1 Chronicles 6
6:1 လေဝိသားကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။
6:2 ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
6:3 အာမရံသားကား အာရုန်၊ မောရှေ၊ မိရိအံတည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
6:4 ဧလာဇာသားကား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊ မေရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊
6:8 အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်၊
6:9 အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။
6:10 ယောဟန်သားကား၊ ယေရုရှလင်မြို့မှာ ရှောလမုန်တည်သော ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း။
6:11 အာဇရိသားကား အာမရိ၊ အာမရိသားအဟိတုပ်၊
6:12 အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားရှလ္လုံ၊
6:13 ရှလ္လုံသား ဟိလခိ၊ ဟိလခိသားအာဇရိ၊
6:14 အာဇရိသား စရာယ၊ စရာယသားယောဇဒက်တည်း။
6:15 ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။
6:16 လေဝိသား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တွင်၊
6:17 ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း။
6:18 ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
6:19 မေရာရိသားကား မဟာလိနှင့် မုရှိတည်းဟူသော လေဝိအဆွေအမျိုးအသီးအသီး ဖြစ်သတည်း။
6:20 ဂေရရှုံသားကား လိဗနိ၊ လိဗနိသား ယာဟတ်၊ ယာဟတ်သား ဇိမ္မ၊
6:21 ဇိမ္မသား ယောအာ၊ ယောအာသား ဣဒ္ဒေါ၊ ဣဒေါသား ဇေရ၊ ဇေရသား ယာတရဲတည်း။
6:22 ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ်၊ အမိနဒပ်သား ကောရ၊ ကောရသား အဿိရ၊
6:23 အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ်သား အဿိရ၊
6:24 အဿိရသား တာဟတ်၊ တာဟတ်သား ဥရေလ၊ ဥရေလသား ဩဇိ၊ ဩဇိသား ရှောလ၊
6:25 ရှောလသား ဧလကာန၊ ဧလကာနသား အာမသဲနှင့် အဟိမုတ်၊
6:26 အာမသဲသား ဇောဖဲ၊ ဇောဖဲသား နာဟတ်၊
6:27 နာဟတ်သား ဧလျာဘ၊ ဧလျာဘသား ယေရောဟံ၊ ယေရောဟံသား ဧလကာန၊ ဧလကာနသား ရှမွေလတည်း။
6:28 ရှမွေလသားဦးကား ယောလ၊ ဒုတိယသား အဘိယတည်း။
6:29 မေရာရိသားကား မဟာလိ၊ မဟာလိသား လိဗနိ၊ လိဗနိသား ရှိမိ၊ ရှိမိသား ဩဇ၊
6:30 ဩဇသား ရှိမာ၊ ရှိမာသား ဟဂ္ဂျာ၊ ဟဂ္ဂျာသား အသာယတည်း။
6:31 ထာဝရဘုရား၏ သေတ္တာတော်သည် ငြိမ်ဝပ်သောအခါ၊ အိမ်တော်၌ သီချင်းဆိုရာအမှုတော်ကို စောင့်စေခြင်းငှာ၊ ဒါဝိဒ်မင်းခန့်ထားသောသူတို့သည်၊
6:32 ယေရုရှလင်မြို့၌ ဗိမာန်တော်ကို ရှောလမုန်မတည်မီ ကာလပတ်လုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တည်ရာအရပ်၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ၏။ ဗိမာန်တော်ကိုတည်ပြီးသောနောက်၊ မိမိတို့အလှည့်အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ၏။
6:33 ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ်မြေးဆက် ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တစ်ပါး၊
6:39 လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန် လက်ယာဘက်မှာ နေရာရှိသော အပေါင်းအဖော် အာသပ်တစ်ပါး၊
6:44 လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှဆင်းသက်သော ဧသန်တစ်ပါးမှစ၍ လက်ဝဲဘက်မှာနေရာရှိသော အပေါင်းအဖော်၊ မေရာရိအမျိုးသားများတည်း။
6:48 သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။
6:49 အာရုန်နှင့် သူ၏သားစဉ်မြေးဆက် မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။
6:50 အာရုန်၏သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊
6:51 အဘိရွှသား ဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊
6:52 ဇေရဟိသား မရာယုတ်၊ မရာယုတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊
6:53 အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား အဟိမတ်တည်း။
6:54 အာရုန်၏သားမြေးဖြစ်သော ကောဟတ်အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့် ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊
6:55 ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ၏။
6:56 သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည် ရ၏။
6:57 ပြေး၍မှီခိုရာ ဟေဗြုန်မြို့မှတစ်ပါး၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊
6:58 ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
6:59 အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:60 ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ အာရုန်၏သားမြေးတို့သည် အဆွေအမျိုးအလိုက်ရ၍၊ မြို့ပေါင်းကား တစ်ဆယ်သုံးမြို့တည်း။
6:61 ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။
6:62 ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တစ်ဆယ်သုံးမြို့တို့ကို ရကြ၏။
6:63 မေရာရိသား အဆွေအမျိုးတို့သည် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက မြို့တစ်ဆယ်နှစ်မြို့တို့ကို ရကြ၏။
6:64 ဤမည်သောမြို့တို့ကို မြို့နယ်နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ၏။
6:65 အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု၍၊ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲက ပေးကြ၏။
6:66 ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်း၊
6:67 ပြေး၍ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။
6:68 ထိုမှတစ်ပါး၊ ဂေဇာမြို့နှင့် မြို့နယ်၊ ယောကမံမြို့နှင့် မြို့နယ်၊ ဗက်ဟောရုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:69 ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗသုန်မြို့နှင့် မြို့နယ်၊ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:70 မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့် မြို့နယ်၊ ဗိလံမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ၏။
6:71 ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ်၊ အာရှတရုတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:72 ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့် မြို့နယ်၊ ဒါဗရတ်မြို့နှင့် မြို့နယ်၊
6:73 ရာမုတ်မြို့နှင့် မြို့နယ်၊ အာနင်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:74 အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ်၊ အာဗဒုန်မြို့နှင့် မြို့နယ်၊
6:75 ဟုကုတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:76 နဿလိခရိုင်ထဲက ဂါလိလဲပြည် ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုန်မြို့နှင့် မြို့နယ်၊ ကိရယသိမ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။
6:77 ကြွင်းသော မေရာရိသားတို့အားလည်း၊ ဇာဗုလုန်ခရိုင်ထဲက ရိမ္မုန်မြို့နှင့် မြို့နယ်၊ တာဗော်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:78 ယေရိခေါမြို့အရှေ့၊ ယော်ဒန်မြစ်တစ်ဖက်၊ ရုဗင်ခရိုင်ထဲက တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယာဇမြို့နှင့် မြို့နယ်၊
6:79 ကေဒမုတ်မြို့နှင့် မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း၊
6:80 ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊
6:81 ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တို့ကိုလည်းကောင်း ပေးကြ၏။