Library · my

Psalms 133

133:1 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် စိတ်​သ​ဘော​ညီ​ညွတ်​လျက်​နေ​ထိုင်​ကြ​သည်​မှာ အ​လွန်​ကောင်း​မွန်​၍​တင့်​တယ်​လှ​ပါ​သည်​တ​ကား။ 133:2 ယင်း​သို့​နေ​ထိုင်​မှု​သည်​အာ​ရုန်​၏​ဦး​ခေါင်း​မှ သူ​၏​မုတ်​ဆိတ်​နှင့်​ဝတ်​လုံ​အင်္ကျီ​လည်​ခွံ​သို့ တိုင်​အောင် စီး​ကျ​လာ​သည့်​အ​ဖိုး​တန်​ဘိ​သိက်​ဆီ​ကဲ့​သို့​ဖြစ်​၏။ 133:3 ဟေ​ရ​မုန်​တောင်​ပေါ်​သို့​ကျ​သော​နှင်း​သည်​ဇိ​အုန် တောင်​ကုန်း​များ​ပေါ်​သို့​ကျ​သ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရပ်​ကား​ထာ​ဝ​စဉ်​အ​သက်​ရှင်​ခွင့် တည်း​ဟူ​သော​ကောင်း​ချီး​မင်္ဂ​လာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ​အ​ရပ်​ဖြစ် သ​တည်း။