Library · my

Numbers 1

1:1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 1:2 သင်​နှင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​တို့​တွင်၊ အ​သက်​နှစ်​ဆယ်​လွန်၍၊ 1:3 စစ်​တိုက်​နိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​ကို သူ​တို့​အ​ဆွေ​အ​မျိုး အ​သီး​အသီး​အ​လိုက်​စာ​ရင်း​ယူ​လျက်၊ တပ်​ခင်း​ကျင်း၍ ရေ​တွက်​လော့။ 1:4 အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တစ်​ယောက်​စီ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ သူ​ကြီး​ဖြစ်​သော​လူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​ကြ​မည်။ 1:5 သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး၊ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ။ 1:6 ရှိ​မောင်​အ​မျိုး၊ ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ။ 1:7 ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်။ 1:8 ဣ​သ​ခါ​အ​မျိုး ဇု​အာ​သား​နာ​သ​နေ​လ။ 1:9 ဇာ​ဗု​လုန်​အ​မျိုး၊ ဟေ​လုန်​သား​ဧ​လျာ​ဘ။ 1:10 ယော​သပ်​သား​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ၊ မ​နာ​ရှေ​အ​မျိုး၊ ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ။ 1:11 ဗင်္ယာ​မိန်​အ​မျိုး၊ ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်။ 1:12 ဒန်​အ​မျိုး၊ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ။ 1:13 အာ​ရှာ​အ​မျိုး၊ ဩ​က​ရန်​သား​ပါ​ဂျေ​လ။ 1:14 ဂဒ်​အ​မျိုး၊ ဒွေ​လ​သား​ဧ​လျာ​သပ်၊ 1:15 နဿ​လိ​အ​မျိုး၊ ဧ​နန်​သား​အ​ဟိ​ရ​တည်း။ 1:16 ဤ​သူ​တို့​သည် ပ​ရိ​သတ်​တွင်​ကျော်​စော​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​ရ​သော​သူ ဖြစ်​ကြ​သ​တည်း။ 1:17 ထို​သို့​နာ​မည်​ဖြင့်​ရွေး​တော်​မူ​သော ထို​သူ​တို့​ကို၊ မော​ရှေ​နှင့်​အာ​ရုန်​သည် ခေါ်၍၊ 1:18 ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​အ​ပေါင်း​ကို​စည်း​ဝေး​စေ​ပြီး​မှ၊ အ​ဆွေ​အ​မျိုး​စာ​ရင်း​ကို​ဖော်​ပြ၍ အ​နှစ်​နှစ်​ဆယ်​လွန်​သော​သူ​တို့၏ နာ​မည်​ပေါင်း​ကို​မှတ်​သ​ဖြင့်၊ 1:19 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​လေ၏။ 1:20 ဣ​သ​ရေ​လ၏​သား​ဦး၊ ရု​ဗင်၏​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:21 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​ကြ၏။ 1:22 ရှိ​မောင်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:23 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​ကိုး​ထောင်​သုံး​ရာ ရှိ​ကြ၏။ 1:24 ဂဒ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:25 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။ 1:26 ယု​ဒ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:27 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​ကြ၏။ 1:28 ဣ​သ​ခါ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:29 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​လေး​ထောင်​လေး​ရာ ရှိ​ကြ၏။ 1:30 ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:31 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​ခု​နစ်​ထောင်​လေး​ရာ ရှိ​ကြ၏။ 1:32 ယော​သပ်​မှ​ဆင်း​သက်​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:33 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ရာ​ရှိ​ကြ၏။ 1:34 မ​နာ​ရှေ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:35 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း သုံး​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​ကြ၏။ 1:36 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:37 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း သုံး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​ကြ၏။ 1:38 ဒန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:39 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခြောက်​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​ကြ၏။ 1:40 အာ​ရှာ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:41 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​တစ်​ထောင်​ငါး​ရာ ရှိ​ကြ၏။ 1:42 နဿ​လိ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 1:43 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​ကြ၏။ 1:44 ထို​သို့​မော​ရှေ​နှင့် အာ​ရုန်​အ​စ​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော မင်း​ဆယ်​နှစ်​ပါး​တို့​သည် 1:45 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​ယူ​သည်​အ​တိုင်း၊ 1:46 အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​လူ​ပေါင်း​ကား ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။ 1:47 လေ​ဝိ​သား​တို့​သည်၊ ဘိုး​ဘ​အ​မျိုး​အ​လိုက် စာ​ရင်း​မ​ဝင်​ရ​သည်​အ​မှု​မှာ၊ 1:48 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား 1:49 လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော၍​မ​ရေ​တွက်​ရ။ စာ​ရင်း​ထဲ၌​မ​သွင်း​ရ။ 1:50 လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။ 1:51 တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ 1:52 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တပ်​ချ​သော​အ​ခါ၊ အ​လုံး​အ​ရင်း​တစ်​လျှောက်​လုံး၊ လူ​တိုင်း မိ​မိ​ဆိုင်​သော​တပ်​တွင် မိ​မိ​ဆိုင်​သော​အ​လံ​နား​မှာ မိ​မိ​တဲ​ကို​ဆောက်​ရ​မည်။ 1:53 ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊ 1:54 မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။