Ezekiel 48
48:1 မြေယာ၏မြောက်ဘက်ရှိနယ်နိမိတ်မှာမြေ ထဲပင်လယ်မှ အရှေ့ဘက်ရှိဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်းနှင့်ဟာဇရေနန် မြို့၊ ထိုမှတစ်ဆင့်ဒမာသက်ပြည်နှင့်ဟာ မတ်ပြည်နယ်ခြားအထိဖြစ်၏။ လူမျိုး အနွယ်တစ်နွယ်လျှင်အရှေ့နယ်စပ်မှ အနောက်မြေထဲပင်လယ်အထိနယ်မြေ တစ်ခုကျစီ၊ မြောက်မှတောင်သို့အောက်ပါ အစီအစဉ်အတိုင်းရရှိစေရမည်။ ဒန် အာရှာ နဿလိ မနာရှေ ဧဖရိမ် ရုဗင် ယုဒ
48:8 ယုဒပြည်အရှေ့နယ်စပ်မှအနောက်နယ် စပ်အတွင်း အထူးနယ်မြေတစ်ခုရှိရမည်။ ထိုနယ်မြေသည်အနံရှစ်မိုင်ရှိ၍အလျား မှာဣသရေလအနွယ်တို့အားခွဲဝေပေး သည့်နယ်မြေတို့၏အလျားအတိုင်းဖြစ် ရမည်။ ဗိမာန်တော်သည်ထိုနယ်မြေတွင် ရှိရမည်။
48:9 ထာဝရဘုရားအတွက်ဆက်ကပ်ထား သည့်နယ်မြေသည်အလျားရှစ်မိုင်၊ အနံ ခြောက်မိုင်ရှိရမည်။-
48:10 ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင် ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေ ရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှ တောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက် မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤ နယ်မြေ၏အလယ်၌ထာဝရဘုရား၏ ဗိမာန်တော်တည်ရှိရမည်။-
48:11 ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည် ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ် ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့ သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်း ဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုး သားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့ လမ်းမလွဲကြ။-
48:12 သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့ နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကို ရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့် ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
48:13 လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရော ဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေ ယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည် လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-
48:14 ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ် မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ် စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မ ဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ် ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကို မပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ ထာဝရဘုရားပိုင်တော်မူသောမြေဖြစ် သတည်း။
48:15 အလျားရှစ်မိုင်၊ အနံနှစ်မိုင်ရှိသောကျန် မြေကွက်သည်သန့်ရှင်းမြင့်မြတ်သည့်မြေ မဟုတ်။ လူတို့အထွေထွေအသုံးပြုရန် အတွက်ဖြစ်၏။ သူတို့သည်ထိုအရပ်တွင် နေထိုင်ကာထိုမြေကိုအသုံးချနိုင်ကြ ၏။ ဤမြေ၏အလယ်တွင်မြို့ကိုတည် ဆောက်ရမည်။-
48:16 ထိုမြို့သည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍တစ် ဘက်စီနှစ်ထောင့်ငါးရာနှစ်ဆယ်ကိုက်ရှိ ရမည်။-
48:17 မြို့၏အရှေ့အနောက်၊ တောင်မြောက်အရပ် လေးမျက်နှာတို့တွင်အနံကိုက်တစ်ရာ့ လေးဆယ်ရှိသောမြေကွက်လပ်တစ်ခုစီ ရှိရမည်။-
48:18 မြို့ကိုတည်ပြီးနောက်သန့်ရှင်းမြင့်မြတ်သည့် နယ်မြေ၏တောင်ဘက်တွင်ကပ်လျက်နေသော မြေယာမှာအရှေ့ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေနှင့်အနောက်ဘက် တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသော မြေတို့သည်မြို့သူမြို့သားတို့ထွန်ယက် စိုက်ပျိုးရန်အတွက်ဖြစ်ရမည်။-
48:19 ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင် များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန် ယက်စိုက်ပျိုးနိုင်ကြ၏။-
48:20 သို့ဖြစ်၍သီးသန့်ထားရမည့်အလယ် နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန် ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထို နယ်မြေအတွင်း၌မြို့တည်ရှိမည်။
48:21 ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ် ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက် ဘက်တို့တွင် ကျန်ရှိနေသောမြေယာကို နန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထို မြေယာသည်အရှေ့ဘက်တွင်အရှေ့နယ် နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင် မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာ မိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
48:23 ဤအထူးနယ်မြေ၏တောင်ဘက်၌အခြား အနွယ်တို့သည်အရှေ့နယ်စပ်မှအနောက် မြေထဲပင်လယ်အထိ မြေယာတစ်ခုစီကို မြောက်မှတောင်သို့အောက်ပါအစီအစဉ် အတိုင်းရရှိရကြမည်။ ဗင်္ယာမိန် ရှိမောင် ဣသခါ ဇာဗုလုန် ဂဒ်
48:28 ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင် ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှ စိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက် ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက် ၍မြေထဲပင်လယ်အထိဖြစ်၏။
48:29 အရှင်ထာဝရဘုရားက``ဖော်ပြသောနည်း အတိုင်းဣသရေလအနွယ်တို့ပိုင်ဆိုင်ခွင့် ရစေရန်မြေယာဝေစုများကိုခွဲဝေသော နည်းဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
48:30 ယေရုရှလင်မြို့သို့ဝင်ရန်တံခါးများ မှာအောက်ပါအတိုင်းဖြစ်၏ ။ မြို့ရိုးတစ်ခု လျှင်ကိုက်ပေါင်းနှစ်ထောင့်ငါးရာ့နှစ်ဆယ် ရှည်၍တံခါးသုံးခုစီရှိ၏။ ထိုတံခါး တို့ကိုဣသရေလအနွယ်စုတို့၏နာမည် များဖြင့်မှည့်ခေါ်၍ထားလေသည်။ မြောက် မြို့ရိုးတွင်ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိ တံခါးဟူ၍လည်းကောင်း၊ အရှေ့မြို့ရိုးတွင် ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါး ဟူ၍လည်းကောင်း၊ တောင်မြို့ရိုးတွင်ရှိမောင် တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါး ဟူ၍လည်းကောင်း၊ အနောက်မြို့ရိုးတွင်ဂဒ် တံခါး၊ အာရှာတံခါး၊ နဿလိတံခါး ဟူ၍လည်းကောင်းနာမည်ပေးထားသ တည်း။
48:35 မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစု ပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထို မြို့ကိုယခုမှအစပြု၍``ထာဝရဘုရား ဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထား သောအနာဂတ္တိကျမ်းပြီး၏။