Leviticus 20
20:1 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်၊- v
20:2 ဣသရေလအမျိုးသားတို့အားအောက်ပါ အတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲက ဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုး ခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သား သမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော် လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့် ပစ်သတ်ရမည်။-
20:3 မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ် ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်း အားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထို သူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှ ထုတ်ပယ်မည်။-
20:4 အကယ်၍လူထုတစ်ရပ်လုံးက ထိုသူ အားအရေးမယူသေဒဏ်မစီရင်လျှင်၊-
20:5 သူနှင့်သူ၏မိသားစုကိုလည်းကောင်း၊ ထို သူနည်းတူငါ့အားသစ္စာဖောက်၍မောလုတ် ဘုရားအားကိုးကွယ်သူရှိသမျှကိုလည်း ကောင်း ငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
20:6 ``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည် မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ် မည်။-
20:7 ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်း ရကြမည်။-
20:8 ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါ သည်သင်တို့အားသန့်ရှင်းစေသောထာဝရ ဘုရားဖြစ်၏။''
20:9 ထာဝရဘုရားသည် အောက်ပါပညတ်များ ကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရ မည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့် သေဒဏ်ကိုခံထိုက်၏။ -
20:10 တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသား ချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦး စလုံးကိုသေဒဏ်စီရင်ရမည်။-
20:11 ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူ သည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူး လွန်ကြ၏။-
20:12 တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့် ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ် စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်း ဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
20:13 ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက် ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦး စလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည် သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
20:14 တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင် ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သော အမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့ သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင် တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုး မရှိစေရ။-
20:15 တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ် ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်း သေဒဏ်စီရင်ရမည်။-
20:16 မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက် လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်း သေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက် သောအပြစ်ကိုကူးလွန်ကြ၏။
20:17 တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့ မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြား လျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူ သည်မိမိ၏နှမနှင့်ကာမစပ်ယှက်သော ကြောင့်အပြစ်ကိုခံရမည်။-
20:18 တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက် ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့ နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုး ဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ် ရမည်။-
20:19 တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမ စပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန် သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
20:20 တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘ ထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူ သည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက် သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံ ရမည်။ နှစ်ဦးစလုံးသားသမီးများ မရဘဲနေလိမ့်မည်။-
20:21 တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏ မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သား သမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူ သည်ဘာသာတရားထုံးနည်းအရမသန့် ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏ အသရေကိုဖျက်၏။-
20:22 တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍ သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့ နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ် အားလုံးတို့ကိုစောင့်ထိန်းရမည်။-
20:23 ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံ များကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများ ကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ် သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
20:24 အစာရေစာပေါကြွယ်ဝ၍မြေသြဇာ ထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန် ငါပေးမည်ဟုကတိထားသည့်အတိုင်းငါ ပြုမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြား လူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ် ထားသောလူမျိုးဖြစ်၏။-
20:25 သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန် နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ် ထားသဖြင့်ထိုသတ္တဝါတို့၏အသားကို စားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
20:26 ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်း သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင် တို့အားလူမျိုးတကာမှငါသီးသန့်ရွေး ချယ်တော်မူပြီ။
20:27 ``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင် သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ် စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေ ထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော် မူ၏။