Psalms 70
70:1 အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
70:2 အကျွန်ုပ်အသက်ကို ရန်ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်ကို ဒုက္ခရောက်စေလိုသောသူတို့သည် နောက်သို့ပြန်ဆုတ်၍ အသရေပျက်ကြရပါစေသော။
70:3 အကျွန်ုပ်ကို “ဟား ဟား”ဟု ရယ်မောပြောဆိုသောသူတို့သည် မိမိတို့ခံရသောအရှက်ကွဲခြင်းကြောင့် နောက်ပြန်ဆုတ်ကြရပါစေသော။
70:4 ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ရွှင်မြူးလျက်ဝမ်းမြောက်ကြပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကို မြတ်နိုးသောသူတို့က “ဘုရားသခင်သည် ကြီးမြတ်တော်မူ၏”ဟု အစဉ်မြွက်ဆိုကြပါစေသော။
70:5 အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ အို ဘုရားသခင်၊ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်ပါ၏။ အို ထာဝရဘုရား၊ နှောင့်နှေးတော်မမူပါနှင့်။