1 Chronicles 2
2:1 ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
2:2 ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
2:3 ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင်မြင်သောသားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
2:4 ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။
2:5 ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
2:6 ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။
2:7 ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲအပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုးကိုနှောင့်ယှက်သော အာခန်တည်း။
2:8 ဧသန်သားကား အဇရိတည်း။
2:9 ဟေဇရုံမြင်သောသားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
2:10 အာရံသားကား အမိနဒပ်၊ အမိနဒပ်သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်သော နာရှုန်တည်း။
2:11 နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊
2:12 ဗောဇသားဩဗက်၊ ဩဗက်သားယေရှဲတည်း။
2:13 ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊
2:14 စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊
2:15 ဆဋ္ဌမသား ဩဇင်၊ သတ္တမသား ဧလိဟု၊ အဋ္ဌမသား ဒါဝိဒ်တည်း။
2:16 သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။
2:17 အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုး ယေသာတည်း။
2:18 ဟေဇရုံသားကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။
2:19 အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။
2:20 ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေလတည်း။
2:21 ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘ မာခိရ၏သမီးနှင့် စုံဖက်၍ စေဂုပ်ကိုမြင်လေ၏။
2:22 စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။
2:23 ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
2:24 ဟေဇရုံသည် ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယားအဘိသည် သူ၏သားအာရှုရကို ဖွားမြင်၏။ အာရှုရသားကား တေကောတည်း။
2:25 ဟေဇရုံ၏ သားဦးယေရမေလသားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
2:26 အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။
2:27 ယေရမေလ၏သားဦး အာရံသားကား မာဇ၊ ယာမိန်၊ ဧကာတည်း။
2:28 ဩနံသားကား ရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသားကား နာဒပ်နှင့် အဘိရှုရတည်း။
2:29 အဘိဟဲလအမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဖွားမြင်၏။
2:30 နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌ သားမရှိ။
2:31 အပ္ပိမ်သားကား ဣရှိ၊ ဣရှိသား ရှေရှန်၊ ရှေရှန်သား အာလဲတည်း။
2:32 ရှမ္မဲညီယာဒသားကား ယေသာနှင့် ယောနသန်တည်း။ ယေသာ၌ သားမရှိ။
2:33 ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
2:34 ရှေရှန်၌ သားမရှိ။ သမီးသက်သက် ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျားတစ်ယောက်ရှိ၍၊
2:35 ထိုကျွန်နှင့် သမီးတစ်ယောက်ကို ပေးစားသဖြင့် သမီးသည် အဘဖို့ သားအတ္တဲကို ဖွားမြင်၏။
2:36 အတ္တဲသားကား နာသန်၊ နာသန်သား ဇာဗဒ်၊
2:37 ဇာဗဒ်သား ဧဖလလ၊ ဧဖလလသားဩဗက်၊
2:38 ဩဗက်သား ယေဟု၊ ယေဟုသား အာဇရိတည်း။
2:39 အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊
2:40 ဧလာသသား သိသမဲ၊ သိသမဲသား ရှလ္လုံ၊
2:41 ရှလ္လုံသား ယေကမိ၊ ယေကမိသား ဧလိရှမာတည်း။
2:42 ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသား ဇိဖ၊ ဇိဖသား မရေရှ၊ မရေရှသား ဟေဗြုန်၊
2:43 ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမတည်း။
2:44 ရှေမသားကား ရာဟံ၊ ရာဟံသား ယော်ကောင်တည်း။ ရေကင်သားကား ရှမ္မဲ၊
2:45 ရှမ္မဲသား မောန၊ မောနသား ဗက်ဇုရတည်း။
2:46 ကာလက်မယားငယ်သည်လည်း ဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဖွားမြင်၏။ ဟာရန်သားကား ယာဒဲတည်း။
2:47 ယာဒဲသားကား ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖတည်း။
2:48 ကာလက်မယားငယ် မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကိုလည်းကောင်း၊
2:49 မာဒမေနအဘ ရှာဖ၊ မာခဗေနအဘ ရှေဝ၊ ဂိအာအဘကိုလည်းကောင်း ဖွားမြင်၏။ ကာလက်သမီးကား အာခသတည်း။
2:50 ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက်သားကား ကိရယတ်ယာရိမ်အဘ ရှောဗာလ၊
2:51 ဗက်လင်အဘ စလမ၊ ဗက်ဂါဒါအဘ ဟာရပ်တည်း။
2:52 ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူကား၊ ဟာရောနှင့် မနဟေသိ အမျိုးတစ်ပိုင်း၊
2:53 ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဇာရာသိလူနှင့် ဧရှတောလိလူ ဖြစ်သတည်း။
2:54 စလမသားဟူမူကား၊ ဗက်လင်နှင့် နေတောဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတစ်ပိုင်း၊ ဇောရိလူ၊
2:55 ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏အဘ ဟေမတ်မှ ဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။