1 Chronicles 24
24:1 အာရုန်အမျိုးသား အသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။
24:2 နာဒပ်နှင့်အဘိဟုသည် သားမရှိ။ အဘလက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာသည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။
24:3 ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာအမျိုး အဟိမလက်ကို အသီးအသီးဆောင်သင့်သည်အတိုင်း ခန့်ထားလေ၏။
24:4 ဣသမာအမျိုး အကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေအမျိုးအလိုက် အကြီးအကဲ တစ်ကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက်တို့ကို အသီးအသီး ခွဲခန့်လေ၏။
24:5 စာရေးတံပြုလျက် အသီးအခြားခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏ အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။
24:6 လေဝိအမျိုး နာသနေလသား စာရေးတော်ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုးသူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊
24:7 ပထမသူ ယောယာရိပ်၊ ဒုတိယသူ ယေဒါယ၊
24:8 တတိယသူ ဟာရိမ်၊ စတုတ္ထသူ စောရိမ်၊
24:9 ပဥ္စမသူ မာလခိယ၊ ဆဋ္ဌမသူ မိယမိန်၊
24:10 သတ္တမသူ ဟက္ကုတ်၊ အဋ္ဌမသူ အဘိယ၊
24:11 နဝမသူ ယေရွှာ၊ ဒသမသူ ရှေကနိ၊
24:12 ဧကဒသမသူ ဧလျာရှိပ်၊ ဒွါဒသမသူ ယာကိမ်၊
24:13 တစ်ကျိပ်သုံးယောက် မြောက်သောသူ ဟုပ္ပ၊ တစ်ကျိပ်လေးယောက် မြောက်သောသူ ယေရှေဗပ်၊
24:14 တစ်ကျိပ်ငါးယောက် မြောက်သောသူ ဗိလဂ၊ တစ်ကျိပ်ခြောက်ယောက် မြောက်သောသူ ဣမ္မေရ၊
24:15 တစ်ကျိပ်ခုနစ်ယောက် မြောက်သောသူ ဟေဇိရ၊ တစ်ကျိပ်ရှစ်ယောက် မြောက်သောသူ အပ်ဇဇ်၊
24:16 တစ်ကျိပ်ကိုးယောက် မြောက်သောသူ ပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊
24:17 နှစ်ကျိပ်တစ်ယောက် မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက် မြောက်သောသူ ဂါမုလ၊
24:18 နှစ်ကျိပ်သုံးယောက် မြောက်သောသူ ဒေလာယ၊ နှစ်ကျိပ်လေးယောက် မြောက်သောသူ မာဇိတည်း။
24:19 ထိုသို့ သူတို့အဘအာရုန်အား ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘအာရုန်စီရင်သည်အတိုင်း သူတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ခွဲခန့်ခြင်းရှိသတည်း။
24:20 ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံသားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
24:21 ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊
24:23 ဟေဗြုန်သားစုတွင် သားအကြီး ယေရိ၊ ဒုတိယသား အာမရိ၊ တတိယသား ယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
24:24 ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊
24:25 မိက္ခာညီ ဣရှယာသားစုတွင် ဇာခရိတည်း။
24:26 မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊
24:27 မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။
24:28 မဟာလိသားဧလာဇာ၌ သားမရှိ။
24:29 ကိရှသားကား ယေရမေလတည်း။
24:30 မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုးသားတည်း။
24:31 ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်အစရှိသော ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုး သူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသားတို့ တစ်ဖက်တစ်ချက် အလှည့်လှည့် စာရေးတံပြုကြ၏။