Ezra 2
2:1 ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
2:2 ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
2:3 ပါရုတ်သားမြေး နှစ်ထောင့်တစ်ရာခုနစ်ဆယ့်နှစ်ယောက်၊
2:4 ရှေဖတိသားမြေး သုံးရာခုနစ်ဆယ့်နှစ်ယောက်၊
2:5 အာရာသားမြေး ခုနစ်ရာခုနစ်ဆယ့်ငါးယောက်၊
2:6 ယေရွှာနှင့် ယွာဘသားမြေးတို့မှဆင်းသက်လာသော ပါဟတ်မောဘသားမြေး နှစ်ထောင့်ရှစ်ရာတစ်ဆယ့်နှစ်ယောက်၊
2:7 ဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
2:8 ဇတ္တုသားမြေး ကိုးရာလေးဆယ့်ငါးယောက်၊
2:9 ဇက္ခဲသားမြေး အယောက်ခုနစ်ရာ့ခြောက်ဆယ်၊
2:10 ဗာနိသားမြေး ခြောက်ရာလေးဆယ့်နှစ်ယောက်၊
2:11 ဗေဗဲသားမြေး ခြောက်ရာနှစ်ဆယ့်သုံးယောက်၊
2:12 အာဇဂဒ်သားမြေး တစ်ထောင့်နှစ်ရာနှစ်ဆယ့်နှစ်ယောက်၊
2:13 အဒေါနိကံသားမြေး ခြောက်ရာခြောက်ဆယ့်ခြောက်ယောက်၊
2:14 ဗိဂဝဲသားမြေး နှစ်ထောင့်ငါးဆယ့်ခြောက်ယောက်၊
2:15 အာဒိန်သားမြေး လေးရာငါးဆယ့်လေးယောက်၊
2:16 ဟေဇကိမှ ဆင်းသက်လာသော အာတာသားမြေး ကိုးဆယ့်ရှစ်ယောက်၊
2:17 ဗေဇဲသားမြေး သုံးရာနှစ်ဆယ့်သုံးယောက်၊
2:18 ယောရသားမြေး တစ်ရာတစ်ဆယ့်နှစ်ယောက်၊
2:19 ဟာရှုံသားမြေး နှစ်ရာနှစ်ဆယ့်သုံးယောက်၊
2:20 ဂိဗ္ဗာသားမြေး ကိုးဆယ့်ငါးယောက်၊
2:21 ဗက်လင်မြို့သား တစ်ရာနှစ်ဆယ့်သုံးယောက်၊
2:22 နေတောဖမြို့သား ငါးဆယ့်ခြောက်ယောက်၊
2:23 အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
2:24 အာဇမာဝက်မြို့သား လေးဆယ့်နှစ်ယောက်၊
2:25 ကိရယသာရိမ်မြို့သား၊ ခေဖိရမြို့သားနှင့် ဗေရုတ်မြို့သား စုစုပေါင်း ခုနစ်ရာလေးဆယ့်သုံးယောက်၊
2:26 ရာမမြို့သားနှင့် ဂေဗမြို့သား စုစုပေါင်း ခြောက်ရာနှစ်ဆယ့်တစ်ယောက်၊
2:27 မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊
2:28 ဗေသလမြို့သားနှင့် အာဣမြို့သား စုစုပေါင်း နှစ်ရာနှစ်ဆယ့်သုံးယောက်၊
2:29 နေဗောမြို့သား ငါးဆယ့်နှစ်ယောက်၊
2:30 မာဂဗိတ်မြို့သား တစ်ရာငါးဆယ့်ခြောက်ယောက်၊
2:31 အခြားဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊
2:32 ဟာရိမ်သားမြေး အယောက်သုံးရာနှစ်ဆယ်၊
2:33 လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သား စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်ငါးယောက်၊
2:34 ဂျေရိခေါမြို့သား သုံးရာလေးဆယ့်ငါးယောက်၊
2:35 သေနာမြို့သား အယောက်သုံးထောင်ခြောက်ရာ့သုံးဆယ် ဖြစ်၏။
2:36 ယဇ်ပုရောဟိတ်တို့တွင် ယေရွှာအမျိုးမှဆင်းသက်လာသော ယေဒါယသားမြေး ကိုးရာခုနစ်ဆယ့်သုံးယောက်၊
2:37 ဣမေရသားမြေး တစ်ထောင့်ငါးဆယ့်နှစ်ယောက်၊
2:38 ပါရှုရသားမြေး တစ်ထောင့်နှစ်ရာလေးဆယ့်ခုနစ်ယောက်၊
2:39 ဟာရိမ်သားမြေး တစ်ထောင့်တစ်ဆယ့်ခုနစ်ယောက်၊
2:40 လေဝိအမျိုးတွင် ဟောဒဝိသားမြေးမှဆင်းသက်လာသော ယေရွှာနှင့် ကပ်မျေလသားမြေး ခုနစ်ဆယ့်လေးယောက်၊
2:41 သီချင်းသည်တို့တွင် အာသပ်သားမြေး တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊
2:42 တံခါးစောင့်သားမြေးတို့တွင် ရှလ္လုံသားမြေး၊ အာတာသားမြေး၊ တာလမုန်သားမြေး၊ အက္ကုပ်သားမြေး၊ ဟတိတသားမြေး၊ ရှောဗဲသားမြေး စုစုပေါင်း တစ်ရာသုံးဆယ့်ကိုးယောက်၊
2:43 ဗိမာန်တော်အစေအပါးတို့တွင် ဇိဟသားမြေး၊ ဟသုဖသားမြေး၊ တဗ္ဗောက်သားမြေး၊
2:44 ကေရုတ်သားမြေး၊ သာယာဟသားမြေး၊ ပါဒုန်သားမြေး၊
2:45 လေဗနသားမြေး၊ ဟာဂဘသားမြေး၊ အက္ကုပ်သားမြေး၊
2:46 ဟာဂပ်သားမြေး၊ ရှာလမဲသားမြေး၊ ဟာနန်သားမြေး၊
2:47 ဂိဒ္ဒေလသားမြေး၊ ဂါဟာသားမြေး၊ ရာယသားမြေး၊
2:48 ရေဇိန်သားမြေး၊ နေကောဒသားမြေး၊ ဂဇ္ဇမ်သားမြေး၊
2:49 ဩဇသားမြေး၊ ပါသာသားမြေး၊ ဗေသဲသားမြေး၊
2:50 အာသနာသားမြေး၊ မဟုနိမ်သားမြေး၊ နဖုသိမ်သားမြေး၊
2:51 ဗာကဗုတ်သားမြေး၊ ဟကုဖသားမြေး၊ ဟာရဟုရသားမြေး၊
2:52 ဗာဇလုပ်သားမြေး၊ မဟိဒသားမြေး၊ ဟာရရှသားမြေး၊
2:53 ဗာရကုတ်သားမြေး၊ သိသရသားမြေး၊ တာမသားမြေး၊
2:54 နေဇိသားမြေး၊ ဟတိဖသားမြေး၊
2:55 ရှောလမုန်အစေအပါး၏သားမြေးတို့တွင် သောတဲသားမြေး၊ ဟာသောဖရက်သားမြေး၊ ပေရုဒသားမြေး၊
2:56 ယာလသားမြေး၊ ဒါကုန်သားမြေး၊ ဂိဒ္ဒေလသားမြေး၊
2:57 ရှေဖတိသားမြေး၊ ဟတ္တိလသားမြေး၊ ပေါခရက်ဇေဗိမ်သားမြေး၊ အာမိသားမြေး၊
2:58 ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
2:59 မည်သည့်ဘိုးဘေးအိမ်ထောင်စုထဲမှဆင်းသက်လာသည်ကို သက်သေမပြနိုင်၊ အစ္စရေးလူမျိုးထဲမှ ဟုတ်၊ မဟုတ် မသေချာဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့တို့မှ လိုက်ပါလာသောသူများမှာ
2:60 ဒေလာယသားမြေး၊ တောဘိသားမြေး၊ နေကောဒသားမြေး စုစုပေါင်း ခြောက်ရာငါးဆယ့်နှစ်ယောက် ရှိ၏။
2:61 ယဇ်ပုရောဟိတ်သားမြေးတို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကိုစုံဖက်၍ ထိုနာမည်ကိုဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။
2:62 သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
2:63 ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
2:64 ဤသို့လိုက်ပါလာသောလူထုကြီးမှာ စုစုပေါင်း လေးသောင်းနှစ်ထောင့်သုံးရာခြောက်ဆယ် ရှိ၏။
2:65 ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း အယောက်နှစ်ရာတို့လည်း ပါ၏။
2:66 မြင်း ခုနစ်ရာသုံးဆယ့်ခြောက်ကောင်၊ လား နှစ်ရာလေးဆယ့်ငါးကောင်၊
2:67 ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
2:68 အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။
2:69 ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြား ခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင် နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
2:70 ထိုသို့ ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးများ၊ လူအချို့နှင့် သီချင်းသည်များ၊ တံခါးစောင့်များ၊ ဗိမာန်တော်အစေအပါးတို့သည် ကိုယ့်မြို့တို့၌ ပြန်လည်နေထိုင်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည်လည်း ကိုယ့်မြို့ကိုယ့်ရွာတို့၌ ပြန်လည်နေထိုင်ကြသတည်း။