Library · my

Psalms 134

134:1 ထာဝရဘုရား​၏​အိမ်​တော်​၌ ည​စဉ်​အမှုထမ်း​ကြ​သော ထာဝရဘုရား​၏​အစေအပါး​အပေါင်း​တို့​၊ လာ​ကြ​လော့​။ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ 134:2 သန့်ရှင်းရာဌာန​တော်​ဘက်​သို့ သင်​တို့​၏​လက်​ကို​မြှောက်​၍ ထာဝရဘုရား​ကို​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ 134:3 ကောင်းကင်​နှင့်​မြေကြီး​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​သည် ဇိအုန်​မှ သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။