Library · my

Nehemiah 10

10:1 ပ​ထ​မ​ဦး​စွာ​လက်​မှတ်​ရေး​ထိုး​သူ​မှာ ဟာ ခ​လိ​၏​သား၊ ဘု​ရင်​ခံ​နေ​ဟ​မိ​ဖြစ်​၏။ ထို နောက်​ဇိ​ဒ​ကိ​ယ​လက်​မှတ်​ရေး​ထိုး​လေ သည်။ 10:2 လက်​မှတ်​ရေး​ထိုး​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ စ​ရာ​ယ၊အာ​ဇ​ရိ၊ယေ​ရ​မိ၊ ပါ​ရှု​ရ၊အာ​မ​ရိ၊မာ​လ​ခိ​ယ၊ ဟတ္ထုတ်၊ရှေ​ဗ​နိ၊မလ္လုတ် ဟာ​ရိမ်၊မေ​ရ​မုတ်၊သြ​ဗ​ဒိ၊ ဒံ​ယေ​လ၊ဂိ​န္နေသုန်၊ဗာ​ရုတ်၊ မေ​ရှု​လံ၊အ​ဘိ​ယ၊မိ​ယာ​မိန် မာ​ဇိ၊ဗိ​လ​ဂဲ၊ရှေ​မာ​ယ၊ 10:3 လက်​မှတ်​ရေး​ထိုး​သူ​လေ​ဝိ​အ​နွယ်​ဝင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ အာ​ဇ​နိ​၏​သား​ယော​ရှု၊ ဟေ​န​ဒဒ်​သား​ချင်း​စု​ခေါင်း​ဆောင်​ဗိနွိ၊ ကပ်​မျေလ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊ ကေ​လိ​တ၊ပေ​လာ​ယ၊ဟာ​နန်၊ မိက္ခာ၊ရေ​ဟုပ်၊ဟာ​ရှ​ဘိ၊ ဇက္ကုရ၊ရှေ​ရ​ဘိ၊ရှေ​ဗ​နိ၊ ဟော​ဒိ​ယ၊ဗာ​နိ၊ဗေ​နိ​နု။ 10:4 လက်​မှတ်​ရေး​ထိုး​သူ​ပြည်​သူ​ခေါင်း​ဆောင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။ ပါ​ရုတ်၊ပါ​ဟတ်​မော​ဘ၊ ဧ​လံ၊ဇ​ဿု၊ဗာ​နိ၊ ဗုန္နိ၊အာ​ဇ​ဂဒ်၊ဗေ​ဗဲ၊ အ​ဒေါ​နိ​ယ၊ဗိ​ဂဝဲ၊အာ​ဒိန်၊ အာ​တာ၊ဟိ​ဇ​ကိ​ယ၊အဇ္ဇုရ၊ ဟော​ဒိ​ယ၊ဟ​ရှုံ၊ဗေ​ဇဲ၊ဟာ​ရိပ်၊ အာ​န​သုတ်၊နေ​ဗဲ၊မာ​ဂ​ပျာ​ရှ၊ မေ​ရှု​လံ၊ဟေ​ဇိ​ရ၊မေ​ရှ​ဇ​ဗေ​လ၊ ဇာ​ဒုတ်၊ယာ​ဒွါ၊ပေ​လ​တိ၊ဟာ​နန်၊ အ​နာ​ယ၊ဟော​ရှေ၊ဟာ​န​နိ၊ဟာ​ရှုပ်၊ ဟာ​လော​ဟက်၊ပိ​လ​ဟ၊ရှော​ဗက်၊ရေ​ဟုံ၊ ဟာ​ရှ​ဗ​န၊မာ​သေ​ယ၊အ​ဟိ​ယ၊ဟာ​နန်၊ အာ​နန်၊မလ္လုတ်၊ဟာ​ရိမ်၊ဗာ​နာ။ 10:5 ငါ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး ခြား​နှင့်​ထိမ်း​မြား​စုံ​ဖက်​မှု​ကို​ပြု​မည်​မ ဟုတ်​ပါ။- 10:6 ထို​သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​ဖြစ်​စေ၊ အ​ခြား နေ့​ထူး​နေ့​မြတ်​၌​ဖြစ်​စေ၊ ဂျုံ​စ​ပါး​သို့​မ​ဟုတ် အ​ခြား​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​ရောင်း​ချ​ရန် ယူ​ဆောင်​လာ​ပါ​က​ငါ​တို့​သည်​သူ​တို့​ထံ မှ​ဝယ်​ယူ​မည်​မ​ဟုတ်​ပါ။ သတ္တ​မ​မြောက်​နှစ်​ရောက်​သည့်​အ​ခါ​တိုင်း​ငါ တို့​သည်​လယ်​လုပ်​မည်​မ​ဟုတ်​ပါ။ ကြွေး​မြီ ရှိ​သ​မျှ​ကို​လည်း​လျော်​ပစ်​ပါ​မည်။- 10:7 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​တစ်​ဦး​လျှင်​ငွေ တစ်​အောင်​စ​၏​ရှစ်​ပုံ​တစ်​ပုံ​ကို ဗိ​မာန်​တော် အ​သုံး​စ​ရိတ်​အ​တွက်​ပေး​လှူ​ပါ​မည်။- 10:8 ငါ​တို့​သည်​ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု အ​တွက်​ရှေ့​တော်​မုန့်၊ နေ့​စဉ်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ နေ့​စဉ်​မီး​ရှို့​ပူ​ဇော်​ရန်​ယဇ်​ကောင် များ၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​အ​ခြား​ပွဲ နေ့​များ​အ​တွက်​ပူ​ဇော်​သ​ကာ​များ၊ အ​ခြား သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော်​သ​ကာ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​ခြား လို​အပ်​ရာ​တို့​ကို​ပေး​လှူ​ကြ​ပါ​မည်။ 10:9 ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။ 10:10 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​မိ​မိ​တို့​ရိတ်​သိမ်း ရ​ရှိ​သည့်​အ​သီး​အ​နှံ​ဦး​များ​ကို​လည်း​ကောင်း၊ ငါ​တို့​သစ်​သီး​ပင်​များ​တွင်​အ​ဦး​မှည့်​သည့် အ​သီး​များ​ကို​လည်း​ကောင်း​ဗိ​မာန်​တော် သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။- 10:11 ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။- 10:12 ငါ​တို့​နှစ်​စဉ်​အ​ဦး​အ​ဖျား​ရိတ်​သိမ်း​ရ​ရှိ သည့်​ဂျုံ​ဆန်​ဖြင့်​ပြု​လုပ်​ထား​သော​မုန့်​ညက်၊ အ​ခြား​ပူ​ဇော်​သ​ကာ​များ​ဖြစ်​သော​စ​ပျစ် ရည်၊ သံ​လွင်​ဆီ​နှင့်​သစ်​သီး​အ​မျိုး​မျိုး​တို့ ကို​ဗိ​မာန်​တော်​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​ထံ သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။ လယ်​လုပ်​သည့်​ရွာ​များ​တွင်​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​ကောက်​ခံ​ကြ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ထံ​သို့ ငါ​တို့​သည်​မိ​မိ​တို့​လယ်​ယာ ထွက်​အ​သီး​အ​နှံ​ဆယ်​ပုံ​တစ်​ပုံ​ကို​ယူ ဆောင်​ခဲ့​ပါ​မည်။- 10:13 ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။- 10:14 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည်​အ​သီး​အ​နှံ၊ စ​ပျစ်​ရည် နှင့်​သံ​လွင်​ဆီ​အ​လှူ​ကို​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ​ထား​ရှိ​သော​တာ​ဝန်​ကျ​သည့် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​နှင့် ဗိ​မာန်​တော်​ဂီတ​ပ​ညာ​သည် များ​နေ​ထိုင်​သော​အ​ခန်း​များ​သို့​ယူ​ဆောင် သွား​ပါ​မည်။ ငါ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​၏​အိမ် တော်​ကို​စွန့်​ပစ်​၍​ထား​မည်​မ​ဟုတ်​ပါ။