Psalms 134
134:1 ထာဝရဘုရား၏အိမ်တော်၌ ညဉ့်ယံစောင့်သော ထာဝရဘုရား၏ကျွန်တော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
134:2 သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
134:3 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က၊ သင့်ကို ကောင်းချီးပေးတော်မူပါစေသော။