Library · my

Job 34

34:1 တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊ 34:2 အကြားအမြင်များသော ပညာရှိ တို့၊ ငါ့ စကား ကို နားထောင် နာယူ ကြလော့။ 34:3 ခံတွင်း သည် အစာကို မြည်းစမ်း သကဲ့သို့၊ နား သည် စကား ကို စုံစမ်း တတ်၏။ 34:4 ငါတို့သည် ကိုယ် အဘို့ အလိုငှါ စစ် ၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်း သောအရာ ကို ကိုယ်တိုင် အားဖြင့်သိမှတ် ကြကုန်အံ့။ 34:5 ယောဘ က၊ ငါဖြောင့်မတ် ၏။ ဘုရား သခင်သည် ငါ့ ကို အမှု ရှုံး စေတော်မူ၏။ 34:6 ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။ 34:7 ယောဘ နှင့် တူသော သူ တစုံတယောက်ရှိလိမ့်မည်လော။ ရေ ကို သောက်သကဲ့သို့ ကဲ့ရဲ့ ခြင်းကို မျို တတ်၏။ 34:8 မ တရားသဖြင့်ကျင့် သောသူတို့ နှင့် ပေါင်းဘော် ၍၊ လူဆိုး တို့နှင့် သွား လာတတ်၏။ 34:9 လူ သည်ဘုရား သခင်၌ မွေ့လျော် ၍၊ အကျိုး မ ရှိဟု ယောဘသည် ဆို မိပြီ။ 34:10 သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။ 34:11 လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။ 34:12 အကယ် စင်စစ်ဘုရား သခင်သည် ဒုစရိုက် ကို ပြုတော်မ မူ။ အနန္တ တန်ခိုးရှင်သည် မ တရားသဖြင့် စီရင် တော်မ မူ။ 34:13 မြေကြီး ကို ဘုရားသခင်၌ အဘယ်သူ အပ် သနည်း။ လောကဓါတ်လုံး ကို အဘယ်သူ စီရင်ပြုပြင် သနည်း။ 34:14 ဘုရားသခင်သည် လူကို အလို တော်မရှိ၍ ၊ လူ၏အသက် ဝိညာဉ် ကို ရုပ်သိမ်း တော်မူလျှင်၊ 34:15 ခပ်သိမ်း သော လူ သတ္တဝါတို့သည် ချက်ခြင်း သေ ပျောက်၍ မြေမှုန့် သို့ တဖန် ရောက်ရကြလိမ့်မည်။ 34:16 ယခု မှာသင်သည် ဉာဏ် ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့ စကား သံ ကို နားထောင် ဦးလော့။ 34:17 တရား ကို မုန်း သောသူသည် အစိုးရ ရမည်လော။ တရား သဖြင့် စီရင်၍ တန်ခိုး ကြီးသောသူကို အပြစ် တင်သင့်သလော။ 34:18 သင်သည်လူဆိုး ဖြစ်၏ဟု ရှင်ဘုရင် ကို ၎င်း၊ သင်တို့သည် အဓမ္မ လူဖြစ်ကြ၏ဟုမင်း တို့ကို ၎င်းဆို သင့် သလော ။ 34:19 ထိုမျှမက၊ မင်း တို့၏မျက်နှာ ကို ထောက် တော်မ မူ။ ဆင်းရဲ သောသူကို အားနာသည်ထက်၊ ရ တတ် သောသူကိုသာ၍အားနာ တော်မ မူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်း တော်မူပြီ။ 34:20 တခဏ ခြင်းတွင် သတ္တဝါတို့သည် သေ တတ်ကြ၏။ သန်းခေါင် အချိန်၌ လူမျိုး တစုံတမျိုး တုန်လှုပ် ကွယ်ပျောက် ၍၊ အားကြီး သောသူသော်လည်းအဘယ်သူမျှမ ပြု ဘဲ သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။ 34:21 အကြောင်း မူကား၊ လူ သွားရာလမ်း တို့ကို ဘုရားသခင် ကြည့်ရှု ၍၊ လူခြေရာ ရှိသမျှ တို့ကို မြင် တော်မူ၏။ 34:22 မ တရားသဖြင့် ကျင့် သောသူ၏ ပုန်းရှောင် ရာ မှောင်မိုက် ၊ သေမင်း အရိပ်တစုံတခုမျှမ ရှိ။ 34:23 ဘုရား သခင့်ရှေ့တော်၌ လူ သည် တရား တွေ့ သောအခါ ၊ အထပ်ထပ် စစ်ကြော တော်မူစရာ အကြောင်းမ ရှိ။ 34:24 အားကြီး သောသူတို့ကိုပင် မ စစ်ကြော ဘဲ ချိုးဖျက် ၍ ၊ သူ တို့အရာ ၌ အခြား သောသူကို ခန့်ထား တော်မူ၏။ 34:25 သို့ဖြစ်၍ သူ တို့ပြု သမျှကို သိ တော်မူသဖြင့် ၊ ညဉ့် မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီး တော်မူ၏။ 34:26 သူ တို့အပြစ် ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ၏။ 34:27 အကြောင်း မူကား၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ် ကြ၏။ ပြုတော်မူသောအမှု တို့ကို အလျှင်း မ ဆင်ခြင် ကြ။ 34:28 ထိုသို့ပြုသောကြောင့်ဆင်းရဲသား ငိုကြွေး သံသည် ရှေ့တော်သို့ တက်၍ ၊ ညှဉ်းဆဲ ခံရသောသူ၏ ငိုကြွေး သံကိုကြား တော်မူရ၏။ 34:29 ဘုရားသခင်သည်ချမ်းသာ ပေးတော်မူလျှင် အဘယ်သူ နှောင့်ရှက် နိုင်သနည်း။ မျက်နှာ လွှဲတော်မူလျှင် လူ တမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူ သည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။ 34:30 ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်းအဓမ္မ မင်းတို့ကို နှိမ့်ချတော်မူ၏။ 34:31 အကျွန်ုပ်သည် ဆုံးမ တော်မူခြင်းကိုခံရပါပြီ။ နောက်တဖန် မ ပြစ်မှား ပါ။ 34:32 အကျွန်ုပ်နား မ လည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက် ကို ပြု မိသည်ဖြစ်၍၊ နောက် တဖန် မ ပြုဘဲ နေပါမည်ဟု ဘုရား သခင်အား လျှောက်သင့် သည် မဟုတ်လော။ 34:33 သင်သည် ငြင်းပယ် သည်ဖြစ်စေ၊ ရွေးယူ သည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍ ၊ အလိုတော် သို့မ လိုက်ဘဲ အကျိုးအပြစ်ကိုပေး တော်မူရမည် လော ။ သို့ဖြစ်လျှင် နားလည် သည်အတိုင်း ပြော ပါ။ 34:34 ဉာဏ် ကောင်းသောသူ တို့ သည် စကားပြော ပါစေ။ ပညာ ရှိသောသူတို့ သည် ငါ့ စကားကို နားထောင် ပါစေ။ 34:35 ယောဘ သည် နား မ လည်ဘဲပြော မိပြီ။ သူ ပြော သောစကား သည် ပညာ စကားမ ဟုတ်။ 34:36 ယောဘ သည် မတရား သော သူ ကဲ့သို့ပြန်ပြော တတ်သောကြောင့် ၊ အဆုံး တိုင်အောင် စုံစမ်း စေခြင်းငှါ ငါအလိုရှိ ၏။ 34:37 ဒုစရိုက် ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ် ရှိသေး၏။ ငါ တို့တွင် အောင်ပွဲ ကိုခံ၍ ၊ ဘုရား သခင်ကို ပြစ်မှားသောစကား နှင့် များစွာ ပြော တတ်သည်ဟု မြွက်ဆို၏။