1 Chronicles 7
7:1 ဣသခါ၏သားများမှာ တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန် ပေါင်းလေးယောက်ရှိ၏။
7:2 တောလ၏သားများမှာ ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလ တို့ဖြစ်ကြ၏။ သူတို့သည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်သကဲ့သို့ ဆွေစဉ်မျိုးဆက်အလိုက်စစ်သူရဲများလည်း ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးလက်ထက်တွင် စစ်သူရဲအရေအတွက်နှစ်သောင်းနှစ်ထောင်ခြောက်ရာရှိ၏။
7:3 ဩဇိ၏သားမှာ ဣဇရဟိ ဖြစ်ပြီး ဣဇရဟိ၏သားများမှာ မိက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှိယ ပေါင်းငါးယောက်ရှိ၏။ သူတို့အားလုံးသည် အကြီးအမှူးများ ဖြစ်ကြ၏။
7:4 သူတို့သည် မယားများ၊ သားသမီးများ များပြားစွာရှိသဖြင့် သူတို့၏ဆွေစဉ်မျိုးဆက်အလိုက်၊ သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စစ်တိုက်နိုင်သောစစ်သည်ပေါင်း သုံးသောင်းခြောက်ထောင် ရှိ၏။
7:5 သူတို့၏ညီအစ်ကိုသားချင်းဖြစ်သော ဣသခါမျိုးနွယ်စုအားလုံးတို့သည် စစ်သူရဲများ ဖြစ်ကြပြီး စာရင်းအရ စစ်သူရဲပေါင်းရှစ်သောင်းခုနစ်ထောင် ရှိ၏။
7:6 ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ ယေဒယေလ ပေါင်းသုံးယောက် ရှိ၏။
7:7 ဗေလ၏သားများမှာ ဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ ပေါင်းငါးယောက်ရှိ၏။ သူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သကဲ့သို့ စစ်သူရဲများလည်း ဖြစ်ကြ၏။ သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းအရ နှစ်သောင်းနှစ်ထောင်သုံးဆယ့်လေးဦး ရှိ၏။
7:8 ဗေခါ၏သားများမှာ ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက် တို့ဖြစ်ကြ၏။ သူတို့အားလုံးသည် ဗေခါ၏သားများ ဖြစ်ကြ၏။
7:9 သူတို့သည် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်သကဲ့သို့ စစ်သူရဲများလည်း ဖြစ်ကြ၏။ သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းအရ နှစ်သောင်းနှစ်ရာ ရှိ၏။
7:10 ယေဒယေလ၏သားမှာ ဗိလဟန်၊ ဗိလဟန်၏သားများမှာ ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ၊ ခေနာနာ၊ ဇေသန်၊ တာရှု၊ အဟိရှဟာ တို့ဖြစ်ကြ၏။
7:11 ယေဒယေလ၏သားအားလုံးတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ သူတို့တွင် စစ်ပွဲ၌စစ်မှုထမ်းနိုင်သောစစ်သူရဲပေါင်း တစ်သောင်းခုနစ်ထောင့်နှစ်ရာ ရှိ၏။
7:12 ဣရ၏သားများမှာ ရှုပိမ်နှင့် ဟုပိမ်၊ အာဟေရ၏သားမှာ ဟုရှိမ် ဖြစ်၏။
7:13 နဿလိ၏သားများမှာ ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှလ္လုံ တို့ဖြစ်ကြ၏။ သူတို့သည် ဗိလဟာနှင့်ရသောသားများ ဖြစ်ကြ၏။
7:14 မနာရှေ၏သားများမှာ မယားငယ်ဆီးရီးယားသူမှမွေးသော အသရေလနှင့် ဂိလဒ်၏ဖခင် မာခိရ တို့ဖြစ်ကြ၏။
7:15 မာခိရသည် ဟုပိမ်နှင့်ရှုပိမ်တို့၏နှမ မာခါနှင့် စုံဖက်၏။ မာခိရ၏မြစ်မှာ ဇလောဖဒ် ဖြစ်၏။ ဇလောဖဒ်၌ သမီးများသာ ရှိ၏။
7:16 မာခိရ၏မယား မာခါက သားမွေးလာသောအခါ ပေရက် ဟုအမည်ပေး၏။ ပေရက်၏ညီမှာ ရှေရက်၊ ရှေရက်၏သားများမှာ ဥလံနှင့်ရေကင် တို့ဖြစ်ကြ၏။
7:17 ဥလံ၏သားမှာ ဗေဒန် ဖြစ်၏။ ဤသူတို့ကား မနာရှေ၏မြေး၊ မာခိရ၏သား ဂိလဒ်၏သားမြေးများ ဖြစ်ကြ၏။
7:18 ဂိလဒ်၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မာလာ တို့ကိုမွေးဖွား၏။
7:19 ရှမိဒ၏သားများမှာ အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံ တို့ဖြစ်ကြ၏။
7:20 ဧဖရိမ်၏သားမြေးများမှာ ဧဖရိမ်၏သားရှုသေလ၊ ရှုသေလ၏သား ဗေရက်၊ ဗေရက်၏သား တာဟတ်၊ တာဟတ်၏သား ဧလာဒ၊ ဧလာဒ၏သား တာဟတ်၊
7:21 တာဟတ်၏သား ဇာဗဒ်၊ ဇာဗဒ်၏သား ရှုသေလဖြစ်၏။ ဧဖရိမ်၏သား ဧဇာနှင့်ဧလဒ် တို့မူကား ဂါသပြည်ဖွားလူတို့၏သိုးနွားတို့ကို လုယူသောကြောင့် ထိုသူတို့သည် သူတို့ကို သတ်ဖြတ်လိုက်ကြ၏။
7:22 ထို့ကြောင့် သူတို့၏ဖခင်ဧဖရိမ်သည် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်း၏။ ထိုအခါ သူ့ညီအစ်ကိုတို့သည် သူ့ကိုလာရောက်နှစ်သိမ့်ပေးကြ၏။
7:23 ထို့နောက် ဧဖရိမ်သည် မယားထံဝင်သဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွား၏။ မိသားစုဒုက္ခရောက်ချိန်၌ မွေးသောကြောင့် သူ့ကို ဗေရိယ ဟုအမည်ပေး၏။
7:24 ဧဖရိမ်၏သမီး ရှေရသည် အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့နှင့် ဩဇင်ရှေရမြို့တို့ကို တည်ထောင်ခဲ့သူ ဖြစ်၏။
7:25 ဧဖရိမ်၏သားမှာ ရေဖ၊ ရေဖ၏သားများမှာ ရေရှပ်နှင့် တေလ၊ တေလ၏သား တာဟန်၊
7:26 တာဟန်၏သား လာဒန်၊ လာဒန်၏သား အမိဟုဒ်၊ အမိဟုဒ်၏သား ဧလိရှမာ၊
7:27 ဧလိရှမာ၏သား နုန်၊ နုန်၏သား ယောရှု ဖြစ်၏။
7:28 ဧဖရိမ်အမျိုးပိုင်ဆိုင်သောမြေနှင့် နေထိုင်ရာအရပ်များမှာ ဗေသလမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အရှေ့ဘက်တွင် နာရန်မြို့၊ အနောက်ဘက်တွင် ဂေဇာမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ရှေခင်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာယမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊
7:29 မနာရှေသားမြေးတို့ပိုင်သော နယ်စပ်တစ်လျှောက်ရှိ ဗက်ရှန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ စသည်တို့ဖြစ်ကြ၏။ ဤမြို့ရွာတို့တွင် အစ္စရေး၏သား၊ ယောသပ်၏သားမြေးများ နေထိုင်ကြ၏။
7:30 အာရှာ၏သားများမှာ ဣမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ တို့ဖြစ်ကြ၏။ သူတို့၏နှမမှာ စေရ ဖြစ်၏။
7:31 ဗေရိယ၏သားများမှာ ဟေဗာ၊ မာလချေလ တို့ဖြစ်ကြ၏။ မာလချေလ၏သားမှာ ဗိရဇာဝိတ် ဖြစ်၏။
7:32 ဟေဗာ၏သားများမှာ ယာဖလက်၊ ရှောမာ၊ ဟောသံ တို့ဖြစ်ကြ၏။ သူတို့၏နှမမှာ ရှုအာ ဖြစ်၏။
7:33 ယာဖလက်၏သားများမှာ ပါသက်၊ ဗိမဟာလ၊ အာရှဝတ် တို့ဖြစ်ကြ၏။ ဤသူတို့သည် ယာဖလက်၏သားများ ဖြစ်ကြ၏။
7:34 ရှမေရ၏သားများမှာ အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံ တို့ဖြစ်ကြ၏။
7:35 သူ၏ညီ ဖြစ်သောဟေလင်၏သားများမှာ ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလ တို့ဖြစ်ကြ၏။
7:36 ဇောဖ၏သားများမှာ သုအာ၊ ဟာနေဖာ၊ ရွာလ၊ ဗေရိ၊ ဣမရ၊
7:37 ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တို့ဖြစ်ကြ၏။
7:38 ယေသာ၏သားများမှာ ယေဖုန္နာ၊ ပိသပ၊ အာရ တို့ဖြစ်ကြ၏။
7:39 ဥလ္လ၏သားများမှာ အာရာ၊ ဟံယေလ၊ ရေဇိယ တို့ဖြစ်ကြ၏။
7:40 ဤသူအားလုံးတို့သည် အာရှာ၏သားမြေးများ ဖြစ်ကြ၏။ သူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ၊ လက်ရွေးစင်စစ်သူရဲများ၊ အုပ်စိုးသူမင်းများ ဖြစ်ကြ၏။ စာရင်းအရ စစ်ပွဲတွင် စစ်တိုက်နိုင်သူအရေအတွက်မှာ စစ်သူရဲနှစ်သောင်းခြောက်ထောင် ရှိ၏။