Numbers 34
34:1 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားမိန့်မှာ တော်မူသည်ကား၊-
34:2 ``သင်တို့သည်ငါပေးမည့်ခါနာန်ပြည်သို့ ဝင်ရောက်ကြသောအခါ သင်တို့ပိုင်နက် နယ်နိမိတ်ကိုဤသို့သတ်မှတ်ရမည်။-
34:3 တောင်ဘက်နယ်နိမိတ်သည်ဇိနတောကန္တာရ မှ ဧဒုံပြည်နယ်စပ်တစ်လျှောက်ဖြစ်၏။ ထို နယ်နိမိတ်သည် ပင်လယ်သေတောင်ဘက်စွန်း အရှေ့ဘက်မှအစပြုရမည်။-
34:4 ထိုမှတစ်ဖန်တောင်ဘက်သို့လှည့်၍အာက ရဗ္ဗိန်တောင်ကြားသို့သွားပြီးလျှင် ဇိနတော ကန္တာရကိုဖြတ်လျက်တောင်ဘက်ရှိကာဒေရှ ဗာနာသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ဟာဇရဒ္ဒါသို့လည်းကောင်း၊ တစ်ဖန် အာဇမုန်သို့လည်းကောင်း၊-
34:5 ထိုနောက်ကွေ့၍အီဂျစ်ပြည်နယ်စပ်ရှိချိုင့် ဝှမ်းသို့လည်းကောင်းသွားပြီးလျှင် မြေထဲ ပင်လယ်ကမ်းခြေ၌အဆုံးသတ်ရမည်။
34:6 ``အနောက်ဘက်နယ်နိမိတ်သည် မြေထဲ ပင်လယ်ကမ်းခြေဖြစ်ရမည်။
34:7 ``မြောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ် ကမ်းခြေမှဟောရတောင်သို့လည်းကောင်း၊-
34:8 ထိုမှတစ်ဆင့်ဟာမတ်တောင်ကြားသို့လည်း ကောင်း ဖြတ်သွား၍ထိုမှတစ်ဖန်ဇေဒဒ်နှင့် ဇိဖြုန်ကိုဖြတ်ပြီးလျှင်ဟာဇရေနန်၌ အဆုံးသတ်ရမည်။
34:10 ``အရှေ့ဘက်နယ်နိမိတ်သည် ဟာဇရေနန်မှ ရှေဖံသို့လည်းကောင်း၊-
34:11 ထိုမှတစ်ဖန်တောင်ဘက်အဣနအရှေ့သို့ လည်းကောင်း၊ ထိုနောက်ဂါလိလဲအိုင်အရှေ့ ဘက်ကမ်းခြေရှိ တောင်ကုန်းများကိုဖြတ် ကျော်ပြီးလျှင်၊-
34:12 တောင်ဘက်ယော်ဒန်မြစ်တစ်လျှောက်သွား၍ ပင်လယ်သေတွင်အဆုံးသတ်ရမည်။ ``သင်တို့ပြည်၏နယ်နိမိတ်တို့သည်ကား အထက်ဖော်ပြပါအတိုင်းဖြစ်သည်'' ဟူ ၍ဖြစ်၏။
34:13 သို့ဖြစ်၍မောရှေကဣသရေလအမျိုးသား တို့အား``ဤနယ်မြေသည်ထာဝရဘုရားက သင်တို့အနွယ်ကိုးနွယ်နှင့် အနွယ်တစ်ဝက်တို့ အားသတ်မှတ်ပေးသောနယ်မြေဖြစ်၍ သင်တို့ သည်မဲချယူကြရမည်။-
34:14 ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ပိုင်းမနာရှေ အနွယ်တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ယေရိခေါမြို့တစ်ဘက်ကမ်းရှိနယ်မြေကို မိမိ တို့၏သားချင်းစုအလိုက်ခွဲဝေကြပြီးဖြစ် သည်'' ဟုဆိုလေ၏။-
34:16 ထာဝရဘုရားသည်မောရှေအား၊- v
34:17 ``ယဇ်ပုရောဟိတ်ဧလာဇာနှင့်နုန်၏သား ယောရှုတို့သည်မြေကိုခွဲဝေပေးရမည်။-
34:18 ထို့ပြင်အနွယ်တစ်မျိုးမှခေါင်းဆောင်တစ်ဦး စီတို့ကိုရွေး၍ သူတို့အားကူညီစေရမည်'' ဟုမိန့်တော်မူ၏။-
34:19 ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။
34:20 ယုဒ ယေဖုန္နာ၏သားကာလ က်ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒ ဒ်ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖ န်ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟု ဒ်နဿလိ အမိဟုဒ်၏သားပေဒဟေလ
34:21 ဤသူတို့သည်ဣသရေလအမျိုးသားတို့ အား ခါနာန်ပြည်ကိုခွဲဝေပေးရန်ထာဝရ ဘုရားခန့်အပ်တော်မူသောပ္ဂိုလ်များဖြစ် ကြသည်။