1 Chronicles 25
25:1 ဒါဝိဒ်မင်းကြီးနှင့် မင်းမှုထမ်းအကြီးအကဲတို့သည် အမှုတော်မြတ်အတွက် စောင်းကောက်၊ စောင်းပြား၊ လင်းကွင်း တို့ကိုတီးခတ်၍ ပရောဖက်ပြုနိုင်ရန် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့၏သားများထဲမှအချို့ကို သီးသန့်ခွဲထား၏။ ဤသို့အမှုတော်ထမ်းရန် ခွဲထားသူတို့၏အမည်စာရင်းမှာ
25:2 အာသပ်သားမြေးတွင် ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလ တို့ဖြစ်ကြ၏။ အာသပ်၏သားတို့သည် ရှင်ဘုရင်ညွှန်ကြားသည့်အတိုင်း ပရောဖက်ပြုသောအာသပ်၏လက်အောက်တွင် နေရကြ၏။
25:3 ယေဒုသုန်သားမြေးတွင် ယေဒုသုန်၏သား ဂေဒလိ၊ ဇေရိ၊ ယေရှာယ၊ ရှိမိ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်တို့သည် ဖခင်ယေဒုသုန်၏လက်အောက်တွင်နေရကြ၏။ သူတို့၏ဖခင်သည် စောင်းတီး၍ ထာဝရဘုရားကို ကျေးဇူးတင်ချီးမွမ်းကာ ပရောဖက်ပြုသောသူဖြစ်၏။
25:4 ဟေမန်သားမြေးတွင် ဟေမန်၏သား ဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိယ၊ ဟာနနိ၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ် တို့ပါဝင်ကြ၏။
25:5 ဤသူတို့အားလုံးသည် ရှင်ဘုရင်၏ဗျာဒိတ်ဆရာဖြစ်သော ဟေမန်၏သားများဖြစ်ကြ၏။ ဤသို့ ဟေမန်သည် ဘုရားသခင်၏ကတိတော်နှင့်အညီချီးမြှောက်ခြင်းခံရ၏။ ဘုရားသခင်သည် သူ့အား သားတစ်ဆယ့်လေးယောက်နှင့် သမီးသုံးယောက်ကို ပေးတော်မူ၏။
25:6 ဤသူအားလုံးတို့သည် ဖခင်လက်အောက်တွင်နေ၍ ထာဝရဘုရား၏အိမ်တော်၌ လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များဖြင့် သီဆိုတီးမှုတ်ရသောသူများဖြစ်၏။ အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့သည် ရှင်ဘုရင်၏လက်အောက်တွင် ဘုရားသခင်၏အိမ်တော်အမှုကိုထမ်းဆောင်ရ၏။
25:7 သူတို့နှင့် သူတို့၏ညီအစ်ကိုအားလုံးတို့သည် ထာဝရဘုရားထံချီးမွမ်းသီဆိုရာတွင် လေ့ကျင့်ထားပြီးသူများ၊ ကျွမ်းကျင်ပြီးသူများ ဖြစ်ကြ၏။ သူတို့အားလုံး နှစ်ရာရှစ်ဆယ့်ရှစ်ယောက် ရှိ၏။
25:8 သူတို့သည် အကြီးအငယ်၊ ဆရာတပည့် မခွဲခြားဘဲ မဲချ၍ တာဝန်ယူကြရ၏။
25:9 မဲချရာတွင် ပထမဆုံးမဲကျသူမှာ အာသပ်၏သား ယောသပ်၊ ဒုတိယမြောက်မဲကျသူမှာ ဂေဒလိနှင့် သူ၏ညီအစ်ကိုများ၊ သူ၏သားများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:10 တတိယမြောက်မဲကျသူမှာ ဇက္ကုရနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:11 စတုတ္ထမြောက်မဲကျသူမှာ ဣဇရိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:12 ပဉ္စမမြောက်မဲကျသူမှာ နေသနိနှင့် သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:13 ဆဋ္ဌမမြောက်မဲကျသူမှာ ဗုက္ကိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:14 သတ္တမမြောက်မဲကျသူမှာ ယေရှရေလနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:15 အဋ္ဌမမြောက်မဲကျသူမှာ ယေရှာယနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:16 နဝမမြောက်မဲကျသူမှာ မတ္တနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:17 ဒသမမြောက်မဲကျသူမှာ ရှိမိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:18 တစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ အာဇရေလနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:19 တစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ဟာရှဘိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:20 တစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ရှုဗွေလနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:21 တစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မတ္တိသိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:22 တစ်ဆယ့်ငါးယောက်မြောက်မဲကျသူမှာ ယေရမုတ်နှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:23 တစ်ဆယ့်ခြောက်ယောက်မြောက်မဲကျသူမှာ ဟာနနိယနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:24 တစ်ဆယ့်ခုနစ်ယောက်မြောက်မဲကျသူမှာ ယောရှဗေကရှနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:25 တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ ဟာနနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:26 တစ်ဆယ့်ကိုးယောက်မြောက်မဲကျသူမှာ မလ္လောသိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:27 အယောက်နှစ်ဆယ်မြောက်မဲကျသူမှာ ဧလျာသနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:28 နှစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ဟောသိရနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:29 နှစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ဂိဒ္ဒါလတိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:30 နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ မဟာဇုတ်နှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
25:31 နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ ရောမန္တေဇာနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက် တို့ဖြစ်ကြ၏။