Numbers 1
1:1 ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာ တောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေ အားအောက်ပါအတိုင်းမိန့်တော်မူ၏။-
1:2 ``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသား တို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသား စုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူ အသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုး သားအားလုံး၏နာမည်စာရင်းကိုကောက် ယူလော့။-
1:4 အနွယ်တစ်နွယ်စီမှသားချင်းစုအကြီး အကဲတစ်ဦးကို သင်တို့အားကူညီစေ လော့'' ဟုမိန့်တော်မူ၏။-
1:5 သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင် ရသောသူဟူမူကား၊
1:6 ရုဗင် ရှေဒုရ၏သားဧလိဇုရ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ယုဒ အမိနဒပ်၏သားနာရှု န်ဣသခါ ဇုအာ၏သားနာသနေလ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒ န်ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ အာရှာ သြကရန်၏သားပါဂျေလ ဂဒ် ဒွေလ၏သားဧလျာသ ပ်နဿလိ ဧနန်၏သားအဟိရ
1:7 မောရှေနှင့်အာရုန်တို့သည် ထိုအမျိုးသား ခေါင်းဆောင်တို့၏အကူအညီဖြင့်၊-
1:8 ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလ အမျိုးသားအားလုံးကိုစုရုံးလာစေ၍ သား ချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက် ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ် ရှိသောအမျိုးသားအားလုံးတို့ကို စာရင်း ကောက်၍မှတ်တမ်းတင်လေသည်။ မောရှေ သည်သိနာတောကန္တာရထဲတွင်လူများ ကိုစာရင်းကောက်ယူခဲ့၏။-