1 Chronicles 25
25:1 ထိုမှတစ်ပါး အာသပ်၊ ဟေမန်၊ ယေဒုသုန်သားတို့နှင့်အတူဝိုင်း၍ စောင်း၊ တယော၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဖို့၊ ဒါဝိဒ်နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့်သောသူတို့ စာရင်းဟူမူကား၊
25:2 အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစ်စု၊ သူတို့သည် ရှင်ဘုရင်စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
25:3 ယေဒုသုန်သား ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြချီးမွမ်းခြင်းငှာ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။
25:4 ဟေမန်သား ဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ်တည်းဟူသော၊
25:5 ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရားသခင်၏တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သား ဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတစ်ကျိပ်လေးယောက်နှင့် သမီးသုံးယောက်တို့ကို ပေးတော်မူ၏။
25:6 ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏ အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။
25:7 ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍လေ့ကျက်သော ညီအစ်ကိုပေါင်းကား နှစ်ရာရှစ်ကျိပ်ရှစ်ယောက်တည်း။
25:8 ထိုသူတို့သည် အကြီးအငယ် ဆရာတပည့်ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊
25:9 ပထမသူကား၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း။ ဒုတိယသူ ဂေဒလိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:10 တတိယသူ ဇက္ကုရ၊ သူနှင့် သူ၏သားညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:11 စတုတ္ထသူ ဣဇရိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:12 ပဥ္စမသူနေသနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:13 ဆဋ္ဌမသူ ဗုက္ကိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:14 သတ္တမသူ ယေရှရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:15 အဋ္ဌမသူ ယေရှာယ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:16 နဝမသူ မတ္တနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:17 ဒသမသူ ရှိမိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:18 ဧကဒသမသူ အာရေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:19 ဒွါဒသမသူ ဟာရှဘိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:20 တစ်ကျိပ်သုံးယောက် မြောက်သောသူ ရှေဗွေလ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:21 တစ်ကျိပ်လေးယောက် မြောက်သောသူ မတ္တိသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:22 တစ်ကျိပ်ငါးယောက် မြောက်သောသူ ယေရမုတ်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:23 တစ်ကျိပ်ခြောက်ယောက် မြောက်သောသူဟာနနိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:24 တစ်ကျိပ်ခုနစ်ယောက် မြောက်သောသူ ယောရှဗေကရှ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:25 တစ်ကျိပ်ရှစ်ယောက် မြောက်သောသူ ဟာနန်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:26 တစ်ကျိပ်ကိုးယောက် မြောက်သောသူ မလ္လောသိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:27 နှစ်ကျိပ်မြောက်သောသူ ဧလျာသာ၊ သူနှင့်သူ၏ သားညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:28 နှစ်ကျိပ်တစ်ယောက် မြောက်သောသူ ဟောသိရ၊ သူနှင့်သူ၏သားညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:29 နှစ်ကျိပ်နှစ်ယောက် မြောက်သောသူ ဂိဒ္ဒါလတိ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:30 နှစ်ကျိပ်သုံးယောက် မြောက်သောသူ မဟာဇယုတ်၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။
25:31 နှစ်ကျိပ်လေးယောက် မြောက်သောသူ ရောမန္တေဇာ၊ သူနှင့်သူ၏သား ညီပေါင်းကား တစ်ကျိပ်နှစ်ယောက်တည်း။