည်းထန်စွာ မိုးရွာသောကြောင့်လည်းကောင်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။
10:10 ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ်လေးစေခြင်းငှာ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်ကြပြီတကား။
10:11 သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်လည်းကောင်း၊ တစ်ပါးအမျိုးသား မိန်းမတို့နှင့်လည်းကောင်း ကွာကြလော့ဟု သူတို့အားဆို၏။
10:12 ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။
10:13 သို့ရာတွင် လူအများရှိပါ၏။ သည်းထန်စွာ မိုးရွာသောကာလ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တစ်ရက်နှစ်ရက်တွင် ပြီးနိုင်သောအမှု မဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။
10:14 ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ အကျွန်ုပ်တို့နေရာမြို့ရွာ၌ တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သော သူအပေါင်းတို့သည် ချိန်းချက်သောအချိန်တို့၌ မြို့အသီးသီး အသက်ကြီးသူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာထွက်သော ငါတို့ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။
10:15 အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။
10:16 သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေးချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သားသော အဆွေအမျိုးသူကြီးတို့သည် ဒသမလတစ်ရက်နေ့တွင် ထိုအမှုကို စစ်ကြောခြင်းငှာ ထိုင်နေကြ၏။
10:17 တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သောသူ အပေါင်းတို့ကို ပထမလတစ်ရက်နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင်ကြ၏။
10:18 တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သော ယဇ်ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
10:19 သူတို့သည် မယားနှင့်ကွာမည်ဟု ကတိထားကြ၏။ ပြုမိသော အပြစ်ကြောင့် သိုးကို ယဇ်ပူဇော်ကြ၏။
10:20 ထိုမှတစ်ပါး၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ၊
10:21 ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
10:22 ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။
10:23 လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်းဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊
10:24 သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့် ရှလ္လုံ၊ တေလင်၊ ဥရိ၊
10:25 ဣသရေလအမျိုးထဲက ပါရုတ်အမျိုး ရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
10:26 ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊
10:27 ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
10:28 ဗေဗဲအမျိုး ယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊
10:29 ဗာနိအမျိုး မေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်၊
10:30 ပါဟတ်မောဘအမျိုး အဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
10:31 ဟာရိမ်အမျိုး ဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
10:32 ဟာရှုံအမျိုး မတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိ၊
10:34 ဗာနိအမျိုး မာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊
10:35 ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲ၊ ယာသော၊
10:37 ထိုမှတစ်ပါး၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊
10:39 ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊
10:41 အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
10:42 နေဗောအမျိုး ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။
10:44 ဤသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်၍ သားသမီးကို မြင်ရကြပြီ။ ဧဇရမှတ်စာပြီး၏။