Psalms 7
7:1 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူ အပေါင်းတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
7:2 ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့် အရပ်သို့ ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
7:3 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကို ပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊ မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင် သော်လည်းကောင်း
7:5 ရန်သူများသည်ကျွန်တော်မျိုးအားလိုက်၍ မီကာ သတ်ဖြတ်နိုင်လျက် ကျွန်တော်မျိုးကိုမြေပေါ်တွင်ပစ်ထားကြ ပါစေ။
7:6 အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ ဒေါသကို ဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမ တော်မူပါ။ တရားမျှတမှုကိုကိုယ်တော် အလိုရှိတော်မူသည်ဖြစ်၍
7:7 လူအပေါင်းတို့ကိုကိုယ်တော်ရှင်၏ပတ်လည်တွင် စုရုံးစေတော်မူပြီးနောက် အထက်အရပ်မှသူတို့အားအုပ်စိုးတော်မူပါ။
7:8 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရား စီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား ၍ ကျွန်တော်မျိုးအားမျက်နှာသာပေး၍ တရားစီရင်တော်မူပါ။
7:9 ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော် မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကို ပေးသနားတော်မူပါ။
7:10 ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်မိမိစကားကိုနားထောင် သူတို့အား ကယ်တော်မူ၏။
7:11 ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူသော အရှင်ဖြစ်တော်မူ၍ သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ် ချမှတ်တော်မူ၏။
7:12 အကယ်၍လူတို့သည်နောင်တမရကြပါမူ ဘုရားသခင်သည်ဓားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
7:13 သေစေတတ်သောလက်နက်များကို ကိုင်ဆောင်တော်မူ၍ မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော် မူ၏။
7:14 သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ် သို့ စဉ်းစားကြံစည်သည်ကိုကြည့်လော့။
7:15 သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
7:16 သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်း မှုကြောင့် အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာ ရကြ၏။
7:17 ထာဝရဘုရားသည်တရားမျှတတော်မူသည့် အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော ထာဝရဘုရားကိုထောမနာပြု၍သီချင်း ဆိုပါမည်။