1 Chronicles 9
9:1 အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက် စာရင်းဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကို ခံရနှင့်သော ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်မှတ်စာ၌ ပါသတည်း။
9:2 နောက်တစ်ဖန် ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံးနေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန် အသီးအသီး ဖြစ်ကြ၏။
9:3 ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊
9:4 ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတစ်ပါး၊
9:5 ရှိလောနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစ်စု၊
9:6 ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစ်စု ပေါင်းခြောက်ရာကိုးဆယ်တည်း။
9:7 ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
9:8 ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သားဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊
9:9 သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသားချင်းပေါင်း ကိုးရာငါးဆယ်ခြောက်ယောက်တည်း။ ဤသူအပေါင်းတို့သည် အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
9:10 ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
9:11 အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏အိမ်တော်အုပ် အာဇရိတစ်ပါး၊
9:12 မာလခိ၊ ပါရှုရ၊ ယေရောဟံတို့မှ ဆင်းသက်သော အဒါယနှင့် ဣမေရ၊ မေရှိလမုတ်၊ မေရှုလံ၊ ယာဇေရ၊ အဒေလတို့မှ ဆင်းသက်သောမာရှဲ အစရှိသော၊
9:13 အဆွေအမျိုးသူကြီး အမျိုးသားချင်းတစ်ထောင်ခုနစ်ရာခြောက်ဆယ် ရှိကြ၏။ ဤသူတို့သည် ဘုရားသခင်၏အိမ်တော်အမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သောသူပေတည်း။
9:14 လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ်သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှဆင်းသက်သော ရှေမာရတစ်ပါး၊
9:15 ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတစ်ပါး၊
9:16 ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက်သော ဩဗဒိတစ်ပါး၊ နေတောဖာသိရွာတို့တွင် နေသော ဧလကာနသား အာသ၏သား ဗေရခိတစ်ပါးတည်း။
9:17 တံခါးစောင့်မူကား ရှလ္လုံ၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစ်စု၊
9:18 ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသားအပေါင်းအသင်း၌ပါသော တံခါးစောင့်ပေတည်း။
9:19 ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့် ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့် ဖြစ်ကြ၏။
9:20 ရှေးကာလ ဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
9:21 မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးစောင့်ဖြစ်၏။
9:22 တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတစ်ဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက် အသီးအသီးနေသောရွာ၌ စာရင်းဝင်ကြ၏။
9:23 ထိုသူ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏အိမ်တော်၌ တံခါးစောင့်အမှုကို ဆောင်ရွက်ရကြ၏။
9:24 တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။
9:25 ရွာတို့၌နေသော အပေါင်းအဖော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက်လာရကြ၏။
9:26 ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေးယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင်၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရကြ၏။
9:27 ထိုသို့စောင့်၍ နံနက်တိုင်း တံခါးကိုဖွင့်ရသောကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရကြ၏။
9:28 အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက်ထုတ်လျက် စောင့်ရကြ၏။
9:29 အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော် တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု၍စောင့်ရကြ၏။
9:30 ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကိုလုပ်ရကြ၏။
9:31 လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။
9:32 သူ၏ညီအစ်ကိုနှင့် အခြားသော ကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။
9:33 သီချင်းဆိုသောသူ လေဝိအဆွေအမျိုး သူကြီးတို့သည် မိမိတို့အမှုကို နေ့ညမပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့် လွတ်ကြ၏။
9:34 ထိုလေဝိအဆွေအမျိုး သူကြီးတို့သည် အစဉ်အဆက် အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာကျကြ၏။
9:35 ဂိဗောင်မြို့မှာ ဂိဗောင်အဘယေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။
9:36 သူ၏သားဦးကား၊ အာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊
9:37 ဂေဒေါ်၊ အဟိသြ၊ ဇာခါ၊ မိကလုတ်တည်း။
9:38 မိကလုတ်သားကား၊ ရှိမံတည်း။ ဤသူတို့သည် ယေရုရှလင်မြို့မှာ အဆွေမျိုးတို့နှင့်မျက်နှာချင်းဆိုင်လျက် ညီအစ်ကိုတို့နှင့်အတူ နေရာကျကြ၏။
9:39 နေရသားကား ကိရှ၊ ကိရှသားရှောလု၊ ရှောလုသားတို့ကား ယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလတည်း။
9:40 ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလသားမိက္ခာ။
9:41 မိက္ခာသားတို့ကား ပိသုန်၊ မေလက်၊ တာရာတည်း။
9:42 အာခတ်သားကား ယာရာ၊ ယာရာသားတို့ကား အာလမက်၊ အာဇမာဝက်၊ ဇိမရိတည်း။ ဇိမရိသားကား မောဇ။
9:43 မောဇသား ဗိနာ၊ ဗိနာသား ရေဖာရ၊ ရေဖာရသား ဧလာသ၊ ဧလာသသားအာဇေလတည်း။
9:44 အာဇေလသားခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်တည်း။