Library · my

Psalms 24

24:1 ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို​လည်း​ကောင်း၊ လော​က​ဓာတ်​နှင့် လော​က​သား​တို့​ကို​လည်း​ကောင်း၊ ပိုင်​တော်​မူ၏။ 24:2 အ​ကြောင်း​မူ​ကား၊ ထို​နေ​ရာ​ကို သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ​တည်၍၊ ရေ​များ​ပေါ်​မှာ မြဲ​မြံ​စေ​တော်​မူ​ပြီ။ 24:3 ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ပေါ်​သို့ အ​ဘယ်​သူ​သည် တက်​ရ​မည်​နည်း။ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​သူ​သည် ရပ်​နေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ 24:4 သန့်​ရှင်း​သော​လက်​နှင့် ဖြူ​စင်​သော​နှ​လုံး​ရှိ​သော​သူ၊ မု​သား​ကို​မ​မှီ​ဝဲ မ​ဆည်း​ကပ်၊ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​ပြု​သော​သူ​သည်၊ 24:5 ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း၊ ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​လက်​တော်​မှ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။ 24:6 ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​အ​မျိုး၊ မျက်​နှာ​တော်​ကို​ရှာ​သော ယာ​ကုပ်​အ​မျိုး​ဖြစ်​သ​တည်း။ 24:7 အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။ 24:8 ဘုန်း​ကြီး​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ အ​စွမ်း​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ စစ်​တိုက်​ခြင်း​ငှာ တန်​ခိုး​ကြီး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ 24:9 အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို​ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။ 24:10 ဘုန်း​ကြီး​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ထို​ဘု​ရား​သည် ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဖြစ်​တော်​မူ​သ​တည်း။