1 Chronicles 1
1:1 အာဒံ၊ ရှေသ၊ ဧနုတ်၊
1:2 ကာဣနန်၊ မဟာလေလ၊ ယာရက်၊
1:3 ဧနောက်၊ မသုရှလ၊ လာမက်၊
1:4 နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။
1:5 ယာဖက်သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗာလ၊ မေရှက၊ တိရတ်တည်း။
1:6 ဂေါမာသားကား အာရှကေနတ်၊ ရိဖတ်၊ တောဂါမတည်း။
1:7 ယာဝန်သားကား ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒါနိမ်တည်း။
1:8 ဟာမသားကား ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။
1:9 ကုရှသားကား သေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား ရှေဘ၊ ဒေဒန်တည်း။
1:10 ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသူသည် မြေကြီးပေါ်မှာ အားကြီးသောမုဆိုးဖြစ်၏။
1:11 မိဇရိမ်သားကား လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊
1:12 ပါသရုသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ်လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း။
1:13 ခါနာန်သားအကြီးကား ဇိဒုန်၊ ထိုနောက်ဟေသ၊
1:14 ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊
1:15 ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊
1:16 အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူ ဖြစ်သတည်း။
1:17 ရှေမသားကား ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
1:18 အာဖာဇဒ်သားကား ရှာလ၊ ရှာလသားကား ဟေဗာတည်း။
1:19 ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတစ်ယောက်ကား ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ၏လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား ယုတ္တန်အမည်ရှိ၏။
1:20 ယုတ္တန်သားကား အာလမောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
1:21 ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
1:22 ဩဗာလ၊ အဘိမေလ၊ ရှေဘ၊
1:23 ဩဖိရ၊ ဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်ကြသတည်း။
1:24 ရှေမ၊ အာဖာဇဒ်၊ ရှာလ၊
1:25 ဟေဗာ၊ ဖာလက်၊ ရာဂေါ၊
1:26 စေရောက်၊ နာခေါ်၊ တေရ၊
1:27 အာဗြဟံအမည်ရှိသော အာဗြံတည်း။
1:28 အာဗြဟံသားကား ဣဇာက်နှင့် ဣရှမေလတည်း။
1:29 ဣရှမေလသားအကြီးကား နဗာယုတ်၊ နဗာယုတ်ညီ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
1:30 မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊
1:31 ယေတုရ၊ နာဖီရှ၊ ကေဒမာတည်းဟူသော ဣရှမေလသားတည်း။
1:32 အာဗြဟံမယားနှောင်း ကေတုရသားကား ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်၊ ရှုအာတည်း။ ယုတ်ရှန်သားကား ရှာဘနှင့် ဒေဒန်တည်း။
1:33 မိဒျန်သားကား ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒါဧလဓာတည်းဟူသော ကေတုရသားမြေးတည်း။
1:34 အာဗြဟံသားကား ဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။
1:35 ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။
1:36 ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမလက်တည်း။
1:37 ရွေလသားကား နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။
1:38 စိရသားကား လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။
1:39 လောတန်သားကား ဟောရိနှင့် ဟေမံတည်း။ လောတန်နှမကား တိမနတည်း။
1:40 ရှောဗလသားကား အာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖော၊ ဩနံတည်း။ ဇိဘောင်သားကား အာယနှင့် အာနတည်း။
1:41 အာနသားကား ဒိရှုန်၊ ဒိရှုန်သားကား ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
1:42 ဧဇာသားကား ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ ဒိရှန်သားကား ဥဇနှင့် အာရန်တည်း။
1:43 ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမီ ဧဒုံပြည်၌ အစိုးရသောမင်းကြီးဟူမူကား၊ ဗောရသားဗေလသည် ဒိန္နာဗာမြို့၌ မင်းပြု၏။
1:44 ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ်သား ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။
1:45 ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိအရပ်သား ဟုရှံသည်မင်းပြုလေ၏။
1:46 ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။
1:47 ဟာဒဒ်မင်းသေ၍ သူ၏အရာ၌ မာသရက်အရပ်သား စာမလသည်မင်းပြုလေ၏။
1:48 စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည်မင်းပြုလေ၏။
1:49 ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။
1:50 ဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကားပေါမြို့တည်း။ မြောက်သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ၏သမီး မဟေတဗေလတည်း။
1:51 ဟာဒါမင်းသေသောနောက် ဧဒုံပြည်၌ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
1:52 ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
1:53 ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇ၊
1:54 ဗိုလ်မာဂဒေလ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း။