Exodus 26
26:1 တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ် လှယ်သော၊ ပိတ် ချောကုလားကာ ဆယ် ထည်ဖြင့် တဲ တော်ကို လုပ် ရမည်။
26:2 ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင်၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံ တူ ရမည်။
26:3 ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် ရမည်။
26:4 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ရမည်။ အခြား သော ကုလားကာပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ လည်း ထိုအတူ လုပ် ရမည်။
26:5 ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြား သောကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို ၎င်း၊ ကွင်း ချင်း ဆိုင် မိအောင် လုပ် ရမည်။
26:6 ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် ၊ တဲ တော် တဆောင် တည်း ဖြစ် ရမည်။
26:7 တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် ရမည်။
26:8 ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ဆယ် တ ထည်တို့သည် အလျား အနံချင်း တူ ရမည်။
26:9 ကုလားကာ ငါး ထည် တစပ် ၊ ခြောက် ထည် တစပ် တည်း ချုပ် ၍ ၊ ဆဌမ ကုလားကာ ကို တဲ တော်ဦး ၌ ခေါက် ထားရမည်။
26:10 ကုလားကာများ ဆက် မှီရာ ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည် အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်း၊ ဆက် မှီသော အခြား ကုလားကာ အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်းလုပ် ရမည်။
26:11 ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ကွင်း တို့၌ လျှို ပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲ သဖြင့် ၊ တဲ တဆောင် တည်း ဖြစ် ရမည်။
26:12 ထိုအပေါ်တဲ ၌ ပို သော ကုလားကာ တဝက် ကိုကား၊ တဲ တော်နောက်ဖေး မှာ တွဲလွဲ ဆွဲ ထားရမည်။
26:13 အပေါ်တဲ၌ ပို သော ကုလားကာ အလျား နှစ်တောင်တွင်၊ တဲ တော်ဖုံးအုပ် ဘို့ တဘက်တချက် တတောင် စီ တွဲလွဲဆွဲ ထားရမည်။
26:14 အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသောသိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် ရမည်။
26:15 တဲ တော်ကာရန် ထောင် ထားရသောအကာရှ ပျဉ်ပြားတို့ကိုလည်း လုပ် ရမည်။
26:16 ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိရမည်။
26:17 ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက် နှစ် ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် ရမည်။
26:18 တဲ တော်တောင် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ကို လုပ် ရမည်။
26:19 ထိုပျဉ်ပြား နှစ်ဆယ် တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် ရမည်။
26:20 ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ရှိရမည်။
26:21 ထိုပျဉ်ပြား ၌ လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြားနှစ် ခုစီ ရှိရမည်။
26:22 တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
26:23 ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် ရမည်။
26:24 အထက် ၌ ၎င်း ၊ အောက် ၌၎င်း၊ ကွင်း ကိုတပ်၍ စေ့စပ်လျက် ထောင့် နှစ်ခုကို ပြီး စေရမည်။
26:25 ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြားနှစ် ခုစီ ရှိ ရမည်။
26:26 တဲတော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို တဘက် ငါး ချောင်းစီ လုပ် ရမည်။
26:27 တဲ တော်နောက် ဖေး၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်ရမည်။
26:28 အလယ် ကန့်လန့်ကျင် ကို၊ ထောင့်တဘက် တချက်၌ ဆုံး စေရမည်။
26:29 ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။ ကန့်လန့်ကျင် လျှို ဘို့ ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။
26:30 တောင် ပေါ် မှာ သင့်အားပြ သော ပုံ နှင့်အညီ ၊ တဲ တော်ကို တည်ဆောက် ရမည်။
26:31 တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
26:32 ရွှေ ချ သော အကာရှ သား တိုင် လေး တိုင်အပေါ် မှာ၊ ထိုကုလားကာ ကို ဆွဲ ထားရမည်။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့်၎င်း၊ ငွေ ခြေစွပ် လေး ခုနှင့်၎င်း ပြည့်စုံရမည်။
26:33 သက်သေခံ ချက်ထားသော သေတ္တာ ကို၊ ကုလားကာ အတွင်း သို့ သွင်း စရာဘို့ ထိုကုလားကာ ကို ရွှေချောင်း ဖြင့် ဆွဲကာ ၍ ၊ ဟဂျာ အရပ်၊ ဟဂျာဟဂျုံ အရပ် နှစ်ပါးစပ်ကြား ၌ အပိုင်း အခြား ဖြစ်ရမည်။
26:34 ဟဂျာဟဂျုံ အရပ်၌ သက်သေခံ ချက်သေတ္တာ အပေါ် မှာ၊ သေတ္တာအဖုံး ကို တင် ထားရမည်။
26:35 ကုလားကာ ပြင် မှာ စားပွဲ ကို ထားရမည်။ တဲ တော်တောင် ဘက်နား မှာ မီးခုံ ကို၎င်း ၊ မြောက် ဘက်နား မှာ စားပွဲ ကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထား ရမည်။
26:36 တဲ တော်တံခါးဝ ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ချယ်လှယ် သော ကုလားကာ တထည်ကို လုပ် ရမည်။
26:37 ထိုကုလားကာ ဘို့ ရွှေ တံစို့ နှင့်ပြည့်စုံသော အကာရှ တိုင် ငါး တိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံ ရမည်။ ကြေးဝါ ခြေစွပ် ငါး ခုကိုလည်း သွန်း ရမည်။