Psalms 128
128:1 ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။
128:2 သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
128:3 သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။
128:4 ကြည့်ရှုလော့။ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုကဲ့သို့ ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။
128:5 ထာဝရဘုရားသည် သင့်ကို ဇိအုန်မှ ကောင်းချီးပေးတော်မူပါစေသော။ သင်သည် အသက်ရှင်သမျှကာလပတ်လုံး ဂျေရုဆလင်မြို့၏ကောင်းကျိုးချမ်းသာကို တွေ့မြင်ရပါစေသော။
128:6 သင့်သားသမီးတို့၏သားသမီးများကိုလည်း တွေ့မြင်ရပါစေသော။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။