1 Chronicles 3
3:1 ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။
3:2 တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲသမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။
3:3 ပဥ္စမသားကား၊ အဘိတလ၏သား ရှေဖတိတည်း။ ဆဋ္ဌမသားကား၊ မြောက်သားတော် ဧဂလတွင်မြင်သောသား ဣသရံတည်း။
3:4 ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့် ခြောက်လ မင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။
3:5 ယေရုရှလင်မြို့၌ မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလသမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။
3:6 ထိုမှတစ်ပါး၊ ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊
3:7 နောဂ၊ နေဖက်၊ ယာဖျာ၊
3:8 ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်၊ ပေါင်းကိုးယောက်တည်း။
3:9 ဤရွေ့ကား မယားငယ်တွင် ရသောသားတို့ကိုမဆိုဘဲ ဒါဝိဒ်၏သားများတည်း။ နှမတာမာလည်းရှိ၏။
3:10 ရှောလမုန်သားကား ရောဗောင်၊ ရောဗောင်သား အဘိယ၊ အဘိယသား ယောရှဖတ်၊
3:11 ယောရှဖတ်သား ယောရံ၊ ယောရံသားအာခဇိ၊ အာခဇိသား ယောရှ၊
3:12 ယောရှသား အာမဇိ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊
3:13 ယောသံသား အာခတ်၊ အာခတ်သား ဟေဇကိ၊ ဟေဇကိသား မနာရှေ၊
3:14 မနာရှေသား အာမုန်၊ အာမုန်သား ယောရှိတည်း။
3:15 ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသား ဇေဒကိ၊ စတုတ္ထသား ရှလ္လုံတည်း။
3:16 ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိတည်း။
3:17 အကျဉ်းခံရသော ယေခေါနိသားကား ရှာလသေလ၊
3:18 မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတည်း။
3:19 ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိတည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမရှေလောမိတ်နှင့်တကွ၊
3:20 ဟရှုဘ၊ ဩဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်၊ ပေါင်းငါးယောက်တည်း။
3:21 ဟာနနိသားကား ပေလတိနှင့် ယေရှာယတည်း။ ယေရှာယသားကား၊ ရေဖာယ၊ ရေဖာယသား အာနန်၊ အာနန်သား ဩဗဒိ၊ ဩဗဒိသားရှေခနိ၊
3:22 ရှေခနိသား ရှေမာယတည်း။ ရှေမာယသားကား ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်၊ ပေါင်းခြောက်ယောက်တည်း။
3:23 နာရိသားကား ဧလိဩနဲ၊ ဟေဇကိ၊ အာဇရိကံ၊ ပေါင်းသုံးယောက်တည်း။
3:24 ဧလျောနဲသားကား ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ၊ ပေါင်းခုနစ်ယောက်တည်း။