Library · my

Psalms 45

45:1 ငါ့​စိတ်​နှ​လုံး​သည် မင်္ဂ​လာ​စ​ကား​နှင့် ပွက်​ထ​လျက်​ရှိ၍၊ ငါ​စီ​ရင်​သော​အ​ရာ​ကို ရှင်​ဘု​ရင်​ရှေ့​တော်၌ မြွက်​ဆို​ပေ​အံ့။ ငါ့​လျှာ​သည်​လည်း လိ​မ္မာ​ကျွမ်း​ကျင်​သော စာ​ရေး၏​က​ညစ်​ဖြစ်​ရ၏။ 45:2 ကိုယ်​တော်​သည် လူ​မျိုး​ထက်​အ​ဆင်း​လှ​ပါ၏။ နှုတ်​တော်​သည် ကျေး​ဇူး​စ​ကား​နှင့် ပြည့်​စုံ​ပါ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​တော်​မူ၏။ 45:3 တန်​ခိုး​ကြီး​သော​အ​ရှင်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော ကိုယ်​တော်၏​ဓား​ကို ပေါင်​တော်၌ စည်း​တော်​မူ​ပါ။ 45:4 သ​စ္စာ​တ​ရား၊ နူး​ညံ့​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့်၊ အ​သ​ရေ​တော်​ထင်​ရှား​လျက်၊ အောင်​မြင်၍ စီး​သွား​တော်​မူ​ပါ။ လက်​ယာ​လက်​တော်​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​ကို ကိုယ်​တော်​အား ပြ​ပါ​လိမ့်​မည်။ 45:5 ရှင်​ဘု​ရင်၏ ရန်​သူ​တို့​နှ​လုံး​ထဲ​မှာ မြား​တော်​တို့​သည် ထက်​သည်​ဖြစ်၍၊ လူ​တို့​သည် ခြေ​တော်​အောက်၌​လဲ​ကြ​ပါ၏။ 45:6 အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ပ​လ္လင်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​လ္လင်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​နိုင်​ငံ​သည် တ​ရား​သ​ဖြင့်​စီ​ရင်​သော နိုင်​ငံ​ဖြစ်​ပါ၏။ 45:7 ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက်၊ ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ။ 45:8 ဆင်​စွယ်​ဘုံ​ဗိ​မာန်​ထဲ​က​ထုတ်​သော အ​ဝတ်​တန်​ဆာ​တော်​ရှိ​သ​မျှ​တို့​သည် မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​အ​မွှေး​နှင့် ပြည့်​စုံ၍ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ​ပါ၏။ 45:9 အ​ပြည်​ပြည်​သော မင်း​သ​မီး​တို့​သည် မောင်း​မ​မိဿံ​အ​ဝင်​ဖြစ်၍၊ လက်​ယာ​တော်​ဘက်​မှာ ဩ​ဖိ​ရ​ရွှေ တန်​ဆာ​ဆင်​သော မြောက်​သား​တော်​နေ​ရာ​ဖြစ်​ပါ၏။ 45:10 ငါ့​သ​မီး​နား​ထောင်​လော့။ ဆင်​ခြင်၍ နာ​ယူ​လော့။ ကိုယ်​အ​မျိုး​သား​ချင်း​နှင့် ကိုယ်​အ​ဘ၏​အိမ်​ကို မေ့​လျော့​လော့။ 45:11 သို့​ပြု​လျှင် သင်​လှ​သော​အ​ဆင်း​ကို ရှင်​ဘု​ရင်​သည် နှစ်​လို​စုံ​မက်​တော်​မူ​မည်။ သူ​သည် သင်၏​အ​ရှင်​ဖြစ်​သော​ကြောင့် သူ့​ကို​ကိုး​ကွယ်​လော့။ 45:12 တု​ရု​မင်း​သ​မီး​မှ​စ၍ လူ​စု​တွင် ဥ​စ္စာ​ရ​တတ်​သော​သူ​တို့​သည်​လည်း၊ လက်​ဆောင်​ပ​ဏ္ဏာ​ပါ​လျက် သင့်​ကို ဖျောင်း​ဖျ​ရ​ကြ​လိမ့်​မည်။ 45:13 ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် အ​တွင်း၌ ဂုဏ်​အ​သ​ရေ​သက်​သက်​ရှိ၏။ ရွှေ​ဖြင့်​ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​ကို​ဆင်၏။ 45:14 ဇာ​နှင့်​ကာ​လျက် ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​ခဲ့​ရ၏။ နောက်​လိုက်​သော အ​ပေါင်း​အ​ဖော် အ​ပျို​တော်​များ​ကို​လည်း၊ ကိုယ်​တော်​ထံ​သို့ သွင်း​ရ​လိမ့်​မည်။ 45:15 ဝမ်း​မြောက်​ရွှင်​လန်း​သော အ​ခြင်း​အ​ရာ​နှင့် ဆောင်​ခဲ့၍၊ ရှင်​ဘု​ရင်၏​နန်း​တော်​သို့ ဝင်​ရ​ကြ​လိမ့်​မည်။ 45:16 ကိုယ်​တော်၏​အ​ဘ​များ​ကိုယ်​စား သား​များ​ကို​ရ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် မင်း​အ​ရာ၌ ခန့်​ထား​တော်​မူ​လိမ့်​မည်။ 45:17 အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို လူ​မျိုး​အ​စဉ်​အ​ဆက် အောက်​မေ့​ကျော်​စော​စေ​သ​ဖြင့်၊ လူ​မျိုး​တို့​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​လ​တ္တံ့​သ​တည်း။