Nehemiah 12
12:1 ရှာလသေလ သား ဇေရုဗဗေလ နှင့် ယောရှု နောက် သို့ လိုက် လာ သော ယဇ်ပုရောဟိတ် ၊ လေဝိ သားဟူမူကား ၊ စရာယ ၊ ယေရမိ ၊ ဧဇရ၊
12:2 အာမရိ ၊ မလ္လုတ် ၊ ဟတ္တုတ်၊
12:3 ရှေခနိ ၊ ရေဟုံ ၊ မေရမုတ်၊
12:4 ဣဒေါ ၊ ဂိန္နေသုန် ၊ အဘိယ၊
12:5 မိညာမိန် ၊ မာဒျာ ၊ ဗိလဂ၊
12:6 ရှေမာယ ၊ ယောယရိပ် ၊ ယေဒါယ၊
12:7 သလ္လု ၊ အာမောက် ၊ ဟိလခိ ၊ ယေဒါယ တည်းဟူသောယောရှု လက်ထက် ၌ အမျိုးသား ချင်း ယဇ်ပုရောဟိတ် တို့တွင် အကြီး အကဲဖြစ်ကြ၏။
12:8 လေဝိ သားမူကား ယောရှု ၊ ဗိနွိ ၊ ကပ်မျေလ ၊ ရှေရဘိ ၊ ယုဒ ၊ ကျေးဇူး တော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့ နှင့်အတူ အုပ်သောမဿနိ တည်း။
12:9 သူ တို့ညီအစ်ကို ဗာကဗုကိ နှင့် ဥနိ တို့သည် ကင်း စောင့်အမှုကို အုပ်ရကြ၏။
12:10 ယောရှု သား ယောယကိမ် ၊ ယောယကိမ် သား ဧလျာရှိပ် ၊ ဧလျာရှိပ် သား ယောယဒ ၊
12:11 ယောယဒ သား ယောနသန် ၊ ယောနသန် သား ယာဒွါ တည်း။
12:12 ယောယကိန် လက်ထက် ၌ အဆွေအမျိုးသူကြီး ယဇ် ပုရောဟိတ်များဟူမူကား ၊ စရာယ သား မေရာယ ၊ ယေရမိ သား ဟာနနိ ၊
12:13 ဧဇရ သား မေရှုလံ ၊ အာမရိ သား ယောဟနန်၊
12:14 မလ္လုတ် သားယောနသန် ၊ ရှေခနိ သားယောသပ်၊
12:15 ဟာရိမ သား အာဒန ၊ မေရာယုတ် သား ဟေလကဲ ၊
12:16 ဣဒေါ သား ဇာခရိ ၊ ဂိန္နေသုန် သား မေရှုလံ၊
12:17 အဘိယ သား ဇိခရိ ၊ မိညာမိန် သား၊ မာဒျာ သား ပိလတဲ ၊
12:18 ဗိလဂ သား ရှမွာ ၊ ရှေမာယ သား ယေဟောနသန်၊
12:19 ယောယရိပ် သား မတ္တေနဲ ၊ ယေဒါယ သားဩဇိ၊
12:20 သလ္လု သား ကာလဲ ၊ အာမောက် သား ဧဗာ ၊
12:21 ဟိလခိ သား ဟာရှဘိ ၊ ယေဒါယ သား နာသနေလ တည်း။
12:22 ဧလျာရှိပ် ၊ ယောယဒ ၊ ယောဟနန် ၊ ယာဒွါ တို့ လက်ထက် ၌ လေဝိ သား အဆွေအမျိုးသူကြီး တို့ကို၎င်း၊ ပေရသိ မင်း ဒါရိ လက်ထက် တိုင်အောင် ယဇ် ပုရောဟိတ်တို့ကို၎င်း ၊ မှတ်သား သော စာရင်းရှိ၏။
12:23 ဧလျာရှိပ် သား ယောဟနန် လက်ထက် တိုင်အောင် လေဝိ သား အဆွေအမျိုးသူကြီး တို့ကို စာရင်း ယူ၍ ရာဇဝင် မှတ်စာ ၌ သွင်းသတည်း။
12:24 လေဝိ သားအကြီး အကဲ၊ ဟာရှဘိ ၊ ရှေရဘိ ၊ ကပ်မျေလ သား ယောရှု တို့သည် ညီအစ်ကို များနှင့် ဝိုင်း၍ ဘုရား သခင်၏ လူ ဒါဝိဒ် စီရင် သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်း ခြင်းအမှုကို အလှည့်လှည့် စောင့် ရကြ၏။
12:25 မဿနိ ၊ ဗာကဗုကိ ၊ ဩဗဒိ ၊ မေရှုလံ ၊ တာလမုန် ၊ အက္ကုပ် တို့သည်လည်း တံခါး ဝနား မှာ စောင့် ရသောတံခါး စောင့်ဖြစ်ကြ၏။
12:26 ထို သူတို့သည် ယောဇဒက် သား ယောရှု ၏သား ယောယကိန် လက်ထက် ၊ မြို့ဝန် နေဟမိ လက်ထက် ၊ ကျမ်းတတ် ယဇ်ပုရောဟိတ် ဧဇရ လက်ထက်၌ရှိကြ၏။
12:27 ယေရုရှလင် မြို့ရိုး ကို အနုမောဒနာ ပြုသောအခါ ၊ ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်လျက် သီချင်း ဆိုလျက် ဝမ်းမြောက် ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်းနှင့်တကွ အနုမောဒနာ ပြု အံ့သောငှါ လေဝိ သားတို့ကိုရှာ ၍ သူ တို့နေရာ အရပ်ရပ် တို့က ယေရုရှလင် မြို့သို့ ခေါ် ကြ၏။
12:28 ဓမ္မသီချင်းကို ဆို တတ်သောအမျိုးသား တို့သည်၊
12:29 ယေရုရှလင် မြို့ပတ်ဝန်းကျင် ရွာ တို့၌ နေရာ ကျ လျက်ရှိ၍၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် ၊ လွင်ပြင် အရပ် များ၊ နေတောဖာသိ ရွာ များ၊ ဂိလဂါလ မြို့နယ်၊ ဂေဗ နှင့် အာဇမာဝက် ကျေးလက် ထဲက လာ၍ စည်းဝေး ကြ၏။
12:30 ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည်လည်း၊ ကိုယ်ကို၎င်း၊ လူ များ၊ မြို့တံခါး ၊ မြို့ရိုး ကို၎င်း စင်ကြယ် စေကြ ၏။
12:31 ထိုအခါ ယုဒ မင်း တို့ကို မြို့ရိုး ပေါ် သို့ ငါခေါ် ၍၊ ချီးမွမ်း ရာသီချင်းဆိုရသော လူစုကြီး နှစ် စုကို ခန့် ထား၏။ တစုကားလက်ျာ ရစ်လှည့်၍ နောက်ချေး တံခါး သို့ မြို့ရိုး ပေါ် မှာ ရှောက် သွားကြ၏။
12:32 သူ တို့နောက် မှာ ဟောရှာယ နှင့် ယုဒ မင်း တဝက်၊
12:33 အာဇရိ ၊ ဧဇရ ၊ မေရှုလံ၊
12:34 ယုဒ ၊ ဗင်္ယာမိန် ၊ ရှေမာယ ၊ ယေရမိ၊
12:35 တံပိုး ကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့၊ အာသပ် ၊ ဇက္ကုရ ၊ မိက္ခါယ ၊ မဿနိ ၊ ရှေမာယ ၊ ယောနသန် တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊
12:36 သူ ၏ညီ ရှေမာယ ၊ အာဇရေလ ၊ မိလလဲ ၊ ဂိလလဲ ၊ မာဣ ၊ နာသနေလ ၊ ယုဒ ၊ ဟာနနိ တို့သည် ဘုရား သခင်၏ လူ ဒါဝိဒ် ၏ တုရိယာ မျိုးကို ကိုင်လျက် လိုက် ကြ၏။ ကျမ်းတတ် ဆရာ ဧဇရ သည် သူ တို့ရှေ့ မှာ သွား၏။
12:37 သူ တို့တစ်ဘက်တချက် ၌ ရှိသောစမ်း ရေတွင်း တံခါး သို့ ရောက်မှ မြို့ရိုး တက် ရာ၊ ဒါဝိဒ် မြို့ လှေကား ဖြင့် တက် ၍၊ ဒါဝိဒ် အိမ် တော်အထက် အရှေ့ မျက်နှာ၌ ရေ တံခါး တိုင်အောင် သွားကြ၏။
12:38 သီချင်း သည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါ နှင့်တဝက် သောလူ များတို့သည် မြို့ရိုး ပေါ် ၊ မီးဖို ပြအိုး မှ ကျယ် သောမြို့ရိုး တိုင်အောင် လိုက် ကြ၏။
12:39 ဧဖရိမ် တံခါး ၊ ဟောင်းသောတံခါး ၊ ငါး တံခါး ၊ ဟာနနေလ ပြအိုး ၊ မေအာ ပြအိုး အထက် မှစ၍သိုး တံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင် တံခါး ဝတွင် ရပ် နေကြ ၏။
12:40 တဖန် သီချင်း သည်နှစ် စုသည် ဘုရား သခင်အိမ် တော်တွင် ရပ်၍၊ တဝက် သော မင်း အရာရှိတို့သည် ငါ နှင့်အတူ၊
12:41 တံပိုး ကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ် ၊ မာသေယ ၊ မိညာမိန် ၊ မိက္ခါယ ၊ ဧလိဩနဲ ၊ ဇာခရိ ၊ ဟာနနိ နှင့်တကွ၊
12:42 မာသေယ ၊ ရှေမာယ ၊ ဧလာဇာ ၊ ဩဇိ ၊ ယောဟနန် ၊ မာလခိယ ၊ ဧလံ ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်း သည် တို့သည် ဆရာ ယေဇရာဟိ နှင့်တကွ အသံကိုလွှင့်၍ ဆို ကြ၏။
12:43 ထို နေ့ ၌ များ စွာသော ယဇ် တို့ကို ပူဇော် ကြ၏။ အလွန် ဝမ်းမြောက် သောအခွင့်ကို ဘုရား သခင်ပေးတော်မူသောကြောင့်၊ သား မယား နှင့်တကွ ဝမ်းမြောက် ခြင်းကို ပြု၍ ယေရုရှလင် မြို့ ဝမ်းမြောက် သံကို ဝေး သောအရပ်၌ ကြား ရကြ၏။
12:44 ထိုအခါ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် အမှုတော်ကို စောင့် လျက်နေသောကြောင့်၊ ယုဒ အမျိုးသားတို့သည် အားရဝမ်းမြောက် ကြသည်ဖြစ်၍ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားခံအပ်သော ပူဇော် သက္ကာ၊ အဦး သီးသောအသီး၊ ဆယ် ဘို့တဘို့ကို မြို့နယ် ကျေးလက် ထဲက သိမ်းယူ ၍၊ သို ထားစရာဘဏ္ဍာ တိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့် ထားကြ၏။
12:45 သီချင်း သည်နှင့် တံခါး စောင့်တို့သည်လည်း၊ ဒါဝိဒ် နှင့် သား တော် ရှောလမုန် စီရင် သည်အတိုင်း ၊ သူ တို့ ဘုရား သခင်အမှု နှင့် စင်ကြယ် ခြင်းအမှု ကို စောင့်ရှောက် လျက် နေကြ၏။
12:46 ရှေး ကာလ၊ ဒါဝိဒ် နှင့် အာသပ် လက်ထက် ၌ ၊ ဘုရား သခင်၏ ဂုဏ်ကျေးဇူး တော်ချီးမွမ်း ရာ သီချင်း ကို ဆို ရသောသူ အကြီး အကဲရှိကြ၏။
12:47 ဇေရုဗဗေလ နှင့် နေဟမိ လက်ထက် ၌ လည်း ၊ ဣသရေလ လူ အပေါင်း တို့သည် နေ့ ရက်အစဉ်အတိုင်းသီချင်း သည်၊ တံခါး စောင့်ခံအပ်သော စားစရာရိက္ခါကို၎င်း၊ လေဝိ သားတို့အား သန့်ရှင်း သော အရာတို့ကို၎င်း လှူကြ၏။ လေဝိ သားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူ ကြ၏။