Psalms 150
150:1 ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။
150:2 ကိုယ်တော်၏အစွမ်းတန်ခိုးတော်များကြောင့် ကိုယ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏အလွန်ကြီးမြတ်တော်မူခြင်းအတွက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
150:3 တံပိုးမှုတ်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ စောင်းပြားနှင့်စောင်းကောက်ကိုတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
150:4 ပတ်သာတီးလျက်၊ ကခုန်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာများတီးလျက်၊ ပလွေများမှုတ်လျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
150:5 အသံလွင်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ အသံကျယ်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
150:6 သက်ရှိသတ္တဝါအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြပါစေ။ ဟာလေလုယ။