1 Chronicles 7
7:1 ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
7:2 တောလသားကား တောလအဆွေအမျိုး သူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက် နှစ်သောင်း နှစ်ထောင်ခြောက်ရာရှိသတည်း။
7:3 ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် အကြီးအကဲဖြစ်ကြ၏။
7:4 သူတို့၌ သားမယားများသောကြောင့်၊ အဆွေအမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်းခြောက်ထောင်ရှိကြ၏။
7:5 သူတို့ညီအစ်ကို ဣသခါ အဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင်ရှိကြ၏။
7:6 ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။
7:7 ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက်စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်းနှစ်ထောင် သုံးဆယ်လေးယောက်ရှိကြ၏။
7:8 ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။
7:9 သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီးအသီးအလိုက်၊ ခွန်အားကြီးသောသူရဲ နှစ်သောင်းနှစ်ရာ ရှိကြ၏။
7:10 ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။
7:11 အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူရဲ တစ်သောင်းခုနစ်ထောင်နှစ်ရာ ရှိကြ၏။
7:12 ထိုမှတစ်ပါး၊ ရှုပိမ်၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
7:13 နဿလိသည် ဗိလဟာတွင်မြင်သောသားကား၊ ယာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
7:14 မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘ မာခိရတည်း။
7:15 မာခိရသည် မာခါအမည်ရှိသောဟုပိမ်နှင့် ရှုပိ၏နှမနှင့် စုံဖက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည် ရှိ၏။ ဇလောဖတ်၌ သမီးသက်သက်ရှိ၏။
7:16 မာခိရမယားမာခါသည် သားကိုဖွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
7:17 ဥလံသားကား ဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏သား ဂိလဒ်အမျိုးအနွယ်တည်း။
7:18 သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဖွားမြင်၏။
7:19 ရှမိဒသားကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
7:20 ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊
7:21 တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတစ်ပါး၊ ဧဖရိမ်သား ဧဇာနှင့် ဧလဒ်တို့သည် ထိုပြည်၌မွေးဖွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
7:22 အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ်မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့်စေခြင်းငှာ လာကြ၏။
7:23 နောက်တစ်ဖန် မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဗေရိယအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
7:24 သမီးရှေရကား အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသောသူဖြစ်၏။
7:25 သူ၏သားကား ရေဖ၊ သူ၏သား ရေရှပ်၊ သူ၏သားတေလ၊ သူ၏သား တာဟန်၊
7:26 သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏သား ဧလိရှမာ၊
7:27 သူ၏သား နုန်၊ သူ၏သား ယောရှုတည်း။
7:28 သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလမြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက်ဘက်၌ ဂေဇာမြို့နှင့် ကျေးလက်၊ ရှေခင်မြို့နှင့် ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊
7:29 မနာရှေအမျိုးသား နေရာအနားမှာ ဗက်ရှန်မြို့နှင့် ကျေးလက်၊ တာနက်မြို့နှင့် ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့် ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့သည် နေရာကျကြ၏။
7:30 အာရှာသားကား ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။
7:31 ဗေရိယသားကား ဟေဗာနှင့် မာလကျေလတည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
7:32 ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမရှုအာတည်း။
7:33 ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။
7:34 ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။
7:35 သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။
7:36 ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊
7:37 ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတည်း။
7:38 ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။
7:39 ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။
7:40 ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေအမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက် စာရင်းဝင်၍ စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ၏။