Isaiah 1
1:1 ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သော သြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိ မင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင် မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သား ဟေရှာယအားထာဝရဘုရားပေးတော်မူ သောဗျာဒိတ်တော်များပါရှိ၏။-
1:2 ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုး ကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်ကြလော့။ ငါကျွေး မွေးပြုစုထားသည့်သားသမီးများသည် ငါ့အားပုန်ကန်ကြလေပြီ။-
1:3 ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိ ကြ၏။ မြင်းများသည်လည်းမိမိတို့သခင် ၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေး ရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ ၏လူမျိုးတော်ဣသရေလအမျိုးသား တို့မူကား ထိုမျှပင်မသိကြ။ သူတို့သည် အသိပညာခေါင်းပါးကြပါသည် တကား'' ဟုမိန့်တော်မူပါ၏။
1:4 ``အချင်းအပြစ်ကူးသည့်လူမျိုး၊ ဖောက် ပြန်တတ်သူဒုစရိုက်သမားတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည်အပြစ်ဝန် ထုပ်ပိလျက်နေကြပါသည်တကား။ ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့်ဘုရားသခင်ကိုပစ်ပယ်လျက် ကိုယ် တော်ကိုကျောခိုင်းကြလေပြီ။-
1:5 သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန် လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမို ကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါ သလော။ အချင်းဣသရေလပြည်သူတို့၊ သင် တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့် လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်း ညှိုးနွမ်းလျက်နေ၏။-
1:6 ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ် တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ် ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထို ဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့် မပတ်မစည်းရကြသေး။ ဆေးလည်းမထည့် ရကြသေး။
1:7 သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့ ၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ် ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍ အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
1:8 အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့ တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိ အတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ် ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွား တောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
1:9 အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား သာလျှင် မြို့သူမြို့သားအချို့တို့အားအ သက်မသေဘဲကျန်ရစ်စေတော်မမူပါ လျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း ၍သွားမည်သာဖြစ်၏။-
1:10 အို ယေရုရှလင်မြို့၊ သင့်ကိုအုပ်စိုးသောမင်း များနှင့် သင်၏မြို့သူမြို့သားတို့သည်သောဒုံ မြို့နှင့်ဂေါမောရမြို့မှလူတို့နှင့်တူကြ၏။ သင့်အားထာဝရဘုရားမိန့်တော်မူသော စကားတော်ကိုနားထောင်လော့။ ငါတို့၏ ဘုရားသခင်သွန်သင်တော်မူသောအရာ ကိုအာရုံပြုလော့။-
1:11 ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော် လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူ သည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီး ရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန် တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုး နွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ် သက်တော့ပေ။-
1:12 သင်တို့ငါ့ထံသို့ဝတ်ပြုကိုးကွယ်ရန်လာ ရောက်ကြသောအခါ ထိုအရာများကိုယူ ဆောင်လာရကြမည်ဟုသင်တို့အားအဘယ် သူစေခိုင်းပါသနည်း။ အဘယ်သူသည်သင် တို့အားငါ၏ဗိမာန်တော်တွင် ဤသို့ရှုပ်ယှက် ခတ်သွားလာစေပါသနည်း။-
1:13 သင်တို့၏အသုံးမကျသောပူဇော်သကာ များကို နောက်တစ်ဖန်ငါအလိုမရှိ။ သင်တို့ ပူဇော်သည့်နံ့သာပေါင်း၏ရနံ့ကိုငါရွံ မုန်း၏။ သင်တို့၏လဆန်းပွဲနေ့များ၊ ဥပုသ် နေ့များနှင့်ဘာသာရေးပွဲနေ့များကိုငါ စက်ဆုပ်၏။ သင်တို့၏အပြစ်များကြောင့်ထို အရာများသည်ဖောက်ပြန်ပျက်စီးနေသည်။-
1:14 သင်တို့၏လဆန်းပွဲနေ့များနှင့်မြင့်မြတ် သန့်ရှင်းသောနေ့များကိုငါမုန်း၏။ ထိုပွဲ သဘင်များသည်ငါမထမ်းလိုတော့သည့် ဝန်ထုပ်ဖြစ်ပေသည်။-
1:15 ``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု ကြသောအခါ ငါသည်သင်တို့အားလှည့်၍ ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက် များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်း ပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့် မည်မဟုတ်။-
1:16 သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြု ကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက် ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒု စရိုက်ပြုမှုကိုရပ်စဲကာ၊-
1:17 သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်း ခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့် မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ် စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုး မိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူ ပါ၏။
1:18 ထာဝရဘုရားက``သင်တို့၏အမှုကို ယခု စဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ် သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည် သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေး ကြောတော်မူမည်။ သင်တို့သည်အပြစ်သွေး ဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့ သို့ဖြူဖွေး၍လာလိမ့်မည်။-
1:19 အကယ်၍သင်တို့သည်ငါ၏စကားကိုနား ထောင်မည်ဆိုပါက မြေထွက်သီးနှံကောင်း များကိုစားသုံးရကြလိမ့်မည်။-
1:20 သို့ရာတွင်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်၍ ငါ့အားအာခံကြမည်ဆိုလျှင်မူကား သင်တို့သည်သေကြေပျက်စီးရကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
1:21 အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခု အခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေ ပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင် သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခု အခါ၌သူသတ်သမားများသာလျှင်ကျန် ရှိနေတော့၏။-
1:22 အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါး ကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည် စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူ ရေပကတိဖြစ်၍နေတော့၏။-
1:23 သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည် အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံ လျက်နေကြသော်လည်း တရားရုံးတော်တွင် မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှု ကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်း များကိုလည်းကြားနာစစ်ဆေး၍မပေး ကြ။
1:24 သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူ သော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည့်စကားကိုယခုနားထောင် လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူ တည်းဟူသောသင်တို့အားလက်စားချေ တော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ် သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
1:25 ငါသည်သင့်အားအရေးယူအပြစ်ပေးမည်။ သတ္တု၏ချေးညှော်များကိုချွတ်သည့်နည်း တူ သင်၏အညစ်အကြေးများကိုလည်း ချွတ်၍ သင့်အားသန့်စင်အောင်ငါပြုမည်။-
1:26 ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များ နှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်း တရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟု ခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော် မူပါ၏။
1:27 ထာဝရဘုရားသည်ဖြောင့်မှန်တော်မူသည် ဖြစ်၍ ယေရုရှလင်မြို့နှင့်နောင်တရသူမှန် သမျှကိုကယ်တင်တော်မူလိမ့်မည်။-
1:28 သို့ရာတွင်ကိုယ်တော်သည်အပြစ်ကူးလွန် သူနှင့် မိမိကိုပုန်ကန်သူအပေါင်းတို့အား ချေမှုန်းပစ်တော်မူလိမ့်မည်။ မိမိအားစွန့်ပစ် သူမှန်သမျှကိုသုတ်သင်ပယ်ရှင်းတော်မူ လိမ့်မည်။
1:29 သင်သည်သစ်ပင်များကိုဝတ်ပြုရှိခိုးမိခဲ့ သည့်အတွက် ဝတ်ပြုကိုးကွယ်ရာဥယျာဉ် များကိုစိုက်ပျိုးမိခဲ့သည့်အတွက်ဝမ်းနည်း ရလိမ့်မည်။-
1:30 သင်သည်သေအံ့ဆဲဆဲရှိသောဝက်သစ်ချ ပင်နှင့် ရေမလောင်းသည့်ဥယျာဉ်ကဲ့သို့ ညှိုးနွမ်းခြောက်သွေ့၍သွားလိမ့်မည်။-
1:31 သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရ သည်နည်းတူတန်ခိုးကြီးမားသူတို့သည် လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါး ပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက် စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။