Library · my

1 Chronicles 6

6:1 လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ 6:2 ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ 6:3 အာမရံ​၏​သားသမီး​များ​မှာ အာရုန်​၊ မောရှေ​၊ မိရိအံ တို့​ဖြစ်​ကြ​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။ 6:4 ဧလာဇာ​သည် သား​ဖိနဟတ်​ကို​ရ​၏​။ ဖိနဟတ်​သည် သား​အဘိရွှ​ကို​ရ​၏​။ 6:5 အဘိရွှ​သည် သား​ဗုက္ကိ​ကို​ရ​၏​။ ဗုက္ကိ​သည် သား​ဩဇိ​ကို​ရ​၏​။ 6:6 ဩဇိ​သည် သား​ဇေရဟိ​ကို​ရ​၏​။ ဇေရဟိ​သည် သား​မေရာယုတ်​ကို​ရ​၏​။ 6:7 မေရာယုတ်​သည် သား​အာမရိ​ကို​ရ​၏​။ အာမရိ​သည် သား​အဟိတုပ်​ကို​ရ​၏​။ 6:8 အဟိတုပ်​သည် သား​ဇာဒုတ်​ကို​ရ​၏​။ ဇာဒုတ်​သည် သား​အဟိမတ်​ကို​ရ​၏​။ 6:9 အဟိမတ်​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် သား​ယောဟနန်​ကို​ရ​၏​။ 6:10 ယောဟနန်​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် ဂျေရုဆလင်​မြို့​တွင် ရှောလမုန်​မင်းကြီး​တည်​ထား​ခဲ့​သော​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရ​သူ​ဖြစ်​၏​။ 6:11 အာဇရိ​သည် သား​အာမရိ​ကို​ရ​၏​။ အာမရိ​သည် သား​အဟိတုပ်​ကို​ရ​၏​။ 6:12 အဟိတုပ်​သည် သား​ဇာဒုတ်​ကို​ရ​၏​။ ဇာဒုတ်​သည် သား​ရှလ္လုံ​ကို​ရ​၏​။ 6:13 ရှလ္လုံ​သည် သား​ဟိလခိ​ကို​ရ​၏​။ ဟိလခိ​သည် သား​အာဇရိ​ကို​ရ​၏​။ 6:14 အာဇရိ​သည် သား​စရာယ​ကို​ရ​၏​။ စရာယ​သည် သား​ယောဇဒက်​ကို​ရ​၏​။ 6:15 ထာဝရဘုရား​က နေဗုခဒ်နေဇာ​မင်းကြီး​အားဖြင့် ယုဒ​ပြည်သူ​နှင့်တကွ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို ဖမ်းခေါ်​သွား​သောအခါ ယောဇဒက်​လည်း ပါသွား​၏​။ 6:16 လေဝိ​၏​သား​များ​မှာ ဂေရရှုံ​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ 6:17 ဂေရရှုံ​သား​တို့​၏​အမည်​မှာ လိဗနိ​နှင့် ရှိမိ ဖြစ်​ကြ​၏​။ 6:18 ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ 6:19 မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဘိုးဘေး​မျိုးနွယ်​အလိုက် လေဝိ​အမျိုး​တို့​၏​မျိုးနွယ်စု​များ ဖြစ်​ကြ​၏​။ 6:20 ဂေရရှုံ​၏​သား​မှာ လိဗနိ​၊ လိဗနိ​၏​သား​မှာ ယာဟတ်​၊ ယာဟတ်​၏​သား​မှာ ဇိမ္မ​၊ 6:21 ဇိမ္မ​၏​သား​မှာ ယောအာ​၊ ယောအာ​၏​သား​မှာ ဣဒေါ​၊ ဣဒေါ​၏​သား​မှာ ဇေရ​၊ ဇေရ​၏​သား​မှာ ယာတရဲ တို့​ဖြစ်​ကြ​၏​။ 6:22 ကောဟတ်​၏​သားမြေး​များ​မှာ ကောဟတ်​၏​သား အမိနဒပ်​၊ အမိနဒပ်​၏​သား ကောရ​၊ ကောရ​၏​သား အဿိရ​၊ 6:23 အဿိရ​၏​သား ဧလကာန​၊ ဧလကာန​၏​သား ဧဗျာသပ်​၊ ဧဗျာသပ်​၏​သား အဿိရ​၊ 6:24 အဿိရ​၏​သား တာဟတ်​၊ တာဟတ်​၏​သား ဥရေလ​၊ ဥရေလ​၏​သား ဩဇိ​၊ ဩဇိ​၏​သား ရှောလ တို့​ဖြစ်​ကြ​၏​။ 6:25 ဧလကာန​၏​သား​များ​မှာ အာမသဲ​နှင့် အဟိမုတ် တို့​ဖြစ်​ကြ​၏​။ 6:26 ဧလကာန​၏​သားမြေး​များ​မှာ ဧလကာန​၏​သား ဇောဖဲ​၊ ဇောဖဲ​၏​သား နာဟတ်​၊ 6:27 နာဟတ်​၏​သား ဧလျာဘ​၊ ဧလျာဘ​၏​သား ယေရောဟံ​၊ ယေရောဟံ​၏​သား ဧလကာန တို့​ဖြစ်​ကြ​၏​။ 6:28 ရှမွေလ​၏​သား​များ​မှာ သားဦး​ယောလ​၊ ဒုတိယ​သား အဘိယ တို့​ဖြစ်​ကြ​၏​။ 6:29 မေရာရိ​၏​သားမြေး​များ​မှာ မေရာရိ​၏​သား မဟာလိ​၊ မဟာလိ​၏​သား လိဗနိ​၊ လိဗနိ​၏​သား ရှိမိ​၊ ရှိမိ​၏​သား ဩဇ​၊ 6:30 ဩဇ​၏​သား ရှိမာ​၊ ရှိမာ​၏​သား ဟဂ္ဂိယ​၊ ဟဂ္ဂိယ​၏​သား အသာယ တို့​ဖြစ်​ကြ​၏​။ 6:31 ဤ​သူ​တို့​သည် သေတ္တာ​တော်​ကို နေရာချ​ထား​ပြီးနောက် ထာဝရဘုရား​၏​အိမ်​တော်​တွင် သီချင်းဆို​သော​အဖွဲ့​အား ဦးဆောင်ညွှန်ကြား​ရန် ဒါဝိဒ်​မင်းကြီး​ခန့်ထား​သော​သူ​များ​ဖြစ်​ကြ​၏​။ 6:32 ဂျေရုဆလင်​မြို့​တွင် ထာဝရဘုရား​၏​အိမ်​တော်​ကို ရှောလမုန်​မင်းကြီး မ​တည်ဆောက်​မီ​အချိန်​ထိ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၊ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​တွင် သီချင်း​ဖြင့် အမှု​တော်​ကို​ထမ်း​ကြ​၏​။ စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း​လည်း အမှု​တော်​ကို ထမ်း​ရ​ကြ​၏​။ 6:33 ဤသို့ အမှု​တော်​ကို ထမ်းဆောင်​သော​သူ​များ​နှင့် သူ​တို့​၏​သားမြေး​များ​မှာ ဤ​သူ​တို့​ဖြစ်​၏​။ ကောဟတ်​၏​သားမြေး​များ​တွင် ဟေမန်​သည် သီချင်းသည်​ဖြစ်​၏​။ ဟေမန်​သည် ယောလ​၏​သား​၊ ယောလ​သည် ရှမွေလ​၏​သား ဖြစ်​၏​။ 6:34 ရှမွေလ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် ယေရောဟံ​၏​သား​၊ ယေရောဟံ​သည် ဧလျေလ​၏​သား​၊ ဧလျေလ​သည် တောအာ​၏​သား​၊ 6:35 တောအာ​သည် ဇုဖ​၏​သား​၊ ဇုဖ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် မာဟတ်​၏​သား​၊ မာဟတ်​သည် အာမသဲ​၏​သား​၊ 6:36 အာမသဲ​သည် ဧလကာန​၏​သား​၊ ဧလကာန​သည် ယောလ​၏​သား​၊ ယောလ​သည် အာဇရိ​၏​သား​၊ အာဇရိ​သည် ဇေဖနိ​၏​သား​၊ 6:37 ဇေဖနိ​သည် တာဟတ်​၏​သား​၊ တာဟတ်​သည် အဿိရ​၏​သား​၊ အဿိရ​သည် ဧဗျာသပ်​၏​သား​၊ ဧဗျာသပ်​သည် ကောရ​၏​သား​၊ 6:38 ကောရ​သည် ဣဇဟာ​၏​သား​၊ ဣဇဟာ​သည် ကောဟတ်​၏​သား​၊ ကောဟတ်​သည် လေဝိ​၏​သား​၊ လေဝိ​သည် အစ္စရေး​၏​သား ဖြစ်​၏​။ 6:39 ဟေမန်​၏​လက်ယာ​ဘက်​တွင် သူ​၏​ညီအစ်ကိုချင်း​ဖြစ်​သော အာသပ်​သည် နေရာယူ​ရ​၏​။ အာသပ်​သည် ဗေရခိ​၏​သား​၊ ဗေရခိ​သည် ရှိမာ​၏​သား​၊ 6:40 ရှိမာ​သည် မိက္ခေလ​၏​သား​၊ မိက္ခေလ​သည် ဗာသေယ​၏​သား​၊ ဗာသေယ​သည် မာလခိယ​၏​သား​၊ 6:41 မာလခိယ​သည် ဧသနိ​၏​သား​၊ ဧသနိ​သည် ဇေရ​၏​သား​၊ ဇေရ​သည် အဒါယ​၏​သား​၊ 6:42 အဒါယ​သည် ဧသန်​၏​သား​၊ ဧသန်​သည် ဇိမ္မ​၏​သား​၊ ဇိမ္မ​သည် ရှိမိ​၏​သား​၊ 6:43 ရှိမိ​သည် ယာဟတ်​၏​သား​၊ ယာဟတ်​သည် ဂေရရှုံ​၏​သား​၊ ဂေရရှုံ​သည် လေဝိ​၏​သား​ဖြစ်​၏​။ 6:44 သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော မေရာရိ​၏​သားမြေး ဧသန်​သည် ဟေမန်​၏​လက်ဝဲ​ဘက်​တွင် နေရာယူ​ရ​၏​။ ဧသန်​သည် ကိရှိ​၏​သား​၊ ကိရှိ​သည် အာဗဒိ​၏​သား​၊ အာဗဒိ​သည် မလ္လုတ်​၏​သား​၊ 6:45 မလ္လုတ်​သည် ဟာရှဘိ​၏​သား​၊ ဟာရှဘိ​သည် အာမဇိ​၏​သား​၊ အာမဇိ​သည် ဟိလခိ​၏​သား​၊ 6:46 ဟိလခိ​သည် အံဇိ​၏​သား​၊ အံဇိ​သည် ဗာနိ​၏​သား​၊ ဗာနိ​သည် ရှမေရ​၏​သား​၊ 6:47 ရှမေရ​သည် မဟာလိ​၏​သား​၊ မဟာလိ​သည် မုရှိ​၏​သား​၊ မုရှိ​သည် မေရာရိ​၏​သား​၊ မေရာရိ​သည် လေဝိ​၏​သား ဖြစ်​၏​။ 6:48 ကျန်​လေဝိ​ဆွေမျိုးသားချင်း​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ရှိသမျှ​ကို ထမ်းဆောင်​ရန် ခန့်အပ်​ခံထား​ရ​သူ​များ ဖြစ်​ကြ​၏​။ 6:49 အာရုန်​နှင့်​သူ​၏​သားမြေး​တို့​မူကား ဘုရားသခင်​၏​အစေအပါး​မောရှေ မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​တို့​တွင် မီးရှို့ပူဇော်​ခြင်း​ဖြင့် အသန့်ရှင်းဆုံးဌာန​၏​အမှု​အလုံးစုံ​တို့​ကို ထမ်းဆောင်​ရ​၍ အစ္စရေး​လူမျိုး​တို့​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ဝတ်​ကို​လည်း ပြု​ပေး​ရ​၏​။ 6:50 အာရုန်​၏​သားမြေး​များ​ကား အာရုန်​၏​သား​မှာ ဧလာဇာ​၊ ဧလာဇာ​၏​သား​မှာ ဖိနဟတ်​၊ ဖိနဟတ်​၏​သား​မှာ အဘိရွှ​၊ 6:51 အဘိရွှ​၏​သား​မှာ ဗုက္ကိ​၊ ဗုက္ကိ​၏​သား​မှာ ဩဇိ​၊ ဩဇိ​၏​သား​မှာ ဇေရဟိ​၊ 6:52 ဇေရဟိ​၏​သား​မှာ မေရာယုတ်​၊ မေရာယုတ်​၏​သား​မှာ အာမရိ​၊ အာမရိ​၏​သား​မှာ အဟိတုပ်​၊ 6:53 အဟိတုပ်​၏​သား​မှာ ဇာဒုတ်​၊ ဇာဒုတ်​၏​သား​မှာ အဟိမတ် ဖြစ်​၏​။ 6:54 အာရုန်​၏​သားမြေး​များ​ဖြစ်​သော ကောဟတ်​မျိုးနွယ်စု​တို့ မဲကျ​၍​ရ​သော​နယ်မြေ​အတွင်း စခန်းချ​နေထိုင်​ရ​သော​နေရာ​များ​မှာ ဤသို့​ဖြစ်​၏​။ 6:55 သူ​တို့​အား ယုဒ​နယ်မြေ​ရှိ ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေပေး​၏​။ 6:56 ဟေဗြုန်​မြို့​ရှိ လယ်ယာ​များ​၊ ရွာ​များ​ကို​မူ ယေဖုန္နာ​၏​သား​ကာလက်​အား ခွဲဝေပေး​၏​။ 6:57 အာရုန်​၏​သားမြေး​များ​အား ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဟေဗြုန်​မြို့​အပါအဝင် လိဗန​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယတ္တိရ​မြို့​၊ ဧရှတမော​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:58 ဟိလိန်​မြို့ ​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒေဗိရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:59 အာရှန်​မြို့ ​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:60 ဗင်္ယာမိန်​အမျိုးအနွယ်​၏​နယ်မြေ​ထဲမှ ဂေဗ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာလမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနသုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စုစုပေါင်း​မြို့​တစ်ဆယ့်​သုံး​မြို့​ကို သူ​တို့​မျိုးနွယ်စု​အတွက် ခွဲဝေ​ပေး​၏​။ 6:61 ကောဟတ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ ကြွင်းကျန်​သော​ကောဟတ်​သားမြေး​တို့​အဖို့ မဲချ​ရာ မနာရှေ​အမျိုး​တစ်ဝက်​တို့​ထံမှ မြို့​ဆယ်​မြို့​ကို ရ​ကြ​၏​။ 6:62 ဂေရရှုံ​အမျိုး​၏​မျိုးနွယ်စု​အလိုက် ဂေရရှုံ​သားမြေး​တို့​အဖို့ မဲချ​ရာ ဣသခါ​အမျိုးအနွယ်​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ​မနာရှေ​အမျိုးအနွယ် တို့​ထံမှ မြို့​တစ်ဆယ့်​သုံး​မြို့​ကို ရ​ကြ​၏​။ 6:63 မေရာရိ​အမျိုး​၏​မျိုးနွယ်စု​အလိုက် မေရာရိ​သားမြေး​တို့​အဖို့ မဲချ​ရာ ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်​နှစ်​မြို့​ကို ရ​ကြ​၏​။ 6:64 ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​ကြ​၏​။ 6:65 ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ် တို့​ထံမှ​လည်း မြို့​များ​ကို နာမည်​နှင့်တကွ သူ​တို့​အား မဲချ​ခွဲဝေ​ပေး​၏​။ 6:66 ကောဟတ်​သားမြေး​ထဲမှ အချို့​မျိုးနွယ်စု​တို့​မှာ ဧဖရိမ်​အမျိုးအနွယ်​ပိုင် နယ်မြေ​များ​ထဲမှ မြို့​များ​ကို ရရှိ​ကြ​၏​။ 6:67 သူ​တို့​အား ခွဲဝေ​ပေး​သော​မြို့​များ​မှာ ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဧဖရိမ်​တောင်​ပေါ်ရှိ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:68 ယောကမံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:69 ​အာယလုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ ဖြစ်​၏​။ 6:70 ကြွင်းကျန်​သော​ကောဟတ်​သားမြေး​မှ မျိုးနွယ်စု​တို့​အား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ အာနေရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗိလံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။ 6:71 ဂေရရှုံ​သားမြေး​တို့​ကို​မူ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​၏​မျိုးနွယ်စု​ထံမှ ဗာရှန်​ပြည်​ရှိ​ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှတရုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:72 ဣသခါ​အမျိုးအနွယ်​ထံမှ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:73 ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:74 အာရှာ​အမျိုးအနွယ်​ထံမှ မိရှလ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာဗဒုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:75 ဟုကုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရဟောဘ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:76 နဿလိ​အမျိုးအနွယ်​ထံမှ ဂါလိလဲ​ပြည်​၊ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကိရယသိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​ကြ​၏​။ 6:77 ကြွင်းကျန်​သော​မေရာရိ​သားမြေး​များ​အဖို့ ဇာဗုလုန်​အမျိုးအနွယ်​ထံမှ ရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ တာဗော်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:78 ရုဗင်​အမျိုးအနွယ်​ထံမှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက် တောကန္တာရ​ရှိ​ဗေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:79 ကေဒမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မေဖတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:80 ဂဒ်​အမျိုးအနွယ်​ထံမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ 6:81 ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​၏​။