1 Chronicles 20
20:1 နောက်တစ်နှစ်နွေဦးပေါက်စ၊ ဘုရင်တို့စစ် ချီလေ့ရှိသည့်အခါကာလ၌ ယွာဘသည် တပ်မတော်ကိုဦးဆောင်၍ အမ္မုန်ပြည်သို့ ချင်းနင်းဝင်ရောက်ကာ ရဗ္ဗာမြို့ကိုဝိုင်း၍ ထား၏။ ဒါဝိဒ်မူကားယေရုရှလင်မြို့ တွင်နေရစ်သတည်း။ ယွာဘသည်ရဗ္ဗာမြို့ ကိုဝိုင်းရံတိုက်ခိုက်ဖျက်ဆီးလိုက်၏။-
20:2 အမ္မုန်အမျိုးသားတို့ကိုးကွယ်သောမောလုတ် ဘုရားရုပ်တု၏ဦးခေါင်းထက်တွင် အလေး ချိန်ခုနစ်ဆယ့်ငါးပေါင်ရှိသောရွှေသရဖူ တစ်ခုရှိ၏။ ထိုသရဖူတွင်ကျောက်မျက် ရတနာတစ်လုံးရှိ၏။ ထိုကျောက်ကိုဒါဝိဒ် သည်ယူ၍မိမိ၏သရဖူတွင်တပ်ဆင် လေသည်။ သူသည်ရဗ္ဗာမြို့မှတိုက်ရာပါ ပစ္စည်းအမြောက်အမြားကိုလည်းယူ၍ သွား၏။-
20:3 ထိုမြို့မှလူတို့ကိုခေါ်ဆောင်ပြီးလျှင် လွှ၊ ပေါက်တူး၊ ပုဆိန်တို့ဖြင့်လုပ်ရသောအလုပ် ကြမ်းများကိုလုပ်စေလေသည်။ ဒါဝိဒ်သည် အမ္မုန်ပြည်ရှိအခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်ပြုတော်မူ ပြီးလျှင် မိမိ၏တပ်မတော်သားများနှင့် အတူယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
20:4 ထိုနောက်တစ်ဖန်ဂေဇာမြို့တွင်ဖိလိတ္တိ အမျိုးသားတို့နှင့်စစ်ဖြစ်ပြန်၏။ ဤ တိုက်ပွဲတွင်ဟုရှသိမြို့မှသိဗေခဲသည် သာဖဆိုသူကြီးမားသောစစ်သူရဲကြီး ကိုလုပ်ကြံလိုက်သဖြင့် ဖိလိတ္တိအမျိုး သားတို့သည်အရေးရှုံးနိမ့်သွားကြ၏။
20:5 ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။-
20:6 ဂါသမြို့တွင်အခြားတိုက်ပွဲတစ်ရပ်ဖြစ် ပွားပြန်၏။ ထိုတိုက်ပွဲတွင်လက်တစ်ဖက် လျှင်လက်ချောင်းခြောက်ချောင်းနှင့် ခြေတစ် ဖက်လျှင်ခြေချောင်းခြောက်ချောင်းရှိ၍ အလွန်ထွားကြိုင်းကြီးမားသူလူတစ် ယောက်ပါဝင်၏။ သူသည်ကိုယ်လက်ကြီး ထွားသည့်ရှေးလူမျိုးမှဆင်းသက်လာ သူဖြစ်သတည်း။-
20:7 သူသည်ဣသရေလအမျိုးသားတို့အား စစ်ထိုးရန် ကြုံးဝါးဖိတ်ခေါ်လိုက်သောအခါ ဒါဝိဒ်၏အစ်ကိုဖြစ်သူရှိမာ၏သား ယောနသန်ကသူ့အားသတ်ပစ်လေသည်။
20:8 ဒါဝိဒ်နှင့်သူ၏တပ်သားတို့သတ်ဖြတ်ပစ် ကြသည့်ဤလူသုံးဦးတို့သည် ဂါသမြို့ မှကိုယ်လက်ကြီးထွားသည့်လူမျိုးအဆက် အနွယ်များဖြစ်သတည်း။