Ezra 2
2:1 ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင် မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာ များသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှ ထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများ သည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ် နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါ မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ ကြ၏။-
2:2 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသား ချင်းစုအလိုက် လူဦးရေစာရင်းမှာအောက် ပါအတိုင်းဖြစ်၏။