Library · my

1 Chronicles 4

4:1 ယုဒ သား ကားဖာရက် ၊ ဟေဇရုံ ၊ ကာမိ ၊ ဟုရ ၊ ရှောဗာလ တည်း။ 4:2 ရှောဗာလ သား ကား ရာယ ၊ ရာယသား ယာဟတ် ၊ ယာဟတ် သား အဟုမဲ နှင့် လာဟဒ် ၊ ဤရွေ့ကား ဇောရေသိ အမျိုးအနွယ် တည်း။ 4:3 ဧကံ အမျိုးအဘ ၏ သားကား ယေဇရေလ ၊ ဣရှမ ၊ ဣဒဗတ် ၊ နှမ ဟာဇလေလပေါနိ၊ 4:4 ဂေဒေါ် အဘ ပေနွေလ ၊ ဟုရှ အဘ ဧဇာ တည်း။ ဤ သူတို့သည် ဗက်လင် အဘ ၊ ဧဖရတ် သားဦး ဟုရ အမျိုးအနွယ် တည်း။ 4:5 တေကော အဘ အာရှုရ သည် ဟေလ နှင့် နာရ အမည်ရှိသောမယား နှစ် ယောက်ရှိ ၏။ 4:6 နာရ ဘွားမြင် သော သားကား အဟုဇံ ၊ ဟေဖာ ၊ တေမနိ ၊ ဟာဟရှတာရိ တည်း။ 4:7 ဟေလ ဘွားမြင်သော သား ကား ဇေရက် ၊ ယေဇော် ၊ ဧသနန် ၊ ကောဇတည်း။ 4:8 ကောဇ သား ကား အာနုပ် နှင့် ဇောဗေဒ အစရှိ သော ဟာရုံ သား အဟာရေလ အဆွေအမျိုး တည်း။ 4:9 ထိုအဆွေအမျိုး ၌ ယာဗက် သည် ထူးဆန်းသောသူဖြစ် ၏။ သူ ၏အမိ က၊ ငါသည်ပြင်းစွာသော ဝေဒနာ ကို ခံ၍ ဤသားကို မြင် ရပြီဟုဆိုလျက်၊ ယာဗက် အမည် ဖြင့် မှည့် ၏။ 4:10 ယာဗက် ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အစဉ်ကောင်းကြီး ပေး၍ ၊ အကျွန်ုပ် နေရာ ကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ် အနှောင့်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက် တော်သည် အကျွန်ုပ် ဘက် ၌နေ ၍ ကွယ်ကာ စောင့်မတော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်အား ဆုတောင်း တတ်၍၊ တောင်း သော ဆုကို ဘုရား သခင်ပေး သနားတော်မူ၏။ 4:11 ရှုအာ မောင် ကာလက် သား ကား မဟိရ ၊ မဟိရ သား ဧရှတုန် တည်း။ 4:12 ဧရှတုန် သား ကား ဗက်ရာဖ ၊ ပါသာ ၊ တေဟိန္န တည်း။ တေဟိန္နသား ကား ဣရနာဟတ် တည်း။ ဤ သူတို့ သည် ရေခါ အမျိုးသား ဖြစ်ကြ၏။ 4:13 ကေနတ် သား ကား ဩသံယေလ နှင့် စရာယ တည်း။ ဩသံယေလ သား ကား ဟာသတ် နှင့် မောနောသဲတည်း။ 4:14 မောနောသဲ သား ကား ဩဖရာ တည်း။ စရာယ သား ကား ယွာဘ ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့် ၌ နေသောသူတည်း။ 4:15 ယေဖုန္န သား ဖြစ်သောကာလက် ၏ သား ကား ဣရု ၊ ဧလာ ၊ နာမ တည်း။ ဧလာ သား ကားကေနတ် တည်း။ 4:16 ယေဟလလေလ သား ကား ဇိဖ ၊ ဇိဖာ ၊ တိရိ ၊ အာသရေလ တည်း။ 4:17 ဧဇရ သား ကားယေသာ ၊ မေရက် ၊ ဧဖာ ၊ ယာလုန် တည်း။ မေရက် နှင့် စုံဘက် သော ဖာရော သမီး ဗိသဟာ သည် မိရိ ၊ ရှမ္မဲ ၊ ဧရှတမော အဘ ဣရှဘ ကို ဘွားမြင် ၏။ 4:18 မယား ယေဟုဒိယ သည် ဂေဒေါ် အဘ ယေရက် ၊ စောခေါ အဘ ဟေဗာ ၊ ဇာနော် အဘ ယေကုသေလ ကို ဘွားမြင် ၏။ 4:19 ယေဟုဒိယသည် နာဟံ နှမ ဖြစ်၏။ နာဟံသည် ဂါမိ ရွာသားကိလ ၊ မာခ မြို့သားဧရှတမော ၏အဘ ဖြစ်သတည်း။ 4:20 ရှိမုန် သား ကား အာမနုန် ၊ ရိန္န ၊ ဗင်္ဟာနန် ၊ တိလုန် တည်း။ ဣရှိ သား ကား ဇောဟက် ၊ ဗင်ဇောဟက် တည်း။ 4:21 ယုဒ သား ဖြစ်သော ရှေလ ၏သား ကား လေက အဘ ဧရ ၊ မရေရှ အဘ လာဒ အစရှိသော ပိတ်ချော ကို ရက်တတ်သော အာရှဗာ အဆွေအမျိုး၊ 4:22 ယောယကိမ် အစရှိသော ခေါဇေဘ လူ ၊ မောဘ ပြည်၌ အစိုးရ သော ယောရှ ၊ သာရပ် ၊ ယာရှုဗိလင် တည်း။ ထိုသို့ဆိုသော်ရှေး စကား ဖြစ်၏။ 4:23 ထိုသူ တို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင် အနား မှာ နေ လျက် အမှု တော်ကို ဆောင်ရွက်ရကြ၏။ 4:24 ရှိမောင် သား ကား ယေမွေလ ၊ ယာမိန် ၊ ယာရိပ် ၊ ဇေရ ၊ ရှောလ တည်း။ 4:25 ရှောလသား ရှလ္လုံ ၊ ရှလ္လုံသား မိဘသံ ၊ မိဘသံသား မိရှမ၊ 4:26 မိရှမ သား ဟမွေလ ၊ ဟမွေလသား ဇက္ကုရ ၊ ဇက္ကုရသား ရှိမိ တည်း။ 4:27 ရှိမိ သည် သား တဆယ် ခြောက် ယောက်နှင့် သမီး ခြောက် ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ ၏ညီအစ်ကို တို့ ၌ သား မ များ။ ရှိမောင်အမျိုးသား တို့သည် ယုဒ အမျိုးသား ကဲ့သို့ မ ပွါး မများတတ်။ 4:28 ရှိမောင်အမျိုးတို့သည် ဒါဝိဒ် မင်းကြီးလက်ထက်တိုင်အောင် ဗေရရှေဘ မြို့၊ မောလဒါ မြို့၊ ဟာဇရွာလ မြို့၊ 4:29 ဗိလဟာ မြို့၊ ဧဇင် မြို့၊ တောလဒ် မြို့၊ 4:30 ဗေသွေလ မြို့၊ ဟော်မာ မြို့၊ ဇိကလတ် မြို့၊ 4:31 ဗက်မာကဗုတ် မြို့၊ ဟာဇသုသိမ် မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ် မြို့ တို့၌ နေ ကြ၏။ 4:32 ထိုမှတပါး၊ တော မြို့ဧတံ ၊ အင် ရိမ္မုန် ၊ တောခင် ၊ ဧသာ၊ အာရှန် တည်းဟူသော မြို့ ငါး မြို့နှင့်တကွ၊ 4:33 ပတ်လည် ၌ရှိသော ရွာ အပေါင်း တို့ကို ဗာလ မြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား ၊ ရှိမောင်အမျိုးသားနေရာ နှင့် ဆွေစဉ် မျိုးဆက်ဖြစ်သတည်း။ 4:34 မေရှောဗပ် ၊ ယာမလက် ၊ အာမဇိ သား ယောရှ၊ 4:35 ယောလ ၊ အာသေလ သား စရာယ ၏ သား ယောရှိဘိ ၏သား ယေဟု၊ 4:36 ဧလျောနဲ ၊ ယာကောဘ ၊ ယေရှောဟာယ ၊ အသာယ ၊ အဒျေလ ၊ ယေသိမျေလ ၊ ဗေနာယ နှင့်တကွ၊ 4:37 ရှေမာယ ၊ ရှိမရိ ၊ ယေဒါယ ၊ အလ္လုန် ၊ ရှိဖိ တို့မှ ဆင်းသက်သော ဇိဇ တည်းဟူသော၊ 4:38 နာမ အားဖြင့် မှတ် သောသူတို့ သည် အဆွေအမျိုး သူကြီး ဖြစ်၍ ၊ သူ တို့အမျိုး သည် အလွန် ပွား များသတည်း။ 4:39 ထိုသူတို့သည် သိုး ကျက်စား ရာအရပ်ကို ရှာ ၍ ချိုင့် အရှေ့ ဘက်၊ ဂေဒေါ် မြို့ဝ တိုင်အောင် သွား သောအခါ၊ 4:40 မြက်ပင်ပေါများ ၍ ကောင်း သောကျက်စား ရာ ကျယ်ဝန်း ငြိမ်ဝပ် သော အရပ် ကို တွေ့ ကြ၏။ ရှေး ကာလ တွင် ၊ ဟာမ အမျိုးသားတို့သည် ထို အရပ်၌ နေ ကြ၏။ 4:41 အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၌ သွား ၍ ၊ သိုး ကျက်စား စရာကောင်းသောအရပ်ကို တွေ့ သောကြောင့် ၊ အရပ်သား နေရာရွာ တို့ကို လုပ်ကြံ ၍ ၊ ရှင်းရှင်းဖျက်ဆီး ပြီးမှယနေ့ တိုင်အောင် နေ ကြ၏။ 4:42 တဖန် ရှိမောင် အမျိုးသား ယောက်ျား ငါး ရာ တို့ သည် ဣရှိ သား ၊ ဗိုလ် ပေလတိ ၊ နာရိ ၊ ရေဖာယ ၊ ဩဇေလ နှင့်တကွ ၊ စိရ တောင် သို့ ချီ သွား၍၊ 4:43 အရင်လွတ် သော အာမလက် အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ ၍ ထို အရပ်၌ ယနေ့ တိုင်အောင် နေ ကြ၏။