Psalms 1
1:1 သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိ ကြ၏။
1:2 သူတို့သည်ထာဝရဘုရား၏တရားတော်ကို လိုက်လျှောက်၍ နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့် ပျော်မွေ့တတ်ကြ၏။
1:3 ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍ လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ် သော အပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင် အောင်မြင်တတ်၏။-
1:4 သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်း နှင့်မျှ ဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲနှင့်တူကြ၏။
1:5 အပြစ်ကူးသူတို့သည်ဘုရားသခင် အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ သူတို့သည်ဘုရားသခင်၏လူစုတော် အပေါင်းအသင်းထဲသို့မဝင်ရကြ။
1:6 ထာဝရဘုရားသည်သူတော်ကောင်းများ ကို ပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီး ရကြလိမ့်မည်။