Ezra 10
10:1 ထိုသို့ ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့တွင် မျက်ရည်ကျလျက် ပျပ်ဝပ်၍ အပြစ်ဝန်ချတောင်းပန်နေစဉ် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များပါမကျန် အစ္စရေးလူအုပ်ကြီးသည် သူ့ထံလာ၍ အော်ဟစ်ငိုကြွေးကြလေ၏။
10:2 ထိုအခါ ဧလံသားမြေးဖြစ်သော ယေဟေလ၏သားရှေခနိက ဧဇရအား “အကျွန်ုပ်တို့သည် ဤပြည်ရှိတစ်ပါးအမျိုးသား မိန်းမပျိုတို့နှင့်စုံဖက်ခြင်းဖြင့် အကျွန်ုပ်တို့၏ဘုရားသခင်ကို ပြစ်မှားကြပါပြီ။ သို့သော်လည်း အစ္စရေးလူမျိုးတို့အဖို့ မျှော်လင့်စရာရှိပါသေး၏။
10:3 ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
10:4 သို့ဖြစ်၍ ထပါ။ ဤအမှုကို ဦးဆောင်ပါ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ ပါရှိမည်ဖြစ်၍ ရဲရင့်စွာလုပ်ဆောင်ပါ”ဟု ဆိုကြသဖြင့်
10:5 ဧဇရသည် ထ၍ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ လေဝိလူများနှင့် အစ္စရေးလူအုပ်တို့အား ထိုစကားအတိုင်းပြုရန် ကျိန်ဆိုစေသောအခါ သူတို့လည်း ကျိန်ဆိုကြ၏။
10:6 ထို့နောက် ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှ ဧလျာရှိပ်၏သားယေဟောဟနန်အခန်းသို့ ထသွား၍ ထိုနေရာတွင် ဖမ်းခေါ်သွားခြင်းခံရရာမှပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် ငိုကြွေးမြည်တမ်းလျက် အစာမစား၊ ရေမသောက်ဘဲနေ၏။
10:7 ထို့နောက် သုံ့ပန်းသားမြေးအားလုံး ဂျေရုဆလင်မြို့၌စုဝေးရမည်၊
10:8 သုံးရက်အတွင်း မရောက်လာသောသူအား အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏အကြံပေးချက်အတိုင်း သူ၏ဥစ္စာရှိသမျှကို သိမ်းယူပြီး သုံ့ပန်းသားမြေးအဖွဲ့ထဲမှ ခွဲထုတ်ခံရမည်ဟု ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ပြည်လုံးသို့ လိုက်လံကြေညာ၏။
10:9 ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း ၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
10:10 ထိုအခါ ယဇ်ပုရောဟိတ်ဧဇရက ထ၍ သူတို့အား “သင်တို့သည် သစ္စာမဲ့ကြပြီ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့် စုံဖက်ပြီး အစ္စရေးလူမျိုးတွင် အပြစ်များသည်ထက်များအောင် ပြုကြပြီ။
10:11 ယခုမှာ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ဝန်ချတောင်းပန်၍ အလိုတော်ကို ဆောင်ကြလော့။ ဤပြည်သူပြည်သားတို့နှင့်လည်းကောင်း၊ တစ်ပါးအမျိုးသားမိန်းမတို့နှင့်လည်းကောင်း ခွဲနေကြလော့”ဟု ဆို၏။
10:12 လူထုတစ်ရပ်လုံးကလည်း ကျယ်လောင်သောအသံဖြင့် “မှန်ပါ၏။ အကျွန်ုပ်တို့သည် အရှင့်စကားအတိုင်း ပြုပါမည်။
10:13 သို့သော် လူများ၍ မိုးရာသီလည်းဖြစ်သောကြောင့် ကွင်းပြင်တွင် ရပ်နိုင်မည်မဟုတ်ပါ။ ဤအပြစ်ကိုကျူးလွန်သူ များသောကြောင့် ဤအမှုသည် တစ်ရက်နှစ်ရက်နှင့် မပြီးနိုင်ပါ။
10:14 သို့ဖြစ်၍ အကျွန်ုပ်တို့၏အကြီးအကဲများသည် လူထုတစ်ရပ်လုံးအတွက် တာဝန်ယူပါစေ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သောသူအားလုံး ကိုယ့်မြို့ကိုယ့်ရွာရှိသက်ကြီးဝါကြီးများ၊ တရားသူကြီးများနှင့်အတူ သတ်မှတ်ထားသောအချိန်တွင် လာ၍ ဤကိစ္စနှင့်ပတ်သက်ပြီး အကျွန်ုပ်တို့၏ဘုရားသခင် အမျက်တော်ပြေသည့်တိုင်အောင် အစစ်ဆေးခံပါစေ”ဟု ပြန်ပြောကြ၏။
10:15 ဤအစီအစဉ်ကို အာသဟေလ၏သားယောနသန်နှင့် တိကဝ၏သားယဟာဇိတို့သာ ကန့်ကွက်ကြ၍ လေဝိအမျိုး မေရှုလံနှင့် ရှဗ္ဗေသဲတို့က သူတို့ကို ထောက်ခံကြ၏။
10:16 သုံ့ပန်းသားမြေးတို့မူကား ဝန်ခံကြ၏။ ယဇ်ပုရောဟိတ်ဧဇရသည်လည်း အိမ်ထောင်စုအကြီးအမှူးတို့ကို ဘိုးဘေးတို့မျိုးနွယ်အလိုက် အားလုံးကိုနာမည်နှင့်တကွ သီးခြားခွဲထားပြီးလျှင် ဒသမလ၊ တစ်ရက်နေ့၌ အမှုကိုစစ်ဆေးရန် စုဝေးကြ၏။
10:17 ပထမလ၊ တစ်ရက်နေ့တွင် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်သောသူအားလုံး၏အမှုကို စီရင်ပြီးစီး၏။
10:18 ယဇ်ပုရောဟိတ်သားမြေးတို့တွင် ယောဇဒက်၏သားဖြစ်သော ယေရွှာ၏သားများနှင့် ယေရွှာ၏ညီအစ်ကိုများဖြစ်သော မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသည်ကို တွေ့ရှိရ၏။
10:19 သူတို့ကလည်း မိမိတို့မယားများကို ကွာမည်ဟု ဝန်ခံ ကြပြီး ကိုယ့်အပြစ်အတွက် သိုးအုပ်ထဲမှသိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
10:20 ထို့ပြင် ဣမေရသားမြေးတွင် ဟာနနိ၊ ဇေဗဒိ၊
10:21 ဟာရိမ်သားမြေးတွင် မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
10:22 ပါရှုရသားမြေးတွင် ဧလိဩနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ၊
10:23 လေဝိအမျိုးတွင် ယောဇဗဒ်၊ ရှိမိ၊ ကေလာယ ခေါ် ကေလိတ၊ ပေသဟိ၊ ယုဒ၊ ဧလျေဇာ၊
10:24 သီချင်းသည်များထဲတွင် ဧလျာရှိပ်၊ တံခါးစောင့်များထဲတွင် ရှလ္လုံ၊ တေလင်၊ ဥရိ၊
10:25 အစ္စရေးလူထုထဲတွင် ပါရုတ်သားမြေးမှ ရာမိ၊ ယေဇိ၊ မာလခိယ၊ မိယာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
10:26 ဧလံသားမြေးတွင် မတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလိယ၊
10:27 ဇတ္တုသားမြေးတွင် ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
10:28 ဗေဗဲသားမြေးတွင် ယေဟောဟနန်၊ ဟာနနိယ၊ ဇဗ္ဗဲ၊ အာသလဲ၊
10:29 ဗာနိသားမြေးတွင် မေရှုလံ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာအာလ၊ ယေရမုတ်၊
10:30 ပါဟတ်မောဘသားမြေးတွင် အာဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
10:31 ဟာရိမ်သားမြေးတွင် ဧလျေဇာ၊ ဣရှိယ၊ မာလခိယ၊ ရှေမာယ၊ ရှိမောင်၊
10:32 ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
10:33 ဟာရှုံသားမြေးတွင် မတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိ၊
10:34 ဗာနိသားမြေးတွင် မာဒဲ၊ အာမရံ၊ ဝေလ၊
10:35 ဗေနာယ၊ ဗေဒိ၊ ခေလု၊
10:36 ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊
10:37 မတ္တနိ၊ မတ္တနဲ၊ ယာသော၊
10:38 ဗာနိ၊ ဗိနွိ၊ ရှိမိ၊
10:39 ရှေလမိ၊ နာသန်၊ အဒါယ၊
10:40 မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊
10:41 အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊
10:42 ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
10:43 နေဗောသားမြေးတွင် ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတို့ ပါကြ၏။
10:44 ထိုသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသူများဖြစ်ပြီး ထိုမိန်းမများနှင့် သားသမီးများပင် ရရှိကြပြီ။